http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Facebook ဖုန်း ဖြစ်နိုင်သည့် HTC ဟန်းဆက်ဓာတ်ပုံ ပေါ်ထွက်လာ

Friday, 05 April 2013
Facebookဖုန်းဟု ယူဆရသည့် HTC မိုဘိုင်းလ်ဖုန်း ဟန်းဆက် တစ်မျိုး၏ ဓာတ်ပုံသည် Onlineတွင် စတင် ထွက်ပေါ်လာခဲ့သည်။ Mystဟု HTCက အမည်ပေးထားသည့် ဖုန်းမော်ဒယ်လ်သစ် တစ်ခုကို လတ်တလောတွင် စမ်းသပ်နေဆဲ ဖြစ်ပြီး ကြာသပတေးနေ့တွင် ဆီလီကွန်တောင်ကြား၌ Facebook ဝက်ဘ်ဆိုက် တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်က ယင်းဖုန်း အသစ်ကို မိတ်ဆက်လာနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

HTCနှင့် Facebookတို့ ပူးပေါင်း ဖန်တီးမည့် အဆိုပါဖုန်းသည် Home Buttonကို Apple၏ iPhoneနှင့် ဆင်တူအောင် ဖွဲ့စည်းလာခဲ့ပြီး Facebook အသုံးပြုရန်အတွက် သီးခြားခလုတ်အဖြစ် အသုံးပြုလာဖွယ်ရှိနေကြောင်း သိရသည်။
Planet Myanmar Network

Facebook သည် ၎င်း၏ မိုဘိုင်းဖုန်း software ကို အသွင်သစ် ဖြင့် အသုံးပြုနိုင်ရန် အတွက် မိတ်ဆက်ပေးခဲ့


နာမည်ကျော် လူမှုရေး ကွန်ရက်ဖြစ်သည့် Facebook သည် ၎င်း၏ မိုဘိုင်းဖုန်း software ကို အသွင်သစ် ဖြင့် အသုံးပြုနိုင်ရန် အတွက် မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ Home စနစ်ပါဝင်သည့် ပထမဦးဆုံး ဖုန်းကို HTC မှ ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။



Android အတွက် မိတ်ဆက်ပေးခဲ့သည့် Facebook Home သည် app များ၏ ပင်မ app တစ်ခုဖြစ်ပြီး ၎င်းကို လူမှုရေး ကွန်ရက်နှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ Social network ၏ app များ ပါဝင်သော Facebook Home သည် Android ဖုန်း၏ home ဖြစ်လာမည် ဖြစ်သည်။ ထို့အတွက် Android ဖုန်း၏ home screen မှာ Cover Feed အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပြီး ၎င်းမှာ ဖုန်းအတွက် News Feed ဗားရှင်းကို အမြင်ဆန်းသစ်စွာဖြင့် ပြောင်းလဲထားခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Home တွင် အပြစ်အနာအဆာ ကင်းသည့် messaging ဗားရှင်း၊ Facebook မှ တီထွင်ဖန်တီးထားသည့် Chat Heads feature နှင့် သူငယ်ချင်း၏ ဓာတ်ပုံများ ပါဝင်သော အရောင်အသွေး အစုံအလင်နှင့် ဖော်ပြမည့် notification တို့လည်း ပါဝင် မည်ဖြစ်သည်။

Facebook အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mark Zuckerberg က မိမိတို့ အနေဖြင့် ဖုန်းတစ်လုံးနှင့် operating system တစ်ခုတို့ကို တည်ဆောက်ခြင်း မဟုတ်ကြောင်း၊ သာမန် app ထက် ပိုမိုပြည့်စုံသည့် အရာတစ်ခုကိုသာ တည်ဆောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: CNET, Internet Journal

ဂျင်မီကာတာ ရန်ကုန်မြို့၌ မိန့်ခွန်းပြောမည်

ဂျင်မီကာတာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ 
ဧပြီလ ၃ ရက်နေ့က တွေ့ဆုံစဉ်။ စိုးသန်းလင်း/မြန်မာတိုင်း(မ်)
အမေရိကန်ပြည်ထောင်စု၏ (၃၉) ကြိမ်မြောက် သမ္မတအဖြစ် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ
တာဝန်ထမ်းဆောင်ခဲ့သော သမ္မတဟောင်း ဂျင်မီကာတာ သည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း
ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ ပါ့ခ်ရွိင် ရယ်ဟိုတယ်၌ မိန့်ခွန်းပြောကြားမည်ဟု အမေရိကန်
သံရုံးမှ သိရှိရသည်။

ဂျင်မီကာတာသည် မတ်လ ၂၉ ရက် နေ့စတင်ခါ နီပေါနိုင်ငံသို့ ဦးစွာသွား ရောက်ခဲ့ပြီး နီပေါနိုင်ငံမှ
အပြန် နေပြည်တော်သို့ ဧပြီလ ၂ ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဂျင်မီကာတာနှင့်အတူ ၎င်း၏ ကာတာစင်တာမှ ကိုယ်စားလှယ်များ ပါဝင်လာသည်။

ယမန်နေ့က ၎င်းသည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ လူဝင်မှုကြီး
ကြပ်ရေး၊ ကျန်းမာရေးဝန်ကြီးဌာန အပါအ၀င် ရွေးကောက် ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့်ပါ
တွေ့ဆုံခဲ့သည်။

ဂျင်မီကာတာသည် ၁၉၈၁ ခုနှစ် သမ္မတသက်တမ်း ကုန်ဆုံးပြီးနောက် ၎င်း၏ဇနီးနှင့်အတူ ကုသိုလ်
ဖြစ် ကာတာစင်တာအား ၁၉၈၂ ခုနှစ်တွင် ထူထောင်ကာ ငြိမ်းချမ်းရေးဖော်ဆောင်မှုမြှင့်တင်ရေးနှင့်
ဆင်းရဲမွဲတေမှုပပျောက်ရေး အစီအစဉ်များကို ကမ္ဘာ့အနှံ့တွင် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ၎င်းသည် ၂၀၀၂ ခုနှစ်တွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။
The Myanmar Times

မြောက်ကိုရီးယား ဒုံးလက်နက်တွေ အရှေ့ဘက် ကမ်းခြေ ပြောင်းရွှေ့နေရာယူ

04.04.2013
မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ဒုံးလက်နက်တွေကို တိုင်းပြည် အရှေ့ဖက်ခြမ်းကို ပြောင်းရွေ့ တပ်ဆင်ထားတယ်လို့ တောင်ကိုရီးယားနိုင်ငံက အတည်ပြု ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ဖို့ မြောက်ကိုရီးယားအာဏာပိုင်တွေက နောက်ဆုံး အတည်ပြုချက်ပြုပြီး နာရီပိုင်းအကြာမှာ အခုလို ဒုံးကျည်တွေကို ပြောင်းရွေ့ တပ်ဆင်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီဒုံးကျည်တွေဟာ အတန်အသင့် အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ အနေအထား ရှိပေမယ့် အမေရိကန်ပြည်မကြီး ကိုတော့ ရောက်နိုင်မယ် မထင်ဘူး လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Kwan-Jin က ဒီကနေ့ ပြောပါတယ်။ ဒုံးလက်နက်တွေကို ဘာကြောင့် ရွေ့တယ်ဆိုတာ မသိရပေမယ့် မြောက်ကိုရီးယားအနေနဲ့ စမ်းသပ်ပစ်လွတ်ဖို့၊ ဒါမှဟုတ်လည်း စစ်ရေးလေ့ကျင်မှုတခုအနေနဲ့ ပြုလုပ်တာဖြစ်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ပြည်မကြီးအထိ ရောက်အောင်ပစ်နိုင်တဲ့ ဒုံးကျည် ပိုင်ဆိုင်ထားခြင်းမရှိဘူးလို့ ယုံကြည်ထားကြပေမယ့်လည်း အမေရိကန်ကို နြူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ့် အစီအစဉ်ကို ကြာသပတေးနေ့ အစောပိုင်းမှာ မြောက်ကိုရီးယားက အတည်ပြုလိုက်ပါတယ်။

မြောက်ကိုရီးယားတို့ရဲ့ အခုလို ပြောဆို လုပ်ဆောင်မှုတွေအပေါ် အမေရိကန်တို့ အနေနဲ့ အလေးအနက်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြောပါတယ်။ အမေရိကန်အနေနဲ့ အဆင့်မြင့် ဒုံးလက်နက် ကာကွယ်ရေးစံနစ်ကို ပစိဖိတ်ဒေသမှာရှိတဲ့ အမေရိကန်ပိုင် Guam ကျွန်းမှာ တပ်ဆင်သွားမယ်လို့ ဗုဒ္ဓဟူးနေ့မှာ Chuck Hagel က ပြောခဲ့ပါတယ်။ ကုလသမဂ္ဂက နောက်ဆုံး ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူရေး ဆုံးဖြတ်ချက် အပေါ် မြောက်ကိုရီးယားဖက်က ဒေါသထွက်နေပြီး အမေရိကန်ကို လည်း နေ့စဉ်နီးပါး ခြိမ်းချောက် ပြောဆိုမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဘာသာရေးကိစ္စ စွဲချက်တွေနဲ့ ကိုရဲမင်းဦးကို ရုံးထုတ်စစ်ဆေး

ပျောက်ဆုံးနေတယ်လို့မိသားစုက ကြေညာချက်ထုတ်ပြန် ပြောကြားထားတဲ့ ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ကိုရဲမင်းဦးကို ပုဒ်မ၅၀၅(ခ) နဲ့ ကျောက်တံတားမြို့နယ် အနောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သူ့အမှုကို ဆက်လက်ပြီး ချေပဖို့အတွက် တရားလွှတ်တော် ရှေ့နေဦးအောင်သိန်းနဲ့ ဦးကျော်ဟိုး တို့က လိုက်ပါဆောင်ရွက်ပေးကြမယ်လို့ ကိုရဲမင်းဦးရဲ့ ညီဖြစ်သူ ကိုရဲမင်းအောင်က RFA ကို ပြောပါတယ်။

ဒီကနေ့ တရားရုံးထဲမှာ နှစ်မိနစ်ကြာ ရုံးထုတ်ကြားနာခဲ့ပြီး အင်းစိန်ထောင်ကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ကိုရဲမင်းအောင်က ပြောပါတယ်။

ဘာသာရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သတ်လို့ သူ့ကိုစစ်ဆေးမေးမြန်းနေတယ်ဆိုတဲ့အကြောင်း၊ ဒီအရေးအခင်းတွေနဲ့ ပတ်သတ်ပြီး သူနဲ့ဘာမှမသက်ဆိုင်တဲ့အကြောင်းတွေကို ကိုရဲမင်းဦးက ပြောခဲ့ပါတယ်လို့ ကိုရဲမင်းအောင်က ပြောပါတယ်။

လာမယ့် ၉ ရက်နေ့ကို ရုံးချိန်းပြန်ခေါ် ယူထားပြီး ကိုရဲမင်းဦးကို မတ်လ၂၅ ရက်နေ့ကတည်းက ဗဟန်းမြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ RFA Burmese

လယ်မြေပြန်ရရေး ပန်းတနော် လယ်သမား ၄၀၀ ခန့် ဆန္ဒပြ


ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အိုးဘိုကျေးရွာအုပ်စု၊ ဘုရားစုကျေးရွာက လယ်သမား ၄၀၀ ကျော်တို့ဟာ မတရားသိမ်းဆည်းခံထားရတဲ့ လယ်မြေတွေပြန်ရဖို့ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင် သိမ်းယူထားတဲ့ လယ်ဧက ၁၇၅၀ ကျော် ပြန်လည်ရရှိရေးအတွက် ဘုရားစုကျေးရွာအနီးက ကြုံလမတ်ကန်အနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲကို ရောက်ရှိနေတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က RFA ကို အခုလို ပြောပြပါတယ်။

"ဧကပေါင်း ၁၇၀၀ ကျော်ကို တစ်ဧကကို ၅၀၀၀ နှုန်းနဲ့ ယူချင်ယူမယူချင်နေ အတင်းအဓမ္မ သိမ်းသွားတာဗျ၊ ပြည်သူလူထုက ကြည်ကြည်ဖြူဖြူနဲ့ ပေးလိုက်တာလည်းမဟုတ်ဘူး၊ လျော်ကြေးလည်း တချို့တွေ ဘာမှယူမထားတာတွေရှိတယ်၊ အခုအချိန်မှာ ပြည်သူလူထုက ပွင့်လင်းလာပြီ၊ လုပ်ကိုင်မဲ့၊ အကိုင်မဲ့ စားသောက်စရာမရှိတဲ့ လယ်မဲ့ယာမဲ့ဘဝနဲ့ သူတို့သားသမီးတွေ အနာဂတ်ဘဝ ဘယ်လိုမှရပ်တည်လို့ မရတော့တဲ့အတွက်ကြောင့် သူတို့ပိုင်တဲ့လယ်မြေတွေ ပြန်ပေးပါဆိုပြီးတော့ စုပေါင်းပြီး တောင်းဆိုကြခြင်းဖြစ်ပါတယ်၊ အဓိကကတော့ သိမ်းဆည်းထားတဲ့ ၁၇၅၀ မှာပါတဲ့ မြေတွေပြန်ပေးပါဆိုပြီး တောင်းဆိုတာ"

အခုလိုလယ်မြေတွေကို လျော်ကြးငွေအနည်းငယ်ပဲပေးပြီး သိမ်းယူခဲ့တဲ့အတွက် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌကို လယ်သမားတွေက တိုင်တန်းမူတွေ ရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးလှမြင့်က အောက်ခြေကိုကွင်းဆင်းပြီး စုံစမ်းခဲ့ရာမှာ ဦးငြိမ်းမြိုင် သိမ်းယူထားတဲ့ လယ်ဧက ၇၀၀၀ ကျော်ထဲက ဧက ၂၅၀၀ ကျော်သာ တရားဝင် လနစာရင်းပေါက်တာဖြစ်တဲ့အတွက် ကျန်တဲ့လယ်ယာမြေတွေကို ပြန်လည်ညှိနှိုင်းဖို့ အစီရင်ခံစာ ပို့ခဲ့ပါတယ်။

ဒါပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်ဦးငြိမ်းမြိုင်က လယ်သမားတွေနဲ့ ပြန်လည်ညှိနှိုင်းမူ မရှိတာကြောင့် ဒီကနေ့မှာ ပထမဆုံးအကြိမ် တောင်းဆိုဆန္ဒပြကြတာ ဖြစ်ပါတယ်။
RFA Burmese

အဓမ္မပြုကျင့်ခံထားရသူကို အကာကွယ်ပေးဖို့ AHRC တိုက်တွန်း



တရားရုံးမှာ အမှုစစ်ဆေးနေချိန်အတွင်း အာမခံရထားတဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးကို အိမ်တိုင်ယာရောက် လာရောက်ခြိမ်းခြောက် မေးမြန်းစစ်ဆေးနေတာကို ရပ်တန်းကရပ်ဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးမှာ ခိုးမှုနဲ့ အမှုရင်ဆိုင်နေရပြီး အဓမ္မပြုကျင့်ခံရတယ်လို့ဆိုတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ရမယ့် အဖွဲ့အစည်းကိုယ်တိုင် လာရောက်အနှောင့်အယှက်ပေးနေတာလို့ AHRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဒီအရွယ်မရောက်သေးတဲ့ မိန်းကလေးကို သူအလုပ်လုပ်ကိုင်နေတဲ့ မြောက်ဥက္ကလာပမြို့နယ်က ချယ်ရီစားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်က မတရားပြုကျင့်တဲ့အတွက် မုဒိမ်းမှုနဲ့ မနှစ်က အမှုဖွင့်ထားချိန်မှာ ဒီမိန်းကလေးက ကျပ် ၃ သိန်းတန် လက်ပတ်နာရီနဲ့ ငွေ ၂ သောင်း ခိုးယူခဲ့တယ်ဆိုပြီး ဦးမြင့်အောင်ရဲ့ဇနီးက မြောက်ဥက္ကလာပ ရဲစခန်းမှာ ခိုးမှုနဲ့ ဒီနှစ်ဖေဖော်ဝါရီမှာ ပြန်တိုင်ကြားတဲ့အတွက် အမှုရင်ဆိုင်နေရတာပါ။ မတ်လ ၇ ရက်မှာ လူနှစ်ဦးက ဒီကလေးမကို ကျပ်ငွေ ၅ သန်းနဲ့ အာမခံခဲ့ပါတယ်။
RFA Burmese

၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ်တိုင်းဒေသအဆင့် ဆွေးနွေးဆဲ

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချပေးမယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ရောင်းချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေလက်ထဲ ဆင်းကဒ် ၃ သိန်းခွဲကို လစဉ် တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနေ ရောင်းချပေးဖို့အတွက် တာဝန်ပေးလိုက်ခြင်းဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

"တိုင်းဒေသကြီး အစီအစဉ်နဲ့ ဘယ်လိုလုပ်မယ်ဆိုတာလဲ ဆက်သွယ်ရေးနဲ့ ညှိအုံးမှာပါ၊ တိုင်းဒေသကြီး အစီအစဉ်နဲ့လို့တော့ ပြောထားတယ်၊ ကျွန်တော်တို့တွေ လိုအပ်တာကတော့ တကယ်သုံးတဲ့သူတွေလက်ထဲကိုရောက်ဖို့ပဲ ပြောထားတာရှိပါတယ်၊ အဲ့ဒီမှာလုပ်မယ့် အစီအစဉ်တွေကို ပြန်တင်မှာပါ၊ လောလောဆယ်တော့ သူတို့လုပ်မယ့် အစီအစဉ်တွေကို မသိရသေးပါဘူးဗျာ၊ ဆက်သွယ်ရေးလုပ်ငန်းကတော့ လိုင်းအရေအတွက်နဲ့ လူဦးရေအရေအတွက်အပေါ် မူတည်ပြီးတော့ လစဉ်တိုင်းဒေသကြီး အစိုးရဆီကို ခွဲတမ်းနဲ့ပေးသွားမယ်၊ တိုင်းဒေသကြီး အစိုးရတွေက အမှန်တကယ်လိုချင်တဲ့သူတွေလက်ထဲကို ပြန်ပြီးရောင်းချပေးသွားမယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆက်သွယ်ရေးဝန်ကြီးကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ခုလိုဆင်းကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ဘယ်လိုအစီအစဉ်နဲ့ ဖြန့်ဖြူးမလဲဆိုတာနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်နေဆဲဖြစ်တဲ့အတွက် အသေးစိတ်မပြောနိုင်သေးကြောင်း တာဝန်ကျအရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီဖုန်းဆင်းမ်ကဒ်တွေကိုတော့ ကနဦးဖုန်းခေါ်ဆိုခ ကျပ် ၃၀၀ ဖြည့်သွင်းပေးထားမှာဖြစ်ပြီး ၁၅ ရက်အတွင်းမှာ ဖုန်းပြောဆိုခ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ်ကို ထပ်မံဖြည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။

တစ်ကယ်လို့ ၁၅ ရက်အတွင်းမှာ ထပ်မံအဖြည့်သွင်းဘူးဆိုရင်တော့ အလိုအလျှောက် ပြန်လည်ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြထားတာပါ။

ဖုန်းပြောဆိုခ တစ်မိနစ်ကို ကျပ် ၅၀ သတ်မှတ်ထားပြီး အဝင်ဖုန်းလက်ခံ ပြောဆိုခကိုတော့ ကောက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။
RFA Burmese

အလုံ လျှပ်စစ်ဓါတ်အားပေးစက်ရုံ မီးလောင်

Friday, April 5, 2013
ရန်ကုန်၊ ဧပြီ ၅။
ရန်ကုန်မြို့၊ အလုံမြို့ နယ်ရှိ လျှပ်စစ်ဓါတ်အားပေး စက်ရုံဝင်းအတွင်း ဧပြီလ ၄ရက် ည ၁၁နာရီ ၄၅မိနစ်ခန့်မှ ၁၂း၃၀ အထိ မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ မီးသတ်ကား ၃၀ ကျော်ခန့်လာရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုအကြောင်းအရင်းနှင့် စပ်လျဉ်းပြီး “ချောဆီပိုက်ထဲက ချောဆီတွေလျှံကြပြီး အောက်ကအပူပေးစနစ်တွေပေါ်က မီးခံပြားတွေပေါ်ကို ကြပြီး မီးလောင်မှု ဖြစ်တာပါ။ အ၀တ်စတွေလောက်ပဲ လောင်တာပါ။ ဆုံးရှုံးမှု သိပ်မရှိပါဘူး။” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လျှပ်စစ်ဝင်းအတွင်းတွင် ထားရှိထားသော လျှပ်စစ် ဓါတ်အားပေးစက်များမှာ နွေရာသီတွင် ရန်ကုန်မြို့ ကို လျှပ်စစ်မီးဖြန့်ဖြူးရန် အသစ်တပ်ဆင်ထားသော လျှပ်စစ်ဓါတ်အားပေး စက်အသစ်များဖြစ်ကြောင်း လျှပ်စစ်ဝင်းအတွင်းမှ အမည်မဖော်လိုသူ အစောင့်တစ်ဦးကပြောကြားသည်။
ဆုဝေ
မြန်မာ့ခေတ်

ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် မီးလောင်ကျွမ်း


နမ့်ခမ်း၊ မတ် ၃၁ ရက်
ရှမ်းပြည်နယ် နမ့်ခမ်းမြို့ အောင်ချမ်းသာ ရပ်ကွက် နှင်းဆီလမ်း အမှတ်(၁၄၁) ရှေ့၌ မတ် ၃၁ ရက် ညနေ ၃ နာရီ မိနစ် ၅ဝ က မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အားဝါ ၂၈/၁၃ နှစ် (ဘ)ဦးနိုင်စိန် နမ့်ခမ်းမြို့နေသူသည် နှင်းဆီလမ်း အတိုင်း မြောက်မှတောင်သို့ တရုတ်နံပါတ် N/--- အနက်ရောင် မတ်တူးယာဉ်အား မောင်းနှင်လာစဉ် အုတ်ခုံနှင့် တိုက်မိ၍ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့မှ ဝိုင်းဝန်း ငြှိမ်းသတ်ရာ ညနေ ၄ နာရီတွင် မီးငြိမ်း သွားခဲ့သည်။ မီးလောင်မှုကြောင့် ယာဉ်ရှေ့အောက်ပိုင်း ပျက်စီးသွားပြီး ခန့်မှန်း တန်ဖိုးငွေကျပ် ၂ဝဝဝဝဝခန့် ဆုံးရှုံး ခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ယာဉ်အား ပေါ့ဆစွာ မောင်းနှင်မှုကြောင့် မီးလောင်ကျွမ်းသူ အားဝါ အား နမ့်ခမ်း ရဲစခန်းမှ (ပ)၂၅/၁၃ ပြစ်မှု ၂၇၉/၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

ရွှေဆွဲကြိုး ဆွဲဖြတ်လုယူ ဝိုင်းဝန်း ဖမ်းဆီး


ရန်ကုန်၊ မတ် ၂၈ ရက်
မတ် ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်က ရွှေတိဂုံဘုရား ဝတ္ထကမြေ သာယာရေး ဝန်ထမ်း လှိုင်သာယာ မြို့နယ်နေသူ မတင်မျိုးခိုင် ၂၄ နှစ်သည် နေအိမ်သို့ ပြန်ရန်

ဒဂုံမြို့နယ် ပြည်လမ်း အရှေ့ရပ်ကွက် ဦးဝိစာရလမ်း ပြည်သူ့ရင်ပြင်ဘေး ပလက်ဖောင်း အတိုင်း လမ်းလျှောက်လာစဉ် ပြည်သူ့ရင်ပြင် ဝင်/ထွက်ပေါက် အလွန် အရောက် နောက်မှ လိုက်လာသည့် အင်းစိန်မြို့နယ် ကွက်သစ်ရပ်နေ မကြည်ကြည်ထွန်း ၃၂ နှစ်က မတင်မျိုးခိုင်၏ လည်ပင်းတွင် ဆွဲထားသည့် ငါးမူးသားခန့်ရှိ တန်ဖိုးငွေကျပ် ၃၅ဝဝဝဝ ဖိုးရှိ ရွှေဆွဲကြိုးအား ဆွဲဖြတ်လုယူ ထွက်ပြေးသွားသဖြင့် အော်ဟစ် အကူအညီ တောင်း ရာ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ရုံး ဝန်ထမ်းများ ဖြစ်သည့် ဖြိုးဝေလင်းနှင့် ထွန်းထွန်းဝင်းတို့က ဝိုင်းဝန်း ဖမ်းဆီး ရမိသဖြင့် မကြည်ကြည်သန်းအား အရေးယူပေးရန် မတင်မျိုးခိုင်၏ တိုင်တန်းမှုအား ဒဂုံရဲစခန်းမှ (ပ) ၇၁/၁၃ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။
မြ၀တီ

မြေမြှပ်မိုင်းကြောင့် ဒုက္ခသည်ငါးသိန်း နေရပ်မပြန်နိုင်

မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့အရှေ့တောင်ပိုင်း ပြည်နယ်တွေမှာ မြေမြှုပ်မိုင်းတွေ အနှံအပြား ရှိနေတာကြောင့် ဒုက္ခသည် ငါးသိန်းလောက်ဟာ နေရပ် မပြန်နိုင်ကြဘဲရှိနေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။

အဲဒီမြေမြှုပ်မိုင်းတွေရှိတဲ့ နေရာတွေကို သတ်မှတ်တာ၊ ထင်ရှားမြင်သာတဲ့ သတိပေး အမှတ်အသားတွေ စီမံတာ၊ မြေမြှုပ်မိုင်းတွေ ရှင်းလင်း ဖယ်ရှားတာတွေ မရှိဘဲနဲ့ ဒုက္ခသည်တွေ အိမ်ပြန်ရဲကြမှာမဟုတ်ဘူးလို့ UNHCR ကာကွယ် စောင့်ရှောက်ရေးရုံးက ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့တွေကြား (၁၄)နှစ် ကြာ ဖြစ်ပွားနေခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် မြန်မာပြည်တွင်းမှာ မြေမြှုပ်မိုင်းတွေ အများအပြား ကျန်ရှိနေတာ ဖြစ်ကြောင်း၊ အမျိုးသားလုံခြုံရေး စိတ်ချရတဲ့အခြေအနေ မရောက်သေးဘဲမိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း၊မိုင်းရှိတဲ့ နေရာတွေကိုအကျယ်အပြန့်သိထားပြီး
ဖြစ်ရင်တောင်မှ မိုင်းရှင်းလင်းရေးဟာ နှစ်ချီကြာမြင့်လေ့ရှိကြောင်း။ ဒီအတွက် ပါဝင်ပတ်သက်သူအားလုံးရဲ့ သဘောတူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်ကြောင်း ကုလသမဂ္ဂ ကပြောပါတယ်။
RFA Burmese

ဒေါ်အောင်ဆန်းစုကြည်ကအစွန်းရောက်မှုတွေ ရှောင်ဖို့ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်က အဓိကရုဏ်းတွေ ပပျောက်ရေးအတွက် အကြမ်းဖက်မှုနဲ့အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ဖို့လိုကြောင်း
ပြောဆိုလိုက်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မိတ္ထီလာက စခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပတ်သက်ပြီး “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ် အတွက် RFA က မေးမြန်းခဲ့ရာမှာ သူကအခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အမတို့နိုင်ငံကလူအများစုက အေးအေးဆေးဆေး နေချင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ချင်စိတ် မရှိဘူး။ရှိတယ်ဆိုရင်လည်း အမတို့ ဘယ်လိုမှ အားမပေးသင့်ဘူး။အထူးသဖြင့် အကြမ်းဖက်မှုဆိုတာ ဘယ်လိုနည်းနဲ့မှ ခွင့်ပြုစရာမရှိဘူး။ဘာဆင်ခြေနဲ့မှ အကြမ်းဖက်မှု မရှိဘူးလို့ ဒီလို မြင်ပါတယ်"

ဒါ့အပြင် တော်လှန်ရေးနေ့ အခမ်းအနား နဲ့ ပတ်သက်ပြီး ဖိတ်ကြားခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းနဲ့တဆက်တည်းမှာ နိုင်ငံခြားသတင်းဌာနတချို့ရဲ့တင်ပြပုံဟာ ပြည့်စုံမျှတမှုမရှိဖူးလို့ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဒီလိုဖိတ်တာကို ကျေးဇူးတင်တယ်။နောက်ပြီးတော့ သွားရတာလည်း ဂုဏ်ယူတယ်။တော်လှန်ရေးနေ့လို့ အမတို့က အမြဲခေါ်တယ်။ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဒီနေ့ဟာ ဖက်ဆစ်ကို တော်လှန်ခဲ့တဲ့နေ့၊ တပ်မတော်နေ့လို့ ဘာလို့ခေါ်တယ်။ တပ်မတော်ဆိုတာ ဘယ်တုန်းက စတင်ခဲ့တယ်ဆိုပြီး ပြည့်ပြည့်စုံစုံ ပြောသွားတော့အရမ်းအားရတယ်။ နောက်ပြီးတော့ ဖေဖေ့ကိုလည်း တပ်မတော် ဖခင်ကြီး အဖြစ် ပြောသွားတော့ ဝမ်းသာတယ်။အားရတယ်။တစ်ချို့ နိုင်ငံခြား သတင်းဌာနတွေကဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရမယ်။
ကာကွယ်ရမယ်လို့ ပြောတာကို မီးမောင်းထိုးပြတယ်။တကယ်ဆိုလို့ရှိရင် ထူးခြားတဲ့ဟာကို ကြည့်ရမယ်။မကြည့်ဘဲနဲ့ သမရိုးကျဟာကို မီးမောင်းထိုးကြည့်တာကိုတော့ ချိန်ခွင်လျှာညီမျှမှု မရှိဘူးလို့ ထင်ပါတယ်"

ပုဂ္ဂလိကသတင်းစာတွေ ပြန်လည်ထုတ်ဝေခွင့်ရတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါဟာ ဝမ်းသာစရာ ကိစ္စဖြစ်ကြောင်းနဲ့ ဒီနေ့လူငယ်သတင်းသမား တွေရဲ့ကြိုးစားမှုကိုအားရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
RFA Burmese

ရပ်ကွက်နှစ်ခုသာ လေပြင်းတိုက်မှု လားရှိုးမြို့တွင် ဖြစ်ပွါး

Thursday, April 4, 2013
လားရှိုး၊ ဧပြီ ၄ ။
ယနေ့ညနေ ၃း၁၅နာရီအချိန်တွင် ရပ်ကွက်၁၂ခုရှိသော လားရှိုးမြို့၌ ၉ရပ်ကွက်နှင့် ၁၀ရပ်ကွက်တွင် မိနစ်နှစ်ဆယ်ခန့် လေပြင်းမုန်တိုင်းတိုက်ခတ်သွားကြောင်း ၎င်းရပ်ကွက်နေသူများက ပြောကြသည်။

“လေက အနောက်ကနေ အရှေ့ကိုတိုက်တာ မိနစ် ၂၀လောက်ပဲကြာတယ်။ ရပ်ကွက်ထဲ နေတဲ့သူတွေကလွဲပြီး ကျန်တဲ့သူတွေ သိပ်မသိလိုက်ကြဘူး။ ဖုန်းကြိုးတွေ၊ မီးကြိုးတွေ ပြတ်ကုန်တယ်။ သစ်ပင်ကြီးတွေတောင် လဲကုန်ကြတယ်”ဟု ရပ်ကွက်ရုံးမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ဆွေက ပြောကြားသည်။

ယင်းလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင်၄၀နှုန်းခန့်ပြင်းအား ရှိကြောင်း သက်ဆိုင်ရာဌာနက ခန့်မှန်းထားချက်အရ သိရသည်။ ရပ်ကွက်(၁၀)မှ ရုံးလမ်းတဖက် ရှိ တောင်တမာပင်ကြီး လဲသွားရာ အနီးရှိ ကွန်ကရစ်ဓါတ်တိုင် (၈)တိုင် လဲကျပျက်စီးသွားပြီး လမ်းဘေးပလက်ဖောင်းများ ပျက်စီး၍ ကားလမ်းများ ပိတ်ကုန်သောကြောင့် လားရှိုးမြို့ပေါ်ရှိ ဌာနပေါင်းစုံမှ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။ ထွန်းထွန်း
မြန်မာ့ခေတ်

မြန်မာ့ခေတ် မြန်မာပြည်တွင် တရားဥပဒေစိုးမိုးမှု လုံးဝမရှိသေး ဟု ရဲမင်းဦးပြောကြား

Thursday, April 4, 2013
ရန်ကုန်၊ ဧပြီ ၄။
မြန်မာပြည်တွင် တရားဥပဒေစိုးမိုးမှု လုံးဝမရှိသေးဟု ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ)မှ ကိုရဲမင်းဦးက ယနေ့ နံနက် ၁၀ နာရီခန့်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်လာစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။ “လူတစ်ယောက်ကို ဖမ်းချင်တိုင်းဖမ်း၊ ထောင်ထဲ ထည့်ချင်တိုင်းထည့်၊ လုပ်ချင်သလိုလုပ်၊ အမှုတွေနဲ့ မတရားသဖြင့် လုပ်နေသရွေ့တော့ ဒီတိုင်းပြည်ဟာ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး” ဟု ၄င်းက ပြောသည်။

ကိုရဲမင်းဦးကို မတ်လ ၂၅ ရက် ညပိုင်းတွင် အမည်မသိလူနှစ်ဦးက ဆွေးနွေးရန် ရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားပြီး လမ်းကနေ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ယင်းပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ၂၆ ရက်တွင် ဗဟန်းရဲစခန်း၌ လူပျောက်မှုအမှတ် ၁၃/၂၀၁၃ဖြင့် အမှုဖွင့်ခဲ့ပြီး ၁ ရက်နေ့တွင် ယင်းရဲစခန်းမှ ကိုရဲမင်းဦး မိသားစုထံသို့ ၄င်းအား ဖမ်းဆီးထားသည်ဟု ဆိုတာ အကြောင်းကြားလာကြောင်း ကိုရဲမင်းဦး၏ မိသားစုထံမှ သိရသည်။ “ဖမ်းဝရမ်းမပါဘဲ လိမ်လည်ခေါ်ဆောင်သွားပြီး လမ်းကနေ ဖမ်းသွားတာဟာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်လိုက်ခြင်း ဖြစ်တယ်။

ခုလောလောဆယ်တော့ ဆရာတော်တွေ တရားဟောဖို့ နောက်ကနေ ကြိုးကိုင်တယ်ဆိုပြီး ၅၀၅/ခ နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ဒါကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ကိုရဲမြတ်ဟိန်းက ပြောကြားသည်။ ကိုရဲမင်းဦးက “ဆရာတော်တွေရဲ့ သြဝါဒနဲ့အတူ ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ဖို့ ယဉ်ကျေးလိမ္မာ သင်တန်း တွေ ဖွင့်ဖို့ ကြိုးစားနေတယ်။

သူတို့လုပ်ရပ်တွေကို တရားခံရှာဖို့ ကျွန်တော်တို့ကို ဖမ်းထားတာ။ ၉၆၉ ဆရာတော်တွေကို အပြစ်ဖို့ပြီး ကျွန် တော့်ကို အရင် စစ်ကြောရေးလုပ်နေတာ” ဟု ပြောသည်။ ကိုရဲမင်းဦး အဖမ်းခံရခြင်းနှင့် ပတ်သတ်၍ ၉၆၉ ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဘာသာကို လေးစားမြတ်နိုးစေရန် ပြုလုပ်ထားသော လှုပ်ရှားမှုတစ်ခုသာ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာထွန်းကားသော တိုင်းပြည်တစ်ခုတွင် ဗုဒ္ဓဘာသာအကြောင်းအရာတွေ ပြုလုပ်၍ အဖမ်းခံရ ခြင်းမှာ မဖြစ်နိုင်သည့် ကိစ္စတစ်ခုသာ ဖြစ်ကြောင်း နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောကြားသည်။
“အိမ်မှာ လာဖမ်းတယ်ဆိုရင်တော့ ဖမ်းဝရမ်းပါမှ ရတယ်။ ဒါပေမယ့် လမ်းကနေ ဖမ်းတာဆိုရင်တော့ ဖမ်းဝရမ်း ပါစရာမလိုဘူး။ ကိုရဲမင်းဦးကို လူပျောက်ဖွင့်တုန်းက ကျွန်တော်တို့ လိုက်ရှာပေးပါတယ်။ ကျွန်တော်တို့ဆီက ၁ ရက်နေ့မှာ အကြောင်းကြားတယ်ဆိုတာ မဟုတ်ပါဘူး” ဟု ဗဟန်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် လင်းထွဋ်က ပြောကြားသည်။

ကိုရဲမင်းဦးသည် ၂၀၀၇ ရွှေဝါရောင်သံဃာတော်များ လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ၆ နှစ်ခွဲထောင်ကျခဲ့ပြီး ၂၀၁၁ခုနှစ် ၁၀ လပိုင်းတွင် ပြန် လည်လွတ်မြောက်ခဲ့ကြောင်း၊ ကိုရဲမင်းဦးကို အနောက်ပိုင်းခရိုင် ရဲမှူးက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယခုအကြိမ်သည် အနောက်ပိုင်းခရိုင် တရား ရုံးတွင် ဒုတိယအကြိမ်မြောက် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

မစ္စတာကင်တားနား မြန်မာကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ဟု ဦးသိန်းညွန့်ဆို

Thursday, April 4, 2013
ရန်ကုန်၊ ဧပြီ ၄။
အကြမ်းဖက်မှု ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိ အစိုးရ ပါဝင်ပတ်သတ်မှု ရှိသည်ဟု ပြောကြားခဲ့သော ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှည် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားသည် မြန်မာပြည်ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ဟု ယူဆ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

မတ်လအတွင်း ဖြစ်ပွားခဲ့သော မြန်မာပြည် အလယ်ပိုင်း အဓိကရုဏ်း အကြမ်းဖက်ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိအစိုးရ ပါဝင်ပတ် သတ်မှု ရှိသည်ဟု မစ္စတာကင်တားနားက မတ်လ ၂၉ ရက်နေ့တွင် စွပ်စွဲပြောကြားခဲ့သည်။ ယင်းကဲ့သို့ စွပ်စွဲပြောကြားချက်များနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွေမှာ မမှန်မကန်ရပ်တည်နေတဲ့ အင်အားစုတွေက ပေးတဲ့ အချက်အလက်တွေ မခိုင်မာတဲ့အချက်တွေနဲ့ စွပ်စွဲခြင်းဟာ အလွန်မှား ယွင်းသော လုပ်ရပ်ပါဟု ဆိုသည်။
“မစ္စတာ ကင်တားနားက ရှေ့နေတစ်ယောက်ပဲ။ ရှေ့နေဆိုတာ မှန်မှန်ကန်ကန် အချက်အလက် ယူသင့်ပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။ လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတွင် တားဆီးနေသူများ၊ မိမိအာဏာရရန်အတွက် ပြည်သူ့အသက် အိုးအိမ်ကို ချနင်းရန် ဝန်မလေးသော သူများလည်း ရှိနေကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများသည် တိုင်းပြည်အေးချမ်းသာယာမှသာ လုပ်ဆောင်နိုင် ကြောင်း၊ အစိုးရမှာ လက်ရှိအာဏာရှိနေ၍ ယင်းကဲ့သို့ အခြေအနေမျိုးကို အဖြစ်မခံနိုင်ကြောင်း၊ ထို့အတွက် မြန်မာ့အရေးနှင့် ပတ်သတ်လာပါ က မှန်မှန်ကန်ကန် မသုံးသပ်နိုင်သော အချက်အလက်မှန်မှန်ကန်ကန် မရှိသော မစ္စတာကင်တားနားသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ပါဘူး ဟု ဦးသိန်းညွန့်က ပြောသည်။

မစ္စတာ ကင်တားနားသည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့် ပတ်သတ်၍ အစီရင်ခံစာ တင်သွင်းရာတွင်လည်း ပြည်တွင်း အဖွဲ့အစည်းအများအပြား၏ ဝေဖန်ကန့်ကွက်မှု ခံခဲ့ရသေးသည်။
လူမင်း
မြန်မာ့ခေတ်

ဆူဇူကီးဖလား ကျင်းပခွင့် စင်္ကာပူနှင့် ဗီယက်နမ်တို့ ပူးတွဲရရှိ

မလေးရှား၊ Thursday, April 4, 2013
၂၀၁၄ ခုနှစ် ဆူဇူကီးဖလား အုပ်စုအဆင့် ပွဲစဉ်များကို စင်္ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အား ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့် ပြုလိုက်ပြီဖြစ်ကြောင်း အာစီယံဘောလုံး အဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန် ကြေညာ လိုက်သည်။ ယမန်နေ့က မလေးရှားနိုင်ငံ ပီနန်မြို့တွင် ကျင်းပပြုလုပ်သည့် အာစီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီ အစည်းအဝေးတွင် ထိုကဲ့သို့ ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

၁၉၉၆ ခုနှစ်၊ ၂၀၀၂ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တို့က ဆူဇူကီးဖလားတွင် ဗိုလ်ဆွဲခဲ့သည့် စင်္ကာပူနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဆူဇူကီးဖလား ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို အနိုင်ယူပြီး လေးကြိမ်မြောက် ဆူဇူကီးဖလားရရှိကာ စံချိန်တင် ဗိုလ်ဆွဲထားသည်။ စင်္ကာပူနိုင်ငံသည် ဆောက်လုပ်လျှက်ရှိသည့် စပေါ့ဟတ်ကွင်းကို ဆူဇူကီးဖလား ပြိုင်ပွဲအတွက် အသုံးပြုနိုင်ရန် ကြိုးပမ်းနေပြီး လာမည့် ၁၂ လအတွင်း အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု မျှော်လင့်လျက် ရှိနေသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၀၈ ခုနှစ်က ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်ဆွဲခဲ့စဉ် အိမ်ကွင်းအဖြစ် လက်ခံကျင်းပ ခဲ့သည့် မိုင်ဒင် အမျိုးသား အားကစားကွင်းကို ၂၀၁၄ ခုနှစ်အတွက် အသုံးပြုမည်ဖြစ်သည်။

ဆူဇူကီးဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂ နှစ်တစ်ကြိမ် ကျင်းပခဲ့ရာ ၂၀၀၆ ခုနှစ်က မကျင်းပဖြစ်သည့်အတွက် အစားထိုးအနေဖြင့် ၂၀၀၇ ခုနှစ်တွင် ကျင်းပခဲ့ပြီးနောက် ပုံမှန် ဆက်လက် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ်ကတည်းက အဆိုပါပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၀၄ ခုနှစ်က တစ်ကြိမ်သာ စတ္ထုထ နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ဖူးသည်။ Ref: AFF,  မြန်မာ့ခေတ်

ပါကစ္စတန်တွင် အခွန်တိုးမကောက်လျှင် အကူအညီပေးမှုများ ရပ်ဆိုင်းရန် ဗြိတိန်လွှတ်တော်အမတ်များ

တိုက်တွန်း
လန်ဒန်၊ April 4, 2013
ပါကစ္စတန်နိုင်ငံသည် ၎င်းနိုင်ငံမှ လူချမ်းသာများထံမှ အခွန်တိုးမကောက်လျှင် ကူညီထောက်ပံ့နေမှုများကို ရပ်ဆိုင်းသင့်ကြောင်း အင်္ဂလန် လွှတ်တော်အမတ်များက ပြောကြားသည်။ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ပါကစ္စတန်မှ သူဋ္ဌေးများသည် နိုင်ငံကို အခွန်အနည်းငယ်သာ ပေးနေသောကြောင့် ပါကစ္စတန် နိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ထောက်ပံ့ပေးနိုင်ရန် ၎င်းတို့သည်လည်း အခွန်ပေးဆောင်မနေသင့်တော့ကြောင်း ပြောကြား သည်။ ၎င်းတို့က ထပ်မံ၍ နိုင်ငံတကာဖွံ့ဖြိုးရေးကော်မတီသည်လည်း လာဘ်စားမှုပပျောက်ရေးကြိုးပမ်းမှုကို အလေးထားပြီး ကူညီသင့်ကြောင်း၊ အခွန် ကောက်ခံသည့် နည်းလမ်းပြောင်းလဲမှုလုပ်ဆောင်ရန်လည်း လိုချင်ကြောင်း တိုက်တွန်းသည်။

အင်္ဂလန်အစိုးရသည် ပါကစ္စတန်နိုင်ငံအပေါ်ထောက်ပံ့နေမှုကို ၂၀၁၂-၁၃တွင် ပေါင်၂၆၇သန်း မှ ၂၀၁၄-၁၅တွင် ပေါင်၄၄၆သန်းအထိ တိုးမြှင့်ရန် လျာထားသည်။ လွှတ်တော်အမတ်များက အကယ်၍ ယခုနှစ်မေလတွင် ရွေးကောက်ခံရမည့် ပါကကစ္စတန်အစိုးရသည် အခွန်ကောက်ခံမှုပုံစံကို ပြောင်းလဲ မည်ဟု သေချာပေါက်အာမ မခံလျှင် ဗြိတိန်နိုင်ငံမှ အခွန်ဆောင်ပြည်သူများ၏ အခွန်ငွေများကို အသုံးချပြီး အထောက်အပံ့မပေးနိုင်ကြောင်း ပြောကြားသည်။

နိုင်ငံတကာဖွံ့ဖြိုးရေးကော်မတီက နိုင်ငံတကာဖွံ့ဖြိုးရေး ဌာနသည် ပါကစ္စတန်တွင် လာဘ်စားမှု၊ တရားဥပဒေစိုးမိုးမှု၊ အခွန်ကောက်ခံမှု များတွင် မအောင်မမြင်ဖြစ်နေခြင်းကို ဝေဖန်ပြောကြားသည်။ ၎င်းတို့က နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာနသည် အခြား ထောက်ပံ့ပေးမည့် နိုင်ငံများနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ စည်တို့နှင့် ချိတ် ဆက်ပြီး ပါကစ္စတန်အခွန်စနစ်ပြုပြင်ပြောင်းလဲနိုင်ရန် တွန်းအားပေးရန်၊ နိုင်ငံရေးအပြောင်းအလဲဖော်ဆောင်နိုင်ရန် နိုင်ငံ၏ ရွေးကောက်ပွဲကို ထောက်ပံ့သင့်ကြောင်း ပြောကြားသည်။

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ ပြုပြင်ပြောင်းလဲမှုဟာ ထိပ်ကနေစရပါမယ်၊ ရွေးကောက်ခံရတဲ့ နိုင်ငံရေး သမားတွေ ပါကစ္စတန်ကသူဋ္ဌေးတွေဟာ အခွန်ငွေကို ပေးဆောင်ပြီး အခွန်ပေးဆောင်တဲ့ ပုံစံပြောင်းလဲမှု ကို လက်သင့်ခဲ့တဲ့ ပုံမျိုးပြရပါမယ၊် တက်လာမယ့် အစိုးရအဖွဲ့ဟာ ကျွန်တော်တို့ဆီကနေ အခွန်စနစ်ပြောင်းလဲဖို့ အကူအညီတွေရမယ်၊ နောက်ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့နဲ့ လက်တွဲ လုပ်ကိုင်ခွင့်ရအောင် ကူညီပေးပါမယ် ၊ဒါပေမယ့် အခွန်ကောက်ခံတဲ့စနစ်နဲ့ စီးပွားရေးပြောင်းလဲမှုကတော့ တကယ်လုပ်ရပါ မယ်” ဟု ဆိုသည်။

ပါကစ္စတန်တွင် နိုင်ငံလူဦးရေ၏ ၀.၅၇ရာခိုင်နှုန်းသာ(လူပေါင်း ၇၆၈၀၀၀ဦး) နှစ်စဉ် ဝင်ငွေခွန်ဆောင်ကြကြောင်း နှစ်ပတ်လည် အစီရင်ခံစာ အရ သိရသည်။ Ref:BBC, မြန်မာ့ခေတ်

အိန္ဒိယ၊ နယ်ခြားစောင့်တပ်မှ မြန်မာနိုင်ငံသားတစ်ဦးကို လက်နက်ဖြင့် ပစ်ခတ်မှုဖြစ်ပွား


တမူး၊ April 4, 2013
အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မြန်မာဘက်ခြမ်း တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ၊ ဖိုင်ရန်ကျေးရွာ(အနောက်ဘက် – ၃ မိုင်ခန့် အကွာ) နှင့် အိန္ဒိယနိုင်ငံ နန်းမလီကျေးရွာကြားတွင် ဖိုင်ရန်ကျေးရွာသား ကိုဇော်မျိုးကို အိန္ဒိယနယ်ခြားစောင့်တပ်ဖြစ်သည့် အာသံ-၄၄ တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့က လက်နယ်ငယ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တမူးလူငယ်ကွန်ယက်မှ ပြောကြားချက်အရ သိရသည်။

ဧပြီလ၊(၂)ရက်နေ့တွင် ဖိုင်ရန်ကျေးရွာသား ကိုရဲမြင့်လှိုင်နှင့်ကိုဇော်မျိုးတို့နှစ်ဦးသည် အိန္ဒိယနိုင်ငံဖက်သို့ အမဲသားများ သွားရောက် ရောင်းချ ခဲ့ပြီး အပြန် ညနေ(၆)နာရီခန့်တွင် အာသံ (၄၄) နယ်ခြားစောင့်တပ်က လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ကိုဇော်မျိုး (အသက် – ၃၆ နှစ်ခန့်) ၏ ဘယ်နားထင်စပ်နှင့် ဘယ်ဘက်လည်ပင်းတွင် သေနတ်ဒါဏ်ရာတစ်ချက်စီ ထိမှန်ခဲ့ကြောင်း၊ကိုဇော်မြင့်ကို သေနတ်ဒင်များဖြင့် ထုရိုက်ခဲ့ ကြကြောင်း၊ ယခုအခါ ကိုဇော်မြင့်အား မြို့သစ်ဆေးရုံမှ တမူးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ပြောင်းရွေ့ ကုသလျက်ရှိကြောင်း သိရ သည်။

”သူတို့ဖက်က ကျွန်တော်တို့ဘက်လာရင် အန္တရာယ် တစ်စုံတစ်ရာမဖြစ်အောင် အစိုးရပိုင်းကစ စောင့်ရှောက်ပေးမှုရှိတယ်။ သူတို့ဖက်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရောက်ရင် မထင်ရင်မထင်သလိုလုပ်တယ်။ အခုလိုတွေလုပ်တာ အခုမှ မဟုတ်ဘူး”ဟု တမူးမြို့ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
ကျော်သူစိုး(ကလေးမြို့)
 မြန်မာ့ခေတ်

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့်အဖွဲ့အား တရားစွဲဆိုခဲ့သည့် နိုင်/ကျဉ်းဟောင်းတစ်ဦးက ယခု သက်သေအဖြစ်သာ ရပ်တည်တော့မည်

Thursday, April 4, 2013
နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုအောင်ထွန်းသည် အကျဉ်းထောင်အတွင်း ၎င်းကိုနှိပ်စက်ထားမှုများနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်မှူးကြီးဟောင်းများဖြစ်သော ဦးသန်းရွှေ အပါအဝင် ၅၀ဦးတို့အား တရားစွဲဆိုမှုကို ၂၀၁၂ခုနှစ်တွင် ပြုလုပ်ထားခဲ့သော်လည်း ယခုအချိန်တွင် ၎င်းအနေဖြင့် တရားစွဲခြင်း မပြုလုပ်ဘဲ နိုင်ငံတကာမှ တရားဥပဒေဆိုင်ရာ တရားစီစဉ်ရေးအဖွဲ့တချို့နှင့် ပူးပေါင်း၍ သက်သေအဖြစ်သာ ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တစ်ဦးတည်းအနေနဲ့ ထောင်ကျတုန်းက အနှိပ်စက်ခံရတာကို မကျေနပ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ဦးသန်းရွှေအပါအဝင် အစိုးရအဖွဲ့ထဲက လူ ၅၀ကို တရားစွဲပြီး တောင်းပန်ခိုင်းဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်က နိုင်ငံတကာက ICC နဲ့ ICJ တို့ကိုချိတ်မိပြီး ကျွန်တော်က သူတို့ဆီက ပြည်တွင်းနိုင်ငံသား အဖွဲ့ဝင်အဖြစ်နေပြီး သက်သေအဖြစ်နဲ့ပဲ ဆက်လက် လုပ်သွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ယခုကဲ့သို့ International Criminal Court နှင့် International Court of Justice အဖွဲ့တို့နှင့် ချိတ်ဆက်မိသည့်အတွက် ကိုအောင်ထွန်းသည် ယင်းအမှု၏ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ၁၉၈၈ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ ဒုက္ခခံခဲ့ရသည့် ပြည်သူလူထုကို တောင်းပန်စေရန် သက်သေအဖြစ်သာ ပြုလုပ်မည်ဟု သိရသည်။ “ဒီလိုမျိုးလုပ်တာက လုပ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ခံစားမှု သူ့အခွင့်အရေးပဲ။ အခုလိုမျိုး အစိုးရသစ် လက်ထက်မှာ အရင်အစိုးရကို ပြန်တရားစွဲတာကလည်း အခုလက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ထိခိုက်တာမျိုးမရှိဘူး။ ဒါပေမယ့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာကိုက သူတို့ကို ကာကွယ်ထားတဲ့ ဥပဒေတွေက ရှိနေတာဆိုတော့ နိုင်ငံတကာက ICC တို့ ICJ တို့ကတော့ ဘယ်လိုမျိုး နိုင်ငံတကာ ဥပဒေပုဒ်မတွေနဲ့ လုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်”ဟု နိုင်/ကျဉ်းဟောင်းများ အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံ ဦးတင်ရွှေက ပြောကြားသည်။

ယင်းသို့ နိုင်ငံအသီးသီးမှ ပြည်သူလူထုက မကျေနပ်သော နိုင်ငံရေး ခေါင်းဆောင်များအား တရားစွဲမှု ပြုလုပ်ရာတွင် နိုင်ငံတကာ ဥပဒေပုဒ်မများဖြင့် ကူညီပေးလျက်ရှိသည့် ICC နှင့် ICJ အဖွဲ့က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအား တရားစွဲဆိုရန်ကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသား ၁၀၀နီးပါးကလည်း အဖွဲ့ဝင် သက်သေများအဖြစ် ပါဝင်ထားကြောင်း သိရသည်။

ယခုကဲ့သို့ တရားစွဲဆိုမှု၌ အစိုးရအဖွဲ့အစည်းမှ ပါဝင်မည်ဆိုပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်းနှင့် ၎င်းအမှုအား တဦးတည်း တရားဆွဲဆိုပါက အမေရိကန်ဒေါ်လာ ၅၀၀၀ကုန်ကျမည့်အတွက် အဖွဲ့ဝင်အဖြစ်နေပြီး တရားစွဲဆိုချိန်တွင် သက်သေအဖြစ် နေပေးရန်လိုအပ်ကြောင်း မတ်လ ၃ရက်နေ့၌ ICC နှင့် ICJ အဖွဲ့ခေါင်းဆောင်အချို့က ဦးအောင်ထွန်းအား အကြံပေး ပြောကြားသွားကြောင်း သိရသည်။ TMA
မြန်မာ့ခေတ်

ယာဉ်(၂)စီးတိုက်မိ၍ လူ(၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၎
၃-၄-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၃၈/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်မှမန္တလေးသို့ ပြည်မြို့၊ တီတွတ်ရေနံမြေနေ တင့်ဆွေ(၄၂)နှစ်မောင်းနှင်လာသော ၆ဃ/xxxx ““အာကာသ””ခရီးသည်တင်မှန်လုံယာဉ်မှ ရှေ့မှ မောင်းနှင်နေသည့် ၈ခ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်အားကျော်တက်စဉ် လိုက်ထရပ်ယာဉ်၏ ၀ဲဘက်နောက်ခြမ်းအား မှန်လုံယာဉ်၏ရှေ့ဘန်ကာနှင့်တိုက်မိသဖြင့် လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက် ဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် မှန်လုံယာဉ် ပေါ်မှ ယာဉ်မောင်းနှင့်ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း လိုက်ထရပ် အဖြူရောင်ယာဉ် ပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်းပါ ခရီးသည် ၄ ဦးအနက် တောင်ငူမြို့နေ သန်းထွဋ်အောင် (၃၉)နှစ်ပါ ၂ ဦးတွင် ဦးခေါင်းခွံရိုးကွဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ပဲခူးမြို့၊ ဟင်္သာကုန်းနေ အောင်မျိုးဦး(၃၁)နှစ်ပါ ၂ ဦးတွင် ၀ဲဒူးပွန်း၊ ၀ဲရင်ဘတ်/ယာခါး နာကျင်၊ ယာပုခုံး/လက်ပြင်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ တင့်ဆွေအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ဘုရားမီးပူဇော်ရာမှ ဓာတ်ပုံဆိုင် မီးလောင်

ရန်ကုန်၊ ဧပြီ ၃
ရန်ကုန်မြိုတွင်း မြို့နယ်များတွင် လူနေထူထပ်သည့် လသာမြို့နယ် ၁၇ လမ်းရှိ ဓာတ်ပုံဆိုင်တစ်ဆိုင်တွင် ဧပြီလ ၃ ရက်နေ့ နံနက် ၆ နာရီက ဘုရားမီးပူဇော်ရာမှ ဓာတ်ပုံဆိုင် ဖွင့်ထားသော တိုက်ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

အဆိုပါမြို့နယ်၏ အမှတ် (၂)ရပ်ကွက်၊ ၁၇ လမ်း (အထက်ဘလောက်) ရှိ အမှတ် ၁၈၁ ဟောင်ကောင် နှစ်ခန်းတွဲ ခြောက်ထပ်တိုက်၊ ပထမထပ် (ဘယ်) အခန်းတွင် ဖွင့်လှစ်ထားသည့် ရွှေမြန်မာဒစ်ဂျစ်တယ် ဓာတ်ပုံဆိုင်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာ ယင်းမီးက ဘုရားစင်ပေါ်ရှိ ရေမွှေးဘူးများသို့ မီးကူးစက်ရာမှ တစ်ဆင့် မီးလောင်ခဲ့ကြောင်း မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မီးလောင်မှုကြောင့် တီဗီတစ်လုံး၊ ပန်ကာတစ်လုံး၊ အဲယာကွန်းတစ်လုံးနှင့် ပရိဘောဂနှင့် အတွင်းပစ္စည်းများ မီးလောင် ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
"ကျွန်တော်တို့စမြင်တော့ မီးတောက်က အပြင်ကိုထွက်နေပြီ"ဟု ယင်းလမ်းတွင် နေထိုင်သူ ဦးအောင်လှက ပြောကြားသည်။

အဆိုပါမီးလောင်မှုကို မီးသတ်ယာဉ် ၁၁ စီး၊ ကွပ်ကဲမှုယာဉ် နှစ်စီး၊ မီးသတ် တပ်ဖွဲ့ဝင်ပေါင်း ၉၅ ဦးဖြင့် ငြှိမ်းသတ်ခဲ့ပြီး ၂၅ မိနစ်အကြာတွင် မီးငြိမ်းခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ သိရသည်။

မီးလောင်မှုကြောင့် မန်နေဂျာ ဒေါ်ဆွေဆွေဝင်းကို (ပ) ၈၇ /၁၃/ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း လသာ မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

မြန်မာစာအသုံးပြုထားသည့် Google Home Page စတင်သုံးစွဲနိုင်


အပြည်ပြည်ဆိုင်ရာမှ သတ်မှတ်ပြဌာန်းထားသည့် ယူနီကုဒ်စံများနှင့် ကိုက်ညီသော Myanmar 3 Font (MM3) မြန်မာစာကို အသုံးပြုထားသည့် Google Home Page အသစ်တစ်ခုကို ယနေ့မှစတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း Google မှသတင်းထုတ်ပြန်လိုက်သည်။ ထို့ကြောင့် Googe စာမျက်နှာတွင် မြန်မာဘာသာကိုအသုံးပြုကာ ရှာဖွေမှုများပြုလုပ်လိုသူများအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ပိုင် Home Page တစ်ခုကို စတင်သုံးစွဲနိုင်ပြီဖြစ်သည်။

အမေရိကန် ထိပ်တန်းကုမ္ပဏီဖြစ်သော Googe ကုမ္ပဏီ၏ ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ်ဆောင်ရွက်ပေးမှုများ သည် ယင်းလုပ်ငန်းစု၏ အကြီးအကဲဖြစ်သူ မစ္စတာ အဲရစ်ရှမစ် ပြည်တွင်းသို့ လာရောက်ပြီးရက်သတ္တပတ်နှစ် ပတ်ကျော်အကြာတွင်ဖြစ်သည်။ နိုင်ငံအတွင်း မြန်မာဘာသာစကား အသုံးပြုသူ သန်းလေးဆယ်ကျော်ရှိသော်လည်း အင်တာနက်အသုံးပြုသူ တစ်သန်းမျှသာရှိသေးသည့် မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ Google Search ပေါ်တွင် ထောက်ပံ့မှုများပေး ခြင်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းသိရသည်။

အထက်ပါဆောင်ရွက်ချက်သည် မြန်မာနိုင်ငံသားများနှင့် မြန်မာဘာသာပြောကြားသူများအနေဖြင့် အင်တာ နက်စာမျက်နှာပေါ်တွင် အသုံးဝင်သည့်အချက်အလက်များရှာဖွေခြင်း၊ တကမ္ဘာလုံးအတိုင်းအတာသို့ ဝေမျှ ဖြန့် ဝေလိုသည့်အချက်အလက်များကို ဖန်တီးမှုပြုလုပ်နိုင်ခြင်းများကို ပြုလုပ်ရာတွင် အထောက်အပံ့ပေးနိုင်ရန်အ တွက်ဖြစ်ကြောင်း Google ကုမ္ပဏီ၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ Myanmar 3 Font ကိုအသုံးပြုပြီး မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Google Home Page ကို အသုံးပြုနိုင်သည့်အပြင် Google ကုမ္ပဏီက တခြားသော မြန်မာတိုင်းရင်းသားဘာသာစကားများဖြစ်သည့် မွန်၊ က ရင်၊ ကယား၊ ပလောင်၊ ရှမ်းနှင့်  ပါဠိ ဘာသာ စကားများကိုပါ ထောက်ပံ့ပေးထားကြောင်း သိရသည်။ ထို့အပြင် Google က ယူနီကုဒ် ကီးဘုတ်မရှိသူများအနေဖြင့် virtual keyboard ကို အစားထိုးအသုံးပြုနိုင်ရန် အတွက် search box တွင်ထည့်သွင်းပေးထားသည်။

ယခုကဲ့သို့ Google Home Page ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန်အတွက် အဆိုပါအမေရိကန် ကုမ္ပ ဏီ ကို ကူညီပေးခဲ့သည့် Asia Foundation, Digital Democracy, Information Matrix နှင့် အခြားသောကူညီ ပေးသူအချို့ကို ကျေးဇူးတင်ကြောင်းလည်း အထက်ပါကြေငြာချက်တွင် ဆက်လက်ဖော်ပြထားသည်။ Google အနေဖြင့် www.google.com.mm ဟူသည့်မြန်မာဒိုမိန်းနှင့် ဝဘ်ဆိုက်ကို ပြီးခဲ့သည့်မတ်လ ၂၁ ရက် က စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ၎င်းတို့၏ Google Play ဝန်ဆောင်မှုကိုလည်း ပြည် တွင်းတွင် အသုံးပြုနိုင်နေပြီဖြစ်သည်။
7Day News Journal

ဒေါ်အောင်ဆန်းစုကြည် သင်္ကြန်ကာလ ဂျပန်ခရီးစဉ် စတင်တော့မည်

ကြာသပတေးနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ လာရောက်မည်ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာသည်။

ဤခရီးစဉ်မှာ ဒေါ်စု၏ ဒုတိယအကြိမ် ဂျပန်ခရီးစဉ်ဖြစ်ပြီး ၁၉၈၅-၈၆ ခုနှစ်က ကျိုတို တက္ကသိုလ်တွင် သုတေသနလုပ်ငန်း ဆောင်ရွက်ရန် ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် အဆိုပါကြေညာချက်တွင် ပါရှိကြောင်း AFP သတင်းတရပ်က ဆိုသည်။

ဧပြီလလယ်အတွင်း ကျိုတိုမြို့သို့ သွားရောက်ကာ တက္ကသိုလ်များ၌ မိန့်ခွန်းများ ပြောဆိုကာ မြန်မာနိုင်ငံသားများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ဂျပန် နိုင်ငံ အနေဖြင့် လွတ်လပ် ပွင့်လင်းလာခါစ မြန်မာနိုင်ငံအား ကုန်သွယ်ဘက် နိုင်ငံ တခုအဖြစ် ဆက်လက် အလေးထား ဆက်ဆံနေသည့် အချိန်တွင် သူ၏ ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံမှာ စစ်အစိုးရ လက်ထက်ကတည်းက မြန်မာနှင့် ကုန်သွယ်မှုများအပြင် ရက်ရောသော အကူအညီများ ပေးခဲ့သည့်နိုင်ငံဖြစ်ကာ ယခုလည်း ဖွံ့ဖြိုးမှုနှင့် လူသားချင်းစာနာမှု အကူအညီများ အများအပြား ပေးနေသည့် နိုင်ငံဖြစ်သည်။

ကြွေးမြီ ဂျပန်ယန်းငွေ ၃၅၀ ဘီလီယံ (ဒေါ်လာ ၃.၇ ဘီလီယံ) အား လျှော်ပစ်ခြင်းနှင့် အကူအညီ များစွာ ပေးအပ်ခြင်းတို့ အပါအဝင် ဂျပန်အစိုးရက မြန်မာနိုင်ငံအား ထက်သန်စွာဖြင့် ကူညီထောက်ပံ့ပေးခဲ့ကာ မြန်မာနိုင်ငံအတွင်း တွင်လည်း ဂျပန်စီးပွါးရေး လုပ်ငန်းများ လုပ်ကိုင် လည်ပတ်လျက် ရှိနေပေသည်။
မဇ္ဈိမသတင်းဌာန

တရားရုံးမှ စပိန်တော်ဝင်မင်းသမီးကို ဆင့်ခေါ်

(4.4.2013, Thursday)
စပိန်တော်ဝင်မင်းသမီးခရစ္စတီးနားကို သူမ၏ကြင်ယာတော်ငွေအလွဲသုံးစားလုပ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တရားရုံးကဧပြီ(၃)ရက်နေ့ တွင်ဆင့်ခေါ်လိုက်ကြောင်း သိရသည်။

မင်းသမီး၏ကြင်ယာတော်အူဒန်ဂါးရင်းက လူမှုရေးဖောင်ဒေးရှင်းတစ်ခုအားဦးဆောင်ခဲ့စဉ်တွင် အများ ပိုင်ရန်ပုံငွေထဲမှ ယူရို(၆)သန်းကို အလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခံထားရခြင်းဖြစ်သည်။

အသက်(၄၇)နှစ်အရွယ် တောင်ဝင်မင်းသမီးခရစ္စတီးနားသည် လာမည့် ဧပြီလ(၂၇)ရက်နေ့တွင် တရားသူကြီး၏ရှေ့မှောက်၌ စစ်မေးခံရမည်ဖြစ်ပြီး၎င်း၏ကြင်ယာတော်ကိစ္စတွင် ပါဝင်ပတ် သက်နေသော အထောက်အထားတွေ့ရှိထားကြောင်း တရားသူကြီးဟိုဆေးကတ်စထရိုက ပြောကြားခဲ့ကြောင်း သိရသည်။

စပိန်နန်းတော်မှ အဆိုပါကိစ္စအား အံ့အားသင့်သော်လည်း တရားရုံး၏ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသွားမည်ဖြစ်ပြီးမက်ဒရစ်မြို့၏လမ်းမများပေါ်တွင် စပိန်ပြည်သူများက တရားရုံး၏ဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ကြကြောင်း ရိုက်တာသတင်းဌာနမှ သိရသည်။
SkyNet TV Browser

မင်္ဂလာဒုံလေယျာဉ်ကွင်းပြေးလမ်းပေါ်မှာ ကားမောင်းပြိုင်

ကံထူးသူ ငရဲသားများ(သို့)
ဦးတေဇသားများနှင့် ဖိုးလပြည့်အကြောင်း

သူတို့ အဖွဲ့ ပြောနေတဲ့စကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက်မရှိဘူး။ သူတို့ ရဲ့ ကားတွေကလည်း ဒေါ်လာ လေးငါးသန်းတန်ကားတွေဖြစ်တဲ့ဖရာရီ (Ferrari) ကားတွေဆိုတော့ အင်ဂျင်ပါဝါ အရမ်းကောင်းပါတယ်။ သူတို့ ဘေးမှာကလည်း စကတ်တိုတို နဲ့ အရမ်းကိုလှတဲ့ ကောင်မလေးသုံးလေးယောက်ကလည်း မူးယစ်ရီဝေနေတဲ့ မျက်လုံးတွေနဲ့ ။ အားလုံးလိုလိုက အနောက်တိုင်းစတိုင် မြူးကြွတဲ့တေးသီချင်းတွေနဲ့  ပျော်ရွှင်နေကြတဲ့အချိန်။ အချိန်က ညသန်းခေါ်ယံ။ နေရာက မင်္ဂလာဒုံလေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို့ က ဘာလို့ လေယာဉ်ကွင်းကိုလာတာလဲလို့ မေးစရာရှိတယ်။

သူတို့ ရဲ့ ကားတွေက နောက်ဆုံးပေါ်အကောင်းဆုံးကားတွေဖြစ်တော့ အရမ်းမြန်တယ်။ အင်္ဂျင်ပါဝါကောင်းတော့ အသံတွေက ဂျက်လေယျာဉ်အလားပဲ။ ဒီတော့ ဒီကားတွေနဲ့ ရန်ကုန်မြို့ ပေါ်က ရှိသမျှလမ်းတွေပေါ်မှာ တစ်ခုမှ သူတို့ ကားတွေနဲ့ မကိုက်ဘူး။ အဆင်မပြေဘူး။ ကားမောင်းပြိုင်ရင် လမ်းကောင်းတာကို ရှာဖွေရတယ်။ သူတို့ ကားတွေအတွက် လမ်းကောင်းတဲ့နေရာက ရန်ကုန်မင်္ဂလာဒုံလေယျာဉ်ကွင်းတစ်ခုပဲရှိတယ်။ လေယျာဉ်ပြေးလမ်းပေါ်မှာ ကားမောင်းပြိုင်တာက အန္တာရယ်လည်းကင်းတယ်။ ဒ့ါကြောင့်မရွေးချင်ပဲ ရွေးရတဲ့လေယာဉ်ကွင်းဖြစ်တယ်လို့ သူတို့ တစ်စုက ကျနော့်ကိုရှင်းပြပါတယ်။

" ခင်ဗျားတို့ ကို လေယျာဉ်ကွင်းရဖို့ ဘယ်သူက ခွင့်ပြုတာလဲဗျ"

"ဒါများအဆန်းလုပ်လို့ ။ လေတပ်ဦးစီးချုပ်ဆီကို ဖုန်းဆက်လိုက်ရင်ပြီးတာပဲ"

ညသန်းခေါင်ယံမှာ လေယျာဉ်အတက်အဆင်းမရှိတော့ဘူးဆိုတော့ သူတို့ တစ်စုကားမောင်းပြိုင်ကြပါတယ်။ သူတို့ ဆိုတာက သူဌေးကြီး ဦးတေဇသားများနှင့် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အချစ်ဆုံးမြေးဖိုးလပြည့်တို့ ပဲဖြစ်ပါတယ်။ သက်တော်စောင့်တွေဖြစ်တဲ့ ဗလကောင်းကောင်း ခပ်မိုက်မိုက်မျက်နှာနဲ့ လူတွေကလည်း သူတို့ ဘေးမှာ ရပ်နေကြပါတယ်။ အားလုံးရဲ့ ဂျိုင်းအောက်မှာ သေနတ်ကိုယ်စီနဲ့ ဆိုတော့ ကြည့်ရတာ အင်မတန်ကို အသက်ဝင်တယ်။ အားလုံးက ဘုန်းကြီးကျောင်းမှာ တရားအားထုတ်နေတာမဟုတ်တော့ အပြုံးကိုယ်စီမရှိကြပါဘူး။ မျက်နှာတိုင်းက ခပ်တည်တည်နဲ့ ။

ဒေါ်လာသုံးသန်းကြေး ကားမောင်းပြိုင်ပွဲတစ်ခုကို ကမ္ဘာပေါ်က အဆင်းရဲဆုံးတိုင်းပြည်မှာ ကျင်းပနေတာကို စာဖတ်သူများအခုမှ သိကြတာတော့မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေကလည်း မကြာခဏဖြစ်တတ်ပါတယ်လို့ ဆိုပြီး သူတို့ ဘေးနားက သက်တော်စောင့်ကြီးက ရှင်းပြပါတယ်။

"ဒေါ်လာသုံးသန်းကို ဘယ်လိုမျိုးပေးလဲ။ ငွေအိတ်နဲ့ ပေးတာလား။ ချက်လက်မှတ်နဲ့ ပေးတာလားဗျ" ကျနော်က အရပ်ခြောက်ပေလောက်ရှိတဲ့ ဗလကောင်းကောင်း သက်တော်စောင့်ကြီးကို ဆက်မေးတော့....

"ငွေပေးတာမဟုတ်ဘူးဗျ။ လေနဲ့ ပေးတာ။ သူတို့ အဖေတွေ အဘိုးတွေဆီကိုပြောလိုက်ရင် ဒေါ်လာသုံးသန်းတန်လုပ်ကွက်ရတယ်။ သုံးသန်းတန်လုပ်ပိုင်ခွင့်ကိုပေးတာ"

ဒီညကောင်းမောင်းပြိုင်ပွဲပြီးရင် ကျနော်တို့  နိုက်ကလပ်ကိုဆက်သွားမယ်။ အဲဒိမှာ အရက်သောက်ကြမယ်လို့ ဆိုပြီး သက်တော်စောင့်တွေက ရှင်းပြတယ်။ သက်တော်စောင့်က တစ်ယောက်နှစ်ယောက်မဟုတ်ပါဘူး။ အားလုံးရဲ့ အ၀တ်အစားတွေဟာ ဆင်တူတွေချည်းပဲ ၀တ်ထားတော့ အင်မတန်ကြည့်ကောင်းပါတယ်။

လေယျာဉ်ကွင်းမှာပြိုင်တဲ့ပွဲမှာ ဘယ်သူတွေနိုင်သွားလဲဆိုတာကိုတော့ မသိချင်ပါနဲ့ ။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်မပြောချင်လို့ ပါ။

ပွဲလည်းပြီးရော သူတို့ လူစု နိုက်ကလပ်ဆီကို ချီတက်ကြပါတယ်။

သြစတျေးလျကနေ ရန်ကုန်ကို အလည်လာတဲ့ ကျနော်လည်း နိုက်ကလပ်တက်ပါတယ်။ ကျနော်သောက်နေတဲ့ စားပွဲဝိုင်းကို VIP ၀ိုင်းလို့ ခေါ်တယ်။ ရှေ့ ဆုံးတန်းရဲ့ သုံးဝိုင်းမြောက်ပွဲမှာ ကျနော်တစ်ယောက်တည်း ထိုင်သောက်နေမိတယ်။

ကျနော်တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေတဲ့အချိန်။ ဘာလို့ လဲဆိုတော့ ကျနော့်စားပွဲကလွဲရင် ဘယ်သူမှ VIP ၀ိုင်းမှာ မထိုင်နိုင်ပဲ ရိုးရိုးစားပွဲတွေမှာသာ သူတို့ ထိုင်ပါတယ်။ ဒေါ်လာနဲ့ ရှင်းရတဲ့နေရာမို့ အင်မတန်ဈေးကြီးပါတယ်။ သြစတျေးလျမှာလည်း ဒေါ်လာသုံးတာဆိုတော့ ကျနော့်အတွက် မထူးဆန်းပါဘူး။ စားပွဲပေါ်မှာ Black Label တစ်လုံးနဲ့  ချိစ်ကိုက်ပြီး ရင်သားလှလှ၊ တင်သားလှလှတွေကို ထိုင်ပြီး ရှု့ စားနေတဲ့အချိန်မှာ ကျနော့်ရှေ့ က မြင်ကွင်းတွေက ရုတ်တရက် ပျာယာခတ်သွားကြတာကို သတိထားမိတယ်။

ဗလကြီးကြီး၊ အရပ်အမောင်းကောင်းကောင်းနဲ့ လူသုံးယောက်က ရှေ့ ဆုံးတန်းက VIP စားပွဲခုံ လေးငါးလုံးကို တစ်ခုံတည်းဖြစ်အောင်စုစည်းလိုက်တယ်။ စားပွဲပေါ်မှာ Gold Label သုံးလုံးကို ဒေါင်လိုက်ထောင်လိုက်ပါတယ်။ တစ်လုံးကို ဒေါ်လာနှစ်ရာလောက်ပဲတန်တယ်။ ကျနော့် ဘလက်လေဘယ်က ငါးဆယ်ကျော်ပဲတန်တော့ သူတို့ ထက်ဈေးနည်းတယ်။ သက်တော်စောင့်သုံးယောက်ထဲကနှစ်ယောက်က နိုက်ကလပ်ထဲမှာ အရက်ဝိုင်းကို စောင့်နေပြီး သူတို့ ဆရာအတွက် အသင့်ပြင်ထားပေးရတယ်။ ကျန်တဲ့တစ်ယောက်က အပြင်ကိုထွက်ပြီး ဒေါ်လာလေးငါးသန်းတန်တဲ့ ဖရာရီကားနားကို သွားပြီး အဆင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းပို့ တယ်။ တံခါးဖွင့်ပေးတော့ လူငယ်တစ်ယောက် ရုပ်ခပ်ဖြောင့်ဖြောင့်နဲ့ ကားပေါ်က ဆင်းလားတယ်။ သူ့ ဘေးမှာ သက်တော်စောင့်သုံးလေးယောက်။ ဘေးနားမှာက ခပ်ချောချောကောင်မလေးတစ်စု။ Sexy ခပ်ကျကျ အ၀တ်အစားတွေနဲ့ ။ သူတို့ လူတစ်စု နိုက်ကလပ်ထဲကို ၀င်လာတယ်ပြီး အဆင်သင့်ပြင်ထားတဲ့ Gold label ၀ိုင်းမှာထိုင်ပြီး ပျော်ပါးကခုန်ကြတာကို သူတို့ အနောက်ကနေ ကြည့်နေမိတယ်။ အားကျလိုက်တာ။ ကံကောင်းလိုက်တဲ့ လူငယ်တွေ။

သက်တော်စောင့်တစ်ယောက်နဲ့ ကျနော် ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ သူက ခရာတေးကစားတာ အလေးမတာကို ၀ါသနာပါတဲ့လူ။ အရပ်ကလည်းကောင်း ဗလကလည်းကောင်းတော့ သူ ဒီအလုပ်ကို ရတာထင်တယ်။ သူဒီအလုပ်လုပ်နေမှန်း ကျနော်မသိဘူး။ ကျနော်တွေ့ တွေ့ ချင်း သူ့ နိုက်ကလပ်ထဲမှာ နုတ်ဆက်ပါတယ်။

"ဟေ့...ဘဲကြီး ဘယ်တုန်းက ရန်ကုန်ကို ပြန်ရောက်နေတာလဲဗျ"

"ပြီးခဲ့တဲ့ အပတ်က ရောက်တာ။ မင်းက ဒီမှာ ဘာလုပ်နေတာလဲ"

" ဦးတေဇသားတွေကို သက်တော်စောင့်လုပ်နေတာ။ နောက်မှ စကားပြောမယ်ဗျာ။ အခု အလုပ်မအားသေးလို့ "

သူ အလုပ်များနေတော့ ကျနော်နဲ့ ကောင်းကောင်းစကားမပြောဖြစ်ပါဘူး။ ကျနော်လည်း သောက်စား ကခုန်ပြီး တွေ့ တဲ့ကောင်မလေးတစ်ယောက်နဲ့ ကျနော်တည်းခိုတဲ့ ဟိုတည်းကို ပြန်လာပြီး အပန်းဖြေခဲ့ပါတော့တယ်။

မှတ်ချက်။ ။ ကျနော့်အတွေ့ အကြုံမဟုတ်ပါဘူး။ သူငယ်ချင်းရဲ့ အတွေ့ အကြုံ အဖြစ်မှန်ကို ပြန်လည်ရေးသားထားချင်းဖြစ်ပါတယ်။
ဘုန်းကျော်ရဲ့ ဆောင်းပါးဟောင်းလေး ဖြစ်ပါတယ်
FB-အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက် ခင်စိန်

အုပ်စုဖွဲ့ မုဒိမ်းမှုများကြောင့် အိန္ဒိယသို့ အမျိုးသမီးဧည့်သည် အဝင်နည်း


Thursday, 04 April 2013
အိန္ဒိယနိုင်ငံတွင် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သုံးလ
တာကာလအတွင်း နိုင်ငံခြားသားအမျိုးသမီးများ အိန္ဒိယသို့ လာရောက်
လည်ပတ်မှုနှုန်း ၃၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း စစ်တမ်းတစ်ရပ်
က ဖော်ပြထားသည်။ အိန္ဒိယကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်
များအသင်း (ASSOCHAM) ၏ စစ်တမ်းတွင် အထက်ပါအတိုင်းဖော်ပြ
ထားပြီး တစ်နှစ်ထက်တစ်နှစ် အမျိုးသမီးခရီးသည်လည်ပတ်မှုနှုန်း ၂၅
ရာခိုင်နှုန်းအထိ လျော့ကျနေကြောင်း ပါရှိသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက နယူးဒေလီမြို့တော်တွင် ဘတ်စကား
တစ်စီးပေါ်၌ အမျိုးသမီးတစ်ဦးအား လူခြောက်ယောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အခြားဒေသများတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့အတူ ပြီးခဲ့သည့်
လကလည်း ဆွစ်ဇာလန်နိုင်ငံသူတစ်ဦးလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်ခံခဲ့ရရာ
နိုင်ငံခြား သားအမျိုးသမီးများအဖို့ အားလပ်ရက်အပန်းဖြေရန် အိန္ဒိယနိုင်ငံအစားထိုင်းနှင့် မလေးရှားတို့ကဲ့သို့ သော နိုင်ငံများအား ပိုမိုရွေးချယ် လာကြသည်ဟု စစ်တမ်းက ဖော်ပြထားသည်။

နိုင်ငံတကာမှ ခရီးသွားအကြံပေးအေဂျင်စီများကလည်း ၎င်းတို့ ၏ ဧည့်သည်များအား အိန္ဒိယနိုင်ငံနှင့်ပတ်သက်၍ သတိပေးမှုများ ပြုလုပ်နေပြီး ယင်းအချက်များသည် အိန္ဒိယ၏ ခရီးသွားလုပ်ငန်းအား အထိနာစေလိမ့်
မည်ဟု သတိပေးထားသည်။ ယခုစစ်တမ်းကောက်ယူသည့် သုံးလတာ
ကာလအတွင်း အမျိုးသမီးခရီးသည် ၇၂ ရာခိုင်နှုန်းက အိန္ဒိယခရီးစဉ်အား ပယ်ဖျက်ခဲ့ကြကြောင်း သိရသည်။
Popular Myanmar News Journal

တရုတ်သံအမတ်၏ မြန်မာ့သင်္ကြန်ဆုတောင်း ပထမဆုံးထုတ်လွှင့်

Thursday, 04 April 2013
မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲ တော်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးပျော်ရွှင်အောင်မြင်ပါစေဆိုသော တရုတ်သံအမတ်မစ္စတာယန်ဟို့လန်၏ပြောကြားချက်ကို နိုင်ငံတကာဆိုင်ရာ တရုတ်အသံလွှင့်ဌာန(China Radio International)က ပထမဆုံး ထုတ်လွှင့်လိုက်သည်။

ယခင်အစိုးရလက်ထက်က ထုတ်လွှင့်ဖူးခြင်း မရှိသောယင်းအသံလွှင့်ချက်မှာသမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော မြန်မာနိုင်ငံ အရပ်သားအစိုးရသက်တမ်း ၂နှစ်တာကာလအတွင်း ပထမဆုံးအသံထုတ်လွှင့်ချက် ဖြစ်သည်။

အစိုးရသက်တမ်း ၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့် မူဝါဒကြောင့် တိုးတက်မှုများ မြင်တွေ့ရသည်ကို ဝမ်းမြောက်ပါကြောင်း မစ္စတာယန်ဟို့လန်က ထည့်သွင်းပြော ကြားသည်။"မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုနဲ့ တိုးတက်မှုဟာ တရုတ်နိုင်ငံအတွက် အကျိုးရှိပါတယ်" ဟု ၄င်းကဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတသစ် ရှီကျင့်ဖျင်သည် ပြည်သူလူထု၏ အတွေး အမြင်တို့ကို အလေးထားသဖြင့် တရုတ် ဆန့်ကျင်ရေး အယူအဆများ တွေ့မြင်လာရသည့် မြန်မာနိုင်ငံနှင့် ယခင်အစိုးရချင်း ဆက်ဆံရေးမှ လူထုဆက်ဆံရေးသို့ ပြောင်းလဲ လိုက်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

"တရုတ်-မြန်မာ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက် သွားပါမယ်"ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တရုတ်နိုင်ငံအပေါ် ထားသည့် မြန်မာအစိုးရ၏ သဘောထားကို ထုတ်ပြန် ပြောကြားသည်။

မြန်မာနိုင်ငံရေးပါတီများမှ တစ်ဆင့် လူထုချင်းဆက်ဆံရေး ကောင်းမွန်အောင်လုပ်ဆောင် လိုသည့် တရုတ်ကွန်မြူနစ်ပါတီ က မြန်မာနိုင်ငံရေးပါတီ ငါးခုကို တရုတ်နိုင်ငံ သို့ အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း ဒီမိုကရေစီအင်အားစု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

တရုတ်နိုင်ငံ၏ တိုးတက်လာသော စက်မှုစီးပွားရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကို အခြားနိုင်ငံများမှ တင်သွင်းရန်နှင့် တရုတ်ကုန်ပစ္စည်းများကို အခြားနိုင်ငံများသို့ တင်ပို့ရန် အဓိကပင်လယ် ထွက်ပေါက်ဖြစ်သော ပစိဖိတ်သမုဒ္ဒရာကို အမေရိကန်အစိုးရက ထိန်းချုပ်လိုက်ပါက တရုတ် စီးပွားရေး ရပ်တန့်သည် အထိ ဖြစ်သွားနိုင်သဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် အခြားသော နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ် နိုင်ရေးမှာ တရုတ်နိုင်ငံ၏ မဟာဗျူဟာ ထွက်ပေါက်ဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံ ဆောင်းပါးများ အထူးပြုရေးသားသောစာရေးဆရာ ကျော်ဝင်းက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော ဟောပြောပွဲတွင် သုံးသပ်ပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီ ကလည်း မြန်မာနိုင်ငံ၏ အာဏာရပါတီဖြစ်သောပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် မိတ်ဖက်ပါတီအဖြစ် ဖွဲ့စည်းထားသည့် အပြင် မြန်မာနိုင်ငံအရေး ကိစ္စများကို ဦးစားပေးဆောင်ရွက်မည့် အာရှဒေသဆိုင်ရာ အထူးသံအမတ်တစ်ဦးကို မတ်လ ၁၁ ရက်နေ့က ခန့်အပ်ထားသည်။
The Voice Weekly

ထိုင်းဘုရင်အုတ်ဂူဟောင်းမှ တွေ့ရှိသော ပစ္စည်းများကိုယဉ်ကျေးမှုဝန်ကြီး သွားရောက်ကြည့်

Thursday, 04 April 2013
အမပူရမြို့နယ်၊ လင်းဇင်းကုန်း သုဿန်အတွင်းရှိ ထိုင်းဘုရင့်ဟောင်း၏အုတ်ဂူကို တူးဖော်သုတေသနပြုရာမှ တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန်းဆွေနှင့်အဖွဲ့သည် ဧပြီလ(၂)ရက်နေ့၊ နံနက်တွင် ချမ်းမြသာစည်မြို့နယ်ရှိ ရှေးဟောင်းသုတေသနရုံးခန်း၌ လာရောက်လေ့လာကြသည်။ ဒုတိယဝန်ကြီးဦးသန်းဆွေနှင့်အတူ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးရုံးခွဲ)မှ မြန်မာမှုဗိသုကာပညာရှင် တမ္မဝတီဦးဝင်းမောင်၊ သုတေသီစာရေးဆရာ ဒေါက်တာဦးတင်မောင်ကြည်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနခွဲမှူး ဦးစံကြည်ထွန်း၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန(မန္တလေး)မှ ညွှန်ကြားရေးမှူးဦးဇော်ဦးဟန်တို့က တက်ရောက်လေ့လာခဲ့ကြသည်။

တူးဖော်တွေ့ရှိခဲ့သော အရိုးအိုးကို စဥ့်ဖြင့် ပြုလုပ်ထားပြီး မှန်စီရွှေချကာ သစ်စေးဖြင့် သရိုးကိုင်ထားကြောင်း တွေ့ရှိရသည်။ အဖုံးက အိုးအတွင်း ကျွံဝင်နေ၍ အခြယ်အသလက်ရာများပါသော မှန်ချပ်များနှင့်အတူ တွဲလျက်တွေ့ရှိရသည်။ ဒုဝန်ကြီးနှင့် အဖွဲ့သည် အိုးအတွင်း ကျွံကျသော အဖုံးကို မူလလက်ရာမပျက် ပြန်လည်ထုတ်ယူနိုင်ရန်အတွက်ဓာတုဗေဒထိန်းသိမ်းနည်းများဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဖုံးအောက်မှ သပိတ်အတွင်းရှိ ပစ္စည်းများကို အမျိုးအစားခွဲခြားနိုင်ရန်သုတေသနပြုရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားကြောင်း သတင်းရရှိသည်။
SkyNet TV Browser

ခေါင်းတုံးသံချပ်

သံလျင်မြို့မှာ ဇနီး၁၊ သမီး၁ဖြင့် အခြေချနေထိုင်သော ကာတွန်းဆရာ အောက်တိုဘာအောင်ကြီးသည် ရန်ကုန် မြို့၏ သင်္ကြန်မဏ္ဍပ်ဗျာ ပေါ်တက်ပြီး တစ်ကိုယ်တော်သံချပ်ထိုးမည်။ ဆုတော်  ငွေရသမျှကို သံဃာတော်များ၊သက်ကြီး  ရွယ်အိုများကို လှူဒါန်းမည့်အပြင် ကလေးငယ်များကို ထမင်းဟင်းအ၀အလင်ကျွေး ပစ်မည်။တစ်ကိုယ်တော်သံချပ်သမား ခေါင်းတုံးကြီးတစ်ယောက်ထီးကောက် ကြီးနှင့်လာလိမ့်မည်။

ကျွန်တော့် အဖေက ဦးသိန်းလွင်တဲ့။ အမေက ဒေါ်အုန်းကြည်။ မိန်းမက ဒေါ်လှရီ  အိမ်မှာသမီလေးတစ်ယောက် လည်းရှိပါတယ်။ ကျွန်တော်က လေးဆယ့်ငါးနှစ်မှ အိမ်ထောင်ကျတာ။ ကျွန်တော်အိမ်ထောင်ကျတုန်းက အမေမသိဘူး။ အဖေသေမှ အဖေ့နာရေး ကြော်ငြာမှာ သားသမီးတွေ နာမည်ထည့်တော့ ကျွန်တော့မှ မိန်းမရှိသွားပြီဆိုတာ အမေသိတာ။ အခုတော့ အမေသေဆုံးတာ ဒီဧပြီမှာနှစ်လပြည့်ပြီပေါ့။

အမေနဲ့သင်္ကြန်၊ သင်္ကြန်နဲ့အမေ ပတ်သက်တာပေါ့။ ကျွန်တော်တို့သင်္ကြန် သံချပ်ထိုးတော့ အမေကလိုက်ပြီးထမင်း ကျွေးခဲ့တာလေ။ ကျွန်တော့်အိမ်ကအဲဒီ တုန်းက တာမွေအ၀ိုင်းထိပ်မှာ ၁၉၇၇ ကစပြီး ကျွန်တော်က သင်္ကြန်သံချပ်အဖွဲ့မှာ ပါဝင်တာ သင်္ကြန်ဆိုရင် ကျွန်တော် မနေနိုင်ဘူး။ကချင် ခုန်ချင်တော့တာ သင်္ကြန်ရောက်ပြီဆိုရင် ကျွန်တော့်တစ် ကိုယ်လုံးမှာ သင်္ကြန်ပိုးတွေက ရွစိရွစိနဲ့။

ပထမတော့ ရွှေညာသားတို့လာချေပြီဆိုတဲ့အဖွဲ့မှာ ကျွန်တော်ပါဝင်တာ နောက်နှစ်မှာတော့ ကျွန်တော်တို့ အဖွဲ့က “အာကျယ်”ဆိုတဲ့ နာမည်နဲ့ထွက်တာ ပိုက်ဆံက ဘယ်သူမှ ရှိလှတာမဟုတ်ဘူး။ ဟိုဟာပေါင် ဒီဟာပေါင်နဲ့ သံချပ်ကားထွက်တာ ကားဘိုးမပေးနိုင်လို့ သင်္ကြန်အပြီးမှာ ကားဆရာ တိမ်းနေရှောင်နေရတာက ရှိသေးတယ်။ လုံးဝအခြေအနေဆိုးတဲ့နှစ်မှာ တို့နိုင်ငံတို့ချစ်သူ အဖွဲ့မှာ ကျွန်တော်အကူအနေနဲ့လိုက်တယ်။

အာကျယ်ကတော့ ၀မ်နှစ်နားလိုက် နောက်နှစ် ပြန်ထွက်လိုက်ပေါ့ ပို့စကဒ် တွေလည်ရောင်း၊ ဆေးလိပ်လည်ရောင်း၊ ဒိုးပတ်ဝိုင်းနဲ့အိမ်တွေလိုက်အလှူခံ အဲလို ပိုက်ဆံစုပြီး သင်္ကြန်သံချပ်ကားထွက်ခဲ့ရတာ အာကျယ် ထွက်ခဲ့—-ငွေ တစ် ထောင့်ငါးရာကျပ်လောက်နဲ့ ကျွန်တော်တို့အဖွဲ့ အာကျယ်ထွက်လာခဲ့တာ ငွေတစ်ထောင့်ငါးရာကျပ်နဲ့သင်္ကြန်သံချပ် ကားထွက်ခဲ့တယ်ဆိုတာ ဒီခေတ်လူငယ်တွေက ရယ်ကြလိမ့်မယ်။ တကယ်ပါဗျ။ သင်္ကြန်သုံးရက်လုံး အာကျယ်ထွက်ခဲ့တာ။

အာကျယ်မှာဆိုင်းကလည်းညံ့၊ စက် ကလည်းညံ့၊ကားကလည်း ဖွတ်ချက် ဖွတ်ချက်ပေါ့ဗျာ။ ကျွန်တော်တို့အသင်းက အဆောင်အယောင်မရှိတော့ စပွန်ဆာမရှိဘူးဗျ။ အဲဒီခေတ်က စပွန်ဆာက ရုပ်ရှင်ကုမ္ပဏီတွေပါ။ ရုပ်ရှင်ကြော်ငြာမရဘူးဗျာ။ လမ်းဘေးက ကျောက်ခဲလေး  မှာတော့ မျက်နှာလွှဲ သင်္ကြန်တွင်းမှာ အာကျယ်လေးမှာတော့ မျက်နှာမွဲပေါ့။

အဲဒီခေတ်မှာ အနန္ထစွမ်းအားရှင်အဖွဲ့က အင်အားကြီးသော စွယ်စုံရတယ်။ ဆုတွေလည်း အကုန်ရတာပေါ့ မဇ္ဈိမ ပဋိပဋာကလည်း တော်တော် ကောင်းတယ်ဗျ။ စွယ်စုံဆုရဘို့က ဘက်စုံကောင်းမှရတာ အက၊ အလှ၊ သဘာဝ၊ ဟာသ၊သံချပ် အကုန်ကောင်းရင်စွယ်  စုံဆုရတယ်ဗျ။ အက ကလည်း မိန်းကလေး တွေပါဝင်ရတယ်။ ခုနှစ်ထွေအက ကဗျာ လွတ်အက အကုန်ကပြရတယ်။ ကတတ်ရတယ်။ အဲဒီခေတ်က ငွေတစ်သောင်းရှိရင် စွယ်စုံထွက်လို့ရတယ်။သံချပ်ကားဟာ ငွေတစ်သောင်းရှိရင် လှပတောက် ပြောင်နေတော့တာပဲ။
ကျွန်တော်က တစ်နှစ်မှာတော့  ဆိတ်ပါးစပ် နတ်မျက်စိ အဖွဲ့နဲ့သင်္ကြန်မှာ လိုက်ပြီး သံချပ်ထိုးတယ်။

အဲဒီအဖွဲ့မှာ ပေါ်ဦးထွန်း(မင်းကိုနိုင်)ပါဝင်တယ်။ မင်းကိုနိုင်က အဲဒီတုန်းက သံချပ်တိုင်တာမဟုတ်ဘူး သရုပ်ပြအနေနဲ့ပါဝင်တာ။
ကျွန်တော်က သံချပ်တိုင်တာကို ကြိုက်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ(မဆလ)အစိုးရကို ဆော်ပလော်တီး  တဲ့စကားလုံးမျိုးတော့ သုံးခွင့်မရကြဘူးဗျ။ အဲဒီခေတ်က ရန်ကုန်မှာ သင်္ဘောသား  ခေတ်စားတဲ့ခေတ်ပေါ့ဗျာ။ သင်္ဘောသားနဲ့ပတ်သက်တဲ့အကြောင်းရာတွေ သံချပ် ထိုးတယ်။ ဘတ်စ်ကား၊စာပေ၊ရုပ်ရှင်၊ သဘင်။ပွဲစားတွေကို သရော်တဲ့ သံချပ်တွေထိုးတယ် ရှေးနေတွေနဲ့ပတ်သက်တဲ့ သံချပ်တွေထိုးတယ်။

ရှေ့နေ သံချပ်ထိုးမယ်ဆိုရင် ရှေ့နေငါးယောက်ပေါ့ဗျာ။မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ တိုက်ပုံအနက်နဲ့ စတစ်  ကော်လာနဲ့အင်္ကျီအဖြူနဲ့ပေါ့ဗျာ။ရှေ့နေ ကြီးများထွက်လာတဲ့ပုံစံပေါ့။ အတိုင်သမားက ““ရှေ့နေကြီးများ ဟုတ်တယ် မှတ်တယ်””လို့တိုင်လိုက်တယ်။ အဖောက်သမားဘက်က ““ဟုတ်ပါတယ်  ဗျာ ဟုတ်ပါတယ်””လို့ဆိုတယ်။

အဲဒီနောက်တော့ ရှေ့နေလောကအကြောင်း အမှုသည်တွေဆီက ပိုက်ဆံတွေမတရားယူတဲ့ ရှေ့နေတွေအကြောင်း  ပိုက်ဆံမတရားခွယူပြီး တရားခံမှာတော့  ထောင်ဒဏ် နှစ်များစွာကျခံရတဲ့အကြောင်း သံချပ်ထိုးတော့တာပဲ သင်္ဘောသား  အကြောင်းသံချပ်ထိုးမယ်ဆိုရင် သင်္ဘော  သားယိမ်းထွက်လာတာပဲ။ဆရာဝန်တွေ ပိုက်ဆံနင့်နေအောင်ယူပြီး လူနာသေတဲ့  အကြောင်း သံချပ်ထိုးတယ်။ ဆရာဝန်   ၀တ်စုံနဲ့ဆရာဝန်ယိမ်းထွက်ရတာပဲ ရှေ့နေ၊သင်္ဘောသား၊ဆရာဝန်၊ရုပ်ရှင်၊ သဘင်၊စာပေနဲ့လိုက်ဖက်တဲ့ ၀တ်စုံတွေ အပြည့်အစုံရှိဘို့လိုတယ်ဗျ။ ကျွန်တော် တို့ အာကျယ်ကတော့ ပါချီပါချက်ဗျာ။ ခြောက်တီးခြောက်ချက်ဗျာ။ အာကျယ်လေးမှာတော့ မျက်နှာလွှဲပေါ့။ခြောက်  လုံးပတ်လေးနဲ့ ပစ်တာလေးနဲ့ထွက်လာ  ခဲ့ရတာ အလကား ဘီးပေးမယ့်ခြောက်လုံးပတ်သမား၊ ဂစ်တာသမားကိုခေါ်လာခဲ့ရတာ အဖေကတော့ ပြောတယ်။ ““မင်း တို့က ငွေကုန်သံပြာပါကွာ””တဲ့ ငွေလည်းကုန်မယ် သံချပ်ထိုးတော့ အသံပြာမယ်ပေါ့ တကယ်တော့ အဖေကိုယ်တိုင် သံချပ်သမားဖြစ်ခဲ့တာ ကျွန်တော်တို့ကိုအားမပေးဘူး အားမပေးဘူးနဲ့ အဖေကဆိုင်ကယ်နဲ့လိုက်ကြည့်ပြီး ထမင်းကျွေး   ခဲ့တာလည်းရှိတာပဲ ထမင်းကျွေးတာ ကျွန်တော့်မှာ ရေပိုက်လုံးနဲ့အထိုးခံရလို့ သင်္ကြန်သံချပ်ကားပေါ်ကလိမ့်ကျပြီး လက်ကျိုးတဲ့နှစ်လည်းရှိဘူးတယ်ဗျ။

အဲဒီလိုသင်္ကြန်သံချပ်ကားပေါ်ကလိမ့်ကျပြီး ကျွန်တော်လက်ကျိုးသွားတော့ အမေက ကျွန်တော့်ကိုဘယ်တော့မှ သံချပ်မထိုးရဘူးလို့ ပိတ်ပင်တယ်။ ဒါပေမယ့် ကျွန်တော်က သင်္ကြန်ဆိုရင် ကချင် ခုန်ချင် အော်ချင် ဟစ်ချင်တဲ့ ကောင်ပဲဗာ။ ဘယ်နေနိုင်မှာလဲဗျ။ ဒဏ်ရာ ဗလပွနဲ့စုတ်ပြတ်သတ်နေတဲ့အာကျယ်  သံချပ်ကားပေါ်ကို ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ သင်္ကြန်တိုင်းတက်  ရောက်ခဲ့တာပဲ အော်ဟစ်ခဲ့တာပဲ သရုပ် ဖော်၊သရုပ်ပြခဲ့တာပဲ ကျွန်တော်တို့ခေတ်ကတော့ ပါဖောမင့်လို့ မသုံးဘူးဗျ။ သရုပ်ပြတယ်ပေါ့။ ကျွန်တော်တို့ခေတ်  မှာ သီချင်းရေးဆရာ မောင်ကြေးမုံက တော့ သံချပ်မှာ ဆရာကြီးပဲဗျာ။သူ့မှာက အသင်းအဖွဲ့တွေ အများကြီးပဲ သံချပ် ပထမဆုဆိုရင် မောင်ကြေးမုံ ပဲ မဏ္ဍပ်  တိုင်းမှာရတာ ““လောက သစ္စာတရားကို ထောက် လူမိုက်ခေါင်းကို ခေါက် ဒေါက်””  ဆိုတဲ့ နာမည်နဲ့လည်း ဂီတစာဆို မောင်  ကြေးမုံရဲ့ သံချပ်ကားကြီး ထွက်ခဲ့ဘူး တယ်ဗျ။

“ယဉ်ကျေးမောင်”က ကြည့်မြင်တိုင်က “အနန္တစွမ်းအားရှင်”က လမ်းမတော်က ထွက်တာ။ “သင်္ကြန် မင်းသားကြီး” တို့ “ကျွန်ုပ်တို့သည်”တို့ဟာလည်း ခေတ်  အဆက်ဆက် နာမည်ကြီးခဲ့တဲ့သံချပ်အဖွဲ့တွေပါ။ စစ်အစိုးရလက်ထက်မှာ အစိုးရက သင်္ကြန်ဆိုရင် သံချပ်မထိုးရ သံချပ်ကားမထွက်ရလို့ ပိတ်ပင်ခဲ့တော့ သံချပ်ခေတ်ဟာ နှစ်များစွာ တိမ်မြုပ်ပျောက်ကွယ်ရပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာဖန်တီးခွင့် လွတ်လပ်စွာသရုပ်ပြခွင့်တွေကို စစ်အစိုးရက လုံးဝ  ပိတ်ပင်ပစ်လိုက်တာ နှစ်များစွာပေါ့ဗျာ။

မဏ္ဍပ်ရှေ့မှာ သံချပ်ကားကြီးထိုး  ဆိုက်ပြီး တစ်နာရီ တစ်နာရီခွဲ သံချပ်ထိုး  ခွင့်ရတာ ခေတ်ကြီးကို လှစ်ဟပြရတာ အရမ်းအရသာရှိတာပဲဗျာ။ ကဗျာဆရာ “ဒေါင်းနွယ်ဆွေ”ဟာ သံချပ်လည်းလုပ်တယ်။ မဏ္ဍပ်လည်း ထိုင်တယ်ဗျ။ရန်ကုန်မှာ ရန်ကင်းဆယ့်နှစ်လုံးတန်းမဏ္ဍပ်ဟာ  နာမည်ကြီးပေါ့။အဲဒီ မဏ္ဍပ်မှာ ဆရာ ”ဒေါင်”ထိုင်တယ်။ မင်းသားကြီးဦးဝင်းမြင့်ထိုင်တယ်၊ ဗဟန်းလင့်စ်လမ်းကကျောင်းနဲ့မျက်နှာချင်းဆိုင်ကွက်လပ်ကြီးမှာ သင်္ကြန်မဏ္ဍပ်ကြီးကဟာ ဟီးထလို့ အရမ်းခမ်းနားတာပဲ အဲဒီဗဟန်းမဏ္ဍပ်မှာ ရုပ်ရှင်မင်းသမီး ဖျာပုံမယ် တင်တင်အေးထိုင်တယ်။ ၄၆လမ်း(ဗိုလ်ချုပ်လမ်းပေါ်မှာ) နှစ်ကျိပ်ရှစ်ဆူနဲ့ သင်္ကြန်မဏ္ဍပ်တွဲတွဲလုပ်တာ အဲဒီမှာ ပြဇာတ်ဒါရိုက်တာကြီး ဒဂုံဆရာလွန်းထိုင်တယ်။

ထူးဆန်းတာတွေ ပြောချင်သေးတယ်။ “ဗုဒ္ဓကယ်ပါ့ဘုရား”ဆိုတဲ့ သံချပ်အဖွဲ့က တာမွေကထွက်တာ။ တာမွေ အ၀ိုင်းကြီးနားက မူစလင်တွေပါဝင်တဲ့ သံချပ်ကားကြီးဗျ။ သူတို့ဟာ ဗုဒ္ခသရဏံ ဂစ္ဆာမိကို စဆိုပြီး လက်အုပ်ချီပြီးထွက်  လာကြတာဗျ။ ဗုဒ္ဓကယ်ပါ့ဘုရားလည်း  နာမည်ကြီးသံချပ်အဖွဲ့ဖြစ်ပါတယ်။ “ရှေ့  ဖြစ်နောက်ဖြစ်”ဆိုတဲ့ အဖွဲ့ကတော့ အဲဒီ တစ်သင်းလုံးတစ်ဖွဲ့လုံးဟာ ရန်ကုန်မြို့  က ခါးပိုက်နှိုက်တွေ အကုန်ပါဝင်တယ်ဗျ။ ရန်ကုန်မြို့ရဲ့ခါးပိုက်နှိုက်တွေလည်း  သင်္ကြန်မှာသံချပ်တက်ထိုးတာပဲပေါ့ဗျာ။

“စင်တော်ပေါ်က မင်းသားချောဖြစ်သမျှပြဿနာ အကုန်ပြော”ဆိုတဲ့ သံချပ်အဖွဲ့ကတော့ တာမွေသင်္ချိုင်းထဲက စန္ဒလတွေနဲ့ဖွဲ့စည်းထားတာ “ကြက်မ တွန်၍ မိုးလင်းသည်” သံချပ်အဖွဲ့ကတော့ တာမွေရဲစခန်းက ရဲတွေပါဝင်တယ်။ ရှေ့နေတွေ၊ ယာဉ်ထိန်းရဲတွေ၊ ကျောင်းဆရာတွေပါဝင်တယ်။ ကျွန်တော်တို့ “အာကျယ်”အဖွဲ့ကတော့ တစ်ဖွဲ့လုံးဟာ ကျွန်တော်အပါအ၀င် ဆံပင်ရှည်ဘုတ်သိုက်နဲ့ တာမွေ လမ်းသရဲတွေချည်းပဲဗျ။ ကဗျာဆရာကို “အောင်ချိမ့်”တို့ ကာတွန်းလုံးကြီးတင်တို့  ပါဝင်တဲ့ သံချပ်အဖွဲ့က “ဘာမှန်းလဲ မသိ”တဲ့။ သံချပ်အဖွဲ့တွေထဲမှာ နိုင်ငံရေးခံယူချက်နဲ့ ခေတ်ကိုဝေဖန်တဲ့ သံချပ်သမားတွေ အများကြီးပါဝင်ခဲ့ပါတယ်။ စင်ပေါ်  ကနေ စစ်ဖိနပ်နဲ့ကန်ချခံခဲ့ရတဲ့ သွေးသံ  ရဲရဲ သံချပ်သမားတွေ ဒဏ်ရာ အလူးအလဲ  ရရှိခဲ့ဘူးပါတယ်။ နောက်ပြီးတော့ စီးပွားရေးဆန်တဲ့ ဆုငွေရရေးအဓိကနဲ့မဏ္ဍပ်လူကြီးကို ဖော်လံဖားတဲ့ ပေါ်လစီသံချပ်  အဖွဲ့တွေလည်း ပေါ်ပေါက်ခဲ့ဘူးပါတယ်။

ဒီနှစ်တော့ မေတ္တာတို့၊ ဗေလုဝတို့ လည်းထွက်မယ်။ ဧရာ၊ ကျော်ထူးတို့လည်းထွက်မယ်။ ၈၈ကျောင်းသားမျိုးဆက်လည်း ထွက်မယ် ဂန္ထ၀င်မောင်ဝိုင်းရဲ့သား ဒီဥက္ကာလည်း မောင်မောင်ဆိုလေ ထီးရိုးရှည်နဲ့ထွက်မယ်။ ကျွန်တော်ကတော့ တောင်ရှည် ပုဆိုးခါးတောင်းကျိုက်ပြီး လွယ်အိတ် တစ်လုံး၊ ခေါင်းတုံးပြောင်ပြောင်၊ ထီးကောက် ကြီးတစ်လက်နဲ့ ရန်ကုန်တစ်မြို့လုံး ခြေလျင်ကုန်းကြောင်းလျှောက်မယ်။ ကိုယ့်ကိုလက်သင့်ခံတဲ့ မဏ္ဍပ်တွေပေါ်တက်ပြီး တစ်ကိုယ်တော်သံချပ်ထိုးမယ်။ အမေ နေထိုင်ခဲ့ဘူးတဲ့ တာမွေမဏ္ဍပ်မှာ တက်ပြီးသံချပ်ထိုးမယ် တစ်ကိုယ်တော် သံချပ်ထိုးမှာပါ။ မနှစ်ကစပြီး တစ်ကိုယ်တော် သံချပ်တက်ထိုးတာပါ။ လေ လေ လေလား မောင်ရိုး၊ မိုး မိုး မိုးလား မောင်ရို့ လနဲ့မိုးနဲ့နှစ်ပါးမြိုင်သိကြားကိုယ်တိုင် မမယ့်ခေါင်းတုံး သံချပ်အစ မိုးလေက သံချပ်အစ မိုးလေက တစ်ယောက်တည်းလည်း ဘာဖြစ်လဲ သံချပ်ထိုးလို့ ရတာပဲ။တစ်ယောက်တည်းလည်း ဘာဖြစ်လဲ သံချပ်ထိုးလို့ရတာပဲ။
မောင်ကိုကို(အမရပူ)
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com