http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လေယာဉ် ပျံပြပွဲတခုမှာ ပျံသန်းပြသနေရင်း လေယာဉ်တစီးပျက်ကြ

Jun 23, 2013
အိုဟိုင်းအို လေယာဉ် ပျံပြပွဲတခုမှာ ပျံသန်းပြသနေရင်း လေယာဉ်တစီးပျက်ကြခဲ့ပါတယ်။ လေယာဉ်မောင်း တဦးကတော့ သေဆုံးသွားပါတယ်။

RT News

အမေရိကန် ထောက်လှမ်းရေး ဟောင်း အက်ဝက် စနိုဒန်ဟာ မော်စကို မြို့ကို ရောက်ရှိ (ရုပ်/သံ)

အမေရိကန် အစိုးရ ကနေ သူလျှိုလုပ်မှု တွေနဲ့ စွဲချက် တင်ထားပြီး၊ တရားခံ အဖြစ် အလိုရှိ နေတဲ့ အမေရိကန် ထောက်လှမ်းရေး ဟောင်း အက်ဝက် စနိုဒန်ဟာ ဟောင်ကောင် ကနေ ရုရှား လေကြောင်း Aeroflot နဲ့ မော်စကို မြို့ကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။
CNN

ဆံပင်ကလေးများ တောက်ပြောင်စေဖို့

မရောနေ့(ဇ်)ဖြင့်လည်းကောင်း၊ ဒိန်ချဉ်ဖြင့်လည်းကောင်း၊ ရှားစောင်း လက်ပတ်နှင့် ပျားရည်ဖြင့် လည်း ကောင်း၊ ဗနီကာဖြင့်လည်းကောင်း၊ ရှီး ထောပတ်နှင့် ဆံပင်ပေါင်းဆီများ ဖြစ်သောသံလွင်ဆီ၊ အုန်းဆီ၊ ကြက် ဆူဆီ၊ လာဗင်ဒါဆီ၊ ရို့စ်မေရီအဆီထဲမှ တစ်မျိုးမျိုးကို ပျားရည် (၁)စက်ဖြင့် လိမ်းခြင်း၊ ပေါင်းခြင်းဖြင့် သဘာဝ အတိုင်း ပျော့ပြောင်း၊ တောက်ပြောင် သောဆံပင်မျိုးကို ရရှိလာပါမည်။

ဤနည်းများထဲမှ (၁)နည်းကို ဖော်ပြလိုက်ပါသည်။
၁) ပန်းကန်လုံး (၁)လုံးထဲသို့ သံလွင်ဆီ အုန်းဆီ၊ ကြက်ဆူဆီ၊ လာဗင်ဒါဆီ၊ ရိုစ့်မေရီဆီ၊ ဗံဒါဆီ၊ ကယ်မိုမိုင်းလ်ဆီကို ရော ထည့်ပါ။ (ရှာရခက်သော၊ အဆင် သင့်မဖြစ် သောဆီ(၁)မျိုး (၂)မျိုးကို မထည့် လျှင်လည်း ရပါသည်။
၂)အခြားပန်းကန်လုံးထဲတွင် ရှီး ထောပတ်(၁)ခွက်၊ ထောပတ်သီး၊ ဂျို ဂျိုးဘ၊ ဂျုံစေ့ဆံအဆီကို ပျားရည် တစ်စက်နှင့်ရောပါ။
၃)ပန်းကန်လုံး နှစ်လုံးထဲမှ အရော အစပ်များကို ပေါင်းလိုက်ပါ။
၎)ဆံပင်အနှံ့လိမ်းပြီး (၂၀) (၃၀)မိနစ် ထားပါ။
၅) ရေနှင့်ဆေးပါ။ သဘာဝလေ နှင့်ပင် အခြောက်ခံပါ။
ချောမွတ်တောက်ပြောင်သောဆံပင် များကို တွေ့ရှိပါလိမ့်မည်။
ထူး
Health Updates Journal

ဂျင်ဆင်း (Ginseng) ၏အစွမ်းသတ္တိများ

stress ကို လျော့စေသည်။ နိုး ကြားစေရန် လှုံ့ဆော်ပေးသည်။ ဇီဝ ကမ္မဖြစ်စဉ်ကို မှန်ကန်စေပြီး ခွန် အားကို တိုးစေသည်။ ဓာတ်တိုးဆန့်ကျင် ပေါများစွာ ပါဝင်သောကြောင့် ဓာတ်တိုးပစ္စည်း များကို တိုက်ဖျက်ပေးသဖြင့် အိုမင်း မှုကို လျော့ချပေးပြီး နုပျိုစေသည်။

Ginseng tea သောက်ပါက ဦးနှောက် cell များကို လှုံ့ဆော် ပေးပြီး တွေးခေါ်နိုင်စွမ်းနှင့်မှတ် ဥာဏ်ကို ကောင်းစေသည်။ လိင်စိတ်ကို လှုံ့ဆော်ပေးသည်။ ယောကျာ်းစွမ်းရည် အားနည်းမှုကို အားကောင်းစေရန် ကူညီပေးသည်။ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးသည်။

Ginseng tea သောက်ပါက ရာသီပေါ်ချိန်တွင် နာကျင်ခြင်းကို သက်သာစေသည်။
သို့သော်လည်း ginseng ကို သုံးစွဲလျှင် allergy, headache အူလမ်းကြောင်းနှင့် အိပ်စက်ခြင်း ပြဿနာများ ဖြစ်နိုင်သဖြင့် ဆရာဝန် နှင့်တိုင်ပင်ပြီးမှ သောက်သုံးသင့်သည်။ ဆေးကုသမှုခံယူနေသော ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ginseng ကို မသုံးစွဲသင့်ပါ။
ကံ့ကော်
Source: zeenews
Health Updates Journal

Windows နှင့် Android OS နှစ်မျိုးသုံး Samsung Tablet



Laptopနှင့် Tablet မျိုးစပ်အဖြစ် သတ်မှတ်နိုင်မည့် အဆိုပါ ကိရိယာငယ်လေးတွင် Windows 8နှင့် Android နှစ်မျိုးလုံးကို OSအဖြစ် တင်ရှိထားပေးကြောင်း Samsungက ဆိုသည်။

Samsung ကုမ္ပဏီက ဖန်တီးထားသည် Ativ Q အမျိုးအစား Tabletသည် အဓိက OSနှစ်ခုကို မောင်းနှင် ကိုင်တွယ်နိုင်မည့် မျိုးဆက်သစ် Tabletကွန်ပျူတာ အမျိုးအစား ဖြစ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။ မျက်နှာပြင်အကျယ် (၁၃.၃)လက်မရှိသော Tabletသည် ၎င်းအတွက် သီးသန့် ဖန်တီးထားသည့် Keyboardနှင့် ချိတ်ဆက်ကာ Laptop ကွန်ပျူတာ တစ်လုံးအသွင်ဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ Tabletကို အသုံးပြုရာတွင် လက်ဖြင့် ထိတွေ့ ခိုင်းစေနိုင်သလို ထောက်တံလေး တစ်ချောင်းလည်း ပါဝင်မည် ဖြစ်သည်။ Laptopနှင့် Tablet မျိုးစပ်အဖြစ် သတ်မှတ်နိုင်မည့် အဆိုပါ ကိရိယာငယ်လေးတွင် Windows 8နှင့် Android နှစ်မျိုးလုံးကို OSအဖြစ် တင်ရှိထားပေးကြောင်း Samsungက ဆိုသည်။



ASUSက Androidနှင့် Windows နှစ်မျိုးလုံး ပါရှိသည့် Tabletသစ် တစ်ခုကို ထုတ်ဖော် ပြသခဲ့သည့်နောက် Samsungကလည်း Ativ Qကို မိတ်ဆက်လာခြင်း ဖြစ်သည်။ လေ့လာသူများက ASUSနှင့် Samsungတို့နောက်တွင် အလားတူ OSနှစ်ခုသုံး Tabletများကို နောက်ထပ် ကုမ္ပဏီများကပါ ထုတ်လုပ်လာဖွယ် ရှိနေကြောင်း မှတ်ချက်ပြုထားသည်။ "လုပ်ငန်းပိုင်းမှာ Windowsကို အဓိက စံအနေနဲ့ အသုံးပြုနေတာကို ဖြေရှင်းဖို့ လမ်းကြောင်းတစ်ခု ဖြစ်နိုင်တယ်။ ဒါဟာ ရုံးသုံးကနေ ကြားခံ Programတွေကို ထိတွေ့ဖို့ အဖြေတစ်ခု ဆိုပါတော့။ နောက်ပြီး Googleရဲ့ စနစ်ကနေ Mobile Appတွေကိုလည်း သုံးနိုင်လိမ့်မယ်။ အခြေခံကျတဲ့ ခြေလှမ်းတစ်ခုပါပဲ"ဟု ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ခဲ့သည်။



Samsungသည် ယခုထုတ်ကုန်သစ် မိတ်ဆက်မှုကို လန်ဒန်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ Samsungသည် Ativ Tab 3အမည်ရှိ Windows 8 အထောက်အပံ့သုံး Touchscreen ကွန်ပျူတာသစ် တစ်ခုကိုလည်း မိတ်ဆက်ပြခဲ့သေးသည်။ ယင်းသည် ကမ္ဘာပေါ်တွင် အပါးလွှာဆုံး Tabletဟုလည်း Samsungက ညွှန်းဆိုသည်။ ထို့အပြင် Galaxy NX အမည်ရှိ Androidစနစ်သုံးပြီး 4G Networkဖြင့် အချက်အလက် သယ်ယူကူးပြောင်းမှု ပြုလုပ်နိုင်သည့် ကင်မရာသစ် တစ်ခုကိုလည်း မိတ်ဆက်သွားသေးကြောင်း သိရှိရသည်။
Source: BBC
Planet Myanmar Network

အခွေသစ်ထွက်ဖို့ စောင့်ကြည့်နေတဲ့ မာရဇ္ဇ

မာရဇ္ဇကအခုအချိန်မှာဂီတနဲ့ပတ်သက်လို့ အခြေ အနေ၊အချိန်အခါကိုစောင့်ကြည့်နေပြီး အခြေအနေ ကောင်းတာနဲ့ Current Music တွေကို ပရိသတ်ထံချပြ မယ်လို့ပြောပါတယ်။အဲဒီအကြောင်း အရာတွေ နဲ့ပတ်သက်ပြီး မာရဇ္ဇက "နောက်အခွေသစ် တစ်ခွေအတွက် ပြင်ဆင်နေတယ်။ အဲဒါ ပြီး သလောက်နီးပါးရှိနေပြီ။ဒါပေမဲ့ အခွေထွက် ဖို့အတွက်ကျတော့နည်းနည်းကြာဦးမယ်။

ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်အခြေအနေ ကိုအချိန်ယူစောင့်ကြည့်ရဦး မယ်။နောက်ပိုင်း Copyright တွေဝင်လာမယ်လို့ အသံတွေ ကြားနေရ တယ်။အဲဒါကြောင့်ပါ။အဲဒီအခါ ကိုယ့်ရဲ့အနု ပညာတွေကိုထိုက်ထိုက် တန် တန်နဲ့ပြန်ရမယ်လို့ထင်တယ်။ ပြန်ရမယ် ဆိုတာက ငွေရေးကြေးရေးကို ပြော တာ မဟုတ်ပါဘူး။ ကိုယ်ဖန်တီးထား သလောက် ပရိသတ်ဆီကနေ စေ တနာ၊မေတ္တာတွေပြန်ရမယ်ဆိုတာကိုပြော တာပါ။ နောက်တစ်ချက်အနေ နဲ့ကိုယ့်မူပိုင် ပစ္စည်း အဖြစ် သတ်သတ်မှတ်မှတ်နဲ့ သီးသန့်လေးဖြစ် သွားမယ်။ တန်ဖိုးတစ်ခုမြင့်တက်လာလိမ့်မယ်လို့ထင်တယ်။

ဂီတသမား တွေအကုန် လုံးအတွက်လေ။ အဲဒီနေ့ကိုစောင့်နေတာပါ။ အဲဒီနေ့ ကျရင်အခုရယ် ဒီပြင်ဆင်ထားတဲ့ သီချင်းခွေထွက်လာမှာပေါ့။ တကယ်တော့ အဲဒီလိုမျိုးဖြစ်မ လာခဲ့ရင်လည်း ဂီတသမားတစ်ယောက် အတွက် ထွက်ကိုထွက် ရမှာပဲ။ဒီအခွေမှာ တီးဖို့နည်း နည်းပဲ ကျန် တော့ တယ်။ တီးဖို့လည်း အဆင် သင့်ဖြစ်နေပြီ။ ထွက် လာဖို့အတွက် က လောလောဆယ်ပြောလို့မရသေး ဘူး။ ၂ဝ၁၄ မှာ ဒီဥပဒေတွေ ပေါ် လာခဲ့ရင်တော့ ချက်ချင်းပရိသတ် ဆီပို့ ပေးမှာပါ။ အခု မထွက်သေး တာကလည်း နေ့ရက်တွေက တအားက ပ်နေပြီလေ။ အကျိုးမဲ့၊အကြောင်း မဲ့လည်း မဖြစ်စေချင် ဘူး။အခု ကအုတ်ရောရော၊ ကျောက် ရောရော အကုန်လုံးက အဲဒီလိုမျိုးတွေ ဖြစ်နေတဲ့အခါ ကျတော့ သတ်သတ် မှတ်မှတ်ဆိုတာ မရှိဘူး။ သီချင်းပေါင်း များ စွာ သီဆိုပြီး ပေါက်မြောက်အောင်မြင်ခဲ့တဲ့ အဆိုတော်ကြီးတွေက အိမ်မှာ ငုတ်တုတ်ထိုင်နေရပြီးတော့ အဲဒီပေါက် သီချင်းတွေကို ပြန်ဆိုတဲ့ အဆို တော်တွေ က စင်ပေါ်မှာ၊နေရာတိုင်းမှာ အလုပ် ဖြစ်နေကြတာ တစ် လောကလုံး အသိပဲလေ။ဒါကတော့ မဖြစ်သင့် ဘူးပေါ့နော်။အဲ ဒါ တွေ စိတ်ညစ်လို့လည်းပေါ်ပေါ်ထင်ထင်မလုပ်ဘဲ ဘေးထွက်ထိုင်နေ တာပါ။ကိုယ့်အနုပညာ ကိုတန်ဖိုးတစ်ခု အနေနဲ့ တာဝန်ယူရတဲ့နေ့၊ အဲဒီ အချိန်အခါကျရောက်လို့ရှိရင်တော့သူ့ဟာနဲ့သူကွဲပြား ခြားနားသွား လိမ့်မယ်လို့ယုံကြည်တယ်" လို့ပြောပါတယ်။
Mဘွယ်
Popular Journal

လူငယ်တွေကို ဂီတနဲ့ ပတ်သက်ပြီး လက်ဆင့်ကမ်းနေတဲ့ နော်လီဇာ

ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
အနုပညာနဲ့ ၁ဝနှစ်လောက် ကင်းကွာနေတဲ့ နော်လီဇာက ပရိသတ်တွေနဲ့ ဝေးကွာနေပေ မယ့်လည်း ဂီတပညာတွေကို လေ့လာရင်းနဲ့ ဂီတမျိုးေ စ့ချတဲ့ အနေနဲ့ Laurel Art Academy မှာ ကျောင်းသား၊ ကျောင်းသူ များကို မြူးဇစ်နဲ့ပတ်သက်ပြီး သင်ကြားပေးနေပါတယ်။ လူငယ် မျိုးဆက် သစ် တွေအတွက်လက် ဆင့်ကမ်းဖြစ်တဲ့အပေါ် နော်လီ ဇာက “ဒီအတိုင်း အချိန်ဖြုန်း မယ့်အစား ကိုယ်တတ်ထားတဲ့ Vocal နဲ့ပတ်သက်တာတွေ ဘယ်လိုလေရှုရမလဲ၊ ဘယ်လို ဆိုရမလဲ၊ ဘယ်လိုခံစားရမလဲ၊ဘယ်လိုအားထည့်ရမလဲ၊ နောက် ပြီး စိတ်ဓာတ်ဘယ်လို ထား ရမလဲဆိုတာတွေသ င်ပေးတယ်။ ဒီစီးပွားရေးတစ်ခုအဖြစ် လုပ် တာထက် စေတနာနဲ့ အနုပညာ ကို တန်ဖိုးထားပြီး သူတို့ကို လမ်းပြပြီး မျိုးစေ့ချပေးတဲ့ အတွက် ဝမ်းသာပါတယ်။ ခံယူတတ်တဲ့လူဆိုရင်တော့ရမှာပါ” လို့ ပြောပါတယ်။ အခုခေတ် ဂီတလောက တိုးတက်ခေတ်မီ လာပြီး ခေတ်သစ်လူငယ် တွေအတွက် အခွင့်အရေးတွေ အများကြီးရရှိပေမယ့် စိတ် ဓာတ်တွေက တကယ်ကို စေ တနာ၊ အနစ်နာ၊ ဝါသနာ ဒီနာ ၃နာနဲ့ စည်းစည်းလုံးလုံး လုပ် ဆောင်သွားဖို့လိုအပ်ကြောင်း ကို

”အကြံပေးချင်တာက တော့အနုပညာတစ်ခုကို ငွေ ကြောင့်လည်းမလုပ်ပါနဲ့၊ ကျော် စောဖို့လည်း မလုပ် ပါနဲ့။ မနော် တို့ခေတ်တုန်းက ကိုယ့်အနု ပညာကို တအားမြတ်နိုးတယ်။ တန်ဖိုးထားတယ်။ ကိုယ့်အလုပ် ပေါ်မှာသစ္စာရှိတယ်။ကတိတည် တယ်။ အဲဒီလို လုပ်သွားမယ်ဆို ရင် ပရော်ဖက်ရှင်နယ်ဖြစ်လာ မယ်။သိက္ခာရှိရှိနဲ့အနစ်နာခံ၊ စေတ နာအရင်းခံပြီးအဓိကလုပ် သွားမယ်ဆိုရင်ကျောက်ပေါ် မှာ ဆောက်တဲ့အိမ်တစ်ခုလိုပဲ ဘယ် တော့မှ မပြိုလဲနိုင်တော့ဘူး။ မှတ်တိုင်တစ်ခုဖြစ်သွားမှာပါ” လို့ လူ ငယ်မျိုးဆက်သစ်တွေကို အကြံ ပြုစကား ပြောကြားခဲ့ပါတယ်။ အခုအချိန်ထိ အားပေးနေတဲ့ အမာခံပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို အချိန် ပေးပြီးပြန်လုပ်သွား မှာဖြစ် ကြောင်း ကိုလည်း နော်လီဇာက..

”ဒီနေ့ထိ အမာခံအားပေး တဲ့ ပရိသတ်တွေကို ကိုယ်ဆို ခဲ့တဲ့ သီချင်းတွေနဲ့ Live Show ဖြစ်ဖြစ်အကောင်းဆုံးတင်ဆ က် သွားမှာပါ။အဲဒါက အခုေ လာ လောဆယ်မနော်ရဲ့ အိပ်မက်ပါ ပဲ။ ဘုရားကို မနော်ယုံကြည် တယ်။ ဘုရားရဲ့ကျေးဇူးတော် ကြောင့်ပေါ့။ဘုရားသခင်နား ခိုင်းတော့လည်းနား တယ်။ လုပ် ခိုင်းတော့လည်း အခု ၂ဝ၁၃၊ ၂ဝ၁၄က သီချင်းတွေ အကောင်း ဆုံးကြိုးစားပြီးတင်ဆက်ဖို့ စီစဉ် နေပါတယ်” လို့ပြောပြီး လူကြီး၊ လူလတ်၊ လူငယ်တွေ အားလုံး ကြိုက်ဖို့ထည့်သွင်းစီ စဉ်သွားမှာ ဖြစ်ကြောင်းပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal

ရင်နစ်ဖွယ်အပြန်ခရီးနှင့် အပူမီးကိုငြိမ်းသူများ

မြင်ကွင်းထဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဆိုက်ရောက်ဧရိယာထဲ၌
နိုင်ငံ ရပ်ခြားမှ ပြန်လည်ရောက်ရှိလာကြသော မိမိတို့၏ မိသားစုဝင်များအား ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက် ပျော်မြူးနေကြသော မိသားစုဝင်များ၏ ပျော်ရွှင်ဖွယ်ရာမြင်ကွင်းလေးအား မြင်ရပြန်တော့ မိမိကိုပါ ထိုပီတိ ကလေးကူးစက်၍ ပျော်ရွှင်ကြည်နူးသလို ခံစားမိပါသည်။

အော်…“သွားလမ်းသာ၍ လာလမ်းဖြောင့် ကြသူများပါတကား” ဟုတွေးမိသလို အခြားတဖက် လူမသိသူမသိလေဆိပ်၏ နောက်အပေါက် ပစ္စည်းအ ဟောင်းများ ထားရှိရာနေရာ ညောင်ပင်အိုကြီး၏ အရိပ်အောက်ရှိ လေဆိပ်သုံး ထော်လီတစ်စင်းပေါ်တွင် အထပ်ထပ်ထုတ်ပိုးထားသော အခေါင်းသေတ္တာတစ်လုံးနှင့်အတူ ဘေးဝဲယာတွင် အော်ဟစ်ငိုကြွေး ပူဆွေး နေကြသော မိသားစုတစ်စု အော်… “သွားလမ်းသာခဲ့ပေမယ့် ရင်နင့်ဖွယ်အပြန်ခရီး” နဲ့ မိသားစုဝင်တွေ မျက်ရည်တွေနှင့် ဆီးလို့ကြိုနေသော မြင်ကွင်းကလေးသည် မိမိတို့၏ နှလုံးသားကို စူးနစ်ကြေကွဲစေခဲ့လေပြီ။

ထိုမြင်ကွင်းလေးအား ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်တော့ချေ။ ၂.၆.၂ဝ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် ကွယ် လွန်ခဲ့ရသော ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ ရုပ်အလောင်းအား မိဘဆွေမျိုး ညီအစ်ကို မောင်နှမ များ၏နေရပ် မှော်ဘီမြို့နယ်သို့ ပြန်လည်သယ်ဆောင်၍ သင်္ဂြိုဟ်လိုသည့်ဆန္ဒကြောင့် မလေးရှားနိုင်ငံရှိ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများ၏ စီစဉ်ဆောင်ရွက် ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့ရာ ၂၂.၆.၂ဝ၁၃ ရက်နေ့ နံနက် (၉းဝဝ) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ရုပ်အလောင်းအား သယ်ဆောင်၍ နေရပ်သို့ ပြန်လည်ပို့ဆောင်ကူညီပေးခဲ့သည်။

ယင်းနေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် ကွယ်လွန်သူ၏ နေရပ်ဇာတိဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ မြို့ချောင်းကျေးရွာရှိ သုဿန်တွင် ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ခဲ့သည်။ ထိုသို့ သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ ၏ မိဘဆွေမျိုး ညီအစ်ကို မောင်နှမများ ရပ်မိ/ဖများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများ၊ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများတို့သည် ကွယ်လွန်သူ၏ နေအိမ်မှ သုဿန်သို့ ခက်ခက်ခဲခဲ စုပေါင်းညီညာစွာဖြင့် ဝိုင်းဝန်းသယ်ဆောင်၍ မီးသင်္ဂြိုဟ် ပေးခဲ့ပြီး မိသားစုဝင်များ၏ အပူမီးအား မျှဝေခံစားခဲ့ကြသည်။

ယခုကဲ့သို့သော ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံ၏ သားကောင်းရတနာများ ရင်နင့်ဖွယ်ရာ ကြွေလွင့်ရခြင်းသည် မိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သလို တိုင်းပြည်အတွက်လည်းများစွာ နစ်နာခဲ့ရသည်။ ထို့ကြောင့် ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ “ရင်နစ်ဖွယ်ရာအပြန်ခရီး” တွင် ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် မိသားစု၏ အပူမီးကို မျှဝေခံစားရင်း မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲခဲ့ရတော့သည်။ ကမ္ဘာသူ/သားအားလုံး ပျော်ရွှင်ဖွယ်အပြန်ခရီးတွင် မိသားစုနှင့် အတူ ဆုံဆည်းနိုင်ကြပါစေ။
from- Kyaw thu facebook




မကွေးပရိယတ္တိ သာသန နုဂ္ဂဟစာမေးပွဲ စာအောင်သံဃာတော်များ ပူဇာသဘင် ကျင်းပ

မကွေး-ဇွန်လ၂၄
ဦးဝီရသူသည် သကျသီဟစာအောင်(သ.စ.အ) ဆရာတော်တပါးဖြစ်သည်ဟုဗဟိုသံဃာ့ဝန်ဆောင်
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စိန္တာသာရ (မကွေးသံဃာရာမ)ဆရာတော်မှ န၀မအကြိမ်မြောက်
မကွေးပရိယတ္တိ သာသန နုဂ္ဂဟစာမေးပွဲ စာအောင်သံဃာတော်များ ပူဇာသဘင် အခန်းအနားတွင်မိန့်ကြားသည်။

" ဦးဝီရသူဟာ စာတတ်ပုဂ္ဂိုလ် အာဇာနည်တပါးပဲ ။အလုံးစုံအပြစ်ကငိးတယ်လို့တော့ မဆိုလိုပါဘူး၊အကြမ်းဖက်သမား ဘင်လာဒင်နဲ့ နှိုင်းယှဉ်ပြေတာတော့ မဖြစ်သင့်ဘူး၊ ဒါဘာကိုပြသလဲဆိုတော့ တို့ ဒကာဒကာမတွေ မိမိတို့အမျိုးဘာသာသသနာကို တည့်မတ်အောင်ထိမ်းသင့်တယ်" ဟုတရားဟောကြားရာတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

စာအောင်ပူဇာသဘင်ကို မကွေးမြို့မ သံ ဃာ့ဒါနနေ့စဉ်ဆွမ်းလောင်းအသင်းမှ ဦးစီးကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ န၀မအကြိမ်စာအောင်သံဃာ(၁၃၆)ပါးရှိခဲ့ပြီး၊ အောင်လက်မှတ်ဆက်ကပ်ခြင်း၊ ဆုတော်ငွေဆက်ကပ်ခြင်း၊ များကျင်းပခဲ့သည်။ ထိုအလှူဒါနသို့ မြို့ပေါ်ရှိဒါယကာ/ဒါယိကာမအပေါင်းနှင့်အတူအဝေးပြေးခရီးသည်တင် ကားဂိတ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပညာရေးမိသားစုများ၊ယဉ်ကျေးလိမ္မာအဖွဲ့၊ပါရမီသွေးလှူရှင်အဖွဲ့တို့မှ ပါဝင်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဦးမင်း
Popular Myanmar News Journal

ကွတ်ခိုင်မြို့နယ်တွင်ငါးရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့

ကွတ်ခိုင်၊ ဇွန် ၂၃။ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာအုပ်စု၊ လုံကန်ကျေးရွာနှင့်
ငေါ့ငါးကျေးရွာ အနီးတွင် အစိုးရနှင့်လက်နယ်ကိုင် တပ်ဖွဲ့တို့အကြား ငါးရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း နမ့်ဖက်ကာ ကျေးရွာရှိ တာဝန်ရှိသူများထံမှ သိရသည်။

“ပထမနေ့ ဖြစ်တာက ဇွန်လ(၁၄)ရက်နေ့ လုံကန်ကျေးရွာ အနီးမှာ ဖြစ်တယ်။ အဲ့ဒီနေ့က မိုင်းယုလေး
ဈေးနေ့ကျတယ်။သေနတ်သံတွေကြားလို့ ဈေးပတ်လိုက်ရောင်းနေတဲ့ ဈေးသည်တွေ ပြေးကြတာကို ကျွန်တော့်အိမ်ရှေ့ကနေ မြင်နေရတယ်။ ဖြစ်တာက ပလောင်တပ်နဲ့ဖြစ်တာ ခဏလေးပဲ။
ဒဏ်ရာရတာကတော့ အဲ့ဒီနေ့က မကြားဘူး။ ဒုတိယအကြိမ် ဖြစ်တာက ဇွန်လ(၁၉)ရက်နေ့ပါ။
ငေါ့ငါးကျေးရွာနားမှာ အစိုးရတပ်နဲ့ လက်နက်ကိုင် တပ်ပေါင်းစုနဲ့ဖြစ်တာ မွန်းတည့် ၁၂နာရီ လောက်ကနေ ညနေ ၅နာရီခွဲ အထိပဲ။ လက်နက်ကိုင် ဘက်ကတော့ ဘာသတင်းမှ မကြားဘူး။
အစိုးရဘက်ကတော့ စစ်သည် နှစ်ဦး ဒဏ်ရာရသွားတယ်လို့ကြားတယ်”ဟု ဒေသခံတိုင်းရင်းသား တစ်ဦးက ပြောကြားသည်။

နမ့်ဖတ်ကာ လူမှုကူညီရေး အသင်းမှ အဖွဲ့ဝင် တစ်ဦးကလည်း “ကျွန်တော်တို့ လူမှုကူညီရေး အသင်းကိုတောင် ကားတွေ အဆင်သင့် လုပ်ထားဖို့ ဖုန်းဝင်လာသေးတယ်” ဟု ပြောကြားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၂၀၁၂ခုနှစ်မှ စတင်ကာ အစိုးရတပ်များနှင့် လက်နက်ကိုင်
တပ်ဖွဲ့များကြား တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားခဲ့သောကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသော ဒေသခံပြည်သူများ ရှိနေပြီး ၎င်းတို့အတွက် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့တွင် စစ်ဘေးရှောင်စခန်း (၂)ခု၊ နမ္မတူမြို့တွင် စစ်ဘေးရှောင်စခန်း (၁)ခု၊ တန့်ယန်းမြို့တွင် စစ်ဘေးရှောင်စခန်း (၁)ခု၊ ကွတ်ခိုင်မြို့တွင် စစ်ဘေးရှောင်စခန်း (၂)ခု၊ နမ့်ဖက်ကာ ကျေးရွာတွင် စစ်ဘေးရှောင်စခန်း (၁)ခုနှင့် နမ့်ခမ်းမြို့တွင် စစ်ဘေးရှောင်စခန်း(၂)ခု ဖွင့်လှစ်ကာ ကူညီ စောင့်ရှောက်ပေးလျှက် ရှိကြောင်း သိရသည်။
စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

ဒီတစ်သက် ဘယ်တော့မှ မလေးကို ပြန်မသွားတော့ဘူးဟု မလေးမှ ပြန်ရောက်လာသူ ဆို

ရန်ကုန်၊ ဇွန် ၂၃။
ယမန်နေ့က မလေရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဒဏ်ရာများဖြင့် ပြန်လည်ရောက်လာခဲ့သူ ရခိုင်ပြည်နယ်
ရသေ့တောင်မြို့ ကျောက်ရန်သာ စည် ရွာမှ ကိုဝေအောင်သိန်းက“ဒီတစ်သက် ဘယ်တော့မှ မလေးကို ပြန်မသွားတော့ဘူး။ ကျွန်တော့ရှေ့မှာ မလေး သွားမယ့်သူတွေ ရှိရင်လည်း ရအောင် တားသွားမယ်”ဟု ပြောကြားသည်။

၎င်းသည် လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ မလေးရှားသို့ အောက်လမ်းမှ အလုပ်သွားလုပ်ခဲ့သူ တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၆ ရက်က ညဘက် အဆောင်၌ အိပ်နေစဉ် အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုင်ခြင်းကို ခံခဲ့ရကြောင်း၊ ယင်းနောက် လည်ပင်းကို ကြိုးနဲ့ဆွဲကာ ခေါင်းကို ဓါးညှောင့်ဖြင့် အထုခံခဲ့ရပြီး လက်ကို ဓါးဖြင့် အခုတ်ခံခဲ့ရကြောင်း၊ အကြမ်းဖက်သမားများလက်မှ ထွက်ပြေးပြီးနောက်ပိုင်း ရေနုတ်မြောင်းထဲသို့ ဝင်ပုန်းရင်း သတိလစ်သွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စက်ရုံက အဆောင်မှာ မြန်မာလုပ်သား အားလုံး ၆ ယောက်ရှိတယ်။ အခင်းဖြစ်တဲ့ညက ကျွန်တော်တို့ တအားအော်ကြတာပဲ။ ကျွန်တော်တို့ ဘေးဆောင်မှာ ဘင်္ဂါလားက အလုပ်သမား ၁၈ ယောက်နေတယ်။ တစ်ယောက်မှ မနိုးကြဘူး။ အကြမ်းဖက်သူတွေထဲမှာ စက်ရုံထဲကလည်း ပါမယ်ထင်တယ်”ဟု ယင်းက ဆက်လက် ပြောကြားသည်။

ယင်းမြန်မာအလုပ်သမား ၆ ဦးသည် မလေးရှားနိုင်ငံ ကွာလာမြို့ ဆူပန်ပါဆာ ဝါယာစက်ရုံတွင်
အလုပ်လုပ်ကြသူများ ဖြစ်ပြီး အခင်းဖြစ်သည့်ညတွင် ဝင်ရောက်အကြမ်းဖက်သူ စုစုပေါင်း ၆ ဦးဖြစ်ပြီး
မျက်နှာဖုံးများ စွတ်၍ ဓါးတစ်လက်စီ ကိုင်ထားကာ မီးသတ်ဆေးဘူးများလည်း ပါကြောင်း
ယင်းအကြမ်းဖက်မှုကြောင့် လက်တွင် ဓါးဒဏ်ရာ ၂ ချက် ရရှိခဲ့သူ ကိုခင်မောင်ဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ ပြန်လာချိန်ထိ မလေးမှာ ဆူပူမှုတွေ ဖြစ်နေတုန်းပဲ။ နေ့တိုင်း မသေတဲ့သူ မရှိသလောက်ပဲ။ မလေးရဲတွေကလည်း ကုလားဆိုရင် မဖမ်းဘူး။ ဗမာပြည်က သူတွေဆိုရင် ပတ်စပို့ ရှိရှိ၊ မရှိရှိ ဖမ်းတယ်။ ပတ်စပို့ရှိတယ် ဆိုရင်တော့ ပြန်ပို့ပေးတယ်”ဟု ကိုဝေအောင်သိန်းက ပြောကြားသည်။

ယခုလက်ရှိ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသို့ ပြန်လာချင်သည့် မြန်မာလုပ်သားများ အနေဖြင့် လက်ထဲတွင် ပိုက်ဆံမရှိခြင်း၊ ပတ်စပို့မရှိသည့်အတွက် အပြင်သွားရန် ခက်ခဲခြင်းတို့ကို အဓိက ကြုံတွေ့နေရကြောင်း သိရသည်။

“ခုဆိုရင် မလေးက ဗမာတွေက သံရုံးကိုတောင် ကားနဲ့ မသွားရဲကြဘူး။ ကုလားတွေက လမ်းမှာ
ရဲဟန်ဆောင်ပြီး ဖမ်းတာတွေလည်း ရှိတယ်။ ဒါကြောင့် တချို့လည်း အပြင်မသွားဝံ့ကြတာတွေ ရှိတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

အကြမ်းဖက်ခံရသည့် မြန်မာလုပ်သား ၆ ဦးတွင် ပတ်စပို့ မရှိဘဲ မလေးသို့ အောက်လမ်းမှ
ထွက်သွားခဲ့ကြခြင်းဖြစ်ပြီး တချို့မှာ မလေးရှားနိုင်ငံသို့ ရောက်သည်မှာ ၂ လပင် မပြည့်သေးကြောင်း၊ ယခု ပဋိပက္ခများကြောင့် မလေးမှ ပြန်လာခဲ့ကြသော်လည်း ထွက်သွားစဉ်က အကြွေးများပင် မကျေသေးကြောင်း သိရသည်။

“ပြဿနာတွေ အများစုက ဆာလာရမ်းမှာ အဓိက ဖြစ်တယ်။ ခုအခြေအနေမှာ ကျွန်တော်တို့ သိသလောက် အဲလောက် ပြဿနာမကြီးဘူး။ မလေးရှားမှာ အဓိက ဖြစ်နေတာက over stay ပြဿနာပဲ။ ဒဏ်ရာရတဲ့သူလည်း ရှိသလို သေတဲ့သူလည်း ရှိတယ်။ အဲဒီ over stay သမားတွေကို အတက်နိုင်ဆုံး ဒီကို ပြန်ပို့ပေးဖို့ ကြိုးစားသွားမယ်” ဟု ဧရာဝတီဖောင်ဒေးရှင်းမှ Public Relation Director ဖြစ်သူ ကိုရဲမျိုးဟိန်းက ပြောကြားသည်။

မလေးရှားနိုင်ငံရှိ နောက်ထပ် ပြဿနာတစ်ခုမှာ အလုပ်သမား ပြဿနာဖြစ်ပြီး ယင်းပြဿနာကို
ဖြေရှင်းရန်မှာ နှစ်နိုင်ငံ အစိုးရ နှစ်ဦးနှစ်ဘက် ညှိနှိုင်းဖြေရှင်းမှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း
ယင်းက ဆက်လက် ပြောကြားသည်။

“မလေးမှာ အလုပ်လုပ်ရတာနဲ့ မြန်မာပြည်မှာ လုပ်ရတာ နေရာသာ မတူတာ။ ပိုက်ဆံရတာချင်းကျတော့ တူတူလောက်ပါပဲ။ ဒီလိုတွေ မဖြစ်လဲ ကျွန်တော်က ၁၀ လပိုင်းလောက် ပြန်ဖို့ စဉ်းစားထားပြီးသားပါ။ ခုမြန်မာပြည် ပြန်ရောက်မှပဲ ကောင်းကောင်း အိပ်ပျော်တယ်။ ဟိုမှာ နေခဲ့တဲ့ အချိန်တွေ တစ်ရက်မှ ကောင်းကောင်း အိပ်ပျော်တယ်ဆိုတာ မရှိခဲ့ဘူး”ဟု ရသေ့တောင်မြို့နယ် ကျောက်ရန် သာစည်ရွာမှ ရွာသားတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ အောက်လမ်းမှ သွားမည်ဆိုပါက အချိန် ၂ ပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး အကြမ်းဖက်မှုများ စတင်ဖြစ်ပွားသည့် ဆာလာရမ်းနှင့် ကွာလာမြို့မှာ ကားနှင့်သွားမည် ဆိုပါက ၂ နာရီခန့်သာ ကြာမြင့်ကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

ကျောက်စိမ်းဖိုး ငွေမချေနိုင်သည့် တရုတ်အမျိုးသားတစ်ဦး လူတစ်စု ဖမ်းဆီးခေါ်ဆောင်

မုံရွာ၊ ဇွန် ၂၃
ကျောက်စိမ်း ရောင်းရငွေ ကျပ်သိန်း ငါးရာကျော် မပေးနိုင်သည် တရုတ်နွယ်ဖွား အမျိုးသားတစ်ဦးကို လူတစ်စုက သံကြိုးနှင့် ချုပ်နှောင်ကာ ပါးစပ်ပိတ်၍ ဖမ်းဆီး ခေါ်ဆောင်မှု တစ်ခု ဇွန်၂၁ရက်နေ့က ပုလဲ၊ ဂန့်ဂေါ လမ်းမကြီး မိုင်တိုင် ၆၁ အနီးရှိ ဘေးတောလမ်းအတွင်း ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပုလဲ-ဂန့်ဂေါ ကားလမ်းမကြီး၏ လက်ဝဲဘက် တောလမ်းအတွင်း နံပါတ်မပါသော အနီရောင် Honda-Fit ကားတစ်စီး မောင်းထွက်လာရာ မသင်္ကာဖွယ် တွေ့ရှိရ၍ အင်တောပြန့်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းများက တားဆီးစစ်ဆေးစဉ် ကားမှာ ဂန့်ဂေါဘက်သို့ မောင်း ထွက် ပြေးသွားခဲ့ကြောင်း၊ အဆိုပါ တောလမ်းအတိုင်း ဆက်လက် ရှာဖွေခဲ့ရာ လမ်း၏ လက်ဝဲဘက် ချုံစပ်တွင် အမျိုးသားနှစ်ဦးကို ထပ်မံတွေ့ရှိ ခဲ့ရသော်လည်း တစ်ဦးမှာ တောအတွင်း ထွက်ပြေးသွားကြောင်း၊ ကျန်တစ်ဦးမှာ လက်နှင့် ခြေထောက်များ သံကြိုးဖြင့် တုပ်နှောင် ခံထားရသော တရုတ်အမျိုးသား တစ်ဦး ဖြစ်သည်ကို တွေ့ရကြောင်း ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ချုပ်နှောင် ခံထားရသူကို မေးမြန်းရာ ၎င်းမှာ မန္တလေးနန်းရှေ့တွင် နေထိုင်သူ ကိုအောင်ကျော်ထွန်း (ခ) ရှောက်လီ အသက် ၂၉ နှစ်အရွယ် ဖြစ်ပြီး ပွဲစားအလုပ် လုပ်ကိုင်သူ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် သုံးလေးရက် ခန့်တွင် ဦးချင်းဆိုသူနှင့် အဖွဲ့သည် ၎င်း၏ အိမ်အတွင်း ဝင်ရောက်ကာ ၎င်းသည် ကျောက်စိမ်း ရောင်းရငွေ သိန်းငါးရာကျော် မပေးနိုင်ဟုဆိုကာ ၎င်းကို ပါးစပ်ပိတ်၍ လက်နှင့်ခြေတို့အား သံကြိုးတုပ်ကာ ကားဖြင့် တင်ဆောင်လာခြင်း ဖြစ်ကြောင်း ချုပ်နှောင် ခံထားရသည့် အမျိုးသားမှ ထွက်ဆိုသည်။

ဂန့်ဂေါဘက်သို့ ဦးတည်၍ ထွက်ပြေးသွားသော အနီရောင် Honda-Fit ကားအား ဖမ်းဆီးနိုင်ရန် ဂန့်ဂေါမြို့နယ် နတ်ထိပ် ရဲစခန်းသို့ အကြောင်း ကြားခဲ့ကြောင်း၊ နတ်ထိပ် ရဲကင်းမှူးနှင့် အဖွဲ့က အဆိုပါယာဉ်အား နတ်ထိပ် ရဲကင်းရှေ့တွင် ဖမ်းမိခဲ့ပြီး၊ ယင်းယာဉ်ပေါ်တွင် ဦးထောင်ခန့်ထန် (ခ)ဦးချင်း အသက် (၄၀) နှစ်နှင့် ဦးဇပ်ရှာလ်ကျင် (ခ) ဦးအောင်လွင်တို့ နှစ်ဦးအား ဖမ်းမိခဲ့ကြောင်း၊ ကားပေါ်ပါ ပစ္စည်းများအား ရှာဖွေစစ်ဆေးရာ၊ လက်သီးဆုပ်ခန့် ရှိသော ကျောက်စိမ်း အရိုင်းတုံးငယ် သုံးတုံး၊ ရိုးမဘဏ် အမည်ပါ ငွေစုစာအုပ် တစ်အုပ်၊ ကျောက်သွေးရာတွင် အသုံးပြုသော ပစ္စည်း လေးခု၊ ကျောက်အရည်အသွေး စစ်ဆေးသည့် ဓာတ်မီးတစ်ခု၊ မြန်မာ-တရုတ် နယ်စပ် သွားလာခွင့်လက်မှတ် စာအုပ်တစ်အုပ်၊ ကတ်ပါဟန်းဆက် သုံးလုံး၊ ငါးထောင်တန် ငွေစက္ကူ အရွက်ရေပေါင်း ၁၈၀ တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုကို လဲကန် ရဲစခန်းမှ ဒုရဲအုပ်က တရားလို ပြုလုပ်၍ ပုလဲမြို့နယ် ရဲစခန်းသို့ တိုင်ကြားရာ အောင်ကျော်ထွန်း (ခ) ရှောက်လီအား သံကြိုးဖြင့် တုပ်နှောင် ခေါ်ဆောင်ခေါ်လာ ခြင်းနှင့် ပတ်သတ်ပြီး ဦးချင်းနှင့် ဦးဇပ်ရှာလ်ကျင် တို့အား(ပ)၁၁၈/၁ ၃ပြစ်မှု ၃၄၃ ဖြင့် အမှုဖွင့်ထားကြောင်းနှင့် ယာဉ်ပေါ်ပါပစ္စည်းများနှင့် ပတ်သက်ပြီး (ပ)၁၁၉/၁၃ ကျောက်မျက် ပုဒ်မ ၄၂(က) ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
The Voice Weekly

ကြံ့ခိုင်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် PR စာတမ်းဖတ်

ရန်ကုန်၊ ဇွန် ၂၃
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် တိုင်းရင်းသားပါတီ အများစု ကန့်ကွက်ထားသော အချိုးကျ ကိုယ်စားပြု PR စနစ်နှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင် စာတမ်းနှစ်စောင် ဖတ်ကြားခဲ့ကြောင်း အဆိုပါ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်းက The Voioce သို့ပြောကြားသည်။

အဆိုပါ ညီလာခံကို ဇွန်လ ၂၂ ရက် နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ သုံးရက် ကျင်းပသွားမည် ဖြစ်ပြီး အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (Proportional Representation) နှင့်ပတ်သက်ပြီး အဓိက ထား ဆွေးနွေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (Proportional Representation) စာတမ်းများကို အငြိမ်းစား သံအမတ်ကြီး ဦးဝင်းမြင့်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက ပါတီဗဟို ကော်မတီ အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ပါတီဗဟိုကော်မတီ က PR စနစ်၏ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးနေကြောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

“PR စနစ်ကို ဆွေးနွေးတာတော့ မှန်တယ်၊ လွှတ်တော်မှာ အတည်ပြုဖို့ မပြုဖို့တော့ ဆုံးဖြတ်ချက် မချရသေးဘူး”ဟု ၎င်းကရှင်းပြသည်။

ဒီမိုကရေစီစနစ် မရင့်ကျက်သေးသည့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ စနစ်ကို ရှုပ်ထွေးစေနိုင်သော PR ကို ကျင့်သုံးမည် ဆိုပါက ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ငါးပါတီနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီက PR စနစ် ပြောင်းလဲ ကျင့်သုံးရန် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းခဲ့ပြီး ယင်းစနစ်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် အတွင်းတွင် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၅ ပါတီတို့ သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြသည်။

PR စနစ်ကို အတည်ပြုပေးရန် ရွေးကော်ပွဲ ကော်မရှင်က မေလ ၁၃ ရက်နေ့တွင် လွှတ်တော်သို့ တင်ပြထားကြောင်း ရွေးကော်ပွဲ ကော်မရှင်က ထုတ်ပြန်ပြီး အဆိုပါစနစ်ကို ၂၀၁၃ ခုနှစ်အတွင်း အတည် မပြုနိုင်ပါက ပြည်သူများကို ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်ပြီး ပညာပေး လုပ်ငန်းများ လုပ်ကိုင်ရန် အချိန် မရှိတော့သဖြင့် လက်ရှိစနစ် အတိုင်းသာ ဆက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားပြီး ဖြစ်သည်။
The Voice Weekly

ဒေါ်ဝါဝါဝင်းရွှေနှင့် Great Father Land ကုမ္ပဏီ အငြင်းပွား

ရန်ကုန်၊ ဇွန် ၂၃
ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာတွင် အထပ်မြင့် တိုက် ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာပိုင်ရှင် ရုပ်ရှင် သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေနှင့် အဆိုပါ အထပ်မြင့်တိုက် ဆောက်လုပ်ရန် တာဝန်ယူထားသော Great Father Land ကုမ္ပဏီတို့ အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားလျက် ရှိကြောင်း နှစ်ဖက်လုံးက အတည်ပြု ပြောကြားသည်။

ဆုထူးပန် ရုပ်ရှင်ရုံ မြေနေရာတွင် ၁၂ ထပ် အမြင့်ရှိသော အဆင့်မြင့် အဆောက်အအုံ ဆောက်လုပ်၍ ပထမထပ်တွင် Shopping Mall ၊ ဒုတိယထပ်တွင် ရုပ်ရှင်ရုံနှင့် တတိယထပ်တွင် စားသောက်ဆိုင်များ၊ ကျန်ကိုးထပ်ကို ဟိုတယ်အဖြစ် ဖွင့်လှစ်ရန် ပါဝင်သော သဘောတူစာချုပ် ချုပ်ဆို ခဲ့ကြောင်း၊ ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် တည်ရှိသော အဆောက်အအုံ ဆောက်လုပ်ရမည့် မြေနေရာသည်
နေရာကောင်း ဖြစ်၍ ၁၂ ထပ်အစား ၂၁ ထပ်တိုက် ဆောက်လုပ်ရန် နှုတ်ဖြင့် သဘောတူခဲ့ကြောင်း မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေက ပြောကြားသည်။

စာချုပ် ချုပ်ဆိုခဲ့သော ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ယနေ့အချိန်ထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးဘဲ မြေကွက်လပ် အတိုင်းသာ ရှိနေခြင်း၊ ထို့ပြင် ဆောက်လုပ်ရန် တာဝန်ယူထား သူတို့ဘက်က ဆုထူးပန်ရုံ အရှေ့တွင် ညသန်းခေါင် အချိန်တွင် ဒေါ်ဝါဝါဝင်းရွှေ ဓာတ်ပုံကို မီးနှင့်ရှို့ပြီး အမဲသားတုံးပေါ်တွင် ဖယောင်းတိုင် ထွန်းခြင်းတို့ သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ခြင်း ရှိသည်ဆို၍ ထိုအကြောင်းကို မေးမြန်းကြည့်ရာတွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် ကိုယ်တိုင် ဝန်ခံခဲ့ကြောင်း၊ ယင်းကြောင့် အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီကို ယုံကြည်နိုင်ခြင်း မရှိတော့သည့်အတွက် လုပ်ငန်း ဆက်လက် မလုပ်နိုင်တော့ကြောင်း မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေက ပြောကြားသည်။

Great Father Land ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးမြင့်က“သို့ရာတွင် အဲလို အမဲသားတွေနဲ့ လုပ်တယ် ဆိုတာကို ကျွန်တော်တို့ဘက်က လုံးဝ မလုပ်ပါဘူးလို့ ကုမ္ပဏီကိုယ်စား ပြတ်ပြတ်သားသား ငြင်းပါတယ်” ဟု ဆိုသည်။

ဦးမျိုးမြင့်က မိမိတို့မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရသည့်အတွက် ဌာနဆိုင်ရာတို့၏ ခွင့်ပြုချက်ရရန် လိုအပ်ကြောင်း၊ ယခင် ၁၂ ထပ် အဆောက်အအုံကို ထပ်မံ၍ အချင်းချင်း ရင်းနှီးမှုဖြင့် ကားပါကင် အပါအဝင် ၁၂ ထပ် အစား၂၁ ထပ် အဆောက်အအုံ ဆောက်ရန် နှုတ်ဖြင့် သဘောတူညီ ခဲ့သောကြောင့် လုပ်ငန်း ကြန့်ကြာခြင်း ဖြစ်ကြောင်း လုပ်ငန်း အပ်နှံသူဘက်က ကုန်ကျမည့် ငွေ အပြည့်အဝ မဟုတ်ဘဲ စရန် ကျပ်သိန်း ကိုးထောင်သာ ပေးအပ်ခဲ့ခြင်းကြောင့် မိမိတို့ဘက်က စိုက်ထုတ်ခဲ့ခြင်းများ ရှိကြောင်း၊ စာချုပ်အရ ဆက်လက် မလုပ်ကိုင်နိုင်လျှင် လုပ်ငန်းအပ်နှံသူမှ စရန်ငွေ အရှုံးဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

“အန်တီဝါက ကိုယ်ပိုင်တဲ့ မြေနေရာကို ကိုယ့်ပိုက်ဆံ သိန်းကိုးထောင်နဲ့ သူတို့ဆီက ပြန်ဝယ်ရမလို ဖြစ်နေတယ်။ ပြီးတော့ ဒီငွေတွေက ကိုယ်တစ်သက်လုံး အနုပညာနဲ့ ရင်းပြီး လုပ်ခဲ့လို့ ရတဲ့ငွေတွေနဲ့ အဆင့်မြင့် ရုပ်ရှင်ရုံလိုမျိုးတွေ ဆောက်ပြီး လုပ်ငန်းလုပ်ချင်လို့ စိုက်ထုတ်ထားခဲ့တဲ့ ငွေတွေပါ။ အန်တီဝါက ဖြစ်နိုင်ရင် တရားမစွဲချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ပိုက်ဆံ သိန်းကိုးထောင်ကိုတော့ ပြန်လိုချင်ပါတယ်။ ပြီးတော့ လူနေတိုက်ခန်းတွေရောင်းပြီလို့ ကြော်ငြာတာက သူတို့ အကြံပေးလို့ သူတို့ဘက်က အကုန်လုံး လုပ်ခဲ့တာပါ။ အန်တီဝါက အဲ့ဒါတွေကို ဘာမှ နားမလည်ပါဘူး”ဟု ဒေါ်ဝါဝါဝင်းရွှေက ဆိုသည်။

၎င်းတို့သည် ဆောက်လုပ်မည့် ပုံစံများကို တိုင်းဒေသကြီးမှ သက်ဆိုင်ရာဌာနသို့ ချပြမည့် ဆဲဆဲတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လုပ်ငန်း အပ်နှံသူက လူနေ တိုက်ခန်းများ ရောင်းချမည်ဟု ကြော်ငြာ ခဲ့သောကြောင့် အခက် ကြုံတွေ့ခဲ့ရကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွင် အဆောက်အအုံ ဆောက်လုပ်လျှင် မြေပိုင်ရှင် အမည်ပေါက် မှန်ကန်ရေး ဌာနဆိုင်ရာတွင် လျှောက်ထား ခြင်းစသည်တို့ကို အဆင့်ဆင့် ပြုလုပ်ခြင်းများ ရှိကြောင်း၊ ထို့ပြင် မိမိတို့ ကုမ္ပဏီသည် အစ္စလာမ် ဘာသာဝင် အုပ်ချုပ်သော်လည်း ဒါရိုက်တာ အဖွဲ့ဝင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး အလှူအတန်းများ ပြုလုပ်ခဲ့ကြောင်း Great Father Land ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးမြင့်က ပြောကြားသည်။
“သူတို့ဘက်က တရားစွဲမယ် ဆိုရင်လည်း ကြိုက်သလို လုပ်ပါ။ ကျွန်တော်တို့ ဘက်ကလည်း အလုပ်တစ်ခုကို လုပ်ရင် သေချာ plan ဆွဲပြီးမှ လုပ်တာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
The Voice Weekly

လမ်းမတော် အထက (၁) အမှိုက်ကန်ဘေးတွင် မွေးကင်းစ ကလေးအလောင်း တွေ့ရှိ

ရန်ကုန် ၊ ဇွန်၂၂
လမ်းမတော်မြို့နယ်၊ (၈) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အထက(၁) ကျောင်းဝင်း အတွင်းရှိ အမှိုက်ကန်ဘေးတွင် ဇွန်လ ၂၀ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က စွန့်ပစ်ထားသော မွေးကင်းစ ကလေးအလောင်းကို စည်ပင် အမှိုက်သိမ်းဝန်ထမ်း တစ်ဦးက စတင်တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

“အလောင်းကို ဆရာဝန်၏ ဆေးစစ်ချက် ထွက်မှသာ အတည်ပြုနိုင်မှာ၊ ကျွန်တော်တို့ကတော့ အလောင်းကို ဖျောက်ဖျက်ခြင်းနှင့် မွေးဖွားခြင်း ထိမ်ချန်သူကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု အမှုစစ် ဒုရဲအုပ်အေးကျော်သူက ပြောကြားသည်။

အလောင်းကို ဖျောက်ဖျက်ခြင်းနှင့် မွေးဖွားခြင်းကို ထိန်ချန်သူကို အရေးယူရန် (ပ)၁၀၄/၁၃၊ ပြစ်မှုပုဒ်မ-၃၁၈ဖြင့် အမှုဖွင့်ထားကြောင်း လမ်းမတော်မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly

မြန်မာဒုက္ခသည် ၇ သိန်းကျော် ရှိနေကြောင်း ဦးအောင်မင်း တရားဝင်ပြောပြီ

Myanmar Peace Center တွင် ဇွန် ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ – မေခ / ဧရာဝတီ)
Monday, June 24, 2013
နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ကာလအတွင်း မြန်မာနိုင် ငံ တွင် ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ရှိကြောင်း သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့တွင် ပထမဆုံးကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များနေ့၌ တရားဝင် ထုတ်ဖော် ပြောကြားသွားသည်။

“ကျနော်တို့တတွေ စနစ်တွေပြောင်းကုန်ပါပြီ။ အရင်က ဒုက္ခသည်နဲ့ ပတ် သက်ပြီး မရှိဘူးဘဲပြောခဲ့တာပါ။ အခု အမှန်အတိုင်း ပြောတယ်၊ ဒါဟာပြောင်းလဲ မှုကို ပြပါတယ်။ ဒုက္ခသည်ဆိုတာမှာ နယ်မြေတွေ မငြိမ်း ချမ်း၊ မအေးဆေးလို့ ထွက်ပြေးနေရသူလို့ ပြောရမှာပါ။ သူတို့တွေအတွက် လုံခြုံပြီ၊ နေလို့ရပြီဆို ပြန်လာမှာပဲ။ အဲဒီလိုဖြစ်ဖို့အတွက် အစိုးရက လုပ်ဆောင် ပေးသွားမှာပါ” ဟု ဦးအောင်မင်းက ပြောသည်။

လက်ရှိတွင် စစ်ပွဲများကြောင့် ပြည်တွင်း၌ လှည့်လည် ရှောင်ပုန်းနေရသော ဒုက္ခသည် (IDP) ပေါင်း ၄၄၆၀၀၀၊ စစ်ပွဲများ ကြောင့် နယ်စပ်တွင် ထွက်ပြေး နေရသော ဒုက္ခသည် (Refugee) ၃၅၀၀၀၀ ခန့်ရှိကြောင်း ဦးအောင်မင်းက ဆိုသည်။

“အခုလက်ရှိတော့ ကယားပြည်နယ်ဘက် ရှားတောနယ်မြေ ဒေါတခဲဒေသ မှာ ကယားဘက်ကနေ ထွက်သွားတဲ့ သူတွေ အတွက် ပြန်လည်နေရာချပေး ဖို့ စီစဉ်ထားတယ်။ လက်ရှိ ဒီအချက်ကို ပြီးခဲ့တဲ့ ဆွေးနွေးပွဲ မှာ ပြောထား ပြီးပါပြီ” ဟု ၎င်းက ဆက်ပြောသည်။

ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အတွက် အစိုးရမှ နိုင်ငံတကာ အကူအညီများ ရယူကာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးအောင်မင်း က ပြောသည်။

“ပြန်လည် နေရာချထားရေးအတွက် အခု အချိန်မှာ တိတိကျကျ ပြောနိုင်ဖို့ လိုအပ်ပါသေးတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ UNHCR (United Nations High Commissioner For Refugees) တို့လို အဖွဲ့တွေနဲ့ တိုင် ပင်ဆွေးနွေး နေ ပါတယ်။ အဓိကကတော့ အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက် ပြီးမှသာ ဒီကိစ္စတွေကို ဆက်လက် အကောင် အထည် ဖော်နိုင်မှာဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ ဒေါ်မြတ်မြတ်အုန်းခင်က ရှင်းပြသည်။

ဒုက္ခသည်များအတွက် နေရေး၊ စားရေး၊ လုံခြုံစွာ နေနိုင်ရေးအတွက် မိုင်းရှင်းရေး စသည့် လုပ်ငန်းများကို လုပ်ဆောင် သွားမှာဖြစ်သကဲ့သို့ တခြားတဘက်မှလည်း အလုပ်အကိုင် ရရှိနိုင်ရေးအတွက်ပါ စီစဉ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

“အလုပ်အကိုင် အတွက်က နယ်စပ်ဒေသတွေမှာ စက်မှုဇုန်တွေ ဖော် ထုတ်သွားဖို့ အတွက်လည်း စီစဉ်နေတယ်။ ဒီမှာ လယ်ယာသီးနှံ စိုက်ပျိုးရေး အတွက်ကိုလည်း စိုက်ပြီး ကုန်ချောထုတ်နိုင်ဖို့ အထိပါ ဆောင်ရွက် သွားဖို့ နိုင်ငံတွင်းက ပညာရှင်တွေ အပါအဝင် နိုင်ငံတကာ ပညာရှင်တွေ နဲ့ပါ ဆွေးနွေး တိုင်ပင် လုပ်ဆောင်သွားဖို့ရှိတယ်။ အထည်အလိပ် စက်ရုံတွေ၊ နောက် SME (အသေးစားစက်မှု) လုပ်ငန်းတွေ အတွက်လည်း စီစဉ် ဆောင်ရွက်ပေးသွားမယ်” ဟု ဦးအောင်မင်းက ဆိုသည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေး အတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဆွေးနွေးတိုင်ပင်လျှက် ရှိကြောင်း၊ မြန်မာ့ တပ်မတော်အတွင်းရှိ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ စစ်သည်များကလည်း ဖြေရှင်းသွားရန် စီစဉ်ထားကြောင်း ဦးအောင်မင်း၏ အဆိုအရ သိရသည်။

“တချို့ဒေသတွေမှာ ကရင်မှာဆို လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော် နဲ့ ပေါင်းပြီး ကိုယ့်ဘက်သူ့ဘက် ဖော်ထုတ် နေတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာကပါ ပါဝင်ကူညီဖို့ ပြောထားတာတွေ ရှိတယ်။ သူတို့တွေနဲ့လည်း တိုင်ပင် ဆွေးနွေးပြီး သူတို့ အကူအညီတွေလည်း လက်ခံသွားဖို့ရှိပါတယ်” ဟု ဦးအောင်မင်းက ဆိုသည်။

ပြည်တွင်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် အလုံးစုံ အပစ်အခတ် ရပ် စဲရေး ဆောင် ရွက်သွားမည် ဖြစ်ရာ နေပြည်တော်တွင် ကျင်းပ မည့် ဆွေးနွေးပွဲ၌ နိုင်ငံတကာမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ဧရာဝတီကို ပြောသည်။

“အလုံးစုံအပစ်အခတ်ရပ်စဲဖို့ အတွက် နိုင်ငံတကာက လူတွေရှေ့မှာ လက်မှတ်ရေးထိုးမှာပါ။ လက်ရှိ ထိုးထားပြီးတဲ့ အချက်တွေက ပြောင်းလဲပြီး ထိုးမှာမဟုတ်ဘူး၊ ဆွေးနွေးပြီးသားတွေကို ပိုခိုင်မာအောင် လုပ်သွားမှာပါ။ တိုင်းရင်းသားတွေ လိုချင်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း သမ္မတကြီးက ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ အကြိမ်ကြိမ် ကတိပြုထား ပြီးပါပြီ။အဲဒီအတိုင်း လုပ်ဆောင်မှာပါ” ဟု သမ္မတရုံးဝန်ကြီးက ဆက်ပြောသည်။

UNHCR ၏ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ် အခြေအနေပြ အစီရင်ခံစာ အရ တကမ္ဘာလုံးတွင် ဒုက္ခသည် ၁၅ သန်း ရှိသည့်အနက် စစ်ဘေးကြောင့် နိုင် ငံတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် ၄ သိန်းကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ၎င်းတို့မှာ ထိုင်း၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနှင့် မလေးရှားတို့တွင် ခိုလှုံနေရကြောင်း သိရသည်။
ဧရာဝတီ

ဟန်ဆောင်ကောင်းတဲ့မြို့

ရန်ကုန် မြို့ပြလူနေမှုဘဝမှာ ကားဆိုတာမရှိမဖြစ် အရေးပါတဲ့နေရာကို ရောက်လာတယ်။ ဒါကြောင့် ထင်ပါတယ် စေတနာထားလိုက်တဲ့ အစိုးရက ဒီမြို့နဲ့ဒီလမ်းမှာ ကားစီးရေတွေ အောတိုက်နေအောင် ရောက်လာဖို့ အခွင့်အလမ်းတွေ ဖွင့်ပေးလိုက်တယ်။
ကား ဆိုတာကို အိပ်မက်တောင် မမက်နိုင်တဲ့ သူတွေ ပြည်တွင်းထုတ် ဂျစ်ကားကို သိန်း ၃၀ လောက်နဲ့ ဝယ်နိုင်သလို၊ နိုင်ငံခြားကားသစ် ဆိုရင်တောင် သိန်း ၆၀/၇၀ လောက်ရှိရင် စီးနိုင်တယ်ဆိုတော့ မြို့ပြရဲ့ စိတ်ကူးအိပ်မက်ထဲကို ကားတွေ လှိမ့်ဝင်လာခဲ့ ပါတော့တယ်။

ရန်ကုန်မြို့ပြရဲ့ ပိတ်လှောင်မွန်းကျပ်လာမှုက တစ်နှစ်ထက်တစ်နှစ်ပိုပြီး လွန်ကဲလာပါတယ်။ လူတွေကြပ်၊ ကားတွေကြပ်၊ စိတ်ဓာတ်တွေကျပ်လွန်းလို့ စည်းကမ်းတွေကို လျှော့နေတာလား။ ဒါမှမဟုတ် အဖြေရှာမရ တော့တဲ့အတွက် ခက်လှတဲ့ပုစ္ဆာကို မတွက်ဘဲ ပစ်ထားလိုက်ကြတာလား။
မည်သို့ဆိုစေ ကားလမ်းကျဉ်းတာကို ပလက်ဖောင်းတွေကို လျှော့ပြီး ကျယ်အောင်ချဲ့၊ နဂိုကမှ လူသွားလို့မရတဲ့ ပလက်ဖောင်းမှာ ဈေးရောင်းတာ ကိုလည်းမဖြေရှင်းနိုင်၊ ကားတွေ လမ်းပျောက်၊ လူတွေ လမ်းပေါ်ရောက်၊ စိတ်ဓာတ်တွေ မြောင်းထဲရောက်နေတဲ့ ရန်ကုန်မြို့ပြ ကတော့ လှချင်ယောင်ဆောင်ပြီး ဂုဏ်မောက်နေတုန်းပါပဲ။
The Voice Weekly








ကျန်းကျိယီနှင့် ဆောင်းဟေကျို (အွန်စော)တို့ ပါဝင်မည့် ဇာတ်ကားသစ် ဇူလိုင်လတွင် စတင်ရိုက်ကူးမည်

ဘေဂျင်း၊ ဇွန် ၂၂
ရုပ်ရှင်ကြည့် ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှုကို ရရှိထားတဲ့ တရုတ်အမျိုးသမီး သရုပ်ဆောင် ကျန်းကျိယီနဲ့ ဆောင်းဟေကျို (အွန်စော) ဇာတ်ကားသစ်ကို ဇူလိုင်လမှာ စတင်ရိုက်ကူးတော့မယ်လို့ Xinhua သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

The Crossing လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားကို တရုတ် နာမည်ကျော် ဒါရိုက်တာ ဂျွန်ဝူးက ရိုက်ကူးမှာဖြစ်ပြီး ချစ်ခြင်းဖွဲ့ သရုပ်ဖော် ဇာတ်ကားဖြစ်တယ်လို့ ဒီသတင်းမှာ ဆိုထားပါတယ်။

အကျော်အမော် သရုပ်ဆောင် ကျန်းကျိယီနဲ့အတူ ဂျပန်ထိုင်ဝမ် နွယ်ဖွား အမျိုးသား သရုပ်ဆောင် တာကီရှီကာနီရှီယိုနဲ့ ကိုရီးယား အမျိုးသမီး သရုပ်ဆောင် ဆောင်းဟေကျိုတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ချစ်ခြင်း သရုပ်ဖော်ထားတာ ဖြစ်ပြီး တရုတ် Titanic ဖြစ်လာလိမ့်မယ်လို့ ဇာတ်ကား ရိုက်ကူး ထုတ်လုပ်သူတွေက မီဒီယာတွေကို ပြောကြားထားပါတယ်။

The Crossing ကို Beijing Galloping Horse ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်တာ ဖြစ်ပါတယ်။

၁၉၄၉ခုနှစ်က တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ကို သွားတဲ့ ရေနွေးငွေ့ သင်္ဘောတစ်စီး ကုန်တင်သင်္ဘောနဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့ရတဲ့ ဇာတ်လမ်းကျောရိုးကို ယူထားပြီး အချစ်ဇာတ်လမ်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ကျန်းကျိယီဟာ တရုတ်ကွန်ဖူး သိုင်းကားတွေ ရိုက်တာကနေ အနားယူတော့မယ်လို့ မကြာသေးခင်က ပြောဆိုထားခဲ့ပါတယ်။
The Voice Weekly

ကျာင်းလက်ရွေးစင်အသင်းမှ ကလပ်အသင်း ဂိုးသမားဖြစ်လာသူ

မူလတန်း တက်ရောက်စဉ်ကတည်းက ဘောလုံးအားကစား ဝါသနာပါခဲ့ပြီး ကျောင်းလက်ရွေးစင် အဖြစ်ကစားခဲ့သူ၊ အလယ်တန်း ကျောင်းသားအရွယ်မှစ၍ အားကစား နယ်ပယ်တွင်း ရောက်ရှိသွားကာ သက်တမ်းအလိုက် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသူ၊ ယင်းမှ ယခုအခါ ကလပ်အသင်း တစ်ခုဖြစ်သော မကွေး FC တွင် ဂိုးသမား ဖြစ်လာသူမှာ ကျော်ဇင်ဖြိုး ဖြစ်သည်။
ကျောင်းလက်ရွေးစင် ဂိုးသမား

သူ့ရဲ့ဇာတိက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့။ ဖခင်ဖြစ်သူက ရဲဝန်ထမ်းတစ်ဦး ဖြစ်ပြီး မိခင်ဖြစ်သူက သာမန်အိမ်ရှင်မ တစ်ယောက်။ မွေးချင်းမောင်နှမ ငါးယောက်အနက် သူကစတုတ္ထမြောက် ဖြစ်သည်။

ဘောလုံး အားကစားနည်းကို ဝါသနာ ပါခဲ့တာက သူလေးတန်းကျောင်းသားအရွယ်၊ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ကျောင်းလက်ရွေးစင် အသင်း၏ ဂိုးသမားအဖြစ် ပါဝင်ခဲ့ရသော အချိန်တွင် စတင်ခဲ့သည်။ ထိုပြိုင်ပွဲ၌ ပထမဆုံးပွဲတွင်ပင် သူတို့အသင်း ရှုံးနိမ့်ခဲ့သည်။

ထို့နောက်တွင် ဘောလုံး အားကစားနည်းကို ပိုမို ဝါသနာ ပါလာပြီး သူငယ်ချင်းများနှင့် အမြဲလိုလို ချိန်းဆို၍ ဘောလုံးကန်ဖြစ်ခဲ့သည်ဟု သူကဆိုသည်။ ကစားသမျှ ပွဲတိုင်းတွင် ဂိုးသမား နေရာကသာ ကစားခဲ့သည်။ ပညာရေးပိုင်းတွင်မူ သာမန်သာ ရှိခဲ့ပြီး သူရှစ်တန်းနှစ် အရောက်တွင် ကျောင်းစာ သိပ်စိတ်မဝင်စားဘဲ အပျော်အပါးဘက် ဦးစားပေးနေသောသူ့ကို မိဘများက ရန်ကုန်မြို့ရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသို့ ပို့ခဲ့သည်ဟု သူကပြောပြသည်။

အား/ကာသိပ္ပံမှာ

မိဘများနှင့် ခွဲမနေဖူးသည့် အတွက်ရော ဇာတိမြို့ရှိ သူငယ်ချင်းများကို သတိရသည့် အတွက်ပါ အား/ကာ သိပ္ပံသို့ ရောက်စတွင် နေသားမကျ ဖြစ်ခဲ့ရသည်ဟု သူကပြောပြသည်။ နောက်ပိုင်းတွင် သူငယ်ချင်း အသစ်များ ရလာသည့်အပြင် ဝါသနာပါသည့် ဘောလုံးအားကစားနည်းကို အမြဲထိတွေ့နေရသည့် အတွက် သူပျော်ရွှင်လာခဲ့သည်။

အား/ကာ သိပ္ပံတွင်လည်း ဂိုးသမားနေရာက ကစားဖို့သာ သူရွေးချယ်ခဲ့သည်။ ငယ်စဉ်ကတည်းက ဂိုးသမား နေရာတွင် ကစားခဲ့ပြီး ကိုယ်နှင့် အသားတကျ ဖြစ်နေသည့် နေရာဖြစ်သည့်အတွက် ရွေးချယ်ဖြစ်ခဲ့သည်ဟု သူကပြောပြသည်။ သင်တန်းသား ဘဝတွင် မြန်မာ့လက်ရွေးစင်များအပြင် အသင်းများနှင့် ခြေစမ်းပွဲများ ကစားခဲ့ရသည်။ ယင်းအနက် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကြီးနှင့် ကစားခဲ့ရသော ခြေစမ်းပွဲကို အမှတ်တရ ဖြစ်နေသည်ဟု သူကဆိုသည်။ “အဲဒီတုန်းက မိနစ် ၉၀ ပြည့်ခါနီးအထိ တစ်ဂိုးစီ သရေကျနေတုန်း ပွဲပြီးခါနီးလေးမှာ လှမ်းကန်လိုက်တဲ့ ဘောလုံးကို လှမ်းပုတ်လိုက်တာ ဘောလုံးက လူနဲ့ ညပ်ပြီး ဂိုးဝင်သွားတာတော့ အမှတ်တရပါပဲ” ဟု ပြောပြသည်။

အား/ကာ သိပ္ပံတွင် အခြေခံ ဘောလုံးပညာများအပြင် ကျောင်းစာပါ သင်ကြားခဲ့ရပြီး ဆယ်တန်းအထိ သူတက်ရောက်ခဲ့သည်။

သက်တမ်းအလိုက် လက်ရွေးစင်

အား/ကာ သိပ္ပံ သင်တန်းသား ဘဝတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းအတွက် လူရွေးပွဲများ ပြုလုပ်သောအခါ သူဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၄ နှစ်အောက် လူငယ်အသင်း လက်ရွေးစင်အဖြစ် ပထမဆုံး အရွေးခံခဲ့ရသည်။ ထိုအသင်းနှင့်အတူ မလေးရှားနိုင်ငံတွင် ကျင်းပသော ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာတွင် အောင်မြင်မှု မရခဲ့ပေ။

ထို့နောက် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်အောက် လူငယ်လက်ရွေးစင် အသင်းများတွင် သူဆက်တိုက် အရွေးချယ်ခံခဲ့ရသည်။ ၁၅ နှစ်အောက် လက်ရွေးစင်အသင်းနှင့်အတူ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဂျပန်စသည့် နိုင်ငံများ ပါဝင်သည့် မဲခေါင်ဒေသ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆု ရရှိခဲ့သည်။

၁၆ နှစ်အောက် လက်ရွေးစင် အသင်းနှင့်အတူ ထိုင်းနိုင်ငံတွင် ကျင်းပသော အာရှအဆင့် ခြေစစ်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည်။ ထိုပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ကစားသမား ကိုးဦးမှာ ID မရသည့်အတွက် ၁၄ ဦးတည်းနှင့်သာ သွားရောက်ခဲ့ရပြီး စတုတ္ထနေရာသာ ရရှိခဲ့သည်ဟု သူကဆိုသည်။

ပရိုကစားသမားဘဝ

အား/ကာ သိပ္ပံ နောက်ဆုံးနှစ်တွင် ၁၉ နှစ်အောက် လက်ရွေးစင် အသင်းအတွက် သူအရွေး ချယ်ခံခဲ့ရသလို အား/ကာ သိပ္ပံမှ လူလျှော့သည့် အထဲတွင် သူပါဝင်ခဲ့သည်။ ထိုမှနေ၍ ၁၉ နှစ်အောက် လက်ရွေးစင် အသင်းအတွက် စခန်းသွင်း လေ့ကျင့်နေသည့် သုဝဏ္ဏကွင်းသို့ သူပြောင်းရွှေ့ခဲ့ရပြီး တစ်နှစ်ခွဲကျော်ကြာ Camp ဝင်ခဲ့ရသည်။ ယင်းကာလအတွင်း ၁၉ နှစ်အောက် လက်ရွေးစင် အသင်း၏ အုပ်ချုပ်သူ တစ်ဦးဖြစ်သူလည်း ဖြစ်၊ မကွေးအသင်း၏ နည်းပြအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ ဆရာကျော်ကျော်၏ ဆက်သွယ်ပေးမှုကြောင့် ထိုအသင်းသို့ သူရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အသက် ၁၉ နှစ်အောက် အာဆီယံနိုင်ငံများ ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်များတွင် သူဂိုးသမားတစ်ဦး အဖြစ် ပါဝင်ခဲ့ရပြီး သူ၏လက်စွမ်းကို ပရိသတ်များရော သူ၏ကလပ်အသင်း ဖြစ်သည့် မကွေးအသင်းမှ နည်းပြများကပါ သတိပြုမိသွားသည်။

ယင်းပြိုင်ပွဲတွင် မြန်မာအသင်းမှာ စတုတ္ထဆုသာ ရခဲ့သည်။ ထိုပြိုင်ပွဲနှင့် ပတ်သက်သော ခံစားမှုကို သူက အောက်ပါအတိုင်း ဖွင့်ဟသည်။

“ပြိုင်ပွဲ မတိုင်ခင်တုန်းက ဒီပွဲမှာ ဒိုင်းရရမယ်လို့ ကျွန်တော်တို့ အားလုံးက မျှော်လင့်ထားတာ။ ဒါပေမဲ့ ဆီမီးဖိုင်နယ်မှာ ထိုင်းကို ရှုံးသလို တတိယနေရာ လုပွဲမှာလည်း ကပ်ရှုံးတဲ့ အတွက် စတုတ္ထပဲ ရခဲ့တယ်။ ဘောလုံးမှာ သရေ၊ အနိုင်၊ အရှုံး ဒီသုံးခုပဲ ရှိတာဆိုတော့ ရလာတဲ့ ရလဒ်ကို လက်ခံပေမယ့် တော်တော်လေးတော့ ဝမ်းနည်းခဲ့တယ်”

မကွေး FC

အာဆီယံ U -19 ဘောလုံးပြိုင်ပွဲ အပြီးတွင် သူ၏ကလပ်အသင်း ဖြစ်သည့် မကွေး FC သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုစဉ်က မကွေး FC ၏ အကြီးအသင်းတွင် ရောက်စကာလများ၌ မကွေး FC လူငယ်အသင်းနှင့်သာ Training ဆင်းနေရသည်။ တစ်နှစ်ခန့် အကြာမှ မကွေး FC လူငယ်အသင်းတွင် သူစတင် ဂိုးဖမ်းခဲ့ရသည်။ ထိုနှစ်တွင် မကွေး FC လူငယ်အသင်းမှာ MNL လူငယ် အသင်းပြိုင်ပွဲတွင် အဆင့် (၅) ရရှိခဲ့သလို သူ၏လက်စွမ်းကိုလည်း နည်းပြများက ချီးကျူးခဲ့ကြသည်။

မကွေး FC လူငယ်အသင်းမှ သူ၏ စွမ်းဆောင်ရည်များကို ကြိုက်နှစ်သက်သော နည်းပြများက လက်ရည်ကျလာသော မကွေး FC လူကြီးအသင်း ဂိုးသမား၏ နေရာတွင် သူ့ကိုစတင် အသုံးပြုခဲ့သည်။ သူ၏ ကြိုးစားအားထုတ်မှုနှင့် လက်စွမ်း ပြမှုတို့ကြောင့် ပွဲစဉ်ဆက်တိုက် သူဂိုးဖမ်းခဲ့ရသည်။ ယခုအခါ မကွေးအသင်း၏ အားထားရသော ပထမဦးစားပေး ဂိုးသမားနေရာကို သူရရှိနေပြီ ဖြစ်သည်။

နောက်တန်းနဲ့ ဂိုးသမား အရေးကြီးတယ်

ဘောလုံးပွဲတစ်ပွဲတွင် ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုး မပေးရရေးအတွက် ဂိုးသမားနှင့် နောက်တန်း ကစားသမားများကြား နားလည်မှုရှိဖို့ အရေးကြီးသည့် အတွက် ပွဲမတိုင်ခင် နောက်တန်းကစား သမားများနှင့် ကြိုတင်တိုင်ပင် ပြင်ဆင်လေ့ ရှိကြောင်း သူကဆိုသည်။

ပြိုင်ဘက်အသင်းမှ မိမိအသင်းကို ဦးဆောင်ဂိုး သွင်းထားသောအချိန်နှင့် ကိုယ့်အမှား တစ်ခုကြောင့် ဂိုးပေးလိုက်ရသော အချိန်များတွင် သူ၏ စိတ်ခံစားမှု မြင့်တက်လာလေ့ ရှိကြောင်း သူကပြောပြသည်။ “ကိုယ့် အမှားကြောင့် ဂိုးပေးလိုက်ရပြီဆို လူက စိတ်ဓာတ် ကျသွားသလို ဂိုးပြန်ရချင်စိတ် များလာတယ်။ ရှေ့မှာကန်တဲ့ သူတွေကိုတောင် အားမရတော့ဘူး။ ကိုယ်ကိုယ်တိုင် ရှေ့တန်းတက်ပြီး ကန်ချင်စိတ် ဖြစ်လာတယ်” ဟု ပြောပြသည်။

ဂိုးသမား တစ်ယောက်အနေနှင့် မိမိအသင်းက ဦးဆောင်ဂိုး သွင်းထားသည့်အခါ အချိန်ဆွဲပြီး ကစား သည့်အတွက် တစ်ဖက်အသင်းမှ ပရိသတ်များ၏ ဝေဖန်ဆဲဆိုမှုနှင့် ကြုံတွေ့ရသလို မိမိကြောင့် ဂိုးပေးလိုက်ရသော အခါတွင်လည်း မိမိအသင်း ပရိသတ်များ၏ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု သူကပြောပြသည်။

“တစ်ဖက်အသင်း ပရိသတ်တွေကတော့ သူတို့အသင်းကို နိုင်စေချင်တဲ့အတွက် ကိုယ်ကအချိန် ဆွဲပြီး ကစားတော့ ဆဲတာပေါ့လေ။ ဒါပေမဲ့ ကိုယ်ကလည်း အသင်းနိုင်ဖို့ လုပ်ရတာဆိုတော့ ဂရုမစိုက်နိုင် ပါဘူး။

ကိုယ့်အသင်း ပရိသတ်တွေကတော့ ကိုယ့်အမှား တစ်ခုကြောင့် ဂိုးပေးလိုက်ရပြီဆိုရင် ဆဲကြ၊ ဝေဖန် ကြတာပေါ့။ ဒီလိုဝေဖန်တာကို ဘာမှမဖြစ်ခဲ့ပါဘူး။ ဒါမှလည်း ကိုယ့်အမှားကို ကိုယ်သိခွင့်ရမှာ ဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟုဆိုသည်။

အားကျတယ်

သူ၏ လက်စွမ်း တိုးတက်ရန်အတွက် နည်းပြ ဆရာများ၊ ပရိသတ်များ၏ ဝေဖန် အကြံပြုမှုအပြင် ပြည်တွင်းနှင့် ပြည်ပရှိ သူလေးစား အားကျသော ဂိုးသမားများထံမှလည်း သင်ယူလေ့လာလေ့ ရှိကြောင်း သူကပြောပြသည်။

“ကျွန်တော်က ပြည်တွင်းမှာဆို ရတနာပုံအသင်းက ကိုသီဟစည်သူကို ကြိုက်တယ်။ သူက ဂိုးဖမ်းတဲ့အခါ စိတ်အရမ်း တည်ငြိမ်တယ်။ အသင်းကိုလည်း ဦးဆောင်မှု ပေးနိုင်တယ်။

ပြည်ပမှာတော့ ချယ်ဆီးအသင်းက ပီတာချက်ကို ကြိုက်တယ်။ သူကအမြင့်ဘော ဖမ်းတာ၊ ပုတ်တာတွေ အရမ်းကောင်းတယ်”

SEA Games မျှော်လင့်ချက်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် သူပါဝင် ခွင့်ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ မြန်မာအသင်းကို အောင်မြင်မှု ရစေချင်ကြောင်း သူကဆိုသည်။ လက်ရှိ ကာလတွင် SEA Games ပြိုင်ပွဲဝင်မည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်း၏ လူစာရင်းတွင် သူ ပါဝင်နေသည်။

မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် Pro စနစ်သို့ ပြောင်းလဲပြီးနောက် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများရှိ ကစားသမားများ၏ လစာငွေများ မြင့်မား လာသည်နှင့်အမျှ ကစားသမားများ၏ စာရိတ္တပိုင်းယိုယွင်းမှုများ ရှိလာခဲ့သည့်အပေါ်

“မြန်မာနေရှင်နယ်လိဂ် လုပ်လိုက်တာက ဘောလုံးသမားတွေအတွက် ကောင်းလည်း ကောင်းတယ်။ မကောင်းဘူးလို့ ပြောရင်လည်း ရတယ်။ ကောင်းတာက ပွဲတွေဆက်တိုက် ကန်နေရတဲ့အတွက် ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း တိုးတက်လာတယ်။ မကောင်းတာက လစာငွေတွေ များလာတဲ့အခါ ကစားသမားတွေက ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ကြဘူး။ ပျက်စီးလာကြတာပေါ့” ဟု သူကဆိုသည်။

မြန်မာ့လက်ရွေးစင် အသင်းအတွက် အားထားရသော မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာ ရေးကို ရှေးရှု၍ တည်ထောင်ခဲ့သော မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှ လက်ရွေးစင် ကစားသမားများ၏ အပျော်အပါး မက်မှုများကြောင့် နိုင်ငံအသင်း၏ ခြေစွမ်းပိုင်းမှာ ထိခိုက်မှု ရှိနေသည်ဟူသော ဝေဖန်များအပေါ် “သူတို့ ကိုတော့ ဘာမှမပြောချင်ပါဘူး။ လူဆိုတာ ကိုယ့်ရပ်တည်မှုနဲ့ကိုယ်၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပါပဲ။ ကျွန်တော် ညံ့ရင် ကျွန်တော်လက်ရွေးစင် မဖြစ်ဘူး။ သူတို့ညံ့ရင် သူတို့ လက်ရွေးစင် မဖြစ်ဘူးပေါ့။ ပရိသတ်တွေ ဝေဖန်တာကို မခံချင်ရင် ကျွန်တော်တို့ဘက်က ကြိုးစားမှု နဲ့ပြန်ပြီး သက်သေပြရမှာပေါ” ဟု မှတ်ချက်ပြုသည်။
သန့်ဇင်ဦး
The Voice Weekly

Time မဂ္ဂဇင်း ဖော်ပြချက်အပေါ် မြန်မာလူထုအမြင်

မှော်ဘီမြို့နယ်မှာ ပြုလုပ်ကျင်းပတဲ့ သံဃာ့ညီလာခံတွင် အရှင်ဝီရသူ လျှောက်ထားနေစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
22.06.2013
ဒီသီတင်းပတ်ထုတ် Time မဂ္ဂဇင်း မျက်နှာဖုံးမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးရဲ့မျက်နှာကို ဘာသာရေး အကြမ်းဖက်သူတစ်ဦး အဖြစ် ဖော်ပြလိုက်တာဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို သွေးထိုးလှုံ့ဆော်ပေး သလိုဖြစ်စေမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလို နိုင်ငံတကာ သတင်းမီဒီယာမှာ မြန်မာနိုင်ငံတွင်းက မတူကွဲပြားတဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး သတင်းဆောင်း ပါးရေးသား ဖော်ပြမှုတွေကြောင့် အုပ်စုမတူသူတွေ ကြား အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။ မြန်မာပြည်သူအချို့ရဲ့ သဘောထားတုံ့ပြန်ချက်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ကမ္ဘာမှာ သြဇာကြီးမားတဲ့ Time မဂ္ဂဇင်းကြီးမှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေက ရန်လိုအကြမ်းဖက်တယ်လို့ ရေးသားဖော်ပြချက်ဟာ ကမ္ဘာ့ဘာသာကြီး တခုဖြစ်တဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ထိပါးစော်ကား သလိုဖြစ်စေတဲ့အတွက် သူ့အနေနဲ့ ဝမ်းနည်းမိပြီးတော့ နိုင်ငံမှာလည်း ဒီလိုလူမျိုးရေး မုန်းတီးမှုတွေ မဖြစ်ပေါ်အောင် အုပ်ချုပ်သူကနေ စလို့ ပြည်သူတွေအထိ အခြေခံဥပဒေနဲ့အညီ နေထိုင် ကျင့်ကြံ ပြောဆိုသင့်တယ်လို့ အစ္စလာမ် ဘာသာဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်းက သုံးသပ်ပါတယ်။

“ဒီလိုဖော်ပြခံရတဲ့အတွက် ကျနော်အနေနဲ့ စိတ်မကောင်းပါဘူး။ သတင်းမှာ ဖော်ပြချက်အရကတော့ ဗုဒ္ဓဘာသာ တခုလုံးကို စော်ကား လိုက်သလိုပဲ ကျနော် အဲ့သလို ခံစားရတယ်။ ဆိုတော့ လူပုဂ္ဂိုလ်တစ်ဦးကြောင့်၊ အဖွဲ့အစည်း တစ်ခုကြောင့် ကမ္ဘာ့ဘာသာကြီးတခုက နစ်နာရတယ်။ ကမ္ဘာ့ဘာသာကြီးတစ်ခုက အဝေဖန်ခံရတယ် ဆိုတဲ့ဟာက တော်တော် စိတ်မချမ်းသာစရာပါ။

"ဒါမျိုးတွေ လုပ်လို့မရအောင် ဒါမျိုးတွေမဖြစ်အောင် ကျနော်တို့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို သွားတဲ့အခါမှာ နိုင်ငံထဲမှာရှိတဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကျောင်းသားများ၊ နိုင်ငံရေးသမားများ အကုန်လုံးပေါ့နော်။ အကုန်လုံး လွှတ်တော် ကိုယ်စားလှယ်က အစ နိုင်ငံတော်အစိုးရအဖွဲ့ လူကြီးတွေကအစ အကုန်လုံးက လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်စေတဲ့ စကားတွေကို မပြောပဲနဲ့၊ ဖြစ်ရပ်မှန်ကိုပဲ တင်ပြပြောဆိုဆွေးနွေးလို့ရှိရင်၊ ကျနော်တို့ မလိုလားအပ်တဲ့ပြဿနာတွေ နည်း သွားနိုင်ပါတယ်။ အခုလို ကမ္ဘာ့နံမည်ကြီး ဘာသာတခုဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ ဒါမျိုးရေးထားသည် Time မဂ္ဂဇင်းတခုပေါ်မှာ ဖော်ပြခံရတာ ဟာ ကျနော် ထင်ပါတယ်။ ကျနော်တို့နိုင်ငံတော်အတွက် နစ်နာမှု၊ ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာလည်း ထိခိုက်တယ်လို့ ကျနော်ယုံကြည်ပါတယ်။”

Time မဂ္ဂဇင်းမျက်နှာဖုံးပါ ပုံစာရေးသားချက် နောက် သတင်းခေါင်းစဉ်ဖော်ပြချက်ဟာ ပြင်းထန်လွန်းပြီးတော့ လတ်တလော ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအတွက် အခြေအနေတွေဟာ ပိုပြီးတော့ ဆိုးဝါးသွားစေနိုင်တယ်လို့ ဘလော့ဂါ နေဘုန်းလတ်က သုံးသပ်ပါတယ်။

“ဆောင်းပါးမှာ ခေါင်းစဉ်ကလည်း နည်းနည်းပြင်းထန်တယ်။ ဖတ်တဲ့သူတွေ ဖတ်ပြီးတဲ့အခါမှာ ဦးတည်ချက် လွဲသွားနိုင်တယ်။ ဦးဝီရသူပုံကို သုံးထားတယ်။ ခေါင်းစဉ်ကလည်း The  Face of Buddhist Terror ဆိုပြီး တပ်ထားတယ်။ အဲ့ဒီ့အနေအထားတခုက အခုလက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေအပေါ်မှာ ပိုပြီးတော့ ဆိုးလာအောင်၊ အရှိန်အဟုန် ပိုပြီးတော့ ကောင်းလာအောင်  သူက သွေးထိုးတဲ့ပုံစံမျိုး အဲ့လိုမျိုးဖြစ်နေတယ်။ ဒီအချိန်မှာ ဖြန်ဖြေတဲ့ သဘောတရားတွေပဲ ရေးသင့်တဲ့အချိန်မှာ အဲ့လိုမျိုး တဘက်သတ် ရေးတဲ့အခါကျတော့ ရေးထားတဲ့ အကြောင်းအရာတွေက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ အပေါ်မှာ သေးငယ်သွားအောင်၊ ငြိမ်သွားအောင် လုပ်တဲ့ဟာမျိုး မဟုတ်ဘဲနဲ့၊ ပိုပြီးတော့ ဒီအဖြစ်အပျက်ကြီးက ပိုပြီးတော့ ကြီးထွားလာနိုင်တယ်။ ဒီဆောင်းပါးကြောင့်လေ။ Time အနေနဲ့ကလည်း ဒီကိစ္စကို ဖွတဲ့ သဘောပေါ့လေ။ အဲ့လိုမျိုးဖြစ်တယ်လို့ ထင်တယ်။ ခက်တာက Buddhist ဆိုတဲ့စကားလုံးကို သုံးထားတဲ့အခါကျတော့ ဦးဝီရသူကို တိုက်ခိုက်တယ် ဆိုပေမဲ့ အားလုံးက ဗုဒ္ဓဘာသာကို တိုက်ခိုက်တဲ့သဘောမျိုးတွေ မြင်လာ ပြီးတော့ တုန့်ပြန်မှုတွေကလည်း ရှိလာတဲ့အခါကျတော့ မကောင်းဘူးပေါ့။ လက်ရှိဖြစ်လာတဲ့ အဖြစ်အပျက်က ပိုပြီးတော့ ဆိုးလာနိုင်တာပေါ့။”

ဒီသတင်းဆောင်းပါးကို ရေးသားသူအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့ သတင်းဆောင်းပါးကြောင့် ဘယ်လိုမျိုး အကျိုး သက်ရောက်မှုတွေဖြစ် သွားနိုင်မလဲ ဆိုတဲ့ စဉ်းစားချက်နဲ့ သတင်းသမား ကျင့်ဝတ်နဲ့ အညီ ရေးသားသင့်တယ်လို့လည်း ကိုနေဘုန်းလတ်က ထောက်ပြပြောဆို ပါတယ်။

တဆက်တည်းပါပဲ မန္တလေးတိုင်း မုံရွာမြို့က ဒေသခံသတင်းသမားတစ်ဦးဖြစ်တဲ့ ကိုတိုးကြီးကလည်း မြန်မာနိုင်ငံ အလယ်ပိုင်းက ဒေသတချို့ မှာ မတည်ငြိမ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး နိုင်ငံတကာ သတင်း စာနယ်ဇင်းတွေရဲ့ သတင်းဖော်ပြချက်ဟာ မီးလောင်ရာ လေပင့်သလိုမျိုး ပဋိပက္ခတွေ ကို ပိုတွန်းအားပေးသလို ဖြစ်သွားနိုင်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။

“မြန်မာပြည်တွင်းထဲမှာ Crusade တွေနဲ့ ပတ်သက်ပြီးတော့ မတည်မငြိမ်ဖြစ်နေတဲ့ကာလမှာ Time မဂ္ဂဇင်းက ဒါကို အောက်ဆီဂျင် လုပ်ပေးလိုက်တယ်လို့ပဲမြင်တယ်။ မီးလောင်ရာ လေပင့်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့ ။ အဲ့တော့ ဒါတွေဟာ မလိုလားအပ်ပါဘူး။ တကယ်ပဲ မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ်နဲ့ ဝိုင်းဝန်းပြီး စိတ်ရင်းစေတနာအမှန်နဲ့ ကူညီစောင့်ရှောက်ချင်တယ်ဆိုရင်၊ ဒီလိုပုံစံတွေ မလုပ်သင့်ပါဘူးလို့ ကျနော်ရဲ့ကိုယ်ပိုင်အမြင် ဖြစ်ပါတယ်။”

ဘယ်လူမျိုး၊ ဘယ် ဘာသာမဆို အစွန်းရောက်သွားရင် အကျိုးရလာဒ် မကောင်းနိုင်သလို မိမိလုပ်ဆောင်ချက် ကောင်းအောင် စွမ်းဆောင်နိုင်ဖို့ကလည်း အဓိကကျတယ်လို့လည်း နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ ဥက္ကဌ ဦးကျော်သူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ဒါကတော့ ကိုယ်ကောင်းကောင်းနေတယ်ဆိုရင် ဘယ်သူတွေ၊ ဘယ်လို ဘာရေးရေးပေါ့၊ ဘယ်သူတွေ ဘာပြောပြော ကိုယ်ကောင်းနေဖို့ပဲ အရေးကြီးပါတယ်။ ကိုယ်တွေ၊ ကိုယ်နိုင်ငံက ဗုဒ္ဓဘာသာတွေ ကောင်းနေဖို့ပဲ အရေးကြီးတယ်။ ကောင်းကောင်းမနေပဲ အစွန်းရောက် လုပ်တယ်ဆိုရင်တော့ နံမည်ကတော့ ပျက်သထက် ပျက်မှာပဲ။ ဒါဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့လေ။ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ အစ္စလာမ်ပဲဖြစ်ဖြစ် ဖြစ်တာက အစွန်းရောက်တယ်ဆိုရင် မကောင်းဘူး။”

ဒီသတင်းဆောင်းပါးပါ အချက်အလက်တွေကြောင့် နိုင်ငံတွင်း နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာကြတဲ့ ဘာသာမတူသူတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆက်မဖြစ်စေချင်တော့ဘူးလို့လည်း မန္တလေးဒေသခံ တစ်ဦးဖြစ်တဲ့ ကိုလှိုင်ဘွားက ဆိုပါတယ်။ ဒါကြောင့်  ဒီအကြမ်းဖက်မှုတွေကို ဖန်တီးပေးနေသူတွေကိုလည်း လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်လို့သူက ပြောပါတယ်။

“ဒီမှာမိထ္ထီလာမှာဖြစ်တယ်။ လားရှိုးမှာဖြစ်တယ်။ ဥက္ကံမှာဖြစ်တယ်ဆိုတာက မပြေးသော်ကန်ရာရှိပေါ့ဗျာ။ နောက်သူတို့ပြောခဲ့တဲ့စကားလေးတွေလည်း ရှိတာပါပဲ။ အဓိကကတော့ ရောင်တော်ပြန်လွှတ်ပြီး အစိုးရက ဖန်တီးပေးနေတယ်လို့လည်း ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေက အကြမ်းဖက်အဖွဲ့အစည်းတွေလို့ ကျနော်ကတော့ မယုံကြည်ပါဘူး။ ဒါပေမဲ့ သူပြောတာလေးတွေနဲ့ တိုက်ဆိုင်ပြီးတော့ နောက်မှာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးတွေရှိတာပေါ့လေ။ အဲ့တာမျိုးလေးတွေဖြစ်လာတော့ အသုံးချခံနေရတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ မဖြစ်စေချင်ဘူးပေါ့ဗျာ။ ပြည်တွင်းမှာနေတာ မူဆလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် အကုန်လုံးက ဒီနိုင်ငံသားတွေချည်းပါပဲ ဟုတ်တယ်မဟုတ်လား။ အစိုးရအနေနဲ့ ဒီဟာကို စီမံကိန်းချပြီး လုပ်နေတယ်ဆိုလို့ရှိရင်လည်း ဆက်ပြီးတော့ မလုပ်သင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက အတူမွေး၊ အတူကြီးပြင်းပြီးတော့ အတူလက်တွဲပြီးတော့ လုပ်ခဲ့ကြတဲ့သူတွေချည်းပါပဲ။”

ဘာသာမတူ၊ လူမျိုးမတူသူတွေ အတူယှဉ်တွဲနေထိုင် လာခဲ့တဲ့ မြန်မာနိုင်ငံတွင်းမှာ ပဋိပက္ခတွေမဖြစ်ပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးနဲ့ မတူညီမှုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို လက်မခံနိုင်ဘူးလို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုကပြောပါတယ်။

“ကျနော်တို့သမဂ္ဂရဲ့ မူက ငြိမ်းချမ်းရေးကို သွားတာဗျ။ ဘာသာမတူ၊ လူမျိုးမတူတွေ ကျနော်တို့နိုင်ငံမှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ အခြေအနေမှာ တဘက်နဲ့တဘက် ပဋိပက္ခဖြစ်မှာကို ကျနော်တို့ မလိုလားဘူး။ တဘက်နဲ့တဘက်ကို အုပ်စုဖွဲ့ပြီး အကြမ်းဖက်တိုက်ခိုက်တာကို ကျနော်တို့ လုံးဝမလိုလားဘူး။ အဲ့သလို အုပ်စုဖွဲ့အကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိနေရှိနေ ဒီဟာကို ကျနော်တို့ လုံးဝဆန့်ကျင်ရမယ်။ ဒါကိုလုံးဝ ကန့်ကွက်ရမယ်၊ ရှုံ့ချရမယ်။ ကျနော်တို့က ပြဿနာဖန်တီးမှုတွေကို လုံးဝ လက်မခံဘဲနဲ့၊ ကျောင်းသားထု အချင်းချင်း ပြည်သူလူထုအချင်းချင်းရော၊ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထရတဲ့အထိကို ကျနော်တို့က ကြိုးစားပြီးတော့ လိုက်ပြီးတော့ စည်းရုံးရမှာပဲ။"

Time မဂ္ဂဇင်းမျက်နှာဖုံးမှာပါတဲ့ မြန်မာသံဃာတော်တပါးဖြစ်တဲ့ အရှင်ဝီရသူရဲ့ ဓာတ်ပုံကိုဖော်ပြပြီး အကြမ်းဖက်မှုကို လိုလားသူအဖြစ်  မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အပေါ် အစွန်းရောက် ရန်လို တိုက်ခိုက်လိုသူတွေ အနေနဲ့ သတင်းခေါင်းစီးပေး ရေးသားဖော်ပြချက် အပေါ် နိုင်ငံရေးသမား ကျောင်းသား လူငယ်တွေနဲ့ လူမှုရေးလှုပ်ရှားသူတွေရဲ့ အမြင်တချို့ကို စုစည်းတင်ပြခဲ့ တာဖြစ်ပါတယ်။
မဆုမွန်
ဗွီအိုအေ (မြန်မာပိုင်း)

Snowden အီကွေဒေါမှာ ခိုလှုံခွင့်လျှောက်

ဟောင်ကောင် မြို့လယ်နေရာတခုမှာ Snowden အကြောင်း တီဗွီဖန်သားပြင်ပေါ်မှာပြသနေစဉ်။ (ဇွန်လ ၂၃ ရက်၊ ၂၀၁၃)။
24.06.2013
အမေရိကန်အစိုးရရဲ့ ပြည်တွင်းတယ်လီဖုန်း ဆက်သွယ်မှုနဲ့ အင်တာနက် သုံးစွဲမှုတွေအပေါ် စောင့်ကြည့်နားထောင်တဲ့ အစီအစဉ်ကို ပေါက်ကြားအောင် ဖော်ထုတ်ခဲ့သူ အရင်ထောက်လှန်းရေး ဝန်ထမ်းဟောင်းဟာ ဟောင်ကောင်မှာ ခိုလှုံနေရာကနေ လေယာဉ်နဲ့  ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး အခု အီကွေဒေါနိုင်ငံ မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး NSA ရဲ့ ဝန်ထမ်းဟောင်းတဦးဖြစ်သူ Edward Snowden ရဲ့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားလွှာကို အီကွေဒေါအစိုးရက လက်ခံရရှိခဲ့တယ်လို့ အီကွေဒေါနိုင်ငံခြားရေး ဝန်ကြီး Ricardo Patino က သူ့ရဲ့ Twitter စာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

ထောက်လှန်းရေးလျို့ဝှက် သတင်းတွေကို ဖော်ထုတ်တဲ့ Wikileaks အဖွဲ့ကတော့ Snowden ဟာ သူတို့ အဖွဲ့ရဲ့ တရားရေး အကြံပေးတွေနဲ့ အမည်မဖော်လိုတဲ့ သံတမန်တွေလိုက်ပါပြီး ဟောင်ကောင်ကနေ မော်စကိုကို တနင်္ဂနွေနေ့မှာ လေယာဉ်ပျံနဲ့ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဟာ Snowden ကို အမေရိကန်အစိုးရ ရဲ့ နိုင်ငံခြားရေး မူဝါဒကို ပြင်းပြင်း ထန်ထန်ဝေဖန်နေတဲ့ လက်တင်အမေရိက နိုင်ငံတနိုင်ငံ ဖြစ်တဲ့ အီကွေဒေါ (Ecuador) နိုင်ငံရောက်တဲ့အထိ စောင့်ကြပ် ခေါ်ဆောင်သွားမယ်လို့ လည်း ပြောပါတယ်။

အမေရိကန်အစိုးရကတော့ Snowden ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲလိုက်ပြီး သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံကို ပြန်အပို့မခံရအောင် ဟောင်ကောင်ကနေ မော်စကို ကိုသွားရောက်ခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်သစ္စာဖောက်တဲ့ သူလျိုမှုနဲ့ တရားစွဲဆိုခံနေရတဲ့ Snowden ကို ဘယ်နိုင်ငံကမှ ခရီးသွားခွင့် မပေးသင့်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jan Psaki ကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ပါကစ္စတန်မှာ နိုင်ငံခြားခရီးသည်တွေ ပစ်သတ်ခံရ

တောင်ခြေ ဟော်တယ် တခုမှာ တည်းခိုနေချိန် စစ် ဝတ်စုံနဲ့ ၂၀ လောက်က ဟော်တယ် ကို ဝင်စီးပြီး ပစ်သတ် သွားခဲ့
23 ဇွန်လ 2013
ပါကစ္စတန် နိုင်ငံ မြောက်ဘက် ပိုင်းက ဝေးလံ ခေါင်သီတဲ့ နေရာ တခုမှာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၁၀ ဦး အပါအဝင် အနည်းဆုံး လူ ၁၁ ဦး၊ ပစ်သတ် ခံလိုက်ရ ပါတယ်။

နိုင်ငံခြားသား တွေဟာ ယူကရိန်း၊ တရုတ်နဲ့ ရုရှား နိုင်ငံတို့က ဖြစ်ကြပြီး၊ သူတို့ တတွေဟာ အဲဒီ ဒေသက အမြင့်ဆုံး တောင်တန်း တခုရဲ့ တောင်ခြေ ဟော်တယ် တခုမှာ တည်းခို နေကြတာ ဖြစ်ပါတယ်။

အဲဒီ အချိန်မှာ စစ်ယူနီဖေါင်း ဝတ်ထားတဲ့ လူ ၂၀ လောက် ကနေ ဟော်တယ်ကို ဝင်စီးပြီး ပစ်သတ် သွားခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန် ဧည့်လမ်းညွှန် တဦးပါ သေဆုံး သွားခဲ့ပါတယ်။

အခု အချိန်မှာတော့ အဲဒီ ဒေသကို ရဲနဲ့ စစ်တပ်က ပိတ်ထား လိုက်ပြီလို့ ဂီဂစ် ဘောလ်တီစတန် ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဆူနီ စစ်သွေးကြွ အဖွဲ့တခုနဲ့ ပါကစ္စတန် တာလီဘန် တွေက ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လက တာလီဘန် ထိပ်တန်း တပ်မှူး တဦး အမေရိကန် ဒရုန်း လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့ ရတာကို ပြန် လက်စားချေတဲ့ အနေနဲ့ အခုလို လုပ်တာလို့ တာလီဘန် ပြောခွင့် ရသူက ပြောပါတယ်။

ပြည်ထဲရေး ဝန်ကြီး ကတော့ တိုင်းပြည်ရဲ့ လုံခြုံရေး အေဂျင်စီတွေဟာ အလုပ်ကို ပုံမှန် မဆောင်ရွက် နိုင်ခဲ့ဘူး ဆိုပြီး ဝေဖန်လိုက်ပါ၊
ဘီဘီစီ (မြန်မာပိုင်း)

နယ်လ်ဆင် မန်ဒဲလား အသည်းအသန် ဖြစ်

မန်ဒဲလား အတွက် ဆုတောင်း ပေးတဲ့ တောင်အာဖရိက နိုင်ငံသားတွေ
23 ဇွန်လ 2013
တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ ကျန်းမာရေး အခြေအနေ ဒီတရက် အတွင်း ဆုတ်ယုတ် လာပြီး အရေးကြီးတဲ့ အဆင့် ရောက်နေတယ်လို့ ကုသ ပေးနေတဲ့ ဆရာဝန်တွေက ပြောကြား လိုက်ပါတယ်။
ဆရာဝန်တွေ ကတော့ မစ္စတာ မန်ဒဲလား ရဲ့ အခြေ အနေ ပြန်ကောင်းလာ ဖို့ တတ်နိုင် သမျှ အစွမ်းကုန် ဆောင်ရွက် နေတယ်လို့ သမ္မတ ဂျက်ကော့ ဇူးမားက ကြေညာချက် ထဲမှာ ဖေါ်ပြထား ပါတယ်။

အသက် ၉၄ နှစ် အရွယ် သမ္မတ ဟောင်း အဆုတ်ရောဂါ ပြန်ဖောက် လာတဲ့ အတွက် ပရီတိုးရီးယား မြို့တော်မှာ ဆေးရုံ တက်နေရတာ ၁၆ ရက် ရှိနေပြီ ဖြစ်ပါတယ်။

ဒီညနေခင်းက တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမားက မစ္စတာ မန်ဒဲလားကို ဆေးရုံမှာ သွားကြည့် ခဲ့ပြီး သူ့ကို ကုသတဲ့ ဆရာဝန် အဖွဲ့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

မစ္စတာ မန်ဒဲလား အတွက် ကမ္ဘာ ကရော နိုင်ငံသားတွေကပါ ဆုတောင်း ပေးကြ ဖို့လည်း သမ္မတ ဇူးမားက ထပ်မံ တောင်းဆို ခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

အမေရိကန် အကြောင်းဖွင့်ချ ဖော်ထုတ်သူ

အမေရိကန်အကြောင်း ဖွင့်ချဖော်ထုတ်သူ
24 ဇွန်လ 2013
အမေရိကန် ထောက်လှမ်းရေး ဝန်ထမ်းဟောင်း အက်ဒွပ် စနိုဒင် ဟာ အီကွေဒေါ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားလိုက် ပါတယ်။

ခိုလှုံခွင့် လျှောက်ထားတဲ့ သတင်း မှန်ကန်ကြောင်း အီကွေဒေါ နိုင်ငံခြားရေး ဌာနက တွစ်တာ ကနေ အတည်ပြု ပြောကြား ခဲ့ပါတယ်။ သောကြာနေ့ က အမေရိကန် အစိုးရက အက်ဒွပ် စနိုဒင်ကို အမှု ၃ မှုနဲ့ တရားစွဲ ကြောင်း ကြေညာ ခဲ့ပါတယ်။

နိုင်ငံတော်ပိုင် ပစ္စည်း ခိုးယူမှု ၊ ကာကွယ်ရေး အချက်အလက် ပေါက်ကြားမှု ၊ နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို ရည်ရွယ်ချက် ရှိရှိ ပြောဆို ဖော်ထုတ် မှု ဆိုတဲ့ အမှု သုံးမှု နဲ့ စွဲဆို ခဲ့ပါတယ်။

အက်ဒွပ် စနိုဒင်ဟာ သတင်း လောက နိုင်ငံရေး လောကရဲ့ အသုံးအနှုန်း အရ ဝစ်ဇယ်ဘလောဝါး လို့ခေါ်တဲ့ အစိုးရရဲ့ ဆောင်ရွက်ချက် တွေကို ထောက်ပြ ဖွင့်ချသူ တယောက် ဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးက အများ ပြည်သူ တယ်လီဖုန်း ဆက်သွယ်မှု တွေ ဖြတ်ယူ နားထောင်ခဲ့တယ်၊ တရုတ် ကွန်ပျူတာ တွေကို အမေရိကန် က ဖောက်ထွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ အချက် တွေကို ထုတ်ဖော် ခဲ့လို့ ခုလို တရားစွဲ ခံရတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရက အက်ဒွပ် စနိုဒင်ကို လွှဲပေးဖို့ တောင်းဆို တဲ့ ကြားက ဟောင်ကောင်က အမေရိကန် တောင်းဆိုချက်ကို မလေးစား တာကို စိတ်ပျက် မိတယ်လို့ အမေရိကန် အရာရှိ တွေက ဆိုပါတယ်။

ဟောင်ကောင် အရာရှိတွေ ကတော့ အမေရိကန်ရဲ့ တောင်းဆိုချက်က မပြည့်စုံတဲ့ အတွက် ဥပဒေကြောင်း အရ စနိုဒင်ကို တားစရာ အကြောင်း မရှိလို့ သွားခွင့်ပြု လိုက်တယ် လို့ ဆိုပါတယ်။

သူ မော်စကို ရောက်လာမယ် ဆိုလို့ သတင်းထောက် တွေက သူ့ကို မေးခွင့် ရဖို့ ဝိုင်းအုံ စောင့်နေကြတဲ့ အကြားက အက်ဒွပ် စနိုဒင်ကို မတွေ့လိုက် ရပါဘူး။

မစ္စတာ စနိုဒင်ဟာ မော်စကို မှာလည်း နေထိုင်ခွင့် ခွင့်ပြုချက် တော့ ရပုံ မပေါ်ပါ ဘူး။ သူဟာ ကျူးဘား ကို သော်လည်းကောင်း ဗင်နီဇွဲလားကို သော်လည်းကောင်း သွားနိုင်တယ်လို့ တချို့က မှန်းဆ ကြပါတယ်။

အခု နောက်ဆုံးတော့ အီကွေဒေါ နိုင်ငံကို နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ ထားကြောင်း သတင်း ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။

ဝီကီလိက် ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျုလီယန်း အာဆန့်ခ်ျဟာ အက်ကွေဒေါ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် ပြုဖို့ တောင်းခံ ခဲ့ရာမှာ အက်ကွေဒေါက ခွင့်ပြု ခဲ့ပါတယ်။

ဒါပေမဲ့ အာဆန့်ခ်ျ ဗြိတိန် နိုင်ငံက မထွက်နိုင်ဘဲ လန်ဒန် အီကွေဒေါ သံရုံးမှာပဲ သောင်တင် နေပါတယ်။

အမေရိကန် အစိုးရက အက်ဒွပ် စနိုဒင်ကို ဘယ်နိုင်ငံ ရောက်ရောက် ဆက်လက် အရေးယူ မယ်လို့ ပြောဆို နေပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ကျည်ဆန်ခွံများဖြင့် သွန်းလုပ်ထားသော ရုပ်ပွားတော် လိုင်ဇာမြို့တွင် ပူဇော်ရန် နေရာအသင့် မဖြစ်သေး

Sunday, 23 June 2013
ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကချင်ပြည်နယ်အတွင်း နှစ်ဖက်တပ်များက စစ်ပွဲအတွင်း၌ အသုံးပြုခဲ့သည့် ကျည်ခွံများကို စုဆောင်းသွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်နှင့် လက်ဝါးကပ်တိုင်ကို ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက လိုင်ဇာမြို့သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ရုပ်ပွားတော်နှင့် လက်ဝါးကပ်တိုင် ပို့ဆောင်ရေး အဖွဲ့ကို လိုင်ဇာမြို့ စစ်ဆင်ရေး ကွပ်ကဲမှူးရုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပြီး ရုပ်ပွားတော်မှာ သီတင်းသုံးထားရှိရန် နေရာအတည်တကျ မဖြစ်သေးသောကြောင့် ပြန်လည်ပင့်သင့်ကြောင်းနှင့် ကျည်ခွံဖြင့် ပြုလုပ်ထားသော လက်ဝါးကပ်တိုင်ကိုမူ အထက်သို့ အဆင့်ဆင့် ခွင့်တောင်းပြီး ဓမ္မဘဏ္ဍာ လက်ဆောင်အဖြစ် ပေးအပ်နိုင်ခဲ့ကြောင်း ပို့ဆောင်သူများက ပြောကြားသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ဦးဝင်းချိုက "ကျွန်တော်တို့ စိတ်ထဲမှာတော့ လိုင်ဇာဒေသခံတွေ ပူဇော်ဖို့ အသင့်မဖြစ်ရင် ပြန်လည်ပင့်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ ငြိမ်းချမ်းရေး တစ်ခုတည်းကိုပဲ ဦးတည်ပြီး လာခဲ့တာသိကြတော့ မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်ပါတယ်။ ဒေသခံတွေက ပူဇော်ဖို့ နေရာအဆင်သင့် မဖြစ်သေးဘူး။ အဆင်သင့်ဖြစ်တဲ့ အခါကျရင် ပူဇော်ဖို့ ကြိုးစားမယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့ကတော့ အစကတည်းက စီမံချက်အတိုင်း လိုင်ဇာမှာ မထားဖြစ်ခဲ့ရင် ရုပ်ပွားတော်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဓမ္မလက်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်" ဟု ပြောကြားသည်။
ဒေသခံတွေက ပူဇော်ဖို့ နေရာအဆင်သင့် မဖြစ်သေးဘူး။ အဆင်သင့်ဖြစ်တဲ့ အခါကျရင် ပူဇော်ဖို့ ကြိုးစားမယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့ကတော့ အစကတည်းက စီမံချက်အတိုင်း လိုင်ဇာမှာ မထားဖြစ်ခဲ့ရင် ရုပ်ပွားတော်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဓမ္မလက်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ် . . . . .

၎င်းရုပ်ပွားတော်နှင့် ပတ်သက်၍ ဒေသစာရီ ကြွချီအလှူခံခြင်း မဟုတ်သည့်အတွက် အလှူငွေများ လက်ခံထားခြင်း မရှိဟုလည်း ၎င်းကဆိုသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မြို့မှ လမ်းလျှောက်အဖွဲ့သည် ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ယခုနှစ် ဇန်န၀ါရီ ၁၃ ရက်မှ မတ် ၁၇ ရက်အထိ ရက်ပေါင်း ၆၄ ရက်ကြာ မိုင်ပေါင်း ၈၀၂ မိုင်ခရီးကို လူ ၁၂၈ ယောက် လမ်းလျှောက်ခဲ့ရာတွင် ကချင်ပြည်နယ် အတွင်းရှိ နှစ်ဖက်တပ်များ အသုံးပြုခဲ့သော ကျည်ခွံများကို အမှတ်တရ ယူဆောင်ခဲ့ရာမှ ယခုကဲ့သို့ စုပေါင်း၍ ဆင်းတုတော်နှင့် လက်ဝါးကပ်တိုင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓရုပ်ပွားတော်နှင့် လက်ဝါးကပ်တိုင် ပို့ဆောင်သူများသည် Action Time Foundation နှင့်အတူ လိုင်ဇာမြို့သို့ ဇွန် ၂၁ ရက် နံနက်ပိုင်းက သွားရောက်ခဲ့ပြီး မြစ်ကြီးနားမြို့သို့  ညပိုင်းတွင် ပြန်လည်ရောက်ရှိ လာခဲ့သည်။

"Action Time Foundation က အဖွဲ့ဝင် ငါးဦးကတော့ ကလေးတွေအတွက် အလှူတွေပေးမယ်။ သီချင်းဆို၊ ပုံပြောစတဲ့ ဖျော်ဖြေရေးတွေ လုပ်ဦးမယ်။ ပရိုဂျက်တာတွေလည်း ပါသွားတယ်။ သူတို့ကတော့ လိုင်ဇာမှာ နောက်ထပ် နှစ်ရက်သုံးရက်လောက် ကြာမယ်" ဟု ဆရာတော် ဦးဝိသုတက မိန့်ကြားသည်။
Eleven Media Group

တယ်လီဖုန်း ခေါ်ဆိုခ တစ်စက္ကန့်နှုန်းဖြင့် ကောက်မည်ဟု ပြင်သစ် Orange Telecom ဆို

ရန်ကုန်၊ ဇွန် ၂၁
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပါက တယ်လီဖုန်း ခေါ်ဆိုခကို စက္ကန့်နှုန်းဖြင့် တွက်ချက် ကောက်ခံမည် ဖြစ်ပြီး တစ်စက္ကန့်လျှင် ပြားရှစ်ဆယ်သာ ကောက်ခံမည် ဖြစ်ကြောင်း ဆက်သွယ်ရေး လိုင်စင် လျှောက်ထားသည့် စာရင်းတွင် ပါဝင်သည့် ပြင်သစ်ဆက်သွယ်ရေး ကုမ္ပဏီ Organge Telecom မှ အကြီးတန်း အမှုဆောင် ဒုတိယဥက္ကဋ္ဌ Elie Girard က ပြောကြားသည်။

ဖုန်းခေါ်ဆိုခကို မိနစ်ဖြင့် မကောက်ဘဲ စက္ကန့်ဖြင့် ကောက်ခြင်းကြောင့် သုံးစွဲသူများ ကုန်ကျစရိတ် ပိုမိုသက်သာမည် ဖြစ်ပြီး Organge Telecom က ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်နေသော အခြားနိုင်ငံများတွင်လည်း ယင်းကဲ့သို့သာ ကောက်ယူသည်ဟု ၎င်းကဆိုသည်။

Organge Telecom က ၎င်းတို့ ကုမ္ပဏီ ဆက်သွယ်ရေး လိုင်စင် ရရှိခဲ့ပါက ဆင်းမ်ကတ်များ အခမဲ့ ပေးဝေမည် ဖြစ်ပြီး နိုင်ငံအနှံ့ လက်လီ အရောင်းဆိုင် နှစ်သိန်းခန့် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ကြေညာသည်။

လိုင်စင် ရရှိပြီးပါက ဆင်းမ်ကတ်၊ ဟန်းဆက်နှင့် အသင့်ထည့်ထားသည့် ဖုန်းခေါ်ဆိုခ အနည်းငယ် ပါဝင်သော ကျပ် ၁၅,၈၀၀ ကျသင့်မည့် အစီအစဉ် တစ်ခုကိုလည်း မိတ်ဆက်သွားမည် ဖြစ်ကာ စတင်ဝန်ဆောင်မှု ပေးသည်နှင့် 3G ဝန်ဆောင်မှုကို စတင်သုံးစွဲခွင့် ပေးမည်ဖြစ်ပြီး တစ်နှစ်အတွင်း 4G ဝန်ဆောင်မှု အဆင်သင့် ဖြစ်မည်ဟု Elie Girard က ပြောဆိုသည်။

အဆိုပါ ကုမ္ပဏီသည် ဆက်သွယ်ရေး လိုင်စင် လျှောက်ထားရာတွင် ဂျပန် Marubeni ကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်နေပြီး လိုင်စင် ရရှိပြီးပါက ပူးပေါင်းဆောင်ရွက်မည့် ပြည်တွင်း ကုမ္ပဏီတစ်ခု ရှာဖွေရန် ပြင်ဆင်နေကြောင်း ၎င်းက ရှင်းပြသည်။

Orange Telecom သည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေပြီး သုံးစွဲသူ ၂၃၁ သန်းရှိကာ ကီလိုမီတာ လေးသိန်းခွဲ ရှည်လျားသော ပင်လယ်ဖြတ်ကျော် ရေအောက် ဆက်သွယ်ရေး ကေဘယ်လ် ကြိုးနှင့် ကိုယ်ပိုင်ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ထားသည်။
The Voice Weekly

ခွေးသားစားပွဲတော် တရုတ်မြို့ကြီး တစ်မြို့တွင် ပြုလုပ်မည်

ယူလင်း၊ ဇွန် ၂၂တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း မြို့တော်ယူလင်းမှာ နှစ်စဉ် ပြုလုပ်ကျင်းပမြဲ ဖြစ်တဲ့ ခွေးသားစားပွဲကို ထုံးစံအတိုင်း ပြုလုပ်မှာ ဖြစ်တဲ့အတွက် တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်မှုများ ပြုလုပ်နေတယ်လို့ Sky News သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ထောင်ပေါင်းများစွာသော ညစာ ဟင်းပွဲတွေအတွက် အရေဆုတ်ပြီး ဟင်းချက်ဖို့ ခွေးတွေကို လှောင်အိမ်များမှာ လှောင်ထားပုံတွေကိုလည်း ယူလင်းမြို့က လာတဲ့ သတင်းဓာတ်ပုံတွေမှာ တွေ့ရပါ တယ်။

ယမန်နှစ်ကတည်းက ထွက်လာတဲ့ ဒီဓာတ်ပုံတွေဟာ တရုတ်လူမှုကွန်ရက် မီဒီယာတွေမှာလည်း ပျံ့နှံ့နေပြီး ဝေဖန်မှုတွေ ဆူညံသွားပေမယ့် ဒီနှစ်မှာလည်း ဒီပွဲတော်ကို ထပ်ပြီး ပြုလုပ်ဖို့ခွေးတွေစပြီး ဝယ်လှောင်နေကြပါပြီ။ "ချက်မစားခင် ခွေးတွေကို ရိုက်နှက်နေတာ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ကျွန်မတို့ စုံစမ်းလေလေ ရက်ရက်စက်စက် လုပ်တာကို တွေ့ရလေလေပါပဲ" ဟု တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနမှ တည်ထောင်သူ ဒူယီဖန်းက ပြောဆိုပါတယ်။

ဇွန်လအစောပိုင်း ကတည်းက တက်ကြွသူတွေက ဆန္ဒပြပွဲတွေ လုပ်ကြပြီး ခွေးသားစားပွဲကို ဒေသအာဏာပိုင်တွေက ကြိုပြီးတားပေးဖို့ လုပ်ခဲ့ကြပေမယ့် မအောင်မြင် ခဲ့တဲ့အတွက် ခွေးသားစားပွဲကတော့ ပြုလုပ်နေပါပြီ။

"ဒီနှစ်မှာတော့ အစိုးရကလည်း အင်တာနက်က သတင်းတွေ တွေ့ပြီး ပွဲတော်ကို စုံစမ်းစောင့်ကြည့်ဖို့ ပြင်ဆင်ကြတယ်လို့ ပြောပါတယ်။ ဒီစုံစမ်းတဲ့ အဖွဲ့ကြောင့် ရက်ရက်စက်စက် လုပ်တာတွေတော့ လျော့သွားမယ် ထင်ပါတယ်" လို့ ဒူယီဖန်းက ဆက်ပြောပါတယ်။

ခွေးသားကို တရုတ်နိုင်ငံရဲ့ နေရာအချို့က စားသောက်ဆိုင် မီနူးတွေမှာ တွေ့နိုင်ပြီး ခွေးသားစားတဲ့ ဓလေ့ကတော့ တရုတ်နိုင်ငံလုံးချီပြီး မကျယ်ပြန့်ပါဘူး။
The Voice Weekly

ဖက်ဒရယ် ပြည်ထောင်စုစနစ် တပ်မတော်လက်ခံအောင် ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ ဇွန် ၂၀
တိုင်းရင်းသား ခေါင်းဆောင်များက (၆၅) နှစ်ကြာ တောင်းဆိုခဲ့သော ဖက်ဒရယ် ပြည်ထောင်စုစနစ် ကျင့်သုံးရေးကို တပ်မတော်က လက်ခံလာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)မှ တိုင်းရင်းသား ပါတီ ငါးခု၏ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဇွန်လ ၁၈ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

တိုင်းပြည် အနာဂတ်အတွက် ဖက်ဒရယ် ပြည်ထောင်စုကို မဖြစ်မနေ ထူထောင်ရမည် ဖြစ်ပြီး ယင်းအတွက် အခြေခံဥပဒေ ပြင်ဆင်ရာတွင် တစ်ဆင့်ပြီး တစ်ဆင့် အချိန်ယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တပ်မတော်မှ ဖက်ဒရယ်ကို လက်ခံလာအောင် ရှင်းပြ ပြောဆိုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲစနစ်များနှင့် ပတ်သက်၍ အဓိက ဆွေးနွေးခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ရှင်းပြသည်။

“ကျွန်တော်တို့က ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ရင် တောက်လျှောက်ဒါပဲ ပြောလာတာပဲ။ လုပ်ပုံလုပ်နည်း အနည်းငယ် ကွဲနိုင်တာကလွဲလို့ ဖက်ဒရယ်ရဲ့ အခြေခံသဘောတော့ အတူတူပါပဲ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်တိုင် သဘောတူ လက်ခံလာကြောင်း ဦးစိုင်းညွန့်လွင်က သုံးသပ် ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ရှေ့နောက် မညီသည့် အချက်များစွာရှိပြီး တရားရေး ကဏ္ဍအပေါ် အုပ်ချုပ်ရေးမှ လွှမ်းမိုးမှုများကို အဓိက ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ တရားသူကြီးချုပ်ကို နိုင်ငံတော် သမ္မတက တိုက်ရိုက် ခန့်အပ်ခြင်းမှာ ဖွဲ့စည်းပုံပါ အာဏာ သုံးရပ် ခွဲဝေရေးနှင့် ကွဲလွဲနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

အဆိုပါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့ တင်သွင်းထားသည့် အချိုး ကျ ကိုယ်စားပြုစနစ် (PR) ကို လက်မခံရန် ဆွေးနွေးခဲ့ကြောင်း ဦးအေးသာအောင်က ဆက်လက် ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ၎င်း၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ဇွန်လ ၁၆ ရက်နေ့က အမေရိကရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် အခြေခံဥပဒေကို ပြင်ဆင်မည်ဟု ပြောကြားထားပြီး အခြား တိုင်းရင်းသားပါတီ အသီးသီးနှင့် လက်နက်ကိုင် အဖွဲ့အစည်းများက ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် ကြေညာ ထားသည်။
The Voice Weekly

ခြောက်လအတွင်း ခြောက်ထောင်ကျော် သွေးလွန်တုပ်ကွေးဖြစ်ပွား၊ ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၁
သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း ၂၀၀၉ ခုနှစ်၌ စံချိန်တင် မြင့်တက်ဖူးသော မြန်မာနိုင်ငံတွင် ယခုနှစ်တွင်လည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ခြောက်ထောင်ကျော်အထိ ရောက်ရှိနေပြီး သေဆုံးသူ ဆယ်သုံးဦး ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်သည်။

တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ဦးရေသည် ယခုနှစ်ဆန်းပိုင်းမှ ဇွန်လ၂၁ ရက်နေ့ထိ ၆၄၄၈ ဦးရှိပြီး သေဆုံးသူ ရာခိုင်နှုန်း ၀ ဒသမ ၂၀ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းဖြစ်ပွားနှုန်းသည် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးကြောင်း ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က The Voice သို့ ပြောကြားသည်။

လတ်တလော မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းသည် ၂၀၁၁ ခုနှစ် နှင့် ၂၀၁၂ ခုနှစ် နှစ်များနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားသူဦးရေ မြင့်တက်ခဲ့သော်လည်း သတိပြုရမည့် ဆိုးရွားသော အခြေအနေဟု မသတ်မှတ်နိုင်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။
ထို့အပြင် ဆယ်စုနှစ် (၂၀၀၀-၂၀၁၃ ခုနှစ်) အတွင်း ၂၀၀၉ ခုနှစ်ကို သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနှစ်အဖြစ် သတ်မှတ်ထားပြီး ယင်းနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၂၃၉၈ ဦး ရှိပြီး သေဆုံးသူ ၁၈၁ ထိရှိခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်သည်။

ယခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ နေပြည်တော် နယ်မြေတို့ကို သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးနယ်မြေအဖြစ် သတ်မှတ်ထားပြီး မွန်ပြည်နယ်သည် ဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်ကြောင်း ဒေါက်တာမင်းသန်းညွန့်က ပြောကြားထားသည်။

မွန်ပြည်နယ် ငှက်ဖျားတိုက်ဖျက်ရေး ဌာနက၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်နေ့ထိ အသက်ငါးနှစ်မှ ကိုးနှစ်ကြား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ဦးရေသည် ၉၉၇ ဦး ရှိပြီး သေဆုံးသူ မရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုနည်းတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ၂၀၁၃ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ခြောက်ဦးထိ ရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားဝင် ကြေညာထားသည်။

မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်တွင်၂၂၃၉၈ ဦး၊၂၀၁၀ ပြည့်နှစ်တွင် ၁၆၃၁၈ ဦး၊၂၀၁၁ ခုနှစ်တွင် ၄၇၃၈ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၆၄၃၃ ဦး သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့သည်။
The Voice Weekly

အမေရေ....


The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com