http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နိုင်ငံသား စိစစ်ရေးကတ် မှတ်ပုံတင်နှင့် ပုံစံ ၆၆/၆၊ ပုံစံ ၁ဝ နေ့ချင်းပြီး ဆောင်ရွက်ပေး

နေပြည်တော်  သြဂုတ်  ၎
လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနသည် နိုင်ငံသား စိစစ်ရေး လက်မှတ် များကို ကျေးလက် တောရွာများ အထိ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်သော်လည်း အကြောင်း

အမျိုးမျိုးကြောင့် မပြုလုပ်ရ သေးသူ များအား မြို့နယ် အလိုက် လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန ရုံးများတွင်  ရုံးဖွင့်ရက်တိုင်း နေ့ချင်းပြီး ဆောင်ရွက် ပေးလျက် ရှိသည်။

နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာန မြို့နယ် ဦးစီးမှူး ဦးဘိုဝနှင့် ဝန်ထမ်း များက ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အတွင်း နိုင်ငံသား စိစစ် ရေးကတ်၊ မှတ်ပုံတင်၊ ပုံစံ ၆၆/၆ နှင့် ပုံစံ ၁ဝ ပြုလုပ်သူ ၅၅ ဦး တို့အား နေ့ချင်းပြီး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေကူ
မြဝတီ

ဦးလေးနှင့်တူ အရက်အတူသောက်ရာမှ လူသတ်မှုဖြစ်

တောင်ငူ၊ သြဂုတ် ၃
တောင်ငူမြို့နယ် ရှမ်းစုကျေးရွာအုပ်စု ပွတ်စုကျေးရွာဈေးဆိုင်တွင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီက တူဝရီးနှစ်ဦး အရကဝိုင်းတွင် စကားများ ရန်ဖြစ်ပြီး ဦးလေး ကခုံဖြင့်ရိုက်သဖြင့် တူဖြစ်သူ သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

တူဖြစ်သူ အသက် ၂၇ နှစ်အရွယ် ကိုဖြိုးဝေဦး၏ ဆိုင်တွင် တူအပါအဝင် ဦးလေးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုကျော်သူနှင့် တစ်ရွာတည်းနေ ဦးသက်တို့ အရက်သောက်ရာမှ တူဝရီးချင်း စကားများရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

၎င်းတို့နှစ်ဦး စကားများရန်ဖြစ်ပြီးနောက် ဦးလေးက နေအိမ်သို့ ပြန်သွားပြီး မွန်းလွဲ ၂ နာရီတွင် ပြန်လည်ရောက်လာကာ စိန်ခေါ်နေသဖြင့် တူဖြစ်သူ ကိုဖြိုးဝေဦးက အိမ်နောက်ဖေးပေါက်မှ ထွက်သွားစဉ် ကိုကျော်သူက တူဖြစ်သူကို သစ်သားကုလားထိုင်ဖြင့် ဦးခေါင်းကို ရိုက်နှက်ခြင်း၊ လဲကျနေသည့်တူကို ခြေဖြင့်ကန်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း ရဲစခန်းထံ တိုင်ကြားချက်အရ သိရှိရသည်။

အရိုက်ခံရသူ တူဖြစ်သူ ကိုဖြိုးဝေဦးတွင် ဦးခေါင်းချိုစောင်း ပေါက်ပြဲဖူးရောင် ဒဏ်ရာ၊ ဘယ်ဘက်မျက်လုံး ဖူးရောင်ဒဏ်ရာ များဖြင့် တောင်ငူ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ ည ၉ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်းထံမှ သိရှိရသည်။

“ရန်ငြိုးရန်စ မရှိပါဘူး။ မူးနေလို့ ဖြစ်သွားတာ။ ဆေးရုံပေါ်ရောက်တော့လည်း အကောင်းပါပဲ။ ည ၉ နာရီလောက်မှ ဆုံးသွားတယ်” ဟု ပွတ်စုကျေးရွာနေ အသက် ၇၀ ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကြောင့် ရိုက်နှက်သူ ကိုကျော်သူကို (ပ)၄၂၄/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း လတ်တလောတွင် ဦးလေးသည် ထွက်ပြေးလျက် ရှိကြောင်း တောင်ငူမြို့ မြို့မရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

ပါဂျဲရိုး ကားတစ်စီး ဆူးလေခုံးကျော် တံတားအောက်သို့ အရှိန်လွန် ထိုးကျ

Monday, August 05, 2013
ဆူးလေခုံးကျော်တံတားပေါ်မှ ပါဂျဲရိုး ကားတစ်စီး အရှိန်လွန် ထိုးကျမှုတစ်ခု သြဂုတ်လ ၄ ရက် နေ့လယ် ၁၁ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဆူးလေဘုရား လမ်းမကြီးပေါ်အတိုင်း ရန်ကုန်ဘူတာကြီးဘက်သို့ မောင်းနှင်းလာသော ပါဂျဲရိုးကားမှာ ဆူးလေရထားလမ်း ခုံးကျော်တံတားပေါ် အတက်တွင် တံတားပေါင်အား အရှိန်ဖြင့် တိုက်မိကာ အောက်ရှိရထားလမ်းပေါ်သို့ ထိုးကျခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူနှင့် ယာဉ်ပေါ်ပါသူ နှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သူ ကိုလှဌေးက "ကျွန်တော်က ပထမဆုံး သိလိုက်ရတာ အသံအကျယ်ကြီးနဲ့ ၀ှီးဆိုပြီးတော့ တက်လာတာတွေ့တယ်။ နောက်တော့နိုင်ငံခြားကားတွေထဲကလို ဇောက်ထိုးကြီး အောက်ကိုကျလာပြီး ကားကပက်လက်လန်သွားတယ်" ဟု ပြောသည်။

ယင်းနောက် ပက်လက်လန် အနေအထား ပါဂျဲရိုးကားအား နီးစပ်ရာ လူငါးယောက်ခန့်မှ တစ်ဖက်သို့လှန်ကာ ယာဉ်ပေါ်ပါသူ နှစ်ဦးကို ကယ်ဆယ်ခဲ့ရကြောင် ၎င်းမှဆက်လက် ပြောကြားသည်။

ကယ်ဆယ်ခဲ့ရာတွင် ယာဉ်မောင်းဘက်ခြမ်းတွင် အသက်အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ယာဉ်မောင်းဘေးရှိ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးတို့အား တွေ့ရှိခဲ့ရကြောင်း၊ အမျိုးသမီးမှာ သတိလစ်နေပြီး ဆေးရုံသို့ပို့ဆောင်နေစဉ် အချိန်အတွင်း၌ ပြန်လည်သတိရရှိခဲ့ပြီး ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း၊ အမျိုးသားမှာ မျက်နှာနှင့် ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်မှုတွင် ပါဝင်ခဲ့သူ ရထားလမ်းဝန်ထမ်း တစ်ဦးက ပြောကြားသည်။

ပါဂျဲရိုးယာဉ် ခုံးကျော်တံတားအောက်သို့ အရှိန်လွန် ပြုတ်ကျခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ထားကြောင်း ဖြစ်စဉ်အား စစ်ဆေးနေသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ယာဉ်မှုစစ် ရဲအုပ်ဖုန်းမြင့် သြဂုတ် ၄ ရက် နေ့လယ် ၂ နာရီခန့်က ပြန်လည်ဖြေကြားခဲ့သည်။

ပြုတ်ကျသွားသည့်ယာဉ်အား အမြန်ဆုံး ကရိန်းဖြင့် မယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဖြစ်စဉ်အတိအကျအား စုံစမ်းစစ်ဆေးနေကြောင်း ယာဉ်မှုစစ် ရဲအုပ်ဖုန်းမြင့်က ဆက်လက်ပြောကြားသည်။ ယင်းဖြစ်စဉ်အား လာရောက်ကြည့်ရှုခဲ့သူ ၂၀၀ ခန့်ရှိကြောင်း သိရသည်။
eleven media group

ငွေ ၅၀၀ အတွက် အချင်းများရာမှ လူသတ်မှုဖြစ်

4.8.2013
ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ရွှေတောင်မြို့နယ် မီးတောင်အုပ်စု၊ ဝါးလည်ရွာတွင် အလုပ်လုပ်ခြင်းဖြင့် ပေးဆပ်မည်ဟုဆိုကာ ချေးယူ ထားသောငွေ ၅၀၀ ကျပ်အတွက် အချင်းများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

တူဖြစ်သူ ကိုသန်းသူမောင်ထံက ချေးယူထားသော ငွေ ၅၀၀ ကျပ်အတွက် အလုပ်လုပ်ပေးရန် ဦးဝင်းမြင့်နိုင်ကို သွားရောက်ခေါ်စဉ်တွင် ဦးဝင်းမြင့်နိုင် နေမကောင်း ဖြစ်နေခဲ့ကြောင်း၊ နောက် တစ်နေ့တွင် တူဝရီးနှစ်ယောက် အတူအရက်သောက် စကားများရာမှ ဦးဝင်းမြင့်နိုင် သေဆုံးခဲ့ပြီး သေဆုံးသူ၏ နေအိမ်ရှေ့တွင် တူဖြစ်သူက တုတ်ဖြင့် ရိုက်ခဲ့ခြင်း ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ အနီးရှိ ရွာခံများ၏ ပြောဆိုချက်အရ သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က တူဝရီးဖြစ်သူ ဦးဝင်းမြင့်နိုင်နှင့် ကိုသန်းသူမောင်တို့ အရက်အတူ သောက်ရာမှ စကားများခဲ့ပြီး ကိုသန်းသူမောင်က ဝါးတုတ်ဖြင့်တစ်ချက် ရိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါဒဏ်ရာဖြင့် သြဂုတ် ၁ ရက်နေ့တွင် ဦးဝင်းမြင့်နိုင် သေဆုံး သွားခဲ့ကြောင်း ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီး ဦးအောင်မြင့်ဌေးက ပြောကြားသည်။

ဦးဝင်းမြင့်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ပ/၁၈၄/၂၀၁၃၊ ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်ခဲ့သော်လည်း လက်ရှိတွင် ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားကြောင်း ရွှေတောင်မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly

စိတ်ရောဂါရှင်ဖြစ်သော်လည်း ဆေးမကုသူ ၉၅ ရာခိုင်နှုန်းရှိဟု စစ်တမ်းတစ်ခုကဆို

ရန်ကုန်- လူထုအခြေပြုစစ်တမ်းအရ လူတစ်ထောင်တွင် ငါးဦးကျော် သိသာထင်ရှားသည့် စိတ်ရောဂါဝေဒနာဖြစ်ပွားနေသော်လည်း ၉၅ ရာခိုင်နှုန်းကျော်မှာ ဆေးကုသမှုမခံယူဘဲ လူထုအတွင်းရှိနေကြောင်း စိတ်ကျန်းမာ ရေးဆေးရုံမှ သတင်းရရှိသည်။

“လူ နှစ်သိန်းကို သုတေသနလုပ်တာ လူ ၁၀၈၀ စိတ်ရောဂါ ဖြစ်နေတယ်။ ဒါပေမဲ့ ဆေးရုံရောက်တာက ၁၈ ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက လူထုထဲမှာနေရင်း အကြောင်းအရာတစ်ခုခုနဲ့ ကြုံတဲ့အချိန် ပေါက်ကွဲပြီး မထိန်းနိုင်တော့မှ ဆေးရုံရောက်လာကြတယ်””ဟု ဆေးရုံအုပ်ကြီးဒေါက်တာကျော်စိုးက ပြောသည်။

ထို့ကြောင့် ပြည်သူလူထုအခြေပြု စိတ်ကျန်းမာရေးအဖြစ် ရန်ကုန်မြို့ရှိ ကျောက်တန်း၊ လှည်းကူးမြို့နယ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်းမြို့များတွင် အဖြစ်များသည့်စိတ်ရောဂါများအား သင်တန်းများပြုလုပ်လျက်ရှိသည်။

လူဦးရေသန်း ၆၀ ခန့်တွင် စိတ်ရောဂါခံစားနေရသူ သုံးသိန်းခန့်ရှိသည်ဟု စစ်တမ်းက ခန့်မှန်းထားပြီး ၂၀၁၂ ခုနှစ်က ပြင်ပလူနာဌာနတွင် လူနာ ၁၇၀၀၀ ကျော်သာရှိသည်။ လူထုအတွင်း၌ မိမိတွင် စိတ်ရောဂါရှိမှန်း မသိနေခြင်း၊ စိတ်ဂယောက်ခြောက်ခြား လက္ခဏာများပြသသော်လည်း စိတ်ရောဂါအဖြစ် မထင်မှတ်ခြင်း၊ ငွေကြေးအဆင်မပြေသည့်အတွက် ဆေးရုံ ရောက်မလာခြင်းများအပြင် စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ လူထုအတွင်း ခွဲခြားဆက်ဆံမှုများကြောင့် ရောဂါရင့်ပြီး ထိန်းမရတော့သည့်အချိန်မှ ဆေးရုံရောက်လာကြကြောင်း ဆေးရုံအုပ်ကြီးကပြောသည်။

“လမ်းမှာပဲဖြစ်ဖြစ်၊ လျှောက်သွားနေပြီး စိတ်မနှံ့ဘူးဆိုတာ အရမ်းသိသာနေတဲ့လူတွေအပြင် မသိမသာနဲ့နေရင်း ကိစ္စလေးတစ်ခုလောက် ဆိုးဆိုးဝါးဝါးတုံ့ပြန်နေကြတဲ့သူတွေလည်း ရှိနေတော့ ဒီကိစ္စကို သေချာဂရုပြုပြီး လုပ်ရမယ်လို့ထင်တယ်”ဟု အငြိမ်းစားဓာတ်မှန်ဆရာဝန်တစ်ဦးက ပြောသည်။
7Day News Journal

အထုံးမဖြေနိုင်သေးသော အလုပ်အကိုင်လမ်းစများ

ယုံကြည်ချက်အပြည့်နှင့် အင်တာဗျူးဖြေဆိုလိုက်မည်ဟု အားခဲထားသည့် ကိုညီညီ (နာမည်လွှဲထားသည်) အတွက် အထင်နှင့်အမြင် တက်တက်စင် လွဲမှားသွား ခဲ့သည်။

အလုပ်လျှောက်လွှာတွင် ပူးတွဲတင်ထားသော အင်ဂျင်နီယာ ဘွဲ့လက်မှတ်နှင့် အခြား သင်တန်းလက်မှတ် များကို ကိုယ်တိုင် အားရကျေနပ် ခဲ့သော်လည်း အင်တာဗျူး မေးမြန်းသူက လုပ်ငန်းအတွေ့အကြုံ ရင့်သူကိုသာ ပိုလိုချင်ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောသည့်အတွက် ခဲလေသမျှ သဲရေကျ ခံစားရသည်။

အခြေခံပညာ သင်ကြားသည့်အချိန် အပါအဝင် တက္ကသိုလ်ပညာ သင်ကြားသည့် နှစ်နှင့် ကွန်ပျူတာသင်တန်း တက်သည့်နှစ် အားလုံးပေါင်း ၂၀ နှစ်နီးပါးကို ရင်းနှီးမြှုပ်နှံ ထားသူ အသက် ၂၅ နှစ်အရွယ် ကိုညီညီ အတွက် လုပ်ငန်းခွင်က အဆင်သင့်ဆီးကြိုမှု ကို မခံခဲ့ရသည့်အပြင် ရရှိထားသော အသိအမှတ်ပြု လက်မှတ်များ လက်ဝယ်ပြု အခြား အလုပ်အသစ်များကို ထပ်မံလျှောက် ထားရန်ပင် ယုံကြည်မှု ပျောက်လာမိသည်။

ထပ်မံ၍ စိတ်ဝင်စားသော အလုပ် တစ်ခုခုရရန် "ဘာသင်တန်း ဆက်တက် ရဦးမလဲ" ဟု စိတ်ထဲတွေးရင်း ကိုညီညီ အတွက် အလုပ်မရတော့မည်ကို တဖြည်းဖြည်း ကြောက်လာသည်။
နိုင်ငံရေး ဖြေလျှော့မှုများ လုပ်ဆောင်လာသည့် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှ စတင်ကာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းစုများက မြန်မာနိုင်ငံ၏ အရင်းအမြစ်များကို မျက်စိကျပြီး ဈေးကွက် လာရောက် ချဲ့ထွင်လိုချိန် ပြည်တွင်း လုပ်ငန်းရှင်များကလည်း ဝင်ရောက်လာသည့် ပြည်ပကုမ္ပဏီ တို့နှင့်အပြိုင် လုပ်သား အင်အားဖြည့်တင်း နေသောကြောင့် ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများသည် အရန်သင့် လက်ကမ်းကြိုဆိုလျက် ရှိသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်စည်များ ညွန်ကြားမှုဦးစီး ဌာနမှ ဇွန်လ ၃၀ ရက်နေ့ထိ ရရှိသော စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံသား ကုမ္ပဏီ ၃၂၅၆၃ ခု၊ နိုင်ငံခြားကုမ္ပဏီ ၂၀၆၀ ခု၊ Partner ကုမ္ပဏီ ၁၀၇၂၊ Joint Venture ကုမ္ပဏီ ၆၇ နှင့် Association ကုမ္ပဏီ ၆၇ တို့ရှိကြောင်း သိရှိရသည်။
သို့သော် ကိုညီညီကဲ့သို့ လူငယ်များကို ခန့်ထားလိုသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ မည်မျှရှိနေသနည်း။

လာမည့် ၂ နှစ်နီးပါးတွင် အလုံးအရင်း ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ဝင်ရောက်လာမည့် ပြည်ပ ကော်ပိုရေးရှင်းကြီး များတွင် မြန်မာနိုင်ငံ သားများ ရာထူးအဆင့်ဆင့် ပါဝင်လုပ်ကိုင်ရန် အတွက် အစိုးရက မူဝါဒရေးရာ နှင့် ပညာရပ်ပိုင်းဆိုင်ရာ အားနည်းချက်တို့ကို ဖြည့်တင်းပေးချိန် တန်ပြီဟု ကိုညီညီ၏ အတွေ့အကြုံက မီးမောင်း ထိုးပြနေသည်။

အငတ်မပြေသော ပြင်ပသင်တန်းများ

ငယ်စဉ်ကတည်းက တက္ကသိုလ်ဝင်တန်း အောင်လျှင် နည်းပညာတက္ကသိုလ် တက်ပြီး စက်မှုအင်ဂျင်နီယာကြီး ဖြစ်ရန် ကြိုးစားမည်ဟု ကိုညီညီတစ်ယောက် ဆုံးဖြတ်ထားသော်လည်း လက်တွေ့ အင်ဂျင်နီယာ ဘွဲ့လက်မှတ်ရရှိပြီးချိန်တွင် လုပ်ငန်းခွင်နှင့် ရင်းနှီးသော အငွေ့အသက် မရှိသည့် အတွက် ပြင်ပသင်တန်းများ၏ အကူအညီကို အားကိုးခဲ့သည်။

ယင်းကြောင့်ပင် ရန်ကုန်နှင့် မန္တလေးမြို့ ကြီးများတွင် သင်တန်းမျိုးစုံ အပြိုင်အဆိုင် ပေါ်ပေါက်လာသည်။ အလုပ်အကိုင် အခွင့်အလမ်း လွယ်ကူခြင်းနှင့် ဝင်ငွေကောင်းခြင်း တို့ကြောင့် လူငယ်အများ စုဆုံပြုံတိုးနေသော သင်တန်းများတွင် စာရင်းကိုင်သင်တန်း (LCCI/ACCA)၊ ကွန်ပျူတာ သင်တန်း၊ အင်ဂျင်နီယာ သင်တန်း၊ ဟိုတယ်နှင့် ခရီးသွားသင်တန်း အချို့နှင့် ဘာသာစကား သင်တန်းအချို့ တို့က ထိပ်ဆုံး၌ပါဝင်ခဲ့သည်။

"အခု အင်္ဂလိပ်စာသင်နေတာက အလုပ်လုပ်မယ်ဆို အကူအညီဖြစ်မယ် ထင်လို့ပါ။ ကိုယ်ရမယ့်ဘွဲ့နဲ့ စိတ်ဝင်စားတဲ့ အလုပ်က တခြားစီဆိုတော့ ကျောင်းပြီးရင် သင်တန်းတွေ ထပ်တက်ရဦးမယ်" ဟု နေ့ကျောင်းတက္ကသိုလ် တက်နေသော တတိယနှစ် ကျောင်းသားတစ်ဦးက ဆိုသည်။

ပြည်တွင်းတွင် လာရောက်ဖွင့်လှစ် နေကြသည့် သင်တန်းများတွင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ပေးနိုင်သည့် သင်တန်းတို့ကိုသာ လူငယ်များက ပိုရွေးချယ်ကြ သည့်အတွက် အလုပ်အကိုင် လိုအပ် ချက်၊ သင်တန်း နှင့်လူဦးရေ အချိုးမျှတမှု မညီကာ အလုပ်လက်မဲ့များအဖြစ် ပြန်လည် ရောက်ရှိသွားနိုင်သည်။

သင်တန်းများ၏ အရည်အသွေးပိုင်း စစ်ဆေးချက်တွင် အစိုးရ အသိအမှတ်ပြု ထောက်ခံချက် မပါရှိသည့်အတွက် အချို့ သင်တန်းများက ထုတ်ပေးသော အသိအမှတ်ပြု လက်မှတ်များသည် လက်တွေ့ အလုပ်အကိုင်နှင့် အံဝင်မှုနည်းပါးကြသည်။
ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ အတည်ပြုပြီးနောက် ပြည်ပ ကုမ္ပဏီမျိုးစုံ အလုံးအရင်း ဝင်ရောက် လာပါက အလုပ်အကိုင် လစ်လပ်နေရာများ အတွက် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိက သင်တန်းကျောင်းများ ပိုမိုလိုအပ်သည်။

သို့သော် အလုပ်အကိုင်အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းက လွှတ်တော်တွင်းမှာသာ ရှိနေသေးသည်။ မည်သည့်အချိန်တွင် အတည်ပြုလာပြီး
အစိုးရ အသိအမှတ်ပြု သင်တန်းကျောင်းများ ဖွင့်လာနိုင်မည်ကို ကိုညီညီ အပါအဝင် ဘွဲ့ရရှိပြီးသား လူငယ်များ စောင့်ဆိုင်းရုံသာ ရှိသည်။

ပညာရေးစနစ် အားနည်းချက်

လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင် တစ်ထပ်တည်း မရှိခြင်းသည် ပညာရေး နိမ့်ပါးမှုကြောင့် ဖြစ်ကြောင်း လက်ရှိမြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲ ရေး ဆောင်ရွက်နေသူတိုင်း ဝေဖန် ထောက်ပြထားသည်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဆုံးအဖြတ်နှင့် အဆင့်မြင့်ပညာ ဆက်လက် သင်ကြားရ သည့်အတွက် ဝါသနာနှင့် တက်ရောက်သည့် ဘာသာရပ်တက္ကသိုလ်များ လွဲချော်လျက်ရှိကြောင်း အသက် ၂ဝ ဝန်း ကျင် လူငယ်အများစု ထံမှ ကြားနေရသည်။

ဝါသနာနှင့်ပညာရေး လွဲချော်မှု မရှိသော်လည်း လက်တွေ့သင်ကြားရမည့် အဆင့်မြင့် ပညာရေးပိုင်းတွင် လက်တွေ့ အားနည်းသည့် အတွက် ယုံကြည်ချက် ပျောက်နေသူ ကိုညီညီက အသက်အရွယ်တူ လူငယ်ပိုင်း တို့အတွက် တစ်ဆင့်လမ်းညွှန် ပေးရန် ခက်ခဲနေပြန်သည်။

ယခင်က မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးတွင် တက္ကသိုလ်၊ ဒေသကောလိပ် အဆင့်ဆင့် သင်ယူရသည့်အတွက် ပညာသင်ယူမှု ပြီးဆုံးပါက လုပ်ငန်းခွင်ဝင်ရန် အသင့်ဖြစ်ကြကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် တက္ကသိုလ်ပညာရေး မသင်လို သူများသည် အသိအမှတ်ပြု လက်မှတ်ရရှိ ရေးအတွက် ဒေသကောလိပ်များတွင် တက်ရောက်ကြကြောင်း အမေရိကန် နိုင်ငံသား မြန်မာနိုင်ငံတွင် မွေးဖွားသူ ရူပဗေဒပါမောက္ခ ဒေါက်တာဝင်းသာထွေး က ရှင်းပြသည်။
"ပညာရေး ပြောင်းမယ်ဆို လုပ်ငန်း ခွင်လက်မှတ် ပေးနိုင်တဲ့ပညာရေး စနစ်မျိုးလည်း ပြန်သွားရမယ်။ ဆိုလိုတာက ဒေသကောလိပ်တွေ ပြန်ထားပေးဖို့ပဲ" ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေး အသိုက်အမြုံ (Asean Economic Community) စတင်ရန် ရှိသေးသည့် အတွက် ပြည်တွင်းရှိ လုပ်ငန်းခွင် သင်တန်းကျောင်းများသည် အစိုးရ၏ အသိအမှတ်ပြု လက်မှတ်များ သာမက အာဆီယံအဆင့် အသိအမှတ်ပြုနိုင်သော အရည်အသွေး ထောက်ခံချက်များ လိုအပ်လာသည်။

ယင်းအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနပိုင်းက ပြင်ဆင်နေသော်လည်း ပညာရေးဝန်ကြီး ဌာနပိုင်းက တက္ကသိုလ်ပညာရေး ကိုသာ အဓိကအားပေးဆဲ ရှိသေးကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝေဖန်ကြသည်။

"ပညာရေးနဲ့ ပတ်ဝန်းကျင်ကိုပဲ အပြစ်ပုံချလို့မရဘူး။ လူငယ်တွေ ကိုယ်တိုင် က ကိုယ်ဘာဖြစ်ချင်လဲသိမှ သင်တန်းတွေ လျှောက်မတက်ဖြစ်မှာပါ" ဟု အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်ရှိ ဂျာနယ်လစ်ဇင် ဘွဲ့သင်တန်းတွင် ဘွဲ့လွန်သင်တန်း တက်ရောက် နေသော ကျောင်းသူတစ်ဦးက ဆိုသည်။

စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်လမ်းစ

ဘွဲ့ရရှိပြီးလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းသည် ပညာရေး စနစ်သာမက နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုပေါ်တွင်လည်း မူတည်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိ လိုင်စင်ရ ရှိထားသော ကုမ္ပဏီ အရေအတွက်သည် တက္ကသိုလ်များမှ နှစ်စဉ်ဘွဲ့ရရှိပြီးသူ ဦးရေ နှင့်ယှဉ်ပါက လိုအပ်ချက်များစွာ ရှိသေးသည်။

ပညာရေးလက်မှတ် တစ်ပွေ့တစ်ပိုက် ကိုင်ဆောင်ထားသူ ကိုညီညီ၏ စိတ်ကြိုက် ရွေးချယ်ထားသော ကုမ္ပဏီက အတွေ့အကြုံ ရှိသူကို ပိုဦးစားပေးခြင်းသည် ကုမ္ပဏီ၏ မူဝါဒနှင့် အလုပ်လိုအပ်ချက် နည်းပါးမှုပေါ် တို့တွင် မူတည်ကြောင်း သာမန်လူငယ် တစ်ယောက်အနေနှင့် မတွေးတတ်ချေ။

"လက်မှတ်(Certificate)တွေက ပေါနေတာပဲ။ အဓိကလိုတာက လုပ်ငန်းခွင် နဲ့ တကယ်အံဝင်ခွင်ကျ ဖြစ်ဖို့ အရေးကြီးတယ်။ လုပ်ငန်းအတွေ့အကြုံ မရှိတဲ့အခါ ကျတော့ ကုမ္ပဏီက သင်တန်းပြန်ပေး တော့ အချိန်ပိုကုန်တယ်" ဟု KME Engineering & Trading ကုမ္ပဏီမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးရန်အောင်က ပွင့်လင်းစွာ ပြောကြားသည်။

လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံဥပဒေတွင် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမား၊ အတတ်ပညာရှင် နှင့် ဝန်ထမ်းများ ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမနှစ် နှစ်တွင် နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှစ်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းနှင့် တတိယနှစ်နှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရန် ပြဋ္ဌာန်းထားသည်။

အဆိုပါလူငယ်များ၏ အလုပ်အကိုင် လိုအပ်ချက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဝင်ရောက်လာပါက အတန်သင့် ပြေလည်သွားမည်ဖြစ်ကြောင်း၊ သို့သော် အာဆီယံဒေသတွင်း စီးပွားရေးအသိုက်အမြုံ အတွက်မူ လုပ်သားဈေးကွက် ယှဉ်ပြိုင်မှုများ ဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်သည်။

ထို့ကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု နည်းဥပဒေတွင် ဒေသတွင်း လုပ်သား စီးဆင်းမှု နည်းပါးလာရန် နိုင်ငံသား ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး စီမံချက် ဇယားကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးသို့ နှစ်စဉ်တင်သွင်းရန် ထည့် သွင်းထားသည်။

သို့သော် ပြည်ပကုမ္ပဏီများ ဝင်ရောက်မှု နည်းပါးချိန် ပြည်တွင်းကုမ္ပဏီ စုစုပေါင်းကလည်း ၃၅,၈၂၉ သာ ရှိသေးသည့်အတွက် နှစ်စဉ် တက္ကသိုလ်အသီးသီးမှ မွေးထုတ်နေသော ဘွဲ့ရလူငယ် သောင်းချီ၏ အလုပ်အကိုင် ရရှိမှု အခက်အခဲက ပြေလည်မှု မရှိသေးချေ။

ကြိုးစဆွဲထုတ်မည့် လူငယ်များ

အထုံးမဖြေသေးသော ပြဿနာ များနှင့် ရင်ဆိုင်နေရသည့် လူငယ်များ အတွက် အလုပ်အကိုင်ရရှိရေးက ထွက်ပေါက်ဖြစ်သည်။ ထို့ကြောင့် အလုပ်ရရေး အတွက် မည်သည့်သင်တန်းမဆို တက်ရောက်ကြတော့မည်။

ယင်းသို့ သင်တန်းများ တက်ရောက် ရန် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍပိုင်း၏ အဖြေထုတ်ပြန်ချိန် (အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း)သည် တရွေ့ရွေ့ နီးကပ်လာပြီး အလုပ်အကိုင်ရရှိရေး စောင့်ဆိုင်းနေသူ လူငယ်များအတွက် ရင်ခုန်နှုန်းက တဒိတ်ဒိတ်မြန်လာသည်။

တစ်ဖက်တွင်လည်း ပြည်တွင်း စီးပွားရေးချိန်ကိုက်ဗုံး၏ ကြိုးစ (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ)ကို အစိုးရက အတည်ပြု မီးညှိပြီးသည့်အတွက် တက္ကသိုလ် ဘွဲ့ရလူငယ်များ ကိုယ်ပိုင်အရည်အသွေးကို ကိုယ်ကိုယ်တိုင် မြှင့်တင်ရန်သာ လိုအပ်တော့သည်။

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၈ နှစ်ကြား လူငယ်ထု ၄၀ ရာခိုင်နှုန်း အတွက် လေ့ကျင့် ပညာသင်ကြားပေးမှု မပြုလုပ်နိုင်ပါက လူဦးရေ ကျိန်စာအဖြစ် လွယ်လင့်တကူ ပြောင်းလဲသွားနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် လက်ထောက် စီးပွားရေး ပညာရှင်ချုပ်က The Voice နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထောက်ပြသုံးသပ် ခဲ့ဖူးသည်။
ကြိုးအထုံးဖြေရန် ယုံကြည်မှု ပျောက်နေသောလူငယ်များ လူဦးရေကျိန်စာ မသင့်ရေး ပညာရေးနှင့် အလုပ်အကိုင် ပူးတွဲချိတ်ဆက်ရပါမည်။

ဘွဲ့ရပြီးစ ပထမဆုံးအလုပ်တွင် ကြုံတွေ့ခဲ့သော လုပ်ငန်းအတွေ့အကြုံအပေါ် ရင်ခုန်ခဲ့ဖူးသည့် ကိုညီညီသည် အင်တာဗျူး တွင် မိမိအရည်အချင်းလက်မှတ်များကို ငြင်းပယ်ခံရမှု အတွက်လည်း စိတ်ကုန်ခဲ့ရသည်။ အင်တာဗျူးခန်းက ထွက်ပြီးပြီးချင်း "ဘာအလုပ်မှ ထပ်မလုပ်တော့ဘူး" ဟု စိတ်အား လျှော့ချလိုက်သည်။
ရဲဇွန်အောင်၊ လဲ့ရည်မြင့်
The Voice Weekly

မန္တလေးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်

မန္တလေး၊ သြဂုတ် ၃
မန္တလေးတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုမှာ ယခင်နှစ် ဇူလိုင်လထက် နှိုင်းယှဉ်ပါက ယခုနှစ် ဇူလိုင်လတွင် ပိုမိုမြင့်တက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ငှက်ဖျားတိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာဇော်လင်းက The Voice သို့ ပြောကြားသည်။

“မနှစ်က ဇူလိုင်လမှာ ၂၂ ဦးပဲ ဖြစ်ခဲ့တာ။ ဒီနှစ် ဇူလိုင်မှာ ၂၇ ရက်နေ့တင် ၅၃၈ ဦး ရှိပြီဟု ၎င်းကဆိုသည်။

၂၀၁၂ ခုနှစ်က ၂၂၄ ဦး သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့ရာတွင် တစ်ဦးသာ သေဆုံးခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၇ ရက်နေ့အထိ ၈၉၁ ဦး ဖြစ်ပွားခဲ့ရာ ညောင်ဦးခရိုင် တွင် နှစ်ဦး၊ မြင်းခြံခရိုင်တွင်တစ်ဦး၊ ရမည်းသင်းခရိုင်တွင် တစ်ဦး၊ ပြင်ဦးလွင်ခရိုင်တွင် တစ်ဦးတို့ သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကို ကာကွယ်နှိမ်နင်းရန်အတွက် စေတနာ့ ဝန်ထမ်းများနှင့် လူမှုရေး အဖွဲ့အစည်းများက ပိုးလောက်လမ်း ကင်းစင်ရေးနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများတွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင့်ပေးရန် လိုအပ်လျက် ရှိကြောင်း ငှက်ဖျားတိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာဇော်လင်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုမှာ၂၀၀၉ ခုနှစ်တွင် ၂၉၅၉ ဦး၊၂၀၁၀ ပြည့်နှစ်တွင် ၈၅၈ ဦး၊ ၂၀၁၁ ခုနှစ်တွင်၂၄၄ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၂၄ ဦး ရှိကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရှိသည်။
The Voice Weekly

အမေစု၊ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် တို့သုံးယောက် ရဲ့ ဒုံးယိမ်းအက

အမေစု၊ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် တို့သုံးယောက် ရဲ့ အက

ခွန်ဒီးယမ်

တစ်ခန်းမရပ် ခွေးဇာတ်လမ်း

ခြံနားနီးလေ တဝုတ်ဝုတ် ဟောင်နေသော ခွေးဟောင်သံများ ပိုကျယ်လာလေ ဖြစ်သည်။
နှာခေါင်းထဲသို့ ချဉ်စူးစူး အနံ့များလည်း တိုးဝင်လာသည်။ သစ်သား လှောင်အိမ် အကြီးစားကြီးထဲမှ အရောင်စုံ ပုံစံစုံ ခွေးများ။ ဝက်ခြံ၊ ဆိတ်ခြံများ အနီးမှ ခွေးခြံ။ သိပ်မကြာခင် အဆိုပါ လှောင်ခြံကြီး အတွင်းမှ ခွေးများ မူဆယ်မြို့သို့ ရောက်ရှိသွားတော့မည်။

အဆိုပါ ခွေးလှောင်ခြံမှာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်မြို့စွန်ရှိ လူနေအိမ်များအနက် နေအိမ် တစ်အိမ်တွင် တည်ရှိသည်။ ခွေးအကောင် ၁၇၀ နီးပါး လှောင်ထားသည်။

ယင်းကဲ့သို့ ခွေးများ ဖမ်း၍ တစ်ဖက်နိုင်ငံသို့ တင်ပို့နေသည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ခွေးဖမ်း လုပ်ငန်း လုပ်ကိုင်သူ၏ မိသားစုဝင် တစ်ဦးဖြစ်သူ အသက် ၄၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

နှစ်ကာလ ကြာမြင့်ပြီ ဖြစ်သော်လည်း လူသိနည်းသော ထိုခွေး အရောင်းအဝယ်လုပ်ငန်းမှာ အိမ်မွေး ခွေးတစ်ကောင် ပျောက်၍ လိုက်ရှာရာမှ တစ်ဆင့် မီးခိုးကြွက်လျှောက် အကျယ်အကျယ် ဖြစ်လာသည်။

မန္တလေးသူ ဒေါ်စောယုအေး တစ်ယောက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ၎င်းမွေးထားသော ဗမာခွေး အမျိုးအစား ခွေး ပျောက်သွားသည့်အတွက် လိုက်ရှာရင်း မိတ်ဆွေ တစ်ယောက်၏ အကူအညီဖြင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ပလိပ်ဘက်ရှိ ခွေးလှောင်ခြံ တစ်ခြံ၌ ၎င်းခွေးကို ပြန်လည် ရှာဖွေ တွေ့ရှိ ခဲ့သည်။
“အိမ်မှာ လေးကောင်၊ ဆိုင်မှာ လေးကောင်၊ အားလုံးပေါင်း ရှစ်ကောင် ရှိတယ်။ ဆိုင်မှာထားတဲ့ခွေး ပျောက်သွားတာ” ဟု သူက ဆိုသည်။

ခွေးကို တွေ့သော်လည်း ဒီအတိုင်း ပြန်ခေါ်၍ မရ။ ကျပ် သုံးထောင်နှင့် ၎င်း၏ ခွေးလေးကို ပြန်ရွေးခဲ့ ရသည်။ သူ့ခွေးနှင့်အတူ အခြား ခွေးများကိုလည်း ယင်းခွေးလှောင်ခြံတွင် တွေ့ရသည့်အတွက် စားစရိတ်၊ သယ်စရိတ် အပါအဝင် တစ်ကောင်လျှင် ကျပ် ခုနစ်ထောင်ဖြင့် ခွေး အကောင် ၆၀ ကို ပြန်ရွေး ကယ်တင်ခဲ့သည်ဟု ဒေါ်စောယုအေးက ပြောဆိုသည်။

ရွေးလာသော ခွေးများကို ပခုက္ကူခရိုင် ရေစကြိုမြို့ရှိ မေတ္တာစိမ့်စမ်း ဘေးမဲ့ခြံတွင် ထားရှိလျက်ရှိပြီး ကျန်ခွေးများကို ကယ်တင်ရန်အတွက် ရန်ကုန်မှ ခွေးချစ်သူ တစ်ဦးဖြစ်သူ မမြတ်သက်မွန်နှင့် ချိတ်ဆက်မိကာ ဇူလိုင်လ ၂၄ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

လှောင်ထားခံရသော ခွေးများကို ကယ်တင်ရန်အတွက် ခွေးချစ်သူ မမြတ်သက်မွန် ကြိုးစားနေသည်။ ခွေးလှောင်ခြံထဲတွင် ကျွေးထားသော အစာကို ခွေးများစား မစား စူးစမ်းကြည့်နေရင်း လှောင်ချိုင့် ထဲက ခွေးများ သူနှင့်အတူ ရန်ကုန်ကို မပါမချင်း မန္တလေးမြေက မခွာဘူးဟု မမြတ်သက်မွန် က ဆိုသည်။
အဆိုပါ လှောင်ထားသည့် ခွေးများကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့တွင် ခွေးခြံ တည်ဆောက်ပြီး ကယ်တင်ထားမည်ဟု ၎င်းက အားကြိုးမာန်တက်ဖြင့် ဆိုသည်။

ခွေးလေ ခွေးလွင့်များကို အဆိပ်ချကျွေးခြင်း၊ တရုတ်နိုင်ငံသို့ ရောင်းစားခြင်းများကို လုံးဝ လက်မခံနိုင် ကြောင်း မမြတ်သက်မွန်က ပြောဆိုသည်။
“ရန်ကုန်မှာ အစ်မခြံထဲမှာ အနှိပ်စက်ခံထားရတဲ့ ခွေး၊ အဆိပ်မိထားတဲ့ခွေးတွေ စောင့်ရှောက်ထားတာ အကောင် ၅၀ လောက်ရှိတယ်။ ခွေးတွေ ဘာဖြစ်တယ်ဆိုတာ ကြားတာနဲ့ လိုက်ပြီး ကယ်တယ်။ ကာကွယ်ဆေးတွေ ထိုးပေးတာ လုပ်တယ်” ဟု ၎င်းက ဆိုသည်။

အိမ်မွေး တိရစ္ဆာန် ဖြစ်သည့်အတွက် ခွေးများကို စားသောက်ကုန်အဖြစ် ရောင်းချခြင်းကို လက်မခံနိုင် ကြောင်း၊ တရားဝင် ရောင်းချခွင့် ပေးထားသည် ဆိုသော်လည်း ခွေးများကို ညှဉ်းပန်း နှိပ်စက်ပြီး ပို့ဆောင်ခြင်းများ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များ အသင်း (မန္တလေး) မှ တွဲဖက် အတွင်းရေးမှူး ဒေါက်တာကျော်ထင်က ပြောကြားသည်။

“စည်ပင်အနေနဲ့ကတော့ ကိုယ့်သဘောနဲ့ကိုယ် ခွေးလေခွေးလွင့် ရှင်းတာမျိုး မလုပ်ဘူး။ ရပ်ကွက်တွေ က တောင်းဆိုလို့ ရှင်းပေးခဲ့တာချည်းပဲ။ ခွေးလေခွေးလွင့် ရှင်းတဲ့နည်းကတော့ အမဲသားနဲ့အဆိပ်ချပြီး ကျွေးတယ်။ မနက်ကျ ကားနဲ့ လိုက်သယ်တယ်” ဟု ခွေးလေခွေးလွင့် ရှင်းလင်းပုံနှင့် ပတ်သက်ပြီး စည်ပင်၏ လုပ်ထုံးလုပ်နည်းများကို မန္တလေးစည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးစိုးတင့်အောင် ဆိုသည်။

တရုတ်သို့ တင်ပို့သည့် ခွေးများမှာမူ ခွေးဖမ်းပေးရန် အကူအညီ တောင်းကြရင်းမှ စတင်သည်ဟု ဆိုရမည်။

ခွေးလေခွေးလွင့်များ ဖမ်းဆီးရန်အတွက် မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ မိုးကုတ် စသည်တို့က လာရောက် အကြောင်းကြားပြီး တစ်ခါဖမ်းလျှင် အကောင် ၃၀ မှအကောင် ၅၀ ကြား ရတတ်ကြောင်း ခွေးဖမ်းပေးသည့် လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

“မိတ္ထီလာမြို့ကဆိုရင် လေကြောင်းနဲ့ ဆိုင်တဲ့ တပ်က ခွေး လာဖမ်းခိုင်းကြတယ်။ လေယာဉ်တွေနဲ့ ခွေးတွေနဲ့ တိုက်မိရင် လေယာဉ် ပျက်စီးမှာစိုးလို့ မကြာခဏ လာဖမ်းခိုင်းကြတယ်။ ဇီးပင်ကြီး သင်တန်းကျောင်းကိုလည်း သွားဖမ်းပေးရတယ်။ လစဉ် ပုံမှန်တော့ မရှိပါဘူး။ ခွေးတွေ များနေတယ် ဆိုရင် ခေါ်ဖမ်းခိုင်းလိုက်တာပဲ” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးထားသည့် ခွေးလေ ခွေးလွင့်များကို လှောင်အိမ်ထဲတွင် ကျွေးမွေး ဖမ်းဆီးထားပြီး မူဆယ်သို့ တင်ပို့ ရောင်းချမှု ရှိကြောင်း ပလိပ်မြို့တွင် ခွေးဖမ်း လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးက ဆိုသည်။

ဖမ်းဆီးထားသည့် ခွေးများကို ဆန်ပြုတ်နှင့် ငါးပိ၊ အမဲရိုးများနှင့် ကျွေးမွေးပြီး စရိတ်မှာ တစ်ရက်လျှင် ကျပ်တစ်သောင်းခန့် ကုန်ကျမှု ရှိကာ သယ်ယူစရိတ်နှင့် ကျွေးမွေးစရိတ် ပေါင်းလျှင် ခွေးတစ်ကောင် လျှင် ကျပ် ၇၀၀၀ ခန့် အရင်းအနှီး ရှိကြောင်း ၎င်းက ပြောဆိုသည်။

“တချို့ဆို ကိုယ့်အိမ်မှာ ဆိုးတဲ့ ခွေးတွေ၊ ပိုနေတဲ့ ခွေးတွေ၊ ကြက်ကိုက် ဝက်ကိုက် ခွေးတွေ လာရောင်းကြတာ ရှိတယ်။ တစ်ကောင်ကို ၂၅၀၀ ကျပ်နဲ့ ဝယ်ပြီး လှောင်အိမ်ထဲ ထည့်မွေးထား တယ်” ဟု ပလိပ်မြို့မှ ခွေး အရောင်းအဝယ် လုပ်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံတွင် ခွေးသား စားသည့် အလေ့အထ ရှိသဖြင့် ပြည်တွင်းမှ ခွေးလေခွေးလွင့်များကို တင်ပို့ ရောင်းချသည့် ဈေးကွက် တစ်ခု ရှိသည့်အတွက် ခွေးဖမ်းသည့်အပြင် ဝယ်ယူနေခြင်း ဖြစ်ကြောင်း ခွေးအရောင်းအဝယ် လုပ်သူ တစ်ဦးက ပြောဆိုသည်။
“ကိုယ့်အိမ်က ခွေးတွေ ဆိုးနေတယ်၊ များနေတယ်ဆိုရင် တစ်ကောင် ဆန်တစ်ပြည်ဖိုးပဲ ရရဆိုပြီး နီးစပ်ရာ ရွာတွေက လာရောင်းကြတာ ရှိတယ်” ဟုလည်း ၎င်းက ဆိုသည်။

ပလိပ်မြို့တွင် ခွေးခြံ သုံးခုခန့် ရှိပြီး လက်ရှိ လုပ်ကိုင်နေသူမှာ တစ်ဦးတည်းသာ ရှိကြောင်း ဒေသခံများ က ပြောကြားသည်။

“ဒီအလုပ်က ပိုက်ဆံလည်းရလို့၊ တခြားလုပ်ငန်းလည်း မလုပ်တတ်လို့ ခွေးရောင်းတဲ့ အလုပ်ပဲ လုပ်တာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ခွေးဖမ်းတယ်၊ မူဆယ်ကို ပို့တယ်” ဟု ပလိပ်မြို့တွင် ခွေးဖမ်း လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်သူ အမျိုးသမီးက ဆိုသည်။

တရုတ်ပြည်သို့ ရောင်းချရာတွင် ခွေးအရွယ်အစားပေါ် မူတည်ကာ တစ်ကောင်လျှင် ဈေးအများဆုံး ကျပ်နှစ်သောင်းခန့်ထိ ဈေး ရရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ခွေးလေ ခွေးလွင့်များနှင့် ဝယ်ယူထားသည့် ခွေးများကို မူဆယ်သို့ တရားဝင် လိုင်စင်ဖြင့် တင်ပို့ ရောင်းချမှု ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာဌာန ထောက်ခံချက်ပါပါက မည်သည့်တိရစ္ဆာန်မဆို ပို့ကုန်လိုင်စင် ထုတ်ပေးမှု ရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

ယခင်က အေးခဲ အမဲသားများ တရားဝင် တင်ပို့မှု ရှိခဲ့ပြီး ခွာနာလျှာနာရောဂါကြောင့် မြန်မာနိုင်ငံမှ တရုတ်သို့ နွားတင်ပို့မှု လိုင်စင် ထုတ်ပေးမှု ရပ်ဆိုင်းခဲ့သော်လည်း နွားများ အကောင်လိုက် မူဆယ်သို့ တရားမဝင် လမ်းကြောင်းမှ တင်ပို့ ရောင်းချမှု ရှိသည်ကို တွေ့ရဆဲ ဖြစ်ကြောင်း မူဆယ်-မန္တလေး တရားမဝင် ကုန်စည်သယ်ဆောင်မှု စစ်ဆေးရေးအဖွဲ့ Mobile Team အဖွဲ့ထံမှ သိရသည်။

“တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမှာကို ခွေးသားကင် ရောင်းတာ ရှိတယ်။ အဲဒီက စားကြတယ်” ဟု ရွှေလီမြို့သို့ ရောက်ရှိခဲ့သူ သတင်းသမား ကိုမျိုးကျော်က ပြောဆိုသည်။

ယင်းသို့ တရုတ်နိုင်ငံသို့ ခွေးများ တရားဝင် တင်ပို့မှု ရှိနေသော်လည်း အခြားတစ်ဖက်တွင် ခွေးများ ယခုကဲ့သို့ တင်ပို့ မခံရရေး လုပ်ဆောင်မှုများလည်း ရှိသည်။

ခွေးများ ယင်းသို့ တင်ပို့ ရောင်းချနိုင်ခြင်း မရှိစေရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနသို့ ကန့်ကွက်စာ တင်ရန် အစီအစဉ်ရှိကြောင်း ခွေးချစ်သူများက ပြောကြားသည်။

“စည်ပင်ဌာနကနေ ခွေးတွေကို နယ်စပ်ပို့ပြီး ရောင်းဖို့ လူငှားပြီး ဖမ်းခိုင်းတာမျိုး မရှိဘူး။ အန္တရာယ်များ လို့ ရှင်းတာမျိုးပဲ ရှိတယ်။ အခုလို ခွေးတွေ ဖမ်းပြီး ရောင်းစားတာတွေ ရှိနေတာက နယ်စပ်စည်ပင် အုပ်ချုပ်မှုနဲ့လည်း ဆိုင်တယ်” ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးစိုးတင့်အောင် ဆိုသည်။

အများပြည်သူများအတွက် အန္တရာယ်ရှိစေသည်ဟု ဆိုသော ခွေးလေ ခွေးလွင့်များကို ခွေးဂေဟာများ ထားရှိပြီး မွေးမြူပေးထားရန် လိုအပ်ကြောင်း ဒေါက်တာ ကျော်ထင်က ထောက်ပြ ပြောဆိုသည်။

ဒေါ်စောယုအေး၊ မမြတ်သက်မွန် အပါအဝင် ခွေးချစ်သူများ ဇူလိုင်လ ၂၄ ရက်နေ့တွင် မန္တလေး မြို့တော်၌ သတင်းစာ ရှင်းလင်းပွဲ လုပ်အပြီး အဆိုပါ ခွေးများကို လှောင်ခြံထဲထည့် မွေးမြူထားသည့် ပလိပ်ရှိ ခွေးလှောင်ခြံကို ဝင်ရောက် စစ်ဆေးမှု တစ်ခု ပေါ်ပေါက်လာခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ မြောင်းဘောင် ရပ်ကွက်နေ အိမ်ခြံဝင်းအတွင်းသို့ ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက် ရှာဖွေရာ လိုင်စင်မဲ့ ယာဉ်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့မည့် ခွေး ၁၇၀ကျော် သိမ်းဆည်း ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ သိမ်းဆည်းရာတွင် ခွေး ၁၇၂ ကောင်၊ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး၊ လိုင်စင်မဲ့ ဆိုင်ကယ် ခုနစ်စီး၊ သစ်ပြန်စိတ်စက် တစ်လုံးတို့ကို ရှာဖွေ သိမ်းဆည်းခဲ့ကြောင်း အဆိုပါ ရုံးထံမှ သိရသည်။

ပလိပ်မြို့ မြောင်းဘောင် ရပ်ကွက်တွင် နေထိုင်သူ ခြံပိုင်ရှင် ဦးထွန်းလင်း (၄၆နှစ်) သည် ၁၉၉၈ခုနှစ်မှ စတင်ကာ ဆိုင်ရာဌာန/တပ်ဖွဲ့/စည်ပင်သာယာတို့၏ ခွင့်ပြုချက်ဖြင့် မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ တံတားဦး၊ စဥ့်ကိုင်၊ မြစ်သားမြို့နယ်များမှ ခွေးလေခွေးလွင့်များကို ဖမ်းဆီးပြီး တရုတ် နိုင်ငံသို့ တင်ပို့ ရောင်းချကြောင်း အဆိုပါရုံး မှတ်တမ်းများအရ သိရှိရသည်။

ယင်းခွေးလေ ခွေးလွင့်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ် အကောက်ခွန် ဌာနတွင် ခွေး တစ်ကောင်လျှင် ၄၀၀၀ ကျပ် အခွန် ပေးဆောင်ပြီး တစ်ဖက်နိုင်ငံ ကြယ် ဂေါင်သို့ တင်ပို့ ရောင်းချရာ၌ တစ်ကောင်လျှင် တရုတ်ယွမ်ငွေ ၅၀ မှ ၈၀ ယွမ် (မြန်မာ ငွေ ၇၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ) ရှိကြောင်း ယင်းဈေးကွက်အရ သိရှိရသည်။

ဦးထွန်းလင်းသည် ခြံဝင်းအတွင်းရှိ ခွေးသိုလှောင်ရုံအတွင်း ခွေး ၁၇၀ ကောင်ကို ခွင့်ပြုချက် မရှိဘဲ မွေးမြူထားသဖြင့် စဥ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးစိုးမြင့်က တရားလို ပြုလုပ်၍ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေ ပုဒ်မ ၉၀ အရ လည်းကောင်း၊ စဥ့်ကိုင်မြို့နယ် သစ်တောဦးစီးဌာနက တရားမဝင် လိုင်စင်မဲ့ လွှဝိုင်း ထားရှိခြင်းကြောင့် သစ်တော ပုဒ်မ ၄၂/(ဂ)အရ လည်းကောင်း စဥ့်ကိုင်မြို့နယ် တရားရုံးသို့ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါရုံးထံမှ ဇူလိုင် ၃၁ ရက်နေ့တွင် သိရှိရသည်။

အဆိုပါ ခွေး ၁၇၀ ကောင်မှာ ယနေ့အချိန်ထိ ပလိပ်ရှိ ခွေးလှောင်ခြံအတွင်းတွင် ရှိနေသေးသည်။ ထိုခွေးများအတွက် အစားအစာနှင့် အဆောက်အအုံဆောက်ရန် ငွေကြေး အခက်အခဲများလည်း ဖြစ်နေသည်။

ခွေးချစ်သူများ အနေနှင့် ငွေကြေး လှူဒါန်းလိုပါက မမြတ်သက်မွန် (၀၉-၅၁၈၉၁၉၈) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ယခုလက်ရှိတွင် လှောင်ခြံထဲက ထိုခွေးများကို မမြတ်သက်မွန်က ထိန်းသိမ်း စောင့်ရှောက်ခွင့်ရရန် ကြိုးစားနေဆဲ ဖြစ်သည်။ များပြားလှစွာသော ထိုခွေးများအတွက် ရှေ့ခရီးတွင် အခက်အခဲများစွာ ရှိနေသေးသည်ဟု ဆိုရမည်။

သစ်သား ခြံစည်းရိုးကို ကုတ်ခြစ်နေသံများ၊ ဟောင်နေသံများမှာ အစာကျွေးချိန်တွင်တော့ တဒင်္ဂ ငြိမ်သွားခဲ့သည်။ ဆာလောင်နေသော ခွေးများမှာ ၎င်းတို့ကို ကျွေးသော အစားအစာများကို အငမ်းမရ စားသောက်နေကြသည်။ လုစားရန် ကြံသော ခွေးအချင်းချင်း မာန်ဖီနေသံများလည်း ကြားရသည်။ ထိုခွေးလှောင်ခြံအတွင်းမှ ခွေးများ၏ အနာဂတ်မှာမူ မသေချာ၊ အခက်အခဲများစွာ ရှိနေဦးမည်သာ ဖြစ်သည်။
(မယ်တင့်၊ ခန့်ခန့်)
The Voice Weekly

ယာဉ်တိုက်မှုဖြစ်လူတစ်ဦးသေဆုံး ယာဉ်မောင်းသမား တိမ်းရှောင်နေဆဲ

မိုးညှင်း၊ သြဂုတ် ၃။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အားကစားဘောလုံးကွင်းအနီး ပြည်ထောင်စုလမ်းမကြီးနှင့် ဦးဖိုးလှိုင်လမ်းထောင့်တွင် လူသေမှုတစ်ခု ဇူလိုင် ၃၁ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဆယ်ဘီးကား(ယာဉ်အမှတ်၉/ခ ၇၂၄၅)သည် ပြည်ထောင်စုလမ်းမကြီးအတိုင်း မန္တလေးဘက်သို့သွားရာ ဦးဖိုးလှိုင်လမ်းကြားမှ ဖြတ်တက်လာသော ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်၏ အနောက်တွင် စီနှင်းလာသူ မိုးညှင်းမြို့အောင်သပြေ(၂)နေ မောင်တူးတူးမှာ အဝေးသို့ လွင့်စဉ်ကာမျက်နှာတွင် ဒဏ်ရာများရရှိသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူ မောင်လဆန့်(ခ)၀င်းနိုင်မှမှာ သေဆုံးသွားခဲ့သည်။

ဆယ်ဘီးကား မောင်းနှင်းလာသူ သဖန်းချောင်းကျေးရွာ၊ ရေနံချောင်းမြို့မှ ကားဆရာ ကိုစိန်သောင်းထိုက် ၈/ရနခ(နိုင်)၀၈၆၁၁၇ အသက်၃၃နှစ၊် (ဘ)ဦးဇော်ဝင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

မိုးညှင်းရဲစခန်းမှ ရဲအုပ်စိုင်းဝင်းမျိုးမှ တရားလို ပြုလုပ်၍ ယာဉ်(ပ)၄/၂၀၁၃ပြစ်မှု ပုဒ်မ/၃၀၄(က)/၃၃ရ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သီဟ(ကချင်)
မြန်မာ့ခေတ်

မိုးရာသီဖြစ်သော်လည်း ရွှေလီဈေးကွက်တွင် မိုးစီးဖိနပ်မျာအရောင်းဝယ် အေးလျှက်ရှိနေ

ရွှေလီ၊ ဇူလိုင် ၃
မိုးရာသီဖြစ်သော်လည်း ရွှေလီဈေးကွက်တွင် မိုးစီးဖိနပ်များ အရောင်းဝယ်အေးလျှက်ရှိနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ တရုတ်ဖိနပ်များ အဓိကထား တင်ပို့သော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် မြန်မာနိုင်ငံဘက်မှကုန်သည်များ အ၀င်နည်းသဖြင့် ယခုကဲ့သို့ ဈေးကွက်အေးနေခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကဒီကနေယူကြတာရန်ကုန်ကကုန်သည်တွေများတယ်၊မန္တလေး၊ကလေ၊တမူးဘက်ကကုန်သည်တွေလည်းလာကြတယ်”ဟု
ထိုက်လီဈေးရှိ ဖိနပ်ကုန်သည်များက ပြောသည်။

ယခုအခါတွင် မိုးစီးဖိနပ်များထက် အလှစီးဖိနပ်များ ပိုမိုရောင်းချရကြောင်း သိရသည်။ ရွှေလီမြို့ဖိနပ်ဈေးမှာ ယခုကာလပေါက်ဈေးအဖြစ် ဖိနပ်တစ်ရံလျှင် တရုတ်ယွမ်ငွေ အနိမ့်ဆုံး(၆.၅)ယွမ်မှ စပြီးဖိနပ်အနေအထားလိုက် ဈေးနှုန်းမြင့်တက်သွားကြာင်း သိရသည်။ ယခုအခါတွင် တရုတ်ယွမ်ငွေဈေးနှုန်း အနည်ငယ်ပြန်ကျလာပြီး တရုတ်ငွေတစ်ယွမ်လျှင် မြန်မာကျပ်ငွေ(၁၅၇.၄)ကျပ်
နှုန်းရှိနေကြောင်း သိရသည်။

ယခုကာလသည် မိုးတွင်းကာလ ဖြစ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး အနည်းငယ်ခက်ခဲခြင်း၊ တောင်သူများသီးနှံများ မပေါ်သေးခြင်း၊ ၀ါတွင်းကာလဖြစ်းခြင်း တို့ကြောင့် ယခုကဲ့သို့ ဖိနပ်ဈေးကွက်များ အေးနေခြင်းဖြစ်ကြောင်း ရွှေလီမြို့ ဒေသခံများထံမှ သိရသည်။
စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်

ကရင်နဲ့ မွန်ပြည်နယ်မှာ လူ ၃ သောင်းကျော် ရေးဘေးဒဏ်ကြုံနေရ

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးရေလျံမူတွေဖြစ်ခဲ့ရာမှာ ထောင်နဲ့ချီတဲ့ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ကရင်ပြည်နယ်အတွင်း လူသုံးသောင်းကျော်ကို နေအိမ်တွေကနေ ရွေ့ပြောင်းပေးခဲ့ရတယ်ပါတယ်။

ကရင်ပြည်နယ်အတွင်းရှိ ကျောင်း ၂၄၅ကျောင်းကို ပိတ်ထားပြီး မွန်ပြည်နယ်အတွင်း လူ ၅ဝဝဝ နီးပါးကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ အစိုးရသတင်းတွေမှာ ဖေါ်ပြပါတယ်။ ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီနဲ့ ကမမောင်းမြို့နယ်ခွဲဒေသခံတွေ ရေဘေးဒုက္ခကြုံတွေ့နေရပါတယ်။

ဘားအံမြို့မှာ ဒုက္ခသည်စခန်းပေါင်း ၁၁ ခုရှိပြီး ဒုက္ခသည် တစ်သောင်းကျော်လောက်ရှိနေပါတယ်။ ဒုက္ခသည်တွေကို ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ ကရင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဦးစီးမှူး ပထမတန်းက ဦးခွန်ကျော်ဝင်းက RFAကို အခုလို ပြောပါတယ်။

“ဒုက္ခသည်စခန်းရဲ့ ကျန်းမာရေးအခြေအနေကတော့ အခုလက်ရှိအထိကတော့ ဘာမှပြဿနာမရှိဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုကလည်း ဆေးရုံအဖွဲ့တွေ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးတို့၊ ပြည်နယ်ဆေးရုံက သူနာပြုတွေရော၊ ဆရာဝန်တွေရော နေ့စဉ်ပေါ့နော် စခန်းတစ်ခုကို အနည်းဆုံးနှစ်ယောက်ချထားတယ်၊ စခန်းက ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေကလည်း အိမ်သာတို့ အဓိကပေါ့နော် ထုံးဖြူးတာတို့ဘာတို့ သေချာလုပ်ပေးပါတယ်၊ ရေသန့်ရရှိရေးအတွက်လည်း စည်ပင်က ဖြန့်ပေးပါတယ်”

မိုးကြီးပြီး ရေလျှံတာကြောင့် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှာ အိမ်ခြေ ၂ဝဝ ကျော် ရေထဲမြောပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြဝတီမြို့ KNU ဆက်ဆံရေးရုံးတာဝန်ခံ စောမိုးဇက်က ခုလိုပြောပါတယ်။

"မြို့မိမြို့ဖတွေက ဒုက္ခသည်တွေကို ဝိုင်းဝန်းကူညီတဲ့ သဘောလောက်ပဲရှိပါတယ်၊ အခု NGO တွေကလည်း ကူညီမှုမရှိပါဘူး၊ ရေသန့်ရရှိမှုကလည်း မရှိပါဘူး၊ အခုတပ်မ ၂၂ တပ်မမှူးက တာဝန်ခံပြီးတော့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ သူတို့ကစီစဉ်ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ၊ အိမ်ခြေ ၂ဝဝ ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်ခင်ဗျ၊ လူတွေကို ဘုန်းကြီးကျောင်းတွေ ဇရပ်တွေမှာထားပါတယ်၊ "

မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်က လူမူရေးအဖွဲ့တွေက မြဝတီမြို့ဘက်ကမ်းကိုကူးပြီး အကူအညီပေးနေကြတယ်လို့ မဲဆောက်မြို့ မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီရာမောင်က ပြောပါတယ်။

"တစ်ဖက်တည်းအနေနဲ့ပေါ့နော် အလုပ်သမားအဖွဲ့လေးတွေ သွားကြတာရှိတယ်၊ ဟိုဘက်ပြည်တွင်းကလူတွေက လာဖို့လမ်းတွေ ပြိုနေတယ်ပေါ့၊ ကော့ကရိတ်၊ မြဝတီကားလမ်းက လမ်းပြိုတာရှိတော့ ပြည်တွင်းထဲက လာလို့မရသေးဘူးလို့ကြားတယ်၊ ဒီဘက်ကတော့ သူ့အစုအဖွဲ့တွေနဲ့ ထမင်းထုပ်သွားဝေပေးတာတို့ နောက်ပြီး တချို့ကယ်ဆယ်ရေးလုပ်ငန်းတွေစပြီးတော့ ဝင်သွားတာတော့ရှိပြီပေါ့၊ သို့သော်လည်း ထိထိရောက်ရောက်တော့ မသွားနိုင်သေးဘူး"

မြဝတီမြို့အတွင်း ရေလျှံနေတာတွေဟာ သြဂုတ်လ၁ရက်နေ့မှာ ပြန်ကျသွားပြီဖြစ်တာကြောင့် တပ်မတော်သားများနဲ့ ဒေသခံများ မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
RFA Burmese

အကြမ်းဖက်အန္တရာယ်ကြောင့် ကမ္ဘာအရပ်ရပ် အမေရိကန်သံရုံးများ တနင်္ဂနွေပိတ်မည်

ဝါရှင်တန်၊ သြဂုတ် ၂
အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်ကြောင့် အရှေ့အလယ်ပိုင်းဒေသ အပါအဝင် ကမ္ဘာအရပ်ရပ်ရှိ အမေရိကန်သံရုံး အများစုကို လာမည့် တနင်္ဂနွေနေ့တွင် ပိတ်ထားမည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။

သံတမန် အဆောက်အအုံများသာမက ပင်လယ်ရပ်ခြားဒေသရှိ အမေရိကန် အကျိုးစီးပွားများကိုလည်း ပစ်မှတ်ထား ခြိမ်းခြောက်ထားကြောင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

ခြိမ်းခြောက်မှု အန္တရာယ်မှာ ယုံကြည်ရပြီး ဖြစ်ပေါ်နိုင်ခြေများကြောင်း အဆိုပါအရာရှိက ပြောကြားသွားသည်။

ကမ္ဘာအရပ်ရပ်ရှိ အမေရိကန်သံရုံးများ တနင်္ဂနွေနေ့တွင် ပုံမှန်ပိတ်သော်လည်း မွတ်ဆလင်ကမ္ဘာတွင် တနင်္ဂနွေနေ့၌ လုပ်ငန်းများ ဆောင်ရွက်လေ့ ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တနင်္ဂနွေနေ့သာမက အခြားသော ရက်များတွင်လည်း သံရုံးလုပ်ငန်းများ ရပ်ဆိုင်းထားနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။

ဘာရိန်း၊ အစ္စရေး၊ ဂျော်ဒန်၊ ကူဝိတ်၊ လစ်ဗျား၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ အမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများကို တနင်္ဂနွေနေ့တွင် ပိတ်ထားမည်ဟု CBS သတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနိုင်ကြောင်း ပုံမှန်ထက်ပိုသည့် သတင်းများ ထွက်ပေါ်လာခြင်းကြောင့် အမေရိကန်သံရုံးများကို ပိတ်ရခြင်းဖြစ်ကြောင်း အရာရှိတစ်ဦးက CNN သတင်းကို ပြောကြားသည်။

လစ်ဗျားရှိ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်ပြီးသည့် အချိန်နှင့် ရာမန်ဒီ ဘာသာရေးပွဲတော် ပြီးဆုံးခါနီး အချိန်တွင် ယခုကဲ့သို့သော ခြိမ်းခြောက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့ကြောင့် အမေရိကန် သံတမန် အဆောက်အအုံများ၏ လုံခြုံရေးကို တိုးမြှင့်ရခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီဟတ်က ပြောကြားသွားသည်။

ပြီးခဲ့သည့်နှစ်အတွင်း လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် သံအမတ်ကြီး အပါအဝင် အမေရိကန် နိုင်ငံသားလေးဦး သေဆုံးခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly

သီပေါဒေသထွက် နာနတ်သီးများဒေသအတွင်း တွက်ခြေကိုက်

သီပေါ၊ သြဂုတ် ၃။ရှမ်းပြည်နယ်၊ သီးပေါဒေသထွက် နာနတ်သီးများ တရုတ်နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့သို့ တင်ပို့ရာ ဈေးမကောင်းသောကြောင့် ဒေသအတွင်းရှိ တနိုင်တပိုင် ရောင်းချသော ဆိုင်များသို့ ဖောက်သည်ပို့ခြင်းနှင့် မန္တလေးဒေသသို့ တင်ပို့ခြင်းဖြင့်သာ တွက်ချေကိုက်ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မူဆယ်ကိုပို့တာ သုံးခေါက်ရှိပြီ။ ဒီဒေသမှရှိတဲ့ ဆိုင်တွေကို (၃၈၀)နဲ့ပိုတဲ့နာနတ်သီးကို ဟိုမှာ(၃၀၀)ပဲးပေးတာ ဒီဒေသက အလတ်သီးလို့ သတ်မှတ်တဲ့ အသီးကို မူဆယ်က တရုတ်တွေက အသေးသီ(ဂေါ်လီသီး)လို့ သတ်မှတ်ပြီးဈေးနှိမ်လို့ ဒီမှာပဲးရောင်းနေတာ”ဟု သီပေါမြို့နယ် ကုန်းသာကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

နာနတ်သီးစိုက်ပျိုးရာတွင်(၃)လပိုင်နှင့် (၄)လပိုင်းအချိန်တွင် စတင်စိုက်ပျိုပြီး နှစ်စဉ်(၅)လပိုင်းနှင့် (၆)လပိုင်းတွင် နာနတ်သီးထွက်ကြောင်း သိရသည်။

နာနတ်ပင်မှာ တစ်ခါစိုက်ပျိုးပြီးပါက(၅)နှစ်မှ(၆)နှစ်အထိ ပြန်လည်စိုက်ပျိုးစရာ မလိုဘဲ ပေါင်းပင်များသာလျှင် နိုင်အောင်လိုက်ပေးရကြောင်း၊ စိုက်းပျိုးပြီး ပထမဦးဆုံးထွက်သော အသီးမှာ သိပ်ကောင်းလေ့ မရှိဘဲ နှစ်နှစ်သား သုံးနှစ်သားမှသာလျှင် အသီးထွားပြီး ပိုမိုကောင်းမွန်ကြောင်း ဒေသခံနာနတ်သီးစိုက်သူများထံမှ သိရသည်။

“အရင်တုန်းကဘောင်တစ်လိုင်းမှာ တစ်ပင်ပဲစိုက်တာ။ အခုတော့ ဘောင်တစ်လိုင်းကို ဟိုဘက်ဒီဘက်စောင်းပြီး နှစ်ပင်စိုက်လာကြတယ်။ သီးနှံအထွက် နှစ်ဆတိုးတာပေါ့”ဟု ဒေသခံ နာနတ်စိုက်သူတစ်ဦးက ပြောသည်။

နာနတ်စိုက်ပျိုးရာသီချိန် ပထမဦးဆုံးအကြိမ် စိုက်ပျိုးပါက အပင်တစ်သောင်းအား ပျိုးခနှစ်သိန်းပေးရပြီး လုပ်အားခမှာဒေသ အခြေနေကိုလိုက်ကာ တစ်သိန်းမှ တစ်သိန်းခွဲးအထိ ပေးရကြောင်း၊ (၁၅)လခန့်ကြာလျှင် ခူးနိုင်ပြီဖြစ်ကြာင်း၊ နာနတ်ခင်းအား အမြဲမပြတ် ဂရုစိုက်ရကြောင်း၊ နာနတ်သီးစတင် ထွက်သည်နှင့် နာနတ်ကုန်သည်များမှ အခင်းပြတ်ဝယ်ယူလေ့ရှိကြောင်း သိရသည်။

လက်ရှိတွင် နာနတ်သီးပေါက်ဈေးမှာ ဒေသအတွင်းအလုံးကြီး တစ်လုံးလျှင်ကျပ်(၅၀၀)မှ (၇၀၀)၊ အလုံးလတ် တစ်လုံးလျှင်(၃၀၀)မှ (၅၀၀)ကျပ်နှုန်း၊ အလုံးသေး(ဂေါ်လီ)တစ်လုံးလျှင် ကျပ်(၂၀၀)နှုန်း ဈေးပေါက်လျှက်ရှိနေပြီး ဒေသအတွင်း အရောင်းအ၀ယ်ဖြစ်လျှက်ရှိနေကြာင်း သိရသည်။
စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်

မြန်မာ လူပွဲစားဂိုဏ်းချုပ် ဆိုသူကို ထိုင်းရဲက ဖမ်းလိုက်ပြီ

3.8.2013
ထိုင်းနိုင်ငံတောင်ပိုင်း ထရန် (Trang) ခရိုင်၊ ကတန် (Katang) မြို့နယ် လှေဆိပ်မှာ မြန်မာနိုင်ငံသားတွေကို ရေလုပ်သားတွေအဖြစ် အဓမ္မရောင်းစားနေမှု၊ သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါး ရောင်းချမှုတွေနဲ့ လူပွဲစားဂိုဏ်းခေါင်းဆောင်အဖြစ် နှစ်နိုင်ငံ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့သူကို ထိုင်း အထူးပူးပေါင်းရဲတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးလိုက်တယ်လို့ သတင်းရပါတယ်။

အသက် ၄၂ နှစ် အရွယ် ကိုမျိုး (ခ) ကိုအောင်မျိုးမြင့်၊ ထိုင်းနာမည် ဖိရောင် ဆိုသူကို မြန်မာနိုင်ငံသားချင်း သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါးရောင်းချမှု၊ အဓမ္မ ပြုကျင့်မှုတွေနဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကလည်း အရေးယူနိုင်ဖို့ အကြောင်းကြားထားပြီးတဲ့နောက် ထိုင်း အာဏာပိုင်တွေက ခုလို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

စူရတ်ဌာနီ မြို့နယ် ရာဘာခြံတခုအတွင်း ပုန်းရှောင်ချိန်မှာ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ (AHTD)၊ ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေးဌာန (DSI)၊ “ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့” (Tourist Police)၊ ထောက်လှမ်းရေး ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ စူရတ်ဌာနီ ရဲတပ်ဖွဲ့ တို့က ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအရေး လုပ်ဆောင်နေတဲ့ မြန်မာအစိုးရ အလုပ်သမားဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း ကပြောပါတယ်။

“သူထွက်ပြေးနေတာကို DSI က ဖုန်းလိုင်းကနေတဆင့် ခြေရာခံပြီး လိုက်ဖမ်းတာ၊ ထိုင်းရဲ ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းထားတာကို သူက သေနတ်နဲ့ပြန်ပစ်တာ၊ ဒီက ဝိုင်းပစ်တော့ တင်ပဆုံကို မှန်သွားတော့မှ ဖမ်းမိတာ၊ အခု သူ့ကို စူရတ်ဌာနီ ဆေးရုံကြီးမှာ တင်ထားတယ်” လို့ ဦးနိုင်ထွန်း က ရှင်းပြပါတယ်။

ကိုမျိုးကို ဖမ်းဆီးထားပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ အလုပ်သမားတွေကို သူတို့ကို အတင်းအကျပ် လှေလိုက်ခိုင်းသူ အဖွဲ့က ခေါင်းဆောင် ဟုတ်မဟုတ် ခေါ်ပြတယ်လို့ သိရပြီး ထွက်ပြေးလွတ်မြောက်လာသူတွေကလည်း ဟုတ်မှန်ကြောင်း ပြောဆိုကြတယ်လို့ သူကဆက်ပြောပါတယ်။

ဒီနှစ် မတ်လဆန်းပိုင်းက ကတန် (Katang) မြို့ကထွက်တဲ့ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့ Myanmar Association Thailand (MAT) ကို ဖုန်းဆက်အကြောင်းကြားလာရာ MTA အဖွဲ့၊ မြန်မာအစိုးရ အလုပ်သမားဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း၊ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၊ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)တို့ ပူးပေါင်းကယ်တင်ခဲ့ပါတယ်။

ဒီလိုကယ်တင်ခဲ့ရာကနေ လွတ်မြောက်လာတဲ့ လှေသားတွေဆီကတဆင့် လူပွဲစားဂိုဏ်းချုပ်ဆိုတဲ့ ကိုမျိုး ဆိုသူရဲ့အကြောင်းကို စုံစမ်းခဲ့ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကို တင်ပြခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယ သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်း က ထိုင်းအာဏာပိုင်တွေနဲ့ ဧပြီလက ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ DSI အဖွဲ့က အချိန်ယူလေ့လာခဲ့ပြီး ခုလိုဖမ်းဆီးခဲ့တာလို့ MTA အဖွဲ့ခေါင်းဆောင် ဦးကျော်သောင်း ကလည်း ပြောပါတယ်။

လူပွဲစား ဂိုဏ်းခေါင်းဆောင်အဖြစ်နဲ့ ဖမ်းဆီးထားတဲ့ ကိုမျိုး ဆိုသူဟာ ထိုင်း-မြန်မာ နယ်စပ်မြို့တွေနဲ့ ရန်ကုန်မြို့တို့မှာ လူပွဲစားတွေထားပြီး လူခေါ်ခိုင်းတယ်လို့ သိရပြီး ရောက်လာတဲ့ လူတွေကို မလေးရှားနဲ့ အခြားနိုင်ငံတွေရဲ့ ရေပိုင်နက်တွေမှာ ငါးခိုးဖမ်းတဲ့ လှေတွေမှာ လိုက်ခိုင်းတယ်၊ မလိုက်လိုကြောင်း ငြင်းဆန်တဲ့ လူတွေကို အခြားလူတွေရှေ့မှာပဲ သတ်ပြတယ်လို့ ကိုမျိုးအိမ်မှာ ၇ လ ထမင်းချက်အလုပ်လုပ်ခဲ့သူတဦးက ပြောပါတယ်။

“ငါးဖမ်းလှေမလိုက်ဘူးလို့ ငြင်းတဲ့လူတွေကို တခြား လူတွေရှေ့မှာပဲ သတ်ပြတယ်၊ သတ်တာတောင် ရိုးရိုးမသတ်ဘူး၊ ဗိုက်ခွဲပြီး အူတွေထုတ်၊ ဘောလ်ပင်မီးရှို့အစက်တွေချပြီး ဗိုက်ကိုပြန်ချုပ်ပေးတယ်၊ အဲဒီလူတွေ အကုန်သေတယ်၊ တချို့ဆိုရင် ကြိုးနဲ့ လည်ပင်းစွပ်ပြီး အပေါ်မှာ ချိတ်သတ်တယ်၊ နည်းမျိုးစုံနဲ့နှိပ်စက်ပြပြီး သတ်တာ၊ ကျနော့်ရှေ့မှာတင် သတ်တာ ၈ ယောက်၊ တယောက်ကတော့ သူမူးပြီးပြန်လာတုန်း သူသေနတ်ပစ်တာ တည့်မတည့် စမ်းပစ်ကြည့်ပြီး ခေါင်းမှန်ပြီးသေသွားတာ” လို့ လွတ်မြောက်လာတဲ့ ကိုစန်းထိုက်ဝင်းက ဧရာဝတီကို ပြောပါတယ်။

ကိုစန်းထိုက်ဝင်း က ၂၀၁၁ ခုနှစ်မှာ ကိုမျိုးအိမ်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး ခေါ်တုန်းက ဆီတို့ဖူး စက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး လိုက်လာခဲ့ကြောင်း၊ လှေထဲမလိုက်လိုကြောင်း ပြောဆိုတဲ့ အတွက် လူအများရှေ့မှာပဲ လက်နဲ့ လည်ပင်းတွေကို ဓားနဲ့ ခုတ်ခံခဲ့ရတဲ့ အတွက် နောက်ဆုံး လှေထဲလိုက်မယ်လို့ ဝန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာတွေကြောင့် ချက်ချင်း လှေထဲကို မလိုက်ရဘဲ ကိုမျိုးရဲ့အိမ်မှာ ထမင်းချက်အဖြစ်နဲ့ နေရချိန်မှာ သတ်ဖြတ်မှုတွေကိုမြင်ခဲ့ရတာလို့ ဆိုပါတယ်။

ကိုမျိုးဟာ မြင်းဆေးခေါ် စိတ်ကြွဆေးတွေကို ရောင်းချနေတာကိုလည်း တွေ့ရပြီး လှေလိုက်ရင်း ထွက်ပြေးသူတွေကို သူ့လက်ရင်း တပည့်တွေကို အပြင်မှာပဲ ပစ်သတ်ခိုင်းတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း လှေလိုက်ဖို့ ငြင်းဆန်တဲ့ မြန်မာနိုင်ငံသားတွေကို ကိုမျိုးရဲ့ လက်ရင်းတပည့်တွေက “ဂျစ်ကန်ကန်လုပ်တဲ့ကောင်တွေ ကတန်ချောင်းထဲမှာမျှောပြီ မြေသြဇာ လုပ်ပေးထားတာ အယောက် ၂၀၀ ကျော်ပြီလို့ပြောတယ်” လို့ ကိုစန်းထိုက်ဝင်းက ပြောပါတယ်။

ကိုမျိုးကို ဖမ်းမမိခင်ရက်ပိုင်းအလိုမှာ သူ့ရဲ့ လက်ရင်းလူယုံ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးထားပြီး လက်ကျန်အဖွဲ့တွေကိုလည်း ယနေ့ ထပ်မံဖမ်းဆီးနေတယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံး ညွှန်မှူးဟောင်းလည်းဖြစ်ခဲ့သူ ဦးနိုင်ထွန်း ကပြောပါတယ်။ လက်ရှိအချိန်မှာ ကိုစန်းထိုက်ဝင်းနဲ့ အခြားလွတ်မြောက်လာသူ ၁၀ ဦးကျော်ကို ကယ်ဆယ်ရေးစခန်းမှာ ထားရှိပြီး တရာရုံးက သက်သေအဖြစ် မကြာခဏ ခေါ်ယူမေးမြန်းမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် စစ်ဆေးသိရှိချက်များအရ ကိုမျိုးဆိုသူမှာ ပဲခူးတိုင်း၊ ကဝမြို့နယ်သားဖြစ်ကြောင်း သိရပြီး အဖမ်းဆီးခံထားရတဲ့ သူရဲ့တပည့်တွေဟာလည်း ကိုမျိုးဆီမှာ လုပ်သက် ၇-၈ နှစ် ရှိပြီဖြစ်ကြောင်းနဲ့ မကြာသေးခင်က ကရင်မိန်းကလေးငယ် တဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှု၊ လူသတ်မှုတွေနဲ့ လူကုန်ကူးမှုတွေကို ထိုင်းတရားရုံးမှာ ဝန်ခံထားပြီးဖြစ်ကြောင်း ဦးနိုင်ထွန်းက ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူတွေထဲမှာ အသက် ၁၄ နှစ်ကနေ အသက် ၃၅ နှစ်အထက်တွေအထိ ပါဝင်ကြောင်း သိရတယ်။

“ကျနော် လုပ်နေတဲ့ ၇ လ အချိန်ထဲမှာပဲ မြန်မာနိုင်ငံကနေ အလုပ်လုပ်ဖို့ သူ့ဆီရောက်လာတဲ့ လူဦးရေ ၇၀၀၊ ၈၀၀ လောက်ရှိတယ်၊ ဘယ်သူမှ ပိုက်ဆံမရကြဘူး၊ ထွက်ပြေးလဲ ကတန်ရဲစခန်းက ဖမ်းပြီး ကိုမျိုးဆီကိုပဲ ပြန်ပို့တယ်” လို့ ကိုစန်းထိုက်ဝင်းက ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ကိုမျိုးကို ဖမ်းဆီးပြီးတဲ့နောက်မှာ သူပိုင်ဆိုင်မှုတွေကိုလည်း ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။ လာမယ့် တနင်္လာနေ့မှာ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက သတင်းထုတ်ပြန်မယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

ကိုမျိုးကို ဖမ်းဆီးရမိပြီးနောက် ဒေသဆိုင်ရာ တာဝန်ရှိ ရဲဝန်ထမ်းတွေကိုလည်း စီစစ်အရေးယူသွားဖို့ ရှိတယ်လို့ ထိုင်းအထူးရဲတပ်ဖွဲ့တွေဆီကတဆင့် ကြားသိခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဧရာဝတီ

ဘာကွာသလဲ

FB-Zaw Zaw Latt

တရားပွဲအတွက်

FB-Kaung Naing

အဝေးပြေးလမ်းမှာ နာနာဘာဝတွေ ရှိနေသလား

ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
August 2, 2013
နေပြည်တော်နဲ့အတူ ပေါ်လာတဲ့ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်မှာယာဉ်မတော်တဆမှုတွေနဲ့ ကြုံကြိုက်တဲ့အခါ ခါတိုင်းတော့ အိပ်ငိုက်တဲ့ယာဉ်မောင်းသူ၊ စနစ်မကျတဲ့ လမ်းမကြီး ဖောက်လုပ်ရေး ဆောင်ရွက်ခဲ့သူ တို့ကို မကြာခဏ အပြစ်ပုံကြပါတယ်။

အခုတော့ အပြစ်ဖို့စရာတခု ထပ်တိုးလာပါပြီ။ အဲဒါကတော့ မကောင်းဆိုးဝါးတွေ၊ နာနာဘာဝတွေ ဖြစ်ပါတယ်။

ရွှေလီဦး အဝေးပြေးကားအသင်း ယာဉ်မောင်းတဦးဖြစ်တဲ့ စိုင်းဘခိုင်ကတော့ အမြန်လမ်းမကြီးပေါ် ပုံမှန်ဖြတ်သန်းနေကြဖြစ်တဲ့ ကားသမားတချို့ဟာ ပရလောကသူ၊ ပရလောကသား တို့နဲ့ မတွေ့ချင်ဘဲ တွေ့ခဲ့ရတယ်လို့ ဧရာဝတီကို အခုလို ပြောပြပါတယ်။

“အသိ ကားသမားတချို့ကတော့ နာနာဘာဝတွေရဲ့ နှောင့်ယှက်တာကို ခံရတယ်လို့တော့
 သိရတယ်၊ ကိုယ်တိုင်တော့ မကြုံဖူးသေးပါဘူး၊ အမြန်လမ်းပေါ်မောင်းရင်တော့
 တော်တော်လေး ဂရုစိုက်ပြီးတော့ မောင်းနေရတယ်။ အန္တရာယ်ကင်းအောင်” လို့ စိုင်းဘခိုင်က ဆိုပါတယ်။

မတော်တဆဖြစ်တဲ့ယာဉ်အများစုကတော့ သတ်မှတ်တဲ့အရှိန်ထက် ပိုပြီးမောင်းနှင်ကြတယ်၊ ဒါကြောင့် သူကတော့ အန္တရာယ်ကင်းအောင် သတ်မှတ်နှုန်းနဲ့ပဲ မောင်းတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ မသဲစုတို့မိသားစု သင်္ကြန်ဝန်းကျင် ခရီးထွက်တဲ့ညက ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ကြုံခဲ့ရတာကလည်း ထူးခြားနေပါတယ်။ သူပြောပြတာက ဒီလိုပါ။

“ ကျမတို့ရဲ့ ကားရှေ့မှာ ဆိုင်ကယ် နှစ်စီးက နီးလိုက် ဝေးလိုက်နဲ့ မောင်းနေတာတွေ့ရတယ်၊ ကားသမားကတော့ သူတို့ကို ကျော်လည်း မတက်ဘူး၊ ပုံမှန်အတိုင်းပဲ ဖြည်းဖြည်းမောင်းနေတာ။ ကျမ အမေကတော့ ဘုရားစာရွတ်နေတယ်၊
 ဒါပေမဲ့ ကျမ အဲ့ဒါကို မတွေးမိဘူး၊ နောက်တော့ ဆိုင်ကယ်တွေက ၂မိုင်လောက် ပါလာပြီး ရုတ်တရက်ပျောက်သွားတော့မှ နာနာဘာဝတွေ နှောင့်ယှက်မှန်း သိရတာ”လို့ မသဲစုက ပြောတယ်။

အွန်လိုင်းလူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာ အမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီး သရဲခြောက်ခံရတယ် ဆိုတဲ့အကြောင်း အတည် အခန့် ရေးသားမှု၊ နောက်ပြောင်ရေးသားမှု၊ သရုပ်ဖော်ပုံတွေနဲ့ ရေးသားမှုတို့ကို တွေ့ရမှာပါ။

ဒီလမ်းကြီးဟာ ပရလောကသူ ပရလောကသားတို့ မြူးတူး ကခုန်တဲ့နေရာ တကယ်ပဲ ဖြစ်နေပုံရတယ်လို့ ယူဆသူတချို့ ရှိနေပါတယ်။ ဒါ့အပြင် နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော်
 သုံးခဲ့မိတာများ ရှိလေမလားလို့ အတွေးပွားသူတွေလည်း ရှိပါတယ်။

အာဏာပိုင်တို့ဘက်ကလည်း အမြန်လမ်းမပေါ်မှာ ထူးခြားဆန်းပြားဖြစ်ရပ်ဆန်းများ ရှိနေကြောင်း ယုံကြည်နေပုံရပါတယ်။

အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်ကတော့ ခရီးသွားပြည်သူတွေ အန္တရာယ်ကင်း ဖို့အတွက်ကို အဓိက ရည်ရွယ်ပြီးတော့ မိုင်တိုင် အပိုင်းခြားအလိုက် တာဝန်ယူပြီး ဆရာတော်ကြီး တွေကို ပင့်ဖိတ်ကာ ပရိတ်တရားတွေ လစဉ်၊ အပတ်စဉ် ပုံမှန်ရွတ်ဆိုမှုတွေ လုပ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။

“ နိုင်ငံတော်က အဓိပတိဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီးတော့ ပုံမှန် ပရိတ်တရားတွေ ရွတ်ဖြစ်ပါတယ်၊ လမ်းပြုပြင်ထိန်းသိမ်းရေး စခန်းတွေရှိတဲ့ နေရာတွေအလိုက် တာဝန်ယူပြီး လတိုင်း လုပ်ကြတယ်၊ အန္တရယ်ကင်းအောင်ပေါ့” လို့ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

ဇူလိုင် ၂၈ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ခရီးသွား ပြည်သူတွေ ဘေးကင်းစေဖို့အတွက် အမြန်လမ်းမကြီး တလျှောက် ပရိတ် တရားတော်တွေ ရွတ်ဖတ်ခဲ့တယ်လို့ ဖော်ပြထားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းရှိန်ရဲ့ စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ လမ်းပေါ်မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ မှု၊ ခရီးသည် ပေါ့ဆမှု ၂ မှုနဲ့ တခြား အကြောင်းအရာ တွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မေစစ်ပိုင်
ဧရာဝတီ

သိမ်းဆည်းရမိ ကျွဲ၊ နွားများ တောင်သူများကို ရောင်းချပေးမည်

ဓါတ်ပုံ မြဝတီ
Friday, Augest 02, 2013
ကချင်ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်း တရားမဝင်ကျွဲ၊ နွား ရောင်းဝယ်သူများထံမှ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိထားသော ကျွဲ၊ နွား ၈၉ ကောင်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်ဖြင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သည့် ဆင်းရဲနွမ်းပါးသူ တောင်သူများထံသို့ သြဂုတ်လ ၅ ရက်နေ့တွင် မဲစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရွှေကူမြို့နယ်တရားရုံး၏ လေလံကြေညာစာအရ သိရှိရသည်။

ကျွဲ၊ နွားလုံးဝမရှိသူနှင့် အနည်းဆုံး တစ်ကောင်ရှိသူများကိုသာ ရောင်းချပေးမည် ဖြစ်ကြောင်း၊ ကျွဲ၊ နွားဝယ်ယူမည့် တောင်သူများအနေနှင့် အမှန်တကယ် လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေ စာရင်းရုံး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ထောက်ခံစာနှင့်အတူ မြို့နယ်တရားရုံးသို့ ကျွဲ၊ နွားဝယ်ယူခွင့် လျှောက်လွာ တင်သွင်းရမှာ ဖြစ်ကြောင်း ရွှေကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီက ရှင်းပြသည်။

“တင်သွင်းလာတဲ့ လျှောက်လွှာတွေကို စိစစ်ပြီး မဲနှိုက်တဲ့စနစ်နဲ့ ရောင်းချပေးသွားမယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ကျွဲ၊ နွားဝယ်ယူမည့် တောင်သူများအနေနှင့် လက်ရှိပြင်ပပေါက်ဈေးထက် များစွာသက်သာသော ကျွဲ၊ နွားတစ်ကောင်လျှင် ကျပ်နှစ်သိန်း ဝန်းကျင်ခန့်ဖြင့် ဝယ်ယူရရှိမည်ဖြစ်ပြီး ယင်းဈေးနှုန်းမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့က အတည်ပြုထားပြီး ဖြစ်သော ဈေးနှုန်းဖြစ်ကြောင်း ၎င်းမှထပ်ဆင့် ပြောကြားသည်။

လက်ရှိရွှေကူမြို့နယ်တွင် တရားမဝင် ကျွဲ၊ နွား ရောင်းဝယ်မှုများကြောင့် လယ်ယာလုပ်ငန်းခွင် ဝင်နိုင်သည့် နွားတစ်ရှဉ်းလျှင် ကျပ်သိန်း ၂၀ ကျော်ခန့် ပေါက်ဈေး ရှိကြောင်း ဒေသခံ နွားကုန်သည် တစ်ဦးက ပြောပြသည်။

ကချင်ပြည်နယ်အတွင်း ကျွဲ၊ နွား တရားမဝင် ရောင်းဝယ်မှုများကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်နယ် ရဲတပ်ဖွဲ့မှူးမှ သက်ဆိုင်ရာ ခရိုင်မှူး၊ မြို့နယ်မှူးများထံသို့ ညွန်ကြား ထားပြီးဖြစ်ကာ လက်ရှိတွင် ကျွဲ၊ နွားတရားမဝင် ရောင်းဝယ်မှုများကို ဖမ်းဆီးအရေးယူမှု ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး တင်ကိုကိုက The Voice သို့ ပြောကြားထားသည်။

ရွှေကူမြို့နယ်တွင် ယခုကဲ့သို့ သိမ်းဆည်းရမိ ကျွဲ၊ နွားများကို တောင်သူများထံသို့ ရောင်းချပေးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းနှင့် တရားရုံးက စစ်ဆေးမှု မပြီးပြတ်သေးသော ကျွဲ၊ နွား တရားမဝင် ရောင်းဝယ်မှုများမှ ကျွဲ၊ နွား အရေအတွက် ၅၇ ကောင်ခန့် ကျန်ရှိနေသေးကာ အမှုပြီးပြတ်သွားပါက ဒုတိယအကြိမ်အဖြစ် ထပ်မံရောင်းချပေးသွားမည် ဖြစ်ကြောင်း ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ဟူနန်ပြည်နယ်တွင် လူပေါင်းများစွာ ကက်ဒမီယံဓာတုအဆိပ်သင့်

အေအက်ဖ်ပီ
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် စူအမ်ချောင်ရှိ မြေဆီလွှာနမူနာတွင် ကက်ဒမီယံ ဒြပ်စင်အဆသုံးရာခန့် ပါဝင် နေပြီး၊ ၎င်းဒေသရှိ ရွာသား ၃၀၀၀ အနက် ၅၀၀ မှာ ကက်ဒမီယံဓာတ် အလွန်အမင်းများပြားနေကြောင်း ကျန်းမာရေးအရာရှိများမှ ဆေးစစ်ရာတွင် တွေ့ရှိခဲ့ရသည်ဟု ဇူလိုင် ၃၁ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ကက်ဒမီယံဓာတ် များပြားခြင်းကြောင့် လွန်ခဲ့သောလေးနှစ်အတွင်း လူပေါင်း ၂၆ ဦးထက်မနက် သေဆုံးခဲ့ သည်။ အဆိုပါသေဆုံးသူများအနက် ရှစ်ဦးမှာ အသက် ၆၀ အောက်ငယ်ရွယ်သူများဖြစ်ကြပြီး၊ ၂၀ ဦးမှာ ကင်ဆာရောဂါဖြင့် သေဆုံးခဲ့သည်။

ထို့အပြင် ကျေးရွာတွင်းရှိ ကလေးများမှာလည်း မွေးရာပါ မသန်စွမ်းဖြစ်နေသည်။ အဆိုပါရွာတွင် အကြီးစား ဓာတု စက်ရုံတစ်ခုအား၂၀၀၉ ခုနှစ်အထိလည်ပတ်ခဲ့ပြီး၊ စက်မှုစွန့်ပစ် ပစ္စည်းများမှာလည်း စက်ရုံမြေပြင် တွင် ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ ဆိုးရွားသည့် အနံ့အသက်များမှာ လည်း ပျောက်ပြယ်သွားခြင်း မရှိသေးပေ။
Mizzima - News in Burmese

ဗိုလ်ချုပ်လက်ရေးမူကို ၁၀ ရက်အတွင်း ပြန်ပို့ရန်

Friday, Augest 02, 2013
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူကို သြဂုတ် လ ၁၀ ရက် နောက်ဆုံး ထားပြီး ရေနံချောင်းမြို့သို့ ပြန်လည်ပေးပို့ရန် တောင်းဆိုကြောင်း ယင်းလက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းလက်ရေးမူကို သြဂုတ်လ ၁၀ ရက်အတွင်း ပြန်မပို့ပါက မြို့ခံ လူထုအင်အားဖြင့် ဆန္ဒပြ တောင်းဆိုမည် ဖြစ်ကြောင်း ယင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်မြင့်က ရှင်းပြသည်။

“ရေနံချောင်းမြို့မှာ ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တွေ လွှမ်းခြုံစေချင်တဲ့ဆန္ဒနဲ့ တောင်းဆိုတာပါ” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပက်သက်၍ ရေနံချောင်းမြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း ဥက္ကဋ္ဌ ကိုဘိုဘိုလွင်ကလည်း ဗိုလ်ချုပ်လက်ရေးမူကို အေးချမ်းစွာ ပြန်လည် တောင်း ခံခြင်းဖြစ်ပြီး ရေနံချောင်းမြို့သို့ ပြန်လည်ပေးပို့ခြင်း မရှိပါက ကော်မတီနှင့်အတူ ကျောင်းသား၊ ကျောင်းသူများလည်း ဆန္ဒဖော်ထုတ်မည်ဟု ပြောကြားသည်။

ရေနံချောင်းမြို့ အထက (၁) ကျောင်း စာကြည့်တိုက်တွင် နှစ်ပေါင်းများစွာ မှန်ဘောင်သွင်း သိမ်းဆည်းထားသော ယင်းလက်ရေးမူကို ဇူလိုင်လ ၁၉ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရေနံချောင်းမြို့သို့ ရောက်ရှိစဉ် ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

နတ်မောက်ဇာတိ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၃ နှစ်သားအရွယ်တွင် ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ရာ ပညာထူးချွန်သဖြင့် သတ္တမတန်းတွင် အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆုကို ရရှိခဲ့ဖူးပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးများဖြင့် ‘အေ’ အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ယူခဲ့ဖူးသည့် အမျိုးသား အထက်တန်းကျောင်း ကို ရေနံချောင်းမြို့ ရွှေကြာငုံ ရပ်ကွက်တွင် မူလတန်းကျောင်းအဖြစ် ယခုအချိန်ထိ ဆက်လက် ဖွင့်လှစ်ထားပြီး ဒေသခံများက ဗိုလ်ချုပ်ကျောင်းဟု အမည်သမုတ်ကြသည်။
မင်းမခ
The Voice Weekly

ရေကြည်၌ လယ်ဧကတစ်သောင်းကျော်နှင့် လူနေအိမ်များ ရေနစ်မြုပ်


Friday, Augest 02, 2013
ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲ သီတာကုန်းပြင် တိုက်နယ်နှင့် အနီးတစ်ဝိုက်ကျေးရွာအုပ်စု ၁၄ အုပ်စု၌ ဇူလိုင်လ၂၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူနေအိမ်များနှင့် လယ်မြေဧက တစ်သောင်းကျော် စပါးပင်များ ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သီတာကုန်းပြင် တိုက်နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ လက်ပံပင်ရွာ၊ ကုန်းပြင်ရွာ၊ ကျောက်ချောင်းရွာ၊ ဂွေးတောက်ရွာ၊ ကွင်းချောင်းရွာ၊ ဖန်ခါးပင်ရွာ၊ ညောင်ပင်သာရွာ၊ ပန်းပုကွင်းရွာ၊ သက္ကာယ်ပြင်ရွာ၊ ရွာသစ်ကြီးရွာ၊ ကတ်ကူကြီးရွာ၊ ကတ်ကူလေးရွာ၊ မိတ်သလင်ရွာနှင့် ရေနံ့သာရွာ စသည့် ဒေသများမှ လယ်များ ရေမြုပ်နေခြင်းဖြစ်ရာ ရက်ရှည်ရေနစ်မြုပ်ပါက စပါးစိုက်ခင်းများ ပျက်စီးနိုင်သဖြင့် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း တောင်သူများက ပြောဆိုသည်။

ရေကြည်မြို့နယ်နှင့် ငသိုင်းချောင်းမြို့နယ်ခွဲအတွင်း မိုးစပါးစိုက်ဧက တစ်သိန်းကျော်ရှိပြီး ရေမြုပ်ဧက အတိအကျကိုမူ မသိရှိရသေးကြောင်းရေကြည်မြို့နယ် လယ်ယာစိုက်ပျိုးရေး မန်နေဂျာရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူပင် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့၌လည်း လယ်မြေများအတွင်း စပါးပင်များ ရေနစ်မြုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
The Voice Weekly

လူရွှင်တော် ပါပါလေး ကွယ်လွန်

မန္တလေးမြို့က နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ဒီနေ့ခင်း ၁ နာရီက မန္တလေးမြို့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
လူရွှင်တော် ဦးလူမော်က “ဦးပါပါလေးက ဆီးနဲ့ကျောက်ကပ်ပေါ့ခင်ဗျား။ ၁ လပိုင်း လောက်ကတည်းက စဖြစ်တာ။ သူရောဂါ သူမသိဘူးပေါ့ဗျာ။ ခါးနာတာပဲသိတယ်။ အဲဒါ မကြောက်တရား လှည့်ဟောလိုက်၊ ပွဲသွားကလိုက်။ စည်းရုံးရေးဆင်းလိုက်၊ ပြန်လာလိုက်။ ဆီးမကောင်းမှန်းလည်း မသိဘူး။ ကျောက်ကပ်မကောင်းမှန်းလည်း မသိဘူး။ နေ့ခင်း ၁ နာရီမှာဆုံးတယ်” လို့ ပြောပါတယ်။

ဦးပါပါလေးမှာ ဆီးနဲ့ ကျောက်ကပ်ရောဂါရှိတဲ့အပြင် နှလုံးသွေးကြောပိတ်တယ်လို့လည်း သူ့မိသားစုက ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ လူရွှင်တော် ဦးပါပါလေးဟာ နိုင်ငံရေးပြက်လုံး တွေကြောင့် ထောင် ၃ ကြိမ်အထိ ကျခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါတယ်။
လူရွှင်တော် ဦးပါပါလေးနဲ့ လူရွှင်တော် ဦးလူမော်တို့ ညီအစ်ကို ၂ ဦးဟာ မန္တလေး နေအိမ်မှာ နိုင်ငံခြားသားတွေကို ဟာသပြက်လုံးထုတ်ပြပါတယ်။ အခုတော့ နှုတ်ခမ်းမွေး ညီအစ်ကိုမှာ တယောက်ပဲ ကျန်တော့တယ်လို့ ဦးလူမော်က ပြောပါတယ်။

“ကျနော့်မှာ တာဝန်ပိုကြီးလာပါပြီ။ ဒါပေမယ့် အလေ့အကျင့်ကတော့ ရှိပြီးသားပေါ့ခင်ဗျာ။ ကျနော့်အစ်ကိုက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ထောင် ၃ ခါ ကျဖူးတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြက်လုံးနဲ့ စည်းရုံးလို့ ၆ လ ကျဖူးတော့ ကျနော်အိမ်မှာ အစ်ကိုကိုယ်စား ကူညီပံ့ပိုးခဲ့တယ်။ တအိမ်လုံးကို စောင့်ရှောက်ခဲ့တယ်။ နောက် ၁၉၉၆ ဒေါ်အောင်ဆန်းစုကြည်ခြံမှာ လွတ်လပ်ရေးပွဲ သွားကပြီး အပြန်မှာ ၇ နှစ်၊ နောက် သံဃာ့အရေးအခင်း။ ဒီအတိုင်းပဲ အစ်ကိုက ထောင်ထဲမှာ၊ ဒီလိုပဲ အိမ်ကို ကျနော် ကြည့်ရှုခဲ့ရတယ်။ အခုတော့ တာဝန်ပိုကြီးသွားပါပြီ။ အစ်ကိုကိုယ်စားပေါ့။”
အေးနိုင်
ဒီဗွီဘီ

မြန်မာ-ထိုင်းနယ်စပ်စခန်းများ နိုင်ငံခြားသားများကို လွတ်လပ်စွာ သွားလာခွင့်ပြု

ကျိုင်းတုံ၊ သြဂုတ် ၁
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့် အိမ်နီးချင်းနိုင်ငံများမှ မည်သည့် ခရီးသွားဧည့်သည်မဆို မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်-မြဝတီ-ကော့သောင်း ဝင်ထွက်စခန်းများ တွင် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိပါက သြဂုတ်လမှ စတင်ကာ လွတ်လပ်စွာ ဝင်ထွက်ခွင့် ပြုကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မည်သည့် ထွက်ပေါက်မှမဆို ပြန်လည် ထွက်ခွာခွင့် ပြုမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွဲဖက် ပြည်နယ်ဦးစီးဌာနမှူး ဦးစိုင်းဘုန်းတင့်က ပြောကြားသည်။

ဇူလိုင်လ ၃၀ ရက် နေ့လယ် ၂ နာရီ အချိန်က ကျိုင်းတုံမြို့ တွဲဖက်ပြည်နယ် ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ နိုင်ငံခြားသား ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ၊ မီဒီယာများနှင့် အစည်းအဝေး တက်ရောက်သူများကို မြန်မာ-ထိုင်း နယ်စပ် စခန်းများမှ ဝင်ထွက်ခွင့် ပြုခြင်းကိစ္စများ ရှင်းလင်းခြင်း အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ရှမ်းအရှေ့မှာတော့ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲနဲ့ ကျိုင်းလပ် မြို့နယ်ခွဲတွေမှာကတော့ လွတ်လပ်စွာ သွားလာခွင့် ရပါတယ်။ ကျန်မြို့နယ်နဲ့ မြို့နယ်ခွဲအားလုံးမှာ မြို့ပေါ်မှာတော့ လွတ်လပ်စွာ သွားလာခွင့်ရပေမယ့် မြို့ပြင်ထွက်မယ် ဆိုရင်တော့ ခွင့်ပြုချက် တောင်းရမှာပါ” ဟု ဦးစိုင်းဘုန်းတင့်က ဆိုသည်။

ယင်းသို့ တားမြစ်ထားရခြင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၅.၁.၂၀၁၃ ရက်စွဲပါ ကြေညာစာအမှတ် ၇၇/၂၀၁၃ အရ ခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ဒီလိုခွင့်ပြုပေးလိုက်တော့ ရန်ကုန်က ခရီးသွားကုမ္ပဏီတွေ အနေနဲ့ အာမခံချက် ရှိသွားတာပေါ့။ အရင်ကဆို မြန်မာနိုင်ငံ လာဖို့ နိုင်ငံခြားသားတွေက တစ်နှစ်လောက် ကြိုတင်လက်မှတ် ဝယ်ထားတယ်။ အဲဒီမှာ နိုင်ငံတော်က ရုတ်တရက် ပိတ်လိုက်တော့ ကုမ္ပဏီတွေ ဒုက္ခရောက်ကုန်တာပေါ့။ အခုဆို ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရုံတင် မကဘူး။ ဒေသခံတွေပါ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာပြီး လူမှုစီးပွားတွေပါ ကောင်းမွန်လာတော့မှာပါ” ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်) ဥက္ကဋ္ဌ ဦးစိုးရွှေက သုံးသပ်ပြောဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနသည် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၏ ခွင့်ပြု နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ဝင်ခွင့်ဗီဇာ ရှိသူများထဲမှ ကမ္ဘာလှည့် ခရီးသွားများနှင့် လူမှုရေး အလည်အပတ် လာရောက်သူများကို လေးပတ်၊ စီးပွားရေး လုပ်ငန်းရှင်များကို ၁၀ ပတ်နှင့် ဖြတ်သန်းခွင့် ဗီဇာကို ၂၄ နာရီ ခွင့်ပြုထားကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်နိုင်
The Voice Weekly

အရှင်မွေး နေ့ချင်းကြီး

Friday, Augest 02, 2013
အရှင်မွေးတော့နေ့ချင်းကြီး ဆိုသ လိုပင်ထင်ပါ့။ ကော့မှူးမြို့နယ်ထဲကို
စတင်ဝင်လိုက်ကတည်းက ဗဟိုလမ်းမကြီး ၏ ခင်းကျင်းထားမှုကပင် လမ်းတစ်လျှောက် လုံးအနေအထားနှင့် ကွာဟ သွားခဲ့သည်။ ဘေးဝဲယာ လမ်းသွယ်များပင် ကွန်ကရစ် လမ်းအသီးသီးဖြင့်တင့်တယ်လှပနေခဲ့၏။ ”ဦးခင်ရွှေကောင်းမှုတွေထင်တယ်” ဟု အတူပါလာသော ရုံးက ဂျူနီယာ သတင်းထောက်က ပြော၏။”အင်း” ဟု တစ်ခွန်းတည်းသာ သူ့ကိုပြန်ဖြေဖြစ်သည်။ ၂ဝ၁၂ခုနှစ် ဧပြီလကကျင်းပခဲ့သော ကြားဖြတ်ေ ရွးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်

သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေ ရာဝင်ရောက်ယှဉ်ပြိုင် အရွေးခံပြီးနောက် ပိုင်း ကော့မှူးမြို့နယ်သည် နေ့ချင်းဆိုသ လိုဖီးလိမ်ပြင်ဆင်ပြုပြင်လိုက်သော တော သူမအလှမယ်လေး သဖွယ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း သူမို့ လိုအပ်သည်ဆိုလျှင် ကူညီပေးချင်ကြသူများကလည်း ဒုနှင့်ဒေးပင်မဟုတ်လား။ မည်သို့ပင်ဖြစ်ဖြစ် ကော့မှူးမြို့နယ်သည် ဒေါ်အောင်ဆန်းစုကြည် အမတ်ဖြစ်လာ ပြီးနောက်ပိုင်း ဒေသခံများနှင့် တွေ့ဆုံရန် လာရောက်ခဲ့သည့် အကြိမ်ပေါင်း ၁၂ ကြိမ် အတွင်း ရုပ်ဝတ္ထုပိုင်း၌ များစွာဖွံ့ဖြိုးလာ သည်ဟု ဆိုရမည် ဖြစ်၏။

ထို့အတူ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်ကဖြစ်သည်။ ဂျပန်နိုင်ငံ ဟီးနိုးကုမ္ပဏီ မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်း ထားသော ရွေ့လျားစာကြည့်တိုက်ဘတ်(စ်) ကား ၂စီး (လောလောဆယ် တွင် တစ်စီး သာရောက်ရှိ လည်ပတ်နိုင်သေးခြင်းဖြစ် သည်)ဖြင့်လည်ပတ် မည့် ရွေ့လျားစာကြည့် တိုက်လုပ်ငန်းကို ကော့မှူးမြို့နယ် ပြန် ဆက် ( ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး)ရုံးတွင် စတင်ဖွင့်လှစ်ခဲ့ ပြန်သည်။ ယင်းသည် မြန်မာနိုင်ငံ၌ ပထမဦး ဆုံးသော ရွေ့လျားစာကြည့် တိုက်တစ်ခု ဖြစ်ပြီး ယခင် ပြန်ဆက် ရုံးစာကြည့်တိုက် အား သိန်း ၆ဝဝ အကုန်အကျခံ ပြုပြင်မွမ်းမံစာအုပ်စာတမ်းများဖြည့်စွက်ပြီး နောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ (ကုန် ကျခံနိုင်မှု မှန်းချက် သိန်း ၃ဝဝဝ ထားရှိ ကြောင်းသိရသည်)ရွေ့လျားစာကြည့်တိုက်အတွက်အထူးသီးသန့် အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ ၄ဝဝဝဝ အကုန်အကျခံပြုပြင် ထားသော ဟီးနိုးကားဖြင့် ကော့မှူးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာကို အ လှည့်ကျစနစ်ဖြင့် သွားရောက်မည့် လုပ် ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ နေ့စဉ် ၃ ကြိမ် ၃ နေရာသို့သွားရောက်မည်ဖြစ်ပြီး လူထု ၅၈ဝဝဝ ထိ ရောက်ရှိ ဝန်ဆောင် မှုပေးနိုင်မည်ဖြစ်ကာ ကော့မှူးမြို့နယ်အ တွင်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၁ဝဝဝ ထံ ရောက်ရှိ သွားမည် ဖြစ်သည်။

ရွေ့လျားစာကြည့်တိုက်သည် ကလေး ငယ်များအတွက် အထူးရည်ရွယ် ထားခြင်း ဖြစ်ပြီး စာအုပ်ပေါင်း ၁၅ဝဝဝ၊ အမျိုးအ စားပေါင်း ၁၂ဝ ကျော်ဖြင့် စတင်လည် ပတ်သွားမည်ဖြစ်သည်။ ယင်းသည် ရွေ့ လျားစာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ရည် မှန်းချက်များဖြစ်၏။ ”ကားတစ်စီး အခန်း တစ်ခန်းမှာအခြေပြုပြီးတော့ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးအနှံ့မှာ ပညာဗဟုသုတ တိုးပွားရေးအတွက် လုပ်နိုင်မယ်ဆိုရင် မြို့နယ်လေး တစ်ခုကနေ စင်မြင့်တစ် ခုရောက်အောင်လို့ ကျွန်မတို့ ပြုစုပျိုး ထောင် လိုက်တာဖြစ်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ရွေ့လျား စာကြည့်တိုက် နှင့်ပတ်သက်ပြီးသူ၏ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် ဗဟို စာကြည့်တိုက် မွမ်းမံပြင်ဆင်လှူဒါန်းခြင်း အခမ်းအနားသို့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့ပြီး ဇေကမ္ဘာဦးခင်ရွှေ၊ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ ဒေါ်ဥမ္မာ မိုးမြင့် အစရှိသူတွေလည်း တက်ရောက် ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနား တွင် ဒေါ်အောင် ဆန်းစုကြည် က ၁၂ မိနစ်ကြာ အမှတ်တရ စကား ပြောကြားခဲ့ပြီး ရွေ့လျား စာကြည့် တိုက်ကြောင့် စာပေဖတ်ရှုလေ့လာခွင့်ရ ရှိမည့် အခွင့်အရေး ကို ပြည့်ပြည့်ဝဝအသုံး ချရန် လိုအပ်ကြောင်း ဒေသခံများကို တိုက်တွန်း ပြောကြားခဲ့သည်။

နှစ်ပေါင်း ၅ဝ နီးပါးကာလအတွင်း မြန်မာနိုင်ငံ၏ ပညာရေးသည် များစွာနိမ့် ကျသွားခဲ့ပြီး လေ့လာဖတ်ရှုကိုးကားစရာ စာကြည့်တိုက်များလည်း ရှားပါးသွားခဲ့သည်။ ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်ကျော်ဆန်း (ယခုသမဝါယမ ဝန်ကြီးဦးကျော်ဆန်း) လက်ထက် မြန်မာ နိုင်ငံအနှံ့ စာကြည့်တိုက်တွေ ဖွင့်လှစ်ခဲ့ သော်လည်း
ဟန်ပြစာကြည့်တိုက်များသာ ဖြစ်ခဲ့ပြီး ဒေသခံများ၏ လှိုက်လှိုက်လှဲလှဲ စာပေဖတ်ရှုချင်စိတ်ကို ပံ့ပိုးပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခဲ့သည့် နေရာသည်လည်း ယခင်က ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးရုံးက ဖွင့်လှစ်ထား သည့်

မြို့နယ်စာကြည့်တိုက် တစ်ခုဖြစ်ပြီး မှုန်မှိုင်း ခြောက်ကပ်စွာ ရှိနေခဲ့ခြင်းဖြစ် ကြောင်း ကော့မှူးမြို့နယ် မကျည်းကန် အခြေခံ မူလတန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးရီဌေးက ပြောသည်။ မှုန်မှိုင်းသည်ဖြစ်စေ။ လင်းရှင်းရှု ချင်စဖွယ်ဖြစ်စေ အဆိုပါရွေ့လျားစာကြည့် တိုက် ရေရှည်အောင်မြင်ရန် အဓိက စိန် ခေါ်ချက် သည် ဒေသခံပြည်သူ များ၏ ပူး ပေါင်းပါဝင်မှုပင်ဖြစ်သည်။ ဒေသခံပြည် သူများ ပူးပေါင်းပါဝင်မှု မရှိလျှင် ရွေ့လျား စာကြည့်တိုက် လည်း ရေရှည် ရပ်တည် နိုင်ရန် ခက်ခဲမည်မှာ အသေအချာပင်ဖြစ် သည်။ အထူးသဖြင့် ရွေ့လျားစာကြည့် တိုက်သည် ကလေးငယ်များကို ဦးတည် ထားသဖြင့် ကလေးငယ်များ အမှန် တကယ်ပါဝင် လာပါ့ မလားဆိုသည်က လည်း စိန်ခေါ်ချက်တစ်ခု ပင် ဖြစ်သည်။ လွယ်လင့်တကူ ရယူဖတ်ရှုခွင့်ရှိမည်ဆို လျှင်တော့ ကလေးငယ်များ စာကြည့် တိုက်သို့ရောက် ရှိလာမည်မှာသေချာသည်။

”လာမှာပါ ။ အန်တီတို့ စာကြည့် တိုက်မဖွင့်ခင် ပြင်ဆင်နေကတည်းက လာဖတ်ကြတဲ့ ကလေးတွေရှိတယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့လျား နှင့် ဗဟိုစာကြည့်တိုက်မှူး ဒေါ်ခင်နှင်းဦးက မှတ်ချက်ပြု၏ ။ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလည်ပတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက် Society for Support Burma အဖွဲ့မှ ထောက်ပံ့ကူညီပေးထားခြင်းဖြစ် ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ဝဝဝဝ ဖြင့် ၃နှစ်ထောက်ပံ့သွားရန် ရှိကြောင်း အဆိုပါအဖွဲ့မှ မစ်နာဆူရှီမီ လာရှိကာ၏ ပြောကြား ချက်အရသိရသည်။

ထိုအရာများသည် ရင်းနှီးမြှုပ်နှံမှု များပင်ဖြစ်သည်။ လွန်ခဲ့သော နှစ် ၅ဝက နိုင်ငံအတွက် ဆုံးရှုံးနစ်နာခဲ့မှုများကို ယခုမျိုးဆက် အား ပြုစု ပျိုးထောင်ခြင်း ဖြင့် သာ ပြန်လည်တည်ဆောက် အစားထိုး နိုင်မည်ဖြစ် သည်။ ကော့မှူးမြို့နယ် ၂၁ရွာ အတွင်းရှိ လူပေါင်း ၅၈ဝဝဝ၊ ကျောင်း သူ ကျောင်းသားပေါင်း ၁၁ဝဝဝ အနက် ၅ဝ ရာခိုင်နှုန်း ရွေ့လျား စာကြည့်တိုက်ကို အ သုံးပြုလာမည်ဆိုလျှင် ယင်းသည် လက္ခ ဏာကောင်းတစ်ခုပင် ဖြစ်သည်။ သို့ မဟုတ်လျှင် …

”ကျွန်တော်တို့ဆီက စာကြည့်တိုက် တော်တော်များများ ကတော့ ကောက်ရိုးမီး ဖြစ်သွားတာများတယ်။ ကျွန်တော်တို့က တော့ အဲဒီလိုအဖြစ်မခံနိုင်ဘူး။ ”ကျွန်တော်စိုးရိမ်တာက လူထုဆီ ကပူပေါင်း ပါဝင်မှုမရှိမှာကိုပဲ။ လူထုဆီက ပူးပေါင်းပါဝင်မှုရှိပြီဆို အားလုံး အောင် မြင်ပြီ။ အဲဒါဖြစ်အောင်လည်း ကျွန်တော် တို့ လှုံ့ဆော်မှုလုပ်ငန်းတွေလုပ်သွားမယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပရော ဂျက် ဒါရိုက်တာဒေါက်တာ သန့်သော် ကောင်းက ပြောသည်။

နိုင်ငံတိုးတက်ရေးအတွက် ရည် ရွယ်ပြီး ရွေ့လျားစာကြည့် တိုက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သူပြောခဲ့သော အမှတ်တရ စကားအရ သိခွင့် ရသည်။ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး ခရီးစဉ်စတင်ကတည်းက ပင် အရပ်သားအစိုးရပုံစံထဲ၊ လွှတ်တော် နိုင်ငံရေးထဲ ဝင်ရောက်ခဲ့ကြပြီး နေရာ အသီးသီးတွင် တာဝန်အသီးသီးယူခဲ့ကြ သူများ၊ ပြည်ထောင်စု လွှတ်တော်ထိုင်ခုံ များတွင် ဝင်ရောက်နေရာယူခွင့်ရခဲ့သူများ အားလုံးနီးပါးသည်လည်း ယင်းအခြေ အနေ၏ အစကနဦး တွင် နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးဟူသောစကားကို တွင်တွင်ကျယ် ကျယ်ပြောကြားခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁ဝ ခုနှစ် အထွေထွေရွေး ကောက်ပွဲ၊ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲကာလများက မဲဆန္ဒနယ်အသီး သီးရှိ ပြည်သူ များကို မစားရ ဝခမန်းပေး ခဲ့သော ကတိများအတွက် မည်သူတွေ မည်မျှ အကောင်အထည်ဖော်နိုင်ပြီလဲဆို သည်က မေးကြည့်စရာပင် လိုမည်မထင် ပေ။ လွှတ်တော်၌ တင်သွင်းအ ဆိုပြုသော မေးခွန်း အဆိုများအား စောင့်ကြည့်လေ့ လာလျှင်လည်း မိမိကိုယ်စားလှယ်သည် မိမိမဲဆန္ဒနယ်ကို မည်မျှအကျိုးပြုသည် လဲဆိုသည်မှာ လည်း မေးကြည့်စ ရာပင် လိုမည် မထင်ပေ။ သို့သော် ထိုသို့အကျိုးပြုနိုင်ရန်မှာ လည်း နောက် ခံပံ့ပိုးပေးမည့် အရာများ စွာလိုအပ်သည်ဆိုသည်က အမှန်တရား တစ်ခုပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်မို့ ပံ့ပိုးချင်သူ များကြောင့် ကော့မှူး မြို့နယ်သည် တောသူမ လှလှကလေး ဖြစ်လာ ခဲ့ခြင်း ဖြစ်သည်။ သို့သော် နွေ အခါ ဖုန်ထူသော ဝါးသင်္ခရွာကလေး သည် မိုးအခါ ဗွက်ထနေတုန်းပင် ဖြစ် သည်။ အခြားသော တောင်တန်းဒေသများ မဆိုထားဘိ အစိုးရရုံးစိုက်ရာ ပထမ မြို့ တော်အဖြစ် ခေါ်ဝေါ်နေကြပြီဖြစ် သည့် နေပြည်တော်ကောင်စီ နယ်မြေ ကွန်ကရစ် မြို့တော်အနီး ရွာများပင်လျှင် လျှပ်စစ်မီး ကို လင်းလင်းချင်းချင်း မရရှိသေးပေ။

သူမို့ဖြစ်သည်ဟု ဆိုလျှင်ရ ကောင်း သော်လည်း ယခုအချိန်သည် အမှန် တကယ်သာ ပြည်သူ့အတွက် တိုင်းပြည် အတွက် အကျိုးရှိသောလုပ်ငန်း များကို လုပ်ကိုင်မည်ဆိုလျင် ပံ့ပိုးထောက်ကူမှု သည် လွယ်လင့် တကူဖြစ် ပေါ်လာမည်ဟု ထင်မိသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက်ကားများ ကော့မှူး မြို့လေးမှာ အစတည်ပြီး မြန်မာနိုင်ငံ အနှံ့မောင်းနှင်သွားရောက်မှုဖြစ်ပေါ်လာ ချိန်နှင့်အတူ အခြားသော ပုဂ္ဂိုလ်များ၏ အခြားသော ( ပြည်သူအတွက် အမှန် တကယ်အကျိုးဖြစ်စေေ သာ) မောင်း နှင်မှုများလည်း ရေရှည်ထာဝရ ပေါ် ပေါက်စေချင်မိသည်။ တိတိကျကျဆိုရလျင် မြန်မာနိုင်ငံ အနှံ့ဒေသများစွာ အရှင်မွေးလို့ နေ့ချင်း ကြီးဖြစ် စေချင်မိသည်က အမှန်ပင် ဖြစ်သည်။
Popular Myanmar News Journal

လုံခြုံရေး စိုးရိမ်ရမှုကြောင့် အမေရိကန် သံရုံးများ တနင်္ဂနွေနေ့တွင် ပိတ်မည်

Friday, Augest 02, 2013
လုံခြုံရေး စိုးရိမ်ခြင်းကြောင့် အရေအတွက် မည်မျှဟုမဆိုဘဲ ကမ္ဘာတစ်ဝှမ်းမှ သံရုံးများကို တနင်္ဂနွေနေ့တွင် ပိတ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ယမန်နေ့က ပြောကြားသည်။

င်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ မယ်ရီဟားဖ်က ယခုလုပ်ဆောင်ခြင်းသည် ကြိုတင် ကာကွယ်ခြင်းဟုဆိုပြီး ခြိမ်းခြောက်မှုများကို ထုတ်ဖော်ပြောကြားရေး မည်သည့် သံရုံးများကို ပိတ်သိမ်းမည်ဆိုသည်ကို ပြောကြားခြင်း မရှိပေ။

“နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနဟာ တချို့သံရုံးတွေ အမေရိကန် ကောင်စီတွေကို သြဂုတ် ၄ ရက် တနင်္ဂနွေမှာ ပိတ်ဖို့ ဒါမှမဟုတ် လုပ်ငန်းတွေ ရပ်နားဖို့ ညွှန်ကြားထားတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုဆုံးဖြတ်ချက်သည် “ကျွန်မတို့နိုင်ငံက ဝန်ထမ်းတွေနဲ့ ကျွန်မတို့ ဖွင့်ထားတဲ့ ရုံးတွေကို လာရောက်ကြတဲ့ အခြားသူတွေအတွက် သတိကြီးစွာထားမှု”ကြောင့် ဖြစ်လာရခြင်းဖြစ်သည်
ဟုလည်း ပြောကြားသည်။သံရုံးများကို တနင်္ဂနွေနေ့တွင် ပိတ်မည်ဖြစ်ပြီး နောက်ပိုင်း ပြန်ဖွင့်မဖွင့်ကို အကဲဖြတ်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

“နောက်ထပ်ပိတ်ရက် ထပ်တိုးတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာ့မည်သည့် အခြမ်းတွင် ခြိမ်းခြောက်ခံ နေရကြောင်း ထုတ်ဖော်ပြောကြားရန်ကိုမူ ငြင်းဆန်သည်။

အမေရိကရှိ အစိုးရရုံးများသည် တနင်္ဂနွေနေ့တွင် အမြဲတမ်းနီးပါး ပိတ်လေ့ရှိပြီး မွတ်ဆလင်အများစု နိုင်ငံများတွင်မူ တနင်္ဂနွေနေ့သည် အလုပ်လုပ်မည့် ရက်သတ္တပတ် တစ်ပတ်တာ၏ အစရက်ဖြစ်သည်။
အမေရိကန်သည် ဘင်္ဂါဇီမြို့လစ်ဗျားနိုင်ငံရှိ သံရုံးကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ၁၁ တွင် တိုက်ခိုက် ခံရပြီးစဉ်က စ၍ လုံခြုံရေးကို အထူးသတိထား နေခဲ့သည်။

တိုက်ခိုက်မှုကြောင့် သံအမတ်ခရစ်စ်စတီဗင်စ် အပါအဝင် အမေရိကန်လေးဦး သေဆုံးခဲ့ရပြီး လွှတ်တော်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ လုံခြုံရေး မလုံလောက်မှုကို စွပ်စွဲသည့် စွပ်စွဲသူများ ပေါ်စေခဲ့သည်။
မြန်မာ့ခေတ်

စည်ပင်နှင့် ဈေးသည်တို့ ပဋိပက္ခဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၂
မင်းဓမ္မပန်းခင်းဈေးအား စည်ပင်မှ ခြံစည်းရိုးကာစဉ် မြို့တော်စည်ပင် ဝန်ထမ်းများနှင့် ဈေးသည်များကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။

သြဂုတ် ၂ ရက် (ယနေ့) နံနက် ၂ နာရီခန့်ချိန်တွင် ရန်ကုန်မြို့တော် စည်ပင်၊ ပန်းဥုယျာဉ်နှင့် အားကစား/ကွင်း များဌာနမှ ဝန်ထမ်းအင်အား ၁ဝဝဝဝ ခန့်က မင်းဓမ္မပန်းခင်းဈေးမှ ဈေးသည် များ ပြောင်းရွှေ့မှု မရှိသည့်အတွက် ခြံ စည်းရိုးခတ်ကာ ဝင်ပေါက်များလည်း ပိတ်ရန်ပြုလုပ်ခဲ့စဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မင်းဓမ္မ ပန်းခင်းဈေးမှ ဈေးသည်များက ပြောသည်။

၎င်းဈေးသည် တစ်ဦးဖြစ်သည့် ဒေါ်နီဝါလွင်က စည်ပင်အနေဖြင့် ယခုလိုမျိုး ခြံစည်းရိုးခတ်မည်ဆိုပြီး ကြိုတင် အသိပေးမှု လုံးဝမရှိခဲ့ကြောင်း ၄င်းတို့ ခြံစည်းရိုးကာသည့်အချိန်တွင် ဈေးသူ၊ ဈေးသားတွေ ဘာမှ မပြောကြောင်း ဝင်ပေါက်အကုန်လုံးကို ပိတ်ရန် လုပ်၍သာ ဝင်ပေါက်တော့ ချန်ထားပေးရန် ပြောခဲ့ကြောင်း၊ သို့သော် ၄င်းတို့က ဝင်ပေါက်ကို ပိတ်မည်ဆို၍ ဝင်ပေါက်တွင် ရှိနေသည့် ဈေးသူ၊ ဈေးသားများ မဖယ်ရာမှ ပဋိပက္ခစတင် ဖြစ်ပွားခဲ့ကြောင်း ပြောသည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လမှ စကာ မင်းဓမ္မပန်းခင်းဈေးအား ဖျက်သိမ်းရန် အတွက် ရန်ကုန်မြို့တော် စည်ပင်ဌာနမှ စာပို့ကာ အကြောင်းကြား ခဲ့ကြောင်း၊ ၄င်းဈေးမှ ဈေးသည်များ ဖယ်ရှားမှုမရှိခဲ့ခြင်းကြောင့် ရေမီးဖြတ်ေ တာက်ထားခဲ့ကာ ဈေးသည်များမှ လစဉ်ပေးသွင်းသည့် ငှားရမ်းခငွေ များလည်း မယူတော့ကြောင်း၊ ၄င်းဈေးတွင် ပန်းပင်စိုက်ပျိုးရောင်းချရေးကို ငှားရမ်းဆောင်ရွက်လာသည်မှာ ၁၃ နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဈေးသည် ဒေါ်နီဝါလွင်က ''သူတို့ ဒီဈေးကို ဖျက်သိမ်းခိုင်းတာ ဘာအကြောင်းပြချက်မှ မရှိဘူးလို့ ပြောတယ်။ ဒီနေရာကို သူတို့ အဆင့် မြှင့်စေချင်တယ်ဆိုရင် အဆင့်မြှင့်ပေးဖို့ ကျွန်မတို့ ဈေး သူ၊ ဈေးသားတွေ အဆင်သင့်ပဲ၊ တခြားလုပ်ငန်းရှင် ဘယ်သူနဲ့မဆို
ပူးပေါင်းပြီး လုပ်ပါဆိုလည်း လုပ်ကြမှာ၊ အခုက ဒီနေရာမှာ ဘာ Project မှ မရှိဘဲ ဖယ်ခိုင်းတာတော့ ကျွန်မတို့လည်း အဲဒါကို နားမလည်ဘူး'' ဟု ထပ်လောင်းပြောသည်။

အထက်ပါ ဖြစ်ပွားမှုများကြောင့် ဈေးသည်များဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့ပြီး သွေးထွက်သံယိုမှုမှာ ၅ ဦးရှိ ခဲ့ကြောင်း၊ ၄င်း ၅ ဦးအနက် ၂ ဦးမှာ ဆေးရုံတင်ထားရကြောင်း သိရသည်။

ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော ဈေးသည် မဆန်းဝင်းက ဝင်ပေါက်မပိတ်ရန် အတွက် ဝင်ပေါက်တွင် ကာကွယ်ပြီး ရပ်နေစဉ် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal

အရင်းမစိုက် ထီထိုးလိုက်

ယခုအပါတ်အတွင်း မြင့်တက်လာသော အမေရိကန်ထီတခု power ball မှာ သန်း 290 ဖြစ်ပါသည်။ ထီထိုရန် ဝါသနာပါသူများ၊ ကံစပ်လိုသူများ ထို ထီဂဏန်းကို ထိုးရန် နံ ပါတ်လိုပါသည်။ နံပါတ်ပေးပို့သူအား ထီဆုကြီးပေါက်လျှင် ၁၀ ရာခိုင်းနှုန်း ပေးပါမည်။ ဒုတိယပေါက်လျှင် ၁၅ ရာခိုင်နှုန်းပေးပါည်။

အသေးစိတ်မှာအောက်ပါအတိုင်း ဖြစ်ပါသည်။

အပိုင်း(၁)
နံပါတ်မှာ ၁ မှ ၅၉ အတွင်း ဂဏန်း ၅ လုံး ရွေးပေးရပါမည်။
ဥပမာ။  ။ (၀၉)၊ (၁၃)၊ (၃၆)၊ (၄၅)၊ (၅၇)
အပိုင်း(၂)
power ball မှာ ၁ မှ ၃၉ အတွင်း ဖြစ်ရမည်။
ဂဏန်းတလုံးတည်ရွေးရမည်။
ဥပမာ
(၀၆)


နမူနာနေဖြင့် (၇/၃၁/၂၀၁၃) ထွက်ခဲ့ပြီးသော နံပါတ်တခုမှာကို ဖေါ်ပြလိုက်ပါသည်။
(08)-(24)-(39)-(49)-(59) power ball မှာ(05)

ယခု လာမည့် စနေနေ့ည ၉း၀၀ နာရီတွင် နောက်တကြိမ် ထပ်ဖွင့်ပါမည်။
"၀င်း" မိသားစုနှင့် ကံစပ်လိုသူများ မိမိတို့၏ email, နာမည်နှင့် နံပါတ်တို့ကို theburmapost@gmail.com သို New York စံတော်ချိန် ညနေ ၄း၀၀ ထက်နောက်မကြဘဲပေးပို့ ကြပါ၇န် ပန်ကြားအပ်ပါသည်။
မိမိတို့ပေးပို့ထားသော နံပါတ် နှင့် ထွက်ရှိသော နံပါတ် တိုက်မတိုက်ကို ရင်ခုန်စွာ စောင့်မျှော်နိုင်ပါသည်။
လူတဦးကို နံပါတ်တခုသာပေးပို့ပါရန် မေတ္တာ ရပ်ခံပါသည်။

"၀င်း" မိသားစု

တစ်ကိုယ်တော် ဆန္ဒပြသူ ဦးထင်ကျော်ပုဒ်မ ၅၀၅ ( ခ ) ဖြင့် တရားစွဲခံရ

ရန်ကုန် သြဂုတ် ၂
တစ်ကိုယ်တော် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည့် ဦးထင်ကျော်အား ရန်ကုန် တိုင်းဒေသကြီး အစိုးရမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ( ၅၀၅ ခ )ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ပုဒ်မ ( ၅၀၅ ခ ) ဖြင့် တရားစွဲခံရမှုတွင် ၄င်းအပါအ၀င် ၄င်းအဖွဲ့ရှိ ဦးမြင့်နိုင် ၊ ဒေါ်စိန်ထွေး နှင့် ဦးလူအေးတို့ ပါဝင်သည်ဟု ဦးထင်ကျော်ဦးဆောင်သော ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ သိရသည်။

မြောက်ဥက္ကလာ ရဲစခန်းသို့ ရောက်ရှိ နေသော ဦးထင်ကျော်အား ဆက် သွယ်မေးမြန်းရာတွင် "ဟုတ်တယ် ကျွန်တော်တို့ကို ဖမ်းထားတယ်။ ထောင်ထဲပို့တော့မှာ ။ ပြောချင်တာ ကတော့ ခရိုနီ တွေကို အရေးယူလို့မရဘူး ။ အမှုဖော်ထုတ်တဲ့ လူကို ထောင်ထဲပို့တယ်
ဆိုတာပဲ၊" ဟု ပြောသည်။

လက်ရှိတွင် ဦးထင်ကျော်သည် မြောက်ဥက္ကလာ ရဲစခန်းရှိ စခန်းမှူး ရုံး အတွင်းရှိနေပြီး ယနေ့ ညနေ၌ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရမည်ဟု သိရသည်။
ဝေမာထွန်း
Popular Myanmar News Journal

ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ


Friday, August 2, 2013
ရွှေဝါရောင် သူရဲကောင်းကြီး အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်တယောက်တော့ အခု စွံသွားပါပြီ။ အကြောင်းက တော့ ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်တာပါ။

အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တဲ့ ကိုညီညီလွင်နဲ့ မစ္စ မာရီယာ ဖရန့်စ်၊
ဓာတ်ပုံ- ဦးသိန်းသန်းဦး

ဒါပေမယ့် ရွှေဝါရောင် သူရဲကောင်းမှာ လက်ထပ်တာတောင် အဆင်မချောခဲ့ရပါဘူး။

သြဂုတ်လ ၁ ရက်နေ့ က ကိုညီညီလွင်ဟာ ချစ်သူဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ မစ္စ မာရီယာဖရန့်စ် ( Ms. Maria France) နဲ့ အတူ မနက် ၁၁ နာရီလောက်က တရားလွှတ်တော် ရှေ့နေဒေါ်ဟန်စုယဉ်ရဲ့ အကူအညီနဲ့ မန္တလေးက ခရိုင်တရားရုံးကို ရောက်လာတယ်လို့ မန္တလေးက ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် ကိုညီညီလွင်နဲ့ ဇနီးဖြစ်သူ မစ္စ မာရီယာဖရန့်စ်တို့ရဲ့ တရားရုံးတက် လက်မှတ်ထိုးမှုကို မန္တလေး ခရိုင်တရားရုံးက လက်မခံ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ “လက်ထပ်ဖို့ မန္တလေး ခရိုင်တရားရုံးမှာ ကျနော်တို့ ကြိုးစားတာ မအောင်မြင်ပါဘူး” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ရွှေဝါရောင် သူရဲကောင်း အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင့်ရဲ့ ဇနီးလောင်း မစ္စ မာရီယာ ဖရန့်စ်က ဗုဒ္ဓဘာသာဖြစ်နေ တာကြောင့် အဲဒီ မန်းခရိုင်တရားရုံးဝန်းထဲက ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းမှာပဲ ဗုဒ္ဓဘာသာ ထုံးထမ်းစဉ်လာအရ သက်သေ ၂ ဦး ရှေ့မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်လိုက်ကြတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

အဲဒီ မင်္ဂလာ လက်ထပ်ပွဲလေးမှာ ဦးသိန်းသန်းဦးက မင်္ဂလာစကားကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ပြော
ပေးခဲ့ရတာဖြစ်ပြီး ရွှေဝါရောင် သူရဲကောင်း အသစ်စက်စက် ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာဦးအဖြစ် ကော်ဖီနဲ့ ဧည့်ခံခဲ့ကြပါတယ်တဲ့။
အိမ့်သံစဉ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com