http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အမျိုးသမီးတဦးကို ဆဲမှုနဲ့ဖမ်းချုပ်ပြီး အာမခံပေးဖို့ ပိုက်ဆံတောင်း

(ငပုတော) ဇွန်လ ၈ ရက်၊
အမျိုးသမီးတဦးကို ဆဲမှုနဲ့ဖမ်းချုပ်ပြီး အာမခံပေးဖို့အတွက် ငပုတောမြို့နယ် ရဲစခန်းက ငွေကျပ် ၂ သောင်းခွဲတောင်းခံခဲ့တဲ့ဖြစ်ရပ် ယခုလ ၄ ရက်နေ့က ငပုတောမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ငပုတောမြို့ ရွှေဝါထွန်းရပ်ကွက်မှာနေတဲ့ မကျော့ခိုင်ကို သူ့ရဲ့ခဲအို(အစ်မယောက်ျား) ဖြစ်တဲ့ ကိုဖုန်းကျော်က ဆဲဆို၊ ခြိမ်းခြောက်၊ ရမ်းကားတာတွေလုပ်တဲ့အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့အတွက် မကျော့ခိုင်ဟာ ငပုတောရဲစခန်းကို ယခုလ ၂ ရက်နေ့ ညနေပိုင်းက သွားရောက် တိုင်တန်းခဲ့ကြောင်း သိရပါတယ်။

မကျော့ခိုင်ရဲ့တိုင်တန်းမှုကြောင့် ကိုဖုန်းကျော်ကို အဲဒီ ၂ ရက်နေ့ ညပိုင်းမှာပဲ ငပုတောရဲစခန်းက လာရောက်ဖမ်းဆီးသွားခဲ့ပြီး နောက်တရက်မှာ မကျော့ခိုင်ကို စစ်ဆေးစရာ ရှိတယ်ဆိုပြီး ငပုတောရဲစခန်းက ခေါ်ပါတယ်။

“ကျမကို စစ်စရာရှိလို့ လာပါဦးဆိုတော့ သွားလည်းသွားရော မနက် ၉ နာရီလောက်မှာ ကျမကိုအချုပ်ထဲကို ဖမ်းထည့်ထားလိုက်တယ်။ အချုပ်ထဲကိုထည့်တော့ အာမခံယူရမယ်လို့ ပြောတယ်။ အာမခံယူဖို့ ၃ သောင်းခွဲပေးရမယ်ပြောတော့ ကျမမိတ်ဆွေတယောက်က လိုက်ညှိုပေးတော့ ၂ သောင်းခွဲပဲ ပေးရတယ်။ အဲဒါ ကလေးတွေအတွက် ကျောင်းစရိတ်နဲ့ ထီးတွေ ဖိနပ်တွေဝယ်ပေးဖို့ စုထားတဲ့ပိုက်ဆံတွေကို အာမခံအတွက် ပေးလိုက်ရတယ်”လို့ ကာယကံရှင် မကျော့ခိုင်က Myanmar News Now ကို ပြောပါတယ်။

လိုက်ပါကူညီပေးခဲ့တဲ့ ကိုကျော်မင်းထွန်းကလည်း အခုလို ရှင်းပြပါတယ်။

“ကျနော်က ရွှေဝါထွန်းရပ်ကွက်မှာ ကန်တူးနေတော့ သူတို့လင်မယားရောက်လာပြီး အာမခံအတွက် ၃ သောင်းခွဲတောင်းတယ်ဆိုပြီး လာပြောတယ်။ ဒါဆို ကျနော်လိုက်ညှိပေးမယ်ဆိုပြီး နယ်ထိန်းခေါင်းဆောင် ကိုအေးဆန်းနဲ့ သွားညှိတယ်။ သူက ညီလေးရေ ရေဖိုး၊ မီးဖိုးရယ် စာရွက်စာတမ်းကြေးရယ် နောက် ဒုရဲအုပ် နန်းဆွေ (ရဲစခန်းမှ တာဝန်ရှိသူတဦး) ကိုပေးဖို့က ၁ သောင်း။ အားလုံးပေါင်း ၃ သောင်းခွဲပေးရမယ်လို့ ပြောတယ်။ ညှိတဲ့နေရာက စခန်းအပေါ်ထပ်မှာပါ။ နောက်ဆုံး အဆင်ပြေအောင်ညှိတော့ ၂ သောင်းခွဲပဲ ပေးခဲ့ရတယ်။ ငွေကတော့ ကိုအေးဆန်းလက်ထဲပဲ ထည့်ခဲ့ရတယ်”လို့ သူက ပြောပါတယ်။

မကျော့ခိုင်ကို ဖမ်းချုပ်တာကတော့ သူ့ခဲအို ကိုဖုန်းကျော်ကို ပြန်ဆဲလို့ ကိုဖုန်းကျော်က ဆဲဆိုမှုနဲ့ အပြန်အလှန်အမှုဖွင့်ထားတဲ့အတွက် ခုလိုဖမ်းချုပ်ရတာဖြစ်ကြောင်း ရဲကပြောတယ်လို့ မကျော့ခိုင်က ဆိုပါတယ်။

မကျော့ခိုင်ဟာ ဆဲဆိုမှုတခုတည်းနဲ့ပဲ ငပုတောရဲစခန်းက အချုပ်ခန်းထဲမှာ နံနက် ၉ နာရီကနေ ၁၁ နာရီခန့်အထိ ၂ နာရီနီးပါး ချုပ်နှောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဥပဒေပုဒ်မ ၂၉၄ ဆဲဆိုမှု ဆိုတာ အာမခံမယ့်လူရှိရင် တရားခံလို့ယူဆရသူကို လွှတ်ပေးလို့ရတဲ့ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်ပြီး အာမခံမယ့်လူမရှိခဲ့ရင်တောင် ကိုယ်တိုင် ခံဝန်နဲ့ အာမခံယူလို့ရတဲ့ ပြစ်မှုမျိုးပဲဖြစ်ပါတယ်။

ကိုဖုန်းကျော်ကို အမှုဖွင့်နိုင်ဖို့အတွက် မကျော့ခိုင်တို့မိသားစုဟာ အခုလ ၅ ရက်နေ့က ငပုတောရဲစခန်းမှာ သွားရောက်အမှုဖွင့်ခဲ့ရာမှာ အမှုဖွင့်ပေးဖို့အတွက် မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအထိ ၄ နာရီကျော်ကြာအောင် စောင့်ဆိုင်းခဲ့ရကြောင်း သိရပါတယ်။

“ကလေးမလေးတွေက အမှုဖွင့်ဖို့ကို မနက် ၁၀ နာရီလောက်ကတည်းက ရဲစခန်းနားမှာ တ၀ဲလည်လည်ဖြစ်နေတာ နေ့လည် ၂ နာရီကျော်လောက်ကျမှပဲ အမှုဖွင့်လို့ရတယ်လို့ ပြောတယ်။ အမှုဖွင့်ဖို့ စောင့်နေတာ သူတို့ခမျာ နေ့လည်စာတောင် ငတ်ကြတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ကိစ္စတွေလို့ မြင်ပါတယ်။ ပြည်သူပေးတဲ့လစာကိုစားနေတဲ့ ပြည်သူ့ရဲတွေအနေနဲ့ ပြည်သူအတွက် မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် အလုပ်လုပ်ပေးရမယ့်တာဝန်ရှိပါတယ်။ အာမခံရဖို့ ငွေပေးခဲ့ရတယ်ဆိုတာသာ တကယ်မှန်ခဲ့ရင်တော့ ဒါဟာ ပြည်သူကို ခြိမ်းခြောက်ပြီး ငွေညှစ်တဲ့ အကျင့်ပျက်ခြစားတဲ့လုပ်ရပ်ပါပဲ”လို့ ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောပါတယ်။

ကိုဖုန်းကျော်ဟာ မကျော့ခိုင်ကိုရော ညီမဖြစ်သူ မနန်းမော်ကိုရော ဆဲဆိုရမ်းကားတဲ့အတွက် ညီအစ်မ ၂ ဦးစလုံးက ကိုဖုန်းကျော်ကို ရဲစခန်းမှာအမှုဖွင့်ထားပြီး ကိုဖုန်းကျော်က မကျော့ခိုင်ကို ဆဲမှုနဲ့ ပြန်လည်အမှုဖွင့်ထားကြောင်း သိရပါတယ်။ 
သစ်ထူးလွင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com