http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရွှေတောင်တန်းပရဟိတကျောင်းထိုင်ဆရာတော် ကားမှောက်၍ ပျံလွန်တော်မူ

Tuesday, June 25, 2013
ယနေ့(၂၅.၆.၂၀၁၃) နေ့လည်(၁၂း၄၅)နာရီအချိန်ခန့်က တာချီလိတ်မြို့ ရေပူစမ်းဘက်မှ အပြန် ဖတ်ယိ(အထက်)ရွာဘက် ကားလမ်းတစ်နေရာ ကုန်းဆင်းတွင် ရွှေတောင်တန်းပရဟိတ ကျောင်းထိုင်ဆရာတော် အပါအ၀င် သံဃာတော်(၅)ပါး လိုက်ပါလာသော ကားတစ်စီးသည် ချောက်ထဲကျသွားရာမှ ရွှေတောင်တန်း ကျောင်းထိုင်ဆရာတော် ကားမှောက်၍ ပျံလွန်တော်မူသွားကြောင်း သိရှိရသည်။

ကားမှောက်ရာတွင် ရွှေတောင်တန်းပရဟိတကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဥာဏဓဇ၊ ဥူးခေမာဝိဒ၊ ဥူးနန္ဒာသီရိ၊ ဥူးခေမာသီရိ နှင့် ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဝဏ္ဏဿမိနှင့် ကားဆရာ ဦးမောင်ညွှန့် ပါဝင်ပြီး ဆရာတော်များသည် ရေပူစမ်းဘက်မှ ဆွမ်းစားပင့်ဖိတ်သည့်အတွက် ကြွရောက်ခြင်းဖြစ်ရာ ရေပူစမ်းမှ ပြန်အကြွ ဖတ်ယိကျေးရွာ ကားလမ်းအကွေ့တစ်နေရာမှာ မိုးများလည်း ရွာထားသည်ဖြစ်ပြီး အကွေ့တစ်နေရာမှာ လမ်းချော်သွားကာ မထိန်းနိုင်တော့ပဲ ချောက်ထဲသို့ ကျသွားတာဖြစ်ကြောင်း သိရှိရသည်။

ကားသည် ချောက်ထဲသို့ ကျသွားခဲ့ရာ ရွှေတောင်တန်းကျောင်းထိုင် ဆရာတော်သည် ကားနှင့်ပိနေပြီး ဦးခေါင်း နောက်စေ့ပိုင်းတွင် အနည်းအငယ် ချိုင့်ဝင်သွားကာ ပျံလွန်တော်မူသွားခဲ့ပြီး ဆရာတော် ဦးခေမာဝိဒမှာ နံရိုးထိသွားသည်ဟု သိရသည်။ ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏဿမိ နှင့် ရွှေတောင်တန်းကျောင်းမှ ကျန် ဆရာတော်နှစ်ပါးမှာ မစိုးရိမ်ရသော ပွန်းပဲ့ဒဏ်ရာများ ရရှိသွားပြီး ကားဆရာ ဦးမောင်ညွှန့်သည် ဘယ်လက် လက်ဖျံရိုး ကျိုးသွားကြောင်း သိရသည်။

ရင်ခွဲရုံသို့ လာရောက်ကြည့်သူ အမျိုးသမီးတစ်ဦးမှ "ဆရာတော် ပျံလွန်တော်မူသွားတာ နှမျောစရာ ကောင်းတယ်၊ ဆရာတော်ကို မှီပြီးနေနေရတဲ့ ကလေးတွေ အများကြီးပဲ၊ ဆရာတော်ရဲ့ စွမ်းဆောင်ချက်တွေဟာ ချီးကျူးလို့ မဆုံးနိုင်ဘူး၊ ဆရာတော်ကြောင့် အာခါ၊ လားဟူတိုင်းရင်းသားတွေတောင် ဗုဒ္ဓဘာသာ တွေဖြစ်ကုန်ကြတယ်၊ "ဟု ပြောကြားလာသည်။

ရွှေတောင်တန်းပရဟိတကျောင်းထိုင် ဆရာတော် ဥူးဥာဏဓဇသည် အာခါ၊ လားဟူ တိုင်းရင်းသားများနှင့် မိဘမဲ့ ကလေးသူငယ်များကို ကျောင်းသို့ ခေါ်ယူထားကာ ကလေးသူငယ်များ တတ်သိလိမ္မာစေရေးနှင့် အတတ်ပညာများ တတ်မြောက်စေရေးအတွက် ဆရာတော်ကိုယ်တိုင် ပညာသင်ကြားပေးခြင်းများကို အပတ်တကုပ် ကြိုးစားဆောင်ရွက်နေသူဖြစ်ပြီး လက်ရှိတွင် ဆရာတော်မှ အခြားမြို့များသို့ ပညာသင်စေလွှတ်ထားသော ကျောင်းသား ကျောင်းသူများစွာ ရှိကြောင်းလည်း သိရသည်။
Tachileik Online News







 


ဦးဇင်းကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာ

Wednesday, 26 June 2013
အမေရိကန်အခြေစိုက် တိုင်းမ်မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဗုဒ္ဓဘာသာ၏ အကြမ်းဖက်မှု မျက်နှာစာ ဟူသော စာသားနှင့် ဆရာတော်ဦးဝီရသူ၏ ပုံကို ယှဉ်တွဲ ရိုက်နှိပ်သည်နှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များ၊ သံဃာတော် များအကြား ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ တိုင်းမ် မဂ္ဂဇင်း၏ ဖော်ပြမှုကို ကန့်ကွက်မှုများလည်း ရှိခဲ့သည်။ ထိုကိစ္စများနှင့် ပတ်သက်ပြီး မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၊ ဓမ္မသဟာယကျောင်းမှ စာချဆရာတော် ဦးဝီရသူ၏ သဘောထားအမြင်များကို ဧရာဝတီ သတင်းထောက် ဇာနည်မာန်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ တိုင်းမ်မဂ္ဂဇင်းမှာ ပါလာတဲ့ ဗုဒ္ဓဘာသာရဲ့ အကြမ်းဖက်မှု မျက်နှာစာဆိုတဲ့ စာသားနဲ့ ဆရာတော်ရဲ့ပုံကို အသုံးပြုထားတဲ့ cover story နဲ့ ပတ်သက်ပြီးတော့ ဆရာတော်ရဲ့ သဘောထား ဘယ်လိုရှိပါလည်း ဘုရား။

ဖြေ ။ ။ ဦးဇင်းကို တိုက်ခိုက်တယ်လို့ပဲ ယူဆတယ်ပေါ့နော်။ ဟိုး အင်္ဂလိပ်ခေတ်တုန်းက ကနောင်ကျရင် မန္တလေး ရပြီပေါ့။ အဲ့ဒီတော့ ကနောင်လည်း လုပ်ကြံခံလိုက်ရရော မန္တလေးကို ရယူမယ်လို့ အင်္ဂလိပ်တွေက ကြွေးကြော်ကြတယ်ပေါ့။ အခုလည်း အဲ့လိုပဲ ၀ီရသူကို လုပ်ကြံလိုက်ရင် မြန်မာပြည်ကို ငါတို့ ရပြီလို့ မြန်မာပြည်ကို မွတ်စလင်နိုင်ငံလုပ်ချင်တဲ့ အင်အားစုတွေက ကြွေးကြော်နေကြတာပေါ့။ အဲ့ဒီတော့ ဦးဇင်းကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တယ်လို့ပဲ ဦးဇင်း ယူဆတယ်။ ဗုဒ္ဓဘာသာတခုလုံးကို တိုက်ခိုက်တယ်လို့တော့ မယူဆဘူး။ ဦးဇင်းကို ဖမ်းစေချင်တယ်။ ဦးဇင်းကို သတ်ချင်တယ်။ အဲ့ဒီလိုကြောင့် ဦးဇင်းကို မျက်နှာဖုံးတပ်ပြီးတော့ ရေးတယ်လို့ ယူဆတယ်။

မေး ။ ။ ဘာကြောင့် ဆရာတော်ကိုပဲ တိုက်ခိုက်တယ်လို့ ယူဆရတာလဲ ဘုရား။

ဖြေ ။ ။ အဓိကကတော့ မွတ်စလင်တွေရဲ့ ခြေလှမ်းကို သိတဲ့သူတွေ အများကြီး ရှိတာပေါ့နော်။ အထူးသဖြင့် ရခိုင်တွေ အသိဆုံးပေါ့။ သို့သော်လည်းပဲ ဦးဇင်းလို ဖွင့်ချတဲ့သူကလည်း ဦးဇင်းတပါးပဲ ရှိတယ်ပေါ့။ ဥပမာအားဖြင့် ဦးဇင်း ဖေ့စ်ဘွတ်က မွတ်စလင်ဝဘ်ဆိုက်လိုဖြစ်နေတာပေါ့။ မွတ်စလင်တွေ မြန်မာလူမျိုးကို စော်ကားတဲ့ဟာတွေ၊ နောက် ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာကို ဖျက်ဆီးတဲ့ဟာတွေ၊ နောက် အဲ့ဒါတွေနဲ့ ပတ်သက်တဲ့ဟာတွေ အမြဲလိုလို ဦးဇင်းက တင်နေတော့ သူတို့မွတ်စလင်တွေကို ဦးဇင်းက သိက္ခာချနေတယ်လို့ ယူဆကြတယ်။ နောက်တခုက မွတ်စလင်တွေက မြန်မာပြည်ကို မွတ်စလင်နိုင်ငံဖြစ်ဖို့အတွက် နံပါတ်တစ်က ငွေကြေးအင်အားနဲ့ အလုံးအရင်း ထောက်ပံ့နေတာတွေ ရှိတယ်။ နံပါတ် နှစ် လက်နက်အင်အားနဲ့ အပြည့်အ၀ ထောက်ပံ့နေတာရှိတယ်။ နံပါတ် သုံး နည်းပညာနဲ့ ထောက်ပံ့တာရှိတယ်။ စစ်သင်တန်းပေးတာတို့ အိုင်တီပညာတွေ သင်တန်းပေးတာမျိုးနဲ့ အပြည့်အ၀ ထောက်ပံ့နေတာမျိုးရှိတယ်။ နောက်နံပါတ်လေးက လူအင်အားနဲ့ပေါ့။ ဥပမာဆိုကြပါစို့။ အာရပ်နိုင်ငံတွေကနေ ငွေထောက်ပံ့တာတို့၊ ဘင်္ဂလားဒေ့ရှ်ကနေ လူအင်အားအနေနဲ့ လူတွေ မြန်မာပြည်ဖက် ပို့နေတာတို့မျိုးတွေပေါ့။ နံပါတ်ငါးကျတော့ အကြံဥာဏ်အရ။ ဒါကျတော့ မီဒီယာတွေလည်း ပါတာပေါ့နော်။ အဲဒါတွေကို ဦးဇင်းတို့က အကုန်လုံးမြင်နေတဲ့အခါကျတော့ နောက်ပြီးတော့ ကမ္ဘာကြီးသိအောင်လည်း ပြောနေတဲ့အခါကျတော့ ရန်သူတော် နံပါတ် ၁ အဖြစ် သတ်မှတ်ပြီးတော့ ဦးဇင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပေါ့။ တကယ်တမ်းကျတော့ တိုင်းမ် မဂ္ဂဇင်းက ဦးဇင်းကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးတော့ မဟုတ်ဘူးပေါ့။ ဦးဇင်းကို တိုက်ခိုက်ခိုင်းတဲ့အဖွဲ့အစည်းက တိုက်ခိုက်တာပေါ့။

မေး။ ။ ဆရာတော်ဟာ ဗုဒ္ဓဘာသာအစွန်းရောက်ဝါဒီ၊ ဗုဒ္ဓဘာသာနဲ့ မအပ်စပ်တဲ့ အကြမ်းဖက်တရားတော်တွေကို ဟောကြားနေတဲ့သူလို့ တိုင်းမ်က ဆောင်းပါးမှာရေးထားတာတွေ တွေ့ရတယ်။ တချို့ကလည်း ဒီလိုပဲ ဝေဖန်ပြောကြတယ်။ အဲ့ဒါတွေက အမှန်တကယ်လားဘုရား။

ဖြေ။ ။ တိုက်ချင်တဲ့သူက ဦးဇင်းတရားဟောတာတွေ မရပ်မချင်း တိုက်နေမှာပဲ။ ဦးဇင်းအနေနဲ့က မုန်းတီးရေးတရားလည်း မဟောဘူး၊ ဆန့်ကျင်ရေးတရားလည်း မဟောဘူး။ စော်ကားတဲ့ တိုက်ခိုက်တဲ့ တရားတွေလည်း မဟောဘူး။ ဦးဇင်းလူမျိုးကို ဦးဇင်း ကာကွယ်တဲ့တရား၊ အမျိုးသား လုံခြုံရေး တရားလို့လည်း ပြောလို့ရတယ်၊ အမျိုးသားရေး တရားလို့လည်း ပြောလို့ရတယ်၊ အမျိုးသား ကာကွယ်ရေး တရားလို့လည်း ပြောလို့ရတယ်။ ဥပမာဆိုကြပါစို့ ကလေးတယောက် အနိုင်ကျင့်ခံရတယ်။ ဒီအနိုင်ကျင့်ခံရတဲ့ကလေးက အော်မငိုရဲလောက်အောင် ကြိတ်မှိတ် ခံစားနေရမှာလား။ ဒါမှမဟုတ် ကျနော်အနိုင်ကျင့်ခံရပါတယ်ဆိုပြီးတော့ မိဘပြည်သူကို အကူညီတောင်းတာကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ဆိုမှာလား။ အဲ့လိုအကူညီတောင်းတာကို အနိုင်ကျင့်တဲ့သူနဲ့ မိဘပြည်သူကြား ရန်တိုက်ပေးနေတယ်၊ အမုန်းတရားတွေ ဖြန့်ဝေပေးနေတယ်လို့ ပြောမှာလား။ ဦးဇင်းတို့က ကိုယ်အရိုက်ခံရတာကို အရိုက်ခံရတယ်လို့ လွတ်လပ်စွာ ငိုကြွေးခွင့်ရှိတယ်။ လွတ်လပ်စွာ တိုင်ကြားခွင့်ရှိတယ်။ အဲ့ဒီအတွက် ဦးဇင်းတို့က ဒီတရားတွေဟောတယ်။

မေး ။ ။ ဒါပေမယ့် ဆရာတော် ဒီလို တရားတွေ ဟောပြီးတိုင်းမှာ အဲ့ဒီတရားတွေဟော တဲ့ နေရာပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ ဖြစ်ဖြစ်လာတယ်လို့ ထောက်ပြတာတွေရှိတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ရော ဆရာတော့်အနေနဲ့ ဆင်ခြင်သုံးသပ်မိတာရှိပါသလား။

ဖြေ ။ ။ သုံးသပ်မိတာရှိပါတယ်။ ဦးဇင်းရောက်တဲ့အရပ်ဒေသနဲ့ ဦးဇင်းတို့ တရားတွေ၊ စတစ်ကာတွေ ပြန့်သွားတဲ့ အရပ်မှာက အဓိကရုဏ်းမဖြစ်ဘူး။ ပြဿနာမဖြစ်ဘူး။ ဦးဇင်းဟောတာက မေလ ၁၈၊ ၁၉ မူဆယ်မှာဟောတာ။ ဖြစ်တာက လားရှိုးမှာ ၂၈ ရက်နေ့ကဖြစ်တာ။ မူဆယ်မှာဖြစ်လို့ ဒါက ဦးဇင်းဟောပြီးမှဖြစ်တာဆိုရင် ဒါက ဦးဇင်းမှာ တာဝန်ရှိတာပေါ့။ ဒါက သူတို့စွပ်စွဲတာ ဦးဇင်းက လက်ခံရမှာ။ အခုက လားရှိုးက အသွားတုန်းက ဖြတ်သွားတယ်။ ဒါပေမယ့် ကားပေါ်မှာ အိပ်ပျော်နေတော့ ဖြတ်သွားတာတောင် မသိလိုက်ဘူး။ အဲ့ဒီတော့ ဖြတ်သွားဖြတ်လာလေး လုပ်လိုက်တဲ့မြို့မှာ ဖြစ်သွားတာတော့ ကျုပ်လည်း မတတ်နိုင်ဘူးနော်။ နောက် မိတ္ထီလာပေါ့။ မိတ္ထီလာကျတော့ ခင်ဗျားကလည်း ဦးဇင်းဟောခဲ့တာက အောက်တိုဘာလ၊ ဖြစ်တာက မတ်လ။ အဲ့ဒီတော့ ဦးဇင်းတရားဟောလို့ဖြစ်တယ်လို့ စွပ်စွဲရင် ဦးဇင်း ဘယ်လိုပြောရမလဲ။ နောက်ပြီးတော့ အကယ်လို့ ရွှေဆိုင်မှာ ပြဿနာမဖြစ်ခဲ့ရင် ရွှေဆိုင်အဖျက်ခံရမလား။ နောက်ပြီးတော့ ဒဟတ်တန်းက မွတ်စလင်တွေက ဦးသောဘိတကို မသတ်ခဲ့ရင် မိထ္ထီလာက အခုလို ဖြစ်လာမလား။ အဲ့ဒီတော့ ဦးဇင်းတရားဟောတာက ကြာပြီ။ ၄ လတောင်ရှိသွားပြီ။ ပြီးတော့ ဖြစ်တာက ကိုယ်ဖန်တီးလို့ဖြစ်တာမဟုတ်ဘူး၊ ဗမာဖန်တီးလို့ ဖြစ်တာမဟုတ်ဘူး။ ဗမာအနိုင်ကျင့်ခံရလို့ဖြစ်တာ။ အဲ့ဒါကြီးကို ဦးဇင်းအပြစ်ရှိတယ်လို့ပြောရင်တော့ ဦးဇင်းလည်း ဘယ်လိုပြန်ပြောရမလဲ။ နောက်တခုက ဦးဇင်းဟောတာက ညီညွတ်ရေးတရားနဲ့ ငြိမ်းချမ်းရေး။ ဆန့်ကျင်ရေးတခုမှ မပါဘူး။ အမှန်ဆိုရင် ဦးဇင်းဟောလို့ ဒီလိုဖြစ်တာပါဆိုရင် ဒီတရားမှာ ဘယ်အချက်ဘယ်အချက် က ငြိစွန်းလည်း ဆိုပြီး ထောက်ပြပြီး စွပ်စွဲရမှာပေါ့နော်။ အခုကျတော့ အဲ့ဒီတရားကိုကျတော့ဖွက်ထားပြီး ဦးဇင်းဟောလို့ဖြစ်တာချည်း စွပ်စွဲရင်တော့ ဒါက အခြေအမြစ်မရှိဘူးပေါ့နော်။

မေး ။ ။ ဒါဆိုရင် အခု မြန်မာပြည်မှာဖြစ်နေတဲ့ ပဋိပက္ခတွေက ဆရာတော်ရဲ့ တရားနဲ့မဆိုင်ဘူး။ ပဋိပက္ခ ဖန်တီးချင်တဲ့လူတယောက်ယောက်နဲ့ ဆိုင်တယ်လို့ ဆိုလိုချင်တာလား ဘုရား။

ဖြေ ။ ။ တယောက်ယောက်တောင်မဟုတ်ဘူး။ နှစ်ယောက်၊ နှစ်ဖက်ပေါ့။ မွတ်စလင်အဖွဲ့က လည်း ပြဿနာဖန်တီးနေတာ။ အကြောင်း၂ချက်ရှိတယ်။ တစ်အချက်က မြန်မာပြည်ကို ဂျီဟက်လုပ် ချင်နေတာ။ မိထ္ထီလာလို ပုံစံမျိုး။ ဒါမျိုးသာနောက်တခေါက် ထပ်ဖြစ်ရင် သေချာပေါက် နိုင်ငံတကာက အစွန်းရောက်တွေက မြန်မာပြည်ကို ဂျီဟက်ကြေငြာတော့မှာ။ ဒါကြောင့် လားရှိုးကို ပြဿနာ မဖြစ်ဖြစ်အောင်ဖန်တီးတာ။ နှစ်အချက်က ဝီရသူကို ဖမ်းချင်တာ။ ဒါကြောင့်မို့လို့ ဗလီတွေကို ထိုးကျွေး၊ ဆိုင်တွေကို ထိုးကျွေး၊ အိမ်တွေထိုးကျွေးနေတာ။ ဒီတရားတွေဟောလို့ ဒါဖြစ်ရပါတယ်၊ မန္တလေးမှာလည်း အဓိကရုဏ်းဖြစ်ဖို့ ကောလဟာလတွေထုတ်၊ ပခုက္ကူမှာလည်း ထုတ်။ အဲ့လိုလုပ်နေတာ မွတ်စလင်တွေက လည်း တဖွဲ့၊ ဗမာတွေလည်းရှိတယ်။ ဗမာတွေဆိုတာကတော့ ဦးဇင်းလိုက်လေ့လာကြည့်တော့ သူတို့ ရဲ့ နောက်ကွယ်မှာ တစုံတရာ ညွှန်ကြားမှုတော့ မရှိဘူးပေါ့။ ပြောရရင် လမ်းသူရဲလို့တောင် ပြော လို့ရတယ်။ အလုပ်မရှိ အကိုင်မရှိ လက်ကြောတင်းအောင် လုပ်ကိုင်မစားသောက်ပဲနဲ့ သူများပစ္စည်းကို အချောင်လိုချင်နေတဲ့ လူတစုပေါ့။ သူတို့တွေက အရေးအခင်းဖြစ်ပြီဆိုရင် ပွတာပေါ့ ဗျာ တောကြောင်တွေပေါ့။ အဲ့ဒီပုဂ္ဂိုလ်တွေကလည်း ကောလဟလတွေထုတ်လွှင့်ပြီးတော့ ပြဿနာတွေ လိုက်ဖန်တီးနေတာပေါ့။ အဲ့လိုပုဂ္ဂိုလ်မျိုးတွေကို အနယ်နယ်အရပ်ရပ်မှာ တွေ့တယ်၊ အဲ့ဒါက ဦးဇင်းတရားနဲ့မဆိုင်ဘူး။ အဲ့ဒီအုပ်စုနှစ်စုနဲ့ပဲဆိုင်တယ်။

မေး ။ ။ ဆရာတော်မိန့်တဲ့ တရားတော်တော်များများမှာ မွတ်စလင်ဘာသာကိုပဲ ဦးတည်နေတော့ လူ့အခွင့်အရေးသမားတွေက ထောက်ပြကြတယ်။ လူနည်းစုဖြစ်နေတဲ့ ဘာသာကို ဦးတည်ထားတယ်ပေါ့။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအပြင် တခြားဘာသာတွေလည်းရှိနေတဲ့အထဲကမှ ဘာကြောင့် ဒီဘာသာကိုပဲ ဦးတည်ပြီး တရားတွေ ဟောနေရတာလဲ ဘုရား။

ဖြေ ။ ။ နံပါတ်တစ်ကတော့ မျက်စိဖွင့်နားဖွင့်ထားတဲ့ ဘာသာနဲ့လူမျိုးက အန္တရာယ်မကြီးဘူး။ ဦးဇင်းတို့ သူတို့အားလုံးနဲ့ ပေါင်းလို့ရတယ်။ ဥပမာ ခရစ်ယာန်၊ သူတို့တွေက တိုင်းရင်းသား ညီအကိုမောင်နှမတွေပဲ။ မျက်စိဖွင့်နားဖွင့်ထားတဲ့အတွက် သူတို့က အယူမသည်းဘူး၊ အစွန်းမရောက်ဘူး။ အဲ့ဒီတော့ ဦးဇင်းတို့က ခရစ်ယာန်ကို ဘာလို့ဦးတည်မလဲ။ နောက်တခုက ဟိန္ဒူ။ သူ့ဟာသူ အေးအေးဆေးဆေးနေတာ။ သူတို့အမျိုးသားတွေကလည်း တခြားဘာသာနဲ့ အိမ်ထောင်မပြုကြဘူး။ သူတို့အမျိုးသမီးတွေကလည်း တခြားဘာသာနဲ့ယူထားတာ မရှိဘူး။ အတော့်ကို ရှားပါးတယ်။ သူ့ဘာသာသူ အေးအေးနေတဲ့လူမျိုးကို ကျုပ်က ဘာလို့ပြောမလဲ။ အခုဟာက ငပွကြီးဒဏ်ကိုခံနေရလို့ ကမ္ဘာကို ကျုပ်တို့က အကူညီတောင်းနေ ရတာ။

မေး ။ ။ အမျိုးစောင့်ဥပဒေမူကြမ်းတင်သွင်းတာနဲ့ပတ်သက်ပြီး ဒါက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ချိုးဖောက်တာလို့ ဝေဖန်ကြတာတွေရှိတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း ထောက်ပြနေကြတယ်။ ဒါက အငြင်းပွားစရာဖြစ်မနေဘူးလားဘုရား။

ဖြေ ။ ။ ဒါကတော့ သူတို့တွေက ဒီမူကြမ်းကြီးကို ကိုင်ပြီး ပြောရတာဆိုတော့ ပြောစရာဖြစ်သွားတာပေါ့။ တကယ်တမ်းကျတော့ အဲ့ဒီမူကြမ်းကြီးက လွှတ်တော်ထဲကို သွားမယ့်မူကြမ်းမဟုတ်ဘူး။ လွှတ်တော်ထဲကို သွားမယ့်မူကြမ်းက ၂၇ ရက်နေ့မှ ထုတ်ပြန်မှာ။ အဲ့ဒါက အရေးပေါ်လို့ရေးထားတဲ့အတိုင်းပဲ ပြည်သူ လူထုကို ချပြပြီးတော့ သဘောထား ကောက်ခံတဲ့ ပုံစံချထားတာလေ။ နောက်ပြီးတော့ ဦးဇင်းတို့တွေက အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်တာမဟုတ်ဘူး။ အမျိုးသမီးအခွင့်အရေးချိုးဖောက်တာကို မကျေနပ်လို့ ကာကွယ်တာ။ ဦးဇင်းတို့က လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ဘူး။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အိမ်ရှင်ဖြစ်ပါလျက်နဲ့ ပက်ပက်စက်စက်ကြီး ချိုးဖောက်ခံနေရလို့ ကာကွယ်နေတာ။ အဲ့ဒီတော့ ဦးဇင်းတို့သည် လူ့အခွင့်အရေးကို အပြည့်အ၀ လိုက်နာမယ်။

အမျိုးသမီးအခွင့်အရေးကို အပြည့်အ၀ ရစေချင်တယ်။ မွတ်စလင်နဲ့ညားတဲ့ ခရစ်ယာန် အမျိုးသမီးတွေ၊ ဗုဒ္ဓဘာသာအမျိုးသမီးတွေ အိမ်ရှင်မအခွင့်အရေး အပြည့်အ၀ရလား၊ အမျိုးသမီးအခွင့်အရေး အပြည့်အ၀ရလား၊ လူ့အခွင့်အရေးအပြည့်အ၀ရလား။ သူတို့တတွေ စစ်သုံ့ပန်းလို နေနေရတဲ့ဘ၀ကို ဦးဇင်းတို့က ကယ်ချင်တာ။ နောက်နောင် ဒီစစ်သုံ့ပန်းလို နေရမယ့်ဘ၀မျိုးကို နောင်လာမယ့်မျိုးဆက်သစ် အမျိုးသမီးတွေ ဒုက္ခမရောက်စေချင်ဘူး။ ဒီဆန္ဒတွေနဲ့ ဦးဇင်းတို့က လုပ်နေတာကို လူထုထဲကို ဆင်းမကြည့်ပဲနဲ့ ရမ်းပြီး ကန့်ကွက်နေတာကိုတော့ မတရားဘူးလို့ ပြောချင်တာပဲ။

မေး ။ ။ ဒါဖြင့် အရင်ရှိပြီးသား မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဥပဒေက အမျိုးသမီးတွေကို မကာကွယ်ပေးနိုင်လို့လား။

ဖြေ ။ ။ အမျိုးသမီး အခွင့်အရေးတွေတင်မကဘူး ဘာသာတရား အခွင့်အရေးလည်း မကာကွယ်ပေးနိုင် ဘူး၊ အမျိုးသား လုံခြုံရေးနဲ့ပတ်သက်လို့ ဘာဥပဒေမှ သတ်သတ်မှတ်မှတ်မရှိဘူး။ သူများနိုင်ငံမှာ၊ သူများလူမျိုးမှာ သူများဘာသာ သတ်သတ်မှတ်မှတ် ဥပဒေရှိတယ်။ ခြံစည်းရိုးရှိတယ်။ ကျုပ်တို့နိုင်ငံ၊ ကျုပ်တို့လူမျိုး၊ ကျုပ်တို့ဘာသာမှာ ဘာခြံစည်းရိုးမှမရှိလို့ တောရိုင်းမျိုးစုံဝင်ပြီး နှောင့်ယှက်ခံရသ လို ဖြစ်နေတယ်။

မေး ။ ။ ဆရာတော် ဟောပြောနေတဲ့တရားတော်တွေနဲ့ ဒီမျိုးစောင့်ဥပဒေဆိုတာကို တင်ပြတာတွေက ဗုဒ္ဓတရားတော်တွေနဲ့ ကိုက်ညီပါရဲ့လား ဘုရား။

ဖြေ ။ ။ ကုလ၀ံသော စိရန္တသတ္တိဆိုတာ ဘုရားဟောထားတယ်လေ။ အမျိုးစောင့်ရမယ်တဲ့။ ခင်ဗျားတို့လည်း ငယ်ငယ်က သင်ခဲ့ရတယ်မှတ်လား။ စောင့်လေမျိုးနွယ်ဆိုတာ ပါတယ်မဟုတ်လား။ အဲ့ဒါ ဘုရား တရားဟောထားတာတွေ။ အမျိုးစောင့်ဖို့ဟောတာကို ဘုရားရဲ့တရားနဲ့ မညီဘူးလို့ ပြောလို့မရဘူး။ ဒါက ဘုရားတရားနဲ့အညီကိုရေးတာ ဥပဒေကိုက။ နောက် ဦးဇင်းဟောတဲ့တရားက ဇာတ်တော်၊ ၀တ္တု၊ သုတ္တံ ဒီသုံးခု မလွတ်စေရဘူး။ ပထမ အဲ့ဒီ ၃ ခုကို တခုခု မူတည်ဟောပြီးမှ ဒုတိယ အဲ့ဒီ ၃ခုနဲ့ သင့်တော်တဲ့ အကျုံးဝင်တဲ့ အခုခေတ် မျက်မှောက် အဖြစ်အပျက်တွေကို ဦးဇင်းက ဖော်ပြတယ်။

မေး ။ ။ ဆရာတော်ကတော့ ၉၆၉ ဆိုတာကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်တွေဆိုပြီး ပြောတယ်။ ဒါပေမယ့် တချို့ကိစ္စတွေမှာ ဒါကို အသုံးချပြီး အကြမ်းဖက်မှုတွေဖြစ်လာတော့ ၉၆၉ ဆိုတာ ဗုဒ္ဒဘာသာတွေက အကြမ်းဖက်ဖို့ လုပ်တာဆိုပြီး ဖြစ်လာတယ်လို့ ပြောကြတယ်။ အဲ့ဒီအပေါ်ကိုရော ဆရာတော့်သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ဒါမျိုး ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် မှော်ဘီ သံဃာ့ညီလာခံဆိုပြီး ကျင်းပခဲ့ရတာလေ။ အဲ့ဒီမှာ သတင်းထုတ်ပြန်တယ်၊ ကြေငြာတယ်၊ ဆုံးဖြတ်ချက်ချတယ်။ အဲ့ဒါက ဘာလဲဆိုရင် ဒီငြိမ်းချမ်းရေးသင်္ကေတဖြစ်တဲ့ ဒီရတနာ သုံးပါးရဲ့ ဂုဏ်တော်တွေကို သတ်မှတ်ထားတဲ့ ၉၆၉ ပေါ့နော်။ အဲ့ဒါကို မလိုအပ်တဲ့နေရာတွေမှာ အသုံးမပြုဖို့၊ အခုလိုပေါ့ အကြမ်းဖက်မှုတွေမှာ အသုံးမပြုဖို့၊ ပြီးတော့ သာသနာ ညိုးနွမ်းစေတဲ့နေရာတွေမှာ အသုံးမပြုဖို့ ဦးဇင်းတို့က ထုတ်ပြန်ထားတာ။ လူတစုက အဲ့ဒီလိုလုပ်သွားတာနဲ့ ၉၆၉ ကြီးတခုလုံးကို အကြမ်းဖက်အဖွဲ့အစည်းလို့တော့ ပြောလို့တော့ မရဘူးပေါ့ဗျာ။ ဘာသာမတူ လူမျိုးမတူတွေကို သတ်ပစ်မယ်ဆိုပြီး အဲ့လိုမျိုးကြီး ပါလာရင်တော့ပြောပေါ့။ ၉၆၉ မူဝါဒကိုက အဲ့ဒါတွေ မပါဘူး။ အကြမ်းမဖက်ဖို့၊ ကိုယ်က အကြမ်းဖက်ဖို့နေနေသာသာ ကိုယ့်ကို အကြမ်းဖက်လာရင်တောင် အကြမ်းမဖက်တဲ့နည်းနဲ့ပဲ တုံ့ပြန်ဖို့၊ ဥပဒေဘောင်ထဲကပဲ တုံ့ပြန်ဖို့ ဦးဇင်းတို့က မူဝါဒချထားတာ။ အဲ့ဒါကို အကြမ်းဖက်တယ်လို့ ပြောတာက လုံးဝကို ယုတ္တိမရှိဘူးပေါ့။

မေး ။ ။ တိုင်းမ်မဂ္ဂဇင်းနဲ့ ပတ်သက်ပြီးတော့ဒါက ဆရာတော်ကို ထိခိုက်တယ် သာသနာကိုလည်း ထိခိုက်တယ်လို့ ဆိုတာတွေရှိတော့ ဆရာတော်အနေနဲ့က ဒီအတွက် တုံ့ပြန်တာတွေ လုပ်မှာလား။

ဖြေ ။ ။ အစတုန်းကတော့ အစီစဉ်ဆွဲတာပေါ့။ ဒီမှာလာပြီး အင်တာဗျူးထားတာကို အင်တာနက်မှာတင် မယ်ပေါ့။ နောက်တခုက လာဗျူးသွားတဲ့ သတင်းထောက်မှာ ဟန်နာဘိခ်ျကို အိတ်ဖွင့်ပေးစာရေး မယ်ပေါ့။ ပြီးရင် အားလုံးကို ထုတ်ပြမယ်ပေါ့။ ဒါပေမယ့် ဦးဇင်းတို့အနေနဲ့က တရားစွဲတာ ဓားဆွဲတာတွေ မဖြစ်ချင်ဘူး။ သူလုပ်တာကတော့ တရားစွဲသင့်တဲ့ အချက်လက်တွေအများကြီး ပါတာပေါ့နော်။ တနိုင်ငံလုံး၊ တသာသနာလုံး စော်ကားတဲ့ပုံသဏ္ဍာန်မျိုး ဖြစ်သွားတာကိုး။ ဒါပေမယ့် ဦးဇင်းတို့တွေက ဒါကသာသနာကို စော်ကားတာ မဟုတ်ဘူး။ ဒါက ၀ီရသူကိုပဲ တိုက်ခိုက်တာ။ ဆိုတော့ ဦးဇင်းက ပုဂိုလ်ရေးရာမှာဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာပဲဖြစ်ဖြစ် သည်းခံမယ်။ ဒါပေမယ့် ဘာသာ၊ သာသနာနဲ့ လူမျိုးကို ထိပါးလာရင်တော့ ဘယ်လိုလူမျိုး ဘယ်လိုဘာသာဝင်ကိုမှ သည်းမခံနိုင်ဘူးဆိုတဲ့ ခံယူချက်က ဦးဇင်းငယ်ငယ်လေးကတည်းက ရှိတာ။ ဒါကြောင့်လည်း အခုက ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်တာလို့ပဲ သဘောထားလိုက်ပြီးတော့ ကျုပ်က တရားစွဲတာ ဓားဆွဲတာတွေ မလုပ်ချင်ဘူး။
ဇာနည်မာန်
ဧရာဝတီ

စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ ငါးနှစ်အောက် ကလေးများ၏ သုံးပုံတစ်ပုံမှာ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေ

ချင်းပြည်နယ် မင်းတပ်မြို့ တစ်နေရာတွင် ကလေးငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
Wednesday, 26 June 2013
ဆင်းရဲမွဲတေမှု မျဉ်းကြောင်းအောက် ရောက်နေသော မြန်မာနိုင်ငံ စားနပ်ရိက္ခာ မလုံaလာက်မှု မြင့်မားနေခြင်းကြောင့် ငါးနှစ်အောက် ကလေးငယ်များ၏ သုံးပုံတစ်ပုံမှာ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေကြောင်း မီချီဂန် တက္ကသိုလ်နှင့် သမ္မတ၏ အကြံပေးအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်းတို့ ရေးသားပြုစုသည့် စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ငါးနှစ်အောက် ကလေးငယ်များ၏ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး ပြည်နယ်မှာ ချင်းပြည်နယ်ဖြစ်ပြီး ယင်းဒေသရှိ ငါးနှစ်အောက် ကလေးငယ်များ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ခန္ဓာကိုယ် ဖွံ့ဖြိုး တိုးတက်မှု ရပ်ဆိုင်းနေပြီး၊ ရခိုင်ပြည်နယ်ရှိ ငါးနှစ်အောက် ကလေးငယ်များ၏ ထက်ဝက်ခန့်မှာ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်နေကြောင်းလည်း စာတမ်းအရ သိရသည်။

ထိုသို့ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ ငါးနှစ်အောက် ကလေးငယ်များ၏ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှုမှာ အနိမ့်ဆုံး ဖြစ်နေသည်ဟု ဆိုသော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလေးငယ်များ၏ ၅၀ ရာခိုင်နှုန်းဝန်းကျင်မှာ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေသကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ငါးနှစ်အောက် ကလေးငယ်များ၏ ၄၀ ရာခိုင်နှုန်းကျော်ခန့်မှာ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကလေးငယ်များ၏ ၄၀ ရာခိုင်နှုန်းဝန်းကျင်မှာ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေကြောင်း သိရသည်။
ကလေးငယ်များ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေခြင်းမှာ နိုင်ငံ့လူဦးရေ လေးပုံတစ်ပုံခန့်နှင့် ၂၉ ရာခိုင်နှုန်းသော ကျေးလက်နေ မိသားစုများမှာ အမျိုးသား ဆင်းရဲမွဲတေမှု မျဉ်းကြောင်းအောက် ရောက်နေခြင်း . . . . .

အလားတူပင် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်ဖြင့် အစဉ်လိုက် ရပ်တန့်နေကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကလေးငယ်များ၏ ၂၀ ရာခိုင်နှုန်းကျော်ခန့်သာ ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကလေးငယ်များ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေခြင်းမှာ နိုင်ငံ့လူဦးရေ လေးပုံတစ်ပုံခန့်နှင့် ၂၉ ရာခိုင်နှုန်းသော ကျေးလက်နေ မိသားစုများမှာ အမျိုးသား ဆင်းရဲမွဲတေမှု မျဉ်းကြောင်းအောက် ရောက်နေခြင်း၊ ဆင်းရဲသော မိသားစုများ အနေဖြင့် ၀င်ငွေ၏ ၇၀ ရာခိုင်နှုန်းနှင့် အထက်အား အစားအစာအတွက် အသုံးပြုနေရခြင်း၊ အစားအစာအတွက် ချေးငှားခြင်းများ ပြုလုပ်နေသော်လည်း ကျေးလက်မိသားစုများ၏ ထက်ဝက်ခန့်မှာ နှစ်လကျော် ကာလထိတိုင်အောင် လုံလောက်သော စားနပ်ရိက္ခာ မရရှိဘဲ ထိုသို့စားနပ်ရိက္ခာ မလုံလောက်မှု၏ အကျိုးဆက်ကြောင့် ငါးနှစ်အောက် ကလေးငယ်များ၏ သုံးပုံတစ်ပုံခန့်မှာ အရပ်ရှည်ထွက်မှု ရပ်တန့်ခြင်းနှင့် အခြားသုံးပုံတစ်ပုံခန့်မှာ အဟာရ ချို့တဲ့မှုကြောင့် ကိုယ်အလေးချိန် မပြည့်ခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများ ကြုံတွေ့နေရသည့် ဆင်းရဲနွမ်းပါး ငတ်မွတ်မှု ပြဿနာများမှာ ကျေးလက်နေ မိသားစုများ၏ ထက်ဝက်အား မြေယာမဲ့ ဖြစ်စေမှု၊ ဘက်လိုက်မှု ကြီးမားသည့် မြေနေရာနှင့် လုပ်ကိုင်ခွင့် ခွဲဝေမှု၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့် တိုးပွားလာသော အချိန်အခါမဟုတ် မိုးရွာသွန်းမှုများတွင် စိုက်ပျိုးရေး ထိန်းသိမ်းမှုစနစ် ညံ့ဖျင်းခြင်း၊ မြင့်မားသော သယ်ယူပို့ဆောင်စရိတ်၊ ကျေးလက်ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ အားနည်းမှု စသည့်အချက်များကြောင့် ဖြစ်ကြောင်း သိရသည်။
Eleven Mdeia Group

နိုင်ငံတကာရောက် ဒီမိုကရေစီရေး လှုပ်ရှားသူများ ၈၈ ငွေရတုပွဲ တက်ရောက်နိုင်ရန် အစိုးရနှင့် ဆွေးနွေးမည်

Wednesday, 26 June 2013
၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပြည်သူ့အရေးတော်ပုံ (၂၅) နှစ်မြောက်ပွဲအား ပြည်ပတွင် နေထိုင်ကြသည့် ဒီမိုကရေစီ အင်အားစုများ တက်ရောက်နိုင်ရန်အတွက် လိုအပ်လျှင် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးပြုံးချို၊ ဦးအံ့ဘွယ်ကျော်နှင့် ဦးမင်းဇေယျတို့ ကနေဒါတွင် ပြုလုပ်မည့် ညီလာခံအား တက်ရောက်မည်ဖြစ်ပြီး အမေရိကန်တွင် ပြုလုပ်မည့် ညီလာခံကိုလည်း ၎င်းတို့က ဆက်လက်တက်ရောက်မည်ဖြစ်ကာ ထိုညီလာခံများအတွင်း မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ၈၈ ငွေရတုပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းသွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဇော်မင်းက ပြောကြားသည်။

ထို့နောက် ဆက်လက်၍ "ကျွန်တော်တို့တွေ သူတို့နဲ့တွေ့ရင် ဒီမှာလုပ်မယ့်ပွဲကို ဖိတ်ကြားမယ်။ သူတို့ လာရောက်နိုင်အောင်လည်း ဒီဘက်မှာ ဗီဇာကိစ္စကို ဆက်စပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်မှာပါ။ ပထမဦးဆုံး ခန်းမရအောင်လည်း စာတင်ရပါတယ်။ ရှိနေတဲ့ ဖြစ်စဉ်တစ်ခုကို အားကောင်းအောင် ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ အစိုးရကို စကားပြောမှာပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်မယ်ဆိုရင်တော့ ပြည်ပက လူတွေကို ချန်ထားလို့ မရဘူးလေ" ဟု ဦးဇော်မင်းက ပြောကြားသည်။

သူတို့ လာရောက်နိုင်အောင်လည်း ဒီဘက်မှာ ဗီဇာကိစ္စကို ဆက်စပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်မှာပါ။ ပထမဦးဆုံး ခန်းမရအောင်လည်း စာတင်ရပါတယ်။ ရှိနေတဲ့ ဖြစ်စဉ်တစ်ခုကို အားကောင်းအောင် ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ အစိုးရကို စကားပြောမှာပါ . . . . .

ရှစ်လေးလုံး အကြိုအဖြစ် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ဇွန် ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ဒီမိုကရေစီ အင်အားစုများက ညီလာခံ တစ်ခုကို ပြုလုပ်မည်ဖြစ်ပြီး ထိုညီလာခံကို အမေရိကန်ရှိ ကိုယ်စားလှယ်များလည်း တက်ရောက်မည် ဖြစ်သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနား ပြည်နယ်ရှိ ဖို့ဝိန်းမြို့တွင် ဇူလိုင် ၅ ရက်မှ ၇ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သုံးဦးတက်ရောက်မည် ဖြစ်သလို အခြားအင်အားစု များကလည်း တက်ရောက်ရန် ဗီဇာလျှောက်ထားခြင်းများ ရှိနေကြောင်း သိရသည်။
Eleven Mdeia Group

အာဖဂန်သမ္မတ အိမ်တော်ဝင်း တိုက်ခိုက်ခံရ

သမ္မတနန်းတော်အ၀င် စစ်ဆေးဂိတ်မှာ အာဖဂန်လုံခြုံရေး တပ်ဖွဲ့တွေ စုံစမ်းစစ်ဆေးနေစဉ် (၂၅ ဇွန် ၂၀၁၃)
25.06.2013
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော် သမ္မတနန်းတော်နားမှာ အင်္ဂါနေ့ လင်းအားကြီးက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ က နှိမ်နင်းလိုက်ပြီးတဲ့နောက် လုံခြုံရေးတပ်သား ၃ ဦးနဲ့ ရန်သူအဖွဲ့ဝင် အားလုံး သေဆုံးခဲ့တယ်လို့ အာဖဂန်အာဏာပိုင်တွေဘက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်ဆိုပြီးတော့ တာလီဘန်တွေဘက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုဖြစ်တဲ့ နေရာအနားတ၀ိုက်မှာ လူနေအိမ်တွေ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ထမ်းအိမ်ရာတွေနဲ့ အမေရိကန်သံရုံးတို့ ရှိနေပြီးတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပေါက်ကွဲသံတွေ၊
သေနတ်သံတွေ ကျယ်ကျယ်လောင်လောင်နဲ့ ကြားခဲ့ရပါတယ်။

သမ္မတနန်းတော်နားကို ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ မော်တော်ယာဉ်နှစ်စင်းနဲ့ ဖောက်ခွဲမှုတွေ လုပ်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ တာဝန်ရှိသူတွေက ပြောပါတယ်။ မော်တော်ယာဉ်တစင်းပေါ်မှာ စစ်ဝတ်စုံတွေ ၀တ်ပြီးတော့ စစ်သားယောင် ဆောင်ထားတဲ့ တာလီဘန်တွေက စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော် ၀င်ခဲ့တာဖြစ်ပါတယ်။

ဒုတိယယာဉ်ကတော့ ဒီစစ်ဆေးရေးဂိတ် အပြင်ဘက်မှာ ရပ်တန့်ခိုင်း ခံခဲ့ရပြီးနောက် တိုက်ခိုက်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ သမ္မတနန်းတော်မှာ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်းရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ဖို့အတွက် သတင်းသမားတွေ စုရုံးနေချိန်မှာ အခုလို တိုက်ခိုက်မှု ကြုံခဲ့တာပါ။ သမ္မတ ခါဇိုင်း ဘယ်ရောက်နေသလဲဆိုတာကိုတော့ အခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဗွီအိုအေ (မြန်မာပိုင်း)

ဘာသာရေးအစွန်းရောက် အမြင်မှားမခံရအောင် ဂရုစိုက်ဖို့ ဒေါ်စု သတိပေး

Time မဂ္ဂဇင်းပါ ဆောင်းပါးနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို လွှတ်တော်အစည်းအဝေး ခဏနားချိန်မှာ ဒေါ်စု ဖြေကြားနေစဉ် (၂၅ ဇွန် ၂၀၁၃)
25.06.2013
ဘာသာရေး ပဋိပက္ခတွေနဲ့ပတ်သက်လို့ ဖြေရှင်းရေးမှာ တည်တည်ငြိမ်ငြိမ် စဉ်းစားအဖြေထုတ်နိုင်ဖို့ အေးချမ်းမှုရှိရေး၊ တရားဥပဒေစိုမိုးရေးဟာ အဓိက အရင်ဆုံး လိုအပ်ချက်ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုပါတယ်။

တချိန်တည်းမှာပဲ ဘာသာတရားတရပ်ကို အများအမြင်မှာ အကြမ်းဖက်ဘာသာ ဖြစ်တယ်ဆိုတဲ့ အမြင်မှားမျိုး မဖြစ်အောင် အားလုံးအနေနဲ့ ကြိုးပမ်းသင့်တယ်လို့လည်း တိုက်တွန်းပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆိုပြီး မြန်မာနိုင်ငံက ဘာသာရေး ပဋိပက္ခအပေါ် ရေးသားထားတဲ့ ဆောင်းပါးနဲ့ပတ်သက်လို့ ဒီနေ့ နေပြည်တော် လွှတ်တော် အစည်းအဝေးနားချိန် သတင်းထောက်တွေက ဒေါ်အောင်ဆန်းစုကြည်ကို သူ့အမြင် မေးမြန်းကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ ဒီဆောင်းပါးကို မဖတ်ရသေးပေမဲ့လို့ ဘာသာတရပ်ကို အများအမြင်မှာ အကြမ်းဖက်ဘာသာအဖြစ် သတ်မှတ် ယူဆခံရတာမျိုး မဖြစ်အောင် အားလုံး ဂရုစိုက်ဖို့ လိုမယ်လို့ ပြောဆိုသွားပါတယ်။

“ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတယ်လို့ အထင်ခံရရင်တော့ ဘယ်ကောင်းမလဲ။ ဘာသာတရားဆိုတာကတော့ အခြေခံအားဖြင့်တော့ လူသားတွေ အချင်းချင်းကြားမှာ မေတ္တာပွားနိုင်ဖို့၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ပွားနိုင်ဖို့ ဒီဟာကို တွန်းအားပေးရမှာပဲ။ အဲ့တော့ ဘယ်ဘာသာပဲဖြစ်ဖြစ်ပါ အများအမြင်မှာကျတော့ အကြမ်းဖက်တယ်လို့ မြင်လာလို့ရှိရင် မကောင်းဘူးပေါ့လေ။ ဒါပေမဲ့ ဒီလို အမြင်မှားတာမျိုး မဖြစ်အောင်လည်း အားလုံးကနေပြီးတော့ ကြိုးစားရမှာပေါ့။”

တချိန်တည်းမှာပဲ မျိုးစောင့်ဥပဒေဆိုပြီး မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေ ဘာသာခြားနဲ့ ယူခွင့် ကန့်သတ်ဖို့ အဆိုပြုနေကြတာနဲ့ ပတ်သက်လို့လည်း သူ့ရဲ့အမြင်ကို ယတိပြတ် မပြောသွားပေမဲ့၊ ဘာသာတရပ်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ ဘာသာဝင်တွေရဲ့ ယုံကြည်မှုအပေါ်မှာ ပိုတည်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။



“အဲ့ဒီဟာက နှစ်ဘက်ရှိတယ်လေ။ ဟို ဘာသာရေးဘက်လည်းရှိတယ်။ ဥပဒေဘက်လည်း ရှိတယ်။ အဲ့တော့ ဘာသာရေးဘက်ဆိုင်ရာနဲ့ ပတ်သက်လို့ အန်တီ ဘယ်တော့မှ ပြောလေ့မရှိဘူး။ ဘာသာရေးမှာလည်း အန်တီ ကျွမ်းကျင်တာမဟုတ်ဘူး။ ဥပဒေဆိုလို့ရှိရင်တော့ ဒါ ဥပဒေပိုင်းဆိုင်ရာဆိုတော့ ဒါတွေဟာ အခုလက်ရှိ အန်တီတို့ တည်ဆဲဥပဒေတွေမှာ ဒီလို ဥပဒေမျိုး မရှိဘူး။ ဥပဒေဆိုတာဟာလည်း တရားမျှတမှုကို အခြေခံရမယ်။ အားလုံးအပေါ်မှာ တန်းတူညီမျှမှုကို အခြေခံရမယ် ဆိုတာ ဒါ အားလုံး လက်ခံထားတဲ့ မူတွေပဲ။ အန်တီကတော့ ကာကွယ်တယ်ဆိုတာဟာ ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ အဲ့တော့ ဒီဘာသာကို လိုက်စားတဲ့ လူတွေ အားလုံးရဲ့ ယုံကြည်မှုဟာ ခိုင်မာရင် ဘာနဲ့ ဘယ်လိုကမှ ဒါကို လွှတ်လို့မရပါဘူး။”

အခုဖြစ်နေတဲ့ ဘာသာရေး ပဋိပက္ခတွေအပေါ်မှာ သတင်းမီဒီယာတွေအနေနဲ့ မှန်မှန်ကန်ကန် မျှမျှတတ သုံးသပ်တင်ပြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

အခု ဘာသာရေး ပဋိပက္ခအပေါ်မှာ သူတစ်ဦးတည်းနဲ့ အဖြေထုတ်ဖို့ကိုလည်း ခက်တာကြောင့် အားလုံး ၀ိုင်းဝန်း အဖြေရှာကြဖို့ လိုအပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဒီလို အဖြေထုတ်ရာမှာ ကိုယ့်မြန်မာလူမျိုးတွေ အကျိုးစီးပွားအပြင်၊ ကမ္ဘာ့အနေအထားကိုလည်း မပြတ်ဖို့ လိုမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

“မီဒီယာကလည်း တာဝန်သိသိနဲ့ သုံးသပ်စေချင်တယ်။ ဘက်မလိုက်ပါနဲ့။ အမြင်ကို အမြင်အတိုင်း သတ္တိရှိရှိနဲ့ တင်ပြပါ။ ဒီ ဗုဒ္ဓလိုပေါ့နော် အကျိုးဆက်တွေက ဘယ်လိုဖြစ်နေသလဲဆိုတာ အခု အန်တီတို့ နိုင်ငံအပေါ်မှာ အမြင်စောင်းလာတယ်ဆိုတာ ဒါ သိကြတာပဲ။ ဒါဟာ မီဒီယာလောကမှာ ဒီလိုဖြစ်လာတယ်။ အဲ့တော့ အန်တီ့ကိုလည်း တိုက်ခိုက်တာပဲ။ ဘာဖြစ်လို့ တဘက်ကနေပြီးတော့ တခါတည်း လက်သီးလက်မောင်းတန်းပြီး ပြောပေးလဲဆိုတာ။ နံပါတ်တစ်က လက်သီးလက်မောင်းတန်းတာကိုလည်း ၀ါသနာမပါဘူး။ နောက်ပြီးတော့ ခုနပြောသလိုပေါ့ ရုပ်သိမ်းရမယ့် စကားမျိုးလည်း အန်တီမပြောချင်ဘူး။ အခြေခံ အန်တီ့မူနဲ့ ကိုက်ညီတာ၊ အန်တီတို့ အဖွဲ့ချုပ်ရဲ့ မူနဲ့ လွဲချော်မှုမရှိတဲ့ စကားပဲ အန်တီပြောချင်တယ်။ ဒါကြောင့် အားလုံးဝိုင်းပြီး စဉ်းစားပေး။”

လက်ရှိဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခတွေ ဖြေရှင်းရေး အဆင့်မရောက်ခင်၊ နှစ်ဘက် အပြန်အလှန် သင့်မြတ်မှုတွေ မသွားခင်မှာတော့ တရားဥပဒေ စိုးမိုးရေး အရေးတကြီး လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

“လူနှစ်ယောက် အချင်းချင်းမှာ တစ်ယောက်ရဲ့ ဓားနဲ့ တစ်ယောက်ရဲ့ ဓားနဲ့ တေ့ထားတဲ့ လူနှစ်ယောက်ကို ပြေလည်ရေး ပြောပါလို့ ပြောလို့မရဘူး။ ဒီဓားတွေ ဖြုတ်ပစ်လိုက်ပြီးမှ သူတို့တွေရဲ့ စိတ်ငြိမ်သွားမှ ပြောလို့ရမယ်။ ဒါကြောင့် အန်တီက တရားဥပဒေစိုးမိုးရေးဟာ ဒါကို ပြောတာပဲ။ လူတွေကနေပြီးတော့ သူတို့ရဲ့ စိတ် လုံခြုံသွားပြီ။ သူတို့ဘ၀တွေ လုံခြုံသွားပြီဆိုမှ စဉ်းစားမယ်။ ပြန်လည်သင့်မြတ်ရေးကို ကြိုးစားမယ်။ မလုံခြုံမချင်း မစဉ်းစားဘူး။ အဲ့ဒါ အဓိက။ နောက်တခုက အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာလုပ်နေသလဲဆိုတာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။”

ပြီးခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တစုံတရာ ပြတ်ပြတ်သားသား မှတ်ချက်ပေးတာ မရှိဘူးဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် ကလေးမွေးဖွားမှု ကန့်သတ်တဲ့ ဒေသန္တရ ညွန်ကြားချက်အပေါ်မှာတော့ ဒါဟာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီး ဝေဖန်ခဲ့တာ ရှိပါတယ်။ ဒီအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
ကိုသားညွန့်ဦး
ဗွီအိုအေ (မြန်မာပိုင်း)

Snowden ကို အမေရိကန်လက် လွှဲပေးဖို့ ရုရှားငြင်းဆန်

26.06.2013အမေရိကန်အစိုးရက အလိုရှိနေတဲ့ ထောက်လှမ်းရေးဝန်ထမ်းဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်က လေဆိပ်တခုမှာ ခရီးတထောက် ရောက်ရှိနေတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုကို ပြန်ပို့ပေးမှာ မဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောပါတယ်။

ဒီကိစ္စမှာ ရုရှားက ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲနေတာတွေဟာ အဓိပ္ပါယ်မဲ့ မဟုတ်တယုတ် ပြောနေတာ ဖြစ်တယ်လို့ ဖင်လန်နိုင်ငံကို ရောက်ရှိနေခိုက်မှာ မစ္စတာ ပူတင် က ပယ်ချ ပြောဆိုသွားပါတယ်။ ရုရှား ဟာ အမေရိကန်နဲ့ တရားခံ လဲလှယ်ရေး သဘောတူညီချက် ရှိမထားဘူးလို့လည်း မစ္စတာ ပူတင် က ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စောင့်ကြည့်ရေး အစီအစဉ်နဲ့ တခြားထောက်လှမ်းရေး အချက်အလက်တွေကို ဖွင့်ချခဲ့လို့ အမေရိကန်အစိုးရက မစ္စတာ စနိုဒန် ကို အလိုရှိနေတာဖြစ်ပြီး သမ္မတ ပူတင် ကတော့ မစ္စတာ စနိုဒန် ဟာ ရုရှားနိုင်ငံမှာ ဘာဥပဒေမှ မချိုးဖောက်ဘူးလို့ ဆိုပါတယ်။

မစ္စတာ စနိုဒန် ဟာ လွတ်လပ်သူ တစ်ဦးဖြစ်တယ်။ သူ နောက်ထပ် ဘယ်ကို ခရီးဆက်မလဲ မြန်မြန် ဆုံးဖြတ်လေ ကောင်းလေပဲလို့ သမ္မတ ပူတင် က ပြောပါတယ်။ Mr. Snowden ဟာ ဘယ်တုန်းကမှ ရုရှားထောက်လှမ်းရေးနဲ့ အလုပ် မလုပ်ဖူးဘူးလို့လည်း ပြောပါတယ်။  ဒီကိစ္စကြောင့်တော့ အမေရိကန်နဲ့ ဆက်ဆံရေးကို သွားမထိခိုက်ဖို့ မျှော်လင့်ကြောင်းလည်း ပြောသွားပါတယ်။

အင်္ဂါနေ့အစောပိုင်းကတော့ အမေရိကန် ပြည်ထောင်စုဟာ ထိပ်တိုက်ရင်ဆိုင်မှုကို မလိုချင်ပါဘူး။ စနိုဒန် ကိစ္စမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ကျိုးကြောင်းဆီလျှော်အောင် လုပ်ဆောင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောဆိုသွားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ငါးနှစ်အရွယ် ကလေးငယ် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိ၍ သေဆုံး

Jun 25 13
အမေရိကန် နိုင်ငံတွင် (၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ရဲများက နယူးအော်လန်တွင် နေထိုင်သည့် မိန်းကလေးငယ်၏ အလောင်းကို တနင်္ဂနွေနေ့က စစ်ဆေးခဲ့ပြီးနောက် မတော်တဆ ဖြစ်စဉ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမိသလို ဖြစ်သွားခြင်းဟု ပြောကြားခဲ့သည်။ ဖြစ်စဉ်ကို ဒေသဆိုင်ရာ စုံထောက်အဖွဲ့ တာဝန်ရှိသူများက သွားရောက် လေ့လာခဲ့ပြီးနောက် အစောပိုင်းက ကလေးမလေး၏ မိခင်ကို ဒုတိယအဆင့် သတ်မှတ်ချက် လူသတ်မှု စွဲချက်ဖြင့် တရားစွဲဆိုမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

နောက်ပိုင်းတွင်မူ တနင်္ဂနွေနေ့ နံနက်ပိုင်းက ကလေးမလေး၏ သေဆုံးမှုမှာ မတော်တဆ ဖြစ်ရပ်ဟုသာ ရဲများက ကောက်ချက်ချခဲ့သည်။ ရဲတပ်ဖွဲ့သည် ကလေးမလေးကို သူမ၏ အိပ်ခန်းထဲတွင် ဦးခေါင်း၌ သေနတ်ဒဏ်ရာကြီးဖြင့် ရှာဖွေ တွေ့ရှိခဲ့သည်။ ထို့နောက် ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့သော်လည်း အသက်မမီခဲ့ချေ။ ထို့နောက်တွင်မူ ရဲများက ဖြစ်စဉ်အတွင်း ကလေးမလေးသည် နေအိမ်ထဲတွင် တစ်ဦးတည်း ရှိနေပြီး .38 Revolver ပစ္စတို တစ်လက်ကို ယူဆော့မိရာမှ ယခုလို အဖြစ်ဆိုး ကြုံခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ကလေးမလေး၏ မိခင်က သူမသည် အနီးရှိ စတိုးဆိုင် တစ်ခုသို့ ခေတ္တမျှ သွားရောက်စဉ် သေနတ်သံ ကြားရသဖြင့် ပြန်ပြေးလာရာ သမီးဖြစ်သူကို သေနတ်ဒဏ်ရာဖြင့် တွေ့ခဲ့ရခြင်းဟု ထွက်ဆိုခဲ့သည်။ ရဲများသည် သက်သေခံ သေနတ်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။ ရဲတပ်ဖွဲ့သည် မိသားစု၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ငဲ့ညှာသဖြင့် ကလေးမလေး၏ အမည်ကို ဖော်ပြခြင်း မပြုခဲ့ချေ။ ကလေးမလေး၏ ရုပ်အလောင်းကို တနင်္လာနေ့တွင် ခွဲစိတ်စစ်ဆေးမှု ပြုလုပ်မည်ဟုလည်း သိရှိရသည်။
Source: CNN
Planet Myanmar Network

SingTel က မြန်မာနိုင်ငံတွင် ဝန်ထမ်းများခေါ်ယူ



(SingTel တွင် အလုပ်လုပ်ရန် လာရောက်လျှောက်ထားသူများ)
Jun 26 13 
SingTel က မြန်မာနိုင်ငံတွင် ဝန်ထမ်းများခေါ်ယူ စင်္ကာပူအခြေစိုက် SingTel သည် ဆက်သွယ်ရေးအော် ပရေတာ အဖြစ် လုပ်ကိုင်ခွင့်ရရှိပါက မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အတွင်း ဝန်ထမ်း ၁,၀၀၀ ခန့်ထားရန် ရည်ရွယ်ထား မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင် ခွင့်ရရန် အဆို ပြုလျှောက်ထားသည့် နိုင်ငံခြား ကုမ္ပဏီတစ်ခုဖြစ် သည်။ SingTel သည် ဝန်ထမ်းခေါ်ယူမှုများ စတင်ပြုလုပ်နေပြီဖြစ် သည်။ စင်္ကာပူအခြေစိုက် SingTel သည် ဆက်သွယ်ရေးအော်ပရေ တာအဖြစ် လုပ်ကိုင်ခွင့်ရရှိပါက မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အ တွင်း ဝန်ထမ်း ၁,၀၀၀ ခန့်ထားရန် ရည်ရွယ်ထားသည်။ ဝန်ထမ်း စီမံခန့်ခွဲမှု၊ အရောင်းဌာန စသည်နေရာများအတွက် ဝန်ထမ်းခေါ် ယူမှုများကိုလည်း SingTel က ပြုလုပ်ထားသည်။

SingTel သို့ အလုပ်လာရောက်လျှောက်ထားသူ အချို့အား မေးမြန်းမှုအရ အခွင့်အလမ်းနှင့် မြင့်မားသည့် လုပ်ခလစာ ရရှိနိုင်မှု၊ စင်္ကာပူတွင် SingTel ဝန်ဆောင်မှုများ အောင်မြင်မှု စသည့်အချက်များကို လျှောက်ထားသူများက စိတ်ဝင်စားကြကြောင်း Chennel NewsAsia သတင်းက ပြောကြားသည်။ SingTel တွင် အလုပ်လျှောက်ထားသူအချို့မှာ network engineer, software developer စသည့် နေရာများကို စိတ်ဝင်စားကြပြီး ၎င်းတို့အနေဖြင့် အမေရိကန်ဒေါ်လာ ၆၀၀ မှ ၁,၀၀၀ ကြား လုပ်ခလစာ ရရှိရန် မျှော်လင့်ကြကြောင်း Channel NewsAsia တွင် ဖော်ပြသည်။

အခြား ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Digicel ကလည်း မြန်မာနိုင်ငံတွင် ဝန်ထမ်းခေါ်ယူမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရန် ယှဉ်ပြိုင်နေကြသည့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီ ၁၁ ခုရှိပြီး Digicel, Telenor, MTN, Axiata, SingTel, Fance Telecom Orange, Tel စသည့်ကုမ္ပဏီများ ပါဝင်သည်။ ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီ ၂ ခုကို ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
Planet Myanmar Network

သမီးအား စာလိုက်ပေးဖူးသူကို ဓားဖြင့်ထိုးသတ်

တွံတေး၊ ဇွန် ၂၅။
တွံတေးမြို့နယ် အိုးဖိုးအနောက်ရပ်ကွက် စည်ပင်သာယာလမ်းတွင် ဇွန်လ ၂၄ ရက်နေ့ နေ့လည် ဆယ်နာရီ ခွဲခန့်၌  သမီးအား ရည်စားစကား လိုက်ပြောဘူးသော အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးအား ကောင်မလေး၏ ဖခင်ဖြစ်သူက ခေါ်၍ ဓားဖြင့်ထိုးလိုက်သောကြောင့် သေဆုံးသွားကြောင်း တွံတေးမြို့နယ် ရဲစခန်းမှ သိရသည်။

သေဆုံးသူ စိုးမိုးကျော်သည် မအူပင်မြို့နယ် ထနီးကျေးရွာအုပ်စု   ကြုံဝကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တွံတေးမြို့ ငွေပုဇွန်ငါးဒိုင်၌ ငါရောင်း၍ အပြန်တွင် ဓားထိုးခံရပြီး ဆေးရုံးတွင် သေဆုံးခြင်းဖြစ်ကြောင်း မြို့နယ်ရဲ စခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကောင်လေးသွားတဲ့ အိမ်က ကောင်မလေးအိမ်နဲ့ အိမ်သုံးလုံးလောက်ပဲ ကွာတယ်။ အရင်နေ့တွေက ကောင်မလေးကို စာလိုက်ပေးလို့ သူ့အဖေကခေါ်ပြီး ပြောထားဖူးတယ်တဲ့။ အဲဒီနေ့က သုံးလေးခေါက်လောက် ဆိုင်ကယ်နဲ့ဖြတ်သွားတော့ မထီမဲ့မြင် လုပ်တယ်ဆိုပြီး ခေါ်ပြီးဓားနဲ့ထိုးလိုက်တာ”ဟု
ယင်းက ဆက်လက်ပြောကြားသည်။

၎င်းကိစ္စအား တွံတေးမြို့နယ် ရဲစခန်းမှ  (ပ) ၂၅၄/၁၃ ပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

တာလီဘန်တို့ အာဖဂန်သမ္မတအိမ်တော်ကို တိုက်ခိုက်

ကဘူးလ်၊ ဇွန် ၂၅။စစ်သွေးကြွခေါင်းဆောင်များ ကာတာတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ရုံးတစ်ခုဖွင့်လှစ်ပြီး
တစ်ပတ်ကြာ တာလီဘန်စစ်သွေးကြွများသည် အာဖဂန်သမ္မတအိမ်တော်သို့ ဝင်ပေါက်တစ်ခုကို သေနတ်ပစ်ခြင်း ကားဗုံးခွဲခြင်းများ အင်္ဂါနေ့တွင် ပြုလုပ်သည်။

ယခုတစ်ခေါက်သည် သမ္မတကာဇိုင်း ၂၀၀၈ခုနှစ်အတွင်း တာလီဘန်တိုက်ခိုက်မှုကြောင့် အသက်ဘေးမှ ကပ်လွဲသွားပြီးနောက်ပိုင်းမှစ၍ အဆိုးဝါးဆုံးတိုက်ခိုက်မှုဖြစ်သည်။

သေနတ်နှင့်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲခြင်းများသည် ဒေသစံတော်ချိန်၆ ခွဲတွင်စတင်ခဲ့ပြီး
တစ်နာရီကျော်အထိရှိနေဆဲဖြစ်ပြီး ကဘူးလ်မြို့ရှိ သံရုံးများနှင့် အစိုးရအဆောက်အဦးများရှိသည့်
လုံခြုံရေးတင်းကျပ်ထားသည့်နေရာတွင် မီးခိုးများ လေထဲလွင့်တက်နေစေခဲ့သည်။

နေတိုးတပ်ဖွဲ့ နိုင်ငံတကာလုံခြုံရေး အကူအညီပေးရေးအဖွဲ့ (အိုင်အက်စ်အေအက်ဖ်)အဖြစ် ဟန်ဆောင်ပြီး ကားနှစ်စီးဖြင့် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ကာ သမ္မတအိမ်တော်ဝင်းတွင်းသို့
ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း ရဲက ပြောကြားသည်။

“ပထမကားကို စစ်ဆေးပြီးတော့ ခွင့်ပြုလိုက်တယ်လေ၊ နောက် ဒုတိယကားက အစောင့်တွေဆီဝင်ဖို့
ကြိုးစားလာတော့ သံသယရှိလာတယ်။ ဒီတော့ တားဖို့ကြိုးစားခဲ့တယ်” ဟု ကဘူးလ် ဒုရဲမှူးကြီး မိုဟာမက် ဒေါ့အာမင် ကပြောကြားသည်။

“တိုက်ခိုက်တာစတယ် ပြီးတော့ကားတွေကို ဗုံးခွဲရော တိုက်ခိုက်လာသူတွေအကုန်လုံးကို သေသွားတယ်” ဟု ဆက်လက်ပြောကြားသည်။

ကားများကို ရေဒီယိုအင်တာနာများတပ်ဆင်ထားကာ အိုင်အက်စ်အေအက်ဖ်ကားများနှင့် ဆင်တူအောင်လုပ်ထားကြောင်းနှင့် တိုက်ခိုက်သူ သုံးဦး သို့မဟုတ် လေးဦးသည် စစ်ယူနီဖောင်းများဝတ်ဆင်ထားကြကြောင်း ရဲက ပြောကြားသည်။

တိုက်ခိုက်မှုကြောင့်အရပ်သားများ ထိခိုက်မှုမရှိသော်လည်း ရဲက သမ္မတအိမ်တော်လုံခြုံရေးတပ်ဖွဲ့မှ
တပ်သားမည်မျှ ဒဏ်ရာရရှိကြောင်း အတိအကျမသိသေးပေ။

ဗုံးပေါက်ကွဲသည့်ကားသည် သမ္မတအိမ်တော်၏ စစ်ဆေးရေးဂိတ်များစွာရှိ ပထမဆုံးဂိတ်အတွင်းပိုင်း
စီအိုင်အေရုံးတစ်ခုအနီးတွင် ဖြစ်ပြီး အိမ်တော်အရာရှိတစ်ဦးက အဆောက်အဦးနံရံများမပျက်စီးခဲ့ကြောင်း ဆိုသည်။

အိမ်တော်အတွင်း နေထိုင်သော သမ္မတသည် အင်္ဂါနေ့မနက်ပိုင်းတွင် သတင်းထောက်များနှင့် တွေ့ဆုံရန်ရှိပြီး ဂျာနယ်လစ်များအား ပေါက်ကွဲ မှုအနီးရှိ စစ်ဆေးရေးဂိတ်တွင် သတင်းပို့ကြရန် အမိန့်ထုတ်ထားသည်။

အိမ်တော်သို့သွားရာလမ်းကြောင်းကို လုံးဝပိတ်ဆို့ထားရှိပြီး လူများအနီးသို့ရောက်မလာစေရန်
လုံခြုံရေးတင်းကျပ်များပြားစွာချထားသည်။

“တိုက်ခိုက်ရေးသမားအုပ်စုလိုက်ကြီး စီအိုင်အေရုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အိမ်တော်ရော အနီးအနားက ကာကွယ်ရေးဝန်ကြီး ဌာန ကိုလည်း တိုက်ခိုက်ခဲ့တယ်” ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောကြားသည်။

တောင်ပိုင်းပြည်နယ်ကန်ဒါဟာတွင်လည်း အင်္ဂါနေ့တွင်ပင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့်
အမျိုးသမီးရှစ်ဦးနှင့် ကလေးတစ်ဦးသေဆုံးခဲ့ပြီး မဂ်လာပွဲတစ်ခုသို့သွားရောက်သူများဖြစ်ကြောင်း ရဲက ပြောကြားသည်။

ကဘူးလ်တွင်ဖြစ်ပွားသည့်နောက်ဆုံးတိုက်ခိုက်မှုသည် ဖွန် ၁၁ နေ့တွင် ဖြစ်ပြီး တာလီဘန်သူပုန်များကအမြင့်တရားရုံးအနီး အရပ်သား ၁၅ ဦး သေဆုံးစေခဲ့သည့် ကားဗုံးခွဲမှုကို ၎င်းတို့လုပ်ဆောင်ကြောင်း ပြောကြားခဲ့သည်။

အင်္ဂါနေ့တိုက်ခိုက်မှုသည် ၁၂ကြာစစ်ပွဲကို အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးသဘောတူညီချက်ပထမခြေလှမ်းကို ရည်ရွယ်သော တာလီဘန် တို့ ရုံးသစ်ဖွင့်လှစ်မှုအပေါ် သံတမန်ရေးရာအငြင်းပွားပြီးနောက် အမေရိကန်သံအမတ်ဂျိမ်းစ် ဒေါ့ဘင်းစ် ကဘူးလ်သို့ လာရောက်နေချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

၎င်းရုံးသစ်သည် ကာတာတွင်ဖြစ်ပြီး ၁၉၉၆-၂၀၀၁ခုနှစ်အစိုးရလက်ထက် သူပုန်များ၏နာမည်ကိုယူပြီး ဖွင့်လှစ်ခဲ့ကာ တာလီဘန်တို့၏ အဖြူ ရောင်အလံကို လွှင့်ထူခဲ့ကြပြီး အာဖဂန်တို့က ၎င်းအလံကို
တာလီဘန်အုပ်ချုပ်မှုမှရက်စက်မှုအကြွင်းအကျန်အဖြစ် မြင်ကြသည်။

ကာဇိုင်းသည်လည်း အလံနှင့်အမှတ်အသားများကို ဒေါသထွက်ခဲ့ကာ လာမည့်နှစ်အတွင်း နေတိုးတပ်ဖွဲ့ တိုက်ခိုက်အစီအစဉ် အဆုံးသတ် သွားပါက အာဖဂန်အတွင်း အမေရိကန်စစ်သားများကျန်ရှိနေခွင့် သဘောတူညီမှုပေးမည့် အာဖဂန်-အမေရိကန်ဆွေးနွေးပွဲကို ဖျက်ရွှေ့ ခဲ့သည်။

ကာဇိုင်းသည် ကာတာသို့ ကိုယ်စားလှယ်များပေးပို့ရန်ငြင်းဆန်ခဲ့ကာ စစ်ပြေငြိမ်းရေးအတွက်ဖိအားများလာပြီး နောက်ဆုံးတွင် နေတိုးတပ်ဖွဲ့ ပြန်လည်ထွက်မသွားမီနှင့် လာမည့်နှစ်ဧပြီတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးအခြေတည်ရေးတို့အတွက်ဖြစ်သည်။

လာမည့်၂၀၁၄အကုတွင် နိုင်ငံခြားတပ်သား တစ်သိန်းခန့်သည် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး
လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကလည်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့အား နေတိုးတပ်ဖွဲ့က
နိုင်ငံတဝှမ်းလုံခြုံရေးတာဝန်များ လွှဲပြောင်းပေးအပ်ပြီးဖြစ်သည်။
Ref:AFP
မြန်မာ့ခေတ်

ထိုင်းအစိုးရက ရာမာဒန်အပစ်အခတ်ရပ်စဲရေး သူပုန်များ တောင်းဆိုမှုကို ငြင်းဆို

ဘန်ကောက်၊ ဇွန် ၂၅။
ရာမာဒန်ကာလအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် အလဲအလှယ်တစ်ခုအနေဖြင့် မွတ်ဆလင်လူများစုနေထိုင်ရာ တောင်ပိုင်းမှ သူပုန်များ က စခန်းများသို့ ပြန်လည်ဆုတ်ခွာရန် စစ်တပ်အား အင်္ဂါနေ့တွင် တောင်းဆိုသည်ကို အစိုးရက ချက်ချင်းငြင်းဆန်လိုက်သည်။

ထိုင်းတောင်ပိုင်းတွင်း ဆယ်စုနှစ်တစ်ခုနီးပါး သူပုန်ထနေကြရာ လူပေါင်း ၅၅၀၀ကျော် သေဆုံးပြီဖြစ်ပြီး မကြာမီက အာဏာပိုင်များနှင့် ဘီ အာရ်အန်တပ်ဖွဲ့အပါအဝင် သူပုန်တပ်တချို့ကြား ဆွေးနွေးပွဲများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးအတွက် အကောင်းမြင်မှုများ ရှိခဲ့သည်။

ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း လုံခြုံရေးတပ်များနှင့် အရပ်သားများသည် နေ့စဉ်နှင့်အမျှ
ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

ရာမာဒန်ကာလငြိမ်းချမ်းရေးအတွက် အခြေအနေများကို ကြည့်လျှင် ဇွန် ၁၄ နောက်ဆုံးတခေါက်ဆွေးနွေးပွဲကို ပြီးနောက် ဘီအာရ်အန် ပြော ရေး ဆိုခွင့်ရှိသူက ၎င်းတို့သည် အကယ်၍ ထိုင်းအစိုးရအနေနှင့် လုံခြုံရေးတပ်များကို ၎င်းတို့၏အခြေစိုက်စခန်းများထိ ဆုတ်ခွာရေး အပါအဝင် တောင်းဆိုမှုများကို ဖြည့်ဆည်းပါက ၎င်းတို့လုပ်ဆောင်နေမှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းတပ်ဖွဲ့သည် ရွာများမှဆုတ်ခွာပြီး အခြေစိုက်စခန်းများသို့ပြန်ရမည်ဖြစ်ကြောင်း ဘီအာရ်အန်မှ
ဟက်ဆန်တေ့ဘ်က ပြောကြားပြီး ယာလာ၊ နာရာသီဝတ်နှင့် ပက်တာနီနယ်တို့ရှိ ဖမ်းဆီးခြင်း၊ လမ်းပိတ်ခြင်း တိုက်ခိုက်ခြင်းများကို ရပ်တန့်ရန်လည်းတောင်းဆိုထားသည်။

ထိုင်းအစိုးရသည် တောင်းဆိုချက်အတွက် တရားဝင်ထုတ်ပြန်ချက်ကို ဇူလိုင် ၃ ရက်တွင်
အကြောင်းပြန်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဘက်ကတော့ ဘီအာရ်အန်ဟာ တိုက်ခိုက်မှုတွေ လျှော့ချရုံသာမက ရပ်တန့်တဲ့ထိလုပ်မယ်၊ ဒါဟာရာမာဒန်ကာလအတွင်း မွတ်ဆလင်တွေကို လေးစားသမှု ပြုတာပါပဲ” ဟု ဆက်လက်ပြောကြားသည်။

ရာမာဒန်သည် မွတ်ဆလင်ပြက္ခဒိန်၏ ကိုးလမြောက်လဖြစ်ပြီး ၎င်းတို့ဥပုသ်လဖြစ်ကာ ဇူလိုင်ပထမပတ်တွင် စတင်သည်။

တောင်းဆိုမှုနှင့်စပ်လျည်း၍ ထိုင်းဒုဝန်ကြီး ချာလမ်းယူဘန်ရန်က အစိုးရသည် လုံခြုံရေးတပ်ဖွဲ့ကို
အခြေစိုက်စခန်းသို့ ပြန်လည်တပ်ဆုတ်ရန် မည်သည့်နည်းနှင့်မျှ လုပ်ဆောင်မည်မဟုတ်ကြောင်း ဆိုသည်။

“အဲဒီတောင်းဆိုမှုတွေကို လက်မခံတာဟာ အစိုးရရဲ့အခွင့်အရေးပါ” ဟု သူပုန်များ၏ တောင်းဆိုမှုကို ဘန်ကောက်က တုံ့ပြန်မှုအပေါ် တိုက် ခိုက်မှု လျှော့ချရန် မယုံကြည်မှုအဖြစ်မြင်သော ၎င်းက ပြောကြားသည်။

“ဘီအာရ်အန်တွေဟာ လူတွေကို မထိန်းချုပ်နိုင်ပါဘူး၊ ကျွန်တော်ကတော့ တိုက်ခိုက်မှုတွေ လျော့သွားမယ်လို့ မယုံကြည်ဘူး၊ ကျွန်တော်တို့ မှာ ကိုယ်ပိုင်လုံခြုံရေးအတိုင်းအဆရှိပါတယ်” ဟု ဆက်လက်ပြောကြားသည်။
Ref:AFP
မြန်မာ့ခေတ်

ကျောင်းအတူ သံဃာနှစ်ပါး တစ်ချိန်တည်းပျံလွန်

ရန်ကုန်၊ ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာ၊ မဟာမြိုင် ကျောင်းတိုက်တွင် ဇွန်လ ၂၀ ရက် နံနက် ၄ နာရီ ၃၀ မိနစ် အချိန်က သံဃာနှစ်ပါး ပျံလွန်နေသည်ကို တွေ့ခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။

အရှင်ဣန္ဒောဘာသနှင့် အရှင်စန္ဒောဘာသ တို့သည် သီတင်းသုံးတော်မူရာ ကျောင်းဆောင်တွင် ပျံလွန် နေကြောင်းကို ကျောင်းတိုက်ရှိ အခြားသံဃာတော်များက တွေ့ရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းထံ အကြောင်းကြားခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် ပျံလွန်တော်မူသွားသော သံဃာနှစ်ပါး၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

ယင်းကျောင်းတိုက် တစ်ခုလုံးတွင် သံဃာခြောက်ပါး ရှိပြီး သံဃာများသည် ကိုယ်ပိုင် ဝါးကျောင်းဆောင်များ ဆောက်၍ သီးသန့် သီတင်းသုံး နေကြကြောင်း၊ ဆွမ်းခံ၍ ရရှိသောဆွမ်းနှင့် ဆွမ်းဟင်းများကို သီးသန့် သီတင်းသုံးသော ကျောင်းဆောင်များတွင်သာ သုံးဆောင်ကြကြောင်း၊ ပျံလွန်သွားသော သံဃာနှစ်ပါးသည် ကျောင်းဆောင် တစ်ခုတည်းတွင်အတူ သီတင်းသုံး နေထိုင် ကြသူများ ဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော် ဦးဝါသဝက မိန့်ကြားသည်။

သံဃာနှစ်ပါးမှာ မှိုစားမိ၍ အစာအဆိပ်သင့်သည်ဟု သတင်းထွက်ပေါ်သဖြင့် ရဲတပ်ဖွဲ့က လာရောက် စုံစမ်းသွားသော်လည်း သေမှုသေခင်း မှတ်တမ်းမယူကြောင်း၊ ကျောင်းထိုင် ဆရာတော်၏ မိန့်ကြားချက် အတိုင်း သင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၏ အဆိုအရ သိရသည်။

မှော်ဘီမြို့နယ် ရဲစခန်းကို ယင်းသေမှုသေခင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရာတွင် မိမိတို့ ရဲစခန်းကို လာရောက် သတင်းပေးမှု မရှိကြောင်းနှင့် သတင်း ပေးပို့ခဲ့လျှင် ရဲ လုပ်ထုံးလုပ်နည်းများ အတိုင်း အချိန်မီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိ အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
ခိုင်စိုးလင်း
The Voice Weekly

တစ်ရက်အတွင်း ရထားတိုက်သေဆုံးမှု နှစ်ကြိမ်ဖြစ်ပွား

ဓါတ်ပုံ google
မန္တလေး၊ ဇွန် ၂၄
ရန်ကုန်-မန္တလေး ရထားလမ်း စဥ့်ကိုင်မြို့နယ်နှင့် စဥ့်ကူးမြို့နယ် အတွင်းတွင် ဇွန်လ၂၃ ရက်နေ့ တစ်ရက်တည်း နှစ်ကြိမ်ခန့် ရထားတိုက်မိပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် မန္တလေး-ရန်ကုန် ရထားသံလမ်း မိုင်တိုင်အမှတ် (၃၆၇/၁-၂) ကြားနှင့် မိုင်တိုင်အမှတ် (၃၇၀/၁၁-၁၂) ကြား နေရာတို့တွင် ဇွန်လ ၂၃ ရက် နံနက် ၆ နာရီက လူနှစ်ဦး ရထားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“လူတွေက ညဘက်အချိန်မှာ သံလမ်းပေါ်မှာ အရက်မူးပြီး အိပ်တာတွေကြောင့် အခုလို အဖြစ်များ နေတာပါ။ ဒီလိုမျိုးတွေ မဖြစ်ရအောင် ရပ်ကွက် အုပ်ချူပ်ရေးမှူးအဖွဲ့တွေကနေ ညဘက် ရထား သံလမ်းပေါ်မှာ မအိပ်ဖို့တွေကို သတိပေးတာတွေလည်း လုပ်ရပါတယ်” ဟု မြန်မာ့မီးရထား တိုင်း (၃) မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

စဥ့်ကိုင်မြို့နယ် ရထားလမ်း မိုင်တိုင်အမှတ် ၃၇၄၊ ပုလိပ် ဘူတာရုံအနီး ရန်ကုန်-မန္တလေး၊ အမှတ် (၁) အဆန် စာပို့ ရထားသည် ဇွန်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ် အချိန်ကလည်း စဥ့်ကိုင်မြို့ နေသူ တစ်ဦးကို တိုက်မိသဖြင့် သေဆုံးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံ သိရသည်။
The Voice Weekly

မုံရွာတွင် ဆင်ဆာမဲ့ခွေ ပြသသော 3D ရုပ်ရှင်ရုံကို အရေးယူ

မုံရွာ၊ ဇွန် ၂၄
မုံရွာမြို့၏ အဓိက စီးပွားရေး လမ်းမကြီးဟု ဆိုရမည့် ကျောက္ကာ လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထား သော စိမ်းရွှေဝါ 3D ရုပ်ရှင်ရုံကို ဇွန်လ ၂၃ ရက်နေ့က ဝင်ရောက် စစ်ဆေးခဲ့ရာ ဆင်ဆာမဲ့ နိုင်ငံခြား 3D အခွေများ အသုံးပြုပြီး တရားမဝင် ဗီဒီယို ပြသနေကြောင်း တွေ့ရှိရ၍ ဗီဒီယိုဥပဒေနှင့် အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းရုပ်ရှင်ရုံတွင် ဗီဒီယိုပြသသည့် အခန်း ခြောက်ခန်းရှိသော်လည်း မုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့တွင် ပြုလုပ်ထားသည့် 3D ဗီဒီယိုပြသည့် လုပ်ငန်းလိုင်စင် သုံးစောင်သာ ပြသနိုင်ခဲ့ပြီး ယင်းအခန်း ခြောက်ခန်းအနက် သမီးရည်းစား စုံတွဲများ သီးသန့် ကြည့်ရှုနိုင်သည့် အခန်းများကိုလည်း တွေ့ရှိခဲ့ရကြောင်း၊ ဝင်ရောက် ရှာဖွေချိန်တွင် သီးသန့်ခန်းတွင် ကြည့်ရှုနေသော စုံတွဲ တစ်တွဲကိုလည်း တွေ့ရှိခဲ့ရကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် ရဲအရာရှိ တစ်ဦးက ဆိုသည်။

“နေ့စဉ်ရုံထဲမှာ ဝင်ထွက်နေတဲ့ သူတွေကတော့ မနည်းဘူးပဲ။ စုံတွဲတွေလည်း ဝင်ထွက်နေတာပဲ။ ဇာတ်ကားကောင်းလို့ပဲ လူစည်နေတယ်ထင်နေတာ၊ အိမ်ကသမီးတောင် 3D ကြည့်ဖူးအောင် သွားပြ မလို့၊ သီးသန့်ခန်း ရှိမှန်းတော့မသိဘူး” ဟု ယင်း ရုပ်ရှင် ပြသသည့် ရုံအနီးတွင် နေထိုင်သူ အမျိုးသား တစ်ဦးက ဆိုသည်။

3D ရုပ်ရှင်ရုံကို စစ်ဆေးရာတွင် ဆင်ဆာမဲ့ 3D နိုင်ငံခြားရုပ်ရှင် အပါအဝင် အခွေမျိုးစုံ ၅၀၀ နီးပါးခန့်၊ 3D ကြည့်ရာတွင် တပ်ဆင်ရသော မျက်မှန် ၃၀၀ နီးပါးခန့်နှင့် ရုပ်ရှင်ပြရာတွင် အသုံးပြုသော တီဗီများ၊ အောက်စက်များနှင့် ဆောင်းဘောက်စ်များကို သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ပြီး၊ ရုပ်ရှင်ပြရာတွင် အသုံးပြုသော ထိုင်ခုံဇယား၊ ဇာတ်ကားစာရင်းနှင့် ဇာတ်ကား ကြော်ငြာ ပိုစတာများ ကိုလည်း သိမ်းဆည်းခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စာရင်းများအရ သိရသည်။

“လက်ရှိအခြေအနေက ဘာမှန်းလဲ မသိသေးဘူး။ လောလောဆယ် ကျွန်တော့် 3D ရုံလည်း ပိတ်ထား တယ်။ စောင့်ကြည့်နေတဲ့ အနေအထားပါ။ ညွှန်ကြားလာတဲ့ အခြေအနေအပေါ် မူတည်ပြီး ဖွင့်ဖို့ မဖွင့်ဖို့ ဆုံးဖြတ်သွားမှာပါ” ဟု မုံရွာမြို့ မြိုသစ်ရပ်မှ 3D ရုံပိုင်ရှင် တစ်ဦးက ဆိုသည်။

3D ရုပ်ရှင် ပြသသည့်ရုံမှာ မုံရွာမြို့ပေါ်တွင် နှစ်ရုံခန့်သာရှိပြီး မြန်မာဇာတ်ကားများ အဓိက ပြသသည့် ရုပ်ရှင်ရုံ တစ်ရုံသာရှိကြောင်း မုံရွာ မြို့ခံများက ဆိုသည်။

မုံရွာမြို့ပေါ်တွင် ဇွန်လအတွင်း ကာရာအိုကေနှင့် အနှိပ်ခန်း တွဲ၍လုပ်ကိုင်နေသော စက်မှုဇုန် ရပ်ကွက်အတွင်းမှ ဆိုင်တစ်ဆိုင်ကို ဝင်ရောက် ဖမ်းဆီးမှုများရှိခဲ့ပြီး မြို့ပေါ်ရှိ လမ်းမကြီးများပေါ်တွင် ဖွင့်လှစ်ထားသော ငွေကြေးဖြင့် အကြွေစေ့ လဲလှယ် ဆော့ကစားရသော ဂိမ်းဆိုင်များကိုလည်း ပိတ်သိမ်းခိုင်းခဲ့ကာ ယခုဇွန်လ နောက်ဆုံးပတ်တွင် အဆိုပါ 3D ရုပ်ရှင်ရုံအား ဝင်ရောက် စစ်ဆေးခဲ့ပြီး ဗီဒီယိုဥပဒေနှင့် အညီ အရေးယူခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

ရေချိုငါးသလောက် မျိုးတုံးလုနီး ရှားပါး

ဟင်္သာတ၊ ဇွန် ၂၄
မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် တွေ့ရှိရသည့် ငါးမျိုးစိတ် ရေချို ငါးသလောက်များမှာ ပိုက်ကွက် အစိပ်များဖြင့် ဖမ်းဆီးမှု များပြားလာခြင်းကြောင့် မျိုးတုံး ပျောက်ကွယ်လုနီးပါး ရှားပါးလာကြောင်း ရေချိုငါး အဓိက ထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ရေလုပ်သားများနှင့် လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။

ဟင်္သာတခရိုင် အတွင်း ငဝန်မြစ်နှင့် ဧရာဝတီမြစ်တို့မှ ရရှိသော ရေချို ငါးသလောက် ငါးများမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်၍ တစ်စတစ်စ ရှားပါးလာခြင်းဖြစ်ပြီး ယခင်နှစ်များက ငါးဒိုင် တစ်ခုတွင် တစ်ရက်လျှင် ငါးသလောက် ၁၀ ကောင်ခန့် ရရှိနိုင်သော်လည်း ယခုနှစ်တွင်မူ ရက်သတ္တ တစ်ပတ်လျှင် ၇၅ ကျပ်သားအောက် ငါးသလောက် တစ်ကောင်ခန့်သာ ရရှိတော့ကြောင်း ဟင်္သာတမြို့မှ ရေလုပ်ငန်းရှင် ဦးကျော်သူရက ပြောကြားသည်။

လက်လီ ဈေးကွက်တွင် တစ်ကောင် ၃၅ ကျပ်သားခန့်ရှိ နိုင်ငံခြားပို့ကုန် ပယ်ငါးများ ရံဖန်ရံခါ တွေ့ရလေ့ရှိပြီး ငါးသလောက် အကောင်သေးများသာ ရောင်းချနေကြောင်း လက်လီဈေးများ အတွင်းမှ စုံစမ်း သိရှိရသည်။

မြစ်ရေတက်ပြီး မိုးရွာလျှင် ငါးသလောက် အနည်းငယ် ပိုရတတ်ပြီး မြစ်ရေကျပြီး မိုးရွာလျှင်မူ ပိုမိုရှားပါး ကြောင်း ရေလုပ်သားများထံမှ သိရသည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗဟိုစံပြ ငါးဈေးကြီးတွင် ဇွန်လ ၂၃ ရက်နေ့က နိုင်ငံခြားပို့ကုန် ငါးသလောက် သုံးဆယ်ကျပ်သားမှ ငါးဆယ်ကျပ်သား အရွယ်ကို တစ်ပိဿာ ကျပ်ရှစ်ထောင်နှင့် ကိုးဆယ်ကျပ်သားမှ တစ်ပိဿာ အရွယ်ကို ကျပ် သုံးသောင်းငါးထောင် ဈေးပေါက်ကြောင်း အဆိုပါဈေးမှ လုပ်ငန်းရှင် ဦးအောင်သူရက ပြောဆိုသည်။

ဆွဲပိုက်ကြီးများ အသုံးမပြုရေး၊ ကျင်စက်များ၊ ပိုက်ကွက်စိပ်များ အသုံးပြု ဖမ်းဆီးခြင်း မပြုရေးကို တားမြစ်ထားပြီး လေးလက်မ အထက် ပိုက်ကွက်များ အဓိက အသုံးပြုရေးကို အသိပေးထားကြောင်း ဇလွန်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်ဝင်းက ပြောကြားသည်။
The Voice Weekly

အဓိကရုဏ်းများ မဖြစ်ပွားစေရန် တိုင်းမ်မဂ္ဂဇင်းကို အစိုးရကန့်သတ်

လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်း စာစောင် အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီက ယနေ့ည ၈နာရီတွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုး ကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော် အပေါ်အထင်အမြင်လွဲမှားစေပြီးလက်ရှိ ဆောင် ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်း ကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရသဖြင့်၂၀၁၃ ခုနှစ် ဇူလိုင်လ
၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတရုံး က လည်းဇွန်လ၂၃ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 
 
The Voice Weekly 
 ကြေညာချက်အပြည့်အစုံ

“The Face of Buddhist Terror ဆောင်းပါးပါမူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုကြောင်းအရေးပေါ် ကြေညာချက် ထုတ်ပြန်”

“The Face of Buddhist Terror ဆောင်းပါးပါမူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုကြောင်းအရေးပေါ် ကြေညာချက် ထုတ်ပြန်”

အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီက ကြေညာချက် အမှတ် ၁/ ၂၀၁၃ ကို ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်မှာ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်နဲ့ အညီ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုဖို့ ဖော်ပြထားပါတယ်။

ကြေညာချက်အပြည့်အစုံကို မနက်ဖြန်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာများမှာ ဖော်ပြပေး မှာဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဋ္ဌာနဒုတိယ၀န်ကြီးဦးရဲထွဋ်က သူ၏ဖေ့ဘုတ်စာမျက်နှာ (Ye Htut) မှာဖေါ်ပြထားပါတယ်။

အဆိုပါကြေညာချက်အနေနဲ့ တိုင်းမ်မဂ္ဂဇင်းအား မြန်မာနိုင်ငံအတွင်း The Face of Buddhist Terror ဆောင်းပါးပါမူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုကြောင်းအရေးပေါ် ကြေညာချက် ထုတ်ပြန်မူသတင်းနှင့်အတူ မြန်မာမီဒီယာများမှာ
The Face of Buddhist Terror ဆောင်းပါးပါ တိုင်းမ်းမျက်နှာဖုံးကိုဖေါ်ပြခြင်း အကြုံဝင်မ၀င်ကိုတော့ ဖေါ်ပြထားခြင်းမရှိကြောင်း တွေ့ ရှိရပါတယ်။
Popular Journal

နေပြည်တော် ကျောက်ပြပွဲ သိန်းနှစ်ထောင်တန် စိန်ဘယက် ပျောက်ဆုံး


Tuesday, June 25, 2013
ဇွန်လ ၁၅ ရက်ကစပြီး ၂၇ ရက်နေ့ထိ နေပြည်တော်မှာ ကျင်းပနေတဲ့ အကြိမ် ၅၀မြောက် နေပြည်တော် ကျောက်မျက်ရတနာပြပွဲမှာ ပြပွဲအစနေ့ကတည်းက ပြသထားတဲ့ သိန်း ၂ထောင်ကျော်တန် စိန်ဘယက်တကုံး ပျောက်သွားသလို ကျောက်ကုန်သည်တွေ ၀ယ်ပြီးသား ကျောက်တွဲတွေမှာလည်း အရေအတွက်လျော့တာတွေ ခိျု့ယွင်းနေတာတွေရှိနေပါတယ်။

ဇွန်လ ၁၅ ရက်နေ့ ဖွင့်ပွဲနေ့က စိန်စီထားတဲ့ သိန်း ၂ဝဝဝ တန် ဘယက်တကုံး ပေါက်နေတာကို အခမ်းအနား ဖွင့်ပြီးတာနဲ့ တွေ့ရှိခဲ့ရကြောင်း နေပြည်တော် ကျောက်မျက်ရတနာပြပွဲမှာ ကိုယ်တိုင်တက်ရောက်တဲ့ မန္တလေး မဟာအောင်မြေကျောက်ဝိုင်း အကျိုးတော်ဆောင် ဒု ဥက္ကဌ ဦးဇော်ဇော် က ဘီဘီစီကို ပြောပါတယ်။

အဲဒီပွဲမှာ တရုတ်ကော တခြား နိုင်ငံခြားသား ကျောက်ကုန်သည်တွေ လာရောက်ကြပြီး အခမ်းအနား ဖွင့်ကြောင်း ကြေညာ ပြီးတာနဲ့ ဧည့်သည်တွေ ဝင်ပါ ဆိုတော့ အဲဒီ အချိန်မှာ အထဲမှာ ဧည့်သည် တခိျု့ ကြိုရောက် နေတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

အဲဒီ ဧည့်သည်တွေဟာ ပြည်တွင်းကလာ ပြည်ပကလား ဆိုတာကိုတော့ မသိရဘဲ တရုတ် ကုန်သည်တွေထဲမှာ ပရော်ဖက်ရှင်နယ် ပီသတဲ့ ကုန်သည်တွေ ရှိသလို တကယ့် ကုန်သည် မပီသတဲ့ သူတွေလည်း လာတယ်လို့ သူက ဆိုပါတယ်။

အဲဒီမှာ ပြပွဲ ကော်မတီ အနေနဲ့ လူဝင် လူထွက် ကြီးကြပ်မှု တခုခု အားနည်းချက် ရှိနေတာကို သူတို့က အကြံပေးထားကြောင်းလည်း သူက ပြောပါတယ်။

ဒါဟာ လုံခြုံရေး ကင်မရာတွေ အများအပြား ရှိရာ ခန်းမထဲမှာ ပျောက်ဆုံး သွားတာ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ အနေနဲ့ ဆန်းဆန်းကြယ်ကြယ် ဖြစ်မိတယ်လို့ သူက ဆိုပါတယ်။

သူ့သူငယ်ချင်း တယောက် ဆိုရင် လေလံ ရခဲ့ပြီး ကျောက် ၁၃၈ ကိုက်တယ် ၊ တစကောင်းလေး ပါပြီး အဲဒီ ကျောက်တစ ကောင်းလေးကို သိန်း တရာ ၊ သိန်းနှစ်ရာ ထားပေးဆွဲ လေ့ရှိကြကာ တကယ်တမ်း လေလံ ဆွဲပြီးသွားလို့ အဲဒီကျောက်ကို သွားကြည့်တော့ ပျောက်ဆုံး နေတာကို တွေ့ရကြောင်း သူက ရှင်းပြခဲ့ပါတယ်။

အဲဒီလို ကျောက်ပျောက်ဆုံးမှုကို ကြည့်ရင် လုံခြုံရေး အားနည်း နေတယ်လို့ သုံးသပ်နိုင်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် အခုလို ပျောက်ရှမှုတွေ ရှိလာတာဟာ ပြပွဲ ကော်မတီရဲ့ အားနည်းချက်လည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တခါ အခုလို ကျောက်ပွဲတွေကို အရင်တုန်းက တနှစ် သုံးလေးကြိမ် ကျင်းပလေ့ ရှိရာက ၂ဝ၁၂ တုန်းကဆို လုံခြုံရေး အကြောင်းပြပြီး မကျင်းပခဲ့သလို နိုင်ငံတော်က ကုန်ကြမ်းထက် ကုန်ချော ရောင်းချမှုကို အားပေးနေတာ တွေ့လာရပြီး တရုတ်ကုန်သည်တွေကို အားထားလာတာ သိသာနေတယ်လို့ သူက ပြောပါတယ်။

အဲဒီအတွက် ပြည်တွင်း ကုန်သည်တွေက အားငယ်စိတ် ဝင်မိတယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် ကျောက်သမားတွေ အခေါ် လော်တွဲတွေကို တရုတ်က လာမရွေးရင် အရေးယူမှု အားနည်းပြီး မြန်မာကုန်သည်က လာမရွေးရင်တော့ အဲဒီ မြန်မာပိုင် ကုမ္ပဏီကို ဖျက်မယ် ၊ Blacklist လုပ်မယ် ၊ နောက်ပွဲ ကျောက် မရောင်းဘူး ဆိုတဲ့ ထိန်းချုပ်မှုတွေနဲ့ ဖိအားပေးကြတဲ့ အပေါ် မျှတမှု မရှိဘူးလို့ မြင်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။

တရုတ် ကျောက်ကုန်သည်တွေဟာ ကတိကဝတ်နဲ့ လုပ်တဲ့ ကိစ္စတွေမှာ ဥပဒေ မလေးစားတွေ အများအပြား ရှိတာ တွေ့ရတယ်လို့ သူက ပြောသွားခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Russia ခရီး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
24 ဇွန်လ 2013
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှ ကာကွယ်ရေး ဝန်ကြီး Sergei K Shoigu ရဲ့ ဖိတ်ကြားချက် အရ ဇွန်လ ၂၃ ရက်နေ့ က ရုရှ နိုင်ငံ သို့ ထွက်ခွာ သွားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှား နိုင်ငံဆီ ပထမဆုံး ခရီးစဉ် အတွင်းမှာ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့်စေရေး နဲ့ မော်စကိုမြို့တော် နဲ့ စိန့်ပီတာစဘတ်ခ် မြို့ မှာရှိ တဲ့ ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်း၊ စက်မှု လုပ်ငန်းတွေ အပြင်၊ မြန်မာ့ တပ်မတော်မှ စေလွှတ်ထားတဲ့ ပညာတော်သင် တပ်မတော် တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အရင်တုန်း က အမေရိကန် နဲ့ မဟာမိတ် အုပ်စုတွေ ရဲ့ ရန်က ကာကွယ်ဖို့ ဆိုပြီး ရုရှ နဲ့ ရင်းနှီးစွာ ဆက်သွယ် ဆက်ဆံယင်း၊ MiG 29 တိုက်လေယာဉ်၊ ရဟတ်ယာဉ် တွေ ဝယ်ယူခြင်း စတာတွေ ပြုလုပ်ယင်း ရော့ကက် လောင်ချာ၊ အနုမြူ စီမံကိန်း စတာတွေ မှာ ရုရှ ရဲ့ အကူအညီ ရယူခဲ့ပုံတွေ ကို တပ်မတော် အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဘီဘီစီ ကို ပြောပြပါတယ်။

ဒါပေမယ့် ခေတ် စနစ် တွေ ပြောင်းလဲ လာတာနဲ့ အမျှ၊ အနုမြူ စီမံကိန်း လည်း ဆက်မလုပ်တော့ မယ့် အနေအထား ရောက်လာတဲ့ အတွက်၊ ရုရှ နဲ့ ဆက်ဆံရေး ကို လျှော့လာမှု ရှိပုံ ဦးအောင်လင်းထွဋ် က သုံးသပ်ပါတယ်။ တဘက်မှာလည်း အမေရိကန် နဲ့ ဆက်ဆံရေး အပိုင်းထဲမှာ စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှု ပြုလိုလာတဲ့ အတွက် အထိုက် အလျောက် ရုရှ ကို အကျိုး အကြောင်းရှင်းပြ ဖို့ လည်း ရှိလာပုံ ရကြောင်း ပြောပါတယ်။

မြန်မာ့ တပ်မတော် ဟာ ကွန်ပြူတာ ထေက်လှမ်းရေး စီမံကိန်းတွေ ကို အရင် အစိုးရ လက်ထက် က ရုရှ နဲ့ ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့ အပိုင်း တွေ ရှိခဲ့ပုံ ကို လည်း တပ်မတော် အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဘီဘီစီ ကို ပြောပြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဂျပန်တွင် ဖျော်ဖြေမည့်မြန်မာအမျိုးသမီး ဆိုင်းဝိုင်း

မြန်မာနိုင်ငံယဉ်ကျေးမှု တက္ကသိုလ်မှ ကျောင်းသူများ၏ မြန်မာ့ဆိုင်းဝိုင်းတီးခတ် ဖျော်ဖြေမှုကို ဇွန်လ ၂၅ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။ ၁ဝရက်တာ
ကြာမြင့်မည့် အဆိုပါ ခရီးစဉ် တွင် လေးပွဲဖျော်ဖြေမည်ဖြစ်ပြီး ဂျပန်လူမျိုးများအား မြန်မာဂီတ ဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။" ကျောင်းက ကျောင်း သူတွေတီးတဲ့ ဆိုင်းဝိုင်းကို ဂျပန် နိုင်ငံက ရုံတွေမှာ ဖျော်ဖြေ မယ်။ အဲဒါမျိုးပွဲတွေ ဟိုဘက် နိုင်ငံတွေကတော့ ဖိတ်ဖြစ်ပါ တယ်။မြန်မာတစ်ဖွဲ့တည်း တီး မှာ။ဂျပန်ကတော့ မကြာမကြာ
ဖိတ်ပါတယ်။

အခုပွဲကတော့ ယဉ်ကျေးမှု တက္ကသိုလ်ကနေ နိုင်ငံတော်အဆင့်အနေနဲ့ လွှတ်တာပါ" ဟု ဆိုင်းဝိုင်းအဖွဲ့နှင့်အတူလိုက်ပါသွားမည့် ဂီတမှူး ဓိရာမိုရ်က ပြောသည်။အဆိုပါဖျော်ဖြေပွဲကို မြန် မာပြည်မှ အမျိုးသမီးဆိုင်းဝိုင်း အဖွဲ့ဝင်၈ဦးနှင့်အတူ အုပ်ချုပ်သူနှစ်ဦး စုစုပေါင်း၁ဝဦးပါရှိ မည်ဖြစ်ကြောင်း သိရသည်။

" ညီမတို့က ဒါပထမဆုံးပါ။ ကိုယ့်နိုင်ငံကိုယ်စားပြုအနေ နဲ့သွားရတာကို ဝမ်းသာပြီး ဂုဏ်ယူပါတယ်။ ဒီဆိုင်းပညာကို လည်း စိတ်ဝင်စားလို့ ဒီပညာကိုသင်ယူ ဖြစ်တာပါ။ ညီမတို့ ဒီပွဲအတွက် ၃လပိုင်းလောက်က တည်းက စပြီးလေ့ကျင့်ခဲ့ပါ တယ်။ဟိုမှာလည်း ဂျပန်က ဂီတတွေနဲ့ ပူးပေါင်းပြီးတီးဖို့ရှိတယ်။ ပတ္တလားတစ်ကိုယ်တော်၊ စောင်း တစ်ကိုယ်တော် ၊
စတာတွေ လည်း ဖျော်ဖြေသွားမှာပါ" ဟု အဆိုပါ အမျိုးသမီးဆိုင်းဝိုင်းမှဝိုင်း ခေါင်းဆောင် မဝင်းနန္ဒာလွင်က ပြောသည်။
ရဲရဲ
Popular Journal

မြန်မာအမျိုသမီးများနေ့ဖျော်ဖြေပွဲအတွက်သဘင်ပညာရှင်များအကတိုက်

ယခုလာမယ့် ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့ အမျိုးသားဇာတ်ရုံမှာကျင်းပမယ့် မြန်မာအမျိုး သမီးများနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲအတွက် သဘင်အစည်းအရုံးရဲ့ဦးဆောင်မှုဖြင့် နှစ်ပါးသွားအစီအစဉ်ကို တင်ဆက်မှာဖြစ်ကြောင်းသိရပါတယ်။

ပါဝင်မယ့်အနုပညာရှင်များကတော့ မိုးမင်း၊ ဇံဟိန်း၊ ဟန်ဇာမိုးဝင်း၊ စွမ်း နဲ့ မန္တလေးကမင်းသားဖြစ်တဲ့ ရဲရင့်အောင်နှင့် လှိုင်ဘွားအောင် တို့လည်းပါဝင်ဖျော်ဖြေမှာဖြစ်ပြီး မင်းသမီးတွေကတော့ နန်းခင်မွှေး၊ တင်ဇာမိုးဝင်း၊ မေတင်မောင်ဆန်းမင်းဝင်း၊ ဂျင်းနီ၊ အိချောဗိုနှင့် နေခြည်ငြိမ်းချမ်းတို့လည်း ပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်။

သီချင်းတွေကို ဆရာ မလှိုင်သန်းထွန်းနှင့် ဦးစိန်မွတ္တား တို့ရေးဖွဲ့ပြီး ရွာစားကတော့ ဖိုးသင်္ကြန်ဖြစ်ကြောင်း သိရပါတယ်။
Popular Journal
ဓာတ်ပုံ - ပတ္တမြားကေခိုင်ဖေ့ဘွတ်ခ်




မန်ယူရုပ်သံလိုင်း (MUTV) နှင့် SkyNet တို့ တရားဝင် သဘောတူညီမှုရရှိ

မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး မန်ချက်စတာယူနိုက်တက် အသင်း၏ တရားဝင် ရုပ်သံလိုင်းဖြစ်သော MUTV ကို SkyNet မှ ပြသရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း SkyNet မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ အတည်ပြု
ပြောကြားသည်။

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်မန်ယူ အသင်းအနေဖြင့် အသင်းပုံရိပ်ကို မြှင့်တင် ရန်နှင့် ပရိသတ်အင်အား တိုးပွား လာစေရန် ရည်ရွယ်၍ မြန်မာရုပ်သံလိုင်း SkyNet၊ နော်ဝေ ရုပ်သံလိုင်း TV-2 ၊ အိုက်စလန် ရုပ် သံလိုင်း 365 တို့တွင် MUTV အား ထုတ်လွှင့် ပြသနိုင်ရန် သဘောတူခဲ့ပြီ
ဖြစ်ကြောင်းလည်း အသင်းပိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ လက်ရှိအချိန်တွင် MUTV ရုပ်သံလိုင်းအား ကြည့်ရှု သူပေါင်း ၂၃ သန်းခန့်ရှိပြီး ပရိသတ် ကြည့်ရှုမှုအများဆုံး ကလပ်အသင်းပိုင် ရုပ်သံလိုင်းတစ်လိုင်းအဖြစ် ရပ်တည်
နေသည်။

“MUTV ကို SkyNet မှာပြဖို့ သဘောတူခဲ့ပါပြီ။ အရင်က ကျွန်တော်တို့လိုင်းမှာ MUTV ကို ပြခဲ့ဖူးပေမယ့် တဆင့်ခံ ဖမ်းယူ ပြသခဲ့တာပါ။ အခုကတော့ တရားဝင် ဖြစ်သွားပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ SkyNet ရုပ်သံလိုင်း တစ်ခုတည်းပဲ ပြခွင့်ရတော့မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ တရားဝင် စာ မချုပ်ရသေးပါဘူး။ တရားဝင် စာချုပ်ပြီးရင် မန်ယူအသင်း ဘက်ကရော
SkyNet ဘက်ကပါ သတင်းထုတ်ပြန် ပေးသွားမှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ SkyNet ရုပ်သံလိုင်းမှာ မြန်မာနိုင်ငံတွင် အခပေးကြည့်ရှုရသော ရုပ်သံလိုင်းတစ်ခု ဖြစ်ပြီး HD လိုင်းငါးလိုင်း အပါအဝင် လိုင်းပေါင်း (၈၄)လိုင်း ထုတ်လွှင့်ပြသနေသည်။

ှုSkyNet ရုပ်သံလိုင်းအနေဖြင့် လာမည့် နှစ်မှစတင်၍ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့် သုံးနှစ် ရရှိ ထားပြီး၊ ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲများကိုလည်း မူပိုင်ထုတ်လွှင့်ခွင့် ရထားသည်။ မန်ချက်စတာ ယူနိုက်တက်အသင်းပိုင် MUTV ရုပ်သံလိုင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း (၅၆) နိုင်ငံတွင် ပြသနေပြီး နိုင်ငံတကာရုပ်သံလိုင်း (၂၂) လိုင်းနှင့် တရားဝင် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
ရဲရင့်ဌေး
Mizzima - News in Burmese

စုံတွဲများ သီးသန့် ကြည့်နိုင်သည့် အအေးခန်းရုပ်ရှင်ရုံကို ရဲ ဝင်ဖမ်း

Tuesday, June 25, 2013
တက္ကသိုလ်ကျောင်းသား/သူများနှင့် အထူးစည်ကားလျက်ရှိသော မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ သမီးရည်းစား စုံတွဲများ သီးသန့်ကြည့်ရှုနိုင်သည့်  3D ရုပ်ရှင်ရုံတစ်ရုံအား ဇွန် ၂၃ ရက်၊ မနက် ၁၁ နာရီ အချိန်ခန့်တွင် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။

ရဲများသည် အဆိုပါ ''စိမ်းရွှေဝါ အအေးခန်းသီးသန့်ရုပ်ရှင်ကို ဝင်ရောက် စိစစ်ရာတွင် ဆင်ဆာမဲ့ နိုင်ငံခြား 3D ဇာတ်လမ်းခွေများ အသုံးပြုကာ တရားမဝင်ပြသ နေသည်ကို တွေ့ရှိခဲ့ပြီး၊ သမီးရည်စားစုံတွဲများ သီးသန့် ကြည့်ရှုနိုင်ရန် အအေးခန်းများ စီစဉ်ပေးထားကာ ဇာတ်လမ်းတွဲအား ကြည့်ရှုနေသော စုံတွဲများကိုလည်း
တွေ့ရှိခဲ့ရသည်'' ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုရုပ်ရှင်ရုံကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကြူအင်း၊ စည်ပင်သာယာ ဒုဦးစီး မှူး ဦးအောင်လွင်ဦး၊ မြို့နယ်ဗီဒီယို အခြေခံ အဖွဲ့နှင့် ဘုန်းစိုးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးအေးတို့မှ ပူးပေါင်း၍ ဝင်ရောက်ဖမ်း ဆီးခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် ရုပ်ရှင်ပြသရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရုပ်ရှင်ရုံကိုတာဝန်ခံ၍ လုပ်ကိုင်သူအား ရဲများက တရားမဝင် ရုပ်ရှင်များပြသသည်ဟု စွပ်စွဲကာဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

''သီးသန့်အအေးခန်းတွေ ပြုလုပ်ပြီးသမီးရည်းစားစုံတွဲတွေကို အဓိကထားပြီး ပြသနေတာကြောင့် အချိန်မရွေး ပြစ်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်'' ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တရားမဝင် ရုပ်ရှင်ပြသူအဖြစ် သံသယရှိသူများကို ရဲဌာနက တရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
ကိုတိုးကြီး
Mizzima - News in Burmese

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်

ရန်ကုန်၊ ဇွန် ၂၃
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်း ရပ်ဝန်းသည် အားပျော့ ပျက်ပြယ်သွားခြင်းမရှိဘဲ ဆက်လက် တည်ရှိနေသေးကြောင်း ဇွန်လ ၂၃ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ယမန်နေ့ မွန်းလွဲ၂နာရီ တိုင်းထွာချက် များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ဆက်လက် တည်ရှိနေသေးကြောင်း၊ လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်း အရှိန်အပြင် တောင်တရုတ် ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော မုန်တိုင်း အကြွင်းအကျန်များသည် မြန်မာနိုင်ငံ ဘက်သို့ ရွေ့လျားလာပါက မိုးရေ မရရှိသော အလယ်ပိုင်းဒေသများအတွက် စိုက်ပျိုးရေ ရရှိမည့် အထောက်အပံ့ကောင်း ဖြစ်စေသည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

"ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းမဖြစ်တော့ အလယ်ပိုင်းက မိုးနည်း တယ်" ဟု ၎င်းက ဆိုသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်း ဘီဘင်ကာ (BEBINCA) သည် တုံကင် ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံ နန်ဒင်းမြို့၏ အရှေ့တောင်ဘက် ၉၇ မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း အဆိုပါ အပူပိုင်း မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနေပြီးနောက် ၁၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်းမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထူးခြား အခြေအနေ အဖြစ် ကြေညာထားသည်။
The Voice Weekly

သာယာဝတီ ကျွဲသတ်အင်းရွာတွင် တစ်နှစ်အမျိုးသမီးတစ်ဦးပျောက်

ဥက္ကံ၊ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သာယာဝတီမြို့နယ် အင်းရွာကျေးရွာအုပ်စု ကျွဲသတ်အင်း ကျေးရွာတွင် သုံးနှစ်ဆက်တိုက် အမျိုးသမီးများ ပျောက်ဆုံးမှု ဖြစ်ပေါ်နေကြောင်း အဆိုပါ ကျေးရွာနေထိုင်သူများက ပြောကြားသည်။

ပျောက်ဆုံးနေသော အမျိုးသမီးများ မှာ အသက်၂၃ နှစ် အရွယ်မှ ၃၅ နှစ် ကရင် တိုင်းရင်းသူများ ဖြစ်ပြီး မည်ကဲ့သို့ ပျောက်ဆုံး ရသည်ကို မသိရကြောင်း ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၃ အထိ တစ်နှစ်လျှင် တစ်ဦးကျ ပျောက်ဆုံးနေသဖြင့် ဒေသခံများ စိုးရိမ်လျက် ရှိကြောင်း ကျွဲသတ်အင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာတွင်၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ဒေါ်တင်တင်အေး (၃၅) နှစ်၊ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဒေါ်သက်သက်ခိုင် (၂၈) နှစ်၊ ၂၀၁၃ ခုနှစ် မတ်လတွင် ဒေါ်နှင်းပွင့်ဖြူ (၂၃) နှစ်တို့ ပျောက်ဆုံးခဲ့ကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရသည်။

ပျောက်ဆုံးခဲ့သည့် အမျိုးသမီးများနှင့် ပတ်သက်၍ မိသားစုဝင်များက လိုက်လံ စုံစမ်းရှာဖွေခြင်း၊ လူပျောက် တိုင်ကြားခြင်းများ ပြုလုပ်ထားသော်လည်း ဆက်သွယ်မှု မရရှိကြောင်း သာယာဝတီမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

“ကျွန်တော့်ညီမက အိမ်နဲ့ စိတ်ဆိုးပြီး ထွက်သွားတာတာ။ သူက ရည်းစားလည်း မရှိဘူး။ ညနေပိုင်းမှာ ပျောက်သွားတာ။ တစ်မြို့လုံးမှာလည်း သူ့ဓာတ်ပုံနဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေ ပေးထားပြီး ရဲမှာလည်း လူပျောက် တိုင်ထားပါတယ်၊၊ ညီမလေးကို ကြိုးစားပြီး ရှာနေပါတယ်။ ဘာသတင်းမှ မရသေးဘူး” ဟု ၂၀၁၃ ခုနှစ် မတ်လက ပျောက်ဆုံးခဲ့သည့် ဒေါ်သက်သက်ခိုင်၏ အစ်ကို တော်စပ်သူ ဦးစောဉာဏ်ထွန်းက ပြောကြားသည်။

အဆိုပါ အမျိုးသမီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မည်သည့် အတွက်ကြောင့် ပျောက်ဆုံးခြင်းကို မသိရှိရသေးကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဆက်လက် စုံစမ်းလျက် ရှိကြောင်း သာယာဝတီမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ညမင်းမင်းအောင် (ဥက္ကံ)
The Voice Weekly

တစ်နှစ်အတွင်း ဆောက်လုပ်ရေးပစ္စည်း တန်ဖိုး ဒေါ်လာ သန်းရာချီ ထိုင်းမှ ဝယ်ယူရဖွယ်ရှိ

ရန်ကုန်၊ ဇွန် ၂၄ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာသည့် မြန်မာနိုင်ငံတွင် ပြည်တွင်း ၌ ဆောက်လုပ်ရေးသုံး ပစ္စည်းများ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း အမေရိကန်ဒေါ်လာ ၃၆၄ သန်းဖိုးခန့် တင်သွင်းရဖွယ်ရှိကြောင်း ထိုင်း Kasikorn Bank ပိုင် Kasikorn သုတေသန စင်တာ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ၊ သတ္တုများ လုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့် ထိုင်းနိုင်ငံထုတ် ဆောက် လုပ်ရေး ပစ္စည်းများကို တင်သွင်း အသုံးပြုကြသည့်အပြင် အရည်အသွေး ကိုလည်း မြန်မာ လုပ်ငန်းရှင်များက နှစ်သက်ကြကြောင်း ယင်းစစ်တမ်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးသုံး ပစ္စည်းများ ဈေးကွက်မှာ ထိုင်းလုပ်ငန်းရှင် များအတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းရှင်များနှင့်လည်း ဈေးကွက်၌ ယှဉ်ပြိုင်ရမည့် အခြေအနေများလည်း ရှိနေကြောင်း ယင်းစစ်တမ်းက ဆက်လက် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ် ဘိလပ်မြေ Siam Cement Group (SCG) က ပြည်တွင်း၌ တည်ဆောက်မည့် စက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံရန် ရှိနေပြီး တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၁ ဒသမ ၇ သန်း ထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ကြေညာသည်။

SCG မှ မြန်မာနိုင်ငံသို့ နှစ်စဉ် ဘိလပ်မြေ တန်ချိန် ၁ ဒသမ ၈ သန်း ပုံမှန် တင်သွင်းနေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

"ထိုင်း ဆင်တံဆိပ်က လူတွေအစွဲ ဖြစ်နေလို့ပါ။ မြိုင်ကလေးက ကြံ့တံဆိပ်နဲ့ အရည်အသွေး သိပ်မကွာပါဘူး။ ဈေးက ဆင်က အကြီးဆုံးဆိုတော့ အဲဒါမှကောင်းတယ် ထင်ကြတာပေါ့" ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ပြည်တွင်းထုတ် ကြံ့တံဆိပ် ဘိလပ်မြေမှာ ထုတ်လုပ်မှု ရပ်နားလေ့ ရှိသောကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်ကာ အချိန်မရွေး ဝယ်ယူရန် အခက်အခဲ ရှိသည့်အတွက် ကုန်ကျစရိတ် ချွေတာလိုသည့် အခါမှသာ အသုံးပြုပြီး အများစုမှာ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေကိုသာ အသုံးပြုကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၃ ခုနှစ် မေလကုန်အထိ ခွင့်ပြု ထားသည့် မြန်မာနိုင်ငံသား ရင်နှီးမြှုပ်နှံမှုများတွင် ဆောက်လုပ်ရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း ဖော်ပြထားပြီး ယင်းကဏ္ဍတွင် ကျပ်သန်းပေါင်း ၇၁၃ ဒသမ ၄၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (စက်တင်ဘာလအထိ) တွင် ထိုင်းနိုင်ငံမှ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာ ၃၃၂ ဒသမ ၇၈ သန်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

Photo: တစ်နှစ်အတွင်း ဆောက်လုပ်ရေးပစ္စည်း တန်ဖိုး ဒေါ်လာ သန်းရာချီ ထိုင်းမှ ဝယ်ယူရဖွယ်ရှိ ရန်ကုန်၊ ဇွန် ၂၄ ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာသည့် မြန်မာနိုင်ငံတွင် ပြည်တွင်း ၌ ဆောက်လုပ်ရေးသုံး ပစ္စည်းများ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း အမေရိကန်ဒေါ်လာ ၃၆၄ သန်းဖိုးခန့် တင်သွင်းရဖွယ်ရှိကြောင်း ထိုင်း Kasikorn Bank ပိုင် Kasikorn သုတေသန စင်တာ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ၊ သတ္တုများ လုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့် ထိုင်းနိုင်ငံထုတ် ဆောက် လုပ်ရေး ပစ္စည်းများကို တင်သွင်း အသုံးပြုကြသည့်အပြင် အရည်အသွေး ကိုလည်း မြန်မာ လုပ်ငန်းရှင်များက နှစ်သက်ကြကြောင်း ယင်းစစ်တမ်းက ဆိုသည်။ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးသုံး ပစ္စည်းများ ဈေးကွက်မှာ ထိုင်းလုပ်ငန်းရှင် များအတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းရှင်များနှင့်လည်း ဈေးကွက်၌ ယှဉ်ပြိုင်ရမည့် အခြေအနေများလည်း ရှိနေကြောင်း ယင်းစစ်တမ်းက ဆက်လက် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ် ဘိလပ်မြေ Siam Cement Group (SCG) က ပြည်တွင်း၌ တည်ဆောက်မည့် စက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံရန် ရှိနေပြီး တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၁ ဒသမ ၇ သန်း ထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ကြေညာသည်။ SCG မှ မြန်မာနိုင်ငံသို့ နှစ်စဉ် ဘိလပ်မြေ တန်ချိန် ၁ ဒသမ ၈ သန်း ပုံမှန် တင်သွင်းနေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ "ထိုင်း ဆင်တံဆိပ်က လူတွေအစွဲ ဖြစ်နေလို့ပါ။ မြိုင်ကလေးက ကြံ့တံဆိပ်နဲ့ အရည်အသွေး သိပ်မကွာပါဘူး။ ဈေးက ဆင်က အကြီးဆုံးဆိုတော့ အဲဒါမှကောင်းတယ် ထင်ကြတာပေါ့" ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ ပြည်တွင်းထုတ် ကြံ့တံဆိပ် ဘိလပ်မြေမှာ ထုတ်လုပ်မှု ရပ်နားလေ့ ရှိသောကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်ကာ အချိန်မရွေး ဝယ်ယူရန် အခက်အခဲ ရှိသည့်အတွက် ကုန်ကျစရိတ် ချွေတာလိုသည့် အခါမှသာ အသုံးပြုပြီး အများစုမှာ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေကိုသာ အသုံးပြုကြောင်း ၎င်းက ရှင်းပြသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၃ ခုနှစ် မေလကုန်အထိ ခွင့်ပြု ထားသည့် မြန်မာနိုင်ငံသား ရင်နှီးမြှုပ်နှံမှုများတွင် ဆောက်လုပ်ရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း ဖော်ပြထားပြီး ယင်းကဏ္ဍတွင် ကျပ်သန်းပေါင်း ၇၁၃ ဒသမ ၄၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (စက်တင်ဘာလအထိ) တွင် ထိုင်းနိုင်ငံမှ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာ ၃၃၂ ဒသမ ၇၈ သန်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly

မှော်ဘီနှင့် တိုက်ကြီးတွင် ဝက်များ အစုလိုက် သေဆုံး

ဓါတ်ပုံ google
ရန်ကုန်၊ ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် နှင့် တိုက်ကြီးမြို့နယ်တို့တွင် လွန်ခဲ့သော တစ်ပတ်မှစ၍ ဝက်များသည် ပုံမှန် မဟုတ်သော သေဆုံးမှု များပြားလာကြောင်း ဒေသခံများက The Voice သို့ ပြောကြားသည်။

ဇွန်လ တတိယပတ်တွင် ရပ်ကွက်ထဲ၌ ဝက်များသည် ကိုယ်ပူခြင်း၊ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ခြင်းများ ရှိခဲ့ပြီး တိ၊မွေး၊ကု ဆရာဝန်နှင့် ခေါ်ယူ ကုသသော်လည်း သုံးရက်အတွင်း ဝက်ငါး ကောင်ခန့် သေဆုံးခဲ့ကြောင်း မှော်ဘီမြို့နယ် (၄) ရပ်ကွက် ၁၅၀၀ ကွက်သစ် နေထိုင်သည့် ဝက်မွေးမြူသူ ဦးထွန်းထွန်းက ပြောကြားသည်။

“ဝက်တွေသေတာ ကြားနေရတယ်။ ဘာကြောင့်သေလဲ ဆိုတာ လူတွေမသိကြပေမယ့် ပေါ်ရောင်းနေကြတဲ့ လူတွေ ရှိတယ်။ ရွာထဲမှာဆို နေမကောင်းလို့ သေသွားတဲ့ ဝက်တွေကို တစ်ပိဿာကျပ် ၂၀၀၀ ဈေးနဲ့ ရောင်းတော့ အရင် ၆၀၀၀ နဲ့ စာရင် သက်သာတယ်ဆိုပြီး ဝယ်စား နေကြတာပေါ့” ဟု မြောင်းတကာ ကျေးရွာအုပ်စု ရေကျော်ကျေးရွာမှ ဝက်မွေးသူ တစ်ဦးက ဆိုသည်။

ခြံထဲတွင် ဝက်နှစ်ကောင် ကိုယ်ပူပြီး ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ကာ သေဆုံးသွားသဖြင့် ကျန်နေသော ဝက်သုံးကောင်ကို ထုတ်ရောင်း လိုသော်လည်း ဝက်ဈေးများ ကျနေ၍ မရောင်းဖြစ်ကြောင်း တိုက်ကြီးမြို့နေ ဦးတင်ဝင်းက ပြောကြားသည်။

ရောဂါ ကူးစက်ခံရပြီး သေဆုံးသည့် ဝက်သားကို လူက စားမိပါက ဝမ်းရောဂါနှင့် ဆက်နွှယ်သော ရောဂါများ ဖြစ်နိုင်ပြီး ဝက်များ ပုံမှန်မဟုတ်သော သေဆုံးမှုများ ရှိခဲ့လျှင် ဝက်ပိုင်ရှင်များ အနေဖြင့် နီးစပ်ရာ ဓာတ်ခွဲခန်းနှင့် ဌာနများသို့ သတင်းပေးပို့ရန် လိုကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“ဝက်တွေသေတဲ့ သတင်းတွေ ကြားနေရပေမယ့် ဘာရောဂါလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ တိုင်းဒေသကြီး အချို့တွင် ပုံမှန်မဟုတ်ဘဲ ဝက်သေဆုံးမှုများ တွေ့ရှိရပြီး အသေသား မရောင်းရ ဥပဒေကို ထုတ်ပြန်ထားသော်လည်း လိုက်နာခြင်း မရှိကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

ဝက်များတွင် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားပါက ကနဦးတွင် နေမကောင်း ဖြစ်ခြင်း၊ သားလျှောခြင်း၊ အစာမစားခြင်းနှင့် ဝမ်းချုပ်ခြင်း၊ အရေပြား နီရဲလာခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်လေ့ရှိပြီး ၂၀၁၁ ခုနှစ် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားခဲ့ချိန်က တစ်နိုင်ငံလုံးတွင် ဝက်ကောင်ရေ တစ်သိန်းကျော် သေဆုံးခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန စာရင်းအရ သိရသည်။

အိန္ဒိယနိုင်ငံတွင် ဝက်နားရွက်ပြာရောဂါ တွေ့ရှိရသဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ဂိတ်များမှ တင်သွင်းလာမည့် ဝက်များကို ပိတ်ပင်သွားမည် ဖြစ်ကြောင်း အိန္ဒိယ တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ပြောကြားသည်။
The Voice Weekly

အာရှလူ့မလိုင်များကြား ရေပန်းစားနေသည့် မြန်မာဗေဒင်ဆရာမ

သေးကွေးချည့်နဲ့နေပြီး စကားပင်ကောင်းကောင်းမပြောနိုင်သည့် သူ့ကို မြန်မာနိုင်ငံတွင် အီးတီဟုလူသိများသည်။ စစ်ဗိုလ်ချုပ်ကြီးများမှ စ၍ နိုင်ငံခြားမှ နိုင်ငံရေးသမားများအထိ လူကုံထံနှင့်အာဏာရှင်တို့၏ အနာဂတ်ကို နှစ်ပေါင်းများစွာတိုးတိုးတိတ်တိတ် သူကဟောကိန်းထုတ်ခဲ့သည်။

မြန်မာ၏ ထူးဆန်းထွေလာ အကြားအမြင်ရသူကို စစ်ဗိုလ်ချုပ်ကြီးများက အကြံဉာဏ်များတောင်းခံခဲ့သည်။

သူ့ကိုယ်တွင်း အင်္ဂါများက ခန္ဓာကိုယ်ထဲတွင် ဘက်မှားပြီးရောက်နေသည်ဟု မိသားစုများကပြောသည်။ မသန်စွမ်းဖြစ်နေသည့် အီးတီကို ဘယ်နေရာကြည့်ကြည့်ဆန်းကြယ်နေပုံရသည်။

“ကျွန်မညီမက သိပ်ကြီးမြတ်တယ်။ ထူးခြားတယ်”ဟု အစ်မဖြစ်သူ သီသီကအေအက်ဖ်ပီနှင့် ဘန်ကောက်မြို့တွင် အင်တာဗျူးစဉ် ပြောသည်။ အရှေ့တောင်အာရှတစ်ခွင်လုံးက သူ့လမ်းညွှန်ချက်ကို မေးကြသည်ဟုလည်းဆိုသည်။

“နိုင်ငံရေးသမားက တချို့ ၊ စီးပွားရေးသမားကတချို့.. လူတိုင်းပျော်တယ်။ နာမည်ကြီးလာတယ်”ဟု အီးတီအတွက် သီသီကဘာသာ ပြန်ဆောင်ရွက်ပေးနေသည်။

မြန်မာအကြားအမြင်ရသူက မြန်မာပြည်တွင်းက ရှင်းမပြခဲ့သည့် ဖြစ်ရပ်များ၏နောက်ကွယ်တွင်ရှိနေပုံရသည်။ ၂၀၀၅ခုနှစ်တွင် ရုတ်တရက် မြို့တော်ပြောင်းရန် စစ်အာဏာရှင်များ၏ ဆုံးဖြတ်ချက်မှစ၍ စစ်ဗိုလ်ချုပ်ကြီးများ၊ အမျိုးသမီးထဘီများကို ၀တ်ဆင်သည့် အူကြောင် ကြောင် ဖြစ်ရပ်များအထိပင်။

မိန်းမတစ်ယောက် နိုင်ငံမှာ သမ္မတမဖြစ်အောင်နိုင်ငံ့ထိပ်သီးများကထဘီဝတ်၍ ဓာတ်ရိုက်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် အလွန်အယူ သီးကြသည်ဟု ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာဦးအောင်ဇော်က ဆိုသည်။ လူထုနှင့် ဆယ်စုနှစ်ပေါင်းများစွာ ကင်းကွာနေသည့် လျှို့ဝှက် ချက်အပြည့်နှင့် စစ်အာဏာရှင်များ၏ လုပ်ရပ်များတွင် ထူးဆန်းထွေလာအကြားအမြင်သမားများက လွှမ်းမိုးနေခဲ့သည်။

စစ်ခေါင်းဆောင်များကသူတို့ အာဏာမြှင့်တင်ရေးအတွက် ဓာတ်ရိုက်ဓာတ်ဆင်များလုပ်ခဲ့ကြောင်း ကောလာဟလများထွက်လာသည်ဟု ဆိုသည်။ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက နက္ခတ်ဗေဒင်များကို ပုံမှန်မေးမြန်းခဲ့သည်များရှိခဲ့သည်ဟု ဦးအောင်ဇော်ကပြောသည်။

မြန်မာနိုင်ငံကို နှစ် ၃၀ ခန့် အုပ်စိုးသွားသော အာဏာရှင်ဦးနေ၀င်းလက်ထက်ကလည်း သူ၏ဗေဒင်ဆရာကို အားထားပြီး ယတြာချေမှုများနှင့် အနာဂတ်ကိုပြင်ဆင်ခဲ့သည်။

ယခင်စစ်ခေါင်းဆောင်က ယတြာချေရာတွင် မှန်ရှေ့တွင်ရပ်ပြီး မှန်ထဲတွင်ပေါ်သော သူ့ပုံကို သေနတ်ဖြင့် ပစ်သည်အထိလုပ်ခဲ့သည် ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ကြောင်း ယခင်အာဏာရှင်အုပ်ချုပ်မှုကို နှစ်ရှည်လများလေ့လာခဲ့သူ နိုင်ငံခြားသုတေသီတစ်ဦးက ပြောသည်။

လက်ရှိ မြန်မာသမ္မတဦးသိန်းစိန်သည်ပင် အကြားအမြင်ပေါက်သူများ၏ ဟောကိန်းဆိုသည်များကို ပေါ်ပေါ်ထင်ထင်ပင် လက်ခံကြောင်း သူ၏ပြောဆိုချက်များက ဖော်ပြနေသည်။

“နက္ခတ်ဗေဒင်အကြောင်း ကျွန်တော်သိပ်များများမသိပါဘူး။ ဒါပေမမဲ့ ဒီအကြောင်းကောင်းကောင်းသိတဲ့သူတွေ မြန်မာနိုင်ငံမှာရှိတယ်”ဟု ပြင်သစ်ရေဒီယို France -2 နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဦးသိန်းစိန်ကပြောခဲ့သည်။

“တစ်ခါတလေ သူတို့က ကျွန်တော့်ကို အကြံပေးပါတယ်။ နက္ခတ်ဗေဒင်သဘောအရ တိုင်းပြည်ရဲ့ အခြေအနေကို ဘယ်လို ရိုက်ခတ်မှုတွေရှိမယ်ဆိုတာမျိုး။ ကျွန်တော်ကလည်း ဒီအကြံတွေကိုလိုလိုလားလားပဲ ထည့်သွင်းစဉ်းစားပါတယ်” ဟု ၎င်းကပြောသည်။

အသက် ၄၀ခန့်ရှိနေသည့် အီးတီသည် ထိုင်းနိုင်ငံယခင်ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်နှင့်လည်းတွေ့ဆုံပြီး သူ့အာဏာတက် လမ်းအတွက် ဟောကိန်းထုတ်ခဲ့ဖူးသည်ဟု သီသီကပြောသည်။

“သူက ကျွန်မညီမကိုလာတွေ့တယ်လေ။ အဲဒီတုန်းက သူက ဖုန်းလုပ်ငန်းမှာပေါ့။ နိုင်ငံရေးမဟုတ်သေးဘူး”ဟု ၎င်းကဆိုသည်။

သက်ဆင်က ၂၀၀၆ ခုနှစ် အာဏာအသိမ်းမခံရမီ ရက်ပိုင်းအတွင်း အီးတီကိုလာတွေ့သွားသည်ဟုဆို သည်။ သို့သော် သီသီကအသေး စိတ်ပြောရန် ငြင်းဆိုခဲ့သည်။ သူ့ညီမ၏ ယခင်ဟောကိန်းများသည် ၈၀ ရာခိုင်နှုန်းမှန်ကန်ခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့် နှစ် ၃၀အတွင်း အီးတီသည် ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ထိုင်းအပါအ၀င် နိုင်ငံအတော်များများကိုသွားရောက်ခဲ့သည်ဟုဆိုသည်။ သူ၏ ၀င်ငွေတစ်စိတ်တစ်ပိုင်းကို ဆေးရုံဆောက်လုပ်ရေးတွင် ထည့်ဝင်ထားသည်ဟုဆိုသည်။

တစ်ခါတစ်ရံ နိုင်ငံခြားသားများ ပါဝင်သော သူ့ဧည့်သည်များထဲတွင် အများအားဖြင့် ပြည်တွင်းစီးပွားရေးသမားများနှင့် ချမ်းသာသောအာရှ သားများဖြစ်ကြသည်။

“အပွိုင့်မန့်ရဖို့ မလွယ်ဘူး”ဟု နိုင်ငံခြားသံတမန်တစ်ဦးကပြောသည်။ ယခုအခါ ဈေးကလည်း တစ်ခါဟော ဒေါ်လာတစ်ရာဖြစ်သွားပြီ ဟုဆိုသည်။

အီးတီးက သူ၏ ဟောကိန်းကို ဧည့်သည်၏ အိတ်တွင်းမှ မမြင်ရသည့်ဒေါ်လာငွေစက္ကူနံပါတ်ကို ပြောသည့်နည်းဖြင့် ယုံကြည်မှုရယူ သည့်နည်းကို သုံးနေပြီဟု အဆိုပါ သံတမန်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်သည့် ၂၀၁၀ခုနှစ်နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် မည်မျှလွတ် လပ်စွာလှုပ်ရှားနိုင်မည်နည်းဟု သံတမန်က အီးတီကို ဟောကိန်းထုတ်ရန်ပြောခဲ့သည်။

အီးတီက နိုင်ငံရေးနှင့် ထီပေါက်၊ မပေါက်ဆိုသည်များတော့ မဟောကြားဘူးဟု ကတိပေးထားပါသည်။ သို့သော်လည်း ဒေါ်အောင် ဆန်းစုကြည်က ပိုမိုပြီးလွတ်လပ်လှုပ်ရှားခွင့်ရမည်ဟု အီးတီကပြောကြားခဲ့ကြောင်း အဆိုပါသံတမန်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီးကတည်းက သမ္မတ အရွေးခံရန် ဦးတည်ပြင်ဆင်နေ ပြီဖြစ်သည်။

အိသီဟုရေးကြသည့် အီးတီက နှလုံးရောဂါဖြင့်သေဆုံးရမည်ဟု သူ့ကိုယ်သူ ဟောကိန်းထုတ်ခဲ့ပါသည်။ သို့သော်လည်း သူ့အစ်မဖြစ်သူက အီးတီက နောင်ဘ၀မှာ ပိုကောင်းသည့် ဘ၀ကိုရောက်မည်ဖြစ်သည့်အတွက် စိတ်ပူပန်မှုမရှိကြောင်းဆိုသည်။

အီးတီ၏ သရဲတစ္ဆေနှင့် အနာဂတ်ကို မြင်နိုင်စွမ်းအားများသည် ငယ်စဉ်ကလေးဘ၀ကအများကြီး နေ့စဉ်ဘုရားကိုဆုတောင်းနေရာမှ ရရှိလာခဲ့သည်ဟု အီးတီမိသားစုက ပြောကြားသည်။ တခြားဗေဒင်ဆရာများကတော့ အီးတီကဲ့သို့ မဟုတ်ကြပါ။

ဟိန်းဝင့်ဇော်က “သူက နာမည်ကြီး ဗေဒင်ဆရာဆီမှာ ဗေဒင်၊ တဲ့ရော့၊ ဂဏန်းဗေဒင်ပညာများကို ငါးနှစ်ကြာအောင်တခြား တပည့် ၁၀၀ ကျော်နှင့်အတူ သင်ယူခဲ့ပြီးကိုယ်ပိုင်ဟောခန်းဖွင့်ရန် ထိုင်းနိုင်ငံသို့ပြောင်းရွှေ့ခဲ့သည်ဟုဆိုသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက မဟာချိုင်စက်မှုဇုန်မှာရှိသည့် သူ့ဟောခန်းက မြန်မာပြည်က အလုပ်သမားများနှင့် စည်ကားနေပါသည်။ မြန်မာအလုပ်သမားများသာ မက ထိုင်းလူမျိုးများကလည်း စကား ပြန်များနှင့် သူ့ဟောခန်းကို လာ ရောက်ကြပါသည်။

“ကျွန်တော်က ဘယ်တုန်းကမှ ကြော်ငြာနေစရာမလိုဘူး”ဟု ၎င်းကဆိုသည်။
( AFP သတင်းဌာနမှ Kelly Macanamara ရေးသားသည့် Myanmar Mystics give supernatural help to Asia elite ဆောင်းပါးကို ခင်မေဇော်နှင့်ထားထားမြင့်က မူရင်းအတိုင်း ဘာသာပြန်ဆိုသည်)
7Day News Journal

ကရုဏာကြေး အလှူငွေပေးအပ်ချီးမြှင့်ပွဲ

၂၃-၆-၂၀၁၃ ( တနင်္ဂနွေနေ့ )နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သုခခန်းမတွင်ကျင်းပသော မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြရသူများ၊ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သောသူတို့၏ မိသားစုတို့အား လူသားချင်းထောက်ထားခြင်းဖြင် “ ကရုဏာကြေး
အလှူငွေပေးအပ်ချီးမြှင့်ပွဲ နှင့် ယင်းဖြစ်ရပ်အား ကိုယ်ချင်းစာတရား ပြည့်ဝစွာဖြင့် လှူဒါန်းခဲ့ကြသော စေတနာရှင် ၊ အလှူရှင်များတို့အား (၇)ရက်သားသမီးနာရေးကူညီမှုအသင်းကပုန်း(မလေးရှား) မှ
ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း)တို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက - “ မလေးရှားနိုင်ငံတွင့်ဖြစ်ပွားခဲ့သော မြန်မာလူမျိုးများအပေါ် အကြမ်းဖက်ခံရမှုဖြစ်စဉ်များအပေါ်သုံးသပ်ချက်၊ ဖြစ်စဉ်များ စတင်ခဲ့သည့်အချိန်မှစ၍ မလေးရှားရောက် အကြမ်းဖက်ခံမြန်မာလူမျိုး များအတွက် ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်းမှ - သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများထံ
ဆွေးနွေးတင်ပြအကူညီတောင်းခံခဲ့မှုများ၊ နောင်တွင် မလေးရှားတွင် မြန်မာလူမျိုးများ လုံခြုံအေးချမ်းစွာ အလုပ်လုပ်ကိုင်နေစေရေးအတွက်အကြံပြုဆွေးနွေးမှုများအကြောင်းကို ပြောကြားခဲ့သည်။ ”
၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com