http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မတ္ထီလာဒုက္ခသည်များအားသွားရောက်လှူဒါန်း

March 27, 2013
နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ချုပ်မှ ကိုညိုထွန်း၊ ဒေါက်တာဇော်မင်း၊ ကိုအောင်ကြီး၊ ကိုစိုးမိုးထွန်း၊ ကိုငြိမ်းချမ်း၊ ကိုယု ကိုနိုင်လင်းထွန်းတို့သည် မတ်လ ၂၄ ရက် ည ၈ နာရီတွင် ရန်ကုန် မြို့မှ မော်တော်ယာဉ်ဖြင့် မိတီ်္ထလာ  မြို့ဒုက္ခသည်စခန်းများသို့ထွက်ခွာခဲ့သည်။

မိတ်္ထီလာမြို့ပဋိပက္ခတွင်  ဘေးဒုက္ခသင့်သူ ၉၀၀၀ ကျော်ကို  လူသားခြင်းစာနာထောက်ထား မူအရ လိုအပ်သောအကူညီများ  ပေးအပ်ရန်သွားရောက်ကြခြင်းဖြစ်  ကြသည်။ နိုင်ငံရေးအကျဉ်းသား  ဟောင်းများအဖွဲ့ချုပ်သည်။ မတ် လ ၂၅ ရက် နံနက်ပိုင်းတွင် ခရိုင်  အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်လည်းကောင်း  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ  ချထားရေးဦးစီးဌာနညွှန်ကြားရေး မှူးဦးသန်းထွဋ်ဆွေနှင့်လည်းကောင်း  တွေ့ဆုံပြီးဒုက္ခသည်များအား ကူညီစောင့်ရှောက်ပေးရေးဆိုင်ရာ များ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက်   တစ်ပါတည်းပါလာသော ထောက်ပံရေးအကူညီများကို လွှဲအပ်ပေးခဲ့သည်နေ့လယ်ပိုင်းတွင်  ဒုက္ခသည်စခန်းများကိုသွားရောက် ကြည့်ရှုအားပေးကြပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာခဲ့  ကြပါသည်။
ဥယျာဉ်မှူး
The Hot News

ဆီးခုံရိုးကျိုးပြီးဆေးရုံကမဆင်းရသေးသူ ဒေါ်လှဌေးက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖော်ပြချက်နှင့်ပတ်သက်ပြီးတရားဝင်ငြင်းဆို

March 27, 2013
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မြရိပ်အုပ်စုရေ ကြည်ပင်ကျေးရွာမှ ဒေါ်လှဌေး သည်မြန်မာယန်စီကလုပ်ငန်းခွင် တွင် မိုင်းခွဲမှုကြောင့် အုတ်ကန်ပြို လဲကာ ၎င်းင်းအပေါ်ပိကျခဲ့သဖြင့် ယာနားထင်ပေါက်ပြဲ၊ ဆီးခုံရိုးကျိုး ပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် ယနေ့အချိန်ထိတက်ရောက်ကုသ နေရသော်လည်း ကြေးနီစီမံကိန်း  စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ကျောက်မိုင်းခွဲခြင်းနှင့် မသက်ဆိုင်  သလိုရရှိခဲ့သည့်ဒဏ်ရာမှာလဲ သာမန်ပွန်းပဲ့ဒဏ်ရာသာဖြစ်ကြောင်း  ဖော်ပြခဲ့သဖြင့် ကာယကံရှင်ဖြစ် သူမှ ဖော်ပြချက်မှာ လုံးလုံးမှား ယွင်းကြောင်း မတ်လ ၂၃ ရက်နေ့  တွင်ံHot Newsဂျာနယ်သို့ထုတ် ဖော်ပြောဆိုခဲ့သည်။

မိုင်းဒဏ်ကြောင့် အုတ်ရေ ကန်ပြိုကျပြီး မိမိကာဆီးခုံရိုးကျိုး ခဲ့သည့်ဒေါ်လှဌေးက “စုံစမ်းစစ် ဆေးရေးအပြီးသတ်အစီရင်ခံစာမှာ  အုတ်ရေကန်ပြိုကျပြီး ထိခိုက်ဒဏ် ရာရခဲ့တာဟာ မြန်မာယန်စီက မိုင်းခွဲတဲ့ဒဏ်ကြောင့် မဟုတ်ဘူး လို့ဖော်ပြခဲ့ပါတယ်။ တကယ်တမ်း   တော့ အဲဒီနေ့က (ဖေဖော်ဝါရီ ၂) ကျွန်မရေကန်နားအရောက်မှာ  မြန်မာယန်စီက ကျောက်မိုင်းခွဲ တော့ ၀ုန်းဆိုပြီး ရေကန်ပြိုကျပြီး ကျွန်မအပေါ်ကို ပိသွားတာ။ ကျွန်မလည်း သတိလစ်ပြီး မုံရွာ ဆေးရုံကို ရောက်သွားရတာ။ ကျွန်မကို ပိတဲ့အုတ်ရေကန် ဆောက်လုပ်ထားတာအတော့ကို   ကြာပါပြီ။ ကော်မရှင်က ဦးတင်ညွန့်ဦးဆောင်တဲ့ အဖွဲ့ ကျွန်မကို လာတွေ့တုန်းက ကျွန်မကို ကုပေးတဲ့ ဆရာဝန် ဒေါက်တာလှဘုန်းက ပြောပါ တယ်။ ကျွန်မအပေါ်ကို ရေကန် ပိကျတုန်းက နားထင်ပေါက်ပြဲ  ဆီးခုံရိုးကျိုးသွားတယ်လို့ပြောပါ တယ်။ တကယ်တမ်းစုံစမ်းစစ်ဆေး  ရေးကော်မရှင်က အဖြေထွက်လာ တော့သာမန်ပွန်းတဲ့ ဒဏ်ရာသာ ရခဲ့တယ်ဆိုပြီး ကျွန်မအကြောင်း ကို ဖော်ပြခဲ့ပါတယ်”ဟု ၄၂ ရက် ကြာဆေးရုံတက်ရောက်ကုသနေ ရသည့်ဒေါ်လှဌေးကပြောပြခဲ့သည်။

အဆိုပါဒေါ်လှဌေးအား တာဝန်ယူကုသပေးနေသည့်ဆရာ ၀န်တစ်ဦးဖြစ်သူဒေါက်တာလှဘုန်း(MBBS (MDY) MEDSCSURGERY) မုံရွာ ပြည်သူ့ဆေး ရုံကြီးအား ဒေါ်လှဌေးနှင့် ပတ်သက် ပြီး ကျန်းမာရေးအခြေအနေကို မေးမြန်းရန်အတွက် အကြိမ်ကြိမ်  တွေ့ဆုံခွင့်တောင်းခဲ့သော်လည်း မရရှိခဲ့ပေ။ ဒေါက်တာလှဘုန်း၏   ဖုန်းနံပါတ် ၀၉-၂၀၀၁၀၇ အား အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖြေဆိုခဲ့ခြင်းမရှိကြောင်း  သိရသည်။
မျိုးမြင့်
The Hot News

(၆၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်(ဓါတ်ပုံသတင်း)

(၆၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား မြင်ကွင်းများ
 The Voice Weekly




























အမုန်းတရားများ မရှိပါလျက်

မိတ္ထီလာမြို့မှ အကြမ်းဖက်မှုမှာ လူ့အဖွဲ့အစည်းအားလုံးကို တုန်လှုပ်စေခဲ့ပြီး နိုင်ငံ့ပုံရိပ်ညှိုးနွမ်းစေခဲ့သည်
ဖြစ်ရပ်(၁)
မီးလောင်ကျွမ်းနေသော သီရိမင်္ဂလာရက်ကွက်သို့ ကိုဖြိုးသန့်မင်းတစ်ယောက် မတ်လ၂၁ ရက် ညနေ ၄ နာရီခန့်က သွားကြည့်သည်။ အိမ်တစ်လုံးထဲတွင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး ခိုလှုံနေရာမှ ထွက်မရဖြစ်နေကြောင်း လုံခြုံရေးဝန်ထမ်းများထံမှ သတင်းကြားပြီးနောက် ၎င်းကိုကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။

ထိုနေရာသို့ သွားရောက်ပြီး အမျိုးသမီးအား လူအများ အစ္စလာမ်ဘာသာဝင်မှန်း သတိမထားမိရန် မျက်နှာကို ဆိုင်ကယ်စီးဦး
ထုပ်ဆောင်း၍ ဖုံးကွယ်ကာ ကယ်တင်ခဲ့ကြောင်း ကိုဖြိုးသန့်မင်းက ပြောသည်။

အမျိုးသမီးကို ကယ်ထုတ်ပြီးနောက် ပိတ်မိနေသော အစ္စလာမ်ဘာသာဝင်များထံမှ လာရောက်ကယ်တင်ပေးရန် ဖုန်းများဖြင့်
မကြာခဏ အကူအညီတောင်းခံခြင်းခံရသည်။ ထို့ကြောင့် အောင်မြင်သာစည်ကျောင်းမှ ဆရာတော်နှင့်အတူ ကားနှစ်စီးဖြင့် အစ္စလာမ်ဘာသာဝင် ၄၀ ကျော်အား ပိတ်မိနေသောအိမ်များမှ ထွက်ခွာနိုင်အောင်ကူညီကာ ခရိုင်အားကစားကွင်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။

“အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ ဘာမှမရှိဘူး။ မဆိုင်တဲ့ လူတွေကို ကယ်တင်နိုင်ဖို့ပဲရှိတယ်” ဟု ထိုအချိန်က စိတ်ထဲဖြစ်ပေါ်ခဲ့ ပုံကို အသက်(၄၆)နှစ်အရွယ် ကိုဖြိုးသန့်မင်းကပြောသည်။

“ဘုန်းဘုန်းတွေပို့တာလည်းပါတယ်။ ဗုဒ္ဓဘာသာ ရပ်ကွက်ခေါင်းဆောင်တွေလည်း အားကစားကွင်းကို ပို့ပေးတာလည်းရှိတယ်” ဟု ပညာရေးကောလိပ်ရှိ အစ္စလာမ် ဒုက္ခသည်ခေါင်းဆောင် ကိုမောင်မောင်က ပြောသည်။

ဖြစ်ရပ်(၂)
အကြမ်းဖက်မှုများဖြစ်ပွားသည့် ဒုတိယနေ့ မတ်လ ၂၁ ရက် ညနေ ၄ နာရီ။ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူနေထိုင်ရာ မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်၌ နေထိုင်သော မမြင့်တစ်ယောက် နေအိမ်မှ ထွက်ပြေးရန် ပစ္စည်းများသိမ်းနေခဲ့သည်။ ထိုသို့ သိမ်းဆည်းနေစဉ် တုတ်၊ ဓားများ ကိုင်ဆောင်ထားသော တစ်ရပ်ကွက်တည်းနေ အစ္စလာမ်ဘာသာဝင်များ အိမ်ရှေ့သို့ရောက်လာသောအခါ ဆောက်တည်ရာ မရတော့။ သို့သော် သူတို့က မမြင့်ကို ရန်မမူဘဲ လုံခြုံသောနေရာတွင် သွားနေရန်ပြောလေသည်။ ပစ္စည်းများသိမ်းပြီး ဆွေမျိုးများရှိရာ ပကောရွာသို့ ထွက်ပြေးစဉ် လမ်း၌ကြောက်လန့်တကြား ချုံထဲတွင် ပုန်းနေသောအစ္စလာမ် ဘာသာဝင်များနှင့် ပက်ပင်းတွေ့ဆုံမိပြန်သည်။

“ နင့်တို့ကို ဘာမှမလုပ်ဘူး။ သွားစရာရှိတာသွားပါ” ဟု ပြောသဖြင့် သွားလိုသော နေရာသို့ဘေးကင်းစွာရောက်ခဲ့ကြောင်း အသက် ၄၁ နှစ်အရွယ် မမြင့်က အတွေ့အကြုံကိုပြန်လည်ပြောပြသည်။

ပြဿနာဖြစ်ပွားပြီး နှစ်ရက်အကြာ ဒုက္ခသည်စခန်းများသို့ရောက်သွားချိန်တွင်လည်း တစ်ရပ်ကွက်တည်း အတူနေခဲ့သူများနှင့်ဘာသာမတူသော်လည်း သိကျွမ်းသူများအချင်းချင်း အပြန်အလှန်ကူညီကြသည်။

“အစ္စလာမ်ဘာသာဝင်တွေထားတဲ့ အမှတ်(၁) ရဲစခန်းရှေ့ရောက်တော့ အထဲကနေ လက်ထောင်ပြတယ်။ ဒါနဲ့ ကျွန်တော်လည်း ပြန်ထောင်ပြတော့ ကွမ်းစားချင်လို့ ဆေးလိပ်သောက်ချင်လို့ ပြောတဲ့အတွက်ဝယ်ပေးခဲ့တယ်” ဟု မီးလောင်ပြာကျခဲ့ရသော ချမ်းအေးသာယာရပ်ကွက်မှ အသက် (၂၅) နှစ်အရွယ် ကိုအာကာက ပြောသည်။

ထို့အပြင် စခန်းထဲတွင်ရှိနေသူတစ်ဦးက ဆေးရုံတင်ထားရသော ကိုယ်ဝန်ဆောင်သည် အစ္စလာမ်ဘာသာဝင် အမျိုးသမီးအတွက် အသုံးအဆောင်ပစ္စည်းများပို့ပေးရန် အကူအညီတောင်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့သည်။

“အိမ်တွေမီးရှို့ခံရတုန်းကတော့ ဒေါသဖြစ်တာပေါ့။ ဒုက္ခသည် စခန်းမှာတွေ့တော့ သနားသွားတဲ့အတွက် ကူညီပေးခဲ့တာ” ဟု ကိုအာကာက ပြောသည်။

ဒုက္ခသည်စခန်းမရောက်ခင် ပဋိပက္ခဖြစ်ပွားစဉ်ရက်များအတွင်း တစ်ရပ်ကွက်တည်း အေးအတူ ပူအမျှနေထိုင်ခဲ့ကြသော ဘာသာမတူသူများမှာ ခဏချင်း တုတ်၊ ဓားများကိုင် တစ်ဖက်နှင့်တစ်ဖက် ရန်သူများသဖွယ် နေ့ချင်းညချင်း ကူးပြောင်းခဲ့ကြသည်။ သူတို့မှာ တစ်ဦးနှင့်တစ်ဦး မုန်းတီး၍တော့မဟုတ်ဘဲ မိမိကိုးကွယ်ရာ ဘာသာဝင်များအား ကာကွယ်ရန်နှင့် စိုးရိမ်စိတ်တို့ကြောင့် ယခုကဲ့သို့ လက်နက်များ ကိုင်ဆောင်လာခြင်းဖြစ်သည်။

ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည်မှာ ကျပ်တစ်သိန်းလေးသောင်းတန် ရွှေထည်ပစ္စည်းကို ငါးသောင်းပေးမည်ဟုဆိုကာ ရောင်းမှားဝယ်မှားဖြစ်ခဲ့ရာမှ စတင်ခြင်းဖြစ်သည်။ နယူးဝိန်စိန်ရွှေဆိုင်မှ ရွှေဆံကုတ် ၀ယ်ယူခဲ့သော ပြွန်ကောက်ကျေးရွှာမှ ဦးခင်မောင်ဝင်းနှင့် မအေးနိုင်တို့မှာ ထိုရွှေထည်အား ထိုဆိုင်မှ ဘောင်ချာဖြင့် ပြန်လည်ရောင်းချစဉ် ပြဿနာ ဖြစ်ပွားခဲ့သည်။

ဦးခင်မောင်ဝင်းတို့ ရွှေထည်အားဝယ်ယူရန် ရွှေဆိုင်က စစ်ဆေးရာတွင် ပဲ့သွားခဲ့သဖြင့် မူလပြောထားသော သတ်မှတ်ထားသည့် ဈေးမပေးတော့ရာမှ စတင်ကာ အချင်းများကြပြီးဆိုင်ရှင်က ဦးခင်မောင်ဝင်းအားကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ရာ ၎င်းမှာ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်။

ထိုသို့ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ကို မြင်တွေ့ခဲ့သူများက ဆိုင်ရှင်ဇနီးမောင်နှံအား ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသော်လည်း မကျေနပ်သဖြင့် ထိုနေ့မွန်းလွဲပိုင်းတွင် လူများက စုဝေးပြီး ထိုရွှေဆိုင်အပါအ၀င် ကပ်လျက်ဆိုင်ခန်းအား အကြမ်းဖက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပဋိပကမ္ခများ ပိုမိုကြီးထွားလာပြီး ယင်းနေ့ညနေ ၅ နာရီခန့်တွင် သာစည်မြို့နယ်၊ ဟံဇားကျေးရွာ ကျောင်းမှသက်တော် ၄၅ နှစ်ရှိ ဆရာတော် ဦးသောဘိတမှာ ယဉ်ကျေးလိမ္မာကျောင်းအတွက် စာအုပ်ဝယ်ရန် မိတ္ထီလာမြို့သို့ လာရောက်စဉ် အစ္စလာမ်ဘာသာဝင် အချို့က ရိုက်နှက်သဖြင့် ပျံလွန်တော်မူခဲ့သည်။

“သံဃာတစ်ပါး သွေးမြေကျသွားတဲ့ ကိစ္စကြောင့်ပါ။ အစတုန်းကတော့ ဗလီတွေဘက် ပစ်မှတ်မရှိကြဘူး။ ပစ်မှတ်မရှိတဲ့ အကြောင်းလည်း လူအုပ်ကြီးက သတိပေးထားပါတယ်။ သံဃာတော်တွေကလဲ ကတိပေးထားပါတယ်။ အဲဒီအချိန်မှာ မဆီမဆိုင် သံဃာတစ်ပါးသွေးမြေကျတာနဲ့ ပတ်သက်ပြီးတော့ ပစ်မှတ်ပြောင်းသွားတာပေါ့” ဟု ဆရာတော်ဦးဝီရသူက သူ၏အမြင်ကို မိန့်သည်။

သို့သော် နောက်ပိုင်းရက်များတွင်မူ မြို့ခံများပင် မသိသော စာသင်သားငယ်ဖြူမှန်း မသိသောသူများ ၀င်ရောက်လာခဲ့ပြီးနောက် ပြဿနာမှာ ကြီးသွားခဲ့သည်ဟု ဆရာတော်ဦးဝီရသူက မိန့်သည်။ မြို့ခံများကလည်း မတ်လ ၂၁ ညနှင့် ၂၂ ရက် အခြေအနေများမှာ ရှုပ်ရှုပ်ထွေးထွေးဖြင့် အကြမ်းဖက်မှုများ ကြောက်မက်ဖွယ်ဖြစ်ပွားခဲ့ကြောင်း ဆိုကြသည်။

“တတိယနေ့ကတော့ ပယောဂ ၀င်ပူးသွားပြီ” ဟု ဆရာတော်ဦးဝီရသူက မှတ်ချက်ပြုသည်။ ထို့ကြောင့် ရွှေဆံကုတ်အရောင်းအ၀ယ်မှ စတင်ခဲ့သော အကြမ်းဖက်မှု သုံးရက်အတွင်း လူပေါင်းများစွာသေဆုံးခဲ့ကာ ဒဏ်ရာရသူဦးရေ များစွာရှိပေါ်စေခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ်တွင် မရိုးသားမှုအချို့နှင့် ရည်ရွယ်ချက်ရှိရှိ နောက်ကွယ်မှကြိုးကိုင်သူအချို့ ရှိနိုင်သည်ဟု ခန့်မှန်းသူများရှိသော်လည်း အစိုးရအနေဖြင့် ဖော်ထုတ်အရေးယူပြနိုင်ခြင်းမျိုး မရှိသေးပေ။

ပြဿနာဖြစ်ပွားနေစဉ်တွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ၏ ကိုင်တွယ်မှုများနှင့် ပတ်သက်၍ “ကျွန်တော်တို့ ငယ်ငယ်က စပါးခင်းထဲမှာ ချထားတဲ့ စာခြောက်ရုပ်ထက်မပိုပါဘူး။ ဓားနဲ့ခုတ်လည်း ကြည့်နေတယ်။ မီးရှို့လည်း ကြည့်နေတယ်” ဟု ဒေါက်တာစန်းလှိုင်က မှတ်ချက်ပြုသည်။

“ဒီပြဿနာ ကြီးထွားလာတာ ဆက်ပြီးဖြစ်လာတာက အုပ်ချုပ်သူတွေက အချိန်မီမဖြေရှင်းနိုင်တဲ့သဘော ဖြစ်သွားတယ်။ နောက်ကွယ်ကလည်း ပယောဂဆိုတာမျိုးလည်းပါနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးက ဖြစ်တယ်ဆိုရင် ဖြစ်ဖြစ်ချင်း ကိုင်တွယ်ဖြေရှင်းတာမျိုးက အကောင်းဆုံးပဲ” ဟု ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်အမတ် ဦးအေးမောက်က ပြောသည်။

ထို့ကြောင့် မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် ငွေကြေးပြည့်စုံသူများနှင့် လူလတ်တန်းစားများနေထိုင်သည့် သီရိမင်္ဂလာရပ်ကွက်၊ ဆင်းရဲသား အများစုနေထိုင်သော ရန်မျိုးအောင်ရပ်ကွက်၊ ချမ်းအေးသာစံ ရပ်ကွက်တို့မှာ မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဖက်စလုံးတွင် သေဆုံးသူများရှိခဲ့သည်။

သာမန်အရောင်းအ၀ယ်မှ စတင်ပြီးသုံးရက်ကြာဖြစ်ပွားခဲ့သော ထိုအကြမ်းဖက်မှုကြောင့် လူ ၃၂ ဦးသေဆုံးခဲ့ပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ အခုနောက်ဆုံးစာရင်းအရ သေဆုံးသူမှာ ၄၀ အထိ တိုးလာပြီဖြစ်သည်။ တရားခံဟု သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးထားနိုင်ခဲ့သော်လည်း အခင်းဖြစ်ပွားရာတွင် အဓိက ပြစ်မှုကျူးလွန်သူအချို့ကိုမူ မဖမ်းဆီးနိုင်သေးပေ။ ထိုပြဿနာဂယက်ကြောင့် လယ်ဝေးမြို့ ရုံးပင်ကျေးရွာနှင့် ရမည်းသင်းမြို့နယ်ရှိရွာတန်းနှင့် ရွေဒါးသာစည်ကျေးရွာတို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ထိုအကြမ်းဖက်မှုများမှ တရားခံဟု ယူဆရသူ ၂၂ ဦးကို ဖမ်းဆီးအရေးယူထားသည်။

မိတ္ထီလာမြို့တွင် ဒုက္ခသည်စခန်း ၁၅ ခု ဖွင့်လှစ်ထားပြီး ဒုက္ခသည် ၉၆၄၄ ကျော်အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ခဲ့ကြရသည်။ နိုင်ငံတော်အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော် အကူအညီစတင်ယူခဲ့သည့် နေ့မှစ၍ တည်ငြိမ်စပြုလာသော်လည်း ရပ်ကွက်များ ဒုက္ခသည်စခန်းများတွင်မူ ဒေသခံများက စောင့်နေရဆဲဖြစ်သည်။

အစ္စလာမ် ဘာသာဝင်များအား ခရိုင်အားကစားကွင်း၊ စာသင်ကျောင်းများတွင်ထားပြီး အပြင်ထွက်ခွင့်မပေးသေးပေ။ ဗုဒ္ဓဘာသာဝင်ဒုက္ခသည်များမှာမူ ဘုန်းတော်ကြီးကျောင်းတွင် အများစုနေထိုင်ကြပြီး အချို့မှာ သစ်ပင်အောက်များတွင် နေထိုင်လျက်ရှိသည်။

ထိုကဲ့သို့သော ပြဿနာများ ဆက်လက်မဖြစ်ပွားရန် အစိုးရအပြင် သက်ဆိုင်ရာဒေသတွင်းရှိသော ဘာသာရေးနှင့် လူမှုခေါင်းဆောင်များကပါ ထိန်းသိမ်းကူညီပေးရန်လိုကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားက အကြံပြုသည်။

“လူမျိုးရေးကို အခြေခံတဲ့ ဒါမှမဟုတ် ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခမျိုးတွေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မေတ္တာတရား၊ ကရုဏာတရားစတဲ့ စိတ်နေသဘောထားတွေကိုလည်း အများက မေးခွန်းထုတ်လိမ့်မယ်။ အချုပ်ပြောရရင် တစ်တိုင်းပြည်လုံးအတွက် ရှက်စရာ ကောင်းပါတယ်” ဟု လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသော်လည်း ဖြေလျှော့အောင် မလုပ်နိုင်ခဲ့မှုမှာ အဓိက အားနည်းချက်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေက သုံးသပ်သည်။

“ဒီလိုရောယှက်နေတဲ့ နေရာမှာတော့ ပြဿနာတွေရှိတတ်ပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာ လူတွေက အရမ်းစိုးရိမ်နေတယ်။ အရမ်းကြောက်နေတာတွေ တွေ့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးတဲ့စိတ်တော့ မတွေ့ရဘူး” ဟု ဒုက္ခသည်စခန်းများအားလှည့်လည်ကြည့်ရှုပြီးနောက် နမ်ဘီးယားက ပြောကြားသည်။

သို့သော်အစ္စလာမ်ဘာသာဝင်များ ရောယှက်နေသည့် မိတ္ထီလာမြို့ပေါ် ရပ်ကွက်များရှိ ဗုဒ္ဓဘာသာဝင်နေအိမ်များ၊ ကားများနှင့် ဆိုင်ကယ်များတွင်မူ သာသနာအလံများ ထောင်ထားခြင်းများ ပြုလုပ်ထားကြသည်ကိုတွေ့ခဲ့ရသည်။ ကြင်နာပြီး၊ ကြင်နာသနားတတ်သည်ဟု သတင်းကြီးခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံသားအချင်းချင်း ထိုမျှရက်ရက်စက်စက် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံ့ပုံရိပ် ညှိုးနွမ်းစေခဲ့သည်။ ဒီမိုကရေစီနိုင်ငံကို ဦးတည်ဖော်ဆောင်နေချိန်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများမှာ လုံးဝမဖြစ်သင့်ဘဲ၊ နောက်ကွယ်မှ ကြိုးကိုင်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆိုပါဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရန်၊ သွေးထိုးလှုံ့ဆော်သူများ၏ ထောင်ချောက်အတွင်း မကျရောက်ရန်မှာ နိုင်ငံသားတစ်ဦးချင်းဆီမှစကာ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ ကောလဟလမျိုးစုံထွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တည်ငြိမ်အောင် အစွမ်းကုန်ထိန်းသိမ်းနေချိန်တွင်၊ မိမိနေထိုင်ရာ ရပ်ကွက်၊ မြို့၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးမှာ နိုင်ငံသားအားလုံးတွင် တာဝန်ရှိပြီး ကောလဟလများကို မယုံကြည်ဘဲ တည်ငြိမ်အေးချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရန် ပြည်သူအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။

"အဓိကကတော့ အားလုံးက ကျွန်တော်တို့မြန်မာတွေ၊ လူသားတွေချည်းပဲဆိုတာကို အခြေခံပြီး စဉ်းစားလိုက်ရင် အမုန်းတရားလည်း မရှိနိုင်တော့ပါဘူး" ဟု မိတ္ထီလာမြို့ခံတစ်ဦးကပင် ပြောသည်။

အမုန်းတရားများ မရှိပါလျက် ပြဿနာဖြစ်ခဲ့ကြသော်လည်း အားလုံးစိတ်ထဲတွင်မူ ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ပြီး ယုံကြည်မှုပြန်လည်တည်ဆောက်ရန်မှာ အရေးကြီးဆုံးဖြစ်ပေသည်။
အောင်သူရရေးသား၍ သတင်းအဖွဲ့ ပံ့ပိုးသည်
7Day News Journal

ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ

မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ခွေးလှေးယားသီးစေ့အနှစ်ရည်နှင့် ၎င်းအနှစ်ရည် ထိုးသွင်းထားသော ယုန်၏သွေး ရည်ကြည်တို့က ချေဖျက်နိုင်စွမ်းရှိကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)က သုတေသနပြုလေ့လာတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ခွေးလှေးယားသီးစေ့ အနှစ်ရည်အချိုးအစား အမျိုးမျိုးကို မြွေပွေးအဆိပ်နှင့် ပေါင်းစပ်၍ ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏ အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ရာ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်သည့်အပြင် ခွေးလှေးယားသီး အနှစ်ရည်တစ်ပတ်တစ်ကြိမ်ဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏ သွေးရည် ကြည် ၁၀၀ မိုက်ခရိုလီတာသည်လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ချေဖျက်နိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ခွေးလှေးယားသီးစေ့ အနှစ်ရည်ရဲ့ အချိုးအစားပေါ်မူတည်ပြီး မြွေပွေးအဆိပ်ကို ၁၀၀ ရာခိုင်နှုန်း ချေဖျက်နိုင်ပါတယ်” ဟု သုတေသနပြုလုပ်မှုတွင် ပါဝင်သူ ဒေါက်တာဒေါ်အေးအေးမြင့်က ပြောသည်။

မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန်အတွက်မူ ခွေးလှေးယားသီးစေ့ အနှစ်ရည်၏ ဘေးထွက်ဆိုးကျိုးများနှင့် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်မည့် အနှစ်ရည်ပမာဏကိုလည်း တိတိကျကျဖြစ်စေရန် သုတေသနများ ဆက်လက်ပြုလုပ်ရမည်ဟု ၎င်းကဆိုသည်။

မြွေဆိပ်ဖြေဆေးများအား ကျေးလက်ကျန်းမာရေး ဆေးခန်းများအထိ ထားရှိပေးထားသော်လည်း အရေအတွက်နည်းပါးလွန်းသဖြင့် လုံလောက်အောင် ထိုးပေးနိုင်ခြင်းမရှိကြောင်း မြွေကိုက်ခံရမှု ကာကွယ်ရေးစီမံချက်မှ သိရသည်။

“အခုက ပဲစိုက်ရာသီရောက်ပြီလေ။ ဒီမှာက မြွေပွေးအရမ်းပေါတယ်။ အကိုက်ခံရတာလည်း များတယ်။ အခုလို မြွေဆိပ်ဖြေဆေး နည်းအသစ်ကို ဆေးအဖြစ် ထပ်ထုတ်နိုင်ရင်တော့ တောင်သူတွေအတွက် ပိုပြီး ကောင်းလာမယ် ထင်တယ်” ဟု မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့မှ ဒေသခံ ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသည် မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု အများဆုံးဒေသများဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးရုံဆေးခန်းများ၏ စာရင်းများအရ မြွေကိုက်ခံရမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ၁၀၀၀ ကျော် အသက်ဆုံးရှုံးလျက်ရှိသည်။ အဆိပ်ရှိသော မြွေကိုက်ခံရမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်မှာ မြွေပွေးကိုက်ခံရမှုများဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေးကို မြင်း၏သွေးဖြင့် အဓိကထား အသုံးပြု၍ ထုတ်လုပ်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံလောက်သည့် ပမာဏ မထုတ်လုပ်နိုင်သေးပေ။

ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) သည် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် ကြက်ဥအနှစ်ကို အသုံးပြု၍ မြွေပွေးအဆိပ်အား ချေဖျက်နိုင်သော မြွေဆိပ်ဖြေဆေးထုတ်လုပ်နိုင်ခဲ့သည်။
7Day News Journal

ကလေးသူငယ်များအတွက် ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းတော့မည်

အရွယ်မရောက်သေးသော ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ မတော်မတရားပြုမူခြင်း၊ လျစ်လျူရှုခြင်းနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ရန် ဧပြီလ ၁ ရက်မှ စတင်၍ ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းသွားမည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

“အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ အခုနှစ် ဇန်န၀ါရီ ၂၄ ရက် စတင်ပြီး နိုင်ငံတော်က ဖွဲ့စည်းခွင့်ပြုခဲ့တာပါ” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (အဖွဲ့မှူး) ဒုတိယရဲမှူးကြီး ဥမ္မာရင်မီက ပြောသည်။

ကလေးသူငယ် ကာကွယ်ရေးတပ်ဖွဲ့တွင် တပ်စုသုံးခုပါဝင်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များ၌ ထားရှိသွားမည် ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်အတွင်း စွန့်ပစ်ခံရသူ ကလေးသူငယ် ၆၈ ဦးရှိပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ လူကုန်ကူးခံရသူ ကလေးငယ် ၅၅ ဦးအထိရှိခဲ့သည်။

“သက်သေအထောက်အထားမရှိဘဲ လူကုန်ကူးခံနေရတဲ့ ကလေးသူငယ်တွေ အများကြီးရှိနေပါသေးတယ်။ အခုလို ကလေးတွေအတွက် သီးသန့်တပ်ဖွဲ့ ဖွဲ့စည်းပေးထားရင်တော့ ပြင်ပ အဖွဲ့အစည်းတွေအနေနဲ့ ရဲတပ်ဖွဲ့နဲ့ ပိုပြီး ပူးပေါင်းနိုင်မှာပါ” ဟု မြို့နယ်အခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (လှိုင်သာယာ) တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ကိုကျော်စွာလင်းက ပြောသည်။

ကလေးသူငယ်များအပေါ် ကျူးလွန်သည့် မှုခင်းဆိုင်ရာများကို လေ့လာရန်နှင့် ကာကွယ်ရေးတပ်စုများ ဖွဲ့စည်းရန် ယခုလ ၁၉ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသော ကလေးသူငယ်များအပေါ် ကျူးလွန်သည့် မှုခင်းများဆိုင်ရာ အရှေ့တောင်အာရှအင်တာပို ကျွမ်းကျင်သူများ လုပ်ငန်းအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ခဲ့သည်။

ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသည့် မည်သူ့ကိုမဆို ကလေးအဖြစ် သတ်မှတ်ထားသည်ဟု ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်တွင် ပါရှိသည်။ မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံကလေးသူငယ်ဥပဒေ၊ နည်းဥပဒေများကို ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ဆက်လက်ထုတ်ပြန်ခဲ့သည်။
7Day News Journal

မိတ္ထီလာဒုက္ခသည်များအရေး အမေရိကန်အစိုးရ ဒေါ်လာတစ်သိန်းထောက်ပံ့မည်

ရန်ကုန်၊ မတ် ၂၆
မိတ္ထီလာမြို့နယ်နှင့် အနီးဒေသ များတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သောပဋိပက္ခကြောင့် ဒဏ်ခံရသည့် ဒုက္ခသည်များအတွက် အမေရိကန်အစိုးရက ဒေါ်လာတစ်သိန်း ထောက်ပံ့ လှူဒါန်းမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်က ထုတ်ပြန်လိုက်သည်။

မိတ္ထီလာမြို့နှင့် အနီးတစ်ဝိုက်ဒေသများတွင် မတ်လ ၂ဝရက်နေ့မှ စ၍ သုံးရက်ကြာဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသောဒုက္ခသည် တစ်သောင်းခန့်ရှိနေရာအရေးပေါ်ကယ်ဆယ်ရေး အတွက်အမေရိကန်အစိုးရက ကန် ဒေါ်လာတစ်သိန်း ထောက်ပံ့မည်ဟု ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ပဋိပက္ခဒဏ် ခံစားခဲ့ရသော ဒုက္ခသည်များအတွက်စောင်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် ပလတ်စတစ်အိပ်ရာခင်းများအပြင် နေရပ်စွန့်ခွာနေရသူများအတွက် သန့်ရှင်းသော ရေနှင့် ကျန်းမာရေး အထောက်အပံ့ပေးရာတွင် အဆိုပါ လှူဒါန်းငွေကို အသုံးပြုသွားမည် ဟု သိရသည်။

''အစိုးရအနေနဲ့ အခြေအနေ တွေ ပြန်လည်တည်ငြိမ်ဖို့၊ အပြစ် ရှိတဲ့သူတွေကိုဥပဒေအတိုင်း အရေး ယူဖို့နဲ့ ဒုက္ခသည်တွေရဲ့လိုအပ်ချက် ကိုဖြည့်ဆည်းပေးဖို့ ကတိကဝတ်ပြု တာကို ကြိုဆိုပါတယ်''ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူ ဒဲရစ်မစ်ချယ်လ်က ဆူပူအကြမ်းဖက်မှုများ ရပ်တန့် ရေး၊ အခြားဒေသများသို့ ပျံ့နှံ့ မသွားစေရေး၊ လူ့အဖွဲ့အစည်း နှစ်ခုအကြား အပြန်အလှန် နား လည်မှုနှင့်ယုံကြည်မှု တည်ဆောက် ရေးအတွက်ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံသားများက တစ်စည်းတစ်ရုံးတည်း လုပ်ဆောင်နေခြင်းကို အားပေးထောက်ခံ သည်ဟုဆိုသည်။

ထို့အပြင် အမေရိကန်သံရုံး အနေဖြင့်ဆွေးနွေးမှုများ၊ အပြန်အလှန်နားလည်မှုနှင့် လေးစားချစ်ခင်မှု တည်ဆောက်ရေးများအတွက် ဆက်လက်ထောက်ပံ့မှု ပြုသွားမည်ဟုဆိုထားသည်။
PN-051

စိတ်ချရသည့် အချိန်အထိ ရန်ကုန်တွင် ရဲလုံခြုံရေး တိုးမြှင့်ကင်းလှည့်မည်

ရန်ကုန်၊ မတ် ၂၆
ဆူပူအကြမ်းဖက်ဖြစ်စဉ်များ ရန်ကုန်တွင် မပေါ်ပေါက်စေရေးအတွက် ရဲယာဉ်တန်းများဖြင့် နေ့ညပတ်ကာ လုံခြုံရေးတိုးမြှင့်ရယူနေမှုကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ပြုလုပ်လျက်ရှိသည်။မတ်လ ၂၅ ရက်နေ့ ည ၉ နာရီမှစ၍ ယာဉ် ၁၆ စီးဖြင့် ရဲ အင် အား ၂၁ဝ က မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွာပြီး အနော်ရထာ လမ်းမှ တစ်ဆင့် ဗိုလ်ချုပ်လမ်းတစ် လျှောက် အပါအဝင် အနောက်ပိုင်း ခရိုင်တစ်ခုလုံးအား နံနက် ၃ နာ ရီအထိ လုံခြုံရေးကို စတင် ဆောင် ရွက်နေကြောင်း အနောက်ပိုင်း ခရိုင် ဒုရဲမှူးကြီးက ဆိုသည်။

လုံခြုံရေး ရယူပေးမှုတွင် ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ အလုံ၊ ကြည့် မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်နှင့် ဒဂုံမြို့နယ် များပါဝင်ပြီး မတ်လ ၂၆ ရက်နေ့ နံနက် ၁၂နာရီမှစကာ နေ့ခင်းလုံ ခြုံရေးကိုပါ ရဲဝန်ထမ်း ၁၆၅ ဦးက ရဲယာဉ်တန်း ၁၆ စီးဖြင့်ထပ်မံ အင် အားတိုးမြင့်လိုက်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
လုပ်ငန်း လမ်းညွှန်မှုအရ လက်နက်ခဲယမ်းနှင့် တုတ်၊ ဒိုင်းတို့ ဖြင့် အင်အားဖြည့်ထားကာ လုံခြုံမှု ရယူပေးနေကြောင်း ခရိုင် ဒုရဲမှူးကြီးက ထပ်လောင်းဆိုသည်။

ဒုတိုင်းဒေသကြီး ရဲမှူးကြီးက ''ဒီလိုမျိုးရန်ကုန်မှာ လုံခြုံရေး ရယူ ပေးနေမှုကို ဆက်လုပ်သွားမယ်။ စိတ်ချရတဲ့ အနေအထား ရောက် တဲ့အထိပဲ''ဟု ပြောသည်။ နေရာအချို့တို့တွင် ဆူပူမှု အချို့ ဖြစ်ပွားနေကြောင်း ကောလာဟလများ ထွက်ပေါ်နေမှုရှိနေရာ ထိုသတင်းများအား ပြည်သူလူထု အနေဖြင့် အလွယ်တကူ မယုံကြည် သင့်ကြောင်း၊ နောက်ကွယ်မှ ကြိုး ကိုင်နေသူများအား ရှာဖွေဖော်ထုတ် ဖမ်းဆီးကာ ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုထားသည်။

မတ် ၂၅ ရက် နေ့ခင်းတွင် ယုဇနပလာဇာ၌ နှစ်ရက်ဆက် အစိုးရရုံးပိတ်သဖြင့် ခရီးသွားလို သောဆိုင်အချို့က စောစီးစွာ ပိတ် သိမ်းသည်ကို အကြမ်းဖက်မှုဖြစ် လေဟန်သတင်းများထွက်လာသလိုမင်္ဂလာတောင်ညွန့်နှင့် တာမွေတို့ တွင်လည်း တစ်စုံတစ်ခု ဖြစ်လေ ဟန် သတင်းများထွက်ပေါ်ခဲ့သည့် အတွက် Popular News မှစုံစမ်းခဲ့ရာမည်သည့်ပြဿနာမှမဖြစ်ခဲ့ပေ။

မတ် ၂၆ ရက်တွင်လည်း Junction Square ၌ အကြမ်းဖက် မှုဖြစ်ပွားနေပြီဟု သတင်းများထွက် ပေါ်လာသဖြင့် Popular News မှ စုံစမ်းခဲ့ရာ Junction Square ရှိ စားသောက်ဆိုင်တစ်ဆိုင်မှ အသေးစားဂက်စ်ဘားပွင့်ပြီး မီးလန့်ခြင်း သာဖြစ်သည်ကို တွေ့ရှိရသည်။

''ရန်ကုန်မှာ ဆူပူမှု လုံးဝ အဖြစ်မခံဘူး။ ဖြစ်လည်း မဖြစ်စေ ရပါဘူး။ ဒါ့ကြောင့် အချိန်နဲ့တစ် ပြေးညီဆောင်ရွက်နေတယ်။ လူထု လည်း ပူးပေါင်းပါဝင်ရပါမယ်။ ရဲ စခန်းတိုင်းကိုလည်း ထူးခြားဖြစ်စဉ် ကိုအချိန်တိုင်းသတင်းပို့ဖို့ လမ်း ညွှန်မှာကြားထားပြီးဖြစ်ပါတယ်''ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

တာမွေ၊ သာကေတ၊ ပုဇွန် တောင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) စသည့် ရန်ကုန်မြို့နယ် အချို့တို့ တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး တို့က ည ၉ နာရီကျော်လျှင် ဆိုင် များဖွင့်လှစ်ရောင်းချခြင်း လုံးဝမပြု လုပ်ရန်တားမြစ်မှုကို မတ်လ ၂၅ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သည်။ မတ်လ ၂၅ ရက်နေ့ညတွင် ရန်ကုန်မြို့လယ်၌ ည ၉ နာရီ ကျော်ကျော်တွင် လူအသွားအလာ နည်းသွားကာ တိတ်ဆိတ်သွားခဲ့သည်။ ည ၉ နာရီ ဆိုင်ပိတ်သိမ်း ခြင်း တစ်လခန့် ကြာမည်ဆိုပါက မကောင်းသေးသည့် စီးပွားရေးမှာ ပိုမို ထိခိုက်လာနိုင်ကြောင်း လှိုင်မြို့ နယ် ၂ ရပ်ကွက်မှ ထမင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ ညပိုင်းဆွဲတက္ကစီယာဉ်မောင်း တစ်ဦးကလည်း ''ဒီလိုညမျိုး တစ် ပတ်လောက်ဖြစ်ရင် ကျွန်တော်တို့ ညသမားတွေ ငတ်မယ်''ဟု မတ် ၂၅ ရက်ည ၈ နာရီ ကျော်၌ လူ နှင့်ယာဉ်ကျဲပါးနေမှုအပေါ် အခြေခံ၍ပြောသည်။
P-News
Popular Myanmar News Journal


မိတ္ထီလာ မီးသင့်အိမ်များနေရာ အထပ်မြင့်တိုက် ပြန်တည်ပေးရန် ရည်ရွယ်ထား

မိတ္ထီလာ၊ မတ် ၂၄
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် မီးလောင် ပျက်စီးခဲ့သော နေအိမ်များအား ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO များနှင့် အစိုးရပူးပေါင်း၍ ပြန်လည် တည်ဆောက်ပေးမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

''မီးလောင်သွားတဲ့ အိမ်တွေ ကို ပြန်ဆောက်ပေးရမှာပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက ရခိုင်မှာလို တဲလေး တွေ ပြန်ဆောက်ပေးလို့မရဘူး။ မြို့ ပေါ်မှာ ဖြစ်လို့ အထပ်မြင့်တိုက်တွေမှ အဆင်ပြေမှာပေါ့။ အတိအကျ စီစဉ် ထားတာ မရှိသေးပေမယ့် ဒီလုပ်ငန်း စဉ်တွေအတွက် အစိုးရက ကုလအဖွဲ့ အစည်းတွေ၊ NGO တွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားရမှာပဲ'' ဟု မတ်လ ၂၄ ရက် နေ့တွင် မိတ္ထီလာမြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ လာရောက်စဉ် ဦးအောင်မင်းက ပြောသည်။

မိတ္ထီလာမြို့ရှိ ဒုက္ခသည်အချို့မှာ တစ်ပတ်အတွင်း နေရာပြန်လည်ရရှိ သွားနိုင်မည်ဟု မိတ္ထီလာမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း ထိန်(ဒီချုပ်ပါတီဝင်)က ပြောသည်။
လက်ရှိတွင် မိတ္ထီလာမြို့နယ် ပြန်လည်တည်ငြိမ်အေးချမ်းရေး၊ လုံ ခြုံရေးနှင့် နေရာ ချထားရေးတို့အတွက် တပ်မတော်မှ တပ်ရင်း ၁၃ ခုဖြင့် ကူညီ ထောက်ပံ့ လုပ်ကိုင်နေပြီး အနီးဝန်းကျင်ရှိ မြို့များမှ အစားအသောက်နှင့် လိုအပ်သည့်ဆေးဝါးများ ကို ပေးပို့နေကြောင်း သိရသည်။

''ကျွန်တော်တို့က လုံခြုံရေးကို အဓိကထား လုပ်ကိုင်နေရတာဆို တော့ လုံခြုံရေးအဆင် ပြေပြီဆိုတာနဲ့ နေရာချထားရေးလုပ်ငန်းတွေ အ ဆင်ပြေသွားမှာပါ။ ကျန်းမာရေးကို လည်း အလေးထားလုပ်နေရပါသေး တယ်။ အတူပူးတွဲနေ ထိုင်တာဆို တော့ အားလုံးကို အဆင်ပြေအောင် ကြည့်ထိန်းရမှာပါ။ လုံခြုံရေးစိတ်ချပြီ ဆိုမှ နေထိုင်ရေးအတွက် အဆင်ပြေ အောင်မြင်မှာပါ''ဟု မိတ္ထီလာမြို့နယ် ခရိုင်ရဲမှူးက ပြောသည်။
မိတ္ထီလာခရိုင် ပတ်ဝန်းကျင် ဒေသများနှင့် ခရီးသွားလာရေးနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ကို ဖွင့်လှစ်ထားပြီဖြစ်ပြီး အများသုံး ဈေးနှင့် ဆိုင်ခန်းများကိုလည်း အချိန် အကန့်အသတ်ဖြင့် ရောင်းချနေပြီဖြစ် ကြောင်း သိရသည်။

ပဋိပက္ခကြောင့် အစိုးရမှ ထုတ် ပြန်ထားသောအမိန့်နှင့် ညွှန်ကြား ချက်များကိုလည်း ပြန်လည်တည်ငြိမ် အေးချမ်းမှု မရမချင်း ထားရှိသွားရ မည်ဖြစ်ကြောင်း ဦးဝင်းထိန်က သုံးသပ်သည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် နေအိမ် ၁၅၂ လုံး၊ မော်တော်ယာဉ် ၂ စီး၊ ပညာရေးမှူးရုံး ၁ ရုံး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီး ဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ၁၃ လုံးပျက် စီးခဲ့ပြီး လူ ၃၂ ဦး သေဆုံးကာ ၃၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါပဋိပက္ခကြောင့် ယာယီ ကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ် ထားပြီး လူဦးရေ တစ်သောင်းခန့်ရှိနေ ကြောင်း၊ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ တွင်လည်း ခိုလှုံနေကြ ကြောင်း မိတ္ထီလာမြို့ ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဒေါက်တာဆန်းအောင်က ဆိုသည်။

''အခုအဲ့ဒီလူတွေ (ဘုန်းကြီး ကျောင်းများတွင် ခိုလှုံနေရသူများ) အတွက် အခုကျွန်တော်တို့ တစ်ဦးချင်း ကပဲထောက်ပံ့နေတယ်။ တကယ့်စာရင်း အင်းအရအကူအညီပေးရင် သူတို့ မရမှာကိုစိုးတယ်။ ဒါကြောင့် စာရင်း ဇယားအစုံရပြီဆို အာဏာပိုင် တွေဆီပေးပို့သွားမယ်''ဟု ၄င်းကဆို သည်။
အောင်ထက်(NYK), PN-055
Popular Myanmar News Journal

မြန်မာဒုက္ခသည် ၅သိန်းခန့် ဆော်ဒီတွင်အခမဲ့နေထိုင်ခွင့်ပြုမည်ဟုဆို

ဂျက်ဒါး၊ မတ် ၂၅
မက္ကာအစိုးရ မင်းသား ခါလက် အယ်ဖိုင်ဆယ်က မြန်မာ ဒုက္ခသည်များအား ဆော်ဒီအာရေဗျ နိုင်ငံတွင်း အခမဲ့နေထိုင်ခွင့် ပေးမည်ဖြစ်ရာ အဆိုပါသမိုင်းတွင်မည့် လုပ်ရပ်အရ ဒုက္ခသည် ၅ဝဝဝဝဝ နီးပါး နိုင်ငံတွင်း နေခွင့် ရမည်ဖြစ်ကြောင်းသိရသည်။

မက္ကာအနီး ကူဒိုင်းရောက် မင်းသားက ''ယခုကဲ့သို့ ဆုံးဖြတ် ချက် ချနိုင်ခြင်းအတွက် အထူးဝမ်း မြောက်မိကြောင်း၊ နိုင်ငံတွင်း ကာလရှည်နေထိုင်ခဲ့သူ နိုင်ငံခြား သား အများအပြားကို ယခုကဲ့သို့ နေထိုင်ခွင့်ပေးနိုင်မှုအတွက် ပီတိ ဖြစ်မိကြောင်း'' ဆိုသည်။ ဘုရင် အဗ္ဗဒူလာနှင့်ဗလီဝတ်ကျောင်း နှစ် ခုမှ ဂေါပကများကိုလည်း ကျေးဇူး တင်ကြောင်း ၄င်းက ပြောသည်။

ဆော်ဒီရောက် မြန်မာ အသိုင်းအဝိုင်း အပါအဝင် အိုအိုင် စီ အထွေထွေအတွင်းရေးမှူး အက်မဲလာဒင် အီဆန်နိုလူးရှေ့ မှောက် ၄င်းကို သောင်းသောင်းဖြဖြ အားပေးစဉ် ပြောဆိုရာ၌ ''မက္ကာ မြို့ဝန်ဖြစ်ပြီး ကတည်းက အဗ္ဗဒူ လာ မင်းတရားကြီးကို ဦးဆုံး တင်ပြခဲ့တာ ဒီကိစ္စပါ။ မင်းကြီးက မြန်မာမူဆလင်တွေ အများစုနေ ထိုင်တဲ့ ဒေသတွေ အခြေအနေ တိုးတက်ရေးအတွက် အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ လူနေရပ် ကွက်တွေ ဖွံ့ဖြိုးဖို့ လုပ်ခဲ့ပါတယ်။ ဝန်ကြီးအဆင့် ကော်မတီတွေက တစ်ဆင့်ပေါ့'' ဟု ဆိုသည်။

ယင်းက ဆက်လက်၍ ကမ္ဘာ ပေါ်ရှိ အထူးခြားဆုံး အလုပ်ကို လုပ်ကိုင်လျက်ရှိကြောင်း၊ ဒုက္ခ သည်များ နေထိုင်ရာ ရပ်ကွက်များ ဖွံ့ဖြိုးရေးသာမက အဆိုပါ ခိုကိုးရာ မဲ့ ၄ဝဝဝဝဝ မှ ၅ဝဝဝဝဝ ခန့်၏ ဘဝများကို ပြန်လည် ထူထောင်ပေး မည်လည်း ဖြစ်ကြောင်း ပြောသည်။ ယင်းသို့ ထူထောင်ရာတွင် ကျန်းမာ ရေး စောင့်ရှောက်မှု၊ လူမှုဝန်ဆောင် မှု၊ ပညာရေးအပါအဝင် ဒေသဖွံ့ဖြိုး ရေးစသည်တို့ ပါရှိမည်ဟု သိရသည်။

အဆိုပါဒုက္ခသည်များကို အလုပ်အကိုင် ရရှိရေး သင်တန်း ပေးမည်ဖြစ်ရာ အလုပ်သမား ဝန် ကြီးဌာန၏ အစီအမံဖြင့် မြန်မာ ဒုက္ခသည်များ အလုပ်အကိုင် ရစေ ရေး ပုဂ္ဂလိကပိုင် ကုမ္ပဏီငယ်များ ဖွင့်လှစ်နိုင်ရန် ပံ့ပိုးသွားမည် ဖြစ် သည်။ယခုကဲ့သို့ အစီအစဉ်ကို ကမ္ဘာတစ်လွှား မည်သည့်နေရာတွင်မှ မတွေ့နိုင် ကြောင်း မင်းသားက ဆိုသည်။

ဒုက္ခသည်များကို နိုင်ငံတွင်း အခမဲ့ လေးနှစ် နေထိုင်ခွင့် အပါ အဝင် လူမှုဝန်ဆောင်မှုများ ပေး မည့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် မိုဟာမက် ဟာရစ်က ''ဒါဟာ ကမ္ဘာမှာ တစ်ခါမှ မပေါ်ပေါက်ဖူးသေးတဲ့ အဖြစ်ပါ'' ဟုဆိုသည်။
S.T
Ref: Arab News
Popular Myanmar News Journal

လက်သိုင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတဦးဥာဏ်ထွန်းတက်ရောက်အားပေး

နေပြည်တော် မတ် ၂၆
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဥာဏ်ထွန်းသည် ယနေ့နံနက် ၉ နာရီ တွင် လေ့ကျင့်ရေးစခန်း-၁ နေပြည်တော်၌ ကျင်းပသည့် ၂၀၁၃ ခုနှစ် နေပြည်တော် ဖိတ်ခေါ်လက်သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့်အတူ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ဇော်နိုင်၊ ပြိုင်ပွဲဝင်နိုင်ငံများမှ ကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အားကစားဝါသနာရှင်များတက်ရောက်ကြသည်။

ရှေးဦးစွာဗိုလ်လုပွဲများအပြီးတွင် ပြိုင်ပွဲများအထိမ်းအမှတ် ဓားအား ပြန်လည်အပ်နှံပြီး ဥက္ကဋ္ဌ ဦးအောင်ဇော်နိုင်က ပြိုင်ပွဲအမှတ်တရလက်ဆောင်ကို ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တို့အားပေးအပ်သည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဥက္ကဋ္ဌ ဦးအောင်ဇော်နိုင် တို့က ဆုများပေးအပ်ချီးမြှင့်ပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြိုင်ပွဲဝင်နိုင်ငံများမှ ကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဖိတ်ခေါ်ပြိုင်ပွဲသို့ မြန်မာ(က)၊ မြန်မာ(ခ)၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ(က) က ရွှေခြောက်ခု၊ ငွေ တစ်ခု၊ ကြေးသုံးခု၊ အင်ဒိုနီးရှားကရွှေ ခုနစ်ခု၊ ငွေ သုံးခု၊ မလေးရှားက ရွှေ သုံးခု၊ ငွေ ရှစ်ခု၊ ကြေးခုနစ်ခု၊ ထိုင်းက ငွေ တစ်ခု၊ ကြေးလေးခုတို့ အသီးသီးရရှိခဲ့ကြသည်။
(နိုင်ငံတော် သမ္မတရုံး)
Popular Myanmar News Journal

ပဋိပက္ခဖြစ်ပွားရန်လှုံ့ဆော်မှုများတွင်နိုင်ငံရေးပါတီဝင် လူငယ်များပါဝင်နေကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌပြောကြား

ရန်ကုန်၊ မတ် ၂၇။
ရန်ကုန်တိုင်းအတွင်းအ ပြီးခဲ့သည့် ၂ရက် ၃ရက်အတွင်း ရုတ်ရုတ်သဲသဲဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ပြည်တွင်းရှိနိုင်ငံရေး ပါတီအချို့မှ ပါတီဝင်လူငယ်များ၏ ပဋိပက္ခဖြစ်ပွားရန် လှုံ့ဆော်မှုများရှိကြောင်းနှင့် ယင်းသို့ပြုလုပ်ခြင်းမှာ တရားဝင် နိုင်ငံရေးပါတီတခု အနေဖြင့်ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် နည်းဥပဒေများနှင့် မညီကြောင်းရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသွားသည် ဟုဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောကြားသည်။

“အခုလိုမျိုး ရုတ်ရုတ်သဲသဲဖြစ်အောင် လှုံ့ဆော်တာနဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတချို့ဆိုပြီး သတိပေးပြောကြားသွားတာပါ။ ဒီလိုပြောသွားတာကလည်း မတ်လ ၂၆ရက်နေ့က ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီတွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာခေါ်ပြီး ပြောကြား သွားတာဖြစ်တယ်။သူတို့ကတော့ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ၂၉ခုလို့ပြောသွားပြီး ပါတီတခုကို နှစ်ဦးတက်ရောက် ခွင့်ပေးထားတယ်။” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ၂၉ခုအား မတ်လ ၂၆ရက်နေ့၌ ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကောလဟာလ သတင်းများနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရပြီးရန်ကုန်တိုင်း ဝန်ကြီးချုပ်မှလည်း ယင်းသို့ လှုံ့ဆော်မှုများရှိသည်ကိုနိုင်ငံရေးပါတီမှလူကြီးပိုင်းက မသိနိုင်သော်လည်း ယခုအခါတွင် မိမိတို့၏ပါတီဝင် လူငယ်များအား ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ရန်လိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် ယင်းတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် အပါအဝင် ရန်ကုန်တိုင်း နယ်ခြားလုံခြုံရေး ဝန်ကြီးနှင့်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ တက်ရောက်ကြောင်းသိရှိရပြီး ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီ ၂၉ခုတို့မှ ပါတီတစ်ခုတွင်နှစ်ယောက်နှုန်း ဖိတ်ကြားထားသော်လည်း တချို့ပါတီများတွင်တစ်ယောက်နှုန်းဖြင့်သာ တက်ရောက်မှုများ ရှိကြောင်း သတင်းရရှိသည်။
TMA
The Myanma Age

လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် မရိုးသားကြောင်း ရွှေညဝါဆရာတော် မိန့်ကြား

မအူပင်၊ မတ် ၂၆။
မိမိတို့နိုင်ငံတွင် နေရာဒေသတချို့၌ ဖြစ်ပေါ်နေသော လူမျိုးရေးပဋိပက္ခကဲ့သို့သော ဖြစ်ရပ်တချို့သည် ရိုးသားမှု မရှိကြောင်းရွှေညဝါဆရာတော်က မအူပင်မြို့နယ်ရှိ ပလောင် ရွာသို့ ရောက်ရှိစဉ် မိန့်ကြားသွားသည်။

“နိုင်ငံတော်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာပဋိပက္ခ၊ လူမျိုးရေး အဓိကရုဏ်းနဲ့ဘာသာရေး ပဋိပက္ခတွေဟာအချိန်မရွေး တစ်တိုင်းတစ်ပြည်လုံးကို ချက်ခြင်း မီးလောင်သွားနိုင်တဲ့ မှတ်တိုင်ကြီး ဖြစ်နေတယ်၊ ဒါကို နည်းနည်းတော့ ပြောချင်တယ်၊ သိပ်မရိုးသားဘူးလို့ ဘုန်းကြီးက ဝေဖန်ချင်တယ်၊ ဘာဖြစ်လို့ ဒီ အကွက်ကျကျနဲ့ ပေါက်ကွဲမှုတွေဟာ ဟိုနား ဒီနား ဖြစ်နေတာလဲ”ဟုဆရာတော်က ဒေသခံရွာသားများအားဆုံးမစကားပြောကြားရာ၌ ထည့်သွင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ဆရာတော်နှင့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)စသည့် (၈၈)မျိုးဆက်ကျောင်းသားများသည်ရဲနှင့်ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားခဲ့ဖူးသော မအူပင်မြို့နယ်ရှိ ပလောင်ရွာရှိဒေသ ခံများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေး အကြံပြုပေးရန် ယနေ့နေ့လည်(၁၁)ခွဲ အချိန်၌ အဆိုပါ ရွာသို့ရောက်ရှိလာကြခြင်း ဖြစ်ကြောင်းသိရသည်။

“ကျုပ်လည်း မအားဘူး။ ဒကာမင်းကိုနိုင်တို့လည်း မအားဘူး။ ကျုပ်တို့ နိုင်ငံရေးကို မလုပ်ရဘူးဗျာ။ ကယ်ဆယ်ရေးတွေပဲလျောက်လုပ်နေရတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ကျုပ်တို့လုပ်နေတာက ရှေ့ကို မရောက်တော့ဘူး။ ပွက်တဲ့နေရာ ဆူတဲ့နေရာ အကုန်လုံး လျောက်ပြီးတော့ သွားနေရတယ။် ”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ထိုကဲ့သို့ ကိစ္စများနှင့် ဆက်စပ်၍ “အဲလို သွားနေရတာကြီးကကျုပ်တို့ တဖြည်းဖြည်းနဲ့ စဉ်းစားမိတယ်။ဒါ ဘာကြောင့်လဲ။ မွတ်စလင် ဘာသာဝင်တွေဟာ ဧည့်သည်ဘာသာဝင်တွေပါ။ ဧည့်သည်ဘာသာဝင်တွေ လူနည်းစုတွေဆိုပြီးတော့ ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေက အများစုဆိုပြီးတော့ နိုင့်ထက်စီးနင်း အနိုင်ကျင့်ကြတာတွေတော့ ကျုပ်မတွေ့ခဲ့ဖူးဘူး။ အနိုင်ကျင့်တဲ့ ဗုဒ္ဓဘာသာဝင်တွေတော့ ရှိကောင်းရှိမယ်။ ဒါပေမယ့် ခုထက်ထိ ကျုပ်မတွေ့သေးဘူး” ဟုမိန့်ကြားသည်။

ပလောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပက်သက်၍လည်း တိုင်းဒေသကြီး တစ်ခုလုံး၏ သိက္ခာကျစရာ ဖြစ်သွားနိုင်သည့် အရေးကို လာရောက်ဖြေရှင်းပေးခဲ့ရဖူးကြောင်း၊ ရဲတပ်သားတစ်ဦး သေဆုံးသွားသည့်အတွက် ဝမ်းနည်း ရပါကြောင်းနှင့် နှစ်ဦးနှစ်ဘက် မည်သူမှန်သည်မှားသည် မဝေဖန်ချင်ပဲ နောက်နောင် မဖြစ်ပွားကြစေရန် ဆရာတော်မှ တိုက်တွန်းလိုက်ပြီး ရွာသားများအနေဖြင့် ဆန္ဒမစောကြရန်၊ အကြမ်းမဖက်ကြရန်နှင့် စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်နဲ့လုပ်ကြရန်နှင့် ရသင့်ရထိုက်သည်များကို ဦးတည်ပြီး၍ လိုချင် မှုတစ်ခုတည်းနှင့် လုပ်ဆောင်နေပါက ရသင့်သည်များပါ ဆုံးရှုံးသွားရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။

ရွှေညဝါ ဆရာတော်သည် ပလောင်ပြဿနာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုမှ လှူဒါန်းသော အလှူငွေ (၁)သိန်းကျပ်နှင့် ပလောင်ဒေသခံများ လှူဒါန်းသော အလှူငွေ (၁)သိန်းကျော်အား ပလောင်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ပြန်လည် လှူဒါန်းခဲ့သည်။ ၎င်းတို့ ရောက်လာရခြင်းသည်လည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းဒေသကြီး အစိုးရနှင့် တောင်သူလယ်သမားများ အကြား နှစ်ဦးနှစ်ဖက် မျှတသော အခြေအနေများ ပေါ်ပေါက်ကာဒေသခံများ၏ ဘဝနေရေးထိုင်ရေး ပြေလည်ပြီး တရားဥပဒေ စိုးမိုးမှုအောက်၌ ဘေးကင်းလုံခြုံသော ဘဝများ ဖြစ်စေချင်သောကြောင့်ဟု ဒေသခံရွာသားများအား မိန့်ကြားခဲ့သည်။
ထက်နောင်နောင်
The Myanma Age

နတ်တလင်းမြို့တွင်ဗလီနှင့် နေအိမ်အချို့ပျက်စီး

နတ်တလင်း၊ မတ် ၂၇။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ယခုနံနက် တစ်နာရီထိုးအချိန်ခန့်တွင် မြို့တွင်းစာတိုက် လမ်းမပေါ်ရှိ ဗလီတစ်လုံးနှင့် နေအိမ်၃လုံး ပျက်စီးသွားကြောင်း မြို့ခံတစ်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“လူတွေကတော့ တစ်ယောက်မှ မရှိတော့ဘူး။ နေ့ခင်းကတည်း ထွက်သွားကြတယ်။” ဟု ဆက်လက်ပြောကြားသည်။ မီးလောင်ခြင်း တစ်စုံတစ်ရာ မရှိကြောင်းနှင့်
ပေါင်းတည်မြို့မှ စစ်တပ်ရောက်ရှိလာကာ လူစုလူဝေးများ ခွဲခိုင်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖျက်စီးကြရာတွင် ကျေးရွာများမှ တက်လာကြသည်ဟု ထင်မှတ်ရသော လူအများစုက ဦးဆောင်ဖျက်စီးကြပြီးမြို့ခံလူအနည်းစုသာ ပါဝင်ကြေင်း မျက်မြင်တွေ့ရှိသူ မြို့ခံ
တစ်ဦး က ပြောကြားသည်။

နတ်တလင်းမြို့နှင့် မိုင်(၃၀)ကွာဝေးသော မင်းလှမြို့တွင် ပုဒ်မ၁၄၄ထုတ်ပြန်ထားပြီး မည်သည်ပြဿနာမျှ မဖြစ်ပွားရန် ထိမ်းသိမ်းထားလျက်ရှိကြောင်း မြို့နယ်အထွေထွေမြို့
နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ အုပ်ဖိုနှင့် ကြို့ပင်ကောက်မြို့ နယ်များတွင်လည်း ဆူပူမှုများ မဖြစ်ပွားစေရန်ပုဒ်မ ၁၄၄ကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများက
ထုပ်ပြန်ကြေညာ၍ အသံချဲ့စက်များဖြင့် လိုက်လံကြေညာထားကြောင်း သိရသည်။
The Myanma Age

စစ်တွေပင်လယ်ကမ်းခြေသဲပုံစေတီပွဲ မြင်ကွင်းဓါတ်ပုံများ(ဓါတ်ပုံသတင်း)

စစ်တွေပင်လယ်ကမ်းခြေသဲပုံစေတီပွဲ မြင်ကွင်းဓါတ်ပုံများ
RSV










နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com