http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မုံရွာတက္ကသိုလ်တွင် ထိုင်းကျောင်းသားများ လာရောက်ပညာသင်ကြားရန်ရှိ

အသစ်ဆောက်လုပ်နေသော မုံရွာတက္ကသိုလ်တွင်
အောင်ဇေလတ်။ မုံရွာ၊ဧပြီ၊ ၂၁
မုံရွာတက္ကသိုလ်တွင် လာမည့်ပညာသင်နှစ်၌ ထိုင်းကျောင်းသားများလာရောက်ပညာသင်ကြားရန်ရှိကြောင်း သိရပါသည်။

မြန်မာမှုပညာရပ်ကို အင်္ဂလိပ်ဘာသာဖြင့်လာရောက်သင်ကြားမည် ဖြစ်ပြီး မုံရွာဒေသတွင်း ယျဉ်ကျေးမှု များကိုလည်းလေ့လာသင်ကြားသွားမည်ဖြစ်ကြောင်း တက္ကသိုလ်နည်းပြတစ်ဦးကပြောကြားသည်။

ဇေယျာပဒေသာ ဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာမောင်ထူး၏ အဆက်အသွယ်နှင့် ထိုင်းတက္ကသိုလ်တစ်ခုမှ လာရောက်သင်ကြားခြင်းဖြစ်ပြီး ထိုကျောင်းသားများကို သင်ကြားမည့် သင်ခန်းစာများကို မုံရွာတက္ကသိုလ်မှ တာဝန်ယူရေးဆွဲနေကြောင်း သတင်းရရှိပါသည်။
The Villager News

NLD ပညာရေး ကွန်ရက် မြန်မာနိုင်ငံ တဝှမ်း ခရီးဆက်


2013-04-21
NLD ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ဟာ ဒီရက်အပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင် ပြည်နယ်တွေကို သွားရောက်ပြီး၊ ပညာရေး သင်ကြားမှု ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပမယ်လို့ သိရပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကျင်းပနိုင်ဖို့အတွက် ဒေသခံလူထုတွေရဲ့ ပညာသင်ကြားရေး အခြေအနေ တွေကို သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့ အဲဒီကွန်ရက်က ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ သိန်းလွင်က RFA ကို ပြောပါတယ်။

"ရည်ရွယ်ချက်ကပညာရေးမူဝါဒအတွက် ကျောင်းဆရာတွေ၊အငြိမ်းစားကျောင်းဆရာတွေ၊တိုင်းရင်းသား ခေါင်းဆောင်တွေရော၊ကျောင်းသား

မိဘတွေရော၊ဘာသာရေးအဖွဲ့အစည်းတွေရောပေါ့။သူတို့ရဲ့ အယူအဆ ဘယ်လိုရှိတယ်ဆိုတာ ဆွေးနွေးပွဲလုပ်တာ"

ပြီးခဲ့တဲ့ ရက်တွေက ပဲခူးနဲ့ မန္တလေးတိုင်းက ဒေသခံတွေနဲ့ သွားရောက်ဆွေးနွေးခဲ့ပြီး၊တခြားပြည်နယ်နဲ့ တိုင်းတွေကိုလည်း ထပ်မံသွားရောက်ဖို့ရှိတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို လာမယ့် ဇွန်လအတွင်း ရန်ကုန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အပြင် အဲဒီ ညီလာခံက ပညာရေးမူဝါဒမူကြမ်း ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းမှာ ဖြစ်ပါတယ်။
RFA Burmese

ကျပ် ၁၅သိန်း မှသည် ၁၅၀၀ ကျပ်ဆီသို့ မြန်မာ့မိုဘိုင်းလ် ခေတ်ပြောင်း

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအား ဆက်သွယ်ရေး သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အဖြစ် ဝန်ကြီးဌာနအမည်ကို ၂၀၁၂ ခုနှစ်ကတည်းက ပြင်ဆင်သတ်မှတ် လိုက်ပါသည်။ ဖုန်းကတ်များကို အလကား ပေးသင့်ကြောင်း ပြောကြားခဲ့သည်။

အိုင်တီလောကတွင် နာမည်ကြီး သည့် KMD အုပ်စု အကြီးအကဲ ဦးသောင်းတင် ကို ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး နောက် ဖုန်းဆင်းမ်ကတ်များကို လူတိုင်း သုံးစွဲနိုင်ရေးနှင့် မြန်မာနိုင်ငံ ဆက်သွယ်ရေး တစ်ခေတ်အပြောင်းကို မျှော်လင့် လာနိုင်ကြသည်။

မြန်မာ့ဖုန်းဈေးကွက်သည် နှစ်သိန်းတန် ဖုန်းမှသည် နှစ်သောင်းတန်ဖုန်းအထိ သို့လော သို့လော အဖြေရှာမရဖြစ်နေသည်။ သမ္မတကိုယ်တိုင် တန်ဖိုးနည်းဖုန်း ကိစ္စ ပြောလာသဖြင့် လူစိတ်ဝင်စားမှု အများ အပြားရခဲ့ရာမှ ယခုနှစ်ဧပြီလတွင် ဖုန်းလိုင်း ဈေးကို မျှော်လင့်မထားသည့် ၁၅၀၀ ကျပ် ဖြင့် သုံးနိုင်မည်ဆိုသည့် သတင်းက ပြည်သူများ စိတ်ဝင်စားမှုအရဆုံး သတင်းတစ်ပုဒ် ဖြစ်သွားခဲ့သည်။ မြန်မာ့တယ်လီဖုန်း ဈေးကွက်၌ ဆက်သွယ်ရေးဝန်ကြီးဌာန ချုပ်ကိုင်မှုအောက်တွင် ၁၅ သိန်း၊ ၅ သိန်း၊ ၂ သိန်းမှသည် ယခုနောက်ဆုံး ၁၅၀၀ ကျပ် အထိ အဆင့် လျှော့ချလိုက်ခြင်းကြောင့် ယခင်တန်ဖိုးကြီးမြင့်စွာ ဈေးနှုန်းများပေးပြီး ကိုင်တွယ်ခဲ့ရသူများ အနေနှင့် စိတ်မခံချိ မခံသာ ဖြစ်စရာကောင်းလှကြောင်း တန်ဖိုးကြီးလိုင်းကြေး ပေးကာ ဖုန်းကိုင်ဆောင်ခဲ့ ရသူများက ဆိုသည်။

ဖုန်းကတ်များကို မှောင်ခိုမှု ကင်းစေရေးအတွက် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ် ၁၁ ခုတွင် CDMA 800 ကတ်များကို ဦးစားပေး ရောင်းချသွားမည်ဟု ဆိုလာသည်။ CDMA 800 MHz ဖုန်းကတ်များကို ရခိုင်၊ ချင်းနှင့် ကယားပြည်နယ်များမှအပ အခြားပြည်နယ် နှင့် တိုင်းဒေသကြီး များတွင် တစ်လ လိုင်းကတ် သုံးသိန်းခွဲ ရောင်းချသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

တာဝန်ရှိသူများက ပြည်နယ်နှင့် တိုင်းအလိုက် လိုင်းကတ်များကို ရောင်းချပေးမည် ဆိုသော်လည်း ကတ်အရေအတွက် မည်မျှရောင်းချပေးမည်ကို လျှို့ဝှက်ထားခြင်းကြောင့် ပွင့်လင်းမြင်သာမှု မရှိသေးဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင် သင်္ကြန်မတိုင်မီ ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးရုံးများ ရှေ့တွင် ရပ်ကွက်အတွင်း သန်းခေါင်စာရင်း ဖြင့် နေထိုင်သူများကို အိမ်ထောင်စုဝင် တစ်ဦး လျှောက်စနစ်ဖြင့် CDMA 800 MHz ကတ်များချပေးမည်ဟု ကြေညာချက်များ ထွက်လာသည်။ လျှောက်ထားသူ များသည် အစိုးရဝန်ထမ်းမဟုတ်သူ ဖြစ်ရမည် ဆိုသဖြင့် အစိုးရဝန်ထမ်းများ အတွက် သီးခြားအစီအစဉ် ရှိသလောဆိုသည့် မေးခွန်းများထွက်လာသည်။ နှစ်သိန်းတန် ဖုန်းကို ဝန်ထမ်းများအား အကြွေးစနစ်ဖြင့် ရောင်းချပြီးဖြစ်သဖြင့် အကြွေးကျေအောင် ဆပ်ရဦးမည်လော မသိ။

၁၅၀၀ ကျပ်တန်ဖုန်းလိုင်းကို ယခု ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များမှ တစ်ဆင့် ဖြန့်ချိပေးသည့် စနစ်တွင် မဲဖောက်ပေးမည် ဖြစ်ပြီး ကတ်မည်မျှရ၍ မည်မျှမဲဖောက်ပေး မည်ကိုမူ မသိရပေ။

မိုဘိုင်းလ်တစ်ခေတ်ဆန်းသစ်

မြန်မာနိုင်ငံတွင် CDMA တယ်လီဖုန်း စနစ်ကို ၁၉၉၇ ခုနှစ်တွင် အသုံးပြုနိုင်ပြီး GSM စနစ်ကို ၂၀၀၁ ခုနှစ်တွင် စတင်တပ်ဆင် အသုံးပြုနိုင်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် GSM မိုဘိုင်းလ်ဖုန်း တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်းကို ၁၄-၃-၂ဝ၁၂ နေ့မှ စတင်ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် များတွင် ပထမအဆင့် အနေဖြင့် လိုင်းအင်အား ၁၉၅,၃၀၀ ကို တပ်ဆင်ပေးခဲ့သည်။

တိုင်းဒေသကြီးများဖြစ်သည့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ မန္တလေး၊ နေပြည်တော်တို့တွင်လည်း ၂၀-၃-၂၀၁၂ နေ့မှစတင်ပြီး တန်ဖိုးနည်း GSM ဖုန်းများ ကို စတင်ရောင်းချ ပေးနိုင်ရေး ပထမအဆင့် အနေနှင့် တပ်ဆင်ပေးမည့် လိုင်းအင်အား မှာ ၄၃၅,၆၀၀ ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သိပ်သည်းဆ ၁၀ ရာခိုင်နှုန်းတိုးခြင်း သည် တိုင်းပြည်ဝင်ငွေ (GDP) ကို ၁ ဒသမ ၂ ရာခိုင်နှုန်းခန့် တိုးတက်စေရန် ကြံဆောင် ခြင်းဟု ဆိုထားပါသည်။ နိုင်ငံတကာ မိုဘိုင်းလ်ဖုန်း အော်ပရေတာများ၏ အဖွဲ့ အစည်းတစ်ခုဖြစ်သော GSM အဖွဲ့၏ ထုတ်ပြန်ချက်အရ မိုဘိုင်းလ်ဖုန်း သိပ်သည်းဆ ၁၀ ရာခိုင်နှုန်းတိုးတိုင်း ကုန်ထုတ်စွမ်းအား ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာနိုင်သည် ဟုဆိုထားသည်။ အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ (ITU) ၏ လေ့လာတွေ့ရှိချက် တွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တယ်လီဖုန်း လိုင်းသစ်တစ်ခုကို တပ်ဆင်အသုံးပြုတိုင်း တိုင်းပြည်ဝင်ငွေ GDP အမေရိကန် ဒေါ်လာ ၄၅၀၀ ခန့် တိုးပွားစေသည်ဟု ဆို ထားသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်း အသုံးသည် လူဦးရေ၏ ၅ ရာခိုင်နှုန်းမျှပင် မရှိသေးပေ။ ထိုအချိန်၌ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတွင် လူဦးရေ၏ ၅၇ ရာခိုင်နှုန်း၊ လာအိုတွင် ၆၄ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် ၁၀၀ ရာခိုင်နှုန်းကျော် တယ်လီဖုန်းများကို အသုံးပြုနေကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း တစ်လုံးကို အမေရိကန်ဒေါ်လာ ၄၅ မှ ၁၅၀၀ ခန့်အထိ ပေးကိုင်နေကြရသည်။ SIM ကတ် တစ်ကတ်ကိုလည်း ယမန်နှစ်က အထိ အမေရိကန်ဒေါ်လာ ၁၅၀ မှ ၃၅၀ ခန့် အထိ ဝယ်သုံး နေကြရသေးသည်။ ယခုနှစ် ဧပြီလတွင်မှ မိုဘိုင်းလ်ဖုန်း လိုင်းကို မြန်မာ ကျပ်ငွေ ၁၅၀၀ ဖြင့် လာမည့် ၂၄ ရက်နေ့မှ စတင်သုံးနိုင်မည် ဖြစ်ကြောင်း ဆက်သွယ် ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ သတင်းကြေညာချက်တွင် CDMA 800 MHz မိုဘိုင်းလ်ဖုန်းနှင့် WCDMA ကို စတင်ရောင်းချမည်ဖြစ်ပြီး CDMA 800 MHz မရနိုင်သေးသည့် ဒေသများတွင် WCDMA ကို ဦးစားပေးရောင်းချသွား မည် ဟုဆိုသည်။

နိုင်ငံတကာနှင့်ယှဉ်

မြန်မာနိုင်ငံတွင် လူဦးရေ ၆၂ သန်း ခန့်ရှိပြီး လူဦးရေ၏ ၉ ရာခိုင်နှုန်းခန့်သာ မိုဘိုင်းလ်ဖုန်းများကို သုံးစွဲနိုင်ကြသေး သည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် မိုဘိုင်းလ်ဖုန်းများ သုံးစွဲရန် လျာထားသတ်မှတ် ထားကြောင်း ပြည်တွင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
ကမ္ဘောဒီးယားတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်း၊ လာအိုတွင် ၈၇ ရာခိုင်နှုန်း၊ ထိုင်းတွင် ၁၀၀ ရာခိုင်နှုန်းကျော် မိုဘိုင်းလ် ဖုန်းများကို သုံးစွဲနေကြသည်။

မြန်မာနိုင်ငံ မိုဘိုင်းလ်စနစ်တွင် သုံးစွဲနေသည့် ရေဒီယိုလှိုင်းပမာဏမှာ GSM အတွက် 900 MHz နှင့် 1800 MHz စနစ်ဖြစ်ပြီး WCDMA အတွက် 800 MHz စနစ်၊ UMTS အတွက် 2100 MHz စနစ်များဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် ဒီဇင်ဘာလ အထိ မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅ ဒဿမ ၄၄ သန်းရှိကြောင်း သိရသည်။ နိုင်ငံလူဦးရေ အချိုးနှင့်ကြည့်လျှင် ၉ ရာခိုင်နှုန်း ခန့်သာ သုံးစွဲနိုင်သေးသည့် သဘော ဖြစ်သည်။ လူဦးရေ၏ ၁ ဒဿမ ၃ ရာခိုင်နှုန်းသည် လိုင်းဖုန်းများကို သုံးစွဲနေကြပြီး broadband အင်တာနက် သုံးစွဲနိုင်သူဦးရေမှာ သုည ဒဿမ ၀၃ ရာခိုင်နှုန်းဖြစ်သည်။

နာဂစ်ပြီးချိန်မှ စတင်ပြီး CDMA 450 နှင့် တစ်နိုင်ငံလုံးတယ်လီဖုန်း ပြောဆိုနိုင်ရေး ဆောင်ရွက်ခဲ့သည်။ CDMA 450 ဖုန်းသည် Coverage ပေါင်းစုံသုံးနိုင်သည့် ဖုန်းမဟုတ်ပေ။ အိမ်နီးချင်း နိုင်ငံများကို ယူသွားပြီး အသုံးပြုနိုင်သည့် International Roaming ရရှိနိုင်သည့် ဖုန်း စနစ်လည်းမဟုတ်ပေ။ ထို့ကြောင့် GSM စနစ်ကို ထပ်မံတပ်ဆင် အသုံးပြုရသည်။

အပြောင်းအလဲများဖြင့် တစ်ခေတ်ဆန်း

ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာနသည် စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်းဆိုင်ရာ ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများကို ခေတ်စနစ် နှင့်လျော်ညီစေရန် ပြင်ဆင်ရေးဆွဲပါမည် ဟု ဆိုထားသည်။ ထို့ပြင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများအား PPP (Public, Private, Partnership) ပုံစံဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခွင့်များလည်း ပေးတော့မည် ဖြစ်ကြောင်း ဆိုလာသည်။

၂၀၁၃ ခုနှစ်မှစတင်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအား နိုင်ငံတော် ဘတ်ဂျက်အပေါ် မှီခိုခြင်းအသုံးပြုခြင်း မရှိသည့် ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လွှတ်တော်သို့ တင်သွင်းသော အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းအရ သိရှိရသည်။ ထို့ပြင် နိုင်ငံခြား အထောက်အပံ့နှင့် ချေးငွေများ ရယူကာ GSM/UMTS မိုဘိုင်းလ်တယ်လီဖုန်း များကို တိုးချဲ့တပ်ဆင်သွားမည် ဟုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်သွယ်ရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေး အနေနှင့်
၁။ ဖြေလျှော့ခြင်း (Liberalization)
၂။ နည်းဥပဒေများကို ပြန်လည် ပြင်ဆင်ရေးဆွဲခြင်း (Modernization)
၃။ ဆက်သွယ်ရေး ဈေးကွက်ပြိုင်ဆိုင်မှု ပေးခြင်း (Competition)
၎။ နိုင်ငံပိုင်အချိုးအစားများစွာ သိမ်းပိုက်ထားရာမှ ပုဂ္ဂလိကပိုင်အဖြစ် လျှော့ချ အသွင်ကူးပြောင်းခြင်း (Privatization) တို့ကို ပြုလုပ်မည်ဟုလည်း ဆိုထားသည်။

ဝန်နှင့်အားမျှရန်လို

ရန်ကုန်တွင် လူဦးရေ ခြောက်သန်းခန့် ရှိသည်။ လက်ရှိ ရန်ကုန်တွင် ဖုန်းအသုံးပြု နေသည့် ဦးရေ ၃ သိန်းကျော် ၄ သိန်းခန့် ရှိသည်။ လူဦးရေ ၅ သန်းခွဲခန့် ဖုန်းမသုံး နိုင်သည့် အနေအထားတွင်ရှိသည်။ ၅သန်း ခွဲတွင် လက်ရှိရောင်းဈေးနှုန်း ၂ သိန်းဖြင့် ၁၀ ရာခိုင်နှုန်း ဝယ်နိုင်မည်ဆိုလျှင်၊ နောက်ထပ် လူဦးရေ ၅ သိန်းခွဲလောက် ဖုန်းဝယ် သုံးကြလျှင် ယခုတည်ဆောက်ထားသော Network ကွန်ရက်မှာ သုံးသိန်းခွဲခန့်သာ ခံနိုင်သဖြင့် ကွန်ရက်ပြိုလဲသွားနိုင်ကြောင်း ယမန်နှစ် ၂၄-၃-၂၀၁၃ နေ့တွင် ရန်ကုန်မြို့ MICT Park ရှိ မြန်မာအင်ဖိုတက်ခ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း လီမိတက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ဒဿမ အကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင့်လွင်က ပြောကြားခဲ့သည်။ ဦးတင့်လွင် က ဈေးချလိုက်ရင် ဝယ်လိုအား တက်လာမည်၊ ဝယ်လိုအားတက်လာလျှင် ခံနိုင်ဝန်ရှိရန် အရေးကြီးသည်၊ ငွေရေးကြေးရေးနှင့် နည်း ပညာအခက်အခဲ မရှိသော်လည်း နေရာ ဒေသအလိုက် ရနိုင်ရန်အခက်အခဲရှိသည်၊ တည်ဆောက်ရန် အချိန်လိုအပ်သည်ဟု ပြောကြားခဲ့ဖူးသည်။

ယခုအခါ ရန်ကုန်မြို့တွင် တပ်ဆင် ထားသော မိုဘိုင်းလ်ဖုန်းလိုင်း အင်အား၏ ၉၅ ရာခိုင်နှုန်းခန့်ကို သုံးစွဲခွင့်ရနေပြီ ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ လက်ရှိ အနေအထားတွင် မြန်မာနိုင်ငံ၌ Roof-top Mobile Antenna (အိမ်ခေါင်မိုး မိုဘိုင်းလ် အင်တင်နာ) များ တပ်ဆင်ရန် အမြောက်အမြား လိုအပ်နေသေးပြီး တိုးချဲ့တပ်ဆင်နိုင် ခြင်းမရှိပါက ဆက်သွယ်ပြောဆိုမှုများ ပြတ်တောက်နိုင်ကြောင်း အဆိုပါဌာန၏ သတင်း Website တွင် ရေးသားဖော်ပြ ထားသည်။

အနာဂတ် မြန်မာ့ဆက်သွယ်ရေးနှင့် နည်းပညာ

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များအရ မိုဘိုင်းလ်ဖုန်းများကို တိုးချဲ့တပ်ဆင်ရန် အောက်ပါ အတိုင်း လျာထားကြောင်း MPT သတင်း Website တွင်ဖော်ပြထားသည်။

တိုးချဲ့တပ်ဆင်မည့် မိုဘိုင်းလ်တယ်လီဖုန်းလိုင်း အင်အားမှာ
၂၀၁၃-၁၄ ၁၀ သန်း
၂၀၁၄-၁၅ ၁၄ သန်း
၂၀၁၅-၁၆ ၁၅.၅ သန်း
စုစုပေါင်း ၃၉.၅ သန်း ဖြစ်သည်။

ထိုသို့တိုးချဲ့ တပ်ဆင်ပြီးနောက် ဖြစ်ပေါ်လာမည့် တယ်လီဖုန်း သိပ်သည်းဆ မှာ ၂ဝ၁၅-၁၆ တွင် ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်သည်။ တယ်လီဖုန်း သိပ်သည်းဆကို လူ ၁၀၀ လျှင် ဖုန်းမည်မျှ အသုံးပြုနိုင်သနည်း ဆိုခြင်းနှင့် တိုင်းတာပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် ၂၀၁၅-၁၆ တွင် လူဦးရေ ၇၅ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ်ဖုန်းများ သုံးစွဲခွင့် ရရှိလာမည်ဖြစ်သည်။ ထိုသို့ဖြစ် လာစေရန် ပြည်သူများ လက်လှမ်းမီသည့် ဈေးနှုန်းများဖြစ်လာရန် လိုပါသည်။

မြန်မာနိုင်ငံတွင် ၂၀ဝ၁ ခုနှစ်က စတင်ပြီး GSM မိုဘိုင်းလ်ဖုန်းများကို သုံးစွဲနိုင်သော်လည်း အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်ကြသည့် အနေအထားတွင် ရှိခဲ့သည်။ GSM စနစ် မိုဘိုင်းလ်ဖုန်း သုံးစွဲ ခွင့်ရရေးအတွက် ထိုစဉ်က ရင်းနှီးရသည့် ငွေကြေးပမာဏမှာ မြန်မာငွေ ၄ ဒသမ ၅ သန်း (ဒေါ်လာ ၅၂၅၀) ခန့် ဖြစ်သည်။ ထိုအဆင့်မှ GSM စနစ်ဖုန်းသုံးစွဲခွင့်ကို ယမန်နှစ်က ငွေကျပ် ၂ သိန်းအထိ လျှော့ချ ပေးခဲ့သည်။ ယခုနှစ် ဧပြီလမှစတင်ပြီး CDMA စနစ်ကို ငွေကျပ် ၁၅၀၀ ဖြင့် ဝယ်ယူ သုံးစွဲခွင့်ရမည်ဟု ဆိုထားသော်လည်း လူထု အတွင်း ဖြန့်ချိမှုမှာ ရပ်ကွက်အတွင်း မဲစနစ် ဖြင့် ဖြန့်ချိမည် ဖြစ်ကြောင်းနှင့် အရေအတွက် မည်မျှဖြန့်ချိမည်ကို မသိရသေးပေ။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ၌ လူ ၁၀၀ လျှင် ငါးဦးခန့်သာ ဖုန်းသုံးစွဲနိုင်သည့် အနေအထားတွင် ရှိနေသေးသည်။ GSM စီမံကိန်း ပြီးဆုံးလျှင် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းလ်ဖုန်းများကို သုံးစွဲ လာနိုင်မည်ဟု ယူဆရသည်။

ဆက်သွယ်ရေးကဏ္ဍ၏ Reform Plan အရ ကုမ္ပဏီများဖြင့် ပြန်လည်ဖွဲ့စည်းပြီး နှစ်အလိုက် တယ်လီဖုန်း သိပ်သည်းဆနှင့် မိုဘိုင်းလ်လိုင်းများကို တိုးချဲ့တပ်ဆင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

GSM နှင့် CDMA စနစ်များ ကွာခြားချက်


နှစ်မျိုးစလုံး ဒစ်ဂျစ်တယ်စနစ်ဖြင့် အသုံးပြုနိုင်သည်။ GSM စနစ်ကို ကိုရီးယား နှင့် ဂျပန်နိုင်ငံမှအပ ကျန်နိုင်ငံများတွင် အသုံးပြုနေသည်။ CDMA ကို အာရှတိုက်နှင့် အမေရိကတိုက် တို့တွင်သာ အသုံးပြုသည်။

GSM စနစ်ကို SIM (Subscriber Identification Module) ကတ်ဖြင့်သာ အသုံးပြုနိုင်သည်။ CDMA စနစ်ကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ ကန့်သတ်ထားသော ဖုန်းများတွင်သာ အသုံးပြုနိုင်သည်။
GSM စနစ်သည် အသံအရည် အသွေး ၃၅ ကီလိုမီတာအတွင်း ကောင်းစွာ အသုံးပြုနိုင်သည်။ CDMA စနစ်သည် Cell Site ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင် သည်။

GSM သည် နိုင်ငံတကာတွင် အသုံးပြုနိုင်သည့် (International Roaming) စနစ်ဖြစ်သည်။ CDMA ကို နိုင်ငံတကာတွင် အသုံးပြု၍ မရနိုင်ပေ။ GSM စနစ်ကို တန်ဖိုးနည်းဖုန်း များတွင် ထည့်သုံးနိုင်သည်။ CDMA စနစ်ကို တန်ဖိုးကြီးသော Multi-mode, Multi-band ဖုန်းများတွင်သာ အသုံးပြုနိုင်သည်။ GSM စနစ်သည် ရေဒီယိုလှိုင်း အများအပြား သုံးနိုင်သည်။ CDMA စနစ် တွင် လှိုင်းတစ်မျိုးတည်း ကိုသာ အသုံးပြု နိုင်သည်။

CDMA သည် Channel တစ်ခုတည်းနှင့် အထူး Code များကို အသုံးပြုပြီး ကွန်ရက် ချိတ်ဆက်နိုင်သည်။ ထို့ကြောင့် CDMA က ဧရိယာချင်းတူလျှင် GSM ထက်သာသည်။ CDMA တွင် လိုင်းကျသွားမှုများ၊ အသံတိုးတိမ် သွားမှုများ နည်းသည်။

GSM နည်းပညာသည် ရိုးစင်းသဖြင့် ဘက်ထရီကို ကြာရှည်စွာ အသုံးပြုနိုင်ပြီး CDMA ဖုန်းများသည် ဘက်ထရီ အကုန်မြန်တတ်သည်။
The Voice Weekly

အစ္စရေး-အမေရိကန် လက်နက်ရောင်းဝယ် သဘောတူညီချက်သည် အီရန်အတွက် ပြတ်သားသောအဖြေ

တယ်အဗစ်ဗ်၊ ဧပြီ ၂၁။
အမရိကန်နှင့် အစ္စရေးနိုင်ငံကြား လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်သည် အီရန်တို့၏
နျူကလီးယားထုတ်လုပ်ရေးကို ရပ်ဆိုင်းရန် စစ်တပ်က အလေးထား သည်ဆိုသော သဘောကို
ရှင်းလင်းစွာပြသခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်ခ်ဟက်ဂယ်က ယနေ့တွင်
သတင်းထောက်များကို ပြောကြားသည်။

မစ္စတာဟက်ဂယ်သည် အစ္စရေး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျနိုင်ငံများတွင်အီရန်ခြိမ်းခြောက်မှုအန္တရယ်ကို ဖယ်ရှားနိုင်ရေးအတွက် ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ အဆင့်မြင့်
ဒုံးကျည်များ၊ လေယာဉ်များကိုရောင်းချရေး ခြောက်ရက်ကြာခရီးစဉ် စတင်သည့် အချိန်တွင်
ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခု သဘောတူညီချက်တွင် အစ္စရေးနိုင်ငံအတွက် ရန်သူ့လေတပ်ကာကွယ်ရေးစနစ်များကို ဖယ်ရှားသည့် စနစ်ပါဝင်သည့် ဒုံးကျည်များ၊ ဖိုက်တာဂျက်များ အတွက် ရေဒါများနှင့် လေကြောင်း
ဆီဖြည့်ယာဉ်များစသည်တို့ ပါဝင်မည်ဖြစ်သည်။

မစ္စတာဟက်ဂယ်သည် အာရပ်စော်ဘွားပြည်ထောင်စုသို့ အက်-၁၆ ဖိုက်တာဂျက်များ ရောင်းချမည်ဖြစ်ပြီးဆော်ဒီအာရေဗျသို့ အဆင့်မြင့် ဒုံးကျည်များ ရောင်းချ မည်ဖြစ်သည်။

အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်အရေးနှင့်ပတ်သက်၍ သဘောချင်း မတိုက်ဆိုင်မှုရှိနေပြီး အမေရိကန်သမ္မတအိုဘားမားအစိုးရက ပြင်းထန်သော ပိတ်ဆို့အရေးယူမှုနှင့် သံတမန်ရေးရာသည် အလုပ်ဖြစ်ရန် အချိန်ပေးရမည်ဟုပြောကြားခဲ့သည်။

သို့သော် အစ္စရေးကမူ အချိန်ကုန်လွန်လာပြီဖြစ်ကြောင်း သတိပေးပြောကြားမှုများ ရှိခဲ့ပြီး အီရန်
နျူကလီးယားသုံး လက်နက်များ ထုတ်လုပ် နိုင်ခြင်းကို တားဆီးနိုင်ရေးအတွက် လက်ဦးတိုက်ခိုက်မှု
ရပ်ဆိုင်းထားခြင်းကို ငြင်းပယ်လိုက်ပြီ ဖြစ်သည်။

မစ္စတာဟက်ဂယ်သည် နိုင်ငံ၏ မဟာမိတ်များနှင့် လက်နက်ရောင်းဝယ်ရေး အသေးစိတ်ကို
ဆွေးနွေးရန်ပြင်ဆင်ထားပြီး လက်နက်သစ်များ နှင့် လေယာဉ်များကို ပို့ဆောင်ရန် လနှင့် ချီ၍
ကြာမြင့်နိုင်သေးကြောင်း အမေရိကန်အရာရှိများက ပြောကြားသည်။
Ref: AFP
The Myanmar Age

တရုတ်ငလျင် ၁၅၀ ကျော်သေဆုံး

တရုတ်ငလျင် ဒဏ်ရာရသူများကို ကယ်တင်နေစဉ်။ (ဧပြီလ ၂၀ ရက်၊ ၂၀၁၃)။
20.04.2013
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဇီချွမ်ပြည်နယ်မှာ စနေနေ့က ပြင်းထန်တဲ့ငလျင်လှုပ်သွားလို့ သေဆုံးသူအရေအတွက်က ၁၅၀ ကျော်သွားပြီဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်ကတော့ ၃,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ငလျင်ဘေးသင့်သူတွေကို ကယ်တင်ဖို့ ထိခိုက်ဒဏ်ရာရမှုတွေကို လျော့နည်းအောင် လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့နည်းပေါင်းစုံ အသုံးပြုပါလို့ သမ္မတ ရှီကျင်းဖျင်က အမိန့်ထုတ်ထားကြောင်း တရုတ်အစိုးရရဲ့ Xinghua သတင်းဌာနက ဖော်ပြပါတယ်။

ငလျင်ပြင်းအားက ၇.၀ ရှိတယ်လို့ တရုတ်အရာရှိတွေက ကြေညာပြီးတော့ အမေရိကန် ဘူမိတိုင်းတာရေးဌာနကတော့ ပြင်းအား ၆.၆ ရှိတယ်လို့ ပြောပါတယ်။ ငလျင်က အနက် ၈ မိုင်ကို ဗဟိုပြုပြီးတော့ လှုပ်သွားတာဖြစ်ပါတယ်။

တရုတ် ကြည်းတပ်နဲ့ လေတပ်တို့က ဝေဟင်ကနေ ရိုက်ယူထားတဲ့ဓာတ်ပုံတွေကို အစိုးရ ရုပ်မြင်သံကြားမှာပြသတော့ လုံးချင်းအိမ်တွေ ပျက်စီးနေတာတွေ့ရပြီး အိမ်လုံးကျွတ် ဘာမှမကျန်အောင် ပျက်စီးသွားတာတွေလည်း ရှိပါတယ်။

ဇီချွမ်ပြည်နယ်မှာ ၂၀၀၈ ခုနှစ်ကလည်း ငလျင်ကြီးတခါ လှုပ်ခဲ့ပြီး အဲဒီတုန်းကတော့ လူပေါင်း ခုနှစ်သောင်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ဆရာကြီး ဖိုးသောကြာ(ခေတ်+မိုး) နှင့်တွေ.ဆုံမေးမြန်းခန်း(ရုပ်/သံ)

ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ စာတည်းချုပ် ဆရာကြီး ဖိုးသောကြာ(ခေတ်+မိုး) နှင့်တွေ.ဆုံမေးမြန်းခန်း
တင်ဆက်-ညိုမာသက်၊ရိုက်ကူး-သူသူအောင်
DVB TV News



မြောက်ဥက္ကလာတွင် ဖုန်းကတ်များမဲနှိုက်ရွေးချယ်

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ် (က) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဧပြီလ ၂၁ရက် နံနက် ၉နာရီခွဲ ခန့်က ၁၅၀၀ကျပ်တန် CDMA 800 MHz ဖုန်းကတ်လျှောက်ထားသူ ၉၃၅ဦးထဲမှ ၁၈၉လုံးကို မဲနှိုက်ရွေးချယ် ပေးနေစဉ်။
The Voice Weekly





နိုင်ငံ၏ အကောင်းဘက်သို့ ပြောင်းလဲမှုအပေါ် ချီးမြှောက်သည့်လမ်းလျောက်ပွဲ ပြုလုပ်


ရန်ကုန်၊ ဧပြီ ၂၁။
နိုင်ငံ၏ အကောင်းဘက်သို့ ပြောင်းလဲနေသော ဖြစ်စဉ်များအပေါ် လုပ်ဆောင်နေသူများအား ချီးမြှောက်သည့်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် မြေနီကုန်းမှ အင်းလျားကန်ဘောင်ထိ
လမ်းလျောက်ပွဲကို လူအင်အား တစ်ရာခန့်ဖြင့် ယနေ့နံနက် ရှစ်နာရီခွဲတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် အကောင်းဘက်သို့ ပြောင်းလဲတိုးတက်နေသော အဖြစ်အပျက်လုပ်ဆောင်ချက်များ၊ နိုင်ငံတော် သမ္မတဦးသိန်းစိန် အပါအဝင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ယခုလက်ရှိလုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များအား ပိုမို သိမြင်၍ လက်တွဲပါဝင် လာနိုင်စေရန်ချီးမြှောက်ဂုဏ်ပြုသည့် အနေဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းရေး လမ်းလျောက်ပွဲကို စမ်းချောင်းနှင့်ကမာရွတ်မြို့နယ် ရဲစခန်များမှ တရားဝင်ခွင့်ပြုချက်ရယူ၍ စီစဉ် ရခြင်း ဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဆွေဆန်းဦးက ပြောကြားသည်။

“အကြိမ်ကြိမ် ကျွန်တော်တို့ ကြိုးစားရမှာပေါ့။ နောက်ထပ် လေးလတစ်ကြိမ် လေးလတစ်ကြိမ် လုပ်နေမယ်ပေါ့။ လုပ်နေတဲ့ အခါကျလို့ရှိရင် ပြည်သူတွေကနေ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ပါဝင်စားလာမယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူတို့တွေ ဘယ်လို အခန်းကဏ္ဍကနေရပ်တည်ရမယ်ဆိုတာကို သိလာမယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

တစ်ကြိမ်တစ်ခါ ဆောင်ရွက်ရုံဖြင့် အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ဘဲ အကြိမ်ကြိမ် ကြိုးစားရမည်ဖြစ် ကြောင်း၊ လေးလတစ်ကြိမ် ငြိမ်းချမ်းရေးအတွက် လမ်းလျောက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ပြည်သူများ ငြိမ်းချမ်ရေးကို ပိုမို စိတ်ဝင်စားလာပြီး ပူးပေါင်းဆောင်ရွက်လာစေရန်လည်း ရည်ရွယ်ကြောင်း၊ ပထမဆုံးအကြိမ် လမ်းလျောက်ခြင်းဖြစ်သည့် အတွက် ကြီးမားသည့် မျှော်လင့်ချက် မရှိကြောင်း၊ ပြည်သူများ၏ စိတ်အတွင်း၌လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရင်းနှီးမှုလည်း အားနည်းနေသေးကြောင်း၊ ယခုကဲ့သို့ လမ်းလျောက်ခြင်းအပေါ် စိုးရွံ့စိတ်များ ရှိနေကြသေးကြောင်း၊ အလွှာပေါင်းစုံမှ ပါဝင်ဆောင်ရွက်မှသာ ငြိမ်းချမ်းရေး ဖြစ်စဉ်ပိုမို အားကောင်းလာနိုင်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

ပြည်သူများအနေဖြင့် နိုင်ငံတော် သမ္မတဦးသိန်းစိန် ပြောကြားခဲ့သည့် အချက်များနှင့်အညီ နိုင်ငံသားအားလုံးလူမျိုးဘာသာမရွေး တစုတစည်းထဲ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ အရေးပါသည့် စကားများကိုလေးစားလိုက်နာစေလိုကြောင်း၊ ယခုလမ်းလျောက်ပွဲအား စိတ်ဝင်စားသည့် အတွက် ယခုကဲ့သို့ လာရောက်ပူးပေါင်းဆောာင်ရွက်ခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အားလုံး တစ်စုတစ်ဝေးတည်းဖြစ်စေချင်သည့်အတွက် ယခုကဲ့သို့ One Myanmar ဟူသော ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အားလုံး တစ်စုတစ်စည်းတည်း တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေချင်သည့် ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေး လမ်းလျောက်ရာတွင် လိုက်ပါသူ တစ်ဦးဖြစ်သည့် ကိုရဲကပြောကြားသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ယခုကဲ့သို့ လမ်းလျောက်ခြင်းအား စိုးရွံ့မှုများဖြစ်ပွားနေခြင်းမှာ ပြများ အနေဖြင့် ဒီမိုကရေစီနှင့် ပတ်သက်၍ ယဉ်ကျေးမှုအားနည်းနေခြင်းကြောင့် ဖြစ်ပြီး၊ ဒီမိုကရေစီ ယဉ်ကျေးမှု အားကောင်းလာပါက ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အားကောင်းလာနိုင်ကြောင်း၊ ငြိမ်းချမ်းရေး ကို အောက်ခြေအဆင့်မှ စ၍ အားလုံးလိုက်ပါဆောင်ရွက် လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အပေါ်မှ လုပ်ဆောင်ရုံဖြင့် ငြိမ်းချမ်းရေးလုပ်ဆောင်သည်ဟု မခေါ်ဆိုနိုင်ကြောင်း၊ အောက်ခြေမှများပါ ပါဝင်ဆောင်ရွက်သင့်ကြောင်း၊ငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူအားလုံးနှင့် သက်ဆိုင်ကြောင်း ဦးဆွေဆန်းဦး မှ ဖြည့်စွက်ပြောကြားသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ် ပိုမို အားကောင်းလာစေရန်အတွက် လေးလလျှင်တစ်ကြိမ် ယခုကဲ့သို့ ငြိမ်းချမ်းရေးလမ်လျောက်မှု လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူအားလုံး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပူးပေါင်း
ဆောင်ရွက် ပေးစေလိုကြောင်းလည်း ပြောကြားခဲ့သည်။
ဝေယံ
The Myanmar Age

ရှေးဟောင်း ရခိုင်လှေကြီး အမိုးအကာအောက်ရောက်ရေး ဘင်္ဂလာ အရာရှိများ စီစဉ်

သမိုင်းသုတေသီတွေက ရခိုင်ရှေးဟောင်းလှေကြီးလို့ ယူဆထားတဲ့ သစ်သားလှေကြီးကို ကုန်းပေါ်မှာ တည်ဆောက်ထားတဲ့ ပြတိုက်ရှိရာ အမိုးအကာအောက်ကို ရောက်ရှိရေး အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနက အပူတပြင်း စီစဉ်နေကြတယ်လို့ သတင်း ရရှိပါတယ်။

(ဒီ ဓါတ်ပုံတွေဟာ ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။)
ခုလို စီစဉ်ရာမှာ သက်ဆိုင်ရာ ရှေးဟောင်း သုတေသနဌာက တာဝန်ရှိသူတွေသာမက ဘင်္ဂလာဒေခ်ျ့ စစ်တပ်နဲ့ ရေတပ်က အရာရှိတွေလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။ ၇၂ ပေထိရှည်ပြီး ၂၃ ပေ အကျယ်ရှိတဲ့ အဲဒီ လှေကြီးကို Kuakata မြို့မှာ ပြတိုက် တစ်ခု ဖွင့်လှစ် ပြသ ထားမယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ ရေတပ် အရာရှိတွေကတော့ လှေကြီးကို ပြောင်းရွှေ့ရေးအတွက် နည်းလမ်းတွေကို ရှာကြံနေကြတယ်လို့ ပြောပါတယ်။

ခုလို လှေကြီးကို ပြတိုက်ပြုလုပ်ပြီး ပြသထားခြင်းဖြင့် အဲဒီဒေသမှာ လာရောက် လည်ပတ်သူတွေ တိုးပွား လာနိုင်တဲ့ အတွက် ခရီးသွား လုပ်ငန်းဟာ တိုးတက်လာနိုင်တယ်လို့ ပြောပါတယ်။ ဒီရှေးဟောင်း လှေကြီး လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်နေ့က (ရခိုင် အခေါ် အ၀ကျွန်းဒေသ) ဘင်္ဂလာဒေခ်ျ့ အခေါ် Kuakata ဒေသ ပင်လယ် ကမ်းစပ် သဲသောင်ပြင်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လှေကြီးကို ရခိုင်ပြည်က ထွက်ပြေးလာတဲ့ ရှေးလူကြီးတွေ အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသီအများက ယူဆထားကြပါတယ်။

၁၇၈၄ ခုနှစ် ရခိုင်ပြည် မြောက်ဦးကို ဗမာ ဘုရင် ဘိုးတော် ဦးဝိုင်းက ၀င်ရောက် သိမ်းပိုက်ပြီးနောက် ရမ်းဗြဲနဲ့ မာန်အောင်ဘက်က ထောင်သောင်းချီတဲ့ ရခိုင်လူမျိုးတွေဟာ လှေကြီးတွေကို အသုံးပြုပြီး ထွက်ပြေး လာခဲ့ကြကာ အဲဒီ အ၀ကျွန်း ဒေသကို တည်ထောင်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိပြီးနောက် အများစုက ပြည်တော်ပြန်သွားခဲ့ကြပေမယ့် လက်ရှိကာလအထိ အ၀ကျွန်းဒေသမှာ ရခိုင်ရွာပေါင်း (၅၀) နီးပါးခန့် တည်ရှိနေပါသေးတယ်။ ရခိုင်လူမျိုးတွေ ရောက်တုန်းက အဲဒီ ဒေသဟာ တောကြီးမျက်မည်း ဖြစ်ပြီး လူသူနေတဲ့ အရပ် မဟုတ်ဘူးလို့ ရှေ့မှီ နောက်မှီအ၀ကျွန်းဒေသက လူကြီးတွေက ပြောပါတယ်။
နိရဉ္စရာသတင်းဌာန

နိုင်ငံခြားသားဧည့်သည်များထံမှ ဇုန်ဝင်ကြေးကောက်ခံမှုကို ပုဂ္ဂလိကသို့လွှဲမည်

ပုဂံယဉ်ကျေးမှုဇုန်နယ်မြေသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များထံမှဇုန်ဝင် ကြေးကောက်ခံမှုကို ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက အသိအမှတ်ပြုသည့် မြန်မာ့ခရီးသွားလုပ်ငန်းအဖွဲ့သို့ဖြစ်စေ၊ အခြားခရီးသွားလုပ်ငန်းအဖွဲ့အစည်းသို့ဖြစ်စေ တာဝန်ပေးအပ်ရန်ရှိ ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

လျှောက်ထားလိုသည့် အဖွဲ့အစည်းများသည် နိုင်ငံရေးနှင့်မသက်ဆိုင်သော အဖွဲ့အစည်းဖြစ်ရမည် ဖြစ်ပြီး အမြတ်အစွန်းမယူသည့် အခြေခံမူနှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ကမ္ဘာနှင့်
တစ်ဝန်းကျင်းပလျှက်ရှိသော ခရီးသွားပွဲတော်များ၊ ပြပွဲများ၊ ခရီးသွား လုပ်ငန်းဈေးကွက်မြှင့်တင်ရေးပွဲများတွင် ဈေးကွက်ရှာဖွေရေးအတွက် သွားရောက်ပြသဖူးခြင်း၊ ဦးဆောင်စီစဉ်ဖူးခြင်း၊ အတွေ့အကြုံရှိခြင်းစတာများလိုအပ်မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သတ်မှတ်ထားသောလိုအပ်ချက်နှင့်ကိုက်ညီ၍ လုပ်ငန်းတာဝန်ဆောင်ရွက်လိုသူများအနေနှင့် ဧပြီလ (၃၀) ရက်နေ့၊ နောက်ဆုံးထားပြီး နေပြည်တော်ရှိယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူးသို့ လိပ်မူ၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ထံသို့ မိတ္တူ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသည်။
SkyNet TV Browser

မြန်မာတိုင်း(မ်)၏ မန်းနေဂျင်း ဒါရိုက်တာ ရော့စ်ဒန်ကလေ ခရီးသွားခွင့် တားဆီးခံရ

Saturday, 20 April 2013
 
ဧပြီလ ပထမပတ်အတွင်းက ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် တွေ့ရသည့် ဒေါက်တာတင်ထွန်းဦး

မြန်မာတိုင်း(မ်) ဂျာနယ်ကို ထုတ်ဝေနေသော Myanmar Cons-olidated Media ၏ မန်းနေးဂျင်းဒါရိုက်တာ မစ္စတာ ရော့စ်ဒန်ကလေအား တရားရုံး အမှုများကို အကြောင်းပြ၍ ပြည်ပသို့ ခရီးသွား မပေးဘဲ ရန်ကုန်လေဆိပ်၌ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ တားဆီးခဲ့ကြောင်း ဧပြီလ ၁၉ ရက်နေ့က ထုတ်ဝေခဲ့သည့် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ ၃၁၊ အမှတ် ၆၁၇ တွင် ဖော်ပြထားသော သတင်းအရ သိရှိရပါသည်။

မစ္စတာ ရော့ဒန်ကလေနှင့် စွယ်စုံမီဒီယာဂရု၏ မန်းနေးဂျင်း ဒါရိုက်တာ ဒေါ်ခင်မိုးမိုး (မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်နှင့် စာတည်းမှူးချုပ် ဒေါက်တာတင်ထွန်းဦး၏ ဇနီးသည်) တို့သည် ပုဂ္ဂိုလ်ချင်းအရ ဖြစ်သော မကျေနပ်မှုနှင့် ပတ်သက်ပြီး အပြန်အလှန် တရားစွဲဆိုထားမှု ရှိနေချိန်တွင် ရော့ဒန်ကလေကို ပြည်ပသို့ ခရီးသွားခွင့် မပေးဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ရော့ဒန်ကလေ အနေဖြင့် အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း ကမ္ဘာဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ လုပ်ငန်းကိစ္စနှင့် ခေတ္တသွားခွင့် ပြုရန်နှင့် ရုံးချိန်းနေ့အမီ ပြန်လာမည်ဖြစ်ကြောင်း တင်ပြလျှောက်ထားခြင်းကို သက်ဆိုင်ရာ တရားရုံးက ခွင့်ပြုခဲ့သော်လည်း ရန်ကုန်လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနက ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

ရော့စ်ဒန်ကလေ၏ ပြည်ပသို့ ခရီးသွားခွင့်ကို ဧပြီလ ၈ ရက်နေ့က သက်ဆိုင်ရာ တရားရုံးမှ ခွင့်ပြုခဲ့ပြီး ဧပြီလ ၁၁ ရက်နေ့တွင် ခရီးသွားရန် ပြင်ဆင်ခဲ့သော်လည်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိချိန်တွင် တားဆီးခဲ့ရခြင်းဖြစ်ကြောင်း၊ တားဆီးခဲ့ရသည့် အကြောင်းရင်းမှာ အထက်ဝန်ကြီးရုံး၏ စာအရဖြစ်ကြောင်း၊ သို့သော်တား ဆီးရသည့် အကြောင်းရင်းကို လေဆိပ်ဝန်ထမ်းများက တိတိကျကျ မဖြေနိုင်ခဲ့ကြောင်း၊ ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ထပ်မံသွားရောက်ခဲ့ပြီး တရားရုံး၏ ခွင့်ပြုစာကို တင်ပြခဲ့သည့်အပြင် သက်ဆိုင်ရာ ၀န်ကြီးထံသို့ လိပ်မူထားသည့် မေတ္တာရပ်ခံစာကို တင်ပြခဲ့သော်လည်း ဧပြီလ ၁၇ ရက်နေ့အထိ မည်သည့် အကြောင်းပြန်စာမှ မရရှိဘဲ ခရီးသွားခွင့်ကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးရုံးသို့ ဧပြီလ ၁၆ ရက်နေ့က မူရင်း အထောက်အထားများ ပေးပို့ခဲ့သည့်တိုင် ထူးခြားမှု မရှိခဲ့ကြောင်း သိရပါသည်။


မစ္စတာ သောမတ်စ်အိုဟေး ကွင်တားနားနှင့် မစ္စတာရော့စ်ဒန်ကလီတို့
 မြန်မာတိုင်းမ် ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - လွင်ကိုတိတ်/မြန်မာတိုင်းမ်)

သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်အချိန်က မြန်မာနိုင်ငံသား ရှယ်ယာရှင် ဦးမြတ်ဆွေ (ဆန်နီဆွေ) နှင့် ပူးပေါင်းပြီး မြန်မာတိုင်းမ် အပတ်စဉ်ထုတ် ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပါသည်။ ၂၀၀၅ ခုနှစ် အချိန်တွင် ဦးမြတ်ဆွေ (ဆန်နီဆွေ)နှင့် ဇနီး ဒေါ်ယမင်းထင်အောင်တို့ ပိုင်ဆိုင်သည့် ရှယ်ယာများကို စွယ်စုံမီဒီယာဂရု ပိုင်ရှင် ဒေါက်တာတင်ထွန်းဦးထံသို့ လွှဲပြောင်းရောင်းချပေးရန် ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်းက ရော့စ်ဒန်ကလေကို ဖိအားပေးမှုများ ရှိခဲ့ပြီး လွှဲပြောင်းရောင်းချခဲ့ရကြောင်း သိရသည်။ ထိုအချိန်မှ စတင်ပြီး နှစ်ဦးသဘော တူညီချက်အရ မြန်မာတိုင်းမ်၏ စီမံခန့်ခွဲမှု အပိုင်းကို ရော့စ်ဒန်ကလေက အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ပါသည်။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ် တာဝန်ကို ဒေါက်တာတင်ထွန်းဦးက ရယူခဲ့ပြီး ကုမ္ပဏီ၏ နေ့စဉ် စီမံခန့်ခွဲမှုများကို မစ္စတာ ရော့စ်ဒန်ကလေက တာဝန်ယူခဲ့ပါသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဒေါက်တာတင်ထွန်းဦး၏ ဇနီးသည် ဒေါ်ခင်မိုးမိုးက ကုမ္ပဏီနှင့် မသက်ဆိုင်သူ ငါးဦးကို မြန်မာတိုင်းမ်ရုံးသို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သက်ပြီး ရော့ဒ်ဒန်ကလေနှင့် ဒေါ်ခင်မိုးမိုးတို့အကြား အချင်းများခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၉၁/၂၀၁၃ နှင့် ၉၂/၂၀၁၃ တို့ဖြင့် ပုဂ္ဂိုလ်ရေးအရ ဖြစ်သော မကျေနပ်မှုများအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄/၃၂၃ နှင့် ၄၄၇/၂၉၄/၅၀၆ အရ အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူထားသော ရော့စ်ဒန်ကလေကို ကမာရွတ်မြို့နယ် ရဲစခန်းက လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁)၊ ၁၄ တို့ဖြင့် ဖမ်းဆီးခဲ့ပြီး ထိုသို့ ဖမ်းဆီးပြီး သုံးရက်မြောက်နေ့တွင် မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ်တာဝန်ကို ဒေါက်တာတင်ထွန်းဦးက ရယူခဲ့ပါသည်။

ထို့နောက် ရော့စ်ဒန်ကလေသည် လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ နာကျင်အောင်လုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်းပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် ကမာရွတ်မြို့နယ် တရားရုံး၌ တရားရင်ဆိုင်ခဲ့ရသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရော့စ်ဒန်ကလေ၏ အမှုကို အပြီးသတ် စီရင်ချက် ချခဲ့ပြီး မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃ (၁) အရ ဒဏ်ငွေ (၁) သိန်း သို့မဟုတ် ထောင်ဒဏ် (၆) လနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် (၁)လ ချမှတ်ခံခဲ့ရပါသည်။ သို့သော် အမှုရင်ဆိုင်နေစဉ် ကာလအတွင်း ၄၅ ရက် အချုပ်ကျခဲ့သဖြင့် ဒဏ်ငွေသာ ပေးဆောင်ခဲ့ရပြီး အကျဉ်းကျခံရခြင်းမှ ကင်းလွတ်ခဲ့ပါသည်။

စွယ်စုံမီဒီယာဂရု၏ ဥက္ကဋ္ဌနှင့် မြန်မာတိုင်းမ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော ဒေါက်တာတင်ထွန်းဦး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များ အသင်း) သည် ဦးမျိုးအောင် (တွဲဖက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေရေး လုပ်ငန်းရှင်များ အသင်း)၊ ဒေါက်တာ သာထွန်းဦး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများ အသင်း) တို့နှင့်အတူ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထုတ်ပြန်ခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ထောက်ခံသူဖြစ်ပြီး ထိုသူများသည် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများ ဖြစ်ကြပါသည်။

ဒေါက်တာ တင်ထွန်းဦးသည် နိုင်ငံတော် သမ္မတ၏ ခရီးစဉ်များတွင် လိုက်ပါလေ့ရှိသူ တစ်ဦးဖြစ်ပြီး ယခင်ပြန်ကြားရေးဝန်ကြီး အဆက်ဆက်မှ ယခုအချိန်အထိ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ရင်းနှီးခဲ့သူ ဖြစ်သည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း အနေဖြင့် ပုစွန်တောင် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပါသည်။

တရားရုံး၏ ခွင့်ပြုချက်ဖြင့် ခရီးသွားခွင့် ရရှိသော်လည်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိမှ ခရီးသွားခွင့်ကို တားမြစ်ခဲ့သော ရော့စ်ဒန်ကလေ၏ ဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြောင်း ဝေဖန်မှုများ ရှိနေပါသည်။

"ခဲခဲယဉ်းယဉ်း ရှာဖွေစုဆောင်းထားရတဲ့ ငွေတွေကို ဒီနိုင်ငံထဲ ယူဆောင်လာရတဲ့ အကြောင်းက ဒီနိုင်ငံထဲကို ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် လာနိုင်တယ်။ ဥပဒေနဲ့အညီ မျှမျှတတ ဆက်ဆံကြလိမ့်မယ်လို့ ယုံကြည်ကြလို့ လာကြတာပါ။ ဒီလိုဖြစ်ရပ်မျိုးကို တွေ့ရလို့ အလွန် အံ့သြမိပါတယ်" ဟု မြန်မာနိုင်ငံ၌ ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံရန် ဆွေးနွေးနေသည့် မိုက်ကယ်စတောက်က ပြောကြားခဲ့သည်ဟု မြန်မာတိုင်းမ် ဂျာနယ်သတင်းတွင် ဖော်ပြထားပါသည်။

ထို့အတူ ယခင်အစိုးရ လက်ထက်တွင် နိုင်ငံရေး နယ်ပယ်မှ နိုင်ငံရေး သမားများ၊ ဂျာနယ်လစ်များကို အကြောင်းအမျိုးမျိုးပြ၍ လေဆိပ်၌ တားဆီးခြင်း၊ ထွက်ခွာခွင့် ပိတ်ပင်ခြင်း၊ လေဆိပ်ရောက်မှ ဖမ်းဆီးခြင်းများ၊ အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ရှိခဲ့သော်လည်း ယခုအစိုးရ လက်ထက်တွင် ယခုကဲ့သို့ ပြည်ပခရီး သွားခွင့်ကို လေဆိပ်၌ တားဆီးခဲ့ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့အပြင် နိုင်ငံရေးသမားနှင့် ဂျာနယ်လစ် အချို့၏ နိုင်ငံကူး လက်မှတ်များကို အလွယ်တကူ ထုတ်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။
Eleven Media Group

မြန်မာယူ-၁၈ (ခ)အသင်းနှင့် ဂျပန်ယူ-၁၅ အသင်းတို့ ယှဉ်ပြိုင်နေစဉ်


မြန်မာယူ-၁၈ (ခ) အသင်းကို ဂျပန်ယူ-၁၅ အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ယူ
မြန်မာနိုင်ငံတွင် ခြေစမ်းပွဲများ ကစားရန် ရောက်ရှိနေသည့် ဂျပန်ယူ-၁၅ အသင်း၏ ပထမဆုံး ခြေစမ်းပွဲအဖြစ် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်က မြန်မာယူ-၁၈ (ခ) အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာယူ-၁၈ အသင်းမှာ MNL-2 ပြိုင်ပွဲမှ ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အသင်းဖြစ်ပြီး ဂျပန်အသင်းကို ဘောလုံးပညာနှင့် တစ်ဦးချင်း ကျွမ်းကျင်မှုများတွင် ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ဂျပန်ယူ-၁၅ အသင်းမှာ ပွဲချိန်မိနစ် ၂၀ အထိ မြန်မာအသင်းကို ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရာသီဥတု ပူပြင်းမှုကြောင့် ကစားအား ကျသွားခဲ့သည်။ ဂျပန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၇၅ မိနစ်တွင် အီကာမာက သွင်းယူပေးခဲ့သည်။

ဂျပန်ယူ-၁၅ အသင်းသည် ဧပြီလ ၂၁ ရက်တွင် မြန်မာယူ-၁၆ အသင်း၊ ဧပြီ ၂၃ ရက် ညနေ ၄ နာရီတွင် အောင်ဆန်းကွင်း၌ ယူ-၁၈ (က)အသင်း၊ ဧပြီ ၂၄ ရက် နံနက် ၈ နာရီတွင် ယူ-၁၈ (ခ) အသင်းတို့နှင့် ထပ်မံခြေစမ်းမည် ဖြစ်သည်။
 Eleven Media Group

ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ပါက ဘဏ္ဍာရေး ကိစ္စများကို အဓိကဆွေးနွေးမည်

Saturday, April 20, 2013
ရန်ကုန်(မဇ္ဈိမ)။      ။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှု အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် လာမည့် ဧပြီလ ၂၆ ရက်နေ့ မနက်(၉)နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပမည်ဟု သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က မဇ္ဈိမသို့ ပြောသည်။

၎င်းက “ကျွန်တော်ကတော့ ဆွေးနွေးပွဲမှာ ပေါ်ပေါက်လာတဲ့ အခြေအနေမှာ မူတည်ပြီးတော့ ကျွန်တော် စိတ်ဝင်စားတဲ့ issue (အကြောင်းအရာ) အပေါ်မှာ ဆွေးနွေးပါမယ်။ ကြိုတင် ပြင်ဆင်ထားတာတော့   မရှိပါဘူး”  ဟုဆိုသည်။

ထို့အပြင် ၎င်းအနေဖြင့် နိုင်ငံရေးပါတီများ၏ ရန်ပုံငွေကိစ္စကို အဓိကဆွေးနွေး သွားမည်ဖြစ်ပြီး မှတ်ပုံတင်ဥပဒေ၊ နည်းပညာ ဥပဒေနှင့် ဆန့်ကျင်၍ ဘဏ္ဍာငွေ ကောက်ခံနေသည့် ကိစ္စများ၊ ဥပဒေနှင့် မညီ ရဲတင်းစွာ လုပ်ကိုင်နေမှုများကို ဆွေးနွေးသွားမည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) မှ ဦးမျိုးထွန်းက “ကျွန်တော်တို့ ပါတီအနေနဲ့က လူထုရဲ့ အခက်အခဲတွေကို အကူအညီပေးတဲ့ အခါမှာ လူထုကလည်း အခြားမတတ်နိုင်သူတွေကို ကူညီပေးလို့ ရအောင် ပြန်လှူပေးတဲ့ငွေနဲ့ပဲ ရပ်တည်နေတာပါ။ ပါတီက ရန်ပုံငွေရှာတာလဲ မလုပ်ပါဘူး။ ဘာအကြောင်းနဲ့ ပဲဖြစ်ဖြစ် ရန်ပုံငွေကို မရှာခဲ့တာပါ” ဟု ပါတီရန်ပုံငွေနှင့် ပတ်သတ်၍ ရှင်းပြခဲ့သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) မှအတွင်းရေးမှူး ဦးသာထွန်းလှက မိမိတို့ပါတီအနေဖြင့် မည်သည့်အကြောင်းအရာများကို ဆွေးနွေးရမည်ဟု မသေချာသေးကြောင်း မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်မှ ဦးဥာဏ်ဝင်းကမူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပေးထားသော
ခေါင်းစဉ်များကိုသာ ဆွေးနွေးဖြစ်မည်ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ဥက္ကဌ ဦးခင်မောင်ဆွေက ပါတီများ၏ ဘဏ္ဍာရေးကိစ္စများနှင့် အခြားကိစ္စများလည်း ဆွေးနွေးမည်ဟုဆိုသည်။

ဧပြီလ ၂၆ ရက်နေ့တွက် ဆွေးနွေးမည့် အကြောင်းအရာများမှာ မဲဆန္ဒစာရင်း တင်သွင်းမှု နိုင်ငံရေး ပါတီများ၏ ရန်ပုံငွေထောက်ပံ့မှု၊ နိုင်ငံရေး ပါတီများ၏ (Code of Conducts) လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း၊ ဆန္ဒမဲပေးရန် ပညာပေးမှု ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ ပါဝင်လေ့လာ
ပေးနိုင်မှုများ ဆွေးနွေးကြမည်ဟု ဖိတ်စာတွင်ပါကြောင်း ဦးသိန်းညွှန့်က ရှင်းပြသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် နိုင်ငံရေး ပါတီများသာမက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခဲ့သော အမျိုးသာ ဒီမိုကရေစီအဖွဲ့အချူပ်နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ်တို့ကိုပါ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း နိုင်ငံရေး ပါတီများမှ သိရသည်။
ခိုင်ခိုင်
Mizzima - News in Burmese

(၅၀၀၀ ကျပ်တန်) အတု သိန်း ၂၇၀ကျပ် ဖမ်းဆီးရမိ

ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲမှူး ယာယီ ရဲမှူး လှရီ ၏ လမ်းညွှန်မှု အရ မြို့ပေါ် ရပ်ကွက်များ အတွင်း လုံခြုံရေး အတွက် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာ မှ မြန်မာ ငွေစက္ကူ ကျပ် ၅၀၀၀ တန် အတု ငွေကျပ်သိန်း ၂၇၀ နှင့် တရားမ၀င် ၀င်ရောက် လာသည့် တရုတ် နိုင်ငံသား ၂ ဦးနှင့် မြစ်ကြီးနားမြို့ နေသူ ၂ ဦးတို့အား ဧပြီလ ၁၂ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၂ ရက် ည ၁၂ နာရီခွဲက ရှမ်းစုမြောက် ရပ်ကွက် ၊ သျှင်းသျှင်း ဟိုတယ် သို့ အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူး များနှင့် သက်သေများက သွားရောက် စစ်ဆေး ခဲ့ရာ အခန်း အမှတ် (၂၀၈) တွင် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် နေထိုင်သူများ ဖြစ်သည့် ဦးအောင်ကျော်လှိုင် နှင့် ဇနီး ဒေါ်ဘောမ်ဆွမ် တို့အား တွေ့ရှိရပြီး ၄င်းတို့နှင့် အတူ အခန်းအမှတ် ၁၀၇ တွင် တည်းခိုလျက် ရှိသည့် တရုတ်နိုင်ငံသား ၂ ဦးအား ဆက်လက် စစ်ဆေးရာ ရန်ဟုန်စိန် နှင့် ကြောင်ကြားရှုတ် ဆိုသူ ၂ ဦးအား တွေ့ရှိခဲ့သည်။

ဆက်လက်၍ အခန်းတွင်း ထိုင်ခုံပေါ်ရှိ အနက်ရောင် ခရီးဆောင် လက်ဆွဲအိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတုဟု ယူဆရသည့် ကျပ် ၅၀၀၀ တန် ငွေကျပ်သိန်း ၂၇၀ နှင့် အနက်ရောင် ကျောပိုးအိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အစစ် ကျပ် ၅၀၀၀ တန် ငွေကျပ် ၂၁၅၅၀၀၀၀ ၊ တရုတ် ဆင်းကတ် ထည့်ထားသည့် လက်ကိုင်ဖုန်း ၃ လုံး ၊ ၄င်းတို့ပိုင် ၅ဂ/xxxx ပါဂျဲရိုး အစိမ်းရောင် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး တို့အား ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေစက္ကူအတု များ လက်ဝယ်ထား ရှိသူများ ဖြစ်သည့် အောင်ကျော်လှိုင် ၄၂ နှစ် (ဘ) ဦးတင်လှိုင် ၊ မဘောမ်ဆွမ် ၄၃ နှစ် (ဘ) ဦးယော်ဘောမ် (မြစ်ကြီးနားမြို့ နေသူများ ) နှင့် ရန်ဟုန်စိန် ၃၇ နှစ် (ဘ) ဦးဝမ်ပန်ပေါင် ၊ ကြောင်ကြားရှုတ် ၃၀ နှစ် (ဘ) ဦးကြောင်ရှိရှောက် ( တရုတ်နိုင်ငံ ယူနန်မြို့ နေသူများ ) အား အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၆၆/၂၀၁၃ ၊ ပုဒ်မ ၄၈၉ - ၈ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။
မြ၀တီ

ဒေသဖွံ့ဖြိုးဖို့နဲ့ လူကိုတန်ဖိုးထားဖို့ ရခိုင်ပြော

တရုတ်ပြည်ကို နိုင်ငံရေးပါတီတွေ ဖိတ်လို့ သွားကြပေမယ့် ဘာလုပ်ရမယ်မှန်း သေချာ မသိကြ
21 ဧပြီလ 2013
တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ခေါ်လို့ တရုတ်ပြည်ကို ဧပြီ ၂၀ က နိုင်ငံရေးပါတီတချို့ ထွက်ခွာ သွားတဲ့အခါ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP လည်း ပါဝင်ခဲ့ပြီး ဆွေးနွေးခွင့် ရမယ်ဆို ဆွေးနွေးစရာတွေ များတယ်လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။

တရုတ်ပြည်သွားတဲ့အထဲမှာ ပါတီဥက္ကဌ ဒေါက်တာအေးမောင်နဲ့ ဦးဇော်အေးမောင်တို့ ပါသွားကြပေမယ့် ဘီဘီစီက ပါတီအထွေထွ အတွင်းရေးမှူး ဦးဦးလှစောကို မေးမြန်းခွင့် ရတဲ့အခါမှာ သူက အခုလို ပြောတာ ဖြစ်ပါတယ်။

ရခိုင်တွေက ရခိုင်ပြည်နယ်မှာ တရုတ်တွေ လာပြီး ရင်းနှီးမြှုပ်နှံတာကို ဟန့်တားဖို့ မရှိဘူး၊ ရခိုင်ပြည်သူတွေ အနေနဲ့ ဟန့်တားဖို့ အင်အားလည်း မရှိဘူး၊ ဒါကြောင့် နိုင်ငံတကာ စံနှုန်းနဲ့အညီ လုပ်ကိုင်ဖို့ရယ်၊ ဒေသဖွံ့ဖြိုးဖို့နဲ့ လူကို တန်ဖိုးထားဖို့ရယ်ကို တောင်းဆိုနေတာလို့ သူက ဆိုပါတယ်။

စီမံကိန်းလုပ်ငန်းခွင်တွေထဲမှာ တရုတ်နဲ့ ရခိုင် အလုပ် လုပ်တာချင်းတူတူ ဇာတ်ခွဲခြားသလို ဖြစ်နေတယ်၊ ရခိုင်လုပ်သားတွေဟာ နိုင်ငံတကာစံနှုန်းအောက် အများကြီး လျော့ရသလို ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိဘဲ ကျွန်သာသာ အဆင့်နဲ့ လုပ်ကိုင် နေရတယ်လို့ ဦးဦးလှစောက ပြောပါတယ်။

ရခိုင်ပြည်သားတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တရုတ်ပိုင်းလိုင်းတွေ ဖြတ်လို့ လယ်ယာမြေတွေ ပျက်ကုန်တာ၊ အသိမ်းခံရတာ၊ သဘာဝ ဝန်းကျင် ထိခိုက်ပျက်စီး တာတွေကို ခံစားကြရပြီး၊ အကျိုးခံစားခွင့်ကျတော့ မရကြဘူးလို့ သိရပါတယ်။

တရုတ်စီမံကိန်းတွေကြောင့် နစ်နာမှုတွေ ရှိတဲ့အတွက် ရခိုင်တွေက ဆန္ဒပြတာတွေလည်း ရှိတဲ့အတွက် စူပါပါဝါ ဖြစ်နေတဲ့ တရုတ်တို့ အနေနဲ့ နိုင်ငံတကာစံနှုန်းကို လိုက်နာပြီး သဘာဝ ဝန်းကျင်ကို ထိန်းသိမ်းဖို့တွေ ပြောဆို ဆွေးနွေးခွင့်ရရင် RNDP အနေနဲ့ ပြောဆိုဖို့ ရှိတယ်လို့ ဦးဦးလှစောက ဘီဘီစီကို ပြောပါတယ်။
BBC Burmese

ဖေ့စ်ဘုတ်ယဉ်ကျေးမှုတော်လှန်ရေး စတင်

Facebook ပေါ်က တိုက်ခိုက်သူတွေကို ဖော်ထုတ် တော့မယ်
19 ဧပြီလ 2013
မြန်မာတွေ ဖေ့စ်ဘုတ်ပေါ် သဘောထား မှတ်ချက်တွေ ဝင်ရေးတဲ့အခါ မကြားဝံ့ မနားသာ၊ ကြမ်းတမ်း ညစ်ညမ်းစွာ ဆဲရေး တိုင်းထွာမှုတွေကိုလည်း သုံးကြတဲ့ အတွက် လူကောင်းတွေတောင်မှာ ဖေ့စ်ဘုတ်ထဲ ဝင်ရေးဖို့ တွန့်တဲ့အထိ ဖြစ်လာတယ်လို့ သုံးသပ်ကြပါတယ်။

ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော် တိုက်ခိုက်မှုတွေ လုပ်လာတယ်၊ ဒါတွေကို တုံ့ပြန်ဖို့ ဖေ့စ်ဘုတ် သုံးသူတွေ ကျင့်ဝတ် နားလည်တဲ့ ယဉ်ကျေးမှုတရပ် ပေါ်လာအောင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဆောင်လို့ လုပ်ဆောင်နေပါတယ်။

ဧပြီ ၂၀ က ရန်ကုန်မှာ သတင်းစာဆရာတွေ၊ ကျောင်းသားတွေ၊ အနုပညာရှင်တွေက ဖေ့စ်ဘုတ် ယဉ်ကျေးမှု တော်လှန်ရေး တရပ်အသွင် ပြုပြင် ပြောင်းလဲဖို့ ကြိုးစားတဲ့ အနေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတခု ကျင်းပခဲ့ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ ကြီးထွားလာအောင်၊ နောက်ပြီး ဒီမိုကရက် အင်အားစုတွေကို ဦးတည်ထား တိုက်ခိုက်တဲ့ စနစ်တကျ ပြင်ထားတဲ့ ကွန်ရက်တွေကိုတောင် တွေ့နေရတယ်လို့ အဲဒီ လှုပ်ရှားမှုကို ဦးဆောင်တဲ့ ကိုဂျင်မီက ပြောပါတယ်။

တယောက်က ပြောတာနဲ့ နောက်တယောက်ကပါ ဆက်တိုက် ဝုန်းဝုန်းနဲ့ ဆဲလိုက် ဆိုလိုက် ပစ်လိုက် ခတ်လိုက်တာပေါ့၊ တချို့ ဝေဖန်ချက် အကောင်းတွေ ဝင်ရေးပေးမယ့် သူတွေကတောင် ဒီလူတွေနဲ့ ရောပြီး မရေးပေးချင်တော့ဘူးလို့ သူက ဆိုပါတယ်။

အခု လောလောဆယ်မှာတော့ ဖေ့စ်ဘုတ်သုံးသူတွေကြား ကျင့်ဝတ်ကို နားလည်လာအောင် ကြိုးစားသွားမှာ ဖြစ်ပြီး၊ နောက်ပိုင်းကျရင်တော့ ကွန်ရက်ဖွဲ့ပြီး တိုက်နေတဲ့ သူတွေကို နည်းပညာတွေ သုံးလို့ ဖော်ထုတ် သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အမှုဆောင်လူကြီး ဦးရဲမြတ်သူကတော့ အရေးယူဖို့အတွက် မြန်မာနိုင်ငံမှာ ဆိုက်ဘာဥပဒေတွေ ရှိထားရင် ကောင်းမယ်၊ အရေးယူတဲ့အခါမှာ သက်သေခံက အရေးကြီးတယ်လို့ ထောက်ပြပါတယ်။

နှစ်ပေါင်းများစွာ အချုပ်အထိန်းနဲ့ နေလာခဲ့ရပြီး လွတ်လပ်လာခါစအချိန် ဒါမျိုးပြောမှ သတ္တိရှိတယ်၊ သူရဲကောင်းလို့ ထင်တဲ့ တလွဲအမှား အတွေးတွေကလည်း ရှိနေတယ်လို့ သူက သုံးသပ်ပါတယ်။

ဒါကြောင့် တဖြည်းဖြည်းနဲ့ ကန့်သတ်သွားရမယ်၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ဒါမျိုး လက်မခံဘူးဆိုတာ အများစုပေါင်းပေါင်းပြီး ပြရမယ်။ ဒီလိုမှမဟုတ်ရင် မဟုတ်တရုတ် ယဉ်ကျေးမှုတွေနဲ့ လူမျိုးတွေ ဖြစ်သွားလိမ့်မယ်လို့ ဦးရဲမြတ်သူက ပြောပါတယ်။

အစိုးရနဲ့ SSA တိုက်ပွဲ ဒေသခံတွေဒုက္ခရောက်

20.04.2013
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့အနီးမှာ တရားဝင်အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ အခုဆိုရင် နှစ်ထောင်နီးပါးရှိသွားပြီလို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ ရာချီတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် သောက်သုံးရေပြတ်လပ်ပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ရှမ်းလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

အပစ်ရပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ကြားကပဲ SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့ မြန်မာစစ်တပ်ကြား အခုဆိုရင် ရင်ဆိုင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေက ပြင်းထန်လာနေတဲ့အတွက် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နဲ့ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရှမ်းလူထုအခြေပြုအဖွဲ့ ပြောခွင့်ရ စိုင်းခေးစိုင်က ပြောပါတယ်။

“လောလောဆယ်မှာ လူဦးရေ ၂,၀၀၀ နီးပါး ရှိပြီခင်ဗျ။ အခုလတ်တလောကတော့ ပစ်ခတ်နေတဲ့နေရာတွေက ရွာသားတွေကတော့ တချို့မြို့ထဲမှာတော့ ခဏရှောင်နေတယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းတွေဆီမှာ ရှောင်နေတယ်။ တချို့ကတော့ တရုတ်နယ်စပ်၊ တချို့ကတော့ ထိုင်းဘက်ခြမ်း အဲဒီလိုတော့ သူ့ဟာနဲ့သူ သူ့လမ်းနဲ့သူ ပုန်းရှောင်နေတာရှိပါတယ်။”

အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၂,၀၀၀ လောက်ရှိသွားပြီဖြစ်ပြီး၊ ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အရေးတကြီး လိုအပ်နေတယ်လို့ စိုင်းခေးစိုင်က ပြောပါတယ်။

“အရေးကြီးဆုးကတော့ လတ်တလော ကျနော်တို့ အစားအစာရယ်၊ နောက်ပြီးတော့ သောက်သုံးရေ ရယ်ပေါ့။ နောက် တခြား အိပ်ယာ၊ ခြင်ထောင် အဲဒါတွေကတော့ ဒုတိယပေါ့နော်။ ပထမဆုံးကျတော့ သူတို့ နေ့စဉ်စားသောက်ဖို့ အစားအစာတွေကလည်း အရေးကြီးနေပါတယ်ခင်ဗျ။ အဲဒါကို ကျနော်တို့ ကူညီဖို့လည်း တခြားနေရာတွေကိုလည်း တိုက်တွန်းနေတယ်။”

တကယ်တော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ လက်အောက်ခံ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကြား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီးဖြစ်ပါတယ်။ နှစ်ဘက်တပ်ကြား ဒီလိုမျိုးတိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာလည်း နှစ်ဘက်တာဝန်ရှိသူတွေ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးထားပြီးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ စိုင်းခေးစိုင်က ပြောပါတယ်။
“အပစ်အခတ်ရပ်စဲတာက နှစ်ကြိမ်တောင်ရှိပါပြီ။ အခု လတ်တလော အသစ်ပြန်ပြီးတော့ လက်မှတ်ရေးထိုးတာလည်း ရှိတယ်ခင်ဗျ။ နောက်ပြီးတော့ ဆွေးနွေးနေတာလည်း ရှိတယ်ခင်ဗျ။ အဲဒီလိုမျိုးလုပ်ရင်းတန်းလန်းနဲ့လည်း ပစ်နေတာတွေ ပိုဖြစ်လာတာကတော့ အဲဒါတော့ဘာကြောင့်လဲ ပြောလို့မတတ်ဘူး။”

မြန်မာစစ်တပ်နဲ့ SSPP/ SSA မြောက်ပိုင်းတပ်တွေကြား ပြီးခဲ့တဲ့ မတ်လကတည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ သင်္ကြန်တွင်းတုန်းကလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ ရှမ်းပြည်နယ် တန့်ယန်းမြို့နဲ့ မိုင်းရှူးမြို့ကြားမှာ အခုထက်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းလည်း ဆက်ပြောပြပါတယ်။

“တန့်ယန်းနဲ့ မိုင်းရှူးပေါ့။ တန့််ယန်းရယ်၊ မိုင်းရှူးရယ်ကြားထဲမှာ ဖြစ်နေတယ်ခင်ဗျ။ အဲဒီလိုမျိုး လက်နက်ကြီးနဲ့ပစ်တာတွေ၊ ထိခိုက်မှုတွေ ရှိတယ်။ နောက်ပြီးတော့ ၀င်ပြီးတော့ လမ်းဖြတ်ရင်းနဲ့တိုက်တာတွေ။ တချို့ကတော့ အစီအစဉ်ရှိရှိနဲ့ တက်ပြီးတော့ တွေ့ဆုံတိုက်တာတွေ အဲဒါတော့ ခဏခဏဖြစ်နေတယ်။”

အခုအချိန်အထိ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး နယ်မြေမတည်ငြိမ် မအေးချမ်းတဲ့အတွက် ဒေသခံပြည်သူတွေ အခုလို ဒုက္ခတွေတွေ့နေရတဲ့အပေါ် နှစ်ဘက်အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအနေနဲ့ အပစ်ရပ်သဘောတူမှုကို လေးစားသင့်ပြီး ဒေသခံပြည်သူတွေကလည်း စစ်အမြန်ငြိမ်းဖို့ လိုလားနေကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အပစ်အခတ်လည်း ရပ်စဲထားပြီးပြီ။ သိပ်မကြာသေးဘူး။ လက်မှတ်ထိုးတာလည်း သိပ်မကြာသေးဘူး။ အကောင်အထည်ဖော်ဖို့လည်း စကားပြောပြီးသားဖြစ်နေတဲ့ အတွက်ကြောင့် ဒီစစ်ကတော့ တတ်နိုင်လို့ရှိရင် ရပ်ပြီးတော့ နှစ်ဦးနှစ်ဘက် ကောင်းကောင်းဆွေးနွေး သဘောတူဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့ အစိုးရဘက်ကလည်း ကျနော်တို့ သဘောတူထားတဲ့အတိုင်း အဲဒီနယ်မြေတွေကိုလည်း ပေးထားပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီနယ်မြေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတဲ့ဟာမျိုး နှစ်ဦးနှစ်ဘက်ပေါ့။ အဲဒီမှာ နိုင်ငံရေးအရရော၊ စစ်ရေးအရရော နှစ်ဘက်စလုံး သဘောတူညီချက်အတိုင်း လိုက်နာကြဖို့ရယ်၊ နောက်ပြီးတော့ ပြည်သူလူထု၊ အဲဒီဒေသခံတွေပဲဖြစ်ဖြစ် အဲဒီနေရာမှာရှိနေတဲ့ ထောင်သောင်းမက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။”

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလ အတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါသေးတယ်။
မဆုမွန်
VOA Burmese

သမ္မတ၏ မွေးနေ့ ပုံတူဂရပ်ဖစ်တီကို နာရီပိုင်းအကြာတွင် ဖျက်ခြင်းခံ(ဓါတ်ပုံသတင်း)

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ယနေ့(ဧပြီ ၂၀)တွင် ကျရောက်သော ၆၈နှစ်မြောက်မွေးနေ့ကို ဆုတောင်းသည့်အနေနှင့် လူငယ်ဂရပ်ဖစ်တီသမား အာကာကျော်က သမ္မတ၏ပုံတူဂရပ်ဖစ်တီကိုချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ယနေ့နံနက်ကရေးဆွဲထားခဲ့သည်။

သမ္မတ၏ မွေးနေ့ကို ဂုဏ်ပြုလိုသဖြင့် နံနက် ၄နာရီတွင် စတင်ရေးဆွဲခဲ့ကြောင်း အာကာကျော်ကပြောကြားသည်။ “ကျွန်တော်ကြောက်ကြောက်နဲ့ဆွဲခဲ့ရတာ။ ဒီတစ်ခေါက်ဆွဲတာ သိပ်အားမရပါဘူး”ဟု အာကာကျော်ကပြောသည်။

သမ္မတဦးသိန်းစိန်၏ ပုံတူ ဂရပ်ဖစ်တီကို ယနေ့ မွန်းလွဲတစ်နာရီတွင် အာဏာပိုင်များက လာရောက် ဖျက်ပစ်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ ပြီးခဲ့သောနှစ်ကလည်း သမ္မတပုံတူကို ရေးဆွဲခဲ့ပြီး ယခုလိုပင် နာရီပိုင်းအကြာတွင် ဖျက်ခြင်းခံခဲ့ရဖူးသည်။
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
7Day News Journal


လူသေမှုဖြစ်စဉ်တွင် ပါဝင်သူ တပ်မတော်သားများ ထိုက်တန်သည့်ပြစ်ဒဏ် ကျခံစေချင်လို

Saturday, April 20, 2013
ရန်ကုန်၊ ဧပြီ ၂၀။

သင်္ကြန်နောက်ဆုံးရက် (ဧပြီ ၁၆) တွင် သင်္ကြန်လည်သော တပ်မတော်သားတစ်ချို့နှင့် ရေပက်ခံကား တစ်စီး ခြောက်မိုင်ခွဲရှိ AGD မဏ္ဍပ်ရှေ့တွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရေပက်ခံကားမှ ပြည်သူတစ်ဦး
သေဆုံးသွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ပါဝင်သူ တပ်မတော်သားများအား ထိုက်တန်သည့် ပြစ်ဒဏ် ကျခံစေချင်သည်ဟု သေဆုံးသူ၏ ဇနီးက ပြောကြားသည်။

သေဆုံးသူမှာ သာကေတမြို့နယ်နေ ကိုမျိုးသူဝင်း (၃၄ နှစ်) ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားချိန်တွင် “ငါတို့က တပ်ကကွ။ မင်းတို့က လူမိုက်လား”ဟုဆိုကာ ကိုမျိုးသူဝင်းအား ဆွဲထိုးကြောင်း ထို့အပြင် ကားပေါ်ပါ လူတချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ယင်းနောက် လူစုခွဲပြီး ကားပေါ်ပြန်အတက် တွင်မဖောက်ရသေးသည့် အရက်ပုလင်းဖြင့် လှမ်းပေါက်လိုက်ရာ ကိုမျိုးသူဝင်း၏ ဝဲဘက်လည်ပင်းရှိ သွေးပြန်ကြောနှင့် သွေး လွှတ်ကြော ပြတ်ရှပြီး ဆေးရုံသို့အသွားတွင် သွေးလွန်သေဆုံးသွားကြောင်း အဆိုပါကားပေါ်တွင်
အတူလိုက်ပါသူတစ်ဦးက ၎င်း၏ မျက်မြင်တွေ့ရှိ ချက်များကို ပြောကြားသည်။

“အခု ကျွန်မမှာ ကိုယ်ဝန်လေးလနဲ့ ကျန်ခဲ့တယ်။
ကျွန်မ လျော်ကြေးလည်း မလိုချင်ဘူး။ ခု သတင်းတွေမှာလည်း မတော်တဆဖြစ်သလိုမျိုး ရေးနေကြတယ်။ ကျွန်မကတော့ သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကျစေချင်ပါတယ်” ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မမီမီအောင်က ပြောကြားသည်။

ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်သူ တပ်သားများကို အခင်းဖြစ်သည့်ညတွင်ပင် တောင်ဥက္ကလာပမြို့နယ်၌
ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးမိခဲ့ကြောင်း၊ ယင်းနောက် ခိုက်ရန်ဖြစ်ပွားသူ တပ်သားများ၏ တပ်ရင်းနှင့်
သေဆုံးသူမိသားစုဝင်များကို တောင်ဥက္ကလာပ ရဲစခန်းတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ခိုက်ရန်ဖြ သူ
တပ်သားများမှာ တပ်ရင်း ၃၂၃ တပ်မတော်ထောက်ပို့ (မင်္ဂလာဒုံ) မှ တပ်သားများဖြစ်ကြောင်း
သေဆုံးသူ၏ ဇနီး ဖြစ်သူက ဆက်လက် ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ လှိုင်မြို့နယ်ရဲစခန်းအား သွားရောက်မေးမြန်းရာတွင် စခန်းမှူး ရဲအုပ်သိန်းဆွေမြင့်က “ဒီကိစ္စနဲ့ ပတ်သတ်ပြီး တိုင်းရုံးကို မေးပါ။ ကျွန်တော်တို့ အနေနဲ့ ဖြေခွင့်မရှိဘူး။ တရားဝင် စာနဲ့မေးမယ်ဆိုရင်တော့ နေပြည်တော်ထိ တင်ပေးမယ်” ဟု ပြောကြား သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများကို ယင်းက မည်သူမည်ဝါဟု အတိအလင်း ပြောကြားခြင်း မရှိသေးသော်လည်းဖြစ်စဉ်မှာ အမှန်ဖြစ်ကြောင်း၊ ကျူးလွန်သူအား ပ ၁၇၄/၂၀၁၃၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် ၎င်းကိုယ်တိုင်တရားလိုပြု၍ အမှုဖွင့် အရေးယူထားကြောင်း ဆက်လက်ပြောကြားသည်။

“ကားပေါ်မှာ ပါတဲ့သူတွေ အကုန်လုံးက တပ်မတော်သားတွေဖြစ်တဲ့အတွက် သူတို့ကို စစ်ဆေးဖို့ရာ
သက်ဆိုင်ရာတပ်ထိန်းကို အကြောင်းကြားရတယ်။ တပ်ကို အကြောင်းကြားပြီးတော့မှ သက်ဆိုင်ရာတပ်က တစ်ယောက်ချင်းစီ စစ်ပြီးတော့မှ ဘယ်သူဆိုတာကို ဆွဲထုတ်ရမှာ။ ဘယ်သူဆိုတာ ဒီအတိုင်း ပြောလို့မရဘူး။ မှားသွားရင် ပြဿနာဖြစ်မယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့ခေတ်၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှု အား ပြန်လည်ဖြေကြားသည်။
မြန်မာ့ခေတ်

မုံရွာမြို့ မစိုးရိမ်ပညာဒါနကျောင်းမှ ပဉ္စမတန်းမှ ဒသမတန်းအထိ ကျောင်းအပ်စတင်လက်ခံ

မုံရွာ၊ ဧပြီ၊ ၁၉
မုံရွာမြို့ မစိုးရိမ်ပညာဒါနကျောင်းမှ ပဉ္စမတန်းမှ ဒသမတန်းအထိယနေ့မှစ၍ ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

မစိုးရိမ်ဆရာတော်မှ ဦးဆောင်၍ ငွေကြေးနွမ်းပါးသူများကို ဦးစားပေးကာ အခမဲ့ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
ရှိန်မြင့်ထွန်း
The Villager News

မုံရွာမြို့ ကျောက္ကာလမ်းမကြီးပေါ်တွင် တရားမ၀င် လောင်းကစားဆိုင်များ ဖွင့်လှစ်ထား

မုံရွာ၊ ဧပြီ၊ ၂၀
မုံရွာမြို့ကျောက္ကာလမ်းမကြီးဘေးတွင် တရားမ၀င် ကာစီနို လောင်းကစားဆိုင်အချို့ဖွင့်လှစ်ထားကြောင်းသိရသည်။

ထိုလောင်းကစားဆိုင်တွင် အကြွေစေ့ကို ငွေဖြင့်လဲလှယ်ကစားရသည့် ကစားခုံရှိပြီး ထိုကစားခုံသည် လူငယ်အချို့ကို စွဲလမ်းစေကာ တစ်နေ့လျှင် သိန်းချီလောင်းကစားမှုများပြုလုပ်နေကြောင်းသိရသည်။

ကျွန်တော်တို့ သတင်းအရထောက်လှမ်းစုံစမ်းနေပါတယ် အရေးယူမှုတွေမကြာခင်ပြုလုပ်သွားမှာပါ ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက The Villager သို့ပြောကြားသည်။
မောင်ချစ်
The Villager News

အမှိုက်များရှင်းလင်းပြီး တံတားများထိုးသွားမည်

မိုးလူငြိမ်း မုံရွာ၊ ဧပြီ၊ ၂၀
မုံရွာတ၀ိုက်အမှိုက်များဖြင့် ပိတ်ဖုံးနေသောချောင်းများ ရေစီးရေလာကောင်းစေရန်ပြန်လည်ရှင်းလင်းပြီး တံတားများထိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။

အမှိုက်တွေ ထပ်မပစ်ကြဖို့ မေတ္တာရပ်ခံထားပါတယ် မကြာခင်မှာ ချောင်းတွေကို တံတားတွေထိုးသွားမှာပါ သပြေပင်ချောင်းကိုတော့ ပြန်လည်ပြုပြင်ပြီးပါပြီ သလ္လာမြို့သစ်ချောင်းတွေကိုလည်းပြန်လည်ပြုပြင်သွားမှာပါ ဟု မုံရွာစည်ပင်တာဝန်ရှိသူတစ်ဦးက The Villager သို့ပြောကြားသည်။

တံတားထိုးမယ်လို့ကြားတာပဲ အခုထိတော့ဘာမှမလုပ်သေးလို့ မိုးရွာရင် ရေတွေလျှံတုန်းပါပဲ ဟု ပိတ်ဆို့နေသော ချောင်းအနီးနေထိုင်သူတစ်ဦးကပြောကြားသည်။
The Villager News

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှသာ စာပေဖွံ့ဖြိုးတိုးတက်မည်ဟု ဆို

Saturday, April 20, 2013
ရန်ကုန်၊ ဧပြီ ၂၀။
မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ချင်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်မည်ဟု ဆရာသစ္စာနီက
ယနေ့ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ပြုလုပ်သော မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ
ဆွေးနွေးပွဲ လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။

နိမ့်ကျနေသော ဘဝများတွင် အလုပ်ချိန်သည် နေ့စဉ်၁၂နာရီခန့် အလုပ် လုပ်နေကြရသောကြောင့် အိမ်တိုင်းကို စာအုပ်လိုက်ဝေမည် ဆိုလျှင်ပင် စာဖတ်ရန်အတွက် အချိန်ပေးနိုင်မည် မဟုတ်ကြသောကြောင့် မြန်မာစာပေ ဖွံ့ဖြိုးမှု အားနည်းနေရခြင်း ဖြစ်ကြောင်း ဆရာသစ္စာနီက ပြောကြားသွားသည်။

တစ်တိုင်းပြည်လုံး အဖက်ဖက်မှ ကျဆင်းနေသော အချိန်တွင် စာပေတစ်ခုသာ ချွန်ထွက်နေသည်ဟု ပြောပါက စာပေသမားများ အနေဖြင့် ကိုယ့်ကိုကိုယ် အထင်ကြီးရာ ရောက်သွားလိမ့်မည်ဖြစ်ကြောင်း ဆရာဖေမြင့်က ပြောကြားသွားသည်။

“စာပေဟာတိုင်းပြည်ကို ဦးဆောင်နိုင်ရမယ် လို့မြင်ပါတယ်။ တိုင်းပြည်မှာ ဘာဖြစ်သင့်သလဲဆိုတာ ပြောဆိုနိုင်ရမယ်။ ဒါမျိုးတွေ ဖြစ်ဖို့လည်းလိုအပ်မယ်” ဟု ယင်းက ဆိုသည်။

မြန်မာစာပေ လောကသည် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ခဲ့သည့်အပြင်
မကျန်းမမာ ဖြစ်နေသည်မှာလည်း အနှစ်လေးဆယ်ကျော် ရှိနေပါပြီဟု ဦးကိုကိုလေး (ဝတ်ရည်)က ပြောကြားသည်။

နိမ့်ကျနေသော မြန်မာ့စာပေလောက ပြန်လည် မြင့်တင်ရန်အတွက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မေလ (၁၁)ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်းနေ့တွင် မြန်မာစာပေလောက ပြန်လည်မြှင့်တင်ရန်အတွက် လုပ်ဆောင်ရမည့် အကြံပေးစာတမ်းများကို ဆရာဖေမြင့်၊ စာရေးဆရာမဂျူး၊ မန္တလေးမှ ဆရာဦးထွန်းဦး၊ ဆရာမောင်ခင်မင်(ဓနုဖြူ)နှင့် ဆရာဇေယျာတို့က ဖတ်ကြားသွားကြမည် ဖြစ်ကြောင်း သိရသည်။
လူမင်း
မြန်မာ့ခေတ်

တရုတ် ပြည်ပို့မည့် ကျွဲ၊ နွား အကောင် ၂၀၀ ကျော် ဖမ်းမိ

Saturday, April 20, 2013
ဝိုင်းမော်၊ ဧပြီ ၂ဝ။
ဧပြီလ အတွင်း မြန်မာပြည်အောက်ပိုင်းမှ တရုတ်နယ်စပ်သို့ တရားမဝင်တင်ပို့သော ကျွဲ၊ နွား
အကောင်(၂ဝဝ)ကျော် ဖမ်းဆီးထားကြောင်း ဝိုင်းမော်မြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်ဝင်းက
ပြောကြားသည်။

“ဒီတရားမ၀င် တင်ပို့မယ့် ကျွဲ၊ နွားတွေကို နယ်မြေရဲဌာနကကော ပြည်နယ်နဲ့ ခရိုင်ဌာနကပါ ဖမ်းဆီးတာတွေ လုပ်နေတာပါ၊ ဖမ်းမိတဲ့သူတွေကလည်း ဒီနယ်က မဟုတ်ဘူး၊ အောက်ပိုင်းသားတွေ၊ သူတို့ကအောက်ပိုင်းနယ်စုံက ကျွဲနွားတွေကို စုပြီး အခုလိုမျိုး တရုတ်နယ်စပ်ကို တင်ပို့ဖို့ လုပ်နေတာ”ဟု ၎င်းက ပြောကြားသည်။

ဧပြီလအတွင်း ကျွဲ၊ နွားများကို (၆)ကြိမ် တိုင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး သယ်ဆောင်လာသူ ၉ ဦးကိုလည်း
ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးထားသူများကို လာမည့် ဧပြီလ (၂၂)ရက်နေ့ မနက်(၉)နာရီအချိန်တွင် ဝိုင်းမော်မြို့ တရားရုံး၌
ပုဒ်မ(၅)ဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ကျွဲ၊ နွားများ တရားမဝင် နယ်စပ်သို့ တင်ပို့သူများအား တရုတ်နယ်စပ်သို့သွားရာ ကန်ပိုင်တီ လမ်းကြောင်း၌ ပြည်နယ်နှင့် ခရိုင်ဌာနတို့မှ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ရဲစခန်းမှ
သိရသည်။
TMA
မြန်မာ့ခေတ်

ရှေ့အပတ်ကျင်းပမယ့် မက်ဒရစ် မာရသွန်အတွက် စာရင်းပေးသူ များပြား

အမေရိကန်ပြည်ထောင်စု ဘော်စတွန် မာရသွန်ပွဲမှာ ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ရှေ့အပတ် စပိန်မှာ ကျင်းပမယ့် မက်ဒရစ်မြို့ မာရသွန် အပြေးပြိုင်ပွဲ မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆိုပြီး စာရင်းပေးသူ ပေါင်းဟာ သိသိ သာသာ တိုးများလာခဲ့ ပါတယ်။

ဘော့စတွန် တိုက်ခိုက်မှု အပြီး နောက်တနေ့ မှာပဲ မက်ဒရစ် မာရသွန် အတွက် စာရင်းပေးသူ ၄ ဆ တိုးသွားတယ်လို့ ပွဲကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဘော်စတွန်မှာ ထိခိုက်သေဆုံးသူတွေ အတွက် မက်ဒရစ် မာရသွန်ပွဲမှာ အထူး ဂုဏ်ပြု ချီးကျူး ဆုတောင်းပွဲ ကျင်းပပေးမှာ ဖြစ်ပါတယ်။

အခုလို မက်ဒရစ်ပွဲ အတွက် စာရင်းပေးသူ များလာတဲ့ အတွက် မက်ဒရစ် အနေနဲ့ ဘော်စတွန် အတွက် အကောင်းဆုံး ချီးကျူး ဂုဏ်ပြုပေးနိုင်မှာ ဖြစ်တယ် လို့ စပိန်အိုလံပစ် ကော်မတီ ဥက္ကဌ က ပြောပါတယ်။
BBC Burmese

(၅) အရွယ် မိန်းခလေးကို နေအိမ်းမှာချုပ်ပြီး အကြိမ်ကြိမ် အဓမ္မကျင့်တဲ့သူကို ဖမ်းဆီး

နယူဒေလီ(CNN)။ အိန္ဒိယ ရဲများက (၅) အရွယ် မိန်းခလေးကို နေအိမ်းမှာချုပ်ပြီး အကြိမ်ကြိမ် အဓမ္မကျင့်တဲ့သူကို ဖမ်းဆီးလိုက်ပါတယ်။

ထိုမိန်းခလေးကို အနီးရှိဆေးရုံကို တင်ထားပါတယ်။ ဆရာဝန်များရဲ့ပြောပြချက်အရ မိန်ခလေးရဲ့ လိင်အင်္ဂါထဲမှ ရှိနေတဲ့ ဖယာင်တိုင်အစအနနဲ့ ပုလင်းသေးသေးကို ဖယ်ထုပ်ထားရပါတယ်။

မကြာသေးခင်က ဆေးကျောင်းသူတဦးကို ဘတ်စ်စကားတစီးပေါ်မှာ အုပ်စုလိုက် အဓမ္မကျင့်တဲ့ကိစ္စနဲ့ နိုင်ငံနဲ့အ၀ှမ်း ဆန္ဒပြခဲ့ကြပါတယ်။ ထိုဆေးကျောင်းသူလေမှာလည်း နောက်ပိုင်းမှာ စင်္ကာပူဆေးရုံမှာ သေဆုံးသွားပါတယ်။
==>>>>> အသေးစိတ်ကို ဖတ်ရှုရန်  ဒီနေရာကို နှိပ်ပါ <<<<<==

ဘော်စတွန်မြို့ အခြေအနေ ပုံမှန် ပြန်ရောက်

အမေရိကန် ရဲတပ်ဖွဲ့ သမိုင်းမှာ အကြီး ကျယ်ဆုံးသော လူ လိုက်လံ ဖမ်းဆီး တဲ့ ဖြစ်ရပ် တခု အပြီး၊ ဘော့စတွန်မြို့ဟာ ပုံမှန် အတိုင်း ပြန်ဖြစ်လာပြီ ဖြစ်ပါတယ်။

တနင်္လာနေ့ ဘော်စတွန် မာရသွန်ပွဲမှာ ဗုံးဖေါ်က်ခွဲသူလို့ သံသယ ရှိသူ တဦးဖြစ် တဲ့ အသက် ၁၉ နှစ်အရွယ် ဂျို့ဟာ့ ဆာနိုင်ရက်ဖ် ကို မနေ့ ညက ရဲတပ်ဖွဲ့က ဖမ်းဆီးမိလိုက်ပါတယ်။

ချက်ချင်ညာ လူမျိုးဖြစ်တဲ့ ဒီ ဆယ်ကျော်သက် အရွယ် လူငယ်ဟာ ပန်းခြံ တခုရဲ့ အနောက်က လှေထဲမှာ ဝင်ပုံးနေတာဖြစ်ပြီး၊ ရဲနဲ့ အပြန် အလှန်ဖြစ်ခဲ့ပြီးတဲ့နောက်မှာ သူ့ကို ဖမ်ဆီးမိလိုက်တာပါ။

ဒီလူငယ်ဟာ ကျည်ဆံ ဒဏ်ရာ အပြင်း အထန် ရရှိသွားတဲ့ အတွက် အခြေ အနေဆိုးဝါး နေပေမယ့် အသက်အန္တရာယ် တော့ မရှိဘူးလို့ ဆိုပါတယ်။ ဂျို့ဟာ့ ဆာနိုင်ရက်ဖ်ဟာ ဒဏ်ရာတွေကနေ ပြန်သက်သာလာမှာ ဖြစ်တဲ့အတွက် သူ့ကို စစ်ဆေးမေးမြန်းနိုင်မှာ ဖြစ်တယ်ဆိုပြီး အရာရှိနေတွေက မျှော်လင့်နေကြပါတယ်။
BBC Burmese


 

စီးပွားတည်နိုင်ပါမှ

အမျိုးကိုချစ်သည်မှာ ကောင်းသည်။ နိုင်ငံကိုချစ်သည်မှာလည်း မွန်မြတ်သည်။ ပြုပြင်ပြောင်းလဲရေးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနေသည်မှာလည်း လူနတ်သာဓု ခေါ်စရာပင်။ သို့သော် တိုင်းပြည် စီးပွားတက်အောင် အားလုံးလုပ်နိုင်ပါမှ အမျိုးကို၊ နိုင်ငံကို တကယ်ချစ်ပြီး တိုင်းပြည်ကိုလည်း အမှန်တကယ် တည်ဆောက်နိုင်ပါလိမ့်မည်။

နိုင်ငံရေးနှင့် စီးပွားရေးသည် အပြန်အလှန် တိုက်ရိုက်ဆက်စပ်နေသည်။ စီးပွားရေးကို နိုင်ငံရေးက လွှမ်းမိုးသလို နိုင်ငံရေးကိုလည်း စီးပွားရေးက ခြယ်လှယ် သည်။ ထို့ကြောင့် နိုင်ငံရေးကို ပြောင်းလိုလျှင် စီးပွားရေးကို ပြင်ရသလို၊ စီးပွားရေးကို ပြင်လိုလျှင် နိုင်ငံရေး ကိုလည်း ပြောင်းရသည်။

နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံက ကိုယ်ထိလက်ရောက် စစ်ရေးဖြင့် ကျူးကျော် သိမ်းပိုက်သော ခေတ်ကုန်သွားပြီ။ ရှားရှားပါးပါး စစ်ပွဲတစ်ပွဲ နှစ်ပွဲခန့်သာ မြင်တွေ့ရသည်။ အခြားနိုင်ငံ၏ စီးပွားရေးကို မိမိကခြယ်လှယ်နိုင်အောင် စီးပွားတောင့်တင်းလျှင်၊ သူ၏ ဈေးကွက်ကို အုပ်စီးထားနိုင်လျှင် စစ်တိုက်ရန် မလိုတော့။ မိမိအလိုကို လိုက်ရတော့မည်။ ထို့ကြောင့် နိုင်ငံကို မြင်သာထင်သာဖြစ်စေ၊ မသိမသာဖြစ်စေ အခြားသူတို့လက် အရောက်မခံလိုလျှင် စီးပွားတက်အောင် လုပ်ကြဖို့လိုသည်။

ဗြိတိသျှတို့လက်သို့ မြန်မာနိုင်ငံ ကျရောက်ခဲ့သောနှစ်သည် မြန်မာတို့ စီးပွားရေးကျသောနှစ်များ ဖြစ်သည်။ တိုင်းပြည်အတွင်း စီးပွားချို့တဲ့သောကြောင့် လုပ်နိုင်ကိုင်နိုင်စွမ်း ကျဆင်းနေသည်။ ဆင်းရဲမွဲတေမှု မြင့်သောကြောင့် ခိုးသားဓားပြ သောင်းကျန်းသလို တိုင်းပြည်မတည်ငြိမ်။ တိုင်းသူ ပြည်သားတို့ အာဟာရချို့တဲ့ ပညာဉာဏ် နုံ့နဲ့ကြသည်။ တပ်မတော်သည် လက်နက်လူသူ မစုဆောင်းနိုင်။ နိုင်ငံတွင်း ခေတ်မီနည်းပညာများ မရှိ။

အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု စစ်အေးကာလ အတွင်းက ရာစုနှစ်ဝက် ပြိုင်ဆိုင်ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကျသွားခဲ့သည်။ နှစ်နိုင်ငံ စစ်တစ်ကြိမ်မှ မဖြစ်လိုက်ရဘဲ ဆိုဗီယက် ပြိုကျသွားခဲ့သည်မှာ နိုင်ငံစီးပွားရေး ချွတ်ခြုံကျသွားသောကြောင့် ဖြစ်သည်။ ဆိုဗီယက်၏ ဆိုရှယ်လစ် စီမံကိန်းစီးပွားရေး စနစ်သည် နိုင်ငံနှင့် နိုင်ငံသားများကို ထောက်ပံ့နိုင်ခြင်း မရှိသဖြင့် နိုင်ငံ၏ နိုင်ငံရေးစနစ်ပါ ကျဆုံးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ရေဂင်လက်ထက်တွင် အာကာသတွင်း စစ်ပွဲအတွက် လက်နက်တပ်ဆင်ခြင်း (ဝါ) ကြယ်တာရာစစ်ပွဲ (Star Wars) စီမံကိန်းကို လူသိရှင်ကြား ကြေညာကာ လက်နက်တပ်ဆင်ခြင်းကို ငွေကြေး မြောက်မြားစွာ အကုန်အကျခံပြီး ပြုလုပ်သည်။ ဆိုဗီယက်ကလည်း အားကျမခံ ထိုအစီအစဉ်ကို တန်ပြန်ရန် အပြိုင်အဆိုင် လက်နက် တပ်ဆင်သည်။ ပြိုင်ရင်း ပြိုင်ရင်း နဂိုကတည်းက ယိုင်နဲ့နဲ့ ဆိုဗီယက်စီးပွားရေး ပိုဆိုးလာပြီး ပြိုသွားတော့သည်။ ကြယ်တာရာစစ်ပွဲသည် ဆိုဗီယက် ပြည်ထောင်စု ပြိုကျသွားခြင်းတွင် အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်သည်။

ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ငွေကြေးချမ်းသာကြွယ်ဝရန် မလိုသော်လည်း ငွေကြေးတောင့်တင်းသည့် နိုင်ငံများတွင် ဒီမိုကရေစီ တည်ဆောက်ရ ပိုလွယ်သည်၊ သို့မဟုတ် ကြာရှည်ခံသည်ကို တွေ့ရသည်။ လူမှုသိပ္ပံပညာရှင် Martin Lipset က “the more well-to-do- a nation, the greater its chances to sustain a democracy” “နိုင်ငံတစ်ခု ချောင်လည်လေလေ၊ ဒီမိုကရေစီကို ထိန်းသိမ်းနိုင်ခြေ များလေလေ” ဟု ပြောကြားခဲ့သည်။ တစ်နှစ်ပျမ်းမျှဝင်ငွေ ဒေါ်လာခြောက်ထောင်အထက် နိုင်ငံများတွင် ဒီမိုကရေစီသည် ကြံ့ခိုင်သန်မာသည်ဟု နိုင်ငံရေး သိပ္ပံပညာရှင် Adam Przeworski နှင့် Fernando Limongi တို့ ပူးတွဲပြုလုပ်ခဲ့သည့် ကျယ်ပြန့်လှသော သုတေသနတွင် တွေ့ရှိခဲ့သည်။ ဆိုလိုသည်က ဒေါ်လာ ခြောက်ထောင်အောက် နိုင်ငံများသည် သိပ်မသေချာလှသေး။ ဒေါ်လာ ခြောက်ထောင်မှတ်နှင့် ဝေးလေလေ၊ သတိကြီးကြီးထားနိုင်မှ တန်ခါကျ လေလေ ဆိုသည့်သဘော။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်ရေးသည်လည်း နိုင်ငံ့စီးပွားရေး အပေါ်တွင် မူတည်နေသည်။ အထူးသဖြင့် မြန်မာ့ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတို့ကို တစ်ပြိုင်တည်း ပြုလုပ်နေသောကြောင့် စီးပွားရေးသည် ပိုပြီး အရေးကြီး သည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲလိုက် သောကြောင့် လူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်များ မြင့်တက်လာသည်။ မြင့်တက်လာသော မျှော်လင့်ချက် များကိုလည်း လမ်းပေါ်တွင်၊ စာမျက်နှာများပေါ်တွင်၊ ခန်းမများထဲတွင် ထုတ်ဖော်နိုင်လာသည်။ တစ်ဖက်တွင် ထိုမျှော်လင့်ချက်များကို အကောင်အထည် ဖော်ပေး၊ ဖြည့်ဆည်းပေးနိုင်ရန်သည် စီးပွားရေး ပြုပြင်ပြောင်းလဲရေး၏ ပခုံးပေါ်သို့ ကျရောက်လာသည်။ လုပ်ခလစာတိုးမြှင့်ရေး၊ ၂၄ နာရီ မီးရရှိရေး တို့သည် နိုင်ငံ၏ စီးပွားရေး အခြေအနေပေါ်တွင် မူတည်သည်။ သို့သော် မည်သည့် စီးပွားပြုပြင်ပြောင်းလဲရေး မဆို တည်ဆောက်ရေးကာလ ရှိပြီး ထိုအချိန်ကာလကျော်မှ အသီးအပွင့် ခူးဆွတ်စားသုံးနိုင်သည်။ ဥပမာ လွယ်လွယ်တစ်ခု ပေးရလျှင် ဈေးဆိုင်တည်ရန် မြေနေရာရွေး၊ မြေရှင်း၊ ဆိုင်ဆောက်၊ ပစ္စည်းခင်းကာလပြီးမှ ဈေးဝယ်များ တဖွဲဖွဲလာမည်။ လာလျှင် ပင် ဆိုင်ရှိပစ္စည်းများ လာကြည့်ပြီး မဝယ်ဘဲပြန်သွားသူလည်း ရှိမည်။ တဖြည်းဖြည်းနှင့်မှ အရောင်းသွက်လာပြီး အရင်းကျေ၊ ထိုမှတစ်ဆင့် အမြတ်ရလာသည့် အဆင့်သို့ ရောက်သည်။ ထိုသို့ အသီးအပွင့် ခူးမစားနိုင်ခင် စိုက်ထားသည့် အချိန်ကာလအတွင်းတွင် မျှော်လင့်ချက်များကား တစ်ဆ ထက်တစ်ဆ တိုးလာမည် ဖြစ်သောကြောင့် ဖိအားများလာပြီး နိုင်ငံရေး မတည်ငြိမ်သည်အထိပင် ဖြစ်လာနိုင်သည်။

မည်သည့်စနစ်ပင် သုံးသုံး နိုင်ငံ့စီးပွား တိုးတက်ရေးသည် နိုင်ငံ တည်ငြိမ်မှု ရှိ၊ မရှိပေါ်တွင် မူတည်သည်။ နိုင်ငံမတည်ငြိမ်လျှင် စီးပွားရေး လုပ်ငန်း တည်ထောင်လိုစိတ် မည်သူမျှ ရှိမည်မဟုတ်။ မိမိရှိသည့် အထုပ်လေးကိုသာ ပိုက်ထားကြမည်။ နှစ်ရှည်သွားမှ အရင်းကျေ အမြတ်ထွက်မည့် လုပ်ငန်းကြီးများဆိုလျှင် တည်ထောင်ရန် ပို၍ပင် မလွယ်သေးသည်။ အခြေချ နှစ်ရှည်လုပ်လျှင် မသေချာသောကြောင့် အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား တစ်နပ်စားဉာဉ်ဖြင့် လုပ်နိုင်မှ တော်ရုံကျမည်။ ပြည်တွင်းမှ သူပင် စီးပွားရေး မလုပ်လိုလျှင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် လမ်းမမြင်။ ယခုမှ စမည့်သူ ကလည်း စီးပွားရေးလုပ်ရန် တွန့်ဆုတ်နေ၊ လုပ်လက်စ သူကလည်း တိုးချဲ့ရန် တွန့်နေလျှင် နိုင်ငံ့စီးပွားမတက်နိုင်။ စီးပွားရေးလုပ်ငန်းများ ကျဆင်းလျှင်၊ မတိုးချဲ့နိုင်လျှင် အလုပ်အကိုင် ပေါ်ထွန်းမှု နည်းပါးပြီး အလုပ်လက်မဲ့နှုန်း များပြားမည်။

အလုပ်လက်မဲ့နှုန်း များခြင်းသည် နိုင်ငံတည်ငြိမ်ရေးကို အထောက်အကူ မပြုကြောင်း ပညာရှင်ဖြစ်ရန်မလို လူတိုင်းသိသည်။ အလုပ်လက်မဲ့ နှုန်းများခြင်းနှင့် ရာဇဝတ်မှုများ များပြားခြင်းသည် တိုက်ရိုက်အချိုးကျသည်။ အလုပ်လက်မဲ့နှုန်း များပြားလျှင် နိုင်ငံတွင်းတွင် စိတ်တိုနေသူများ၊ မိမိနှင့် မဆိုင်သည်များကို စိတ်ဝင်စားသူများ များပြားသည်။ အာရုံစူးစိုက်ထားရမည့် အရာကင်းမဲ့သော သန်းနှင့်ချီသည့် လူများသည် နိုင်ငံအတွက် အန္တရာယ် ကြီးသည်။

စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့နေပြီ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို တစ်ရက်တည်းဖြင့် မှတ်ပုံတင်နိုင်အောင် လုပ်ပေးသည်ဟူသော သတင်းတစ်ရပ် ကြားလိုက်ရသည်။ ဘဏ်များ ပြုပြင်ပြောင်းလဲရေး တစ်ဆင့်ပြီးတစ်ဆင့် တက်လာသလို လုံးခနဲ အားလုံးပေးစရာမလိုဘဲ ငွေအရစ်ကျ သွင်းခြင်းဖြင့် တိုက်ခန်းပိုင်၊ ကားပိုင်နိုင်မည့် အစီအစဉ်များ ပေါ်လာသည်။ သီလဝါ အထူး စီးပွားရေးဇုန်ကို ဂျပန်အကူအညီဖြင့် အကောင်အထည်ဖော်ရန် သေချာသွားပြီ။ မြန်မာနိုင်ငံကို စိတ်ဝင်တစားနှင့် လာရောက်ရင်းနှီးမြှုပ်နှံရန် အကဲခတ် သူများ များပြားနေပြီ။ ယင်းတို့သည် သတင်းကောင်းများဖြစ်ပြီး အမှန် တကယ် ဂုဏ်ယူလောက်သည့် အပြောင်းအလဲများ ဖြစ်သော်လည်း သေသေ ချာချာကြည့်လိုက်လျှင် စီးပွားရေး စတက်ရန် အရှိန်စယူဆဲသာ ရှိနေသေး သည်။ နိုင်ငံတွင်း ဝင်ငွေတိုးတက်ခြင်း အားရစရာ မရှိသေးသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင်လည်း “လာ၊ ကြည့်၊ ပြန်” များသာ များနေသည်။

ယခုတလော မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မတည်ငြိမ်မှုများသည် နိုင်ငံ့စီးပွားရေး အတွက် မည်သည့်ဘက်က ကြည့်ကြည့် လုံးဝမကောင်းသော ဖြစ်ရပ်များဖြစ်သည်။ နိုင်ငံသားတို့လည်း ကျီးလန့်စာစားဖြင့် စီးပွားရေး လုပ်ချင်စိတ် ယုတ်လျော့စေပြီး ဝင်လာလုဆဲဆဲ နိုင်ငံခြားသား တို့ကိုလည်း နှစ်ခါပြန် စဉ်းစားသွားစေသည်။ မျှော်လင့်ချက်များ တစ်ဟုန်ထိုး မြင့်တက်ပြီး ထင်သလို ဖြစ်မလာသေးသောကြောင့် ဒေါသထွက်နေသူများနှင့် စီးပွား မတက်ခြင်းတို့ ပေါင်းမိလျှင် မြန်မာနိုင်ငံအတွက် အပေါင်းလက္ခဏာ ဆောင်သောရလဒ် ဖြစ်ပေါ်စေမည်မဟုတ်ပါ။

မြန်မာ့စီးပွားရေးနှင့် ပတ်သက်ပြီး “စလုံးရေသာစ” ရသေးသည့်အတွက် တက်ထောင်ရန် စောလွန်းနေပါသေးသည်။ နိုင်ငံရေးသည် ရှေ့ရောက်နေ သော်လည်း စီးပွားရေးကို မထောက်ကူဘဲ တွန်းချမည့် ရှေ့ရောက်ခြင်းမျိုး ဖြစ်ပါက စီးပွားရေး နောက်ပြန် လန်ကျလျှင် နိုင်ငံရေးပါ ပါသွားပါလိမ့်မည်။ “အူမတောင့်မှ သီလစောင့်နိုင်သည်” “A hungry man is an angry man” (ဗိုက်ဆာလျှင် စိတ်တိုတတ်သည်) တို့သည် လူတို့၏ စရိုက်ကိုကြည့်ပြီး လက်ဆင့်ကမ်းခဲ့သော စကားပုံများ ဖြစ်သည်။
(ေဇယ်သူ)
The Voice Weekly

သား လွတ်လာရင် ပဉ္စင်းခံပါလား

''သားလွတ်လာရင်ပဉ္စင်းခံပါလား''ဟုဆိုခဲ့ဖူးသော
ကွယ်လွန်သူ မိခင်ကြီး၏စကားအား ရုတ်တရက် ပြန်လည်းကြားယောင်မိ၍ နှစ်ဆန်းတစ်ရက်နေ့ မှာ၈၈ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် ပဉ္ဇင်းခံခဲ့ကြောင်းသိရသည်။
By;Phyu Nay Kyi Min Yu
Popular Journal

တွဲပြင်ရထားမီးလောင်


မန္တလေးမြို့ မီးရထားဘူတာအတွင်းရှိ တွဲပြင်ရန်ရပ်ဆိုင်းထားသော မန္တလေး-မြစ်ကြီးနား ရထားတွဲအမှတ်Bduez 12858 အထက်တန်းအိပ်စင် ၄ ခန်းတွဲ D ခန်းမှ သောကြာနေ့ ည ၁၀ နာရီကျော်တွင် စတင်လောင်ကျွှမ်းခဲ့ခြင်းဖြစ်တယ်လို့ပြောကြားခဲ့။

မီးစတင်လောင်ရခြင်းအကြောင်းကို မသိရှိရသေး ၊အချိန်မှီ ငြိမ်းသတ်နိုင်သောကြောင့် တွဲတစ်တွဲသာလောင်ကျွှမ်းခဲ့။
(သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ)
DVB TV News






နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com