(ပထမအကြိမ် သမ္မတသက်တမ်းအတွက် ၂၀၀၉ ခုနှစ်က အိုဘားမား ကျမ်းသစ္စာကျိန်ဆိုခဲ့စဉ်) |
(၂၀၀၉ ခုနှစ်က ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားတွင် တွေ့ရသည့် အိုဘားမားမိသားစု) |
အမေရိကန်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သမ္မတအဖြစ် ရွေးကောက်ခံရပါက ဇန်နဝါရီ ၂၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆို၍ တာဝန် စတင်ထမ်းဆောင်ရမည်ဟု သတ်မှတ်ထားသည်။ သို့သော် ယခုနှစ် ဇန်နဝါရီ ၂၀ ရက်မှာ အများပြည်သူ အားလပ်ရက် တနင်္ဂနွေနေ့ဖြစ်နေသဖြင့် အိုဘားမားအနေဖြင့် ထိုနေ့တွင် အိမ်ဖြူတော်၌သာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းဖြစ်ပြီး တနင်္လာနေ့ကျမှသာ ပြည်သူလူထုရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုမှုကို အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်သည်။
အိုဘားမားသည် အိမ်ဖြူတော်တွင် ပြုလုပ်မည့် ကျမ်းသစ္စာကျိန်ဆိုမှုတွင် ၎င်း၏ဇနီး မစ်ချယ်လ်မိသားစု၏ ကျမ်းစာအုပ်ကို ကိုင်တွယ်ကျိန်ဆိုမည် ဖြစ်သည်။ တနင်္လာနေ့တွင် ထပ်မံပြုလုပ်မည့် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားတွင် အိုဘားမားက အမေရိကန်၏ သမိုင်းဝင် ကျမ်းစာအုပ်နှစ်အုပ်ကို ကိုင်တွယ်၍ ကျမ်းကျိန်ဆိုသွားမည် ဖြစ်သည်။ သမိုင်းဝင် ကျမ်းစာအုပ်နှစ်အုပ်မှာ အမေရိကန်၏ ၆ ယောက်မြောက် သမ္မတဖြစ်သူ အေဗရာဟင်မ် လင်ကွန်း၏ ကျမ်းစာအုပ်နှင့် ၁၉၆၄ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် အမေရိကန်လူမည်းတစ်ဦးဖြစ်သည့် မာတင်လူသာကင်း၏ ကျမ်းစာအုပ်တို့ဖြစ်ကြောင်း သိရှိရသည်။
Planet News
Source: ABCNews