http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မီးသတ်စခန်း ဖျက်ဆီးသူတွေ အရေးယူပေးဖို့ တောင်းဆို

2013-05-06
မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့ မြောက်ဘက် ၆  မိုင်အကွာမှာရှိတဲ့ တံငါ(မြောက်)ကျေးရွာအုပ်စု မီးသတ်တပ်ဖွဲ့စခန်း မနေ့ညက ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဒေသခံ ရွာသူ၊ ရွာသား ၁၀၀ ကျော်က အဲဒီစခန်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက သွားရောက်စုဝေးပြီး ဖျက်ဆီးသူတွေကို အရေးယူပေးဖို့  ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီမီးသတ်စခန်းကို ကျေးရွာစိုက်ပျိုးရေးနဲ့ ကုန်ထုတ်သမ၀ါယမအသင်းလီမိတက် ဒါရိုက်တာ အပါအ၀င် ၇ ဦးက မနေ့ည ၁၂ နာရီလောက်က လာရောက်ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ရွာသားတွေက ပြောပါတယ်။

အခုလို ဆန္ဒပြခဲ့ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ တံငါမြောက်ရွာသား ဦးနေ၀င်းက RFA ကို အခုလို ပြောပါတယ်။

"မနေ့ညက ညကြီးအချိန်မတော်မှာ သမအသင်းဒါရိုက်တာတွေက အများပိုင်မီးသတ်ရုံးကို လာရောက်ဖျက်ဆီးပါတယ်ခင်ဗျ၊ ကျေးရွာကို စော်ကားသလိုဖြစ်နေတဲ့အတွက် ကျနော်တို့က ဥပဒေအတိုင်း တရားစွဲပေးဖို့ ဒီမှာတောင်းဆိုတာပါ"

ဒီဆန္ဒပြတောင်းဆိုမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းပေးခဲ့ပြီး၊ သဘောတူညီချက်အရ ကျေးရွာမီးသတ်တပ်ဖွဲ့က တရားလိုပြုလုပ်ကာ အများပြည်သူပိုင် မီးသတ်စခန်း ဖျက်ဆီးသူတွေကို အရေးယူပေးဖို့ မတ္တရာမြို့နယ် ရဲစခန်းမှာ ဒီကနေ့မှာ တပြိုင်တည်း အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမီးသတ်အဆောက်အဦးနေရာဟာ ၁၉၈၆ ခုနှစ်မတိုင်ခင်က ကျေးရွာနွားစားကျက်မြေဖြစ်ခဲ့ပြီး ၁၉၈၆ခုနှစ်မှာ သမ၀ါယမ၀န်ကြီးဌာနက စုပေါင်းဘုံလယ်ယာမြေအဖြစ် တခြားမြေတွေနဲ့အတူ သိမ်းယူခဲ့ပြီး၊ နောက်ပိုင်းအဲဒီမြေနေရာမှာ ကျေးရွာမီးသတ်စခန်းကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေရာကို ပြန်လည်ရယူဖို့အတွက် သမ၀ါယမအသင်းက လာရောက်ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
RFA Burmese

ဦးဘရန်ရှောင် အမှု တရားလို စစ်ဗျူဟာမှူး မလာ၍ ရုံးချိန်း ပြန်ပေး

တနင်္လာနေ့၊ မေလ ၀၆ ရက် ၂၀၁၃ ခုနှစ်
ချင်းမိုင်(မဇ္စျိမ)။   ။ သမီးဖြစ်သူ သေဆုံးမှုနှင့် ပတ်သက်၍ မမှန်မကန် စွပ်စွဲသည်ဟုဆိုကာ တရားစွဲခံထားရသူ ဦးဘရန်ရှောင်၏ အမှု တနင်္လာနေ့ ရုံးချိန်းသို့ တရားလို အစိုးရ စစ်ဗျူဟာမှူး တရားရုံးသို့ လာရောက်ခြင်း မရှိခဲ့၍ စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းသာ ပြန်ပေးခဲ့ရသည်ဟု ရှေ့နေ ဒေါ်ရွက်နုအောင် က ပြောသည်။

ဖခင်ဖြစ်သူ ဦးဘရန်ရှောင်ကို မမှန်မကန် လိမ်လည်ရေးသား စွပ်စွဲသည်ဟု ဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁၁ ဖြင့် တရားစွဲဆိုခဲ့သော တရားလို ဒု စစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်လင်းပိုက် နယ်ပြောင်းရွှေ့သွားသဖြင့် ရုံးချိန်းကို မေလ ၂၀ ရက်နေ့သို့ ထပ်မံ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

“တရားလို မလာလို့ ဆိုပြီး ရုံးပြန်ချိန်းလိုက်ပါတယ်။ တရားလိုက တပ်ပြောင်းသွားပါတယ်။ မုံရွာဘက်ကို
ရောက်သွားလို့ပါ။ ဆင့်စာတော့ ထုတ်ထားပါတယ်။ ဒါပေမယ့် မရောက်ဘူး ဖြစ်သွားလို့ပါ။ နောက်ထပ် ဆင့်စာ ထပ်ပြီးတော့ ထုတ်ပါမယ်လို့ ပြောပါတယ်” ဟု ဒေါ်ရွက်နုဝါ က ပြောသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု (၁) ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ မဂျာဆိုင်းအိမ်အား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်းစစ်ဆေး အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး ကော်မရှင် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့ထံ ဖခင်ဖြစ်သူက ပြီးခဲ့သည့်နှစ်
အောက်တိုဘာလ ၁ ရက်နေ့က တိုင်ကြားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေ့က မဂျာဆိုင်းအိန် အပါအဝင် ကျောင်းသူ လေးဦးတို့က ကျောင်းအပြန်တွင် ပစ်ခတ်သံများကြောင့် လမ်းဘေးတနေရာတွင် ပုန်းအောင်နေစဉ် အားလုံး ထွက်လာရန် ခြိမ်းခြောက်သဖြင့် ထွက်လာစဉ် မဂျာဆိုင်းအိန်၏ တင်ပါးအောက်တွင် ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဖခင်ဖြစ်သူက မဇ္စျိမကို ပြောဆိုခဲ့သည်။

ထို့ပြင် တိုင်ကြားစာတွင် အင်အား ၈၀ ခန့်ပါဝင်သော ခလရ ၃၈၉ စစ်ကြောင်းသည် အခင်းဖြစ်သည့်နေ့
က မှော်ဝမ်းရပ်ကွက်တွင် နားနေခဲ့ပြီး ညနေပိုင်း ၄ နာရီခန့်တွင် ရွာပြင်ထွက်ရန် ပြင်ဆင်နေစဉ် ပေါက်ကွဲသံ ကြားသဖြင့် KIO ဟု ထင်မှတ်ကာ ယင်းရွာအတွင်း ပရမ်းပတာ ပစ်ခတ်ခဲ့သည်ဟု ဦးဘရန်ရှောင်၏ တိုင်စာတွင် ပါရှိသည်။

မတ်လ ၁၁ ရက်နေ့က ပုဒ်မ ၂၁၁ ဖြင့် ဦးဘရန်ရှောင်အား တရားစွဲဆိုပြီးနောက် ဧပြီလ ၈ ရက်နေ့က ဖားကန့်မြို့နယ် တရားရုံးက ကျပ်ငွေ ၆ သိန်းဖြင့် အာမခံ ပေးခဲ့သည်။

ဦးဘရန်ရှောင်အတွက် မန္တလေးတိုင်း အထက်တန်း ရှေ့နေများ ဖြစ်သော ဒေါ်ရွက်နုဝါနှင့် ဦးရွှေလှ တို့ အပါအဝင် ရှေ့နေ ၄ ဦးက လိုက်ပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
Mizzima - News in Burmese

ဆုထူးပန်ရွှေကျင်ဆရာတော်ကြီး၏ အန္တိမဈာပန လာရောက်ဖူးမျှော်သူများ

ဆုထူးပန်ရွှေကျင်ဆရာတော်ကြီး၏
အန္တိမဈာပန တပည့် ၊ ဒကာ ၊ဒကာမများ
သောင်းချီ၍ ဖူးမျှော်ပို့ဆောင်

May 6, 2013
နိုင်ငံတော်ထေရ၀ါဒ ဗုဒ္ဓ သာသနာပြုသြ၀ါဒါစရိယ၊ ရန်ကုန်မြို့ ဆုထူးပန်ရွှေကျင် ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိတ၊ အဂ်္ဂမဟာ ပဏိ္ဏတဘဒ္ဒန္တသလ္လာပဏ္ဍိတ သက်တော်(၇၅)၊ သိက္ခာတော် (၅၅)မှာ ပြီးခဲ့သည့် ၂၉-၄-၂၀၁၃ (တနင်္လာနေ့)၌ ဘ၀နတ်ထံပျံ လွန်တော်မူခဲ့ပြီး ပျံလွန်သည့်နေ့ မှစကာ အနိ္တမအဂ်္ဂိဈာပနပူဇာ ကျင်းပသည့် မေလ(၅)ရက်ထိ ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား လာရောက်ဖူးမျှော် ကြသည့် တပည့်ဒကာ၊ ဒကာ မများ အထူးစည်ကားများပြားခဲ့ ပြီး ဈာပနသဘင်ကျင်းပသည့်နေ့ ၌မူ သောင်းချီသော ဒကာများက လိုက်ပါဖူးမျှော်ပို့ဆောင်ခဲ့ကြ သည်။

““ဆရာတော်ဘုရားကြီးမျာက အရမ်းကိုချစ်ခင်ကြည်ညိုတဲ့သူ တွေ တစ်နိုင်ငံလုံးပဲ။ ဆရာတော် ကြီးအပါးမှာ တပည့်အဖြစ် ဦး ဇင်းခစားလာတာကြာပြီ ဆရာ တော်ကြီးမှာ ဘယ်လိုဂုဏ်အင် တွေ၊ ကြည်ညိုဖွယ်ရာတွေ ရှိသ လဲဆိုတော့ ဦးဇင်းမြင်တာကို ပြောတာပေါ့နော်။ ဆရာတော် ကြီးမှာ စွဲမြဲစွာမှတ်ထင်ခြင်း၊ မိမိ လိုလားသည်များအား အောင် မြင်ပြီးမြောက်အောင် ဓိဋ္ဌာန်ခြင်း၊ မှန်ရာကိုသာပြောဆိုခြင်း၊ စိတ် တည်ငြိမ်မှုရှိခြင်း၊ ကြိုတင်စီမံ ခန့်ခွဲနိုင်ခြင်း၊ စရဏနှင့် ဓာနတွဲ ဖက်၍ လုပ်ဆောင်ခြင်း စတဲ့ ကြည်ညိုဖွယ်ရာအချက်တွေ ရှိ တယ်။ ပြီးတော့ ဆရာတော်ကြီး ဟာအလွန်ကိုပဲ အလှူအတန်း ရက်ရောတဲ့ ဘုရားသားတော် တစ်ပါးပါ””ဟု ဆုထူးပန်ရွှေကျင် ဆရာတော်ကြီး၏ တပည့် သံဃာ တော်တစ်ပါးမှ ဆရာတော်ကြီး၏ ထူးခြားဂုဏ်အင်များအား မြွက် ဟပြောဆိုသွားခဲ့သည်။

ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၇) ရက် ကြာသပတေးနေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ယင်း မာပင်မြို့နယ်၊ မင်းကန်ကြီးကျေး ရွာ၌ ခမည်းတော်ဦးသာရွှန်း၊ မယ်တော်ဒေါ်သိန်းကြွယ်တို့မှ ဖွားမြင်သန့်စင်တော်မူခဲ့ပြီး ၁၃၁၄ ခုနှစ်၊ နယုန်လပြည့်ကျော်(၅) ရက်၌ ယင်းမာပင်မြို့နယ်၊ တမာ ပင်ခွကျေးရွာ၊ ဗောဓိဝေယံ ကျောင်းဆရာတော်ကြီးဘဒ္ဒန္တ ပဏ္ဍစ္စာဘိသီရိကို ဥပဇ္ဈာယ်ပြု လျက် မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ် သို့ စတင်ရောက်ရှိတော်မူခဲ့ပြီး သက်တော် (၇၅)၊ သိက္ခာတော် (၅၅) ဘ၀နတ်ထံပျံလွန်တော်မူ သည်အထိ သာသနာတော်အကျိုး  များအား စွမ်းစွမ်းတမံထမ်း ဆောင်ခဲ့ပြီး နိုင်ငံတော်မှလည်း ဆရာတော်ကြီးအား မြန်မာ သက္ကရာဇ် ၁၃၆၃ ၌ အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိက၊ ၁၃၆၇ ခုနှစ်၌ အဂ္ဂမဟာပဏ္ဍိတ စသည့်ဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်ခဲ့သည်။
ခန့်ခန့်(ဒဿနိက)
The Hot News

ဆီးရီးယားသူပုန်တွေ အဆိပ်ငွေ့သုံးကြောင်း ကုလပြော

အငြင်းပွား စရာ မလိုတဲ့ သက်သေ အထောက် အထားတွေ လို့တော့
ပြောလို့ မရသေးကြောင်း မစ် Ponte က ပြော

6 မေလ 2013
ဆီးရီးယား သူပုန်တွေ ဓာတု လက်နက်သုံးတယ် ဆိုတဲ့ အထောက် အထားတွေ တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အရာရှိ Carla del Ponte က ပြောကြားလိုက်ပါတယ်။

ဓာတု လက်နက် ဒဏ်ကို ခံခဲ့ ရသူတွေနဲ့ ဆရာဝန်တွေကို မေးမြန်းရာ၊ သံသယ ဖြစ်စရာတွေ ပိုတိုးများ လာနေကြောင်း ဒါပေမယ့် အငြင်းပွား စရာ မလိုတဲ့ သက်သေ အထောက် အထားတွေ လို့တော့ ပြောလို့ မရသေးကြောင်း မစ် Ponte က ပြောပါတယ်။

ဆီးရီးယား အတိုက် အခံတွေ ဟာ အာရုံကြောကို ထိခိုက် စေတဲ့ အဆိပ်ငွေ့ တွေကို အသုံး ပြုခဲ့ တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လို့ အစိုးရ တပ်ဖွဲ့တွေ ကနေ ဓာတု လက်နက်တွေ သုံးနိုင်ဖွယ် ရှိသလား ဆိုတာကိုတော့ မသိရ သေးကြောင်း သူက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ ကတော့ သမ္မတ အာဆတ်ကို သစ္စာ ခံသူတွေဟာ အခုလို ဓာတု လက်နက်တွေ သုံးနိုင်ဖွယ် ရှိတယ်လို့ ပြောကြားထား ပါတယ်။

အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု

ဆီးရီးယား နိုင်ငံ ကတော့ တနဂင်္နွေညက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု နဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ် အချက် အလက်တွေကို ထုတ်ဖေါ် ပြောကြား ပါတယ်။

ဒမာ့စကက်စ် အနီးက ဂျမရာယာ သုတေသန စင်တာကို ထိမှန် ခဲ့တာ အပြင်၊ အစ္စရေး တို့ဟာ ဒုံးကျည် တွေနဲ့ လက်ဘနွန် နယ်စပ် အနီးက အဆောက် အဦးတွေနဲ့ ဆီးရီးယား စစ်ဖက် ဆိုင်ရာ လေဆိပ် တခုကိုလည်း ပစ်ခတ် ခဲ့တယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။

ဒီ့အတွက် သေဆုံး ဒဏ်ရာ ရရှိသူ အတော် များများ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လောက် အရေ အတွက် ဆိုတာ ကိုတော့ ထုတ်ဖေါ် ပြောကြား ခြင်း မရှိပါ။

ဆီးရီးယား အတိုက် အခံတွေကို လိုလားတဲ့ ဝက်ဘ် ဆိုဒ် တခုမှာတော့ အစိုးရ စစ်သား ၁၅ ဦး သေဆုံး သွားတယ်လို့ ဖေါ်ပြပါတယ်။

လက်ဘနွန်က ဟက်ဇ်ဘိုလာ ပျောက်ကျားတွေ အတွက် အီရန်လုပ် ဒုံးတွေ ပို့ဆောင်ဖို့ လုပ်နေတာကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ် ဆိုတာ ကိုတော့ ဆီးရီးယား ဘက်က ငြင်းဆိုလိုက်ပါတယ်။

အစ္စရေး တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ စစ် ဆင်နွှဲတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ကုလသမဂ္ဂ ကတော့ ဆီးရီးယား ပဋိပက္ခ အရှိန်မြင့် လာ နေတဲ့ အပေါ် သတိပေး ပြောကြားလိုက် ပါတယ်။
BBC Burmese

မိတ္ထီလာ ဘုန်းကြီးကို သတ်မှုနဲ့ မွတ်ဆလင် ၇ဦးကို စွဲချက်တင်

တရားခံ ၆ယောက် အနေနဲ့ သေဒဏ် (သို့) တသက်တကျွန်း
ကျခံရဖွယ် ရှိတယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြော

6 မေလ 2013
မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါးကို သတ်ခဲ့မှုနဲ့ အစ္စလာမ် ဘာသာဝင် ၇ဦးကို ဒီကနေ့ စွဲချက် တင်လိုက်ပါတယ်။

အဲဒီ ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရမှုဟာ ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ဘာသာရေး အဓိကရုဏ်းရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအမှုကို ရှေ့နေကွန်ယက်က ရှေ့နေဦးသိန်းသန်းဦး အပါအဝင် ရှေ့နေ ၅ဦးက တရားခံတွေရဲ့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေပါတယ်။

ဖမ်းထားတဲ့ ၇ယောက်ထဲက ၆ယောက်ကို စွဲချက်တင်လိုက်ပြီး ညီညီနိုင်ဆိုတဲ့ တယောက်ကိုတော့ အသက် ၁၆နှစ် မပြည့်သေးတာကြောင့် တရားစွဲတဲ့ အဖွဲ့က အမှုကို တရားရှင် ရုပ်သိမ်းလိုက်ပြီး ၁၉၉၃ခုနှစ် ကလေးသူငယ် ဆိုင်ရာ အက်ဥပဒေ အရ ကလေးသူငယ် တရားရုံးမှာ ဆက်ပြီး အမှု ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။

အခု စွဲချက် တင်ခံရသူ ၆ဦးကတော့ အမှုမြောက်လို့ စီရင်ချက်ချခံ ရမယ်ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ သေဒဏ် ဒါမှမဟုတ် တသက်တကျွန်း ကျခံ ရနိုင်ဖွယ် ရှိပြီး ကလေးသူငယ် အက်ဥပဒေအရ လျှော့ပေါ့ စဉ်းစားပေးတဲ့ ညီညီနိုင်ကတော့ အမြင့်ဆုံး ပြစ်ဒဏ် ၇နှစ်ထက် ပိုပြီး ကျနိုင်ဖွယ် မရှိဘူးလို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အဓိကရုဏ်း အတွင်းမှာ လူ၄၀ ကျော် သေဆုံးခဲ့ရပြီး ဒီအဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူ ၇၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေပါတယ်။

အဓိကရုဏ်း စဖြစ်ပွားစေခဲ့တဲ့ နယူးဝိန့် စိန်ရွှေဆိုင်က ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ယောက်နဲ့ ဝန်ထမ်းတယောက်ကို ဧပြီလ ဒုတိယအပတ်တုန်းက ထောင်ဒဏ် ၁၄နှစ်စီချမှတ်ခဲ့ပါတယ်။

အခု ဆရာတော် ဦးသောဘိတ အသတ်ခံခဲ့ရတဲ့ အမှုကိုတော့ လာမယ့် မေလ ၈ ရက်နေ့မှာ တရားခံတွေကို စစ်ဆေးမှာဖြစ်ပြီး မကြာခင်မှာ စီရင်ချက်ချနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဒီအမှုမှာ ရဲအလိုရှိတာ ၁၁ယောက် ဖြစ်ပေမယ့် ၄ယောက်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ၇ယောက်ကိုပဲ ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။
BBC Burmese

ဧရာဝတီမြစ်ကမ်းနား သောင်ပြင်ရှိ အဆောက်အဦအား ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်မည်

ပြည်၊ မေ ၆။
ပြည်မြို့ အနောက်ဘက်ရှိ ဧရာဝတီမြစ် ကမ်းနားသောင်ပြင်ပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အဦအားဖျက်သိမ်းရန်အတွက် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးမှ ဦးဆောင်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်စီတန်းလှည့်လည်ခွင့်ပြုရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ယနေ့ လျှောက်ထားစာပေးပို့ခဲ့ကြောင်း သိရသည်။

“အဆောက်အဦးရှိနေတဲ့အတွက် မြစ်ပြင်ရဲ့အလှကို ဖုံးကွယ်ထားသလို ခံစားရတယ်။ အနောက်ဘက်ကမ်းက သစ်တောနဲ့ ဘုရားစေတီတွေကိုလည်း မမြင်ရတော့ဘူး။ သဲသောင်ကို မြေဖို့ပြီး ဆောက်ထားတော့ ရေစီးကြောင်းကိုပါ ပြောင်းသွားနိုင်တယ်”ဟု ဦးမြင့်အေးက ပြောကြားသည်။

ယင်းအဆောက်အဦအား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးလှမိုး(ခ)ဦးထိုင်ထိုင်မှ ပိုင်ဆိုင်ပြီး
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၁၉၉၆-၉၇ခုနှစ်က ဂရန်ချထားပေးခဲ့ကြောင်း သိရသည်။

လာမည့် မေလ(၁၇)ရက်နေ့၊ နံနက်(၉)နာရီ မှ(၁၁)နာရီ အထိ ခန့်မှန်း လူအင်အား(၅၀)နှင့်(၁၀၀)၀န်းကျင် ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး ဆိုင်းဘုတ်၊ ဗီနိုင်းပိုစတာများ အသင့်ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ အကျီ င်္ဆင်တူများဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ဧရာဝတီချစ်သူများ ကွန်ယက် (ပြည်ခရိုင်) အနေဖြင့် ယခုအဆောက်အဦး မဆောက်လုပ်မီ လူငါးရာကျော်စုပေါင်း လက်မှတ်ထိုး ကန့်ကွက်မှု ပြုလုပ်ပြီး
နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာ ၀န်ကြီးဌာန များနှင့် ပြည်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းမြင့် တို့ထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
ကိုရေခဲ(ပြည်)
မြန်မာ့ခေတ်

တောင်ကိုရီးယားသမ္မတနဲ့ အိုဘားမား တွေ့ဆုံမည်

အမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye (၅ မေ ၂၀၁၃)
07.05.2013
အင်္ဂါနေ့မှာတော့ တောင်ကိုရီးယား သမ္မတ ပခ့် ဂွန် ဟေး (Park Geun-hye) ဟာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ သမ္မတအိမ်ဖြူတော်မှာ နှစ်ဘက် ထိပ်သီးဆွေးနွေးပွဲ လုပ်ဖို့ရှိပါတယ်။ မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာကြောင့်၊ မြောက်ကိုရီးယားကိစ္စအပေါ် ဘယ်လို ပူးပေါင်းကိုင်တွယ်ကြမလဲဆိုတာကို အလေးပေး ဆွေးနွေး မယ်လို့ မျှော်လင့်ရပါတယ်။

မြောက်ကိုရီးယားဘက်က ပြုမူလာတဲ့ စိန်ခေါ်ချက်တွေအပေါ်မှာ ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စုအနေ နဲ့ တောင်ကိုရီးယားနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်လို့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က ပြောပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စကိုလည်း ဆွေးနွေးမှာဖြစ်ပြီး၊ အမေရိကန်နဲ့ တောင်ကိုရီးယား ဆက်ဆံရေးဟာ အလွန်တရာကို အရေးကြီးတဲ့ ဆက်ဆံရေး ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရသူက ပြောသွားပါတယ်။

တောင်ကိုရီးယားလူမျိုး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တောင်ကိုရီးယားသမ္မတ ပခ့် ဂွန် ဟေး (Park Geun-hye) တို့အကြား တနင်္လာနေ့တုန်းက ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်းမှာလည်း မြောက်ကိုရီးယားကိစ္စက အဓိက လွှမ်းမိုးခဲ့ပါတယ်။

မြောက်ကိုရီးယားဘက်က ရန်စမှုအပေါ်မှာ တောင်ကိုရီးယားသမ္မတသစ်ရဲ့ တုံ့ပြန်မှုဟာ ခိုင်ခိုင်မာမာရှိတယ်။ ဒါပေမဲ့ အတိုင်းအတာ ရှိတယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ချီးကျူးလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ မစ္စစ် ပခ့် ဟာ အမေရိကန် ပြည်ထောင်စုကို ၅ ရက်ကြာခရီး စတင်ရောက်ရှိနေပြီး၊ နယူးယောက်အပြင် ၀ါရှင်တန်ဒီစီနဲ့ ကယ်လီဖိုးနီးယား ပြည် နယ်တို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကို လျော့ပါးသွားစေဖို့နဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းစေဖို့အတွက် သူ့အနေနဲ့ ကူညီ ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ရခိုင်ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းသွားဖို့ သမ္မတဦးသိန်းစိန် ကတိပြု

သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
06.05.2013
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို အလွဲသုံးစား လုပ်ပြီး အမုန်းတရားပွားစေ တဲ့ ပြောဆိုမှုတွေဟာ ပဋိပက္ခတွေကို ပိုကြီးထွားစေတာမို့ သတိပြုရှောင်ရှားဖို့  သမ္မတ ဦးသိန်းစိန်က ရခိုင်ပဋိပက္ခဆိုင်ရာ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြည်သူကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခရဲ့ အခြေခံဟာ လူဦးရေ ပေါက်ကွဲမှု မြင့်မား တဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတာနဲ့ ဒေသတွင်း လူထုရဲ့ လူမှု စီးပွား အခြေအနေ နိမ့်ကျမှုရဲ့ နောက်ဆက်တွဲ ကျဉ်းမြောင်းတဲ့ အမြင်ရှိမှုတွေက အဓိက ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲက နယ်မြေ တည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့အတွက် အဓိကကျတဲ့ တရားဥပဒေ စိုးမိုးရေး အစီအမံတွေကို ချမှတ်ဆောင်ရွက်ဖို့ ပထမဦးဆုံး လုပ်ဆောင်မယ်လို့ သမ္မတက ပြောပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ထိရောက်စွာ အရေးယူမှာ ဖြစ်သလို ပျက်စီးဆုံးရှုံး နစ်နာရသူတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုပါ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း ပဋိပက္ခတွေ ထပ်မတိုးလာစေ ဖို့အတွက် တရားမ၀င် ဆက်လက် ၀င်ရောက်လာသူများ ဟန့်တားရေးနဲ့ ထိရောက် စွာအရေးယူတာတွေအပြင် လုံခြုံရေး အစီအမံတွေကို ချမှတ်သွားမယ်လို့လည်း ပြော ဆိုခဲ့ပါတယ်။

အနာဂတ်မှာ အပြန်အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပြီး  နိုင်ငံသား တဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရအဖွဲ့က အစဉ်လေးစား အကာကွယ် ပေးသွားမှာဖြစ်ကြောင်းလည်း အလေးထား ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အဘိုး က မွေးကင်းစမြေး ဖြစ်သူအား ရောင်းချမှု

May 6, 2013
အန်္ဒိယနိုင်ငံမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်၊လူဒီယားနားမြို့မှ အသက် ၄၇ နှစ်အရွယ်ရှိဖာ ရောက်ခန်အား မွေးကင်းစမြေး ဖြစ်သူအား ရောင်းချမှုဖြင့် ရဲများကဖမ်းဆီးခဲ့သည်။

ဖာရောက်ခန်သည်သမီးဖြစ် သူတက်ရောက်မီးဖွားခဲ့သော ဆေးရုံမှ ယာယီဝန်ထမ်းနှစ်ဦး၏ အကူအညီဖြင့် မွေးကင်းစမြေး ယောက်ျားလေးအားခိုးယူပြီး ဖေ့စ်ဘွတ်ခ်တွင်ရူးပီးလေးသောင်း ငါး ထောင်ဖြင့်ရောင်းချရန်စီစဉ်ခဲ့သည်။

ကလေးရောင်းချမှုတွင်ပါဝင် ပတ်သက်နေသူအားလုံးအားဖမ်း ဆီးထားပြီး ကလေးအားဝယ်ယူ သည့်လုပ်ငန်းရှင်တစ်ဦးအားလည်း စစ်ကြောမေးမြန်းမှုများပြုလုပ်နေ ကြောင်း လူဒီယားနားရဲစခန်းမှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

ကလေးအားရဲများက ကယ်တင်လိုက်ပြီး အိမ်ထောင်နှင့် ကွဲကွာနေသည့်မိခင်ဖြစ်သူ နိုရီခန်၏လက်သို့ပြန်လည်အပ်နှံခဲ့ သည်။ နိုရီခန်သည်ကလေး ပျောက်ဆုံးမှု အတွက်ဖခင်ဖြစ်သူ အားတိုင်ကြားခဲ့သူလည်းခဲ့သူ လည်းဖြစ်သည်။

ကလေးခိုးယူရာတွင်ပါဝင် ပတ်သက်သူ (၃) ဦးအား တရား စွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက ၎င်းတို့အနေနှင့် ထောင်ဒဏ် (၇) နှစ်ထိပြစ်ဒဏ်ကျခံရဖွယ်ရှိသည်။

၂၀၁၁ ခုနှစ်အတွင်းက လူပေါင်း ၅၀၀၀ကျော်ပါဝင်သော ကလေးခိုးဂိုဏ်း ၈၁၅ ဂိုဏ်းတို့က ကလေးများအားခိုးယူပြီးပြည့်တန် ဆာအဖြစ်သော်လည်းကောင်း၊ သူတောင်းစားများအဖြစ်သော် လည်းကောင်း အိန်္ဒိယနိုင်ငံ တစ်ဝှမ်းတွင် ခိုင်းစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကတရားရုံးတွင်သက်သေ ခံခဲ့သည်။
Source: DailyChilli
ဥက္ကာအောင် The Hot News

MIC ဥက္ကဋ္ဌ ရာထူး အပြောင်းအလဲဖြစ်ပေါ်

Tuesday, 07 May 2013
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌရာထူး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးစိုးသိန်း (ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး) အစား ဦးဝင်းရှိန် (ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန) အား ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်အပေါ် ဝေဖန်မှုများရှိနေပြီးနောက်ပိုင်း ယခုကဲ့သို့ ကော်မရှင်ဥက္ကဋ္ဌရာထူး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်ဥက္ကဋ္ဌရာထူး အပြောင်းအလဲနှင့် ပတ်သတ်၍ မည်သည့်အတွက်ကြောင့် ဆိုသည်ကိုမူ အသေးစိတ် မသိရှိရသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်းက လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဆောင်ရွက်မှုများ၊ လုပ်ထုံးလုပ်နည်းနှင့် ညီမညီ လွှတ်တော်မှ စောင့်ကြည့်လျက်ရှိကြောင်း၊ လွှတ်တော်ကော်မတီ တာဝန်ရှိသူများက ပြောကြားထားခဲ့သည်။

MIC ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရမည့် ဦးဝင်းရှိန်သည် ၂၀၁၂ ခုနှစ်အတွင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြိးဌာန ဒုတိယ၀န်ကြီးအဖြစ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်တာဝန်ပေးခြင်း ခံထားရသူဖြစ်သည်။
Eleven Media Group

မြန်မာ့လယ်သမားတွေဘ၀ မြှင့်တင်ရေး အမေရိကန်ထံက အကူအညီတောင်းခံ

လယ်သမားတွေရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ရေးဆွဲနေတဲ့ ဥပဒေသစ်ဟာ အခုလပိုင်းအတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ အခုလိုပြောကြားခဲ့တာပါ။

ဒီပွဲကို အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီရေးအဖွဲ့ USAID က ဦးဆောင်ကျင်းပတာဖြစ်ပြီး လယ်သမားဘ၀တွေ မြှင့်တင်ပေးနိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် USAID အနေနဲ့လည်း လိုအပ်တာတွေကို ဝိုင်းဝန်းအကြံဉာဏ်ပေးဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုပါ အကူညီတွေပေးဖို့ သူရဦးရွှေမန်းက ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး၊ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မယ်ချယ်နဲ့ USAID အဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
RFA Burmese

လုံခြုံရေးစိုးရိမ်မှုကြောင့် Aerosmith အင်ဒိုနီးရှားပွဲစဉ်ပျက်

အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ်
Allston မြို့မှာ သူ့ပရိသတ်ကို ဖျော်ဖြေနေတဲ့
Aerosmith ၀ိုင်းတော်သားများ (၅ နိုဝင်ဘာ ၂၀၁၂)
06.05.2013
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို ရည်ရွယ်ပြီး ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတာကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးအရေးယူခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံမှာ ဖျော်ဖြေဖို့ ပြင်ဆင်ထားတဲ့ Aerosmith အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ တေးဂီတဖျော်ဖြေပွဲကိစ္စ တိုက်ရိုက် ဆက်နွယ်မှု ရှိ မရှိ ဆိုတာကတော့ မသဲကွဲပါဘူး။ ဒါပေမဲ့ ပွဲလုံခြုံရေးအတွက် စိုးရိမ်တာကြောင့် အခုလို ဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဂီတပွဲ စီစဉ်သူ အစ္စမာယာ လစ်ဖ် (Ismaya Live) က ပြောပါတယ်။

အမေရိကန် ရော့ခ် တေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေပွဲကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ အခုလာမယ့် စနေနေ့ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး၊ လက်မှတ် ၁ သောင်းခွဲနီးပါး ရောင်းချ ထားပြီးပြီ ဖြစ်တယ်လို့ ပွဲစီစဉ်ရေးအဖွဲ့ ပြောခွင့်ရသူ ဟယ်လ်မီ ဆတ်ဂါရာ (Helmi Sugara) က ပြောပါတယ်။

တေးဂီတဖျော်ဖြေပွဲ ဖျက်သိမ်းတဲ့အကြောင်း ကြေညာချက်နဲ့အတူ Aerosmith အဖွဲ့ရဲ့ တောင်းပန်ချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။ သူတို့အဖွဲ့ကို နှစ်သက်အားပေးကြတဲ့ အင်ဒိုနီးရှားနိုင်ငံက ပရိသတ်ကြီးနဲ့ တနေ့တော့ ပြန်ဆုံကြဖို့ မျှော်လင့်ထားပါကြောင်း Aerosmith အဖွဲ့က ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ မူဆလင်တွေအပေါ် ပြုမူဆက်ဆံမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တဲ့အကြောင်း သူတို့ထံကနေ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တဲ့အကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

လူအနည်းဆုံး ၂၀ ယောက် သေဆုံး၊ ရာနဲ့ချီပြီးဒဏ်ရာရ

ရဲက ရာဘာကျည်ဆန်တွေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းနေစဉ် (၅ မေ ၂၀၁၃)
 6.05.2013
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့တော်မှာ ဘာသာရေးစော်ကားမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား တနင်္ဂနွေနေ့ည တညလုံး အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ လူအနည်းဆုံး ၂၀ ယောက် သေဆုံးကာ ရာနဲ့ချီပြီးတော့ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ဘာသာရေးစော်ကားမှုအပေါ် ဆန့်ကျင်တဲ့ ဥပဒေတရပ် ပြဌာန်းပေး ဖို့ တောင်းဆိုနေခဲ့ကြပြီး၊ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကို ခဲတွေနဲ့ စတင်ပစ်ပေါက် တိုက်ခိုက်ခဲ့ကြပါတယ်။ ရဲက ရာဘာကျည်တွေနဲ့
ပြန်ပြီးတော့ ပစ်ခတ်ခဲ့ပါတယ်။

အာဏာရ Awami League ပါတီ ဌာနချုပ် အဆောက်အဦးရဲ့အနီးမှာ လက်လုပ်ဗုံး ၁၅ လုံးထက်မနည်း ပေါက်ကွဲခဲ့တယ်လို့ ဒေသခံ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဒေါသကြီးနေတဲ့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ လမ်းတွေပေါ်မှာ စုဝေးနေကြပြီး၊ ဈေးဆိုင်တွေ၊ မော်တော်ယာဉ်တွေကို မီးတင် ရှို့ခဲ့ကြပါတယ်။ ညဘက်ကောင်းကင်ယံမှာ မီးတောက်တွေ မီးခိုးလုံးတွေ လွင့်တက်နေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ တွေ့မြင်ကြရပါတယ်။

ဒါကာမြို့တော်က လမ်းတော်တော်များများ ပိတ်ထား ရပါတယ်။ ဆန္ဒပြသူတွေဟာ တနင်္လာနေ့ မနက်ပိုင်းမှာ လူစုကွဲသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဘာသာရေးစစ်ပွဲ သတင်းဖော်ပြမှု ကျင့်ဝတ်နဲ့ညီရဲ့လား

ဂျကာတာမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျီဟတ် ဘာသာရေး ဆင်နွှဲရန် လှုံ့ဆော် နေသည့် အစ္စလမ် အစွန်းရောက် အချို့ကို မေလ ၃ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – Reuters)
 May 6, 2013
အင်ဒိုးနီးရှားနိုင်ငံမှ အစ္စလာမ်စစ်သွေးကြွများက မြန်မာနိုင်ငံအပေါ် ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲမည်ဆိုသော သတင်းများကို ပုဂ္ဂလိကသတင်းမီဒီယာများက သတင်းဖော်ပြကြသဖြင့် ပြည်သူများထိတ်လန့်မှုများပေါ်ပေါက်နေပြီး အဆိုပါသတင်းဖော်ပြမှု သည် စာနယ်ဇင်းကျင့်ဝတ်နှင့်ကိုက်ညီမှု ရှိ၊ မရှိဝေဖန် သုံးသပ်ချက်များ ပေါ်ထွက်လာသည်။

မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွဲရန် အစ္စလမ် စစ်သွေးကြွဝါဒီအချို့ကဖော်ထုတ်ပြောဆိုပြီးနောက် မေလ ၃ ရက်နေ့က အင်ဒိုးနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ မြန်မာသံရုံးကိုချိန်ကိုက်ဗုံးနှင့် ဖောက်ခွဲရန် ကြံစည်ခဲ့သည်ဟု  သံသယရှိသူ ၂ ယောက်ကိုဖမ်းဆီးမိပြီး လက်လုပ်ဗုံး ၅ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများကလည်း အင်ဒိုနီးရှားနိုင်ငံမှလာသော သတင်းများကို ကိုးကားပြီး မြန်မာနိုင်ငံအပေါ် ဂျီဟတ် ဘာသာရေး စစ်ပွဲပြုလုပ်ရန် လှုံ့ဆော်ဆန္ဒပြသည့်သတင်းနှင့် ဆန္ဒပြဓာတ်ပုံကို ဝေေ၀ ဆာဆာဖြင့် ဖော်ပြခဲ့ရာ မြန်မာ မွတ်စလင် အသိုင်းအ၀ိုင်းနှင့် ပြည်သူများအကြား စိုးရိမ်မှုများ တိုးပွားလာကြောင်း သိရှိရသည်။

ပြည်တွင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြမှုကြောင့် စိုးရိမ်မှုများ တိုးပွားလာရခြင်းကြောင့် ပဋိပက္ခသတင်းများ ဖော်ပြရာတွင် မြန်မာသတင်းမီဒီယာများအနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ သတိထားဖော်ပြသင့်သည်ဆိုသော ဝေဖန်သုံးသပ်မှုများပေါ်ထွက်လာသည်။

သမ္မတ ပြောရေးဆိုခွင့်ရှိသူ လည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သူ  ဦးရဲထွဋ်က  ဖေ့မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဘာသာရေးနှင့်လူမျိုးရေးပဋိပက္ခများကြောင့် အင်ဒိုနီးရှားနိုင်ငံမှ အစွန်းရောက်အစ္စလမ် စစ်သွေးကြွဝါဒီများက မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲဆင်နွဲရန် လှုံ့ဆော်ပြောဆိုချက်များရှိလာပြီး ယင်းပြောဆိုချက်များနှင့်ပတ်သက်ပြီး ပုဂ္ဂလိကသတင်း မီဒီယာများက  ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြခဲ့ခြင်းကြောင့် ပြည်သူများကို ထိတ်လန့်စေကြောင်း သူ၏ ဖေ့ဘုတ်စ်လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။

”အဲဒီလိုပြောဆိုမှုတွေကို သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူးဆိုတာလည်း သတိပြုစေလိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့အစည်းများရဲ့ခေါင်းဆောင်များရဲ့ ဒီလို အကြမ်းဖက်တဲ့ အယူအဆများအပေါ်သဘောထားကိုလည်း မေးမြန်းဖော်ပြပေးနိုင်ရင် ပိုသင့်တော်မယ် လို့ထင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။

သတင်းသမားများတွင် လိုက်နာရမည့် ကျင့်ဝတ် ၊ မူများ ရှိပြီးဖြစ်သောကြောင့် သတင်းရေး ရမည့် အလုပ်မှာ သတင်းသမားများ၏တာဝန်သာ ဖြစ်ကြောင်း၊ ပဋိပက္ခနှင့်သက်ဆိုင်သည့် သတင်းသာမက မည်သည့်သတင်းကိုမဆို ကျင့်ဝတ်နှင့် အညီရေးသားရန်လိုအပ်ကြောင်း၊ သို့ရာတွင် ဖြစ်ပျက် နေသော ဖြစ်ရပ်မှန်ကို ပဋိပက္ခဖြစ်ပေါ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် မရေးဘဲ ချန်ထား၍ မရကြောင်း  ဒေးလီးအဲလဲဗင်း သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောသည်။

”ဘာသာရေးပဋိပက္ခမဖြစ်အောင်ကတော့ ကျင့်ဝတ်မှာပါပြီးသားပဲ။ ဖြစ်တာကိုတော့ဖြစ်တဲ့အတိုင်းရေးရမှာပဲ။ ပဋိပက္ခဖြစ်မှာ စိုးလို့ဆိုပြီးချန်ထားလို့မရဘူး”ဟု ကိုဝေဖြိုးက ဆိုသည်။

မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲလုပ်မည်ဆိုသောသတင်းကို  ဆဲဗင်းဒေးသတင်းစာအနေဖြင့်ဖော်ပြခြင်း မပြုခဲ့ကြောင်း၊ လတ်တလောပဋိပက္ခ သတင်းများမှာ လူအများ စိတ်ပါဝင်စားမှုရှိနေပြီး ပုဂ္ဂလိက သတင်းမီဒီယာများ အနေဖြင့်သတင်းဖော်ပြလျက်ရှိရာ နေ့စဉ်ထုတ်သတင်းစာတစောင်အနေဖြင့် အင်ဒိုးနီးရှားဆိုင်ရာ မြန်မာသံရုံး အနီးဆန္ဒပြသူများအကြောင်း ဓာတ်ပုံနှင့် သတင်းဖော်ပြရာတွင် သေချာဂရုစိုက်၍ ပဋိပက္ခ ပိုမိုကြီးထွားခြင်း မရှိစေရန် ကြိုးစား သတင်းဖော်ပြခဲ့ကြောင်း ဆဲဗင်းဒေးသတင်းစာမှ အမူဆောင်အယ်ဒီတာ ကိုအားမာန်က ပြောသည်။

”ဖော်ပြလိုက်တဲ့ သတင်းတွေကြောင့် လူတွေ စိုးရိမ်စိတ်တွေပိုကြီးသွားမှာ။တစ်ဖက်နဲ့တစ်ဖက် သံသယတွေ ဖြစ်လာမှာနဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာတွေမှာလည်း သံသယဖြစ်စရာတွေများနေတဲ့ အတွက်ကြောင့် အဲလိုပုံမျိုးတွေကို မသုံးဘဲနဲ့ ရွေး ပြီးတော့ သံရုံးလုံခြုံရေး ပေးထားတဲ့ပုံကိုအပေါ်ကနေမြင်ရတဲ့ အနေအထားနဲ့ ပုံလေးကို ရွေးပြီးတော့ သုံးခဲ့တာပါ။ ကျနော်တို့ဆီမှာ အမှန်ပြောရရင် အနာမကျက်သေးဘူး။ တဖက်နဲ့ တဖက် သံသယတွေ ဖြစ်နေတဲ့ကာလမှာ ဖော်ပြလိုက်တဲ့ သတင်း ဓာတ်ပုံကြောင့်သံသယတွေပိုပွားလာမှာ။ ပိုပြီးတော့ ပူပန်လာမှာမျိုးမဖြစ်အောင် ဆုံးဖြတ်ရွေးခဲ့တာပါ”’ဟု ကိုအားမာန်က ဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ ဘာကလေတက္ကသိုလ်တွင် သတင်းစာပညာဘွဲ့ဆည်းပူးခဲ့သူ သတင်းစာဆရာဦးမြင့်ကျော်ကမူ သတင်းမီဒီယာ များအနေဖြင့် ပဋိပက္ခသတင်းများ ရေးသားဖော်ပြရာတွင် တဖက်သတ်ရေးသားခြင်းမျိုးကို ရှောင်ကြဉ်ပြီး ရှု့ထောင့်ပေါင်းစုံ၊ ဘက်မလိုက်ဘဲ မျှမျှတတရေးသားဖော်ပြရန်လိုအပ်ကြောင်း ရှင်းပြသည်။

”တဖက်ထဲရေးလိုက်လို့ စိုးရိမ်စရာကြီးလို့ လူတွေကမြင်လာရင် ရန်ပြုဖို့အဆင်သင့် ဖြစ်လာမယ်။ ရှုထောင့်စုံက ပြည့်ပြည့်စုံစုံ ဖော်ပြရင်တော့ပြဿနာမရှိဘူး”ဟု ဦးမြင့်ကျော်က သုံးသပ်သည်။

လူငယ်သတင်းသမားများအတွက် သတင်းစာပညာများ ဖွင့်လှစ်သင်ကြားနေသော သင်တန်းဆရာ ဦးရဲနိုင်မိုးကမူ သတင်းသမားများအနေဖြင့် ပဋိပက္ခသတင်းများ ရေးသားရာတွင် မည်သည့် သတင်းအရင်းအမြစ်က လာသည်ကို သေချာစွာ အကဲဖြတ်ဆန်းစစ်မှု(Verification) လုပ်ရန်လိုအပ်ကြောင်း၊ မည်သည့်မီဒီယာတွင် ပါဝင်သနည်း၊ ယင်းမီဒီယာက မည်သည့်သတင်းရင်းမြစ်ကိုကိုးကားထားသနည်း စသည့် အချက်များကို လေ့လာသုံးသပ်သင့်ကြောင်း အကြုံသည်။

”ကိုယ်သိတဲ့သတင်းက လူတစ်ဦးနှစ်ဦးကပဲ ပြောတာလား။ လူတစုကပဲပြောတာလား။ အဲလိုမဟုတ်ဘဲနဲ့ အဲဒါကို လိုအပ်တာထက်ပိုပြီးတော့ Highlight အသားပေးရေးတာမျိုး ဖြစ်လာရင် အဲဒါက ပဋိပက္ခကို တနည်းနည်းနဲ့ စေ့ဆော်သလိုမျိုး ဖြစ်သွားမှာကို စိုးရိမ်ရတယ်။ လူတွေက စိတ်လှုပ်ရှားမယ်။ စိတ်လှုပ်ရှားရင် သံသယဖြစ်ပြီ။ သံသယစိတ်များလာရင် ကြောက်စိတ်များလာရော။ ကြောက်စိတ်များလာရင် လူတွေက ကာကွယ်ဖို့ အတွင်း ဒေါသစိတ် တွေ ထွက်လာတာပေါ့”ဟု ဦးရဲနိုင်မိုးက သုံးသပ်ပြောသည်။

အစွန်းရောက်အစ္စလမ်ဝါဒီများ၏ ဂျီဟတ် စစ်ပွဲဆင်နွဲမည်ဆိုသော ပြောဆိုချက်များနှင့် လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ တွင်အေးချမ်းစွာနေထိုင်လိုသော အစ္စလမ် ဘာသာဝင်များ၏ ပုံရိပ်ကိုထိခိုက်စေကြောင်း၊ အစ္စလမ်ဘာသာ အပေါ်နားလည်မှုလွဲမှားစေနိုင်စေကာ မတူကွဲပြားသည့် လူမှုအဖွဲ့အစည်းများ၊ နားလည်မှုတည်ဆောက်ရေး၊ ငြိမ်းချမ်းစွာ၊ သဟဇာတ ဖြစ်စွာနေထိုင်နိုင်ရေးလှုပ်ရှားမှုများကိုလည်း ထိခိုက်စေနိုင်ကြောင်း ဦးရဲထွဋ်က သုံးသပ်သည်။

”ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာသံသယတွေပိုမိုများပြား လာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်တာလည်းဖြစ်နိုင်တဲ့ အတွက် ကျနော်တို့အားလုံးက သတိရှိရှိနဲ့တုံ့ပြန်ဖို့ လိုပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။

မြန်မာနိုင်ငံ မော်လ၀ီအဖွဲ့ချုပ် အတွင်းရေးမှူးဦးရဲနောင်သိန်းက ပြည်တွင်းမီဒီယာများအနေဖြင့် နှစ်ဖက်ပဋိပက္ခ ဖြစ်နေစဉ်ကာလတွင် အကြမ်းဖက်မှုဖြစ်လာစေနိုင်သော အားပေးလှုံဆော်သည့် အရေးအသားများကို ရှောင်စေလိုကြောင်း၊ ပုဂ္ဂလိကသတင်းမီဒီယာအချို့သည် ကျင့်ဝတ်နှင့်မညီသော ရေးသားမှုများရှိကြောင်း  ပြောသည်။

”တိုင်းပြည်ငြိမ်းချမ်းရေးကို ဦးတည်တယ်ဆိုရင် ဟိုမှာမီးတစ၊  ဒီမှာ မီးတစဖြစ်နေတဲ့ အချိန်မှာ ဖွတာမျိုး စွတာမျိုးတွေ မရေးသင့်ဘူး။ မနေ့ကဂျာနယ်တစ်စောင်မှာ ဂျီဟတ်ဘာသာရေးစစ်ပွဲလုပ်မယ့်အကြောင်း ရေးထားလိုက်တာ စိုးရိမ်ထိတ်လန့်စေတယ်။ ကျနော်တို့ကလည်း အေးအေးချမ်းချမ်းနေချင်တယ်။ ဂျီဟတ်ဘာသာရေးစစ်ပွဲဆိုတာကို သဘောမတူဘူး။ မီဒီယာတွေအနေနဲ့ ကျနော်တို့ ပြည်တွင်းအစ္စလမ်အဖွဲ့တွေရဲ့ သဘောမတူတဲ့ သဘောထားတွေကို ဖော်ပြသင့်တယ်။ ရေးသင့်တယ်။ တဖက်တည်းမရေးသင့်ဘူး”ဟု ဦးရဲနောင်သိန်းက ဆိုသည်။

ရခိုင်ပြည်နယ်နှင့် မိထ္တီလာတွင် ဖြစ်ပွားခဲ့သော ဘာသာရေးနှင့်လူမျိုးရေးပဋိပက္ခများကြောင့် လူသေဆုံးမှုများရှိနေပြီး အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ ထိန်းသိမ်းမှုများ လုပ်ဆောင်နေရဆဲဖြစ်သည်။
ထက်နိုင်ဇော်
The Irrawaddy (Burmese Version)

တွံတေးတွင် လေပြင်းတိုက်ခက်သောကြောင့် လူတစ်ဦးသေဆုံး၍ အိမ်အချို့ပျက်စီး

တွံတေး၊ မေ ၆။
တွံတေးမြို့နယ် ကရင်ချောင်းကျေးရွာကျေးရွာတွင် မေလ ၅ရက်နေ့ မွန်းလွဲ တစ်နာရီခွဲခန့်တွင်
မိုးသည်းထန်စွာရွာသွန်း ပြီး လေပြင်း တိုက်ခတ်ခဲ့သောကြောင့် လူတစ်ဦးသေဆုံးခဲ့၍ ဓနိမိုးအိမ်(၆)လုံးခန့်
ပျက်စီးခဲ့ကြောင်း ကရင်ချောင်း အုပ်ချုပ်ရေးမှူး ဦးသန့်ဇော် ၏ မြန်မာ့ခေတ်သို့ ပြောကြားချက်အရ
သိရသည်။

“တစ်နာရီးခွဲလောက်မှာ မိုးတွေရွာ လေတွေတိုက်လာပြီ မိုးကြိုးတွေပစ်တာပဲ။ တစ်ယောက်သေသွားတယ်။
တစ်ယောက် ဒဏ်ရာရတယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအချို့လဲ အမိုးလန်သွားတယ်”ဟု ၎င်းက
ဆက်လက်ပြောကြားသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့်သေဆုံးသူမှာ ကရင်ချောင်းကျေးရွာတွင်နေထိုင်သော ကိုသိန်းထွန်း အသက်(
၃၂) နှစ်ဖြစ်ပြီး ၎င်းသည် လယ်ထဲတွင် စပါးများ သိမ်းနေစဉ် မိုးကြိုးပစ်ခံခဲရခြင်းဖြစ်ကြောင်းနှင့်
ကိုခင်မောင်မျိုးမှာလည်း ဒဏ်ရာအနည်းငယ်ရရှိကြောင်း သိရပြီး အိမ်ခြေမဲ့ ဒုက္ခသည်လူဦးရေ
၂၀ခန့်ရှိကြောင်း သိရသည်။

ထို့နောက် ယင်းအိမ်ခြေမဲ့ဒုက္ခသည်လူဦးရေ ၂၀ခန့်အား ပြန်လည်နေရာချထားရေးကိစ္စနှင့် စပ်လျဉ်း၍
ယာယီတဲများ ဆောက်လုပ်လျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အမျိုးအစား ၃၀ကို ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည်

6/May/2013
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လုပ်ငန်းအမျိုးအစားပေါင်း ၃၀ ခန့်ကို ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ဆက်သွယ်ရေးလုပ်ငန်းပိုင်း၌ လုံခြုံရေးအရ ကန့်သတ်မှုရှိသည့် လုပ်ငန်းများမှလွဲ၍ ကျန်သည့်လုပ်ငန်းများကို လွတ်လွတ်လပ်လပ် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြရမည် ဖြစ်သဖြင့် ဆက်သွယ်ရေးကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းပါဝင် ညှိနှိုင်းပေးရန် မေတ္တာရပ်ခံကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက နေပြည်တော်၌ ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသည့် ကုမ္ပဏီအဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းပွဲတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများအား www.mcit.gov.mm ၌ လွှင့်တင်ထားကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများ၌ မိုဘိုင်းတာဝါတိုင်များ စိုက်ထူခြင်း၊ မိုဘိုင်းစနစ်များ တိုးချဲ့တပ်ဆင်ခြင်း၊ မိုဘိုင်းဘဏ်စနစ်လုပ်ငန်း ဆောင်ရွက်ခြင်း၊ နိုင်ငံပိုင်ဂြိုလ်တု လွှင့်တင်ခြင်း အစရှိသည့် လုပ်ငန်းများအပြင် Call Center လုပ်ငန်း ဆောင်ရွက်ခြင်း၊ PCO လုပ်ငန်း ဆောင်ရွက်ခြင်း၊ FTTH ဖိုင်ဘာလိုင်းများ ဆောင်ရွက်ခြင်းတို့လည်း ပါဝင်သည်ကို တွေ့ရသည်။ ၄င်းအပြင် ဒေတာစင်တာလုပ်ငန်း ဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် တယ်လီဖုန်းအဝင်အထွက် ခေါ်ဆိုမှုများ ဆက်သွယ်ပေးခြင်း အစရှိသည့် လုပ်ငန်းများလည်း ပါဝင်သည်ကို တွေ့ရကြောင်း ၂၀၁၃ ခုနှစ် မေလ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
khitlunge

လေးလအတွင်း မီးလောင်မှု ၉၂၉ ကြိမ်၊ ကျပ်သန်း ၂,၈၀၀ ကျော် ဆုံးရှုံး

Monday, May 6, 2013
ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတဝှန်း ဇန်နဝါရီမှ ဧပြီလအထိ မီးလောင်မှု ၉၂၉ ကြိမ် ဖြစ်ပွားခဲ့သဖြင့် ကျပ်သန်းပေါင်း ၂,၈၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှတဆင့် သိရသည်။

၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကိုယ်မင်းကိုယ်ချင်း ရပ်ကွက် ကိုယ်မင်းကိုယ်ချင်းလမ်း ၅ နောက် အမှတ် ၅၄ ဗဟန်းမြို့နယ်ရှိ RC ၂ ထပ်တိုက်တစ်လုံး မီးလောင်မှုဖြစ်ပွားစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

ထို ကာလအတွင်း မီးလောင်မှုများမှာ မီးဖိုမီး ၂၅၅ ကြိမ်၊ ပေါ့ဆမီး ၃၀၀ ကြိမ်၊ အလိုအလျောက်မီး ၂၁ ကြိမ်၊ လျှပ်စစ်မီး ၁၂၇ ကြိမ်၊ မသမာသူရှို့မီး ၁၁၉ ကြိမ်၊ တောမီး ၁၀၅ ကြိမ်၊ မိုးကြိုးပစ် ၂ ကြိမ် ဖြစ်ပွားခဲ့၍ အိမ်ခြေအဆောက်အဦ ၃,၇၇၃ လုံး၊ စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင် ၃၈ လုံး၊ သေဆုံးသူ လူဦးရေ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၆၆ ဦး၊ မီးဘေးဒုက္ခသည် ၁၂,၁၄၂ ဦးနှင့် တိရိစ္ဆာန် ဆုံးရှုံးမှု ၂,၅၀၂ ကောင် ရှိခဲ့သည်။

“မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့ရတဲ့ မီးလောင်မှုတွေကို ပြန်လည် ဆန်းစစ်ကြည့်တဲ့အခါ သတိမပြု၊ ဂရုမစိုက်မိတဲ့ ပေါ့ဆမီး ဟာ ၆၅ ရာခိုင်နှုန်းကျော် ရှိတယ်” ဟု ၆၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့ နေ့တွင်
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က မှတ်ချက်ပြု ပြောဆိုသွားသည်။

လေးလ အတွင်း မီးလောင်မှု ကြိမ်ရေ အများဆုံး ဖြစ်ခဲ့သည့် မန္တလေးတိုင်းတွင် ၁၃၅ ကြိမ် လောင်ကျွမ်း၍ ကျပ် ၁,၀၃၆ ဒဿမ ၇၅ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

ဒုတိယမြောက် ကြိမ်ရေ အများဆုံးလောင်ကျွမ်းမှု ဖြစ်ခဲ့သည့် ရန်ကုန်တိုင်းတွင် ၁၀၅ ကြိမ် လောင်ကျွမ်း၍ ကျပ် ၁၉၇ ဒဿမ ၀၄ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

“မီးလောင်မှုတွေ အများအားဖြင့်က လျှပ်စစ်နဲ့ ပတ်သက်တဲ့ မီးလောင်မှုတွေ ဖြစ်တယ်။ မီးသတ်တပ်ဖွဲ့တွေက တအိမ်တက်ဆင်း စစ်ဆေးတာတွေ ဆော်သြတာတွေ လုပ်နေတဲ့ကြားက ပေါ့ဆမှု တွေရှိနေတုန်းပဲ၊ မီးမမှန်တာ တွေ၊ မီးပြတ်တဲ့အချိန်မှာ မီးကို ပြန်မပိတ်တာကနေ မီးလောင်မှု ဖြစ်တယ်။ အရည်အသွေး မပြည့်မီတဲ့ ဝါယာကြိုးတွေ၊ လျှပ်စစ် ပစ္စည်းကိရိယာတွေ သုံးလို့ မီးလောင်မှု ဖြစ်တာ များတယ်” ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးမှူး ဦးကြည်ဝင်း က ပြောသည်။

ကြိမ်ရေ အနည်းဆုံး ဖြစ်ခဲ့သည့် ကယားပြည်နယ်တွင် ၂ ကြိမ် လောင်ကျွမ်း၍ ကျပ် ၂ ဒဿမ ၇၈ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

နေပြည်တော်တွင် ၉၂ ကြိမ် လောင်ကျွမ်း၍ ကျပ် ၂၄ ဒဿမ ၃၇ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

ကျန် ပြည်နယ်နှင့်တိုင်းများအလိုက် လေးလတာအတွင်း မီးလောင်ကျွမ်းမှု ကြိမ်ရေနှင့် ဆုံးရှုံးရမှု တန်ဖိုးမှာ ကချင်ပြည်နယ်တွင် ၃၆ ကြိမ် ကျပ် ၃၅ ဒဿမ ၆၄ သန်းဖိုး၊ ကရင်ပြည်နယ်တွင် ၁၆ ကြိမ် ကျပ် ၁၈ ဒဿမ ၁၃ သန်းဖိုး၊ ချင်းပြည်နယ်တွင် ၁၂ ကြိမ် ကျပ် ၁၅၇ ဒဿမ ၉၇ သန်းဖိုး၊ စစ်ကိုင်းတိုင်းတွင် ၉၂ ကြိမ် ကျပ် ၂၅၀ ဒဿမ ၈၈ သန်းဖိုး၊ တနင်္သာရီတိုင်းတွင် ၂၉ ကြိမ် ကျပ် ၆၂ ဒဿမ ၂၇ သန်းဖိုး၊ ပဲခူးတိုင်းတွင် ၈၃ ကြိမ် ကျပ် ၁၉၂ ဒဿမ ၆၂ သန်းဖိုး၊ မကွေးတိုင်းတွင် ၈၆ ကြိမ် ကျပ် ၂၇ ဒဿမ ၉၃ သန်းဖိုး၊ မွန်ပြည်နယ်တွင် ၃၆ ကြိမ် ကျပ် ၆၇၂ ဒဿမ ၄၈ သန်းဖိုး၊ ရခိုင်ပြည်နယ်တွင် ၆၄ ကြိမ် ကျပ် ၃၄ ဒဿမ ၅၃ သန်းဖိုး၊ ရှမ်းပြည်နယ်တွင် ၇၈ ကြိမ် ကျပ် ၆၂ ဒဿမ ၈၃ သန်းဖိုးနှင့် ဧရာဝတီတိုင်းတွင် ၆၃ ကြိမ် ကျပ် ၂၄ ဒဿမ ၄၇ သန်းဖိုး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ယခင်နှစ်က အလားတူ လေးလ ကာလနှင့် နှိုင်းယှဉ်ပါက မီးလောင်မှု ကြိမ်ရေ ပိုမို များပြားလာခဲ့သော်လည်း ဆုံးရှုံးမှု တန်ဖိုးမှာ ထက်ဝက် လျော့နည်းခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း မီးလောင်မှု ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၅,၄၇၂ ကျော် ဖြစ်ခဲ့ရသည်။
နန်းမြင့်
Mizzima - News in Burmese

အိမ်မက်ဆုံရာ Season 5 ၏ Grand Final ပွဲစဉ်

အိမ်မက်ဆုံရာ (Season 5 ) Grand Final
ပရိတ်သတ်များ စိတ်ဝင်စားသော အိမ်မက်ဆုံရာ Season 5 ၏ Grand Final ပွဲစဉ်ကို မေလ ၅ ရက်နေ့ ညနေ ၆ နာရီက ကန်တော်ကြီး၊မျှော်စင်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပထမဆုနှင့် Popular Choice ဆုကို အောင်မြင့်မြတ် က ရရှိခဲ့ပြီး ဒုတိယဆုကိုတော့ ထင်ဒိုင်းက ရရှိခဲ့ပါတယ်။
ရဲရဲ
Popular Journal





မင်္ဂလာဆောင်သို့လာသော ကားတစ်စီး ရေမြောင်းထဲထိုးကျ

မန္တလေး-မေ ၆
မန္တလေးမြို့ ၆၄လမ်း၊ ၂၆-၂၇လမ်းကြား အိုရီရမ်တယ်ဟောက်စ်ခန်းမအနီးတွင်မေ၅ရက်နေ့ ညနေလေးနာရီခန့်က မင်္ဂလာဆောင်သို့လာသော မိသားစုခြောက်ဦးပါကားတစ်စီး မြောင်းထဲသို့ ထိုးကျမှုဖြစ်ပွားခဲ့သည်။

အဆိုပါကားမှာ အပြန်တွင် နောက်သို့ဆုတ်ရာ ရှေ့ဂီရာနှင့်နောက်ဂီရာမှားပြီးလီဗာပုတ်လိုက်ရာမှ ရှေ့မြောင်းထဲသို့ထိုးကျသွား ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ချို့က ပြောသည်။

ထို သို့ထိုးကျသွားခြင်းကြောင်း ကားပေါ်တွင် ပါဝင်သူ မိသားစုခြောက်ဦးလုံး ကြီးကြီးမားမားထိခိုက်ဒဏ် ရာရရှိခြင်းမရှိကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

" တော်တော်ကံကောင်းပါတယ်။ ကားပေါ်မှာ ကလေးတွေလည်းပါတယ်။ ကလေးနှစ်ယောက်နဲ့ အပျို ပေါက်အရွယ်ကောင်မလေးနှစ်ယောက်ပါတယ်။ အဖေရယ် အမေရယ် ထင်တယ်။ ကြီးကြီးမားမားထိခိုက် ဒဏ်ရာရတာတော့မတွေ့ဘူး" ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ဖိုးလပြည့်
Popular Myanmar News Journal




စစ်တပ်ထိုးစစ် ၀ နယ်ကို ဦးတည်ဟု ခွန်ထွန်းဦးပြော

May 6, 2013
လက်ရှိ အစိုးရစစ်တပ်ကနေ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် ထိန်းချုပ်နယ်မြေတွေကို တိုက်ခိုက်တာဟာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ ၀ ဒေသကို ဦးတည်နေတာဖြစ်ကြောင်း သမ္မတကို ပြောခဲ့တယ်လို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီလို ဆက်ပြီးတိုက်ခိုက်နေရင် တိုင်းရင်းသားတွေဟာ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်ရင်း ၂၀၁၄ သန်းခေါင်စာရင်း ကောက်တဲ့အခါ ပါလာမှာ မဟုတ်ဘဲ နောင်မှာ နိုင်ငံမဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်သွားနိုင်ကြောင်း သမ္မတကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက် နေပြည်တော်မှာ သမ္မတနဲ့ နိုင်ငံရေးပါတီ ၁၈ ခုက ခေါင်းဆောင်တွေ တွေ့ဆုံစဉ် သူက ခုလို ဆွေးနွေးခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ အတတ်နိုင်ဆုံး ဖြေရှင်းပေးမယ်လို့ ကတိပေးကြောင်း ပြောပါတယ်။
ဒီဗွီဘီ

ဆီးရီယားနိုင်ငံတွင်း အစ္စရေးလေကြောင်းတိုက်ခိုက်

06.05.2013
ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့အပြင်ဘက်မှာရှိတဲ့ စစ်တပ်ပစ်မှတ်တွေကို အစ္စရေးစစ်လေယာဉ်တွေက တနင်္ဂနွေနေု့တုန်းက ဗုံးကျဲခဲ့တယ်လို့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ ထောက်လှမ်းရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးကိုတိုက်တဲ့အခါမှာ သုံးနိုင်ဖို့ လက်ဘနွန်က ဟက်ဇဘိုလာအဖွဲ့ဆီကို ပို့မယ့်၊ အီရန်ကတင်ပို့လိုက်တယ်လို့ ဆိုတဲ့ ဖာတာ ၁၁၀ မစ်ဇိုင်း ဒုံးလက်နက်တွေ ထားရာ ဒမတ်စကက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဂိုထောင်ပေါ်ကို သောကြာနေ့ တုန်းက အစ္စရေးတို့က လေကြောင်းကနေ တိုက်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးသတင်း ရပ်ကွက်ကပြောပါတယ်။

ဖာတာ ၁၁၀ မစ်ဇိုင်း ဒုံးလက်နက်တွေဟာ ပစ်မှတ်ကို မှန်မှန်ကန်ကန် ပစ်နိုင်တဲ့ ဒုံးလက်နက်အမျိုးအစားတွေ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရဘက်ကတော့ မြို့တော် မြောက်ပိုင်းမှာရှိတဲ့ စစ်သုတေသန နေရာကို ထိမှန်ခဲ့တယ်လို့ ဆိုပြီး လေကြောင်းတိုက်ခိုက်မှုကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အစ္စရေးတာဝန်ရှိသူတွေဘက်ကတော့ ဆီးရီးယားအပေါ် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တရားဝင်ပြောကြားခြင်းမရှိသေးပါဘူး။
ဗွီအိုအေ (မြန်မာဌာန)

NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ချစ်ကြည်ရေး ခရီးသွားရောက်မည်

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ။ (မတ်လ ၁၀၊ ၂၀၁၃)။

06.05.2013
အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အချို့ လာမယ့် ရှေ့သီတင်းပတ် ထဲမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပါတီနှစ်ရပ်အကြား ချစ်ကြည်ရေးအနေနဲ့ သွားရောက်မယ့် ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တရုတ်အစိုးရပိုင်းရော အာဏာရ တရုတ်ကွန်မြူနစ်ပါတီကပါ မြန်မာဘက်က အစိုးရနဲ့ အာဏာရပါတီတွေအပြင်၊ အခြား နိုင်ငံရေးပါတီတွေနဲ့ ထိစပ် ဆက်ဆံမှုလုပ်လာတဲ့ အခြေအနေ တစိတ်တပိုင်းလို့ ပြောရမှာပါ။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသစ်နဲ့ အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံပြီးတဲ့နောက်ပိုင်း၊ အတိုက်အခံပါတီကြီးလို့ ပြောရမယ့် အန်အယ်ဒီနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး အခုလို တိုးမြင့်လာတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ လာရောက်ဖို့ဆိုပြီး၊ အာဏာရ တရုတ် ကွန်မြူနစ်ပါတီက ဖိတ်ကြားထားတယ်ဆိုတာကို အန်အယ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဟန်သာမြင့်က အတည်ပြုပါတယ်။

“ကျနော်ထင်တယ်၊ ကျနော်တို့ဆီက ၁၂ ယောက်ဖိတ်ပါတယ်။ အခုဟာက ကွန်မြူနစ်ပါတီက ဖိတ်တာပါ။ သူ့ကန့်သတ်ချက်က အသက် ၆၀ အောက် ဗဟိုကော်မတီဝင်များ ဆိုပြီးတော့ ဖိတ်ပါတယ်။ ဆိုတော့ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်မှုဆောင် ၂ ယောက်ရယ်၊ နောက် ကျန်တဲ့ ဗဟိုကော်မတီဝင်တွေ ရယ် လွှတ်ဖို့ ကျနော်တို့ လုပ်နေပါတယ်။ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးညီပု၊ နောက် ဒေါ်နန်းခင်ထွေးမြင့်။ သူတို့နှစ်ယောက် ပါတယ်။ နောက်တခါ ဒေါ်ဖြူဖြူသင်းရယ် ပါတယ်။ ပါတီနှစ်ခုကြားက friendship အတွက်ပေါ့နော်။ သူတို့ဖိတ်တဲ့အတိုင်းဆိုရင်။”

တရုတ်လူငယ်အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်တွေလည်း မကြာခင်မှာ တရုတ်နိုင်ငံသွားဖို့ရှိတယ်လို့ ဦးဟန်သာမြင့်က ပြောပါတယ်။

“လူငယ်တွေသွားဖို့လည်း ရှိပါတယ်။ လူငယ်တွေ နောက်ထပ် ၈ ယောက်သွားဖို့ ရှိပါတယ်။ China Federation of Youth ဆိုတာရှိတယ်။ အဲဒီက ဖိတ်တာ။ အဲဒီကိုသွားရမှာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြင် အခြားနိုင်ငံရေးပါတီ ကိုယ်စားလှယ်အချို့ ကို ပါတီချင်း ဆက်ဆံရေးအတွက် တရုတ်နိုင်ငံကိုလေ့လာဖို့ ဖိတ်ကြားခဲ့တယ် လို့ သိရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဟိုအရင် စစ်အစိုးရလက်ထက် တလျှောက်လုံးမှာတော့၊ တရုတ်အစိုးရပိုင်း အနေနဲ့ မြန်မာစစ်အစိုးရနဲ့ပဲ တောက်လျှောက် ဆက်ဆံမှုရှိခဲ့သလို၊ အာဏာရ တရုတ်ကွန်မြူနစ်ပါတီ ဟာလည်း စစ်အစိုးရဖွဲ့ထားတဲ့ ကြံ့ခိုင်ရေးအသင်းကို ပါတီတရပ်လို သဘောထားပြီး နှစ်ပါတီ ဆက်ဆံရေး ထူထောင်ခဲ့တာပါ။ ကြံ့ခိုင်ရေး အသင်းကို နိုင်ငံရေးပါတီဖွဲ့ပြီးတဲ့ နောက်မှာလည်း တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ ကြံ့ခိုင်ရေးပါတီကိုပဲ ထဲထဲဝင်ဝင် ဆက်ဆံခဲ့ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း မြန်မာအစိုးရကလည်း တရုတ်အပြင် အခြား အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းလာခဲ့သလို၊ တရုတ်ဘက်က လည်း မြန်မာနိုင်ငံထဲက အခြား နိုင်ငံရေး အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်လာတာတွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း မကြာခင်က သူတို့လုပ်ခဲ့တဲ့ ပါတီညီလာခံဖွင့်ပွဲကို အနောက်နိုင်ငံ သံတမန်တွေအပြင် တရုတ်နဲ့အခြား အာဆီယံဒေသ သံတမန်တွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။
ကိုသားညွှန့်ဦး
VOA

တိုင်းရင်းသားများ ဖွံ့ဖြိုးရေး ၈၈ကျောင်းသားများ ဆွေးနွေး

လားရိုး၊ မေ ၅။
ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ထွက်ခွာသွားသော ၈၈မျိုးဆက်ကျောင်းသားများ၏  ၈ရက်ခန့် ကြာမည့်
ခရီးစဉ်အတွင်း လားရှိုး ဒေသခံ ပြည်သူ များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း  ပတ်သက်ပြီး ဆွေးနွေးပွဲများကို ယနေ့ညနေ ၃ နာရီခွဲခန့်တွင် တောရဘုန်းတော်ကြီး ကျောင်းတိုက်ရှိ ဓမ္မာရုံတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ အတွင်း ၈၈မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက တိုင်းရင်းသားဒေသများတွင် ဆင်းရဲမှုများ ဖွံ့ဖြိုးမှု အားနည်းနေခြင်းများအပေါ် ဝမ်းနည်းမိကြောင်း၊ တိုင်းရင်းသားဒေသများတွင် မြန်မာလူမျိုးများအား ကြားရုံဖြင့်ပင် မုန်းတီးနေခြင်းမျိုးကို မလိုလားဘဲအတူလက်တွဲ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ရမည်ဖြစ်ပြီး ရရှိလာမည့် အကျိုးအမြတ်ကိုလည်း တန်းတူရရှိမည်ဖြစ်ကြောင်း၊ မည်သူ့ကိုမျှ နောက်ချန်ထားရစ်မည် မဟုတ်ကြောင်း ပြောကြားသည်။
ဆရာ ဆရာမများ အနေဖြင့် သွားလာရေး ခက်ခဲမှုနှင့် အခြားအခက်အခဲများကြောင့် သွားရောက်လုပ်ကိုင်လိုစိတ် မရှိသလို လူငယ်များ အနေဖြင့်လဲ  ပြည်တွင်းပညာရေးထက် ပြင်ပထွက်၍ ပညာသင်ကြားလိုကြကြောင်း၊ ထိုသို့ တစ်ဦးကောင်း တစ်ယောက်ကောင်း မလုပ်ဘဲ အားလုံးတန်းတူ ပညာသင်ကြားနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူမျိုးမခြားဘဲ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။
ထို့နောက် ဦးမင်းကိုနိုင်ကလည်း မိမိလုပ်ဆောင်သည့် လုပ်ရပ် အပြုအမူ အပြောအဆိုသည် မိမိတယောက်တည်း သာမကဘဲ မိမိ၏လူမျိုး မိမိ၏ အဖွဲ့အစည်းတစ်ခုလုံးအား ကိုယ်စားပြုသည့် အတွက်ကြောင့် မိမိ၏လုပ်ရပ်အားလုံးကို ဆင်ခြင်းသင့်ကြောင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဆွေးနွေးပွဲနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ၃နာရီခန့် ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ ၈၈မျိုးဆက် ကျောင်းသားများမှယင်းတို့၏ အတွေ့အကြုံမျာနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကြောင်း ပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှလည်း ၎င်းတို့ ကြုံတွေ့နေရသော အခက်အခဲများအား အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြရာ ဒေသခံသုံးရာ ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

၈၈မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည့် ခရီးစဉ်အတွင်း ရှမ်းပြည်မြောက်ပိုင်း မြို့များမှ ဒေသခံပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မေလ ၆ ရက်နေ့တွင်လည်း တအောင်းဝ် ကျောင်းသား လူငယ်များနှင့်တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝေယံ
မြန်မာ့ခေတ်

ဒါကာ အစ္စလာမ် ဆန္ဒပြပွဲကြီး ဖြိုခွဲခံရ

အစ္စလာမ် စော်ကားသူကို သေဒဏ်ပေးဖို့ တောင်းဆို
5 မေလ 2013
ဒါကာ မြို့တော်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဆန္ဒပြပွဲကြီးကို ရောင်ခြည်ဖြာ ဒိုင်းနမိုက်နဲ့ ရာဘာ ကျည်ဆန်တွေ သုံးပြီး ဘင်္ဂ္လားဒေ့ရှ် ရဲက ဖြိုခွဲ ခဲ့ပါတယ်။

ဒါကာ မြို့လယ်က စီးပွားရေး ရပ်ကွက်ကို ရဲနဲ့ လုံခြုံရေး အဖွဲ့တွေ ထိန်းချုပ် လိုက်ပြီ ဖြစ် ပါတယ်။

အဆောက်အအုံတွေ ကြားမှာ ပုန်းကွယ်နေတဲ့ ဆန္ဒပြသူတွေကို ရဲက ရှာဖွေနေတာမို့ သေနတ်သံနဲ့ ပေါက်ကွဲသံတွေ ကြားနေရ ဆဲ ဖြစ်ပါတယ်။

ရဲနဲ့ ဆန္ဒပြသူတွေ အကြား သွေးထွက်သံယို အချင်းများမှု တွေကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပြီး ဆန္ဒပြသူတွေက ကျောက်တုံးတွေနဲ့ ပစ်ပေါက် ခဲ့ကြပါတယ်။

တင်းကျပ်တဲ့ အစ္စလာမ် စံနှုန်းတွေ ထားရှိရေး တောင်းဆိုကြတဲ့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ချီတက် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂ္လားဒေ့ရှ်ဟာ ဘာသာရေး စွက်ဖက်မှု ကင်းတဲ့ နိုင်ငံ ဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရက ဒီတောင်းဆိုချက်တွေကို ပယ်ချ ခဲ့ပါတယ်။
BBC Burmese

၅ ဦးသေဆုံးတဲ့ မူးယစ်ကုန်ကူးသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တိုက်ပွဲ

2013-05-05
မြန်မာနိုင်ငံဖက်ကနေ ထိုင်းနိုင်ငံဖက်ကို မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ လက်နက်ကိုင် မူးယစ်မှောင်ခိုအုပ်စုနဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေ ဒီကနေ့ မနက်က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လူ ၅ ယောက်ကို သေနတ် ၄ လက် မှုးယစ်ဆေးတွေနဲ့အတူအသေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့နေရာကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ့်ဖာလုံမြို့နယ် မယ့်စလောင်း ကျေးရွာအုပ်စု၊ အားလဲ့ကျေးရွာကနေ ကီလိုမီတာ ၂၀ အကွာ ထိုင်း-မြန်မာ နယ်စပ်အနီးမှာဖြစ်ပြီး၊မှုးယစ်မှောင်ခို အဖွဲ့နဲ့ထိုင်နယ်ခြားစောင့်တပ်တို့ ၁၀ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ရာမှာ မူးယစ်မှောင်ခိုကူးသူတွေဖက်က ၅ ဦး သေဆုံးခဲ့တာလို့  ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူ မြန်မာတဦးက RFA ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ လက်နက်တွေထဲမှာ ပွိုင့် ၂၂ သေနတ်တစ်လက်၊ AK-47 အမျိုးအစား မောင်းပြန် ရိုင်ဖယ် တလက်၊ ၉ မီလီမီတာ ပစ္စတို တစ်လက် နဲ့ တရုတ်နိုင်ငံထုတ် လက်နက်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူတွေဟာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အလားတူ ဧပြီလ ၂၃ ရက်နေ့ကလည်း ဒီလိုအဖွဲ့မျိုး အဖွဲ့ဝင် ၁၀ ယောက်ပါတဲ့အဖွဲ့နဲ့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရာဘ ခေါ် စိတ်ကြွဆေးပြား ၉၆၀၀၀၀(ကိုးသိန်း ခြောက်သောင်း) နဲ့ မူးယစ်မှောင်ခိုတဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ကျန်သူတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးကို ဆန်းစစ်လေ့လာခြင်း

မေ ၅၊ ၂၀၁၃
ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစု အသီးသီးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံတနိုင်ငံဖြစ် ပေသည်။

သို့သော် မြန်မာနိုင်ငံ၌ အဓိကလူမျိုးကြီး ရှစ် မျိုးရှိပြီး မျိုးနွယ်စုပေါင်း ( ၁၃၅ )မျိုးရှိသည်ဟု ပြောဆိုသုံးနှုန်းနေမှု ကို တိုင်းရင်းသားပါတီ ခုနစ်ပါတီဖြင့် စုဖွဲ့ထားသော “ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း” က ကန့်ကွက်ကြောင်း ၂၀၁၃ ခုနှစ်၊မတ်လ ၂ ရက်နှင့် ၃ ရက်နေ့က ပြုလုပ်ခဲ့သော နှစ်လတကြိမ် ပုံမှန်လွှတ်တော် အစည်းအဝေးအပြီးတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ်၊ဖေဖော်ဝါရီလ ၂၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း(ရွာငံ) မဲဆန္ဒနယ်၏ မေးခွန်းကိုဖြေကြားရာတွင် သုံးနှုန်းပြောဆိုမှုကို ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
“ လွှတ်တော်မှာ လဝက ဒုတိယဝန်ကြီး ဦးဝင်းမြင့်က တိုင်းရင်းသား ၁၃၅ မျိုး နာမည်တွေချပြတယ်၊ နာမည်ထပ် နေတာတွေ့ရတယ်။ ရှမ်းမှာဆိုလျှင် ရှမ်း၊ရှမ်းကြီး၊တိုင်းလျမ်တို့ဆို တမျိုးတည်းပဲ” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမိုးအောင်က ပြောကြားခဲ့သည်။”

တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိသည်ဟု သုံးနှုန်းခြင်းသည် မျိုးနွယ်စုများလွန်း၍ တစ်မျိုးစီ၏ အခွင့်အရေးအား သီးခြား ဆောင်ရွက်ပေးရန်ခက်ခဲသည်ဟု နိုင်ငံရေးအရ အကြောင်းပြရန် ဖြစ်နိုင်သည်ဟု ၎င်းးကမှတ်ချက်ချခဲ့သည်။ ၎င်းကပင် - “ တိုင်းရင်းသားရှစ်မျိုးထဲမှာ ဗမာကလွဲပြီး၊ကျန်တဲ့ တိုင်းရင်းသားတွေက လက်ခံနိုင်တဲ့ အနေအထား မရှိဘူး၊ ပြန် ပြီးစိစစ်ဖို့လိုပါတယ် ” “ စာရင်းပြုစုဖို့လိုတယ် လို့ပြောချင်ပါတယ် ” ဟူ၍ဖြည့်စွက်ပြောကြားသွားခဲ့သည်။

၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ၌ ဆောင်းပါးရှင် မြန်ပြည် သား ရေးသားခဲ့သော “ တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုး နေထိုင်ရာ တို့ ပြည်ထောင်စုမြန်မာနိုင်ငံ ” ဆောင်းပါး၌ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး၏ စာရင်းကို အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။( သို့သော် ၂၀၁၃ မတ် ၁၃ ရက်နေ့ထုတ် Northern Star ဂျာနယ်၌ ရဲစွမ်းသူ၏ “ နိုင်ငံတော့်မျက်နှာ ” ဆောင်းပါး၌ အချို့တိုင်းရင်းသားလူမျိုးစု၏ အမည်များကို မှားယွင်းစွာဖော်ပြထားပါသည်။)

(က) ကချင်စု
၁။ ကချင်
၂။ ကရို
၃။ ဒလောင်
၎။ ဂျိန်းဖော
၅။ ဂေါ်ရီ
၆။ ခခု ( ရဲစွမ်းသူ၏ နိုင်ငံတော့်မျက်နှာဆောင်းပါး၌ ခဥ ဟုဖော်ပြထားသည်။)
၇။ ဒုရင်
၈။ မရု (လော်ဂေါ်) (မရူ သာအမှန်ဖြစ်သည်)
၉။ ရဝမ်
၁၀။ လရှီ (လာချစ်)
၁၁။ အဇီး
၁၂။ လီဆူး

(ခ) ကယားစု

၁။ ကယား
၂။ ဇယိမ်း (နိုင်ငံတော်မျက်နှာဆောင်းပါး၌ ခုယိမ်းဟု မှားယွင်းဖော်ပြထား)
၃။ ကယမ်း ( ပဒေါင် ) ( ကယန်းဟုရေးသားရပါမည်။)
၎။ ဂေခို
၅။ ဂေဘား
၆။ ပရဲ ( ကယော ) (နိုင်ငံတော့်မျက်နှာဆောင်းပါး၌ ပယဲဟု မှားယွင်းဖော်ပြထား)
၇။ မနူမနော
၈။ ယင်းတလဲ
၉။ ယင်းတော်

(ဂ) ကရင်စု

၁။ ကရင်
၂။ ကရင်ဖြူ
၃။ ပလေကြီး ( ကလေချီ )
၎။ မွန်ကရင်
၅။ စကော ( ကရင် )
၆။ တလှေပွာ
၈။ တွဲ(ဘွဲဟုရေးသားရပါမည်)
၉။ မောအေပွား
၁၀။ မိုးပွာ
၁၁။ ပိုး ( ကရင် )

(ဃ) ချင်းစု

၁။ ချင်း
၂။ မယ်တိုင် ( ကသဲ )
၃။ ဆလိုင်း
၎။ ကလင်တော ( လူရှေ )
၅။ ခမီ
၆။ အောဝခမီ (နိုင်ငံတော့်မျက်နှာဆောင်းပါး၌ သြော်ဝခမီဟု ရေးသားထား)
၇။ ခေါနိုး
၈။ ခေါင်စို
၉။ ခေါင်ဆိုင်
၁၀။ ခွာဆင်းမ်
၁၁။ ခွန်လီခေါ်ဆင်မ်
၁၂။ ဂန်ဘဲ
၁၃။ ဂွေးတဲ
၁၄။ ငွန်း
၁၅။ ဆီစာန် (နိုင်ငံတော့်မျက်နှာဆောင်းပါး၌ ဆီစဉ်ဟု ဖော်ပြထား)
၁၆။ ဆင်ထန် (နိုင်ငံတော့်မျက်နှာဆောင်းပါး၌ ဆင်ထမ်းဟု ဖော်ပြထား)
၁၇။ ဆိုင်းတန် (နိုင်ငံတော့်မျက်နှာဆောင်းပါး၌ ဆိုင်းထန်ဟု ဖော်ပြထား)
၁၈။ လာတောင်
၁၉။ ဇိုထုံး
၂၀။ ဇိုဖေ
၂၁။ ဇို
၂၂။ ဇန်ညှပ် ( ဇန်နိယပ် )
၂၃။ တပေါင်
၂၄။ တီးတိန် ( တဲဒင်မ် )
၂၅။ တေဇန်
၂၆။ တိုင်ချွန်း
၂၇။ တာ့ဒိုး
၂၈။ တောရ်
၃၀။ ဒင်မ်
၃၁။ ဒိုင် ( ယင်ဒူး )
၃၂။ နာဂ
၃၃။ တန်ဒူး
၃၄။ မာရင်
၃၄။ ပနမ်း
၃၅။ မကန်း
၃၆။ မဟူ
၃၇။ မီရမ် (ခေါ်) မရာ
၃၈။ မီအဲ
၃၉။ မွင်း
၄၀။ လူရှိုင်း
၄၁။ လေးမြို
၄၂။ လင်တဲ့
၄၃။ လောက်တူ
၄၄။ လိုင်
၄၅။ လိုင်လို
၄၆။ ပါကင်းမ် (ခေါ်) မရို
၄၇။ ဟွာလ်ငို
၄၈။ အနူး
၄၉။ အနန်
၅၀။ အူပူ
၅၁။ လျင်းတု (လျင်းဘုဟုသာ စကားလုံးပေါင်းရမည်)
၅၂။ အရှိုချင်း ( မြေပြန့် )
၅၃။ ရောင်ထု

( င ) ဗမာစု

၁။ ဗမာ
၂။ ထားဝယ်
၃။ မြိတ်
၎။ ယော
၅။ ရဘိန်း ( ယဗိန်း ဟုသာပေါင်းရမည်။ )
၆။ ကဘူး ( ခုံကူး )
၇။ ဂဏန်း ( ကနန်း ဟုသာ စကားလုံးပေါင်း ပေါင်းရမည်။ )
၈။ ဆလုံ
၉။ ဖုန်း ( ဖွန် )

( စ ) မွန်စု

၁။ မွန်

( ဆ ) ရခိုင်စု

၁။ ရခိုင်
၂။ ကမန်
၃။ ခမြီး
၄။ ဒိုင်းနက်
၅။ မရမာကြီး
၆။ မြို
၇။ သက်

( ဇ ) ရှမ်းစု

၁။ ရှမ်း
၂။ ယွန်း ( လအို )
၃။ ကြီ
၄။ ဖျင်
၅။ သအို ( ယအို သာအမှန်ဖြစ်သည်။ )
၆။ ဓနော )
၇။ ပလေး
၈။ အင်
၉။ စုံ ( ဆံ ) (နိုင်ငံတော့်မျက်နှာဆောင်းပါး၌ စုံ (ဆန်)ဟု ဖော်ပြထား)
၁၀။ ခမူ
၁၁။ ကော် ( အခါ-အီကော )
၁၂။ ကိုးကန့်
၁၃။ ခန္တီးရှမ်း
၁၄။ ဂုံ ( ခုန် )
၁၅။ တောင်ရိုး
၁၆။ ဓနု
၁၇။ ပလောင်(တအာင်းဟူ၍သာသုံးနှုန်းရမည်)
၁၈။ မြောင်ဇီး
၂၀။ ယင်းကြား
၂၁။ ယင်းနက်
၂၂။ ရှမ်းကလေး
၂၃။ ရှမ်းကြီး
၂၄။ လားဟူ
၂၅။ လွယ်လ
၂၆။ အင်းသား
၂၇။ အိုက်တွယ် ( အိုက်ဘွယ် သာအမှန်ဖြစ်သည်။ )
၂၈။ တိုင်းလွယ်
၂၉။ တိုင်းလျမ်
၃၀။ တိုင်းလုံ
၃၁။ တိုင်းလေ့
၃၂။ မိုင်းသာ
၃၃။ မောရှမ်း
ဟူ၍ဖြစ်သည်။
(က) ကချင်အုပ်စုတွင် ၁၂ - မျိုး
( ခ) ကယားအုပ်စုတွင် ၉ - မျိုး
( ဂ) ကရင်အုပ်စုတွင် ၁၁ - မျိုး
(ဃ) ချင်းအုပ်စုတွင် ၅၃ - မျိုး
( င) ဗမာအုပ်စုတွင် ၉ - မျိုး
( စ) မွန်အုပ်စုတွင် ၁ - မျိုး
(ဆ) ရခိုင်အုပ်စုတွင် ၇ - မျိုး
( ဇ) ရှမ်းအုပ်စုတွင် ၃၃ -မျိုး
စုစုပေါင်း ၁၃၅ မျိုး ဟူ၍ဖော်ပြထားသည်။

အဆိုပါ စာရင်းကို ၁၉၃၁ ခုနှစ် သန်းကောင်စာရင်း၊၁၉၅၃-၅၄ ခုနှစ် လူမျိုးစုစာရင်း၊၁၉၆၀ ပြည့်နှစ် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် မြန်မာ့သမိုင်းကော်မရှင်၏ အကြံပေးချက်၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်၊ တိုင်းရင်းသားရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရလည်းကောင်း အချိန်ယူပြုစုခဲ့ပြီး ၁၉၈၃ ခုနှစ် သန်းကောင်စာရင်းတွင် သုံးခဲ့သော စာရင်းများဟုဆိုသည်။

စစ်အစိုးရ အဆက်ဆက် စာရင်းထဲက ဒလောင်၊ဂေါ်ရီ၊ခခူနှင့်ဒူရင် တို့သည် ဂျင်းဖောအနွယ်ကွဲများသာ ဖြစ်ပြီး၊ သီးခြားကချင်လူမျိုးစုများ မဟုတ်ပေ။ ခခူနဲ့ဒူရင်ဆိုလျှင် မျိုးနွယ်ကွဲ တစ်ခုတည်းကိုပင် နာမည်နှစ်မျိုးခေါ် ထားခြင်းဖြစ်သည်။ ထို့ကြောင့်ကချင်(၁၂)မျိုးထဲတွင် ကချင်၊ထရုမ်း၊ဒလောင်၊ဂျိမ်းဖော၊ဂေါ်ရီ၊ခခု၊ဒူးလန်း၊မရှု(လော်ဂေါ်)၊ ရဝမ်၊ လရှီ၊ အဇီး။ လီဆူးးစသည်ဖြင့် လဝက ဒုတိယဝန်ကြီးက ပြောကြားနေသော်လည်း ခြောက်မျိုးကိုသာ လက်ခံမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (ကချင်-၁) မှဦးခက်ထိန်နန်က လွှတ်တော်၌် ပြောကြားခဲ့သည်။ ၎င်းကဆက်၍-

“ တကယ်ကောင်းကောင်းမွန်မွန်ရေတွက် မယ်ဆိုရင် ၁၃၅ မျိုးမရှိပါဘူး၊ ကိုယ် မိသားစုမှာ လူဘယ်နှယောက်ရှိတယ်ဆိုတာ မသိတာ မဖြစ်သင့်ပါဘူး “ မဖြစ်စွက်ပြောကြားသွားသည်။

ထို့ပြင် အင်ဂျားယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကလည်း-

“ ကချင်ဆိုတဲ့အထဲမှာ ကျန်တဲ့ခြောက်မျိုးကပါပြီးသား “ ကချင်ဆိုတာ ထပ်ထည့်စရာမလိုဘူး ” ဂျိမ်း ဖော၊လီဆူး၊ရဝမ်၊အဇီး၊လရှီ၊မရူ(လော်ဂေါ်) တို့သာ ကချင်လူမျိုးထဲပါတာပါ ” ဟူ၍ပြောကြားခဲ့သည်။

အစိုးရ၏ ကယားမျိုးနွယ်စုထဲတွင် မျိုးနွယ်စု(၉)မျိုးပြထားသည်။ အမှန်မှာ ဇယိမ်း၊ကယန်း(ပဒေါင်)၊ဂေခို(ကဲ့ခို)၊
ယင်းဘော် လေးမျိုးသည် ကယန်း(ပဒေါင်)မျိုးနွယ်စု၏ အမည်ကွဲ သို့မဟုတ် မျိုးနွယ်ကွဲများသာဖြစ်သည်။ ထို့ကြောင့် အစိုးရ၏ မျိုးနွယ်စု (၉)မျိုးသည် လက်တွေ့တွင် (၅)မျိုးသာဖြစ်သည်။ ဂေဘား လူမျိုးစုသည် ဘွဲကရင် ထဲ၌ပါဝင်ပါသည်။

ကရင်လူမျိုးစု (၁၁)မျိုး၌ လူမျိုးစုတစ်မျိုး၏ အမည်ကွဲများ၊မျိုးနွယ်ကွဲများကို သီးခြားလူမျိုးစုအဖြစ်ပြထားသည်။ မွန်ကရင်ဆိုသည်မှာ ပိုးကရင်ဖြစ်ပြီး၊စာဖြူကရင်ဆိုသည်မှာ ခရစ်ယာန်ဘာသာ ကိုးကွယ်သော ကရင်ဖြစ်ပါသည်။ ခြုံ၍ဆိုသော် ကရင်လူမျိုးစုကသတ်သတ်၊စကော၊ပိုး၊ဘွဲ စသည့်လူမျိုးစုကသတ်သတ် ဖော်ပြထားခြင်းသည် ပညာရှင်များအတွက် ရယ်စရာဖြစ်နေပါသည်။

ချင်းမျိုးနွယ်စုပေါင်း (၅၃) မျိုးထားမှုသည် အဆိုးရွားဆုံးဖြစ်သည်။ ထုံးစံအတိုင်း ချင်းဆိုသည်အမည်ဖြင့် မျိုးနွယ်စုတမျိုးလည်းပြထားလိုက်သေးသည်။ (၅၃) မျိုး၌ ချင်းမျိုးနွယ်စုအဖြစ် အမှတ်အသားလက္ခဏာ identity မသတ်မှတ်နိုင်သော နာဂ၊မဏိပူရနွယ်ဘွား ကသည်း(ကသဲ) နှင့် နီပေါနွယ်ဘွား လျင်ဘု (မြန်ပြည်သားဆောင်းပါး နှင့် Northern Star (၂၀၁၃ မတ်၁ ၃) ရဲစွမ်းသူ၏ “နိုင်ငံတော့်မျက်နှာ”ဆောင်းပါးတို့၌ လျင်းဘု ကို လျင်းတု ဟူ၍မှားယွင်းစွာဖော်ပြထားသည်။) ကိုလည်းထည့်ထားသည်။ ယနေ့ချင်းနိုင်ငံရေးပါတီများနှင့် ပညာရှင်အများစု လက်ခံထားသော ချင်းလူမျိုးစု(၈)မျိုးကိုသာ လက်ခံထားသည်။ လူမျိုး(Race)၊Tribe(မျိုးနွယ်စု)၊ ဆွေမျိုးစု(Clan)၊စကားဝဲအစု(Dialect) များ ရောနှောနေသောကြောင့် အစိုးရစာရင်းသည် (၅၃) မျိုးဖြစ်ရခြင်းသာဖြစ်ပါသည်။အမှန်စာရင်းကြည့်ကြပါစို့။

ဗမာလူမျိုးစု အရေအတွက်ကို ဗေဒင်ကိန်းခန်းအရ နဝင်းကြေရန်(၉) မျိုးပြထားပါသည်။ ယော၊ထားဝယ်နှင့်မြိတ်(ဘိတ်) တို့ကို သီးခြားလူမျိုးစုပြထားမှုသည် မှားယွင်းပါသည်။ စကားဝဲ(Dialect) အစုကွဲသာဖြစ်ကြောင်း မနုဿဗေဒပညာရှင်များနှင့်ဘာသာဗေဒပညာရှင်များ ထောက်ပြမှုကို စစ်အစိုးရသည် လက်မခံခဲ့ပေ။
ရှမ်းပြည်နယ်၌သီးခြား ဗမာလူမျိုးစုနွယ်ဝင် ဓနု၊တောင်ရိုးနှင့်အင်သားများကို ရှမ်းလူမျိုးစုစာရင်း၌ ပြထားသည်။
ကဒူးနှင့်ကနန်းများကို ခွဲပြထားသလို ကချင်ပြည်နယ်၊ရှမ်းပြည်နယ်များထဲမှ ဖုန်းလူမျိုးနှင့်တိဘက်-မြန်မာအနွယ်မဟုတ် သည့် ဆလုံများကို ဗမာလူမျိုးစုစာရင်းထဲ ထည့်ထားမှုသည် မနုဿဗေဒပညာ နိမ့်ကျရာရောက်နေပါသည်။ စစ်ကိုင်းတိုင်းထဲမှ နာဂများကို ချင်းလူမျိုးစုစာရင်းထဲထည့်ထားသော်လည်း ကချင်ပြည်နယ်ထဲမှ ကဒူး၊ကနန်းများကို ဗမာလူမျိုးစုထဲ ထည့်ထားမှုသည် တွေးရခက်ကြီးဖြစ်နေရသည်။
မွန်လူမျိုးစုကို တစ်မျိုးထဲသာပြထားပြီး တခြားမွန်ခမာမျိုးနွယ်များဖြစ်သည်ဝ၊ ပလောင်(တအာင်း)၊ ယင်းနက်၊
ယင်းကျားစသည်များကို ရှမ်းလူမျိုးစုစာရင်းထဲ ထည့်ထားပြန်သည်။

ရခိုင်လူမျိုးစုကိုမူ (၇) မျိုး စာရင်းပြထားသည်။ ရခိုင်လူမျိုးစု (၇) စုတွင် ထည့်သွင်းထားသည့် ခမွီးများကိုလည်းချင်းလူမျိုးစု (၅၃) မျိုး၌ ဖော်ပြထားသည်။ ခမီးမျိုးနွယ်စုများနှင့်အတူတူပင်ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကပြောပြသည်။ “သူတို့(ခမီး) တွေကလည်း ကျွန်တော်တို့အခေါ် ခမွီးတွေက ရခိုင်ပြည်ရောက် ချင်းလူမျိုးများသာဖြစ်ပါတယ်” ဟု၎င်းကပြောကြားခဲ့သည်။
ရှမ်းလူမျိုးစုစာရင်း၌ (၃၃)မျိုးပြထားရာ၊ ရှမ်းသာမဟုတ် ဗမာမျိုးနွယ်များ၊ တခြားတိဘက်ဗမာမျိုးနွယ်များ၊ မွန်ခမာမျိုးနွယ်များ စသည်တို့ဖြင့်ရောထွေးနေသည်။ ရှမ်းကြီးနှင့်တိုင်းလုံ ဆိုသည် တမျိုးတည်းဖြစ်ပြီး၊ ခန္တီးရှမ်းနှင့်တိုင်းလျမ်ကို ပြထားသော်လည်း တိုင်းနူ(ရှမ်းတရုတ်)၊တိုင်းလီ၊တိုင်းလျန်(ရှမ်းနီ) နှင့် ဒရယ်ကိုချန်ထားခဲ့သည်။ အင်းသား၊စုံ(ဆံ)၊ဝ နှင့် တိုင်းလွယ်တို့သည် တမျိုးတည်းသာဖြစ်ပါသည်။ တိုင်းလွယ်ကို သီးခြား မွန် ခမာ လူမျိုးစုအဖြစ်ယူ၍ရနိုင်သည်။ ကွီ နှင့် လားဟူ မကွာသလို ဖျင် နှင့် အခါလည်းမကွဲလှပါပေ။ ပလေး နှင့် ပလောင် တမျိုးတည်းဖြစ်သလို မြောင်ဇီး၊ယအို(ယောင်) နှင့် အိုက်ဘွယ် (မြန်ပြည်သားဆောင်းပါး အိုယ်ဟု မှားယွင်းစွာဖော်ပြထားသည်။) သည်တမျိုးတည်းသာဖြစ်သည်။

နယ်စပ်ချင်းထိစပ်နေ၍ ယူနန်တရုတ်လူမျိုးများကို မြန်ပြည်တိုင်းရင်းသား ကိုးကန့်လူမျိုးအဖြစ် သတ်မှတ်ထားသည်ကိုတွေ့ရသည်။ ထိုပြင် ယွန်း(လော)လူမျိုး၊ခမူ(လော)လူမျိုး၊ရှမ်းကလေး(ဝါ)တိုင်းလေ့(ထိုင်း)၊တိုင်းလျမ်(ယူနန်) လူမျိုးတို့ လည်း တိုင်းရင်းသားလူမျိုးစုထဲ၌ ထည့်ထားသည်။ ချင်းပြည်နယ်ဘက်မှ ကသည်း(မဏိပူရ)လူမျိုး၊လင်းဘု(နီပေါ)လူမျိုးတို့ကိုလည်း တိုင်းရင်းသားလူမျိုးစုအဖြစ် သတ်မှတ်ထားသော်လည်း မြန်မာပြည်နယ်နမိတ်ထဲ နေထိုင်လျက်ရှိသည့် တိုင်းလိ(ယူနန်)၊ ပသျှူး(မလေး)၊ တိဘက်၊ ဂေါ်ရခါး(နီပေါ)၊ တို့ကို တိုင်းရင်းရင်းသားလူမျိုးစုအဖြစ် လက်ခံထားခြင်းမရှိသည်ကိုလည်းတွေ့ရသည်။

မည်သို့ဆိုစေ စစ်အစိုးရ အဆက်ဆက်လက်ခံထားသော တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးသည် (၇၇) မျိုးသည်စာရင်းထပ်နေ၍ (၅၈)မျိုးသာရှိပေသည်။ ယင်း ၅၈ မျိုး၌လည်း ထမန်၊တိုင်းလျန်(ရှမ်းနီ)တို့သည် တိုင်းရင်သားလူမျိုးစု စာရင်း၌ မပါဝင်ဘဲကျန်ရစ်နေသလို ယဗိန်း၊ဓနော၊ခမူ ကဲ့သို့ မျိုးတုံးလုဆဲဆဲ (ဝါ) လူဦးရေရာဂဏန်းသာရှိ တိုင်းရင်းသားလူမျိုးစုများလည်းရှိနေသည်။

မြန်မာ့သမိုင်းကော်မရှင်(ယခုမြန်မာ့သမိုင်းအဖွဲ့)၏ အကြံပေးချက်အရ လူမျိုးစုစာရင်းများကို ပြုစုထားသည်ဆို ရာ၌လည်း မြန်မာ့သမိုင်းအဖွဲ့သည် သီးခြားလွတ်လပ်သည့်အဖွဲ့ မဟုတ်သလို အစိုးရထိန်းချုပ်အောက်ရှိ အဖွဲ့အစည်းသာ ဖြစ်ပြီး တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှ ယနေ့တိုင် မြန်မာ့သမိုင်းအဖွဲ့၏ ထောက်ပြအကြံပြုချက်များကို ဘယ် သောအခါမှ လက်ခံလေ့မရှိဘဲ စစ်အစိုးရအဆက်ဆက်သည် ၎င်းတို့၏ အကျိုးစီးပွားနှင့် အာဏာတည်မြဲရေး အတွက်သာ
ပြုမူဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် တိုင်းရင်းသားခေါင်းဆောင်များ တင်ပြသကဲ့သို့ စစ်အစိုးရအဆက်ဆက်သည် လူမျိုးစုများစွာထည့် သွင်း ဖော်ပြထားခြင်းသည် လူမျိုးစုတမျိုးစီ၏ အခွင့်အရေးများအား သီးခြားဆောင်ရွက်ပေးရန် ခက်ခဲမှုရှိသည်ဟု နိုင်ငံရေးအရ အကြောင်းပြကောင်းရန်သာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများကို လေ့လာစီစစ်၍ပြန်လည်ပြုစုရန် လိုအပ်ပါကြောင်း စေတနာကောင်းဖြင့်လေ့လာဆန်းစစ်တင်ပြလိုက်ပါရပါသည်။

စာကိုး
၁။ ဂါမဏိ၊ “ ၁၃၅ ” ခေတ်ပြိုင်ဂျာနယ် အမှတ်(၁)၊ နှစ်လည်မဂ္ဂဇင်း ၂၀၀၄-၂၀၀၅။စာ ၅၀-၅၃။

၂။ မြန်ပြည်သား “ တိုင်းရင်းသားလူမျိုးစု(၁၃၅)မျိုးနေထိုင်ရာ တို့ပြည်ထောင်စုမြန်မာနိုင်ငံ ” လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (၂၆.၉.၉၀)

၃။ သန်းဝင်းလှိုင်၊ အနှစ်ချုပ် မြန်မာ့သမိုင်း အဘိဓာန် ပထမတွဲ၊ရန်ကုန်၊ပညာရှေ့ဆောင် (ပ)ကြိမ် ၂၀၁၀။
သန်းဝင်းလှိုင်
FB-Sa Maung

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်သူ လေးဦးအားဖမ်းဆီး

အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံ စည်မှုတွင် ပါဝင် ပတ်သက်ခဲ့သူ လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့က မေ ၂ ရက်တွင် ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးထားသည့် လူလေးဦး အနက် သုံးဦးမှာ အမျိုးသားများ ဖြစ်ပြီး အခြား တစ်ဦးမှာ အမျိုးသမီး ဖြစ်ကြောင်း၊ ၎င်းတို့ လေးဦးကို ပြည်တွင်းဖြစ် ဗုံးငါးလုံး နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်း တို့သည် အင်ဒိုနီးရှား နိုင်ငံ အတွင်းရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့ကြခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဘွိုင်းရာ ဖလီအမာ က ပြောကြားခဲ့သည်။

အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုကြောင့် ရဲတပ်ဖွဲ့ဝင်ပေါင်း များစွာကို မြန်မာ သံရုံးနှင့် သံအမတ် နေအိမ် အနီးတွင် တပ်ဖြန့် ချထားကြောင်းနှင့် အရာရှိ အများအပြားကိုလည်း သံရုံး အနီးအနားရှိ အိမ်များနှင့် ဟိုတယ် များတို့တွင် နေရာ ချထားကြောင်း သိရသည်။
မြ၀တီ

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လားရှိုးမြို့ လူထုတွေ့ဆုံပွဲ

5.5.2013
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ရှမ်းပြည်နယ်၊ မြောက်ပိုင်း လူထုတွေ့ဆုံဆွေးနွေးပွဲခရီးစဉ်အဖြစ် ယမန်နေ့ညက ရန်ကုန်မြို့မှထွက်ခွာခဲ့ကြရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ ယနေ့၊ မေလ ၅ ရက်၊ ညနေ ၃း၃၀ နာရီတွင် ရောက်ရှိခဲ့ကြသည်။

လားရှိုးမြို့သို့ အ၀င်တွင် ဒေသခံတိုင်းရင်းသားများက အတီးအမှုတ်၊ အကအခုန်များဖြင့် သောင်းသောင်းဖြဖြ ၀မ်းပန်းတသာကြိုဆိုခဲ့ကြပြီး ညနေ ၄း၀၀ နာရီတွင် လားရှိုးမြို့၊ ရပ်ကွက် (၁၀) ရှိ တောရကျောင်းပရိယတ္တိစာသင်တိုက်တွင် လူထုတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် ကိုပြုံးချိုက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး မင်းဇေယျ၊ ကိုကိုကြီး၊ မင်းကိုနိုင်တို့က လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းတို့၏ အရေးပါမှုများကို ဆွေးနွေးပြောကြားခဲ့ကြပြီး လားရှိုးမြို့ ဒေသခံများ၏ အပြန်အလှန်မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြသည်။ အခမ်းအနားကို အပြန်အလှန်ဆွေးနွေးချက်များအပြီး ညနေ ၆း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။
88 Generation Students


လိမ်လည်ခေါ်ဆောင်သူအား ဖေါ်ထုတ်ဖမ်းဆီး

မန္တလေး- မေ ၅
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ယာကြီးပြင်ရပ်နေ ကို---(၂၅) နှစ်သည် တစ်ရပ်ကွက်တည်းနေ မ---(၂၂)နှစ်နှင့် အမျိုးသမီး(၃)ဦးအားမေ၁ရက်က မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တွင် အလုပ်ရမည်ဟုပြောဆိုကာ ရေနံချောင်းမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည်။
မန္တလေးမြို့သို့မရောက်ဘဲ မုံရွာမြို့၊ မုံရွာဈေးလမ်းရှိ ရွှေမန်းဟိုတယ်သို့ ရောက်ရှိတည်းခိုကာ အခန်းတံခါးအားကို------မှ သော့ခတ်ပိတ်ထားခဲ့ပြီး ဟုမ္မလင်းမြို့သို့ ဆက်လက်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသောကြောင့် မ-----မှ မိခင်ဖြစ်သူ ထံ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

မေ၂ရက်နေ့ ညနေ ၄ နာရီ ၃၅ တွင် မိခင်ဖြစ်သူကလက်မှတ်ကုန်း ရဲစခန်းသို့ လာရောက်အကြောင်းကြားသဖြင့် လက်မှတ်ကုန်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး လူကုန်ကူးအဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မုံရွာအမှတ်(၂)ရဲစခန်းမှ တပ်ဖွဲ့ဝင်များထံ ကူညီဆောင်ရွက်ပေးရန် ဆက်လက်အကြောင်းကြားခဲ့သည်။

မုံရွာအမှတ် (၂) ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မုံရွာမြို့၊ ရွှေမန်းဟိုတယ်တွင် တည်းခိုနေထိုင်သူ ကို---နှင့် (၄)ဦးအား ရဲစခန်းသို့ ခေါ်ယူထိန်းသိမ်းခဲ့ပြီး မ-----ပါ(၄)ဦးအား ၎င်းတို့၏မိဘများထံ ပြန်လည်အပ်နှံခဲ့သဖြင့် မုံရွာမြို့သို့ ပြန်လည်လိုက်ပါသွားကြောင်းနှင့် ကို-------အား လက်မှတ်ကုန်းရဲစခန်း(ပ)၂၇/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၄၂/၄၁၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။
Popular Myanmar News Journal

သမ္မတအိုဘားမား အစ္စရေးဘက်က ကာကွယ်ပြော

အမေရိကန်သမ္မတအိုဘားမား။ (မေလ ၃ ရက်၊ ၂၀၁၃)။
05.05.2013
ဟက်ဇဘိုလာ (Hezbollah) အဖွဲ့လို အကြမ်းဖက်အုပ်စုတွေ ခေတ်မီလက်နက်တွေ မရရှိသွားဖို့အရေးအတွက် အစ္စရေးက ကာကွယ်လုပ်ဆောင်တာဟာ တရားမျှတမှု ရှိပါတယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား က ပြောကြားလိုက်ပါတယ်။

စပိန်ဘာသာနဲ့ထုတ်လွှင့်တဲ့ Telemundo ရုပ်သံ ကွန်ယက်နဲ့ စနေနေ့က တွေ့ဆုံမေးမြန်းခန်းမှာ ဟက်ဇဘိုလာ အဖွဲ့ဆီ ပို့ပေးတယ်လို့ ယူဆရတဲ့ ဆီးရီးယားက ဒုံးကျည်တွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ပတ်သတ်ပြီး သမ္မတက တည့်တည့် မှတ်ချက်မပေးသွားပါဘူး။
ဘယ်လိုတိုက်ခိုက်မှုမျိုးလုပ်တယ် ဆိုတာ အစ္စရေးက အတည်ပြုတာပဲ ဖြစ်ဖြစ်၊ ငြင်းဆိုတာပဲ ဖြစ်ဖြစ် လက်ခံနိုင်တယ်လို့ သမ္မတက ပြောပါတယ်။

လက်ဘနွန်နိုင်ငံ အခြေစိုက် စစ်သွေးကြွ ဟက်ဇဘိုလာ အဖွဲ့ရှိရာကို ကြာသပတေးနေ့က ဦးတည်ပြီး ပို့ဆောင်နေတယ်လို့ ယူဆရတဲ့ ဒုံးကျည်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်တဲ့ အစ္စရေးအရာရှိတွေက ပြောပါတယ်။

ဓာတုလက်နက်တွေကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့တော့ အဲဒီ အရာရှိတွေက ဆိုပါတယ်။ အစ္စရေး အစိုးရကတော့ ဒီသတင်းနဲ့ ပတ်သတ်ပြီး ဘာမှ မပြောပါဘူး။ အစ္စရေးတို့ရဲ့ ပစ်မှတ်က ဂိုဒေါင်တခု ဖြစ်ပုံရတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ အစ္စရေးစစ်လေယာဉ်တွေ ဆီးရီးယားရဲ့ လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ပုံလည်း မရှိပါဘူး။
ဗွီအိုအေ (မြန်မာဌာန)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com