http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပြည် နဝဒေးတံတားအနီးတွင် တပ်မတော်သားသုံးဦး လူသတ်မှုကျူးလွန်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နဝဒေးတံတားအနီး သဲသောင်ပြင်တွင် ချိန်းတွေ့နေသော သမီးရည်းစားနှစ်ဦးကို တပ်မတော်သားသုံးဦးက ပစ္စည်းယူ လူသတ်သော ဖြစ်စဉ်တစ်ခု ဧပြီလ ၂၃ ရက်နေ့ ည ၉ နာရီက ဖြစ်ပွားခဲ့ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ အဆိုပါ တပ်မတော်သားနှစ်ဦးကို ပြည်သူများ အကူအညီနှင့် ဖမ်းမိပြီးနောက် တပ်ဥပဒေနှင့်အညီ သက်ဆိုင်ရာ (ခ.လ.ရ ၇၅) တပ်ရင်းသို့ ညတွင်းချင်း လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။

လူသတ်မှုအတွက် ပုဒ်မ-၃၀၂ နှင့် အပြင်းအထန်ထိခိုက် နာကျင်စေမှုအတွက် ပုဒ်မ-၃၂၅ ဖြင့် အမှုဖွင့်ထားပြီဖြစ်၍ အရပ်ဘက်သို့ ပြန်လည်လွှဲပြောင်းစေပြီး တရားစွဲ ပေးမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။ “ညတွင်းချင်းပဲ တပ်ရင်းက ဗိုလ်ကြီးမင်းသူအောင်ဆီ လွှဲပေးလိုက်တယ်။ အခု တပ်အချုပ်ထဲမှာ” ဟု ၎င်းကဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ ည ၉ နာရီခန့်က နဝဒေးတံတားအနီး ဧရာဝတီမြစ် သောင်ပြင်တွင် ချိန်းတွေ့နေသည့် သမီးရည်းစားနှစ်ဦးကို (ခ.လ.ရ ၇၅) တပ်ရင်းမှ သန်းထိုက်အောင်၊ ရဲကိုဦးနှင့် စိစစ်ဆဲတစ်ဦး တို့က ငွေနှင့်လက်စွပ်ကို လုယက်ကာ အမျိုးသားကို သတ်ခဲ့သည့်အမှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂)ရဲစခန်းထံက စုံစမ်း သိရှိရသည်။

အပေါ်ပိုင်း အဝတ်ဗလာကျင်းထားသူ သုံးဦးက မီးခြစ်လာတောင်းသဖြင့် မရှိကြောင်း ပြန်လည်ပြောဆိုစဉ် ရုတ်တရက် နောက်ကျောဘက်မှ သိုင်းဖက်ကာ မျက်နှာနှင့် ဦးခေါင်းကို ထိုးကြိတ်ပြီး လုယက်ခြင်းဖြစ်ကြောင်း လုယက်ခံရပြီး အသက်မသေဘဲ ကျန်ရစ်ခဲ့သူ အသက်၂၇နှစ်ရှိ မအိဇင်မိုးကိုက ရှင်းပြသည်။
“နှစ်ယောက်လုံးကို လည်ပင်းညှစ်တယ်၊ ပါးစပ်ကိုလည်း ဆွဲဖြဲထားတယ်။ သမီးက အသက်မရှုဘဲ သေချင်ယောင် ဆောင်လိုက်တယ်၊ သေပြီထင်ပြီး ပစ်ထားတော့မှ အနီးဆုံးမှာရှိတဲ့ View Point က ဆိုင်ကယ်အပ်ဆိုင်က တစ်ဆင့် ရပ်ကွက်ကို အကူအညီ တောင်းတာပါ” ဟု ပြည်မြို့ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင်တွင် တက်ရောက် ကုသနေသည့် ၎င်းကဆိုသည်။

သွေးထွက်ဒဏ်ရာများနှင့် အမျိုးသမီးငယ် တစ်ဦး၏ ငိုယိုအကူအညီ တောင်းမှုကြောင့် ဒဏ်ရာရရှိသူ မိန်းကလေးနှင့် လည်ပင်းနှင့် မျက်နှာတို့တွင် အညိုအမည်းဒဏ်ရာများနှင့် သေဆုံးနေသော ကိုဇော်မင်းဦးကို ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း ဆင်စုရပ်ကွက် ဒေသခံများက ပြောကြားသည်။ “လုယက်သူတွေကို ဝိုင်းဝန်းရှာကြတာ ကိုင်းတောထဲက တက်လာတဲ့ ကျုးလွန်တယ်လို့ ယူဆရတဲ့ နှစ်ယောက်ကို ဖမ်းမိတယ်။ သူတို့ကို အမှတ်-၂ ရဲစခန်းကို ဆက်သွယ်ပြီး အပ်လိုက်တယ်” ဟု လုယက်သူများကို ဝိုင်းဝန်းဖမ်းဆီးရာတွင် ပါဝင်သူ ဆင်စု ရပ်ကွက်နေ ဒေသခံတဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည် အမှတ် (၂) ရဲတပ်ဖွဲ့စခန်းက ပ/၂၉၄/ ၂၀၁၃၊ လူသတ်မှုအတွက် ပုဒ်မ ၃၀၂ နှင့် အပြင်းအထန် ထိခိုက်နာကျင်စေမှု အတွက် ပုဒ်မ-၃၂၅ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ စုံစမ်း သိရှိရသည်။

ပြည်မြို့တွင် သုံးရက်အတွင်း ပစ္စည်းယူ လူသတ်မှု နှစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး နှစ်ကြိမ် စလုံးတွင် အသတ်ခံရသူ များသည် အခင်း ဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
The Voice Weekly

ဖောက်ပြန်ရာသီဥတု နှင့် ရင်ဆိုင်နေရသော သောက်သုံးရေအခက်အခဲ

April 25, 2013
မြန်မာနိုင်ငံတွင် သောက်သုံးရေ ရှားပါးမှုပြဿနာက တစ်နှစ်ထက်တစ် နှစ် တိုး၍တိုး၍ ဆိုးဝါးလာသည်။ လူသား တစ်ရပ်လုံးသာမက တိရစ္ဆာန်များ၊ ကောက်ပဲသီးနှံများ၊ သစ်ပင်ပန်းမာန်များ အတွက်ပါ ဘေးဒုက္ခဆိုးအဖြစ် စိန်ခေါ် မှုကြီးဖြစ်ပေါ်လာသည်။ ရှေးယခင်က အပူပိုင်းဒေသတွင်းသာဖြစ်ပေါ်လေ့ရှိ သော နွေအခါ သောက်သုံးရေ ရှားပါး မှုသည် ယခုအခါ နိုင်ငံအ၀ှမ်း ကြုံတွေ့ နေရပြီးဖြစ်သည်။

မိုးတွင်းကာလ မိုးရွာသွန်းမှုကို အခြေခံသည့် မြစ်ချောင်းအင်းအိုင်များမှာ မိုးရွာသွန်းမှု လျော့နည်းလာခြင်းကြောင့် ရေကို ပြည့်ပြည့်၀၀ လက်ခံမှုမရှိကြပေ။ ဆရာကြီး ဦးထွန်းလွင်နှင့်တကွ မိုးလေ ၀သပညာရှင်များ၏ ရာသီဥတုမှတ်တမ်း များကို လေ့လာသည့်အခါ ““၁၉၈၀ ပြည့် နှစ်ဝန်းကျင်ကာလများမှစပြီး မြန်မာနိုင်ငံ ကို မုတ်သုံဝင်တာ တဖြည်းဖြည်းနောက် ကျလာတယ်။ မုတ်သုံပြန်လည်ထွက်ခွာ တာစောလာတယ်။ ဒါကြောင့် မုတ်သုံ ရာသီ တိုတောင်းသွားတယ်။ ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ မုတ် သုံမုန်တိုင်းတွေလည်း လျော့နည်းသွား ကြောင်း””ပညာရှင်များက လေ့လာတွေ့ ရှိသည်။

မြန်မာနိုင်ငံအတွင်း မုတ်သုံလေ စတင်ဝင်ရောက်မှုကို ပျှမ်းမျှမေလ(၁၅) ရက်ဟု သတ်မှတ်ပြီး မုတ်သုံလေ ဆုတ် ခွာရက်ကို အောက်တိုဘာလ (၁၅)ရက် ဟု သတ်မှတ်ခြင်းကြောင့် မိုးကာလကို (၁၄၅)ရက် အကြမ်းသတ်မှတ်ထားကြ သည်။ ၁၉၈၀ ခုနှစ်ဝန်းကျင်ကာလမှစ၍ မုတ်သုံလေစတင်ဝင်ရောက်မှုကို မေလ ကုန်ရက်ပိုင်းသို့ နောက်ဆုတ်သတ်မှတ်၊ မှတ်တမ်းတင်ထားကြပြီး၊ မုတ်သုံလေ စတင်ဆုတ်ခွာရက်ကို စက်တင်ဘာလ (၁၅)ရက်သို့ ရှေ့သို့တိုး မှတ်တမ်းတင်ခဲ့ ကြသည်။ သို့ပါ၍ မိုးတွင်းကာလကို စုစုပေါင်း(၁၀၅)ရက်ခန့်သာရှိတော့သည် မို့ တစ်နှစ်တာ မိုးတွင်းကာလရက်ပေါင်း (၄၀)ခန့် လျော့နည်းသွားလေသည်။
ထိုနည်းတူ မိုးတွင်းကာလ ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံမုန်တိုင်းများ တစ်နှစ်ပျှမ်းမျှ မုန်တိုင်း(၁၀)ကြိမ်ဖြစ်မြဲ မှ နောက်ပိုင်းကာလများတွင် (၆)ကြိမ် မျှသာ မုန်တိုင်းဖြစ်ပေါ်မှုရှိတော့ကြောင်း လေ့လာတွေ့ရှိကြပြန်သည်။ သို့ပါ၍ မုန် တိုင်းလည်း (၄၀)ရာခိုင်နှုန်းခန့် လျော့ နည်းသွားပြန်သည်။

သစ်ထုတ်လုပ်ရေး များ၊ ထင်းမီးသွေးလုပ်ငန်းများကြောင့် မြန်မာနိုင်ငံရှိ သစ်တော၊ သစ်ပင်များ၊ အလွန်အမင်း လျော့နည်းသွားပြီဖြစ် သည်။ အချို့ဒေသတွင် တောင်ကတုံး များအဖြစ်သို့ပင် ရောက်ကြပြီဖြစ်၍ မုတ် သုန်လေဖြင့် ပါလာသော ရေခိုးရေငွေ့ များသည် စိမ်းလန်းစိုပြေသော သစ် တောသစ်ပင်များနှင့် မထိတွေ့နိုင်သော ကြောင့် မိုးရေအဖြစ် ရွာသွန်းမှုလျော့ နည်းခဲ့ရသည်။ ခုတ်လဲခဲ့ပြီးသော သစ်ပင် များကို အစားထိုး၍ ပြန်လည်စိုက်ပျိုးခြင်း မပြုပါက ကန္တာရအဖြစ်သို့ ပြောင်းလဲ သွားတော့မည်ဖြစ်၍ မိုးတွင်းကာလ သက်တမ်းပို၍ တိုသွားတော့မည်။

မိုးတွင်းကာလ မိုးရွာသွန်းမှုကို မှီခို နေသည့် မြစ်ချောင်းအင်းအိုင်တို့သည် တစ်နှစ်ထက်တစ်နှစ် မိုးရေရရှိမှု လျော့ နည်းခြင်းကြောင့် အချိန်မတိုင်မီ ခန်း ခြောက်ကုန်ကြသည်။ မြစ်ကြီးများ၏ အဓိကရေသောက်မြစ်သည် မုတ်သုန်မိုး ပင်ဖြစ်သည်။ မုတ်သုံမိုးနှင့် မုတ်သုံမုန် တိုင်းကို မှီခိုနေရသော မြန်မာနိုင်ငံ၏ မြစ်ကြီးဧရာဝတီ၊ ချင်းတွင်းမြစ်၊ စစ် တောင်းမြစ်နှင့် သံလွင်မြစ်တို့သည် မိုးရေ လက်ခံရရှိမှုနည်းပါးမှုကြောင့် ရေဖြန့် ဝေမှု၊ မြစ်ရေစီးဆင်းမှု လျော့ကျသွားပေ သည်။ ထိုထိုသောမြစ်ကြီး(၄)သွယ်ကို အမှီပြုပြီး ပေါက်ပွားစီးဆင်းနေရသော မြစ်ငယ်၊ ချောင်းငယ်၊ မြောင်းငယ်လေး မှာလည်း အချိန်မတိုင်မီ စောစီးစွာ ခန်း ခြောက်သွားကြရလေသည်။

မြန်မာနိုင်ငံအတွက် သဘာဝကပေး သော လက်ဆောင်မွန်၊ တစ်သက်တာ လုံး ပူပင်စရာမလိုခဲ့ဘူးသော သောက် သုံးရေနှင့်ပတ်သက်၍ ယခုတော့ ပူပင် စရာစိန်ခေါ်မှုကြီးတစ်ရပ်အဖြစ် ရပ်ဆိုင် နေကြရပြီ။ ၂၀၀၀ ပြည့်နှစ်မှစ၍ ရေဒုက္ခ သည် တစ်နှစ်ထက်တစ်နှစ် တိုး၍တိုး၍ ဆိုးဝါးလာချေပြီ။ အထက်ပိုင်း၊ အောက် ပိုင်း၊ အပူပိုင်းခွဲခြားနေလို့မရတော့။ နိုင်ငံ နှင့်အ၀န်း ကြုံတွေ့နေရသောနွေအခါ သောက်သုံးရေရှားပါးမှု ပူးပေါင်းဖြေရှင်း ကြဖို့ လူသားတိုင်း၏ တာဝန်ဖြစ်လာ သည်။ ယခုနှစ်တွင် အကြောင်းအမျိုးမျိုး ကြောင့် မီးလောင်မှုအကြိမ်မြင့်တက် လာသည်။ ဤသည်ကပင် သောက်သုံး ရေရှားပါးမှု၏ စိန်ခေါ်မှုကို အားပေးနေ သကဲ့သို့ လူသားတိုင်း ရင်ဆိုင်နေကြပေသည်။

မြန်မာနိုင်ငံတွင် နွေအခါ သောက် သုံးရေခက်ခဲသော အပူပိုင်းဒေသများ တွင် ဆည်တမံများ တည်ဆောက်ခြင်း၊ မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေ တူးဖော်ရေးလုပ်ငန်းများဖြင့် သောက်သုံး ရေအတွက် ဆောင်ရွက်ပေးနေသည်။ ရေရပါသော်လည်း မသန့်ရှင်းသောရေ ကြောင့် ရောဂါပိုးများ ပြန့်ပွား၍ ရောဂါ များဖြစ်ပွားကြရပြန်သည်။ အချို့ကျေး လက်များ သန့်ရှင်းသော သောက်သုံးရေ အတွက် နိုင်ငံတော်က စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။ အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် နိုင်ငံတကာအကူအညီဖြင့် ဆောင်ရွက် ရန် ရေရရှိရေးလုပ်ငန်းပေါင်း(၃၆၀၇)ခု ဆောင်ရွက်ရန် လျာထားကြောင်းသိရ သည်။ ရာခိုင်နှုန်းပြည့် ဆောင်ရွက်နိုင် ခြင်းမရှိသေးပေ။ လျာထားခြင်းဆိုသည် မှာ မကြာမီလာမည်မျှော်အဆင့်သာ ရှိ သေးသည်။

ယခုလို ပူပြင်းချောက်သွေ့သော ရာသီဥတုမျိုးတွင် သက်ဆိုင်ရာတိုင်းဒေသ ကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာ နကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးအစီအစဉ်ဖြင့် လည်းကောင်း အစီအစဉ်ဖြင့်လည်း ကောင်း၊ စက်ရေတွင်းများ တူးဖော်ပေး လျက်ရှိသည်။ တစ်ချိန်က နွေအခါ သောက်သုံးရေရှားပါးမှုသည် အပူပိုင်း ဒေသတွင်သာ ခံစားနေကြရသော်လည်း ၂၀၀၀ ပြည့်နှစ်မှစ၍ နောက်ပိုင်းနွေ ကာလများတွင် တစ်နိုင်ငံလုံးနီးပါး ဒေသ စုံခံစားရသောဒုက္ခတစ်ရပ်ဖြစ်လာသည်။

အချို့ဒေသများအတွက် စက်ရေ တွင်းများ တူးဖော်ပေးနေမှုသည် တစ် နိုင်ငံလုံးအတိုင်းအတာနှင့်ကြည့်က ဆိတ် ပါးစပ် နှမ်းပက်အဆင့်သာရှိပြီး သောက် ရေရှားပါးရာအရပ်မှ လူသားများက ရွှေ ကိုမလို ငွေကိုမလို ရေသာလိုပါသည်ဟူ ၍ အော်ဟစ်ညည်းညူတောင်းဆိုနေကြ သည်။ သန့်ရှင်းသော သောက်သုံးရေ အတွက် နိုင်ငံတော်အစိုးရအဖွဲ့ကိုသာ အားကိုးမနေကြဘဲ၊ အလှူဒါနပြုသူများ အနေဖြင့် သောက်သုံးရေလှူဒါန်းမှုပြု ရန် စာရေးသူက မေတ္တာရပ်ခံလိုသည်။

စာရေးသူမျှော်လင့်သကဲ့သို့ ကျေး လက်ရေရရှိရေး ဖောင်ဒေးရှင်းများ တည် ထောင်ပြီး ရေကုသိုလ်အလှူများပြုလာ ကြောင်း ကြားသိခွင့်ရသည်။ လေ့လာမိ သမျှ ၂၀၁၃ ခုနှစ်၊ မတ်လ(၁)ရက်က စတင်ဖွဲ့စည်းတည်ထောင်ပြီး ချက်ချင်း ပင် စတင်အကောင်အထည်ဖော်နေ သည့် “ချမ်းသာကျေးရွာရေရရှိရေးဖောင် ဒေးရှင်း”သို့ သွားရောက်လေ့လာခဲ့သည်။ ချမ်းသာဆောက်လုပ်ရေးက ငွေကျပ်သိန်း ငါးထောင် မတည်၍ ““ချမ်းသာကျေးရွာ ရေရရှိရေးဖောင်ဒေးရှင်း””ကို စတင်တည် ထောင်သည်။ စတင်တည်ထောင်သည့် ၂၀၁၃ ခုနှစ် မတ်လ(၁)ရက်မှာပင် ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဉဏ်ဝင်းနှင့် သွားရောက်တွေ့ဆုံပြီး တင်ပြအကူအညီတောင်းခံခဲ့သည်။ တစ် ပြည်လုံးအတိုင်းအတာဖြင့် စတင်ဆောင် ရွက်မည်ဆိုပါက အခက်အခဲများစွာ ရင်ဆိုင်ရမည်ဖြစ်၍ တိုင်းတစ်တိုင်းအတွင်း အမှန်တကယ်လိုအပ်မည့် ရွာ(၁၁)ရွာ ခန့်ကို စတင်စမ်းသပ်တူးဖော်ရန် ဆုံးဖြတ် ခဲ့ပြီး ၀န်ကြီးချုပ်၏ စီစဉ်ပေးမှုအရ ပဲခူး ခရိုင်၊ ဝေါမြို့နယ်အတွင်းက ကျေးရွာ (၁၁)ရွာကို ဦးစွာရွေးချယ်ခဲ့သည်။

ထိုကျေးရွာ(၁၁)ရွာမှ အုပ်ချုပ်ရေး မှူးများနှင့် ဝေါမြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံးခန်းတွင် တွေ့ဆုံပြီး ၎င်း ကျေးရွာများ၏ လိုအပ်ချက်၊ တင်ပြချက် များအရ ၂၆-၃-၂၀၁၃ နေ့ကစ၍ ကျေး ရွာရေရရှိရေးကို စတင်ဆောင်ရွက်ကြ သည်။

နှစ်သစ်ကူးသင်္ကြန်ကာလမတိုင်မီ ဝေါမြို့နယ်အတွင်းက ညောင်ခါးရှည် ကျေးရွာ၊ အဗျားငှက်ချေးကွင်းကျေးရွာ၊ အဘားကျေးရွာနှင့် ကရင်စုကျေးရွာများ အတွက် စက်ရေတွင်း(၄)တွင်း၊ ရေလှောင် ကန်ရေတင်ရန် ကွန်ပရက်ဆာ၊ မီးစက် များတပ်ဆင်ပေးခဲ့၍ ယခုနှစ်နှစ်သစ် သင်္ကြန်ကာလမှစ၍ သောက်သုံးရေ စတင်သုံးစွဲနိုင်ကြပြီဖြစ်သည်။ တစ်ချိန် တည်းမှာပင် စက်ယန္တရားများဖြင့် ၂၀၀x၂၀၀x၁၅ လက်မ သောက်ရေကန် များ တူးဖော်ရာတွင် ဆားကျင်းများ ကြောင့် ရေချိုမရနိုင်သော ၀င်းကဒါတ် ကျေးရွာနှင့် ညောင်ကိုင်းကျေးရွာများ တွင် ရေချိုရေသန့်သောက်ရေများ စတင် သုံးစွဲနိုင်ကြပြီဖြစ်သည်။

အချို့အရပ်တွင် မြန်မာပြည်အောက် ပိုင်းဖြစ်၍ ရေပေါများသည်ဆိုသော် လည်း ပင်လယ်နှင့်နီးသောကြောင့် ပေ ၁၀၀၀ ခန့် စက်ရေတွင်းတူးသော်လည်း ရေချိုမရ ရေငံသာရသောဒေသများရှိ နေသည်။ မြေကြီးကိုတူးဆွခြင်းမပြုဘဲ မြေပေါ်တွင် တည်ကန်များတည်ဆောက် ပြီး မိုးရေလှောင်ကန်များ ဆောင်ရွက် ပေးရန်လည်း စီစဉ်နေသည်။ သောက် ရေကန်(၂)ကန်တူးပြီးနောက် သင်္ကြန် ကာလကျော်လွန်သည်နှင့် ကျုံသင်ကျေး ရွာ၊ လက်ပံသုံးပင်ကျေးရွာ၊ ထိန်တပင် ကျေးရွာ၊ ခင်တန်းကြီးကျေးရွာနှင့် မြစ် ကျိုးကျေးရွာများအတွက် သောက်ရေ ကန်များ ဆက်လက်တူးဖော်ပေးသွား မည်ဖြစ်ကြောင်း သိခွင့်ရသည်။

သောက်သုံးရေရရှိပြီးသော ကျေး ရွာများနှင့် ဆက်လက်တူးဖော်ရန် လျာ ထားသော ကျေးရွာနေပြည်သူများ၊ ဘုန်း တော်ကြီးကျောင်းမှ ဆရာတော်နှင့်တကွ သံဃာတော်အရှင်သူမြတ်များမှာ များစွာ ၀မ်းသာပီတိဖြစ်နေကြသည်။ ယခုအလှူ ရှင်သည် ချမ်းသာဆောက်လုပ်ရေး၏ မတည်အလှူဖြစ်သည်။ ချမ်းသာဆောက်  လုပ်ရေးအနေဖြင့် ဝေါမြို့နယ်အတွင်း စာသင်ကျောင်းများအတွက် ယခင်နှစ် များက ဘိလပ်မြေအိတ်ထောင်ချီလှူ ဒါန်းခဲ့သည့်အပြင် သူရဲသမိန်ကျေးရွာ၊ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် တိုက်နယ်ဆေး ရုံဆောက်လုပ်ရေးကိစ်္စရပ်များတွင် ဦး ဆောင်လှူဒါန်းခဲ့ကြောင်း လေ့လာခွင့်၊ သိရှိခွင့်ရခဲ့ပြန်သည်။

““ချမ်းသာကျေးရွာရေရရှိရေးဖောင် ဒေးရှင်း””သည် ၂၀၁၃ ခုနှစ် မတ်လ (၁) ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး တစ်ဖက်တစ်လမ်းမှ လည်း နိုင်ငံတော်အစိုးရအသိအမှတ်ပြု ဖောင်ဒေးရှင်းအဖြစ် ရပ်တည်နိုင်ရန် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဥပဒေအရ ဖွဲ့ စည်းခွင့်အတွက် “ဖောင်ဒေးရှင်းဖြစ် မြောက်ရေးအဖွဲ့”ကို ဖွဲ့စည်းပြီး ဆောင် ရွက်နေပြီဖြစ်သည်။

စာရေးသူအနေဖြင့် ချမ်းသာကျေး ရွာရေရရှိရေးဖောင်ဒေးရှင်းကို လေ့လာ ခွင့်ရပြီး အထူးပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါသောကြောင့် ဤဆောင်းပါးဖြင့် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါသည်။ ဤ ဆောင်းပါးကို ဖတ်ခွင့်ရသောကြောင့် စိတ်ဝင်စားပါလျှင်သော်လည်းကောင်း၊ ဖောင်ဒေးရှင်းအတွက် ဆွေးနွေးလိုပါ လျှင်သော်လည်းကောင်း၊ ဖောင်ဒေးရှင်း လုပ်ငန်းအတွက် ပါဝင်လှူဒါန်းလိုပါလျှင် သော်လည်းကောင်း၊ ဆက်သွယ်ရမည့် လိပ်စာက အမှတ်(၂၇၆)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်သည်။ တယ်လီဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်း လိုပါက ဆက်သွယ်ရန်ဖုန်းနံပတ်မှာ ၀၁-၅၂၆၃၈၆၊ ၅၂၆၆၇၄၊ ၅၀၂၅၃၆ ဖြစ် ကြောင်း သိခွင့်ရခဲ့ပါသည်။
မောင်ချစ်(သူရဲသမိန်)
The Hot News

တရုတ်အရေး စစ်တပ်အကြီးအကဲ အကျဉ်းချုပ်တင်ပြ၊ ဒုတိယအင်အားအကြီးဆုံးပါတီ အစိုးရကို ထောက်ခံ

နယူးဒေလီ၊ဧပြီ ၂၅။
ဂျမ်မူနှင့် ကက်ရှမီးယားနယ် နှင့် လာဒါခ် နယ်ရှိအခြေအနေများကို လေ့လာခဲ့ပြီး မြောက်ပိုင်းခရိုင် စစ်ဗိုလ်ချုပ်ကြီး ဂျင်နရယ် ဘီခရန်ဆင်းသည် ကာကွယ်ရေးဝန်ကြီးထံ နယ်မြေကျူးကျော်ဝင်ရောက်လာ မှုနှင့်ပတ်သက်၍ လေ့လာထားချက်များမှ အကျဉ်းချုပ်ကို တင်ပြခဲ့ကြောင်း စစ်တပ်အရာရှိများက ယနေ့ပြောကြားသည်။

တပ်မတော်သည် အစိုးရနှင့် တရုတ်လေ့လာရေးအုပ်စုကို ဦးဆောင်သော အမျိုးသားလုံခြုံရေးအကြံပေး အဖွဲ့ကိုအချက်အလက်များ တင်ပြ ထားကြောင်းသိရသည်။

လက်ရှိအခြေအနေများကို ကိုင်တွယ်ရေးတွင် အခြားအမြင်များအပါအဝင် စစ်တပ်ဖြင့်ပြန်လှန် တိုက်ခိုက်ရေး ကိစ္စများကိုတင်ပြထားကြောင်း သိရသည်။

တရုတ်လေ့လာရေးအုပ်စုသည်လည်း ယခုကိစ္စကိုကိုင်တွယ်ရာတွင် ဝန်ကြီးချုပ်ရုံးနှင့် ကာကွယ်ရေးဝန်ကြီဌာနတို့နှင့်အကူအညီများ တောင်းခံပြီး ကိုင်တွယ်နေကြောင်း သိရသည်။

စစ်တပ်သည် တရုတ်တပ်သားများဝင်ရောက်လာနေသော နယ်ပယ်အတွင်းသို့ ကင်းထောက်တပ်စုငါးစုမှ တပ်သားများကိုသွားရောက် ကင်းထောက်ထားစေပြီး လိုအပ်လျှင် အင်အားထပ်တိုးမည်ဟု သိရသည်။

နိုင်ငံ၏ ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်သည့် အိန္ဒိယပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ရာဂျစ်
ပရာတက် ရူဒီက တရုတ်တပ်သား များ နိုင်ငံတွင်း ဝင်ရောက် တပ်စွဲမှုသည် နိုင်ငံတော်လုံခြုံရေးနှင့်
စပ်လျဉ်းသောကြောင့် အစိုးရကိုထောက်ခံမှုများ ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ပြောကြားခဲ့သည်။

မစ္စတာရူဒီက “ တရုတ်တပ်တွေဟာ အိန္ဒိယနယ်မြေအဝင်အထွက်ရှိတာလက်ခံပါတယ်၊ ဒါပေမယ့်သူတို့တပ်တွေကျွန်တော်တို့နယ်မြေ အတွင်း စခန်းချထားတာတော့ လုံးဝလက်မခံနိုင်စရာပါ” ဟုပြောကြားသည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံကြား သံတမန်နည်းကျဆွေးနွေးမှုများလုပ်ဆောင်ရန်ကြိုးပမ်းမည်ဖြစ်သော်လည်း
၎င်းတပ်သားများ မထွက်ခွာသေးသ၍ ဆွေးနွေးမည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆက်လက်၍ ၎င်းတို့ပါတီသည် ယခုကိစ္စကို နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်အဖြစ်ခံယူထားပြီး အစိုးရလိုအပ်သောအကူအညီကို တိုးမြှင့်ကူညီ သွားမည်ဖြစ်ကြောင်း  ပြောကြားသည်။

အမေရိကန်နိုင်ငံက အိန္ဒိယနှင့် တရုတ်နိုင်ငံကြားနယ်စပ်ဒေသအငြင်းပွားနေမှုကို ငြိမ်းချမ်းစွာနှင့်
နှစ်ဦးနှစ်ဖက်လက်ခံနိုင်သော အဖြေတစ်ခုရရှိရေး ထောက်ခံ တိုက်တွန်းကြောင်း အမေရိကန်အစိုးရ
ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ဗန်ထရယ် က သတင်းထောက်များကို ယခုအရေးနှင့် ပတ်သက်၍ မေးပြန်ချက်များကို ပြန်လှန်ပြောကြားကြောင်း သိရသည်။

ဧပြီ ၁၅ ရက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်စိတ်တစ်ခုစာ တပ်သားများသည်
အိန္ဒိယနိုင်ငံပိုင်နက်မြေအတွင်း ၁၀ ကီ လိုမီတာအတွင်း ရောက်ရှိလာ ကြပြီး စခန်းတစ်ခုတည်ထောင်နေထိုင်နေကြသည်။
Ref:Indiatimes
The Myanma Age

မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီး ညီလာခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေးမသွားခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်မှုတွေ တားဆီးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဘာသာမတူ လူ့အဖွဲ့အစည်းတွေအကြား သင့်မြတ်ရေးဆောင်ရွက်ပေးဖို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ဒီနေ့ ဘရူနိုင်းထိပ်သီးညီလာခံမှာ သမ္မတဦးသိန်းစိန်ဟာ ထိပ်သီးအစည်းအဝေးပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှီနာဝတ် ဦးဆောင်တဲ့ ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ တနင်္သာရီတိုင်း ထားဝယ်ဒေသမှာ ထိုင်းအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို အဓိကထားဆွေးနွေးတာလို့ဆိုပါတယ်။
RFA Burmese

မြန်မာ ပဋိပက္ခ ကိုင်တွယ်ပုံ အင်ဒိုနီးရှား သဘောပေါက်

24.04.2013
မြန်မာနိုင်ငံရဲ့ ပဋိပက္ခတချို့နဲ့ ပတ်သက်လို့ နိုင်ငံတကာက အထင်လွဲမှားမှုကို အင်ဒိုနီးရှား သမ္မတက ရှင်းပြခဲ့တယ်လို့ မြန်မာအစိုးရက ပြောပါတယ်။
မြန်မာနိုင်ငံကို ၂ ရက်ကြာ တရားဝင် လာရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားနေတဲ့ အချက်တွေကို မကြာခင်က ကျင်းပခဲ့တဲ့ OIC အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများအဖွဲ့ အစည်းအဝေးအတွင်း ရှင်းလင်း ပြောကြားခဲ့တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။ အင်ဒိုနီးရှားသမ္မတဟာ သူ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရေး အပါအ၀င် နားလည်မှု စာချွန်လွှာတွေကိုလည်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) ဦးဆောင်တဲ့ အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို အင်္ဂါနေ့က ရောက်ရှိလာခဲ့ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ထွက်ခွာသွားတာပါ။ သမ္မတ ယူဒိုယိုနိုရဲ့ ဒီခရီးစဉ်ဟာ အဓိကအားဖြင့်တော့ ဒေသတွင်း နှစ်နိုင်ငံအကြား စီးပွားရေး တိုးမြှင့် လုပ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ရောက်လာတာလို့ ပြောလို့ရနိုင်ပေမဲ့ မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ ပဋိပက္ခတွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မကြာခင်က ပြုလုပ်ခဲ့တဲ့ OIC အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများအဖွဲ့ အစည်းအဝေးအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နားလည်မှု လွဲမှားနေတဲ့ နိုင်ငံတွေကို သမ္မတ ယူဒိုယိုနို က ရှင်းလင်း ပြောကြားခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြန်လည် ပြောကြားခဲ့တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတဦးလည်းဖြစ်၊ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ် က ဗွီအိုအေကို ပြောပါတယ်။

“အဓိကအားဖြင့်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ အစိုးရရဲ့ ဖြေရှင်းဆောင်ရွက်နေတဲ့ဟာတွေကို သူတို့ နားလည်တယ်။ သူ မကြာခင်က OIC အစည်းအဝေး တက်တဲ့အခါမှာလည်း မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီးတော့ နားလည်မှု လွဲမှားနေတဲ့ နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောပါတယ်။”

ကမ္ဘာမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူ အများဆုံး နိုင်ငံလည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စစ်အာဏာရှင် စနစ်အောက်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းစဉ် ကာလတုန်းကလည်း လက်ရှိ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနည်းတူ မတူညီတဲ့ အဖွဲ့အစည်း၊ အုပ်စုတွေအကြား နားလည်မှု လွဲမှားတာတွေ ရှိခဲ့တဲ့အတွက် အဲ့ဒီ အတွေ့အကြုံတွေ မြန်မာနိုင်ငံကို မျှဝေလိုတဲ့အကြောင်းလည်း အင်ဒိုနီးရှား သမ္မတက ပြောခဲ့တယ်လို့ ဆိုပါတယ်။

“နောက်ပြီးတော့ သူတို့ အင်ဒိုနီးရှားနိုင်ငံမှာလည်း ဒီလိုပဲ ကျနော်တို့ မတူညီတဲ့အုပ်စုတွေကြားမှာ ပြဿနာတွေဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကိုလည်း ကျနော်တို့နဲ့ မျှဝေပေးနိုင်ပါတယ် ဆိုပြီးတော့ ပြောပါတယ်ခင်ဗျ။ သူတို့နိုင်ငံအနေနဲ့လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်တဲ့အချိန်တုန်းက ဒီလိုမျိုး မတူညီတဲ့ အုပ်စုတွေကြားထဲမှာ ပဋိပက္ခဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိတယ်။ အဲ့ဒါတွေကိုလည်း သူတို့ ဒီလိုပဲ ဖြေရှင်းခဲ့ရတာတွေ ရှိပါတယ်။ အဲ့ဒီအတွေ့အကြုံတွေကိုတော့ ကျနော်တို့ကို မျှဝေပေးနိုင်ပါတယ်ဆိုပြီး ပြောတာရှိပါတယ်။”

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းတွေက ဒေသတွင်း နိုင်ငံတွေကိုပါ ဂယက်ရိုက်လာနိုင်တယ်လို့ သူ့အနေနဲ့ ယူဆတာကြောင့် သူ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့ မြန်မာအစိုးရ အာဏာပိုင်တွေကို တိုက်တွန်းသွားမယ်လို့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေးတခုအတွင်း သမ္မတ ယူဒိုယိုနိုက ပြောကြားခဲ့ပေမဲ့လည်း မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့တဲ့အခါမှာတော့ အဲ့ဒီလို ပြောဆိုခဲ့တယ်ဆိုတာမျိုး မကြားသိရပါဘူး။

မြန်မာအစိုးရဘက်ကတော့ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ နောက် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း အစိုးရက လုပ်ဆောင်နေတဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအကြောင်း အင်ဒိုနီးရှားသမ္မတကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဦးရဲထွဋ် က ဆက်ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ပထမ မြန်မာနိုင်ငံမှာလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ ကျနော်တို့ ရှင်းပြပါတယ်။ နောက်တခါ နှစ်နိုင်ငံကြားမှာ သူတို့ ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်သွားနိုင်တဲ့ စီးပွားရေး အလားအလာကိစ္စတွေ ကျနော်တို့ ပြောပါတယ်ခင်ဗျ။ ကျနော်တို့ နိုင်ငံမှာ ဒါတွေဟာ မတူကွဲပြားတဲ့ ဘာသာတွေဟာ အရင်ကတည်းက အတူတူ နေထိုင်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ဘာမဟုတ်တဲ့ ရာဇ၀တ်မှုကြောင့် ဒီလိုဖြစ်ပေမဲ့လည်း ဒီလို ယှဉ်တွဲပြီးတော့ အတူနေထိုင်တယ်။ မြန်မာနိုင်ငံမှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်တွေကို ပေးထားပြီးဖြစ်တယ်။ ရခိုင်ပြည်နယ်မှာလည်း ကူညီပေးရေး ကိစ္စတွေအားလုံးကို မိုးမကျမှီမှာ ကျနော်တို့ အမိုးအကာတွေ ရောက်ရေးကိစ္စ အားလုံးကို လုပ်နေတယ်ဆိုတာ ပြန်ပြီးတော့ ရှင်းပြပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန် ခန့်အပ်ပြီး ကူညီ ထောက်ပံ့မှုတွေလည်း ပို့ပေးနေတာမှာ နောက်ထပ် အကူအညီတွေ ဆက်ပေးသွားဖို့အတွက်လည်း အင်ဒိုနီးရှား သမ္မတက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံး ပဋိပက္ခတွေ အပါအ၀င် မြန်မာနိုင်ငံအတွင်း မကြာခင်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေကို OIC အနေနဲ့ ကိုယ်စားလှယ်လွှတ် စုံစမ်းလိုတဲ့အကြောင်း မြန်မာအစိုးရကို တောင်းဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က -

“ဒါ ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံက စနစ်တကျ ကိုင်တွယ်ဖြေရှင်းနေပါတယ်။ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ လာပြီး စုံစမ်း စစ်ဆေးတာတို့၊ ၀င်ရောက်ဖြေရှင်းပေးတာတို့ လုပ်စရာအကြောင်း မရှိပါဘူး။ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင် အခွင့်အရေး ဖြစ်ပါတယ်။”

သမ္မတ ယူဒိုယိုနို မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၊ လူ့စွမ်းရည် မြှင့်တင်ရေး၊ ဆန်ကုန်သွယ်မှုစတဲ့ နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့တဲ့အပြင် ရင်းနှီးမြုပ်နှံမှုနဲ့ စွမ်းအင်ကဏ္ဍတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့ဟာ နိုင်ငံရေးသမိုင်းကြောင်းအရရော၊ မတူကွဲပြားတဲ့ လူမျိုးစု ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ နေရာမှာရော တူညီမှုရှိတယ်လို့ သုံးသပ်သူ ပညာရှင်တွေက ယူဆထားကြတာ ဖြစ်ပါတယ်။
ဗွီအိုအေ(မြန်မာဌာန)

လယ်သမားတွေအတွက် ဒေါ်စု ဘာလုပ်ပေးနိုင်မလဲ

လယ်သမားတွေ စက်မှုလယ်ယာပြောင်းဖို့ တန်ဖိုးကြီး စက်ပစ္စည်း မဝယ်နိုင်
25 ဧပြီလ 2013
မကြာခင် ရေးဆွဲဖို့ ရှိတဲ့ တောင်သူ လယ်သမား အခွင့် အရေး ကာကွယ်ရေး ဥပဒေ မှာ ထည့်သွင်း သင့်တဲ့ အချက်တွေကို ဒေါ်အောင်ဆန်း စုကြည်က အသေးစိတ် သိလိုတဲ့ အတွက် တောင်သူ လယ်သမား တွေက သွားရောက် ရှင်းပြ ခဲ့ကြ ပါတယ်။

ပြဋ္ဌဌာန်း ထားပြီးသား လယ်ယာမြေ ဥပဒေမှာ ပါတဲ့ လယ်ယာမြေ မှတ်ပုံတင်ရေးကို တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ပြီးပြတ်အောင် မဆောင်ရွက်နိုင် သေးတဲ့ ကိစ္စ၊ လယ်ယာ လုပ်သား ရှားပါးတဲ့ အတွက် စက်မှု လယ်ယာ အဖြစ် ကူးပြောင်း နိုင်ဖို့ လယ်ယာသုံး စက်ပစ္စည်းတွေ ဈေးနှုန်း ကြီးမားမှု၊ စိုက်ပျိုးရေး ဘဏ်တွေ ကနေ ချေးငွေ ပြန်ဆပ်ရမယ့် အချိန်မှာ စပါးဈေး ကျတဲ့ ကိစ္စ၊ စတဲ့ အခက် အခဲ တွေကို လယ်သမား တွေက ဒေါ်အောင်ဆန်း စုကြည် သိအောင် တင်ပြ ခဲ့ကြတယ်လို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့တဲ့ ဧရာ ဝတီတိုင်း ဒေးဒရဲ မြို့နယ်က လယ်သမားကြီး ဦးကျော်ထက်က ဘီဘီစီကို ပြောပါတယ်။

သားစဉ် မြေးဆက် လယ်ယာ လုပ်ကိုင် လာကြတဲ့ ပိုင်ဆိုင်မှု အငြင်း ပွားစရာ မရှိတဲ့ လယ်မြေ တွေကို မြန်မြန် ဆန်ဆန် မှတ်ပုံတင် နိုင်ရေး အတွက် သက်ဆိုင်ရာကို ဒေါ်အောင်ဆန်း စုကြည်က တင်ပြ ပေးသွားမယ်လို့ ပြောခဲ့ ကြောင်းလည်း ဦးကျော်ထက်က ပြောပါတယ်။

ဒါ့အပြင် လယ်သမားတွေ လယ်သိမ်းချိန်မှာ ရာသီဥတု ဒဏ်ကြောင့် ဆုံးရှုံး နစ်နာမှာ မရှိရအောင် အမြန်ဆုံး ရိတ်သိမ်း ရာမှာ သုံးဖို့ လိုအပ်တဲ့ ကျပ် သိန်း ၃၀ဝ တန် စပါး ချွေလှေ့ စက်ကို လယ်သမားတွေ ဝယ်နိုင်ဖို့ အလှမ်းဝေးလွန်းတဲ့ အတွက် ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်း နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်က ပြန်လည် ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန် နိုင်ငံ ကနေ စက် အသေးစားတွေ ထုတ်လုပ် ပေးဖို့ ဒေါ်အောင်ဆန်း စုကြည်က ပြောမယ့် အကြောင်းနဲ့၊ ဂျပန်က တပါတ်ရစ် စက်တွေ သုံးနိုင်မလား၊ သြစတြေးလျနဲ့ နယူးဇီလန် တို့က နေ အကူအညီတောင်းပြီး မြန်မာ လယ်သမားတွေကို ပံ့ပိုး ကူညီနိုင်ရေး အတွက် ဆွေးနွေး ခဲ့ကြတယ်လို့ ပြန်ပြော ပါတယ်။

တောင်သူ လယ်သမား တွေရဲ့ အခက် အခဲတွေကို ကူညီ ဖြေရှင်း ပေးနိုင်ရေး နည်းလမ်း ရှာနိုင်ဖို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ မြန်မာ နိုင်ငံ တိုင်းနဲ့ ပြည်နယ် အသီးသီးကို ကိုယ်စားပြုတဲ့ လယ်သမား၂၂ ယောက်က မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်းရဲ့ စီစဉ်မှုနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ် ပါတယ်။
BBC Burmese

ဘော်စတွန် ဗုံးခွဲသူအကြောင်း အမေရိကန်ကို ရုရှားသတိပေးခဲ့

 ဘော်စတွန် ဗုံးခွဲမှု သံသယရှိသူနှစ်ဦး
25.04.2013
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ မာရသွန် အပြေးပြိုင်ပွဲကို ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ ညီအကို ၂ ယောက်ထဲက အကိုဖြစ်သူကို ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက စောင့်ကြည့် စာရင်းမှာ ထည့်ထားခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

အကိုဖြစ်သူ Tamerlan Tsarnaev ဟာ အစွန်းရောက် အစ္စလာမ် ဘာသာဝင်တဦးဖြစ်လာနေပြီလို့ စိုးရိမ်စရာရှိတဲ့အကြောင်း ရုရှားအစိုးရက အကြောင်းကြား ဆက်သွယ်လာတဲ့အတွက် သူ့ကို စောင့်ကြည့်စာရင်းမှာ ထည့်ထားဖို့ CIA ဗဟိုထောက်လှမ်းရေးဌာနက တောင်းဆိုခဲ့တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

Tamerlan Tsarnaev နဲ့ပတ်သက်တဲ့ အလားတူ သတိပေးချက်မျိုး ရုရှားအစိုးရက FBI ပြည်ထောင်စု ထောက်လှမ်းရေးဗြူရိုကိုလည်း ၂၀၁၁ ခုနှစ် အစောပိုင်းမှာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ FBI က သူ့ကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက
အန္တရာယ်ပေးနိုင်တဲ့သူဖြစ်တယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား မတွေ့တာကြောင့် သူ့အမှုကို ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဘော်စတွန်မြို့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၂၆၄ ဦး ထိခိုက် ဒဏ်ရာရပြီးတဲ့နောက် လုံခြုံရေးအဖွဲ့အချင်းချင်းကြား သတင်းအချက်အလက် ဖလှယ်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း အမေရိကန် လွှတ်တော်အမတ်တွေက ပြောဆိုနေပါတယ်။ ဒီဗုံးခွဲမှုနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်တာတွေကို အာဏာပိုင်တွေက အထက်လွှတ်တော်ကို ကြာသပတေးနေ့မှာ တင်ပြကြမှာ ဖြစ်ပါတယ်။

အသက်မသေပဲ ကျန်နေသေးတဲ့ ၁၉ နှစ်အရွယ် Dzhokar Tsarnaev ရဲ့အကိုဖြစ်သူ Tamerlan က ဘောစတွန် မာရသွန် အပြေးပြိုင်ပွဲရဲ့ ပန်းဝင်တဲ့နေရာအနီးမှာ ဗုံးကို ချထားခဲ့တာလို့ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။ Tamerlan ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရဲတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာက ရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အကြမ်းဖက်နှိမ်နင်းမှု လက်မခံနိုင်ကြောင်း ၈၈မျိုးဆက်ကန့်ကွက်

2013-04-25
လက်ပံတောင်းတောင်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေတဲ့ တောင်သူတွေကို အာဏာပိုင်တွေဘက်က ဒီကနေ့ အကြမ်းဖက် နှိမ်းနှင်းခဲ့တာကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က လုံးဝလက်မခံနိုင်တဲ့အကြောင်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီသဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ သဘောကတော့ ဒီမှာလက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ဒေသဖြစ်တဲ့အတွက် အဲ့ဒီနေရာမှာမလုပ်ရဘူး လူစုခွဲတယ်ဆိုလို့ရှိရင် သူကဝမ်းရေးပြဿနာရှိတယ်လေ၊ အဲတော့ စိုက်ပျိုးရာသီအချိန် ကုန်တဲ့အထိကို ထိုင်စောင့်နေလို့ မဖြစ်နိုင်ဘူး၊ ဒီလိုအချိန်ယူပြီး လုပ်ကိုင်စားသောက်နေရတဲ့ လယ်သမားတွေအနေနဲ့ စားဝတ်နေရေးအတွက် ဘယ်လိုအာမခံချက်ပေးနိုင်မလဲ တာဝန်ယူနိုင်မလဲဆိုတဲ့ကိစ္စကို သက်ဆိုင်ရာအစိုးရကနေပြီးတော့ ညှိနှိုင်းအဖြေရှာပေးဖို့ လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဗျ၊ ပြဿနာတစ်ခု ဖြစ်လိုက်တိုင်း သက်ဆိုင်ရာက အင်အားသုံးဖြေရှင်းမှုတွေ များလာမှာကို ကျနော်တို့စိတ်ပူတယ်၊ ဒါကြောင့်ကျနော်တို့က ဘယ်လိုပြဿနာမျိုးတွေဖြစ်ဖြစ် ပြဿနာကတော့ရှိမှာပဲဗျာ၊ ရှိတဲ့ပြဿနာကို ဒီမိုကရက်တစ် ဘောင်ထဲကနေပြီးတော့ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းသာ အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်ဗျာ”

ဒီထုတ်ပြန်ချက်ထဲမှာ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ လှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နှင်းတာတွေကို လုံးဝလက်မခံတဲ့အကြောင်း၊ အဲ့ဒီမြေကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေရဲ့အရေးကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက တာဝန်ဖြေရှင်းဖို့လိုကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချမယ့် အချိန်အထိ ပဋိပက္ခတွေ ထိပ်တိုက်အဖြစ်စေဖို့ ရှောင်ရှားသင့်တဲ့အကြောင်းစတဲ့အချက်တွေကို ဖော်ပြထားပါတယ်။
RFA

E.P.C ၀န်းထမ်းဘ၀ သီချင်းများဖြင့် ခံစားခြင်း

April 24, 2013
ကျွန်တော်တို့သည် ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်  တပ်နယ်မြေမြို့နယ်တစ်ခုမှ E.P.C  ၀န်ထမ်းများဖြစ်ပါသည်။
ဝန်ထမ်း တွေရဲ့ လုပ်ရတဲ့အလုပ်ကတော့ နောနော်ရဲ့ “အတိုင်းထက်အလွန်”
ရတဲ့လစာက ၀ိုင်းစုခိုင်သိန်းရဲ့ “မက်လောက်စရာတစ်ကွက်မှမရှိ”
ပိတ်ရက်နဲ့ အားလပ်ချိန်ကတော့ စိုးစန္ဒာထွန်းရဲ့ “မောင့်သဘော”
ရာထူးတက်ဖို့ကတော့ လေးဖြူရဲ့ “မရေရာဘူး”
အလုပ်သိမ်းချိန်က မျိုးကြီးရဲ့ “အိမ်ပြန်ချိန်ကိုတောင် မသိတော့ဘူး”
နိုင်ငံတော်ကပေးတဲ့ လစာနဲ့ လောက်ငှဖို့ကတော့ ထူးအိမ်သင်ရဲ့ “တစ်နေ့နေ့မှာ”
ရုံးကပေးတဲ့ အပိုဆုကြေးငွေကတော့  အေသင်ချိုဆွေရဲ့ “ကမ်းမမြင်လမ်း မြင်”
အချိန်ပိုကြေးကတော့ စံလင်း ရဲ့ “မျှော်လင့်ချက်သာမထားခဲ့မိရင်”
လုပ်ငန်းခွင်မှာ အမှားလုပ်မိရင် တော့ မေခလာရဲ့ “မစဉ်းစားနဲ့ ပြန်ပေတော့”
လစာတိုးမယ်ကြားတော့ ဇော်ပိုင်ရဲ့ “ရင်ခုန်ရလွန်းလို့ ရှုးမှာပဲ”
လစာထုတ်ပြီးတော့ ဒီလေးရဲ့ “ဘာမှမကျန်ဘူး”
လခ စားအလုပ်ကို အထင်ကြီးပြီး လုပ်ခဲ့မိတာက ဗဒင်ရဲ့ “နောင်တ” 
လူကြီးတွေရဲ့အဆူအကြိမ်းခံရတဲ့ အခါအေသချိုဆွေရဲ့ “တင်းတယ် တင်းတယ်”
အမှန်တွေကို များများ  ပြောမိရင်တော့ ဦးကျော်ရဲ့ “ဒိုးရ တော့မယ် အချစ်ရယ်”
ကဲဘယ်လို လည်း မိတ်ဆွေ။
ခံစားချက်များစွာဖြင့်
မေဒေး
The Hot News

ဒေသခံပြည်သူများနှင့် လုံထိန်းများ၏ ပဋိပက္ခကြား တုံရွာသားတစ်ဦး ကျည်ဆန်ထိမှန်

ဆားလင်းကြီး၊ ဧပြီ ၂၅။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ၌ ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၉
နာရီခန့်တွင် လက်ပံတောင်းတောင် ဒေသခံပြည်သူများနှင့် လုံထိန်းများကြား ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့်
တုံရွာသားတစ်ဦး သေနတ်ဒဏ်ရာ ရရှိ၍ လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆားလင်းကြီးမြို့နယ်နေ လက်ပံတောင်းတောင်ဒေသရှိ ဆည်တည်းကျေးရွာနေ မရီရီဝင်းပိုင်
မြေကွက်၌ လယ်သမားများ ထွန်ယက်နေစဉ် လယ်သမားများကို လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအနီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာဖြစ်သည့်အတွက် လယ်မထွန်ရဟုဆိုကာ လုံထိန်းအင်အား ၅၀၀ ခန့်က ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုး ရွာသားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်ထံမှ သိရသည်။

ကိုဟန်ဝင်းအောင်က “ဒီနေ့ မနက် ၉နာရီလောက်မှာ လုံထိန်းအင်အား ၅၀၀လောက် ကားတွေနဲ့ ရောက်လာတယ်၊ ဒီနေရာမှာ မထွန်ပါနဲ့ ပုဒ်မ ၁၄၄ ထုတ်ထားတယ်တဲ့၊ မရီရီဝင်းတို့က ဒီနေရာ ကျွန်မတို့မြေ ကိုယ့်မြေကိုယ် ထွန်တာပဲ မဖယ်ပေးနိုင်ဘူးတဲ့၊ ရဲတွေက မြေထဲကို ပြေးဆင်းလာပြီးတော့တုတ်တွေဒိုင်းတွေနဲ့ ဝင်ရိုက်တယ်၊ အဲဒီမှာ စပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်က သတင်းမှတ်တမ်းသမား ကိုသူ အရိုက်ခံလိုက်ရတယ်၊ လဲကျသွားတော့ စစ်ဖိနပ်နဲ့ကန်တယ်၊ သေနတ်ဒင်နဲ့ ထုတယ်၊ ကင်မရာကို ရိုက်ခွဲလိုက်တယ်၊ ကိုအောင်စိုးတို့က ဝင်ထိန်းတဲ့အခါမှာလည်း ရိုက်ပြီးတော့ ဖမ်းသွားတယ်၊ လယ်သမားတွေက မခံနိုင်တဲ့အခါမှာ ဝိုင်းအော်တော့ ထပ်ရိုက်ပြီး ထပ်ဖမ်းတယ်၊ အခုစာရင်းကောက်တာ သုံးယောက်လောက် အဖမ်းခံရတယ်” ဟု ပြောကြားသည်။

အဖမ်းခံရသည်ဟု အခြားရွာများက ကြားသည့်အခါ မရီရီဝင်းကို ပြန်လွှတ်ပေးရန် သွားပြောကြကြောင်း၊
မနက် ၁၀နာရီခန့်တွင် လုံထိန်း များက သေနတ်နဲ့စပစ်ကြောင်း ဟု မျက်မြင်တွေ့ရှိသူ ဆည်တည်းကျေးရွာနေ မဝင်းဝင်းဌေးက ပြောကြားသည်။

“သေနတ်နဲ့ ပစ်တော့ တုံရွာက ကိုတင့်ဇော်က လက်မောင်းနဲ့ ၀မ်းဗိုက်ကို ရှပ်ထိသွားတယ်၊ ၁၂ချက်
၁၃ချက်လောက်ပစ်တော့ ရွာသားတွေလည်း မခံနိုင်တော့ဘူး။ အကုန် ပြန်ဆုတ်လာကြရတယ်” ဟု ယင်းက ဆိုသည်။

ယင်းအပြင် မိုးကြိုးပြင်ရွာနေ ကိုဝင်းကျော် ပိုင်မြေကွက်တွင် လုပ်ကိုင်နေသော လယ်သမားများအား
ရဲများက ဝင်ရောက်ရိုက်နှက်ခဲ့ပြီး မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ရက်တာဝန်ခံ
ကိုသောင်းထိုက်အား ဖမ်းဆီးရန် ကြိုးစားခဲ့ကြောင်း၊ လယ်သမားများက ပြန်လည်လုယူ၍သာ လွတ်မြောက်
ခဲ့ရခြင်း ဖြစ်ကြောင်း၊ ကိုအောင်စိုးနှင့်အတူ ကိုစိုးသူ၊ ကိုမောင်ဆန်း တို့ စုစုပေါင်း ၃ ယောက် အဖမ်းခံရပြီး အခြေအနေမှာ တည်ငြိမ်မှုမရှိသေးကြောင်း သိရသည်။

ယင်းကဲ့သို့  မဖြစ်ပွားမီ ရက်ပိုင်းခန့်ကတည်းက လုံထိန်းများနှင့် ရွာသားများကြား တင်းမာမှုများ ရှိခဲ့ကြကြောင်း၊ ယခုအခါ သေနတ်ဒဏ်ရာ ရရှိသူကို မုံရွာပြည်သူ့ဆေးရုံကြီး ကို ဆေးကုသမှု ခံယူနေပြီး ဆေးရုံအုပ်ကြီးက သေနတ် ဒဏ်ရာရရှိသည်မှာ မှန်ကန်သည်ဟု အတည်ပြု ပြောကြားခဲ့ကြောင်း ကိုဟန်ဝင်းအောင်ကပြောကြားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သပိတ်စခန်းများ၏ သပိတ်မှောက် ဆန္ဒပြမှုကို အကြမ်း ဖက်ဖြိုခွဲခဲ့မှုကြောင့် ရဟန်းသံဃာများနှင့် ဒေသခံပြည်သူများ မီးလောင်ဒဏ်ရာ ရရှိခဲ့ကြပြီး ယခုအကြိမ် အကြမ်းဖက်ဖြိုခွဲမှုသည် လက်ပံ တောင်းတောင် ဒေသအတွက် ဒုတိယအကြိမ်မြောက် အကြမ်းဖက်မှုဖြစ်ကြောင်း သိရသည်။
ရည်မွန်
The Myanma Age

လက်ပံတောင်းမှာ လယ်ထွန်သူတွေကို ရဲကနှိမ်နင်း

25.04.2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားတဲ့ လက်ပန်းတောင်းဒေသက ဒေသခံပြည်သူတွေဟာ သူတို့လယ်တွေမှာ အာဏာပိုင်တွေရဲ့ တားဆီးမိန့်ကို လက်မခံဘဲ ပြန်လည် ထွန်ယက်စိုက်ပျိုးမူကို စတင်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြား တင်းမာမူဖြစ်ပြီးတော့ ပစ်ခတ်မူ၊ ရိုက်နှက်မှုတွေဖြစ်ပွားခဲ့ပါတယ်။  ပဋိပက္ခအတွင်းမှာ လူတစ်ဦး သေနတ် ဒဏ်ရာရရှိပြီးတော့ ရိုက်နှက်ခံရသူတချို့ ရှိခဲ့ပါတယ်။  လယ်သမားတွေကို အကူအညီပေးတဲ့ ရန်ကုန်ပြည်သူအကျိုးဆောင်ကွန်ယက်က ကိုအောင်စိုးနဲ့ ရွာသား၂ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးမာ က  သတင်းပေးပို့ထားတာပါတယ်။

လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းကို လုပ်ဆောင်ခဲ့တဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ဟာ ဒေသခံတွေရဲ့ လယ်မြေတွေကို သိမ်းယူခဲ့ပြီး စိမံကိန်းကို အကောင်အထည်ဖော်နေခဲ့တာပါ ။

ဒေသခံတွေကတော့ နစ်နာကြေးကိုလည်းမယူ လယ်တွေကိုလည်း ရောင်းချလိုခြင်း မရှိတာကြောင့်  သူတို့ပိုင်လယ်တွေမှာ စိုက်ပျိုးထွန်ယက်မူ ကို စတင်လုပ်ခဲ့ကြတာပါ။ အာဏာပိုင်တွေကတော့ အဲဒီ့လယ်မြေတွေ နေရာမှာ ပုဒ်မ ၁၄၄ထုတ်ပြီး စီမံကိန်း နယ်မြေအဖြစ်သတ်မှတ်ပြီး ဒေသခံတွေကို ဖယ်ရှားဖို့ အမိန့် ထုတ်ထားပါတယ်။
ဧပြီလ ၂၅ရက်နေမှာတော့ ဒေသခံတွေကို အာဏာပိုင်တွေက ဖြိုခွဲမူ လုပ်ခဲ့ရာမှာ ဒေသခံတဦး သေနတ်ဒဏ်ရာ ရရှိခဲ့သလို ရိုက်နှက် ဖမ်းဆီးမူတွေ ခံခဲ့ရကြောင်း  ရိုက်နှက်ဖမ်းဆီးခံရမူကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကိုသောင်းထိုက်ကပြောပါတယ်။

“ ဆည်တည်းဖက်အခြမ်းက ကိုအောင်စိုးပါသွားတယ်။ ဆယ်တဲ ကျေးရွာသားနှစ်ယောက်ပါသွားတယ်။ တုံရွာအုပ်စုက ကိုတင်သော်၊ သေနတ်ဒဏ်ရာ နှစ်ချက်ရတယ်။ သေနတ်ဒဏ်ရာက လက်မောင်းတစ်ချက်၊ နံကြားတစ်ချက်၊ အခုဆေးရုံသွားပို့နေပြီ။ သတင်းမှတ်တမ်းယူတဲ့ ကိုသူ့ကို ရဲတွေက ဝိုင်းရိုက်တော့ အရိုက်ခံရပြီး သတိမရသေးဘူး။ ကိုသူက အခု တုံရွာထဲကို ပြန်ရောက်သွားပြီ။ အဲ့တာ ဆည်းတည်းဘက်မှာ။ ကျနော်တို့က မိုးကြိုးပြင်ဖက်မှာ၊ မိုးကြိုးပြင်ဖက်မှာတော့ ကျနော်တို့ကို ဝင်ပြီးတော့ ဖမ်းတယ်။ ရဲမှူးအောင်ကျော်က ဝင်ဖမ်းတယ်။ ဝင်ဖမ်းတော့ ရွာသားတွေက ဝင်လုတဲ့အတွက် ရွာခံတစ်ဦးဖြစ်တဲ့ မစမ်းစမ်းဝင်း ခေါင်းကွဲသွားတယ်။ လက်ညိုးတစ်ချောင်းသာသာရှိတဲ့ ဒဏ်ရာတချက်ရပြီး ခေါင်းကွဲသွားတယ်။ အရိုက်ခံရပြီး တကိုယ်လုံးမှာ ဒဏ်ရာတွေချည်းပဲပေါ့။

ကိုသောင်းထိုက်ဟာ ရန်ကုန်ဝိဇ္ဇာသိပံ္ပ၊ တက္ကသိုလ်ကျောင်းသားများ ကွန်ယက်ကဖြစ်ပြီး၊ သူအပါအဝင်ကျောင်းသားလူငယ်တွေဟာ ဒေသခံတွေကို အကူအညီ ပေးနေတာကြောင့် သူတို့ကို အတင်းအကြပ် ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ အကြောင်းကိုလည်း ပြောပြပါတယ်။

“လယ် ၁၃ဧကပိုင်တဲ့ ကိုဝင်းကျော်က သူ့ယာခင်းထဲမှာ ထွန်ရင်းနဲ့ ပျိုးကြဲတယ်။ ပျိုးကြဲနေချိန်မှာပဲ ရဲမှူးအပါအဝင် အရပ်ဝတ်နဲ့ ထောက်လှမ်းရေး သုံးယောက်ရယ်၊ ရဲအင်အား လေးဆယ်ကျော်လောက်ရယ် လာပြီးတော့ အဲ့ဒီ့မှာ မြေတိုင်းစာရေး တယောက်လည်းပါတယ်။ မြေတိုင်းသလိုလို ဘာလိုလိုနဲ့ ကျနော့်ကို အရင်ဖမ်းတယ်။ ဖမ်းတဲ့အချိန်မှာဘဲ ရွာသားတွေက ဝိုင်းပြီးပြန်ဆွဲတဲ့အတွက် ကျနော်ကတော့ အဖမ်းမခံရဘူး။ ဒါပေမဲ့ အရိုက်ခံရတယ်။ ဆံပင်တွေ ဆောင့်အဆွဲခံရတယ်။ မနက်ဖြန်ကျရင်တော့ ကိုဝင်းကျော် အခင်းနဲ့ မရီရီဝင်းအခင်းမှာ ဆက်ပြီးတော့ ထွန်ယက်စိုက်ပျိုးဖို့ ပြင်နေပါတယ်။”

စီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ကျော်ကို ဦးပိုင်ကုမ္ပဏီက သိမ်းယူခဲ့ပြီး ရွာ၎ရွာကို ဖယ်ရှားခိုင်းခဲ့တာပါ။ စီမံကိန်းကို ဆန်ကျင်ကန့်ကွက်မူတွေ အပြင်းအထန်ဖြစ်ပြီးနောက် စီမံကိန်း ဆက်လုပ်သင့်မသင့်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး ဆုံးဖြတ်စေခဲ့ပါတယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က စီမံကိန်း ဆက်လုပ်ဖို့ အကြံပြုထားတဲ့အတွက် ဒေသခံတွေဘက်က လက်မခံကြဘဲ ဆန္ဒပြမူတွေ ဆက်လုပ်ခဲ့ပါတယ်။

ဧပြီလ ၂၅ရက်နေ့က မိုးကြိုပြင်ရွာက လယ်သမားကြီး ဦီးဝင်းကျော်ပိုင်တဲ့ လယ်မြေမှာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပေမဲ့   ထွန်ယက်စိုက်ပျိုးမူတွေ ဆက်လုပ်ဦးမှာဖြစ်တယ်လို့ ဦးဝင်းကျော်ကဆိုပါတယ်။
“ကျနော်တို့တရွာလုံး ခံစားနေရတာက မတရားဖြစ်နေပါပြီ အခုဟာက သူတို့ဖက်က အကြမ်းဖက်လာရင် ကျနော်တို့ဘက်က ကျနော်တို့ လယ်ယာထဲမှာ ဆက်ကြဲမှာပါပဲ။”

ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြား ပစ်ခတ်မှုဖြစ်ပွားရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းဖို့အတွက် ဆားလင်းကြီးမြို့နယ်ရဲစခန်းကို ဆက်သွယ်ခဲ့ရမှာတော့ ဆက်သွယ်လို့မရပါဘူး။
လက်ပံတောင်းတောင်က ဒေသခံတွေအနေနဲ့ကတော့ လယ်မြေတွေဟာ ဘိုးဘွားစဉ်ဆက်လုပ်ဆောင်လာတဲ့ နယ်မြေတွေဖြစ်တာကြောင့် ရောင်းချလိုခြင်းမရှိပါဘူး။

ကုမ္ပဏီတွေက ပေးတဲ့ငွေကလည်း ကာလပေါက်ဈေးမပေးဘဲ တစ်ဧကကို ဆယ်သိန်းလောက်ပဲ ပေးခဲ့ကြတာပါ။ စီမံကိန်းကြောင့် ဘေးထွက် ဆိုးကျိုးဖြစ်လာနိုင်တဲ့အန္တရာယ်ကိုလည်း ကုမ္ပဏီတွေက ကာကွယ်တားဆီးလုပ်ဆောင်တာ မတွေ့ရရဘူး ဆိုပြီး ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒီစီမံကိန်းကိုတော့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆက်မလုပ်သင့်တဲ့ အကြောင်း ဝေဖန်ပြောဆိုမှုတွေရှိပါတယ်။
မအေးအေးမာ
VOA Burmese

စက် လက်တုကို လက်ကိုင်ဖုန်း နဲ့ ခိုင်းမယ်


၂၅.၀၄.၂၀၁၃
လက်ကိုင်းဖုန်းက app နဲ့ ထိန်းချုပ် စေခိုင်း နိုင်မယ့် i-limb လို့ခေါ်တဲ့ စက် လက်တု တမျိုးကို လန်ဒန်က လက် တဘက် မရှိတဲ့ ဆယ်ကျော်သက် တဦးကို ပထမဆုံး တပ်ဆင် ပေးလိုက်ပြီ ဖြစ်ပါတယ်။

လန်ဒန်မှာ နေထိုင်တဲ့ အသက် ၁၆ နှစ် အရွယ် ပတ်ထရစ် ကိန်းကို တပ်ဆင်ပေးလိုက်တာ ဖြစ်ပြီး၊ ပတ်ထရစ် ကိန်းက ဒီ i-limb ဟာ တန်ဖိုး မဖြတ်နိုင် ဘူးလို့ ပြောပါတယ်။

သူဟာ ငယ်စဉ် အခါက ဦးနှောက် အမှေးရောင် ရောဂါ ခံစားခဲ့ ရပြီးနောက် ဘယ်ဘက် လက်နဲ့ ညာခြေ တဘက် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

လက်ကိုင်ဖုန်း app ကနေ စက် လက်တုကို ခိုင်းစေနိုင်မယ့် ပုံစံ အမျိုးပေါင်း ၂၄ ခု ပါဝင်ပါတယ်။

စက် လက်တုကို လက်ကိုင်ဖုန်း နဲ့ ထိန်းချုပ် အသုံးပြုနိုင် သလို မိမိလက်မောင်း ကြွက်သားတွေရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ် ခိုင်းစေနိုင်မှာ လည်း ဖြစ်ပါတယ်။

ပက်ထရစ်ဟာ Touch Bionics ကုမ္ပဏီက ထုတ်လုပ်တဲ့ အရင် စက်လက်တု ကို အသုံးပြုနေခဲ့တာ ဖြစ်ပြီး၊ အခု လက်ကိုင်းဖုန်းနဲ့ တွဲဖက် အသုံးပြု နိုင်တဲ့ i-limb အသစ် ကတော့ လှုပ်ရှားမှုတွေကို ပိုလုပ်နိုင်တယ်လို့ ပြောပါတယ်။
BBC Burmese

ဗိုလ်ချုပ်ရွာသားများ ဆန္ဒပြ

သန်လျင်၊ ဧပြီ ၂၅။
နှစ်ပေါင်း (၂ဝ)ကျော်က သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိလိုသောသန်လျင်မြို့နယ်
ဗိုလ်ချုပ်ကျေးရွာမှ ရွာသား (၁ဝဝ)ခန့်က ယနေ့မနက်(၁ဝ)နာရီအချိန်တွင် သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

သန်လျင် ရေနံချက်စက်ရုံမှ စွမ်းအင်သင်တန်းကျောင်း ဆောက်လုပ်ရန်အတွက်ဟုဆိုကာ လယ်မြေ (၃၃၄)ဧကကို သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ မည်သည့်ကျောင်းမှ ဆောက်လုပ်ခြင်းမရှိပဲ လယ်မြေများကိုလည်း တစ်ဧက စပါးဆယ်တင်းနှုန်းဖြင့် သီးစားချထားကြောင်း အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သူ ဒေါ်မြမြလှိုင်က
ပြောသည်။

“၈၈ အရေးအခင်း နောက်ပိုင်းတုန်းက ခလရ(၉ဝ)က စစ်သားတွေနဲ့ (၃)ရက်အတွင်း လူ၊ ကျွဲ၊ နွား
ဘာမှမမြင်ချင်ဘူး ဖယ်ပေးရမယ်ဆိုပြီး လယ်မြေတွေကို သိမ်းယူသွားခဲ့တာပါ” ဟု ဒေါ်မြမြလှိုင်က ပြောသည်။

ထိုကဲ့သို့ သိမ်းယူခဲ့စဉ်က မြေယာများအတွက် လျော်ကြေးငွေ လုံးဝ မရရှိခဲ့ပဲ သီးနှံလျော်ကြေးဟုဆိုကာ
တစ်ဧကလျှင် (၂ဝဝဝ)ကျပ်နှုန်းဖြင့် ပေးသွားခဲ့ကြောင်း ဗိုလ်ချုပ်ကျေးရွာမှ လယ်မြေ(၁ဝ)ဧက
သိမ်းဆည်းခံခဲ့ရသူ ဒေါ်လှလှခင်က ပြောသည်။

၎င်း အသိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် နိုင်ငံတော် သမ္မတထံသို့ ပြီးခဲ့သည့်
ဖေဖော်ဝါရီလကလည်း စာတင်ထားသေးကြောင်း သိရပြီး ထူးခြားမှု တစ်စုံတစ်ရာ မရှိပါက ယခုကဲ့သို့ ဆက်လက်ဆန္ဒပြသွားမည်ဟု ဆန္ဒပြသူများက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် သန်လျင်မြို့ ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုမိန့် ရရှိခဲ့ခြင်းဖြစ်ကြောင်း
သိရပြီး နေ့လည် (၁၂)နာရီတွင် ဆန္ဒပြပွဲ ပြီးဆုံးခဲ့သည်။
ထက်နောင်နောင်
The Myanma Age

NLD ပါတီဝင် အယောင်ဆောင် တဦး ရန်ကုန်မြို့လယ်မှာ ဖမ်းမိ

Thursday, April 25, 2013
ရန်ကုန်မြို့လယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ၀တ်စုံနဲ့ ပါတီဝင်မဟုတ်သူ အယောင်ဆောင် လူတစ်ဦးကို ယနေ့ ဖမ်းမိလိုက်ပါတယ်တဲ့။

NLD နိုင်ငံလုံးဆိုင်ရာညီလာခံမှာတွေ့ရတဲ့ ပါတီ ၀တ်စုံနှင့် ပါတီဝင်များ၊ ဓာတ်ပုံ- NLD

ဖြစ်ပုံကတော့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မိတ္တီလာ အရေးအခင်း ဗွီဒီယိုခွေတွေ ရောင်းချနေတာကို 
တွေ့တော့ မသင်္ကာတာနဲ့  ကျောက်တံတားမြို့နယ်မှ  NLD အဖွဲ့ဝင်တွေက ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက စုံစမ်းမေးမြန်းရာ NLD အဖွဲ့ဝင် မဟုတ်ဘဲ မြောက် ဥက္ကလာပ မြို့နယ်နေ ဇော်မင်းထွန်း ဆိုသူဖြစ်ကြောင်း သိရှိရပြီး ကျောက်တံတားရဲစခန်းကို အပ်နှံလိုက်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က ဘယ်လို ဆက်လက် အရေးယူဆောင်ရွက်မယ်ဆိုတာကို  ကျောက်တံတားမြို့နယ်၊ ရန်ကုန် အနောက်ပိုင်းခရိုင်နှင့် ရန်ကုန်တိုင်း NLD တာဝန်ရှိသူများက အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း NLD တာဝန်ရှိသူတွေက ဆိုပါတယ်။

အယောင်ဆောင်တာတောင် နိုင်ငံရေး လုပ်ကြံမှုပါတဲ့ အယောင်ဆောင်မှုပါ။ မိတ္ထီလာ အရေးအခင်းဖြစ်ပြီး တချို့ မီဒီယာတွေနဲ့ အင်တာဗျူးတချို့မှာ ဖြစ်ရပ်ဆိုးကြီးနောက်ကွယ်မှာ NLD နဲ့ ၈၈ တွေကပဲ နောက် ကွယ် က ကြိုးကိုင်တယ်ဆိုပြီး စွပ်စွဲ ပြောဆိုခဲ့ပါသေးတယ်။

နောက်ပိုင်း ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင် ဦးအောင်သောင်းကလည်း အမေရိကန် သံအမတ် နဲ့ တွေ့ပြီးနောက်မကြာခင်မှာဘဲ  ဒီ မိတ္ထီလာ အရေးအခင်းနောက်ကွယ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ သူတို့ရဲ့ အမာခံတွေက ဖန်တီးကြိုးကိုင်ခဲ့တာလို့လည်း စွပ်စွဲခဲ့တယ်။

အခုတော့ ဒီ မိတ္ထီလာ အရေးအခင်း ဗီဒီယိုတွေကို NLD လူငယ်တဦးက ဖြန့်ဝေနေတယ်ဆိုတဲ့ ပုံစံ နဲ့ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ အယောင်ဆောင် ဖန်တီး လုပ်ကွက်ဟာ အတော် သတိထားစရာဖြစ် ပါတယ်။
အိမ့်သံစဉ်
The Irrawaddy (Burmese Version)

ဂျင်း၏ အကျိုးထူး(၁၀)ဖြာ

April 20
၁) သားအိမ်ခေါင်းကင်ဆာကို ကုသပေးခြင်း
၂) အူမကြီးကင်ဆာကို ကာကွယ်ပေးခြင်း
၃) ကိုယ်ဝန်ဆောင်များဖြစ်တတ်သော မနက်ပိုင်းဝမ်းဗိုက်မအီမသာဖြစ်ခြင်း (morning sickness) ကို သက်သာစေခြင်း
၎) ကားမူး၊ လှိုင်းမူးခြင်းစသည့် (motion sickness) ကို ပျောက်စေခြင်း
၅) နာကျင်မှုနှင့် ရောင်ရမ်းမှုများ လျှော့ချပေးခြင်း
၆) ရင်ပူရင်ဆာပျောက်ခြင်း
၇) ဆီးချိုရောဂါကြောင့်ဖြစ်သည့် ကျောက်ကပ်ရောဂါ (nephropathy) ကို ကာကွယ်ပေးခြင်း
၈) ခေါင်းတစ်ခြမ်းကိုက်ခြင်း (ဦးယဉ်းနာ) ကို သက်သာစေခြင်း
၉) ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေခြင်း
၁၀) အအေးမိနှင့် တုပ်ကွေးရောဂါများကို ကာကွယ်ပေးခြင်း
Source: I Love Filipino Food ",)
နှိုင်းရင့်နွေ
ကျန်းမာရေးစာတိုများစုစည်းမှု

အ၀လွန်ခြင်းကို လျော့ပါးစေမည့် အပ်စိုက်ကုထုံး

စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် သက်ဆိုင်သော အပ်စိုက်ကုထုံးတစ်မျိုးသည် အစားအစာကို အလွန် အကျူး စားသုံးခြင်းကိုလျော့ပါးစေပြီး ၀ိတ်ကျစေကြောင်းသုတေသနတစ်ရပ်တွင်ဖော်ပြထားသည်။

ယခုသုတေသနကို University of Bond က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သုတေသီ Dr. Peta Stapleto ကအပ်ငယ်လေးများကို အသုံးပြုပြီး ကိုယ်အလေးချိန် လျော့ကျစေခြင်းမှာ ဖိအားပွိုင့်နေရာ များကိုအပ်စိုက်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါအပ်စိုက်ကုထုံးကို Emotional Freedom Techniques ဟုခေါ်ဆိုကြောင်း၊ ဖိအားပွိုင့်များကို အပ်စိုက်နေချိန်တွင်စိတ်ကို တည်ငြိမ် စွာစုစည်းထားရပြီး စိတ်တိုနေချိန်ပြု လုပ်၍မရကြောင်း၊ စိတ်ခံစားမှုနှင့်ပိုဆိုင်ပြီး ဇီဝကမ္မဆိုင်ရာဖြစ်စဉ်များ နှင့်မပတ်သက်ကြောင်း၊ လက်ရှိ သုံးစွဲနေသော ကိုယ်အလေးချိန်လျှော့ချသည့် အစီအစဉ်များသည် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကို အခြေမခံဘဲ အစားအစာကို ချုပ်တီးလိုစိတ်ကိုသာ အားပေးနေကြောင်း၊ ယခုကုသနည်းသည် အ၀လွန်သူပေါင်း ၄၀ကျော်ကို ၂ကီလိုဂရမ်ကို ကျဆင်းစေသည်ကို သက်သေပြနိုင်ခဲ့ကြောင်းရှင်းပြခဲ့သည်။

အပ်စိုက်ကုထုံးကိုခံယူရချိန်မှာ တစ်နှစ်ဖြစ်ပြီး ကုသမှုအပြီးတွင် ပါဝင်သူများသည် အစားအစာကို ချင့်ချိန်စားသောက်ပြီး အလွန်အကျွံစားသုံးမှု လုံးဝမရှိတော့ကြောင်း၊ ယခုနည်းပညာသည် ကိုယ်အလေးချိန် လျှော့ချမှုအပြင် စိတ်ဖိစီးမှုလျှော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်းများတွင်ပါ အသုံးပြုနိုင်ကြောင်း ရှင်းပြထားသည်။

ပါဝင်သူများသည် အသက်၁၈နှစ်အထက် ရှိသူများဖြစ်ပြီး ကိုယ်အလေးချိန်အညွှန်းကိန်း(BMI) ၂၅အထက်ရှိသူများဖြစ်ပြီး အစားအစာကို အလွန်အကျွံစားသုံးသူများဖြစ်ကြောင်း ဖော်ပြထားသည်။
ငြိမ်းအေး
Ref: ANI
Health Updates Journal

ပိန်စေရန်အတွက် မိုက်ခရိုချစ်ပြား (microchip)များ ထည့်သွင်းနိုင်

အင်္ဂလန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် အစားအစာ အလွန်အကျူး စားသုံးခြင်းက လျော့ပါးစေမည့် မိုက်ခရိုချစ်ပြားတစ်မျိုးကို တီထွင်နိုင်ခဲ့ ကြောင်းသိရှိရသည်။

အီလက်ထရောနစ် implant တစ်မျိုးဖြစ်ပြီး သတ္တ၀ါငယ်များတွင် စမ်းသပ်မှုအောင်မြင်ပြီးဖြစ်သည်။ ကိုယ်အလေးချိန်ကျဆင်းစေရန် ခွဲစိတ်မှုပြုရခြင်းကို ရှောင်ရှားနိုင်သည့် ကုသမှုတစ်မျိုးရှိလာပြီဖြစ်ကြောင်း၊ လူသားများတွင် အသုံးပြုနိုင်ရန် သုံးနှစ်ခန့်လေ့လာဖန်တီးရဦးမည်ဖြစ်ကြောင်း လေ့လာမှုခေါင်းဆောင် တော်ဝင်လန်ဒန်တော်ဝင်ကောလိပ်မှ ဇီဝဆေးပညာပါမောက္ခ Dr. Chris Houmazou က ပြောကြားခဲ့သည်။

အဆိုပါမိုက်ခရိုချစ်ပြားကို intelligent implantable modulator ဟုအမည်ပေးထားပြီး ယင်းတွင်ပါဝင်သော အီလက်ထရုပ်ငယ်များကို ၀မ်းဗိုက်ခေါင်းတွင်းရှိနေသော vagus အာရုံကြောတွင် ချိတ်ဆက်ထားရကြောင်း၊ အဆိုပါချိတ်ဆက်ထားမှုက အာရုံကြောမှတစ်ဆင့်လူ၏ အစာစားလိုစိတ်ကို လျှော့ချပေးနိုင်ကြောင်း၊ အီလက်ထရုပ်များမှတစ် ဆင့် ဦးနှောက်သို့ပို့ဆောင်ပေးနိုင် သည့်အတွက် အစားအစာကိုထပ်ခါ ထပ်ခါ စားသုံးလိုခြင်းများကိုလည်း လျှော့ချပေးကြောင်း ဖော်ပြထားသည်။

Dr. Chris Houmazou က ယခုကဲ့သို့မိုက်ခရိုချစ်ငယ်က ပိန်စေသည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သော်လည်း လူသားများတွင် အန္တရာယ် ဖြစ်နိုင်ချေရှိမရှိကိုမိမိတို့ဆက်လက်လေ့လာနေကြောင်း၊ အစာစားချင်စိတ်ကို လျှော့ချပေးခြင်းသည် သာမန်လူများတွင် အန္တရာယ်ရှိသော်လည်း အ၀လွန်သူများတွင် ဦးနှောက်မှ အစားအလွန်အကျွံစားရန် လှုံ့ဆော်မှုများကို တားဆီးခြင်းသည်အကျိုးရှိ ကြောင်း ယခုသုတေသနတွင် ပြော ကြားထားသည်။
သော်ဇင်
Ref: ANI
Health Updates Journal

နံနက်စာအဖြစ် စားသုံးရန်အသင့်လျော်ဆုံး အာဟာရ (၅) မျိုး

(၁) ဥအမျိုးမျိုး - ဥအမျိုးမျိုးဟာ ပရို တင်းဓာတ်ကြွယ်ဝရုံသာမက မနက် ခင်းတွင် စားသုံးထားပါက တစ်မနက် လုံး ဗိုက်ဝနေစေ၍ အခြားလိုအပ်သော အာဟာရများနှင့်လည်း ပြည့်စုံ နေပါတယ်။
(၂)အုတ်စပါး(Oatmeal)- အုတ်စပါးကတော့ နေ့သစ်တစ်ခုစတင်ဖို့ အကောင်းဆုံးအစာတစ်ခုဖြစ်သလို သင့်ရဲ့အစာအိမ်ကိုလည်း အလုပ် ခဏခဏ လုပ်စေခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အုတ်စပါး ဆန်ပြုတ်ထံမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး သွေးတွင်း အဆီနဲ့ သကြား ဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ထို့ထက်သာမက အုတ်စပါးထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း(anti oxidant)များစွာပါဝင်ပြီး ရောင်ရမ်းမှု တွေကိုလည်း သက်သာစေပါတယ်။
(၃). လက်ဖက်ရည်ကြမ်း
(Green tea)- Green tea သောက်သုံးခြင်းက နှလုံးရောဂါဖြစ်ပွားမှုကို သိသာစွာ လျော့နည်းစေရုံ သာမက ယင်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြား ကင်ဆာစသည့် ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုအား လျော့နည်းစေသည်။ ထို့ပြင် green tea တွင် ပါဝင်သော Polyphenols နှင့် Flavonoids တို့က ခုခံအားစနစ်ကို မြင့်တက်စေပြီး ဆီးချို ထိန်းသိမ်းရာ၌လည်းကူညီပေး ကြောင်း သိရသည်။
(၄). ဒိန်ချဉ်- ဒိန်ချဉ်တွင် ကယ်ဆီ ယမ်များစွာပါဝင်ပြီး အရိုးနှင့်သွား များကို ခိုင်ခံ့စေသည်။ ထို့ပြင် ဒိန် ချဉ်က အစာအိမ်ကို ကူညီနိုင်ပြီး အစာအိမ်အချဉ်ဖောက်ခြင်း၊ အစာ အဆိပ်သင့်ခြင်း၊ အစာမကြေခြင်းတို့ အား သက်သာစေသည်။ ထို့ပြင် အရေပြားအား နူးညံ့ချောမွတ်စေ၍ အပေါ်ယံလွှာရှိဆဲလ်အသေများ ကို ကွာကျစေနိုင်သည်။
(၅). အသီးများ- ပန်းသီး၊ ဖရဲသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဘယ်ရီ သီးစတဲ့အသီးအမျိုးမျိုးစားခြင်းက သင့်ကိုနောက်တစ်ကြိမ်အစာမစားမီ အချိန်ထိ လိုအပ်သောစွမ်းအင် ပမာဏကို မပိုမလိုတိကျစွာထောက်ပံ့ ပေးနိုင်ကြောင်း သိရသည်။
မိုင်ကိ
Ref: WebMD

Health Updates Journal

ဂျစ်ကား သစ်ပင်ဝင်တိုက်၊ ယာဉ်မောင်သေဆုံး

24-4-2013
၂၄ရက် ညနေ ၆ နာရီခန့်တွင်မန္တလေး-ရန်ကုန်ကားလမ်း (လမ်းဟောင်း)ကျောက်ဆည်မြို့ တောင်ဘက် ဟန်မြင့်မိုလ် အနီး မြို့သာရွာမှာ တောင်မှမြောက်သို့မောင်းနှင်လာသော ယဉ်အမှတ် ၈ဂ၊၆၅၅၃ ဂျစ်ကား တစ်စီး အရှိန်မထိန်းနိုင်သောကြောင့် လမ်းဘေးရှိ သစ်ပင်ကို ၀င်တိုက်မိရာယဉ်မောင်းဖြစ်သူမှာ နေရာတွင် သေဆုံးပြီး ယဉ်ပေါလိုက်ပါလာသူမှာခြေထောက်ကျိုးသွားသောကြောင့် ဆေးရုံသို့တင်ပို့ပေးခဲ့ကြောင်းဒေသခံများ ကပြောပြခဲ့ပါတယ်။ သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ — in Mandalay, Myanmar.
DVB TV News





ဦးသိန်းစိန်နှင့် ယင်လက် ထားဝယ်စီမံကိန်း ထပ်မံဆွေးနွေးမည်

April 24, 2013
နယူးဒေလီ (မဇ္ဈိ)။   ။ နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်နေသည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် တည်ဆောက်ရေးကိစ္စကို ထိုင်းဝန်ကြီးချုပ် ယင်လက် ရှီနာဝပ်ထရာ (Yingluck Shinawatra) က သမ္မတ ဦးသိန်းစိန်နှင့် ကြာသပတေးနေ့တွင် တွေ့ဆုံဆွေးနွေးဦးမည် ဖြစ်သည်။

ဘရူနိုင်းနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ၎င်းတို့ သီးသန့်တွေ့ဆုံ၍ စီမံကိန်း အကောင်အထည်ဖော်မှု နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို ဆွေးနွေးကြမည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်အား ကိုးကား၍ The Nation သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်္ဘာလလယ်က နှစ်နိုင်ငံခေါင်းဆောင်များ ကိုယ်တိုင် အတူသွားရောက် လေ့လာခဲ့သည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ဒေါ်လာ ၉ ဘီလီယံ တန်ဖိုးရှိပြီး ထိုင်းက ၃၅ ရာခိုင်နှုန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံထားသည်။

စီမံကိန်းတွင် ရေနက် ဆိပ်ကမ်း တခု၊ လျှပ်စစ် ဓါတ်အားပေး စက်ရုံများနှင့် အခြား စက်ရုံများ ပါဝင်မည် ဖြစ်သည်။ စီမံကိန်း အတွက် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများထဲတွင် ထားဝယ်မှ နေ၍ ထိုင်းနိုင်ငံ နယ်စပ်ကို ဖြတ်ကာ ဘန်ကောက်မြို့အထိ ဆက်သွယ်နိုင်မည့် အဝေးပြေးလမ်းမကြီး တခု ဆောက်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံထားခြင်းလည်း ပါဝင်သည်။

ထိုင်းဝန်ကြီးချုပ်မှာ မြန်မာသမ္မတနှင့် တွေ့ဆုံခွင့်ရတိုင်း ထိုင်းနိုင်ငံ၏ အနောက်ဖက်သမုဒ္ဒရာ ထွက်ပေါက်ရနိုင်မည့် ထိုစီမံကိန်းကိစ္စကို အလေးပေး ဆွေးနွေးလေ့ရှိပြီး မကြာမီကပင် စီမံကိန်း ကြီးကြပ်ကွပ်ကွဲရန် နည်းပညာ ကော်မတီတရပ်ကိုလည်း ထိုင်းအစိုးရက အတည်ပြုခဲ့ပြီး ဖြစ်သည်။

ဦးသိန်းစိန်ကလည်း အိန္ဒိယနိုင်ငံသို့ သွားရောက်စဉ် ထားဝယ်စီမံကိန်းတွင် အိန္ဒိယမှလည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
Mizzima - News in Burmese

ရှေးဟောင်း သုတေသနဇုန်တွင် စေတီသစ် တည်ခြင်းအား တရားစွဲထား

 April 24, 2013
စစ်တွေ(မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်၊ ကျောက်တော် ရှေးဟောင်း သုတေသနဇုန် နယ်မြေအတွင်းရှိ မဟာမုနိ ပရိဝုဏ်ဝင်းထဲ စေတီ တည်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရှေးဟောင်း သုတေသန ဌာနမှ စေတီတည်သူများ ကို တရားစွဲထားကြောင်း သိရသည်။

အမြင့် ကိုးတောင် (၁၃.၅ ပေ) ရှိပြီး “ကိုးနဝင်း စေတီ” ဟု အမည်ပေးထားသည့် အဆိုပါ စေတီငယ်ကို အမည်မသိ လူတစုက ဧပြီလ ၈ ရက်နေ့မှ ဧပြီ ၁၉ ရက်နေ့အတွင်း ညအချိန်များတွင် တည်ထားခဲ့ကြခြင်း ဖြစ်သည်။

“ရှေးဟောင်း သုတေသန နယ်မြေထဲမှာ ဧပြီ ၈ ရက်နေ့က ပန်းရန်ဆရာ ၂၀ လောက်နဲ့ ပန္နက်ချတယ်။ ကျနော်တို့ဌာနက တာဝန်အရ သွားပြီး ဟန့်တားပါတယ်။ ဒါပေမယ့် မြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် ခွင့်ပြုချက်နဲ့ တည်ဆောက်တာဆိုပြီး တားမြစ်မှုကို မလေးမခန့် လုပ်ခဲ့တယ်။ ဒါကြောင့် ဧပြီလ ၉ ရက်နေ့မှာ ဌာနက ဥပဒေနဲ့ အညီ ကျောက်တော်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့သလို မြို့နယ် သာသနာရေး ဦးစီးဌာနကိုလည်း အကြောင်းကြားထားတယ်။ အမှုမှာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆက်စပ်ပါဝင်နေလို့ ပြည်နယ်ကို လွှဲထားတယ်။ ခုအချိန်ထိ ဘာမှအကြောင်း မပြန်သေးဘူး” ဟု မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ဝန်ထမ်းတဦးက ဆိုသည်။

ကျောက်တော် မဟာမုနိရှေးဟောင်းနယ်မြေကို မြောက်ဦးရှေးဟောင်းသုတေ သနဦးစီးဌာန အောက်တွင် ထားရှိသည်။

ယင်းသို့ တရားမဝင် စေတီတည်သူများအား ဥပဒေအရ အမှုဖွင့်ရာတွင် အလှူရှင်များကို မသိရသေးသဖြင့် ကာယကံမြောက် ကျူးလွန်ခဲ့သူ ပန်းရန်ဆရာ ဦးအောင်စိုးမိုး ကိုသာ တရားစွဲဆိုထားရသည်ဟု အဆိုပါဝန်ထမ်းက ပြောသည်။

ထို စေတီငယ် တည်ထားခြင်းအပေါ် ရခိုင်သမိုင်းသုတေသီများ အပါအဝင် ပညာရှင်များ၊ ဒေသခံများကလည်း ကန့်ကွက်လျက်ရှိသည်။

“ရှေးဟောင်းသမိုင်းဝင်ဒေသကို မူလအတိုင်းပဲ ထားသင့်တယ်။ ဘယ်လို အဆောက်အဦ သစ်တွေကိုမှ မဆောက်လုပ်သင့်သလို သက်ဆိုင်ရာကလည်း ခွင့်မပြုသင့်ဘူး။ တကယ်လို့ စေတီဘုရား တည်ထားချင်ရင်လည်း ပရိဝုဏ် ပြင်ပမှာ တည်လို့ရတာပဲလေ” ဟု စစ်တွေမြို့မှ ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ က မိန့်ကြားသည်။

မဟာမုနိရုပ်ပွားတော်မှာ ကျောက်တော်မြို့ အရှေ့ဘက် ၇ မိုင်အကွာရှိ ပေ ၃၀ မြင့်သည့် မဟာမုနိကုန်းတော်ပေါ်ဝယ် ကိန်းဝပ်စံပ္ပါယ်နေခြင်း ဖြစ်သည်။ ဘုရား ကုန်းတော်တွင် ပစ္စယာ ၃ ခု ရှိပြီး ပထမ ပစ္စယာတွင် မဟာမုနိ ရုပ်ပွားတော်၊ ဒုတိယ ပစ္စယာတွင် နတ်များနှင့် တတိယ ပစ္စယာတွင် ပြတိုက်၊ သိမ်တော်၊ လက်ဆေးကန်တို့ ရှိသည်။ ထိုစေတီငယ်ကို တတိယ ပစ္စယာ အတွင်း တည်ထားခြင်း ဖြစ်သည်။ ရှေးဟောင်းဌာန ဥပဒေအရ ပရိဝုဏ်၏ ပြင်ပ ကိုက် ၅၀ အပြင်ဘက်၌သာ တည်ဆောက်ခွင့် ရှိသည်ဟု သိရသည်။

တာဝန်ရှိသူက ဟန့်တားစဉ် ဆက်တည်ခြင်း၊ လူခြေတိတ်ချိန် ညများတွင်သာ ဆောက်လုပ်ခြင်းနှင့် အမြန်လုပ်ကိုင် နေခြင်းတို့ကြောင့် တစုံတရာ ယတြာချေခြင်း ဖြစ်နိုင်သည် ဟုလည်း ယူဆနေကြသည်။

“ဘယ်သူပဲဖြစ်ဖြစ် ဒါဟာ လုံးဝ မလုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ ယဉ်ကျေးမှုနယ်မြေမှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ယတြာချေတာလိုမျိုးဟာ အတော့်ကို အရုပ်ဆိုးတယ်။ ဦးဇင်းကတော့ လုံးဝ ကန့်ကွက်ရှုတ်ချတယ်။ အားလုံး ဝိုင်းကန့်ကွက်ဖို့လည်း တိုက်တွန်းသွားမယ်” ဟု သံတွဲမြို့မှ ရခိုင်သမိုင်းသုတေသီ အရှင်ကုသလ(ငွေသဇင်)က အမိန့်ရှိသည်။

၎င်းစေတီမှာ ကျမ်းစာများနှင့် ရခိုင်ဓလေ့ထုံးတမ်းအရ ပူဇော်အပ်သည့် စေတီတဆူအဖြစ် အသိအမှတ်ပြုရန် ခက်ခဲသည်ဟု ရှေးဟောင်း သုတေသနညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် က မှတ်ချက်ပြုသည်။

“စေတီဘုရားတွေ တည်မယ်ဆိုရင် သတ္တုရူပ ဗိသုကာကျမ်း အညီ တည်ဆောက် သွန်းလုပ်ကြရတယ်။ သတ္တုရူပဗိသုကာကျမ်း အလိုအရဆိုရင် စေတီတည်မယ့် မြေဟာ သန့်စင်ပြီးသား ဖြစ်နေ ရမယ်။ စေတီမှာ ဌာပနာမယ့် အခန်းအရံတွေ ရွေးချယ် ထည့်သွင်းရမယ်။ သူတို့မှာက ရှေးဟောင်း သုတေသနဌာနက ဥပဒေနဲ့အညီ ထိန်းချုပ်ထားတဲ့ မြေဖြစ်နေတယ်။ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသလို အခန်းအရံ ရွေးချယ် ထည့်သွင်းခြင်း မရှိတာကိုလည်း တွေ့ရတယ်” ဟု ထောက်ပြသည်။

အခန်းအရံ ထည့်သွင်းခြင်းဆိုသည်မှာ ကျမ်းစာနှင့်အညီ ဌာပနာထည့်သွင်းခြင်းကို ဆိုလိုသည်။

“စေတီတည်သူတွေ နောက်ထပ် သိရမှာက ရခိုင်စေတီဌာပနာ ၃ ရပ် ရှိတယ်။ မြေအောက် ဌာပနာမှာ ဗုဒ္ဓမြတ်စွာ ဘုရားမဖြစ်မီ ဖွားတော်မူခန်း၊ တောထွက်ခန်းစတဲ့ ဗုဒ္ဓဝင်လာ ဆင်းတုတွေကို ဌာပနာရတယ်။ သပိတ်မှောက် ဌာပနာမှာက ဘုရားဖြစ်ပြီး ဗောဓိပင်နဲ့ ရွှေပလ္လင် အောင်တော်မူခန်းလို ဆင်းတုတွေကို ဌာပနာရတယ်။ ငှက်ပျောဖူး ဌာပနာကျတော့ ဘုရားက စကုပတိမင်းကို ချွတ်ခန်းစတာတွေနဲ့ ဌာပနာရပါတယ်။ မဟာမုနိကုန်းပေါ်မှာ ဥပဒေမဲ့ တည်ထားရာမှတော့ ဘီလူးရုပ်တွေ၊ ဇော်ဂျီရုပ်တွေနဲ့ လုပ်ထားတယ်။ ကျမ်းဂန်နဲ့ မညီသလို ရခိုင်ရိုးရာ ဓလေ့ထုံးစံတွေနဲ့လည်း ဆန့်ကျင်နေတယ်။ စေတီတခုရဲ့ အင်္ဂါရပ်တွေ မပါဘူးလို့ပဲ ပြောရမယ်” ဟု ရှင်းပြသည်။

မြောက်ဦးမြို့မှ ရခိုင်သမိုင်းသုတေသီ ဝေဒပညာရှင်တဦးကလည်း ပွင့်လင်းမြင်သာမှုလည်း မရှိဘဲ ဥပဒေကို ဆန့်ကျင်၍ သင်္ကြန်အတွင်း ညအချိန်များတွင် စေတီတည်ခြင်းအား ဝေဖန်လိုက်ပြီး ယတြာလုပ်ရန် ကြိုးပမ်းချက်တခုဟု စွပ်စွဲလိုက်သည်။

“ဒါဟာ နောက်ကွယ်က ဘယ်အဖွဲ့အစည်းက ကြိုးကိုင်နေမှန်းမသိပေမယ့် ရခိုင်ယဉ်ကျေးမှုကို ဖျက်ဆီးဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ မြင်တယ်။ သူတို့က မဟာမုနိဟာ ရခိုင်တို့ရဲ့ အသက် ဆိုတာ သိတယ်။ ရခိုင်ကို တခုခု လုပ်ချင်ရင် ရခိုင်တို့ရဲ့ ဦးခေါင်းနဲ့ တူတဲ့ မဟာမုနိကို အဓိက ပစ်မှတ်ထားတယ်။ သူတို့က စေတီငယ်ကို ရှစ်သောင်း ပုထိုးပုံစံယူ တည်ထားတယ်။ ၁၅၃၅ ခုနှစ်၊ ရခိုင်ဘုရင် မင်းဗာကြီးက ရှစ်သောင်းကို တည်တဲ့အခါ ဗေဒင် ယတြာအရ တိုင်းပြည်ရဲ့ အာယုအရပ်ဖြစ်တဲ့ နန်းတော်ကုန်းရဲ့ မြောက်ဘက်မှာ တည်တယ်။ အခုဟာက ရှစ်သောင်း ပုံတူ စေတီကို မဟာမုနိရဲ့ အနောက်ဘက်အရပ်ဆိုတော့ ပရိဝါရ လို့ခေါ်တဲ့ မတည်သင့်တဲ့ အရပ်မှာ တည်လိုက်တာ
ဖြစ်တယ်။ ဒါဟာ ဗေဒင်ကိန်းခန်းအရ ကောင်းတဲ့ ရည်ရွယ်ချက် လုံးဝ မဟုတ်ဘူး” ဟု ဆိုသည်။

ယခု စေတီငယ်မှာ  ရှစ်သောင်းပုထိုးတော်နှင့် ပုံစံတူဟု ဆိုသော်လည်း ကွဲပြားမှုများရှိသည်။ ရှစ်သောင်း တည်ပုံမှာ ခေါင်းလောင်းမှောက် ပုံစံ ဖြစ်ကာ ဤစေတီငယ်မှာမူ အောက်ခြေမှစ၍ ၈ မျက်နှာယူထားပြီး အပေါ်ပိုင်း သပိက်မှောက်တွင် ဆောင့်ကြောင့်ထိုင်နေသော ဘီလူးရုပ်များကို ထည့်ထားသည်။

ရခိုင်ရှေးဟောင်းသုတေသနဌာန မြောက်ဦးဌာနကို ၁၉၂၀ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ကျောက်တော် ရှေးဟောင်း နယ်မြေကို ပူးတွဲသတ်မှတ်ကာ၊ ၁၉၅၅ ခုနှစ်တွင် မဟာမုနိ ကုန်းတော်၌ ပြတိုက်တခုကို ကုန်းတော်၏ အောက်ဆုံး ပစ္စယာတွင် ထားရှိခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့ထုတ် ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့(Global Heritage Fund)မှ ထုတ်ပြန်သော အစီရင်ခံစာ၌ အဆိုပါ ကျောက်တော် မဟာမုနိ ရှေးဟောင်းဒေသအနီးရှိ မြောက်ဦးမြို့ဒေသကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ ခု စာရင်းတွင် ထည့်သွင်းထားခဲ့သည်။
Mizzima - News in Burmese

လယ်ယာလုပ်ငန်းခွင် နှင့် ဓါတုဗေဒဆေးအန္တရာယ်

ပြောင်းလဲလာသောခေတ်နှင့်အညီ လယ်ယာလုပ်ငန်းခွင်သည်လည်း တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည့် လယ်ယာသုံး ဓါတုဗေဒဆေးများကို ယခင်ကထက်ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ဒါကြောင့်လဲ လယ်ယာသုံး ဓါတုဗေဒဆေးများကြောင့် တောင်သူလယ်သမားများနှင့် သူတို့ရဲ့မိသားစုဝင်တွေ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေကို မကြာခဏဆိုသလို ဖြစ်ပွါးလာပါတယ်။ တောသူတောင်သားတွေအနေနှင့်လည်း မိမိပတ်ဝန်းကျင်မှာ လယ်ယာသုံး ဓါတုဗေဒဆေးတွေ ပိုးသတ်ဆေးတွေကြောင့် ဒုက္ခရောက်ကြတာတွေကို သိရှိကြမှာပါ။ ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေ ဓာတ်မြေသြဇာတွေအလွန်အကျွံသုံးဆွဲမှုက သီးနှံတွေအပေါ်မှာ ဆေးကြွင်းအာနိသင်တွေ ရှိသင့်တာထက် ပိုမိုပါဝင်လာလို့ စားသုံးသူတွေလဲ ဘေးထွက်ဆိုးကျိုးကို ခံစားရပါတယ်။

လယ်ယာသုံး ဓါတုဗေဒဆေးတွေ ပိုးသတ်ဆေးတွေဟာ ချက်ခြင်းလက်ငင်း အန္တရယ်ပေးနိုင်သလို၊ တဖြည်းဖြည်းခြင်းနှစ်တွေကြာမှလည်း အန္တရယ်ပေးနိုင်ပါတယ်။ ( ဥပမာ - ကင်ဆာရောဂါ၊ အဆုပ်၊ အသဲ၊ ကျောက်ကပ် ရောဂါများ )။ ဒီလို ဓါတုဗေဒဆေးဝါးဘေးအန္တရာယ်(Chemical Hazard)တွေ ဖြစ်လာရတာဟာ အသုံးပြုသူ တောင်သူလယ်သမားတွေအနေနှင့် လယ်ယာသုံး ဓါတုဗေဒဆေးတွေကို ဘယ်လို ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်း အသုံးပြုရမယ်ဆိုတာ သိရှိနားလည်သဘောပေါက်မှု အားနဲတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
လယ်ယာသုံး ဓါတုဗေဒဆေးတွေကို မဆင်မခြင် ပေါ့ဆစွာ သုံးစွဲမှုတွေကြောင့် အောက်ပါ ဘေးထွက်ဆိုးကြိုးတွေ ဖြစ်လာနိုင်ပါတယ်။
- အဆိပ်သင့်ခြင်း
- ပျို့အန်ခြင်း
- ခေါင်းကိုက်ခဲခြင်း
- အရေပြား လောင်ခြင်း
- အဆုပ်၊ အသဲ၊ ကျောက်ကပ် ရောဂါများ ဖြစ်ပွါးခြင်း
- သန္ဓေသား ထိခိုက်ခြင်း
- ကင်ဆာ ရောဂါ နှင့်
- အာရုံကြောဆိုင်ရာ ဝေဒနာများ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် တောင်သူလယ်သမားများအနေနှင့် လယ်ယာသုံး ဓါတုဗေဒဆေးတွေကို ဘယ်လိုစနစ်တကျ သိုလှောင်ရမယ်၊ အသုံးပြုရမယ်၊ စွန့်ပစ်ရမယ် ဆိုတာတွေကို သိနားလည်ထားသင့်ပါတယ်။

MSDS( Material Safety Data Sheet)
လယ်ယာသုံး ဓါတုဗေဒဆေးတွေကို အသုံးပြုတော့မယ်ဆိုရင် ဦးစွာ ဆေးအညွှန်းကိုသေချာစွာဖတ်ရှုရပါမယ်။ MSDS( Material Safety Data Sheet) လို့ခေါ်တဲ့ ပစ္စည်းတစ်ခုရဲ့ အန္တရာယ်ကင်းရေးဆိုင်ရာ အချက်အလက်များကိုလဲ နားလည်သဘောပေါက်အောင် ဖတ်ရှုရပါမယ်။ သက်ဆိုင်ရာ ဆေးထုပ်လုပ် ဖြန့်ဖြူးသူတွေအနေနဲ့လည်း ၀ယ်ယူအသုံးပြုတဲ့ တောင်သူတွေကို နားလည်သဘောပေါက်အောင် ရှင်းပြဖို့လိုပါတယ်။ ပြည်တွင်းမှာအသုံးပြုတဲ့ ဆေးတိုင်းကိုလည်း MSDS ကို မြန်မာဘာသာနှင့်ရေသားစေဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်သင့်ပါတယ်။ ဒါမှလည်း မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်တားဆီးနိုင်မှာပါ။
MSDS( Material Safety Data Sheet) လို့ခေါ်တဲ့ ပစ္စည်းတစ်ခုရဲ့ အန္တရာယ်ကင်းရေးဆိုင်ရာ အချက်အလက်များဟာ အလွန်အဖိုးတန်တဲ့ အချက်အလက်တွေကိုပေးပါတယ်။ MSDS ထဲမှာ
- ဆေး အမည်
- ဓါတုဗေဒ အမည်
- မီးလောင်ပေါက်ကွဲနိုင်သည့် အန္တရာယ်
- ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်
- ဘယ်လို အန္တရာယ်ကင်းအောင်း အသုံးပြုပုံ
- အရေးပေါ် ရှေးဦးသူနာပြုစုနည်း
- ဤMSDSကို ထုတ်ပြန်တဲ့နေ့စွဲနှင့် ပြန်လည်မွန်းမံလျှင် နောက်ဆုံးပြင်ဆင်ခဲ့သော ရက်စွဲ စတာတွေပါဝင်ပါတယ်။

သိုလှောင်ပုံ
လယ်ယာသုံး ဓါတုဗေဒဆေးတွေကို သိုလှောင်ရာမှာ နည်းစနစ်တကျ အန္တရာယ်ကင်းအောင် ထားဖို့လိုပါတယ်။
- ကလေးများနဲ့ လက်လှန်းမမှီနိုင်တဲ့နေရာမှာ ထားပါ၊
- မီးနဲ့ဝေးရာမှာ ထားပါ၊
- အစားအသောက်တွေနှင့် ရောမထားပါနှင့်၊
- ဆေးများကို မူလပုလင်းများ၊ ဗူးများထဲမှာသာ သိမ်းဆည်းထားပါ၊ အခြား ပုလင်း၊ ဗူး၊ ခွက်တွေထဲ မထည့်ထားပါနှင့်၊
- ဆေးဗူး၊ ပုလင်းတွေက တံဆိပ်တွေ၊ အညွှန်းတွေကို မခွါပစ်ပါနှင့် စတဲ့ အခြေခံအချက်တွေကို အနိမ့်ဆုံး လိုက်နာသင့်ပါတယ်။

အသုံးပြုပုံ
လယ်ယာသုံး ဓါတုဗေဒဆေးတွေဟာ ခန္ဓာကိုယ်ထဲကို ပါးစပ်မှတဆင့်၊ အရေပြားမှတဆင့်၊ အသက်ရှုလမ်းကြောင်းမှတဆင့် ၀င်ရောက်နိုင်ပါတယ်။ ဒါကြောင့် အသုံးပြုနေစဉ်မှာ ဆေးအညွှန်းမှာပါတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာရပါမယ်။ အခြေခံလိုအပ်တဲ့ တကိုယ်ရေသုံး ဘေးအန္တရာယ်အကာအကွယ် ကရိယာ (Personal Protective Equipment PPE) တွေကို အသုံးပြု ၀တ်ဆင်ပါ။ ( ဥပမာ- အန္တရာယ်ကင်း မျက်မှန်၊ လက်အိပ်၊ အသက်ရှုအကူကရိယာ၊ ရာဘာဖိနပ်)။ အသုံးပြုပုံကို နားလည်သဘောပေါက်မှ အသုံးပြုပါ။ နားမလည်လျှင်၊ မရှင်းလျှင် နားလည်တက်ကျွမ်းသူကို မေးမြန်းပြီးမှ အသုံးပြုသင့်ပါတယ်။
( PPE ပုံ )

ရောဂါလက္ခဏာ
လယ်ယာသုံး ဓါတုဗေဒဆေးတွေ ပိုးသတ်ဆေးတွေ အဆိပ်သင့်မှုကြောင့် ဖြစ်တက်တဲ့ ရောဂါလက္ခဏာတွေကတော့ မူးဝေခေါင်းကိုက်ခြင်း၊ ချွေးစေးပြန်ခြင်း၊ အော့အန်ခြင်း၊ ကြွက်တက်ခြင်း စတာတွေဖြစ်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကတော့ အသက်ရှုခက်ခဲလာခြင်း၊ မျက်စေ့သူငယ်အိမ် အလွန်ကျဉ်းလာခြင်း၊ သွားရည် နှာရည်များစီးကျလာခြင်း၊ သတိလစ်မေ့မျောခြင်းတို့ ဖြစ်ပါတယ်။
အရေးပေါ် ကယ်ဆယ်ရေး
လယ်ယာသုံး ဓါတုဗေဒဆေးတွေ ပိုးသတ်ဆေးတွေကြောင့် အဆိပ်သင့်လျှင် အောက်ပါအတိုင်း အလျှင်အမြန်ဆောင်ရွက်သင့်ပါတယ်။
- လူနာကို ဆေးဖြန်းသည့်နေရာမှ ဝေးရာသို့ အမြန်ဆုံး သယ်သွားပါ၊
- ဆေးဖြန်းနေစဉ်ဝတ်ထားသည့် အ၀တ်အစားများကို အမြန်ဆုံးလဲပေးပါ၊
- ခြေလက်များကို ရေဖြင့်ဆေးကြောပေးပါ၊
- လူနာထနိုင်လျှင် ခေါင်းမှစပြီး ရေများများလောင်းပေးပါ၊
- ပါးစပ်ထဲဝင်လျှင် လူနာကို သောက်နိုင်သမျှ ရေများများတိုက်ပါ၊
- မျက်လုံးထဲဝင်လျှင် မျက်လုံးကိုဖြဲ၍ ရေများများဖြင့် အနဲဆုံး ၁၅ မိနစ်ခန့် ဆေးကြောပေးပါ၊
- လူနာကို နီးစပ်ရာ ဆေးရုံ ဆေးခန်းပို့ရန်စီစဉ်ပါ။

စွန့်ပစ်ပုံ
အသုံးပြုပြီးသား ဆေးကြွင်းဆေးကျန်များကို လက်လွတ်စပယ် စွန့်ပစ်ခြင်းဟာ မိမိနေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ လယ်ထဲ ချောင်းထဲ စွန့်ပစ်ပါက ပတ်ဝန်းကျင်ညစ်ညမ်းမှုအပြင် သတ္တ၀ါများကိုသေကြေပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆေးအကြွင်းအကျန်တွေကို စနစ်တကျ စွန့်ပစ်သင့်ပါတယ်။ ဆေးများကိုလည်း လိုသလောက်သာ အသုံးပြုသင့်ပါတယ်။

ပညာပေးရေး
သက်ဆိုင်ရာ ၀န်ကြီးဌာနအနေဖြင့်လည်း တောင်သူလယ်သမားများ ဘေးအန္တရယ်ကင်းရှင်းရေးအတွက် ၊သတင်းစာ၊ ရေဒီယို/ရုပ်မြင်သံကြား စတဲ့ မီဒီယာများမှတဆင့် အခါအားလျှော်စွာ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကွင်းဆင်းပညာပေးဟောပြောခြင်များပြုလုပ်သင့်ပါတယ်။ ဆေးထုတ်လုပ်ဖြန့်ဖြူးသူတွေအနေဖြင့်လည်း ဆေးညွှန်းများကို ရှင်းလင်းစွာ ရေးသားဖော်ပြပေးခြင်း၊ သုံးဆွဲသူတောင်သူလယ်သမားများကို ဆေးအသုံးပြုပုံကို နားလည်သဘောပေါက်အောင်ရှင်းပြခြင်း၊ အခြေခံလိုအပ်တဲ့ တကိုယ်ရေသုံး ဘေးအန္တရာယ်အကာအကွယ် ကရိယာ (Personal Protective Equipment ,PPE) များကို ပံ့ပိုးပေးခြင်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

စကားစပ်မိ၍ ပြောရပါအုံးမယ်။ ရုပ်မြင်သံကြား ကြေညာတွေမှာ တွှေတွေ့နေရတာက မင်းသားမင်းသမီးများ ပိုးသတ်ဆေးများကို ကခုန်ပြီး ဘာအကာအကွယ်မှမပါ ပတ်ဖြန်းပြနေတာ ဟာ တကယ်ကိုဆိုးပါတယ်။ ဒါတွေကိုကြည့်ပြီး မသိနားမလည်တဲ့ တောသူတောင်သားများဟာ မှားယွင်းတဲ့ အသိတွေ ၀င်လာနိုင်ပါတယ်။ တောင်သူလယ်သမားများအနေနှင့်လည်း မိမိအန္တရာယ် ကင်းရှင်းရေး၊ ပတ်ဝန်းကျင် အန္တရာယ် ကင်းရှင်းရေးအတွက် လယ်ယာသုံး ဓါတုဗေဒဆေးတွေ၊ ပိုးသတ်ဆေးတွေကို ဂရုတစိုက် အသုံးပြုသင့်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် တောင်သူလယ်သမားများရဲ့ ဘေးအန္တရယ်ကင်းရှင်းရေးဟာလည်း တိုင်းပြည်အတွက် အရေးကြီးပါတယ်။ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်မှာ ဘေးအန္တရယ် ကင်းရှင်းကြပါစေ။
ဇေလတ်။ ပဲခူး သတင်းစဉ်
ကိုးကား-
-အေးငြိမ်း(လေးမျက်နှာ) - လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး
-Better Health Channel - Farm Safety ( Handling Agrichemicals )

ယခုနှစ် ရွှေမောဓေါဘုရားပွဲမြင်ကွင်း(ဓါတ်ပုံသတင်း)

ယနေ့ညရွှေမောဓေါဘုရားပွဲမြင်ကွင်း................
ပဲခူး သတင်းစဉ်

ဘုရားလမ်းရှိရုပ်ရှင်ရုံတွင်ရုပ်ရှင်ကြည့်ရန်စောင့်နေသူများ

ဘုရားပွဲရှိအသုတ်ဆိုင်တွင်စားသောက်နေသူအချို့

မျက်နှာဖုံးရောင်းချနေသူနှင့်ဝယ်ယူနေသူ.

ပွဲဈေးတန်းတနေရာ

ဖျာရောင်းချနေသောဆိုင်တခု

ဘုရားပုံတော်များရောင်းချသောဆိုင်တခု

သနပ်ခါးဝယ်ယူနေသူ

ဘုရားပွဲတော်တွင်းမှရဟတ်တခု

စွမ်းဇာတ်ရုံရှိသူ၏ပရိတ်သတ်များ

စွမ်းဇာတ်ရုံရှိသူ၏ပရိတ်သတ်များ

ဖိုးချစ်ရဲ့ဇာတ်ရုံ

စွမ်းကိုလာရောက်အားပေးသူတွေထဲမှာ

အမြန်လမ်းတွင်ယာဉ်တိမ်းမှောက်မှု အဝေးပြေးကားချောက်ထိုးကျ

 ပဲခူးသတင်းစဉ်
 

စာရေးဆရာတစ်ဦးရဲ့ မှတ်စုများ

RFA Burmese
ဒီတစ်ပတ်မှာတော့ အစဉ်အလာရိုးရာနဲ့ ဘုရားဖူးထွက်လေ့ရှိတဲ့ မြန်မာတွေ ပညာနဲ့ ဗဟုသုတပါ ရှာမှီးနိုင်ဖို့ လိုအပ်နေတဲ့အကြောင်း ဆရာဆူးငှက်ကိုယ်တိုင် တင်ပြထားပါတယ်။

အရပ်ဖက်နှင့် စစ်ဖက် တရားစီရင်ရေးနှစ်ခု ကွဲနေခြင်းသည် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်

ရန်ကုန်၊ ဧပြီ ၂၄။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရပ်ဖက်နှင့် စစ်ဖက် တရားစီရင်ရေးနှစ်ခု ကွဲနေခြင်းသည်
တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ရှိန်က မြန်မာ့ခေတ် သို့
ပြောကြားသည်။ “တရားစီရင်ရေးဟာ တစ်ခုပဲ ရှိရမယ်၊ ပြည်သူ အပါအဝင် ဝန်ထမ်း၊ အုပ်ချုပ်သူ၊ အာဏာပိုင် အတွက်ရော တန်းတူပဲ ဖြစ်ရမယ်”ဟု ၎င်းက ပြောကြားသည်။

ထိုကဲ့သို့ နှစ်မျိုး ကွဲနေခြင်းသည် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်နိုင်ကြောင်း၊ တရား ဥပဒေအောက်တွင် လူတန်းစားအားလုံး တန်းတူ ရှိရမည်ဟူသော မူနှင့်လည်း ကွဲလွဲလျက်ရှိကြောင်း၊ တရား ဥပဒေ စိုးမိုးမှုရေးကို ဖော်ဆောင်ရာတွင်လည်း အခက်အခဲ ဖြစ်နိုင်ကြောင်း အဆိုပါ တရားလွှတ်တော်ရှေ့နေက
မြန်မာ့ခေတ်သို့ ဆက်လက် ပြောကြားသည်။

သင်္ကြန် နောက်ဆုံးရက် (ဧပြီ ၁၆)ရက်နေ့တွင် ရန်ကုန်မြို့ AGD ဘဏ် မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားသော
ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှု ဖြစ်စဉ်နှင့် ဧပြီ ၂၃ ရက်နေ့တွင် ပြည်မြို့၌ ဖြစ်ပွားခဲ့သော စုံတွဲနှစ်ဦး ချိန်းတွေ့ရာမှ အကြမ်းဖက် လူသတ်လုယက်မှု ဖြစ်စဉ်များတွင် တပ်မတော်သားအချို့ ပါဝင်ပတ်သက်လျက် ရှိကြောင်းကို အခင်းဖြစ်ပွားရာ မြို့နယ်ရှိ ရဲတပ်ဖွဲ့ရုံးများမှ စုံစမ်း သိရှိရသည်။ လက်ရှိ အချိန်တွင် တပ်မတော်သားများ အရပ်ဖက်ဆိုင်ရာ ပြစ်မှု ကျူးလွန်ပါက တာဝန်ရှိ ပြည်သူ့ရဲများက ဖမ်းဆီးပြီး ကျူးလွန်သူ တပ်မတော်သားများကို တပ်ရင်းဌာန သို့ ပြန်လွှဲပေးရကြောင်း၊ တပ်ရင်းဌာနမှ စစ်ဆေးပြီးမှသာ တရားစွဲဆိုမှု ပြုလုပ်နေရကြောင်း၊ တပ်မတော်သားများ အခင်းဖြစ်ပွားရာ မြို့များမှ တာဝန်ရှိရဲဝန်ထမ်းများက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အခန်း(၇)ရှိ တပ်မတော်နှင့် သက်ဆိုင်သည့် အခန်းတွင်
တရားစီရင်ရေးနှင့် ပါတ်သတ်၍ တပ်မတော်သားများအတွက် အဖွဲ့ ဖြင့် ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ
ဥပဒေနှင့် အညီ စီရင်နိုင်ကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အဆုံးအဖြတ်
ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
လူမင်း
The Myanma Age

အစိုးရထံတင်ပြတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းထဲမှ လွတ်မြောက်သူ အနည်းငယ်သာပါရှိ

April 24, 2013
မနေ့က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတဲ့စာရင်းဟာ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို တင်ပြထားတဲ့စာရင်းထဲက ၂၀ နီးပါးသာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က အတွင်းရေးမှူး ကိုတိတ်နိုင်က RFA ကို ပြောပါတယ်။

အဲဒီကော်မတီနဲ့ တွေ့ဆုံဆွေးနွေးတုန်းက ပထမအသုတ်အနေနဲ့ လွှတ်ပေးဖို့ ပြောပြထားတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းနဲ့ ကွာခြားနေတဲ့အကြောင်း ကိုတိတ်နိုင်က အခုလို ပြောပြပါတယ်။

“လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကနေပြီးတော့ နိုင်ငံရေးအကျဉ်းသား စာရင်းရှိပါတယ်၊ သူတို့ကို ပထမအသုတ်အနေနဲ့ လွှတ်ပေးဖို့ဆိုတာ အားလုံးပေါင်း ၉၃ ဦးပေါ့လေ၊ ဒီနိုင်ငံခြားသား ပါနေတဲ့အခါကျတော့ ဂ၇ ယောက်ကို လွှတ်ပေးဖို့ဆိုပြီးတော့ တင်ပြထားတာရှိပါတယ်၊ အဲထဲက ၁၉ ယောက်ပဲ ဖြစ်နေတဲ့အခါကျတော့ ကျန်တဲ့လူတွေကို ဘယ်လိုလွတ်ပေးမယ်ဆိုတာ သေသေချာချာမသိရသေးဘူး၊ ခုလွှတ်ပေးလိုက်တဲ့ လူတွေရဲ့စာရင်းကိုတောင်မှ ကျနော်တို့အရင်ကလိုပဲ ကိုယ့်ဘာသာကိုယ် လိုက်ကောက်ယူရတာဖြစ်တယ်”

မနေ့ကညနေပိုင်းက သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၉၃ ယောက် လွတ်မြောက်လာရာမှာ နိုင်ငံရေးအကျဉ်းသား ၅၃ ယောက် ပါရှိခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့က ပြုစုထားတဲ့ စာရင်းအရ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၀၀ ခန့် ကျန်နေသေးတယ်လို့ သိရပါတယ်။
RFA

အမေရီကန် ဒေါ်လာ100 တန် မကြာမီထွက်တော့မည်


ဒီဇိုင်းအသစ်နဲ့ အမေရီကန် ဒေါ်လာ100 ကို ထုပ်လိုက်ပါပြီး။ သတင်ဲပီးသုံးမှာကတော့ ဒီနှစ် အောက်တိုဘာ လ ၈ ရက်နေ့မှာဖြစ်ပါတယ်။ အခုထုပ်လုပ်လိုက်တဲ့ ဒေါ်လာ 100 တန်ဟာ အတုလုပ်ရန်ခက်ခဲအောင် စီမံထားပါတယ်လို့ ငွေကြေးဆိုင်ရာ ဖဒယ်ရယ်ကပြောပါတယ်။
Ref: The Wall Street Journal
==>>>>> အသေးစိတ်ကို ဖတ်ရှုရန်  ဒီနေရာကို နှိပ်ပါ <<<<<==

မြန်မာကျပ်ငွေကို မယုံတော့ဘူးလား . . . ကျပ်ငွေကို လက်မခံတဲ့ ကညန

24 April 2013
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းအား နှုန်းရှင်စနစ်ဖြင့် စတင်ပြောင်းလဲခဲ့ပြီး ဧပြီလ ၂ ရက်နေ့မှစကာ နေ့စဉ် နိုင်ငံခြားငွေလဲနှုန်းအား သတ်မှတ်ပေးခဲ့သည်။

ထို့ပြင် ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာအကြား ကြားခံသုံးစွဲနေသည့် ကြားခံငွေ FEC ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

FEC မှာ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က စတင်ထုတ်ဝေခဲ့ပြီး အများပြည်သူကြား လှည့်ပတ်သုံးစွဲနေသည့် FEC ယူနစ်ပေါင်းမှာ ၃၀ ဒသမ ၂၉ သန်းကျော်အထိ ရှိသည်။

ထိုသို့သော ပမာဏရှိသည့် FEC ကို ဘာကြောင့်ဖျက်သိမ်းသည်ဆိုသော အချက်မှာ အရှင်းအလင်း အထင်အရှား ရှိပြီးဖြစ်သည်။

မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ တိုက်ရိုက်လဲလှယ်နိုင်ရန် နေ့စဉ်ငွေလဲနှုန်း သတ်မှတ်လုပ်ကိုင်ပြီးဖြစ်၍ ကျပ်ငွေနှင့် နိုင်ငံခြားငွေလဲနှုန်း ယုံကြည်စိတ်ချရသည့် အတွက်သာ ဖြစ်သည်။

သို့သော် ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှ စ၍ ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းမှုကို FEC အစား အမေရိကန် ဒေါ်လာဖြင့်သာ ပေးသွင်းရန် ကညနမှ ထုတ်ပြန်သတ်မှတ်ခဲ့သည်။

သတ်မှတ်ရာတွင်လည်း အမေရိကန်ဒေါ်လာကို မည်သည့် ငွေလဲကောင်တာမှ လဲလှယ်လာသည်ဟူသည့် အထောက်အထား ပြနိုင်သည့်ငွေကိုသာ လက်ခံမည်ဟု ကန့်သတ်ထားသည်။

ငွေလဲကောင်တာမှ လဲလှယ်ပေးသည့် အထဲတွင် အဟောင်းပါလာပါကလည်း ပြန်လဲပေးရသည့် အဆင့်များ ပိုလာသည်။

အဆိုးဆုံးက ဘဏ်မှ ဆောင်ရွက်ခအဖြစ် ၀ ဒသမ ၃ ရာခိုင်နှုန်းအား အပိုထပ်မံ ပေးဆောင်ရမည်ဟု သတ်မှတ်ထားချက်က ပို၍ ဆိုးရွားသွားစေသည်။

FEC ကိုပင် မလိုအပ်၍ ဖျက်သိမ်းနေသည့် အချိန်၊ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်း တရားဝင် ရှိနေပြီးအချိန်တွင် FEC အစား မြန်မာကျပ်ငွေဖြင့် မကောက်ခံပဲ အမေရိကန်ဒေါ်လာဖြင့်သာ ပေးသွင်းရန် သတ်မှတ်သည့်အတွက် ကညန၏ လုပ်နည်းလုပ်ဟန်များအပေါ် မေးခွန်းထုတ်လာကြသည်။

ကျပ်ငွေဖြင့် လက်ခံလိုက်လျှင် အများပြည်သူ ပေးသွင်းရ လွယ်ကူသွားမည်ကို စိုးရိမ်ခြင်းလား၊ မြန်မာကျပ်ငွေကို မယုံကြည်ခြင်းလားဟူသည့် မေးခွန်းနှစ်ရပ်ကို အဓိက မေးလာကြသည်။

"ကညနလည်း ပြည်တွင်းမှာ ပြန်သုံးမယ်ဆိုရင် ကျွန်တော့်တို့ဆီက ကောက်ထားတဲ့ ဒေါ်လာတွေကို မြန်မာငွေနဲ့ ပြန်လဲရမှာပဲ။ သူလည်းအဆင်ပြေ ကိုယ်လည်းလွယ်ကူမယ့် မြန်မာကျပ်ငွေနဲ့ မသွင်းခိုင်းတာကိုက မေးစရာတွေ တော်တော်ဖြစ်လာတယ်" ဟု ငွေပေးသွင်းသူ တစ်ဦးက ပြောကြားသည်။

အစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းမှာ ကျပ် ၇၅၀ ကျော်အထိ ရှိခဲ့ပြီး မြန်မာငွေတန်ဖိုး မြင့်နေခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစ၍ နေ့စဉ်ငွေလဲနှုန်း သတ်မှတ်ရာတွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၈၁၀ ၀န်းကျင်ဖြင့် စတင်ခဲ့သည်။ ယခုအခါ တစ်ဒေါ်လာလျှင် ကျပ် ၉၀၀ နီးပါး ဖြစ်လာသည်။

တစ်နှစ်အတွင်း မြန်မာငွေတန်ဖိုး ၁၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားသည်။

ထိုသို့ ကျဆင်းသွားခြင်းမျိုး ဖြစ်ပေါ်လာမည့်အပေါ်၊ မြန်မာငွေတန်ဖိုး အတက်အကျ ဖြစ်မည့်အပေါ်၊ ကျပ်ငွေတန်ဖိုး အပြောင်းအလဲအပေါ် ကညနမှ မယုံကြသည့်အတွက်၊ ကျပ်ငွေမှာ မတည်ငြိမ်ဟု ကညနမှ ယူဆသည့်အတွက် မြန်မာကျပ်ငွေ လက်မခံဟုသာ တွက်ဆရတော့မည်ဟုလည်း ဆိုကြသည်။

အကောက်ခွန် ဦးစီးဌာနကဲ့သို့ နိုင်ငံခြားငွေကြေးဖြင့် တွက်ချက်လုပ်ကိုင်ရသည့် ဌာနသည်ပင်လျှင် နိုင်ငံခြားငွေအစား မြန်မာကျပ်ငွေဖြင့် လွယ်ကူစေရန် လက်ခံပေးသည့် အချိန်တွင် ပြည်တွင်းအတွက်သာ မှတ်ပုံတင်ကြေး ကောက်ခံသည့် ဌာနမှ ကျပ်ငွေကို လက်မခံခြင်းမှာ ကျပ်ငွေအပေါ် မယုံကြည်သည့်အတွက်ဟု ပြောကြားလာခဲ့ကြသည်။

"ပြည်တွင်းမှာသုံးတာ၊ ပြည်တွင်းအတွက် မှတ်ပုံတင်ကြေး ပေးတာကို ကျပ်ငွေနဲ့ မကောက်တာ နိုင်ငံတော်ကထုတ်တဲ့ ကျပ်ငွေကို ဒီဌာနက မယုံဘူးဆိုတဲ့သဘော ဖြစ်နေတယ်" ဟု ကားတစ်စီးအတွက် မှတ်ပုံတင်ကြေး ပေးသွင်းရမည့်သူတစ်ဦးက ပြောသည်။

နိုင်ငံတော်မှ ထုတ်ထားသည့် ကျပ်ငွေ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ငွေလဲနှုန်းအား အစိုးရ အဖွဲ့တွင် ပါဝင်သည့် ဌာနတစ်ခုမှ မယုံကြည်သောအသွင် ဆောင်နေခြင်းသည် လွဲမှားသည်။

ကျပ်ငွေဖြင့် တိုက်ရိုက်ပေးသွင်းသည့်အတွက် အများပြည်သူ အနေဖြင့် အပိုပေးရမည့် ငွေပမာဏ မပေးရခြင်း၊ နေ့စဉ်ငွေလဲနှုန်း ရှိနေ၍ ၀န်ကြီးဌာနနှင့် အများပြည်သူကြား နစ်နာစရာ မရှိခြင်း၊ အများပြည်သူ လွယ်ကူစွာ ပေးဆောင်နိုင်ခြင်းဟူသည့် အချက်များ ရှိနေသည့်ကြားမှ ကျပ်ငွေအား လက်မခံပဲ ဘဏ်မှလဲလှယ်သည့် အထောက်အထား ပြနိုင်သော အမေရိကန် ဒေါ်လာကိုသာ လက်ခံမည်ဟု သတ်မှတ်ခြင်းများကို ခြုံငုံကြည့်လျှင် အများပြည်သူ လွယ်ကူသွားမှာ စိုးလို့လားနှင့် ကျပ်ငွေကို မယုံကြည်ဘူးလား မေးခွန်းများမှာ မေးမြန်းထိုက်သည်ဟုပင် သုံးသပ်ရမည်။
Eleven Media Group

နျူကလီးယား ပိုင်ဆိုင်သော နိုင်ငံအဖြစ် အသိအမှတ်ပြုရန် မြောက်ကိုရီးယား ထပ်မံတောင်းဆို

24 April 2013
နျူကလီးယား ပိုင်ဆိုင်သောနိုင်ငံအဖြစ် အသိအမှတ်ပြုရန် မြောက်ကိုရီးယားက ဧပြီ ၂၃ ရက်တွင် ထပ်မံ တောင်းဆိုခဲ့ပြီး ယင်းမှာ အမေရိကန်နှင့် မည်သည့်ဆွေးနွေးပွဲမဆို ပြုလုပ်နိုင်ရေးအတွက် အကြိုလိုအပ်မှု တစ်ခု ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

မည်သည့်ဆွေးနွေးပွဲမှ မစတင်မီ နျူကလီးယား လက်နက်များနှင့် ဒုံးကျည် အစီအစဉ်များကို စွန့်လွှတ်မည်ဟု မြောက်ကိုရီးယားက ကြေညာရန် အမေရိကန်၏ တောင်းဆိုမှုကို လုံးဝ လက်သင့်မခံနိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ရိုဒေါင်ရှင်မွန် သတင်းစာက မှတ်ချက်ပြု ရေးသားခဲ့သည်။

မည်သည့်ဆွေးနွေးပွဲမဆို နျူကလီးယား ပိုင်ဆိုင်သော နိုင်ငံများအကြား ပြုလုပ်ခြင်း ဖြစ်ရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

မြောက်ကိုရီးယားကို နျူကလီးယား ပိုင်ဆိုင်သောနိုင်ငံအဖြစ် မည်သည့်အခါမှ တရားဝင် လက်ခံသွားမည် မဟုတ်ကြောင်း အမေရိကန်က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားကို နျူကလီးယားလက်နက်များ စွန့်လွှတ်ရန် အမေရိကန်က တိုက်တွန်းခဲ့သလို မြောက်ကိုရီးယားကလည်း ၎င်းတို့အပေါ် ပိတ်ဆို့အရေးယူထားမှု ရုပ်သိမ်းရန်နှင့် အနာဂတ်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်မှုများကြောင့် တစ်လခန့် တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၀ါရှင်တန်၊ ဆိုးလ်နှင့် ပြုံယမ်းတို့အကြား ဆွေးနွေးပွဲ ပြုလုပ်နိုင်ခြေ ရှိနေကြောင်းလည်း သိရသည်။ သို့သော် လတ်တလောတွင် ဆွေးနွေးပွဲ မစတင်မီ နှစ်ဘက်စလုံး၏ အကြိုသတ်မှတ်ချက်များကို အပြန်အလှန် ပယ်ချခြင်းဖြင့်သာ ပြီးဆုံးနေသည်။
Ref:AFP
Eleven Media Group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com