ဒီနေ့ သူငယ်ချင်း တစ်ယောက် ရောက်လာပါ တယ် ရောက်ရောက်ခြင်းဘဲ တရုတ်ဖုန်းကဒ်
တစ်ခုလောက် လိုက်ပေးပါတဲ့ အဲဒါနဲ့ လိုက်ဝယ်ပေးလိုက်ပါတယ် မ၀ယ်ခင်
တစ်ခုမေးမိတယ် G ယူမှာလား C
ယူမှာ ဆိုတော့ C ဘဲ ယူမယ်ဆိုတော့ CDMA ကဒ်လိုက်ဝယ်ပေးလိုက်ပါတယ်......
ဖုန်းရုံးရောက်တော့ ဖုန်းကဒ်လိုချင်လို့ဆိုပြီး ပြောလိုက်တော့ ဖုန်းကဒ်
အထပ်လိုက် ထုတ်ပေး တယ် ပေးပြီး ရောင်းတဲ့ ကောင်မလေးက တစ်ခြား တစ်ဖက်မှာ
သူလုပ်စရာ ရှိတာ သွားလုပ်နေ တယ် အေးဆေးဘဲ ...... အံသြသင့်နေတဲ့
သူငယ်ချင်း မျက်နှာတွေ့ရတယ် ကြိုက်တဲ့ နံပါတ်ရွေးလို့ပြောလိုက်တော့
သူကြိုက်တဲ့ နံပါတ် တစ်ခု ရွေးလိုက်တယ် ဘယ်လောက်လည်း လို့ မေးတော့ ယွမ် ၆၀
(မြန်မာငွေ 8300/- ကျပ်) ယွမ် ၅၀ (မြန်မာငွေ6880/-ကျပ်) ဖိုး
ပြောခပါတယ်လို့ စာရေးမလေး က ပြောတော့ ..... အော် ..... ဒါဆို
ဖုန်းကဒ်ဖိုးက ၁၀ ယွမ်( မြန်မာငွေ 1300/-ကျပ်) လောက်ဘဲ ကျတာပေါ့နော်
ဆိုပြီး တော်တော် အံသြနေတယ် ...... ဒါဆို ကျွန်တော်တို့ ဆီက ဖုန်းကဒ်တွေက
ဘာလို့ သိန်းချီပေးနေရတာလည်း .... ? ဆိုပြီး မေးလာတယ် ဘယ်လိုဖြေရမလည်း ?
FB-Khin Maung Htway