မီဒီယာဥပဒေမူကြမ်းကို ရပ်ပြီး ဆွေးနွေးအဖြေရှာဖို့ ၈၈မျိုးဆက်ကျောင်းသားများ တိုက်တွန်း
ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနဲ့
ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ရပ်ဆိုင်းထားပြီး စာနယ်ဇင်းအပါအဝင်
သက်ဆိုင်ရာလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့
ညှိနှိုင်းဖြေရှင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုအပ်ကြောင်း
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
မီဒီယာဥပဒေမူကြမ်းလို့ လူသိများတဲ့ ဒီအဆိုပြုထားတဲ့ မူကြမ်းကြောင့် အနာဂတ် သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် သံသယဖြစ်စရာတွေ အငြင်းပွားစရာတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ယူဆတဲ့အတွက် အခုလို ကြေညာချက်ထုတ်ပြန် တောင်းဆိုရတာပါလို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုပြုံးချိုက ပြောပါတယ်။
"ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းမူကြမ်းက စာနယ်ဇင်းလောကမှာရှိတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်၊ အဲ့ဒီတော့ မီဒီယာ လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားမှုတွေ မပေါ်ပေါက်အောင် ရှေ့ဆက်ပြီးတော့ နိုင်ငံပြုပြင်ပြောင်းလဲမှုတွေမှာ အရေးကြီးတဲ့ကဏ္ဍနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ထုတ်နိုင်အောင် သံသယရှိစရာ စိုးရိမ်ရမယ့်ကိစ္စတွေကို ပြေပျောက်အောင်အတွက် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ရပ်ဆိုင်းထားပြီးတော့ ကျယ်ပြန့်စွာဆွေးနွေးမှုတွေနဲ့ ညှိနှိုင်းစွာဆောင်ရွက်တဲ့ ထုတ်ပြန်မှုတွေရှိဖို့ပါ"
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ မီဒီယာရဲ့ အခန်းကဏ္ဍက အလွန်အရေးပါတာကြောင့် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းဟာ စာနယ်ဇင်းအပါအဝင် ကျယ်ပြန့်တဲ့ကိုယ်စားပြုမှုနဲ့ မီဒီယာလွတ်လပ်ခွင့်ကို အထောက်အကူပြုဖို့ လိုအပ်တယ်လို့လည်း ၈၈ကျောင်းသားတွေက ဆိုပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေက ပြဌာန်းချက်တချို့မှာ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ထားသလို ချိုးဖောက်ရင် ထောင်ဒဏ် ငွေဒဏ် ချမှတ်ဖို့လည်း ခွင့်ပြုထားပါတယ်။
ဒီဥပဒေကို ရုတ်သိမ်းဖို့ သတင်းလွတ်လပ်ခွင့်ကော်မတီက မတ်လ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

RFA Burmese
Labels:
ပြည်တွင်းသတင်း
မြေသိမ်းမှုတွေမှာ ပြည်သူတွေ မနစ်နာအောင် လုပ်ဆောင်ဖို့ ဦးရွှေမန်းပြော

မြန်မာအစိုးရက လုပ်ကိုင်နေတဲ့ စီမံကိန်းတွေမှာ ပြန်လည်စဉ်းစား သုံးသပ်စရာတွေ ရှိလာတဲ့အတွက် ပြည်သူလူထုဘက်ကနေ အမျှတဆုံးဖြစ်အောင် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အနေနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက အစိုးရစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ပြီးကာမှ ဆက်မလုပ်ဖြစ်တော့တာတွေနဲ့ ပတ်သက်ပြီး မေမြန်းထားတာကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့တာပါ။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အဆိုတင်သွင်းတဲ့အခါမှာ မလိုအပ်တာတွေကို အချိန်အကြာကြီးမပြောပဲ လိုရင်းအချက်တွေကိုသာ မေးမြန်းသင့်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက မေးခွန်းတွေ မေးမြန်းခဲ့ပြီး သန်းခေါင်စာရင်း ဥပဒေကြမ်းကို ဆွေးနွေးခဲ့ပါတယ်။RFA Burmese
Labels:
ပြည်တွင်းသတင်း
သွဲ့သွဲ့ဝင်းနဲ့ ပယောဂများ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ကျင်းပသည့် (၁၂)ကြိမ်မြောက်
အမျိုးသမီးနှီးနှောဖလှယ်ပွဲကိုတတ်ရောက်ရန် မသွဲ့သွဲ့ကို လှမ်းခေါ်ခဲ့ပါ။
ထို့နောက် မြန်မာနိုင်ငံက မထင်ရှာတဲ့ တောရွာလေးမှ တောသူမ သွဲ့သွဲ့ဝင်း တစ်ယောက်မုံရွာမြို့ပေါ်ပင် တစ်နှစ်နေလို့ တစ်ခေါက်ပင် ရောက်ရန်မရှိသော မသွဲ့သွဲ့ဝင်မှာနိုင်ငံခြာမှ အဆိုပါပွဲအား တတ်ရောက်ရန် ဖိတ်ခေါ်ခံရသောကြောင့် မိမိကိုယ့်ကို အလိုလို နေရင်း သွေးနထင် ရောက်ပြီး ဘ၀င် လေဟပ်နေပါတယ်။
ထို့နောက် အဆိုပါပွဲ၌ တတ်ရောက်လာသော မသွဲ့သွဲ့ဝင်ကို လက်ပတောင်းတောင် ဒေသ ကိစ္စများကို ပြောကြာစေပြီးနောက် အဆိုပါအုပ်စုမှ သွေးထိုးမြှောက်ပင့်ပေးခဲ့ပါသည်။
ဒေါ်စုဖြေရှင်းတာကို ဘာကြောင့် ခါးသီးစွာငြင်းဆန်နေရတာလည် ===================== အဆိုပါ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်ကျင်းပသည့် ပွဲမှ ပြန်ရောက်လာပြီးနောက်သွဲ့သွဲ့ဝင်းသည် မိမိကိုယ်အထင်ကြီးနေမှု၊ ပြည်ပမှသွေးထိုးပေးလိုက်မှုတို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဘဝလေဟပ်ပြီးဒေါ်စုတွေ ဘာတွေ နာမလည်တော့ပဲ ပြည်ပမှ သင်ပေးလိုက်သည့် အတိုင်းဘီဘီစီနဲ့အင်တာဗျူအစီစဉ်တွေမှာ အတိုင်ဖောက်ညီစွာ ပြန်ဖွခဲ့ပါသည်။ ဒီလောက်ဆို သွဲ့သွဲ့ဝင်းနောက်မှာ ဘယ်သူတွေရှိနေတယ်ဆိုတာ သဘောပေါက်လောက်ပါပြီး ဘီဘီစီနဲ့အင်တာဗျူအစီစဉ်တွေမှာ သွဲ့သွဲ့ဝင်း ဖြေကြာကတည်က ဘယ်လိုဇာတ်တွေ ကြိုတင်တိုတ်ထားသလည်ဆိုတာ နာလည်သဘောပေါက်လောက်ပြီး ထင်ပါတယ်။။ ထပ်မံပေးပို့လာမည့် သတင်းများကို ဆက်လက်ဖော်ပြပေးပါမယ်... အခုက သွဲ့သွဲ့ဝင်းအနောက်မှာ ဘယ်သူတွေရှိနေတယ် ဘယ်လိုတွေ အချိတ်ဆက်တွေနဲ့ လှုပ်ရှာနေတယ်ဆိုတာ သဘောပေါက်နာလည်အောင် အကျဉ်းချုံ့တင်ပေးလိုက်ပါတယ်။
FB-လူထု မောင်ကာဠု

ဖြစ်ရပ်မှန်များ
မူလတန်းပညာ မပြီးဆုံးဘဲ စာသင်ခန်းကျောခိုင်းသူဦးရေ နှစ်စဉ် ၁ဝ သိန်းခန့်
မူလတန်းပညာမပြီးဆုံးဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျောခိုင်းထွက်ခွာသွားသူ နှစ်စဉ် ၁ဝသိန်းခန့်ရှိနေ၍ နိုင်ငံတော်အဆင့်အနေဖြင့် တိုက်ရိုက်ကိုင်တွယ်သွားရန် ပညာရေးကျွမ်းကျင်သူတို့က တိုက်တွန်းမှု ပြုလုပ်လိုက်သည်။ ပညာရေး ကျွမ်းကျင်သူတို့ ၏ လေ့လာတွေ့ရှိမှုတို့အရ ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်း တို့၏ ယခုဆောင်ရွက်နေသော ကျောင်းပြင်ပ မူလတန်းပညာရေး ဖြင့် ကုစားနေမှုအပြင် အရှိန်တိုးမြင့် သွားခြင်းနှင့် သက်မွေးဆိုင်ရာ ပညာရပ်များကို သင်ကြားပေးသွား သင့်ကြောင်း နိုင်ငံအဆင့်ပညာ ရေးအကြံပေး ဒေါ်အေးအေးသင်း က ပြောသည်။
''တစ်ချိန်မှာ နိုင်ငံအတွက် အကျိုးပြုရမယ့်သူတွေလေ။ ဒါတွေ ကို လုပ်ပေးရမယ်'' ဟု ၎င်းက ဆိုသည်။မြန်မာ့ပညာရေးအပေါ် လေ့ လာအကဲဖြတ်မှုကို ကာလတို ဆောင်ရွက်နေရာ ကျောင်းပြင်ပ မူလတန်းပညာရေးကိစ္စရပ်နှင့် ပတ် သက်၍ အဖွဲ့များမှ ပညာရေးဝန် ကြီးဌာနသို့ တိုက်ရိုက် အကြံပြု ထားပြီးလည်း ဖြစ်သည်ဟု ၎င်းထံ မှ သိရသည်။
မြို့နယ်ပေါင်း ၃ဝဝ ကျော် တွင် ၂ဝဝ၈ ခုနှစ်မှစ၍ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ပညာ ရေးဝန်ကြီးဌာနနှင့်တွဲကာမူလတန်း ကျောင်းများမှ အကြောင်းအမျိုး မျိုးကြောင့် ပြင်ပရောက်သွားသူ အသက်၁ဝ နှစ်မှ ၁၄ နှစ် အရွယ် ရှိကလေးများကို တန်းညှိအစီအစဉ် ဖြင့်ဆောင် ရွက်သင်ကြားပေးနေပြီး ၂ဝ၁၃ ခုနှစ်၌ မြို့နယ် ၇၃ မြို့နယ် ရှိ ကလေးငယ် ၁ဝဝဝဝ ကျော်ကို သာ ဆောင်ရွက်ပေးနိုင်သေးကြောင်းနိုင်ငံအဆင့်လူတိုင်းအတွက်ပညာရေး ညှိနှိုင်းရေးမှူးထံမှ သိရသည်။
ဒေါ်အေးအေးသင်းက ''သိရ သလောက် လေ့လာရသလောက် အဲဒီကလေး ၁ဝဝဝဝ ကျော်ထဲက ပြန်ထွက်သွားကြတဲ့သူတွေတောင် ရှိနေသေးတယ်ဆိုတော့ စဉ်းစား သင့်တယ်။ အများပူးပေါင်းဖို့ လိုနေပြီ''ဟု ပြောသည်။ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူက ကာလတို အကဲ ဖြတ်မှုပြီးဆုံး၍ ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ရန် ရှိနေကြပါကြောင်း၊ ၂ဝ၁၅ တွင်လူတိုင်းအတွက် ပညာရေးကိုလည်း အကောင်အထည် ဖော်ရမည် ဖြစ်သဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ဆက် သွယ်မေးမြန်းမှုကို ဖြေသည်။
စာရင်းအရ ကမ္ဘောဇဘဏ်၊ တော်ဝင်မိသားစု၊ ဧရာဝတီ ဖောင် ဒေးရှင်း၊ အဏ္ဏဝါလွှမ်းစသည့် ကုမ္ပဏီများအပြင် ရန်ကုန်နှင့် ဧရာ ဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ က အစိုးရဦးစီးသော ကျောင်းပြင်ပ
မူလတန်းပညာရေး စီမံချက် မြို့နယ်များ၏ ၆ဝရာခိုင်နှုန်းကျော်ကို တာဝန်ယူပံ့ပိုးပေးနေသော်လည်း တိုးချဲ့ဖို့လိုမည်ဟု ထောက်ပြနေကြ သည်။
မင်းသုအောင်
Popular Myanmar News Journal

အင်တာနက်ကွန်နက်ရှင်ကြောင့် ၃ ရက်ကြိုတင် မိုးလေဝသခန့်မှန်းချက် ထုတ်နိုင်မည့်နည်းပညာ နော်ဝေမှ ရသော်လည်း သုံးမရ
မိုးလေဝသ ခန့်မှန်းချက် ၃ ရက် ကြိုတင်ထုတ်ပေးနိုင်မည့် Diana ဆော့ဖ်ဝဲ နော်ဝေမှလက်တွေ့ပြသော်လည်း ပြည်တွင်းအင်တာနက် ကွန်နက်ရှင်မကောင်းသဖြင့် သုံး၍မရသေးဟုမိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ သိရသည်။
''အင်တာနက်ကွန်နက်ရှင်က မကောင်းတော့ နော်ဝေက ပညာရှင်တွေက သုံးပုံသုံးနည်းတွေ အကုန်ပြသွားတယ်။ File Size က ကြီးတော့ data ဝင်အောင် download ချမှရမယ်။ အဲဒီအတွက် အင်တာနက် ကွန်နက်ရှင် ကောင်းကောင်းလိုအပ်ပါတယ်'' ဟု မိုး/ဇ လမှ ဒုတိယညွှန်ကြားရေးမှူး ဦး ချစ်ကျော်က ပြောသည်။
ယင်း Diana ဆော့ဖ်ဝဲအား လက်တွေ့ အသုံးပြုနိုင်စေရန် နော်ဝေနိုင်ငံမှ ပညာရှင်လေးဦးနှင့် Asia Disaster Preparedness Center (ADPC) မှ ပညာရှင် နှစ်ဦး စုစုပေါင်း ခြောက်ဦး ယခုလတွင် လာရောက်ပြသခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ပြန်သွားခဲ့ကြပြီဖြစ် ကြောင်း သိရသည်။
''ဒီဆော့ဖ်ဝဲက အခုလက် ရှိ သုံးလို့ မရသေးတော့ မြန်မာ့ဆက် သွယ်ရေးမှာ မြန်နှုန်းမြင့်အင်တာ နက်လိုင်းကို လျှောက်မှာပါ'' ဟု ဦးချစ်ကျော်က ထပ်မံပြောသည်။
Diana ဆော့ဖ်ဝဲ အသုံးပြု မည် ဆိုပါက သုံးရက်စာ ခန့်မှန်း ချက် သာမက ၂၄ နာရီအတွင်း သုံးနာရီခြားတစ်ခါ ခန့်မှန်းချက် ထုတ်ပေးနိုင်မည် ဖြစ်သည်။
နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံအား မိုးလေဝသနှင့် ပတ်သက်၍ အကူ အညီပေးမှုသည် ယခု ပထမဦးဆုံး ဖြစ်ပြီး ၂ဝ၁၃ မှ ၂ဝ၁၅ အတွင်း ယခု ဆော့ဖ်ဝဲသာမက အခြား ဆော့ဖ်ဝဲ နည်းပညာများ ဖြစ်သည့် အပူချိန်
သပ်သပ် တိုင်းတာသည့် စနစ်၊ စိုထိုင်းဆသပ်သပ် တိုင်းတာ သည့်စနစ်၊ မိုးရွာမရွာ မုန်တိုင်း ရှိ မရှိ သပ်သပ်စစ်ဆေးသည့် စနစ်များအား သင်တန်းခေါ်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
မိုးငယ်

ယခုနှစ် မန်းသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ်အရေအတွက် ကန့်သတ်သွားမည်
မန်းမြို့တော် စည်ပင်က ယခုနှစ် သင်္ကြန်ပွဲတော်တွင် ကျုံးဘေးပတ်လည် မဏ္ဍပ်ဆောက်လုပ်ခွင့်ချထားပေးမှုအပေါ် ကန့်သတ်သွားရန်ရှိကြောင်း တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
”စည်းရုံးသိမ်းသွင်းပြီးမှ ဒါကို လုပ်သွားမှာပါ” ဟု ၎င်းက ပြော သည်။နှစ်စဉ်နှစ်တိုင်း မန္တလေး မြို့ တွင်း၌ ရေကစား မဏ္ဍပ် ဆောက်လုပ်မှုမှာ လေးခုထက်မပိုခဲ့သော်လည်း ကျုံးပတ်လည်တွင်ရေကစားမဏ္ဍပ် ဆောက်လုပ်မှုများမှာ မဏ္ဍပ် ၄ဝ နီးပါးအထိ ရှိနေကြောင်း မန်းမြို့ တော် စည်ပင်စာရင်းများအရ သိရ သည်။
”ဒီနှစ် မဟာသင်္ကြန်မှာ ကျုံးဘေးအပြင် မြို့ထဲမှာပါ စည်ကားချင်တယ်။ ဒါက ရည်ရွယ်ချက်။ ငယ်ငယ်ကလေးကတည်းက ကျုံးဘေးက စည်းကားမှုကိုလည်း မပယ်ဖျက်သွားဘူး။ အသေးစိတ်တော့ ဆက်ညှိသွားမယ်” ဟု ဦး သက်နိုင်ထွန်းက ဆက်ပြောသည်။
မန်းစည်ပင် အခွန်ဌာနမှူး ဦးအောင်စိုးက နှစ်စဉ်နှစ် တိုင်း ဆောင်ရွက်နေကျ ဖြစ်သော မဏ္ဍပ်များကို မဲစနစ်ဖြင့် နေရာချ ပြီး မတ်လ ၁၅ ရက်နေ့တွင် စတင်ဆောက်လုပ်ခွင့်ပြုမည်ဟု ပြောသည်။ ”မဏ္ဍပ် အရေအတွက်ကတော့ အတိအကျနဲ့ ဒီအချိန်မှာ ပြောဖို့ ခက်ပါတယ်။ ချထားပေးပြီးမှပဲ သိမယ်” ဟု ဦးအောင်စိုး က ဆိုသည်။မန်းမြို့တော်စည်ပင်က ကျုံး ဘေးပတ်လည် မဏ္ဍပ်ချထားပေး မှုကို ၆၆-လမ်း ကျုံးအရှေ့ဘက်၊ ၂၆-လမ်း ကျုံးတောင်ဘက်၊ လမ်း-၈ဝ၊ ကျုံးအနောက်ဘက် နှင့် ၁၂ လမ်းကျုံးမြောက်ဘက်တို့ တွင် ပြုလုပ်ပြီး ယခုနှစ်တွင် ကန့် သတ်သွားမည့် ပမာဏကိုမူ ထုတ်ဖော် မပြောပေ။
မန္တလေး ဒေသခံတစ်ဦးဖြစ် သူ ကိုဇော်မျိုးက ”နေရာစုံ စည် တော့ ကောင်းတာပေါ့။ ကျုံးဘေး ပတ်လည် အစဉ်အလာ ဖျက်တာ လည်း မဟုတ်ဘူးလေ” ဟု သူ့ အမြင်ကို ပြောသည်။ ၂ဝ၁၃ ခုနှစ် မန်းမဟာသင်္ကြန် ပွဲတော်တွင် မဏ္ဍပ်များကို စည်း ကမ်းတကျ ဖြစ်စေရန် စည်းကမ်း ချက်များကို ထုတ်ပြန်ထားပြီး မလိုက်နာပါက စည်ပင်သာယာ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ကြေညာ ထားသည်။
PN-051
Popular Myanmar News Journal
Labels:
ပြည်တွင်းသတင်း
နယ်လှည့်ဓမ္မကထိကဆရာတော်ကြီးများ ဓမ္မာစရိယ မအောင်သော်လည်း တရားဟောကြားခွင့် ရပြီ
ရန်ကုန်၊ မတ် ၁ဝ
နယ်လှည့် ဓမ္မကထိက ဆရာတော်ကြီးများ ဓမ္မာစရိယ မအောင်သော်လည်း တရားဟောကြားနိုင်ပြီဖြစ်ကြောင်း သာသနာရေးဝန်ကြီး ဌာနက တရားဝင်လျှောက်ထားမှု ပြုလုပ်လိုက်ပြီဟု သိရသည်။
နယ်လှည့်ဓမ္မကထိက ဆရာတော်ကြီး များက တရားဟောကြားမှုပြုရာတွင် ဓမ္မာ စရိယအောင်လက်မှတ်ကို ပြသနေရခြင်း၊ ဓမ္မာစရိယမအောင်သော ဓမ္မကထိက ဆရာ တော်များ တရားဟောကြားမှု မပြုရခြင်းတို့ ဖြစ်နေသဖြင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင်စာသင် တိုက် ဆရာတော်များ၊ ဒါယကာ၊ ဒါယိ ကာမများက နိုင်ငံတော် သံဃမဟာနာယ က ဆရာတော်ကြီးများထံ လျှောက်ထားခဲ့ ကြရာ ဂုဏ်အင်္ဂါအရည်အချင်းများထဲမှ အမှတ်စဉ် ၉ ကိုဖြေလျှော့လိုက်သည့်အတွက် ထိုသို့ အကြောင်းကြား လျှောက်ထားလိုက် ခြင်းဖြစ်သည်ဟု သိရသည်။
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ''ဓမ္မာစရိယ မအောင်ပေမယ့် ထေရဝါဒ ပိဋကတ်တော်နဲ့ အညီ တရားဟောကြား နိုင်ကြောင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ် သံဃာ့နာယက အဖွဲ့များသို့ အကြောင်းကြား ထားပြီးဖြစ်ပါ တယ်''ဟု ပြောသည်။
နိုင်ငံတော်အသိအမှတ်ပြု ဓမ္မာစရိယ ဘွဲ့တစ်ခုခုနှင့် ဓမ္မကထိက ဗဟုဇန ဟိတဓရ ဘွဲ့ရရှိမှ တရားဟောပြောနိုင်မည့်အချက်မှာ လက်ရှိ ဖြေလျှော့ပေးမှု တွင် ပါဝင်သွား မည်ဖြစ်သည်။ သင်္ဂါယနာတင် ပိဋကတ်သုံး ပုံနဲ့ညီညွှတ်စွာ ဟောပြောနိုင်ပါက ဟောပြောခွင့်ပြုပါရန်၊ စွန်းလွန်ဂူဆရာတော်၊ သဲအင်းဂူ ဆရာတော် စသည့် ဆရာတော် ကြီးများကလည်း ပဋိပတ်ကျင့်စဉ်ကို ကိုယ် တိုင်အားထုတ်၍ ဟောကြားခဲ့သကဲ့သို့ ပိဋ ကတ်နှင့်အညီဟောကြားပါက ခွင့်ပြုနိုင်ပါ ရန် နိုင်ငံတော်သံဃမဟာနာယက ဆရာ တော်ကြီးများထံသို့ ထည့်သွင်းလျှောက်ထားခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် က ပြောသည်။
ထို့ကြောင့် နယ်လှည့်ဓမ္မကထိက ဆရာတော်များ၏ တရားဟောပြောမှုအပေါ် သတ်မှတ်သွားမည့် အရည်အချင်းတို့မှာ ရှစ်ခုသာရှိသွားမည်ဖြစ်သော်လည်း လက်ရှိ ဟောကြားမှုအချို့ပြုနေကြသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်း သည့် လောကီလူမှုရေးကိစ္စများကို ဟောကြားမှု မပြုရန် တားမြစ်ထားသည့်အချက် ကိုမူ မပယ်ဖျက်သေးပေ။
နာမည်ကြီး ဆရာတော်ကြီးများဖြစ် သည့် ရွှေညဝါဆရာတော်၊ ဒယ်အိုးဆရာ တော် စသည့်ဆရာတော်များမှာ တရား ဟောပြောခွင့် အပိတ်ခံရဖူးသည်။

ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာနှင့်ပတ်သက်ပြီး ဒေသခံများနှင့်တွေ့ဆုံ ရှင်းလင်းခဲ့
ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင်ဒေသခရီးစဉ်ဒုတိယနေ့
ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင်စီမံကိန်းအနီးရှိ ကျေးရွာများဖြစ်သော ကံကုန်း၊ဒုံးတော၊ကျော်ရွာ၊မိုးကြိုးပြင်၊ဆည်တဲ စသည့်ရွာများကို တစ်ရွာဝင်တစ်ရွာထွက်သွားရောက်ကာ စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာနှင့်ပတ်သက်ပြီး ဒေသခံများနှင့်တွေ့ဆုံ ရှင်းလင်းခဲ့သည်။
7Day News Journal
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
Labels:
ပြည်တွင်းသတင်း
ဆန္ဒပြနည်း နွေရာသီ အထူး ၁ လ သင်တန်း
ရက်တို ရက်ရှည် ဆန္ဒပြနည်း
အစာငတ်ခံဆန္ဒပြနည်း
ဗီနိုင်းပိုစတာ နှင့် ဆန္ဒပြနည်း
အလံကိုင် ဆန္ဒပြနည်း
Performance ဖြင့် ဆန္ဒပြနည်း
တကိုယ်တော် ဆန္ဒပြနည်း
အဖွဲ့လိုက် ဆန္ဒပြနည်း
မိသားစုလိုက် ဆန္ဒပြနည်း
အသင်းအဖွဲ့အကူအညီဖြင့် ဆန္ဒပြနည်း
ရည်းစားအကူဖြင့် ဆန္ဒပြနည်း
ကလေးများကို ရှေ့တန်းတင်ပြီး ဆန္ဒပြနည်း
လျှော်ကြေးတောင်း ဆန္ဒပြနည်း
သံဃာတော်အကူအညီဖြင့် ဆန္ဒပြနည်း
လှုံဆော် စာဝေနည်းဖြင့် ဆန္ဒပြနည်း
လက်နက်အားကိုးဖြင့် ဆန္ဒပြနည်း
ကိန်းဂဏန်းများပေးပြီး ဆန္ဒပြနည်း
ဂျာနယ် မျက်နှာဖုံးတွင်ပါဝင်အောင် ဆန္ဒပြနည်း
(အနည်းဆုံး facebook homepage တစ်နေရာရာတွင် ပေါ်စေရမည်)
facebook တွင် ဆန္ဒပြနည်း
လူအကန့်အသတ်မရှိ .. သင်တန်းပြီးဆုံးပါက Certificate ပေးပါမည်။ သင်တန်းပြီးဆုံးပါက U.K. နှင့် အနောက်နိုင်ငံများတွင် ထပ်မံ ဆန္ဒပြနိုင်အောင် စီစဉ်ပေးပါသည်။
မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံး နှင့် မီးလောင်ဗုံးကာကွယ်နည်းများကို တစ်ရက် ၂ ခါ .. လက်တွေ့ကျကျ .. မီးသတ်ပိုက်များ၊ ဆနွင်းတက် မီးခိုးများ၊ မီးသွေးခဲများဖြင့် လေ့ကျင့်နိုင်ပါသည်။
အထူးအစီအစဉ်အဖြစ် .. ထောက်ခံနည်း သင်တန်းကိုပါ အလကား သင်ပေးပါမည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂နာရီတွင် ဆည်တဲကျေးရွာမှပြန်လည်ထွက်ခွာ
ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂နာရီတွင် ဆည်တဲကျေးရွာမှပြန်လည်ထွက်ခွာသွားပြီး ရွာသားများက ဒေါ်အောင်ဆန်းစုကြည်နောက်မှလိုက်လာကာ “ကော်မရှင် အစီရင်ခံစာ အလိုမရှိ” ဟုအော်ဟစ်ကာလိုက်ပါလာကြကြောင်း ထိုနေရာသို့ရောက်ရှိနေသည့် သတင်းထောက်က သတင်းပေးပို့သည်။ေ
ဒ်ါအောင်ဆန်းစုကြည်မှာ မျက်နှာမသာမယာနှင့် ရွာထဲမှထွက်လာပြီး ကနဦးကြားသိချက်များအရ ရွာသားများက ညှိနှိုင်းမှုကို လက်မခံကြကြောင်း သတင်းရရှိသည်။
ပြင်ပတွင် ကျန်နေရစ်သော မီဒီယာသမားများကိုလည်း ဒေါသထွက်နေသော ရွာသားများက ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ထိုနေရာမှ သတင်းထောက်က သတင်းပေးပို့သည်။
7Day News Journal
ဒ်ါအောင်ဆန်းစုကြည်မှာ မျက်နှာမသာမယာနှင့် ရွာထဲမှထွက်လာပြီး ကနဦးကြားသိချက်များအရ ရွာသားများက ညှိနှိုင်းမှုကို လက်မခံကြကြောင်း သတင်းရရှိသည်။
ပြင်ပတွင် ကျန်နေရစ်သော မီဒီယာသမားများကိုလည်း ဒေါသထွက်နေသော ရွာသားများက ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ထိုနေရာမှ သတင်းထောက်က သတင်းပေးပို့သည်။
7Day News Journal
Labels:
ပြည်တွင်းသတင်း
ဆန္ဒပြခေါင်းဆောင်သုံးဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ရန်ကုန်၊ မတ်-၁၄
ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည်းကျေးရွာသို့ သွားရောက်ရာလမ်းရှိ တုန်ရွာသပိတ်စခန်းတွင် ရှိနေသော ဆန္ဒပြခေါင်းဆောင် သုံးဦးခန့်နှင့် တွေ့ဆုံနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
အဆိုပါ သပိတ်စခန်းသို့အရောက်တွင် သပိတ်ခေါင်းဆောင်များမှ ဒေါ်အောင်ဆန်းစုကြည်အား ကြမ်းတမ်းသောအသုံးအနှုန်းများဖြင့် ပြောဆို၍ တွေ့ဆုံရန် ငြင်းဆိုသည့်ကြားမှ ဒေါ်အောင်ဆန်း စုကြည်က တွေ့ဆုံရန်ကြိုးစားပြီး စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းရာများကို ရှင်းပြနေကြောင်း သတင်းပေးပို့သည်။
"ဘာဖြစ်လို့ ဆန္ဒပြနေကြတာလဲ။ မနေ့ကရော ဒီနေ့ရော သူတို့ကိုတွေ့ဖို့ ကျွန်မလိုက်ရှာနေတယ်။ ခုထိကို မတွေ့ရသေဘူး" ဟု ယနေ့နံနက်အစောပိုင်းက ရွာသစ်ကျေးရွာရှိ ဒေသခံများနှင့် တွေ့ဆုံ စဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည်းကျေးရွာဟောင်းသို့ သွားရောက်မည်ဖြစ်ပြီး သွားရောက်ရာလမ်းကြောင်းတစ်လျှောက်တွင် လုံခြုံရေးအင်အားများ ထူထပ်စွာချထားကြောင်း သတင်းပေးပို့သည်။
လက်ပံတောင်းတောင်အစီရင်ခံစာနှင့် ပတ်သက်၍ မတ်လ ၁၃ ရက်တွင် ဆန္ဒဖော်ထုတ်နေသူများ။
7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

လက်ပန်းတောင်းတောင် အစီရင်ခံစာထဲကအတိုင်း လုပ်ရန် ဒေါ်စု အာမခံပြောကြား
March 14, 2013
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ လက်ပန်းတောင်းဒေသ ကျေးရွာတွေက ရွာသားတွေနဲ့ တွေ့ဆုံရာမှာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို ဖတ်ကြဖို့ ရွာသားတွေကို တိုက်တွန်းပြောဆိုပြီး အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း လုပ်ပေးဖို့ တာဝန်ယူတယ်လို့ ကတိပြုပါတယ်။
ဆည်တည်းရွာဟောင်းက ရွာသားတွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ကတိပြုခဲ့တာပါ။
“အစီရင်ခံစာထဲကအတိုင်းကို အမေတာဝန်ခံတယ်။ နောက်ပြီးတော့ ဦးပိုင်ကုမ္ပဏီကရော၊ ၀မ်ပေါင်ကုမ္ပဏီကရော ကတိက၀တ်ကို သူတို့ ကြေညာထားတယ်။ ဒီအတိုင်းမလုပ်ဘူးဆိုရင် အမေတာဝန်ယူတယ်။ အမေ့စကားရှိတယ်။ ဒီ အစီရင်ခံစာအတိုင်း မလုပ်ပေးလို့ရှိရင် အမေတာဝန်ယူမယ်။”
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ စီမံကိန်းလုပ်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ ဖျက်သိမ်းလိုက်ခြင်းအားဖြင့် ရရှိလာမယ့် အကျိုးဆက်တွေအကြောင်း ပြည့်စုံစွာ ဖော်ပြထားပါတယ်။
ဦးပိုင်ကုမ္ပဏီကတော့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာ ဖော်ပြအကြံပြုချက်တွေကို ၀န်ကြီးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမယ့်အပြင် နိုင်ငံတကာအဆင့်မီ ပြည်ပကျွမ်းကျင်သူ ကုမ္ပဏီတွေကို ငှားရမ်းပြီး စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီကလည်း စီမံကိန်းဧရိယာအတွင်းမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စီမံကိန်း ပတ်ဝန်းကျင်ရှိ မိသားစုဝင်တွေနဲ့ သားသမီးတွေရဲ့ လူမှုဘ၀ ပိုမိုကောင်းမွန်အောင် ကြိုးစား ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။
မနေ့က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို စီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဦးပိုင်ကုမ္ပဏီနဲ့ ၀မ်ပေါင်ကုမ္ပဏီတွေက ကြိုဆိုခဲ့ကြပေမယ့် နယ်မြေခံ ရွာသားရာပေါင်းများစွာကတော့ စီမံကိန်းလုံးဝရုပ်သိမ်းရေးကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမနက်က စလို့ စီမံကိန်းဧရိယာ၊ ဆည်တည်ရွာသစ်၊ တုံရွာနဲ့ ဆည်တည်ရွာဟောင်းတွေကို သွားရောက်တွေ့ဆုံနေတာပါ။ အဲဒီရွာတွေမှာ ရွာသားတွေရဲ့ မေးမြန်းချက်တွေကို ထောက်ရင် သတင်းစာပါ အစီရင်ခံစာအပြည့်အစုံကို စေ့ငအောင် ဖတ်ထားကြသူ ရှားတာကို သူကြုံတွေ့ရတယ်လို့ ပြောပါတယ်။
“ဒါပေမယ့် ဒီအစီရင်ခံစာကို ရအောင်ယူရမယ်။ ဖတ်ရမယ်။ ရွာသူရွာသားတွေအများသိအောင် ဖတ်ပြပေးရမယ်။ ရှင်းပြပေးရမယ်။ ဒီလောက်တော့ ကိုယ့်ရွာအတွက် ကိုယ်တာဝန်ယူပေးရမယ်” လို့ ပြောပါတယ်။
ဒီအစီရင်ခံစာဟာ မတ် ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ပါရှိတာကြောင့် ရွာသားတွေကို တပိုဒ်ချင်း ဖတ်ပြရှင်းပြရမယ်လို့ ဒေါ်စုက ပြောပါတယ်။
နစ်နာခဲ့ရတဲ့ လယ်ယာမြေတွေအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးဖို့ လယ်ယာနဲ့ ဆည်မြောင်း ၀န်ကြီးဌာနရုံးက လာမယ့် ၁၅ ရက်၊ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ရွာတွေကို ကွင်းဆင်းမှာဖြစ်လို့ အဲဒီအခါကျရင် နစ်နာချက်တွေကို တင်ပြကြပါလို့ ဒေါ်စုက ပြောပါတယ်။
“လယ်ဆည်ဝန်ကြီးဌာနကလည်း ဆင်းလိမ့်မယ်။ ဒီကိစ္စတွေကို ခေါင်းအေးအေးနဲ့ ဆွေးနွေးလို့ ရတယ်။ ငိုနေလို့ရှိရင် ဘာမှ ဆွေးနွေးလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုရင် ငိုနေရင် အမေလည်း ဘာမှနားမလည်တော့ဘူး။ ဘာပြောနေတယ်ဆိုတာ။ အဲဒီတော့ အဲဒါတွေကိုတင်ပြ။ လယ်ယာမြေပဲ စိုက်စားချင်တဲ့ လူဆိုလို့ရှိရင် စိုက်ပျိုးရေးနေရာတွေ လုပ်ပေးရမယ်ဆိုတာ အဲဒါ သူတို့ အမေ့ကို ကတိက၀တ်ခံထားတယ်။“
“တချို့လူငယ်တွေက စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်း မလုပ်လိုကြတော့ဘူး။ သူတို့က မြို့တက်ချင်တယ်။ တခြားအလုပ်လုပ်ချင်တယ်။ အဲဒါကျတော့ သူတို့အတွက်လည်း အမေတို့ လုပ်ပေးရမယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို လိုက်ပါစောင့်ရှောက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဆည်တည်ရွာဟောင်းက လက်မခံတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၅ ဦးသာ ၀င်ရောက်ရှင်းပြခွင့်ရပြီး စီမံကိန်းဆက်လုပ်မယ့်ကိစ္စကို မကျေနပ်တဲ့ ရွာသားတွေက အော်ဟစ် မေးမြန်းတာကြောင့် အချိန်ယူရှင်းလင်းခဲ့ရပါတယ်။
အေးနိုင်
DVB TV News

တိုင်းရင်းသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး အစရှိတဲ့ ကဏ္ဍတွေမှာ အကူညီတွေ ပေးအပ်သွားဖို့ ရှိတယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ပြောကြား
တိုင်းရင်းသားဒေသတွေကို အဓိက အကူညီတွေပေးနေတဲ့ ဂျပန်နိုင်ငံ အခြေစိုက် နီပွန် ဖောင်ဒေးရှင်း အနေနဲ့ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး အစရှိတဲ့ ကဏ္ဍတွေမှာ အကူညီတွေ ပေးအပ်သွားဖို့ ရှိတယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌနဲ့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ယိုဟီ ဆာစာကာဝါက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးတို့ ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နီပွန်ဖောင်ဒေးရှင်း အနေနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် အကူညီတွေ ပေးအပ်ဖို့ရှိတဲ့အကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေနေ၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေနေတွေနဲ့ ပတ်သက်လို့ အပြန်လှန်ဆွေးနွေးခဲ့တယ်လို့ သိရပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ကမကထပြုပြီး ဆောင်ရွက်နေတဲ့ ရှမ်း နှင့် ကယား ပြည်နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဆွေးနွေးပွဲတွေကိုလည်း အောင်မြင်အောင် ဆောင်ရွက်ဖို့ နီပွန်ဖောင်ဒေးရှင်း အနေနဲ့လည်း တိုက်တွန်း အားပေးခဲ့တယ်လို့လည်း သိရပါတယ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေကို အထောက်ပံ့ ပေးနေတဲ့ နီပွန် ဖောင်ဒေးရှင်း အနေနဲ့ ၂၀၁၂ ခုနစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေက ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ သန်း (၃၀၀) လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
နိပွန်ဖောင်ဒေးရှင်း ဥက္ကဌရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူတွေ အပါဝင် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အင်အားစုတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ တာဝန်ရှိသူတွေအနေနဲ့ ဒီကနေ့ မနက်ပိုင်း ကလည်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Burma Campaign US အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ မစ္စ ဘရိုင်ယန်နာ အိုလစ် Mrs. Brianna Olive ဦးဆောင်တဲ့ အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြည်မြို့ခံ အချို့ကန့်ကွက်နေသော ဧရာဝတီသောင်ပြင်မှ ဂိုဒေါင်ဆောက်မြေ ယခင်အစိုးရ ဂရန်ချထားပေးခြင်းဖြစ်
ပြည်မြို့ခံ လူ ၅ဝဝ ခန့် လက်မှတ်ရေးထိုး ကန့်ကွက်နေသည့် ဧရာဝတီကမ်းနားသောင်ပြင်၌ မြေဖို့၍ ဂိုဒေါင်ဆောက်လုပ်နေသည့် နေရာမှာ အစိုးရမှ တရားဝင်ဂရန်ချထားပေးခြင်းဖြစ်ကြောင်း မြေပိုင်ရှင်ဖြစ်သူဦးထိုင်ထိုင်က ပြောသည်။
အဆိုပါ ဂရန်ကို ၁၉၉၇-၁၉၉၈ ခုနှစ်ကတည်းက ပိုင်ဆိုင် ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်၌ ဧရာဝတီကမ်းပါး မြစ်ရေတိုက်စား မှုဖြင့်ပြိုကျမသွားစေရန် ကျောက် စီနံရံ ပြုလုပ်သည့် စီမံချက်ပြုလုပ် ခဲ့ပြီး ယင်းကျောက်စီနံရံပြုလုပ်ခြင်း ကို စီးပွားရေး လုပ်ငန်းရှင်များက ပြုလုပ်ပေးခဲ့ရသည့်အပြင် အား ကစားနှင့် ကာယပညာဦးစီးဌာနသို့ ရန်ပုံငွေသွင်းခဲ့ရကြောင်း၊ ယင်းသို့ ပြုလုပ်ပြီးမှအဆိုပါဂရန်အား အစိုး ရမှ ချထားပေးခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
''ကျွန်တော်က အခုကျမှ ဆောက်တာ။ ဂရန်ကျပြီးသားမို့ စည်ပင်ကို ပုံစံတင်တယ်။ စည်ပင် က ဆောက်လုပ်ခွင့် ချပေးတယ်။ ဆိုင်းဘုတ်ထောင်ပြီး တရားဝင် ဆောက်တာပါ''ဟု ၎င်းက ပြော သည်။ ဂိုဒေါင်ဆောက်လုပ်သည့် နေ ရာမှာ ပြည်မြို့ဆံတော်ရပ်ကွက် ကမ်းနားလမ်းဘေးတွင်ဖြစ်ပြီး ဧရာဝတီမြစ် ကမ်းနား သောင်ပြင်အား မြေဖို့ဆောက်လုပ်ခြင်း ဖြစ်သည်။ ယင်းဆောက်လုပ်မှုအပေါ် ပြည်မြို့ခံလူများက ကျေနပ်မှုမရှိဘဲ လူ ၅ဝဝ ကျော်ခန့် ဝိုင်းဝန်းလက် မှတ်ထိုး၍ ကန့်ကွက်စာကို ပြည်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်ထံ ဖေ ဖော်ဝါရီလ၂၆ ရက်၌ ပေးပို့ခဲ့ သည်။ကန့်ကွက်စာ၌ ဧရာဝတီမြစ် သောင်ခုံတွင် အဆောက်အအုံ ဆောက်လုပ်ခြင်းမှာ ဧရာဝတီမြစ်အ လှအား ပြည်ဖုံးကာူချနိုင်မည့်အ တွက် ခွင့်မပြုနိုင်ကြောင်း ရေးသား ထားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့်က ၎င်းအနေဖြင့် အထက်ပါကိစ္စအတွက် မေးခွန်း ၃ ခုကို ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် လွှတ်တော်သို့ မေးမြန်းခဲ့ပြီး သက် ဆိုင်ရာဝန်ကြီးဌာနများ၏ ပြန်လည်ဖြေကြားချက်ကို စောင့်ဆိုင်းနေ သည်ဟု ဆိုသည်။မေးခွန်းများမှာ ကမ်းနား၌ ဆောက်လုပ်နေမှု၌ ဂရန်အား ဥပဒေနှင့်အညီ ချပေးခဲ့ခြင်း ဟုတ်၊ မဟုတ်၊ ကမ်းနားကို ဂရန်ပေးပြီး ဖြစ်သော်လည်း ဥပဒေအရဆောက် လုပ်ခွင့်ရှိ၊ မရှိနှင့် ယင်းသို့ ဆောက် လုပ်နေခြင်းမှာ သဘာဝပတ်ဝန်း ကျင့် ထိန်းသိမ်းရေးဥပဒေနှင့် ညီ၊ မညီတို့ ဖြစ်သည်။
ပြည်မြို့နယ် စည်ပင်သာယာ ရေးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြတ်စိုးက ယင်းမြေနေရာ ဂရန် အား မြို့နယ်စည်ပင်အနေဖြင့် ချ ထားပေးခြင်း မဟုတ်ကြောင်း၊ ဆောက်လုပ်ခွင့်ကိုမူ စည်ပင်သာ ယာရေးဥပဒေနှင့်အညီ ချထားပေး ခြင်းဖြစ်ကြောင်း ပြောသည်။
သုတလင်း

နိုင်ငံရေးအကျဉ်းသား အနက်အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုချက်
မည်သူမဆို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်၍ဖြစ်စေ၊နိုင်ငံသားများ နစ်နာဆုံးရှုံးစေနေသည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဍာန်အမျိုးမျိုးကို ဆောင်ရွက်မှုကြောင့် ဖမ်းဆီး ထိန်းသိမ်း ပြစ်ဒါဏ်ချမှတ်ခံရသူများ၊ အထက်ပါ ဆောင်ရွက်မှုများနှင့် ဆက်စပ်၍ စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ၊ အစိုးရတရပ်ရပ်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်က နိုင်ငံရေးရည်ရွက်ချက်ရှိရှိဖြင့် ပြစ်မှုကြောင်းအရ အရေးယူခံရသူများသည် နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြသည် ဟု နိုင်ငံရေး အကျဉ်းသားအဓိပ္ပါယ် ဖွင့်ဆိုခြင်း အလုပ်ရုံဆွေးနွေးပွဲမှ သတ်မှတ်ဖော်ပြလိုက်သည်။Burma VJ Media Network
အိန္ဒိယတွင် မြန်မာဘက်မှ တင်သွင်းသော အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် ၃၃ လက် သိမ်းဆည်းရမိ
မီဇိုရမ်း၊ မတ် ၁၃။
အိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ်တွင် မြန်မာဘက်မှ တင်သွင်းလာသော အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် ၃၃ လက်ကို ကျည်ကပ်များ၊ ကျည်ဆံ အမြောက်အများနှင့် ဖမ်းဆီးရမိခဲ့ပြီးပြည်နယ်အတွင်း စံချိန်တင်လက်နက် အများဆုံး ဖမ်းဆီးရမှု ဖြစ်ခဲ့ကြောင်း Newstrackindia သတင်းက ဖေါ်ပြလိုက်သည်။
ရဲနှင့်ထောက်လှမ်းရေး တာဝန်ရှိသူများ၏ အဆိုအရ ယင်း လက်နက်များမှာ မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ခိုးထုတ်ခြင်းဖြစ်ကြောင်း၊ အမှုနှင့် ဆက်စပ်၍ မီဇိုးရမ်းပြည်နယ်သားနှစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦးတို့ကို ဖမ်းဆီးထားကြောင်း သိရသည်။
သတင်းရင်းမြစ်တစ်ဦးကလည်း လက်နက်များမှာ ဘင်္ဂလားမှ ရှန်တီ ဘာဟီနီပျောက်ကြားတပ်ဖွဲ့ ဝင်များအတွက် မှောင်ခို တင်သွင်းခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။
အဆိုပါ ပျောက်ကြားသူပုန်အဖွဲ့ မှာ ၎င်းတို့လူမျိုးစု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေးအတွက် ၁၉၇၂ တွင် တည်ထောင်ကာ ဘင်္ဂလားအစိုးရနှင့် တိုက်ခဲ့သောအဖွဲ့ ဖြစ်ကာ ၁၉၉၇ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။
အိန္ဒိယ၏ ထရိပူရ ၊မီဂါလာယာ ၊မီဇိုးရမ်းနှင့် အာသံပြည်နယ်များသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နမိတ်ဆက်စပ်နေသော ပြည်နယ်များဖြစ်ပြီး မီဇိုးရမ်း၊ မဏိပူရ၊ နာဂလန်းနှင့် အရွန်
နာချယ်ပရာ ဒတ်ရှ်ပြည်နယ်များမှာမူ မြန်မာနှင့် နယ်စပ်အရှည် ၁,၆၄၀ ကီလိုမီတာ ထိစပ်နေသော ပြည်နယ်များဖြစ်ကြသည်။ Ref: Newstrackindia

The Myanma Age
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဒေစခံတွေနဲ့ တွ့ဆုံ

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက လယ်တီဆရာတော် ဘုရားကြီး သတင်းသုံးခဲ့တဲ့ ကျောင်းကိုသွားရောက်ကြည့်ရှုခဲ့ပြီး ရွာသစ်ကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံနေပါတယ်။
အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည် တုံရွာကဒေခံတွေနဲ့ လာရောက်တွေ့ဆုံဖို့ရှိတာကြောင့် တုံရွာကဒေသခံတွေဟာ စောင့်မျှော်နေကြပြီဖြစ်ကြောင်း သတင်းသွားရောက်ယူနေတဲ့ RFA သတင်းထောက်က သတင်းပေးပို့ပါတယ်။
RFA Burmese
Labels:
ပြည်တွင်းသတင်း
ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို တပ်မတော်က ကူညီပေးခဲ့
ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ်ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။
KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီတို့၏ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အရှိန်ကောင်းလာနေပြီး အကျိုးဆက်အနေဖြင့် တပ်ပိုင်းဆိုင်ရာကလည်း အားပေးကူညီခြင်း ဖြစ်သည်ဟု Myanmar Peace Center မှ အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ်ထားသည်။
ရန်ကုန်မှ ထွက်ခွာစဉ် ရဲစခန်း ၁၀ ခုကျော်က အမှုဖွင့်ခြင်းခံရပြီး ထွက်ခွာရာလမ်းတစ်လျှောက် ခံဝန်လက်မှတ် ရေးထိုးခဲ့ရသော်လည်း နောက်ပိုင်းတွင် အတားအဆီးမရှိတော့ဘဲ လမ်းလျှောက်ထွက်ခဲ့ရသည့် အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၀၀ ကျော် ဖြင့် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာသို့ ယနေ့ မနက်ပိုင်းက ရောက်ရှိသွားပြီဟု လမ်းလျှောက်အဖွဲ့ဝင်တစ်ဦးက
ဆိုသည်။
KIO ပြောခွင့်ရ ဦးလနန်က “ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်တဲ့အဖွဲ့တွေကို ကျွန်တော်တို့က အားပေးအားမြှောက်ပြုပြီး ကြိုဆိုရမှာပဲ၊ တစ်နိုင်ငံလုံး အစစ်အမှန် ငြိမ်းချမ်းရေးရဖို့အတွက် အပင်ပန်းခံ အဆင်းရဲခံပြီး လမ်းလျှောက်လာတဲ့သူတွေလေဗျာ” ဟုပြောသည်။
PN 051

စာဖတ်စာရေးနှင့် တင်ဆက်မှု စွမ်းရည်ပြိုင်ပွဲ (အခြေခံအဆင့်) ကျင်းပသွားမည်
တော်ဝင်မိသားစုမှ ကြီးမှူးကျင်းပသော စာပေမြှင့်တင် လူ့စွမ်းအင် စာဖတ်စာရေးနှင့် တင်ဆက်မှု စွမ်းရည်ပြိုင်ပွဲ (အခြေခံအဆင့်) ကို ၂၀၁၃ ခုနှစ် မေလတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို မတ်လ ၁၃ ရက် မနက် ၁၀ နာရီက တော်ဝင်စင်တာ သုံးလွှာမှ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်ချင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာ များကို မတ်လ ၁၃ ရက်နေ့မှ ဧပြီ ၅ ရက်နေ့ထိ လာရောက်ထုတ် ယူနိုင်ကြောင်း သိရသည်။ ဧပြီလ ၉ ရက်နေ့တွင် ၀င်ခွင့်ဖြေဆိုရမှာ ဖြစ်ပြီး ပြိုင်ပွဲတွင် ၀င်ရောက်ဖြေဆိုခွင့်ရသူများ အနေဖြင့်လည်း ယှဉ်ပြိုင်မှုပွဲစဉ်များ အလိုက် ဆုလက်ဆောင်၊ ဆုငွေများကို ပြိုင်ပွဲဝင်အဆင့်အလိုက် ချီးမြှင့်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် တော်ဝင်စင်တာတွင် လျှောက်လွှာများ သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
P.067
Popular Journal

မြောက်ကိုရီးယား၏ စစ်ရပ်ဆိုင်းရေးစာချုပ် တစ်ဖက်သတ်ဖျက်သိမ်းခြင်းအား တောင်ကိုရီးယား ပယ်ချ
14 March 2013
မြောက်ကိုရီးယားနှင့် အငြင်းပွားနေသော နယ်စပ်အနီး ဂန်ဝါကျွန်းအနောက်ဘက်တွင် တောင်ကိုရီးယား မရိန်းစစ်သားများကို K-55 တင့်ကားများနှင့် တွေ့ရစဉ်
စစ်ရပ်ဆိုင်းမှု စာချုပ်အား မြောက်ကိုရီးယား၏ တစ်ဖက်သတ် ပယ်ဖျက်မှုကို တောင်ကိုရီးယားက လက်မခံကြောင်း မတ် ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ နှစ်စဉ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုအား ဆက်လုပ်ပါက မြောက်ကိုရီးယားသည် တောင်ကိုရီးယားနိုင်ငံနှင့် ချုပ်ဆိုထားသော စစ်ရပ်ဆိုင်းရေးစာချုပ်နှင့်တကွ အခြားသော ငြိမ်းချမ်းရေး စာချုပ်များကို ပယ်ဖျက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။ အဆိုပါ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုသည် မတ် ၁၁ ရက်နေ့က စတင်ခဲ့သည်။
ငြိမ်းချမ်းရေးစာချုပ်အား တစ်ဖက်သတ် ပယ်ဖျက်ခြင်းနှင့် အဆုံးသတ်ခြင်းသည် စာချုပ်၏ စည်းမျဉ်းများအရသော် လည်းကောင်း၊ နိုင်ငံတကာ ဥပဒေအရသော် လည်းကောင်း အကြုံးမ၀င်ကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် ချိုတိုင်ယန်းက သတင်းထောက်များကို ပြောခဲ့သည်။
အဆိုပါ စစ်ရပ်ဆိုင်းရေးစာချုပ်သည် တရားမ၀င်ဖြစ်သွားပါက စစ်မက်ဖြစ်ပွားခြင်းများ ပြန်ဖြစ်လာကာ နည်းပညာဆိုင်ရာ စစ်ပွဲများလည်း ဖြစ်လာမည်ဖြစ်သည်။
ဒေသတွင်းနှင့် ကိုရီးယားကျွန်းဆွယ်ဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ်တွင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ပြန်လည်ရုပ်သိမ်းစေလိုကြောင်း ချိုက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် လွန်ခဲ့သည့် နှစ်၂၀ အတွင်း ယင်းကဲ့သို့ စစ်ရပ်ဆိုင်းရေးစာချုပ်အား အဆုံးသတ်သွားကြောင်း၊ ပြီးဆုံးသွားကြောင်း ပြောကြားသည်မှာ အကြိမ်တစ်ဒါဇင်ထက်မနည်း ရှိပြီဖြစ်သည်။
Ref:AFP
Eleven Media Group

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် ဒေသခံများသဘောမတူ
14 March 2013
မတ်လ ၁၃ ရက်နေ့က လက်ပံတောင်းဒေသသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပုံနှင့် ဒေသခံတို့၏ ဆန္ဒထုတ်ဖော်မှု မြင်ကွင်းများ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၁၃ ရက်နေ့က မုံရွာမြို့မှတဆင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာသို့ သွားရောက်ခဲ့ပြီး ဒေသခံများ၊ ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၁၁ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိလာပြီး မုံရွာမြို့ရှိ ၀င်းယူနတီဟိုတယ်တွင် ခေတ္တနားခိုကာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာသို့ သွားရောက်ခဲ့ပြီး အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး ကံကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ကံကုန်းကျေးရွာမှတဆင့် မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံသို့ သွားရောက်ခဲ့ပြီး ညနေ ၄ နာရီခွဲအချိန်တွင် ဆားလင်းကြီးမြို့နယ် ကံတော-၀က်မှေးရွာသစ်သို့ လည်းကောင်း၊ ညနေ ၅ နာရီခွဲအချိန်တွင် လက်ပံတောင်းတောင် မြောက်ဘက်ရှိ ကျော်ရွာသို့လည်းကောင်း သွားရောက်ခဲ့သည်။ ထို့နောက် ညနေ ၆ နာရီအချိန်တွင် ၀မ်ပေါင်ကုမ္ပဏီသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ ခေတ္တတည်းခိုသည့် မုံရွာမြို့ရှိ ၀င်းယူနတီဟိုတယ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၄ ရက်နေ့တွင် ၀င်းယူနတီဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖွယ်ရှိကြောင်း မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနေငယ်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ကံတော-၀က်မှေးရွာသစ်တွင် တွေ့ဆုံပြောကြားရာတွင် ကျေးရွာလူထုအင်အားကို မှန်မှန်ကန်ကန် သုံးသင့်ကြောင်း၊ အချိန်သည် တစ်နာရီနှင့်တစ်နာရီ အမြဲပြောင်းလဲနေကြောင်း၊ သူကိုယ်တိုင် စောစောတစ်နာရီလောက်က မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံကို ရောက်နေပြီး ယခုအခါ ကံတော-၀က်မှေးရွာသစ်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် အပြောင်းအလဲကို လက်ခံရမှာဖြစ်ကြောင်း၊ အနိစ္စသဘောဟူသည့် ဘုရားဟောခဲ့သည်ပင် ရှိကြောင်း ပြောပြခဲ့သည်။
လက်ပံတောင်း ကြေးနီစီမံကိန်းသည် ဆက်လက်လုပ်ဆောင်သင့်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းသည် ကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်မည်ဆိုပါက ဒေသခံများအတွက် အကျိုးရှိမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သတ္တိရှိရှိဖြင့် အပြောင်းအလဲကို ရင်ဆိုင်ရန် လိုအပ်ကြောင်း၊ မဖြစ်မနေဖြစ်ရမည့် အပြောင်းအလဲများအား အကောင်းဆုံးဖြစ်အောင် ပူးပေါင်းလုပ်ဆောင်သွားရန် လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က "မင်းမှာသစ္စာ လူမှာကတိဆိုတဲ့ စကားတစ်ရပ်ရှိတယ်။ တချို့ကလည်း မင်းမှာကတိ လူမှာသစ္စာလို့ ဆိုကြတယ်။ ကျွန်မအနေနဲ့ကတော့ မင်းမှာသစ္စာ လူမှာကတိဆိုတဲ့ စကားကို ပိုကြိုက်တယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့မင်းဟာ စာချုပ်ကို သစ္စာနဲ့ ထိန်းသိမ်းဖို့ လိုတယ်။ နှစ်နိုင်ငံ သဘောတူစာချုပ်ကို ဖျက်လိုက်ရင် တစ်ဘက်သတ် ချိုးဖောက်ရာကျတယ်။ ချိုးဖောက်ရင် နိုင်ငံတကာကလည်း ယုံကြည်မှာ မဟုတ်ဘူး" ဟု ကံတော-၀က်မှေးရွာသစ်တွင် ဒေသခံများနှင့် တွေ့ဆုံခိုက် ပြောကြားသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသသို့ ရောက်ရှိနေချိန်တွင် လက်ပံတောင်းတောင် စီမံကိန်း အပြီးသတ် အစီရင်ခံစာအပေါ် သဘောမတူကြောင်း ပြသသည့်အနေဖြင့် ဆားလင်းကြီးမြို့နယ် တုံကျေးရွာ သပိတ်စခန်းတွင် ယနေ့ မတ် ၁၃ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က လူအင်အား ၂၀၀ ခန့် လမ်းလျှောက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး တုံကျေးရွာသပိတ်စခန်းမှ ညောင်ပင်ကြီး၊ ထိုမှတဆင့် ၀မ်ပေါင်ကုမ္ပဏီရှေ့သို့ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် လက်ပံတောင်းစီမံကိန်း လုံးဝဖျက်သိမ်းရန် တောင်းဆိုခဲ့ပြီး မတ် ၁၂ ရက် အစိုးရပိုင် သတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအားလည်း ကျေနပ်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဆန္ဒပြမှုများအပေါ် "ဒီအစီရင်ခံစာ ထုတ်ပြန်မှုဟာ ကျွန်မမှာ အဓိက တာဝန်ရှိပါတယ်။ တကယ်လို့ ဒေသခံတွေအနေနဲ့ မကျေနပ်လို့ ဆန္ဒပြချင်ရင် ကျွန်မအိမ်ကိုလာပြီး ဆန္ဒပြလို့ရပါတယ်။ ဘာမှမဆိုင်တဲ့ ၀မ်ပေါင်ကိုသွားပြီး အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆန္ဒပြစရာ မလိုပါဘူး.။ ဒါပေမယ့် ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကိုခွင့်တောင်းပြီး ပြလို့ရပါတယ်၊၊ ဥပဒေအတိုင်း ဆန္ဒပြတာမဟုတ်ခဲ့ရင်တော့ ကျွန်မကလည်း ဥပဒေအတိုင်း လုပ်သွားမှာပါ" ဟု ကံတောကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်၊၊
"ဒီတောင်ကြီးတွေက ဒေသခံတွေရဲ့ အသက်ပါ။ ဒီစီမံကိန်းကို လုပ်ခဲ့တုန်းကလည်း ခြိမ်းခြောက်မှုတွေနဲ့ လုပ်ခဲ့တယ်။ တောင်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်ရတဲ့အပြင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုတွေလည်း လုပ်ခဲ့တယ်။ အခုအစီရင်ခံစာမှာ ဒီလောက် မီးလောင်ဒဏ်ရာတွေ ရတာကို မီးခိုးဗုံးလို့ လုပ်ထားတုန်းပဲ။ ပြီးတော့ စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ တစ်ခုပဲ အဓိကတောင်းဆိုတာဖြစ်တဲ့အတွက် ဒီအစီရင်ခံစာကို သဘောမတူပါဘူး။ ဆက်လက်တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ" ဟု သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် ပါဝင်ခဲ့သော တုံကျေးရွာသပိတ်စခန်းမှ ဒေသခံတစ်ဦးက ဆိုသည်။
သိမ်းဆည်းခံခဲ့ရသော မြေယာများအတွက် လျော်ကြေးညှိနှိုင်းသွားမည် မဟုတ်ကြောင်း၊ လျော်ကြေးလိုချင်သည့်အတွက် ဆန္ဒပြရခြင်းမဟုတ်ဘဲ စီမံကိန်းဖျက်သိမ်းရန်သာ တောင်းဆိုသွားမည်ဖြစ်ကြောင်း တုံကျေးရွာ သပိတ်စခန်းမှ မစန္ဒာဝင်းက ဆိုပါသည်။
"ဒုန်းတောနဲ့  ကံကုန်းရွာတွေ မိုးကြိုးအက်ဆစ်စက်ရုံဘက်တွေ သွားအပြီးမှာ လူတွေက ၀မ်ပေါင်ရုံးကို လာမယ်ထင်လို့  ၀မ်ပေါင်ရုံးနားက သွားစာင့်တယ်။ ဒါပေမယ့် အက်ဆစ်စက်ရုံကလာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က ၀မ်ပေါင်ရုံးကို ဆက်မလာဘဲ ညောင်ပင်ကြီးဘက်ကိုသွားတဲ့ လမ်းခွဲကိုချိုးပြီး ကံတော-၀က်မှေးရွာသစ်ကို ဆက်ပြီးသွားပါတယ်။ လမ်းမှာရှိတဲ့ ကျော်ရွာရဲ့အနောက်ဘက်နား ရန်အောင်မြင်စေတီ အလွန်လောက်မှာ တုံကျေးရွာ သပိတ်စခန်းဘက်ကလာတဲ့ ဆန္ဒပြအဖွဲ့တွေနဲ့ တွေ့ခဲ့ပါတယ်။ ဆန္ဒပြတဲ့အဖွဲ့က ဆိုင်ကယ်တစ်စီးကို ယာဉ်တန်းက ပိတ်သလိုဖြစ်သွားပြီး လူရုန်းရုန်း ဖြစ်သွားပါသေးတယ်။ နောက်တော့ သူတို့ လမ်းသူတို့ ဆက်သွားပါတယ်" ဟူ၍ ကျော်ရွာမှဒေသခံတစ်ဦးက ပြောပြသည်။
မြန်မာ့စီးပွားရေး ဦးပိုင်မှလည်း လက်ပံတောင်းတောင် အစီရင်ခံစာပါ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အနေဖြင့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် ဖော်ပြအကြံပြုထားသော မြေယာလျော်ကြေးကိစ္စများ၊ စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေးကိစ္စများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆိုရေး ကိစ္စများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု/ထုတ်လုပ်မှု/လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ အပြည်ပြည်ဆိုင်ရာ လက်မှတ်များ ရရှိရေး ကိစ္စရပ်များ၊ ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ဆာလ်ဖျူရစ်အက်ဆစ်စက်ရုံဆိုင်ရာ ကိစ္စရပ်များ စသည့်အကြံပြုချက်များကို ၀န်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည့်အပြင် နိုင်ငံတကာ အဆင့်မီ ပြည်ပကျွမ်းကျင်သူ ကုမ္ပဏီများအား ငှားရမ်း၍ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ၀မ်ပေါင်ကုမ္ပဏီက မတ် ၁၃ ရက်နေ့ ရက်စွဲဖြင့် သတင်းမီဒီယာများသို့ ပေးပို့ခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် ရှင်းလင်းထုတ်ပြန်ချက်တွင် ကျွန်တော်တို့ ၀မ်ပေါင်ကုမ္ပဏီသည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားအပြင် မြန်မာနိုင်ငံ ပြည်သူလူထုများအတွက်ပါ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ထိထိရောက်ရောက် စဉ်ဆက်မပြတ် ဆောင်ရွက် အကျိုးပြုသွားမည်ဟု ကျွန်တော်တို့မှ အလေးအနက်ပြောကြား ကတိပြုပါသည်ဟု ဖော်ပြထားသည်။
Eleven Media Group
Labels:
ပြည်တွင်းသတင်း
Subscribe to:
Posts
(
Atom
)