ကြမ်းတမ်းတဲ့ စစ်အစိုးရခေတ်မှာ လူဖြစ်ရတာပာာ ဂျပန်ခေတ်မှာ လူဖြစ်တာထက် ဆိုးရွားခဲ့ပါတယ်။ ဦးသန့် ဈာပန အရေးခင်းတုန်းကလည်း လူးပေါင် မရေမတွက်နိုင်အောင် သေကြေခဲ့ရတယ်။၈၈၈၈ တုန်းကလည်း သေကြေခဲ့ကြတယ်။နောက်ပိုင်း......အရေးခင်း ဖြစ်လာရင် သေမယ်ဆိုတာသိတော့ လူတွေ ကြောက်ရွံ့ကုန်ကြတယ်။
ဘယ်လောက်အထိ ကြောက်ခဲ့ကြသလဲ။ အသံမြည်အောင် လေတောင် မလည်ရဲကြပါဘူး။ ဆူတယ်ဆိုပြီး အဖမ်းခံရမှာစိုးလို့ပါ။
ဆင်းရဲသား လူတန်းစားတွေ အငတ်ငတ် အပြတ်ပြတ်။ ကျောင်းနေအရွယ်ကလေးတွေ လဖက်ရည်ဆိုင်တွေမှာ အလုပ် လုပ်ပြီး ထမင်းရှာစားကြတယ်။ ၉၄ခုနှစ်လောက်က ဆိုရင် ဆန်မရှိလို့ အညာဒေသမှာ ပြောင်းဖူးစေ့တွေ ပြုတ်ပြီး စားခဲ့ကြရတယ်။
ပြောင်းဖူးစေ့ ၀ယ်စရာမရှိရင် ပာင်းရွက်တွေပြုတ်ပြီး စားခဲ့ကြရတယ်။ လူတစ်စုကောင်းစားဖို့ တစ်နိုင်ငံလုံး ငတ်ခဲ့တယ်။ သေခဲ့ကြတယ်။
အဲ့ဒီအချိန်မှာ ဘယ်သူမှ စစ်အစိုးရကို မဆန့်ကျင်ရဲကြဘူး။
ဒါပေမယ့် ဒေါ်စုကတော့ နိုင်ငံအတွက် ပြည်သူတွေအတွက် ထောင်ထဲမှာ ကိုယ့်ကိုယ်ကို စတေးခဲ့တယ်။ အမျိုးမျိုး ကြိုးစား ဆန့်ကျင်ခဲ့တယ်။ ဘယ်သူကများ အဲဒီအချိန်က အော်ရဲခဲ့ပါသလဲ။အော်ရင် သေမယ်ဆိုတာ သိနေတယ်လေ။
ဒေါ်စု အကျယ်ချုပ်က လွတ်ဖို့ တစ်နိုင်ငံလုံး ဆုတောင်းခဲ့တယ်။ ဆန္ဒပြခဲ့တယ်။ ကြိုးစားခဲ့တယ်။ အန္တရာယ် အခက်အခဲကို ခေါင်မရှောင်တတ်တဲ့ ဗိုလ်ချုပ်သွေး အပြည့် စီဆင်းနေတဲ့ ဒေါ်စုရဲ့စိတ်ဓာတ်ကြောင့် အားလုံးက ချစ်ခင်ခဲ့ကြတယ်။ တစ်လောက လုံးက ချစ်ခင်ကြတယ်။
ကမ္ဘာမှာ မြန်မာဆိုတာ သိသူရှားတယ်။ အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်က သိသူပိုများတယ်ဆိုတာ နိုင်ငံခြားရောက်ဖူးတဲ့လူတိုင်းသိကြတယ်။ဒါပာာ ဒေါ်စုရဲ့ အမှန်တရားမြတ်နိုးစိတ်ကြောင့်ဖြစ်တယ်။
အခုတော့ လူတွေရဲ့ အသံက ပြောင်းသွားပြီ။ ထွက်ပေါက်မရှိတဲ့ လမ်းကို လျှောက်ရတဲ့ ဒေါ်စုရဲ့ အခက်အခဲကို နားလည်မပေးကြတော့ဘူး။ ဒါကလည်း ခေါင်းမရှောင်တတ်လို့ပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက သယံဇာတပာာ သိမ်းထားတာထက် ထုတ်ရောင်းတာပာာ ပိုကောင်းပါတယ်။ ရလာတဲ့ အကျိုးအမြတ်ပာာ နိုင်ငံအတွက် မဖြစ်ခဲ့မှသာလျှင် ဆန့်ကျင်သင့်တယ်။ မြေတစ်လက်မ ဆုံးရှုံးရင် မြေတစ်လက်မ အစားပြန်ရမယ်ဆိုရင် ဒါပာာ လုံးဝကို လုပ်ဆောင်သင့်ပြီး ဒေါ်စုရဲ့ ဆုံးဖြတ်ချက်ပာာ မှန်ကန်တယ်လို့ ကျွန်တော်တို့ တစ်မျိုးသားလုံးက ဒေါ်စုကို အားပေးလိုက်ကြရအောင်လို့ တိုက်တွန်းလိုက်ရပါတယ်။
FB-ပြည်ငြိမ်း
ဟိုလူတွေလက်ထဲ ပြန်ထည့်ပေးလိုက်ရမလား ??????
Labels:
ဆောင်းပါး