http://picasion.com/i/1TeHX/
လိုချင်သောအချက်အလက်များကိုရှာဖွေရန်
ဆရာမောင်စိန်ဝင်း(ပုတီးကုန်)
Ads 468x60px
သားသမီးတွေအားလုံးအတွက်
Featured Posts
Random Posts
Powered by Blogger.
Social Icons
About
English
Blogger Templates
Movie Category 4
ညောင်ပင်လေးဈေးအပေါ်ထပ် (၈)လွှာမှာ Aircon တပ်နေရင်းနဲ့ ပြုတ်ကျပြီး ပွဲချင်းပြီးသေဆုံး
ယနေ့ ညနေ ၃နာရီကျော် ညောင်ပင်လေးဈေးအပေါ်ထပ် (၈)လွှာမှာ Aircon တပ်နေရင်းနဲ့ ပြုတ်ကျပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရတယ်။ ကွယ်လွန်သူမှာ အသက်(၃၀)၀န်းကျင်ခန့်ရှိပြီး ၂ရပ်ကွက် မရမ်းကုန်းမှာနေထိုင်သူဖြစ်တယ်။ ယာဘက်လက်ကောက်ဝတ်ကျိုး၊၀ဲလက်မောင်းကျိုးပြီးဟာဘက်နားသွေးယိုမှုတွေရှိခဲ့တယ်လို့သိရတယ်။The Modern News Journal
တန်ဖိုးနည်း ဆိုတဲ့ ဝေါဟာရ ကို အဓိပ္ဂာယ်ပြောင်းပေးပါ
သို့....
မြန်မာစာဌာန...
တန်ဖိုးနည်း ဆိုတဲ့ ဝေါဟာရ ကို အဓိပ္ဂာယ်ပြောင်းပေးပါ.... :))
FB-စကားပြောနေသော ကာတွန်းလေးများ
အလုံသင်္ဘောကျင်း ၀န်ထမ်းအိမ်ရာ ရွှေ့ပြောင်းခိုင်းခြင်း ညှိနှိုင်းမှု ပြေလည်
ဓာတ်ပုံ- ကျော်ဇင်သန်း
အလုံသင်္ဘောကျင်း ၀န်ထမ်းအိမ်ရာ (ဧရာဝတီရပ်ကွက်) ကို သာကေတမြို့နယ် သစ်ဆိပ်ကွေ့ သို့ ရွှေ့ပြောင်းခိုင်းခြင်းနှင့် စပ်လျဉ်း၍၀န်ထမ်းမိသားစုများ၏ကန့်ကွက်မှုကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက လာရောက်ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိသွားပြီဟု သတင်းရရှိသည်။
ဝန်ထမ်းမိသားစုများက ကျောင်းစာမေးပွဲများ ပြီးစီးမှသာ ရွှေ့ပြောင်းရန်ရေ၊ မီး၊ အဆောက်အဦးများ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်စသော အချက် ငါးချက်ကို တောင်းဆိုခဲ့ပြီး တာဝန်ရှိသူများကို လိုက်လျောပေးခဲ့ကြောင်း သိရသည်။
"ကျေနပ်ပါတယ်။ ကျောင်းသားရှိသူတွေက စာမေးပွဲပြီးမှပြောင်းရမယ်။ ပြီးတော့ ပြောင်းရွှေ့ကြေး တစ်သိန်းခွဲ၊ ဆန်တစ်အိတ်၊ ဆီ နှစ်ပုံး စာတာတွေထောက်ပံ့ပေးမယ်။ အားလုံး အဆင်ပြေအောင် လုပ်ပေးမယ်လို့ ကတိပေးသွားပါတယ်" ဟု အဆိုပါအိမ်ရာမှ ဒေါ်တင်တင်အေးက ပြောသည်။
"ပြေလည်သွားပါပြီ။ သူတို့တောင်းဆိုတာ ငါးချက် ရှိတယ်။ အားလုံးကိုအဆင်ပြေအောင် ဆောင် ရွက်ပေးမယ်။ ဒါ့အပြင် နေရာသစ်မှာ အခိုက်အတန့်အဆင်မပြေမှုတွေ ရှိနိုင်တာကြောင့် လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပေးသွားမှာပါ" ဟု ဦးဆောင်ညွှန်ကြားရေးမှူးက ဆိုသည်။
အဆိုပါ ၀န်ထမ်းအိမ်ရာတွင် အခန်းပေါင်း ၁၃၂ ခန်းရှိပြီး သင်္ဘောကျင်းဝန်ထမ်းအိမ်ရာမိသားစု များ နေထိုင်ကြကြောင်း သတင်းရရှိသည်။
7Day News Journal
‘Shock and frustration’: Locals report on meteorite crash in Russian Urals (VIDEO)
In the city of Chelyabinsk, many said they were shocked and frustrated this morning. “My heart is still beating 200 heartbeats a minute! … I saw this terrible flash, it was red-orange! My eyes are still hurting,” a witness wrote on a local web forum. “I turned off all the lights, sat the kids on a couch and waited… Oh, my God, I thought the war had begun.”
RT
သမီးအောင်ဆန်းနှင့် ခြံထဲမှကျွန်ုပ်၏မှတ်စာများ စာအုပ် ထုတ်ဝေ
ဒီဗွီဘီ ၁၅ ဖေဖော်ဝါရီ ၂၀၁၃
လူတွေမသိသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံတွင်းအဖြစ်အပျက်တွေကို ရေးသားထားတဲ့ သမီးအောင်ဆန်းနှင့် ခြံထဲမှကျွန်ုပ်၏မှတ်စာများ စာအုပ်ကို ထုတ်ဝေလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနားမှာ အနှစ် ၂၀ ကျော် ကူညီပေးခဲ့သူ ဖိုးလေးလို့ လူသိများတဲ့ စာရေးဆရာမိုဃ်းလင်းရေးသားထားတာ ဖြစ်ပြီး သူမရဲ့ စိတ်နေသဘောထားကို ဖော်ပြထားတဲ့ စာအုပ်ဖြစ်တယ်လို့ ဆောင်းပါးရေးသားသူက ပြောပါတယ်။
“တပ်မတော်သားတွေနဲ့ တပ်မတော်ကို အန်တီစုက အမြင်မကြည်ဘူးပေါ့။ အားလုံးက ဒီလိုထင်နေကြ တယ်။ အထင်လွဲနေကြတယ်။ အဲလိုမဟုတ်ဘူးဆိုတာကို ဒီစာအုပ်ထဲမှာ ဆောင်းပါးလေး ၁ ပုဒ် ပါတယ်။ အဲဆောင်းပါးကို ဖတ်ကြည့်မယ်ဆိုရင်တပ်မတော်သားတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသဘောထားတယ်ဆိုတာ ပေါ်သွားပါလိမ့်မယ်။ ”
စာရေးသူ မိုဃ်းလင်းရဲ့ ဆောင်းပါးပေါင်း ၅၀ ထဲက ၂၄ ပုဒ်ကို စုစည်းထုတ်ဝေတာဖြစ်ပြီး ဒီဆောင်း ပါးတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ စတင်တွေ့တဲ့ ၂၀၁၁ အချိန်ကစပြီး ရေးသား ခဲ့တာ ဖြစ်ပါတယ်။
MCM စာအုပ်တိုက်ကနေ ထုတ်ဝေမှာ ဖြစ်ပြီး စာအုပ်မိတ်ဆက်ပွဲကို ဗိုလ်အောင်ကျော်လမ်းက Home ခန်းမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီစာအုပ်ကို တအုပ် ကျပ် ၂၀၀၀ နှုန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး ရောင်းရငွေတွေကို မီးသင့်သံဃာတော်တွေ နဲ့ နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ရေးအတွက် လှူဒါန်းသွားမယ်လို့ ဆောင်းပါးရှင်က ပြောပါတယ်။ DVB TV News
ပုဇွန်တောင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်အလိုက် ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်းသွားမည်
ဓာတ်ပုံ - Myanmar Times
Friday, February 15, 2013
ယာဉ်တိုက်မှုဖြစ်စဉ်များကို စစ်ဆေးအရေးယူသည့် ပုဇွန်တောင်မြို့နယ်၅၁ လမ်းရှိ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်များအလိုက် သက်ဆိုင်ရာ ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
ယင်းသို့ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းရခြင်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးမြှင့်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်နှင့်ဆက်စပ် ယာဉ်တိုက်မှုဖြစ်စဉ်များကို ယခင်က ၅၁ လမ်း၊ ယာဉ်မှုစစ်ဌာနတွင်သာ ဆောင်ရွက်ခဲ့ကြပြီး ယခုအခါတွင် မြို့နယ်များအလိုက် တိုးချဲ့ဖွဲ့စည်းထားသည့် ယာဉ်ထိန်းတပ်ဖွဲ့ စုမှူးရုံးများတွင်သာ ဆောင်ရွက်ရတော့မည်ဖြစ်သည်။
ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ယာဉ်မှုစစ်ဌာနများ ထားရှိရခြင်းအပေါ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယ တိုင်းတပ်ဖွဲ့ခွဲမှူးက ''အခု ယာဉ်နဲ့ ဆက်စပ်ယာဉ်တိုက် မှုတွေ ဖြစ်ပွားခဲ့ရင် သက်ဆိုင်ရာမြို့နယ်တွေမှာပဲ အမှုဖွင့်ရမယ်။ တရားစွဲဆိုမှုတွေ၊ ရုံးထိုင် စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ မြို့နယ်တွေမှာ ဒုရဲမှူးအဆင့်ရှိတဲ့ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးတွေ ဦးဆောင်တဲ့ ဌာနတွေ ဖွဲ့စည်းထားပါတယ်။ လတ်တလောမှာ နေရာအခက်အခဲ ရှိတဲ့အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးတွေရဲ့ အကူအညီနဲ့ မြို့နယ်ရဲစခန်းတွေမှာပဲ ယာဉ်ထိန်းဌာနတွေ ထားရှိထားပါတယ်'' ဟု ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အကျယ်အဝန်းနှင့် လူဦးရေပေါ် မူတည်၍ မြို့နယ် ရဲတပ်ဖွဲ့စခန်းများတွင် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၁ဝ ဦးမှ ၃ဝ ဦးအထိ ဖွဲ့စည်းထားရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားကို ဦးရေ၁၄ဝဝ ထိတိုးချဲ့သွားမည်ဖြစ် ပြီး ဖေဖော်ဝါရီကုန်တွင် ၁၁၄ ဦးကို ထပ်မံတိုးချဲ့သွားမည်ဟုရဲမှူးသာဌေးက ပြောသည်။ ရန်ကုန် တိုင်းဒေသကြီး အတွင်း ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ၌ ယာဉ်တိုက်မှု ၁၂၁ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား ၁၇ ဦး၊ မ ခြောက် ဦး၊ ဒဏ်ရာရရှိသူ ကျား ၁၃၂ ဦး နှင့် မ ၇၂ ဦး ရှိခဲ့သည်။
Eleven Media Group
ချန်ပီယံစ် လိဂ် ဘောလုံးပရိသတ် တင်လာတဲ့ လေယာဉ်မီးလောင်
ယူကရိန်းနိုင်ငံ Donetsk မြို့မှာ မနေ့က ကစားခဲ့တဲ့ ချန်ပီယံစ် လိဂ် ပွဲစဉ်ကို အား ပေးဖို့ လာရောက်ကြ တဲ့ ဘောလုံး ပရိသတ်တွေ တင်လာတဲ့ လေယာဉ် မတော်တဆ ဖြစ်ပြီး Donetsk လေဆိပ်မှာ အရေးပေါ် ဆင်းသက် ရာကနေ မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးသွားပါတယ်။
လူ ၄၀ ကျော် တင်ဆောင်လာတဲ့ ပြည်တွင်း လေကြောင်း Antonov ရဲ့ AN-24 လေယာ့ဉ်ဟာ Odessa ကနေ Donetsk ကိုပျံသန်းလာခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ဟာ ပြေးလမ်းကို ကျော်သွားပြီး မီးလောင် ခဲ့တာလို့ သိရပါတယ်။ လူပေါင်း ၁၂ ဦးလည်း ဒဏ်ရာရရှိသွားပါတယ်။
အဲဒီနေ့က ကစားတဲ့ ဂျာဏီအသင်း Borussia Dortmund နဲ့ Shakhtar Donetsk တို့ရဲ့ ပွဲမှာ၊ ပွဲမစခင် သေဆုံးသွားသူတွေ အတွက် ၀မ်းနည်းခြင်း တမိနစ် ငြိမ်သက်ခဲ့ကြပါတယ်။
အဲဒီပွဲဟာ တဘက် ၂ ဂိုးစီနဲ့ သရေ ကျသွားပါတယ်။
BBC Burmese
ကမ္ဘာမြေနှင့်အနီးဆုံးနေရာမှ ဥက္ကာခဲတစ်ခု ဖြတ်သန်းသွားမည်
အိုလံပစ် ရေကူးကန် တစ်ခု၏ အရွယ်မျှရှိသော အဆိုပါ ဥက္ကာခဲသည် ကမ္ဘာမြေမှ မိုင်ပေါင်း (၁၇၂၀၀)မျှ အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။ အဆိုပါ အရွယ်အစားမျှ ရှိသည့် ဥက္ကာခဲ တစ်ခုအတွက် ကမ္ဘာနှင့် အနီးဆုံးထိ ကပ်၍ ဖြတ်သန်းမှုဟု သုတေသီများက ပြောကြားခဲ့သည်။
မှတ်တမ်းများအရ ကမ္ဘာမြေနှင့် အနီးဆုံး နေရာမှ ဥက္ကာခဲတစ်ခု ယနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) ညတွင် ဖြတ်သန်းသွားမည်ဟု နက္ခတ်ဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။ အိုလံပစ် ရေကူးကန် တစ်ခု၏ အရွယ်မျှရှိသော အဆိုပါ ဥက္ကာခဲသည် ကမ္ဘာမြေမှ မိုင်ပေါင်း (၁၇၂၀၀)မျှ အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။ အဆိုပါ အရွယ်အစားမျှ ရှိသည့် ဥက္ကာခဲ တစ်ခုအတွက် ကမ္ဘာနှင့် အနီးဆုံးထိ ကပ်၍ ဖြတ်သန်းမှုဟု သုတေသီများက ပြောကြားခဲ့သည်။ ယခုကိစ္စကြောင့် ကမ္ဘာမြေကို တစ်စုံတစ်ရာ ထိခိုက် အန္တရာယ် ရှိနိုင်မည် မဟုတ်ဟုလည်း သိရသည်။
ဂရင်းနစ်စံတော်ချိန် (၁၉း၂၅)နာရီတွင် ဖြတ်သန်းမည့် အဆိုပါ ဥက္ကာခဲကို ကမ္ဘာပေါ်တွင် ညပိုင်း ဖြစ်နေသော နေရာများ၌ မှန်ဘီလူးဖြင့် ကြည့်ရှုပါက တွေ့နိုင်ကြောင်း သိရသည်။ အချင်းပေ(၁၅၀)မျှ ရှိပြီး Asteroid 2012 DA14ဟု အမည်ပေးထားသော အဆိုပါ ဥက္ကာပျံသည် နေကို (၃၆၈)ရက်လျှင် တစ်ကြိမ် ဗဟိုပြု လည်ပတ်လျှက် ရှိသည်။ ယင်းသည် ကမ္ဘာမြေက နေကို လည်ပတ်သည့် ကြာမြင့်ချိန်နှင့် အလွန်နီးစပ်သည်။ သို့သော်လည်း ယင်းအရာနှစ်ခု၏ နေပိတ်လမ်းမှာ မတူညီချေ။ ဥက္ကာခဲသည် ကမ္ဘာအနီးမှ တစ်စက္ကန့်လျှင် (၇.၈)ကီလိုမီတာ မြန်နှုန်းဖြင့် ဖြတ် သန်းသွားမည် ဖြစ်သည်။
ယင်း၏ ပတ်လမ်းကြောင်းသည် အိန္ဒိယ သမုဒ္ဒရာ အရှေ့ပိုင်း ဒေသများ၏ အထက်ဘက် မှ ကျော်ဖြတ်သွားမည် ဖြစ်ပြီး ဥရောပ အရှေ့ပိုင်း၊ အာရှနှင့် ဩစတြေးလျတို့တွင် အကောင်းဆုံး မြင်ကွင်း မျိုးဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ အင်တာနက်တွင် အဆိုပါ ဖြစ်စဉ်ကို တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ပြ သရန် စီစဉ်ထားမှု အချို့လည်း ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။ 2012 DA14ကို (၂၀၁၂)ခုနှစ်က ပထမဆုံး တွေ့မြင်ခဲ့ရသည်။ ၎င်းသည် ကမ္ဘာအနီးမှ နောက်ဆုံး ဖြတ်သန်းခဲ့စဉ်က ယခု အကွာအဝေးထက် ပိုမို ဝေးကွာကြောင်းလည်း သိရှိရသည်။
BBC 
www.planet.com.mm
ကရင်မိန်းကလေးနှင့် မြန်မာအစိုးရ စေလွှတ် လိုက်သော အလုပ်သမားဝန်ကြီးဌာနမှ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ တွေ့ဆုံ
 Friday, February 15, 2013 ထိုင်းအလုပ်ရှင် လင်မယား၏ ရေနွေးပူလောင်း နှိပ်စက်ခြင်းခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးငယ်ကို စောင့်ရှောက်ထားသည့် ကယ်ဆယ်ရေးဂေဟာသို့ မြန်မာအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းနှင့် အဖွဲ့ ယနေ့ နေ့လည်ပိုင်းတွင် ရောက်ရှိသည်။ ၄င်းအဖွဲ့သည် ကမ်မယ်ဖစ်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဂေဟာ အကြီးအကဲ မစ္စတာ ထနဝပ်ဆထစ်နှင့် တွေ့ဆုံပြီး ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များကို မေးမြန်းသည်။
4
ထိုင်းလင်မယားအား ဖြားယောင်းမှု၊ မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ အသက် ၁၅ နှစ်အောက် ကလေးငယ်ကို လူကုန်ကူးမှု၊ တရားမ၀င်အလုပ်သမားလက်ခံမှု၊ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများဖြင့် အမှုဖွင့်ထားပြီး ထိုင်းလင်မယားအား အာမခံပေးထားကြောင်း သိရှိရသည့်အတွက် မြန်မာနိုင်ငံအစိုးရမှ စေလွှတ်လိုက်သော ညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည် ဆက်လက်၍ ကမ်မယ်ဖစ်ပြည်နယ် အလုပ်သမားရုံး၊ ရဲဌာနများသို့ ဆက်လက် သွားရောက်ပြီး ကာယကံရှင် ထိုင်းလင်မ ယားအား ဥပဒေအရ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို မေးမြန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ညှိနှိုင်းရေးအဖွဲ့ အဆိုပါဂေဟာသို့ ရောက်ရှိသွားချိန်တွင် ထိုင်းနိုင်ငံမှသတင်းထောက်အများ အပြား ရောက်ရှိလျက် ရှိရာ ညှိနှိုင်းရေးအဖွဲ့က နို်င်ငံတော်သမ္မတကြီးကိုယ်တိုင် အထူး အလေးထား လျက်ရှိကာ မိမိတို့အား တာဝန်ပေးအပ်ချက်အရ လာရောက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ Hmuu Zaw
Myanmar Online News
မီးစုန်းဖြူ မီးခိုးလက်ပစ်ဗုံး အသုံးပြုခဲ့တဲ့ လက်ပတောင်းတောင် သပိတ်စခန်းနှိမ်နင်းမှု(ရုပ်/သံ)
ပြည်သူသို့ရှင်းလင်းတင်ပြချက်
ရှေ့နေများကွန်ရက်နဲ့ Justice Trust အဖွဲ့ရဲ့ လက်ပတောင်းတောင်အရေး ပြည်သူသို့ ရှင်းလင်းတင်ပြချက် ဆိုတဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့...
Burma VJ Media Network
ပြင်သစ် မြင်းသား တွေ မှာ မြင်း အကိုက်အခံ ပျောက်ဆေး တွေ့ရှိ
ဥရောပတခွင် မြင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်နေစဉ်
မြင်းတွေကို ကျွေးတဲ့ အကိုက်အခဲပျောက်ဆေး ဟာ မြင်းသားတွေကတဆင့် ပြင်သစ်ကစားသုံးသူတွေ ဆီ ရောက်ကောင်း ရောက်သွားနိုင်တယ်လို့ ဗြိတိန်တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောကြား ခဲ့ပါတယ်၊ သတ်ဖြတ်ထားတဲ့ မြင်း ၂၀၆ ကောင်ကို စစ်ဆေးခဲ့ရာ မှာ မြင်း ၈ ကောင်ဆီမှာ Bute လို့ လူသိများတဲ့ အကိုက်အခဲပျောက်ဆေးတွေ ကို တွေ့ရှိခဲ့တယ်လို့ ဗြိတိန်နိုင်ငံက အစားအသောက် စံချိန် စံနှုန်းဆိုင်ရာအေဂျင်စီက ပြောပါတယ်။
အဲဒီမြင်း ၈ကောင်ထဲက ၆ ကောင်ကို အင်္ဂလိပ်သားသတ်ရုံတခု ကနေ ခုတ်ထစ် ထုတ်ပိုးပြီး ပြင်သစ် ကို ပို့ခဲ့တဲ့ အတွက် အစားအသောက်တွေ ထဲကို ရောက်ကောင်း ရောက်သွားနိုင်တယ် လို့ပြော ပါတယ်။ အေဂျင်စီ အနေနဲ့ ပြင်သစ် တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး ဒီအသားတွေ ဘယ်ရောက်သွားလဲ ဆိုတာ ခြေရာခံဖို့ ကြိုးစားနေတယ် လို့လည်း ပြောပါတယ်။ မြင်းသားတွေထဲမှာ တွေ့ရတဲ့ ဆေးပမာဏ ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြေ သိပ်ကိုနည်းတယ်လို့ ဗြိတိန်ရဲ့ ဆေးဘက်ဆိုင်ရာ အကြီးအကဲက ကြာသပတေးနေ့က ပြောပါတယ်။
Brute လို့သိကြတဲ့ အကိုက်အခဲပျောက်ဆေးဟာ မြင်းတွေကို ကျွေးတာဖြစ်ပေမဲ့ Arthritis
အဆစ်ရောင်ရောဂါသည်တွေကိုလဲ တခါတရံမှာ ပေးတယ်လို့ သူကပြောပါတယ်၊ လူတွေဆီမှာ စိုးရိမ်ရလောက်တဲ့ ဘေးထွက်ဆိုကျိုးရှိသူ အင်မတန်ရှားတယ်လို့လဲ ဗြိတိန် ဆေးဘက်ဆိုင်ရာ အကြီးအကဲက ပြောပါတယ်။ ပြင်သစ်နိုင်ငံက Spanghero အသားတွေကို ပြင်ဆင်၊ ထုတ်ပိုးတဲ့ကုမ္ပဏီဟာ မြင်းသားတွေလို့ သိရက်နဲ့ အမဲသားဆိုပြီး ရောင်းချခဲ့တယ်ဆိုတာ စုံစမ်းသိရတယ်လို့ ပြင်သစ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။VOA Burmese Fan Page
ဘာသာစကား သုံးမျိုး ပြောတတ်သော ကြက်တူရွေး
အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ အိုလ်ဟမ်အရပ် မိသားစု တစ်ခုမှ မွေးမြူထားသည့် ကြက်တူရွေး တစ် ကောင်သည် ဘာသာစကား သုံးမျိုးကို ပြောဆို တတ်သည်ဟု အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။ အဆိုပါ ကြက်တူရွေး၏ အမည်ကို Rocket ဟု ပေးထားပြီး ၎င်းသည် အာရေဘစ် ဘာသာစကား၊ အူရဒူဘာသာ စကားနှင့် အင်္ဂလိပ် ဘာသာစကား သုံးမျိုးကို ပြောဆိုနိုင်ကြောင်း သိရသည်။ Rocket သည် ၎င်း၏ အနီးအနားမှ ဖြတ်သန်းသွားလာ သူများက အံ့သြ ရလောက်အောင် ဖြတ်သန်း သွားလာသူ များကို အာရေဘစ် ဘာသာဖြင့် ''အားလုံး ငြိမ်းချမ်းပါေ စ''ဟူသော နှုတ်ဆက် စကားကို ပြောလေ့ရှိပြီး အင်္ဂလိပ် ဘာသာ စကားကိုလည်း အာရှ တိုက်သားတို့၏ လေယူလေသိမ်းဖြင့် ပြောဆိုတတ်ေ ကြာင်း သိရသည်။
၎င်း ကြက်တူရွေး၏ ပိုင်ရှင် ဖြစ်သူ မှာ အက်ဆန်းမာမွတ် ဖြစ်ပြီး ၎င်းတို့ မိသားစုသည် ပါကစ္စတန်တွင် နေထိုင် ခဲ့စဉ် ကတည်းက ကြက်တူရွေးများကို မွေးမြူခဲ့ကြောင်း၊ အင်္ဂ လန်သို့ ပြောင်းရွှေ့လာချိန် တွင်လည်း ကြက် တူရွေး အချို့ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း၊ Rocket ၎င်းတို့ထံ ရောက်ရှိ လာသည်မှာ နှစ်နှစ်သာ ရှိသေးကြောင်းနှင့် Rocket ကို ရရှိစဉ် က Hello ဟူသော စကားလုံးကိုသာ ပြောတတ်ခဲ့ကြောင်း အက်ဆန်း မာမွတ်က ပြောကြားသည်။ ကြက်တူရွေးများသည် ပင်ကို သဘာဝအားဖြင့် လူ၏ အသံကို တုပ ပြောဆိုနိုင် ပြီး စကား များသော သတ္တဝါ တစ်မျိုး ဖြစ်သည်။
ထို့အပြင် ဘာသာစကား များကို သင်ပေးလျှင် သင်ပေး သည့် အတိုင်းလည်း ပြောဆို တတ်ကြကြောင်း၊ Rocket သည် ယခုအခါ ဝေါဟာရ တော်တော် များများကို ပြောဆို တတ်နေပြီ ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် Rocket ကို အူရဒူ ဘာသာစကား သင်ကြားပေးလျက် ရှိကြောင်း အက်ဆန်းမာမွတ်က ပြောကြားသည်။ Rocket အနှစ်သက်ဆုံး မှာ နွေရာသီ လများတွင် ၎င်းကို အပြင်သို့ ခေါ်ထုတ် သွားခြင်းနှင့် ဖခင်ကြီး၏ ပခုံးပေါ်တွင် နား၍ လမ်းလျှောက် ထွက်ရခြင်းတို့ပင် ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် Rocket ကို တစ်ခါ တစ်ရံတွင် အိမ်ရှေ့ ခြံဝင်း၌ ထားပေးရကြောင်း၊ ၎င်းတို့ မိသားစုဝင် အားလုံး၏ နာမည်ကို Rocket မှ ပြောဆိုနိုင်ကြောင်း၊ ထို့အပြင် ဒေသ အတွင်းရှိ ကလေးငယ်များ အားလုံးကလည်း Rocket ကို ချစ်ခင်မှု ရှိကြကြောင်း မာမွတ်က ပြောကြားသည်။ ။
Royal Hero Media
http://bit.ly/X8o5E7
တောင်အာဖရိကနိုင်ငံက အိုလံပစ်အပြေးသမား Oscar Pistorius ကို လူသတ်မှုနဲ့ ရဲက စွဲချက် တင်
တောင်အာဖရိနိုင်ငံက အိုလံပစ်အပြေးသမားကို လူသတ်မှုနဲ့ ပတ်သက်ပြီး သူ့ နေအိမ်ကနေ ရဲတပ်ဖွဲ့က 
စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ်။
တောင်အာဖရိကနိုင်ငံက အိုလံပစ်အပြေးသမား Oscar Pistorius ကို လူသတ်မှုနဲ့ ရဲက စွဲချက် တင်လိုက်ပါတယ်၊ သူ့ရဲ့ နေအိမ်မှာ အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီးနောက်မှာ ခုလို ရဲက သူ့ကို စွဲချက်တင်လိုက်တာလဲဖြစ်ပါတယ်၊ Pretoria မှာရှိတဲ့ Pistorius ရဲ့ နေအိမ်ထဲကို အပြင်က အတင်းအဓမ္မ ဝင်ရောက်ဖို့ ကြိုးစားတဲ့ လက္ခဏာ မတွေ့ရတဲ့အတွက် တခြား သံသယဖြစ်စရာလူ မရှိဘူးလို့ တောင်အာဖရိကရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးနဲ့ Pistorius ၂ ယောက်တည်းပဲ အိမ်ထဲမှာရှိကြတယ်လို့ ပြောပြခဲ့တာပါ၊ သေဆုံး သူဟာ Oscar Pistorius ရဲ့ချစ်သူ Reeva Steenkamp ဖြစ်တယ်လို့ ဒေသခံသတင်းတွေက ပြောပါ တယ်။ သေနတ်ပစ်ခတ်တဲ့အချိန်မှာ သူတို့အိမ်ထဲက ရန်ဖြစ် အော်ဟစ်သံတွေကို အိမ်နီးချင်းတွေ
ကြားရတယ်ဆိုတာကို ရဲက အတည်ပြုပါတယ်။
ခြေထောက် ၂ ဖက်လုံး ပြတ်နေတဲ့ အသက် ၂၆ နှစ်အရွယ် Pistorius ဟာ ပြီးခဲ့တဲ့August လက လန်ဒန် အိုလံပစ်မှာ ဝင်ရောက်အပြေးပြိုင်ခဲ့လို့ Olympicသမိုင်းတွင်ခဲ့သူပါ၊ သံပြားကို ကွေးထားတဲ့ပုံစံ အဆင်မြင့် ခြေတုတပ်ပြီးပြေးခဲ့လို့ သူ့ကို Blade Runner လို့ လူသိများခဲ့ပါတယ်၊VOA Burmese Fan Page
ဟိုတယ်အချို့ တည်းခိုခန်း လိုင်စင်များဖြင့် လုပ်ကိုင်နေ
ဖဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ယခုနှစ်အတွင်း ဖွင့်လှစ်လုပ်ကိုင်လာသော ဟိုတယ်အချို့တွင် ဟိုတယ်လိုင်စင်ဖြင့် မဟုတ်ဘဲ တည်းခိုခန်း လိုင်စင်များဖြင့် ဖွင့်လှစ် လုပ်ကိုင်လာကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။
“ဟိုတယ် တည်ဆောက်ပြီးတာနဲ့ ချက်ချင်းဖွင့်ပြီး ဧည့်သည် လက်ခံချင်ကြတာကြောင့် တည်းခိုခန်း လိုင်စင်နဲ့ အမြန်လျှောက်ပြီး အမြန်ဖွင့်လာတာတွေ ရှိတယ်” ဟု မန္တလေးမြို့ပေါ်ရှိ ဟိုတယ်တခုတွင် မန်နေဂျာလုပ်ကိုင်နေသည့် ဦးမိုးသက် က ပြောသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဧည့်သည် ဝင်ရောက်မှု များပြားမည်ဟု ဟိုတယ် လုပ်ငန်းရှင်များ ကြိုတင်မျှော်လင့်ထားကြ၍ ဟိုတယ်လုပ်ငန်းတွင် ခါတော်မီ ဝင်ရောက် လုပ်ကိုင်သူများ ရှိခဲ့သည်။ ထိုသူများသည် ဟိုတယ် ဆောက်လုပ်ပြီးပြီးချင်း ဖွင့်လှစ်လုပ်ကိုင်လိုကြသဖြင့် တည်းခိုခန်း လိုင်စင်ဖြင့် အမြန်ဖွင့်လှစ် လုပ်ကိုင်လာကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“မန္တလေး ဟိုတယ်ဇုန်ဆိုရင် မနှစ်က ဟိုတယ် ၇၉ လုံး ဖွင့်ရှိတယ်။ ဒီနှစ်လည်း ဟိုတယ် ၇၉ လုံးပဲ စာရင်းပေါက်တယ်။ တည်းခိုခန်း လိုင်စင်နဲ့ ဖွင့်လာတာ ၅ လုံးရှိတယ်” ဟု မန္တလေး ဟိုတယ်ဇုန်မှ ဥက္ကဋ္ဌ ဦးမြင့်အောင် က ပြောသည်။
ယခုနှစ်အတွင်း ဟိုတယ်အဆင့်ရှိ ဟိုတယ်များအား တည်းခိုခန်းလိုင်စင်ဖြင့် မန္တလေးနှင့် ကျိုင်းတုံဘက်တွင် ဖွင့်လှစ် လုပ်ကိုင်မှုများ ရှိနေကြောင်း ဝါရင့် အင်္ဂလိပ် ဧည့်လမ်းညွှန် တဦးကလည်း ပြောဆိုသည်။
“ဧည့်သည်တွေ လိုက်ပို့ရင်း ကျိုင်းတုံဘက် ရောက်တုန်းက သတိထားမိခဲ့တယ်။ တည်းခိုခန်း လိုင်စင်နဲ့ ဟိုတယ်တွေ ဖွင့်ထားကြတယ်။ အကျိုးအကြောင်း သိချင်လို့ မေးကြည့်တော့ ဟိုတယ်လိုင်စင် လျှောက်ရင် ထောက်ခံချက် အဆင့်ဆင့်ကြောင့် အနည်းဆုံး ၆ လလောက် ကြာတယ်။ တည်းခိုခန်းဆို လိုင်စင် အမြန်ရတယ်။ ချက်ချင်း ဖွင့်လှစ် လုပ်ကိုင်လို့ရတယ်လို့ သူတို့က ပြောတယ်” ဟု ဧည့်လမ်းညွှန် ဦးညီဇော် က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း - ရွှေတြိဂံဇုန်အတွင်းရှိ ကျိုင်းတုံတွင် ဟိုတယ် ၃၂ လုံးနှင့် တာချီလိတ်တွင် ဟိုတယ် ၁၉ လုံး ရှိကြောင်း သိရသည်။Mizzima - News in Burmese
လက်ပံတောင်း သပိတ်ကို မီးစုန်းဓာတ်ပါ ဗုံးတွေသုံး ဖြိုခွဲ
ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး လက်ပံတောင်း တောင် သပိတ်ကို ရဲက ဖြိုခွဲရာမှာ စစ်တပ်သုံး white phosphorus လို့ခေါ်တဲ့ အဖြူရောင် မီးစုန်းဓာတ်ပါ ဗုံးတွေကို အသုံးပြုခဲ့တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက အဲဒီလိုမီးလောင်ဗုံးတွေ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် သံဃာတော်အများစု အပါအ၀င် သပိတ်ဆင်နွှဲသူတွေဟာ အင်မတန် ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်နဲ့ အမေရိကန် အခြေစိုက် တရားရေးအဖွဲ့ တခုတို့ ပူးတွဲထုတ်ပြန်တဲ့ စာမျက်နှာ ၄၂ မျက်နှာပါ အစီရင် ခံစာမှာ အခုလို ဖေါ်ပြထားတာ ဖြစ်ပါတယ်။ပေါက်ကွဲပြီးသား ဗုံးထောင့် တခုကို လေ့လာ စစ်ဆေးပြီးနောက် တွေ့ရှိချက်တွေ၊ မျက်မြင် သက်သေတွေရဲ့ ထွက်ဆိုချက်တွေနဲ့ ဓာတ်ပုံ အထောက်အထားတွေကို အခြေခံကာ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
အခု အစီရင်ခံစာနဲ့ပတ်သက်ပြီး မြန်မာ အစိုးရဘက်ကတော့ တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိသေးပါ။BBC Burmese
တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ရရှိ(ရုပ်/သံ)
Eleven
တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ရရှိ ဆိုင်ကယ်စီးနင်းခွင့်မပြုသည့်
ငါ.....ထလုပ်လိုက်လို့ကွာ
FB-Lynn Thiha Kyaw
ဒ်ါအောင်ဆန်းစုကြည် ကိုယ်တိုင် ယက်လုပ်ခဲ့တဲ့ ဆွယ်တာ ၂ ထည်ကို လေလံတင်ရောင်းချရငွေနဲ့ ပညာရေးရန်ပုံငွေပေးအပ်လှူဒါန်း (ရုပ်/သံ)
ဒ်ါအောင်ဆန်းစုကြည် ကိုယ်တိုင် ယက်လုပ်ခဲ့တဲ့ ဆွယ်တာ ၂ ထည်ကို လေလံတင်ရောင်းချရငွေ သိန်းတထောင်ကျော်နဲ့ ပညာရေးရန်ပုံငွေတွေကို ပညာဒါနကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်း သားတွေအတွက် ထောက်ပံ့ကြေးတွေ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ဖိုးကျော်။
DVB TV News
ဧရာဝတီမြစ်တွင် ရေထိန်းတံခါး ၁၂ ခု တည်ဆောက်၍ လျှပ်စစ်ထုတ်ယူရန် ဖြစ်နိုင်ခြေလေ့လာမည်
ဧရာဝတီမြစ်တွင်း ရေထိန်းတမံ အနိမ့်များနှင့် ရေထိန်းတံခါး ၁၂ ခု တည်ဆောက်ရန်အတွက် ဘယ်ဂျီယံပညာရှင်များက ဖြစ်နိုင်ခြေလေ့လာမှုများကို လာမည့် မတ်လမှစတင်၍ ခြောက် လအတွင်း ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ် ထွန်းအောင်ကပြောကြားသည်။
ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်သော ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုး တက်ရေး နည်းလမ်းများအတွက် ဘယ်လ်ဂျီယံနိုင်ငံမှ SBE nv ကုမ္ပဏီနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ တွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခြင်းဖြစ်သည်။
ဖြစ်နိုင်ခြေလေ့လာမှုနှင့် ဆောက်လုပ်မည့်ပုံစံများကို လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်သည်။
“ဒါက အစိုးရအဖွဲ့က အတည်ပြုပြီးသားကို အကောင်အထည်ဖော်တာပါ။ လွှတ်တော်ကို ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့် တင်ပြသွားမှာပါ။ ပြည်သူလူထုဘက်ကနေပြီး လက်မခံဘူးဆို ရင် ဆောင်ရွက်ဖို့ မရှိပါဘူး”ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးကပြောကြားသည်။
ရေထိန်းတမံအနိမ့်များသည် ဆည်များကဲ့သို့ စီးဆင်းနေသော ရေကြောင်းအား ပိတ်ပင်တားဆီးခြင်းမ ဟုတ်ဘဲ သတ်မှတ်ပမာဏတစ်ခုအထိသာ ထိန်းသိမ်းထားပြီး ယင်းပမာဏထက် ကျော်လွန်ပါက ယင်းတမံ များအား ဖြတ်ကျော်စီးဆင်းနိုင်မည်ဟု အဆိုပါဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးကဆိုသည်။
လေ့လာမှုများကို မန္တလေးတိုင်းအတွင်းရှိ ရန္တပိုရွာအနီး၊ မကွေးတိုင်းအတွင်းရှိ လမ်းရွာနှင့် မင်းလှတို့တွင် ပထမဆုံး စတင်မည်ဖြစ်သည်။
ဧရာဝတီမြစ်အထက်ပိုင်း ဗန်းမော်မှ ဟင်္သာတမြို့အထိ မြစ်ကြောင်းတစ်လျှောက်တွင် လတ်တလော လေ့ လာမှုများအရ လျှပ်စစ်ထုတ်ယူနိုင်သော ရေထိန်းတမံ ၁၂ ခု တည်ဆောက်နိုင်ရန် လျာထားပြီး အဆိုပါတမံ များမှ လျှပ်စစ်ဓာတ်အား ၂၅၂၀ မဂ္ဂါဝပ် ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောကြားသည်။
ရေထိန်းတမံအနိမ့်များ တည်ဆောက်ခြင်းဖြင့် မြစ်ကြောင်းတစ်လျှောက် တစ်နှစ်ပတ်လုံး ရေရရှိနိုင်ခင်း၊ မြစ်ကြောင်းသွားလာရေးအတွက် လွယ်ကူစေခြင်း၊ မြစ်ကမ်းပြိုမှုများ လျှော့ချနိုင်ခြင်းနှင့် ဟိုက်ဒရိုပါဝါအားဖြင့် ရေအားလျှပ်စစ် ထုတ်ယူနိုင်ခြင်းတို့ ပြုလုပ်နိုင်ပြီး ရေထိန်းတမံများ ဆောက် လုပ်ခြင်းကြောင့် ရေကြောင်းသွားလာရေး အဆင်ပြေစေရန် ရေထိန်းတံခါးများပါ ပူးတွဲတည်ဆောက်ရခြင်း ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောသည်။
ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရှိမည်ဖြစ်ပြီး တည်ဆောက်မှု ကြာမြင့်မှုကာလ သုံးနှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း SBE nv ကုမ္ပဏီမှ တာဝန်ရှိသူများကပြောသည်။
လေ့လာမှုများပြီးစီး၍ စီမံကိန်းအကောင်အထည်ဖော်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများကို ဖိတ်ခေါ်၍ (B.O.T) စနစ်ဖြင့် ဆောင်ရွက်သွားရန်ရှိကြောင်း ဦးထွန်းလွင်ဦးကပြောသည်။7Day News Journal
၂၅လမ်း (အလယ် )တွင် စာအုပ်ဆိုင်ထပ်ခိုးပြိုကျ
ယနေ့ မွန်းလွဲ ၁နာရီ ၃၀ ခန့်က ၂၅လမ်း (အလယ် )တွင်ရှိ ကျားကမ္ဘာ စာအုပ်ဆိုင် ထပ်ခိုး ပြိုကျ၍ အမျိုးသမီး တစ်ဦး ခြေထောက်တွင် ဒဏ်ရာ ရရှိခဲ့သည်။ 
The Voice Weekly
ကထိန် Gangnam Style
ကထိန် လှည့်လည်လာသော ကားတန်းကြီးကို မြန်မာထဘီနှင့် ရင်ဖုံးနှင့် အကျအန အနောက် နိုင်ငံသူက လမ်းဘေးမှ ဝမ်းပန်းတသာ အားရပါးရ ဓာတ်ပုံရိုက် နေသည်။ သူ့ဘေးတွင်လည်း နိုင်ငံခြားသား အမျိုးသားက လုံချည်ကို ပုံပျက်ပန်းပျက် ဝတ်ပြီး တပြုံးပြုံးနှင့် ကားတန်း ကို တငေးတမော။ အားလုံးက ကြည်နူးစရာ ဆွတ်ပျံ့စရာ။ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာ ကထိန်ဘာသာရေး ပွဲတော်ကို ဧည့်သည် မြန်မာ ဆန်လိုသူက စိတ်ဝင်တစားနှင့် မှတ်တမ်း တင်နေခြင်း။ သို့သော် နေပါဦး။ တစ်စုံတစ်ခု အကြီးအကျယ် မှားယွင်းနေသည်။ OOOOOO hhhhhh sexy laddyyyyyyy။ ဗုဒ္ဓေါ၊ ဘုရားရေ။ Opa Gangnam Style သီချင်းနဲ့ ကထိန်ခင်း လာတာပါလား။
အတော် ရုပ်ပျက်ဆင်းပျက် နိုင်လှသည့် မြင်ကွင်း။ ဓာတ်ပုံရိုက်သူ တစ်ပြည်သူက မြန်မာဆန်ဆန်၊ အရိုက်ခံရသူ များက ဖားတစ်ပိုင်း ငါးတစ်ပိုင်း။ ယိုသူမရှက် မြင်သူရှက်၊ ရှက်လိုက်သည် ဖြစ်ခြင်း။ ရပ်ကွက် တွင်းရှိ ကထိန်ပွဲများ တွင်လည်း ထို အိုပါးဂန်းနန်း စတိုင်က ကြီးစိုး နေသည်တဲ့။ ညကြီးမိုးချုပ်ထိ ထိုဂန်းနန်းစတိုင်နှင့် နားတစ်ဆူဆူ လူကြီးသူမ ရုံးကပြန်လာသူ အိပ်လို့မရ နားလို့မရ။ တစ်ချိန်လုံး ဂန်းနန်းစတိုင်။
ခေတ်အလိုက် သည်လိုတော့ ရှိမှာပေါ့၊ သူ့ခေတ်နဲ့ သူ့အခါ သည်လိုပဲလေ ဆိုလိုသူတို့ ရှိကြမည်။ သို့သော် ဘယ်နှုန်းစံ ဘယ်ပေတံ နှင့်တိုင်းတိုင်း ကထိန်နှင့် Gangnam ကတော့ မဆီလေးတဲ့မှ မဆိုင်ဟု ဆိုရလိမ့်မည်။ ညကလပ်တွင်၊ မွေးနေ့ပွဲတွင်၊ ညနေခင်း မင်္ဂလာဧည့်ခံပွဲ တွင်၊ ပါတီတွင် ကြိုက်သည့် နေရာဖွင့်၊ ကချင်သလိုက။ သို့သော် ကထိန် ကဲ့သို့ ဘာသာရေး၊ ယဉ်ကျေးမှု ရောယှက်နေ သည့် အထွတ်အမြတ် ထားရသော ပွဲလမ်းမျိုးကို ထိုသီချင်းဖြင့် လှည့်လည် လာသည်မှာ အမြင်မတင့်တယ်။ အရပ်ရပ် ကြားလို့မှမတော် ဆိုလောက်အောင် ရုပ်ပျက်ဆင်းပျက် နိုင်လှသည်။ သီချင်းဖွင့်သော သူများကိုပဲ မနိုင်လို့ လား၊ ခင်းလာသော လူကြီးမင်း များလည်း သီချင်းထဲက သံပြိုင်အလိုက် အတိုင်း လုပ်ချင်လို့ပဲလားမသိ။ ကထိန် ကားတန်းကြီး များကတော့ အိုပါးဂန်းနန်း စတိုင်ကို အသံ ကျယ်ကျယ်လောင်လောင် ဖွင့်ပြီး ရန်ကုန်မြို့အနှံ့ လှည့်လည် ခဲ့ကြသည်မှာ ကြားရနားဝမချမ်း သာ၊ အမြင်မတော် ဆင်တော်နှင့် ခလောက်။ သူတို့ ကိုရီးယားရိုးရာ ယဉ်ကျေးမှုပွဲတွင်ပင် ကိုရီးယား ခေတ်ပေါ်သီချင်း K-Pop အမျိုးအစား Gangnam Style ဖြင့် ကျင်းပမည် မဟုတ်။
မြန်မာ့ ယဉ်ကျေးမှု ထိန်းသိမ်းရမည် ဆိုသောကြောင့် သျှောင်ထုံး ကြီးထုံး၊ တောင်ရှည် ပုဆိုးဝတ်၊ ထိုင်မသိမ်းဖြင့် နေရမည် မဆိုလိုပါ။ ယခုကဲ့သို့ စားသုတ်သုတ်၊ လာသုတ်သုတ်၊ သွားသုတ်သုတ် သုတ် သုံးကျမ်းနင်း ခေတ်ကြီးထဲတွင် မြန်မြန်ထက်ထက် ပြေးနိုင်လွှားနိုင် တက်နိုင် ဆင်းနိုင်ရန် လိုက်ဖက်သော အဝတ်အစားများ ဝတ်စားဖို့ လို သည်။ သီချင်းကြီး သီချင်းခန့် များသာ နားထောင် သီကျူးရမည် မဆိုလို။ ယဉ်ကျေးမှု ဆိုသည်မှာ ရေသေမဟုတ်၊ တစ်နေရာတွင် ရပ်တန့်မသွား၊ ရေရှင်ကဲ့သို့ စီးဆင်းနေသည်။ ယဉ်ကျေးမှုသည် လူလုပ်သောအရာ ဖြစ်သောကြောင့် လူပြောင်းလျှင်၊ ခေတ်ပြောင်းလျှင် လိုက်ပြောင်း သည်။ ပုဂံခေတ်က မြန်မာတို့နှင့် ယခုခေတ် မြန်မာတို့ ဒီသွေး ဒီသား ဒီလူတွေ အတူတူ ဖြစ်ကောင်းဖြစ် မည်၊ ဝတ်ပုံစားပုံနေထိုင်ပုံ ယဉ်ကျေးမှုကား တူမည် မဟုတ်တော့။ သို့သော် မြန်မာဆိုလျှင် မြန်မာမှန်းတော့ ကြည့်လိုက် သည်နှင့် သိရန်လိုသည်။ မြန်မာဟု ဆိုလိုက်လျှင် အရိုးခံ အခြေခံတော့ တူရမည်။
ယဉ်ကျေးမှုသည် ပါဝါအနု Soft Power ဖြစ်သည်။ လူကြိုက် များသော ယဉ်ကျေးမှုသည် အခြားနိုင်ငံများ၊ လူမျိုးများကို သြဇာညောင်းသည်။ အခြေခံ ခိုင်မာ တောင့်တင်းခြင်းနှင့် ဖြန့်ဖြူးသည့် ကိရိယာ ကောင်းမွန်ခြင်းတို့ ပေါင်းစပ်နိုင်လျှင် ထိုယဉ်ကျေးမှုသည် Soft Power ဖြစ်လာသည်။ အမေရိကန် ယဉ်ကျေးမှုသည် အမေရိကန်၏ Soft Power ၊ တရုတ်ယဉ်ကျေးမှုသည် တရုတ်၏ Soft Power ဖြစ်သည်။
ပါဝါအနု၏ အစွမ်းကိုသိသော နိုင်ငံကြီးများသည် မိမိနိုင်ငံ၏ ပါဝါနု အားတက်အောင်အစဉ်ကြိုးစားနေ သည်။ အမေရိကန်၏ ဟောလိဝုဒ်ရုပ်ရှင်၊ ဂျင်း၊ ကိုကာကိုလာ၊ ဒီမိုကရေစီ တို့သည် တစ် ကမ္ဘာလုံးကို သြဇာညောင်းသည်။ တရုတ်ကလည်း တရုတ်ဘာသာ စကား သင်တန်းများ၊ ကွန်ဖြူးရှပ်ကျောင်း (Confucius Institute) များကို ကမ္ဘာအနှံ့ လိုက်လံ ဖွင့်လှစ်ခြင်းဖြင့် တရုတ်၏ Soft Power ကို မြှင့်တင်ရန် မီးကုန်ယမ်းကုန် ကြိုးစားနေသည်။ တောင်ကိုရီးယား ၏ K-Pop ကိုရီးယား ခေတ်ပေါ် ယဉ်ကျေးမှု (ဂီတ၊ ကိုရီးယား ဇာတ်လမ်းတွဲ) တို့သည် အရှေ့တောင်အာရှ တစ်ခွင်နှင့် အရှေ့မြောက် အာရှနိုင်ငံအချို့ကို သြဇာ လွှမ်းမိုးနေသည်။ ဒေါ်အောင်ဆန်း စုကြည် တောင်ကိုရီးယား ခရီးစဉ်တွင် ကိုရီးယား သရုပ်ဆောင်များ လာရောက် တွေ့ဆုံကြသည်မှာ ပါဝါအနုကို မြှင့်တင်ခြင်း ဗျူဟာ တစ်ရပ်ဟု ယူဆနိုင်သည်။ အခြားနိုင်ငံ၏ မြင့်မားသော ပါဝါနုသည် မိမိနိုင်ငံကို လာရောက် လွှမ်းမိုးတတ်သည်မှာ ဓမ္မတာ၊ သို့သော် မိမိ ယဉ်ကျေးမှုကို ဝါးမျိုသွားသည် အထိ ဖြစ်လျှင်မူ လူမျိုးပျောက်သွားပြီ။
ကိုယ်ခံအားကောင်းသော ယဉ်ကျေးမှုသည် မိမိထံသို့ဝင်လာ သော ယဉ်ကျေးမှုကို မိမိလက်ရှိနှင့် ပေါင်းပြီး မိမိယဉ်ကျေးမှုအဖြစ် ဖန်တီးလိုက်သည်။ သူ့ယဉ်ကျေးမှု၏ ဝါးမျိုခြင်းကို မခံလိုက်ရ။ မြန်မာ တို့သည်ယဉ်ကျေးမှု အားကောင်းလှသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြီး နှစ်နိုင်ငံအကြား နှစ်ထောင် ချီ နေခဲ့ကြသည်။ ထိုသို့ နေလာခဲ့သော်လည်း မြန်မာတို့သည် သူ့ဟန်နှင့်သူ သူ့ယဉ်ကျေးမှုနှင့် သူ ကျန်ခဲ့သည်။ တရုတ်၊ အိန္ဒိယ ယဉ်ကျေးမှုတို့ ပါဝင်သော်လည်း ရောစပ်ပေါင်းဖက်ကာ အိမ်ခံ ယဉ်ကျေးမှုနှင့် ရောနှော လိုက်နိုင်ပြီး ကိုယ်ပိုင် ယဉ်ကျေးမှုကို ထိန်းသိမ်း ထားနိုင်ကြသည်။
သင်္ကြန်ပွဲသည် မြန်မာ့ယဉ်ကျေးမှု ပွဲသဘင်ထက် မြန်မာ့ ယဉ်ကျေးမှု ယိုယွင်း နေခြင်းကို လှစ်ဟပြသည့် ပွဲသဘင် ဖြစ်လာသည်။ မြန်မာ သင်္ကြန်သည် မြန်မာတို့ တစ်တွေ လှည်းနေလှေအောင်း မြင်းဇောင်း မကျန် တပျော်တပါး ဆင်နွှဲကြသည့် ရိုးရာ နှစ်သစ်ကူးပွဲ။ ယခုနှစ်များ တွင် သင်္ကြန်သည် ရေပက်ရုံက လွဲပြီး မြန်မာ့ ယဉ်ကျေးမှုရနံ့ နည်းသည် ထက် နည်းလာသည်။ ပျော်ပွဲရွှင်ပွဲ အရက်သောက်ပွဲ အော် ဟစ်ပွဲများ ကို ရေပက်ရင်း ဆင်နွှဲကြသည် ထက် မပိုသော ပွဲတစ်ပွဲ ဖြစ်လာခဲ့ သည်။ ကျန်သည့်အချိန်တွင် ကဲ့ရဲ့ ရှုတ်ချခံရမည့် အပြုအမူမျိုး များကို သင်္ကြန်နှင့် ရောကြိတ်ပြီး အခွင့်ကောင်း ယူကြသည့် ပွဲသာသာ ဖြစ်လာသည်။ ထိုင်းကဲ့သို့ နိုင်ငံများတွင် ပင် ညကလပ်၊ ရာဂ နိုးဆွသည့် ကြည့်ချင်ပွဲများ၊ Sexy Show များတွင်သာ မြင်ရနိုင်သည့် ရမ္မက် ထန်စေသည့် တိုင်ပတ် အကမျိုးကို သင်္ကြန်တွင်း စင်ပေါ်တွင် ရက်ရက် ရောရော ကပြ အသုံးတော် ခံနိုင်သည်။ ချစ်သူရည်းစား လင်မယား ဆိုလျှင်ပင် ဆိတ်ကွယ်ရာ တွင်သာ ဆောင်ရွက်သင့်သည့် အပြုအမူမျိုးကို အဝေးက ပင် မြင်နိုင်သည့် ရေပက် စင်မြင့်ပေါ်တွင် ဝင့်ဝင့်ကြွားကြွား ပြုလုပ် လာကြသည်မှာ မထိတ်သာ မလန့်သာ ရှိလိုက်သည့် ဖြစ်ခြင်း။
မြန်မာနိုင်ငံသည် အတော်ထူးဆန်းသည်။ မြန်မာနိုင်ငံတွင် စိစစ်ဖြတ်တောက်ခြင်း ကြမ်းသည့် ခေတ်ကပင် မက်ဒေါနားတို့၊ ဘရစ်တနီစပီးယားတို့ ကပြ အသုံးတော် ခံလျှင်ပင် မျက်ခုံးပင့် ဝေဖန် ခံရသည့် အကမျိုးကို ဆင်ဆာဖြတ်ခြင်း မရှိ။ ရဲရဲကြီး စင်မြင့်ထက်တွင် ကပြ သူက ကပြ၊ ကြည့်ရှုသူကလည်း ကြည့်ရှုနှင့် အတော် အလုပ်ဖြစ်နေ ကြသည်။ မသိသလိုလို သိသလိုလိုဖြင့် ထိုဖျော်ဖြေပွဲ များသည် ခိုးကူးခွေ များမှ တစ်ဆင့် ဈေးသက်သက်သာသာ ဖြင့် မြန်မာနိုင်ငံ တစ်နံတစ်လျား သို့လည်း ရောက်ခဲ့ပြီ။ ယဉ်ကျေးမှုလည်း စီးကူး၊ အတုမြင် အတတ်သင်၊ မသိလိုက် မသိဘာသာ လက်ခံခဲ့ပြီ။
ကမ္ဘာကြီး တစ်ခုလုံး သေးငယ် ကျုံ့ဝင်သွားအောင် ဆက်သွယ်ရေး နည်းပညာ၊ ပို့ဆောင်ရေး နည်းပညာ များ မြင့်မား တိုးတက်နေသည့် ကမ္ဘာ့ရွာ ခေတ်ကြီးတွင် အတွေးအခေါ်များ၊ အကြံဉာဏ်များ၊ ယဉ်ကျေးမှု များ လွတ်လွတ်လပ်လပ် စီးကူးသည် ဆိုသော်လည်း ယဉ်ကျေးမှု ပျံ့နှံ့ အားကောင်းသော ယဉ်ကျေးမှုက သာလွန် စီးကူးပြီး၊ အားနည်းသော ယဉ်ကျေးမှုကို ဝါးမျို သွားမည်မှာ မြေကြီး လက်ခတ်မလွဲ။
အိုပါးဂန်းနန်း စတိုင်နှင့် ပျော်ပျော်ပါးပါးကြီး လှည့်လည်လာ သော ကထိန် ကားတန်းကြီးကို မြန်မာဝတ်စုံ ဝတ် နိုင်ငံခြားသူက စုံစုံမက်မက် တဖျပ်ဖျပ် ဓာတ်ပုံ ရိုက်ကူးနေဆဲ။ လမ်းဘေးဗန်းထဲ တွင် ခင်းထား သည့် ပြည်ပသားများ ကြားထဲမှ မြန်မာ ဝတ်စုံပြည့် ဒေါ်အောင်ဆန်းစုကြည် ပုံ မျက်နှာ ဖုံးဖြင့် ဂျာနယ် စာရွက် တို့လည်း လေတိုက်ထဲတွင် တလွင့်လွင့် တလွင့်လွင့်။
(မိုးညွန့်လုလင်)
The Voice Weekly
ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ ပထမဦးဆုံး အကြိမ်အဖြစ် ဥရောပ ၃ နိုင်ငံခရီး
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ ပထမဦးဆုံး အကြိမ်အဖြစ် ဥရောပ ၃ နိုင်ငံခရီးအတွက် ဒီကနေ့ ညနေပိုင်း ၄း၃၀နာရီမှာ မြန်မာနိုင်ငံကနေ ထွက်ခွာ သွားပါတယ်။
ဦးမင်းကိုနိုင် နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေနိုင်ငံ အော်စလိုမှာ နှစ်စဉ် ကျင်းပတဲ့ နိုင်ငံတကာ ကျောင်းသား ငြိမ်းချမ်းရေး ဆုပေးပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။
နိုင်ငံတကာ ကျောင်းသားပွဲတော်က ပေးအပ်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို ၂၀၀၁ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)နဲ့ အဲဒီအချိန်က အကျဉ်းကျခံနေရတဲ့ ဦးမင်းကိုနိုင်တို့ ပူးတွဲရရှိခဲ့ဖူးပါတယ်။
ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေကနေ ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတို့ကို သွားရောက်ဖို့ ရှိနေပါတယ်။ သွားရောက်တဲ့ နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို မြန်မာအသိုင်းအ၀ိုင်းတွေနဲ့ လည်း သီးသန့် တွေ့ဆုံမယ်လို့ ဦးပြုံးချိုက ဒီဗွီဘီကိုပြောသွားပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ဟာ အကျဉ်းထောင်က လွတ်မြောက်အပြီး ငြိမ်းချမ်းရေးအသွင်ကူပြောင်းရေး လေ့လာဖို့အတွက် ဖိလစ်ပိုင်နိုင်ငံကို အခုနှစ် ဇန်န၀ါရီလက သွားရောက်ခဲ့ပြီး အခု ခရီးစဉ်ဟာ ဒုတိယမြောက် ပြည်ပခရီးလည်း ဖြစ်ပါတယ်။DVB TV News
ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲလို့ ရ
7 ELEVEN ရဲ့ company ကြီးရဲ့ 7 Bank နဲ့ WESTERN UNION တို့ ပူးပေါင်းပြီး ယခုအခါမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲလို့ ရနိုင်တဲ့ စနစ်တခုကို သိပ်မကြာသေးခင် အချိန်ကပဲ အကောင်အထည် ဖေါ်လိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ တရားဝင်နေထိုင်တဲ့၊ ဂျပန် လဝက မှ(zairyu card)လို့ ခေါ်တဲ့ဂျပန်နိုင်ငံမှာ နေထိုင် ခွင့်တမျိုးမျိုးနဲ့ နေထိုင်ခွင့်ကဒ် ရှိသူတိုင်း အခုအခါမှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို နေ့ည အချိန်မရွေး (၂၄)နာရီပတ်လုံး ငွေလွှဲလို့ရပါပြီ။မြန်မာပြည်မှာ နေထိုင်သူ(ငွေလက်ခံသူ)များ အနေနဲ့လည်း အခက်အခဲ မရှိဘဲ အလွယ်တကူ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
လုပ်နည်းအဆင့်ဆင့်ကတော့ ပထမဦးစွာ ဂျပန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးဟာ ( မြန်မာနိုင်ငံ သားမဟုတ်လည်းရပါတယ်။ အဓိက က တရားဝင်နေထိုင်နေသူတဦးဖြစ်ဖို့ပဲ လိုပါတယ်) ပထမဦးစွာ Seven Bank မှ Seven Bank Card တခုကို စတင် လျှောက်လွှာတင်ပြီး ပြုလုပ်ရပါမယ်။ လျှောက်လွှာကို ဂျပန်နိုင်ငံရဲ့ 7 Elevenဆိုင်တိုင်း မှာ တောင်းယူနိုင်ပါတယ်။
လျှောက်လွှဲထဲမှာ အင်္ဂလိပ်-ဂျပန် နှစ်ဘာသာနဲ့ ရေးထားပြီး ဖြည့်ရတာ သိပ်မခက်လှပါဘူး။ လူတဦးအနေ နဲ့ လျှောက်လွှာတစ်စောင်မှာ မြန်မာပြည်က ငွေလက်ခံမယ့်သူ (၆)ဦးတိတိ ဖြည့်သွင်းနိုင်ပါတယ်။
7 Bank Cardကို အသုံးပြုပြီး ငွေလွှဲပါက မြန်မာနိုင်ငံတွင်းမှ ငွေလက်ခံသူမှာ 7 Bank accountရှိစရာ မလိုပါ။ ဂျပန်နိုင်ငံမှ 7 Bankဖြင့် လွှဲလိုက်သောငွေအား မြန်မာနိုင်ငံတွင် အောက်ပါ နေရာများ၌ ထုတ်ယူနိုင်ပါသည်။ ( Western Union)
(1) Kanbawza
(2) Co-operative
(3)First Private
(4)Myanma Apex
(5)Myanmar Livestock Fisheries Development
(6)Myanmar Oriental
(7)United Amara
ပို့ဆောင်ခများမှာ အောင်ပါအတိုင်းဖြစ်ပါသည်။
၁ယန်းမှ-ယန်း ၁သောင်း အထိ ပို့ဆောင်ခ ယန်း ၉၉၀။
ယန်း ၁သောင်း၁ယန်း-ယန်း ၅သောင်း အထိ ပို့ဆောင်ခ ယန်း ၁၅၀၀။
ယန်း ၅သောင်း၁ယန်း-ယန်း ၁၀သောင်း အထိ ပို့ဆောင်ခ ယန်း ၂၀၀၀။
ယန်း ၁၀သောင်း၁ယန်း-ယန်း ၂၅သောင်း အထိ ပို့ဆောင်ခ ယန်း ၃၀၀၀။
ယန်း ၂၅သောင်း၁ယန်း-ယန်း သောင်း၅၀ အထိ ပို့ဆောင်ခ ယန်း ၅၀၀၀။
ငွေလွှဲနှုန်းထားများကတော့ တနေ့နဲ့တနေ့ မတူညီနိုင်ဘဲ ကမ္ဘာ့ပေါက်ဈေးအတိုင်းပဲ ဖြစ်တယ်လို့ 7 Bankရဲ့ တာဝန်ခံတဦးက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ 7 eleven ဆိုင်တိုင်းမှာ ငွေလွှဲပုံလွှဲနည်း အဆင့်ဆင့်ကို မေးမြန်းအကူအညီတောင်းနိုင်ကြောင်းလည်း အဆိုပါ တာဝန်ခံပြောပါတယ်။
အင်တာနက်ပေါ်တွင်လည်း http://www.sevenbank.co.jp/english/ နေရာမှာ ဝင်ရောက်၍ လေ့လာနိုင်ပါသည်။ ဂျပန်နိုင်ငံတခုတည်း မကဘဲ တခြားနိုင်ငံတချို့မှလည်း မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ကြောင်း သိရပါသည်။ အသေးစိတ်ကို အထက်ပါ linkတွင် စုံစမ်းနိုင်ပါသည်။
ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ အဆင်ပြေစေရန် ရေးသားခြင်းဖြစ်ပါသည်။ face book ပေါ်ရှိ လူကြီးလူကောင်းအနေဖြင့် ထပ်ဆင့် ဖြန့်ဝေမည်ဆိုပါက ကျေးဇူးပြု၍ share ပြုလုပ်ခြင်းဖြင့် စေတနာစစ်စစ်ဖြင့် ဖြန့်ဝေပေးကြပါ။ အစအဆုံး ကော်ပီကူးပြီး ကိုယ်တိုင်ရေးသလိုလိုနဲ့ ကိုယ့်ကိုယ်ကို လူလိမ်သူခိုးမလုပ်ချင်ပါနဲ့။ ပုထုဇဉ်မှန်လျှင် မည်သူမဆို ကိုယ်အချိန်ပေး လုံ့လစိုက်ထုတ် ဖန်တီးလိုက်သော အရာများကို တန်ဖိုးထားတတ်ကြပါသည်။
နန္ဒာ
http://www.sevenbank.co.jp/english/ 
Sony Xperia V စမတ်ဖုန်းအကြောင်းတစေ့တစောင်း
ဂျပန်နိုင်ငံအခြေစိုက် နာမည်ကျော် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sonyဟာ စမတ်ဖုန်းလောကမှာ Xperia Series ဖုန်းတွေနဲ့ ထိုးဖောက်ဝင်ရောက်လာပြီး တခြားမိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနှင့်အပြိုင် ဈေးကွက်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားပါတယ်။ Sonyရဲ့ စမတ်ဖုန်းတွေဟာ ဆန်းသစ်လှပတဲ့ ဒီဇိုင်းနှင့်အတူ နောက်ဆုံးပေါ် နည်းပညာတွေကို ထည့်သွင်း ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် မိုဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ အကြိုက် ဖြစ်နေပါတယ်။ ယခုတဖန် Sony Xperia Series အသစ်တစ်မျိုးဖြစ်တဲ့ Xperia V စမတ်ဖုန်းကို ထပ်မံ ထုတ်လုပ်လိုက်ပါ တယ်။ နောက်ဆုံးပေါ် အင်တာနက် ကွန်ယက်စနစ်ဖြစ်တဲ့ 4G LTEကို ထောက်ပံ့ပေးထားပြီး ရေစိုဒဏ်ကို ကာကွယ်ပေးထားခြင်းက Xperia Vရဲ့ သဘောကျစရာ အချက်လေးပါ။ ဈေးနှုန်းကိုတော့ USD 698 သတ်မှတ် ပေးထားတာ တွေ့ရပါတယ်။ Sony Xperia Vကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလလောက် ကတည်းက ဈေးကွက်ထဲသို့ ဖြန်ချိပေးခဲ့ပြီ ဖြစ်ပါတယ်။ Xperia Vရဲ့ အသေးစိတ် အချက်အလက်တွေကို အိုင်စီတီ ပရိသတ်တွေအတွက် တင်ဆက် ပေးလိုက်ရပါတယ်။
Display
ပုံရိပ်ပေါ် မျက်နှာပြင် အရွယ်အစား ၄.၃လက်မအရွယ်ရှိပြီး ကုတ်ရာ ခြစ်ရာတွေကို ကာကွယ်ပေးမယ့် TFT Touch Screenကို သုံးစွဲပေးထားပါတယ်။ Full HD Reality Displayကို တပ်ဆင် ပေးထား တဲ့အတွက် စိုပြေတောက်ပတဲ့ ပုံရိပ်တွေကို သဘာဝကျကျ လက်တွေ့ ခံစားကြည့်ရှုနိုင်မှာပါ။ တစ်လက်မမှာ ထောက်ပံ့ပေးထားတဲ့ Pixel ပမာဏကတော့ 342ppi ရှိပါတယ်။ Xperia V ရဲ့အရောင် အရည်အသွေးကတော့ 16 Millionရရှိပြီး Resolution ပမာဏဟာ 1280x720 Pixels ရှိပါတယ်။ Sonyရဲ့ နည်းပညာ တစ်မျိုးဖြစ်တဲ့ Mobile BRAVIA Engine 2ကို တပ်ဆင် ပေးထားတဲ့အတွက် စစ်မှန်တဲ့ ပုံရိပ်တွေကို Screenပေါ်မှာ သဘာဝကျကျ အရောင်အသွေး စိုပြေစွာ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Camera
Sony ဒီဂျစ်တယ် ကင်မရာတွေမှာ ပါဝင်တဲ့ Exmor R CMOS Sensor နည်းပညာကို Xperia Vရဲ့ ကင်မရာမှာ တပ်ဆင် ပေးထားတဲ့အတွက် အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက် ကင်မရာက 13 Megapixel ရှိတဲ့အတွက်ကြောင့် ဒီဂျစ်တယ် ကင်မရာတစ်လုံးလို စွမ်းဆောင် ပေးပါလိမ့်မယ်။ ကင်မရာရဲ့ Features တွေကတော့ (Auto Focus, LED Flash, Geo-tagging, Touch Focus, Face and Smile Detection,3D Sweep Panorama, Image Stabilization) အစရှိတဲ့စနစ်တွေ စုံလင်စွာ ထည့်သွင်း ပေးထားပါတယ်။ Full HD ဗီဒီယိုတွေကို (1080p)အထိ ဖမ်းယူ ရိုက်ကူးနိုင်မှာပါ။ VGA Front Facing Camera ပါဝင်တဲ့အတွက် အင်တာနက်မှ တဆင့် Video Calling ပြုလုပ်နိုင်ပါသေးတယ်။
Battery
ဘက်ထရီ စွမ်းရည်ကတော့ Li-ion 1750 mAh Battery အမျိုးအစား ဖြစ်ပါတယ်။ ဖုန်းပြောဆိုချိန်မှာ ခုနှစ်နာရီ၊ Standby အနေအထားမှာ နာရီလေးရာ၊ သီချင်းနားထောင်ချိန်မှာ ဆယ့်ရှစ်နာရီနှင့် ဗီဒီယို ကြည့်ရှုချိန်မှာ လေးနာရီကြာ ဘက်ထရီ အသုံးခံနိုင်ပါတယ်။
Entertainment
Sony Xperia Series စမတ်ဖုန်းတွေဟာ ဖျော်ဖြေရေးကို ဦးစားပေးပြီး တီထွင် ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် သုံးစွဲသူတွေကို စိတ်ကျေနပ် မှုတွေ ပေးစွမ်းနိုင်မှာပါ။ Xperia Vမှာလည်း Gamer တွေအတွက် 3D and Motion Gaming, တေးသီချင်း ကြိုက်နှစ်သက်သူတွေ အတွက် WALKMAN Application, ဗီဒီယို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် Movies Applicationစတာတွေကို ထည့်သွင်း ပေးထားတာကြောင့် စမတ်လုံး တစ်လုံးတည်းမှာတင် စွယ်စုံ အသုံးပြုနိုင်အောင် ဖန်တီး ပေးထားပါတယ်။
Hardware & OS
အသုံးပြုနိုင်တဲ့ ကွန်ယက်တွေကတော့ 2G Network (GSM/GPRS/EDGE), 3G Network (HSDPA)နှင့် 4G Network (LTE) ကွန်ယက်တွေမှာ အသုံးပြုနိုင်ပါတယ်။ SIM ကဒ်ကတော့ Micro-SIM အမျိုးအစား ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုနိုင်တဲ့ EDGEစနစ်ရဲ့ အမြန်နှုန်းကတော့ 237 kbps အထိ ရရှိနိုင်ပါတယ်။ HSPA+ရဲ့ Download Speed 42Mbpsနှင့် Upload Speed 5.8 Mbps ရရှိပြီး LTE Cat3ရဲ့ Download Speed 100 Mbpsနှင့် Upload Speed 50 Mbps ရရှိမှာ ဖြစ်ပါတယ်။ Wireless အင်တာနက် ချိတ်ဆက်ဖို့အတွက် Wi-Fi 802.11 a/b/g/n, Dual-Band, Wi-Fi Direct, DLNA, Wi-Fi Hotspot စနစ်တွေ ပါဝင်ပါတယ်။ Bluetooth v4.0 with A2DP, NFC, Micro USB v2.0 အစရှိတဲ့ စနစ်တွေလည်း ပါဝင် ပါသေးတယ်။
Networks & Connectivity
အသုံးပြုနိုင်တဲ့ ကွန်ယက်တွေကတော့ 2G Network (GSM/GPRS/EDGE), 3G Network (HSDPA)နှင့် 4G Network (LTE) ကွန်ယက်တွေမှာ အသုံးပြုနိုင်ပါတယ်။ SIM ကဒ်ကတော့ Micro-SIM အမျိုးအစား ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုနိုင်တဲ့ EDGEစနစ်ရဲ့ အမြန်နှုန်းကတော့ 237 kbps အထိ ရရှိနိုင်ပါတယ်။ HSPA+ရဲ့ Download Speed 42Mbpsနှင့် Upload Speed 5.8 Mbps ရရှိပြီး LTE Cat3ရဲ့ Download Speed 100 Mbpsနှင့် Upload Speed 50 Mbps ရရှိမှာ ဖြစ်ပါတယ်။ Wireless အင်တာနက် ချိတ်ဆက်ဖို့ အတွက် Wi-Fi 802.11 a/b/g/n, Dual-Band, Wi-Fi Direct, DLNA, Wi-Fi Hotspot စနစ်တွေ ပါဝင်ပါတယ်။ Bluetooth v4.0 with A2DP, NFC, Micro USB v2.0 အစရှိတဲ့ စနစ်တွေလည်း ပါဝင်ပါသေးတယ်။
Myanmar ICT
ပုဂံစေတီနှစ်ဆူမှ အလှူခံပုံးများ အဖောက်ခံရမှု စုံစမ်းနေဆဲ
ပုဂံညောင်ဦးဒေသတွင်တစ်ရက်တည်း စေတီနှစ်ဆူမှအလှူခံပုံးများအဖောက်ခံရသည့်ကိစ္စကို ရဲမှ စုံစမ်းနေသော်လည်း အလှူခံပုံးဖောက်သူအား ဖော်ထုတ်နိုင်ရန် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီ (၁၀) ရက်နေ့က အမှတ်(၅) ဈေးတန်းတောင်ရပ်ရှိ အောင်တော်မူစေတီ တော်ရှိ အလှူခံပုံးနှင့် အမှတ်(၂)ပန်းဘဲကုန်းရပ်ရှိ ရွှေဘုန်းသာစေတီတော်မှ အလှူခံပုံးများ တစ်နေ့ တည်း အဖောက်ခံခဲ့ရခြင်းဖြစ်သည်။
ကျွန်မတို့သိတာက (၁၀) ရက်နေ့ (၇) နာရီလောက်မှာသိတာ။ ငွေကတော့သုံးသောင်း ပတ်ဝန်းကျင်လောက် ပါသွားတယ်။ ကျွန်မတို့ကရပ်ကွက်လူကြီးကို သွားတော့အကြောင်းကြား ထားတယ်။ တွေ့တာကတော့ဘုရား မှာဝေယျာဝစ္စ လုပ်တဲ့ ကောင်မလေးက မနက်ပိုင်းကြီးဘုရားကို သွားတော့ တံခါးတွေကပွင့်နေတာကိုမြင်ပြီးတော့သိတာ။ဟု အောင်တော်မူစေတီတော် မှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ရွှေဘုန်းပွင့်စေတီတော်သည် တံခါးများမှာ တံတိုင်းများဖြင်ပြုလုပ်ထားပြီး သံကြိုးအကြီးများဖြင့် သော့ခတ်ထားရှိသည့်အတွက် အလှူခံပုံးဖောက်ထွင်းသူမှာ တံတိုင်အောက်ခြေမှ သစ်သားကို လွှဖြင့်ဖြတ်ကာ သံတိုင်ကိုကွေး၍ အလှူခံပုံးအား   ဖောက်သွားခဲ့ခြင်းဖြစ်သည်။
တံခါးတွေရဲ့သံတိုင်တွေက အခေါင်းပွတွေမဟုတ်ဘူး။ သံကြိုးတွေနဲ့ သေချာသော့ခတ်ထားတယ်။ဘုရားကို အခါကြီး ရက်ကြီးတို့မှ ဖွင့်တာ။ အခုဟာက သံတိုင်အောက်ခြေက သစ်သားတွေကိုဖြတ်ပြီးတော့ သံတိုင်ကို ကွေးထားတယ်။ ဒီလိုလုပ်တာက ကြိုတင်ကြံစည် ထားတာလို့ ထင်တယ်။ ဘာလို့လည်းဆိုတော့ သံတိုင်အောက် ခြေကသစ်သားတွေကို တစ်ခါတည်းဖြတ်လို့မရဘူး။ ပြီးတော့အလှူခံပုံးကို လူတွေမြင်တဲ့နေရာမှာ ထားတာမဟုတ်ဘူးဟု ရွှေဘုန်းသာစေတီတော် မှဂေါပကဥက္ကဌဖြစ်သူ ဦးကိုကိုမောင်ကပြောသည်။
ရွှေဘုန်းသာစေတီအလှူခံပုံးအဖောက်ခံရမှုအား ဖေဖော်ဝါရီ (၁၀) ရက်နေ့ ညနေ (၅) နာရီဝန်းကျင် က သိရပြီး  အလှူငွေသုံးသိန်းနီးပါး အဖောက်ခံရကြောင်းရွှေဘုန်းပွင့်ဂေါပကဥက္ကဌက ဆိုသည်။
အလှူခံပုံးဖောက်တာကို ဘုရားမှာဝေယျာဝစ္စလုပ်တဲ့ ကောင်မလေးနှစ်ယောက်က သိတာ။သိတော့ ကျွန်တော်တို့ကို အကြောင်းလာကြားတယ်။ အလှူငွေကတော့ခန့်မှန်းခြေ သုံးသိန်းနီးပါး ပါသွားတယ်။ ကျွန်တော်တို့ ရဲစခန်းကို သွားပြီးတော့ အကြောင်းကြားထားပါတယ်။ဟု ရွှေဘုန်းသာ ဂေါပကဥက္ကဌ ဖြစ်သူ ဦးကိုကိုမောင်က ပြောသည်။
ယင်းအလှူခံပုံး အဖောက်ခံရမှုအား စုံစမ်းစစ်ဆေးလျက်ရှိပြီး ယခုအချိန်အထိ အလှူခံပုံးဖောက်သူအား စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
 “ကျွန်တော်တို့ကလည်း တာဝန်အရဖောက်တဲ့သူကို ကြိုစားစုံစမ်းနေပါတယ်။ ကျွန်တော်တို့ စုံစမ်းထားသလောက်တော့ ရပ်ကွက်ထဲက လူတွေဖောက်တာာတော့ မဟုတ်ဘူး။ အာနန္ဒာ ဘုရားပွဲရှိတော့ နယ်စုံက လူတွေလာတယ် ။  တောင်းရမ်း စားသောက်တဲ့ သူတွေ ဘုရားတွေမှာ ကပ်ပြီးတော့ အိပ်ကြတယ်။ အဲ့လိုလူတွေ ဖောက်တာလို့ထင်တယ်။ အခု ကျွန်တော်တို့ အဲ့လိုလူတွေ ကို အဓိကထားပြီး စုံစမ်းနေပါတယ်။ ဖောက်တဲ့သူကို အခုချိန်အထိ မမိသေးဘူး။ဟု ညောင်ဦးရဲစခန်းမှ ဒုရဲအုပ်ဦးဇေယျာက ပြောသည်။
ယင်းစေတီနှစ်ဆူတွင် ရွှေဘုန်းသာစေတီတော်မှာ ရှေးဟောင်းသမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပြီး စေတီတော် တည်ထားပုံကို ကြည့်ပါက ပုဂံခေတ်ကတည်ထားကိုးကွယ်သော ဘုရားတစ်ဆူဖြစ်နိုင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ယင်းဘုရားနှစ်ဆူမှအလှူခံပုံးများမှာ အရင်ကအဖောက်ခံရဖူးခြင်းမရှိပဲ ယခုအဖောက်ခံရမှုမှာ ပထမဦး ဆုံးအကြိမ် အဖောက်ခံရခြင်းဖြစ်သည်။ထက်အောင်ခန့် (မြစ်မခ)
အငြင်းပွားမှုများကြားက ကျင်းပတော့မည့် နိုင်ငံလုံးဆိုင်ရာဒီချုပ်ညီလာခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာညီလာခံကိုဒီမိုကရေစီညီလာခံဖြစ်မြောက်ရေး နှင့်အညီ ကျင်းပသွားမည်ဟု ဒီချုပ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ဆိုသည်။
အငြင်းပွားမှုမရှိတဲ့ ညီလာခံမျိုးလည်း ကျွန်တော်တို့ မလုပ်ချင်ဘူး ၊ အဲ့ဒါက ဒီမိုကရေစီမဟုတ်ဘူး။ ဗဟိုချုပ်ကိုင်မှုနဲ့ ညီလာခံ လုပ်သွားရင်တော့ အငြင်းပွားမှုမရှိဘူး ၊ တိုင်းပြည်အတွက်လည်း အကျိုး မရှိဘူး ၊ အနာဂတ်အတွက်လည်း အကျိုးမရှိဘူး ၊ အငြင်းဘယ်လောက်ပဲပွားပွား ဒီနည်းလမ်းနဲ့ပဲ ကျွန်တော်တို့ လုပ်သွားမှာပါ။ ဟု ဒီချုပ်ပါတီ ကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရာတွင် အကြောင်းအမျိုးမျိုးကြောင့် တရားမျှတမှုမရှိဟု အသံထွက်ပေါ်လာပါက ၄င်းမှာ ဒီမိုကရေစီနည်းလမ်းဖြစ်သောကြောင့် အရေးပါမှုမရှိဟုယူဆသည့် အတွက် ညီလာခံကိုဆက်လက်ကျင်းပရန်စီစဉ်နေကြောင်း ၄င်းက ဆက်ပြောသည်။
ဒီမိုကရေစီနည်းအရ လုပ်တာ ၊ ငြင်းခုံတာ သဘောမတူတာ ရှိမှာဘဲ။ ရှိနိုင်တယ်လို့ ကျွန်တော်တို့ တွက်ပါတယ်။ ဒါက အရေးမကြီးဘူး အခက်အခဲတွေကြားထဲကပဲ အောင်မြင်အောင်လုပ်မယ်။ ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။
၂၀၁၂ခုနှစ်အတွင်းတွင် တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကျေးညီလာခံများကျင်းပရာ၌ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် ၊ မြောင်းမြ နှင့် မအူပင်မြို့နယ်များတွင် ဧရာဝတီတိုင်း ဒီချုပ်ပါတီညီလာခံ ကျင်းပရေးကော်မရှင်ကို လက်မခံနိုင်မှုမရှိသည့်အတွက် ပါတီ မှနှုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဒီချုပ်ပါတီ နာ.ယ.က ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်ဖြေရှင်းခဲ့သော် လည်း ပြေလည်မှုမရပဲ ပါတီမှ နှုတ်ထွက်ကာ ၂၀၁၂ခုနှစ် အောက်တို ဘာလအတွင်းတွင် မြို့နယ်၊ ခရိုင်ပါတီရုံးပိတ် ၊  ဆိုင်းဘုတ်ဖြုတ်ခဲ့ပြီး ပုသိမ်မြို့နယ်မှ ဒီချုပ်ပါတီဝင် (၁၃၂)ဦး နှုတ်ထွက်၍ အမျိုးသားဒီမိုကရေစီကွန်ယက်အဖြစ် ဖွဲ့စည်းခဲ့ကြသည်။
၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မအူပင်မြို့တွင် ညီလာခံကျင်းပရေးကော်မရှင်ကိုကန့်ကွက် ဆန္ဒပြမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။
ယခုကဲ့သို့ ဒီချုပ်ပါတီဝင်အချင်းချင်း သဘောထားမတိုက်ဆိုင်ခြင်းမှာ ဒီမိုကရေစီနည်းကျ၍ မိမိသဘောဆန္ဒအလျောက် ပါတီမှ နှုတ်ထွက်ပါကလည်း  ဒီချုပ်ပါတီအနေဖြင့် မည်သူတစ်ဦး တစ်ယောက်ကိုမှ တားမည်မဟုတ်ကြောင်း အန်အယ်လ်ဒီပါတီအား လေးစားပါက ဆန္ဒပြခြင်း ပုတ်ခတ်ပြောဆိုခြင်းလည်း ပြုလုပ်မည် မဟုတ်ဟု ယုံကြည်ကြောင်း ဦးဥာဏ်ဝင်းက ဆက်ပြောသည်။
ဒီချုပ်ပါတီအနေဖြင့် ညီလာခံကျင်းပခြင်းမှာ ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်၍ တိုင်းပြည် အတွက် အထောက် အကူပြုနိုင်မည့်အချက်အလက်များကို ဖော်ထုတ်နိုင်ရန် မျှော်လင့်ကြောင်း ရန်ကုန်မြို့နေဒေသခံတစ်ဦးက ဆိုသည်။
ညီလာခံကျင်းပတာ ကောင်းပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ။ တိုင်းပြည်အတွက် တကယ် လိုအပ်နေတဲ့ အခြေခံအချက်အလက်တွေနဲ့ လက်ရှိအစိုးရနဲ့ပတ်သပ်ပြီး တကယ့်အပြုသဘော ဆောင်တဲ့ ကူညီမှုတွေဖြစ်စေ မယ့် ဝေဖန်ချက်တွေကိုသာ အမှန်အတိုင်း ထုတ်ဖော်နိုင်မယ်ဆိုရင် အဆင်ပြေမှာပါ ဟု စမ်းချောင်းမြို့နယ်နေ ထွန်းမင်းဝင်းက ပြောသည်။
ဒီချုပ်ပါတီမှ တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကျေးညီလာခံ ၊ မြို့နယ် ညီလာခံများကို ၂၀၁၂ခုနှစ်အတွင်း တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကို လာမည့် ၂၀၁၃ခုနှစ် မတ်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဒီချုပ်ပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အရေးအခင်းပြီးချိန်က စတင်တည်ထောင်ခဲ့သည့် အင်အားကြီးနိုင်ငံရေး ပါတီတစ်ခုဖြစ်ပြီး ပထမဆုံးအကြိမ် ညီလာခံကို ၂၀၁၃ ခုနှစ် မတ်လတွင်စတင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ ညီလာခံကို ပြည်နယ်နှင့်တိုင်းများရှိ ပါတီကိုယ်စားလှယ်ပေါင်း ၁၅၀၀ ၀န်းကျင် ခန့်တက် ရောက် မည် ဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်များအား ရွေးချယ်ကာ ပါတီဥက္ကဌအသစ်အား ရွေးချယ် တင်မြှောက်သွားမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့် ၂၀၁၅ခုနှစ်တွင်ကျင်းပမည့်ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ 
ဝင့်သင်ဇာကျော် (မြစ်မခ)
တရားမ၀င် ယိုးဒယားပုစွန်ဖြူများ ၀င်ရောက်မှုများနေ
14 Feb, 2013
ပြည်တွင်းဈေးကွက်သို့ ယိုးဒယားပုစွန်များတရားမ၀င်ဝင်ရောက်လာမှုများနေခြင်းကြောင့် ပုစွန်မွေးမြုရေးသမားများအနေဖြင့် လုပ်ငန်းရပ်ဆိုင်းထားရသည်အထိ အခက်အခဲ များ ဖြစ်ပေါ်လျက်ရှိကြောင်း ပုစွန်မွေးမြူရေးသမားများထံမှ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ နာဂစ်အပြီးမှ စတင်ကာ ပုစွန်မွေးမြူရေးလုပ်ငန်းများမှာ ရာသီဥတု ဒဏ်နှင့် စောစီးစွာသေတတ်သော ရောဂါများကြောင့် ပုစွန်လုပ်ငန်းများ ဆက်တိုက်အရှုံးပေါ်ခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင်း ယိုးဒယားနယ်စပ်ဘက်မှ ယိုးဒယားပုစွန်များ တရားမ၀င် ၀င်ရောက်မှုများလားခြင်းကြောင့် ပုစွန်မွေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်အထိ အခက်အခဲများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ပုစွန်ဆို နလန်မထူနိုင်တာ ၃နှစ်လောက် ရှိနေပြီ။ ရှိတဲ့ဟာလေးကိုဘဲ ပြည်တွင်း ဈေး ကွက်ကို မှီတင်းပြီး ရောင်းနေရတာ၊ ယိုးဒယားပုစွန်တွေက တလဟော ၀င်လာတယ်။ သူတို့က အခွန်မဆောင်ဘဲ ၀င်လာတဲ့အခါကျတော့ ကျွန်တော်တို့က ယှဉ်နိုင်ဖို့ တော်တော်ခက်သွားပြီ ဒီတော့ မွေးမြူရေးလုပ်ငန်းက တဖြည်းဖြည်းကျကျလာတယ် " ဟု ပုစွန်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထိုသို့ တရားမ၀င် ၀င်ရောက်လာသော ယိုးဒယားပုစွန်များမှာအသင့်စားလွယ်သည့်ပုံစံများဖြင့် (အခွံချွတ်၊ အမြှီးချွတ်၍ပါကင်များ)ထုတ်ပိုးကာ တစ်နေ့လျှင် ပုစွန်ဝင်ရောက်မှုနှုန်းမှာ ဆယ်ဘီးကား (၃)စီးခန့်နှုန်းဖြင့် ၀င်ရောက်လျက်ရှိကြောင်း သိရှိရသည်။
"အဲ့ဒီကိစ္စလေးကို ထိန်းသိမ်းနိုင်ဖို့ ပြီးခဲ့တဲ့ လေးငါးခြောက်လက ကြိုးစားကြည့်ပါတယ်။ ကရင်ပြည် နယ် မွန်ပြည်နယ်ကို သွားပါတယ်။ အဲ့ဒီက ၀န်ကြီးချုပ်တွေနဲ့ တွေ့ပါတယ်။ မြန်မာပြည်နဲ့ ယိုးဒယား နယ်စပ်ထွက် ပေါက်တွေက သိတဲ့အတိုင်းပဲ။ အပေါက်တွေ များလွန်းတဲ့အတွက် ပိတ်ဖို့က မလွယ် ပါဘူး " ဟု ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌဒေါက်တာကျော်ထွန်းမြင့်ကပြောသည်။
အလားတူ တရုတ်နယ်စပ်ဘက်မှနေ၍ မြန်မာနိုင်ငံအတွင်းသို့ လက်ဖက်အချိုခြောက်များလည်း တရားမ၀င်အခွန်မဲ့ဝင်ရောက်လာကြောင်းကိုလည်း ပလောင်လက်ဖက်လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။
လက်ရှိ ပြည်တွင်းဈေးကွက်၌ ရေငန်ပုစွန်ဖြူတစ်ပိသာလျှင် (ခြောက်ထောင်ကျပ်မှ ခုနှစ်ထောင်ကျပ်) ၀န်းကျင်ထိ ဈေးရရှိကြောင်း၊ ရေငန်ပုစွန်သားပေါက်များအား ယိုးဒယားနိုင်ငံမှ တင်သွင်း၍ မွေးမြူ ရသောကြောင့် ယိုးဒယားနိုင်ငံထက်သားပေါက်ဈေးနှုန်းမြင့်၍ ထုတ်လုပ်မှုစရိတ်မြင့် နေရခြင်း ဖြစ်ကြောင်းကိုလည်း ပြည်တွင်းမှ ပုစွန်လုပ်ငန်းရှင်များထံက သိရသည်။
"ပုစွန်လုပ်ငန်းများ ပြန်လည်ဦးမော့လာဖို့ဆိုရင် သားပေါက်တွေ ထုတ်ပေးနိုင်ဖို့ အဓိက သားပေါက် စခန်းများ များရှိဖို့လိုတယ်။ ရောဂါကာကွယ်နိုင်ဖို့ နည်းပညာတွေ ပံ့ပိုးပေးဖို့ရယ် Exporter အသင်း ကလည်း ပြန်ယူပေးမယ်ဆိုရင် ကုန်ထုတ်ပိုင်းမှာ ပြန်တိုးတက်လာမှာပါ" ဟု ပုစွန်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။
လက်ရှိ ပုစွန်မွေးမြူရေးလုပ်ငန်းများတွင် စောစီးစွာ သေဆုံးသောရောဂါ (Early Mortality Syndrone) ကျရောက်နေသောကြောင့် ပုစွန်ထုတ်လုပ်မှု ပမာဏသည် ဗီယက်နမ်တွင် ၂၀% ထိုင်းနိုင်ငံတွင် ၁၀% တရုတ်နိုင်ငံတို့တွင် ရာခိုင်နှုန်းများစွာ ကျဆင်းနေကြောင်း ပုစွန်လုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။ယမင်း(မြစ်မခ)
ကလေးများအတွက်နွေရာသီအင်္ဂလိပ်စာသင်တန်းများ
British Council Myanmar
အသက် ၇ မှ ၁၅ နှစ်ကလေးများအတွက် နွေရာသီ အင်္ဂလိပ်စာသင်တန်းများကို မတ်လ (၂၇) ရက် မှ ဧပြီလ (၁၁) ရက်နေ့အထိ ဗြိတိသျှကောင်စီ (ရန်ကုန်)တွင် ဖွင့်ပါမည်။ သင်တန်းကြေး ကျပ် ၁၆၀၀၀၀ - စုစုပေါင်းသင်ကြားချိန် နာရီ (၃၀) ဖြစ်ပြီး placement test ဖြေရန်မလိုပါ။ စာအုပ်ဝယ်ရန်မလိုပါ။
နံနက် (၈:၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မွေးစာရင်း (သို့) မှတ်ပုံတင် (သို့) ပုံစံ၁၀ယူလာ ပြီး အောက်ပါနေ့များမှစ၍ ဦးရာလူစနစ်ဖြင့် လာရောက် စာရင်းသွင်းနိုင်ပါပြီ။
Secondary (အသက် ၁၃ မှ ၁၅ နှစ်) - ဖေဖော်ဝါရီလ (၁၄) ရက်
Tween (အသက် ၁၀ မှ ၁၂ နှစ်) - ဖေဖော်ဝါရီလ (၁၅) ရက်
Primary (အသက် ၇ မှ ၉ နှစ်) - ဖေဖော်ဝါရီလ (၁၆) ရက်
အသေးစိတ်သိရှိလိုပါက - ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်၊ ဖုန်းနံပါတ် ၂၅၆၂၉ဝ ၊ ၂၅၆၂၉၁ နှင့် enquiries@mm.britishcouncil.org တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Our Young Learner Intensive Courses for summer 2013 showcase the best of the contemporary UK via the theme: BRILLIANT BRITAIN!
Primary YLs (aged 7-9) will experience the latest children’s picture storybooks abut British life for youngsters. Tween YLs (aged 10-12) will engage in UK cultural studies and discover the best of British through a series of up to date DVDs. Secondary students (aged 13-15) will find out what’s hip n’ happenin’ through authentic materials focussing on Teen Life UK!
Our YL summer courses are based around projects and team tasks which develop students’ confidence in using English as well as raise their awareness of the UK today.
အကယ်ဒမီ မော့စ် ရဲ့ နာရေး တရားနာ ဖိတ်ကြားလွှာ
Royal Hero Media
ဗိုလ်ချုပ်ကြီး မြတ်ဟိန်း က လေတပ်ကို ခေတ် မှီအောင် လုပ်ခဲ့တာ လေ
ဗိုလ်ချုပ်ကြီး မြတ်ဟိန်း
မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတမှ စီစဉ်မှု အပေါ် ပြည်သူများ၏ အမြင်များ
မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ...် အကြီးအကဲ ဗိုလ် ချုပ် ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ်ပြည်သူများ၏ အမြင်ကို စုစည်းေ ဖ်ါပြလိုက်ပါသည်။
ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦး ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့တော့ နံမည် ပို ကောင်းလာမယ် ထင်ပါ တယ်။ အရင်တုန်းက လူတွေ က ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်လို့ မီဒီယာတွေ မှာ တွေ မှာ ဝေဖန်ခံနေရတယ် ဌာန နံမည်ပျက်တာပေါ့ဗျာ ၊ အခု လူကြီး အသစ် မူဝါဒ အသစ်တွေ နဲ့ လုပ်ရတော့ မယ်ထင်တယ်'' လို့ ပြော သွားပါသည်။
Moblie ဖုန်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦးမှ " ကျွန်တော်တို့ အနေနဲ့တော့ အခြား ပြည်သူတွေ နည်းတူ လွယ်ကူစွာ ဆက်သွယ်ရေး အတွက် SIM Card တန်ဖိုးတွေ၊ တယ်လီဖုန်းပြောဆိုခတွေ အိမ် နီးချင်း နိုင် ငံမျး နည်းတူ ကျဆင်းအောင် ၀န်ကြီး အသစ်က လုပ်ပေးလိမ့်မယ် လို့ ယူဆပါတယ် ဟု ပြောကြား သွားပါ သည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကမူ " ၀န်ကြီး ပြောင်းလဲတော့ ဖုန်းကဒ်တွေ ဈေးကျ လာမယ်လို့ မျှော် လင့် ပါ တယ်၊ လူတိုင်း မကိုင်နိုင်ဘူးလေ၊ ကျွန်တော်တို့ ရပ်ကွက်ထဲမှာလူတိုင်း မပြောနဲ့ မိသားစု တိုင်း မှတောင် ဖုန်းမကိုင်နိုင်သေးဘူး၊ ထောင်ဂဏန်း၊သောင်းဂဏန်း အနည်းငယ်လောက်ဆို လောက် ဆို လူ တိုင်း နီးပါး ကိုင်လာနိုင်မှာပါ' ဟု ပြောဆိုသွားပါသည်။
အင်တာနက် ဆိုင်ဖွင့်ထားသော လူငယ်တစ်ဦးကမူ " အင်တာနက် လိုင်းတွေ ဒီထက် ကောင်း လာဖို့  နဲ့ ဈေးနှုန်းကျအောင် လုပ်ပေးပါလို့ ပြောသွား ပါတယ် ခင်ဗျာ
လွှတ်တော် ကိုယ်စားလှယ် တပ်မတော်သား တစ်ဦးကမူ " ဗိုလ်ချုပ်ကြီး မြတ်ဟိန်း က လေတပ် ကိုေ ခတ် မှီအောင် လုပ်ခဲ့တာ လေ၊ စည်းကမ်းလဲ ကောင်းတယ်၊ အရှုပ်အရှင်းလဲ မရှိဘူး၊နည်းပညာ ပိုင်း ဆိုင် ရာ လည်း လေတပ်မှာက communication နည်းပညာ က အဆင့်မြင့်မြင့် သုံးနိုင်တယ် ။လေ တပ် က လူေ တွ က နည်းပညာပိုင်း အမြင်ရော၊ အတတ်ပညာပိုင်း ဆိုင်ရာမှာ နီးစပ် ကျွမ်းကျင်တဲ့ သူများ တယ်' ဟု ပြောဆို သွား ပါတယ် ခင်ဗျာ၊
အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လိုက် ရင် ဈေးနှုန်း မှာ မြင့် နေပြီး အရည် အသွေးပိုင်းမှာ နိမ့်ကျနေသော အင်တာနက် နှင့် Mobile ဖုန်း လိုင်းများ ကို ပြုပြင် ပြောင်းလဲရန် နှင့် ဆက်သွယ်ရေး ဥပဒေ အချို့ကို ဖျက်သိမ်းပြီး ခေတ်နှင့် လျော်ညီသော ၊ ပြည်သူကို အကာအကွယ်ပေးနိုင်သော ဆက်သွယ်ရေး ဥပဒေ အသစ် ရေးစွဲ ပြဌာန်းရန်သည် ဆက်သွယ်ရေး ၀န်ကြီး အသစ်ကို စိန်ခေါ် နေသော အလုပ်များဖြစ်သည်ဟု သုံးသပ်ရပါသည်။
စင်္ကာပူဖီး
Royal Hero Media
နောက်ဆုံးရ သတင်း အပုဒ် (၅၀)
Sponsors
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
အင်္ဂလိပ်သတင်းများ
သတင်းစာနှင့် ဂျာနယ်များ
Sidebar One
မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။
သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com