http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရခိုင်-ဘင်္ဂါလီပဋိပက္ခ ဖြစ်ပွားပြီးနောက် ဒေသခံ သုံးပုံတစ်ပုံမှာ အခြားဒေသများသို့ သွားရောက်လုပ်ကိုင်နေကြရ

ရခိုင်ပြည်နယ်၌ ရခိုင်-ဘင်္ဂါလီ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရှားပါးလာမှုကြောင့် ဒေသခံ သုံးပုံတစ်ပုံမှာ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေရကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝေသာထွန်းက ပြောကြားသည်။               

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် မတ် ၁၅ ရက်က ပြုလုပ်ခဲ့သည့် "ရခိုင်အမျိုးသား ကွန်ရက်၏ နှစ်ပတ်လည်နေ့နှင့် လူထုတွေ့ဆုံပွဲ" အခမ်းအနား၌  ဦးဝေသာထွန်းက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ရခိုင်တွေဟာ တိုင်းရင်းသားထဲမှာဆို ဒုတိယ အနိမ့်ကျဆုံးပါပဲ။ စီးပွားရေးကအစ အဘက်ဘက်က နိမ့်ကျနေတယ်။ စာပေနဲ့ ယဉ်ကျေးမှုကလည်း တဖြည်းဖြည်း ဆုတ်ယုတ်နေတာကို တွေ့ရတယ်။ ကိုယ့်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးတဲ့အတွက်ကြောင့် ရခိုင်လူမျိုးအတွက် သုံးပုံမှာတစ်ပုံလောက်က ရေကြည်ရာ မြက်နုရာ သွားရောက် အလုပ်လုပ်ကိုင်နေရတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး အခွင့်အရေးကြုံတုန်းမှာ ကိုယ့်ဒေသကို တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင်  နိမ့်ကျတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ မလွယ်ဘူး" ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်၌ ဒေသခံ အများစုသည် ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြပြီး ရခိုင်-ဘင်္ဂါလီ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်တိုင်းရင်းသားများအတွက် အလုပ်အကိုင်ရှားပါးမှု ပိုမိုဖြစ်ပွားလာပြီး အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝေသာထွန်းက ဆက်လက်ပြောကြားခဲ့သည်။   

ထို့နောက် ရခိုင်အမျိုးသား ကွန်ရက်မှ ဥက္ကဋ္ဌ ကိုတင်ထူးအောင်ကလည်း "ဒီကိစ္စက အရင်ကတည်းက ဖြစ်နေတာပါ။ ဒါပေမယ့် အကြမ်းဖက်မှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပိုဆိုးလာတာပေါ့။ ဒီပြဿနာတွေဟာ လက်ရှိအစိုးရရဲ့ စီမံအုပ်ချုပ်မှုတွေ လွဲမှားနေလို့ပဲ ဖြစ်ပါတယ်။ ဒါကို အစိုးရအနေနဲ့ အလေးထား ဆောင်ရွက်ဖို့ လိုတယ်။ နောက်ပြီး ရခိုင်ဒေသမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးတာမျိုး၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်တာမျိုး၊ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရဲရဲဝင့်ဝင့် တောင်းဆိုတာမျိုးတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်" ဟု ပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ဌာနေရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီတို့အကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၆၇ ဦး၊ ဒဏ်ရာရသူ ၂၂၃ ဦးရှိခဲ့ပြီး အိုးအိမ်နှင့် အခြားအဆောက်အအုံပေါင်း ၁၀၁၀၀ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အဆိုပါ ပဋိပက္ခဖြစ်စဉ်ကြောင့် ဒုက္ခရောက်နေကြရသည့် လူဦးရေ တစ်သိန်းကျော်သာမက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူ ၃၂ သိန်းမှာလည်း စိတ်ချလုံခြုံမှုမရှိဘဲ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ပဋိပက္ခဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်း မရှိသော ရခိုင်ကျေးရွာများနှင့် ဘင်္ဂါလီကျေးရွာအချို့တွင်လည်း ကူးသန်းရောင်းဝယ်မှု ရပ်ဆိုင်းခဲ့ခြင်းကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးမှု ဒုတိယ အနိမ့်ကျဆုံးနေရာတွင် ရှိနေကြောင်း သိရသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com