http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အမှန်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါများရှိနေပြီး သမ္မတမိန့်ခွန်းသည် ယျေဘူသဘောဆောင်နေဟု ဖိုးသောကြာဆို

ရန်ကုန်၊ မတ် ၃၀။
လတ်တလောဖြစ်ပေါ်နေသော ဆူပူများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတမိန့်ခွန်းသည် ယျေဘူယျဆန်လွန်းနေပြီး ပြတ်သားမှုမရှိကြောင်း အမှန်တကယ်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါကဲ့သို့သော အစွန်းရောက် မူစလင်အချို့ ရှိနေကြောင်း သတင်းစာဆရာကြီး ဖိုးသောကြာက မတ်လ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

မတ်လ ၂၈ ရက်နေ့တွင် ပြောကြားသော နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် လူတချို့က သွေးထိုးလှုံ့ဆော်မှုတွေရှိနေကြာင်း ပြောကြားထားပြီး “ကျွန်တော့တို့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါလားရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတ လုပ်ပိုင်ခွင့်တွေ ၊ လုံခြုံရေးအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ် ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်”ဟု ပြောကြားထားခြင်းဖြစ်သည်။

ထို့သို့ ပြောကြားခြင်းသည်ပင် ယျေဘူယျသဘောဆောင်လွန်းကြောင်း ၊ မင်းသည်မင်းကျင့် တရားနှင့်အညီ ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်ရမည်ဖြစ်ပြီး ဆုံးမသင့်သောသူကိုလည်း ဆုံးမရမည်ဖြစ်ကြောင်း သတင်းစာဆရာကြီး ဖိုးသောကြာက ဝေဖန်ပြောကြားသည်။

၎င်းက ဆက်လက်၍ “ ဒီကနေ့ဖြစ်နေတဲ့ ကိစ္စမှာ ပြည်တွင်းက မွတ်စလင်တချို့ရဲ့အစွန်းရောက်မှုတွေ ရှိတာပေါ့။ အစ္စလာမ်ဘာသာဝင် အများစုက အဲ့ဒီလိုစိတ်မျိုး မရှိကြဘူး။ အဲ့ဒီတော့ တရားခံက ပယောဂ၊ ပယောဂက အယ်ကိုင်ဒါ(သို့မဟုတ်) အယ်ကိုင်ဒါ ကဲ့သို့သော အခြား အစွန်းရောက် မွတ်စလင်တွေကြောင့်ဘဲ” ဟု ပြောကြားသည်။ ထိုသို့အစွန်းရောက်များ ရှိနေသည်ကို ၎င်းတစ်ယောက်တည်းက ပြောဆိုခြင်း မဟုတ်ဘဲ ရင်းနှီးသောမွတ်စလင် အချို့ကလည်း ပြောဆိုနေကြခြင်း ဖြစ်သောကြောင့် ထိုသို့သော အစွန်းရောက်များကို ဖော်ထုတ်အရေးယူ ရန်သည် အထူးလိုအပ်လာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ မွတ်စလင်အများဆုံး နေထိုင်ရာ ဗလီ၁၃လုံးရှိနေသော ပန်းပဲတန်းမြို့နယ်၌ ၎င်းနေထိုင်လာခဲ့သော ၂၂နှစ်တာကာလအတွင်း မွတ်စလင် အစွန်းရောက်အချို့က ဗမာမလေးတစ်ယောက်ကို ရလျှင်ဘယ်လောက် ဆိုသည်မှာ  မဆလ လက်ထက်ကပင် ရှိခဲ့ကြကြောင်း၊ နားနဲ့မဆံ့အောင်ကြားခဲ့ရကြောင်း၊ အဆော်ကားခံရမှုများကိုလည်း တွေ့မြင်ခဲ့ရပြီး ပြဿများဖြစ်ပွားသော သမိုင်းများစွာ  ပန်းပဲတန်း ရဲစခန်းတွင် များစွာရှိနေကြာင်း ပြောကြားသည်။ ထို့ကြောင့် အစွန်းရောက် အယ်ကိုင်ဒါများကို ဖော်ထုတ်အရေးယူရန်သည် ယျေဘူယျသဘော ပြောနေရမည့် အနေအထားမဟုတ်ကြောင်း ၎င်း၏အမြင်များကို သတင်းစာဆရာကြီး ဖိုးသောကြာက ပြောကြားလိုက်သည်။
အောင်သိုက်
 မြန်မာ့ခေတ်

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိဟု တုံ့ပြန်ပြောကြား

Saturday, March 30, 2013
ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်ခဲ့ခြင်းမှာဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေလိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်းက ဆိုသည်။

“စစ်သားတွေက ရိုးရိုးသာမာန်အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်။ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက Road Map (၇)ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီစည်းဝိုင်းထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ၂နှစ်ကျော်ပဲရှိသေးတယ်။ မရင့်ကျက်သေးတော့ နောက်ပြန်လှည့် သွားနိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်းက သုံးသပ်ပြောဆိုသည်။



ပြည်နယ်အချို့တွင် အကြမ်းဖတ်မှုနှင့် ပဋိပက္ခများ မကြာခဏဆိုသလိုဖြစ်ပေါ်နေခြင်းမှာ တပ်မတော်မှ နောက်ကွယ်က ကြံစည်နေခြင်းဖြစ်သည်ဟုအင်တာနက် လူမှုရေးဝက်ဆိုက်ဒ်အချို့၌ ပျံနှံ့ပြောဆိုနေမှုမှာ မှန်ကန်ခြင်းမရှိဟု ၄င်းက ဆိုသည်။

“အစိုးရ အကူအညီတောင်းလို့သာ တပ်မတော်က ၀င်ပြီး ပုဒ်မ ၁၄၄ထုတ်ရတာပါ။တပ်မတော်က နောက်က ကြိုးကိုင်ပြီး လှုံ့ဆော်နေတယ်ဆိုတာ မဟုတ်ပါဘူုးဗျာ၊အပ်နဲ့ထွင်းရမယ့် ဟာကို ပုဆိန်နဲ့ ထွင်းရမှာစိုးလို့ တပ်မတော်က၀င်လုပ်ပေးနေတာပါ။ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာ တပ်မတော်က ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်ပါ့မလားဗျာ။ တပ်မတော်ကို အပုပ်ချချင်လို့အမြင်စောင်းနေသူတွေက အခုလို ပုံကြီးချဲ့ပြီး တပ်ကို မုန်းတီးလို့စွပ်စွဲပြောဆိုနေကြတာပါ” ဟုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွင်းခြင်းကြာင့် ပြည်သူအများလမ်းပေါ်ထွက် ဆန္ဒပြမှုများအတော်အတန်ကြာဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ရာမှ မိတ္တီလာမြို့၌ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီးလက်ရှိအချိန်အထိ တည်ငြိမ်မှုရရန် ပုဒ်မများ ထုတ်ပြန်ကာထိန်းသိမ်းနေရဆဲဖြစ်သည်။

ပဋိပက္ခများဖြစ်စဉ်များနောက်၌ တပ်မတော်အပြင် ပြည်ပမှအဖွဲ့အစည်းများမှလှုံ့ဆော်နေခြင်း ကြောင့် ဖြစ်သည်ဟု လူမှုရေးစာမျက်နှာများ၌ဝေဖန်ပြောဆိုသံများ ထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါ အသံများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှဦးသိန်းညွှန့်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

“ယူဆတာက စနစ်သစ်ကို ပြောင်းတဲ့အချိန်မှာ ခေတ်ဟောင်းက ဥစ္စာကြွယ်ဝပြီးအနှစ်(၂၀)လုံးလုံး သပိတ်ဆိုရင် သူပုန်ထချင်သူတွေ နိုင်ငံတည်ဆောက်တဲ့အခါမှာ နှေးကွေးအောင် လုပ်နေသူတွေ လုပ်နေတာပါ။ စစ်တပ်က မဟုတ်ပါဘူး။နောက်တစ်ခု ကျွန်တော်ကြားမိတာက ပြည်ပအဖွဲ့အစည်းတွေကနေပြည်တွင်းက အချို့အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပေးပြီး ပဋိပက္ခဖြစ်အောင်လုပ်နေတယ်ဆိုတာတွေ ဒီလိုပဋိပက္ခဖြစ်အောင် လုပ်တဲ့အထဲ မှာနိုင်ငံရေးပါတီအချို့လည်း ပါနေတယ်ဆိုတာတွေပေါ့” ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ ဦးသိန်းညွှန့်က ပြောသည်။

ဆူပူမှု၏ နောက်ကွယ်တွင် စစ်တပ်နှင့်အစိုးရအပေါ် စွပ်စွဲပြောဆိုချက်များကအခြေအမြစ် မရှိကြောင်း ၊ ပဋိပက္ခများ ဖြစ်ပေါ်အောင် ပြုလုပ်နေခြင်းကြောင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဟန့် အတားဖြစ်စေကြောင်းနိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေ့ဘုတ်လူမှုရေးကွန်ယက်၌ဆိုသည်။

“အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံး အဖွဲ့အစည်းပါ။ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ၊စီးပွားရေးပြုပြင်ပြောင်းလဲမှုစတဲ့ လုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမကနိုင်ငံတကာမှာမြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံးက ဒါတွေကို ထိန်းဖို့ကြိုးစားနေတာဖြစ်ပါတယ် “ ဟု ဦးရဲထွဋ်က ဖေ့ဘုတ်စာမျက်နှာတွင်ပြောကြားထားခြင်းဖြစ်သည်။

အဆိုပါပဋိပက္ခအရေးများကိုဖြေရှင်းရာ၌ နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာဖြေရှင်းသင့်ကြောင်း ၊ လူထုကလည်း ပူးပေါင်းပါဝင်တားဆီးသင့်သည်ဟု ဦးသိန်းညွှန့်ကအကြံပြုပြောဆိုသည်။
Myit Makha Mediagroup

ထိုင်းနိုင်ငံရောက် ရန်ကုန်သား ဆင်ဦးစီးများ

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ဆင်စခန်းတခုမှာ ရန်ကုန်သား ၂ ယောက်က ဆင်ထိန်းတဲ့အလုပ် လုပ်ကိုင်နေပါတယ်။ မြို့ပြက လူငယ် ၂ ယောက် ဘယ်လိုလုပ်ပြီး ဆင်ဦးစီး ဖြစ်လာကြပါသလဲ။
ဧရာဝတီရုပ်သံမှာ သူတို့နဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ကြည့်ရှုနိုင်ပါပြီ။


The Irrawaddy (Burmese Version)

သမရိုးကျလက်နက် ကန့်သတ်ရေး ၃ နိုင်ငံကန့်ကွက်

29.03.2013
အမေရိကန် ဒေါ်လာ ဘီလီယံတန်ဖိုးရှိတဲ့ နိုင်ငံတကာ လက်နက်ရောင်းဝယ်ရေး ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် ဥပဒေနဲ့ ပတ်သက်လို့   ကုလသမဂ္ဂ သဘောတူညီချက်အပေါ် အီရန်၊ ဆီးရီးယား နဲ့ မြောက်ကိုးရီးယားတို့က ကန့်ကွက်လိုက်ပါတယ်။

ဒီသဘောတူညီချက်ကို အတည်ပြုဖို့အတွက် ကြာသာပတေးနေ့ ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးရဲ့စေ့စပ် ညှိနှိုင်းမယ့်အစည်းအဝေးမှာ အဖွဲ့ဝင်တွေရဲ့ တညီတညွတ်တည်း ထောက်ခံမှု လိုအပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ညွန့်ပေါင်းအဖွဲ့နိုင်ငံတွေက ကုလ အထွေထွေညီလာခံ ကနေ အတည်ပြု ပြဌာန်းဖို့ မျှော်လင့်နေပြီး လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း သိရပါတယ်။  ဒီ သဘောတူစာချုပ်ကို ဥပဒေအဖြစ် အတည်ပြု ပြဌာန်း လိုက်ခြင်းအားဖြင့် သမရိုးကျ လက်နက်တွေကို ရောင်းဝယ်ဖောက်ကား တင်ပို့ လွဲပြောင်းမှုတွေမှာ နိုင်ငံတကာက လိုက်နာရမယ့် စံသတ်မှတ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်။

လက်နက်တွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အသုံးမပြုဖို့ အရေးယူ ဆောင်ရွက်မှုတွေကို ပိုပြီး ခိုင်မာ အားကောင်းအောင် ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်မူကြမ်းဟာ သူတို့နိုင်ငံတွေရဲ့ လိုအပ်ချက်အတွက် လုံလောက်တဲ့ စည်းမျဉ်းတွေမဟုတ်ဘဲ နိုင်ငံရေးအရ အားပေးမှုရှိပြီး တရားမျတမှုလည်း မရှိဘူးလို့ အီရန်၊ ဆီးရီးယားနဲ့ မြောက်ကိုးရီးယားနိုင်ငံတွေက ရှုမြင်ကြပါတယ်။  ကမ္ဘာ့အကြီးဆုံး လက်နက် တင်ပို့ရောင်းချတဲ့ အမေရိကန်နိုင်ငံကလည်း ဒီဥပဒေမူကြမ်းရဲ့ အပိုင်းတချို့နဲ့ ပတ်သက်လို့ အစောပိုင်းက ကန့်ကွက်မှု တချို့ ရှိခဲ့ပါတယ်။  ဒါပေမဲ့ အင်္ဂါနေ့ကတော့ ဒီဥပဒေဟာ တရားမျတပြီး အလျှင်အမြန် အတည်ပြုချက်ရဖို့အတွက် အမေရိကန်နိုင်ငံက မြှော်လင့်နေတယ်လို့ အမေရိကန် သံတမန်တဦးက ပြောဆိုခဲ့ပါတယ်။

ဒီဥပဒေကို အလျှင်အမြန် ပြဌာန်းနိုင်မယ်လို့ ယုံကြည်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရုံးက ပြောဆိုလိုက်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ အင်္ဂါနေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်နိုင်တယ်လို့  သံတမန်တွေက ပြောကြပါတယ်။
VOA Burmese Fan Page

သူ့လမ်းကြောင်းနဲ့ သူ


ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
29.03.2013
လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွားဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။  ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောဆိုလာတာပါ။

တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ဧပြီလ ၁၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခုလို နိုင်ငံအတွက် အရေးပါတဲ့ ခေါင်းဆောင်နှစ်ဦးလုံးက တိုင်းပြည်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်နေချိန် ပြည်တွင်းကနေ ပြည်ပခရီးသွားရောက်ဖို့တွေ ရှိနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ ရှိနေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေက အခုလိုအချိန်မှာ နိုင်ငံရဲ့ အလေးထားရတဲ့ သူနှစ်ဦး ပြည်ပခရီးသွားမယ်ဆိုတာကို အနည်းငယ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ဖြစ်သင့်တာကတော့ တိုင်းပြည်မှာ အရေးကြီးတဲ့ခေါင်းဆောင်များဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူတို့က တိုင်းပြည်မှာပဲ ရှိသင့်တာပေါ့နော်။
ချိန်းပြီးသားတောင်မှပဲ အချိန်းအချက်တွေကို ဖျက်ပြီးတော့ သက်ဆိုင်ရာ အခြေအနေတွေ ကို ဖြေရှင်းဖို့က အရင်ဦးစားပေး တာပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့။ ကျနော်တို့ အခု တိုင်းပြည်မှာ ညက ဆိုလို့ရှိရင် သမ္မတကြီးက တိုင်းပြည်အတွက်ကို ပြောကြားတဲ့ မိန့်ခွန်း ရှိတာပေါ့နော်။ သူပြောတာကတော့ ကျနော် အတော်ကြိုက်ပါတယ်။ ကောင်းပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ်၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း လူတွေကလည်း အေးအေးချမ်းချမ်း ဖြစ်သွားမယ်၊ နောက်ပြီး အစိုးရ ကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ထားမယ်ဆိုရင်တော့ တိုင်းပြည်က ငြိမ်သွားမှာပေါ့နော်။ အဲလို ငြိမ်သွားလို့ သွားမယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ တိုင်းပြည်အတွက် သွားတာပဲ-ပေါ့နော်။”

နိုင်ငံတော်သမ္မတဟာ အခုတစ်ကြိမ်သွားရောက်မယ့် ခရီးစဉ်နဲ့ဆိုရင် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ၃ ကြိမ်မြောက် တရုတ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဧပြီလ ၁၂ ရက်မှာ စတင်မှာဖြစ်ပေမဲ့ ဘယ်လောက် ကြာမယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောထားတာပါ။

ခေါင်းဆောင် (၂) ဦးဟာ အခုလို တိုင်းပြည်မှာ အနည်းငယ် မငြိမ်မသက်ဖြစ်နေပေမဲ့ ပြည်ပ နိုင်ငံတွေကို သွားဖို့ ဆုံးဖြတ်ကြတာဟာ သူတို့မှာ ယုံကြည်မှုတွေရှိလို့ သွားရဲတာဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

“ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ဗမာရဲ့သမိုင်းကြောင်းက အဲလိုပဲလေ။ ရုတ်ရုတ်..ရုတ်ရုတ် ကတော့ ဖြစ်နေမှာပဲ။ သွားတာလည်း သူ့ဟာသူ သွားမှာပဲ။ ….တစ်ခုပဲ ရှိတယ်။ ပြောလို့မရတာကတော့ ရှမ်းပြည်ဘက်လည်း ပြောလို့ မရဘူး။ ရှမ်းပြည်ဘက်ကလည်း နည်းနည်း (စစ်) ထိုးနေတယ်ဗျ။”

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးသွားပေမဲ့လည်း ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ကိုယ်လုံခြုံရေးအတွက်ကို အမြဲ သတိရှိရှိနဲ့ နေထိုင်နိုင်မယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်ဖို့က နည်းတယ်လို့လည်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

“နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့- သူတို့အောက်ကရှိတဲ့သူတွေ၊  သက်ဆိုင်ရာ လုံခြုံရေးတို့၊ တပ်မတော်ပိုင်းတို့၊ နောက် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ကဏ္ဍက ဝန်ကြီးတွေအပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပဲ သွားသွား၊ ဦးသိန်းစိန်ပဲ သွားသွား၊ အဆင့်ဆင့်အုပ်ချုပ်ရတဲ့ ဌာနဆိုင်ရာတွေမှာ မူတည်ပါတယ်။ အဓိက-ကတော့ ပြည်သူတွေရဲ့ နေရေးထိုင်ရေးမှာ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေဖို့ အရေးကြီးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံကိုသွားရောက်မဲ့ ခရီးစဉ်မှာမြို့တော် တိုကျိုကို သွားရောက်မှာ ဖြစ်တဲ့အပြင် ၁၉၈၅ -၁၉၈၆ ကာလတွေအတွင်းသူမ ပညာသင်ခဲ့တဲ့ ကျိုတိုမြို့ကိုလည်း လည်ပတ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ကတော့ တရုတ်နိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲ ဖြစ်ပြီးချိန်မှာ ပထမဆုံး သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်လာမှာပါ။
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်မဲ့ တရုတ်နဲ့ဂျပန် နှစ်နိုင်ငံဟာ ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးတွေ အများကြီးရှိတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အရင်စစ်ခေါင်းဆောင်တွေလက်ထက်မှာ မြန်မာနိုင်ငံနဲ့  ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ပြည်တွင်းမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အမြောက်အမြား ရင်နှီး လုပ်ကိုင်ခဲ့တာပါ။

ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် တွန်းအားပေးဖို့ ကူညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ မကြာသေးခင်တုန်းကဆိုရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေမှာ ပိုပြီးတိုးတက်ဖို့ မြန်မာနိုင်ငံက တင်နေတဲ့ ကြွေးမြီကင်းအော် ကူညီဆပ်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်ခင်ဗျာ။
VOA Burmese Fan Page

လားရှိုးပြည်သူ့ဆေးရုံမှ လူနာများကို အလေးမထားဟုဆို

လားရှိုး၊ မတ် ၂၉။
ယမန်နေ့က လားရှိုးပြည်သူ့ဆေးရုံသို့ ယာဉ်တိုက်မှုဖြင့် ရောက်လာသော အရေးပေါ်လူနာကလေးအား တာဝန်ကျ ဆရာဝန်၊ ဆရာမများက ဂရုတစိုက်ဆေးကုပေးခြင်း မရှိဘူးဟု လူနာရှင်ကလေးဖခင်၏ ပြောကြားချက်အရ သိရသည်။



လားရှိုးမြို့၊ ရပ်ကွက်(၈)၊ မဟာဗျုဟာလမ်းနေ ဦးမြင့်လွင်၏ နှစ်နှစ်သားအရွယ် ကလေးငယ်အား ဆိုင်ကယ်တိုက်ခံရ၍ နံနက်၁၁း၃၀နာရီအချိန် လားရှိုးပြည်သူ့ဆေးရုံသို့ ရောက်လာခဲ့သည်။ တာဝန်ကျ သူနာပြုဆရာမများက ဒဏ်ရာရကလေးအား ၀ါဂွမ်းနှင့်အရက်ပျံဖြင့်သာ ဖုံးအုပ်ပေးထားပြီး တစ်ညလုံး ပစ်ထားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ဆေးရုံ၌ တစ်ညလုံးငိုနေသော ကလေး၏အဖြစ်ကို ကြည့်ပြီး စိတ်မကောာင်း၍ ဖခင်ဖြစ်သူက တာဝန်ကျသူနာပြုဆရာမကို လူနာအခြေအနေ လာရောက်ကြည့်ပေးပါရန် ပြောဆိုသော်လည်း ဆရာမ၏ အော်ငေါက်တာကို ခံရတယ်ဟု ဦးမြင့်လွင်က ပြောကြားသည်။ နောက်တနေ့မနက်၁၂း၀၀နာရီ အချိန်ထိ ဒဏ်ရာရကလေးအား ဂရုတစိုက် လာမကြည့်သေးသောကြောင့် ဦးမြင့်လွင်က စိတ်ဆိုး၍ သက်ဆိုင်ရာသို့ အကြောင်းကြား အကူအညီတောင်းကာ ခဏအကြာ မီဒီယာတစ်ဦး ရောက်လာပြီး တာဝန်ကျသူနာပြု ဆရာမကို ကလေးလူနာ အခြေအနေ ဘယ်လိုဆက်လုပ်ပေးမလဲမေးမှ ဆေးရုံအုပ်ကြီး၏ ခွင့်ပြုမိန့်ရပြီး ခွဲစိပ်မှုပြုပေးကြောင်း သိရသည်။

“တော်တော်စိတ်ပျက်စရာ ကောာင်းတယ်။ ဆေးရုံကိုအားကိုးမိကာမှ ပိုစိတ်ဆင်းရဲရတယ်။ လူနာအပေါ်အချိန်မှီဆေးကုသ ဆောင်ရွက်ခြင်းမရှိ။ ဆေးရုံမှာဆေးမရှိ။ ကလေးတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ နားရွက်လေးချုပ်ပေးလိုက်တာပဲရှိတယ်။ ဒီဆေးရုံမှာ ဆက်မကုနိုင်တော့ဘူး။ ကလေးရဲ့ဦးခေါင်းက ဒဏ်ရာကလည်းရှိသေးတယ်။ မန္တလေးမှာဆက်ကုတော့မယ်” ဟုကလေးဖခင် ဦးမြင့်လွင်က ပြောကြားသည်။

ထိုကြောင့်လားရှိုးပြည်သူ့ဆေးရုံသည် ဆေးရုံ၌ဆေးမရှိသည့်အပြင် တာဝန်ကျဆေးရုံဝန်ထမ်းမျာက လူနာများကို နွေးထွေးဆက်ဆံခြင်းမရှိ။ အရေးပေါ်အချိန်မီ ဆေးကုသပေးခြင်းလည်းမရှိ။ နားလည်မှုတွေနဲ့မျက်နှာလိုက်ပြီး လုပ်ဆောင်နေကြောင်း ဆေးရုံလူနာစောင့်များက ပြောပြကြသည်။
ထွန်းထွန်း
 မြန်မာ့ခေတ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပါလက်စတိုင်း ဘောလုံးလောကအတွက် ဒေါ်လာ ၄.၅သန်း ကူညီ

ဇူးရစ်၊ မတ် ၂၈။
ပဋိပက္ခများနှင့် စီးပွားရေး အကျပ်အတည်းများ ဖြစ်ပေါ်နေသည့် ပါလက်စတိုင်းနိုင်ငံအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အမေရိကန်ဒေါ်လာ ၄.၅သန်း ကူညီခြင်းသည် ၎င်းတို့၏ အတိဒုက္ခ ရောက်နေသည့် နယ်မြေအပေါ် ကမ္ဘာ့အမြင် ပြန်လည်ပြောင်းလဲစေရန် ကြိုးပမ်းရာတွင် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ ပါလက်စတိုင်းပြည်သားတွေကို ကမ္ဘာကမြင်တဲ့ အမြင်တွေ ပြောင်းလဲပစ်ဖို့ပါပဲ၊ ကျွန်တော်တို့ရဲ့ဘောလုံးနဲ့ အားကစားလောကအပေါ် ထားရှိတဲ့ ပြင်းပြတဲ့သဘောထားကို ဖော်ပြနိုင်ဖို့်လည်း ဖြစ်ပါတယ်” ဟု ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ မာဇန်ကာတစ်က ပြောကြားသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည် ဘောလုံးလောက တိုးတက်ရေးအတွက် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် ပါလက်စတိုင်းနယ်မြေတွင် လူငယ်ဘောလုံး သင်တန်းကျောင်းတစ်ခုနှင့် ဘောလုံးကွင်းများ တည်ဆောက်ရေးအတွက် ကူညီမည်ဟု ပြီးခဲ့သည့် ကြာသပတေးနေ့က ကြေညာခဲ့သည်။

ဘောလုံးသင်တန်းကျောင်းကို ပါလက်စတိုင်းနိုင်ငံ အနောက်ဘက်ကမ်းရှိ အယ်ဘီရက်ရှ်တွင် တည်ဆောက်မည်ဖြစ်ပြီး ကွင်းအသစ်များကို ၎င်းအနောက်ဘက်ကမ်းတွင် ပင်ရှိသည့် တတ်လ်ကရင်နှင့် ဂျေရုဆလင်အစွန်ဖျားရှိ အယ်ရမ်တို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ယခုထောက်ပံ့မှုသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးလောက ဖွံ့ဖြိုးရေးအတွက် အဖွဲ့အစည်းများ တည်ထောင်ရာတွင် အကူအညီပေးမည့် ပင်မအစီအစဉ်၏ တစ်စိတ်တစ်ဒေသသာ ဖြစ်ကြောင်း သိရသည်။

ပင်မအစီအစဉ်သည် ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ်၏ တည်ဆောက်ရေး လုပ်ငန်းများတွင် ကူညီလုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း သိရသည်။
Ref:CNN,  မြန်မာ့ခေတ်

တစ်လလျှင် တန်ဖိုးနည်းဆင်းကဒ်ပေါင်း ၃၅၀၀၀၀နှုန်းဖြင့် ဖြန့်ဖြူးရောင်းချရန် စီစဉ်ထားကြောင်း သိရ

ဓါတ်ပုံ – သမ္မတရုံး
နေပြည်တော်၊ မတ် ၂၉။
မတ်လ ၂၉ရက်နေ့ မနက်ပိုင်း နိုင်ငံတော်သမ္မတရုံး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ မိုးဘိုင်းဖုန်းဟန်းဆက်နှင့် စပ်လျဉ်းသည့်အခွန်အား လျော့ကျကောက်ခံကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလက်ရှိ ဖုန်းကိုင်ဆောင်မှုနှုန်းထက် ၂၀၁၅ခုနှစ်တွင် ဖုန်းကိုင်ဆောင်မှုနှုန်းအား ၅၀ရာခိုင်နှုန်းခန့် မြှင့်တင်သွားမည်ဖြစ်ကြောင်း တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကဒ်များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြော ကြား သွားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဆိုဘ်၏ သတင်းဖော်ပြချက်အရ သိရသည်။

“အခု ဒီလိုမျိုး တန်ဖိုးနည်းဖုန်းတွေကို သေသေချာချာ မရှိသေးတဲ့ပြည်သူတွေဆီကို ချပေးမယ်ဆိုတော့ ဘာပဲပြောပြော ကောင်းပါတယ်။ အဲ ဒါမှလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့ ဆက်သွယ်ရေးကဏ္ဍတစိတ်တပိုင်းမှာ ပိုပြီးအဆင်ပြေမှာပေါ့။ အမှန်တကယ် လိုအပ်တာက တော့ လိုင်းမကျပ်အောင် ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ကိစ္စပေါ်မှာ ပိုပြီး မူတယ်ပါတယ်”ဟု ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြော ကြားသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများမရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန်ရှိကြောင်း သိရသည်။

“အရေးကြီးတာက လိုင်းမကျပ်ဖို့နဲ့ အခုလက်ရှိ ဆက်သွယ်ရေးအားနည်းနေသေးတဲ့ ဒေသတွေအတွက် အဆင်ပြေမယ့်အရာမျိုးဆိုရင် ကောင်းတယ်။ တချို့ရွာတွေဆိုရင် ဖုန်းမရှိတဲ့ရွာတောင် ရှိတယ်။ အခုချိန်မှာ တန်ဖိုးနည်းဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ဖုန်းပြောဆိုခ သက်သက်သာသာလုပ်ပေးရင် ပိုပြီးကောင်းတယ်”ဟု တန်ဖိုးနည်းဖုန်းအား မျှော်လင့်နေသူ ပဲခူးမြို့နေဒေသခံတစ်ဦးက ပြောကြားသည်။

ယင်းအပြင် တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်းကဒ်များ ပြည်သူလူထုသို့ ရောင်းချရန်အတွက် နည်းပညာဝန်ကြီးဌာနမှ အချိန်မှန် သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ပြင်ပဈေးကွက်များတွင် ဈေးနှုန်းမတူညီမှုများမဖြစ်စေရန် လစဉ်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်းနှင့် တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ဧပြီလမှစတင်၍ တလလျှင် ဆင်းကဒ်ပေါင်း ၃၅၀၀၀၀နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမယ်ဖြစ်ကြောင်း ထပ်မံသိရှိရသည်။
TMA
 မြန်မာ့ခေတ်

အကြမ်းဖက်သူများကို လူသတ်မှု၊ မီးရှို့မှုတို့ဖြင့် စတင် အရေးယူ

အကြမ်းဖက် မီးရှို့မှုများ ဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီနယ်မြေ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပါဝင်ပတ်သက်ခဲ့သူများကို လူသတ်မှု၊ မီးရှို့မှုတို့ဖြင့် စတင် အရေးယူနေပြီဖြစ်ကြောင်း  နေပြည်တော် မှုခင်းဋ္ဌာနမှ ဒုတိယ ရဲမှူးကြီးမင်းအောင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ပဋိပက္ခဖြစ်စဉ်များထဲတွင် မိတ္ထီလာမြို့မှ လူသတ်မှု ၁၁ မှု၊ မီးရှို့မှု ၇ မှု၊ လုယက်မှု ၁မှု နှင့် နာကျင်စေမှု ၁ မှု အပါအ၀င် နိုင်ငံတော် အဆောက်အဦ်ဖျက်ဆီးမှုတို့ဖြင့် အရေးယူထားကြောင်းလည်း ဆိုသည်။

မိတ္ထီလာမြို့နှင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူ ၆၈ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးလျက် ရှိသည်။

ဖမ်းဆီး အရေးယူထားသူများတွင် သံဃာများ ပါဝင်ခြင်း မရှိကြောင်း၊ မြို့ခံ ဒေသခံများသာ ပါဝင်ကြောင်း၊ ပဋိပက္ခ ဖြစ်စဉ်များမှာ ဒေသအလိုက် သီးခြားဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဆက်စပ်မှု မရှိကြောင်း၊ ဆက်လက်ဖြစ်ပေါ်လာမည့် ဆူပူ အကြမ်းဖက်မှုများကို ရဲလုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီးမင်းအောင်က ဆိုသည်။

”မြို့နားမှာနေတဲ့ ရွာက လူတွေပဲ လာလုပ်နေကြတာ။ ဒေသခံတွေပဲ လုပ်ကြတာ။ ကားနဲ့ တင်ခေါ်လာပြီး လာချသွားတယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အခု ဖမ်းထားတဲ့လူတွေက ရွာက လူတွေချည်းပဲ”ဟု ဆိုသည်။

ကသမ္မတဦးသိန်းစိန်က ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးလာသော လုပ်ရပ်မှန်သမျှကို လုံးဝ လက်မခံမည်မဟုတ်ဘဲ ဥပဒေနှင့်အညီ ထိထိရောက် တားဆီးနှိမ်းနင်းရန် ရဲတပ်ဖွဲ့ကို အမိန့်ပေးထားသည်။

သမ္မတ အမိန့် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ဆူပူ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားခြင်း မရှိသေးသော်လည်း အခြေအနေကို စောင့်ကြည့်နေကြောင်း၊ လုံခြုံရေးအတွက် တပ်မတော်ကိုပါ အကူအညီ တောင်းခံထားကြောင်း ပဋိပက္ခမှုများ ဖြစ်ပွားလျက်ရှိသော ဒေသနှစ်ခုမှ ရဲအရာရှိများက ပြောသည်။

”ပထမ အသိပေးမယ်။ လူစုခွဲဖို့ ပြောမယ်။ လော်စပီကာနဲ့ အော်မယ်။ သေနတ်နဲ့ ပစ်တယ်ဆိုတာ နောက်ဆုံးအဆင့်ပါ။ လက်ရှိ အချိန်အထိတော့ ကျည်အစစ်နဲ့
မပစ်သေးပါဘူး”ဟု ဒုတိယရဲမှူးကြီး မင်းအောင်က ပြောသည်။

ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုနှင့် ပျက်စီးဆုံရှုံးမှုများမှာ အကြမ်းဖက် ပဋိပက္ခများကြောင့် ၄၂ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝ ကျော်၊ ဗလီ ၃၇လုံး ၊ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့သည်ဟု မတ်လ ၂ဝရက်နေ့မှ ၂၈နေ့အထိ ရရှိသော စာရင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားဝင် ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ်အိုဂျေး ကင်တားနားက သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းကို ကြိုဆိုလိုက်သော်လည်း နယ်မြေခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံရေးသမားများ ပါဝင်ပတ်သက်နေမှုများကို ဖော်ထုတ်စစ်ဆေးရန်လိုကြောင်း ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် ဗလီနှင့် အဆောက်အဦး ဖျက်ဆီးမှု များတွင် အစိုးရ လုံခြုံရေး အဖွဲ့အစည်းများ၏ တာဝန်ယူ စောင့်ရှောက်ပေးမှု အားနည်းခဲ့ကြောင်း၊ ၎င်းအပြင် စနစ်တကျ စုစည်းထားသည့် ဖျက်ဆီးရေးအဖွဲ့များလည်း ပါဝင်ပတ်သက်နေကြောင်း အထောက်အထားများ ရရှိထားသည်ဟု ဆိုသည်။

သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်ကမူ “မစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေများကို မှန်မှန်ကန်ကန်လေ့လာမှု မရှိဘဲ တစ်ဆင့်ကြားသတင်းများကိုသာ အခြေပြုပြောကြား နေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင်ဝိုင်းဝန်းကြိုးပမ်းဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက်တဲ့ အတွက် ၀မ်းနည်းစရာဖြစ်ပါတယ်” ဟု ၎င်း၏ ဖေ့ဘွတ်တွင် တုန့်ပြန်ရေးသားထားသည်။

ကြို့ပင်ကောက်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်ကြိုင်က မတ်လ ၂၆ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုရာ ဖျက်ဆီးခြင်း မခံရမီအချိန်တွင် ရဲအစောင့်များ ချထားသော်လည်း သံဃာတော်နှင့် ရဲများ ထိပ်တိုက်မဖြစ်စေရန် ရှောင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
The Irrawaddy (Burmese Version)

အူယာ (Ouya) ဂိမ်းစက် အသစ် ထွက်ရှိမယ်

ဂူဂဲလ်ရဲ့ အန်းဒရိုက် (Android) စနစ် သုံးထားတဲ့ အူယာ (Ouya) ဂိမ်းစက် အသစ်ကို ထုတ်လုပ်သူ Julie Uhrman က မိတ်ဆက် ပေးလိုက်ပြီ ဖြစ်ပါတယ်။

မက်ခွက် တလုံးစာသာ ပမာဏရှိတဲ့ ဒီဂိမ်းစက် အတွက် ဂိမ်းတွေ ကတော့ စမာ့တ်ဖုန်းတို့ တက်ဘလက် ကွန်ပြူတာတို့မှာ သုံးတဲ့ app တွေပဲ ဖြစ်တာကြောင့် ဒါဟာ app ဂိမ်းစက်လို့ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒီဂိမ်းစက် အတွက် ၉၉ ဒေါ်လာ သာ ကုန်ကျမှာ ဖြစ်ပြီး၊ ကစားနိုင်မယ့် ဂိမ်းတွေ ဟာလည်း တခြားသော ဂိမ်းစက်က ဂိမ်းတွေနဲ့ ယှဉ်လိုက်ရင် ငွေကြေး နည်း နည်းလေးသာ ကုန်ကျမှာ ဖြစ်ပါတယ်။

ဥပမာ ipad တို့ အန်းဒရိုက် ဖုန်းတွေမှာ app ဂိမ်း အတော်များများ အလကား ရ သလို ဝယ်ရရင်လည်း နည်းနည်းသာ ပေးရတာ ဖြစ်ပါတယ်။

ဒီဂိမ်းစက် အတွက် quad-core processor ကိုသုံးထားပြီး၊ RAM ကတော့ 1GB ပါ။ သိမ်းဆည်း နိုင်မယ့် ပမာဏာက 8GB ရှိမှာ ဖြစ်ပြီး၊ ဝိုင်ဖိုင်၊ ဘလူးတုသ် နဲ့ ယူအက်စ်ဘီ တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။
BBC Burmese

ဦးဝီရသူနှင့်တွေ့ဆုံခြင်း


မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ လွတ်မြောက်ရေး ဆန္ဒပြပွဲ၊ အောက်တိုဘာလတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီ အထူး အကြီးတန်း သတင်းထောက် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။   ။ မိတ္ထီလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်တယ်။ အရှင်ဘုရားကလည်း မိတ္ထီလာကို သွားရောက်ပြီး တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့် ဒီလောက်အထိ အသေအပျောက်တွေ များလာရတယ်လို့ ထင်ပါသလဲ။

ဖြေ။   ။အသေအဆုံးများတာက ဒုတိယနေ့(မတ် ၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊ အဲဒီအကြောင်းပြောရရင်တော့ ဖြစ်ပြီးလို့ မီးတွေဘာတွေရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊ အဲဒီမွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက ကျောင်းသားတွေများတယ်။ အရပ်သားတွေလည်း ပါတယ်။ သူတို့တတွေကို ရယက ဖွက်ပေးထားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။ ၀ိုင်းတဲ့အချိန်မှာ သူတို့က ဘေးပတ်လည်လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင် ဗလီရှိတယ်။ ညာဘက်မှာဆိုရင် မီးလောင်ပြင်ရှိတယ်။ သူတို့ရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာဆိုရင် ကုန်းမြင့်ကြီးရှိတယ်။ သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ ၀ိုင်းတဲ့အချိန်မှာ မွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။ အဲဒီမှာ ဗမာလူအုပ်က သွေးကြွလာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။ အဲဒီအချိန်အထိ တိုက်ခိုက်မရှိတာဘူး။ ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။ သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့ ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတ္ထီလာကို ဦးဇင်းရောက်နေတာ။ ဦးဇင်းက ၂၀ ရက်နေ့ ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ ရွှေည၀ါရော၊ မင်းကိုနိုင်တို့တောင်ရောက်နေပြီ။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် ၂၀ လောက်က ဗမာလူအုပ်ကြီးကို အသေခံပြီးထွက်တိုက်တယ်။ အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို ၉ လောင်း၊ ၁၀ လောင်း၊ ၁၁ လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာ လုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။ အဲဒါ အကျအဆုံး အများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကျတယ်။ ဟိုနေရာ တယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့ အဲဒီနေရာမှာပဲကျတာ။

မေး။   ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မိတ္ထီလာ အဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ်အကြမ်းဖက်မှုကြီးလို့ ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ။    ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။ တကယ်တန်းစနစ်တကျရှိတာက ပထမနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ ဒုတ်တွေ၊  ဓါးတွေလက်နက်တွေ အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကို အကုန်ခုတ်တာ။ သံဃာတပါးအသတ်ခံရတယ် ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ်ကွက်ထဲကို တိုးဝင်သွားတာ။ တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ   တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ၂ ယောက်သေပြီးတော့ ၁၆ ယောက်လောက် ဒဏ်ရာရတယ်။ ဓားခုတ်ဒဏ်ရာနဲ့ တကယ့်ပြင်းထန်တဲ့ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက မွတ်စလင်ရပ်ကွက်ထဲကဖြစ်တယ်။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။

မေး။  ။ အခု နိုင်ငံတကာသတင်းဌာနတွေက ၉၆၉ နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေဆိုပြီး ရေးလာကြတာတွေ ရှိနေပါတယ်။ အဲဒါ ဆရာတော်အနေနဲ့ ၉၆၉ အဓိပ္ပာယ်ကို နည်းနည်းလေး သိအောင်ရှင်းပြပေးပါလား။

ဖြေ။  ။ ရှင်းပြလို့ရပါတယ်။ ပထမအစ ဂဏန်း ၉ က ဘုရားဂုဏ်တော်ကိုးပါးရည်ရွယ်တယ်။ ဒုတိယ ဂဏန်း ၆ က တရားဂုဏ်တော် ၆ ပါးကို ပြောတာ။ တတိယ ဂဏန်း ၉ က သံဃာ့ဂုဏ်တော် ၉ ပါးကို ရည်ရွယ်တာ။ ဘုရားတရားသံဃာ ရတနာ ၃ ပါးရဲ့  ဂုဏ်တော်တွေဖြစ်ပါတယ်။ ဟိုးအရင်တုန်းက ဗုဒ္ဓံသရံဏံ၊ အရဟံတို့ ဓမ္မစကြာတို့ စသည်ဖြင့် အဲဒါတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့သင်္ကေတဖြစ်သလို ၉၆၉ က ဗုဒ္ဓဘာသာဝင်တွေရဲ့ သင်္ကေတဖြစ်တယ်။ ၉၆၉ ကို မဆီမဆိုင်ဆွဲထည့်တာကတော့ တရားခံရှာမရလို့ တွေ့ရာမြင်ရာလူကို ထုထောင်းရိုက်နှက်ပြီးတော့ တရားခံလုပ်သလိုမျိုးပေါ့နော်။ ဘာဖြစ်လို့လဲ ၉၆၉ က မိတ္ထီလာမှာ တရွက်မှ မရောက်ဘူးဗျ။ ဘယ်သူမှလည်း လာမဖြန့်ဘူး။ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future အဲဒါလေးပါပဲ။ အဲဒါကို မဆီမဆိုင် ၉၆၉ ကို တရားခံ လုပ်နေတာကြီးက  တခြားစီပါဗျာ။ တကယ်တန်းတော့ ဘုရားတရားသံဃာ ဂုဏ်တော်တွေပါ။ တကယ်အပြစ်ကင်းပါတယ်။

မေး။   ။ပဲခူးတိုင်းဒေသကြီးမှာ မွတ်စလင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေနဲ့ ဈေးဆိုင်တွေ အဖျက်ဆီးခံရတယ်။ ကြို့ပင်ကောက်က အဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ ကားတွေပေါ်မှာ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းနဲ့  ရေးတာတွေရှိနေပါတယ်။ ဆရာတော်အနေနဲ့ ဗလီတွေကို ဖျက်ဆီးနေတာတွေ၊ ဖျက်ဆီးထားတဲ့အပေါ်မှာ ၉၆၉ ရေးထိုးသွားတာတွေနဲ့ပတ်သက်လို့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။   ။ဒကာကြီး ပဲခူးတိုင်းဖြစ်ပျက်နေတဲ့ နေရာတော်တော်များများမှာ ဦးဇင်းက မြို့ခံတွေနဲ့ အဆက်အသွယ် မရှိတဲ့အခါကျတော့ အဲဒီအကြောင်းအရာကို ဘာမှ မသိရဘူး။ ဦးဇင်းတို့ ဖွဲ့စည်းထားတဲ့နေရာတွေမှာတော့ ဦးဇင်းမူဝါဒ၊ လမ်းစဉ်အတိုင်း အလုပ်လုပ်ကြတဲ့အတွက်ကြောင့် ဘာပြသနာမှမဖြစ်ဘူး။ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။ မွတ်စလင်နဲ့ ဗမာတွေနဲ့ ဖြစ်တဲ့အမှုတွေ။ မုဒိမ်းမှုတွေ၊ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသူ၊   ၇ တန်းကျောင်းသူ၊ ကျောင်းသူတွေကို ပြုကျင့်တဲ့ အမှုတွေများတယ်။ နောက် ကာယကံအလျောက် ထိုးကြိတ်စော်ကားတဲ့ အမှုတွေများ၊ ဘာသာ သာသနာကိုစော်ကားတဲ့အမှုတွေ များတယ်။ နောက်ဆုံးဗျာ ရဟန်းသံဃာကို ပက်ပက်စက်စက် မိုက်မိုက်ရိုင်းရိုင်း ဆဲတဲ့အမှုတောင်ပါတယ်။ တရားမ၀င် ဗလီတွေပါတယ်။ ကျူးကျော် ဗလီတွေပါတယ်။ မွတ်စလင်သချိုင်းတွေပါတယ်။ ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီးတော့ အကြံဥာဏ်ပေးရတာပေါင်းရင် ၁၀၀ ကျော်ရှိနေပြီ။ သိတာအကုန်လုံးကို ဦးဇင်းက ဥပဒေဘောင်ထဲကနေ ဖြေရှင်းဖို့ဆိုပြီးတော့ ဆုံးမ သြ၀ါဒပေးတဲ့အတွက် ဦးဇင်းထက် ကြီးတဲ့ သံဃာတွေရော၊ လူတွေရော ဦးဇင်းစကား နားထောင်ကြတယ်။ ဥပဒေဘောင်ထဲက ဖြေရှင်းတဲ့အတွက် ဘာပြသနာမှ မရှိဘူး။ ဦးဇင်းတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ တကယ် ၉၆၉ ဆိုတာ အကြမ်းမဖက်ဘူး။

မေး။  ။နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ၉၆၉ အမှတ်တံဆိပ်က ဗုဒ္ဓဘာသာရဲ့ တရားဝင်သင်္ကေတအဖြစ် အသိအမှတ်ပြုထားတာမရှိပါဘူးလို့ ပြောပါတယ်။ အကြောင်းကြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမြင်လေးသိချင်ပါတယ်။

ဖြေ။  ။ဟုတ်ပါတယ်။ ဦးဇင်းတို့ သိသလောက် မှတ်သလောက် တတ်သလောက်ပဲ လိုက်လံဖြန့်ဖြူးနေကြတာလေ။ ဒါကြီးကို တရားဝင်မှတ်ပုံတင်ပြီးတော့ ဖြန့်ဖြူးနေတာမဟုတ်ဘူးပေါ့။ ဥပမာဆိုကြပါစို့၊ ဒီဟာကို ပြင်ဆင်တဲ့သူက ပြင်ဆင်တယ်။ လှူဒါန်းတဲ့သူက လှူဒါန်းတယ်။ လိုက်ဖြန့်တဲ့သူက လိုက်ဖြန့်တယ်။ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးတော့ ဒါတွေကို ရောင်းဝယ်ဖောက်ကားတာမဟုတ်ဘူး။

မေး။  ။ဆရာတော်ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ ဆိုတဲ့ တရားဟောပြောမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်က ဘာမှမလုပ်နိုင်ဘူး။ NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါ ဘုရား။

ဖြေ။  ။ဦးဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို တလျှောက်လုံးထောက်ခံခဲ့တယ်။ ဒါပေမယ့် ရခိုင်အရေးဖြစ်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တကယ်တန်းကျတော့ ဘာမှ အားမကိုးလောက်ဘူး။  အဲဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နားရောက်နေတဲ့သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ပြီးတော့ မြို့တွေတော်တော်များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကိုသွားပြီးတော့ လှည့်ပြန်လာရတယ်။ အချို့မြို့တွေမှာဆိုလိုရှိရင် မွတ်စလင်အိမ်ကိုငှားပြီး ရုံးဖွင့်ရတဲ့အတွက်ကြောင့် မွတ်စလင်မျက်နှာကိုကြည့်ပြီး အာဇာနည်နေ့လိုမျိုးတောင်မှ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် နေ့မျိုးမှာ ဆွမ်းကပ်ဖို့ အိမ်ရှင်က တားမြစ်လို့ ဆွမ်းမကပ်ရဘူး။ အဲဒါကြောင့်မို့လို့ ခွပ်ဒေါင်းက ခွပ်ဒေါင်းအသွင်မဆောင်ဘဲ မွတ်ဒေါင်းအသွင်ဆောင်လာပြီလို့ ဦးဇင်းဟောတာလေ။

မင်းကိုနိုင်တို့ ၈၈ အဖွဲ့  ကို ဦးဇင်းက ဒုတိယအင်အားအကြီးဆုံးအဖွဲ့ဆိုပြီးတော့ တအားအားကိုးတယ်။ အနာဂတ်အတွက် အများကြီးမျှော်လင့်ထားတာ။ ဒါပေမယ့်သူတို့လည်း ရခိုင်အရေး အခင်းမှာ ပြည်သူလူထု ပြောပလောက်အောင် အားကိုးစရာမရှိဘူး။ အဖွဲ့အစည်းတရပ်အနေနဲ့  ပြည်သူ့ဘက် ရပ်တည်တာမျိုးမရှိဘူးပေါ့ဗျာ။ လူပုဂ္ဂိုလ်အနေနဲ့ တဦးတယောက် ထပြောတယ်။ ရခိုင်ဒုက္ခသည်တွေကူညီပြီး အပြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ဒါပဲ။ ကြေညာချက်တရပ်ထုတ်ပြီးတော့ သတ်သတ်မှတ်မှတ် ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ပါဘူးတို့၊ အခုလို ဘင်္ဂလီတွေက ရခိုင်တွေ အတုံးအရုံးသတ်ဖြတ်နေတာကို လုံးဝ ရှုတ်ချပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ မတွေ့ရဘူး။ အဲဒါကြောင့်မို့ ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။

မေး။  ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆ အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။

ဖြေ။  ။အော် ဒကာကြီးရဲ့။ အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီအတိုင်း ကျင့်သုံးတာ။ ဒကာကြီး မြို့ထဲလှည့်ကြည့်လေ မွတ်စလင်တွေက ဗမာဆိုင် အားပေးတာ ဘယ်နှယောက်ရှိသတုန်း။ သူတို့က သူတို့ဆိုင်တွေကို အားပေးရင် ဦးဇင်းတို့ကလည်း ဦးဇင်းတို့ ဆိုင်ကို အားပေးရမှာပေါ့။ ဆိုတော့ ဦးဇင်းဘာသာဝင်တွေရဲ့ ဆိုင်တွေသာ ဦးဇင်းတို့အားပေးရင် ဒီလိုစော်ကားခံရတာ တွေ မရှိနိုင်ဘူးလေ။ ကိုယ့်အချင်းချင်း ပြသနာဖြစ်တယ် ဒီလောက်တော့ မပိုဘူးပေါ့ဗျာ။ အမျိုးသားရေး ပြသနာအဆင့်မရောက်နိုင်ဘူး။ ကိုယ့်အချင်းချင်းဆိုင် မ၀ယ်ဘဲ ရွှေဆိုင် မွတ်စလင်ဆိုင်ကို  သွားတော့ အစော်ကားခံရတာပေါ့။ အခုလို စော်ကားခံရတော့ အမျိုးသားရေးပြသနာအဆင့်ရောက်သွားတာပေါ့။ အဲဒါကြောင့်မို့ ဈေးဝယ်တာနဲ့ပတ်သက်လို့ သွေးခွဲရာမရောက်ပါဘူး။ ကိုယ့်လူကာကွယ်ရာတောင် ရောက်တယ်။ ကိုယ့်လူမျိုးကို ကိုယ်ပြန်ကာကွယ်ရာရောက်တယ်။

မေး။  ။အခု ပဋိပက္ခတွေ ပျံ့နှံ့မှုကြီးလာတော့ လူ့အဖွဲ့အစည်းတွေကြားမှာ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေဖြစ် လာနေပြီ။ ဒါတွေ ချုပ်ငြိမ်းအောင် ဘယ်လိုလုပ်သင့်တယ်လို့ ဆရာတော်အကြံပြုချင်ပါသလဲ။

ဖြေ။  ။ကျုပ် အမြဲတမ်းအကြံပြုနေတယ်။ ထောင်ကထွက်ကတည်းက မွတ်စလင်အသိုင်းအ၀ိုင်းကို အကြံပြုနေတယ်။ အခုလည်း အကြံပြုနေတယ်။ မနေ့ညကလည်း အကြံပြုနေတယ်။ ဦးဇင်းတို့တွေက ပူးပေါင်းပြီးတော့ ဖြေရှင်းမှဖြစ်တော့မယ်။ မွတ်စလင်တွေကလည်း မြို့ရွာတွေမှာ ရပ်မိ၊ ရပ်ဖအသင်းဖွဲ့ပါ။ ဗမာတွေကလည်း ကိုယ့်မြို့ကိုယ့်ရွာမှာ ရပ်မိရပ်ဖ အသင်းဖွဲ့ပါ။ အဲဒီအဖွဲ့ ၂ ဖွဲ့က ပြသနာဖြစ်လာတဲ့အခါမှာ ကိုယ့်လူကိုယ် ထိရောက်စွာအရေးယူရမယ်။ အဲဒီလို ကိုယ့်လူကိုယ် ထိရောက်စွာ အရေးယူတဲ့အချိန်မှာ တဖက်လူက အင်အားသုံး ဖြိုခွင်းသလိုမျိုး လုပ်ခဲ့လို့ရှိရင် ကိုယ့်လူကပဲ ဖြိုးခွင်းလို့မရအောင် ရှေ့မှာ မားမားရပ်တည်ပြီးဖြေရှင်းပါ။ အဲဒီပုံစံလိုမျိုးနဲ့သွားမယ်ဆိုရင် တကမ္ဘာလုံး ငြိမ်းချမ်းမှာပါ။

မေး။   ။ သမ္မတအနေနဲ့ မနေ့က မိတ္ထီလာပဋိပက္ခနဲ့ပတ်သက်လို့ ပြောတဲ့ မိန့်ခွန်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံ ကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြားမှာ အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေကို တည်ဆဲဥပဒေနဲ့ ထိထိရောက် ရောက် အရေးယူမယ်လို့ ပြောထားတယ်။ အဲဒီအပေါ်မှာ ဆရာတော်အမြင်လေးသိချင်ပါတယ်။

ဖြေ။   ။အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊ နောက်ကွယ်ကနေ သွေးထိုးပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက ပိုပြီးထိရောက်တယ်။ ဥပမာအားဖြင့်- မော်လ၀ီ ဆရာတွေပေါ့။  သူတို့တွေက ကလေးလေးတွေကို စာသင်ပေးတယ်။ သူတို့တွေက သွေးခွဲစကားတွေကို ပြောပြီးတော့ သွေးခဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီးတွေလို။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့် ကလေးတွေကို မှိုင်းတိုက်ပြီးတော့ သွေးခွဲနေတဲ့နေတဲ့သူတွေကို အရေးယူနိုင်အောင်ကြိုးစားရမယ်။     ။
The Irrawaddy (Burmese Version)

သင်္ကြန်သံချပ်တိုက်ပွဲတွေ ပြုလုပ်နေ

DVB TV News

Thangyat Prepair
29-03-2013 FRI သင်္ကြန်ကာလ နီးကပ်လာချိန်မှာပဲ ရန်ကုန်မြို့ မှာ သံချပ်အဖွဲ့ တွေရဲ့ သံချပ်တိုက်ပွဲတွေ ပြုလုပ်နေပါပြီ။ ဒီအထဲက အပြာနဲ့ အနီ သံချပ်အဖွဲ့  သံချပ်တိုက်

နောက်ကွယ်က လူတွေကို စုံစမ်းစစ်ဆေးနေပြီ ပြောပေမယ့် မဖေါ်ထုတ်ဘူးဆိုရင် နောက်ထပ် အရေးအခင်းတွေကို ဖိတ်ခေါ်သလို ဖြစ်သွားမှာပေါ့

အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် နှင့်တွေ့ဆုံခြင်း

လတ်တလော ဖြစ်ပွားနေသော ဘာသာရေး လူမျိုးရေး အကြောင်းပြ၍ ပဋိပက္ခများ အဓိကရုဏ်းများ ဖြစ်ပေါ်နေခြင်းများနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန်း အား တွေ့ဆုံမေးမြန်းမှုများအား ဖေါ်ပြလိုက်ပါသည်။


Photo- Pyithu Hluttaw facebook

မေး။     ။အခု အဓိကရုဏ်းတွေ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အဘ ဘယ်လိုမြင်မိလဲ
ပဋိပက္ခက မိတ္ထီလာ ရွှေဆိုင်တစ်ဆိုင်ကနေ စတယ်။ အဲ့ဒီမှာ ခံရတဲ့ဘက်က ဗုဒ္ဒဘာသာတွေက ရပ်တယ် အဲ့ဒီအပြင် သံဃာတစ်ပါးနဲ့ ပတ်သက်ပြီး တစ်ဖက်က ကိုင်တွယ်မှုအပေါ်မှာ ကိုင်တယ်မှုအပေါ်မှာ ခံပြင်းရာကနေ သာမန် ခိုက်ရန်ဖြစ်ပွားမှုက စပြီး ဘာသရေးအဓိကရုဏ်း ဘာသာရေးအုပ်စု  မတူခြားတဲ့ အသွင်း အဓိကရုဏ်းဖြစ်ပြီး ခု အပြစ်မဲ့တဲ့သူတွေပါ သေရတာပေါ့ မီးလောင်ပြီးတော့ အိုးအိမ်တွေ ဆုံးရှုံးရတာပေါ့။ ဒါတွေက မလိုလားအပ်တဲ့ ဖြစ်ရပ်တွေပါ။ ဒီဖြစ်ရပ်တွေကို ကြည့်တဲ့အခါမှာ အခုလက်ငင်းပေါ်ပေါက်တဲ့အကြောင်းတွေ ကြည့်လို့မရဘူး အရင်းအခံအကြောင်းကို ကြည့်ရမယ်။ အရင်းခံအကြောင်းတွေထဲမှာ ဘာလဲ ဆိုတော့ ဧည့်နိုင်ငံသားလို့ နိုင်ငံသားပြုခွင့်ရတဲ့သူတွေ၊ ဧည့်သည်တွေက အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ကလည်း ဧည့်သည်ရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရမယ်။ အဲ့ဒါက နှစ်ရှည်လများ ဧည့်သည်က အိမ်ရှင်အပေါ်မှာ စီးပွားရေး မညီမျှမှုတွေ ၊ လူမှုရေး မမျှတမှုတွေ လုပ်လာတဲ့ အခါကြတော့ လူ့အဖွဲ့အစည်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ခံပြင်းတဲ့ နာကျည်းမှုတွေရှိလာတာပေါ့။  ခုလို ပုဂ္ဂိုလ်ရေးဆိုင်ရာ ပေါ်ပေါက်လာတဲ့ အရေးအခင်းတွေက စပြီးတော့ ဆိုးရွားတဲ့ အခြေအနေတွေဖြစ်လာတာ။ ဒါကတော့ သာမန်လူထုဟာပေါ့ နောက်တစ်ခုက နိုင်ငံအရေးရ စဉ်းစားရမှာက ခေတ်ဟောင်းမှာ အခွင့်အရေးရပြီးတော့ အဏာကိုအကြောင်းပြပြီး စည်းစိမ်းဥစ္စာကို ရှာနိုင်ခဲ့တဲ့ အင်အားစုပေါ့ ဒီအင်အားစု တွေကလည်း သူတို့ရဲအခွင့်အဏာတွေဟာ ပြောင်းလဲရေးလုပ်လာရင် လျော့နည်းတော့မှာကိုး၊ ဆုံးရှုံးတော့မှာကိုး၊ အဲ့တော့ သူတို့မှာ ရှိတဲ့ ငွေကြေးနဲ့ သူတို့သြဇာကို သုံးပြီးတော့ သူတို့ အားကောင်းတဲ့ နေရာတွေမှာ မိတ္တီလာတို့လို မြင်းခြံတို့လို နေရာတွေမှာ အားစမ်းတာ မျိုး လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ နှစ်ပေါင်း၂၀ လုံးမှာ သပိတ်စုံ သူပုန်ထ လာခဲ့ပြီးတော့ လမ်းပေါ်ထွက် လမ်းပေါ်က နိုင်ငံရေးကိုပဲ လုပ်တတ်ကိုင်တတ်တဲ့ သူတွေကလည်း ခုလို အခွင့်အရေးအခါအခွင့်ပေါ်လာတဲ့ အခါမှာ နဂိုအခံနဲ့ ၀င်လုပ်တာလည်း ရှိတာပေါ့ ဒါတွေနဲ့တ်စက်ပြီး ကော်မရှင်က သတိပေးတာ ရှိတယ် နိုင်ငံရေးပါတီတွေ မပါဝင်ဖို့၊ ။ ဇီးကုန်းဘက်သတင်းကို ကြားရတဲ့အခါ နိုင်ငံရေးပါတီအချို့ က မေးမြန်းစုံစမ်းခံရမယ်ဆိုတဲ့အဆင့်ရောက်နေတဲ့ သတင်းတွေကြားရတယ်။ အဲ့တော့ အခုအရေးအခင်းက ရိုးရိုးပြောလိုက်ရင်  တိုင်းပြည်ရဲ့ မတည်ငြိမ်မှုကို ဖန်းတီးပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု နှေးကွေးအောင်လုပ်ချင်တဲ့အင်အားစုနဲ့ မိမိရဲ့ ပုဂ္ဂိုလ်ရေးအဏာ အတွက် တိုင်ပြည်မတည်ငြိမ်မှ အလုပ်ဖြစ်မယ်ထင်တဲ့ နိုင်ငံရေးအတွေးအခေါ်မျိုးနဲ့ ၀င်ရောက်လုပ်နေတဲ့ အင်အားစုတွေပေါ့ အားလုံး လာပြီး ပေါင်းစပ် မိတယ်လို့ ပြောရမယ်။ တိုင်းပြည်က  လူမျိုးရေး စစ်ပွဲ၊ ဘာသာရေး ဂိုဏ်းဂဏ စစ်ပွဲတွေကြောင့် ခေတ်နောက်ကျခဲ့ပြီ အဲ့ဒီအခြေအနေဆိုး တွေကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ အခု ဘာသာရေး အဓိကရုဏ်းဖြစ်တာ မလိုလားဘူး။ အဲ့တော့ တရားဥပဒေစိုးမိုးရေးကို တို့ပါတီအနေနဲ့ အဏာပိုင်တွေက ဖိတ်ခေါ်ရင် တို့ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေလုပ်ပေးမယ်။ မဖိတ်ခေါ်ရင်လည်း လူထုအသိပေးတဲ့ စည်းရုံးလှုံဆော်တဲ့ နည်းနဲ့ လုပ်သွားမှာပဲ။

မေး။      ။အခု အဓိကရုဏ်းတွေမှာ အဏာပိုင်တွေက ထိန်းသိမ်းဆောင်ရွက်မှုအပေါ် အားနည်းချက်တွေ ရှိတယ် ချို့ယွင်းချက်တွေရှိတယ်လို့ ဝေဖန်တာတွေ ကြားလာရတယ်။ အဓိကရုဏ်းတွေဖြစ်ပြီးမှ ဆောင်ရွက်မှုရှိလာတယ်ဆိုတာမျိုးပေါ့။

ရခိုင်ကိစ္စနဲ့ ဒီပဲယင်းအရေးအခင်းလိုမျိုးမှာ တစ်စုံတစ်ရာ အားနည်းတာ အမှန်ပဲ ဒါကလည်း ဘယ်သူမှ အငြင်းပွားစရာ မရှိဘူး။ ဒါပေမယ့် ခုမတ္တီလာကိစ္စမှာကတော့ခုလုပ်သင့်တာလုပ်ထိုက်တာကို လုပ်တာပေါ့ လုပ်တဲ့အခါမှာကျတော့ ဘာပဲဖြစ်ဖြစ်တော့ အခုက အစွန်းတစ်ဖက်ဖြစ်သွားတယ် ဟိုအရင်တုန်းကတော့ ထစ်ခနဲ ဆိုရင် လက်ဦးအောင်ဆော်ထည့်လိုက်တာပဲ အခုကျတော့ တစ်စုံတစ်ခုဖြစ်ရင် နဲနဲ ဥပဒေနဲ့ ညီမညီ ချိန်နေတော့ တုံ့ဆိုင်းတာမျိုးတော့ နဲနဲပါးပါး ရှိတာပေါ့ အခု ၁၄၄ ထုတ်တယ် အရေးအပေါ်အခြေအနေကြေညာတယ် ဒါမှန်ကန်တာပဲ နောက်တစ်ခုက လူတွေက မသိလို့ ၁၄၄ ထုတ်ပြီးရင် ကိုင်တွယ်တဲ့ နေရာမှာ သာမန်အားဖြင့် လူစုလူဝေးဟာ မိုးပေါ်ထောင်ပစ်ရင် ပိုရဲလာတယ် မပစ်ရဲမှန်းသိလို့ ။ အဲ့တော့ သေနတ်ကို သုံးပြီးဟေ့ ဆိုရင် ဥပဒေမှာ မိုးပေါ်ထောင်ပစ်ဖို့ မလိုတော့ဘူး အနည်းဆုံး ဆူပူမှုကို ခေါင်းဆောင်တဲ့ သူရဲ့ ခြေသလုံးကို ပစ်ရမယ်။ ဒါတွေက ပါလီမန် အစိုးရလက်ထက်ထဲက ထုတ်ထားတဲ့ ရုန်းရင်းဆန်ခတ်လက်ဆွဲဥပဒေ ၁၉၅၆ ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ဒုဝန်ချုပ် ထုတ်ထားတာ ဒါကို ၆၁ ခုနှစ်မှာ ရဲအုပ်တွေ၊ တရားသူကြီးတွေကို အကုန်လုံးသိအောင် ဖြန့်ဝေပြီးသားပဲ။ အခု တိတိကျကျ ကျင့်သုံးတဲ့နေရာမှာ ဒီဥပဒေကို သူတို့ မသိလို့လား ဒါမှမဟုတ် မကျင့်သုံးဖူးလို့လား အဲ့ဒါကြောင့် နဲနဲ တုံ့ဆိုင်းတာကလွဲရင် မတ္ထီလာ ကိုင်တွယ်ပုံကို ကျွန်တော်တို့ တစ်စုံတစ်ခု အသိအမှတ်ပြုရမယ်။ အခုအခြေအနေအားလုံးက သိတဲ့အတိုင်း၊ ၁၄၄ ထုတ်ရုံနဲ့ မလုံလောက်ဘူး နိုင်ငံတော်သမ္မတက အရေးအပေါ်အခြေအနေကြညာပြီးတော့ တပ်မတော်ရဲ့ အကူညီကို ယူလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒ ၄၁၀ ကနေ ၄၁၂ အဲ့ဒီအထည်းမှာပါတဲ့ ပြဌန်းချက်တွေနဲ့ညီတယ်။ အခုဆောင်ရွက်နေတာတွေကလဲ တည်ဆဲ ဥပဒနဲ့ ညီတဲ့ အတွက် မိတ္ထီလာမှာ ကိုင်တွယ်မှုအားလုံးဟာ ဥပဒေကြောင်းအရပြောရင် တရားဝင်တယ်။

မေး။    ။မိတ္တီလာမှာ ဖြစ်ပြီးတဲ့အခါမှာ အဲ့ဒီရဲ့ ဂယက်ပေါ့ ရန်ကုန်မှာပါ အသံတွေကြားလာရတယ်။ ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ သတင်းတွေ ထွက်လာတယ်။ ဒါအပြင့် တစ်ခြားဒေသတွေမှာ ဖြစ်လာတယ်ပေါ့။ အဓိကတော့ ရန်ကုန်မှာပေါ့ တကယ်လို့များ အဲ့လို အဓိကရုဏ်းတွေ ရန်ကုန်မှာပါ ဖြစ်လာခဲ့ရင် ကျန်တော် ဒီမိုကရေစီအပြောင်းအလဲက ဘယ်လိုဖြစ်သွားနိုင်လဲ

ရန်ကုန်လိုမြို့တော်ဖြစ်ရင်တော့ နိုင်ငံတကာမှာလည်း တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာထိခိုက်မှာပေါ့ ဒီမှာ ဖြစ်တယ်ဆိုရင် အပျက်အစီးအဆုံးအရှုံး အသေအပျောက်ပိုများမှာပေါ့။ အဲ့တော့ အပြစ်မဲ့တဲ့ လူတွေ မသေဖို့ ဒိလိုအဖြစ်မျိုးတွေ မဖြစ်ဖို့ ဆိုရင် ဟိုနေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့  နိုင်ငံရေးပါတီ တွေ တွေ့တဲ့အခါမှာ သူတို့က အရေးအကြောင်းဆိုရင် သူတို့ကို ဆက်သွယ်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အကြောင်းကြားဖို့ပြောတယ်။ သတင်းပို့ခိုင်းတဲ့ အလုပ်ပဲ လုပ်ခိုင်းတာပေါ့ အဲ့ဒီလုပ်မယ့်အစား တို့ပါတီအနေနဲ့ပြောမယ်ဆိုရင် လူထုနည်းနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီတွေကို ဖွဲ့စည်းပြီးတော့ ဆောင်ရွက်ရမယ်။ ဥပမာဆိုရင် ရန်ကုန်တိုင်းအစိုးရက သဃန်းကျွန်းမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရော နိုင်ငံရေးပါတီတွေရော လူမှုရေးအဖွဲ့တွေရော အဏာပိုင်တွေရော ပါဝင်တဲ့ ကော်မတီတွေ ဖွဲ့မယ်။ မြို့နယ်ကနေတဆင့် ရပ်ကွက် တွေကို ဖွဲ့မယ် ရပ်ကွက်တွေကတဆင့် အခြေခံတကျ ထိန်းပြီးတော့ မတူညီတဲ့ ဘာသာခြား ၂ ခုအပေါ်မှာ ထိန်းနိုင်ဖို့ပေါ့ ။အခု့လုပ်နိုင်တာက သဃန်းကျွန်းမြို့နယ်မှာ ခရမ်းဆရာတော်အပါအ၀င်သံယာတော်တွေကို သွားလျှောက်တယ် ဗလီတွေကို စောင့်ရှောက်ဖို့ တစ်ဖက်ကလည်း ဗလီတွေမှာလည်း ဒုတ်ဓါး လက်နက်တွေ ကိုင်ပြီးတော့ မခုခံဖို့ မလုပ်ဖို့ လုပ်ရင် ပြဿနာတွေက ပိုကြီးသွားမယ်။ အဲ့ဒါမျိုးကို သံဃာတော်တွေရဲ့ အကူအညီတောင်းပြီးတော့ လက်လှမ်းမီသလောက်လုပ်နေတယ်။ ခရိုင်အလိုက်မြို့နယ်အလိုက် ရပ်ကွက် အလိုက် တရားဥပဒေစိုးမိုးရေးကော်မတီတွေ ဖွဲ့ရမယ်။ အဲ့လိုဖွဲ့ပြီးတော့ အုပ်ချုပ်ပိုင်းနဲ့ဌာနဲ့ လူထုနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းလုပ်ရမှာ ။ အခုချိန်ထိ လူထုပုံစံမလုပ်ပဲနဲ့ သာမန်သတင်းပေးတဲ့ အလုပ်ပဲ လုပ်ခိုင်းတာက ရန်ကုန်တိုင်းအစိုးရရဲ့ ကိစ္စပဲ။ အဲ့တော့ ရန်ကုန်တိုင်းမှာ ပြဿနာ ပေါ်ရင်တော့ ရန်ကုန်တိုင်းအစိုးရက ပဲတာဝန်ယူရမယ်။

မေး။    ။ရခိုင်မှာ ဖြစ်သွားတဲ့အခါမှာ နောက်ကွယ်မှာ ကြိုးကိုင်တဲ့ လူတွေရှိတယ် အဲ့ဒီလူတွေကို အရေးယူဆောင်ရွက်မယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ မေ့မေ့လျော့လျော့လိုဖြစ်သွားတယ်  နောက်ကွယ်မှာ ရှိတဲ့ သူတွေကို မထုတ်ဖေါ်နိုင်သေးတာလား ဒါမှမဟုတ် ထုတ်ဖေါ်နိုင်ပြီးပေမယ့် ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူတွေကို အသိပေးတာမျိုး မရှိတာလား တော့ မသိဘူး ။ အဓိက ကြိုးကိုင်တဲ့ လူတွေကို ခုချိန်ထိ မသိရသေးဘူးပေါ့။ ခုမိတ္တီလာကိစ္စဖြစ်လာတာမှာလည်း နောက်ကွယ်မှာ ကြိုးကိုင်တဲ့ လူတွေရှိရင်  ဖေါ်ထုတ်အရေးယူမယ်လို့ ပြောလာပြန်တယ်။ အဲ့လို ခဏခဏ ဖေါ်ထုတ်မယ် ဆိုပြီး အချိန်တွေသာကြာသွားတယ် ဒီလိုပဲ တံအုံတနွေးနွေးနဲ့ ပြီးသွားမယ်ဆိုရင် ဘယ်လိုမျိုးဖြစ်လာနိုင်မလဲ။

အဲ့ဒါ မကောင်းတဲ့ သာဓကပေါ့ စုံစမ်းဖေါ်ထုတ်မယ်ဆိုရင် တကယ်စုံစမ်းဖေါ်ထုတ် ပွင့်လင်းမြင်သာမှု အရ  တိုင်းပြည်ကိုတင်ပြ သတင်းမီဒီယာတွေက ထုတ်ပြန် ဒါလုပ်ရမှာပေါ့။ ခုမိတ္တီလာမှာလဲ နောက်ကွယ်က လူတွေကို စုံစမ်းစစ်ဆေးနေပြီ ပြောနေတာပဲ အဲ့လို စုံစမ်းစစ်ဆေးနေတာကို မဖေါ်ထုတ်ဘူးဆိုရင် နောက်ထပ် အရေးအခင်းတွေကို ဖိတ်ခေါ်သလို ဖြစ်သွားမှာပေါ့ နောက်ကွယ်က ကြိုးကိုင်တဲ့ သူတွေက ငါတို့ ဘာမှ မဖြစ်ဘူး ရှေ့ကနေ သွေးဆူတဲ့ လူတွေ ပဲဖြစ်တယ်ဆိုရင် နောက်ထပ်ပွဲတွေ လာဦးမှာပေါ့ နောက်ထပ်ပွဲတွေ လာရင် စုံစမ်းစစ်ဆေးရေး မလုပ်တဲ့ သူတွေပဲ ခံရမှာပေါ့။
မင်းသူ
The Street View

ပျဉ်းမနားမြို့ဗုဒ္ဓစာကြည့်တိုက်ဖွင့်ပွဲနှင့်ဗုဒ္ဓစာပေဟောပြောပွဲဆုနှင်းသဘင်ကျင်းပ


နေပြည်တော်    မတ်လ(၂၃)ရက်၂၀၁၃ခုနှစ်
နေပြည်တော်ကောင်စီနယ် မြေ ပျဉ်းမနားမြို့ရှိ ထေရ၀ါဒ  ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့နှင့်  ဗုဒ္ဓဓမ္မစာပေပြိုင်ပွဲဆုနှင်းသဘင်  နှင့်ဗုဒ္ဓဓမ္မစာကြည့်တိုက်ဖွင့်ပွဲအား ၂၀၁၃ခုနှစ် မတ်လ(၂၃)ရက် မွန်းလွဲ(၂)နာရီအချိန်က ပျဉ်းမနား   မြို့ ရွှေချီအုပ်စု၊ဗဟိုမစိုးရိမ်ရပ်၊  ဦးဘွားလမ်းရှိ မစိုးရိမ်ကျောင်း    တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုနှင်းသဘင်နှင့် စာကြည့်တိုက်ဖွင့်ပွဲသို့ ဗုဒ္ဓဓမ္မ စာပေလေ့လာပြန့်ပွားရေးအဖွဲ့   ဥက္ကဋ္ဌနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ လေ့လာပြန့်ပွားရေးအဖွဲ့ အတွင်း ရေးမှူး ဦးကျော်မြင့်တို့မှ ဗုဒ္ဓဓမ္မ  စာကြည့်တိုက်ရေရှည်တည်တံ့စေ  ရေးအတွက် ဆက်လက်ဆောင် ရွက်ကြရန် စာဖတ်သူဦးရေများ   ပြားစေရေးအတွက် ဆက်လက် ဆောင်ရွက်ကြရန် စာဖတ်သူဦး ရေများပြားစေရေးအတွက် ရသ  ပေါင်းစုံစာအုပ်များပါ ပူးတွဲထား ရှိရန်၊ဗုဒ္ဓဓမ္မစာပေပြိုင်ပွဲအားနှစ် စဉ် ကျင်းပသွားရန်၊စာကြည့်တိုက်  ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက်   ရန်ပုံငွေရှာဖွေရန် ကိစ္စများအား   အသီးသီးပြောကြားခဲ့ကြောင်း၊ထို့ နောက်အဌမအကြိမ်မြောက် ပျဉ်းမနားမြို့နယ် ဗုဒ္ဓဓမ္မစာပေ ပြိုင်ပွဲ ဆုနှင်းသဘင်အား ဆက် လက်ကျင်းပရာ ပ၊ဒု၊တနှင့် နှစ် သိမ့်ဆုရရှိသူ မူလတန်း၊အလယ် တန်းနှင့်အထက်တန်းကျောင်းသား ကျောင်းသူများအား ဆုကြေးငွေ  အပြင် အမှတ်တရ ဆုတံဆိပ် များ ဘာသာရေးဆိုင်ရာ စာအုပ်  များအား တာဝန်ရှိသူများက ဆု  အဖြစ်အသီးသီးပေးအပ်ချီးမြှင့်  ခဲ့ကြောင်း သိရှိရသည်။
မြင့်အောင်(နေပြည်တော်)
The Hot News

တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသည့် အရောင်းပြပွဲ

ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ တွင် မတ်လ ၂၉ရက်နေ့မှ ဧပြီလ ၁ရက်နေ့ အထိ ကျင်းပပြုလုပ်လျက်ရှိသည့် အရောင်းပြပွဲ။
The Voice Weekly






လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တရားဝင်ဆန္ဒထုတ်ဖော်

 
29 Mar, 2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ပထမအကြိမ်ဆန္ဒထုတ်ဖော်ခွင့်တောင်းခံကာ ဒေသခံ(၅၀၀)ခန့် တရားဝင်အနေဖြင့်မတ်လ(၂၈)ရက်နေ့ နေ့လည် ၁နာရီမှ ညနေ၄နာရီအထိဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့်အတွက် ဥပဒေပုဒ်မ(၅)အရမတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ခွင့်ပြုမိန့်တရားဝင်ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံများမှာ တုံကျေးရွာထိပ်မှ ပုသိမ်- မုံရွာလမ်းဆုံထိ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး လက်ပံတောင်းတောင်ကြေး နီစီမံကိန်း (လုံးဝ) ဖျက်သိမ်းရေး ၂၀၁၂ခုနှစ် နိုဝင်ဘာ(၂၉) ရက်နေ့ကသပိတ်စခန်းများအား အကြမ်းဖက်ခဲ့သူများ မီးလောင်ဗုံး တရားခံများဖော်ထုတ်အရေးယူရေး၊ ကြေးနီစီမံကိန်းအတွက် အသစ်ပြင်ဆင်ချုပ်ဆိုမည့် စာချုပ်(အလိုမရှိ) စသည့် တောင်းဆိုအချက်(၅)ချက်ကို ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ လက်ပံတောင်းတောင်ပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ တုံရွာ၊ ၀က်မှေး ၊ဆည်တည်း နဲ့ကံကုန်းရွာကလူတွေပါမယ်။ အဓိက ကတော့လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးကို တောင်းဆိုသွားမှာပါဟု”လက်ပံတောင်းတောင်ခြေမှ ဆည်တည်းကျေးရွာခံတစ်ဦးက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ခွင့်ကို လက်ပံတောင်းတောင်ဒေသခံတစ်ဦးဖြစ်သူဒေါ်မြင့်မြင့်အေးမှ ဦးဆောင်၍ ခွင့်ပြုမိန့်တောင်းခဲ့ခြင်းဖြစ်သည်။



“ကျမတို့ အနေနဲ့ က ဘာမှပြောစရာမရှိပါဘူး။ ဒေသခံတွေက ကိုယ့်ရဲ့ဆန္ဒကိုတရားဝင်ဖော်ထုတ်ခွင့်ရတာ စည်းကမ်းရှိရှိ နဲ့ နားလည်အောင်လုပ်စေချင်ပါတယ်။လက်ပံတောင်းတောင်နဲ့ ပတ်သက်လို့ အဆိုတင်သွင်း ထားပါတယ်။ အတက်နိုင်ဆုံးပြည်သူမနစ်နာအောင် ပြည်သူဘက်ကပဲ ရပ်တည်သွားမှာပါ။

နားလည်လို့ပဲ ဖြစ်ဖြစ်နားမလည်လို့ပဲဖြစ်ဖြစ် အားလုံးစည်းကမ်း ရှိရှိနဲ့လုပ်ဆောင်သွားစေချင်ပါတယ်။” ဟု လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပါဝင်သည့် ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ၎င်း၏ အမြင်ကိုပြောသည်။
မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)

အခန်းပြန်လည်ရရှိရန် အိုးအိမ်ရုံးအရှေ့၌ ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၉။
ယနေ့နံနက် ဆယ်နာရီခန့်တွင် အိုးအိမ် ဦးစီးရုံးရှေ့၌ ဆန္ဒပြသူ အယောက်(၃၀)ခန့်က အခန်းပြန်လည်းရရှိရေးအတွက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အခန်းပြန်လည်ရရှိရေး(ဒို့အရေး)၊ နိုင်ငံသားနစ်နာမှု(အရေးယူပေး)၊ မတရားသိမ်းယူမှု(အလိုမရှိ)စသည့်ဖြင့် ဆန္ဒပြသူ အယောက်(၃၀)ခန့်က ကြွေးကျော် ဆန္ဒပြခဲ့ကြသည်။

“ဦးတို့ အဆောက်အဦက နှစ်ထပ်ရှိတယ်။  အပေါ်မှာက  အ.မ.က (၁) ပန်းပဲတန်းရှိတယ်။ ဦးတို့ ပြောချင်တာက အိုးအိမ်ကို (Up To Date)အခန်းလခ ပေးသွင်ထားတဲ့သူတွေပါ။ ကျူးကျော်ဝင်ရောက်သူတွေ မဟုတ်ပါဘူး။ အခန်း ချထားပေးတဲ့ စာရွက်စာတန်းတွေလည်း ရှိပါတယ်။ ဦးတို့ကတော့ ဦးတို့အခန်း ဦးတို့ပြန်လည်ရရှိဖို့ပါပဲ” ဟုစိန်မောင်က ပြောကြားသည်။

ယင်းကိစ္စမှာ အမှတ် ၆၇၂/၆၈၀ ကုန်သည်လမ်း၊ ၂၈ လမ်းထိပ် အဆောက်အအုံ ၂ ထပ်တိုက်တွင် နေထိုင်ကြသော မိသားစုဝင် လေးစုနေထိုင်သော အဆောက်အအုံကို၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အန္တရာယ်ရှိသော အဆောက်အအုံအဖြစ် သတ်မှတ်ပြီး ၂၀၁၀ခုနှစ်အတွင် အခန်းရှိနေသူများကို သုံးရက်အတွင်း ဖယ်ခိုင်းပြီး သော့များကို အိုးအိမ်ရုံးသို့ အပ်နှံခဲ့ရကြောင်းနှင့်ယခုအခါ တိုက်အသစ် ဆောက်လုပ်လျက်ရှိသော်လည်း အခွင့်အရေး တစ်စုံတစ်ရာ မရရှိသောကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုက်အသစ်ဆောက်လုပ်ရန် သုံးနှစ်ကျော် ကြာမြင့်ခဲ့ကြောင်းနှင့် အဆောက်အဦ ဆောက်လုပ်ရာတွင်လည်း အခန်းပိုင်ရှင်များကို အသိပေးဆောင်ရွက်ခြင်း မရှိကြောင်းလည်း မြေညီထပ်တွင် နေထိုင်ခဲ့သူ ဒေါ်သိန်းသိန်းက ပြောကြားခဲ့သည်။

ယင်းအဆောက်အဦကို အောင်ချမ်းသာ ကုမ္ပဏီမှ ဆောက်လုပ်လျှက်ရှိကြောင်းလည်း သိရသည်။ ၎င်းကိစ္စနှင့်ပတ်သတ်၍ သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြထားကြောင်းသိရသည်။
ပိုင်လေး
The Myanma Age

ဖုန်းတစ်ခုလုံး မြန်မာစာ စနစ်သုံး JAS6 ဖုန်းဟန်းဆက် ဈေးကွက် အတွင်း စတင်မိတ်ဆက်

ရန်ကုန်၊ မတ် ၂၉။
ဖုန်းစနစ်တစ်ခုလုံး မြန်မာစာစနစ် သုံးစွဲထားသည့် JAS6 အမှတ်တံဆိပ် မိုဘိုင်းဖုန်းဟန်းဆက် ကို ဈေးကွက်အတွင်းတွင် စတင် ရောင်းချပြီ ဖြစ်ကြောင်း JAS6 ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ JAS6 ဟန်းဆက်အား အိန္ဒိယနိုင်ငံ အခြေစိုက် ဖုန်းကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဖုန်းတစ်ခုလုံးတွင် အသုံးပြုသော Funtion များအားလုံးကို မြန်မာစာ စနစ်ဖြင်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

“ဒီဖုန်းမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ရှိပါတယ်။ တကယ်လို့ ဖုန်းအသုံးပြုသူက အရးပေါ်အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်နေရတဲ့ အချိန် မှာ ဖုန်းမှာပါတဲ့ အရေးပေါ်ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် ၁၉၉ကို အလိုလျောက်ဖုန်းခေါ်ဆိုပြီး “အကူအညီပေးပါ” ဆိုတဲ့ အသံဖိုင်က ပြောပေး မှာပါ။ ပြီးရင် ဖုန်းပိုင်ရှင်ရဲ့  ဖုန်းမှတ်တမ်းမှာ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေထဲက လူ ၃ယောက်ဆီကို စာတို မတ်ဆေခ်ျ အလိုလျောက်ပေးပို့ပေး မှာပါ” ဟု JAS6 မှ တာဝန်ရှိသူ က ရှင်းပြသည်။

JAS6 ဖုန်းဟန်းဆက်တွင် ဖုန်းပျောက်သွားပါက ပြန်လည်ရှာဖွေနိုင်ရန် ဆော့ဝဲလ်ထည့်သွင်းထားကြောင်း GPS စနစ်ဖြင့် ရှာဖွေနိုင်မည်ဖြစ်ပြီး ဖုန်းတည်နေရာကို အနီးစပ်ဆုံးပြသပေးနိုင်ကြောင်း သိရသည်။

အင်တာနက် အသုံးပြုလိုသူများအတွက် ဝက်ဘ်ဆိုက်များ၊ လူမှုရေးကွန်ယက်များ ဖြစ်သည့် Facebook၊ Gmail ၊ Skype၊ Viber တို့တွင် လည်း မြန်မာလို အပြည့်အဝ ဖတ်ရှု အသုံးပြုနိုင်ရန်စီစဉ်ထားကြောင်း ၊ မြန်မာစာလက်ကွက်အတွက်လည်း အက္ခရာတစ်လုံးကို ရိုက်နှိပ်လိုက် သည် နှင့် ၎င်းစာလုံးနှင့်သက်ဆိုင်သော စာလုံးပေါင်းများကို ဖော်ပြပေးကြောင်း သိရသည်။

JAS6 ဖုန်းဟန်းဆက်ကို GSM ၊ CDMA 800Mhz ၊ WCDMA ဖုန်းလိုင်းကတ်များထည့်သွင်းအသုံးပြုနိုင်ပြီး ICS 4.0 Android ကိုထည့်သွင်း အသုံးပြုထားကာ မြန်မာခံစားမှုဆော့်ဝဲလ် 6.0 ပါဝင်ကြောင်း၊ ဖုန်းကင်မရာပါဝင်ပြီး ဖုန်းဟန်းဆက်အရောင်မှာ ရှေ့မျက်နှာပြင်မှာ အမည်း ရောင်ဖြစ်ပြီး နောက်ကိုယ်ထည်အရောင်မှာ အဖြူရောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ JAS6ဖုန်းဟန်းဆက်တန်ဖိုးမှာ တစ်သိန်းလေးသောင်းကိုးထောင်ကျပ်ဖြင့် ဖြန့်ဖြူးရောင်ချပေးလျက်ရှိပြီ မတ်လ ၂၉ ၊ ၃၀ တွင် တပ်မ တော်ခန်းမတွင် ကျင်းပနေသော ကုန်စည်ပြပွဲတွင် အထူးဈေးနှုန်းအဖြစ် တစ်သိန်းနှစ်သောင်းကိုးထောင်ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။
ဆုဝေ
The Myanma Age

သက်ကြီးအနုပညာရှင်များဘိုးဘွားရိပ်သာအတွက်မေတ္တာသင်္ဂဟအဖွဲ့လှူဒါန်း

မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲက မေတ္တာသင်္ဂဟအဖွဲ့မှ သက်ကြီးအနုပညာရှင်များ ဘိုးဘွားရိပ်သာအတွက် ငွေကျပ် ၂၇ သိန်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းခဲ့ပါတယ်။ မေမွန်မောင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal




၂၀၁၃ ဧပြီ ( ၁ ) ရက်နေ့ တွင်ကျရောက်မည့် ကြားဖြတ်ရွေးကောက်ပွဲ တစ်နှစ်ပြည့် ဂုဏ်ပြုအစီအစဉ်

၂၀၁၂ ဧပြီတရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတစ်နှစ်ပြည့် အမှတ်တရ များကို ယနေ့ မှစ၍ ပရိတ်သတ်အတွက် ပြန်လည် တင်ဆက်ပေးသွားပါမည်။
၂၀၁၃ ဧပြီ ( ၁ ) ရက်နေ့ တွင်ကျရောက်မည့် ကြားဖြတ်ရွေးကောက်ပွဲ တစ်နှစ်ပြည့် ဂုဏ်ပြုအစီအစဉ် - ၁

Popular Journal

၂၀၁၂ ဧပြီတရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ တစ်နှစ်ပြည့် အမှတ်တရ


တေးရေး - ကိုနေ၀င်း၊ တေးဆို - မေခလာ၊ ခင်မြတ်မွန် နှင့် သျှီ။ တေးသီချင်းအား အသုံးခွင့်ပြုပေးသော ကိုနေ၀င်း နှင့် အနုပညာရှင်များအား ကျေးဇူးအထူးတင်ရှိပါသည်။
၂၀၁၃ ဧပြီ ( ၁ ) ရက်နေ့ တွင်ကျရောက်မည့် ကြားဖြတ်ရွေးကောက်ပွဲ တစ်နှစ်ပြည့် ဂုဏ်ပြုအစီအစဉ် - ၂
Popular Journal

ကချင်ပဋိပက္ခနယ်မြေအတွင်း လူ့အခွင့်အရေး ဖောက်ဖျက်ခြင်းနှင့် တပ်သားအသစ်စုဆောင်းခြင်းများ မလုပ်ရန် နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များအား လူ့အခွင့်အရေးကော်မရှင်တောင်းဆို

နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ကချင်ပြည်နယ် ပဋိပက္ခနယ်မြေအတွင်း လူ့အခွင့်အရေး ဖောက်ဖျက်ခြင်းနှင့် တပ်သားသစ်စုဆောင်းခြင်း
မပြုလုပ်ရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ယင်းနယ်မြေများအတွင်းရှိ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းများနှင့် တပ်သားသစ်စုဆောင်းခြင်း၊ ဆက်ကြေး
ကောက်ယူခြင်းများကို တွေ့ရှိရသဖြင့် မပြုလုပ်ကြရန် ကော်မရှင်က တောင်းဆိုခြင်းဖြစ်ကြောင်း ယင်းကော်မရှင်အဖွဲ့ အတွင်းရေးမှူးဦးစစ်မြိုင်က
ပြောကြားသည်။

''နှစ်ဖက်စလုံး ကျူးလွန်ကြတယ်။ ပြီးခဲ့တဲ့အခေါက် ကော်မရှင် ကချင်ပြည်နယ် ဆင်းတုန်းက အမျိုးသမီးအချို့ အကြမ်းဖက်ခံရမှုတွေ တစ်ခါတရံဖြစ်ခဲ့တာ
တွေ့ရတယ်။ မသင်္ကာတဲ့ရွာတွေကို စစ်ဆေးတဲ့အခါ ရွာသားတွေ အကြမ်းဖက်ခံရတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကလည်း တပ်သားအသစ်
စုဆောင်းတာတွေရှိတယ်''ဟု ဦးစစ်မြိုင်က ပြောသည်။

လက်ရှိအခြေအနေတွင် ပဋိပက္ခဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးရာတွင် အစိုးရထိန်းချုပ်နယ်မြေအတွင်းသာ ပို့ဆောင်
နိုင်သောကြောင့် နယ်စပ်ဒေသရှိ ကေအိုင်အို၊ ကေအိုင်အေ ထိန်းချုပ်နယ်မြေများသို့ လုံခြုံချောမွေ့စွာ ပို့ဆောင်ရေးတို့ကို ထုတ်ပြန်ချက်တွင်
ထည့်သွင်းတောင်းဆိုထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ယခုလ ၁၂ ရက်နှင့် ၁၃ ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သော အပြုသဘောဆောင်သည့်
ပူးတွဲကြေညာချက်ကို ကြိုဆိုကြောင်း ယင်းပူးတွဲကြေညာချက်တွေပါရှိသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းသစ်များ အရှိန်အဟုန်မြှင့်
အကောင်အထည်ဖော်မည့်အချက်ကြောင့် မိုင်းရှင်းလင်းပေးခြင်းနှင့် မိုင်းအသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
7Day News Journal

တပ်မတော်သမိုင်းမှာ လူမျိုးတုံး သတ်ဖြတ်မှု လုံးဝမရှိကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြား

Thursday, 28 March 2013တပ်မတော်နေ့ အခမ်းအနားသို့ ပထမဆုံး တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော် အရာရှိကြီးတစ်ဦးနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီတပ်မတော်နေ့ အခမ်းအနားသို့ ပထမဆုံး တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော် အရာရှိကြီးတစ်ဦးနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံး တက်ရောက်ခဲ့သော (၆၈)နှစ် မြောက် တပ်မတော်နေ့အခမ်း
အနားတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ကြီးမားလှသော
အစဉ်အလာကောင်းများနှင့် ပြည်စုံနေသည့် တပ်မတော်အနေဖြင့် သမိုင်းကြောင်းတွင် လူမျိုးတုံး
သတ်ဖြတ်မှု (Genocide) မျိုး လုံးဝမရှိ ကြောင်း မိန့်ခွန်း၌ ပြောကြားခဲ့သည်။
"တို့တပ်မတော်ဟာ နယ်ဘက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ၊ တပ်မတော်ရဲ့ ဥပဒေစည်း
မျဉ်းစည်းကမ်းတွေသာမက ဂျီနီဗာကွန်ဗင်းရှင်းကိုပါ အထူးလိုက်နာတဲ့ တပ်မတော်တစ်ရပ် ဖြစ်
တယ်။ တို့တပ်မတော်ဟာ ဘယ်လို ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်းဖောက်ဖျက်
ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း ထိရောက်စွာ အရေးယူခဲ့တယ်။ တာဝန်ထမ်းဆောင် နေချိန်မှာ
ဘယ်တိုင်းရင်းသားလူမျိုး အပေါ်မှာမှ မုန်းတီးစိတ်နဲ့ ဆောင်ရွက်ခြင်းမရှိဘဲ လက်နက်ကိုင်ပဋိပက္ခ
ဖော်ဆောင်သူတွေကိုသာ တိုက်ခိုက်နေတာဖြစ်လို့ လူမျိုးတုံးသတ်ဖြတ်မှု (Genocide)ဆိုတာ
တို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်"ဟု မတ်လနောက်ဆုံး
ပတ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့် ရရှိလာသော ကာကွယ် ရေးဦးစီးချုပ်က
နေပြည်တော် အခမ်းအနားတွင် ပြောကြားခဲ့သည်။
တပ်မတော်ကို စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ် ဖြစ်ဖို့ တည်ဆောက်ရ
မည်ဖြစ်ကြောင်းကိုလည်း နိုင်ငံ့ခေါင်းဆောင်၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မိန့်ခွန်းတွင် ပါဝင်သည့် 'လေတပ်ဟာ first line airplane
အဖျင်းဆုံး ၅၀၀ ရှိရမယ်။ စစ်တိုက်တဲ့အချိန်မျိုးမှာ လူတစ်သန်း စစ်သည်အင်အား ရှိရမယ်။
ဟိုနေရာက မထိတထိစတာ၊ ဒီနေရာက မထိတထိ စတာကိုလည်း ပြန်ပြီး လုပ်ရဲရမယ်၊ လုပ် နိုင်ရ
မယ်"ဟူသော စကားကို ကိုးကား ပြောကြားခဲ့သည်။
"တပ်မတော်သည် နိုင်ငံအတွက်ဖြစ်ရမယ်။ နိုင်ငံတော်က ဘယ်အချိန်ကမှ တပ်မတော်အတွက်
မဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှဖြစ်မှာမဟုတ်ကြောင်း ပြောကြားလိုတယ်။ နိုင်ငံတော် ရဲ့
လိုအပ်ချက်အရ တပ်မတော်ဟာ နိုင်ငံတော် တာဝန်ယူခဲ့ရချိန်မှာ နိုင်ငံတော်ကို ဒီမိုကရေစီ
အုပ်ချုပ်ရေးလမ်းကြောင်းပေါ် ပို့ဆောင်ပေးခဲ့တယ်။ ဒီမိုကရေစီစနစ် တည်ငြိမ်ရင့်ကျက်မှုမရှိသေးမီ
မှာ ယခင် အတိတ်သမိုင်းကြောင်းကလို အဖြစ်မျိုးတွေဖြစ်ပြီး တိုင်းပြည်ထိခိုက် နစ်နာဆုံးရှုံးရတာ
တွေ မဖြစ်ဖို့ အရေးကြီးတယ်။ ဒီကနေ့ ပြည်သူက ရွေးချယ်တင် မြှောက်ထားတဲ့ သမ္မတကြီး
ဦးဆောင်တဲ့ နိုင်ငံတော် ထာဝရတည်ငြိမ်အေးချမ်း ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်မှာ
တပ်မတော်ဟာ တာဝန်ကျရာ အခန်းကဏ္ဍကနေ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်"
ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်နေ့ အခမ်းအနား၌ စစ်ကြောင်းကြီးများက ဗိုလ်ချုပ်မဈးကြီး မင်းအောင်လှိုင်အား ချီတက်အလေးပြုနေစဉ်။ ဓာတ်ပုံ-အီးပီအေတပ်မတော်နေ့ အခမ်းအနား၌ စစ်ကြောင်းကြီးများက ဗိုလ်ချုပ်မဈးကြီး မင်းအောင်လှိုင်အား ချီတက်အလေးပြုနေစဉ်။ ဓာတ်ပုံ-အီးပီအေ
နိုင်ငံတော်ဖွံ့ဖြိုးရေးကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်နိုင်ရန် အစိုးရက ငြိမ်းချမ်းရေးလိုလားသကဲ့သို့
တပ်မတော် အနေဖြင့်လည်း ငြိမ်းချမ်းရေးကို ပိုပြီး ဖြစ်ပေါ်စေလိုကြောင်း၊ သို့ရာတွင် ငြိမ်းချမ်းရေးရ
ဖို့အတွက် တစ်ဖက်တည်းကပဲ ဆောင်ရွက်၍မရသဖြင့် နိုင်ငံတော်နှင့် တပ်မတော်တို့၏ စိတ်ရင်း
စေတနာမှန် ဖြင့် ဖိတ်ခေါ်ကမ်းလှမ်းထားသော ငြိမ်းချမ်းရေးစားပွဲသို့ လာရောက်ကြစေလိုကြောင်း
လည်း ကာကွယ်ရေးဦးစီးချုပ် က တိုက်တွန်းပြောကြားခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခဖော်ဆောင်မှုများမရှိမှ ငြိမ်းချမ်းရေးရမည်ဖြစ်၍ ထို လက်နက်ကိုင် ပဋိပက္ခ
ဖော်ဆောင်သူတို့ ကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လူမျိုးတုံး သတ်ဖြတ်မှုမျိုး လုံးဝမရှိ
ကြောင်း ပြောဆိုလျက်ရှိသော်လည်း ကချင်ပြည်နယ်လူထု၏ အမြင်ကမူ မတူကွဲပြားလျက်ရှိသည်
ဟု ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။
"ကချင်ပြည်နယ်ထဲမှာ ပြည်တွင်းစစ် ဖြစ်ခဲ့တာ သုံးနှစ်ပြည့်ဖို့ နှစ်လပဲလိုပါ တော့တယ်။ လွန်ခဲ့တဲ့
လပိုင်းတွေတုန်းက ဝေဟင်ရော၊ မြေပြင်ကပါ အလုံးအရင်းနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တာတွေကို
ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေ တွေ့မြင်ရတဲ့အတွက် စစ်ပွဲတွေ ချက်ချင်းရပ်ပေးဖို့
လွှတ်တော်ထဲမှာ ပြောခဲ့တဲ့တိုင်အောင်လည်း တိုက်ပွဲတွေက ဆက်ဖြစ်နေခဲ့တာပါ။ လိုင်ဇာဒေသ
ကို အပြတ်ချေမှုန်းဖို့ ကြိုးပမ်းခဲ့တာ တွေ့ခဲ့ရပါတယ်။ အဲဒီ ဒေသတွေက တကယ်ခံစားနေရတဲ့
ပြည်သူလူထုရဲ့ စိတ်မှာတော့ ငါတို့လူမျိုး တွေကုန်အောင်၊ တုံးအောင်သတ်ဖြတ် နေတာလို့ပဲ ခံယူ
ကြတယ်။
"ကာကွယ်ရေးဦးစီးချုပ်ကတော့ ဒီလိုလုပ်ရပ်မျိုးကို သူကိုယ်တိုင်လည်းမလုပ်ဘူး၊ အောက်ခြေကို
လည်း ဒါမျိုးလုပ်ဖို့ ညွှန်ကြားမှာမဟုတ်ပါဘူး။ မလုပ်ဖို့ဘဲ တားမြစ်ထားမှာပါ။ နိုင်ငံတကာ ကွန်ဗင်း
ရှင်းတွေအရလည်း မလုပ်ကြဘူး။ ဒါပေမဲ့ အောင်ခြေအကျဆုံး စစ်သားတွေဆိုရင် သင်တန်းတောင်
မတက်ရသေးဘဲ စစ်သားစုဆောင်းရေးက စုဆောင်းပြီး ရှေ့တန်းပို့လိုက်တဲ့ စစ်သားတွေလည်းရှိ
တယ်။ အဲဒီလိုအောက်ခြေစစ်သားတွေ ရဲ့ လုပ်ရပ်တွေအားလုံးကို သူမသိနိုင်ပါဘူး။ အောက်ခြေက
အသေးစိတ်ဖြစ်ရပ် တွေကိုလည်း အရာရှိတွေက တင်ပြကြ မှာမဟုတ်ပါဘူး။ ဒီတော့ ရာဇ၀တ်မှုရှိ
မရှိ၊ Genocide လုပ်မလုပ်ဆိုတာကိုတော့ တကယ်ခံစားကြရတဲ့ ပြည်သူတွေ ကပဲ ဆုံးဖြတ်မှာပါ"
ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
အမှန်အားဖြင့် 'တပ်မတော်နေ့'ဟု ယခုခေါ်ဝေါ်လျက်ရှိပြီး ယခင်က 'တော်လှန်ရေးနေ့'ဟု ခေါ်ဝေါ်ခဲ့
သည့် မတ်လ ၂၇ ရက်နေ့သည် တပ်မတော်နှင့်သာမက ရဟန်းရှင်လူပြည်သူလူထုအားလုံး နှင့်ပါ
သက်ဆိုင်သော တပ်မတော်နှင့် ပြည်သူပြည်သားအားလုံးကို ကိုယ်စားပြု သောနေ့ဖြစ်ကြောင်း၊
ဖက်ဆစ် အန္တရာယ်ကို အတူတကွ လက်တွဲပြီး အားလုံးက ညီညီညွတ်ညွတ်ဖြင့် တော်လှန်နိုင်ခဲ့
ကာ လွတ်လပ်ရေးရသည်အထိ အကျိုးကျေးဇူးဖြစ်ထွန်းခဲ့သည့် နေ့ဖြစ်ကြောင်း၊ ယခုနှစ်
တပ်မတော်နေ့ သို့ ပထမဦးဆုံးအကြိမ်အဖြစ် တက်ရောက်လာခဲ့သော ကော့မှူးမဲဆန္ဒနယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်၊ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီးလည်း
ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
"ကျွန်မတို့ အင်န်အယ်ဒီအဖွဲ့ချုပ်ကတော့ ဒီနေ့ကို 'တော်လှန်ရေးနေ့'လို့ပဲ အမြဲတမ်းသတ်မှတ်ခဲ့ပါ
တယ်။ သမိုင်းအစဉ်အလာကို ထိန်းသိမ်းချင်လို့ပါ။ မတ်လ ၂၇ ရက်နေ့ဆိုတာ ၁၉၄၅ ခုနှစ်မှာ
ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့နေ့ပါ။ ကျွန်မတို့ တိုင်းသူပြည်သားအားလုံးက ရဟန်းရှင်လူတွေ
အားလုံးက ညီညီညွတ် ညွတ်နဲ့ လက်တွဲပြီး ဖက်ဆစ်အန္တရာယ် ကို တော်လှန်ခဲ့ကြလို့ 'တော်လှန်
ရေးနေ့'လို့ သတ်မှတ်ခဲ့ကြတာပါ။ ကျွန်မတို့ဟာ တော်လှန်ရေးနေ့ကို မေ့လို့မဖြစ်ပါဘူး။ ဘာဖြစ်လို့
လဲဆိုတော့ ပြည်သူတွေရဲ့ ညီညွတ်မှုအင်အားနဲ့ ဒီလောက်ခက်ခဲတဲ့ ကိစ္စကြီးကို အောင်မြင်နိုင်ခဲ့
တယ်ဆိုတဲ့ သင်္ကေတတစ်ခု ဖြစ်နေ့လိုပါ။
"တပ်မတော်က ဒါကိုနောက်ပိုင်းမှာ တော်လှန်ရေးနေ့ကို 'တပ်မတော်နေ့' လို့ ခေါ်လာတယ်။
ဒါကိုတော့ မကန့်ကွက်ပါဘူး။ ကိုယ့်အမြင်၊ သူ့အမြင်ဆိုတာ ရှိရမှာပေါ့။ ကျွန်မတို့က တပ်မတော်နဲ့
ပြည်သူအကြားမှာ ပြေလည်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ကို တည်ထောင်ခဲ့
တာလည်း ဖေဖေပဲဖြစ်တယ်။ တပ်မတော်ရဲ့ ဖခင်ပေါ့နော်။ ပြည်သူတွေရဲ့ ဖခင်လည်းဖြစ်ခဲ့တယ်။
ဒီတော့ တပ်မတော်နဲ့ပြည်သူဟာ မောင်နှမတွေပဲ။ ဒါကြောင့် တပ်မတော်နဲ့ ပြည်သူတွေအကြား၊
အုပ်ချုပ်ခံရသူတွေ နဲ့ အုပ်ချုပ်သူတွေကြား တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိစေချင်တယ်။ လေးစားမှုရှိ
စေချင်တယ်။ ယုံကြည်မှုနဲ့ လေးစားမှု ပေါ်မူတည်ပြီး မေတ္တာပွားစေချင်၊ ကြီးနိုင်ငယ်ညှဉ်း စိတ်ဓာတ်
တွေကို ပြောင်းစေချင်တယ်။ လုပ်ပိုင်ခွင့်ရှိလေ၊ သိမ်မွေ့ရ လေ ဖြစ်စေချင်တယ်။ အင်အားကြီးတဲ့
လူရဲ့ သိက္ခဟာ သည်းခံခြင်း၊ ခွင့်လွှတ် ခြင်းပဲ။ အင်အားနည်းတဲ့သူရဲ့ သိက္ခာက သတ္တိရှိခြင်းနဲ့
ခံနိုင်ရည်ရှိခြင်းပဲ။ အင်အားကြီးတိုင်း လုပ်ချင်ရာ လုပ်တယ်ဆိုတာဟာ အင်မတန် ရှက်စရာကောင်း
ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နေ့၊ သို့မဟုတ် တော်လှန်ရေး နေ့မတိုင်မီ
သုံးရက်အလို၌ နေပြည်တော် မှ ဖြူးမြို့ဒေသသို့အသွား ညောင်ပင်သာ ရွာတန်းရှည်မှ ပြည်သူ
လူထုနှင့်တွေ့ဆုံစဉ် တော်လှန်ရေးနေ့နှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
စိုးသန်းလင်း 
The Myanmar Times

လိုင်းကား မတော်တဆမှုများကြောင့် မတ်လ ပထမလ၀က်အတွင်း လူသုံးဦးသေဆုံး

Thursday, 28 March 2013
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီကွပ်ကဲမှုအောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်များသည် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမလ၀က်အတွင်း ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်းနှင့် အပြင်တွင် ယာဉ်တိုက်မှုနှစ်မှု၊ ယာဉ်တိမ်းမှောက်မှု တစ်မှု၊ ယာဉ်မတော်တဆမှုတစ်မှုတို့ ဖြစ်ပွားခဲ့ပြီး သေဆုံးသူသုံးဦး၊ဒဏ်ရာ ရရှိသူ ကိုးဦးရှိခဲ့ကြောင်း မထသ (ဗဟို)မှ စာရင်းအရ သိရသည်။

မထသ(မြို့တွင်း) စီမံမှုအောက်ရှိ ၂၁၁ အထူးယာဉ်လိုင်းမှ ယာဉ်သည် ယခုလ ၁ ရက်နေ့ နံနက်၂ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် အနောက်ပိုင်းတက္ကသိုလ် သရက်ခြံဂိတ်တွင် ညအိပ်ရပ်နားထားစဉ်ဂိတ်ဖွင့်ရန် ယာဉ်နောက်လိုက်က မောင်းနှင်စဉ် ယာဉ်၏အောက်၌ အိပ်နေ သော ယာဉ်နောက်လိုက်အား နောက်ဘီး ဖြင့်ကြိတ်မိသဖြင့် သေဆုံးသွားခဲ့သည်။

ယခုလ ၂ ရက်နေ့ ည ၈ နာရီ အချိန် ခန့်တွင် သန်မြန်သူယာဉ်လိုင်း စီမံမှု အောက်ရှိ ၇၇ (အနီ)ဒိုင်နာယာဉ်သည် ဒဂုံအရှေ့ ၁၅၆ ရပ်ကွက်မှ တောင်ဒဂုံ ၁၀၆ ဂိတ်ရင်းသို့ ပြေးဆွဲစဉ် ပြည်ထောင်စုလမ်းမကြီး ဒဂုံတက္ကသိုလ် မုခ်ဦးရှေ့အရောက် ယာဉ်တစ်စီးအား ရှောင်လိုက်ရာ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ယာဉ် ပေါ်ပါ ခရီးသည် ကျားခြောက်ဦး၊ မ သုံးဦး၊ စုစုပေါင်းကိုးဦး ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မြောက်ပိုင်းခရိုင် စီမံမှုအောက်ရှိ ၁၂၄ယာဉ်ကြီးလိုင်းမှ ယာဉ်သည် ဗိုလ်တထောင်မှ လှိုင်သာ ယာသို့ ပြန်စဉ် ကမ်းနားလမ်းမှတ်တိုင်အရောက် လမ်းဖြတ်ကူးသူ အမျိုးသမီး တစ်ဦးအား တိုက်မိပြီးလဲကျရာ ရှေ့ယာ ဘီးဖြင့် ကြိတ်မိသဖြင့် ယင်းအမျိုးသမီး သေဆုံးခဲ့သည်။

မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် အရှေ့ပိုင်းခရိုင်စီမံမှု အောက်ရှိ 'ဃ' ကြို/ပို့ယာဉ်လိုင်းမှ ဘီအမ်ယာဉ်သည် တောင်ဒဂုံစက်မှုဇုန် မှ သင်္ဃန်းကျွန်းသို့မောင်းနှင်လာစဉ်
လေးထောင့်ကန်လမ်းမကြီး ပြည်ထောင်စု တံတားအဆင်း စံပြဈေးမီးပွိုင့်အရောက် ဘရိတ်ပေါက်ပြီး ရှေ့တွင်မီးနီ၍ ရပ်ထား သော အရှေ့ပိုင်းခရိုင် ၁၆၁ ယာဉ်လိုင်း မှ ဒိုင်နာယာဉ်နှင့် ကိုယ်ပိုင်တောင်းအေ့စ် ယာဉ်တို့အား တိုက်မိခဲ့သည်။

ယင်း ဖြစ်စဉ်ကြောင့် ဒိုင်နာယာဉ်၏ နောက်မှ တွယ်စီးလာသော အမျိုးသားတစ်ဦး ဦးခေါင်းတွင်ဒဏ်ရာရခဲ့သည်။

အဆိုပါ ဦးခေါင်းဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူစဉ် ည ၁၁ နာရီခွဲခန့်တွင်သေဆုံးသွားခဲ့သည်။

"ဒီတစ်လ ယာဉ်တိုက်မှု၊ ယာဉ်တိမ်း မှောက်မှု၊ ယာဉ်မတော်တဆမှုတွေရဲ့ ဖြစ်စဉ်တွေကို သုံးသပ်ကြည့်တဲ့အခါ မဆင်မခြင်မောင်းနှင်မှု၊ အရှိန်ပြင်း မောင်းနှင်မှုနဲ့ ယာဉ်မောင်းခြင်း မကျွမ်းကျင်မှုတို့ကြောင့်ဖြစ်ရတာကို တွေ့ရတယ်"ဟု မထသ(ဗဟို)၊ စည်းကမ်း ထိန်းသိမ်းရေးဌာနခွဲမှူးဦးကာကျော်က ပြောသည်။

"နောက်ဆုံးဖြစ်စဉ်ကတော့ ယာဉ်မောင်းဟာ ယာဉ်ကို မဆင်မခြင် မောင်းနှင်လာလို့ပဲ ဖြစ်ပါတယ်။ မီးပွိုင့်ကို မောင်းရင် အရှိန်လျှော့ပြီး မောင်းကို မောင်းရပါမယ်။ ဒါဟာစည်းကမ်းချက် တစ်ခုပါပဲ။ နောက်ပြီး ယာဉ်နောက်က နေတွယ်စီးတာဟာ အရမ်းကို အန္တရာယ်များပါတယ်"ဟု ၎င်းက ပြောသည်။

ခရီးသည်တင်ယာဉ်များ တစ်စီးနှင့် တစ်စီး စည်းကမ်းမဲ့စွာ အရှိန်ပြင်း ပြိုင်မောင်းနေမှုများအားမကြာခဏ ကြုံတွေ့နေရပြီး မထသ(ဗဟို)အနေဖြင့်လည်း ယင်းကဲ့သို့ စည်းကမ်းမဲ့ ပြိုင်မောင်းနေမှုများအား လျော့နည်းအောင် ကိုယ်ရကိုယ်ယူစနစ်ဖြင့် ၀င်ငွေခွဲဝေယူနေရသည့် စနစ်အစားလစာပေးစနစ် ဖြင့် ပုဂ္ဂလိကပိုင်ယာဉ်လိုင်းကုမ္ပဏီများမှ စတင်ကျင့်သုံးပြောင်းလဲစေလိုသည်ဟုမထသ(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောသည်။
သီဟတိုး
The Myanmar Times

တခုခုနဲ့ ဖြားရောင်းရတယ်ကွ မှတ်ထား

FB-ရေးမိရေးရာလေးများ

အဆိုတော် မိုက်ကယ်လန်းအဖွဲ့ ရန်ကုန်သို့ ရောက်ရှိ

ရန်ကုန်၊ မတ် ၂၉ Michael Learns to Rock (MLTR) ဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖျော်ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့ မတ်လ ၂၉ ရက် နံနက် ၇ နာရီ ၅ မိနစ်က ကာတာလေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည်။ MLTR အဖွဲ့တွင် အဖွဲ့၏ အဓိကဦးဆောင်သီဆိုသူ အဆိုတော် Jascha Richter နှင့်အတူ ၄င်း၏ ဇနီး၊ သားနှင့် သမီးတို့ပါ မိသားစုလိုက် မြန်မာနိုင်ငံ၏ ဖျော်ဖြေရေးခရီးစဉ်ကို လိုက်ပါလာသည်ကို တွေ့ရသည်။ မိုက်ကယ်လန်းအဖွဲ့သုံးဦးနှင့်အတူ စက်အဖွဲ့သားများအပါအ၀င် အဖွဲ့သား ၁၄ ဦး လိုက်ပါလာပြီး ယနေ့ နံနက် ၈ နာရီတွင် ၄င်းတို့ ခေတ္တတည်းခိုမည့် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

မိုက်ကယ်လန်းအဖွဲ့၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်တွင် မတ်လ ၃၁ ရက် ညနေ၌ ကျင်းပမည်ဖြစ်ပြီး ယနေ့ ညနေ ၄ နာရီခွဲတွင် ဆီဒိုးနားဟိုတယ်၌ ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း Friendship Entertainment က ပြောသည်။ မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့၏ တေးသီချင်းများစွာမှာ မြန်မာပရိသတ်များနှင့်ရင်းနှီးပြီးဖြစ်ပြီး ၄င်းတို့၏ နိုင်ငံတကာ ဂီတဖျော်ဖြေပွဲများမှာ အာရှနိုင်ငံ တော်တော်များများတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖျော်ဖြေရန် ယခင်က ကြိုးစား စီစဉ်ခဲ့သော်လည်း နိုင်ငံရေး အခြေအနေများကြောင့် ပြုလုပ်နိုင်ခြင်းမရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် မတ်လလ ၃၁ ရက်တွင် ပထမဆုံး မြန်မာနိုင်ငံဖျော်ဖြေပွဲကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal







ကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကိုတွေ့ဆုံ

March 28, 2013
ကလေးမြို့ မြို့နယ်အုပ်ချုပ် ရေးမှူးသည်ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာများမှ ဘာသာရေးခေါင်း ဆောင်များနှင့် မတ်လ (၂၃) ရက် နှင့် (၂၄) ရက်နေ့များတွင် တွေ့ဆုံ  ခဲ့သည်။ တောင်ဖီလာကျောင်း၌ ဗုဒ္ဓဘာသာသံဃာတော်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် အခြားအကြောင်းအရာကိစ္စတစ်ခု    ဖြင့် မတ်လ (၂၃) ရက်နေ့တွင် တွေ့ဆုံခဲ့တာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေးများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အထက်ချင်းတွင်းဒေသလူငယ်များ   ကွန်ရက်အဖွဲ့ဝင်လူငယ်တစ်ဦးမှ ပြောသည်။ အစ္စလာမ်ဘာသာဝင်  များကိုတော့ မတ်လ (၂၄) ရက်  နေ့ ညနေပိုင်းတွင် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်းမှာပင်ခေါ်ယူတွေ့ ဆုံခဲ့သည်။


တွ့ဆုံပွဲတွင် ကလေး မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ “မိတ်္ထီလာနဲ့ ပတ်သက်တဲ့ အရေး အခင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ မိမိဒေသမှာ မကူးဆက်ပဲ ငြိမ်းချမ်း   နေရေးအတွက် မြို့မိမြို့ဖများပါတီ  များနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရှေ့ဆက်ပြီး ဗလီမှာဘာသာရေး နဲ့ ပတ်သက်ပြီး တရားစခန်းဝင်ဖို့ တို့ ဘာတို့ရောက်လာတဲ့ သူတွေ ရှိရင်လည်း သတင်းပို့ပေးပါ။ သာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်မှာစိုးလို့ပါ။ နောက်ပြီး ဗလီနဲ့ ပတ်သက်လို့အဆောက်အအုံ  တိုးချဲ့တာတွေဘာတွေရှိမယ်ဆိုရင်    လည်း သတင်းပေးပါ။ လိုအပ်တာ  ကိုလည်း ကူညီလို့ရတာပေါ့။ ကိုယ့်သဘောနဲ့ ကိုယ်မလုပ်စေချင်  ပါဘူး။ တစ်မျိုးထင်စရာတွေဖြစ် လာမှာ စိုးလို့ပါ”လို့ပြောသည်။   အစ္စလာမ်ဘာသာရေးမှ အတွင်း ရေးမှူးဦးစိန်ထွန်းမြင့်ကတော့ “ကျွန်တော်တို့ဟာ ကျီးလန့်စာ စားနေရတဲ့ ဘ၀တွေပါ။ ဟိုနေရာ  တဲ့ ဒီနေရာတဲ့ဆိုကြားလိုက်တာနဲ့ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။   ကူကယ်ရာမဲ့ ဖြစ်နေရပါတယ်။ နေ့လား၊ ညလားမသိအိမ်မှာလည်း အမေအိုရှိပါတယ်။ စိုးရိမ်ပါတယ်” လို့ ခံစားချက်ကို ရင်ဖွင့်ခဲ့သည်။ ကလေးမြို့ရှစ်လေးလုံးအင်အားစု မှ ဦးအေးမြင့်ကလည်း” ပြဿနာ  ကတော့ ကျွန်တော်တို့အချင်းချင်း  ကြားထဲမှာ ဘယ်ပုံဘယ်နည်းနဲ့မှ မရှိခဲ့ဘူး။ နောင်လည်းရှိလာမှာ မဟုတ်ဘူး။ သို့သော် ကြားထဲကနေ    မတော်တဆမီးဖွားလေးတစ်ခုလွင့် လာခဲ့လို့ ဖြစ်သွားခဲ့ရင် ကျွန်တော်   တို့မြို့ပဲနစ်နာမှာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များဘက်မှ  ကျောင်းထိုင်ဆရာတော်နဲ့ သာရေး  နာရေးအသင်းမှာ လှုပ်ရှားနေတဲ့ လူငယ်များကလည်း ကိုယ့်ဘက် ကပဲဖြစ်ဖြစ်သူ့ဘက်ကပဲဖြစ်ဖြစ် မှားတာမှန်တာ ဘေးမှာထား အစ္စလာမ်ဘာသာဝင်များဘက်မှ  စတင်ပြီးတော့မှ တစ်စုံတစ်ခုဖြစ် ပွားခြင်းမရှိအောင်ထိန်းသိမ်းပေးဖို့  တာဝန်ကို ၀ိုင်းယူကြပါ”လို့ သတိပေးတိုက်တွန်းစကားပြော ကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲ  များသို့အထက်ချင်းတွင်ဒေသလူ ငယ်များကွန်ရက်နှင့် ရှစ်လေးလုံး အင်အားစု (ကလေးမြို့) မှ အဖွဲ့ ၀င်များလည်း တက်ရောက်ခဲ့သည်။  (၃) ရက်ကြားဖြစ်ပွားခဲ့သော မိတ်္ထီလာဘာသာရေးပဋိပက္ခမှတဆင့်  တစ်နိုင်ငံလုံးပျံ့နှံ့စေပြီးကလေးဒေ သတွင်းမှာလည်း အုံကြွမှုပြဿနာ   နှင့် ကြုံလာမည်ကိုကလေးဒေသခံ  များကလည်း စိုးရိမ်လျက်ရှိကြောင်း  သိရသည်။
မင်းရဲစစ်နိုင်
The Hot News

အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ ကိစ္စပဲ

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် တွေ့ဆုံခြင်း

မိတ္ထီလာတွင်ဖြစ်ပေါ်နေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခနှင့်ပတ်သက်၍ The Voice Weekly က သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် ဆက်သွယ် မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
(နော်ကိုကို)
Voice : အခု မိတ္ထီလာမှာဖြစ်နေတဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခနဲ့ပတ်သက်ပြီး ဆရာတော့် အမြင်ကို မိန့်ပါဘုရား။

ဆရာတော် : ကမ္ဘာမြေကြီးပေါ်မှာ နေကြတဲ့လူတွေဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ၊ အသားအရောင်တွေ၊ ဓလေ့ထုံးစံတွေ မတူကြပေမယ့် တူတာတွေ အများကြီးရှိတယ်။ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ ဒီလိုဘာသာကြီးလေးခု ကွဲပေမယ့် ချစ်ခြင်းမုန်းခြင်း ဆိုတဲ့အပေါ်မှာ အားလုံးတူတယ်။ တူနေတဲ့အပေါ်မှာ အကုန်လုံးဟာ ပေါင်းနိုင်ရမယ်။ အိန္ဒိယလိုပြောရင် ဂင်္ဂါ၊ ယမုံနာ မြစ်တွေနာမည်သာ ကွဲနေတာ မြစ်ထဲမှာ ရေပဲရှိတယ်။ ရေခြင်းတူရင် ပေါင်းလို့ရတယ်။

မြန်မာပြည်မှာလည်း မေခနဲ့မလိခ မပေါင်းနိုင်ရင် ဧရာဝတီဆိုတာ မရှိဘူး။ အဲ့ဒါကြောင့် အားလုံးသော ဘာသာဝင်တွေ အားလုံးသော လူမျိုးစုတွေ မြန်မာဆိုတဲ့ မြေကြီးပေါ်မှာ ရေရေချင်း ရောသလို အကုန်လုံး ရောရောနှောနှောရှိကြဖို့ တိုက်တွန်းတယ်။ မေတ္တာရပ်ခံတယ်။ နောက်တစ်ခုက ဘုရား တွေလို့ မြန်မာလိုခေါ်ပြီးတော့ ကိုးကွယ်ထားကြတဲ့ God တို့၊ အလ္လာတို့၊ ယေဟိုဝါတို့၊ ဗြဟ္မာတို့၊ ရှီဝတို့၊ ဗိဿနိုးတို့ ဗုဒ္ဓတွေ ကိုးကွယ်စရာတွေ နာမည်တွေတော့ အများကြီးပဲ။

ကိုးကွယ်ခံတဲ့ ဘုရားတွေအမျိုး မျိုးရှိကြပေမယ့် ဘုရားတွေ ဟောတော်မူတာက သစ္စာတရားနဲ့ ငြိမ်းချမ်းရေးနဲ့ဒါပဲ။ သစ္စာတရားကို လေးစားလိုက်နာတဲ့ ပုဂ္ဂိုလ်တွေဟာ သစ္စာတရားကို သိမြင်နားလည်တဲ့ ပုဂ္ဂိုလ်တွေဟာ ငြိမ်းချမ်းရေး ကို တည်ဆောက်လို့ရတယ်။ သစ္စာတရားကိုသာ မလိုက်နာရင် မသိမြင်ရင် ငြိမ်းချမ်းရေးဆိုတာ တည်ဆောက်လို့မရဘူး။ ဘုရားတိုင်းရဲ့နှလုံးသား မှာ မေတ္တာရော၊ ကရုဏာရော မေတ္တာဆိုတာကတော့ ရေလိုပဲ။ ဘယ်သူချိုးချိုး အေးသွားတာပဲ။ဗုဒ္ဓဘာသာချိုးလည်း အေးတယ်။ ခရစ်ယာန်ချိုးလည်းအေးတယ်။ လူဆိုးလူမိုက်တွေ ချိုးလည်း အေးတယ်။ သူတော်ကောင်းတွေ ချိုးလို့ သောက်လို့ရှိရင်လည်း အေးတယ်။ အဲ့ဒါကြောင့် အကုန်လုံး ဘုရားသခင်တွေရဲ့ နှလုံးသားဟာမေတ္တာလို အေးချမ်းတယ်လို့ ဒီလိုသဘောကျတယ်။ အေးချမ်းသော ဘုရားသခင်တွေရဲ့ အရိပ်အောက်မှာ နေကြတဲ့ဒီလူသားတွေဟာ အဲ့ဒီဘုရားသခင်တွေရဲ့ အဆုံးအမကို လိုက်နာပြီးတော့ အေးအေးချမ်းချမ်းနေ ကြဖို့ တိုက်တွန်းပါတယ်။
"ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ ရပ်တည်ပေးကြပါလို့ အားလုံးကို အထူးမေတ္တာရပ်ပါတယ်"
နောက်တစ်ခါ အဲ့ဒီဘုရားရှင်တွေရဲ့ အဆုံးမထဲမှာ ကရုဏာဆိုတာ ရှိတယ်။ ဘယ်ဘုရားမဆို ကရုဏာရှိတယ်။ ကရုဏာ ဆိုတာကလည်း ဘယ်သူ့အပေါ်မှ ဒုက္ခဖြစ်အောင် မလုပ်ဘူး။ ဒုက္ခရောက်သူတိုင်းကို စောင့်ရှောက်မယ်။ အဲ့ဒီကရုဏာစိတ်ဓာတ်ရှိတဲ့ ဘုရားသခင် တွေကို ကိုးကွယ်တဲ့ ဒီလူတွေဟာ ဘုရားရဲ့အဆုံးမတွေကို ကောင်းကောင်းလိုက်နာပြီးတော့ ဘယ်သူ့ အပေါ်မှ ဒုက္ခမပေးရဘူး။ ဒုက္ခရောက်တဲ့ လူတိုင်းကိုလည်း ကူညီစောင့်ရှောက်ရမယ်။ လူသားတိုင်း မှာရှိတဲ့ ဘုံအရည်အသွေးတွေပဲ။ နောက်တစ်ခါ ဘုရားသခင်တွေအားလုံးဟာ ပညာနဲ့လောကကြီး ကိုဆုံးမတယ်။ ပညာဆိုတာက သစ္စာတရားကို သိတဲ့ အသိဟာပညာရဲ့ အမြင့်ဆုံးအဆင့်ပဲ။ အဲ့ဒီ တော့ ဘုရားသခင်တွေရဲ့ သားတွေသမီးတွေ ဘုရားသခင် ဆုံးမတော်မူတဲ့အတိုင်း ဘုရားသခင် ဆိုတာက ခရစ်ယာန်ဘုရား၊ အစ္စလာမ်ဘုရား၊ ဟိန္ဒူဘုရား နောက် ဗုဒ္ဓဘုရား၊ ဂျူးဘုရား၊ ဒီဘုရား တိုင်းဆုံးမတဲ့မေတ္တာ၊ ကရုဏာ၊ ပညာ အဲ့ဒီ တရားသုံးပါး လက်ကိုင်ထားပြီးတော့ အဲ့ဒီမေတ္တာ၊ ကရုဏာ ဆိုတဲ့ဘုံ အခြေခံပေါ်မှာ အားလုံးလက်တွဲပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေထိုင်ကြဖို့ ဘာသာဝင်တိုင်းကို အားလုံးတိုက်တွန်းပါတယ်။

Voice : ပဋိပက္ခတွေကိုဖြေရှင်းဖို့ သက်ဆိုင်တဲ့ နှစ်ဖက်ဘာသာရေး ခေါင်းဆောင်တွေကို ဆရာတော် ဘာများမိန့်ကြားချင်ပါလဲ။
ဆရာတော် : ဒီတော့ ဗုဒ္ဓဘာသာရဟန်းတော် အရှင်မြတ်တွေကိုလည်း အထူး မေတ္တာရပ်တယ်။အဲဒီလို ဆူတဲ့ပူတဲ့ နေရာတွေကို ရောက်သွားကြရင် သံဃာတော်အရှင်မြတ်တွေက ဆူပူတဲ့ဘက်မှာ ဝင်ပြီးတော့ ဆူပူသောသံဃာတော်တွေ မဖြစ်ကြဘဲ ဆူပူမှုကို ထိန်းပြီးတော့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ တိုင်းပြည်ကို ဝိုင်းပြီးတော့ စောင့်ရှောက်တော်မူကြပါလို့ သံဃာတော်များကို တောင်းပန်တယ်။
အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်တွေ အားလုံးကိုလည်းပဲ ငြိမ်းချမ်းသောဘုရား သခင်ရဲ့ အရိပ်အာဝါသ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ ရပ်တည်ပေးကြပါလို့ အားလုံးကို အထူးမေတ္တာရပ်ပါတယ်။
Voice : မြန်မာနိုင်ငံရဲ့ပထဝီအနေအထားအရ ဘေးက လူဦးရေပိုများတဲ့ နိုင်ငံတွေကပြည်တွင်း ကို စိမ့်ဝင်လာကြတဲ့အခါ ပဋိပက္ခပြဿနာ မဖြစ်အောင် ဘာတွေဆောင်ရွက်ဖို့ လိုပါသလဲဘုရား။

ဆရာတော် : အိမ်နီးနားချင်း တိုင်းပြည်တွေက ကျူးကျော်စိမ့်ဝင်တာတွေဟာ ဒို့မြန်မာနိုင်ငံရဲ့ အနီးနားမှာသာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဒါဟာရှိစမြဲပဲ။ မက္ကဆီကိုက လူတွေဟာအမေရိကန် ဘက်ကို တစိမ့်စိမ့်ဝင်သွားတာ တွေဟာ နေ့တိုင်း ရှိတယ်။ Europe မှာဆိုလည်း အရှေ့ပိုင်းက လူတွေက အနောက်ပိုင်းကို စိမ့်ဝင်တာတွေဟာ ဥရောပမှာ နေရာတိုင်းရှိတယ်။ ဒီလို East ကလူတွေ လည်း ဥရောပကို တစိမ့်စိမ့် ဝင်နေကြတာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ အင်္ဂလန်မှာတောင်မှ လူသားတွေရဲ့ အခွင့်အရေးက အတူတူပဲ။ Human Rights ဆိုတာကို သူတို့တွေက သိပ်အသားပြုတဲ့ အတွက်ကြောင့်မို့ အင်္ဂလန်မှာ ရောက်ကြတဲ့ Middle East က လူတွေဟာ ဖြည်းဖြည်းချင်း အင်္ဂလိပ်ဥပဒေအရ နိုင်ငံသားတွေ ဘာတွေဖြစ်ပြီးတော့ လွှတ်တော်ထဲမှာ အမတ်တွေဘာတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီစိမ့်ဝင်မှုဟာ တစ်ကမ္ဘာလုံးမှာ ရှိနေဆဲပဲ။

မြန်မာနိုင်ငံကလူတွေ ထိုင်းမှာစိမ့်ဝင်သွားတာ ၂သန်းလောက် ရှိတယ်။ ဒါပေမဲ့ မြန်မာ၂သန်း လောက်ဟာ ထိုင်းတွေနဲ့ ဘယ်တော့မှ ပဋိပက္ခမဖြစ်ဘူး။ အလုပ်ရှင်တချို့ရဲ့ ဖိနှိပ်မှုကိုခံရတဲ့ မြန်မာ အလုပ်သမားတချို့ ရှိကောင်းရှိမယ်။ ရောက်သွားတဲ့ မြန်မာနှစ်သန်းဟာ ထိုင်းနိုင်ငံမှာ Violation ဆို တဲ့ ဆူပူသောင်းကျန်းမှုကို ဘယ်မှာမှမလုပ်ဘူး။ မလေးရှားရောက်သွားတဲ့ ဗုဒ္ဓဘာသာမြန်မာတွေ ဒီတိုင်းပဲ။ မလေးရှား မွတ်ဆလင်တွေရဲ့လက်အောက်မှာ အလုပ်ကောင်းကောင်း လုပ်ရှာတယ်။ တချို့ စိတ်ဓာတ်ညံ့တဲ့ အလုပ်ရှင်တွေက နှိပ်စက်ခံရတာ နည်းနည်းပါးပါးရှိတယ်။ ဒါပေမဲ့ တိုင်းပြည် ကို ဆူပူသောင်းကျန်းအောင် မလုပ်ပါဘူး။ မလေးရှားမှာ စိမ့်ဝင်တဲ့ မြန်မာဟာလည်း သိန်းချီရှိတာပဲ။အိန္ဒိယပြည်ထဲမှာလည်း စိမ့်ဝင်တဲ့ မြန်မာတွေ၊ ဘင်္ဂလားဒေ့ရှ်မှာတောင် စိမ့်ဝင်သွားတဲ့ မြန်မာတွေ၊ နိုင်ငံရေးအရ ထွက်ပြေးခိုလှုံသွားတဲ့ သူတွေအများကြီးပဲ။ ရောက်ရာရောက်ရာ အရပ်မှာ မြန်မာတွေဟာ အဲ့ဒီ တိုင်းပြည်ရဲ့ဥပဒေကို လေးစားလိုက်နာပြီးတော့ အဲ့ဒီတိုင်းပြည်မှာ ဆူပူသောင်းကျန်းအောင် ဘယ်သူမှမလုပ်ဘူး။
အဲ့တော့ ဒို့တိုင်းပြည်ထဲမှာ တော့ တရုတ်တွေလည်း စိမ့်ဝင်လာတယ်။ ဘင်္ဂလား ဒေ့ရှ်ကလူတွေလည်း စိမ့်ဝင်လာတယ်။ အိန္ဒိယက ကုလားတွေလည်း စိမ့်ဝင်လာတယ်။ အဲဒီလိုစိမ့်ဝင်လာတဲ့ ကိစ္စဟာ အင်္ဂလိပ်လက်အောက် ရောက်တဲ့အချိန်က စပြီးတော့ တစိမ့်စိမ့် ဝင်နေတာဟာ ဒီကနေ့အထိ။ အဲဒီတော့ ဒီကနေ့အထိ တို့တိုင်းပြည် ထဲမှာစိမ့်ဝင်လာတဲ့ လူတွေဟာ တို့နိုင်ငံ တို့လူမျိုးရဲ့ တို့ဓလေ့ထုံးစံနဲ့ တို့နိုင်ငံတော်ရဲ့ စည်းကမ်းဥပဒေကို အားလုံး လေးစားလိုက်နာပြီးတော့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း Common Ground ဆိုတဲ့ ဘုရားသခင်ရဲ့မေတ္တာရိပ် ကရုဏာရိပ်အောက်မှာ အေးအေးချမ်းချမ်း နေကြဖို့ ကောင်းတယ်။
စိမ့်ဝင်တာကတော့ စီးပွားရေးကြောင့် စိမ့်ဝင်တာဟာ အဓိကပဲ။ နိုင်ငံရေးတို့၊ ဘာသာရေး တို့ကြောင့် စိမ့်ဝင်တာတွေဟာ ကမ္ဘာမှာတော့ ရှားပါတယ်။ စားရေးသောက်ရေး မပြေလည်တဲ့ သူတွေဟာ နည်းနည်းပြေလည်မယ် ထင်တဲ့ နေရာကိုရွှေ့တာ။ မြန်မာစကားရှိတယ်။ ရေကြည်ရာမြက်နုရာ ဆိုတာ ဒီလိုပြောကြတာပဲ။ အဲ့ဒါကြောင့်မို့ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ လက်တွဲပြီးတော့ နေကြပါလို့ ပြောချင်တယ်။

နိဂုံးချုပ်ကတော့ တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။
အိမ်ရှင် ဗုဒ္ဓဘာသာတွေက ဧည့်သည် တခြားဘာသာခြား လူမျိုးတွေကို နှစ်နှစ်ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Church တွေရော၊ ဗလီတွေရော နေရာတကာမှာ အေးအေးဆေးဆေး ရှိနေကြပြီ။ အဲဒီတော့ အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံရင် ဧည့်သည် တွေကလည်း ဒီအိမ်ရှင်ရဲ့ အိမ်ထဲမှာအေးအေးချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ကောင်းတယ်။ အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ ကိစ္စပဲ။အဲဒါကြောင့် ငြိမ်းချမ်းစွာနေကြပါလို့ တိုက်တွန်းပါတယ်။
ပဋိပက္ခတွေ ဖြစ်လာကြတဲ့ အခြေနေမှာ ဒီကနေ့ တို့နိုင်ငံတော် နှစ်ပေါင်းခြောက်ဆယ်လောက် လွတ်လပ်ရေးရတဲ့ အချိန်ကစပြီးတော့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကျော် ဒီခရီးကြမ်းကြီးကို လျှောက်လှမ်းလာခဲ့ ကြတယ်။ လွတ်လပ်ရေး ယူကြတဲ့ အချိန်ခါမှာလည်း စဉ်းစားကြည့်လိုက်ပါ။

အနော်ရထာမင်းတရားကြီး စည်းလုံးညီညွတ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ နရသီဟပတေ့၊ နရသူတို့ရဲ့ ခေတ်မှာ ပျက်စီးတယ်။ အဲဒီလို ပျက်စီးသွားတဲ့၊ အစိတ်စိတ်အမွှာအမွှာ ဖြစ်သွားတဲ့ နိုင်ငံတော်ကြီးကို အလောင်းဘုရားက ပြန်ပြီးတော့ စည်းရုံးတယ်။ အလောင်းဘုရားမရှိတဲ့ နောက်ကျ တော့ အင်္ဂလိပ်ဝင်ပြီးတော့ နိုင်ငံတော်က ဖရိုဖရဲ ဖြစ်ပြန်တယ်။ အဲ့ဒီဖရိုဖရဲဖြစ်တဲ့ အချိန်မှာ ပြည်ပက လူတွေစိမ့်ဝင်ကြတာပဲ။ အင်္ဂလိပ်က ခေါ်လာတာလည်း ရှိတယ်။ အဲဒီလို အကွဲကွဲအပြားပြား ဖြစ်တဲ့ အလောင်းဘုရားရဲ့ နိုင်ငံတော်ကြီးကို ပြန်လည် စည်းရုံးပေးခဲ့တာက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ နိုင်ငံတော်ရဲ့ ခေါင်းဆောင်ကြီး တွေ။
အဲ့ဒီ ခေါင်းဆောင်ကြီးတွေထဲမှာ မွတ်ဆလင် ခေါင်းဆောင် ရာဇတ်ပါတယ်။ အဲဒီတော့ ဒီကနေ့ မွတ်ဆလင်လူမျိုး တွေဟာ မွတ်ဆလင်အမျိုးသား အမျိုးသမီးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲပြီးတော့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးကို ယူသွားတဲ့ ခေါင်းဆောင်ကြီး ရာဇတ် တို့လို စိတ်ဓာတ်မျိုးကို မွေးပြီးတော့ အားလုံးလက်တွဲကြဖို့ ကောင်းတယ်။ ရာဇတ်ဟာ မန္တလေးရွှေမြို့တော်မှာ သူက မွတ်ဆလင်သာဖြစ်တာ ဘုန်းကြီးတွေနဲ့လည်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး၊ National High School ကို တည်ထောင်တဲ့နေရာမှာ ရာဇတ် ခေါင်းဆောင်သွားတာ။ အဲ့ဒါကြောင့် ရာဇတ်ရဲ့ စိတ်ထားမျိုး မွေးကြစေချင်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီ၊ ရတော့မယ်ဆိုတဲ့ အချိန်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ ရာဇတ်တို့လည်း အသတ်ခံလိုက်ရတယ်။အဲဒါက နိုင်ငံခြားက ကျူးကျော်တဲ့ ပုဂ္ဂိုလ်တွေက သတ်တာမဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုးက ကိုယ့်ဟာကို ပြန်သတ်သွားတာ။ အဲဒါကြောင့် အလွန် ဝမ်းနည်းစရာကောင်းတဲ့ ကြမ်းတမ်းသော ခရီးလမ်းကြီးကို အဲဒီကတည်းက လျှောက်လာတာ အခုထိ။

အဲ့ဒါကြောင့် ဆူးခင်းသောလမ်းကြီးကို လျှောက်ရတာကြာပါပြီ။ မွတ်ဆလင်တွေ မစ္စတာ ရာဇတ်ရဲ့ စိတ်ဓာတ်မျိုး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ မစ္စတာရာဇတ်ရဲ့ စိတ်ဓာတ်မျိုးနဲ့ ဆူးခင်းသောလမ်းကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းနိုင်အောင်၊ ပန်းခင်းသော လမ်းပေါ်မှာ ချမ်းချမ်းသာသာ လျှောက်နိုင်အောင် အားလုံးဝိုင်းဝန်းပြီးတော့ ဒီနိုင်ငံတော်ကို ထိန်းသိမ်း စောင့်ရှောက်ကြပါ။ ဝိုင်းဝန်းကူညီကြပါလို့ မွတ်ဆလင်တွေကို အလေးအနက် မေတ္တာရပ်ခံ ချင်တယ်။

Voice : ပဋိပက္ခမှာ နှစ်ဖက် ပါဝင်ပတ်သက် နေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ဘာများ တိုက်တွန်းချင်ပါလဲ။

ဆရာတော် : အနည်းငယ်မျှသော ကိစ္စတွေကို အကျယ်မချဲ့ဖို့ အကုန်လုံးကို တောင်းပန်ချင်တယ်။အိမ်ရှေ့မှာ လူတွေယိုသွားတဲ့ မစင်ပုံပဲ တွေ့တွေ့၊ ခွေးတွေယိုသွားတဲ့ မစင်ပုံပဲတွေ့တွေ့ “ဟ … မစင်ပုံကြီးဟေ့” ဆိုပြီးတော့ တုတ်နဲ့ထိုးမွှေပြီးတော့ ရပ်ကွက်ကို အော်ပြောနေရမှာ မဟုတ်ဘူး။မစင် တွေ့ရင် ခပ်မြန်မြန်ဖုံးရတယ်။ ခပ်မြန်မြန် ကျုံးရတယ်။ အခု လူတချို့လုပ်နေတာက မစင်ပုံ တုတ်နဲ့ ထိုးမွှေပြီးတော့ အော်ပြောနေတာ တစ်ရပ်ကွက်လုံး နံကုန်တာပေါ့။ အဲ့ဒါမျိုးတွေ ဖြစ်နေတာကို အကြီးအကျယ် ဝမ်းလည်း ဝမ်းနည်းတယ်။ စိတ်လည်း စိတ်ပျက်တယ်။ မစင်ဆိုရင် ဝိုင်းဖုံးကြပါ။ ဝိုင်ကျုံးကြပါ။ တုတ်နဲ့ မွှေပြီးတော့ မအော်ကြပါနဲ့။ အခုလို ပဋိပက္ခတွေက မစင်ပုံထက် ဆိုးတယ်။

Voice : ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ အဓိကတာဝန်ရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အပေါ် ဘာများ မိန့်မှာချင်ပါလဲ ဘုရား။

ဆရာတော် : အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း တွေ အားလုံးကတော့ စိတ်ရှည်သည်းခံဖို့ရယ်၊ အမြော်အမြင် ကြီးမားဖို့ရယ်၊ ကျယ်ပြန့်တဲ့နား၊ မျက်စိတွေ အသိဉာဏ်ကြီးကြီးနဲ့ စီမံချက်တွေကို သွက်သွက်လက်လက်နဲ့ အေးအေးချမ်းချမ်း ဆောင်ရွက် ကြဖို့လိုလိမ့်မယ်။ စိတ်တွေက မြန်တယ်။ ဆောင်ရွက်ရင်းနဲ့ စိတ်ဆိုးလာကြမယ်။ ကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ၊ ကျယ်ပြန့်တဲ့ မူဝါဒတွေ၊ စနစ်တကျ ကြိုတင် ပြင်ဆင်ထားတာတွေ၊ လုပ်ငန်းကို သွက်သွက်လက်လက်နဲ့ မလုပ်ခဲ့ကြတာတွေ၊ မလုပ်နိုင်ကြတာတွေ စုနေကြမယ် ဆိုရင် ဒီပဋိပက္ခတွေက ငြိမ်းချမ်းစရာအကြောင်း မရှိဘူး။ အဲဒါကြောင့် ဆင်လိုလည်းပဲ အားကောင်းရမယ်။ မြင်းလိုလည်းပဲ မြန်ရမယ်၊ နွားလိုလည်းပဲ သည်းခံရမယ်။ ခြင်္သေ့လိုလည်းပဲ သတ္တိရှိရမယ်။ ခေါင်းဆောင်တွေဟာ အဲဒီလေးချက် အရေးကြီး ပါတယ်။ အဲဒီ မူလေးချက်နဲ့ ဆောင်ရွက်ကြပါ ဆိုတာကို တိုက်တွန်းပါတယ်။
Voice Weekly

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ
28.03.2013
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ဘယ်လို အကူအညီပေးမလဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ နီပေါလ်နိုင်ငံကို အရင်သွားပြီးမှ မြန်မာနိုင်ငံကို သွားရောက်မှာပါ။ မြန်မာနိုင်ငံမှာတော့ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းမှုလုပ်ငန်းတွေမှာ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကို သမ္မတဟောင်း Carter အပါအ၀င် Carter Center က ကိုယ်စားလှယ် အဖွဲ့တွေ လေ့လာစူးစမ်းသွားမှာဖြစ်ပါတယ်။ သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ မလာခင်မှာပဲ၊ Carter Center ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး၊ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေ
လုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါကြောင့် သမ္မတဟောင်း ဂျင်မီကာတာ ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သမ္မတဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရပိုင်းက ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေကို တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ Carter Center ဟာ ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် တွန်းအားပေးဆောင်ရွက်နေသလို၊ ပဋိပက္ခဖြစ်နေတဲ့နေရာတွေ မှာ ငြိမ်းချမ်းရေးရနိုင်ဖို့ အကူအညီပေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင် အကူအညီပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
VOA Burmese

မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တပ်ဖွဲ့များ
28.03.2013
အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရတဲ့ တောင်ကိုရီးယား နိုင်ငံက စစ်တမ်း တခုမှာ စစ်ရေးနဲ့ တုံ့ပြန်ဖို့ အများစုက လက်ခံတာကို တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့ သီတင်းပါတ် အတွင်း လုပ်ခဲ့တဲ့ စစ်တမ်းမှာ မြောက်ကိုရီးယားဖက်က ရန်စတဲ့ အနေနဲ့အတိုင်းအတာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ် လုံးဝစစ်ပွဲကို စတင်မယ်လို့ စစ်တမ်းကောက်တဲ့ ထက်ဝက်နီးပါးက တုံ့ပြန်ပါတယ်၊ မြောက်ကိုရီးယားဖက်က စစ်ရေး ရန်စမှုတွေကို တောင်ကိုရီးယားတပ်ဖက်က ၁၀ ဆပြန်ပြီး လက်တုံ့ပြန်မယ် ဆိုတဲ့ စစ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ၇၀ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့ကြပါတယ်၊ တချိန်ထဲမှာပဲ မြောက်ကိုရီးယားရဲ့ရန်ကို တိုက်ရိုက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကိုရီးယား ကျွန်းဆွယ်ကို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

အမေရိကန်အလယ်ပိုင်း လေတပ်အခြေစိုက်စခန်းကနေ B-2 ဗုံးကြဲလေယာဉ်တွေ ဟာ ကိုရီးယားကျွန်းဆွယ် အနောက်တောင်ကမ်းလွန်မှာရှိတဲ့ ကျွန်းဆီကို ကြာသပတေးနေ့က ပျံသန်းသွားခဲ့ကြပြီးတဲ့နောက်မှာမှ မနားဘဲ လေတပ်စခန်းဆီကို တောက်လျှောက် စုစုပေါင်း ကီလိုမီတာ ၂ သောင်းအကွာအဝေး ပျံသန်းလာခဲ့ကြပါတယ်၊ အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံတွေအပေါ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးနေချိန်မှာ အခုလို တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ Pacific သမုဒ္ဒရာထဲမှာရှိတဲ့ သူ့ရဲ့ မဟာမိတ်တွေအပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားဖက်က ခြိမ်းခြောက်မှု အပါအဝင် လတ်တလောရန်စမှုတွေကြောင့် ခုလို B-2 တိုက်လေယဉ်တွေကိုကိုရီးယားကျွန်းဆွယ်ဖက် ပျံသန်းခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye ကလဲ မြောက်ကိုရီးယားအစိုးရက ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေတာကို သူ့နိုင်ငံအနေနဲ့ ဒီတိုင်းငုံ့ခံနေမှာ
မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်၊ တောင်ကိုရီးယားနိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့၊ကြက်ခြေနီအဖွဲ့တွေတို့နဲ့ ရှိနေတဲ့ အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းတွေကိုမြောက်ကိုရီးယားအစိုးရက ဖြတ်တောက်ခဲ့ပါတယ်၊ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံစက်မှုဇုံဖြစ်တဲ့ Kaesong စက်မှုဇုံမှာတော့ ကြာသပတေးနေ့က နယ်စပ် ဖြတ်ကျော်မှုတွေဟာ ပုံမှန်အတိုင်းပဲရှိနေပါတယ်။
VOA Burmese Fan Page

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com