http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တောင်ဥက္ကလာ ၄ ရပ်ကွက်တွင် ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ

Tuesday, 05 March 2013
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊(၄)ရပ်ကွက်၊ကေတုမာလာ (၄) လမ်းထိပ်ရှိ ငမိုးရိပ်ချောင်းလက်တက်ရေပေါက်ကြည့် ချောင်းအတွင်း ပုတ်ပ္ပွနေသည့် အမျိုးသမီးရုပ်အလောင်း တစ်ခုကို မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်က တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုးရုံးထံမှ စုံးစမ်းသိရှိရသည်။

အဆိုပါရုပ်အလောင်းကိုပက်လက်အနေအထားဖြင့် ချောင်းအစပ်ရှိ လမုပင်၊ ခရာပင်များကြား နှုံးများပေါ်တွင် တွေ့ရှိခဲ့ပြီး ဆံပင်များကျွတ်၍ ဦးခေါင်းမှ ဦးရေပြားများမရှိတော့ဘဲ၊ မျက်နှာမှာပုတ်ပွကာရုပ်ပျက်နေပြီး၊ အတွင်းခံအင်္ကျီအဖြူရောင်နှင့် အနီရောင်ဘောင်း ဘီတိုတို့ဖြင်တွေ့ရှိကာ အရပ်မှာ ၄ ပေ ၃ လက်မ ခန့် ရှိပြီး အသက်အရွယ်ကိုခန့်မှန်း၍ မရကြောင်း တောင်ဥက္ကလာပရဲစခန်းထံမှ စုံးစမ်းသိရှိရသည်။

အသက်အရွယ်မှာ အလောင်း၏ အရွယ်နှင့် ရင်သားများကိုခန့်မှန်း၍ အပျိုပေါက် ၁၄ နှစ်အရွယ်ခန့် ဟုခန့်မှန်းကြောင်း အလာင်းကို မျက်မြင်တွေ့ရှိသည့်အဆိုပါလမ်းအတွင်းနေထိုင်သူများ၏ပြောကြားချက်အရသိရသည်၊
The Voice Weekly

ဧရာဝတီမြစ် ကမ်းပါးပြိုကျတဲ့အတွက် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ထဲက၊ ညောင်လှကျေးရွာမှာ အိမ်(၉) လုံး ပြိုကျ(ရုပ်/သံ)

ဧရာဝတီမြစ် ကမ်းပါးပြိုကျတဲ့အတွက် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ထဲက၊ ညောင်လှကျေးရွာမှာ အိမ်(၉) လုံး ပြိုကျပျက်စီးသွားပြီး တခြားအိမ်တွေလဲ ရွှေ့ပြောင်းလိုက်ရပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး အိုင်စီဂျေ ဟင်္သာ(ပြည်)DVB TV News


LG က စမတ်ဖုန်းနဲ့ တက်ဘလက်ပေါင်းစပ်ထားတဲ့ Phablet ကို မိတ်ဆက်



LG လို့ ဆိုလိုက်ရင် L Series စမတ်ဖုန်းတွေနဲ့ လတ်တလော ဈေးကွက်ထဲမှာ ထိုးဖောက်ထားတာကို တွေ့ရပါလိမ့်မယ်။ နောက်ဆုံး ထွက်ထားတဲ့ စမတ်ဖုန်းဖြစ်တဲ့ LG Nexus 4 ဆိုရင် နိုင်ငံတကာဈေးကွက်မှာ စတင်ရောင်းချတဲ့ အချိန်မှာတင် တစ်ခဲနက် အားပေးလွန်းတာကြောင့် တွဲဖက်ထုတ်လုပ်ကြတဲ့ LG, Google ကုမ္ပဏီ ၂ ခုလုံး လက်မထောင်နေရတဲ့ အချိန်လို့တောင် ဆိုနိုင်ပါတယ်။ ဒီအချိန်မှာပဲ LG ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်ပေါင်းစပ်ထားတဲ့ Phablet ကို မိတ်ဆက် ပြသလိုက်ပါတယ်။ ၅.၅ လက်မဆိုတာ တက်ဘလက်ထက်စာရင် စမတ်ဖုန်းနဲ့ ပိုတူပါတယ်။ ဒါပေမယ့် မျက်နှာအပြည့် ဖုန်းနဲ့ ပြောချင်စိတ်ရှိဖို့တော့ လိုပါလိမ့်မယ်။ လက်ရှိအချိန်မှာ ၅ လက်မဆိုတဲ့ မျက်နှာပြင် အကျယ်ဟာ စမတ်ဖုန်းတိုင်း နီးပါးလောက် ပြုလုပ်လာကြတဲ့ အတွက်ကြောင့်ပါ။ ပြီးတော့ နည်းပညာအသစ်အနေနဲ့ Q-slide ဆိုတာထည့်သွင်းပေးထားပြီး ကင်မရာ လုပ်ဆောင်ချက်ဟာ Dual record ဖြစ်တာကြောင့် ရှေ့၊ နောက်ကင်မရာ ၂ ခုလုံး တစ်ပြိုင်တည်း ဗီဒီယိုဖိုင်တွေ ဖမ်းယူမှတ်တမ်း တင်နိုင်ပါလိမ့်မယ်။ HD-IPS ထိတွေ့မျက်နှာပြင်ကို သုံးစွဲနိုင်မှာဖြစ်ပြီး ဖုန်းရဲ့ မျက်နှာပြင်ကလည်း 1080p ရှိပြီး HD အရည်အသွေးကို ဖော်ပြနိုင်မှုကြောင့် ကြည်လင်တဲ့ ရုပ်ထွက်ကို ခံစားရမှာဖြစ်သလို 5.5 ရှိတဲ့ မျက်နှာပြင်ကို မြင်တွေ့ရမှာဖြစ်ပြီး 401 ppi ဖော်ပြနိုင်စွမ်းဟာ လက်ရှိ စမတ်ဖုန်းတွေထဲမှာ အတော်လေး ကောင်းမွန်ပါတယ်။ 9.4 mm ကလည်း ပါးတယ်လို့ ဆိုနိုင်တယ် Dolby mobile sound enhancement ကိုပါ ထောက်ပံ့ပေးထားတယ်။ ဖုန်းရဲ့ အချက်အလက် သိမ်းဆည်းနိုင်မှုအတွက်ကတော့ လေးစားလောက်ဖွယ်ပဲ 32 GB အထိ သိမ်းဆည်းနိုင်မှာ ဖြစ်ပြီး အပိုသိုလှောင်မှုကို ထပ်မံပြုလုပ်လို့ ရနိုင်ပါတယ်။ Android OS 4.1.2 ကို အသုံးပြုထားတာကြောင့် app တွေ သုံးတဲ့ နေရာမှာ အခက်အခဲ ရှိနိုင်မယ်မထင်ပါဘူး။ ဖုန်းနဲ့ အချက်အလက် လွှဲပြောင်းလိုသူတွေအတွက် USB 2.0 Bluetooth 4.0, wifi လို နည်းပညာတွေ ပါဝင်ပါတယ်။
Myanmar Mobile App Store

မိုဘိုင်းဖုန်းများ 4G စနစ် စမ်းသုံးလာပါက အင်တာနက် ပိုမိုသုံးစွဲနိုင်ရန်ရှိ


ယခုနှစ်အတွင်း ပြည်တွင်း မိုဘိုင်းဖုန်းများကို 4G စနစ်ဖြင့် စတင်စမ်းသပ် သုံးစွဲဖွယ်ရှိရာ 4G စနစ် စမ်းသုံးလာပါက အင်တာနက် ပိုမိုသုံးစွဲနိုင်ရန် ရှိလာမည် ဖြစ်သည်ဟု သိရသည်။ ယင်းသို့ 4G စနစ်ဖြင့် အသုံးပြုခြင်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Game တွင် စတင်စမ်းသပ် သုံးစွဲသွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။ “4G သုံးတာကတော့ သူများနိုင်ငံတွေမှာလည်း သုံးနေပါတယ်။ ဒါပေမယ့် လုံးဝ အဆင်ပြေတယ်လို့တော့ မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံ အနေနဲ့လည်း စမ်းသုံးကြည့်ရမယ့် အနေအထား ဖြစ်မှာပါ” ဟု ပြည်တွင်း မိုဘိုင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်း 4G စနစ် အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းအိုင်တီ အသုံးပြုထားသူ တစ်ဦးက “လက်ရှိ သုံးနေတာမှာ 3G က အမြင့်ဆုံးပေါ့။ နိုင်ငံတကာမှာလည်း 3G ကို တော်တော်လေး တွင်တွင်ကျယ်ကျယ် သုံးပါတယ်။ 4G ကတော့ လက်ရှိအချိန်မှာ သုံးတာ နည်းသေးတယ် ဆိုရမယ်။ 4G သုံးမယ် ဆိုရင်တော့ network speed က ပိုကောင်းမယ် ထင်ပါတယ်။ အင်တာနက် သုံးတာလည်း အများကြီး ပိုကောင်းလာပါမယ်။ အင်တာနက် speed လည်း ပိုမြန်ပါမယ်။ သွားတဲ့ MHz လည်း မြင့်လာတာပေါ့။ သုံးရတာ ပိုမြန်ပြီး ပိုကောင်းတာတော့ အားသာချက် ရှိပါတယ်။ လက်ရှိမှာ ဟန်းဆက်တော့ ရှားနေဦးမယ်။ ဟန်းဆက်ကလည်း မော်ဒယ်မြင့်တွေမှာပဲ သုံးလို့ရပါမယ်။ ကမ္ဘာမှာလည်း 4G စနစ်ကို သုံးနေတာ သိပ်တော့ မများသေးပါဘူး” ဟု သုံးသပ်ပြောကြားသည်။

မိုဘိုင်းဖုန်း 4G အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းမိုဘိုင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက “မိုဘိုင်းမှာ 4G အဆင့်ထိ သုံးလို့ရပြီဆိုရင် အင်တာနက်သုံးရတဲ့ speed က ပိုကောင်းလာပြီ။ မိုဘိုင်းဖုန်းနဲ့ ငွေချေလို့ရပြီ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် မိုဘိုင်းကို များများတိုးတက် လာစေပါတယ်။ အင်တာနက်ကိုလည်း မိုဘိုင်းပေါ်မှာ သုံးလို့ရနေပါပြီ။ အခုခေတ်မှာ မိုဘိုင်းဖုန်းဆိုတာ ဖုန်းပြောရုံပဲ မဟုတ်ပါဘူး။ ဒေတာ (အင်တာနက်) သုံးခွင့်ရမှ ဖြစ်တော့မှာပါ။ 4G က တချို့နိုင်ငံတွေမှာလည်း သုံးပါတယ်။ ဒီမှာ စမ်းသုံးမယ်ဆိုလည်း ကောင်းပါတယ်” ဟု ပြောသည်။

ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများမှာ GSM မိုဘိုင်းဖုန်း၊ WCDMA မိုဘိုင်းဖုန်း၊ CDMA 800 MHz မိုဘိုင်းဖုန်းနှင့် CDMA 450 MHz (ကမ်းရိုးတန်း) ဖုန်းများဖြစ်သည်။ အဆိုပါ မိုဘိုင်းဖုန်းများတွင် GSM, CDMA 800 MHz မိုဘိုင်းဖုန်းများ၊ WCDMA မိုဘိုင်းဖုန်းများကို အင်တာနက် အသုံးပြုခွင့် ပေးထားပြီးဖြစ်သည်။
ခိုင်ဝေ
Myanmar Mobile App Store

ခေတ်မမှီတာ့သည့် မြန်မာကုမ္ပဏီအက်ဥပဒေကို ပြင်ဆင်ရေးဆွဲမည်၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းကိုလည်း Online စနစ်သို့ ပြောင်းလဲမည်ဟု သိရ


Tuesday, 05 March 2013
သက်တမ်း ၁ဝဝ နီးပါး ရှိနေပြီဖြစ်ပြီး ခေတ်ကာလဖြင့်ကိုက်ညီမှုမရှိတော့သည့်မြန်မာကုမ္ပဏီ အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။၎င်းအပြင် ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကိုလည်း လက်ရှိစနစ်မှ Online စနစ်သို့ ပြောင်းလဲသွားရန် စီစဉ်နေသည်ဟု သိရသည်။

မြန်မာကုမ္ပဏီ အက်ဥပဒေ (The Burma Companies Act ) မှာ ၁၉၁၄ ခုနှစ်ကတည်းက ရေးဆွဲထားခြင်းဖြစ်ပြီး လက်ရှိအခြေအနေနှင့် လျော်ညီမှု မရှိတော့သည့်အတွက် ပြန်လည်ပြင်ဆင်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ကုမ္ပဏီများနှင့် ပတ်သက်၍ လိုက်နာကျင့်သုံးမှု ပြုနေရသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများမှာ ၁၉၁၄ ခုနှစ်က ရေးဆွဲထားသည့် မြန်မာကုမ္ပဏီ အက်ဥပဒေ (The Burma Companies Act )နှင့် မြန်မာကုမ္ပဏီ နည်းဥပဒေ၊ ၁၉၅၇ ခုနှစ်က ရေးဆွဲထားသည့် မြန်မာကုမ္ပဏီ လုပ်ထုံး လုပ်နည်း(Myanmar Companies Regulation)နှင့် Myanmar Companies Schedules တို့ဖြစ်သည်။

မြန်မာကုမ္ပဏီ အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲရာတွင် Asia Development Bank မှ အကူအညီများ ပေးသွားမည် ဖြစ်ကြောင်းကို ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပင် ''ကျွန်တော်တို့ဆီမှာ မြန်မာကုမ္ပဏီအက်က ၁၉၁၄ ခုနှစ်ကတည်းက ရေးဆွဲထားတာဆိုတော့ နှစ်ပေါင်း ၁ဝဝ နီးပါးလောက် ဖြစ်နေတယ်။ သိပ်ပြီး မကိုက်ညီတော့တဲ့အတွက်ပြင်ဆင်ရေးဆွဲဖို့ စီစဉ်နေတယ်။ ဒါကိုလည်း ADB ဘဏ်က ကူညီပေးမယ်လို့ ပြောပါတယ်''ဟု ပြောသည်။

ကုမ္ပဏီမှတ်ပုံတင်ခြင်းအား online စနစ်သို့ ပြောင်းလဲမည့်အပေါ် ၎င်းကပင် ''ADB က လာတဲ့ အခါမှာ မြန်မာမှာ ကုမ္ပဏီမှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်က ရှုပ်ထွေးတယ်လို့ ပြောကြတယ်။ အဲဒီအတွက် Online စနစ်ကို ပြောင်းလိုက်မယ်ဆိုရင် ကိုယ့်ရုံးခန်း၊ ကိုယ့်အိမ်ကနေ မှတ်ပုံ တင်နိုင်ပြီ၊ နောက် သက်တမ်းတိုးနိုင်ပြီ။ ဒါပေမယ့် အဲဒီလိုလုပ်ရင် တရားရုံးလို နေရာမှာကျတော့ ခိုင်မာမှုပြဖို့ခက်ပြီ။ ဒါကလည်း လက်ရှိ ကုမ္ပဏီအက်ဥပဒေမှာကို ပြင်ဆင်မှ လုပ်လို့ရမှာ။ အဲဒီအတွက် ကုမ္ပဏီအက်ဥပဒေကိုလည်း ပြင်မယ်။ ကုမ္ပဏီမှတ်ပုံတင် သက်တမ်းတိုးတာ ကိုလည်း Online စနစ်ကို သွားမယ်။ အဲဒါတွေအားလုံး လုပ်ဖို့အတွက် ADB ဘဏ်က ကူညီမယ်။ လောလော
ဆယ် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲစပြီး ကူညီပေးမယ်'' ဟု ပြောခဲ့သည်။
eleven media group

လိုင်ဇာခရီးရှည် ချီတက်သူ နောက်တဖွဲ့ ကချင်ပြည်နယ်ထဲ ရောက်ရှိ

Tuesday, March 5, 2013
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ လိုင်ဇာမြို့အထိ ခရီးရှည်ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၄ ရက်မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီး အဲဒီကနေ ၉ မိုင်ကွာဝေးတဲ့ မိုးမောက်မြို့ကို ဆက်လက် ချီတက်နေကြပါတယ်။

အဲဒီ လမ်းလျှောက်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့က မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ ကချင်ပြည်နယ်ကို ဦးတည်ပြီး စတင်ထွက်ခွာ
ခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ လိုင်ဇာခရီးစဉ် မရောက်ခင် မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ပြေးဒုက္ခသည် စခန်း ၄ ခုကို သွားရောက် အားပေးစကားပြောဖို့ရှိတယ်လို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်စိုးက RFA ကို ပြောပါတယ်။

ဒါ့အပြင် လမ်းခရီးမှာ ဒေသခံတွေ လှူဒါန်းထားတဲ့ အလှူငွေ ကျပ်သိန်း ၁၂၀ ကျော်ကို ခရီးဆုံးလိုင်ဇာမြို့ကို ရောက်ရှိချိန်မှာ ဒုက္ခသည်တွေအတွက် လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

အလားတူ ရန်ကုန်ကနေ လိုင်ဇာအထိ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းက ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ အဖွဲ့ဟာ ဒီကနေ့မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီကျေးရွာကို ရောက်ရှိနေပြီး ညနေပိုင်းမှာတော့ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ RFA ကို ပြောပါတယ်။

ဒီအဖွဲ့ထဲက အမျိုးသားနှစ်ဦးနဲ့ သံဃာတော်တစ်ပါးဟာ ကျန်းမာရေးအခြေအနေကြောင့် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသခံနေရပါတယ်။RFA Burmese

နား၊ မျက်စိနဲ့ ပါးစပ်တွေကို ဖွင့်ကြရမယ့်ခေတ်ကိုရောက်ပြီဆိုတဲ့ မင်းကိုနိုင်နှင့်တွေ့ဆုံခြင်း

March 2013
ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ်မှာ ဘာတွေအဓိကကွာခြားပါသလဲ။

ဒီမိုကရေစီရဲ့အနှစ်သာရသဘောက လူတွေကို စုစည်းပေးထားတယ်။ အာဏာရှင်ရဲ့ဆန့်ကျင်ဘက်ကိုး။ အာဏာရှင်ကတော့ လူတွေကို တစ်ယောက်စီတစ်ယောက်စီ ပိုင်းခြားပေးထားတယ်။ တစ်ယောက်ကို တစ်ယောက် မယုံသင်္ကာမှုတွေနဲ့ ကွဲပြားနေတယ်ဆိုရင် ဒါ အာဏာရှင် စနစ်ပဲ။ နောက်ဆုံး မိသားစုထဲမှာတောင်မှ သစ္စာတရားတစ်ခု၊ အမှန်တရားတစ်ခုကိုပြောမယ်ဆိုရင် နောက်ကိုလှည့်ကြည့်နေရတယ်။ မျက်နှာစိမ်းရှိနေရင် ငါတို့အတွက် အန္တရာယ်ဘယ်လောက်ကြီးနိုင်လဲဆိုပြီး စိုးရိမ်နေရတာက အဲဒါ အာဏာရှင်စနစ်ပဲ။ နောက်ဆုံးကျတော့ လူတွေဟာ တစ်ယောက်ချင်းကွဲပြားသွားရုံတင်မကဘူး။ တစ်ယောက်တည်းမှာတောင် စိတ်နဲ့ ကိုယ်ပါ အစေးမကပ်တော့ဘူး ဖြစ်သွားတယ်။

သူရဲ့ဆန့်ကျင်ဘက်၊ သူ့ထက်ကောင်းမွန်တဲ့စနစ်က ဒီမိုကရေစီပါ။ ဒီမိုကရေစီက လူတွေကိုစုပေးတယ်။ စုဝေးစေပြီးတော့ ဘာလုပ်ရမှာလဲ ဆိုရင် လူဆိုတဲ့သတ္တ၀ါရှိနေသရွေ့ ပြသနာရှိတယ်။ အဲဒါကို သဘောတူတယ်။ ဘယ်လိုရှင်းကြမလဲ။ ဒီမိုကရေစီမှာက လူတိုင်း လူတိုင်း ဟာ ပြသနာဖြေရှင်းဘက်တွေလို့ သဘောထားတယ်။ တကယ်တော့ ရန်သူတောင်မရှိပါဘူး။ တစ်ခုတော့ရှိတယ်။ ဒီမိုကရေစီကို ဖျက်ဆီးမယ့်သူ ဆိုရင်တော့ ရန်သူဖြစ်လိမ့်မယ်။ မဟုတ်ရင်တော့ အစိုးရနဲ့ အတိုက်အခံတို့၊ Aပါတီနဲ့ Bပါတီစတဲ့ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေအားလုံးဟာ ရန်သူမဟုတ်ဘူး။ ပြသနာဖြေရှင်းဘက်တွေပဲ ဖြစ်ပါတယ်။
Eternal Light Magazine

‎ပရီးမီးယားလိဂ်မှာ ပထမဆုံး ဟတ်ထရစ်ဂိုးသွင်းတဲ့ အာရှသား

Photo - Manchester United FB
ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) တွင် မန်ယူအသင်း နှင့် နောဝစ်ခ်ျ အသင်းတို့၏ ပွဲစဉ်ကို မန်ယူအသင်း၏ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်ယူအသင်းမှ နောဝစ်ခ်ျ အသင်းကို ၄ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ယူခဲ့ပြီး ၎င်းပွဲတွင် ရရှိခဲ့သောဂိုးများကို အင်္ဂလန်လက်ရွေးစင်ကစားသမား ရွန်နီက ၁ ဂိုး၊ မန်ယူအသင်း၏ ဂျပန်လက်ရွေးစင်ကစားသမား ရှင်ဂျီကာဂါဝါက ၃ ဂိုးသွင်းယူ၍ ပရီးမီးယားလိဂ်မှာ ပထမဆုံး ဟတ်ထရစ်ဂိုးသွင်းတဲ့ အာရှသား အဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
Popular Myanmar News Journal

၉၉ခုမြောက် ကမ္ဘောဇဘဏ်လီမိတက်၏ ဘဏ်ခွဲမူဆယ်မြို့တွင် ယနေ့ ဖွင့်လှစ်လိုက်ပြီ

မူဆယ် -မတ်၅
ကမ္ဘောဇဘဏ်လီမိတက်၏ ၉၉ခုမြောက် မူဆယ်(၂)၊ နန်းတော်ပေါက်ဘဏ်ခွဲ ကိုမူဆယ်မြို့တွင် ယနေ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါကြောင်းသိရသည်။ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများကို ဆက်သွယ်ဆောင်ရွက်နိင်ပြီဖြစ်ကြောင်းနှင့်အမှတ်(ကလ-၂၁)၊ ကောင်းမူးလွယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊မူဆယ်မြို့တွင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
Popular Myanmar News Journal

စင်ကာပူပညာသင် ထောက်ပံ့ကြေးများအကြောင်း ဆွေးနွေးမည်

ရန်ကုန်၊ မတ် (၅)
စင်ကာပူနိုင်ငံ၏ ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားခြင်း၊ အလုပ်လုပ်ပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား မတ်လ (၁၆) နှင့် (၁၇) ရက်နေ့ နံနက် (၉)နာရီမှ (၄)နာရီအထိ Crown Education တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် LASALLE Colledge of the Arts တက္ကသိုလ်၏ ပညာသင်ထောက်ပံ့ကြေးများအကြောင်း အသေးစိတ် ရှင်းလင်းမည်ဖြစ်ပြီး တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၁၂၀၀၀ ကျော်ထိ ထောက်ပံ့ကြေးလျက် ရှိသည်။

၂၀၁၃ ခုနှစ်အတွင်း LASALLE ကျောင်းဝင်ခွင့်အတွက် ဆွေးနွေးပွဲပြုလုပ် ခဲ့ရာ ပြည်တွင်းမှ ပထမဆုံးအကြိမ်အဖြစ် ကျောင်းသူ (၂)ဦးမှာ ထောက် ပံ့ကြေး သုံးနှစ်စာ စင်ကာပူ ဒေါ်လာ ၄၀,၂၅၀ စီနှင့် ကျောင်းသား/သူ (၅)ဦးမှာ ပညာသင်စရိတ်ချေးငွေ ၃၅,၂၅၀ စီ ရရှိခဲ့သည်။
သုတလင်း
Popular Myanmar News Journal

ကိုယ့်အပေါ် နားလည်မှု ရှိသူကို အိမ်ထောင်ဖက်အဖြစ် ဦးစားပေးမည်ဟု ယုသန္တာတင်ဆို

မော်ဒယ်လောကကနေ အနုပညာလောကကို ရောက်ရှိလာပြီး အနုပညာပျိုးခင်းက စင်တင်မင်းသမီး တစ်ယောက်လည်းဖြစ်တဲ့ ယုသန္တာတင်က မိုးယံဇွန်နဲ့အတူ ဆီးဂိမ်း အတွက် ကရာတေး ဇာတ်လမ်းအတို ရိုက်ကူးနေပါတယ်။ အနုပညာပျိုးခင်းနဲ့ ၂နှစ် စာချုပ်ချုပ်ဆိုထားပြီး ဇာတ်ကား ၁၅ကားရိုက်ကူးဖို့ ပြည့်တော့ မှာဖြစ်တဲ့အတွက် အနုပညာ အတွေ့အကြုံနဲ့ပတ်သက်ပြီး ''ညီမကတော့ အနုပညာပျိုးခင်းနဲ့ ၁၅ကားတော့ မပြည့်သေးဘူး။ ညီမရိုက်တဲ့ကား အရေအတွက်က သိပ်မများသေးဘူး။ ကာရိုက် တာလည်း မစုံသေးဘူး ဆိုတော့ ကိုယ့်ကိုဘယ်လို ဇာတ်ရုပ်နဲ့ပိုပြီးအားသာလည်း ဆိုတာ မသိသေးဘူး။ အတွေ့အကြုံတွေတော့ ရရှိခဲ့ပါတယ်။ ပရိသတ်တွေဘက် ကတော့ ညီမကားတွေထွက်လာရင်လည်း အားပေးကြတယ်''လို့ ယုသန္တာတင်က ပြောပါတယ်။

နောက်ပိုင်းမှာ ဇာတ်ကားတွေလည်း အဆက်မပြတ် ရိုက်ကူးလာ သလို၊ ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးလာသူဖြစ်ရာ ဘယ်အလုပ်က ပိုခက်ခဲပါသလဲလို့ မေးကြည့်တော့ .. ''ကားရိုက်နေပေ မယ့် ကြော်ငြာရိုက်ရတာကိုလည်း မလစ်ဟင်း စေချင်ဘူး။ ကားရိုက်တာ အခုမှစပြီး သင်ယူနေရတာဆိုတော့ ပိုပြီးကြိုးစားရ တယ်။ ကြော်ငြာမှာက သူ့ဟာနဲ့ သူခက်ခဲတယ်ဆိုပေမယ့် ကိုယ်ကကြော်ငြာလိုင်းက လာတာ ဆိုတော့ အဆင်ပြေတယ်။ ကားရိုက်တာတော့ ကိုယ့် စိတ်ကိုဖျောက်ပြီး ကာရိုက်တာထဲကို စိတ်သွင်းပြီးလုပ်ရ တာဆိုတော့ ပိုကြိုးစားရတယ်'' လို့ ပြောပါတယ်။

လက်ရှိအချစ်ရေးအခြေအနေမှာ တည်တည်ငြိမ်ငြိမ် ပဲရှိနေပြီး အသက် ၂၉၊ ၃ဝအရွယ်ကျမှ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။ အဓိကက ကိုယ့်အပေါ် နားလည်ပေးနိုင်သူ အိမ်ထောင်ဖက်ကိုပဲ ရွေး ချယ်မှာ ဖြစ်ကြောင်းကို “အချိန်တန်ရင်တော့ အိမ်ထောင်ပြုရမှာပဲ။ အခုအချိန်မှာ ကိုယ့်အသက်အရွယ်က ငယ်သေးတယ်။ ဦးနှောက်က စဉ်းစားဆုံးဖြတ်လို့ မရင့်ကျက်သေးပါဘူး။ ညီမကအချစ်ကိုတော့ သူများတွေလိုမျိုး ရယူတယ်၊ ပေးဆပ်တယ်လို့ မခံယူထားဘူး။ အချစ်ကို အချစ်လို့ပဲ မှတ် ထားတယ်။ အဓိကက ကိုယ်နဲ့ယူမယ့် အိမ်ထောင်ဖက်က ကိုယ့်ကိုနားလည်မှုရှိမယ့် သူမျိုးပဲဖြစ်ရမယ်”လို့ ပြောပါတယ်။
တွယ်တာ
Popular Journal

Queen Jewel ထုတ်လုပ်ရေးနဲ့ရုပ်ရှင်ကားကြီးရိုက်မယ့် ရဲတိုက်

တိုက်က ဆာတိုရီထုတ်လုပ်ရေးက ရိုက်ကူးတဲ့ 'တန်ခူးရင်ခွင်'ဆို တဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး သင်္ကြန်ဇာတ်ကားဖြစ်တာကြောင့် သင်္ကြန်ကြိုရောက်နေသလို ခံစားနေတယ်လို့ ပြောပြတာကြောင့် ''သင်္ကြန်မတိုင်ခင် သင်္ကြန် ဇာတ်ကား ရိုက် တာ။ ဒီနှစ်ဒါက ပထ မဆုံးပဲဆိုတော့ ပျော်တယ်။ သင်္ကြန် ကြိုရောက်နေသလို ခံစားရတယ်။ ဒါရိုက်တာကလည်း ပါပါကြီး(ဦးတင်ဦး)ဆိုတော့ အသက်ကြီးပြီ ဆိုပေမယ့် အခုလိုဝိုင်းဝန်းကူညီပြီး ရိုက်ကူးပေးတဲ့ သူတွေနဲ့ဆိုတော့ ပျော်မယ် ထင်တယ်။ ပုံမှန်ဇာတ်ကား တွေထက် ပိုပျော်ရတယ်။ ရေလောင်း၊ ရေတွေစို ရွှဲဆို တော့လေ''လို့ ပြောပြပါတယ်။

သင်္ကြန်ဇာတ်ကားဖြစ်တာ ကြောင့် ဆက်တင်တွေ ဆင်ရိုက်ရသလို၊ လူအင်အားတွေလည်းလိုအပ်ပါ တယ်။ သင်္ကြန်ဇာတ်ကားတွေကို အခုနောက်ပိုင်းမှာ သိပ် မတွေ့ ရတော့တာလည်း ကုန်ကျစရိတ်ကြောင့် ဖြစ် မယ်လို့ ပြော ပြတဲ့ ရဲတိုက်က ''တကယ်တမ်း သင်္ကြန်ရဲ့ ဇာတ်ကား တစ်ကားကို ပီပီပြင်ပြင်ရိုက်ကြမယ်ဆိုရင် ဒီထက်အများကြီးပိုကြီးကျယ် ခမ်းနား မှာပေါ့။ ဒါပေမဲ့ ဗီဒီယိုကားတစ်ကားမှာ သင်္ကြန်မြင်ကွင်းတစ်ခုကို ဖန်တီးနေ ရတာလည်းပျော်စရာကောင်းပါတယ်။ သင်္ကြန်ဇာတ်ကားတွေ အခုနောက် ပိုင်းမှာ သိပ်မတွေ့ရတော့တာကလည်း အဓိကက ကုန်ကျစ ရိတ်ကြောင့်ဖြစ်မယ် လို့ ထင်တယ်'' လို့ ပြောပြပါတယ်။

ရဲတိုက်က Queen Jewel ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး ဖို့လည်းရှိပြီး ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးသွားမယ်လို့ လည်း ပြောပြပါတယ်။ ရဲတိုက်က အခု နောက်ပိုင်း ဇာတ်ကားတွေ ထွက်တာကျဲလာတာနဲ့ ပတ်သက်ပြီး ''ကျွန်တော့်ကြားထဲမှာ ဇာတ်ကားရိုက် တာ နည်းသွားလို့ နည်းနည်းကျဲသွားတာပါ။ အခု နောက်ပိုင်း ပြန်ရိုက်နေပါ တယ်။ အားလုံးလည်း ပိုကောင်းအောင် လုပ်လာကြပြီဖြစ်တဲ့အတွက် ပို ကောင်းတာကို ပိုရွေးချယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကားတိုင်းတော့ ကိုယ့် အတွက် ကျန်မယ့်ကားတွေ ရွေးလို့မရဘူး။ ဗီဒီယိုဈေးကွက် အနေ အထားအရရော၊ ပရိသတ်အကြိုက်ရော၊ ကိုယ့်အကြိုက်ရော အဆင်ပြေတဲ့ ဇာတ်မျိုးတွေရွေးပြီး ရိုက်နေကြရတာပါပဲ။ ကျွန်တော်ရုပ်ရှင်ကားကြီး ၁၁လပိုင်းကျရင် ရိုက်ဖို့လည်း ရှိပါတယ်''လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal

ထားဝယ်ဆေးရုံကြီး အရေးပေါ်လူနာအခမဲ့ ကုသမှု မတ်လတွင်စတင်မည်

ထားဝယ်ခရိုင်အတွင်းရှိ လူဦးရေ သိန်းချီ မှီခိုနေသော ထားဝယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသည့် အရေးပေါ်လူနာ၊ မီးယပ်သားဖွားနှင့် ခွဲစိတ်လူနာများ အတွက် အခမဲ့ကုသမှု အစီအစဉ်ကို မတ်လဆန်းတွင်စတင်မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောကြား သည်။

ယခုဘဏ္ဍာရေးနှစ်တွင် တိုးမြှင့် သတ်မှတ်လိုက်သော ကျန်းမာရေး အသုံးစရိတ်မှ ခွဲဝေရရှိလာသော ဘဏ္ဍာငွေကို ဆေးဝါးဝယ်ယူခြင်းနှင့် ဆေးရုံ အကြီးစားမွန်းမံခြင်းတို့တွင် သုံးစွဲမည်ဖြစ်ကြောင်း ဒေါက်တာ မြင့်မြင့်ခိုင်က ရှင်းပြသည်။

“လူမှု/ကျန်းမာရေး ဝန်ကြီး၊ တိုင်းကျန်းမာရေးဦးစီးဌာနတို့ လမ်းညွှန်မူ ခံယူ၊ ကော်မတီ ဖွဲ့ပြီး ဆေးဝါးဝယ်ယူ ပါတယ်”ဟု ၄င်းကဆိုသည်။

ယခုနှစ်အတွင်း ဆေးဝါးဝယ်ယူခြင်းအတွက် ကျပ် သိန်း ၅၀၀ ကုန်ကျပြီး ဆေးရုံး မွမ်းမံ ဆောက်လုပ်ရေး လုပ်ငန်းတွက် သိန်း ၃၀၀၀ ခန့် ကျန်ကျထားကြောင်း ဒေါက်တာ မြင့်မြင့်ခိုင်ထံမှ သိရသည်။

ထားဝယ်ဆေးရုံကြီးတွင် တက်ရောက်ကုသရာတွင် ယခင်ထက် ပိုမိုအဆင်ပြေလာပြီး ဆရာဝန်များ လူနားများထံ ပုံမှန် လှည့်လည်လာကြောင်း ဆေးရုံ ပုံမှန်တက်ရောက်ကုသလေ့ရှိသော HIV ပိုးကူးစက်ခံထားရသော အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောကြားသည်။

“အရင်လို မဟုတ်တော့ဘူး တစ်ရက်ကို သုံးကြိမ် Round လှည့်တယ်”ဟု သူကဆိုသည်။

ချထားပေးသော ဘဏ္ဍာငွေကို အသုံးပြုကာ ဆေးရုံတွင် ပျက်စီးနေသော ဖျားနာဆောင်၊ ခွဲစိတ်ဆောင်၊ ပြင်ပ လူနာဌာနတို့ကို အကြီးစားပြုပြင်မည် ဖြစ်ပြီး သန့်စင်ခန်းလေးလုံးနှင့် မိလ္လာကန်အသစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း ထားဝယ် ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဆေးရုံသို့လာရောက်သေ လူနာနှင့် ဧည့်သည်များ လက်ရှိ ရင်ဆိုင်နေရသော ကိစ္စမှာ ရေချိုးရန်နေရာမရှိခြင်း၊ ဆိုင်ကယ်၊ စက်ဘီး အပ်နှံရာတွင် အခကြေးငွေ ပေးဆောင်းရခြင်းတို့ဖြစ်ကြောင်း လူထုအဖွဲ့အစည်းအချို့က ထောက်ပြထားသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများရှိ အရေးပေါ်လူနာ၊ မီးဖွားလူနာနှင့် အရေးပေါ်ခွဲစိတ်လူနာတို့ကို အခမဲ့ ကုသပေးရန် ၂၀၁၃ ခုနှစ်အတွက် ပထမ သုံးလပတ်အတွက် ဆေးဝါးနှင့် ဆေးပစ္စည်း အသုံးစရိတ်များ ချထားပေးပြီး ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးအသုံးစရိတ် ငွေကျပ်သန်းပေါင်း ၁၉၇၉၃၁ ဒသမ ၃၈၇ လျာထားပြီး အများစုမှာ ကျေးလက်ကျန်းမာရေး ဌာနခွဲများ တည်ဆောက်ရန်နှင့် မြို့နယ်ဆေးရုံများ တည်ဆောက်ရန် ဖြစ်ကြောင်း အစိုးရက သက်ဆိုင်ရာ လွှတ်တော်ကို တင်သွင်းထားသည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းအရသိရသည်။ Dawei Watch

ဆန္ဒပြမှု ပြဿနာ ပြေလည်သွား

ဟံသာဝတီ ကားပွဲစားတန်းကို အဆင့်မြှင့်ဖို့ဆိုပြီး ပိတ်လိုက်တဲ့အတွက် ပေါ်ပေါက်လာတဲ့ ဆန္ဒပြမှုတွေဟာ ရန်ကုန် ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထိပ်က ယာဉ်ကြီးရောင်းဝယ်ရေးစခန်းမှာ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် ပြေလည်မှုရသွားပြီလို့ ကားပွဲစားတချို့က ပြောပြပါတယ်။

နဂိုက မင်းရဲကျော်စွာလမ်းထိပ် ယာဉ်ရောင်းဝယ်ရေး ယာယီစခန်းကို ကားအကြီးစားတွေကိုပဲ ရောင်းဝယ်ခွင့်ပြုခဲ့ရာကနေ မတ်လ ၁ ရက်နေ့ မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကားအငယ်တွေကိုပါ ရောင်းဝယ်ခွင့်ပြုလိုက်တာ၊ ကားရေဆေး ဆီထိုးလုပ်ငန်းနဲ့ စားသောက်ဆိုင်တွေကိုပါ ဖွင့်လှစ်ခွင့်ပြုလိုက်တာကြောင့် ဆန္ဒပြမှု ပြဿနာ ပြေလည်သွားတာ ဖြစ်ပါတယ်။

ဟံသာဝတီကားပွဲစားတန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သီရိမင်္ဂလာဈေးအဟောင်းဆီ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းတာကို ကန့်ကွက်တဲ့အနေနဲ့ ကားသမားတွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဟံသာဝတီကားပွဲစားတန်း (ကြံတောသင်္ချိုင်းဟောင်း) မှာ လက်ရှိ လုပ်နေကြတဲ့ မော်တော်ကား ရောင်းဝယ်ရေးစခန်းနေရာဟာ ၁၉၉၇ ခုနှစ်က မြို့တော်ဝန် ဦးကိုလေးလက်ထက်က ခွင့်ပြုခဲ့တဲ့ နေရာဖြစ်ပါတယ်။DVB TV News

ယခုနှစ် ၂၀၁၃ အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆု ရနိုင်သူများထဲတွင် မြန်မာသမ္မတဦးသိန်းစိန် ပါဝင်

အော်စလို၊ မတ် ၅ ။
တာလီဘန်မျာ၏ သေနတ်ဖြင့်ပစ်သတ်ခံရပြီး ကမ္ဘာကျော်ခဲ့သည့် ပညာရေးလှုပ်ရှားသူ ပါကစ္စတန်မှကျောင်းသူလေးမာလာလာ ယူဆွတ်ဇိုင်၊ ကိုလံဘီယာသမ္မတ ဟွမ်မနျူရယ် ဆန်းတို့စ်၊ မြန်မာသမ္မတ ဦးသိန်စိန်တို့သည် ယခုနှစ်အတွက်ချီးမြှင့်မည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ကြိုတင်ခန့်မှန်းစာရင်းတွင် ပါဝင်နေဖွယ်ရှိကြောင်း ရိုက်တာသတင်းက ဖေါ်ပြလိုက်သည်။

ယခုနှစ် ငြိမ်းချမ်းရေးဆုရှင်များစာရင်းတွင် ကန်သမ္မတဟောင်း ဘီလ်ကလင်တန်မှာလည်း ပါဝင်ဖွယ်ရှိသကဲ့သို့၊ ရုရှားမှ သမ္မတ ပူတင်အား လှောင်ပြောင်သီချင်းဆိုခဲ့သည့် နာမည်ကျော်မိန်းကလေးပန် ခ်ဂီတအဖွဲ့  ပူစီရီးယော့စ်အဖွဲ့ တို့လည်း ပါဝင်နေကြောင်း သတင်းက ဆိုသည်။

နော်ဝေနိုဗယ်ဆုရွေးချယ်ရေးကော်မတီသည် ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆု ဆန်ကာတင်စာရင်းတွင်ဆုပေးရန် အမည်စာရင်း တင်သွင်းမှု စံချိန်တင်အရေအတွက်
ရရှိခဲ့ကြောင်းဆိုသည်။

နော်ဝေနိုဗယ်ကော်မတီ၏ ဒါရိုက်တာ ဂိုင်ယာ လွန်းဒတ်စတတ်က “ဒီဆု (ငြိမ်းချမ်ရေးဆု) ကတော့ အရေးပါမှုနဲ့ အာရုံစိုက်ခံရမှုတွေ ဆက်လက် ရရှိနေဆဲပါ။ အမည်စာရင်း တင်သွင်းထားတဲ့အထဲမှာ သမ္မတွေ၊ ဝန်ကြီးချုပ်တွေ၊ ယခင်ဆုရှင်ဟောင်းတွေ ပါနေပါတယ်။ စာရင်းထဲမှာအဟောင်းတွေနဲ့ အတူ အသစ်တွေလည်းနေပါတယ်” ဟု
ပြောကြားသည်။

ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်အဖြစ်ရေပန်းအစားဆုံး ပါကစ္စတန်ကျောင်းသူ မာလာလာမှာ အသက် ၁၅ နှစ်သာရှိသေးသည်။ ဆု ရခဲ့ပါက သူမသည် အသက် အငယ်ဆုံးနိုဗယ်ဆုရှင် ဖြစ်လာမည်ဖြစ်သည်။

သူမ ဆုရနိုင်ခြေနှင့် ပတ်သက်၍ အော်စလို ငြိမ်းချမ်းရေးသုတေသန အင်စတီကျုမှ ဒါရိုက်တာ ခရစ်စတီယန် ဘာ့ဂ်ဟပ်ဗစ်ကန်က အသက် အငယ်ဆုံးအရွယ်နဲ့ရတဲ့ နိုဗယ်ဆုရှင်တွေဟာ အသက် ၃၀ အတွင်းဖြစ်ကြတာများပါတယ်။ ၁၅ နှစ်အရွယ်ကိုပေးဖို့ကတော့ ခက်ခဲပါလိမ့်မယ်” ဟု ခန့်မှန်းပြောကြားသည်။

နော်ဝေနိုဗယ်ဆုရွေးချယ်ရေးကော်မတီသည် ၎င်း၏နိုဗယ်ဆုရှင်များဆန်ကာတင်စာရင်းကို မည်သည့်အခါမှ ကြိုတင်၍ ကြေငြာလေ့ မရှိ သော်လည်း ကမ္ဘာတစ်ဝန်းမှ
အဖွဲ့ အစည်းနှင့် လူပုဂ္ဂိုလ်များကမူ ဆုအတွက် အမည်စာရင်းတင်သွင်းခြင်း၊ ဆုရနိုင်ခြေရှိသူများကို ခန့်မှန်းဖေါ်ပြခြင်းများ ပြုလုပ်လေ့ရှိကြသည်။

ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုရမည့်သူကိုလာမည့် အောက်တိုဘာ ၁၂ တွင် ကြေငြာသွားမည်ဟုသိရသည်။
The Myanma Age
Ref: Reuters

HIV ရောဂါပိုးဖြင့် မွေးလာသော ကလေးငယ်အား ပထမဆုံး အကြိမ်အဖြစ် ရောဂါပိုး ပျောက်ကင်း အောင် ကုသနိုင်ခဲ့

အိတ်ခ်ျအိုင်ဗွီ (HIV) ရောဂါပိုးဖြင့် မွေးလာသော ကလေးငယ် တစ်ဦးအား ပထမဆုံး အကြိမ်အဖြစ် ရောဂါပိုး ပျောက်ကင်းအောင် ကုသ နိုင်ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ကုသ နိုင်မှုသည် HIV ရော ဂါပိုး ကူးစက် ခံရ သော ကလေးငယ်များကို ကုသရာတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း
သုတေသန ပညာရှင် များက ပြောကြားခဲ့သည်။

အဆိုပါ ကုသမှုသည် နည်းပညာပိုင်း ဆိုင်ရာအရ အရေးပါမှု တစ်ရပ် ဖြစ်သော်လည်း ရောဂါအရှင်း ပျောက်ကင်းနိုင်သော ကုထုံးထက် လက်တွေ့ အသုံးဝင်သော ကုထုံးတစ်ရပ် ဖြစ် ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။ ယင်း ကုသမှုသည် ရောဂါပိုးကို အမြစ်ဖြတ် ချေမှုန်းနိုင်ခြင်း မဟုတ်သော်လည်း ခန္ဓာကိုယ်တွင်း ရှိနေေ သာ ရောဂါပိုးကို နည်းပါးသော အဆင့် တစ်ခုသို့ လျှော့ချ နိုင်ခြင်းဖြစ်သည်။ ကမ္ဘာ တစ်ဝန်းတွင် အေ အိုင် ဒီအက်စ် (AIDS) ရောဂါ အရှင်း ပျောက်ကင်းသူ "Berlin Patient" ဟု ခေါ်ဆိုခြင်း ခံရသော အမေရိကန် နိုင်ငံသား တီမိုသီဘရောင်း တစ်ဦးသာ ရှိပြီး ၎င်းသည် HIV ပိုးကို ခုခံနိုင်စွမ်း ရှိသော အလှူရှင်ထံမှ ရိုးတွင်း ခြင်ဆီများဖြင့် အစားထိုး ကုသမှု ခံယူခဲ့ရာ HIV ရောဂါနှင့် သွေးကင်ဆာ ရောဂါကို ငါးနှစ် အကြာတွင် ပျောက်ကင်းအောင် ကုသ နိုင်ခဲ့ကြောင်း သိရသည်။

ကုသမှု သစ်တွင် ကလေးငယ်အား ပုံမှန် အသုံးပြုနေကျ HIV ရောဂါပိုး ကုသရာ တွင် အသုံးပြုသော ဆေးထက် အခြားဆေးများကို တိုက်ကျွေးခဲ့ခြင်း မရှိကြောင်းနှင့် ကလေးငယ် မွေးဖွားပြီး နာရီ ၃ဝ မပြည့်မီ ဆေးတိုက်ကျွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ကုသမှုသည် လက်တွေ့ကျသော ကုသမှု တစ်ရပ် ဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့တွင် ပြုလုပ်သော အကြိမ် (၂ဝ )မြောက် C onferenceon Retroviruses and Opportunistic Infections(CROI) နှစ်ပတ်လည် ညီလာခံတွင် သုတေသန ပညာရှင် များက ပြောကြားခဲ့သည်။ HIV ရောဂါပိုး ကူးစက် ခံရသော လူနာများကို ARV ဆေး တိုက်ကျွေးမှု ရပ်တန့် ပြီးနောက် ရက်သတ္တပတ် အနည်းငယ် အတွင်း ငုပ်လျှိုးနေသော ရောဂါပိုးများ ပြန်လည်ထကြွ လာသည်ကို တွေ့ရကြောင်း HIV ရော ဂါ ဝေဒနာရှင်များကို ၎င်းတို့ဘဝ အသက်ရှင် နေထိုင်မှု အတွက် ဆေးသောက်သုံးရန် ဆရာဝန်များက တိုက်တွန်းလျက် ရှိသည်။

HIV ရောဂါပိုးဖြင့် မွေးလာသော မွေးကင်းစ ကလေးများကို ရက်ပေါင်းများစွာ အတွင်း ARV ဆေး တိုက်ကျွေးခြင်းသည် နို့စို့အရွယ် ကလေးများကို အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကင်းစင်အောင် အကူအညီ ပေးနိုင်ပြီး ပထမ အဆင့်တွင် ငုပ်လျှိုးနေသော HIV ပိုးကို ကာကွယ် ပေးခြင်းဖြင့် ဘဝ တစ်လျှောက်လုံး ဆေးကုသမှု ခံယူခြင်း မရှိဘဲ သက်တမ်း ကြာရှည်စွာ နေထိုင်နိုင် ကြောင်း မေရီလန်းပြည်နယ် ဘာလ်တီမိုးရှိ Johns Hopkins ကလေး ကုသရေး ဌာနမှ သုတေသန ပညာရှင် ဒီဘိရက်ရှ် ပါဆက်ဒ်က ပြောကြား ခဲ့ သည်။

ဆေးကုသမှုသစ်ကို ကလေးငယ်အား ပထမဆုံး အကြိမ်အဖြစ် ကုသခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပုံမှန်အားဖြင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ရန် အလားအလာ များသော မွေးကင်းစ ကလေးများကို ရက်သတ္တ ခြောက်ပတ် အရွယ်တွင် HIV ရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးမှု ရရှိသည် အထိ ဆေးတိုက်ကျွေး ရကြောင်း သိရသည်။ ။
မြဝတီ

လာမည့်ရွေးကောက်ပွဲ မန်းမြို့တော်ဝန် ပြန်အရွေးခံတော့မည် မဟုတ်

မန္တလေး၊ မတ် ၅
မန­္တလေးမြို့တော်ဝန် ဦးအောင်မောင်းက လာမည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံတော့မည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် မန္တလေး မြို့တော်ခန်းမ၌ စာနယ်ဇင်းသမား များနှင့် တွေ့ဆုံစဉ်ပြောသည်။
''ကျွန်တော်လာမည့် ရွေးကောက်ပွဲကျရင် အနားယူတော့ မယ်။ အခုဟာက စိတ်ပဲရှိတယ်'' ဟု မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။
လက်ရှိတွင် ၄င်း၏အသက် အရွယ်သည် ၇၂ နှစ်ဖြစ်နေ၍ လာ မည့်ရွေးကောက်ပွဲတွင် အသက် ၇၅ နှစ်ဖြစ်မည်ဖြစ်၍ အနားယူရန် စဉ်းစားနေခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ဆိုသည်။
''ကျွန်တော်က ဆင်းရဲတဲ့ မိဘကနေ မွေးဖွားလာတာလေ။ ဒါ ကြောင့် အခြေခံလူတန်းစားအတွက် ကိုအမြဲ စဉ်းစားပြီး လုပ်ဆောင်ပါ တယ်''ဟု မန်းမြို့တော်ဝန်က ပြော သည်။
၂ဝ၁၅ အထွေထွေရွေးကောက် ပွဲတွင် မန္တလေးမြို့တော်ဝန် ဝင် ရောက်ယှဉ်ပြိုင်မှုမပြုခြင်းနှင့် ပတ် သက်၍ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက မြို့တော်ဝန် အနေနှင့် လာမည့်ရွေးကောက်ပွဲ မဝင်ခြင်း မှာမှန်ကန်သည့် ဆုံးဖြတ်ချက် ချ မှတ်ခြင်းသာ ဖြစ်သည်ဟု ၄င်းအ မြင်ကိုပြောသည်။
မန္တလေးမြို့တော်ဝန် ဦးအောင် မောင်းသည် ၂ဝ၁ဝ အထွေထွေရွေး ကောက်ပွဲတွင် မဟာအောင်မြေ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ် စားပြု၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အနေနှင့် ရွေးချယ် ခဲ့ရာတွင် အနိုင်ရရှိခဲ့သူ ဖြစ်သည်။
စိုင်းလမင်း
Popular Myanmar News Journal

ဘင်္ဂလားဒေ့ရှ်က ရခိုင်ရွာများ လုံခြုံရေးအတွက် ညကင်း စောင့်နေရ

ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာဟာ အစ္စလမ်အခြေခံဝါဒီတွေ
လက်ချက်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက
ပြောကြားလိုက်ပါတယ် (ဓာတ်ပုံ – Reuters)
မြန်မာ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရခိုင်ရွာတွေမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး ရှုပ်ထွေး မှုတွေ ရှိနေတာကြောင့် ကျေးရွာ လုံခြုံရေး အတွက် ညကင်း စောင့်နေကြရတဲ့ အကြောင်း ဒေသခံ ပြည်သူတွေက ပြောပါတယ်။

Jamaat-e -Islami ပါတီ ခေါင်းဆောင် ၄ ဦးကို အစိုးရက ဖမ်းဆီး စစ်ဆေးနေစဉ် သေဒဏ်အပြစ်ပေးဖို့ တောင်းဆိုတာတွေ၊ အဲဒီပါတီဝင်တွေက သူတို့ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ တောင်းဆိုတာတွေ နိုင်ငံနဲ့အ၀ှမ်း ဖြစ်ပေါ်ခဲ့ပြီး နှစ်ဘက် တင်းမာမှု ပြင်းထန်နေတာကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေ ကြီးထွားနေတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အစိုးရနဲ့ အတိုက်အခံ ပါတီအကြား နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ပွားလာပြီးနောက် ဟိန္ဒူနဲ့ ဗုဒ္ဓ ဘာသာ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးမှုတွေ ရှိလာတဲ့အတွက် ရပ်ရွာလုံခြုံရေး အတွက် ညကင်းစောင့်ဖို့ ကျေးရွာ တာဝန် ရှိသူတွေက စဉ်းစားရတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်း ကော့စ်ဘာဇာခရိုင် ဆောကော်ဒီရာ မြို့နယ် အာဇီနော်ကော် ကျေးရွာမှာနေတဲ့ ရခိုင်တိုင်းရင်းသား ဦးဝင်းသိန်းက ဆိုပါတယ်။

“အခု အခြေအနေက မဆိုင်သူတွေကိုပါ မီးရှို့ဖျက်ဆီးလာတာတွေ ရှိနေတာက တကြောင်း၊ နောက်ပြီးတော့ ပန်းဝါ (ရာမူး) မှာလို ဘုရားတွေ မီးရှို့၊ အိမ်တွေ မီးရှို့တဲ့ ပြဿနာမျိုး ထပ်ဖြစ်လာမှာ စိုးရိမ်လို့ တကြောင်း၊ ဒါကြောင့် လူကြီးတွေက ဆုံးဖြတ်ပြီးတော့ ည ၁၀ နာရီကနေ မနက် ၆ နာရီထိ ကင်းချထားတယ်။ ရွာရဲ့ အနေအထားအရ တဖွဲ့မှာ ၅ ယောက်စီ လမ်း ၄ ခုက ၄ ဖွဲ့နေရာယူပြီး ကင်းစောင့်ကြရတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာ ခရိုင်၊ ဘန်တရိုဘန် ခရိုင်အတွင်းမှ အာဇီနော်ကော်၊ ဖတ်တောင်၊ မဟားဇိုးကျွန်း စတဲ့ ဒေသတွေက ရခိုင်ရွာတွေမှာ ရပ်ရွာလုပ်ခြုံရေး အတွက် ညကင်း စောင့်နေကြခြင်း ဖြစ်ပြီး တခြား ရခိုင်ကျေးရွာတွေမှာလည်း လုံခြုံရေးကို သတိထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

“ဒီဘက်မှာတော့ စစ်တပ်စခန်းလည်း ရှိတယ်ဆိုတော့ လောလောဆယ် အေးအေးဆေးဆေးပါပဲ။ ညကင်း စောင့်ရမျိုးတော့ မရှိသေးဘူး။ ဒါပေမယ့် သတိနဲ့ သွားလာနေရတယ်။ အခြေအနေကို စောင့်ကြည့် နေရတဲ့ အနေအထား ရှိတယ်” လို့ ဘန်တရိုဘန်ခရိုင် အလယ်ကော်တောင် ဒေသမှာ နေထိုင်တဲ့ ဦးစိုးလင်းက ပြောပါတယ်။

၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကစ္စတန် စစ်တပ်နဲ့ ပေါင်းပြီး လူသားမျိုးနွယ် အပေါ် စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ Jamaat-e-Islami ပါတီက ဒု ဥက္ကဋ္ဌ ဒေလ၀ါ ဟူစိန် ဆာယီဒီ ကို နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးက သေဒဏ်ပေး စီရင်ခဲ့ပြီးနောက် Jamaat-e-Islami ပါတီဝင်တွေနဲ့ ပါတီ လက်အောက်ခံ Islami Chhatra Shibir ကျောင်းသားအဖွဲ့ဝင်တွေက စစ်တကောင်းတိုင်း Banshkhali မြို့နယ် အတွင်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနဲ့ ဟိန္ဒူ ဘုရားကျောင်း ၅ ကျောင်းကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Jamaat-e-Islami ပါတီဝင်တွေနဲ့ ပါတီ လက်အောက်ခံ Islami Chhatra Shibir အဖွဲ့ဝင်တွေက သူတို့ရဲ့ ခေါင်းဆောင်ကို သေဒဏ် ချမှတ်လိုက်တဲ့ အတွက် နိုင်ငံနဲ့အဝန်း ဆန္ဒပြမှု၊ မီးရှို့ ဖျက်ဆီးမှု၊ လမ်းပမ်း ဆက်သွယ်ရေး ဖြတ်တောက်မှု၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြို့ပေါ်လုံခြုံရေးကိုသာ အဓိကထား တာဝန်ယူ နေကြရတယ်လို့ ဘန်တရိုဘန်မြို့ရဲစခန်းမှ အရာရှိ တဦးက ပြောပါတယ်။

“နယ်ရော မြို့ပါ လုံခြုံရေးတွေ ချထားတယ်။ အဓိက မြို့ကိုပဲ လုံခြုံရေး ဦးစားပေး နေရတော့ နယ်ပိုင်းကျတော့ အားနည်း တယ်။ ဒါပေမယ့် ပြဿနာ ဖြစ်တယ် ဆိုရင်တော့ သိတာနဲ့ သွားပြီးတော့ တာဝန်ယူဖြေရှင်း ပေးနေတာတွေရှိပါတယ်” လို့ အဲဒီ အရာရှိက ရှင်းပြပါတယ်။

Jamaat-e-Islami ပါတီဝင်တွေနဲ့ ၎င်းပါတီ လက်အောက်ခံ Islami Chhatra Shibir အဖွဲ့ဝင်တွေဟာ ဟိန္ဒူ ဘာသာဝင် တွေကို အဓိကထား ဖျက်ဆီး တိုက်ခိုက်နေတာ ဖြစ်ပေမယ့် ဟိန္ဒူရွာတွေနဲ့ နီးကပ်နေတဲ့ ရခိုင်ရွာတွေ အနေနဲ့လည်း သတိထားရမှာ ဖြစ်တယ်လို့ မြစ်နားရွာက ဦးသာသာမောင်က ဆိုပါတယ်။

“Jamaat-e-Islami နဲ့ Islami Chhatra Shibir အဖွဲ့တွေရဲ့ ခေါင်းဆောင်ကို သေဒဏ်ပေးနိုင်အောင် သက်သေထွက်ဆိုတာ က ဟိန္ဒူတွေဖြစ်နေတယ်။ ဒါကြောင့် သူတို့က ဟိန္ဒူတွေကို ပစ်မှတ်ထား ဖျက်ဆီးတာဖြစ်တယ်” လို့ သူက ရှင်းပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးတခုက နိုင်ငံအတွင်းမှာရှိတဲ့ လူနည်းစုနဲ့ သူတို့ရဲ့ လူနေ အဆောက်အဦးတွေ၊ ဘာသာရေး အဆောက်အဦးတွေကို လုံခြုံရေး တိုးမြှင့် အကာအကွယ်ပေးဖို့ အစိုးရထံ တိုက်တွန်းချက်တရပ်ကိုလည်း မတ်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိတဲ့ ကန်ဘိချောင်းဝ ကျေးရွာမှာ ဓားပြမှုတခု ဖြစ်ခဲ့ပြီး ဒေသတွင်းမှာ လက်နက်ကိုင် လူစုတွေ ညအချိန် ဖြတ်သန်း သွားလာမှု ရှိနေတဲ့ အတွက် လုံခြုံရေးကို သတိထား နေရတယ်လို့ လေမူစရီနယ်စား ဦးမောင်နုက ပြောပါတယ်။

“အခု ကျနော့် နယ်ဘက်မှာက ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး ရှုပ်ထွေးမှုတွေကြောင့် စိုးရိမ်နေရသလို၊ ဓားပြတိုက်မှုတွေ ရှိလာနေ တာတွေကိုလည်း စိုးရိမ်နေရတယ်” လို့ သူက ဆိုပါတယ်။The Irrawaddy (Burmese Version)

NLD ညီလာခံကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီဖွဲ့

ရန်ကုန်၊ မတ်လ ၎
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုညီလာခံသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်လာမည့် ကိုယ်စားလှယ်များကို မှန်ကန်ခြင်း ရှိ၊ မရှိစိစစ်ရန် ဗဟိုညီလာခံ စိစစ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ယင်းပါတီ၏ဗဟိုကော်မတီဝင် ဦးစိုးဝင်းက The Voice Weekly သို့ပြောကြားသည်၊။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များသည် မတ်လ ၇ရက်နေ့ နောက်ဆုံးထားပြီး ကော်မတီသို့ အကြောင်း ကြားရမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက ပြောသည်။

ညီလာခံ ကျင်းပရေး စီမံချက်ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာလမှ စတင်ကာ ရပ်ကွက်။ကျေးရွာ အုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် ညီလာခံများကို အဆင့်ဆင့် ပြုလုပ် ရွေးကောက်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားလှယ် ၁၅၀၀ ခန့်ဖြင့် ပါတီဗဟိုညီလာခံကို မတ်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်။

“ကိုယ်စားလှယ်တွေ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကို မှန်မှန်ကန်ကန် ကိုယ်စားပြု၊ မပြုဆိုတာ စိစစ်ပြီးရင် IDကတ်( ညီလာခံ တက်ရောက်ခွင့်ကတ်) ထုတ်ပေးမယ်”ဟု ၎င်းက ဆိုသည်၊ညီလာခံ ကိုယ်စားလှယ်များအနက်မှ ဗဟိုကော်မတီဝင်များကို မဲပေးရွေးချယ်မည်ဖြစ်ပြီး တစ်ဖန် ဗဟိုကော်မတီဝင်များက ပါတီဥက္ကဌကို ညှိနှိုင်းရွေးချယ်မည်ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်၊မဲပေးရာတွင် ကိုယ်စားလှယ်များ အချင်းချင်း စွဲဆောင်ခြင်း၊ စည်းရုံးခြင်း မပြုဘဲ လွတ်လပ်စွာ မဲပေးရမည်ဟု ညီလာခံ ကိုယ်စားလှယ်များ လိုက်နာရမည့် စည်းကမ်းများကို ယင်းပါတီ၏ အတွင်းရေးမှူး ဦးညဏ်ဝင်းက ထုတ်ပြန်ထားသည်။

ဗဟိုညီလာခံ ကိုယ်စားလှယ် ရွေးချယ်ရေးအတွက် ပြည်နယ် ၊တိုင်းဒေသကြီးနှင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ ရွေးကောက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ညီလာခံ ကျင်းပရေး ကော်မတီများ ဘက်လိုက်မှုရှိသည်ဟု ဆိုကာ ဆန္ဒဖော်ထုတ်မှုများ ပေါ်ပေါက်ခဲ့သည်၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့တွင် မှတ်ပုံတင်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလအထိ ပါတီဝင်အင်အား ၁၂သိန်းကျော် ရှိကြောင်း ယင်းပါတီက ထုတ်ပြန်ထားသည်။ The Voice Weekly

နော်....ယောက်ျား

FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း

၈၈မျိုးဆက်ကျောင်းသားများ ချင်းပြည်နယ် သွားမည်

ရန်ကုန် ၊ မတ် ၎
မြန်မာနိုင်ငံ၏ ဖွံဖြိုးမှုအားအနည်းဆုံး ပြည်နယ်ဖြစ်သော ချင်းပြည်နယ်သို့ ဦးမင်းကိုနိုင်၊ဦးကိုကိုကြီးတို့အပါအဝင် ၁၅ယောက်အဖွဲ့သည် မတ်လ၅ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲမှ ဦးကျော်ဇော်က ပြောကြားသည်။

အဆိုပါခရီးစဉ်တွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောပွဲများနှင့် ချင်းပြည်နယ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။The Voice Weekly

အီရန် နိုင်ငံသည် နျူကလီးယားဗုံး ထုတ်လုပ်မှုများကို ဆက်လက် လုပ်ဆောင်နိုင်ရန် အချိန်ဆွဲ

Tuesday, March 5, 2013
အီရန် နိုင်ငံသည် နျူကလီးယားဗုံး ထုတ်လုပ်မှု များကို ဆက်လက် လုပ်ဆောင်နိုင်ရန် အတွက် ကမ္ဘာ့ အင်အားကြီး နိုင်ငံများနှင့် ဆွေးနွေး ညှိနှိုင်းမှု များကို အချိန်ဆွဲ နေခြင်း ဖြစ်ကြောင်း၊ တစ်နည်း ဆိုရလျှင် အီရန် နိုင်ငံသည် အင်အားကြီး ၆ နိုင်ငံနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို ဘန်းပြ၍ နျူကလီးယားဗုံး ထုတ်လုပ်နိုင်မည့် အချိန်များကို ဝယ်ယူနေခြင်း ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်
နေတန်ရာဟုက ပြောကြားခဲ့ ပါသည်။

မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် အစ္စရေး အစိုးရ အဖွဲ့၏ အပတ်စဉ် အစည်းအဝေး၏ အဖွင့် မိန့်ခွန်းတွင် အစ္စရေး ဝန်ကြီးချုပ်က အထက်ပါ အတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ယခုနောက်ဆုံး ကာဇက်စ တန် နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အီရန် နိုင်ငံနှင့် အင်အားကြီး ၆ နိုင်ငံ (တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်၊ အမေရိကန်နှင့် ဂျာမနီ) ဆွေးနွေးပွဲ ဆိုသည်မှာ အီရန် နိုင်ငံ၏ အချိန်ဆွဲခြင်း နည်းလမ်း တစ်ခုသာဖြစ်ကြောင်း နေတန်ယာဟု က ပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။
မြ၀တီ

မန်မာနိုင်ငံသားတွေ ဆင်းရဲမှုနဲ့ လျှပ်စစ်မီး အလုံအလောက်မရရှိမှု ရင်ဆိုင်နေရ

မြန်မာနိုင်ငံသား လေးပုံတစ်ပုံဟာ ဆင်းရဲနွံမှာနစ်နေပြီး၊ နိုင်ငံသား လေးပုံသုံးပုံက လျှပ်စစ်မီး အလုံအလောက်မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဗြိတိန်နိုင်ငံ အရှေ့တောင်အာရှဆိုင်ရာဝန်ကြီး မစ္စတာ Hugo Swire က မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် ဗြိတိန်အစိုးရက အမေရိကန်ဒေါ်လာ ၉ သိန်း ကူညီထောက်ပံ့မယ်လို့လည်း ကြေညာပါတယ်။ လန်ဒန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဗြိတိန်ဝန်ကြီးက ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ထင်ရှားတဲ့အပြောင်းအလဲတွေ ဆောင်ရွက်ခဲ့တာတွေ့ရကြောင်း၊ဒီဆောင်ရွက်မှုတွေကို ကြိုဆိုကြောင်း၊ ဒါပေမယ့် ဒီပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ပဲ ဒီ့ထက်ပိုပြီး ရှေ့ကိုတိုးပြီး ဆောင်ရွက်စေချင်ကြောင်း ပြောဆိုခဲ့သလို၊ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေရပ်ဖို့စတဲ့ အရေးတကြီး ဆောင်ရွက်စရာတွေရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။RFA Burmese

တရုတ် ၀န်ကြီးချုပ် ၀မ်ဂျားပေါင် အနားယူ တော့မယ့်တဲ့

တရုတ် ပြည်သူ့ ကွန်ဂရက်ကို စတင်နေပြီ ဖြစ်ရာ ရာထူး ကနေ အနားယူ တော့မယ့် တရုတ် ၀န်ကြီးချုပ် ၀မ်ဂျားပေါင်က အဖွင့် မိန့်ခွန်းပြောကကြားနေပါတယ်။

မစ္စတာ ၀မ်က သူ့လက်ထက်မှာ လုပ်ဆောင် ခဲ့တဲ့ လုပ်ငန်း အစီရင်ခံစာကို ဖတ်ကြားနေပါတယ်။ အရင်က အောင်မြင်ခဲ့မှုတွေကို အလေးထား ပြောကြားနေပြီး၊ လာမယ့်နှစ်အတွက်လည်း စီမံကိန်းတွေ အကြောင်းလည်း ပြောကြားနေပါတယ်။

ဒီကွန်ကရက် ကနေ ၁၀ နှစ်မှာ တကြိမ် ပြုလုပ်တဲ့ နိုင်ငံ ခေါင်းဆောင် အပြောင်းအလဲ အတွက် ခေါင်းဆောင်သစ်တွေကို ရွေးချယ် အတည်ပြုပေးမှာ ဖြစ်ပါတယ်။BBC Burmese

အင်္ဂါနေ့မနက် စီးပွားရေး သတင်း

မဲဆောက် မြဝတီ၊ ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကနေ အခုရက်ပိုင်းမှာ မြန်မာ ဘက်ကို လယ်ထွန်စက် အငယ်စားနဲ့ လက်တွန်း လယ်ထွန်စက်တွေ အပြင် ၊မြေတူး ၊မြေညှိ မြေသယ် စတဲ့ ယန္တယားတွေ အသွားများတာတွေ့ ရပါတယ်။
ထိုင်းကနေ မြန်မာဘက်ကို သွားနေတဲ့ တခြား လုပ်ငန်းသုံး ပစ္စည်းတွေ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံထည် ပစ္စည်းတွေ၊ အိမ်ဆောက် ပစ္စည်းတွေ၊ ငါးဖမ်း လုပ်ငန်းသုံး ပစ္စည်းတွေအပြင်၊ လောင်စာဆီတွေ အတော်များပါတယ်။
စားသောက်ကုန်တွေ ကတော့ ကြက်ဥ၊ ဘဲဥ ၊အေးခဲထားတဲ့ ကြက်သား၊ ကြက် အသဲ အမြစ်တွေနဲ့ ဟင်းသီး၊ဟင်းရွက်၊ သစ်သီး၊ သစ်နှံ တွေကို တွေ့ရပါတယ်။
လူသုံးကုန်တွေ ကတော့၊ အထည် အလိတ်တွေ၊ လျှပ်စစ် ထမင်းပေါင်းအိုး၊ ဒယ်အိုး၊ရေခဲသေတ္တာ၊ တီဗွီ၊ အဝတ်လျှော်စက်တွေဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကနေ ထိုင်းဘက်ကိုပြန်တင်ပို့ လာတာတွေက၊ ခရမ်းချဉ်သီး ဂ်ါဖီထုတ်၊ဂေါ်ဖီပန်း၊ ဆန်၊ ငရုပ်၊ ကြက်သွန်နဲ့ ပဲအမျိုး မျိုးတွေများ ပါတယ်။
မြန်မာရွှေ့ပြောင်း အလုပ်သမား ဈေးကွက် အတွက် တင်ပို့ လာတာတွေက၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ငပိ၊ ငပိရည်ကြို၊ ငံပြာရည်၊ ငရုပ်ဆီ၊ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ အပြင် လက်ဖက်စို၊ လက်ဖက်အကြော်စုံနဲ့ အသင့်ဝတ် ကျား၊မ အဝတ်အထည်တွေ၊ ကတ္တီပါ ဖိနပ်တွေကို တွေ့ရပါတယ်။
ကုန်သွယ်ရေးပြီးတော့၊ ရွှေဈေး နဲ့ ငွေဈေးဘက်ကိုကြည့်ရင်၊ထိုင်းရွှေဈေးကနည်းနည်း ကျ သွားပြီးတော့၊ မြန်မာငွေက နည်းနည်းတက်သွားပါတယ်။ မနေ့က ညနေပိုင်းမှာ ထိုင်းအထည်ရွှေ တဘတ်သားဟာ ထိုင်းဘတ် ၂၂၃၀ဝ နှုန်း ဖြစ်ပြီးတော့၊ မြန်မာငွေဈေးက၊ ကျပ်တရာကို ထိုင်းဘတ် ၃ ဘတ် ၄၆ ပြားနှုန်းနဲ့ ဈေးပိတ်သွားပါတယ်။BBC Burmese

အနုပညာ အလုပ် ပြန်လုပ်တော့မယ့် ပြည့်ဖူးခိုင်


တစ်နှစ် ကျော်ကြာ အနုပညာ အလုပ်နားခဲ့တဲ့ ပြည့်ဖူးခိုင်က လက်ရှိ မှာတော့ ဒါရိုက်တာ သားကြီးရိုက်ကူးတဲ့ “ယောက္ခမ အလွမ်း” (ယာယီပေး) ဇာတ်ကားကို ဖြိုးငွေစိုး၊ စိုးမြတ်သူဇာ တို့နဲ့ အတူ ဇာတ်ကားပြန်လည် ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားမှာ ပြည့်ဖူးခိုင်က ဖြိုးငွေစိုးရဲ့ ဇနီး တစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ အနုပညာ အလုပ်ကို တစ်နှစ်ကျော် နားခဲ့ရတဲ့ကြောင်းကို ပြည့်ဖူးခိုင်က “ပြည့်ဖူး အလုပ်ကို နားလိုက် တဲ့ သဘောပါ။ တစ်နှစ်ကျော် နားနေတဲ့ အချိန်မှာလည်း ဇာတ်ကား တွေရိုက်ဖို့ လာကမ်းလှမ်းတယ်။ ဒါပေမဲ့ နေရာ သဘောမကျလို့ မရိုက်ဖြစ်တာပါ။ ကိုယ့် အတွက် နေရာရှိတယ် ဆိုရင်တော့ လက်ခံဖြစ်တာပါ။ အခု ပြည့်ဖူး အနုပညာ အလုပ်ပြန်လုပ်ရင် လည်းအသစ် တစ်ယောက် အနေနဲ့ ခံယူပြီး လုပ်မှာပါ။ ဇာတ်နေရာ မကြိုက်လို့ မရိုက်ရင်းနဲ့ နားဖြစ်သွားတာပါ” လို့ပြောပါတယ်။

 အချိန် ကြာမြင့်စွာ အနုပညာ အလုပ် နဲ့ အဆက်အသွယ် ပြတ်သွားပေမယ့် ပရိသတ်တွေ အခု အချိန် ထိ အားပေးမှုကြောင့် ပြန်စလုပ်မှာ ဖြစ်ကြောင်း ပြည့်ဖူးခိုင် က ပြောပါတယ်။

“ပြည့်ဖူးက မရိုက်ရဘဲ နဲ့ မလုပ်တော့တာ မဟုတ်ဘူး။ ရိုက်နေရင်း နဲ့ မလုပ်ဘဲ ရပ်လိုက်တာပါ။ ပြည့်ဖူးကို ချစ်တဲ့ ပရိသတ်တွေက အနုပညာ အလုပ်ကို ပြန်လုပ်စေချင်တယ်။ သူတို့ ချစ်တဲ့ အနုပညာရှင် တစ်ယောက် ကို ပြန်မြင်ချင်တော့ လုပ်ပါ လုပ်ပါ ဆိုပြီး ပြည့်ဖူးကို ပြောကြတာ နဲ့ ပြန်လုပ်ဖြစ်သွားတာပါ။ နားလိုက်တဲ့ အချိန်ကျမှ ပြည့်ဖူးကို အားပေးနေတဲ့ ပရိသတ်တွေ ရှိနေသေးတယ် ဆိုတာ သိသွားတယ်” လို့ပြောပါတယ်။

အနုပညာ အလုပ် မလုပ်ဖြစ်ခဲ့ပေမယ့်လည်း တစ်ကိုယ်တော် စီးရီး အတွက် သီချင်း ၃ပုဒ်စု ဖြစ်နေကြောင်း ပြောပါတယ်။ တစ်ကိုယ်တော် စီးရီးမှာ တေးရေး အသစ်တွေ ပါဝင်ရေးသားထားတဲ့ သီချင်းတွေ လည်း ပါဝင် မှာဖြစ်ကြောင်း ဘယ်တော့လောက် ထွက်ဖြစ်မလဲ ဆိုတာသေချာ မသိသေးကြောင်း ပြောပါတယ်။ ပရိသတ်တွေ အနေနဲ့ သူ့ကိုအဆိုဘက်မှာ ပိုအားပေးကြောင်း၊ နှစ်ခု စလုံးက သူ့အတွက် ခက်ခဲကြောင်း၊ ပြည့်ဖူးခိုင်က ပြောပါတယ်။

“သီချင်းဆိုတဲ့ ဘက်မှာ ပရိသတ်တွေ ပြည့်ဖူးကို ပိုသတိထားကြတယ်။ သရုပ်ဆောင်ကို ကျတော့ သိပ်ပြီး မမေးကြဘူး။ သီချင်းက ကိုယ် နဲ့ ပိုပြီး အမြဲတမ်း ထိတွေ့လေ့ရှိတယ်။ အားရင် အားသလို သီချင်း နားထောင် ဖြစ်တယ်။ ဗီဒီယို ကျတော့ အမြဲတမ်း မကြည့်ဖြစ်ဘူး။ သီချင်းဆိုတာ အခုနောက်ပိုင်း ပိုပြီး ဝါ သနာပါလာတယ်။ နှစ်ခုစလုံးက ပြည့်ဖူး အတွက် ခက်ခဲပါတယ်” လို့ ပြောပါတယ်။

အနုပညာ အလုပ်တွေကိုလည်း ဆက်တိုက် ပြန်လုပ်သွားတော့ မှာဖြစ်ကြောင်း ပြည့်ဖူးခိုင် ကပြောပါတယ်။
တွယ်တာ
Popular Journal

ဂျပန်နှင့်နယ်မြေပိုင်နက် အငြင်းပွားနေမှုကြောင့် ဂျပန်ထုတ်ကုန်များမသုံးစွဲရေး တောင်ကိုရီးယားတွင်နိုင်ငံတဝှမ်း သပိတ်မှောက်

ဆိုးလ်၊ မတ် ၄ ။
တောင်ကိုရီးယား ဈေးဆိုင်ပိုင်ရှင်များသည် ဂျပန်နှင့်နှစ်နိုင်ငံအကြား နယ်မြေပိုင်နက် အငြင်းပွားနေမှုကိုဆန့်ကျင်သောအားဖြင့် ဂျပန်ထုတ် ကုန်ပစ္စည်းများအား မသုံးစွဲရေး နိုင်ငံအဝှမ်းတွင် သပိတ်မှောက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ ဂျပန်ကုန်ပစ္စည်းများ သပိတ်မှောက်မှုတွင် ဦးဆောင်သူ ဒေသခံစတိုးများ ကယ်ဆယ်ရေးမဟာမိတ်အဖွဲ့  Save Local Stores Alliances မှ ဥက္ကဋ္ဌ အိုဟိုဆပ်က ၎င်းတို့ အဖွဲ့ ၏အဖွဲ့ ဝင် ၇ ဒဿမ ၂သန်းသည် သပိတ်တွင် ပါဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဖွဲ့ က သပိတ်မှောက်ရန် ပန်ကြားထားသည့် ဂျပန်ကုန်ပစ္စည်းများတွင် Mild Seven စီးကရတ်၊ အဆာဟိဘီယာ၊ ဆိုနီအီလက်ထရွန်းနစ် ပစ္စည်းများ စသဖြင့်ပါဝင်ပြီး အချို့သော ကားပြင်ဆရာများကလည်း၎င်းတို့သည် ဂျပန်ကားများဖြစ်သည့် တိုယိုတာ၊ ဟွန်ဒါ၊နစ်ဆန်းကဲ့သို့ သော ကားများကို ပြုပြင်ပေးမည်မဟုတ်ကြောင်း ကြေငြာကာ သပိတ်တွင် ပါဝင်ရန်ပြောကြားခဲ့သည်။

စတိုးဆိုင်များမဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာအိုက“ကျွန်တော်တို့က ဂျပန်အစိုးရဆီက တောင်းပန်မှုမလုပ်မချင်းပဲ သပိတ်မှောက်တာကို ဆက်လုပ်သွားမှာပါ” ဟု ပြောကြားသည်။

ဂျပန်နှင့်တောင်ကိုရီးယားတို့ သည် နှစ်နိုင်ငံအကြားတောင်ကိုရီးယားဘက်မှ ဒေါ့က်ဒိုဟု ခေါ်ပြီး၊ ဂျပန်မှ တာကေးရှီးမားဟု ခေါ်သော ကျွန်း များကို ပိုင်ဆိုင်မှု အငြင်းပွားနေပြီး နှစ်နိုင်ငံအကြား တင်းမားမှုများဖြစ်ပွားခဲ့ရသည်။

ဂျပန်စီးပွားရေးလုပ်ငန်းများသည် မကြာမီက ဒိုင်အိုယု ကျွန်းများအရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအငြင်းပွားမှုများကြောင့်၊ တရုတ်တွင်လည်း တရုတ်စားသုံးသူများက တို
ယိုတာ၊ ကန်နွန် စသော ဂျပန်စက်မှုထွက်ကုန်များကိုသပိတ်မှောက်မှုများ ကြုံတွေ့ ခဲ့ရသည်။

တောင်ကိုရီးယားနှင့်ဂျပန်အကြား နယ်မြေပိုင်နက် အငြင်းပွားမှုများကြောင့် ဂျပန်ကုန်ပစ္စည်းများသပိတ်မှောက်ခံရမှုမှာမူ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။
Ref: CNN
The Myanma Age

ဂန္ထဝင်သင်္ကြန်မိုး အပြီး၂၅နှစ်ကျော်ကြာမှ ဇာတ်ကား ပြန်လည်ရိုက်ကူးဖြစ်တဲ့ မေရွက်ဝါ


ဇာတ်ကားရိုက်ကူးမှုတွေထက် သီချင်းတွေဘက်ကိုပဲ ဦးစားပေး လုပ်ဖြစ်နေ ပေမယ့် ‘တန်ခူးရင်ခွင်’ဆိုတဲ့ သင်္ကြန်ဇာတ်ကားကို ရိုက်ကူးဖြစ်တာက သံယောဇဉ်ကြောင့် ပါလို့ ပြောပြလာသူက မေရွက်ဝါပါ။ ဇာတ်ကားရိုက်ကူးမှုတွေ မရိုက်ဖြစ်ဘဲ ဒီဇာတ်ကားမှာ ပြန်ရိုက်ကူးဖြစ်ပုံကိုလည်း” ‘သင်္ကြန်မိုး’ ဇာတ်ကားထဲက ကိုယ့်ရဲ့ရဲဘော် ရဲဘက်တွေ ဖြစ်တဲ့ ကိုဇင်ဝိုင်း၊ မဆင့်တို့လည်းပါကြတော့ သံယောဇဉ်နဲ့ ရိုက်ဖြစ်တာပါ။ ‘သင်္ကြန်မိုး’ရိုက်ပြီး ၂၅နှစ်ကျော်ကြာကတည်းက ပြတ်နေတာလေ။ အမြဲတမ်း လည်း ရိုက်တာမဟုတ်ဘူး။ ထူးထူးခြားခြားလေးဆိုတော့ ပါဝင်သင့်တယ်လို့ထင်တယ်။ ‘သင်္ကြန်မိုး’ရိုက်တဲ့ ဒါရိုက်တာ ပါပါကြီး(ဦးတင်ဦး)ပဲ ပြန်ရိုက်တာ၊ ကိုရီဇော်တို့နဲ့ လည်း ခင်နေတော့ ရိုက်ဖြစ်တာ။ နောက်ဒီဇာတ်လမ်းကလည်း ‘သင်္ကြန်မိုး’ကားကို အခြေခံပြီး ဒီခေတ်ကာလနဲ့အညီ ပြန်ရိုက်တာ၊ ‘သင်္ကြန်မိုး’ကားထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေက အကုန်အသက်တွေရလာပြီ၊ သူတို့တွေဆီက မျိုးဆက်သစ်တွေရဲ့ သင်္ကြန်အချစ် ဇာတ်လမ်းလေးပေါ့။ ပရိသတ်တွေ သင်္ကြန်ရဲ့ ရောင်စုံရသမြင် ကွင်းကိုလည်း မြင်ရမယ်။

‘သင်္ကြန်မိုးဇာတ်ကား’ထဲမှာ ပါဝင်တဲ့သူတွေလည်း ဒီကားထဲမှာ ပါတာကြောင့် ပရိသတ်တွေတော့ စိတ်ဝင်စားမယ်ထင်ပါတယ်။ ‘သင်္ကြန်မိုး’ ပြီးတော့ ဘာဇာတ်ကားမှ မရိုက်ဖြစ်တော့ဘဲ ဒီကားကျမှ ပြန်ရိုက်တာပါ”လို့ ပြောပြပါတယ်။’သင်္ကြန်မိုး’ ဇာတ်ကားကို လူတွေ ပြန်လည်ဆုံတွေ့ပြီးအတူ သင်္ကြန်ဇာတ်ကား ရိုက်ကူးရပေမယ့် ဇော်ဝမ်းကိုတော့ အခုအချိန်မှာ သတိရမိကြောင်း ပြောပြတဲ့ မေရွက်ဝါက” ‘သင်္ကြန်မိုး’မှာ ကတည်းက ရဲဘော်ရဲဘက်တွေအတူလက်တွဲခဲ့ရတာ။ အခု အသက်အရွယ်တွေရလာတော့ ဘက်ပဲ့ကုန်ပြီ။ ဦးဇော်ဝမ်းကြီးဆို မရှိတော့ဘူး။ သူ့အတွက်လည်း တအားခံစားရတယ်။

ဒီလို ပျော်စရာ ကောင်းတဲ့ကားမှာ သူသာပါရင် ဘယ်လောက်များ စည်ကားလိုက်မလဲ ဆိုပြီး တွေးသတိရမိတယ်။ တရားလည်းရမိတယ်။ ကိုယ်ချစ်တဲ့ ပရိသတ်ကို အနုပညာနဲ့ သီချင်းပဲ ဖြစ်ဖြစ်၊ သရုပ်ဆောင်တာပဲ ဖြစ်ဖြစ်၊ ပေးဆပ်ရတာက ကိုယ့်အတွက် မမေ့နိုင်တဲ့ မှတ်တမ်းတစ်ခုပါပဲ”လို့ ပြော ပြပါတယ်။


‘သင်္ကြန်မိုး’ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ မေရွက်ဝါရဲ့သမီး ဆန်းသစ်လကလည်း ဒီဇာတ်ကားကို အရမ်းကြိုက်ခဲ့ရသလို မေ့မရနိုင်တဲ့ ဇာတ်ကားတစ်ကားပါလို့ ပြောပြလာပါတယ်။ ” ဒီလို ‘သင်္ကြန်မိုး’ဇာတ်ကားလို ပြန်ပြတဲ့ကားမျိုးဆိုတာ ရှားတယ်လေ။ ဂန္ထဝင်မြောက်တဲ့ကားဖြစ်တော့ ပြန်ကြည့်တိုင်းလည်း ရိုးမသွားဘဲ အသစ်လိုပဲ ခံစားရတယ်။ ဒီကားကြည့်တိုင်း အရင်က အမေ့ရဲ့ ပုံစံနဲ့ အခုအပြင်ကပုံစံနဲ့ အရမ်းကွာသွားပြီ။ အန်တီခင်သန်းနုတို့၊ အန်တီဆင့်တို့ကလည်း တအားကောင်းတော့ တအား ကြိုက်တယ်။

အခုခေတ်မှာ ဒီလိုကားကြီးကို ရိုက်ကူးဖို့ဆိုတာကလည်း မလွယ်ကူဘူး။ အချိန်လည်းပေးရတယ်လေ။ ဒီလို ဇာတ်ကားမျိုးတွေလည်း ရှိစေချင်တယ်။ ကိုယ်တွေ အသက်ကြီးသွားလည်း ‘သင်္ကြန်မိုး’က ရိုးသွားမှာ မဟုတ်ပါဘူး။ နောင်လာမယ့် သားစဉ်မြေးဆက်အထိ ဂန္ထဝင်မြောက် ရုပ်ရှင်ကားတစ်ကား ဖြစ်နေမှာပါ။ မေ့မရနိုင်တဲ့ ဇာတ်ကား ကောင်းတစ်ခုပါပဲ”လို့ ပြောပြပါတယ်။
မေမွန်မောင်
Popular Journal

တရုတ်နိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၀ ဒဏ်ရာရ

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းတွင် လှုပ်ရှားခဲ့သည့် ငလျင်တစ်ခုကြောင့် လူပေါင်း(၃၀)မျှ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ ပြင်းအားအဆင့် (၅.၅)မျှရှိသော ငလျင်တစ်ခုသည် ယူနန်တွင် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက လှုပ်ရှားသွားခြင်း ဖြစ်သည်။

အဆိုပါ ငလျင်ကြောင့် လူပေါင်း (၁၂၀၀၀)မျှ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာ ပြည်သူ့ရေးရာ ဌာနက ဆိုသည်။ ငလျင်သည် ဒါလီဘိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ အီရီယွန်ကို ဦးတည် လှုပ်ရှားသွားခြင်း ဖြစ်သည်။ အဆိုပါ ငလျင်သည် မြေအနက် (၉)ကီလိုမီတာကို ဗဟိုပြုခဲ့ပြီး လူပေါင်း (၉၂၀၀၀)မျှ ငလျင်၏ တုန်ခါမှုကို ခံစားခဲ့ရကြောင်း သိရှိရသည်။

ငလျင်ကြောင့် အိမ်ခြေ (၈၃၄၃၄)လုံး ထိခိုက်ခဲ့ပြီး အိမ်ခြေ (၁၇၈၁)လုံး ပြိုကျပျက်စီးသွားကြောင်း သတင်းများက ဆိုသည်။ ယူနန် ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဌာနက ငလျင်ဘေးသင့် နေရာများတွင် သတိပေးချက် အဆင့် (၃)ကို ထုတ်ပြန်ထားပြီး နောက်ပိုင်းတွင် အဆင့်(၂)သို့ မြှင့်တင်ခဲ့သည်။

ပြည်သူ့ရေးရာ ဌာနက ငလျင်လှုပ်ခတ်ရာ ဒေသများသို့ ရွက်ဖျင်တဲ (၃၀၀၀)၊ ဂွမ်းစောင်ထူ (၇၀၀၀)နှင့် ကုတ်အင်္ကျီ အထည်(၇၀၀၀)တို့ကို အလျင်အမြန် ပေးပို့ခဲ့ကြောင်းလည်း သိရသည်။ ငလျင်ဘေးသင့် ဒေသသို့ ရဲဝန်ထမ်း(၄၀၀)၊ မီးသတ်ဝန်ထမ်းများနှင့် စစ်သားများလည်း သွားရောက်ခဲ့ကြသည်။

ငလျင်အပြီးတွင် သီးခြား နောက်ဆက်တွဲ တုန်ခါ လှုပ်ရှားမှုပေါင်း (၃၄)ကြိမ်မျှ ဖြစ်ပေါ်ခဲ့သေးသည်။ ယခု ငလျင်ဗဟိုချက်မှ အချင်းကီလိုမီတာ (၅၀)မျှ ရပ်ဝန်းအတွင်း ယခင်ကလည်း ပြင်းအား ရစ်ခ်ျတာစကေး (၅.၀)အထက် ငလျင်ပေါင်း (၁၉)ခု လှုပ်ခတ်ဖူးကြောင်း သိရှိရသည်။Planet Myanmar Network

၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်း ၄၁နှစ်မြောက် မွေးနေ့အလှူ ကျင်းပ

မတ်လ ၄၊ ၂၀၁၃
၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်း ၄၁နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် မတ်လ ၄ရက်နေ့တွင် ကလေးသူငယ် ၃၂၄ဦးကို တိရိစ္ဆာန်ရုံသို့ ပို့ဆောင်ပေးပြီး နေ့လည်စာ ထမင်းကျွေးခဲ့ကြောင်း သိရှိရပါသည်။
Burma VJ Media Network









နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com