၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဦးကျော်သူ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အနုပညာလောကနှင့် ဝေးကွာ သွားပြီးနောက်ပိုင်း မတွေ့ဆုံဖြစ်တော့ပေ။ ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ မဟုတ်ကြတော့ပေ။ တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ကျင့်သုံးကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပေးဆပ်နေသော ပရဟိတ သမားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည်ကား မြတ်ဗုဒ္ဓ၏ ပဋိယတ္တိစာပေများကို လေ့လာသင်ယူနေသလို တစ်ဖက်မှလည်း တရားဓမ္မများကို ကြိုးစားအားထုတ်နေသော ဗုဒ္ဓ၏သမီးတော် (သီလရှင်တစ်ပါး) အဖြစ် ရောက်ရှိနေပြီ ဖြစ်တော့သည်။ သူမသည်ကား အခြားသူမဟုတ် တစ်ချိန်က ရုပ်ရှင်နှင့် ဗွီဒီယို သရုပ် ဆောင်/အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာ ပင်ဖြစ်ပါသည်။
၆.၆.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ် (၁၃/က) ဗိုလ်မှူးဗ ထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သီလရှင် ဒေါ်နန္ဒမာလာ နှင့်အတူ မိသားစုဝင်များ ရောက်ရှိ လာခဲ့ပါသည်။ ဒေါ်နန္ဒမာလာသည် ပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး နှင့် လူမှုရေးလုပ်ငန်းများကို ကူညီပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှု အကျိုးပြုလုပ်ငန်း များကို ပိုမိုပေးဆပ်နိုင်ရန်အတွက် မိဘနှစ်ပါးအားရည်စူး၍ အလှူငွေ ၃ဝဝဝဝဝဝိ/
ဒါပေမယ့် နောက်တော့ ကိုမောင် (ကိုကျော်သူ)တို့ နာရေးအသင်းရှိနေတာပဲ ဘာပူစရာရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများပြည်သူကို ကူညီပေးနေတာဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့အတွက် သီလရှင်အနေနဲ့ လှူဖို့လို မယ်ဆိုတာ ကို တွေးမိတဲ့အတွက် အခုလိုအကြောင်းတိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ” ဟု မိန့်ကြားခဲ့သည်။ ပညာရေးနှင့် ပတ်သက်၍လည်း သီလရှင် ပဋိယတ္တိစာပေများ သင်ဆည်းပူးနေခြင်းအား မေးမြန်းကြည့်ရာ “ပညာရေးအနေနဲ့ ပထမငယ်ဖြေထားပါတယ်၊ သီလရှင်ဝတ်တာ တစ်ဝါရပြီးပါပြီ” ဟု ပကတိ တည်ငြိမ် အေးချမ်းစွာဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။
ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဇာတ်လမ်း၊ ဇာတ်ကားများထဲတွင် ထိုကဲ့သို့သော သီလရှင်ဝတ်သည့် ဇာတ်ဝင်ခန်းများကို ကြည့်ခဲ့ကြဖူးသော်လည်း ဒေါ်တင့်တင့်ထွန်းအား မြတ်ဗုဒ္ဒ၏ သမီးတော် ဒေါ်နန္ဒမာလာအဖြစ် မြင်တွေ့ရသည်ကား များစွာကွာခြားလှပါသည်။ စကားပြောခြင်း၊ လမ်း လျှောက်ခြင်းမှစ၍ အရာရာအား သတိကပ်ကာ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်သွားနိုင်ပြီကို
(၃၁) ဘုံသား ဝေနေယျသတ္တဝါများ အားလုံးအေးချမ်းသာယာ ရှိနိုင်ကြပါစေ။
နာရေးကူညီမှုအသင်း(ရန်ကုန်)
Min Kyaw Khine