http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တန်းမြင့်ဆန်စက်များ ဂျပန်နှင့် ပေါင်းထောင်မည်

Monday, May 13, 2013
မြန်မာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း Myanmar Agribusiness Public Corporation (MAPCO)နှင့် ဂျပန်နိုင်ငံမှ မစ်ဆူရှီ(MITSURI)တို့ပူးပေါင်းကာ တန်းမြင့်ဆန်ထုတ်လုပ် သည့်စက်ရုံများ ထူထောင်သွားရန် ရှိကြောင်း သိရသည်။

အဆိုပါစက်ရုံများကို တွံတေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း ကျိုက်လတ်နဲ့ ပဲခူးတိုင်း လက်ပံတန်းတို့တွင် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရပြီး ဆန်စက်၊ပေါင်းဆန်စက်၊ဆန်ဘေးထွက် ဆန်ကွဲ၊ ဖွဲနုတို့မှ ဖွဲနုဆီ၊ ခေါက်ဆွဲ၊ ဆန်မှုန့် စသည်တို့ ပါ ထုတ်လုပ်နိုင်သည့် စက်ရုံများပါ ပါဝင်တည်ဆောက်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ အတွင်းရေးမှုး ဦးရဲမင်းအောင်ထံမှသိရသည်။

ထို့အပြင် ဖွဲနုမှလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးအတွက်ပါ စီစဉ်သွားမည်
ဖြစ်ကြောင်း၊ ၎င်းစက်ရုံများကို စတည်ရန်စီစဉ် လျက်ရှိကာ ၂၀၁၄-၁၅တွင် အပြီးသတ် လုပ်ဆောင်သွားမည်ဟုလည်း ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးအနေဖြင့် ဂျပန်ကုမ္ပဏီ မစ်ဆူရီနှင့်ပူးပေါင်းကာ တန်းမြင့်ဆန်တန်ချိန် ၅၀၀၀ ခန့်ကို ယခုဘဏ္ဍာနှစ်
၂၀၁၃ ခုနှစ် ဇွန်မှ စတင်ကာ တင်ပို့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ တန်းမြင့်ဆန်မျိုးဖြစ်သည့် ဆင်းသွယ် လတ်၊ မှော်ဘီ ဆန်မျိုးများကို တင်ပို့သွားရန် စီစဉ်ထားကြောင်း သိရသည်။

“မစ်ဆူရီဘက်ကနေ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်နဲ့လက်တွဲပြီး စိုက်ပျိုး နည်းပညာပိုင်းထက် ထုတ်ပိုးမှုပိုင်း ကူညီဖို့ပြောထားတာရှိတယ်။ ဘယ်လိုထုတ်ပိုးရလဲ၊ ဘယ်လိုထိန်းသိမ်းရလဲ ဒါတွေဟာ လက်တွေ့ကနေစပြီး လုပ်ငန်းခွင်နဲ့အတူ လေ့လာရလာတာတွေ ရှိတယ်။ နောက် အဲဒီကုမ္ပဏီကနေ အမေရိကန်ဒေါ်လာ ၃ သိန်းကို လှည်းကူးမှာရှိတဲ့ ရိပ်သိမ်းချိန်လွန် နည်းပညာဌာနမှာ သင်တန်းတွေဖွင့်ဖို့၊ အဲဒီမှာရှိတဲ့ ဓါတ်ခွဲခန်းတွေ၊ သင်တန်းသား ကျောင်းဆောင်တွေကိုလည်း ပြန်ပြုပြင်သွားမယ်”ဟု ဦးရဲမင်းအောင်က ဆိုသည်။

ဂျပန်နိုင်ငံအနေဖြင့် တနှစ်လျှင် နိုင်ငံတကာ သဘောတူညီမှုအနေဖြင့် သွင်းကုန်တန်ချိန် ၇ သိန်း ၇ သောင်းကျော် တင်သွင်းလျက်ရှိပြီး နိုင်ငံ
တကာတွင် တင်သွင်းသည့် ပစ္စည်းများအပေါ် ဓာတုဗေဒဓာတ်ကြွင်း အမျိုးပေါင်း ၂၆၇ မျိုးစစ်ဆေးပြီးမှ တင်ပို့ခွင့်ရသည့် ဓာတုဓာတ်ကြွင်း အများဆုံးစစ်ဆေးသည့် နိုင်ငံတစ်ခုဖြစ်သည်။ ယခုအခါ အဆိုပါ ဓာတုစစ်ဆေးရေးနှင့်ပတ်သတ်သည့် စစ်ဆေးမှု နည်းပညာများပါ လက်တွေ့လုပ်ငန်းခွင် လုပ်ဆောင်နေချိန်အတွင်း ဝေမျှပေးသွားရန်
စီစဉ်ထားကြောင်း သိရသည်။

“မြန်မာနိုင်ငံက ခုစ ပြီး တန်ချိန် ၅၀၀၀ တင်သွင်းခွင့်ရတယ်ဆိုတော့
နောက်ထပ် ဘယ်လောက် ထပ်တိုး တင်သွင်းခွင့်ရမလဲ ဆိုတာက ဒီဘက်က ကြိုးစားမှုအပေါ်မှာ မူတည်ပါမယ်။ ဂျပန်ဘက်ကတော့ တင်သွင်းမှုမှာ အခက်အခဲတွေရှိနေရင် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးမှာပါ”ဟု ဂျပန်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောရေးရာ ၀န်ကြီးဌာနမှ မစ္စတာ တာကေဟာရူ အီမာရှီယိုက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဌ ဦးချစ်ခိုင်ကလည်း ယခုကဲ့သို့ ဆန်တန်ချိန် ၅၀၀၀ တင်သွင်းနိုင်မှုအပေါ် တင်းတိမ်မနေသင့်ကြောင်း၊ မြန်မာနိုင်ငံမှ ဆန်တန်ချိန်သောင်းချီ ထပ်မံတင်သွင်းခွင့်ရပါက ယခုထက် ပိုမို အဆင်ပြေလာနိုင်ကြောင်း၊ နည်းပညာများလည်း ယခုထက် ပိုမိုတိုးတက် ရရှိရန် မျှော်လင့်မိကြောင်း၊ ဂျပန်နိုင်ငံမှာ အရည်အသွေး ပြည့်မီသော ထုတ်လုပ်မှုတွင် ရှေ့တန်းရောက်နိုင်ငံဖြစ်၍ မြန်မာဆန်စပါးထုတ်လုပ်မှုတွင် အတွေ့အကြုံ ကောင်းများ ရကာ တိုးတက်လာနိုင်ကြောင်း သုံးသပ်ပြောသည်။

အဆိုပါ ဂျပန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၀ တင်ပို့ရာတွင် သယ်ယူပို့ဆောင်ရေး
ပိုင်း လွယ်ကူစေရန်အတွက် သီလ၀ါဆိပ်ကမ်းနားတွင် ဆန်တင်ပို့ရန် သီးခြားဆိပ်ကမ်းမြေနေရာတစ်ခုဖြင့် ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးထားကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာနပိုင် မြေနေရာများတွင် ဆန်စက်တည်ဆောက်ရန် လိုအပ်ပါက ၀န်ကြီးဌာနအနေဖြင့်ခွင့်ပြုပေးမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ သို့ရာတွင် လက်ရှိ ဌာနပိုင်မြေဧက မည်မျှရှိကြောင်း
ကိုမူ ၀န်ကြီးက ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။
ဧရာဝတီ

သကြားစက်ဝန်ထမ်းတွေ အလုပ်ထုတ်ခံရလို့ ဆန္ဒပြဖို့စာတင်တာ ရဲမှူးက ငြင်းပယ်

နေပြည်တော်-ပျဉ်းမနား၊ မေ-၁၃
နေပြည်တော်-ပျဉ်းမနားက ယုဇနကုမ္ပဏီပိုင်သကြားစက်ဝန်ထမ်းတချို့ အလုပ်ထုတ်ခံရလို့ အလုပ်သမားအဖွဲ့က ဦးစီးပြီး ဆန္ဒပြဖို့ မြို့နယ်ရဲမှူးထံ လျှောက်ထားတင်ပြတဲ့အခါ အချက် ၃ ချက်နဲ့ ငြင်းပယ် လိုက်တယ်လို့ သိရပါတယ်။

၂၀၁၃ မတ်လ ၁၂ ရက်နေ့က ယုဇနကုမ္ပဏီသကြားစက်က ဌာနခွဲစာရေး ဦးဌေးလွင်အပါအဝင် ၀န်ထမ်း ၇ ဦးကို ကြံရာသီဒုတိယနှစ်အတွက် လမိုင်းကြံခင်းဟောင်းအား ကြံပို့ရာသီမှာ ကြံမသွင်းနိုင်လို့ ကြွေး ကျန်ဆိုပြီး အလုပ်ကထုတ်လိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စက်ရုံထဲမှာ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော အလုပ်သမားများအဖွဲ့အစည်း(U L S )ကနေ တရားဝင်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် ကို မေ ၇ ရက်နေ့က နေပြည်တော်-ပျဉ်းမနား ရဲတပ်ဖွဲ့မှူးထံ တင်ပြလျှောက်ထားခဲ့ရာမှာ စာအမှတ် ၁၀၀၂(၁၃)၊ ၁၀၃၊ ဦး ၁ ရက်စွဲ၊ ၂၀၁၃ မေ ၁၀ စာနဲ့ ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။ အဲဒီနေ့က ဆန္ဒပြဖို့ လျှောက်ထားသူ ဦးကျော်ဌေးကို ပျဉ်းမနားရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ယူရှင်းပြပြီး အချက် ၃ ချက်နဲ့ ငြင်းပယ်တဲ့ အကြောင်း၊ ပုဒ်မ ၉ အရ အယူခံဝင်နိုင်တဲ့အကြောင်း ပြောတယ်လို့ သိရပါတယ်။

အဆိုပါလျှောက်ထားတာနဲ့ပတ်သက်လို့ ၁။ မိတ္ထိလာပဋိပက္ခဖြစ်ရပ်များနောက်ဆက်တွဲအကျိုးဆက် ဆက်စပ်၍ တရားဥပဒေစိုးမိုးရေးထိခိုက်နိုင်၍လည်းကောင်း၊ ၂။ လက်ရှိကာလတွင် မင်္ဂလာဗျူဟာဗိမာန်တွင် သံဃာတော်များ ပါဠိပထမပြန်စာမေးပွဲများ ကျင်းပရန်ရှိနေ၍လည်းကောင်း၊ ၃။ စည်းလုံးညီညွတ်သော အလုပ်သမားအဖွဲ့ အစည်းမှ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး တာဝန်ရှိသူတို့နှင့် ဝန်ထမ်းလစာတိုးမြှင့်ရေးကိစ္စ၊ EC စာချုပ် ပြန်လည် ချုပ်ဆိုရေး၊ ဝန်ထမ်းများပြန်လည်ခန့်ထားရေးကို ညှိနှိုင်းသွားမှာဖြစ်လို့ အခုလိုငြင်းပယ်ရကြောင်း ရဲမှူးက ပြောတယ်လို့ သိရပါတယ်။

“မေလ ၉ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဆွေဝင်းအပါအ၀င် အခြားဌာန ဆိုင်ရာတွေနဲ့ ကျွန်တော်တို့ EC ၇ ဦးနဲ့တွေ့တယ်၊ မေလ ၁၃ ရက်မှာ ယုဇနကုမ္ပဏီပိုင်ရှင် ဦးဆန်နီနဲ့တွေ့ပြီး ထပ်မံညှိနှိုင်းပေးမယ်လို့ ပြောပါတယ်”လို့ U L S က ကိုအောင်ဇော်မိုးက မြန်မာဓိကကို ပြောပါတယ်။ ဒီကနေ့ မေလ ၁၃ ရက်နေ့ အလုပ်သမားအဖွဲ့အနေနဲ့ U L S ရုံးမှာ ညှိနှိုင်းဖို့ စောင့်ဆိုင်းနေခဲ့ပြီး ညနေပိုင်းမှာ ဦးဆန်နီနဲ့ အလုပ်သမားအဖွဲ့အစည်းတို့ ဆွေးနွေးမှုပြုလုပ်နေပြီလို့ သိရပြီး ရလာဒ်ကိုတော့ မသိရသေးကြောင်း မြို့ခံအလုပ်သမားတစ်ဦးက မြန်မာဓိက သို့ပြောပါတယ်။ U L S အဖွဲ့မှာ အလုပ်သမားအဖွဲ့ဝင် ၅၅၅ ဦး ရှိပြီး ယုဇနကုမ္ပဏီ ဟာ ယခင် အမှတ် ၂ သကြားစက်ကို ၂၀၁၂ သြဂုတ်လမှာ လွှဲပြောင်းရယူလုပ်ကိုင်လာတာလို့ သိရပါတယ်။
ဝေမိုး
မြန်မာဓိက

ရဲအရာရှိ၏ ဆိုင်ကယ်ကို ရဲတပ်သားက ခိုးရောင်း

ရန်ကုန်၊ မေ
ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ရပ်ထားသည့် ရဲအရာရှိတစ်ဦးပိုင် ဆိုင်ကယ်တစ်စီးကို သန်လျင်ရဲစခန်းမှ ရဲတပ်သားတစ်ဦးက ခိုးယူ၍ သာကေတမြို့နယ်၌ ပြန်လည် ရောင်းချခဲ့ရာ လက်ရ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

ဒုရဲအုပ် တင်လှိုင်သည် ဧပြီလ ၂၉ ရက်နေ့က သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တွင် ဆိုင်ကယ်ကို ရပ်ထားရာမှ ပျောက်ဆုံးခဲ့ပြီး စုံစမ်းရှာဖွေခဲ့ရာ မေလ ၆ ရက်နေ့တွင် သာကေတမြို့နယ် ရှုခင်းသာအနီး၌ ရဲဘောင်းဘီ ဝတ်ဆင်ထားသည့် လူတစ်ဦးက လိုက်လံရောင်းချနေသည်ဟု သတင်းပေးချက် အရ သွားရောက်စုံစမ်းခဲ့ရာ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်နှင့်အတူ ဆိုင်ကယ် ခိုးယူသည်ဆိုသည့် ရဲတပ်သားကိုပါ ဖမ်းဆီး ရမိခဲ့ကြောင်း သန်လျင်ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

"ပျောက်တဲ့အချိန်က မနက် ၄ နာရီနဲ့ ၅ နာရီကြားလောက်ဖြစ်မယ်။ ၃ နာရီ ၃၀ မိနစ်အထိ ဆိုင်ကယ်ရှိသေးတယ်" ဟု သန်လျင်ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဆိုင်ကယ်မပျောက်ဆုံးမီ ကာလက အဆိုပါ ရဲစခန်းတွင် မိုဘိုင်းလ်ဖုန်းများ မကြာခဏ ပျောက်ဆုံးကြောင်း၊ ဆိုင်ကယ် ရောင်းချသူဟု ယူဆရသူ ရဲတပ်သားကို ရဲစည်းကမ်းနှင့် အညီ အရေးယူရန် စီစဉ်လျက်ရှိပြီး ဖုန်းများပျောက်ခြင်းနှင့် ဆက်စပ်မှုရှိ မရှိကိုပါ ဆက်လက်စစ်ဆေး နေကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly

ပလက်ဖောင်းတက္ကသိုလ်

စာအုပ်အဟောင်း ဈေးကွက်ဟာ ပျက်သလိုလိုဖြစ်နေပြီလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ သတင်းမီဒီယာ ထိန်းချုပ်ခံရတုန်းက အဟောင်းတန်းမှာ တိုးတိုးသားလေးတွေ သွားရှာရပါတယ်။

တိုးတိုးသားဆိုတာ တရားမဝင် ထုတ်ထားတဲ့ ကော်ပီစာအုပ်တွေကို ပြောတာပါ။ စာပေ လွတ်လပ်ခွင့် ရပြီဖြစ်လို့ တိုးတိုးသားတွေလည်း မရှိတော့ပါဘူး။

ဗြောင်ထုတ်၊ ဗြောင်ရောင်း၊ ဗြောင်ဝယ်လို့ ရလာတာကြောင့် လိုချင်တာတွေ ရလာပြီဆိုပေမယ့် အဟောင်းကိုမှ မူလအဖုံးအတိုင်း လိုချင်သူတွေ၊ ဈေးမသက်သာလို့ မဝယ်နိုင်သူတွေ အတွက် ပလက်ဖောင်း အကျစောင့်နေ သူတွေ၊ ဗေဒင်၊ တက်ကျမ်း၊ သရဲဖမ်းတာတွေ ဖတ်ချင်သူတွေ အတွက်ကတော့ ပလက်ဖောင်း ဈေးကွက်ဟာ ရှိနေဦးမှာအမှန်ပါ။
The Voice Weekly








မုန်တိုင်းသတင်း

၂၀၁၃ခုနှစ်၊ မေလ(၁၃)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီ အချိန်တိုင်းထွာချက်များအရ
ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်
လျှက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ(ကိုကိုးကျွန်း)၏ အနောက်တောင်ဘက် မိုင်(၄၁၀)ခန့်၊
ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင်(၅၄၀)ခန့် ၊ကျောက်ဖြူမြို့၏ အနောက်တောင် ဘက်မိုင်(၅၉၀)ခန့် အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။

မုန်တိုင်းသည်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး၊မုန်တိုင်း ဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ပါသည်။ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက် ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း နောက်ဆုံးတိုင်းထွာရရှိသော ခန်မှန်းချက်အရ မေလ(၁၆)ရက်နေ့ညပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများဆီသို့ဖြတ်ကျော်
ဝင်ရောက် နိုင်ကြောင်းခန့်မှန်းရပါသည်။မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားရန် လိုအပ် ကြောင်းအကြံပြုအပ်ပါသည်။
မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန
The Voice Weekly

ရင်းနှီးမြှုပ်နှံမှု ငါးဆ တိုးတက်လာဟု သမ္မတ ပြောဆို

Monday, May 13, 2013
မန္တလေး (မဇ္ဈိမ)။ ။ နိုင်ငံအတွင်း ၂၀၁၁ ခုနှစ်မှ ယခုနှစ် မေလဆန်းပိုင်းအထိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ မှု ငါးဆ တိုးတက်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန် က မန္တလေးမြို့သို့ မေလ ၁၂ ရက်နေ့က ရောက်ရှိစဉ် ပြောကြားလိုက်သည်။

အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်သော ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ အခြေခံ ပြည်သူများ အတွက် ငွေကြေး အရင်းအနှီး ပံ့ပိုးပေးနိုင်ရေး အသေးစား ငွေကြေး (Microfinance) လုပ်ငန်းနှင့် သမဝါယမအသင်းများ အဆင့်မြှင့်တင်နိုင်ရေး အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“၂၀၁၁ ခုနှစ်က စပြီး ယနေ့အထိ ပြည်ပ ရင်းနှီးမြှပ်နှံမှုဟာ ၁.၄၉ ဘီလီယံကျော်နဲ့ လုပ်ငန်း အရေအတွက် ၉၄ ခု၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကျပ် ၁ ထီလီယံကျော်နဲ့ လုပ်ငန်းအရေအတွက် ၆၅ ခု ရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရှစ်သောင်းကျော် ဖန်းတီးပေးနိုင်ခဲ့ပါတယ်” ဟု ပြောကြားသွား သည်။

နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပဒေ၊ နည်းဥပဒေများ အတည်ပြုပြဋ္ဌာန်းပြီးနောက် အရှိန်ရနေပြီး ဖြစ်သည့် မြန်မာ့ ရင်းနှီးမြှပ်နှံမှု
ကော်မရှင်ကိုလည်း အရပ်ဖက်ပုဂ္ဂိုလ် ၅၀ ဦးဖြင့် ပါဝင်ဖွဲ့စည်းပေးပြီး မျိုးဆက်သစ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဦးသိန်းစိန် က ပြောကြားသည်။

ဆောင်ရွက်လျက်ရှိသည့် ဦးစားပေး စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်၍လည်း “ပုဂ္ဂလိကဏ္ဍဟာ တိုင်းပြည်စီးပွားတိုးတက်ရေးရဲ့ ပထမမဏ္ဍိုင်ဖြစ်ပြီး သမဝါယမကဏ္ဍဟာ ဒုတိယ မဏ္ဍိုင်ဖြစ်ကာ နိုင်ငံတော်ကဏ္ဍက တတိယမဏ္ဍိုင်မှာ ပါဝင်ဆောင်ရွက်နေတာ
ဖြစ်ပါတယ်” ဟုလည်း သမ္မတ က ရှင်းလင်းပြောဆိုသွားသည်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်မှ သမဝါယမ အသင်းပေါင်း ၁,၇၂၀ သင်း၏ အသင်းသားပေါင်း ၁၁၉,၅၅၃ ဦးအတွက် ကျပ်ငွေ ၅၅,၆၀၄.၇၅ သိန်းထုတ်ချေးနိုင်ခဲ့ပြီး လယ်ယာသုံး စက်ကိရိယာများ အား မြို့နယ်ပေါင်း ၃၀ မှ အသင်းပေါင်း ၁၀၉ သင်းသို့ တန်းဖိုးပေါင်း ကျပ် ၃,၆၄၅.၃၆၃ သိန်းအား အရစ်ကျစနစ်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
 ဦးလွင်
Mizzima - News in Burmese

သမီးငယ်လေး ဖူးဖူးကိုလှူဒါန်းမှုများပြုလုပ်နိုင်သော်လည်း ဓာတ်ပုံရိုက်ကူးမှု ခွင့်မပြုတော့

အသက် ၃ နှစ်အရွယ်သမီးငယ်လေးတစ်ဦးဖြစ်တဲ့ ဖူးဖူးက မိနစ် ၂၀ ကျော်ကြာ မီးလောင်ကျွမ်းမှုကိုခံစားခဲ့ရပြီး ရန်ကုန်မြို့အရိုးအထူးကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေသည်မှာ
အချိန်အတော်ပင်ကြာမြင့်နေပြီဖြစ်သည်။ သမီးငယ်လေး ဖူးဖူးရဲ့ ကျန်းမာရေးအခြေအနေကို စာနာသနားကြသော ပြည်သူပြည်သားများနှင့် အနုပညာရှင်များစွာက ကိုယ်တိုင်ကိုယ်ရောက် သွားရောက်လှူဒါန်းအားပေးမှုများကို ပြုလုပ်ပေးနေကြပြီး စိုင်းစိုင်း၊ နန်းခင်ဇေယျာ စတဲ့အနုပညာရှင်များကလည်း သွားေ၇ာက်တွေ့ဆုံကြပြီး ဖူးဖူးက
မြင်ဖူးချင်သည် ဆိုသည့် မင်းသမီး မိုးယုစံကတော့ ယနေ့ မေလ ၁၃ ရက် နံနက် ၁၁ နာရီက သွားရောက်တွေ့ဆုံပြီး ငွေသား ၁၃ သိန်းနဲ့ အရုပ်များ၊ မုန့်များကို သွားရောက်ဒါနပြုခဲ့သည်။

သမီးငယ်လေး ဖူးဖူးကိုလာေ၇ာက်ကြည့်ရှုသူများတာကြောင့် သမီးလေးရဲ့ကျန်းမာရေး အခြေအနေကိုငဲ့ကွက်သောအားဖြင့် ဓာတ်ပုံရိုက်ကူးမှုကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း သိရပြီး
လှူဒါန်းမှုများကိုတော့ ဆက်လက်ပြုလုပ်သွားနိုင်ကြောင်း သိရသည်။
မင်းမင်းထွန်း
ဓာတ်ပုံ - စိုင်းစိုင်းဖေ့ဘုတ်
Popular Journal

မုန်တိုင်းသတင်း

၂၀၁၃ခုနှစ်၊ မေလ(၁၃)ရက်နေ့မြန်မာစံတော်ချိန်(၇း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ၊ (ကိုကိုးကျွန်း)၏အနောက်တောင်ဘက်မိုင် (၄၃၀)ခန့်၊ ပုသိမ်မြု့၏ အနောက်တောင်ဘက်မိုင် (၅၇၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏အရှေ့တောင်ဘက်မိုင် (၃၈၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး၊ မုန်တိုင်းဗဟိုချက်အနီး တွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)ထိရှိနိုင်ပါသည်။ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်မြစ်ဝကျွန်း
 ပေါ်၊မုတ္တကွေ့၊မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်
 လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ (၄၅) မိုင်အထိတိုက်ခတ်နိုင်ပါ သည်။ ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာရှိသော်လည်း နောက်ဆုံးတိုင်းထွာ ရရှိသောခန်မှန်းချက်အရမေလ (၁၆)ရက်ညနေပိုင်းခန့်တွင် မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။
(မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)
Popular Myanmar News Journal

ပြည်သူနှင့် ယုံကြည်မှုတည်ဆောက်ရန် အဓိကကျကြောင်း ဦးဌေးဦး ပြော

ဟသာင်္တ၊ မေ ၁၂။
လက်ရှိအချိန်တွင် ၎င်းတို့အနေဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြည်သူ့အကျိုးပြုကိစ္စရပ်များသည် ၂၀၁၅ခုနှစ်တွင်ကျင်းပပြုလုပ်မည့် ရွေး ကောက်ပွဲအတွက် အဓိကထားလုပ်ဆောင်ခြင်းမဟုတ်ကြောင်းနှင့် ပြည်သူလူထုအားယုံကြည်မှုတည်ဆောက်ရန်သာ အဓိကထား ပြုလုပ်နေ ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

“လက်ရှိ ကျွန်တော်တို့ပါတီလုပ်နေတယ်ဆိုတာက ၂၀၁၅ရွေးကောက်ပွဲအတွက် လုပ်နေတာမဟုတ်ပါဘူး။ အချိန်ပြည့်လုပ်နေတာ။ ပြည်သူ လူထုရဲ့ ယုံကြည်မှုရရှိအောင် လုပ်နေတာပါ။ ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာပါတီကရှုံးတဲ့နေရာတွေရှိတာပဲ ဒါပေမယ့် အဲဒီနေရာတွေမှာ လည်း ပြည်သူ့အကျိုးကို
ဆက်လုပ်နေတာမျိုးတွေရှိပါတယ်။ ရှုံးတာ နိုင်တာကို ဘေးထားပြီး”ဟု ၎င်းက ပြောကြားသည်။

ထို့နောက် ပြည်တွင်းပါတီအချို့တွင် သဘောထားကွဲလွဲမှုများ ရှိနေခြင်းနှင့်စပ်လျဉ်း၍ ၎င်းအနေဖြင့်
ပါတီတခုတွင် ယုံကြည်ချက်သဘော ထား တူညီသည့်သူများရှိပါက ပြဿနာများ ပေါ်ပေါက်လာမည်မဟုတ်သော်လည်းယုံကြည်ချက်ခြင်း တိုက်ဆိုင်မှုမရှိပါက ဖြစ်ပေါ်လာနိုင် ကြောင်း သုံးသပ်ပြောကြားသည်။

ယခုလက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် သက်တမ်းကာလအရ
၂နှစ်သာရှိသေးသော်လည်း အသင်းပုံစံဖြင့် လွန်ခဲ့သည့် ၁၉၉၃ခုနှစ်အား အမွေခံလုပ်ဆောင်လျက်ရှိကြောင်းနှင့်ပါတီလူငယ်ကဏ္ဍနှင့် ပတ်သက်၍လည်း အသက် ၃၅နှစ်အောက်ဖြင့် အ ခြေခံ ဖွဲ့စည်းထားကြောင်း သိရသည်။

“ပါတီဖွဲ့စည်းပုံမူဝါဒကို ပြောင်းလဲတယ်ဆိုတာ တော်တော်ရှားပါတယ်။ လူပြောင်းလဲတယ်ဆိုတာကလည်း
အသက်အရွယ်နဲ့ ကျန်းမာရေး ကြောင့် ပြောင်းလဲဖွဲ့စည်းရတာတွေတော့ ရှိတယ်။ ပြီးတော့
လူထုအကျိုးပြုတဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ၁၉၉၃ခုနှစ်က လူမှုအကျိုးပြု အသင်းပုံစံမျိုးဘဲ
လုပ်ဆောင်နေတာပါ။ ညီလာခံကျင်းပတယ်ဆိုတာကလည်း ကျွန်တော်တို့ အနေနဲ့ ကျင့်သားရနေပြီးသားဖြစ်တဲ့အတွက်ဘာမှ ပြဿနာဖြစ်တာတွေ မရှိပါဘူး”ဟု ၎င်းက ထပ်မံပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၀ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်
အာဏာရပါတီတစ်ခုအဖြစ် အနိုင်ရရှိခဲ့ ရာ ၂၀၁၀ကြားဖြတ်ရွေးကောက်ပွ္ပဲ၌ လစ်လပ်မဲဆန္ဒနယ်
၄၃နေရာဝင်ရောက်ယှဉ်ပြိုင်ရာ အတိုက်အခံ အင်အားကြီးပါတီတခုဖြစ်သည့် အမျိုး သား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)အား ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
TMA
မြန်မာ့ခေတ်

စက္ခုပါလဒိဖောင်ဒေရှင်းသို့မျက်စိစမ်းသပ်စက်နှင့် လူနာတင်ယာဉ်လှူ

ဟင်္သာတ၊ မေ ၁၂။
ဂျပန်နိုင်ငံရှိ ဆဲဇာဂရုပ် ကုမ္ပဏီဂရုပ်မှ မစ္စတာ ဘီယာဝါဆာသည် ဟင်္သာတမြို့နယ်ရှိ စက္ခုပါလာဒိ
ဖောင်ဒေးရှင်းသို့ မျက်စိ စမ်းသပ်သည့်စက် microscope ၁၀လုံးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဌေးဦးမှ လူနာတင်ယာဉ် တစ်စီးအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေလ ၁၁ရက်နေ့ နေ့လည်
၃နာရီခန့်တွင် ဟင်္သာတခရိုင် အထွေထွေရောဂါကု ဆေးရုံ ကြီး၌ ပြုလုပ်ကြောင်း သိရပြီး အဆိုပါ
microscope ၁လုံး၏ ပျမ်းမျှတန်ဖိုးမှာ သိန်း ၃၀နီးပါးခန့်ရှိကြောင်း ထပ်မံသိရသည်။
မြန်မာ့ခေတ်
ဓါတ်ပုံ – TMA





ရန်ကုန်မြို့၌ မိုးအနည်းငယ်သာရွာသော်လည်း ရေလျှံမှုဖြစ်

ရန်ကုန်၊ မေ ၁၃။
ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မဟာဆန်မုန်တိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ မိနစ် (၂၀)ခန့်ရွာသွန်း ပြီး နောက် မဟာဗန္ဓုလတံတားအဆင်း ဗိုလ်တထောင် မြို့နယ် ၅၅လမ်းထိပ်တွင် ရေလျှံမှုဖြစ်သွားခဲ့ကြောင်း သိရသည်။

နံနက် ၈နာရီခန့်မှ စတင်ရွာသွန်းခဲ့သောမိုးသည် မိနစ်အနည်းငယ်သာ ရွာသွန်းခဲ့သော်လည်း နေလည် ၁၁ နာရီအချိန်အထိရေများ ကျဆင်း သွားခြင်းမရှိဘဲ ရေလျှံမှုကြောင့်ကားလမ်း၌ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဒီလိုသာရေလျှံနေမယ်ဆိုရင်တော့ လာမယ့် မိုးတွင်းလည်း အရင်နှစ်တွေတုန်းကလိုပဲရေမြုပ်မြို့ကြီးဖြစ်အုံးမှာပဲ"ဟု သာကေတမြို့နယ်မှ မြို့ လည်သို့ အလုပ်ဆင်းလာသော ခရီးသွားတစ်ဦးမှ မြန်မာ့ခေတ်သို့ ပြောကြားသည်။

၎င်းမှ ဆက်လက်၍ "ရန်ကုန်မြို့လည်မှာ အရင်ကထက်လမ်းတွေ ပိုမိုကောင်းမွန်လာပေမယ့် ရေဆင်းမြောင်းတွေကိုပြုပြင်တာတွေ မလုပ် တော့ ဘာထူးမှာလဲ အရင်အတိုင်းပဲပါ့"ဟုဆိုသည်။

ရန်ကုန်မြို့သည် လွန်ခဲ့သော ဆယ်စုနှစ်မှစတင်ကာ မိုးသည်း ထန်ပါက ရေလျှံမှုအမြဲဖြစ်ပေါ်ခဲ့ပြီး ယင်း၏အကျိုးဆက်ကြောင့် မြို့နေလူထုမှာ ယာဉ်ကြောပိတ်ဆိုခြင်း၊ ညစ်ညမ်းသောမြောင်းရေများထဲ၌ သွားလာနေရခြင်းတို့ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
မိုးဝင်း
မြန်မာခေတ်

LCCI Level 5 (Advanced) ပြီးဆုံးပါက Final Year ကို မြန်မာနိုင်ငံမှာ သင်ယူနိုင်တော့မည်

မန္တလေး၊မေ ၁၂
LCCI စာရင်းကိုင်ဘာသာရပ်ကို  LCCI 1 မှ Final Year အထိရောက်သင်ကြားခွင့်ရရှိရန်အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး B.A  ဘွဲ့(သို့မဟုတ်) B.Sc(Hons) ဘွဲ့ကို မြန်မာနိုင်ငံတွင်ရယူနိုင်မည့် အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ဦးကျော်တင် CommercialManager  (Myanmar) Pearson QualificationsInternational (LCCI & EDEXCEL) ထံမှ သိရပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံမှာ ဖွင့်လှစ်နေတဲ့LCCI စာရင်းကိုင်သင်တန်းများဟာ LCCI Level 1,2,3 and 4 အထိသာ သင်ကြားပို့ချပေးလျှက်ရှိပါတယ်။LCCI စာရင်းကိုင်သင်တန်း သင်ကြားရေး စင်တာများအနေနဲ့ LCCI Level 5 (Advanced) တန်းခွဲသစ်များဖွင့်လှစ်သင်ကြားရန် အဆင်သင့် ဖြစ်ပါက သင်ကြားမှုများ စတင်နိုင်ကြောင်း ဦးကျော်ထင်ထံမှသိရပါတယ်။ စာရင်းကိုင်သင်တန်း LCCI Level 5 (Advanced) ပြီဆုံးပါက Final Year ကို အင်္ဂလန်နိုင်ငံသို့သွားရောက်သင်ကြားကြ ရမည်ဖြစ်သော်လည်း၊ Final Year ကို မြန်မာနိုင်ငံမှာလည်း သင်ကြားတက်ရောက်လိုသူများအတွက်တက်ရောက်သင်ကြားခွင့်ရရှိနိုင်ရန် အကောင်အထည်ဖော်ရွက်သွားမယ်လို့ ၄င်းက ပြောပါတယ်။

အင်္ဂလန်နိုင်ငံမှ တက္ကသိုလ်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ်လို့သိရပါတယ်။ LCCI စာရင်းကိုင်ဘာသာရပ်(၅)မျိုးရှိတဲ့အနက် ဘာသာရပ်အလိုက် ၂၀၁၂ခုနှစ်အတွင်းတစ်ကမ္ဘာလုံးစာမေးပွဲဖြေဆိုအောင်မြင်သူများထဲမှ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်(၁၄)ခု၊ငွေတံဆိပ်(၁၃)ခုရရှိခဲ့တယ်လို့ ဦးကျော်ထင်မှ ဆက်လက်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ LCCI စာရင်းကိုင်သင်တန်းများအနေနဲ့ LCCI မှ ကြီးမှူးကျင်းပတဲ့ စာရင်းကိုင်ဘာသာရပ်အပြင်နိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးဝင်နိုင်မယ့် ဘာသာရပ်တွေပါ သင်ကြားပေးနိုင်မယ်ဆိုရင်နိုင်ငံအတွက် အကျိုးရှိမယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပိုမိုမြန်ဆန်လာမယ့်လို့ ဦးကျော်ထင်မှမြန်မာဓိကကို ပြောကြားခဲ့ပါတယ်။
မြန်မာဓိက




TVS အိန္ဒိယဆိုင်ကယ် မန္တလေးမှာ စတင်မိတ်ဆက်

မန္တလေး၊ မေ -၁၂
TVS Motor Company နဲ့ Agrocorp Yangon Company Limited တို့ ပူးပေါင်း ကျင်းပတဲ့ TVS ဆိုင်ကယ်များ မိတ်ဆက်ပွဲနဲ့ စာနယ်ဇင်းတွေ့ဆုံပွဲကို မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီက ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဆိုင်ကယ်မိတ်ဆက်ပွဲမှာ အိန္ဒိယသံရုံး ယာယီတာဝန်ခံ Mr. Shllesh Mangal , TVS မော်တော်ကုမ္ပဏီရဲ့ ဒါရိုက်တာ Mr. Rama Christna, အိန္ဒိယကောင်စစ်ဝန်ချုပ် ဒေါက်တာ မဒန်မိုဟမ်ဆေတီ ၊ TVS အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့က တာဝန်ရှိသူများ၊ စက်မှု လက်မှုလုပ်ငန်းရှင်နှင့်ကုန်သည်ကြီးများအသင်း(မန္တလေး)တို့က တာဝန်ရှိသူများ၊ စာနယ် များ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို အကပဒေသာများနဲ့ဖွင့်လှစ်ခဲ့ပြီး သံရုံး ယာယီတာဝန်ခံနဲ့ TVS Motor Company နဲ့ Agrocorp Yangon Company Limited တို့က တာဝန်ရှိသူများက အခုအခမ်းအနားနဲ့ပတ်သက်လို့ အသီးသီးစကားပြောကြပါ တယ်။ အဲဒီနောက် TVS ဆိုင်ကယ်များရဲ့ အရည်အသွေးနဲ့ အာမခံချက်များကို ပရိုဂျက် တာနဲ့ သရုပ်ပြရှင်းလင်းခဲ့ပါတယ်။ ဒီ့နောက် TVS အိန္ဒိယဆိုင်ကယ်များကို မန္တလေးမြို့မှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပွဲကို ကျင်းပခဲ့ပါတယ်။

ဒီ့နောက် တက်ရောက်လာတဲ့ စာနယ်ဇင်းများရဲ့မေးမြန်းချက်များကို ကုမ္ပဏီ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါတယ်။ ၄င်းနောက် TVS အိန္ဒိယဆိုင်ကယ်ရဲ့ ခိုင်ခံ့ မှုများ၊ UBS အသုံးပြု၍ ဆိုင်ကယ်တွင် တေးသီချင်းများ နားဆင်နိုင်တဲ့အကြောင်းနဲ့ ရေဒဏ် မိုးဒဏ် ခံနိုင်တဲ့စွမ်းရည်များကို သရုပ်ပြရှင်းလင်းခဲ့ပါတယ်။


TVS မော်တာကုမ္ပဏီဟာ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်ပြီး ကမ္ဘာပေါ်ရှိ နှစ်ဘီး တပ်ယာဉ်ထုတ်လုပ်သူများကြားတွင် ရေပန်းအစားဆုံးကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။ ပထမဆုံးဂီယာလေးချက်ဆိုင်ကယ်များကိုလည်း ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ TVS ဆိုင်ကယ်ဟာ အိန္ဒိယနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ထောက်ခံမှုကိုရရှိထားပြီး နိုင်ငံ ပေါင်း ၅၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံတွင် TVS စက်ရုံကြီး ၅ ရုံရှိပြီး အင်ဒိုနီးရှားတွင် စက်ရုံကြီးတစ်ရုံတည်ရှိကြောင်း သိရပါတယ်။

မြန်မာပြည်ဈေးကွက်သို့ TVS Neo 110 CC အင်ဂျင်ဆိုင်ကယ်တွင် ဖုန်းအားသွင်းစက် ပါရှိပြီး၊ ဆီစားသက်သာကာ TVS Rockz 125 CC အင်ဂျင်ဆိုင်ကယ်တွင် ဖုန်းအားသွင်း စက်အပြင် MP 3 ပါ ပါဝင်ကြောင်း သိရပါတယ်။ အလားတူ အမျိုးသား၊ အမျိုးသမီး မရွေး စီးနိုင်တဲ့ TVS အပါချီဆိုင်ကယ်များပါ ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အရည်အသွေးမြင့်ဆိုင်ကယ်များဟာ မြန်မာကျပ်ငွေ ၁၀ သိန်းကျော် တန်ဖိုးရှိကြောင်း တာဝန်ရှိသူများက ဆိုပါတယ်။ မနက်ဖန် မေလ ၁၃ ရက်နေ့မှာ ၇၈ လမ်း ဒိုင်းမွန်းပလာ ဇာအနီးမှာ Show Room ဖွင့်၍ ရောင်းချသွားမှာလို့ သိရပါတယ်။ အဆိုပါဆိုင်ကယ်များ ကို အာမခံ နှစ်နှစ်သက်တမ်းပေးကြောင်း သိရပါတယ်။
မင်းထက်ငြိမ်းချမ်း
မြန်မာဓိက

 



တူရကီအစိုးရက ဗုံးခွဲမှုများကို ဆီးရီးယားသမ္မတ အမိန့်ပေးခိုင်းစေကြောင်းဆို

ရေးဟန်လီ၊ မေ ၁၂။
စနေနေ့က ဖြစ်ပွားသည့် ဆီးရီးယားနှင့် နယ်စပ်ဖြစ်သည့် တူရကီနိုင်ငံမှမြို့တွင် လူ၄၆ ဦးသေဆုံးခဲ့ရသော
ကားဗုံးနှစ်လုံးကွဲခဲ့မှုတွင် ဆီးရီး ယား သမ္မတအယ်အာဆတ် လက်အောက်ခံတပ်သားများ ပြုလုပ်ခဲ့သည်ဟု
ယုံကြည်ကြောင်း တူရကီအစိုးရက ယနေ့ပြောကြားသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး အာမက် ဒေ့ဗ်တော့လူက ရေးဟန်လီတွင် စနေနေ့က ဖြစ်ပွားသည့်
ဗုံးပေါက်ကွဲမှုမှ ဗုံးခွဲသူများသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆီးရီးယားကမ်းရိုးတန်းမြို့ဘာနီယားစ်တွင် ဖြစ်ပွားခဲ့ပြီး သမ္မတအာဆတ် အစိုးရက ထောက်ပံ့ခံတပ်များကြောင့် အနည်းဆုံးလူ ၆၂ ဦး သေဆုံးစေခဲ့သည့် တိုက်ခိုက်သူများ လုပ်ဆောင်သည်မှာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

“တိုက်ခိုက်မှုဟာ တူရကီနိုင်ငံတွင်း ဆီးရီးယားသူပုန်များနှင့် မသက်ဆိုင်ပါဘူး၊ ဆီးရီးယားအစိုးရနဲ့သာဆိုင်ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီး က အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

ဆီးရီးယား ပြန်ကြားရေးဝန်ကြီး အိုမရန် ဇူဘီက ဆီးရီးယားအစိုးရ ပါဝင်ပတ်သက်နေသည်ဆိုသည့် အချက်ကို
ငြင်းပယ်ပြီး အခြေအမြစ် မရှိ သည့် စွပ်စွဲချက်များအဖြစ် ပယ်ချခဲ့သည်။

ဆီးရီးယားပဋိပက္ခသည် ယခုနှစ်တွင် သုံးနှစ်ပြည့်မြောက်ပြီဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင်း ရှီအိုက်အုပ်စုက
အာဆတ်ကို ထောက်ခံပြီး ဆွန်နီ အုပ်စုသည် ဆော်ဒီထောက်ပံ့ခံသူပုန်များဖြစ်လာပြီး အုပ်စုနှစ်စုကြား တိုက်ခိုက်မှုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဘာနီယာစ်မြို့သည် ဆီးရီးယားနိုင်ငံ၏ မြေထဲပင်လယ်ကမ်းရိုးရှိမြို့ဖြစ်ပြီး ဆွန်နီအုပ်စုလက်ထဲတွင်ရှိကာ
၎င်းနယ်မှ အတိုက်အခံများက သမ္မတ အာဆတ်စစ်တပ်ကို လူမျိုးနွယ်များကို တိုက်ခိုက်သည်ဟု စွပ်စွဲသည်။

ရေဟန်လီ မြို့တွင် ဆွန်နီအုပ်စု အများအပြားနေထိုင်ကြပြီး ဆီးရီးယားဒုက္ခသည်
ထောင်ပေါင်းများစွာလည်း နေထိုင်ကြသည်။

နယ်စပ်မြို့လည်းဖြစ်သောကြောင့် သမ္မတအာဆတ်ကို တိုက်ခိုက်သည့် သူပုန်များ၏ အခြေစိုက်ရာနေရာလည်းဖြစ်သည်။
Ref:Reuters
မြန်မာ့ခေတ်

အသွင်ပြောင်း နဝဒေးခြံအမှတ် ၂၇

တစ်ချိန်က တံခါးအထပ်ထပ်ဖြတ် အစစ်ဆေးခံဝင်ရသော ထိပ်သီးဗိုလ်ချုပ်ကြီး၏ နေအိမ်မှာ ယခုအခါ လူအများ ဝင်ထွက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက် ပြီ ဖြစ်သည်။

အစောင့်တစ်ဦးမျှ မရှိတော့သော ခြံတံခါးအလွန် သစ်ခွတောအတွင်း မေလ ၁၁ ရက်နေ့တွင် စတင် ဖွင့်လှစ်လိုက်သည့် အနုပညာပြခန်း၊ အမှတ်တရ ပစ္စည်း ကော်နာ၊ ကော်ဖီကော်နာ တို့သည် လူတိုင်း အတွက် ဖြစ်သွားပေပြီ။
အမည်က နဝဒေး။

"အရင်က တာဝန်ယူတုန်းက ရုပ်ရှင်ရုံကို ပေးခဲ့တဲ့ နာမည်ရယ်၊ လမ်းနာမည်ရယ် ကို အစွဲပြုပြီးပဲ နဝဒေးလို့ နာမည် ပေးလိုက်တာ" ဟု တပ်မတော် ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က The Voice ကို ရှင်းပြသည်။

နေအိမ်အကျယ်ချုပ် ကျနေစဉ် ခုနစ်နှစ်အတွင်း မီးဖိုချောင်စရိတ် ရှာပေးခဲ့သည် ဆိုသော သစ်ခွခြံအတွင်း အဆောက်အအုံ လေးခုခန့် ငါးလအတွင်း အပြီး တည်ဆောက်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စတင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
သူ၏အဆိုအရ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် နှစ်ခုရှိသည်။
အမှတ်တစ် အေးချမ်းသည့်ဘဝကို ထူထောင်လိုခြင်း၊ အမှတ်နှစ် အနုပညာရှင် များ၏ ဘဝကို ထောက်ပံ့ပေးလိုခြင်း။

ပြခန်း စတင်ဖွင့်လှစ်သည့် နေ့တွင် ဦးလွန်းကြွယ်၊ နေမျိုးဆေး၊ မွန်သက် စသည့် ပန်းချီဆရာများ၏ ပန်းချီကား ၅၀ ကျော် ချိတ်ဆွဲပြသထားသည်။ ထိုကားများသည် ဈေးနှုန်းအနည်းဆုံး ကျပ် ၁၆ သိန်းမှ သိန်းရာကျော် အထိ ရှိသည်။
"ပန်းချီကားတွေကို အခမဲ့ တစ်ပတ် တင်ခွင့်ပေးတယ်" ဟု ဦးခင်ညွန့်က ဆိုသည်။
သူ၏အနုပညာပြခန်းတွင် ပန်းချီကား တင်ရန် တန်းစီနေသော ပန်းချီဆရာ ၅၀ ကျော် ရှိကြောင်း သူက ဆက်ပြောပြသည်။

အနုပညာပြခန်း၊ ကော်ဖီကော်နာ နှင့် အမှတ်တရပစ္စည်းတို့ကို စီးပွားရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း သူကဆိုသည်။ ကော်ဖီဆိုင်ဟုပင် သူက အမည်မတပ်။
"ဆိုင်မဟုတ်ဘူး။ ကော်နာ" ဟု သူက အလေးအနက် ရှင်းပြသည်။
ကော်ဖီကော်နာတွင် ကော်ဖီအမျိုးမျိုး အပြင် သစ်သီးဖျော်ရည်၊ ချောကလက်၊ ကိုကာကိုလာ တို့ကဲ့သို့သော အချိုရည်တို့ကိုလည်း ဝယ်ယူနိုင်သည်။ ဘီယာနှစ်မျိုးလည်း ရသည်။ တိုက်ဂါးနှင့် မြန်မာ။
ဈေးကား များစွာမမြင့်။ ရန်ကုန် မြို့တော်ရှိ Aroma ကဲ့သို့သော ကော်ဖီ ဆိုင်ဈေးနှုန်းခန့်ပင် ရှိသည်။ ကော်ဖီကော်နာတွင်မူ ဝန်ထမ်းလေးဦးရှိသည်။
"စားပွဲထိုးရယ်လို့ မဟုတ်ပါဘူး။ အကုန်လုပ်ရတာပဲ" ဟု ဝန်ထမ်းတစ်ဦးက ရယ်ရယ်မောမော ပြောဆိုသည်။

ဆိုင်ဝန်ထမ်းများမှာ သားဖြစ်သူ ဒေါက်တာရဲနိုင်ဝင်း၏ Nervin စားသောက်ဆိုင်မှ ဖြစ်သည်။
ပထမဆုံး ဖွင့်လှစ်သည့်နေ့တွင် လာရောက်သော အဓိက ဖောက်သည်များ မှာ နာမည်ကျော် အနုပညာရှင်များ ဖြစ်ဖွယ် ရှိနေသည်။ ညနေ ၄ နာရီခန့်အထိ လူမပြတ်။ မြန်မာပြည်သိန်းတန်၊ ဇော်ဝင်းရှိန် တို့ အပါအဝင် ၁၀ ဦးခန့် ရှိနေသေးသည်။
"တော်တော်များများတော့ ရောင်းရပြီးပြီ" ဟု ဆိုင်ဝန်ထမ်းက ပြောဆိုချိန်တွင် ညနေ ၃ နာရီတော့ ကျော်နေပြီ။

ပြခန်းနှင့် ကော်နာနှစ်ခုကို ကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်ခဲ့ပြီး မည်မျှ ကုန်ကျခဲ့သည် ကို ဗိုလ်ချုပ်ကြီးဟောင်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
"မိတ်ဆွေ အပေါင်းအသင်းတွေ ကူညီကြပါတယ်။ ဒီလိုပဲ ခြိုးခြံပြီး လုပ်ရတာပေါ့" ဟု တပ်မတော်အစိုးရ လက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နောက် အာဏာအရှိဆုံး ဟုဆိုနိုင်သူ ဦးခင်ညွန့်က ဆိုသည်။

တစ်ချိန်က သူ၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ယခုသမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် ဇန်နဝါရီက ပေးသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ဦးခင်ညွန့်သည် အာဏာကိစ္စများ၊ နိုင်ငံရေးကိစ္စများ ဝင်မပါတော့ဘဲ အေးချမ်းစွာ နေထိုင်တော့မည် ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုထားပြီးဖြစ်သည်။

ကျီးကန်းအော်သံမှအပ တိတ်ဆိတ် နေလေ့ရှိသော ခြံဝင်းအတွင်းရှိ ပြခန်းတွင် ယနေ့ သူနှင့် ခေတ္တ တွေ့ဆုံစဉ်အတွင်း အများဆုံးပြောဆိုသည့် စကားမှာလည်း အေးချမ်းမှု။ ကုသိုလ်တရား။
အာဏာနိုင်ငံရေး အခင်းအကျင်းသို့ ပြန်လာမည်လောဟု သို့လော သို့လော စောင့်ကြည့်မှုများအကြား ဦးခင်ညွန့်ကား နောက်ထပ် ခြေလှမ်း တိုးလိုက်ပြီဖြစ်သည်။ သူ့အဆိုအရ အေးချမ်းသည့်ဘဝ တည်ထောင် လိုရင်း။

တစ်ချိန်က မြန်မာနိုင်ငံ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးမှာ ကော်ဖီကော်နာတွင် လူခြောက်ယောက်ထိုင် စားပွဲနေရာချထားရေး ကိုပင် ကိုယ်တိုင် စီမံနေသေးသည်။
ပြခန်းနှင့် ကော်နာနှစ်ခုကို စီမံခန့်ခွဲ ရခြင်းမှာ တစ်ချိန်က တိုင်းပြည်ကို စီမံခန့်ခွဲ ခဲ့ရသည်နှင့် နှိုင်းယှဉ်လျှင် “အသေးအဖွဲ” ဟု သူကဆိုသည်။
"(တိုင်းပြည်) တာဝန်ကတော့ မရေရာဘူးလေ။ လိုတာဖြစ်ချင်မှ ဖြစ်မှာကိုး" ဟု သူကအတန်ငယ်ပြုံးရင်း ပြောဆိုလေသည်။

တပ်မတော်အစိုးရ လက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး စသည့် ထိပ်ခေါင်တို့၏ ဌာနေ နဝဒေးလမ်း၊ အစွန်ဆုံးရှိ ခြံအမှတ် ၂၇ ကိုမူ လူအများ လာရောက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက်လေပြီ။

အစောင့်အကြပ်ထူထဲ၊ ခိုင်ခံ့သော သံထရော်လီတံခါး အမြဲပိတ်ထားပြီး မည်သို့သောနေရာဟု သာမန်ပြည်သူတို့ မသိနိုင်ခဲ့သော နဝဒေးလမ်းထိပ်တွင် မေလ ၁၁ ရက်နေ့မှစ၍ သုံးဆင့်လမ်းညွှန် ဆိုင်းဘုတ်လေးကိုပင် မြင်နိုင်ပေပြီ။
နဝဒေးအနုပညာပြခန်း၊ နဝဒေး ဆိုဗီနီယာကော်နာ၊ နဝဒေးကော်ဖီကော်နာ။


ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၏ ကိုယ်ရေးအကျဉ်း
………………………………………………………
- ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျောက်တန်းမြို့တွင် မွေးဖွား၊
- ၁၉၆၀ ပြည့်နှစ်မှ တပ်မတော်တွင် စတင် တာဝန်ထမ်းဆောင်၊
- ၁၉၈၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲ ခံရသည့်နောက်တွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်၊
- ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သော တပ်မတော်အစိုးရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူ၊
- ၂၀၀၃ ခုနှစ် သြဂုတ်လ၂၃ ရက် နေ့မှ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထိ နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်၊
- ၂၀၀၅ ခုနှစ် ဇူလိုင်တွင် တရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရ၊
- ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့တွင် ပြန်လည်လွတ်မြောက်။
ခွန်းသု၊ အောင်စိုး
The Voice Weekly

နေအိမ်ဖျက်ခံရသူတွေ သမ္မတကို ကြိုဆိုခွင့်မရ

Monday, May 13, 2013
မန္တလေးမြို့မှာ ကျူးကျော်အိမ်ယာတွေအဖြစ် ပြီးခဲ့တဲ့နှစ်က ဖျက်ဆီးခံ
ခဲ့ရတဲ့ မြရည်နန္ဒာရပ်ကွက်က ဒေသခံ (၂၀) ကျော် ဟာ ဒီကနေ့ မန္တလေးကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုဖို့ အသွားအာဏာပိုင် တွေက လမ်းတ၀က်မှာ တားမြစ်ခဲ့ပါတယ်။

ကြိုဆိုရေးဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး သွားစဉ်မှာ တားမြစ်ခံရ တာဖြစ်ကြောင်း ဒေသခံ မသင်းသင်း က RFAကို ပြောပါတယ်။

"သမ္မတကြီး ကျန်းမာပါစေ၊ချမ်းသာပါစေဆိုတဲ့ စာရွက်နဲ့ကြိုဆိုဖို့လာတာကို ရဲတွေက အတင်းနှင်လွှတ်တာပဲ၊ဖုန်းလာတော့ ဖုန်းလာတာကို လမ်းကြောင်း ပိတ်တယ် ဖုန်းဆက်ခွင့်မရှိဘူးလို့ ရဲတွေက ပြောတယ်။ပြည်သူတွေက သမ္မတကြီးကိုကြိုဆိုခြင်တာ ကြိုဆိုခွင့်မရှိဘူးလားဆိုတော့ သူတို့က မရှိဘူးတဲ့။ကျွန်မတို့ကလဲ သမ္မတကြီးကို ကြိုခြင်လို့ လာတာပါ။တစ်ခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး"

ကြိုဆိုဖို့ သွားရောက်သူတွေကို တံခွန်တိုင်အဝိုင်းနားအရောက်မှာ ပြည်ကြီး တံခွန်မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင်(၂၀)လောက်က လာရောက်တားမြစ်ခဲ့ပြီး၊ ကိုင်ဆောင် ထားတဲ့ ပိုစတာတွေ၊ ဗီနိုင်းတွေကိုလည်း သိမ်းဆည်းသွားခဲ့ပါတယ်။

ဒါ့အပြင် ကြိုဆိုသူတွေကို ILOနဲ့ ဆက်သွယ်ဆောင်ရွက်သူများကွန်ရက် (အထက်မြန်မာပြည်) ရုံးခန်းအတွင်း ထိန်းသိမ်းထားခဲ့ရာမှာ သမ္မတ မန္တလေးက ပြန်သွားတဲ့အချိန်ထိ ဖြစ်တယ်လို့ မသင်းသင်း က ပြောပါတယ်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံမှာ သမ၀ါယမအသင်းအဖွဲ့တွေကို မိန့်ခွန်း ပြောကြားခဲ့ပြီး အမရပူရမြို့မှာရှိတဲ့ ဆောင်းဒါးယက္ကန်းကျောင်းနဲ့ ပြည်ကြီးတံခွန် နို့ချက်စက်ရုံတွေကို သွား ရောက် ကြည့်ရှုခဲ့ပါတယ်။

နေအိမ်ဖျက်ဆီးခံရသူတွေကို သမ္မတခရီးစဉ်အပေါ် ကြိုဆိုခွင့်မပြုတာဟာ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်မလာအောင် တားဆီးတဲ့အနေနဲ့ ဆောင်ရွက်ရတာဖြစ်တယ်လို့ မြို့နယ်တာဝန်ရှိ သူတွေက ပြောဆိုကြောင်း သိရပါတယ်။
RFA Burmese

အပူပိုင်းမုန်တိုင်း 01B(MAHASEN) သတိပေးချက်အမှတ် (၁၁)

အပူပိုင်းမုန်တိုင်း 01B(MAHASEN) သတိပေးချက်အမှတ် (၁၁) (၁၃-၅-၂၀၁၃)ရက်၊ နံနက် (၃း၃၀) နာရီ အချိန်ထုတ်ပြန်သည်။

အပူပိုင်းမုန်တိုင်း မဟာဆန်သူဟာ (၁၃-၅-၂၀၁၃) ရက်နေ့ နံနက် (၃)နာရီခွဲအချိန်မှာ Lat 11.0°N Long 86.6°E အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရဲ့တောင်ဖက် (၈၆၅)မိုင်အကွာ ပင်လယ်ရေပြင် အပေါ်မှာ ဗဟိုပြုနေပါတယ်။ မုန်တိုင်းဟာ လွန်ခဲ့တဲ့(၆)နာရီအတွင်း က မြောက်အနောက်ယွန်းယွန်း(NNW)ကို တစ်နာရီ(၇)မိုင်နှုန်းနဲ့ ရွေ့လျှားလာခဲ့ပါတယ်။

ဒါဟာဖြင့် မူလရွေ့လျှားရာ ဦးတည်ဖက် NW (315° Bearing) ကနေ NNW(337° Bearing) ကို ပြောင်းလာခဲ့တာဖြစ်တဲ့အတွက် မုန်တိုင်းဟာ စတင်ကွေ့နေပြီ ဆိုတာကို ပြသနေခြင်းပါဘဲ။ ။ (360° Bearing ဆိုရင် မြောက်ဖက်အရပ်ဖြစ်ပါတယ်။)

ကောင်းကင်မိုးလေ၀သဂြိုဟ်တု တိုင်းတာချက်များအရ မုန်တိုင်းမှာရှိတဲ့တိမ်တွေဟာ ပြီးခဲ့တဲ့ (၆)နာရီအတွင်း ပိုမိုထူထပ်သိပ်သည်းလာနေတဲ့အတွက် မုန်တိုငးဟာ ပြန်လည်အားပျိုး(regain strength)လာနေပြီ ဆိုတာကို တွေ့နေရပါတယ်။ နောက်တစ်ချက်က မုန်တိုင်းဦးတည်ရာဖက် အရှေ့မြောက်ဖက် (45° Bearing)ကို မပြောင်းမှီ မုန်တိုင်းရဲ့ ရွေ့လျှားမှုနှုန်းဟာ နောက်(၂၄)နာရီ အတွင်းမှာ နှေးကွေးလာမယ်လို့ခန့်မှန်းရပါတယ်။ ဒါဟာ မုန်တိုင်းတို့ရဲ့ သဘာဝဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မုန်တိုင်းရဲ့အင်အားဟာ အရှေ့မြောက်ဖက်ကို ရွေ့လျှားရင်းနဲ့ တဖြည်းဖြည်း နဲ့ ပိုမိုအားကောင်းလာပါလိမ့်မယ်။

စိတ်သက်သာရာ ရစေနိုင်တဲ့အချက်တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်ကမ်းရိုးတန်း ဖက်ဆီ ကို ဦးတည် ရွေ့လျှားလာနိုင်မယ့် 01B(MAHASEN) ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြှိုအနီးက မဖြတ်ကျော်မီလေးမှာ အားလျော့သွားနိုင်တယ်လို့ ခန့်မှန်းရတဲ့ အချက်အလက်တွေ တွေ့နေရခြင်းဘဲ ဖြစ်နိုင်ပါတယ်။ တစ်နည်းပြောရရင်တော့ အားပျော့သွားပြီးမှ ကမ်းကိုဖြတ်နိုငတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါဆိုရင်ဖြင့် ထိခိုက်မှုတွေကို လျော့ပါးသွားစေနိုင်ပါတယ်။

ကံမကောင်းချင်တော့ မဟာဆန်သူဟာ ကွေ့ပါလိမ့်မယ်။
ကံကောင်းချင်တော့ အားပျော့သွားပြီးမှ ကမ်းကို ဖြတ်နိုင်လို့ အပျက်အစီးတွေ သက်သာရာ ရနိုင်ပါတယ်။
လို့ဆိုပါတော့ဗျာ။

အရေးကြီးတာကတော့ ဒါတွေအားလုံးဟာ ကြိုတင်ခန့်မှန်းချက်များသာဖြစ်လို့ အချိန်နဲ့အမျှ အပြောင်းအလဲတွေဆိုတာ ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ဘက်က မုန်တိုင်းသတင်းတွေကို အချိန်နဲ့တပြေးညီ update လုပ်ပေးနေရသလို ဒေသခံပြည်သူများကလည်း သတင်းတွေကို အချိန်နဲ့ တပြေးညီ အမြဲ update လုပ်ပြီး နားစွင့်နေဖို့လိုပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးနိုင်ကြပါစေ။
ဒေါက်တာထွန်းလွင် (MCCW)
Popular Myanmar News Journal

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များကျောက်တော်သို့ေ၇ာက်မည်

ကုလားအန္တရာယ်ကို စိုးရိမ်ရသဖြင့် မိမိတို.အစဉ်အဆက် နေထိုင်လာရာ ဘင်္ဂလာဒေ့ရှ် ( ယခင် ရခိုင်ဘုရင်တို.ပိုင်စိုးရာမြေ )မှ ရခိုင်တိုင်းရင်းသားတို.သည် ဤရက်ပိုင်းများအတွင်း ရခိုင်ပြည်မ ဖက်သို. ပြန်လည်ဝင်ရောက်ခိုလှုံလာလျက်ရှိကြသည်။

လူဦးရေ ၃၂ ယောက်ပါ ပထမတစ်သုတ်သည် မောင်တောမြို.နယ် သရီကုန်ဘောင်မှတဆင့် ကျောက်တော်မြို.နယ် နဂရာကျေးရွာသို. ၁၀-၅-၂၀၁၃ နေ.ရောက်ရှိလာကြသည်။

တစ်ဖန် လူဦးရေ ၂၈ ယောက်ပါ ဒုတိယအုပ်စုသည် ပလက်ဝမြို.နယ် တရွန်အိုင်မှ တဆင်.မနက်ဖြန် ၁၃-၅-၂၀၁၃ နေ.တွင် ကျောက်တော် မြို.သို.ရောက်ရှိလာမည်ဖြစ်သည်။

အဆိုပါ ဘင်္ဂလာဒေ့ရှ်မှ ပြန်ဝင်ရောက်လာကြသည့် ရခိုင်တိုင်းရင်းသားများ ယာယီအခြေချနိုင်ရေးအတွက် ကျောက်တော်လူမှုအဖွဲ.အစည်းများ နှင့် ဆရာတော်ဘုရားများ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
RSV

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ အိမ်ယာချထားမည့်ကိစ္စ NLD ရုံးသို့လာလျှောက်

ရန်ကုန်၊ မေ ၁၂။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ အိမ်မြေကွက်များ ချထားပေးမည်ဟုဆိုကာ တာမွေမြို့နယ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ လာရောက်လျှောက်ထားသူ ၂၀ ဦးခန့်ရှိကြောင်း တွဲဖက်
အထွေထွေ အတွင်းရေးမှူး ဦးတိုးဝင်းက ပြောကြားသည်။

“ဒီနေ့တင် လာလျှောက်တာတင် ၈ ယောက်ရှိတယ်။ လမ်းညွှန်က ဒေါ်အောင်ဆန်းစုကြည် ပုံကြီးချိတ်ထားတယ်ဆိုလို့ကျွန်တော်တို့ ရုံးပေါ်လာလျှောက်ကြတာလို့ သိရတယ်”ဟု ၎င်းက ပြောကြားသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ အိမ်ယာများ ချပေးမည့်ဖြစ်သည့်အတွက် လျှောက်လွှာတစ်စောင်လျှင်
၁၅၀၀ ကျပ်ဖြင့် ၀ယ်ယူကာ လျှောက်ထားနေကြောင်း၊ အိမ်ယာ ၅၀၀၀ အထိ ချပေးမည်ဟု ကြားသိရသည့် အတွက် လျှောက်ထားသူများပြားနေကြောင်း ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ ယမုံနာရပ်ကွက် ၁နှင့် ၂ အတွင်း
နေထိုင်သူများက ပြောကြားသည်။

ယမုံနာ ရပ်ကွက် ၂ တွင် နေထိုင်သူ မသန်းသန်းစိုးက“ကျွန်မတို့က အိမ်ငှားနေရတယ်။ အိမ်မှာကလည်း
မိသားစုကများတော့ ကိုယ်ပိုင်အိမ်လေးနဲ့ဆို အဆင်ပြေမှာပေါ့နော်။ ဒါကြောင့် လျှောက်ဖြစ်တာပါ”ဟု
ပြောကြားသည်။

အိမ်ယာ လျှောက်ထားမှုအတွက် ယမုံနာ ၁ ရပ်ကွက်တွင် နေထိုင်သော ကိုမြင့်ဇော်ဟု ဆိုသူထံ
လျှောက်ထားရကြောင်း၊ လျှောက်ထားမှုအတွက် ကုန်ကျငွေမှာ ကျပ် ၅၀၀၀ ၀န်းကျင်ရှိကြောင်း၊
လျှောက်ထားပြီးသူများအတွက် အသိအမှတ်ပြုအနေဖြင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ တံဆိပ်ပါ
ကတ်ပြား ထုတ်ပေးကြောင်း သိရသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်က အိမ်ယာများအတွက်
လျှောက်လွှာရောင်းနေသည်ဟု ကြားသိရသော်လည်း မိမိတို့အနေဖြင့် မသိရှိသေးကြောင်း၊
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောကြားသည်။
ဟိန်းသူ
မြန်မာ့ခေတ်

ဘဏ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဘဏ်အမည်ပြောင်းလဲ

ရန်ကုန်၊ မေ ၁၂။
ဘဏ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်
လီမိတက်မှ မြန်မာ့ရတနာဘဏ် လီမိတက်သို့ ဘဏ်အမည်ပြောင်းလဲလိုက်ကြောင်း ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်သော စာနယ်ဇင်းတွေ့ဆုံပွဲမှ သိရသည်။

ယခု ပြောင်းလဲခေါ်ဆိုသည့် မြန်မာ့ရတနာဘဏ် လီမိတက်သည် မြန်မာပြည်တွင် ကမ္ဘောဇဘဏ်ပြီးလျှင်
ဒုတိယအများဆုံး ဘဏ်ခွဲရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ယင်းဘဏ်ကို ၁၉၉၆ ခုနှစ်မှ
စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အစိုးရပိုင်မှ အများပိုင်အဖြစ် ပြောင်းလဲခဲ့သည့်အပေါ် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး
ဦးရဲထွဋ်က ၎င်း၏ facebook စာမျက်နှာပေါ်တွင် “အများပိုင် ကုမ္ပဏီဖြစ်တဲ့အတွက် ဘဏ်လုပ်ငန်းတွေ ပိုပြီး
ပွင့်လင်းမြင်သာလာပါမယ်။ ဘဏ်အကြီးအကဲနဲ့ ပတ်သတ်သူတွေကို စည်းကမ်းလျှော့ပေါ့ပြီး
ငွေချေးပေးတာမျိုးတွေ ပပျောက်သွားပါမယ်။ အမှန်တကယ်လိုအပ်တဲ့ မွေးမြူရေး လုပ်ငန်းရှင်တွေ
ငွေချေးခွင့် ရလာပါမယ်” ဟု ရေးသားထားသည်။

ယခုကဲ့သို့ ဘဏ်အမည် ပြောင်းလဲလိုက်သော်လည်း “မြန်မာ့ရတနာဘဏ်လီမိတက်” အနေဖြင့် “မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံဖြိုးရေးဘဏ်လီမိတက်” က ဆောင်ရွက်ခဲ့သော ရရန်၊ ပေးရန် အပါအဝင် ငွေးရေးကိစ္စ အဝဝကို တာဝန်ယူကြောင်း၊ လက်ရှိတွင် ဘဏ်၏ စီမံခန့်ခွဲရေးဆိုင်ရာများကို ဒါရိုက်တာအဖွဲ့ဝင် ၁၇ ဦးဖြင့် ကြပ်မတ်ကွပ်ကဲ လျက်ရှိကြောင်း သိရသည်။

လက်ရှိ ယင်းဘဏ်တွင် တရားစွဲဆိုထားသည့် အမှုပေါင်း ၄၀၀ ကျော်ရှိပြီး ယင်းအမှုများမှာ တရားရင်ဆိုင်
နေရသော်လည်း အတိုးလစဉ် ရရှိနေသည့်အတွက် အဆင်ပြေကြောင်း၊ ယင်းအမှု ၄၀၀ ကျော်အတွက် ဘဏ်မှ ၆ ဘီလီယံကျော် မြှပ်နှံထားရကြောင်း သိရသည်။

“ဘဏ်ရဲ့ သဘောက ၃၀၀ လာစုတယ် ဆိုပါတော့ ၈၀ ရာခိုင်နှုန်းထက် ပိုမချေးရဘူး။ ဒါက ဗဟိုဘဏ်က
ချမှတ်ထားတဲ့ စည်းမျဉ်းပါ။ ဘဏ်တွေမှာ ငွေချေးချင်တယ်ဆို အာမခံ တစ်ခုခုထားဖို့ လိုသလို ဘဏ်သို့
လာရောက်အပ်နှံသူတွေ အတွက်လည်း အာမခံရှိပါတယ်။ deposit <#> လာပေးတဲ့သူတွေကို ဘဏ်အာမခံ
အဖွဲ့ကနေ ပြန်ပြီး အာမခံ ပေးပါတယ်” ဟု မြန်မာ့ရတနာဘဏ် လီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ
ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

ယခုလက်ရှိ မြန်မာပြည်တွင် မြန်မာ့ရတနာ ဘဏ်ခွဲပေါင်း ၆၀ ရှိပြီး လာမည့်နှစ်အတွင်း ဘဏ်ခွဲပေါင်း
၁၀ ခု ထပ်မံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်း
မြန်မာ့ခေတ်

သမ္မတ ဦးသိန်းစိန် မန္တလေးခရီးစဉ်

ကျေးလက်ဒေသဖွဲ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြင့်တင်ရေး အခမ်းအနားကို မန္တလေးမြို့ ၆၆လမ်း၊ ၂၀×၂၁လမ်းကြားရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ပြီး သမ္မတ ဦးသိန်းစိန် နဲ့ ၀န်ကြီးတွေ တက်ရောက်ခဲ့ကြ။
DVB TV News


(သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ)

သမ္မတခရီးစဉ်အတွင်း နစ်နာမှုများ ဖော်ထုတ်ဖို့ ကြိုးစားတဲ့ ပြည်သူအချို့ တားဆီးခံရ

မန္တလေး၊ မေ-၁၂
နိုင်ငံတော်သမ္မတရဲ့ မန္တလေးခရီးစဉ်အတွင်း တံခွန်တိုင်လေးမျက်နှာဘုရား အနီးကနေ သမ္မတကိုကြိုဆိုကြောင်း ဗီနိုင်ဆိုင်းဘုတ်များနှင့်အတူ မိမိတို့ရဲ့ နစ်နာမှု များကို ဖော်ထုတ်ပြဖို့ ကြိုးစားတဲ့ ယခင် မြရည်နန္ဒာရပ်ကွက်မှာ နေထိုင်ခဲ့သူတွေရဲ့ အစီအစဉ် တားမြစ်ခံရကြောင်း သတင်းရရှိပါတယ်။

"ကျွန်မတို့က အရင်မြရည်နန္ဒာရပ်ကွက်မှာ နေခဲ့ကြတာပါ၊ မန်းစည်ပင်က ကျွန်မတို့ အိမ်တွေ၊ ၀ိုင်းတွေကို မနှစ်က (၉)လပိုင်းမှာတစ်ကြိမ်၊ ဒီနှစ် (၃)လပိုင်းမှာ တစ်ကြိမ် ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒီနေ့ သမ္မတကို ကြိုဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင် ပြီး၊ ကျွန်မတို့ နစ်နာတဲ့ အကြောင်း စာတစ်စောင်တင်ဖို့ကြိုးစားတာ ပြည်ကြီးတံခွန် ရဲမှူးက ကျွန်မတို့ ဗီနိုင်းတွေ သိမ်းသွားခဲ့ပါတယ်" လို့ မြရည်နန္ဒာရပ်ကွက်သူ မနွဲ့ယဉ်သင်းက မြန်မာဓိကကိုပြောပါတယ်။

ဗီနိုင်းဆိုင်းဘုတ်တွေမှာ "သမ္မတကြီးကိုကြိုဆိုပါ၏"၊ "သမ္မတကြီး သက်တော် ရာကျော်ရှည်ပါစေ"၊ "သမ္မတကြီးနိုင်ငံတော်ရဲ့ အကျိုးကို သယ်ပိုးနိုင်ပါစေ" စတဲ့ စာသားများနဲ့အတူ စည်ပင်သာယာ မြေထိုးစက်ကြီးများက နေအိမ်တွေကို ထိုးကော် ဖျက်ဆီးနေတဲ့ပုံများ ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးကို မြန်မာဓိက က ဆက်သွယ်မေးမြန်းရာမှာ "သမ္မတခရီးစဉ်အတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ အခုလို တားဆီးခဲ့ရတာပါ"လို့ ပြောဆိုပါတယ်။

မန္တလေးမြို့မှာရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတဟာ ဒီနေ့မနက် အမျိုးသား ကဇာတ်ရုံမှာကျင်းပတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားအပြီး တိုင်းသမ၀ါယမအသင်းချုပ်ပိုင် နို့ချက်စက်ရုံဆီအသွား လမ်းမှာ မြရည်နန္ဒာရပ်ကွက်သူ၊ ရပ်ကွက်သား (၃၀)ခန့်က အခုလို ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။
မြန်မာဓိက



တရုတ်စီမံကိန်းက မြန်မာနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းမှုများ ဖြစ်ပေါ်အောင် မီးမွှေးနေသလို့

ဘန်ကောက်၊ မေ ၁၁
တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသား ၁၀ ဦးဟာ လာမယ့် မေ ၁၃ ရက်မှာ ရာဇ၀တ်မှုပုဒ်မ (Criminal Charges) များနဲ့ တရားရင်ဆိုင်ရဖို့ရှိကြောင်း Human Right Watch အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းဒေသခံတွေဟာ ခွင့်ပြုချက်မရဘဲ တရုတ်စီမံကိန်းကို ဧပြီ ၁၈ ရက်က ကန့်ကွက်ဆန္ဒပြခဲ့မှုကြောင့် အခုလို တရားစွဲဆိုခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအာဏာပိုင်တွေဟာ မြေယာအရေး၊ သတ္တုမိုင်းအရေးနဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုနဲ့ (၂၀၁၁ ခုနှစ်၊ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်ဥပဒေအရ) ဖမ်းဆီးတရားစွဲဆိုမှုတွေ ရှိခဲ့ပြီး ဒီဥပဒေဟာဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနဲ့ ညီညွတ်မှုမရှိဘူးလို့
HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုယ့်ရဲ့ အခြေခံအခွင့်အရေးကို အသုံးပြုပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကျဉ်းထောင်တွေထဲ ထပ်မပို့သင့်ဘူး။ အခုတော့ မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသား အမျိုးစားသစ်တစ်ခု ဖန်တီးနေတာပဲလို့ HRW ရဲ့ အာရှရေးရာလက်ထောက် ဒါရိုက်တာ ဖီးလ်ရောဘတ်ဆန်က ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ဆန္ဒပြခွင့်နှစ်ကြိမ်တိုင်တိုင် လျှောက်ထားခဲ့ပေမယ့် မဒေးကျွန်းဟာ အရေးပေါ်အခြေအနေအောက်မှာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နှစ်ကြိမ်လုံး ငြင်းပယ်ခံခဲ့ရတယ်။
HRW ရဲ့ လေ့လာတွေ့ရှိချက်အရ ရခိုင်ပြည်နယ် အခြားဒေသတွေမှာ
ရခိုင်-ဘင်္ဂါလီ အဓိကကရုဏ်းတွေရှိခဲ့ပေမယ့် မဒေးကျွန်းမှာတော့ ဘယ်လိုပြဿနာမှ မရှိခဲ့ဖူးဘူးလို့ ဒီထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြပါတယ်။
မြန်မာဓိက 
REF; Human Right Watch

ရန်ကုန်- ဒလ သင်္ဘောခ ငါးဆယ်ကျပ်ဖြစ်ရေးတောင်းဆိုနေ(ဓါတ်ပုံသတင်း)

ရန်ကုန်၊ မေ ၁၂။ ရန်ကုန်- ဒလ သင်္ဘောခ ငါးဆယ်ကျပ်ဖြစ်ရေးတောင်းဆိုနေသောမြင်ကွင်းများ



ပြည်သူများ ပြတ်သားရန် လိုအပ်လာပြီဟု ၈၈မျိုးဆက်ကျောင်းသားများမှ ကိုပြုံးချိုပြောကြား

*ကျောက်မဲ၊ မေ ၁၁။*
*၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ယနေ့ည ၈ နာရီခန့်တွင်
ကျောက်မဲမြို့ရှိ ဒေသခံပြည်သူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ဟောပြောပွဲတစ်ရပ်ကို
ကျင်းပပြုလုပ်ရာ ပြည်သူအတွက် ပြတ်ပြတ်သား ရပ်တည်ရန် လိုအပ်ကြောင်း ၈၈မျိုးဆက်မှ ကိုပြုံးချိုက
ပြောကြားခဲ့သည်။
*

*“မပီမပြင် လုပ်ဆောင်နေတဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေး နေရာတွေမှာ ညီအကိုတွေကို တွေ့ချင်ပါတယ်၊
တကယ်ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်မှု မရှိရင် နောင်တချိန်မှာ အစားထိုးဖို့ လုပ်ဆောင်ရလိမ့်မယ်”ဟု
ကိုပြုံးချိုက ပြောကြားသည်။*

*အစိုးရအနေဖြင့် မည်သည့်နေရာ၊ မည်သည့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည်ကို သေချာစွာ
ရှင်းလင်းမှုမရှိဘဲ မိမိတို့၏နေရာ ပိုင်နက်အတွင်း လာရောက်လုပ်ကိုင် ဆောင်ရွက်နေသည်ကို လက်သင့်
မခံနိုင်ကြောင်း၊ ယခုကဲ့သို့ ပွင့်လင်းလာသည့် အချိန်တွင် ပြည်သူကို ဖိနှိပ်ရန် ကြိုးစားလာပါက ယခင်ကကဲ့သို့
ခေါင်းငုံ့ခံနေမည် မဟုတ်ဘဲ ပြန်လည် တုံ့ပြန်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။*

*ယခုအချိန်တွင် လွှတ်တော်တွင်း လူ့အခွင့် အရေး၊ ဒီမိုကရေစီ အရေးဟု ပြောဆိုနေကြသူများသည် ယခင်ကာလက ဒီမိုကရေစီနှင့် လူ့အခွင့် အရေးအတွက် ကြိုးစားခဲ့သူများကို ထောင်သွင်းအကျင်းချခဲ့သူများ ဖြစ်သော်လည်း ယခုကဲ့သို့ ပြောင်းလဲမှုအပေါ် ဝမ်းမြောက်မိကြောင်း၊ ထိုသူ့ပြောင်းလဲမှုသည် မိမိတို့ ရပ်တည်ချက်၊ ယုံကြည်ချက်တို့ မှန်ကန်ကြောင်းကို ၎င်းတို့ကိုယ်တိုင် သက်သေပြုလိုက်ခြင်း ဖြစ်ကြောင်း ဦးမင်းဇေယျာက ပြောကြားသည်။*

*လွှတ်တော်တွင် ပြည်သူ့အသံ လွှတ်တော်အသံ ပြည်သူ့ဆန္ဒဟု ပြောဆိုနေသော်လည်း အမှန်တကယ်တွင် ပြည်သူများ အမှန်တကယ် လိုအပ်၍ တောင်းဆိုနေမှုများကို ဆောင်ရွက်ပေးသင့်ကြောင်း၊ လယ်ယာ သိမ်းဆည်းခံရမှုများ၊ လျှပ်စစ်မီးပျက်မှုများကို ပြည်သူများမှ တောင်းဆိုနေသော်လည်း ယခုချိန်ထိ ဖြေရှင်းပေးခြင်း
မရှိသေးခြင်းမှာ ပြည်သူများ၏ တောင်ဆိုမှုကို  မသိရှိသေး၍ ဖြစ်နိုင်ကြောင်း ဦးမင်းဇေယျာက ဆက်လက်
ပြောကြားသည်။*

*ပြည်သူများအနေဖြင့် “ငါ့မထိရင် ငါမသိဘူး၊ ငါ့ကိုထိမှ ငါသိမယ်” ဟူသည့် သဘောထားမျိုး မထားဘဲ
အားလုံး ဝိုင်းဝန်း ဆောင်ရွက်မှသာလျှင် နိုင်ငံအတွက် အကျိုးရှိမည် ဖြစ်သောကြောင့် တိုင်းရင်းသား
အားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဦးမင်းဇေယျာက ဥပမားများဖြင့် ပြောကြားခဲ့သည်။*
*ဝေယံ*
*မြန်မာ့ခေတ်*

လူမှုကူညီရေးအသင်းက လေဘေးသင့်ကျေးရွာပြည်သူများသို့ သွားရောက်ကူညီလှူဒါန်း

May 11, 2013
စစ်ကိုင်းမြို့ သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီး၏ ပဓါန နာယက၊ လေးကျွန်းမြေအုဠ်ကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မပီယာလင်္ကာရ ၊အသင်းဥက္ကဌ ဦးဇော်ဝင်းအောင်တို့ ဦးဆောင်သည့် အသင်းသူ အသင်းသားများသည် စစ်ကိုင်းမြို့သူမြို့သားများနှင့် စေတနာရှင်များ  ၀ိုင်းဝန်းကူညီလှူဒါန်း ကြသည့် အလှူငွေများနှင့် ထောက်ပံ့ကူညီရေးပစ္စည်းများအား မိုးသက်လေပြင်းဒဏ် ခံစားခဲ့ကြရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ်၊ မင်းကျီကျေးရွာ၊ လေဘေးသင့်ပြည်သူများထံသို့ မေလ-၁၀ရက်နေ့တွင် သွားရောက်လှူဒါန်းကူညီ ကြကြောင်း သိရသည်။မေလ-၁ရက်နေ့ ညနေပိုင်းက တိုက်ခတ်သွားခဲ့သည့် လေပြင်းဒဏ်ကြောင့် ၀က်လက်မြို့နယ်၊ မင်းကျီ်ကျေးရွာတွင်စေတီတော်-၁၄ဆူ ၊ဘုန်းတော်ကြီးကျောင်းတိုက်-၁၁ကျောင်း၊ တိုက်နယ်ပြည်သူ့ဆေးရုံအဆောက်အဦ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အဆောက်အဦ- (၉) လုံးနှင့် လူနေအိမ်ခြေ-(၅၇၈)လုံးတို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။  လေးကျွန်းမြေအုဠ်ကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မပီယာလင်္ကာရနှင့် သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးက ဘုန်းတော်ကြီးကျောင်းတိုက်(၉) ကျောင်းတို့အား အလှူငွေကျပ်တစ်သိန်းစီ၊ ပိုမိုထိခိုက်ပျက်စီးခဲ့သည့် စိတ္တသုခကျောင်းနှင့် မိုးကောင်းကျောင်းတိုက်တို့အား အလှူငွေ ကျပ်နှစ်သိန်းစီ၊ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်-၁၁ကျောင်းမှ သံဃာတော်များအား သင်္ကန်း(၇၇) ထည်၊ ထီးအချောင်း(၄၀)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွက် အလှူငွေ ကျပ်ဆယ်သိန်း၊ တိုက်နယ်ပြည်သူ့ ဆေးရုံအတွက် အလှူငွေ ကျပ်ငါးသိန်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီသို့ အလှူငွေကျပ်ငါးသောင်းနှင့် လေဘေးသင့်ကျေးရွာသူ ကျေးရွာ သားများအတွက် ကျပ်သိန်းငါးဆယ်ကျော်တန်ဖိုးရှိသည့်အ၀တ်အထည်နှင့်အိမ်သုံးပစ္စည်းများကို ကျေးရွာအရောက် သွားရောက်ပေးအပ်လှူဒါန်းကြောင်း သိရသည်။

“မေလအတွင်းမှာလေပြင်းသင့်ပြီး  ပျက်စီးဆုံးရှုံးကြတဲ့ကျေးရွာရပ်ကွက်တွေကတော့ တော်တော်များတယ်။  အသင်းကြီးရဲ့စွမ်းနိုင်သမျှအင်အားနဲ့ သတင်းစောစောရတဲ့ မင်းကျီရွာကို လာလှူဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ လေဘေးသင့်တဲ့ မင်းကျီရွာကို ဆန်လှူဖို့ စီစဉ်လာခဲ့တယ်။ ဒါပေမယ့် မင်းကျီရွာက ဆန်စပါးထွက်တဲ့ကျေးရွာဖြစ်နေလို့ ဆန် မလှူဖြစ်တော့ဘူး။ လှူဖို့ရည်ရွယ်ထား တဲ့ ဆန်ကို လေဘေးဒဏ်ခံရတယ်လို့ သတင်းရထားတဲ့ မြောင်မြို့နယ်ကို သွားလှူကြမှာပါ ။”ဟု စစ်ကိုင်းမြို့ သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီး၏ ပဓါန နာယက၊ လေးကျွန်းမြေအုဠ်ကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မပီယာလင်္ကာရက မိန့်ကြားပါသည်။

ဝက်လက်မြို့နယ်၊ မင်းကျီရွာသည် စစ်ကိုင်းမြို့နှင့်မိုင်-၅၀ကျော်ကွာဝေးပြီးဘုန်းတော်ကြီးကျောင်းတိုက်-၁၁ကျောင်း၊ တိုက်နယ်ပြည်သူ့ဆေးရုံ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် အိမ်ခြေတစ်ထောင့်တစ်ရာကျော်ရှိသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်ကြောင်း သိရသည်။မေလတစ်ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် လေပြင်းဒဏ်ကြောင့် စေတီတော်-၈ ဆူမှာ ထီးတော်နှင့်တကွ ချယားသီးမှ ပြတ်ကျကာမြေခပျက်စီးသွားခဲ့ပြီးအခြားစေတီ-၆ ဆူလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။ ဘုန်းတော်ကြီးကျောင်း-၃ကျောင်းနှင့် လူနေအိမ်-၂၁၃ လုံး ပြိုပျက်ခဲ့ပြီး  စာသင်ကျောင်းဆောင်-၉လုံး၊ တိုက်နယ်ဆေးရုံးအဆောက်အဦး-၁ လုံးနှင့် အိမ်ခြေ-၄၆၅လုံးတို့လည်း ခေါင်မိုးများ လွှင့်စင်ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ သက်တမ်းရင့်သစ်ပင်ကြီးအများစုမှာ လဲပြိုပြတ်ကျခဲ့ရပြီး  စိုက်ပျိုးထားသည့် ငှက်ပျောခြံများလည်း  အပင်များကျိုးကျလဲပြိုဆုံးရှုံးခဲ့ကြကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စစ်ကိုင်းမြို့သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးသည် မေလ-၉ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြောင်မြို့နယ်သို့လည်း သွားရောက်ကူညီလှူဒါန်းရန် စီစဉ်ထားကြောင်း သိရသည်။
နန္ဒာမင်းလွင်
BBC Burmese

ရခိုင် ဆိုင်ကလုန်း အန္တရာယ် သတိပေး

Tropical storm "One"Tropical storm "One"
11.05.2013
One လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းလမ်းကြောင်းဟာ  မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဦးတည်လာနေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဝင်နိုင်ခြေရှိပါတယ်။ ရခိုင်ဒေသခံပြည်သူတွေအနေနဲ့ မုန်တိုင်း ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင် ထားပြီး ရေဒီယိုကနေ တဆင့်နိုးဆော်ချက်တွေကို နားစွင့်ပြီး သတိအနေအထားနဲ့ အသင့်ရှိနေကြပါလို့  ဒေသခံအာဏာပိုင်တွေနဲ့ မိုးလေဝသပညာရှင်တွေဘက်က အဆက်မပြတ် နိုးဆော်မှုတွေ လုပ်ဆောင်နေပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးပါမယ်။

အခု မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ဦးတည်လာနေတဲ့ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း One ရဲ့ လမ်းကြောင်းဟာ ရခိုင်ကမ်းရိုးတန်းကိုရော ကုန်းတွင်းပိုင်းကိုပါ ဦးတည်ပြီးတော့ ဝင်ရောက်တိုက်ခတ် လာနိုင်ခြေရှိတဲ့ အတွက် ဒေသခံပြည်သူတွေအနေနဲ့ သတိအနေအထားမှာ အသင့်ရှိနေကြပါလို့  ဒေသတွင်းမှာ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေဘက်က မုန်တိုင်း သတိပေးနိုးဆော်ချက်တွေနဲ့ အဆက်မပြတ် ဆော်သြပေးနေကြပါတယ်။

ရေဒီယိုကနေတဆင့်လည်း အချိန်နဲ့တပြေးညီ မုန်တိုင်း သတိပေး နိုးဆော်ချက်တွေ ကို တောက်လျောက် သတိပေးနေတဲ့ အတွက် ပြည်တွင်းရေဒီယိုဖြစ်တဲ့ ပဉ္စဝတီ FM ရေဒီယို ထုတ်လွှင့်ပေးနေတဲ့ မုန်တိုင်းသတိပေးချက်တွေကို မပြတ် စောင့်ကြည့် နားစွင့်ထားကြပါလို့လည်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

“ကြိုတင်ပြီး ကာကွယ်လို့ရအောင် လိုက်ပြီးဆော်သြနေပါတယ်။ ကျနော်တို့ ရေဒီယို အမြဲတမ်း နားထောင်မှ ရမှာလေ။ ပြည်သူတွေကိုလည်း ပြောပြီးသား၊ ကျနော်တို့  ပဉ္စဝတီကနေ နာရီဝက် တစ်ကြိမ် လွှင့်ပါတယ်။ အဲ့တာကို နားထောင်ပြီးတော့ ကြိုတင်ပြင်ဆင်ဖို့ပြောထားပြီးသား၊ မုန်တိုင်းရဲ့ ဘေးလွတ်တဲ့နေရာတို့၊ နောက် ကျနော်တို့ ကြိုတင် ဇာတ်တိုက်လေ့ကျင့်ထားတဲ့အတိုင်း အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းဖို့၊ အဲ့တာတွေ ကိုယ်နဲ့မကွာဖို့ ၊ စားနပ်ရိက္ခာတွေသယ်ဖို့ ကျနော်တို့ ဇာတ်တိုက်တဲ့အထဲမှာ ပါပါတယ်။ အဲ့ဒီ့အတိုင်း ကြိုတင်ဆောင်ရွက်ထားဖို့ လိုက်ပြီးဆော်သြနေပါတယ်။ အဓိကအချက်ကတော့ ကမ်းဝေးမှာသွားတဲ့လှေတွေ၊ မုန်တိုင်းခိုတဲ့နေရာ၊ သတ်မှတ်ထားတဲ့နေရာတွေကို ပြန်ဝင်ဖို့ ၊ နောက် အရေးကြီးတဲ့ပစ္စည်းတွေကို ကိုယ်ရေရှောင်တဲ့နေရာ၊မုန်တိုင်းရှောင်တဲ့နေရာကို တပါတည်းယူဆောင်သွားဖို့ အဲ့တာလေးတွေ ကျနော်ပြောချင်ပါတယ်။”

တစ်နာရီကို မိုင် ၁၀၀ကျော်နှုန်းနဲ့ တိုက်ခတ်မယ့် ပြင်းအားကြီး ဆိုင်ကလုန်းဖြစ်တဲ့ အတွက် မုန်တိုင်းတိုက်ခတ်ချိန်မှာ မိုးကြီး လေထန်ပြီး မြစ်ရေလျှံနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် မုန်တိုင်းတိုက်နေတဲ့ အချိန်မှာ ဒေသခံတွေအနေနဲ့ လုံခြုံတဲ့နေရာ ဘေးလွတ်ရာ နေရာတွေကို ရှောင်ရှားပြီး နေထိုင်ကြဖို့ကိုလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်ကပြောပါတယ်။

“မိုင်တစ်ရာကျော်ဆိုတာ အန္တရာယ်ရှိတဲ့အဆင့်ပဲလေ။ တစ်ရာကျော်တိုက်ရင် အနည်းဆုံး ရေက လေး၊ ငါးပေ တက်မှာပဲ၊ မုန်တိုင်း ခန့်မှန်းထားတဲ့အတိုင်း အဲ့ဒီ့နေ့မှာ အဲ့ဒီ့ကို ရောက်ပြီဆိုတာ ဒါတော့ သတင်းကို  အပ်ဒိပ်လုပ်ဖို့ လိုတာပေါ့နော်။ အပြောင်းအလဲရှိချင်လည်း ရှိမှာပေါ့။ ဒါတော့ ကျနော်တို့လည်း အာမ မခံနိုင်ဘူး။ သို့သော် လောလောဆယ်တော့ ဒီကိုသွားမယ် မှန်းထားတယ်။ တကယ်လို့ အဲ့ဒီ့အတိုင်း မှန်းထားတဲ့အတိုင်း၊ အဲ့ဒီ့အချိန်မှာ လေဟာ တစ်ရာ၊ တစ်ရာ့ငါးမိုင်လောက် တိုက်နေမယ်ဆိုရင် လှိုင်းကြီးနိုင်တယ်၊ အဲ့တာကြောင့် ပင်လယ်ပြင်သွားလာတဲ့ခရီးကို ရှောင်ရင်ကောင်းတယ်၊ ဟုတ်လား၊ သင်္ဘောငယ်လေးတွေဆို ကမ်းက အဝေးကြီး မသွားပါနဲ့။ နောက်ပြီးတော့ လေပြင်းတိုက်တဲ့အတွက် အိမ်တွေ၊ ဓာတ်တိုင်တွေ၊ သစ်ပင်တွေ၊ လဲနိုင် ပြိုနိုင်တယ်။

နောက်ပြီးတော့ တခါ အနိမ့်ပိုင်းမှာနေရင် ရေတက်တဲ့အန္တရာယ်ကို သတိထားမယ်။ အရင်တုန်းက ကိုယ့်အိမ်ထဲမှာ ကိုယ်နေရင် လုံခြုံပြီလို့ထင်ကြတယ်။ မဟုတ်ဘူး မုန်တိုင်း ဒီရေဆိုတာ ပင်လယ်ထဲက ရေတွေ ကမ်းပေါ်အထိ တက်လာတာ ကမ်းပေါ်အထိ တက်လာတာ၊ အဲ့တော့ တကယ်ရေတက်မယ်ဆိုရင် လွတ်ရာကင်းရာ ပြောင်းဖို့လိုတယ်။ ဒါတွေတော့ ကျနော်ပြောနေတာပဲဗျ။”

ရခိုင်ဘက်မှာ မုန်တိုင်းဘေး မကြာခဏဖြစ်လေ့ရှိတဲ့အတွက် ရခိုင်ဒေသခံတွေအနေနဲ့ မုန်တိုင်းဘေးနဲ့ ပတ်သက်ပြီးတော့ သတိထားရမယ့် အချက်တွေကို သိထားကြတယ် ဆိုပေမယ့် အခုတိုက်ခတ်လာနိုင်တဲ့ မုန်တိုင်းဟာ အန္တရယ်များတဲ့ အဆင့်ဖြစ်တာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့  တာဝန်ရှိသူတွေက ရေဒီယိုကနေ အဆက်မပြတ် ထုတ်လွှင့် ကြေညာပေးနေတဲ့ မုန်တိုင်း သတိပေးနိုးဆော်ချက်တွေကို နားထောင်ပြီးတော့ ကြိုတင်ပြင်ဆင် ထားသင့်တာတွေကို လုပ်ဆောင်ထားကြပါလို့ ရခိုင်သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ထပ်ပြီးတော့ သတိပေးပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ တစ်နာရီကို ၁၀၅ မိုင်နှုန်းနဲ့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်နဲ့ ရခိုင်ကမ်းရိုးတမ်းမြောက်ပိုင်း တလျောက်ကို ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊ လှေတွေ၊ နောက် ခရီးသည်တင် သင်္ဘောတွေ  အထူးသတိထားပြီး မုန်တိုင်း ရှောင်ရှားကြဖို့ကိုလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြောဆိုပါတယ်။

အခုလို တာဝန်ရှိသူတွေဘက်က ဒေသခံတွေအတွက် ONE ဆိုင်ကလုန်းမုန်တိုင်း တိုက်လာရင် ဖြစ်လာနိုင်ခြေ ရှိလာတာတွေအတွက် မုန်တိုင်းသတိပေးချက်တွေကို အဆက်မပြတ် ဆော်သြ နိုးဆော်မှုတွေ လုပ်ဆောင်နေသလိုပဲ ဒေသခံ အဖွဲ့အစည်းတွေ၊ ကျမ်းမာရေးအဖွဲ့တွေ၊ လူမူရေးအဖွဲ့အစည်း၊ NGO တွေနဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်လို့ ရခိုင်သတင်းပြန်ကြားရေး အဖွဲ့ကလည်း ဆိုပါတယ်။

“ ကျနော်တို့အစိုးရအဖွဲ့ကတော့ ဘာလုပ်ရမယ်ဆိုတာ ကျနော်တို့ပြင်ဆင်ထားတဲ့ အပိုင်းအတိုင်း ပြင်ထားပါတယ်။ အဓိကကတော့ ပြည်သူတွေအပိုင်းက ပိုအဓိကကျတယ်။ အစိုးရအနေနဲ့ ဘာဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတဲ့အချက်လေးတွေ၊ ကြက်ခြေနီအဖွဲ့တို့ လူမှုရေးအဖွဲ့တွေ ဘာတွေ အကုန်လုံးက ကြိုတင်လုပ်ထားပြီးသားပါ ခင်ဗျ။”

အခု အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာနေပြီးတော့ ဘင်္ဂလားပင်လယ်အော် ကို ဖြတ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ခြမ်းဒေသတွေကို အင်အားပြင်းမုန်တိုင်းတခုအဖြစ် ဒီရက်ပိုင်းအတွင်းမှာပဲ ၀င်ရောက်လာနိုင်တဲ့အကြောင်း အမေရိကန် လေတပ်နဲ့ရေတပ်ပူးတွဲ မုန်တိုင်းစောင့်ကြည့် သတိပေးဌာန (JTWC) က မိုးလေ၀သပညာရှင်တွေကလည်း သတိပေးထားတာပါ။

အဲဒီဒေသတွေကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ တစ်နာရီကို မိုင် ၁၀၀ ကျော်နှုန်းနဲ့၊ ဆိုင်ကလုန်း မုန်တိုင်းအဆင့် သတ်မှတ်ချက်အရတော့ အဆင့် ၂ အနေအထားနဲ့ ၀င်ရောက် တိုက်ခတ်လာနိုင်တယ်လို့ သတိပေးပြောဆိုနေတာဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း One ဟာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ကမ်းရိုးတန်းဒေသတွေကို မေလ ၁၄ ရက်မနက်၂ နာရီဝန်းကျင်လောက်မှာ ဖြတ်ပြီး၊ ကုန်းတွင်းပိုင်းအထိ ဖြတ်ကျော် ၀င်ရောက်နိုင်ဖွယ် ရှိတယ်လို့ JTWC ရဲ့ မိုးလေ၀သ စောင့်ကြည့် ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။

လေပြင်းမုန်တိုင်းနဲ့အတူ နောက်ဆက်တွဲ မိုးအကြီးအကျယ်ရွာသွန်းမှုတွေ နဲ့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်လာနိုင်တာကြောင့်၊ ဒေသတွင်းက အဆောက်အဦးတွေ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးနိုင်ပြီး လူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ဖြစ်တယ်လို့လည်း မုန်တိုင်း သတိပေးဌာနက ပြောဆိုထားပါတယ်။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ၆ ပေထက်မနည်း လှိုင်းကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ အနေနဲ့ ဒီမုန်တိုင်း သတိပေးချက်တွေကို နားစွင့်ပြီး သတိထားနေသင့်တယ်လို့ အမေရိကန် အာကာသစူးစမ်းလေ့လာရေးဌာန NASA ကလည်း သတိပေးထားပါတယ်။
မဆုမွန်
VOA Burmese

၈၈မျိုးဆက်များ ကျောက်မဲလူထုနှင့် တွေ့ဆုံဆွေးနွေး

၈၈မျိုးဆက်များ ကျောက်မဲလူထုနှင့် တွေ့ဆုံဆွေးနွေး ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းခရီးစဉ်အဖြစ် ရောက်ရှိနေကြသော ၈၈မျိုးဆက်အဖွဲ့သည် ယနေ့ မေလ ၁၁ ရက်၊ နံနက် ၉း ၀၀ နာရီတွင် နမ့်ဆန်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ကျောက်မဲမြို့သို့ မွန်းလွဲ ၁း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြရာ ကျောက်မဲမြို့မှ ဒေသခံများ၊ တိုင်းရင်းသားများက အဆို၊ အတီး၊ အကများဖြင့် ကြိုဆိုခဲ့ကြသည်။

ယနေ့ ည ၇း ၀၀ နာရီ အချိန်တွင် ကျောက်မဲမြို့၊ အမှတ်(၁) ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ ငွေပုဂံ ခန်းမ၌ “၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း” နှင့် ကျောက်မဲမြို့ရှိ ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ကျောက်မဲဒေသခံ ကျောင်းသူကျောင်းသားများက မင်းကိုနိုင် ရေးစပ်ခဲ့သော ခွပ်ဒေါင်းအလံ သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

၎င်းနောက် ကိုကိုလှိုင်က အခမ်းအနားတက်ရောက်လာသော ပရိသတ်ကို ၈၈မျိုးဆက်အဖွဲ့သားများနှင့် မိတ်ဆက်ပေးခဲ့ပြီး ပြုံးချို၊ မင်းဇေယျနှင့် မင်းကိုနိုင်တို့က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာများကို ဆွေးနွေးပြောကြားသွားခဲ့ကြသည်။

အပြန်အလှန် မေးမြန်းဆွေးနွေး ဖြေကြားခြင်းကဏ္ဍအပြီး ည ၁၀း ၁၅ နာရီတွင် အခမ်းအနားရုတ်သိမ်းခဲ့ကြသည်။
88 Generation Students






ပြည်မြို့တွင် လေဘေးသင့် ပြည်သူများအား အစိုးရအဖွဲ့မှ ကူညီ

ပြည်၊ မေ ၁၁။
မေလ ဆယ်ရက်နေ့ နံနက်၉နာရီခွဲ အချိန်တွင် ပြည်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌် အစိုးရအဖွဲ့မှ
ပေးအပ်သော အလှူငွေများ ကို လေဘေးသင့်ပြည်သူများအား ကိုယ်တိုင်ကိုယ်ကျ ပေးအပ်သော အခမ်းအနားတစ်ရပ် ပြုလုပ်ကျင်းပခဲ့ ကြောင်းသိရသည်။

“အစိုးရအဖွဲ့မှာ ကယ်ဆယ်ရေး ပစ္စည်းတွေရှိတယ်။ ကြက်ခြေနီနဲ့ (NGO)အဖွဲ့အစည်းတွေ ရှိတယ်။
တကယ်ဖြစ်လာရင် တစ်ဦးတစ်ယောက်ချင်း လှူတာလေးတွေရှိတယ်။ အထိုက်အလျောက်တော့ ပြည်သူတွေရဲ့ အခက်အခဲကိုအကူအညီ ပေးနိုင်တယ်။ နဲကောင်းနဲနိုင်မယ်။ အစိုးရအဖွဲ့ကို ပြည်သူတွေက အမြင်ကြည်လင်ပေးဖို့ လိုမယ်”ဟုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ပြောကြားခဲ့သည်။

ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မီးတောင်ပေါက်ကွဲမှုတို့သည် ကြိုတင်ကာကွယ်၍ မရသော သဘာဝ အန္တရာယ်ဆိုးကြီးများဖြစ်ကြောင်း၊ မီးဘေးအန္တရာယ် တစ်ခုသာ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ
လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှလည်း မြို့နယ်အသီးသီးသို့ ပျက်စီးဆုံးရှုံးမှုအရ
တတ်နိုင်သလောက် ခွဲဝေအကူအညီပေးရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

လေဘေးကြောင့် နေအိမ်ပြိုကျခဲ့သူ န၀င်းနယ်မြေမှ(၁၇)ဦး၊ ငါးရွာအုပ်စုမှတစ်ဦး၊
ပြည်သာယာမှ(၃)ဦး၊ စုစုပေါင်း(၂၁)ဦးအား တစ်ဦး လျှင်(၄၅၀၀၀)ကျပ်ဖြင့် (၉၄၅၀၀၀)ကျပ်အား
မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကိုယ်ကျ လက်ရောက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်ပေးအပ်ပွဲမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၆၇က်နေ့ နေ့လည် တစ်နာရီအချိန်၌
အိမ်ပြိုကျသူများ တစ်ဦးလျှင် စောင်သုံးထည်၊ ဒန်အိုးသုံးလုံး၊ ပုဆိုးနှစ်ထည်၊ ထမီနှစ်ကွင်း၊ အကျီင်္တစ်ထည်၊
တီချပ်နှစ်ထည်၊ မျက်နှာသုတ် ပုဝါတစ်ထည်၊ ဖိုက်ဘာပန်းကန်လေးချပ်၊ သံဇလုံတစ်လုံး၊ စတီးဇွန်းလေးချောင်း၊ မိုးကာအဖြူနှစ်ခု၊ တူတစ်လက်၊ ဆပ်ပြာမွှေးတစ်တောင့်၊ ခြင်ထောင်တစ်လုံး၊ ငွေသားငါးထောင်၊
ခရိုင်ရုံးပုလဲသီတာ ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့တွင် မေလ(၃)ရက်နေ့၌ မိုးရွာသွန်းစဉ် လေပြင်းတစ်နာရီခန့် တိုက်ခတ်ခဲ့ပြီး လူနေအိမ်(၂၁)လုံး
ပျိုကျခဲ့ပြီး နေအိမ်(၂၀၀)ကျော် ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း သိရသည်။
မောင်ရေခဲ(ပြည်)
မြန်မာ့ခေတ်

အမ်းမြို့မှာဖမ်းမိတဲ့ သံဃာအယောင်ဆောင် ဘင်္ဂါလီတွေကို ရုံးတင်စစ်ဆေး

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သံဃာအယောင်ဆောင် မူဆလင် ၈ ဦးထဲက ၆ ဦးကို အမ်းမြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရုံးတင်စစ်ဆေးနေပြီး ကျန် ၂ ဦးကိုလည်း ထပ်မံအရေးယူဆောင်ရွက်နေပြီလို့ သိရပါတယ်။

ကျန် ၂ ဦးကို တရားစွဲဆိုနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမ်းမြို့နယ် လဝကဦးစီးမှူး ဦးအောင်ကျော်မြင့်က RFA ကို ဒီကနေ့ ပြောပါတယ်။

အခုထပ်မံတရားစွဲဆိုတဲ့ ၂ ဦးထဲက ၁ ဦးမှာ အစိုးရကထုတ်ပေးထားတဲ့ အဖြူရောင် ယာယီသက်သေခံလက်မှတ်ပါရှိတဲ့အတွက် လဝကဥပဒေအရ အရေးမယူပဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အရေးယူတာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူး ဦးအောင်ကျော်မြင့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သင်္ကန်းဝတ် သံဃာအယောင်ဆောင် မူဆလင် ၈ ဦးဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာနဲ့ ခေါင်းတုတ်ကျေးရွာတွေမှာ နေထိုင်တဲ့သူတွေဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ရန်ကုန်ဘက်ကို သွားရောက်ဖို့ CRW ကား အမျိုးအစားနဲ့ စီးနင်းလိုက်ပါလာစဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို စစ်ဆေးချက်အရ ရခိုင်ပြည်နယ်ကနေ ရန်ကုန်အရောက် ပွဲစားခ ကျပ်ငွေ ၁၅ သိန်းပေးဆောင်ပြီး သွားရောက်တာဖြစ်တယ်လို့ အမ်းမြို့နယ် လဝကမှူးက ဆိုပါတယ်။
RFA Burmese


နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com