http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရွှေတာင်ရိုးယာဉ်လိုင်းမှ ခရီးသည်တင်လေအိတ်ကားတစ်စီးနှင့် ဆိုင်ကယ် မျက်နာချင်းဆိုင်တိုက်

ဟဲဟိုး၊ ဖေဖော်ဝါရီ ၁၉ ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီခွဲခန့်က တောင်ကြီးမှ မန္တလေးသို့ပြေး ဆွဲသော ရွှေတာင်ရိုးယာဉ်လိုင်းမှ ခရီးသည်တင်လေအိတ်ကားတစ်စီးနှင့် ရွှေညောင် မြို့ ခမရ ၉၄ မှ တပ်ကြပ်ဦးမြမွေးနင့်အဖော်တစ်ဦးတို့ စီးနင်းလာသော ဆိုင်ကယ် သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့ နန်ကုန်းပိုင်း ရပ်ကွက် ကံတလိဘုန်းကြီးကျောင်းအနီး ကားလမ်းမပေါ်တွင် မျက်နာ ချင်းဆိုင်တိုက်မိခဲ့ကြောင်း ဟဲဟိုးသတင်းထောက်မှ သတင်းပေးပို့သည်။

တိုက်မိသည့် အရှိန်မှာပြင်းထန်သဖြင့် ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ အခင်းဖြစ်ရာနေရာ တွင်ပွဲချင်းပြီးသေ ဆုံးခဲ့သည်။ ခရီးသည်တင်ကားပေါ်တွင်ပါလာသည့်ခရီးသည်များ မှာထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိပါ။ ဆိုင်ကယ်ကို ကား၏ညာဘက်ခြမ်းနင့်တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။ Popular Myanmar News Journal
သတင်း+ဓာတ်ပုံ - ထူးအိမ်သွင်


ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ မွေးတဲ့အတွက် ဗိုလ်ချုပ်နာမည်ပါအောင်ဖခင်က အမည်မှည့်ပေးထားတဲ့ ဆန်းသစ်လ

ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတော့ ၂ဝ၁၁ ခုနှစ် အကယ်ဒမီ ဗန်းကိုင်၊ သရုပ်ဆောင် ဆန်းသစ် လရဲ့ ၂၁ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ဆန်းသစ်လက မွေးနေ့မှာတော့ တောင်ဒဂုံအရှေ့ ပိုင်းမြို့နယ်မှာရှိတဲ့ ဝိသာခါ မိဘမဲ့ကလေးကျောင်းမှာ သွားရောက်လှူဒါန်းခဲ့ကြောင်း ပြော ပါတယ်။ မွေးနေ့ရှင် ဆန်းသစ်လက ''မွေးနေ့ကို ကြီးကြီးကျယ်ကျယ်လုပ်ရတာ ဝါသနာ မပါဘူး။ အလှူအတန်း လုပ်ရတာ သဘော ကျတဲ့အတွက် မိဘမဲ့ကလေးတွေကို သွားလှူတာပါ။ ဝတ္ထုငွေလည်း လှူတယ်။ ကလေးတွေ အတွက် တစ်နေ့လုံးစာ ကျွေးတဲ့ စရိတ်လည်း လှူခဲ့တယ်။ နေ့ခင်းကျတော့ အစ်မတွေ၊ သူငယ် ချင်းတွေနဲ့ 5D သွားကြည့် ခဲ့တယ်။ ညနေပိုင်းကျတော့ သူငယ်ချင်းတွေ အားလုံးစုပြီး ဘတ်ဒေးကိတ် လှီးကြတယ်။ ကိုယ့်မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်လည်း သွားဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ ကိုယ့်ကို ချစ်ခင်တဲ့သူတွေ လာကြတော့ မွေးနေ့က အမှတ်တရ ဖြစ်ပါတယ်''လို့ မွေးနေ့ဖြတ် သန်း ဖြစ်ခဲ့ပုံအကြောင်း ပြောပါတယ်။

သူ့ရဲ့အနုပညာသက်တမ်းမှာ ပထမဦးဆုံး မွေးနေ့ပဲဖြစ်ကြောင်း ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဗိုလ်ချုပ် မွေးနေ့လည်းဖြစ်တာကြောင့် အခုလို ဗိုလ်ချုပ်မွေးနေ့နဲ့ တိုက်ဆိုင်တဲ့အတွက် ခံစားချက်ကိုမေးတော့ ''ဗိုလ်ချုပ်က လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဗိုလ်ချုပ် မွေးနေ့နဲ့ တစ်ရက်တည်းဖြစ်တဲ့အတွက် နာမည်မှာလည်း 'ဆန်း'ဆိုပြီးတော့ အဖေ က ထည့်ပြီး မှည့်ပေးထားတယ်။ အဲဒါကြောင့် ဆန်းသစ်လဆိုတဲ့ နာမည်လေးကလည်း ဗိုလ်ချုပ် မွေးနေ့ အတွက် အမြဲအမှတ်တရလေးဖြစ်ပါတယ်'' လို့ပြောပါတယ်။ အခုဆိုရင် အသက်လည်း တစ်နှစ် ပိုကြီးလာတဲ့အတွက် ဘုရား၊ တရား များများလုပ်ပြီး ပရိသတ်ချစ်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်အောင် ကြိုးစားသွား မှာဖြစ်ကြောင်း ဆန်းသစ်လက ပြော ပါတယ်။

ခိုင်ဝေလွင်  Popular Journal

ပဲခူး ဖားအောက်တောရရိပ်သာ သိမ်တော်ကြီး ရေစက်ချအခမ်းအနားတွင် ဖားအောက်တောရဆရာတော်ကြီး တရားဟောကြားမည်

ပဲခူး၊ ဖေဖော်ဝါရီ ၁၉
ပဲခူးဖားအောက်တောရရိပ်သာ ကျောင်းတိုက်အတွင်းရှိ သဒ္ဓမ္မဝီရကာရီ သိမ်တော်ကြီး ရေစက်ချတရားတော်နာအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၈ နာရီတွင် ဥဿာမြို့သစ် သီးသန့် ၁ ရပ်ကွက်ရှိ ဖားအောက် တောရရိပ်သာ၌ ကျင်းပမည်ဖြစ်သည်။
သိမ်တော်ကြီးရေစက်ချပွဲသို့ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏက သိမ်ရေစက်ချ တရားဟောကြားမည်ဟု သိရသည်။
အသေးစိတ်သိလိုပါက ပဲခူး ဖားအောက်တောရ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ ဖုန်း ဝ၅၂-၂ဝဝ၁၇၉၊ ဝ၉-၅၃ဝ၂၄၄၆ တို့သို့စုံစမ်းနိုင်ကြောင်း သိရသည်။ Popular Myanmar News Journal

သီရိလင်္ကာတွင် မူဆလင်တို့၏ ဟာလာ(Halal)အမှတ်တံဆိပ် ထည့်သွင်းမှု ပပျောက်ရေး ဆန္ဒပြ


Monday, 18 February 2013

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလမ်ဘိုတွင် ဆင်ဟာလီလူမျိုး သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာအုပ်စု
တစ်ခုသည် နိုင်ငံ၌ အစားအသောက် များနှင့် အခြားကုန်ပစ္စည်းများတွင် မူဆလင်ဘာသာဝင်တို့၏ ဟာလာအမှတ်အသား ထည့်သွင်းသည့်စနစ် ပပျောက်ရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဗောဒုဘာလဆီနာခေါ် ဗုဒ္ဓဝါဒီစွမ်းအားအဖွဲ့  Buddhist Strength Force က ဟာလာအမှတ်အသား ပပျောက်ရေး အပါအဝင် နိုင်ငံခြားမှ ဘာသာရေးဝါဒဖြန့်သူများလည်း တစ်လအတွင်း တိုင်းပြည်မှ ထွက်ခွာသွားသင့်ကြောင်းပြောဆိုခဲ့သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော မြို့တော်ကိုလမ်ဘို ဆင်ခြေ ဖုံးရှိ ဆန္ဒပြပွဲသို့ ထောက်ခံသူများထောင်နှင့်ချီ၍ တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏တောင်း ဆိုမှုများမှာ နိုင်ငံတွင်ဘာသာရေးတင်းမာမှုများ မြင့်တက်လာချိန် တွင် ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ယင်းအဖွဲ့ သည် ယခင်ကလည်း မူဆလင်ဗလီများ၊ မူဆလင်ဘာသာဝင်များပိုင်ဆိုင်သော စီးပွားရေးလုပ်
ငန်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းတော် ကြီးများကိုလည်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း
ကိုလမ်ဘိုရှိ ဘီဘီစီသတင်းထောက် ချားလ်စ် ဟာဗီလန့်ကပြောကြားသည်။

ယမန်နေ့က ချီတက်တောင်းဆိုမှုများတွင် အမျိုးသား၊ အမျိုးသမီးထောင်ပေါင်းများစွာ ပါဝင်ခဲ့ပြီး အဖွဲ့ ၏ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဟောကြားသော တရားများကိုလည်း နားထောင်ခဲ့ကြသည်။

ဆန္ဒပြမှုတွင် ခေါင်းဆောင်သူများက ဟာလာတံဆပ် တပ်ထားသော အသားများကို သပိတ်မှောက်၍ ဝယ်ယူ ခြင်းမပြုရန် ဧပြီလမှစ၍ ဆိုင်များတွင် ဟာလာအမှတ် တံဆိပ်ပါ ကုန်ပစ္စည်းများကို ဖယ်ရှားပေးရန် တောင်းဆို ခဲ့ကြသည်။

အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ဘုန်းတော်ကြီး ဂါလဘောဓ အဿသီ ဂန်နာစာရက ဘုန်းတော်ကြီးများ သည်သာ ဆင်ဟာလီလူမျိုးများကို ကယ်တင်နိုင်မည်ဖြစ် ကြောင်း၊ ခရစ်ယန်နှင့် မူဆလင်အစွန်းရောက်များသည် ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်နေကြောင်း၊ မိမိတို့
နိုင်ငံသည် ဆင်ဟာလီတိုင်းပြည်ဖြစ်၍ မိမိတို့သည် တိုင်းပြည်၏ တရားမဝင်သော ရဲတပ်ဖွဲ့ ပင်ဖြစ်ကြောင်း
ပြောကြားသည်။

သီရိလင်္ကာ သမ္မတ မဟင်ဒရာရာဂျပက်ဆာကမူ ဘုန်းတော်ကြီးများအား ဘာသာရေးအမုန်းပွားမှုနှင့်
အကြမ်းဖက်မှုများတွင် မပါဝင်ရန် တိုက်တွန်းထား သော်လည်း နိုင်ငံတွင် ဘာသာရေးတင်းမာမှု အခြေ
အနေမှာ အလွန်ဆိုးရွားနေကြောင်း အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး က ပြောကြားသည်။

သီရိလင်္ကာ၏ လူဦးရေ သန်း၂၀ တွင် လေးပုံသုံးပုံမှာ ဗုဒ္ဓဘာသာဝင် ဆင်ဟာလီလူမျိုးများ ဖြစ်ပြီး မူဆလင်
များမှာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း သိရသည်။
BBC

ပြည်ထောင်စုနေ့မှာ ကလေးများနဲ့ ပျော်ပျော်ပါးပါးကစားခဲ့တဲ့ မယ်လိုဒီ

ဇာတ်ကားရိုက်ကူးမှုတွေကို နားလိုက်ပြီဖြစ်ပေမယ့် ပရဟိတအလုပ်တွေကို လုပ်ဖြစ်နေတဲ့ မယ်လိုဒီက ဖေဖော်ဝါရီ၁၂ရက်နေ့၊ မနက် ၉နာရီကစပြီး ကန်တော်ကြီး ဗိုလ်ချုပ် ကြေးရုပ်ကျွန်း၊ UTOPIA တာဝါမှာ သုခရိပ်မြုံမိဘမဲ့ကလေး ဂေဟာနဲ့ AGAPE စောင့်ရှောက်မှုဂေဟာတို့ မှ ကလေးအယောက် ၁၅ဝတို့နဲ့ ရင်းရင်းနှီးနှီးပျော် ရွှင်စွာ Dream Boat ဂိမ်းကစားပွဲတွေကို ကစားခဲ့ပါတယ်။

UTOPIA တာဝါရှေ့ကို ရောက်တယ်ဆိုရင်ပဲ 'လူတိုင်းအားစိုက်လုပ်ရမှာ မေတ္တာ၊ ကရုဏာ၊ ငြိမ်းချမ်းခြင်း အဖြေပါ၊ ချစ်ခြင်းမေတ္တာဖြင့် မယ်လိုဒီ” ဆိုတဲ့ စာတန်းနဲ့ အင်္ကျီတွေဆင်တူ ဝတ်ဆင်ထားတဲ့ ကလေးတွေ၊မေတ္တာ နဲ့ ပါဝင်အားဖြည့်ကူညီပေးတဲ့ မောင်မောင်အေးတို့ Dream Boatအဖွဲ့၊ စီစဉ်ကူညီပေးတဲ့ အဖြူရောင်သက်တံ့ အဖွဲ့တွေနဲ့မယ်လိုဒီကိုပါ တွေ့ရပါတယ်။ မယ်လိုဒီက ဒီပွဲကို ပရိသတ်တွေလည်း လာနိုင်အောင်ဖေ့ဘုတ် ကနေ 'မိတ်ကပ်နဲ့ ဒေါက်ဖိနပ်မလိုပါ။ ဖြူစင်နှလုံးသားလေးက အားလုံး ဆုံစည်းဖို့ပါ'လို့ စာတမ်းလေးနဲ့ လည်း ဖိတ်ခေါ်ထားပါတယ်။ ''အဓိကက ပကာသနမပါ ဘူး။ ဒီကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားကြမယ်။ သူတို့ကို ခွဲခြားဆက် ဆံတာမျိုးမဟုတ်ဘူး။ သူတို့နဲ့ ရင်း ရင်းနှီးနှီးကစားတယ်။ နမ်းတယ်။ ကုန်းပိုးတယ်။

ကိုယ့်အချင်းချင်း တောင့်တသီးတခြားဆက်ဆံရင် ခံစားရတယ်။တစ်သားတည်းဆက်ဆံ ပြီး ပကာသနမလိုဘူး”လို့ မယ်လိုဒီက ပြောပြပါတယ်။ ပရဟိတလုပ်နေပေမယ့် ဖောင်ဒေးရှင်း၊ အသင်း၊ အဖွဲ့တော့ မထူထောင်ပါဘူးလို့ဆိုပြီး နောက်လိုက် ကောင်းပဲဖြစ်ချင်တယ်လို့ပြောလာတဲ့ မယ်လိုဒီက “ဒီလိုအဖွဲ့ အစည်းတစ်ခု ထူထောင်ဖို့ဆိုတာ မလွယ်ဘူး။ ဦးဆောင်တဲ့သူကို တအားလေးစားတယ်။ မျိုးကအစကတည်းက နောက် လိုက်လုပ်ရတာပဲ ဝါသနာပါတယ်။ အစကတည်း က ခေါင်းဆောင် ဖြစ်ရမှာမဟုတ်ဘူး။

 ရှေ့ကခေါင်းဆောင်တာကို နောက်လိုက်ကောင်းပဲ ဖြစ်ချင်တာ'' လို့ ပြောပါတယ်။ ဒီပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ကလေးတွေ စာမေးပွဲကြောင့် ၁၂ ရက်နေ့မှပဲ လုပ်လိုက်ရတာလို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့က သူတို့ချစ်သူ နှစ်ယောက်ရဲ့ အန်နီဗာစရီ ပါလို့ပြောလာတဲ့ မယ်လိုဒီက “၁၁ ရက်နေ့က ချစ်သူနဲ့ အန်နီဗာစရီနေ့ လေ။ သူက မြန်မာ ပြည်မှာ မရှိဘူး။ အချစ်ဆိုတာက ကိုယ် ကပဲ ချစ်ချစ်၊ သူကပဲ ချစ်ချစ်အဓိကက ချစ်ဖူးဖို့လိုတယ်။ ချစ်ဖူးမှ လူပီသမှာ။ မချစ်တတ်ဘူးဆို အဓိပ္ပာယ် မရှိဘူး။ ချစ်ခြင်းမေတ္တာ ရှိဖို့လိုတယ်။

မျိုးကတော့ သူဘယ် ရောက်နေလဲ၊ ဘာလုပ်နေလဲ ဆိုတာ စဉ်းစားမယ့်အစား သူအဆင်ပြေနေရင် ပိုကောင်းတယ်။ အပူမယူဘူး။ အခုအချိန်မှာကိုယ်လည်း တစ်နိုင်တစ်ပိုင် ကိုယ်နဲ့ ဆက်စပ်မှု ရှိတာကို ပျော်ရွှင်အောင်ထားတယ်'' လို့ပြောပြပါတယ်။ အယောက် ၂၅ဝ ကုန်ကျစရိတ်နဲ့ ငွေကျပ် ၆ သိန်း လှူဒါန်းခဲ့ပြီး ဒီလို တွေ့ဆုံမှုကို နောက်ထပ် လုပ်သွားနိုင်ဖို့ အတွက်လည်း စီစဉ်သွားမှာပါလို့ မယ်လိုဒီက ပြောပြခဲ့ပါတယ်။ မေမွန်မောင်၊ ဓာတ်ပုံ-အိသွဲ့ (တန့်ယန်း)
Popular Journal










































ကိုမင်းကိုနိုင် တောင်းဆိုလို့ ကိုမွန်းအောင်..ဆိုပြတဲ့နဒီမင်္ဂလာ

ကိုမင်းကိုနိုင်က..နဒီမင်္ဂလာ သီချင်းကြိုက်လို့..ကိုမွန်းအောင်ကိုဆိုခိုင်းတယ်..။ကိုမွန်းအောင်က..ဆိုပြတယ်။

မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ၏ မဟူရာညလေး ဖြစ်ပါတယ်။


ဘယ်ဆေးရုံမဆို လျှပ်စစ်မီး(၂၄)နာရီ ရရှိရေးဟာ အလွန်အရေးကြီးပါတယ်။
မန္တလေးလို မြို့ကြီးမှာတောင် ယခုလို လျှပ်စစ်မီးကို ဖြတ်ချင်သလိုဖြတ် နေရင် ကျန်တဲ့ နယ်မြို့တွေမှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာ စဉ်းစားတတ်တဲ့ ဦးနှောဏ်ရှိတဲ့ တာဝန်ရှိသူတိုင်း စာနာ နားလည်မယ်လို့ မျှော်လင့်ရပါတယ်။
News of Myanmar

စက္ကူသားညံ့တယ်ဆိုတော့

FB-Cartoon Waiyan Taunggyi

အများသဘောမတူသော အဆောက်အဦးကိစ္စ ၈၈နှင့် သံဃာနှစ်ပါး ညှိနှိုင်းပေး

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၈။
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေ ရပ်ကွက်၌ အများသဘောမတူသော အဆောက်အဦးအား ၁၇ရက်နေ့တွင် စည်ပင်မှတာဝန်ရှိသူများက ဖျက်သိမ်းပေးသော်လည်း အပြီးတိုင် မဖျက်သိမ်းသောကြာင့် ဒေသခံပြည်သူများက မကျေနပ်၍ ယနေ့ညနေတွင် ယင်းလမ်းသို့ ရောက်ရှိလာကြပြီး အပြီးသတ်ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသောကြာင့် ၈၈မျိုးဆက်ကျောင်းသားများနှင့် သံဃာတော်နှစ်ပါး လာရောက်ညှိနှိုင်းခဲ့ကြသည်။ ထိုသို့မဖြေရှင်းမီတွင် ဒေသခံများက အဆောက်အဦးအား ကိုယ်တိုင်ဖျက်လိုကြသောကြောင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးထားရပြီး ရဲများနှင့် ဒေသခံအချင်းချင်း ပဋိပက္ခအနည်းငယ် ဖြစ်ပွားခဲ့ကြသည်။ ဒေသခံများက အဆောက်အဦး လက်ကျန်အား ဖျက်သိမ်းပေးရန် တောင်းဆိုသော်လည်း တာဝန်ခံ၍ ဖြေရှင်းပေးမည့်သူ မရှိသောကြောင့် ယခုကဲ့သို့ ပြဿနာ အနည်းငယ် ရှိခဲ့ခြင်း ဖြစ်သည်ဟု တောင်းဆိုနေသူများက ပြောကြသည်။ ယခုအခါ အဆိုပါ အဆောက်အဦးအား ပြင်ဆင်ဆောက်လုပ် ထားသော လက်ကျန်များကို ဖျက်သိမ်းပြီး မူလ အဆောက်အဦးအား တရားဥပဒေ နည်းလမ်းအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ၈၈မျိုးဆက် ကျေုာင်းသားများက ပြောကြသည်။ ထိုအဆောက်အဦးသည် စည်ပင်မှ အမိုးပြင်ဆင်ရန် ခွင့်ပြုခဲ့သော်လည်း အဆောက်အဦးတစ်ခုလုံး ပြင်ဆင်ခြင်း၊ ဘာသာရေးစာသင်ကြောင်းဟု ဆိုသော်လည်း တစ်နေ့သုံးကြိမ်ဝတ်ပြုခြင်း စသောအချက်များကြောင့် ဒေသခံများက ကန့်ကွက်ကြခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ယင်းအဆောက်အဦးအား သက်ဆိုင်ရာမှ ခွင့်မပြုမချင်း ဆက်လက်မဆောက်ရန် တားမြစ်ထားသော ဆိုင်းပုဒ်အား ကပ်ထားသည်ကိုလည်း တွေ့ရသည်။ထိုကဲ့သို့ တောင်းဆိုမှုများသည် ည(၁၂)နာရီခန့်၌ ပြေလည်သွားကြပြီ ဖြစ်သည်။
အောင်သိုက်
The Myanma Age







မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို

Tuesday, February 19, 2013

မြန်မာစစ်တပ်ထဲက ကလေးစစ်သား ၂၄ ဦးကို ပြန်လွှတ်ပေးလိုက် တဲ့အပေါ် ကုလသမဂ္ဂ က ချီးမွမ်း ကြိုဆိုလိုက်ပါတယ်။

စစ်တပ်တွင်းက ကလေးစစ်သား ၂၄ ဦးကို စိစစ်ပြီး ပြန်လွှတ်ပေးတဲ့ အခမ်းအနားတရပ်ကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူတွေ၊ စစ်တပ် အရာရှိတွေအပြင်
UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ ကိုယ်စားလှယ်လည်း တတ်ရောက်ခဲ့ပါတယ်။

အဲ့ဒီပွဲကို တတ်ရောက်တဲ့ UNICEF မြန်မာနိုင်ငံ ကိုယ်စားလှယ် ဘတ်ထရန်း ဘိန်းဗဲလ် (Bertrand Bainvel) ကလည်း အဲ့ဒီလွတ်မြောက်လာတဲ့ ကလေးတွေကို စကားပြောပါတယ်။ ဒီကလေးတွေ အနေနဲ့ အမှားအယွင်း မလုပ်ခဲ့ကြကြောင်းနဲ့ မှားယွင်းပြီးတော့ အလုပ်ခံရတာ ဖြစ်ကြောင်း၊ ဒီ့အတွက် သူတို့ အသက်မပြည့်ခင်မှာ မှားယွင်းအသုံးပြုမိတဲ့ စစ်တပ်ကနေ သူတို့ကို အခု ပြန်လွှတ်ပေးရတာ ဖြစ်ကြောင်း မစ္စတာ ဘိန်းဗဲလ်
က ပြောသွားပါ တယ်။

မြန်မာနိုင်ငံတွင်း ကလေးစစ်သား စုဆောင်းအသုံးပြုမှု အဆုံးသတ်ရေး
အတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအကြား ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက သဘောတူညီမှုတွေ ရခဲ့ပြီး၊ အဲ့ဒီ သဘောတူညီမှုရဲ့ အဆက်အနေနဲ့
ဆောင်ရွက်ချက် ဖြစ်တယ်လို့ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်
ပါတယ်။

အခုလို ကလေးစစ်သား ၂၄ ဦး ပြန်လွတ်မြောက်လာတာကို ကြည့်ရင် အစိုးရအနေနဲ့ ကလေးတွေကို စစ်တပ်အတွက် စုဆောင်း အသုံးပြုတာမျိုး မဖြစ်သင့်တော့ဘူးဆိုတဲ့ ပိုင်းဖြတ်ချက်ကို ထင်ဟပ်စေ တယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံးက ဌာနေကိုယ်စားလှယ် အရွှတ် နီဂမ်း (Ashok Nigam) က ပြောပါတယ်။

စစ်တပ်အပြင် အခြားအစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်တွေမှာ သုံးနေတဲ့ ကလေးတွေ အားလုံး ကိုလည်း အလားတူ ပြန်လွှတ်ပေးရေးအတွက် အရှိန်မြှင့် ဆောင်ရွက်သွားဖို့ အရွှတ် နီဂမ်း (Ashok Nigam) က တိုက်တွန်းသွားပါတယ်။

ကမ္ဘာမှာ ကလေးစစ်သား အသုံးပြုတာကြောင့် အတွင်းရေးမှူးချုပ်အနေနဲ့ စိုးရိမ်ရတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ မကြာခင်တုန်းက ထုတ်ပြန်ခဲ့တဲ့ Child Soldiers International အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု အဆုံးသတ် ရေးအတွက် မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ဇွန်လအတွင်းက သဘောတူညီမှုတွေ ရခဲ့ပေမဲ့လို့၊ မြန်မာအစိုးရနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတုန်းပဲလို့ ထောက်ပြထားပါတယ်။

ဗွီအိုအေ

ပြတ်သွားတဲ့ ပုတီးကုန်းလေးတွေ(ရုပ်/သံ)

ပြည်ပရောက်တွေ..ဘယ်တော့ပြန်လာမှာလဲ? ခင်ဗျားတို့တတ်ထားတဲ့ပညာနဲ့ လုပ်စရာတွေ လိုအပ်နေတယ်။ ဘယ်တော့ပြန်လာမှာလဲလို့ ကိုမင်းကိုနိုင်က ပြည်ပရောက် မြန်မာတွေကို အော်စလိုတွေ့ဆုံပွဲမှာမေးခွန်းထုတ်သွားတယ်။

ဖိလစ်ပိုင် ပင်လယ်မှာ ကုန်တင်သင်္ဘော နစ်မြုပ်လို့ သေဆုံးသူနဲ့ ကယ်တယ်နိုင်ခဲ့တဲ့ မြန်မာ သင်္ဘောသားများ စာရင်း။






သေဆုံးသူ - စားဖိုမှူး ဦးမြင့်အောင်

-ကယ်တယ်လို့ရတဲ့ ၉ ယောက်ကတော့
-ဦးသန့်ဇင်မိုး နဲ့ ဦးရွှေအေး (ထိခိုက်ဒဏ်ရာရ)
-အရာရှိ ဦးကြည်ဝင်း
-ဦးခင်မောင်ဝင်း
-ဦးအောင်ကျော်ခိုင်
-ဦးအောင်သူငြိမ်း
-ဦးဝင်းဇော်
-ဦးဝင်းမင်းသိန်း


မြန်မာ သင်္ဘောသား ၂၄ ဦး ပါတာ ဖြစ်ပြီး ၁၄ ဦးကတော့ ပျောက် ဆုံးနေဆဲ ဖြစ်ပါတယ်။
BBC Burmese

အသံတောင်မကြားချင်ဘူး

FB-ဟာဂျူလီ ကသာ

နှစ်ဝါ တနီပဲဟေ့

FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း

မန္တလေးတွင် တရားမ၀င် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ



မန္တလေးမြို့တွင် မြန်မာနိုင်ငံသားမဟုတ်သည့် မြန်မာစကား မတတ်သော လူမျိုးများ တရားမ၀င် နေထိုင်ကြသည်ကို စတင် စိစစ် ဖော်ထုတ် အရေးယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသော အမျိုးသားစီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုစဉ် ဦးကျော်ကျော်ဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက် နေထိုင်မှုကို စိစစ်ဖော်ထုတ် အရေးယူပေးရန် တင်ပြချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် အလေးထား ဆောင်ရွက်လျှက်ရှိပြီး စိစစ်အရေးယူမှုများ စတင်နေပြီဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကတ်များသည် တရားဝင်ထုတ်ပေးထားခြင်း ရှိ၊ မရှိအပါအ၀င် တရားမ၀င်နေထိုင်မှုများကို ၀န်ကြီးဌာနမှ ရုံး လက်ခံမှတ်တမ်းများနှင့် စစ်ဆေးနေကြောင်း၊ စစ်ဆေးမှုများအရ နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားလက်မှတ် ရရှိ ကိုင်ဆောင်ထားသူများကို လက်မှတ်များ ပြန်လည်သိမ်းဆည်းပြီး လက်မှတ်ထုတ်ပေးသည့် လူဝင်မှုကြီးကြပ်ရေး အရာရှိ၊ ၀န်ထမ်းများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဝင်းက ပြောသည်။

“မန္တလေးမြို့သို့ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက်နေထိုင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးရမည်ကိုလည်း ကောင်းစွာသဘောပေါက်ပြီး ယခု အစိုးရသစ် လက်ထက်တွင် မိမိဝန်ကြီးဌာနက လေးစား လိုက်နာလျှက် ရှိပါတယ်၊ မိမိဌာနက ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်းများသည် တရားဝင် ထုတ်ပေး ထားခြင်းရှိ၊ မရှိ၊ ထုတ်ပေးမှုမှန်ကန်ခြင်းရှိ၊ မရှိ၊ အိမ်ထောင်စုစာရင်း မရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း၊ သို့မဟုတ် တရားမ၀င် နေထိုင်ခြင်းရှိ၊ မရှိ ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများအား မန္တလေးတိုင်း ဒေသကြီးအတွင်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မမှန်မကန် ဆောင်ရွက်ခဲ့သည့် ၀န်ထမ်းများအား ထိရောက်စွာ စစ်ဆေး အရေးယူသွားမည် ဖြစ်ပြီး တရားမ၀င် နေထိုင်သူများအားလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့သည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများကလည်း အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်ကိုလည်း တပါတည်း အသိပေးလိုပါတယ်” ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။

မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်ကမူ မန္တလေးတွင် မြန်မာစကား မတတ်သော လူမျိုးခြားများ တရားမ၀င် ၀င်ရောက် နေထိုင်မှုများ အများအပြားရှိနေပြီး အထူးသဖြင့် တရုတ်အနွယ်ဝင် အများစုဖြစ်ကြောင်း၊ ယင်းတရုတ် အနွယ်ဝင်များမှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မန္တလေးသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း၊ မန္တလေးမြို့ရှိ မြန်မာအမျိုးသားပိုင် နေအိမ်ခြံမြေ တိုက်တာအဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းများမှာ တရုတ်အနွယ်ဝင်များလက်ထဲသို့ ရောက်ရှိကြောင်း ဧရာဝတီသို့ပြောသည်။

“မန္တလေးမှာ တရားမ၀င်နေထိုင်မှု သေချာပေါက် အများကြီးရှိတယ်။ ၁၉၉၀ နောက်ပိုင်းမှာတော့ အလုံးအရင်းနဲ့ ၀င်လာတယ်။ အလုံးအရင်းဝင်လာတာက အချို့က ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ၀င်လာတယ်။ တချို့ကလည်း အာဏာပိုင်အဖွဲ့အစည်းနဲ့ ချိတ်ပြီးဝင်လာတာ။ တရုတ်တွေပါ။ များသောအားဖြင့် ယူနန်ဘက်က ဟာတွေများတာပဲ။ မန္တလေးရဲ့ လက်ရင်း မြန်မာ အမျိုးသားပိုင် စီးပွားရေး၊ အိမ်ယာတွေ ကုန်ပြီဗျ။ မြေတွေလည်းကုန်ပြီ။ ဒီအချိန်ကျမှ အရေးယူမယ်ဆိုတော့ တအား နောက်ကျနေပြီ။ မြန်မာအမျိုးသားတွေ ပိုင်တဲ့ စီးပွားရေး၊ ယဉ်ကျေးမှု၊ ရေမြေကို အကာကွယ်ပေးတာ၊ အထောက်ကူပေးတာ တွေရှိသင့်တယ်။ တရားမ၀င် နေထိုင်မှုတွေနဲ့ အလုံးအရင်း ဖြစ်လာတာက အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှုတွေကြောင့် အများဆုံးပဲပေါ့။ လက်နက်နဲ့ ငြိမ်းချမ်းရေး နောက်ကွယ်ကနေ ၀င်တာတွေလည်း အများကြီးပဲ။ ကိုးကန့်တံဆိပ် တပ်ထားတဲ့ တရုတ်၊ ၀တံဆိပ်ထားတဲ့ တရုတ်တွေချည်းပဲ” ဟု ဆရာဆူးငှက်က ဆိုသည်။

ချမ်းအေးသာဇံမြို့နယ်မှ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာကမူ တရားမ၀င် နေထိုင်မှုများကို အရေးယူရန်မှာ တိကျသေချာမှုနှင့် စေ့စပ်မှု အရေးကြီးသည်ဟု ပြောသည်။

“မန္တလေးမှာက တရုတ်ကိုးကန့်စပ်တွေ၊ ကိုးကန့်တွေ၊ ၀တွေပေါ့၊ တချို့သူတွေက မြန်မာစကားကို ရေရေလည်လည်ကို မတတ်ဘူး။ အဲဒါမျိုးတွေ တော်တော်လေး ရှိတယ်။ တရုတ်အနွယ်ဝင် တော်တော်များများက ချမ်းသာကြတယ်၊ မြန်မာတွေက မချမ်းသာကြဘူး။ မန္တလေးမြို့လယ်ခေါင်မှာက သူတို့တွေချည်းပဲ။ အိမ်ကောင်းနေရာကောင်း ဆိုရင် သူတို့ဟာတွေချည်းပဲ။ တရားမ၀င် နေထိုင်မှုတွေကို ဖော်ထုတ်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ အသေးစိတ် စေ့စေ့စပ်စပ် ဖော်ထုတ် မယ်ဆိုရင်တော့ ဖော်ထုတ်လို့မြန်မှာပါ။ သေသေချာချာ လုပ်ဖို့လိုပါတယ်” ဟု ဒေါ်တင်တင်မာက ဆိုသည်။

မန္တလေးတွင်သာမက တနိုင်ငံလုံး အတိုင်းအတာဖြင့်လည်း တရားမ၀င် နိုင်ငံသားကတ် ရရှိထားမှုများ၊ တရားမ၀င် နေထိုင်မှုများ ကို စိစစ်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံခြားသားများကို တရားဝင် အမြဲတမ်း နေထိုင်ခွင့်ပေးမည့် PR စနစ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၏ အဆိုအရ သိရှိရသည်။
ဧရာဝတီ

ဖြူး တမြို့ လုံး တုန်းလှုပ်စေတဲ့ အပိုင်းပိုင်း ပြတ်နေသည့် အမျိုးသမီး (သတင်း-ဓါတ်ပုံ)

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ သပြေလှ ချောင်းထဲတွင် မသင်္ကာဖွယ်ရာ ပီနံအိတ်အတွင်း ကျွတ်ကျွတ်အိတ် အမဲဖြင့် ထုပ်ထား သော ခြေလက်များ ကြိုးတုတ်လျှက် ဦးခေါင်းမပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀ ကျော် ၃၀ ခန့်ရှိ အမျိုးသမီး တစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်းအရှေ့ဘက်ဘေးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့် ယောကျာ်းဝတ် ပုဆိုးအနီး တစ်ထည်ကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။

သေဆုံးသူအမျိုးသမီး၏ အမည်၊ နေရပ်နှင့် မည်ကဲ့သို့သေဆုံးကြောင်းကို အမှုကိုင်အဖြစ်
တာဝန်ယူဆောင်ရွက်ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ ထိတ်လန့် ခြောက်ခြား စရာ ဓါတ်ပုံများ ဖြစ်ပါ သဖြင့် ကလေးများနှင့် နှလုံးရောဂါ ရှိသူများ လုံးဝ မကြည့်ရှုရန် အထူး သတိပေး မေတ္တာရပ်ခံပါသည်











 သတင်း-ဓါတ်ပုံ - သံလက်သီး (ဒေါက်တာလမ်းပြကြယ်-ဘလော့ခ်)
Thit Htoo Lwin.com

အသုဘ စရိတ်ဖြစ်သွားရှာပေါ့...

FB-သတင်းစုံလင် ဖေ.ဘုတ်တခွင်

မြန်မာသဘောင်္ ဖီလစ်ပိုင်တွင် နစ်မြုပ်၊ တစ်ဦးသေ ၁၄ဦး ပျောက်ဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ဖိလစ်ပိုင် နိုင်ငံ ပန်ဂီစီနန် ဒေသ အနီးတွင် ယနေ့ နံနက် ၉ နာရီခန့်၌ မြန်မာ သင်္ဘော တစ်စီး နစ်မြုပ်သဖြင့် သင်္ဘောသား တစ်ဦး သေဆုံးကာ ၁၄ ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ဖိလစ်ပိုင် အခြေစိုက် GMA သတင်းတွင် ဖော်ပြထားသည်။

အရီတာ ဘော့စိုက် အမည်ရှိ အဆိုပါ သင်္ဘောသည် ဖီလစ်ပိုင် နိုင်ငံ ပန်ဂစီနန် ဒေသရှိ ဘိုလီနောဝ် မြို့ အနီးတွင် စက်အင်ဂျင် ချို့ယွင်း သွားခဲ့ပြီး ပြင်းထန်သော လှိုင်းလုံး များကြောင့် လုံးဝ ပျက်စီးကာ နစ်မြုပ် သွားခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် ဆိပ်ကမ်း ရဲတပ်ဖွဲ့က ပြောကြားကြောင်း ယင်းမီဒီယာ တွင် ဖော်ပြ ထားသည်။

သင်္ဘော နစ်မြုပ်သည့် သတင်း ရလျှင်ရချင်း ဘိုလီနောဝ် အစိုးရ အဖွဲ့မှာ စက်လှေများ စေလွှတ်၍ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ စတင်ခဲ့သည်ဟု ဆိပ်ကမ်း ရဲများက ဆိုကြောင်း ယင်းသတင်း ဌာန တွင် ဖော်ပြထားသည်။ လက်ရှိ အခြေအနေတွင် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာ ရကာ ၁၄ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ယင်းသတင်း အရ သိရသည်။
The Voice Weekly

DA14 ဂြိုဟ်ငယ် ကမ္ဘာနားဖြတ်သွား

Chebarkul ရေကန်မှ ရေခဲပြင်ပေါ် ဥက္ကာပျံအပိုင်းအစ ကြွေကျခဲ့ပြီး စက်ဝိုင်းသဏ္ဍန် အပေါက် ဖြစ်သွားခဲ့ပုံ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၃။)
2012 DA 14 လို့ခေါ်တဲ့ ဂြိုဟ်ငယ်တခုဟာ သောကြာနေ့တုန်းက ကမ္ဘာနားကနေ ဖြတ်ပြီး ပျံသန်းသွား ခဲ့ပါတယ်။ အလျား ၄၅ မီတာရှည်တဲ့ အဲဒီ ဂြိုဟ်ငယ်ဟာ  ကမ္ဘာ မြေနား  ၁၆,၇၇၇ မိုင် အကွာ အထိကပ်ပြီး ပျံသန်းသွားတာဖြစ်ပြီး ဒါဟာ ကမ္ဘာမြေကလွှတ်တင်ထားတဲ့ တချို့ ဂြိုဟ်တုတွေထက်တောင်မှ ပိုပြီးတော့ နီးကပ်တယ်လို့ အမေရိကန် အာကာသ အေဂျင်စီ NASA က ပြောပါတယ်။

ရုရှားနိုင်ငံ Ural တောင်တန်းတွေမှာ ဥက္ကာပျံအသေးတခု ပေါက်ကွဲခဲ့ပြီး နာရီပိုင်းအကြာမှာ အခု ဒီဂြိုဟ်ငယ်ဟာ ကမ္ဘာနားကနေ ဖြတ်သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဂြိုဟ်ငယ်ဟာ ကမ္ဘာမြေကို ထိမှန်ပြီး အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ NASA က အစောပိုင်းက ပြောဆိုထားပါတယ်။

ဒီဂြိုဟ်ငယ်ဟာ အလွန်သေးငယ်တဲ့အတွက် သာမန်မျက်စိနဲ့ ကြည့်လို့မမြင်နိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံက အာကာသ စူးစမ်းလေ့လာသူတွေကတော့ ဒီဂြိုဟ်ငယ်ရဲ့ အဖျားပိုင်းကို အာကာသကိုကြည့်တဲ့ မှန်ဘီလူးတွေနဲ့ ကြည့်နိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် အဲဒီဂြိုဟ်ငယ်ဟာ ရိုင်ဖယ်သေနတ်ကျည်ဆံထက် ၈ ဆလောက်ပိုမြန်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

DA14 ဂြိုလ်နဲ့ အရွယ်အစားဆင်တူတဲ့  ဂြိုလ်ငယ်တခု ၁၉၀၈ ခုနှစ်က ကမ္ဘာနဲ့တိုက်မိပြီး ကမ္ဘာမြေ   ထဲရောက်လာချိန်မှာ ပေါက်ကွဲခဲ့တဲ့အတွက် စတုန်ရန်းမိုင် ၈၂၀ လောက် အကွာအဝေး ထဲမှာရှိတဲ့ သစ်ပင်တွေ မီးလောင်ခဲ့ဖူးပါတယ်ခင်ဗျာ။

ဗွီအိုအေ (မြန်မာဌာန)

တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ


Feb 16 , 2013

သျှမ်းပြည်တောင် ပိုင်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့ သို့ ပြေးဆွဲ သည့် အမြန် ယာဉ်ငယ် ဗင်ကား သုံးစီး ထက် မနည်း ဓါးပြတိုက် ခံရကြောင်း ဒေသခံ များပြော ချက် အရ သိရသည်။

“အရင် အပတ် သောကြာနေ့ ၈ ရက်နေ့ တုန်းကလေ ကျနော်တို့တောင်ကြီးက အပြန်လမ်း အက်စ်ကွေ့မှာ ဓါးပြတိုက် ခံရ တာ။ ကျနော် မြင်တာဘဲ ကားကသုံးစီး၊ တောင်ကြီး မိုင်းရှူး ဗင်ကားတွေကြီးဘဲဓါးပြတိုက် ခံရတာ။ ကျနော်တယောက် တည်း ပစ္စည်းကော ငွေကော တန်ဘိုး သိန်း ၂၀ လောက်ပါသွားတယ်” ဟု ဓါးပြတိုက်ခံ ရသူ အားဖှန်ကပြောသည်။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နံနက်က တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ထွက်ခွါသော ခရီးသည်တင် ဗင်ကား အမျိုး အစား ၃ စီးက မိုင်းရှူးမြို့မရောက်မှီ မိုင်းနောင်မြို့နယ်ခွဲအတွင်း ဟဲဆိုင်ရွာနှင့် ဟန်နားရွာအကြား အက်စ် ကွေ့၌ ဓါးပြတိုက်ခံခဲ့ရကြောင်း၊ ခရီးသည်များထံ မှရွှေငွေများအားလုံးအပြင် ကားပေါ်ပါ အဘိုး တန်ပ စ္စည်းများ အားလုံးကိုပါ ယူဆောင် သွားကြောင်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းရာကျော် ပါသွားကြောင်း ကားဆရာ များ အသိုင်း အဝိုင်းက ပြောသည်။

“တောင်ကြီးကနေ မိုင်းရှူးကိုလာရင် အဲဒီနေရာနားရောက်ရင် မိုးက ချုပ်နေပြီလေ။ ဓါးပြတွေကတော့ သျှမ်း စကား ဘဲပြောတယ်။ အဲဒီနေရာမှာ ဓါးပြတိုက်တာကတော့ နာမည်ကြီးဘဲ။ ခဏခဏဖြစ်တယ်။ သူတို့ ကိုင်တဲ့ သေနတ်တွေ တော့ တူမီးသေ နတ်တွေဘဲ။ နှစ်ပြောင်း ပါတဲ့ဟာ လဲကိုင် တယ်” - ဟု အားဖှန်က ဆက်လက် ပြောဆိုသည်။

အဆိုပါ အက်စ်ကွေ့သည် မိုင်းနောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂ နှင့် ၁၀ မိုင်ခန့် ကွာဝေးကြောင်း၊ အစိုးရ စစ်တပ်အနေဖြင့် ဒေသအတွင်း ခရီးသွားများအတွက် လုံခြုံရေး ယူပေးလိုသည့် ဆန္ဒရှိ လျှင် ပေးနိုင်သည့် အခြေ အနေရှိကြောင်း၊ အဆိုပါဒေ သတဝိုက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ထိန်းချုပ်နယ်မြေ၏ ကြားခံနယ်မြေဖြစ်သောကြောင့်လည်း ဓါးပြများ ဝင်ရောက် နေရာယူလှုပ်ရှားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ အက်စ်ကွေ့ဒေသသည် ၂၀၀၉ ခုနှစ် မေလ နှစ်ဦးပိုင်းကလည်း မကြာခဏ ဓါးပြတိုက်မှုဖြစ် ပွားကြောင်း၊ မိုင်းရှုး မြို့သို့ ခရီးထွက်မည့် ကစထ အမှတ် ၂ မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား လုံခြုံရေး ယူပေးသည့် တပ်ခွဲမှူး တပ်ဖွဲ့နှင့် ဓါးပြအဖွဲ့တို့ ရင်ဆိုင်မိပြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် အဆိုပါ တပ်ခွဲမှူး ကျဆုံး ခဲ့ရကြောင်း သိရသည်။

အလားတူ ၂၀၁၁ မှ ယနေ့အထိ အဆိုပါဒေသအတွင်း ဓါးပြတိုက်မှု ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး ယနေ့ တိုင် မည့်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လူထုအိုးအိမ် စည်းစိမ် လုံခြုံရေးတာဝန် မယူပေး နိုင်ကြောင်း၊ မည်သည့်အဖွဲ့မှ ဓါးပြရန် မကာကွယ်ပေးနိုင်ကြောင်း ခရီးသွားပြည်သူလူထုများက ပြောဆိုကြ သည်။

သျှမ်းသံတော်ဆင့်

လမ်းဘေးဈေးသည်အချို့နှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခဖြစ်ပွား


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅။

ယနေ့ နေ့လည် ၂ နာရီ ၃၀ မီနစ် ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ လမ်းဘေးဈေးသည်အ ချို့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းအချို့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း
သိရသည်။

စည်ပင်သာယာမှ ဝန်ထမ်းများနှင့် စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်းများအပြင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်တို့ ပူးပေါင်း၍ သတ်မှတ် ချက်နှင့် မကိုက်ညီသော လမ်းဘေးဈေးသည်များအား လိုက်လံအ
ရေးယူ ရာတွင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့က ညနေ ၃ နာရီကနေ ည ၈ နာရီထိပဲရောင်းရတာ သိတယ်ဒီလို ရောင်းရတဲ့အခါ ဈေးဦးတောင် မပေါက်ကြဘူး။ ဒါပေမယ့် အခု လည်း ၃ နာရီ မထိုးသေးတဲ့ အတွက် ဈေးလည်း မရောင်းဘူး။ နေ ရာလေးဦးထားတဲ့ ဟာကို လူ ၂၀ လောက်က ကျွန်မ ဈေးဘန်းကို သိမ်းသွားတယ်။ သိမ်းတာတောင် ရိုးရိုးတန်းသိမ်းတာ မဟုတ်ဘူး။ ရေခွက်ကို ခွဲသွားတယ်။ ကားပေါ် ပစ္စည်းတွေ ပစ်တင်သွားတယ်။ ကျွန်မရဲ့ အရင်းအနှီးတော့ကုန်ပါပြီ" ဟု ပစ္စည်းများ အသိမ်းခံရသူ လမ်းဘေးဈေးသည် တစ်ဦးက ပြော
သည်။

သတ်မှတ်ချက်နှင့် မညီသော ဈေးသည်များ၏ ပစ္စည်းများကို သိမ်းဆည်းပြီး သက်ဆိုင်ရာ တရားရုံးသို့ အပ်နှံရကြောင်း နှင့် တရားရုံးမှ ဒဏ်ငွေရိုက်ကာ ပစ္စည်းများကို ပြန်လည်ထုတ်ပေးကြောင်းရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ဈေးများဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။

ယနေ့ ဖြစ်ပွားမှုတွင် ပစ္စည်းသိမ်းရာ၌ စည်ပင်ဝန်ထမ်းများက ဆဲဆိုကြိမ်းမောင်းကာ အတင်းလုယူ သိမ်းဆည်းသွားကြောင်းနှင့် အချို့ပစ္စည်းအချို့ကိုလည်း ချိုးဖဲ့ ဖျတ်ဆီးသွားကြောင်း လမ်းဘေးဈေးသည်
ဒေါ် ညွှန့်ညွှန့်လွင်ကပြောသည်။

"သူတို့ ဒီလို လာလုပ်တာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ ပထမနေ့က အဲလိုတော့မဟုတ်ဘူး။ ၃နာရီမထိုးခင်ရောင်း တဲ့ ဈေးသည်တွေ ဆီက ပစ္စည်းတွေကို သိမ်းသွားတာပဲ။ ဘာမှ တော့ ပြသနာ အကြီးအကျယ်မဖြစ်ဘူး။ ဒီနေ့တော့ တော်တော်ဆိုးတယ်"ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ လမ်းဘေးဈေးသည် တစ်ဦးဖြစ်သူ ဦးရွှေပိတောက်ဟု ဆိုသူကလည်း" ဖန်ခွက်ခွဲတာဟာ အရမ်းကိုမိုက်ရမ်းတာဥပဒေမှာ ဖန်ခွက်ခွဲရမယ် ဆိုတာ မပါဘူး။ လမ်းဘေးဈေး သည်တွေရဲ့နောက်မှာ သားသမီးတွေ သက်ကြီးရွယ်အိုတွေရှိတယ်။ မိသားစု ၅ ယောက်
လောက်က မှီခိုနေကြရတာ၊ ဘယ်လိုခံစားရလဲဆိုတာ မစာနာဘူး"ဟုဆိုသည်။

"ဥပဒေ ဆိုတာ တစ်ပြေးညီ ဖြစ်သင့်တယ်။ အားလုံး တစ်ပြေးညီ လုပ်သင့်တယ်။ နောက်ပြီး ကျွန်တော်တို့အတွက် ဈေးရောင်းခွင့်ကို ၈ နာရီ အစား ၁၀နာရီ လိုအပ်တယ်။ ဒါမှ ထမင်းစားရမှာလေ။ ကျနော်တို့အနေနဲ့ သတ်မှတ်ချက်ဥပဒေတွေနဲ့ စည်းကမ်းတစ်ကျ ရောင်းမယ်။ အဲလိုမှ မှားခဲ့ရင် ဥပဒေ
အတိုင်း အရေးယူ" ဘားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ထီးရောင်းနေသူ ဦးသန်းထွန်း က ပြောသည်။

ယနေ့ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ဆက်လျဉ်းပြီး စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ ဦးအောင်ဇော်မိုးက "စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာကို စည်းကမ်းထိမ်းသိမ်းတာ" ဟုသာ ဖြေကြားခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှုတွင် ပစ္စည်းများပျတ်ဆီးမှုနှင့် ပက်သက်၍ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

စူးရှ
ဓါတ်ပုံ - စူးရှ










ပြန်လည်ရှင်သန်လာသော ဂဠုန်(သို့)ဦးစော

13.2.2013
ဗိုလ်ချူပ်အောင်ဆန်းဧ။် မွေးနေ့အလှူကို ဒေ၀ဒတ်(သို့)ဦးစောဧ။် တပည့်များ ဖျက်ဆီးခြင်း...

ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈နှစ်ပြည့်မွေးနေ့ ဆိုတာ မြန်မာနိုင်ငံသားအားလုံး သိကြမှာပါ။ ဒဂုံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများသည် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ်
 

" ကြည်...ပဲပြုတ် နဲ့ နံပြား ရရင်စားချင်တယ်...." 

ဟု ဗိုလ်ချုပ်တောင်းတခဲ့သည့် ဆန္ဒကို အမှတ်တရနှင့် ဖြည့်ဆည်းပေးသည့်အနေနှင့် ပဲပြုတ် နှင့် နံပြားကို ဆရာ၊ဆရာမများ၊သူငယ်ချင်းများအားကျွေးမွေးကြသည်။ အဲဒီလို အလွန်တရာ ကြည်နူးဖွယ်ကောင်းတဲ့ အချိန်အခိုက်အတန့်လေးကို ကို ဖျက်လိုဖျက်ဆီး စိတ်ဓါတ်နှင့် ကျောင်းလုံခြုံရေးများ၊SB ခေါ် စုံစမ်းထောက်လှမ်းရေးများက ကျွန်တော်တို့ ကျောင်းသားများကိုဓါတ်ပုံတွေရိုက်၊ ခုံနံပတ်တွေတောင်းနှင့် ကျောင်းသားတွေဗိုလ်ချူပ်မွေးနေ့ကျင်းပနေကြသည်ကို အနှောက်အယှက်ပေး ခဲ့ပါသည်။
ကျွန်တော်တို့သည် တစ်ချိန်လုံး အဆိုပါ လုံခြုံရေးများ၏ စောင့်ကြည့်ခြင်းကိုခံနေရပါတယ်။
နောက် လုံခြုံရေးများက ဗိုလ်ချုပ်မွေးနေ့ကျင်းပရာ နေရာကိုကျောင်းသားတွေ ရောက်မလာအောင် ဖယ်ရီကားတွေဝင်ခွင့်မပေး၊ရောက်လာတဲ့ ဖယ်ရီကားတွေကိုလည်း ကားဝင်းထဲမှာ ရပ်ခွင့်မပေး အတင်းမောင်းထုတ်နေတယ်။ (အလှူပြုသောအချိန်သည် ဖယ်ရီကားများ ဆိုက်ရောက်သော အချိန်ဖြစ်ပါသည်)အဆိုပါ လုပ်ရက်ကို ကျွန်တော်တို့ ကျောင်းသားများက ကန့်ကွက်ပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့်တာဝန်များ
ပုဒ်မ - ၃၅၄ အရ

(က)မိမိ၏ယုံကြည်ချက်၊ထင်မြင်ယူဆချက်များကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်။
(ဂ)အသင်းအဖွဲ့(သို့မဟုတ်)အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်။အဆိုပါ ပုဒ်မကိုချိုးဖောက်သော သူများကို သက်ဆိုင်ရာ ဌာနများ၊
မီဒီယာများသို့ နာမည်၊ ဓါတ်ပုံများ၊ video file များအား ပေးပို့တိုင်ကြားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

အဆိုပါ ဗိုလ်ချုပ်မွေးနေ့ပွဲကို ကျောင်းတာဝန်ရှိသူများကို အသိပေးပြီး ကျင်းပခဲ့ခြင်းဖြစ်သည် ဟုသိရပါသည် ကျောင်းတာဝန်ရှိသူများကလည်း ခွင့်ပြုခဲ့ကြောင်းသိရပါသည်။
သို့ပေမယ့် အခုလို ဖြစ်ပျက်ခဲ့ခြင်းသည် မည်သူကြောင့်နည်း ?

ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦး

KFC ကြက်ကြော်ဆိုင်ခွဲ ရန်ကုန်တွင် ပထမဦးဆုံး ဖွင့်တော့မည်


ကမ္ဘာကျော် အမေရိကန်ကြက်ကြော်ဖြစ်တဲ့ KFC ဆိုင်ခွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လာမယ့် ဧပြီလလောက် ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုင်ပိုင်ရှင်က ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ ဒဂုံမြို့နယ်က နဝဒေးလမ်းမှာ ဖွင့်လှစ်မယ့် KFC ကြက်ကြော်ဆိုင်အတွက် ပြင်ဆင် မွမ်းမံမှုတွေကို ပြုလုပ်နေပြီး အတွင်းပိုင်းပြင်ဆင်မှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။ မလေးရှားနိုင်ငံက KFC ကြက်ကြော်ကုမ္ပဏီကနေ တိုက်ရိုက်ဆိုင်ခွဲဖွင့်မှာဖြစ်ပြီး ဆိုင်အတွက် လိုအပ်တဲ့ နည်းပညာနဲ့ သင်တန်းတွေ၊ ပစ္စည်းတွေကအစ မလေးရှားကနေ ပို့ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။The Voice Weekly

BB အက္ခရာနှင့် တက္ကစီ အစီးရေ ၁၈၀၀ ထုတ်ပေးပြီး ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရာသက်ပန် အဌားယာဉ်အဖြစ်သာ ပြေးဆွဲခွင့်ရမည့် အင်္ဂလိပ်အက္ခရာ ယာဉ် BB ကားများအား နံပါတ် ထုတ်ပေးမှုမှာ ယနေ့အထိ အစီးရေ ၁၈၀၀ ကျော် ရှိသွားပြီ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ရာသက်ပန်အဌားယာဉ်များအား BB အက္ခရာမတိုင်မီ AA အက္ခရာဖြင့် နံပါတ်များချထားပေးခဲ့ပြီး နံပါတ်များအား 1001 မှ 9999 အထိ ချ ထားပေးခဲ့ကြောင်း၊ BB အက္ခရာဖြင့် 9999 အထိ ကားအစီးရေ ရောက် ရှိပါက CC အက္ခရာဖြင့် ဆက်လက်ချထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရာသက်ပန်အဌားယာဉ်များအား အဌားယာဉ်မည့်သည့်အက္ခရာမဆို ယာဉ်ပိုင်ရှင်၏ ဆန္ဒအရအပ်နှံပြီး တင်သွင်းနိုင်ကြောင်း၊ ယင်းအပြင် ကုမ္ပဏီများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရခွင့်ပြုချက်ဖြင့် Free permitသဘောဖြင့် တင်သွင်းခွင့်လည်း ပြုထားကြောင်း ကညနမှ သိရသည်။
WMT
Popular Myanmar News Journal

ဦးကျော်ဌေး(ရွှေရာသီကုမ္ပဏီ) ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေတူးဖော်ထုတ်လုပ်ငန်းအား သတ်မှတ်စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသောကြောင့် ခွင့်ပြုမိန့်ရုပ်သိမ်း

ရန်ကုန် ဖေဖော်ဝါရီ ၁၅

ဦးကျော်ဌေး(ရွှေရာသီကုမ္ပဏီ)သည်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ထား သည့်စည်းကမ်း ချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ၇-၂-၂၀၁၃ ရက်နေ့မှ စတင်၍ ရေနံလက်ယက် တွင်းတိမ်များ ရှာဖွေ တူးဖော်ထုတ်လုပ်ခွင့်ပြုမိန့်အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပိတောက်ပင်ဒေသရှိ ရေနံလုပ်ကွက် ၌ လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိထားသော ဦးကျော်ဌေး(ရွှေရာသီကုမ္ပဏီ) သည် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် စီမံချက်များ စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရှိရန် သတ်မှတ်ထားသော်လည်း အဆိုပါ သတ်မှတ်ချက်များကို စနစ်တကျ အပြည့်အ၀ လိုက်နာဆောင်ရွက်မှု မရှိသည့်အတွက် ၂၀၁၂ ခုနှစ်၊ ဇွန်လမှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမီးလောင်မှု(၁၃)ကြိမ် ဖြစ်ပွားခဲ့သောကြောင့်စည်းကမ်းချက်များလိုက်နာမှုမရှိ၍ လိုင်စင်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနသည် ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ပြုမိန့်ကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ထောက်ခံတင်ပြချက်ဖြင့် စနစ်တကျစိစစ်ကာ ထုတ်ပေးလုပ် ကိုင်ခွင့်ပြုလျှက်ရှိသည်။ယင်းသို့ခွင့်ပြုမိန့်များထုတ်ပေးရာတွင်ရေနံလက်
ယက်တွင်းလုပ်ငန်း လုပ်ကိုင်သူများမှ လိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ပြဌာန်းထားပြီးဖြစ်ရာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်း မရှိပါက ခွင့်ပြုမိန့်ရုပ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွား မည် ဖြစ်ကြောင်း သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ များနှင့် ရေနံလက်ယက်တွင်းတိမ်ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများသို့ အသိပေးအကြောင်းကြား ထားပြီးဖြစ်ကြောင်း Ministry of Energy, Myanmar facebook တွင်ဖော်ပြထားရှိသည်။
WY
Popular Myanmar News Journal

အနောက်ပိုင်း ခရိုင် ယာဉ်နှင့် အဓိပတိ အပြာယာဉ်တို့ နှစ်စီးဆင့် တိုက်မိ


ရန်ကုန်မြို့တော် ဆူးလေဘုရား အနီး၊ မဟာဗန္ဒုလ လမ်းနှင့် ၃၁လမ်း ထောင့်တွင် ယနေ့ နံနက် ၁၁နာရီခန့်က ၁၂၄ အနောက်ပိုင်း ခရိုင် ယာဉ်နှင့် အဓိပတိ အပြာယာဉ်တို့ နှစ်စီးဆင့် တိုက်မိ ခဲ့သည်ကို တွေ့ရစဉ်။
The Voice Weekly

တစ်ဖက်ပိတ် ဆည်ကြောင့် ညောင်လေးပင် မြို့နယ်ရှိ လယ်ဧက ၂၀,၀၀၀ ကျော် ရေနစ်မြုပ်

ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင် မြို့နယ်ရှိ မုက္ခမူ ချောင်းကို အင်းဂရန် ရရှိသူ များက တစ်ဖက်ပိတ် ဆည်ဖြင့် ငါးဖမ်း သောကြောင့် ယင်းဒေသ ဝန်းကျင်မှ လယ်ဧက ၂၀,၀၀၀ ကျော် နှစ်စဉ် ရေနစ်မြုပ် ပျက်စီးကြောင်း ယင်းဒေသခံ တောင်သူ များက ပြောကြားသည်။

ညောင်လေးပင် မြို့နယ် ကျေးရွာ ပေါင်း ၁၆ ခုရှိ လယ်မြေ များမှာ ရေကြီးခြင်း ကြောင့် မိုးစပါး ပြန်လည် စိုက်ပျိုး ရသဖြင့် စိုက်ပျိုး စရိတ် ပြန်လည် ပေးဆပ်ရန် ခက်ခဲ ကြောင်း ရေပူကန် ကျေးရွာမှ တောင်သူ ဦးအောင်ပုက ပြောဆိုသည်။

ရေကြီးမှုနှင့် ပတ်သက်၍ ပဲခူးတိုင်း ဒေသကြီး စိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီး ဦးတင်စိုးက ဝန်ကြီး ဌာနက ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေရှင်း ဆွေးနွေးပြီး ဖြစ်ကြောင်း The Voice Weekly သို့ ပြောကြားသည်။

ပဲခူးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနက လာမည့် နှစ်တွင် အင်းလေလံလုပ်ကွက်များ ပေးခြင်း ကို လျှော့ချသွားမည် ဖြစ်ကာ တောင်သူ များ၏ အခက် အခဲကို ဖြေရှင်း ပေးမည် ဖြစ်ကြောင်း ယင်း ဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြား သည်။The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com