http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကော်ရှူခြင်း ကာကွယ်ရန်

နေပြည်တော်၊ ဇူလိုင် ၎
လူငယ်များအကြား ဓလေ့စရိုက်တစ်ခု ဖြစ်လာသည့် ကော်ရှူ သုံးစွဲခြင်းကို တားဆီးရေးအတွက် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ များက အလေးထား ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထီးချိုင့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုးက လူငယ်အချို့ ကော်ရှူသုံးစွဲခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဥပဒေ ပေါ်ထွက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ် ရှိ မရှိ မေးမြန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက်ပါအတိုင်း ဖြည့်စွက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထီးချိုင့် မဲဆန္ဒနယ်မှ ဦးစိုးစိုး၏ မေးခွန်းသည် နိုင်ငံနှင့် နိုင်ငံသားများ အတွက် လွန်စွာ အရေးကြီးပြီး အလေးထားရမည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ အမျိုးသားရေး ကိစ္စရပ် တစ်ခုလည်း ဖြစ်ကြောင်း၊ ယင်းအတွက် ဤမေးခွန်းကို အခြေပြုကာ လွှတ်တော် ဥက္ကဋ္ဌအနေနှင့် နိုင်ငံတော် သမ္မတထံ သဝဏ်လွှာ ရေးသားပေးပို့မည့်အပြင် အစိုးရအဖွဲ့ထံသို့လည်း အကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကော်ရှူသုံးစွဲခြင်း ဓလေ့သည် ကျောင်းသား လူငယ်များအထိ ပျံ့နှံ့လာသောကြောင့် ဝန်ကြီးဌာနများ ၊ပြည်သူများနှင့် လုပ်ငန်းရှင်များက ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပြီး အဆိုပါ ကိစ္စရပ်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေတစ်ရပ် အမြန်ဆုံး ရေးဆွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆိုသည်။

ကော်ရှူခြင်း ဓလေ့မှာ လူငယ်များအကြား ပျံ့နှံ့နေသော်လည်း လူကြီးများ ကျယ်ကျယ်ပြန့်ပြန့် မသိရှိသေးကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာရေးနှင့် သက်ဆိုင်သည့်အတွက် ကျန်းမာရေး ပညာရှင်၊ ဓာတုဗေဒ ပညာရှင်များ ကိုယ်တိုင် လက်တွေ့ လေ့လာသင့်သည့် ကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်ရှူခြင်းမှာ အိမ်ခြေမဲ့ ကလေးများနှင့် လမ်းပျော် ကလေးများတွင် အဖြစ်များသည့်အတွက် ကျောင်းနေအရွယ် ကလေး ကျောင်းအပ်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကလေးများ စိတ်ဓာတ် ကျဆင်းသည့်အခါ ကော်ရှူပြီး မူးယစ်စေသည့်နည်းဖြင့် ဖြေရှင်းသည့်အတွက် စောင့်ကြည့် ကာကွယ်ရမည်ဖြစ်ကြောင်း ကော်ရှူသည့် ကလေးငယ်များအကြောင်း ကိုယ်တိုင် လေ့လာ ရေးသားခဲ့သည့် မန္တလေး ဆေးတက္ကသိုလ်မှ တတိယနှစ် ကျောင်းသူ မယဉ်ယဉ်နှောင်းက ပြောကြားသည်။

ကော်ရှူ သုံးစွဲမှု သတင်းရသည့် မြို့နယ်များတွင် ကျောင်းသားများ ကော်ရှူသုံးစွဲပါက ဆရာ၊ ဆရာမများက မိဘများကို ခေါ်ယူ တွေ့ဆုံကာ ဆွေးနွေး ညှိနှိုင်းခြင်း၊ ကျောင်းသားများအတွင်း ကင်းထောက်များ ထားရှိကာ စောင့်ကြပ် ကြည့်ရှုခြင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ စခန်းများမှ တာဝန်ရှိသူများက ကော်ရှူသူများကို ခေါ်ယူ တွေ့ဆုံ ပညာပေး ဆုံးမခြင်း၊ သင်္ဘောဆေး ပစ္စည်း အရောင်းဆိုင်များက ပါဝင် ပူးပေါင်း ဆောင်ရွက်ခြင်း စသည့်တို့ကို လုပ်ဆောင်ခြင်းဖြင့် ထိန်းချုပ် နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဆိုသည်။
The Voice Weekly


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com