http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထိုင်းသံဃာတွေ စည်းစိမ်ခံ နေထိုင်မှု ဝေဖန်ခံရ

ဘန်ကောက်မြို့က ထိုင်း သံဃာ နှစ်ပါး
17 ဇွန်လ 2013
ထိုင်းနိုင်ငံမှာ သံဃာတော် တချို့ဟာ စည်းစိမ် ခံစား နေထိုင် လာနေကြတယ် ဆိုတဲ့ ပြောဆို မှုတွေ ထွက်လာ ပြီးတဲ့နောက် နိုင်ငံတဝန်းက သံဃာတော် တွေရဲ့ ပြုမူ နေထိုင်ပုံကို စောင့်ကြည့် သွားမယ်လို့ နိုင်ငံတော် ဗုဒ္ဓဘာသာ အဖွဲ့ အစည်းက ထုတ်ဖော် ပြော ပါတယ်။

ဗုဒ္ဓ ဘာသာဝင် ဘုန်းတော်ကြီး သုံးပါးက ဈေးကြီးတဲ့ ဒီဇိုင်နာ အိတ်တွေ၊ နေကာ မျက်မှန်တွေကို သုံးပြီး ကိုယ်ပိုင် ဂျက် လေယာဉ်နဲ့ ခရီးသွား တာကို ပြတဲ့ ဗီဒီယိုခွေ ထွက်လာခဲ့ ပြီးတဲ့နောက် အခု လို စောင့်ကြည့်မယ့် ကိစ္စ ဖြစ်လာခဲ့တာပါ။

အဲဒီ ဘုန်းကြီးတွေရဲ့ ပြုမူ နေထိုင်ပုံဟာ အလို လောဘကို လျော့နည်း ရမယ် ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံး အမနဲ့ ဆန့်ကျင်နေတဲ့ အတွက် သူတို့ကို သတိပေး ထားပြီးဖြစ်ကြောင်း နိုင်ငံတော် ဗုဒ္ဓဘာသာ ဆိုင်ရာ ရုံးက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဘော်ဒါကျောင်းသားများ အစိုးရကျောင်းများနှင့် ကင်း၍မရသေး

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ကိုယ်ပိုင်ကျောင်းလက်မှတ်မရှိသော ပုဂ္ဂလိကဘော်ဒါကျောင်းတစ်ခုသည် ကျောင်းသား၊ ကျောင်း သူများအား အချိန်ပြည့်စာသင်ခြင်း၊ စာမေးပွဲစစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့ပြီး ကျောင်းပြောင်းလက်မှတ် ထုတ်မပေးနိုင်ခြင်းကြောင့် လှိုင်သာယာရဲစခန်းတွင် အရေးယူ ခံနေရပြီဖြစ်သည်။

လှိုင်သာယာမြို့နယ်၊ န၀ဒေးအိမ်ရာရှိ ပုဂ္ဂလိကဘော်ဒါဆောင်တစ်ခု၌ ယခင်ပညာသင်နှစ်တွင် ဆဋ္ဌမတန်း၊ သတ္တမတန်း၊အဋ္ဌမတန်း၊န၀မတန်းပညာသင်ယူသော ကျောင်းသား၊ ကျောင်းသူများသည် ယခုပညာသင်နှစ်တွင် ၎င်းဘော်ဒါကျောင်း၌ ဆက်လက်ပညာသင်ယူလိုခြင်း မရှိတော့သဖြင့် ကျောင်းထွက်လက်မှတ် ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ထုတ်ပေးနိုင်ခြင်းမရှိသဖြင့် ကျောင်းသားမိဘများက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြခြင်းဖြစ်ကြောင်း ဇွန်လ ၁၁ ရက်၊ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းအရသိရသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့တို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများကို ငွေကြေးပေး၍ ကျောင်း
သားများအား နားလည်မှုဖြင့် ကျောင်းအပ်ပြီး ဘော်ဒါဆောင်၌သာ နေထိုင်စာသင်စေခြင်းတို့ ပြုလုပ်ခဲ့ပြီး ကျောင်းသား ၄၀ ခန့်က ဆက်လက်ပညာသင်ကြားလိုခြင်းမရှိတော့၍ ကျောင်းပြောင်းလက်မှတ်တောင်းခံချိန်တွင် ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အစိုးရအသိအမှတ်မပြုတဲ့ ကိုယ်ပိုင်ဘော်ဒါကျောင်းမှာ တက်တဲ့အတွက် ပြဿနာတက်နေတာပါ။ သူတို့က ကျောင်းပြောင်းလက်မှတ်လည်း ထုတ်ပေးလို့မရဘူးလေ။ အခြေခံပညာဦးစီးဌာနကို လာအကူအညီတောင်းပေမယ့် ပြင်ပကိစ္စဖြစ်နေတဲ့အတွက် တိုင်းဒေသကြီးအစိုးရဆီသွားဖို့ ညွှန်လိုက်တယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျောင်းသားတွေ မနစ်နာအောင်၊ပညာသင်ယူခွင့် မဆုံးရှုံးအောင် ညှိနှိုင်းမှုတွေ လုပ်ပေးနေပါတယ်" ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ရှစ်နှစ်ခန့်သက်တမ်းရှိပြီဖြစ်သော ပုဂ္ဂလိကဘော်ဒါကျောင်း တည်ထောင်သူက ကျောင်းသားများအား နားလည်မှုဖြင့် ကျောင်းအပ်နေသော ကျောင်းများ၏အမည်အား ကျောင်းအုပ်ကြီးများ ပြဿနာဖြစ်မည်စိုး၍ ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ပြည်တွင်းရှိ အခြေခံပညာရေးစနစ်သည် ဒသမတန်းတွင်သာ တစ်နှစ်ကျရှုံးသူများကို ကျောင်းပြင်ပဖြေဆိုနိုင်သည့်စနစ်ကို ကျင့်သုံးနေခြင်းဖြစ်ပြီး အခြားအတန်းများနှင့် တက္ကသိုလ်ဝင်တန်းတက်ကျောင်းသားများအနေဖြင့် အစိုးရကျောင်းသို့မဟုတ် ကိုယ်ပိုင်ကျောင်းတွင် အချိန်ပြည့်တက်ရောက်ရန် သတ်မှတ်ထားသည်။

မြို့ကြီးများအပါအ၀င် နယ်မြို့များတွင် အစိုးရကျောင်းအချို့မှ ကျောင်းအုပ်ကြီးများအား ငွေကြေးပေး၍ နားလည်မှုဖြင့် ကျောင်းအပ်နှံပြီး ပြင်ပကျုရှင်နှင့် ဘော်ဒါကျောင်းများတွင် အချိန်ပြည့်ပညာသင်ယူစေသော အလေ့အထမှာ စစ်အစိုးရလက်ထက်ကပင် တိုးတိုးတိတ်တိတ် ကျယ်ပြန့်နေခဲ့သည်။

တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်စေလိုသောမိဘများက သားသမီးများကို နာမည်ကြီးဘော်ဒါကျောင်းတွင် အချိန်ပြည့် ပညာသင်ကြားခွင့်ရရှိစေရန် အစိုးရကျောင်းမှ ကျောင်းအုပ်ကြီးများအား ငွေပေး၍ကျောင်းသားစာရင်းပေးသွင်းကြခြင်းဖြစ်သည်။

စစ်အစိုးရလက်ထက်က ပုဂ လိကပညာရေးကို အသိအမှတ်မပြုခြင်းကြောင့် တရားမ၀င်ကျယ်ပြန့်ခဲ့သော အလေ့အထသည် လက်ရှိအချိန်ထိ နေရာအတော်များများတွင် ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။

“အဓိကကတော့ စာမေးပွဲဝင်ဖြေခွင့်ရဖို့အတွက် ကျောင်းအပ်ကြတာပါ။ ကျောင်းမှာ စာရင်းတော့ရှိနေပေမယ့် ကျောင်းသားက ဘော်ဒါဆောင်ရောက်နေတယ်။ လူမရှိဘဲ စာရင်းသွင်းထားတာပေါ့။ အရင်နှစ်တွေထဲက ဖြစ်နေခဲ့တာပါ။ တိုင်စာတွေရောက်
လာတာလည်းရှိတယ်” ဟု မြို့နယ်ပညာရေးမှူးရုံးတစ်ခုမှ ၀န်ထမ်းတစ်ဦးကဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် ကိုယ်ပိုင်ကျောင်းဥပဒေပြဌာန်းပြီးနောက် ယခင်ပညာသင်နှစ်မှစ၍ ကိုယ်ပိုင်ကျောင်း ၆၆ ခုအား တရားဝင်ဖွင့်လှစ်ခွင့်ပြု၍ အချိန်ပြည့် ပညာသင်ယူခွင့်နှင့် န၀မတန်းထိ စာမေးပွဲစစ်ဆေးခွင့်များ ဆောင်ရွက်စေခဲ့သည်။

သို့သော်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘော်ဒါကျောင်းတွင်သာ အချိန်ပြည့် ပညာသင်ကြားလိုသည့် ကျောင်းသားပမာဏနှင့် တရားဝင်အသိအမှတ်ပြုသော ကိုယ်ပိုင်ကျောင်းအရေအတွက် အင်အားမမျှခြင်းကြောင့် လိမ်လည်စာရင်းသွင်းသော အလေ့အထဆက်လက်ကျယ့်ပြန့်နေဆဲဖြစ်သည်။

“ကိုယ်ပိုင်ကျောင်းတစ်ခုကို သွားအပ်တာ လူပြည့်နေပြီဖြစ်နေတယ်။ အစတည်းက ဆယ်တန်းရောက်ရင် အပြင်မှာထားမယ် စိတ်ကူးထားတာပါ။ တခြားအဆင်ပြေတဲ့ ဘော်ဒါကျောင်းတစ်ခုမှာ အပ်လိုက်တယ်။ ကိုယ်ပိုင်ကျောင်း လက်မှတ်တော့မရထားဘူး။အစိုးရကျောင်းတစ်ခုမှာ အပ်လိုက်တာ (ကျပ်)နှစ်သိန်းသတ်သတ်ထပ်ပေးရတယ်” ဟု ရန်ကုန်မြို့ရှိ ကျောင်းသားမိဘတစ်ဦးကပြော
သည်။

ယင်းကဲ့သို့ ကျောင်းအုပ်ကြီးအချို့အား ငွေကြေးပေး၍ ကျောင်းသားစာရင်းပေးသွင်းများမှာ နှစ်ကာလကြာခဲ့ပြီဖြစ်သော်လည်း ယခုချိန်မှ လူသိရှင်ကြားပြဿနာဖြစ်ပေါ်ပြီးနောက် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသောဖြစ် ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်

အထက်ပါဖြစ်ရပ် အခြေအနေသည် ငွေကြေးပေး၍စာရင်းပေးသွင်း ကျောင်းအပ်သော ကျောင်းသား များအတွက် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ပညာသင်ယူခွင့် ထိခိုက်နိုင်ကြောင်း သတိပေးလိုက်ခြင်းဖြစ်သည်။

“အစိုးရကျောင်းမှာ အပ်ပြီး တရားဝင်အသိအမှတ်မပြုထားတဲ့ ဘော်ဒါကျောင်းတွေမှာ အချိန်ပြည့်စာသင်နေတာ တရားမ၀င်ပါဘူး။ ခုက ပြသာနာဖြစ်ပွားလို့ လာရောက် တိုင်ကြားတာဖြစ်နေတယ်။ အဲ့ဒီလိုတိုင်ကြားမှပဲ အရေးယူဆောင်ရွက်လို့ရမှာပါ။ မတိုင်တာတွေကတော့ ဘာမှလုပ်လို့မရဘူးလေ” ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကဆိုသည်။

ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခွင့် မရရှိထားသော ဘော်ဒါကျောင်းအချို့သည် အခြေခံပညာကျောင်းအုပ်အချို့အား ငွေကြေးပေး၍ ကျောင်းသားများအား နားလည်မှုဖြင့်ကျောင်းအပ်ကာ အချိန်ပြည့်ပညာသင်ခွင့်များရရှိအောင် ဆောင်ရွက်မှုများရှိနေဆဲဖြစ်ပြီး အရေးယူဆောင်ရွက်ရန် လိုအပ်ချက်များရှိနေဆဲဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သည် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ ၂ ရက်တွင် ပြဋ္ဌာန်းလိုက်ပြီး ကိုယ်
ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေများကို ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်လိုက်ကာ အခြေခံပညာရေးကဏ္ဍတွင် ပုဂလိလုပ်ငန်းများ
ပါဝင်ဆောင်ရွက်မှုကိုတရားဝင် အသိအမှတ်ပြုပေးခဲ့သည်။

အဆိုပါကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေနှင့် နည်းဥပဒေများတွင် ကိုယ်ပိုင်ကျောင်းနှင့်သက်ဆိုင်သော သတ်မှတ်ပြဋ္ဌာန်း
ချက်များနှင့် ကိုယ်ပိုင်ကျောင်းလျှောက်ထားလိုသူများအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များကို ဖော်ပြထားသည်။

လက်ရှိတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်နေသော ဘော်ဒါကျောင်းများ၊ ကျုရှင်များနှင့် သက်ဆိုင်သော သတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများမှာ အထက်ပါဥပဒေများတွင် ပါဝင် နေခြင်း မရှိသည်ကို တွေ့ရသည်။

ကိုယ်ပိုင်ကျောင်းလက်မှတ် ရရှိထားသော ဘော်ဒါကျောင်းများအနေဖြင့် အချိန်ပြည့်သင်ကြားခွင့် န၀မတန်းထိ အတန်းတင်စာမေးပွဲ စစ်ဆေးခွင့်ရှိနေသော်လည်း မည်သည့်ဘော်ဒါ၊ ကျူရှင်ကျောင်းများမှမဆို ကျောင်းသားများသည် အစိုးရကျောင်းသို့တက်ရောက်ရန် လိုအပ်နေဆဲဖြစ်သည်။

ထို့ကြောင့် ဘော်ဒါကျောင်းပိုင်ရှင် အချို့ကလည်း ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို သဘောကျကျေနပ်ခြင်းမရှိဘဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသားများ လွတ်လပ်စွာဝင်ရောက်ဖြေဆိုခွင့်စနစ်ကို ကျင့်သုံးစေလိုသောဆန္ဒရှိကြောင်း ပြောဆိုနေကြသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းအရေအတွက် ၁၀၀ ကျော်တိုးမြှင့် ချထားပေးရန် စီစဉ်နေခြင်းကြောင့် ပုဂ္ဂလိက ပညာရေးတွင် အချိန်ပြည့်ပညာသင်ယူလိုသော ကျောင်းသားများအနေဖြင့် ဘော်ဒါကျောင်းများတွင် စာရင်းလိမ်တက်ရောက်ရသော အခြေအနေများကြုံတွေ့နေရမှု လျော့ကျသွားမည်ဟု မျှော်လင့်ရသည်။
နေလင်းထွန်း
7Day News Journal

အပျောက်ကုဆေးခန်းများ တိုင်းဒေသကြီးအစိုးရစစ်ဆေးမည်

ရန်ကုန်၊ ဇွန်-၁၇
ပြည်တွင်းမီဒီယာများတွင် ရောဂါ အပျောက်ကုသပေးသည်ဆိုပြီး ကြော်ငြာအားကောင်းကောင်းသုံး ကာ နိုင်ငံခြားသားဆရာဝန်များဖြင့် ကြော်ငြာသောရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးခန်းများကို စစ်ဆေးအရေးယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အစိုးရအဖွဲ့ကို တင်ပြီးပြီ။ အမြန်ဆုံး ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားတယ်။ ဒီကိစ္စကြောင့် လူအများနစ်နာနေတဲ့အတွက် အမြန်ဆုံး ဆောင်ရွက်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောသည်။

ဆေးခန်းမှတ်ပုံတင်သည့် အချိန်က မြန်မာဆရာဝန်များအမည်ဖြင့် မှတ်ပုံတင်ပြီး ဆေးကုသခန်းရှေ့ တွင် မြန်မာဆရာဝန်နာမည် တပ်ထားသော်လည်းအတွင်းတွင် နိုင်ငံခြားသားဆရာဝန်က ဘာသာပြန်အကူအညီဖြင့် ကုသခြင်းများ၊ ဆေးတစ်ခွက်စာလျှင်အနည်းဆုံး ငွေကျပ် တစ်သိန်းခန့် တောင်းခံမှုများ ကြုံတွေ့နေရမှုအတွက် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးအဖွဲ့မှ ညှိနှိုင်းအကြောင်းကြားစာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ယခုလအတွင်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ရောဂါအမြစ်ပြတ်ပျောက်ကင်းသည်ဆိုသည့် ကြော်ငြာအားကြောင့် ဆေးခန်းရောက်ရှိသွားပြီး ငွေကြေးသိန်းချီကုန်ကျသည့် ဆေးခန်းများအကြောင်း ရင်ဖွင့်ပြောစကားများလည်း အင်တာနက်စာမျက်နှာများတွင် တွေ့မြင်နေရသည်။

“အဆိုးဝါးဆုံးကတော့ အဲဒီဆေးခန်းမှာ ဘာတံဆိပ်မှမပါတဲ့ ဆေးတွေပေးတယ်။ ဆေးခြောက်လုံးပါတဲ့ တစ်ခွက်စာကို ကျပ်တစ်သိန်းပေးရတယ်။ ဆေးတစ်လစာကို ငွေရှစ်သိန်းကျမယ်လို့ပြောတယ်။ ဘာမှန်းမသိတဲ့ဆေးတွေကို ဘာဆေးပညာအထောက်အထားမှ မပါတဲ့ လူမျိုးခြားနဲ့ဆေးကုရတာ အရမ်းအန္တရာယ်ကြီးပါတယ်” ဟု အမျိုးသမီးတစ်ဦးက ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“တစ်ခါတည်းနဲ့ အမြစ်ပြတ် ကုနိုင်တယ်ဆိုတဲ့ ကြော်ငြာတွေကြောင့် လူတွေအသွားများကြတယ်။ အဲဒီမှာ တစ်ယောက်ကို အ နည်းဆုံးတစ်သိန်းပဲ။ မပျောက်ရင် ပြန်လာ၊ အခမဲ့လို့ပြောပေမယ့် ရောဂါဆိုးလာလို့ ထပ်မသွားတော့ဘူး။ အဲဒါနဲ့ လုပ်စားနေကြတာ။ တစ်နေရာမှာ နာမည်ပျက်ရင် နောက်တစ်နေရာကို နောက်နာမည်နဲ့ပြောင်းသွားကြရော” ဟု မြန်မာနိုင်ငံမှ ဆရာဝန်အသင်းမှ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

အော်တာနေးတစ်ဆေး ပညာအသုံးပြုသည်ဆိုခြင်းကြောင့် ပြည်တွင်းတွင်လက်ရှိ ရှိနေသည့် တိုင်းရင်းဆေး၊ အနောက်တိုင်း
ဆေးတို့နှင့် သက်ဆိုင်သည့် ဥပဒေများဖြင့် အရေးယူမှုလည်း မပြုလုပ်နိုင်သည့်အတွက် ၀န်ကြီးဌာနများက ဆောင်ရွက်မှ ရနိုင်မည်ဖြစ်ကြောင်း ယင်းဆရာဝန်က ဆက်လက်ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အကြောင်းကြားစာထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ၊ ဆေး ခန်းအချို့တွင် အမျိုးမျိုးသော ခေတ်မီတိုးတက်သည့် စက်ပစ္စည်း ကိရိယာများတပ်ဆင်ထားပါကြောင်း၊ အတွေ့အကြုံရှိသောသူများက ခေတ်မီဆေးဝါးကုသသည့် နည်းပညာအသုံးပြုကာ ရောဂါကို အမြစ်ပြတ်ကုသပေးခြင်း၊ အမြန်ပျောက်ကင်းစေသော ကုထုံးအသစ်များဖြင့် ကုသပေးနေကြောင်း ကြော်ငြာများထည့်သွင်းကာ ဆေးကုသမှုများဆောင်ရွက်ခြင်းအပေါ် စစ်ဆေးစုံစမ်းရန် ပါရှိကြောင်း သိရသည်။

ထိုဆေးခန်းများသည် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉)နှင့် ငြိစွန်းနေသည့်အတွက် စစ်ဆေးတွေ့ရှိပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားဆရာဝန်များနှင့် ဆေးကုသမှုပြုလုပ်လိုပါက မြန်မာနိုင်ငံဆေးကောင်စီသို့ နိုင်ငံခြားသားဆေး ကုသခွင့်လိုင်စင် လျှောက်ရမည်ဖြစ်ပြီး ဆေးကောင်စီမှ သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ဆေးကောင်စီများ သို့ ဆက်သွယ်မေးမြန်းပြီးထောက်ခံမှုနှင့် နိုင်ငံတကာတွင် ဆေးကုသခွင့်ရရှိထား သည့် နိုင်ငံခြားသားဆရာဝန်များကိုသာ ဆေးကုသရန် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“အချို့ဆေးခန်းတွေကလည်း နာမည်အမျိုးမျိုးနဲ့ အခွဲတွေ ဖွင့်ထားတာဆိုတော့ သံသယရှိတဲ့ ဆေးခန်းတွေအားလုံးစစ်ဆေးမှာပါ” ဟု ဒေါက်တာမြင့်သိန်းက ဆက်လက်ပြောသည်။

နာတာရှည်ဖြစ်ပွားခံစားနေရသည့် ရောဂါများနှင့် ရောဂါအကြီး၊ အသေးအားလုံးကို တစ်ကြိမ်တည်းဖြင့် ပျောက်ကင်းအောင် ကုသပေးနိုင်သည့်ဆိုသည့် ကြော်ငြာများဖြင့် လူနာများအား အဓိကဆွဲဆောင်ကြခြင်းဖြစ်သည်။

ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များတွင် ငွေကြေးအမြောက်အမြားသုံးစွဲကြော်ငြာနေသည့် ဆေးခန်း အချို့လည်း ကြော်ငြာထည့်သွင်းမှု ယာယီရပ်နားထားကြောင်း သတင်းရရှိသည်။
7Day News Journal

ဖေ့စ်ဘွတ်တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည်

Tuesday, June 18, 2013
ပြည်တွင်းတွင် လူသုံးအများဆုံးဖြစ်သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်သည့် ဖေ့စ်ဘွတ်မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ရန်ရှိသည်ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် (MCF) အတွင်းရေးမှူး ဦးဇော်မင်းဦးက အတည်ပြုပြောကြားသည်။

ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ လည်း ဖေ့စ်ဘွတ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံသို့ လာရောက်ရန် အစီအစဉ် ရှိပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန် အစီအစဉ် ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခြင်း ဖြစ်သည်။

ဦးဇော်မင်းဦးက ''ဖေ့စ်ဘွတ်က တာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံကို ထပ်မံလာရောက်ဖို့ရှိပါတယ်။ နေပြည်တော် ကမ္ဘာ့စီးပွား ရေးဖိုရမ်တုန်းကလည်း နိုင်ငံခြားနည်းပညာ ကုမ္ပဏီတွေ အများကြီးလာတဲ့ အထဲမှာ ဖေ့စ်ဘွတ်ပါ,ပါတယ်။ သူတို့ဘက်က ဖိုရမ်အတွင်း မှာ ဆွေးနွေးတာရယ်၊ နောက် ဝန်ကြီးဌာနက တာဝန်ရှိသူတွေရယ်လောက်ပဲ ဆွေးနွေးသွားတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။

ဖေ့စ်ဘွတ်တာဝန်ရှိသူများ မြန်မာနိုင်ငံသို့လာရောက်မည့် အချိန်အတိအကျကိုမူ ထုတ်ပြန်ထားခြင်းမရှိသေး ဟုလည်း အသင်းချုပ်တာဝန်ရှိသူများက ဆိုသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ အလုပ်အမှုဆောင် ဦးသောင်းစုငြိမ်းက ''ဘယ်နေ့ ဘယ်အချိန်လာမယ် ဆိုတာတော့ အသေးစိတ်မသိသေးဘူး။ နောက် နိုင်ငံခြားနည်းပညာကုမ္ပဏီအများအပြားကလည်း လာရောက်ဖို့ ရှိနေပါတယ်''ဟု ပြောသည်။

နေပြည်တော်တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ဖေ့စ်ဘွတ်မှ တာဝန်ရှိသူများ လာရောက်သည့် ဇွန်လ ပထမပတ်အတွင်း ဖေ့စ်ဘွတ်စာမျက်နှာတွင် အသုံးပြုရသည့် ဘာသာစကားများ၌ မြန်မာ ဘာသာစကားဖြင့် အသုံးပြုနိုင်ရန်လည်း ထည့်သွင်းထားပြီးဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းက မြန်မာနိုင်ငံသို့ Google OuúX Eric Schmidt လာရောက်ခဲ့စဉ်ကလည်း Google အနေဖြင့် မြန်မာ ဘာသာစကားဖြင့် အသုံးပြုနိုင်သော Sub Domain တစ်ခုကို လွှင့်တင်ပေးခဲ့သည်။

ယင်းအပြင် ဇွန်လပထမပတ်အတွင်း၌လည်း ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Microsoft က မြန်မာနိုင်ငံရှိ Software ကုမ္ပဏီတစ်ခုဖြစ်သည့် MIT ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် Microsoft ၏ ထုတ်ကုန်များဖြစ်သည့်  Software များတွင်ပါ မြန်မာဘာသာစကားဖြင့် ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ဦးဇော်မင်းဦးက သုံးသပ်ပြော ကြားသည်။
ချိုကို
Mizzima - News in Burmese

စစ်တပ်နဲ့ တွဲပြီး အခြေခံ ဥပဒေပြင်ဖို့ ဒေါ်စုပြော

အခြေခံ ဥပဒေပြင်ရေးမှာ တပ်မတော် ပါလာအောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေ
18 ဇွန်လ 2013
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရာမှာ စစ်တပ်ပါမှ ဖြစ်မယ်လို့ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင် အမျိုးသားပါတီနဲ့ ဇိုမီး ကွန်ဂရက် ပါတီတို့ ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့စဉ်မှာ အခုလို ပြောကြားခဲ့တာပါ။


၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ တပ်မတော်မပါပဲ လုပ်ဖို့ ခက်ကြောင်း၊ ဒါ့ကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သားတွေ နားလည်လာအောင် တဖြည်းဖြည်း ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်လို့ အဲဒီ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးနိုင်ငွေသိမ်း က ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လွှတ်တော် အတွေ့အကြုံတွေ အကြောင်း ရှင်းလင်းပြောပြခဲ့ပြီး အကြံဉာဏ်တွေကိုလည်း တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား အဖွဲ့တွေဘက်ကလည်း ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းစစ် ငြိမ်းချမ်းရေးနဲ့ အချိုးကျ ကိုယ်စားပြု PRစနစ်တွေ အကြောင်း ပြန်လည် ဆွေးနွေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အချိုးကျ ကိုယ်စားပြု PR စနစ် ဟာ ရှုပ်ထွေးမှု ရှိပြီး နားလည်ရ ခက်တာကြောင့် မြန်မာနိုင်ငံမှာ မကျင့်သုံးသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့တွေရော၊ အပစ်ရပ် အဖွဲ့တွေပါ ပါဝင်တဲ့ တိုင်းရင်းသားအဖွဲ့ အင်အားစု၊ အစိုးရ အင်အားစုနဲ့ ဒီမိုကရေစီ အင်အားစုတို့ ပါတဲ့ ညီလာခံကြီး တရပ် ကျင်းပနိုင်ရေးကိုလည်း တိုင်းရင်းသားတွေဘက်က ဆွေးနွေး တင်ပြခဲ့ကြောင်း၊ ဒါပေမယ့် အစိုးရက အလားတူ ညီလာခံကြီးတခု ကျင်းပဖို့ စီစဉ်နေတာမို့ ဒီကိစ္စကို လောလောဆယ် ဆိုင်းငံ့ထား သင့်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က အကြံပြုခဲ့ကြောင်း ဦးနိုင်ငွေသိမ်းက ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့ ဒီ တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ ရောက်သွားအပြီး ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ကုလသမဂ္ဂဒုက္ခသည် လက်မှတ်အတုကိုင်ဆောင်မှုဖြင့် မြန်မာလူမျိုး ၅၀ကို တရားစွဲ

ဇွန် ၅ ရက်က ဆလာရန်းတွင် မလေးရှားရဲများက အော်ပရာစီဝင်ပြီး မြန်မာအလုပ်သမားများကို ဖမ်းဆီးစဉ် (ဓာတ်ပုံ-မျိုးညွန့်)
Wednesday, 19 June 2013
မလေးရှားနိုင်ငံတွင် မြန်မာအယောက် ၅၀ ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ လက်မှတ်အတု ကိုင်ဆောင်မှုဖြင့် မလေးရှားနိုင်ငံ တရားမမှုဆိုင်ရာ တရားရုံးက ဇွန် ၁၇ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း မလေးရှား The Sun အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

အသက် ၁၈ နှစ်မှ ၅၅ နှစ်အကြားရှိ တရားစွဲဆို ခံရသူများက မိမိတို့သည် UNHCR ၏ တရားဝင်ကတ်များကို ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်း ပြန်လည်တင်ပြ ခဲ့သော်လည်း တရားသူကြီး နော်ဟာရတီမိုဟာမက်ယူနွတ်က စွဲဆိုချက်ကို ကြေညာခဲ့သည်။

၎င်းတို့ ကိုင်ဆောင်ထားသော ကတ်များမှာ အတုများဖြစ်ကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက အတည်ပြုထားပြီး နောက်ထပ်ရုံးချိန်းကို ဇူလိုင် ၁ ရက် သတ်မှတ်ထားကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၉၅၉။ ၁၉၆၃၊ အပိုဒ် ၁၅ (၁) (ဂ)အရ ၎င်းတို့အနေဖြင့် အများဆုံးဒဏ်ငွေ ရင်းဂစ် ၁၀၀၀၀ သို့မဟုတ် ထောင်ဒဏ်ငါးနှစ်နှင့် ကြိမ်ဒဏ်ခြောက်ချက်အထိ ချမှတ်ခံရမည် ဖြစ်သည်။

UNHCR တရားရေး အကြံပေး ပုဂ္ဂိုလ်များက ဖမ်းဆီးခံရသူများကို တရားရုံး အပြင်ဘက်တွင် တွေ့ဆုံရန် ကြိုးပမ်းခဲ့သော်လည်း မလေးရှား အရာရှိများက တားမြစ်ခဲ့ကြောင်း သိရသည်။

ကတ်အတု ကိုင်ဆောင်ထားသည် ဆိုသူများနှင့် တွေ့ဆုံခွင့် မရခဲ့ကြောင်း၊ ၎င်းတို့သည် တရားဝင် ဒုက္ခသည်များ ဟုတ်၊ မဟုတ်ကို အတည်ပြုရန် လိုအပ်မည်ဖြစ်ကြောင်း UNHCR က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လူဝင်မှု ကြီးကြပ်ရေးဌာန၏ တရားစွဲဆိုရေးဆိုင်ရာ အကြီးတန်း အရာရှိ အဗ္ဗဒူလာတစ်ဟမ်ဇာက UNHCR အနေဖြင့် အဆိုပါ ဆောင်ရွက်ချက်များကို မြို့တော်ကွာလာလမ်ပူရှိ ဂျလန်းဒူတာ တရားရုံးတွင် ယခင်ကပင် လုပ်ဆောင်သင့်ကြောင်း ပြောကြားသည်။

ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေး ဌာန၏ တရားစွဲဆိုရေး အရာရှိ ဆီပူအန်ဝါအာမတ်က အလားတူပုဒ်မဖြင့် နောက်ထပ် မြန်မာ ၁၃၅ ဦးကို ဇွန် ၁၈ ရက်တွင် တရားစွဲဆိုမည်ဖြစ်ကြောင်း ပြောကြားသည်။

အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံမှ ကိုဝင်းဌေး ဆိုသူကိုလည်း နေထိုင်ခွင့်ကာလ ကျော်လွန်သောကြောင့် တရားမ ဥပဒေအပိုဒ် ၁၅ (၁) (ဂ)ဖြင့် ထောင်ဒဏ်လေးလ ချမှတ်ခဲ့ကြောင်း သိရသည်။

ကိုဝင်းဌေးကို ဇွန် ၇ ရက်က ဆလာရန်းဈေးတွင် ဖမ်းဆီးခဲ့စဉ်က အထောက်အထား မှန်ကန်မှု မရှိသည့် စာရွက်စာတမ်းများဖြင့် တွေ့ရှိခဲ့ရကြောင်း ဆီပူအန်ဝါက ပြောကြားသည်။

ဖမ်းဆီးထားသော နိုင်ငံခြားသားများမှာ တရားမ၀င် လမ်းကြောင်းများမှ ၀င်ရောက်လာသူများဖြစ်ကြောင်း ဆီပူအန်ဝါက ပြောကြားသည်။
Eleven Media Group

သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို

Tuesday, June 18, 2013
ဇွန်လ ၁၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသော The Daily Eleven နေ့စဉ် သတင်းစာတွင် ပါရှိသည့် သတင်းတစ်ပုဒ်သည် မှားယွင်းသော ထုတ်ပြန်ချက်သာဖြစ်ကြောင်း ရေးသားမှုအပေါ် နိုင်ငံပိုင် သတင်းစာများအနေဖြင့် ပြန်လည် ဖြေရှင်းမှုပြုလုပ်ရန် ယနေ့ထုတ် The Daily Eleven နေ့စဉ် သတင်းစာ တွင် တောင်းဆိုချက်ထည့်သွားမည်ဟု ယင်းသတင်းစာ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက မဇ္ဈိမကိုပြောသည်။

နိုင်ငံပိုင်သတင်းစာက မှားယွင်းထုတ် ပြန်ချက်ဖြစ်ကြောင်းစွပ်စွဲလိုက်သော သတင်းသည် ဇွန်လ ၁၃ ရက်က The Daily Eleven နေ့စဉ်သတင်းစာကရေးသားသည့် ''၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အစိုးရမှ ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့တင်ရန် စီ စဉ်နေပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အများစု ကန့်ကွက်မည်'' ဆိုသည့် သတင်းဖြစ်သည်။

ထိုသို့ မှားယွင်းဖော်ပြမှုသည် ပြည်သူလူထုက အစိုးရအား အထင်အမြင်လွဲမှားပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သဖြင့် အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း ဇွန်လ ၁၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

အယ်ဒီတာချုပ် ကိုဝေဖြိုးက ''ဒီဟာက သတင်းရေးတဲ့ပုံစံနဲ့လည်း တူညီခြင်းမရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့ ကို မှားယ်သာပြောတယ်။ သတင်းထဲမှာ ဘယ်အချက်တွေ မှားတယ်ဆိုတာကို ဖော်ပြထားခြင်း မရှိပါဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ရေးသားထားတာက မှားယွင်းတယ်ဆိုရင် အချက်အလက်အမှန်က ဘယ်ဟာဆိုတာလည်း ဖော်ပြထားတာမရှိပါဘူး'' ဟု ယင်းဖော်ပြချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ပြောဆိုသည်။

The Daily Eleven အနေဖြင့် ထိုသတင်းအား ရေးသားရာတွင် လွှတ်တော်၌ အောက်လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး၏ ပြောကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးသပ်ချက်ကို ထည့်သွင်းရေးသားထားခြင်းဖြစ်ပြီး အထောက်အ ထားခိုင်လုံကြောင်းလည်း ၎င်းကပြောသည်။

ထိုသတင်းအား ဇွန်လ ၁၈ ရက်က နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြရာတွင် မည်သည့်အချက်များသည် မှားယွင်းကြောင်း ဖော်ပြပါရှိခြင်းမရှိဘဲ ၂ဝ၁၂ခုနှစ် နိုဝင်ဘာလက အထက်လွှတ်တော်၌ မြန်မာနိုင်ငံသား ဥပဒေပြင်ဆင်ရေးသားခြင်းနှင့် ပတ်သက်၍ အထက်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမှုအပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ က ပြန်လည်ရှင်းလင်းမှု အပြည့်အစုံ ကိုသာ ထည့်သွင်းဖော်ပြထားသည်။

ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုချက်အား ဖြေရှင်းပေးမှုမရှိပါက တရားစွဲဆို မှုပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မည်သည့်အချိန်ကာလတွင် ဖြေရှင်းမှုမလုပ်ပေးပါက တရားစွဲဆိုမည်ကိုမူ မဆုံးဖြတ်ရသေးကြောင်းကို ''အတိအကျကြီး မဟုတ်ပါဘူး။ တစ်ဖက်က ကျွန်တော်တို့ကိုပြန်ပြီး ဘယ်လိုပြန်ပြီး ဖြေရှင်းပေးမလဲဆိုတာ မသိသေးဘူး။ အဲဒါနဲ့ပတ်သက်လို့လဲ ဒါရိုက်တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆက်လုပ်သွားမှာပါ'' ဟု ၎င်းက ဆက်လက်ပြောသည်။
သိင်္ဂီထွန်း
Mizzima - News in Burmese

နိုဗယ်ဆုရှင်၏ (၆၈) နှစ်ပြည့်မွေးနေ့ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်ပြည့်မွေးနေ့ပွဲကို ရန်ကုန်မြို့ အမျိုးသားဒီကရေစီအဖွဲ့ချုပ်ရုံး ဇွန်လ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ဓာတ်ပုံ - မင်းမင်းထွန်း
Popular Journal





လှည်းကူးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား

လှည်းကူး ဇွန် ၁၈
ယနေ့နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်က လှည်းကူးမြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်း ဇရပ်ကွင်းရွာ စီအိုဒီ ကားမှတ်တိုင်အနီး ရန်ကုန်ဘက်မှ မောင်းနှင်လာသော ကုန်တင်ယာဉ် တစ်စီးသည် မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ၀င်တိုက်ကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိသွားပြီး အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်အား ၀င်တိုက်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်တိမ်းမှောက်မှုကြောင့် ကုန်တင်ယာဉ်မောင်း နှင့် ဆိုင်ကယ်မောင်းနှင် သူ နှစ်ဦးတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး လှည်းကူးဆေးရုံသို့ အနီးပတ်ဝန်းကျင် တွင် နေထိုင်သူများက တင်ပို့လိုက်ရကြောင်း သိရသည်။
သူရထွန်း
Popular Myanmar News Journal




ဒစ်ဂျစ်တယ်ပြောင်းပြီးနောက် မီတာခ ပိုများလာသဖြင့် သုံးခွတွင် ဆန္ဒပြ

ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ် ဆင်မှုကြောင့် မီတာခကျသင့်မှု ပိုမို များပြားလာသည်ဟုဆိုကာ သက်ဆိုင် ရာမှ ခွင့်ပြုချက်ရယူ၍ သုံးခွမြို့သား အချို့ ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီခန့်အထိ ဆန္ဒပြသူများသည် သုံးခွမြို့နယ် ၉ ရပ်ကွက် လမ်းဆုံမှ ဘု ရင့်နောင်အားကစားကွင်း အထိ အောင် ဇေယျလမ်းအတိုင်း လမ်းလျှောက်ဆန္ဒ ပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြသူဦးရေ ၈ဝ ခန့်သည် ဒစ်ဂျစ်တယ်မီတာများ တပ်ဆင်ထား မှုဖြုတ်ချရေး၊ ယခင်မီတာအဟောင်း များပြန်လည်တပ်ဆင်ပေးရေးနှင့် ပွင့် လင်းမြင်သာမှုရှိသော မီတာနှုန်းထား များဖော်ဆောင်ရေး အချက် ၃ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သော အ သက် ၃ဝ ကျော်အရွယ်အမျိုးသား တစ် ဦးက''အဓိကက ဒစ်ဂျစ်တယ် စနစ် ပြောင်းလိုက်မှ မီတာခတွေပိုကျလာလို့ ပါ။ လျှပ်စစ်ဌာနအနေနဲ့လည်းပြည်သူ လူထုကို မီတာကောက်ခံ မှု နှုန်းထား တွေ၊ မူတွေကို ရှင်းရှင်းလင်းလင်း ပြော စေချင်တယ်'' ဟု ပြောသည်။

ယခင် မီတာအဟောင်းတပ်ဆင် စဉ်က တစ်လလျှင် ကျပ်သုံးလေးထောင် သာပုံမှန်ကျသင့်သော်လည်း ဒစ်ဂျစ် တယ်မီတာ ပြောင်းလဲတပ်ဆင်ပြီးနောက် မီတာခကျသင့်ငွေမှာ ကျပ် ခုနစ်ထောင်၊ ရှစ်ထောင်ခန့်ရှိလာခြင်းကြောင့် ဆန္ဒပြ ရခြင်းဖြစ်ကြောင်း
၎င်းက ပြောသည်။သုံးခွမြို့နယ်တွင် ဒစ်ဂျစ်တယ်မီတာစနစ် ကိုဖေဖော်ဝါရီ လမှ စတင်ပြောင်းလဲတပ် ဆင်ခဲ့ခြင်းဖြစ်ပြီး သုံးခွ မြို့ပေါ်ပိုင်းတွင် ရာခိုင်နှုန်းတော်တော် များများပြောင်းလဲ တပ် ဆင်ပြီးဖြစ်ကြောင်း သုံးခွမြို့နယ်လျှပ်စစ် ရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဆန္ဒပြရာတွင် မပါသော ၉ ရပ် ကွက်နေ အိမ်ရှင်မတစ်ဦးက''ဒစ်ဂျစ် တယ်မီတာပြောင်းပြီး မီတာဆောင်ရ တာ ၃ လရှိပြီပေါ့။ ပထမဆုံးလက ပုံ မှန်နှုန်းအတိုင်းပဲ မပြောင်းဘူး။ ၅ဝဝဝ ကျော်ပဲ။ ဒုတိယလမှာ ၈ဝဝဝ ကျော်ဖြစ် သွားတယ်။ တတိယလ ကျတော့၇ဝဝဝ ကျော်ပြန်ဖြစ်လာ ပါတယ်။ လုပ်ငန်းသုံး တွေက ပိုသိသာတယ်ပြောတယ်။ ဆန် စက်တစ်ခုဆိုအရင်တစ်လ ငါး သောင်း ကျတာကနေ အခု တစ်သိန်းလောက်ဖြစ် သွားတယ်ပြောတယ်''ဟု ပြောသည်။

သုံးခွမြို့နယ်တွင် ပါဝါမီတာသုံးစွဲ မှုမှာ အနည်းအကျဉ်းသာရှိပြီး ဆန် စက်လုပ်ငန်းနှင့် တွင်ခုံလုပ်ငန်းများသာ ရှိကြောင်း သိရသည်။ သုံးခွမြို့လျှပ်စစ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက''မီတာရဲ့သဘောတရားအရ ဌာနက ထုတ်ပေးတာတွေကို ပြောင်းလဲ တပ်ဆင်ပေးလိုက်တာပါပဲ။ စမ်းသပ်ပြီး ကောင်းမွန်တာတွေပဲ တပ်ဆင်ပေးထား တာပါ''ဟု ပြောသည်။

လက်ရှိတွင် ဒစ်ဂျစ်တယ် မီတာ ပြောင်း လဲတပ်ဆင်မှုကို ရပ်ဆိုင်း ထား ကြောင်း၊ ထိုကဲ့သို့ ရပ်ဆိုင်းထားခြင်းမှာ ဆန္ဒပြခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ ဒစ် ဂျစ်တယ် မီတာတပ်ဆင်ရန်အတွက် ဓာတ်ကြိုး သွယ်တန်းထားသော သံ တိုင်၊ မီးရထား သံတိုင်နှင့်သစ်သားတိုင်များ ကို ကျောက်တိုင်အဖြစ် ပြောင်း လဲပြီးပါက ဒစ်ဂျစ်တယ်မီတာများ ဆက် လက်တပ်ဆင်သွားမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ဝေယံမိုးမြင့်
Popular Myanmar News Journal

စစ်မက် ပဋိပက္ခတွေကြောင့် ကမ္ဘာမှာ ဒုက္ခသည် ဦးရေ အများဆုံး မြင့်တက်

UNHCR ဒုက္ခသည် ရွက်ဖျင်တဲတွေ
19 ဇွန်လ 2013
အရင် ယူဂိုဆလားဗီးယားနဲ့ ရိုဝမ်ဒါ တို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး ကတည်းက ဆိုရင် အခုအခါ နေအိမ်စွန့်ခွာပြေးရတဲ့ ဒုက္ခသည် အရေအတွက် အများဆုံး အဆင့်ကို ရောက်နေတယ်လို့ UNHCR ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရ သိရပါတယ်။

မနှစ်က ဒုက္ခသည် ရှစ်သန်း နီးပါးဟာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုဟာ စစ်ပွဲ ပဋိပက္ခတွေကြောင့်လို့ UNHCR က ပြောပါတယ်။

အခုထွက်လာတဲ့ ကိန်းဂဏန်းတွေဟာ စိုးရိမ်စရာ ဖြစ်နေပြီး ဆီးရီးယား ပဋိပက္ခကြောင့် ဒုက္ခသည် အရေအတွက် တိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဒုက္ခသည် အရေအတွက် တိုးလာမှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မဖြေရှင်းနိုင်တာ ဒါမှမဟုတ် နောက်ဖြစ်လာမယ့် ပဋိပက္ခတွေကို မတားနိုင်ဘူး ဆိုတာ ထောက်ပြနေတာဘဲလို့ UNHCR က ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

၈၈ မျိုးဆက် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းမှု

19 ဇွန်လ 2013
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ရှစ်ယောက် ဟာ မနေ့ က လန်ဒန် ကို ရောက်လာတဲ့ နေ့ မှာပဲ ဘီဘီစီ ကမ္ဘာတလွား ရုပ်မြင်သံကြား နဲ့ အသံလွှင့် ဌာန ကို ရောက်လာ ခဲ့ပြီး မြန်မာ နိုင်ငံ ရဲ့ လတ်တလော အခြေအနေ၊ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကြမ်း၊ မြန်မာ့ အနာဂတ် စတာတွေ ကို ဘီဘီစီ သတင်းဌာန တွေ က တွေ့ဆုံမေးမြန်းမှု ပြုခဲ့ကြပါတယ်။



မြန်မာနိုင်ငံရဲ့ လတ်တလော ပြောင်းလဲမှု တွေရဲ့ အဓိက အကြောင်းရင်း ကို မေးမြန်းရာမှာ ကိုမင်းကိုနိုင်က ပြည်သူလူထု တရပ်လုံးက အပြောင်းအလဲ ကို လိုလားတဲ့ အလျောက် အားထုတ်ကြိုးပမ်းမှု လည်းရှိခဲ့လို့ မပြောင်းမဖြစ် တဲ့ အခြေအနေ ရောက်လာပုံ၊ အများကြီး ပြောင်းလဲတယ် လို့ စွဲမှတ် မထားသင့်ပဲ ၊ တချို့ဟာ အပေါ်ယံ ပြောင်းလဲမှု သာ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။


မြန်မာနိုင်ငံ ရဲ့ အနာဂတ်မှာ စစ်တပ် ရဲ့ အခန်းကဏ္ဍဍ ဟာ ဘယ်လောက် အထိ အရေးပါနေဦး မှာလည်း ဆိုတဲ့ မေးခွန်းကို ကိုဌေးကြွယ် က ဖြေရာမှာ တပ်နဲ့ အတူ တမျိုးသားလုံးနဲ့ ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ကြယင်း၊ တပ်ရဲ့ အခန်းကဏ္ဍဍ ကို အာဏာ ထိန်းချုပ်ရာမှ နိုင်ငံ တည်ဆောက်၊ ကာကွယ်ရေး ကို တာဝန်ယူတဲ့ အပိုင်းဆီ တဖြည်းဖြည်း လျှော့ချ ဖို့ လိုကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ အဖြစ် မြင်လိုပါသလား၊ ဒါမှ မဟုတ် ဘယ်သူ့ ကို ရွေးချယ်မှာပါလဲ ဆိုရာမှာ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ရရှိရေး အတွက် ကြိုးစားလုပ်ဆောင်ပေး နိုင်မယ့် ခေါင်းဆောင်မျိုး၊ မည်သူ ကို မဆို လေးစားစွာ နဲ့ ကြိုဆိုမယ့် အကြောင်း ကို ကိုမင်းဇေယျာ က ဖြေကြားပါတယ်။

မြန်မာအစိုးရ ဟာ ဗုဒ္ဒဘာသာဝင်တွေ နဲ့ မွတ်ဆလင်တွေ အကြား တင်းမာမှု ကိုင်တွယ်ရာမှာ ဘယ်လိုမြင်ပါသလည်း ဆိုတဲ့ မေးခွန်းကို ကိုကိုကြီး က ရှင်းပြရာမှာ စွမ်းအားရှင် လို့ ခေါ်တဲ့ အဖွဲ့အစည်းတွေ ရဲ့ စနစ်တကျ၊ အကွက်ချ လုပ်ဆောင်မှု တွေကို အရေးမယူလို့ နိုင်ငံရေး အမြတ်ထုတ် တာလို့ မြင်ပုံ ကို ပြောပြပါတယ်။

ကိုမြအေး ကို တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာကို မေးရာမှာ ဘယ်နိုင်ငံ ကမဆို ပြည်တွင်းမှာ ရင်းနှီးမှု ပြုမယ် ဆိုရင် နိုင်ငံရော လူမျိုး အတွက်ပါ အကျိုးများစေဖို့ သာ အရေးကြီးကြောင်း ဖြေဆိုသွားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

အသက် ၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲ စပိန်အသင်း ဗိုလ်စွဲ

အစ္စရေး၊ ဇွန် ၁၉။
အသက် ၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် စပိန်အသင်းသည် အီတလီအသင်းကို ၂-၄ ဂိုးဖြင့် အနိုင်ရရှိကာ ဆုဖလားရရှိသွားခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အဆိုပါ ၂၀၁၃ ခုနှစ်၊ အသက် ၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲကို စပိန်အသင်းသည် ၄ ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရသည့် အီတလီအသင်းသည် ယခုပြိုင်ပွဲတွင် အောင်မြင်မှု အမြင့်ဆုံး စံချိန်ကို ရရှိထားသော အသင်းဖြစ်ပြီး ၅ ကြိမ်တိုင် ဆုဖလား ရရှိဖူးသည်။

အဆိုပါ ပြိုင်ပွဲတွင် စပိန်အသင်း၏ ရှေ့တန်းတိုက်စစ်မှူး မိုရာတာသည် ပြိုင်ပွဲတစ်လျှောက် ၎
ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံးဆု ရရှိသကဲ့သို့ စပိန်ကွင်းလယ်ကစားသမား အစ္စကိုသည်လည်း
ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် အသိအမှတ်ပြု ခံခဲ့ရသည်။

စပိန်လာလီဂါ ကလပ် မာလာဂါအသင်းတွင် ကစားနေသော ကွင်းလယ်ကစားသမား အစ္စကိုသည်
ယခုပြိုင်ပွဲတစ်လျှောက်တွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဥရောပ
အသင်းကြီးများဖြစ်သော မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ခေါ်ယူရန်
စိတ်ဝင်စားလျက်ရှိနေသည်။

အသက် ၂၁ နှစ်အောက် ဥရောပ ချန်ပီယံရှိ ပြိုင်ပွဲကို ၁၉၇၈ ခုနှစ်ကတည်းက ၂ နှစ်တစ်ကြိမ် ပုံမှန်
ကျင်းပခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အကြိမ် ၂၀ မြောက်
ပြိုင်ပွဲကို ချက်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  
မြန်မာ့ခေတ်

ကမ္ဘာ့စံချိန်တင် လစာငွေဖြင့် ရော်နယ်ဒို စာချုပ်သစ် ချုပ်ဆိုမည်

မက်ဒရစ်၊ ဇွန် ၁၈။
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်း ကွင်းလယ်ကစားသမား ခရစ္စတီယာနိုသည် ကမ္ဘာ့ လစာငွေ အများဆုံးကစားသမားအဖြစ် စံချိန်တင် စာချုပ်သစ်ချုပ်ဆိုတော့မည်ဖြစ်ကြောင်း သိရသည်။

ရော်နယ်ဒို၏ ကိုယ်စားလှယ်များသည် ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများနှင့်  ၅ နှစ် သက်တမ်းရှိ စာချုပ်သစ်လက်မှတ်ရေးထိုးရန်အတွက်  ယူရို ၁၅၅ သန်း တန်ကြေးရှိ စာချုပ်သစ် တစ်ရပ်ချုပ်ဆိုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေသည်။

ရီးရဲလ်မက်ဒရစ် အသင်းနှင့်အတူ လေးရာသီ ကစားပြီးချိန်တွင် ၁၉၉ ပွဲ၌ ၂၀၁ ဂိုးသွင်းယူပေးထားသော ရော်နယ်ဒိုက အခြားမည်သည့် အသင်းနှင့်မှ ပြောင်းရွှေ့ရန်အတွက် တရားဝင် စကားပြောဆိုထားခြင်း မရှိသေးကြောင်း ပြောကြားသည်။

“ကျွန်တော် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ပဲ စာချုပ်သစ်ချုပ်ဖြစ်ဖို့ရှိပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားသည်။

ရော်နယ်ဒိုသည် ၂၀၀၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလက အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းမှ ရီးရဲလ်မက်ဒရစ် အသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၉၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ရော်နယ်ဒိုသည် လက်ရှိအချိန်တွင် အခွန်ငွေ ပေးဆောင်ပြီး တစ်နှစ်လျှင် လစာဝင်ငွေ ယူရို ၁၀ သန်းခန့် ၀င်နေပြီး အသစ်ချုပ်ဆိုမည့် စာချုပ်သစ် လက်မှတ်ထိုးပြီးချိန်တွင် တစ်နှစ်လျှင် ယူရို ၁၅ သန်းခန့် ၀င်ငွေရရှိနိုင်မည်ဖြစ်သည်။
Ref; Goal
မြန်မာ့ခေတ်

ကလေးခရိုင်အတွင်း ရဲအချို့ ဖမ်းဆီးခံရ

ကလေး ဇွန် ၁၇။
ကလေးခရိုင်အတွင်း ရဲအချို့ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ကလေး မြို့နယ် ရှစ်လေးလုံး အင်အားစုက ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကလေးခရိုင်အတွင်းရှိ ရဲဝန်ထမ်း အချို့ကို ဇွန် ၁၅ ရက်တွင် စစ်ဆေး ခဲ့ပြီး နောက် ကလေးမြို့နယ် ရှစ်လေးလုံးအင် အားစုက ဇွန် ၁၇ ရက်တွင် ကြေညာ ချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်ထဲတွင် ကလေးခရိုင် အတွင်းရှိ လိုင်စင်မဲ့ကား များကို ဖမ်းဆီးမည်ဆိုပါက ဖြတ်သန်း မောင်းနှင်ခဲ့ရာ မြို့နယ်အသီးသီးမှ စစ် ဆေးရေးဂိတ်များပါ အရေးယူရန် လို အပ်ကြောင်း ကလေးခရိုင်အတွင်း လိုင် စင်မဲ့ကားများ သိမ်းဆည်းရာတွင် လိုင် စင်မဲ့ကားများသည် နယ်စပ်လမ်း ကြောင်း အဆင့်ဆင့်ကို ဖြတ်သန်း ရောက်ရှိလာသော ကားများဖြစ်ကြောင်း၊ ထို့ပြင် တရားမဝင် လိုင်စင်မဲ့ကားများ သိမ်းယူရာတွင် ကလေးစက်မှုဇုန်ထုတ် ကားများ ပါဝင်နေသည့်အပေါ် စက်မှု ဇုန်
တာဝန်ရှိသူများက ဖြေရှင်းပေး ရန်လိုကြောင်း ကြေညာချက်တွင် ပါရှိ သည်။

ကလေးဒေသတွင် မူးယစ်ဆေးဝါး နှင့် တရားမဝင်ဆေးဝါးပစ္စည်း များနှင့် ပတ်သက်၍ နယ်စပ်ဒေသနှင့်နီးသော ဒေသဖြစ်သောကြောင့် နယ်စပ်အဝင်အ ထွက် တာဝန်ရှိသူများအားလုံးနှင့်သက် ဆိုင်သည်ဟု ယူဆကြောင်း၊ ကလေး ခရိုင်အတွင်း လိုင်စင်မဲ့ကားနှင့် မူးယစ် ဆေးဝါး ကိစ္စနှင့်ပတ်သက်၍ ကလေး ခရိုင်ရဲတပ်ဖွဲ့ဝင်အချို့ကိုသာ အထူးစစ် ဆေးအရေးယူ ဆောင်ရွက်သည့်ကိစ္စမှာ လုံလောက် ထိရောက်မည်ဟု မယူဆ ကြောင်း၊ ၄င်းပြဿနာများသည် နိုင်ငံ အနှံ့တွင် ဖြစ်ပွားလျက်ရှိသောကြောင့် ထိထိရောက်ရောက် အရေးယူမှု များ ပြုလုပ်မည်ဟုယုံကြည်ကြောင်း စသည် ဖြင့် အချက် ၉ ချက်ပါကြေ ညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့နယ် ရှစ်လေးလုံးအင် အားစုအဖွဲ့ဝင် ဦးမိုက်ကယ် ဝင်းကျော်က ''ကျွန်တော်တို့ဆီမှာ လက်ရှိ ဖြစ်ပွား နေတဲ့ ကိစ္စရပ်အပေါ် ရဲက ညင်ညင် သာသာကိုင်တွယ်ဖို့နဲ့ ဖြစ်စဉ်တွေအပေါ် ကိုခြုံပြီး သဘောထားတွေကို ထုတ်ပြန် တာပါ''ဟု ပြောသည်။

ဒုတိယရဲချုပ်နှင့် အဖွဲ့က ရဲနှင့် ပူးပေါင်းပါဝင်ဖို့ ရှစ်လေးလုံး အင်အားစု ကို ဖိတ်ခေါ်ခဲ့ပြီး၊ တွေ့ဆုံဖို့ပါရှိသည် ဟု ၄င်းအင်အားစု ဝင် ရှေ့နေဦးအေး မြင့်က ဆက်ပြောသည်။
မင်းသုအောင်
Popular Myanmar News Journal

လက်နက်နှင့် မူးယစ်မှောင်ခို ရဲ အချို့ ပါဝင်ပတ်သက်

လက်နက်နှင့် မူးယစ်ဆေး မှောင် ခိုမှုတွင် ရဲဝန်ထမ်းအချို့ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ပတ်သက်နေသည်ဟု မြန်မာနိုင်ငံ ဒုတိယရဲချုပ်ဦးဇော်ဝင်းက ကလေးမြို့တွင်ထုတ်ဖော်ပြောကြား လိုက်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးတင်လှိုင်က ပြောသည်။

အစိုးရသစ်လက်ထက် ပထမဦး ဆုံး လုပ်ရပ်တစ်ခုဟု ခေါ်ဆိုနိုင်သည့် အဆင့်မြင့် ရဲအရာရှိများ ဦးစီးသော အထူး အဖွဲ့၏ ကွင်းဆင်းစစ်ေ ဆးဆောင် ရွက်နေသော ကလေးမြို့ ခရီးစဉ်တွင် ကလေးမြို့ရှိ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး ၄ တည်းခိုဆောင်တွင် ထိုသို့ပြောကြားခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။

''ဒီစကားကို ဒုတိယရဲချုပ်က ကျွန် တော့်ကို ပြောခဲ့တယ်''ဟု ၄င်းက ဆို သည်။

ဒုရဲချုပ်ခေါင်း ဆောင်သော ရဲအ ရာရှိ ၄၉ ဦးသည် ကလေးမြို့သို့ ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်းက လေယာဉ်ဖြင့် ရောက်ရှိပြီး ကလေးခရိုင် ဒုတိယ ရဲမှူး ကြီး၊ ကလေးမြို့နယ် ရဲမှူး၊ ကလေး ရဲ စခန်းမှူးနှင့် တာယန်း ရဲစခန်းမှူးတို့ နေရာတွင် နေပြည်တော်မှ လိုက်ပါလာ သော ရဲအရာရှိတို့ကို အစားထိုး လိုက် ကာ စုံစမ်းစစ်ဆေးမှုကို ကလေးမြို့တွင် ပင်စတင်ပြု လုပ်နေသည်ဟု သိရသည်။

ကလေးမြို့အဝင်အထွက် လမ်း ကြောင်းအားလုံးမှ လိုင်စင်မဲ့ ကားများ ကို ဇွန်လ ၁၅ ရက်မှ စတင်ကာ ဖမ်းဆီး မှုလည်း ပြုလုပ်နေကြောင်း သိရသည်။

ဒုတိယရဲချုပ် ဦးဇော်ဝင်းနှင့် အဖွဲ့ ကလေးမြို့သို့ လာရောက်ရခြင်းမှာ နာ မည်စာရင်းအတိအကျဖြင့် တိုင်ကြား လာမှုရှိသည့် အပြင် ရရှိထားသော သ တင်းတို့ကြောင့်ဟု မြို့မိ၊ မြို့ဖများကို ခေါ်ယူရှင်းပြခဲ့ပြီး၊ ကလေးတွင် မူးယစ် ဆေးနှင့် လက်နက်များ ဖမ်းဆီးရမိနေ ခြင်းတို့ကလည်း ရှိနေခဲ့၍ ဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း အစည်း အဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဒုတိယရဲချုပ်အဖွဲ့က စစ်ဆေးနေမှု နောက်ဆက်တွဲကို တစ် စုံတစ်ရာ ထုတ်ဖော်မပြောကြားသေးပေ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်က''အခု က မှောင်ခို တင်သွင်း တဲ့ လိုင်စင်မဲ့ကားတွေကိုပါ ဖမ်းပါတယ်။ ဖမ်းနိုင်ပါတယ်။ သို့သော်လည်း ပြန်မေး ချင်တာက ကလေးမှာပဲ ဒီကားတွေ ရှိ သလား။ ကျန်တာတွေမှာရော မရှိဘူး လား။ ဒီကားတွေက အလိုလိုပေါ်လာ တာ မဟုတ်ဘူးနော်။ မြဝတီ၊ တာချီ လိတ်တွေက တစ်ဆင့် အဆင့်ဆင့်ဖြတ် ပြီးလာတာ။ ဒါတွေပါ ဖမ်းရမှာလေ။ အခု ဖမ်းတာက ကလေးစက်မှုဇုန်ထုတ် ကား ၆ စီးပါ ပါနေတယ်''ဟုပြောသည်။

ဒုတိယရဲချုပ် အဖွဲ့ကဇွန် ၁၅ ရက် မှ ဇွန် ၁၇ ရက်အထိ စုစုပေါင်း လိုင်စင် မဲ့ကား ၂၄ စီးကို ဖမ်းဆီးခဲ့သည်။ မြို့ခံ တို့ အဆိုအရ နေအိမ် အတွင်း ရှာဖွေမှု ကိုမူ ရဲအဖွဲ့က မလုပ်ခဲ့ဟု သိရသည်။

ကလေးတွင် မူးယစ်ဆေး၊ လက် နက်မှောင်ခိုများ အမှန်တကယ် ရှိနေရာ ရဲဘက်က နှိမ်နင်းခြင်းအပေါ် မြို့ခံတို့ က မည်သည့် မှတ်ချက်မှ မပေးကြ သော်လည်း ၁၉၈၅ -၁၉၈၆ ခုနှစ် လမ်း စဉ်ပါတီခေတ်က ဗိုလ်မှူးကြီးတစ်ဦး ခေါင်းဆောင်သောအဖွဲ့၏ ကလေးမြို့ အား မှောင်ခို စစ်ဆင်ရေး ကဲ့သို့ဖြစ်လာ မည်ကို စိုးရိမ်စိတ်ဝင်နေကြသည်။

''ပုဆိုး၊ စွပ်ကျယ်ပါ မချန်ဘဲ ဖမ်း တာ။ ရှင်းရှင်းပြောရရင် ဘဝပျက်သူတွေ ပါရှိခဲ့တယ်''ဟု ဦးတင်လှိုင်က ထပ် လောင်းဆိုသည်။
မင်သုအောင်
Popular Myanmar News Journal

မလေးရှားနိုင်ငံမှ အကြမ်းဖက် တိုက်ခိုက်ခံရသူ တစ်ဦးအပါအ၀င် အလုပ်သမား ၂၅ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ

ဇွန် ၁၅ ရက်က မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာစဉ်
 Monday, 17 June 2013
မလေးရှားနိုင်ငံ ဆလာရန်းဒေတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသူ တစ်ဦးအပါအ၀င် ဆလာရန်း ၀န်းကျင်၌ နေထိုင်သူများ ပါဝင်သော မြန်မာအလုပ်သမား ၂၅ ဦးသည် ဇွန် ၁၇ ရက် (ယနေ့) တွင် MAI လေကြောင်းလိုင်းဖြင့် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်းပေးပို့ပါသည်။

အဆိုပါ ၂၅ ဦးသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

"ကျွန်တော်တို့ အနေနဲ့ မလေးရှားမှာ ရှိနေတဲ့ မြန်မာအလုပ်သမားတွေထဲက မြန်မာပြည် ပြန်ချင်တဲ့ လူတွေကို ဦးစားပေးအဆင့် လေးဆင့်နဲ့ ပို့ဆောင်ပေးနေပါတယ်။ ပထမအဆင့် အနေနဲ့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ သူတွေရဲ့ မိသားစုတွေ၊ ဒုတိယအဆင့် အနေနဲ့ ဒဏ်ရာရရှိခဲ့သူတွေ၊ တတိယအဆင့်အနေနဲ့ အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ နေရာတွေက မလုံခြုံတဲ့သူတွေ၊ စတုတ္ထအဆင့်မှာ မလေးရှား ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံထား ရသူတွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်" ဟု ဧရာဝတီ ဖောင်ဒေးရှင်း၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ ဦးအောင်မျိုးစောက ပြောကြားသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့ရာတွင် မေ ၃၁ ရက်က ဆလာရန်းဈေးဟောင်း အနီးရှိ NSK ကုန်တိုက်တွင် အလုပ်လုပ်ကိုင်နေပြီး အလုပ်မှအပြန်တွင် တိုက်ခံခဲ့ရသူ တစ်ဦးနှင့် ဆလာရန်း ဒေသတ၀ိုက်တွင် နေထိုင်သူ ၁၆ ဦး၊ အခြားဒေသများမှ ၈ ဦးတို့ ပါဝင်ကြောင်း သိရသည်။ ထိုသူများကို မြန်မာနိုင်ငံသို့ ပြန်နိုင်ရန်အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ ကူညီပေးခဲ့ခြင်း ဖြစ်ပါသည်။ ဧရာဝတီ ဖောင်ဒေးရှင်းသည် မလေးရှာနိုင်ငံရှိ နေရပ်ပြန်လိုသော မြန်မာအလုပ်သမားများအတွက် လေယာဉ်လက်မှတ် ၁၀၀၀ လှူဒါန်းထားသည့်အပြင် နေရပ်ပြန်လိုသူများ အဆင်ပြေစေရန်အတွက် အမှုဆောင် အဖွဲ့တစ်ဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်ပြီး လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ငွေလှူဒါန်းမှုများကိုပါ ပြုလုပ်လျက် ရှိပါသည်။
Eleven Media Group

မြန်မာနိုငိငံသား အလုပ်သမား ၁၀၀ ၀န်းကျင် မလေးရှားမှ ပြန်ရောက် (ရုပ်/သံ)

မလေးရှားက မြန်မာနိုငိငံသား အလုပ်သမား ၁၀၀ ၀န်းကျင် ရန်ကုန်လေဆိပ်ကို ဇွန်လ ၁၇ ရက်နေ့ က ပြန်လည်ရောက်ရှိလာပါတယ်။ ဦးဗိုဗိုသီဟ သတင်းပေးပို့ ထားပါတယ်။
DVB TV News

ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ခဲ့သည့် မခင်မျိုးအား စိတ်ကျန်းမာရေးဆေးရုံပို့


ရန်ကုန်၊ ဇွန် ၁၆
၁၅.၆.၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် စောင်းတန်းသို့ လွန်ခဲ့သော (၃)နှစ်ခန့်က ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ကူးပြောင်း ထားသူ မခင်မျိုး၊ ၃၈နှစ်၊ (ဘ)ဦးစံရင်၊ ဘူတာရပ်၊ တန့်ယမ်းမြို့နယ်၊ ရှမ်း/မြောက်
နေသူနှင့် ၎င်း၏ချွေးမ မမျိုးသန္တာစိုး၊ (၁၇)နှစ်၊ ဗုဒ္ဓဘာသာ၊ (ဘ)ဦးသန်းဌေးတို့ ရောက်ရှိလာပြီး နှင်းဆီပန်း (၁၀၀၀၀)ကျပ်ဖိုး ခန့်ဝယ်ယူကာ စေတီတော်ရင်ပြင်အရှေ့ဘက်မုခ်စောင်းတန်း
အနီးရှိ အလှူခံပုံးပေါ်တွင် နှင်းဆီပန်းများ တင်၍လည်းကောင်း၊ ပန်းအချို့အားအောက်သို့ချ၍လည်းကောင်း၊ ဓါတ်ပုံဆရာဖြင့် ဓါတ်ပုံအရိုက်ခံခဲ့ကြောင်း၊ ထိုသို့ဓါတ်ပုံ အရိုက်ခံစဉ် မခင်မျိုးမှ ဘော်လကာဝတ်ရုံခြုံလျက် မျက်မှန်တပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဓါတ်ပုံအရိုက်ခံနေသဖြင့် ဂေါပကအဖွဲ့ဝင် ဦးသိန်းလင်းနှင့်အဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့ပြီး ၁၄၄၀ အချိန် မခင်မျိုးအား နောက်နောင် အလားတူမပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ပါသည်။

မခင်မျိုးသည် ပထမအိမ်ထောင်ဖြစ်သည့် ဦးအောင်ဘို၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးချစ်ထွန်း၊ ဘူတာရပ်၊ နောင်ချိုမြို့နယ်နေသူနှင့် သား(၂)ဦးထွန်းကားခဲ့ပြီး ဗုဒ္ဓဘာသာကိုးကွယ်ခဲ့ကြောင်း၊ ဒုတိယအိမ်ထောင်ဖြစ်သည့် မောင်မောင်နိုင်(ခ)ဘုနူကဒီ ၊ အစ္စလာမ်ဘာသာဝင်နှင့် အိမ်ထောင်ကျခဲ့ပြီး လွန်ခဲ့သော
(၃)နှစ်ခန့်မှစ၍ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း၊ မခင်မျိုးသည် တစ်ခါတစ်ရံ စိတ်ဖိစီးမှုကြောင့် စိတ်ဖေါက်ပြန်တတ်ပြီး ယခင် ပန်ဆန်းမြို့တွင်နေထိုင်စဉ်ကလည်း စိတ်ဖေါက်ပြန်ခဲ့ဖူးကြောင်း၊ ၁၄.၆.၂၀၁၃ ရက်နေ့တွင် မခင်မျိုးသည် သားအကြီးဖြစ်သူမောင်ကောင်းထက်သော်
(ခ)ချစ်ဖွယ်၏ ဇနီးဖြစ်သူ မမျိုးသန္တာစိုးနှင့်အတူ ရွှေမန္တလာယာဉ်ဖြင့် လားရှိုးမှရန်ကုန်သို့ ဆေးကုသရန်လာရောက်ခဲ့ပြီး ဒဂုံတောင်မြို့နယ်နေ အဒေါ်ဖြစ်သူ ဒေါ်မာလာ၏နေအိမ်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ၁၅.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် ပန်းဘဲတန်း မြို့နယ်၊ ရွှေဘုံသာလမ်း၊ ရဲမျက်မှန်ဆေးခန်းရှိ ဦးနှောက်နှင့်အာရုံကြောအထူးကု ဆရာဝန်ဒေါ်မိမိချိုနှင့် ပြသရန်စီစဉ်ထားရှိကြောင်း သိရှိရပါသည်။

၁၅.၆.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မခင်မျိုးသည် ချွေးမဖြစ်သူ မမျိုးသန္တာစိုးနှင့် ရန်ကုန်မြို့ထဲသို့ လာရောက်ခဲ့ပြီး ရွှေတိဂုံစေတီတော်ဖူးမြော်ရန်အတွက် စေတီတော်အရှေ့ဘက် စောင်းတန်းမှ တက်ရောက်ခဲ့ပြီး ပန်းများဝယ်ယူကာ ဘော်လာကာဝတ်စုံဝတ်၍ အမှတ်တရဓါတ်ပုံရိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

၁၆.၆.၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန်တွင် ရန်ကုန်အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချူပ်မှ ဦးမောင်မောင်လေး နှင့် မော်လ၀ီဟာရာရှစ် တို့ဦးဆောင်သောအဖွဲ့သည် ဒေါ်မာလာ၏ နေအိမ်သို့ သွားရောက်ပြီး ဒေါ်မာလာနှင့်အတူ မခင်မျိုးအားခေါ်ဆောင်၍ ဒဂုံအရှေ့မြို့နယ် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံသို့ တင်ပို့ကုသစေခဲ့ရာ တာဝန်ကျဆရာဝန် ဒေါက်တာနန်းယုလွင်မှ လက်ခံစစ်ဆေးထားရှိပြီး အဆောင်(၄)၊ အခန်း(၁)တွင် တက်ရောက်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

စမ်းချောင်းမြို့နယ်တွင် မီးလောင်မှုဖြစ်

စမ်းချောင်း ၁၇/၆
၁၇.၆.၂၀၁၃ ရက်နေ့ ၀၆၂၅ အချိန် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ပြည်လမ်း၊
အမှတ် (၂၃၆/A)ရှိ J' DONUTS ဆိုင်၏မြေညီထပ်တွင် ညပိုင်းလူနေထိုင်မှုမရှိစဉ် ရေခဲသေတ္တာSafe Guard အား မီးမပိတ်ဘဲ ထားရှိခဲ့ရာမှ Safe Guardအပူလွန်ကဲပြီး SafeGuard နှင့် ရေခဲသေတ္တာ မီးခိုးများအူထွက်ကာ လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်(၁၁)စီး၊ အုပ်ချုပ်မှုယာဉ် (၄)စီး၊ အကူယာဉ်(၁)စီးတို့ ရောက်ရှိငြိမ်းသတ် ခဲ့သဖြင့် ၀၇၀၀ အချိန် မီးငြိမ်းသွားခဲ့ပါသည်။ မီးလောင်မှုကြောင့်
တန်ဘိုး (၁) သိန်းကျပ် ဆုံးရှုံးခဲ့၍ ဆိုင်တာဝန်ခံ ဒေါ်ဥမ္မာမြင့်၊ (ဘ)ဦးဥာဏ်မြင့်၊ ကျောက်တံတားမြို့နယ်နေသူအား စမ်းချောင်း မြို့မရဲစခန်း (ပ)၁၉၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ပုသိမ်မြို့ရှောင်လမ်း ဖောက်မည်

ပုသိမ်၊ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့ တောင်ဘက်ရှိ ငပုတောမြို့မှ ရန်ကုန်မြို့ သို့ သွားရောက်ရာတွင် ပုသိမ်မြို့ကို ဖြတ်သန်း နေရသဖြင့် မြို့ရှောင်လမ်း အဆင့်မြှင့် ဖောက်လုပ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဝင်းနိုင် The Voice သို့ ပြောကြားသည်။

ယင်းမြို့ရှောင်လမ်းမှာ ရှိနှင့်ပြီး ဖြစ်သော်လည်း ပျက်စီးနေပြီး ယာဉ်လိုင်းများ အသုံးပြု၍ မရသည့်အတွက် ပုသိမ်-ငပုတောလမ်း အုတ်စီ ကုန်းလမ်းခွဲမှ ပုသိမ်မြို့ မဟာစေတီလမ်း (ဘုရားကြီး ကုန်းကျေးရွာ) အထိ လေးမိုင် နှစ်ဖာလုံခန့်ကို အဆင့်မြှင့် ပြုပြင်ရန် လိုအပ်ကြောင်း၊ စည်ပင်သာယာရေး အဖွဲ့က ပြည်သူ့ထံမှ ကောက်ခံ ရရှိသော အခွန်ငွေဖြင့် ဆောင်ရွက်ရန် မလုံလောက်သည့် အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက လွှဲပြောင်း ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီး ဖြစ်ကာ ခွင့်ပြုချက် ရရှိသည်နှင့် လမ်းပြုပြင်ရေး အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ဦးကျော်ဝင်းနိုင်က ပြောဆိုသည်။

ပုသိမ် မြို့ရှောင် လမ်းပေါ်ရှိအုတ်စီကုန်းရွာ၊ ညောင်ကုန်းရွာ၊
ပေါက်ကုန်းရွာနှင့် ဘုရားကြီးကုန်းရွာတို့မှာ လမ်းပြုပြင် ပြီးစီးပါက ပုသိမ်မြို့နှင့် ဆက်သွယ်ရေး ပိုမို ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း
ဒေသခံများက ပြောကြားသည်။

ငပုတောမြို့မှ ရန်ကုန်မြို့သို့ သွားလာရာတွင် ပုသိမ်-ငပုတော လမ်းပေါ်ရှိ သက္ကယ်ချောင်း တံတားနှင့် မြို့ရှောင်လမ်း ပြီးစီးပါက ပုသိမ်မြို့ကို
ဖြတ်သန်းရန် မလိုတော့ဘဲ ပုသိမ်-ရန်ကုန်လမ်း(မြက်တိုလမ်းခွဲ)သို့ တိုက်ရိုက် ရောက်ရှိနိုင်မည် ဖြစ်သည်။
The Voice Weekly

မလေးရှားနိုင်ငံ မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းသိရှိရ

အသတ်ခံရသော မြန်မာအလုပ်သမား ကိုမိုးလွင်၏ နာရေးကို ဇွန် ၁၆ ရက်က ပြုလုပ်နေစဉ်
Monday, 17 June 2013
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်အတွင်း မြန်မာအလုပ်သမား တစ်ဦး အသတ်ခံရမှုကို ပြည်နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ လူသတ်မှုသည် ဇွန် ၇ ရက်က မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား နယ်စပ်မြို့ ဖြစ်သော ဂျိုဟိုးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးခဲ့သူ ကိုမိုးလွင် (အသက် ၃၂ နှစ်)ကို ဇွန် ၁၆ရက် နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven ၏ အကြီးတန်း သတင်းထောက်က သတင်းပေးပို့ခဲ့ပါသည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်အကျဉ်းမှာ ဇွန် ၇ ရက် ည ၇ နာရီအချိန်ခန့်က Classic Green Engineering တွင် အလုပ်လုပ်ကိုင်နေသော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကံရွာသားများ ဖြစ်သော ကိုမိုးလွင်နှင့် ကိုရန်အောင်တို့သည် Sungai Kapa (Desaru) အနီးတွင် ဖုန်းကတ်သွားဝယ်ပြီး အမည်မသိ လူတစ်ဦးနှင့် မိတ်ဖွဲ့ကာ အရက်သောက်ခဲ့ကြောင်း၊ ထို့နောက် ကိုရန်အောင်က မြန်မာနိုင်ငံသို့ ဖုန်းပြောရန် ဆိုင်အပြင်သို့ ထွက်သွားချိန်၌ နောက်တစ်ခွက် သောက်ပြီးမှ ပြန်ရန် အမည်မသိလူမှ ပြောသည်ဟု ကိုမိုးလွင်မှ လာပြောကြောင်း၊ ထို့ကြောင့် ဆိုင်အတွင်းသို့ ၀င်သွားပြီး ဧည့်သည်ငှဲ့ထားသော အရက်ခွက်ကို သောက်မိရာမှ ကိုရန်အောင်မှာ သတိလက်လွတ် ဖြစ်သွားကြောင်း၊ ဇွန် ၈ ရက် နံနက် ဝေလီဝေလင်း၌ ဦးခေါင်းတွင် ဒဏ်ရာတစ်ခု၊ လည်ပင်းတွင် ကုတ်ခြစ်ရာများဖြင့် သင်္ချိုင်းအနီးတွင် ကိုရန်အောင် သတိပြန်ရခဲ့ကြောင်း၊ ထို့နောက် အိမ်သို့ပြန်ခဲ့ပြီး ကိုမိုးလွင်အလာကို စောင့်နေခဲ့ကြောင်း၊ ဇွန် ၈ ရက် တစ်ရက်လုံး ပြန်မလာသဖြင့် ဇွန် ၉ ရက်တွင် အရက်အတူ သောက်ခဲ့သော ဆိုင်သို့ သွားရောက်စုံစမ်းပြီး ၎င်းသတိရရှိရာ သင်္ချိုင်းသို့ သွားကြည့်ရာ ကိုမိုးလွင်၏ အလောင်းကို တွေ့ရှိခဲ့သည်ဟု ကိုရန်အောင်၏ ထွက်ဆိုချက်များအရ သိရှိရပါသည်။

ထိုသို့ တွေ့ရှိပြီးနောက် ရဲအရာရှိများ လာရောက်စစ်ဆေးခဲ့ကာ ကိုမိုးလွင်သည် ဓားထိုးဒဏ်ရာ ဆယ်ချက်ခန့်ဖြင့် သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ရဲအရာရှိများက ကိုရန်အောင်ကို သက်သေအဖြစ် စစ်ဆေးခဲ့ရာမှ လက်ရှိအချိန်တွင် တရားခံဟု ယူဆရသူအဖြစ် ပြောင်းလဲစစ်ဆေးလျက် ရှိနေကြောင်း သိရသည်။

''အခုချိန်မှာတော့ စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်။ ပြည်နယ်ရဲချုပ်ရဲ့ပြောကြားချက်အရ ကိုမိုးဝေရဲ့လက်သည်းကို ဖြတ်ယူထားပြီး ကိုရန်အောင် ရရှိခဲ့တဲ့ ဒဏ်ရာက သွေးစကိုယူပြီး စစ်ဆေးနေပါတယ်။ တစ်လလောက်ကြာရင် ရလဒ်ထွက်မယ်လို့ သိရပါတယ်'' ဟု ဂျိုဟိုးနာ ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်ဇေလွင်က ပြောကြားသည်။

ထို့အပြင် အဆိုပါလူသေမှု ဖြစ်စဉ်သည် ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်းတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများနှင့် သက်ဆိုင်မှု မရှိကြောင်း သိရပါသည်။

ဂျိုဟိုးမြို့တွင် တရားဝင် မြန်မာအလုပ်သမား ငါးသောင်းကျော် ရှိနေပြီး နှစ်သောင်းခန့်မှာ မိန်းကလေးများ ဖြစ်ကြောင်း သိရသည်။ ဂျိုဟိုးမြို့ရှိ စက်ရုံအများစုကို စင်ကာပူ လုပ်ငန်းရှင်များက ပိုင်ဆိုင်ထားပြီး ဂျိုဟိုးမြို့၌ မည်သည့်ပြဿနာမှ မဖြစ်ဘဲ တည်ငြိမ်နေကြောင်း ဦးကျော်ဇေလွင်က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
Eleven Media Group

မိုးသည်းသည်းက မိကျောင်းကန်ရဲ့ ငိုကြွေးသံ

ဖယ်ရှားခံခဲ့ရသူများ ပြည်သာယာလမ်း နံဘေးတွင် ယာယီမိုးကာ တဲများဖြင့် နေထိုင်နေရသည်ကို ဇွန် ၁၅ ရက်က တွေ့ရစဉ်
Sunday, 16 June 2013
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁) နှင့် (၂) တပ်ပိုင်မြေပေါ်တွင် နေထိုင်သော အိမ်ခြေ ၂၀၀ ကျော်ခန့်ကို ဇွန် ၁၃ ရက် နံနက် အစောပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့က အင်အားသုံး ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်။

မိုးတွင်းကာလ မိုးသည်းသည်း အချိန်တွင် အင်အားရာဂဏန်းမျှ အသုံးပြုခဲ့ပြီး လူနေအိမ်ခြေများကို အတင်းအဓမ္မ ချင်းနင်းဝင်ရောက်ကာ အကြမ်းဖက် ဖျက်ဆီးမှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ နံနက်အစောပိုင်း၊ အများပြည်သူ မထင်မှတ်သည့် အထိတ်တလန့် ဖြစ်စေနိုင်သော အချိန်မျိုးတွင် အင်အားသုံးကာ လူနေအိမ်ခြေများကို ဖြိုဖျက်မှုကြောင့် ရပ်ကွက်တစ်ခုလုံး ကမ္ဘာပျက်သကဲ့သို့ ဖြစ်စေခဲ့သည်။ ယင်းကဲ့သို့ နေအိမ်များ ဖြိုဖျက်ခံရမှုကြောင့် အိမ်ခြေ ၂၀၀ ကျော်မှ လူ ၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည်။ ၎င်းတို့၏ ဘ၀များမှာလည်း အချိန်ပိုင်းအတွင်း လမ်းဘေးသို့ ရောက်သွားခဲ့ကြရသည်။ လူမမယ်အရွယ် ကလေးငယ်များ၊ ကျောင်းသားအရွယ် ကလေးများ၊ သက်ကြီးရွယ်အိုများ အတိဒုက္ခ ရောက်သွားခဲ့ကြရသည်။ ယင်းကဲ့သို့ အကြမ်းဖက် ဖြိုဖျက်မှုကို လက်အုပ်ချီမိုးပြီး ၀ိုင်းဝန်းတောင်းပန် ခဲ့ကြသော်လည်း အဆိုပါ ရာနှင့်ချီသော လူအုပ်ကြီးမှာ ကျန်းမာရေးအတွက် ရေအိမ်ကိုပါ မချန်ဘဲ ဖြိုဖျက်ခဲ့ကြသည်။ အသိုက်အမြုံများ ပျက်စီးသွားသည်။ မြင်၍ မကောင်း။ ကလေးငယ်များ၏ ငိုသံများနှင့် သူတို့၏ ကျောင်းသုံးစာအုပ်များမှာ တစ်စစီ မြေပေါ်တွင် ပြန့်ကျဲနေတော့သည်။

လစာငွေပေးကာ နှစ်ပေါင်း ၃၀ ခန့် အဆိုပါ တပ်မြေတွင် နေထိုင်ခဲ့ကြသော ပြည်သူများ၏ ဘ၀များမှာ မိုးရာသီ မိုးရေစက်များကြားတွင် အခြေအနေမဲ့ ဖြစ်သွားသည်။ အနာဂတ်များ ဗလာနတ္ထိ ဖြစ်သွားခဲ့ကြရသည်။

လမ်းဘေးရောက်ဘ၀များ

ယင်းနေရာမှာ ၁၉၉၂ ခုနှစ်တွင် တပ်မတော် မိသားစု သက်သာချောင်ချိရေး အလို့ငှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအတွက် လက်ရှိနေထိုင်သူများကို လစာဖြင့် မြေယာငှားရမ်း ခဲ့ခြင်းဖြစ်သည်။ မိကျောင်းကန် အပိုင်း (၁) နှင့် (၂) ရှိ ကာကွယ်ရေး ၀န်ကြီးဌာနပိုင် တပ်မြေတွင် ၎င်းတို့အနေဖြင့် စိုက်ခင်းများ၊ နွားမွေးမြူရေး လုပ်ငန်းများ စသဖြင့် စားဝတ်နေရေးအတွက် လုပ်ကိုင်လျက်ရှိ ၎င်းးတို့၏ လုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။ အိမ်ထောင်စု ၂၀၀ ကျော်မှ လက်တစ်ဆုပ်စာခန့်သာ ငွေကြေးတတ်နိုင်သဖြင့် အခြားနေရာများသို့ ပြောင်းရွှေ့ သွားခဲ့ကြသော်လည်း ကျန်လူအများစုမှာ ပြည်သာယာလမ်းမ ၀ဲ၊ ယာ တစ်ဖက်တစ်ချက်စီတွင် မိုးရေကာဖျင်ဖြင့် ယာယီတဲများထိုးကာ နေကြရသည်။ အခြားသို့ ပြောင်းရွှေ့ရန် မတတ်နိုင်ကြသဖြင့် လမ်းဘေးတွင်ပင် ဖြစ်သလို နေကြရသည်။ မိုးဒဏ်ကို ကာကွယ်ဖို့ စုပေါင်းကောက်ယူ၍ ရသည့်ငွေဖြင့် မိုးရေကာဖျင်များ ၀ယ်ကာ မိုးလုံအောင် ဖန်တီးနေထိုင် ကြရသော်လည်း အကာအကွယ်မရှိ၊ လူမြင်ကွင်းတွင် မိသားစုများ အစုလိုက် ပြွတ်သိပ်နေထိုင် ကြရသည်။ ထိုအထဲတွင် သက်ကြီးရွယ်အိုများမှာ မိုးရာသီ၏ စိုစွတ်မှုကြောင့် အချိန် ကြာလာသည်နှင့်အမျှ ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရသည်။ မိုးရေထဲတွင် ထမင်းစားကြရသည်။ နေအိမ်ဖျက်ဆီး ခံရမှုကြောင့် ကလေးငယ်များ၏ ကျောင်းစာအုပ်များလည်း ပျက်စီးကုန်သည်။ ကျောင်းသား ကလေးငယ်များမှာလည်း ကျောင်းဖွင့်စ အချိန်ဖြစ်၍ ဒုက္ခရောက်ကြရသည်။ ကျောင်းတက်ဖို့ အတွက်ပင် အခက်အခဲ ဖြစ်နေကြရသည်။ မီးမရှိ၊ ရေမရှိ ကျန်းမာရေးအတွက် ရေအိမ်သွားဖို့ပင် အဆင်မပြေ။ အချို့ဆိုလျှင် တစ်နေ့တာ စားသောက်ဖို့ အတွက်ပါ အကျပ်အတည်း ဖြစ်သွားခဲ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ နောက်ဆက်တွဲ ဆိုးကျိုးများကလည်း ရှိလာနိုင်သည်။ နှစ်ပေါင်း ၂၀ ကျော် အခြေကျနေသော စားဝတ်နေရေးအတွက် တည်ငြိမ်မှု ရှိနေပြီးသား အလုပ်အကိုင်များလည်း ဆုံးရှုံးသွားခဲ့ရခြင်း ဖြစ်ပါသည်။
အိမ်ခြေများ ဖြိုဖျက်ခံရပြီးနောက် ပြည်သာယာ လမ်းဘေးတစ်လျှောက် ယာယီတဲများထိုးကာ နေထိုင်နေကြသည်ကို ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
''ကျွန်တော်ဒီမှာနေတာ ၁၃ နှစ် ရှိပါပြီ။ အဓိကတော့ စိုက်ပျိုးရေးပဲ လုပ်ပါတယ်။ မိသားစုရှစ်ယောက် ရှိပါတယ်။ ညီအငယ်ဆုံးက ဆယ်တန်း တက်နေတာပါ။ အခုဟာက ၀ုန်းဒိုင်းနဲ့ လာဖျက်သွားတာဖြစ်တယ်။ ဒီလိုလုပ်တာက တရားမျတမှု မရှိဘူး။ တာဝန်ရှိတဲ့ သူတွေက ပြောတယ်။ မင်းတို့ကို ခွေးမောင်းသလို မောင်းမထုတ်ဘူးလို့ ပြောတယ်။ အခုတော့ ခွေးမောင်းသလို မောင်းထုတ်တာထက်တောင် ဆိုးသေးတယ်။ အိမ်သာတောင် မချန်ဘူး။ အကုန်ဖျက်သွားတယ်။ အခုအခက်အခဲကတော့ နေထိုင်စရာ အခက် ဖြစ်တယ်။ စားရေး၊ သောက်ရေးလည်း အခက်အခဲဖြစ်တယ်။ ကျောင်းသားတွေတော့ ကျောင်းတက်တာ ခဏ နားထားရတယ်'' ဟု မိကျောင်းကန် အပိုင်း(၁)တွင် နေထိုင်ခဲ့သူ ကိုစိုးမင်းခိုင်က ပြောပြခဲ့သည်။

အင်အားသုံး ဖြိုခွဲခြင်း

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း(၁)နှင့်(၂) တပ်မြေပေါ်တွင် နေထိုင်သူများအား ယင်းကဲ့သို့ အင်အားသုံး ဖြိုဖျက်ခြင်း၊ စီးနင်းဝင်ရောက်မှုများ ပြုလုပ်ခဲ့ခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများကလည်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ မိုးတွင်းကာလ ဖြစ်သည့်အပြင် နံနက်အစောပိုင်းတွင် ယင်းကဲ့သို့ အတင်းအဓမ္မ ဖြေရှင်းမှု ပြုလုပ်ခြင်းမှာ အစိုးရအနေဖြင့် မျက်နှာပျက်စရာဖြစ်ပြီး ဒီမိုကရေစီ အပြောင်းအလဲ ကာလတွင် စိတ်ပျက်စရာ လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်သုံးသပ်မှုများ ရှိနေပါသည်။ ယင်းကဲ့သို့ အကြမ်းဖက် နှိမ်နင်းမှုများ၊ အဓမ္မဖျက်ဆီးမှုများ၊ လူအင်အားသုံး ဖြေရှင်းမှုများ ရှိနေခြင်းကြောင့် အုပ်ချုပ်ရေး မဏ္ဍိုင်အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။

အကြမ်းဖက်ဖြိုဖျက်မှုကို လက်အုပ်ချီမိုးပြီး ၀ိုင်းဝန်းတောင်းပန် ခဲ့ကြသော်လည်း အဆိုပါ ရာနှင့်ချီသော လူအုပ်ကြီးမှာ ကျန်းမာရေးအတွက် ရေအိမ်ကိုပါ မချန်ဘဲ ဖြိုဖျက်ခဲ့ကြသည်။ အသိုက်အမြုံများ ပျက်စီးသွားသည်။ မြင်၍ မကောင်း။ ကလေးငယ်များ၏ ငိုသံများနှင့် သူတို့၏ ကျောင်းသုံးစာအုပ်များမှာ တစ်စစီ မြေပေါ်တွင်ပြန့်ကျဲ...

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ဒေသခံများနှင့် သံဃာတော်များကိုလည်း တန်ဆောင်မုန်းလပြည့်နေ့ နံနက်စောပိုင်းတွင် မီးလောင်ဗုံးများဖြင့် ပစ်ခတ်ကာ နှိမ်နင်းခဲ့သည်။ သပိတ်စခန်းများကို မီးလောင်ဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် သံဃာတော်အပါး ၉၀ ကျော်နှင့် လူကိုးဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ ယင်းကဲ့သို့ အကြမ်းဖက် နှိမ်နင်းမှုကြောင့် အစိုးရအနေနှင့် အပြင်းအထန် ဝေဖန်မှု ခံခဲ့ရသည်။ ထိုဖြစ်စဉ်သည်လည်း နိုင်ငံတကာသို့ ရောက်သွားခဲ့ပြီး နိုင်ငံ၏ အုပ်ချုပ်ရေး အပိုင်းတွင် မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည်။ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုတွင် တာဝန်ရှိသည့် အဓိက တရားခံကို အစိုးရအနေဖြင့် ယခုအချိန်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသော်လည်း ဒေသခံများအား ဥပဒေကြောင်းအရ ကူညီနေသူများမှာမူ ဖမ်းဝရမ်း ထုတ်ခံရမှုများနှင့် ထောင်ဒဏ် အကျခံရမှုများလည်း ရှိနေခဲ့သည်။

ထိုကဲ့သို့ အစိုးရ အာဏာပိုင် အဖွဲ့အစည်းများ၏ အကြမ်းဖက် နှိမ်နင်းမှုများအပေါ် ပြည်သူများက အမြင်မကြည် ဖြစ်နေချိန်တွင် ယခုကိစ္စ၌ ကျူးကျော်နေထိုင်သူများ မဟုတ်ဘဲ တပ်မြေငှားရမ်း နေထိုင်သူများကို အင်အားသုံး ဖျက်ဆီးဖြိုဖျက်မှုမျိုး ပြုလုပ်လိုက်ခြင်းမှာ အစိုးရအပေါ် ပြည်သူများအနေဖြင့် အကြည်ညိုပျက်စရာ ဖြစ်ခဲ့ရသည်။

ယင်းကဲ့သို့ မိကျောင်းကန် အပိုင်း(၁)နှင့်(၂) အတွင်းရှိ လူနေအိမ်ခြေများကို အကြမ်းဖက် ဖျက်ဆီးရာတွင် စစ်တပ်၊ တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့အပြင် အရပ်ဝတ်နှင့် အလုပ်သမားများလည်း ပါဝင်ကြောင်း မိကျောင်းကန် အပိုင်းတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။ အချို့မှာ ယင်းကဲ့သို့ အိမ်များကို လူအင်အားသုံး ဖျက်ဆီးရန် လာရောက်ခြင်း မဟုတ်ဘဲ သန့်ရှင်းရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများ အတွက် နေ့စားလုပ်ခပေး၍ ခေါ်ဆောင်ခြင်း ခံရသူများဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
လမ်းဘေးတွင် စုပေါင်းစားသောက်နေရမှုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
နေအိမ်ဖြိုဖျက် ခံခဲ့ရသူ တစ်ဦးက ''ကျွန်တော်တို့ကို အဲဒီနေ့က လာဖျက်တော့ အရပ်ဝတ်တွေနဲ့ သာမန်လူတွေလည်း ပါလာတာ တွေ့ရတယ်။ တချို့ဆို ကျွန်တော်တို့ကို ပြောတယ်။ သူတို့ကို ဒီလိုလုပ်ဖို့ ခေါ်လာတာ မဟုတ်ဘူး။သန့်ရှင်းရေးတို့ အခြားအလုပ်တွေအတွက် ခိုင်းဖို့ခေါ်လာတာပါ။ ဒီကျမှ ဒီလိုလုပ်ရမယ်ဆိုတာ သိတော့ သူတို့စိတ်မကောင်းဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ကို ကိုယ်ချင်းစာပါတယ်။ ဒီလို မလုပ်ချင်ပါဘူးလို့ ပြောတယ်'' ဟု ပြန်လည် ရှင်းပြခဲ့သည်။

မိကျောင်းကန်တွင် နေထိုင်ကြသူများ အနေဖြင့် ကျူးကျော် နေထိုင်ခြင်း မဟုတ်ဘဲ တရားဝင် လစာပေး၍ နေထိုင်ခဲ့ကြခြင်းဖြစ်ရာ ယင်းကဲ့သို့ ပြုလုပ်ခံရခြင်းအတွက် စိတ်မကောင်း ဖြစ်မိကြောင်းလည်း ပြောဆိုခဲ့ကြသည်။

အဆိုပါကိစ္စအား အချိန်ယူကာ ညှိနှိုင်းမှုမျိုး မရှိဘဲ မထင်မှတ်သည့် အချိန်တွင် အင်အားအလွန်အကျွံသုံးကာ အာဏာပိုင်များက ဆောင်ရွက်မှုများ ရှိနေခြင်းအပေါ် လွှတ်တော် ကိုယ်စားလှယ်များကလည်း ဝေဖန်ခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်တွေကို အင်အားအလွန်အကျွံသုံးပြီး ဖျက်ဆီးတဲ့ကိစ္စကို လွှတ်တော်မှာ တင်ပြသွားဖို့ ရှိပါတယ်။ သင်္ဃန်းကျွန်း အိမ်နီးချင်း ရပ်ကွက်တွေဆီမှာ အလှူခံပြီး လှူဒါန်းတာတွေ လုပ်ခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။

ကိုယ်ချင်းစာတရားနှင့် ဆင်ခြင်တုံ တရား

ယင်းကဲ့သို့ မိကျောင်းကန်အပိုင်းရှိ အိမ်ခြေ ၂၀၀ ကျော် ဖျက်ဆီးခံရမှုတွင် တာဝန်ရှိသူများ အနေဖြင့် ဥပဒေရှုထောင့်နှင့် လုပ်ပိုင်ခွင့် အခွင့်အာဏာတို့ဖြင့်သာ ဆောင်ရွက်ရန် မသင့်ကြောင်းနှင့် ရာနှင့်ချီသည့် အိမ်ထောင်စုများ၏ ဘ၀များ အတွက်ပါ စဉ်းစားသင့်ကြောင်း နယ်ပယ်အသီးသီးမှ ဝေဖန်ထောက်ပြမှုများ ရှိနေပါသည်။ လက်ရှိကာလမှာ မိုးရာသီဖြစ်နေခြင်း၊ ကျောင်းနေအရွယ်ကလေး ရာနှင့်ချီ ရှိနေခြင်း၊ ဆယ်စုနှစ် နှစ်ခုကျော်အကြာ အခြေတကျ နေထိုင်ပြီး စားဝတ်နေရေးအတွက် တည်ငြိမ်မှုရနေခြင်း စသည်တို့အပေါ် စဉ်းစားချင့်ချိန် ထောက်ရှုသင့်ကြောင်းလည်း သုံးသပ်ကြသည်။ ဒဂုံမြို့သစ်ဘက်တွင် မြေကွက်များ အစားပြန်ပေးမည် ဆိုသော်လည်း လက်တွေ့တွင် တာဝန်ရှိ အဖွဲ့အစည်းမှ တိကျခိုင်မာသည့် အဖြေမျိုး မပေးနိုင်သေးချေ။

သို့သော်လည်း လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး သမ္မတထံ မေတ္တာရပ်ခံ ထားကြောင်းနှင့် လုပ်ပိုင်ခွင့်ရှိသည့်အပိုင်းမှ ကူညီပေးသွားမည် ဖြစ်ကြောင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ''ဇွန် ၁၄ ရက်မှာ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်နဲ့ ကျွန်တော်တို့ သွားရောက်ကြည့်ရှု ဖြစ်ပါတယ်။
ယာယီတဲထိုး၍ နေထိုင်ရမှုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
အဲဒီအခါမှာ ပြည်သူတွေ ဒုက္ခရောက်တာကို မျက်ကွယ် မပြုနိုင်လို့ ပြည်ထောင်စု အစိုးရအဖွဲ့၊ သမ္မတရုံး ၀န်ကြီးဌာနကို ဖုန်းဆက်ပြီး မေတ္တာရပ်ခံပါတယ်။ ပြီးတော့ ဒီလို ပြည်သူတွေ ဒုက္ခရောက်နေတာကို ကျွန်တော်တို့အတူ လာရောက်ကြည့်ရှုကြတဲ့ အာဏာရပါတီက တာဝန်ရှိသူတွေလည်း ဘာမှမကူညီ နိုင်ခဲ့ပါဘူး။ ဒီတော့ ကျွန်တော်တို့ လွှတ်တော် လယ်ယာမြေ ကော်မရှင်အနေနဲ့လည်း လုပ်ပိုင်ခွင့်ရှိတဲ့ အထဲကပဲ ဆက်လက်ကူညီ ပေးသွားဖို့ ရှိပါတယ်''ဟု ပြောကြားခဲ့သည်။

ယခင်က အဆိုပါ မြေကွက်များအား အငှားချထားသည့် ပုံစံဖြင့် တပ်မြေကို အသုံးပြုခွင့် ပေးထားသော်လည်း ယခုအချိန်တွင် အကျိုးအမြတ် ရရှိရေးအတွက် ယင်းကဲ့သို့ ပြန်လည်သိမ်းယူမှု ပြုလုပ်ရာ၌ ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သင့်ကြောင်း၊ ပြည်သူများ၏ဘ၀များကို ငဲ့ကွက်ခြင်း မရှိဘဲ နှင်ထုတ်သည့် ပုံစံမျိုး မပြုလုပ်သင့်ကြောင်း ဝေဖန်ထောက်ပြမှုများ ထွက်ပေါ်ခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးအေးသာအောင်က ''ဒီမှာ တကယ်မြေတွေကို ပြန်လိုချင်တယ် ဆိုရင်တောင် ဒီလူတွေနဲ့ ပြေပြေလည်လည် ညှိနှိုင်းဖို့ လိုမယ်။ အခုလို အကြမ်းဖက်တဲ့နည်းနဲ့ ဖယ်ရှားတာကတော့ ဒီနေ့ဒီအချိန်မှာ မဖြစ်သင့်တော့ဘူးလို့ မြင်ပါတယ်။ နောက်တစ်ခုက အခုက မိုးတွင်းလေ။ မိုးတွင်းမှာ အိမ်ခြေ ၂၀၀ ကျော်က မိသားစုတွေရဲ့ နေရေးထိုင်ရေး၊ အဲဒီထဲမှာ ကလေးတွေပါမယ်။ သက်ကြီးရွယ်အိုတွေပါမယ်။ သူတို့ရဲ့ နေရေးထိုင်ရေးကို အဓိကထား စဉ်းစားပြီးမှ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ထင်တယ်။ အခုလို အကြမ်းဖက်တဲ့နည်းနဲ့ အင်အားသုံး ဖြိုဖျက်တာမျိုးတော့ မလုပ်သင့်ဘူး။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အချင်းချင်း ဖြစ်တယ်။ မြန်မာနိုင်ငံကလည်း ဆင်းရဲတဲ့သူတွေ များတယ်။ ပြီးတော့ ဒီလူတွေကို တစ်မိုးလောက် အချိန်ပေးပြီး ကိုင်တွယ် ဖြေရှင်းသင့်တယ်။ ဖြေရှင်းတဲ့ အခါမှာလည်း နေရာပေးတာမျိုး လုပ်သင့်ပါတယ်။ ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ဆိုတာ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လူမှုဘ၀ကို ထူထောင်ဖို့အတွက် ကြိုးပမ်းကြတာပဲလေ။ အရင် စစ်အစိုးရ လက်ထက်လိုမျိုး အမိန့်နဲ့၊ အာဏာနဲ့ အင်အားသုံး ဖြေရှင်းတဲ့ နည်းလမ်းမျိုးတော့ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ဘယ်ဌာနပဲ ဖြစ်ဖြစ်၊ စစ်တပ်ကပဲ ဖြစ်ဖြစ် ပြည်သူတွေရဲ့ နေရေးထိုင်ရေး ဘ၀ကို စဉ်းစားပြီးမှ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီအစိုးရလား

မျက်မှောက် အခြေအနေတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အရှိန်ရလာပြီ ဆိုသော်လည်း ယင်းကဲ့သို့ မြေယာပြဿနာများ၊ စီမံကိန်းလုပ်ငန်းနှင့် ဆိုင်သည့် ပြဿနာများတွင် အစိုးရ တာဝန်ရှိသူများနှင့် အာဏာပိုင် အဖွဲ့အစည်းများ၏ ကိုင်တွယ်ဖြေရှင်းပုံမှာ ဒီမိုကရေစီစံနှုန်းနှင့် နှိုင်းစာလျှင် စိတ်ပျက်စရာ အခြေအနေမျိုးတွင် ဖြစ်နေကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများကလည်း သုံးသပ်ကြသည်။ ယခင်စစ်အစိုးရ လက်ထက်ကလည်း ထိုကဲ့သို့ အိမ်ယာများကို အတင်းအဓမ္မ ဖိအားပေး ဖြိုဖျက်မှုများ ပြုလုပ်ခဲ့သည့် သာဓကများမှာလည်း ယနေ့တိုင် ပြည်သူများကြားတွင် မှတ်မှတ်ထင်ထင် ရှိနေဆဲဖြစ်သည်။ ထို့ပြင် ၎င်းမြေနေရာသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပိုင်ဆိုင်သည့် မြေနေရာဖြစ်ပြီး မြေ ၃၃ ဒသမ ၈၅၅ ဧက ကျယ်ဝန်းသည်ဖြစ်ရာ ယင်းနေရာတွင် မည်ကဲ့သို့ စီမံကိန်းကြီးများ အကောင်အထည်ဖော်မည်၊ မည်သည့်စီးပွားရေး လုပ်ငန်းစုကြီးများက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်သည်။ မိကျောင်းကန် အပိုင်းရှိ ရပ်ကွက်အတွင်းမှ နေအိမ် ၂၀၀ ကျော်အား ဖယ်ရှားခဲ့မှုနှင့် ပတ်သက်ပြီး ဇွန် ၁၄ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ''ဒီဟာကို နိုင်ငံတော် ပရောဂျက် တစ်ခုခု သို့တည်းမဟုတ် ကုမ္ပဏီကို ငှားမှာလား။ ဒီပရောဂျက်ဆိုတာ နိုင်ငံတော်အဆင့် ဖြစ်တဲ့အတွက် ကျွန်တော်တို့က တပ်မြို့စည်ပင်သာယာရေး အဖွဲ့တွေက မြေယာထိန်းသိမ်းတဲ့ အဖွဲ့အစည်းသာ ဖြစ်ပါတယ်'' ဟု တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် အဖယ်ရှားခံရသည့် နေအိမ်များကို မည်သည့်နေရာတွင် ပြန်လည်နေရာ ချထားပေးမည် ဆိုသည်ကို တာဝန်ရှိသူများက ဖြေကြားနိုင်ခြင်း မရှိသလို ယခု ပြဿနာနှင့် ပတ်သက်ပြီး မည်သို့ ရှေ့ဆက်ဆောင်ရွက်မည်ကိုလည်း ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းလင်းပြောကြားနိုင်ခြင်း မရှိခဲ့ချေ။
သမ္မတ ဦးသိန်းစိန် လူထုနှင့် တွေ့ဆုံရန် ရန်ကုန်မြို့သို့ လာရောက်စဉ် မိကျောင်းကန်အပိုင်းတွင် နေထိုင်သူများမှ ကြိုဆိုခဲ့ကြစဉ်
ယင်းသို့သော အခြေအနေများ ရှိနေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံတကာတွင် သိက္ခာကျစရာ အနေအထားမျိုး ဖြစ်နေပြီး အစိုးရ၏ မူဝါဒများနှင့် ပြည်သူအပေါ် ထားရှိသည့် သဘောထားနှင့် ပြဿနာရပ်များ၊ အငြင်းပွားဖွယ်ရာများတွင် ကိုင်တွယ်ဖြေရှင်းရာ၌ သိမ်မွေ့ငြင်သာရန် လိုအပ်ကြောင်း ထောက်ပြမှုများ ရှိခဲ့ပါသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီကလည်း ''နောက်ဆုံးတော့ ဒီလူတွေ ဘယ်မှာသွားနေကြမလဲ။ လမ်းဘေးမှာ သွားနေကြမလား။ နောက် ဆင်းရဲမွဲတေမှု လျော့ချရေးဆိုတဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ မူဝါဒနဲ့ကော ကိုက်ညီရဲ့လား။ ဒါမျိုးတွေ စဉ်းစားဖို့ လိုတယ်လို့ မြင်တယ်။ မိုးရေတွေထဲမှာ ဘယ်လောက်နေရမှာလဲ။ အခုတော့ မြင်ကွင်းက ဒုက္ခသည်စခန်းလို မြင်ကွင်းမျိုး ဖြစ်သွားပြီ။ အဲဒါတွေက သတင်းတွေထဲမှာ ပါလာရင်ကြာတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးပဲ ထိခိုက်တာပဲလေ။ နောက်နောင်လည်း ဒီလိုပြဿနာတွေလည်း ဖြစ်လာနိုင်တဲ့အတွက် အဲလိုမျိုး မဖြစ်အောင်လို့ အသိမ်မွေ့ဆုံး၊ အငြင်သာဆုံးနဲ့ ပုံရိပ်ကောင်းမယ့် ပုံစံတစ်ခု၊ နောက်ချ မှတ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီမယ့် ပုံစံတစ်ခုပေါ့။ အဲလိုမျိုး လုပ်တာဟာ ပိုပြီးတော့ သင့်တော်မယ်လို့ ထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

''မိုးတွင်းကြီးမှာ သူများ အသိုက်အမြုံကို ဖျက်ရတာ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းနေရွယ် ကလေးတွေ အခက်တွေ့ရတာတွေ အကုသိုလ်များပါတယ်။ ဒီမြေကို ၀ယ်ယူတဲ့၊ ဆောက်လုပ်မယ့်သူ အနေနဲ့လည်း မကောင်းဘူး ဖြစ်တာပေါ့'' ဟု လူမှုရေး လုပ်ငန်းများ လုပ်ဆောင်နေသူ တစ်ဦးက ပြောပါသည်။

မိကျောင်းကန်အပိုင်း (၁) (၂) တွင် နေထိုင်သူ ပြည်သူများ အနေဖြင့် ရန်ကုန်လူထုနှင့် တွေ့ဆုံရန် သမ္မတဦးသိန်းစိန် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းသို့ လာရောက်စဉ် ကြိုဆိုခဲ့ကြပြီး အဓမ္မ မြေသိမ်းခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

''မိကျောင်းကန်ကိစ္စ မြင်ရတွေ့ရတာ တော်တော် စိတ်မကောင်းစရာပါ။ ဒီကိစ္စကို တာဝန်ယူ ဖြေရှင်းသူတွေရဲ့ လုပ်ရပ်ကလည်း စိတ်ပျက်စရာပါပဲ။ မိုးရွာကြီးထဲမှာ အိမ်တွေကို အတင်းဝင်ဖျက်ပြီး ဖယ်ခိုင်းတာ တော်တော်ဆိုးတယ်။ ပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အခုလိုမျိုး လုပ်တာကတော့ မဖြစ်သင့်ပါဘူး။ မဖြစ်မနေ ဖယ်ခိုင်းရတော့မယ် ဆိုရင်လည်း ညင်သာမယ့် နည်းလမ်းနဲ့ အေးအေးဆေးဆေး လုပ်သင့်ပါတယ်။ အခုတော့ သမ္မတကြီး သုဝဏကွင်းမှာ မိန့်ခွန်းလာပြောတုန်းက ကြိုဆိုဆန္ဒပြခဲ့ကြတဲ့ မိကျောင်းကန်က လူတွေအပေါ် အငြိုးတစ်ခုနဲ့ လုပ်သလို ဖြစ်နေတယ်။ ဒီလိုသာဆိုရင် လူတွေရဲ့ ရင်ထဲမှာ အစိုးရအပေါ် မယုံကြည်မှုတွေ ပိုများလာလိမ့်မယ်။ သမ္မတကစလို့ ထိပ်ပိုင်း တာဝန်ရှိသူတွေက အပြောင်းအလဲတွေ လုပ်ဆောင်နေချိန်မှာ အောက်ခြေက လူတချို့ကတော့ အခုထိ အရင်ပုံစံအတိုင်း အာဏာတွေ လုပ်ပိုင်ခွင့်တွေနဲ့ စဉ်းစားချင့်ချိန်မှု မရှိဘဲ လုပ်နေကြတုန်းဆိုတာ ဒီဖြစ်စဉ်က သက်သေပြနေတယ်။ ပြဿနာရပ်တွေကို ဖြေရှင်းတဲ့အခါမှာ ငြင်သာတဲ့ နည်းလမ်းတွေနဲ့ မဖြေရှင်းရင် ဘယ်လောက်ဆုံးရှုံး ရသလဲ။ ဘယ်လောက် သိက္ခာကျစရာ ဖြစ်ရလဲဆိုတာ လက်ပံတောင်းမှာ မီးလောင်ဗုံး သုံးခဲ့တာက နမူနာယူဖို့ အကောင်းဆုံး ဥပမာပဲ'' ဟု Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
Eleven Media Group

ကျိုင်းတုံတွင် ICRC ခြေတုလက်တု အလုပ်ရုံ ဖွင့်မည်

ကျိုင်းတုံ၊ ဇွန် ၁၆
ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် သက်တမ်းရှည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများအပြား အခြေပြုသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) က ခြေလက်အင်္ဂါ ချို့ယွင်းသူများအတွက် ခြေလက် အစားထိုး တပ်ဆင်ရန် ခြေတုလက်တု အလုပ်ရုံကို ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်မည်
ဖြစ်ကြောင်း ICRC မှ ခြေတုလက်တု ပညာရှင် Mr.Leo Gasser ကပြောကြားသည်။

အဆိုပါ အကြောင်းအရာကို ကျိုင်းတုံမြို့တွဲဖက်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီရုံးတွင် ဇွန်လ ၁၆ ရက်နေ့က ကျင်းပသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) နှင့် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း (MRCS) တို့ ပူးပေါင်း၍ ခြေလက်အင်္ဂါ ချို့ယွင်းမှုကြောင့်
ဖြစ်သော မသန်စွမ်းသူများ စာရင်းကောက်ယူ ရေးဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ် ဇူလိုင်ကနေ စက်တင်ဘာလအထိ စစ်တမ်းကောက်မယ်။ ၂၀၁၄ နှစ် ဆန်းမှာ အလုပ်ရုံ ဆောက်ပြီးတော့ နှစ်ကုန်ပိုင်းမှာ လုပ်ငန်း စတင်မယ”ဟု ၎င်းက ဆိုသည်။

ကျိုင်းတုံမြို့နယ်တွင် ခြေလက် ချို့ယွင်း၍ မသန်စွမ်း ဖြစ်နေသူများကို စာရင်း ကောက်ယူမည် ဆိုပါက ခြေတုလက်တု တပ်ဆင်ထားသူ တစ်ရာကျော်ခန့် ရှိကြောင်း တွဲဖက်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီမှ ဒေါက်တာ ဝဏ္ဏစိုးက ရှင်းပြသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ စံသတ်မှတ်ချက်အရ မြန်မာနိုင်ငံတွင်
ခြေတုလက်တု ပညာရှင် ၃၆၀ ဦး လိုအပ်လျက်ရှိပြီး လက်ရှိ အနေအထားတွင် ICRC ၌ ခြေတုလက်တု ပညာရှင် ၁၁ ဦး သာ ရှိသည့် အတွက် ပညာရှင်များစွာ လိုအပ်နေဆဲ ဖြစ်ကြောင်း Mr.Leo Gasser ကထပ်လောင်း ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) က ခြေတုလက်တု အလုပ်ရုံကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် သာမက ကချင်ပြည်နယ်တွင်လည်း ဖွင့်လှစ်မည် ဖြစ်ကြောင်း ICRC ၏ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly

မန္တလေး ရွှေဈေးကွက် ဆက်တိုက်အေး

မန္တလေး၊ ဇွန် ၁၆
ရွှေဈေး ယခုရက်ပိုင်းအတွင်း ဆက်လက် ကျဆင်းနေသော်လည်း မန္တလေးရွှေ အရောင်းအဝယ် ဈေးကွက်မှာ ယခုနှစ်ပတ်အတွင်း ဆက်တိုက် အေးနေကြောင်း မန္တလေးမြို့တော်ရှိ ရွှေ အရောင်းဆိုင်များထံမှ စုံစမ်း သိရှိရသည်။

ရွှေအရောင်းအဝယ် ဈေးကွက်သည် နှစ်စဉ် မိုးရာသီ ကာလများတွင် အရောင်းအဝယ် ပါးလေ့ရှိကြောင်း၊ ယခုနှစ်တွင် မြေယာဈေးနှုန်းများနှင့် မြေ ဝယ်ရောင်း လုပ်ကိုင်သူများစသည့် လုပ်ငန်းရှင် အများစု၏ အရောင်းအဝယ် အေးနေသောကြောင့် မန္တလေး ရွှေဈေးကွက်တွင်ပါ အရောင်းအဝယ် အေးလျက်ရှိကြောင်း အဆိုပါ ရွှေ အရောင်းဆိုင်များထံမှ ထပ်မံ စုံစမ်းသိရှိရသည်။

"အခုနှစ်ပတ်အတွင်းမှာ ရွှေ အရောင်းအဝယ်က ထက်ဝက်လောက် ကျသွားတယ်။ မြေပွဲစားတွေ၊ အထည်ဆိုင်တွေကလည်း ညည်းကြတယ်။ အရောင်းအဝယ် မဖြစ်ကြဘူး" ဟု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ်ရှိ အောင် ရွှေအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကုန်သည်များက ငွေပိုငွေလျှံများကို ရွှေဝယ်ယူမှု ရှိတတ်သော်လည်း လုပ်ငန်းအများစုမှာ အလုပ်မဖြစ်သောကြောင့် ရွှေ အရောင်း အဝယ်အေးနေခြင်းဖြစ်ကြောင်း မဟာအောင်မြေမြို့နယ်ရှိ သီရိရွှေစင် ရွှေ အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

"အခုရက်ပိုင်းမှာ ရွှေဈေးက ကွာလည်း တစ်ထောင်၊ နှစ်ထောင်ပဲ၊ လုပ်ငန်းတွေလည်း တော်တော် ပါးကြတယ်" ဟု ၎င်းက ဆိုသည်။

"အခုရက်ပိုင်းမှာတော့ ဒေါ်လာဈေး ပြန်ကျတယ်။ နောက်ရွှေအရောင်းအဝယ် ကတော့ ပုံမှန်ပဲ၊ ဒီရာသီမှာတော့ အရောင်းအဝယ်က အေးတယ်" ဟု ၎င်းက ဆိုသည်။

လက်ရှိ မန္တလေးမြို့တော် ရွှေဈေးနှုန်းမှာ မီးလင်းအခေါက်ရွှေ တစ်ကျပ်သား လျှင် ၇၉၀,၀၀၀ ကျပ်၊ ဒင်္ဂါးရွှေ ၆၃၀,၀၀၀ ကျပ်၊ ၁၅ပဲရည် ၆၆၈,၀၀၀ ကျပ် ရှိကြောင်း မန္တလေးမြို့တော်ရှိ ရွှေ အရောင်းဆိုင်များထံမှ စုံစမ်း သိရှိရသည်။
ဖြိုးဖြိုးဇော်
The Voice Weekly

မုတ္တမတွင် ဟိုတယ်ဇုန် စီမံကိန်းကြောင့် မြေဈေးတက်

မော်လမြိုင်၊ ဇွန် ၁၆
မွန်ပြည်နယ် အစိုးရက ဟိုတယ်ဇုန်တည်ဆောက်ရန်သတ်မှတ်
ပေးပြီးနောက် မုတ္တမမြို့ အရှေဘက်ခြမ်း တောင် ကုန်းပေါ်ရှိ
မြေကွက်များ ဝယ်ယူသူ များပြားပြီး ဈေးမြင့်တက်လာကြောင်း
မော်လမြိုင်မြို့မှ အိမ်၊ ခြံ၊ မြေအကျိုးဆောင်များက ပြောကြားသည်။

ယင်းမြေနေရာတွင် ဒေသခံဟိုတယ် လုပ်ငန်းရှင်များအပြင် နိုင်ငံခြား ကုမ္ပဏီများပါ လာရောက် စုံစမ်းလျက် ရှိကြောင်း ယင်းဟိုတယ်ဇုန်တွင် ဟိုတယ် ဆောက်လုပ်နေသည့် သံလွင်အေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဟိုတယ်ဇုန် ဆောက်လုပ်မည့် မော်လမြိုင် - ရန်ကုန် ကားလမ်းပေါ်ရှိ မြေကွက်များသည် ယခင် တစ်ဧက ကျပ်သိန်း တစ်ရာ ရှိရာမှ ယခုကျပ်သိန်း နှစ်ရာ အထိ မြင့်တက်သွားကြောင်း မော်လမြိုင်မြို့မှ အိမ်၊ ခြံ၊ မြေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

အဆိုပါ ဟိုတယ်ဇုန် အနီးရှိ တောင်ပေါ်မြေကွက်များကိုလည်း ကျပ် ၁၀ သိန်း ဝန်းကျင်မှ ကျပ်သိန်း ၄၀ ဝန်းကျင်အထိ ပေးကာ ဝယ်ယူသူများ ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မွန်ပြည်နယ်တွင် ဟိုတယ်ဇုန်နှစ်ခု သတ်မှတ် ပေးထားသော်လည်း မုတ္တမ ဟိုတယ်ဇုန် စီမံကိန်းကို စတင် အကောင်အထည် ဖော်နေခြင်း ဖြစ်ပြီး ဒုတိယဟိုတယ်ဇုန် စီမံကိန်းကို စတင်ရေးဆွဲလျက် ရှိပြီ ဖြစ်ကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ရှင်းပြသည်။
 
The Voice Weekly

ကျည်ဆန်ခွံဖြင့် သွန်းလုပ်ထားသော ငြိမ်းချမ်းရေး ဗုဒ္ဓဆင်းတုတော်နှင့် လက်ဝါးကပ်တိုင် လိုင်ဇာသို့ ပင့်ဆောင်

မန္တလေး၊ ဇွန် ၁၆
ကချင်ပြည်နယ် လိုင်ဇာသို့ လမ်းလျှောက် ချီတက်ခဲ့သည့် ငြိမ်းချမ်းရေး အဖွဲ့က တိုက်ပွဲဖြစ်ရာ နယ်မြေမှ ကောက်ယူလာသော ကျည်ဆန်ခွံ များဖြင့် ပြုလုပ်ထားသည့် မနောဝိ မုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်း
ပြည့် ဗုဒ္ဓဆင်းတုတော်နှင့် ခရစ်ယာန် လက်ဝါးကပ်တိုင်ကို ဇွန်လ ၁၆ ရက်နေ့တွင် မန္တလေးမြို့တော်မှ လိုင်ဇာသို့ ပင့်ဆောင်ကြောင်း ယင်း ပင့်ဆောင်သူများက ပြောကြားသည်။

"ဒီနေ့မနက်ပဲ အနေကဇာတင် မဟာမုနိ ရုပ်ရှင်တော်မြတ်ရှေ့မှာ ရင်ငွေ့တော် လှုံပါတယ်။ ဒီကနေ့ မွန်းလွဲ ၁ နာရီမှာ မန္တလေးမြို့ထဲ လှည့်လည် အပူဇော်ခံပြီး လိုင်ဇာကို ပင့်ဆောင်ပါတယ်" ဟု ယင်း ရုပ်ပွားတော် ပင့်ဆောင်ရာတွင် ဦးဆောင် သံဃာတစ်ပါး ဖြစ်သူ အရှင်ဝိသုတက The Voice သို့ မိန့်ကြားသည်။

ယင်းကျည်ဆန်ခွံများနှင့် ပြုလုပ်ထားသည့် ရုပ်ပွားတော်မှာ ဥာဏ်တော် အမြင့် ၂၇ လက်မ၊ အလေးချိန် ၁၁ ပိဿာ ရှိပြီး လက်ဝါးကပ်တိုင် မှာ နှစ်ပေခန့် ရှိကြောင်း အဆိုပါ အဖွဲ့ထံမှ သိရှိရသည်။

"ဗုဒ္ဓရုပ်ပွားတော်ကို ဘယ်မှာ အပူဇော် ခံမယ်ဆိုတာတော့ လိုင်ဇာရောက်မှ စီစဉ်နိုင်မယ်။ လက်ဝါးကပ်တိုင်ကတော့ ခရစ်ယာန် ဘာသာဝင် ရွာတစ်ရွာမှာ ထားဖို့ ရှိပါတယ်" ဟု လိုင်ဇာ လမ်းလျှောက်ရာတွင် ကူညီ ပံ့ပိုးသူ ဦးဝင်းချိုက ဆိုသည်။

ကျည်ဆန်ခွံများနှင့် သွန်းလုပ်ထားသော မနောဝိ မုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော် ပင့်ဆောင်သည့် အဖွဲ့တွင် မန္တလေး မြို့တော်မှ အရှင် ဦးဝိသုတနှင့် အရှင် ဦးကာဝိရ၊ ရန်ကုန်မြို့တော်မှ လမ်းလျှောက် အဖွဲ့တွင် ပါဝင်ခဲ့သူ အရှင်ဦးဝဏ္ဏသိဒ္ဓိ၊ ဦးဝင်းချို၊ ဦးလူတာ ဝင်းမွှေး၊ ဦးစည်သူ၊ ဦးကျော်သူ၊ ဦးဟန်ဇော်ထိုက်၊ ဦးပြည့်ဖြိုးအောင်တို့ ပါဝင်သည်။
The Voice Weekly

ထိုင်းအစိုးရက ဗိုလ်ချုပ် စောလားပွယ်ကို ပြန်တောင်းပန်

ဗိုလ်ချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး
မြဝတီ၊ ဇွန် ၁၆
ကရင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေးကို ထိုင်းအစိုးရက ၂၀၁၂ ခုနှစ် မတ်လအတွင်းက မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ခဲ့ခြင်း ကို ပြန်လည် တောင်းပန်ထားကြောင်း DKBA တပ်ဖွဲ့မှ ဗိုလ်ချုပ် စောမိုရှေး က ပြောကြားသည်။

ယင်းအကြောင်းအရာကို ဗိုလ်ချုပ် စောလားပွယ် နေအိမ်တွင် သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

သို့သော် လာရောက် တောင်းပန်သည့်အချိန်ကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိသကဲ့သို့ မေးမြန်းရာတွင်လည်း အတိအကျ ပြောကြားခြင်း မရှိပေ။

ထိုင်းအစိုးရက ဗိုလ်ချုပ်စောလားပွယ်ကို မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်ချက်မှာ မှားယွင်းပါသည်ဟု ထိုင်းထောက်လှမ်းရေးက လာရောက် တောင်းပန်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် စောမိုရှေးက ရှင်းပြသည်။

"အင်တာနက်ပေါ်မှာ တရားဝင် တင်ပေးဖို့ (ထိုင်းထောက်လှမ်းရေး ကို) တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ထိုင်းအစိုးရက တရားဝင် လုပ်ဆောင်ပေးတာ မရှိသေးပါဘူး" ဟု ၎င်းက ဆိုသည်။

DKBA တပ်သားများ မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း မပြုလုပ်ရန် အမိန့် ထုတ်ထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပြုလုပ်ပါက ပြစ်ဒဏ်နှင့်အညီ ထိရောက်သော အရေးယူမှု လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်စောလားပွယ်က ပြောဆိုသည်။

"မူးယစ်ဆေးဝါးတွေက ကျွန်တော်တို့ တပ်ထဲကမဟုတ်ဘူး" ဟုလည်း ဗိုလ်ချုပ် စောမိုရှေးက ဆိုသည်။

DKBA ၏ စစ်ဗျူဟာမှူး ဗိုလ်မှူး စန်းအောင်ကမူ တပ်ဖွဲ့နာမည်ကို အသုံး ချပြီး တပ်သားများ မူးယစ်ဆေးဝါး ရောင်းဝယ်သည်ကို လက်ပူးလက်ကြပ် ဖမ်းဆီးမိပါက ပြည်သူအများရှေ့တွင် သေနတ်ဖြင့် ပစ်သတ် အရေးယူမည် ဟု ဆိုထားသည်။
The Voice Weekly

ဖုန်းခေါ်ဆိုမှု နှုန်းထားမှာ နှစ်ဆသုံးဆ လျှော့ချရန် စီစဉ်

Monday, June 17, 2013
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လက်ရှိ ကောက်ခံလျက်ရှိသည့် မိုဘိုင်းဖုန်း ခေါ်ဆိုခသည် များပြားလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာန ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်း တင်၏ ပြောစကားအရ သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်က လက်ရှိ ကောက်ခံလျက်ရှိသော တစ်မိနစ် ၅၀ကျပ်မှာ ဈေးနှုန်းလွန်ကဲနေသေးကြောင်း ၎င်းထက် ၂ ဆ၊ ၃ ဆ လျော့ နည်းသည့် ဈေးသာ ဖြစ်သင့်ကြောင်း “ဆက်သွယ်ရေးက ဒါတွေကို သိပါတယ်။ သိပေမယ့် မလုပ်နိုင်ပါဘူး။

အဲ့ဒီအတွက် လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေကို ခေါ်ပြီး လုပ်ခိုင်းတာပါ။ သူတို့တွေကလည်း Service တွေကို အပြိုင်အဆိုင် ပေးသွားမှာပါ။ air time လို့ခေါ်တဲ့ ဖုန်းပြောဆိုခတွေကိုလည်း
ဈေးလျှော့ပေးသွားကြမှာပါ” ဟု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် မြန်မာအင်တာနက် လွတ်လပ်ခွင့် ဖိုရမ်တွင် ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် နိုင်ငံတကာမှ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတကာမှ ကုမ္ပဏီများနှင့် ပြည်တွင်းလုပ်ငန်းရှင်များသည် Operator လုပ်ငန်းအား စိတ်ဝင် စားသည့် လျှောက်လွှာများ တင်ခဲ့ကြသည်။ အဆိုပါ လျှောက်လွှာတင်ထားသည့် ကုမ္ပဏီ (၉၁)ခုမှ ဆန်ခါတင်ကုမ္ပဏီ (၁၂) ခုကို ရွေးချယ်ခဲ့သည်။

ဆန်ခါတင် ရွေး ချယ်ထားသည့် ကုမ္ပဏီ ၁၂ခုမှ Vodafoneနှင့် China Mobile ကုမ္ပဏီတို့ ပူးတွဲ လျှောက်ထားခြင်းကို အဆိုပါ ကုမ္ပဏီများက ပယ်ဖျက်ခဲ့၍ နောက်ဆုံးအဆင့် ဆန်ခါတင် အဆင့်တွင် ကုမ္ပဏီပေါင်း ၁၁ခုသာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ဆက်သွယ်ရေး Operator အဖြစ် ရွေးချယ်ခံရပါက ၂ နှစ်ခွဲအတွင်းတွင် မိုဘိုင်းသိပ်သည်းဆကို ၅၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်လာရန် လုပ်ဆောင်ပေးရမည် ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်သည် အမေရိကန်ဒေါ်လာ သန်း ၂ထောင် ရင်းနှီးမြှုပ်နှံ ရမည် ဖြစ်ကြောင်း သိရသည်။
Myanmar ICT

မျိုးစောင့် ဥပဒေကြမ်း ကန့်ကွက်စာထုတ်

Monday, June 17, 2013
သံဃာ တခိျု့ တင်သွင်းဖို့ ကြိုးစား နေတဲ့ မျိုးစောင့် ဥပဒေကြမ်း ဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီး များရဲ့ တဦးချင်း လွတ်လပ်မှု အခွင့်အရေးကို ချုပ်ချယ်ဖို့ ကြိုးစားတယ် ဆိုပြီး ကန့်ကွက်မှုတွေ ရှိလာ ပါတယ်။

ဒီ ဥပဒေကြမ်းက အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းကို ချိုးဖောက်ရာ ကျတယ်လို့ ကရင် အမျိုးသမီး ဖွံ့ဖြိုးရေး အဖွဲ့၊ ၈၈ မျိုးဆက် အမျိုးသမီး အဖွဲ့ စတဲ့ အမျိုးသမီး ၇ ဖွဲ့နဲ့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါတယ်။

ဒီ ဥပဒေဟာ အမျိုးသမီး တို့ရဲ့ ဆင်ခြင်တုံ တရား ကို အထင်သေး စော်ကား နေပြီး ဗုဒ္ဓဘာသာ ဟာ အခြား ဘာသာဝင် တွေနဲ့ ရော စပ် ယှဉ် တွဲ နေထိုင်ဖို့ ယုံ ကြည် မှု ကိုယ်ခံ အား နည်းတဲ့ ဘာသာ ဖြစ်ကြောင်း ဆိုလိုရာ ကျတယ် လို့လဲ ဒီကြေညာချက်မှာ ဖော်ပြ ပါတယ်။

ဒီဥပဒေ ကြမ်းကို ဇွန်လ (၁၃)ရက် နေ့ က မှော်ဘီမှာ ပြုလုပ်တဲ့ သံဃာ အစည်းအဝေးမှာ ဦးဝီရသူနဲ့ ရဟန်းတော် တစုက ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဥပဒေနဲ့ အတူ ချပြ ဆွေးနွေးခဲ့တဲ့ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ ကြမ်း ဟာလဲ လူ့အခွင့်အရေး စံနှုန်းနဲ့ မကိုက်လို့ ဒီမို ကရေစီ နိုင်ငံ တွေမှာ ပြဌာန်း လို့ မရဘူး၊ နိုင်ငံရေးမှာ ဘာသာရေး မစွက်ဖက် သင့်ဘူး လို့လဲ ဥပဒေ ပညာရှင် ဦးကိုနီ က ပြောကြား ပါတယ်။

မြန်မာ ဓလေ့ ထုံးတမ်း ဥပဒေ တွေ အရ ထိမ်းမြားမှုဟာ ဘာသာရေးနဲ့ မသက်ဆိုင် ဘူး လို့လဲ ဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com