http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အလုပ်သမား အခွင့်အရေးအတွက် ရက်ရှည်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်

Wednesday, May 29, 2013
ယခုလအတွင်း လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များတွင် အလုပ်သမား အခွင့်အရေး၊ လုပ်ခလစာ အခွင့်အရေးတို့အတွက် ရက်ရှည်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး လှိုင်သာယာစက်မှုဇုန် ၂၊ ရွှေလင်ပန်း စက်မှုဇုန်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ငွေပင်လယ် စက်မှုဇုန်တို့ရှိ စက်ရုံများတွင် အလုပ်သမား စုစုပေါင်း ၃၀၀၀ ၀န်းကျင်က မေ ၂၈ ရက်နေ့ထိ ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားနေသော စက်ရုံများမှာ လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ဘိုဆန်းပိုက် စက်ရုံ၊ ဟုန်စိန်ပီနံအိတ် စက်ရုံ၊ သုံးထပ်ကြီး အထည်ချုပ်စက်ရုံ၊ YesOne အထည်ချုပ်စက်ရုံ၊ ဆာကူရာ အထည်ချုပ်စက်ရုံ၊ Esquare ဖိနပ်စက်ရုံ၊ ရွှေလင်ပန်း စက်မှုဇုန်ရှိ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ ငွေပင်လယ် စက်မှုဇုန်ရှိ စံကောင်းပီနံအိတ် စက်ရုံ၊ လှိုင်သာယာ စက်မှုဇုန် (၅)ရှိ ငွေကံ့ကော် အထည်ချုပ် စက်ရုံတို့ဖြစ်ပြီး စံကောင်းပီနံအိတ် စက်ရုံတွင်မူ အစာငတ်ခံ ဆန္ဒထုတ်ဖော်သူ ၃၀ ဦးခန့်ရှိကြောင်း သိရသည်။

အချိန်ပို အလုပ်ချိန် များသော်လည်း အချိန်ပိုလစာအတွက် လုပ်ခအပြည့်အ၀ မရရှိခြင်း၊ ခိုင်လုံသော အခြေခံလစာ မရှိခြင်း၊ အလုပ်ရှင်များမှ အလုပ်သမားများအပေါ် ဖိနှိပ်ဆက်ဆံခြင်း၊ နေ့စားအလုပ်သမား အဖြစ်မှ လခစား အလုပ်သမား အဖြစ်သို့ ပြောင်းလဲချင်သော်လည်း အလုပ်ရှင်ဘက်မှ အာမခံချက် မရှိခြင်း၊ စက်ရုံအများစုမှာ အလုပ်သမား ဥပဒေပါ အချက်အလက်များကို မလိုက်နာခြင်း၊ အလုပ်သမား သမဂ္ဂများကို အလုပ်ရှင်များဘက်မှ အသိအမှတ်ပြု ဆွေးနွေးမှုများ မရှိခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း သိရသည်။

စံကောင်းပီနံအိတ် စက်ရုံတွင် အလုပ်သမား အင်အား ၁၅၀၀ ခန့်မှ မေ ၁၁ ရက်မှ စတင်၍ ဆန္ဒထုတ်ဖော် နေခြင်းဖြစ်ပြီး သုံးထပ်ကြီး အထည်ချုပ်စက်ရုံတွင် မေ ၁၇ ရက်မှ စတင်၍ အလုပ်သမားအင်အား ၈၀၀ ခန့်၊ ဟုန်စိန်ပီနံအိတ် စက်ရုံတွင် မေ ၁၀ ရက်မှ စတင်၍ အလုပ်သမားအင်အား ၁၀၀ ခန့်နှင့် အခြားစက်ရုံများတွင် အလုပ်သမားအင်အား ၁၀၀ ခန့်စီက ယခုအချိန်ထိ ရက်ရှည်ဆန္ဒ ထုတ်ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

"တောင်းဆိုတဲ့ အချက်တွေ မလိုက်လျောရင် ထပ်ပြီးတောင်းဆိုမယ်" ဟု ဟုန်စိန်ပီနံအိတ် စက်ရုံမှ အလုပ်သမားခေါင်းဆောင် တစ်ဦးက ဆိုသည်။
EMG

လားရှိုးမြို့၊ နောက်ဆုံးအခြေအနေ

ကြူခုံက အမှတ် (၇)၊ နယ်မြေ (၁၇)မှာ တည်ရှိပြီး၊ မူဆလင် (၅)ယောက်ကလည်း အမှတ် (၇)၊ နယ်မြေ (၁၇)ကပဲ ဖြစ်ပါတယ်။ နာမည်များမှာ ၁။ ဇော်ဝမ်း၊ ၂။ ဇော်မင်း၊ ၃။ ထွန်းလွင်ဦး၊ ၄။ ထွန်းနိုင်၊ ၅။ သိန်းထိုက်စိုးတို့ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ထိုးကြိတ် ရိုက်နှက်မှုကြောင့် မောင်ဆန်းဝင်းမှာ ခေါင်း ဒဏ်ရာ (၉)ချက်ချုပ်ရပြီး ဒေါ်အေးဝင်းနှင့်အတူ ဆေးရုံ တက်ကုသနေပါတယ်။

ကိုနေဝင်းမှာ ကျိုင်းတုံက လာသူဖြစ်ပြီး လားရှိုးမြို့ထဲမှာ ပြဿနာရှာ သောင်းကျန်းနေတာ ၄/၅ ရက်ရှိပြီလို့ သိရပါတယ်။ ရဲက ခဏဖမ်းထိန်းထားပြီး အချုပ်မှ လွတ်တာ မကြာသေးဘူးလို့ သိရပါတယ်။

လားရှိုးမြို့ အဓိကရုဏ်းဖြစ်အောင် ဒေါ်အေးဝင်းကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သူ
၁၄၄/ ထုတ်ပြီးနောက် ၁၀း၂၀ နာရီမှာ လူစုကွဲသွားပြီး မီးသတ်ကလည်း မီးငြိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြို့မဗလီနှင့်ကပ်လျက် မြို့မဈေးကို မီးကူးစက်သွားတာ ခုချိန်ထိ မငြိမ်းသေးပါဘူး။
၁၁း၀၀ နာရီခန့်မှာ လေးငါးဆယ် အင်အားရှိတဲ့ လူစုဟာ ပျောက်ကြားအသွင်ဆောင်လာကြပြီး မီးရှို့ဖျက်ဆီးကြလို့ ရပ်ကွက် (၉)မှ ဗလီတစ်ခု မီးလောင်သွားပါတယ်။ စိန်ကြယ်ဒံပေါက်ဆိုင်၊ လာရှိုး ဓါတ်ပုံတိုက်တို့ အဖျက်ဆီးခံရပြီး ဒန်အိုး ဒန်ခွက်ဆိုင်တန်းလည်း အဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
Wira Thu

ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေး အကြိုညှိနိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်-မေ၂၈
ယနေ့ (မေလ၊၂၈ရက်) မွန်းလွဲ၁နာရီတွင် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးခန်း၌ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေး အကြိုညှိနိုင်းအစည်းအဝေး ကို ကျင်းပရာ အောက်ပါအဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

(၁) နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့
(၂) ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
(၃) ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
(၄) တ.က.သ အဆောက်အဦ ပြန်လည်တည်ဆောက်ရေး အဖွဲ့
(၅) လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
(၆) တက္ကသိုလ်ကျောင်းသားသမဂ္ဂ
(၇) အင်ဂျင်နီယာ ကွန်ယက်
(၈) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)
(၉) ဇွန်လူပ်ရှားမူအဖွဲ့
(၁၀) မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး
(၁၁) မေတ္တာကမ်ပိန်း
(၁၂) ၈၈ RC2 Union
(၁၃) Generation Wave
(၁၄) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
(၁၅) 141 +
(၁၆) Myanmar Institute for Democracy (MID) 96
(၁၇) ၇၄၊ ၇၅၊ ၇၆
(၁၈) နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်
(၁၉) Civil Society of Myanmar
(၂၀) ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ အပါအ၀င် စုစုပေါင်း ၆၀ ယောက်ကျော် တက်ရောက်ခဲ့ကြသည်။

ထိုအကြို ညှိနိုင်းအစည်းအဝေးတွင် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံငွေရတုအခမ်းအနား ကျင်းပရေးကော်မတီအား ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှ အစပြု၍ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတည်ဆောက်ရေးတို့တွင် ယနေ့အထိ တက်ကြွစွာ ပါဝင်ခဲ့ကြသော အဖွဲ့အစည်းများ ၊ လူပုဂ္ဂိုလ်များအားလုံး ကျယ်ပြန့်စွာ ပါဝင်သော အခမ်းအနား ကျင်းပရေးကော်မတီ ဖွဲ့စည်းရန် တက်ရောက်လာသူအားလုံးမှ သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
Popular Myanmar News Journal

ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ဖို့ဝိန်းမြို့ မြန်မာတွေ တွေ့ဆုံ

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ မြန်မာမိသားစုတွေနဲ့ မနေ့ညနေပိုင်းက တွေ့ဆုံခဲ့ကြပါတယ်။

ဖို့ဝိန်းမြို့ ဇေတဝန်ကျောင်းမှာ တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ ပရိသတ်လေးရာကျော် တက်ရောက်
ခဲ့ကြပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ နားထောင်တတ်သူတွေဖြစ်ဖို့လိုကြောင်း ကိုကိုကြီးက ပြောကြားခဲ့
ပါတယ်။

"ကျနော်တို့လည်း ကိုယ့်ကိုယ်ကို ပြန်သတိထားရတယ်၊ အပြောသမားတွေကြီးပဲမဖြစ်ဖို့ နားထောင်တဲ့သူတွေ နားထောင်တဲ့ ယဉ်ကျေးမှုထွန်းကားအောင် ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားကြရပါမယ်၊ နယ်တွေသွားတဲ့အခါမှာ အထူးသဖြင့် နယ်ကလူတွေလက်ထဲကို မိုက်ထိုးပေး ခင်ဗျားတို့ပြောပါ၊ ပြောတတ်သလိုပြောပါ"

ကိုမင်းကိုနိုင်ကလည်း အများအကျိုးအတွက် လူမသိသူမသိ ဆောင်ရွက်ခဲ့ကြသူတွေရှိကြောင်း ကိုယ်တွေ့နဲ့ယှဉ်ပြီး ပြောကြားခဲ့ပါတယ်။ ဟောပြောအပြီးမှာ ပရိသတ်တွေရဲ့ မေးခွန်းတွေကို
ဖြေကြားခဲ့ကြပါတယ်။
RFA Burmese






ကချင် ဆွေးနွေးပွဲ ပထမနေ့မှာ နှစ်ဘက် လိုချင် တာတွေ တင်ပြခဲ့

နှစ်ဘက်လုံးက ဆုံးဖြတ်ချက် ပေးနိုင်သူတွေ ကချင် ဆွေးနွေးပွဲမှာ တက်ရောက် နေကြ
28 မေလ 2013
မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ မြစ်ကြီးနား မြို့မှာ ဆွေးနွေး နေကြရာမှာ နှစ်ဘက် အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ဖို့ လိုလားပြီး ဇွန်၊ ဇူလိုင်လ လောက်မှာ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးကို တိုင်းရင်းသား ပေါင်းစုံနဲ့ ဆွေးနွေး ချင်တယ်လို့ အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ပြောပါတယ်။

ကေအိုင်အို ဘက်ကတော့ တပ်တွေ နေရာချထားရေးနဲ့ တိုက်ပွဲတွေ မဖြစ်အောင် လေ့လာ စောင့်ကြည့်ရေးကို ဦးစားပေး ဆွေးနွေး ချင်တယ်လို့ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ပြောပါတယ်။

လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခ တွေကို ရှေ့ဆက်ပြီး နိုင်ငံရေး အရ ဖြေရှင်းဖို့ ဆန္ဒရှိတယ် ဆိုတဲ့အပိုင်းကို ဆွေးနွေးပွဲမှာ အတည်ပြုခဲ့ ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အင်္ဂ࿿ါနေ့ အစည်း အဝေး အပြီးမှာ ပြောပါတယ်။

အခု တကြိမ် ဆွေးနွေးပွဲဟာ ပထမဆုံး အကြိမ် ပြည်တွင်းမှာ ပြုလုပ်တာ ဖြစ်ပြီး ကေအိုင်အိုနဲ့ အစိုးရကြားမှာ ၈ ကြိမ်မြောက် တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အခု မြစ်ကြီးနား ဆွေးနွေးပွဲရဲ့ ရလဒ်က မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့ မြန်ဆန်မှု၊ နှေးကွေးမှုကို အဆုံး အဖြတ် ပေးနိုင် လောက်အောင် အရေး ပါပါတယ်။

ဒီဆွေးနွေးပွဲကို အစိုးရ ဘက်က ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်ပြီး စစ်တပ် ဘက်က ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူး အာဏာကုန် လွှဲအပ်ခြင်း ခံရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ပါဝင် ဆွေးနွေး နေပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက အရင် ဆွေးနွေးပွဲ တုန်းက တက်ရောက်ခဲ့ဖူး ပေမဲ့ စစ်ဦးစီးချုပ်ရဲ့ အထူး အာဏာကုန် လွှဲအပ် ခြင်း ခံရသူ ဖြစ်တယ်လို့တော့ မပြောခဲ့ပါဘူး။

ဒါကြောင့် ဒီတခါ ဆွေးနွေးပွဲဟာ အပြီးသတ် အဆုံးအဖြတ်တွေ ပေးနိုင်မယ့် သူတွေ တက်ရောက်နေကြတာလို့ ပြောနိုင် ပါတယ်။

ပြည်ပ ကိုယ်စားလှယ်တွေ အနေနဲ့ ဆိုရင်တော့ ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံပေး အရာရှိ ဗီဂျေ နမ်ဘီယားနဲ့ တရုတ် နိုင်ငံက သံတမန် တစ်ယောက် တို့ လေ့လာသူ အနေနဲ့ တက်ရောက် နေကြ ပါတယ်။

လောလောဆယ် အစည်း အဝေး ခန်းမ အတွင်း ဆွေးနွေးမှု အသေးစိတ်ကို မသိရသေးပေမဲ့ ဗုဒ္ဓဟူးနေ့မှာ ကေအိုင်အိုနဲ့ ကချင် လူထု တွေ့ဆုံပွဲ တစ်ခု ကျင်းပဖို့ ရှိနေပြီး မေလ ၃၀ ရက်နေ့ မှာတော့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လုပ်မယ်လို့ သိရပါတယ်။
BBC Burmese

လားရှိုးမြို့တွင် အရေးပေါ် အခြေအနေ ပုဒ်မ-၁၄၄ ထုတ်ပြန်

ည ၈ နာရီ ၀န်းကျင်ခန့်က လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း မီးလောင်နေစဉ်
လားရှိုးမြို့တွင်အမျိုးသမီးတစ်ဦးဓာတ်ဆီလောင်းမီးရှို့ခံရမှုနောက်ပိုင်း
ဖြစ်ပွားခဲ့သော ဗလီမီးရှို့မှုများကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ-၁၄၄ ထုတ်ပြန်

29.5.2013
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ (၇)၊ အမှတ် ၈ ရပ်ကွက်၊ သန္နီလမ်းပေါ်တွင် မေ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာ အဆောက်အအုံ နှစ်လုံးနှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ပြီး ညပိုင်းတွင် အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သန္နီလမ်းပေါ်၌ ဓာတ်ဆီရောင်းနေသော မအေးအေးဝင်း (၂၄ နှစ်) (ရှမ်း/တရုတ်/မြန်မာ/ဗုဒ္ဓ) ကို ကျိုင်းတုံမြို့၊ ၂ ရပ်ကွက်မှ ရောက်ရှိလာသူ နေ၀င်း (၄၈ နှစ်) (အိန္ဒိယ/တရုတ်/အစ္စလာမ်) မှ ဓာတ်ဆီလောင်းပြီး မီးရှို့ရန် ပြေးလိုက်သဖြင့် မအေးအေးဝင်းမှ ရတနာတင်းတိမ် လမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထိုလမ်းအတွင်းမှာပင် မအေးအေးဝင်းမှာ မပြေးနိုင်တော့ဘဲ မိသွားစဉ် နေ၀င်းမှ ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံများက ထိုအစ္စလမ် ဘာသာဝင်ကို ၀ိုင်းရိုက်ခဲ့ကြကြောင်း၊ သတင်းကြားသည်နှင့် ရဲတပ်ဖွဲ့များ ရောက်ရှိလာကာ ဓာတ်ဆီလောင်း မီးရှို့သူ နေ၀င်းကို အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ဒေသခံ ၁၅၀ ခန့်သည် ညနေ ၅ နာရီခန့်တွင် အမှတ် (၁) ရဲစခန်းရှေ့သို့ စုရုံးရောက်ရှိလာပြီး မီးရှို့သူ တရားခံကို ထုတ်ပေးရန် အော်ဟစ်ပြောဆို ခဲ့ကြကြောင်း မျက်မြင်ဒေသခံများက ဆိုသည်။

"မီးရှို့တဲ့သူနဲ့ အရှို့ခံရတဲ့ မိန်းကလေးက နဂိုကတည်းက သိကြတာ မဟုတ်ဘူး။ မြင်လည်းမြင်ဖူးကြတာ မဟုတ်ဘူး။ ဒီဘာသာခြားကလည်း လားရှိုးမြို့ကို ရောက်လာတာ သုံးရက်ပဲ ရှိသေးတယ်၊ တည်းခိုခန်း တစ်ခုမှာတည်းတာ" ဟု The Daily Eleven ၏ လားရှိုးသတင်းထောက်က သတင်းပေးပို့ခဲ့သည်။ ဓာတ်ဆီလောင်း မီးရှို့ခံရသော မအေးအေးဝင်းသည် ခြေ၊ လက်နှင့် ဆံပင်များ မီးလောင်ကျွမ်းသွားပြီး လားရှိုးမြို့ ဆေးရုံကြီး၊ အရေးပေါ်ဌာနတွင် တင်ပို့ကုသထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက "ကျိုင်းတုံမြို့၊ ၂ ရပ်ကွက်နေ နေ၀င်းနဲ့ ပြည်ထောင်စုလမ်းမကြီး နံဘေး၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးအနီး ဓာတ်ဆီဆိုင်ဖွင့် ရောင်းနေတဲ့ မအေးအေးဝင်းတို့ စကားများ ရန်ဖြစ်ရာက ခုလို ပြဿနာ စဖြစ်တာပါ။ နေ၀င်းကို ဖမ်းမိစဉ် ရှာဖွေတဲ့အခါမှာ သူ့ဘောင်းဘီအိတ်ထဲက စိတ်ကြွရူးသွပ်ဆေးပြား နှစ်ပြားတွေ့ရပါတယ်။ အခုလို ဓာတ်ဆီလောင်း မီးရှို့တဲ့ ဖြစ်စဉ်နဲ့ ပက်သက်လို့ မအေးအေးဝင်းရဲ့ဖခင် ဦးမောင်မောင် (ရပ်ကွက် ၈၊ နယ်မြေ ၁၅၊ နယ်မြေမှူး) ကပဲ တရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်။ ည ၇ နာရီခန့်မှာ မအေးအေးဝင်းရဲ့ ဆွေမျိုးငါးဦးခန့်နဲ့ သံဃာတော် ၁၀ ပါးခန့် ရဲစခန်းကို ရောက်လာပြီး တရားခံကို ထုတ်ပေးဖို့ ပြောရာကနေ လူ ၃၀ လောက် ဖြစ်သွားတယ်။ ဒါနဲ့ ည ၇ နာရီခွဲခန့်မှာပဲ တရားခံကို လားရှိုးအကျဉ်းထောင်ကို ပို့လိုက်ပြီ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ယခု ဖြစ်စဉ်အပေါ် မကျေနပ်သော ဒေသခံတို့မှ ည ၇ နာရီခန့်တွင် လားရှိုးမြို့မဈေးကြီး အနီးရှိ အစ္စလာမ်ဗလီ တစ်လုံးကို မီးရှို့လိုက်ကြကြောင်း၊ ယင်းနောက် လမ်းမတော်လမ်းရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်းကိုလည်း မီးရှို့လိုက်ကြကြောင်း၊ ယခု ၁၀ နာရီ ထိုးသည်အထိ အဆိုပါ အဆောက်အအုံများ မီးလောင်ကျွမ်းဆဲဖြစ်ပြီး စာသင်ကျောင်း နံဘေးရှိ ဈေးဆိုင်ခန်း ၁၅ ခန်းခန့်မှာလည်း မီးလောင်ကျွမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ဓာတ်ဆီလောင်း မီးရှို့သူ တရားခံနေ၀င်းကို လားရှိုးမြို့နယ် အမှတ် (၁) ရဲစခန်းမှ (ပ) ၂၅၇/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၇/၄၃၆၊ ၃၂၆ နှင့် မယ(ပ) ၈၇/၂၀၁၃၊ မူး/စိတ် ၁၅/၁၆(ဃ) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထို့နောက် ရဲစခန်းရှေ့နှင့် မြို့ပေါ်အနှံ့ရှိ အဆိုပါကိစ္စကို မကျေနပ်ကြသည့် လူအုပ်စုကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က ည ၈ နာရီခွဲခန့်တွင် ထိန်းလိုက်နိုင်ပြီဖြစ်ပြီး ဗလီ၊ စာသင်ကျောင်းနှင့် ၎င်းအနီးရှိ ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ် ရပ်ကွက်အသီးသီးတွင် ည ၉ နာရီ ခန့်ကတည်းက အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း၊ လောင်ကျွမ်းနေသော မီးမှာလည်း ည ၁၁ နာရီခန့်တွင် ငြိမ်းစပြုနေပြီဖြစ်ကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ယခု လားရှိုးမြို့ ပဋိပက္ခ ဖြစ်ပွားသောနေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ် (KIO/KIA) ငြိမ်းချမ်းရေးအဖွဲ့တို့ မြန်မာနိုင်ငံအတွင်း ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးသည့်နေ့နှင့် တိုက်ဆိုင်နေသည်။

လားရှိုးမြို့သည် တရုတ်လူမျိုးများပြီး အစ္စလာမ်ဘာသာဝင် နည်းပါးကြောင်း၊ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ကွယ်၌ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ အများပြည်သူအား အသိပေးရန် လိုအပ်နေကြောင်း သုံးသပ်မှုများ ရှိနေသည်။

လက်ရှိ အစိုးရလက်ထက် ပထမဆုံး အဓိကရုဏ်း ဖြစ်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ရခိုင်ပြည်နယ် ပဋိပက္ခများ၏ အစပြုရာ မေ ၂၈ ရက်နေ့ မသီတာထွေး အသတ်ခံရမှု ဖြစ်စဉ်သည် မေ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း မြန်မာပြည်သို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ လာရောက်ဆွေးနွေးမှုနှင့် တိုက်ဆိုင်နေသည်။ ယင်းမတိုင်မီ မေ ၁၇ ရက်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ဖိတ်ခေါ်မှုကြောင့် အမေရိကန်သို့ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား မြန်မာနိုင်ငံအပေါ် ငွေကြေးဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများကို ဆိုင်းငံ့သည့် အမိန့်အား သမ္မတအိုဘားမားက ထုတ်ပြန်ပေးမည်ဟု ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် မတ် ၂၀ ရက်တွင် မိတ္ထီလာမြို့၌ စတင်ကာ ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များထိ ကူးစက်ခဲ့သော ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရာ ယင်းမတိုင်မီ မတ် ၁၂ ရက် နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်သည်လည်း နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသည့် အချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
EMG

တစ်ကိုယ်တော်ဆန္ဒပြသူ သရုပ်ဆောင် ရဲတိုက် တရားစွဲခံရ

ယနေ့ နံနက် ၁၀ နာရီက ဗိုလ်အောင်ကျော်လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်ရှိ စိန်မေရီကာဒီဒြယ် ခရစ်ယာန်ဘုရားကျောင်းတွင် ဘုရားဝင်ရောက် ရှိခိုးရာမှတင်းမာမှုဖြစ်ပေါ်ခဲ့သဖြင့် သရုပ်ဆောင် ရဲတိုက်က နံနက် ၁၁ နာရီကျော်မှစတင်ကာ ဆန္ဒပြခဲ့သည်။

ထို့နောက် နေ့လယ် ၃ နာရီ ၄၅ မိနစ်တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ လာေ၇ာက်ထိန်းသိမ်းခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်မှာ ဗိုလ်တစ်ထောင် စခန်းမှူး ဦးသာဇံ၏ ထုတ်ပြန်ပေးချက်အရ သရုပ်ဆောင် ရဲတိုက်အား ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင်ရည်ရွယ်ချက်အကြံအစည်၊ အပြုအမူ လုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၅/က) ဖြင့် အရေးယူထားကြောင်း သိရသည်။
Popular Journal




လားရှိုးမြို့မီး နောက်ဆက်တွဲ

လားရှိုး၊ မေ ၂၈။
လားရှိုးမြို့မဈေးတွင် အလှကုန်ဆိုင်ဖွင့်ထားသော၊ အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “အန်တီ့ မျက်စိအရှေ့မှာပဲ ဆိုင်ကယ် နှစ်စီး မီးရှိ့နေတာ တွေ့တယ်၊ ဗလီဘက်မှာ မီးခိုးတွေ တအားထွက်လာတယ်။

အန်တီတို့ကတော့ ဈေးကို မီးကူးစက်လာမှ ကြောက် နေရတယ်။ ဗလီထဲမှာတော့ လူတွေရှိတာ တွေ့တယ်။ ခဲနဲ့လှမ်းပေါက်လို့ အန်တီ့ ခေါင်းကို လာထိသေးတယ်။ ဆိုင်ကယ် ဦးထုပ် ဆောင်းထားလို့သာ
ဘာမှ မဖြစ်တာ”ဟု ပြောကြားသည်။
မြန်မာ့ခေတ်

လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးအား မီးရှို့မှု ဖြစ်ပွား

လားရှိုး၊ မေ ၂၈။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအား မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း လားရှိုး မြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့ အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။ ဓာတ်ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့် ရှိပြီး လားရှိုးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှ လာရောက်သူတစ်ဦးဖြစ်ကြောင်း လာရှိုးမြို့ခံ မြန်မာ့ခေတ် သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့် စုရုံးရောက်ရှိနေပြီး သံဃာတော် တချို့မှာ ရဲစခန်းတွင်းသို့ ဝင်ရောက်ညှိနှိုင်းနေကြောင်း ၎င်းရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။

“အဖမ်းခံထားရတဲ့သူကို သူတို့လက်ထဲ အပ်ဖို့ လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု
၎င်းက ပြောကြားသည်။

ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချထားကြောင်း သိရသည်။
ထက်နောင်နောင်
မြန်မာ့ခေတ်

မဟာဆန် အမည်ပေးမိ၍ သီရိလင်္ကာ မိုးလေဝသ ပညာရှင် တောင်းပန်ရ

မေလ ၂၈ ရက် ၂၀၁၃
နယူးဒေလီ (မဇ္ဈိမ)။ ။ မေလလယ်က အိန္ဒိယ သမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကာ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံများသို့ ဖြတ်သန်းတိုက်ခတ်သွားသော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အား မဟာဆန် (Mahasen)ဟု အမည်ပေးလိုက်သည့်အပေါ် သီရိလင်္ကာရှိ ထိပ်တန်း မိုးလေဝသ ပညာရှင်များက တောင်းပန်လိုက်ရသည်။

အကြောင်းမှာ သီရိလင်္ကာ နိုင်ငံတွင် အေဒီ ၄ ရာစုက အုပ်ချုပ်သွားသော ဘုရင်မင်းမြတ်၏ အမည် (King Mahasen)အား ယခုကဲ့သို့ သဘာဝကပ်ဘေးကြီးတခုအတွက် သုံးလိုက်ခြင်းအပေါ် နိုင်ငံရေးသမားများနှင့် လယ်သမားအဖွဲ့များက ဆန့်ကျင်ကန့်ကွက်မှုများကြောင့် တရားဝင် တောင်းပန်ရခြင်းဖြစ်သည်ဟု သီရိလင်္ကာနိုင်ငံ မိုးလေဝသဌာန ညွှန်ကြားရေးမှူးချုပ်အား ကိုးကား၍ အေပီ သတင်းတရပ်တွင် ဖော်ပြထားသည်။

“မဟာဆန် ဘုရင်ကြီးနှင့် တိုင်းပြည်၏ ဂုဏ်ရောင်အား ထိခိုက်စော်ကားမှု တစုံတရာ ရှိမိပါက” တောင်းပန်ပါ သည်ဟု ညွှန်ကြားရေးမှူးချုပ် S.H. Kariyawasam က အင်္ဂါနေ့တွင် ပြောဆိုသွားခြင်း ဖြစ်သည်။

မေလ ၁၃-၁၄-၁၅ ရက်နေ့များတွင် ထိုဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် လူပေါင်း ၁၈ ဦး သေဆုံးခဲ့ရပြီး တသန်းခန့် အိုးအိမ်ရွှေ့ပြောင်းခဲ့ကြရသည်။

ဘုရင်မင်း မဟာဆန် သည် သီရိလင်္ကာတိုင်းပြည်တွင် ဧရာမ ရေလှောင်ကန်ကြီး ၁၆ ခု တည်ဆောက်ပေးနိုင်ခဲ့ပြီး ဘုရားတဆူသဖွယ် ကြည်ညိုသမှု ပြုကြရသည်ဟုလည်း သတင်းတွင် ဖော်ပြရေးသားထားသည်။
Mizzima - News in Burmese

သရုပ်ဆောင် ရဲတိုက် ဘုရားဝတ်ပြုရာကနေ အချင်းများပြီး တကိုယ်တော် ဆန္ဒပြ(ရုပ်/သံ)

သရုပ်ဆောင် ရဲတိုက် ဘုရားဝတ်ပြုရာကနေ အချင်းများပြီး တကိုယ်တော် ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဦးစည်သူဇေယျ သတင်းပေးပို့ထားပါတယ်။
DVB TV News



မိန်လာပိုက်ထဲမှာ ပိတ်မိနေတဲ့ မွေးကင်းစ ခလေးငယ်တဦး တရုပ်ပြည် အပတ်မင့်တခုမှာတွေ့ရှိ

မီးသတ်သမားများနှင့် ဆရာဝန်တွေဟာ ပိုက်တွေကို တစီဖြတ်တောက်ပြီး ကယ်တင်နေပုံ
မီးသတ်သမားများနှင့် ဆရာဝန်တွေဟာ ပိုက်တွေကို တစီဖြတ်တောက်ပြီး မွေးကင်းစ ယောက်ကျား ခလေးငယ်ကို  Jinhua မြို့ Zhejiang ပြည်နယ်မှာ ကယ်တင်ခဲ့ပါတယ်။
REF; CNN
 

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ဖို့ဝိန်းမြို့မှာ မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်လေဆိပ်ကို ရောက်ရှိလာတဲ့ ကိုမင်းနိုင်နဲ့ ကိုကိုကြီးတို့ကို လာရောက်ကြို ကြသော မြန်မာမိသားစုများနဲ့အတူတွေ့ရပုံ
2013-05-28
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ မြန်မာမိသားစုတွေနဲ့ မနေ့ညနေပိုင်းက တွေ့ဆုံခဲ့ကြပါတယ်။

ဖို့ဝိန်းမြို့ ဇေတဝန်ကျောင်းမှာ တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ ပရိသတ်လေးရာကျော် တက်ရောက်ခဲ့ကြပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ နားထောင်တတ်သူတွေဖြစ်ဖို့လိုကြောင်း ကိုကိုကြီးက ပြောကြားခဲ့ပါတယ်။

"ကျနော်တို့လည်း ကိုယ့်ကိုယ်ကို ပြန်သတိထားရတယ်၊ အပြောသမားတွေကြီးပဲမဖြစ်ဖို့ နားထောင်တဲ့သူတွေ နားထောင်တဲ့ ယဉ်ကျေးမှုထွန်းကားအောင် ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားကြရပါမယ်၊ နယ်တွေသွားတဲ့အခါမှာ အထူးသဖြင့် နယ်ကလူတွေလက်ထဲကို မိုက်ထိုးပေး ခင်ဗျားတို့ပြောပါ၊ ပြောတတ်သလိုပြောပါ"

ကိုမင်းကိုနိုင်ကလည်း အများအကျိုးအတွက် လူမသိသူမသိ ဆောင်ရွက်ခဲ့ကြသူတွေရှိကြောင်း ကိုယ်တွေ့နဲ့ယှဉ်ပြီး ပြောကြားခဲ့ပါတယ်။ ဟောပြောအပြီးမှာ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ကြပါတယ်။

တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ဖို့ဝိန်းမြို့ကို သွားရောက်သတင်းယူနေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးကို ဦးသစ်ဆင်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
RFA Burmese

သူပုန်တွေ လက်ချက်နဲ့ ရဲတွေ သေဆုံး

နှစ်ပေါင်း ၄၀ ကျော်ကြာ ပုန်ကန်မှု တွေကြောင့်
လူပေါင်း သောင်းနဲ့ချီ သေဆုံးခဲ့ ရပြီ ဖြစ်ပါတယ်
27 မေလ 2013
ဖိလစ်ပိုင် နိုင်ငံမှာ ကွန်မြူနစ် သူပုန်တွေရဲ့ ချုံခို တိုက်ခိုက် မှုကြောင့် ရဲ ကွန်မန်ဒို ၇ ဦး သေဆုံး သွားတယ်လို့ ဖိလစ်ပိုင် အာဏာပိုင် တွေက ပြောပါတယ်။

ကာဂယမ်း ပြည်နယ်မှာ ပြည်သစ် တပ်မတော် အဖွဲ့ က သူပုန်တွေ ထောင်ထားတဲ့ မိုင်း တလုံးကို လက်ရွေးစင် အထူး ရဲတပ်ဖွဲ့ဝင်တွေ တင်ထားတဲ့ ယာဉ်တစီးက နင်းမိတာကြောင့် မိုင်းပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်မှာ သူပုန်တွေက ရဲတွေကို ပစ်ခတ် ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

အဲဒီ ပြည်နယ်ဟာ မြို့တော် မနီလာ ကနေ မြောက်ဘက် ကီလို ၄၀ဝ လောက် အဝေးမှာ ရှိတဲ့ ပြည်နယ်ဖြစ်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က စလို့ ကွန်မြူနစ် သူပုန်တွေရဲ့ ပုန်ကန်မှု တွေကြောင့် လူပေါင်း သောင်းနဲ့ချီ သေဆုံးခဲ့ ရပြီ ဖြစ်ပါတယ်။
BBC Burmese

ဖွဲ့စည်းပုံ မှာ အဓိက ပြင်သင့်တာတွေ NLD က မကြာခင် ထုတ်ပြန်မယ်

Daw Aung San Suu Kyi
27 မေလ 2013
အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီ ဗဟို ကော်မတီ ရဲ့ ပထမ အကြိမ် အစည်း အဝေး မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်ဖို့ ထုတ် ပြန်ချက် တစ်ခုကို မကြာခင် တရားဝင် ထုတ်ပြန် သွားဖို့ ရှိတယ်လို့ ပါတီ ဥ က္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ် ။

ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ တိုးတက်မှု မရှိတာနဲ့ တရား ဥပဒေ စိုးမိုးမှု မရှိတာ တွေနဲ့ အခြေခံ ဥပဒေ ဆက်စပ်မှု ရှိနေတာမို့ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်း စုကြည်က ပြော ပါတယ်။

ဒါပေမဲ့ ဘယ်အချက် တွေကို ပြင်မယ် ဆိုတာကိုတော့ ပါတီရဲ့ မူဝါဒ အနေနဲ့ အခု အစည်း အဝေးမှာ ချမှတ် ခဲ့တာ မရှိပါဘူး။

ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့သလို တိုင်းရင်းသား တန်းတူ အခွင့်အရေး ရရှိဖို့ အပါအဝင် အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အခက် အခဲ ရှိနိုင် ပေမဲ့ ကြိုးစား လုပ်ဆောင်ဖို့ လိုတယ်လို့ SNLD ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက် ဖို့ကအရေးကြီးတယ်လို့ သူက ပြောပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လွှတ်တော် ထဲက အများစု ဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီက သဘော ထားပြီလို့ ဆိုဦး တောင်မှ အခြေခံ ဥပဒေ အခန်း ၁၂ မှာ ပြဌာန်း ထားတဲ့ ဒုတိယ အဆင့် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ပြုလုပ်ပြီး မဲပေး ပိုင်ခွင့် ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံ ရမယ် ဆိုတဲ့ အချက် ကြောင့် ဥပဒေ ပြုပြင် ဖို့က ထင်သလောက် မလွယ်ကူ နိုင်ပါဘူး။

ဒါ့အပြင် ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက် တွေက ဘူးသီးတောင် မောင်တောက မွတ်ဆလင်တွေ သားသမီး နှစ်ယောက်ထက် ပိုမယူရ ဘူးလို့ အာဏာပိုင် တွေရဲ့ တားမြစ်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒီကိစ္စသာ မှန်ကန်ရင် ဒါဟာ ဥပဒေ ချိုးဖောက်မှု၊ လူ့ အခွင့် အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ ပါတယ်။
BBC Burmese

ဆီဒိုးနားဟိုတယ်၌ တည်းခိုနေသော တရုတ်နိုင်ငံသား ၂ ဦးကားတိုက်ခံရ

May 28, 2013
ရန်ကုန်မြို့၊ ဆီဒိုးနားဟို တယ်၌ တည်းခိုနေသော တရုတ်နိုင်ငံသား ၂ဦး ကားလမ်း ဖြတ်ကူးစဉ် မော်တော်ယာဉ် တစ်စီးက ၀င်ရောက်တိုက်မိသဖြင့် ထိခိုက်ဒဏ်ရာများရရှိသွား ကြောင်း သတင်းရရှိသည်။

မေ ၂၇ ရက် ည ၇ နာရီ ခန့်တွင် တရုတ်နိုင်ငံပေကျင်းမြို့ မှ ရန်ကုန်မြို့သို့ရောက်ရှိနေသော အဆိုပါတရုတ်အမျိုးသား ၂ဦး သည် ၎င်းတို့တည်းခိုရာ ဆီဒိုးနား ဟိုတယ်ဘက်မှ မြကျွန်းသာဘက် သို့ ကမ္ဘာအေးဘုရားလမ်းမကြီးကို ဖြတ်ကူးစဉ် ရန်ကုန်မြို့တွင်း ဘက်မှလာသော အမျိုးအစား၊ နံပါတ်မသိလိုက်သည့်ယာဉ်တစ် စီးက ၀င်ရောက်တိုက်မိကာ မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ် ကြောင်း သိရသည်။

““သူတို့က ကျွန်တော်တို့ ဟိုတယ်မှာတည်းနေတာပါ””ဟု လာရောက်ကူညီဆောင်ရွက်ပေး နေသော ဟိုတယ်ဝန်ထမ်းတစ်ဦး က ပြောပြသည်။

ယာဉ်တိုက်မှုကြောင့် တရုတ် နိုင်ငံသားအမျိုးသား ၂ဦးလုံး အခင်းဖြစ်နေရာတွင် တစ်ဦးနှင့် တစ်ဦး ၁၀ ပေခန့်အကွာ၌ လဲကျ နေကာ တစ်ဦးမှာ အသက်ရှူ ကျပ်ပြီး ခြေထောက်နာကျင်ဒဏ် ရာ၊ အခြားတစ်ဦးမှာ ခြေထောက် နာကျင်ဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာ များကြောင့် ၂ဦးလုံး ထနိုင်ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား ၂ဦးလမ်းဖြတ်ကူးသောနေရာမှာ လူကူးရန်သတ်မှတ်ထားသော နေရာမဟုတ်ကြောင်း သိရသည်။ ၎င်းတို့ ၂ဦးနှင့်ဆက်နွယ်သော အဖွဲ့အစည်းသို့ အကြောင်းကြား ထားပြီးဖြစ်ကြောင်း အဆိုပါ အမျိုးသား ၂ဦးကပြောကြားခဲ့ပြီး နောက် လူနာတင်ယာဉ်တစ်စီး နှင့် ကြက်ခြေနီများရောက်ရှိလာ ကာ ဒဏ်ရာရသူ ၂ ဦးကို ခေါ် ဆောင်သွားသည်ကို တွေ့ရသည်။

ရန်ကုန်မြို့တွင် ယာဉ်တိုက် မှုဖြစ်ပွားလျှင် ယာဉ်မောင်းများ က လူနာများကို တာဝန်ယူကူညီ ဆောင်ရွက်ပေးခြင်းနည်းပါးကာ ထွက်ပြေးတိမ်းရှောင်ခြင်းများပြား လျက်ရှိကာ ညဘက်များတွင် ဖြစ်ပွားသည့်ယာဉ်တိုက်မှုဖြစ်စဉ် များတွင် အများဆုံးထွက်ပြေးလေ့ ရှိကြောင်း ရန်ကုန်မြို့ခံအချို့က ဆိုသည်။
မျိုးကျော်
The Hot News

မုဒိမ်းအကျင့်ခံရသည့်မိန်းကလေး ကျောင်းအိမ်သာထဲတွင် ကလေးမွေး



မိမိအား မုဒိမ်းကျင့်သူကို ၁၃ နှစ်သမီးက လက်ထပ်ရန် သဘောတူ



လားရှိုးမြို့ပတ်လမ်းနှင့် ရေကန်လမ်းဒေါင့်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာ လူတစ်ဦးဒဏ်ရာရ

လာရှိုး၊ မေ၂၈။
ဇွန်လ၊ ၂၇ ရက်နေ့၊ နံနက် ၇နာရီအချိန်က လားရှိုးမြို့ပတ်လမ်းနှင့် ရေကန်လမ်းဒေါင့် အမှတ်(၂)
မော်တော်ယာဉ်ငယ်ဂိတ်အနီးတွင် ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့၊ ရပ်ကွက်(၄)တွင် နေထိုင်သော ဦးအောင်မျိုး မောင်းနှင်သည့် ယာဉ်အမှတ် (၈က/၈၂၆၂)
ဖူဆိုအမျိုးအစား (၆)ဘီးတပ်ယာဉ် သည် ပြည်သူ့ဆေးရုံးကြီး၏ ညာဘက်ဘေးရှိ မြို့ပတ်လမ်းအတိုင်း
မောင်းနှင်လာရာ ရုတ်တရက်ဘရိတ်ပေါက်ပြီး ကားလမ်းဘေးတွင် ရပ်နား ထား သော သုံးဘီးယာဉ်ငယ်(၂)စီး၊ ဆိုင်ကယ်(၁)စီး၊ အမှတ်(၂) ဆလွန်းယာဉ်ငယ်အသင်း၏ နားနေဆောင်အပါအ၀င် ရပ်ကွက်(၁) ပါရမီ လမ်းတွင်နေထိုင်သော ဦးကျော်ထွေးသည် လမ်းနဘေး မတ်တပ်ရပ်နေစဉ် ကား၏ ညာဘက်ဘေးနှင့်ပွတ် တိုက်သွားခဲ့ပြီး ရေကန်လမ်းရှိ မောင်ကြီး နန်ကျင်း ထွေလာဂျီအပိုပစ္စည်း အရောင်းဆိုင်ရှေ့တွင်  အရှေ့ဝန်ရိုးကျိုးကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုတွင် ယာဉ်တိုက်ခံခဲ့ရသော ဦးကျော်ထွေးသည်အတွင်းလူနာအဖြစ်
လားရှိုးပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသခံ ယူလျက်ရှိပြီး ယာဉ်မောင်းနှင်သူ ဦးအောင်မျိုးအား
လားရှိုးယာဉ်ထိန်းရဲစခန်းမှ ယာဉ်မတော်တဆဖြစ်မှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စိုင်းကံသာ

အခြေခံဥပဒေပြင်ဆင်ချက်မူကြမ်း မကြာမီထုတ်ပြန်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ မေ ၂၇
အစိုးရအဖွဲ့နှင့် နိုင်ငံရေး အင်အားစုများက ပြန်လည်ပြင်ဆင်ရေးဆွဲရန် စိုင်းပြင်းနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြင်ဆင်လိုသော အချက်များပါဝင်သည့် ပြင်ဆင်ချက် မူကြမ်းကို မကြာမီ ထုတ်ပြန်သွားရန် ရှိကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရန်ကုန်မြို့တော် ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမ၌ မေလ ၂၇ ရက် နေ့က ပြုလုပ်သော NLD ပါတီဗဟို ကော်မတီ အစည်းအဝေးတွင် ၄င်းကအထက်ပါအတိုင်း ကတိပြု ပြောကြားခဲ့သည်။
"ပြည်တွင်းငြိမ်းချမ်းရေး မရသေးတာ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး မရသေးလို့ အဲဒါကို ဖွဲ့စည်းပုံက စလုပ်ရမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရ၏ ဗဟိုချုပ်ကိုင်မှု ပိုများနေသောကြောင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် အုပ်ချုပ်ရေးယန္တရား၏ လုပ်ပိုင်ခွင့် ပိုမိုရရှိရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေနှင့် လွှတ်တော်တွင် ကြိုးစားလုပ်ဆောင်မည် ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဗဟိုချုပ်ကိုင်မှု လွန်ကဲနေပြီး ယင်းကိုဖြေလျှော့ မှသာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားနေသော ပဋိပက္ခများ ပြေလည်မည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ဆိုထားသည်။

ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက တိုက်ရိုက် တင်မြှောက် သင့်ကြောင်း မြန်မာနိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးဆလိုင်းမာန်က အကြံပြုသည်။
"ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ် လူထုက တိုက်ရိုက် တင်မြှောက်နိုင်ရင် ပိုကောင်း တယ်။ ဒါဆို ပြည်နယ်လွှတ်တော်နဲ့ အုပ်ချုပ်ရေးမှာ ထိန်းကျောင်းမှု ရှိသွားမယ်" ဟု ၄င်းက ဆိုသည်။

ယခုဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကို လွှမ်းမိုးထားသည့် ပါတီကြီး တစ်ခုခုက သမ္မတကို ရွေးကောက် တင်မြှောက်ပြီး သမ္မတက ပြည်နယ်ဝန်ကြီးချုပ်များကို တင်မြှောက် ခြင်း ဖြစ်သဖြင့် ပြည်နယ်လွှတ်တော်တွင် အများဆုံး အနိုင်ရထားသော တိုင်းရင်းသားပါတီများ အတွက် နိုင်ငံရေးကစားကွက် ပျောက်နေကြောင်း ဦးဆလိုင်းမာန်က ထောက်ပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဇယား(၂) စာမျက်နှာ ၁၈၈ ပါ ပြဋ္ဌာန်းချက်များကို ထပ်ဖြည့်နိုင်မှသာ ပြည်နယ်နှင့်တိုင်း ဒေသကြီး လွှတ်တော်များ ကောင်းမွန်စွာ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့် (သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး) က ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ပြောဆိုထားသည်။

NDF ၏ မူကြမ်းတွင် အဓိက ပြင်ဆင်ချက်အချို့အဖြစ် ပုဒ်မ ၉(က) ရှိရင်းစွဲ တိုင်းခုနစ်တိုင်း နှင့်ပြည်နယ် ခုနစ်ပြည်နယ် တို့ကို ပြည်နယ် (၁၄)ပြည်နယ် အဖြစ်သာ အခေါ်အဝေါ်တူ သတ်မှတ်ခြင်း၊ ပုဒ်မ ၁၆ တွင် နိုင်ငံတော်သမ္မတသည် စစ်သေနာပတိချုပ်လည်း ဖြစ်သည်ဟု ဖြည့်စွက်ခြင်း၊ ပုဒ်မ ၁၂၁ (ည)တွင် ပါဝင်သည့် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် တပ်မတော်သားများ အစား ရွေးကောက် တင်မြှောက်ခြင်း ခံရသည့် တပ်မတော်သားများ အဖြစ်ပြောင်းလဲခြင်း၊ ပုဒ်မ ၄၃၆(က) တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန်မလိုဘဲ လွှတ်တော်ကိုယ်စားလှယ် အများစု ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းဖြင့် ဆုံးဖြတ်ရမည်ဟု ပြင်ဆင်ခြင်း၊ ပုဒ်မ ၄၃၇(က) နိုင်ငံတော်အလံကို ပြည်ထောင်စု လက္ခဏာ ထင်ဟပ်သည့် အလံတော်ပုံသဏ္ဌာန်သို့ သင့်တော်သော ကာလတွင် ပြောင်းလဲခြင်း စသည် တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

NDF ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်စိစစ်ပြင်ဆင်သည့် ၁၅ ခန်းပါ မူကြမ်းကို ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီဗဟိုဦးစီးကော်မတီ အစည်းအဝေးတွင် အတည်ပြုပြီးပါက လွှတ်တော်သို့သို့ တင်သွင်းရန် စီစဉ်ထား ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ဧပြီလအတွင်း သွားရောက်ခဲ့သည့် အမေရိကန်ခရီးစဉ်တွင် ပြောကြားထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းမည့်အဆိုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးက ယခုနှစ် ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကျင်းပပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထောက်ခံ အတည်ပြုထားသည်။
The Voice Weekly

KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ငြိမ်းချမ်းရေးဆွေးနွေးရန် မြစ်ကြီးနားရောက်ရှိ

မြစ်ကြီးနား၊ မေ ၂၇
ပြည်တွင်း၌ ဆွေးနွေးပွဲကျင်းပရန် အကြိမ်ကြိမ် ပျက်ပြယ်ခဲ့ရသော ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီနှင့် KIO/KIA အဖွဲ့တို့ ပြည်တွင်း၌ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ရန် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာရာ ကချင်ဒေသခံ တစ်သောင်းကျော် ကြိုဆိုခဲ့ကြကြောင်း နှစ်ဖက်ငြိမ်းချမ်းရေး အကျိုးဆောင်များ ထံမှ သိရှိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးရန် မြစ်ကြီးနား သို့ ဗိုလ်ချုပ်ဂွမ်မော် လာရောက်ရာတွင် ကျည်ကာယာဉ်ဖြင့် လာရောက်ခြင်း ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မေလ ၂၈ ရက် နံနက် ၉ နာရီအချိန်တွင် စတင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့၏ အဆိုပါ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရရှိရန် မျှော်လင့်ကြောင်း နေရပ် စွန့်ခွာလာသည်မှာ ၂နှစ်ရှိပြီ ဖြစ်သော စစ်ဘေးဒုက္ခသည်များက ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးမည့် ကေအိုင်အို ငြိမ်းချမ်းရေးအဖွဲ့ ယာဉ်တန်းကို မတ်လ ၂၇ ရက်နေ့က ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအပါအဝင် မြစ်ကြီးနားမြို့ရှိ သောင်းနှင့်ချီသည့် ကချင်တိုင်းရင်းသားများက ကြိုဆိုခဲ့ကြသည်။
မိုင်းနား (KBC) ကယ်ဆယ်ရေးစခန်း မှ အသက် ၈၁ နှစ်အရွယ် ဦးဖော်မိုင်ဂမ်က "ပစ်ခတ်တာတွေ ရပ်အောင် ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်တယ်။ အိမ်ပြန်ချင်နေပြီ" ဟု ဆိုသည်။

ကေအိုင်အို ငြိမ်းချမ်းရေးအဖွဲ့ကို ဝိုင်းမော်မြို့မှ စတင်၍ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအထိ ကြိုဆိုရန်အတွက် ဒေသခံများသည် နံနက် ၈ နာရီဝန်းကျင် ကတည်းက ကြိုတင် စောင့်ဆိုင်းနေကြသည်။

"သူများလှူလို့ အစားအသောက် အတွက် မပူရပေမယ့် ကိုယ့်အိမ်ကိုယ်နေပြီး လုပ်စားချင်တယ်။ ဒီတစ်ခါ ငြိမ်းချမ်းရေး အဆင်ပြေဖို့ပဲ ဆုတောင်းပါတယ်။ ဒီမှာ နေရတာ မိသားစုအကုန်လုံး စိတ်ဆင်းရဲတယ်" ဟု သာကရဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းမှ အသက် ၃၈ နှစ် အရွယ် အမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း မရှိသည့်အတွက် ဒုက္ခသည်များ မိမိနေအိမ်သို့ သွားရောက် ကြည့်ရှုခဲ့ကြသော်လည်း နေရပ်ပြန်ရန် အတွက်မူ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်စိတ်များ ရှိနေသေးသောကြောင့် မပြန်နိုင်သေးကြောင်း ဒုက္ခသည်များက ပြောဆိုကြသည်။

ငြိမ်းချမ်ရေးအကျိုးတော်ဆောင် တစ်ဦးက "ကချင် ပြည်သူလူထုကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ကြိုဆိုကြတာ ဆိုတော့ အဆင်ပြေအောင် အတတ်နိုင် ဆုံးဆွေးနွေးနိုင်မယ့် အနေအထား ရှိတယ်။ ဒါပေမဲ့ တကယ်ဆွေးနွေးတဲ့ အခါတော့ အဖြေသိရပါလိမ့်မယ်" ဟု မှတ်ချက် ပေးသည်။

ယင်းဆွေးနွေးပွဲသို့ ကေအိုင်အေ ဘက်မှ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် အရာရှိများ တက်ရောက် မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး အပါအဝင် တပ်မတော် အရာရှိကြီးများ တက်ရောက်မည် ဖြစ်သည်။
The Voice Weekly

ကလေး နှစ်ဦးပေါ်လစီ ဒေါ်စု ဆန့်ကျင်မူ သတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ

28-5-2013
မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဘူးသီးတောင်နှင့် မောင်တော မြို့နယ် များတွင် နေထိုင်သော မွတ်ဆလင်မိသားစု တစ်စုလျှင် ကလေးနှစ်ဦးစီ ယူရမည်ဟု ဒေသန္တရ ဥပဒေ ထုတ်မူအပေါ် သူမအနေဖြင့် ဆန့်ကျင်ကြောင်း ပြောဆိုသည့်သတင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် သတင်းစာတိုင်းလိုလိုတွင် ယနေ့ ဖေါ်ပြသည်။

နိရဉ္စရာ သတင်းဌာနမှ ယနေ့ လက်ခံရရှိသော ဘင်္ဂလာဒေခ်ျ့မှ နာမည်ကြီး နေ့စဉ် သတင်း စာများ ဖြစ်သော (၁) The Daily Star (၂) The Independent (၃) New Age သတင်းစာများတွင် အဆိုပါ သတင်းကို အကျယ်တ၀င့် ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်မှ သူမ အနေဖြင့် ယခု ဒေသန္တရ ဥပဒေကို ပြဌာန်း ထားသလား၊ မထား ဘူးလား ဆိုသည်ကို သေချာစွာ မသိကြောင်း၊ အကယ်၍ ပြဌာန်းသည်ဆိုပါက ယခု ပြဌာန်းမူသည် ဒေသအတွင်းမှ မွတ်ဆလင်များ အပေါ် လူ့အခွင့်အရေး ချိုးဖေါက်ရာ ရောက်သော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုပြီး ပြစ် တင် ဝေဖန်လိုက်ကြောင်း သတင်းစာများက ဆိုသည်။

“ Suu Kyi Slams 2- Child Limit for Muslims” ခေါင်းစည်းဖြင့် ရေးသားထားသော အေအက်ပီ သတင်းကို The Independent သတင်းစာက ဖေါ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ မွတ်ဆလင် မိသား တစု ကလေး နှစ်ဦးသာ ယူရမည့် အမိန့် အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း၊ ယခု လုပ်ရပ်မှာ လူ့အခွင့်အရေးကို ချိုးဖေါက်သော လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဖေါ်ပြသည်။

ယခုလို ခွဲခြားမူက မကောင်းကြောင်း၊ ယခုလို ခွဲခြားမူမှာ လူ့အခွင့်အရေးနှင့်လည်း ဆက်စပ် လျော်ညီမူ မရှိကြောင်း ဒေါ်စုက ပြောသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် မွတ်ဆလင် လူဦးရေ အဆမတန် တိုးပွား လာမူကို တားဆီးရန် ရည်ရွယ်ပြီး မိသားစု တစ်စု ကလေး (၂) ဦးသာ ယူရမည်ဟု ဒေသန္တရ ဥပဒေကို ၁၉၉၀ ခုနှစ်ကပင် ထုတ်ပြန်ပြီး န၀တနှင့် နအဖ စစ်အစိုးရတို့က ကျင့်သုံးလာခဲ့သည်။ လက်ရှိ အစိုးရ လက်ထက်တွင်လည်း လူဦးရေကို ထိန်းချုပ်နိုင်ရန်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက အဆိုပါ ဒေသန္တရ ဥပဒေကို ဆက်လက်ကျင့်သုံးမည်ဟု များမကြာမီက ထုတ်ဖေါ်ကျေညာခဲ့သည်။
နိရဉ္စရာ

KIOနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ

မြစ်ကြီးနား၊ မေ၂၈။
မြန်မာနိုင်ငံတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် KIO/ KIAနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ မကျွယ်ခန်းမတွင် မေလ ၂၈ရက်နေ့ နံနက် ၉နာရီ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ကေအိုင်အိုမှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယစစ်ဦးစီးချုပ် ဆွမ်လွတ်ဂွမ်မော် အပါအ၀င် ကုလသမဂ္ဂမှ ကိုယ်စားလှယ်များ၊ အခြား တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အသီးသီးတက်ရောက်လျက်ရှိကြကြောင်း သိရသည်။
TMA
The Myanma Age






အင်္ဂလန်နှင့် ပြင်သစ်တို့ သူပုန်များကို လက်နက်ထောက်ပံ့နိုင်


ဘရပ်ဆဲလ်၊ မေ ၂၇။
ဥရောပသမဂ္ဂ(အီးယူ)၏ လက်နက်ပိတ်ဆို့ရေး သဘောတူမှုကို တနင်္လာနေ့က အသစ်ပြန်လည်လုပ်ဆောင်ရာတွင် သဘောမတူမှုများကြောင့် ပျက်ပြားသွားခဲ့ကာ ဗြိတိန်နှင့် ပြင်သစ်တို့သည် သူပုန်များအား လက်နက်လွတ်လပ်စွာ ထောက်ပံ့နိုင်ပြီဖြစ်သည်။

ဘရပ်ဆဲလ်တွင် အချိန်ကြာမြင့်စွာ ဆွေးနွေးပွဲပြုလုပ်ပြီးနောက် ဥရောပသမဂ္ဂအစိုးရသည်
၎င်းတို့ကြားသဘောထားကွဲမှုများကို ညှိနှိုင်းရန် မဖြစ် နိုင်တော့ဘဲ အတိုက်အခံကို ရည်ရွယ်ထုတ်ပြန်သည့် လက်နက်ပိတ်ဆို့မှုကို အဆုံးသတ်လိုက်ရသည်။

ဗြိတိန်နှင့် ပြင်သစ်သည် ဆီးရီးယား အတိုက်အခံသူပုန်များထံ ယခုအဆင့်တွင် လက်နက်များ မပို့ပေးရန် ကတိပေးပြုခဲ့ကြောင်း ဥရောပ သမဂ္ဂက ကြေညာခဲ့သည်။ သို့သော် အီးယူအရာရှိတို့က ၎င်းကတိသည် သြဂုတ် ၁ ရက်နေ့အထိသာ အကျုံးဝင်ကြောင်း ပြောကြားသည်။

လက်နက်ပိတ်ဆို့မှုအရေးတွင် လန်ဒန်အစိုးရနှင့် ပဲရစ်အစိုးရတို့ သဘောတူရန်ငြင်းဆန်ခဲ့ခြင်းသည် ဆီးရီးယားအပေါ် အီးယူထားရှိသော ပိတ်ဆို့မှုကို အဆုံးသတ်စေခဲ့ပြီး အီးယူအတွက် အရှက်ရစေခဲ့သည်။

အီးယူဝန်ကြီးများသည် သူပုန်များအားလက်နက်ပိတ်ဆို့မှုမှ လွဲ၍ အခြားတင်းကြပ်မှုများကို
ပြန်လည်အသက်သွင်းစတင်ရန် သဘောတူ ခဲ့ကြသည်။

ဆီးရီးယားအပေါ် အီးယူ၏ အခြားပိတ်ဆို့အရေးယူမှုများသည် ပုံမှန်အတိုင်းရှိမည်ဖြစ်ပြီး ပိတ်ဆို့မှုများတွင် သမ္မတအာဆတ်နှင့် ဆီးရီးယား ထိပ်တန်းအရာရှိများကို ခရီးသွားခွင့်ပိတ်ထားခြင်းနှင့် စုဆောင်းမှုကို ထုတ်ယူခွင့်မရှိခြင်းတို့အပါအဝင် ကုန်သွယ်ရေး၊ အခြေခံအဆောက် အအုံ လုပ်ငန်းများနှင့် ပို့ဆောင်ရေးကဏ္ဍများ ပါဝင်သည်။

လန်ဒန်နှင့်ပဲရစ်အစိုးရတို့သည် လက်ရှိတွင် လက်နက်ထောက်ပံ့ရေးကို သေချာစွာ မဆုံးဖြတ်ရသေးသော်လည်း သမ္မတအာဆတ်ကို တိုက် ခိုက်နေသည့် သူပုန်များအားထောက်ပံ့မည့် အဓိကအရိပ်အယောင်ကို လက်နက်ကုန်သွယ်ရေးဖွင့်ပေးခြင်းဖြင့် ပြသရမည်ဖြစ်ကြောင်း လ ပေါင်းများစွာ အငြင်းပွားခဲ့ကြသည်။

သို့သော် ၎င်းတို့သည် လက်နက်များပို့ဆောင်ပေးခြင်းဖြင့် ပဋိပက္ခတိုးပွားလာကာ မတည်ငြိမ်မှုကျယ်ပြန့်နိုင်ကြောင်း သြစတြီးလျနှင့် ဆွီဒင် ဦးဆောင်သည့် အခြားအီးယူနိုင်ငံများနှင့် အငြင်းပွား ခဲ့ရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေးဂ်က အီးယူတွေ့ဆုံပွဲသည် ဆီးရီးယားအတိုက်အခံများအား
လက်နက်ပိတ်ဆို့မှုများကို အဆုံးသတ်စေ ခဲ့ကြောင်း ဆိုသည်။

“ဆီးရီးယားကို လက်နက်ပို့ဖို့ လတ်တလော အစီအစဉ်မရှိသေးဘူး၊ တကယ်လို့ နောက်ပိုင်း အခြေအနေပိုဆိုးသွားရင် ကျွန်တော်တို့ တုံ့ပြန်ဖို့ ပိုလွယ်သွားစေတယ်” ဟု သတင်းထောက်များကို ပြောကြားသည်။

လန်ဒန်အစိုးရနှင့် ပဲရစ်အစိုးရသည် အမေရိကန်နှင့်ရုရှားတို့စီစဉ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်
နိုင်ငံရေးအရတိုးတက်မှုမရှိလာလျှင် သူပုန်များအားလက်နက်ထောက်ပံ့နိုင်ရန်ဖြစ်နိုင်ချေ တိုးလာခြင်းဖြင့် သူပုန်များ၏ အဆင့်တိုးမြှင့်ပေးရန် လုပ်ဆောင်နေကြသည်။

ဆွေးနွေးပွဲသည် သမ္မတအာဆတ်တပ်သားများ၏ စစ်တပ်ပိုင်ဆိုင်မှုများနှင့် ဓာတုလက်နက်သုံးသည်ဟူသော စွပ်စွဲချက်များကြောင့် အရေးတကြီး လုပ်ဆောင်ခဲ့ရသည်။

သြစတြီးလျနိုင်ငံခြားရေးဝန်ကြီး စပင်ဒီလက်ဂါက သြစတြီးလျအစိုးရသည် ဆီးရီးယား-အစ္စရေးနယ်စပ်ရှိဂိုလန်ကုန်းမြင့်ဒေသတွင် ကုလ သမဂ္ဂ အပစ်အခတ်ရပ်စဲရေးတပ်မှ ကင်းလှည့်နေကြသည့် စစ်သား၃၈၀ခန့် ကို မည်သို့လုပ်ဆောင်မည်ကို ယခုဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။

သြစတြီးလျအစိုးရသည် လက်နက်ပိတ်ဆို့မှုအဆုံးသတ်လိုက်ပါက ၎င်းတပ်ဖွဲ့များကို ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ယခင်က ပြောကြားဖူးသည်။

အီးယူနိုင်ငံခြားရေးပေါ်လစီဥက္ကဌ ကက်သရင်း အက်ရှ်တန်က တနင်္လာနေ့က ချခဲ့သည့် ဆုံးဖြတ်ချက်သည် အီးယူ၏ ပေါ်လစီတူညီမှုရှိခြင်း စွမ်းရည် ကျဆုံးသွားခြင်း မဟုတ်ကြောင်း၊ အီးယူ၏ ပုံရိပ်ထိခိုက်မှုကို ပြုပြင်ရမည်ဖြစ်ကြောင်း ဆိုသည်။

အကယ်၍သာ ဗြိတိန်နှင့် ပြင်သစ်တို့က သူပုန်များထံလက်နက်များ ပို့ဆောင်ပေးလျှင်လည်း ပို့ဆောင်မှုတိုင်းကို ထိန်းကွပ်ခွင့်ရှိကာ ၎င်း လက်နက်များနေရာအမှားသို့ မရောက်ရှိရေး သေချာစေရန် အစောင့်အရှောက်များ လိုက်ပါမည်ဖြစ်ကြောင်း ဆိုသည်။
Ref:Reuters
မြန်မာ့ခေတ်

လူ ၁၀ ဦးလျှင်တစ်ဦး အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံနေရ

အသက် (၅၀)အရွယ် ဒေါ်မီမီအတွက် အကြောက်ဆုံးအချိန်သည် ၎င်း၏ မြေးကလေးများ ဖျားနာသည့်အချိန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် ပိုးကောင်များ အကြောင်းတစ်ခုခုဖြင့် သူ့မြေးကလေးများထံ မကူးစက်စေရန် ဂရုပြုနေထိုင်ရန် ဆုံးဖြတ်ချက်သည် ၎င်းအတွက်ကြီးမားသည့် ခံယူချက်တစ်ခုလည်းဖြစ်သည်။

“သူတို့နေထိုင်မကောင်းတဲ့အခါတိုင်း ငါ့ဆီကများ ပိုးတွေကူးသွားသလားဆိုပြီး အရမ်းကိုထိတ်လန့်မိတယ်။ အရာရာတိုင်း အရမ်းကို ဂရုစိုက်ထားပြီး ကာကွယ်ဆေးထိုးထားတာတောင် အခုထိ သူတို့တစ်ခုခုဖြစ်တိုင်း အသည်းရောင်အသားဝါစစ်တာပါ တွဲလုပ်တယ်” ဟု ဒေါ်မီမီက ပြောသည်။

မည်သို့သောနည်းလမ်းဖြင့် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရမှန်း ဒေါ်မီမီမသိသော်လည်း ရောဂါပိုးရှိကြောင်း သိရှိသည့် လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ ဆေးဝါးကုသမှု မှန်မှန်ပြုလုပ်ခဲ့ကာ ယခုအချိန်ထိ ဆေးစစ်သည့် အဖြေများကြောင့် ဒေါ်မီမီတွင် အသည်းထိခိုက်မှုတော့ မရှိသေးချေ။

ဆေးသုတေသနဦးစီးဌာနမှ ပြုလုပ်ထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံရှိ လူ ၁၀ ဦးတွင် တစ်ဦး အသည်းရောင်အသားဝါဘီပိုးကူး စက်ခံနေရကြောင်း တွေ့ရှိခဲ့ကြသဖြင့် ခန့်မှန်းခြေအားဖြင့် ပြည်တွင်းတွင် ရောဂါပိုးကူးစက်ခံထားရသူ ခြောက်သန်းခန့်ရှိနေသည်။

မြန်မာနိုင်ငံရှိ လူထုအား သေဆုံးစေသည့်ရောဂါများအနက် အသည်းခြောက်ရောဂါသည် နံပါတ်ရှစ်နေရာတွင် ရှိနေကြောင်း GBD 2010 တွင် ဖော်ပြထားပြီး အခြားနိုင်ငံများနှင့်မတူ မြန်မာနိုင်ငံသည် အသည်းရောင်ဘီပိုးကြောင့် အသည်းခြောက်ရောဂါ အများဆုံးဖြစ်ပွားသည့် နိုင်ငံလည်းဖြစ်သည်။

ပြည်တွင်းရှိ အသည်းအထူးကုဆရာဝန်များထံသို့ ရောက်ရှိလာသည့် လူနာအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်သည် အသည်းရောင်အသားဝါဘီပိုးကြောင့် နောက်ဆက်တွဲ ရရှိလာသည့် ရောဂါများဖြင့် ရောက်ရှိလာသည့် လူနာများဖြစ်နေကြောင်း အသည်းအထူးကုသမားတော်ကြီးများက ပြောသည်။

ခုခံအားကျဆင်းသည့်ရောဂါ (အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်)ကူးစက်ခံရမှုကို အထူးတလည်ကြောက်ရွံ့နေသည့်အချိန်တွင် အိတ်ခ်ျအိုင်ဗီနှင့် ကူးစက်ပုံတူညီသည့် အသည်းရောင် အသားဝါဘီပိုးသည် အိတ်ခ်ျအိုင်ဗီထက် အဆငါးဆယ်ပိုမိုကူးစက်နိုင်ခြေရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြထားသည်။

ရောဂါပိုးသည် သွေးနှင့် ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်များထဲတွင် ပမာဏများစွာပါဝင်နေပြီး အနည်းငယ်ထိရှမိရုံဖြင့် ရောဂါပိုးကူးစက်နိုင်သည်။ ရောဂါပိုးသည် ပမာဏနည်းနည်းဖြင့် တံတွေး၊ နို့ရည်၊ ချွေးစသည်တို့တွင်လည်း ပါဝင်နေပြီး အခြားဗိုင်းရပ်စ်ပိုးများနှင့်မတူ ခန္ဓာကိုယ်ပြင်ပတွင်လည်း တစ်လခန့် အသက်ရှင်နိုင်သည်။

အသည်းရောင်အသားဝါဘီကြောင့် ဆေးရုံ၊ ဆေးခန်းရောက်လာသည့် လူနာများတွင် ကလေးငယ်မှစတင်ပြီး သက်ကြီးရွယ်အိုအထိ အရွယ်စုံပါဝင်ကာ ထိုရောဂါသည် ပျောက်ကင်းအောင် ကုသရန် မလွယ်ကူသည့် နာတာရှည်ရောဂါမျိုးဖြစ်သည်။

ရောဂါပိုးသည် သွေးအတွင်း၌ ပျံ့နှံ့နေပြီး အခြားသူတစ်ဦးထံသို့ သွေး၊ ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်နှင့်ရောဂါရှိသော မိခင်မှ ကလေးသို့ မီးဖွားချိန်များတွင် ကူးစက်ပျံ့နှံ့သည်။ များသောအားဖြင့် သွေးမကြာခဏသွင်းသူများ၊ ကျောက်ကပ်ဆေးနေရသူများ၊ မူးယစ်ဆေးဝါးအကြောထဲသွင်းသူများ၊ လိင်အပျော်အပါးများသူများ၊ ခန္ဓာကိုယ်တွင် အပေါက်ဖောက်သူများ ဆေးမင်ကြောင်ထိုးသူများတွင် ရောဂါကူးစက်နိုင်ခြေများပြားသည်။

“ဒီနိုင်ငံထဲမှာ ကူးတာကတော့ ရောဂါပိုးရှိတဲ့မိခင်ကနေ ကလေးကို ကူးတာများတယ်” ဟု အသည်းအထူးကုသမားတော် ဒေါက်တာသံစစ်က ပြောသည်။

ရောဂါပိုးကူးစက်ခံထားရသူများမှာ ဆေးဝါးကုသမှုများဖြင့် ပုံမှန်ရှင်သန်နိုင်သော်လည်း အခြားသော နိုင်ငံများမှ နိုင်ငံတွင်းလာရောက် အလုပ်လုပ်မည့်သူများ၊ ပညာသင်မည့်သူများအား အသည်းရောင်အသားဝါပိုးမရှိမှသာ ပြည်တွင်းဝင်ရောက်ခွင့်ပြုထားသည်။

“အခုဆိုရင် နိုင်ငံတကာမှာ အခွင့်အရေးတွေရှိလာပေမယ့် ဘီပိုးရှိလို့ အလုပ်မရကြတာတွေ၊ ပိုးရှိနေလို့ ကျောင်းသွားမတတ်နိုင်တာတွေလည်း အများကြီးရှိလာတယ်” ဟု ဒေါက်တာသံစစ်က ပြောသည်။

“အိမ်ထောင်ပြုသည့် အသက်အရွယ်တွေကို အိမ်ထောက်ဖက်ကို ပြောသင့်သလားဆိုပြီး တိုင်ပင်ကြတာတွေလည်းရှိတယ်။ အချို့ဆိုလည်း အိမ်ထောင်ပြုပြီးမှသိသွားလို့ ပြဿနာတွေ တက်ကြတာတွေလည်းရှိတယ်” ဟု ဒေါက်တာသံစစ်က နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာကိုပြောသည်။

ဘီပိုးသည် မသန့်ရှင်းသော သောက်ရေ၊ မသန့်ရှင်းသည့် အစားအသောက်တို့မှ ကူးစက်တတ်သည့် ရောဂါမဟုတ်သော်လည်း ဘီပိုးရှိသူများတွင် မသန့်ရှင်းသည့် အစားအသောက်ကြောင့် အသည်းရောင်အသားဝါ A, E ကဲ့သို့သော ပိုးများထပ်ဝင်လျှင် ရောဂါများရရှိပြီး ရောဂါအခံရှိသည့်သူများတွင် ရောဂါပိုးဆိုးသွားနိုင်ကြောင်းလည်း သတိပြုသင့်သည်။

ဘီပိုးကူးစက်ခံရပြီးနောက် အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ နုံးခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ချင်ခြင်း၊ အဆစ်နာခြင်း လက္ခဏာများပြသလေ့ရှိသော်လည်း ရောဂါကူးစက်ခံရသူ သုံးပုံတစ်ပုံနှင့် ကလေးသူငယ်များတွင် ထိုကဲ့သို့ ရောဂါလက္ခဏာ မပြသဘဲ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာများအဖြစ် ပြောင်းလဲသွားကြသည်။

ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူတစ်သန်းခန့် အသည်းရောင်အသားဝါဘီပိုး၏ နောက်ဆက်တွဲအသည်းရောဂါများဖြင့် သေဆုံးနေကြပြီး မြန်မာနိုင်ငံတွင်လည်း သေဆုံးမှု စာရင်းအတိအကျမရှိသော်လည်း World life expectancy ၏ တွက်ချက်မှုအရ မြန်မာသည် ကမ္ဘာပေါ်တွင် အသည်းရောဂါဖြင့် သေဆုံးနှုန်း နံပါတ် ၂၀ နေရာတွင် ရှိနေသည်။

အသည်းရောင်အသားဝါဘီပိုးကို ကာကွယ်ရန် နည်းလမ်းအမျိုးမျိုးအနက် ကာကွယ်ဆေးထိုးခြင်းသည် အထိရောက်ဆုံးကာကွယ်နိုင်မှုပင် ဖြစ်သည်။ ကာကွယ်ဆေးတစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀ ၀န်းကျင်ဖြင့် သုံးကြိမ်ထိုး၍ကာကွယ်နိုင်သည်။

ဘီပိုးကူးစက်မှုလျှော့ချနိုင်ရန် ပုဂ္ဂလိကအဖွဲ့အစည်းအချို့မှ ရည်မှန်းထားသည့် လူအနည်းငယ်အား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၀၀ ပြည့်နှစ်ကျော်မှ စတင်၍ ကလေးငယ်များ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသည်းရောင်အသားဝါဘီပိုးကာကွယ် ဆေးကိုပါ ထည့်သွင်းထိုးနှံမှုများ ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်လပိုင်းက ဆေးဝါးထုတ်လုပ်သည့်စက်ရုံမှ ညွှန်ကြားရေးမှူး အငြိမ်းစားများ၊ အသည်းအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်အသင်းမှ ဆရာဝန်များစသည်ဖြင့် ဖွဲ့စည်းထားသည့် အသည်းဖောင်ဒေးရှင်းတစ်ခုဖွဲ့စည်း၍ တရားဝင်
မှတ်ပုံတင်ရရှိရန် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီပိုး ကာကွယ်မှုများအတွက် ပထမဆုံးသော ဖောင်ဒေးရှင်းတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

မှတ်ပုံတင်ပြီးပါက ကမ္ဘာ့အသည်းရောင် မဟာမိတ်အဖွဲ့ (World Hepatitis Alliance) ကဲ့သို့ အဖွဲ့များနှင့်ဆက်စပ်ပြီး ပြည်တွင်းတွင် ရောဂါကူးစက်မှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း အဆိုပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခု ၁၀ ရာခိုင်နှုန်းဆိုတာကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စာရင်းတွေ။ အခု ဘယ်လောက်အထိ ကူးစက်နေလဲဆိုတဲ့ စာရင်းမရှိဘူး။ ဖြစ်ပွားနှုန်းကိုသိမှ တားဆီးနိုင်မယ်။ ရည်မှန်းချက်တစ်ခုထားပြီး လျှော့ချနိုင်မယ်။ ပြီးတော့ တစ်ဦးချင်းကာကွယ်လို့ရတယ်ဆိုတဲ့အကြောင်း ပညာပေးတွေလုပ်နိုင်ဖို့ နိုင်ငံတကာအသည်းဖောင်ဒေးရှင်းတွေနဲ့ ချိတ်ဆက်ဖို့လုပ်မှာပါ” ဟု ထို အဖွဲ့တွင်ပါဝင်သည့် အသည်းအထူးကုဆရာဝန်တစ်ဦးက ပြောသည်။

ရောဂါဖြစ်ပွားလာလျှင် ပျောက်ကင်းအောင် ကုသနိုင်ရန်ခဲယဉ်းပြီး နှစ်ရှည်လများ ဆေးသောက်ကာ အမြဲမပြတ်ဆေးထိရောက်မှုရှိ၊ မရှိနှင့် ပိုးကောင်ရေစစ်ဆေးရခြင်းလုပ်ငန်းများသည် ငွေကြေးကုန်ကျမှုလည်း များပြားသည်။

“ဆေးတွေ၊ အသည်းအားဆေးတွေနဲ့ တစ်လတစ်လကို အနည်းဆုံး သောင်းဂဏန်းကနေ သိန်းဂဏန်းလောက်ကုန်တယ်”ဟု ဒေါ်မီမီက ပြောသည်။

ကူးစက်နိုင်သည့် ရောဂါဖြစ်သည့်အတွက် ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံခံရမှုလည်း ခံစားကြရပြီး တကယ်တမ်းဘီပိုးသည် ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်သည်။ ရောဂါပိုးရှိသူများမှာ သွေးစသွေးနစွန်းနိုင်သည့် ပစ္စည်းများအား သီးသန့်အသုံးပြုခြင်းများ၊ ရောဂါရှိသူနှင့် အိမ်ထောင်ပြုရန် စီစဉ်ထားသူများမှာလည်း အချိန်ယူပြီး ကာကွယ်ဆေးသုံးကြိမ်ထိုးပြီး သီးသန့်အသုံးအဆောင်လေးများဖြင့် အခြားသူများသို့ ရောဂါပိုးမကူးစက်စေရန် ကာကွယ်နိုင်ကြသည်။

အပြည့်အ၀ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီး လူအများကို ကာကွယ်ဆေးထိုးနှံပေးခြင်းသည် အသည်းရောင် အသားဝါဘီပိုးကူးစက်မှုလျှော့ချရာတွင် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

“ကုသနိုင်တဲ့ဆေးက ရောဂါပျောက်ဖို့မလွယ်ဘူး။ ပိုးကောင်ရေ မများလာအောင်သာ ထိန်းသိမ်းနိုင်မယ်။ တစ်သက်လုံးဆေးသောက် နေရမယ်။ တစ်လကို လေး၊ငါးသောင်းလောက်ကျတော့ အများစုက မကုသနိုင်ဘူး” ဟု ဒေါက်တာသံစစ်က ပြောသည်။

လက်ရှိလုပ်နိုင်သည့် ပညာပေးလုပ်ငန်းများတွင် ရေဒီယို၊ ကျန်းမာရေးစာစောင်များ၊ ရုပ်သံမီဒီယာများတွင် အသည်းရောင်အသားဝါနှင့် ပတ်သက်၍ ဆောင်းပါးအမျိုးမျိုး ရေးသားကာ အများပြည်သူဖတ်ရှုပြီး သတိပြုမိစေရန်သာ ဆောင်ရွက်နေ၍ ထိရောက်မှုလည်းရှိနေကြောင်း သိရသည်။

ထို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိ အသည်းရောင်အသားဝါဘီပိုး ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် လုံလောက်သည့် ဆေးဝါးထုတ်လုပ်ပြီး ရောဂါကူးစက်နိုင်သည့် အခွင့်အရေးရှိသူများ ကာကွယ်ဆေးထိုးခြင်းကို တွန်းတွန်းတိုက်တိုက်ဆောင်ရွက်ခြင်းဖြင့်သာ ရောဂါကူးစက်မှုကျဆင်းနိုင်မည်ဖြစ်ကြောင်း အကြံပေးပြောကြားကြသည်။

“ထိရောက်တဲ့ ကာကွယ်မှုလည်းမရှိဘူး။ ဖြစ်လာရင်လည်း တစ်သက်လုံး မကုသနိုင်ဘူးဆိုရင်တော့ ပိုးတွေ ဆက်ကူးဖို့ပဲရှိတော့တာပေါ့။ ကိန်းဂဏန်းအတိအကျမရှိပေမယ့် ဒါတွေကြည့်ပြီး ကူးစက်ဖို့ ပိုများလာနိုင်တယ်ဆိုတာကတော့ သေချာတယ်” ဟု ဒေါက်တာသံစစ်က ပြောသည်။
ဝတ်ရည်အောင်
7Day News Journal

မိုးပျံရထား စီမံကိန်းအပါအ၀င် မြို့တွင်းသယ်ယူပို့ဆောင်ရေးအဆင့်မြှင့်ရန် သမ္မတခွင့်ပြု

ဓါတ်ပုံ google
ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးအတွက် မိုးပျံရထားစီမံကိန်းအပါအ၀င် သယ်ယူပို့ဆောင်ရေးကဏ္ဍအားလုံးကို အဆင့်မြှင့် တင်တိုးချဲ့ရန် နိုင်ငံတော်သမ္မတက ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးအတွက် သမ္မတဆီကို အချက် ၁၀ ချက်တင်ပြတာ သဘောတူညီလိုက်ပါပြီ။ စီမံကိန်းကို ရေတိုရေရှည်နှစ်မျိုး ဆောင်ရွက်သွားမှာပါ” ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အဖွဲ့ဝင်ဦးခင်မောင်ဌေးက မေ ၂၇ ရက်တွင်ပြောသည်။

ယင်းစီမံကိန်းများတွင် အဓိကအနေဖြင့် မိုးပျံရထားစီမံကိန်း၊ ဒုတိယ စီးပွားရေးအချက်အချာ နယ်မြေများတိုးချဲ့ခြင်း၊ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတို့တွင် ဘတ်စ်ကားများကို တစ်လမ်းမောင်း ယာဉ်ကြောစနစ်ဖြင့် မောင်းနှင်ခြင်း၊ ကမ်းနားလမ်းနှင့်ဘုရင့်နောင် လမ်းတို့တွင် ယာဉ်ကြောပိတ်ဆို့နေခြင်းကို ဖြေရှင်းရန် အ၀င်တစ်လမ်း၊ အထွက်တစ်လမ်းပုံစံဖြင့် ပြောင်းလဲခြင်း၊ မြို့တွင်းမြို့ပြင် မြို့ပတ်လမ်းများ ဖောက်လုပ်ခြင်း၊ လိုအပ်သည့်နေရာများတွင် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ အစိုးရနှင့် ညှိနှိုင်း၍ မြေနေရာကျယ်ကြီးများတွင် အခြေခံအဆောက်အအုံကြီးများ တိုးချဲ့တည်ဆောက်ခြင်း၊ မြို့ပတ်ရထားစနစ်ကို အဆင့်မြင့်
တင်ခြင်း၊ ဆိပ်ကမ်း၊ ဆိပ်ခံတံတားများ ပြုပြင်ခြင်း၊ ရေကြောင်းသွားလာရေးတွင် ရေယာဉ်သစ်များဝယ်ယူပြေးဆွဲခြင်းတို့ လုပ်ဆောင်သွားရန် ခွင့်ပြုမိန့်ရရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်သည်။

အဆိုပါစီမံကိန်းများအတွက် အရင်းအနှီးများစွာလိုအပ်ပြီး ပြည်တွင်းပြည်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဟု သိရသည်။ လက်ရှိတွင် ရေတိုစီမံကိန်းများဖြစ်သည့် ဘတ်စ်ကားကွန်ရက် တိုးချဲ့အဆင့်မြှင့်တင်ရေးအတွက် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးမှုအချို့လည်းရှိနေကြောင်းသိရသည်။

“ရင်းနှီးမြှုပ်နှုံမှုတွေက ၁၀၀ ရာခိုင်နှုန်း ရင်းနှီးချင်လည်းရတယ်။ ဒါမှမဟုတ် ဒီအဖွဲ့နဲ့ပူးပေါင်းပြီး အကျိုးတူလုပ်ချင်လည်းရတယ်” ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ မကြာမီပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့ကို နိုင်ငံတော်သမ္မတက ယခုနှစ် မေလ ၁၄ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိများနှင့် ပညာရှင်များအပါအ၀င် ၁၀ ဦးဖြင့် တရားဝင်ဖွဲ့စည်းလုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည်။ မိုးပျံရထားစီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ ရန်ကုန်မြို့မြေအသုံးချမှုနှင့် လူဦးရေအတွက် တိကျသည့်စစ်တမ်းများနှင့် မူဝါဒများချမှတ်ပြီးမှသာ လုပ်ဆောင်ရန် နေရာရွေးချယ်မှုများ ပြုလုပ်ရန်သင့်တော်ကြောင်း မြို့ပြ နှင့် ဗိသုကာပညာရှင် ဦးဝင်းမြင့်က အကြံပြုပြောကြားသည်။
7Day News Journal 

အမျိုးသမီးငယ် တစ်ဦးအား ဖမ်းဆီး စစ်ဆေးစဉ် မဖွယ်မရာ လုပ်၍ အမ်းရဲစခန်းမှူး တရားစွဲခံရ


ဆန်ရှင် ရုတ်လျှင် ဗိုလ်ချုပ်မှုးကြီး ဟောင်း မိသားစု အမေရိကန် မှာ စိန် ဆိုင်ဖွင့်မယ်



မြန်မာသတင်းဌာနများ မဖေါ်ပြရဲတဲ့ ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ

May 27, 2013
မြန်မာ သတင်းဌာန အတော်များများက သတင်း အဖြစ် မဖေါ်ပြရဲတဲ့ ရဟန်းတော် တစ်ပါး မိမိကိုယ်ကို မီးရှို့ သတ်သေတဲ့ ဆန္ဒပြမူ တစ်ခု သီရိလင်္ကာမှာ မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
သီရိလင်္ကာရဟန်းတော် မိမိကိုယ်ကို မီးရှို့ ဆန္ဒပြနေစဉ်။
အဲသလို ရဟန်းတော်တစ်ပါး မိမိကိုယ်ကို မီးရှို့သတ်သေပြီး ဆန္ဒပြမူဟာ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခု ဖြစ်တဲ့ သီရလင်္ကာမှာ ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရဟန်းတော်ရဲ့ ဘွဲ့နာမည်က Bowatee Indaratna (၃၀) နှစ်ဖြစ်ပြီး သူဟာ လူဦးရေ သန်း ၂၀ ခန့်ရှိတဲ့ ဗုဒ္ဓဘာသာ အများစု နေထိုင်တဲ့ သီရိလင်္ကာ နိုင်ငံ အတွင်းမှာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်မူကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ခုလို မီးရှို့ ဆန္ဒပြပြီး အဆုံး စီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ သောကြာနေ့က ကန်ဒီ ( Kandy) လို့ အမည်ရတဲ့ မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ဘုရားပွဲတော်အတွင်း ဘုရားဖူးလာသူ အများစုရှေ့မှာ မိမိခန္ဓာကိုယ်ကို ရေနံဆီ သွန်းလောင်းပြီး မီးရှို့ကာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာကို တားမြစ်ပေးဖို့ ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန် ဘာသာထဲကို သွတ်သွင်းနေတာတွေကိုလည်း တားမြစ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖေါ်ပြပါတယ်။

မီးရှို့ ဆန္ဒပြပြီးတဲ့ နောက်မှာ သူ့ကို ကိုလံဘိုမြို့ အမျိုးသား ဆေးရုံကြီးကို လေယာဉ်နဲ့ ယူသွားပေမယ့် ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စနေနေ့မှာ ပျံလွန်တော်မူသွားခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာတော့ ရဟန်းတော်ကို နိုင်ငံတော် အခမ်းအနားနဲ့ ဈာပန ပြုလုပ်ပေးဖို့ တောင်းဆိုတာကို အစိုးရက ပယ်ချလိုက်တဲ့ အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ရာဂဏန်းခန့်ရှိတဲ့ သီရိလင်္ကာ နိုင်ငံသားတွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ကိုလံဘို မြို့တွင် ဆန္ဒပြနေသော လူအုပ်ကြီး။
သူတို့တွေဟာ သီရိလင်္ကာ သမ္မတ အိမ်တော်အနီးမှာ ထိုင်ဆန္ဒပြပြီး Bowatee Indaratna ရဟန်းတော်ဟာ ပထမဆုံး မိမိကိုယ်ကို အဆုံးစီရင်ပြီး ဆန္ဒပြတဲ့ ရဟန်း တစ်ပါး ဖြစ်တဲ့ အတွက် ကိုလံဘိုမြို့က လွှတ်လပ်ရေး ရင်ပြင်မှာ နိုင်ငံတော် ဈာပအဖြစ် သဂြိုလ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ လူစုကွဲသွားပေးမယ့် ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာနဲ့ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းနေတာတွေကို တားဆီးဖို့ အစိုးရကို ဆက်လက် ဖိအားပေးဖို့ တောင်းဆိုသွားမယ်လို့ ဂတိ ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Narinjara

ရခိုင်သမိုင်းဝင် သျှစ်သောင်းဘုရားပွဲတော် ယခင်နှစ်များထက် အထူးစည်ကား

လွန်ခဲ့သောနှစ်က အဓိကရုဏ်းတစ်ခုကြောင်း တစ်ပြည်နယ်လုံးအတိုင်းအတာထိ ဆူပူမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ရခိုင်လူမျိုးတို့၏ သမိုင်ဝင်ဖြစ်သော ရှေ့ဟောင်း မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရားပွဲတော်မှာ ယခင်နှစ်များနှင့်မတူဘဲ တမူထူးခြားကာ အထူးစည်းကားလျှက်ရှိကြောင်း သတင်းရရှိသည်။

သမိုင်းဝင် သျှစ်သောင်းဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လ (မေလ)တွင် ကျင်းပလေ့ရှိကာ ညပွဲအဖြစ် ဇာတ်သဘင်များနှင့် ပွဲကြည့်ပရိတ်သက်များအား ဖျော်ဖြေလေ့ရှိပြီး ယခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင်း ဒေသအခြေအနေအရ ညပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်သော်လည်း ယခင်နှစ်များထက် စည်းကားလျှက်ရှိသည်ကို သျှစ်သောင်းဂေါပကအဖွဲ့မှ ဥက္ကဌဖြစ်သူ ဦးစံမောင်က ပြောသည်။

“ ဒီနှစ်တော့ ညပွဲအစီအစဉ်မရှိဘူး။ ညပွဲမပါတာက လုံခြုံရေးကြောင်းရယ်၊ ဒီအချိန်မှာ ဇာတ်သဘင်ကလည်းမရှိတော့ဘူး ဆိုတာရယ် အဲဒါတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အရင်နှစ်ကထက် စာရင်တော့ တော်တော်လေးကို စည်းကားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဂေါပကအဖွဲ့ကနေ ဒီဘုရားပွဲကို မလုပ်ဘဲနဲ့ မြို့လူထုကို လုပ်ခွင့်ပေးလိုက်ရင် ကောင်းမယ်ထင်တာကြောင့် ပေးလိုက်ပါတယ်။ မြို့လူထုထဲမှာလည်း ကျင်ဆိုရင် ကျင်ဝါသနာရှင်တွေရှိတယ်။ ပြိုင်လောင်းဆိုရင် ပြိုင်လောင်း ၀ါသနာရှင်တွေရှိတယ်။ ဘောလုံးဆိုရင် ဘောလုံး ၀ါသနာရှင်တွေရှိတယ်။ သူတို့ကိုအပ်လိုက်တော့ သူတို့ကလည်း တာဝန်ယူလုပ်ဆောင်ကြတဲ့အတွက် ပိုစည်းကားတာဖြစ်ပါတယ်။ ” ဟု ပြောသည်။

သျှစ်သောင်းဘုရားပွဲတော်၏ အစိတ်အပိုင်းများဖြစ်သော ပွဲစဉ်ငယ်များဖြစ်သည့် ရခိုင့်ရိုးရာ ပြိုင်လောင်းပြိုင်ပွဲ (လှေလှော်ပြိုင်ပွဲ) ကို ဆန်စက်လုပ်ငန်းရှင်များအဖွဲ့မှ ဦးစီးလုပ်ဆောင်ကြကာ၊ ဘောလုံးပွဲကိုမှု သစ်စက် လုပ်ငန်းရှင်များက ဦးစီးလုပ်ဆောင်ကြပြီး၊ ရခိုင့်ရိုးရာ ကျင်ပွဲကို ဈေးအဖွဲ့မှ ဦးစီးလုပ်ဆောင်ကြကြောင်း သိရသည်။

ဆက်လက်ပြီး ဦးစံမောင်က “ ပြိုင်ပွဲတွေရဲ့ ဆုကြေးတွေကိုလည်း အရင်နှစ်ကထက် အများကြီးပေးထားတော့ လူတွေက စိတ်ဝင်စားမှု အားသန်ကြတယ်။ ဘောလုံးပွဲဆိုရင် အရင့်အရင်က အများဆုံးကတော့ ၃၂ သင်းပဲရောက်ပါတယ်။ ဒီနှစ်မှာတော့ ၅၈ သင်းထိကို ရောက်ပါတယ်။ ပြိုင်လောင်းမှာလေး ဒီလိုပဲ အရင်နှစ်ကထက် အများကြီးရောက်ကြပါတယ်။ ပြိုင်ပွဲလုပ်ငန်းရှင်းတွေက ဆုတွေကို မက်လောက်စရာပေးထားတော့ အရမ်းကိုစည်းတာပေါ့။ ဒီနှစ် စည်းကားတာကိုကြည့်ပြီးတော့ အင်မတန် ဝမ်းသာအားရပါတယ်။ နောက်နစ်တွေမှာလေး ဒီလိုပဲဖြစ်စေချင်ပါတယ်။ ” ဟု ပြောသည်။

အဆိုပါ သျှစ်သောင်းဘုရားပွဲတော် ကျင်းပသည့် ပြိုင်လောင်းပွဲတွင် လာရောက်ကြည့်ရှုအားပေးကြသူများသည် လှေကိုယ်စီဖြင့်လာကြပြီး တစ်လှေနှင့် တစ်လှေ အပြန်အလှန် ရေပတ်ကစားကြသည်မှာ အထူးပင် ရေပန်းစားသည့် ရေပေါ် သင်္ကြန်တစ်ခု ဖြစ်ကြောင်းသိရသည်။
ထိုသို့ ရေလောင်းရာတွင် သောက်စားမူးရစ်သူများရှိကြပြီး နှစ်စဉ်နှစ်တိုင်း ရေမြှပ်သေကြသော်လည်း ယခုနှစ်တွင် ပွဲတော်ပြီးဆုံးတော့မှာ ဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရေမြှပ်သေခြင်းမရှိသေးကြောင်း သျှစ်သောင်းဂေါပက၏ ဥက္ကဌ အဆိုအရ သိရသည်။

ရခိုင့်သမိုင်းဝင် သျှစ်သောင်းဘုရားပွဲတော်ကို မေလ ၂၄ ရက်မှ ၂၈ ရက်နေ့ထိ ၅ ရက်တိုင်တိုင်ကျင်းပကာ မနက်ဖန်နောက်ဆုံးနေ့ဖြစ်ပြီး ဘောလုံး၊ ကျင်၊ ပြိုင်လောင်း စသောပွဲများကိုလည်း ပထမရရှိသူများအား ဆုကြေးငွေ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်တို့၏ သမိုင်းဝင်ဖြစ်သော ရှေ့ဟောင်း မြောက်ဦးမြို့တော်ကို ပျက်စီးပျောက်ကွယ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရှေးဟောင်းအမွေ ၁၀ ခုစာရင်း (Global Heritage Fund) တွင် ၂၀၁၂ ခုနှစ်က ထည့်သွင်းဖော်ပြခဲ့သည်။
မိုးဇော် (သတင်း)
Arakan Times


နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com