မက်ဒရစ်၊ ဇွန် ၁၈။
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်း ကွင်းလယ်ကစားသမား ခရစ္စတီယာနိုသည် ကမ္ဘာ့ လစာငွေ အများဆုံးကစားသမားအဖြစ် စံချိန်တင် စာချုပ်သစ်ချုပ်ဆိုတော့မည်ဖြစ်ကြောင်း သိရသည်။
ရော်နယ်ဒို၏ ကိုယ်စားလှယ်များသည် ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများနှင့် ၅ နှစ် သက်တမ်းရှိ စာချုပ်သစ်လက်မှတ်ရေးထိုးရန်အတွက် ယူရို ၁၅၅ သန်း တန်ကြေးရှိ စာချုပ်သစ် တစ်ရပ်ချုပ်ဆိုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေသည်။
ရီးရဲလ်မက်ဒရစ် အသင်းနှင့်အတူ လေးရာသီ ကစားပြီးချိန်တွင် ၁၉၉ ပွဲ၌ ၂၀၁ ဂိုးသွင်းယူပေးထားသော ရော်နယ်ဒိုက အခြားမည်သည့် အသင်းနှင့်မှ ပြောင်းရွှေ့ရန်အတွက် တရားဝင် စကားပြောဆိုထားခြင်း မရှိသေးကြောင်း ပြောကြားသည်။
“ကျွန်တော် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ပဲ စာချုပ်သစ်ချုပ်ဖြစ်ဖို့ရှိပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားသည်။
ရော်နယ်ဒိုသည် ၂၀၀၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလက အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းမှ ရီးရဲလ်မက်ဒရစ် အသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၉၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ရော်နယ်ဒိုသည် လက်ရှိအချိန်တွင် အခွန်ငွေ ပေးဆောင်ပြီး တစ်နှစ်လျှင် လစာဝင်ငွေ ယူရို ၁၀ သန်းခန့် ၀င်နေပြီး အသစ်ချုပ်ဆိုမည့် စာချုပ်သစ် လက်မှတ်ထိုးပြီးချိန်တွင် တစ်နှစ်လျှင် ယူရို ၁၅ သန်းခန့် ၀င်ငွေရရှိနိုင်မည်ဖြစ်သည်။
Ref; Goal
မြန်မာ့ခေတ်