http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပိုးသတ်ဆေးနှင့် အားဆေးမှားသောက်မိသူ

ပိုးသတ်ဆေးကို အားဆေး ဖြင့် မှားယွင်းသောက်သုံးမိသော မိန်းကလေးတစ်ဦးသေဆုံးသွားခဲ့ ၍ သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းဖွင့်၍ စုံစမ်းစစ် ဆေးနေကြောင်းသတင်းရရှိပါသည်။
ဖြစ်စဉ်မှာ (၁၄-၂-၂၀၁၃) ရက် ညနေ(၆)နာရီကျော်ခန့် တွင် ပဲခူးတိုင်းဒေသကြီး သနပ် ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာ တွင် နေထိုင်သူ မသီတာ (၁၉) နှစ် (ဘ) ဦးတင်အုန်းဆိုသူသည် ပဲပင်များဖြန်းပက်သော ပိုးသတ် ဆေးရေကို ၎င်းသောက်နေကျ အားဆေးဖြင့် မှားယွင်းသောက် သုံးမိခဲ့၍ သနပ်ပင်ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိခဲ့သည် ဆို၏။
မသီတာ၏ ဦးလေးတော် စပ်သည့် ဦးခိုင်ဇော်လင်းက ဆေး မှားသောက်မိခြင်းကိစ္စကို သနပ်ပင်ရဲစခန်းသို့ သတင်းပို့ အကြောင်းကြားခဲ့သည်။
မင်းရွာရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်ဌေးဝင်းနှင့်အဖွဲ့ သနပ် ပင်ဆေးရုံသို့ ရောက်ရှိပြီး လိုအပ် သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ် ဆောင်ရွက်နေစဉ် (၁၅-၂-၂၀၁၃)ရက် နံနက်(၄)နာရီ ကျော်ခန့်တွင် မသီတာ (၁၉)နှစ် သည် သေဆုံးသွားခဲ့သဖြင့် စခန်း မှူးရဲအုပ်စိန်ဌေးဝင်းက ဓမ္မတာ အတိုင်း သေဆုံးရခြင်းဟုတ်၊ မဟုတ် ဆက်လက်စုံစမ်းမှုပြုလုပ် ရန်အတွက် မင်းရွာရဲစခန်းသေမှု သေခင်းအမှတ်စဉ် ၁/၂၀၁၃ ဖွင့် လှစ်၍ စုံစမ်းစစ်ဆေးနေကြောင်း သိရှိရပါသည်။
စိန်မျက်လုံး(သနပ်ပင်)
The Hot News

ကိုဌေးကြွယ်ရဲ့ မဲဆောက်ခရီးစဉ်



ကိုဌေးကြွယ်ရဲ့ မဲဆောက်ခရီးစဉ်အတွင်းတွေ့ဆုံခဲ့မှုတွေကတော့ ၂၄ ဖေဖေါ်ဝါရီ ၂၀၁၃ ခုနှစ် ညနေ ၃း၀၀ နာရီမှ ၆း၀၀နာရီထိ ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဒီမိုကရစ်တစ်အင်အားစု (Forum For Democracy in Burma) FDB ရုံးသို့ သွားရောက်ခဲ့ပြီး FDB မူဝါရရေးရာဦးဆောင်အဖွဲ့ဝင်များ၊ရုံး အဖွဲ့ ဝင်များအားတွေ့ ဆုံနှုက်ဆက်ကာ၊မြန်မာနိုင်ငံရေး အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။ ၂၅ ဖေဖေါ်ဝါရီ ၂၀၁၃ ခုနှစ်နေ့လည် ၁၁း၃၀နာရီမှ၁၂း၃၀နာရီ ထိ ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) Assistance Association For Political Prisoners (Burma) AAPP(B) ရုံးသို့ သွားရောက်ခဲ့ပြီး အတွင်းရေးမှုးနှင့်ရုံးအဖွဲ့ ဝင်များအားတွေ့ဆုံနှုတ် ဆက်ခြင်း။ AAPP ပြခန်းအားကြည့်ရှုလေ့လာခြင်းနှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆောင်ရွက်မှုအခြေအနေများအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။ ထိုမှတဆင့် မဲဆောက်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့သွားရောက်ကာ အသဲကင်ဆာရောဂါကုသမှုခံ ယူနေရသော FDB ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမောင်မောင်ကြီးအားသွားရောက်ကြည့်ရှုအားပေးခဲ့သည်။
88 Generation Students







ပြဿနာနည်းချင်ရင် စကားပြောဆင်ခြင်ပါ



စကားပြောတဲ့အခါမှာ -

(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။
မပြောသင့်တဲ့အချိန်မှာ မပြောဘူး။

(၂) မှန်တာကိုပဲ ပြောမယ်။ မမှန်တာကို
မပြောဘူး။

(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ
ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့
ပြောမယ်။

(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့စကားကိုသာ
ပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။

(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။
ဒေါသနဲ့မပြောဘူး။

မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီး
ရှေးလူကြီးတွေက ပြောတယ် - စိတ်ဆိုးရင်
စကားမပြောနဲ့တဲ့။
ဘာဖြစ်လို့လဲဆိုတော့ စကားကောင်း
မထွက်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့
စည်းကမ်းလေးတွေ ချမှတ်ထားပြီးတော့
ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံး
လိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့
ပြဿနာ တက်စရာအကြောင်း မရှိတော့ဘူး။

မေတ္တာနှလုံးပျက်သွားတာ ကိုယ့်ရဲ့အပြောကြောင့်ပဲ။
မပြောသင့်တာကို ပြောမိလို့၊ ကြမ်းကြမ်းတမ်းတမ်း
ပြောမိလို့၊ မဟုတ်တာသွားပြောမိရင်လည်း ပြဿနာ
တတ်တတ်တယ်။

ဒါကြောင့်မို့လို့ အပြောအဆိုနဲ့ ပတ်သက်ပြီးတော့
ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိဖို့ ဗုဒ္ဓမြတ်စွာက
ဟောကြားပေးထားတယ်။ ”

- ( ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ )

Dhamma Danã Source ►
FB-youngbuddhistassociation

အလွယ်တကူရနေ၍ ပုသိမ်လူငယ်များအကြား စိတ်ငြိမ်စိတ်ကြွဆေး သုံးစွဲမှုများလာ





Tuesday, February 26, 2013
ပုသိမ်မြို့အတွင်း၌ တရားဝင်ဆေးဝါးဖွင့်လှစ်ရောင်းချလျှက်ရှိသောဆေးဆိုင်များ၌ပင် စိတ်ငြိမ်စိတ် ကြွ ဆေးများအား အလွယ်တကူ ၀ယ်ယူရရှိနေခြင်းကြောင့် လူငယ်များအနေဖြင့်အဆိုပါ ဆေး သုံးစွဲမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက ၀ယ်နေကျသူတွေ သိတဲ့သူတွေကိုပဲ ရောင်းတာပါ။ နဂိုဆေးတွေတုန်းကတော့ ချောင်း ဆိုး ပျောက်ဆေးအနေနဲ့ ၀ယ်ခဲ့ရပေမယ့် အခုနောက်ပိုင်း ဆေးတွေကတော့ နာမည်ကို တခါတည်း ပြောပြီး ဆေးဆိုင်တော်တော်များများမှာ ၀ယ်လို့ရနေတယ်”ဟု ပုသိမ်မြို့မှ ဆေးဝယ် ယူသုံးစွဲလေ့ရှိသူ လူငယ်တစ်ဦးက ပြောသည်။

ယမန်နှစ်ပိုင်းများက လူငယ်အများစု သုံးစွဲခဲ့သော ဆေးဝါးများမှာ ချောင်းဆိုးပျောက်ဆေးများ ဖြစ်သည့် ဒိုင်ယာဇီပင် ၊ ဒက်စ်ထရို ၊ အာတိန်း စသည့်ဆေးဝါးများကိုသာ အများဆုံးအသုံးပြုခဲ့ ကြသော်လည်း ယခုနောက်ပိုင်းတွင် စိတ္တဇဆေးရုံမှ လူနာများကို တိုက်သည့်ဆေးဝါးများဖြစ်သော ပန်းသီးဟု
ခေါ်သည့် (COX) ကောက်အစရှိသော ဆေးဝါးများကိုပင် သုံးစွဲမှုများရှိနေကြောင်း သိရသည်။

“အဲ့ဒီဆေးတွေကတော့ လူနာတွေကို ဆေးတစ်လုံးတိုက်တောင်ငြိမ်သွားအောင် အစွမ်းထက် တဲ့ ဆေးတွေဖြစ်ပေမဲ့ အခုလူငယ်တော်တော်များများက တစ်ခါသောက်ရင်တောင် အလုံးနှစ် ဆယ် လောက်သောက်နေကြတာဆိုတော့ စိတ်ကစဥ့်ကလျား ရောဂါဖြစ်နေကြတဲ့ လူငယ်တွေ များလာတယ်”ဟု လူငယ်များအကြား စိတ်ကျရောဂါနှင့် စိတ်ကစဥ့်ကလျှားရောဂါများ အကြောင်း လေ့လာနေသူ ဒေါက်တာသန့်ဇင်ဝင်းက ပြောသည်။

ပုသိမ်ရှိ ဆေးဆိုင်များမှ ရောင်းချနေမှုကြောင့် ဒေသခံလူငယ်အများစု သုံးစွဲနေကြသော စိတ်ငြိမ် စိတ်ကြွဆေးများမှာ အမျိုးပေါင်း(၂၀)ခန့်ရှိနေပြီး ပုသိမ်တက္ကသိုလ်မှ ကျောင်းသား လူငယ်များအတွင်း အဆိုပါ ဆေးသုံးစွဲမှုမှာလည်း ပျံနှံ့နေကြောင်း ဒေသခံများထံက သိရသည်။

“ကျောင်းထဲမှာကတော့ ရေသန့်ဘူးထဲကို အငွေ့ထည့်ပြီး အိမ်သာလိုနေရာမျိုးတွေမှာ သုံးစွဲ တာ တော်တော်များလာတယ် ၊ ကျောင်းမှာက ဆရာတွေ နည်းတာက တစ်ကြောင်း ရှိတဲ့ဆရာတွေက လည်း ကျောင်းသားအိမ်သာတွေက မသန့်လို့ ဆရာ၊ ဆရာမတွေရဲ့ သီးသန့်အိမ်သာပဲ အသုံးပြု နေကြတော့ ဒါတွေကိုသိပ်မသိကြဘူး” ဟု ပုသိမ်တက္ကသိုလ်မှ ဥပဒေတတိ ယနှစ် ကျောင်းသားတစ်ဦး က ပြောသည်။

အဆိုပါ စိတ်ငြိမ်စိတ်ကြွဆေးသုံးစွဲသည့် လူငယ်အများစုမှာ အချစ်ရေးကိစ္စ အဆင်မပြေဖြစ်နေသူများ၊ မိသားအရေးနှင့် အလုပ်အဆင်မပြေမှုများကြောင့် စိတ်ဓါတ်ကျနေချိန် ယခုကဲ့သို့ ဆေးဆိုင်များ၌ အလွယ်တကူ ၀ယ်ယူရရှိနေခြင်းကြောင့် စိတ်ငြိမ်စိတ်ကြွဆေးများအား လက်တည့်စမ်းသုံးစွဲရာမှ
နောက်ပိုင်းတွင် စွဲစွဲမြဲမြဲ အသုံးပြုလာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
Myit Makha Mediagroup

အနုပညာအလုပ်၊ ပရ ဟိတအလုပ်နှင့် ကျော်သူ



တစ်ခေတ်တစ်ခါက အနုပညာ လောကမှာ အောင်မြင်ကျော်ကြားပြီး ရုပ်ရှင်သရုပ်ဆောင်ဘက်မှာ သရုပ် ဆောင်မှုပီပြင်သလို လူမှုအကျိုး ဆောင်တဲ့ ပရဟိတအလုပ်ကို လုပ် ဆောင်တဲ့အခါမှာလည်း အနုပညာ စိတ်ဓာတ်နဲ့ပဲ အုပ်ချုပ်တယ်လို့ဆို သူနာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကို အနုပညာ အလုပ်လုပ်စဉ်ကနဲ့ ပရဟိတလူမှု ရေးလုပ်နေတဲ့ အခြေအနေနှစ်ခု ကွဲပြားပုံကိုလည်း မေးဖြစ်ခဲ့ပါတယ်။ ပရဟိတလုပ်နေတဲ့အတောအတွင်း မှာ ဘေးစကားတွေ၊ လေစိမ်းတိုက် တာတွေ
ခံစားဖူးခဲ့လားလို့မေး ကြည့် တော့ “လူမှုရေး၊ပရဟိတလုပ်တယ် ဆိုတာ ကိုယ်ချင်းစာစိတ်ရှိလို့လုပ် တာ။ ဇွဲမလျှော့ဘူး။ ဘယ်လိုအတိုက် အခိုက်တွေဖြစ်ဖြစ်ပေါ့။ ၂ဝဝ၁ ကတည်းက လုပ်လာတာ နည်းပေါင်း စုံတိုက်ခိုက်ခံရတယ်။ဒါကို ကြံ့ကြံ့ ခံပြီးကိုလုပ်လာတယ်။လူ့ကျင့်ဝတ် မှာ လူကိုလူလို့ မြင်ရတယ်။ မိတ်ဆွေ၊ ရန်သူခွဲခြား လို့မရ ဘူး။ဘာသာစွဲ ခွဲခြားလို့မရဘူး။ တစ်ယောက်နဲ့ တစ်ယောက်လူလိုမြင်ပြီး ကိုယ့် ကျင့်ဝတ်သီလစောင့်ထိန်းရမယ်။ ဒါ ပရဟိတအလုပ်ပဲ”လို့ ပြောပြခဲ့ ပါတယ်။

အကယ် ဒမီမင်းသားကျော်သူနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌကျော်သူဆိုတဲ့ နာမည်နှစ် လုံးကြားမှာဘာတွေ ကွာခြားမှုရှိလဲ လို့ မေးကြည့်တော့ “တစ်ချိန်က အကယ်ဒမီမင်းသားကျော်သူထက် အခု လူမှုရေးလောကက ပိုပြီး ကိုယ့်အတွက်ပီတိဖြစ်တယ်။ ဒီပရဟိတအလုပ်မှာ ဘဝကို ကျေနပ် တယ်။ လူများတွေရဲ့အပူမီးကိုဖေးမ ကူညီ ငြှိမ်းပေးခွင့်ရတယ်။ လူတစ် ယောက်ရဲ့ကျန်းမာရေးကိုလည်း ကူညီခွင့်ရတယ်။ ပြီးတော့ လူတစ်ဦး တစ်ယောက်ရဲ့ ပညာရေးကိုလည်း ဖေးမခွင့်ရတယ်။ အများ အတွက်လုပ်ပေးရတယ်။ အနုပညာသမား ဘဝမှာကျတော့ ကျော်သူက နာမည် ကြီးဖို့၊ ပရိသတ်ရှိဖို့ ကိုယ်ငွေကြေးရဖို့ ကိုယ့်အတွက်ပဲအတ္တရှိနေတယ် ဒါတွေပဲလုပ်ခဲ့ရ တယ်။ အနုပညာ သမားဆိုတာ ပြည်သူအတွက် ပေးဆပ်ရတယ်ဆိုတာတော့ ကျွန် တော် အခုအချိန်မှာလက်မခံဘူး။ သို့သော် ဘဘဦးသုခလိုပုဂ္ဂိုလ် မျိုးက အများပြည် သူအတွက် ပေးဆပ်ခဲ့တာ။ ဘာကြောင့်လဲဆို တော့ အနုပညာနဲ့ ရဟန်းစားရသော ဆွမ်းတစ်နပ်၊ ရဟန်းမစားရသော ဆွမ်းတစ်နပ်လို ဇာတ်ကားမျိုးက အများပြည် သူလူထုကို ဘာသာရေး အကျိုးမှာပြုစေတယ်။ ယဉ်ကျေးမှု ကိုလည်း မြှင့်တင်တယ်။ အနုပညာ သမားဆိုတာ ပြည်သူကို အကျိုးပြု စေလိုတယ်။ဖျော်ဖြေရေးဇာတ်ကား သက်သက်မဟုတ်ဘဲနဲ့လေ။ကိုယ်ပဲ ရယူတာမျိုး မလုပ်နဲ့။ ရယူတာတော့ ငွေရေးကြေးရေး၊ ပရိသတ်၊ ခုပြန်စဉ်း စားတော့အကုသိုလ်ပါသွားမယ်။ ကုသိုလ်ပြုတဲ့အခါမှာလ ည်း ဘာ အကျိုးတစ်စုံတစ်ရာမှ မမျှော်လင့် ဘဲလုပ်တယ်။ အခုကျော်သူလုပ် တဲ့လူမှုရေးက ကျော်သူတစ်ပြားတစ် ချပ်မှ မစားဘူး။ ပြည်သူလူထု အတွက်ပဲ လုပ်တယ်” လို့ ပြောပြခဲ့ ပါတယ်။ ရုပ်ရှင်မင်းသားကျော်သူဘဝထက် နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ကျော်သူဆိုတဲ့နာမည် က ပိုပြီးတော့ နယ်ပယ်အသီးသီးက စိတ်ဝင်စား ကြတဲ့အပေါ် “ကျော်သူခု လုပ်တဲ့ လူမှုရေးမှာနာမည်ကြီး ချင်လို့လုပ်တာမဟုတ်ဘူး။ ဒီနာရေး ကရတဲ့ ငွေကြေးလည်း ကိုယ်သုံးပိုင် ခွင့်မရှိဘူး။နာမည်ကြီးဖို့ လုပ်တာေ တာ့ မဟုတ်ဘူး။ လုပ်ရင်း လုပ်ရင်း ကနေ နာမည်ကကြီးသွားတာ၊မတတ် နိုင်ဘူး။ ခုကျမှ ကျော်သူနာမည်ကြီး ချင်လို့ လုပ်တာ ပါလို့ ပြောချင်ကြ တယ်။ ပြောချင် တဲ့လူ ၊ပြောတဲ့လူ တွေကို ကျော်သူကလည်း တစ်ခုပဲ ပြန်ပြီး ပြောချင်ပါတယ်။ခင်ဗျားတို့ နာမည်ကြီးချင်ရင် အသုဘ ဈာပနကို တစ်ခါပဲချကြည့်ပါလား။ ကိုယ်တိုင် ကိုင်တွယ် ပါလား လို့ပြောချင်တယ်။ နာရေးမှာကျော်သူဘယ်လောက် အနစ်နာခံထားလဲ ဆိုတာ သိလာမှာ ပါ။ ဘဝတစ်ခုလုံး ဆုံးရှုံးပြီး မိသား စုတွေကိုလည်းစွန့်လွှတ်ခဲ့ရတယ်။ ဒါက ကျော်သူ ပရဟိတမှာ ပျော်မွေ့ သွားပြီး ကျော်သူလူတစ်ဦး တစ် ယောက်ကိုကူညီခွင့်ရရင်ပဲ ကျော်သူ ပီတိဖြစ်ပါပြီ” လို ပြောပြခဲ့ပါတယ်။ဆက်လက်ပြီး “အနုပညာ ဆိုတာ လူတိုင်းမှာရှိတယ်။ရုပ်ရှင်အနု ပညာကတော့ ငယ်ငယ်ကတည်းကဝါသနာပါလို့လုပ်လာတာပါ။ ဒီဝါသနာကိုလည်းအဆုံးထိလုပ်ခွင့် မရဘူး။ စွန့်လွတ်ရတယ်။ စွန့်လွှတ် ရပေမယ့် အခုလက်ရှိ လူမှုရေး လုပ်ငန်းကို အနုပညာစိတ်နဲ့ အုပ်ချုပ်တယ်။ ဒီအနုပညာစိတ်နဲ့ပဲ ကျော်သူ အားလုံးကိုဆုံးမတယ်။ လမ်းပြတယ်။ဒါလည်း အနု ပညာအပေါ်ထားတဲ့စိတ်ပါ”လို့ ပြောပြခဲ့ပါတယ်။ ကျော်သူက ရွှေစင် စင်္ကြအဆင့်မြင့်ခရီးသည်ပို့ဆောင် ရေးမိသားစုကအလှူငွေသိန်း ၁၅ဝ လှူပြီးတော့ ဇာတ်ကားရိုက် ခိုင်းတယ်။ ရိုက်လို့ရတဲ့အကျိုးအမြတ်ကို နာရေး ကူညီမှုအသင်းမှာပြန်ပြီး အသုံးပြု ဖို့ပြောတယ်။ ရိုက်ချင်တယ်။ လူမှုရေးသမားတွေရဲ့တစ်ကယ့်ဘဝ သရုပ်ကိုအမှန်အ တိုင်းရိုက်ပြ ချင်တယ်။ ဇာတ်လမ်း၊ဇာတ်ညွှန်း လည်း ဖန်တီးထားတာမဟုတ်ဘဲ တကယ့်အဖြစ် အပျက်ကို ရိုက်မှာပါ။ ရိုက်မယ်လို့သာဆုံးဖြတ်တာ၊ ဟစ်ကြွေးထားတာ ရိုက်ခွင့်ပြုမပြု လည်း သေချာမသိသေးဘူး။ ရိုက်ခွင့်ပြုမယ်ဆိုရင်တော့ ပရဟိတ ချစ်တဲ့ အနုပညာသမားတွေ ပါဝင် မယ်။လူမှုရေးစိတ်ဓာတ်ရှိပြီး ပါဝင် ချင်တဲ့ ဘယ်စက် အဖွဲ့သားမဆို ကြိုဆိုပါတယ် “လို့ဦးကျော်သူ ကရှင်းပြခဲ့ပါတယ်။
ထူးထူး
Popular Journal

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပေါ့စနာ မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေး


ဗွီအိုအေ(မြန်မာဌာန)
25.02.2013

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်လ် ပေါ့စနာ (Michael H. Posner) နဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လူထုအခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ မစ္စတာ ပေါ့စနာ နဲ့အဖွဲ့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီးတော့ နောက်ပိုင်းမှာ သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ၀န်ကြီး ဦးစိုးသိန်း၊ ရှေ့နေချုပ် ဦးထွန်းရှင်၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ တခြား အဆင့်မြင့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ မကြာသေးခင်က ကြေညာလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားများကိစ္စ ပြန်လည် သုံးသပ်ရေး၊ ဘာသာရေး လွတ်လပ်ခွင့်နဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ လွတ်လပ်ခွင့်၊ လက်ရှိ လူ့အခွင့်အရေး အနေအထားနဲ့ ပဋိပက္ခတွေ ဖြစ်ပွား နေတဲ့ ဒေသတွေရဲ့ အခြေအနေတွေ အပါအ၀င် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ မြန်မာပြည် ခရီးစဉ်အပြီး လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေး ပြောဆိုမှုတွေအတွက် ဆက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် မြန်မာ နှစ်နိုင်ငံကြား လူ့အခွင့်အရေး ဆွေးနွေးမှု နောက်ဆက်တွဲအဖြစ် သမ္မတ အိုဘားမား ရဲ့ ပထမဆုံး မြန်မာခရီးစဉ် အတွင်းမှာ မြန်မာအစိုးရက အရေးပါတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အချက်အလက်တွေကို ဆောင်ရွက်ဖို့ ကတိပြုခဲ့ပါတယ်။

၂၀၁၁ နိုဝင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ၀န်ကြီး ပေါ့စနာ လာရောက် လည်ပတ်စဉ်
VOA

မြို့စစ်တွေသို့ မှန်းလို့ရာလွမ်းသည်

ရခိုင်သီချင်းလေးတပုဒ် ခံစားကြည့်စေချင်ပါတယ်.

FB-Soe Thant Aung

သရုပ်မှန် ကဗျာ

♥ ဘာ ဘာ ဘယ်လိုဆရာ..
ကျူပ်မှာ AIDS ဆိုတဲ့ ရောဂါ ရှိနေပြီတဲ့လား။
တောသားကျုပ် လယ်ထဲ အလုပ်လုပ်..
နွားတစ်ကောင်လို သန်စွမ်း..
အကြမ်းပတမ်း စမ်းချင်ရာစမ်း..
ဒီလောက် ကြံ့ခိုင်တဲ့ ကျုပ်မှာ
အရေပြားယားနာ ပေါက်တာနဲ့ 
ဆရာဝန်က သွေးစစ်တာ..
ဘုရား ဘုရား
HIV တဲ့ဗျာ..
ဒါဟာ သေလောက်တဲ့ ရောဂါတဲ့..

♥ ဘာကြောင့် ဖြစ်သလည်းဆရာ ဆိုတော့
"မိန်းမနဲ့ အိပ်လို့ ရတဲ့ အနာ..
မူးယစ်ဆေးဝါးကြောင့်ဖြစ်တာ
ကွန်ဒုံးမသုံးလို့ ဖြစ်တာ..
ဆေးထိုးအပ် မသန့် လို့ ဖြစ်တာ"

♥ ဘုရားပေးပေး ကျမ်းပေးပေး
ကျုပ်မိန်းမ .မယ်ဖော့ကလွဲ..
ကျုပ် အငယ်လည်း မဆွဲရပါဖူး.
မူးယစ်ဆေးဝါးမပြောထား..
ထန်းရေလေးတောင်မသောက်ပါဖူး။
ကွန်ဒုံးဆိုတဲ့ အရာ
ကျုပ်မြင်တောင်မမြင်ဖူးပါဖူး။
ကျုပ်တို့  အဖိုးအဖေ..
ကွန်ဒုံးမပါဘဲ..အိမ်ထောင်ကျ..
ကျူပ်မျိုးဆက်ကျမှ..၀ယ်ရမတဲ့..
ဘယ်မှာရောင်းလည်း ကျူပ် မသိ..
မယ်ဖော့ လည်း နုံအအ သတ္တိမရှိ.

♥ ကျူပ်မွေးတာ မဆလ။ နအဖ လက်ထက်..
စပါးလယ်မြေတွေ ကြက်ဆူ မစိုက်မနေရ စိုက်
လယ်ကောင်းတွေ သုန်း၊ လယ်မြေပြုန်း
ဆရာစံ လက်ထက်တဲ့ မွဲ့ တဲ့ လယ်သမား
ကျုပ်တို့  နင်းပြား ဆင်းရဲစုတ်ပြတ်တဲ့ ဘ၀..
ညစာစားဖို့ တောင် အနိုင်နိုင်..
မရှက် မကြောက် ပြောရရင်..
ဇိမ်ခံနိုင်တဲ့ အရာက ကျုပ်မှာ ဒီတခုဘဲရှိတာ
ဆရာ ရယ်..
အခါတိုင်းတော့ ကျနော် မတတ်နိုင်ပါဖူး..

♥ ဖြစ်နိုင်တာ တခုဘဲရှိတယ်..
ဟိုတခါ ကျုပ်ဖျားတော့..
ဟိုဘက်ရွာက..ရမ်းကုဒေါက်တာ..
အပ်တုံးတုံးနဲ့ ဆေးတလုံး ထိုးပေးခဲ့တာ။
ကျုပ် အရင်ဆေးထိုးသူ က
ရန်ကုန်ပြန် .အနှိပ်သည်.နှင်းမြ..
သူက အခု သေသွားပြီ။
ကာလသားရောဂါ လို့  အများပြောသည်။

♥ အခုတော့ ကျူပ်နဲ့ မယ်ဖော့..
ဗိုင်းရပ်ပိုးတွေ..
အသွေးအသားကို ကိုက်နေပါပေါ့။
အမလေး ဆရာရယ်..
မကယ်နိုင်တော့ဖူးလား..

♥ အော်.. ပြည်သူ..ပြည်သူ..
အသိဥာဏ်က နုံနဲ့ ..
ကျမ်းမာရေး မပြည်မစုံနဲ့ 
တိုးချဲ့ ပညာပေးရမဲ့ အစိုးရ..
ဘာအရေးမှ ဖြစ်မြောက်အောင်မလုပ်..
သတင်းစာထဲ ဘာဖွင့်ပွဲ ညာဖွင့်ပွဲ
လက်ညှိုး တထိုးထိုးလုပ်.

♥ ကျူပ်ငယ်ငယ်..
မဆလ လက်ထက်ကမှ..
အစိုးရ သားဖွားဆရာမ
ပင့်ရင် အိမ်အထိကြွတယ်..
အခုတော့ အစိုးရ ကျမ်းမာရေးဝန်ထမ်း..
ဘယ်မှာမှန်းမသိ..
ဘာဆေးမှ မရှိ..
ကျုပ်သမီး..ရွှေမိ မီးဖွားတဲ့ အခိုက်..
မတတ်တတတ် အရပ်လက်သည်မ
လက်စွမ်းပြထည့်လိုက်တာ..
မီးနေခန်းထဲ အမေနဲ့ ကလေး..
ရေတိမ်နစ်ခဲ့ရတယ်..

♥ အခုလည်းကျုပ်နဲ့ မယ်ဖော့..
မသန့် ရှင်းတဲ့ အပ်နဲ့ ဆေးကုမိတော့..
ကာလသားနာဆိုတဲ့..၀ဋ္ဋ်..
HIV ရောဂါဆိုးနဲ့ သေရတော့မယ်။

♥ အပြစ်စင်တဲ့ လူ ဘယ်လောက်များ..
ဒီလို ခံစားရပြီးပြီလည်း။
အစိုးရမင်းများ..
ဘာတွေ များ..ကူညီကြမလည်း..
အပြစ်မဲ့ လူသား..နွံကြားထဲကကြာ..
နွံထဲမှာဘဲ..ကြွေခဲ့ပြီ။
အမည်းရောင်ဖုံးတဲ့ မြန်မာ့ကျေးလက်၏ ပန်းချီ။


FB-Myanmar News Update

ဂျပန်၌ အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ်ခဲ့ရာ တိုကျိုမြို့ရှိ အဆောက်အအုံများ လှုပ်ခါခဲ့

Monday, February 25, 2013

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ၅ ဒသမ ၇ ရစ်ခ်ျတာစကေးရှိသော အင်အားပြင်းငလျင်တစ်ရပ် လှုပ်ခတ်ခဲ့ရာ ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိ အဆောက်အအုံများ လှုပ်ခါခဲ့ကြောင်း သိရသည်။ သို့သော် ဆူနာမီ
ဖြစ်ပေါ်နိုင်ခြေ မရှိဟု ငလျင်ဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့သည်။

ဂျပန်အမျိုးသား အသံလွှင့်ဌာနဖြစ်သော NHK ဌာနက ငလျင်၏ ဗဟိုချက်သည် တိုကျိုမြို့မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့ရာ နျူကလီးယား ဓာတ်အားပေးစက်ရုံများနှင့် နီးကပ်သော်လည်း ယင်းတို့၌ မူမမှန်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိဟုဆိုသည်။ တိုကျိုမြို့ မြောက်ပိုင်းရှိ အဆောက်အအုံများသည် မိနစ်ဝက်ခန့် ဒေါင်လိုက်လှုပ်ခါမှု
ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ဒေသစံတော်ချိန် ၁၆း၂၃ နာရီတွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်၏ ဗဟိုချက်မှာ မေဘာရှီမြို့၏
မြောက်ဖျားဒေသ မြောက်ဘက် ၅၇ ကီလိုမီတာ (၃၆ မိုင်) အကွာနှင့် တိုကျိုမြို့ အနောက်မြောက်ဘက်မှ မြောက်ဘက်သို့ ၁၄၃ ကီလိုမီတာခန့် အကွာ၌ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဗဟိုချက်သည် မြေအောက် ၉ ကီလိုမီတာ အကွာ၌ ရှိသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ အေဂျင်စီက အစောပိုင်းတွင်
ကြေညာခဲ့သည့် ငလျင်၏ ပြင်းအားမှာ ၆ ဒသမ ၂ ရစ်ခ်ျစတာ
စကေး ဖြစ်သည်။

ငလျင်၏ ဗဟိုချက်အနီးရှိ တိုရှီဂီစီရင်စုရှိ နစ်ကိုမြို့ မီးသတ်ဌာမှ အရာရှိတစ်ဦးဖြစ်သော တာကာယုကီဖူကူဒါက ငလျင်ကြောင့် ကမ္ဘာလှည့်ခရီးသည်များ နှစ်သက်ရာနေရာတစ်ခုဖြစ်သည့် နစ်ကိုမြို့တစ်ခုလုံး ငလျင်ကြောင့် လှုပ်ခါခဲ့ရကြောင်း AFP သတင်းဌာနသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။ သူက ငလျင်သည် ၁၀ စက္ကန့်ကြာ ဒေါင်လိုက်လှုပ်ခတ်ခဲ့ကြောင်း၊ အရာဝတ္ထုများ စင်ပေါ်မှ ပြုတ်ကျခြင်းမရှိသကဲ့သို့ ပြတင်းမှန်များလည်း ကွဲအက်ခြင်းမရှိကြောင်း၊ မီးလောင်ကြောင်း အကြောင်းကြားမှုများ မရှိသော်လည်း မီးသတ်အဖွဲ့သည် မြို့အားလှည့်လည် စစ်ဆေးနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ အစောပိုင်း သတင်းများအရ မြို့၏ တစ်နေရာတွင် နံရံတစ်ခု ပြိုကျမှုဖြစ်ပွားပြီး အရေအတွက် အတိအကျ သိရှိရခြင်းမရှိသော လူအချို့ ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ NHK သတင်းဌာန၏
ဖော်ပြချက်အရ ကျည်ဆန်ရထား အများအပြား၏ ခရီးစဉ်များကို ယာယီရပ်ဆိုင်းခဲ့ရသော်လည်း အချိန်အနည်းငယ်အကြာတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခဲ့သည်ဟု ဆိုသည်။

ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်များနှင့် ပုံမှန်ကြုံတွေ့ရလေ့ရှိရာ ဂျပန်နိုင်ငံ၏ အခြေခံ အဆောက်အအုံများကို ဖွံ့ဖြိုးမှုနည်းပါးသေးသော နိုင်ငံများတွင် အကြီးအကျယ် ပျက်စီးနိုင်ခြေရှိသော ငလျင်ဒဏ်မျိုး ခံနိုင်အောင် အထူးပြင်ဆင်ထားကြောင်း သိရသည်။
Myanmar Online News
Ref:AFP
Like · ·

မန်းတွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ စတင်လျှောက်ထားနိုင်ပြီ

Monday, February 25, 2013

ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်လိုသူများ မန်းစည်ပင်အခွန်ဌာနာသို့မတ်လ ၈ရက် နေ့နောက်ဆုံးထားလျှောက်ထားနိုင်ပြီဖြစ်ကြောင်း မန်းစည်ပင် အခွန်ဌာနမှသိရသည်။

ကျုံးဘေးပတ်လည် တွင်တည်ဆောက်လိုသော မဏ္ဍပ်များမှာ အာမခံကြေးငါးသိန်းပေးချေရမည်ဖြစ်ပြီး ကန်တော်ကြီးပတ်လည်နှင့် မြို့တွင်းနေရာများတွင် အာမခံကြေးပေးသွင်းရန်မလိုဘဲ မဏ္ဍပ်
တည်ဆောက်ရာတွင် တီးဝိုင်းပါလျှင် ရေပိုက် ၁၂၀နှင့် တီးဝိုင်းမပါလျှင် ရေပိုက် ၈၀အထိသာ လက်ခံဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မတ်လ၁၃ရက်နေ့တွင် မဏ္ဍပ်နေရာများအတွက် မဲနှိုက်မည်ဖြစ်ပြီး ၁၅ရက်နေ့တွင် တည်ဆောက်ခွင့်ပေးသွား မည်ဖြစ်ကြောင်း မန်းစည် ပင် အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မဏ္ဍပ်တွေကို စည်းကမ်းချက်တွေနှင့် အညီတည်ဆောက်ရပါမယ်။ တည်ဆောက်ခြင်းမရှိတဲ့မဏ္ဍပ်တွေ ကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ် ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

မဏ္ဍပ်တည်ဆောက်လိုသူများသည် စည်ပင်ဌာနမှ ချပေးသည့်နေရာတွင် သတ်မှတ်ထားသည့် အကျယ် အ၀န်းအတိုင်း တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက်တွင် ဆယ်ပေပတ်လည် အမှိုက်ကန်ထားရှိရ မည်ဖြစ်ကာ ယာယီရေလောင်းအိမ်သာထားရှိရမည်ဖြစ်သည်။

ထို့အပြင် စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများကပ်ခြင်း၊ ချိပ်ဆွဲခြင်းများမပြုလုပ်ရန်နှင့် မဏ္ဍပ်တည်ဆောက်ရာတွင် ပလပ်ဖောင်းအတွင်း သာတည်ဆောက်ရမည်ဖြစ်ပြီး လေအိုးသုံးရေပိုက်၊ မီးသက်ပိုက်ခေါင်းများဖြင့် ရေပတ်ခြင်းအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လိုက် နာခြင်းမရှိပါက Black List စာရင်းသွင်း၍ လိုအပ်သလို အရေးယူသွား မည်ဖြစ်ကြောင်း မဏ္ဍပ် တည်ဆောက်လိုသူများလိုက်နာရန် မန်းစည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်း ချက်များအရသိရသည်။

ဖိုးလပြည့်
Popular Myanmar News Journal

ရွှေလီမှာ မြန်မာနိုင်ငံက မြွေအကောင်ရေ တန်ချိန် ၄ တန်နီးပါး ဖမ်းမိ

မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တိရိစ္ဆာန်တွေ မှောင်ခိုကူးသူတွေထံက မြွေ အကောင်ရေ ၄၈၀၀ ကျော် ဖမ်းဆီးမိလိုက်တယ်လို့ ယူနန် အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက် လင်းအားကြီး ၄ နာရီလောက်မှာ မြန်မာနိုင်ငံဖက်ကနေ ဝင်ရောက်လာတဲ့ ကားတစ်စီးကို တရုတ် ရွှေလီရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အဲဒီကားထဲမှာ ပါလာတဲ့ သေတ္တာတွေထဲမှာ မြွေအကောင်ရေ ၄၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တာပါ။

ဖမ်းမိတဲ့ မြွေအမျိုးအစားတွေကတော့ မြွေဟောက် အကောင်ရေ ၂၀၀၀ ကျော်၊ မြွေပွေး ၂၃၀ အပါအဝင် တခြားမြွေ အမျိုးအစား ၂၀၀၀ ကျော် ဖမ်းမိတာဖြစ်ပြီး အလေးချိန် ၄ တန်နီးပါး ရှိတယ်လို့ ရွှေလီ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မြန်မာနိုင်ငံက တောရိုင်းတိရိစ္ဆာန်တွေ တင်လာတဲ့ကား ရွှေလီဖက်ကို ရောက်မယ်လို့ သတင်းပေးချက်ရတာကြောင့် အခုလို ဖမ်းဆီးလိုက်နိုင်တာဖြစ်ပြီး သံသယရှိသူတစ်ဦးကိုပါ ရွှေလီ ရဲတပ်ဖွဲ့က ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ မြွေသားကို အမြတ်တနိုးစားသုံးကြသူ များသလို မြွေ မွေးမြူရေးဟာလည်း အရေးပါတဲ့ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာနေတယ်လို့ ဆင်ဟွာသတင်းဌာနက ရေးသားပါတယ်။RFA Burmese

တောင်းရမ်းသူများက အောင်တော်မူအလှူခံပုံး ဖောက်သူများဖြစ်ကြောင်းသိရ

 အောင်တော်မူစေတီတော်မှ အလှူခံပုံးဖောက်ခဲ့သူများအား ဖောက်သွားပြီးနောက် (၁၀)ရက်အတွင်း   ညောင်ဦးရဲစခန်းမှ ဖော်ထုတ်နိုင်ခဲ့သည်။

အခုဖောက်တဲ့သူတွေက လမ်းဘေးမှာ တောင်းရမ်းစားသောက်တဲ့သူတွေ။ သူတို့တွေက အောင်တော်မူစေတီတော်မှာ အိပ်တာချမ်းလို့ဆိုပြီး ခြုံဖို့တပ်ထားတဲ့ လိပ်ကာကိုယူရင်းနဲ့ အလှူခံပုံးကို ဖောက်သွားတာ။ ပထမတုန်းကတော့ ချမ်းလို့ခြုံဖို့ ယူလိုက်တာ။ ပြီးတော့ အလှူခံပုံးကိုဖောက်ပြီး တော့ လမ်းစရိတ်သုံးဖို့ယူသွားတာ။ ပြစ်မှုကျူးလွန်တဲ့သူတွေက ပခုက္ကူက လူတွေ။”ဟု ညောင်ဦးရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၀)ရက်နေ့တွင် ပုဂံညောင်ဦးဒေသရှိစေတီနှစ်ဆူဖြစ်သော အောင်တော်မူ စေတီတော်နှင့်ရွှေ ဘုန်းသာစေတီတော်မှ အလှူခံပုံး အဖောက်ခံခဲ့ရခြင်းဖြစ်ပြီး အောင်တော်မူ စေတီတော်မှအလှူခံပုံးဖောက်ယူသူ များအား ညောင်ဦးရဲစခန်းမှ ဖေဖေါ်ဝါရီ(၂၁) ရက်နေ့တွင် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အောင်တော်မူစေတီတော်မှာ ပုဂံညောင်ဦးရှိရပ်ကွက်အတွင်း တည်ရှိသောစေတီတော်တစ်ဆူဖြစ်ပြီး ဖောက်ထွင်းခံရစဉ် အလှူငွေသုံးသောင်းကျော်ဝန်းကျင်ပါသွားကြောင်း သိရသည်။

“ဒီစေတီတော်က ရပ်ကွက်ထဲမှာ တည်ထားတာ လူတွေကသိပ်မသိဘူး။ ပြီးတော့သိပ်မထင်ရှားတော့ အလှူငွေသိပ်မရဘူး။ အလှူခံပုံးထဲကို လှူကြ တာကစေတီတော်မှာ ယောဂီအဖွဲ့က လူတွေက တစ်ပါတ် တစ်ခါလာရင် သူတို့တတ်နိုင်သလောက် (၅၀)- (၁၀၀) လှူသွားကြတာ။ အဲ့ဒါကြောင့် အလှူငွေက သိပ်မပါဘူး။”ဟု စေတီတော်၏ ၀န်းကျင်တွင် နေထိုင်သည့်   ယောဂီတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ (၁၀) ရက်နေ့ မနက်ပိုင်းတွင် အောင်တော်မူစေတီတော်မှာ အလှူခံပုံးအဖောက်ခံရပြီး ညနေပိုင်း၌ ရွှေဘုန်းသာစေတီတော်မှ အလှူခံပုံး အဖောက်ခံခဲ့ရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

အလှူခံပုံးများ အဖောက်ခံရခြင်းကြောင့် အောင်တော်မူစေတီတော်မှအလှူငွေ သုံးသောင်းကျော် ၀န်းကျင်ခန့် အဖောက်ခံရပြီး ရွှေဘုန်းသာစေတီတော်မှ အလှူငွေသုံးသိန်းကျော် ၀န်းကျင်ခန့် အဖောက်ခံခဲ့ရခြင်းဖြစ်သည်။

ယင်း စေတီနှစ်ဆူတွင် ရွှေဘုန်းသာစေတီတော်မှာ ရှေးဟောင်း သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပြီး ဂါပကအဖွဲ့အဆို အရစေတီတော် တည်ထားပုံကိုကြည့်ပါက ပုဂံခေတ်က တည်ထားကိုးကွယ်သော ဘုရားတစ်ဆူဖြစ်နိုင်သည်ဟု သိရသည်။

ယင်းဘုရားနှစ်ဆူမှ အလှူခံပုံးများမှာ ယခင်က အဖောက်ခံရဖူးခြင်းမရှိဘဲ ပထမဦးဆုံးအကြိမ် အဖောက်ခံရခြင်းဖြစ်သည်။
ထက်အောင်ခန့် (မြစ်မခ)

ဂရေဟမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပမည်

လွန်ခဲ့တဲ့ ၄ နှစ် ဝန်းကျင်က မြန်မာပြည်မှ ထွက်ခွာ သွားခဲ့ပြီး သြစတြေးလျ မှာ ဂီတနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်း တက်ရောက်ခဲ့သူ ဂရေဟမ် က၂ဝ၁၂ ခုနှစ် နှစ် ကုန်ပိုင်းမှာ မြန်မာပြည်ကို ပြန်လည် ရောက်ရှိလာခဲ့ကာ အခု ၂ဝ၁၃ ခု နှစ် မတ်လ ထဲမှာတော့ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စီစဉ် ကျင်းပ တော့မှာ ဖြစ်ပါတယ်။

"နှလုံးသား ရှိရာအရပ်" ဆိုတဲ့ ခေါင်းစဉ် နဲ့ ပြုလုပ်မယ့် ဂရေဟမ်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အတွက် စာနယ်ဇင်း ရှင်းလင်းပွဲ ကို ဖေဖော်ဝါရီ ၂ဝ ရက်၊ နေ့လယ် ၁၂ နာရီ က စင်ထရယ် ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

"နှလုံးသားရှိရာ အရပ်" လို့ ခေါင်းစဉ် ပေးထားတဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို မတ်လ ၂ ရက်နေ့၊ ည ၇ နာရီ အချိန် မှာ ကန်တော်ကြီးမျှော်စင် ကျွန်းမှာကျင်းပ ပြုလုပ်မှာဖြစ် ပါတယ်။

"ကျွန်တော် ဒီကိုပြန်ရောက်တာ ၃ လကျော်လောက် ရှိပါပြီ။ ဒီပွဲလုပ်ဖို့ အတွက် ကျွန်တော် အချိန် တစ်လခွဲ လောက်ယူထား ပါတယ်။ ကျွန်တော် နဲ့ ဝေးကွာနေတဲ့ ပရိသတ် ကို သီချင်း တွေ ဆိုပြချင်တဲ့ အတွက် စီစဉ်လိုက် တာပါ။ ကျွန်တော် တစ်ကိုယ်တော် ပါ ပဲ။ စုံတွဲ သီဆိုဖို့ကတော့ အမျိုး သမီး တေးသံရှင် ၉ ဦးလောက် ပါပါမယ်။ ပြီးတော့ ကျွန်တော့်ရဲ့ သင်္ကြန် သီချင်း
တွေကိုနှစ်သက် တဲ့ ပရိသတ် အတွက် သင်္ကြန် သီချင်း အစီ အစဉ်တွေလည်း ပါပါတယ်" လို့ ဂရေဟမ် ကပြောပြီး "နှလုံးသား ရှိတဲ့ အရပ်" ဆိုတဲ့ ခေါင်းစဉ် နဲ့ ရှိုးပွဲ ပြုလုပ်ဖြစ်ခဲ့ပုံကိုလည်း ဂရေဟမ်က
"ကျွန်တော် သြစတြေး လျမှာ ၄ နှစ် ကြာနေခဲ့ ပြီးတော့ ပြန် လာတယ်။ ကျွန်တော့်ရဲ့နှလုံးသား ရှိတဲ့ အရပ်ကို
ပြန်လာတာ လို့ပြောလို့ ရပါတယ်။ ဗမာတိုင်းက ကိုယ့်နိုင်ငံ ကိုချစ် ပါတယ်။ ကျွန်တော် ဟိုမှာရှိ နေ စဉ်မှာလည်း ဒီက ပရိသတ်တွေကို အမြဲ လွမ်းဆွတ်မိပါတယ်။ ဟိုမှာ Youtube တောင် မကြည့်ဖြစ် ပါဘူး။ ဒီက Life ကို သတိရမှာ စိုးလို့ပါ။ အခု ကျွန်တော့်နိုင်ငံက ကျွန်တော့် ကိုချစ်တဲ့ အမာခံ ပရိသတ် ရှိတဲ့ နှလုံး သားရှိတဲ့နေရာ ကို ပြန်လာတာပါ။ ဒါ ကြောင့် ဒီခေါင်းစဉ်လေးကိုပေးဖြစ် တာပါ" လို့ ဂရေဟမ် ကပြောပါတယ်။

ဂရေဟမ်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လက်မှတ် များကို ဖေဖော် ဝါရီ ၂၂ ရက်နေ့မှာ စတင်ရောင်း ချမှာ ဖြစ်ပြီး ကျပ်၂ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ၊ ကျပ်၆ဝဝဝ စသဖြင့် သတ် မှတ် ထား ကြောင်း သိရပါတယ်။ လက်မှတ်များ ကိုတော့ ရွှေအက်ဖ်အမ် ရုံးချုပ်၊ ဘိုဘိုအင်တာတိန်းမန့်၊ Orange စူပါ မားကက်များ၊ Nobody ဆိုင်ခွဲ များမှာ ရရှိနိုင် တဲ့ အကြောင်းလည်း သိရပါတယ်။
ရဲရဲ
Popular Journal

ဖေ့စ်ဘုတ်နှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားလာသူ အိန္ဒြာကျော်ဇင်

 အိန္ဒြာကျော်ဇင်က ဒါရိုက်တာတင်အောင်ကျော်ရိုက်ကူးတဲ့ ‘ချိုမြိန်သောမီး’ ဇာတ်ကားကို လူမင်း၊ နေမင်းခတို့နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားလေးက ရိုက်နေ ကျဇာတ်လမ်းတွေထဲက တစ်မူကွဲပြားပြီး ထွက်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ဒရာမာနည်းနည်းနဲ့ Suspense ဘက်ကိုသွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ အခုလတ် တလောမှာ မိသားစုကြော်ငြာရိုက်ကူးဖို့ လက်မခံဖြစ်တဲ့အကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။ မရိုက်ဖြစ်ခြင်း အကြောင်းကိုတော့…”သူက ကလေးဆိုတော့ ဂျီကျ တယ်။ ကလေးဆိုတော့လည်း အိပ်ချိန်ရှိတယ်။ စားချိန်ရှိတယ်။ သူ့ အိပ်ချိန်၊စားချိန်တွေကို ထိခိုက်မှာစိုးတယ်။ ရိုက်လို့ရှိရင် လူစိမ်းတွေ အများကြီးရှိတယ်ဆိုရင် နည်း နည်း ဂျီကျမှာစိုးတယ်။ အလုပ်လုပ်မယ့် လူတွေကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ။ ကြော်ငြာရိုက်ဖို့လာပြော တာ ၃ခုရှိတယ်။ သူတစ်ယောက် တည်းရိုက်ချင်တာတစ်ခု၊ မိသားစုနဲ့ ရိုက်ချင်တာ ၂ခုရှိတယ်။ ဒါပေမဲ့ အူဝဲတို့လက်မခံဖြစ်ဘူး။ သူကလူ အများကြီးနဲ့ဆို ဂျီကျချင်တယ်။ အရင်တုန်းက တီဗီကြော်ငြာရိုက်တာ မဟုတ်ဘူး။ ဘေဘုတ် အတွက်ပဲ ရိုက်တာ။ ဓာတ်ပုံဆရာကို အိမ်ခေါ်ပြီး အိမ်မှာပဲ ရိုက်တယ်။ အိမ်မှာ ရိုက်တာဆိုတော့ သူအမြဲတမ်းတွေ့ နေကျ လူတွေရှိတယ်ဆိုတော့ ပြဿနာမရှိဘူးလေ”လို့ ပြောပါတယ်။
ဖေ့စ်ဘုတ်မှာတော့ အိန္ဒြာကျော်ဇင်နာမည်နဲ့ အကောင့်တွေ အများကြီး တွေ့ရပါတယ်။ တကယ်တမ်း အိန္ဒြာကျော်ဇင်သုံးတဲ့ ဖေ့ဘုတ်အကောင့်က တော့ သမီးဖြစ်သူ ပြေသုဒြာနာမည်နဲ့ ဖွင့်ထားတဲ့ အကောင့်ပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်နာမည်နဲ့အကောင့်က သူသုံးတဲ့အကောင့်မဟုတ်ကြောင်း အိန္ဒြာကျော်ဇင်ကပြောပါတယ်။ သူ့ နာမည်နဲ့ သုံးတဲ့ အကောင့်ကြောင့် တစ်ခါတစ်ရံမှာ ပရိသတ် တွေအထင်အမြင်လွဲမှား တာမျိုးတွေရှိမှာ စိုးရိမ်မိ ကြောင်းကို အိန္ဒြာကျော်ဇင်က “ဖေ့စ်ဘုတ်မှာ အိန္ဒြာကျော် ဇင် နာမည်နဲ့ အကောင့်တွေ အများကြီးတွေ့ရပါတယ်။ အူဝဲသုံးတာက ပြေသုဒြာဆိုတဲ့အကောင့် တစ်ခုတည်းသုံးတာပါ။ ကျန်တာတွေအားလုံးက အူဝဲသုံးတာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီထဲကမှ အူဝဲကို ခွင့်တောင်းတာရှိတယ်။ အူဝဲကို ချစ်တဲ့ပရိသတ် တစ်ယောက်ဆိုပြီး အူဝဲရဲ့ အကောင့်ကို သူသုံးနေတယ်ဆိုပြီး ခွင့်တောင်းတယ်။ သူက အူဝဲနဲ့ ခင်မင်ရင်းနှီးတဲ့လူတွေက တင်လိုက်တဲ့ပုံတွေကို ချက်ခြင်းယူပြီး ပြန် တင်တဲ့အခါကျတော့ တအား Update ဖြစ် နေတယ်။ Update ဖြစ်နေတော့ လူတွေ အားလုံးက အူဝဲသုံးတဲ့အကောင့် အစစ်လို့ ထင်နေကြတယ်။ တစ်ခါတလေကျရင် ပရိသတ်က နားလည်မှုလွဲတာ မျိုးတွေပါမှာ ကို အူဝဲ စိုးရိမ်တယ်။ Status တွေရေး တာတို့၊ comment တွေရေးတာမျိုးတွေမှာ နား လည်မှုလွဲတာမျိုးတွေ ရှိကောင်းရှိနိုင် တယ်။ comment တွေကိုလည်း အူဝဲမရေးဘူး။ Status လည်း မရေးဘူး။ အူဝဲ ကိုယ်တိုင်ရေးတာ မဟုတ်ဘူးဆိုတာကို ပရိသတ်တွေကို သိစေချင်ပါတယ်။ အူဝဲ ဖေ့စ်ဘုတ်သုံးတယ်ဆို တာကလည်း သမီးလေးမွေးပြီး နောက်ပိုင်းမှာ သမီးလေးပုံလေး တွေကို အူဝဲရဲ့ မိတ်ဆွေတွေ အပေါင်း အသင်းတွေကလည်းကြည့်ချင်တယ်။ ပရိသတ်တွေကလည်း ကြည့်ချင်ကြတယ်။ အူဝဲတို့ မိသားစုပုံလေးတွေ များများတင်ပါလို့ ပြောကြတယ်။ ပရိသတ်တွေကကိုယ်ဘာပုံပဲ တင်တင် အမြဲတမ်း သဘောကျတယ်။ တင်ပေးပါဆိုလို့ သမီး လေးနာမည်နဲ့ ဖေ့ဘုတ်သုံးဖြစ်နေတာပါ။ သမီး လေးပုံကို အများဆုံးတင်ဖြစ်တယ်။ ကျန်တာ ကတော့ အူဝဲလက်ရှိလုပ်နေတဲ့ ရိုက်ကွင်းပုံ နည်းနည်းပါးပါးတင်ဖြစ်ပါတယ်။ တစ်ခါမှ လည်း Status ရေးတာတွေမလုပ်ဘူး။ comment ရေးတာကလည်းအူဝဲရဲ့ ပြေသုဒြာအကောင့် မှာပဲ နည်းနည်းပါးပါး ရေးတာလောက်ပါပဲ”လို့ ဖေ့စ်ဘုတ်နဲ့ ပတ်သက်ပြီးအခုလို ရှင်းလင်း ပြောပြခဲ့ပါတယ်။
Popular Journal

တရုတ် ကိုကြောက်ရလို့.... တရုတ် ကတဆင့် ၀ယ်ပါလို့....

FB-စကားပြောနေသော ကာတွန်းလေးများ

နိုင်ငံတော်သမ္မတဥရောပသမဂ္ဂအဖွဲ့ဝင်ငါးနိုင်ငံသို့ခရီးစဉ်စတင်

နေပြည်တော် ဖေဖော်ဝါရီ ၂၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့နံနက် (၉) နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ခရီးစတင်ထွက်ခွာသွားသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးတင်နိုင်သိန်း၊ ဦးဉာဏ်ထွန်းအောင်၊ ဦးသန်းဌေး၊ ဦးအေးမြင့်နှင့် ဦးမောင်မြင့်၊ တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊ ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် နော်ဝေနိုင်ငံ သံရုံးမှ လီလန်အော့တို တို့က နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဒေါက်တာဒေါ်သက်သက်ဇင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့၏ ဥရောပသမဂ္ဂငါးနိုင်ငံခရီးစဉ်သည် (၁၂) ရက် ကြာမြင့်မည် ဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့် ခိုင်မာရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာစေရေးတို့အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Yangon Media Group
source::http://www.president-office.gov.mm/briefing-room/news/2013/02/25/id-2633




၆၅ % သည် အမျိုးသမီးများဖြစ်သည်။

တစ်နေကုန်နေပူထဲသွား....၊ ရလာတဲ့ စာမူခလေးတွေနဲ့ ဆော့ပင်ဝယ်...၊ A4 ၀ယ်..ပြီးတော့ အိပ်ရေးပျက်ခံပြီးကာတွန်းဆွဲ....၊ ပုံပြီးတော့ scan ခ အကုန်ခံ..၊ အင်တာနက်ခ အကုန်ခံပြီး Facebook ပေါ်တင်လိုက်ပါတယ်...။ Facebook သုံးတဲ့မြန်မာပြည်သူ..၊ ပြည်သားတွေ..၊ ညီငယ်..၊ ညီမငယ်တွေ..အတွက် ဒီလူကုန်ကူးမှု အကြောင်း အသိတရားလေးတွေရခဲ့ရင် ကျနော်ပညာဒါန လုပ်ရကျိုးနပ်ပါပြီဗျာ...။

Cartoon Waiyan Taunggyi.

FB-စကားပြောနေသော ကာတွန်းလေးများ

iPad mini ကိုယှဉ်ပြိုင်မည့် Samsung Galaxy Note 8.0

Monday, February 25, 2013

Samsung ဖြစ်ဆိုတော့ သေချာတာက Apple ထက်ဈေးသက်သာမှာပါ။ အတွင်းက Hardware နဲ့ Software ကတော့ User အကြိုက်တွေ့မှု အပေါ်မှာပဲ မူတည်ပါတယ်။ Apple ခရေဇီသွားမေးရင် မကောင်းဘူး လို့ပြောပြီး Samsung ခရေဇီကတော့ အရမ်းကောင်းတယ်လို့ ဖြေမှာပါ။ ယခုလည်း အဲ့ဒီလို ယှဉ်လို့ရအောင် ပစ္စည်းသစ်လေး Sasmung က ထုတ်လိုက်ပါပြိ။ Samsung Galaxy 8.0 လို့ခေါ်ပါတယ်။

Samsung Galaxy Tab ရယ်လို့လည်းမဟုတ်ပါဘူ။ ဖုန်းအနေနဲ့လည်း အသုံးပြုလို့ရမှာပါ။ အသေးစား ကျောက်သင်ပုန်း ကွန်ပြူတာ တစ်မျိုး ဖြစ်ပြီး အရွယ်ကတော့ ၈ လက်မ ရှိပါတယ်။ Apple အိုင်ပတ် မီနီက ၇.၉ လက်မ ဆိုတော့ အရွယ်က သိပ်မကွာပါဘူး။ Samsung ဆိုတော့ Note ပုံစံအတိုင်းကိုပဲ ဆိုဒ်နည်းနည်းကြီးအောင် ထုတ်တဲ့ သဘောပါပဲ။ Samsung Galaxy Note 2 တုန်းက ၅.၅ လက်မ ရှိပြီး ဒီတစ်ခါ Note က 8 လက်မ ဆိုတော့ အိပ်ကပ်ထဲ ထည့်လို့ရအောင် မသေးတာတော့ မှန်နေပါပြီ။ S Pen လည်းပါပါအုံးမယ်။ Samsung ရဲ့  ၂၀၁၃ အတွက် ပြင်ဆင်ထားတဲ့ UI နဲ့ Feature အသစ်တွေကိုလည်း မြင်ရမယ်လို့ ဆိုပါတယ်။

ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ များကလည်း ယခင် ဗားရှင်းများထက် သာမှာ ဖြစ်ပြီး Tab တစ်လုံးနီးနီးပါပဲ။ ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။ ဧပြီလက စလို့ ထုတ်လုပ်ဖြန့်ချိရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ Team)
http://blog.techspace.com.mm/2013/02/ipad-mini-samsung-galaxy-note-80.html
TechSpace Journal

တော့တင်ဟမ်က အာဆင်နယ်ထက် စွမ်းဆောင်ရည်ပိုမိုကြောင်း ဘေးလ် သုံးသပ်

အင်္ဂလန် ဘောလုံးလောကတွင် တော့တင်ဟမ် ဟော့စပါး၏ အဆင့်သည် အာဆင်နယ် ထက် ကျော်တက်သွားပြီဟု စပါးအသင်း ကစားသမား ဂါရတ်သ်ဘေးလ်က သုံးသပ် ပြောဆိုလိုက်သည်။ လတ်တလောတွင် လန်ဒန်၏ ခါးသီးပြိုင်ဘက် နှစ်သင်းတွင် စပါးသည် အမှတ်ပေးဇယား ရပ်တည်မှု ပိုမို မြင့်မားနေပြီး ဥရောပ ပြိုင်ပွဲ အဆင့်တွင်လည်း ရလဒ် ကောင်းနေသည်။ စပါးသည် ယူရိုပါလိဂ်တွင် (၁၆)သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့ပြီ ဖြစ်ပြီး အာဆင်နယ်မှာမူ ချန်ပီယံလိဂ်တွင် အိမ်ကွင်း၌ ဘိုင်ယန်မြူးနစ်အား (၃-၁)ဖြင့် အရေးနိမ့်ထားသည့်နောက် ကွာတားဖိုင်နယ် အဆင့်ကို မျှော်လင့်ခွင့် အလွန်နည်းနေပြီ ဖြစ်သည်။

ယခုရာသီ စပါးအတွက် (၁၇)ဂိုး သွင်းယူပေးထားသည့် ဝေလလက်ရွေးစင် တောင်ပံတိုက်စစ်သ မား ဘေးလ်က အစဉ်အလာအားဖြင့် အသာစီး ရခဲ့သော အာဆင်နယ်သည် လက်ရှိတွင်မူ စပါးနောက် ရောက်နေပြီဟု The Sunသို့ မှတ်ချက်ပြု ပြောကြားသွားသည်။ ဘေးလ်က "လွန်ခဲ့တဲ့ (၅)နှစ်၊ ဒါမှမဟုတ် (၁၀)နှစ်လောက်က အာဆင်နယ်ဟာ စပါးရဲ့အထက် တော်တော် မြင့်တဲ့ နေရာမှာ အမြဲလိုလို ရပ်တည်ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ အပြောင်းအလဲတွေ တော်တော်များများ ဖြစ် လာတယ်။ မကြာသေးခင် ဘောလုံးရာသီတွေမှာ ကျွန်တော်တို့ဟာ နှစ်သင်းကြား ကွာဟမှုကို လျှော့ချလာနိုင်ခဲ့ပါတယ်။ ခုဆိုရင် ကျွန်တော်တို့က သူတို့ကို ကွင်းတွင်း စွမ်းဆောင်ရည် အပိုင်းမှာ ကျော်တက်သွားပါပြီ။ စပါးရဲ့ လူစာရင်းဟာ အာဆင်နယ်ထက် ပိုတောင့်တင်းသွားပြီလို့ ကျွန်တော် ထင်တယ်"ဟုလည်း ပြောဆိုခဲ့သည်။

၎င်းက "ကွင်းပြင် ရေးရာတွေမှာလည်း ကလပ်အသင်းအနေနဲ့ အာဆင်နယ်ကို အသာရလာပါစေလို့ ကျွန်တော် မျှော်လင့်တယ်။ ကွင်းသစ်ကြီး ဆောက်လုပ်နိုင်ဖို့ ဆိုတာမျိုးတွေပေါ့။ ကွင်းတွင်း စွမ်းဆောင်ရည် အရတော့ စပါးဟာ အများကြီး ပိုပြီး တည်ငြိမ်ရင့်ကျက်လာပါပြီ။ တကယ်တော့ ကျွန်တော်တို့ အသင်းဟာ လမ်းကြောင်းမှန်အတိုင်း ချီတက်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဘက်ကတော့ သူတို့ဟာ စပါးရဲ့ အထက်မှာ ရှိနေဆဲလို့ ပြောချင် ပြောပါလိမ့်မယ်။ ဒါပေမဲ့ လူအများရဲ့ အမြင်မှာတော့ စပါးဟာ အာဆင်နယ်ကို တန်းတူယှဉ်ပြိုင်လာပြီလို့ ပြောရင် ဘယ်သူမှ ငြင်းရဲကြမယ် မထင်ပါဘူး"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Source: SkySports

Planet Myanmar Network

Miss Myanmar International 2013 ပြိုင်ပွဲဝင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင် ရွေးချယ်ပွဲ

Miss Myanmar International 2013 ပြိုင်ပွဲဝင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင် ရွေးချယ်ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCCခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် ၂၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
The Myanma Age
ဓာတ်ပုံ - သက်ထူး




မန္တလေးတွင် ဖေဖော်ဝါရီ ၂၄ရက်ညနေပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့



မန္တလေး အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ် မဟာဂန္ဒာရုံလမ်းရှိ ရေသန့်ဘူးခွံစက်ရုံတွင် ဖေဖော်ဝါရီ ၂၄ရက်ညနေ ၃နာရီမိနစ်၄၀ခန့်က စက်ရုံအတွင်း ဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်ရုံအတွင်းဂဟေဆော်ရာမှာ ဆိုးပြားပေါ်သို့မီးပွားကြပြီးမီးလောင်မှုဖြစ်ပွားရာ ပေ၃၀xပေ၅၀ သွပ်မိုးနံကတ် တိုက်တစ်လုံးနှင့် စက်ပစ္စည်း အချို့မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ရာသို့မီးသတ်ယာဉ်(၃၅) စီးနှင့်မီးသတ်တပ်ဖွဲ့ဝင် (၁၉၀)ဦး သွားရောက်ငြိမ်းသတ်ခဲ့ပြီး ညနေ(၄)နာရီ တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်အား အမရပူရ ရဲစခန်းမှ အမှုဖွင့်အရေး ယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
မန်းကိုကို
Yangon Media Group

အမေရိကန်-မြန်မာ ကုန်သည်များအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အဖြစ် တွေ့ဆုံ


Monday, February 25, 2013

အမေရိကန်-မြန်မာ ကုန်သည်/စက်မှု အသင်းချုပ်တို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဖြစ် အမေရိကန်မှ ရေနံကုမ္ပဏီများ ၊အခြား နာမည်ကျော် ကုမ္ပဏီ များနှင့်မြန်မာနိင်ငံမှလုပ်ငန်းရှင် ၁ဝဝ ကျော် တို့ယနေ့နံနက်က UMFCCIတွင် တွေ့ဆုံနေသည်ဟု ကုန်သည်/ စက်မှုအသင်းချုပ်မှ သိရသည်။

ပြည်တွင်း/ပြည်ပ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးက မြန်မာ့ စီးပွားရေးတိုးတက်စေမည့် ရလဒ် ကောင်းများ ထွက်ရှိလာနိုင်ကြောင်း သုံးသပ်သည်။

''ဒါက စီးပွားရေးအင်အား ကြီးနိုင်ငံတစ်နိုင်ငံက လာပြီး အသိ အမှတ်ပြုတဲ့ပွဲပါ။ ရိုးရိုးတောင် မ ဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်ကြ မယ့်အထိ လုပ်တဲ့ပွဲဆိုတော့ သူ တို့ဆီကပဲလာလာ၊ ကိုယ်တွေနဲ့ပဲ ပူးပေါင်းပူးပေါင်း ကောင်းတာချည်း ပဲ''ဟု ၄င်းကဆိုသည်။

၁၉၈၈-၈၉ မှစ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းပြီး နောက် အမေရိကန်၏ လာရောက် ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်ရှိခဲ့ ဖူးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်ထံမှ သိရသည်။
အမေရိကန်စီးပွားရေး လုပ် ငန်းရှင်များ လာရောက်ရာတွင်
အစားအသောက် ထုတ်လုပ်ရေး ကုမ္ပဏီKFC အပါအဝင် ကုမ္ပဏီ အချို့ကပါ နိုင်ငံတွင်းရင်းနှီးမြှုပ် နှံရန် လေ့လာသူများအဖြစ်
ပါဝင်သည်ဟု သိရသည်။
Popular Myanmar News Journal

အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် အယ်လ်ဘာရာဒေး တိုက်တွန်း

ပေါ့ဆက်မြိ့တွင် သမ္မတမော်ဆီကို ဆန့်ကျင်သူများက အိုးဖုံးများတီးပြီး ဆန္ဒပြနေကြစဉ်


Monday, February 25, 2013

ဧပြီတွင် ပြုလုပ်ရန် စီစဉ်ထားသော အီဂျစ်လွှတ်တော် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်သည့် မိုဟာမက်အယ်လ်ဘာရာဒေးက ဖေဖော်ဝါရီ ၂၃ ရက်တွင် Twitter ၌ တိုက်တွန်းရေးသားခဲ့သည်။

အီဂျစ်အတိုက်အခံ အဖွဲ့များ ညွန့်ပေါင်းဖြစ်သော National Salvation Front တွင် ပါဝင်သည့် ခေါင်းဆောင်များအနက် တစ်ဦးအပါအ၀င်ဖြစ်သူ အယ်လ်ဘာရာဒေးသည် ပြီးခဲ့သော သုံးနှစ်ကလည်း ယခုကဲ့သို့ပင်
ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ဖူးသူ ဖြစ်သည်။

သို့သော် မွတ်စလင်ဘရားသားဟုဒ် အဖွဲ့၏ Freedom and Justice ပါတီမှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ အက်ဆမ်အီရန်က ယင်းကဲ့သို့ သပိတ်မှောက်ရန် အဆိုပြုမှုအပေါ် ဝေဖန်ခဲ့သည်။

ရွေးကောက်ပွဲများတွင် မပါဝင်ခြင်းသည် အုပ်ချုပ်ရေးအာဏာများကို ဒီမိုကရေစီနည်းလမ်းများ မသုံးဘဲ ရယူလို၍ဖြစ်ကြောင်း ပါတီ Facebook တွင် ရေးသားခဲ့သည်။ လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားသော နေရာအများအပြား၌ ပြုလုပ်မည့် ရက်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သည့် သမ္မတအမိန့် ဒီဂရီအား နိုင်ငံပိုင် Middle East News အေဂျင်စီက ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။
Ref:BBC
Eleven Media Group

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးမြသိန်းကို ခန့်အပ်ကြောင်း

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးမြသိန်း(ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ညွန်ကြားရေးမှူးချုပ် အငြိမ်းစား)ကို ခန့်အပ်ကြောင်း
ယနေ့ကျင်းပနေသော ပြည်ထောင်စုလွှတ်တော်က အတည်ပြုခန့်အပ်လိုက်သည်။

အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့အတွက် နိုင်ငံတော်သမ္မတမှ သုံးဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ သုံးဦးစီရွေးချယ်၍ ဖွဲ့စည်းခဲ့ပြီး
ဦးမြသိန်းကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။

အဖွဲ့ဝင် ကိုးဦးမှာ ဦးမြင့်ဝင်း၊ ဦးသန်းကျော်၊ ဒေါ်လှမျိုးနွယ် (နိုင်ငံတော်သမ္မတက ရွေးချယ်အမည်စာရင်းပေးပို့သော သုံးဦး)၊ ဦးတင်မြင့်၊ ဒေါ်ကျင်စန်း၊
ဦးမျိုးချစ် (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်အမည်စာရင်းပေးပို့သော သုံးဦး)၊ ဦးမြသိန်း(ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်
အငြိမ်းစား)၊ ဦးမြင့်လွင်၊ ဦးမြသိန်း( ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ညွှန်ကြားရေးမှူး) (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်အမည်စာရင်းပေးပို့သော သုံးဦး)တို့ဖြစ်သည်။7Day News Journal

တောင်ကိုရီးယား သမ္မတ သစ် ကျမ်းသစ္စာ ကျိန်ဆို ပွဲ တွင် Psy က Champion နှင့် Ganam Style (ရုပ်/သံ)

တောင်ကိုရီးယား သမ္မတ သစ် ကျမ်းသစ္စာ ကျိန်ဆို ပွဲ တွင် Psy က Champion နှင့် Ganam Style အမည်ရှိ ထင်ရှားသော သီချင်း နှစ် ပုဒ်ကို တောင်ကိုရီးယား လှ ပျို ဖြု များ နှင့် တွဲ ဖက် သီဆို ဖျော်ဖြေခဲ့သည်

နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရ





နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရသည် ကျင့်ကြံအားထုတ်၍ သိရှိခဲ့ပြီးသော စိတ်လေ့ကျင့်ခန်းများကို တစ်ကမ္ဘာလုံးရှိ လူသားအားလုံး သိရှိနိုင်စေရန် အတွက် www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြားသိရသဖြင့် Myanmar ICT ဂျာနယ်မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် မျှဝေ ဖော်ပြလိုက်ပါသည်။
...
လူ့လောကကြီးကို စွန့်ခွာခဲ့တာ နောင်တရလား ဘုရား။
တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။

ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။
မထွက်ခင်၊ ရဟန်းဘ၀ မရောက်ခင်၊ ပြီးခဲ့တဲ့ ရှစ်နှစ် ကတည်းက ကြိုတင်ပြီး ၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ကြေညာခဲ့တယ်။ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ၊ ဒီအလုပ်က ရုတ်တရက် ကောက်ပြီး ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ရှစ်နှစ်ကြာရင် ထွက်မယ်ဆိုပြီး ပြင်ဆင်ထားတာတွေ၊ အစီအစဉ်တွေ ပါတယ်။ နောင်တရစရာ မရှိဘူး။

အခု www.athithedi.com ဆိုပြီး ၀က်ဘ်ဆိုဒ် လွှင့်တင်မယ်လို့ သိရပါတယ်။ ဘယ်ကနေဘယ်လို ၀က်ဘ်ဆိုဒ် တင်မယ်လို့ တွေးမိပါသလဲ ဘုရား။ ရည်ရွယ်ချက်ကရော ဘုရား။
ဦးပဉ္စင်းအသက်က ၆၆နှစ်၊ လူ့သက်တမ်း ၇၀လို့ထားရင် နောက် ၄နှစ်ပဲ ကျန်တယ်။ ဒီလေးနှစ်အတွင်း ဘာတွေ လုပ်ခဲ့ရမလဲ။ ကိုယ်သိထားတာလေးတွေ ကိုယ်ကျင့်လို့ ရတာတွေရဲ့ အဖြေက ဘယ်အရာမှ အကြာကြီးမဟုတ်ဘူး။ ပြီးတော့ အားလုံးကို စွန့်လွှတ်ရမယ် ဆိုတာတွေအထဲမှာ သိခဲ့တဲ့ အသိတွေကိုပါ ထားခဲ့ရမယ့် အတူတူ တန်ဖိုးရှိတဲ့ အသိတွေကို အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတဲ့ ITခေတ်မှာ ၀က်ဘ်ဆိုဒ်နဲ့ IT ပစ္စည်းတွေရဲ့ အကူအညီကို ယူပြီး ထိထိရောက်ရောက် အသုံးချချင်တယ်။ အထူးသဖြင့် ဒီနေ့ခေတ် လူငယ်တွေ သိအောင် ဖြန့်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀က်ဘ်ဆိုဒ် လွှင့်တင်မှာပါ။

ဦးပဉ္စင်းရဲ့ ဒီဝက်ဘ်ဆိုဒ်ထဲမှာ စိတ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖော်ပြထားတော့ စိတ်နဲ့စေတသိက်ရဲ့ ကွာခြားမှုလေးကို ရှင်းပြပေးပါလား ဘုရား။
စိတ်ဆိုတာ အာရုံကို သိရုံသိတာ။ စေတသိက်က စိတ်ကို မှီပြီး ခြယ်လှယ်တာ၊ ဒုက္ခပေးနေတာ စေတသိက်ဆိုတဲ့ စိတ်တွေ။

အသိနဲ့ သတိကို ခေါင်းစီးနာမည် ယူထား တာလည်း သိချင်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရည်အချင်းတွေကို ကြည်ညိုလွန်းလို့ သိစေချင်တယ်။ ဂုဏ်တော်ကိုးပါးမှာ ဒုတိယအချက်ဖြစ်တဲ့
သမ္မာသဗ္ဗုဒ္ဓေါ ဂုဏ်တော်မှာ မြတ်စွာဘုရားဟာ သိစရာ မှန်သမျှ အရာအားလုံးကို ဆရာမလို ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်တော်တိုင် ထိုးထွင်းပြီး အကြွင်းမရှိ သိမြင်တော်မူတယ်။ လက်တဖျစ် အတွင်းမှာ ရုပ်ခန္ဓာရဲ့ ဖြစ်ပျက်မှုဟာ အကြိမ်ကုဋေပေါင်း ငါးထောင်၊ စိတ်က ကုဋေတစ်သိန်းဆိုတာ ဘုရားရဲ့ အသိဉာဏ်တော်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီးမှာ နောက်ဆုံးမှာခဲ့တာ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထတဲ့။ ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။ မမေ့မလျော့သော သတိတရားနဲ့ ကိစ္စ ပြီးအောင် ဆောင်ရွက်ကြကုန်လော့တဲ့။ သတိ အရေးကြီးဆုံးဆိုတာ ဟောခဲ့လို့ အသိနဲ့ သတိကို ဦးညွတ်တဲ့သဘော။

ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေ၊ လက်ရှိ သူတို့ လုပ်ကိုင် နေကြပုံတွေကို အားရရဲ့လား ဘုရား။
ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေကို ပြောရရင်တော့ သူတို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ရနေပြီလား။ ရခဲ့ရင်လည်း တကယ်တွေးခေါ်နိုင်တဲ့ အတွေ့အကြုံတွေရော ရနေပြီလား၊ အခွင့်အရေးရခဲ့ရင်ရော အသုံးချဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အရည်အချင်း ရှိနေပြီလား ဆိုတာတွေကို ကြည့်ပြီးတော့မှ အားရတယ်၊ အားမရဘူးဆိုတာ ပြောနိုင်မှာပေါ့။ လူငယ်တွေ အနေနဲ့လည်း သူတို့လုပ်ချင်တာတွေ လုပ်ခွင့်ရပြီး လုပ်ပြနိုင်တဲ့ အရည်အချင်းတွေ အဆင်သင့် ဖြစ်နေပြီဆိုရင် လက်ခုပ်တီးပေးမယ့် လူတွေက နေရာတိုင်းမှာ အပြည့်ပဲ။ အားလုံးက စွမ်းအားအသစ်တွေ လိုချင်နေကြပြီ။ ကိုယ့်ဘက်က အဆင်သင့် ပြင်ဆင်ထားဖို့ပဲ လိုတယ်။ ဒီသဘောကို မသိကြဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။

အနုပညာလောကသားတွေနဲ့ ပြန်တွေ့ ဖြစ်သေးလား။ တွေ့ဖြစ်ရင်ရော သူတို့တွေကို အကြံပေး ဝေဖန်မှုတွေ လုပ်ပေးသေးသလား ဘုရား။
တွေ့ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာ သူတို့လည်း ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို မေးကြတယ်။ အားလုံးတိုင်ပင် ဆွေးနွေးပြီး လုပ်ကြရင်တော့ ကောင်းလာ မှာပါ။ မျှော်လင့်နေကြတဲ့ အခွင့်အရေးတွေ ရလာကြရင် အဆင်သင့် ဖြစ်နေဖို့ ပြင်ဆင်ထားစေချင်တယ်။ အင်္ဂလိပ်စာ ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်၊ အင်တာနက် အသုံးပြုမှု စတာတွေ တတ်ထားစေချင်တယ်။

မြန်မာ့ရုပ်ရှင်လောကကို ဘယ်လို မြင်ပါသလဲ ဘုရား။
အပြောင်းအလဲတွေ ရှိလာပြီ ဆိုတော့ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဟောပြောပွဲတွေ အများကြီး လုပ်ခဲ့ဖူးတာ ဦးကျော်ဟိန်းကြောင့် လူများတာလား။ ဦးပဉ္စင်း ယခုလေ့လာ ကျင့်သုံးခဲ့တဲ့ အသိတရားတွေ များကြောင့်လား ဘုရား။
အရင်ဦးဆုံးကတော့ သူတို့သိခဲ့တဲ့ ကျော်ဟိန်းဆိုတာကို လာကြည့်ကြတာ။ ဦးပဉ္စင်းက စိတ် အကြောင်းတွေ၊ ဒုက္ခ အကြောင်းတွေ၊ သိစရာရှိတာ သိဖို့အကြောင်းတွေ၊ မရှိတာထက် မသိတာခက်တဲ့အကြောင်း၊ မသိတာထက် မလုပ်တာခက်တဲ့ အကြောင်းတွေ ပြောတော့ သူတို့ ကြားချင်တာ မပြောပေးလို့ ကျေနပ်မှုတွေ ရှိချင်မှ ရှိနိုင်မယ်။ အသိနဲ့ သတိအကြောင်းကိုပဲ အဓိကထား ပြောတဲ့နေရာမှာ တစ်ချိန်ချိန်တော့ အသိနဲ့သတိ အရေးကြီးတာကို သဘောပေါက်လာမယ်လို့ ယုံကြည်တယ်။ စိတ်ရှည်ပေးရမှာပေါ့။

ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးများလို မရွတ်ဖတ်နိုင်တော့ ယခုလို လေ့လာ ကျင့်ကြံ တွေ့ရှိမှုတွေဟာ ဦးပဉ္စင်းဘက်မှာ ဘယ်လို သက်ရောက်မှု ရှိခဲ့သလဲ ဘုရား။
သက်ရောက်မှုတွေ ရှိတာပေါ့။ ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးတွေလို မရွတ်ဖတ်နိုင်တော့ဘဲ ရဟန်းဘောင် ၀င်ပြီး ဘာမှမကြာဘူး၊ စာအုပ်တစ်အုပ် ထွက်လာတယ်။ ဦးပဉ္စင်းဟာ ဘယ် ဂိုဏ်းဝင်ပါ၊ ပြောနေတဲ့ စကားတွေက အဓမ္မ၀ါဒီတွေပါ၊ ဘုရားရဲ့ အယူအဆ တွေကို ပြောင်းပြန်ဖြစ်အောင် လုပ်နေတာပါ။ ဓမ္မတွေ၊ ၀ါဒတွေကို အပြောင်းအလဲ ဖြစ်ကုန်မယ်နော်၊ ဒီလူကြီးကို လွှတ်မထားနဲ့၊ သတိထားပါ ဆိုပြီး ရဟန်းခြောက်ပါးက တိုင်တယ်။ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့် ကြတာပေါ့။ ဦးပဉ္စင်းအနေနဲ့ ကျော်ဟိန်း ဘ၀ကို စွန့်လွှတ်ပြီးတဲ့နောက်မှာ ဘာကို လိုချင်ရဦးမှာလဲ။ ဘာမှမဖြစ်ချင်၊ မလိုချင်တော့ဘူး။ ဘယ်အရာမှ မမြဲဘူး ဆိုတာကို ဦးပဉ္စင်းက သဘောပေါက်နေပြီ။ ဦးပဉ္စင်းက ဘုရားရဲ့ တရားတော်တွေကို အများသိအောင်၊ တစ်ဖက်တစ်လမ်းကနေ ကူညီချင်တာ။ သြော် ဦးပဉ္စင်းကြီးက သာသနာကို တစ်ဖက်တစ်လမ်းက နိုင်သလောက် အကူအညီ ပေးနေတာလို့ အကောင်းမြင်တဲ့ဘက်က သိပေးရင်၊ နားလည်ပေးရင် အဆင်ပြေမှာပါ။

လူအဖြစ် ပြန်လည် မနေထိုင်တော့ဘူးလား ဘုရား။
မနေထိုင်တော့ပါဘူး။ အာရုံတွေကို ကြိုက်တတ်တဲ့ စိတ်တွေကို ဆက်တိုက် စွန့်လွှတ်နိုင်အောင် ကြိုးစားရင်း နောက်ဆုံး စွန့်လွှတ်စရာ အသက်ပဲ ကျန်တော့တယ်။ မသေခင် အကြွေးတွေ အကုန်ဆပ်ခဲ့ချင်တယ်။

ဒီဝက်ဘ်ဆိုဒ်လေးက နိုင်ငံတကာမှာရှိတဲ့ မြန်မာလူမျိုးများလည်း လေ့လာနိုင်တယ်ဆိုတော့ သူတို့နှင့်တကွ ပြည်တွင်းမှ မြန်မာလူမျိုးအားလုံးရဲ့ ဝေဖန်မှုကို ဘယ်လိုမျှော်လင့်ထားသလဲ ဘုရား။
အပြုသဘောနဲ့ ဝေဖန်တာကို လက်ခံရမယ်။ လူဖြစ်နေတဲ့အတွက် ပြည်စုံပြီလို့ မပြောနိုင်ဘူး။ မှားတာကို ထောက်ပြနိုင်လို့ ဦးပဉ္စင်းဘက်က မှားမှန်း သိရင် ချက်ချင်းပြင်မယ်။

ဦးပဉ္စင်းရဲ့ ဘ၀တစ်လျှောက်မှာ ဆုံးရှုံးခဲ့ဖူးတယ်လို့ လူတွေထဲမှာ ပြောသံ မကြားဖူးဘူး ဘုရား။ ဒီဘ၀မှာ ကျရှုံးမှု မရှိခဲ့လို့ ယခုလို နောက်လာမယ့် ဘ၀မှာ မဖြစ်အောင် ယခုလို ကျင့်ကြံနေတာလား ဘုရား။
နောက်ဘ၀ကို မျှော်လင့်ပြီး ဘာမှမလုပ်ခဲ့ဖူးဘူး။ ပြီးတော့ အောင်မြင်နေတဲ့ လူအားလုံးကို မေးကြည့်လိုက်! ဆုံးရှုံးမှုကို မကြုံဖူးပဲနဲ့ အောင်မြင်မှု အကြီးစား ရတဲ့သူဆိုတာ မရှိဘူး။ ဦးပဉ္စင်းကတော့ ဆုံးရှုံးခဲ့တာတွေ များလွန်းလို့ လူတော့လူပဲ ဒါပေမယ့် ဒဏ်ရာများနဲ့လူ။

ယနေ့လို အပြောင်းအလဲ မြန်ဆန်လွန်းနေတဲ့ မြန်မာပြည်မှာ ဦးပဉ္စင်းလို အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်သည့် တာဝန် (သို့) လုပ်ငန်းဆောင်တာ ငါးချက်ကို ပြောပြလို့ ရမလားဘုရား။
ပြောကြည့်မယ်။ ငါးချက်တော့ ပြည့်ချင်မှ ပြည့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုးတက် အောင်မြင်စေချင်တဲ့ စိတ်အသိနဲ့ ညှိကြည့်စေချင်တယ်။ အကောင်းမြင်တဲ့ဘက်က ဝေဖန် စေချင်တယ်။ ဝေဖန်ခံစေချင်တယ်။ ညှိနှိုင်းပြီး အဖြေထွက်လာရင် ချက်ချင်း အကောင်အထည် ဖော်စေချင်တယ်။ တစ်ခုခုကို ချက်ချင်း လက်မခံပါနဲ့။ ချက်ချင်းလည်း မပယ်ပါနဲ့လို့ ပြောချင်ပါတယ်။
တိုင်းပြည်ကြီးလည်း ပြောင်းလဲနေပြီဆိုတော့ လက်ရှိ အခြေအနေလေးကို သုံးသပ်ပေးလို့ ရမလား ဘုရား။
တိုင်းပြည်မှာ လက်ရှိ အခြေအနေက တိုးတက်ဖို့ ကြိုးစားနေတဲ့ အချိန်ဆိုတော့ တကယ် တိုးတက်အောင် လုပ်နိုင်တဲ့ လူတွေနဲ့ တွဲလုပ်ပါ။ စိတ်တွေ ရှင်းဖို့လိုတယ်။ ဟန်မဆောင်နဲ့၊ မလိမ်နဲ့၊ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး၊ လုပ်တတ်တယ်၊ မလုပ်တတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ လုပ်နိုင်တဲ့လူ၊ လုပ်တတ်တဲ့လူကို လုပ်ခွင့်ပေးပါ။ လုပ်ခွင့်ရတဲ့ လူကလည်း ရိုးသား စင်ကြယ်တဲ့ စိတ်မျိုးထားပြီး လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပါ။ ချက်ချင်း လုပ်ပါ။

ဦးပဉ္စင်း လူသူကင်းမဲ့တဲ့ တောထဲမှာ တစ်ပါးတည်း သီတင်း သုံးတယ်လို့ ကြားပါတယ် ဘုရား။ ယခင်က ချောချောလှလှလေးတွေ ၀ိုင်းနေတဲ့ ပတ်ဝန်းကျင်ကနေ ယခုလို ကျင့်သုံးနိုင်ဖို့ ဘယ်လိုများ ကြိုးစားခဲ့ပါသလဲ ဘုရား။
အရင်က ချောချောလှလှလေး တွေလည်း အခုချိန်ဆို ပြောင်းလဲနေကြပြီ ပေါ့။ ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး။ အားလုံးကို စွန့်လွှတ်ရမယ်ဆိုတာတွေ ကြိုသိထားပြီး ပြင်ဆင်ထားတဲ့နည်းနဲ့ အချိန်တွေကို ရင်ဆိုင်နေတယ်။
အခုလို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ ဦးပဉ္စင်းကို ICT အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ၀က်ဘ်ဆိုဒ် လွှင့်တင်တဲ့ အခါမှာလည်း တစ်ကမ္ဘာလုံးရှိ လူသားအားလုံးက စိတ်ဝင်တစား ၀င်ရောက် ကြည့်ရှုကြမယ့် Website တစ်ခု ဖြစ်မယ်ဆိုတာ ယုံကြည်နေပါသည်။
Myanmar ICT

တခါတလေ သမီး... တွေးတွေးပြီး...ငိုမိတယ်(ရုပ်/သံ)

မိန်းကလေးတစ်ယောက် အကြောင်း
Royal Hero Media

တော်လှန်ရေးပန်းခြံရှေ့ ဓမ္မစေတီလမ်းပိုင်း တစ်လမ်းသွားအဖြစ် ပြောင်းလဲ


ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၃
ရန်ကုန်မြို့ တော်လှန်ရေးပန်းခြံရှေ့ရှိ ဓမ္မစေတီလမ်းအား တစ်လမ်းသွားအဖြစ် ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ပြောင်းလဲလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြည်လမ်းကလာတဲ့ ကားတွေနဲ့ ဆုံနေတော့ တြိဂံပုံစံဖြစ် နေတယ်။ အဲဒီမှာ ယာဉ်ခဏခဏတိုက်တယ်။ အဲဒါကြောင့်ပါ”ဟု ရန်ကုန်မြို့တော်သာယာရေးကော်မတီလမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါ ဓမ္မစေတီလမ်းပိုင်းကို ဗားကရာလမ်းဘက်မှ လာသော အခြမ်းကိုပိတ်လိုက်ပြီး ပြည်လမ်းမှ လာသော ကားများသာ အသုံးပြု၍ရကြောင်း အဆိုပါ လမ်းတာဝန်ကျယာဉ်ထိန်းရဲတစ်ဦးကပြောသည်။

“ပြည်လမ်းကလာတဲ့ ကားတွေပဲ ၀င်လို့ရတယ်” ဟု ဓမ္မစေတီလမ်း တာဝန်ကျယာဉ်ထိန်းရဲတစ်ဦး က ပြောသည်။

ယခုကဲ့သို့ တစ်လမ်းသွား စနစ်ကျင့်သုံးလိုက်ခြင်းကြောင့် ဦးဝိစာရမီးပွိုင့်နှင့် မြေနီကုန်း မီးပွိုင့်များတွင် ယာဉ်ကြောပိုမို ကျပ် တည်းလာကြောင်း မြို့တွင်းအငှားယာဉ် မောင်းသမားများက ဆိုသည်။

“အခုလို လုပ်လိုက်တာ မြေနီကုန်းမှာ ကားတွေပိုကျပ်တည်းလာတယ်”ဟု အငှားယာဉ်မောင်း သမားတစ်ဦးကပြောသည်။
7Day News Journal

Marshall University ၀င်ခွင့်သတ်မှတ်ချက်နှင့်ပတ်သက်သောအချက်အလက်များအား လာရောက်ဆွေးနွေးမည်





အမေရိကန်ပြည်ထောင်စု တောင်ဘက်ရှိ Marshall University ၏ ၀င်ခွင့်နှင့်ပတ်သက်သော အချက်အလက်များအကြောင်းကို Marshall University USA Recruitment Manager (Asia) Mr. Dan Cross မှ လာရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။ Marshall University သည် ၁၈၃၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ် အစိုးရမှ အမေရိကန်ဒေါ်လာ သန်း(၅၀) ကျော် ထောက် ပံ့ကြေးရရှိနေသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။
အဆိုပါ ပညာရေးဆွေးနွေးပွဲကို မတ်လ (၂) ရက်နေ့ ညနေ (၃) နာရီမှ (၅) နာရီအတွင်း Marshall University ၏ မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော Regent Consultancy Services Co.Ltd, အမှတ် ဘီ (၁၃+၂၁)၊ ရွှေကိန္နရီအဆင့်မြင့်အိမ်ယာ၊ နာနတ်တောလမ်း (ရွှေကောင်း ဟော့ပေါ့အရှေ့)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဖုန်း ၀၁-၅၀၀၀၅၄၊ ၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ တက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ Internet Journal

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ် စတင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒီလဆန်းမှာ တာဝန်ယူခဲ့တဲ့ ဂျွန်ကယ်ရီ (John Kerry) ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ကို စတင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၉ နိုင်ငံကို ၁၁ ရက်ကြားသွားမယ့် ဝန်ကြီးကယ်ရီ ဟာ တနင်္ဂနွေနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ဆီကို ပထမဆုံး ထွက်ခွာသွားပါတယ်။
နိုင်ငံစုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ဆီးရီးယားနိုင်ငံအရေး ကိစ္စဟာ အဓိကဖြစ်မယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီရဲ့ ခရီးစဉ်အတွင်းမှာ ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး ညွှန့်ပေါင်းအဖွဲ့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့အစီအစဉ် ရှိပါတယ်။ လန်ဒန်မြို့ကို ပထမဆုံးသွားပြီးရင် ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ကို သွားပါလိမ့်မယ်။ အဲဒီကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကိုသွားပြီး မာလီနိုင်ငံအရေးကို ဝင်ရောက်ကူညီနေတဲ့ ပြင်သစ်နဲ့ တခြားနိုင်ငံတွေကို အမေရိကန်အစိုးရက ဆက်ပြီးထောက်ခံ ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံသွားပြီးရင် အီတလီ၊ တူရကီနဲ့ အီဂျစ်နိုင်ငံတွေဆီကိုလည်း
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆက်သွားမှာဖြစ်ပါတယ်။ ကိုင်ရိုမြို့တော်မှာ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးတဲ့အခါ အများပြည်သူဆန္ဒကို ပိုပြီးယူဖို့ အီဂျစ်အစိုးရကို တိုက်တွန်းမှာဖြစ်သလို၊ ဒေသတွင်းက ဘုံပြဿနာတွေကို အာရပ်နိုင်ငံများအဖွဲ့ချုပ် ထိပ်တန်းနိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပါတယ်။ အီဂျစ်နိုင်ငံကနေ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ ဆော်ဒီအာရေးဗျ နိုင်ငံ ရီးယက် (Riyadh) မြို့တော်၊ အာရပ်စောဘွားများပြည်ထောင်စုထဲက အဘူဒါဘီ (Abu Dhabi) နဲ့ ကာတာနိုင်ငံ ဒိုဟာ (Doha) မြို့တွေကို သွားပြီး ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ VOA Burmese Fan Page

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com