http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယနေ့ (3-19-2013) online ပေါ်မှ သတင်းဓါတ်ပုံများ


 
 


















































မြန်မာတွေ မြန်မာပြည် ဘာကြောင့် မပြန်လဲ

အမေရိကန် နိုင်ငံရောက် ကျောင်းသား ခေါင်းဆောင်ဟောင်း
မိုးသီးဇွန် မနှစ်က မြန်မာပြည် အလည်ခဏပြန်လာစဉ်
(ဓာတ်ပုံ – ဧရာဝတီ)

“သမ္မတကိုယ်တိုင် ဖိတ်ခေါ်နေတာတောင် ခင်ဗျားတို့က ဘာကြောင့် ပြန်မလာသေးတာလဲ” ဆိုပြီး သမ္မတဦးသိန်းစိန်အဖွဲ့နဲ့ နော်ဝေခရီးစဉ်အတွင်း လိုက်ပါလာတဲ့ မီဒီယာသမားတဦးက တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ စစ်ပြေးဒုက္ခသည်တွေကို မေးပါတယ်။

အချက်နှစ်ချက် တွေ့ပါတယ်။

ပထမတချက်က သမ္မတက နှုတ်နဲ့သာ ဖိတ်ခေါ်နေပြီး ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ ဘာမှ အဆင်သင့်ပြင်ထားတာ မရှိသေးဘူး။ ဆိုလိုတာကတော့ အော်စလိုမှာ လုပ်တဲ့ သမ္မတ နဲ့ တွေ့ဆုံပွဲအတွင်း တောခိုကျောင်းသားဟောင်းတဦးမေးခဲ့သလို လက်နက်ကိုင်အဖွဲ့မှာ ပါဝင်ခဲ့သူတွေ၊ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့အဖွဲ့ဝင်တွေ၊ နာမည်ပျက် စာရင်းသွင်း ခံထားရသူတွေကိစ္စကို အစိုးရက အခုထိ ရှင်းရှင်းလင်းလင်း မလုပ်ပေးသေးဘူးလို့ သူတို့က ထောက်ပြပါတယ်။

”ဒါပေမယ့် (သမ္မတရုံးဝန်ကြီး) ဦးစိုးသိန်းက အပြောသက်သက်တော့ မဟုတ်လောက်ဘူးဗျ။ သူပြောပြီး နှစ်ပတ်လောက်အတွင်း ကျနော် ဗီဇာသွားလျှောက်တော့ ၇ ရက်အတွင်း ဗီဇာ ရတယ်ဗျ။ သံရုံးတွေကို သူတို့ ညွှန်ကြားထားပုံ ရပါတယ်” ဆိုပြီး သမ္မတရဲ့ ဥရောပခရီးစဉ်ပြီးမှ ဗီဇာ သွားလျောက်သူတဦးက ပြောပါတယ်။ ဒါပေမယ့် နော်ဝေးအပါအ၀င် စကင်ဒီနေဗီးယန်းနိုင်ငံတွေမှာ သံရုံးမရှိသေးတဲ့အတွက် လန်ဒန်၊ ပဲရစ်၊ ဘာလင် သို့မဟုတ် ဘရာဆဲလ်ဖြစ်ဖြစ် အချိန်ကုန်ခံ သွားလျှောက်ရတယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် အရင်ကလို ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်အကြောင်း ဖောင်ဖြည့်ခိုင်းတာကိုလည်း သံရုံးက လုပ်နေတုန်း၊ ပြည်ထဲရေးဌာနက ခွင့်ပြုချက်ကိုစောင့်ရမယ်၊ ဘယ်ဌာနကို တင်ပြရဦးမယ်ဆို တာမျိုးတွေလည်း လုပ်နေဆဲပဲလို့ သူကပြောပါတယ်။

ဒီအခက်အခဲက အချိန်ယူပြီး စောင့်နိုင်ရင် အဆင်ပြေသွားနိုင်ပါတယ်။ ဒုတိယ အခက်ခဲကမှ တကယ့် အခက်အခဲလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တတိယနိုင်ငံရောက် မြန်မာတွေ မြန်မာနိုင်ငံပြန်လည်ဖို့အတွက် မြန်မာနိုင်ငံသားမဟုတ်တော့ဘဲ နိုင်ငံခြားသားအဖြစ်ခံယူထားပြီးဖြစ်တယ်ဆိုတဲ့ သက်သေအထောက်ထားပြနိုင်ဖို့ မရှိမဖြစ် လိုအပ်လာနေလို့ဖြစ်ပါတယ်။

ဒီလုပ်ထုံးလုပ်နည်းကို မသိတဲ့လူ အတော်များများကတော့ နိုင်ငံခြားသားအဖြစ် ခံယူတာဟာ မျိုးချစ်စိတ်မရှိသူတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာ Facebook တွေပေါ်မှာ ဝေဖန်ရေးသားနေတာကို တွေ့နေရပါတယ်။ တဆက်တည်းမှာဘဲ ဒုက္ခသည်အဖြစ် တတိယနိုင်ငံတွေဆီ ရောက်လာသူတွေဟာ တသက်လုံး ဒုက္ခသည်အဖြစ် ဆက်နေပြီး ဘာအလုပ်မှမလုပ်ပဲ သက်ဆိုင်ရာအစိုးရဆီက လက်ဖြန့် တောင်းစားနေသလို ဝေဖန်ရေးသားနေကြတာကိုလဲ တွေ့နေရပါတယ်။

”အဲဒါတော့ အသေအချာ ရှင်းပြဖို့ လိုမယ်ဗျ။ နော်ဝေရောက်မြန်မာတွေကို သူတို့ အိမ်မပြန်နိုင်မချင်း နော်ဝေအစိုးရက ဆက်လက်စောင့်ရှောက်ပေးထားပါဆိုပြီး ၀န်ကြီးဦးစိုးသိန်း ကိုယ်တိုင် ပြောသွားတာကို ထောက်ရင် ဦးသိန်းစိန်အစိုးရကိုယ်တိုင်က ကျနော်တို့ အခြေအနေကို အသေအချာ နားလည်ထားပုံမရသေးဘူး” လို့ အော်စလို ဆွေးနွေးပွဲကိုတက်ခဲ့တဲ့ တောခိုကျောင်းသားဟောင်းတဦးက ပြောပါတယ်။

ဆိုလိုတာကတော့ တတိယနိင်ငံတွေဆီ ဒုက္ခသည်အဖြစ်ရောက်လာကြတဲ့ သောင်းနဲ့ချီရှိတဲ့ (အမေရိ ကန်၊ ကနေဒါ၊ ဥရောပ၊ နယူးဇီလန်နဲ့ သြစတြေးလျရှိ မြန်မာဒုက္ခသည် အားလုံးပေါင်းရင် တသိန်းဝန်းကျင်လောက်ရှိမယ်) ဒီပုဂ္ဂိုလ်တွေဟာ တတိယ နိုင်ငံမထွက်ခင် ထိုင်းနယ်စပ် က ဒုက္ခသည်စခန်းတွေမှာနေပြီး ကုလသမဂ္ဂအထောက်အပံ့နဲ့ နေခဲ့ကြတာမှန်ပေမမယ့် တတိယ နိုင်ငံရောက် ပြီးချိန်မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။

သက်ဆိုင်ရာနိုင်ငံအလိုက် ဒုက္ခသည်လက်ခံရေး အစီအစဉ်တွေ အနည်းအကျဉ်း ကွဲပြားပေမယ့် အကြမ်းအားဖြင့်က ပထမ တနှစ် နှစ်နှစ်လောက်ကိုပဲ အစိုးရက ထောက်ပံ့ကြေးပေးပါတယ်။ အဲဒီ တနှစ် နှစ်နှစ်အတွင်း သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားကို တတ်အောင်သင်၊ နှစ်နှစ်ပြည့်တာနဲ့ အလုပ်ထဲ ၀င်နိုင်အောင် မောင်းသွင်းပြီး နောက်ထပ် ဘာမှမပေးတော့ပါဘူး။ ဒါကြောင့် တတိယနိုင်ငံရောက်ပြီးသူတိုင်း နှစ်နှစ်လောက်ပဲ ဒုက္ခသည်ဆက်ဖြစ်ပြီး အဲဒီနှစ်နှစ်ကျော်တာနဲ့ သာမန်နိုင်ငံသားတဦးလို ကိုယ်အလုပ် ကိုယ်လုပ် ကိုယ့်ထမင်း ကိုယ်ရှာစားရတဲ့ သဘောပါ။

သူတို့လုပ်ရတဲ့အလုပ်ဆိုတာကလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လုပ်ရတဲ့အလုပ်နဲ့ သိပ်မကွာပါဘူး။ သန့်ရှင်းရေး၊ ဘိုးဘွားရိပ်သာကူညီရေး၊ မူကြိုကလေးထိန်းရေးအပါအ၀င် တကယ့်အောက်ခြေသိမ်း အလုပ်တွေလုပ်ပြီး ပင်ပင်ပန်းပန်းနဲ့ ဘ၀ကို ရုန်းကန်နေတာ တွေ့နေရပါတယ်။ ဒါတွေကို အများ ပြည်သူသိအောင် ဒီပုဂ္ဂိုလ်တွေက သိပ်ထုတ်မပြောချင်တဲ့အတွက် အခုလို အထင်လွဲမှုတွေ၊ တတိယ နိုင်ငံမှာနေပြီး လက်ဖြန့်တောင်းစားနေသူတွေအဖြစ် ဆိုရှယ်မီဒီယာပေါ် ဝေဖန်ခံနေရတာပါ။

အဲ…ရှေ့မှာပြောခဲ့တဲ့အတိုင်း ဒီလူတွေဟာ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေကနေ ထွက်လာသူတွေ ဆိုမှတော့ သူတို့မှာ မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ် ဘယ်ပါပါ့မလဲ။ ဒုက္ခသည်ဆိုတဲ့ စာတန်းကပ်ပြီး ထွက်လာရတဲ့ဘ၀ဆိုတော့ တတိယနိုင်ငံတွေဆီရောက်တဲ့အခါမှာ သက်ဆိုင်ရာနိုင်ငံရဲ့ ခရီးသွားခွင့်လက်မှတ်၊ နေထိုင်ခွင့်လက်မှတ်တွေ လုပ်ရပါတယ်။

အဲဒီ ခရီးသွားလက်မှတ်မှာ ဘာရေးထားသလဲဆိုတော့ Except Myanmar လို့ အထင်အရှား ရေးထားပါတယ်။ မြန်မာနိုင်ငံမှအပ တကမ္ဘာလုံးကြိုက်တဲ့နေရာသွားလို့ရတယ်၊ ဒါပေမယ့် မြန်မာပြည် မပါပါ။ ဒီလက်မှတ်နဲ့ ကမ္ဘာပတ် နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီ၊ ပြန်လာနိုင်ပြီလို့ ဖိတ်ခေါ်လိုက်တဲ့အခါ Except Myanmar စာအုပ်ကြီးနဲ့ နေရအခက်၊ ပြန်ရအခက် ဖြစ်နေပါတော့တယ်။

ဒီတော့ Except Myanmar စာအုပ်အစား သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားအဖြစ် လျှောက်ထားကြရပါတယ်။ နိုင်ငံခြားသားဖြစ်မှ မြန်မာသံရုံးက ဗီဇာထုတ်ပေးသလို သက်ဆိုင်ရာနိုင်ငံကလည်း သူ့နိုင်ငံသား ဖြစ်ပြီးမှ မြန်မာနိုင်ငံဆီ ခရီးသွားခွင့်ပြုပါတယ်။ ဒီလို နိုင်ငံသားဖြစ်ဖို့ လျှောက်ထားတဲ့နေရာမှာလည်း တနိုင်ငံနဲ့ တနိုင်ငံ ဥပဒေတွေ၊ အချိန်ကာလတွေ မတူပြန်ဘူး။ တချို့နိုင်ငံတွေက သူ့နိုင်ငံမှာ နှစ်နှစ်ဆက် တိုက်နေပြီးရင်၊ သူတို့နိုင်ငံရဲ့ ဘာသာစကားကိုလည်း သတ်မှတ်ချက် စံချိန်နဲ့အညီပြောတတ်ရင်  လျှောက်ခွင့်ရပေမယ့် တချို့နိုင်ငံတွေက ၇ နှစ်နေပြီးမှ လျှောက်ခွင့်ရှိပါတယ်။ အဲဒီလို လျှောက်ထားတဲ့ကာလ၊ စိစစ်တဲ့ကာလကလည်း တနှစ်လောက်ထပ် ကြာပြန်ပါတယ်။

ဒီလိုနဲ့ သမ္မတ ကိုယ်တိုင် ဖိတ်ခေါ်ချိန်မှာတောင် ဒီပုဂ္ဂိုလ်တွေက မောင်ကြီးမပြန်နိုင်ဖြစ်နေကြတယ် ဆိုပါတော့။

ဒီနေရာမှာ မေးစရာရှိတာကတော့ ”နိုင်ငံခြားသားအဖြစ် မခံယူပဲ၊ အဲဒီနိုင်ငံတွေဆီက ဘာမှမယူပဲနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်က ကျောင်းသားဘ၀တုန်းက အိမ်ကနေ စထွက်သွားစဉ်ကလို လက်ချည်းဗလာနဲ့ အပြီး ပြန်လာလို့မရဘူးလား”ဆိုတဲ့ မေးခွန်းပါ။

တကယ်တော့ ပြန်လာဖို့ ဖိတ်ခေါ်နေတာဟာ သမ္မတနဲ့ ၀န်ကြီးအဖွဲ့တင်မကပါဘူး။ မင်းကိုနိုင်တို့ ၈၈ အဖွဲ့ကလည်း အပြင်က ရဲဘော်တွေပြန်လာပြီး တတ်နိုင်တဲ့ဖက်က ၀ိုင်းကူကြပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီလို ဖိတ်ခေါ်တဲ့အခါ ”ကလေးတွေရဲ့ ပညာရေးကိစ္စ ရှိသေးတယ်လေ” လို့ သူ့ရဲ့ ရဲဘော်ဟောင်းတွေက ဖြေကြတယ်လို့ မင်းကိုနိုင်က အော်စလိုတွေ့ဆုံပွဲ အ တွင်းပြောပြခဲ့ပါတယ်။

ဆိုလိုတာကတော့ အချိန်ကာလ ၂၅ နှစ်ကြာပြီးတဲ့အခါ ရာစုနှစ်ရဲ့ ၄ ပုံ ၁ ပုံကို နယ်စပ်နဲ့ တတိယနိုင်ငံ တွေမှာ နေထိုင်ဖြတ်သန်းပြီးတဲ့အခါ အသက်တွေကလည်း ၄၀ ကျော် ၅၀ နီးပါးဖြစ်သွားတဲ့အခါ သူတိုရဲ့ စဉ်းစားပုံတွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ် ကျောင်းသားအရွယ်က စဉ်းစားပုံနဲ့ မတူတော့တဲ့ သဘောပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အသက်ကြီးသွားတဲ့လူတွေဟာ လူငယ်ဘ၀ကလို သိပ်မစွန့် စားရဲတော့ဘူးလို့ အဓိပ္ပါယ်ယူနိုင်ပါတယ်။

”ကျနော်ကတော့ အဲဒီလို အပြီးစွန့်ပြီး မပြန်ရဲသေးဘူးဗျ။ ဥပဒေအရလည်း ဘာမှ အာမခံချက်မရှိသေး၊ အပြောင်းအလဲဆိုတာကလည်း ဘာမှ မသေချာသေးဆိုတော့ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ဒီတော့ လောလောဆယ်မှာ သွားလိုက် လာလိုက်ပဲ ကောင်းပါတယ်ဗျာ” လို့ နိုင်ငံခြားသားခံယူပြီးမှ ဗီဇာသွားလျှောက်တဲ့ပုဂ္ဂိုလ်က ပြောပါတယ်။

အဝေးရောက် မြန်မာ အများစုက ဒီပုဂ္ဂိုလ်လိုပဲ စဉ်းစားနေကြသလား။ ဒါမှမဟုတ် အပြီး စွန့်ပြီး ပြန်မယ့်လူတွေကော ရှိမလား။ နောက်တခါ ဒီဒုက္ခသည်တသိန်းဝန်းကျင်ပြန်ရေး မပြန်ရေးကိစ္စက ဦးသိန်းစိန်အစိုးရက ပြသချင်နေတဲ့ အပြောင်းအလဲဆိုတာအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဆိုတာအတွက် ဘယ်လောက် အရေးပါနေလို့လဲ။

ဘာပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံပြီးရင် မြန်မာဒုက္ခသည် အများဆုံးလက်ခံထားတဲ့ နယူးဇ်ီလန်နဲ့ သြစတြေးလျက မြန်မာမိသားစုတွေနဲ့ တွေ့ရင် အထက်ပါ အခက်အခဲ အတားအဆီးတွေ၊ မယုံသင်္ကာမှုတွေအတွက် သမ္မတနဲ့ဝန်ကြီးအဖွဲ့က တစုံတရာ ထည့်သွင်း စဉ်းစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ထက်အောင်ကျော်
The Irrawaddy (Burmese Version)

မူဖြင့် အုပ်ချုပ်နေသည် လူနှင့်မဟုတ်ပါ


Tuesday, March 19, 2013
မြန်မာနိုင်ငံမှာ လူနဲ့ အုပ်ချုပ်တာ မဟုတ်ပါကြောင်း၊ ယခုအခါ မူနဲ့ အုပ်ချုပ်နေတာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။

ယနေ့ ကာလသည် “ လူနှင့် အုပ်ချုပ်ခြင်းမဟုတ်ဘဲ မူဖြင့် အုပ်ချုပ်နေခြင်းဖြစ်ကြောင်း’’ အဆိုပါ မူများက လွှတ် တော်က ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဥပဒေကြမ်းများကို လွှတ်တော်နှစ်ခုက သဘောတူ လျှင် ပြည်ထောင်စု လွှတ်တော်က ဥပဒေအဖြစ် အတည်ပြုပေးရကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရန်ကုန် တိုင်း၊ ဒလမြို့နယ်ဒေသခံတွေနဲ့ မတ်လ ၁၆ ရက်နေ့ က တွေ့ဆုံစဉ် ပြောသွားတာပါ။

လွှတ်တော်က ချမှတ် သဘောတူလိုက်သည့် ဥပဒေကြမ်းများကို သမ္မတက (၁၅)ရက်အတွင်း အတည်ပြု ပေး ရကြောင်း၊ မှတ်ချက်နှင့် ပြန်ပို့လျှင် လွှတ်တော်က ပြန်လည်ဆွေးနွေးပြီး မူလအတိုင်း အတည်ပြုပါက လက်မှတ် မထိုးလျှင် (၁၅) ရက်အတွင်းအတည်ဖြစ်ကြောင်း၊ လွှတ်တော်က တင်သွင်းသည့် ဥပဒေကြမ်း သည် ပြည်သူက ရွေး ချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ သာမ က ကော်မတီများ၊ ပညာရှင်များ ကပါ ပါဝင်ဆောင် ရွက်ခြင်းဖြစ်၍ပြည်သူက ပြဌာန်းခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးလျှင် အားလုံးက လိုက်နာရမည်ဖြစ်ကြောင်း၊ ပြည် သူ့ ဆန္ဒ၊ ပြည်သူ့ အသံ၊ ပြည်သူ့သဘောထားဖြင့် အုပ်ချုပ်သည့် ခေတ် တစ်ခေတ် ဖြစ်ကြောင်းလည်း သူရ ဦးရွှေမန်းက ပြောသွားခဲ့ကြောင်း ပြည်သူ့လွှတ်တော် အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

တကယ်ဘဲ လူနဲ့ အုပ်ချုပ်နေတာလား၊ မူနဲ့ အုပ်ချုပ်နေတာလားဆိုတာ စာဖတ်သူများ ဘယ်လို သုံးသပ်မိပါသလဲ။ မြန်မာနိုင်ငံဟာ အချိန်တိုတိုအတွင်း လူနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ရာက မူနဲ့ အုပ်ချုပ်တဲ့ ယဉ်ကျေးတဲ့ နိုင်ငံရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးတဲ့ ခေတ်ပြောင်းနေပြီလားဆိုတာ စာဖတ်သူများ သိကြမယ် ထင်ပါတယ်။
အိမ့်သံစဉ်
The Irrawaddy (Burmese Version)

ရာနဲ့ချီပြီး သီလရှင်ဝတ်ကြတဲ့ ရန်ကုန်ကဒုလ္လဘပွဲ

Tuesday, March 19, 2013
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မှာ သီလရှင်အပါး ၅ဝဝ ၀တ်ပွဲကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ဒီလ ၅ ရက်ကနေ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ မြိုင်သီလရှင်စာသင်တိုက်/သီလရှင်ပညာရေးကျောင်းရဲ့ ပဉ္စမအကြိမ် ဒုလ္လဘသီလရှင်ဝတ်ပွဲမှာပါ။ ဒီစုပေါင်းသီလရှင်ဝတ်ပွဲမှာအသက် ၇နှစ် ကနေ ၅၀ အတွင်းအမျိုးသမီးတွေ ပါဝင်ပါတယ်။ အများစုကတော့  ၇ နှစ်ကနေ ၁၂ နှစ် အရွယ်တွေပါ။ သီလရှင်ဝတ်သူ အများစုဟာ ရွှေပြည်သာမြို့နယ်က ပါဝင်သလို  ပဲခူး၊  တိုက်ကြီး၊  မှော်ဘီ၊ ရွှေကျင် စတဲ့မြို့နယ်များကနေလာကြတာလည်း ပါပါတယ်။

နှစ်စဉ်ပြုလုပ်တဲ့ ဒုလ္လဘပွဲအတွက် သီလရှင်ဝတ်စုံတွေကို ပွဲမတိုင်ခင်ကတည်းက လာရောက်လှူဒါန်းကြသူများ ရှိပါတယ်။ ပွဲကာလ  ၉ ရက် အတွင်းမှာလည်း အာရုဏ်ဆွမ်း၊  နေ့ဆွမ်းကို အလှူရှင်အသီးသီးက လှူဒါန်းခဲ့ကြပါတယ်။ “ကလေးတွေကို နွေရာသီကျောင်းပိတ်ရက်မှာ သာသနာ့ဘောင်ကို သွင်းခွင့်ရတဲ့ ဒီလိုပွဲမှာ ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်” လို့ အလှူရှင်တဦးက သူ့ရဲ့ပီတိကို ပြောပါတယ်။

သီလရှင်ဝတ်ဖို့ ရောက်လာသူ အများအပြား ရှိပေမယ့် ကန့်သတ်ထားတဲ့အရေအတွက်ထက် လျော့နည်းပါတယ်လို့ ကျောင်းထိုင်သီလရှင်က မိန့်ပါတယ်။ “အပါး ၅၀၀ လက်ခံတယ်ဆိုပေမဲ့ (သီလရှင်ဝတ်သူ အရေအတွက်) ၃၀၀ လောက်ပဲ ရှိပါတယ်။  ဒီလိုမျိုး သီလရှင်ဝတ်ပွဲပြု လုပ်ရတဲ့ အတွက် ဆရာလေးတို့အနေနဲ့လည်း အရမ်းဝမ်းသာသလို၊  အခုလိုဖြစ်မြှောက်အောင် နှစ်စဉ်လှူ ဒါန်းခဲ့ကြတဲ့ အလှူ ရှင်တွေနဲ့ ဒီနှစ်မှာ ပါဝင်လှူဒါန်းခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်တယ်” လို့ ကျောင်းထိုင်ဆရာလေးက မိန့်ပါတယ်။

မြိုင်သီလရှင်ပညာရေးကျောင်းမှာ သီလရှင်ဝတ်နဲ့ ကျောင်းတက်နေတာ အပါး ၁၅၀ ရှိတယ်၊   ကျောင်းအိပ်ကျောင်းစား မိဘမဲ့ကလေး ၆၀ ရှိတယ်။ မြိုင်သီလရှင်ကျောင်းမှာ လာရောက်ပြီး ပညာသင်ကြားတဲ့နေတဲ့ ကျောင်းသူကျောင်းသားစုစုပေါင်းက သူငယ်တန်းကနေသတ္တမတန်းအထိ လူဦးရေ (၆၅၈) ဦးရှိကြောင်း သိရပါတယ်။ ဒီကျောင်းလေး ပုံမှန် လည်ပတ်ဖို့အတွက် ပြည်တွင်းကစေတနာရှင်တွေရဲ့ ကူညီလှူဒါန်းမှုတွေကို အားထားနေရတဲ့ အကြောင်း ကျောင်းထိုင်ဆရာလေးက မိန့်ပါတယ်။

မြိုင်သီလရှင်စာသင်တိုက်နဲ့သီလရှင်ပညာရေးကျောင်းကို လှူဒါန်းချင်တယ်ဆိုရင် ဖုန်း ၀၉ ၇၃၀၆ ၂၈၁၇ ကို ဆက်သွယ်နိုင်ပါတယ်။
ရွက်စိမ်း
The Irrawaddy (Burmese Version)







အင်္ဂလန် ဘောလုံးကစား သမားဟောင်း မိုက်ကယ် အိုဝမ် ဘောလုံးကနေ အနားယူမယ်


BBC Burmese
အင်္ဂလန် တိုက်စစ်မှူးဟောင်း အိုဝမ်က ဒီနှစ် ဘောလုံးရာသီ အကုန်မှာ အနားယူ တော့ မှာ ဖြစ်တယ်လို့ တရား ဝင် ကြေညာလိုက်ပါပြီ။

'' အခုလို အနားယူတော့မယ် ဆိုတဲ့ ကျွန်တော် ရဲ့ ရည်ရွယ်ထားချက်ကို ကြေညာရတဲ့ အတွက် အင်မတန်မှ ပီတိဖြစ်ရပါတယ်'' လို့ အိုဝမ်က ပြောကြားပါတယ်။

အသက် ၃၃ နှစ် အရွယ် အိုဝမ်ဟာ နိုင်ငံတကာ ပွဲပေါင်း ၈၉ ပွဲမှာ ဂိုးအရေ အတွက် ၄၀ သွင်းခဲ့သူ ဖြစ်ပြီး၊ သူဟာ လစ်ဗာပူးလ်၊ ရီယဲလ်၊ နယူးကာဆယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

အခု လောလောဆယ်မှာတော့ စတုတ်ခ် စီးတီး အသင်းမှာ ကစားနေတာပါ။

အမေရိကန်နဲ့ လက်တွဲဆောင်ရွက်ဖို့ တရုတ်သမ္မတသစ် ကတိပြု

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်လျူး တရုတ်သမ္မတ ရှီဂျင်းပင်နဲ့ တွေ့ဆုံစကားပြောနေစဉ် (၁၉ မတ် ၂၀၁၃)
19.03.2013
တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ကြား မလွဲမရှောင်သာတဲ့ ကွဲပြားခြားနားမှုတွေ ရှိနေသည့် တိုင်အောင် တရုတ်အစိုးရဟာ အမေရိကန်ပြည်ထောင်စုနဲ့အတူ လက်တွဲ လုပ်ကိုင်ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ တရုတ်သမ္မတ ရှီဂျင်းပင် (Xi Jinping) က ကတိပြု ပြောကြား လိုက်ပါတယ်။

တရုတ်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျက်လျူး (Jack Lew) နဲ့ ဘေဂျင်းမြို့တော်မှာရှိတဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ အင်္ဂါနေ့က တွေ့ဆုံ စဉ် မစ္စတာ ရှီ က အခုလို ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မစ္စတာ ရှီ သမ္မတဖြစ်လာပြီးနောက် ဒါဟာ ပထမဆုံး တွေ့ဆုံမှု လည်း ဖြစ်ပါတယ်။

မစ္စတာ လျူး ကလည်း တရုတ်နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ကြား ဆက်ဆံရေးဟာ အလွန်အရေးပါတဲ့အကြောင်း အလေးအနက် ထောက်ပြ ပြောဆိုခဲ့ပါတယ်။ ကမ္ဘာကြီး ပုံမှန် တည်တည်ငြိမ်ငြိမ် အင်အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိစေဖို့ စီးပွားရေး အင်အားကြီးနိုင်ငံ ၂ နိုင်ငံအနေနဲ့ တာဝန်ရှိတယ်လို့ မစ္စတာ လျူး က ပြောဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာမှာ ရှိနေတဲ့ အတားအဆီးတွေ ကို လျှော့ချပေးဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာ မှုကြောင့် နိုင်ငံရပ်ခြား ကုန်ပစ္စည်းတွေအတွက် ဈေးကွက်တခု ဖြစ်လာလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုက မျှော်မှန်းထားကြောင်း သူက ထောက်ပြပြောဆိုခဲ့ပါတယ်။

မကြာသေးခင်အထိ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြား စီးပွားရေးကိစ္စ ပိုင်ဆိုင်မှု အခွင့်အရေးကိစ္စ တရုတ် ငွေကြေးတန်ဖိုး သတ်မှတ်မှု ဆိုင်ရာကိစ္စတွေမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေခဲ့ပါတယ်။
VOA Burmese Fan Page

အခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ဆွေးနွေးမည်

လွှတ်တော်အစည်းအဝေး တက်ရောက်လာသည့် ကိုယ်စားလှယ်တော်များ (စက်တင်ဘာ ၁၅၊ ၂၀၁၁)
19.03.2013
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်မှာ ၄ ပုံ ၁ ပုံ နေရာယူထားတာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ထိပ်တန်းနေရာတွေ တာဝန်ယူခွင့်မရှိဘဲ ဖြစ်နေရတာတွေ အပါအ၀င် အချေအတင် ပြောစရာ ဖြစ်နေရတဲ့ အပိုင်းတွေကို ဦးစားပေး ပြင်ဆင်သွားဖို့ ရည်ရွယ်ထားတဲ့အကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ပြောလိုက်ပါတယ်။ အခြေခံဥပဒေကို ပြင်ဆင်ရေးအဆို ကို ပြည်ထောင်စုလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ကျရင် ဆွေးနွေးအတည်ပြုနိုင် မယ်ဆိုရင်တော့ စစ်မှန်တဲ့ ပြည်ထောင်စု စနစ်တရပ် ဖြစ်လာအောင် ပြင်ဆင်ဖို့ တွန်းအားပေးမယ်လို့လည်း တိုင်းရင်းသား နိုင်ငံရေး သမားတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြပေးပါမယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ ဖြစ်ပေမဲ့လည်း နိုင်ငံခြားသား နဲ့ ဆွေမျိုးသားချင်း တော်စပ်သူ တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတနဲ့ ဒုသမ္မတတာဝန် ယူခွင့်မရှိတာ၊ လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ကို နေရာပေးထားတာတွေ ကို အဓိက ပြင်ဆင်ဖို့ အာဏာရပါတီရော၊ တခြားနိုင်ငံရေး အင်အားစုတွေကပါ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးလှဆွေ ကတော့ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးကို အာမခံချက်ပေးတဲ့ အခြေခံဥပဒေမျိုး ဖြစ်သင့်တဲ့အတွက် ပြင်ဆင်ဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

“သူကိုယ်တိုင်က နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျထားတယ်။ သူ့ရဲ့သားနှစ်ယောက် ကလည်း နိုင်ငံခြားမှာပဲ နေနေတဲ့အခါကျတော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက သူ့ကို သမ္မတဖြစ်ဖို့ရာ ဘယ်လိုနည်းနဲ့မှ ဥပဒေအရဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ အရင် အစဉ်အလာအရ ပြောရလို့ရှိရင်တော့ ကျနော်တို့ ဥက္ကဌကြီး ဦးနေ၀င်းလည်း ရတနာနတ်မယ်ကို အိမ်ထောင်ပြုခဲ့တာပဲလေ။ သူလည်း နိုင်ငံခြားသူ တယောက်ပဲ မဟုတ်ဘူးလား။ အဲ့တော့ နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံခြားသား တယောက်ကို လက်ထပ်ထားတဲ့သူ တယောက်ဖြစ်ပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အခုအချိန်မှာ သူ့ကို ပြည်သူတွေကသာ ရွေးချယ်မယ်ဆိုရင် ဥပဒေကလည်း လက်ခံတယ်ဆိုရင် သူဟာ တာဝန် ထမ်းဆောင်ချင်ပါတယ်လို့ သူကိုယ်တိုင် ထုတ်ဖော်ပြော ဆိုထားတာ ရှိပါတယ်။ ကျနော်တို့ ပြည်သူပြည်သားတွေ အနေနဲ့ကလည်း ဒါကို လက်မခံနိုင်စရာ မရှိဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်ဗျ။”

အခုလိုမျိုး ၂၀၀၈ ခုနှစ်က အချေအတင် အငြင်းပွားဖွယ်ရာ အခြေအနေမှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင်ဖို့ အာဏာရပါတီကြီး
ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က အရေးပေါ် တင်သွင်းခဲ့တဲ့ အဆိုကို ဦးဆောင်တင်သွင်းတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေအပါအဝင်  တပ်မတော်သား ကိုယ်စားလှယ်တွေကပါ ဝိုင်းဝန်းထောက်ခံ့ခဲ့ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုလိုက် တာဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ ပြန်လည်ပြင်ဆင်ဖို့ အမှန်တကယ် လိုအပ်နေတဲ့အတွက်  ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေကပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့တာဖြစ် တယ်။ အဲ့ဒီခေတ်က ပြည်သူလူထုက ဒါလုပ်ဆိုရင် လုပ်ပေါ့နော်။ ဒါမလုပ်နဲ့ဆိုရင် မလုပ်နဲ့ပေါ့။ အဲ့လိုမျိုး အနေအထားဖြစ်ပါတယ်။ အခုခေတ်မှာတော့ သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ ကျနော်တို့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ ခေတ်မှာတော့ အခုဟာ ပွင့်ပွင့်လင်းလင်း ကိုယ်ပြောစရာရှိတာကို ရဲရဲဝံ့ဝံ့ ပြောလို့ရတဲ့ခေတ် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီခေတ်နဲ့ လျော်ညီစွာ အခြေခံဥပဒေကို ပြန်ပြင်ဆင်ဖို့ လိုအပ်လိမ့်မယ်လို့ အမှန်တကယ် ယုံကြည်တဲ့အတွက် ကျနော်တို့ ပါတီက တင်တာလို့ ကျနော် ထင်မြင်ယူဆ ပါတယ်ခင်ဗျာ။”

အဓိက လွှတ်တော်တွင်း ကိုယ်စားလှယ်အနေနဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေမှု ကိုလည်း မပါဝင်သင့်တော့ဘူးလို့ ဦးလှဆွေကထောက်ပြပြောဆိုလိုက်ပါတယ်။

“တပ်မတော်သား ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်လို့ကလည်း ဒါ ပါသင့် - မပါသင့်ပေါ့ ကျနော့် အမြင်ကတော့ ရွေးကောက်ထားတဲ့ အမတ်တွေပဲ လွှတ်တော်ထဲမှာ ရှိသင့်တယ်လို့ မြင်ပါ တယ်။”

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲတဲ့အခါ  ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ အညီ အခြေခံဥပဒေပါ အချက်တွေကို ထည့်သွင်းရေးဆွဲဖို့ ပြင်ဆင်နေကြပါတယ်လို့ အမျိုးသား ဒီမိုကရေစီပါတီသစ်က ဦးသိန်းညွန့် က ပြောပါတယ်။

“ဒီအခြေခံဥပဒေမှာ ကောင်းတဲ့အချက်တွေကို ထိန်းသိမ်းပြီးတော့ ဒီမိုကရေစီစံနှုန်းတွေ အားကောင်းဖို့အတွက် အဲ့ဒီအပေါ်မှာ ကျနော်တို့ ကြိုးစားဆောင်ရွက်သွားမှာပါ။”

တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေအနေနဲ့ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး ဆွဲတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုနေကြတဲ့ တိုင်းရင်းသား ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေအပါအဝင် ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ဆောင်ရွက် သင့်တယ်လို့ ကချင်ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူ က ပြောပါတယ်။

“အဓိကကတော့ ကျမတို့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင်ပေါ်ပေါက်လာဖို့ပေါ့နော်။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ဖြစ်ဖို့ ဒါ အဓိက ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နောက်တခါ ကျမတို့ တိုင်းရင်းသားအရေးတွေနဲ့ပတ်သက်ပြီး ဒါ ပြည်နယ်နဲ့ ပြည်ထောင်စု ခွဲခွဲခြားခြားပေါ့နော် ဒါလည်း ဖက်ဒရယ်ထဲမှာ ပါပါတယ်။ ဖက်ဒရယ်စနစ်ဖြစ်အောင် ပြင်သွားယုံနဲ့တင် တော်တော်များများက ပြည့်စုံလုံလောက်မှာပါ။” အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး အဆိုကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုပြီးနောက် အခု ပြည်ထောင်စုလွှတ်တော်မှာ  ပြန်လည်ပြင်ဆင်ရေးကော်မတီ သို့မဟုတ် ကော်မရှင် ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေး ဆုံးဖြတ်မှာပါ။ ဒီအဆိုကို အတည်ပြုနိုင်ပြီဆိုရင်တော့ ကော်မတီတရပ် ဖွဲ့စည်းပြီး အခြေခံဥပဒေမှာ ပြင် ဆင်ရမယ့် အပိုင်းတွေကို သုံးသပ် လေ့လာသွားကြမှာလည်း ဖြစ်ပါတယ်။
VOA Burmese Fan Page

ကယားနယ်မြေတွင် ပြည်သူများလွတ်လပ်စွာသွာလာခွင့်မရသေး

လွိုင်ကော်၊ မတ် ၁၉။
ကယားပြည်နယ် အတွင်းရှိ ဒေသအသီသီးသို့ နိုင်ငံခြားသားများ ၊ အခြားလူမှု အဖွဲ့အစည်းများနှင့် ဒေသခံများ အပါအဝင် ကယားပြည်နယ်ရှိ ဒေသအသီးသီးသို့ ပွင့်လင်းမြင်သာစွာ သွားလာခွင့်မရသေးခြင်းသည် ကန့်သတ်ထားခြင်း မဟုတ်သော်လည်းနယ်မြေ အနေအထားအရ သက်ဆိုင်ရာ အဖွဲ့စည်းအသီးသီးက ခွင့်မပြုခြင်းဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်ဦးခင်မောင်ဦးက မီဒီယာများသွားရောက် မေးမြန်းစဉ်ဖြေကြားသည်။

အစိုးရနှင့် ကယားပြည်နယ်မှ လက်နှက်ကိုင် အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးယူထားခြင်း၊ အပစ်အခတ် ရပ်စဲထားခြင်းများ ရှိသော်လည်း သဘောတူညီမှုအချို့နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ မပြုလုပ်ရသေးသောကြောင့် ပြည်သူများ၏ လုံခြုံရေးအရ လွတ်လပ်စွာ သွားလာခွင့်များကို ခွင့်မပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသားများကို လွိုင်ကော်မြို့နှင့် ဒီမောဆိုးနှစ်မြို့ကိုသာ ခွင့်ပြုထားကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးစောလွင်က“ ခုအချိန်ထိ ကျွန်တော်တို့ ကယန်းပြည်သစ်ပါတီ အနေနဲ့ကတော့ လက်နှက်ကိုင် အနေနဲ့ပဲ ရှိနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုစိတ်တိုင်းကျပြင်ဆင်ပယ်ဖျက် အသစ်ရေးဆွဲပြီးတော့မှဘဲ လက်နှက်ကိုစွန့်မယ်” ဟု ပြောကြားသည်။ ထို့ပြင် မြေမြုပ်မိုင်း ကိစ္စများသည် ငြိမ်းချမ်းရေးရမှ လုပ်ရမည့်ကိစ္စများ မဟုတ်ကြောင်း ပြောသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးသော KNPPမှ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “ ဒီလထဲမှာဘဲ ငြိမ်းချမ်းရေး လုပ်တဲ့ဗိုလ်မှူးတွေနဲ့ ဆွေးနွေးပွဲလုပ်ဖို့ ရှိပါသေးတယ်” ဟု ပြောကြားသည်။

ကယားပြည်နယ်သည် ယခုအချိန်ထိ လွိုင်ကော်မြို့တစ်မြို့သာ အညိုရောင်နယ်မြေ ဖြစ်ပြီး ကျန်နယ်မြေများသည် အနက်ရောင်နယ်မြေ အဆင့်ထိ ရှိနေသေးကြောင်း ကရင်နီ လူငယ်များ သမဂ္ဂမှအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ ထို့ပြင် အရပ်ဖက်လူမှု အဖွဲ့စည်းများမှ ဌာနဆိုင်ရာများသို့ ခွင့်ပြုချကတောင်းခံသော စာတင်သည့် ကိစ္စများတွင် ဒေသကွပ်ကဲရေး စစ်တပ်များကိုပါ အကြောင်းကြား ရသောကိစ္စများ ရှိနေသေးကြောင်း ဒေသခံများက ပြောကြသည်။
အောင်သိုက်
The Myanma Age

အကျဉ်းဦးစီးဌာနမှ သိမ်းယူထားသော လယ်မြေများအား လယ်သမားကပြန်လည်းရယူလို

ရန်ကုန်၊မတ် ၁၉။
တွံတေးမြို့နယ်၊ ရွှေသူဌေး အကျဉ်းဦးစီးဌာနမှ သိမ်းယူထားသော ဇီးဖြူကုန်း ကျေးရွာအပိုင် ဦးရွှေအိုး၏ လယ်မြေဧက ၆၀ အား တစ်နိုင်တစ်ပိုင် ပြန်လည် ရယူလိုကြောင်း
သားဖြစ်သူ ဦးစောသန်းထွန်းဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ၁၉၇၆ခုနှစ်တွင် ညွှန်ချုပ် ဦးဘခင်က လယ်မြေများကို သိမ်းပြီး လယ်သမား ဦးရွှေအိုးတို့အား(၃)ရက်အတွင်း တဲများကိုဖျက်၍ ပြောင်ရွှေ့ပေးရန်ပြောကြောင်း။ ၎င်းလယ်မြေများတွင် ငှက်ပျော၊ သရက်၊ မာလကာများ စိုက်ပျိုးထားကြောင်း၊ လယ်မြေများတွင်လည်း စိုက်ကြဲထားသော စပါးများမှာ ရိတ်သိမ်းချိန် ရောက်နေကြောင်း သိရသည်။

“ဧက ၄၀ ကို မရိတ်ရဘဲ ဘိုတူးစာနဲ့ ထိုးပြီ မင်းတို့ ဒီနေရာကနေပြောင်းပေး မပြောင်းပေးရင် မင်တို့ရဲ့ တာဝန်ပဲလို့ ဦးဘခက်က ပြောလို့ ပြောင်းပေးခဲ့ရတယ်။ လယ်မြေတွေနဲ့
ပတ်သတ်ပြီး လယ်မြေတွေ အသိမ်းခံရတော့ လယ်တွေမရှိတော့တဲ့အတွက် လယ်မြေတွေကိုတော့ တစ်နိုင်တစ်ပိုင် ပြန်လုပ်ချင်တယ်။” ဟု သားကြီးဖြစ်သူ ဦးစောပီတာက ပြေကြားပြီး။ ၎င်းတို့နည်းတူ လယ်သမားများစွာဆုံးရှုံး၍ နစ်နာကြေး မရရှိပဲလယ်မြေများ သိမ်းဆီးခံရကြောင်း သိရသည်။ ဆက်လက်၍၎င်းတို့က NLDမှ လယ်ယာမြေ ဆပ်ကော်မတီ သို့တင်ပြထားကြောင်းလည်း သိရသည်။

ယင်းလယ်မြေများတွင်အဆောက်ဦးများဆောက်လုပ်ထာကြောင်းနှင့်လယ်မြေများကို ကန်များတူးဖော်၍ လုပ်ငန်ရှင်များသို့ သီးစားချထားကြောင်းသိရသည်။ထိုအပြင်မ(၁၄၄)အမိန့်ထုတ်ထားကြောင်းလည်းသိရသည်။

“၁၂.၃.၂၀၁၃ မှ စတင်ဖွဲ့စည်ထားတာပါ။ လယ်မြေကိစ္စတွေနဲ့ပတ်သက်ပြီး လယ်သမား ဆယ်ဦးကျော်က လာတိုင်ထားပါတယ်။ ဧက ၁၀၀ကျော်လောက်ရှိတယ်။ ဌာနဆိုင်ရာတွေနဲ့ရွှေသူဌေးအကျဉ်းဦးဌာနက များပါတယ်” ဟု NLD လယ်သမား ဆပ်ကော်မတီက ဦးနိုင်လင်းက ပြောကြားသည်။

လယ်ယာမြေ ဆပ်ကော်မတီမှာ လယ်သမားများထံမှ မတရားသဖြင့် သိမ်းထားမြေများနှင့် အစိုးရက သိမ်းထားသော လယ်မြေများကို သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ချိတ်ဆက်ပြီး တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့နောက် NLD လယ်သမား ဆပ်ကော်မတီမှာ ၁၉၈၈-၁၉၈၉ စတင်သော လယ်ကိစ္စများကို ဦးစာပေး ဆောင်ရွက်မည် ဖြစ်ပြီးနောက်ပိုင်း ကိစ္စများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြေစာရင်း ဦးစီးဌာသို့ ဆက်သွယ်မေးမြန်းရာ ရွှေသူဌေး အကျဉ်းဦးဌာနပိုင်မြေမှာ ၁၇၂၈ ဧကရှိကြောင်း သိရသည်။ ပထမအကြိမ် တိုင်ကြားစာဌာန ထုတ်ပြန်ချက်အရ တပ်မတော်မှ သိမ်းယူထားသော လယ်မြေ ဧကပေါင်းနှစ်သိန်း လေးသောင်း ခုနှစ်ဆယ့် ခုနှစ် ဧက ရှိပြီး မကွေးတိုင်းမှ တစ်သိန်းခြောက်သောင်းရှိကြောင်း သိရသည်။
ပိုင်လေး
The Myanma Age

စည်ပင်သာယာမှ သတ်မှတ်ထားသော ဈေးအရောင်းချိန်အား ထပ်တိုးပေးစေလို

ရန်ကုန်၊မတ်၁၉။
ရန်ကုန်မြို့ အတွင်း စည်ပင်သာရာရေး ကော်မတီမှ လမ်းဘေးဈေးသည်များကို လမ်းဘေး ပလက်ဖောင်းပေါ်တွင် ညနေ ၃နာရီမှ ည ၈ နာရီအချိန်အထိသာ ဈေးရောင်းချရန် သတ်မှတ် ထားခြင်းအပေါ် ဈေးသည်များမှ အချိန်တိုး၍ သတ်မှတ်ပေးစေလိုကြောင်း လမ်းဘေးဈေးသည် တစ်ဦးဖြစ်သူ ကိုအောင်စိန်ဝင်းက ပြောကြားသည်။

“၃နာရီ ကနေ ၈နာရီ အချိန် အထိ ၅နာရီတည်း ရောင်းချခိုင်းတဲ့အတွက် ရောင်းရတဲ့အချန် အရမ်းနည်းပါတယ်။ နေ့လည်ပိုင်းတွေက လူစည်တာလေ ဖြစ်နိုင်မယ်ဆိုရင် နေ့လည် ၁၂နာရီကနေ ည ၈နာရီလောက်အထိ တိုးပေးစေချင်ပါတယ်။ အချိန်အရမ်းနည်းလွန်းတော့ စားဝတ်နေရေး ခက်ခဲတယ်” ဟု စတော်ဘယ်ရီ ရောင်းချသူ ကိုအောင်စိန်မြင့်က ပြောကြားသည်။

၁၉၇၂ခုနှစ် စည်ပင်သာယာ ဥပဒေအရ လမ်းဘေးဈေးသည်များဈေးရောင်းချခွင့်မရှိကြောင်း ၊ သို့သော် လမ်းဘေးဈေးသည်များ၏ ဘ၀ရပ်တည်ချက်အတွက် ညနေ၃နာရီမှ ည၈နာရီအထိဈေးရောင်းချခွင့်ကို သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊ ထိုအချိန် သတ်မှတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ချမှတ်ခြင်းဖြစ်ကြောင်း၊ ယခုအချိန်အထိ အချိန်တိုး သတ်မှတ်ရန် အစီအစဉ် မရှိကြောင်း၊ တိုးမြှင့်တောင်းဆိုလိုပါက လွှတ်တော်များသို့ စာတင်ပို့ကာ တောင်းဆိုနိုင်ကြောင်း စည်ပင်သာယာရေးကော်မတီမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

ထို့အပြင် သတ်မှတ်ချိန်ထက် ကျော်လွန် ရောင်းချသော ဈေးသည်များကို ဖမ်းဆီးနေခြင်းများနှင့် စပ်လျဉ်းပြီး “ကျွန်တော်ပစ္စည်းတွေ သွားပြန်ရွေးတော့ အမှိုက်တောင်းထဲ ထည့်လိုက်ပြီဆိုပြီး ပြန်ရွေးလို့မရဘူး၊ အရင်ကမှ ရွေးလို့ရသေးတယ်။ ရွေးလို့ရသေးတယ် ဆိုတာတောင်မှ သူတို့က ပစ္စည်းကို တစ်ဝက်ပဲပြန်ပေးတာ” ဟု စတော်ဘယ်ရီအထမ်း အသိမ်းခံရသူကိုအောင်စိန်ဝင်းက ပြောကြားသည်။

ယင်းအပြင် အဖမ်းဆီး ခံရသော ပစ္စည်းများကို တရားရုံးတွင်ရွေးချယ်ရသော်လည်း တရားသူကြီးများနှင့် တွေ့ဆုံကာရွေးချယ်ရခြင်းမျိုး မဟုတ်ကြောင်း အောက်ခြေ စည်ပင်ဝန်
ထမ်းများ ထံတွင်သာ ဒဏ်ကြေးပေးဆောင်ကာ ပြန်လည်ရွေးရကြောင်း ၊ တန်ဖိုးထက် ဒဏ်ကြေးက ပိုများနေသဖြင့် သွားမရွေးသူများလည်း ရှိကြောင်း သိရသည်။

“လော်စပီကာတွေနဲ့လိုက်ပြီး သတိပေးပါတယ်။ အရမ်းစည်းကမ်းဖောက်လာရင်တော့ ဖမ်းမှာပဲ။ သူတို့ ပစ္စည်းတွေကို သတ်ဆိုင်ရာမြို့နယ်တွေမှာ ပစ္စည်းအမျိုးအစား အလိုက် ဒဏ်ကြေးဆောင်ပြီးပြန်ရွေးလို့ရပါတယ်။” ဟု စည်ပင်သာယာရေး ၀န်ကြီးဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လမ်းဘေး ဈေးသည်များမှ စည်ပင်သာယာ ၀န်ထမ်းများကိုနေ့စဉ်ကြေးပေးသွင်းနေရခြင်းနှင့် စပ်လျဉ်းပြီး “လွန်ခဲ့တဲ့၂နှစ်လောက် ကတည်းက လမ်းဘေးဈေးသည်တွေကို အခွန်မဆောင်ခိုင်းတော့တာပါ။ နေ့စဉ်ကြေး ၂၀၀ ပေးနေရတယ်ဆိုတာကလည်း စည်းကမ်းဖောက်ပြီး သူတို့က ရောင်းချင်တာကိုး။ ဒီတော့ သူတို့က စည်ပင်ကို ဆိုင်ဖွင့်ချင်တော့
ပေးတာပေါ့။ အမှန်ကတော့ နှစ်ဖက်စလုံးက မှားယွင်းနေတာပေါ့။ ဒါပေမယ့် နိုင်ငံအခြေအနေအရ တချို့အရာတွေက အရမ်း တင်းကျပ် လိုက်ရင် အော်ကုန်မှာလေ။” ဟု စည်ပင်သာရာရေး ကော်မတီမှ တာဝန်ရှိသူက ပြောကြားသည်။
ဆုဝေ
The Myanma Age

ခေတ်ပျက် တောင်သူများ၏ ဆာလောင်တမ်းတမှုများ

သို့.
အယ်ဒီတာ

တောသူတောင်သားတွေ၏ အသိဉာဏ်၊ အတွေးအခေါ်အမြင် နည်းပါးမှုကြောင့်လား၊ ဒါမှမဟုတ် စိတ်မဝင်စားတာလား၊ ဒါမှမဟုတ် သူတို့ခံစားလာရသမျှကို ပြောဆိုကြတာလား ဆိုတာတော့ ကျွန်မမဝေခွဲနိုင်ပါ။ သိတတ်စအရွယ်ကတည်းက ခုချိန်ထိ အမြဲ ကြားနေရတဲ့ "ဘယ်သူတွေ ဘယ်လိုပြောင်းလဲနေပါစေ ဆင်းရဲသား ဟာ ဆင်းရဲသားပဲ" တဲ့။ အခုချိန်ထိတော့ အစဉ်အဆက် ကြားနေခဲ့ရ သော အဲဒီစကားသံတွေက မှန်သလိုလို၊ မှားသလိုလိုနဲ့ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါဘူး။ နားလည်လာအောင်လည်း အချိန်တွေ နှစ်တွေ အများကြီးလိုအပ်နေမှာပါ။ အချိန်တွေလည်း စောင့်ရဦးမှာပါ။

ငယ်သေးတော့ နှစ်အတိအကျ မမှတ်မိတော့ပါဘူး။ ဝါ လာအပ်တဲ့ တောင်သူတွေ ဆိုရင် ဝါဒိုင်တွေက ဆပ်ပြာခဲ၊ သကြား ပိတ်စတွေ ထုတ်ပေးကြတယ်။ အဲဒီအချိန်တုန်းက တောင်သူတွေ ဝါတွေအများကြီး ထုတ်လုပ်နိုင်တဲ့အပြင် ပဲစိင်းငုံ၊ နေကြာ၊ မြေပဲ၊ ပဲတီစိမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ ပြောင်းဖူးအစရှိတဲ့ သီးထပ်သီးညှပ်တွေ နဲ့ အဆင်ပြေနေကြတာ တောင်သူခေတ်လို့တောင် ပြောလို့ရပါတယ်။

ဒါပေမဲ့ ဒီအရာအားလုံး ဟိုတစ်ချိန်က အတိတ်မှာ ကျန်ခဲ့ပြီး ခြေရာပါ ပျောက်လာခဲ့ပါပြီ။ ဒီမြေ ဒီရေပေါ်မှာ လုပ်စားရင်း ဘာကြောင့်များ အနုတ်လက္ခဏာထိ ဖြစ်သွားရတာလဲ။ ဘာတွေများ ကွာခြားရတာလဲ။ ဘယ်နေရာမှာ ပျောက်ဆုံးကုန်ရတာလဲ။ အဖြေလည်း မရှာတတ်တော့ပါဘူး။ နည်းလမ်းတွေလည်း မစဉ်းစားတတ် တော့ပါဘူး။ တစ်နှစ်ပြီးတစ်နှစ် ဆုတ်ယုတ်လာခဲ့တာ ကျွန်မတို့ တောင်သူတွေ အခြေရှိ လက်မဲ့ဘဝတွေ ဖြစ်နေပါပြီ။

ပြန်ဆပ်နိုင်ရန် အခြေအနေမရှိတာကြောင့် အစိုးရချေးငွေ လည်း မထုတ်ရဲကြတော့ပါဘူး။ အပြင်အကြွေးက အတိုးကြီးပေမယ့် နှစ်ထိ အချိန် ရွှေ့လို့ရသလို အစိုးရချေးငွေက တောင်းပန်လို့ မရဘူး။ နှစ်ရွှေ့ဖို့အထိမပြောနဲ့ ရက်တောင် ရွှေ့လို့မရဘူးဖြစ်နေတယ်။

ကျွန်မတို့ဒေသတွေက မြေအောက်က ရေကိုလည်း အားကိုးလို့ မရ သလို ကောင်းကင်ကရေကလည်း ကျမလာပါဘူး။ မိုးရေရမှ သီးနှံ များ စိုက်ပျိုးရတဲ့ အလယ်ပိုင်း အပူပိုင်းဒေသတွေက တောင်သူတွေ ငုတ်တုတ်မေ့နေကြပါပြီ။ ဘာရေကိုမှ အားကိုးလို့မရချိန်မှာ နိုင်ငံတော် က ပြုပြင်ပြောင်းလဲပေမယ့် ရေကိုတော့ ကျွန်မတို့လို တောင်သူတွေ မျှော်နေကြပါပြီ။ ကောင်းကင်မှ လမင်း၏အလင်းထက် နိုင်ငံတော်၏ လျှပ်စစ်မီးဖြင့် နေထိုင်ချင်ပါသည်။

ရေငန်သောက် မြက်ခြောက်စားလို့ ပြောလို့မရအောင်ဘဲ မြက် ခြောက်တွေလည်း မမြင်ရတော့ပါဘူး။ မြက်ခြောက်စားတဲ့ တောင်သူ တွေရဲ့ နွားတွေလည်း မရှိတော့ပါဘူး။ ခိုင်းနွားတွေတောင် နောက်ဆုံး ရောင်းစားကြရတဲ့ ကျွန်မတို့တောင်သူတွေရဲ့ အခြေအနေပါ။ တိုးတက်မလာဘဲ ကြာလေကြာလေ ပိုဆိုးလာတဲ့ တောင်သူတွေ၊ ဆင်းရဲတဲ့တောင်သူတွေကို ထမင်းတစ်နပ် လျှော့စားခိုင်းတာ ကောင်းရဲ့လား။ ကိုယ်ကိုယ်တိုင်ရော ?

အမျိုးမျိုးပြောင်းလဲလာတဲ့ ရာသီဥတုနှင့်အတူ အကြွေးတင်နေ တဲ့ တောင်သူတွေ အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရချိန်မှာ ထုတ်လုပ်မှု နှစ်ဆ တိုးနိုင်ပါတော့မလား။ အရှုံးပေါ်နေလို့ မစိုက်နိုင်တဲ့ တောင်သူတွေ တစ်ပုံကြီးပါ။ ကျွန်မတို့ တောင်သူတွေ ကြုံတွေ့နေရတဲ့ “ကပ်” ကိုလည်း အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းဥပဒေ အမြန်ဆုံး ဆောင်ရွက်ပေးပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်ရန် လိုအပ်တဲ့ မြင်းခြံမြို့ ခြေးဆေးရွာမှ တောင်သူများကိုယ်စား ကျွန်မတောင်သူတစ်ဦးက ဒီမိုကရေစီ နိုင်ငံတော်ကြီးနှင့်အတူ တောင်သူများ ပြုံးပျော်နိုင်စေရန် ဆန္ဒပြုရင်း။
ကြယ်စင်သာ(မြင်းခြံ)
The Voice Weekly

ပရိသတ်တစ်ဦးက ဘန်ကောက်မှာ ဆေးကုသပေးမယ့် ဒါရိုက်တာ ကုသိုလ်ရဲ့ ကျန်းမာရေးအခြေအနေ


Tuesday, March 19, 2013
ဒါရိုက်တာကုသိုလ် မတ်လ ၁၂ ရက်နေ့မှာ မြောက်ဥက္ကလာပဆေးရုံကြီးမှာ အသည်းရောဂါကြောင့် ဆေးကုသနေရတယ်လို့ သိရပါတယ်။ ဆေးရုံကို အနုပညာမောင်နှမတွေလည်း လာရောက်ကြသလို၊ ပရိသတ်တစ်ဦးက လည်း ဘန်ကောက်မှာ ဆေးကုသဖို့အတွက် အကုန်အကျခံကာ ကုသပေးမှာဖြစ်တာကြောင့် မတ်လကုန်မှာသွားရောက် မယ်လို့ သိရပါတယ်။

" စစ်ကိုင်းမှာ ဝေဠုကျော်၊ ခိုင်နှင်းဝေတို့နဲ့ "မအိမ်စည်"ဆိုတဲ့ ဇာတ်ကားကို သွားရိုက်တာ၊ ဖေဖော်ဝါရီ၁၇ရက်နေ့က အသက်၅၉နှစ် ပြည့်မွေးနေ့ ဆိုတော့ သောက်ခဲ့တဲ့အရက်ကို အဲဒီနေ့မှာတုံးတိဖြတ်လိုက်တာ။ မနက်ကျတော့ နေထိုင်လို့မကောင်းတာနဲ့ ဆရာဝန်သွားပြတာ။

အသည်းလည်းရောင်နေတယ်။ ရေဖျဉ်းလည်း ဖြစ်နိုင်တယ်။ အရက်ပြတ်တာက နည်းနည်းချင်းစီဖြတ်မှ လို့ပြောတယ်။အဲဒါကိုဖြတ်မှာ မဟုတ်ဘူးဆိုပြီး ဒီအတိုင်း ပဲဖြတ်လိုက်တာ။
ကားရိုက်ပြီး ရန်ကုန် ပြန်လာတော့ ဆရာဝန်ပြတယ်။

ဦးလိုပဲဖြစ်ခဲ့တဲ့ ညောင်ညောင်က ရောက်လာပြီး သူပြခဲ့တဲ့ အာရှတော်ဝင်က အသည်းပါရဂူဒေါ်ကြည်ကြည်ညွန့်နဲ့ ပြဖြစ်ခဲ့တယ်။ရောဂါက သူဌေးရောဂါ၊ ပိုက်ဆံကုန်မယ်တဲ့။ အဲဒါနဲ့ သူထိုင် တဲ့ဒီဆေးရုံမှာ ဆေးရုံတက်လိုက်တာ။ မိတ်ဆွေအပေါင်းအသင်းတွေ၊ အနုပညာမောင်နှမတွေ လာကြည့်ကြပါတယ်။

နန္ဒာလှိုင်တို့ ဇနီးမောင်နှံ၊ မေတ္တာ၊ဗေလုဝ၊ ခင်လှိုင်၊မြင့်မြတ်၊ ချမ်းမီမီကို၊အေးမြတ်သူတို့ လာကြည့်ကြတယ်။ နောက် ဦးရဲ့ပရိသတ် တစ်ယောက်ကဖေ့စ်ဘုတ်ကနေ သိပြီးရောက်လာတယ်။ သူက ဦးကုသိုလ်ကို ဘန်ကောက်မှာ ဘယ်လောက်ကုန် ကုန်ဆေးကုသပေးချင်တယ်လို့ ပြောတယ်။

အဲဒါနဲ့တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ကြည့်တော့သွားရင်ပို ကောင်းတယ်ဆိုတာနဲ့ မတ်လကုန်ရင် ဇနီးနဲ့အတူသွားဖြစ်မယ်။အခု ရက်ပိုင်းတော့ သက်သာလာပါပြီ။ ကံပေးသလောက်တော့ နေရဦးမှာပေါ့။

ကုသပေးမယ့်ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ဒီလောက်ထိ အနုပညာသမား အပေါ်လေးစားလိမ့်မယ်ဆိုတာ မသိခဲ့ဘူး။ စိုးရိမ်ပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်"လို့ ပြောပြခဲ့ပါတယ်။
Popular Journal

ပထမအကြိမ် တအာင်း(ပလောင်) လူငယ်နှီးနှော ဖလှယ်ပွဲ

ပထမအကြိမ် တအာင်း(ပလောင်) လူငယ်နှီးနှောဖလှယ်ပွဲကို ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ရှိ အောင်မင်္ဂလာဓမ္မာရုံမှာ ၁၈ ရက်မှ ၁၉ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံပြားရောက်ရှိနေသော တအာင်း (ပလောင်)လူငယ်များ အနေနဲ့ ရှေဆက်ပြီး လူငယ်များအနေနဲ့ ယဉ်ကျေးမှု၊ ဘာသာစကား ထိန်းသိမ်းရန်နှင့် လူငယ်များ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း လုပ်ကိုင်နိုင်ရန် အတွက် တွေ့ဆုံရခြင်းဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ DVB TV News (သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ)






ဝါ၀ါဝင်းကုမ္ပဏီကသိမ်းထားသည့် တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်ရပ်ကွက်ကိစ္စ စာနယ်ဇင်းရှင်းလင်း

ဝါ၀ါဝင်းကုမ္ပဏီနှင့်မြို့နယ်၊  ရပ်ကွက်ဒေသအာဏာပိုင်တို့ပူး ပေါင်း၍ ၁၉၉၄ခုနှစ်တွင် တာမွေ  မြို့နယ်၊မြန်မာ့ဂုဏ်ရောင်ရပ်ကွက် နေပြည်သူများအား တပ်မတော်  (ရေ)စစ်တန်းလျားဆောက်လုပ် ရန်အကြောင်းပြပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)   မြို့နယ်၊(၈၈)ရပ်ကွက်ကိုပြောင်း ရွှေ့စေခဲ့ရာ လူမှု ရေး၊ကျန်းမာရေး၊စီးပွားရေးစတဲ့ လူမှုဒုက္ခများကို နှစ်ပေါင်းများစွာ ခါးဆည်းခံခဲ့ရသဖြင့် ၎င်းင်းတို့၏ နစ်နာမှုများဖော်ထုတ်ပေးရန် ရပ်ကွက်နေထိုင်သူများနှင့်ဦးဆောင်   ကော်မတီတို့က(၂၉.၁၀. ၂၀၁၂) နေ့တွင် လယ်ယာမြေများသိမ်း  ဆည်းခံရမှုစုံစမ်းစစ်ဆေးရေးကော် မရှင်ထံတိုင်ကြားခဲ့သော်လည်း    အရေးယူဆောင်  ရွက်ပေးမှုတစ်စုံတစ်ရာမရှိဘဲ လျစ် လျူရှုကာနေခြင်းကြောင့် နစ်နာ  သူရပ်ကွက်ပြည်သူလူထုနှင့် နိုင်ငံ  ရေး၊လူမှုရေးကွန်ရက်အဖွဲ့များ တွေ့ဆုံညှိနှိုင်းပွဲကို မတ်လ(၁၇) ရက် မွန်းလွဲ(၁)နာရီတွင် ရန်ကုန်  မြို့၊ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပသည်။

နစ်နာမှုဖော်ထုတ်ရေးဦးဆောင် ကော်မတီကိုယ်စားဦးအောင်နိုင်ဝင်းက “၀ါဝါ၀င်းကုမ္ပဏီက မြန်မာ့ဂုဏ်ရောင်ရပ်ကွက်ကိုတပ်မတော်(ရေ)ရဲ့ အာဏာပါဝါသုံးပြီး အတင်းအဓမ္မသိမ်းယူခဲ့တဲ့အတွက် ကော်မရှင်ကိုအားကိုးပြီးတိုင်ခဲ့ပါတယ်။ (၅)လအတွင်း ဘာမှဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး။ဆန်္ဒထုတ်ဖော် ပွဲလည်း မြန်မာဂုဏ်ရောင်အိမ်ရာရှေ့မှာ တစ်ရပ်ကွက်လုံးပါဝင်ပြီး  ပြုလုပ်ခဲ့ပါတယ်။ ကော်မရှင်က အကြောင်းတစ်စုံတစ်ရာပြန်ကြား  ခြင်းမရှိဘဲ ဥပေက်္ခာပြုနေပါတယ်။ ပွင့်လင်းမြင်သာမှုမရှိပါဘူး။ ရပ်ကွက်ကော်မတီဝင်တွေက သူတို့ရုံးကို သွားစုံစမ်းရင်လည်း ကော်မရှင်အဖွဲ့ဝင်တစ်ချို့က သူတို့နဲ့ ၀ါဝါ၀င်းကုမ္ပဏီတို့ရဲ့ပုဂ်္ဂိုလ်ရေးခင်မင်မှု တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရပ်ကွက်နစ်နာသူပြည်သူတွေရဲ့တောင်းဆိုချက်တွေ၊သဘော  ထားကြေညာချက်တွေဟာ လေနဲ့အတူလွင့်ပါမသွားစေဖို့ တက်ရောက်လာတဲ့အဖွဲ့အစည်းများမှ ၀ိုင်းဝန်းကူညီပြီး အကြံပြုဆွေး နွေးပေးကြပါ”ဟု ပြောကြားခဲ့သည်။

နစ်နာမှုဖော်ထုတ်ဦးဆောင် ကော်မတီအတွင်းရေးမှူး ဒေါ်သိန်းကြည်(ခ)ဒေါ်လုံမနှင့်တွဲဖက် အတွင်းရေးမှူး ဦးတင်ဌေးတို့က ယခင် န.၀.တအစိုးရလက်ထက် ကတည်းက ရပ်ကွက်ပြည်သူများ  ၏ နစ်နာမှုများကိုဆောင်ရွက်ပေး  ရန် တာဝန်ရှိသူများထံစဉ်ဆက် မပြတ်တင်ပြခဲ့ကြောင်း၊တာဝန်ရှိ  သူတွေက ဖြေရှင်းပေးရန်လမ်း ညွှန်ခဲ့သော်လည်း မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ညွှန် ကြားရေးမှူးချုပ်နှင့်ဦးစီးအရာရှိ  တွေက အဆင့်ဆင့်တင်ပြခဲ့သော်လည်း အရေးတယူဆောင်ရွက် ပေးမှုများအားနည်းနေကြောင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ထံတင်ပြခဲ့သော်လည်း ယခုချိန် အရေးယူခဲ့ခြင်းမရှိကြောင်း တင်ပြဆွေးနွေးကြသည်။

နစ်နာမှုဖော်ထုတ်ရေးအဖွဲ့  ဥပဒေအကြံပေးဦးသိန်းနိုင်ထွန်း က ဆွေးနွေးပြောကြားရာတွင် “န.၀.တ အစိုးရလက်ထက်တွင် အတွင်းရေးမှူး(၁)ဗိုလ်ချုပ်ခင်ညွန့်  ထံ ရပ်ကွက်လူထုအနေဖြင့် တိုင်ကြားစာ များလက်ဝယ်ပေးစဉ်က ၀ါဝါ၀င်း ကုမ္ပဏီကအားနည်းနေကြောင်း၊  ပြည်သူလူထုဘက်မှမှန်ကန်ကြောင်း  အမြန်ဆုံးပြေလည်အောင်ဆောင် ရွက်ပေးရန်လိုကြောင်းနှင့်နောက်ဆုံးအကြိမ် ၂၀၀၀ခုနှစ်တွင် ရပ်ကွက်လူထုနှင့်တွေ့ဆုံစဉ်က “သမီးတို့ ရပ်ကွက်သတင်းကောင်း ကြားစေရပါမယ်၊စိတ်ချမ်းသာစွာ နေကြပါ””ဟု ဗိုလ်ချုပ်ခင်ညွှန့်က နှုတ်ကတိများပေးခဲ့ပြီးနောက်ပိုင်း ဘာမျှဆောင်ရွက်မပေးခဲ့တဲ့အတွက် ယခုအချိန်အထိ သက်ရှိထင်ရှားရှိနေတဲ့ ဦးခင်ညွှန့်နှင့် ဦးအံ့ကျော်တို့ရဲ့နှုတ်ကတိကြွေးတွေကိုလက်ရှိ အစိုးရအနေဖြင့်ပြန်ဆပ်ဖို့ ဒီနေ ရာကနေ နစ်နာသူမြန်မာ့ဂုဏ်ရောင်ရပ်ကွက်ပြည်သူများကိုယ်စား တောင်းဆိုလိုက်ကြောင်းပြောကြားပြီး၊ပြည်သူအခွင့်အရေးနှင့်   အမှန်တရားဖော်ဆောင်ရေးအဖွဲ့မှ ဦးမြတ်ကျော်က “ယခုလို နိုင်ငံသူ၊  နိုင်ငံသားတွေရဲ့ လယ်ယာမြေတွေ နဲ့အခြားမြေတွေကို ပုဂ်္ဂလိကကုမ်္ပ ဏီတွေဟာ အာဏာပိုင်တွေနဲ့ ပူးပေါင်း၍သိမ်းယူရောင်းစားနေ ကြတာကို နစ်နာတဲ့ပြည်သူတွေရ သင့်ရထိုက်တဲ့အခွင့်အရေးတွေ ပြန်လည် ရရှိစေရန်နိုင်ငံတော် အနေဖြင့်ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင် အောင် တိုက်တွန်းသွားမှာဖြစ် ကြောင်းနှင့်မြန်မာ့ဂုဏ်ရောင်ရပ် ကွက်မှ ပြည်သူတွေရဲ့နှစ်ပါင်းများ စွာကြုံတွေ့ခံစားနေရသောလူမှု ဒုက္ခတွေအပေါ် မျှဝေခံစားပြီး နစ်နာသူများ ပြည်သူများနှင့်လက်  တွဲဝန်းရံပြီး ရသင့်ရထိုက်တဲ့အခွင့် အရေးတွေပြန်လည်ရရှိစေရန် ပါဝင်ကူညီဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း” ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ သို့ ရပ်ကွက်ပြည်သူ(၂၀၀)ကျော် နှင့်နိုင်ငံရေး၊လူမှုရေးကွန်ရက်အဖွဲ့ များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဆွေးနွေးပွဲအပြီးတွင် မီဒီယာများ၏မေးမြန်းမှုများ ကိုပြန်လည်ဖြေကြားရာတွင် ရပ်ကွက်ပြည်သူများရဲ့ရသင့်ရထိုက် တဲ့အခွင့်အရေးများကို ၀ါဝါ၀င်း ကုမဏီအနေဖြင့်ပြန်လည်ပေး လျော်သည်အထိ နိုင်ငံရေး၊လူမှု ရေးအဖွဲ့အစည်းများ နိုင်ငံတကာ  အဖွဲ့အစည်းများ၏ အကူအညီများရယူကာ နိုင်ငံတော်အစိုးရထံ ဆက်လက်တင်ပြတောင်းဆိုသွား မှာဖြစ်ကြောင်း မြန်မာ့ဂုဏ်ရောင် ရပ်ကွက်နစ်နာမှုဖော်ထုတ်ရေးဦး ဆောင်ကော်မတီဝင်များက ပြန် လည်ဖြေကြားခဲ့ပြီး ၎င်းင်းရပ်ကွက်မှာ ၁၉၇၆ခုနှစ်တွင် မီးလောင်ခံပြီးနောက် ၀န်ကြီးချုပ် ဦးစိန်ဝင်းကေ မြချပါမစ်များ တရားဝင်ချပေးထားခဲ့ကြောင်း ကျူးကျော်ရပ်ကွက် မဟုတ်ကြောင်း ပြန်လည်ဖြေကြား  ခဲ့ကြောင်းသိရသည်။
ထူးလွင်
The Hot News

၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ထိုင်းနိုင်ငံ လေ့လာရေးခရီး

ထိုင်းနိုင်ငံကို လေ့လာရေးခရီးရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့မှာ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr. Damrong KRAIKRUAN (မစ္စတာ ဒမ်မရွန်း ကရိုင်ကရူယန်) နဲ့ တွေ့ဆုံဆွေးနွေးပြီး ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်များအရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဒီနေ့မှာ RFA ကို ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ ဒီကနေ့တွေ့ဆုံဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေကို မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး အကြံပေးဆွေးနွေးခဲ့တယ်လို့ ခရီးစဉ်မှာဦးဆောင်လာသူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးကိုကိုကြီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည်အရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးရာမှာ သူတို့တွေအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးရေး၊ မြန်မာပြည်ပြန်အခြေချ နေထိုင်ရေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကို ညှိနှိုင်းဆောင်ရွက်နေတာတွေရှိကြောင်း ထိုင်းအစိုးရ ညွှန်ကြားရေးမှူးချုပ် Mr. Damrong Kraikruan က ရှင်းပြကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးပြုံးချို၊ ဦးမြအေး၊ ဦးအံ့ဘွယ်ကျော်၊ ဦးထွန်းမြင့်အောင်နဲ့ ဦးကျော်ဖော်တို့ ပါဝင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မတ်လ ၂၀ရက်နေ့မှာတော့ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင်ဒေသကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

အဲဒီနောက် မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုးပမ်းရာမှာ အထောက်အကူရဖို့အတွက် ထိုင်းနိုင်ငံအတွင်း မတည်မငြိမ်မှုတွေ ဖြစ်ပွားနေခဲ့တဲ့ ပတ်တနီ၊ ယာလနဲ့ နရာသီဝပ်ခရိုင်တွေကိုလည်း သွားရောက်ပြီး ထိုင်းအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ခရီးရောက်နေတဲ့ အနေအထားကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
RFA Burmese

ကြေးနီစီမံကိန်း လျော်ကြေးငွေ သုံးရက်အတွင်း ရွာ ၉ ရွာထုတ်ယူ

လက်ပံတောင်းတောင်ဒေသမှာ တောင်သူတွေဆုံးရှုံးခဲ့တဲ့ လယ်မြေတွေအတွက် လျော်ကြေးငွေတွေ ထုတ်ပေးနေရာမှာ သုံးရက်အတွင်း ရွာ ၉ ရွာက တောင်သူတွေ လာရောက်ထုတ်ယူခဲ့ကြပေမယ့် ကျန်တဲ့ရွာ ၁၇ ရွာက တောင်သူတွေကတော့ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက သိမ်းထားတဲ့ လယ်မြေတွေအတွက် ကျပ်ငွေသိန်းပေါင်း ၄သောင်း ၆ထောင်ကျော် လျော်ကြေးပေးမယ်လို့ ကြေညာခဲ့တဲ့နောက်၊ မတ်လ ၁၅ရက်နေ့ကစပြီး လျော်ကြေးငွေတွေ ထုတ်ပေးနေတာဖြစ်ပါတယ်။

လျော်ကြေးရယူခဲ့ကြတဲ့ရွာတွေဟာ လက်ပံတောင်းတောင်အစီရင်ခံစာ အကောင်အထည်ဖေါ်ရေးကော်မတီက သွားရောက်ရှင်းလင်းခဲ့ပြီးဖြစ်တဲ့ ရွာတွေဖြစ်တယ်လို့ သိရပါတယ်။

လျော်ကြေးငွေမထုတ်သေးတဲ့ ရွာတွေကတော့ သူတို့အနေနဲ့ ကော်မတီဝင်တွေ လာရောက်ရှင်းပြတာကို စောင့်နေကြတယ်လို့ ဆိုပါတယ်။ တုံရွာဟောင်းက မအေးနက် က အခုလို ပြောပါတယ်။

"စောင့်ကြည့်နေမယ်ဆိုတဲ့ သဘောပေါ့။ ပွင့်လင်းမြင်သာအောင် ဘာတွေချပြမလဲ။ လူမှုရေး၊ စီးပွားရေးကို ပိုကောင်းအောင် ဘာတွေလုပ်ပေးနိုင်မလဲ၊ နောင်လာနောက်သားသမီးတွေအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို သူတို့ဆွေးနွေးတဲ့အချိန်မှာ ကျွန်မတို့လဲ ပြန်ဆွေးနွေးရမှာပေါ့"

လက်ပံတောင်းတောင် မြောက်ဘက်တောင်ခြေနဲ့ အနီးဆုံးဖြစ်တဲ့ ကျော်ရွာက၊ လယ်မြေအသိမ်းခံရသူ ၇၀ ရှိတဲ့အနက် ၅၀ က လျော်ကြေးငွေယူလိုက်ပါတယ်။

လျော်ကြေးယူလိုက်သူတွေရဲ့ ယာမြေတွေဟာ ကြေးနီမိုင်းက မြေစာတွေပုံထားတဲ့လယ်မြေတွေဖြစ်သလို တချို့ကျင်းတွေတူးထားပြီးတဲ့ မြေတွေဖြစ်တာကြောင့် လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တော့တဲ့လယ်မြေတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူတခြားရွာတွေမှာလည်း လျော်ကြေးငွေ လက်ခံသူအများစုဟာ အသိမ်းခံမြေတွေမှာ လုပ်ကိုင်စားသောက်လို့မရအောင် ပျက်စီးနေပြီဖြစ်တဲ့အတွက် လျော်ကြးလက်ခံခဲ့ကြတယ်လို့ ကျော်ရွာသား ဦးကိုနိုင်က ပြောပါတယ်။

ပြန်လည်လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တဲ့ယာမြေအတွက် တဧကကို ကျပ်ငွေ ၁၀သိန်းရတာကြောင့် လျော်ကြေးငွေယူလိုက်တယ်လို့ ကျော်ရွာသားတဦးကပြောပါတယ်။
RFA Burmese

ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့မြန်မာအကျဉ်းသားများ လွတ်မြောက်ရေး ကြိုးစား

တရားဝင် စာရင်းဇယားတွေအရ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့မြန်မာနိုင်ငံသား အကျဉ်းသား ၃၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ရဖို့ကြိုးစားနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။ မတ်လ ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဲဒီ မြန်မာအကျဉ်းသားတွေ ကိစ္စနဲ့ ပါတ်သက်ပြီး သင်္ကန်းကျွန်းအမတ် ဦးသိန်းညွန့်မေးတာကို သူက ခုလို ဖြေလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ထိုင်း အလုပ်သမားဝန်ကြီးဌာန နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင် တင်ပြ ထားပြီး အဲဒီ ကမှတဆင့် ထိုင်းတရားရေး ဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန ကနေတဆင့် တော်ဝင်နန်းတော်ကို ဆက်ပြီးတင်ပြဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ဒီဇင်ဘာ ၅ ရက်မှာကျရောက်တဲ့ ဘုရင့်မွေးနေ့၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ မိဘုရားမွေးနေ့ တွေမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးလေ့ ရှိတာမို့ အဲဒီ အချိန်တွေမှာ လွတ်မြောက်လာအောင် မြန်မာအစိုးရက ကြိုးစားနေတာ ဖြစ်တယ်လို့ ရဲချုပ်က ရှင်းပြပါတယ်။
DVB TV News

ရွှေနိုင်ငံသစ် သတင်းစာ ဧပြီ ၁ ရက်နေ့မှာ ဖြန့်ချီမည်

“ရွှေနိုင်ငံသစ်” လို့ နာမည်ပေးထားတဲ့ ပုဂ္ဂလိက သတင်းစာကို လာမယ့် ဧပြီ ၁ ရက်နေ့ကစ ဖြန့်ချီမယ်ဖြစ်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေငြာပါတယ်။ ရွှေနိုင်ငံသစ် သတင်းစာကို စက္ကူတင်သွင်း ဖြန့်ချီတာနဲ့ ပုံနှိပ်လုပ်ငန်းလုပ်ကိုင်နေသူ၊ ဖေးဘရိတ်ဂျာနယ်နဲ့ Fresh news ဂျာနယ်၂ စောင် ထုတ်ဝေနေသူ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်လှက ပိုင်ဆိုင်ပါတယ်။

သောကြောနေ့က ဒီသတင်းစာဖြန့်ဖို့ စာနယ်ဇင်းတွေကို အသိပေးတဲ့ပွဲမှာ စီစဉ်သူတွေက သတင်းစာကို ကျပ် ၁၀၀ ကနေ ၁၉၀ အကြား ဈေးနှုန်းနဲ့ ဖြန့်ချီမယ်လို့ ပြောပါတယ်။

မကြာသေးမီတုန်းကတော့ ပြန်ကြားရေး ပြန်ကြားရေးဝန်ကြီးဌာနဟာ သတင်းစာ လိုင်စင် ၈ စောင် ခွင့်ပြုခဲ့ပြီး အဲဒီထဲမှာ ပြည်ခိုင်ဖြိုးပါတီကထုတ်ဝေမယ့် ပြည်ထောင်စု နေ့စဉ် သတင်းစာဟာလည်း အစမ်းထုတ်ဝေနေပြီး မတ်လ ၁၈ ရက်နေ့ကလွှတ်တော်မှာ အခမဲ့ ဖြန့်ဝေခဲ့ပါတယ်။
DVB TV News

တချိန်က တီဗီမင်းသား

ယမန်နှစ်က ရန်ကုန်မြို့တွင် တွေ့ရသော ဦးခင်ညွှန့် (ဓာတ်ပုံ – ဧရာဝတီ)
အစိုးရ ရုပ်သံသတင်းတွေမှာ ပါလွန်းလို့ တချိန်က တီဗီမင်းသားလို့ လူပြောများတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကို အစိုးရရဲ့ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ် ဖန်သားပြင်တွေပေါ်မှာ ၁၀ နှစ်တာ ကာလအတွင်း ပထမဆုံးအဖြစ် ပြီးခဲ့တဲ့ရက်အတွင်းက ပြန်လည် မြင်တွေ့ရပါတယ်။

မတ်လ ၁၇ ရက်နေ့က ကျိုက်ထီးဆောင်း ဆရာတော် ကြီးမှူးတဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ်က ကျိုက်ဓနုတ် စေတီတော် ရွှေထီးတော် တင်လှူပူဇော်ပွဲ အခမ်းအနားမှာ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဇေကမ္ဘာ ဦးခင်ရွှေတို့နဲ့အတူ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ် တွေ့ရတာပါ။

MRTV 4 ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ ဦးခင်ညွှန့်ဟာ ရွှေထီးတဆင့်ကို သယ်ဆောင်လာရင်း ယခင်တုန်းကလို သွက်လက် လန်းဆန်းနေပါတယ်။ သူရ ဦးရွှေမန်းနဲ့ အပေါင်းအပါတွေကလည်း သူ့ကို ရင်းရင်းနှီးနှီး ဆက်ဆံတာ မြင်တွေ့ရပါတယ်။

လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာလည်း အဆိုပါ ဓာတ်ပုံတွေအပေါ် မှတ်ချက်အမျိုးမျိုးပေး ရေးသားနေကြပြီး ပြန်ပေါင်းထုတ်တဲ့ ပွဲလို့ သမုတ်သူတွေလည်း ပါဝင်ပါတယ်။

စိတ်ဝင်စားစရာ နောက်တချက်က ကျိုက်ဓနုတ် စေတီတော်ကြီး အကြောင်းပါ။

ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့အတွင်း ရှေးမြန်မာမင်းများ အဆက်ဆက်က တည်ထား ကိုးကွယ်ခဲ့တဲ့ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ဓနုတ် စေတီတော်မြတ်ကြီးဟာ တန်ခိုးကြီး ထင်ရှားသော ဘုရားတဆူ ဖြစ်ပြီး ဉာဏ်တော် ပေ ၁၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။

၂၀၀၆ ခုနှစ်ကလည်း သဘာဝ ဘေးဒဏ်ကြောင့် ပြိုကျခဲ့ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုက ဦးစီးပြီး ပြုပြင်မွမ်းမံ တည်ထားခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာ ထပ်မံ ပြိုကျခဲ့ပါတယ်။

အဆိုပါ ကျိုက်ဓနုတ် စေတီတော်ကြီးဟာ ၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် ဦးစီးကာ ရွှေထီးတော်တင်လှူအပြီး ရက်ပိုင်းအတွင်းမှာပဲ ပြန်လည် ပြိုကျပျက်ဆီးခဲ့ပြီး စစ်သားများ အပါအ၀င် အရပ်သားတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အဲဒီတုန်းက သေဆုံးသူ ၂၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၅၀ ကျော်ရှိတယ်လို့ နောက်ပိုင်း သတင်းများ ထွက်ပေါ်လာပေမယ့် သေဆုံးသူများနဲ့ ပတ်သက်လို့ သတင်းအမှောင် ချထားခဲ့ပါတယ်။

တချိန်က မြန်မာ့ရုပ်မြင်သံကြားမှာ နေ့စဉ် မြင်တွေ့နေကျကနေ ၂၀၀၄ ခုနှစ်မှာ နေအိမ်အကျယ်ချုပ် ကျခံရပြီးနောက် ရုပ်သံဖိုင် တခုကြောင့် ပွဲဆူခဲ့တာကလွဲလို့ ဦးခင်ညွှန့်ဟာ လူမြင်ကွင်းက ပျောက်ကွယ်သွားခဲ့ပါတယ်။

ယမန်နှစ် ဇန်န၀ါရီလက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီး ဦးခင်ညွှန့်ဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်လိုက်၊ ပြန်ပေါ်လာလိုက်နဲ့ လူအများ စိတ်ဝင်စားမှု ဖြစ်စေခဲ့တာပါ။

အကျယ်ချုပ်က လွတ်လာပြီးနောက် ပထမဆုံး လူသိရှင်ကြား အငြင်းပွားဖွယ် ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်း လုပ်ကြံမှုမှာ သူကယ်တင်ခဲ့တယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

ဒီပဲယင်းဒေသ အကြမ်းဖက်မယ့် လူအုပ်ကြီးကြားထဲ ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သွားရေး ကြိုးပမ်းခဲ့တာ သူပါပဲတဲ့။

“လူအုပ်ကြီး ကြားထဲက သူ့ကို ဆွဲထုတ်ဖို့ ကျနော့် လူတွေကို အဲဒီ ညမှာ လွှတ်လိုက်ပါတယ်။ သူတို့က သူ့ကို အဲဒီနားက လုံခြုံရာ စစ်တပ်စခန်းထဲ ရောက်အောင် စီစဉ်ပေးလိုက်တာပါ” လို့ ဦးခင်ညွန့်က ပြန်ပြောပြတာကို ထိုစဉ်က ဘန်ကောက်ပို့စ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အထူးရဲတပ်ဖွဲ့က ဦးခင်ညွှန့်အနေနဲ့ အဲဒီလို မပြောခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးခင်ညွှန့်က ရဟန်းဘောင် ခေတ္တ၀င်ရောက်နေခဲ့ပါတယ်။

ဦးခင်ညွှန့်ဟာ နေအိမ်အကျယ်ချုပ်က လွတ်လာပြီး နောက်ပိုင်း ပါတီ နိုင်ငံရေးလုပ်ရန် စိတ်ကူးမရှိဘဲ အမျိုသား နိုင်ငံရေးကိုသာ လုပ်ဆောင်မည်ဟုလည်း ပြောဆိုခဲ့ဖူးပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ပူးပေါင်းပြီး တိုင်းပြည်ကောင်းစားရေး တိုင်ပင် လုပ်ဆောင်နေတာလည်း အင်မတန် ကောင်းတဲ့လုပ်ရပ်ပါ။ ဒါကို အားပေး ထောက်ခံတယ်။ ကောင်းအောင်လုပ်တဲ့သူက တိုင်းပြည်ရဲ့ ခေါင်းဆောင်ပဲ။ အဘက အရင်တုန်းက တပ်မတော်မှာ တာဝန် ထမ်းဆောင်ခဲ့လို့ တပ်မတော်မှ တပ်မတော်ပဲဆိုတဲ့ ဆန္ဒစွဲမျိုး စိတ်ထဲမှာ မရှိဘူး” လို့လည်း ဦးခင်ညွှန့်က ပြောခဲ့ဖူပါသေးတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ ၁၉၈၈ ခုနှစ်ကနေ  ၂၀၀၄ ခုနှစ်အတွင်း န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်မှာ အတွင်းရေးမှူး (၁)၊ နိုင်ငံတော် ၀န်ကြီးချုပ်၊ တပ်မတော် စစ်ဘက်ဆိုင်ရာအကြံပေး၊ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ စတဲ့ ထိပ်တန်းရာထူးတွေကို တာဝန်ယူခဲ့ဖူးပြီး ဆယ်စုနှစ် ၂ ခုနီးပါးကြာ မြန်မာ့ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ နေ့စဉ် နေရာယူခဲ့သူပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့အဖွဲ့က ၂၀၀၄ ခုနှစ်မှာ အဂတိလိုက်စားမှု၊ တာဝန် အလွဲသုံးစားလုပ်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ထောင်ဒဏ် ၄၄ နှစ်၊ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့တယ်။
The Irrawaddy (Burmese Version)

ကရင်ရေးရာ နှီးနှောဖလှယ်ပွဲ ဘားအံတွင် ကျင်းပမည်

ရန်ကုန်၊မတ်-၁၉
ကရင်တိုင်းရင်းသားများ၏ အနာဂတ်စီးပွားရေး၊ ညီညွတ်ရေးနှင့် စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ကရင်ရေးရာ နှီးနှောဖလှယ်ပွဲအား မတ်လ ၂၉၊ ၃၀ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲသို့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ရန်ကုန်၊ ဘားအံ၊ မဲဆောက်နှင့် ချင်းမိုင်အခြေစိုက် အရန်လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအ၀င် စုစုပေါင်းကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ကရင်အမျိုးသမီးအဖွဲ့အကြီးအကဲ ဒေါ်လှလှစိုးကပြောသည်။

"အစ်မအနေနဲ့ အမျိုးသမီးများ နိုင်ငံရေးမှာ ပါဝင်မှုကိုလည်း ဆွေးနွေးမှာဖြစ်တယ်"ဟု ဒေါ်လှလှစိုးက ပြောသည်။

ထို့အပြင် ရွာပုန်းရွာရှောင် ဒုက္ခသည်များအရေးကိုလည်း အဆိုပါဆွေးနွေးပွဲတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မိုင်းအန္တရာယ်ရှင်းလင်းကူညီရေး အသင်းဥက္ကဋ္ဌ ဦးစောမိုးမြင့်က ပြောသည်။

အဆိုပါနှီးနှောဖလှယ်ပွဲအား ကရင်ရေးရာကော်မတီ(KAC)က အဓိက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal

မြန်မာနိုင်ငံသို့ သြစတြေးလျက ဒေါ်လာသန်း ၂၀ ထောက်ပံ့သွားရန် ကြေညာမည်

ဆစ်ဒနီ၊ မတ်-၁၈
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ သြစတြေးလျအစိုးရသည် မြန်မာနိုင်ငံသို့ ၂ နှစ်ကြာမြင့်မည့် ထောက်ပံ့ရေးအစီအစဉ်အရ ဒေါ်လာ သန်း၂၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် ၁၉၇၄ မှစ၍ သြစတြေးလျသို့ ပထမဆုံးလာရောက်သော နိုင်ငံ့အကြီးအကဲအဖြစ် ရောက်လာခဲ့ပြီးနောက် ကင်ဘာရာတွင် ၀န်ကြီးချုပ်ဂျုလီယာဂေးလော့ဒ်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးအတွက်ကဏ္ဍပေါင်းစုံကို ဆွေးနွေးခဲ့သည်။ ကင်ဘာရာတွင် မြန်မာသံရုံးပြင်ပနှင့် အဆောက်အအုံပြင်ပ၌ လူ့အခွင့်အရေးလှုပ်ရှား တက်ကြွသူများက မြန်မာနှင့် သြစတြေးလျနှစ်နိုင်ငံစလုံးသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ကွယ်ပြုနေကြောင်း ဆန္ဒပြခဲ့ကြသည်။ ဆွေးနွေးမှုအပြီး နှစ်ဖက်ခေါင်းဆောင်များ ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် သမ္မတဦးသိန်းစိန်က ၎င်းသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပူပန်မှုများရှိနေသည်ကို သဘောပေါက်နားလည်ကြောင်း၊ သို့သော် တိုင်းပြည်သည် ငြိမ်းချမ်းရေးသို့ အပြောင်းအလဲကို ဖန်တီးနေကြောင်း ဆိုသည်။ “ကျွန်တော်တို့ လုပ်ဆောင်နေတာ ခေတ်သစ်ကာလထဲမှာ ထုံးစံမရှိတဲ့ကိစ္စပါ”ဟု ၎င်းကပြောကြားသည်။

သြစတြေးလျဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် လူ့အခွင့်အရေး တိုးတက်ရေးအတွက် လုပ်ဆောင်ရမည့်အရာများ ရှိနေကြောင်း၊ သို့သော် “ကျွန်မတို့ဟာ(မြန်မာမှာ) မှတ်သားလောက်တဲ့ အပြောင်းအလဲပမာဏတွေ ဖြစ်ခဲ့တာကို အလွန်လေးစားမိပါတယ်။ နောက်ထပ် တိုးတက်မှုအတွက် ကျွန်မတို့ အကောင်းမြင်ပါတယ်”ဟု ပြောကြားသည်။ သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က မြန်မာနိုင်ငံသို့ ဒေါ်လာသန်း ၂၀ ထောက်ပံ့မည့်အကြောင်း ကြေညာခဲ့ပြီး ရန်ကုန်မြို့တွင် အခြေစိုက်မည့် စစ်သံမှူး အတွင်းဝန်နေရာနှင့် ကုန်သွယ်ရေးကော်မရှင်နာ ရာထူးများကို ခန့်အပ်ကြောင်းလည်း ကြေညာခဲ့သည်။

သို့သော် စစ်သံမှူးနေရာ ခန့်အပ်ခြင်းမှာ မြန်မာအစိုးရနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ ပုံမှန်ဆောင်ရွက်တော့မည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း၊ ဤအချက်မှာ အရေးပါသော ပထမခြေလှမ်းသာဖြစ်၍ အနာဂတ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများဆီ ဦးတည်နိုင်ကြောင်း ပြောသည်။

သြစတြေးလျ၏ ၂ နှစ်တာကြာမြင့်မည့် ဒေါ်လာသန်း ၂၀ ထောက်ပံ့ရေးအစီအစဉ်တွင် မြန်မာလူ့အခွင့်အရေး ကော်မရှင်အတွက် ရန်ပုံငွေထောက်ပံ့ခြင်း၊ မြန်မာဝန်ကြီးများကို သြစတြေးလျသို့ ခေါ်ယူ၍ သြစတြေးလျ သတ္တုတွင်းလုပ်ငန်း ကျွမ်းကျင်ပညာရှင်များထံမှ အတွေ့အကြုံများ ရယူနိုင်ရေးအတွက် ခရီးစဉ်များ စီစဉ်ခြင်းတို့အတွက် ပါဝင်ကြောင်း သိရသည်။
-Ref: The Age, 7Day News Journal

နိုင်ငံကူးလက်မှတ်များ (၁၀) ရက်အတွင်း ထုတ်ပေးနိုင်


မတ်လ ၁၉ ရက် ၂၀၁၃
ရန်ကုန်(မဇ္ဈိမ)။     ။ နိုင်ငံကူး လက်မှတ်များအား လျှောက်ထားပြီး ၁၀ ရက်အတွင်း ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ ယနေ့ နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေငြာသည်။ ယခင်က ပူးတွဲလျှောက်လွှာ ၁၄ ရွက်ကို ဖြည့်စွက် လျှောက်ထားကာ သတ်မှတ်ကာလ တလခန့်အကြာမှသာ ထုတ်ပေးနိုင်ခဲ့ပြီး ယခုအခါ အဆင့်ဆင့် ဖြေလျော့မှုများ ပြုလုပ်ထားသဖြင့် ၁၀ရက်အတွင်း ထုတ်ပေးနိုင်တော့မည် ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံး ၊ ဌာနခွဲမှူး ၊ ရဲမှူး ကျော်ဇေယျက မဇ္ဈိမသို့ ပြောသည်။

၎င်းက “အရင်က ၁၄ ရွက်အထိ ဖြည့်ရတယ်။ အချိန်က ၂၁ ရက်ကြာပါတယ်။ အခုက ၁၇ တို့ ၁၉ တို့ မလိုတော့တဲ့ အတွက် ငါးရွက်လောက်ပဲ ဖြည့်ရတာဆိုတော့ ၁၀ရက်နဲ့ အပြီး လုပ်ပေးတော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ငွေကျပ် ၂၃၀၀၀ ကျပ်သာ ကုန်ကျတော့မည် ဖြစ်ပြီး ခေတ်မီကိရိယာများဖြင့် ဌာနချင်း ချိတ်ဆက် အသုံးပြုလာနိုင်သောကြောင့်  မြန်မာနိုင်ငံကူး လက်မှတ်များအား ၁၀ ရက်အတွင်း ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

နိုင်ငံကူး လက်မှတ် အမြန်လုပ်ချင်သူများအတွက် ငွေကြေး ကုန်ကျမှုမရှိပဲ သက်ဆိုင်သည့် ထောက်ခံချက် လက်မှတ်များ ပါလျှင် သွားချင်သည့် ရက်နှင့် ကိုက်အောင် လုပ်ပေးမည်ဖြစ်ကြောင်း ရဲမှူးကျော်ဇေယျမှ ဖြည့်စွက် ပြောကြားခဲ့သည်။

မတ်လ ၁၅ရက်နေ့မှ စတင်ကာ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင့် သက်သေခံ လက်မှတ် ပုံစံ (၁၉) နှင့် လေဆိပ် လူဝင်မှုကြီးကြပ်ရေးတွင် ပြည်ပ ထွက်ခွာသူများမှ တင်ပြရသည့် D-form တို့အား လျှောက်ထား ရန် မလိုအပ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။

ထို့အတူ မတ်လ ၁၈ရက်နေ့မှ စတင်ကာ ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက်ကို တင်ပြရန်မလိုအပ်ကြောင်းကို ပညာရေးဝန်ကြီးဌာန၊ အောက်မြန်မာပြည် အဆင့်မြင့် ပညာ ဦးစီးဌာနက နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေငြာပြီး ဖြစ်သည်။ ထိုသို့ နိုင်ငံကူးလက်မှတ် လျှောက်ထားရေးနှင့် ပတ်သတ်၍ ဖြေလျော့မှုများ ပြုလုပ်လာရာမှ ယနေ့ မတ်လ ၁၉ ရက်နေ့ နိုင်ငံပိုင် သတင်းစာများတွင် နိုင်ငံကူးလက်မှတ်များ ၁၀ ရက်အတွင်း ထုတ်ပေးနိုင်တော့ မည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။
စောဇင်ညီ
 Mizzima - News in Burmese

မျှော်ရစ်ကမ်းခြေတွင် ဝေလငါးအသေတစ်ကောင် သောင်တင်

ထားဝယ်-မတ်၁၉
ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊မျှော်ရစ်ကမ်းခြေ(ကမ်းပနီ)တွင် မတ်၁၆ရက်နေ့က ဝေလငါးအမျိုးအစားငါးအသေကောင်တစ်ကောင်လာရောက်သောင်တင်နေကြောင်းသိရသည်။ အဆိုပါ ဝေလငါးသည် ခေါင်းဖျားမှအမြီးဖျားအထိ (၄၂)ပေခန့် ရှည်ပြီး အချို့ အသားများပဲ့ကြွေနေပြီဖြစ်ရာ လွန်ခဲ့သော တစ်လနီးပါးခန့်ကပင် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်းဒေသခံရေလုပ်သား ကဆိုသည်။ ၂၀၀၅ ခုနှစ်အတွင်းကလည်း (၃၆) ပေရှည် ဝေလငါးတစ်ကောင်သည် မောင်းမကန်အနီးရှိ သဘော့ဆိပ်ကမ်းခြေ တွင် လာရောက်သောင်တင်ခဲ့ပြီး၊ ၄င်းငါး၏ အရိုးစုကို ထားဝယ်တက္ကသိုလ်တွင်ပြသထားကြောင်းသိရသည်။ အခြားဝေလငါး တစ်ကောင်မှာလည်း ၂၀၀၇ ခုနှစ်ခန့်က တီစစ်၊စမ်းလှမ်းကမ်းခြေတွင် လာတင်ခဲ့ဖူးရာ အရိုးရရန်အတွက် မြေမြှုပ်ထားရှိကြောင်း သိရသည်။
သတင်း - ဖိုေးဇာ်(ထားဝယ်) ဓာတ်ပုံ - ကိုဖြိုး(သင်္ချာ) နှင့် ဖိုးဇော်(ထားဝယ်) —
Popular Myanmar News Journal




ပိုင်ရှင်မဲ့ လက်လုပ်တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက်သိမ်းဆည်းရမိ

သတင်းရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နှစ်ခုမှ တစ်ပတ်အတွင်း  ပိုင်ရှင်မဲ့ လက်လုပ်တူမီးလုပ်သေနတ်များ အစုလိုက် အပြုံလိုက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။မတ်လ ၁၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာနှင့် မျောက်တောင်ကျေးရွာကြား ပြိုင်လောင်းတောင်တန်း အနီး တောစပ်ခြုံ တောမှ တူမီးလုပ် သေနတ် ၂၈ လက် အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပြီး အလားတူ မတ်လ ၁၂ ရက်နေ့တွင်လည် ဘူးသီးတောင်မြို့ နယ်၊ လက်ဝဲ ဒက်ပြင်ရှည်ကျေးရွာ အုပ်စု၊ ညောင်ခြုံကျေးရွာ အနီး တောင်ကျော် လမ်းဘေးခြုံစပ် အတွင်း တူမီး လုပ်သေနတ် ၁၈ လက်ကို ဘူးသီးတောင် ရဲစခန်းလှည်းကင်းမှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် မတ်လ ၁၂ ရက်နေ့ ည ၇ နာရီတွင် ကျောက်တော်ရဲစခန်းမှ လှည့်ကင်းဆောင်ရွက်စဉ် ကျောက်တော်မြို့နယ်၊ ငါးဆောင် ဘက်ကျေး ရွာ အနောက်ဘက် အာလာတောင်ခြေရင်း တောတန်းခြုံထဲမှ တူမီးလုပ်သေနတ်၂၉ လက်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။လက်နက်များကို ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး သုံးရက်အတွင်း ပိုင်ရှင်မဲ့တူမီးသေနတ် ၇၅ လက်အား ရဲတပ်ဖွဲ့များမှ ကင်းလှည့်စဉ် တွေ့ရှိရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်အတွင်း နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ သည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့မှ စတင်ပြီး တရားမဝင်ကိုင်ဆောင်သော လက်နက် နှင့် ဆက်စပ်ပစည်းများကို နီးစပ်ရာ ရဲစခန်း၊ လုံခြုံရေးအဖွဲ့များထံသို့ သတ်မှတ်ရက်အတွင်း အမြန်ဆုံး အပ်နှံစေခဲ့ရာ ရခိုင်ပြည် နယ် အတွင်းမှ တူမီး (၇၂၆)လက်၊ ဓါး (၁၃၀) လက်၊ လှံ (၅၀၆) လက်၊ လေး (၁၁၂)လက်၊ မြှား (၆၁၁)ချောင်း၊ ဂျင်ကလိ (၁၄၀၈) ချောင်းနှင့် လေးခွ (၃၉၈)လက်နှင့် ဆက်စပ်ပစည်းတို့အား လာရောက်အပ်နှံခဲ့ကြောင်း ပြည်နယ်ရဲတပ် ဖွဲ့မှူးရုံး မှသတင်း ထုတ်ပြန်ထား ချက်အရ သိရသည်။
မာန်ယုကျော်(ရွှေဝမြေ)
Yangon Media Group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com