http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

USAID ၊ P & G နှင့် ကလင်တန်ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ မြန်မာကျန်းမာရေး ၀ိုင်းကူမည်

ရန်ကုန် မေ ၂၇
အမေရိကန်အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးပံ့ပိုးကူညီမှု အဖွဲ့ ( USAID ) အမေရိကန် ကုမ္ပဏီဖြစ်သော Procter & Gamble ( P & G )နှင့် အမေရိကန် သမ္မတဟောင်း ကလင်တန်၏ သမီးတည်ထောင်ထား သည့် ကလင်တန် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍတွင် ၀ိုင်းဝန်းကူညီရန် သဘောတူ လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်းက ဆီဒိုးနား ဟိုတယ်၌ ကျင်းပခဲ့သည်။

ထိုအခမ်းအနား သို့ ကလင်တန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စစ် ချယ်လ်စီးကလင်တန်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်လ်၊ P & G ကုမ္ပဏီ ဥက္ကဌ Greg All Good၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွှန်ချုပ် ဦးစိုးအောင် နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
PN 020
Popular Myanmar News Journal







ဘဝကို စိန်ခေါ် ပြီး မသန်စွမ်းသူများ အခွင့်အရေးလှုပ်ရှားနေသူ စုပုံချစ်



“ကျွန်မက စာသင်ချိန်မှာ ခြေထောက်နဲ့ပဲ သင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာ က ဘယ်ဘက်ခြေထောက်တစ် ချောင်းပဲ ကောင်းလို့ပါ။ ကျွန်မ ၅တန်းလောက်အထိ ပြဿနာ မရှိခဲ့ပါဘူး။ ခွဲခြားပြီးလည်း ဆက်ဆံမခံခဲ့ရပါဘူး။ ၆တန်း နှစ်မှာ စပြီးတော့ တွေ့ရပါပြီ။ အတန်းထဲမှာ ၁ မှ ၁ဝအထိ အဆင့်ဝင်တဲ့သူတွေ ကွန်ပျူတာ ခန်းသွားရမယ်။ ဝန်ကြီးလာရင် လည်း နှုတ်ဆက်ရမယ်ဆိုတော့ သမီးလည်း မတ်တတ်ရပ်တာ ပေါ့။ ဒါပေမဲ့ သမီးမပါခဲ့ရဘူး။ ဒါနဲ့ အဖေ့ကို ကျောင်းကို ပြော ခိုင်းတော့ ပါရမယ်။ နောက် တစ်ခေါက် တက်ရမယ်ဆိုပြီး မပါခဲ့ရပါဘူး။ နောက်ပြီး ကြား ရတာက မင်္ဂလာယူတဲ့အချိန် မှာ အမင်္ဂလာပါ ဘာလို့ထည့်ရ မှာလဲလို့ အပြောခံခဲ့ရပါတယ်။ အခုခေတ် မှာ မသန်စွမ်းတွေကို အမြင် ပြောင်းသင့် ပါပြီ။ ပြီး တော့အားလုံးသော အဖွဲ့အစည်း တွေက ပညာရေးကို လုပ်တဲ့ အခါမှာ မသန်စွမ်းတွေလည်း ရှိပါသေးလားဆိုတာကို တွေး ပေး ဖို့ ပြော ချင်ပါတယ်”

အထက်ပါ စကားကို ပြော ဆိုခဲ့ သူမှာ အသက် ၂၅ နှစ် အရွယ် မွေးရာပါ ကိုယ်ခန္ဓာ မသန်စွမ်းသူလေး မစုပုံချစ်ဖြစ် သည်။ ၂ဝ၁၂ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ သမိုင်း မြို့မစာသင်တိုက်တွင်MDG Focus (သြစတေးလျ)နှင့် အသောက ဖောင်ဒေးရှင်းတို့မှ စီစဉ်ကျင်းပသည့် ‘မြန်မာ့ ပညာ ရေးနှီးနှောဖလှယ်ပွဲ’ တွင် ပြော ဆိုခဲ့ခြင်းဖြစ်သည်။

ငယ်ဘဝနှင့် စုပုံချစ်

မွေးရာပါလက်နှစ်ဖက် မသန်စွမ်းဖြစ်ခဲ့ရသူ မစုပုံချစ် ကို ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့တွင် ဒေါက်တာအုန်း ကျော်နှင့် ဒေါ်ခင်ဆွေလဲ့ တို့မှ မွေးဖွားခဲ့သည်။ တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ၂ဝဝ၅ခုနှစ် တွင် အောင်မြင်ခဲ့ပြီး သင်္ချာ၊ဓာတုဗေဒ၊ရူပဗေဒနှင့်ဇီဝဗေဒ ဘာသာရပ်တို့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၂ဝ၁ဝခုနှစ် တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင် သာယာ)မှ B.Tech (IT)နှင့် B.E(IT) ဘွဲ့ကိုရရှိခဲ့သည်။ ယင်း နောက်သတင်းနှင့် နည်းပညာ အင်ဂျင်နီယာမဟာတန်း ပထမ နှစ်ကို တက်ရောက်နေစဉ် ၂ဝ၁၃ ခုနှစ် သြစတြေးလျနိုင်ငံ အစိုးရ ၏ ရာနှုန်းပြည့် ပညာသင် ထောက်ပံ့မှုဖြင့် မူဝါဒပိုင်းဆိုင် ရာ ဘာသာရပ်အတွက် မဟာ တန်းကို သြစတြေးလျနိုင်ငံ၌ ပညာဆည်းပူးေ နပြီဖြစ်သည်။

သြစတြေးလျရောက် စုပုံချစ်

မစုပုံချစ်သည် ၂ဝ၁၃ခု နှစ်၊ ဖေဖော်ဝါရီ ၂ဝရက်နေ့တွင် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ University of New South Wales တွင် တစ်နှစ်နှင့် ရှစ်လကြာ ပညာသင်ကြားရန် မြန်မာ နိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ စုပုံချစ်သည်Master of Policy Studies ကိုသင်ယူရ မည် ဖြစ်ပြီး မူဝါဒပိုင်းနှင့် ပတ်သက် သော ဘာသာရပ် ရှစ်ခုပါဝင် သည်။ သူသည် မြန်မာနိုင်ငံ မသန်စွမ်းကျောင်းသား၊ ကျောင်း သူများအနက် ပထမဆုံးအကြိမ် နိုင်ငံခြား ပညာသင်ဆုရရှိခဲ့သူ တစ်ဦးလည်းဖြစ်သည်။သူ မူဝါဒ ဘာသာကိုလေ့လာသင် ယူရခြင်း မှာ မသန်စွမ်းသူများ၏ ရပိုင် ခွင့်များ၊ ဥပဒေများကို သိရှိနား လည်နိုင်ရန်နှင့် မသန်စွမ်းသူ များ၏အခွင့်အရေးများနှင့် ရပိုင် ခွင့်များကို လေ့လာနိုင်ရန်တို့ ကြောင့်ဖြစ်ကြောင်းပြောခဲ့ သည်။နိုင် ငံတော်သမ္မတကြီးနှင့်စုပုံချစ် သြစတြေးလျ နိုင်ငံသို့ အလည် အပတ်ရောက်ရှိခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်း စိန် သည် ၂ဝ၁၃ခုနှစ်၊မတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် သြစ တြေးလျပညာသင်ဆုရရှိသော မြန်မာပညာသင်များအား ရင်း ရင်းနှီးနှီး တွေ့ဆုံနှု တ်ဆက်ရာ တွင် စုပုံချစ်လည်း တစ်ဦးအပါ အဝင်ဖြစ်ခဲ့သည်။

ထူးချွန်ဆုများနှင့် စုပုံချစ်

စုပုံချစ်သည် မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းတွင် အလုပ်အမှုဆောင် အဖြစ်ဆောင်ရွက်ခဲ့သည့်အပြင် အခြားမသန်စွမ်းသူများ အသင်း အဖွဲ့များသို့ သွားရောက်၍ လည်း စိတ်ဓာတ်မြှင့်တင်ရေး အကြောင်း ဟောပြောပို့ချမှု များရှိခဲ့သည်။သူမ၏ မဆုတ် မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြံ့ခိုင်သော စိတ်ဓာတ်တို့ကို ဂုဏ်ပြုသောအားဖြင့် ဆုတံဆိပ် များစွာ ရရှိခဲ့သည်။ စိတ်ဓာတ် ကြံ့ခိုင်ထူးချွန် ဆု ၂ဝဝ၁ခုနှစ် (မြန်မာအမျိုး သမီးများနေ့ အခမ်းအနား)၊ အထင်ပေါ်ဆုံး ကျောင်းသူဆု (၂ဝဝ၁ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင်ပြပွဲ)၊ ဆယ် စုနှစ်ထူးချွန်ဆု ကျောင်း သူ (၂ဝဝ၄ ခုနှစ်)၊ ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင် ရာ မသန်စွမ်းသူများနေ့)၊ပထမ တန်းမှ တက္ကသိုလ်ဝင်တန်းအ ထိ အတန်းစဉ်ဆုပေါင်း ၅ဝကျော် ရရှိခဲ့သူဖြစ်သည်။
Popular Journal

Conteston Technopreneurship 2013 ဆုရသူသုံးဖွဲ့ကို ဆုချီးမြှင့်ခဲ့

27.5.13, Monday
ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA)၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF)နှင့်ကိုးရီုးယား လေကြောင်း အာကာသ တက္ကသိုလ်တို့ပူးပေါင်းဆောင်ရွက်သော Myanmar-K orea IT Centerကပြုလုပ်သည့် Contest on Technopreneurship 2013 ၏ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပြီးဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့၊
MICT Parkရှိ ConferenceHallတွင် ကျင်းပခဲ့သည်။

ထိုပြိုင်ပွဲသည် ပထမဆုံး ကျင်းပပြုလုပ်သည့် ပွဲဖြစ်ပြီးထူးခြားဆန်းသစ် ထက်မြက်ရှင်သန်စွာ လုပ်ကိုင်လိုသော အတွေးအခေါ်ရှိသူများကို မြေတောင်မြှောက်ပေးရန်၊ တွေးခေါ်မြှော်မြင်မှု၊ နည်းပညာနှင့် စီမံခန့်ခွဲရေးတို့တွင် ထူးခြားထက်မြက်သော လူငယ်များ၏ စွမ်းရည်များကို ဖော်ထုတ်ပေးရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ပြိုင်ပွဲကိုပြိုင်ပွဲ ၀င်ပေါင်း(၁၇)ဖွဲ့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲဝင်များ၏ Business Planနှင့် Video Presentation File များ၊ ပြိုင်ပွဲဝင်များ၏ စိတ်ကူးစိတ်သန်း
တို့ကိုMyanmar-Korea IT Center က Center Manager (Yangon) ဖြစ်သည့် Mr.ShinDongChul ကပြောကြားသည်။

ပြိုင်ပွဲဝင်(၁၇)ဦးယှဉ်ပြိုင်ခဲ့ သောBusiness Plan မူကြမ်းနှင့် Video Presentation file များကိုစိစစ်ပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ရာတွင်(၆) ဦးကိုဇကာတင်ရွေးချယ်ခဲ့ပြီးထိုမှ မေလ(၂၆)ရက်နေ့၊နံနက်တွင် Final Presentation ပြုလုပ်ကာအကဲဖြတ် အဖွဲ့ဝင်(၁၂)ဦးမှ အကောင်းဆုံး Presentationလုပ်နိုင်သူ(၃)ဖွဲ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးဆုကို“Voice System on Mobile Phone” ခေါင်းစဉ်ဖြင့် ဦးကျော်ကျော်ဇင်တို့အဖွဲ့၊ “Universal Software Production” ခေါင်းစဉ်ဖြင့် ဒေါ်ယဉ်ချိုနွယ်တို့အဖွဲ့နှင့် “MIDC on Call
Mobile Phone Repairing Service” ခေါင်းစဉ်ဖြင့် ဦးစိုးမင်းထွန်းတို့အဖွဲ့က ရရှိခဲ့ခြင်းဖြစ်သည်။ ဆုပေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာ၊ ၀န်ကြီးဦးဥာဏ်ထွန်းက တက်ရောက်ဂုဏ်ပြု ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
SkyNet TV Browser

မေ ၃၀ ဒီပဲယင်း သတ်ဖြတ်မှူကြီး ၁၀ နှစ်မြောက် (ရုပ်သံ)

May 27, 2013
မေ ၃၀ ဒီပဲယင်း သတ်ဖြတ်မှူကြီး ၁၀ နှစ်မြောက် (ရုပ်သံ)
ရိုက်ကူး စောနန်း၊ စောဖိုးစီ၊ ဂျိုးဇက်
DVB TV News

KIO ကိုယ်စားလှယ်များအား မြစ်ကြီးနားလူထု သောင်းချီကြိုဆို

မေလ ၂၇ ရက် ၂၀၁၃
ချင်းမိုင်(မဇ္စျိမ)။ ။ ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စား လှယ်များ ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီချိန်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာရာ ကချင်ပြည်သူလူထု ၃ သောင်းခန့် လာရောက် ကြိုဆိုနေသည်ဟု ကိုယ်တိုင်သွားရောက်ကြိုဆိုနေသူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဆရာကြီး ဒေါက်တာခလမ်ဆမ်ဇွန် က ပြောသည်။

မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရန် KIO ဘက်မှ ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ဂွမ်မော်တို့ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ကျနော်ကြိုဆိုတဲ့နေရာမှာ ရောက်နေတယ်။ ပြည်သူတွေက သောင်းနဲ့ချီ သောင်းသောင်း ဖျဖျ ကြိုဆိုနေကြတယ်၊ KIO ကို။ လူက သုံးလေးသောင်းလောက် ရှိမယ်။ တိုက်ပွဲဖြစ်တဲ့နောက်မှာ ပထမဦးဆုံးအကြိမ် ရောက်လာတဲ့ အတွက်ကြောင့် ဝမ်းသာမှုကတော့ အပြည့်ပဲ။ ဒီမှာ တွေ့နေရတယ်။ ခု ဆက်ဆံရေးရုံးရှေ့မှာ ရောက်နေပြီ” ဟု ဒေါက်တာခလမ်ဆမ်ဇွန် က မဇ္ဈိမကို ပြောသည်။

ထိုကြိုဆိုသူများက KIO/KIA အလံများ ကိုင်၍ “ကေအိုင်အိုနဲ့ ပြည်သူ တခုတည်းဖြစ်တယ်ဆိုပြီး အော်ကြတယ်” “ကချင်အားလုံးဟာ ကေအိုင်အို ဖြစ်တယ်ဆိုတာ အော်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များလည်း မြစ်ကြီးနားမြို့သို့ ရောက်နှင့်နေပြီး ဖြစ်သည်။
Mizzima - News in Burmese


အင်္ဂလန်မှာ English Defense League (EDL)က ဦးဆောင်ပြီး မွတ်ဆလင်ဆန့်ကျင် (ရုပ်/သံ)

May 26, 2013
English Defense League (EDL)က ဦးဆောင်ပြီး မွတ်ဆလင်ဆန့်ကျင် အင်္ဂလန်မှာ... ဗြိတိသျှ စစ်သား တစ်ဦး သတ်ဖြတ် ခံ ရမှု ကြောင့် English Defense League (EDL) က ဦး ဆောင်ပြီး မွတ်ဆလင် ဆန့် ကျင် ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်... EDL အဖွဲ့ ဝင်များ က Facebook ၊ တွစ်တာ စသည့် လူမှု ကွန်ယက်များ EDL Facebook စာမျက်နှာကနေလည်း ချီတက်လမ်းလျှောက်ဖို့ ဆော်သြပြီ အရှိန်မြှင့် လုပ်ဆောင်လာတာဖြစ်ပါတယ်။
We Love True

ဒီရာသီကို ဘယ်လိုကူးမလဲ

မြန်မာနိုင်ငံ၏ ရာသီဥတုအမျိုး အစား သုံးမျိုးရှိရာတွင် လက်ရှိ ပျက်စီးသွားသော သဘာဝတရားများကြောင့် နွေရာသီဆို ပူလွန်းခြင်း၊ မိုးရာသီဆို မိုးသည်းထန်ခြင်းနှင့် ဆောင်းရာသီ ကာလတွင် အအေးပေါ့လာခြင်းတို့ ရင်ဆိုင်နေရ သည်။ ယင်းသို့ ပြောင်းလဲလာသော မူလ အနေအထား မဟုတ်သည့် ရာသီဥတုများ ကြားတွင်မှ ယခုကာလသည် ပူပြင်းခြောက် သွေ့သော နွေရာသီနှင့် စွတ်စိုသည့် မိုးရာသီ ကာလသို့ အကူးအပြောင်း မုတ်သုံဝင်ရောက်သည့် ကာလဖြစ်သည့် ယခုရက်များ အတွင်းလည်း နေပူတစ်လှည့် မိုးရွာတစ်ခါဖြင့် ဖြတ်သန်းနေရသည်။ မိုးစတင်ရွာသွန်း နေပါပြီ။ သို့သော် နွေရာသီကာလကို ဖြတ်သန်းရန်လည်း ကျန်ရှိနေသေးသည်။

ယခုနှစ်နွေရာသီတွင် ထူးခြားသော သတိပြုဖွယ်ရာအဖြစ် ကျေးလက်ရော မြို့ပြပါမကျန် ခရမ်းလွန်ရောင်ခြည် အကြောင်း ယေဘုယျသိရှိပြီး ဆောင်ရန်၊ ရှောင်ရန်များ လိုက်နာဆောင်ရွက်ကြကာ အချင်းချင်း တစ်ဆင့်သတိပေးကာ နှိုးဆော် တိုက်တွန်းမှုကြောင့် ကြိုတင်ကာကွယ်မှု များလည်း ပိုမိုပြုလုပ်လာကြသည်ကို တွေ့ရ သည်။ သို့သော် မေလဆန်းပိုင်းအထိ အပူ ရှိန်မြင့်တက်လျက် ရှိရာမှ အပူပိုင်း မုန်တိုင်း မဟာစင်ကြောင့် ယခုလ ဒုတိယပတ်မှ စတင်ကာ ဒေသအလိုက် မိုးရွာသွန်းမှုများ ဖြစ်ခဲ့သည်။ အပူချိန်ပြင်းနေသည့် အချိန် ရွာသောမိုးကြောင့် အပူဒဏ် သက်သာသွားသည်မှာတော့ အမှန်ပင်။

ကျန်းမာရေးအခင်းအကျင်း

မည်သို့ပင်ဖြစ်စေ နွေရာသီသည် အသက်ရွယ်ငယ်လွန်းသူ၊ အသက်ကြီး လွန်းသူ၊ ကျန်းမာရေး ချို့တဲ့သူနှင့် အရက် သောက်သုံးသူများအတွက် အန္တရာယ် ပေါင်းများစွာကို လက်ကမ်းကြိုလင့် သကဲ့သို့ ဖြစ်ရာ အပူဒဏ်မြင့်မားမှုကြောင့် အရေပြား၊ မျက်စိနှင့် ခန္ဓာကိုယ်တွင်း အစိတ်အပိုင်း အချို့ကို ထိခိုက်ပျက်စီးစေနိုင်ပြီး အမှုမဲ့ အမှတ်မဲ့နေထိုင်လျှင် မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများလည်း တိုးပွားလာမည် ဖြစ်သည်။

အပူအအေး ရုတ်တရက် ပြောင်းလဲမှုကြောင့် ကျန်းမာရေးအတွက်လည်း ကြိုတင် ပြင်ဆင်ကာကွယ်မှုများ ပိုလာသည်။ ရာသီဥတု အပြောင်းအလဲကြောင့်ဖြစ်သော တုပ်ကွေး ရောဂါများ၊ အမှည့်လွန် အသီးများကြောင့် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အပူရှိန်ကြောင့် မျက်စိနာခြင်းတို့ ခံစားရနိုင် သည့်အတွက် ဆောင်ရန်၊ ရှောင်ရန်များ သတိပြုရန်လိုလာသည်။
အထူးသဖြင့် နွေရာသီတွင် ချွေးထွက်လွန်ခြင်းကြောင့် မောပန်းနွမ်းနယ်မှုဒဏ် ပိုခံစားရသဖြင့် ရေဓာတ်ပြန်လည် ဖြည့်ဆည်းပေးရန် လိုအပ်သည်။ ရေများများ သောက်သုံးခြင်း၊ ဓာတ်ဆားရည် သောက်သုံးခြင်းတို့ဖြင့် လိုအပ်နေသော စွမ်းရည်ကို ဖြည့်ပေး နိုင်သည်။ ထို့ပြင် စားသောက်မှုပိုင်းတွင် လည်း ဗီတာမင် စီ၊ အေ ၊ ကေ အစရှိသဖြင့် အစုံအလင်လိုအပ်သည်။

မည်သည့်ရာသီဥတုတွင် ဖြစ်စေ ကျန်းမာရေးအတွက် အစားအသောက်ပိုင်း၊ အဝတ်အစားပိုင်းနှင့် နေထိုင်မှုပိုင်းအရ ဆင်ခြင်နေထိုင်စရာ များစွာရှိရာ နွေရာသီတွင် ကလေးသူငယ်များ နေပူထဲ အကာအကွယ် မယူဘဲ ထွက်ခြင်း၊ အပူရှိန်မြင့်ချိန် အရက် အလွန်အကျွံ သောက်သုံးခြင်းတို့ကို ရှောင်ကြဉ်ရမည့်အပြင် ရောဂါအခံရှိသော သက်ကြီးရွယ်အိုများကို ဂရုစိုက်ပေးရန် လိုအပ်ပါသည်။ မိုးရာသီတွင်မူ ရေနှင့် အစားအစာပိုင်း ဆိုင်ရာတို့ကို များစွာ သတိပြုသင့်ပြီး လမ်းဘေး အစားအစာများ၊ အမှည့်လွန် အသီးများနှင့် မသန့်ရှင်းသော ရေတို့သည် ဝမ်းပျက်ဝမ်းလျှောရောဂါများ ကို အလွယ်တကူ ဖြစ်စေနိုင်သည့်အတွက် သတိနှင့်ယှဉ် စားသောက်ပေးရမည်။

အထူးသတိပြုစရာ

ပူအိုက်စွတ်စိုချိန်နှင့် မိုးကာလတို့၏ ကျန်းမာရေးဆိုင်ရာ အထူးသတိပြုစရာ အမှတ်သညာမှာ တုပ်ကွေးပင်။ ယခုကဲ့သို့ ပူအိုက်စွတ်စိုသော ရာသီဥတုတွင် ကလေး သူငယ်များ၌လည်း ခြင်မှတစ်ဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းသည် အဓိက အန္တရာယ်ကြီးဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန အနေနှင့်ရော မိသားစုများအနေဖြင့်ပါ ကြိုတင်ကာကွယ်မှုများ စတင်လုပ်ဆောင်သင့်သည့် ကာလပင် ဖြစ်သည်။ နွေနှင့် မိုးအကူး ကြားကာလ၏ ကြောက်စရာအန္တရာယ်သည် ကူးစက်လွယ်သော တုပ်ကွေးရောဂါပင်။
"တုပ်ကွေးကို ကာကွယ်ဖို့ အများနဲ့ ဆိုင်တဲ့နေရာတွေကို ထိကိုင်ပြီးတာနဲ့
လက်ကို သေချာဆေးတတ်တဲ့ အကျင့်ရှိရင် တုပ်ကွေးရာသီမှာတောင် တုပ်ကွေးဖြစ်နိုင်စွမ်းက ၈၅ ရာခိုင်နှုန်းထိ နည်းပါးသွားတယ်" ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် အပူပိုင်းဒေသနှင့် နီးသော သမပိုင်းဒေသ ဖြစ်သည့်အတွက် နွေနှင့် မိုးအကူးကာလသည် ပူအိုက်စိုစွတ်မှု အမြင့်ဆုံးဖြစ်ပြီး လေထုနှင့် ပတ်ဝန်းကျင် ပူနွေးစွတ်စိုမှုများကြောင့် ဗက်တီးရီးယား နှင့် ဗိုင်းရပ်စ်များ ပိုပေါက်ဖွားနိုင်သဖြင့် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများကို အထူးသတိပြုကြရန် လိုအပ်သည်။ လေထုအတွင်း ဗိုင်းရပ်စ်ပိုးများ ရှူရှိုက်မိခြင်းနှင့် အများနှင့်သက်ဆိုင်သော နေရာများမှ ပစ္စည်းများကို ကိုင်မိရာမှ တစ်ဆင့် တုပ်ကွေးရောပါပိုး ကူးစက်ခံရမှု ပိုများသည်။

"အဓိက ကာကွယ်ဖို့က အအေးမမိဖို့ပဲ။ အအေးမိရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ခေတ္တရပ်ဆိုင်းသွားပြီးတော့ အနားမှာရှိတဲ့ ရောဂါပိုးတစ်ခုခု ဝင်နိုင်တယ်၊ အိပ်ရေး ပျက်ရင်လည်း ကိုယ်ခံအား ကျတတ်တယ်" ဟု ဒေါက်တာ သီဟသစ်က ပြောကြားသည်။

မိုးရာသီအကူးအပြောင်းတွင် လမ်းဘေးအသုပ်စုံနှင့် အစားအစာများ ကိုင်တွယ်သောလက် မသန့်ရှင်းမှုအပြင် အမျှင်ဓာတ် ပိုများသော ပိန္နဲသီးကဲ့သို့ ရာသီပေါ်အသီးများ၊ အမှည့်လွန်သီးများကို စားသုံးခြင်းကလည်း ဝမ်းပျက်ဝမ်းလျှော ရောဂါကို အဖြစ် များစေသည်။ ယင်းကြောင့် အများနှင့် သက်ဆိုင်သောနေရာများသို့ သွားရောက်ပြီးတိုင်း လက်ကိုဆေးကြော သင့်ရာ ရေအဆင်သင့်မရှိပါက ရေမလိုဘဲ အသုံးပြုနိုင်သော လက်သန့်ဆေးရည် များလည်း ဆောင်ထားသင့်ကြောင်း တိုက်တွန်း လိုသည်။

ရာသီအကူးမှာ ဝတ်ဆင်စရာ

ရာသီဥတုကိုလိုက်၍ သင့်လျော်ရာရာ ဝတ်ဆင်ကြရရာတွင် နွေရာသီမကျ မိုးရာသီမကျ ကြားကာလ ဖြစ်နေသော်လည်း နွေရာသီတွင်ပိုမိုအသုံးဝင်သည့် ချည်သား ပွပွရောင်းရောင်း အရောင်နု အဝတ်အထည်များသာ ဝတ်ဆင်သင့်သေး သည်။ ချည်သားကဲ့သို့ အဝတ်အထည်မှသာ မိုးရာသီတွင် နွေးထွေးပြီး ရေစိုလျှင်ခြောက် လွယ်နိုင်သကဲ့သို့ နွေရာသီတွင်လည်း အပူဒဏ်မှ ကာကွယ်နိုင်မည်။ သို့ရာတွင် မိုးတွင်းရောက်ရှိပြီဆိုက လုပ်ငန်းခွင်တွင် အဝတ်အထည်အနည်းဆုံး တစ်စုံခန့် အပို ထားရှိရန်လိုအပ်ပါသည်။ှ

သတိပြုသင့်သည်က ခရမ်းလွန် ရောင်ခြည်သည် မိုးတွင်းတွင်လည်း ရှိနေခြင်းပင်။ ခရမ်းလွန်ရောင်ခြည်ကို နွေရာသီ တွင်သာ ကာကွယ်ရမည်မဟုတ်၊ မိုးရာသီ တွင်လည်း ဆက်လက်ကာကွယ်သွားရမည် ဖြစ်ရာ နေရောင်နှင့် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရဦးမည်ပင်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခရမ်းလွန်ရောင်ခြည် ရည်ညွှန်းကိန်း ၃ ထက် ကျော်ပါက နေရောင်ကာကွယ်မှု စတင်လုပ်ဆောင်သင့်ကြောင်း နှိုးဆော်ထားသည်။ ပြီးခဲ့သည့် ဧပြီလက မြန်မာ နိုင်ငံ၏ အနိမ့်ဆုံး ခရမ်းလွန်ရောင်ခြည် ရည်ညွှန်းကိန်းသည် ၈ အထိရှိပြီး အပြင်းဆုံးအဆင့်တွင် ရှိကာ ရန်ကုန်မြို့ တွင်လည်း ရည်ညွှန်းကိန်း ပမာဏ ၁၂ အထိ ရှိသည့်အတွက် လူကို အန္တရာယ်ဖြစ်စေသော အဆင့်တိုင် ရောက်ရှိခဲ့သည်။ ခရမ်းလွန် ရောင်ခြည်ကို နေ့တစ်နေ့ ၏ အပူဆုံးအချိန် တွင် တိုင်းတာခြင်းဖြစ်ပြီး နေရာဒေသ၊ အချိန်ကာလပေါ်လိုက်၍ ရည်ညွှန်းကိန်း ပမာဏချင်း ကွဲပြားခြားနားနိုင်သည်။

ခရမ်းလွန်ရောင်ခြည်သည် ရေ၊ သဲ ကဲ့သို့ အခြားရောင်ပြန်ဟပ်နိုင်သော မျက်နှာပြင်ပေါ်တိုင်းတွင် ရောင်ပြန်ဟပ်ခြင်းကြောင့် ရောင်ခြည်သင့်သူများသည် ယူဗီဒဏ်ကို နှစ်ဆတိုး ခံစားရစေသည်။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကာလ ကြာရှည်လာလျှင် အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲခြင်း တို့အထိ ဖြစ်ပေါ်လာနိုင်ပြီး ရေတိုထိတွေ့မှုများပါက လူတစ်ဦးချင်းစီ၏ ကိုယ်ခံအားအလိုက် အရေပြားလောင်ခြင်း နှင့် မျက်စိရောဂါ အမျိုးမျိုးခံစားရနိုင်သည်။ သို့ဖြစ်ရာ ရာသီဥတု အကူးအပြောင်းတွင် လိုက်လျောညီထွေရှိသည့် အဝတ်အထည်များ ဝတ်ဆင်ရသကဲ့သို့ ရာသီဥတုဒဏ်ကို အကာအကွယ် ပြုနိုင်သည့် အသုံးအဆောင် များလည်း ဂရုပြုသုံးစွဲရမည်ပင်။

ယခုကဲ့သို့ ရာသီဥတုမျိုးတွင် သတိနှင့် သွားလာစားသောက် နေထိုင်ကြရန် အထူး လိုအပ်သည်။ ရာသီဥတု ဖောက်ပြန်မှုများ လည်း တစ်နေ့ထက်တစ်နေ့ ပိုလာပြီး သက်ရှိလူသားတို့တွင် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင် နေကြရသည်။ ရာသီဥတုပြောင်းလဲမှုကို သဘာဝပတ်ဝန်းကျင် ပညာရှင်များက တီထွင် ဖန်တီးပြုပြင်နေသည့် အချိန် လူသားများ ဘက်ကလည်း သတိပြုနေထိုင်ရန်၊ လိုက်နာ သင့်သည်တို့ကို လိုက်နာရန် အချိန်အခါ ကျရောက်နေပြီး ကျန်းမာရေးဆိုင်ရာ အန္တရာယ်များအတွက် သဘာဝဘေးအန္တရာယ် တို့ကို နားစွင့် နေထိုင်ရသကဲ့သို့ပင် ဆေးပညာရှင်၊ ဆရာဝန်တို့၏ သတိပေးနှိုးဆော်ချက် များကိုလည်း အစဉ်အမြဲ နားထောင်ရ ပေမည်။ သို့မှသာ ရာသီဥတုကို မှီခိုနေရသော မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆၀ ၏ ကျန်းမာရေးလည်း ပျက်စီးဆုံးရှုံးမှု လျော့နည်းသွားနိုင် မည်ဖြစ်သည်။
လဲ့ရည်မြင့်
The Voice Weekly

နှလုံးလှ ကချေသည်

ဗုံသံများက ရှုပ်ထွေးသောစည်းချက်များဖြင့် တရိပ်ရိပ်တုန်ခါလို့ နေပါသည်။ နီကီတာဂီရာနှင့် ကချေသည် နှစ်ဦးတို့၏ မြန်ဆန်လှသော ခြေထိုးကကွက်များက ကျက်သရေအပြည့်နှင့် လှုပ်ရှားနေ၏။ မွန်ဘိုင်းခန်းမ ထဲမှာဖြစ်သည်။ ပရိသတ်များက အပြည့်။ အားလုံး ကျောက်ကပ်ဝေဒနာရှင် များ ဖြစ်ကြပေသည်။

ကကွက်များက ဇာတ်ရှိန်အမြင့်ဆုံးသို့ ရောက်လာလေလေ သူမခြေထောက်တွေက နာလာပြီး ရင်ဘတ် လေးလံလာ၏။ သို့သော် ဂီရာတစ်ယောက် ကကွက်တွေကို ရပ်တန့်မပစ်လိုက်ပါချေ။ ကျောက်ကပ်ဝေဒနာရှင် တွေကို သူမ စိတ်မပျက်သွားစေလိုပါ။ သူမကိုယ်တိုင်လည်း ထိုဝေဒနာ ခံစားနေရသည် မဟုတ်ပါလား။

ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်က ဂီရာ့ကျောက်ကပ်များ မကောင်းတော့ဘဲ သူ့မိခင်လှူထားသည့် ကျောက်ကပ်ကလည်း သူ့ခန္ဓာကိုယ်ထဲ သိပ်ပြီးအဆင်မပြေ။ "ငါဘာလို့များ အသက်ဆက် ရှင်နေရတာလဲ" ဆိုသည့် မေးခွန်းကိုသာ ပျော်ရွှင်မှုကင်းမဲ့နေသည့် မိန်းကလေး တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ထပ်တလဲလဲ မေးနေမိသည်။

သူမ၏ဆရာဝန် ဒေါက်တာမိုဟန်ရာဂျာပါကား လည်း ဂီရာတစ်ယောက် ကျန်းမာရေးနဲ့ နပန်းလုံးလိုက်၊ ခွေးကလေးနဲ့ ဆော့လိုက်၊ ကိုယ့်ကိုယ်ကိုယ်သနားလိုက် လုပ်နေတာကို စိတ်မကောင်းဖြစ်မိသည်။

"ငယ်လည်းငယ်၊ ပညာလည်းတတ်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပြီး ဘာဖြစ်လို့ အချိန်ဖြုန်းနေတာလဲ" ဟု ခပ်ပြတ်ပြတ်ပဲ မေးချလိုက်သည်။ "မင်းဟာတခြား အသုံးဝင်တာ တစ်ခုလောက် လုပ်နိုင်ပါတယ်" ဟုလည်း ပြောလိုက်သည်။
နီကီတာဂီရာလည်း ဆတ်ခနဲနာသွားပြီး ချက်ချင်း ပြန်မေးလိုက်သည်။
"လူနာတစ်ယောက်ဟာ ဘယ်လိုမျိုး ခံစားနေရမယ်ဆိုတာ ဆရာသိလို့လား"
"ဆရာလည်း ၂၉ နှစ်လောက်တုန်းက Heart Attack ဖြစ်ဖူးတယ်။ ခဏခဏလည်း နှလုံးခွဲစိတ်ခံ ခဲ့ရတယ်။ ဒါပေမဲ့အချည်းနှီးဖြစ်နေတဲ့ဘဝနဲ့ သူများ အသနားခံဘဝကို အဖြစ်မခံနိုင်ဘူး" ဟု ဒေါက်တာ ရာဂျာပါကားက ပြန်ပြော၏။

နီကီတာဂီရာ ရှက်သွားမိသည်။ သူမ ဘဝတွင် တစ်ခုခုတော့ လုပ်ရမည်ဟုလည်း ဆုံးဖြတ်လိုက်၏။ သို့သော် ဘာလုပ်ရမည် နည်းဆိုသည့် မေးခွန်းကဖြစ်လာသည်။

ထိုမေးခွန်း၏အဖြေကို ၁၉၉၉ ဖေဖော်ဝါရီလောက်မှာ ရလိုက်ပါသည်။ မိတ်ဆွေတစ်ယောက်၏ အက အစီအစဉ်တစ်ခုတွင် ဖြစ်ပေ၏။ ကျန်းမာရေးကောင်းစဉ်က ဂီရာသည် အိန္ဒိယရိုးရာ အက ဘရတနာတီရမ်ကို စိတ်ဝင်တစား လေ့လာသောကျောင်းသူ တစ်ဦးဖြစ်ခဲ့၏။ စိတ်ထဲ စွဲနေပြီးသားဖြစ်သော ဂီတသံများနှင့် ဇာတ်စင်နောက်တွင် ပြင်ကြ ဆင်ကြရှုပ်ထွေးနေသော အခြေ အနေများက သူမကို စိတ်လှုပ်ရှားစေခဲ့လေသည်။

နောက်နေ့ အကအတန်းကို ပြန်စတက်တော့သည်။ နှစ်လလောက်ပဲ ကြာပါသည်။ ဒေါက်တာရာဂျာပါကား ကို အထူးအဆန်း တစ်ခုသွားပြော၏။ ဆေးရုံနှစ်စဉ်ပွဲမှာ ဝင်ပြီးတော့ တင်ဆက်ချင်သည်ဟု။

ကကွက်များကြားမှာ ဂီရာ လွင့်မျောပစ်လိုက်သည်။ သြဘာသံတွေ ဟိန်းသွားပြီး အတွေးတစ်ခုကလည်း လက်ခနဲ ခေါင်းထဲရောက်လာ ပေတော့သည်။ ဆင်းရဲသည့် ကျောက်ကပ်ဝေဒနာရှင်များ အတွက် အက အနုပညာဖြင့် ရန်ပုံငွေ ရှာပေးနိုင်သည် ဆိုသည့်အတွေး ဖြစ်သည်။ ကျောက်ကပ်အတွင်း မှ ရေပိုနှင့် အညစ်အကြေး တို့ကို ဖယ်ထုတ်သန့်စင်ပေးရသည့် တစ်နည်းအားဖြင့် ကျောက်ကပ်ဆေးရသည့် လုပ်ငန်းသည် တော်တော် အကုန်အကျများ၏။

"ကျောက်ကပ်ဆေးရတာ ဈေးကြီးတယ်လေ။ လူတော်တော်များများက မတတ်နိုင်တော့ အဲဒီအဆင့်ကို ကျော်ကြရတယ်" ဟု နီကီတာဂီရာက ပြောပြသည်။

သူမ မထင်မှတ်လောက်အောင်ပင် အလှူငွေတွေ ဝင်လာသည်။ ၁၉၉၉ ခုနှစ်နိုဝင်ဘာလ လောက်ကစပြီး တိုင်းပြည်အနှံ့ လှည့်ပြီး ရန်ပုံငွေရှာခဲ့ရာ အမေရိကန်ဒေါ်လာ ခုနစ်သောင်းကျော် အထိ ရခဲ့သည်။ ကျောက်ကပ် လူနာ ၆၅ ဦး အထောက်အပံ့ရခဲ့ပြီး လူနာ ၁၃ ဦးကို ကျောက်ကပ်ဆေးရန် အတွက် ပုံမှန် ထောက်ပံ့ထားပေးနိုင်သည်။

"ကျွန်မခန္ဓာကိုယ်နဲ့ ကျတော့ ကရတာ ခက်တယ်ရှင့်" ခရီးသွားလိုက် ကပြဖျော်ဖြေလိုက် လုပ်နေသည့် ဂီရာကပြောပြသည်။ "ဒါပေမဲ့ ကျွန်မနိုင်သရွေ့တော့ အသုံးဝင်တဲ့ဘဝ နဲ့ပဲ အသက်ရှင်ချင်တယ်"

(Reader’s Digest မဂ္ဂဇင်းမှ Charity in Motion ကိုဘာသာပြန်ဆိုပါသည်။)
သန့်ဇင်စိုး
The Voice Weekly

ပြည်သူ့ရေးရာ ကိစ္စတွေဆောင်ရွက်ပေးဖို့လိုဟု လွှတ်တော်အမတ်အချို့ ဆို

နေပြည်တော်၊ မေ၂၆။
လတ်တလောတွင် ပြင်ပနိုင်ငံရေး လှုပ်ခြားများတွင် အရပ်ဖက်လူ့ အဖွဲ့အစည်းများ၏ ဆောင်ရွက်မှု အခန်းကဏ္ဍများ အားကောင်းလာသော် လည်း လွှတ်တော်တွင်း နိုင်ငံရေးကို ဖော်ဆောင်လျက်ရှိသော အမတ်များ၏ အခန်းကဏ္ဍသည် ပြည်သူလူထုကြား၌ အားနည်းနေသည်ဟု ဝေဖန်မှုများ ရှိနေခြင်းသည် ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ ရေးရာကိစ္စများ ဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာတော့ ကျွန်တော်တို့ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြည်သူလူထုရဲ့အမြင် ပြည်သူလူထုရဲ့ သဘော ထားတွေကို ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပေးတယ်။ အတတ်နိုင်ဆုံးပူးပေါင်း ဆောင်ရွက်ပေးတယ်။ အဓိကကတော့ ပြည်သူလူထုကြားမှာ ရှင်သန်နိုင်ဖို့နဲ့ ပြည်သူ့ရေးရာကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆောင်ရွက်နိုင်ခွင့်နှင့် ပတ်သက်၍ ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများ၏ အခက်အခဲများကို ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှု များ လိုအပ်သော်လည်း ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုသည် အားနည်းနေသေးကြောင်း ချင်ပြည်နယ် အမှတ်သုံး မဲဆန္ဒနယ်မြေမှ အမျိုး
သားလွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု အကျိုးဆောင်ရွက်မှုအားနည်းပြီး မှေးမှိန်နေရခြင်းသည် လွှတ်တော်တွင်း၌ ပြည်သူ့အတွက် အဆိုတင်သွင်းနိုင်ခြင်း မရှိသော ကိုယ်စားလှယ်များ များပြားနေခြင်းလည်း ပါဝင်သည်ဟု မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ပြောကြားလိုက်သည်။
အောင်သိုက်
မြန်မာ့ခေတ်

မြန်မာနိုင်ငံသား ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)ကို နှိုင်းယှဉ်ဆွေးနွေး

ကလေး၊ မေ ၂၆။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေ အခန်း(၈)မှနိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးများနှင့် တာဝန်များကို အသိပညာ မျှဝေခြင်းနှင့် နှီးနှောဆွေးနွေးခြင်းကို ကလေးမြို့တွင် ဆွေးနွေးပွဲတစ်ခုအဖြစ် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဌာန်းချက်များ၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသား မှတ်ပုံတင်ရေး၊ ပြည်ထောင်စု မြန်မာနိုင်ငံသား အဖြစ်ရွေးချယ်ရေးနှင့်နိုင်ငံသား ဖြစ်မှုတို့ကို ဒု-ခရိုင် ဥပဒေအရာရှိ တစ်ဦးမှ ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (အရေးပေါ်ပြဌာန်းချက်) အက်ဥပဒေနှင့် နည်းဥပဒေများ၊တရားမ၀င်ဘဲ ရောက်လာသူများ အား ပြည်နှင်ဒါဏ်ပေးခြင်းနှင့် ချုပ်ထားခြင်းများ၊ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် နည်းဥပဒေများ၊ ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥဒေများကို အထက်တန်းရှေ့နေတစ်ဦးက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်အနေနှင့် ကတော့ ၁၉၈၂ ဥပဒေကို လုံးဝဖျက်သိမ်းရမယ်ဆိုတာမျိုး မဟုတ်ဘဲ လက်ရှိအခြေအနေနှင့် လျှော်ကန်မှု မရှိတော့တဲ့ အချို့ဥပဒေတွေကို ပြုပြင်သင့်တယ်လို့ ထင်ပါတယ် ” ဟု တက်ရောက်လာသူ တစ်ဦးက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်(၁)နာရီမှ ညနေ(၃)နာရီအထိ နေသာစာကြည့်တိုက် အပေါ်ထပ်တွင် လူမှုကွန်ယက်(ကလေး)မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ခရိုင်ဥပဒေ အရာရှိတစ်ဦး၊ အထက်တန်းရှေ့နေများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်သူများနှင့် ဥပဒေရေးရာ စိတ်ဝင်စားသူများ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

အမေရိကန်က အီဂျစ်ကို စီးပွားရေးပြုပြင်ပြောင်းလဲရန်ဖိအားပေး၊ အကူအညီများပြောင်းလဲမှုပေါ် မူတည်မည်ဟု ဆို

အက်ဒစ်အာဘာဘာ၊မေ ၂၅။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အီဂျစ်နိုင်ငံအနေနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို မြန်ဆန်စွာလုပ်ရန်ပါက နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့မှ ချေးငွေဒေါ်လာ ၄.၈ဘီလျံရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုကြောင်း အမေရိကန်အရာရှိတစ်ဦး ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီသည် အီဂျစ်သမ္မတမိုဟာမက်မော်စီနှင့် အာဖရီကသမဂ္ဂဆွေးနွေးပွဲတွင် စနေ့နေ့က တစ်နာရီကြာတွေဆုံခဲ့ကာ ဆီးရီးယားပြည်တွင်းစစ်၊ ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ၊ အီဂျစ်မှ လူအခွင့်အရေးကိစ္စများ နှင့် နိုင်ငံ၏ယိမ်းယိုင်နေသည့် စီးပွားရေး အခြေ အနေတို့ကို ဆွေးနွေးခဲ့ကြောင်း အမေရိကန်အရာရှိက ဆိုသည်။

အီဂျစ်နိုင်ငံမှ အစ္စလာမ္မစ်အစိုးရသည် ဆိုးဝါးသောစီးပွားရေးကြောင့် နိုင်ငံတကာငွေးကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)၏ အထောက်အပံ့ကို ရရှိရေးတွင် အတားအဆီးရှိနေရာ စီးပွားရေးပြုပြင်ပြောင်းလဲမှုဖြင့် လူမှုဘဝမတည်ငြိမ်မှုဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည်။

သို့သော် ၂၀၁၁အစောပိုင်းသမ္မတဟောင်း ဟော့စနီမူဘာရက်ကိုဖြုတ်ချပြီးချိန်ကစ၍ နိုင်ငံရေးမတည်ငြိမ်မှုနှစ်နှစ်ခန့်ဖြစ်ပွားပြီးချိန်တွင် အိုင် အမ်အက်ဖ်သဘောတူညီချက်ရရှိပါက ရင်းနှီးမြှပ်နှံသူများနှင့် အလှူရှင်များပါဝင်လာမည်ဖြစ်သည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အီဂျစ်
အဓိက စီးပွားရေးဖြစ်သည့် ခရီးသွားလုပ်ငန်းကို ကျဆင်းစေခဲ့သည်။

မစ္စတာကယ်ရီသည် အမေရိကန်မဟာမိတ်အစ္စရေး၏  အိမ်နီးချင်းနိုင်ငံဖြစ်သည့် အီဂျစ်အား စီးပွားရေးအထောက်အပံ့များ ထပ်မံလုပ်ဆောင် ရမည် ဖြစ်ကြောင်း အမေရိကန် ဥပဒေရေးဆွဲသူများအားဆွဲခေါ်နိုင်ရန် ပြုပြင်ပြောင်းလဲမှုလိုအပ်ကြောင်း အငြင်းအခုန်ပြုခဲ့ရသည်ဟု အမည်မဖော်သည့် အမေရိကန်အရာရှိက ပြောကြားသည်။

“သူက  ပြုပြင်ပြောင်းလဲမှုအတွက် လက်ရှိလုပ်ဆောင်နေတဲ့ဟာတွေကို အိုင်အမ်အက်ဖ်အကူအညီရဖို့ သင့်လျော်တဲ့ လိုအပ်ချက်တွေ ပြည့်မှီ တဲ့ ရောက်အောင်လုပ်ရမယ်လို့ တိုက်တွန်းခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးသည် မတ်လ ၃ရက်နေ့ ကိုင်ရို ပထမဆုံးခရီးစဉ်တွင် သမ္မတအား အမေရိကန်သည် ၎င်းတို့ဘက်မှတောင်းဆိုသည့် ဒေါ် လာသန်း ၄၅၀ အစား သန်း၁၉၀ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျန်ငွေများသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို မူတည်ကာ ပေးအပ်သွားမည်ဖြစ်ကြောင်း ယခု အီသီယိုးပီးယားမြို့တော်တွင် တွေ့ဆုံစဉ် ပြောကြားသည်။

“မစ္စတာကယ်ရီက ကျွန်တော်တို့ဟာ သင့်လျော်တဲ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ထားတယ်ဆိုတာ ကွန်ဂရက်ကို ပြသနိုင်ဖို့လိုတယ်၊ ကျွန်တော်ဟာ အီဂျစ်အတွက် လုံးဝထောက်ပံ့သူဖြစ်တယ်၊ အီဂျစ်အတွက်အကူအညီတွေလည်းဆက်လက်ထောက်ပံ့သွားမယ်၊ ဒါပေမယ့် ကျွန်တော်တို့တွေဟာ ပြုပြင်ပြောင်းလဲမှုကိုတွေဖို့လိုပါတယ် အဲဒါမ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကိုဒီကိစ္စကိုဆောင်ရွက်ဖို့ ဆွဲ ခေါ်လာနိုင်မှာပါ လို့ပြောတယ်” ဟု အရာရှိတစ်ဦးက ပြောကြားသည်။

မစ္စတာကယ်ရီသည် အမေရိကန်ဆီးနိတ်တွင် နှစ်သုံးဆယ်နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

အီဂျစ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်များအတွင်း ဝါရှင်တန်မှ စစ်ရေးထောက်ပံ့မှုတွင် လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော် အစ္စရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီးချိန်မှစ၍ ဒေါ်လာ ၁.၃ ဘီလျံ ရရှိထားပြီး ဖြစ်သည်။

၎င်းအကူအညီများသည် အီဂျစ်စီးပွားရေးပြုပြင်ပြောင်းလဲမှုကို သက်ရောက်မှုမရှိပေ။
Ref:Reuters
မြန်မာ့ခေတ်

နည်းပညာအကူအညီများ လိုအပ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌပြောကြား

ရန်ကုန်၊မေ၂၅။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု သာမက နည်းပညာ အကူအညီကိုပါ ပေးရန်လိုအပ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် ကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌဦးဆက်အာင်က မေလ ၂၅ရက်နေ့တွင် ပြုလုပ်သောသီလ၀ါ အထူးစီးပွားရေးဇုန်အတွက် မြန်မာနိုင်ငံမှ အများပိုင်ကုမ္ပဏီ ကိုးခုစုပေါင်းထားသော ကုမ္ပဏ တစ်ခုနှင့်င့် ဂျပန်နိုင်ငံမှ  ကုမ္ပဏီသုံးခု နားလည်မှုစာချွန်လွှာ ရေးထိုးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံအတွက် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး(HDR)တွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဘယ်လောက်ပဲ အလုပ်အကိုင် အခွင့်အလမ်းတွေပေးပေး  ဒေသခံတွေ လက်လှမ်းမမီတဲ့ ပြသနာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းကိုပေးပေး ကောင်းမွန်စွာ လုပ်နိုင်တဲ့ အလုပ်သမားတွေကို ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် HDR အတွက် နည်းပညာ ပေးမယ်ဆိုရင် ဒီလုပ်ငန်းအတွက် ကောင်းမွန်စေမယ့် အချက်ပဲ ဖြစ်ပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို လေ့လာဆန်းစစ်(EIA) လုပ်ငန်းများကိုလည်း စတင်လုပ်ကိုင်နေပြီဖြစ်ပြီး သြဂုတ်လတွင် အပြီးသတ်နိုင်ရန်ခန့်မှန်းထားကြောင်း သိရသည်။

ဂျပန်နိုင်ငံကုမ္မဏီဘက်မှ ကိုယ်စားလှယ် တစ်ဦးကလည်း”သဘာဝပတ်ဝန်းကျင် အတွက် (EIA)ကို ကောင်းတဲ့ရလဒ်ကိုစောစောစီးစီး ရရှိအောင် ကျွန်တော်တို့ဘက်က အားထုတ်သွားမှာပါ” ဟု ပြောကြားသွားသည်။

အဆိုပါ မြန်မာ အများပိုင်ကုမ္မဏီများနှင့် ဂျပန်ကုမ္မဏီသုံးခု နားလည်မှု စာချွန်လွှာ ရေးထိုးပွဲအား သီလဝါ အထူးစီးပွားရေးဇုန်တွင် ယမန်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆုဝေ
မြန်မာ့ခေတ်

ဂျပန်အစိုးရ နဲ့ ရန်ကုန် မြို့ပြစီမံကိန်း

ရေစီးရေလာ လည်း မကောင်း တော့တဲ့ ရန်ကုန်
26 မေလ 2013
ဂျပန် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း JICA နဲ့ မြန်မာ အစိုးရ တို့ ပူးပေါင်းပြီး ရန်ကုန် မြို့ပြ စီမံကိန်းရေးဆွဲ နေကြရာမှာ အခု ဂျပန်ဝန်ကြီးချုပ် ခရီးစဉ် အတွင်း စီမံကိန်း အတွက် ထူးခြား တဲ့ ကတိ ပြုချက် တွေ ပေါ်ထွက် လာမလား လို့ လူအများ က မျှော်လင့် နေပါတယ်။

၂၀၄၀ ခုနှစ် ဆိုရင် ရန်ကုန် ဟာ လူဦးရေ ၁၀ သန်းကျော် နေထိုင်တဲ့ မီဂါ စီးတီး အဖြစ်ရောက်လာနိုင်တယ် လို့ ခန့်မှန်း နေကြတဲ့အတွက် ရန်ကုန် မြို့ပြစီမံကိန်း ကို မြန်မာအစိုးရ ပိုင်း က ဂျပန် နိုင်ငံနဲ့ ညှိနှိုင်းပြီး JICA အကူအညီ နဲ့ ရေးဆွဲ နေခဲ့တာပါ။

ရန်ကုန် ဟာ လူဦးရေ ထူထပ် လာတာ နဲ့ အမျှ လူနေအိမ်ယာ တွေ တိုး မလာနိုင် တာ၊ ကားလမ်း တွေ မတိုးချဲ့ လာနိုင်တာ က အစ ရေဆိုးမြောင်း မလုံလောက် တာ က အဆုံး အစစ အရာရာ လိုအပ်မှုတွေ ရှိနေပါတယ်။

သမ္မတ ဦးသိန်းစိန် ၂၀၁၂ မတ်လ ပိုင်း က ဂျပန်ကို သွားခဲ့တဲ့ ခရီးစဉ် အတွင်း ရန်ကုန် မြို့ပြ ကို စနစ်တကျ တိုးချဲ့ဖို့ ဂျပန် က ကူညီ မယ့်အကြောင်း ၂ နိုင်ငံ ကြား သဘောတူ ခဲ့ကြပါတယ်။

အခုဂျပန် ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြန်မာ ဘက်က ဆွေးနွေး ကြမယ့် ကိစ္စ တွေ ထဲမှာ ဒီ အရေး ပါနိုင်သလို ဒီ စီမံကိန်း ဟာ နည်းပညာပိုင်း ဆိုင်ရာ တွေ ဘက်က လည်း လိုအပ်မှု ရှိသလို ဒေါ်လာ ဘီလီယံ အများအပြား ကုန်ကျ နိုင် တဲ့အတွက် ဂျပန် ရဲ့ အကူအညီ လိုအပ်လိမ့်မယ် လို့ ထင်ကြေး ပေးကြပါတယ်။
BBC Burmese

ရန်ကုန်နေပြည်တော်အမြန်လမ်း၌ခရီးသည်တင်ယာဉ်တိမ်းမှောက်၁၁ဦးသေဆုံး






ရန်ကုန်၊မေ ၂၅
ယနေ့ နံနက်ပိုင်း တွင် မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် လိုင်းမှ ခရီးသည်တင် ကားတစ်စီးသည် ရန်ကုန်-နေပြည်တော်အမြန်လမ်း ၁၂၅ မိုင် ၄ ဖာလုံတွင် အရှိန်လွန် တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၁ ဦး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ၁၁၅ မိုင် ဖြူး ရဲစခန်းမှ ရဲအုပ် ၀င်းထွန်းအောင်ကပြောသည်။

အဆိုပါ ခရီးသည်တင်ယာဉ်သည် ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ခရီးသည် ၂၆ ဦးစီးနှင်းလိုက်ပါကြောင်းသိရသည်။ ယာဉ်တိမ်းမှောက်မှု ကြောင့်သေဆုံးသူ ၁၁ ဦးတွင် သံဃာတော်တစ်ပါး ပါဝင်ကာ ထိခိုက်ဒဏ်ရာရသူများထဲတွင် နိုင်ငံခြားသားခရီးသည် တစ်ဦးပါ ပါဝင်ခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့သူ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်နေ ဦးကျော်မိုးအောင်ကပြောသည်။

" ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ရစရာတောင်မရှိသလောက်ပဲ" ဟု၎င်းကပြောသည်။

လက်ရှိတွင် ထိခိုက်ဒါဏ်ရာ ရသူများအား ဖြူးဆေးရုံသို့ အရေးပေါ် ပို့ဆောင်၍ ကုသနေ ကြောင်းရဲအုပ် ၀င်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။ AH
 Popular Myanmar News Journal



သထုံထောင်တွင်ထောင်ဒဏ်ကျခံနေရသူများအတွက် စာနယ်ဇင်း ရှင်းလင်း

ရန်ကုန်-မေ၂၆ သထုံအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသော လေဘာဦးမြင့်စိုးအပါအ၀င်လူ၉ဦးတို့နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့နေလည်ကေ၇ွှတောင်ကျောင်းတိုက်တွင်ပြုလုပ်သည်။

စစ်တောင်း စက္ကူစက်ရုံမှ စိုက်ပျိုးထားသော ယူကလစ်စိုက်ခင်းများ ခုတ်ထွင်သည်ဟုဆိုကာ ဖမ်းဆီးခံခဲရခြင်းဖြစ်ပြီး တရားရုံးသို့ အယူခံဆက်လက်ဝင်သွားမည်ဟုလေဘာဦးမြင့်စိုး၏ညီက ပြောသည်။
Popular Myanmar News Journal



ဆီးဂိမ်းတွင် မြန်မာအားကစားသမားများ ရွှေတံဆိပ်တစ်ခုရလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန် အစီအစဉ်ရှိ


ရန်ကုန်-မေ၂၆
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ (ဆီးဂိမ်း)အားကစားပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရွှေတံဆိပ်ရရှိပါက ရွှေတစ်ခုလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန်အစီအစဉ် ရှိကြောင်းသိရသည်။
၎င်းအရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆုတံဆိပ်ပေါင်း ၁၅၅၇ ခုချီးမြှင့်မည်ဖြစ်ပြီးအားကစားနည်း ၃၃ နည်းအတွက် ရွှေတံဆိပ်၄၆၀၊
ငွေတံဆိပ် ၄၆၀၊ ကြေးတံဆိပ်၆၃၇ စုစုပေါင်း ၁၅၅၇ခုချီးမြှင့်မည်ဖြစ်ကြောင်းSeagames2013မှသိရသည်။
Popular Myanmar News Journal

အောင်ပွဲနဲ့အတူ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊၂၇ ရက်နေ့ ရန်ကုန် ပြန်ရောက်မည်

အာရှခြေစစ်ပွဲတွင်တိုင်ပေအသင်းကို ဂိုးမရှိသရေ ကစားပြီး မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း ကခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်၍အောင်ပွဲနဲ့အတူ ပြန်လာသော
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ၂၇ ရက်နေ့ မနက် ၇ နာရီ တွင်အမိမြန်မာပြည်ရန်ကုန်လေဆိပ်သို့  ပြန်လည်ရောက်မည်ဖြစ်ကြောင်းသိရသည်။
Popular Journal
ဓါတ်ပုံ-အိုကိုချာ





နေပြည်တော်မှာ နောက်သို့ပြန်တက်နေခြင်း (ရုပ်/သံ)

နေပြည်တော်ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။
နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၆မိုင် ၅ဖာလုံက ဆင်ခြေလျှောကုန်းဆင်းမှာ အံ့သြဘွယ် ဆွဲငင်အား ရှိနေကြောင်း ကို မေလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ရှေ့မျက်နှာဖုံး ခေါင်းကြီး သတင်းမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
အဲဒီ့လို ဆွဲငင်အား ဓါတ်သက်ရောက်မှုဖြစ်ပေါ်နေတဲ့ Magic Hill ကုန်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး၊ ကနေဒါနဲ့ အိုင်ယာလန်နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။
DVB TV News

(ရိုက်ကူးပေးပို့ - ဖိုးသား(ပျဉ်းမနား))

တာချီလိတ်-တာလေ အဝေးပြေးလမ်းပေါ်တွင် ကားတစ်စီးတိမ်းမှောက်

Sunday, May 26, 2013
မေလ(၂၆)ရက်နေ့ မွန်းလွဲ(၁း၃၇)နာရီခန့်က တာချီလိတ်-တာလေသွား အဝေးပြေးလမ်းမပေါ်မှာ ကားတစ်စီး တိမ်းမှောက်နေကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်မှာ တာချီလိတ်ဘက်မှလာသော ကားသည် အဝေးပြေးလမ်းမပေါ်မှာ အရှိန်းပြင်းစွာ မောင်းနှင်လာရင်း တာလေဘက်မှ လမ်းကြောင်းလွှဲကာ မောင်းနှင်လာသော ဆိုင်ကယ်အား ရှောင်လိုက်ရာမှ ယခုလို လမ်းဘေးသို့ ထိုးမှောက်သွားကြောင်းသိရသည်။

ဆိုင်ကယ်မှာ မောင်းပြေးသွားခဲ့ပြီး ကားမှာတော့ လမ်းဘေးမှာ အတန်ကြာ ကြာမြင့်စွာ ရှိနေလေရာ အိမ်ဆောက်ပစ္စည်းများသယ်ဆောင်လာသည့် ကားကြီးကို တားမြစ်ပြီး အကူအညီတောင်းကာ ကားအား ကြိုးဖြင့်ဆွဲယူနေကြသည်ကို တွေ့ရှိခဲ့ရသည်။ ကား၏ အရှေ့ဘက်ထောင့် မှန်မှာ ကွဲအက်သွားခဲ့သော်လည်း ကံကောင်းသည်က ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရှိရသည်။
Tachileik

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသူ သေဆုံးမှု CID ဖော်ထုတ်ပေးရန် မိသားစုမေတ္တာရပ်ခံ

ရန်ကုန်၊ မေ ၂၄
အသက် ၁၈ နှစ်အရွယ် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသူ သေဆုံးမှုကို ရဲတပ်ဖွဲ့ဝင်များက သာမန် ရေနစ်သေဆုံးမှုဟု မှတ်တမ်း တင်သောကြောင့် အမှုမှန် ပေါ်ပေါက်စေရန် CID ကပါ ပူးပေါင်းဖော်ထုတ်ပေးရန် မေတ္တာရပ်ခံ ခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်။

အဆိုပါ မေတ္တာရပ်ခံချက်ကို မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီက MJN တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ မနော်မေသူသူဇော် ကို ရည်းစားဖြစ်သူ ကိုရဲမင်းဦးက အိမ်ပြန်ချိန် တွင် ရန်ကုန်-မှော်ဘီ ဟိုင်းလတ်ခရီးသည် တင်ယာဉ်ပေါ်သို့ ကိုယ်တိုင်လိုက်ပို့ပေးပြီး ကားထွက်မှသာ ပြန်ခဲ့သည်ဟု ဖုန်းဆက် အကြောင်းကြား ခဲ့သော်လည်း ၄င်း တင်ပေးလိုက်သည့်ယာဉ်၏ အရောင်ကို မသိရှိသည် ဟု ပြောဆိုနေခြင်းမှာ သံသယဖြစ်ဖွယ် ရှိကြောင်း သေဆုံးသူနှင့် ဦးလေး တော်စပ်သည့် ဦးစောအေးမင်းက ရှင်းပြဆိုသည်။

မနော်မေသူသူဇော် ကို ၄င်း၏ချစ်သူ ကိုရဲမင်းဦးနှင့် ဦးလေးဖြစ်သူက ခေါ်သွားသည်ကို မျက်မြင်သက်သေများ ရှိခဲ့သော်လည်း ၄င်းတို့ဘက်မှ ဦးလေးအစား အစ်ကိုဖြစ်သူကို အမှုထဲသွင်းကာ ဦးလေးဖြစ်သူကို အမှုတွဲမှ သွေဖည်အောင် လုပ်ဆောင်နေသည့် အတွက်လည်း သံသယဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

မနော်မေသူသူဇော်မှာ ကိုရဲမင်းဦး က မွေးနေ့တွင် ဖုန်းဆက်၍ အတင်းခေါ်ဆောင်သည့် အတွက် လိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ညီမဖြစ်သူဘက်မှ မကြာခဏ သဘောထားကွဲနေသော ကိုရဲမင်းဦးကို မွေးနေ့တွင် အဆက်သွယ်ဖြတ်မည်ဟု ယခင်က မိမိကို ပြောဆိုခဲ့ဖူးကြောင်း အစ်မဖြစ်သူ မခမ်းမွန်ထွေးက ဆိုသည်။

သမီးဖြစ်သူ၏ အလောင်းကို အင်းစိန် ရဲစခန်းမှ ဆယ်ယူရရှိခြင်းကို သွားရောက် စုံစမ်းရာ သေဆုံးစဉ် မှတ်တမ်းဓာတ်ပုံများ အရ အတည်ပြုနိုင် ခဲ့သော်လည်း အလောင်းကို သင်္ဂြိုဟ်လိုက်ပြီဟု ပြောဆိုခဲ့သဖြင့် မိသားစုဝင်များ ကိုယ်တိုင် အင်းစိန်ဆေးရုံ သို့ လိုက်လံစုံစမ်းရာမှ အလောင်းကို ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးစာတွင် ရေနစ်သေဆုံးသည့် အနေအထားဖြင့် ထုတ်ပြန်ခဲ့သောကြောင့် အဆင့်ဆင့် တိုင်ကြားခဲ့ရာ ယခုအခါ မြောက်ပိုင်းခရိုင်က ဆက်လက်စုံစမ်းလျက် ရှိသော်လည်း ထပ်မံ စစ်ဆေးချက်အရ ရေနစ်၍ သေဆုံးသည်ဟု အဖြေ ထွက်လာနိုင်ကြောင်း၊ သေဆုံးသူနှင့် နောက်ဆုံးကျန်ရှိခဲ့သူကို သံသယရှိ၍ အမှုဖွင့် ပေးရန် တိုင်ကြားသော်လည်း အဆိုပါ ရဲစခန်းမှ အမှုဖွင့်ပေးခြင်း မရှိကြောင်း သေဆုံးသူ၏ မိခင်က ဆိုသည်။

"၁၉ ရက်နေ့ သူ့ရည်းစားက ၇ နာရီ ၄၅ မိနစ်လောက်မှာ ကားပေါ်တင်ပေးပြီး ကားထွက်သွားတယ် ပြောတယ်။ လှိုင်သာယာ အောင်ဇေယျ တာဝန်ကျရဲက ၈ နာရီ ၁၅ လောက်မှာ သမီးလေးရဲ့ အင်းစိန်လိပ်စာ ပါတဲ့ ကျောင်းသားကတ်ရယ်၊ မှတ်ပုံတင်ရယ် ဖိနပ်ရယ် အပါအဝင် ပစ္စည်း ၁၁ မျိုးကို ညတွင်းချင်း တွေ့တယ်။ အင်းစိန် အုတ်သဲ ကျောက်ကွင်းနားမှာ ၂၀ ရက်နေ့ မနက် ၇ နာရီလောက်ထဲက သမီးအလောင်း ပေါ်နေပြီ။ ဒါကို ၂၁ ရက်နေ့ မရမ်းကုန်း စခန်းမှာ လူပျောက် အမှုဖွင့်တော့ နှစ်နာရီအတွင်း သတင်းဓာတ်ပုံတွေ ဖြန့်ပေးမယ် ပြောတယ်။ ၂၃ ရက်နေ့မှ အင်းစိန်မှာ အလောင်းတစ်လောင်း ရှိတယ်ဆိုလို့ စုံစမ်းကြည့်မှ သမီးမှန်း သိရတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

အထက်ပါဖြစ်စဉ်နှင့် ဆက်စပ်နေသည့် ဖိုခုံလောက်ဆိုင်နေသော မြို့နယ်သုံးခု၏ ရဲစခန်းများ ချိတ်ဆက်ဆောင်ရွက်မှု ပေါ့လျော့သည့်အတွက် ယခုကဲ့သို့ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာရ ခြင်းဖြစ်ပြီး ကွပ်ကဲရုံးသို့ အကြောင်းကြားကာ ချက်ချင်းဖော်ထုတ်ပါက နယ်စပ်ဒေသရှိ တရားခံများကို ချက်ချင်းမိသည့် အတွေ့ အကြုံများစွာ ရှိဖူးကြောင်း အငြိမ်းစား အကြီးတန်း ရဲအရာရှိတစ်ဦးက ဆိုသည်။

မနော်မေသူသူဇော် ၏ ပစ္စည်းများကို ပြန်လည်တွေ့ရှိခဲ့သည့် အောင်ဇေယျတံတား သည် လေးပေခန့်အမြင့်ရှိသည့် လက်ရန်း သံတိုင်များ ရှိသောကြောင့် ၄င်းခုန်ချသည် ဟု ယူဆမည်ဆိုက အမျိုးသမီးတစ်ဦး အနေနှင့် တက်ရန် ခက်ခဲကြောင်း၊ မူးယစ်စေသည့် အရာတစ်ခုကို တိုက်ကျွေးပြီး ရေထဲသို့ပစ်ချ လျှင်လည်း အဆုတ်တွင်းရေဝင်ပြီး သေစေနိုင်ကာ ယခုအမှုမှာ သံသယဖြစ်ဖွယ်များ ရှိပြီး လက်ရှိတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြီးကြပ်ကာ ကြိုးစားဖော်ထုတ်လျက် ရှိကြောင်း မှုခင်းတပ်ဖွဲ့မှ အငြိမ်းစား အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly

ပုရစ်ကြော်စားခြင်းမှ တစ်ဆင့် အီကိုလိုင်းပိုး ကူးစက်နိုင်

ပဲပင်ပေါက်သာမက ပုရစ်ကြော် စားသုံးခြင်းဖြင့်လည်း အီကိုလိုင်းပိုး ကူးစက်နိုင်ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် ပါမောက္ခဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။ “မန္တလေးမှာ ပုရစ်ကြော်တွေစားပြီး ဒီရောဂါဖြစ်ခဲ့တာ၊ စဖြစ်တုန်းက ဘာရောဂါမှန်း မသိဘူး၊ ဝမ်းအရည်တွေသွားတယ်။ ပျို့အန်တာလည်း တအားပဲ။ ဒါနဲ့ ဗဟိုရ်စည်ဆေးရုံမှာ တက်ဖြစ်သွားတယ်။ ဆေးရုံမှာ ၂ ရက် ၃ ရက်လောက်အထိကို မသက်သာဘဲ ဆေးတွေ သွင်းခဲ့ရတယ်။ ၅ ရက်မြောက်မှာ တော်တော်ကောင်းသွားပြီး ၇ ရက်မြောက်မှာ ဆေးရုံက ဆင်းနိုင်ခဲ့တယ်”ဟု ၎င်းက အီကိုလိုင်းပိုး ခံစားခဲ့ရပုံကို ပြောပြသည်။ ၎င်းအီကိုလိုင်းပိုးသည် ယခုနှစ်မေလအတွင်း ဂျာမနီနိုင်ငံ မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီး ၅၄ ဦးအထိ သေဆုံးကြောင်း၊ လူထုကျန်းမာရေးနှင့် ဆိုင်သည့် စုံစမ်းမှုများအရ ပဲပင်ပေါက်သည် ရောဂါဖြစ်စေသည့် အကြောင်းအရင်း ဖြစ်ကြောင်း သိရသည်။

“ဒီအီကိုလိုင်းပိုးက ကျွဲ၊ နွား၊ ကုလားအုတ်၊ သိုးကောင်တွေကို စားတာကနေ တစ်ဆင့်လူဆီကို ရောက်တယ်။ မကျိုချက်ရသေးတဲ့ နွားနို့တို့၊ ကောင်းကောင်း မချက်ပြုတ်ရသေးတဲ့ အသားတို့ကနေ လူကို ကူးစက်တာပါ။ အီကိုလိုင်းပိုးမှာ ရောဂါလက္ခဏာ မပြသေးတဲ့ အချိန်ဆိုတာရှိပြီး အဲဒီအချိန်အတွင်းမှာ သူများကိုလည်း ကူးစက်နိုင်ပါတယ်” ဟု ရောဂါကူးစက်ပုံ အနေအထားကို ၎င်းက ပြောသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးတွင်း ပိုးဆိပ်ပျံ့နှံ့ခြင်းနှင့် ဦးနှောက် အမြှေးပါးရောင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။ ရောဂါကာကွယ်ရေးအတွက် အစားအစာ ပြောင်းလဲမှု တစ်ခုလုံးကို ထိန်းချုပ်ရန်လိုပြီး စီးပွားဖြစ် အစားအစာ ထုတ်လုပ်ခြင်း၊ မိမိအိမ်တွင် အစားအစာ ပြင်ဆင်ခြင်းများကို ပြောင်းလဲရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ချစ်ဆုဆွေ
သတင်းချစ်သူ - ဝေဟင်

အမျိုးသမီး ခါးပိုက်နှိုက်များအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည်ခါးပိုက်နှိုက်ဖမ်းဆီးရမိရေးတာဝန် ဆောင်ရွက်လျက်ရှိရာ (၂၄.၅.၂၀၁၃)ရက်နေ့ (၁၁၄၅)အချိန် စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ မြေနီကုန်းကားမှတ်တိုင်သို့ ဆိုက်ရောက်လာသည့် အမှတ်(၃)ယာဉ်လိုင်းပေါ်မှ ဆင်းလာသူ ခါးပှိုက်နှိုက် မသင်္ကာ ဒေါ်တူးတူးနှင့် မချောစုတို့အား ယာဉ်ပေါ်ပါ အသက် (၃၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ လက်ဆွဲခြင်းအတွင်းမှ နှိုက်ယူရရှိသော ငွေ ၄၃၀၀၀ိ/- နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စမ်းချောင်းရဲစခန်း (ပ)၁၆၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူထားရှိပါသည်။
Yangon Police

ရထား အမိုးပေါ်မှ ခုန်ချ၍ သေဆုံး

နေပြည်တော်၊ မေ ၂၄
၂၃-၅-၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် အမှတ်(၅၅)အဆန် မန္တလေး-မြစ်ကြီးနား အမြန် ရထားသည် မြစ်ကြီးနားမြို့နယ်၊ မရမ်းဘူတာနှင့် မလိခဘူတာကြား၊ မိုင်တိုင်အမှတ်(၇၀၂/၅) အရောက်တွင် ပထမတန်းတွဲ(၁)၊ ခုံအမှတ်(၂၃)၌ စီးနင်းလိုက်ပါလာသည့် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်နေ ဦးကိုကိုကြီး(၃၅)နှစ်မှာ ရထားစက်ခေါင်းအမိုးပေါ်မှ ခုန်ချခဲ့သဖြင့် ရထားလုံခြုံရေးတပ်ဖွဲ့ဝင်များက ရထားအား ရပ်တန့်ကြည့်ရှုခဲ့ရာ ဦးကိုကိုကြီးတွင် ဦးခေါင်းနောက်စေ့(၇)လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ၀ဲနဖူး(၁)လက်မခန့်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်လက်ဖျံပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာခြေထောက်ကျိုး ဒဏ်ရာများရရှိခဲ့သဖြင့် မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားသောကြောင့် မြစ်ကြီးနားမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၀/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်တာ ထိရောက် တရားနည်းလမ်းကျတယ်လို့ဆို

အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်
24 မေလ 2013
အမေရိကန်ရဲ့ မောင်းသူမဲ့ ယာဉ်တွေ သုံးပြီး ပြည်ပက စစ်သွေးကြွတွေကို နှိမ်နင်းနေမှုဟာ အငြင်းပွားဖွယ် ဖြစ်နေပြီး ဒါကို သမ္မတ အိုဘားမား က အပြင်းအထန် ကာကွယ် ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး မိန့်ခွန်းမှာ ဒီမောင်းသူမဲ့ ယာဉ်တွေနဲ့ တိုက်ခိုက်မှုဟာ ထိရောက်ပြီး ဥပဒေနဲ့ ညီတယ်လို့ သမ္မတ ဆိုသွားခဲ့ ပေမယ့် အန္တရာယ် ခြိမ်းခြောက် ခံရပြီး အနီးအနားက အရပ်သားတွေကို ထိခိုက်မှု မရှိဘူး ဆိုတဲ့ အခြေအနေ ကျမှသာ သုံးသင့်တယ်လို့ သူက အလေးအနက်ထား ပြောကြားသွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အများအပြား ထိခိုက် သေဆုံး နေရတာကြောင့် ဒီမောင်းသူမဲ့ ယာဉ်တွေ မကြာခဏ သုံးပြီး နှိမ်နင်းမှု ပြုနေတဲ့ အာဖဂန် နစ္စတန် ၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေနဲ့ အမေရိကန် ဆက်ဆံရေး တင်းမာခဲ့ရတာ ဖြစ်ပါတယ်။

တခါ သူ့ပထမ သမ္မတ သက်တမ်းမှာ ရည်မှန်းပြီး အကောင်အထည် မဖော်သေးတဲ့ ဂွမ်တာနာမို အကျဉ်းစခန်း ပိတ်ရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်မယ့် အစီအစဉ်တွေကိုလည်း မစ္စတာ အိုဘားမားက သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ရှင်းပြသွားခဲ့ပါတယ်။

ယီမင်က အကျဉ်းသားတွေကို သူ့နိုင်ငံရင်း ပြန်ပို့ပြီး အဲဒီမှာ တရားရင်ဆိုင်ခိုင်းဖို့ မျှော်လင့်တယ် ၊ ကျန်တဲ့ လူတွေကိုတော့ အမေရိကန် ပြည်ထောင်စုမှာ ထိန်းသိမ်း ထားမယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စ အပေါ် ကွန်ဂရက်က အချိန်ဆွဲ နေတာနဲ့ ပတ်သက်လို့ မစ္စတာ အိုဘားမားက ဝေဖန် ပြောကြားခဲ့ပြီးဒီအကျဉ်းစခန်း ပိတ်ရေး ကိစ္စဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေကာ သူ့အပြောအရ ဘယ်တော့မှ မဖွင့်သင့်ဘူးလို့ ဆိုပါတယ်။

မစ္စတာ အိုဘားမား ကို ဆန့်ကျင်သူတွေကတော့ ဒီအကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ သူတွေကို အပြင်မှာ ထားရင် သိတ် အန္တရယ် ကြီးတယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။
BBC Burmese

ချင်းပြည်နယ် မူလတန်းကျောင်းများတွင် ချင်းစာပေ သင်ကြားမည်

ကလေး မေ ၂၃
ချင်းပြည်နယ်အတွင်းရှိ မူလတန်းကျောင်း များတွင် လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်၍ ချင်းဘာသာစကား နှင့် စာပေကို ထည့်သွင်း သင်ကြားသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောကြားသည်။
"အခုမှ စရမှာဆိုတော့ စိတ်တိုင်းကျ အကုန်အဆင်ပြေမယ် မပြေဘူး ဆိုတာက လက်တွေ့လုပ်မှ သိရမှာ" ဟု ၄င်းကဆိုသည်။

ချင်းပြည်နယ်အတွင်း မူလတန်း ကျောင်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ချင်းဘာသာစာပေ သင်ကြားရာတွင် ကြုံတွေ့ရမည့် အခက်အခဲများမှာ သင်ကြားပေးမည့် ဆရာ ဆရာမ များ၏ ဘာသာစကားအခက် အခဲနှင့် လစာအခက်အခဲပင်ဖြစ်ကြောင်း ဒေါက်တာဘမောင်က ရှင်းပြသည်။

သင်ကြားပေးမည့် ဆရာ ဆရာမများ သည် မြေပြန့်ဘက်မှ လာသူများဖြစ်၍ ချင်း စကားနှင့် ချင်းစာကို မကျွမ်းကျင်ကြကြောင်း၊ လာမည့်နွေရာသီ ကျောင်းပိတ်ရက်တွင် မူလတန်းပြဆရာ၊ ဆရာမများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ခေါ်ယူကာ ချင်းစာပေ သင်ကြားပေးမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန က ဆရာ၊ ဆရာမ ၁၀ ဦး အတွက်သာ လစာပေးမည်ဟု ကြားသိထားကြောင်း၊ မူလတန်း ကျောင်း ၁၀၀၀ ကျော်မှ ဆရာ၊ ဆရာမ ၁၀၀၀ ကျော်အတွက် ကုန်ကျမည့် လစာကို ပြည်နယ်အစိုးရ ကလည်း မပေးနိုင်သဖြင့် ယင်းအခက်အခဲ ပြေလည်စေရန် ဒေသအလိုက် စေတနာဖြင့် သင်ကြားပေးမည့် တိုင်းရင်းသားဆရာ၊ ဆရာမများ လိုအပ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောဆိုသည်။

"ကိုယ့်တိုင်းရင်းသား စာပေသင်ကြား ရတာကတော့ ကောင်းပါတယ်။ အစိုးရက ခုလို သတ်သတ်မှတ်မှတ် အသိအမှတ်ပြု သင်ကြားခွင့် ပေးလိုက်တယ် ဆိုတော့လေ" ဟု တီးတိန်မြို့ခံ ချင်းတိုင်းရင်းသား ဦးငင်ခေါဂင်က ၄င်း၏အမြင်ကို ပြောကြားသည်။

ချင်းစာပေ သင်ကြားနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ ကျေးရွာအချို့မှာ စိတ်အားထက်သန်နေပြီး သင်ကြားပေးနိုင်မည့် စေတနာရှင်ဆရာများ ရှာဖွေထားကြောင်း ဝန်ကြီးက ဆက်လက ပြောကြားသည်။ ချင်းတိုင်းရင်းသားများ အနေနှင့် မိမိတို့ ဘာသာစကားကို ဆန်းဒေး စကူးလ်များတွင် အပတ်စဉ် သင်ကြားပို့ချပေးလေ့ ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပေါ်ရှိ ချင်းတိုင်းရင်းသား များထံမှ သိရသည်။
The Voice Weekly

ခွေးအား မောင်းထုတ်ရာမှ လူသတ်မှုဖြစ်

နေပြည်တော်၊ မေ ၂၄
၂၃-၅-၂၀၁၃ ရက်နေ့ ၁၅၄၀ အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကံသာအုပ်စု၊ ချောင်းခုံရွာနေ ဒေါ်ခင်ရီ(၅၀)နှစ်သည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ မကော်နီဆိုသူ ရောက်ရှိလာပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမောင်မြင့်(ခ)ဦးတင်မြင့်(၅၆)နှစ်အား ရွာလယ်တွင် ၀ိုင်းဝန်းရိုက်နှက်နေကြောင်း ပြောဆိုသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ဦးမောင်မြင့်မှာ သွေးများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

စုံစမ်းမေးမြန်းချက်အရ ထိုနေ့ ၁၅၃၀ အချိန် ဦးမောင်မြင့်(ခ)ဦးတင်မြင့်သည် တောမှလှည်းဖြင့်ပြန်လာစဉ် တစ်ရွာတည်းနေ ဦးသိန်းမောင်(၅၂)နှစ်၏နေအိမ်ရှေ့အရောက် ဦးမောင်မြင့်နှင့်အတူပါလာသောခွေးမှာ ဦးသိန်းမောင်၏နေအိမ်အတွင်းသို့ ၀င်ရောက်သွားသဖြင့် ဦးသိန်းမောင်နှင့် သားဖြစ်သူမြင့်ဝေ(၂၄)နှစ်တို့က ခွေးအား နေအိမ်ဝိုင်းအတွင်းမှမောင်းထုတ်ခဲ့ကြောင်း၊ ထိုသို့မောင်းထုတ်စဉ် ဦးမောင်မြင့်နှင့် စကားများရန်ဖြစ်ရာမှ ဦးမောင်မြင့်၌ပါလာသည့် ကိုင်းခုတ်ဓါးမအား ဦးသိန်းမောင်တို့သားအဖက လုယူကာ ဦးမောင်မြင့်အားခုတ်သဖြင့် လက်ခုံပြတ်ရှ၊ ၀ဲလက်ကောက်ဝတ် အရိုးပြတ်၊ ယာလက်ကောက်ဝတ်ပြတ်ရှ၊ ယာလက်ဖျံရိုးပြတ်ရှ၊ ဦးခေါင်းထိပ်တည့်တည့်ပြတ်ရှ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရသဖြင့် ဦးသိန်းမောင်နှင့် မြင့်ဝေ တို့အား လယ်ဝေးမြို့မရဲစခန်း(ပ)၁၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မြေစာများပြိုကျ၍ ရေမဆေးကျောက်ရှာသူများ သေဆုံးဒဏ်ရာရ

နေပြည်တော်၊ မေ ၂၄
၂၃-၅-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ““ခိုင်လုံ””ကျောက်မျက်ကုမ္ပဏီလုပ်ကွက်၊ အမြင့်ပေ(၄၀)ခန့်ရှိ မြေစာပုံဟောင်းမှမြေစာများ ရုတ်တရက် ပြိုကျသဖြင့် မြေစာပုံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေသည့် ဖားကန့်မြို့နယ်၊ သာယာကုန်း ကျေးရွာနေ အောင်ကျော်ညွန့်(၄၂)နှစ်မှာ ယာဘက်ရင်အုံပွန်းပဲ့၊ ၀ဲဘက်နားထင်ပွန်းပဲ့ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊ ရွာမရပ်ကွက်နေ ခင်မောင်ထွေး(၃၀)နှစ်မှာ ယာဘက်ပုခုံးပွန်းပဲ့၊ ယာဘက်ဒူးခေါင်းပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။

သို့ဖြစ်၍ သေဆုံးသူ၏အလောင်းနှင့် ဒဏ်ရာရရှိသူခင်မောင်ထွေးတို့အား လုံးခင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖားကန့်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂၂/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
ရဲဇာနည်

ဆိုင်ကယ်ကိုယ်စီဖြင့် တောဈေးသည်များအလုပ်ဖြစ်နေပြီ

May 24, 2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် စည်ပင်သာ ယာဈေးမျက်နှာစာတွင် ၂၄ နာရီ ပတ်လုံး တောဈေးသည်များ နယ် မြေအသီးသီးသို့ ဈေးရောင်းချမှု ၀န်ဆောင်နေကြသည်။
ဆိုင်ကယ်ကိုယ်စီဖြင့် ဈေး ရောင်းပစ္စည်း ကုန်ခြောက်ကုန် စိမ်းမျိုးစုံကို ဆိုင်ကယ်လက်ကိုင် ပေါ် အပြည့်ဆိုက်တွဲ၍လည်း ကောင်း၊ ဆိုင်ကယ်ဝမ်းဗိုက် ၀မ်း စာအတွင်း အပြည့်တင်၍လည်း ကောင်း၊ ဆိုင်ကယ်နောက်ဖင် ထိုင်ခုံအပေါ်၌ လူတစ်ထိုင်စာ အပြည့်ဝန်တင်ပြီး ရောင်းချနေကြသည်။

ကျေးလက်ဒေသများသို့ လူသုံးကုန်ပစ္စည်းများနှင့် စား သောက်ကုန်ပစ္စည်းများအား နေ့စဉ်လှည့်လည်ရောင်းချနေကြ သော တောဈေးသည် ရွေ့လျား ဈေးသည်များက နေ့စဉ်အလုပ် ဖြစ်နေကြသည်။
မိုးသည်းထန်သော အချိန် ကာလသည်ပင်မရှောင်၊ နေခြစ် ခြစ်တောက်ပူပြင်းနေသည်ကို လည်းမတိမ်း အချိန်ပြည့်ဝန် ဆောင်နေကြသော တောဈေး သည်များက ခေတ်စားလာကြသည်။
ရွေ့လျားဈေးသည်များက မိမိတို့ဖောက်သည်ကျေးရွာများ၊ ကောလင်းမြို့နယ်နှင့် မိုင် ၁၀-၂၀ ကွာဝေးသော ဒေသများကို နေ့ခြင်းပြန် ရောင်းချနေကြသည်။

ခရီးတာအကွာအဝေး နှစ်ဆယ်မိုင်ဝန်းကျင်သို့ ရောင်းချ ရန် တောဈေးသည်များက နံနက် ၃-၄ နာရီစောစောထ၍ ညနေ က၀ယ်ထားသော ကုန်ပစ္စည်းများ ကို သွားရောက်ရောင်းချကြသူ များလည်းရှိသည်။

အချို့က နံနက်စောစော ၂-၃ နာရီ သစ်စည်မခေါက်မီကပင် စောစောထပြီး စည်ပင်ဈေး ဖောက်သည်ကုန်စိမ်းသည်များထံ မှ ၀ယ်ပြီးရောင်းချကြသည်။ ကောလင်းအရှေ့ခြမ်း ကျောက်ပြင်သာ၊ သပြေအိုင်၊ ဆည်တို၊ တောင်ကြီး၊ ဥမှင်ကုန်း နယ်သွား ဈေးသည်ကလည်း တစ်မျိုး။ ကောလင်းအနောက်ခြမ်း လွယ်မောက်၊ ပန်းတင်၊ ဂွေးချို၊ ရေကန်သာ၊ ညောင်ပင်လှ၊ ဥကံ္က၊ ချောင်းနားသွားဈေးသည်ကတစ် ဖုံ၊ ခရီးအကွာအဝေးအလိုက် ဆိုင်ကယ်ကိုယ်စီဖြင့် ကုန်ခြောက်၊ ကုန်စိမ်းတင်ပို့ကြ ရာ၊ ဓာတ်ဆီနှင့် ၂-၃-၄ ပုလင်း ခန့်ကုန်သည်။ ဓာတ်ဆီစိုက်ထုတ် ခ ကုန်ပစ္စည်းရင်းနှီးခနှင့် ၀န် ဆောင်သွားလာမှုအထွေထွေ ကုန်ကျစရိတ်တစ်ခေါက်ရင်းနှီး မတည်ငွေ ငါးသောင်း၊ တစ်သိန်း၊ တစ်သိန်းခွဲခန့်ရှိသည်။

နေ့စဉ်ရောင်းချမှု ငွေကြေး အခန်းကဏ္ဍတွင် အကြွေးရောင်း ပေးရပြီး ရာသီသီးနှံပေါ်ချိန်ကို တွက်ချိန်ပြီး ကြွေးပေးသည်။ သီးနှံခြင်းဖလှယ်ထပ်၍လည်း ရောင်းသည်။ တောဈေးသည် ရွေ့လျား ဈေးသည်များက စည်ပင်ဈေးမှ ၀ယ်ဈေးပေါ်မူတည်၍ ဈေးရောင်း  သည့်နေ့စဉ်ပေါက်ဈေးနှုန်းထက် ကျပ်တစ်ရာကို ကုန်ပစ္စည်းဝန် ဆောင်ခ ငါးကျပ်၊ တစ်ဆယ်ကျပ် မျှသာ ပိုမိုတွက်ယူသည်။

ရာသီပေါ်သီးနှံမျိုးစုံ၊ ဟင်း အသားမျိုးစုံ၊ ကုန်စိမ်း၊ ကုန် ခြောက်မျိုးစုံကို စုံလင်အောင်ရ သည်။ နောက်နေ့ရလိုသော ကုန် ပစ္စည်းများကို တစ်ရက်ကြိုတင် မှာကြားရသည်။ ဈေးသည်က ငွေကြိုတင်စိုက်ထုတ်၍၀ယ်သည်။

အမြဲတမ်းဖောက်သည် လက်ကားဆိုင်များမှ ကုန်ပစ္စည်း များကို လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်သကဲ့သို့ တစ်ပတ်တစ်ကြိမ် ရှင်းစနစ်ဖြင့်လည်း ၀ယ်ယူကြ သည်။ ဒေသခံကျေးလက်ပြည်သူ များ၊ တောင်သူများက မြို့သို့ တက်၍ ဈေးဝယ်ကြမည်ဆိုပါက အချိန်လည်းပေးရသည်။

ရွေ့လျားဈေးသည်များ၏ ဘ၀ကား၊ ဆိုင်ကယ်ကိုယ်စီ၊ စက် ဘီးကိုယ်စီဖြင့် ခေတ်အလိုက် ၀န် ဆောင်မှုပေးကြရာမှနောက်ဆုံး ရပ်နားရာ ခရီးဆုံးကျေးရွာများ တွင် ရပ်တန့်၍ ရေချိုး၊ ထမင်း စား၊ တစ်ရေးတစ်မောအိပ်စက် ပြီး ညနေစောင်းမှ ကောလင်းသို့ အိပ်ချိန်မီ ပြန်ကြသည်။
ရွေ့လျားတောဈေးသည် များဝန်ဆောင်ခရီးလမ်းတာတွင် တစ်နာရီနှစ်နာရီအချိန်ကုန်ခံ၍ ဈေးရောင်းထွက်ရခြင်းသာဖြစ်သည်။

ရွေ့လျားတောဈေးသည် သည် ဘ၀ဖြင့်မိသားစုအပိုဝင်ငွေ ရအောင် ဆောင်ရွက်ကြသည်။ ရောင်းပြီးမှ သားသမီးတို့ကို ၀မ်း စာရေးဆုံးခမ်းတိုင်အောင် ပို့ ဆောင်ရန် ကြိုးပမ်းကြရသည်။
ရွေ့လျားတောဈေးသည်၏ သားသမီးများ ၀မ်းစာရေးမျက် နှာစာတွင် ထွန်ပြောက်သူများ ရှိသကဲ့သို့ ခေတ်မီသိပံ္ပပညာ ကွန် ပျူတာလောက၊ အိုင်တီနည်း ပညာမျက်နှာစာအသီးသီးတွင် ၀န်ဆောင်နေကြသူများစွာလည်း ပေါ်ပေါက်နေပြီဖြစ်ပါသည်။

ဘ၀နာသော ဘ၀အကြောင်း ကို ထဲထဲဝင်ဝင်သိခွင့်ရသော ရွေ့ လျားတောဈေးသည်များက ပြည် သူကို ဗဟိုပြု၍ စားဝတ်နေရေး မျက်နှာစာဖွင့်နိုင်သူ ရွှေလက်များ ရှင်အဖြစ် အောက်ဆုံးအလွှာ ပြည်သူ၊ ကျေးလက်ပြည်သူ၊ တောင်သူ၊ ယာလုပ်များကပါ အားကိုးအားထားဖြစ်နေကြပြီဖြစ် သည်။ အသွားကုန်၊ အပြန်ကုန် မျိုးစုံရအောင် ပစ္စည်းခြင်းဖလှယ် နေကြပါသည်။

ဒေသထွက် ဆန်၊ ဆီ၊ ပျား ရည်၊ မှိုခြောက်၊ ပန်းခြောက်များ၊ ကြက်သွန်ဖြူများကို သယ်ဆောင် ၍ ဒေသထွက်ကျေးလက်ကုန် ပစ္စည်းများကိုပါ မြို့ပေါ်သို့ သယ် ဆောင်ပြီး လက်လီလက်ကား အ၀ယ်ဒိုင်ကုန်စည်ဒိုင်သို့ ပေး သွင်းကြရသော ၀န်ဆောင်မှုလုပ် ငန်းမှလည်း အပိုဝင်ငွေရနေကြ သည်ဖြစ်သည်။ ယနေ့ဒီမိုကရေစီ လမ်းကြောင်း၌ သမ၀ါယမကဏ္ဍ ဖြင့် တိုင်းပြည်စီးပွားရေးကို ဇောင်းပေးဆောင်ရွက်နေချိန်တွင် ရွေ့လျားတောဈေးသည်များက အောက်ခြေအလွှာစီးပွားရေးမျက် နှာစာတွင် စားဝတ်နေရေးကို ပံ့ပိုးနေသူများသာဖြစ်ပေသည်။

ကုန်ပစ္စည်းစီးဆင်းမှုလျှင်မြန် ဖြတ်လပ်ရေးသမ၀ါယမမူဝါဒအရ လက်တွေ့နယ်ပယ် လက်တွေ့ ကျင့်သုံးနေကြသောစီးပွားရေး ကေဒါများသည် ရွေ့လျားကျေး လက်တောဈေးသည်များသာ ဖြစ်ပေသတည်း။

ကိုယ်တိုင်ရေးသားကြောင်း နှင့် သတင်းမှန်ကန်ကြောင်း တာဝန်ယူပါသည်။
ဇင်မာသင်း
The Hot News

လူသေလူဖြစ်ပြဿနာ ဗိုလ်ချုပ် နှင့် ပတ်သတ်ဟုဆို


May 23, 2013
သို့
တူမောင် ဦးလေးစာရေးလိုက်တယ် ကွာ။ အကြောင်းကတော့ ““လူသေလူ ဖြစ်””ကျမ်းစာအုပ်နဲ့ပတ်သက်လို့ မြန်မာ တစ်နိုင်ငံလုံးဂယက်ထခဲ့ဖူးတဲ့အကြောင်း လေးတစ်ခုကို ငါ့တူသိအောင်ပြောပြချင် လို့ဆိုပါတော့ ငါ့တူ။

အဲဒီသတင်းဟာ သူ့ခေတ်သူ့အခါ က ဘယ်လောက်ကြီးတောင် Hot  လိုက် သလဲဆိုရင် ““လူသေလူဖြစ်””စာအုပ် ကြောင့် စာမူပြုစုရေးသားသူဆရာတော် သျှင်ဥက္ကဋ္ဌခမျာ ရုံးရောက်ဂတ်ရောက် ဖြေရှင်းရ၊ အကျဉ်းထောင်မှာ သီတင်း သုံးတော်မူရ၊ နိုင်ငံတော်သံဃာ့ဝန်ဆောင် အဖွဲ့ရဲ့ ပကာသနိယကံအကြဉ်ခံလိုခံရနဲ့ အုံးအုံးကျွက်ကျွက်တွေ ဖြစ်လို့ပေါ့ကွာ။

အဲဒီတုန်းက ရေပန်းစားခဲ့တဲ့ ပုဂ္ဂလိ က သတင်းစာတွေဖြစ်တဲ့ အထောက် တော်သတင်းဖမ်းပြီး ကွန်မြူနစ်ပင်ရင်းဌာနချုပ်ကြီးကို မိပြီ၊ ဓာတ်တော်၊ ဆံတော်၊ အံတော်တွေ ကိုဘယ်သို့ရေးသည်၊ ဘုရားတွေကို ဘယ်ညာရေးသည်””ဆိုပြီး တဖျော်တပါး ဆော်ကြနှက်ကြဆိုပဲကွ။ ဗမာ့ခေတ်မျက်နှာဖုံးမည်းနဲ့ (ရောင် စုံမပေါ်သေး)သုံးပေမဲ့ အထောက်တော် လောက်မစုံလင်ဘူးဆိုပဲကွ။ မြန်မာ့အသံ ကလည်း ဟိုးလေးတကြော်ကြော် လွှင့် ပေးဆိုပဲကွ။

““လူသေလူဖြစ်””စာအုပ်ကို စိတ်ဝင် စားလွန်းလို့ ငါဖတ်ကြည့်ပြန်တော့လည်း မြန်မာလိုရေးထားတဲ့စာပေမဲ့ ငါရဲ့အဆံ ချောင်ဦးနှောက်ကြောင့် သိပ်မရှင်းလှ ဘူး။ သခင်မြတ်ဆိုင်ကိုယ်ဆိုင် ဆရာ တော်ကို အင်တာဗျူးထားတဲ့စာအုပ် ဖတ်တော့လည်း ဉာဏ်မမီပြန်ဘူး။ ခက်ပါဘိငါ့နှယ်နော်။
လွန်ခဲ့တဲ့နှစ်(၃)လောက်က ပခူး တိုင်းအနောက်ပိုင်းပြည်မြို့နယ် ၀က်ထီး ကန်ကို ငါရောက်တယ်။ ခေပဒူပမင်း သားပုံပြင်နဲ့ဆက်စပ်တဲ့ ၀က်ပုံစံရေကန် ကြီးတစ်ကန်ရှိတယ်။ အဲဒီဝက်ထီးကန် ဟာ နယ်ချဲ့တော်လှန်ရေးခေတ်ဦးအခါ က ရှမ်းမောင်နှမဦးဆောင်ပြီး အင်္ဂလိပ် တွေကို တိုက်ပွဲဝင်ခဲ့တဲ့နေရာပဲ။ မင်းတို့ သမိုင်းမှာ သင်ရတဲ့ဝက်ထီးကန်တိုက်ပွဲ ဆိုတာလေကွာ။ အေး အဲဒီရေကန်ကြီး ကိုဖြတ်ပြီး လှေနဲ့သွားရင် အရွာဈေးဆို တဲ့ရွာကြီးရှိတယ်။ အဲဒီကနေသွားရင် သစ်ချိုပင်ရွာဆိုတာရှိတယ်။ အဲဒီရွာက နေဆက်သွားရင် ရွာထူးရွာဆန်းတစ်ရွာ ရှိတယ်။ (နာမည်တော့ မေ့တေ့တေ့ဖြစ် နေလို့ထားလိုက်ပါတော့)အဲဒီရွာထူးဆန်း က ဘာတွေထူးခြားသလဲဆိုရင် ရွာအင်္ဂါ နှင့်အညီ ရှိသင့်ရှိအပ်တဲ့ ဘုန်းကြီး ကျောင်းမရှိဘူး၊ နေအိမ်တွေမှာဘုရားစင် မရှိဘူး။ သုဿန်မထားဘူး၊ သူ့အိမ်ကိုယ့် အိမ် မြှုပ်ဆိုပဲကွ။ သရဏဂုံမတင်ဘူးဆိုပဲ ကွ။ ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲ ငါမေး ကြည့်တော့ သူတို့က သျှင်ဥက္ကဋ္ဌရဲ့ ““လူ သေလူဖြစ်””စာအုပ်ဖတ်ထားပြီး ဒီလို ကျင့်သုံးနေကြတာဆိုပဲကွ။ ငါဖြင့် အံ့သြ လိုက်တာကွာ။ ငါ့စိတ်ထဲမှာတော့ တစ် ခုခုလွဲချော်နေသလို ခံစားခဲ့ရပါတယ်။

ဝက်ထီးကန်နယ်တစ်ဝိုက်ဆိုတာ သျှင်ဥက္ကဋ္ဌရဲ့ သြဇာနဲ့ သိပ်ကင်းကြတာ မဟုတ်ဘူး။ ““ကျောက်ကွင်းအရေးတော် ပုံ””ဟာ ကမ္ဘာကျော်ခဲ့တာကိုးကွ။ ဗုဒ္ဓဘာ သာကြီး ရေစုန်မမျောအောင် ဘာသာ မျိုးစုံနှံ့စပ်၊ နိုင်ငံမျိုးစုံရောက်ဖူးတဲ့ ရှင် ဥက္ကဋ္ဌကျေးဇူးနဲ့ သူကြီးဦးလှောင်အပါ အ၀င် ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ ကိုယ်စား ၀ါဒတိုက်ပွဲ အပြိုင်နွှဲနိုင်ခဲ့တာ ကိုးကွ။
သျှင်ဥက္ကဋ္ဌရဲ့ သာမန်နှင့်မတူ တမူ ထူးခြားတဲ့ အသိဉာဏ်စွမ်းရည်ကို လူမျိုး ခြားဘာသာခြားတွေက အတော်လန့်ကြ တယ်။ သျှင်ဥက္ကဋ္ဌဟာ ဘာသာရေးမှာ နှိုက်နှိုက်ချွတ်ချွတ် နှံ့စပ်ထူးချွန်ရုံတင် မဟုတ်ဘဲ တော်လှန်ရေးကိစ်္စလည်း စိတ်ဝင်စားတယ်။ ဗမာ့ကာကွယ်ရေးတပ် ကို နေရှင်နယ်ကျောင်းသားတွေနဲ့ ဖွဲ့ ထားတယ်။ ဂဠုန်ဦးစောက မျိုးချစ်ဂဠုန် နီတပ်လုပ်ချင်လို့ တောင်းဆိုတော့ လိမ္မာ ပါးနပ်စွာ ငြင်းဆန်ဖူးတယ်။ နေသူရိန် အစည်းအဝေးတက်တော့ ဘုရင်ခံ ဒေါ် မန်စမစ်က စက္ကူဖြူစီမံကိန်း (စင်းမလား စီမံကိန်း)အကောင်အထည်ဖော်ဖို့ ခရစ် ယာန်ဂိုဏ်းချုပ်ဘစ်ရှော့ဝက်(စ်)နဲ့ ဘုန်း ကြီးအက်ပယ်တန်တို့က ရွှေတိဂုံစေတီ အနောက်တောင်အရပ်က အိမ်(၁)အိမ် ကို သျှင်ဥက္ကဋ္ဌပင့်ပြီး စည်းရုံးတယ်။ (၂) ရက်စည်းရုံးတယ်။ မအောင်မြင်ဘူး။ ဒေါ် ငြိမ်းသာဆိုတဲ့ မြန်မာအမျိုးသမီးကြီးက ဆရာတော်ကို ထပ်စည်းရုံးတယ်။ ““လူ မျိုးလည်းသစ္စာမဖောက်နိုင်၊ တိုင်းပြည် လည်း သစ္စာမဖောက်နိုင်၊ သာသနာ တော်ကိုလည်း ရောင်းမစားနိုင်ဘူး တကာမကြီး””တဲ့ကွ။ ကိုင်း ပြတ်ကရော။

ဒီမယ်ဒို့တူ အမျိုးဘာသာသာသနာ ကို မြတ်နိုးတဲ့ပညာတတ်ဆရာတော်၊ မျိုး ချစ်စိတ်အပြည့်ရှိတဲ့ ဆရာတော်ဟာ ငါ တို့ဉာဏ်မမှီတဲ့ ““လူသေလူဖြစ်””ကိစ္စကို ဘာကြောင့်ရေးသလဲ။ အကြောင်းတော့ ရှိရမယ်ပေါ့။ အောင်မယ်လေးဗျာ။ ဒီ ကျမ်းစာအုပ်ကို ဘယ်သူရေးခိုင်းတယ် ထင်သတုန်း။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးခိုင်း တာပါတဲ့ဗျာ။ ၁၉၄၇ ခုနှစ် ဇွန်လ (မကျ ဆုံးမီရက်ပိုင်းအလို)မှာတာဝါလိန်းလမ်းက ဗိုလ်ချုပ်အိမ်ကို ဆွမ်းစားပင့်လို့ ကြွရာက စခဲ့တာကွ။ ဆစ်လူမျိုး(ခေါ်)ပန်ချာပီလူ မျိုးတွေတိုက်ပွဲမှာ ကျည်ဆန်နောက် ကျောကမှန်ရင် ငရဲကိုလားတယ်။ ရှေ့ တည့်တည့်ကမှန်ရင် နတ်ပြည်လားတယ် လို့ အယူရှိတဲ့အကြောင်း ဗိုလ်ချုပ်က ဆရာတော်ကိုလျှောက်သတဲ့ကွ။ ဂျပန် လူမျိုးတွေမှာလည်း တိုက်ပွဲမှာ ကျဆုံးရင် အသေပြတ်တယ်လို့ အယူရှိကြောင်း လည်း လျှောက်သတဲ့ကွ။ ဒီလိုအယူ အဆနဲ့ အယုံအကြည်ရှိလာအောင် စာပေအဘိဓမ္မာယုတိ္တခိုင်ခိုင်လုံလုံရေးပြီး ရဲစိတ်ရဲမာန်သွင်းပေးထားကြောင်း လျှောက်သတဲ့ကွ။

ဆရာတော့်အနေနဲ့ အဲဒီလို စာပေမျိုးပြုစုပေးနိုင်မည်ဆိုပါက အလွန်တန်ဖိုးရှိမည်ဖြစ်ကြောင်း လျှောက်လို့ ““လူသေလူဖြစ်””စာအုပ်ပေါ်လာတာတဲ့ ဟေ့။ ရဲစိတ်ရဲမာန်ကျမ်းနဲ့ ဘာသာတရား ဘယ်လိုလုပ်ရောသွားရှာပါလိမ့်ကွာ။

ငါ့တူစဉ်းစားကြည့် ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိခဲ့ရင် လူသေလူဖြစ်ကြောင့် အာဇာနည်သူရဲကောင်းတွေ ပွားများလာမလား၊ အယူဝါဒဂိုဏ်းဂဏ တွေကွဲပြားကုန်မလား မစဉ်းစားတတ်ပါဘူး။ ငါ့တူ။ ဗိုလ်ချုပ်ကိုချစ်ချစ်၊ နိုင်ငံနဲ့ လူမျိုးကိုချစ်ချစ်၊ ရဲစိတ်ရဲမာန်ပဲသွင်းသွင်း ““လူသေလူဖြစ်ရဲ့ နက်နဲခြင်းဟာ အမှန်လား၊ အမှားလား ကွဲပြားအောင် ””
လေဗျောက်အိုး
The Hot News



ရွှေတွင်းတူးဖော်ရာမှ ရှေးဟောင်းဆင်းတုတော် ၄၉ ဆူတွေ့ရှိ

May 24, 2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပင့်သာကြီးကျေး  ရွာနေဦးထွန်းလှိုင်၏နေအိမ်ခြံဝင်း  အတွင်း၌ မေ(၃) ရက်၊ နံနက်  (၇) နာရီက ငါးပေပတ်လည် အကျယ်ရေတွင်းတူးဖော်ရာ အနက်သုံးပေခန့်အရောက်ကျောက် ဖျက်တွေ့ရှိသည်။

ဆက်လက်၍ ရေတွင်းတူးဖော်  ရာအနက်လေးပေခန့်တွင် ကြေး ကျောင်းဆောင်ပုံသဏ္ဍာန်၊ ကြေး ဘုရားဆင်းတု ၁၇ ဆူ၊ အလျား (၉) လက်မ၊ အနံ (၆) လက်မ၊ အမြင့် (၃) လက်မ၊ အလေးချိန်  တစ်ပိဿခန့်ရှိသော ကျောက်ဆင်း တုတော်တစ်ဆူ၊ ရွှေဟုယူဆရ သော စိတ်ပုတီးစေ့ ၆၀၊ လက်စွပ်  နှစ်ကွင်းနှင့်ငွေစေတီတစ်ဆူတို့ အား ဖူးမြော်တွေ့ရှိကြရသည်။

ထို့နောက် မေ ၄ ရက်၊ နံနက်  ၇ နာရီတွင် ရေတွင်းကို ဆက်လက်  တူးဖော်ကြရာ ကြေးဆင်းတု၊ ဘုရားရုပ်ပွားတော် (၄၄) ဆူ၊ အမြင့်ခြောက်လက်မခန့်ရှိငွေစေတီနှစ်ဆူနှင့် အရှည်သုံးလက်မခန့်ရှိ ကျောက်အနီနှင့် အပြာရောင်စုံပါ  ဆံထိုးတစ်ခုကို ထပ်မံဖူးမြော်တွေ့ ရရှိသည်။

မေ(၅) ရက်နေ့တွင် အဆိုပါ  ရေတွင်းအား ဆက်လက်တူးဖော်  ကြရာအနက် (၇) ပေခန့်အရောက်  တွင် ဉဏ်တော်သုံးလက်မမှ ၁၅ လက်မအရွယ်ရှိတင်ပျဉ်ခွေကြေး  ဆင်းတုတော် ၁၈ ဆူ၊ ရပ်တော်မူ  ဆင်းတုတော်နှစ်ဆူ၊ လျောင်းတော် မူနှစ်ဆူ၊ ကျောက်ဆင်းတုတော် တစ်ဆူ၊ တင်ပျဉ်ခွေငွေဆင်းတုတော် ၂၆ ဆူ၊ စုစုပေါင်း (၄၉) ဆူတို့ အား ထပ်မံဖူးမြော်တွေ့ရှိသည်။

အဆိုပါရှေးဟောင်းပစ္စည်း ဘုရားရုပ်ပွားတော်များအား ကန့်ဘလူမြို့နယ်၊ ပင့်သာကြီး ကျေးရွာဦးထွန်းလှိုင်နေအိမ်တွင် အပူဇော်ခံထားရှိကြရာ ဒေသခံ ကျေးရွာပြည်သူများက မေ (၁၆) ရက်အထိ အထူးစိတ်ဝင်စားစွာ လာရောက်ဖူးမြော်ကြရာအလှူရှင်  ဦးထွန်းလှိုင်က သက်သက်လွတ် ထမင်းဟင်းများကို အဟာရဒါနေ့ စဉ်ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ရွှေလင်းပြည့်စုံ
The Hot News

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com