http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၂၀၀၈ အခြေခံဥပဒေ ဆွေးနွေးပွဲ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တက်မည်

ရန်ကုန်၊ မေ ၇
သြစတြေးလျနိုင်ငံ ဆစ်ဒနီဥပဒေ ပညာသင်ကျောင်း(Sydney Law School) က ဦးဆောင်ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်ရုံဆွေးနွေးပွဲ ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် မည်ဖြစ်ကြောင်း ယင်းဥပဒေပညာသင် ကျောင်းက ထုတ်ပြန်သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို မေလ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ ရန်ကုန် မြို့တော်ရှိ သြစတြေးလျ ကလပ်တွင် သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊
ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းပုံနှင့် တပ်မတော်၏ အခန်းကဏ္ဍတို့ကို ဘာသာရပ်ဆိုင်ရာ ပညာရှင် အသီးသီးက ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ မြန်မာနိုင်ငံ၏ လက်ရှိ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲရေး အတွက် တိုက်တွန်းရန် မဟုတ်ကြောင်း၊ သို့သော် ကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်သည် ရေရှည်ခံသော ဒီမိုကရေစီ စနစ်တည်ဆောက်နိုင်ရေး အတွက် အရေးကြီးသည် ဆိုသော သတင်းစကားပါး လိုသဖြင့် ယခုဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆစ်ဒနီဥပဒေ ပညာသင်ကျောင်း လက်ထောက် ကထိက Andrew McLeod က ထုတ်ပြန် ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံး နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင် များဖွဲ့ရန် အဆိုကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံ အတည်ပြုထားပြီးဖြစ်သည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ကလည်း ၂၀၁၅တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတနေရာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပေးမည်ဟု ၂၀၁၃ ခုနှစ် ဧပြီလအတွင်း အမေရိကန်နိုင်ငံသို့ ရောက်ရှိစဉ်တွင် ပြောကြားထားသည်။
7Day News Journal

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ထွက်ပြေးလာသူတစ်ထောင်ကျော် အကူအညီလိုအပ်နေ

ဓာတ်ပုံ- Munir uz Zaman/AFP
မောင်တော၊ မေ-၅
နယ်မြေမငြိမ်သက်မှုကြောင့် ၂၀၁၂ခုနှစ်ဇွန်လမှ စတင်၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ မောင်တောဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသူအရေအတွက်မှာ တစ်ထောင်ကျော်ရှိနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်းသတင်းရရှိသည်။

ယမန်နှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် နေထိုင်သော ရခိုင်၊ ဒိုင်းနက်၊ သက်စသည့် ရခိုင်မျိုးနွယ်စုများမှာ ရန်ပြုခြင်းများကိုခံခဲ့ရပြီးနောက် မောင်တောဒေသသို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။

ယမန်နှစ်ဇွန်လကပင် ၀င်ရောက်ခိုလှုံနေသူများအပြင် အောက်တိုဘာလမှ ယခုနှစ်ဧပြီလအထိ တိမ်းရှောင်လာသူအိမ်ထောင်စုပေါင်း ၂၄၁စု၊ လူဦးရေ ၅၆၀ကျော်ရှိကြောင်းနယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နတလ)မှ သတင်းရရှိသည်။

“တစ်ဖက်နိုင်ငံမှာအစ လုံခြုံမှု၊ စားဝတ်နေရေး အဆင်မပြေမှု၊ အလုပ်အကိုင်မရှိသူတွေကြောင့် အားကိုးတကြီးနဲ့ ၀င်ရောက်လာကြတာပါ။ သူတို့ဟာဘေးအန္တရာယ်ကို ကြောက်ရွံ့မှုကြောင့် ဘေးလွတ်ရာကို ၀င်ရောက်ခိုလှုံလာတဲ့ ဒုက္ခသည်တွေဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနတွေက တတ်နိုင်သလောက်အကူအညီ ပေးထားပေမဲ့ အခြားအလှူရှင်တွေ၊ အိုင်အင်န်ဂျီအိုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ အများကြီးလိုအပ်ပါတယ်။ လက်ရှိမှာတော့ WFP က စားနပ်ရိက္ခာတချို့ထောက်ပံ့ပေးနေပါတယ်။ တခြားအိုင်အင်န်ဂျီအို
အဖွဲ့တွေကတော့ ထောက်ပံ့ပေးတာမရှိသေးပါဘူး” ဟုနတလလက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

တစ်ဖက်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူများကို မောင်တောမြို့ဗဟိုဘုန်းတော်ကြီးကျောင်းတိုက်တွင် ဦးစွာလက်ခံ၍ သက်ဆိုင်ရာမှ စီစဉ်စာရင်းသွင်းကာ တိုင်းရင်းသားကျေးရွာများတွင် နေရာချထားကြောင်းသတင်းရရှိသည်။ သက်ဆိုင်ရာနှင့်ဒေသခံအဖွဲ့အစည်းများက ထောက်ပံ့ပေးနေသော်လည်း အကူအညီများလိုအပ်နေဆဲဟု ကူညီကယ် ဆယ်ရေးဆောင်ရွက်သူများပြောသည်။

“ထွက်ပြေးလာသူတွေကို ယာယီနေရာမချခင် ကျောင်းမှာ ခိုလှုံခွင့်ပေးထားတယ်။ စားသောက်ရေးလည်း စီစဉ်ပေးတယ်။ တခြားအလှူရှင်တွေလာရောက်လှူဒါန်းမှုက လိုသေးတယ်။ အဲဒီမိသားစုတွေကို ကူညီထောက်ပံ့ရေးတွေ အများကြီးလိုနေပါတယ်” ဟု ဗဟိုကျောင်းတိုက်ဆရာတော်က မိန့်ကြားသည်။

“တတ်နိုင်သလောက်စားနပ်ရိက္ခာတွေ ထောက်ပံ့ရေးပစ္စည်းတွေ ထောက်ပံ့ပါတယ်။ ပြည်နယ်အစိုးရ အစီအစဉ်နဲ့ပါ” ဟု ရခိုင်ပြည်နယ်အစိုးရပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောသည်။

၂၀၁၂ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်လူနည်းစုများ နေထိုင်ရာဒေသများ၌ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်။
7Day News Journal

ထိုင်းသို့ အလုပ်သမားပို့ခွင့် ဆိုင်းငံ့ခံထား

ထိုင်းသို့ အလုပ်သမားပို့ခွင့် ဆိုင်း ငံ့ခံထားရသော ကုမ္ပဏီ ၁၂ ခုကို ပြည် ပ အလုပ်အကိုင်အေဂျင်စီ အသင်းချုပ် က မေလ ၁ဝ ရက် မတိုင်မီ အပြီးစစ် ဆေးကာ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တင်ပြ သွားမည်ဟု သိရသည်။

အသင်းချုပ်သည် ဧပြီ ၄ ရက်မှ စ၍ ကုမ္ပဏီများကို စစ်ဆေးနေပြီး မေ လ ၇ ရက်အထိ ကုမ္ပဏီ ၅ ခုကို မေး မြန်းပြီးဖြစ်ကြောင်း၊ ထိုသို့မေးမြန်းမှု များကို ဝန်ကြီးဌာနသို့ တင်ပြပြီး ဝန် ကြီးဌာနမှ ဆက်လက်ဆောင်ရွက် မည် ဖြစ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်း လှိုင်က ပြောသည်။

''တချို့ကုမ္ပဏီတွေက ပို့တဲ့အခါ သတ်မှတ်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ တစ်နေ့ကို ဘတ် ၃ဝဝ၊ အချိန်ပို ကြေးတွေ သတ်မှတ်ထားပေမယ့် ဟိုဘက်ရောက်တော့ အဲဒီနှုန်းအတိုင်း မရဘူး။ အလုပ်သမားတွေက မကျေမနပ် ဖြစ်တော့ အလုပ်ရှင်တွေက အလုပ် ထုတ်တယ်။ မဟာချိုင်မှာ အလုပ်သမား ၅၁ ဦး အလုပ်ထုတ်ခံရတယ်''ဟု ဥက္ကဋ္ဌက ပြောသည်။

အဆိုပါ ပြဿနာတက် ဖြစ်ပေါ်ခဲ့ သော ၅၁ ဦးတွင် ဆိုင်းငံ့ခံ ရသော အေဂျင်စီတစ် ခုမှာ အလုပ်သမားများ လည်း ပါဝင်ပြီး ကျန် ၁၁ ခုမှလည်း အ လားတူ ပြဿနာများ ကြုံသည့်အတွက် ဆိုင်းငံ့ ထားခြင်း ဖြစ်ကြောင်း သိရ သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အေ ဂျင်စီအသင်းချုပ်ထံမှ စာတောင်း ထား ကြောင်း၊ အသင်းချုပ်၏ တင်ပြမှုပေါ်မူ တည်၍ ဆက်လက်ေ ဆာင်ရွက်သွား မည်ဖြစ်ကြောင်း အလုပ်သမား ညွှန် ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ် ဦးက မေ ၇ ရက်တွင် ပြောသည်။

''အသင်းချုပ်က စစ်ဆေးနေ တယ်။ အခုကုမ္ပဏီတစ်ခုကို ပြန်ဖွင့်ပေး လိုက် ပြီ''ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ထိုင်းသို့အလုပ်သမားပို့ခွ င့်ရ အေ ဂျင်စီ ၆၄ ခုရှိပြီး တကယ်အလုပ်လုပ် သော အေဂျင်စီမှာ ၂ဝ ခန့်သာရှိ ကြောင်း၊ ယခုဆိုင်းငံ့ခံရသော အေဂျင် စီများသည် အလုပ်သမားပို့ဆောင်သော အေဂျင်စီများတွင် ပါဝင်ကြောင်း လိုင်စင်ရ အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''နယ်စပ်မှာရှိတဲ့ ပွဲစားတွေနဲ့ အဲဒီ အေဂျင်စီ ၂ဝ လောက်နဲ့ ချိတ်ပြီး လုပ် နေကြတာ။ ကျွန်တော်တို့ဆို အလုပ် သမားမပို့နိုင်ဘူး။ အဲလိုအေဂျင်စီတွေက ပွဲစားတွေနဲ့ချိတ်ပြီး လုပ်နေကြတော့ ကျန်တဲ့အေဂျင်စီတွေက အလုပ်မရဘူး ဖြစ်နေတယ်''ဟု အထက်ပါ
တာဝန်ရှိသူ က ပြောသည်။

ဝန်ကြီးဌာနအနေဖြင့်လည်း အေ ဂျင်စီမှ တာဝန်ရှိသူများနှင့် တစ်ဖက် နိုင်ငံမှ လုပ်ငန်းရှင်များ တိုက်ရိုက်တွေ့ နိုင်အောင် ကူညီပေးသင့်ပြီး သို့မှသာ မှန်ကန်သည့် ဈေးကွက်ဖြစ်လာနိုင် မည်ဟု ၄င်းက ပြောသည်။ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူ တစ်ဦးက ''ထိုင်း အလုပ် သမား စေလွှတ်မှု စနစ်က ဆိုးနေတယ်။ ဝန်ကြီးဌာနကလည်း ဒီကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ထားတာမရှိဘူး'' ဟု မှတ် ချက်ပြုသည်။

သို့သော် ယခုကဲ့သို့ အေဂျင်စီ ၁၂ ခုကို ဆိုင်းငံ့လိုက်ခြင်းသည် ရေရှည် အတွက် ကြည့်ပါက အလုပ်သမားများ အတွက် ကောင်းမွန်ကြောင်း ၄င်းကဆိုသည်။ ထိုင်းသို့အလုပ်သမားစေလွှတ် ရန် အေဂျင်စီများကို ယမန်နှစ်မှ စ၍ တင် ဒါခေါ်ယူလုပ်ဆောင်စေခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ခွင့်ပြုရာတွင် လိုင်စင်ရ ကုမ္ပဏီသည် ပွဲစားများနှင့် ဆက်သွယ်၍ အလုပ်သမားစုဆောင်း ခြင်း၊ စေလွှတ်ခြင်းကို ခွင့်မပြု၊
Employment Contract ပါ သတ်မှတ် ထားသည့် အလုပ်နေရာရပိုင်ခွင့် လုပ်ခ လစာများအတိုင်း အလုပ်သမားများ အမှန်တကယ်ရရှိေ အာင် ဆောင်ရွက် ပေးရန်၊ ထိုင်းနိုင်ငံအတွင်း အလုပ်ရှင် အလုပ် သမား ပြဿနာဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးရန်
အပါအဝင် စည်းကမ်းချက် ၁၃ ချက်ကို လိုက်နာရမည်ဟု ဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည်။
မေဇင်ဝင်း
Popular Myanmar News Journal

တန်ဖိုးနည်းအိမ်ရာ လိမ်လည်ရောင်းချမှု လှိုင်သာယာနှင့် အင်းစိန်တွင် ဖြစ်ပွား

ရန်ကုန်၊ မေ ၇
ငွေကျပ်သုံးသောင်းဖြင့် တန်ဖိုးနည်းတိုက်ခန်းများ အရစ်ကျ ရောင်းချပေးနေသည် ဟူ၍လိမ်လည်မှု လှိုင်သာယာနှင့် အင်းစိန် မြို့နယ်များတွင် ဖြစ်ပေါ်နေကြောင်း ရန်ကုန် စည်ပင်မှ သတင်းရရှိသည်။

သာမန်လူတန်းစား၊ အစိုးရ ပင်စင်စား ဝန်ထမ်းများ၊ အမှန်တကယ်နေထိုင်ရေး ခက်ခဲ နေသူများကို တန်ဖိုးနည်း အရစ်ကျငွေပေးချေ စနစ်ဖြင့် လျာထားတိုက်ခန်းများကို ကြိုတင်စာရင်းကောက် ရောင်းချပေးနေသည်ဟုဆိုကာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန် စည်ပင်တို့၏ ခွင့်ပြုအမိန့်စာအ တုများ ပြုလုပ်၍ ရောင်းချနေခြင်းဖြစ်ကြောင်း၊ တိုက်ခန်းများကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့တွင် စတင် ချထားပေးမည်ဟု စာချုပ်အတုတွင် ဖော်ပြထား ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

ရန်ကုန်စည်ပင်၊ အဆောက်အအုံဌာနမှ အကြီး တန်းအရာရှိတစ်ဦးက ''တိုက်ခန်းစာချုပ် သွားဝယ်ပြီးတဲ့ လူတစ်ယောက်က ဌာနကို ဟုတ်မဟုတ်လာမေးလို့သိရတာပါ။ လှိုင်သာ ယာဘက်မှာ နေစရာမရှိတဲ့ လူတွေအတွက် အထူးစီမံချက်ဆိုပြီး အတုလုပ်ရောင်းနေတာ။ ဌာနက တကယ်ရောင်းမယ်ဆို သတင်းစာမှာ တရားဝင်ကြေညာသွားမှာပါ။ ပြီးတော့ ဌာန ဆိုင်ရာတွေမှာပဲ ရောင်းချပေးသွားမှာပါ''ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လာရောက်မေးမြန်းသူထံမှ ရရှိသည့် စာချုပ်စာတမ်းအတုကို မြို့တော်ဝန်ထံ တင်ပြထားကြောင်း၊ ရန်ကုန် စည်ပင်က တန်ဖိုးနည်းအိမ်ရာ ရောင်းချပေးနိုင်သည့် အခြေအနေ မရှိသေးကြောင်းနှင့် တန်ဖိုးမျှတ အိမ်ရာများကို ရောင်းချပေးရန်သာ စီစဉ် ဆောက်လုပ်နေ ဆဲဖြစ်ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ လိမ်လည်ရောင်းချသော တန်ဖိုးနည်းအိမ်ရာစာချုပ်ကို ဝယ်ယူခဲ့သူ ဦးထွန်းကျော်က ''ကျွန်တော်ကိုယ်တိုင် သွား ဝယ်တာ မဟုတ်ဘူး။ ကျွန်တော့်အမျိုးသမီးတွေရဲ့ အမျိုးတွေကဝယ်လို့ အမျိုးသမီးကပါ စာချုပ် တစ်စုံ ဝယ်လိုက်တာ။ စာချုပ်မှာပါတဲ့ လက်မှတ် တွေကိုမသင်္ကာလို့ ကျွန်တော်က စည်ပင်ကို အဝင်အထွက်ရှိတော့ ဌာနကလူကြီးတွေကို ပြကြည့်တော့ အတုဆိုတာသိတာ''ဟု ၎င်းက ပြောသည်။ ၎င်းဝယ်ယူထားသော စာချုပ်အရ ၎င်း၏ နေအိမ်တိုက်ခန်းမှာ တိုက် ၁၃၈၊ အခန်း ၁၊ စပယ်(၇)လမ်း၊ ကွက်သစ်ရပ်ကွက်၊ ဒဂုံ အရှေ့ဟု သိရသည်။

၎င်းအနေဖြင့် လိမ်လည်ခံရမှုအပေါ် အနီးနားဝန်းကျင်ရှိ အခြားလိမ်လည်ခံရသူများနှင့် စုပေါင်း၍ သက်ဆိုင်ရာမြို့နယ်ရဲစခန်းများသို့ တိုင်ကြားရန် စီစဉ်လျက်ရှိသည်။

ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ အရာရှိနှင့် စာချုပ်တုဝယ်ယူခဲ့ သူ ဦးထွန်းကျော်တို့၏ ပြောပြချက် အရ တန်ဖိုးနည်း အိမ်ရာ စာချုပ်များကိုဝယ်ယူမှု များပြား ကြောင်း သိရသည်။ ''ကျွန်တော့်အမျိုးတွေဆို ၁ဝ စောင်လောက် ဝယ် တယ်။ အသိတစ်ယောက်ဆို ၄ စောင်ဝယ်တယ်။ ဝယ် တဲ့ သူတော်တော်များပါတယ်''ဟု ဦးထွန်းကျော်က ပြောသည်။ လိမ်လည်ရောင်းချမှုတွင် ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး၏ အမည်အရင်း ဦးမောင်မောင်ဇော်အား ဦးဇော်ဇော်မင်း အဖြစ် မှားယွင်းရေးသားထားသည်ကိုလည်း တွေ့ရှိရ သည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က စာချုပ် စာတမ်းအတု ပြုလုပ်မှုသည် ပုဒ်မ ၄၆၈ ဖြင့် အနည်းဆုံး ထောင်ဒဏ် ၇ နှစ် ကျခံရဖွယ်ရှိပြီး အလွယ်တကူ အာမခံ မရရှိနိုင်သည့် လိမ်လည်မှုဖြစ်သည်ဟု ပြော သည်။

ရန်ကုန်စည်ပင်မှ ၂ဝ၁၅ ခုနှစ်တွင် အပြီးတည် ဆောက်ပြီး မြေတန်ဖိုးမပါ ကုန်ကျစရိတ်အတိုင်း ရောင်းချပေးမည့် အိမ်ရာစီမံကိန်းလေးခုမှာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ ဗိုလ်ဗထူးအိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိ ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ်

အရှေ့ပိုင်းမြို့နယ် ၁၃ဝ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ မင်းရဲကျော်စွာ အိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် တောင် ပိုင်းမြို့နယ် ၆၂ ရပ်ကွက် ဧရာဝဏ်လမ်း နှင့် ပြည်ထောင်စုလမ်းထောင့်ရှိ ဧရာ ဝဏ်အိမ်ရာစီမံကိန်းများဖြစ်သည်။ယင်းစီမံကိန်းလေးခုအနက်ပထမ ဦးဆုံး ဆောက်လုပ်မည့် ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ၄၈ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ အိမ်ရာစီမံကိန်းကို ယခု လ ၇ ရက်နေ့က ပန္နက်တင် ခြင်းပြုလုပ်ခဲ့သည်။
ဝေမာထွန်း
Popular Myanmar News Journal

ဗုဒ္ဓဘာသာဝင်များအပေါ် ဆန့်ကျင်တိုက်ခိုက်ရန်ပြည်ပမှ လှုံ့ဆော်နေမှု လုံးဝလက်မခံ

မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာ ရေးအဖွဲ့အစည်းလေးခုက နိုင်ငံသားဗုဒ္ဓ ဘာသာဝင်များအပေါ် ဆန့်ကျင်တိုက် ခိုက်ရန် ပြည်ပမှ လှုံ့ဆော်နေမှုများအား လုံးဝလက်မခံကြောင်း မေလ ၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ကြေညာချက်တွင် ထိုသို့လှုံ့ဆော် သည့်အဖွဲ့အစည်း များသည် မြန်မာနိုင်ငံ လုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးနှင့် ဆက်နွှယ်ပတ်သက်မှု လုံးဝမရှိ ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများတွင် အပြစ်မဲ့ပြည် သူများ၏ အသက်အိုးအိမ်နှင့် သာသနိ ကအဆောက်အအုံများ၊ ဗလီဝတ်ကျောင်း တော်များ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ပြည် တွင်းနှင့် နိုင်ငံတကာမှ စာနာထောက် ထားကြသူအပေါင်းအား ကျေးဇူးတင် ကြောင်း၊ အပြစ်မဲ့သူများ အားထိခိုက်စေ သည့် အကြမ်းဖက်မှုအားလုံးကို ရှုတ်ချ ကြောင်း၊ အစွန်းရောက်သူတို့က အစ္စ လာမ်ဘာသာဝင်များအား အကြမ်းဖက် တိုက်ခိုက်ခဲ့သော်လည်းကူညီကာကွယ် စောင့်ရှောက်ပေးသောဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများရှိကြောင်း စသည်ဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဆူပူအကြမ်း ဖက်မှုများ နောက်ထပ်မဖြစ်ပေါ်စေရန် ဆူပူမှုဖြစ်ပေါ်စေသော လှုံ့ ဆော်မှုများ၊ အကြမ်းဖက်သူများ၊ နောက်ကွယ်မှကြိုး ကိုင်ဆောင်ရွက်သူများအား ထိရောက်စွာအရေးယူဆောင်ရွက်ပေး ရန်ပါ နိုင်ငံ တော်အစိုးရအား တောင်းဆိုထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေလ ၆ ရက်ညပိုင်းက နိုင်ငံ ပိုင်ရုပ်သံမှ တစ်ဆင့် ရခိုင်ပြည်နယ်ပဋိပက္ခများ စုံ စမ်းရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များအား အစိုးရမှပြန်လည် လုပ်ဆောင် မည့်အချက်များနှင့် ပတ်သက် ၍ ပြောကြားသောမိန့်ခွန်းတွင် ဖြစ် ပွား နေသည့်ပဋိပက္ခများကို လွဲမှားစွာပုံဖော် နေခြင်းသည် ကြုံတွေ့သောပြဿနာကို ဖြေရှင်းရန် ပိုမိုခက်ခဲစေကြောင်း ပြော ကြားခဲ့သည်။

''ရခိုင်နဲ့ အစ္စလာမ်ဘာသာကိုး ကွယ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခု ရဲ့ပဋိပက္ခ ကို ဗုဒ္ဓဘာသာများနဲ့ မွတ်စလင်များကြား မှာဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ် ကျဉ်း မြောင်းတဲ့အမြင်နဲ့ လွဲမှားစွာပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းဟာ ကြုံတွေ့နေရတဲ့ပြဿ နာများကို ဖြေရှင်းရန်ပိုမိုခက်ခဲစေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မိတ္ထီလာနဲ့ ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့ တဲ့ ပဋိပက္ခများဟာလည်း ဘာသာရေး ပြဿနာ များအဖြစ် မှားယွင်းစွာ ပုံဖော် ခဲ့ခြင်းရဲ့ အကျိုးဆက်များအဖြစ် ရှုမြင် နိုင်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကပြည်သူသို့ ပြောကြားသော ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။

ယင်းအပြင် သမ္မတက ရခိုင်ပြည် နယ် ပဋိပက္ဓအစီအရင်ခံစာသည် လက် တွေ့ကျပြီး ပြည့်စုံကောင်းမွန်သောအစီ ရင်ခံစာတစ်ရပ်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
Popular Myanmar News Journal

ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင်ထားခြင်းမရှိ လေ့လာနိုင်ပြီဟုဆို

အစ္စလာမ်ဘာသာဝင်များ ဝတ်ပြု ရာ ဗလီများသို့ ဘာသာခြားများ ဝင် ရောက်လေ့လာခွင့်ကို မည်သည့်အခါ ကမျှ ပိတ်ပင်ထားခြင်းမရှိသလို ဝင် ရောက်လေ့လာလိုပါကလည်း သက် ဆိုင်ရာ ဗလီဂေါပကအဖွဲ့၏ ခွင့်ပြုချက် ရယူပြီး အချိန်မရွေး ဝင်ရောက်လေ့လာ ၍ ရကြောင်း အစ္စလာမ်ဘာသာရေး အသင်းများထံမှ သိရသည်။

''ဗလီထဲကို ဘာသာခြားတွေ ဝင် ရောက်ခွင့် ပိတ်ပင်ထားတယ်ဆိုတာ သတင်းအမှားကြီးပါ။ ဘယ်တုန်းကမှ ပိတ်ပင်ထားခြင်း မရှိပါဘူး။ ဗလီထဲကို ဝင်ရောက်လေ့လာချင်တယ်ဆိုရင် ဗလီ ဂေါပက အဖွဲ့ဆီက ခွင့်ပြုချက် ရယူရုံ ပါပဲ'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ ဝီအဖွဲ့ချုပ်မှ ဦးကျော်စိုးက ပြောသည်။

သက်ဆိုင်ရာ ဗလီဂေါပကအဖွဲ့ထံ သို့ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခွင့်ပြု ချက်တောင်းခံပြီး ဝင်ရောက်လေ့လာနိုင် ကြောင်း၊ ဗလီတွင်းဝင်ရောက် လေ့လာ ရန်အတွက် မည်သည့်ကန့်သတ်ချက် ကြီးကြီးမားမားမျှ မရှိကြောင်း သိရ သည်။

''ဂေါပက အဖွဲ့ရဲ့ ခွင့်ပြုချက် ရပြီ ဆိုရင် ဝင်လေ့လာလို့ရပါတယ်။ ဒါပေမဲ့ ဘာသာရေးအရ ဖိနပ်မစီးရတာတို့၊ ကိုယ်လက်သန့်ရှင်းစင်ကြယ်အောင် လုပ်ဖို့တို့ပဲ လိုပါတယ်'' ဟု အိုလမာ အစ္စလာမ် သာသနာပညာရှင်များ အဖွဲ့ ချုပ်မှ အောင်လာနာယူစွပ်ဖ်ဦးသိန်း မြင့်က ဆိုသည်။

ရွှေညဝါဆရာတော်က ယခုကဲ့သို့ ဗလီများအတွင်းသို့ ဝင်ရောက်လေ့လာ ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပြုခြင်းသည် လက် ရှိဖြစ်ပေါ်နေသော ပဋိပက္ခ ဖြစ်စဉ်များ လျော့နည်းသွားစေရေး၊ နှစ်ဖက် သံ သယများ လျော့ပါးသွားစေရေးအတွက် များစွာ အထောက်အကူ ပြုနိုင်ေ သာ ကြောင့် ယင်းအား ကြိုဆိုကြောင်း မိန့် သည်။

''ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ ငါတို့ ဘုန်းကြီးကျောင်းတွေမှာဆိုရင် ဘယ်သူမဆို လွတ်လပ်စွာ ဝင်ထွက်ခွင့် ရှိတယ်လေ။ အဲဒီတော့ သူတို့ရဲ့ ဗလီ တွေကိုလည်း ထင်သာမြင်သာတဲ့ ပုံစံ မျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာ ဝင်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ရှိတယ်ဆိုရင် နှစ်ဘာ သာကြားမှာ ပဋိပက္ခတွေ၊ သံသယတွေ လျော့နည်းသွားလိမ့်မယ်လို့ ငါ့အနေနဲ့ မြင်တယ်'' ဟု ရွှေညဝါဆရာတော်က မိန့်သည်။

ရခိုင်ပဋိပက္ခ အစီရင်ခံစာတွင် လည်း ဗလီများနှင့် အာရဗီ စာသင် ကျောင်းများကို သက်ဆိုင်ရာ၏ ခွင့်ပြု ချက်များနှင့် အညီ ဖြစ်စေသင့်ကြောင်း၊ အထူးသဖြင့် ဘာသာရေးနှင့် သက်ဆိုင် သော နေရာဖြစ်သည့် ဗလီများသည် မည်သူမဆို အချိန်မရွေး နားခို၊ တရား အားထုတ်နိုင်သော နေရာဖြစ်စေသင့် ကြောင်း အကြံပြုဖော်ပြထားသည်။
ကျော်ရဲလင်း
Popular Myanmar News Journal

မူးယစ်ဆေးဝါးရောင်းဝယ်သူများ နောက်ကွယ်တွင် အာဖရိကနှင့် အီရန်မူးယစ်ဂိုဏ်းများပါဝင်နေဟုဆို

ရန်ကုန်- နိုင်ငံတွင်းမူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများတွင် အာဖရိကနှင့် အီရန် နိုင်ငံသားဂိုဏ်းဖွဲ့ ကျူးလွန်သူများက လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းကပြောသည်။

မေလ ၆ ရက်က ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင်ပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးထိန်းချုပ်ရေး အစည်းအဝေး၌ အထက်ပါ ပုဂ္ဂိုလ်ကပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ် ဖောက်ကားမှုတွင် နိုင်ငံတကာဂိုဏ်းဖွဲ့ကျူးလွန်သူများ ပါဝင်ပတ်သက်နေပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာလည်း၂၀၀၇ ခုနှစ်မှစ၍ ပြန်လည်မြင့်တက်လာခဲ့သည်ဟု ၎င်းကဆက်လက်ပြောသည်။ ထို့အပြင် Methamphe tamine ဆေးဝါး
ပြဿနာမှာ စိုးရိမ်ရေမှတ်အထိ တိုးမြင့်နေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးသစ်များပေါ်ထွက်လာမှုမှာအနာဂတ်မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများကို ခြိမ်းခြောက်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ငါးနှစ်အတွင်း မူးယစ်ဆေးဝါး အပြီးသတ်ပပျောက်ရေးစီမံကိန်းမှာ မူလရည်မှန်းထားသည့်ထက် နှေးကွေးနေကြောင်း ၎င်းကဆိုသည်။

“မူးယစ်ဂိုဏ်းတွေက တစ်နိုင်ငံ တည်းမှာ အခြေပြုတာမဟုတ်ဘူး။ တချို့ကထိုင်းမှာ ၊တချို့က လာအိုမှာရှိကြတယ်။ နောက်ကွယ်က ဂိုဏ်းတွေကြီးကြီးမားမားမိထားတာရှိပါ တယ်။ အထူးသဖြင့် တခြားနိုင်ငံတွေ နဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မိတာများပါတယ်”ဟု ဒုရဲမှူးကြီး ဦးမြင့်သိန်းကလည်း ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများက ဒေသခံလူငယ်များ၊ အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ပစ်မှတ်ထား၍မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချမှုတို့ကို လုပ်ဆောင်လာကြောင်း ၎င်းတို့ကဆိုသည်။ ထို့ကြောင့်ဒေသ ခံမူးယစ်တပ်ဖွဲ့များကယခုနှစ် ဧပြီ ၁ ရက်မှစ၍ စီမံချက်ဖြင့် ပညာပေးလုပ်ငန်းများလုပ်ဆောင်နေရကြောင်းသိရသည်။

ဘိန်းစိုက်ပျိုးမှုများကို ပြန်လည် လျှော့ချရေးနှင့် စိတ်ကြရူး သွပ်ဆေးဝါးအန္တရာယ်လျှော့ချရေးအတွက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့အနေဖြင့်မူးယစ် ဆေးဝါးပပျောက်ရေးစီမံချက်ကို ၂၀၁၉ ခုနှစ်အထိ သက်တမ်းတိုးလိုက်ကြောင်း နိုင်ငံ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် ဒုရဲချုပ် ဇော်ဝင်းက ပြောကြားသည်။

ယခင်မြန်မာအစိုးရက သတ်မှတ်ထားသည့် နှစ်မှာ ၂၀၁၄ ဖြစ်သည်။
7Day News Journal

ရန်ကုန်နှင့် မန္တလေးစက်မှုဇုန်များ ၂၄ နာရီ မီးဖြတ်

ရန်ကုန်- ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် အစိုးရစက်ရုံ၊ အလုပ်ရုံများအား မေလ ၆ ရက်မှ စတင်၍လျှပ်စစ်မီးပေးဝေမှုရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။

“ဒီနေ့ပဲ စဖြတ်လိုက်တယ်။ အများပြည်သူကို ပိုပေးချင်လို့ပါ။ ရန်ကုန်တိုင်းက စက်မှုဇုန်အားလုံးပဲ”ဟု အထက်ပါရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က မေ ၆ ရက်တွင် ပြောကြားသည်။

ယခုနှစ်စက်မှုဇုန်များကို လျှပ် စစ်မီးဖြန့်ဝေပေးရာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲနီးချိန်တွင် တစ်ရက် လေးနာရီဝန်းကျင်သာ မီးပေးသည်။ ယင်းမတိုင်မီက စက်မှုဇုန်များကို တစ်ရက် ၁၆ နာရီခန့် မီးပေးခဲ့သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးနောက် စက်မှုဇုန်များကို လျှပ် စစ်မီးတစ်ရက်ကို ငါးနာရီသာ ပေးခဲ့ပြီးနောက်
ယနေ့မှစ၍ လျှပ်စစ်ပေးခြင်းကို စက်မှုဇုန်များတွင် ရပ်ဆိုင်းလိုက်သည်။

“လုံးလုံးမရတော့လည်း ဒီဇယ် နဲ့လည်ရတာပေါ့။ အရင်ကလည်း ရတယ်ဆိုတာ မီးချောင်းထွန်းဖို့ လောက်ပဲ။ မော်တာလည်ဖို့က မီး စက်နဲ့ပဲ အများဆုံးလည်ရတာ” ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဆိုသည်။

လျှပ်စစ်မီးသည် မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန်အတားအဆီးကြီးတစ်ခု ဖြစ်နေသည်။ နိုင်ငံတော်အစိုးရကလည်း ယင်းပြဿနာကိုဖြေရှင်းရန် နည်းလမ်းမျိုးစုံနှင့် ကြိုးပမ်းနေသည်။ လက်ရှိအချိန်တွင် နွေရာသီ၌ လူနေရပ်ကွက်များတွင် မီးရရှိမှုများလာသော်လည်း စက်မှုဇုန်များမှာ ယခင်အတိုင်းပင် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ကြုံတွေ့နေရကြောင်း ထုတ်ကုန်လုပ်ငန်းရှင်များက ပြောကြားသည်။

မန္တလေးမြို့တွင်လည်း မေလ ၆ ရက် နံနက် ၇ နာရီ မှ စတင်ကာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များနှင့် ပုဂလိက စက်မှုလုပ်ငန်းများအား ၂၄ နာရီပတ်လုံး လျှပ်စစ်ဓာတ်အားဖြတ်တောက် ကာဝန်အားလျှော့ချမည် ဖြစ်သည်။

နွေရာသီ မိုးနည်းကာလ ရေအားလျှပ်စစ်စက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလျော့နည်းလာပြီး အများပြည်သူအသုံးပြုရန် ၀န်အားအတွက်သာ လုံလောက်ခြင်းကြောင့် ၀န်အားလျှော့ချခြင်း ဖြစ်ကြောင်း၊ စက်မှုဇုန်များကို ၂၄ နာရီပတ်လုံး ဓာတ်အားပိတ်ထားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာများ အတွင်းရှိ ပုဂ္ဂလိက စက်မှုလုပ်ငန်း များကိုလည်း လျှပ်စစ်ဓာတ်အားလုံးဝသုံးစွဲခွင့်ပြုမည်မဟုတ်ကြောင်းစက်မှုလုပ်ငန်းရှင်များထံ အကြောင်းကြားသည့် ညွှန်ကြားစာများတွင် ဖော်ပြထားသည်။

“ပြည်ထောင်စုအစိုးရ အစီအ စဉ်ပါ။ တိုင်းဒေသကြီးသက်သက် မဟုတ်ပါဘူး။ အဆင်မပြေနိုင်တဲ့ အကြောင်းကိုလည်း တင်ပြညှိနှိုင်း နေပါတယ်”ဟု မန္တလေးတိုင်းဒေသ ကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။

“လုံးဝ ရပ်နားထားဖို့ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်ပါဘူး။ ဘယ် လောက်ကြာမယ်ဆိုတာလည်း မပါ ဘူး။ အခုတစ်မြို့လုံး ယောက်ယက် ခက်ကုန်ကြပြီ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး”ဟု အမရပူရမြို့မှ စက်ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ ဂက်စ်တာဘိုင် စက်ရုံများ မကြာမီ လည်ပတ်နိုင်တော့မည် ဖြစ်ခြင်း၊ မိုးအနည်းငယ် ရွာသွန်းလာခြင်းတို့ကြောင့် ယခုအစီအစဉ်မှာ အလွန်ဆုံး နှစ်ပတ်ခန့်သာ ကြာမြင့်နိုင်ကြောင်းလည်း ၀န်ကြီးက ပြောကြားသည်။
7Day News Journal

လုံးဝဆုတ်ခွာမပေးနိုင်ဟု ဒီကေဘီအေပြော

ဓာတ်ပုံ- ဥက္ကာကိုကို
ဒီကေဘီအေထိပ်တန်း ခေါင်းဆောင်များက မြိုင်ကြီးငူမှ လုံးဝဆုတ်ခွာမပေးနိုင်ဟု ပြောဆိုလိုက်သည့် တစ်ရက်တည်းမှာပင် ဒီကေဘီအေ အရာရှိအချို့သည် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်မြို့၌ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

“အဓိက ဘယ်ဟာတွေကအဆင်မပြေဖြစ်နေတာလဲ။ အကြောင်းအရာတွေအများကြီးပဲ။ ဒါတွေကို ဆွေးနွေးပွဲတစ်ခု ဖြစ်အောင်လုပ်ဖို့ဆွေးနွေးကြတယ်”ဟု
မြန်မာငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

မြိုင်ကြီးငူဒေသအတွင်းရှိ ဒီကေဘီအေတပ်ဖွဲ့များကို မေလ ၄ ရက်ည နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် မြန်မာ့တပ်မတော်မှ ရာဇသံပေးထားခြင်းကို လုံးဝဆုတ်
ခွာနိုင်မည်မဟုတ်ကြောင်း ဒီကေဘီအေ(ကလို့ထူးဘော)တပ်ဖွဲ့မှဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က မေ ၆ ရက်တွင်ပင် တုံ့ပြန်လိုက်သည်။

“ဒီနေရာက မခွာနိုင်တော့ဘူး။ ထပ်တိုးလာရင် ခုခံကာကွယ်သွားမယ်။ အခုက ထိုင်းနဲ့နီးနေပြီ။ ထိုင်းကလည်း လက်ခံမှာ မဟုတ်ဘူး”ဟု မေလ ၆ ရက်တွင်
ဗိုလ်မှူးကြီးစောဆန်းအောင်က ပြည်တွင်းမီဒီယာများအား ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ဒီကေဘီအေ(ကလို့ ထူးဘော)တပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့အကြား ဧပြီ ၂၆ ရက် စတင်ကာ
တိုက်ပွဲအချို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၂၆ ရက်တွင် နယ်ခြားစောင့်တပ်မှ တပ်သားတစ်ဦးက ဒီကေဘီအေနယ်မြေအတွင်း ရောက်ရှိလာခြင်းမှ စတင်ကာ ၂၇ ရက် ည ၁၀ နာရီကျော်တွင်
နှစ်ဖက်တပ်အကြား အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်။

နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေတပ်နှစ်ဖက်လုံးသည် ကရင်အမျိုးသားများပင်ဖြစ်ကြပြီး ယခုကဲ့သို့ အချင်းချင်းပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရှက်ရ ၀မ်းနည်းမိကြောင်းနှင့် ယခုကိစ္စတွင် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ တပ်မဟာမှူးဗိုလ်မှူးကြီးထိန်မောင်
ထွန်းတို့၌ တာဝန်အပြည့်အ၀ရှိကြောင်း ဒီကေဘီအေ၊ ကေအင်န်ယူ၊ ကေအင်န်အယ်လ်အေမှ တာဝန်ရှိသူများက ပြောကြသည်။

“အစိုးရက ဗိုလ်မှူးကြီးအောင်လွင်နဲ့ ၀န်ကြီးချုပ်ဦးဇော်မင်းတို့ကို ဘာတာဝန်ပေးထားသလဲဆိုတာ ကျွန်တော်သိချင်တယ်။ ဒီကိစ္စက သေးသေးလေးပဲ။ သေနတ်တစ်ချက်ပစ်ဖောက်ရာကစတာ။ တပ်မဟာမှူးကသူရှင်းမယ်ဆိုရင် ရရဲ့သားနဲ့ ဘာလို့မပြောတာလဲ။ ပြောလို့မရဘူးလို့ဆိုရင် ဒီလို ရာထူးကို ယူထားဖို့ မသင့်တော့ဘူး”ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးက ဆိုသည်။

ဒီကေဘီအေသည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ထားဆဲကာလဖြစ်ပြီး နယ်မြေကျော်လွန်ဖြတ်သန်းမှုများကို သတင်းပို့စနစ်ဖြင့် ဆောင်ရွက်ရန် သဘောတူညီခဲ့ကာ ယူနီဖောင်းမ၀တ်ဆင်၊ လက်နက်မကိုင်ဆောင်ဟု သဘောတူညီထားခြင်းမရှိကြောင်း သိရသည်။

“အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့အချိန်မှာ စစ်တပ်က တိုက်ရိုက်အမိန့်လာပေးတာကို နားမလည်နိုင်ဘူး။ ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့ ကာလမှာ အတင်းအဓမ္မ ဆုတ်ခွာခိုင်းတာမူအရမကိုက်ညီဘူး”ဟု ဗိုလ်မှူးကြီးစောဆန်းအောင်က ပြည်တွင်းမီဒီယာ များအား ပြောကြားသည်။
7Day News Journal

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ

ဝါရှင်တန် မေ ၇
လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံ အားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က  သတိပေး ပြောကြားခဲ့သည်။

၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန် လိုအပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။

၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။
စကားဝါ
မြ၀တီ

လိပ်ခေါင်းရှိသူများ သက်သာစေမည့် အလွယ်ကုသနည်း ရှစ်သွယ်

လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားနေရပါသလား။ လိပ်ခေါင်းဝေဒနာတွေ သက်သာစေဖို့ အောက်ပါ လွယ်ကူတဲ့ ကုသနည်းတွေကို လိုက်နာပေးပါ။

၁) ရေကုထုံးသုံးပါ

ရေဟာ ရောင်ရမ်းနာကျင်ကာ ယားယံနေတဲ့ လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စအိုတစ်ဝိုက်ကို အေးမြတဲ့ အဝတ်စတစ်စ ကပ်တာ ဒါမှမဟုတ် ၁၀ မိနစ်လောက် ကြက်သီးနွေးရေထဲ စိမ်ပေးတာကို လုပ်ပေးပါ။ လိပ်ခေါင်းရှိသူ အများစုဟာ အိမ်သာသုံးစက္ကူ အစား စိုစွတ်တဲ့ အိမ်သာသုံး တစ်သျှူးနဲ့ ညင်ညင်သာသာ သုတ်ပေးတာကြောင့် လိပ်ခေါင်း သက်သာတာကို တွေ့ရှိရပါတယ်။

၂) မိမိဘာသာ အလွယ်တကူ ဝယ်နိုင်သောဆေးများ သုံးပါ

မိမိဘာသာ အလွယ်တကူ ဝယ်နိုင်တဲ့ လိပ်ခေါင်း ပျောက်ဆေးတွေဟာ လိပ်ခေါင်း ဝေဒနာတွေကို ယာယီနဲ့ အမြန် သက်သာစေပါတယ်။ ခရင်မ်၊ ဂျဲလ်၊ ဟိုက်ဒရိုကော်တီဇုန်း ပါတဲ့ လိပ်ခေါင်းကု လိမ်းဆေးစတာတွေက လိပ်ခေါင်းကို သက်သာစေနိုင်ပါတယ်။ လိပ်ခေါင်းက နာကျင်ကာ ရောင်ရမ်းနေရင် ပါရာစီတမော၊ အက်စပရင်နဲ့ အိုင်ဗျူပရိုဖင်တို့ပါတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မှီဝဲပေးဖို့ လိုပါတယ်။

၃) အမျှင်ဓာတ် များများစားပါ

အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန် သွားစေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေက လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပြီး ဝမ်းပျော့ပျော့သွားစေကာ ဝမ်းကို အလွယ်တကူ သွားစေနိုင်ပါတယ်။ အမျှင်ဓာတ် များများပါဝင်တဲ့ အစားအစာတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဖွဲနု၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ကွေကာ စတာတွေကို များများ စားပေးပါ။ အမျှင်ဓာတ် များများပါတဲ့ အစားအသောက်တွေကို စားတာက အူမကြီး ကင်ဆာ၊ နှလုံးရောဂါနဲ့ အဝလွန်တာတွေလို ပြင်းထန်တဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

၎) အစားအသောက်မှ အမျှင်ဓာတ်မရလျှင် အမျှင်ဓာတ်ဖြည့်စွက်ဆေး မှီဝဲပါ

လူအများစုဟာ အစားအသောက်မှ အမျှင်ဓာတ် အလုံအလောက်ရဖို့ ခက်ခဲတတ်ပါတယ်။ ဒါဆိုရင် အမျှင်ဓာတ် ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ ဒါမှ ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပြီး လိပ်ခေါင်းဖြစ်နိုင်ခြေနဲ့ လိပ်ခေါင်းရှိနေသူတွေမှာ နာကျင်မှုကို လျော့ကျ စေနိုင်ပါတယ်။

၅) ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ

ရေကို များများသောက်တာဟာ ဝမ်းပျော့ပျော့ သွားစေပြီး လိပ်ခေါင်းကြောင့် နာကျင်မှုကို လျော့ကျစေပါတယ်။ ရေအလုံအလောက် သောက်တာက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပူတဲ့နေ့တွေနဲ့ လေ့ကျင့်ခန်း လုပ်ချိန်တွေမှာ တစ်နေ့ ရေရှစ်ခွက်လောက် သောက်ပေးပါ။ ဒါ့အပြင် အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို လျှော့သောက်ပါ။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို အားပေးစေပြီး ဝမ်းကို မာကျောစေကာ လိပ်ခေါင်းကြောင့် နာကျင်မှုကို တိုးစေနိုင်ပါတယ်။

၆) လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ

လေ့ကျင့်ခန်းဟာ လိပ်ခေါင်း မဖြစ်အောင် ကာကွယ်ရေးနဲ့ ကုသရေးမှာ အရေးပါတဲ့ အချက်ပါပဲ။ နေ့စဉ်ဘဝမှာ အထိုင်များရင် တစ်နာရီကြာတိုင်း မတ်တပ်ရပ်ပြီး လမ်းလျှောက်ကာ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ အိမ်သာသွားရင် ကြာကြာထိုင်တာ၊ အလေးအပင် မတာတွေကို ရှောင်သင့်ပါတယ်။

၇) ဝမ်းသွားချင်စိတ်ကို အလေးထားပါ

မိသားစုတိုင်းအတွက် နံနက်ခင်း အချိန်က အလုပ်များလှပါတယ်။ အိမ်သာသွားဖို့ အချိန် မပေးနိုင်တာကြောင့် ဝမ်းသွားချင်စိတ်ကို လျစ်လျူရှုမိရာက ဝမ်းချုပ်ကာ လိပ်ခေါင်းဖြစ်သူတွေ များလှပါတယ်။ ဒါကြောင့် ဝမ်းသွားချင်စိတ် ပေါ်တိုင်း အချိန်ပေးပြီး အိမ်သာ တက်ပေးဖို့ လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားချိန် ကြာတာကလည်း လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။

၈) ကိုယ်ဝန်ဆောင်ချိန်တွင် အထူးဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်း အဖြစ်များပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စအို နာကျင်တာနဲ့ ယားယံတာလို ဝေဒနာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်စဉ်၊ အနားယူစဉ် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လဲလျောင်းတာကြောင့် သွေးပြန်ကြောတွေ အပေါ် ဖိအား သက်ရောက်မှု လျော့ကျစေပါတယ်။ ဒါကြောင့် လိပ်ခေါင်းကို သက်သာစေပါတယ်။
ဇွန်ခိုင်ဦး
(ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH
ကျန်းမာရေးစာတိုများစုစည်းမှု

Eleven Media Group ကို ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း တရုတ် ကြေညာချက်ထုတ်ပြန်

Tuesday, 07 May 2013
မေလ ၁ ရက်နေ့တွင် အစမ်းထုတ်ဝေခဲ့သော The Daily Eleven သတင်းစာတွင် “၀”သို့ တရုတ်နိုင်ငံမှ စစ်ရ ဟတ် ယာဉ် ပေးပို့ခဲ့ခြင်းအား “၀”ဘက်မှ ငြင်းဆို သတင်းကို ဖော်ပြခဲ့သည့် အတွက် Eleven Media Gorup ကို ပြင်းပြင်း ထန်ထန် မကျေနပ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မေလ ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

ကြေညာချက် (အင်္ဂလိပ်မူ)

ကြေညာချက် (မြန်မာမူ၊ တရုတ်သံရုံးမှ မြန်မာဘာသာ သို့ ပြန်ဆိုခဲ့သည့်အတိုင်း ဖော်ပြခြင်း ဖြစ်သည်)

Eleven Media Group

အထက်လိုလားချက်အရ ရဲမင်းဦးအား ပုဒ်မ ၁၅၃(က)ဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း

မေ ၆ ရက်တွင် ရုံးချိန်းသို့ လာရောက်သော ကိုရဲမင်းဦး အချုပ်ကားပေါ်မှ ဆင်းလာစဉ်
Wednesday, 08 May 2013
အမည် မဖော်ပြနိုင်သော အထက်လိုလားချက်အရ ရဲမင်းဦးအား ဘာသာရေးအရ သွေးထိုးလှုံဆော်မှုအဖြစ် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၅၃(က)ဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ သာကေတမြို့နယ် ရဲတပ်ဖွဲ့မှူးက မေ ၆ ရက် ရုံးချိန်အတွင်း စွပ်စွဲခံရသူ ရဲမင်းဦး၏ ကိုယ်စားလှယ် ရှေ့နေဖြစ်သူ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက် ၁၉ လမ်းထိပ်ရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း ပတ်ဝန်းကျင်တွင် ရပ်ကွက်သူ ရပ်ကွက်သားများနှင့် စာသင်ကျောင်း တာဝန်ရှိသူတို့ ပြေလည်မှု မရရှိဘဲ အချင်းများပြီး လူများအုပ်စုဖွဲ့ ရောက်ရှိနေသည့် အတွက်ကြောင့် လုံခြုံရေးတာဝန် ဆောင်ရွက်ရန် ရောက်ရှိနေချိန်တွင် တရားဥပဒေနှင့်အညီ လုပ်ကိုင်ကြရန် ရောက်ရှိနေသူများကို ပြောကြားခဲ့ကြောင်း၊ အများစုမှာ နားလည်သဘောပေါက်ခဲ့ကြောင်း၊ သာကေတမြို့နယ်မှူးဖြစ်သူ ရဲမှူးကျော်ဝင်းက ထွက်ဆိုခဲ့သည်။

ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် စာသင်ကျောင်းအား စစ်ဆေးရာတွင် ခွင့်ပြုချက်ထက်ပို၍ ဆောက်လုပ်ထားသည်ကို တွေ့ရှိရ၍ ပိုနေသည့် အပိုင်းများကို ဖြုတ်ချပေးရန် ကျောင်းတာဝန်ရှိသူ ဦးသန့်တင်အား ပြောကြားခဲ့ပြီး ယင်းနေ့ညနေ ၃ နာရီခွဲ အချိန်တွင် လူငယ် ၁၄ ဦးခန့်မှ ဖြုတ်ချပေးခဲ့သော်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများက ကျေနပ်ခြင်း မရှိဘဲ အုတ်ဖိနပ်မှစ၍ ဖြုတ်ချပေးရန် ၀ိုင်းဝန်းတောင်းဆိုခဲ့ကြောင်း စသည်ဖြင့် ဦးကျော်ဝင်းက ထွက်ဆိုခဲ့သည်။

တောင်းဆိုသူများမှ ကျေနပ်ခြင်းမရှိဘဲ ဆက်လက်တောင်းဆိုခဲ့ပြီး အခင်းဖြစ်ပွားသည့် နေရာအနီးတွင် ရဲမင်းဦးအား တွေ့ရှိခဲ့ရပြီး ၁၉.၄.၂၀၁၃ ညဥ့်သန်းခေါင်ယံအချိန်တွင် လူအုပ်စု အနည်းဆုံး ၇၀ မှ အများဆုံး ၃၀၀ ခန့် မရှိတော့ဘဲ ငြိမ်းချမ်းစွာ ပြီးစီးခဲ့ကြောင်း ၁၁.၄.၂၀၁၃ တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမြင့်မောင်က သာကေတမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်ဝင်းထံ လာရောက်ပြီး အခင်းဖြစ်ပွားသည့် ဖြစ်စဉ်အတွင်း ရဲမင်းဦးမှ ဦးပဉ္စင်းတစ်ပါးနှင့် အစ္စလာမ်ဘာသာရေးကျောင်း ကိစ္စအား ချဲ့ထွင်လုပ်ကြံခဲ့သည်ဟု လာရောက်ပြောဆိုခဲ့သဖြင့် တာဝန်ရှိသူ မိမိမှ တရားစွဲဆိုရခြင်းဖြစ်ကြောင်း ဦးကျော်ဝင်းက ထွက်ဆိုခဲ့သည်။

ရဲမင်းဦး၏ရှေ့နေ ဦးကျော်ဟိုးမှ တရားလို၏ မှတ်တမ်းဖြည့်စွက်ချက်များအား ပြန်လည်မေးမြန်းရာတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ အချင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧပြီ ၂၂ ရက်နေ့ ရောက်မှသာ
အမှုဖွင့်ဦးတိုက် လျှောက်ထားရခြင်းမှာ အထက်ရဲ့ အလိုအရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိမှာ တိတိကျကျ စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ အထက်ရဲ့ လိုလားချက်အရ ပြောဆိုပါလျှင် မည်သည့်အဖွဲ့ဆိုလျှင် ပြောပြပိုင်ခွင့် မရှိပါဟုလည်း ဦးကျော်ဝင်းက ထပ်မံထွက်ဆိုခဲ့သည်။ 
Eleven Media Group

မွတ်ဆလင် ဒုက္ခသည်တွေကို ကျောက်ဖြူမှာ ထားဖို့ စီစဉ်

မွတ်ဆလင် ဒုက္ခသည် ကလေးတွေ
8 မေလ 2013
ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေက မွတ်ဆလင် ဒုက္ခသည်တွေကို သူတို့ရဲ့ နေရပ်ရင်း ဒေသတွေမှာ ပြန်လည် နေရာချထားရေး အတွက် စီစဉ်နေရာမှာ ကျောက်ဖြူမြို့နယ်မှာ ဆိုရင် နေရာ (၄) ခု ရာတား ထားတယ်လို့ သိရပါတယ်။

နေရာချထားနိုင်ရေး အတွက် ဝန်ကြီးအဆင့် အစိုးရ အရာရှိကြီးတွေဟာ မနေ့က ကျောက်ဖြူမြို့ကို ရောက်ရှိ လာတယ်လို့ သိရပါတယ်။

နိုင်ငံတော် အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် အတွင်းက မူဆလင် ဒုက္ခသည်တွေကို မိုးမကျမီ သူတို့ရဲ့ နေရပ်ရင်း ဒေသတွေမှာပြန်လည် နေရာချပေးရေး အတွက် စီစဉ်နေရာမှာ နယ်စပ်ရေးရာ ဒုဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ လွန်ခဲ့တဲ့ တနင်္လ࿿ာနေ့က ကျောက်ဖြူမြို့ကို ရောက်ရှိလာပြီး နေရာချထားရေး ကိစ္စ ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ကျောက်ဖြူ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ နေရာ ၄ ခုကို အကြမ်းအားဖြင့် ရွှေးချယ်ထားတယ်လို့ ပြောဆိုတဲ့ အကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ လူငယ် ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

အဲသလို နေရာချထားမှတ်ထားတဲ့ နေရာမှာ နားခေါင်းပေါက်နဲ့ ကုလားမကျွန်းဘက်မှာတော့ ကန့်ကွက်မူတွေ ရှိတယ်လို့ မကြားရပေမယ့် ပြင်ဖြူမော်နဲ့ နဲ့ ချိန်ခါလီနေရာတွေမှာတော့ ရွာသားတွေက သူတို့ ရွာအနီးမှာ နေရာချပေးမှာကို ဆန့်ကျင့် ကန့်ကွက် ခဲ့ကြတာကြောင့် ဝန်ကြီးတွေ အနေနဲ့ အဲဒီဒေသတွေကိုတော့ သွားရောက်မယ့် အစီအစဉ်တွေကို ရပ်နားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု နေရာချပေးဖို့ စီစဉ်တဲ့ ဒုက္ခသည်တွေဟာ အောက်တိုဘာ အရေးအခင်းကတည်းက ကျောက်ဖြူကနေ စစ်တွေ မူဆလင် ဒုက္ခသည်စခန်းတွေမှာ ခိုလုံနေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
BBC Burmese

ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ

08.05.2013
တရုတ်အနေနဲ့ Cyber အင်တာနက်ဆိုင်ရာ မသမာမှုတွေလုပ်ပြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စစ်ရေးစီမံကိန်းတွေကို ရယူဖို့ ကြိုးစားတယ်ဆိုတဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန အစီရင်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေးဌာနရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ တာဝန်မဲ့ရာကျပြီး၊ တရုတ် အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ဟူ ချွန်းယွမ် (Hua Chunying) က ပြောသွားပါတယ်။

တနင်္လာနေ့တုန်းက အမေရိကန် ကာကွယ်ရေးဌာန ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်အစိုးရ ကွန်ပြူတာစနစ်တွေကို ဆိုက်ဘာ တိုက်ခိုက်မှုတွေရှိခဲ့ပြီး၊ ဒါဟာ တရုတ်အစိုးရနဲ့ စစ်ရေးအဖွဲ့အစည်းတွေက တိုက်ရိုက်လုပ်ဆောင်ပုံရတယ်လို့ ဖော်ပြ ပါတယ်။

တရုတ်အခြေစိုက် ကွန်ပြူတာ ဟက်ကာတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အမေရိကန် တာဝန်ရှိသူတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေ အခု ပိုတိုးလာနေပါတယ်။ ဒါပေမဲ့လည်း တရုတ်အစိုးရကို တိုက်ရိုက် ဝေဖန်စွပ်စွဲတာမျိုးကိုတော့ အများစု အခြေအနေမှာ ရှောင်ပါတယ်။

ဒါဟာ ပြဿနာကို ဖြေရှင်းနိုင်ရေး ဆွေးနွေးမှုတွေ လုပ်ဖို့လို့ မျှော်လင့်ချက်နဲ့ပါ။ ဗြိတိန်က Nottingham တက္ကသိုလ်က တရုတ်ပညာရှင် စတိ စန် (Steve Tsang) ကတော့ အမေရိကန် ကာကွယ်ရေးဌာနအနေနဲ့ အခုလို ပြင်းထန်တဲ့ စွပ်စွဲချက်တွေ လုပ်ဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိရမှာ ဖြစ်တယ်လို့ သူထင်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ

08.05.2013
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦး ပြိုကျမှုမှာ သေဆုံးသူအရေအတွက် ၇၀၀ ကျော်သွားပြီဖြစ်ပြီး၊ ကယ်ဆယ်ရေး လုပ်သားတွေကတော့ အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေကို ဆက်ပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာလည်း အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေ ထပ်ရှာတွေ့ခဲ့တယ်လို့ ရဲကပြောပြီး သေဆုံးရသူအရေအတွက် ၇၀၅  ဦးလို့ အတည်ပြုခဲ့ပါတယ်။

ဧပြီလ ၂၄ ရက်နေ့က အဲ့ဒီဖြစ်ရပ်ကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာပြောဖို့ ပိုပြီး ခက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အများအားဖြင့် သေဆုံးသူတွေရဲ့ အိတ်တွေထဲမှာတွေ့ရတဲ့ မှတ်ပုံတင်တွေ လက်ကိုင်ဖုံးတွေကိုကြည့်ပြီးပဲ ဘယ်သူဘယ်ဝါဆိုတာ ပြောနေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ အထည်ချုပ်စက်ရုံ ပြိုကျမှုဟာ သိပ်ပြီးစိုးရိမ်မရာ မရှိပါဘူး။ ဒါဟာ မတော်တဆ ထိခိုက်မှုပါလို့ ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးက အရင်တစ်ပတ်ကပဲ ပြောသွားပါ တယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် နိုင်ငံခြားအထည်ချုပ်ကုမ္ပဏီတွေ ပြန်ထွက်သွားမှာ မစိုးရိမ်ပါဘူး၊ ဒီလို ဖြစ်ရပ်မျိုးက နေရာတိုင်းမှာ ဖြစ်တာပါလို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒေါ်လာသန်း ၂ သောင်းဖိုးရှိတဲ့ အထည်ချုပ်လုပ်ငန်းဟာ နိုင်ငံ
ပြည်ပပို့ကုန် ပမာဏရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံခြား အဝတ်အထည် ကုမ္ပဏီ အများအပြားကလည်း သေဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ပါမယ်လို့ ကတိပြုထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် လူအနည်းဆုံး ၉ ဦးကို ဖမ်းဆီးထားပါတယ်။ အဲ့ဒီထဲမှာ ပြိုကျတဲ့ အဆောက်အဦးပိုင်ရှင်၊ အဲ့ဒီ အဆောက်အဦးမှာရှိတဲ့ စက်ရုံတွေရဲ့ ပိုင်ရှင်တွေနဲ့ အဲ့ဒီ အဆောက်အဦး တည်ဆောက်မှုအတွက် တာဝန်ရှိတဲ့ အင်ဂျင်နီယာတွေ ပါဝင်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာမိခင်တွေ အခြေအနေ ကမ္ဘာမှာ နိမ့်ကျနေဆဲ

မွေးကင်းစကလေးငယ်တွေကို သူနာပြုက ဂရုစိုက်ကြည့်ရှုနေစဉ် (၂၁ ဧပြီ ၂၀၁၁)
08.05.2013
အမေရိကန်ပြည်ထောင်စုအပါအ၀င် ကမ္ဘာပေါ်က တိုင်းပြည်အတော်များများ မှာ မွေးကင်းစကလေး ကျန်းမာရေးဟာ အတော်ကြီးကို အန္တရာယ်ကြီးတဲ့ အနေအထားမှာ ရှိနေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ Save the Children အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အင်္ဂါနေ့တုန်းက မိခင်များဆိုင်ရာ နိုင်ငံတကာ အစီရင်ခံစာတစ်စောင်ကို Save the Children အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

 အစီရင်ခံစာအရဆိုရင် တစ်နှစ် တစ်နှစ်ကို မွေးကင်းစ ကလေးငယ် တစ်သန်းဟာ မွေးဖွားပြီးပြီးချင်းမှာပဲ သေဆုံးခဲ့တယ်ဆိုပြီး သုံးသပ် ဖော်ပြထားပါတယ်။ အစီရင်ခံစာထဲမှာ မိခင်တွေနဲ့ပတ်သက်လို့ အရည်အသွေး အကောင်းဆုံးအဆင့်တွေကို သတ်မှတ်ဖော်ပြရာမှာ ဖင်လန်နိုင်ငံက ထိပ်ဆုံးမှာရှိနေပြီး၊ ကွန်ဂိုနိုင်ငံက မိခင်တယောက်အတွက် အဆိုးဆုံး အခြေအနေအဖြစ် သတ်မှတ်ဖော်ပြပါတယ်။

မိခင်တွေရဲ့ အရည်အသွေးနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ၁၇၆ နိုင်ငံကို သုံးသပ်ထားရာမှာ မြန်မာနိုင်ငံကတော့ အဆင့် ၁၅၂ နဲ့ အတော်လေး အောက်ပိုင်းမှာ ရှိနေပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် ရှိတဲ့နေရာမှာလည်း ၄ ဒဿမ ၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဖော်ပြပါတယ်။ အသက် ၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်းမှာလည်း တစ်ထောင်မှာ ၆၂ ဒဿမ ၄ ရှိတယ်လို့ ဖော်ပြထားပါတယ်။

မိခင်တွေရဲ့ အရည်အသွေးမှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ နံပါတ် ၈၀၊ ဘင်္ဂလားဒေ့ရှ်က နံပါတ် ၁၃၆ ရှိတာမို့၊ မြန်မာဟာ အာရှမှာ အောက်ဆုံးက လိုက်နေပြီး မြန်မာအောက်မှာ အာဖရိကတိုက်နိုင်ငံတွေ အများစု တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာအထက်မှာ ရှိပေမဲ့၊ မွေးကင်းစ ကလေးငယ် သေဆုံးမှုနှုန်း မှာတော့ အမြင့်ဆုံးမှာ ရှိနေပါတယ်။ အိန္ဒိယမှာ တစ်နှစ်တစ်နှစ်ကို မွေးဖွားစ ကလေးငယ် သုံးသိန်းကျော် သေဆုံးမှု ရှိတယ်လို့ ဖော်ပြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ရဟန်းတော်တပါးသတ်မှုနဲ့ စွပ်စွဲခံရသူ ၆ဦး သေဒဏ်ခံရနိုင်

8 May 2013
 မြန်မာနိုင်ငံအလယ်ပိုင်း ​မိထ္ထီလာမြို့မှာ ​ပြီးခဲ့တဲ့ ​မတ်လတုံးက ​ဖြစ်ပွားခဲ့တဲ့ ​ဘာသာရေးအကြမ်းဖက်မှုမှာ ​ပါဝင်ခဲ့ပြီး ​ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးကို ​သတ်ဖြတ်ခဲ့တယ်လို့ ​စွပ်စွဲဖမ်းဆီးခံထားရတဲ့ ​မွတ်စလင် ​၆ ​ဦးဟာ ​သေဒဏ်အထိ ​ကျခံရနိုင်တယ်လို့ ​သိရပါတယ်။

မိထ္ဌီလာပဋိပက္ခမှာမြင်တွေ့ရတဲ့နေအိမ်တွေကိုမီးလောင်နေပုံ (Credit: AFP)

လူသတ်မှုနဲ့ ​စွဲချက်တင်ခံထားရတဲ့ ​မွတ်စလင် ​၆ ​ဦးရဲ့အမှုကို ​လာမယ့်သောင်္ကြာနေ့မှာ ​စီရင်ချက်ချဖွယ်ရာရှိနေပြီး ​ပြစ်မှုထင်ရှားရှိခဲ့ရင်တော့ ​သေဒဏ်အပေးခံရလိမ့်မယ်လို့ ​မန္တလေးတိုင်းဒေသ ​တရားသူကြီးချုပ် ​ဦးရဲမြင့်အောင်ကပြောခဲ့တယ်လို့ ​AFP ​သတင်းဌာနက ​ဖေါ်ပြခဲ့ပါတယ်။

AFP ​ကဖုန်းနဲ့ ​ဆက်သွယ်မေးမြန်းတာကိုဖြေကြားရာမှာ ​ဦးရဲမြင့်အောင်က ​စွဲချက်တင်ခံထားရတဲ့ ​မွတ်စလင် ​၆ ​ဦးထဲမှာ ​အသက် ​၂၀ ​အရွယ်အမျိုးသားတစ်ဦးက ​အဓိကလူသတ်တရားခံအဖြစ် ​စွဲဆိုခံထားရတာဖြစ်ပြီး ​ကျန် ​၅ ​ဦးကတော့ ​လူသတ်မှုမှာ ​ကြံရာပါတွေအဖြစ် ​စွဲဆိုခံနေရတာဖြစ်တယ်လို့ ​ပြောခဲ့ကြောင်း ​ဖေါ်ပြထားပါတယ်။

အဆိုပါအမှုနဲ့ပတ်သက်ပြီး ​စွဲချက်တင်ခံထားရတဲ့ ​၇ ​ဦးမြောက်ဖြစ်တဲ့သူကတော့ ​အရွယ်မရောက်သေးသူဖြစ်တဲ့အတွက် ​ကလေးသူငယ်ဆိုင်ရာ ​တရားစီရင်ထုံးအရ ​ပြစ်ဒဏ်ပေးခံရဖို့ရှိနေပြီး ​သတ်ဖြတ်မှုမှာပါဝင်ခဲ့တယ်လို့ ​ရဲကသံသယရှိသူ ​နောက်ထပ် ​၄ ​ဦးကိုလည်း ​ရှာဖွေနေဆဲဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

အနည်းဆုံးလူ ​၄၀ ​ကျော်သေဆုံးခဲ့ရပြီး ​လူထောင်နဲ့ချီပြီး ​အိမ်ခြေရာမဲ့ဖြစ်ခဲ့ရတဲ့ ​မိထ္ထီလာမြို့က ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မွတ်စလင်တွေအကြား ​တိုက်ခိုက်မှုတွေအပါအဝင် ​ပြီးခဲ့တဲ့လတွေအတွင်း ​ဖြစ်ပွားခဲ့တဲ့ ​အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ​မြန်မာအစိုးရအာဏာပိုင်တွေက ​မှားယွင်းစွာကိုင်တွယ်ဖြေရှင်းနေတယ်ဆိုတဲ့ ​စွပ်စွဲချက်တွေလည်း ​ထွက်ပေါ်နေပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ ​မြန်မာနိုင်ငံဟာ ​ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိုသာ ​ဦးတည်သင့်တယ်လို့ ​ပြီးခဲ့တဲ့ ​တနင်္လာနေ့က ​သူ့ရဲ့မိန့်ခွန်းထဲမှာ ​ထည့်ပြောခဲ့ပါတယ်။

တချိန်ထဲမှာပဲ ​အတိုက်အခံ ​အမျိုးသားဒီမိုကရေစီ ​NLD ​ပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ​ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ​ဘာသာရေးအကြမ်းဖက်မှုတွေကို ​ပွင့်ပွင့်လင်းလင်းရှုံ့ချမှုမလုပ်ဘူးလို့ ​အင်တာနက်ထွင်းဖောက်နှောက်ယှက်သူ ​ဟက်ကာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ​Anonymous ​အဖွဲ့က ​စွပ်စွဲလိုက်ပြီး ​သူတို့အဖွဲ့အနေနဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကို ​ဦးတည်တိုက်ခိုက်မှုတွေလုပ်ဖို့ ​အတော်လေးအလားအလာရှိနေပြီလို့ ​ဗြိတိန်နိုင်ငံအခြေစိုက် ​The ​Independent ​ကို ​ဆက်သွယ်ပြီးပြောခဲ့တယ်လို့ ​သိရပါတယ်။

Anonymous ​အဖွဲ့ဝင်တွေအနေနဲ့ ​အမေရိကန်ပြည်ထောင်စုက ​CNN ​သတင်းဌာနရုံးအရှေ့မှာ ​ဆန္ဒပြမှာဖြစ်ပြီး ​မြန်မာနိုင်ငံက ​မွတ်စလင်တွေရဲ့အရေးနဲ့ပတ်သက်ပြီး ​မီဒီယာတွေအနေနဲ့ ​ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖေါ်ပြကြဖို့ ​တောင်းဆိုမယ်လို့ ​ပြောခဲ့တယ်လို့ ​ဆိုပါတယ်။
ABC Radio Australia

မှုဆလင်တွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ ရဟန်းတော်တွေကို ဒလိုင်းလားမား ရှုတ်ချ

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဗုဒ္ဓဘာသာ ရဟန်းတွေက မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေကို ရှုတ်ချကြောင်း တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမား က ပြောကြား လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ကိုရောက်ရှိနေတဲ့ ဒလိုင်လားမားက ၀ါရှင်တန်ဒီစီ မေရီလဲန်းတက္ကသိုလ် မှာ မနေ့က ကျင်းပခဲ့တဲ့ အန်ဝါ ဆဒတ် ငြိမ်းချမ်းရေးဆု လက်ခံယူတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။

အခုလတ်တလော မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် ရဟန်းတွေတောင် အကြမ်းဖက်မှုတွေမှာ ပါဝင် ပတ်သက် နေကြပါတယ်၊ဒါဟာ အင်မတန် ၀မ်းနည်းဖို့ကောင်းပါတယ်၊ မြန်မာရဟန်းတွေ ဗုဒ္ဓရှင်တော် ရဲ့ မျက်နှာတော် ကို အာရုံပြုနိုင်ကြပါစေ၊ နှလုံးသွင်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်၊ ဘာသာရေးအတွက် ပါဏာတိပါတာ ကံ ကိုကျူးလွန်တယ် ဆိုတာ ဘယ်လိုမှ စဉ်းစားလိုကမရတဲ့ကိစ္စပါ လို့ ဒလိုင်လားမား ကပြောကြားခဲ့တာပါ။

မေရီလဲန်းတက္ကသိုလ် မှာ တက်ရောက်လာသူ ပရိသတ် ကို သြ၀ါဒ စကားမြွက်ကြားခဲ့ရာမှာ ဗုဒ္ဓ အဆုံးအမ နဲ့ မေတ္တာတရားအကြောင်း ဒလိုင်လားမားက ဟောကြားခဲ့ပါတယ်။

အဲဒီနောက် အမေး အဖြေ အစီအစဉ်မှာ လက်ရှိကမ္ဘာရဲ့ မငြိမ်းချမ်းမှုတွေ နဲ့ ဗုဒ္ဒအဆုံးအမ အကြောင်း မေးခွန်း ကို ဖြေဆိုရာမှာ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကို ဒလိုင်လားမားက ထည့်သွင်း ဟောကြားခဲ့တာဖြစ်ပါတယ်။
RFA Burmese

တာလတ်ပစ်ဒုံး မြောက်ကိုရီးယားဖယ်ရှား

မြောက်ကိုရီးယားဒုံးပျံ နေရာရွှေ့
07.05.2013
မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း တင်းမာမှုတွေ ဖြစ်ပွားနေတာကို လျှော့ပါးသွားစေလိုတဲ့ သဘောနဲ့ တာလတ်ပစ် မစ်ဇိုင်းဒုံးပျံ ၂ ခုကို ပစ်လွှတ်ဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အနေအထားကနေ ပြောင်းရွှေ့ထားလိုက်တယ်လို့ ယုံကြည်ရတဲ့အကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှာရှိတဲ့ ဒုံးပျံပစ်လွှတ်တဲ့ စခန်းကနေ Musudan မစ်ဇိုင်း ဒုံးပျံ ၂ စင်းကို မကြာခင်က ပြောင်းရွှေ့လိုက်ကြောင်း ၀ါရှင်တန်မှာရှိတဲ့ အမည်မဖော်လိုတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အရာရှိတစ်ယောက် က ပြောဆိုပါတယ်။ ဒီအကြောင်းကို တောင်ကိုရီးယားနိုင်ငံက မီဒီယာတွေမှာလည်း ဖော်ပြကြ တာကို တွေ့ရပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မိုင် ၂ ထောင်ကျော် အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ မစမ်းသပ်ရသေးတဲ့ Musudan မစ်ဇိုင်း ဒုံးပျံတွေကို ပစ်လွှတ်နိုင်ကြောင်း ဒီဒုံးပျံ ပစ်လွှတ်နိုင်တဲ့ အကွာအဝေးဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန် ပစ်မှတ်တွေကို လက်လှမ်းမှီတာကြောင့် သတိထားဖို့ အမေရိကန်အစိုးရက ရက်သီတင်းပတ် တော်တော်ကြာ သတိပေးချက် ထုတ်ပြန်ထားခဲ့တာပါ။

အခုလို မြောက်ကိုရီးယားက ဒုံးပျံတွေ ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းကောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအနေနဲ့ ဒုံးပျံတွေ စမ်းသပ်ပစ်လွှတ်မှု မလုပ်တော့ဘူးလို့တော့ အမေရိကန်ဘက်က တထစ်ချ မယူဆတဲ့အကြောင်း သမ္မတ အိမ်ဖြူတော် အာရှရေးရာဆိုင်ရာ အကြီးတန်း ညွှန်ကြားရေးမှူး ဒယ်နီယယ် ရတ်ဆယ်လ် (Daniel Russel) က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဒေါက်တာဆိတ်ဖွား မဟုတ်ကြောင်း ဦးရဲထွဋ် ရှင်းလင်း

2013-05-07
အင်တာနက်ပေါ်ကနေ ဥပဒေအထက်မှာ လွှတ်တော်ရှိသလားခေါင်းစဉ်နဲ့ လွှတ်တော်ကို ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာဆိတ်ဖွားဟာ မိမိမဟုတ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လည်း ဒေါက်တာဆိတ်ဖွား အမည်ခံပြီး ရေးသား ခိုင်းထားတာမရှိကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေကို ဒီကနေ့ ဖြေရှင်းပြောဆိုလိုက်ပါတယ်။

ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်က ဦးရဲထွဋ်ကို ခေါ်ယူမေးမြန်းခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ သူမဟုတ်ကြောင်း ဦးရဲထွဋ်က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

“ကျနော့်ကို လွှတ်တော်ကခေါ်ပြီးတော့ မေးတဲ့အချိန်မှာ လွှတ်တော်ကောင်မရှင် ဥက္ကဌက ရှင်းပြတယ်၊ လွှတ်တော်ရဲ့အခန်းကဏ္ဍကို အထင်မှားစေတဲ့အတွက်ကြောင့်မို့ ဘယ်သူရေးတယ်ဆိုတာကို ရှာဖွေဖို့လုပ်ရခြင်းဖြစ်တယ်တဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့သော်၎င်း၊ ကျနော့်အနေနဲ့သော်၎င်း အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးဖို့ပြောတယ်၊ ကျနော်ကစစခြင်း ဘာပြောသလဲဆိုတော့ နံပါတ် (၁) ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်သူ့ကိုမှ ဒေါက်တာဆိတ်ဖွားအဖြစ်နဲ့ရေးဖို့ တာဝန်ပေးထားတာမရှိဘူးလို့၊ နံပါတ် (၂) က ကျနော်ကလည်း ဒေါက်တာဆိတ်ဖွားမဟုတ်ဘူး၊ နံပါတ် (၃) က ကျနော်က ဒေါက်တာဆိတ်ဖွားဆိုလို့ရှိရင်လည်း ကော်မရှင်ဥက္ကဌကြီးအနေနဲ့ အဲ့ဒီလောက်အထိ အလုပ်ရှုပ်စရာမရှိဘူး၊ ကော်မရှင်ဖွဲ့ပြီးတော့ နောက်တစ်နေ့မှာ ကျနော်ကိုယ်တိုင် ကျနော်ယုံကြည်လို့ ကျနော်ရေးတယ်၊ ဥက္ကဌကြီး အပြစ်ရှိတယ်ထင်လို့ရှိရင် ကျနော့်ကိုတရားရုံးမှာ ခေါ်စစ်ပါဆိုပြီးတော့ ကျနော်ပြောမှာပဲ”

အင်တာနက် ဖေ့စ်ဘွတ်လူမှုရေးကွန်ရက် စာမျက်နှာတွေပေါ်မှာ ဒေါက်တာဆိတ်ဖွား ကလောင်ပိုင်ရှင်ဟာ ဦးရဲထွဋ်ဖြစ်တယ်ဆိုပြီး ရေးသားပြောဆိုမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။

ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာကို ထုတ်ဖော်ဖို့အတွက် အမျိုးသားလွတ်တော် ဒုတိယဥက္ကဌ ဦးမြငြိမ်းခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်က ပြည်တွင်းသတင်းမီဒီယာသမားတစ်ချို့ကိုပါ နေပြည်တော်ကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။

နောက်ပိုင်းမှာ အဲဒီကော်မရှင်က ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်နိုင်ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် နာမည်အမှန်ကို ထုတ်ပြောဖို့ကိုတော့ ကာယကံရှင်ကို ထိခိုက်မှာစိုးရိမ်ရတယ်ဆိုတဲ့  အကြောင်းပြချက်နဲ့ ငြင်းဆန်ခဲ့ပါတယ်။

ဒေါက်တာဆိတ်ဖွားဆိုသူကို ဖော်ထုတ်ပေးဖို့ ကမာရွတ်မဲဆန္ဒနယ်က ဒေါက်တာစိုးရင်က ဇန်န၀ါရီလ ၁၄ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပြီး၊ များမကြာမီမှာ အဖွဲ့ဝင် ၁၇ ဦးပါ ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။
RFA

စစ်သားများက ရော်ဘာခြံနေသူ ဇနီးမောင်နှံအား ပြဿနာရှာ

လှည်းကူး၊ မေ ၇။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှ  ၁၈မိုင် အကွာရှိ တောင်လုံးမြောင်ကျေးရွာတွင် လွန်ခဲ့သည့်
မေလ ၃ ရက်ခန့်က ရာဘာခြံ တွင် မောင်စောဒါးလယ်နှင့်ဇနီး နှစ်ဦးသာ ရှိနေစဉ် လက်နက်နှင့်
ခဲယမ်းတပ်မှ ဗိုလ်ကြီးနှင့် ၎င်း၏ အပေါင်းအပါများ ရောက်လာကာ ၎င်းတို့နှစ်ဦးအား ထွက်သွားရန်
ခိုင်းစေခဲ့ပြီး ရာဘာပင်များအား ချိုးဖဲ့ဖျက်စီးခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးကိုလည်း တွန်းထိုး ဆွဲလွဲကာ
မောင်းထုတ်ခဲ့ကြကြောင်း ကိုစောဒါးလယ်က ပြောကြားသည်။

“အဲ့နေ့က ကျွန်တော်တို့ လင်မယားနှစ်ယောက်ပဲ တဲမှာ ရှိတာ။ သူတို့က အားလုံး ဆယ်ယောက်လောက် ရှိတယ်။ မင်းတို့ ဒီက ထွက်သွားဆိုပြီး ပြောတာ။ ကျွန်တော်က ဆိုင်ကယ်လဲ မကောင်းလို့ပါ။ သွားလို့ မရဘူး ဆိုပြီးပေကပ်ကပ်နေတယ်။ အဲဒါနဲ့ ကျွန်တော့ကို တွန်းတယ်။ ပြီးတော့ ကျွန်တော့ကို သေနတ်ဒင်နဲ့ ထုမယ်လုပ်တော့ကျွန်တော့်မိန်းမက မလုပ်နဲ့လို့ ဝင်တားတော့ သူ့ကိုလည်း တွန်းလိုက်တယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

ထို့နောက် ယင်းလင်မယားမှာ ထိုနေရာမှ တဂေါက်ဂေါက်မြည်နေသည့် ဆိုင်ကယ်နှင့်ပင် ရွာသို့ပြန်ခဲ့ကြပြီး
ရွာရောက်မှ လူကြီးများကို ပြောပြသည့်အခါ လူကြီးများက ယင်းနေရာသို့ တစ်ခေါက် ပြန်လာသည့်အခါမှ
ရာဘာပင်များ ဖျက်ဆီးသွားသည်ကို သိရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဗိုလ်ကြီး တွန်းထုတ်ခဲ့သည့် အမျိုးသမီးမှာ မနော်အေးအေးငြိမ်းဖြစ်ပြီး ကိုယ်ဝန်နေ့စေ့လစေ့ကြီးနှင့်ဖြစ်သောကြောင့် ယခုအခါ ပဲခူးဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီးအခင်းဖြစ်သည့်နေ့၌ တစ်ညလုံး ဗိုက်အောင့်သည့် ဝေဒနာကို ခံစားခဲ့ရကြောင်း သိရသည်။

ယင်းပြဿနာဖြစ်ပွားရာ ရော်ဘာခြံမြေသည် ၁၉၉၉ ခုနှစ်မှ စ၍ တောင်လုံးမြောင်ရွာမှ ရွာသားများကို ဖယ်ခိုင်းခဲ့ပြီး ထိုနေရာကို စစ်တပ်မှ တပ်မြေအဖြစ် သိမ်းခဲ့ကြောင်း၊ ယင်းရွာသားများကို စားဘူးတောင်း အုပ်စုရှိ နန်းဘိုကုန်းကျေးရွာသို့ ပြန်လည်နေရာချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်မှ စ၍ယင်းနေရာရှိ လယ်မြေများကို ပြန်လည်စိုက်ပျိုးခွင့် ပေးခဲ့ကြောင်း၊ ရာဘာပင်များစိုက်ပျိုးထားသည်မှာ တစ်နှစ်ခန့်သာ ရှိသေးကြောင်း ယင်းရာဘာပင်များကို စိုက်ပျိုးထားသူများထံမှ သိရသည်။

“ဒီနေရာတွေက အဘတို့ ဘိုးဘွားတွေ လက်ထက်ကတည်းက နေလာခဲ့တာ။ ဒီမိရိုးဖလာမြေမှာ ပြန်လုပ်စားခွင့်ရဖို့ လွန်ခဲ့တဲ့ ၉ လလောက်ကတည်းက စာတင်ခဲ့တယ်။ ပြန်လုပ်ခွင့်ရတာ သိပ်မကြာသေးဘူး” ဟု
ဦးစောဂျင်ကရက်က ပြောကြားသည်။

တောင်လုံးမြောင်ရွာတွင် အိမ်ခြေ ၆၀ခန့်ရှိပြီး လူဦးရော ၂၀၀ကျော် နေထိုင်လျက်ရှိကြောင်း၊ ယင်းရွာတစ်ရွာလုံးရှိ တောင်သူများ မှာ မြေလွတ်မြေရိုင်းများကို ယခုမှ ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရန် ကြိုးစားနေဆဲဖြစ်ကြောင်း၊ ယင်းတို့တစ်ရွာလုံး ပိုင်ဆိုင်သည့် စိုက်ပျိုးမြေဧကမှာ ဧက ၁၀၀၀ ခန့်ရှိပြီး တစ်ရွာလုံးမှာ ကရင်လူမျိုးများသာ နေထိုင်လျက်ရှိကြောင်း သိရသည်။

တပ်မတော် အစိုးရလက်ထက်က အကြောင်းအမျိုးမျိုးဖြင့် သိမ်းယူထားသော လယ်ယာမြေများတွင်
တပ်မတော်အတွက် အမှန်တကယ် မလိုအပ်သော မြေများကို မည့်သည့် အခကြေးငွေမျှမယူဘဲ
မူလမြေပိုင်ရှင်များအား လုပ်ပိုင်ခွင့်ပြန်ပေးရန် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ အသီးသီးသို့ လွန်ခဲ့သည့်
ဇန်နဝါရီလမှစ၍ ကာကွယ်ရေး ဦးစီးချုပ်ရုံးက  ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

“ကျွန်နော်တို့ကို ခြံထဲဝင်ပြီး မောင်းထုတ်တယ်။ ကျွန်တော့ကို ကိုယ်ထိလက်ရောက် တွန်းရုံသာမကဘဲ
ကျွန်တော့မိန်းမကို တွန်းတဲ့အတွက်ပါ အမှုဖွင့်သွားဖို့ ရှိတယ်” ဟု ကိုစောဒါးလယ်က ပြောကြားသည်။

ယင်းနေရာ တစ်ဝိုက်တွင် ပဲခူးမြို့ လက်နက်နှင့် ခဲယမ်းမီးကျောက်တပ်မှ ဗိုလ်ကြီး ဝေဖြိုးအောင်မှာ
မကြာခဏ ဝင်ရောက် ပြဿနာရှာလျက်ရှိပြီး ရွာသူရွာသားများအပေါ် မကြာခဏ အနိုင်ကျင့်ဗိုလ်ကျလျက်ရှိကြောင်း၊ ၎င်းမှာ ယခင်ကလည်း ရာဘာပင်များ မီးရှို့မှုဖြင့် လှည်းကူးရဲစခန်းတွင် တရားစွဲဆို အမှုဖွင့်ခံထားရပြီး လက်ရှိတွင် တရားရင်ဆိုင်နေရသလည်း ဖြစ်ကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

တာချီလိတ်တွင် တရားဥပဒေ စိုးမိုးမှုအားနည်းခြင်းကို ဌာနများသို့ တင်ပြသွားမည်

ရန်ကုန်၊မေ ၇။
တာချီလိတ်တွင် မြေတစ်ဧကခွဲအား ပိုင်ဆိုင်မှုအငြင်းပွါး၍ “၀” ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်နွယ်သူ
စီးပွါးရေး လုပ်ငန်းရှင်တစ်ဦးက မူလ လုပ်ကိုင်လာသော ခြံစိုက်တောင်သူအား လက်နက်ကိုင်၍ အတင်းအဓမ္မ
သိမ်းယူထားသော ကိစ္စများကဲ့သို့ အကြမ်းဖက်မှုများရှိနေပြီး တရားဥပဒေစိုးမိုးမှု
အားနည်းနေသောကြောင့် သက်ဆိုင်ရာဌာနများသို့ တင်ပြသွားမည်ဖြစ်ကြောင်း ခြံမြေအား လက်နှက်ဖြင့်
အသိမ်းခံရသူ ဦးကျော်ဝင်းက ပြောကြားသည်။

“ဝ”ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်နွယ်သူ ဦးလောဆန်းသည် ဧပြီလ ၂၇ရက်နေ့ညနေ သုံးနာရီခန့်တွင်
လက်နက်ကိုင် လူတစ်စုနှင့် ခြံမြေအတွင်းသို့ လာရောက်ဝိုင်းကာ ဦးကျော်ဝင်းနှင့်တူ ခြံအလုပ် လုပ်ကိုင်သူ
ဦးကျော်မျိုးအောင်အား ဖမ်းဆီး၍ ရိုက်နှက်ခဲ့ကြောင်း၊ ထို့အပြင် ၎င်းအား ကားပေါ်သို့တင်ကာ
သတ်ပစ်ရန်ပြောခဲ့ကြောင်း ဦးကျော်မျိုးအောင်က ပြောကြားသည်။

“ကျွန်တော်တို့ခြံထဲမှာ ရှိနေတုန်း ကားတွေနဲ့ရောက်လာပြီး လက်ထိပ်ခြေထိပ်ခက်ပြီး ခေါ်သွားတယ်။
ဟိုရောက်တော့ ဦးလောဆန်း က သေနတ်ထုတ်ပြီး ကျွန်တော့်ကို ရိုက်တယ်။ ရိုက်တာက တော်တော်များတယ်။ ဘယ်နှစ်ချက် မှန်းတောင် မသိဘူး”ဟု ၎င်းအရိုက်ခံရသော ဒဏ်ရာများရိုက်ထားသော ဓာတ်ပုံကိုပြ၍ ဆက်လက် ပြောကြားသည်။

ထို့အပြင် ဦးလောဆန်းမှာ ဝရမ်းပြေး တစ်ယောက်ဖြစ်ကြောင်း၊ သို့သော်လည်း တာဝန်ရှိ ရဲများက ၎င်းအား
ခြေထိပ်လက်ထိပ်နှင့် ဖမ်းခေါ်စဉ် ကပင် မြင်ကြသော်လည်း မေးမြန်းစုံစမ်းခြင်း မရှိသောကြောင့် ယင်းတို့
အနေဖြင့် လက်ရှိတွင် အသက်အန္ဒရာယ်ပါ စိုးရိမ်နေ ရကြောင်း ပြောကြသည်။ ထို့သို့သော
အခြေအနေများကြောင့် အများပြည်သူအား ၎င်းတို့ ဖြစ်စဉ်ကို မီဒီယာများမှတစ်ဆင့် ချပြခြင်းဖြစ်ပြီး
သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ဆက်လက်၍ တိုင်ကြားသွားကြမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြသည်။
ပိုင်လေး
မြန်မာ့ခေတ်

လွတ်ငြိမ်းချမ်းသာခွင့်မှ ကျန်ရှိ ပြစ်ဒဏ်ဖြင့် ဦးနေမျိုးဇင် ထောင်ဒဏ် ၆ နှစ် ကျ


Tuesday, May 7, 2013
ပုသိမ် (မဇ္ဈိမ)။   ။ ပန်းတနော် တရားရုံးမှ ချမှတ်လိုက်သည့် ပုဒ်မ ၅၀၀ အရ ထောင်ဒဏ် ၃ လဖြင့် မအူပင် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသော ဦးနေမျိုးဇင် အား ယခင် လွတ်ငြိမ်းချမ်းသာခွင့်၏ ပြစ်ဒဏ်ကြွေး ၆ နှစ်ကိုပါ တပါတည်း ကျခံရမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ချမှတ်လိုက်သည်။

ထိုအမိန့်စာကို ခရိုင် အုပ်ချုပ်ရေးမှူးက မအူပင် အကျဉ်းထောင်တွင် လာရောက် ဖတ်ကြားသွားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က ပန်းတနော် တရားရုံးကို ဒဏ်ငွေ နှစ်သောင်း ပေးဆောင်ပြီးတော့ ပန်းတနော်မြို့နယ် တရားသူကြီးက မအူပင် အကျဉ်းထောင်မှ သွားစောင့်နေတာ။ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်း က ထောင်ကို ရောက်လာပြီး အမိန့်စာဖတ်ပြတယ်လို့ ကြားတယ်။ အရင် ပြစ်ဒဏ် ၆ နှစ်ကို ကျခံခိုင်းတယ်လို့ သိရပါတယ်” ဟု ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာနေ ဦးမောင်မောင်ငြိမ်း က ပြောသည်။

ကိုနေမျိုးဇင် မှာ ရဲတပ်ဖွဲ့အား အသရေဖျက်မှုဖြင့် ပန်းတနော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ လ ချမှတ်ထားခြင်း ဖြစ်သည်။

၎င်းမှာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ပုဒ်မ ၄၀၁ ဖြင့် လွတ်မြောက်လာခဲ့ ခြင်းဖြစ်၍ ထိုစဉ်က လက်ကျန် ပြစ်ဒဏ်ကို ယခုပြစ်မှုတွင် တပါတည်း ကျခံရခြင်းဖြစ်သည်။
စည်သူမောင်မောင်
Mizzima - News in Burmese

ပြည်ပရောက်မြန်မာများ၏ တစ်နှစ်အတွင်း တရားဝင်လွှဲငွေ ကျပ် ၈၈ ဘီလီယံကျော်

ရန်ကုန်၊ မေ ၆
နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော ဘဏ်များမှတစ်ဆင့် ပြည်ပရောက် မြန်မာများက ပြည်တွင်းသို့ တရားဝင် လွှဲငွေလမ်းကြောင်းဖြင့် လွှဲပို့သည်မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် မတ်လကုန်ထိ တစ်နှစ်အတွင်း ကျပ် ၈၈ ဘီလီယံကျော် ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ငွေလွှဲဝင်ရောက်မှု စာရင်းများအရ သိရသည်။

ယင်းငွေများသည် ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ် တို့မှတစ်ဆင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ယင်းစာရင်း များအရ သိရသည်။
တရားဝင်လွှဲငွေများသာ စာရင်း သိနိုင်ပြီး ဟွန်ဒီဖြင့် ငွေလွှဲမှုများလည်း ရှိနေဆဲ ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ စီးဝင်ငွေမည်မျှ ရှိသည်ကို မခန့်မှန်း နိုင်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောဆိုသည်။

စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်သူ အများစုမှာ ဘဏ်စနစ် ဖြင့် တရားဝင်ငွေလွှဲသူ များပြားပြီး မလေးရှား၊ ထိုင်းနိုင်ငံတို့ရှိ မြန်မာလုပ်သားများမှာမူ ဟွန်ဒီကိုသာ အားကိုးကြကြောင်း ယင်းနိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသူများထံမှ စုံစမ်း သိရှိရသည်။

"ဘဏ်နဲ့ လွှဲတာက စိတ်ချရတယ်။ ဒီမှာ (စင်ကာပူ) က တော်တော်များများ
ဘဏ်နဲ့ပဲ လွှဲကြပါတယ်" ဟု စင်ကာပူနိုင်ငံမှ ဘဏ်စနစ်အသုံးပြု၍ သမဝါယမဘဏ်သို့ ငွေလွှဲလေ့ရှိသူ အီလက်ထရွန်နစ် ကုမ္ပဏီတစ်ခုမှ စက်မှုအင်ဂျင်နီယာ ဒေါ်ဇင်ဇင်ဦး က ပြောဆိုသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အများစုမှာ ၄င်းတို့၏ မိသားစုများကို ငွေလွှဲပို့ရာတွင် ဘဏ်များမှတစ်ဆင့် တရားဝင် ငွေလွှဲပို့နိုင်သော်လည်း အားလပ်ချိန်မှာ
ဘဏ်ဖွင့်ချိန်နှင့် မတိုက်ဆိုင်သောကြောင့် ဟွန်ဒီကိုသာ အသုံးပြု၍ ငွေလွှဲကြကြောင်း အဆိုပါ မြန်မာနိုင်ငံသားများနှင့် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြားသည်။

ထိုင်းနှင့်မလေးရှား တို့မှ ငွေလွှဲသူ နည်းပါးပြီး ဘဏ်ဖွင့်ချိန်၊ ပိတ်ချိန်များမှာ ယင်းနိုင်ငံမှ ဘဏ်များနှင့် သက်ဆိုင်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေက ပြောကြားသည်။
The Voice Weekly

အနာဂတ်လွှတ်တော်များ

နိုင်ငံရေးနှင့်ပတ်သက်၍ အမျိုးသားနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ပါတီပြင်ပနိုင်ငံရေး စသဖြင့် ခေါင်းစဉ်အမျိုးမျိုး တပ်၍ ပြောဆိုလေ့ရှိကြသည်ကို တွေ့ရ၏။ စင်စစ် နိုင်ငံရေးဆိုသည်မှာ မည်သို့သော ဝိသေသဂုဏ်ပုဒ်များ အမျိုးမျိုးကွဲပြား နေစေကာမူ နိုင်ငံ အတွင်းရှိ နိုင်ငံသူနိုင်ငံ သား အားလုံးတို့၏ အရေးအရာများကို တစ်နည်းနည်း ဖြင့် ဆောင်ရွက်ပေးရန် လုံးပန်းခြင်းမျှသာ ဖြစ်သည်။

နိုင်ငံ့အရေးအရာများကို ဆောင်ရွက်ကြရာတွင် ပုံစံအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်သည်ဖြစ်ရာ ထိရောက်မှုရှိခြင်း မရှိခြင်းဆိုသည်မှာ လူပုဂ္ဂိုလ် အဖွဲ့အစည်းအသင်းအပင်း များ၏ အင်နှင့်အားနှင့် မဆိုင်။ မည်မျှလုပ်နိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရှိသည်ဆိုသည့် အချက်ပေါ်တွင်သာ မူတည်နေပါလိမ့်မည်။
မည်မျှပင် အင်အားကြီးနေစေကာမူ၊ မည်သို့ပင်ပုဂ္ဂိုလ်ရေးသြဇာ ကြီးမားနေစေကာမူ လုပ်ပိုင်ခွင့် အကန့်အသတ်များကြောင့် ထင်တိုင်းမပေါက် သည်များလည်း ရှိ၏။

နိုင်ငံတော်တွင် အမြင့်ဆုံးလုပ်ပိုင်ခွင့်အာဏာ ရရှိထားသူများမှာ မဏ္ဍိုင်ကြီး သုံးရပ်ပင်ဖြစ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင် ရေးမဏ္ဍိုင်တို့ဖြစ်ရာ မဏ္ဍိုင်တစ်ခုချင်းစီ၏ လုပ်ပိုင်ခွင့် အာဏာကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ရေးပင်ဖြစ်သည်။ ယင်းမဏ္ဍိုင် အသီးသီးတို့သည် မိမိတို့ ဆိုင်ရာ အဝန်းအဝိုင်းနယ်ပယ်ကို ကောင်းစွာလွှမ်းမိုး ဖော်ဆောင်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ မဏ္ဍိုင်တစ်ခုသည် အခွင့်အာဏာများနှင့်အညီ မစွမ်း ဆောင်နိုင်တော့ဘဲ လျော့ကျခြင်း၊ ယိုယွင်းခြင်းအဆင့်သို့ ရောက်ရှိသွား မည်ဆိုလျှင် မဏ္ဍိုင်တစ်ခု၏ ထိန်းကျောင်းခြင်းကို ခံရနိုင်သည်။ ထိန်းကျောင်းမှု လွန်ကဲသွားသောအခါ ယင်းမဏ္ဍိုင်အောက်သို့ ရောက်ရှိသွားတတ်သည့် သဘောရှိသည်။

စင်စစ် ယင်းမဏ္ဍိုင်အသီးသီး တို့သည် သီးခြားလွတ်လပ်သော မဏ္ဍိုင်ကြီးများ ဖြစ်ကြပါသည်။ အပြန်အလှန် ထိန်းကျောင်းမှု ဘေးတိုက် ပူးပေါင်းဆောင်ရွက်မှု များဖြင့်သာ သီးခြားလွတ်လပ်မှု ရှိနိုင်ခြင်းဖြစ်သည်။ ဆိုရလျှင် မဏ္ဍိုင်ကြီး တစ်ခုချင်းစီသည် သီးခြားစီရပ်တည်နိုင်မည့် စွမ်းရည်များဖြင့် ပြည့်ဝနေရမည် ဖြစ်သည်။ ဆောင်ရွက်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အုပ်ချုပ်ရေးမဏ္ဍိုင် ကလည်း စီမံခန့်ခွဲ အုပ်ချုပ်မှုတောင့်တင်းခြင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ပြည်သူ့ ဗဟိုပြုမှု ဖွင့်ပေးခြင်း၊ ထက်အောက် (ဝါ) ဘေးတိုက်တာဝန်ယူမှု တာဝန်ခံမှု ခိုင်မာခြင်း၊ ဥပဒေပြုရမည့် သူများက ဥပဒေရေးရာများကို နားလည် စိတ်ဝင်စားခြင်း၊ အခြေခံဗဟုသုတ ရှိခြင်း၊ ဦးဆောင် ဆွေးနွေးနိုင်သူများဖြစ်ခြင်း၊ တရားစီရင်ရေးတွင် ကိုယ်တိုင်က အကျင့်ပျက်ခြစားမှုကင်းခြင်း၊ မိမိတို့၏ပညာကို အလွဲသုံးစားမပြုခြင်း စသည်တို့ပင်ဖြစ်သည်။

ယနေ့လွှတ်တော်များ၏ အဓိကတာဝန်တစ်ခုမှာ ဥပဒေပြုရေးပင် ဖြစ်သည်။ ဥပဒေပြုရေး ဆိုရာတွင် ဥပဒေပြုရုံသာမက ပယ်သင့်သည့် ဥပဒေများ အပြီးတိုင် ပယ်ဖျက်ခြင်း၊ ပြင်ဆင်ဖြည့်စွက်စရာများ ပြင်ဆင်ဖြည့်စွက်ခြင်း၊ အစားထိုးသင့်သည်များ အစားထိုးခြင်း စသည့် လုပ်ငန်းများ ပါဝင်သည်။ ပယ်သင့်သည်ကို မပယ်နိုင်ခြင်း၊ ပြင်ဆင်သင့်သည် ကို မပြင်နိုင် ခြင်း၊ အတည်ပြုသင့်သည်ကို အတည်မပြုနိုင်ခြင်း တို့သည် ဥပဒေပြုအာဏာ ပိုင်စိုးထားသူတို့အတွင်း ရှိအပ်သည့် အခြေခံစံညွှန်းများ မပြည့်မီသေးသည့် ပြယုဂ်များပင် ဖြစ်သည်။

အမျိုးသားလွှတ်တော် အစည်းအဝေး နောက်ဆုံးရက်တွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်တွင်း အင်အားနည်း တိုင်းရင်းသားတို့၏ အဆိုများ ရှုံးနိမ့်နေရသည်နှင့် ပတ်သက်၍ ပြောကြားရာတွင် "မိမိတို့ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်းမရှိဘဲ သူများက ထောက်ခံလိုက်ဆို ထောက်ခံ။ ကန့်ကွက်လိုက်ဆို ကန့်ကွက်မယ် ဆိုတာမျိုး လုပ်နေရင်တော့ လက်ညှိုးထောင် ခေါင်းညိတ်၊ ထိုင်ဆိုထိုင် ထဆိုထနေကြဖြစ်နေလိမ့်မယ်"။ တစ်ဖန် "အဆိုတစ်ရပ်ကို တင်သွင်းပြီးမှ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို မခံယူရဲလောက်အောင် မိမိကိုယ်ကို မိမိမပိုင်၊ မိမိဦးနှောက်မိမိ မပိုင်၊ မိမိ ယုံကြည်ချက်ကို မဆုပ်ကိုင်ရဲတဲ့ အဲဒီ လွှတ်တော်ကိုယ်စားလှယ်ဟာ လူတစ်စုရဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းကို ခံနေရပြီဆိုတာ လွှတ်တော်ကိုယ်စားလှယ် များ ခန့်မှန်းသုံးသပ်ရ ပါလိမ့်မယ်။ မိမိရဲ့ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် မရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ လူစော်မနံတာ တင်မဟုတ်ဘူး။ နိုင်ငံသားရဲ့ အခွင့်အရေးကိုလည်း အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူး" ဟူ၍ ပြောကြားသွားခဲ့သည်။

ဤသို့ဆိုလျှင် အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ပြည်သူများ၏ နိုင်ငံရေး အသိအမြင်ကို မီးမောင်းထိုး ပြလိုက်သကဲ့သို့ ရှိ၏။ ပြည်သူတို့၏ ကိုယ်စား အရွေးချယ်ခံကာ ကိုယ်စားပြု ဒီမိုကရေစီအဖြစ် လွှတ်တော်အသီးသီးတွင် ပါဝင်ကြရမည့် သူများကို အမည်စာရင်းတင်သွင်း၊ ရွေးချယ်ပေးလိုက် နိုင်ရုံဖြင့် တာဝန်ကျေမည် မဟုတ်တော့ပါ။ မိမိတို့ ရွေးချယ်လိုက်သော ကိုယ်စားလှယ်များသည် -
- အရည်အချင်းပြည့်ဝမှု ရှိ မရှိ
- အတွေးအမြင် ဗဟုသုတ ကြွယ်ဝမှု ရှိ မရှိ
- အတွေ့အကြုံ ရင့်ကျက်မှု ရှိ မရှိ
- ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချနိုင်သူ ဟုတ် မဟုတ်
- ယုံကြည်ချက် ရဲရင့်ပြတ်သားသူ ဟုတ် မဟုတ်
- နယ်ပယ်တစ်ခုခုတွင် ကျွမ်းကျင်ပိုင်နိုင်သူ ဟုတ် မဟုတ်
- နိုင်ငံသားတို့၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်သူ ဟုတ် မဟုတ် ဆိုသည်မှာ ပြည်သူတစ်ရပ်လုံးက စိစစ်ရွေးချယ်ကြရမည်ဖြစ်ကြောင်း သတိပေးခေါင်းလောင်း ထိုးသကဲ့သို့ ရှိ၏။

ထို့ကြောင့် တစ်ဆက်တည်းမှာပင် ခေါင်းဆောင်မှုအရည်အချင်း မရှိသူများ၊ စွမ်းဆောင်ရည် မပြည့်သူများ၊ လက်ညှိုးထောင် ခေါင်းညိတ်တတ်သူများ၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်နိုင်စွမ်း မရှိသူများ၊ လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲ မရှိသူများကို ခေါင်းဆောင်အဖြစ် မရွေးချယ်မိဖို့ အသိပေး နှိုးဆော်နေဘိ သကဲ့သို့လည်း မည်၏။
ခင်မောင်ဌေး (ပညာရေး)
The Voice Weekly

မြပုဏ္ဏမာ အငြိမ့်ပြေားတဲ့အမှန်တရား

မြပုဏ္ဏမာ အငြိမ့်ပြေားတဲ့အမှန်တရား

DKBA နှင့် နယ်ခြားစောင့်တပ်တိုက်ပွဲမှာ တပ်မတော်ကြောင့်ဟု KNU/KNLA စွပ်စွဲ

မြဝတီ၊ မေ ၆
တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားတပ် (DKBA) နှင့် နယ်ခြား စောင့်တပ်(BGF)တို့၏ တိုက်ပွဲများ ဖြစ်ပွားခြင်းမှာ တပ်မတော်က နောက်ကွယ် မှ ဖန်တီးခြင်းကြောင့်ဖြစ်သည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးချုပ်တိမသေက စွပ်စွဲ ပြောကြားသည်။

မေလ ၆ ရက်နေ့ကမြဝတီမြို့ရှိ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗျူဟာမှူး တိုက်ဂါး၏နေအိမ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၄င်းကယင်းသို့ ပြောကြားခြင်းဖြစ်သည်။
"တပ်မတော်က နောက်ကွယ်မှာ မရှိရင် ဒီအခြေအနေ ဖန်တီးလို့မရဘူး" ဟု ၄င်းကဆိုသည်။

DKBA နှင့် BGF တို့သည် ဧပြီလ ၂၇ ရက်နေ့က မြိုင်ကြီးငူဒေသ မီဇိုင်းတောင် ကြောတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လှိုင်းဘွဲ့အခြေစိုက် ခမရ ၃၃၈ ဗိုလ်မှူး ထွန်းထွန်းဝင်းက မေလ ၂ ရက်နေ့မှ မေလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီအတွင်း DKBA တပ်များ မြိုင်ကြီးဒေသမှ ဆုတ်ခွာပေးရန် အကြောင်း ကြားလာကြောင်း DKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။
"တကယ်တမ်း ဆုတ်ပေးရမယ် ဆိုရင် ဆုတ်ပေးဖို့နေရာ မရှိတော့ဘူး။ ဒီထက်တက်လာရင်တော့ ခုခံကာကွယ် မှာပဲ" ဟု ၄င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာ ငြိမ်းချမ်းရေးစင်တာသို့ ဆက်သွယ်မေးမြန်း ရာ "ဒီလိုဖြစ်တာ တပ်မတော်ကြောင့် မဟုတ်ပါဘူး။ အရင်ကတည်းက BGF နဲ့ DKBA ကြားထဲမှာ အဖွဲ့ကွဲပြဿနာ တွေရှိတယ်။ တပ်က ဖယ်ခိုင်းတာကလည်း စီမံကိန်းနေရာတွေကို ကျော်လာရင်တော့ ဖယ်ခိုင်းမှာပဲ” ဟု ယင်းစင်တာမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

DKBAတပ်သားသစ် တစ်ဦးက BGF စက်လှေကိုပစ်ခတ်ရာတွင် BGF တပ်သားတစ်ဦး သေဆုံးသွားကြောင်း၊ ယင်းတပ်သားနှင့် သေနတ်ကို သက်ဆိုင်ရာရဲစခန်း သို့ အပ်နှံခဲ့ပြီး ဖြစ်သော်လည်း ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် DKBA နှင့် BGF တို့ တိုက်ပွဲဖြစ်ပွားကြောင်း ၄င်းကဆိုသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့နယ်အတွင်း DKBA နှင့် BGF တို့ တိုက်ပွဲဖြစ်ပြီးနောက် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ယူနီဖောင်း ဝတ်စုံဝတ်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်းများ မပြုလုပ်ရန် တပ်မတော်က အကြောင်းကြား ထားကြောင်း ယင်းလက်နက်ကိုင် အဖွဲ့အစည်းများထံမှ သိရသည်။

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါး က "ကျွန်တော်တို့ ယူနီဖောင်းမဝတ်ဘူး။လက်နက်မကိုင်ဘူး ဆိုရင် စစ်တပ်ကရော လိုက်နာမှာလား။ စစ်တပ်က လက်နက်ကိုင်ပြီး သွားနေပြီးမှ ကျွန်တော်တို့ကို လာပြောတဲ့အတွက် လက်မခံနိုင်ဘူး" ဟု မှတ်ချက် ပေးသည်။

DKBA နှင့် BGF တို့ တိုက်ပွဲသည် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ဖြစ်ပွားခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နေဆဲ ကာလတွင် ကရင်အချင်းချင်း တိုက်ပွဲ ဖြစ်ပွားခြင်းမှာ ရှက်ဖွယ်ကိစ္စ ဖြစ်ကြောင်း ကရင်လက်နက်ကိုင် အဖွဲ့အစည်းများက ပြောဆိုကြသည်။
The Voice Weekly

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒကို တစ်ဆစ်ချိုး ပြောင်းစေခဲ့သူဟု လူပြောများကြသည့်၊ နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဦးဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်မှာ ဆယ်လ ရှိပြီဖြစ်သည့် ဒဲရစ်မစ်ချယ် မိတ္ထီလာမှအပြန် သူ၏ နေအိမ်တွင် The Voice က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။

Voice : သံအမတ်ကြီး ဒီကို ရောက်လာတဲ့အကြောင်းက စလိုက်ရအောင်။ ၂၀၀၇ က Foreign Affairs (အမေရိကန် နိုင်ငံခြားရေးမူဝါဒ အထူးပြုသြဇာကြီး မဂ္ဂဇင်း) မှာ ခင်ဗျားရေးလိုက်တဲ့ ပညာရပ် ဆိုင်ရာ ဆောင်းပါးကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေး မူဝါဒ လမ်းကြောင်း ပြောင်းသွားတယ်လို့ ပြောကြတယ်။ အဲဒီဆောင်းပါးကို ဘာလို့ ရေးလိုက်တာလဲ။

DM : ၁၉၉၀ ပြည့်နှစ်တွေတုန်းက National Democratic Institute မှာ ကနဦးကတည်းက ပါဝင်ပတ်သက်ခဲ့တဲ့ သူတစ်ယောက် အနေနဲ့ ဒီဆောင်းပါးကို ကျွန်တော်ရေးခဲ့တာ။ အဲဒီတုန်းက မြန်မာပြည်မှာ ဖြစ်နေတဲ့ကိစ္စတွေကို ကြုံတွေ့ သိမြင်ရတဲ့ တခြားအမေရိကန်တွေ၊ ကမ္ဘာက တခြားပုဂ္ဂိုလ်တွေလိုပဲ ကျွန်တော်လည်း စိတ်ရောကိုယ်ပါ ဝင်စားမိတယ်။ ဒီလို လူတွေထဲက တစ်ယောက် အနေနဲ့ပါ။ မူဝါဒ ရေးရာတွေကို အဲဒီတုန်းက ကျွန်တော် စိတ်ဝင်စား နေခဲ့တာကြောင့်လည်း ပါတယ်။ ၁၀ နှစ်လောက် ကျွန်တော် တခြားအလုပ် တွေလုပ်ခဲ့တယ်။ ကျွန်တော် ပင်တဂွန် စစ်ဌာနချုပ်ကို ရောက်တယ်။ တခြား Think Tank တွေကို ရောက်တယ်။ မြန်မာနိုင်ငံ တစ်ခုတည်းကို အာရုံစိုက် လုပ်ခဲ့တာ မဟုတ်ပေမယ့် မြန်မာနိုင်ငံ ဆိုင်ရာတွေက တန့်နေမှန်း ၂၀၀၇ လောက်ကျ ကျွန်တော်သဘောပေါက် လာတယ်။ အမေရိကန်မူဝါဒ တန့်သွား တယ်။ ကျွန်တော်တို့ တကယ့်ကို တီထွင်ကြံဆ စဉ်းစားတတ်ဖို့ လိုလာတာပေါ့။

အရေးယူပိတ်ဆို့မှုနဲ့ ထိတွေ့ဆက်ဆံရေး နှစ်ခု၊ ဘာလုပ်ရင် ကောင်းမလဲလို့ ကျွန်တော်တို့ တကယ့်လှေကြီးထိုး ရိုးရိုးကြီး စဉ်းစား ငြင်းခုံကြတယ်။ ဒီလိုငြင်းခုံနေတာက ဘာမှဖြစ်မလာဘူး။ အခုဆိုရင် နိုင်ငံ တစ်နိုင်ငံ အနေနဲ့ အမေရိကန်ပြည်ထောင်စုက ဒီကတိုးတက်မှုတွေကို ကူညီပေးနေပြီ။ အဲဒါနဲ့ပဲ ကျွန်တော့်စိတ်ထဲက ရေးချင်လာလို့ ဒီဆောင်းပါးကို ရေးဖြစ်သွားခဲ့တယ်။ မြန်မာကိစ္စနဲ့ ပတ်သက်ရင် အမေရိကန် ပြည်ထောင်စုက ဘယ်လိုတစ်မျိုးပြောင်း စဉ်းစားသင့်လဲဆိုတဲ့ ကျွန်တော့်အမြင်ကို ရေးထားတာပါ။ (၂၀၀၈ ခုနှစ်မှာ) အနည်းဆုံးတော့ အိုဘားမားအစိုးရသစ် တက်လာတဲ့အခါ ကျွန်တော့်ဆောင်းပါးက သူတို့ကို အကြံဉာဏ်တွေ ပေးခဲ့တယ်လို့ ကျွန်တော်မြင်တယ်။ နောက်ဆုံးတော့ ဒီက လူတွေ၊ အစိုးရနဲ့ စစ်တပ်က လူတွေက အပြောင်းအလဲ လုပ်ကြမယ်လို့ ဆုံးဖြတ်ချက် ချလိုက်လို့ ဒီလိုတွေ ဖြစ်လာတာပါ။ ဒါပေမဲ့ အမေရိကန် မူဝါဒ၊ အမေရိကန် အစိုးရကို ဒီဆောင်းပါးက အကြံဉာဏ်ကောင်း ပေးနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။

Voice : ဒီဆောင်းပါးကြောင့် မြန်မာနိုင်ငံကို ရောက်လာခဲ့တယ်လို့ ဆိုနိုင်တာပေါ့။

DM : ဟုတ်တယ်။

Voice : သံအမတ်အဖြစ်နဲ့ ရောက်လာတာ ကိုးလ၊ ဆယ်လလောက် ရှိပြီ။ ဒီတော့ ဒီရောက်ပြီး ပထမဆယ်လက ဘယ်လိုနေ ပါလဲ။ မှန်းချက်နဲ့ နှမ်းထွက်ကိုက်ရဲ့လား။

DM : ကျွန်တော် (သံအမတ်မဖြစ်ခင်) အမေရိကန်ပြည်ထောင်စုရဲ့ အထူးကိုယ်စားလှယ် အဖြစ်နဲ့ တစ်နှစ်လောက် တာဝန်ယူခဲ့တယ်။ တစ်လ တစ်ခေါက်လောက် အထူးကိုယ်စားလှယ် အဖြစ်နဲ့ ဒီကိုရောက်တယ်။ ဒါပေမဲ့ တစ်ခေါက်လာ တစ်ပတ်လောက်နေတာနဲ့ ဒီမှာ အမြဲနေရတာနဲ့ ကွာပါတယ်။ ကျွန်တော် အံ့အားသင့်တယ်လို့ ပြောလို့တော့ မရပါဘူး။ ဒီကလူတွေက ကြိုကြိုဆိုဆို ရှိတယ်၊ ရင်းရင်းနှီးနှီးရှိတယ်ဆိုတာ ကျွန်တော် အမြဲသိနေခဲ့တယ်။ ဒီနိုင်ငံရဲ့ ထွေပြားစုံလင် တဲ့ ယဉ်ကျေးမှုတွေ၊ ဒီနိုင်ငံရဲ့ စရိုက်သဘာဝ တွေကို ထိတွေ့နားလည်ရတာ ကျွန်တော့် ဘဝ သာယာနေပါတယ်။ နှစ် ၂၀ ကျော် အတွင်း ပထမဦးဆုံးသော အမေရိကန် သံအမတ်ကြီး ဖြစ်ရတာကို လုံးဝ ဂုဏ်ယူပါတယ်။ (အခုဆို) ကျွန်တော်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မနာလို စရာပုဂ္ဂိုလ် ဖြစ်နေပြီ။

နိုင်ငံခြားရေးဝန်ကြီး ဌာနက လူတိုင်းက ကျွန်တော့်ကို ပြောတယ် “ခင်ဗျားကို ကျွန်တော် မနာလိုဘူးဗျာ” တဲ့ (ရယ်လျက်)။ ပြီးတော့ သူတို့အားလုံးက ဒီမှာ ဖြစ်နေတာတွေကို သဘောပေါက် ကြတယ်၊ အသိအမှတ်ပြုကြတယ်။ ရင်ခုန်စရာ ကောင်းတယ်၊ ခက်တယ်၊ စိန်ခေါ်မှုတွေ ရှိတယ်။ ဘယ်လိုအဆုံးသတ်မယ် ဆိုတာ မသေချာမရေရာဘူး။ ဒါပေမဲ့ ကမ္ဘာမှာ အများကြီး ဖြစ်နေပျက်နေကြတဲ့ အထဲ ဒီနေရာက တကယ့်ကောင်းတဲ့ အပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုပြီး လူတွေ စိတ်အားတက်ကြွကြတယ်။ ဒီလို ဖြစ်ပေါ် နေတာတွေရဲ့ အလယ်မှာ၊ အရေးကြီးနေတဲ့ အချိန်မှာ ကျွန်တော့်နိုင်ငံကို ကိုယ်စားပြုရတာ တကယ့်ကို ဂုဏ်ယူပါတယ်။

Voice : မြန်မာ-အမေရိကန် ကုန်သွယ်ရေး၊ စီးပွားရေးတိုးမြှင့်ဖို့ လွန်ခဲ့တဲ့တစ်ပတ် လောက်က ရောက်လာခဲ့တဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တော် Marantis ကို ကျွန်တော် သီးသန့် တွေ့ဆုံ မေးမြန်းခဲ့တယ်။ သူပြန်သွားပြီးမကြာခင် ရက်ပိုင်းလောက်ပဲ ရှိသေးတယ် အရေးယူ ပိတ်ဆို့မှုကို အမေရိကန်က တစ်နှစ် သက်တမ်းတိုးကြောင်း ကြေညာလိုက်တယ်။ တစ်ခုနဲ့တစ်ခု ဆန့်ကျင်သလိုလို မညီညွတ်သလိုလို ဖြစ်နေတဲ့ ဒီမူဝါဒတွေက ဘာကိုဆိုလိုတာလဲ။

DM : မနေ့တစ်နေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်က အရေးယူပိတ်ဆို့မှု တွေကို လေ့လာသုံးသပ် ပြင်ဆင်နိုင်ဖို့ နှစ်စဉ်ဆောင်ရွက်ရမယ့် ဟာကို သမ္မတက လုပ်ဆောင်တာပါ။ (လိုရင် လိုသလို) အရေးယူပိတ်ဆို့မှုတွေ အာဏာမသက် ရောက်အောင်၊ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်နိုင်အောင် လုပ်ရတဲ့အစီအစဉ်ပါ။ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ကုန်သွယ်ရေး ဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ၊ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ၊ ပိုတိတိကျကျ ပြောရရင် “ရွေးပြီးလုပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ” ကို ကျွန်တော်တို့ အာဏာမသက်ရောက်အောင် လုပ်ခဲ့တယ်။ အဲဒီနေ့က ကြေညာချက်က သမ္မတအနေနဲ့ အရေးယူပိတ်ဆို့မှု တွေကို ဆက်ပြီး လေ့လာသုံးသပ် ပြင်ဆင်နိုင်အောင် ဆောင်ရွက်ပေး တာပါ။ ဒီတော့ ရှေ့နောက်မညီတာ မဟုတ် ပါဘူး။ “တာဝန်ယူမှုရှိတဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု” ဆိုင်ရာ ဆက်ဆံမှုကို တည်ဆောက်ချင်တဲ့ မူဝါဒကို ကျွန်တော်တို့ စွဲမြဲထားဆဲပါ။ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ ပြုပြင်ပြောင်းလဲရေးတွေ ဆက်သွားနိုင်ဖို့ ဖွံ့ဖြိုးမှုတွေ ဖန်တီးပေးဖို့ ဒါတွေကို ဆက်လုပ်ချင်တယ်။ ဒါပေမဲ့ နှစ်တိုင်းနှစ်တိုင်း သမ္မတက ဒီစနစ်ကို အတည်ပြုရပါတယ်။ ဒါကြောင့် အချိန် ကာလက အခုအချိန်နဲ့ တိုက်သွားတာပါ။ အရေးယူပိတ်ဆို့မှု စနစ်ကို သက်တမ်းတိုးတဲ့ ကြေညာချက် ထွက်တာနဲ့ တစ်ချိန်တည်း မှာပဲ ၁၉၉၆ က ချမှတ်ခဲ့တဲ့ အရေးယူမှု တစ်မှုဖြစ်တဲ့ “အရင်အစိုးရနဲ့ ပတ်သက်သူ တွေကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ချက်” (President of Proclamation) ကို ဖယ်ရှားတဲ့ ကြေညာချက် ထုတ်လိုက်တာကို တွေ့ပါလိမ့်မယ်။ အဲဒီတော့ ကန့်သတ်မှုတွေ အားလုံးကို အလွှာလိုက် အလွှာလိုက်ပြန်ပြီး ဖယ်ရှားနေပါတယ်။ ဒီဘက်က တိုးတက်လာတယ်လို့ မြင်တာနဲ့ ကျွန်တော်တို့ ဘက်က ဖယ်ရှားလိုက်နဲ့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်သွားမှာပါ။ ဒါပေမဲ့ အရေးယူပိတ်ဆို့တာ ထက်စာရင် ထိတွေ့ ဆက်ဆံတဲ့ ဘက်ကို ကျွန်တော်တို့ရဲ့ မူဝါဒ က အများကြီးရောက်သွားပြီ ဖြစ်ပေမယ့် အရေးယူပိတ်ဆို့တဲ့ စနစ်က ရှိကို ရှိနေပါ သေးတယ်။

Voice : နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ် လောက်အတွင်း ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံး ဟောပြောတဲ့ အမေရိကန် သံအမတ်ကြီးအဖြစ်နဲ့ သွားဟောပြောဖြစ် တယ်နော်။ ဘာတွေ ပြောဟောခဲ့သလဲ။

DM : ပထမဆုံးအနေနဲ့ အဲလိုသွား ပြောရတာ ကြိုက်တယ်ဗျ။ ဒီလို သမိုင်းကြောင်း ရှိခဲ့တဲ့ တက္ကသိုလ်မှာ ကျွန်တော် အဲလိုပြောခွင့်လုပ်ခွင့် ရတာ တကယ့်ကို၊ အလွန့်ကို ကံကောင်းပါတယ်။ နောက်တစ်ခေါက် အဲဒီတက္ကသိုလ်မှာ ထပ်စကား ပြောချင်ပါသေးတယ်။ နိုင်ငံထဲက တခြား တက္ကသိုလ်တွေမှာလည်း ဒါမျိုး ထပ်ပြော ချင်ပါသေးတယ်။ အမေရိကန်မူဝါဒ အကြောင်း၊ အမေရိကန်နိုင်ငံခြားရေး မူဝါဒအကြောင်းနဲ့ စပြောပါတယ်။ ပိုကျယ်တဲ့ အာရှနဲ့ အမေရိကန်က ထိတွေ့ဆက်ဆံ ရာမှာ မြန်မာက ဘယ်လိုဝင်နေလဲ ဆိုတာ ပြောတာပါ။ အဲဒီနေရာမှာ နားလည်မှု လွဲနေကြတာ ရှိပါတယ်။ ကျောင်းသူ ကျောင်းသားတွေက နိုင်ငံခြားရေးမူဝါဒ သင်တန်းသားတွေ၊ နိုင်ငံတကာဆက်ဆံရေး ကျောင်းသားကျောင်းသူ တွေ။ ဒီတော့ အာရှကို ကျွန်တော်တို့ ဘယ်လို သဘောထားလဲ၊ ဒီနိုင်ငံကို ကျွန်တော်တို့ ဘယ်လို သဘောထားလဲ ဆိုတာ သူတို့ကို ကျွန်တော် ပြောပြချင်တာပါ။ သူတို့ဆီက မေးခွန်းတွေလည်း တက်လာတယ်။ မိနစ်လေးဆယ် လောက် မေးချင်ရာမေး၊ ကျွန်တော်လည်း သဘောကျတယ်။ အရေးယူပိတ်ဆို့မှု မူဝါဒ အကြောင်းက နေပြီးတော့ တရုတ်ရဲ့ အခန်းကဏ္ဍ၊ ပြီးတော့ အမေရိကန် သံရုံးမှာ အလုပ်ရနိုင်မလား၊ ဘယ်လိုရအောင် လုပ်ရမလဲ စသည်ဖြင့် ပေါင်းစုံကို မေးကြတာပဲ။

ဒါနဲ့ ဖြတ်ပြောရဦးမယ်။ ကယား ပြည်နယ် လွိုင်ကော်ကို ကျွန်တော် ရောက်တုန်းကလည်း ဒီလိုပဲ စားပွဲဝိုင်း ဆွေးနွေးပွဲလေး လုပ်ခဲ့သေးတယ်။ နေရာ အနှံ့မှာ ဒါမျိုးတွေ လုပ်ချင်ပါတယ်။
(ေဇယ်သူ)
The Voice Weekly

အမေရိကန်မှာ ၁၀ နှစ်နီးပါး ပျောက်ဆုံးနေတဲ့ အမျိုးသမီး ၃ ဦးကိုပြန်တွေ့


သူတို့ အားလုံးကို အိမ် တအိမ် ထဲမှာ ပြန်တွေ့ ခဲ့ရတာ ဖြစ်ပြီး၊ ပိတ်လှောင် ထားပုံ ရတယ်လို့ ရဲက ပြောပါတယ်
7 မေလ 2013
အမေရိကန် ပြည်ထောင်စု Ohio ပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ် နီးပါးက သီးခြားစီ ပျောက်ဆုံး သွား ခဲ့တဲ့ အမျိုး သမီး ၃ ဦးကို Cleveland မြို့မှာ အသက်ရှင် လျက် ပြန်တွေ့ ရှိခဲ့ ပါတယ်။

Amanda Berry ဆိုသူ အမျိုး သမီးဟာ ၂၀ဝ၃ ခုနှစ်တုန်းက အသက် ၁၆ နှစ် အရွယ် မှာ ပျောက်ဆုံး သွားတာ ဖြစ်ပြီး၊ နောက်ပိုင်းမှာ အသက် ၁၄ နှစ် အရွယ် Gina DeJesus နဲ့ ၂၀ဝ၂ ခုနှစ်မှာ ၁၉ နှစ် အရွယ် Michele Knight တို့ ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ အားလုံးကို အိမ် တအိမ် ထဲမှာ ပြန်တွေ့ ခဲ့ရတာ ဖြစ်ပြီး၊ သူတို့ကို ပိတ်လှောင် ထားပုံ ရတယ်လို့ ရဲက ပြောပါတယ်။ ၆ နှစ် အရွယ် ကလေးငယ် တဦး ကိုလည်း အဲဒီ အိမ်မှာ တွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။

အခုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ အသက် ၅၀ ဝန်းကျင် ညီအကို သုံးဦးကို ဖမ်းဆီး ထားပါတယ်။
BBC Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com