http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူတစ်ဦးထံမှ သေနပ်၊ကျည်ဆံ၊ လက်ကိုင်ဖုန်း ဖမ်းဆီးရရှိ

မတ်လ ၁၉ ရက်နေ့ ညဆယ်နာရီခန့်က မောင်တောမြို့နယ်၊ မြောက်ပိုင်း၊နယ်မြေ(၂)အပိုင်၊ သက်ကိုင်းညာကျေးရွာအနီးတွင် တံရားခံပြေးနှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး၊
၂၀ ရက်နေ့ နံနက် ကိုးနာရီခန့်တွင် တမန်းသားကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာဘက် ကမ်း၊ သုဿာန်အနီး တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး နောက်

ထပ်မံပြီး မင်္ဂလာညွှန့်စံပြကျေးရွာအနီးရှိ လမ်းမပေါ်မှ တဆင့် ရဲစခန်းအနီးသို့ ချဉ်းကပ်လာသော ဘင်္ဂလီတစ်ဦးအား မသင်္ကာသဖြင့်စစ်ဆေးရာ ထိုဘင်္ဂလီ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူဖြစ်ကြောင်းသိရသည်။

ယင်းဘင်္ဂလီ၏ လက်ထဲတွင် မြန်မာငွေ ၃ သိန်းခန့် တန်ဖိုးရှိသော ပြောင်းရှည်ပီစတို တစ်လက်နှင့် တစ်တောင့်လျင် မြန်မာငွေ ၈ ထောင်ခန့်တန်ဖိုးရှိသော ကျည်ဆံ ၆ တောင့်၊ ဘင်္ဂလားဒေ့ရှ်တာကာငွေ ၂ သောင်း ခန့် တန်ဖိုးရှိ အဆင့်မြင့် လက်ကိုင်ဖုန်းတစ်လုံး ၊ တို့ကို တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးက ကြိမ်ချောင်းရဲစခန်းသို့ပို့ဆောင်ကာ ယင်းမှတစ်ဆင့် နစကဌာနချုပ်(ကျီးကန်းပြင်)သို့ ပို့ဆောင်လိုက် သည်ဟု သိရသည်။ ၂၀ ရက်နေ့သတင်းများအရ အဆိုပါဖမ်းဆီးမိသူများကို ကျီးကန်းပြင်ထောင် တွင် ယာယီထောင်ချထားလိုက်ပြီဖြစ်ကြောင်းသိရသည်။
RSV

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်


ယနေ့(၂၀-၃-၂၀၁၃)ရက်နေ့ နက်(၉း၀၀)ခန့်ကဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် (မူဆလင်)သို့ ဦးခင်မောင်ဝင်း+ဒေါ်အေးအေးနိုင်-တို့က ရွှေဆံကုတ်(ဘီးကုတ်)လာရောင်းပါသည်။ ဦးခင်မောင်ဝင်း(၄၆) နှစ် ဒေါ်အေးအေးနိုင်(၄၅)နှစ်နှင့်အတူ ကလေးနှစ်ယောက်လည်း ပါလာပါသည်။

ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ်လိုက်သည်။ ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆိုသည့် အခါ “ဒီကောင်မ လူးပါးဝတယ်၊ ပြန်ဆက်မပေးနိုင်ဘူး”ပြောကာ ဆိုင်ရှင်မြင့်မြင့်အေးနှင့် အစ်မက လင်မယားနှစ်ယောက်လုံးကို ပါးစရိုက်သည်။ ထို့နောက် ဒေါ်အေးအေးနိုင် လည်ပင်းကို ဝါးလုံးဖြင့် ထောက် ဦးခင်မောင်ဝင်း(၄၆)ကို ဒေါ်မြင့်မြင့်အေးက လက်ကိုချုပ်ထားချိန်တွင် ဒေါ်အေးအေးနိုင်မှ ကယ်ကြပါဦး- ကျွန်မတို့ကို ရိုက်နေပြီ အော်ဟစ်အကူညီတောင်းသည်။

ဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အလုပ်သမားဦးညီညီတို့က ဦးခင်မောင်ဝင်းခေါင်းကို နှစ်တစ် ဒုတ်ဖြင့် ရိုက်သည်။ ဆိုင်ထဲ ခိုးဝင်၍ ရိုက်ကြောင်း၊ အော်ဟစ်ပြောဆိုပြီး ရိုက်ခြင်းဖြစ်သည်။ ဈေးဆိုင်များရှိ ဆွေမျိုးတော်စပ်သူ မူဆလင်များကပါ ဝိုင်း၍ ရိုက်နှက်ကြသည့်အခါ ပတ်ဝန်းကျင်ရှိ မြန်မာများက မတရားမလုပ်နှင့်ဟု ဝိုင်းအော်ကာ ရဲစခန်းကို ဖုန်းဆက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် အကြာမှာ ရဲများရောက်လာပြီး နယူးဝိန့်စိန် ရွှေဆိုင်(မူဆလင်ဆိုင်) ပိတ်ပစ်လိုက်ပြီး ဦးထွန်းထွန်းဦးနှင့် ဦးညီညီတို့ကို ဖမ်းဆီးသွားသည်။ ချုပ်ပေးသော မူဆလင် အမျိုးသမီးဒေါ်ဘုတ်ပွ၊ ဒေါ်နက်တီနှင့် ဆိုင်ရှင်ဒေါ်မြင့်မြင့်အေးတို့က ဘေးပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည်။

ရဲများရောက်ချိန်တွင် (၁၀း၀၀)နာရီကျော်ခန့် ရှိနေပြီး လူအုပ်က အယောက်ငါးဆယ်ကျော်ခန့် ရှိနေပြီဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင်နှင့် ဘေးချင်းကပ် ဆွေမျိုးတော်စပ်သူ တော်ဝင်ရတနာအပေါ်ထပ်သို့ ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မနှစ်ယောက် ပုံးအောင်းနေသည်ထင်ကာ ရဲများကို သတင်းပို့ပြီး ရဲများနှင့်အတူ တက်ရှာသော်လည်း ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မကို မတွေ့ရဘဲ အသက်နှစ်ဆယ်ကျော် ကလေးမလေးနှစ်ယောက်သာ တွေ့ခဲ့ရသည်။ ကလေးမလေးနှစ်ယောက်ကို ရဲများက ဦးဆောင်ခေါ်သွားရာ မြို့မိမြို့ဖများ ကလေးမလေးနှစ်ယောက်ကို ဝန်းရံပြီး အကာအကွယ်ပေးကြသည်။ ကလေးမလေးနှစ်ယောက်ကို ခဲဖြင့်ပေါက်သူများရှိသော်လည်း မထိမှန်ဘဲ ဝန်းရံသူများကိုသာ ထိမှန်ခဲ့သည်။ ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားကြ၍ ဦးခေါင်းမထိခြင်းဖြစ်သည်။

ရဲစခန်းရောက်ချိန်တွင် စခန်းရှေ့မှာ လူစုလူဝေး အတော်များနေပြီဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ မေတ္တာရပ်ခံမှုကြောင့် မြို့မိမြိုဖများက လူစုခွဲပေး၍ မနက်(၁၁း၀၀)အချိန်တွင် လူစုကွဲသွားကြပြီး ဖြစ်သည်။

ရဲစခန်းမှာ လူစုကွဲသွားချိန်တွင် နယူးဝိန့်စိန် ရွှေဆိုင်မှာ လူအုပ်ကြီးအင်အားများလာကာ မွန်းလွဲ(၁း၀၀)ခန့်တွင် စတင်ဖျက်ကြခြင်းဖြစ်သည်။ နယူးဝိန့်စိန် ရွှေဆိုင်နှင့် တော်ဝင်ရတနာ ရွှေဆိုင်၊ ရွှေနန်းတော် ရွှေဆိုင်နှင့် ယွန်းဝတီကျော်ရွှေဆိုင်တို့ အဖျက်ခံရသည်။ အားလုံး သုံးထပ်တိုက် ကြီးများဖြစ်သည်။ မြန်မာပိုင် “တိုင်းချစ်”ရွှေဆိုင်တစ်ဆိုင်လည်း အဖျက်ခံလိုက်ရသည်။ လူအုပ်ကိုကြောက်၍ ထွက်ပြေးသွားပြီး သာသနာ့အလံနှင့် ဘုရားပုံမြင်သာအောင်ချိပ်ခဲ့သော်လည်း တစ်ဝက်ခန့်ပျက်သွားခဲ့သည်။

လုံခြုံရေးများက ဗလီအားလုံးရှေ့မှာ ဒိုင်းများ၊ တုတ်များနှင့် နေရာယူပေးထားပြီး ရဲသုံးဆယ်ခန့်က ဖျက်နေသော နေရာတွင် ရပ်ကြည့်နေကြသည်။ သံဃာများရောက်လာပြီး တစ်ခြား ဘက်လမ်းကြောင်း မပြောင်းရလေအောင် ကာကွယ်စောင့်ရှောက်ကြသည်။ ရဲများနှင့် သံဃာများကို လမ်းကြောင်း ပြောင်းမသွားပါဘူး ကတိပေးပါတယ်။ဟု အော်ပြောကာ တိုက်များကို ဖြိုဖျက်ခဲ့လေသည်။

ထိုအချိန်တွင် မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်း ဟံဇားရွာမှ အသက်(၄၀)ဝန်းကျင်ရှိ ရဟန်းတော်တစ်ပါး ဆိုင်ကယ်ဖြင့် လာသည်ကို ဒဟတ်တန်း မူဆလင်ရပ်ကွက်မှ ဓားဖြင့်ခုတ်လိုက်ရာ နားရွက်အထက် နောက်စေ့ ခုတ်မိပြီး လဲကျသွားသည်။ ဆိုင်ကယ်မောင်းလာသူက တောင်းပန်သော်လည်း လုံးဝမရဘဲ ဗလီထဲစွဲယူသွားကာ အက်ဆစ်နှင့်ပက် ဓာတ်ဆီနှင့်လောင်းပြီး မီးရှို့သတ်ပစ်လိုက်ပါသည်။ ကားကြီးဝန်းလမ်းဆုံ လမ်းမကြီးပေါ်တွင် သွေးကွက်နှင့် သင်္ကန်းသာ ကျန်ခဲ့သည်။

ဘုန်းကြီးတစ်ပါး မီးရှို့အသတ်ခံရသည့် သတင်းပျံ့သွားသည့်အခါ လူစုကွဲစ ပြုနေသော လူအုပ်ကြီးသည် ဒဟတ်တန်း မူဆလင်ရပ်ကွက်သို့ ချီတက်တိုက်ခိုက်ကြပြန်ရာ မြို့မဗလီ မီးလောင်ပျက်ဆီးသွားသည်။ မူဆလင်များက မြန်မာအိမ်များကို အပြန်အလှန် မီးရှို့ကြပြီး ဒဟတ်တန်းရပ်ကွက်သည် မူဆလင်ရပ်ကွက်ဖြစ်ရာ ကျွံဝင်လာသော မြန်မာများ အထိနာခဲ့သည်။ ဆေးရုံတွင် ဒဏ်ရာရ (၁၆)ယောက်တွင် သုံးယောက်ပြင်းထန် ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ မူဆလင်(နှစ်ယောက်လည်း) ဆေးရုံတက်ကုသနေရသည်။ မြန်မာတစ်ယောက် ဆေးရုံမှာ ထပ်မံသေဆုံးသွားပြီး ကုလားဗမာ ခွဲခြားမရသော မီးလောင်အလောင်း တစ်ခုကို ကုလားရွာမှ ရရှိခဲ့သည်။

ထိုသို့ အပြန်အလှန် တိုက်ခိုက်နေချိန်တွင် မူဆလင်တစ်ယောက်က ဆယ်ဘီးကားဖြင့် လိုက်တိုက်နေ၍ မြန်မာတစ်ယောက်က လေးခွဖြင့် ပစ်လိုက်ရာ မျက်စိထိမှန်သွားပြီး တိုက်တစ်လုံးကို ဝင်ဆောင့်ပြီး ရပ်သွားခဲ့သည်။ လူအုပ်ကြီးက ယဉ်မောင်းကို ဆွဲချပြီး မီးရှို့ပစ်လိုက်ကြသည်။ ၄င်းသည် မိတ္ထီလာဆေးရုံမှ မန္တလေးသို့ အသွားတွင် အသက်ရှူရပ်သွား၍ ၄င်းကို ခေါ်လာခဲ့ရပြီး ည(၁း၀၀)ခန့် ရောက်မှ ဆုံးသွားခြင်းဖြစ်သည်။

ည(၈း၀၀)ကျော်မှ (၉း၀၀)ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး (၁၀း၀၀)နာရီရောက်မှ ပြီးဆုံးသွားခဲ့သည်။ ၁၄၄-အမိန့်ကိုလည်း မြို့ထဲလှည့် ကြေညာခြင်း၊ လုံခြုံရေးတပ်ရင်းများ အုပ်စီးမိသွား ခြင်းကြောင့် ပြီးဆုံးသွားခြင်း ဖြစ်သည်။

မူဆလင်များသည် အမျိုးသမီးများ၊ ကလေးသူငယ်များ အဖိုးအဖွားများကို တင်ဆောင်ကာ ကားတန်းကြီးဖြင့် တောင်ကြီးဖက်သို့ ဦးတည်မောင်းသွားကြကြောင်း သိရသည်။ (၁၀း၃၀)ကျော်တွင် မြန်မာရပ်ကွက်ရှိ ဗလီများအားလုံးနီးပါး မီးရှုံ့ခံရပြီး မူဆလင်ရပ်ကွက်နှင့် ကျေးရွာများမှာ ပုံမှန်အနေအထား အတိုင်းသာ တည်ငြိမ်လျက်ရှိပါသည်။

မိတ္ထီလာတွင် ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ တောင်ငူစသော မြန်မာပြည် အနှံ့အပြားမှ ထွက်ပြေးလာသူများ ခြေချလျက်ရှိကြောင်း၊ ငွေကျပ်တစ်သိန်းရှစ်သောင်းတန်ကို ငါးသောင်းဖြင့် ဈေးဖြတ်ရာမှ စခဲ့ကြောင်း၊ တစ်ခြားဆိုင်မှ ရွှေထည်မဟုတ်ဘဲ ကိုယ့်ဆိုင်မှ ရွှေထည်ကိုပင် ဈေးနှိမ်ခြင်း၊ မောက်မာခြင်း၊ အုပ်စုဖွဲ့ရိုက်ခြင်းများ ပြုလုပ်ရာမှ စခဲ့ကြောင်း၊ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှုံ့ခံရ၍ သေဆုံးရာမှ ဗလီများသို့ လမ်းကြောင်းပြောင်းသွားခြင်း ဖြစ်ကြောင်း၊ ရွှေပြန်ရောင်းသည့် မိသားစုသည် မနက်ဖြန်အလှူပေးဖို့ ငွေလိုအပ်၍ လာရောက်ရောင်းချင်ခြင်း ဖြစ်ကြောင်း၊ ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဖြစ်ကြောင်း၊ အသတ်ခံရသည့် ဘုန်းကြီးသည်လည်း နက်ဖြန်အလှူတွင် လှူဒါန်းရန် တရားစာအုပ်များ လာဝယ်ခြင်းဖြစ်ကြောင်း ဝမ်းတွင်း ဟံဇားရွာမှ ဖြစ်ကြောင်းသိရသည်။
FB-Wira Thu

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် နောက်ဆုံးရသတင်း

မနေ့က (မတ်လ ၂၀)ရက်နေ့ နေ့လည်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နဲ့ ပက်သက်၍ RFA က ဒီကနေ့မနက် ၂၁ ရက်နေ့ မနက် ၅ နာရီ ၂၀ မိနစ်တွင် ဆက်သွယ်မေးမြန်းရာ မိတ္ထီလာမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "ဝန်ဇင်းကန်ဘောင်ပတ်ဝန်းကျင်တွင် လူ ၂၀ ခန့်စုရုံးနေသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရန် ပြင်ဆင်နေကြောင်း၊မနေ့ညက ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အမိန့်ကို ချိုးဖောက်သူများ မတွေ့ရှိရကြောင်း၊မနေ့နေ့လယ် ဖျက်ဆီးခံခဲ့ရသည့် ဆိုင်ခန်းနှင့်နေအိမ်အချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်ကြည့်ရှုပေးနေကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

မိတ္ထီလာပြည်သူ့ဆေးရုံကြီး (အရေးပေါ်ဌာန)က တာဝန်ရှိသူတစ်ဦးကလည်း
ယခုအချိန်ထိ ထိခိုက်ဒဏ်ရာရရှိသည့် လူနာ ၂၀ ခန့်သာ တက်ရောက်ဆေးကုသမှုခံယူနေကြောင်း RFA ကဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
RFA Burmese

အရင်းနှစ်တွေထက်ပိုလာတဲ့ အပူရှိန်ကြောင့် မကွေးတိုင်းမှာ အခက်အခဲတွေ့(ရုပ်/သံ)

အခုနှစ် နွေဦးရာသီမှာ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း အရင်နှစ်တွေထက် အပူရှိန်ပြင်းထန်ပြီး ကျွဲနွားတိရိစ္ဆာန်တွေပါ အစာရေစာရှားပါးမှု ကြုံတွေ့နေရပါတယ်။ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။

RFA Burmese

ကျေးလက်နေ ပြည်သူတို့၏ ဘ၀(ရုပ်/သံ)

မြန်မာပြည် ကျေးလက်လူထုဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် သားသမီးတွေရဲ့ ပညာရေးကို ပံ့ပိုးကူညီနိုင်မှု မရှိသလို၊ ကလေးငယ်တွေဟာလည်း မိဘတွေရဲ့ လုပ်ငန်းခွင်တွေမှာ ဝင်ရောက်ကူညီနေရပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။

RFA Burmese

FEC ငွေတွေကို တန်ဖိုးအတိုင်းပေးပြီး ဈေးကွက်က ရုပ်သိမ်းမည်


အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးတူသတ်မှတ်ပြီး သုံးစွဲနေတဲ့ FEC ငွေလက်မှတ်တွေကို တန်ဖိုးအတိုင်း ပြန်လည်ထုတ်ပေးပြီး ဈေးကွက်ကနေ ရုပ်သိမ်းတော့မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၂၀ ရက် ဒီကနေ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အမေရိကန်ဒေါ်လာအစား ကြားခံသုံးစွဲနေတဲ့ FEC ငွေလက်မှတ်တွေဟာ ဈေးကွက်ထဲမှာ ငွေလဲနှုန်းထားအမျိုးမျိုးဖြစ်နေတာကို တားဆီးသွားဖို့အတွက်ဖြစ်သလို အစိုးရကသက်မှတ်ပေးတဲ့ ဒေါ်လာနှုန်းထားအတိုင်း ဒီလအတွင်း ပြန်လဲပေးမယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားလိုက်တာပါ။

"နိုင်ငံခြားငွေလက်မှတ်များအတွက် FEC များကို ကြားခံထားပြီးနောက် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားအမျိုးမျိုးကို ဖြစ်ပေါ်စေတဲ့အတွက် တန်ဖိုးတူမျှတဲ့ အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ပေးပြီး ပြည်သူများလက်ဝယ်မှာရှိတဲ့ FEC များကို ၂၀၁၃ ခုနှစ် မတ်လမှာ ပြန်လည်ရွေးထုတ်မယ့်အစီအစဉ်ကို အများပြည်သူကို အသိပေးကြေညာချက် ထုတ်ပြန်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံတော်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနဲ့ ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းပြီး စနစ်တကျ စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ဝန်ကြီး ဦးဝင်းရှိန် တင်ပြတဲ့ အဲ့ဒီအစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်ကလည်း သဘောတူ ထောက်ခံလိုက်ပါတယ်။

၂၀၁၂ ခုနှစ်ကုန်အထိ သုံးစွဲခဲ့တဲ့ FEC ငွေလက်မှတ်ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ဖိုး ရှိတယ်လို့ သိရပါတယ်။
RFA Burmese

အမေရိကန်သမ္မတစီးသည့်ကား လောင်စာဆီ မှားထည့်မိသဖြင့် စက်ချွတ်ယွင်း

အိုဘားမား၏ အစ္စရေးခရီးစဉ်အတွင်း အမေရိကန်သမ္မတ စီးနင်းလိုက်ပါလေ့ရှိသည့် "Beast" ကျည်ကာဇိမ်ခံ မော်တော်ကားများအနက်မှ တစ်စီးမှာ လောင်စာဆီ မှားယွင်းထည့်မှုကြောင့် စက်ချွတ်ယွင်းမှုဖြစ်ခဲ့ကြောင်း သိရသည်။ စက်ချွတ်ယွင်းမှု ဖြစ်ပေါ်သည့်ကားမှာ ဝါရှင်တန်မှ တိုက်ရိုက် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အိုဘားမား၏ သုံးရက်ကြာ ခရီးစဉ်စဉ်အတွင်း ပထမဆုံး မမျှော်လင့်သည့်ချွတ်ယွင်းမှု ကြုံရခြင်းလည်းဖြစ်သည်။
Add caption
(အစ္စရေးသမ္မတ အိမ်တော်အပြင်ဘက်တွင် ရပ်ထားသည့် အမေရိကန်သမ္မတ စီးနင်းသော မော်တော်ကား)

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယန်လေဆိပ်တွင် ရပ်နားထားစဉ် ဓာတ်ဆီအစား ဒီဇယ်ထည့်မိသဖြင့် စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ပြီးနောက် သမ္မတ စီးနင်းသည့် အခြား ကားတစ်စီးကို ဂျော်ဒန်မှ သယ်ယူခဲ့ရကြောင်း RT News တွင် ဖော်ပြသည်။ အမေရိကန်သမ္မတ အိုဘားမားသည် အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ လေဆိပ်သို့ရောက်ရှိလာပြီးနောက် လေဆိပ်မှ ဂျေရုဆလင်မ်သို့ သမ္မတရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားသည်။
(အမေရိကန်သမ္မတ အိုဘားမားကို အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက ကြိုဆိုနှုတ်ဆက်စဉ်)
သမ္မတအိုဘားမား၏ ရဟတ်ယာဉ်အား ဘလက်ဟော့ခ်ရဟတ်ယာဉ်များက လိုက်ပါစောင့်ရှောက်ခဲ့ကြသည်။ အိုဘားမားသည် ၎င်း၏ခရီးစဉ်အတွင်း လုံခြုံရေးအရာရှိများ အပါအဝင် လူအင်အားနှင့် ပစ္စည်းပစ္စယ အများအပြား ပါရှိလာခဲ့ခြင်းအတွက် အစ္စရေးတာဝန်ရှိသူများအား အစောပိုင်းက တောင်းပန်စကားဆိုခဲ့သေးသည်။ "Beast" ဟု ခေါ်ဝေါ်ကြသည့် အမေရိကန်သမ္မတ စီးနင်းလေ့ရှိသည့် ကျည်ကာဇီမ်ခံ မော်တော်ကားမှာ သေနတ်ဖြင့် ပစ်ခတ်မှုအပြင် ဇီဝ၊ ဓာတုနည်းဖြင့် တိုက်ခိုက်မှုကိုပင် ခံနိုင်အောင် အဆင့်မြင့် ပြုပြင်ထားကြောင်း သိရှိရသည်။
Source: RT
Planet Myanmar Network

အမေရိကန်သမ္မတ အိုဘားမား အစ္စရေးလ်ရောက်ရှိ

20.03.2013
အမေရိကန်နဲ့ အစ္စရေးလ်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးဟာ ထာဝရ တည်တံ့ခိုင်မြဲတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရတ်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ သမ္မတဖြစ်လာချိန် ကတည်းကဆိုရင် အစ္စရေးလ်နိုင်ငံဆီ ပထမဆုံး ခရီးစဉ်အစမှာ သမ္မတအိုဘားမားက အဲ့ဒီလိုပြောခဲ့တာပါ။

အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ယာမင် နတန်ယာဟု (Benjamin Netanyahu) နဲ့ သမ္မတ ရှီမွန် ပဲရက်စ် (Shimon Peres) တို့က Ben Gurion လေဆိပ်မှာ သမ္မတ အိုဘားမားကို အခမ်းအနားနဲ့ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။

အစ္စရေးလ်နိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်လို့ နှစ်ဦးစလုံးက ခေါ်ဆိုတဲ့ ကိစ္စအပေါ် မစ္စတာအိုဘားမားက ကာကွယ် ပြောဆိုခဲ့တဲ့အတွက် မစ္စတာ နတန်ယာဟု က ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

မိမိတို့ နှစ်နိုင်ငံအကြား မကျိုးပျက်နိုင်တဲ့ ဆက်ဆံရေးကို ထပ်လောင်း အတည်ပြုလို တာကြောင့် သူ့ရဲ့ ဒုတိယသမ္မတသက်တမ်း အတွက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အစ္စရေးလ်နိုင်ငံဆီ လာရောက်ခဲ့တာဖြစ်တယ်လို့ မစ္စတာအိုဘားမားက ပြောခဲ့ပါတယ်။

အစ္စရေးလ်လူထုနဲ့ သူတို့ရဲ့အိမ်နီးချင်းတွေကို သူ တိုက်ရိုက်စကားပြောချင်ပြီး မြင့်မြတ် တဲ့မြေမှာ ငြိမ်းချမ်းရေးရရမယ်လို့ သူ ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။
VOA Burmese Fan Page

မိတ္ထီလာမြို့ပဋိပက္ခနှင့်ပတ်သက်၍ ၈၈မျိုးဆက်မှ အရေးတကြီး သဘောထား ထုတ်ပြန်(ရုပ်/သံ)

21 March 2013 00:49
ယနေ့ (မတ်လ၊ ၂၀ ရက်)၌ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ပဋိပက္ခနှင့်ပတ်သက်၍ ၈၈မျိုးဆက်မှ အရေးတကြီး သဘောထား ထုတ်ပြန်

88 Generation Students
88 Generation Students

မိတ္ထီလာမြို့မှာ ဒီကနေ့ မတ် ၂၁ က စလို့ အခြေအနေတွေ ငြိမ်ဖို့ ရှိ

မိတ္ထီလာမြို့မှာ မနေ့ည ၉ နာရီနောက်ပိုင်းကစလို့ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြီးနောက်ပိုင်းမှာ ဒီကနေ့ မတ် ၂၁ က စလို့ အခြေအနေတွေ ငြိမ်ဖို့ ရှိတယ်၊ လူအုပ်နဲ့ အနိုင်ကျင့်လို့ ရမှာ မဟုတ်တော့ဘူးလို့ မိတ္ထီလာအမတ် ဦးဝင်းထိန်က ညဥ့်သန်းခေါင်ကျော် အချိန်မှာပဲ ဘီဘီစီကို ပြောပါတယ်။

အခြေအနေတွေကို ပြေလည်အောင် ကြိုးစားရမယ်၊ မိတ္ထီလာမြို့ဟာ နဂိုကထဲက မြန်မာမွတ်ဆလင်တွေ အများကြီး နေထိုင်ကြတဲ့ မြို့ဖြစ်ပြီး အားလုံး ပြေပြေလည်လည် ရှိကြတယ်၊ အခုမှ ရုတ်တရက် ထဖြစ်တာပါလို့ သူက သုံးသပ်ပါတယ်။

ညတွင်းချင်း အနီးပတ်ဝန်းကျင် ရွာတွေက ကားတွေနဲ့ တုတ်တွေ၊ ဓားတွေ ကိုင်ပြီး တက်လာကြလို့ တားခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးလည်းဖြစ်သူ ဦးဝင်းထိန်က ပြောပါတယ်။

တောကြောင်တွေလို့ခေါ်တဲ့ ပြဿနာပေါ်မှာ အမြတ်ထုတ်သူတွေ ရှိတယ်၊ ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ ကဲ့လာသူတွေလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။

အာဏာပိုင်တွေဟာ ဒီလိုကိစ္စတွေကို မကြုံဘူးတော့ စနစ်တကျ ကိုင်တွယ် ဆောင်ရွက်တာကို မလုပ်နိုင်ကြဘူး။ ညမှောင်မိုက်တဲ့ အချိန်လည်း ဖြစ်၊ လူအုပ်ကလည်း ကြီးမားလွန်းတော့ ခပ်လှမ်းလှမ်းကသာ ထိန်းသိမ်းဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း လုံခြုံရေးဝန်ကြီးကိုယ်တိုင် ဆင်းချလာပြီး အခြေအနေတွေကို ကွပ်ကဲ ဆောင်ရွက်နေသလို တပ်ကို မသုံးဘဲ ရဲတပ်ဖွဲ့ အင်အားနဲ့သာ ထိန်းသိမ်း ဆောင်ရွက်ခဲ့လို့ အထိုက်အလျောက်ပဲ ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ တပ်အရာရှိဟောင်းတဦးလည်းဖြစ်တဲ့ ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

မတ် ၂၀ မနက်ပိုင်းက မိတ္ထီလာမြို့၊ ရွှေဆိုင်တဆိုင်မှာ ရွှေလာရောင်းရာက နှစ်ဘက် အချေအတင်ဖြစ်ပြီး ဆိုင်ပိုင်ရှင် မွတ်ဆလင်က ရွှေလာရောင်းတဲ့ ဇနီးမောင်နှံအနက် ယောက်ျားလုပ်သူကို ရိုက်နှက်ခဲ့ရာကနေ နောက်ဆက်တွဲ လူအုပ်နဲ့ ဆိုင်နဲ့ အိမ်တွေ ဖျက်စီး၊ ဘာသာရေးစာသင်ကျောင်းနဲ့ ဗလီတွေ ဖျက်စီး/ မီးရှို့တွေ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
BBC Burmese

မိတ္ထီလာ ပဋိပက္ခနင့်ပတ်သတ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ၏ ယနေ့ည ထုတ်ပြန်ချက်

၁၇း၅၅ အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်-

(က) သံဃာ ၁ ပါး(ဘ...ွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။

(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ (ဘ)ဦးလှထွန်း၊ ၀မ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်း ပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။

(ဂ ) ကိုမင်း(၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။

(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/၀ဲနားထင်ပေါက်ပြဲ၊ ၀ဲလက်ဖျံဖူး ရောင်ဒဏ်ရာ(မစိုးရိမ်ရ)။

(င) ကိုဇော်(၂၃)နှစ်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့နေသူ၏ ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက် ပြဲဒဏ်ရာ (မစိုးရိမ်ရ)။

(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။

၂၀၅၅ အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
၂၁၄၅ အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
The Voice Weekly

ကိုမင်းကိုနိုင်က သတင်းစာ ရှင်းလင်းပွဲ

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ညမှာပဲ အရေးပေါ် သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး မိတ္ထီလာအရေးအခင်းကို မန္တလေးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဆရာတော် ဦးဝီရသူ၊ မိတ္ထီလာအမတ် ဦးဝင်းထိန်တို့နဲ့ ဆက်သွယ်ပြီး အကောင်းဆုံး ထိန်းညှိနိုင်ရေး ကြိုးစား ဆောင်ရွက်နေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့လည်း အခြေအနေတွေ အမြန်တည်ငြိမ်သွားအောင် ကူညီဆောင်ရွက်ဖို့အတွက် ကိုမင်းကိုနိုင် ဦးဆောင်လို့ မိတ္ထီလာကို ညတွင်းချင်း ထွက်ခွာကြပါတယ်။

မျက်မှောက် မြန်မာ့နိုင်ငံအရေး အပြောင်းအလဲတွေမှာ ရရှိထားတဲ့ တည်ငြိမ်မှုတွေ မပျက်စီးအောင်နဲ့ အသက်၊ သွေး၊ ချွေးတွေ ရင်းနှီးပြီးမှ ရထားတဲ့ လမ်းကြောင်းတခုကို မပျောက်ပျက်အောင် သူတို့အနေနဲ့ စွမ်းအားရှိသမျှ ဆောင်ရွက်မယ်လို့လည်း ကိုမင်းကိုနိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
BBC Burmese

တပ်မတော်နေ့(သို့)နှစ်ဆန်းတစ်ရက်နေ့တွင်နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရန် နိုင်ငံရေးသမားများ မျှော်လင့်


ရန်ကုန်၊ မတ် ၂၀။
လက်ကျန် နိုင်ငံရေး အကျဉ်းသားများအား အစိုးရ တာဝန်ရှိသူများမှ စိစစ်၍ လွှတ်မြောက်ပေးမည့် သတင်းများ ထွက်ပေါ်နေသည့် အပေါ် ကြိုဆိုကြောင်း အမြန်ဆုံး လွတ်မြောက် လာရန်လည်း မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

နိုင်ငံရေး အကျဉ်သားများ ထပ်မံလွှတ်ပေးမည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံ၏ နေ့ထူးနေ့မြတ်များတွင် လွှတ်ပေးသည်ကို ကြိုဆိုပြီး အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးခြင်းဖြင့် နိုင်ငံအတွက်လည်း အကျိုးများစွာရှိကြောင်း၊ အမေရိကန် အပါအဝင် ဥရောပ နိုင်ငံများ၏ နိုငံခြားရင်းနှီး မြုပ်နှံမှုများ တိုးတက် လာနိုင်ပြီး နိုင်ငံ ဂုဏ်သိက္ခာလည်း ရှိစေနိုင်ကြောင်း
ပြောကြားသည်။ နိုင်ငံရေး အကျဉ်းသားများအား တပ်မတော်နေ့နှင့် မြန်မာ နှစ်ဆန်း တစ်ရက်နေ့များတွင် လွှတ်ရန်ရှိနေသည်ဟု သတင်းအချို့ ထွက်ပေါ်နေပြီး ထိုနေ့များသည် နိုင်ငံရေးဖြင့် အကျဉ်းကျနေသူများ၏ လွတ်မြောက်ခွင့်အတွက် မျှော်လင့်ရသော နေ့လည်း ဖြစ်သည်ဟု နိုင်/ချုပ်အဖွဲ့ဝင် တစ်ဦးဖြစ်သူက ပြောကြား သည်။

“အဖြစ်သဘော မီဒီယာ စာမျက်နှာပေါ်မှာထက် စာရင် လက်တွေ့လုပ်ဆောင်တာကိုပဲ လိုချင်တယ်”ဟု လက် ကျန်နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွှတ်ပေးမည့် သတင်းအပေါ် ပြောကြားသည်။ လက်ရှိအချိန်ထိ မြန်မာ နိုင်ငံ အနှံ့ရှိ ထောင်များအတွင်း၌ နိုင်ငံရေးအကျဉ်းသား
ဦးရေ နှစ်ရာကျော် ကျန်ရှိနေပြီး၊ လက်ကျန်နိုင်ငံရေး အ ကျဉ်းသားများ စိစစ်ရေး ကော်မတီမှ နိုင်ငံရေး အကျဉ်းသား ဟု ထင်မြင်ယူဆရသော အကျဉ်သားများအား စိစစ်၍ စာရင်းကို
အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်း၍ နိုင်ငံတော် သမ္မတ ထံသို့ တင်ပြကြောင်း၊ ကော်မတီအနေဖြင့် အကျဉ်းသားများအား လွှတ်ပိုင်ခွင့် အာဏာမရှိကြောင်း၊ ထွက်ပေါ်နေသည့် သတင်း
များအပေါ် လွတ်မည်ဟု အတိအကျ မပြောနိုင်သေးကြောင်း၊ သို့သော်လည်း ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရန် မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်းမှလည်း ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများအား ယခင်က လွှတ်သကဲ့သို့ အခြားအကျဉ်းသားများနှင့် ရောမလွှတ်ဘဲ နိုင်ငံရေး အကျဉ်းသား ဟူသော ခေါင်းစဉ်အောက်မှသာ သီးခြားလွှတ်ခြင်းဖြင့် နိုင်ငံတကာတွင် ဂုဏ်သိက္ခာ ရှိစေနိုင်ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများက သုံးသပ်ကြသည်။ ထောင်အသီးသီးတွင်
ကျန်ရှိနေသော အကျဉ်းသားများအား စာရင်း အတိအကျကို အစိုးရ တာဝန်ရှိသူများ အနေဖြင့် သိရှိပြီး ဖြစ်သောကြောင့် နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ရန် ခက်ခဲသူများ၊ တာဝန်ရှိသူများနှင့် ကော်မတီတို့ကြား အငြင်းပွားဖွယ် ဆွေးနွေးရမည့် အကျဉ်းသားများမှ လွဲ၍ ကျန်နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် လိုအပ်သည်ဟု နိုင်/ချုပ်အဖွဲ့ဝင် ကိုနန္ဒာစစ်အောင်က ပြောကြားသည်။

အပြစ်မဲ့ ဖမ်းဆီး ထိန်းသိမ်းထားသည့်အတွက် တိုင်းပြည်အတွက် အကျိုး မရှိနိုင်ဘဲ တိုင်းပြည် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အဟန့်အတား ဖြစ်စေနိုင်ခြင်းနှင့် အကျဉ်းထောင် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံသောကြောင့် ၎င်းတို့၏ ကျန်းမာရေးကို စိုးရိမဖွယ် ဖြစ်နေ
ရသောကြောင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ရန် နေ့စဉ်မျှော်လင့်လျက် ရှိကြသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။
ဝေယံ
The Myanma Age

မိတ္ထီလာမြို့မှ ရွှေဆိုင် ပဋိပက္ခ ဗွီဒီယိုအပိုင်(၂)(ရုပ်/သံ)


Mar 20, 2013 9:31am

နောက်ဆုံးဝင်ရောက်လာသည့် မိတ္ထီလာမြို့မှ ရွှေဆိုင် ပဋိပက္ခ ဗွီဒီယိုမှတ်တမ်(ရုပ်/သံ)


Mar 20, 2013
မိတ္ထီလာမြို့မှ ရွှေဆိုင် ပဋိပက္ခ ဗွီဒီယိုမှတ်တမ်း ဖြစ်ပါသည်။
M-Media
Source: ဧပ၇ယ်မောင်မောင်

မိတ္ထီလာတွင် ရွှေဆံကုပ် ရောင်းချရာမှု ပဋိပက္ခဖြစ်

မိတ္ထီလာ၊ မတ် ၂၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် ယနေ့နံနက် ၉နာရီ ခန့်က ရွှေဆံကုပ် လာရောင်းသော ဇနီးမောင်နှံ နှင့် ရွှေဆိုင်ပိုင်ရှင်တို့ ခိုက်ရန်ဖြစ်ပွားရာ ဒေသခံလူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာမြို့ ကွက်ငယ်အုပ်စု ပြန်ကောက်ရွာတွင် ခေတ္တ လာရောက်နေထိုင်သူ ဦးခင်မောင်ဝင်း (၄၅နှစ်) နှင့် ဇနီးဖြစ်သူ ဒေါ်အေးနိုင်(၄၆နှစ်) တို့သည် မိတ္ထီလာမြို့မဈေး အရှေ့ဘက်တန်းရှိ ဝိန့်စိန်ရွှေဆိုင်သို့ ရွှေဆံကုပ်တစ်ခုကို မတ်လ ၂၀ရက်နေ့ နံနက် ၉နာရီခွဲခန့်တွင် လာရောက် ရောင်းချ၍ ရွှေမှတ်ကျောက်တိုက်ရာမှ ရွှေဆံကုပ် ကျိုးသွားခဲကြောင်း၊ ယင်း ဆံကုပ်ကိုလည်း မူလပြောထားသည့် ကျပ်တစ်သိန်းနှစ်သောင်း မပေးဘဲ ကျပ်ငါးသောင်းရှစ်ထောင်ခန့်ဖြင့်သာ ဈေးဖြတ်ခဲ့သည့်အတွက် ရွှေရောင်းချသူ ဦးခင်မောင်ဝင်းနှင့် ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးတို့အကြား စကားများရာမှ ဦးထွန်းထွန်းဦးက ဦးခင်မောင်ဝင်းကို လက်သီးဖြင့် စတင်ထိုးခဲ့သည်ဟု ဦးခင်မောင်ဝင်းက ပြောကြားသည်။

“ကျွန်တော့်ကို လက်သီးနဲ့ထိုးတယ်။ နောက် ဆိုင်ထဲက လူနှစ်ယောက်နဲ့ ဆိုင်ရှင်ရဲ့ အမျိုးသမီး ထွက်လာပြီး ဝိုင်းရိုက်ကြတယ်။ ဘေးဆိုင်က လူရှစ်ယောက်လောက်ကပါ ဝိုင်းရိုက်မလို့ လာကြတာ။ ကျွန်တော်လည်း လမ်းမပေါ် ထွက်ပြေးပြီး အကူအညီ တောင်းခဲ့ရတယ်” ဟု ၎င်းကဆိုသည်။ ယင်းသို့ ဝိုင်းဝန်းရိုက်နှက်ရာ ဦးခင်မောင်ဝင်းကို လေးချက်ခန့် ရိုက်မိခဲ့ပြီး ရိုက်နှက်သည့် တုတ်တွင် သံပါသည့်အတွက် ဦးခေါင်း ပေါက်ပြဲခဲ့သည်ဟု ဦးခင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါ ရွှေရောင်းချသူကို ရိုက်နှက်ခဲ့သည့် လူတစ်စုသည် ပတ်ဝန်းကျင်ရှိ လူများရောက်လာချိန်တွင် အနီးနားရှိ ရွှေဆိုင်များအတွင်း သို့ ဝင်ရောက် ထွက်ပြေးသွားခဲ့ရာမှ လူထုက မကျေမနပ်ဖြစ်ကာ ယင်းရွှေဆိုင်များ ကို ဝိုင်းထားခဲ့ကြောင်း ယင်းဈေးရှိ ဈေးသူဈေးသားများက ပြောကြားသည်။

“ကျွန်မ အမျိုးသားကို အသေသတ်ဆိုပြီး ဝိုင်းရိုက်တယ်။ ကျွန်မအကူအညီတောင်းမှ ဘေးကလူတွေက ဝိုင်းဖျန်ဖြေပေးကြတယ်” ဟု အရိုက်ခံရသူ၏ ဇနီးဖြစ်သူ ဒေါ်အေးအေးနိုင်က ဆိုသည်။

ယင်းသို့ ရွှေဆိုင်များအတွင်း ရွှေဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အပေါင်းအပါများဝင်ရောက် ပုန်းခိုနေသည်ဟုယူဆ၍ ရွှေဆိုင်များကို ဖျက်ဆီးနေသော ဒေသခံလူစုကို မိတ္တီလာခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး မောင်မောင်မြင့် ဦးဆောင်၍ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ နှင့် လူမှုရေးအသင်းအဖွဲ့များ ဝိုင်းဝန်းဖျန်ဖြေခဲ့သော်လည်း လူစုမကွဲသေးသည့် အတွက် သက်ဆိုင်ရာ မြို့နယ် သံဃာတော်များ လာရောက်ဖျန်ဖြေပေးခဲ့ရာ ညနေသုံးနာရီခွဲခန့်တွင် လူစုကွဲသွားခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေများက ပြောကြားသည်။

ယင်း ရွှေဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အပေါင်းပါနှစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း၊ ယင်းပုဂ္ဂိုလ်များ၏ ဓါတ်ပုံများကိုပြ၍ လူစုကွဲရန် မေတ္တာရပ်ခဲ့ရသည်ဟု မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောကြားသည်။

ယင်း ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး (၂၃)နှစ် ၊ ဒေါ်မြင့်မြင့်အေး (၂၅)နှစ် နှင့် ညီညီ ( ၁၈)နှစ်တို့ကို (ပ) ၇၄ ၊ ၂၀၁၃ ပုဒ်မ ၂၉၄ ၊ ၃၂၆ ၊ ၄၂၇ ၊ ၁၁၄ ဖြင့် ဖမ်းဆီး အရေးယူလျက်ရှိကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အခြေအနေများကြောင့် လတ်တလောတွင် မိတ္ထီလာမြို့မဈေးကြီးကို ခေတ္တ ပိတ်ထားလျက်ရှိပြီး လုံခြုံရေးများ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။
The Voice Weekly








ဂါလံ ၅၀၀ ထုတ်ပေးနိုင်သည့် ဒီဇယ်ဖြူ ပြီးနောက် ဓါတ်ဆီဖြူ လာတော့မည်


20 Mar, 2013
ဒီဇယ်မှဒီဇယ်ဖြူ(White Diesel)ပြောင်းလဲထုတ်လုပ်လိုပါက တစ်ရက်လျှင် ဂါလံ ၅၀၀ခန့် ပြည်တွင်း၌ပင် ထုတ်ပေးနိုင်ကြောင်း စက်မှုနှင့် စက်သုံးဆီထုတ်လုပ်ရေးအင်ဂျင်နီယာသုတေသီများထံက သိရသည်။

ရွေ့လျားဒီဇယ်ဖြူ (White Diesel)ထုတ်စက်အား မည်သည့်နေရာဒေသတွင် မဆို လိုအပ်၍ ခေါ်ယူလိုပါ ထုတ်လုပ်ပေးနိုင်ကြောင်းကိုလည်း အင်ဂျင်နီယာသုတေသီဦးကျာ်ကျော်က ဆိုသည်။

“အခုထုတ်မဲ့စနစ်က မော်တော်ကားပေါ်မှာ ဒီဇယ်ဖြူထုတ်စက်ကို တင်ထားပြီးတစ်ဘက်က ဒီဇယ်ထည့်လိုက်ရင် နောက်တစ်ဘက်ကနေသူ့အချိန်၊ သတ်မှတ်တဲ့ မိနစ်ပြည့်ပြီဆိုတာနဲ့ ဒီဇယ်ဖြူအဖြစ် ပြန်ထုတ်ပေးမှာပါ၊ တစ်ရက်ကိုဂါလံ ၅၀၀ စပြီး၊ ထုတ်ပေးနေပါပြီ၊ မန္တလေးက ခေါ်မယ်ဆို မန္တလေးကို ဒီကား ရွှေ့သွားယုံဘဲ၊ ဘယ်ကခေါ် ခေါ် အလွယ်တကူသွားလို့ ရပါတယ်”ဟု အင်ဂျင်နီယာသုတေသီ ဦးကျော်ကျော်က ပြောသည်။ အဆိုပါ ဒီဇယ်ဖြူကို သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည့်အပြင်ဒီဇယ်ဂါလံ ၁၀၀ အပ်လျှင်ပြောင်းလဲပြီးဒီဇယ်ဖြူ ၁၂၅ ဂါလံရရှိမှာဖြစ်သည့်အတွက် ဂါလံအရေအတွက်များလျှင် အပ်နှံသူ ဘက်မှ ပို၍တွက်ခြေကိုက်ကြောင်း သိရသည်။

“မီးရထား၊ သင်္ဘော၊ ကားတွေကနေ နေ့စဉ်ထွက်လာတဲ့အဆိပ်ငွေ့တွေ ကာဗွန်ဒိုင်အောက်ဆိုဒ်ရှိမယ်၊ ကာဗွန်မို နော့ဆိုဒ်၊ ကာဗွန်ဟိုက်ဒြောဆိုဒ် အားလုံးကို ဒီဇယ်ဖြူက လျှော့ချပေးနိုင်တယ်၊ ဒါ့အပြင် ဒီဇယ်ဂါလံ ၁၀၀၀ လာအပ်ရင် ဒီဇယ်ဖြူ ၁၂၅၀ ဂါလံရမယ်၊ဒီဇယ်ပေပါ အလုံး ၁၀၀ အပ်ရင် ဒီဇယ်ဖြူ ၁၂၅ လုံးပြန်ရမယ်၊ ကိုယ်က ၁ ဂါလံ Convert လုပ်ခ ၂၅၀- ၃၀၀ ပဲယူမယ်၊ လာအပ်တဲ့သူကိုလည်း ကိုယ့်ထက်ပိုများများရစေ ချင်တယ်”ဟု အင်ဂျင်နီယာသုတေသီဦးကျော်ကျော်မှပြောသည်။


အဆိုပါ White Diesel ထုတ်စက်နှင့် နည်းပညာများကိုမြန်မာပြည်တွင်း၌သာ ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇယ်မှ ဒီဇယ်ဖြူ ရရှိစေရန် ရေ၊ဒီဇယ်နှင့်သဘာဝအော်ဂဲနစ်မှထုတ်ယူထားသည့်ဓာတု ပစ္စည်းပါဝင်ကြောင်းနှင့် ကားများ မီးစက် များ လယ်ထွန်စက်များအား ဒီဇယ်လုံးဝမသုံးဘဲ၊ ပြောင်းလဲထားသော ဒီဇယ်ဖြူ တစ်မျိုးထဲနှင့်သာ စမ်းသပ်   မောင်းနှင်ပြီးဖြစ်ကြောင်း သိရသည်။

“ပထမဆုံး White Diesel နဲ့ တစ်လုံးအင်ဂျင်ကိုမောင်းတယ်၊အဲ့ဒီ့ကနေတဆင့်ထပ်မြှင့်ပြီး ၂၀၀၀ CC လိုက်ထရပ် ဇုန်ထုတ်ကားကို မောင်းတယ်၊ မုံရွာမှာ သီဟထွန်းကုမ္ပဏီက ထုတ်တဲ့မြင်းကောင်ရေ ၂၂ ကောင်အားရှိတဲ့ လယ်ထွန်စက်မှာသုံးတဲ့ အင်ဂျင်ကိုဘာ ဒီဇယ်မှမပါပဲ ဒီဇယ်အကုန်ဖောက်ချပြီး White Diesel အင်ဂျင်ထဲ ထည့်ပြီး မောင်းပြခဲ့တယ်”ဟု အင်ဂျင်နီယာသုတေသီတစ်ဦးက ပြောသည်။

ဒီဇယ်ဖြူကို ၂၀၁၀ ခုနှစ် ဇူလိုင်လမှစတင်၍ စမ်းသပ်မူများပြုလုပ်ခဲ့ပြီး ယခုအခါ အောင်မြင်စွာအသုံးပြုနှိင်ပြီ ဖစ်ကြောင်းနှင့် များမကြာမီကာလအတွင်း ဓာတ်ဆီဖြူပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း အင်ဂျင်နီယာ သုတေသီအသိုင်းအ၀ိုင်းမှသိရသည်။

“အဓိကကတော့ တွင်တွင်ကျယ်ကျယ်အသုံးပြုနှိင်အောင် လုပ်နှိင်ရင်တော့ ကောင်းပါတယ်၊ဒီဇယ်ဖြူနဲ့မောင်းလို့ ရတယ်ဆိုပေမဲ့ အင်ဂျင်ကို ထိခိုက်မှုရှိတယ်မရှိဘူးဆိုတာ သေသေချာချာသိအောင် လုပ်ပေးဖိုတော့လိုမယ် ၊ ဈေးသက်သာတယ် ဆိုရင် သယ်ယူပိုဆောင်စရိတ်သက်သာမယ်၊ ဒါဆိုကုန်ပစ္စည်းဈေးနှုန်းလည်း ကြလာနှိင်တယ်” ဟု အဝေးပြေးကုန်တင်ကားမောင်းသူကိုဝင်းမောင်က ဆိုသည်။

အဆိုပါဒီဇယ်ဖြူအားအိမ်နီးချင်းနိုင်ငံများဖြစ်သည့်ထိုင်းနှင့် စင်္ကာပူတွင်ကျယ်ပြန့်စွာအသုံးပြုလျှက်ရှိပြီး ဂျပန်၊ အမေရိကန်၊ ဂျာမနီစသောနိုင်ငံကြီးများ၌လည်း လွန်ခဲ့သောနှစ်ပေါင်း (၄၀) မှ စတင်အသုံးပြုခြင်းဖြစ်သည်။
သန့်ဇင်ဝင်း(မြစ်မခ)

လိုင်းကားပေါ် မီးဖွားတဲ့ ထိုင်းနိုင်ငံရောက်မြန်မာမိန်းကလေး

 ထိုင်းနိုင်ငံရောက် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦး မနေ့က ခရီးသွားရင်း လိုင်းကားပေါ်မှာ ကလေးမွေးဖွားခဲ့တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
 မနေ့က ညနေပိုင်းမှာ ထိုင်းနိုင်ငံတောင်ပိုင်း စတူးမြို့နယ်ကနေ ဘန်ကောက်ကို သွားတဲ့လမ်းမှာပါ တဲ့။ ကိုယ်ဝန်ဆောင် ဗိုက်နာတော့ လိုင်းကား လမ်းဘေးရပ်၊ ဖုန်းဆက်ခေါ်ထားတဲ့ အရေးပေါ်ဌာန၀န်ထမ်းတွေ မကြာခင် ရောက်လာပြီး မွေးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။မွေးလာတဲ့ သမီးကလေးရော၊ အသက် ၂၅ နှစ်အရွယ် မိခင်ပါ ကျန်းမာကြတယ်၊ ဆေးရုံတခုမှာ ရှိနေတယ် လို့ သတင်းတွေက ဆိုပါတယ်။
ကလေးဖခင်ဖြစ်သူက အသက် ၂၆ နှစ်အရွယ် ကိုဝင်းကို ဖြစ်ပါတယ်။
“အမျိုးတွေ ရှိတဲ့ ဖိစနို့လိုမြို့မှာ ပြန်မွေးဖို့ သွားတာ မထင်မှတ်ဘဲ ကြိုမွေးသွားတယ်၊
 သမီးလေးလည်း ဖြစ်တယ်၊ နောက် ... ကျန်းမာတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်” လို့ ပြောပါတယ်။
သန်းထိုက်ဦး
The Irrawaddy (Burmese Version)
ကိုးကား - www.krobkruakao.com

ခိုးမှု(၉)မှုကျူးလွန်ထားသည့် ခိုးသူတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၀
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်/ရဲစခန်းများတွင် ဖြစ်ပွားခဲ့သော လုယက်မှု၊ ခိုးမှုများဖော်ထုတ်နိုင်ရေးအတွက် သတင်းစုံစမ်းနေစဉ် ခိုးမှုဖြင့်ပြစ်ဒဏ်ကျခံ ပြီးနောက် ထောင်မှလွတ်လာသူ တင်ကိုဆိုသူမှာ ၎င်းင်း၏နေရပ်ဖြစ်သော မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာသို့ ပြန်လည်သွားရောက်နေထိုင်ခြင်းမရှိဘဲ မန္တလေးမြို့ပေါ်ရှိ တည်းခိုခန်းများတွင် လှည့်လည်တည်းခိုနေထိုင်လျက်ရှိကြောင်း သတင်းရရှိခဲ့သည်။ သို့ဖြစ်၍ တင်ကိုအား စောင့်ကြည့်စုံစမ်းမှုများပြုလုပ်ခဲ့ရာ ၎င်းင်းသည် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက် သီရိမန္တလာကားကြီးကွင်းတောင်ဘက်ရှိ ““စန်းသီတာ””တည်းခိုခန်းတွင် တည်းခိုနေထိုင်လျက်ရှိကြောင်း၊၊ ငွေအသုံးများပြီး ငွေကျပ်(၅၀၀၀ိ/-)တန်များအား အထပ်လိုက်ကိုင်ပြီး သုံးစွဲလျက်ရှိကြောင်းနှင့် XONBO ၁၂၅ အမျိုးအစားအနက်ရောင်ဆိုင်ကယ်အား စီးနင်းသုံးစွဲလျက်ရှိကြောင်း သိရှိခဲ့ရသဖြင့် ၇-၃-၂၀၁၃ ရက်နေ့ ၀၆၁၅ အချိန်တွင် တင်ကိုအား ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ တင်ကိုသည် ၇-၃-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန်ခန့်က ကန်ကောက်ရပ်ကွက်၊ ယာဉ်ပျံရပ်ရှိ နေအိမ်တစ်အိမ်အတွင်းမှ SONY တံဆိပ်ပါ ဒီဂျစ်တယ်ကင်မရာ ၁ လုံး၊ SONY တံဆိပ်ပါ ကင်မရာထည့်သည့်အိတ် ၁ လုံး၊ (၅၀၀၀ိ/-)ကျပ်တန် ငွေစက်္ကူ ၃၉ ရွက်နှင့် (၁၀၀၀ိ/-)ကျပ်တန် ငွေစက္ကူ ၅၅ ရွက်၊ စုစုပေါင်းငွေကျပ်(၂၄၀၀၀၀ိ/-)အား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃)ရဲစခန်း (ပ)၉၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ ၁-၃-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၈၁x၈၆ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်း သော့တန်းလန်းဖြင့် ရပ်ထားသော XONBO-၁၂၅ အမျိုးအစား အနက်ရောင်ဆိုင်ကယ် ၁ စီးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေး အမှတ်(၄)ရဲစခန်း(ပ)၅၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း မန္တလေးတက္ကသိုလ်အနီးရှိ အမည်မမှတ်မိ ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းရပ်ထားသော ၁၅ယ/xxxx LUOJIA -၁၁၀ အမျိုးအစား ပန်းဆီရောင်ဆိုင်ကယ် ၁ စီးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန်္တလေးအမှတ်(၉)ရဲစခန်း(ပ)၁၇၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် လည်းကောင်း၊ ၇-၂-၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ၇၀x၇၁နှင့် ၃၃x၃၄ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်းမှ HP DVGT ၇၂၀၀ အမျိုးအစား အနက်ရောင် လက်တော့ပ် ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃)ရဲစခန်း(ပ)၅၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် လည်းကောင်း၊ ၂၃-၂-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ မင်္ဂလာဈေးတောင်ဘက် ၇၂x၇၃ လမ်းကြား၊ ၃၂ လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ HUAWEI-C5730 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃) ရဲစခန်း(ပ)၁၀၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ လွန်ခဲ့သော ၁၄ ရက်နေ့ ၀၂၃၀ အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၈၁x၈၆ လမ်းကြား ရပ်ကွက်တစ်ခုအတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှ NCIKA-N9-02 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၄)ရဲစခန်း(ပ)၅၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ လွန်ခဲ့သော ၁၁ ရက်နေ့ ၀၂၁၅ အချိန်ခန့်ကလည်း ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်မြို့သစ်ရပ်ကွက် ၅၆x၅၈ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်းမှSAMSUNG-R940 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် အောင်ပင်လယ် ရဲစခန်း(ပ)၉၅/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ ၂၆-၂-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှ ငွေကျပ်(၁)သိန်းကျော် ခိုးယူခဲ့ကြောင်းနှင့် အဆိုပါခိုးယူရရှိသောငွေဖြင့် ၁-၃-၂၀၁၃ ရက်နေ့က မင်္ဂလာဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် အလေးချိန် ၁ ပဲ ၁ ရွေးကျော်ရှိ စတိလက်စွပ် ၁ ကွင်း၊ တန်ဘိုးငွေကျပ်(၆၅၀၀၀ိ/-) ဖြင့်လည်းကောင်း၊ အလေးချိန် ၄ ရွေးရှိ စတိလက်စွပ် ၁ ကွင်းအား တန်ဘိုးငွေကျပ်(၃၀၀၀၀ိ/-) ဖြင့်လည်းကောင်း ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၇)ရဲစခန်း(ပ)၁၆၈/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ လွန်ခဲ့သော ၁၃ ရက်နေ့ ၀၂၄၀ အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ၅၈x၅၉ လမ်းနှင့် ၃၂x၃၄ လမ်းကြား၊ ရပ်ကွက်တစ်ခုအတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှ SAMSUNG အမျိုးအစား ပန်းနုရောင် လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃)ရဲစခန်း(ပ)၁၀၆/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူခဲ့သည်။

သို့ဖြစ်၍ သက်သေခံပစ္စည်းများအား လိုက်လံသိမ်းဆည်းခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာနေ တင်ကို(၂၀)နှစ်အား ထိုက်သင့်သည့်ပြဒ်ဒဏ်ရရှိရေး ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

သစ်ပင်လှဲပြီးယူသောကြောင့် သစ်ခွမျိုးရှားပါးလာ

March 19, 2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်းသို၊ ပင်လည်ဘူးနယ်မှ ထွက်ရှိ  သော သစ်ခွပန်းရိုးတံများအား တရုတ်ပြည်ဘက်မှ ၀ယ်ယူမှုများ ပြားသဖြင့် ရောင်းချသူများ ဈေး ကောင်းရရှိသော်လည်း သစ်ခွလို ချင်သူများမှ သစ်ခွပင်ပေါက်ရောက်  သော သစ်ပင်ကြီးများအား ချိန်း ဆောများဖြင့်ခုတ်လှဲယူသဖြင့် သစ်ခွများ ယခင်နှစ်များကဲ့သို့ အများအပြားဝယ်ယူနိုင်ခြင်းမရှိဘဲ ရှားပါးလာသည်ဟု သစ်ခွပန်းရိုး ၀ယ်ယူသူများထံမှ သိရသည်။

သစ်ခွပန်းများသည် သစ်တော   များထဲတွင် အလေ့ကျပေါက်ရောက် လျက်ရှိပြီး ယခလနှင့် ဧပြီလ ရောက်လျှင် အများအပြားထွက်ရှိ  လာပြီး သစ်ခွပန်းများအနက် ကြောင်မျက်လုံး၊ ကျားမျက်လုံး၊ သစ်ခွများကို အပွင့်မပွင့်မည်အရင်း တံ (၁) လက်မ၊ (၂) လက်မအကွာ   ဖြတ်တောက်ပြီး ရေနှင့် သန့်စင် အောင်ဆေးကြောကာ အစိုအတိုင်း  အရောင်းချမည်ဆိုပါက (၁) ပိဿာလျှင် ကျပ် (၁၅၀၀ ကျပ်)  မှ ကျပ် (၂၅၀၀ ကျပ်)ထိ ရရှိ ကြောင်းနှင့် သစ်ခွပန်းအစိုများအား   အပူပေးပြုတ်ပြီး နေလှမ်းအခြောက်  ခံရောင်းချမည်ဆိုပါက (၁) ပိဿာ   ကျပ် (၁၀၀၀၀ ကျပ်) ထိ ပေးဝယ်  ကြသည်ဟု ပင်လည်ဘူးမြို့နယ် သစ်တောအတွင်း သစ်ခွပန်းရိုးတံ  ရှာဖွေသည့်ဒေသခံများပြောပြ ချက်အရ သိရသည်။

နှစ်စဉ်ဒေသခံများသည် သစ်ခွပန်းပေါက်ရောက်သည့်တော တောင်များတွင် အပင်ပေါ်တက် ပြီး ခူးဆွတ်ကြသလို အချို့ဒေသ  ခံများသည် သစ်ခွအများအပြား ရရှိစေရန် ရည်ရွယ်၍ ချိန်းဆော   များဝယ်ယူပြီး သစ်ခွပန်းပေါက်  ရောက်သည့် သစ်ပင်ကြီးများအား    ခုတ်လဲကျသဖြင့် ယခုအခါသစ်တော  များပြုန်းတီးလာသလို သစ်ခွပန်း များရှားပါးလာခဲ့သည်။

ယခင်က ၀န်းသို၊ ပင်လည်ဘူး သစ်တောများရှိကျောက်ဆောင် များတွင် အလေ့ကျပေါက်ရောက် နေသဖြင့် သစ်ခွပန်းရှာဖွေသူများ   စားဝတ်နေရေးအဆင်ပြေကြပြီး လာရောက်ဝယ်ယူသူများပြားလာ သော်လည်း ယခုအခါ ဒေသခံများ  မှ သစ်ခွပန်းအလေ့ကျပေါက် သည့်သစ်ပင်ကြီးများကို မဆင်မခြင်  ချိန်းဆောများဖြင့် ခုတ်လှဲရယူကြ ပြီး ရောင်းချခဲ့ကြောင်း၊ ယခုအခါ   ယင်းဒေသများတွင် သစ်ခွပန်းများ  ရှားပါးလာသည့်အတွက် ၀န်းသို၊  ပင်လည်ဘူးနယ်တွင် အဓိကထား  ၀ယ်ယူသည့်ကုန်သည်များမှ မန္တလေးသို့ပို့ဆောင်ပြီး မန္တလေး မှ မူဆယ်သို့တင်ပို့ခဲ့ပြီး၊ မူဆယ်မှ တရုတ်ပြည်ဘက်သို့ ထပ်မံပို့ဆောင် ရောင်းချသည့်အတွက် အဆိုပါ သစ်ခွများအား တရုတ်နိုင်ငံတွင်  ပရိဇိဝဆေးဖော်စပ်အသုံးပြုရာတွင်  အများအပြားအသုံးပြုသည့်အတွက်  ၀ယ်ယူရခြင်းဖြစ်သည်ဟု သိရသည်။
စိုင်းလူမင်း
The Hot News

ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်အသစ်ချုပ်ဆို၍ ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်

Tuesday, 19 March 2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အားနည်းချက်များ ပြုပြင်၍ နိုင်ငံနှင့်ဒေသခံများ ပိုမိုအကျိုးဖြစ်ထွန်းစေရန် ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ် အသစ်ချုပ်ဆိုကာ ဆက်လက် ဆောင်ရွက်သွားရန် အကြံပြုကြောင်း စမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေးနီစီမံကိန်းနယ်မြေတွင် ပါဝင်သော ဒုံးတောနှင့်ကံကုန်းကျေးရွာ ဒေသခံများကို တွေ့ဆုံရာတွင် ပြောကြားသည်။

တရုတ်ကုမ္ပဏီ တစ်ခုနှင့် မြန်မာကုမ္ပဏီ တစ်ခုတို့ သဘောတူညီထား သည့် စီမံကိန်းဖြစ်သည့်အတွက် တစ်ဖက်သတ် ဖျက်သိမ်းခဲ့ပါက စီပွားရေးအရ ယုံကြည်ရမှု မရရှိနိုင်တော့သည့်အတွက် တိုင်းပြည်၏ အနာဂတ်စီးပွားရေး အလားအလားများ ထိခိုက်နိုင်ကြောင်း ဆက်လက်ပြောကြား သည်။ ကြေးနီစီမံကိန်းကို နိုင်ငံတကာ စံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သော်လည်း သိမ်းယူခဲ့သော လယ်ယာမြေများကို ကာလတန်ကြေးနှင့် လျော်ကြေးပေးရန် ဒေသခံများ၏ အလုပ်အကိုင်ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက် ပေးသွားမည်ဟု မြန်မာစီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ဘောင်ကုမ္ပဏီ တို့က ကတိပေးထားကြောင်း ၄င်းက ဆိုသည်။

ကြေးနီစီမံကိန်း အတွက် လယ်ယာမြေများကို ကာလတန်ကြေးနှင့် အညီ လျော်ကြေးပေးရာတွင် ယခုဆောင်ရွက်မည့် လက်ပံတောင်းတောင် စီမံကိန်း ကိုသာမက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရ လက်ထက်ကတည်းကပင် ဆောင်ရွက်ခဲ့သော စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းများအတွက် သိမ်းယူခဲ့သော လယ်မြေများကိုပင် ပြန်လည် လျော်ကြေးပေးမည် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ကံကုန်းကျေးရွာတွင် ဒေသခံ များကို အသိပေးခဲ့သည်။

ယင်းကဲ့သို့ လျှော်ကြေး ပေးရာတွင်လည်း ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများ မရှိတော့ပါက အဆိုပါ လယ်ယာမြေများကို ပိုင်ဆိုင်ခဲ့ကြောင်း လူသက်သေ ရှိရုံမျှဖြင့်ပင် လျော်ကြေးပေးရန် ညှိနှိုင်းထားပြီး ရရှိသောငွေများ ကို ရေရှည်အကျိုးစီးပွားကို မျှော်ကိုးပြီး သုံးစွဲကြရန် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက် များအတိုင်း ဒေသခံများ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရန် အတွက် ကျပ်သန်းပေါင်း ငါးသောင်းကျော် ထပ်မံသုံးစွဲသွားရန် ရှိပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စံပယ်တောင် ကြေးနီစီမံကိန်း အတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

လက်ပံတောင်းတောင် အစီရင်ခံစာ ထုတ်ပြန်ပြီး နှစ်ရက်အကြာ မတ်လ ၁၃ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကြေးနီစီမံကိန်းနယ်မြေ အတွင်းရှိ ကျေးရွာ များသို့ သွားရောက်ရာတွင် ကျေးရွာ အများစုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို ခဲ့ကြသော်လည်း အချို့ ကျေးရွာများတွင် အပြင်းအထန် ကန့်ကွက်မှုများကိုပါ ပထမဆုံးအကြိမ် တွေ့ကြုံ ခဲ့ရသည်။

ကြေးနီစီမံကိန်းရပ်ဆိုင်းရန် သပိတ်စခန်း ဖွင့်ထားသော တုံရွာသို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲဝင်များ သွားရောက်၍ ဒေသခံများနှင့် တစ်နာရီနီးပါးကြာ တွေ့ဆုံခဲ့သည့် တိုင်အောင်ပင် ပြေလည်မှု မရရှိဘဲ ယဉ်တန်း ထွက်ခွာချိန်တွင် ကန့်ကွက် ဆန္ဒပြမှုကိုပါ တွေ့ကြုံ ခဲ့ရကြောင်းNLD သတင်းပြန်ကြားရေးဌာနမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
"ကျွန်မတို့က အမေစုကိုကော၊ လက်ပံတောင်းတောင်ကြီးကိုပါ ဆုံးရှုံးလိုက်ရပါပြီ" ဟု တုံရွာသပိတ်စခန်းမှ အသက် ၄၀ ခန့် တောင်သူတစ်ဦးက ဆိုသည်။













အလားတူ ဆည်တည်းကျေးရွာသို့ သွားရောက်ရာတွင်လည်း ဒေါ်အောင်ဆန်း စုကြည်နှင့် လုံခြုံရေးအဖွဲ့ဝင် ငါးဦး ကိုသာ ခြေလျင်ဝင်ရောက်ခွင့် ပြုခဲ့ပြီး သတင်းမီဒီယာသမား များနှင့် လုံခြုံရေး တပ်ဖွဲဝင်များ ဝင်ရောက်ခွင့် မပြုခဲ့ကြောင်း မုံရွာမြို့ခံ ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဆည်တည်း ကျေးရွာမှ ပြန်လည်ထွက်ခွာရာတွင် ရွာသားများက ဒေါ်အောင်ဆန်းစုကြည် နောက်မှ လိုက်လာကာ ကော်မရှင် အစီရင်ခံစာ အလိုမရှိဟု အော်ဟစ်ကာ လိုက်ပါ လာကြောင်း မုံရွာမြို့ခံ သတင်းသမား များက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြမှုများမှာ ဒေသခံ တောင်သူများ၏ ပင်ကိုစိတ်ရင်းကြောင့် မဟုတ်ဘဲ နောက်ကွယ်မှ သွေးထိုးလှုံ့ ဆော်သူများ၏ ပြောဆိုမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် စီတန်း လှည့်လည်မှု များကို ဦးဆောင်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ ကန့်ကွက်သူအချို့မှာ လယ်သိမ်းခံ တောင်သူများ မဟုတ်ကြောင်း ဒေသခံ ရွာသားအချို့က ပြောကြားသည်။

ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် စီတန်းလှည့်လည်သူ များတွင် ပါဝင်သူ ငါးဦးနှင့် သပိတ်စခန်း ဖွင့်လှစ်ထားသော တုံကျေးရွာ ဒေသခံအချို့ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအား အပြည့်အစုံ ဖတ်ရှုထားခြင်း ရှိ မရှိကို The Voice Weekly ကမေးမြန်းခဲ့ရာ အများစုမှာ ဖတ်ရှုထားခြင်းမရှိဘဲ ကန့်ကွက်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် လက်ပံတောင်းတောင် ကိစ္စရပ်ကို အကြောင်းပြု၍ တရုတ်နိုင်ငံ၊ တရုတ်လူမျိုးများနှင့် ယုံကြည်ရင်းနှီးမှု ရရှိအောင် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြမှု များသည်လည်း သွေးရိုးသားရိုး မဟုတ်သော၊ တရားမျှတမှု မရှိသော ဆန္ဒပြမှုများသာ ဖြစ်ကြောင်း NHK သတင်းဌာနမှ ကိုသီဟက ပြောကြားသည်။

ကော်မရှင်အကြံပြုချက် များမှာ ဒေသခံများ၏ဆန္ဒနှင့် ရာနှုန်းပြည့် တစ်ထပ်တည်း မကျသည့်တိုင် ရေရှည် အကျိုးစီးပွားအတွက် အကောင်းဆုံး အဖြေ ဖြစ်သည့်အပြင် တော်ရုံ နိုင်ငံရေးသမား လုပ်နိုင်ခဲသော အများကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့် ဖြစ်ထိုက်သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြအကြံပြုခဲ့သော ကော်မတီဥက္ကဋ္ဌ၏ ရပ်တည်ချက်ကို တန်ဖိုးထား လေးစားစေချင်သည်ဟု စာရေးဆရာ ကျော်ဝင်းက သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
အောင်စိုး၊ ကိုသက်(မုံရွာ) 
The Voice Weekly

လိုင်ဇာမြို့ ပုံမှန်ပြန်ဖြစ်နေပြီဟုဆို

ရွှေလီ၊မတ်-၁၈
ကချင်လွတ်မြောက်ရေးအဖွဲ့မှ ထိန်းချုပ်ထားသော နယ်စပ်မြို့ဖြစ်သည့် လိုင်ဇာမြို့မှာ ပုံမှန်အနေအထား ပြန်ရောက်နေပြီဖြစ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ရွှေလီမြို့တွင် ပြောကြားခဲ့သည်။

“လိုင်ဇာကတော့ ပုံမှန်ပြန်ဖြစ်ပြီလို့ ပြောလို့ရပါပြီ”ဟု ဗိုလ်ချုပ်ဂွန်မော်က မတ်လ ၁၁ ရက်တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲခေတ္တနားစဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်နိုင်ငံနယ်စပ်တွင် တည်ရှိသော လိုင်ဇာမြို့သည် နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ကုန်သွယ်ရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်တန့်သွားခဲ့သည်။

၂၀၁၂ နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဇန်န၀ါရီလအတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စဉ် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်းသို့ပင် လက်နက်ကြီးများကျရောက်ကာ လေကြောင်းတိုက်ခဲ့မှုများသည်လည်း လိုင်ဇာမြို့အနီးသို့ ရောက်ရှိခဲ့သည်။

လူဦးရေ ၈၀၀၀ ကျော်ရှိသော လိုင်ဇာမြို့တွင် ဒုက္ခသည်စခန်း ငါးခုရှိပြီး ထိုဒုက္ခသည်စခန်းများတွင် နိုင်ငံတကာအဖွဲ့အစည်း အချို့နှင့် ကုလသမဂ္ဂမှ အကူအညီများ စတင်ရောက်ရှိနေပြီဖြစ်သော်လည်း အစားအသောက်နှင့် မကြာမီရောက်ရှိလာတော့မည့် မိုးရာသီအတွက် လုံခြုံသော အဆောက်အအုံများ လိုအပ်လျက်ရှိနေသေးသည်။

လိုင်ဇာမြို့သို့ ရန်ကုန်မှ ဇန်န၀ါရီလ၂၁ ရက်ကတည်းက ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သော အဖွဲ့သည်လည်း မတ်လ ၁၈ ရက်တွင် လိုင်ဇာသို့ ရောက်ရှိသွားပြီဖြစ်ပြီး ယင်းတို့သည် မြစ်ကြီးနား-လိုင်ဇာလမ်းအတိုင်း လမ်းလျှောက်
ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

လိုင်ဇာမြို့သို့ မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများနှင့် ငြိမ်းချမ်းရေးအတွက် သွားရောက်သော ပန်းရဲလမ်းငြိမ်းချမ်းရေးအဖွဲ့တို့သည် မတ်လ ၁၃ နှင့် ၁၅ ရက်တို့က အစိုးရတပ်များ တပ်စွဲထားရာ လဂျားယန်ဂိတ်မှ ဖြတ်သန်းကာ လိုင်ဇာမြို့သို့ အသီးသီး ရောက်ရှိခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဖြတ်သန်းရာတွင် လဂျားယန်ဂိတ်ရှိ မိုင်းကွင်းများကို ဖြတ်သန်းရာ၌ အစိုးရတပ်က ကူညီပေးခဲ့ပြီး မြင်းခြံမြို့မှ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့တွင် ဘုန်းတော်ကြီးများပါ ပါဝင်ရာ ဘုန်းတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ပြီး လမ်းလျှောက်အဖွဲ့များအား နေ့လယ်စာ စီစဉ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၁၁ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကေအိုင်အိုနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပထမဆုံးအနေဖြင့် တပ်ဘက်ဆိုင်ရာများကို ဆွေးနွေးကာ အပစ်အခတ်ရပ်စဲရေးရသည်အထိ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြ
သည်။ ကေအိုင်အေနှင့် အစိုးရတပ်အကြား တိုက်ပွဲများ လျော့နည်းသွားပြီဆိုသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံလွယ်ယာဒေသတွင် မတ်လ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

တုံကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်ထောက်ခံပွဲ ကျင်းပမည်

ရန်ကုန်၊ မတ်-၁၈
ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ထောက်ခံပွဲတစ်ခု တုံကျေးရွာတွင် မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။

မတ်လ ၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌတုံကျေးရွာ သပိတ်စခန်းသို့ လာရောက်စဉ် ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့သော လူတစ်စုကြောင့် ကျေးရွာနာမည်ပျက်မည်ကို စိုးရိမ်သဖြင့်ပြုလုပ်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မကြာမီ နှစ်ရက်၊ သုံးရက်အတွင်းလုပ်ဖို့ စီစဉ်နေတယ်။ လူနည်းစုတစ်စုကြောင့် နာမည်ပျက်မှာစိုးလို့ပါ”
ဟု တုံရွာဒေသခံတစ်ဦးက ပြောသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာထွက်ရှိပြီးနောက် ယင်းစီမံကိန်းဒေသသို့ သွားရောက်ခဲ့သော နှစ်ရက်ကြာ ခရီးစဉ်တွင် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းချက်များကို ဒေသခံကျေးရွာအများစုက သဘောတူကျေနပ်ကြသော်လည်း တုံရွာနှင့် ဆည်တည်းရွာဟောင်းတို့၌ ကန့်ကွက်ဆန္ဒပြမှုများ၊ ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် လိပ်ခွံတောင်၊ တုံကျေးရွာများတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများကိုလည်း မတ်လ ၁၆ ရက်မှ စတင်၍ ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

“အမေစု လာတုန်းက ပြောသွားတယ်။ ဆန္ဒပြချင်ရင် ခွင့်ပြုချက်တောင်းပြီး ပြပါလို့။ အခု ဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ ဖျက်သိမ်းလိုက်တာ” ဟု တုံကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“စီတန်းလှည့်လည်ခွင့်ဆိုတာ ဥပဒေဘောင်အတွင်းက ခွင့်ပြုချက်ရယူရမယ်။ သူတို့က ပြောတယ်။ ခွင့်ပြုချက်မပေးဘူးတဲ့။ ဘယ်တုန်းကတောင်းလဲဆိုတော့ နောက်ဆုံးပြီးခဲ့တဲ့ ဆယ်လပိုင်းကတဲ့။ အခု အာဏာပိုင်တွေနဲ့ ပြောတော့ပေးပါမယ်လို့ ပြောတယ်။ ခွင့်ပြုချက်ယူပြီးတော့ ပြပါ။ ခွင့်ပြုချက်မယူလို့ရှိရင်တော့ ဥပဒေဘောင်အတွင်းက လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က မုံရွာခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာကို မတ် ၁၁ ရက်တွင် သမ္မတထံ တင်သွင်းခဲ့ပြီး အားနည်းချက်များကိုပြင်ဆင်၍ ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။
7Day News Journal

အချစ်ရေးထက်အနုပညာရေးကိုပဲ ဦးစားပေးသူ သဉ္ဇာနွယ်ဝင်း

ဒါရိုက်တာ ကျော်ဇရိုက်ကူးနေတဲ့ "ဗန္ဓာရ" ဇာတ်ကားကို သဉ္ဇာနွယ်ဝင်းက မြတ်ကေသီအောင်၊ စွမ်း၊ စည်ဖြိုးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ အခုနောက်ပိုင်းကားရိုက်တွေ များလာတဲ့အတွက် အရင်ကထက်ပိုပြီး အနုပညာအလုပ် လုပ်ရတာအဆင်ပြေလာပြီး ကားရိုက်တဲ့အခါမှာလည်း ဇာတ်ကားတွေကို သေသေချာချာလေးကြိုးစားပြီး ရွေးချယ် ရိုက်ကူးဖြစ်တယ်လို့ ပြောပြပါတယ်။

" အခုနောက်ပိုင်းရိုက်တဲ့ ဇာတ်ကားတွေက ဟိုအရင်ကရိုက်ကူး ထားတဲ့ ကားတွေ ထက်စာရင် ပိုပြီးအဆင်ပြေတယ်လို့ ပရိသတ်တွေက လည်း ပြောကြတယ်။ ဒီထက်ပိုပြီး တော့ကောင်းအောင်နောက်ပိုင်း မှာလည်း ဇာတ်လမ်းနဲ့ဇာတ်ရုပ်လိုက်တဲ့ဖက်ရှင်တွေကို ပိုပြီးရွေးချယ်တတ်အောင် သဉ္ဇာကြိုးစားဖြစ်တယ်" လို့ နောက်ပိုင်း ပြောင်း လဲမှုတွေနဲ့ ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်းက ပြောပြပါ တယ်။

သဉ္ဇာနွယ်ဝင်းက အခု အချိန်မှာတော့ အနုပညာ အလုပ်ကိုပဲ ဦးစားပေးလုပ်ဖြစ်နေပြီးကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့ အချစ်အကြောင်းတွေကို မစဉ်းစားဖြစ်သေးသလို ချစ်သူရည်းစားထားဖို့ထက်အနုပညာအလုပ်ကို အဓိကဦးစား ပေးဖြစ်နေတယ်လို့ ဆိုလာပါတယ်။

" သဉ္ဇာက အခုလောလောဆယ်မှာ ချစ်သူရည်းစားမရှိဘူး။ ရည်းစားထားလို့ရှိရင် ဒီအနုပညာအလုပ်မှာ နည်းနည်းလျော့သွားမှာလည်း စိုးတယ်။ ပြီးတော့ တစ်ယောက်ယောက်ကိုစိတ်ထဲမှာ ရှိနေရင်လည်းအနုပညာအလုပ်တွေ ကိုယ့်ဆီကို သိပ်မလာဘူးလို့ စိတ်ထဲမှာထင်မိတယ်။ အဲဒါကြောင့် ရည်းစားမထား ဖြစ်ဘူး။ သဉ္ဇာက တကယ့်ဘဝရဲ့ လက်တွဲဖော်ကိုတော့ အသက် ၃ဝလောက်ဆိုရင်တော့ အိမ်ထောင်ပြုသင့်ပြီလို့ထင်တယ်။ တကယ့်ဘဝလက်တွဲဖော်ကို ရွေးချယ်ဖြစ်ရင်လည်း အဓိကက ယောက်ျားပီသရမယ်။ အားလုံးကလည်း သူ့ကိုလေးစားရတဲ့သူ တစ်ယောက်၊ လူတော်တစ်ယောက်ဖြစ်ရမယ်။

ကိုယ့်ကိုလည်းချစ်ရမယ်။ အဲဒီလိုလူမျိုးကို ရွေးချယ်ဖြစ်မှာပါ။ သဉ္ဇာက အဓိကသဉ္ဇာကို အထူးတလည်နားလည်မှု ပေးစရာမလိုပါဘူးလို့ထင်တယ်။ သဉ္ဇာမှာ တခြားရှင်းပြစရာကိစ္စတွေလည်းမရှိတော့ ကိုယ်ကသူ့ကို စိတ်တွေ ပူပြီးတော့ ဂျေဝင်တာကိုပဲ သူကနားလည်မှုပေးဖို့ပဲလိုတယ်။ အဲဒီလိုမျိုးကိုပဲ ရွေးချယ်ဖြစ်မှာပါ" လို့ ချစ်သူမထားဖြစ်ခြင်းအကြောင်းကို သဉ္ဇာနွယ်ဝင်းက ပြောပြပါတယ်။
လွင်လွင်ထွန်း
Popular Journal

ကိုလူချောအဖွဲ့ကိုလှူဒါန်းတဲ့ ဆန်အိတ်တွေထဲက စက်အဖွဲ့သားများ၊ ဇာတ်ပို့၊ ဇာတ်ရံများကို ပြန်လည် လှူဒါန်းကြောင်း

လစဉ် အနုပညာမောင်နှမတွေ စုပေါင်းပြီး "လက်တွဲဆင့်ကူ ဆန်အလှူ" အဖြစ် ကိုလူချောအဖွဲ့ကို လှူဒါန်းကြပါတယ်။ ဒီလိုလှူဒါန်းမှုတွေ နဲ့ပတ်သက်ပြီး ကိုလူချောအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင် က" အလှူရှင်ဆိုတာကလည်း လှူချင်တဲ့သဒ္ဓါစိတ်ရှိမှ လှူလို့ရတာလေ။ အလှူခံပုဂ္ဂိုလ်ဆိုတာကလည်း အလှူ ရှင်ရှိမှ အလှူခံလို့ရတာလေ။ ကိုဝင်းထွန်းထွန်းနဲ့ကို သူထူးစံတို့က သူတို့တတ်စွမ်းသရွေ့ ကြိုးစားကြတယ်။ ဒါပေမဲ့လည်း လစဉ်တိုင်းမှာ အလှူရှင်ဆိုတာ ရှိချင်မှလည်း ရှိမှာပေါ့။ အရင်တုန်းက ၆ ရက်နေ့ တိုင်းမှာ လှူဒါန်းတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာကျတော့ လှူဒါန်းတဲ့မင်းသား၊ မင်းသမီးတွေက ကုန်သွားသလောက် ဖြစ်နေပြီဆိုတော့ အလှူရှင်က အခြေ အနေမကောင်းတော့ ကိုဝင်းထွန်းထွန်းတို့လည်း တကယ်ခေါင်းစားရပါတယ်။ သူတို့ကိုလည်း တကယ်ကျေးဇူးတင်ပါတယ်" လို့ ပြောပြပါတယ်။

အနုပညာ မောင်နှမတွေ လှူဒါန်းတဲ့ ဆန်အိတ်တွေထဲကမှ တချို့ဆန်အိတ်တွေကို စက်အဖွဲ့သားတွေ၊ ဇာတ်ပို့၊ ဇာတ်ရံ တွေကိုလည်း ပြန်လည်လှူပေးဖြစ် ကြောင်းကိုလည်း" စာစောင် တစ်ခုမှာ ပါလာတာ ဘာအဖွဲ့ဆိုလားခေါင်းဆောင် တဲ့သူတစ်ယောက်က မင်းသား၊ မင်း သမီးတွေကလှူတဲ့ဆန်ကို သူ့အဖွဲ့သားတွေကိုပဲ အိတ်လိုက်ပေးတယ်။ ကျန်တဲ့လူတွေကတော့ ပါးစပ်ဟောင်းလောင်းနဲ့ အငေးသားကြည့်နေရတယ်ဆိုတော့ စိတ်ထဲမှာမကောင်း ဘူး။ ခေါင်းစဉ်တပ်ပြီး လှူလာတာက ကိုလူချောအဖွဲ့အတွက် ဆန်အိတ် တစ်ရာလှူဒါန်းပါသည်ဆိုပြီး လှူဒါန်းတာ။ ကိုလူချောအဖွဲ့မှာက ၉၈ ယောက်ရှိတယ်။ ကျွန်တော်နဲ့ တချို့ ရယ်၊ အဝေးရောက်နေတဲ့သူ တွေက တစ်ခါတလေ ယူချင်မှယူတယ်။ တစ်လမှာ အနည်းဆုံး ဆန်အိတ်၇ အိတ်ကနေ ၁ဝအိတ်ကြား ဖောက်ပြီးလုပ်အား ပေးတဲ့စက်အဖွဲ့တွေကို ၅ ပြည်၊ ကျန်တဲ့ဒီလမ်းထဲမှာလှုပ်ရှားနေကြတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို ၃ ပြည်ပေးတယ်။ နောက်ဝဇီရာရုပ်ရှင်ရုံကဝန်ထမ်းတွေလည်းလာကြတဲ့ အတွက် ပေးတယ်။ ဆန် ၃ပြည်ဆိုတာ မိသားစုတစ်စုအတွက် အနည်းဆုံး ၂ရက်ပဲ စားလို့ရတယ်ဆိုတဲ့ စာနာစိတ်နဲ့ မယူတဲ့ သူတွေကနေ ပြန်ပြီးလှူတယ်။ကိုလူချောအဖွဲ့အတွက် လုပ်ပေးနေတာ ဘယ်သူ့အပေါ်မှာမှ ခေါင်းပုံမဖြတ်ဘူး။

ခေါင်းစီးတစ်ခုအောက်မှာလှူတဲ့အခါ သူ့လူတွေပဲပေးတယ်ဆိုတာ ကိုယ့်မိသားစုမဟုတ်ဘူး။ "ကိုလူချော" အဖွဲ့ဝင်တွေကိုပေးတာ။ လှူတဲ့သူက "ကိုလူချော"အဖွဲ့ဆိုတဲ့အတွက် သူတို့ ကို အပြည့်အဝပေးရမှာပေါ့။ ကျန်တဲ့ သူတွေကို စေတနာနဲ့ပေးတာ။ ဇာတ်ပို့၊ ဇာတ်ရံဥက္ကဋ္ဌဖြစ်တော့ ဇာတ်ပို့၊ဇာတ်ရံ အလွှာအတွက် အစည်းအရုံးကနေ ဆန်၊ဆီလှူရင် ဖုန်းဆက်ပြီး တောင်ခေါ်ပြီးပေးခဲ့တာ။

"ကိုလူချော" အဖွဲ့ အတွက်ဆိုရင် ကိုလူချောအတွက် အလုပ်လုပ်ပါတယ်။ တကယ်တမ်း သိချင်ရင် "ကိုလူချော" အဖွဲ့ရုံးခန်းကို အချိန်မရွေးလာမေးပါ။ ဆရာ ဦးကျော်ဟိန်း၊အခုဘုန်းဘုန်း ကိတ္တိသာရပြော သလိုပဲသေသွားရင် ဒါတွေက ဘာမှမဟုတ်ဘူး" လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal

စုလှိုင်နှင်းဇာတ်ကား ရိုက်ကူးမှုတွေကျဲသွား ရခြင်းအကြောင်း

ရုပ်ရှင်ဗီဒီယိုလောကတွင်တစ်ခေတ်တစ်ခါက ခေါင်းဆောင် မင်းသမီးအဖြစ်ပရိသတ်က အသိအမှတ်ပြု အားပေး ခြင်းခံခဲ့ရသူ ကတော့စုလှိုင်နှင်းပဲဖြစ်ပါတယ်။ ဇာတ်ကားတွေကို ရိုက်ကူးတာတင်မကနယ်ရှိုးတွေမှာလည်း သီချင်းဆိုဖြစ်တဲ့ စုလှိုင်နှင်းက "ယဉ်ကျေးလိမ္မာနှလုံးလှသံစဉ်များ" အခွေ မှာလည်း ပါဝင်သီဆို ထားပါတယ်။ ဘာသာရေးနဲ့သက်ဆိုင်တဲ့သီချင်းမျိုးမဆိုဖူးတဲ့အတွက်အခက်အခဲရှိခဲ့ကြောင်း စုလှိုင်နှင်းက ပြောပါတယ်။

"ဘာသာရေးသီချင်းဆိုတော့ တာဝန်ပိုကြီးတယ်။ တစ်ခါမှလည်း မဆိုဖူးဘူး။ ဒါက ပထမဆုံးပဲ။ဒါပေမဲ့လည်း ဦးဇော်မင်းလေးက ဆိုပုံဆိုနည်း၊ ဆိုဟန်တွေလေ့ကျင့်ပေး တယ်။ ပြီးတော့ စတူဒီယိုမှာလည်းလေ့ကျင့်ရတယ်။ လေ့ကျင့်တာတွေ များသွားတော့ နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်" လို့ပြောပါတယ်။စုလှိုင်နှင်းက အခုနောက်ပိုင်းမှာ သူ့ရဲ့ဇာတ်ကားရိုက်ကူးမှု ကျဲသွားခြင်း အကြောင်းကိုတော့..

"အစ်မ အခုအသက်အရွယ်က မင်းသမီးနေရာနဲ့လည်းမလိုက်ဘူး။ အစ်မ သရုပ်ဆောင် ရမယ့်နေရာက ကြားနေရာ ဖြစ်နေ တာပေါ့။အမေနေရာဆိုရင်လည်း နည်းနည်းနုသေးတယ်။ အဲဒီတော့ အစ်မလို နေရာမျိုးနဲ့ပဲ အဆင် ပြေပေမယ့်လည်း အစ်မလို နေရာမျိုးနဲ့ ကျတော့ ဇာတ်ဝင် ခန်းတော်တော်များ များကမရှိဘူး။ရှားတယ်။ ဒါကြောင့် ဇာတ်ကား ရိုက်ကူးမှု ကျဲသွားရတာပါ" လို့ ဆိုပါတယ်။
ယွန်းလင်္ကာ
Popular Journal

အနုပညာဆိုတဲ့ ပညာက ယူတတ်မှရကြောင်း နိုဗယ်ကျော်ကျော်ပြော

ဒါရိုက်တာအဏ်ထော်ဏီရိုက်ကူးတဲ့ " မျက်နှာနှစ်ထပ်နဲ့လူ" ဇာတ်ကားကို နိုဗယ်ကျော်ကျော်က သူထူးစံ၊ စိုးရန်အောင်တို့နဲ့အတူပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက ရိုမန့်ဒရာမာဇာတ်လေးဖြစ်တယ်လို့သိရပြီး အရင်ကထွက်ပြီးသားဇာတ်တွေနဲ့မတူဘဲ ဆိုက်ကိုနည်းနည်းဆန်တဲ့ဇာတ်ကားလေးဖြစ်တယ်လို့လည်း သိရပါတယ်။ အော်စကာဆုရ ထားတဲ့နိုင်ငံခြားဇာတ် လမ်းကိုပြန်လည်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး၊အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြောင်း နိုဗယ်ကျော်ကျော်ကပြောပါတယ်။ နိုဗယ်ကျော်ကျော်က အရင်ကထက်စာရင် ပရိသတ် အားပေးတဲ့နေရာလေးတော့ရနေပြီဖြစ်ပေမယ့်လည်း ဒီ့ထက်မက ပိုကြိုးစားပြီး ကိုယ်ရည်မှန်းထားတဲ့နေရာ ရောက်ဖို့အတွက်လုပ် သွားမှာဖြစ်သလို အနုပညာမောင်နှမတွေနဲ့လည်း တိုင်တိုင်ပင်ပင်လေးလုပ်ဖြစ်ကြောင်းပြောပါတယ်။ " နိုဗယ်တို့က အဓိက ကိုယ့် Talent က အရေးကြီးတယ်။ အရင်တုန်းက ကိုယ်ကအသစ်တစ်ယောက်အနေနဲ့တုန်းက ကိုယ့်ရှေ့က အနုပညာရှင်ကြီးတွေဆီမှာ သင်ယူလေ့လာဖြစ်တယ်။ အခုအချိန်ထိလည်း နိုဗယ်တို့အတွက် တအားခက်ခဲတယ်။ တကယ် ကိုအနုပညာဆိုတဲ့ပညာကယူတတ်မှရတယ်။ အဲဒီလိုမျိုးဆိုတော့ အခုအချိန်ထိလည်း အမြဲတမ်း ကိုယ်အခက်အခဲရှိမယ်လို့ထင်တဲ့ အရာတွေကို ကိုယ့်အနုပညာညီအစ်ကို မောင်နှမတွေနဲ့တိုင်ပင်ဖြစ် တယ်။

အခက်အခဲအများကြီးတော့ မရှိပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ်ကသစ္စာရှိဖို့လည်း လိုတယ်။ ဒီအနုပညာ အလုပ်က ခုနစ်ရက်သားသမီးတွေ လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက် အားလုံးကတော့စိတ်တွေက မတူညီနိုင်ဘူး။ ထပ်တူမကျနိုင်ရင်တောင်အများကြီး ညှိနှိုင်းပြီးတော့ လုပ်ရမယ်။ စိတ်ဝင်တစားလေးနဲ့ကိုယ်ကပျော် ပျော် ရွှင်ရွှင်လေးကြိုးစားပြီးလုပ်သွားမယ်ဆိုရင်တော့ နေရာကောင်းတစ်နေရာလေးတော့ ရလာမယ်လို့ နိုဗယ်က ယုံကြည်တယ်" လို့ အနုပညာနဲ့ပတ်သက်ပြီး လတ်တလောဖြစ်နေတဲ့ အကြောင်း နိုဗယ်ကျော်ကျော်က ပြောပါတယ်။
လွင်လွင်ထွန်း
Popular Journal

ရဲဝန်ထမ်းနှင့် အရပ်သားတို့ ထိုးကြိတ်ရာမှ အပြန်အလှန်တရားစွဲ

ရန်ကုန်၊ မတ်- ၁၉
အနောက်ပိုင်းတက္ကသိုလ်ရဲကင်းမှ ရဲဝန်ထမ်းအပါအ၀င် သတင်းပေးလေးယောက်တို့နှင့် အရပ်သားသုံးဦး ထိုးကြိတ်ကြရာမှ ဆွဲကြိုးဖြတ်လုယက်မှု၊
တာဝန်ဝတ္တရားနှေင့်ယှက်မှုတို့ဖြင့် အပြန်အလှန်အမှုဖွင့်ထားကြကြောင်း သတင်းရရှိသည်။

အရပ်သား လူငယ် ၃ ဦးသည် မတ် ၁၇ရက် ည ခုနှစ်နာရီခန့်က ထန်းတပင်မြို့နယ်မှ လှိုင်သာယာမြို့နယ်သို့ မိတ်ဆွေ များအား မော်တော်ဆိုင်ကယ်ဖြင့်
ပြန်ပို့အပြီး အနောက်ပိုင်းတက္ကသိုလ်အနီးတွင် ဆွဲကြိုးဖြတ်လုယက်ခံရခြင်း ဖြစ်ကြောင်း အရပ်သားများဘက်ကပြောသည်။

“ကျွန်တော်တို့ဆိုင်ကယ်ကို သူတို့တွေက ကျော်တက်တဲ့အချိန် သူတို့ထဲက ရဲတစ်ယောက်ကို သိနေလို့လှမ်း နှုတ်ဆက်လိုက်သေးတယ်၊ စည်ပင်သာယာတံတား
မောင်းတံနားလည်းရောက်ရော စောစောကကျော်တက် သွားတဲ့ ရဲတွေက ဂိတ်တံခါးပိတ် စောင့်နေပြီး တစ်ယောက်ကို လက်ထိပ်ခတ်တယ်၊
နောက်ဆိုင်ကယ်တစ်စီး က ကျွန်တော့်တို့ ဆိုင်ကယ်ကို ပိတ်တိုက်လိုက်လို့ ကျွန်တော်တို့သုံးဦးလုံး ဆိုင်ကယ်ပေါ်က လွင့်ကျသွားတယ်၊ ရဲတစ်ယောက်က
လက်ထိပ်ခတ်ခံထားရသူရဲ့ ဆွဲကြိုးကိုဖြတ်လုတယ်၊ နောက်တစ်ယောက်က မင်းဆွဲကြိုးကို လည်းဖြတ် တယ်ကွာလို့ပြောပြီး ဆွဲဖြတ်ယူသွားတယ်၊
ကျွန်တော်တို့လေးယောက်လုံးကိုဝိုင်းထိုးကြတယ်၊ ကျွန်တော်အင်္ကျီအိတ်ကပ်ထဲ ထည့်ထားတဲ့ ငွေငါးသောင်းလည်း လုံးထွေးနေတုန်းပျောက်သွားတယ်”ဟု
အသက် ၂၇ နှစ်ရှိ အလုခံရသူဆိုသူကပြောသည်။

အဆိုပါနေရာသို့ အနီးရှိ ရွာသစ်ကျေးရွာမှ လူတစ်ချို့ရောက်လာပြီး ဖျန်ဖြေပေးသောအခါမှ လူစုကွဲသွားကြ သည်။ အနောက်ပိုင်းတက္ကသိုလ်ရဲကင်းမှ
ရဲတပ်သားနှစ်ဦးနှင့် ရဲသတင်းပေးနှစ် ဦးတို့ထွက်ပြေးသွားကြရာ တစ်ကျပ်သားခန့်ရွှေဆွဲကြိုးတစ်ကုံး၊ တစ်ကျပ်ခွဲသားခန့် ရွှေဆွဲကြိုးတစ်ကုံးနှင့်
ငွေကျပ်ငါးသောင်း ရှာမတွေ့ တော့ဘဲ ၎င်းတို့၏ ဆိုင်ကယ်တစ်စီးပင်ကျန်ခဲ့ကြောင်း လုယက်ခံရသူကပြောသည်။

အဆိုပါဖြစ်စဉ်အားတက်သစ်ရဲစခန်းသို့ မေးမြန်းရာ စခန်းမှုးရဲအုပ်ဦးတင်မြင့်က နှစ်ဖက်စလုံးကိုစစ်ဆေးလျက် လုယက်မှု၊ အားပေးကူညီမှုတို့ဖြင့်
အမှုဖွင့်ပေးထားသကဲ့သို့ ရဲများကလည်း တာဝန်ဝတ္တရားထမ်းဆောင်ချိန် ကိုယ်ထိလက်ရောက်မှု၊ ဆဲဆိုမှုတို့ဖြင့် အမှုပြန်ဖွင့်ထားပြီး နှစ်ဖက်စလုံး ဒဏ်ရာရကာ ရဲဝန်ထမ်းများအားထန်းတပင် ဆေးရုံတွင် ဆေးဝါးကုသနေကာ အရပ်သားများက အင်းစိန်ဆေးရုံတွင်ဆေးဝါးကုသနေကြောင်းပြောသည်။

ထို့ကြောင့်အရပ်သားများဘက်မှ တက်သစ်ရဲစခန်းတွင် ပုဒ်မ ၃၉၂၊ ၁၁၄ တို့ဖြင့် အမှု ဖွင့်ထားသကဲ့သို့ ရဲဝန်ထမ်းများကလည်း တက်သစ်ရဲစခန်းတွင်ပင် ပုဒ်မ
၃၃၂/ ၂၉၄ တို့ဖြင့် အပြန်အလှန်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
7Day News Journal

ကားတင်သွင်းရာတွင် မမှန်မကန်လုပ်သည့် ကုမ္ပဏီ ၂၀ကျော် အမည်ပျက်စာရင်းသွင်းမည်

မန္တလေး
ကားတင်သွင်းရာ၌ မမှန်မကန်လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီ ၂၀ ကျော်အား အမည်ပျက် (Black List)စာရင်းသွင်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

၎င်းကုမ္ပဏီ ၂၀ ကျော်သည် ကားအစီးရေ ၆၈၃ စီးကို မမှန်မကန် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယခုအရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်းဖြင့် စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ခေါင်းဆောင် စီးပွားကူးသန်းဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဒုညွှန်ချုပ် ဦးညွန့်အောင်က ပြောသည်။

မကြာမီ အမည်ပျက် (Black List) စာရင်းကို ကြေညာမည်ဖြစ်ပြီး ယခု စစ်ဆေးလုပ်ဆောင်နေပြီဖြစ်ကြောင်း ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ ပင်လယ်ရေကြောင်းများမှ ကားများတင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်သွင်းရန် သတ်မှတ်ခွင့်ပြုထားသည့် မော်ဒယ်ထက်နိမ့်သောကားများ မမှန်မကန်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်တင်သွင်းမှုများနှင့်ပတ်သက်၍ Automobile Policy ကို ရေးဆွဲနေကြောင်း၊ ထိုသို့ရေးဆွဲပြီးပါက တင်သွင်းခွင့်ပြုသည့် ကားမော်ဒယ်၊ ကောက်ခံမည့်အခွန်၊ ကားသုံးစွဲခွင့်သက်တမ်း စသည်များ စနစ်တကျရှိလာမည်ဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။
7Day News Journal

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်လွှာ ပုံစံများနှင့် ပတ်သက်၍ အများသိစေရန် သတင်းထုတ်ပြန်

နေပြည်တော် မတ် ၁၉
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးက ယနေ့တွင် မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားရာ၌ အချိန်ကုန်၊ ငွေကုန် သက်သာမှုများ ရရှိစေရန်နှင့် စနစ် ကျနမှု ရှိစေရန်အတွက် ဖြေလျှော့မှုများ ပြုလုပ်ပေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်မှုတွင် မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားရာ၌ မြန်မာ နိုင်ငံနိုင်ငံကူးလက်မှတ် လျှောက်လွှာပုံစံ များနှင့် ပတ်သက်၍ ယခင်က ဖြည့်စွက် လျှောက်ထားရသည့် လျှောက်လွှာပုံစံ ၁၄ ရွက် ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယင်း ၁၄ ရွက်မှာ ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရန် ပုံစံ (၂ စုံ) နှစ်ရွက် (လေးမျက်နှာ)၊ ကွန်ပျူတာ လျှောက်လွှာပုံစံ (၅ စုံ) ငါးရွက်၊ အလယ်လျှောက်လွှာပုံစံ (အပြာရောင်) တစ်ရွက်၊ ကိုယ်တိုင်ရေး လျှောက်လွှာ ပုံစံ နှစ်ရွက်၊ ပညာရေး ကင်းရှင်းကြောင်း ကိုယ်တိုင်ခံဝန် နှစ်ရွက်၊ ပြစ်မှုကင်းရှင်းကြောင်း ကိုယ်တိုင် ခံဝန် နှစ်ရွက် စုစုပေါင်း ၁၄ ရွက် ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားမှုတွင် ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့မှုကြောင့် လျှောက်လွှာပုံစံတွင် ငါးရွက် ဖြည့်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း ထပ်မံ ဖြေလျှော့၍ (၃) ရွက်တည်း သာ ဖြည့်စွက် လျှောက်ထားရမည် ဖြစ်သည်။ ယင်း သုံးရွက်မှာ ကိုယ်ရေး မှတ်တမ်း ထိန်းသိမ်းရန် ပုံစံ (၂ စုံ)၊ နှစ်ရွက် (လေးမျက်နှာ)၊ ကွန်ပျူတာ လျှောက်လွှာပုံစံ (၁ စုံ) တစ်ရွက် စုစုပေါင်း သုံးရွက် ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံကူး လက်မှတ် လျှောက်လွှာပုံစံ သုံးရွက်ကိုလည်း လျှောက်ထားသူများ ကိုယ်တိုင် ဆောင်ရွက်နိုင်ရန် အတွက် ရိုးရှင်း လွယ်ကူသော စနစ်များဖြင့် စာရွက်စာတမ်းများကြောင့် ကြန့်ကြာခြင်း မဖြစ်စေရန် စီမံထားရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)
Yangon Media Group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com