http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သရုပ်ဆောင် မေဇွန်ကို လူသတ်မှုဖြင့် ထောင်ဒဏ် ၉နှစ်ကျော် ချမှတ်

ရန်ကုန် ၊ဇွန် ၂၀
MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသော သရုပ်ဆောင် မေဇွန်ကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်ပိုင်း ခရိုင် တရားရုံးက လူသတ်မှု ၊နာကျင်စေမှုများ ကျူးလွန်ခဲ့သည့် အတွက် ထောင်ဒဏ် ၉နှစ် နှင့် ၄ လ ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း အဆိုပါ တရားခွင်သို့ ရောက်ရှိနေသူ The Voice သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly

ဖမ်းဆီးထားသည့်လိုင်စင်မဲ့ကားများကို လိုင်စင်အသစ်လုပ်ပေးမည်ဟု ဒုရဲချုပ်ပြော

ကလေး၊ ဇွန် ၂၀။
ကလေးမြို့တွင် ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများကို လိုင်စင်အသစ်လုပ်ပေးရန် ဆောင်ရွက်နေပါပြီဟု ဒုရဲချုပ်က ကလေးမြို့၏ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းကို ဇွန်(၁၉)ရက်နေ့ ညနေ(၆)နာရီခန့်တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

“လိုင်စင်မရှိတဲ့ ကားတွေကို လိုင်စင်လုပ်ပေး သွားမယ်လို့ ဒုရဲချုပ်ကတော့ ပြောသွားပါပြီ။ လိုင်စင်လုပ်ရင် ကုန်ကျမယ့် အခွန်အခ နှုန်းထားတွေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။ ပြီးတော့ အခု ကလေးမြို့ကိုလာပြီး အဖမ်းအဆီး လုပ်တဲ့ ပုံစံက ရဲအမြင်နဲ့ မလုပ်ဘဲ စစ်တပ်အမြင်နဲ့ လုပ်တာ
နည်းလမ်း မှားနေတယ်။ မြို့လူထုလည်း စိတ်ခြောက်ခြားတယ်။ မူးယစ်ဆေးဝါးနဲ့ လက်နှက်
တိုက်ဖျက်ရေးအတွက် လာတယ်ဆိုရင် လာတဲ့ ကိစ္စကိုပဲ ဆောင်ရွက်သင့်ပါတယ်”ဟု မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဌ ဦးသန်းထွန်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်နှင့် မြို့မိမြို့ဖများ ပါဝင်သည့် မြို့နယ်အထောက်အကူပြု ကော်မတီသည် ကလေးမြို့တွင် လိုင်စင်မဲ့ကားများကို လာရောက် ဖမ်းဆီးနေခြင်းနှင့် မြို့အခြေအနေများကို ယနေ့ဇွန်(၂၀)ရက် နံနက်ပိုင်းတွင် ကလေးမြို့ လွှတ်တော်ကိုယ်စားလှယ်များ ရုံးခန်း၌
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲတွင်  ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်
အထောက်အကူပြု ကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်မှ လာရောက်သည့် ဒုရဲချုပ် ခေါင်းဆောင်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ကြိုဆို ထောက်ခံကြောင်း၊ လိုင်စင်မဲ့ ကားများနှင့် ပတ်သက်၍ သက်သာသော ဒဏ်ကြေး နှုန်းထားများ သတ်မှတ် ဖြေလျော့ပေးပြီး တရားဝင် လိုင်စင်လုပ်ပေးရန်ဟူသော အချက်သုံးချက်ကို လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အထောက်အကူပြု ကော်မတီတို့က တိုက်တွန်းကြောင်း အဆိုပြုချက်ကို ဒုတိယရဲချုပ်ထံ ဆက်လက် တင်သွင်းရန် အတည်ပြုခဲ့ကြကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်က ပြောကြားသည်။
ကျော်သူစိုး (ကလေးမြို့)
မြန်မာ့ခေတ်

၃၂ ကာရက်ရှိ ကျောက်စိမ်းဆွဲသီး ကျောက်မျက် ရောင်းချပွဲ၌ ပျောက်ဆုံး

နေပြည်တော်၊ ဇွန် ၁၉
နိုင်ငံတော် ဒုတိယသမ္မတ ဖွင့်လှစ်ခဲ့သည့်အကြိမ် (၅၀)မြောက် ကျောက်မျက် ရတနာ ရောင်းချပွဲ စတင်ချိန်၌ ၃၂ ကာရက်ရှိ ကျောက်စိမ်းဆွဲသီး
ပျောက်ဆုံးမှုကို ဇွန်လ ၁၉ ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း ကျောက်မျက် လုံခြုံရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဇမ္ဗူသီရိ ကျောက်မျက် ကုမ္ပဏီ၌ ဖွင့်ပွဲကျင်းပနေစဉ် နိုင်ငံခြားသားများ ဝင်ရောက် လေ့လာနေချိန်တွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ စိန်အသေး ၁၀ ပွင့် ခြယ်ထားသည့် ကျောက်စိမ်း ဆွဲသီးသည် ၃၂ ကာရက်ရှိပြီး အလေးချိန် စုစုပေါင်း ၂၀ ဒသမ ၇၂ ဂရမ် ရှိကြောင်း ယင်းပြပွဲထံမှ သိရသည်။

ယင်းဆွဲသီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အမှုဖွင့်ထားကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲစခန်းက တာဝန်ကျ ရဲအရာရှိက အတည်ပြု ပြောကြားသည်။

ဇမ္ဗူသီရိ ကျောက်မျက် ကုမ္ပဏီ၏ အရောင်းတာဝန်ခံ ဒေါ်နှင်းဝေကို၏ တိုင်ကြားမှုကို ပထမသတင်းပေးတိုင်ချက် အမှတ် (ပ)/၅၅/၂၀၁၃- ပုဒ်မ ၃၈၀ ဖြင့် ဇမ္ဗူသီရိ မြို့နယ် ရဲစခန်းက လက်ခံထားသည်ဟု ၎င်းကပြောဆိုသည်။

ကျောက်မျက် ရတနာပြပွဲ စတင်ခဲ့သည့်ရက်မှာ ဇွန်လ ၁၅ ရက်ဖြစ်သည်။
ဇမ္ဗူသီရိ ကျောက်မျက် ကုမ္ပဏီသည် ကျောက်မျက် ရတနာပြခန်းပေါင်း ၇၀ အနက် အကြီးဆုံး ပြခန်းသုံးခန်းတွင် တစ်ခန်း ပါဝင်ပြသထားသည်။
The Voice Weekly

မြို့နယ် အုပ်ချုပ်ရေးမှူး ကား ဓာတ်တိုင်ဝင်တိုက်

ခင်ဦး၊ ဇွန် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အစိုးရ ဌာနဆိုင်ရာ ရုံးများ အခြေစိုက်ရာ ရုံးကြီးလမ်းပေါ်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့ ဓာတ်တိုင်ကို မြို့နယ်အုပ်ရေးမှူး၏ Super Cab ကားက ဇွန်လ ၁၇ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ဝင်တိုက်မိ၍ ကားရှေ့ ပျက်စီးပြီး ဓာတ်တိုင် ထက်ပိုင်း ကျိုးသွား ကြောင်း မြို့ခံများက The Voice သို့ ပြောကြားသည်။

ဓာတ်တိုင် ကျိုးသွားပြီးနောက် ခင်ဦး မြို့တစ်မြို့လုံး လျှပ်စစ်မီးများ ပြတ်တောက်သွားကြောင်း ခင်ဦးမြို့ သိရီမွန် လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဒေါ်အေးအေးအောင်က ပြောဆိုသည်။

ယင်းယာဉ်တိုက်မှုကို ပုဒ်မ ၂၇၉ ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အမှုဖွင့် အရေးယူထားပြီး နောက်နေ့ နံနက်တွင် မီးပြန်လာကြောင်း ခင်ဦးမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြော ကြားသည်။

“လူက အထိအခိုက်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
The Voice Weekly

အမိုးပေါ်ခရီးသည်တင် ဟိုင်းလပ်ယာဉ် နှစ်ရာကျော်ဖမ်းမိ

ရန်ကုန်၊ ဇွန် ၁၉
အမိုးပေါ်တွင် ခရီးသည်တင်သည့် ဟိုင်းလပ်ယာဉ်များကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီနှင့် မထသ (ဗဟို) တို့ ပူးပေါင်း၍ ဖမ်းဆီးရာ ဟိုင်းလပ်ယာဉ် ၂၉၆ စီးကို ဇွန်လအတွင်း ဖမ်းဆီး အရေးယူထားကြောင်း မ.ထ.သ (ဗဟို) မှ စုံစမ်း သိရှိရသည်။

ဟိုင်းလပ်ယာဉ် ၂၉၆ စီးကို ဇွန်လ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၇ ရက်နေ့တို့တွင် စီမံချက်ဖြင့် ခရေပင်လမ်းခွဲ မှတ်တိုင်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း မထသ(ဗဟို)မှ စည်းကမ်းထိန်းသိမ်းရေး ဌာနခွဲမှူး ဦးကာကျော်က The Voice သို့ ပြောကြားသည်။

ဖမ်းဆီးရမိသည့် ယာဉ်များထဲမှ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော ယာဉ်များကို စည်းကမ်းချက် (၁၃၈) ချက်ဖြင့် အရေးယူသွားမည် ဖြစ်ပြီး ရန်ကုန်မှ ပဲခူးသို့ ပြေးဆွဲနေသော ယာဉ်များကိုမူ ပြည်တွင်း ကုန်းလမ်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့သို့ အရေးယူပေးရန် တိုင်းဒေသကြီး အစိုးရသို့ တင်ပြထားကြောင်း ၎င်းကဆက်လက်ပြောသည်။

“အမိုးပေါ်ကို ပစ္စည်းတို့ လူတို့ မတင်ရင် နေ့တွက်မကိုက်ဘူး”ဟု မှော်ဘီမှ ရန်ကုန်သို့ ပြေးဆွဲနေသော (၁၃၁) ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

ရန်ကုန်မှ မှော်ဘီသို့ ပြေးဆွဲနေသော ဟိုင်းလပ်များသည် အမိုးပေါ်သို့ ခရီးသည်များကို ညဦးပိုင်းတွင် ဆက်လက် တင်ဆောင်နေကြောင်း မင်္ဂလာဒုံမြို့နယ်မှ အငှားယာဉ် မောင်းနှင်သူ ကိုအောင်သူရကThe Voice သို့ ပြောကြားသည်။

“များများဖမ်းဖို့လိုတယ်။ အခုလိုတင်တာ အန္တရာယ် အရမ်းများတယ်”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ယာဉ်စည်းကမ်း ဖောက်ဖျက်သော ယာဉ်များကို အရေးယူရန် ဧပြီလ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီအဖွဲ့နှင့် မ.ထ.သ (ဗဟို) တို့အား ညွန်ကြားထားသည်။
ကောင်းဆက်နိုင်
The Voice Weekly

သီးလေးသီးအဖွဲ့မှ ပန်းသီး နုတ်ထွက်

စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဇီးသီး ဆိုပြီး သီးလေးသီး ဆေးရောင်စုံ အငြိမ့် ကို ဇာဂနာက ဖွဲ့စည်းပေးခဲ့ပါတယ်။ ၁ဝနှစ်ကျော် လက်တွဲခဲ့တဲ့ သီးလေးသီး အဖွဲ့ ပဲဖြစ်ပါတယ်။ ခုချိန်မှာတော့ သီးလေးသီး အဖွဲ့ထဲက ပန်းသီး နုတ် ထွက်ခဲ့တယ်ဆိုတဲ့ အင်တာဗျူးကို မိုးမခ ဝက်ဘ်ဆိုက်မှာ ဖြေဆို ထားတာ တွေ့ရပါတယ်။ သီးလေးသီး အဖွဲ့ ထဲကနေ ပန်းသီးက တရားဝင်ထွက်တယ်လို့တော့ အဖွဲ့ ဝင်များကို မပြောဆိုထားဘူးလို့ ပြောလာတဲ့ သီးလေးသီး အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ကြယ်သီး က “ကျွန်တော်တော့ မသိဘူး။ ကျွန်တော်တို့ ကတော့ မထွက်ဘူးလို ထင်တာပဲ။ ထွက်တယ်ဆို တာတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ မနက်ကတော့ ကျွန်တော်တို့ အစ်ကိုကြီး ကိုဇာဂနာ ဆီကို ဖုန်းဆက်ကြည့် တဲ့အခါ သူ့ဆီကိုတော့ မီဒီယာတွေက မေးကြတယ်လို့ ပြောတယ်” လို့ ပြောပြခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သီးလေးသီး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့တဲ့ ဇာဂနာ ကိုလည်း ဆက်သွယ် မေးမြန်းဖြစ်တဲ့ အခါမှာ တော့ “မနေ့ကအထိ ပန်းသီးက ကျွန်တော်နဲ့အတူ ရှိနေပါတယ်။ မိုး မခက ကိုမောင်ရင်ကလည်း ကျွန် တော့်ကို မနက်ကမေးတယ်။ သီးလေးသီးအဖွဲ့ကို ဆန်ဖရန်စစ္စကိုမှာ ပွဲကဖို့ ခေါ်တဲ့အခါမှာ ပန်းသီးက မလိုက် နိုင်ဘူးလေ။ မလိုက်နိုင်တဲ့အခါကျတော့ သီးလေးသီး အဖွဲ့ထဲကနေပြီး တော့ ထွက်လိုက်တယ်လို့ ကိုမောင်ရင်က ပြောတော့ သိလိုက်ရတယ်။ တရားဝင် ထွက်တယ်ဆိုတာ မျိုးတော့ ကျွန်တော်တို့ အချင်းချင်း ကြားမှာ တစ်ခါမှ မပြောရသေးဘူး။ ကျွန် တော့်ကိုလည်း သူပြောဖို့ မပြောဝံ့တာ လည်း ပါမှာပေါ့လေ။ ဒါပေမဲ့ အဖွဲ့ ထဲ ကနေ ထွက်တယ်တော့ မဟုတ်ပါဘူး။ အဖွဲ့ အနေ နဲ့ အလုပ် လုပ်ဖို့ ခေါ်ရင်လည်း သူလုပ်မယ်။ သူတစ်ယောက် တည်း လုပ်ချင် တယ်ပေါ့လေ။ သူတစ်ယောက် တည်း လည်း လုပ်မယ်။ အဖွဲ့ ကခေါ်ရင် လည်း လုပ်မယ်။ သို့သော် အဝေးရောက် အသီးပေါ့။ ဧည့်သည် အဖြစ်နဲ့ပေါ့။ သို့သော် သီးလေးသီး အဖွဲ့ကနေ ပြဿနာတစ်စုံ တစ်ရာ ကိုယ့် အချင်းချင်း ရှင်းရတာမျိုးဖြစ်တဲ့ အခါမျိုး ရှိခဲ့ရင်တော့ သူ့အနေနဲ့ သီး လေးသီးဖွဲ့ဝင် မဟုတ်တော့တဲ့ အတွက် ဝင်ပြီးတော့ ရှင်းလို့ မရတော့ဘူးပေါ့။ သူက ဒီမတိုင်ခင် ကတည်းက မွေးနေ့ မှာ တစ်ကိုယ်တော် ဆိုပြီးပွဲ တစ်ပွဲ လုပ်ခဲ့ ဖူးတယ်လေ။ သူက အဲဒီလို တစ် ယောက်တည်းလည်း လုပ်ကြည့် ချင် သေးတယ်။ သီးလေး သီး အဖွဲ့နဲ့ ဆိုရင် သူ့အနေနဲ့ တစ်ယောက်တည်း ရပ်တည် ဖို့က နည်းနည်း ခက်တယ်လေ။ ဒီ သဘောလေးတော့ ရှိ ပါလိမ့် မယ်။ အရင် ကတည်းက သူ တိုင်ပင်ခဲ့ဖူးပါ တယ် ။ မိုးမခက ကျွန်တော့် ဆီကို လှမ်း မေးပါတယ်။ သတင်း တင်လို့ရမလား ဆိုတော့ တင်ချင်ရင် လည်း တင်လိုက်ပါ လို့ ကျွန်တော်ကိုယ်တိုင်ပဲ ပြောခဲ့တာ ပါ” လို့ ပြောပြ ခဲ့ပါတယ်။

သီးလေးသီး အဖွဲ့ထဲကနေ နုတ်ထွက်သွားပြီ ဖြစ်ကြောင်း အဖွဲ့ဝင် တွေ ကိုတော့ တရားဝင် မပြောခဲ့ပေမယ့် တကယ်ပဲ နုတ်ထွက် ခဲ့တာလား လို့ ပန်းသီးကို ဆက် သွယ်မေးမြန်း တဲ့ အခါမှာတော့
“သီးလေးသီး အဖွဲ့ထဲ ကနေ ထွက်တယ် ဆိုတာ ဟုတ်ပါတယ်။ ဘာပြဿနာ မှလည်း မရှိပါဘူး။ ကျွန် တော် လုပ်ချင်တဲ့ အနုပညာ အလုပ် တွေ ရှိတယ်လေ။ ကျွန်တော့် မွေးနေ့ တုန်းကတောင် တစ်ကိုယ်တော်ရှိုး လုပ်ခဲ့သေးတယ်လေ။ နောင်လည်း ကျွန်တော်က အဲဒီလိုမျိုး အလုပ်ကလေး တွေ ပိုပြီး လုပ်ချင်တယ်ဗျ။ နောက် တစ်ခုက ကားရိုက်တဲ့ ဘက်တွေကို လည်း ပိုပြီး အာရုံစိုက်ချင်တယ်။ အဖွဲ့ အစည်း တစ်ခုနဲ့ အလုပ်လုပ် ရတဲ့ အခါကျတော့ တချို့ ဟာလေးတွေ ညှိနှိုင်းဖို့က တအားခက်တယ်။ ကျွန်တော် စဉ်းစားထားတာက တစ်ခုလို ချင်ရင် တစ်ခုတော့ စွန့်လွှတ်ရမှာပဲလေ။ ကျွန်တော်က အနုပညာ အလုပ် တွေ လုပ်တဲ့အခါ သီးလေးသီးအဖွဲ့ ထဲကနေ နုတ်ထွက်တာပေါ့။ နောက် ပိုင်း သီးလေးသီး အဖွဲ့ကနေ ကျွန်တော့် ကို ပွဲလာငှားတာမျိုး ဆိုရင်တော့ လုပ်မှာပါ။ ပြဿနာ မရှိပါဘူး။ သီး လေးသီး အဖွဲ့ထဲကနေ ထွက်တယ် ဆိုတော့ သီးလေးသီး အဖွဲ့နဲ့ ပတ်သက် တဲ့ ကိစ္စလေးတွေ ကြုံလာ ခဲ့ရင်တော့ ကျွန်တော် မသွားဘူးပေါ့။ ကျွန်တော့် လာငှားတာ မျိုး ဆိုရင်တော့ ဧည့်သည် အသီး တစ်သီး အဖြစ်နဲ့ လုပ်မှာပါ။ ကျွန်တော့်ရဲ့ ဆန္ဒတစ်ခု၊ ဦးတည်ချက် တစ်ခုနဲ့ ထွက်တာပါ။ ကျန်တဲ့ ဝေဖန်သံ တွေကိုတော့ သိပ်ပြီး စိတ်ထဲမှာ လည်း ဘာမှ မရှိပါဘူး။ ကျွန်တော် သြဂုတ် လလောက်မှာ မန္တလေးမှာ တစ်ကိုယ် တော်ရှိုးပေါ့။ မန္တလေးက လူရွှင်တော် တွေနဲ့ပေါင်းပြီး ကျွန်တော့်ရဲ့ ဟာသ အစီအစဉ်လေး ပါမယ်။ ကိုဇာဂနာ တို့ စီစဉ်ထားတဲ့ အနုပညာ ပွဲတော် မှာ ပါဝင်မှာပါ။ သီးလေးသီး ကနေ ထွက်သွားတယ် ဆိုတာကလည်း လုပ် ချင်တာ ပေါက် ကရ လုပ်တာ မဟုတ်ပါဘူး ရည်ရွယ်ချက်၊ ဦးတည်ချက် ရှိပါတယ်။ ဒီအချိန်မှာတော့ ကျွန် တော့် ဆရာဖြစ်တဲ့ ကိုဇာဂနာ လည်း စိတ်ဆိုးရင် ဆိုးနေမယ် ။ ဒါပေမဲ့ ကျွန် တော် ရှေ့ဆက်လုပ်မယ့် အနုပညာ အလုပ်တွေကို ကြည့်ပြီးတော့ အားလုံး က ကျေနပ်မယ် လို့ ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
Popular Journal

ထိုင်းရောက် မြန်မာလုပ်သားလူငယ်များ HIV ကူးစက်ခံရမှု ပိုများလာ

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများတွင် HIV/AIDS ရောဂါ တွေ့ရှိရမှုမှာ အသက် ၂ဝ ဝန်းကျင်လူ ငယ်ပိုင်းတွင် ပိုများလာကြောင်း ရတ် ထိုင်းကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ မှ သိရသည်။ ''နဂိုကဆို အသက် ၃ဝ ကျော် ပိုင်းမှာပဲ တွေ့ရှိနေတာက အခု နောက် ပိုင်း အသက် ၁၅ နှစ်ဝန်းကျင် ကိုယ် ဝန်ဆောင်သည်တွေမှာပါ တွေ့လာရပါ တယ်''ဟု ရတ်ထိုင်းမှ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ဦးအောင်မင်းက ပြောသည်။

၎င်းတို့တွေ့ရှိရမှုမှာ ကိုယ်ဝန် ဆောင်များ ကိုယ်ဝန်အပ်ရာမှ စစ်ဆေး တွေ့ရှိချက်ဖြစ်သောကြောင့် ကျန်းမာ ရေး စစ်ဆေးမှုမရှိသော သူများတွင် မည်မျှရှိနေမည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ပြောသည်။လူငယ်များတွင် ကာလသားရော ဂါဖြစ်ပွားမှုနှုန်းမှာလည်း လွန်ခဲ့သော လေးနှစ်ခန့်ကထက်ပိုမို များပြားလာ ကြောင်းံ HIV/AIDS ရောဂါတွေ့ရှိပြီး ၎င်းတို့ဆီ ရောက်ရှိလာသော ရောဂါ ရှင်အများစုမှာ ရောဂါကျွမ်းပြီး သေဆုံး သွားသူများ များပြားကြောင်း ၎င်းက ဆိုသည်။ရတ်ထိုင်းကျန်းမာရေး စောင့် ရှောက်မှုအဖွဲ့မှ ဦးအောင်မင်းက HIV/AIDS ဖြစ်ပွားသူဦးရေကို အတိအကျ စာရင်းမသိရှိရကြောင်း၊ သို့သော် လူ ပေါင်း ၃ဝဝဝ ကို စစ်ဆေးပါက ၁ဝ ဦး မှ ၁၅ ဦးခန့်တွင် HIV/AIDSတွေ့ ရှိရ ကြောင်းပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား များကို ကျန်းမာရေး၊ လူမှုရေး၊ နေထိုင် ရေး ကိစ္စရပ်များကို NGO များက စောင့်ရှောက်ကူညီ ပေးလိုသော်လည်း တရားမဝင်လုပ်သား များပြားမှုသည် ၎င်း တို့အတွက် အဓိကအခက်အခဲဖြစ်နေကြောင်း စမုဆောင်ခရမ် လွှတ်တော်အမတ် Mr.Surajit Ehirawate က ပြောသည်။ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းခန့်ရှိပြီး စမုစခွန်ခရိုင် တွင် ၅ သိန်းခန့်ရှိရာ သုံးပုံ တစ်ပုံသာ တရားဝင်နေထိုင်ကြသူများ ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
ဝေယံမိုးမြင့်
Popular Myanmar News Journal

တာချီလိတ်မြို့တွင် အအေးဆိုင် ထိုင်နေသူနှစ်ဦး သေနတ်ပစ်ခံရ

ရန်ကုန်၊ ဇွန် ၁၉
မြန်မာ၊ ထိုင်း ၊ လာအို သုံးနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်မြို့ ပါလျှံနှင့် တောကော့ ရပ်ကွက်ကြား စိန်ပန်းနီနီ အအေးဆိုင်တွင် ဇွန်လ ၁၈ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ခန့်က အအေးဆိုင် ထိုင်နေသူ လေးဦး အနက် နှစ်ဦး သေနတ်ပစ်ခံရ၍ တစ်ဦး သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့နယ် ရဲစခန်း စခန်းမှူးရဲအုပ် တင်ဌေးက ပြောကြားသည်။

အသက် ၃၅ နှစ်အရွယ် ဦးစိုင်းဝန်း ကျောက်နှင့် အသက် ၃၀ အရွယ်ရှိ ဦးဇော်မင်းထွန်း အပါအဝင် လူလေးဦး အအေးဆိုင် ထိုင်နေရာမှ ၎င်းတို့ နှစ်ဦးကိုသာ အအေးဆိုင် ဘေးလမ်းရှိ မှောင်နေ
သောနေရာမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သေနတ်သုံးချက် ပစ်ခတ်ခဲ့ကြောင်း ယင်းဒေသခံ ဦးကျော်မြင့်က ပြောကြားသည်။

သေဆုံးသူ ဦးစိုင်းဝန်းကျောက်သည် နားထင်တွင် သေနတ်ဒဏ်ရာဖြင့်
သေဆုံးခဲ့ပြီး ကျန်တစ်ဦး ဦးဇော်မင်းထွန်းသည် ဘယ်ဘက် လက်မောင်းနှင့် ညာဘက်ပေါင်တွင် အရိုးကြေ ဒဏ်ရာရရှိပြီး တာချီလိတ် ဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံသို့ လေယာဉ်ဖြင့် လွှဲပြောင်းတင်ပို့ ကုသလျက် ရှိကြောင်း ၎င်းကို ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းလိုက်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သူသည် မည်သည့် ယာဉ်ကိုမှ အသုံးပြုခြင်း မရှိဘဲ သေနတ်ဖြင့် ပစ်ခတ်ပြီး ပြန်လည် ထွက်ခွာသွားကြောင်း တာချီလိတ်မြို့ခံ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ရောက်သွားတော့ ကိုစိုင်းဝန်းကျောက်က အသက်ရှုနေသေးတယ်၊ သွေးတွေတော့ ရွှဲနေတာပဲ”ဟု အဆိုပါ သေနတ်ပစ်ခံရသူများကို သွားရောက် ကူညီခဲ့သည့် မဇ္ဈိမ လူမှု ကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောကြားသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ သေနတ်ဖြင့် ပစ်သူများကို ညတွင်းချင်းပင် လမ်းများ ပိတ်ဆို့ပြီး ရှာဖွေနေပြီး မသင်္ကာသူများကိုလည်း စိစစ်လျက် ရှိကြောင်း တာချီလိတ်သည် တစ်ဖက်နိုင်ငံနှင့် ချောင်း တစ်ခုသာ ခြားသောကြောင့် ပြစ်မှုတစ်ခု ကျူးလွန်ပါက အချိန်မရွေး ထွက်ပြေး လွတ်မြောက်နိုင်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များတွင် ပြစ်မှုကျူးလွန်သူကို အမြန်ဆုံး ဖမ်းမိရန် အခက်အခဲများ ရှိကြောင်း ယင်းမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းအပြင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်တွင် မေလ ၆ ရက် ည ၇နာရီ ၁၅ မိနစ်ခန့်က အသက် ၃၂ နှစ် အရွယ် ဆံပင်ညှပ်ဆိုင် ပိုင်ရှင်သည် ဆံပင်ညှပ်ပေးနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှု ဖြစ်ခဲ့ကြောင်း တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

တာချီလိတ် ဆေးရုံအိမ်သာအတွင်း လူတစ်ဦး ကြိုးဆွဲချသေဆုံး

Tuesday, June 18, 2013
တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရှိ ဖျားနာဆောင်၏ အိမ်သာထဲတွင် အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဇွန်လ(၁၈)ရက်နေ့ နံနက်(၈း၄၅)နာရီဝန်းကျင်က ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။

အသက်(၃၅)နှစ်အရွယ် ကိုမောင်မောင်သည် ဆေးရုံ အိမ်သာအတွင်း ကြိုးဆွဲချ မသေဆုံးမီရက်ပိုင်းက ဆေးရုံအနီးအနားမှာ သွားသွားလာလာ ပြုလုပ်နေပြီး ဆေးရုံအတွင်းရှိ ထိုင်ခုံပေါ်တွင် တရားထိုင်နေတာကိုလည်း ရံဖန်ရံခါ တွေ့ရှိရကြောင်း ဆေးရုံအတွင်းရှိ လူနာတစ်ဦးမှ ပြောကြားလာသည်။ နောက်ထပ် သိရှိရသည်မှာ သေဆုံးသူသည် ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူသူ မဟုတ်ကြောင်းလည်း သိရသည်။

သေဆုံးသူ၏ ဇာတိမှာ မလှိုင်မြို့မှ ဖြစ်သော်လည်း တာချီလိတ်တွင် ဆွေမျိုးသားချင်းမရှိကြောင်းသိရှိရပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သေမှုသေခင်းနှင့် ပတ်သက်၍ ရင်ခွဲစစ်ဆေးပြီးနောက် နာရေးကူညီမှုကိုတော့ မဇ္ဈိမလူမှုကူညီရေးအသင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Tachileik Online News




၉၆၉ ဂဏန်းဖြင့် စီးပွားရေး လမ်းညွှန် ဝဘ်ဆိုက် တခု တည်ထောင်မည်ဆို

Thursday, June 20, 2013
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ တိုင်းရင်းသား လုပ်ငန်းရှင်များ လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းများအား အွန်လိုင်းမှ ရှာဖွေကာ ဝယ်ယူအားပေးနိုင်မည့် လမ်းညွှန် ဝဘ်ဆိုက် တခု၏ အမည်ကို ၉၆၉ ဂဏန်း ထည့်သွင်းကာပေါ်ထွက်မည်ဟု ဝဘ်ဆိုက် တည်ထောင်သူ ကိုကျော်နန္ဒကို က ပြောဆိုသည်။

ဝဘ်ဆိုက်အမည်မှာ www.969business.com ဖြစ်ကာ မြန်မာ အမျိုးသား စီးပွားရေး အင်အားစု ကုမ္ပဏီမှ တရားဝင် လွှင့်တင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ ၅ လပိုင်း နောက်ဆုံးပတ်လောက်က စလုပ်တာပါ။ လူ လေးယောက်နဲ့ စဖွဲ့တာပေါ့။ ရည်ရွယ်ချက် ကတော့ မြန်မာ တိုင်းရင်သားပိုင် လုပ်ငန်းများ နိုင်ငံတကာကို ထိုးဖောက်နိုင်ရေး၊ အချင်းချင်း ချိတ်ဆက်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေး၊ နည်းပညာ အကူအညီ ပေးနိုင်ရေး၊ လူငယ်များအတွက် အလုပ်အကိုင် ဖန်တီးပေးရေး၊ ကုန်ဈေးနှုန်း ကျဆင်းစေရန် ဆောင်ရွက်ရေး စတဲ့ ၁၁ ချက် ဖြစ်ပါတယ်” ဟု ဆိုသည်။

ဝဘ်ဆိုက် ထူထောင်နိုင်ရန် အကျိုးတူ ပါဝင်မည့် ရှယ်ယာရှင်များအား ရှယ်ယာ တစုလျှင် ၁,၀၀၀ နှုန်းဖြင့် ပါဝင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

ထိုဝဘ်ဆိုက် ပေါ်ပေါက်လာခြင်းမှာ မြန်မာ တိုင်းရင်းသား လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့ ကုန်ပစ္စည်းကို ဝယ်ယူကြရန် ဖိတ်ခေါ်ခြင်း သဘောသာဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ဇောတိက ဦးခင်လှိုင် က ဆိုသည်။

“ဗမာ တိုင်းရင်းသား လုပ်ငန်းရှင်တွေ အနေနဲ့ သူ့ဟာကို အားပေးပါဆိုတဲ့ ပုံမျိုးပဲ။ ဒါကို အွန်လိုင်းကပဲ လုပ်လုပ် ကောင်းပါတယ်။ ဒါပေမယ့် ၉၆၉ ဆိုတာကတော့ ဘာသာရေး သင်္ကေတ တခုပေါ့။ ဒါကြောင့် မြန်မာ စီးပွားရေး လုပ်ငန်းလို့ သုံးလို့ မရဘူး။ ဗုဒ္ဓဘာသာ စီးပွားရေး လုပ်ငန်းလို့ သုံးရမှာ” ဟု ဦးခင်လှိုင် က ထောက်ပြသည်။

အခြား ဘာသာဝင်များ လုပ်ကိုင်သော စီပွားရေးလုပ်ငန်းများအပေါ် ထိုဝဘ်ဆိုက် ထွက်ပေါ်လာခြင်းကြောင်း ထိခိုက်မှု မရှိနိုင်ကြောင်း အစ္စလာမ်ဘာသာဝင် တဦးဖြစ်သည့် စီပွားရေးလုပ်ငန်ရှင် ဦးရွှေကြည် က ဆိုသည်။

“ဒီလုပ်ရပ်ဟာ နိုင်ငံမှာရှိတဲ့ အခြေခံ လူတန်းစားတွေ အတွက်လည်း ဘာထိခိုက်မှုမှ မရှိနိုင်ဘူး။ မြန်မာလူမျိုး ၉၀ ရာခိုင်နှုန်းက ဝဘ်ဆိုက်တို့ ဘာတို့က ဈေးမဝယ်တက်ပါဘူး။ ၁ ကျပ်တန် ပစ္စည်းကို ၁၀ ပြားနဲ့ ရောင်းမှ ဝယ်မှာပါ။ ၉၆၉ ပြောပြော၊ ၇၈၆ ပြောပြော ဘယ်သူမှ ကြည့်မှာ မဟုတ်ပါဘူး။ အခုခေတ်က စီးပွားရေး ပြိုင်ဆိုင်မှုပဲ ရှိပါတယ်။ ဆက်ဆံရေး ပြိုင်ဆိုင်မှုတွေက မရှိတော့ပါဘူး။ ဝယ်တဲ့သူ ရွေးချယ်ခွင့်က အဓိက ကျတာပါ” ဟု သုံးသပ်သည်။

အဆိုပါ ဝဘ်ဆိုက်မှာ လက်ရှိ သတင်းရေးသားချိန်တွင် ဆိုင်းငံ့ထားကြောင်းသာ တွေ့ရှိရပြီး ဇွန်လကုန်ပိုင်းတွင် စတင်ဖွင့်နိုင်မည်ဟုလည်း သိရှိရသည်။

၉၆၉ တံဆိပ်အား သာဿနာ ညှိးနွမ်းမည့် နေရာများတွင် အသုံးမပြုရန် ဇွန်လ ၁၄ ရက်နေက မှော်ဘီမြို့နယ် တွင် ပြုလုပ်သော သံဃာတော်များ သြဝါဒ ခံယူပွဲနှင့် ညှိနှိုင်းဆွေးနွေးပွဲမှ တားမြစ်ခဲ့သည်။
စောဇင်ညီ
Mizzima - News in Burmese

အမှုမှန်ပေါ်ပေါက်ရေးခေါ်ယူစစ်ဆေးရာ အမှုမှန်မပေါ်ဘဲ ရုပ်အလောင်းသာ ပေါ်ခဲ့


ပုသိမ်မြို့  လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာမှ မသန်းသန်းအေးအား ရဲတပ်ဖွဲ့ ဝင် များမှ စစ်ဆေးရန်ခေါ်ယူသွားပြီး မိသားစုဝင်များကို တွေ့ ခွင့်မပေးဘဲ တပတ်ခန့် ကြာသောအခါ လက်ထိပ်နောက်ပြန်နှင့် ရုပ်အလောင်းကို မြစ်တွင်းမှ တွေ့ ရှိခဲ့ ကြောင်း သတင်းရှိသည်။






မသန်းသန်းအေး၏ ရုပ်အလောင်းအား ပုသိမ်မြို့  လူမှုရေးအဖွဲ့ များမှ နေ့ လည် ၂ နာရီ အချိန်တွင် သစ်ညိုကုန်း သုဿန်တွင် မြုပ်နှံလိုက်သည်။
Heinn Htet

အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ဖို့ လူကုန်ကူးသူတွေကို ထိုင်းရဲက ဖမ်းဆီး

အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ဖို့ လူကုန်ကူးသူတွေကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။
ရိုက်ကူး - ကိုဂျိုး

DVB TV News

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်မာဆက်ဆိုင်ရှေ့တွင် လမ်းသွားလမ်းလာများအား ရန်ရှာရာမှ အုပ်စုဖွဲ့ရိုက်ပွဲဖြစ်


မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်မာဆက်ဆိုင်သို့ လာရောက်သောက်စားသော လူအုပ်စုတစ်စုမှ (၁၆.၆.၂၀၁၃)နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က အရက်အလွန်အကျွံ မူးအောင် သောက်ကြပြီးနောက် ဆိုင်ရှေ့သို့ထွက်ကာ လမ်းပေါ်တွင်သွားလာနေသော ဆိုင်ကယ်စီးသူများအား တားဆီးနှောင့်ယှက်ရာမှတစ်ဆင့် လူငယ်အုပ်စု တစ်စုနှင့်တွေ့ကာ အပြန်အလှန် ရိုက်နှက်ကြရာမှ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

"ဒါများ အဆန်းလုပ်ပြီး ဖုန်းဆက်ပြီးမေးနေရသေးတယ်၊ အဲဒီ ကေတီဗွီမာဆက်နားမှာ အဲဒီလိုရိုက်မှုတွေ၊ ဆိုင်ကယ်အက်စီးဒင့်တွေက ခဏခဏ ဖြစ်နေတာပဲ။ ဆိုင်မှာ လာသောက်စားကြ၊ ပြီးရင် လမ်းသွားလမ်းတွေပါ မချန် ပြဿနာလိုက်ရှာတာ ရန်တွေဖြစ်တာက ရိုးနေပါပြီ။ ဒါ ရပ်ကွက်ထဲမှာ ကေတီဗွီ၊မာဆက်တွေ ဖွင့်ခွင့်ပေးလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ" ဟု မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

"အဆောင်က ကျောင်းသားတွေဆိုရင် အဲဒီကို ခဏခဏသွားကြတယ်၊ အိမ်ကပို့သမျှ ပိုက်ဆံလည်း အဲဒီ ကေတီဗွီသွားတာနဲ့ ကုန်ကြတာပဲ၊ အဲဒီတက္ကသိုလ်နားလေးကဆိုင်က မာဆက်လည်း ရတယ်။အဆောင်လခတောင် ပုံမှန်မပေးနိုင်ဘူး" ဟု ကွန်ပျူတာတက္ကသိုလ်အနီးတွင် ယောကျာ်းလေးဆောင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။

"အရင်တုန်းက ဒီကွန်ပျူတာတက္ကသိုလ်နားမှာ အရက်ဆိုင်လေးတွေရှိတယ်၊ အဲဒါ ကျောင်းဧရိယာနဲ့မလွတ်လို့ဆိုပြီး သက်ဆိုင်ရာက ဖယ်ခိုင်းတယ်၊ ဒါမျိုးကြီး ကျောင်းနားမှာ ဟိန်းထနေအောင် ဖွင့်ထားပြီး အရက်ဘီယာတောင်မကဘူး အထဲမှာမိန်းမပေါင်းများစွာ ရှိနေတဲ့ဆိုင်မျိုးကိုကျ မသိသလိုလုပ်နေတယ်၊ ဒါတောင် ဒီရပ်ကွက်က ၀န်ကြီးချုပ်နေတဲ့ရပ်ကွက်၊ လွှတ်တော်ရှိတဲ့ရပ်ကွက်ဆိုပဲ" ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

အဆိုပါ မြို့သစ်ရပ်ကွက်အပြင် မုံရွာမြို့အနှံ့ ကေတီဗွီ၊ မာဆက်အတော်များများကို ဖွင့်လှစ်ထားကာ သူ၏ နောက်ကွယ်တွင် အနောက်မြောက်တိုင်း စစ်ဌာချုပ်မှ အငြိမ်းစားဗိုလ်မှူးတစ်ဦး က ကျောထောက်နောက်ခံ ပြုထားကြောင်း၊ အခြား ရှယ်ယာဝင်များလည်း ပါဝင်ကြောင်း သူနှင့်နီးစပ်ရာ အသိုင်းအ၀ိုင်းမှ သိရသည်။

မြို့သစ်ရပ်ကွက်နှင့် အခြား မုံရွာမြို့အနှံ့တွင်ရှိသော အခြား ကေတီဗွီ၊မာဆက်များမှာလည်း ဗိုလ်မှူး၊ ဗိုလ်ကြီးစသည်ဖြင့် ဗိုလ်များနှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြောင်း၊ အချို့မှာလည်း အာဏာပိုင်များနှင့် နီးစပ်သူများဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီမိုကရေစီပြယုဂ်ဖြစ်သော လွှတ်တော်ကြီး တည်ရှိရာ မြို့သစ်ရပ်ကွက်သည် ဖာရပ်ကွက်ကဲ့သို့ ဖြစ်နေကြောင်း၊ ရပ်ကွက်သူရပ်ကွက်သားများမှာလည်း ညည်းတွားအပြစ်တင်လျက်ရှိကြကြောင်းကိုလည်း သိရသည်။

ကေတီဗွီ၊ မာဆက်ဖွင့်ပြီး စီးပွားရေးသမားများ၏ အကွက်ရှာ ငွေကြေးရှာဖွေမှုများကို ခွင့်ပြုထားသောကြောင့် တက္ကသိုလ်ကျောင်းသားများ၏ ပညာရေး စိတ်မ၀င်စားနိုင်တော့သော အခြေအနေ၊ ၊ ရပ်ကွက်နေ မိကောင်းဖခင်သမီးများ ညပိုင်းအပြင်မထွက်ရဲသောအဖြစ်၊ လမ်းတွင် ဆိုင်ကယ်မောင်းရင်းဖြင့် ကိုယ့်အား အမူးသမားများက တားဆီးပြီး ပြဿနာရှာ ရန်လုပ်မည်ကို စိုးရိမ်နေရသောအဖြစ် စသည်ဖြင့် စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်များစွာသည် ရပ်ကွက်အတွင်းတွင် ရိုးသားအေးဆေးနေထိုင်ကြသော ပြည်သူလူထုများထံသို့ စိမ့်ဝင်ရောက်ရှိနေသည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကေတီဗွီ၊မာဆက်သွားရမှတစ်ဆင့် ထိတွေ့သာယာမှုများကြောင့် စွဲလမ်းသွားသည့် ယောကျာ်းဖြစ်သူကြောင့် ဒူးနှင့်မျက်ရည်သုတ်နေရသော အိမ်မှာကျန်ခဲ့သည့် မယားကြီးများ၊ ဖခင်၏ အငွေ့အသက်ကို မရရှိသည်မှာ ကြာပြီဖြစ်ကြသော ကလေးငယ်လေး များ၊ ပျောက်ဆုံးသွားသော မိသားစု ညစာများ၊ မှိုင်းမိရာမှတစ်ဆင့် ညတင်မက နေ့ခင်းပိုင်းတွေထိပါ လာရောက်စားသောက် ပျော်ပါးရာမှတစ်ဆင့် လူမှုရေး၊စီးပွားရေး ချွတ်ခြုံကျသွားကြသူများ၊ ငါ့မှာလည်း ပိုက်ဆံရှိတဲ့တစ်နေ့ ဒါမျိုးသွားပြီး ကဲလိုက်ဦးမယ်ဟု တေးမှတ်ထားသော အခြေခံလူတန်းစားများ၊ ထိုနေရာမှာ ပျော်ပါးနေသူများမှာ ငွေရေးကြေးရေး များစွာအဆင်ပြေနေသောကြောင့် လာရောက်သည်ကို သတိမထားမိဘဲ မိမိ၏လစာငွေလေးကို တစ်ညတည်းဖြင့် ကုန်အောင် ဖြုန်းမိရှာသော အတုခိုးမှား အပျော်ရှာမိသည့် လခစားလေးများ၊ စူးစမ်းချင်စိတ်အရှိဆုံး အတုမြင်အတတ် သင်လွယ်သည့် ဆယ်ကျော်သက်ကလေးမလေးများ၏ မြင်ကွင်းတွင် မြင်တွေ့နေရသည်မှာ ဆံပင်နီများဆိုးထားသော၊ မိတ်ကပ်ဖွေးနေအောင် လိမ်းထားသော၊ အ၀တ်အစား အကောင်းစားများအား ဖက်ရှင်ကျကျ ၀တ်စားထားကာ ငါးထောင်တန်အုပ်လိုက် ကိုင်သုံးနေသော မော်ဒယ်မြင့်ဖုန်းများ ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်လေးများ အုပ်စုလိုက် ရယ်ကာမောကာ ရှော့ပင်းထွက်နေကြသည့် မြင်ကွင်းသည် အဆိုပါကလေးများ၏ အတုယူစရာ ဖြစ်သွားမည်ဆိုပါက မုံရွာမြို့၏ အနာဂတ်ဆိုသည်မှာ ရင်လေးဖွယ်ရာပင် ဖြစ်တော့သည်။

တက္ကသိုလ်များစွာရှိသော မုံရွာမြို့သို့ လွှတ်ကာ မိမိ၏ သားသမီးကို တက္ကသိုလ်တက်ခိုင်းရမည့် မိဘများအတွက်ဆိုလည်း မုံရွာမြို့သည် ကေတီဗွီ၊ မာဆက် ပေါများရာမြို့၊ ရိုက်ပွဲနှက်ပွဲများ ခဏခဏဖြစ်ရာမြို့၊ ဆိုင်ကယ်အက်စီးဒင့် ခဏခဏဖြစ်ရာမြို့ ဖြစ်နေသည် ဖြစ်တော့ရာ မိမိ၏ သားသမီးအား မုံရွာသို့ ပညာသင်စေလွှတ်ရမည့် အခြားမြို့ရွာမှ မိဘများအတွက်မူ အတော်ပင် ရင်လေးဖွယ်ရာ ဖြစ်ပေတော့သည်။
 ThanLarWaddy Times

အသက် ၁၂ဝ ကျော်၊ ရည်မှန်းချက်ရှင်သန်ဆဲ မြစ်နှစ်ယောက်ကို ရှင်ပြုပေးချင်သေးသည်တဲ့

အသက် ၁၂ဝ နှစ်ကျော်ပြီဆိုတော့ မျက်စိမှုန်လာသည်။ အသံကို အနည်း ငယ်ကြားရသည်။ အတိတ်ကို ပြန်လှည့် ကြည့်သည့်အခါ တချို့အကြောင်းအရာ များက ဟိုရောက်သည်ရောက်၊ ဇရာက အတိတ်ကို ဝေဝါးစေသည့်သဘော။ သို့ သော် အရာတိုင်းသည် ဝေဝါးနေခြင်းမျိုး တော့ မဟုတ်။ အချို့သော အတိတ်သည် အလင်းပြန်မှုအားကောင်းသော မှန်တစ်ချပ်လို ကြည်လင်စွာ။

''အဖွားငယ်ငယ်က စစ်ဖြစ်တော့ အဖွားကထိန်ကုန်းမှာနေတာ။ ကြောက် လို့ဆိုပြီး အနောက်ဘက်မယ်တော်စုကို နွားလှည်းနဲ့ ပြန်တာ။ အပြန်လမ်းမှာ ဂျပန်တွေက နွားနှစ်ကောင်လုံးရဲ့ နဖား ကြိုးကိုကိုင်ထားတာ။ ပြီးတော့ သေနတ် ကို မိုးပေါ်ထောင်ပစ်ပြီး အကုန်လုံးကို ဆင်းခိုင်းတယ်။ အဖွားနဲ့ အဖွားသမီးက လှည်းပေါ်မှာ စောင်ခြုံကြီးနဲ့။

နွားလှည်း ဆရာကလက်ဟန်ခြေဟန်နဲ့ နေမကောင်း ကြောင်း ရှင်းပြတာ မရဘူး။ စောင်ကို ဇွတ်လှန်တော့မှ အဖွားရော သမီးမှာ ကျောက်ဖြူတွေ ပေါက်နေတာတွေ့သွား တော့
ရန်မပြုတော့ဘဲ ထွက်သွားတယ်။ လူသေအလောင်းတွေတင်ဖို့ လှည်းကို လုတာလေ''ဟု အဖွားက ဆိုသည်။

အဖွား၏အမည်မှာ ဒေါ်မြကြည်။ မြန်မာ သက္ကရာဇ် ၁၂၅၄ ခုနှစ် သတင်း ကျွတ်လဆန်း ၁ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ်၊မယ်တော် စုရွာတွင်မွေးဖွားခဲ့သည်ဆိုတော့ အသက် အားဖြင့် ၁၂၁ နှစ်သို့ပင်ရောက်ပြီ။

အသက်က ၁၂ဝ ကျော်သော် လည်း အမရပူရမြို့နယ်၊ ပေါက်ချိုင်ကုန်း ရွာ၊ ရွာဦးကျောင်းဘေးတွင် အိမ်ကလေး ဆောက်၍ တစ်ဦးတည်း နေသည်။ အဖွားက သီးသန့်သာ နေချင်သည်တဲ့။ မည်သူ့နောက်မှ လိုက်မနေ။

အဖွား၏ မြေး မမူဝင်းမိသားစုက ရွာထဲမှာနေ။ အဖွား၏ ဝေယျာဝေစ္စလုပ် ပေးပြီးလျှင်ပြန်။ အတူလာနေသည်ကို မကြိုက်။ အတင်းနှင်ထုတ်သည်ဟု မမူ ဝင်းက ပြောသည်။

''လေယာဉ်ပေါ်က ဗုံးကြဲချရင် အောက်မှာ လူသေအလောင်းတွေ အ များကြီးပဲ။ ပုပ်စော်ကလည်း နံဟောင် နေတာပဲ။ လင်းတတရုန်းရုန်းနဲ့။ ထမင်း ချက်ရင်တောင်မီးခိုးမထွက်ရဘူး။ ထွက် ရင် လေယာဉ်ပေါ်က ဗုံးကြဲချတယ်။ တော်တော်ဆိုးဆိုးဝါးဝါးပဲ''ဟု အဖွားက ထပ်ပြောပြသည်။

အဖွားပြောသည့် ဒုတိယကမ္ဘာစစ် အတွေ့အကြုံ ဖျတ်ခနဲ အရိပ်တစ်ကွက်။ အဖွားပြောသလိုတော်တော့်ကို ဆိုးရွား ခဲ့လို့လားမသိ စစ်၏အနိဋ္ဌာရုံ ပုံရိပ် အချို့မှာ ယနေ့တိုင် စိမ်းစိုလို့။

အဖွားက အသက် ၁၆နှစ်မှာ အိမ် ထောင်ကျတာလို့ ပြောတော့။ ရှက်သံဝဲ နေသောအသံနှင့် ခပ်ရှက်ရှက်ပြုံးလို့။

''မောင်နီဆိုတဲ့လူနဲ့ ကလေးနှစ် ယောက်ရတယ်။ ယောက်ျားကတော့ အဖွားအသက် ၃၅ နှစ်အရွယ်မှာ ဆုံး သွားတယ်''ဟု ပြောသည်။ နံဘေးတွင် ရှိနေသော အဖွား၏ မြေးဖြစ်သူ မမူဝင်းက အဖွားက အိမ်ထောင်သုံးဆက်ကျခဲ့သောကြောင့်အိမ် ထောင်ရေးအကြောင်း မေးလျှင် သိပ်မကြိုက် ရှက်တတ်သည်ဟု ဆိုသည်။

အဖွားကတော့ အကြားအာရုံ အထိုက်အလျောက် ချို့တဲ့နေပြီမို့ မြေး ဖြစ်သူ၏ စကားကြားဟန် မတူ။ အဖွား ၏ မျက်လုံးများမှာ ငေးရီမှိုင်းဝေလျက်။ ရသလောက် အသိအာရုံဖြင့် အတိတ်ကို ခြေရာ ပြန်ခံနေသလား မသိ။ မြေး မမူဝင်းက ပထမဦးဆုံး ဦး သိန်းဆိုသူနှင့် အိမ်ထောင်ကျ၊ မသန်း ညွန့်နှင့် ဦးခိုဟူသည့် သားသမီး နှစ်ဦး ထွန်းကား၊ ဒုတိယဦးအောင်ဘနှင့် အိမ်ထောင်ကျ၊

မလှမြိုင်နှင့် ဒေါ်ညို တင်တို့ ကို မွေးဖွား။ နောက်ဆုံးအိမ်ထောင်ရေး မှာ ဦးနီဆိုသူနှင့်။မကုလားမနှင့် မသေး မာတို့ကို မွေးဖွား။ လက်ရှိတွင် မကုလား မ (၆ဝ)နှစ်နှင့် မသေးမာ (၇၅)နှစ်တို့ သာ ကျန်ရှိတော့ကြောင်း ပြောပြသည်။

အဖွားသည် ရွာဦးကျောင်းတွင် တစ်ကိုယ်ရေ နေထိုင်သော်ငြား ဧည့်က တော့ မပျက်။ အသက် ၁၂ဝ ကျော် အ ဖွားအပေါ် တစ်ရွာလုံးက ဂုဏ်ယူမ ဆုံး။ ရွာထဲသို့ ဧည့်လာပြီဆို များသောအားဖြင့် အဖွားထံသို့ပင် ဖြစ်သည်။ အဖွားသတင်းကြားသူများက အဖွားဆီသို့ စုံစမ်းပြီး လာကြသည်။ လှူဒါန်းကြ သည်။ လစဉ် ၅ ဦးနှင့်အထက် အလှူရှင်ရှိသည်ဟု မမူဝင်းက ပြောသည်။

''သူရတဲ့ပိုက်ဆံ သူ့ဘာသာခေါင်းရင်းက သေတ္တာလေးထဲ ထည့်ထားတယ်။ တစ်ခါတလေကျွန်မတို့ကို မုန့်ဖိုး ပေးတယ်''ဟု မမူဝင်းက ပြောပြသည်။

အဖွားသည်ရလာသည့် အလှူငွေများကို သေတ္တာထဲထည့်၍ ကျစ်ကျစ်ပါ သိမ်းထားသည်တော့ မဟုတ်။ ရသမျှ အလှူဆင့်ပွားလှူဒါန်းခြင်းဖြင့် ကုသိုလ်ပွားသည်။

ဘုန်းကြီးကျောင်းတွင် ဘုရားတည်သည်။ ရေအိုးစင်ဆောက်သည်။ ဆက်တီခုံလှူသည်။ ရွာအတွက် လမ်း ဖောက်သည်။ ရွာထိပ်တွင် ဇရပ်တည်သည်။

''အဖွားကို လှူသမျှငွေ အဖွားက ပြန်လှူနေဦးမှာ''ဟု ကြည်လင်သော မျက်နှာဖြင့် အဖွားက ပြောသည်။အဖွားက သူများအားမကိုးချင် အားနာ၍ ဖြစ်သည်။ ''ထလည်း အကူနဲ့ ထိုင်လည်း အကူနဲ့ ဘယ်သူက ရေရှည် လုပ်ပေးချင်မှာတုန်း''ဟု အဖွားက ပြောသည်။

ထို့ကြောင့်ပင် ရွားဦးဘုန်းကြီး ကျောင်းဘေး တစ်ယောက်တည်းနေသည်။ မနက်လင်းလျှင် လာလှူထားသော မုန့်အချို့(ဘီစကစ်၊ အိုဗာတင်း) တို့ကို မမူဝင်းတို့မိသားစုမှ အားတဲ့လူ လာတိုက်ရသည်။ နေ့လယ် ထမင်းတစ်နပ်သာ စားပြီးညနေစာ လှူထားသည့် မုန့်သာ စားသည်ဟု မမူဝင်းက ပြောသည်။ ကြက်သား၊ ဝက်သား၊ ငါး လုံးဝ စားခြင်း မရှိဘဲ ငါးခြောက်သာ တစ်ခါ တလေ စားသည်ဟု ဆိုသည်။ ညနေ ၅ နာရီကျော်လျှင် ဘုရားဝတ်ပြုပြီး အိပ်သည်ဟု ဆိုသည်။

ထူးဆန်းသည်မှာ အဖွားက ကြက်ကလေးတစ်ကောင်မွေးထားသည်။ နဂိုက နှစ်ကောင်မွေးသည်ဟု ဆို၏။ တစ်ကောင်သေသွားပြီး တစ်ကောင်သာ ကျန်သောကြောင့် အဖွားက ကြက်နာမည်ကို အထီးလားအမလားမသိ မိကျန်ဟုသာ ပေးထားသည်။ အဖွားက ကြက်လေးကို အရမ်းချစ်သည်ဟု အဖွား၏မြေး မမူဝင်းက ပြောသည်။ မျက်စိအောက်က အပျောက်မခံ။ ကြက်က လည်း အဖွားခေါ်လျှင် လာသည်ဟုဆို၏။ ညအိပ်လျှင် အဖွားရင်ခွင်ထဲ ဝင်အိပ်သည်။

''ကျွန်မတို့က အဖွားကို ဆိတ်မှာစိုးလို့ ကြက်ကို ခဏခဏ ဝှက်ထား ဖူးတယ်။ ကြက်ပျောက်ရင် ငိုတော့တာပဲ။ ပြန်မရောက်မချင်း ငိုတာ။ အဲဒီလို အခါမျိုးဆို ကျွန်မကို သုံးလေးရက် လောက်ထိစကားမပြောတော့ဘူး။ အဲဒါနဲ့ ကျွန်မလည်း နောက်မလုပ်ရဲတော့ဘူး''ဟု မမူဝင်းက ဆိုသည်။

အဖွားက ကျန်းမာသည်။ ယခု အချိန်အထိ ရောဂါကြီးကြီးမားမား ဖြစ် ခဲ့ဖူးခြင်း မရှိ။ ''စစ်တုန်းက ကျောက်ဖြူ ပေါက်တုန်းကသာ ကြီးကြီးမားမား ရောဂါဖြစ်ဘူးတာ''ဟု အဖွားက ပြောသည်။ အဖွားအားကျန်းမာရေးဒါနအဖြစ် လစဉ် လာကုပေးသည့် လူငယ်ဆရာဝန်လေး တစ်ဦးရှိသည်။

အဖွားတစ်ခုခုဖြစ်လျှင် ခေါ်တိုင်းလာသည်ဟု မမူဝင်းကပြောသည်။ ထိုဆရာဝန်လေးမှာ ကိုအောင် ခိုင်ဦး ဖြစ်သည်။

''ကြီးကြီးမားမားရောဂါမရှိဘူး။ တစ်ခါတလေ အားနည်းတာ။ အစား သိပ်မစားတာလောက်ပဲ ရှိတာ။ အခု ရက်ပိုင်းဆို နေတအားပြင်းတော့ နည်းနည်းနုံးတာလောက်ပဲ ရှိတာ။ သွေးပေါင်လည်း ကောင်းတယ်''ဟု ဒေါက်တာ အောင်ခိုင်ဦးက ပြောသည်။

အဖွားက အသက် ၁၂ဝ ကျော် နေရသောကြောင့် ကျေနပ်သည်ဟု ဆိုသည်။ နောက်ထပ်လည်း လှူချင်သေးသဖြင့် အသက် ဆက်ရှည်ချင်သေး သည်ဟုဆို၏။

အဖွားတွင်သားသမီး ခြောက်ယောက် မြေးပေါင်းဆယ်ဂဏန်း ကျော်။ မြစ်ဆိုသည်ကား မည်မျှရှိမည်ကို တွက်ဆမရနိုင်တော့။ တချို့တွေ အဝေးတစ်နေရာရောက်သွား၍ ဖြစ်သည်။ အဖွား သက်ရှိထင်ရှား ရှိသေးသည်ကို အချို့မြေးတွေ မြစ်တွေမသိရှိကြတော့။ မြန်မာနိုင်ငံအနှံ့အပြားတွင် ရောက်ရှိ နေကြပြီဟုမမူဝင်းကပြောသည်။''တချို့တွေဆို ရှမ်းပြည်ဘက် ရောက်ကုန်တယ်လို့ ကြားတယ်''ဟု မမူဝင်းက ပြောသည်။ သို့သော် အဖွားအား တီတီတာတာပြောပြီး အဖွားကိုလည်း ချစ်၊ အဖွားကလည်း ချစ်သည့် ကျောင်းနေအရွယ် မြစ်နှစ်ယောက်ရှိသည်။ ထိုက လေးနှစ်ယောက်မှာ တခြားသူမဟုတ် မမူဝင်း၏သားနှစ်ယောက် ဖြစ်သည်။

''အဖွားလှူချင်သေးတယ်။ မသေ ချင်သေးဘူး။ ဒီမြစ်နှစ်ယောက်ကို ရှင်ပြုပြီးမှ သေချင်သေပေါ့။ ဖြစ်ချင်ရာ ဖြစ်ပါ။ အဖွားပိုက်ဆံစုပြီး လှူဖို့ကြိုးစားဦးမယ်''ဟု အဖွားဒေါ်မြကြည်က ပြောသည်။

၁၂၅၄ ခုနှစ်မှ ယနေ့အချိန်ထိဟု ဆိုပါလျှင် အသက် ၁၂၁ နှစ်ထဲမှာပင်။ မြန်မာနိုင်ငံ၏ အသက်ကြီးဆုံး အဖွား အိုဟု ဆိုနိုင်သည်။ ထို့အပြင် ကမ္ဘာ့အ သက်အကြီးဆုံးသူဟုလည်း ဆိုချင် ဆို နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ၁၁၅ နှစ်ဖြင့် ဂျပန်လူမျိုးတစ်ဦးက ဂင်းနစ်မှတ်တမ်းတင်ထားခြင်းကြောင့်ဖြစ်သည်။ မကြာသေးခင်အချိန်က အဖွားဒေါ်မြကြည်အား ဂင်းနစ်မှတ်တမ်းတင် ဖို့လူနှစ်ယောက်လာရောက်စစ်ဆေးဖူးသည်ဟု အဖွား၏ မြေး
မမူဝင်းက ပြောသည်။

''လူနှစ်ယောက်လာကြည့်သွားတယ်။ ဘယ်သူတွေလည်းတော့ မသိဘူး။ ပြောတာတော့ စံချိန်တင်ဖို့ဆိုလားပဲ။ အဖွားကိုရော သားသမီးတွေကိုရော မြေးတွေမြစ်တွေကိုရော စစ်သွားတယ်။ နောက်တော့ ပြန်မလာတော့ဘူးဟု မမူဝင်းက ပြောသည်။

အဖွားဒေါ်မြကြည်သည် ဂင်းနစ် မှတ်တမ်းတင်လျှင် တင်လို့ရနိုင်သည်။ ဂင်းနှစ်မှတ်တမ်းတင်လျှင် အဖွားဒေါ်မြ ကြည် ကမ္ဘာကျော်နိုင်သည်။ ကမ္ဘာမ ကျော်လျှင်တောင်မှ နိုင်ငံကျော်မည်ဖြစ်သည်။ သို့သော် အဖွားကမူ နိုင်ငံမ ကျော်သည်ဖြစ်စေ၊ ကမ္ဘာမကျော်သည် ဖြစ်စေ အသက် ၁၂ဝ ကျော်ခဲ့ပြီဖြစ်သည်။ စကားကောင်းစွာ ပြောနိုင်နေသည်။ လှူနိုင်တန်းနိုင်နေသေးသည်။ ရည်ရွယ်ချက်တွေ ရှိနေသေးသည်။ မျှော်လင့်ချက်တွေ ရှိနေသေးသည်။ ကမ္ဘာမကျော်လည်း ဘာမှမဖြစ်။ သူ၏ မြစ်နှစ်ယောက်ကို ရှင်ပြုဖို့သာ သူ၏ရည်ရွယ်ချက် ဖြစ်သည်။
ဖိုးလပြည့်
Popular Myanmar News Journal

စီဒီအမ်အေ ၈ဝဝ ငါးသိန်းဖုန်းပေါက်ဈေး ဆက်ထိုးဆင်း

ရန်ကုန်၊ ဇွန် ၁၅
စီဒီအမ်အေ ၈ဝဝ ငါးသိန်းဖုန်း ပေါက်ဈေးမှာ နှစ်သိန်းတစ်သောင်း အထိကျဆင်းသွားပြီဟု ဖုန်းဈေးကွက်မှ သိရသည်။ဒုတိယအကြိမ် ကျပ်တစ်ထောင့် ငါးရာတန်ဖုန်းများ ရောင်းချပေးသည့် အချိန်မှ စ၍ အထက်ပါဈေးဖြစ်ခဲ့ခြင်း ဖြစ်ပြီး ယင်းကာလမတိုင်မီ ကျပ်ငါးသိန်း ဖုန်းများ၏ ပေါက်ဈေးမှာ ကျပ်နှစ်သိန်း ခြောက်သောင်းဖြစ်သည်။

''ဒီဈေးပေါက်တယ်ဆိုပေမယ့် ဝယ်လက်ရှိမှ အလုပ်ဖြစ်တာပါ။ ဝယ် လက်မရှိရင်တော့ ဒီဈေးနဲ့ဝယ်ပြီး မ လှောင်ထားပါဘူး''ဟု ကျောက်တံတား မြို့နယ်မှ ဝါရင့်ဖုန်းအကျိုးဆောင် မစိုး က ပြောသည်။လက်ရှိဖုန်းပွဲစားဈေးကွက်၌ ရှိ သည့်မိုဘိုင်းဖုန်းပေါက်ဈေးမှာ ကျပ်ငါးသိန်း CDMA 450 MHz ဖုန်းမှာ ကျပ် နှစ်သိန်းလေးသောင်း၊ ကျပ်ငါးသိန်း ဂျီဖုန်းမှာ ကျပ်နှစ်သိန်းခုနစ်သောင်း၊ ကျပ်နှစ်သိန်းဂျီဖုန်းမှာ ကျပ်နှစ်သိန်း ငါးထောင်၊ ကျပ်ထောင့်ငါးရာတန် CDMA 800 ဖုန်းမှာ ကျပ်ခြောက် သောင်းငါးထောင်ဈေးရှိကြောင်း ယင်း ဈေးနှုန်းမှာပွဲစားများမှ ဝယ်ယူသည့်နှုန်း ထားများဖြစ်ကြောင်း သိရသည်။

''ပြန်ရောင်းတဲ့ဈေးကတော့ နှုန်း ထားတစ်မျိုးနဲ့ရောင်းတယ်။ ဈေးနှုန်းကို အရှင်ထားတယ်။ ဝယ်လက်က တကယ် ဝယ်ချင်တဲ့ပုံစံမျိုးဆိုရင်တော့ အရောင်း အဝယ်ဖြစ်အောင် ဈေးညှိပြီး ရောင်းပါ တယ်''ဟု ဗဟန်းမြို့နယ်ရွှေဂုံတိုင်ဆက် သွယ်ရေးဝင်းအနီးရှိ ဖုန်းပွဲစားကိုမောင် မောင်က ပြောသည်။

လက်ရှိဖုန်းပွဲစားအများစုမှာ မို ဘိုင်းဖုန်းများနှင့် ပတ်သက်၍ အင်တာ နက်၊ ကတ်ပျက်၊ ကတ်ပျောက်လျှောက် သည့်လုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်ခြင်းမရှိကြတော့ဘဲ ဖုန်းဝယ်ရောင်း ကိုသာ အဓိကလုပ်ကိုင်လာကြကြောင်း ယင်းဈေးကွက်မှ သိရသည်။ဈေးကွက်မိုဘိုင်းဈေးနှုန်းများ အတက်အကျဖြစ်ပေါ်ခြင်းသည် အစိုးရ မှ ရောင်းချပေးသည့် ဖုန်းအသစ် ထွက် ရှိမှုအပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲ မှုဖြစ်ပေါ်လျက်ရှိသည်။
PN-052
Popular Myanmar News Journal


အစာ

အချဉ်ပေါင်းမြေပဲ၊ ကွမ်းယာ၊ ကြံရေ၊ ရေခဲရေ စသည်တို့ကို နေ ပူမရှောင်မိုးရွာမရှောင်ဘဲ
ကားစီးခရီးသည်များအား ကားရပ်သည့်အချိန်ခဏလေးအတွင်း ရောင်းချ၍
ဝမ်းရေးကို ဖြေရှင်းနေရပြီး တစ်ခါတစ်လေ ယာဉ်အန္တာရယ်တွေ့ကြုံရသည့်
ကားဆိပ်ဈေးသည်ဘ၀များကို မန်းလေးမြို့ ဘုရားကြီးအနောက်မုခ်၊
စစ်ကိုင်း-မန်းလေးလမ်းတစ်လျှောက်နှင့် မြို့တွင်း ကားမှတ်တိုင်များ တွင်ဇွန်လ ၁၆ရက်နေ့တွင် ရိုက်ကူးထားပါသည်။

ဈေးရောင်းဈေးဝယ်လုပ်စားလျှင်တောင် အသက်အန္တရယ်ကင်းကင်း နေရိပ်ထဲမှာ
စံနစ်တကျ ရောင်းချချင်ကြ မှာပါဟု Asian Fame Media Group သတင်းထောက် ဖိုးလပြည့်
(မြစ်သား)မှ မှတ်ချက်ပြုပါသည်။
ဓာတ်ပုံ ဖိုးလပြည့်(မြစ်သား)
Popular Myanmar News Journal







နာတာရှည် ခါးနာခြင်းဝေဒနာရှင်များတွင် ၄၀%ခန့်အား အလွယ်ရနိုင်သောပဋိဇီဝဆေးများက ပျောက်ကင်းစေနိုင်

ကမ္ဘာပေါ်တွင် ခါးနာသည့် ဝေဒနာမခံစားဘူးသူ အတော် ရှား ပေလိမ့်မည်။ အများစုမှာ ခါးနာသည့် ဝေဒနာအား အနည်းဆုံး တစ်ကြိမ်ခန့် ခံထားဖူးကြလေသည်။ ခါးနာသည့် ဝေဒနာတွင် အချို့က ရက်ပိုင်းနှင့် သက်သာသွားလေ့ ရှိသော်လည်း အချို့မှာ နာတာရှည်ခံစားရကာ ဝေဒနာသက်သာရန် ကာယကုထုံး များ ၊ ဆေးဝါးအကူအ ညီများသာမက လိုအပ်ပါက ခွဲစိတ်မှုများပင် လုပ်ရ ပေသည်။

Mayo clinic ၏ စစ်တမ်းအရ အမေရိကန် လူဦးရေ၏ ၈၀%ခန့်မှာ ခါးနာဝေဒနာရှိကြပြီး အများစုမှာ နာတာရှည် ခံစားနေ ရကြောင်း သိရသည်။ ထို့ကြောင့် တောင်ပိုင်းဒိန်းမတ် တက္ကသိုလ်နှင့် ဘာမင်ဂမ်တက္ကသိုလ်တို့မှ ခါးရိုး သုတေသီများက လေ့လာမှုလုပ်ခဲ့ရာ နာတာရှည်ခါးနာမှုများ၏ ၄၀% ခန့်သည်ဝက်ခြံဖြစ်စေသော ဘက်တီး ရီးယားဖြစ်သည့် Propioni bac-terium Acnes နှင့်ဆက်စပ်နေ ကြောင်းတွေ့ခဲ့သည်။

ထို့နောက် လေ့လာသူများက ဆက်လက်၍ ၆ လအထက် နာတာရှည်ခါး အောက် ပိုင်း နာနေသူများအား amoxicillin နှင့် clavulanate ပဋိဇီဝဆေးအရော အားရက် ၁၀ဝ တိုက်ကျွေး၍ ရလဒ် ကို ကြည့်လိုက်ရာ ပါဝင်စမ်းသပ် ခံသူများ၏ ၈၀% ခန့်တွင် သက်သာ စွာပျောက်ကင်း ကြောင်းသိရသည်။ ထို့ကြောင့် ခါးဆစ်ရိုးကြား၊အရိုးနုပြား ချော်ထွက် ရောင်ရမ်းသောခါးနာ ခြင်းများမျိုးများနှင့် အချို့ခါးနာမှု များတွင် ပဋိဇီဝဆေးအား ကုထုံးတစ် ခုအနေဖြင့် သုံးသင့်ကြောင်း အကြံပြု ခဲ့သည်။ ထို့ပြင် ဦးနှောက်နှင့်အာ ရုံ ကြောပညာရှင်များက ယင်းတွေ့မှု ကို နိုဘယ်ဆုရနိုင်သည်ဟု ထင်ကြေး ပေးလျက်ရှိသည်။
ဖိုးသောကြာ
ref:MNT, Health Updates Journal

တောင်ကိုရီးယားသို့ တိုက်လေယာဉ်များ ရောင်းချရန် Boeing အဆိုပြု

Jun 20 13
အမေရိကန် လေကြောင်းပျံသန်းမှု နည်းပညာ ကုမ္ပဏီကြီးသည် ဒေါ်လာ (၇.၃)သန်းမျှ ကုန်ကျမည့် လေယာဉ်သစ်များ အင်အားဖြည့်တင်းရေး စီမံကိန်းအတွက် မိမိတို့ ပူးပေါင်း လုပ်ဆောင်လိုကြောင်း တောင်ကိုရီးယား အစိုးရထံ လျှောက်လွှာတင်ခဲ့


တောင်ကိုရီးယား စစ်တပ်အတွက် လိုအပ်သည့် တိုက်လေယာဉ်များ ဝယ်ယူရန် အဆိုပြုမှုတွင် Boeing ကုမ္ပဏီက စတင် ပါဝင်လာပြီ ဖြစ်သည်။ အမေရိကန် လေကြောင်းပျံသန်းမှု နည်းပညာ ကုမ္ပဏီကြီးသည် ဒေါ်လာ (၇.၃)သန်းမျှ ကုန်ကျမည့် လေယာဉ်သစ်များ အင်အားဖြည့်တင်းရေး စီမံကိန်းအတွက် မိမိတို့ ပူးပေါင်း လုပ်ဆောင်လိုကြောင်း တောင်ကိုရီးယား အစိုးရထံ လျှောက်လွှာတင်ခဲ့သည်။ Boeing၏ အဆိုပြုသည့် ငွေပမာဏသည် ဒေါ်လာ (၇)သန်းမျှ ဖြစ်နိုင်ဖွယ် ရှိသည်။

တောင်ကိုရီးယား အစိုးရသည် စစ်အင်အားကို ပြင်ဆင် ဖွဲ့စည်းရန်အတွက် တိုက်လေယာဉ်သစ် (၆၀)မျှကို ဖြည့်ဆည်း ဝယ်ယူသွားရန် စီစဉ်နေသည်။ Boeing မတိုင်မီကလည်း အထင်ကရ ကမ္ဘာကျော် လက်နက် လုပ်ငန်းကြီး နှစ်ခုသည်လည်း ယင်းအတွက် လျှောက်လွှာတင်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Boeingသည် ယခုအရေးဆိုမှုတွင် ၎င်း၏ F-15 Silent Eagleကို အဓိက အမည်တင်သွင်းဖွယ် ရှိနေပြီး EADS၏ နာမည်ကျော် Eurofighter Typhoon၊ Lockheed Martin၏ F-35 JSF တိုက်လေယာဉ်များနှင့် အားပြိုင်ရဖွယ် ရှိနေသည်။

တောင်ကိုရီးယား အစိုးရသည် လာမည့် သီတင်းပတ်အတွင်း ရွေးချယ် ဝယ်ယူမည့် စာချုပ်အတွက် ဆုံးဖြတ်မည် ဖြစ်သည်။ ယခု လက်နက်ပြောင်းလဲ တပ်ဆင်ခြင်းသည် တောင်ကိုရီးယား သမိုင်းတစ်လျှောက် အကြီးမားဆုံး လက်နက်ဝယ်ယူမှု စာချုပ်လည်း ဖြစ်လာမည်ဟု သိရသည်။ တောင်ကိုရီးယား လေတပ်သည် လက်ရှိ အသုံးပြုနေဆဲဖြစ်ပြီး သက်တမ်းရင့်နေသော F-4နှင့် F-5 တိုက်လေယာဉ် အုပ်စုများ နေရာတွင် ယခုလေယာဉ်သစ် (၆၀)ကို အစားထိုးသွားရန် ရည်ရွယ်ထားသည်။
Source: KomoNews, Planet Myanmar Network

စင်္ကာပူလေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ရောက်

Jun 20 13
လေထုညစ်ညမ်းမှု ညွှန်ကိန်းအဖြစ် တိုင်းတာသော PSI ယူနစ်သည် စင်္ကာပူအချိန် ကြာသပတေးနေ့ (ဇွန်လ ၂၀ ရက်) မွန်းလွဲ ၁ နာရီခန့်က 371တွင် ရှိနေကြောင်း ပညာရှင်များကဆိုသည်။

စင်္ကာပူနိုင်ငံတွင် မီးခိုးငွေ့များ ဖုံးလွှမ်းမှုသည် စိုးရိမ်ရသည့် အခြေအနေထိ ဆက်ရှိနေဆဲဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လေထုညစ်ညမ်းမှု ညွှန်ကိန်းအဖြစ် တိုင်းတာသော PSI ယူနစ်သည် စင်္ကာပူအချိန် ကြာသပတေးနေ့ (ဇွန်လ ၂၀ ရက်) မွန်းလွဲ ၁ နာရီခန့်က 371တွင် ရှိနေကြောင်း ပညာရှင်များက ဆိုသည်။ ယင်းသည် PSI ယူနစ် 198မှ လျင်လျင်မြန်မြန် မြင့်တက်လာခြင်းလည်း ဖြစ်သည်။ မကြာသေးခင် နာရီပိုင်းက PSI သတ်မှတ်ချက် ယူနစ် 299ရှိကြောင်း ကြေညာပြီး မကြာမီမှာပင် ဆက်လက် မြင့်တက်လာခြင်းဟု သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးငွေ့များသည် လေစီးကြောင်းနှင့်အတူ စင်္ကာပူသို့ ပါရှိလာပြီး လေထုညစ်ညမ်းစေသော မြူများအဖြစ် အုံ့ဆိုင်းနေခြင်း ဖြစ်သည်။



မလေးရှားရှိ ဒေသအချို့တွင်လည်း အလားတူ အခြေအနေ ကြုံနေရသည်။ ကြာသပတေးနေ့ နံနက်ပိုင်းတွင် PSIအဆင့်ကို 122ဟု သတ်မှတ်ထားရာမှ မြင့်တက်လာခြင်း ဖြစ်သည်။ PSIအဆင့် 300သည် အလွန်အန္တရာယ်ကြီးသည့် လေထုညစ်ညမ်းမှုဟု ညွှန်ပြသည်။ စင်္ကာပူတွင် ဖုံးလွှမ်းနေသော မီးခိုးမြူများသည် ဗုဒ္ဓဟူးနေ့တွင် ဘေးမကင်းသည့် အဆင့်သို့ စတင်ရောက်ရှိလာသည်။ ယမန်နေ့ ညပိုင်းက စင်္ကာပူ လေထု၏ PSI ယူနစ်သည် ကြောက်ခမန်းလိလိ မြင့်တက်ကာ 321ထိ ရောက်ရှိခဲ့သေးသည်။ ယင်းအခြေအနေတွင် စင်္ကာပူနှင့် အင်ဒိုအစိုးရတို့သည် ပိုမိုဆိုးရွားလာနိုင်သော လေထုညစ်ညမ်းမှု အလားအလာအတွက် ဆွေးနွေးတိုင်ပင်ရန် ပြင်ဆင်နေကြောင်းလည်း သတင်းများက ဆိုသည်။



စင်္ကာပူရှိ လေကြောင်း သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူများကလည်း လေထုမှုန်ဝါးမှု ပိုမို ဆိုးရွားလာမည်ကို စိုးရိမ်ကြောင်း ပြောကြားထားသည်။ စင်္ကာပူတွင် လေကြောင်း ထိန်းချုပ်မှု ဌာနသည် လေယာဉ် ခရီးစဉ်များ ပျံသန်းထွက်ခွာမှုကို ယခင်ကထက် အချိန်ခြား လုပ်ဆောင်ရန် ညွှန်ကြားနေရသည်။ စင်္ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အိမ်အပြင်ဘက်တွင် ကာလရှည်ကြာ အလုပ်လုပ်ရသူများ အနေဖြင့် မျက်နှာဖုံးတပ်ရန် တိုက်တွန်းထားကြောင်း သိရှိရသည်။
Source: Channel NewsAsia, Planet Myanmar Network

စင်ကာပူသွားမယ့် နှင်းဆီနဲ့ ချောင်းအရိုက် ခံရတော့မယ်ဆိုတဲ့ လက်ပံ

20/6/2013
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးတဲ့ နှင်းဆီခရီးသည် မော်ဒန်အငြိမ့်အဖွဲ့ဟာ လာမယ့် ဇွန် ၃၀ ရက်နေ့မှာ စင်ကာပူနိုင်ငံကို သွားရောက် ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

အဲဒီ ဖျော်ဖြေပွဲအတွက် စာနယ်ဇင်းရှင်လင်းပွဲကို ဇွန်၁၈ရက်နေ့က Park Royal Hotel မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဖျော်ဖြေရာမှာ ပါဝင်မယ့် အနုပညာရှင်တွေ ကတော့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ မိုးမိုး၊ တင်မောင်ဆန်းမင်းဝင်း၊ မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊မေကဗျာ၊ မိုးယုစံ၊ ၀ါဆိုမိုးဦး၊ သန္တာဗိုလ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက အခု နှင်းဆီအဖွဲ့ သွားရောက် ဖျော်ဖြေတာက ငါးကြိမ်မြောက် ဖြစ်ကြောင်း၊ ကပြဖျော်ဖြေတဲ့ အခါမှာ တနှစ်ထက်တနှစ် ပိုကောင်းအောင် ကြိုးစားခဲ့ပြီး တနှစ်က အမှားတွေကို နောက် တနှစ်မှာ မပါအောင်၊ ကောင်းအောင် ကြိုးစားရင်း အခုအချိန်ကို ရောက်ခဲ့ကြောင်း၊ အလုပ်လုပ်နေသရွေ့ အမှားကတော့ ပါနိုင်တဲ့ အကြောင်း၊ နောက်ထပ် အမှားတွေရှိနိုင်ပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ် ဆိုတဲ့ အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“အရေးကြီးဆုံး ဟြေချင်တာကတော့ နှင်းဆီအငြိမ့် ရန်ကုန်မှာ ကတယ်၊ အဲဒီ အချိန်မှာ ဘာဖြစ်လာလဲ ဆိုတော့ ခိုးကူးခွေ ထွက်လာတာ မိနစ်လေးဆယ် စာပဲ ကြာတယ်။ အမှန်တကယ် ကတာတော့ လေးနာရီကြာတာပါ။ အဲဒါကို ပရိသတ်တွေက ပြန်ကြည့်ပြီး ဒါကအဟောင်းကြီးပါ၊ ကြည့်ပြီးသား ဆိုပြီးဟြေကြတယ်။ အခု ကမယ့် နှင်းဆီခရီးသည်က လေးနာရီခွဲ ကြာပါတယ်၊ ပြက်လုံးတချို့ကိုလည်း ပြုပြင်ပြောင်းလဲသွားမှာပါ။ ပြက်လုံးအသစ်တွေကို အစားထိုးပြီး တင်ဆက်မှာပါ” လို့ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဆက်ပြောပါတယ်။

နှင်းဆီအငြိမ့် နာမည်ကို တနှစ်တခါ ပြောင်းနေကျအတိုင်း ဒီတစ်ခါ နှင်းဆီခရီးသည်လို့ပြောင်းထားတာပါ၊ မော်ဒန် အကတွေလည်း ပါတာမို့လို့ မော်ဒန်အငြိမ့်လို့ ပေးထားတာပါလို့ သူက ဧရာဝတီကို ဟြေပြသွားပါတယ်။

သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ကလည်း ဒီတခါတော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ခုနစ်ထွေအကကို ကြိုးစားပြီး တင်ဆက်မှာပါလို့ ဆိုပါတယ်။ ခုနစ်ထွေအကကို သူ အရင်က ကဖူးပေမယ့် အခု သေသေချာချာ လေ့ကျင့်ထားတယ်လို့ သိရပါတယ်။

ဝိုင်းက လက်ပံကြောင့် ချောင်းအရိုက်ခံရဖို့ နီးနေပြီတဲ့
ရုံတင်တော့မယ့် လက်ပံဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာဝိုင်းကလက်ပံဆိုတဲ့ ပန်းတပွင့် ပွင့်ဖို့ သူက ဥယျာဉ်မှူးလား၊ စစ်သူကြီးလား၊ ဖိုက်တာလား၊ လူမိုက်လား၊ သူက ဘာကောင်လဲတော့ မသိဘူး၊ သူ ချောင်းအရိုက် ခံရဖို့တော့ နီးနေပြီလို့ ပြောပါတယ်။

လက်ပံ ဇာတ်ကားပိုစတာ
ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်း တကားဖြစ်နိုင်တဲ့ လက်ပံ ဇာတ်ကားကြီးရဲ့ အထူးပွဲပြသခြင်းကို ဇွန်လ၁၆ရက်နေ့ နံနက်က သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ပံ ဇာတ်ကားကြီးကို ဒါရိုက်တာ ၀ိုင်းက ဖန်တီးပုံဖော်ထားပြီး ပြေတီဦး၊ စိုးမြတ်သူဇာ၊ ဖွေးဖွေးနဲ့ တခြား သရုပ်ဆောင် များစွာ ပါဝင် သရုပ်ဆောင်ထားတာပါ။

ပြေတီဦးကတော့ “လမ်းတခုကို ရိုးရိုးလေး လျှောက်ရတာထက်၊ စိန်ခေါ်မှုတွေနဲ့ လျှောက်ရတာကို ကျနော်ပိုကြိုက်ပါတယ်။ စိန်ခေါ်မှုတွေ ကြိုက်တဲ့ ကျနော့်ဘ၀မှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာ အနုပညာ လမ်းခရီးကိုလျှောက်တဲ့ အချိန်ကနေ ဒီနေ့ အထိပါပဲ။ ကျနော့်အနာဂတ် တခုလုံးနဲ့ ရင်းပြီး လောင်းကြေးထပ်ခဲ့ရတဲ့ စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ လက်ပံ ဇာတ်ကားက ကျနော့်ရဲ့ ဒုတိယ စိန်ခေါ်မှုပါပဲ။ ဒီပွဲမှာ ကျနော်နိုင်မှာလား၊ ကျရှုံးမှာလား ဆိုတာကတော့ ပရိသတ်ကြီးရဲ့ အဆုံးအဖြတ်ပါပဲ” လို့ ဟြေပါတယ်။

စိုးမြတ်သူဇာကတော့ချစ်တာကတော့ ချစ်တာပဲ၊ ခွင့်မလွှတ်နိုင်တာ ကတော့ ခွင့်မလွှတ် နိုင်တာပဲ၊ လာတောင်းပန်ရင် ခွင့်လွှတ်မိမှာ စိုးလို့ ကိုယ်ရှိမယ့် နေရာတောင် မဟြေဘဲ ကျောခိုင်း ထွက်လာခဲ့တာလို့ ဒီကားနဲ့ပတ်သက်ပြီး ဟြေပြပါတယ်၊

“လက်ပံဆိုတဲ့ အနီရောင်ပန်း ပွင့်ဖို့အတွက် ဖွေးရဲ့ ဆရာ ကိုဝိုင်းက ချော့တခါ၊ ခြောက်တလှည့် ပျိုးထောင်ခဲ့တယ်၊ ကာကွယ်ခဲ့တယ်၊ စွန့်စားခဲ့တယ်၊ ဖွေးတို့ အချိန်တွေအများကြီး၊ မျက်ရည်တွေ အများကြီး၊ အခက်အခဲတွေ အများကြီးကြားက ဒီလက်ပံပန်းလေး ပွင့်ဖို့ ဖြစ်လာခဲ့တယ်၊ ပွင့်မယ့်ပွင့်တော့လည်း ဖွေးနှလုံးသားပေါ်မှာ ဘယ်တော့မှ ပျောက်ပျက်မသွားမယ့် ထာဝရ လက်ပံပါပဲ” လို့ ဖွေးဖွေးက ဆိုပါတယ်။

လက်ပံ ဇာတ်ကားကြီးကို ပရိသတ်တွေ မကြာမီအချိန်မှာ ခံစားကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။
ဧရာဝတီ

တန်းဖိုးနည်းဖုန်း.......


AF ICartoons

ဆီးရီးယားသူပုန်ကို ထောက်ပံ့မယ့် စစ်ရေးအကူ အိုဘားမား ထုတ်ဖော်ခြင်းမရှိ

အမေရိကန်သမ္မတ အိုဘားမား နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲ တို့ရဲ့ ဘာလင်မြို့က ပူးတွဲသတင်းစာရှင်းလင်းပွဲ (၁၉ ဇွန် ၂၀၁၃)
20.06.2013
ဆီးရီးယားအစိုးရဟာ သူ့နိုင်ငံက သွေးထွက်သံယိုမှု များလှတဲ့ ပြည်တွင်းစစ်ထဲမှာ ထောင်သောင်းချီတဲ့ နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် သူ့ရဲ့ အုပ်ချုပ်ပိုင်ခွင့်အာဏာ ဆုံးရှုံးသွားပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။ ဒါပေမဲ့ ဆီးရီးယား သူပုန်တပ်ဖွဲ့တွေကို ဘယ်လို စစ်ရေး အထောက်အပံ့မျိုး ပေးမယ်ဆိုတာကိုတော့ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ အရှေ့အလယ်ပိုင်း စစ်ပွဲတစ်ခု ထပ်ပြီး ဖန်တီးဖို့အတွက် အမေရိကန်အစိုးရက လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေဟာ ချဲ့ကားပြီး ပြောဆိုတာဖြစ်တယ်လို့ ဂျာမဏီဝန်ကြီးချုပ် အန်ဂလာ မာကဲ (Angela Merkel) နဲ့ ဘာလင်မြို့တော်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား က ပြောကြားခဲ့ပါတယ်။

ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆတ် (Bashar al-Assad) အစိုးရက ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတာကို သူ သိကြောင်း မစ္စတာ အိုဘားမား ထပ်လောင်း ပြောဆိုခဲ့ပြီး ရုရှားနိုင်ငံက ဒီအချက်ကို သံသယရှိတယ်ဆိုတာ သူ သိကြောင်းလည်း ပြောပါတယ်။

အဲ့ဒီဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ ကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂကိုလည်း တိုက်တွန်းသွားပါတယ်။ ဆီးရီးယား အတိုက်အခံတွေကို ထောက်ပံ့ကူညီမှုနဲ့ နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့အတွက် ကြိုးပမ်းတာ အပါအ၀င် ဆီးရီးယားက အခြေအနေတွေကို ဆွေးနွေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က လန်ဒန်မှာ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဆီးရီးယားရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုမြို့ကနေ တူရကီနိုင်ငံ နယ်စပ်ကို ဆက်သွယ်ထားတဲ့ အရီဟာ လတာခီးယား (Ariha-Latakia) နိုင်ငံတကာ လမ်းမကြီးပေါ်က စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုကို အစိုးရဆန့်ကျင်ရေး သူပုန်တွေ ထိန်းချုပ်လိုက်နိုင်တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကြီးက ပြောဆိုခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးမှာ မြန်မာအခြေအနေ တိုးတက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry - လူမှောင်ခိုကူးမှု အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြောကြားနေစဉ် (၁၉ ဇွန် ၂၀၁၃)
20.06.2013
အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာထဲမှာ လူကုန်ကူးမှု ကျူးလွန်တဲ့ အဆိုးရွားဆုံးအဆင့် Tier 3 အဆင့်မှာရှိခဲ့တဲ့ မြန်မာနိုင်ငံကို အခုအခါမှာတော့ Tier 2 စောင့်ကြည့်စာရင်းထဲမှာ ပြောင်းလဲ ထည့်သွင်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကလေးစစ်သားသုံးတာ၊ အဓမ္မ လုပ်အားခိုင်းစေတာနဲ့ လူကုန်ကူးမှုတွေ ပပျောက်စေဖို့အတွက် ပြီးခဲ့တဲ့နှစ်ထဲမှာ ထူးထူးခြားခြား ကြိုးစား ဆောင်ရွက်ခဲ့ပေမဲ့ လူကုန်ကူးမှု ပပျောက်အောင် လုပ်ဆောင်ရမယ့် အနိမ့်ဆုံးစံချိန်မှီအောင် အပြည့်အ၀ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၂ ခုနှစ်အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ကမ္ဘာပေါ်မှာ လူမသိ သူမသိ သူတစ်ပါး အမြတ်ထုတ်တာ ခံနေရတဲ့သူ သန်းပေါင်း ၂၇ သန်းကျော် ရှိနေတာမို့ ဒီလူတွေအတွက် အရေးယူ ဆောင်ရွက်တဲ့အနေနဲ့ အခုလို အစီရင်ခံစာ ထုတ်ပြန်ရတာလို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ က ပြောလိုက်ပါတယ်။




“ခေတ်သစ် ကျွန်ပြုတဲ့အလုပ်ဖြစ်တဲ့ လူကုန်ကူးမှုကိုကြည့်ရင် ကမ္ဘာပေါ်မှာ လူပေါင်း ကုဋေနဲ့ချီပြီး အမြတ်ထုတ်တာကို ခံနေရတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒါကို ပပျောက်အောင်လုပ်ဖို့ သိပ်မလွယ်လှပေမဲ့ ဒါဟာ လုပ်ကို လုပ်ရမယ့်ကိစ္စပါ။”

မြန်မာနိုင်ငံဟာ အမျိုးသား၊ အမျိုးသမီးငယ်တွေနဲ့ ကလေးငယ်တွေကို လုပ်အား အဓမ္မစေခိုင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေသလို အမျိုးသမီးနဲ့ ကလေးငယ်တွေကို တခြားနိုင်ငံတွေကို လိင်ဖျော်ဖြေရေးအတွက် လူမှောင်ခို ခိုးပြီးပို့တာ ခံနေရတဲ့ နိုင်ငံလည်းဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီပြစ်မှုတွေကို ကျူးလွန်နေသူတွေထဲမှာ ပုဂ္ဂလိက ပွဲစားတွေသာမက အစိုးရ အရာရှိတွေပါ ပါနေတာက ပြဿနာကို ပိုပြီး ကြီးထွားစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ အခုထိ မရပ်စဲသေးတာမို့ အဲ့ဒီဒေသတွေမှာ ပေါ်တာဆွဲတာ၊ လုပ်အားအဓမ္မ ခိုင်းစေတာနဲ့ ကလေးစစ်သား သုံးတာကို အများဆုံး တွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရပ်ခြားမှာ အဓမ္မ လက်ထပ်တာအပါအ၀င် နယ်စပ်ဒေသ လူမှောင်ခိုကူးမှု ပပျောက်အောင် မနှစ်က မြန်မာအစိုးရဘက်က ဥပဒေတွေ ပြဌာန်းပြီး ကြိုးစားခဲ့ပေမဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးတာနဲ့ အပြစ်ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးတာမျိုး ဆက်ပြီး လုပ်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ၉ ဦးကို ဖမ်းဆီးခဲ့တာနဲ့ စစ်ဘက်က တာဝန်ရှိသူတွေပါလာရင် အဂတိလိုက်စားတာနဲ့ တာဝန်ယူမှုမရှိတာတွေကို တွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ က အမေရိကန်အစိုးရအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာမှာ တာဝန်ယူ လုပ်ဆောင်မှု အဆင့်လိုက်ခွဲပြီး ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အစီရင်ခံစာတွေကြောင့် တိုးတက်လာတဲ့နိုင်ငံတွေ ရှိလာခဲ့တယ်လို့ ပြောပါတယ်။

“အခုလို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အစီရင်ခံစာ ထုတ်ပြန်ရတဲ့ အကြောင်းရင်းကလည်း ဒီအစီရင်ခံစာဟာ မှန်မှန်ကန်ကန် ရိုးသားစွာနဲ့ တင်ပြထားတာမို့ အားလုံးက အလေးထားပြီး ဒီကိစ္စကို ဆွေးနွေးလာကြတာ တွေ့ရပါတယ်။ အခု လေ့လာချက်တွေအရ Tier 3 လို့ ဆိုးရွားတဲ့ စာရင်းမှာ ထည့်ထားတဲ့ နိုင်ငံတွေက ၂ ဆတိုးပြီး အရေးယူလုပ်ဆောင်လာတာ တွေ့ရပါတယ်။”

အရင် Tier 3 ကနေ အခု Tier 2 စောင့်ကြည့်အဆင့်ကို ရောက်သွားပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အစိုးရက ပြီးခဲ့တဲ့နှစ်ထဲမှာ အဖွဲ့အစည်း ၂၆ ခုနဲ့ NGO တွေ ပါဝင်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုဌာနကို ဖွဲ့စည်းပြီး ကလေးစစ်သားအပါအ၀င် လူကုန်ကူးခံရမှု မျိုးစုံအတွက် ကာကွယ်မှုတွေကို တိုးပြီး လုပ်ဆောင်လာတာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်က ပထမဆုံးအကြိမ်အဖြစ်နဲ့ စစ်ဘက်အရာရှိ ၃၇ ဦးကို တရားမ၀င် စစ်သားစုဆောင်းမှုနဲ့ အရေးယူခဲ့သလို၊ လွှတ်တော်က အဓမ္မလုပ်အားပေး ခိုင်းစေမှု လုပ်နိုင်တဲ့ ဥပဒေနှစ်ခုကို ဖျက်သိမ်းပေးခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူကုန်ကူးခံရသူ ဘယ်သူဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အကူအညီတွေ ပေးခဲ့သလို ၂၀၁၁ ခုနှစ် စက်တင်ဘာမှာ အရေးပေါ်အကူအညီအတွက် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ချထားပေးခဲ့တာမို့ လူကုန်ကူးခံရတဲ့ သားကောင် ၅၇ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ပြည်တွင်းမှာရော ပြည်ပရောက် နိုင်ငံသားတွေကို အကူအညီပေးတာတွေ တိုးလုပ်လာခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုရှိတဲ့ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို ကူညီဖို့အတွက် စခန်း ၅ ခု ဖွင့်ပေးခဲ့သလို၊ ပြည်တွင်း လူအများသွားလာတဲ့ နေရာတွေမှာ အသိပညာပေး စာရွက်စာတမ်းတွေ ဝေငှာတာနဲ့ ILO နဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို တိုးပြီးလုပ်လာတာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒေါ်ခင်မျိုးသက်
VOA (မြန်မာပိုင်း)

မြန်မာနိုင်ငံက ကျောင်းတွေမှာ လူ့အခွင့်အရေး သင်ကြားတော့မည်

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကမ္ဘာ့အလယ်မှာ တချိန်ကအထီးကျန်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံကကျောင်းတွေမှာ လူ့အခွင့်အရေးအကြောင်း ထည့်သွင်းသင်ကြားပေးတော့မယ်လို့ သိရပါတယ်။

အစိုးရလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရက မူလတန်းကျောင်း သင်ရိုးညွှန်းတမ်းတွေမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းကို ထည့်သွင်းပြဌာန်းဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ညှိနိုင်းပြီးပြီဖြစ်ကြောင်း မနေ့ကပြောဆိုပါတယ်။

ပထမဆုံးအကြိမ်အဖြစ် မြန်မာဘာသာပြန်ဆိုထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းဖြန့်ချိပွဲကို မနေ့ကကျင်းပခဲ့ရာမှာ သူက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီမြန်မာဘာသာပြန်စာတမ်း စောင်ရေ ၃ သောင်းကို အစိုးရဌာနတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စာသင်ကျောင်းတွေကို ဝေငှမယ်လို့လည်း သိရပါတယ်။
RFA Burmese

ကြံ့ခိုင်ရေးနှင့်မပူးပေါင်းနိုင်ဟု ဦးဝင်းတင်ပြော

ရန်ကုန်၊ ဇွန် ၁၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် နေရာအများစု အနိုင်ရပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ပူးပေါင်းကာ အစိုးရအဖွဲ့ ဖွဲ့စည်းမည် မဟုတ်ကြောင်း NLD ပါတီ၏ နာယက အဖွဲ့ဝင် ဦးဝင်းတင်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိက ခရီးစဉ်အတွင်း လာမည့် ရွေးကောက်ပွဲအပြီး၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် ပူးပေါင်းကာ အစိုးရဖွဲ့ရန် အလား အလာရှိကြောင်း ထုတ်ဖော် ပြောကြားသည့်အပေါ် ဦးဝင်းတင်က ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်း အနားအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ပြော ကြားခြင်းဖြစ်သည်။

NLD ပါတီသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်သွားမည်ဟု ဆုံးဖြတ် ထားပြီး မိမိတို့အနေနှင့် ပါတီအပေါ် ယုံကြည်မှု အပြည့်ရှိကာ တစ်ပါတီတည်း လုပ်နိုင်မည်ဟု ယုံကြည်ထားကြောင်း ဦးဝင်းတင်က ဆက်လက် ပြောကြား သည်။

"ကျွန်တော်တို့အနေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ မူမရှိဘူး။ ဒါပေမဲ့ ညွန့်ပေါင်းကို ပစ်ပယ်တာ မဟုတ်ဘူး၊ ရွေးကောက်ပွဲမှာ Landslide နိုင်ခဲ့ရင်တောင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ပြည့်ဝတဲ့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူထောက်ခံတဲ့ အဖွဲ့တွေနဲ့ အမြဲပဲ လက်တွဲလုပ်ကိုင် သွားမှာပါ" ဟု ဦးဝင်းတင်က ဆိုသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လိုပါက လက်ရှိ လွှတ်တော်တွင် နေရာအများဆုံး အနိုင်ရထား သည့် ကြံ့ခိုင်ရေးပါတီနှင့် သဘောတူညီချက် တစ်ခု ရယူကာ ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးက သုံးသပ် သည်။

အကယ်၍ ၂၀၁၅ ခုနှစ်တွင် NLD ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင် ရပါကလည်း တပ်မတော် ခေါင်းဆောင်ဟောင်း အချို့ ပါဝင်သော ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များကို အသိအမှတ်ပြုသည့် အနေနှင့် ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း အဆိုပါ နိုင်ငံရေး လေ့လာ သုံးသပ်သူက ဆက်လက် အကြံပြုသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အခြား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးကမူ ၂၀၁၅ ခုနှစ် တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေး တပ်မတော်သားများ ဝိုင်းဝန်း ကူညီရန် မေတ္တာရပ်ခံကြောင်း ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားတွင် ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ၎င်း၏ အမေရိက ခရီးစဉ် အတွင်း ၂၀၁၅ ခုနှစ်တွင် သမ္မတပြုလုပ်လိုကြောင်း၊ ရွေးကောက်ပွဲ အပြီး၌ NLD နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့ရန် ဖြစ်နိုင်ခြေရှိပြီး အတိအကျ ပြောရန် မူ စောလွန်းနေသေးကြောင်း ၊ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ ခဲ့သော်လည်း တပ်မတော် ခေါင်းဆောင်များက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။

NLD ပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ၏ ကန့်သတ်ချက် အချို့ကို ပြင်ဆင်ပေး ခဲ့သောကြောင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ကာ မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရခဲ့သည်။
The Voice Weekly

မြန်မာ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေး ယူရို ၁၀ သန်း EU ထောက်ပံ့မည်

ရန်ကုန်၊ ဇွန် ၁၉
မြန်မာနိုင်ငံကို အထူးအခွန် သက်သာခွင့် ပြန်လည် ပေးအပ်ခဲ့သော ဥရောပသမဂ္ဂ (EU) သည် မြန်မာနိုင်ငံ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရို၁၀သန်း ထောက်ပံ့မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ပြည်ပရေးရာ ဆိုင်ရာ အလုပ်အမှုဆောင် အရာရှိချုပ် Mr.David O’Sullivan က ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။

EU က ပြန်လည် ပေးအပ်သော အထူးအခွန် သက်သာခွင့်အရ မြန်မာနိုင်ငံမှ ထွက်သော ပြည်တွင်း ထွက်ကုန်များ EU နိုင်ငံများသို့ တင်ပို့ရာတွင် အဆင့်မြင့်၍ အရည်အသွေး ပြည့်မီနိုင်စေရန် အတွက် ကုန်ပစ္စည်း ထုတ်လုပ်သော စက်မှုလုပ်ငန်းများ၊ စက်ရုံများတွင် နည်းပညာ အထောက်အပံ့များ ပေးအပ်ရန် အတွက် အဆိုပါ ငွေများကို သုံးစွဲသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ထောက်ပံ့ငွေ ပေးအပ်ရန်အတွက် မြန်မာနိုင်ငံ၌ ဇွန်လ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့တို့တွင် ပထမဦးဆုံး ကျင်းပသည့် ဥရောပ-မြန်မာ ဖိုရမ်တွင် Mr.David O’Sullivan နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးသန့်ကျော်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် မတ်လအတွင်း EU နိုင်ငံများသို့ ပထမဦးဆုံး သွားရောက်ခဲ့သော သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Jose’ Manuel Barroso ၊ဥရောပကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy တို့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖော် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ယင်းဖိုရမ်တွင် ဆွေးနွေးခဲ့ ကြခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
The Voice Weekly

“ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအရ ပြုပြင်
ပြောင်းလဲမှုတွေကို အမြဲ အားပေး ထောက်ပံ့နေမှာပါ”ဟု ၎င်းကဆိုသည်။

ထို့ပြင် အီးယူက မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းစဉ်တွင် တရားစီရင်ရေး မဏ္ဍိုင် ဖြစ်ကြသည့် မြန်မာလွှတ်တော် ပိုမိုအားကောင်း လာစေရန် ဥရောပသမဂ္ဂ ပါလီမန်က ပူးပေါင်း ဆောင်ရွက်မည်ဟု သမ္မတ ဦးသိန်းစိန်နှင့် အီးယူခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည့် အတွက် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို ဥရောပသမဂ္ဂ ပါလီမန်တွင် လေ့လာသူအဖြစ် တက်ရောက်ခွင့် ပေးခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသာ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများအပေါ် မြန်မာအစိုးရ၏ ဖြေရှင်းပုံများကို အလွန်စိတ်ဝင်စားလျက် ရှိကြောင်းနှင့် ဒုက္ခသည် စခန်းများရှိ ပြည်သူများကို နေရာပြန်လည် ချထားပေးရန် ၎င်းကတောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့ရခြင်း၏ အဓိကအကြောင်း အရင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးခြင်း တို့ကြောင့်ဖြစ်ပြီး၊ ယင်းကိစ္စများကို အစိုးရက ဖြေရှင်း ဆောင်ရွက်ပေးခြင်းဖြင့် ပဋိပက္ခများ လျော့နည်းအောင်
ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းကရှင်းပြသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများကို ဥရောပသမဂ္ဂက ပေးအပ်သော ပို့ကုန် ပစ္စည်းများအတွက် အထူးအခွန် သက်သာခွင့်(GSP-Generalized Scheme of Perferences) ကို မြန်မာနိုင်ငံအတွက် ပြန်လည် ပေးအပ်မည်
ဖြစ်ကြောင်း ဥရောပသမဂ္ဂက ဇွန်လ ၁၂ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

GSP ရရှိပါက အခွန် အပြည့်အဝ ကင်းလွတ်ခွင့်ဖြင့် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံသို့ ပြည်တွင်း ထွက်ကုန် ပစ္စည်းများကို တင်ပို့နိုင်မည် ဖြစ်ကြောင်း အီးယူက သတင်းထုတ် ပြန်သည်။

ထို့အပြင် မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ ၂၀၁၂ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ တင်ပို့ခဲ့သော ပို့ကုန်များနှင့် သွင်းကုန်များအတွက် ပေးသွင်းခဲ့သော အခွန်များ ပြန်လည် ထုတ်ယူခွင့် ရရှိမည် ဖြစ်ကြောင်း အီယူရုံးမှ သတင်းရရှိသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို ၁၉၉၇ခုနှစ် မတိုင်ခင်အထိ အဆိုပါ အထူးအခွန် သက်သာခွင့် GSP ကို ပေးအပ်ခဲ့သော်လည်း ယင်းနောက်ပိုင်း ယခင် တပ်မတော် အစိုးရ လက်ထက် အဓမ္မ လုပ်သား ခိုင်းစေမှု များကြောင့် ပြန်လည် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

အီးယူက ထင်သာမြင်သာ ရှိလှသည့် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုများကို အသိအမှတ်ပြုသည့် အနေနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေးနှင့် နိုင်ငံရေး၊ဘဏ္ဍာရေး ပိတ်ဆို့မှု အားလုံး (လက်နက် အရောင်းအဝယ်မှအပ) ကို ဧပြီလ ၂၂ရက်နေ့တွင် ကျင်းပသော အီးယူ နိုင်ငံခြားရေး ဝန်ကြီး များ၏ အစည်းအဝေးတွင် အပြည့်အဝ ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မြန်မာ ဆု သုံးဆုရ

ရန်ကုန်၊ ဇွန်၁၉
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သော လူ့အခွင့်အရေး လူ့ ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီး များ ဟိုတယ်တွင် ဇွန်လ ၁၉ရက်နေ့ ညနေ၅နာရီ အချိန်တွင် ပြုလုပ် ခဲ့ရာ ပေးအပ်သော ဆုလေးဆု အနက် 'မတ် ၁၃ ဆု' ၊ 'မင်းကိုနိုင်ဆု'နှင့် 'ဒေါ်အောင်ဆန်းစုကြည်ဆု' တို့ကို မြန်မာနိုင်ငံမှ လူငယ်များ ရရှိခဲ့ကြသည်။

လူ့အခွင့်ရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင်၏ အဓိကဆု သုံးဆု ဖြစ်သော မတ် ၁၃ ဆုကို စစ်တုရင် ကာတွန်း ဇာတ်လမ်းတိုဖြင့် Animation ရုပ်ရှင်တစ်ခု ဖန်တီးသူ မောင်စွမ်းသူရထွန်းက ရရှိပြီး မင်းကိုနိုင် ဆုကို White and Green ဇာတ်လမ်းတိုဖြင့် လူငယ်ငါးဦး ဖွဲ့စည်းထားသော Myanmar Treasure Media ကရရှိ၍ မြန်မာနိုင်ငံမှ ချီးမြှင့်သော ဒေါ်အောင်ဆန်းစုကြည်ဆုကို ၈၈ လှုပ်ရှားမှုဖြင့် ထောင်၃၆နှစ် ကျခဲ့သော ကျောင်းသားဟောင်း ဆန်းဇော်ထွေးအကြောင်း ဖော်ပြ ထားသော Survival in Prison ဇာတ်လမ်းဖြင့် ဒါရိုက်တာရီနန်းထိုက်က ရရှိခဲ့သည်။

ထို့နောက် NBC(Norwegian Burma Committee)က ပေး အပ်သော ဒေါ်အောင်ဆန်းစုကြည်ဆုကို အင်ဒိုနီးရှားနိုင်ငံမှ The art of killing ဇာတ်ကားဖြင့် Joshua Oppenheimer တို့က ရရှိခဲ့သည်။

"ဆုရတဲ့သူတွေ အကုန်လုံးက လူငယ်တွေဖြစ်နေတာ သတိထားမိတယ်။ အဲဒီအတွက် ပိုပြီးကျေနပ်တယ်။ ဒီမှာပြသွားတဲ့ Animation တစ်ခုဆိုရင် ကလေးကအစ သိနိုင်အောင်လို့ ပြသွားတဲ့ လူငယ်လေးတွေကို ချီးကျူး ချင်ပါတယ်။ အဲလိုမျိုး တက်သစ်စ လူငယ်တွေက နောင်တစ်ချိန်မှာ ကိုယ့်နိုင်ငံကို ရုပ်ရှင်ပညာဆိုတဲ့ ပညာရပ်တစ်ခုနဲ့ လေ့လာနိုင်တာတွေ့ရ လို့ လေးစားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းရုပ်ရှင်ပွဲတော်တွင် ပြည်တွင်းမှ ဇာတ်ကားပေါင်း ၂၁ ကားနှင့် ပြည်ပမှ ဇာတ်ကားပေါင်း၂၂ကား ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ ပြည်တွင်းမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ဇာတ်ကားများကို ဒိုင်များအဖြစ် ဦးမင်းကိုနိုင်၊ ဦးမင်းထင် ကိုကိုကြီး၊ ဒေါ်ဆွေဇင်ထိုက်တို့က တာဝန်ယူပြီး ပြည်ပမှ ပေးပို့သော ဇာတ်ကားများကို Ally Derks၊ Igor Blazevic နှင့် ဒေါ်ဆွေဇင်ထိုက်တို့က ဒိုင်များအဖြစ် တာဝန်ယူခဲ့ကြောင်း လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနှင့် နိုင်ငံ တကာ ရုပ်ရှင် ဖြစ်မြောက်ရေးမှ လက်ထောက် မန်နေဂျာ ဒေါ်မွန်မွန်မြတ် က ပြောကြားသည်။

"အခုလို ဆုရတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ဒီဆုရရမယ် လို့လည်း မမျှော်လင့်ပါဘူး။ ဒီထဲမှာ ကျွန်တော် အမေရိကန်သမ္မတ အိုဘားမား ပြောထားတဲ့ စကားလေး တစ်ခွန်း ထည့်ထားပါတယ်။ အခုလိုဒေါ်အောင်ဆန်းစုကြည် ဆုရတဲ့အတွက် ဝမ်းသာပါတယ်" ဟု ဒါရိုက်တာ ရီနန်းထိုက်က ဆိုသည်။
The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် အလှူငွေ ကျပ်သိန်း ၂၀၀ ကျော် ရရှိ

ရန်ကုန်၊ ဇွန် ၁၉
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်ပြည့် မွေးနေ့တွင် အထိမ်းအမှတ် အလှူငွေ ကျပ်သိန်း နှစ်ရာကျော် ရရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် ဒေါ်အေးအေးမာက ပြောကြားသည်။

အဆိုပါ ငွေကျပ် သိန်းနှစ်ရာသည် မွန်းလွဲ၁ နာရီခန့်က ကောက်ခံ အတည်ပြု ထားခြင်းဖြစ်ပြီး ထပ်မံ လှူဒါန်းသူများရှိကြောင်း၊ စုစုပေါင်း ရရှိသည့် အလှူငွေ စာရင်းကို ဆက်လက်ထုတ်ပြန်ပေး မည်ဖြစ်ကြောင်း ဒေါ်အေးအေးမာက ထပ်မံ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် လှူဒါန်းငွေများ ရရှိခဲ့ ရာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ ကျပ် ၇၅ သိန်း၊ NLD ကျန်းမာရေး ကွန်ရက်သို့ ကျပ် ၆၈ သိန်း၊ NLD ပညာရေးကွန်ရက်သို့ ကျပ် ၄၅ သိန်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြား အလှူငွေ ကျပ် ၁၂ သိန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ကျင်းပသည့် မွေးနေ့ပွဲ အခမ်းအနားတွင် ထုတ်ပြန် ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Yang Houlan အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း အချို့မှ ခေါင်းဆောင်များ၊ အနုပညာရှင်များ တက်ရောက်ကာ မွေးနေ့ လက်ဆောင်များ ပေးပို့ခဲ့သည်။

ပညာရေးကွန်ရက် ရန်ပုံငွေအတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ် ခဲ့သည့် ပြည်သူ့ရင်ပြင် ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရက်လုပ်သည့် ဆွယ်တာ နှစ်ထည်ကို လေလံတင် ရောင်းချခဲ့ရာ ငွေကျပ် ၁၀၄၅ သိန်း ရရှိခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈) နှစ်မြောက် မွေးနေ့တွင် လက်ခံရရှိသည့် မွေးနေ့လက်ဆောင် ငွေကြေး ပစ္စည်း အားလုံးကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်နှင့် ပညာရေး ကွန်ရက်များသို့ ပြန်လည် လှူဒါန်းသွားမည်ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့က ကြိုတင် ကြေညာထားသည်။
The Voice Weekly

သရုပ်ဆောင် မင်းအုပ်စိုးအမှု အမိန့်ချရန် ဇူလိုင် ၃ ရက်သို့ ရွှေ့ဆိုင်း

ရန်ကုန်၊ ဇွန် ၁၉
ဗဟန်းမြို့နယ် တရားရုံးတွင် အမှုရင် ဆိုင်လျက်ရှိသော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ဇွန်လ ၁၉ ရက် နေ့တွင် တရားရုံးက အမိန့်ချမှတ်ရန် သတ်မှတ်ထားသော်လည်း ဇူလိုင်လ ၃ ရက်နေ့ တွင် ရက်ရွှေ့ဆိုင်းခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးထံမှ သိရှိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ဇွန်လ ၁၉ ရက်နေ့တွင် မင်းအုပ်စိုးက တရားရုံးထံ ခွင့်တိုင်ကြားသဖြင့် ဇူလိုင်လ ၃ ရက်နေ့သို့ ရက်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း ဗဟန်း မြို့နယ် တရားရုံး၏ စာရေးတစ်ဦးက ပြောကြားသည်။

တာမွေမြို့နယ် ရဲစခန်း၊ ဒုရဲအုပ် အောင်ကျော်ထွန်းက တရားလို ပြုလုပ်၍ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ တရားမဝင် ယာဉ်များ တွေ့ရှိမှု၊ မူးယစ် ရမ်းကားမှုများဖြင့် ဗဟန်းမြို့နယ် တရားရုံးက မေလ ၃၁ ရက်နေ့က ချိန်းဆိုခဲ့သော်လည်း မင်းအုပ်စိုးက ခွင့်တိုင်ကြားသဖြင့် ဇွန်လ ၅ ရက်နေ့သို့ လည်းကောင်း၊ ယင်းနေ့တွင် ထပ်မံ၍ ဇွန်လ ၁၉ ရက်နေ့သို့ ထပ်မံ ချိန်းဆိုရာမှ ဒုတိယ အကြိမ်မြောက် ခွင့်တိုင်ကြားသဖြင့် ဇူလိုင် လ ၃ ရက်နေ့သို့ ထပ်မံ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

တရားလိုပြု တိုင်ကြားသည့် ဒုရဲအုပ် အောင်ကျော်ထွန်း တာဝန်ကျ စခန်းဖြစ်သည့် တာမွေမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံသို့ ဆက်သွယ် မေးမြန်းရာ တရားလိုသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ တာဝန်ကျနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းတာဝန်ကျ အရာရှိက ပြောကြားသည်။

ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေတွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂) ရပ်ကွက် ဖိုးစိန်လမ်း Holiday စားသောက်ဆိုင် ရှေ့ရှိ အမှိုက်ပုံကို မီးရှို့ ခြင်း၊ လာရောက် ဖြေရှင်းသော ရဲအရာရှိများကို ဆဲဆိုခြင်း၊ အများပြည်သူ စိတ်အနှောင့် အယှက် ဖြစ်စေရန် ပုဆိုးချွတ်ကာ ယာဉ်ကြော ပိတ်ဆို့အောင် ပြုလုပ်ခြင်း၊ တာဝန်ထမ်း ဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို လက်သီးဖြင့် ထိုးခြင်းတို့ ပြုလုပ်ပြီး ရဲတပ်ဖွဲ့ဝင်ပိုင် ယာဉ်အမှတ် ၇ခ/၁၇၂၄ ဟိုင်းလတ် အပြာရောင် မော်တော်ယာဉ်၏ ဘေးမှန်ကို လက်သီးဖြင့် ထိုးခွဲခဲ့ခြင်းတို့အတွက် ဗဟန်း ရဲတပ်ဖွဲ့ စခန်းက (ပ) ၇၆/၁၂ ပုဒ်မ - ပပက ၆(၁)၊ (ပ) ၇၇/၁၂ ပုဒ်မ-၂၉၄/၃၅၃ ၊ (ပ) ၇၈/၂၀၁၂ ပုဒ်မ - ၄၃၆ ဖြင့် တရားစွဲ ဆိုထားခြင်း ဖြစ်သည်။
The Voice Weekly

အထူး အခွန်သက်သာခွင့်ကြောင့် အထည်ချုပ်ကဏ္ဍ အပ်ထည် ပိုများလာနိုင်

ရန်ကုန်၊ ဇွန် ၁၉
မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုဆိုင်ရာ အထူး အခွန် သက်သာခွင့် စတင် ရရှိပြီးဖြစ်၍ အထည်ချုပ် ကဏ္ဍတွင် ဥရောပနိုင်ငံများ၏ အပ်ထည် ပိုများလာနိုင်ကြောင်း အထည်ချုပ် လုပ်ငန်းရှင် အသိုင်းအဝိုင်းက ခန့်မှန်းသည်။

မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုဆိုင်ရာ အထူး အခွန် သက်သာခွင့်ကို ဇွန်လ ၁၂ ရက်နေ့တွင် စတင် ခံစားခွင့်ရရှိပြီးဖြစ်ရာ ဥရောပ ၂၇ နိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်းများအတွက် သွင်းကုန် အခွန်ကောက်ခံမှု ကို ၁၃ ဒသမ ၇ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ သုညရာခိုင်နှုန်း သို့ လျှော့ချ ပေးလိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့ အထည်ချုပ်စက်ရုံ အများဆုံး တည်ရှိသော တရုတ်နိုင်ငံသည် လုပ်ခ လစာ ကြီးမြင့်သည့်အတွက် စက်ရုံ အချို့ ပိတ်ခဲ့ရခြင်းကြောင့် မြန်မာ့ အထည်ချုပ် ကဏ္ဍတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံလာနိုင်ကြောင်း လက်ဝါး အထည်ချုပ် လုပ်ငန်းပိုင်ရှင် ဦးခင်မောင်အေးက ဆိုသည်။

"အရင်က မြန်မာအထည်ကို ဥရောပကမှာရင် မှာတဲ့လုပ်ငန်းရှင်က သူတို့နိုင်ငံမှာ အခွန်ဆောင်ရတယ်။ အခု GSP ရလာတဲ့အတွက် သူတို့က သွင်းကုန်အတွက် အခွန် မဆောင်ရတော့ဘူး။ ဒါကြောင့် အမှာ များလာ မယ်" ဟု ၎င်းက ဆိုသည်။

အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် လုပ်ခလစာ ကြီးမြင့်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာ့အထည်ချုပ် လုပ်ငန်းဘက် သို့ ဈေးကွက် ခြေဦးလှည့်လာနိုင်ကြောင်း စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

လက်ရှိတွင် မြန်မာ့အထည်များကို တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့ အများ ဆုံး တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ တင်ပို့မှုသည် ဈေးပိုရသော်လည်း တင်ပို့သည့် အထည် အရေအတွက်နည်းကာ ကိုရီးယားနိုင်ငံသို့ တင်ပို့မှု သည် အရေအတွက် ပိုများကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ထံမှ သိရသည်။

ဒေသတွင်းနိုင်ငံများတွင် အထည်ချုပ် ကဏ္ဍ တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံခန့်ဖြင့် အများဆုံး တင်ပို့သူ နေရာ၌ ရပ်တည်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဧပြီလ ၂၄ ရက်က အထည်ချုပ်စက်ရုံ ပြိုကျ၍ လူပေါင်း တစ်ထောင်ကျော် သေဆုံး မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် လုပ်အားခ သက်သာ သည့် မြန်မာ့ အထည်ချုပ်လုပ်ငန်းသို့ ခြေဦးလှည့်ရန် ပြင်ဆင်နေကြသည်ဟု အထည်ချုပ် လုပ်ငန်းရှင်များက ဆိုသည်။

မြန်မာ့ အထည်ချုပ်လုပ်ငန်းသည် အမေရိကန်၏ စီးပွာရေး ပိတ်ဆို့မှု စတင်ခဲ့ သည့် ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် တစ်ရှိန်ထိုး ကျဆင်းသွားခဲ့ပြီးနောက် အစိုးရသစ် လက်ထက်တွင် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု များ ပြန်လည် ဖွင့်လှစ်ချိန်တွင် လုပ်ငန်း ပြန်လည် ကောင်းမွန် လာခြင်းဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေးပေးသည့် စနစ် (Generalize Special Preference-GSP)နှင့် မူရင်း ထုတ်ကုန်အဖြစ် သတ်မှတ်သည့် ဥပဒေဆိုင်ရာ (Rule of Origin ) ကိစ္စရပ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတို့က ဆောင်ရွက် မည်ဖြစ်ပြီး EUသို့ တင်ပို့သည့် ရေထွက် ပို့ကုန်အတွက် မွေးမြူရေးနှင့် ရေ လုပ်ငန်း ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဝန်ကြီး ဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com