http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လာရှိုးမြို့ ဖြစ်ရပ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ထုပ်ပြန်ချက်

၂၈-၅-၂၀၁၃ ရက်နေ့ ၁၆၄၅ ချိန် တရားလို ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေး၊ ၅၃နှစ်၊ လားရှိုးမြို့နေသူမှ ၄င်း၏သမီးဖြစ်သူ မအေးအေးဝင်းအား နေ၀င်း၊ ၄၈နှစ်(ဖ)ဦးတင်ရွှေ၊ ကျပန်း၊ ရှမ်း-မွတ်ဆလင်/အစ္စလာမ်၊ ကျိုင်းငင်းရပ်(၁)လမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူက ဓါတ်ဆီဖြင့်ပက်ပြီး မီးရှို့၍ အရေးယူပေးရန်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်း (ပ)၂၅၇/ ၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၇/၄၃၆/ ၃၂၆ (လူသတ်မှုကျူးလွန်ရန်အားထုတ်မှု/ မီးရှို့/ ပြင်းထန်နာကျင်စေမှု) အမှုဖြင့် အရေးယူဆောင်ရွက် ခဲ့ပါသည်။

ဖြစ်စဉ်မှာ နေ၀င်းဆိုသူသည် ၂၆-၅-၂၀၁၃ ရက်နေ့တွင် ကျိုင်းတုံမှ လားရှိုးသို့ ရောက်ရှိခဲ့ကြောင်း၊ ၂၈-၅-၂၀၁၃ ရက်နေ့ နံနက် ၀၈၀၀ ချိန် အခင်းစတင်ဖြစ်ပွားနေရာ သိန်္နီလမ်းတွင် နေ၀င်းသည် အထုပ်တစ်ထုပ်ဖြင့် သွားလာနေကြောင်း၊ မီးရှို့ခံရသူ မအေးအေးဝင်းက ၄င်းဆိုင်ရှေ့တွင် သွားလာနေသဖြင့် ဘာကိစ္စရှိလဲဟု မေးခဲ့ကြောင်း၊ ထိုသို့မေးသည်ကို နေ၀င်းက မကျေနပ်၍ တုတ်ဖြင့်ရိုက်ရာ မအေးအေးဝင်းက တိမ်းရှောင်ခဲ့ကြောင်း၊ ထိုသို့ရိုက်ရာ မထိသဖြင့် နေ၀င်းက မကျေနပ်၍ ၎င်းင်းအိတ်အတွင်း အသင့်ပါလာသော ဓါတ်ဆီ ပုလင်းဖြင့် မအေးအေးဝင်းအား ပက်ခဲ့ကြောင်း၊ မအေးအေးဝင်းက ကြောက်လန့်၍ ဒေါ်လှရီ၏ နေအိမ်ဝင်းအတွင်းသို့ ထွက်ပြေး ခဲ့ကြောင်း၊ နေ၀င်းက ၎င်းနောက်မှလိုက်လာကာ ဓါတ်ဆီဖြင့် ထပ်မံပက်၍ အသင့်ပါလာသော မီးခြစ်ဖြင့် မအေးအေးဝင်းအားမီးရှို့ပြီး ဒေါ်လှရီ၏ နေအိမ်ခြံဝင်း အတွင်းမှ ပြန်ထွက်သွားခဲ့ကြောင်း၊ ၎င်းနောက် နေ၀င်းအား အနီးရှိရပ်ကွက်အတွင်းမှ လူအများက ၀ိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းသို့ အကြောင်းကြား၍ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဖမ်းဆီးသွား ခဲ့ကြောင်း စိစစ်သိရှိရပါသည်။

အမှုမှဒဏ်ရာရရှိသူ မအေးအေးဝင်း၏ဖခင် ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ မအေးအေးဝင်းအား ရဲဆေးစာဖြင့် ဆေးရုံပို့အပ်ခဲ့ကာ တရားခံ နေ၀င်းအား ၁၇၅၀ ချိန် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်။ အမှုလာရောက်တိုင်တန်းစဉ်တွင် လူအများစုမှာ တစ်ပါတည်း ပါလာခဲ့သည့်အပြင် မြို့မရဲစခန်းသို့ လားရှိုးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ ဆရာတော်ဦးစီးသံဃာတော်(၂၀)ပါးခန့်က အစ္စလာမ်ဘာသာဝင်မှ မြန်မာအမျိုးသမီး တစ်ဦးအား ဓါတ်ဆီလောင်းမီးရှို့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းသို့မေးမြန်းရန် စုဝေးရောက်ရှိခဲ့ပါသည်။

ထိုသို့ရဲစခန်းတွင် သံဃာတော်များလာရောက်စုဝေးသဖြင့် ရဲစခန်းဝင်းအတွင်းတွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးတို့က သံဃာတော်များအား အမှုနှင့်ပတ်သက်၍ တရားခံ နေ၀င်းကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း လျှောက်ထားခဲ့ပါသည်။ ထိုသို့ လျှောက်ထားမှုအပေါ် သံဃာတော်များက ကျေနပ်သော်လည်း ရဲစခန်းရှေ့ရှိ လူစုလူဝေးများက မကျေနပ်ဘဲ တရားခံထုတ်ပေးရေး၊ တရားခံအား ၎င်းတို့မှ ဓါတ်ဆီလောင်း၍ ပြန်လည်မီးရှို့မည်ဟု အော်ဟစ်ပြော ဆိုနေသဖြင့် အဆိုပါ လူစုအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊ လာရှိုးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လားရှိုးမြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဆရာတော်တို့က တရားခံနေ၀င်းအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူစုခွဲရန်ပြောဆိုတားဆီးရှင်းလင်းရာ ၁၉၁၀ ချိန် လူစုခွဲသွားခဲ့ပါသည်။ ထို့နောက် တရားခံ နေ၀င်းအား ၁၉၂၀ ချိန် လားရှိုးမြို့မရဲစခန်းမှ အကျဉ်းထောင်သို့ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ သွားရောက်ပို့ဆောင် လွှဲအပ်ခဲ့ပါသည်။

ရဲစခန်းမှ ထွက်ခွာသွားသောလူစုလူဝေးသည် ၁၉၃၀ အချိန်ခန့်တွင် လမ်းကြိုလမ်းကြားများ မှတစ်ဆင့် လားရှိုးမြို့ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းပေါ်ရှိ ဂျာမေဗလီရှေ့တွင် ထပ်မံစုဝေးမိပြီး ဗလီအား ၀င်ရောက်မီးရှို့ခဲ့ရာ ဗလီမှာ မီးလောင်သွားခဲ့ပါသည်။ မီးလောင်ရာသို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်း၍ဗလီအနီးရှိ သုံးထပ်မြို့မဈေးကြီးအား မီးမကူး စက်စေရေး၊ မီးရှို့ဖျက်ဆီးခြင်းမရှိစေရေးတို့အတွက် တားဆီးဆောင်ရွက်ခဲ့ပြီး ဗဟိုမီးသတ် တပ်ဖွဲ့မှ မီးသတ်ကား(၂၃)စီး၊ ရေဘောက်ဆာကား(၅)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါသည်။

မီးရှို့ဖျက်ဆီးသည့်လူစုလူဝေးအား ရဲတပ်ဖွဲ့ဝင်များမှလူစုခွဲနိုင်ရေးဆောင်ရွက်သည့်အပြင် မြို့နယ် သံဃာ စည်းကမ်းထိန်းသိမ်းရေးဥက္ကဌ ဆရာတော်မှလည်း အကြမ်းဖက်မီးရှို့ခြင်းများမပြုလုပ်ရန် မေတ်္တာရပ်ခံပြောဆိုခဲ့ပါသည်။ ၂၀၁၀ အချိန် ရပ်ကွက်(၃)လမ်းမတော်လမ်းမပေါ်ရှိ မိဘမဲ့ဂေဟာ အဆောက်အဦ အောက်ထပ်ဆိုင်ခန်း(၄)ခန်းအား ထပ်မံမီးရှို့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုကွဲရန် ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်တွင် အခင်းဖြစ်နေရာသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဦးစီးသည့် လားရှိုးတပ်နယ်မှ တပ်မတော်သားများ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင် များနှင့်အတူ လုံခြုံရေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် အဆိုပါနေရာမှ လူစုကွဲသွားသောအဖွဲ့များသည် ၂၀၃၀ အချိန် ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းမပေါ်ရှိ ထွန်းလှိုင် အီလက်ထရောနစ်ဆိုင်အားဖျက်ဆီးခြင်း၊ ၂၁၀၀ အချိန် ရေကန်လမ်းနှင့် ကြာနီလမ်း ထောင့်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်အား ဖျက်ဆီးခြင်း၊ ၂၁၃၀ အချိန် ရပ်ကွက်(၃)ကားဂိတ် အနီးရှိ ဦးကာဆင်၏နေအိမ်ဆိုင်ခန်းအားဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သုခလမ်းရှိ ဖုန်းနှင့်အပိုပစ္စည်း အရောင်းဆိုင်အား ဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သိန်းနီလမ်းနှင့် သုခလမ်းဆုံရှိလားရှိုးဓါတ်ပုံတိုက်အား ၀င်ရောက်ဖျက်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် ၂၁၄၅ အချိန် ရပ်ကွက်(၉) နယ်မြေ(၈)ရှိ မွတ်ဆလင်ဘာသာစုပေါင်းစာသင်ကျောင်း နှင့် ကျောင်းအတွင်းရှိ ယာဉ်အမှတ် ၈ည/၃၅၀၄ ဟိုက်အေ့စ်ယာဉ်အား ဖျက်ဆီးခဲ့သည့်အပြင် ရပ်ကွက်(၂)ဒေါနလမ်းရှိ မွတ်ဆလင်ရိပ်သာအား ၂၂၀၅ အချိန် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီး လူစုကွဲသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရပ်ကွက်(၃)ဗလီ မီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ) ၂၅၈/ ၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊ မိဘမဲ့ကျောင်းမီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ)၂၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/ ၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊ ရပ်ကွက်(၉)မွတ်ဆလင်ဘာသာ စုပေါင်းစာသင်ကျောင်းနှင့် မော်တော်ယာဉ်ဖျက်ဆီးမှုတို့အား လားရှိုးနယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၃၄ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ပူးပေါင်းကြံစည်မှု)ဖြင့် လည်းကောင်း အရေးယူနိုင်ရန် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။ အမှုမှပြစ်မှုကျူးလွန်သူ တရားခံများ အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။

မေ ၂၉၁၂၀၀ အချိန်၌ ရပ်ကွက်(၁)၊ နယ်မြေ(၈)၊ မြို့ဝင်မုခ်ဦးအနီးတွင် ပုဂ္ဂလိကဆီဆိုင် များအား မီးရှို့ဖျက်ဆီးရန် စုဝေးလာကြသော တုတ်၊ ဓါးကိုင်ဆောင်ထားသည့် လူ(၅၀)ဦးခန့်အား ပြည်နယ်ဒုတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက အချိန်မီလာရောက်ဟန့်တားနိုင်ခဲ့သဖြင့် လူစုကွဲသွား ခဲ့ပါသည်။ ထို့အပြင် ၁၃၄၀ အချိန်တွင် ရပ်ကွက်(၇)၊ ရန်ကင်းလမ်းသို့ လူအင်အား(၇၀)ခန့်က အကြမ်းဖက်ဖျက်ဆီးရန် တုတ်၊ ဓါးကိုင်ဆောင်လျက် ရောက်ရှိလာစဉ် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက တားဆီးနှိမ်နင်းခဲ့ရပါသည်။

၁၇၄၅ အချိန်တွင် ရပ်ကွက်(၉)၊ နယ်မြေ(၃)ရှိ အစ္စလာမ်ဘာသာဝင်အိမ်ထောင်စု (၁၅)စုမှ မိသားစုများသည် ကြောက်လန့်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ခိုလှုံလျက်ရှိရာ ၎င်းင်းတို့အား တာဝန်ရှိသူ များက လိုအပ်သောလုံခြုံမှု ဆောင်ရွက်ပေးလျက်ရှိသည်။ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များ အတွင်း လူငယ်အုပ်စုများက တုတ်၊ဓါး ကိုင်ဆောင်၍ လှည့်ပတ်သွားလာမှုများ ရှိနေသော ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက ရဲယာဉ်တန်းများဖြင့် အဆိုပါရပ်ကွက်များအတွင်း ကင်းလှည့် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် မေလ ၂၉ ရက်နေ့ ၁၈၀၀ အချိန်အထိ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရသူ (၄)ဦးရှိခဲ့ပြီး လူနေအိမ်(၈)လုံး၊ ဆိုင်ခန်း (၁၇)ခန်း၊ ဗလီ (၁)လုံး၊ ဘာသာရေးကျောင်း (၃)ကျောင်း၊ ကား(၃)စီး ပျက်စီးခဲ့ကြောင်းနှင့် လတ်တလော အခြေအနေထိ တရားခံ (၉)ဦး ဖမ်းဆီးရမိ ထားကြောင်း သိရှိရသည်။

လားရှိုးမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများထပ်မံဖြစ်ပွားခြင်းမရှိစေရေးအတွက် ရဲတပ်ဖွဲ့ဝင် များက လားရှိုးတပ်နယ်မှတပ်မတော်သားများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် လားရှိုးမြို့ပေါ်သို့ အခြားဒေသများမှ ဆူပူအကြမ်းဖက်သူများ ၀င်ရောက်မလာစေရေးအတွက် အ၀င်/အထွက်ဂိတ်များတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ ပြင်ဆင်ရေးဆွဲရန် စီစဉ်နေ

ဓါန်ပုံ google
30 May 2013
တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲရန် စီစဉ်နေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ အစည်းအဝေး သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ဥပဒေမှာ ယခင် စစ်အစိုးရလက်ထက် ဥပဒေအမှတ် (၆/၂၀၀၂)ဖြင့် ၂၀၀၂ ခုနှစ် ဇွန် ၁၇ ရက်က ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း အသက်ဝင်မှု နည်းပါးနေရုံသာမက အဆိုပါ ဥပဒေ ထုတ်ပြန်ထားကြောင်း သိရှိသူပင် နည်းပါးနေသေးကြောင်း ဥပဒေ လေ့လာသူများက ဆိုသည်။

ငွေကြေးခ၀ါချခြင်း၊ ငွေဖြူငွေမည်း ပြဿနာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူ အချို့၏ ရင်းနှီးမြှုပ်နှံသည့် ပမာဏများမှာ အခွန်ပေးဆောင်ထားသည့်ငွေများ ဟုတ်မဟုတ်၊ ၀င်ငွေရ လမ်းပြနိုင်သည့် ငွေများ ဟုတ်မဟုတ်၊ တရားမ၀င် ငွေကြေးများဖြင့်  မြှုပ်နှံခြင်း ဟုတ်မဟုတ် စသည့်အကြောင်း အရာများကို စိစစ်ရန် လိုအပ်ကြောင်း မီဒီယာတွင် ဖော်ပြခဲ့ပြီးနောက် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ရေးဆွဲရန် စီစဉ်နေသည့် သတင်းပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို အသုံးပြု၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန် . . . .

အဂတိ လိုက်စားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လက်နက်ခဲယမ်း မီးကျောက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တရားမ၀င် ရောင်းဝယ်မှု၊ အခွန်တိမ်းရှောင်မှု၊ လူကုန်ကူးမှု၊ တရားမ၀င် သစ်ခိုးထုတ်မှုများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပေးသည့် လုပ်ငန်းလိုင်စင် မရှိဘဲ ငွေရေးကြေးရေး အဖွဲ့အစည်း၏ လုပ်ငန်းလုပ်ကိုင်မှု စသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို တရားဝင်အသွင်သို့ ရောက်ရှိစေရန် တရားမ၀င်သော နည်းလမ်းဖြင့် ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းပြုသည့် ပြစ်မှုများသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဖြစ်ကြောင်း တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ ပုဒ်မ ၅(က) တွင် ပြဋ္ဌာန်းထားသည်ဟု သိရသည်။

တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်ပြီး ထိရောက်စွာ အရေးယူနိုင်ရန်နှင့် ဆင့်ပွားပေါ်ပေါက်နိုင်သည့် ပြစ်မှုများကို ကာကွယ်ဟန့်တားနိုင်ရန်၊ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေ ပြဋ္ဌာန်းချက်များအရ သိရသည်။

ထို့ပြင် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များထဲတွင် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို အသုံးပြု၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်ဟူသည့် အချက် ပါဝင်နေသည်ကို တွေ့ရသည်။         
EMG

ဗုဒ္ဓစွယ်တော် လှည့်လည်ကြည်ညိုရာတွင် အသုံးပြုရန် မြန်မာ့စွယ်စုံဆင်အား သီရိလင်္ကာသို့ လှူဒါန်း

Thursday, May 30, 2013
သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့် စွယ်စုံဆင်အား တွေ့ရစဉ်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ မြန်မာ့စွယ်စုံဆင် တစ်ကောင်အား သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲကို မေ၂၈ ရက်နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်သက်သက်ဇင်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.R. Piyasiri တို့မှ တက်ရောက်ခဲ့ကြသည်။

"သီရိလင်္ကာနိုင်ငံက ကန္နီမြို့ စွယ်တော်တိုက်မှာ တစ်နှစ်တစ်ကြိမ် စွယ်တော်လှည့်လည်ပွဲ လုပ်ပါတယ်။ အဲဒီအခါမှာ စွယ်တော်ကို ပင့်ဆောင်လှည့်လည်ရာမှာ စွယ်စုံဆင်တွေနဲ့ပဲ အသုံးပြုပါတယ်။

လက်ရှိစွယ်စုံဆင် တစ်ကောင်က သေသွားတဲ့အတွက် အခုလို မြန်မာနိုင်ငံဆီကနေ စွယ်စုံဆင် အလှူခံတာပါ။ ဒီဆင်ကို ဘာအလုပ်မှ မခိုင်းဘဲ စွယ်တော်လှည့်ဖို့ အတွက်ပဲ အသုံးပြုပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက် သွားမှာပါ။ သီရိလင်္ကာ နိုင်ငံဘက်ကနေလည်း အခြားတရိစ္ဆာန်တစ်ကောင် လက်ဆောင်ပြန်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်သန်းသန်းဇော်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လှူဒါန်းသော အောင်လင်းဦးအမည်ရှိ စွယ်စုံဆင်မှာ အသက်ခြောက်နှစ်အရွယ်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီ သစ်ထုတ်လုပ်ရေး ဒေသရှိ မြိုင်ဟေ၀န် ဆင်စခန်းမှဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာက စွယ်စုံဆင်တွေ မရှားပေမယ့် သီရိလကာင်္နိုင်ငံမှာက စွယ်စုံဆင် ရှားတဲ့အတွက် အခုလို လှူဒါန်းတာပါ။ စွယ်စုံဆင်ဆိုတာ အစွယ်နှစ်စုံက ရှေ့ဘက်ကို ရှည်ထွက်နေတဲ့ဆင်ကို ခေါ်တာပါ။ ဒီဆင်ကို လေးနှစ်သားကစပြီး ယဉ်ပါးအောင် သင်ကြားပေးထားပါတယ်" ဟု အဆိုပါဆင်အား လေ့ကျင့်ထိန်းကျောင်းပေးသူ သာယာဝတီ၊ မြိုင်ဟေ၀န်ဆင်စခန်းမှ ကိုထွန်းထွန်းဝင်းက ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အနေဖြင့် ၂၀၀၆ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စွယ်စုံနှစ်ကောင်အား သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်သို့လည်ကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကိုလံဘိုမြို့၊ မဟာရာဇာဓိဟာရ၊ ကိုတေးဘုန်းတော်ကြီး ကျောင်းတိုက်သို့လည်းကောင်း လှူဒါန်းခဲ့ကြောင်းသိရသည်။

Eleven Media Group
မြန်မာ့စွယ်စုံဆင်အား ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုရန် သီရိလင်္ကာသို့ လှူဒါန်း Thursday, May 30, 2013 သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့် စွယ်စုံဆင်အား တွေ့ရစဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ မြန်မာ့စွယ်စုံဆင် တစ်ကောင်အား သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပွဲကို မေ၂၈ ရက်နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်သက်သက်ဇင်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.R. Piyasiri တို့မှ တက်ရောက်ခဲ့ကြသည်။ "သီရိလင်္ကာနိုင်ငံက ကန္နီမြို့ စွယ်တော်တိုက်မှာ တစ်နှစ်တစ်ကြိမ် စွယ်တော်လှည့်လည်ပွဲ လုပ်ပါတယ်။ အဲဒီအခါမှာ စွယ်တော်ကို ပင့်ဆောင်လှည့်လည်ရာမှာ စွယ်စုံဆင်တွေနဲ့ပဲ အသုံးပြုပါတယ်။ လက်ရှိစွယ်စုံဆင် တစ်ကောင်က သေသွားတဲ့အတွက် အခုလို မြန်မာနိုင်ငံဆီကနေ စွယ်စုံဆင် အလှူခံတာပါ။ ဒီဆင်ကို ဘာအလုပ်မှ မခိုင်းဘဲ စွယ်တော်လှည့်ဖို့ အတွက်ပဲ အသုံးပြုပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက် သွားမှာပါ။ သီရိလင်္ကာ နိုင်ငံဘက်ကနေလည်း အခြားတရိစ္ဆာန်တစ်ကောင် လက်ဆောင်ပြန်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်သန်းသန်းဇော်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ လှူဒါန်းသော အောင်လင်းဦးအမည်ရှိ စွယ်စုံဆင်မှာ အသက်ခြောက်နှစ်အရွယ်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီ သစ်ထုတ်လုပ်ရေး ဒေသရှိ မြိုင်ဟေ၀န် ဆင်စခန်းမှဖြစ်ကြောင်း သိရသည်။ "မြန်မာနိုင်ငံမှာက စွယ်စုံဆင်တွေ မရှားပေမယ့် သီရိလကာင်္နိုင်ငံမှာက စွယ်စုံဆင် ရှားတဲ့အတွက် အခုလို လှူဒါန်းတာပါ။ စွယ်စုံဆင်ဆိုတာ အစွယ်နှစ်စုံက ရှေ့ဘက်ကို ရှည်ထွက်နေတဲ့ဆင်ကို ခေါ်တာပါ။ ဒီဆင်ကို လေးနှစ်သားကစပြီး ယဉ်ပါးအောင် သင်ကြားပေးထားပါတယ်" ဟု အဆိုပါဆင်အား လေ့ကျင့်ထိန်းကျောင်းပေးသူ သာယာဝတီ၊ မြိုင်ဟေ၀န်ဆင်စခန်းမှ ကိုထွန်းထွန်းဝင်းက ပြောကြားသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အနေဖြင့် ၂၀၀၆ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စွယ်စုံနှစ်ကောင်အား သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်သို့လည်ကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကိုလံဘိုမြို့၊ မဟာရာဇာဓိဟာရ၊ ကိုတေးဘုန်းတော်ကြီး ကျောင်းတိုက်သို့လည်းကောင်း လှူဒါန်းခဲ့ကြောင်းသိရသည်။
EMG

အမေရိကန်အဝေးထိန်းဒုံး တိုက်ခိုက်မှုကြောင့် တာလီဘန်တပ်မှူး သေဆုံး

29.05.2013
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်မှာ အမေရိကန်မောင်းသူမဲ့ အဝေးထိန်းဒုံးယာဉ်လို့ သံသယရှိရတဲ့ ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်-တာလီဗန် တပ်မှူးကြီးတစ်ယောက်အပါအ၀င် ၆ ဦးထက်မနည်း သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ပိုင်း ၀ါဇီရစ္စတန်ခရိုင်၊ မီရန်ရှားမြို့ အနီး Chashma ရွာက အိမ်ကို မောင်းသူမဲ့လေယာဉ်ကနေ Missile ဒုံးလက်နက် ၂ ခုနဲ့ ဒီကနေ့ တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရာရှိတွေကပြောပါတယ်။ အာဖဂန်နယ်စပ်အနီး အဲဒီဒေသဟာ တာလီဗန်တွေနဲ့ အယ်လခိုင်းဒါးနဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွတွေ ခြေကုတ်ယူတဲ့နေရာဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီလိုတိုက်ခိုက်တာကြောင့် အပြစ်မဲ့အရပ်သားတွေ သေဆုံးနိုင်သလို၊ တန်ပြန်ဆိုးကျိုး သက်ရောက်နိုင်ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တယ်လို့ သတင်းထုန်ပြန်လိုက်ပါတယ်။

မေလ ၁၁ ရက် ပါကစ္စတန် အထွေထွေ ရွေးကောက်ပွဲအပြီး ဒီလို မောင်းသူမဲ့လေယာဉ်ကနေ ဒုံးလက်နက်နဲ့ တိုက်ခိုက်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။  ရွေးကောက်ခံ ၀န်ကြီးချုပ် န၀ပ် ရှရစ်ဖ် (Nawaz Sharif) က ဒီလို မောင်းသူမယ့် အဝေးထိန်းဒုံးတွေနဲ့ တိုက်ခိုက်တာဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်လိုက်တာဘဲလို့ပြောပါတယ်။

သမ္မတအိုဘားမားကတော့ ဒီလို မောင်းသူမဲ့ လေယာဉ် ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်နေတဲ့ အရှိန်ကို လျှော့ချသွားမယ်လို့ မကြာသေးခင်က အရိပ်အမြွက် ပြောထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဗြိတိသျှ စစ်သား သတ်မှု စတင်စွဲဆို

တပ်သား ကို လမ်းမှာ ဓားနဲ့ ထိုးသတ်ခဲ့ကြ
30 မေလ 2013
လန်ဒန်မှာ အရင်ပတ်က ဗြိတိသျှ စစ်သား တယောက်ကို လမ်းပေါ်မှာ သတ်မှုနဲ့ သံသယ ရှိသူ ၂ ယောက်ထဲက တယောက်ကို လူသတ်မှုနဲ့ စွဲဆို ခဲ့ပါတယ်။

အင်္ဂါနေ့က ဆေးရုံက ဆင်းလာတဲ့ Michael Adebowale ကို ကြာသပတေးနေ့ မနက်မှာ လန်ဒန် တရားရုံး တရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။

အားလပ်ချိန်မှာ အပြင်ထွက်လာတဲ့ တပ်သား Lee Rigby ကို အရင်ပတ်က လမ်းမှာ ဓားနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

နောက် သံသယ ရှိသူ တယောက်ကတော့ ဆေးရုံမှာ အစောင့် အရှောက်နဲ့ ရှိဆဲ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်လုံးကို အခင်း ဖြစ်ပွားရာမှာပဲ ရဲက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီး ခဲ့တာပါ။

ဒီလူသတ်မှုကို အစ္စလာမ် ဘာသာရေး အကြမ်းဖက်မှု အဖြစ် ဗြိတိသျှ အာဏာပိုင်တွေက ပြောဆို ခဲ့ပါတယ်။
BBC Burmese

ဘော့စ်နီးယား-ခရိုအက်ခေါင်းဆောင် ၆ ဦးကို ပြစ်ဒဏ်ချမှတ်

30.05.2013
ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲစဉ် ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက မူဆလင် အမျိုးသမီးတွေကို သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ ဘော့စ်နီးယားက နှင်ထုတ်ခဲ့တဲ့ အမှုတွေနဲ့ ဘော့စ်နီးယားနိုင်ငံက ခရိုအေးရှား နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ၆ ယောက်ကို ကုလသမဂ္ဂရဲ့ စစ်ရာဇ၀တ် ခုံရုံးကနေ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ယူဂိုဆလားဗီးယား နိုင်ငံဟောင်းက စစ်ရာဇ၀တ်မှုတွေအတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက တရားသူကြီးတွေကတော့ ကွယ်လွန်သွားတဲ့ သမ္မတဟောင်း Franjo Tudjman အပါအ၀င် ခရိုအေးရှား ခေါင်းဆောင်ဟောင်းတွေဟာ ဘော့စ်နီးယားနိုင်ငံထဲမှာ ခရိုအေးရှား တိုင်းပြည် ထူထောင်ဖို့ ကြိုးပမ်းရာမှာ ပါဝင်ခဲ့တယ်လို့လည်း ပြောပါတယ်။

လူသတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ တိုင်းပြည်က နှင်ထုတ်တဲ့ လုပ်ရပ်တွေဟာ စည်းမဲ့ကမ်းမဲ့ စစ်သားတစုရဲ့ ကြုံသလို လုပ်ရပ်မျိုးတွေ မဟုတ်ဘဲ ဘော့စ်နီးယားမှာရှိတဲ့ ခရိုအေးရှားတွေက ပိုင်ဆိုင်ကြောင်း ပြောနေတဲ့ နယ်မြေကနေ မူဆလင်တွေကို အပြီးတိုင် ဖယ်ရှားဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။

အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရသူ ၆ ဦးကိုတော့ ထောင်ဒဏ် ၁၀ နှစ်ကနေ ၂၅ နှစ်အထိ စီရင်ခဲ့ပြီး၊ ဒီအထဲမှာတော့ ဘော့စ်နီးယားနိုင်ငံတွင်း ခရိုအေးရှား တိုင်းပြည်အဖြစ် ကြေညာရာမှာ ဦးဆောင်ခဲ့သူ Jadranko Prlic ကို အမြင့်ဆုံး ပြစ်ဒဏ်ပေးခဲ့တာပါ။

ဘော်လကန်စစ်ပွဲအတွင်း ယဉ်ကျေးမှုတွေကို ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်တွေအနက် ထင်ရှားတဲ့ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ Mostar တံတားကို ဖျက်စီးမှုအတွက်လည်း သူတို့ ၆ ဦးစလုံးမှာ တာဝန်ရှိကြောင်း ကုလသမဂ္ဂရဲ့ စစ်ရာဇ၀တ်ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

သားသမီးဦးရေ ကန့်သတ်မှု အမေရိကန်စိုးရိမ်

30.05.2013
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မူဆလင်ရိုဟင်ဂျာတွေ သားသမီး မွေးဖွားမှု ကန့်သတ်ရမယ်ဆိုတဲ့ ဒေသန္တရအမိန့် ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အထူး စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီကန့်သတ်ချက်ကို အမြန်ဆုံး ဖယ်ရှားပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တစ်အိမ်ထောင် ကလေးနှစ်ယောက်သာ မွေးရမယ်ဆိုတဲ့ ဒေသန္တရအမိန့် ထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ၀ိုင်းဝန်း ဝေဖန်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန် အစိုးရအနေနဲ့လည်း ဒီကိစ္စကို အထူးစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

လူမှုအသိုင်းအ၀ိုင်းတစ်ခုတည်းကို ပစ်မှတ်ထားပြီး ခွဲခြားဆက်ဆံတဲ့ ဒီကန့်သတ်မှုကို မြန်မာအစိုးရအနေနဲ့ ပြန်ရုပ်သိမ်းသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက မနေ့က ပြောဆိုသွားပါတယ်။

“ရခိုင်ပြည်နယ် အစိုးရအရာရှိတွေက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ကလေးနှစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ ကန့်သတ်ချက် ချမှတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ကျမတို့ အထူး စိုးရိမ်မိပါတယ်။ အမေရိကန် ပြည်ထောင်စုက ဒီကန့်သတ်ချက်နဲ့၊ ခွဲခြားဆက်ဆံပြီး လူဦးရေ ကန့်သတ်တဲ့ မူဝါဒတွေကို ဆန့်ကျင်ပါတယ်။ ဒီဒေသန္တရအမိန့်ကို ဖျက်သိမ်းဖို့ မြန်မာအစိုးရ အကြီးတန်းအရာရှိတွေကို ကျမတို့ ဖိအားပေးနေပါတယ်။ ဒီလို အမိန့် အားလုံးကို ချက်ချင်း ဖျက်သိမ်းပစ်ဖို့လည်း မြန်မာအစိုးရကို ကျမတို့ တိုက်တွန်းပါတယ်။”

လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တာနဲ့အတူ၊ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော် ပြောဆိုခဲ့တဲ့အပေါ်မှာ အမေရိကန် ပြည်ထောင်စုက ကြိုဆိုတဲ့အကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ ရေရှည် စီမံကိန်းတရပ် ချမှတ်ပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကိုင်တွယ် ဖြေရှင်းသွားဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

“ရခိုင်ပြည်နည်တွင်းက အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ပြဿနာရဲ့ အရင်းအမြစ်ကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ်ဆိုတာနဲ့၊ ရခိုင်ပြည်နယ်တွင်း အကူအညီ လိုအပ်နေသူတွေ အားလုံးအတွက် လူသားချင်း စာနာမှု အကူအညီတွေ ဘယ်လို ပေးသွားမယ်ဆိုတဲ့ ရေရှည် စီမံကိန်းတစ်ရပ် ချမှတ်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကျမတို့ တိုက်တွန်းပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်။"

"လူမျိုးတစ်ခုခုကို ပစ်မှတ်ထားပြီး ခွဲခြားဆက်ဆံတာဟာ အစိုးရက ပြည်သူတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့အပေါ်မှာ ဆန့်ကျင်နေပါတယ်။ ဒါကြောင့် ကျမတို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာအစိုးရနဲ့ ဒေသခံ တာဝန်ရှိသူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကိုလည်း အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာပြီး ပြန်လည် ပေါင်းစည်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုတွေကသာ ငြိမ်းချမ်းရေး ရေရှည် ခိုင်မြဲစေမယ့် နည်းလမ်းဖြစ်တယ် ဆိုတာကို အလေးပေး ပြောဆိုနေတာဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပြောသွားတာပါ။ လူဦးရေ ထိန်းချုပ်နိုင်ဖို့အတွက် ကလေးယူတဲ့ အရေအတွက်ကို ဒေသခံအစိုးရက ထိန်းချုပ်တဲ့အနေနဲ့ ဘူးသီးတောင်၊ မောင်တော ဒေသမှာရှိတဲ့ မူဆလင်တွေကို ကလေးနှစ်ယောက်ပဲယူဖို့ သတ်မှတ်ထားတယ်ဆိုတဲ့ ကိစ္စကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး ဖော်ပြလာနေကြတာ ဖြစ်သလို၊ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဒီကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်ကတော့ ဒီအမိန့်ဟာ အခုမှ ထွက်ပေးလာတဲ့ အမိန့်မဟုတ်ဘဲ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ရှိခဲ့တာဖြစ်ပြီး၊  ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့ကနေ သားဆက်ခြား စီမံကိန်းတစ်ရပ်အနေနဲ့ အဲဒီအချိန်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တဲ့ကိစ္စ ဖြစ်တယ်လို့ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ အခုချိန်ကျမှ ဒီကိစ္စကို ပြစ်တင်ဝေဖန်တာဟာ တဘက်စောင်းနင်း ပြစ်တင်ဝေဖန်ရာကျပြီး ပကတိအခြေအနေကို နားမလည်ရာ ကျတယ်လို့လည်း ဦးဝင်းမြိုင်က ပြောသွားပါတယ်။

မောင်တောခရိုင်မှာရှိတဲ့ မူစလင်တွေ ကလေး ၂ ယောက်ပဲ မွေးရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ပြန်လည် သုံးသပ်သွားမယ့်အကြောင်း သမ္မတ ပြောခွင့်ရသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကလည်း ပြောပါတယ်။

“ရခိုင်စုံစမ်းရေး ကော်မရှင်က အကြံပြုတဲ့ အချက်တွေ အားလုံးကို ပြန်သုံးသပ်ရဦးမှာ ဖြစ်တဲ့အတွက် ဒီကိစ္စကို ဗဟိုအစိုးရက လက်ခံတယ် မခံဘူး မပြောနိုင်သေးပါဘူး။ ဒါကြောင့် ဒီကိစ္စအတွက် တစုံတရာ မှတ်ချက် မပေးနိုင်သေးပါဘူး။”

ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ်မှာ လူ ၂၀၀ လောက် သေဆုံးပြီး ၁ သိန်း ၄ သောင်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပဋိပက္ခ အကြောင်းရင်းကို ရခိုင်စုံစမ်းရေး ကော်မရှင်က စုံစမ်းပြီး မကြာခင်တုန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာမှာ ရခိုင်ပြည်နယ်တွင်း မူဆလင်လူဦးရေ မြန်မြန်ဆန်ဆန် တိုးပွားလာနေတာကြောင့် မူဆလင်တွေရဲ့ မျိုးဆက်ပွားမှုကို ထိန်းချုပ်သင့်တယ်လို့ အကြံပြုထားတာ ဖြစ်ပါတယ်ရှင်။
မခင်ဖြူထွေး
VOA Burmese

ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲ ကျင်းပ

ကရင် လက်နက်ကိုင် ၄ ၅ဖွဲ့ထိ ကွဲသွားခဲ့
29 မေလ 2013
ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ပြန်ပြီး စုစည်းဖို့ ကေအင်ယူနဲ့ ခွဲထွက်အဖွဲ့ တွေကို မေလ ၂၇ ရက်နေ့ ကနေ ၃၁ ရက်နေ့အထိ ပြုလုပ် နေတဲ့ ၉ ကြိမ်မြောက် ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲ က ကရင် အဖွဲ့အစည်း တွေက တောင်းဆို အကြံပေး ပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်က ကေအင်ယူ တပ်မဟာ ၇ ရဲ့ လေးဝါး စခန်းမှာ ကျင်းပနေတဲ့ ကရင် အမျိုးသား သွေးစည်း ညီညွတ်ရေး နှီးနှော ဖလှယ်ပွဲကို မြန်မာနိုင်ငံ ထဲက တရားဝင် ကရင် ပါတီ ၂ ခုနဲ့ လူထု အခြေပြု အဖွဲ့တွေ၊ ကရင် လက်နက်ကိုင် ငြိမ်းအဖွဲ့တွေ ဖြစ်တဲ့ ကေအင်ယူ၊ ကရင် နယ်ခြားစောင့်တပ် ဘီဂျီအက်ဖ်၊ ဟောင်သရောနဲ့ သံတောင် ငြိမ်းချမ်းရေး အဖွဲ့ တွေနဲ့ ပြည်ပက ကရင်လူထု အခြေပြုအဖွဲ့တွေ အပါအဝင် အဖွဲ့ပေါင်း ၄ဝ လောက်က ကိုယ်စားလှယ် ၁၅ဝ နီးပါး တက်ရောက်ခဲ့ ပါတယ်။

ဒါပေမဲ့ အဲဒီအထဲမှာ ဗိုလ်နှုတ်ခမ်းမွှေးရဲ့ ဒီကေဘီအေနဲ့ ဦးထိန်မောင်ရဲ့ ကေအင်ယူ၊ ကေအင်အယ်လ် ငြိမ်းအဖွဲ့တွေ မတက်ရောက်ခဲ့ ပါဘူး။ အဲဒီနှစ်ဖွဲ့ မတက်တာနဲ့ ပတ်သက်ပြီးတော့ ဒီနှီးနှောဖလှယ်ပွဲ ကျင်းပရေး ကော်မီတီက ရှင်းလင်း ပြောကြား ခြင်း မရှိ ပါဘူး။

လောလောဆယ် ကေအင်ယူရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဦးထိန်မောင်အဖွဲ့နဲ့ ဗိုလ်နှုတ်ခမ်းမွှေး အဖွဲ့တွေကို သွားရောက် ဆွေးနွေးမှုတွေ လုပ်နေပြီလို့ ကေအင်ယူ ဘက်က ပြောပါတယ်။

နောက်ပြီးတော့ ဒီနှီးနှောဖလှယ်ပွဲကို တက်လာတဲ့ ဖလုံ၊စဝေါ် ပါတီ ကိုယ်စားလှယ် က ဒီနှီးနှောဖလှယ်ပွဲက တောင်းဆိုချက်တွေကို လွှတ်တော်မှာ တင်ပြသွားမှာ ဖြစ်သလို နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံခွင့် ရတဲ့ အချိန်မှာ တိုက်ရိုက် တင်ပြ သွားမယ် လို့ သိရပါတယ်။
BBC Burmese

လားရှိုးမြို့ ဆူပူမှု အာဏာပိုင်တွေ ဖမ်းဆီးအရေးယူ

လားရှိုးမြို့မှ ဆူပူမှုမြင်ကွင်း (၂၉ မေ ၂၀၁၃)

 29.05.2013
မေလ ၂၈ ရက်နေ့ အင်္ဂါနေ့က ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသလို ဒီကနေ့မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ဆူပူမှု စတင်ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို မီးရှို့ခဲ့တဲ့ တရားခံကိုလည်း ဖမ်းဆီးထားသလို၊ ဗလီနဲ့ စာသင်ကျောင်းတွေကို မီးရှို့ခဲ့တဲ့ တရားခံတွေကိုလည်း ထိန်းသိမ်းထားပြီးတော့ အမှုဖွင့်ထားတယ်လို့ လားရှို့မြို့က ရဲမှူးတစ်ဦး က ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

မနေ့က ရှမ်းပြည်နယ် လားရှိုးမြို့ နယ်မြေ ၇၊ အမှတ် ၈ ရပ်ကွက် သန္ဒီလမ်းပေါ်မှာ မူဆလင်ဘာသာဝင် တစ်ဦးက ရှမ်းအမျိုးသမီး တစ်ဦးကို ဓာတ်ဆီလောင်းပြီး မီးရှို့တဲ့ ဖြစ်စဉ်ကို မကျေနပ်တာကနေ အစပြုပြီး ညနေပိုင်းတပိုင်းလုံး ဆူပူမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီလို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အတွက် သက်ဆိုင်ရာ နယ်မြေက ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့မှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် လုံခြုံရေးတွေ တိုးမြှင့်ထားရတယ်လို့လည်း လားရှိုးမြို့ပေါ်မှာ အဓိက လုံခြုံရေးတာဝန် ယူပေးနေရတဲ့ ရဲမှူး မိုးဇော်လင်း က ပြောပါတယ်။



“လားရှိုးမြို့ပေါ် ကျနော်တို့ မနေ့က ဖြစ်ခဲ့တဲ့ ၃ ရပ်ကွက်၊ ၄ ရပ်ကွက် နောက်တခါ ၇ ရပ်ကွက်၊ ၉၊ ၁၂ အဲ့ဒီရပ်ကွက်တွေမှာ ကျနော်တို့က လုံခြုံရေး လိုက်ပြီး ချထားတာပေါ့နော်။ လုံခြုံရေးတွေ ချထားတယ်။ နောက်ပြီးတော့ ကျန်တဲ့နေရာတွေကိုလည်း ကျနော်တို့ကို တပ်ကလည်း ကူပေးပါတယ်။ မနေ့ကလောက်တော့ ဆိုးဆိုးရွားရွားတော့ မရှိပါဘူး အခုအချိန်ထိတော့။ ကျနော်တို့ ထိန်းသိမ်းနိုင်လိုက်ပါတယ်။”

လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးကို ဓာတ်ဆီလောင်း မီးရှို့တဲ့ တရားခံကို ဒေသခံတွေက ထုတ်ပေးဖို့ တောင်းဆိုရင်းကနေ မူဆလင်တွေရဲ့ ဗလီနဲ့ စာသင်ကျောင်းတွေကိုပါ မီးရှို့ခဲ့တာကြောင့် မနေ့က ညနေပိုင်းမှာပဲ အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး လုံခြုံရေးကို အဓိက တိုးမြှင့်ခဲ့ရတယ်လို့လည်း ရဲမှူး မိုးဇော်လင်း က ပြောပါတယ်။

ဆူပူမှုတွေ ဖြစ်ပွားအောင် လုပ်ခဲ့တဲ့ တရားခံ ကိုနေ၀င်းကိုလည်း သူ ကျူးလွန်ထားတဲ့ ပုဒ်မတွေအလိုက် အမှုဖွင့် ဖမ်းထားပြီးတော့ ဗလီတစ်လုံးနဲ့ ဘာသာရေး စာသင်ကျောင်းကို မီးရှို့ဖျက်စီးတဲ့ တရားခံတွေကိုလည်း အမှုဖွင့် ဖမ်းဆီးပြီး ကျူးလွန်သူတွေကို ဆက်လက် ဖမ်းဆီးမိအောင်လည်း ဆောင်ရွက်နေတယ်လို့ ရဲမှူး မိုးဇော်လင်း က ပြောပါတယ်။

“ဒီကိစ္စကို စစဦးဆုံး ဖြစ်စေတဲ့ မူဆလင်ပေါ့နော် ကောင်မလေးကို မီးရှို့တဲ့ကောင်ကိုတော့ ကျနော်တို့က အမှုဖွင့်ထားတယ်။ မီးရှို့တာနဲ့ပတ်သက်တဲ့ ပုဒ်မ တတ်ထားတာ တစ်ခု ရှိပါတယ်။ သူဟာ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးပြား နှစ်ပြား သူ့မှာ တွေ့ရှိပြီးတော့ သူက ဆေးသုံးစွဲတဲ့ လက္ခဏာတွေ တွေ့ရတဲ့အတွက်ကြောင့် သူ့ကို ကျနော်တို့က မူးယစ်မှုနဲ့လည်း ဖွင့်ထားတယ်ပေါ့နော်။ အဲ့ဒါ တစ်ခုပါ။ နောက် မနေ့က ကျနော်တို့ ဒီဘက်ကနေပြီးတော့ မြန်မာလူငယ်လေးတွေ အုပ်စုထဲကနေပြီးတော့ ဗလီတစ်ခုကို ဖျက်တယ်။ အစ္စလာမ် မိဘမဲ့ ဂေဟာတစ်ခုကို ဖျက်တယ်။ မီးရှို့တယ်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့က နှစ်မှု။ နောက်တခါ အရပ်ဈေးထဲက မော်လ၀ီစာသင်ကျောင်းကြီးကို ဖျက်တဲ့လူကိုလည်း တစ်မှု။ စုစုပေါင်းတော့ ၃ မှု ဖွင့်ထားတာ ရှိပါတယ်။”

ဒီကနေ့ မနက်ပိုင်းမှာတော့ ဆူပူအကြမ်းဖက်မှုတွေ မရှိဘဲ တည်တည်ငြိမ်ငြိမ် ရှိခဲ့ပေမဲ့ နေ့ခင်းပိုင်းကနေ ညနေပိုင်းလောက်အထိ လူငယ်အချို့က ဆူပူအောင် လှုံ့ဆော်အော်ဟစ်တဲ့ လုပ်ရပ်တွေ ရှိခဲ့တယ်လို့လည်း လားရှိုးမြို့မှာ နေထိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးစိုင်းစံမင်း က ပြောပါတယ်။

“ဒီနေ့ အနေအထားကတော့ မနက်ပိုင်းကတော့ သိပ်မဆိုးဘူးဗျ။ ညနေခင်းကတော့ နည်းနည်းလေး လမ်းပေါ်မှာ ထွက်ပြီးတော့ လူတွေ နည်းနည်းများလာတယ်။ နည်းနည်း ဒုစရိုက်ဆန်ဆန် အဲ့လိုမျိုး ထွက်လာတာ များတယ်။ ဒါပေမဲ့ အစ္စလာမ်ဘာသာတော့ မရှိပါဘူး။ လမ်းပေါ် လျှောက်အော်တာပေါ့ဗျာ။ ကမ္ဘာမကြေ ဘာမကြေ ဒုတ်တွေ၊ ဓားတွေ အဲ့လိုမျိုး ဖြစ်လာတယ် ညနေခင်းလေးပေါ့။”

ဒီကနေ့မနက် အစောပိုင်းမှာလည်း သာဘာပေါင်းစုံ ပူးပေါင်းပြီးတော့ ရှမ်းပြည်နယ် သာသနာ့ဗိမာန်မှာ အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အစည်းအဝေးမှာ သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် ကိုယ်တိုင် တက်ရောက်ခဲ့ပြီးတော့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့တယ်လို့ ဦးစိုင်းစံမင်း က ပြောပါတယ်။

လာရှိုးမြို့မှာ နေထိုင်တဲ့ မူဆလင် လူနည်းစုတွေရဲ့ နေထိုင်ရေးဟာ လက်ရှိအချိန်မှာ စိုးရိမ်စရာ အနေအထားမှာ ရှိနေပြီးတော့ အချို့ဆိုရင် သူတို့နေထိုင်တဲ့ နေအိမ်တွေကိုတောင် စွန့်ခွာ ထွက်ပြေးနေရတယ်လို့ လာရှိုးမြို့ နေထိုင်သူ မူဆလင်လူမျိုး ဆရာဝန်တစ်ဦးက ပြောပါတယ်။



“ရဲတွေ စစ်တပ်တွေ ရှိတယ်။ သေနတ်တစ်ချက် မဖောက်ဘူး။ ဒီလူတွေ သေနတ်တစ်ချက် ဖောက်ရင် အကုန် ပြေးလွှားနိုင်တဲ့လူတွေ။ သူတို့ရှေ့မှာ ကျနော်တို့ မီးရှို့ခံနေရတာ။ ဒီမှာ တော်တော် ငြိမ်းငြိမ်းချမ်းချမ်း နေကြတာပါ။ ဒေသခံတွေနဲ့ ပြဿနာ တစုံတရာ မရှိပါဘူး။ အားလုံးက ချစ်ချစ်ခင်ခင်နဲ့ ဘာသာရေး၊ လူမျိုးရေး အတူတူ ပူးပေါင်းဆောင်ရွက်နေကြတာပဲ။ အင်မတန်မှ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပါတယ်။ အခုဖြစ်တဲ့ ပြဿနာသည် ဒီဒေသခံ မဟုတ်ဘူးလို့ ယူဆတယ်။ ကားတွေနဲ့၊ ဒုတ်တွေ၊ ဓားတွေနဲ့ စီတန်းပြီးတော့မှ စစ်တပ်ချီတက်သလိုမျိုး ချီတက်ပြီးတော့ ရောက်လာပါတယ်။ မြို့ပေါ်မှာ ဒုတ်တွေ၊ ဓားတွေနဲ့ သွားနေတဲ့ ကားတွေကိုတော့ ဖမ်းဆီးပါတယ်။ ဒါအမှန်အတိုင်းပါ။ ဒါပေမဲ့ ဟိုဘက်မှာ ဖျက်စီးနေတဲ့ နေရာမှာ တားဆီးတဲ့သူ မရှိပါဘူး။ ဟိုင်းလတ်ကားတွေပါတယ်။ မျက်နှာမှာလည်း နဖူးစည်းတွေ ပါတယ်။ အဲ့လိုမျိုးတွေ လုပ်နေတယ်။”

အခု လားရှိုးမြို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခဟာ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းနဲ့ မိတ္ထီလာမြို့တွေအပြီးမှာ ထပ်ပြီး ဖြစ်ပွားလာတဲ့တာပါ။ သမ္မတဦးသိန်းစိန်ကတော့ ဘာသာရေးနဲ့ ဆူပူအောင် ပြုလုပ်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူတာတွေ ဆောင်ရွက်မယ်လို့ ပြောခဲ့သလို အရင် ဆူပူမှုတွေမှာ ပါဝင်ကျူးလွန်သူတွေကိုလည်း အပြစ်ပေး အရေးယူမှုတွေ ပြုလုပ်နေပါတယ်။
 အောင်ရဲ မောင်မောင်
 VOA Burmese

မန္တလေးတွင် သာသနာညှိုးနွမ်းအောင်ပြုလုပ်သူတစ်ဦးကို တွေ့ရှိအရေးယူ

မန္တလေး၊ မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေးသာဇံမြို့နယ်၊ လမ်း၈၀၊ ၈၁လမ်းနှင့် ၂၇လမ်းအနီး တစ်ဝိုက်၌ မေ၂၉ရက် ညနေ၅နာရီအချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့ချုပ် အမှတ်စဉ် ကဒ်ပြားတစ်ခုကို အသုံးပြု၍ သာသနာညှိုး နွမ်းအောင် ပြုလုပ်သူတစ်ဦးကို တွေ့ရှိရသဖြင့် ချမ်းအေးသာဇံအရှေ့ရပ်ကွက်၊ အကွက်မှူးမှ ယင်းမြို့နယ် မြို့မရဲစခန်း အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

“သူကဘာသာရေးဝတ်စုံတွေလည်းဝတ်လာတယ်၊ နာက်ပြီး ကျမ်းစာအုပ်တွေလည်း ပါလာတယ်။ အဲ့နား (လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း )ကဗလီ ထဲဝင်လာပြီးမသင်္ကာတဲ့ပုံစံနဲ့မို့ မေးသင့်မေးထိုက်တာမေးတယ်၊ အထောက်ထားလည်းမပြနိုင်ဘူး၊ တခြားသူတွေ ဒုက္ခမရောက်အောင် တာဝန်ရှိသူတွေကပို့လိုက် တာပါ”ဟု ဗလီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သာသနာညှိုးနွမ်းအောင်ပြုလုပ်သူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း ဒေသကြီး၊ ချမ်းမြသာယာကျေးရွာ တွင်နေထိုင်သူဖြစ်ကြောင်း၊ ချမ်းအေးသာဇံမြို့နယ်၊ မြို့မရဲစခန်း အမှတ်၉မှ မေလ၂၉ရက် နေ့ ညနေ၆နာရီတွင် ရဲအရေးမပိုင်မှု အမှတ်စဥ်၁၆/၂၀၁၃ ပြစ်မှုပုဒ်မ ၂၉၅(က) နှင့်အရေးယူ ထာပြီး မေလ၃ဝရက်နေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

ဦးဆန်းဆင့် ဘုန်းကြီကျောင်းထဲထိ ဝင်ပြီး ဘုန်းကြီးကျောင်းသားတွေကို ဖမ်ဆီး

ဒီနေ့ ၂၉-၅-၂၀၁၃- ညနေ(၆း၀၀)နာရီမှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်၊ ပြည်နယ်ဝန်ကြီးရုံးမှ ဦးစိုင်းအောင်မြတ်-တို့ဟာ လားရှိုးမြို့၊ ရွှေခါးရိုးကျောင်းတိုက်ထဲ ဝင်လာပါတယ်။ အမှတ်(၁)ရဲစခန်းမှ အရာရှိများလည်း ပါလာပါတယ်။

တိုက်အုပ်ဆရာတော်ကြီး ဦးသုမန(၆၃)နှစ်ကိုလည်း ဂရုဂါရဝပြုခြင်းမရှိ၊ ကျောင်းတိုက်သံဃာများကို လည်း ခွင့်မပန် အသိမပေးဘဲ ကျောင်းသားတွေကို ဖမ်းပြီး၊ လိုက်ထရပ်ကားပေါ် ပစ်တင်ပါတယ်။ လက်နောက် ပြန်ထားပြီး လက်ထိပ်ခပ်ခဲ့တဲ့ အပြင် လက်တွေကိုလည်း ကြိုးနှင့်ထပ်တုပ်ပါတယ်။ အားလုံး(၇)ယောက် ကားပေါ်တင်ပြီးမှာ ရဲတွေက ကားပေါ်တက်ပြီး၊ အကျဉ်းသားတွေလို ပုံစံပေးပါတယ်။

ကားပြန်အထွက်မှာတော့ ကျောင်းတိုက်တံခါးကို ပိတ်ထားကြပြီး၊ သံဃာအချို့က အုတ်ခဲကိုင်ကာ ပြန်မလွတ်ရင် ကားကို ထုမယ်-ကြိမ်းမောင်းမှ ပြန်လွှတ်ပေးတာပါ။

ရွှေခါးရိုးကျောင်းတိုက်မှာ သံဃာ(၈၀)ကျော်ရှိရာ အများစုက ရှမ်းကိုရင်လေးတွေလို့ သိရပါတယ်။ ရပ်ကွက်(၉)မှာ မူဆလင်အိမ်ခြေက ပိုများပြီး၊ ကျောင်းတိုက်ကို ဝင်ဆီးမယ်ကြားလို့ လာစောင့်ပေးနေတဲ့ ကျောင်းသားတွေမှာ ဒုတ်တွေကိုင်ဆောင်ထားတာ မြင်သွားလို့ ဝင်ဖမ်းကြောင်း ဖြစ်နိုင်တယ်လို့ ရွှေခါးရိုးကျောင်းတိုက်မှ သံဃာတစ်ပါးက ဆိုပါတယ်။

“ဒုတ်၊ ဓားလက်နက်ကိုင်သူတွေ အကုန်ဖမ်း”လို့ လော်စပီကာနှင့် လှည့်အော်ပြီး၊ ဝင်ဖမ်းတာဖြစ်လို့ ပြောခြင်းဖြစ်ပါတယ်။

ကျောင်းတိုက်ဝင်း တံခါးကို ပိတ်ထားတဲ့ သံဃာတွေက ပြန်လွှတ်ပေးရင်ပေး မပေးရင် တို့ကျောင်းက သံဃာတွေကို အကုန်သတ်သွား၊ ပြီးတော့ မင်းတို့ ကုလားဟာ သွားစုပ်ကြလို့ အော်ဟစ်ပြောဆိုကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်= 09-400402829
Wira Thu

လားရှိုး ယနေ့ အခြေအနေ

Wednesday, 29 May, 2013
ဒီနေ့ ၂၉-၅-၂၀၁၃၊ မွန်းလွဲ ၁း၃ဝ နာရီမှာ အမှတ်(၇)ရပ်ကွက်မှ မူဆလင်လူဦးရေ (၄ဝ)ခန့်ဟာ ရင်ဘတ်တွေဖွင့်ပြီး ဓားနှစ်လက်စီ ယှက်တင်ကာ ကုလားလိုကြွေးကြော်ပြီး ချီတက်လာပါတယ်။

အရပ်အမောင်းကောင်း၊ ဗလတောင့်တောင်၊့ အရွယ်ကောင်းတွေဖြစ်ပြီး လက်ရွေးစင် ရွေးချယ်ထားသလိုမျိုးပါ။

သူတို့တစ်တွေဟာ မြန်မာကားတွေ၊ ဆိုင်ကယ်တွေကို မီးရှို့ကြ၊ ဆိုင်တွေ အိမ်တွေ ဖျက်ကြပါတယ်။ စိတ္တသုခကျောင်းသို့ ဦးတည်ချီတက်လာကြောင်း သိရလို့၊ မြို့လူထုက ကျောင်းအနီးမှာ စောင့်ကြိုရင်ဆိုင်နေကြပါတယ်။

အပြန်အလှန်ခုတ်ကြ၊ ရိုက်ကြရင်း လုံခြုံရေးရောက်လာကာ မိုးပေါ်ထောင်ဖောက်ပြီး ပစ်ခတ်ပါတယ်။ သေနတ်သံကြောင့် မြန်မာတွေ ရပ်သွားချိန်မှာ ကုလားတွေက ဆက်ခုတ်လို့ အသက်(၂ဝ)အရွယ် မောင်အောင်အောင် လဲကျသွားပါတယ်။ လုံခြုံရေးရဲတွေရှေ့၊ ခြေထောက်နားလေးမှာ လဲကျသွားတာပါ။

အသက်(၂ဝ)ကျော် မောင်ဝဏ္ဏလည်း နှစ်ချက်အခုတ်ခံရပါတယ်။ ပထမတစ်ချက်က ဦးခေါင်းနောက်စေ့ဖြစ်ပြီး နောက်တစ်ချက်က နားရွက်ပါ။ နားရွက်ပြတ်ကျသွားပါတယ်။ နားရွက်နေရာကို လက်နဲ့အုပ်ကိုင်ထားတဲ့ မောင်ဝဏ္ဏကို အမျိုးသမီးနှစ်ဦးက ဆွဲခေါ်ယူလာခဲ့ပါတယ်။

လုံခြုံရေးတွေကို အကူအညီတောင်းပြီး ဆေးရုံသို့ ပို့ခိုင်းရာ ဒုတ်တွေကို ချပစ်လိုက်ရင် ပို့ပေးမယ်ဆိုလို့ ဒုတ်တွေပစ်ချပြီး ကားပေါ်တင်ပေးကြပါတယ်။

လုံခြုံရေးတွေက အလယ်မှာရပ်နေပြီး စည်းတားထားပါတယ်။ လက်နက်တွေ အပ်ခိုင်းတော့ မြန်မာတွေ အကုန်လုံး လက်နက်အပ်ကြပြီး၊ ကုလားတွေက တစ်ယောက်မှ မအပ်ဘဲ နောက်ပြန်လှည့်သွားကြပါတယ်။

ကုလားတွေက ခြုံခိုတိုက်ခိုက်နေပြီး အလစ်မှာ ဝင်ခုတ်ပြီး၊ ထွက်ပြေးလိုက်၊ ကားတွေ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးပြီး၊ ပုန်းအောင်းခိုလှုံလိုက် လုပ်နေပါတယ်။ ဆိုင်ကယ်စီးလာသူ တစ်ယောက်ကို ခြုံခိုတိုက်ခိုက်လို့ လက်ပြတ်သွားပြီး ဆေးရုံတက်နေပါတယ်။

နှစ်ဦးနှစ်ဖက် ရင်ဆိုင်တိုက်ခိုက်ရာမှာ ရဲတွေက ကုလားတွေကို မထိန်းရဲဘဲ၊ ကိုယ့်လူကိုယ်ပဲထိန်းထားလို့ မြန်မာတွေမှာ ဒုတ်တွေ၊ ဓားတွေ မရှိတော့လို့ အထိနာသွားခဲ့ရတာလို့ မျက်မြင်သက်သေများက ပြောပါတယ်။

အောင်အောင်၊ ဝဏ္ဏနှင့် လက်ပြတ်သူတို့ဟာ အရေးပေါ်ကုသဆောင်မှာ ရှိနေပြီး၊ ဘယ်သူမှ တွေ့ခွင့်မရလို့ အခြေအနေ မသိရပါဘူး။

အမှတ်(၇) ရပ်ကွက်မှာဘဲ ရင်ဆိုင်တိုက်ခိုက်ကြရင်း ယနေ့ညနေ ၃းဝဝ နာရီတွင် ကုလားသုံးယောက်၊ ဗမာနှစ်ယောက် သေဆုံးခဲ့ပါတယ်။

ဗမာအလောင်းကို ချက်ချင်းဆေးရုံပို့လိုက်ကြပြီး၊ ကုလားအလောင်းကိုတော့ ည ၇းဝဝ နာရီမှ လုံခြုံရေးတွေက လာသယ်သွားကြပါတယ်။ ဗမာနှစ်ယောက်ရဲ့ နာမည်တွေကို မသိကြလို့ မေးမရသေးပါ။

ည ၈းဝဝ နာရီ နောက်ဆုံးသတင်းအရ- လုံခြုံရေးအင်အား ထပ်မံတိုးချထားလိုက်လို့ တောင်ပြေးမြောက်ပြေး ပြောင်းရွှေ့နေရတဲ့ လုံခြုံရေးတွေ ဣနြေ္ဒရသွားပြီး၊ နိုင်နင်းအောင် ထိန်းနိုင်တော့မယ်လို့ ယူဆနေကြပါတယ်။

ဒါပေမယ့် အမှတ်(၅)ရပ်ကွက် ကုန်းမြင့်ပေါ်မှာ ကုလား (၂၀၀)ကျော်ခန့် အစည်းအဝေးထိုင်နေကြလို့ ထွက်တိုက်မယ်၊ မီးကွင်းပစ်မယ်၊ ထင်နေကြလို့ မြို့လူထု စိုးရိမ်စိတ်တွေ ကြီးစိုးနေကြပါတယ်။

နောက်ဆုံးသတင်းအရ- curfew (နေဝင်မီးငြိမ်း) အမိန့်ထုတ်ပြန်ထားလို့ ကောလာဟလလောက်သာ ကြီးစိုးနေပြီး၊ နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်မှုတွေ မရှိသေးဘူးလို့ သိရပါတယ်။
Wira Thu

လားရှိုး ပဋိပက္ခ လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

Wednesday, 29 May, 2013
လားရှိုးမြို့က ပဋိပက္ခအတွင်း လူ ၁ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရတယ်လို့ နောက်ဆုံး ဝင်ရောက်တဲ့သတင်းတွေအရသိရပါတယ်။ အဂင်၎င်းနေ့က စတင်ခဲ့တဲ့ ပဋိပက္ခဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ အခြေအနေက အထိုက် အလျောက် တည်ငြိမ်နေပြီး စစ်တပ်နဲ့ ရဲက လုံခြုံရေး ယူထားတယ် ဆိုပေမယ့် နေ့လည်ပိုင်းမှာတော့ တိုက်ခိုက်မှု တခိျု့ ရှိခဲ့ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆိုင်ကယ်တွေနဲ့ လူစုဝေးတွေဟာ တုတ်ဓါး လက်နက်တွေကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်ကာ မွတ်ဆလင်တွေကို ရှာဖွေခဲ့ကြပါတယ်။ လူအများစုကတော့ နေအိမ်အပြင် မထွက်ရဲဘဲ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များလားရှိုး ပဋိပက္ခဓာတ်ပုံများလားရှိုးမှာ ဘာသာရေး အကြမ်းဖက်မှု ဖြစ်ပြန် ဗုဒ္ဓဟူးနေ့မှာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တစ်ကျောင်းနဲ့ ဈေးဆိုင်တဆိုင်လည်း ထပ်မီးရှို့ ဖျက်ဆီး ခံရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။ ဒါကြောင့် နှစ်ရက်အတွင်းဗလီနဲ့ အစ္စလမ် စာသင်ကျောင်း ၆လုံးနဲ့ ဈေးဆိုင် ၁၇ဖျက်ဆီးတိုက်ခိုက်ခံရတယ်လို့ ရဲမှူးကြီးကပြောပါတယ်။

ဒီပဋိပက္ခဟာ အဂင်၎င်နေ့က မွတ်ဆလင် တယောက်က အမျိုးသမီးတစ်ဦးကို ဓါတ်ဆီနဲ့ပက် မီးရှို့မှု ဖြစ်ပြီးနောက် စတင်ခဲ့တာ ဖြစ်ပါတယ်။ ညပိုင်းမှာ လူတွေက မကြေမနပ် ဖြစ်ပြီး ဗလီနဲ့ မွတ်စလင် မိဘမဲ့ ကျောင်းတစ်ခုကို မီးရှို့ခဲ့ကြပါတယ်။

အမျိုးသမီးကို မီးရှို့တဲ့သူဟာ တာချီလိတ်ကနေ လားရှိုးမှာ လာနေတဲ့ နေဝင်း(၄၈ နှစ်)ဆိုသူ ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ခံရသူ မအေးအေးဝင်းဆိုသူ အမျိုးသမီးကတော့ ဆေးကုသမှု ခံယူနေပါတယ်။

ဒီပဋိပက္ခကိုသတင်းယူနေတဲ့ ဒေသတွင်းသတင်းထောက် ၂ယောက်ကိုလည်း ဆူပူသူတွေက ရိုက်နှက်ခဲ့တယ်လို့ အလွတ် သတင်းထောက်ခွန်ဇော်ဦးက ဘီဘီစီကိုပြောပါတယ်။
BBC Burmese

ငါးမန်း ကိုက်ကြ သူများ

ဓာတ်ပုံ- ကျော်ဇင်သန်း
“ငါးမန်းပွက်ပြီ .. ငါးမန်းပွက်ပြီ”
မီးစက်သံ တဖုန်းဖုန်းကို ကျော်ထွက်လာသော အသံဖြစ်၏။ ပင်လယ်ကမ်းစပ်မှ လာသည့် အသံမဟုတ်။ ဆယ်ပေပတ်လည် အခန်းကျဉ်းတစ်ခုဆီမှ ဖြစ်သည်။

စီးကျနေသည့် ချွေးသီး ချွေးပေါက်များကို သုတ်နေချိန်လည်းမရှိ။ မီးရောင်စုံလင်းလာသည့် စက်ခုံပေါ်မှ ကိန်းဂဏန်းများနှင့်အတူ ကိုတင်လှ(အမည်ပြောင်း) စိတ်လှုပ်ရှားစွာထအော်မိခြင်း ဖြစ်သည်။

ငါးမန်းပွက်သည်ဆိုသည်က လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ တောင်ဥက္ကလာပစသည့် ရန်ကုန်မြို့ လူနေရပ်ကွက်များ၌ ခေတ်စားနေသည့် အရပ်ခေါ် ငါးမန်းရုံများ (ကာစီနိုရုံ) အောင်နိုင်ခြင်း စကားရပ် ဖြစ်သည်။

ရောင်စုံလိုက်ကာလေးများ ချထားပြီး ဆိုင်းဘုတ်မတင်၊ မထင်မရှား အခန်းကျဉ်းကလေးများတွင် ဖွင့်ထားသည့် ကာစီနိုလောင်း
ကစားရုံလေးများက တရားဝင် ခွင့်ပြုထားသလိုပင် ရန်ကုန်မြို့ လူနေထူထပ်သော နေရာများ၌ တွင်တွင်ကျယ်ကျယ် ပြန်လည်ဖွင့်လှစ်လာနေခြင်း ဖြစ်သည်။

စိတ်အပန်းဖြေကစားခြင်းဟု ဆိုသော်လည်း စွဲစွဲလမ်းလမ်းဖြင့် အလောင်းအစားဆန်ဆန် ကစားလာခြင်းတို့ကြောင့် စီးပွား၊ လူမှုဘ၀များ ဆုံးရှုံးကြရသည်အထိ ဖြစ်လာသည်။

“ဒီနေ့တော့ ကံကောင်းပြီ။ သူ့ကို စောင့်နေတာကြာပြီ။ ဘေးတိုက်တွေ ကျတာပဲ များတယ်” ဟု ချွေးပြိုက်ပြိုက်နှင့် အကျပင် မကပ်နိုင်အောင် ဇောကပ်နေသည့် ကိုတင်လှက ပြောသည်။

“နိုင်ပြီဆိုတော့ ခပ်ပါးပါးပဲ။ ရှုံးပြီဆိုရင်တော့ တစ်နေကုန်ရှာထားသမျှ အုံနာခတောင် မကျန်ဘူး။ မိသားစုစားဝတ်နေရေး အလွန်ဒုက္ခရောက်တယ်” ဟု တက္ကစီ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ယခုဖွင့်လှစ်ကြသည့် ကာစီနိုဂိမ်းစက်များမှာ ငမန်း၊ စင်ရော်၊ ကျီးကန်း၊ ခို၊ ၀က်ဝံ၊ ခြင်္သေ့ စသည်ဖြင့် အရုပ်များစွာ ပါဝင်သည်။ အရုပ်တစ်ခုချင်းစီလိုက်၍ ခလုတ်ခုံပေါ်မှ လျော်ပေးမည့်ငွေပမာဏမှာတူညီမှု မရှိဘဲ ကွဲပြားသည်။

မိမိလောင်းကြေး ထိုးလိုက်သည့် ပမာဏပေါ်မူတည်၍ လျော်ကြေးငွေရပါက လေးဆ၊ ခြောက်ဆ၊ ရှစ်ဆ၊ ဆယ့်နှစ်ဆနှင့် ငါးမန်းပွက်ပါက ၂၄ ဆ အထိ လျော်ကြေးရနိုင်ကြောင်း ယင်းကာစီနိုကို စွဲမြဲစွာ ကစားသူက ပြောသည်။

ကာစီနိုစက်မှ ပေးလျော်မှုမှာ လျှပ်စစ်ကိန်းဂဏန်းလေးများဖြစ်ပြီး ယင်းကိုဆိုင်ရှင်လည်းဖြစ်၊ ဒိုင်လည်းဖြစ်သူက ငွေကြေးနှင့် ပြန်လည်ပေးလျော်သည်။ စက်တွင်ပါဝင်သော အကောင်များထဲမှ မိမိကြိုက်နှစ်သက်သည့် အကောင်ကို ရွေးပြီး ထိုးနိုင်သည်။ မိမိထိုးထားသည့် အကောင်ကျပါက လျော်ကြေးငွေကို သတ်မှတ်ပေးထားသည့် အဆပမာဏအတိုင်းရသည်။

“မြို့နယ် တစ်မြို့နယ်မှာ ကာစီနိုဆိုင်လေးတွေ ငါးဆိုင်လောက် ရှိတယ်” ဟု တောင်ဥက္ကလာပမြို့နယ်မှ ငါးမန်းကာစီနိုဖွင့်လှစ်ထားသည့် ဆိုင်ရှင်တစ်ဦးက ဆိုသည်။

ကာစီနို လောင်းကစားဆိုင်များကို ယခင်က ဂိမ်းစင်တာကြီးများ၌သာ ဖွင့်လှစ်ကြသည်။ မိမိကစားလိုသည့် ပမာဏကို ငွေကြေးပေး၍ ၀ယ်ယူရသော်လည်းအနိုင်ရပါက တန်ဖိုးနှင့်ညီမျှသည့် လက်ဆောင်ပစ္စည်း အစားအစာများသာ ပြန်လည်လဲလှယ်ပေးသည်။ ငွေကြေးထုတ်ပေးခြင်းမရှိပေ။

“ငွေပြန်လဲပေးရင် အလောင်းအစား ၀ိုင်းကြီးလိုဖြစ်ပြီး ပြဿနာများလို့ အခုလို ပြောင်းလိုက်တာ။ ပိုင်ရှင်က ငွေပိုလိုချင်တာပေါ့” ဟု ရန်ကုန်မြို့ ကလေးကစားကွင်း တစ်ခုမှ ကာစီနိုတာဝန်ခံဟောင်း တစ်ဦးက ဆိုသည်။

ယခုကာစီနိုဂိမ်းစက်များမှာ လူနေရပ်ကွက်များသို့ ရောက်ရှိချိန်တွင် ငွေကြေးနှင့် အလျော်အစားပြုလုပ်လာသဖြင့် လူတန်းစားမျိုးစုံနှင့် လက်လှမ်းမီရာသို့ ရောက်လာသည်။

နေ့စဉ်ဝင်ငွေကောင်းသူများ၊ အလောင်းအစား ၀ါသနာပါသူများအတွက် ကာစီနိုဂိမ်းဆိုင်များမှာ ကွန်းခိုရာနေရာ တစ်ခုဖြစ်လာ
သည်။

ကစားစဉ်တွင် အနိုင်ရတတ်သော်လည်း စွဲစွဲလမ်းလမ်း ကစားမိပါက အရှုံးဆက်တတ်သည်။ ထိုသို့ အရှုံးဆက်သည့်အခါ လောင်းကစားသူများက မကျေနပ်မှုများကြောင့် စက်များ၊ ခလုတ်ခုံများ ထုရိုက်ချိုးဖဲ့ဖျက်ဆီးမှုများရှိကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ဆိုင်တာဝန်ခံမန်နေဂျာတစ်ဦးက ရှင်းပြသည်။

“ကျောင်းဝတ်စုံနဲ့ဆိုရင်တော့ လုံးဝလက်မခံဘူး။ လူကြည့်ပြီးတော့ ဖွင့်ပေးရတာပေါ့။ ဒီအလုပ်က အရမ်းသည်းခံရတယ်” ဟု ယင်းမန်နေဂျာက ဆိုသည်။

ယခု ဖွင့်လှစ်ထားသည့် ကာစီနိုဂိမ်းများမှာ စတင်ကစားမည်ဆိုပါက အနည်းဆုံး ကျပ်တစ်ထောင်ခန့် ပေးရသည်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ကာစီနိုဂိမ်းများ ကစားရာတွင် အကြွေစေ့များ ၀ယ်ယူ၍ ကစားခဲ့ရသည်။ ယင်းအချိန်က အကြွေစေ့တစ်စေ့လျှင် တစ်ဆယ်ကျပ် ၀န်းကျင်သာရှိပြီး အနည်းဆုံး ကျပ် ၅၀ မှ ကျပ် ၁၀၀ အတွင်း စတင်ကစားနိုင်သည်။ ယင်းအချိန်မှာ လောင်းကြေးအနိုင်ရ
မည်ဆိုပါက အကြွေစေ့များကို စက်မှ ထုတ်ယူပြီး ဆိုင်ရှင်ထံ၌ ပြန်လည်လဲယူရသည်။ ယခုကာစီနိုဂိမ်းများမှာတော့ စက်ခရင် အကွက်လေးထဲမှ ဒစ်ဂျစ်တယ်ကိန်းဂဏန်းများကိုသာ အတိုးအလျော့ပြုလုပ်ပေးသည်။ ကာစီနိုဂိမ်းစက်များကို လျှို့ဝှက်ဂဏန်းများဖြင့် တည်ဆောက်ထားပြီး ပိုင်ရှင်က နေ့စဉ် ပြောင်းလဲပေးလေ့ရှိသည်။

“ဆော့တာကြာတော့ တွက်လို့ရမယ် ထင်ပေမယ့် တကယ်မဲပြီးဆော့ရင် ပါသမျှကုန်တာပဲ” ဟု တောင်ဥက္ကလာ ကာစီနိုဂိမ်းဆိုင်တွင် ကစားနေသူတစ်ဦးက ဆိုသည်။

ကာစီနိုဂိမ်းများကို ကစားသူများမှာ စိတ်ထွက်ပေါက်အနေဖြင့် အပျင်းပြေစတင် ကစားကြသည်။
ငွေကြေးအနည်းငယ်ဖြင့် စတင်ကြသည်။ စက်နှင့်အပြိုင်ဉာဏ်စမ်းကစားရသည့် ဂိမ်းမျိုးဖြစ်သည့်အပြင် ငွေကြေးပါထည့်ဝင်လောင်း ရသည့်အတွက် ပိုမိုအာရုံစိုက်ပြီးစွဲလမ်းတတ်ကြောင်း ၎င်းက ရှင်းပြသည်။

တရားဝင်ခွင့်ပြုချက်မရှိ ဖွင့်ထားသည့် ရပ်ကွက်များအတွင်းမှ ကာစီနိုဂိမ်းဆိုင် အသေးလေးများမှာ ရပ်ကွက်မြို့နယ်မှ သက်ဆိုင် ရာ
အဖွဲ့အစည်းများကို တစ်လလျှင် ကျပ်ငါးသိန်းမှ ခုနစ်သိန်းကြားပေး၍ ဖွင့်လှစ်ကြခြင်းဖြစ်သည်။ ဂိမ်းဆိုင်တစ်ဆိုင်၏ တစ်ရက်ဝင်ငွေမှာ အနည်းဆုံးကျပ်သုံးသိန်းမှ ဆယ်သိန်းကြားရှိကြောင်း သိရသည်။

ဂိမ်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ရန်အတွက် တရုတ်နိုင်ငံထုတ် ဂိမ်းစက်ရှစ်လုံးတစ်တွဲကို ကျပ်သိန်း ၃၀ ၀န်းကျင်ဖြင့် နယ်စပ်မှ တစ်ဆင့်တင်သွင်းကြကြောင်း သိရသည်။

နှစ်လုံး၊ သုံးလုံးထီများ အ နည်းငယ် ငြိမ်သက်ချိန်တွင် ဘော လုံးပွဲများက နေရာယူခဲ့သည်။ ယခုလည်း ရန်ကုန်၊ မန္တလေးမြို့ ကြီးများတွင် ကာစီနိုဂိမ်းများက ကြီးစိုးနေသည်။ ကျေးလက်ဒေ သများတွင်လည်း ချဲထီ၊ နှစ်လုံးထီများနှင့် လောင်းကစားများ၏ နှိပ်စက်မှုများက နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကပင် နှုတ်မှ ဖွင့်ဟတားဆီးရသည်အထိ ဖြစ်လာသည်။

“မိုးစပါး၊ နွေစပါးပဲဖြစ်ဖြစ် စိုက်ပျိုးရေးအတွက် ထောက်ပံ့ကြေးပေးရင် ချဲမထိုးဖို့၊ လောင်းကစားမလုပ်ဖို့ သတိပေးရတယ်” ဟု ဆန်စပါးအထူးပြုကုမ္ပဏီတစ်ခုမှ ဒါရိုက်တာတစ်ဦးက ပြောဖူးသည်။
ပြည်သိမ်း၊ ချစ်ဝိုင်း
7Day News Journal

ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့်ဆွေတိုက်တွန်း

ရန်ကုန်၊ မေ- ၂၉
အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများအပေါ် ပြည်ပရင်းနှီးမြှုပ်နှံသူများက စိုးရိမ်မှုများရှိနေသောကြောင့် အလုပ်ရှင်များက အလုပ်သမားများကို ထိုက်သင့်သောလုပ်ခပေးသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေက လှိုင်သာယာ
မြို့နယ်ရှိ ကနောင်ခန်းမတွင် တိုက်တွန်းပြောကြားခဲ့သည်။

“ရင်းနှီးမြှုပ်နှံမယ့်သူတွေက တစ်နေ့နှစ်ဖွဲ့၊ သုံးဖွဲ့ဆန္ဒပြတာ တွေ့နေတော့ မင်းတို့ စက်ရုံအလုပ်သမားတွေက နင်းကန်ပြီး တောင်းနေတာ
လားလို့ အမြဲမေးတယ်။ ကျွန်တော်တို့ကလည်း အလုပ်သမားဥပဒေလည်း ထွက်နေပါပြီ။ အနိမ့်ဆုံးလုပ်ခလည်း ဘယ်လောက်ဆိုတာ သတ်မှတ် နေပါပြီလို့ပြောရတယ်။ ဒီဟာတွေကို သူတို့ဘက်ကကြောက်နေပါတယ်”ဟု ၀န်ကြီးချုပ်ဦးမြင့်ဆွေကပြောသည်။

ယခုနှစ် ဇန်န၀ါရီမှ မေလကုန်ပိုင်းအထိ အခြေခံလုပ်ခလစာတိုးမြှင့်ရေးနှင့် ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြစ်ပွားသော စက်ရုံပေါင်း ၂၀ ကျော်ရှိကာ စုပေါင်းတောင်းဆိုသော လုပ်သားခြောက်ထောင်ကျော်ရှိခဲ့ကြောင်း သတင်းရရှိသည်။လုပ်ခလစာနှုန်းထားနှင့် ပတ်
သက်၍ လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဒုအတွင်းရေးမှူး ဦးအေးထွန်းက “အလုပ်ရှင်အများစုက ကျွန်တော်တို့ဘာလို့ပိုမပေးနိုင် လည်းဆိုရင် ကျွန်တော်တို့ အမြတ်များများရမှ ပေးနိုင်မှာပေါ့။ လက်ရှိ မြန်မာဈေးကွက်က သေးနေတော့ ပြဿနာဖြစ်နေတာ”ဟုဆိုသည်။
7Day News Journal

မြောက်ဥက္ကလာနှင့်ဒဂုံမြောက်တို့ဆက်သွယ်ထားသည့်ကြိုးတံတားကို သဲစက်လှေတိုက်မိ၍သံကြိုး ၁၀ ချောင်းပြုတ်ကျ


၂၉.၅.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် ငမိုးရိပ်ချောင်းအတွင်း ရွှေပေါက္ကံဘက်မှဒဂုံမြောက်ဘက်သို့ စိန်မြင့်၊ ၅၅နှစ်(ဘ)ဦးငြိမ်း၊ ရွှေပေါက္ကံနေသူ မောင်းနှင်လာသည့် အဏ္ဏ၀ါမင်း သဲစက်လှေသည် မြောက်ဥက္ကလာနှင့် ဒဂုံမြောက်မြို့နယ်တို့ ဆက်သွယ်ထားသည့် ကြိုးတံတားအောက်သို့ဖြတ်မောင်းစဉ် ကြိုးတံတားဘောင်အား စက်လှေ၏ဦးနှင့်တိုက်မိသဖြင့် ကြိုးတံတားရှိချိတ်ဆွဲထားသော သံကြိုး ၁၀ ချောင်းပြတ်သွားခဲ့ကာ စက်လှေနှင့်တံတားငြိနေရာမှ ၁၀၀၀ အချိန်ခန့်တွင် အခြားစက်လှေ တစ်စီးဖြင့် ဆွဲဖယ်ခဲ့၍တံတားနှင့်လွတ်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ အဆိုပါနေရာသို့မြောက်ဥက္ကလာပမြို့နယ် လမ်းတံတားဌာနမှ လက်ထောက်အင်ဂျင်နီယာဦးဆန်းဝင်းနှင့်အဖွဲ့ ရောက်ရှိစစ်ဆေးကာ ခရိုင်အင်ဂျင်နီယာရုံးသို့ဆက်လက်တင်ပြပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အမြန်ပြုပြင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
Yangon Police

သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး

၂၈.၅.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန်သုံးခွမြို့နယ်၊ သာသာမြိုင်ကျေးရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ် မြောက်ဘက် ပေ ၁၀၀ ခန့်အကွာ၊ ပေ ၁၀၀ ပတ်လည်ခန့်ရှိရေကန်အတွင်းမှ လက်နှင့် ခြေထောက်တို့အား နောက်ပြန်ကြိုးတုတ်လျက် အ၀တ်မပါအမျိုးသားအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ သုံးခွမြို့နယ်၊ ညောင်လန်းကုန်းရဲကင်းမှရဲတပ်ဖွဲ့ဝင်များမှ သက်သေများ နှင့်အတူ ၂၁၀၀ အချိန်တွင် အလောင်းအားဆယ်ယူ စစ်ဆေးရာ သေဆုံးသူမှာ ၂၆.၅.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့်ကပျောက်ဆုံးနေခဲ့သော ကိုသန့်ဇင်ဝင်းနှင့်အတူနေဖခင် ဦးလှတင်၊ ၅၀နှစ်၊(ဘ)ဦးဝင်း ဖြစ်ကြောင်းသိရှိရပြီး လည်ပင်းတွင်ညိုမဲဒဏ်ရာတွေ့ရှိရသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေးယူပေးရန်တိုင်တန်းခဲ့ရာ သုံးခွမြို့မရဲစခန်းမှ အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေးအတွက် တိုင်း၊ခရိုင်အဖွဲ့များနှင့်ပူးပေါင်းစုံစမ်းဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

သက်ခိုင် ဝတ္ထုသည် မင်းဒင်ရဲ့ ၁၅ နှစ်အတွင်း အကောင်းဆုံး ဟုဆို

စာရေးဆရာ မင်းဒင်၏ ”မင်းဒင် ရဲ့သက်ခိုင်” ဝတ္ထုစာအုပ်သည် ၁၅ နှစ် အတွင်း မြန်မာနိုင်ငံ၌ ထွက်ရှိသမျှ ဝတ္ထု စာအုပ်များထဲတွင် အကောင်းဆုံး ဖြစ်ကြောင်း စာရေးဆရာ ဟိန်းလတ် က ချီးကျူးပြောဆိုလိုက်သည်။ ”မြန်မာပြည်မှာ နိုဗယ်မရှိပါ ဆိုပြီး ကျွန်တော်တို့ ပြောနေကြတာ။ ဖတ်စရာ ဝတ္ထုမရှိတာ ၁၅ နှစ်လောက် ရှိပြီ။ အဲဒီမှာ မင်းဒင်ရဲ့ သက်ခိုင်စာအုပ် ဖတ်လိုက်တော့ ကျွန်တော်သာ အမျိုး သားစာပေဆု ရွေးချယ်ရေးကော်မတီ ဖြစ်ခဲ့ရင် ဒီစာအုပ်ကို ဆုပေးမှာအမှန်ပဲ။ ရသမျိုးစုံပါတယ်” ဟု စာရေးဆရာ ဟိန်းလတ်က မေ ၂၃ ရက်က စာရေး ဆရာ မင်းဒင်၏ ဒုတိယစာအုပ် ထုတ် ဝေခြင်း အခမ်းအနားတွင် ထိုင်းနိုင်ငံရှိ စာရေးဆရာ မင်းဒင်အား အွန်လိုင်း (Skype) မှတစ်ဆင့် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

”မင်းဒင်ရဲ့သက်ခိုင်” စာအုပ်သည် တရားဝင်ထုတ်ဝေဖြန့်ချိမှု မပြုမီက တည်းက မြန်မာစာဖတ်ပရိသတ် အ တော်များများ လမ်းဘေးအရောင်းဆိုင် များက ရောင်းသော မိတ္တူစာအုပ်ကို ဝယ်ယူဖတ်ရှုထားကြပြီး ယင်းစာအုပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ယခုလက်ရှိ သက်ရှိများ၏ သမိုင်းအဖြစ်အမျိုးမျိုး ပြောဆိုလျက်ရှိကြသည်။ စာရေးဆရာမောင်သွေးသစ်က လည်း မင်းဒင်နှင့်သက်ခိုင်ဝတ္ထုသည် ဖတ် ခဲ့ဖူးသမျှ အကြိုက်ဆုံးနှင့် ဇာတ်ကောင် များမှာ ပြင်ပတွင် လက်ရှိအချိန် အထိရှိ နေခြင်းက ထူးခြားကြောင်း ပြောသည်။

ထို့အပြင် စာရေးသူကိုယ်တိုင်က မူမမှန်သော ခေတ်ကြီးကို ယုံကြည်သလို ဖြတ်သန်းခဲ့ပုံသာ ဖြစ်သည်ဟု အမှာစာ ရေးသား ထားရာ မြန်မာနိုင်ငံ အမှောင် ခေတ်တစ်ခုမှ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် နယ်ပယ်အရပ်ရပ်ကို ကိုယ်တွေ့ဖြတ်သန်းခဲ့သူပီပီ စာဖတ်ပရိ သတ်အကြိုက်ဝတ္ထု၊ အတ္ထုပ္ပတ္တိတစ်ခု အဖြစ် စာဖတ်သူများကပါ ချီးကျူးပြော ကြားသည်။စာရေးဆရာမင်းဒင်သည် မင်း ဒင်ရဲ့သက်ခိုင်စာအုပ်ပြီးနောက် ဒုတိယ မြောက်လုံးချင်းစာအုပ်အဖြစ် ”ဖြစ်ပျက် ရှာပုံတော်ခရီးသည်” ဘာသာရေးစာ အုပ်ကို ယခုအခါ ထုတ်ဝေဖြန့်ချိလိုက်ပြီး အဆိုပါ စာအုပ်ဖြန့်ချိခြင်း အထိမ်းအ မှတ်ပွဲကို မေလ ၂၃ ရက်နေ့က ရန်ကုန် မြို့ ၃၇ လမ်းအထက် တစ်ထိပ်တန်း ပညာ့ဗိမာန်၌ ပြုလုပ်ခဲ့သည်။ စာရေး ဆရာမင်းဒင်မှာ ထိုင်းနိုင်ငံဖူးခက်၌ နေထိုင်လျက်ရှိပြီး အဆိုပါစာအုပ်အခမ်း အနားကို တက်ရောက်လာသူများအား အင်တာနက်အွန်လိုင်းမှတစ် ဆင့် မေး မြန်းမှုများအား ပြန်လည်ဖြေကြားခဲ့ရာ ထူးခြားသည့် စာအုပ်မိတ်ဆက်ပွဲ ဖြစ်ခဲ့ သည်။ စာရေးဆရာ မင်းဒင်က ”မင်းဒင် ရဲ့သက်ခိုင် (၂)” စာအုပ် ဆက်လက် ထွက်လာရန်ရှိကြောင်းလည်း ပြောကြား ခဲ့သည်။
မိုးမြင့်
Popular Myanmar News Journal

ဝမ်းရေးနှင့် ဘ၀များစွာ (ဓာတ်ပုံ)

ဝမ်းရေးအတွက် ရုန်းကန်နေရသည့် ဘ၀များစွာရှိသည့်အနက်မှ လမ်းမထက်နေပူကျဲကျဲမှာ ပင်ပန်းကြီးစွာ လုပ်ကိုင်ပြီးမှ ၀မ်းရေးအတွက်ဖြေရှင်းနေရသော လမ်းခင်းလုပ်သားများ ၏ဘ၀မြင်ကွင်းအချို့ဖြစ်သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မင်္ဂလာမန္တလေးစီမံကိန်းနှင့် ဘောလုံး အကယ်ဒမီ(မန္တလေး)၀ဲယာတွင် စည်ပင်သာယာရေးကော်မတီ(မန္တလေး) မှ နေ့စားဝန်ထမ်းများခေါ်ယူကာ လမ်းခင်းနေသော လမ်းခင်းလုပ်သားများ၏ အလုပ် လုပ်ကိုင်နေပုံကို ဓာတ်ပုံ - ဖိုးလပြည့် (မြစ်သား)က ယခုလ ၂၃ရက်နေ့ကရိုက်ကူးထားခြင်းဖြစ်ပါသည်။

"ဘယ်သူမဆို အရိပ်ထဲမှာပဲ အေးအေးလူလူ အလုပ်လုပ်ချင်ကြမှာပေါ့ဗျာ။ ဒါပေမယ့် တစ်ခြားရွေးချယ်စရာ မရှိတော့တဲ့အခါမှာတော့ သူတို့လဲ နေပူပူအောက် ထွက်ရတော့တာပေါ့"ဟု ဓာတ်ပုံဆရာက မှတ်ချက်ချပါသည်။
ဓာတ်ပုံ - ဖိုးလပြည့် (မြစ်သား)
Popular Myanmar News Journal






၁၅ဝဝ တန်ဆင်းကတ်ပဲခူး အထိဆင်း၍ သုံးသောင်းပေးဝယ်နေ

ရန်ကုန်မှ ပဲခူးမြို့နယ်အထိ ဆင်း ၍ ကြိုတင်ငွေပေးချေမှုစနစ်ဖြင့် ၁၅ဝဝ ကျပ်တန် ဆင်းကတ်များ ဝယ်ယူလျက် ရှိနေသည်ဟု ဖုန်းဈေးကွက်မှသိရသည်။

''ဖုန်းတွေ မဲနှိုက်တဲ့နေ့မှာပဲ ရပ် ကွက်ထဲကို လာပြီး ကတ်ရောင်းမလား မေးတယ်။ ရောင်းရင်စရန်ငွေပေးထား မယ်ပြောတယ်။ ကတ်ရတဲ့နေ့ ငွေအပြီး ချေမယ်ပြောပါတယ်''ဟု ပဲခူးမြို့ ဥဿာ မြို့သစ် ၁၉ ရပ်ကွက်မှ မငြိမ်းငြိမ်းက ပြောသည်။

အဆိုပါ ဖုန်းဆင်းကတ်ဝယ်ယူသူ အချို့သည် ၁၅ဝဝ ကျပ်တန်ဖုန်းကို ကျပ် သုံးသောင်းပေးဝယ်ယူလျက်ရှိပြီး ကတ်များရရှိရေးအတွက် ဒေသခံများ
အပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လည်း ပူးပေါင်းလုပ်ကိုင်နေကြောင်း သိရသည်။

''ကျွန်တော်တို့က တိုက်ရိုက်ပြန် ရောင်းမယ့်သူတွေတော့ မဟုတ်ပါဘူး။ သူဌေးက နယ်ဆင်းပြီး ကတ်လိုက်ဝယ် ခိုင်းလို့ ဒီအထိရောက်လာခဲ့ရတာပါ။ ဈေးနှုန်းကတော့
ကျပ်သုံးသောင်းနဲ့ အ လုံးရေ အကန့်အသတ်မရှိဝယ်ပါတယ်''ဟု ဆင်းကတ်ဝယ်ယူသူတစ်ဦး ကပြော သည်။

လက်ရှိတွင် ဆင်းကတ်ဝယ်ယူသူ အချို့မှာ ပဲခူးမြို့၌ရှိသည့် ရပ်ကွက်များ တွင်လိုက်လံဝယ်ယူလျက်ရှိပြီး ဈေး ကွက် တစ်ခုအထိဖြစ်ပေါ်နေကြောင်း သိရသည်။

''ဆင်းကတ်ကြီး မဲပေါက်ပြီး ဟန်း ဆက်ဝယ်ဖို့ငွေမရှိဘူး၊ ငွေရှိရင်လည်း သုံးဖို့ ဆန္ဒမရှိဘူး။ ဖုန်းမရှိဘဲနေလာတာ ကြာပြီ၊ ဖုန်းရှိမှ ငွေထပ်ကုန်မယ်။ ဒါနဲ့ အိမ်မိုးဖို့ငွေလိုတာနဲ့ ကတ်ပြန်ရောင်း ဖြစ်တာပါ''ဟု ပဲခူးမြို့ နန်းတော်ရာ ရပ်ကွက်မှ မအေးအေးသန်းက ပြောသည်။

ကျပ်တစ်ထောင့် ငါးရာတန် ဖုန်း များကို ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ မဲနှိုက် ရွေးချယ်သည့် စနစ်ဖြင့် စတင်ရောင်းခဲ့ ပြီးနောက် ၎င်းဖုန်းများ၏ ပြင်ပပေါက် ဈေးမှာ ရန်ကုန်ဈေးကွက်တွင် ကျပ် ရှစ် သောင်းအထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး လက်ရှိ အချိန်အထိ ယင်းနှုန်းထားမှာ ကျဆင်းခြင်းမရှိသေးကြောင်း
ဖုန်းဈေး ကွက်မှ သိရသည်။
PN052
Popular Myanmar News Journal

လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား

May 29, 2013
လားရှိုးအာဏာပိုင်တွေက ပုဒ်မ ၁၄၄ အရေးပေါ်အခြေအနေတွေ ကြေညာထားပေမယ့်လည်း ဒီနေ့ မွန်းလွဲပိုင်းကစပြီး လူအုပ်စုတစုက ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတဦး ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခံရပြီးတဲ့ နောက်ပိုင်း အဆောက်အဦ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ညတွင်းချင်း အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် ဒီနေ့ ထပ်မံ ဖြစ်ပွားတာပါ။


မျက်မြင်ဒေသခံတဦးက “လူအုပ်ကြီး ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ ရွေ့လျားသွားနေတော့ ဟိုဘက်လုံခြုံရေးချ ဒီဘက်သွား၊ ဒီဘက်ချ ဟိုသွားနဲ့ ဟိုရွေ့ဒီရွေ့ဖြစ်နေတယ်။ ရုပ်ရှင်ရုံကို ခဲနဲ့ထုတယ်၊ ကျက်တန်းတခုက စားသောက်ဆိုင်တွေကို ဖျက်တယ်၊ သာရေးနာရေးကားတွေကို မီးရှို့လိုက်တယ်” လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးမှုတွေကို သတင်းရယူနေတဲ့ အိုင်စီဂျေ သတင်းထောက် ၂ ဦး လည်း ၇ ရပ်ကွက်ထဲမှာ လူအုပ်စုတစုရဲ့ ရိုက်နှက်တာ ခံခဲ့ရပါတယ်။

အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။”

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ လားရှိုးမြို့ခံ ဦးစိုင်းမြင့်မောင်ကလည်း ဒီနေ့မွန်းလွဲပိုင်းက စပြီး ဆူပူမှုတွေ ထပ်ဖြစ်ကြောင်း၊ ၂ ရပ်ကွက်ထဲက သီတာအေး ရုပ်ရှင်ရုံအတွင်းပိုင်း မီးလောင်ပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ၇ ရပ်ကွက်ထဲမှာ ဈေးဆိုင်ဖျက်ဆီးမှုတွေရှိတယ်လို့ ပြောပါတယ်။


“ဒီနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်စ ထပ်ဖြစ်တယ်။ သီတာအေးရုပ်ရှင်ရုံ ၁ ရုံကို မီးရှို့တယ်။ အတွင်းဘက် လောင်တယ် ပြောတယ်။ အပြင်ဘက် ဆိုင်တန်းတွေ ရှို့တယ်။ ပိုင်ရှင်က ပန်းသေးဗျ။ နောက် ရပ်ကွက် ၇ ထဲက ဗလီတခုဆီ သွားတယ်ပြောတယ်။ ဖျက်သလား၊ မဖျက်သလား မသိဘူး။ ကျနော်သိသလောက်ဆို ရပ်ကွက်ကလူတွေ ဦးဆောင်တာ မဟုတ်ဘူး။ ဦးဆောင်သူတွေက ဒီမြို့မှာ မျက်မှန်းတန်းမိနေသူတွေ မဟုတ်ဘူးလို့လည်း ပြောတယ်။”

မေ ၂၈ ရက်နေ့ ညနေပိုင်းက ၈ ရပ်ကွက်ထဲမှာ ဦးနေ၀င်းဆိုသူက ဓာတ်ဆီရောင်းသူ ဒေါ်အေးအေးဝင်းကို ဓာတ်ဆီနဲ့ ပက်ပြီး မီးရှို့ခဲ့ရာက လူအုပ်စုကြား မကျေနပ်မှုတွေ ဖြစ်ပွားပြီး ၂၊ ၃၊ ၇ နဲ့ ၉ ရပ်ကွက်တွေက ဗလီတခု၊ မိဘမဲ့ကျောင်းတကျောင်း၊ ဗလီဆရာသင်တန်းကျောင်းတကျောင်း မီးရှို့ခံရပြီး ဈေးဆိုင်ပေါင်း အနည်းဆုံး ၁၀ ဆိုင်နဲ့ နေအိမ် ၃ လုံး ဖျက်ဆီးခံခဲ့ရပါတယ်။

မီးရှို့ခံရသူ ဒေါ်အေးအေးဝင်းကို မြို့ခံတွေက လားရှိုးဆေးရုံမှာ ပို့ဆောင်ကုသထားပြီး ဦးနေ၀င်းကိုတော့ အမှတ် ၁ မြို့မရဲစခန်းက အရေးယူထားပြီး လုံခြုံရေးတွေလည်း တိုးမြှင့်ချထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်ကတော့ ပဋိပက္ခဖြစ်ပျက်မှုတွေက ဘူးသီးတောင်၊ မောင်တောတွေလိုပဲ တပုံစံတည်းလို ဖြစ်နေတာ မကောင်းကြောင်းနဲ့ လူ ၂ ဦးချင်း ဖြစ်တဲ့ပြဿနာကို တရားဥပဒေနဲ့သာ ဖြေရှင်းသင့်ပြီး အများပြည်သူပိုင်ပစ္စည်းတွေ မဖျက်ဆီးသင့်ဘူးလို့ ပြောပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဗုဒ္ဓဘာသာသံဃာတော်တွေ၊ အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီနေ့ မွန်းလွဲပိုင်းက လားရှိုးမြို့တော်ခန်းမမှာ တွေ့ဆုံဆွေးနွေးပြီး ပဋိပက္ခဖြစ်ပွားမှုဟာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့အကြောင်းတွေ ရှင်းလင်းပြောကြားခဲ့ပါတယ်။
နန်းမြနဒီ
DVB TV News

ဆူပူမှုကြောင့် လားရှိုးမှာ ပုဒ်မ ၁၄၄ ထုတ်

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး (Navi Pillay)
29.05.2013
ရှမ်းပြည်နယ် လားရှိုးမြို့မှာ အင်္ဂါနေ့က ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့တာမှာ သာသနာ့ အဆောက်အဦးတချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကြမ်းဖက်မှုတွေကြောင့် လားရှိုးမြို့မှာ ပုဒ်မ (၁၄၄) အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံထဲမှာ အခုလို ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အပေါ်မှာ အထူးစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) ကလည်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

အင်္ဂါနေ့ ညနေပိုင်းက လားရှိုးမြို့မှာ လူတစ်စုက တုတ်ဓားတွေနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တာကြောင့် သာသနာ အဆောက်အဦးတချို့နဲ့ ဈေးဆိုင်ခန်းတချို့ မီးလောင် ပျက်စီးခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ လောလောဆယ် ပျက်စီးဆုံးရှုံးမှု ပမာဏနဲ့ ထိခိုက်ဒဏ်ရာရမှု အခြေအနေတွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ ဖျက်ဆီးခံခဲ့ရတဲ့အထဲမှာ ဗလီကျောင်းတစ်ခုနဲ့ အနီးအနားက ဈေးဆိုင်ခန်းတွေအပြင် မိဘမဲ့ ကလေးဂေဟာ တစ်ခုလည်း ပါဝင်တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

“ဈေးနားက ဗလီလောင်တာ။ ဂျာမေ ဗလီ။  အခု ကျမတို့ ဒီဗလီကျောင်းကနေ မီးရှို့လိုက်တာဟာ အဲ့ဒီအောက်ပိုင်း တကွေ့ကြီး အကုန်ပါသွားတယ်။ တရုတ်ဆိုင်တွေရော၊ ဟိန္ဒူဆိုင်တွေရော အကုန်ပါသွားတယ်။ ပထမ ဗလီကို မီးရှို့တယ်။ ဗလီကို မီးရှို့ပြီးတော့ ကျောင်းကို မီးရှို့တယ်။ ကျောင်းကတော့ တစ်ကျောင်းလုံး ပြာကျတယ် အစ်မရယ်။ မှောင်မှောင်မည်းမည်းထဲမှာ ဘယ်သူဘယ်ဝါမှန်း လုံးဝ မသိရဘူး။ လူငယ်တွေပဲ အစ်မ။ ဆိုင်ကယ်တွေနဲ့ တုတ်တွေနဲ့။ လူ ၁၀၀ ကျော်လောက်ရှိမယ်။ လူငယ်တွေချည်းပဲ။”

ထိခိုက်ပျက်စီးမှု အခြေအနေကို သိရအောင် လားရှိုးမြို့က မီးသတ်နဲ့ သက်ဆိုင်ရာဌာနတွေကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခြေအနေ အတိအကျ မသိခဲ့ရပါဘူး။

အကြမ်းဖက်မှုတွေ ဘယ်က ဘယ်လို စတင်ခဲ့တယ်ဆိုတာ သေချာ မသိရပေမဲ့၊ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို မီးရှို့ခဲ့တယ်ဆိုတဲ့ အဲဒီနေ့ အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကြောင့် အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပုံရတယ်လို့ အဲ့ဒီ ဒေသခံက ပြောပါတယ်။

“အောက်ဘက်မှာ၊ ရပ်ကွက် (၈) ဘက်မှာပေါ့နော်။ ဓာတ်ဆီရောင်းတဲ့ ကောင်မလေးကို မူဆလင်တစ်ဦးက မီးရှို့လိုက်တယ်တဲ့။ ဒါပေမဲ့ ရဲက ဖမ်းမိတယ်။ အဲဒီလူကို။ အဲဒီလူက လားရှိုးမြို့ကလည်း မဟုတ်ဘူး။ အဲဒါ ဖမ်းမိပြီး သူ့ကို ရဲစခန်းကို ဖမ်းခေါ်သွားပြီ။ အဲဒါ သုံး လေး နာရီလောက်ကျတော့ ဘုန်းကြီးတွေက ရဲစခန်းထဲကို သွားပြီးတော့ အဲဒီလူကို တောင်းတာ။ ထုတ်ပေးဖို့လေ။ တောင်းတဲ့အခါကျတော့ ရဲတွေက မထုတ်ပေးနိုင်ဘူးပေါ့။ ထုတ်ပေးလိုက်ရင် ကျနော်တို့ အဖမ်းခံရမှာပေါ့နော်။ အဲဒီတော့ ကျမတို့အနေနဲ့ကတော့ ဒီတစ်ယောက်အတွက်နဲ့ ကျမတို့ အများကြီး ဆုံးရှုံးသွားပြီပေါ့လေ။ အခုလိုတွေ ဖြစ်ကုန်တာ၊ ဖြစ်တဲ့အချိန်မှာ ရဲတွေလည်း မလာရဲဘူး။ ဘယ်သူမှမလာဘူး။ ဘယ်သူမှ ကြည့်မယ့်သူ မရှိဘူး။ သူတို့ ထင်တိုင်း ကျဲသွားကြတာပဲ မင်းမဲ့ တိုင်းပြည်ကျနေတာပဲ။”

အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လောလောဆယ် လားရှိုးမြို့မှာ ပုဒ်မ (၁၄၄) အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီလအစောပိုင်းတုန်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဘာသာရေး အကြောင်းပြပြီး လူတစ်စုက အကြမ်းဖက် ဖျက်ဆီးမှုတွေ လုပ်ခဲ့တာကြောင့် ဆိပ်မူ နဲ့ မမုံ ကျေးရွာတွေမှာ နေအိမ်တချို့နဲ့ ဈေးဆိုင်တွေ ပျက်စီး ဆုံးရှုံးခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံ နေရာ အတော်များများမှာ ပြီးခဲ့တဲ့နှစ်ကစလို့ ဘာသာရေးနဲ့ လူမျိုးရေး အသွင်ဆောင်တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေ မကြာခဏဆိုသလို ပေါ်ပေါက်ခဲ့တဲ့အထဲမှာ အခု လားရှိုးမြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကတော့ နောက်ဆုံးဖြစ်ရပ်လို့ ဆိုရမှာပါ။

ဒီလို ဒေသတော်တော်များများမှာ အကြမ်းဖက်မှုတွေ တိုးပြီး ဖြစ်ပွားလာနေတဲ့အပေါ် အထူးစိုးရိမ်မိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) ကလည်း မနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲအဖွင့်မှာ ပြောဆိုသွားပါတယ်။

“လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ အပါအ၀င် ဒေသအတော်များများမှာ အကြမ်းဖက်မှုတွေ တိုးလာနေတဲ့အပေါ်မှာ ကျမ အထိတ်တလန့် ဖြစ်ရပါတယ်။ မြန်မာနိုင်ငံထဲမှာ ရခိုင်နဲ့ မိတ္ထီလာ အပါအ၀င် နေရာ အတော်များများမှာ မူဆလင် လူမှု အသိုင်းအ၀ိုင်းအပေါ် တိုက်ခိုက်နေတာတွေနဲ့ ပတ်သက်လို့ ကျမ အထူး စိုးရိမ်ပါတယ်။ ဒီအကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။”

“ပြည်သူတွေကို အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့သူတွေ၊ အကြမ်းဖက်မှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ရဲဝန်ထမ်းတွေ၊ ဒါမှမဟုတ် နယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေ၊ စစ်သားတွေ အပါအ၀င် အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူရပါလိမ့်မယ်။ မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂ လူသားချင်း စာနာကူညီရေးဆိုင်ရာ ဌာနေရုံး ဖွင့်နိုင်ရေးအတွက် အစိုးရနဲ့ အပြီးသတ် စေ့စပ် ညှိနှိုင်းနိုင်ဖို့ကိုလည်း ကျမ မျှော်လင့်ပြီး စောင့်နေပါတယ်။ ဒါမှသာ မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ အခုလို လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ ကျမတို့အနေနဲ့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ဘာသာရေးနဲ့  လူမျိုးရေးအခြေခံတဲ့ သွေးထွက်သံယို ပဋိပက္ခတွေအတွင်း လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရသလို၊ လူ ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ အတိဒုက္ခ ရောက်နေကြရဆဲလည်း ဖြစ်ပါတယ်။ တခါ ဒီနှစ်အတွင်း မိတ္ထီလာမြို့မှာ စတင်ဖြစ်ပွားပြီး တခြားဒေသတွေကိုပါ ပျံ့နှံ့ခဲ့တဲ့ ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေအတွင်းမှာလည်း လူတွေ အများအပြား သေဆုံးခဲ့ရပါသေးတယ်။
မခင်ဖြူထွေး
VOA Burmese

သမ္မတဦးသိန်းစိန် သုဝဏ္ဏကွင်းတွင် မိန့်ခွန်းပြောမည်

သမ္မတ အမေရီကန်ခရီးစဉ်မှ ဓါတ်ပုံ
ရန်ကုန်၊ မေ ၂၈
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှု စီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားကို သမဝါယမဝန်ကြီးဌာနက ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမတွင် ဇွန်လ ၂ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယင်း အခမ်းအနား သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာန ရုံးအဖွဲ့မှူးက The Voice သို့ ပြောကြားသည်။

ယင်းအခမ်းအနားတွင် သမဝါယမ အသင်းဝင်များ၏ စီးပွားရေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ သမဝါယမဝန်ကြီးဌာနက ချေးငွေများထုတ်ပေးခြင်း၊ အရစ်ကျစနစ် ဖြင့် အနှေးယာဉ်၊ တက္ကစီများ ရောင်းချပေး ခြင်း၊ အပ်ချုပ်စက် စသည့်အိမ်တွင် ဝင်ငွေ ရှာနိုင်သော စက်ပစ္စည်းများ ရောင်းချပေး ခြင်းစသည့် အစီအစဉ်များရှိကြောင်း အဆိုပါရုံးအဖွဲ့မှူးက ဆိုသည်။
"အများပြည်သူ အကုန်လုံးအတွက်တော့ ဒီအစီအစဉ်က အကျုံးမဝင်ပါဘူး။ သမဝါယမအသင်းဝင် တွေအတွက်ပဲ စီစဉ် ထားတာပါ" ဟု ၄င်းကရှင်းပြသည်။

သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသော ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် (၈) ရပ်ကွက်တွင် နေထိုင် သည့် ငွေချေးငှားသူ အမျိုးသမီးတစ်ဦးက သမ္မတနှင့် တွေ့ဆုံပြောဆိုခွင့် ရလျှင် အိမ်ပိုင် မရှိသော ဆင်းရဲသားများအတွက် သိန်း ၃၀ ခန့် တန်ဖိုးနည်းအိမ်ရာများကို တစ်လငွေ ကျပ် သုံးသောင်းခန့် သွင်း၍ အရစ်ကျ ရောင်းချပေးရန် ပြောကြားမည်ဖြစ်ကြောင်း၊ ယခုတန်ဖိုးနည်း အိမ်ရာများမှာ ကျပ်သိန်း ၁၀၀ ခန့်ရှိသဖြင့် အခြေခံ လူတန်းစား များ အတွက် အလှမ်းဝေးနေသည်ဟု ရှင်းပြ မည်ဖြစ်ကြောင်း ၄င်းအမျိုးသမီးက ဖွင့်ဟ ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်တစ်ခုလျှင် ငွေချေးငှားသူ ၂ ယောက်နှုန်းဖြင့် တက်ရသည်ဟု ဒဂုံမြို့သစ် အရှေ့ပိုင်း (၈) ရပ်ကွက်မှ ငွေချေးငှားပြီး အပ်ချုပ်စက် ပိုင်ဆိုင်ခဲ့သည့် အမျိုးသမီး တစ်ဦးကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေလ ၁၂ ရက်နေ့တွင် မန္တလေးမြို့အမျိုးသား ဇာတ်ရုံ၌ကျင်းပသည့် မန္တလေးတိုင်းဒေသ ကြီးအတွင်း ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်၍ အလားတူမိန့်ခွန်း ပြောကြားခဲ့သည်။

ယခုနှစ်မှစ၍ နိုင်ငံတော်သမ္မတသည် လစဉ် အများပြည်သူများကို ရေဒီယို မှတစ်ဆင့် မိန့်ခွန်းများ ပုံမှန်ပြောကြားလျက် ရှိသည်။
The Voice Weekly

ငါးနှစ်အောက်ကလေး လေးသောင်းခန့် ဝမ်းရောဂါကြောင့် နှစ်စဉ်သေဆုံး

ရန်ကုန်၊ မေ ၂၈
မြန်မာနိုင်ငံတွင် သန့်ရှင်းသော သောက်သုံးရေရရှိမှု အားနည်းသောကြောင့် အသက်ငါးနှစ်အောက် ကလေး လေးသောင်းခန့် ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် နှစ်စဉ် သေဆုံးလျက် ရှိကြောင်း အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ သမီး ဖြစ်သူ ကလင်တန်ဖောင်ဒေးရှင်းမှ ချယ်လ်ဆီး ကလင်တန်က မေလ ၂၇ ရက်နေ့ Procter & Gamble (P&G) နှင့် ကလင်တန် ဖောင်ဒေးရှင်းတို့၏ ရေခြောက်ဘီလီယံ လီတာမြောက် ရေလှူဒါန်းပွဲတွင် ပြောကြားသည်။

သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးပြီး ကမ္ဘာပေါ်ရှိ ကလေးတစ်သန်းခန့်သည် ဝမ်းပျက်ခြင်းနှင့် ခန္ဓာကိုယ်တွင်း ရေခန်းခြောက်ခြင်းကြောင့် နှစ်စဉ် သေဆုံးနေကြကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အမေရိကန် အစိုးရ၏ နိုင်ငံတကာ ကူညီပံ့ပိုးမှု အစီအစဉ် (USAID) က လာမည့် ၂ နှစ်အတွင်း သောက်သုံးရေရရှိမှု၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး တိုးတက်စေရန် အမေရိကန်ဒေါ်လာနှစ်သန်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း အဆိုပါပွဲတွင်ပင် USAID က ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် သောက်သုံးရေ ရရှိမှု တိုးတက်လာသော်လည်း လုံလောက် သောအခြေအနေ မရရှိသေးသည့်အတွက် ကျန်းမာရေးထိခိုက်သူ များစွာကျန်ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီမှာ ရာသီဥတု အပြောင်းအလဲကြောင့် ရေကောင်းရေသန့် မပြောနဲ့ ရေရဖို့တောင် မနည်း ရုန်းကန်နေရတယ်” ဟု World Vision ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး အဖွဲ့၏ ဒါရိုက်တာ ဦးဝင်းဇင်ဦးက ပြောဆိုသည်။

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ယခုနှစ် နွေရာသီ၌ ရေရှားပါးမှု အခက်အခဲများ ပိုရင်ဆိုင်ခဲ့ ရသည်။
The Voice Weekly

အိန္ဒိယမှ တရားမဝင် တင်သွင်းလာသည့် အိမ်သုံးဆေးဝါးများ ဖမ်းဆီးမိ

ကလေး၊ မေ ၂၉ ။
တမူး – ကလေး ကားအသင်းမှ တင့်တိုင်းအောင်ခရီးသည်တင်ကား၊ ယာဉ်အမှတ် ၉ခ/၆၈၃၆ ပေါ်တွင် တင်ဆောင်လာသော မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ်
အိမ်သုံးဆေးဝါးများကို ယမန်နေ့ ညနေ(၄)နာရီခွဲ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တမူးမြို့မှ ကလေးမြို့သို့ မောင်းနှင်လာသည့် တင့်တိုင်းအောင်ကားမှ ယာဉ်မောင်းဖြစ်သူ၏
သတင်းပေးမှုကြောင့် ကလေးမြို့အဝင် ဖောင်ကူး တံတားဂိတ်တွင်တား၍ စစ်ဆေးရာ မသင်္ကာဖွယ်ရာ ဂျပ်ဖာများ တွေ့ရပြီး ဖောက်ဖွင့်စစ်ဆေးရာ အိန္ဒိယနိုင်ငံလုပ် ဆေးဝါးများဖြစ်ကြသည့်  D.Water ဆေးဗူး(၁၀၀၀)၊ Nimesa lido Tablets ဆေးကတ် (၃၀၀)၊ TINADERM ဆေးဗူး (၁၀၈၀) ဗူး၊ Clobeta mil G ဆေးဗူး (၁၃၅၀)၊ OPC ဆေးဗူး (၆၀၀)၊ Clobetamil G (၈၀)ပုလင်း၊
CALADRYL တံဆိပ်ပါ (၈၀) ပုလင်း၊  OXYPED ဆေးကတ်ပေါင်း (၅၅၀၀)၊ OMEZ ဆေး ဗူး (၆၀၀)
တို့ကို တွေ့ရှိဖမ်းဆီးရမိပြီး ကာလပေါက်ဈေး စုစုပေါင်းတန်ဖိုး သုံးဆယ့်နှစ်သိန်း သုံးသောင်း
ငါးထောင်ကျပ် ရှိကြောင်း ရှာဖွေဖမ်း ဆီးရာတွင် ပါဝင်ခဲ့သည့် ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

” ယာဉ်မောင်းက သူ့ကားပေါ်မှာ တင်လာတဲ့ ဂျပ်ဖာတွေဟာ တရားမဝင်ပစ္စည်းတွေ ဖြစ်နိုင်တယ်ဆိုပြီး ကျွန်တော်တို့ ကလေးမြို့နယ် ရဲစခန်း ကို ဖုန်းဆက်အကြောင်းကြားပါတယ်။ သတင်းပေးချက်အရ
တာဟန်းရဲစခန်းမှူး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဒုတိယစုံစမ်းရေးမှူးနှင့် လက်ထောက်စုံစမ်းရေးမှူး၊ သက်သေအဖြစ် နယ်မြေမှူးနဲ့ တာဝန်ရှိသူအချို့ကိုပါ ခေါ်ပြီး သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ် ” ဟု နယ်ထိန်းခေါင်းဆောင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယင်း အိန္ဒိယနိုင်ငံလုပ် အိမ်သုံးဆေးဝါးများကို တင်ဆောင်ခဲ့သည့်ပိုင်ရှင်မှာ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်မှ ဦးနိုင်စိုးဆိုသူဖြစ်ပြီး ဥပဒေ အရ ဆက်လက်အရေးယူပေးပါရန် ရဲတရားလိုဖြင့်
နယ်ထိန်းခေါင်းဆောင်က အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ရပ်ကွက်ကို ဖြတ်၍ ဗို့အားမြင့် လျှပ်စစ်ကြိုးသွယ်တန်းမှု ဒေသခံများ စိုးရိမ်

ရန်ကုန်၊ မေ ၂၉။
ရွှေပြည်သာမြို့နယ်၊ (၁၃)ရပ်ကွက်ကိုဖြတ်၍ သီတာ ကုမ္ပဏီမှ ဗို့ (၃၃၀၀၀)အားရှိသော လျှပ်စစ် ကြိုး သွယ်တန်းရန် ပြင်ဆင်နေမှုအား စိုးရိမ်သဖြင့် ကန့်ကွက်နေကြောင်း ရပ်ကွက်နေပြည်သူများက  ပြောကြားသည်။

“ဒီကိစ္စက တစ်ယောက်ကောင်း အကျိုးဖြစ်ပေါ်ရေးအတွက်ဖြစ်ပြီး ရပ်ကွက်နေပြည်သူတွေအတွက် ဘာအကျိုးမှ မရှိဘူးလိုထင်တယ်။ ကျွန်တော်တို့ကတော့ အန္တရာယ်ရှိတဲ့အတွက် ကန့်ကွက်နေတာပါ”ဟု ၁၃ ရပ်ကွက်တွင် နေပြည်သူတစ်ဦးဖြစ်သူ ကိုလှိုင်မိုးက  ပြောကြားသည်။

ယခုလ ၂၄ရက်နေ့မှ စတင်ကာ လျှပ်စစ်တိုင်များအား ကားကြီးများဖြင့် သယ်ယူသွားလာသောကြောင့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းများ ပျက်စီးလာကြောင်း၊ ဗို့အားမြင့် လျှပ်စစ်သွယ်တန်းမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသောကြောင့် အန္တရာယ်ရှိနိုင်သဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖဖြစ်သူ ဦးသိန်းက ပြောကြားသည်။

သီတာ ကုမ္ပဏီမှ မန်နေဂျာ ကိုဇော်ဝင်းထွေးက “ကျွန်တော်တို့ အဆင့်ဆင့် ခွင့်ပြုချက်တွေတောင်းခံပြီတော့ မှလုပ်တာပါ။ အရင်က လမ်းပျက်လို့ပြင်ခိုင်းတာကနေစပြီး ဒီကိစ္စတွေဖြစ်လာတာ။ ကျွန်တော်တို့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ အဆင့်ဆင့် အကောင်းဆုံး လုပ်သွားမှာပါ”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။

ရွှေပြည်သာ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုထက်က”ကျွန်တော်ကအုပ်ချုပ်ရေးမှူး
သင်တန်းတက်နေရလို့ သိပ်မသိပါဘူး။ ဒါပေမဲ့ အခုရပ်ကွက်က သူတွေက မကျေနပ်ဘူးဆိုတော့ ကျွန်တော်က မြို့နယ်အုပ်ချုပ်ရေးမှူး နေတစ်ဆင့် လျှပ်စစ်ဌာနကို စာတင်ပေးမှာပါ”ဟု ပြောကြားသည်။

သီတာ ကုမ္ပဏီသည် ဝါးတစ်ရာ စက်မှုဇုန်မှ အမှတ်(၂) စက်မှုဇုန်သို့ အိမ်ခြေပေါင်း တစ်ထောင်ခန့်ရှိသည့် ရွှေပြည်သာ အမှတ် ၁၃ ရပ်ကွက်ကို ဖြတ်သန်း သွယ်တန်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ရုရှားမှ ဆီးရီးယားကို ဒုံးကျည်များထောက်ပံ့လျှင် အစ္စရေးက ၎င်းတို့တုံ့ပြန်မည်ဟု သတိပေး

ဒမတ်စကတ်၊ မေ ၂၉။
အစ္စရေးနိုင်ငံက ဆီးရီးယားပြည်တွင်းစစ် လက်ဘနွန်နယ်ထဲအထိ ရောက်လာချိန်တွင် ရုရှားက
ဆီးရီးယားအစိုးရအား ကတိပြုထားခဲ့သော လေယာဉ်ပစ်ဒုံးကျည်များ ထောက်ပံ့ပေးလျှင် မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့သိကြောင်း အင်္ဂါနေ့က သတိပေးပြောကြားသည်။

ဆီးရီးယားထိပ်တန်းသူပုန်တပ်မှူးက အင်အားကြီး လက်ဘနွန်ရှီအိုက် လှုပ်ရှားမှုအဖွဲ့ ဟက်ဇဘိုလာအား နိုင်ငံတော်စစ်တပ်များနှင့် ပူးတွဲ တိုက်ခိုက်နေမှုများကို ရပ်တန့်ရေးအတွက် အများဆုံး ၂၄နာရီပေးကြောင်း ပြောကြားပြီးချိန်တွင် အစ္စရေးဘက်မှ ယခုကဲ့သို့ ပြောကြားလိုက် ခြင်း ဖြစ်သည်။

ဆီးရီးယားသူပုန်များအား လက်နက်များထောက်ပံ့ရေးတွင် ပိတ်ဆို့မှုကို ပယ်ဖျက်ရန် ဥရောပသမဂ္ဂ(အီးယူ)က ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်း တိုးတက်မှုများသည် တင်းမာမှုများတိုးလာစေပြီး အတိုက်အခံများ သတိထား၍လုပ်ဆောင်နေကြသည်။

ဆီးရီးယားအစိုးရသည် ၎င်းတို့၏ မဟာမိတ်ရုရှားနှင့်တွဲဖက်၍ အီးယူ၏ ဆုံးဖြတ်ချက်သည်
ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် အတားအဆီးတစ်ခု ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ပြီး အီးယူကို လည်း
အကြမ်းဖက်သမားများကို ထောက်ပံ့အားပေးသည်ဟု စွပ်စွဲထားသည်။

အမေရိကန်က သူပုန်များအား အပြည့်အဝထောက်ခံမှုကိုပြသမှုတစ်ခုအဖြစ် အီးယူ၏လုပ်ဆောင်မှုကို ထောက်ခံကြောင်း သို့သော် အစွန်း ရောက်များလက်အတွင်းသို့ရောက်ရှိသွားမည်ကို စိုးရိမ်သောကြောင့် လက်နက်ထောက်ပံ့ရန် ၎င်းတို့ငြင်းဆိုကြောင်း  ဆိုသည်။

လက်နက်ပိတ်ပင်မှုကို အဆုံးသတ်လိုက်ခြင်းသည် သမ္မတအာဆတ်အစိုးရအား အတိုက်အခံတို့ကို ထောက်ပံ့ပေးမှုကို တိုးမြှင့်သွားမည်ဟု အသိပေးလိုက်ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံတော်ရုံး ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ဗင်ထရယ်က ပြောကြားသည်။

ရုရှားတို့က ဆီးရီးယားအစိုးရအား လေယာဉ်များနှင့် ဆီးရီးယားနှင့် တူရကီနယ်စပ်တွင် သုံးနေပြီဖြစ်သည့် အခြားဒုံးကျည်အမျိုးအစားများကို ပစ်ခတ်နိုင်ရန် ထုတ်လုပ်ထားသည့် အက်စ်-၃၀၀
ဒုံးကျည်များပေးပို့ရန်စီစဉ်ထားကြောင်း ဆိုသည်။

“ကျွန်တော်တို့တွေ တည်ငြိမ်ရေးအတွက် ဒီထောက်ပံ့မှုတွေကို စဉ်းစားထားတာပါ” ဟု
နိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီး ဆာဂေးရယက် ကော့က ဆိုသည်။ ဆက်လက်၍ နိုင်ငံခြားမှ ဝင်ရောက်မှုကို ဆန့်ကျင်ရေးအတွက်လည်း ၎င်းတို့လုပ်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။

အစ္စရေးက ၎င်းလက်နက်ပို့ဆောင်ရေးကို ဆန့်ကျင်ပြီး ကာကွယ်ရေးဝန်ကြီးက “ပေးပို့မှုမလုပ်ရသေးဘူး၊ သူတို့မလုပ်ဖို့တော့မျှော်လင့်တယ် အကယ်၍ ကံမကောင်းစွာနဲ့ အဲဒီလက်နက်တွေဆီးရီးယားကို ရောက်သွားရင် ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့သိမှာပါ” ဟု သတိပေး ပြောကြားသည်။

အစ္စရေးသည် ၂၀၁၁မတ်လ သမ္မတအယ်အာဆတ်ကို ဆန့်ကျင်သည့် အုံကြွမှုဖြစ်ပွားခဲ့ချိန်မှ စ၍ ဆီးရီးယားကို တိုက်ခိုက်မှုအနည်းဆုံး သုံးကြိမ်ပြုလုပ်ထားခဲ့ကြောင်း သတင်းများအရ သိရသည်။

ယခုအချိန်တွင် ဆီးရီးယားစစ်ပွဲသည် လက်ဘနွန်အထိပြန့်နှံ့နေပြီဖြစ်ကာ နောက်ဆုံးဖြစ်ပွားခဲ့ချိန်က
မြောက်ပိုင်းနယ်စပ်မြို့ အာဆယ်တွင် စစ်သားသုံးဦးသေဆုံးခဲ့သည်။

လက်ဘနွန်အရှေ့ဘက်မြို့ ဟာမယ်တွင်လည်း ဆီးရီးယားဘက်မှ ပစ်ခတ်သည့် ဒုံးကျည်ခြောက်ခုသည် ဟက်ဇဘိုလာတို့၏ နယ်မြေကို ကျရောက်ခဲ့ပြီး လူ ၇ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း လုံခြုံရေးသတင်းရပ်ကွက်မှ သိရသည်။

ဟက်ဇဘိုလာအုပ်စုသည် ဆီးရီးယားအစိုးရနှင့် မဟာမိတ်ဖွဲ့ထားပြီး စစ်တပ်နှင့် လက်တွဲကာ သူပုန်များကို နိုင်ငံအလယ်ပိုင်းမြို့ ကူဆေယာ တွင် ဖြစ်ပွားသောတိုက်ပွဲအပါအဝင် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

၎င်းတို့သည် စစ်အတွင်းသို့ လက်ဘနွန်နိုင်ငံကိုပါ ဆွဲသွင်းလာနိုင်သည်ဟူသော ကြောက်ရွံ့မှုများ
တိုးမြင့်လာစေပြီး သူပုန်ခေါင်းဆောင်က လည်း ၎င်းတို့၏တပ်သားများအား တိုက်ခိုက်လာမှုများကို အရပ်တန့်လျှင် ၂၄နာရီအတွင်း ပြန်လည်တုံ့ပြန်မည်ဟု သတိပေးထားသည်။

“တကယ်လို့ ဟက်ဇဘိုလာဘက်က တိုက်ခိုက်မှုတွေ ၂၄နာရီအတွင်း မရပ်ဘူးဆိုရင် ကျွန်တော်တို့ဘက်က ဟက်ဇဘိုလာကို တိုက်ခိုက်ဖို့ အစွမ်းကုန်လုပ်ဆောင်ရပါလိမ့်မယ်” ဟု အယ်အာရေဗျ သတင်းလိုင်းတွင် ပြောကြားသည်။

တင်းမာမှုများသည် သူပုန်များအားလက်နက် ပိတ်ဆို့မှုအဆုံးသတ်သည့် အီးယူ၏ဆုံးဖြတ်ချက်ကို သတိကြီးစွာတုံပြန်သည့် ဆီးရီးယား အတိုက်အခံအမျိုးသားညွန့်ပေါင်းအဖွဲ့၏ အစ္စတန်ဘူလ်တွင် ကျင်းပနေဆဲဖြစ်သည့် ဆွေးနွေးပွဲတွင် အရိပ်မိုးလာခဲ့သည်။

“အပြုသဘောခြေလှမ်းဆိုတာတော့ သေချာပါတယ်၊ ဒါပေမယ့် နည်းနည်းနောက်ကျနိုင်တာကို ကြောက်မိတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ လွေဆာဖီက ပြောကြားသည်။

အတိုက်အခံအင်အားစု၏ တစ်ပတ်ကြာ မရပ်မနားဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် ကျင်းပ မည့် ငြိမ်းချမ်းရေးကွန်ဖရင့်ကို ရှေ့ပြေးတပ်ပေါင်းစုအဖြစ်
တက်ရောက်နိုင်ရန်ဖြစ်သော်လည်း အတိုက်အခံအင်အားစုသည် ကွဲမြဲကွဲနေကာ နယ်မြေတွင်းအာဏာရယူမှုများနှင့် လူအများမကြိုက်မှုများကြောင့် ကွဲနေရခြင်းဖြစ်သည်။

လက်ရှိတွင် လက်နက်ထောက်ပံ့ရေးဆုံးဖြတ်ချက်အတွက် သြဂုတ် ၁ ရက်နေ့အထိ နောက်ထပ်အီးယူဆန်းစစ်ချက်ပြီးသည်အထိ နှောင့်နှေး မည်ဖြစ်ရာ သူပုန်များ ဒေါသထွက်လျက်ရှိသည်။

“ဘာကြောင့် နောက်နှစ်လစောင့်နေရမှာလဲ၊ ဆီးရီးယားပြည်သူတွေကို လူမျိုးတုံးတဲ့အထိသေအောင်
ဆက်လုပ်ပြီးမှလား”ဟု အတိုက်အခံ ပြောရေးဆိုခွင့်ရှိသူ ကာဆန် ဆာဒက်ဒင်းက အေအက်ဖ်ပီကို ပြောကြားသည်။

အလက်ပိုမြောက်ပိုင်းရှိ ဗဟိုထောင်အပါအဝင်နေရာများတွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အင်္ဂါနေ့တွင် နိုင်ငံတစ်ဝှမ်း၌ အနည်း ဆုံးလူ ၈၆ ဦးသေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး
စောင့်ကြည့်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။
Ref:AFP
မြန်မာ့ခေတ်

ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုရန် ကျန်ရှိနေသေးသော ကေအိုင်အိုအဖွဲ့သည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မေလ ၂၈ ရက်နေ့တွင် မြစ်ကြီးနား မနောကွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့အဖြစ် ပြုလုပ်ခဲ့သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် ဆွေးနွေးခဲ့ ပြီးနောက် ပထမဆုံးအကြိမ် ပြည်တွင်း၌ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း ဖြစ်သည်။
ယနေ့ဆွေးနွေးပွဲ ပြုလုပ်နေစဉ် သတင်းမီဒီယာများကို ဝင်ရောက်သတင်းယူခွင့် မပြုခဲ့သော်လည်း ဆွေးနွေးပွဲအပြီးတွင် ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသော ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် သတင်းမီဒီယာများ တွေ့ဆုံခွင့်ရရှိခဲ့ပြီး မေးမြန်းဖြေကြား ထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

MEDIA : ဒီနေ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ် တို့အနေနဲ့ ဘယ်အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးဖြစ်ကြသလဲဗျ။

GMM : ဒီနေ့ ဆွေးနွေးဖြစ်တာကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လုပ်မလားဆိုတဲ့ အပိုင်း။ ကျွန်တော်တို့ ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး မလုပ်ဘဲနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ အပိုင်းပေါ့။ အဓိကတော့ မူပိုင်းကို ဆွေးနွေးတာပေါ့။ လက်တွေ့ပိုင်းတွေတော့ မပါသေးပါဘူး။

MEDIA : နှစ်ဖက်တပ် ကွပ်ကဲရေး ရုံးတွေ ဖွင့်ဖို့ကိစ္စကရော ဘယ်လို အခြေအနေရှိလဲဗျ။
GMM : နှစ်ဖက်တပ် ကွပ်ကဲရေး ရုံးတွေဖွင့်ဖို့ ကိစ္စကတော့ ဒီနေ့ဆွေးနွေး ပွဲမှာ မပါသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ တင်ထားပါတယ်။ ဒါပေမဲ့ နောက်နေ့ ဆွေးနွေးပွဲတွေမှာတော့ ဒီကိစ္စကို ဆွေးနွေး မှာပါ။

MEDIA : ဒီနေ့အစည်းအဝေး အကျဉ်းချုပ်ကို ပြောပြပေးပါခင်ဗျ။

GMM : အကျဉ်းချုပ် ပြောရရင်တော့ အရင် ရွှေလီဆွေးနွေးပွဲရဲ့ အဆက်ပေါ့။အဲဒီတော့ တကယ်ပဲ နိုင်ငံရေးဆွေးနွေးပြီး ဖြေရှင်းမယ်ဆိုတဲ့ အပိုင်းကို အတည်ပြု တာပါ။ ဒီနေ့ မူပိုင်းကို အဓိကဆွေးနွေး ပါတယ်။

MEDIA : တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီး မြင့်စိုးကို အာဏာကုန် လွဲထားပေးတယ် ဆိုတော့ တစ်ခါတည်း အပြီးပြတ် ဆွေးနွေးနိုင် မယ်လို့ ယူဆထားလားခင်ဗျ။

GMM : တစ်ခါတည်းအပြီးပြတ် ဆွေးနွေးဖို့တော့ မလွယ်ပါဘူး။ ဒီမူပိုင်းလက်တွေ့ ဘယ်လိုလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မလဲ ဆိုတဲ့ အပိုင်းကိုပဲ အဓိက သွားရမှာပါ။ ဒါကြောင့် ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်မယ် ဆိုတာကိုပဲ အပေါ်ယံ ပြောလို့ရပါတယ်။

MEDIA : ဒီနေ့မှာ Frame Work ချပြီး နောက်နေ့မှ အသေးစိတ်ဆွေးနွေးမယ်လို့ ဆိုလိုတာလားခင်ဗျ။

GMM : Frame Work မဟုတ်ပါဘူး။ မူတစ်ခုချတာပါ။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဆက်လုပ်မယ် ဆိုတဲ့မူကို ချပြီးမှ အသေးစိတ် ပြန်လည်ဆွေးနွေးမှာဖြစ်ပါ တယ်။ လုပ်နည်းလုပ်ဟန်ပေါ့နော်။

MEDIA : ဒီနေ့ ဆွေးနွေးပွဲအပေါ်မှာရော ကျေနပ်မှု ရှိရဲ့လားခင်ဗျ။

GMM : ဆွေးနွေးတဲ့ အပိုင်းမှာတော့ ကျေနပ်မှု ရှိပါတယ်။

MEDIA : လက်ရှိ တပ်မဟာ ၄ နယ်မြေ မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတုန်း ဆိုတော့ တိုက်ပွဲကိစ္စကိုရော ဆွေးနွေးမှာ လားဗျ။

GMM : တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို မနက်ဖြန် မေလ၂၉ရက်နေ့ သီးသန့် ဆွေးနွေးဖို့ရှိပါတယ်။

MEDIA : တရုတ်နိုင်ငံနဲ့ ကုလသမဂ္ဂကို ဖိတ်ကြားထားတာ တွေ့ရပါတယ်။ သူတို့ ဆီက ဘယ်လိုအထောက်အကူ မျှော်လင့်ထားသလဲ ဆိုတာ သိပါရစေ။

GMM : သူတို့ နှစ်ယောက်ကိုပဲ ရည်ညွှန်းပြီး ပြောတာမျိုးတော့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေ ကိုလည်း ဖိတ်ကြား ထားပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကုလသမဂ္ဂနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကပဲ လေ့လာသူအဖြစ် လာနားထောင်ပါတယ်။ ကျွန်တော်တို့ကို ဘယ်လိုကူညီနိုင် မလဲ ဆိုတာကတော့ ဘာတွေအကူအညီ တောင်းမလဲ လုပ်ထုံးလုပ်နည်းအရ ဘာတွေ အကူအညီ ပေးသင့်လဲဆိုတာမျိုးပေါ့။ ဒါကသီးသန့်ကဏ္ဍ ဖြစ်နေပါတယ်။

MEDIA : ဒီဆွေးနွေးပွဲမှာ အနိမ့်ဆုံး သေနတ်မဖောက်တော့ဘူး ဆိုတဲ့ သဘော တူညီမှုမျိုး ရမလားခင်ဗျ။

GMM : ခုချိန်ထိ အဲဒီလို သဘောထား တိတိကျကျမရှိသေးပါဘူး။ ဆွေးနွေး နေတုန်းပဲ ရှိသေးတယ်။

MEDIA : အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက် ပြီး နိုင်ငံတော်သမ္မတက ဇွန်၊ ဇူလိုင်လောက် နေပြည်တော်မှာ ကေအိုင်အိုနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ဝန်ကြီးဦးအောင်မင်း ပြောတဲ့အပေါ်မှာရော ဗိုလ်ချုပ်တို့ဘက်က ဘယ်လို သဘောထားရှိလဲ ခင်ဗျ။

GMM : ဒီကိစ္စက ကျွန်တော်တို့က Proposal ကို သေချာမသိရသေး ပါဘူး။ ပြန်ပြီး မေးကြည့်ရပါဦးမယ်။

MEDIA : ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ ဘယ်လောက်ထိ အမြင့်ဆုံး မျှော်လင့်ထားလဲ ခင်ဗျ။

GMM : နောက်ပိုင်း ရှေ့ဆက်သွားမယ့် နိုင်ငံရေးဆွေးနွေးပွဲ တကယ်လုပ်ချင်တဲ့ ဆန္ဒတွေကို ပြည်သူတွေအတွက် အတိအကျ ထုတ်ပြန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မင်းထက်စံ၊ ကိုကိုအောင်
The Voice Weekly

မကွေးဆရာတော်ကို တိုင်းသံဃနာယကအဖွဲ့ ခေါ်ယူတွေ့ဆုံမှု ပျက်ပြယ်

ရန်ကုန်၊ မေ ၂၈
ရွှေတီဂုံစေတီတော်တွင် အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်း ဦးရဲမင်းဦး လွတ်မြောက်စေရန် စာရွက်များကိုင်ဆောင်၍ မေတ္တာပို့ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်နေသော မကွေးဆရာတော်ကို မေလ ၂၈ရက်နေ့ မွန်းလွဲ ၁နာရီ မိနစ် ၃၀ တွင် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့မှ ဆရာတော်ကြီးများက ခေါ်ယူတွေ့ဆုံရန် စီစဉ်ထားသော်လည်း ယင်းအစီအစဉ် ပျက်သွားကြောင်း ရန်ကုန်တိုင်း သံဃနာယက အဖွဲ့မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

စာရွက်စာတမ်းများ ကိုင်ဆောင်၍ ရွှေတိဂုံစေတီတွင် ဆန္ဒဖော် ထုတ်နေသော ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ မကွေးပရိယတ္တိ စာသင်တိုက် ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခကို လိုအပ်သလို ဆောင်ရွက် ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးသံဃ နာယကအဖွဲ့ ရုံးတည်ရာ ဗဟန်းမြို့နယ် ကြားတောရလမ်းတွင် မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁နာရီ မိနစ် ၃၀ ၌ ချိန်းဆိုထားရာမှ ပျက်ပြယ်သွားခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များက တိုင်းသံဃနာယက ရုံးရှေ့တွင် အဆိုပါဆရာတော် တစ်ပါးတည်းကိုသာ ဝင်ရောက်ခွင့်ပေးရာ နောက်လိုက်သံဃများက လိုက်ပါခွင့်ရရန် ကြိုးပမ်းရာမှ မွန်းလွဲ ၂ နာရီကျော် အထိ မပြေလည်သဖြင့် လှည့်ပြန်ခဲ့ကြောင်း မကွေး ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

"သံဃတွေရှေ့မှာ ပွင့်ပွင့်လင်းလင်း မေးမြန်းစေချင်တာ" ဟု မကွေးဆရာတော် က ရှင်းပြသည်။

နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်တာ မဟုတ်သဖြင့် ရွှေတိဂုံစေတီ အရှေ့ ဘက်စောင်းတန်းကြေးသွန်း ဘုရားရှေ့၌ လာမည့်ဗုဒ္ဓဟူးနေ့တွင် ဦးရဲမင်းဦးအတွက် စာရွက်များ မကိုင်တော့ဘဲ မေတ္တသုတ်ရွတ်ဖတ်မည်ဖြစ်ကြောင်း မကွေးဆရာတော် က ဆက်လက်မိန့်ကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ကြီးများက မကွေး ဆရာတော် ဦးပါမောက္ခနှင့် ထပ်မံတွေ့ဆုံရန် လတ်တလော မသတ်မှတ်ရသေးကြောင်း ယင်းသံဃနာယကအဖွဲ့ ထံမှသိရသည်။

"တားမြစ်ချက်တွေကို ဦးပါမောက္ခ က ဆက်လုပ်ရင်တော့ တိုင်းသံဃနာယက အဖွဲ့နဲ့ မဆိုင်တော့ဘဲ အာဏာပိုင်များရဲ့ အရေးယူမှုပေါ်သာ မူတည်ပါတယ်"ဟု ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ မှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။
The Voice Weekly

မြန်မာ့ကျောက်စိမ်း တင်ပို့မှုဝင်ငွေ ၆ ဆအထိ ပြန်လည်ကျဆင်း

Wednesday, 29 May 2013
မြန်မာ့ကျောက်စိမ်း ပြည်ပတင်ပို့မှုမှ ရငွေမှာ နှစ်နှစ်အတွင်း ၆ ဆကျော်
အထိ ပြန်လည်ကျဆင်းသွား ခဲ့ရသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း
ဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ သိရသည်။

ယင်းအပြင် ကျောက်စိမ်းထုတ်ယူနိုင်မှုမှာလည်း ကချင်ပြည်နယ် ဒေသတွင်း အခြေအနေများကြောင့် နှစ်ဆမှ သုံးဆအထိ ထိုးကျခဲ့ရကြောင်း ကျောက်စိမ်း
ထုတ်လုပ်သည့် လုပ်ငန်းရှင်များက ပြောကြားခဲ့ကြသည်။

မြန်မာ့ကျောက်စိမ်းအား ပြည်ပသို့ တင်ပို့ရာတွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာ
aရးနှစ်က အမေရိကန်ဒေါ်လာ သန်း ၂၂၀၀ ကျော် ရရှိခဲ့သော်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာသန်း ၇၈၀ ကျော်သာ ရရှိသည်အထိ ထိုးဆင်းခဲ့သည်။

ဆက်လက်၍ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ ကျောက်စိမ်းတင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၃၂၆ သန်း နီးပါးသာ ရရှိသည့်အတွက် အစိုးရသစ်လက်ထက် နှစ်နှစ်အတွင်း ကျောက်စိမ်းတင်ပို့မှုမှ ရသည့်
နိုင်ငံခြားငွေ ပမာဏမှာ ၆ ဆအထိ ထိုးကျခဲ့ရသည်။

အဓိက အကြောင်းရင်းမှာ မြန်မာ့ကျောက်စိမ်း အဓိက၀ယ်လက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တင်သွင်းသည့် ကျောက်စိမ်းများ
အပေါ် အခွန်နှုန်း အဆမတန် တိုးမြှင့်လိုက်သည့်အတွက် ၀ယ်လိုအား ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

တရားဝင် ၀ယ်လိုအားသာ ကျဆင်းခဲ့ပြီး မှောင်ခိုကုန်သွယ်မှုပိုင်းတွင် ကျဆင်းမှုမရှိဘဲ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း
တစ်လျှောက် ရှောင်ကွင်းလမ်းများမှတစ်ဆင့် မှောင်ခိုလျက်ရှိကြောင်း သိရသည်။

ကျောက်စိမ်းထုတ်လုပ်နိုင်မှုမှာ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်က တန်ချိန်ပေါင်း ၄၃ သန်းအထိ ရှိသော်လည်း ယခုနှစ်တွင်မူ ကျောက်စိမ်း
တန်ချိန်ပေါင်း ၁၃ သန်းသာ ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ မြန်မာနိုင်ငံ၏ ကျောက်စိမ်း
တင်ပို့မှုမှ ရငွေမှာ ပြန်လည်မြင့်တက် လာနိုင်မည်ဖြစ်ကြောင်းနှင့် လာမည့်နေပြည်တော် ကျောက်မျက်ပြပွဲပြီးပါက နိုင်ငံတကာ ၀ယ်လို
အားကို ခန့်မှန်းတွက်ချက် နိုင်မည်ဟု ကျောက်စိမ်းလုပ်ငန်းရှင်များက သုံးသပ်သည်။

ဘဏ္ဍာရေးနှစ်အလိုက် ကျောက်စိမ်းတင်ပို့မှုမှ ရငွေ (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာရေးနှစ် တန်ဖိုး
၂၀၀၆-၂၀၀၇ ၃၅၅ .၅၈၀
၂၀၀၇-၂၀၀၈ ၆၂၁ .၂၃၀
၂၀၀၈-၂၀၀၉ ၆၅၇ .၅၉၀
၂၀၀၉-၂၀၁၀ ၉၆၄ .၈၂၀
၂၀၁၀-၂၀၁၁ ၂၂၀၄ .၉၂၆
၂၀၁၁-၂၀၁၂ ၇၈၆ .၀၀၀၀
၂၀၁၂-၂၀၁၃ ၃၂၅ .၉၀၀


ဘဏ္ဍာရေးနှစ်အလိုက် ကျောက်စိမ်းထုတ်လုပ်မှု (ကီလိုဂရမ်)
ဘဏ္ဍာရေးနှစ် ကျောက်စိမ်း
၂၀၀၆-၂၀၀၇ ၂၀၄၅၈၂၇၉
၂၀၀၇-၂၀၀၈ ၂၀၂၃၅၀၃၀
၂၀၀၈-၂၀၀၉ ၃၂၉၂၁၅၄၂
၂၀၀၉-၂၀၁၀ ၂၅၇၉၅၄၁၅
၂၀၁၀-၂၀၁၁ ၄၆၈၁၀၁၂၀
၂၀၁၁-၂၀၁၂ ၄၃၁၈၅၃၃၉
၂၀၁၂-၂၀၁၃ ၁၃၃၄၉၂၅၄
eleven media group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com