http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘာကွာသလဲ

FB-Zaw Zaw Latt

တရားပွဲအတွက်

FB-Kaung Naing

အဝေးပြေးလမ်းမှာ နာနာဘာဝတွေ ရှိနေသလား

ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
August 2, 2013
နေပြည်တော်နဲ့အတူ ပေါ်လာတဲ့ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်မှာယာဉ်မတော်တဆမှုတွေနဲ့ ကြုံကြိုက်တဲ့အခါ ခါတိုင်းတော့ အိပ်ငိုက်တဲ့ယာဉ်မောင်းသူ၊ စနစ်မကျတဲ့ လမ်းမကြီး ဖောက်လုပ်ရေး ဆောင်ရွက်ခဲ့သူ တို့ကို မကြာခဏ အပြစ်ပုံကြပါတယ်။

အခုတော့ အပြစ်ဖို့စရာတခု ထပ်တိုးလာပါပြီ။ အဲဒါကတော့ မကောင်းဆိုးဝါးတွေ၊ နာနာဘာဝတွေ ဖြစ်ပါတယ်။

ရွှေလီဦး အဝေးပြေးကားအသင်း ယာဉ်မောင်းတဦးဖြစ်တဲ့ စိုင်းဘခိုင်ကတော့ အမြန်လမ်းမကြီးပေါ် ပုံမှန်ဖြတ်သန်းနေကြဖြစ်တဲ့ ကားသမားတချို့ဟာ ပရလောကသူ၊ ပရလောကသား တို့နဲ့ မတွေ့ချင်ဘဲ တွေ့ခဲ့ရတယ်လို့ ဧရာဝတီကို အခုလို ပြောပြပါတယ်။

“အသိ ကားသမားတချို့ကတော့ နာနာဘာဝတွေရဲ့ နှောင့်ယှက်တာကို ခံရတယ်လို့တော့
 သိရတယ်၊ ကိုယ်တိုင်တော့ မကြုံဖူးသေးပါဘူး၊ အမြန်လမ်းပေါ်မောင်းရင်တော့
 တော်တော်လေး ဂရုစိုက်ပြီးတော့ မောင်းနေရတယ်။ အန္တရာယ်ကင်းအောင်” လို့ စိုင်းဘခိုင်က ဆိုပါတယ်။

မတော်တဆဖြစ်တဲ့ယာဉ်အများစုကတော့ သတ်မှတ်တဲ့အရှိန်ထက် ပိုပြီးမောင်းနှင်ကြတယ်၊ ဒါကြောင့် သူကတော့ အန္တရာယ်ကင်းအောင် သတ်မှတ်နှုန်းနဲ့ပဲ မောင်းတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ မသဲစုတို့မိသားစု သင်္ကြန်ဝန်းကျင် ခရီးထွက်တဲ့ညက ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ကြုံခဲ့ရတာကလည်း ထူးခြားနေပါတယ်။ သူပြောပြတာက ဒီလိုပါ။

“ ကျမတို့ရဲ့ ကားရှေ့မှာ ဆိုင်ကယ် နှစ်စီးက နီးလိုက် ဝေးလိုက်နဲ့ မောင်းနေတာတွေ့ရတယ်၊ ကားသမားကတော့ သူတို့ကို ကျော်လည်း မတက်ဘူး၊ ပုံမှန်အတိုင်းပဲ ဖြည်းဖြည်းမောင်းနေတာ။ ကျမ အမေကတော့ ဘုရားစာရွတ်နေတယ်၊
 ဒါပေမဲ့ ကျမ အဲ့ဒါကို မတွေးမိဘူး၊ နောက်တော့ ဆိုင်ကယ်တွေက ၂မိုင်လောက် ပါလာပြီး ရုတ်တရက်ပျောက်သွားတော့မှ နာနာဘာဝတွေ နှောင့်ယှက်မှန်း သိရတာ”လို့ မသဲစုက ပြောတယ်။

အွန်လိုင်းလူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာ အမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီး သရဲခြောက်ခံရတယ် ဆိုတဲ့အကြောင်း အတည် အခန့် ရေးသားမှု၊ နောက်ပြောင်ရေးသားမှု၊ သရုပ်ဖော်ပုံတွေနဲ့ ရေးသားမှုတို့ကို တွေ့ရမှာပါ။

ဒီလမ်းကြီးဟာ ပရလောကသူ ပရလောကသားတို့ မြူးတူး ကခုန်တဲ့နေရာ တကယ်ပဲ ဖြစ်နေပုံရတယ်လို့ ယူဆသူတချို့ ရှိနေပါတယ်။ ဒါ့အပြင် နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော်
 သုံးခဲ့မိတာများ ရှိလေမလားလို့ အတွေးပွားသူတွေလည်း ရှိပါတယ်။

အာဏာပိုင်တို့ဘက်ကလည်း အမြန်လမ်းမပေါ်မှာ ထူးခြားဆန်းပြားဖြစ်ရပ်ဆန်းများ ရှိနေကြောင်း ယုံကြည်နေပုံရပါတယ်။

အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်ကတော့ ခရီးသွားပြည်သူတွေ အန္တရာယ်ကင်း ဖို့အတွက်ကို အဓိက ရည်ရွယ်ပြီးတော့ မိုင်တိုင် အပိုင်းခြားအလိုက် တာဝန်ယူပြီး ဆရာတော်ကြီး တွေကို ပင့်ဖိတ်ကာ ပရိတ်တရားတွေ လစဉ်၊ အပတ်စဉ် ပုံမှန်ရွတ်ဆိုမှုတွေ လုပ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။

“ နိုင်ငံတော်က အဓိပတိဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီးတော့ ပုံမှန် ပရိတ်တရားတွေ ရွတ်ဖြစ်ပါတယ်၊ လမ်းပြုပြင်ထိန်းသိမ်းရေး စခန်းတွေရှိတဲ့ နေရာတွေအလိုက် တာဝန်ယူပြီး လတိုင်း လုပ်ကြတယ်၊ အန္တရယ်ကင်းအောင်ပေါ့” လို့ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

ဇူလိုင် ၂၈ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ခရီးသွား ပြည်သူတွေ ဘေးကင်းစေဖို့အတွက် အမြန်လမ်းမကြီး တလျှောက် ပရိတ် တရားတော်တွေ ရွတ်ဖတ်ခဲ့တယ်လို့ ဖော်ပြထားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းရှိန်ရဲ့ စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ လမ်းပေါ်မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ မှု၊ ခရီးသည် ပေါ့ဆမှု ၂ မှုနဲ့ တခြား အကြောင်းအရာ တွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မေစစ်ပိုင်
ဧရာဝတီ

သိမ်းဆည်းရမိ ကျွဲ၊ နွားများ တောင်သူများကို ရောင်းချပေးမည်

ဓါတ်ပုံ မြဝတီ
Friday, Augest 02, 2013
ကချင်ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်း တရားမဝင်ကျွဲ၊ နွား ရောင်းဝယ်သူများထံမှ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိထားသော ကျွဲ၊ နွား ၈၉ ကောင်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်ဖြင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သည့် ဆင်းရဲနွမ်းပါးသူ တောင်သူများထံသို့ သြဂုတ်လ ၅ ရက်နေ့တွင် မဲစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရွှေကူမြို့နယ်တရားရုံး၏ လေလံကြေညာစာအရ သိရှိရသည်။

ကျွဲ၊ နွားလုံးဝမရှိသူနှင့် အနည်းဆုံး တစ်ကောင်ရှိသူများကိုသာ ရောင်းချပေးမည် ဖြစ်ကြောင်း၊ ကျွဲ၊ နွားဝယ်ယူမည့် တောင်သူများအနေနှင့် အမှန်တကယ် လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေ စာရင်းရုံး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ထောက်ခံစာနှင့်အတူ မြို့နယ်တရားရုံးသို့ ကျွဲ၊ နွားဝယ်ယူခွင့် လျှောက်လွာ တင်သွင်းရမှာ ဖြစ်ကြောင်း ရွှေကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီက ရှင်းပြသည်။

“တင်သွင်းလာတဲ့ လျှောက်လွှာတွေကို စိစစ်ပြီး မဲနှိုက်တဲ့စနစ်နဲ့ ရောင်းချပေးသွားမယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ကျွဲ၊ နွားဝယ်ယူမည့် တောင်သူများအနေနှင့် လက်ရှိပြင်ပပေါက်ဈေးထက် များစွာသက်သာသော ကျွဲ၊ နွားတစ်ကောင်လျှင် ကျပ်နှစ်သိန်း ဝန်းကျင်ခန့်ဖြင့် ဝယ်ယူရရှိမည်ဖြစ်ပြီး ယင်းဈေးနှုန်းမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့က အတည်ပြုထားပြီး ဖြစ်သော ဈေးနှုန်းဖြစ်ကြောင်း ၎င်းမှထပ်ဆင့် ပြောကြားသည်။

လက်ရှိရွှေကူမြို့နယ်တွင် တရားမဝင် ကျွဲ၊ နွား ရောင်းဝယ်မှုများကြောင့် လယ်ယာလုပ်ငန်းခွင် ဝင်နိုင်သည့် နွားတစ်ရှဉ်းလျှင် ကျပ်သိန်း ၂၀ ကျော်ခန့် ပေါက်ဈေး ရှိကြောင်း ဒေသခံ နွားကုန်သည် တစ်ဦးက ပြောပြသည်။

ကချင်ပြည်နယ်အတွင်း ကျွဲ၊ နွား တရားမဝင် ရောင်းဝယ်မှုများကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်နယ် ရဲတပ်ဖွဲ့မှူးမှ သက်ဆိုင်ရာ ခရိုင်မှူး၊ မြို့နယ်မှူးများထံသို့ ညွန်ကြား ထားပြီးဖြစ်ကာ လက်ရှိတွင် ကျွဲ၊ နွားတရားမဝင် ရောင်းဝယ်မှုများကို ဖမ်းဆီးအရေးယူမှု ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး တင်ကိုကိုက The Voice သို့ ပြောကြားထားသည်။

ရွှေကူမြို့နယ်တွင် ယခုကဲ့သို့ သိမ်းဆည်းရမိ ကျွဲ၊ နွားများကို တောင်သူများထံသို့ ရောင်းချပေးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းနှင့် တရားရုံးက စစ်ဆေးမှု မပြီးပြတ်သေးသော ကျွဲ၊ နွား တရားမဝင် ရောင်းဝယ်မှုများမှ ကျွဲ၊ နွား အရေအတွက် ၅၇ ကောင်ခန့် ကျန်ရှိနေသေးကာ အမှုပြီးပြတ်သွားပါက ဒုတိယအကြိမ်အဖြစ် ထပ်မံရောင်းချပေးသွားမည် ဖြစ်ကြောင်း ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ဟူနန်ပြည်နယ်တွင် လူပေါင်းများစွာ ကက်ဒမီယံဓာတုအဆိပ်သင့်

အေအက်ဖ်ပီ
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် စူအမ်ချောင်ရှိ မြေဆီလွှာနမူနာတွင် ကက်ဒမီယံ ဒြပ်စင်အဆသုံးရာခန့် ပါဝင် နေပြီး၊ ၎င်းဒေသရှိ ရွာသား ၃၀၀၀ အနက် ၅၀၀ မှာ ကက်ဒမီယံဓာတ် အလွန်အမင်းများပြားနေကြောင်း ကျန်းမာရေးအရာရှိများမှ ဆေးစစ်ရာတွင် တွေ့ရှိခဲ့ရသည်ဟု ဇူလိုင် ၃၁ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ကက်ဒမီယံဓာတ် များပြားခြင်းကြောင့် လွန်ခဲ့သောလေးနှစ်အတွင်း လူပေါင်း ၂၆ ဦးထက်မနက် သေဆုံးခဲ့ သည်။ အဆိုပါသေဆုံးသူများအနက် ရှစ်ဦးမှာ အသက် ၆၀ အောက်ငယ်ရွယ်သူများဖြစ်ကြပြီး၊ ၂၀ ဦးမှာ ကင်ဆာရောဂါဖြင့် သေဆုံးခဲ့သည်။

ထို့အပြင် ကျေးရွာတွင်းရှိ ကလေးများမှာလည်း မွေးရာပါ မသန်စွမ်းဖြစ်နေသည်။ အဆိုပါရွာတွင် အကြီးစား ဓာတု စက်ရုံတစ်ခုအား၂၀၀၉ ခုနှစ်အထိလည်ပတ်ခဲ့ပြီး၊ စက်မှုစွန့်ပစ် ပစ္စည်းများမှာလည်း စက်ရုံမြေပြင် တွင် ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ ဆိုးရွားသည့် အနံ့အသက်များမှာ လည်း ပျောက်ပြယ်သွားခြင်း မရှိသေးပေ။
Mizzima - News in Burmese

ဗိုလ်ချုပ်လက်ရေးမူကို ၁၀ ရက်အတွင်း ပြန်ပို့ရန်

Friday, Augest 02, 2013
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူကို သြဂုတ် လ ၁၀ ရက် နောက်ဆုံး ထားပြီး ရေနံချောင်းမြို့သို့ ပြန်လည်ပေးပို့ရန် တောင်းဆိုကြောင်း ယင်းလက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းလက်ရေးမူကို သြဂုတ်လ ၁၀ ရက်အတွင်း ပြန်မပို့ပါက မြို့ခံ လူထုအင်အားဖြင့် ဆန္ဒပြ တောင်းဆိုမည် ဖြစ်ကြောင်း ယင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်မြင့်က ရှင်းပြသည်။

“ရေနံချောင်းမြို့မှာ ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တွေ လွှမ်းခြုံစေချင်တဲ့ဆန္ဒနဲ့ တောင်းဆိုတာပါ” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပက်သက်၍ ရေနံချောင်းမြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း ဥက္ကဋ္ဌ ကိုဘိုဘိုလွင်ကလည်း ဗိုလ်ချုပ်လက်ရေးမူကို အေးချမ်းစွာ ပြန်လည် တောင်း ခံခြင်းဖြစ်ပြီး ရေနံချောင်းမြို့သို့ ပြန်လည်ပေးပို့ခြင်း မရှိပါက ကော်မတီနှင့်အတူ ကျောင်းသား၊ ကျောင်းသူများလည်း ဆန္ဒဖော်ထုတ်မည်ဟု ပြောကြားသည်။

ရေနံချောင်းမြို့ အထက (၁) ကျောင်း စာကြည့်တိုက်တွင် နှစ်ပေါင်းများစွာ မှန်ဘောင်သွင်း သိမ်းဆည်းထားသော ယင်းလက်ရေးမူကို ဇူလိုင်လ ၁၉ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရေနံချောင်းမြို့သို့ ရောက်ရှိစဉ် ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

နတ်မောက်ဇာတိ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၃ နှစ်သားအရွယ်တွင် ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ရာ ပညာထူးချွန်သဖြင့် သတ္တမတန်းတွင် အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆုကို ရရှိခဲ့ဖူးပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးများဖြင့် ‘အေ’ အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ယူခဲ့ဖူးသည့် အမျိုးသား အထက်တန်းကျောင်း ကို ရေနံချောင်းမြို့ ရွှေကြာငုံ ရပ်ကွက်တွင် မူလတန်းကျောင်းအဖြစ် ယခုအချိန်ထိ ဆက်လက် ဖွင့်လှစ်ထားပြီး ဒေသခံများက ဗိုလ်ချုပ်ကျောင်းဟု အမည်သမုတ်ကြသည်။
မင်းမခ
The Voice Weekly

ရေကြည်၌ လယ်ဧကတစ်သောင်းကျော်နှင့် လူနေအိမ်များ ရေနစ်မြုပ်


Friday, Augest 02, 2013
ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲ သီတာကုန်းပြင် တိုက်နယ်နှင့် အနီးတစ်ဝိုက်ကျေးရွာအုပ်စု ၁၄ အုပ်စု၌ ဇူလိုင်လ၂၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူနေအိမ်များနှင့် လယ်မြေဧက တစ်သောင်းကျော် စပါးပင်များ ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သီတာကုန်းပြင် တိုက်နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ လက်ပံပင်ရွာ၊ ကုန်းပြင်ရွာ၊ ကျောက်ချောင်းရွာ၊ ဂွေးတောက်ရွာ၊ ကွင်းချောင်းရွာ၊ ဖန်ခါးပင်ရွာ၊ ညောင်ပင်သာရွာ၊ ပန်းပုကွင်းရွာ၊ သက္ကာယ်ပြင်ရွာ၊ ရွာသစ်ကြီးရွာ၊ ကတ်ကူကြီးရွာ၊ ကတ်ကူလေးရွာ၊ မိတ်သလင်ရွာနှင့် ရေနံ့သာရွာ စသည့် ဒေသများမှ လယ်များ ရေမြုပ်နေခြင်းဖြစ်ရာ ရက်ရှည်ရေနစ်မြုပ်ပါက စပါးစိုက်ခင်းများ ပျက်စီးနိုင်သဖြင့် စိုးရိမ်ဖွယ် အခြေအနေ ရှိကြောင်း တောင်သူများက ပြောဆိုသည်။

ရေကြည်မြို့နယ်နှင့် ငသိုင်းချောင်းမြို့နယ်ခွဲအတွင်း မိုးစပါးစိုက်ဧက တစ်သိန်းကျော်ရှိပြီး ရေမြုပ်ဧက အတိအကျကိုမူ မသိရှိရသေးကြောင်းရေကြည်မြို့နယ် လယ်ယာစိုက်ပျိုးရေး မန်နေဂျာရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူပင် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့၌လည်း လယ်မြေများအတွင်း စပါးပင်များ ရေနစ်မြုပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
The Voice Weekly

လူရွှင်တော် ပါပါလေး ကွယ်လွန်

မန္တလေးမြို့က နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ဒီနေ့ခင်း ၁ နာရီက မန္တလေးမြို့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
လူရွှင်တော် ဦးလူမော်က “ဦးပါပါလေးက ဆီးနဲ့ကျောက်ကပ်ပေါ့ခင်ဗျား။ ၁ လပိုင်း လောက်ကတည်းက စဖြစ်တာ။ သူရောဂါ သူမသိဘူးပေါ့ဗျာ။ ခါးနာတာပဲသိတယ်။ အဲဒါ မကြောက်တရား လှည့်ဟောလိုက်၊ ပွဲသွားကလိုက်။ စည်းရုံးရေးဆင်းလိုက်၊ ပြန်လာလိုက်။ ဆီးမကောင်းမှန်းလည်း မသိဘူး။ ကျောက်ကပ်မကောင်းမှန်းလည်း မသိဘူး။ နေ့ခင်း ၁ နာရီမှာဆုံးတယ်” လို့ ပြောပါတယ်။

ဦးပါပါလေးမှာ ဆီးနဲ့ ကျောက်ကပ်ရောဂါရှိတဲ့အပြင် နှလုံးသွေးကြောပိတ်တယ်လို့လည်း သူ့မိသားစုက ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ လူရွှင်တော် ဦးပါပါလေးဟာ နိုင်ငံရေးပြက်လုံး တွေကြောင့် ထောင် ၃ ကြိမ်အထိ ကျခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါတယ်။
လူရွှင်တော် ဦးပါပါလေးနဲ့ လူရွှင်တော် ဦးလူမော်တို့ ညီအစ်ကို ၂ ဦးဟာ မန္တလေး နေအိမ်မှာ နိုင်ငံခြားသားတွေကို ဟာသပြက်လုံးထုတ်ပြပါတယ်။ အခုတော့ နှုတ်ခမ်းမွေး ညီအစ်ကိုမှာ တယောက်ပဲ ကျန်တော့တယ်လို့ ဦးလူမော်က ပြောပါတယ်။

“ကျနော့်မှာ တာဝန်ပိုကြီးလာပါပြီ။ ဒါပေမယ့် အလေ့အကျင့်ကတော့ ရှိပြီးသားပေါ့ခင်ဗျာ။ ကျနော့်အစ်ကိုက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ထောင် ၃ ခါ ကျဖူးတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြက်လုံးနဲ့ စည်းရုံးလို့ ၆ လ ကျဖူးတော့ ကျနော်အိမ်မှာ အစ်ကိုကိုယ်စား ကူညီပံ့ပိုးခဲ့တယ်။ တအိမ်လုံးကို စောင့်ရှောက်ခဲ့တယ်။ နောက် ၁၉၉၆ ဒေါ်အောင်ဆန်းစုကြည်ခြံမှာ လွတ်လပ်ရေးပွဲ သွားကပြီး အပြန်မှာ ၇ နှစ်၊ နောက် သံဃာ့အရေးအခင်း။ ဒီအတိုင်းပဲ အစ်ကိုက ထောင်ထဲမှာ၊ ဒီလိုပဲ အိမ်ကို ကျနော် ကြည့်ရှုခဲ့ရတယ်။ အခုတော့ တာဝန်ပိုကြီးသွားပါပြီ။ အစ်ကိုကိုယ်စားပေါ့။”
အေးနိုင်
ဒီဗွီဘီ

မြန်မာ-ထိုင်းနယ်စပ်စခန်းများ နိုင်ငံခြားသားများကို လွတ်လပ်စွာ သွားလာခွင့်ပြု

ကျိုင်းတုံ၊ သြဂုတ် ၁
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့် အိမ်နီးချင်းနိုင်ငံများမှ မည်သည့် ခရီးသွားဧည့်သည်မဆို မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်-မြဝတီ-ကော့သောင်း ဝင်ထွက်စခန်းများ တွင် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိပါက သြဂုတ်လမှ စတင်ကာ လွတ်လပ်စွာ ဝင်ထွက်ခွင့် ပြုကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မည်သည့် ထွက်ပေါက်မှမဆို ပြန်လည် ထွက်ခွာခွင့် ပြုမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွဲဖက် ပြည်နယ်ဦးစီးဌာနမှူး ဦးစိုင်းဘုန်းတင့်က ပြောကြားသည်။

ဇူလိုင်လ ၃၀ ရက် နေ့လယ် ၂ နာရီ အချိန်က ကျိုင်းတုံမြို့ တွဲဖက်ပြည်နယ် ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ နိုင်ငံခြားသား ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ၊ မီဒီယာများနှင့် အစည်းအဝေး တက်ရောက်သူများကို မြန်မာ-ထိုင်း နယ်စပ် စခန်းများမှ ဝင်ထွက်ခွင့် ပြုခြင်းကိစ္စများ ရှင်းလင်းခြင်း အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ရှမ်းအရှေ့မှာတော့ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲနဲ့ ကျိုင်းလပ် မြို့နယ်ခွဲတွေမှာကတော့ လွတ်လပ်စွာ သွားလာခွင့် ရပါတယ်။ ကျန်မြို့နယ်နဲ့ မြို့နယ်ခွဲအားလုံးမှာ မြို့ပေါ်မှာတော့ လွတ်လပ်စွာ သွားလာခွင့်ရပေမယ့် မြို့ပြင်ထွက်မယ် ဆိုရင်တော့ ခွင့်ပြုချက် တောင်းရမှာပါ” ဟု ဦးစိုင်းဘုန်းတင့်က ဆိုသည်။

ယင်းသို့ တားမြစ်ထားရခြင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၅.၁.၂၀၁၃ ရက်စွဲပါ ကြေညာစာအမှတ် ၇၇/၂၀၁၃ အရ ခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ဒီလိုခွင့်ပြုပေးလိုက်တော့ ရန်ကုန်က ခရီးသွားကုမ္ပဏီတွေ အနေနဲ့ အာမခံချက် ရှိသွားတာပေါ့။ အရင်ကဆို မြန်မာနိုင်ငံ လာဖို့ နိုင်ငံခြားသားတွေက တစ်နှစ်လောက် ကြိုတင်လက်မှတ် ဝယ်ထားတယ်။ အဲဒီမှာ နိုင်ငံတော်က ရုတ်တရက် ပိတ်လိုက်တော့ ကုမ္ပဏီတွေ ဒုက္ခရောက်ကုန်တာပေါ့။ အခုဆို ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရုံတင် မကဘူး။ ဒေသခံတွေပါ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာပြီး လူမှုစီးပွားတွေပါ ကောင်းမွန်လာတော့မှာပါ” ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်) ဥက္ကဋ္ဌ ဦးစိုးရွှေက သုံးသပ်ပြောဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနသည် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၏ ခွင့်ပြု နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ဝင်ခွင့်ဗီဇာ ရှိသူများထဲမှ ကမ္ဘာလှည့် ခရီးသွားများနှင့် လူမှုရေး အလည်အပတ် လာရောက်သူများကို လေးပတ်၊ စီးပွားရေး လုပ်ငန်းရှင်များကို ၁၀ ပတ်နှင့် ဖြတ်သန်းခွင့် ဗီဇာကို ၂၄ နာရီ ခွင့်ပြုထားကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်နိုင်
The Voice Weekly

အရှင်မွေး နေ့ချင်းကြီး

Friday, Augest 02, 2013
အရှင်မွေးတော့နေ့ချင်းကြီး ဆိုသ လိုပင်ထင်ပါ့။ ကော့မှူးမြို့နယ်ထဲကို
စတင်ဝင်လိုက်ကတည်းက ဗဟိုလမ်းမကြီး ၏ ခင်းကျင်းထားမှုကပင် လမ်းတစ်လျှောက် လုံးအနေအထားနှင့် ကွာဟ သွားခဲ့သည်။ ဘေးဝဲယာ လမ်းသွယ်များပင် ကွန်ကရစ် လမ်းအသီးသီးဖြင့်တင့်တယ်လှပနေခဲ့၏။ ”ဦးခင်ရွှေကောင်းမှုတွေထင်တယ်” ဟု အတူပါလာသော ရုံးက ဂျူနီယာ သတင်းထောက်က ပြော၏။”အင်း” ဟု တစ်ခွန်းတည်းသာ သူ့ကိုပြန်ဖြေဖြစ်သည်။ ၂ဝ၁၂ခုနှစ် ဧပြီလကကျင်းပခဲ့သော ကြားဖြတ်ေ ရွးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်

သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေ ရာဝင်ရောက်ယှဉ်ပြိုင် အရွေးခံပြီးနောက် ပိုင်း ကော့မှူးမြို့နယ်သည် နေ့ချင်းဆိုသ လိုဖီးလိမ်ပြင်ဆင်ပြုပြင်လိုက်သော တော သူမအလှမယ်လေး သဖွယ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း သူမို့ လိုအပ်သည်ဆိုလျှင် ကူညီပေးချင်ကြသူများကလည်း ဒုနှင့်ဒေးပင်မဟုတ်လား။ မည်သို့ပင်ဖြစ်ဖြစ် ကော့မှူးမြို့နယ်သည် ဒေါ်အောင်ဆန်းစုကြည် အမတ်ဖြစ်လာ ပြီးနောက်ပိုင်း ဒေသခံများနှင့် တွေ့ဆုံရန် လာရောက်ခဲ့သည့် အကြိမ်ပေါင်း ၁၂ ကြိမ် အတွင်း ရုပ်ဝတ္ထုပိုင်း၌ များစွာဖွံ့ဖြိုးလာ သည်ဟု ဆိုရမည် ဖြစ်၏။

ထို့အတူ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်ကဖြစ်သည်။ ဂျပန်နိုင်ငံ ဟီးနိုးကုမ္ပဏီ မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်း ထားသော ရွေ့လျားစာကြည့်တိုက်ဘတ်(စ်) ကား ၂စီး (လောလောဆယ် တွင် တစ်စီး သာရောက်ရှိ လည်ပတ်နိုင်သေးခြင်းဖြစ် သည်)ဖြင့်လည်ပတ် မည့် ရွေ့လျားစာကြည့် တိုက်လုပ်ငန်းကို ကော့မှူးမြို့နယ် ပြန် ဆက် ( ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး)ရုံးတွင် စတင်ဖွင့်လှစ်ခဲ့ ပြန်သည်။ ယင်းသည် မြန်မာနိုင်ငံ၌ ပထမဦး ဆုံးသော ရွေ့လျားစာကြည့် တိုက်တစ်ခု ဖြစ်ပြီး ယခင် ပြန်ဆက် ရုံးစာကြည့်တိုက် အား သိန်း ၆ဝဝ အကုန်အကျခံ ပြုပြင်မွမ်းမံစာအုပ်စာတမ်းများဖြည့်စွက်ပြီး နောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ (ကုန် ကျခံနိုင်မှု မှန်းချက် သိန်း ၃ဝဝဝ ထားရှိ ကြောင်းသိရသည်)ရွေ့လျားစာကြည့်တိုက်အတွက်အထူးသီးသန့် အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ ၄ဝဝဝဝ အကုန်အကျခံပြုပြင် ထားသော ဟီးနိုးကားဖြင့် ကော့မှူးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာကို အ လှည့်ကျစနစ်ဖြင့် သွားရောက်မည့် လုပ် ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ နေ့စဉ် ၃ ကြိမ် ၃ နေရာသို့သွားရောက်မည်ဖြစ်ပြီး လူထု ၅၈ဝဝဝ ထိ ရောက်ရှိ ဝန်ဆောင် မှုပေးနိုင်မည်ဖြစ်ကာ ကော့မှူးမြို့နယ်အ တွင်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၁ဝဝဝ ထံ ရောက်ရှိ သွားမည် ဖြစ်သည်။

ရွေ့လျားစာကြည့်တိုက်သည် ကလေး ငယ်များအတွက် အထူးရည်ရွယ် ထားခြင်း ဖြစ်ပြီး စာအုပ်ပေါင်း ၁၅ဝဝဝ၊ အမျိုးအ စားပေါင်း ၁၂ဝ ကျော်ဖြင့် စတင်လည် ပတ်သွားမည်ဖြစ်သည်။ ယင်းသည် ရွေ့ လျားစာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ရည် မှန်းချက်များဖြစ်၏။ ”ကားတစ်စီး အခန်း တစ်ခန်းမှာအခြေပြုပြီးတော့ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးအနှံ့မှာ ပညာဗဟုသုတ တိုးပွားရေးအတွက် လုပ်နိုင်မယ်ဆိုရင် မြို့နယ်လေး တစ်ခုကနေ စင်မြင့်တစ် ခုရောက်အောင်လို့ ကျွန်မတို့ ပြုစုပျိုး ထောင် လိုက်တာဖြစ်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ရွေ့လျား စာကြည့်တိုက် နှင့်ပတ်သက်ပြီးသူ၏ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် ဗဟို စာကြည့်တိုက် မွမ်းမံပြင်ဆင်လှူဒါန်းခြင်း အခမ်းအနားသို့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့ပြီး ဇေကမ္ဘာဦးခင်ရွှေ၊ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ ဒေါ်ဥမ္မာ မိုးမြင့် အစရှိသူတွေလည်း တက်ရောက် ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနား တွင် ဒေါ်အောင် ဆန်းစုကြည် က ၁၂ မိနစ်ကြာ အမှတ်တရ စကား ပြောကြားခဲ့ပြီး ရွေ့လျား စာကြည့် တိုက်ကြောင့် စာပေဖတ်ရှုလေ့လာခွင့်ရ ရှိမည့် အခွင့်အရေး ကို ပြည့်ပြည့်ဝဝအသုံး ချရန် လိုအပ်ကြောင်း ဒေသခံများကို တိုက်တွန်း ပြောကြားခဲ့သည်။

နှစ်ပေါင်း ၅ဝ နီးပါးကာလအတွင်း မြန်မာနိုင်ငံ၏ ပညာရေးသည် များစွာနိမ့် ကျသွားခဲ့ပြီး လေ့လာဖတ်ရှုကိုးကားစရာ စာကြည့်တိုက်များလည်း ရှားပါးသွားခဲ့သည်။ ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်ကျော်ဆန်း (ယခုသမဝါယမ ဝန်ကြီးဦးကျော်ဆန်း) လက်ထက် မြန်မာ နိုင်ငံအနှံ့ စာကြည့်တိုက်တွေ ဖွင့်လှစ်ခဲ့ သော်လည်း
ဟန်ပြစာကြည့်တိုက်များသာ ဖြစ်ခဲ့ပြီး ဒေသခံများ၏ လှိုက်လှိုက်လှဲလှဲ စာပေဖတ်ရှုချင်စိတ်ကို ပံ့ပိုးပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခဲ့သည့် နေရာသည်လည်း ယခင်က ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးရုံးက ဖွင့်လှစ်ထား သည့်

မြို့နယ်စာကြည့်တိုက် တစ်ခုဖြစ်ပြီး မှုန်မှိုင်း ခြောက်ကပ်စွာ ရှိနေခဲ့ခြင်းဖြစ် ကြောင်း ကော့မှူးမြို့နယ် မကျည်းကန် အခြေခံ မူလတန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးရီဌေးက ပြောသည်။ မှုန်မှိုင်းသည်ဖြစ်စေ။ လင်းရှင်းရှု ချင်စဖွယ်ဖြစ်စေ အဆိုပါရွေ့လျားစာကြည့် တိုက် ရေရှည်အောင်မြင်ရန် အဓိက စိန် ခေါ်ချက် သည် ဒေသခံပြည်သူ များ၏ ပူး ပေါင်းပါဝင်မှုပင်ဖြစ်သည်။ ဒေသခံပြည် သူများ ပူးပေါင်းပါဝင်မှု မရှိလျှင် ရွေ့လျား စာကြည့်တိုက် လည်း ရေရှည် ရပ်တည် နိုင်ရန် ခက်ခဲမည်မှာ အသေအချာပင်ဖြစ် သည်။ အထူးသဖြင့် ရွေ့လျားစာကြည့် တိုက်သည် ကလေးငယ်များကို ဦးတည် ထားသဖြင့် ကလေးငယ်များ အမှန် တကယ်ပါဝင် လာပါ့ မလားဆိုသည်က လည်း စိန်ခေါ်ချက်တစ်ခု ပင် ဖြစ်သည်။ လွယ်လင့်တကူ ရယူဖတ်ရှုခွင့်ရှိမည်ဆို လျှင်တော့ ကလေးငယ်များ စာကြည့် တိုက်သို့ရောက် ရှိလာမည်မှာသေချာသည်။

”လာမှာပါ ။ အန်တီတို့ စာကြည့် တိုက်မဖွင့်ခင် ပြင်ဆင်နေကတည်းက လာဖတ်ကြတဲ့ ကလေးတွေရှိတယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့လျား နှင့် ဗဟိုစာကြည့်တိုက်မှူး ဒေါ်ခင်နှင်းဦးက မှတ်ချက်ပြု၏ ။ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလည်ပတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက် Society for Support Burma အဖွဲ့မှ ထောက်ပံ့ကူညီပေးထားခြင်းဖြစ် ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ဝဝဝဝ ဖြင့် ၃နှစ်ထောက်ပံ့သွားရန် ရှိကြောင်း အဆိုပါအဖွဲ့မှ မစ်နာဆူရှီမီ လာရှိကာ၏ ပြောကြား ချက်အရသိရသည်။

ထိုအရာများသည် ရင်းနှီးမြှုပ်နှံမှု များပင်ဖြစ်သည်။ လွန်ခဲ့သော နှစ် ၅ဝက နိုင်ငံအတွက် ဆုံးရှုံးနစ်နာခဲ့မှုများကို ယခုမျိုးဆက် အား ပြုစု ပျိုးထောင်ခြင်း ဖြင့် သာ ပြန်လည်တည်ဆောက် အစားထိုး နိုင်မည်ဖြစ် သည်။ ကော့မှူးမြို့နယ် ၂၁ရွာ အတွင်းရှိ လူပေါင်း ၅၈ဝဝဝ၊ ကျောင်း သူ ကျောင်းသားပေါင်း ၁၁ဝဝဝ အနက် ၅ဝ ရာခိုင်နှုန်း ရွေ့လျား စာကြည့်တိုက်ကို အ သုံးပြုလာမည်ဆိုလျှင် ယင်းသည် လက္ခ ဏာကောင်းတစ်ခုပင် ဖြစ်သည်။ သို့ မဟုတ်လျှင် …

”ကျွန်တော်တို့ဆီက စာကြည့်တိုက် တော်တော်များများ ကတော့ ကောက်ရိုးမီး ဖြစ်သွားတာများတယ်။ ကျွန်တော်တို့က တော့ အဲဒီလိုအဖြစ်မခံနိုင်ဘူး။ ”ကျွန်တော်စိုးရိမ်တာက လူထုဆီ ကပူပေါင်း ပါဝင်မှုမရှိမှာကိုပဲ။ လူထုဆီက ပူးပေါင်းပါဝင်မှုရှိပြီဆို အားလုံး အောင် မြင်ပြီ။ အဲဒါဖြစ်အောင်လည်း ကျွန်တော် တို့ လှုံ့ဆော်မှုလုပ်ငန်းတွေလုပ်သွားမယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပရော ဂျက် ဒါရိုက်တာဒေါက်တာ သန့်သော် ကောင်းက ပြောသည်။

နိုင်ငံတိုးတက်ရေးအတွက် ရည် ရွယ်ပြီး ရွေ့လျားစာကြည့် တိုက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သူပြောခဲ့သော အမှတ်တရ စကားအရ သိခွင့် ရသည်။ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး ခရီးစဉ်စတင်ကတည်းက ပင် အရပ်သားအစိုးရပုံစံထဲ၊ လွှတ်တော် နိုင်ငံရေးထဲ ဝင်ရောက်ခဲ့ကြပြီး နေရာ အသီးသီးတွင် တာဝန်အသီးသီးယူခဲ့ကြ သူများ၊ ပြည်ထောင်စု လွှတ်တော်ထိုင်ခုံ များတွင် ဝင်ရောက်နေရာယူခွင့်ရခဲ့သူများ အားလုံးနီးပါးသည်လည်း ယင်းအခြေ အနေ၏ အစကနဦး တွင် နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးဟူသောစကားကို တွင်တွင်ကျယ် ကျယ်ပြောကြားခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁ဝ ခုနှစ် အထွေထွေရွေး ကောက်ပွဲ၊ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲကာလများက မဲဆန္ဒနယ်အသီး သီးရှိ ပြည်သူ များကို မစားရ ဝခမန်းပေး ခဲ့သော ကတိများအတွက် မည်သူတွေ မည်မျှ အကောင်အထည်ဖော်နိုင်ပြီလဲဆို သည်က မေးကြည့်စရာပင် လိုမည်မထင် ပေ။ လွှတ်တော်၌ တင်သွင်းအ ဆိုပြုသော မေးခွန်း အဆိုများအား စောင့်ကြည့်လေ့ လာလျှင်လည်း မိမိကိုယ်စားလှယ်သည် မိမိမဲဆန္ဒနယ်ကို မည်မျှအကျိုးပြုသည် လဲဆိုသည်မှာ လည်း မေးကြည့်စ ရာပင် လိုမည် မထင်ပေ။ သို့သော် ထိုသို့အကျိုးပြုနိုင်ရန်မှာ လည်း နောက် ခံပံ့ပိုးပေးမည့် အရာများ စွာလိုအပ်သည်ဆိုသည်က အမှန်တရား တစ်ခုပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်မို့ ပံ့ပိုးချင်သူ များကြောင့် ကော့မှူး မြို့နယ်သည် တောသူမ လှလှကလေး ဖြစ်လာ ခဲ့ခြင်း ဖြစ်သည်။ သို့သော် နွေ အခါ ဖုန်ထူသော ဝါးသင်္ခရွာကလေး သည် မိုးအခါ ဗွက်ထနေတုန်းပင် ဖြစ် သည်။ အခြားသော တောင်တန်းဒေသများ မဆိုထားဘိ အစိုးရရုံးစိုက်ရာ ပထမ မြို့ တော်အဖြစ် ခေါ်ဝေါ်နေကြပြီဖြစ် သည့် နေပြည်တော်ကောင်စီ နယ်မြေ ကွန်ကရစ် မြို့တော်အနီး ရွာများပင်လျှင် လျှပ်စစ်မီး ကို လင်းလင်းချင်းချင်း မရရှိသေးပေ။

သူမို့ဖြစ်သည်ဟု ဆိုလျှင်ရ ကောင်း သော်လည်း ယခုအချိန်သည် အမှန် တကယ်သာ ပြည်သူ့အတွက် တိုင်းပြည် အတွက် အကျိုးရှိသောလုပ်ငန်း များကို လုပ်ကိုင်မည်ဆိုလျင် ပံ့ပိုးထောက်ကူမှု သည် လွယ်လင့် တကူဖြစ် ပေါ်လာမည်ဟု ထင်မိသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက်ကားများ ကော့မှူး မြို့လေးမှာ အစတည်ပြီး မြန်မာနိုင်ငံ အနှံ့မောင်းနှင်သွားရောက်မှုဖြစ်ပေါ်လာ ချိန်နှင့်အတူ အခြားသော ပုဂ္ဂိုလ်များ၏ အခြားသော ( ပြည်သူအတွက် အမှန် တကယ်အကျိုးဖြစ်စေေ သာ) မောင်း နှင်မှုများလည်း ရေရှည်ထာဝရ ပေါ် ပေါက်စေချင်မိသည်။ တိတိကျကျဆိုရလျင် မြန်မာနိုင်ငံ အနှံ့ဒေသများစွာ အရှင်မွေးလို့ နေ့ချင်း ကြီးဖြစ် စေချင်မိသည်က အမှန်ပင် ဖြစ်သည်။
Popular Myanmar News Journal

လုံခြုံရေး စိုးရိမ်ရမှုကြောင့် အမေရိကန် သံရုံးများ တနင်္ဂနွေနေ့တွင် ပိတ်မည်

Friday, Augest 02, 2013
လုံခြုံရေး စိုးရိမ်ခြင်းကြောင့် အရေအတွက် မည်မျှဟုမဆိုဘဲ ကမ္ဘာတစ်ဝှမ်းမှ သံရုံးများကို တနင်္ဂနွေနေ့တွင် ပိတ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ယမန်နေ့က ပြောကြားသည်။

င်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ မယ်ရီဟားဖ်က ယခုလုပ်ဆောင်ခြင်းသည် ကြိုတင် ကာကွယ်ခြင်းဟုဆိုပြီး ခြိမ်းခြောက်မှုများကို ထုတ်ဖော်ပြောကြားရေး မည်သည့် သံရုံးများကို ပိတ်သိမ်းမည်ဆိုသည်ကို ပြောကြားခြင်း မရှိပေ။

“နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနဟာ တချို့သံရုံးတွေ အမေရိကန် ကောင်စီတွေကို သြဂုတ် ၄ ရက် တနင်္ဂနွေမှာ ပိတ်ဖို့ ဒါမှမဟုတ် လုပ်ငန်းတွေ ရပ်နားဖို့ ညွှန်ကြားထားတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုဆုံးဖြတ်ချက်သည် “ကျွန်မတို့နိုင်ငံက ဝန်ထမ်းတွေနဲ့ ကျွန်မတို့ ဖွင့်ထားတဲ့ ရုံးတွေကို လာရောက်ကြတဲ့ အခြားသူတွေအတွက် သတိကြီးစွာထားမှု”ကြောင့် ဖြစ်လာရခြင်းဖြစ်သည်
ဟုလည်း ပြောကြားသည်။သံရုံးများကို တနင်္ဂနွေနေ့တွင် ပိတ်မည်ဖြစ်ပြီး နောက်ပိုင်း ပြန်ဖွင့်မဖွင့်ကို အကဲဖြတ်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

“နောက်ထပ်ပိတ်ရက် ထပ်တိုးတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောကြားသည်။

ကမ္ဘာ့မည်သည့် အခြမ်းတွင် ခြိမ်းခြောက်ခံ နေရကြောင်း ထုတ်ဖော်ပြောကြားရန်ကိုမူ ငြင်းဆန်သည်။

အမေရိကရှိ အစိုးရရုံးများသည် တနင်္ဂနွေနေ့တွင် အမြဲတမ်းနီးပါး ပိတ်လေ့ရှိပြီး မွတ်ဆလင်အများစု နိုင်ငံများတွင်မူ တနင်္ဂနွေနေ့သည် အလုပ်လုပ်မည့် ရက်သတ္တပတ် တစ်ပတ်တာ၏ အစရက်ဖြစ်သည်။
အမေရိကန်သည် ဘင်္ဂါဇီမြို့လစ်ဗျားနိုင်ငံရှိ သံရုံးကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ၁၁ တွင် တိုက်ခိုက် ခံရပြီးစဉ်က စ၍ လုံခြုံရေးကို အထူးသတိထား နေခဲ့သည်။

တိုက်ခိုက်မှုကြောင့် သံအမတ်ခရစ်စ်စတီဗင်စ် အပါအဝင် အမေရိကန်လေးဦး သေဆုံးခဲ့ရပြီး လွှတ်တော်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ လုံခြုံရေး မလုံလောက်မှုကို စွပ်စွဲသည့် စွပ်စွဲသူများ ပေါ်စေခဲ့သည်။
မြန်မာ့ခေတ်

စည်ပင်နှင့် ဈေးသည်တို့ ပဋိပက္ခဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၂
မင်းဓမ္မပန်းခင်းဈေးအား စည်ပင်မှ ခြံစည်းရိုးကာစဉ် မြို့တော်စည်ပင် ဝန်ထမ်းများနှင့် ဈေးသည်များကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။

သြဂုတ် ၂ ရက် (ယနေ့) နံနက် ၂ နာရီခန့်ချိန်တွင် ရန်ကုန်မြို့တော် စည်ပင်၊ ပန်းဥုယျာဉ်နှင့် အားကစား/ကွင်း များဌာနမှ ဝန်ထမ်းအင်အား ၁ဝဝဝဝ ခန့်က မင်းဓမ္မပန်းခင်းဈေးမှ ဈေးသည် များ ပြောင်းရွှေ့မှု မရှိသည့်အတွက် ခြံ စည်းရိုးခတ်ကာ ဝင်ပေါက်များလည်း ပိတ်ရန်ပြုလုပ်ခဲ့စဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မင်းဓမ္မ ပန်းခင်းဈေးမှ ဈေးသည်များက ပြောသည်။

၎င်းဈေးသည် တစ်ဦးဖြစ်သည့် ဒေါ်နီဝါလွင်က စည်ပင်အနေဖြင့် ယခုလိုမျိုး ခြံစည်းရိုးခတ်မည်ဆိုပြီး ကြိုတင် အသိပေးမှု လုံးဝမရှိခဲ့ကြောင်း ၄င်းတို့ ခြံစည်းရိုးကာသည့်အချိန်တွင် ဈေးသူ၊ ဈေးသားတွေ ဘာမှ မပြောကြောင်း ဝင်ပေါက်အကုန်လုံးကို ပိတ်ရန် လုပ်၍သာ ဝင်ပေါက်တော့ ချန်ထားပေးရန် ပြောခဲ့ကြောင်း၊ သို့သော် ၄င်းတို့က ဝင်ပေါက်ကို ပိတ်မည်ဆို၍ ဝင်ပေါက်တွင် ရှိနေသည့် ဈေးသူ၊ ဈေးသားများ မဖယ်ရာမှ ပဋိပက္ခစတင် ဖြစ်ပွားခဲ့ကြောင်း ပြောသည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လမှ စကာ မင်းဓမ္မပန်းခင်းဈေးအား ဖျက်သိမ်းရန် အတွက် ရန်ကုန်မြို့တော် စည်ပင်ဌာနမှ စာပို့ကာ အကြောင်းကြား ခဲ့ကြောင်း၊ ၄င်းဈေးမှ ဈေးသည်များ ဖယ်ရှားမှုမရှိခဲ့ခြင်းကြောင့် ရေမီးဖြတ်ေ တာက်ထားခဲ့ကာ ဈေးသည်များမှ လစဉ်ပေးသွင်းသည့် ငှားရမ်းခငွေ များလည်း မယူတော့ကြောင်း၊ ၄င်းဈေးတွင် ပန်းပင်စိုက်ပျိုးရောင်းချရေးကို ငှားရမ်းဆောင်ရွက်လာသည်မှာ ၁၃ နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဈေးသည် ဒေါ်နီဝါလွင်က ''သူတို့ ဒီဈေးကို ဖျက်သိမ်းခိုင်းတာ ဘာအကြောင်းပြချက်မှ မရှိဘူးလို့ ပြောတယ်။ ဒီနေရာကို သူတို့ အဆင့် မြှင့်စေချင်တယ်ဆိုရင် အဆင့်မြှင့်ပေးဖို့ ကျွန်မတို့ ဈေး သူ၊ ဈေးသားတွေ အဆင်သင့်ပဲ၊ တခြားလုပ်ငန်းရှင် ဘယ်သူနဲ့မဆို
ပူးပေါင်းပြီး လုပ်ပါဆိုလည်း လုပ်ကြမှာ၊ အခုက ဒီနေရာမှာ ဘာ Project မှ မရှိဘဲ ဖယ်ခိုင်းတာတော့ ကျွန်မတို့လည်း အဲဒါကို နားမလည်ဘူး'' ဟု ထပ်လောင်းပြောသည်။

အထက်ပါ ဖြစ်ပွားမှုများကြောင့် ဈေးသည်များဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့ပြီး သွေးထွက်သံယိုမှုမှာ ၅ ဦးရှိ ခဲ့ကြောင်း၊ ၄င်း ၅ ဦးအနက် ၂ ဦးမှာ ဆေးရုံတင်ထားရကြောင်း သိရသည်။

ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော ဈေးသည် မဆန်းဝင်းက ဝင်ပေါက်မပိတ်ရန် အတွက် ဝင်ပေါက်တွင် ကာကွယ်ပြီး ရပ်နေစဉ် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ထက်ထက်မိုးမြင့်
Popular Myanmar News Journal

အရင်းမစိုက် ထီထိုးလိုက်

ယခုအပါတ်အတွင်း မြင့်တက်လာသော အမေရိကန်ထီတခု power ball မှာ သန်း 290 ဖြစ်ပါသည်။ ထီထိုရန် ဝါသနာပါသူများ၊ ကံစပ်လိုသူများ ထို ထီဂဏန်းကို ထိုးရန် နံ ပါတ်လိုပါသည်။ နံပါတ်ပေးပို့သူအား ထီဆုကြီးပေါက်လျှင် ၁၀ ရာခိုင်းနှုန်း ပေးပါမည်။ ဒုတိယပေါက်လျှင် ၁၅ ရာခိုင်နှုန်းပေးပါည်။

အသေးစိတ်မှာအောက်ပါအတိုင်း ဖြစ်ပါသည်။

အပိုင်း(၁)
နံပါတ်မှာ ၁ မှ ၅၉ အတွင်း ဂဏန်း ၅ လုံး ရွေးပေးရပါမည်။
ဥပမာ။  ။ (၀၉)၊ (၁၃)၊ (၃၆)၊ (၄၅)၊ (၅၇)
အပိုင်း(၂)
power ball မှာ ၁ မှ ၃၉ အတွင်း ဖြစ်ရမည်။
ဂဏန်းတလုံးတည်ရွေးရမည်။
ဥပမာ
(၀၆)


နမူနာနေဖြင့် (၇/၃၁/၂၀၁၃) ထွက်ခဲ့ပြီးသော နံပါတ်တခုမှာကို ဖေါ်ပြလိုက်ပါသည်။
(08)-(24)-(39)-(49)-(59) power ball မှာ(05)

ယခု လာမည့် စနေနေ့ည ၉း၀၀ နာရီတွင် နောက်တကြိမ် ထပ်ဖွင့်ပါမည်။
"၀င်း" မိသားစုနှင့် ကံစပ်လိုသူများ မိမိတို့၏ email, နာမည်နှင့် နံပါတ်တို့ကို theburmapost@gmail.com သို New York စံတော်ချိန် ညနေ ၄း၀၀ ထက်နောက်မကြဘဲပေးပို့ ကြပါ၇န် ပန်ကြားအပ်ပါသည်။
မိမိတို့ပေးပို့ထားသော နံပါတ် နှင့် ထွက်ရှိသော နံပါတ် တိုက်မတိုက်ကို ရင်ခုန်စွာ စောင့်မျှော်နိုင်ပါသည်။
လူတဦးကို နံပါတ်တခုသာပေးပို့ပါရန် မေတ္တာ ရပ်ခံပါသည်။

"၀င်း" မိသားစု

တစ်ကိုယ်တော် ဆန္ဒပြသူ ဦးထင်ကျော်ပုဒ်မ ၅၀၅ ( ခ ) ဖြင့် တရားစွဲခံရ

ရန်ကုန် သြဂုတ် ၂
တစ်ကိုယ်တော် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည့် ဦးထင်ကျော်အား ရန်ကုန် တိုင်းဒေသကြီး အစိုးရမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ( ၅၀၅ ခ )ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ပုဒ်မ ( ၅၀၅ ခ ) ဖြင့် တရားစွဲခံရမှုတွင် ၄င်းအပါအ၀င် ၄င်းအဖွဲ့ရှိ ဦးမြင့်နိုင် ၊ ဒေါ်စိန်ထွေး နှင့် ဦးလူအေးတို့ ပါဝင်သည်ဟု ဦးထင်ကျော်ဦးဆောင်သော ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ သိရသည်။

မြောက်ဥက္ကလာ ရဲစခန်းသို့ ရောက်ရှိ နေသော ဦးထင်ကျော်အား ဆက် သွယ်မေးမြန်းရာတွင် "ဟုတ်တယ် ကျွန်တော်တို့ကို ဖမ်းထားတယ်။ ထောင်ထဲပို့တော့မှာ ။ ပြောချင်တာ ကတော့ ခရိုနီ တွေကို အရေးယူလို့မရဘူး ။ အမှုဖော်ထုတ်တဲ့ လူကို ထောင်ထဲပို့တယ်
ဆိုတာပဲ၊" ဟု ပြောသည်။

လက်ရှိတွင် ဦးထင်ကျော်သည် မြောက်ဥက္ကလာ ရဲစခန်းရှိ စခန်းမှူး ရုံး အတွင်းရှိနေပြီး ယနေ့ ညနေ၌ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရမည်ဟု သိရသည်။
ဝေမာထွန်း
Popular Myanmar News Journal

ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ


Friday, August 2, 2013
ရွှေဝါရောင် သူရဲကောင်းကြီး အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်တယောက်တော့ အခု စွံသွားပါပြီ။ အကြောင်းက တော့ ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်တာပါ။

အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တဲ့ ကိုညီညီလွင်နဲ့ မစ္စ မာရီယာ ဖရန့်စ်၊
ဓာတ်ပုံ- ဦးသိန်းသန်းဦး

ဒါပေမယ့် ရွှေဝါရောင် သူရဲကောင်းမှာ လက်ထပ်တာတောင် အဆင်မချောခဲ့ရပါဘူး။

သြဂုတ်လ ၁ ရက်နေ့ က ကိုညီညီလွင်ဟာ ချစ်သူဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ မစ္စ မာရီယာဖရန့်စ် ( Ms. Maria France) နဲ့ အတူ မနက် ၁၁ နာရီလောက်က တရားလွှတ်တော် ရှေ့နေဒေါ်ဟန်စုယဉ်ရဲ့ အကူအညီနဲ့ မန္တလေးက ခရိုင်တရားရုံးကို ရောက်လာတယ်လို့ မန္တလေးက ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် ကိုညီညီလွင်နဲ့ ဇနီးဖြစ်သူ မစ္စ မာရီယာဖရန့်စ်တို့ရဲ့ တရားရုံးတက် လက်မှတ်ထိုးမှုကို မန္တလေး ခရိုင်တရားရုံးက လက်မခံ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ “လက်ထပ်ဖို့ မန္တလေး ခရိုင်တရားရုံးမှာ ကျနော်တို့ ကြိုးစားတာ မအောင်မြင်ပါဘူး” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ရွှေဝါရောင် သူရဲကောင်း အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင့်ရဲ့ ဇနီးလောင်း မစ္စ မာရီယာ ဖရန့်စ်က ဗုဒ္ဓဘာသာဖြစ်နေ တာကြောင့် အဲဒီ မန်းခရိုင်တရားရုံးဝန်းထဲက ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းမှာပဲ ဗုဒ္ဓဘာသာ ထုံးထမ်းစဉ်လာအရ သက်သေ ၂ ဦး ရှေ့မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်လိုက်ကြတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

အဲဒီ မင်္ဂလာ လက်ထပ်ပွဲလေးမှာ ဦးသိန်းသန်းဦးက မင်္ဂလာစကားကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ပြော
ပေးခဲ့ရတာဖြစ်ပြီး ရွှေဝါရောင် သူရဲကောင်း အသစ်စက်စက် ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာဦးအဖြစ် ကော်ဖီနဲ့ ဧည့်ခံခဲ့ကြပါတယ်တဲ့။
အိမ့်သံစဉ်

ရန်ကုန်မြို့လယ် နာမည်ကြီး လောင်းကစားဒိုင်ကြီးကို ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ၂၉လမ်း (အလယ်ဘလောက်) ရှိ တိုက်အမှတ် ၁၀၀/၁၀၃ သုံးလွှာတွင်ရှိ နာမည်ကြီး လောင်းကစားဒိုင်ကို သြဂုတ်လ ၁ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ရာ လောင်းကစား ပြုလုပ်သူ ၂၆ ဦးကို ဖမ်းမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက The Voice သို့ ပြောကြားသည်။

“သုံးလွှာကနေ ထွက်ပြေးတဲ့သူတောင် ရှိတယ်။ ဖမ်းထားတဲ့သူတွေကို ခု (မွန်းလွဲ ၂နာရီ ခွဲ) အထိ ကားနဲ့သယ်တာ လေးခေါက်လောက်ရှိပြီ” ဟု မျက်မြင်တွေ့ရှိသူ ၂၉ လမ်းတွင် နေထိုင်သူ အသက် ၃၂ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါ လောင်းကစားဒိုင်မှာ ဘောလုံးပွဲ၊ နှစ်လုံးထီ၊ ချဲထီနှင့် လေးကောင်ဂျင် ကစားဝိုင်းကို တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည်ဟု ထင်ရလောက်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါဖမ်းဆီးသည့် ကိစ္စနှင့်ပတ်သက်၍ ဖမ်းမိသူများကို စစ်ဆေးလျက် ရှိသောကြောင့် အတည်ပြု ပြောကြား၍ မရသေးကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက ပြောကြားသည်။

“တစ်ရက်က ရပ်ကွက်ထဲက အမျိုးသမီးတစ်ဦးက ဒီဒိုင်မှာထိုးတာ သူ့ဂဏန်း ထွက်လာတော့ ဂဏန်းက ထိုးလို့မရဘူးလို့ ချဲရောင်းသမားကပြောတော့ အကြောင်းသိစေရမယ်လို့ ပြောဆိုသွားတယ်လို့ သိရတယ်။ တိုင်တဲ့သူများရှိလို့ ဝင်ဖမ်းတာလား အတိအကျတော့ မသိဘူး” ဟု ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်စု၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါအခန်းကို ဦးကျော်ကိုကိုဆိုသူက နှစ်ချုပ်ဖြင့် ငှားရမ်းအသုံးပြုလျက်ရှိပြီး ဖမ်းဆီးရာတွင် လောင်းကစား အသုံးပြုသည့် စာရွက်စာတမ်း၊ ပရိဘောဂနှင့် ငွေကျပ် သိန်း ၃၀ ကျော်တို့ကို ဖမ်းမိခဲ့ကာ ဖမ်းဆီးမိသူများကို ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောကြားသည်။
The Voice Weekly

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျိုးသမီးလူနာခုန်ချ

ရန်ကုန်၊ သြဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီး ရပ်ကွက်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ဆေးကုသဆောင် သုံးထပ်ဆောင်ပေါ်မှ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်က အသက် ၂၈ နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦး ခုန်ချခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အသက် ၂၈ နှစ်အရွယ် ဒေါ်မေဖြိုးအောင်သည် တွံတေးမြို့နယ် သုံးအိမ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ ညာဘက်အာခေါင်တွင် အကြိတ်ပေါက်နေသဖြင့် ခွဲစိတ်ကုသရန် အတွင်းလူနာဆောင်၌ တက်ရောက်နေစဉ် ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးသည် ခုန်ချသည့်ဒဏ်ကြောင့် ညာဘက်ပါး ဖူးရောင် စုတ်ပြဲဒဏ်ရာ၊ ညာလက်ဖျံရိုးနှင့် ညာဘက်ပေါင်ကျိုး ဒဏ်ရာများ၊ အပေါ်သွားနှစ်ချောင်း ကျိုး၍ နောက်စေ့ဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါ မြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဆေးကုသနေသည့် အဆိုပါအမျိုးသမီး မည်ကဲ့သို့ ခုန်ချခဲ့သည်ကို စုံစမ်းနေဆဲသာ ဖြစ်ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၏ သုံးထပ်ဆေးကုသဆောင်မှ ခုန်ချသူလူနာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောအထူးကုဌာန အထူးကြပ်မတ် ကုသဆောင်တွင် ကုသလျက်ရှိပြီး ၎င်း၏ ဦးခေါင်းဒဏ်ရာကို ဓာတ်မှန်စစ်ချက်များအရ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း အဆိုပါဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ခုန်ချသူ၏ အာခေါင်တွင် ခံစားနေရသည့် ရောဂါဝေဒနာနှင့် ပတ်သက်၍ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ရှိခဲ့ခြင်းကြောင့် ခုန်ချခြင်း ဖြစ်နိုင်ကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အလားတူ မြန်မာနိုင်ငံ၌ လူနာအများဆုံး တက်ရောက် ကုသသည့် ဆေးရုံဖြစ်သည့် ခုတင် ၁၅၀၀ ဆံ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ခွဲစိတ်ကုသဆောင် (၁၃/၁၄ ) လေးလွှာတွင် ဇွန်လ ၈ ရက် ညနေပိုင်းက အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသား လူနာတစ်ဦး ခုန်ချသေဆုံးခဲ့သည်။
The Voice Weekly

ရဲတပ်သားတစ်ဦး ဆွဲကြီုးချသေဆုံးမှုဖြစ်ပွား

2.8.2013
ကြံခင်းမြို့ ရွာသစ်ရပ်ကွက် ဘုရားကြီးလမ်းတွင် ၊ မြို့မရဲစခန်းမှ ရဲတပ်သား တေဇာလင်း(ဘ) ဦးဌေးအောင် အသက် ၂၅ နှစ်သည်
ယနေ့ညနေ ၅ နာရီ ခွဲခန့်တွင် နေအိမ်၌ ဆွဲကြိုးချ သေဆုံး။ ကြံခင်းရဲစခန်းမှ သေမုသေခင်း ဖွင့်ထားပြီး ဟုသိရှိရပါသည်။

သေဆုံးသူ ရဲတပ်သားမှာ အရက်ဖြတ် ဆေး သောက်ထားသဖြင့် အရက်ကြောင်နေခြင်း ဖြစ်နိုင်သည်ဟုသိရပါသည်။
သတင်း ဥယျာဉ်
Shan News

ကုန်တင်သင်္ဘောဖြင့် တိုက်မိပြီး ငါးဖမ်းလှေပေါ်ရှိ ရေလုပ်သား သေဆုံး

ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃
တနသာင်္ရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ရေပိုင်နက်တွင် ကုန်တင်သဘောင်္တစ်စီးဖြင့် တိုက်မိ၍ရွာကမ်းခြေတွင် ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေပေါ်ရှိ ရေလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေရာတွင် ရှိသည့် ရေလုပ်သားများထံမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက် နံနက် ၁ နာရီတွင် ရေကန်တောင် ကျေးရွာအုပ်စု၊ ကျောက်ရေပြင်အရှေ့ ကျေးရွာအနီး ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေငယ်များ ရပ်နားထားစဉ် MV ရွှေဧကရီ ကုန်တင်သံထည် သဘောင်္ကြီးမှ အရှိန်ဖြင့် ရွာထဲသို့ မောင်းဝင်လာစဉ် ငါးဖမ်းလှေတစ်စီးကို ၀င်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ လူငယ်၏ဖခင် ဦးအေးလွင်က ရှင်းပြသည်။

“ညဘက်အချက်ပြမီးတွေလည်း တပ်ထားတာပဲ။ ဒါပေမယ့်အဲဒီသင်္ဘောက ရုတ်တရက်ကြီး မျက်နှာချင်း ဆိုင် ၀င်လာတာ”ဟု ယင်းငါးဖမ်းလှေမှ ရေလုပ်သားတစ်ဦးက ပြောသည်။

ယင်းသို့ တိုက်မိခြင်းသည် MV ရွှေဧကရီ ကုန်တင်သံခွံသင်္ဘောမှ လှေမောင်းသူ၏ ပေါ့ဆမှုသာဖြစ် ကြောင်း ကျွန်းစုမြို့နယ် ကန်မော်ရဲတပ်ဖွဲ့စခန်းမှ မှုခင်းမှတ်တမ်း ရဲအရာရှိတစ်ဦးက မှတ်ချက်ပြုသည်။

“တကယ်က သူဝင်လာရမည့် လမ်းကြောင်းမဟုတ်ဘူး။ ညပိုင်းကြီးမောင်းတာ အရှိန်လည်း မလျော့ဘူး။ ဒါကြောင့် အခုလိုဖြစ်တာ”ဟု ယင်းရဲအရာရှိက ဆိုသည်။

ယင်းသို့ တိုက်မိစဉ်တွင် ရေလုပ်သားအချို့က လှေပေါ်မှခုန်ချ၊ အချို့ကလည်း ပြုတ်ကျခဲ့သဖြင့် အသက် ဘေးမှ လွှတ်မြောက်ခဲ့သော်လည်း သေဆုံးသွားသူမှာ အသက် ၁၇ အရွယ်ရှိ မောင်ညီညီဇော်မှာ အခင်း ဖြစ်ပွားချိန် လှေခေါင်မိုးပေါ်တွင် အိပ်ပျော်ကာ ကျန်နေခဲ့သည်ဟု အထက်ပါ ရေလုပ်သားက ပြောသည်။

ယင်းငါးဖမ်းစက်လှေတွင် ရေလုပ်သား ခုနစ်ဦးပါရှိသည်။ “MV ရွှေဧကရီ ကုန်တင်သင်္ဘောကို ပဲ့နင်းက ထားဝယ်ဘက်ကို မောင်းပြီး ထွက်ပြေးသွားတယ်။ လက်ရှိတော့ စုံစမ်းနေတုန်းပဲ”ဟု ယင်းရဲအရာရှိက ဆို သည်။

အဆိုပါ လှေတိုက်မှုနှင့်ပတ်သက်ပြီး ကျွန်းစုမြို့နယ်၊ ကန်မော်ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၂၆ ရက် နံနက် ၅း၃၀ နာရီချိန်တွင် သွားရောက်စစ်ဆေးခဲ့ပြီး၊(ပ) ၁၉/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၊၂၈၀/၃၀၄(က)အရ အမှု ဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း ကန်မော်ရဲစခန်းမှ သိရသည်။
Dawei Watch
Mizzima - News in Burmese

နှစ်ပေါင်း ၃၁ နှစ်အတွင်း ထားဝယ်တွင် ဒုတိယအများဆုံး ရေကြီး

တနင်္သာရီတိုင်းတွင် နှစ်ပေါင်း ၃၁ နှစ်အတွင်း မိုးသည်းထန်ရွာသွန်းပြီး မိုးရေချိန်လက္မ ဒုတိယအများဆုံးနှစ် ဖြစ်ပြီး ယခုအချိန်အထိ မိုးဆက်လက်ရွာသွန်းနေဆဲ ဖြစ်သည်။
Tavoyan Voice







ဖုန်းထောက်လှမ်းရေး မှတ်တမ်း ကန်ထုတ်ပြန်

ကန်အစိုးရ ဖုန်းဖြတ် နားထောင်မှု ကမ္ဘာမှာ ရိုက်ခတ်
1 သြဂုတ်လ 2013
တယ်လီဖုန်း ကြားဖြတ် နားထောင်တဲ့ စီမံကိန်း မှတ်တမ်း တချို့ကို အမေရိကန် အစိုးရက အများ ပြည်သူ ကြည့်ရှုဖို့ ထုတ်ပြန် ခဲ့ပါတယ်။

သတင်း အချက် ရယူမှုနဲ့ ပတ်သက်ပြီး ပိုပြီး ပွင့်လင်း မြင်သာ ရှိစေလိုကြောင်း အာဏာပိုင်တွေက ပြောကြားပါတယ်။

ဒါပေမဲ့ ဒီမှတ်တမ်း တွေထဲမှာ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒွပ် စနိုဒန် ထုတ်ဖော် လိုက်တဲ့ အထောက်အထား တော်တော်များများ ပါဝင်လာတာ မတွေ့ရပါဘူး။

ဒီအချိန်မှာပဲ အင်တာနက် သုံးစွဲသူတွေ ပြုလုပ်သမျှ စောင့်ကြည့် မှတ်သား နိုင်တဲ့ လျှို့ဝှက် စက်ကိရိယာ အကြောင်းကို မစ္စတာ စနိုဒန် က ဗြိတိန် ထုတ် ဂါးဒီးယန်း သတင်းစာ မှာ နောက်ထပ် ဖွင့်ချလိုက် ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မြန်မာ့ကျန်းမာရေး အလားအလာကောင်း

01.08.2013
HIV- AIDS ငှက်ဖျားနဲ့ တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် ရောဂါ ၃ မျိုး ရန်ပုံငွေအဖွဲ့ကြီးက  အခုအခါမှာ ထောင်စုနှစ် ကျန်းမာရေး ပန်းတိုင် အသွင်ပြောင်းပြီး  ကူညီထောက်ပံ့မှုတွေ ပေးလာတာမို့  အပြောင်းအလဲတွေ လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍဟာ တိုးတက်မှုတွေ ရှိလာနိုင်တော့မယ်လို့  မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။

ဒါပေမယ့် အစိုးရအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် စားဝတ်နေရေး အဆင်ပြေစေဖို့ လုပ်ခလစာတွေ တိုးမြှင့်ပေးတာ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ ပံ့ပိုးပေးဖို့တွေတော့  လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရနဲ့ ကျန်းမာရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ John Hopkins တက္ကသိုလ်က ညွှန်ကြားရေးမှုး  ဒေါက်တာ ခရစ် ဘေယာ (Dr. Chris Beyrer) နဲ့ ဆက်သွယ်မေးမြန်းထားတဲ့  ဒေါ်ခင်မျိုးသက်က အပြည့်အစုံကို  တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဆောင်လာတဲ့ နောက်ပိုင်း အရင်က ရပ်ဆိုင်းထားတဲ့  3-D Fund ရန်ပုံငွေ အဖွဲ့ကြီးကနေ  HIV- AIDS ငှက်ဖျားနဲ့ တီဘီရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေ ပြန်လုပ်လာခဲ့သလို အခုအခါမှာ 3MDG လို့ခေါ်တဲ့ ထောင်စုနှစ် ကျန်းမာရေး ပန်းတိုင် ရည်မှန်းချက်အရ ဒီရောဂါ ၃ မျိုးအပြင် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ် ကျန်းမာရေး အတွက်ပါ တိုးပြီး လုပ်ဆောင်လာခဲ့တာပါ။

ဒီထောင်စုနှစ် ကျန်းမာရေး ပန်းတိုင်အတွက် အရင်တုန်းက မြန်မာနိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူထားတဲ့ အမေရိကန်အစိုးရ အပါအဝင် အနောက်နိုင်ငံတွေက ပံ့ပိုးမှုတွေ တိုးလုပ်လာတာမို့  မြန်မာနိုင်ငံရဲ့ အနာဂတ် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေအတွက် အထောက်အကူ ရလာနိုင်တယ်လို့ John Hopkins တက္ကသိုလ်က HIV- AIDS ရောဂါသုတေသနနဲ့ လူထုကျန်းမာရေး ဆိုင်ရာအကြီးအကဲ  ဒေါက်တာ ခရစ် ဘေယာက ပြောပါတယ်။
“ဒီရန်ပုံငွေအတွက် အထောက်အပံ့ပေးဖို့  ကတိပေးထားတဲ့ အဖွဲ့တွေထဲမှာ ဗြိတိန်နိုင်ငံက DIFID  လို့ ခေါ်တဲ့ နိုင်ငံတကာဖွံ့ဖြိုးမှု အကူညီပေးရေးဌာန၊ AUSAID ၊ အီးယူ၊ နော်ဝေးအပြင်  အခုဆို အမေရိကန် ပြည်ထောင်စုပါ ပါလာပြီး သူတို့က လာမယ့် ၅ နှစ်အတွင်းမှာပဲ ဒေါ်လာသန်းပေါင်း ၂၅၀ ကနေ ၃၅၀ အတွင်း အကူညီပေးမယ်လို့ ကျနော်တို့ သိရပါတယ်။  ဒါဟာ အရင်  3MDG ရန်ပုံငွေကို ထပ်ပြီး ဆောင်းပေးမှာမို့  မြန်မာနိုင်ငံအတွက် အတော့်ကို အကူအညီရမှာပါ။”

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လထဲ သွားရောက်ခဲ့တဲ့ ဒေါက်တာဘေယာ အနေနဲ့ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေနဲ့ တိုးတက်လာနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုလို ကျန်းမာရေးဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းလာတဲ့ လူ့အဖွဲ့အစည်းက သေသေချာချာ စောင့်ကြည့်နိုင်မှာမို့ အလှူရှင်တွေ ကူညီရကျိုးနပ်မယ်လို့ သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ အကောင်းဘက်ဆောင်တဲ့ အပြောင်းအလဲတွေ အများကြီး မြင်နေရပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောရရင် ဒါဟာ  အပြောင်းအလဲရဲ့ အစပဲရှိနေ ပါသေးတယ်။  နိုင်ငံရေးအရ အပြောင်းအလဲတွေနဲ့ အတူ သတင်းမီဒီယာ ပွင့်လင်းမှု  ပိုရှိလာတဲ့အတွက် လုပ်ငန်းပိုင်း ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်လာတာ တွေရပါတယ်။  ဒီအခြေအနေက  စိန်ခေါ်နေတဲ့ ပြဿနာတွေကို လူတွေ ပိုသိလာနိုင်တာဖြစ်ပြီး  ဥပမာ အလှူရှင်တွေ လှုလိုက်တဲ့ ငွေတွေအလဟဿ မဖြစ်ပဲ တကယ်လိုအပ်တဲ့ နေရာတွေမှာ တကယ်သုံးနိုင်တဲ့ အနေထားမျိုး ဖြစ်လာနိုင်ပါတယ်။”

ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အစိုးရရဲ့ ပံ့ပိုးကူညီမှုဟာ အဓိကလိုအပ်နေတယ်လို့လည်း ထောက်ပြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ လုပ်ခလစာနဲပါးတဲ့အတွက် ဘဝ ရပ်တည်ရေးအတွက် လုံလောက်မှု မရှိတာဟာ ကျန်းမာရေးကဏ္ဍမှာ အဓိက ပြဿနာတခုလို့လည်း မြင်ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီဆိုးရွားတဲ့ ရောဂါတွေနဲ့  ပတ်သက်ပြီး အခြေနေ တိုးတက်အောင် လုပ်ရမယ့် လုပ်ရပ်တွေက အများကြီး ကျန်ပါသေးတယ်။  ဒီအထဲမှာ အရေးအပါဆုံးသူတွေက သူနာပြုတွေ သားဖွားဆရာတွေ နဲ့ တခြား ကျန်းမာရေး ဝန်ထမ်းတွေပါ။  သူတို့က HIV- AIDS ဝေဒနာရှင်တွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်တာကို နိုင်ငံတိုင်းလိုလိုမှာ တွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့်တော့ ဆရာဝန်က လုံလုံလောက်လောက် မရှိတဲ့ ကျေးလက်ဒေသတွေမှာ သူတို့က သိပ်အရေးပါပါတယ်။
နောက်အရေးကြီးတဲ့ အချက်တချက်လို့ ကျွန်တော်မြင်တာက  အစိုးရရဲ့ ပံ့ပိုးမှုပါ။ အစိုးရလက်အောက်မှာပဲ  ဒီကျန်းမာရေးလုပ်သားတွေ ရှိဖို့ လိုပါတယ်။ အခု အတော်များများဟာ ဝင်ငွေနဲပါးတဲ့ အတွက် တခြားမှာ ဘဝရပ်တည်နိုင်ဖို့  အလုပ်ထွက် လုပ်နေရတာမျိုး တွေ့ရတဲ့ အတွက် အစိုးရဘက်က သူတို့ရဲ့ လုပ်ရပ်ကို ပံ့ပိုးပေးတဲ့ အနေနဲ့ လုပ်ခလစာတွေကို တိုးမြှင့်ပေးဖို့ လိုပါတယ်။ ဒါကို အဓိက ပြုပြင်ပြောင်းလဲပေးဖို့ လိုပါတယ်။  ဒီကျန်းမာရေး လုပ်သားတွေ အစိုးရ လက်အောက်မှာပဲ  ပြည့်ပြည့်စုံစုံနဲ့  လူထုအတွက် ကျန်းမာရေး စောင့်ရှောက်ကုသမှုတွေ လုပ်ပေးရမှာပါ။” 

ဒါ့အပြင် ဒေသခံ မြန်မာ NGO အဖွဲ့တွေရဲ့ ကဏ္ဍကလည်း သိပ်ကိုအရေးပါတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ရသမျှ အလှူငွေနဲနဲနဲ့ တကယ်ကြီးမားတဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နေတာ တွေ့ရတာမို့ အခုလို ပွင့်လင်းလာချိန်မှာ အစိုးရအနေနဲ့ သူတို့နဲ့ လက်တွဲ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ လိုအပ်တယ်လို့လည်း အကြံပေးပါတယ်။
HIV- AIDS ရောဂါမျိုးကို ရှမ်းပြည်နဲ့ အထူးသဖြင့် ကချင်ပြည်နယ်တွေမှာ အဖြစ်များတာတွေ့ရပြီး ဒီဒေသတွေအတွက် အထူးစီမံကိန်းတွေ ချပေးဖို့ လိုအပ်သလို တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ ကဏ္ဍကလည်း သိပ်ကိုအရေးပါတာမို့ လျှစ်လျူရှု မထားသင့်ဘူးလို့ ဒေါက်တာဘေယာက ပြောပါတယ်။
VOA (မြန်မာပိုင်း)

မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်းခွဲကျော် အကူအညီတွေ လိုအပ်


ရေကြီးနေတာ ၃ ရက်ရှိပြီဖြစ်တဲ့ မြဝတီမြို့မှာ ဘေးလွတ်ရာပြောင်းရွှေ့ပေးလိုက်ရ သူ နှစ်သောင်းခွဲကျော်ရှိနေပြီ လို့ လူမှုဝန်ထမ်းအဖွဲ့တွေကပြောသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့လိုနေတယ် လို့ ဒေသခံတွေကပြောကြပါတယ်။

ဒီနေ့ ရေက ၁ ပေကျော်လောက်ကျသွားပေမဲ့ ထူးခြားမှုမရှိသေးပဲ နောက်ရက်တွေမှာ ရေကြီးမကြီးဆိုတာ ထိုင်းနိုင်ငံဘက်က ဆည်ဖွင့်ချမယ့်အပေါ်မှာ မူတည်နေတယ်လို့ မြဝတီမြို့က ကုန်သည်တစ်ယောက် ကပြောပါတယ်။

မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားကနေစီးဆင်းနေတဲ့ သောင်ရင်းမြစ်ဟာ တောင်ဘက်ကနေ မြောက်ဘက် ကို ပြောင်းပြန်စီးတဲ့မြစ်ဖြစ်ပြီး သောင်းရင်းမြစ်အထက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ဆည်တွေတည်ဆောက်ထားပါတယ်။ အခုလိုမိုးကြီးတဲ့ကာလတွေမှာဆို ရေကာတာကျိုးမှာစိုးတဲ့အတွက် ဆည်ဖေါက်ချလေ့ရှိပြီး ရေကြီးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အနှစ် ၂ဝ ကျော်မှာ အဆိုးဆုံး ရေကြီးမှုဖြစ်တယ်လို့ သိရပါတယ်။

မြဝတီမြို့ရဲ့ ၄ ပုံ ၃ ပုံ ရေကြီးနေတဲ့အတွက် လောလောဆယ်မှာ သောက်သုံးရေရှားပါးလာပြီလို့ လည်း သိရပါတယ်။ ဈေးတွေ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးတဲ့အပြင်၊ ဘဏ်တွေကိုပါရေဝင်တဲ့အတွက် ပိတ်ထားရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စေတနာ့ဝန်ထမ်းဆရာဝန်တွေ၊ ဆေးမှူးတွေက လိုက်လံကူညီနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြဝတီကော့ကရိတ်ကားလမ်းမှာလဲ တောင်ပြိုတဲ့အတွက် လမ်းတွေပိတ်နေပြီး၊ ကုန်စည်သွားလာမှု အတွက်ရော ခရီးသည်သွားရေးတွေအတွက်ပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့ရဲ့ မြို့လည်ခေါင်မှာတော့ ပြီးခဲ့တဲ့ရက်က ရေလွှမ်းခဲ့ပေမယ့် မြို့ရဲ့ ရေနှုတ်မြောင်း စနစ်ကောင်းတဲ့အပြင်၊ သောင်ရင်းမြစ်ကမ်းပါးကိုလဲ ထိမ်းသိမ်းထားနိုင်တဲ့အတွက် ရေပြန်ကျသွားပြီဖြစ် လို့ ဒေသခံတွေအတွက် ရေဘေးဒဏ်ဆိုးဆိုးဝါးဝါးမခံလိုက်ရဘူးလို့ သိရပါတယ်။
RFA Burmese

ဝန်ကြီးချုပ်ဟောင်းဦးနုကို ၁၉၈၈ မှာ ကမ်းလှမ်းခဲ့ ဖူးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၈၈ အရေးတော်ပုံကာလအတွင်း ဝန်ကြီးချုပ်ဟောင်း ဦးနုကို ပူးပေါင်းလုပ်ဆောင်ဖို့ ကမ်းလှမ်းပြောဆိုခဲ့ဖူးတယ်လို့ RFA ကို ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
“စောစောပိုင်းကနေပြီးတော့ ကျမတို့ဖိတ်ခေါ်ခဲ့တာရှိပါတယ်၊ ဒါပေမယ့် အဲဒီတုန်းက ဘဘဦးနုကလည်း သူ့အသိုင်းအဝိုင်းနဲ့ သူရှိတယ်ဆိုတော့ သတ်သတ်လုပ်တဲ့ အခြေအနေဖြစ်သွားတာပေါ့”

တဆက်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်စဉ်က ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးနဲ့ ဘာကြောင့်ပူးပေါင်းခဲ့တာလဲလို့လည်း RFA ကမေးမြန်းခဲ့ပါတယ်။

“အဲဒီတုန်းက ဦးအောင်ကြီးရယ်၊ ဦးတင်ဦးရယ်၊ ကျမရယ်ပူးပေါင်းလို့ရှိရင် ဒီမိုကရေစီလှုပ်ရှားမှုအတွက် အများကြီးကောင်းမယ်၊ အင်အားဖြစ်မယ်ဆိုပြီး အများကလည်း ဝိုင်းပြီးတော့ တိုက်တွန်းကြတယ်၊ အဲဒီအခြေအနေအရလည်း ဒီလိုလုပ်ရင်ကောင်းမယ်ထင်ပြီးတော့ လုပ်ခဲ့တာ”

ဒါ့အပြင် မြန်မာပြည်မှာ လက်ရှိဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာဟာ ၈၈ လူထုအုံကြွမှုရဲ့ အကျိုးဆက်ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အခုဒီလိုပြောင်းလဲမှု ဖြစ်တယ်ဆိုတာဟာ ၈၈ ကနေပြီးတော့ မြစ်ဖျားခံခဲ့တယ်၊ နောက်ဒီကြားထဲမှာလည်း တခြားကိစ္စတွေ အများကြီးဖြစ်ခဲ့တယ်၊ နိုင်ငံကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက်ကို ဝိုင်းပြီးတော့တိုက်တွန်းခဲ့တယ်၊ နောက်အခုလက်ရှိအစိုးရကလည်း ဒီဟာကိုအခုလက်ခံဖို့ အချိန်တန်ပြီဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်၊ ဒါတွေအားလုံးပူးပေါင်းပြီးတော့ ဒီလိုအခြေအနေရောက်လာတာ"

ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပြုလုပ်တဲ့ အာဇာနည်နေ့ဆွမ်းကျွေးပွဲကို သူရဦးရွှေမန်းတက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာတော့ ဒီမိုကရေစီနဲ့ လူု့အခွင့်အရေးတွေကို ပြည်သူ့အတွက်အသုံးပြုဖို့ ရည်ရွယ်ချက် တူညီသူတစ်ဦးအဖြစ် ဦးရွှေမန်းကို သဘောထားကြောင်း ပြောဆိုပါတယ်။
RFA Burmese

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဟုတ်ပါ့မလား မောင်ကာဠု

ဒီရက်ပိုင်းတွေမှာ တိုင်းပြည်အ တွက်မင်္ဂလာရှိတဲ့သတင်းတွေကို ကြား နေရတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ် ရေးထိုး ပြီးရင် နိုင်ငံရေးကိစ္စဆွေးနွေးတော့မယ် ဆိုတဲ့သတင်း။ အဲဒီလိုနိုင်ငံရေးကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည်ကို ပါဝင်စေချင်တယ် ဆိုပြီး အ ပစ်ရပ်အဖွဲ့နှစ်ဖွဲ့က သဘောထားထုတ် ပြန်တယ်ဆိုတဲ့သတင်း၊ အပစ်ရပ်တိုင်း ရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ အားလုံးနဲ့ နိုင်ငံရေးဆွေးနွေးတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ဆွေးနွေးမယ်လို့ အစိုးရဘက်က ပြောတယ်ဆိုတဲ့ သတင်းတွေပါ။

တိုင်း ပြည်ကောင်းဖို့လုပ်တဲ့ ကိစ္စ၊ လုပ်မယ့် ကိစ္စမျိုးကို ဘယ်အဖွဲ့အစည်းကပဲ လုပ် လုပ် ကြိုဆိုကြရမှာပဲ မဟုတ်လား။ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးလို့ ပြောနိုင်တဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ အခု ဆိုရင် ၆၅ နှစ်တောင် ကျော်ခဲ့ပါပြီ။ အဲဒီ သက်တမ်းရှည်ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့ ကြိုးစားအားထုတ်မှုမှန်သမျှ ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမှာပါ။ ပြည်သူလူထုကြီးရော၊ လက်နက် ကိုင်တိုက်ခဲ့တဲ့ ဘက်နှစ်ဖက်စလုံးပါ တကယ်ဝမ်းသာရမယ့် အခြေအနေမျိုး ရောက်လာရလာအောင် ရိုးရိုးသားသား လုပ်ကြဖို့ပဲ လိုပါလိမ့်မယ်။

ရိုးသားဖို့လိုမယ်လို့ ပြောရတာ ဟာ မရိုးမသားလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတိတ်သမိုင်းတွေရှိခဲ့လို့ပါ။ အဲဒီအတိတ်ဆိုးတွေကို သင်ခန်းစာယူ ပြီးအကောင်းဆုံး လုပ် ကိုင်နိုင်ကြလိမ့် မယ်လို့ မျှော်လင့်ထားပါတယ်။ အတိတ် ဆိုးကိုနမူနာယူမှာ မဟုတ်တော့ဘူးလို့ ပါယုံကြည်ထားပါရစေခင်ဗျာ့။

စစ်ပွဲမှာ အမှန်တရားကျဆုံး

ပြည်တွင်းစစ် ဖြစ်ခဲ့တဲ့ ၆၅ နှစ် ကျော်ကာလအတွင်း စစ်ကြောင့်ဆုံးရှုံး ကျဆုံးသွားရတာတွေထဲမှာ လူ့အသက် တွေ၊ ပစ္စည်းဥစ္စာတွေ၊ တိုင်းပြည်ဘဏ္ဍာ တွေသာမကဘဲ အမှန်တရားနဲ့ လွတ် လပ်မှုကလည်းထိပ်ဆုံးကပါတယ်လို့ ဆို ကြပါတယ်။ အဲဒီပြည်တွင်းစစ်ကြောင့် ရှင်သန်ကြီးမားပြီး တန်ခိုးထွားလာခဲ့ တာကတော့အာဏာရှင်စနစ်နဲ့ အာဏာ ပြဗိုလ်ကျရမ်းကားတဲ့ ဓလေ့စရိုက်တွေပဲ ဖြစ်ပါတယ်။ အဲဒီ့ အာဏာရှင်စနစ် ကြောင့်ပဲ ဒီမိုကရေစီရောလူ့ အခွင့်အ ရေးပါ ဆိတ်သုဉ်းမျိုးတုံးတော့မ လိုလို ဖြစ်ခဲ့ရတယ်။ ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ဖို့ကိစ္စမှာ တိုင်းရင်းသား လူမျိုးစု ပြဿနာဖြေရှင်းရေးဟာ ထိပ်ဆုံးနေရာ မှာ ရောက်နေတာကို ငြင်းမရပါဘူး။

ငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီရှင်သန် ဖွံ့ဖြိုးရေးဟာ အာမခံချက်မရှိနိုင်ပါဘူး။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရှင်သန်ရေး ဟာလည်း တိုင်းရင်းသားတွေနဲ့ သွေး စည်းညီညွတ်ရေးမရှိဘဲ မဖြစ်နိုင်ပါဘူး။ သွေးစည်း ညီညွတ်ဖို့ဆိုတာကလည်း တန်းတူအခွင့် အရေးမရှိရင် စိတ်ချပြီး ရေရှည်ခံတဲ့အာမခံချက် မဖြစ်နိုင်ပါဘူး။

ကျွန် မဟုတ်ဘူး၊ တန်းတူ

ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည် ကို ‘ပြည်ထောင်စုမြန်မာနိုင်ငံ’လို့ ခေါ် နေနိုင်တာဟာ ၁၉၄၇ တုန်းက ချုပ်ဆို ခဲ့တဲ့ ပင်လုံစာချုပ်ကြောင့် ဖြစ်ပါတယ်။ အင်္ဂလိပ်လက်အောက်မှာ ကျွန်ဖြစ်ခဲ့ ကြတော့ အဲဒီကျွန်ဘဝက လွတ်မြောက် ဖို့အတွက် အတူတကွ လက်တွဲတိုက်ပွဲ ဝင်ခဲ့ကြတဲ့ သမိုင်းရဲ့ကွင်းဆက်လို့ ပြော ရင်ရမှာပါ။အင်္ဂလိပ်လက်အောက် မကျ ရောက်ခင် ရှေ့ပိုင်းကာလတွေ တုန်းက ဆိုရင် တိုင်းရင်းသားလူမျိုးစုတွေဟာ သီးခြားလွတ်လပ်တဲ့ လူမျိုးတွေလို့ဆို ကြပါတယ်။

ရခိုင်နဲ့မွန်လူမျိုးတွေဆိုရင် မြန်မာဘုရင်လက်အောက်ကို မကျ ရောက်ခင်က ကိုယ့်ထီးကိုယ့်နန်းကိုယ့် ကြငှန်းနဲ့ ကိုယ့်အင်ပါယာတွေနဲ့ ဖြစ်ခဲ့ ကြတာဟာလည်း သမိုင်းမှာ အထင်အ ရှားရှိခဲ့ကြပါတယ်။ ရှမ်းက စော်ဘွား၊ ချင်းတွေကချင်တွေကလည်း သူ့ဒေသ ဆိုင်ရာအုပ်ချုပ်ရေးစနစ်တွေနဲ့ သီးခြားစီနေခဲ့ကြတာပါ။ ပင်လုံစာချုပ် ချုပ်ဆို ရမယ့်အခြေအနေ ရောက်လာတဲ့အခါ ဗိုလ်ချုပ်(ဦး)အောင်ဆန်းရဲ့ ဖိတ်ခေါ် ကမ်းလှမ်းချက်ကို ယုံကြည်လက်ခံပြီး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြ တာလို့တိုင်းရင်း သားတွေဘက်က ဆိုကြ တယ်။

အဲဒီကာလမှာ ဦးအောင်ဆန်းပြော ခဲ့တဲ့ စကားကိုတိုင်းရင်းသားခေါင်း ဆောင်တွေက ကိုးကားပြောလေ့ရှိပါ တယ်။ အဲဒါကတော့ -”ခင်ဗျားတို့ တောင်ပေါ်သားတွေ ကို အင်္ဂလိပ်ကျွန်ဘဝမှာ မနေစေချင် သလို ဗမာလူမျိုးတို့ရဲ့ ကျွန်ဘဝမှာလည်း မနေစေရဘူး။ တန်းတူရည်တူဆက်ဆံပါ့ မယ်။ ဗမာတစ်ကျပ်ရရင်ရှမ်းလည်းတစ် ကျပ်ရစေရမယ်”ဆိုတဲ့စကားပါပဲ။ ဗိုလ်ချုပ်အောင် ဆန်းကို ယုံလို့ ပင်လုံစာချုပ်မှာ လက် မှတ်ရေးထိုးခဲ့ကြတာတဲ့။

ဘယ်လူမျိုး၊ ဘယ်ပုဂ္ဂိုလ်ကမှ လက်နက်နဲ့တိုက်ခိုက် သိမ်းပိုက်ပြီး ကျွန်ပြုလိုက်လို့ ဒီနိုင်ငံဒီ နယ်နိမိတ်ထဲမှာ နေထိုင်ကြတာမဟုတ် ပါဘူးတဲ့။ ဘိုးဘွားအစဉ်အဆက် နေ ထိုင်ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေဒေသအသီး သီးကနေ မိမိတို့သဘောဆန္ဒအလျောက် ပူးပေါင်းပါဝင်ပြီး ဒီပြည်ထောင်စုနိုင်ငံ ကြီးကို ထူထောင်ခဲ့ကြတာတဲ့။ ဒါ ကြောင့် ဒီပြည်ထောင်စုကြီး ရဲ့အချုပ် အခြာ အာဏာတည်မြဲရေး၊ လွတ်လပ် ရေး အဓွန့်ရှည်တည်တံ့ရေးဆိုတဲ့ တာ ဝန်တွေဟာ လူမျိုးတစ်မျိုး၊ လူတန်းစား တစ်ရပ်တည်းရဲ့ တာဝန်မဟုတ်ဘဲနဲ့ တိုင်းရင်းသား လူမျိုးအားလုံးက တန်း တူရည်တူဆောင်ရွက်ရမယ့်တာဝန် ဖြစ် ပါသတဲ့။

တာဝန်ယူမှုမှာ တန်းတူရည် တူ ရှိဖို့လိုသလို အခွင့်အရေး ရရှိမှု အပိုင်းမှာလည်း တန်းတူရည်တူရှိဖို့ လို အပ်တယ်။ အခွင့်အရေးလည်း မရှိ၊ တာဝန်ယူပိုင်ခွင့်မရှိတဲ့ ဘဝဟာ ကျွန် ဘဝပါပဲတဲ့။ ဒီစကားတွေက လက်ခံနိုင်တဲ့ စကား၊ လက်ခံသင့်ကြတဲ့သဘောထား တွေလို့ ယူဆပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီဘက်တော်သားလို့ ခံယူထား သူတွေအတွက် စဉ်းစားတိုင်းတာစရာ ‘စံပေတံ’တစ်မျိုးလည်း ဖြစ်ပါလိမ့်မယ်။

အရေးကြီးတာက

ကျွန်တော်တို့တိုင်းပြည်ကို စစ် မှန်တဲ့ငြိမ်းချမ်းရေးရအောင် လုပ်ပေး မယ့် အဆုံးအဖြတ်ပေးမယ့်သူတွေက ဘယ်သူတွေလဲ။ အစိုးရကလွဲလို့ ဘယ် သူရှိမှာလဲလို့ လည်း မေးစရာဖြစ်နိုင်ပါ တယ်။ ဒီကနေ့ခေတ်မှာတော့ အစိုးရ ရော လွှတ်တော်မှာပါ တာဝန်ရှိတယ်လို့ ပြောရမယ်ထင်ပါတယ်။ အဲဒါတွေထက် အရေးကြီး တာက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆုံးဖြတ်လုပ်ပိုင်ခွင့် တွေ ရထားတဲ့ စစ်တပ်(တပ်မတော်)က ပိုလို့တောင် အခရာကျတယ်ဆိုပြီး ပြော လာတဲ့သူ ရှိရင်လည်း သဘောတူဖို့ ဝန် မလေးကြောင်းပါ ခင်ဗျာ့။

ပြီးတော့ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့လူ မျိုးရေးဝါဒတွေကလည်း ငြိမ်းချမ်းရေး အတွက် အတား အဆီးတွေဖြစ်နေ တာ ကြောင့် အဲဒါတွေကိုလည်း ဖယ်ရှားထား နိုင်ရေးက အရေးကြီးပါသေးတယ်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တွေနဲ့ ပြည် တွင်းစစ်ဖြစ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းက နိုင်ငံရေးပြဿနာ ဖြစ်ပြီး အဲဒီနိုင်ငံရေးပြဿနာရဲ့ အရေး ကြီးတဲ့အပိုင်းက နိုင်ငံရေးတန်းတူရပိုင် ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် လို့ ဆိုကြပါ တယ်။ ဒီနိုင်ငံရေးပြဿနာကို ရှင်းပြကြရမှာပါ။

ပူးပေါင်းနေတဲ့ ဖက်ဒရယ်

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ရှမ်း၊ ချင်း၊ ကချင်တိုင်းရင်းသားတွေက ”လွတ်လပ် ရေးရပြီးသည့်နောက် မြန်မာပြည်ထောင် စုမှ ကျွန်ုပ်တို့ခွဲထွက်လိုလျှင် ကျွန်ုပ်တို့ သဘောကျသည့်အချိန်တွင် ခွဲထွက်နိုင် ခွင့်ရှိစေရမည်”ဆိုတဲ့ တောင်းဆိုချက်ကို ဗိုလ်ချုပ်အောင်ဆန်းက မကန့်ကွက်ဘဲ ထောက်ခံခဲ့ တယ်လို့ဆိုပါတယ်။ ၁၉၄၇ မေလက ကျင်းပတဲ့ ဖဆပလပဏာမ ပြင်ဆင်မှုညီလာခံကြီးမှာ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ဦးစီးရေးဆွဲခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း ၁၂ မှာ ခွဲထွက်နိုင်ခွင့်ကို အတိ အလင်းပြဋ္ဌာန်းပေးခဲ့တယ်။

၁၉၄၇ ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၁ဝ မှာလည်း ခွဲထွက်နိုင်တဲ့ အခွင့် အရေး တွေကို ပြဋ္ဌာန်းပေးခဲ့တယ်လို့ ဆိုပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သဘော တူခဲ့ကြတုန်းက ပြည်ထောင်စုစနစ် ဖြစ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကျ ဆုံး သွားပြီးနောက်ပိုင်းမှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၄၇ ဟာ ”အမည်နာမအားဖြင့် ပြည်ထောင်စုလို့ ခေါ်ပေမယ့် အနှစ်သာရမှာတော့ တစ် ပြည်ထောင် စနစ် ပဲဖြစ်တယ်”လို့ ရေးဆွဲ သူတွေထဲမှာပါခဲ့တဲ့ ဦးချန်ထွန်းကိုယ် တိုင်က ဝန်ခံခဲ့ပါသတဲ့။

အဲဒါကြောင့် လည်း တိုင်းရင်းသားလူမျိုးတွေက တန်း တူရည်တူအခွင့် အရေး ရဖို့ ပြည်ထောင် စုစစ်စစ်ဖြစ်ဖို့အတွက် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးကို ဆွေးနွေးတိုက်တွန်းခဲ့ကြတယ်။

အဲဒီ အခြေအနေမှာ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ အ ကြောင်းပြချက်နဲ့ ၁၉၆၂ မတ်လမှာ အာဏာသိမ်းခဲ့တယ်။ သူ့လက်ထက် က ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လည်းတစ်ပြည်ထောင်စနစ်ပါပဲတဲ့။ တိုင်းရင်းသား လူမျိုးစုတွေ ဘက် က ပြောခဲ့တဲ့ ပြည်ထောင်စု စစ်စစ်ဖြစ် ရေးဆိုတဲ့ ဖက်ဒရယ်မူဟာ ခွဲထွက်ရေး မဟုတ်ဘူးလို့ ၁၉၆၂ကတည်းက ပြောခဲ့ ကြတာရှိပါတယ်။

အခုအချိန်မှာတော့ ဖက်ဒရယ်ကို ခွဲထွက်ရေးလို့ဘာသာပြန် တဲ့ခေတ်က ကုန်သွားပါပြီ။ သုံးနေတဲ့ သူရှိရင်လည်း ခေတ်နောက်ကျတဲ့သူ ဖြစ်နေပါပြီ။ ဒီကနေ့ပြောနေတဲ့ ဖက် ဒရယ်စနစ်ဆိုတာ နိုင်ငံရေးတန်းတူခွင့် နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံချက် ခိုင် မာတဲ့ပြည်ထောင်စုစနစ်ဖြစ်ပါတယ်။ သီးခြားစီ ခွဲထွက်သွားရေးမဟုတ်ဘဲ တန်းတူသွေးစည်းညီညွတ်စွာ ပေါင်း စည်းရေးပဲ ဖြစ်ပါတယ်။

မောင်အရင်လို မဟုတ်တော့ဘူး

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရဖြစ်လာတဲ့ လက်ရှိပြည်ခိုင်ဖြိုးအစိုးရ လက်ထက်ရဲ့ အခုနောက်ပိုင်းကာလမှာ အရင်စစ်အစိုးရလက်ထက်တွေနဲ့ မတူ တဲ့ အပြောင်းအလဲတွေ ရှိလာတယ်။ အရင်အစိုးရတွေက အာဏာသိမ်းစစ် အစိုးရတွေဖြစ်ပြီး အခုအစိုးရက ဖွဲ့ စည်းပုံနောက်ခံနဲ့ရွေးကောက်ပွဲနဲ့ တက် လာတာကြောင့်ဆိုတာ မပြောဘဲနဲ့ သိ ကြပြီးသားပါ။ ပြီးတော့ ဒီမိုကရေစီ စကားကို တွင်တွင်ကျယ်ကျယ်ပြောလာ ပြီး ကမ္ဘာကြီးနဲ့လမ်းဖွင့်ဖို့ အနောက် အုပ်စုနဲ့ လက်ဆွဲနှု တ်ဆက်ရင်းမိတ်ဖက် ဆက်ဆံရေးတွေ ထူထောင်ဖို့ အစွမ်း ကုန်ကြိုးစားနေတဲ့ကာလ။

အစိုးရရည် မှန်းချက်တွေလည်း အေ တ်ာကြီး ပေါက် မြောက်နေတဲ့ အချိန်မျိုးမှာ ပြည်တွင်းနဲ့ နိုင်ငံတကာက တစ်လျှောက် လုံး ဝေဖန် ထောက်ပြခဲ့ တဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး ပြဿနာ ကို တစ်ဆင့်ပြီးတစ်ဆင့် ကိုင်တွယ်လာတာ လည်း ဖြစ်ပါတယ်။ ဒါကို ကြိုဆိုကြရ မှာပါ။

ငြိမ်းချမ်းဖို့ဆိုရင်

ဒီကနေ့ခေတ်မှာ ပြည်တွင်းငြိမ်း ချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသား လူမျိုး တွေရဲ့နိုင်ငံရေးတန်းတူခွင့်ကို ခိုင်မာတဲ့ အာမခံချက်နဲ့ သက်သေပြနိုင်မှဖြစ်မှာ ပါ။ နိုင်ငံရေးပြဿနာ ကို ကျေလည် အောင်ဖြေရှင်းနိုင်ပြီဆိုရင် စစ်ရေးကိစ္စ နဲ့ဆက်စပ်နေတဲ့ နောက်ဆက်တွဲပြဿ နာတွေကိုလည်း တဖြည်းဖြည်းဖြေရှင်း လို့ရနိုင်ပါလိမ့်မယ်။

နိုင်ငံရေးတန်းတူ ခွင့်ကို အာမခံချက်ပေးနိုင်မယ့် ခိုင်မာ တဲ့သက်သေပြချက်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို ပုံဖော်ပြဋ္ဌာန်းထား တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်တယ်လို့ လက်ခံသတ်မှတ်ထားကြ တယ်။ အဲဒီလိုဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးဆွဲရေးနဲ့ ငြိမ်းချမ်း ရေးဟာ အရေးကြီးတဲ့ကွင်းဆက်တစ်ခု လို့ပြောရမှာပါ။ ငြိမ်းချမ်းရေးနဲ့ ဒီမိုက ရေစီရေးဆိုတာကလည်း ရင်ချင်းဆက် အမြွှာ (ဒါမှမဟုတ်)ဒင်္ဂါးပြားရဲ့ ခေါင်း နဲ့ပန်း။

ဟုတ်ပါ့မလား မောင်ကာဠုရေ

ကျွန်တော်က ငြိမ်းချမ်းရေး အ ကြောင်းတွေးနေတဲ့အချိန်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ‘ငါမသေခင် တိုင်းပြည်ငြိမ်းချမ်းရေးရတာ မြင်သွား ချင်တယ်”ဆိုတဲ့ စကားကို သတိရမိ လိုက်တယ်။ တိုင်းပြည်ငြိမ်းချမ်းစေချင် တဲ့ဆန္ဒတွေပြင်းပြစွာနဲ့ အားထုတ်လုပ် ကိုင်ရင်း ငြိမ်းချမ်းရေးကို မမြင်ခဲ့ရဘဲ ကွယ်လွန်သွားခဲ့ကြသူတွေ တိုင်းပြည်မှာ ဘယ်လောက်တောင်ရှိခဲ့ပါပြီလဲ။

စာဖတ် သူတွေနဲ့ ကျွန်တော်လည်း ငြိမ်းချမ်းရေး ရချင်သူတွေထဲမှာ ထိပ်ဆုံးကပါနေလိမ့် မယ်ထင်တယ်။ ကျွန်တော်တို့ ကတော့ တိုင်းပြည် ငြိမ်းချမ်းရေးရတာကို မြင်ရမှာ သေချာ ပါတယ်လို့ ပြောရင် ‘ဟုတ်ပ့ါမလား မောင်ကာဠုရေ’လို့များ ပြောဦးမှာလားခင်ဗျာ့။

နောင်ကျော်
(၂၄-၇-၂ဝ၁၃)
Popular Myanmar News Journal

အရစ်ကျဖုန်းဝယ်ထားသူများ စာချုပ်ရရှိရန် ကျပ်တစ်သောင်း ထပ်မံပေးရ

အရစ်ကျစနစ်ဖြင့် ဖုန်းဝယ်ယူထား သူအချို့မှာစာချုပ်ရရှိရေးအတွက် ကျပ် တစ်သောင်း ထပ်မံပေးနေရသည်ဟု ဖုန်းဝယ်ယူထားသူများမှ သိရသည်။

''ဖုန်းစာချုပ်ဆိုပြီး အကြောင်းကြား လို့စာချုပ်သွားယူပါတယ်။ ဟိုရောက် တော့စာချုပ်အတွက် ကျပ်တစ်သောင်းပေး ရမယ်။ ဒီငွေကို ကျွန်တော်တို့ဆိုင်က တောင်းတာမဟုတ်ဘူး။ ဆက်သွယ်ရေးက တောင်းလို့ ယူရတာပါလို့ ပြောပါတယ်'' ဟု စမ်းချောင်းမြို့နယ်မှ အရစ်ကျဖုန်း ဝယ်ယူထားသူမသန်းသန်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျပ် နှစ်သိန်းတန်ဖုန်းများအား အရစ်ကျရောင်း ချပေးသည့် စမ်းချောင်းမြို့နယ်ရှိ ဖုန်း ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက အရစ်ကျဖုန်းဝယ်ယူထားသူများ စာချုပ် ရရှိရေးအတွက် ကျပ်တစ်သောင်းကောက် ယူသည်မှာမှန်ကန်ကြောင်း၊ ယင်းငွေကို ဆိုင်မှယူခြင်းမဟုတ်ကြောင်း ဖုန်းတစ် ဆင့်ဝယ်ယူရ သည့် မြန်မာ့ဆက်သွယ်ရေး ဌာနမှယူခြင်းဖြစ်ကြောင်း စာချုပ်ရရှိရေး အတွက် ဆိုင်မှ ငွေများစိုက်၍ယူခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့်စိုက်ငွေပြန်ရ ရှိရေးအ တွက် တောင်းခံခြင်းဖြစ်ကြောင်း ပြောသည်။

ယင်းသို့ အရစ်ကျဖုန်းများ အား စာချုပ်ရရှိရေးအတွက် ကျပ်တစ် သောင်းပေးသွင်းရမှုတွင် မြန်မာ့ဆက် သွယ်ရေးမှ တိုက်ရိုက်ရောင်းချထားသည့် ဖုန်းများပါဝင်ခြင်းမရှိဘဲ မိုဘိုင်းဖုန်းဆိုင် များမှတစ်ဆင့် ဝယ်ယူထားသည့်ဖုန်းများ သာဖြစ်ကြောင်း သိရသည်။

အရစ်ကျမိုဘိုင်းဖုန်းရောင်းချမှုနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ အထွေထွေမန်နေဂျာဦးကျော်စိုး ဝင်းက ''ဖုန်းစာချုပ်ရဖို့ ဘာငွေမှ ပေးစရာ မလိုပါဘူး။ ကောက်လည်းမကောက်ဘူး။
သူတို့သွင်းထားတဲ့ ငွေတော်တော်များနေ ပါပြီ။ အခုတစ်ထောင့်ငါးရာ တန်ဖုန်း တောင်ပေါ်နေပြီဆိုတော့ ဘယ်လိုနည်း နဲ့မှ မကောက်ပါဘူး'' ဟုပြောသည်။

ယင်းအပြင် ဖုန်းစာချုပ်များအား ဖုန်းများ ရောင်းချပေးသည့်သက်ဆိုင်ရာ တိုင်းမန်နေဂျာရုံး၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးများ၌ ဖုန်းဝယ်ခဲ့သည့်အထောက် အထားများပြ၍ယူနိုင်ကြောင်း၊ အဆိုပါ ရုံးများမှ ငွေတောင်းခံခြင်းများပြုပါက တိုင်ကြားနိုင်ကြောင်း ¤င်းကဆက်လက် ပြောသည်။

ကျပ်နှစ်သိန်းတန်ဂျီဖုန်းများ ကို မြန်မာ့ဆက်သွယ်ရေးနှင့်ပုဂ္ဂလိကဖုန်း ဆိုင်များကအရစ်ကျရောင်းချခြင်းကို၂ဝ၁၂ ခုနှစ်ကုန်ပိုင်း တွင်ပြုလုပ်ခဲ့ပြီး မြန်မာ့ဆက် သွယ်ရေးမှကနဦးပေးသွင်းငွေ ကျပ်လေး သောင်း၊ မိုဘိုင်းဖုန်းဆိုင်များမှ ကျပ်ခြောက် သောင်းဖြင့် ရောင်းချခဲ့သည်။
အောင်ဇော်
Popular Myanmar News Journal

ကျွဲကျောင်းသားတစ်ဦး၏ ပုပ်ပွနေသည့်အလောင်း ရေမြောင်းထဲတွေ့

ရန်ကုန်၊ ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် (၁၂၁) ရပ်ကွက်၊ လယ်ကွင်းပြင်ရှိ ရေမြောင်းထဲမှ ဇူလိုင်လ ၃၀ ရက် နံနက် ၁၁နာရီ ၃၀မိနစ်က အသက် ၅၀ အရွယ်ရှိ ကျွဲကျောင်းသားအမျိုးသား အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

သေဆုံးသူသည် အဆိုပါရပ်ကွက် အင်းဝလမ်းတွင် နေသူ ဦးဘာဘူကြီး ဖြစ်ပြီး ၄င်းသည် အရက်အလွန်အကျွံ သောက်စားတတ်သူ တစ်ဦးဖြစ်ကြောင်း လွန်ခဲ့သော သုံးရက် (ဇူလိုင်လ ၂၇ ရက်) ခန့်က ကျွဲကျောင်း သွားရာမှ ပျောက်ဆုံးခဲ့ပြီး ဒဂုံအင်တာ နေရှင်နယ်ကုမ္ပဏီပိုင် လယ်ကွင်းရှိ အကျယ် ၁၀ပေ၊ အနက် ရှစ်ပေရှိ ရေမြောင်းထဲမှ အလောင်းကို ပုပ်ပွ၍ ပြန်လည်တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း (၁၂၅) ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးအောင်ချမ်းသာက The Voice သို့ ပြောကြားသည်။

"ကျွဲကျောင်းသားကောင်လေးက တွေ့ပြီး ရပ်ကွက်ရုံးကို လာပြောလို့ ရဲစခန်း ကို အကြောင်းကြား ခဲ့တယ်။ သွားကြည့်တော့ အလောင်းက တော်တော်လေး ပုပ်ပွ နေပါပြီ" ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ် ရေးမှူးက ထပ်မံပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း ၁၁/၂၀၁၃ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

ခွင့်ပြုချက်မရှိဘဲ ခွေး မွေးမြူသူကို အရေးယူ

ဓါတ်ပုံ google
မန္တလေး၊ ဇူလိုင် ၃၀မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ မြောင်းဘောင် ရပ်ကွက် တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ တင်ပို့ ရောင်းချရန်အတွက် ခွေး ၁၇၂ ကောင်ကို ခွင့်ပြုချက် မရှိဘဲ မွေးမြူထားသူ ဦးထွန်းလင်းကို မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေ ပုဒ်မ ၉၀ ဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဆိုပါ ရပ်ကွက်ရှိ ဦးထွန်းလင်း၏ ခြံဝင်း အတွင်းသို့ ဇူလိုင်လ၂၆ ရက်နေ့က ဝင်ရောက် ရှာဖွေရာ ခြံဝင်းအတွင်းရှိ ခွေးသိုလှောင်ရုံအတွင်း ခွေး ၁၇၂ ကောင်ကို ခွင့်ပြုချက်မရှိဘဲ မွေးမြူထားသဖြင့် စဥ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးစိုးမြင့်က တရားလို ပြုလုပ်၍ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေ ပုဒ်မ ၉၀ အရ လည်းကောင်း၊ စဥ့်ကိုင်မြို့နယ် သစ်တော ဦးစီးဌာနက တရားမဝင် လိုင်စင်မဲ့ လွှဝိုင်းထားရှိခြင်းကြောင့် သစ်တော ပုဒ်မ ၄၂/(ဂ)အရ လည်းကောင်း စဥ့်ကိုင်မြို့နယ် တရားရုံးသို့ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ ရုံးထံမှ သိရှိရသည်။

“မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းမှာ ခွင့်ပြုချက် မရှိဘဲ တိရစ္ဆာန်တွေကို ဖမ်းဆီး၊ သိုလှောင်ထားခွင့် မပြုဘူး။ အဲဒါကြောင့် တရားရုံး ကို ဦးတိုက် လျှောက်ထားရတာပါ။ ခွေးတွေကိုတော့ ပိုင်ရှင်အိမ်မှာပဲ အခုလောလောဆယ် ထားထားရပါတယ်။ ခွေးတွေကို ဘယ်မှာ ထားရမယ် ဆိုတာကို တရားရုံးက ဆုံးဖြတ်မှာပါ” ဟု စဥ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးမြင့်က ပြောကြားသည်။

အဆိုပါ ခြံကို ဇူလိုင်လ၂၆ ရက်နေ့က ဝင်ရောက် ရှာဖွေခဲ့ရာ လိုင်စင်မဲ့ ဆိုင်ကယ် ခုနစ်စီး၊ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး၊ ခွေး သိုလှောင်ရုံ အတွင်းမှ ခွေး ၁၇၂ ကောင်ခန့်နှင့် သစ်ပြန်စိပ် စက် တစ်လုံး တို့ တွေ့ရှိရပြီး လိုင်စင်မဲ့ ဆိုင်ကယ် သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ ပလိပ် နယ်မြေ ရဲစခန်းက (ပ)၄၈/၂၀၁၃ ၊ ပို့ကုန်၊ သွင်းကုန် ပုဒ်မ ၈၊ လိုင်စင်မဲ့ မော်တော် ယာဉ် သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ (ပ)-၄၉/၂၀၁၃ ပို့ကုန် သွင်းကုန် ပုဒ်မ ၈ တို့အရ အမှုဖွင့် စစ်ဆေးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

“ခွေးတွေက သက်သေခံပစ္စည်း ဆိုရင် ရဲစခန်းမှာပဲ ထားရမှာလေ။ ဆိုင်ကယ်တွေ၊ ကားတွေကတော့ သက်သေခံပစ္စည်း အနေနဲ့ ရဲက သိမ်းထားတယ်” ဟု ပုလိပ်မြို့ ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ ဖမ်းဆီးခွေး အကောင် ၁၇၂ ကောင်ကို ယင်းခြံဝင်းတွင်းသာ ထားရှိကြောင်း မျက်မြင် တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

ပလိပ်မြို့၊ မြောင်းဘောင်ရပ်ကွက်တွင် နေထိုင်သူ ခြံပိုင်ရှင် ဦးထွန်းလင်း (၄၆နှစ်) သည် ၁၉၉၈ ခုနှစ်မှ စတင်ကာ ဆိုင်ရာ ဌာန/တပ်ဖွဲ့/စည်ပင်သာယာတို့၏ ခွင့်ပြုချက်ဖြင့် မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ တံတားဦး၊ စဥ့်ကိုင်၊ မြစ်သားမြို့နယ်တို့မှ ခွေးလေ ခွေးလွင့်များကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချကြောင်း အဆိုပါ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများ အရ သိရှိရသည်။
The Voice Weekly

ဆီးဂိမ်းစ်အတွက် ပြင်ဆင်မည့် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ-၂၃ လူစာရင်း ထုတ်ပြန်

Thursday, 01 August 2013၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲနှင့် ခြေစမ်းပွဲများ အတွက် ပြင်ဆင် လေ့ကျင့်မည့် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း လူစာရင်းကို  အသင်းနည်းပြချုပ် ပတ်ဆောင်ဟွာ ၏ ရွေးချယ်မှုဖြင့် ယနေ့ သြဂုတ်လ (၁)ရက်နေ့က ထုတ်ပြန် လိုက်သည်။ အဆိုပါ လူစာရင်းတွင် ကစားသမား (၃၀)ဦး ပါရှိပြီး ဆီးဂိမ်းစ် မတိုင်မီ ကစားရန် ရှိသည့် ခြေစမ်းပွဲများ၊ ဖိတ်ခေါ် ပြိုင်ပွဲများ အတွက် စခန်းသွင်း လေ့ကျင့်ရန် ဖွဲ့စည်းခြင်း ဖြစ်သည်။

ပတ်ဆောင်ဟွာ ရွေးချယ်ထားသည့် လူစာရင်းတွင် ရန်ကုန် ယူနိုက်တက်မှ (၄)ဦး၊ ရတနာပုံ အက်ဖ်စီမှ (၆)ဦး၊ ကမ္ဘောဇ အက်ဖ်စီမှ (၂)ဦး၊ မကွေးအက်ဖ်စီ မှ (၅)ဦး၊ ဇေယျာရွှေမြေ အက်ဖ်စီ မှ (၄)ဦး၊ ဆောက်သမ်း မြန်မာ အက်ဖ်စီမှ (၁)ဦး၊ ဟံသာဝတီ ယူနိုက်တက်မှ (၂)ဦး၊ ရခိုင် ယူနိုက်တက်မှ (၃)ဦး၊ ဧရာဝတီ ယူနိုက်တက်မှ (၃)ဦး ပါဝင်ပြီး  သြဂုတ်လ ၁၂ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ စခန်းဝင် လေ့ကျင့်သွား မည်ဖြစ်သည်။

ပဏာမ ယူ-၂၃ အသင်းသည် အောက်တိုဘာ ၁၅ ရက်နေ့တွင် ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ကစားမည် ဖြစ်ကာ အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လအတွင်း ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ သွားရောက် လေ့ကျင့် ခြေစမ်း ကစားရန် စီစဉ်ထားသည်။

ပဏာမ မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း ကစားသမား စာရင်း

ဂိုး - ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ရန်အောင်လင်း (ဟံသာဝတီ)

နောက်တန်း - သိန်းသန်းဝင်း (ကမ္ဘောဇ)၊ နန္ဒကျော် (မကွေး)၊ ကောင်းမြတ်ဦး (ရခိုင်)၊ ဇော်မင်းထွန်း၊ ရဲလင်းအောင်၊ ရန်အောင်ဝင်း၊ သက်နိုင် (ရတနာပုံ)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ မင်းကိုသူ (ရခိုင်)၊ အောင်ဇော် (ဟံသာဝတီ)

အလယ်တန်း - မောင်မောင်သန့် (ရခိုင်)၊ ဆက်ဖြိုးဝေ (ရန်ကုန်)၊ ရဲလင်းအောင် (ဇေယျာရွှေမြေ)၊ ထူးထူးအောင် (မကွေး)၊ ကျော်ဇေယျာဝင်း (ကမ္ဘောဇ)၊ ဟိန်းဇာအောင် (မကွေး)၊ နန္ဒလင်းကျော်ချစ် (ဧရာဝတီ)၊ မျိုးဇော်ဦး (မကွေး)၊ ကြည်လင်း (ရန်ကုန်)၊ စိုးပိုင်သွေး (ဇေယျာရွှေမြေ)၊ ဒေးဗစ်ထန်း (ရန်ကုန်)၊ နေလင်းထွန်း (ဧရာဝတီ)

ရှေ့တန်း - ကောင်းစည်သူ၊ ဒွေးကိုကိုချစ် (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)
Okocha
Myanmar Football Federation

သေမင်းတမန် တောင်တွင် ထူးဆန်းသောရောဂါကြောင့် လူ ၃၀ဝ ခန့် သေဆုံး

သေမင်းတမန်တောင်အား အဝေးမှ တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ/ရန်ကုန်တိုင်းမ်) သေမင်းတမန်တောင်အား အဝေးမှ တွေ့ရစဉ်
ရန်ကုန် ၊ ဇူလိုင် - ၃၁   
မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ်တွင်ရှိသော သေမင်းတမန် တောင် မီးလန်းသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော လုပ်သားများအနက် လုပ်သား ၃ဝဝသည် ပုံစံတူရောဂါတစ်မျိုး ဖြင့် သေဆုံး ခဲ့ကြောင်း အသက် ဆုံးရှုံးခဲ့သည့် အလုပ်သမားမိသား စုများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြောကြား လိုက်သည်။

ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် ချောင်းကြီးကျေးရွာရှိ ဒေသအခေါ် 'မီးလန်း'ဆိုသည့် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်သည့် ချောင်းကြီးကျေးရွာမှ အလုပ်သမား များတွင် အဆုတ်ကင်ဆာကဲ့သို့ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါတစ်မျိုးကြောင့် ယင်းသတ္တု မိုင်းတွင်းစတင်သည့် ၁၉၉၅ခုနှစ်မှ ယနေ့အချိန်အထိ အလုပ်သမား ပေါင်း၃ဝဝခန့်သည် ပုံစံတူရောဂါ တစ်မျိုးတည်းဖြင့် သေဆုံးခဲ့ရ ကြောင်း ချောင်းကြီးကျေးရွာ ဒေသခံတို့၏ ပြောကြားမှုများ အရ သိရသည်။

''သားသုံးဦးစလုံး ဒီလုပ်ငန်း ခွင်မှာ ဝင်လုပ်ကိုင်ခဲ့ကြတယ်။ ငွေလဲ ရခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ဖြစ်လာတဲ့ရောဂါကို အဲဒီငွေတွေ နဲ့ ပြန်ကုတာတောင် မရတော့ဘူး။ သားတွေကို ဒီလုပ်ငန်းမှာ လုပ်ကိုင်စေခဲ့တာက အဒေါ်ကို အခုလို အထီးကျန် ဆန်စေခဲ့ တယ်'' ဟု တီဘီကဲ့သို့ လက္ခဏာတူညီ သည့်ရောဂါဖြင့် သားသုံးဦးစလုံး ရောဂါတူ၊ ပုံစံတူ၊ တစ်နှစ်ခြား ပြီး သေဆုံးခဲ့ရပုံကို မိခင်ဖြစ်သူ ဒေါ်ရွှေဥက ပြောသည်။

အဆိုပါ သတ္တုမိုင်းတွင် သတ္တုတူးဖော်ရေးဆိုင်ရာလုပ်ငန်း မျိုးစုံရှိပြီး ယခုကဲ့သို့သေဆုံးခဲ့သည့် အလုပ်သမားများသည် သတ္တုကို လေမှုတ်စက်(လေဂမ်း)ဖြင့်မှုတ် သည့်လုပ်ငန်းခွင်မှ အလုပ်သမား များဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဝင် ပြီးနောက် သုံးနှစ် မှ ငါးနှစ် အတွင်း ရောဂါဖြစ်ပွားပြီး သေဆုံးကြခြင်း ဖြစ်ကြောင်း သိရသည်။  ယင်းကဲ့ သို့ဖြစ်မည်ကို အလုပ်သမားများ အနေဖြင့် ကြိုတင်သိရှိနေသော် လည်း မိသားစုဝင်ငွေလိုအပ်ချက် အရ ကျေးရွာသားများက လုပ်ကိုင် ခဲ့ခြင်းဖြစ်  ကြောင်း၊ လုပ်ငန်းခွင် တွင် ယင်းကဲ့သို့ရောဂါဖြစ်နေသူ ကို 'ဂမ်း'ရောဂါသမားဟု အမည် တွင်ခေါ်ယူနေသည်အထိ အခြေ အနေဆိုးရွားလျက်ရှိကြောင်း ချောင်းကြီးကျေးရွာ ဒေသခံများ ၏ပြောကြားချက်အရ သိရသည်။ ချောင်းကြီး ကျေးရွာသား ဦးလှငွေ က ''ဂမ်းရောဂါဖြစ်တဲ့သူ တိုင်းသေကြတာပဲ။ အခုဆိုရင် ကျေးရွာကလူတွေက မလုပ်သ လောက်ရှားနေပြီ။ ရှိတော့ရှိသေး တယ်''ဟုပြောသည်။ ဒေါ်ရွှေဥက''သားတွေနဲ့အ တူ အလုပ်ဆင်းခဲ့ကြတဲ့ သူငယ် ချင်းခြောက် ဦးလဲ ဒီရောဂါနဲ့ပဲ သေ ကုန်ပြီ''ဟု ဆက်လက်ပြော သည်။

မကြာသေး မီရက်ပိုင်းများ အတွင်းက ယင်းရောဂါဖြင့်သေ ဆုံးခဲ့သည့် အမျိုးသားတစ်ဦးရှိခဲ့ ပြီး ရောဂါဖြစ်ပွားနေပြီး သေဆုံး မည့်အချိန်ကို စောင့်နေသူများ လည်း ကျေးရွာတွင်ရှိနေကြောင်း ချောင်းကြီးရွာသားများက ပြော သည်။ မီးလန်း သတ္တု တွင်း (ဒေသ အခေါ် သေမင်းတမန်တောင်)ကို ၁၉၉၅ခုနှစ်ဝန်းကျင်မှ စတင်တူး ဖော်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီနှစ်ခုခန့်က ပြောင်းလဲလုပ် ကိုင်ခဲ့ပြီဖြစ်ကြောင်း ကျေးရွာသား များကပြောသည်။
ကျော်ဇေယျ
Yangon Media Group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com