http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကျိုင်းတုံမြို့ ခေမဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီး ရွှေသင်္ကန်းလှူ








Saturday, June 22, 2013
ကျိုင်းတုံမြို့ ခေမဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းမှ သွားရောက်ကာ ရွှေသင်္ကန်း(၈၁)ချပ် လှူဒါန်း

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ခေမဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးအား ကိုယ်လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပူဇော်မည်ဖြစ်ရာ တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အသင်းသား/သူ (၂၇)ဦးတို့ ရွှေပြား(၈၁)ချပ်ကို ဇွန်လ(၂၁)ရက်နေ့က သွားရောက်လှူဒါန်းကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာမှာ ဇွန်လ(၁၉)ရက်နေ့က ပြုလုပ်သော မဇ္ဈိမလူမှုကူညီရေးအသင်း၏ (၆)လပြည့် ဂုဏ်ပြုညစာ စားပွဲတွင် တက်ရောက်လာသည့် အသင်းသား/သူ (၆၅)ဦးအတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တစ်ဦးလျှင် ရွှေပြားတစ်ချပ်နှုန်းဖြင့် စုစုပေါင်း ကျပ်နှစ်ဆယ့်နှစ်သိန်း ခုနှစ်သောင်းငါးထောင်ကျပ်(၂၂၇၅၀၀၀) တန်ဖိုးရှိသော ရွှေပြား(၆၅)ချပ်အား လှူဒါန်းပေးပြီး အဆိုပါအသင်းသူ/သားများနှင့် တာချီလိတ်မြို့ရှိ အလှူရှင်များမှ စုပေါင်း၍ ကောက်ခံရရှိသော ရွှေပြား(၁၆)ပြား တန်ဖိုးရှိသည့် အလှူငွေ (၄၆၈၀၀၀)ကျပ်နှင့် (၂၅၉၀)ဘတ်တို့အား လှူဒါန်းရာ စုစုပေါင်း ရွှေပြား(၈၁)ချပ်အား ဥက္ကဌ ဦးတင့်ဆွေမှ ဂေါပက ဦးတင်မောင်အေး ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။

တစ်ဆက်တည်းမှာပင် တရားတော်ဟောကြားရန်ကြွတော်မူလာသည့် ဆရာတော်များ သီတင်းသုံးနိုင်ရန်အတွက် ရပ်တော်မူကုန်း တောင်တန်း သာသနာပြုကျောင်း၌ ဆောက်လုပ်နေဆဲဖြစ်သည့် ကျောင်းဆောင်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ကျပ်ငွေသိန်း(၂၀)ကို ကျောင်းထိုင်ဆရာတော် ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

ခေမဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီးအား ကိုယ်လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူပူဇော်မည်ဖြစ်ရာ ရွှေသင်္ကန်းတစ်ချပ်လျှင် (၃၅၀၀၀)ကျပ် ဖြစ်ပြီး ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုသူများအနေဖြင့်လည်း ရပ်တော်မူကုန်းရှိ ဂေါပက အဖွဲ့ထံသို့ သွားရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်လက်ပြီး မဇ္ဈိမလူမှုကူညီရေးအသင်းမှ ထိုင်းဘတ်ငွေ (၂၁၀၀၀)တန်ဖိုးရှိသော စတီးအခေါင်းတစ်လုံးအား ကျိုင်းတုံမြို့ရှိ နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းသို့ ပံ့ပိုး လှူဒါန်းခဲ့ကြောင်းလည်း သိရှိရသည်။
Tachileik Online News

၂ဝ၁၃ ခုနှစ် ၏ Miss USA အဲရင်ဘရက်ဒီ (ရုပ်/သံ)



Miss USA ပြိုင်ပွဲကို ဇွန် ၁၆ ရက်တွင် လတ်စ်ဗီးဂတ်၌ ကျင်းပခဲ့ရာ အသက် ၂၅ နှစ် အရွယ်ရှိ ကွန်နက်တီကတ် အလှမယ် အဲရင်ဘရက်ဒီက Miss USA ဆုကို ရရှိ ခဲ့ကြောင်း သိရသည်။
သူက Miss USA ဆုကို ရရှိခဲ့သည်ကို မယုံနိုင်အောင် ဝမ်းသာမိကြောင်း သူမ နာမည်ကို ကြေညာစဉ်က အတော်ပင် အံ့သြခဲ့ရကြောင်း ဖွင့်ဟခဲ့သည်။
”အမှန်အတိုင်း ပြောရရင် ဒီဆုကို Miss Alabama ရမယ်လို့ ထင် နေတာ။ တကယ်ပါ။ စိတ်ထဲမှာ ရှိတဲ့ အတိုင်းပြောတာ ပါ။ ကျွန်မ နာမည်လည်း ကြေ ညာ လိုက် ရော အတော့် ကို တုန်လှုပ်သွားတယ်။ Miss USA ဆုရှင်က သူတို့ ဖြစ်နိုင်သလို ကျွန်မလည်း ဖြစ်နိုင်တာပါလား” ဟု တွေးမိကြောင်းကို ဆုလက်ခံ ရယူစဉ်က ပြောကြားခဲ့ သည်။ ဘရက်ဒီသည် စာရင်းကိုင် တစ်ဦး Miss USA ဖြစ်ပြီး တစ်ဦး ဖြစ်လာသည့် အလျောက် လူမှုရေး လုပ်ငန်း များကဲ့သို့ အလှမယ် တစ်ဦး ၏ တာဝန် ဝတ္တရားများကို ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ ”သတင်းစာ ရှင်းလင်းပွဲ လုပ်ရင် ကျွန်မကို ထောင့်ပေါင်းစုံက မေးခွန်း အမျိုးမျိုး ဝိုင်းမေးကြဦးမယ်။ အကောင်း ဆုံး ဖြေဆို သွားမှာပါ။ နောက်နေ့ကျရင် နယူးယောက်ကို သွားမယ်။ Miss USA တစ်ယောက် ရဲ့ တာဝန်တွေကို စတင်ပါမယ်”ဟု E!online သတင်းဌာန ကို ပြောကြား သည်။
သိင်္ဂီဝင်း
Ref : E!online,
Popular Myanmar News Journal

ကြွားဝါ ပလွှားသည့် ဂျက်လေယာဉ် စီးမိသော ထိုင်းရဟန်းတော် များ ဝေဖန်ခံရ

နားကျပ်များ၊ နေကာ မျက်မှန်များ ဝတ်ဆင်ကာ လူးဝစ်ဗွီတန် Louis Vuitton တန်ဖိုးကြီး လက်ကိုင်အိတ် များ နှင့် ကိုယ်ပိုင်ဂျက် လေယာဉ် စီး၍ ခရီး သွား ခဲ့သော ထိုင်း ရဟန်းတော် သုံးပါး ကြောင့် ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာ ရဟန်း တော်များ၏ ဣနြေ္ဒ သိက္ခာကို ဝေဖန်နေ ကြသည်။

ယင်းမြင်ကွင်းကို You Tube မှ အကြိမ် ၂ သိန်းကျော် ဝင်ရောက် ကြည့်ရှုခဲ့ကြ၍ သင်္ကန်း အနည်းငယ်မှ အပ အခြား ပိုင်ဆိုင်မှု များမထားဘဲ တင်းကျပ်သော ဝိနည်း သိက္ခာပုဒ် များကို ကျင့်ကြံရသည့် ဗုဒ္ဓဘာသာ ရဟန်းတော် များအပေါ် ဗုဒ္ဓဘာသာ နိုင်ငံတော် တစ် ခုဖြစ်သည့် ထိုင်း၌ ဝေဖန်ငြင်းခုံ မှုများ ဖြစ်နေရသည်။

ဗုဒ္ဓဘာသာသည် ထိုင်းတွင် နိုင်ငံတော် ဘာသာ အဖြစ် ပြဋ္ဌာန်းထားပြီး ဘာသာဝင်ပေါင်း ၉၅ ရာခိုင်နှုန်း ရှိ၍ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဝင် ရာခိုင်နှုန်း အများဆုံး ရှိ သည့် နိုင်ငံတစ်ခုဖြစ် သည်။

ဗုဒ္ဓဘာသာ ဆိုင်ရာ အစိုးရရုံးမှ ယမန်နှစ်က ထိုင်းနိုင်ငံတွင် ရဟန်း တော်ပေါင်း ၆၁ဝဝဝ ကျော် သီတင်းသုံး နေထိုင်နေသည်ဟု ထုတ်ပြန် ကြေညာခဲ့ ဖူးသည်။

ထိုင်းဗုဒ္ဓသာသနာ ကာကွယ် စောင့်ရှောက်ရေး စင်တာမှ ဖရား ခရူဝိ နာအိ သောထီးရာဝစ် Pra Khru Vinaithorn Teerawit က ရဟန်းဘဝ တွင် ဧကစာရီ သီတင်း သုံးသင့်ပြီး ရသ မျှ နှင့်ရောင့်ရဲ တင်းတိမ် သင့်ကြောင်း၊ ယခု ဝေဖန်ပြော ဆိုခံနေ ရသည့် ကိုယ် တော်များမှာ ရဟန်းပျို များသာဖြစ်ကြ ကြောင်း ပြောဆိုခဲ့သည်။
Ref:AFP
Popular Myanmar News Journal

တရုတ်ကလေးငယ် ၅ ထပ်က ပြုတ်ကျပေမယ့် မသေ (ရုပ်/သံ)

21 ဇွန်လ 2013
တရုတ်နိုင်ငံ နင်ဟိုင်းမြို့မှာ ၂ နှစ်ခွဲ အရွယ် မိန်းကလေးတစ်ဦးဟာ အထပ်မြင့်တိုက် ငါးထပ်က ပြုတ်ကျပေမယ့် သေကံမရောက်ပဲ အောက်က လူတွေ ဖမ်းထားနိုင်ခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။

ကျိကျိဆိုတဲ့ ကလေး အိပ်နေစဉ် မိဘတွေက ကလေး တစ်ယောက်တည်း ထားကာ အပြင်ထွက်သွားပြီး ကလေးနိုးလာတဲ့ အချိန်မှာတော့ ကလေးက ပြတင်းပေါက် ဘောင်ပေါ် တက်တာ ဖြစ်ပါတယ်။ ကလေးငို တာ ကြားလို့ အထက်ကို မော့ကြည့်ကြတဲ့ လူ လေးငါးယောက်က ကလေးပြုတ်ကျတဲ့အခါ အောက်ကနေ ဝိုင်းဖမ်းကြတာ ဖြစ်ပါတယ်။

ဖမ်းတဲ့ လူထဲက ၂ ဦး ဒဏ်ရာရသွားပြီး ကလေးကတော့ မျက်နှာမှာ အပွန်းရာတစ်ခုက လွဲလို့ ပြင်းပြင်း ထန်ထန် ထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ပြုတ်ကျ ကလေးငယ်ကို အောက်ကနေ ဆီးဖမ်းကြ

မြန်မာပို့စ်ဂျာနယ်ရုံးခန်းပြောင်းရွှေ့ရန် ရဲတပ်ဖွဲ့မှ အကြောင်းကြား

ရန်ကုန်၊ ဇွန် ၁၇
ပြည်တွင်းထုတ်သတင်း ဂျာနယ်တစ်စောင်ဖြစ်သော မြန်မာပို့စ်သတင်းဂျာနယ်သည် ပြီးခဲ့သည့် မေလအတွင်းက ဂျာနယ်မျက်နှာဖုံးတွင်အစိတ်သား တပ်မတော်သားဟူသော စကားရပ်ကို သုံးစွဲခဲ့ခြင်း၊ ယင်းမေလအတွင်း၌ပင် မျက်နှာဖုံးသတင်းအဖြစ် “နိုင်ငံတကာ ဧည့်သည်တော်ကြီးများရှေ့၌ နိုင်ငံတော်အလံ ဇောက်ထိုးဖြစ်ရပ် ထပ်မံပေါ်ပေါက်”ကြောင်း သတင်းတို့ကို ဖော်ပြပြီးနောက် အစိုးရထိပ်တန်း အရာရှိကြီးများ ၏ ခေါ်ယူတွေ့ဆုံခြင်းကိုခံရပြီးမကြာမီ ၎င်းတို့ ဂျာနယ်ရုံးစိုက်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပိုင်၊ တိုင်းဒေသကြီး အရန်တပ်ခွဲဝင်းအတွင်းရှိ အဆောက်အအုံမှနေ၍ ဂျာနယ်ရုံးခန်းကို ပိတ်သိမ်းရွှေ့ပြောင်းပေးရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ အကြောင်းကြားမှုကို ဇွန်လ ၁၇ ရက်နေ့က တရားဝင်ရရှိခဲ့သည်။

ယင်းသို့ တရားဝင်အကြောင်းကြားစာမရရှိမီ ဇွန်လ၁၅ရက်နေ့ကပင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောင်းရွှေ့ခိုင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်အချို့က ဂျာနယ်ရုံးခန်းသို့ လာရောက်ပြောကြားမှုပြုခဲ့ကြောင်း ဂျာနယ်တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခု အကြောင်းကြားစာရောက်ရှိချိန် တွင် ၎င်းတို့ဂျာနယ် ရုံးခန်းတစ်ခုတည်းသာမဟုတ်ဘဲ ၎င်းဂျာနယ်၏ မိခင်ကုမ္ပဏီဖြစ်သော Ammta Living Space ဟိုတယ်သုံးပရိဘောဂဆိုင်ရာ အဆောက်အဦနှင့် မြန်မာ ပို့စ်ဂျာနယ်၊ မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်တို့ ရုံးစိုက်ရာ United Media Group အဆောက်အအုံအပါအ၀င် ကားပြုပြင်ခြင်းလုပ်ငန်း ၇ခုကိုပါ ယင်းမြေနေရာမှ ပြောင်းရွှေ့ခံရခြင်းဖြစ်ကြောင်း အကြောင်းကြားစာ၌ ဖော်ပြထားသည်။ ယင်းအကြောင်းကြားစာတွင် ၎င်းအဆောက်အအုံဆိုင်ခန်းများသည် ၂၀၁၂ခုနှစ် ဇွန်လက တည်းက လစာများ တောင်းခံခြင်းမရှိတော့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နှင့် စာချုပ်ငှားရမ်းထားသူများ သည် ၁၃-၆-၁၃ နေ့တွင် အမြန်ရွှေ့ပြောင်းပေးရန် ဖော်ပြထားသည်။

ယင်းဖော်ပြချက်ပါ လစာ မပေးရသည့်ကာလနှင့် ယခု ပြောင်းရွှေ့ထားသည့်ကာလကြားတွင် အချိန်တစ်နှစ်ခန့်ရှိပြီဖြစ်၍ ယင်းကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်နားလည်မှုဖြင့် အဆောက်အအုံများဆက်လက်အသုံးပြုခွင့်ရရှိထား ခြင်းဖြစ်သည်။ ယင်းသို့ တစ်နှစ်ကျော် နားလည်မှုဖြင့် ဆောင်ရွက်နေပြီးမှယခုချိန်တွင် အစိုးရထိပ်ပိုင်း အရာရှိများ ခေါ်ယူသတိပေးခံရသည့် သတင်းများဖော်ပြပြီးချိန်နှင့် တိုက်ဆိုင်စွာ ရွှေ့ပြောင်းပေးရန် အကြောင်းကြားခံရခြင်းဖြစ်သည်။

အဆိုပါ သတင်းဖော်ပြမှုများနှင့် ပတ်သက်၍လည်း မြန်မာပို့စ်သတင်းဂျာနယ် ထုတ်ဝေသူနှင့် တာဝန်ရှိသူတို့ကို နေပြည်တော်၌ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ  ဦးရဲထွဋ်ဦးဆောင်၍ အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းလင်း၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်း၊ ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (စာရေးဆရာမှူးဇော်)၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန (စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန) ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးတို့က ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် မြန်မာပို့စ်ဂျာနယ်က တောင်းပန်စာတစ်ရပ်ကို ဖော်ပြခဲ့ပြီး ဖြစ်သည်။

ယင်းသို့ တောင်းပန်စာဖော်ပြပေးခဲ့ရမှုအပေါ် မြန်မာပို့စ်နှင့် မြန်မာပို့စ်ဂလိုဘယ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ “ရာဂဏန်းမျှရှိသော ရုံးဝန်ထမ်းများထမင်းအိုးကွဲရပေ လိမ့်မည်။ နောက်သို့ပြန်ကြည့်ရင်း ဘ၀တွင် မလုပ်ချင်ဆုံးသော အလုပ်တစ်ခု၊ မည်သည့်အခါကမှလည်း မလုပ်ခဲ့သည့် အလုပ်တစ်ခုကို ကျွန်ုပ်လုပ်ခဲ့ရပါတော့သည်။ ထိုထိုဤဤယင်း၎င်း အကြောင်းအရာများကြောင့် “တောင်းပန်သည်” လေးစားလျက် ...” ဟု ရေးသားဖော်ပြထားသည်။

ယခုကဲ့သို့ရွှေ့ပြောင်းပေးရန် အကြောင်းကြားစာပို့ခံရခြင်းအပေါ် ရွှေ့ပြောင်းခံရခြင်းတွင်ပါဝင်သော ကားပြုပြင်ရေးလုပ်ငန်းများသို့ မြန်မာသံတော်ဆင့်မှသွားရောက် မေးမြန်းရာ ၎င်းတို့အားလုံးထံမှ ပြန်လည် ဖြေကြားမှုမရရှိခဲ့ပေ။
Myanmartandawsint Newspaper

ဘိန်းသောင်းကျန်းသူ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်အဖွဲ့ အင်အားအနည်းအကျဉ်းသာရှိသော်လည်း အရေးတယူလုပ်ဖို့လို

Saturday, June 22, 2013
ဘိန်းဘုရင်ဦးခွန်ဆာ၏ အဖွဲ့မှခွဲထွက်ခဲ့ပြီး ဘိန်းမှောင်ခိုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေခဲ့သူဟု အစိုးရသတင်းစာများက ဖော်ထုတ်ရေးသားခြင်းကိုခံခဲ့ရသည့် ဘိန်းသောင်းကျန်းသူဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီးရွက်ဆစ်နှင့်အဖွဲ့ အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြုလုပ်ခဲ့ရာတွင်ရွက်ဆစ်အဖွဲ့မှာ အင်အားအနည်းအကျဉ်းသာရှိသော်လည်း အရေးတယူလုပ် ဖို့လိုကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် အဖွဲ့ကြီးငယ်မရွေး ကိုယ်တိုင်တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးသည်ဆိုသည်မှာ သည်းခံ ခွင့်လွှတ်စိတ်ရှည်ပြီး သဘောထားကြီးမားသည်ကို ပြကြောင်း အစိုးရသစ်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေး/ ကော်မတီခေါင်းဆောင်ဟောင်း ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းများကို ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရလက်ထက် အစအဆုံးပါဝင်ခဲ့ပြီး ဘိန်းသောင်းကျန်းသူများနှင့် အနီးကပ်တွေ့ဆုံခဲ့ရသော ဗိုလ်မှူးကြီးဟောင်း တစ်ဦးလည်းဖြစ်သည့် ဦးအောင်သောင်းက “ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့လည်း နာမည်ကြီးခဲ့တာမှန်ပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့က ငြိမ်းချမ်းရေးလုပ်တဲ့အခါကျတော့ မင်းဒါတွေရှိနေတယ်ဆိုပြီးတော့ သူမကောင်းတာတွေ ဖော်နေရင် ငြိမ်းချမ်းရေးဆွေးနွေးလို့ မရဘူး။ သူ့မှာလည်းနယ်စပ်မှာအခြေခံထားတဲ့ အင်အားတစ်စုရှိတယ်။ ဒုက္ခပေးနေတဲ့ အင်အားရှိတယ်။ တာချီလိတ်တို့၊ မိုင်းဆတ်တို့၊ မိုင်းတုံတို့၊ နောက်ရှိသေးတယ် လွယ်လန်း ဒေသ။ ဒီနေရာမှာသူတို့ကလည်း ကြီးစိုးနေတာဆိုတော့ ကျွန်တော်တို့ရဲ့ မှောင်ခိုလမ်းကြောင်းတွေအားလုံးကို၊ အ၀င်အထွက်တွေအားလုံးကိုလည်း သူတို့နဲ့ မကင်းနိုင်ဘူး။ မကင်းဘဲနဲ့တော့ ငြိမ်းချမ်းမှုကမရနိုင်ဘူး။ ပြည်သူတွေအတွက်ကလည်း ဒုက္ခရောက်နေတယ်ဆိုတော့ ဒီငြိမ်းချမ်းရေးက ရကိုရမှဆိုတဲ့အနေအထား အဲဒါမှ သူ့အပေါ်မှာလည်း သူလက်ခံနိုင်ဖို့အတွက်က သူမကောင်းတာပြောနေစရာ မလိုတော့ဘူး။ ကောင်းတာလေးတွေပဲ ရွေးနုတ်ပြီးပြောတော့မယ်ဆိုတဲ့ သဘောက အခုသူတို့လုပ်နေတဲ့သဘောလေးက။ ဆိုတော့ ရွက်ဆစ်ကတော့ ကျွန်တော်တို့နဲ့ ဆက်သွယ်တာမဟုတ်ဘူး။ ကျွန်တော်လည်း ငြိမ်းချမ်းရေး လုပ်ခဲ့တော့ သူက ဟန်ညောင်ရွှေကနေ တစ်ဆင့် ဆက်သွယ်တယ်။ သူတို့ဆက်သွယ်လို့ ကျွန်တော်တို့ လုပ်ခဲ့တယ်။ အစိုးရအနေနဲ့ကတော့ သဘောထားကြီးစွာနဲ့ မသိချင်ယောင်ဆောင်ပြီးတော့ စိတ်ထား ကောင်းကောင်းနဲ့ ညှိညှိနှိုင်းနှိုင်းလေးနဲ့ ငြိမ်းချမ်းရင်ပြီးရော သူလည်း လက်နက်ကိုင်ပဲ အင်အားလည်း အနည်းအကျဉ်းရှိတယ်ဆိုတော့ ဒီအင်အားလေးလည်း ငြိမ်းချမ်းအောင်ဆိုပြီးတော့ ပထမဦးဆုံး အင်အားနည်းတဲ့ အဖွဲ့ချင်းလိုအင်အားနည်းတဲ့အဖွဲ့တောင် သူတို့ကအရေးတယူလုပ်တာကိုး။ သူတို့ အဖွဲ့ကတော့ အဲဒီထက် အရေးတယူလုပ်ဖို့တော့ လိုတာပေါ့။ နယ်စပ်လည်း ဖြစ်နေတာကိုး ဒါကြောင့်အစိုးရကလည်း ဒီလောက်ကတော့ သည်းခံခွင့်လွှတ်စိတ်ရှည်ပြီးတော့ သဘောထားကြီးကြီးနဲ့ လုပ် တယ်လို့ထင်တယ်။ ဒါကတော့ ဆက်ကြည့် ရဦးမှာပေါ့။ အဲဒါတွေကို တစ်ဖက်ကလည်း စွန့်လွှတ်ပြီးတော့မှ အားလုံး ဥပဒေနဲ့မညီတာတွေ မလုပ်တော့ဘဲနဲ့ ဒီလိုပဲ အစိုးရပို့တဲ့လမ်းကြောင်းပေါ် တက်လာမယ်ဆိုရင်တော့ ၀မ်းပန်းတသာ ကြိုရမယ့်သဘောမှာရှိတာပေါ့။ လူတွေကတော့ မှားတာ မှန်တာရှိမှာပေါ့”ဟု ပြောသည်။

အစိုးရက ဘိန်းသောင်းကျန်းမှုကို လျစ်လျူရှု၍ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်နှင့်အဖွဲ့ကို အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးနေသည်မှာ ၀ အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ရေး/ပြည်နယ် တောင်းဆို သည့်ကိစ္စကိုချုပ်ကိုင်ချင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့သည်ဆိုခြင်း ဖြစ်နိုင်မဖြစ်နိုင်အတွက်လည်း ဦးအောင်သောင်းက သုံးသပ်ဖြေကြားရာတွင် ““အဲဒါကတော့ မဟုတ်ပါဘူး။ အဲလို လုပ်လို့မရဘူး။ ရွက်ဆစ်ကိုကိုင်လို့ရရ၊ မရရ ၀နဲ့ယှဉ်လို့ မရဘူး။ လုံးဝယှဉ်လို့မရဘူး။ သို့သော် ရွက်ဆစ်နဲ့ဆိုင်တာကတော့ ၀ ရှိပါတယ်။ ၀ တပ်ဖွဲ့လေးတွေရှိတယ်။ ဟိုယခင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် ဥပဒေပြုပေးခဲ့တာလေး တွေရှိတယ်။ လွယ်လန်းဒေသတို့၊ အိုမာဂျင်း အနောက်ဘက်ဒေသတို့၊  အာချီးဒေသတို့ အဲဒီနားလေးမှာ ၀ ကိုပေးထားတာရှိတယ်။ ရာဘာတွေဘာတွေ စိုက်တယ်။ တော်တော်လည်း ဖြစ်မြောက်တယ်။ ဆိုတော့ အဲဒီနားလေးမှာ ၀ တပ်ဖွဲ့ရှိတယ်။ အဲဒါကတော့ အစွန်အဖျား လောက်ပါ။ အင်အားအနည်းငယ်။ လက်နက်ကိုင်အဖွဲ့ထဲမှာ အင်အား အများဆုံးကလည်း ၀ တပ်ဖွဲ့ပါပဲဆိုတော့ ယွက်ဆစ်ကို ရတာ၊ မရတာနဲ့ကတော့ Balance လုပ်လို့မရပါဘူး။ ဘယ်အဖွဲ့မှ လုပ်လို့မရဘူး။ အဲတစ်ခုတော့ ရှိတယ်။ ကျန်တာတွေ အားလုံးရပြီဆိုရင်တော့ ၀ ကတော့ မနေသာဘူးပေါ့။ ပေါ်လွင်လာမယ်။ ထင်ပေါ်လာမယ်။ ၀ ကလည်း အဲလိုလုပ်ဖို့ မလိုဘူး။ ကျွန်တော်ကိုယ်တိုင် ငြိမ်းချမ်းရေး ကော်မတီအနေနဲ့ လက်မှတ် ထိုးပေးထားတာကိုး။ ဆက်လက်ပြီးတော့ ဒီစာချုပ်က တည်မြဲနေမှာပဲ။ မပျက်ပြယ်ဘူး။ ဘာမှမပျက်ပြယ်ဘူး။ ၀ကလည်း မတော်လှန်ဘူး။ ဘယ်တော့မှလည်း ခွဲမထွက်ဘူး။ ဒီ့ထက် တိုးတက်တဲ့ လမ်းကြောင်းကိုပဲ သွားတော့မယ်လို့ ကျွန်တော်ထင်တယ်။ ရွက်ဆစ်နဲ့တော့ ဘာမှမဆိုင်ဘူး””ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်သည် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံပြီးနောက် ရန်ကုန်နှင့်မန္တလေးတို့တွင် မီဒီယာများ၊  နိုင်ငံရေးစိတ်ပါဝင်စားသူများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများပြုခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ထံသို့လည်း သွားရောက်၍ မူးယစ်ဆေးဝါးကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
Myanmartandawsint Newspaper

ဗုဒ္ဒဘာသာမိန်းမများ အထူးထိမ်းမြားမှုအက်ဥပဒေရှိပြီးဖစ်လို့ အမျိုးစောင့်ဥပဒေ လို/မလို ဆန်းစစ်သင့်

ဥပဒေတွေ အမျိုးမျိုး ရှိနေပါတယ်။ လတ်တလော အငြင်းပွားနေကြတဲ့ မျိုးစောင့်ဥပဒေကြမ်းကတော့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ ရေးသားထားတာဖြစ်ပြီး တစ်မူထူးခြားလို့ နေပါတယ်။ ဘယ်လိုအချက် အလက်တွေအပေါ်အခြေခံကာ ဆရာတော်သံဃာတော်တွေ ဒီလိုဥပဒေတွေ ထုတ်ရလောက်အောင်ထိ စိုးထိတ်တော်မူခဲ့ကြတာလဲ။

ဒီအမျိုးစောင့်ဥပဒေအပေါ် ရှုထောင့်ပေါင်းစုံက ဝေဖန်ဆန်း စစ်မှုတွေ ကိုတော့ လူမှုကွန်ရက် ဝက်ဆိုက်တွေပေါ်မှာ တွေ့နေရတယ်။ လူ့အခွင့်အရေးရှုထောင့် ၊ ဥပဒေရေးရာ ပညာရှင်တွေရဲ့ ရှုထောင့်၊ အမျိုး သမီးအဖွဲ့အစည်းတွေ ရဲ့ ရှုထောင့်ပေါင်းစုံ ကနေ ပြောဆိုဆွေးနွေးနေကြ တာကိုတော့ ကြားသိနေရပါတယ်။

မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံး မှုမရှိစေဖို့ ၁၉၅၄ ခုနှစ်ကပင် “၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူး ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ ”ကို ပြဌာန်းပြီး ဘာသာခြားတွေနဲ့ လက်ထပ်တဲ့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတွေအပေါ် ဥပဒေနဲ့ ကာကွယ်ပေး
ထားလို့ ဆရာတော်တွေ ရေးသားထားတဲ့ မျိုးစောင့်ဥပဒေဆိုတာဟာ လိုအပ်ခြင်းရှိမရှိ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်တယ်လို့ ပြောဆိုဆွေးနွေးမှုတွေ ရှိနေခဲ့ပါပြီ ။

သံဃာတော်တွေ ရေးသားထားတဲ့ အမျိုးစောင့်ဥပဒေဆိုတဲ့ စာတမ်းတစ်စောင်ရဲ့ ဂယက်ဟာ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့ပြီး ကန့်ကွက်သူတွေ၊ ထောက်ခံသူတွေနဲ့ အငြင်းပွားဖွယ် ဖြစ်လာပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေကလည်း ကြေညာချက်တွေ ထုတ်ပြန်ပြီး ကန့်ကွက်တဲ့အဆင့်ထိ ဖြစ်ပေါ်နေပါတယ်။ ဒီစာတမ်းကို ပြည်သူတွေရဲ့ ထောက်ခံမှုတွေ ရယူပြီး လွှတ်တော်အထိတင်ကာ ဥပဒေကဲ့သို့ အာဏာတည်ဖို့ လုပ်ဆောင်မယ်ဆိုတာ ဟာလည်း ပြန်လည်ဆန်း စစ်အဖြေရှာသင့်တဲ့ ကိစ္စဖြစ်လာတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေအတွက် ကာကွယ်ပေးထားတဲ့ ဥပဒေတွေရှိပြီးလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်လောက်ကတည်းက ပြဌာန်းခဲ့တဲ့ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာ အစ္စလာမ်၊ ဟိန္ဒြူ ၊ ခရစ်ယာန်၊ တရုတ် စတဲ့ ဘာသာခြားတွေနဲ့ လက်ထပ်ထိမ်းမြားပါက မည်သို့ဆုံးဖြတ်မည်၊ မည်သည့်အခွင့်အရေးများရမည် ဆိုတဲ့အချက်တွေကို အကျယ်တဝင့် ရေးသားထားပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ နစ်နာဆုံးရှုံးမှုမရှိစေရန် ၁၉၅၄ ဥပဒေကို ပြဌာန်းခဲ့ပြီး ဘာသာခြားနှင့် လက်ထပ်ရသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတို့အနေနှင့် လင်ယောင်္ကျား၏ ဘာသာသို့ဘာသာ ကူးပြောင်း စရာမလိုဘဲ တရားဝင်လက်ထပ်ထိမ်းမြားနိုင်ခြင်း၊ တရားဝင် ဇနီးမယား အဖြစ်ဖြင့် လင်ယောင်္ကျား၏ အမွေကို တရားဝင်ဆက် ခံနိုင်ခြင်း စတဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးထားပါတယ်။

အမျိုးစောင့်ဥပဒေမှာဖော်ပြထားတာက မြန်မာအမျိုးသမီးတွေ ဘာသာခြားနဲ့ လက်မထပ်ရ၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မယ့် သူဟာ ဘာသာခြားလူမျိုးဖြစ်နေရင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားဖို့ လိုအပ်တဲ့အပြင် လက်ထပ်မယ့် အမျိုးသမီးရဲ့မိဘ အုပ်ထိန်းသူကလည်း လက်ခံဖို့ လိုအပ်တယ်လို့ ရေးသားထားတယ်။

ဒေါ်အောင်ဆန်းစုကြည်က လူ့ အခွင့်အရေးချိုးဖောက်တာလို့ ပြောကြား

ဒီလိုဆိုရင် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးကို လက်ထပ်မယ့် အခြား ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူရမယ်လို့ အဓိပာယ်သက်ရောက် ပါတယ်။ ဒီကိစ္စကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က (RFA နဲ့ တွေ့ဆုံမေးမြန်းခန်း) မှာ “ဒီကိစ္စဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်” လို့ ဖြေကြားခဲ့ပါတယ်။

“ကျွန်မတို့ နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်။ အထူးသဖြင့် တရားတော်ထဲမှာ မပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီလား၊ မကိုက်ညီလား ကြည့်ရမှာတစ်ဖက် ၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့။ ”လို့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ (RFA) အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဥပဒေပညာရှင်က မလိုဟုသုံးသပ်

'အမျိုးစောင့်ဥပဒေဆိုပြီး တင်စရာမလိုပါဘူး။ ဗုဒ္ဓဘာသာမြန်မာတွေ ဘာသာခြားနဲ့ လက်ထပ်ရင် ဥပဒေကရှိပြီးသား။ ၁၉၅၄ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုဥပဒေဆိုပြီး ရှိပြီးသား။ ဒီဥပဒေပင်ရင်းက ၁၉၃၉ ခုနှစ်လောက်ကစတာ။ ၉၁ ဌာနအုပ်ချုပ်ရေးခေတ်လောက်ကပေါ့။ ကိုယ့်မင်းကိုယ့်ချင်း အမတ်တွေဖြစ်တဲ့ သခင်မြက လွှတ်တော်မှာ တင်ခဲ့တဲ့ဥပဒေပါ။ ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေကို ဘာသာခြားတွေက လက်ထပ်ပြီး အခွင့်အရေးမရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီဥပဒေဖြစ်လာတာပါ။ အဲဒီတုန်းက လွှတ်တော်ထဲမှာ ဗိုလ်ကပြားတို့၊ အခြားဘာသာဝင်တွေရဲ့ ကိုယ်စားလှယ်တွေလည်းပါတယ်။ မဲခွဲရာမှာ မဲအသာနဲ့ ဥပဒေအတည်ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတစ်ယောက် ဘာသာခြားနဲ့ လက်ထပ်ရင် မှတ်ပုံတင်အရာရှိဆီမှာဘာတွေဆောင်ရွက်ရမယ်ဆိုတာ ပြည့်စုံစွာပါရှိတယ်။ လက်ထပ်ပြီးနောက်ပိုင်း ကွာရှင်းခဲ့ရင်လည်း ရပိုင်ခွင့်တွေရဖို့ ဥပဒေမှာ ပါရှိပြီးသားပါ။ ''လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

' လူတိုင်းမှာ လူ့အခွင့်အရေးရှိရပါမယ်။ ဥပဒေတွေက ရှိပြီးသားဖြစ်ပါတယ်။ အခုလည်း သက်ဆိုင်ရာတရားရုံးတွေက ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။ လက်ထပ်ခွင့်ပေးနိုင်တဲ့နေရာတွေမှာ ဗုဒ္ဓဘာသာအမျိုးသမီးနဲ့ ဘာသာခြားတွေကို အလွယ်တကူ လက်ထပ်ခွင့်မပေးမိဖို့ ညွှန်ကြားထားပါတယ်။ 'လို့ ရှေ့ နေကြီး က ဆက်ပြောပါတယ်။

အခုချိန်ဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် အရေးကြီးချိန်ဖြစ်လို့ အငြင်းပွားဖွယ်ကိစ္စတွေနဲ့ အချိန်ကုန်မှာကိုတော့ နှမြောမိတယ်။ တိုင်းပြည်အတွက်ခေတ်နောက်ပြန်သွားမယ့် လူမျိုးကြီးဝါဒတွေ ပျံ့နှံ့ပြီး မလိုလားအပ်တဲ့ ပြသနာတွေကို ဖိတ်ခေါ်ရမယ့် အချိန်မဟုတ်တာတော့ အသေအချာပါပဲ။

မျိုးစောင့်ဥပဒေမူကြမ်းတင်သွင်းရန် ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ ဇွန်လ ၁၆ ၊ ၂ဝ၁၃ ခုနှစ်၊ တနင်္ဂနွေနေ့

၁။ ၂ဝ၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေ ဆိုင်ရာ အကြိုညှိနှိုင်းပွဲမှ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအား ဘာသာခြားနှင့် အိမ်ထောင်ပြုခြင်းကို ကန့်သတ်သည့် ဥပဒေမူကြမ်းကို တရားဝင် အတည်ပြုနိုင်ရေးအတွက် လွှတ်တော်ကို တင်ပြမည့်အစီအစဉ်ကို ကြေညာခဲ့သည်။

၂။ ၄င်းကဲ့သို့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ၏ တစ်ဦးချင်းလွတ်လပ်မှု အခွင့်အရေးကို ချုပ်ချယ်ရန် ကြိုးစားမှုသည် ကုလသမဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ ပါ အရွယ်ေ၇ာက်ပြီးသူ အမျိုးသားအမျိုးသမီးတိုင်း၏ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။

၃။ အမျိုးသားရေးနှင့် ဘာသာရေးအစွန်းရောက်မှု အတွေးအခေါ်ကို အခြေ ခံသော မျိုးစောင့်ဥပဒေအယူအဆသည် လူတစ်ဦးချင်း လွတ်လပ်မှုအခွင့် အရေးကို ဝင်ရောက်စွက်ဖက်မှုဖြစ်သကဲ့သို့ လူတစ်ဦး(သို့) အမျိုးသမီး တစ်ဦးချင်းစီ၏ ပုဂလ ရွေးချယ်မှုအပေါ် စွက်ဖက်ထိန်းချုပ်ခြင်း လည်း ဖြစ် သဖြင့် လက်ခံနိုင်ဖွယ်မရှိချေ။

၎။ အမျိုးစောင့်ဥပဒေကြမ်း အယူအဆသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတို့၏ ပုဂလိက လွတ်လပ်မှုကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည့်အပြင် အမျိုးသမီး တို့၏ ဆင်ခြင်တုံတရားကို အထင်သေးစော်ကားခြင်းလည်းဖြစ်သည်။

၅။ လက်ရှိမြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု အပေါ် နှောင့်ယှက်ဟန့်တား လိုသော မသမာသော လူတစ်စု၏ရန်ကို ကာကွယ်နိုင်ရန်အတွက် လူမျိုး ဘာသာမရွေး ကျားမမရွေး အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစု အားလုံးအပါအဝင် ပြည်သူတစ်ရပ်လုံး မတူကွဲပြားသည့် ဖြစ်တည်မှုများကို အပြန်အလှန်လေးစား တတ်သည့်အလေ့အထကို မွေးမြူရင်း ညီညွတ်ရမည့် အချိန်ဖြစ်သည်။

၆။ အမျိုးစောင့်ဥပဒေကိုသာ အတည်ပြုခဲ့ပါက ဗုဒ္ဓဘာသာသည် အခြားဘာသာဝင်များနှင့် ရောစပ်ယှဉ်တွဲနေထိုင်ရန် ယုံကြည်မှုကိုယ်ခံအားနည်းသော။ နိမ့်ကျသောစိတ်ကိုအခြေခံသော မလုံမခြုံခံစားနေရသော ဘာသာသာသနာဖြစ်သည်ဟု ဆိုလိုရာရောက်ပေလိမ့်မည်။

၇။သို့သော်လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ နိုင်ငံရေး၊ ဘာသာရေးနဲ့ စိတ်ပညာအမြင်များကို အခြေခံကာ အမျိုးစောင့် ဥပဒေမူကြမ်း တင်သွင်းရေး ကို ပြင်းထန်စွာ ရှုတ်ချပြီး ဗုဒ္ဓဘာသာဝင် အမျိုးသမီးထု အနေဖြင့် မိမိတို့ လွတ်လပ်မှုကို စွက်ဖက်ထိန်းချုပ်လိုသော အမျိုးသမီးထု၏ ဆင်ခြင်တုံတရားကို ထိပါးစော်ကားသော ဒီအမျိုးစောင့်ဥပဒေကို ညီညွတ်စွာ ဆန့်ကျင်ကြပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ဒီမိုကရေစီအသွင် ကူးပြောင်းမှုကို ဟန့်တားလိုသော မသမာသူလူတစ်စု၏ မရိုးဖြောင့်သော နည်းပရိယာယ်ကို အစဉ်မပြတ် သတိရှိကြ၇န် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 'လို့ (KWEGအမျိုးသမီးအဖွဲ့)၊ အက္ခရာအမျိုးသမီးအဖွဲ့၊ကရင်အမျိုးသမီး ဖွံ့ဖြိုးရေးအဖွဲ့၊ ဖန်တီးအိမ်၊ ၈၈ မျိုးဆက် အမျိုးသမီးအဖွဲ့၊ တက္ကသိုလ်ကျောင်းသားများ သမဂ (တကသ)တို့က ကန့်ကွက်ကြောင်းကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီမျိုးစောင့်ဥပဒေကြမ်းအပေါ် အမျိုးသမီးအဖွဲ့ အစည်းတွေက ကန့် ကွက်နေကြပါတယ်။ဒီ ကန့် ကွက်မှုဟာ ဒီမိုကရေစီဆန်တာဖြစ်လို့  ဆရာတော်၊သံဃာတော်တွေကလည်း ခွင့်လွှတ်နားလည်လက်ခံပေးဖို့  တိုက်တွန်းလိုပါတယ်။ပြည်သူလူထု ကြီးပွားချမ်းသာမှသာ သာသနာ နေလို လလို ထွန်းလင်းမှာဖြစ်လို့  ပြည်သူ့ အသံကိုလည်း ဆရာတော်၊ သံဃာတော်တွေက နားထောင်လက်ခံညှိုနှိုင်းလို့  ရှေ့  သို့ ချီလေသော မြန်မာနိုင်ငံတော်ဖြစ်လိုလှပါတယ်။
မင်းဒင်(မန်း)
မြနန္ဒါဂျာနယ် အတွဲ(၂)၊အမှတ် (၂၃)
မန္တလေးခေတ်

အထက်တန်းအောင် ရွှေ့ပြောင်းမြန်မာကျောင်းသားများ ထိုင်းတက္ကသိုလ်သို့ တိုက်ရိုက် တက်ရောက်ရန် ညှိနှိုင်း

ရန်ကုန်၊ ဇွန် ၂၁ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ အခြေခံ ပညာ အထက်တန်းအဆင့် ပြီးဆုံးပါက ထိုင်းတက္ကသိုလ်များသို့ တိုက်ရိုက် တက်ရောက်နိုင်ရန် ထိုင်း-မြန်မာ နယ်စပ် ရွှေ့ပြောင်းဒေသ ဆရာများနှင့် ချင်းမိုင်မြို့ရှိ တက္ကသိုလ်များ ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း မဲဆောက် ရှိ ရွှေ့ပြောင်း စာသင်ကျောင်းမှ ဆရာ တစ်ဦးဖြစ်သူ ဦးနိုင်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။

လတ်တလော လာရောက် ညှိနှိုင်းထားသော ထိုင်းတက္ကသိုလ် နှစ်ခုရှိသည့် အနက် ချင်းမိုင်မြို့ရှိ Payap University သည် နယ်စပ်ဒေသ ရွှေ့ပြောင်း ကျောင်းများ၏ ဝန်ထမ်းများနှင့် အလုပ်သင် ၁၀၀ ကျော်ကို ဝင်ခွင့်စာမေးပွဲများ စစ်ပေးကာ ဖွံ့ဖြိုးရေး ဘာသာများ သင်ကြားပေးရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ထို့အပြင် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ၏ ပံ့ပိုးမှုဖြင့် အင်ဂျင်နီယာ ဘာသာရပ်များ အထူးပြု သင်ကြားသော Learner University နှင့် တာ့ခ်ခရိုင် အတွင်းရှိ Children Development Center (CDC) အထက်တန်းကျောင်း တို့ ချိတ်ဆက် တိုက်ရိုက် တက်ရောက်ရန် ညှိနှိုင်းလျက်ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသ တစ်လျှောက် ရွှေ့ပြောင်းလုပ်သား ကလေး များသည် အထက်တန်းအဆင့် ပြီးဆုံးပါက အမေရိကန် အသိအမှတ်ပြု ဂျီအီးဒီ စာမေးပွဲနှင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကော်ဆော်နော အောင်လက်မှတ် စာမေးပွဲတို့ကို ထပ်မံဖြေဆိုပြီးမှသာ တက္ကသိုလ်ပညာရေး သင်ယူနိုင်ကြောင်း၊ မြန်မာ တက္ကသိုလ်များသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း အဆိုပါဒေသရှိ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

"နှစ်နိုင်ငံ အသိအမှတ်ပြု ပညာရေးဖြစ်ဖို့ဆို သင်တဲ့ဆရာတွေ ကိုယ်တိုင် က နိုင်ငံအားလုံးရဲ့ ပညာရေးကို ကျွမ်းကျင်သူတွေ ဖြစ်ရမယ်" ဟု ချင်းမိုင် အခြေစိုက် Thinking Classroom Foundation တာဝန်ခံ ဒေါက်တာ သိန်းလွင်က The Voice သို့ ပြောကြားသည်။

ထို့အပြင် ယင်းဒေသရှိ အထက်တန်း အောင်မြင်ပြီးသူများ မြန်မာနိုင်ငံတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များသို့ တက်ရောက်နိုင်ရန် မူဝါဒများ ချမှတ်ပေးသင့်ကြောင်း ၎င်းက ဖြည့်စွက် အကြံပြုသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် အထက်တန်းလွန် အဆင့်ထိ သင် ကြားနိုင်သော ရွှေ့ပြောင်းကျောင်း ရှစ်ကျောင်းရှိပြီး နှစ်စဉ် အထက်တန်း အောင်မြင်သော ကျောင်းသား ကျောင်းသူ သုံးရာ ဝန်းကျင် ရှိသော်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မရရှိသောကြောင့် တက္ကသိုလ် ပညာရေး ဆက်လက် သင်ကြားရန် အခက်အခဲများ ကြုံတွေ့လျက်ရှိသည်။
The Voice Weekly

ဗိုလ်ချုပ်ဈေးသစ် ဆိုင်ခန်းများ ယာယီဈေးသို့ ယခုလကုန် ရွှေ့မည်

ရန်ကုန်၊ ဇွန် ၁၉
မြန်မာနိုင်ငံ၏ ဒုတိယမြောက် ဆေးပစ္စည်း လက်ကားဆိုင်ကြီးများ အများဆုံး ဖွင့်လှစ်ထားသည့် ဗိုလ်ချုပ်ဈေးသစ် နေရာတွင် အထပ်မြင့် အဆောက်အအုံ များ တည်ဆောက်မည်ဖြစ်သောကြောင့် လက်ရှိ ဆိုင်ခန်းများကို ယာယီဈေးနေရာသို့ ယခုလ (ဇွန်လ) ကုန်တွင် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဈေးသစ်ရှိ ဈေးသာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြား သည်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းနှင့် အနော်ရထာ လမ်းထောင့် ရှိ လေဟာပြင်ဈေးဝင်းတွင် ရှစ်ပေပတ်လည် ဆိုင်ခန်းပေါင်း ၄၃၆ ခန်းပါသော ယာယီဈေး တည်ဆောက်လျက်ရှိရာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေ ပြီဖြစ်ကြောင်း၊ ဇွန်လကုန်တွင် ဈေးသူ ဈေးသားများကို ယာယီဈေး တွင် နေရာချထားပြီး ၂ နှစ်ခန့် ဈေးရောင်းချရမည်ဖြစ်ကြောင်း အဆိုပါ ဈေးသာယာရေး ကော်မတီထံမှ သိရှိရသည်။

အဆိုပါ ဈေးနေရာတွင် အဆင့်မြင့် အဆောက်အအုံ တည်ဆောက်ပြီးပါက မူလဆိုင် အကျယ်အဝန်းအတိုင်း နေရာ ပြန်လည်ချထားပေးမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

"အရင်ဈေးနဲ့လည်း မဝေးဘူး။ လက်လီရော လက်ကားပါ ရောင်းတာဖြစ်လို့ ကိုယ့်ဖောက်သည်နဲ့ ကိုယ်ဆိုတော့ အရောင်းပါးဖို့လည်း မရှိပါဘူး" ဟု ဗိုလ်ချုပ်ဈေးသစ်ရှိ နိုင်ငံခြား ဆေးရောင်းချသူ တစ်ဦးက ပြောကြားသည်။

ဗိုလ်ချုပ်ဈေးသစ်နှင့် လေဟာပြင်ဈေး နေရာတွင် ဟိုတယ်၊ ကွန်ဒိုမီနီယံ၊ ရုံးခန်းများ ပါဝင်သော ၃၂ ထပ် အဆောက်အအုံ တစ်လုံး၊ ရုံးခန်းများ ပါဝင်သော၂၈ ထပ်အဆောက်အအုံတစ်လုံး၊ Residential Twin Tower နှစ် လုံး၊ ဗိုလ်ချုပ်ဈေးသစ် ဆိုင်ခန်းများ အစားထိုးရန် အဆောက်အအုံ တစ်လုံး တို့ကို ရွှေတောင် ဖွံ့ဖြိုးရေး ကုမ္ပဏီက တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနထံမှ သိရသည်။
The Voice Weekly

လျှပ်စစ်ကား တကြိမ်အားဖြည့်ရုံနဲ မိုင် ၂၀၀ ကျော်မောင်းနှင်နိုင် (ရုပ်/သံ)

Tesla ကုမ္ပဏီပူးတွဲတည်ထောင်သူ ဘီလျံနာသူဌေး Elon Musk တက်စ်လာ ကားကုမ္ပဏီရှေ့မှာ တွေ့ရစဉ်။ (ဂျွန် ၂၂၊ ၂၀၁၃)
22.06.2013
အင်တာနက်ကနေ စီးပွားရေးဝန်ဆောင်မှုလုပ်နေတဲ့ Pay Pal ကုမ္ပဏီကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ လျှပ်စစ်ကားထုတ်လုပ်တဲ့ Tesla ကားကုမ္ပဏီပိုင်ရှင် ဘီလီယံနာသူဋ္ဌေးကြီး Elon Musk က ခရီးရှည်သွားနိုင်လာနိုင်တဲ့လျှပ်စစ်ကား ပြုလုပ်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

Los Angeles မြို့မှာရှိတဲ့ Tesla ကုမ္ပဏီရဲ့ ဒီဇိုင်းထုတ်လုပ်တဲ့ စတူဒီယိုမှာ ကြာသာပတေးနေ့က ပြုလုပ်တဲ့အခမ်းအနားမှာ Musk က အားကုန်သွားတဲ့ ဘက်ထရီနေရာမှာ အားအပြည့်ဖြည့်ထားတဲ့ ဘက်ထရီနဲ့ အစားထိုးထားတဲ့ ဘက်ထရီလဲတဲ့စနစ် အသစ်ကို ကြေညာခဲ့ပါတယ်။ အဲဒီ ဘက်ထရီအသစ်လဲတဲ့စနစ်က ဓာတ်ဆီလီတာ ၅၀ လဲတာနဲ့ အချိန်အတူလောက်ပဲရှိမှာဖြစ်သလို တန်ဖိုးအားဖြင့်လည်း အတူတူလောက်ပဲရှိမှာဖြစ်ပါတယ်။

Tesla’s က ဘက်ထရီအားအသစ် ပြန်သွင်းတဲ့နေရာမှာ ဘက်ထရီကို အလကား ပြန်သွင်းနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဘက်ထရီ အားပြန်သွင်းဖို့အတွက်ဆိုရင်တော့ နာရီဝက်လောက်ကြာမှာ ဖြစ်ပါတယ်။ ဘက်ထရီ အားအပြည့်ရှိတဲ့ကားတစင်း ပျမ်းမျှအားဖြင်တော့ မိုင် ၂၅၀ ကျော်ကျော်လောက် သွားနိုင်မှာဖြစ်ပါတယ်။

Tesla ကုမ္ပဏီဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဘက်ထရီအားဖြည့်နိုင်တဲ့ နေရာ ၈ နေရာရှိပြီး နောက်ထပ်လည်း ထပ်ပြီးတော့ ဖွင့်သွားဖို့ အစီအစဉ်တွေရှိတယ်လို့ ဆိုပါတယ်။ လာမယ့် နှစ်အကုန်မှာတော့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်အခြမ်းကနေ အရှေ့ဘက်အခြမ်းအထိ သွားနိုင်အောင် လုပ်လာဖို့ အလားအလာရှိနေပါတယ်။
VOA (မြန်မာပိုင်း)

ဒါ..မျိုး.. စော်..ကား..ခံ..မလားဟေ့...

ဓ်ါတ်ပုံ google

မြေနီကုန်း အရေးအခင်း ကျဆုံးသူများကို ဂုဏ်ပြု

ရန်ကုန်၊ ဇွန် ၂၁
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၏ ကျောင်းသားပြည်သူများ ပူးပေါင်း လှုပ်ရှားခဲ့သည့် မြေနီကုန်း အရေးအခင်း၌ ကျဆုံးခဲ့သည့် ကျောင်းသား၊ ပြည်သူများ အတွက် (၂၅) နှစ်ပြည့် အမှတ်တရ ဂုဏ်ပြု သည့်အနေဖြင့် မြေနီကုန်း လမ်းဆုံရှိ လမ်းလယ်ကျွန်းတွင် အဖြူရောင် နှင်းဆီပန်းများဖြင့် တစ်မိနစ် ငြိမ်သက် အလေးပြုခဲ့ကြောင်း အဖြူရောင်တွဲလက်များ အဖွဲ့မှ ဦးဘိုဘိုက ပြောကြားသည်။

ယင်းသို့ ပြုလုပ်ခြင်းသည် အဖွဲ့အစည်း တစ်ခုအနေနှင့် ပြုလုပ်ခြင်း မဟုတ်ဘဲ ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မြေနီကုန်း ကျောင်းသား အရေးအခင်းတွင် ကျဆုံးသွားသည့် ကျောင်းသားများအတွက် အမှတ်တရ ပြုလုပ်ခြင်း ဖြစ်ကြောင်း အဆိုပါ အထိမ်းအမှတ် ပွဲတွင်ပါဝင်သူ ကျောင်းသားဟောင်း ဦးချိုကြီးက ပြောဆိုသည်။

၁၉၈၈ ခုနှစ် မတ်လ ကျောင်းသား လှုပ်ရှားမှုများကို အကြမ်းဖက် နိမ်နှင်းပြီးနောက် ကျောင်းများ ပြန်ဖွင့်ချိန် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း ပေါ်တွင် ကျောင်းသား ခေါင်းဆောင်များက တစ်ပါတီ စနစ် ဆန့်ကျင်ရေး၊ ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွှတ်ရေး နိုင်ငံရေး တရားပွဲများ ကျင်းပ ရာကျောင်းများ ပိတ်လိုက်သည့် ဇွန်လ ၂၁ ရက်နေ့တွင် ပြည်လမ်းအတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြ ချီတက်လာရာ မြေနီကုန်း လမ်းဆုံတွင် လုံထိန်းများက အကြမ်းဖက် နှိမ်နင်းသဖြင့် ပြည်သူများ ဝင်ပူးပေါင်းပြီးနောက် လုံထိန်း အချို့ သေဆုံးပြီး အထက်တန်း ကျောင်းသားအချို့ အပါအဝင် ကျောင်းသား ၁၀ ဦးလည်း ကျဆုံးခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးက ပြောကြားသည်။
The Voice Weekly

ခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ အမျိုးသမီး မြစ်ထဲကျ သေဆုံးမှု တာဝန်ကျ ရဲများကို ခုံရုံးဖွဲ့စစ်

ပုသိမ်၊ ဇွန် ၂၁
ရွှေ ၃၀ ကျပ်သား ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခံရသူ အမျိုးသမီးတစ်ဦး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်အတွင်း ပြုတ်ကျ သေဆုံး မှုကြောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကို အကျယ်ချုပ်ဖြင့် ဖမ်းဆီးကာ စုံစမ်းရေး ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ပုသိမ်မြို့ ငဝန်မြစ် တစ်ဖက်ကမ်း သပြေပင် ကျေးရွာရှိ ဦးအုန်းသန်း နေအိမ်တွင် ရွှေ ၃၀ ကျပ်သားခန့် ပျောက်ဆုံးမှုကြောင့် မသင်္ကာ၍ ဖမ်းဆီးထားသူ ဒေါ်သန်းသန်းအေး၏ ထွက်ဆိုချက်ဖြင့် သက်သေခံပစ္စည်း ရရှိမည် ဆိုသည့်အတွက် ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက ဒေါ်သန်းသန်းအေးနှင့် ရဲတပ်ဖွဲ့ဝင်များ ငဝန်မြစ်အတွင်း သွားရောက် စစ်ဆေးရာမှအပြန် မြစ်အတွင်း ခုန်ချခြင်း ဖြစ်ကြောင်း ယင်းအမျိုးသမီးကို ဖမ်းဆီးထားသည့် သင်္ဘောကျင်း ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်ကြည်လင်းက ပြောကြားသည်။

ယင်းခိုးမှု စွပ်စွဲချက်ဖြင့် ဒေါ်သန်းသန်းအေးနှင့် ခင်ပွန်းဖြစ်သူ ဦးနန်းဝင်းကို သင်္ဘောကျင်း ရဲစခန်းက ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ပုသိမ်မြို့ ဈေးချောင်းလမ်း တံတားအနီးတွင် ဇွန်လ ၁၉ ရက်နေ့နံနက်ပိုင်းက အဆိုပါ အမျိုးသမီး အလောင်း ပေါ်လာပြီး လက်ထိတ်နောက်ပြန် ခတ်ထားကာ ခြေထောက်နှစ်ဖက်ပူး၍ ကြိုးချည်ထားကြောင်း မျက်မြင်တစ်ဦးက ပြောဆိုသည်။

ဒေါ်သန်းသန်းအေးနှင့် ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဒေါ်သန်းသန်းအေး မသေဆုံးမီ အချိန်ကတည်းက မိသားစုဝင်များက အမှတ်(၁) ရဲစခန်း (အသည်ကြီး)၊ အမှတ်(၂)ရဲစခန်း (ကိုးသိန်း) နှင့်သင်္ဘောကျင်း ရဲစခန်းတို့သို့ ဆက်သွယ် စုံစမ်းသော်လည်း အဖြစ်မှန်ကို ပြောကြားခြင်း မရှိကြောင်း မိသားစုဝင်များက ဆိုသည်။

အဆိုပါ အမျိုးသမီး သေဆုံးမှုကို ငပုတောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆွေ ခေါင်းဆောင်သည့် စုံစမ်းရေးအဖွဲ့က ဒေါ်သန်းသန်းအေး သေဆုံးချိန်က လှေပေါ်တွင် အတူလိုက်ပါလာသည့် ဒုရဲအုပ် နိုင်အောင်ကျော် အပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးတို့ကို စုံစမ်း စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

အမျိုးသမီးပရိသတ်တွေကြား ရေပန်းစားနေတဲ့အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်း

မယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲမှာကတည်းက ပရိသတ် အားပေးမှုရရှိခဲ့တဲ့ တေးသံရှင် အိုင်ရင်းဇင်မာမြင့်က မြင့်မြတ်၊ ကောင်းကောင်းတို့နဲ့ စုပေါင်းထွက်ရှိထားတဲ့ စီးရီး အတွဲခွေထဲက “နှလုံးသားအရင်းအနှီး” သီချင်းဟာ အမျိုးသမီးပရိသတ်တွေကြားထဲမှာ ရေပန်းစားနေပါတယ်။ ဒီသီချင်းနဲ့ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့်က “နှလုံးသားအရင်းအနှီး” သီချင်းကို ကိုဖိုးတုရေးပေးတာ အိုင်ရင်းက အဲဒီသီချင်းလေးကောင်းတယ်။ အိုင်ရင်း ဆိုရင်ကောင်းမလားမသိဘူးလို့။ ဒီတော့ အဲဒီသီချင်းကို အကြမ်းဆိုဖို့ပေးတော့ အကုန်လုံးက ကောင်းတယ်။ အိုင်ရင်းအသံနဲ့ လိုက်ဖက်မှု ရှိတယ်ဆိုလို့ အဲဒီသီချင်းကိုဆိုဖြစ် သွားတာ။

အဲဒီလောက်ထိ အောင်မြင်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။ ရွေးချယ်မှုလည်း မှန်ခဲ့တာပေါ့နော်။ အဲဒီသီချင်းက အမှတ်တမဲ့ကနေ ဘဝမှတ်တိုင်တစ်ခုထိဖြစ်စေခဲ့ပါတယ်။ နယ်တွေသွားရင် အိုင်ရင်းဇင်မာမြင့် ဆိုတာနဲ့ “နှလုံးသား အရင်းအနှီး” သီချင်းကို အလု
အ ယက်တောင်းဆိုကြတယ်” လို့ ပြောပါတယ်။

အိုင်ရင်းဇင်မာမြင့်က “ယိမ်းလိုက်” ဆိုတဲ့ တစ်ကိုယ်တော် စီးရီးကိုထွက်ရှိထားသူဖြစ်ပြီး “ယိမ်းလိုက်” အခွေမှာ အားစိုက်ထားပုံကို ” အိုင်ရင်းစိတ်ကြိုက်လုပ်ထားတာ။ အကောင်းဆုံးဖြစ်အောင် လုပ်ထားတာ။ ဒီအခွေကို ပရိသတ်လက်ခံအားပေးတယ်လို့ ကြားရတော့ ကြိုးစားရကျိုးနပ်ပါတယ်။ အမှန်တော့ ပရိသတ်က အိုင်ရင်းကို အသိအမှတ်ပြုစေချင်ရုံသက်သက်ပါ။

ပထမဆုံးတစ်ကိုယ်တော်ခွေမှာ ပေါက်မြောက်အောင်မြင်ဖို့ဆိုတာ နည်းတဲ့အကြောင်းတရားမဟုတ်ဘူးလေ။ တော်တော်ခက်ခဲပါတယ်။ အိုင်ရင်းကံကောင်း တယ်လို့ ပြောရမယ်။ မန္တလေးမြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကအစ တစ်မြို့လုံးလိုလိုမှာ ဖွင့်နားထောင်ကြတယ်ဆိုတဲ့ အသံကြား တော့အတိုင်း ထက်မသိဝမ်းသာ ရတယ်။ အိုင်ရင်းကအခု ဒုတိယ အခွေအတွက်ပြင်ဆင်နေတယ်။ ပထမအခွေ “ယိမ်းလိုက်” အောင်မြင်သလို ဒုတိယအခွေကိုလည်း ဒီ့ထက်အောင်မြင်စေချင်တယ်။ သီချင်းတွေထပ်ပြီး အိုင်မသွားချင်ဘူး။

တချို့ပထမခွေမှာအောင်မြင်သလောက် ဒုတိယခွေမှာ ငုပ်သွားတာ တွေရှိတယ်။ အဲဒါကိုတော့အိုင်ရင်းကြောက်တာ အမှန်ပဲ။ လာမယ့် ၂ဝ၁၄ လောက်မှာ ထွက်နိုင်အောင် ကြိုးစားမယ်။ အခုက အတွဲခွေအနေနဲ့ အိုင်ရင်းရယ်၊ ဇမ်နူးရယ်၊ ချမ်းချမ်းရယ် သုံးယောက်ပေါင်း အတွဲခွေအတွက် လည်း ပြင်ဆင်နေတယ်။ ဒီ့ပြင် Group ခွေအနေနဲ့ အမျိုးသမီးများနေ့အတွက် ရည်ရွယ်တဲ့အခွေထဲမှာလည်း ပါဝင်သီဆိုထားတယ်”လို့ပြောတဲ့ အိုင်ရင်းဇင် မာမြင့် က ရော့ခ်ဂီတဘက်ကို ကြိုက်တာပိုအား သန်လာတယ်လို့လည်းဆိုပါတယ်။

Pop, R & B ကိုလည်း ကြိုက်တယ်။ ရော့ခ်ဂီတဘက်ကို ပိုအားသန်လာတာက အခုမှမဟုတ်ပါဘူး။ကြာပါပြီ။ အခုလိုမျိုး IC နဲ့တွဲ ပြီး ဆိုရတဲ့အခါ ပိုပြီးစိတ်ဝင်စား လာတယ်။ အတွေ့အကြုံပိုရလာတယ်။ IC အဖွဲ့သားတွေကလည်းသင်ပြပေးပါတယ်။ ဝမ်းသာအားရကြိုဆိုကြတယ်။ ဒီအတွက်ပိုလို့ အားရှိလာခဲ့တယ်။ ပရိသတ် လက်ခံအားပေးတဲ့ အဆိုတော်တစ်ယောက်ဖြစ် အောင်ဥာဏ်စွမ်းရှိသလောက် ကြိုးစားသွားမယ်။ ပရိသတ်တွေလည်း အိုင်ရင်းရဲ့ နောက်ထွက် လာမယ့်အခွေတွေ ကို စောင့် ပြီးအားပေးပါဦး။ ပရိသတ်ရဲ့အသံကို အမြဲနားစွင့်နေပါတယ်” လို့ယိမ်းလိုက်အခွေပိုင်ရှင် အိုင်ရင်းဇင်မာမြင့် က ပြောပါတယ်။
M ဘွယ် Popular Journal

ဟောင်ကောင် မင်းသမီး ကိုယ်တိုင်ရိုက်တဲ့ "So Young"

” So Close” ဇာတ်ကားမှာ ပေါ့ပေါ့ပါးပါး လွတ်လွတ် လပ်လပ် နေတတ်သူ တစ်ဦးနေရာက သရုပ်ဆောင် ခဲ့တဲ့ ဟောင်ကောင် မင်းသမီး ကျောက်ဝေးက “So Young” ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ အဖြစ် ပထမဆုံး တာဝန်ယူ ရိုက်ကူးခဲ့ပါတယ်။
ပထမဆုံး ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့ပေမယ့် စိတ်ရှည် သည်းခံပြီး ရှုတင် အဖွဲ့သားများကို အလေး ထား ဆက်ဆံခဲသူ ဖြစ်ကာ အလုပ်ကို ကြိုးစားသူ တစ်ဦးဖြစ် တယ် လို့သူတို့က ဆိုပါတယ်။ “So Young” ရုပ်ရှင် ဇာတ်ကား နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ကျောက်ဝေးက “ထုတ်လုပ်သူ စတန်လီကွမ်းက အဖွဲ့သား အားလုံး အပေါ်မှာ ကောင်းတယ်။

ဒီကားက ကျွန်မ ကိုယ်တိုင် ရိုက်တဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားဆို တော့ စိတ်ဖိစီးမှုတွေ အများကြီး ရှိတယ်။ သူက ကျွန်မ ကို အကြံဥာဏ် ပေးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် ကူညီပေးခဲ့တယ်၊ စီးပွားရေး အရ အောင်မြင်မှု အပိုင်းကို ဖိအား မပေးခဲ့ဘူး” လို့ ပြောခဲ့ပါတယ်။ ဒီဇာတ်ကား ကို တရုတ် နိုင်ငံမှာ ရုံတင်ပြသခဲ့ရာ အမေရိကန် ဒေါ်လာ ၁၁၄ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။
Ref;Yahoo
သိဂီင်္ဝင်း Popular Journal

မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၁၇၅ ဦးကို စင်းလုံးငှား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်

Saturday, 22 June 2013
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများတွင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေများဖြင့် ရောက်ရှိနေသူ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်အနက် ပြစ်ဒဏ် သက်တမ်း စေ့ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသူ ၁၇၅ ဦးကို စင်းလုံးငှား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း မလေးရှား နိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်းပေးပို့ပါသည်။

ဧရာဝတီ ဖောင်ဒေးရှင်းနှင့် မလေးရှား နိုင်ငံရှိ မြန်မာသံရုံးတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ် အခက်အခဲ ရှိနေသူများ၊ မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသူများအနက် မြန်မာနိုင်ငံသို့ ပြန်လိုသူများကို ကနဦး အစီအစဉ် အနေဖြင့် လေယာဉ်စင်းလုံးငှားပြီး ပို့ဆောင်ရန် စီစဉ်နေခြင်းဖြစ်သည်။

''နောက်တစ်ပတ် စနေနေ့ (ဇွန် ၂၉ရက်)မှာ ပြန်ပို့နိုင်ဖို့ စီစဉ်နေပါတယ်'' ဟု မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဧရာဝတီ ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ကို ဦးဆောင်သူ ကိုရဲမျိုးဟိန်းက ပြောကြားသည်။

မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ လုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းရေး စခန်းများမှ ပြန်လိုသူများကို စနေနေ့တွင်သာ ပြန်လည်ပို့ဆောင်ခြင်း ဖြစ်ပါသည်။ ထိုသို့ ပို့ဆောင်ရာတွင် ထိန်းသိမ်းရေး စခန်းများမှ လေဆိပ်သို့ ပို့ဆောင်ခြင်းကို မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက တာဝန်ယူပြီး လေယာဉ်ပေါ်သို့ တိုက်ရိုက်ပို့ဆောင်သည့် အချိန်အထိ လက်ထိပ်ခတ် ခေါ်ဆောင်မည် ဖြစ်သည်။

ထိန်းသိမ်းရေး စခန်းသို့ ရောက်ရှိနေသူများသည် မလေးရှား နိုင်ငံသို့ တရားမ၀င် ၀င်ရောက်ပြီး နယ်စပ်၌ပင် အဖမ်းခံခဲ့ရသူများ၊ အော်ပရာစီဖြင့် အဖမ်းခံခဲ့ရ သူများဖြစ်ကာ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေများအရ ထောင်ဒဏ် အသီးသီး ကျခံခဲ့ပြီးသူများ ဖြစ်ကြသည်။

ထိန်းသိမ်းရေး စခန်းတွင် ရောက်ရှိနေသူများအနက် အများစုမှာ မြန်မာနိုင်ငံသို့ မပြန်လိုဘဲ ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည် ကတ်ပြားရရှိရန် စောင့်ဆိုင်းလျက် ရှိနေပါသည်။ ထိုသို့ ရရှိရန်မှာ ခက်ခဲသော်လည်း ထိုကတ်ပြား ရရှိပါက မလေးရှားနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် ရရှိသည့်နည်းတူ တတိယနိုင်ငံများသို့လည်း သွားရောက်ခွင့် ရမည်ဖြစ်သောကြောင့် စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုပြန်လည် ပို့ဆောင်ပေးမည့် သူများကို ဧရာဝတီ ဖောင်ဒေးရှင်းက အခမဲ့အနေဖြင့် ကူညီခဲ့ခြင်း ဖြစ်သည်။
Eleven Media Greoup

ဇွန် ၂၁ ရက် ပြင်ပငွေလဲနှုန်း ကျပ် ၉၉၀ ၀န်းကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့


Saturday, 22 June 2013
ယခုရက်ပိုင်းအတွင်း မြင့်တက်လာသော နိုင်ငံခြားငွေ လဲနှုန်းသည် ဇွန် ၂၁ ရက် နံနက်ပိုင်း ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၉၀ ၀န်းကျင်အထိ ဈေးနှုန်း မြင့်တက်လာခဲ့သော်လည်း ညနေပိုင်းတွင် ၉၇၅ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း ငွေကြေးဈေးကွက် အသိုင်းအ၀ိုင်းမှ သိရသည်။

ပြင်ပငွေလဲနှုန်းသည် ဇွန် ၂၁ ရက်တွင် တရားဝင် ငွေလဲနှုန်းနှင့် ၁၄ ကျပ်မှ ၂၉ ကျပ် အထိ ကွာဟခဲ့ကြောင်း သိရသည်။ ဇွန် ၂၀ ရက် ပြင်ပငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၉၇၅ ကျပ်တွင် တည်ရှိနေခဲ့သော်လည်း ဇွန် ၂၁ ရက် အဖွင့်ဈေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၉၉၀ အထိ ခုန်တက်လာပြီး ဇွန် ၂၀ ရက် အပိတ်ဈေးနှုန်းနှင့် ၂၅ ကျပ်အထိ ကွာဟခြင်း ဖြစ်သည်။
ဇွန် ၂၁ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၅၄ ကျပ် သတ်မှတ်ထားပြီး သိမ်ဖြူ ငွေလဲကောင်တာတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၅၁ ကျပ်၊ ရောင်းဈေး ၉၆၁ ကျပ်ရှိနေ...

ဇွန် ၂၁ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၅၄ ကျပ် သတ်မှတ်ထားပြီး သိမ်ဖြူ ငွေလဲကောင်တာတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၅၁ ကျပ်၊ ရောင်းဈေး ၉၆၁ ကျပ်ရှိနေပြီး ပြင်ပဈေးကွက်၏ နံနက် ၁၁ နာရီ အဖွင့်ဈေးမှာ တစ်ဒေါ်လာလျှင် ၀ယ်ဈေး ကျပ် ၉၈၀၊ ရောင်းဈေး ကျပ် ၉၉၀ တွင် ရှိနေခဲ့သော်လည်း ညနေပိုင်းတွင် ၀ယ်ဈေး ၉၆၅ ကျပ်၊ ရောင်းဈေး ၉၇၅ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

ဇွန်တတိယပတ် ၁၇ ရက်မှ ၁၉ ရက် ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၆၀ ၀န်းကျင်တွင် ရှိနေခဲ့ပြီး တစ်ပတ်အတွင်း ကျပ် ၃၀ အထိ ကွာဟနေသည်။ နိုင်ငံခြားငွေ လဲနှုန်းတွင် အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် မေဒုတိယပတ်တွင် သိသာစွာ စတင်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မေ ၁၃ ရက် မှ ၂၃ ရက်အထိ ၁၀ ရက် အတွင်း ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၄၂ ကျပ်အထိ ထိုးတက်လာပြီးနောက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၆၁ ကျပ် ၀န်းကျင်အထိ ဈေးတက်လာခဲ့သည်။

မေ ၂၇ ရက်နောက်ပိုင်း ပြန်လည် ကျဆင်းလာသော ငွေလဲနှုန်းသည် ယခုရက်တွင် ထက်မံမြင့်လာပြီး ထိန်းကျောင်းမှု ရှိသည့် နှုန်းရှင် ငွေလဲနှုန်းစနစ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာ ရှိရာမှ ယခု ၁၄ လအကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁၆၀ ကျော်အထိ သိသာစွာ ဈေးနှုန်းမြင့်တက် လာခြင်းဖြစ်သည်။
Eleven Media Greoup

၂၀၁၃ ခုနှစ် UNESCO ၏ ကမ္ဘာ့မှတ်ပုံတင်စာရင်းတွင် ကုသိုလ်တော်ဘုရားမှ ကျောက်စာများ ရွေးချယ်ခံရ

Saturday, 22 June 2013
မန္တလေးတောင်ခြေရှိ ကုသိုလ်တော် ဘုရားမှ ကျောက်စာများ အပါအ၀င် ကမ္ဘာ့အမွေအနှစ် အချို့ကို ယခုနှစ်အတွက် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (UNESCO) ၏ ကမ္ဘာ့ မှတ်ပုံတင်စာရင်း (Memory of World Register) တွင် ထည့်သွင်းလိုက်ပြီဟု သတင်းထုတ်ပြန် လိုက်သည်။

၂၀၁၃ ခုနှစ် ကမ္ဘာ့မှတ်ပုံတင် စာရင်းတွင် ဂျူးများကို လူမျိုးသုဉ်း သတ်ဖြတ်ခဲ့သည့် Holo-caust ဖြစ်စဉ်တွင် ခံခဲ့ရသူများ၏ မှတ်တမ်းများ၊ မြန်မာနိုင်ငံ၊ ကုသိုလ်တော်ဘုရားမှ ကျောက်စာချပ်များ၊ နီပေါမှ ရှားပါးသော လက်ရေးမူနှစ်ခုနှင့် ချေဂွေဗားရား၏ ဒိုင်ယာရီစာအုပ် အပါအ၀င် အခြားပစ္စည်းပေါင်း ၅၄ ခုကို ထည့်သွင်းခဲ့သည်ဟု သိရသည်။ ၎င်းပစ္စည်းများထဲမှ အစ္စရေးနှင့် မြန်မာနိုင်ငံတို့မှ ပစ္စည်းများကို စာရင်းတွင် ထည့်သွင်းခြင်းမှာ ပထမဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက် တစ်ရပ်တွင် ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ ကမ္ဘာ့မှတ်ပုံတင် စာရင်းသွင်းမည့် ပစ္စည်းများကို ရွေးချယ်ရာတွင် Memory of World Register ၏ နိုင်ငံတကာ အကြံပေးကော်မတီက နိုင်ငံပေါင်း ၅၄ နိုင်ငံနှင့် International Tracing Service (ITC) ၏ နိုင်ငံတကာ ကော်မတီက တင်ပြလာသည့် ယဉ်ကျေးမှု ပစ္စည်းပေါင်း ၈၄ ခုထဲမှ ပြန်လည် ရွေးချယ်ထားခြင်း ဖြစ်သည်။ ရွေးချယ်မှုကို ဇွန် ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Memory of World Register အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာအနှံ့မှ မှတ်တမ်းများအဖြစ် သိမြင်နိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။

''သူတို့ အတည်ပြုလိုက်တယ် ဆိုတာကိုတော့ UNESCO ၀က်ဘ်ဆိုက်မှာ တွေ့လိုက်ပါတယ်။ ကျွန်တော်တို့ဆီကို ခုထိတော့ အကြောင်း မကြားသေးပါဘူး။ သူတို့ဘက်က အကြောင်းတော့ ကြားမှာပါ'' ဟု ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ကုသိုလ်တော် ဘုရားမှ ကျောက်စာများကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် တင်စားကြပြီး ကျောက်စာ ရွက်ပေါင်း ၇၃၀ နှင့် စာမျက်နှာပေါင်း ၁၄၆၀ ရှိကာ မြေ ၁၃ ဧက ကျယ်သည့် မြေကွက်ထဲတွင် စိုက်ထူထားခြင်းဖြစ်သည်။

အဆိုပါ ကျောက်စာများမှာ နှစ် ၁၀၀ ကျော် သက်တမ်း ရှိသွားပြီဖြစ်သည်။ ဤ ကျောက်စာများ ဖြစ်မြောက်စေရန် ဦးစီးလှူဒါန်းသူမှာ မင်းတုန်းမင်းဘုရင် ဖြစ်ပြီး ရှစ်နှစ်အကြာတွင် စတင်ဦးစီး လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
Eleven Media Greoup

နာမည်ကျော် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ၏ပုံကို ဗုဒ္ဓဘာသာ အကြမ်းဖက်သမားအဖြစ် ဖော်ပြထားမှုအား သံဃာတော်များ၊ ဂျာနယ်လစ်များနှင့် ပြည်သူအများ လက်မခံ

Saturday, 22 June 2013
ဇူလိုင်လတွင် ထွက်ရှိမည့် Time Magazine ၏ မျက်နှာဖုံး၌ ဦးဝီရသူ၏ ပုံအား ဖော်ပြကာ The Face of Buddhist Terror ဟု စာတမ်းရေးထိုး ထားပါသည်။ ထိုဖော်ပြချက်များအား ဖေစ့်ဘွတ်သုံးသူ အလွှာအသီးသီးက အမြင်အမျိုးမျိုးဖြင့် ဝေဖန်မှုများလည်း ရှိနေခဲ့သည်။

ထိုဝေဖန်မှုများအနက် လူအများစုက Time ၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာဝင် အားလုံးကို စော်ကားသည်ဟု ခံစားရကြောင်း ပြောဆိုခဲ့ကြသည်။ ထိုထင်မြင်ချက်နှင့် ပတ်သက်ပြီး The Voice ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေက ''ကျွန်တော်ကတော့ ဒီလိုလုပ်တာကို သိပ်တော့ ဘ၀င်မကျဘူး။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ဒီလိုတပ်ပြီး ပြောတာ၊ ဘာသာရေးကို တပ်ပြီးပြောတာက မလုပ်သင့်တဲ့ ကိစ္စပါ။ အကြမ်းဖက် ကိစ္စတွေမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုက ဘယ်လောက် အထောက်အထား ရှိသလဲ။ ကျွန်တော့် အနေနဲ့ ဒီကိစ္စကို သဘောမတူပါဘူး။ ကြိုက်ခြင်း၊ မကြိုက်ခြင်းကတော့ တစ်ပိုင်းပါ။ ဒီလိုဖော်ပြတဲ့ အတွက် နိုင်ငံနဲ့ ဘာသာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ကျွန်တော်ထင်တာကတော့ ဒီကိစ္စဟာ သွေးရိုး သားရိုး မဖြစ်နိုင်ပါဘူး။ ဒီလိုဖော်ပြတာဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့လည်း မညီပါဘူး။ လူတစ်ယောက် ဂုဏ်သိက္ခာအရ ထိခိုက်သွားအောင် ဘာသာရေးနဲ့ အကြမ်းဖက်မှု တွဲပြီး ပြောသွားတာ ကျင့်ဝတ်နဲ့ မညီပါဘူး။ ဒါမျိုး မလုပ်အပ်ဘူး။ တိုင်းမ်မဂ္ဂဇင်းဆိုတာ နာမည်ကျော် မဂ္ဂဇင်းတစ်စောင်ပါ'' ဟု The Daily Eleven သတင်းစာအား ပြောကြားခဲ့သည်။

''ဗုဒ္ဓဘာသာ ရဟန်းတော်က ဒီနိုင်ငံမှာ ငါးသိန်းကျော်ရှိတယ်။ ဒီငါးသိန်းကျော် ရှိတာမှာ မပြောပလောက်တဲ့ မှုခင်းလေးတွေကို ကြည့်ပြီး ရဟန်းသံဃာတော် အားလုံး၊ ဗုဒ္ဓဘာသာဝင် အဖွဲ့အစည်း တစ်ခုလုံးကို အကြမ်းဖက်ဝါဒလို့ ဆိုတာမျိုးကတော့ တရားမျှတတဲ့ သဘောကို မဆောင်ဘူး။ ခိုင်လုံတဲ့ အထောက်အထားကို အခြေခံပြီး ရေးတာမျိုး မဖြစ်နိုင်ဘူး။ သမိုင်း အစဉ်အလာအရ ဗုဒ္ဓဘာသာဟြာ ငိမ်းချမ်းမှု ရှိခဲ့တယ်။ ရဟန်းသံဃာတော်တွေဟာ သူတို့ရဲ့ ပရိယတ္တိ၊ ပဋိပတ္တိကိုသာ အများစုက ဇောက်ချလုပ်တယ်။ ဗုဒ္ဓဘာသာဟာ အမြဲတမ်း ငြိမ်းချမ်းတဲ့ ဘာသာအဖြစ် ရှိနေမှာပါ'' ဟု ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒ ခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ၏ ပြန်ကြားရေး တာဝန်ခံ ဆရာတော် ဒေါက်တာ အရှင်ဓမ္မပိယက မိန့်ကြားသည်။

''ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက ပြောခဲ့တယ်။ ခုခေတ် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တဲ့ ဘာသာတရား တစ်ခုရှိတယ်ဆိုရင် အဲဒီဘာသာသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်။ ဒါဆိုရင် ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းတဲ့ဘာသာ ဖြစ်တယ်ဆိုတဲ့ အကြောင်း အထူးပြောစရာ မလိုတော့ဘူး။ ရဟန်းသံဃာ ဆိုတာကလည်း ငြိမ်းချမ်းတဲ့ ဘာသာရဲ့ ခေါင်းဆောင် ဖြစ်တော့ ငြိမ်းချမ်းရေး ပုဂ္ဂိုလ်များပင် ဖြစ်တယ်။ သမိုင်းကိုကြည့်ရင် ရဟန်းသံဃာများက မီးရှို့တယ်။ သတ်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ အကြမ်းဖက်တယ် ဆိုတာကလည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ရဟန်းသံဃာများသာ အသတ် ခံခဲ့ရပါတယ်။ အကြမ်းဖက် ခံခဲ့ရပါတယ်။ ဒါကိုကြည့်ရင် ရဟန်းသံဃာများရဲ့ လက်နက်ဟာ သည်းခံခြင်းဆိုတဲ့ ခန္တီတရားသာ ဖြစ်ပါတယ်။ ဒီနေ့ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကနေ အရှင်ဝီရသူနဲ့ ပတ်သက်ပြီး စွပ်စွဲတယ်။ ''သီတဂူ ဆရာတော် ဘုရားကြီးက အရှင်ဝီရသူဟာ ငြိမ်းချမ်းရေးကို အလိုရှိတဲ့ ဆရာတော် တစ်ပါးပါ။ ဒါပေမဲ့ ပြည်ပ သတင်းသမား တွေကတော့ အမျိုးမျိုး ပုတ်ခတ်နေကြတယ် လို့ အမိန့်ရှိခဲ့ ဖူးပါတယ်'' ဟု သီတဂူ အရှင် ဒေ၀ိန္ဒာဘိဝံသက မိန့်ကြားသည်။
ဦးဇင်းတို့က ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဥပဒေတွေ ထုတ်ပြန်ပြီး ကာကွယ်တာ အစွန်းရောက်တာလား။ တရားဟောပြီး ကိုယ့်လူမျိုး ကိုယ်ချစ်တတ်ဖို့၊ ကိုယ့်သာသနာကို ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ ဟောနေတာတွေက အကြမ်းဖက်တာလား...

ဒေါ်မြင့်မြင့်ခင်ဖေ၏ စာမျက်နှာပေါ်တွင်လည်း တိုင်းမ်မဂ္ဂဇင်းတွင် ပါလာပြီ ဖြစ်ကြောင်းနှင့် ၎င်းအား ပြင်သစ်သတင်းထောက်တစ်ယောက် အင်တာဗျူးစဉ်ကလည်း မြန်မာလူမျိုး အများစုက အကြမ်းဖက်မှုကို လက်ခံနေပြီ ဆိုတာ ခင်ဗျားလက်ခံလားဟု မေးမြန်းခဲ့ကြောင်းနှင့် ၎င်းက လက်မခံဟု ပြန်လည် ဖြေကြားခဲ့ကြောင်း ကိုလည်း ဖော်ပြထားခဲ့သည်။ ဒေါ်မြင့်မြင့်ခင်ဖေက ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာကို ဗုဒ္ဓဘာသာက သာလျှင် ကာကွယ်နိုင်သည်ဟုလည်း ရေးသားထားကာ ဗုဒ္ဓဘာသာကို အချိန်မီ ကာကွယ်ရန် မိမိကိုယ်မိမိ ပြုပြင်ကြရန် လိုကြောင်းနှင့် မပြုပြင်နိုင်ပါက မြန်မာနိုင်ငံကို ကမ္ဘာကြီးက အကြမ်းဖက် ဗုဒ္ဓဘာသာ နိုင်ငံဟု သတ်မှတ်ခံရလိမ့်မည် ဖြစ်ကြောင်းကိုလည်း ရေးသား ဖော်ပြထားသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း ''Buddhist Terror လို့လုပ်တာက တော်တော်ဆိုးပါတယ်။ ဒီပြဿနာက နိုင်ငံခြားက လူတွေက မွတ်စလင်ဘက်ကနေ လိုက်တယ် ဘာညာဆိုတာကတော့ ရှိနေတာပေါ့ဗျာ။ ဗုဒ္ဓဘာသာ ဘက်ကလည်း ၉၆၉ တို့ဘာတို့ ပေါ်လာတယ်ဗျာ။ မွတ်စလင်မှာလည်း အစွန်းရောက်တွေ ရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းမရဘူး။ တစ်ကမ္ဘာလုံးမှာ သတ်လိုက်တာမှ သူတို့ အချင်းချင်းလည်း သတ်နေတာပဲ။ ဗုဒ္ဓဘာသာမှာလည်း အစွန်းရောက်တာတွေ ရှိလာတယ်။ ၉၆၉ တို့ ဘာတို့ ဆိုတာတွေ၊ ဦးဝီရသူတို့တွေပေါ့။ အဲဒီလိုတွေ ပေါ်လာတာကတော့ မကောင်းဘူး။ လူတွေကြားထဲမှာ ပဋိပက္ခဆိုတာက ရှိတတ်တာပဲ။ ပဋိပက္ခကို ပဋိပက္ခလိုပဲ ရှင်းရမယ်။ အဲဒါတွေကို ဖြေရှင်းဖို့ တရားဥပဒေ ထိရောက်ဖို့ လိုတယ်။ အဲလိုမရှင်းဘဲ ဘာသာရေးအကြောင်း ပြတယ်။ နောက်ပိုင်းကျတော့ နောက်ကြောင်း ပြန်ချင်တဲ့ ကောင်တွေက ၀င်အသုံးချလိုက်တော့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ခက်သွားတယ်။ ကျွန်တော်စိုးရိမ်တာက တိုင်းမ်မဂ္ဂဇင်းလို သြဇာအလွန်ကြီးတဲ့ မဂ္ဂဇင်းက ဦးဝီရသူပုံကိုပြပြီး မြန်မာပြည်ထဲက အကြောင်းတွေ ရေးတာ နာမည်ကလည်း တော်တော်ဆိုးတယ်။ ကျွန်တော်က ကောင်းတယ် ဆိုးတယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဒီဟာကြီးရဲ့ အန္တရာယ် အတိုင်းအတာက ကြီးသွားပြီ။ ဦးဝီရသူတို့ရဲ့ တုန့်ပြန်မှုကလည်း ပြင်းထန်တော့မယ်။ အဲလိုပဲ ဦးဝီရသူကို ဆန့်ကျင်တဲ့ လူတွေကလည်း ပြင်းထန်တော့မယ်။ ဒါကြောင့် ကျွန်တော် ထင်တယ်။ နှစ်ဖက်ရန်လိုမှုကလည်း ပိုမြင့်တော့မယ်'' ဟု ပြောကြားခဲ့သည်။

သီတဂူ ဆရာတော်ကြီး၏ တပည့်တစ်ဦးဖြစ်ပြီး အာရှတော်ဝင်ဆေးရုံ၏ MD ဒေါက်တာမြတ်သူကလည်း ''ဘာသာ၊ သာသနာကို အချစ်လွန်သွားတာပါ။ တခြားဘာသာတွေကို စော်ကားတိုက်ခိုက်နေတာ မဟုတ်တဲ့ အတွက် တိုင်းမ်မဂ္ဂဇင်းရဲ့ ဖော်ပြချက်က လုံးဝမှားယွင်းပါတယ်။ ကျွန်တော်တို့ကတော့ သီတဂူဆရာတော် ဘုရားကြီးရဲ့ သဘောဆန္ဒနဲ့ အတူတူပါပဲ'' ဟု ပြောကြားခဲ့သည်။
Eleven Media Greoup

အလယ်အလတ်လမ်းစဉ်မှ သွေဖယ်ခြင်း (July 1 2013 တွင် ထွက်ရှိမည့် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ကို မူရင်းအတိုင်း ဘာသာပြန်ဆိုသည်။)

(July 1 2013 တွင် ထွက်ရှိမည့် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ကို
မူရင်းအတိုင်း ဘာသာပြန်ဆိုသည်။)
တိုက်ခိုက်မှုဆန့်ကျင်ခြင်း သည်းခံခြင်းတို့ကြောင့် ကျော်ကြားသည့် ဘာသာတရားဖြစ်သည်။ သို့သော်
ဗုဒ္ဓဘာသာအများစု အာရှနိုင်ငံများတွင် မွတ်ဆလင် အများအားဖြင့် ဆန့်ကျင်သည့် ဆူပူမှုနှင့် သည်းမခံရန် ဟောပြောမှုကို ဘုန်းကြီးတို့က လုပ်နေကြပြီဖြစ်သည်။

ဗမာဘင်လာဒင်ဟုအမည်တပ်ခံရသော ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါး မျက်နှာက ရုပ်တုမျက်နှာကဲ့သို့
တည်ငြိမ်ပြီးကြည်လင်နေပြီး တရားစဟောသည်။သူ့ရှေ့တွင် ဒကာဒကာမများရာနှင့် ချီရှိနေပြီး လက်အုပ်မိုးကာ၊ ကျောပြင်များ၌ချွေးစေးများ စီးကျနေကြသည်။

ဘုန်းကြီးက “ခုချိန်ဟာ ငြိမ်နေရမယ့်အချိန်မဟုတ်တော့ဘူး” ဟု အမုန်းတရားပြည့်နှက် သည့် လေသံနှင့်ပြောသည်။ ဗုဒ္ဓဘာသာအများစု နေထိုင်သည့်ဤမြေမှ မွတ်ဆလင် လူနည်းစုအား မုန်းစေမည့်စကားများကို နည်းလမ်းပေါင်းများစွာနှင့် တစ်နာရီခွဲခန့် ဟောပြောသည်။

“ခုချိန်မှာ မင်းတို့သွေးတွေဆူလာအောင် ထကြွရမယ့် အချိန်ပဲ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာဝင်များ၏သွေးများဆူပွက်နေပြီး မွတ်ဆလင်အများစုသွေးများလည်း
ဖိတ်စင်ခဲ့ရပြီဖြစ်သည်။

လွန်ခဲ့သည့်နှစ်အတွင်း ဗုဒ္ဓဘာသာလူအုပ်သည် ကိုးကွယ်မှုမတူသည့် လူနည်းစုကို ဦးတည်တိုက်ခိုက်ကြပြီး ဦးဝီရသူနှင့်အခြား သဘောထား တင်းမာသည့်ဘုန်းကြီးများက ဘာသာရေးဝါဒီမီးတောက်ကို မီးလောင်လေပင့်ပေးခဲ့ကြသည်။

အစိုးရစာရင်းဇယားများအရ မွတ်ဆလင်များစွာ သေဆုံးခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေးလုပ်သားများက ရာနှင့်ချီ၍ စာရင်းထုတ်ပြန်ထားသည်။ ပဋိပက္ခသည် ဦးဝီရသူနေထိုင်ပြီး တရားဟောသည့်နေရာများတွင် ဆက်လက်ပျံ့နှံ့ခဲ့သည်။

၎င်းအစွန်းရောက်ဘုန်းကြီးသည် သန်းခြောက်ဆယ်ခန့်နေထိုင်ကြသည့် မြန်မာနိုင်ငံတွင်
အနည်းဆုံးငါးရာခိုင်နှုန်းရှိသည့် မွတ်ဆလင်များ သည် နိုင်ငံနှင့်ယဉ်ကျေးမှုအပေါ်
ခြိမ်းခြောက်မှုအဖြစ်မြင်နေသည်။

“ မွတ်ဆလင်တွေဟာ သွားဖွားနှုန်းအရမ်းမြန်တယ်၊ ပြီးတော့ ဦးဇင်းတို့လူမျိုးအမျိုးသမီးတွေကို
ခိုးယူတယ်၊အဓမ္မကျင့်တယ်” ဟု သူက ဆိုသည်။

“သူတို့တွေက ဦးဇင်းတို့နိုင်ငံကို သိမ်းပိုက်ချင်ကြတယ်၊ ဒါပေမယ့် ဦးဇင်းက သူတို့အဲလိုလုပ်မှာကို ခွင့်မပြုနိုင်ဘူး၊ ဦးဇင်းတို့ဟာ မြန်မာ ဗုဒ္ဓဘာ သာအဖြစ် ဆက်လက်တည်ရှိရမယ်”ဟု ဆက်လက်ပြောကြားသည်။

ထိုကဲ့သို့သော အမုန်းတရားဟောပြောမှုများကြောင့် ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်မှုမှ လွတ်မြောက်ခါ စရှိသေးသည့် တိုင်းရင်းသား ၁၃၅မျိုးခန့် နေထိုင်ကြသည့်မြန်မာနိုင်ငံအဖို့ အထိမခံသည့် နိုင်ငံရေးဂေ ဟစနစ်ကို ခြိမ်းခြောက်နေသည်။

တချို့အစိုးရအရာရှိများက ရိုဟင်ဂျာအမျိုးသမီးများအား ကလေးနှစ်ယောက်သာ ယူရမည့်အစီအစဉ် ကို တောင်းဆိုနေကြပြီး နိုင်ငံမြောက်ပိုင်း ရှိ ခရစ်ယာန်အများစုကလည်း မကြာမီကဖြစ်ပွားသည့် ဗမာစစ်တပ်နှင့် ခရစ်ယာန်ဘာသာဝင် ကချင်စစ်တပ်ကြားတိုက်ခိုက်မှုများသည် ဘာ သာရေးကွဲပြားမှုအားဖြင့် ပိုမိုဆိုးဝါးလာစေကြောင်းဆိုသည်။

ဗမာရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာလုပ်ကိုင်ကြသည့် မလေးရှားတွင် ဇွန်လအစောပိုင်းတွင်
ဗုဒ္ဓဘာသာဝင်ဗမာများ အသတ်ခံရပြီး နောက် မြန်မာနိုင်ငံတွင်းဖြစ်ပွားသောပဋိပက္ခများသည်
နယ်စပ်ကိုကျော်လွှားသွားသည်။ မလေးအာဏာပိုင်များက မြန်မာနိုင်ငံတွင်း မွတ် ဆလင်
သေဆုံးခဲ့မှုများအတွက်ပြန်လည်လက်စားချေခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

ဘာသာရေးအစွန်းရောက်မှုများတွင် ဟိန္ဒူအမျိုးသားရေးဝါဒ၊ မွတ်ဆလင်စစ်သွေးကြွများ၊
ခရစ်ယာန်အခြေခံသမားများနဲ့ ဂျူးဘာသာရေး ရိုးရာ နည်းဥပဒေ လိုက်နာမှုများ ရှိသည်။
ဗုဒ္ဓဘာသာသည် အစွန်းရောက်မှုများလွတ်ကင်းပြီး ဗုဒ္ဓဘာသာ၏ အကြမ်းမဖက်ရေး မေတ္တာတရား တို့သည် လွန်ခဲ့သည်နှစ်ပေါင်း ၂၅၀၀ကျော်က ဗုဒ္ဓဟောကြားခဲ့သည့် ဝါဒများဖြစ်သည်။

သက်ဦးဆံပိုင်ဘုရင်များနှင့် ဖိနှိပ်သူတို့ကြားအာရှ နိုးထလာသောအခါ ဗုဒ္ဓဘာသာဘုန်းကြီးများသည်
ကိုယ်ကျင့်တရားပညတ်ချက်နှင့် ဝိနည်းများဖြင့် ကိုလိုနီဆန့်ကျင်လှုပ်ရှားမှုဦးဆောင်ခဲ့ကြသည်။

နှစ်ပေါင်းငါးဆယ်ကြာဖိနှိပ်အုပ်ချုပ်နေသော တောင်ပိုင်းအစိုးရအားဆန့်ကျင်ဆန္ဒပြသည့် အနေနှင့်
တပလ္လင်ခွေထိုင်ကာ အသေခံမီးရှို့ခဲ့သည့် ဗီယက်နမ်ဘုန်းတော်ကြီးတစ်ပါးသည် စံပြဖြစ်သည်။

၂၀၀၇ ခုနှစ်အတွင်းမြန်မာနိုင်ငံ၌ ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲကို ဘုန်းတော်ကြီးများဦးဆောင်ခဲ့ကြပြီး သပိတ်မှောက်သည့် ဘုန်းကြီး များသည် စစ်အာဏာရှင်ကို ဆန့်ကျင်ငြိမ်းချမ်းစွာလျှောက်လှမ်းကြသည်။ တိုက်ခိုက်သည့် စစ်သားများက လွဲ၍ ၎င်းတို့အား ကမ္ဘာတဝှမ်းမှ မေတ္တာများစွာပေးခဲ့ကြသည်။

ဘာသာရေးတိုင်းသည် အခြေခံသဘောတရားများနှင့်ဆန့်ကျင်သည့်အတွေးများဖြင့် အဆိပ်သင့်သည့်ပျက်စီးမှုအားများဖြစ် သွားစေနိုင်သည်။ ယခုအခါ ဗုဒ္ဓဘာသာအလှည့်ရောက်လာပြီဖြစ်သည်။

မြန်မာဘုန်းကြီးများသည် ဗုဒ္ဓဘာသာဝင်လူအုပ်ရှေ့တွင် ဘုန်းကြီးများ ဦးဆောင်ခဲ့ကြပြီး တချို့က
ပဋိပက္ခအတွက် အာဏာပိုင်များအား သံသယ ရှိခဲ့သော်လည်း အစိုးရပိုင်းက ငြင်းဆိုထားသည်။

အကြမ်းဖက်မှုများတိုးများလာသောအခါ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ယုံကြည်မှုစွမ်းအားနှင့်
ဘာသာရေးဝါဒကို ကျော်လွှားမည် ငြိမ်းချမ်းရေး ကို ဗုဒ္ဓဘာသာဝင်များရရှိပါမည်လော။

အစ္စလာမ်ဘာသာဆန့်ကျင်သည့် ၎င်း၏နောက်လိုက်များအား ထကြွစေမှုကို ဦးဆောင်စေခဲ့သည့်
အစွန်းရောက်မြန်မာဘုန်းကြီး ဦးဝီရသူ၏ မုန်းတီးရေးတရားများကို ကျော်လွှားနိုင်မည်လော။

ကမ္ဘာဝန်းကျင်မှ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေသည်။
Ref:TIME (http://www.time.com/)
Translated by ATL
 မြန်မာ့ခေတ်

TIME မဂ္ဂဇင်းရေးသားချက် ပြည်ပရောက်ဘုန်းတော်ကြီးတချို့ပယ်ချ

အရှင်ဝီရသူ (လယ်)
22.06.2013
အခုတပတ်ထုတ် Time မဂ္ဂဇင်းနဲ့ နယူးယောက်ခ်တိုင်းမ်သတင်းစာတို့မှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တချို့ရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတွေနဲ့ပတ်သက်ပြီး ပြည်ပမှာ သီတင်းသုံးနေကြတဲ့ သံဃာတော်တချို့က ဒီရေးသားမှုတွေဟာ မှန်ကန်ခြင်းမရှိဘူးလို့ ပြန်လည်ချေပလိုက်ကြပါတယ်။ ဒီတပတ်ထုတ် တိုင်းမ်မဂ္ဂဇင်းမှာ “ဗုဒ္ဓဘာသာရဲ့ ကြမ်းတမ်းသောမျက်နှာစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဓိကအားဖြင့်တော့ အရှင်ဝီရသူကို အိုစမာဘင်လာဒင်နဲ့တင်စားပြီး သွေးထွက်သံယိုမှုကို လှုံ့ဆော်သူအဖြစ် ဝေဖန်ရေးသားထားသလို The New York Times သတင်းစာထဲမှာ မြန်မာ ဗုဒ္ဓဘာသာတွေအကြား အစွန်းရောက်ဝါဒ ပေါ်ထွန်းလာခြင်းဆိုတဲ့ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်ခဲ့ကြတယ်ဆိုပြီး ဝေဖန်ရေးသားခဲ့တာဖြစ်ပါတယ်။
ဒီရေးသားချက်တွေနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့က ဆရာတော် ဦးကောဝိဒက အခုလို တုံ့ပြန်ခဲ့ပါတယ်။

“အခုလို The Buddha Terror face ဆိုပြီး လုပ်တာက တော်တော်လေး ထိခိုက်သွားတယ်။ ဒါ တိုင်းမ် မဂ္ဂဇင်းကြီးလို ကမ္ဘာမှာ သြဇာအာဏာရှိတဲ့ မဂ္ဂဇင်းကြီးက မလုပ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွတ်ဆလင်ဘာသာကို အဲလို သွားရေးလို့ရှိရင် သူတို့ တော်တော်လေး ဒုက္ခရောက်သွားလိမ့်မယ်။ ဗုဒ္ဓဘာသာကတော့ ဘုရားတွေကို ဖျက်ဆီးနေတာတောင်မှ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာက ငြိမ်နေတယ်လေ။ အဲဒီတော့ ဦးဝီရသူကို ဘင်လာဒင်နဲ့ နှိုင်းတာတို့၊ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်ကြား မုန်းတီးရေးဖြစ်အောင်လုပ်တာတို့တော့ ဘုန်းဘုန်းက မကြိုက်ဘူး။ သူလည်း အဲဒီလို ဟောမယ်မထင်ဘူး။ အခု ဗမာပြည်မှာ ဖြစ်သွားတဲ့ကိစ္စတွေကို ဘုန်းဘုန်းတို့ ပြန်ကြည့်လိုက်လို့ရှိရင် ရခိုင်မှာဖြစ်တဲ့ကိစ္စ၊ မိတ္ထီလာမှာဖြစ်တဲ့ကိစ္စ၊ နောက်တခါ ဥက္ကံမှာဖြစ်တဲ့ကိစ္စတွေဟာ ဗုဒ္ဓဘာသာတွေက စခဲ့တာမဟုတ်ဘူး တကာကြီး။ တခြားဘာသာဝင်တွေက စတော့ မခံနိုင်လို့ ဖြစ်တာနဲ့တူတယ်။ အဲဒီတော့ အလွန်သိက္ခာရှိတဲ့ မဂ္ဂဇင်းကြီးတစ်စောင်က ဒီလိုကြီး ရေးလိုက်တယ်ဆိုတော့ ဘုန်းဘုန်းတို့ နိုင်ငံခြားမှာနေတဲ့ သံဃာတွေလည်း တော်တော်လေး ထိခိုက်မှု ရှိသွားတယ် တကာကြီး။”

မေး။ ။ တင်ပါဘုရား။ အရှင်ဝိရသူအနေနဲ့ သွေးထွက်သံယိုဖြစ်စေ၊ သူတို့ကို သတ်ဖြတ်စေလို့ မရည်ရွယ်သော်လည်းပဲ ဒီလို အပြန်အလှန် သံသယစိတ်တွေ၊ မုန်းတီးစိတ်တွေ ရှိတဲ့အခါမှာ အရှင်ဝီရသူရဲ့ ဟောပြောချက်တွေဟာ မရည်ရွယ်သော်လည်းပဲ မုန်းတီးမှုကို ပိုပြီးတော့ ပံ့ပိုးရာရောက်တယ်ဆိုရင်ကော မှန်ပါသလား ဘုရား။

“အင်း၊ အခြေအနေနဲ့ အချိန်အခါအရဆိုရင်တော့ မှန်ကောင်း မှန်ပါလိမ့်မယ် တကာကြီး။ ခုဥစ္စာကတော့ တကယ်လို့ ဦးဝီရသူ လွန်တယ်ဆိုရင် ဘုန်းဘုန်းတို့ကလည်း ဦးဝီရသူဆီကို စာရေးမယ်၊ ဒါပေမဲ့လို့ အခုလောလောဆယ်ကတော့ နိုင်ငံခြားမှာနေတဲ့ သံဃာတော်တွေလည်း တော်တော်လေး ထိခိုက်သွားတယ်။ ဘုန်းဘုန်းတို့။ အဲဒီတော့ ဘုန်းဘုန်းတို့ ပြောချင်တာက မိတ္ထီလာမှာ ဗလီရှေ့မှာဖြတ်သွားတဲ့ ကိုယ်တော်ကို ရက်ရက်စက်စက် သတ်လိုက်တာကျတော့ တိုင်းမ်မဂ္ဂဇင်းတို့၊ ကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ မဂ္ဂဇင်းကြီးက မဖော်ပြဘူး။ တိုင်းမ်မဂ္ဂဇင်းအနေနဲ့ အခုလို တဖက်သတ်ရေးပြီးတော့ ဓာတ်ပုံနဲ့တကွ ဖော်ပြလိုက်တာကို ဦးဝီရသူတင်မဟုတ်ဘူး။ မြန်မာပြည်က သံဃာထုတရပ်လုံးကို တောင်းပန်သင့်တယ်လို့ ဘုန်းဘုန်းထင်ပါတယ်။”
အလားတူစွာပဲ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ဦးပညာဇောတကလည်း ဒီရေးသားချက်တွေနဲ့ပတ်သက်ပြီး အခုလိုတုံ့ပြန် ပြောဆိုထားပါတယ်။

“ဦးဝီရသူက အမျိုးသားရေးတော့ စိတ်အားထက်သန်တာ ရှိပါတယ်။ တချို့ တချို့သော ကိစ္စတွေမှာ အမျိုးသားရေးကို ဦးစားပေးတာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူလုပ်တဲ့ဟာတွေက ဥပမာ မိတ္ထီလာဖြစ်တဲ့ဟာမျိုးတွေမှာ မွတ်ဆလင်တွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာတွေ အများကြီးဗျ။ ဒါတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ မွတ်ဆလင်တွေကို မုန်းတီးတယ်ဆိုတဲ့ဟာမျိုး မဟုတ်ဘူးလို့ ထင်တယ်ပေါ့ဗျာ။ ဒါပေမဲ့ အခု တိုင်းမ်မဂ္ဂဇင်းမှာ ပါလာတယ်ဆိုတဲ့အခါကျတော့ ဘာကိုကြည့်ပြီးတော့ တိုင်းမ်မဂ္ဂဇင်းမှာ ရေးလိုက်တာလဲ၊ ဦးဝီရသူလုပ်တဲ့လုပ်ရပ်ကို ဘယ်ဟာကို အခြေခံပြီးတော့ Terror ဆိုတာမျိုးနဲ့ စွပ်စွဲလိုက်တာလဲဆိုတာ ဒါက နက်နက်ရှိုင်းရှိုင်း စဉ်းစားဖို့လိုအပ်လာတယ်။ ဒီလိုဖော်ပြလိုက်တာဟာ ဦးဝီရသူတစ်ပါးတည်းဆိုတာထက် ဗုဒ္ဓဘာသာကိုရော ထိုးနှက်တိုက်ခိုက်ဖို့တွေ ပါနေတယ်လို့ ယူဆရတယ်ပေါ့ဗျာ။ နောက်ကွယ်မှာ မမြင်ရတဲ့အရာတွေ ရှိတယ်လို့ ဦးဇင်းတို့အနေနဲ့ ယူဆပါတယ်။”

မေး။   ။ တပြည့်တော်လျှောက်ထားချင်တာကတော့ မြန်မာနိုင်ငံမှာ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ၊ သွေးထွက်သံယိုမှုတွေ ဖြစ်နေတာကတော့ အရှိတရားပေါ့ဘုရား၊ အဲဒီလို အချိန်မျိုးမှာ - ငါတို့ဗုဒ္ဓဘာသာက အမြဲတမ်းရင်ဆိုင်နေရတယ်၊ ကာကွယ်ကြ-ပြောခြင်းဟာ ပဋပက္ခကို ပိုမိုကြီးထွားလာအောင် မရည်ရွယ်သော်လည်း မီးထိုးပေးနေတဲ့သဘော သက်ရောက်မှုကော မဖြစ်နိုင်ဘူးလားဘုရား။

“မီးထိုးတယ်လို့ ပြောရအောင် မွတ်ဆလင်အဖွဲ့တွေနဲ့တောင်မှ ရှေ့ဆက်ပြီးတော့ ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးရဖို့လုပ်နေတာတွေကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်ဗျ။ နောက်ပြီးတော့ မွတ်ဆလင်တွေ ဒုက္ခရောက်တာကိုလည်းပဲ ကူညီစောင့်ရှောက်နေတာတွေ ရှိတယ်ဆိုတဲ့အခါကျတော့ မီးထိုးပေးတယ်လို့တော့ မမြင်ဘူး၊ သို့သော် အမျိုးသားရေးကိုတော့ သူ စိတ်အားထက်သန်တယ်လို့ - ဒီလိုတော့ ဦးဇင်းတို့ ခန့်မှန်းလို့ ရပါတယ်။”

မေး။    ။ တင်ပါဘုရား။ ဒီနေရာမှာ နောက်တစ်ခု တပြည့်တော် လျှောက်ထားလိုတာက ဗုဒ္ဓတရားတော်ဟာ မေတ္တာပွားများဖို့၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ- အဲဒါတွေကို အဓိကထားပြီးတော့ ဟောပြောတဲ့ ဘာသာတရားဖြစ်တယ်လို့ ရေးတဲ့သူတွေကလည်း ဆိုကြပါတယ်။ ဆိုတော့ အရှင်ဦးဝီရသူဟောတဲ့ တရားတွေဟာ ဒီဟာနဲ့ဆန့်ကျင်တယ်လို့လည်း ထောက်ပြကြပါတယ်ဘုရား။ အဲဒါနဲ့ ပတ်သက်ပြီးတော့ကော-

“ပညာရှိ၊ သတိဖြစ်ခဲ-ဆိုသလိုပေါ့ဗျာ။ ရံဖန်ရံခါတော့လည်းပဲ အမျိုးသားရေးကို သိပ်ပြီး စိတ်အားထက်သန်တဲ့အတွက်ကြောင့် ပြောတာဆိုတာ အမှားအယွင်း ရှိကောင်းရှိနိုင်တယ်။ သို့သော် အဲဒီဟာက Terror ရယ်လို့ စွပ်စွဲလောက်အောင်တော့ သူပြောတာတွေ မရှိသေးဘူးဗျ။ ဒါကြောင့် အခု တိုင်းမ်မဂ္ဂဇင်းမှာပါတဲ့ဟာကတော့ ဦးဝီရသူကို တိုက်ခိုက်နေတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာကိုပါ တိုက်ခိုက်လိုတဲ့ သဘောလည်းရှိနိုင်တယ်။ ဒါဟာ ရိုးသားမှုရှိရဲ့လားဆိုတာ စဉ်းစားဖို့လိုတယ်ဆိုတာ အဓိက မီးမောင်းထိုးပြချင်ပါတယ်။”

ပြည်ပမှာ သတင်းသုံးတော်မူတဲ့ ဆရာတော် ဦးကောဝိဒနဲ့ ဆရာတော် ဦးပညာဇောတတို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်ရှင်။
ဦးကျော်ဇံသာ
VOA

ပခုက္ကူခရိုင်အတွင်း ကမ်းပြိုတာတွေကြောင့် ကျေးရွာတစ်ချို့ နေစရာအခက်အခဲတွေ့နေ (ရုပ်/သံ)

Jun 21, 2013.
ပခုက္ကူခရိုင်အတွင်း ကမ်းပြိုတာတွေကြောင့် ကျေးရွာတစ်ချို့ နေစရာအခက်အခဲတွေ့နေပါတယ်။ ဦးမြင့်နိုင်သတင်းပေးပို့ထားပါတယ်။


DVB TV News

TIME မဂ္ဂဇင်းရဲ့  စွပ်စွဲချက်ကို အရှင်ဝိရသူ အံသြမိတယ်လို့ မိန့် ကြား (ရုပ်/သံ)

Jun 21, 2013
ကမ္ဘာကျော် TIME မဂ္ဂဇင်းမှာ ခေါင်းစဉ်နဲ့ စွပ်စွဲ ရေးသား ထားချက်နဲ့ ပတ်သက်လို့ အံ့သြမိတယ်လို့ အရှင်ဝိရသူက ဒီဗွိဘီကို မိန့်ကြားပါတယ်၊

DVB TV News


နတ်မောက်မြို့ နယ် ထုံးပေါက်ချိုင်းကျေးရွာ၌ အရပ်ရှစ်ပေလေးလက်မရှိ လူတစ်ဦးကို ထူးခြားအံ့ဘွယ်တွေ့ ရ

Friday, June 21, 2013
မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်  ထုံးပေါက်ချိုင်း ကျေးရွာတွင် အရပ်အမြင့် ရှစ်ပေလေးလက်မရှိ လူငယ်တစ်ဦး ကို ထူးဆန်းစွာ တွေ့  မြင်ခဲ့ရသည်ဟု တဆင့် စကား တဆင့်ကြားမိရာမှ အဖြစ်အပျက် အကြောင်းစုံများအား အမှန်အတိုင်း တင်ပြ နိုင်ရေး အတွက် ကျောက်ခဲ လျိုမျှောင် သဲတောများကြားမှ ခက်ခဲပင်ပန်းစွာ သွားရောက်လေ့လာ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ပူပြင်းလှသော နေအပူရှိန်ကိုပင် သတိမပြုနိုင်ကြပဲ နတ်မောက်မြို့  နှင့် ခရီးမိုင် ၁၅ မိုင်ခန့်  ဝေးကွာသော ထုံးပေါက်ချိုင်း ကျေးရွာသို့  အရောက်သွားကာ မေးမြန်း လေ့လာသိရှိရသမျှ တင်ပြနိုင်ရေး အပြေးအလွှားကြိုး စားခဲ့ရသည်။

အရပ်ရှစ်ပေလေးလက်မ မြင့်သောလူထူးကလေး ကိုဝင်းဇော်ဦးသည် ထုံးပေါက်ချိုင်းရွာ ဇာတိဖြစ်ပြီး အသက်(၃၆)နှစ်၊ အဘဦးအောင်လှ၊ အမိဒေါ်မောက်တင်တို့ ၏ သားကြီးဖြစ်သည်။ မွေးချင်းလေးယောက်ရှိသော်လည်း အခြားသူများမှာ ပုံမှန်အနေအထားသာဖြစ်ပြီး ကိုဝင်းဇော်ဦး တစ်ယောက်သာလျှင် ထူးခြားစွာထွားကြိုင်းနေခြင်း ဖြစ်ကြောင်းတွေ့ ရသည်။

  ''ကျွန်တော်က (၈၈)မှာလေးတန်းနဲ့ ကျောင်းထွက်ပြီး မိဘတွေက အဆင်မပြေတော့ ၁၅နှစ်သားအရွယ်မှာပဲ ရန်ကုန်ကို အလုပ်လုပ်ထွက်ခဲ့တယ်။ ရန်ကုန်ရောက်တော့ လသာမြို့ နယ်၂၄လမ်းမှာရှိတဲ့ ဒိန်ချဉ်ဆိုင်မှာ အလုပ်ဝင်လုပ်တယ်။ အဲဒီအချိန် အထိပုံမှန်ပဲ ရှိသေးတယ်။ ထူးခြားတာဆိုလို့  ကျွန်တော်က ဒိန်ချဉ်ကြိုက်တယ်၊ နွားနို့ အလွန်အကျွံသောက်တယ်။ ဒါလောက် တော့ရှိခဲ့တယ်။ အဲ ရန်ကုန်က အပြန်အသက်(၁၈)နှစ်လောက်မှာဖြစ်မယ်။ အဲဒီအချိန်ကစပြီးတော့ တစတစနဲ့ တနှစ်နဲ့တနှစ် ခန္ဓာကိုယ်ကကြီးလာတာ အခု(၃၆)နှစ်အထိပဲ''ဟု ကိုဝင်းဇော်ဦးကပြောသည်။

''အရင်နှစ်က နတ်မောက်က ကျောင်းဆရာကြီး တိုင်းထားတာ ရှစ်ပေတစ်လက်မပဲရှိတာ။ အခုတိုင်းတော့ ရှစ်ပေလေး လက်မ ဆိုတော့ နှစ်နှစ်အတွင်းမှာ သုံးလက်မလောက်ထပ်တိုးလာတာပဲ။ သူကရှက်တတ်တယ်။ အစားအသောက်ကလည်း ပုံမှန်သူလိုကိုယ်လိုပါပဲ။ ကွမ်းယာတော့ သူကကြိုက်တယ်။ အဝတ်အစားကျတော့လည်း ပုဆိုးက ကွင်းကျဉ်းနေ တိုနေပေ မယ့်သူက ဖြစ်သလိုဝတ်တယ်။ အင်္ကျီကိုတော့ အဝတ်စဝယ်ပြီး ဦးလေးဖြစ်သူက တိုင်းထွာပြီးချုပ်ပေးတယ်။ အမေအို အဖေအို တွေနဲ့ နေရတာဆိုတော့ သူ့နောင်ရေးတွေးကြည့်ရင်တော့ စိတ်မကောင်းဖြစ်မိတယ်''ဟုကျေးရွာအထောက်အကူပြု ကော်မတီဝင်တစ်ဦးကရှင်းပြသည်။

ကျန်းမာရေးနှင့် ပါတ်သက်၍ ဒေါက်တာဇော်လင်းအောင် မကွေးမှာရှိစဉ်က စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြောင်း၊ မျက် စေ့ မှုံမှာတော့ စိုးရိမ်ကြောင်း၊ ကျန်သည့်ရောဂါလက္ခဏာမတွေ့ ရကြောင်း ရှင်ပြခဲ့သည်ဟုဆိုသည်။

အခုအထိလည်းမျက်စေ့ မှုံ ခြင်းမရှိသေးကြောင်း၊ သိုသော်လည်း ဖိနပ်အခက်အခဲကြောင့် မစီးရတာများသည့်အတွက် ခြေထောက်တွေကကြာရှည် မထောက်နိုင်တော့သည့်အပြင် ကြီးထွားလာသည့်ခန္ဓာကိုယ်ကြီးကို သယ်၇သည့် ဒုက္ခကကြီးလာကြောင်း၊ ဘယ်ကိုမှလည်း မသွားချင်တော့ကြောင်း ကိုဝင်းဇော်ဦးက စိတ်လိုလက်ရရှင်းပြသည်။

ကိုဝင်းဇော်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်လှက''ရွာထဲဟိုဟိုဒီဒီသွားတိုင်းစိတ်မချဘူး။ မတော်တဆလဲမှာကြောက်လို့ ပါ။ သူ့ခန္ခာကိုယ်ကြီးနဲ့ လဲလိုက်ရင်မလွယ်ဘူးလေ။ နောင်ရေးကိုတွေးပြီးတော့လည်းစိတ်ထဲမှာမကောင်းဘူး။ အခုဆို ခါးကကုန်းလာတာကို သတိထားမိတယ်။ ခန္ဒာကိုယ်ကြီးက ပုံမှန်မဟုတ်တော့စိုးရိမ်မိတယ်။ အခုဆိုရင်ဘာအလုပ်မှလည်း မလုပ်နိုင်တော့ သူ့နောင်ရေး ရင်လေးတာပေါ့''ဟုပူပန်စွာပြောပြသည်။

ကိုဝင်းဇော်ဦးမှာ အိမ်အောက်သို့ ဝင်လျှင်လည်း ခေါင်းငုံ့ဝင်ရပြီး အရပ် ငါးပေရှစ်လက်မရှိ ကိုဝင်းဇော်ဦးနှင့် ညီအစ်ကိုတော်သူမှ ကိုဝင်းဇော်ဦး၏ အရပ်ကို တိုင်းရန်အတွက် ခုံပေါ်သို့ တက်မှမှီသည်ကို ကြည့်ကာ အခြားသူများ ဝိုင်းပြီးရယ်ကြတော့ ကိုဝင်းဇော်ဦး မှာရှက်သလိုလိုဟန်ပန်ကို အတိုင်းသားမြင်ခဲ့ရသည်။ လူမသိ သေးသောကိုဝင်းဇော်ဦးတယောက် အကယ်၍များ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုမှာဆိုလျှင်……---
ပေါ်ဦး(နတ်မောက်)
Myanmar News Now

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အာဏာသိမ်းခြင်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရခြင်း၏ ရည်ရွယ်ချက်များတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက တာဝန် တစ်ရပ် ဖြစ်သည်ဟု ဖော်ပြခဲ့ သည်။ သို့သော် ယခုအခါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအား ပြည် ခိုင်ဖြိုးပါတီက ပြောဆိုလာခဲ့ပြီး မကြာမီ တွင် လွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ် စားလှယ်ကပင် အဆိုတင်သွင်းပြီး ပြည် ခိုင်ဖြိုးပါတီဝင်အများစုပါသော လွှတ် တော်က အတည်ပြုလိုက်သည့်အခါ အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိ အဖွဲ့ဝင်ဆရာကြီး ဦးဝင်းတင်က ‘ကျော် တော့ လှေသူကြီး ညားတော့ လှေထိုး သား’ ဟူ၍ ပါတီ အာဘော် ဒီလှိုင်းဂျာ နယ်မှ ရေးသားလိုက်ရတော့သည်။ ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လွှတ်တော်၌ပင် ဆွေးနွေးပြင်ဆင်ကြ မည်ဆိုလျှင် ပြည်ခိုင်ဖြိုးပါတီဝင်အများစု ပါဝင်နေသော လွှတ်တော်ဖြစ်သည့်အ တွက် ပြည်ခိုင်ဖြိုးပါတီ အလိုမကျသော အချက်များကို ပြင်ဆင်နိုင်ရေးမှာ မဖြစ် နိုင်ဟု ယူဆရမည်ဖြစ်သည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီ၏ ဒီမိုကရေစီအပေါ် မည်မျှ သက်ဝင်ယုံကြည်သနည်းဟူသော စိန်ခေါ်ချက်တစ်ရပ်လည်း ဖြစ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် အများစုဖြစ် သော ပြည်ခိုင်ဖြိုးပါတီသည် အနည်းစု ဖြစ်သော ဒီချုပ် လွှတ်တော်ကိုယ်စား လှယ်များအပါအဝင် အခြားပါတီမှလွှတ် တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ပါတီများ အပါအဝင်အနည်းစု ဆန္ဒကို မည်မျှအလေးထားသနည်း ဟူသည့်အ ချက်ကို အများက စောင့်ကြည့်အကဲဖြတ် နေမည်ဖြစ်သည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အများပြည်သူ မနှစ် မြို့ဖွယ် အချက်များကို ပြင်ဆင်ရေးတွင် သဘောတူညီခဲ့ပါက ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲ ရယူရန် အခွင့်အလမ်းမှာ ပိုမိုခက်ခဲကြမ်းတမ်း နေမည်ဖြစ်သည်။ ယင်းကိုလည်း Óဏ် ကြီးသော ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်း ခေါင်းဆောင်များက အကဲခတ်မိကြမည် ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးသည် လိုအပ်၍ ပြင်ဆင်ခြင်းဖြစ်နိုင် သလို၊ မရေရာသော ၂ဝ၁၅ ခုနှစ် အနာ ဂတ်တွင် အခြားသူများ မပြင်ခင် ပြင် လိုက်ခြင်းဟုလည်းယူဆနိုင်သည်။ မည် သို့ပင်ဖြစ်စေ ပြည်တွင်းတွင်လည်းကောင်း၊ နိုင်ငံတကာမျက်နှာစာတွင်လည်းကောင်း အငြင်းပွားစရာ ဖြစ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ခွင့်ကြုံလာ သည်မှာ ဝမ်းမြောက်စရာပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးစားခဲ့ သောအဖြစ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးပါ သည်။ သို့သော်…ပြည်တွင်း ဆူပူ သောင်းကျန်းမှုများ အရှိန်လျော့ကျသွား ပြီး ပြည်ထောင်စုအစိုးရအဖို့ နေသာ ထိုင်သာရှိလာပြီးနောက် ဝန်ကြီးချုပ် ဦးနုသည် ပြည်နယ်သူ၊ ပြည်နယ်သား များက မြန်မာများအပေါ် မကျေနပ်ချက် များ ရှိသည်ဟူသော သတင်းများကို ကြားလာရသည်။ ထို့ကြောင့် ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ပြည် ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များ နှင့် တိုင်ပင်ဆွေးနွေးပြီး ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေအား လိုအပ်သလို ပြင် ဆင်ပေးရန် သန္နိဌာန်ချခဲ့သည်။ ဦးနု သည် လွှတ်တော်တစ်ခုလုံး၏ အမတ် ဦးရေ သုံးပုံနှစ်ပုံကျော်သည် အစိုးရ လက်ထဲတွင်ရှိနေသောကြောင့် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအား ပြင်ဆင် လိုက ပြင်ဆင်ရန်အချိန်ကောင်းဟုယူဆ ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား မည်ကဲ့သို့ ပြင်ဆင်လိုသည်ကို ပြည်နယ် အစိုးရများအား မေးမြန်းပြီး တင်ပြသော အဆိုများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေး နွေးလိုသည်။ ထိုဆွေးနွေးချက်များမှ အများသဘောတူလက်ခံနိုင်သည့် အ ဆိုများကို ချက်ချင်း အကောင်အထည် ဖော်ပေးပြီး အဖြေရှာမတွေ့သေးသော အဆိုများကို ဆက်လက်ေ ဆွးနွေးခြင်း ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ပိုမို စည်းလုံးညီညွတ်လာမည်ဟု ယုံကြည် နေသည်။

ဦးနုက ဖွဲ့စည်းအုပ်ချုပ်အခြေခံ ဥပဒေအား လိုအပ်သလို ပြင်ဆင်ရန် ပြည်ထောင်စုအစိုးရ အသီးသီးထံမှ အဆိုများတင်သွင်းရန် ဖိတ်ခေါ်လိုက်ရာ မှ ဖက်ဒရယ်မူ ဟူ၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တောင်ကြီးမြို့တွင် ကျင်းပ သော ပြည်နယ်ပေါင်းစုံညီလာခံမှ ပေါ် ထွက်လာသော ဖက်ဒရယ်မူကို ၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နှီးနှောဖလှယ် ပွဲတွင် တင်ပြဆွေးနွေးရန် ဖြစ်သည်။ ဦးနုကမူ ဖက်ဒရယ်မူသည် ကြောက် စရာကောင်းသောမူမဟုတ်ဘဲ၊ အမေရိ ကန်ပြည်ထောင်စု၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို မှီပြီးရေးဆွဲထားသော မူဟုယူဆသည်။ သို့သော် ဦးနုယူဆသ လို တပ်မတော်က မယူဆခဲ့ပေ။ ဖက်ဒ ရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲ နိုင်သည့် အန္တရာယ်ကို တပ်မတော်က သိလျက်နှင့် ဥပေက္ခာပြုခဲ့လျှင် အပြစ် တင်ခံရမည်ဟု စိုးရိမ်နေသည်။ ရှမ်း ပြည်တွင် နှစ်ပေါင်းများစွာ အမှုထမ်း ခဲ့ပြီး စော်ဘွားများနှင့် ရင်းနှီးသော တပ် မတော်အရာရှိတစ်ဦးက စော်ဘွားများ သည် ဖက်ဒရယ်မူရရှိပြီး ပြည်ထောင်စုမှ ခွဲထွက်ရန် ရည်ရွယ်ချက်ရှိကြောင်း ပြောဆိုခဲ့သည်။ နှီးနှောဖလှယ်ပွဲ ကျင်း ပနေစဉ်မှာပင် ပြည်နယ်ခေါင်းဆောင် များသည် ဖက်ဒရယ်မူကို လက်မခံလျှင် သူပုန်ထမည်ဟူသည့်သတင်းများ ထွက် ပေါ်လာသည်။ အချို့ကမူ ထိုသတင်း များကို ဆိုရှယ်လစ်များက လွှင့်ထုတ်ခဲ့ သည်ဟု စွပ်စွဲကြသည်။ ဦးနုကမူ ထို သတင်းများကို ရယ်စရာပြက်လုံးအဖြစ် သာ သဘောထားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ဝ အရ ရှမ်းပြည်နယ်၊ ကယားပြည်နယ် တို့သည် ပြည်ထောင်စုမှ ခွဲထွက်လို လျှင် ခွဲထွက်ပိုင်ခွင့်ရှိသောကြောင့် ရှမ်း ပြည်နယ်၊ ကယားပြည်နယ်များ သူပုန် ထရန် ရည်ရွယ်ချက်ရှိပါက ဖက်ဒရယ် မူကို ကိုင်နေစရာမလိုဘဲ ခွဲထွက်ခွင့် တောင်းနိုင်သောကြောင့် ဦးနုသည် ထို သတင်းများကို မယုံကြည်ရခြင်း ဖြစ် သည်။ ထို့အပြင် နှီးနှောဖလှယ်ပွဲ ပထမ နေ့၊ မတ်လ ၁ ရက်၊ ည ၉ နာရီ အစည်း အဝေးပြီးချိန်တွင် ရှမ်းပြည်နယ် ဥက္ကဋ္ဌ စောခွန်ချိုနှင့် ကယားပြည်နယ် ဥက္ကဋ္ဌ စောဝဏ္ဏတို့သည် ဦးနုနေအိမ်အထိ လိုက်လာပြီး ဝန်ကြီးချုပ်ကို အကျပ်ကိုင် လိုပါ က ၁၉၄၈ ၊ ၄၉ ခုနှစ်ကပင် ကိုင် နိုင်ကြောင်း၊ သို့သော် ထိုသို့မလုပ်ခဲ့ ကြောင်း၊ သူတို့တင်ပြသည့်အတိုင်းလုပ် ပေးရမည်ဟူသည့် သဘောမဟုတ်ဘဲ လုပ်ပေးနိုင်သမျှကိုသာ လုပ်ပေး၍ မပေးနိုင်သည်ကို  ပယ်လိုက်လျှင် လက် ခံပါမည်ဟု ပြောဆိုခဲ့သည်။

သို့သော် တပ်မတော်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလကပင် အာဏာသိမ်း ရန် လျှို့ဝှက်ကြံစည်ခဲ့ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်း ယူခဲ့ လေသည်။တော်လှန်ရေးကောင်စီ တစ်ဖြစ် လဲ တပ်မတော်၏အာဏာသိမ်းမှုအပေါ် ဝေဖန်သုံးသပ်ချက်အမျိုးမျိုး ပေါ်ထွက် ခဲ့သည်။ ပထစအစိုးရအဖွဲ့ဝင် ကာ ကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူတစ်ဦးကမူ ‘ပထစခေါင်း ဆောင်အချို့သည် တပ်မတော်အကြီး အကဲများ၏ သြဇာအာဏာကို လျော့ နည်းသွားအောင် ဆောင်ရွက်ရန် ဆွေး နွေးခဲ့သောကြောင့် အာဏာသိမ်းခြင်း ဖြစ်မည်’ဟုလည်း ပြောဆိုခဲ့သည်။ မည် သို့ပင်ဖြစ်စေ ၁၉၆၂ ခုနှစ်တွင် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ယင်းတို့နှင့်ဆက်နွှယ်နေသော အ ကြောင်းများတွင် တပ်မတော်က အလို မကျစရာ၊ သံသယဖြစ်ဖွယ်ရာများ ပါနေနိုင်သည်ဟု တွက်ဆရမည်ဖြစ် သည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် က အလိုမကျလျှင် အာဏာသိမ်းသည့် ဖြစ်စဉ်ကတော့ ပေါ်ပေါက်ခဲ့ဖူးသည်။

ယခုအခါ ဆောင်ရွက်ပြင်ဆင်နေ ကြသည့် အခြေခံဥပဒေ ပြင်ဆင်ရေး တွင်လည်း အာဏာရပါတီနှင့် တပ်မ တော်၏ အခန်းကဏ္ဍမှာ အရေးကြီး လှသည်ကို သတိပြုရမည်ဖြစ်သည်။သမ္မတဖြစ်သူ ကလည်း ‘စစ်တပ်သည် ဂုဏ်ယူစရာ သမိုင်းကြောင်းရှိကြောင်း နှင့် ရှေ့ဆက်၍လည်း အထူးနေရာတစ် ခုအဖြစ် အစိုးရအဖွဲ့တွင်ရှိနေမည်’ ဖြစ်ကြောင်း၊ ဝါရှင်တန်ပို့စ်နှင့် အင်တာ ဗျူးတွင် ပြောဆိုခဲ့သည်။ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်(ဦးရဲထွန်း)က လည်း လွှတ်တော်အတွင်း အဆုံးအ ဖြတ်ပေးနိုင်သည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က ပြင်ဆင် သင့်သည်ဟု ယူဆသော ကိစ္စရပ်များ တွင်သာ အောင်မြင်နိုင်သည်ဟူသည့် သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ် မတော်က လိုလိုချင်ချင် ပူးပေါင်းဆောင် ရွက်မှသာ အကြမ်းမဖက်သောနည်းဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လှမ်းနိုင် မည်ဟု အိန္ဒိယနိုင်ငံခရီးစဉ်တွင် ပြော ဆိုခဲ့သလို ၂၅ ရာခိုင်နှုန်းသော တပ်မ တော်ကိုယ်စားလှယ်တွေကို မစဉ်းစား ဘူးဆိုရင် လုံးဝလက်တွေ့ကျမှာမဟုတ် ဟုပြောဆိုခဲ့သည်။ သို့သော် သူက တပ် မတော်သားများသည်လည်း မြန်မာနိုင်ငံ အား ပိုပျော်စရာကောင်း၊ ပိုအားကောင်း၊ ပိုညီညွတ်သည့် တိုင်းပြည်အဖြစ် မြင် လိုသည်ဖြစ်သောကြောင့် အောင်မြင် လိမ့်မည်ဟု ယုံကြည်နေသည်။

တပ်မတော်သည် လွှတ်တော်တွင် ပါဝင်မှု အင်အားကို တဖြည်းဖြည်းလျှော့ သွားမည်ဟူသည့် ပြောဆိုမှုများရှိနေ သော်လည်း လောလောဆယ် အခြေအ နေတွင် စစ်တပ်၏ ဘဝင်မကျဖွယ် ကိစ္စ များကို ဆောင်ရွက်နိုင်ရန်မှာ အန္တရာယ် များသည်ဟု ယူဆဖွယ်ရာဖြစ်သည်။ ထို အတောအတွင်း ယခင်စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ် ချုပ်လွန်းမောင်(ငြိမ်း)က ဧရာဝတီ သတင်းဌာနသို့ လက်ရှိအာဏာရပါတီ သည် ယခင်စစ်အစိုးရစနစ်သို့ ပြန်လည် ကူးပြောင်းရန် ဆန္ဒရှိနေသေးကြောင်း ပြောဆိုလိုက်သည့်အခါ အများက စိုး ရိမ်ပူပန်နေတော့သည်။
စည်သူငြိမ်း
Popular Myanmar News Journal

ပိုကောင်းလာစေချင်လို့ လက်ဦးမှု ယူလိုက်တာလား

ဒီလပိုင်းတွေထဲမှာ နိုင်ငံရေး အဝန်းအဝိုင်းထဲ ကျယ်ကျယ်လောင် လောင်ပြောလာကြတဲ့ အကြောင်းအရာ တစ်ခုရှိတယ်။ အရင်ကတည်းက ပြော ခဲ့ကြတာ ဖြစ်ပေမယ့် အဲဒီတုန်းက ပြောခဲ့တာက ငြင်းဆန်ဆန့်ကျင်တဲ့ အမြင်ပေါ်က ပြောခဲ့ကြတာပါ။ အခုက တော့ လက်မခံဘူး၊ ပြင်ကိုပြင်ရမယ် ဆို တဲ့ သဘောထားနဲ့ ပြောလာကြတာ ဖြစ် ပါတယ်။ အာဏာရပါတီဘက်ကလည်း လိုက်ပြီး ပြောလာရတဲ့ အကြောင်းအရာ ပါ။ အဲဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာပါပဲ။ မကြာခင် ပြန် စတော့မယ့် လွှတ်တော်အစည်းအဝေး မှာ ဒီကိစ္စကို ဆွေးနွေးကြမယ် ဆိုတာ ကိုလည်း ကြားနေ၊ ဖတ်နေရပါတယ်။အာဏာရပါတီရဲ့ ပြင်ချင်တာက ဘာလဲ။ လွှတ်တော်ထဲ ရောက်နေတဲ့ အတိုက်အခံပါတီတွေ ဘက်က ပြင်ချင် တာက ဘာလဲ။ လွှတ်တော်အပြင်ဘက်က ပါတီတွေ၊ အဖွဲ့အစည်းတွေ ဘက်က ပြင်ချင်တာ ကဘာလဲ။ အဲဒီ ‘ဘာ လဲ’ တွေရဲ့ အခြေခံဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက ဘာလဲ။

သဘောတူရင် ထပ်စဉ်းစား

”ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည် မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထု တစ်ရပ်လုံးနှင့် ယင်းအချုပ်အခြာအာဏာ ကို ပြည်သူလူထုကိုယ်စား ကျင့်သုံးခွင့် အပ်နှင်းခြင်းခံရသော အစိုးရတို့သည် မည်သို့မည်ပုံ အာဏာခွဲဝေသုံးစွဲ၍ နိုင်ငံတော်ကို မည်ပုံမည်နည်းဖြင့် စီမံ အုပ်ချုပ်ကြရမည်ဟု ပြဋ္ဌာန်းထားသော တိုင်းပြည်၏အမြင့်ဆုံး ‘ဥပဒေ’ ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်အချုပ်အခြာ အာဏာ၏မူလပိုင်ရှင်ဖြစ်သော ပြည်သူ လူထုနှင့် ပြည်သူလူထုကိုယ်စားတိုင်းပြည် ကိုစီမံအုပ်ချုပ်နေသော အစိုးရတို့အကြား အာဏာအလွဲသုံးစားမှု မရှိရလေအောင် နှစ်ဦးနှစ်ဖက်သဘောတူ ချုပ်ဆိုထား သော ပဋိညာဉ်စာချုပ်ဖြစ်သည်”(ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီမိုကရေ စီကျင့်စဉ်တရားများ၊ စာ-၁၇)

ဒီအဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ သဘောတူ လက်ခံနိုင်တဲ့ ဖွင့်ဆိုချက် ဖြစ်ပါတယ်။ အဲဒီဖွင့်ဆိုချက်ထဲမှာ ‘နိုင် ငံတော်အချုပ်အခြာအာဏာ၏ မူလ ပိုင်ရှင်ဖြစ်သော ပြည်သူလူထု’ ဆို တာရယ်၊ ‘ပြည်သူလူထုကိုယ်စားကျင့် သုံးခွင့်အပ်နှင်းခြင်း ခံရသောအစိုးရ’ ဆိုတာရယ်၊ ‘အာဏာအလွဲသုံးစားမှု မရှိ ရလေအောင် နှစ်ဦးနှစ်ဖက်သဘောတူချုပ်ဆိုထားသော’ ဆိုတာတွေရယ်က အဓိက ကျမယ်ထင်တယ်။

၂ဝဝ၈ ဖွဲ့စည်းပုံမှာ ပြည်သူလူထု ဟာ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် ဖြစ်နေပါရဲ့လား။ ပြည်သူ မဟုတ်ဘဲ ဘယ်သူက မူလပိုင်ရှင် နေရာကို ရယူထားပါသလဲ။ အစိုးရဟာ ပြည်သူလူထုကိုယ်စား ကျင့်သုံးခွင့် အပ် နှင်းခြင်းခံထားရသူတွေလား။ ကိုယ့် ဘာသာ ကိုယ်အပ်နှင်းပြီး တပ်မတော် ကိုယ်စား ကျင့်သုံးခွင့် ရယူထားတာ လား။ ပြည်သူလူထုနဲ့ အစိုးရကြားမှာ ဘယ်သူက အာဏာကို အလွဲသုံးစား လုပ်ခွင့် ရယူထားပါသလဲ။ ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေဟာ အစိုး ရနဲ့ ပြည်သူလူထုတို့ နှစ်ဦးနှစ်ဖက် သဘော တူချုပ်ဆိုထားတဲ့ စာချုပ်သဘောမျိုး တကယ် အသက်ဝင်နေပါသလား၊ ဒါမှ မဟုတ် တစ်ဖက်သတ်ချုပ်ဆိုပြီး အတင်း သဘောတူခိုင်းထားတဲ့ စာချုပ်မျိုး ဖြစ် နေသလား။ စဉ်းစားကြည့်ဖို့ ကောင်း ပါတယ်။ စိတ်ဝင်စားသူတွေကတော့ စဉ်းစားပြီးသား ဖြစ်မယ်ထင်ပါတယ်။

လက်ဦးမှု ယူတာလား

ပြင်ပအတိုက်အခံတွေနဲ့ လွှတ် တော်ထဲ ရောက်နေတဲ့ အတိုက်အခံ ပါတီတွေ အများစုက ၂ဝဝ၈ ဖွဲ့စည်းပုံ ကိုပြင်ဖို့၊ အသစ်ရေးဖို့ ပြောနေကြတာ ကြာပါပြီ။ ဒါပေမဲ့ လွှတ်တော် ထဲမှာ ဆွေးနွေးဖို့ အဆိုဖြစ်အောင် တင်ခဲ့တာ က လက်ရှိအာဏာရ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် ဖြစ်ပါတယ်။ အရင် စစ် အစိုးရကို ဆန့်ကျင်ခဲ့တဲ့၊ အခု အစိုးရနဲ့ အတိုက်အခံ နေရာမှာရှိနေတဲ့ ဒီမိုက ရေစီ ဘက်တော်သားတွေဘက်က အရင် ရှိခဲ့တဲ့ အခုထိလည်းရှိနေတဲ့ မတရားမှုတွေနဲ့ ဥပဒေတွေ ကို ဝေဖန် ထောက်ပြခဲ့ကြတာ အများကြီးပါ။ အဲဒီ ဝေဖန် ထောက်ပြထားခဲ့တာတွေကို လွှတ်တော်ထဲမှာ လက်ဦးမှု ရယူပြီး အဆိုတင် ဆွေးနွေးလာတာဟာ အာ ဏာရအစိုးရ ပါတီ ဘက်က ဖြစ်ပါတယ်။ အလုပ်သမားကိစ္စ၊ လယ်သမား ကိစ္စ၊ ဥပဒေ ကိစ္စ၊ ပညာရေးကိစ္စတွေ အပါ အဝင် ကိစ္စအတော်များများကို ဆွေး နွေးခဲ့ကြပြီး သက်ဆိုင်ရာနယ်ပယ် အလိုက် လေ့လာစုံစမ်းရေး၊ ဖြေရှင်းရေး ကော်မတီတွေ ဖွဲ့ခဲ့ကြတယ်။ အဲဒီလို ဖွဲ့ ခဲ့တဲ့ ကော်မတီတွေဟာ ရှိနေခဲ့တဲ့၊ ရှိနေ  ဆဲဖြစ်တဲ့ ပြဿနာတွေ၊ အခက်အခဲ အကျပ်အတည်းတွေကို ထိရောက်ပြီး အကျိုးရှိအောင် ဖြေရှင်းနိုင်ခဲ့ပါသလား။ ဒါဟာ မေးလည်းမေးပြီး အဖြေလည်း ရှာကြည့်ရမယ့်ကိစ္စလို့ ထင်ပါတယ်။ ဆွေးနွေးတာ လက်တွေ့လုပ်ဖို့ ပြင်ဆင် တာမျိုးတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ထိရောက်တဲ့အကျိုးသက် ရောက်မှုတွေဖြစ်မလာဘဲ ရှိနေတဲ့ ပြဿနာတွေကို လွှတ်တော်ထဲမှာကြိုတင် လက်ဦးမှုယူပြီး ကိုယ်ဖြစ်ချင်၊ လိုချင်တဲ့ လမ်းကြောင်းထဲရောက်အောင် ဆွဲထည့် လိုက်တာမျိုးဆိုရင်တော့ ‘အကျယ် အကျယ် မငြိမ်းဖွယ်’ ဖြစ်လာနိုင်တယ်။အခု ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ဦး ဆောင်ဆွေးနွေးခဲ့တဲ့ အာဏာရပြည်ခိုင် ဖြိုးပါတီဟာ အတိုက်အခံ တွေကို လက်ဦးမှု ရယူလိုက် တာလား။ နိုင်ငံနဲ့ ပြည်သူလူထုရဲ့ ရေရှည်အကျိုးကို မျှော် ကိုးပြီး ဖွဲ့စည်းပုံပြင်ဖို့ အဆိုတင်ခဲ့တာ လား။ မကြာခင်မှာ ကွက်ကွက်ကွင်း ကွင်း ရှင်းရှင်းလင်း လင်းကြီး မြင်ကြရ တော့မှာပါ။

အဓိက နှစ်ခုတည်း

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြောကြဆိုကြတာတွေထဲ မှာ အဓိက အကြောင်းအရာ နှစ်ခုကို သတိပြုမိတယ်။ တစ်ခုက ”တိုင်းပြည် ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး” ဆိုတဲ့ နိုင်ငံတော် အခြေခံမူ ပုဒ်မ ၆ (စ) နဲ့ အဲ့ဒီ ပုဒ်မနဲ့ ဆက်နွှယ်ပြီး ဖွဲ့စည်းပုံ ဥပဒေထဲမှာ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ တပ်မတော်ရဲ့ အခွင့်အရေးရယူထားမှုတွေပါ။ နောက် တစ်ခုကတော့ တိုင်းရင်းသားလူမျိုးများ ရဲ့ တန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးကိစ္စ ဖြစ်ပါတယ်။၂ဝဝ၈ ဖွဲ့စည်း ပုံ ဥပဒေအကြောင်းပြောဆိုဆွေးနွေးကြ၊ ဝေဖန်သုံးသပ်ကြတဲ့အခါမှာ ဒီ အကြောင်း အရာကြီးနှစ်ခုကအရေးတကြီးဆွေးနွေး ညှိနှိုင်းဖြေရှင်းရမယ့် ပြဿနာတွေ ဖြစ် နေတာကို အားလုံးသိထားကြပါတယ်။လွှတ်တော်ထဲမှာ ဒီကိစ္စကို ဘယ် လောက်အထိ နက်နက်ရှိုင်းရှိုင်း စဉ်းစား ပြီး ဆွေးနွေးကြမလဲဆိုတာ စိတ်ဝင်စား စရာပါ။

ပါတီစုံရှင်သန်နေအောင်

တချို့က ပြောနေတာရှိတယ်။ ဖွဲ့ စည်းပုံကို ပြင်ရင် စစ်တပ်က အာဏာ သိမ်းလိမ့်မယ်တဲ့။ ကျွန်တော့်အမြင်က တော့ ဖွဲ့စည်းပုံပြင်ရုံနဲ့ စစ်တပ်က အာ ဏာသိမ်းစရာ အကြောင်းမရှိပါဘူး။ အခုလည်း လိုအပ်လာရင် (လိုအပ်တဲ့ အခြေအနေ ဖြစ်လာအောင် လုပ်ယူပြီး) အာဏာသိမ်းခွင့် ပေးထားတာပါ။ အခု သက်ရှိ ထင်ရှားရှိနေသေးတဲ့ တပ်ခေါင်း ဆောင်ဟောင်းတွေထဲက တချို့ထိပ်ပိုင်း ခေါင်းဆောင်ဟောင်းတွေရဲ့ အကျိုး စီးပွားနဲ့ ဆက်နွှယ်ပြီး အကာအကွယ် ပေးထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို ပယ်ဖျက်တာ၊ ပြင်ဆင်တာမျိုး ဖြစ်ခဲ့ရင် တော့ စစ်တပ်က ရုပ်ပျက်ဆင်းပျက် အာဏာသိမ်းပေးတာမျိုး ဖြစ်ရင် ဖြစ် မှာပါ။ အဲဒီဥပဒေ ပြဋ္ဌာန်းချက်တွေကို လတ်တလော အစိုးရခေါင်းဆောင် တွေရော၊ တပ်မတော်ခေါင်းဆောင်တွေ ကပါ ပြင်ဆင်ဖို့ သို့မဟုတ် ပယ်ဖျက်ဖို့ ကိစ္စကို လွှတ်တော်ထဲမှာ ပြောခွင့်၊ ဆွေးနွေးခွင့်တောင် ပေးပါ့မလား မသိ ဘူး။ ပြောဆိုဆွေးနွေးလို့ရရင်တောင်မှ အများစု မဲဆန္ဒနဲ့ ကန့်ကွက်ပယ်ချမယ့် အခြေအနေပါ။

ဒါကြောင့် အခုန မေးခွန်းမေးခဲ့ တာ ဖြစ်ပါတယ်။၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဦးဆောင်ဆွေးနွေးပြီး အဆို ဖြစ်အောင် တင်ခဲ့တဲ့ အာဏာရပြည်ခိုင် ဖြိုးပါတီနဲ့ အစိုးရဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ဘာကို ပြင်ချင်လို့ပါလဲ။ နိုင်ငံတော်ရဲ့ အခြေခံမူများထဲက ပုဒ်မ ၆ (စ) ကို ပယ်ဖျက်ပေးဖို့ အင်အယ်လ် ဒီ အပါအဝင် အတိုက်အခံပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေက တင်ပြဆွေး နွေးလာရင် အခု အရပ်သားဘဝကို ရောက်နေကြတဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ က သဘောတူလက်ခံနိုင်ပါ့မလား။ ဝန်ကြီး၊ ဝန်ကလေးတွေ ဖြစ်နေတဲ့ အခု အရပ်သား (စစ်ဗိုလ်ဟောင်း) တွေက ရော ‘အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ရှိနေ တာ’ ကို ကာကွယ်ပေးကြမှာလား။ ဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ သမ္မတ ဦးသိန်းစိန်ကရော ပုဒ်မ ၆(စ) ပယ်ဖျက် ပေးရေးအတွက် ဆွေးနွေးကြမယ့် အသံကို ကြိုတင်ပြီး နားခါးနေဦးမှာ လား။ ဒါကလည်း စိတ်ဝင်စားစရာနဲ့ စဉ်းစားစရာ ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ လက်ရှိကျင့်သုံးနေတဲ့ ပါတီစုံဒီမို ကရေစီ နိုင်ငံရေးစနစ် အခြေခံပေါ် ကနေ ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံဖြစ် အောင်ပြင်နိုင်ဖို့ အရေးကြီးပါတယ်။

အကြံပေးတာပါ

တကယ်တော့ဒီမိုကရေစီနိုင်ငံရေး စနစ်နဲ့ တိုင်းပြည်ကာကွယ်ရေးတာဝန် ကိုယူကြရတဲ့ တပ်မတော်ရဲ့ တည်ရှိမှု ဟာ ကဏ္ဍကောစ မဖြစ်ပါဘူး။ ဒီမို ကရေစီစနစ်ဟာလည်း စစ်တပ်အတွက် အန္တရာယ် မဖြစ်ပါဘူး။ အခု လော လောဆယ်မှာ စစ်ဗိုလ် စစ်သား ဖြစ်နေ ကြသူတွေဟာလည်း အချိန်တန်ရင် တပ်ကနေအငြိမ်းစားယူပြီး အရပ် သား ဘဝရောက်ကြမှာပါ။ ဒါကြောင့် အရပ်သားအကျိုးစီးပွားရှုထောင့်ကပဲ အဓိကထားစဉ်းစားကြဖို့ လိုမယ်ထင် ပါတယ်။ တပ်မတော်ရဲ့ ဖခင်ကြီးလို့ အားလုံးက လက်ခံထားကြတဲ့ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်က နိုင်ငံရေး လုပ်ဖို့ဆိုပြီး တပ်မတော်က နုတ်ထွက်ခဲ့ တာလည်း အားလုံးသိပြီးသားပါ။ တိုင်း ပြည်လွတ်လပ်ရေးအတွက် ဂျပန် တော်လှန်ရေးမှာ အဓိကပါဝင်ခဲ့တဲ့ အစုကြီးသုံးစုထဲက တပ်မတော်ကိုယ် တိုင်ကပဲ ဂျပန်တော်လှန်ရေး ပြီးလို့ ဖဆပလ ပြန်ဖွဲ့ချိန်မှာ ‘တပ်မတော်နဲ့ နိုင်ငံရေး မဆိုင်’ ဆိုပြီး ဖဆပလထဲ က နုတ်ထွက်ခဲ့တယ်လို့ မှတ်သားဖူးပါ တယ်။ ၁၉၄၇ ဖွဲ့စည်းပုံနဲ့ ၁၉၇၄ ဖွဲ့ စည်းပုံတွေမှာလည်း နိုင်ငံရေးဦးဆောင် မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင် ထမ်းဆောင်ဖို့ သတ်မှတ်ပြဋ္ဌာန်းခဲ့တာ မျိုး မရှိပါဘူး။ ကမ္ဘာ့နိုင်ငံတွေရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေတွေကို လေ့လာ ဖူးတဲ့ (ဒါမှမဟုတ်) လေ့လာထားတဲ့ အကြံပေးပုဂ္ဂိုလ်တွေရှိတဲ့ လက်ရှိ အစိုး ရခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာ မှာရှိတဲ့ တပ်မတော်တွေရဲ့ တာဝန်နဲ့ အဆင့်နေရာတွေကို သိရှိထားကြပြီး သားမို့ နိုင်ငံတကာနဲ့ တန်းတူလိုက်လျော ညီထွေ ဖြစ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ မျိုး ဖြစ်အောင် လုပ်ဖို့ အကြံပေးချင်ပါ တယ်။

ဖက်ဒရယ်စနစ်ကပဲ

နှစ်ပေါင်း ၆ဝ ကျော်ကြာလာခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ အဓိက မျက်နှာစာတစ်ခုကတော့ တိုင်းရင်းသား လူမျိုးများရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေပဲ ဖြစ် ပါတယ်။တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် ရရေးအတွက် လက်နက်ကိုင် ခုခံ တဲ့ စစ်ပွဲတွေလို့ ဆိုကြပါတယ်။ တချို့ ပညာရှင်တွေ ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ အားလုံးဟာ ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း (Constitutional Crisis) ကြောင့်လို့ အကဲဖြတ်ကြပါ တယ်။ ဒီနေရာမှာ ညီနောင်တိုင်းရင်းသား  ပါတီများ ဖက်ဒရေးရှင်း (N.B.F) ရဲ့ ၂ဝ၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည် ထောင်စုနေ့ သဘောထားကြေညာ ချက် အမှတ် (၁၃) ထဲ ကနေ ကောက် နုတ်ဖော်ပြချင်တာ ရှိပါတယ်။

”ကျွန်ုပ်တို့အနေနှင့်

(၁) ဖက်ဒရယ် စနစ်သည်သာလျှင် ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ကြဉ်းပေးနိုင်မည် ဟု ယုံကြည်သည်။
(၂) တိုင်းရင်းသား လူနည်းစု အခွင့် အရေး ကာကွယ်သည့် ဥပဒေတစ်ရပ် ကို ပြည်ထောင်စုလွှတ်တော်တွင် အမြန် ဆုံး ပြဋ္ဌာန်းနိုင်ရေးအတွက် ကျွန်ုပ်တို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် သွားမည်”

ဒါက ၁၆-၂-၂ဝ၁၃ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲက သဘောထား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက် ပိုင်းက တောင်ကြီးမှာ လုပ်ခဲ့တဲ့ ညီ နောင်တိုင်းရင်းသား ပါတီများ ဖက်ဒ ရေးရှင်း ဆွေးနွေးပွဲမှာလည်း ဆုံးဖြတ် ချက်ချခဲ့တာတွေ…ရှိပါဦးမယ်။ အဲဒါ တွေက လွှတ်တော်ထဲမှာ ပြောကြဆိုကြ တော့မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးကိစ္စမှာ ဆွေးနွေးချက်အနေနဲ့ တက်လာဦးမှာ သေချာပါတယ်။

တာဝန်ကိုယ်စီရှိ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီ၊ လေ့လာရေးနဲ့ သုတေသနဌာနက ပြုစုတင်ပြထားတဲ့ ‘ဖွဲ့စည်းပုံအခြေခံ ဥပဒေအနှစ်သာရ ပြောင်းလဲရေး’  သုံး သပ်ချက်ထဲမှာ ပယ် ဖျက်ဖို့ ဥပဒေပုဒ်မ ၂၃ ခု၊ ပြင်ဆင်ဖို့ ဥပဒေပုဒ်မ ၁၉ ခု၊ ပြန်လည်စဉ်းစားဖို့ ဥပဒေပုဒ်မ ၇ ခု၊ ဖြည့်စွက်ဖို့ဥပဒေပုဒ်မ ၅ ခုနဲ့ လက်တွေ့ မဆောင် ရွက်သေးတဲ့ဥပဒေပြဋ္ဌာန်းချက် ၅ ခု၊ စုစုပေါင်း ဥပဒေပုဒ် မ ၅၉ ခုကို စုစည်းတင်ပြထားတာ တွေ့ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ လုပ်ငန်း ဟာ နိုင်ငံရေးပါတီတွေ၊ လူထု အခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေ၊ တပ်မတော်သား တွေအပါအဝင် လူမျိုးပေါင်းစုံ မြန်မာ ပြည်သူတွေက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမယ့် လုပ်ငန်းစဉ် ဖြစ်တဲ့အကြောင်းကိုလည်း ရေးသား ထားတာ ဖတ်ရပါတယ်။

မေတ္တာရေလောင်းလို့

လွှတ်တော်ထဲမှာ မကြာခင် ဆွေး နွေးကြတော့မယ့် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စမှာ အာ ဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ အတိုက်အခံ ပါတီတွေ၊ တိုင်းရင်းသားပါတီတွေဟာ ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ်ကို အသက်ဝင်ရှင်သန်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ပီပီပြင်ပြင် ဖြစ် လာအောင် ဦးတည်ချက် ထားပြီး ဆွေး နွေးကြပါစေကြောင်း မေတ္တာရေလောင်း လို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ့။
နောင်ကျော်
Popular Myanmar News Journal

စာချုပ်ဖြင့် လုပ်ကိုင်သော မြန်မာအလုပ်သမားများ ပြန်ပါက လျော်ကြေးပေးရန် မလေးရှား လုပ်ငန်းရှင်များ တောင်းဆို

Friday, 21 June 2013
မလေးရှားနိုင်ငံသို့ ရောက်ရှိပြီး စာချုပ်ဖြင့် တရားဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ စာချုပ်သက်တမ်း မပြည့်မီ မြန်မာနိုင်ငံ ပြန်လိုပါက လျော်ကြေးပေးပြီးမှ ပြန်ရန် မလေးရှား လုပ်ငန်းရှင်များ တောင်းဆိုနေကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်း ပေးပို့ပါသည်။

ပုံမှန်အားဖြင့် သုံးနှစ်သက်တမ်းရှိသော စာချုပ်ဖြင့် မလေးရှားနိုင်ငံသို့ တရားဝင် လာရောက် လုပ်ကိုင်နေသူများသည် စိုးရိမ်စိတ်များကြောင့် စာချုပ်မပြည့်မီ မြန်မာနိုင်ငံသို့ ပြန်ရောက်လိုပြီး ထိုသို့ ပြန်လိုပါက လျော်ကြေးငွေ မလေးရှားရင်းဂစ် ၁၂၀၀ မှ ၃၅၀၀ အထိ ပေးသွင်းရန် တောင်းခံနေကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများထံမှ သိရသည်။

''ကျွန်တော့်ဆီကို ဆက်သွယ်လာတဲ့ အလုပ်သမားတွေက ဒီကိစ္စကို အများဆုံး ပြောကြပါတယ်။ သူတို့ ဒီလိုဖြစ်နေတယ်။ ကူညီပေးပါဆိုပြီး ပြောပါတယ်။ သူတို့ရဲ့ အလုပ်ရှင်တွေကို ပြောတဲ့အခါ စာချုပ်မပြည့်သေးဘူးဆိုရင် လျော်ကြေးပေးရမယ်လို့ပြောပါတယ်။ ကျွန်တော့်ဘက်က အဆင်ပြေဆုံး ဖြစ်နိုင်အောင် ကြိုးစားပေးနေပါတယ်'' ဟု မလေးရှားနိုင်ငံ မြန်မာသံရုံး၌ အလုပ်သမားရေးရာ ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်နေသူ သံအရာရှိ ဦးစိုးဝင်းက ဇွန် ၂၀ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဦးစိုးဝင်းသည် မြန်မာအလုပ်သမားရေးရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် မလေးရှားနိုင်ငံသို့ စေလွှတ်တာဝန် ပေးထားသည့် ပထမဆုံး သံအရာရှိဖြစ်ပြီး မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည်မှာ တစ်လကြာမြင့်ပြီ ဖြစ်သည်။

''ပြန်ချင်တယ်။ စာချုပ်က တစ်နှစ် ကျန်သေးတယ်။ သူဌေးကို ပြောတယ်။ ပြောတော့ လျော်ကြေး ရင်းဂစ် ၂၀၀၀ ပေးရမယ်လို့ ပြောတယ်။ မပေးနိုင်တဲ့အတွက် ဆက်နေရမှာပဲ။ စာချုပ်သက်တမ်းကုန်ရင်တော့ ပြန်တော့မယ်'' ဟု မလေးရှားနိုင်ငံရှိ ကုန်တိုက်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မယမင်းအောင်က ပြောကြားသည်။

စာချုပ်သက်တမ်း မပြည့်သေးဘဲ ပြန်လိုသူများ လျော်ကြေးငွေ တောင်းနေသကဲ့သို့ စာချုပ်သက်တမ်းပြည့်ပြီး ပြန်လိုသူများကိုလည်း လျော်ကြေးငွေ တောင်းခံနေကြောင်း သိရပါသည်။

ပတ်စ်ပို့လည်းရှိတယ်၊ ပါမစ်လည်း ရှိတယ်။ levy ကြေး (မလေးရှားအစိုးရသို့ ပေးဆောင်ထားသော အခွန်ငွေ) လည်း ပုံမှန်ဆောင်တယ်။ အလုပ်လုပ်နေတာက ငါးနှစ်ရှိပြီ။ စာချုပ်သက်တမ်း ပြည့်ပြီးတာ နှစ်နှစ်ကျော်နေပြီ။ အဲတာကြောင့် ပြန်မယ်လို့ပြောတော့ လျော်ကြေးပေးရမယ်လို့ သူဌေးက ပြောတယ်။ ရင်းဂစ် ၃၀၀၀ ပေးရမယ်တဲ့။ ဘယ်လိုပေးနိုင်မှာလဲ...

''ပတ်စ်ပို့လည်းရှိတယ်၊ ပါမစ်လည်း ရှိတယ်။ levy ကြေး (မလေးရှားအစိုးရသို့ ပေးဆောင်ထားသော အခွန်ငွေ) လည်း ပုံမှန်ဆောင်တယ်။ အလုပ်လုပ်နေတာက ငါးနှစ်ရှိပြီ။ စာချုပ်သက်တမ်း ပြည့်ပြီးတာ နှစ်နှစ်ကျော်နေပြီ။ အဲတာကြောင့် ပြန်မယ်လို့ပြောတော့ လျော်ကြေးပေးရမယ်လို့ သူဌေးက ပြောတယ်။ ရင်းဂစ် ၃၀၀၀ ပေးရမယ်တဲ့။ ဘယ်လိုပေးနိုင်မှာလဲ။ ပြန်ချင်ပေမယ့် ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ အိမ်ကလည်း ပြန်လာဖို့ နေ့တိုင်းဖုန်းဆက် ခေါ်နေတယ်'' ဟု မလေးရှားနိုင်ငံ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ မ၀င်းဆွေက ပြောကြားသည်။

မလေးရှားနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ စာအုပ်များကို အလုပ်ရှင်နှင့် အေးဂျင့်များက သိမ်းယူထားပြီး ပြန်ရန်အတွက် ပတ်စ်ပို့စာအုပ် တောင်းချိန်တွင် ထိုကဲ့သို့ လျော်ကြေး တောင်းခံနေကြခြင်း ဖြစ်သည်။

အလုပ်သမား၏ ပတ်စ်ပို့ကို အလုပ်ရှင်က သိမ်းယူထားခြင်းကို မလေးရှားနိုင်ငံ၌ ဥပဒေအရ ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။

''အလုပ်သမားရဲ့ ပတ်စ်ပို့ကို အလုပ်ရှင်က သိမ်းထားတယ်ဆိုတာ ဥပဒေအရ ခွင့်မပြုဘူး။ ဒါပေမဲ့ ဥပဒေအရ ခွင့်မပြုလို့ ပြန်ပေးပါလို့ တောင်းတဲ့အခါ ဒီအလုပ်သမားတွေ ထွက်မပြေးအောင် ဘယ်သူတာဝန်ယူမလဲ ဆိုတာကို ပြန်မေးကြတယ်'' ဟု ဦးစိုးဝင်းက ပြောကြားသည်။

စာချုပ်သက်တမ်း မပြည့်မီ အလုပ်ရှင်၏ ခွင့်ပြုချက် မရရှိဘဲ မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါက အလုပ်ရှင်များက မလေးရှား လူဝင်မှု ကြီးကြပ်ရေးသို့ အကြောင်းကြား ထားခြင်းများ၊ မလေးရှားလူဝင်မှု ကြီးကြပ်ရေးမှ အလုပ်ရှင်ထံသို့ ဆက်သွယ်မေးမြန်းခြင်းများ ရှိသည့်အတွက် အလုပ်သမား ဥပဒေများဖြင့် အရေးယူ ခံရနိုင်ကြောင်း သိရသည်။

''တရားမ၀င် အလုပ်သမားတွေက သံရုံးမှာ အထောက်အထားလျှောက်ပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးမှာ ဌာနပြန်ခွင့် လျှောက်ပြီး ပြန်လို့ရတယ်။ တရားဝင်စာချုပ်နဲ့ လုပ်နေတဲ့သူတွေက အလုပ်ရှင်ခွင့်ပြုချက် မရဘူးဆိုရင် ဘာမှလုပ်မရဘူး။ ပတ်စ်ပို့၊ ပါမစ်ပျောက်ဆုံးဆိုပြီး တရားမ၀င် အလုပ်သမားပုံစံနဲ့ သွားလျှောက်တဲ့အခါ မလေးရှား လူဝင်မှုကြီးကြပ်ရေးမှာ စာရင်းရှိပြီးသား ဖြစ်နေတယ်။ ဒါမှမဟုတ်ရင် သူတို့က အလုပ်ရှင်ဆီလှမ်းပြီး ဆက်သွယ်တယ်။ အဲဒါပေါ်သွားရင် မြန်မာနိုင်ငံကိုပြန်ဖို့ ခွင့်ပြုချက် မပေးတော့ဘူး'' ဟု မလေးရှားနိုင်ငံတွင် ရှစ်နှစ်ကြာနေထိုင်ပြီး အလုပ်လုပ်ကိုင်နေသူ ကိုဝင်းအောင်က ပြောကြားသည်။

မလေးရှားရောက် တရားဝင် မြန်မာအလုပ်သမားများ အနေဖြင့် တစ်လလျှင် မလေးရှားရင်းဂစ် ၆၀၀ မှ ၁၂၀၀ ၀န်းကျင်ခန့်သာ ရရှိကြသဖြင့် အလုပ်ရှင်များ တောင်းဆိုနေသော လျော်ကြေးငွေကို ပေးဆောင်နိုင်သူ မရှိသလောက် ဖြစ်နေကြောင်း သိရှိရသည်။
Eleven Media Group

၂၀ ကျပ် နီးပါး ထပ်မံမြင့်တက်လာပြီး ပြင်ပဈေးကွက်တွင် ၉၇၅ ကျပ်အထိဖြစ်နေ

သိမ်ဖြူ ငွေလဲစင်တာတွင် နိုင်ငံခြားငွေလဲနေသည်ကို ဇွန် ၂၀ ရက်က တွေ့ရစဉ်
Friday, 21 June 2013
နိုင်ငံခြားငွေလဲနှုန်းသည် နှစ်ရက်အတွင်း ၂၀ ကျပ်နီးပါး ထပ်မံမြင့်တက်လာပြီး ယမန်နေ့က ပြင်ပငွေကြေး ဈေးကွက်တွင် ၉၇၅ ကျပ်အထိ ဖြစ်ပေါ်နေကြောင်း ငွေကြေးဈေးကွက် အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

ဇွန် ၂၀ ရက်အတွက် ထုတ်ပြန်သော ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၅၄ ကျပ် သတ်မှတ်ခဲ့ပြီး သိမ်ဖြူဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၅၁ ကျပ်၊ ရောင်းဈေး ၉၆၁ ကျပ် ဖြစ်ပေါ်ခဲ့သည်။

ပြင်ပဈေးကွက်တွင် ၀ယ်ဈေး ၉၆၁ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ၀ယ်ဈေး ၉၆၃ကျပ်၊ ရောင်းဈေး ၉၆၆ ဒသမ ၅ ကျပ်ဖြင့် အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် ၀ယ်ဈေး ၉၆၈ ကျပ်၊ ရောင်းဈေး ၉၇၁ ကျပ်နှင့် ညနေပိုင်းတွင် ၀ယ်ဈေး ၉၇၀ ကျပ်၊ ရောင်းဈေး ၉၇၅ ကျပ်အထိ နာရီပိုင်းအတွင်း ၁၀ ကျပ်ဝန်းကျင် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

ဇွန် ၁၈ ရက်က ပြင်ပဈေးကွက်တွင် ၀ယ်ဈေး ၉၅၄၊ ရောင်းဈေး ၉၅၇ ကျပ်ရှိပြီး သိမ်ဖြူဈေးကွက်တွင် ၀ယ်ဈေး ၉၄၈၊ ရောင်း ဈေး ၉၅၈ ကျပ်သာရှိရာမှ ယခုကဲ့သို့ နှစ်ရက်အတွင်း ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲနှုန်းသည် မေဒုတိယပတ်တွင် သိသိသာသာ စတင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ မေ ၁၃ ရက်မှ မေ ၂၃ ရက်အထိ ၁၀ ရက်အတွင်း ဗဟိုဘဏ်မှ သတ်မှတ်သည့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၄၂ ကျပ်အထိ ထိုးတက်ခဲ့ပြီးနောက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၆၁ ကျပ်အထိ ဈေးမြင့်တက်ခဲ့သည်။

အဆိုပါ ၁၀ ရက်အတွင်း ဗဟိုဘဏ်၏ ရည်ညွှန်းဈေးနှုန်းသည် တစ်ဒေါ်လာ ၄၂ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၅ ရက် ဈေးဖြင့် ယှဉ်ပါက ၄၈ ရက်အတွင်း တစ် ဒေါ်လာ ၆၅ ကျပ်အထိ တက်လာခြင်းလည်း ဖြစ်သည်။

မေ ၂၇ ရက်နောက်ပိုင်း ပြန်လည်ကျဆင်းလာသော ငွေလဲနှုန်းသည် ယခုရက်ပိုင်းတွင် ထပ်မံမြင့်တက် လာခြင်းဖြစ်သည်။ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်း စနစ် (Managed Floating Exchange Rate Regime) စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာ ရှိရာမှ ယခု ၁၄ လအကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ၁၆၀ ကျော် အထိ ဈေးနှုန်းမြင့်တက် လာခြင်းဖြစ်သည်။
Eleven Media Group

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com