http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယနေ့ (3-24-2013) online ပေါ်မှ သတင်းဓါတ်ပုံများ
























































မတ်(၂၅) ရန်ကုန်တိုင်း အတွင်းလုံခြုံရေးမြင်ကွင်း(ဓါတ်ပုံသတင်း)

မတ်(၂၅) ရန်ကုန်တိုင်း အတွင်းလုံခြုံရေးမြင်ကွင်း
Popular Myanmar News Journal






မတ် ၂၅ ည မိတ္ထီလာ မြင်ကွင်း(ဓါတ်ပုံသတင်း)

မတ် ၂၅ ညက မိတ္ထီလာတွင် လုံခြုံရေးတာဝန်ယူနေကြသော တပ်မတော်သားများ
Popular Myanmar News Journal



၁၄ရက်အတွင်းမဖယ်ပါက အင်အားသုံးဖယ်ရှားခံရမည့်နေအိမ် ရန်ကင်းတွင်ရှိနေ

ရန်ကုန်၊ မတ် ၂၅။
ရန်ကင်းမြို့နယ် ကံဘဲ့ဘူတာရုံလမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ထမ်းအိမ်ယာ နောက်ကျော ကပ်လျက်တွင် နေအိမ်(၁၁)လုံး ရှိနေသော်လည်း အိမ်အမှတ်(၁၁၅၃) တစ်လုံးတည်းကိုသာ ၁၄ရက်အတွင်းဖယ်ရှားပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားစာအား ရပ်ကွက်တာဝန်ရှိသူများက လာကပ်သွားကြောင်း အိမ်ပိုင်ရှင် မိသားစုများက ပြောကြသည်။

'၎င်းမြေနေရာသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနပိုင် ဝန်ထမ်းအိမ်ယာ မြေနေယာဖြစ်၍ ယခုအကြောင်းကြား (Notice)စာ ကပ်ပြီးချိန်/ ရရှိချိန်(၂၂.၃.၂၀၁၃) ရက်နေ့မှစ၍ ရက်ပေါင်း ၁၄ရက်အတွင်း ဖယ်ရှားထွက်ခွါသွားကြရန် အကြောင်းကြားအပ်ပါသည်။ သတ်မှတ်ရက်အတွင်းဖယ်ရှား ထွက်ခွါသွားခြင်း မပြုပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှ သုံး ဖယ်ရှားရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။' ဟူ၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၏ လက်မှတ်ထိုးဖြင့် အကြောင်းကြား ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေရာက ကျွန်မတို့နေလာတာ နှစ်ပေါင်းနှစ်ဆယ်ကျော်သွားပါပြီ ကျွန်မအဖေကို တပ်မတော် ထောက်လှမ်းရေးက ချထားပေးခဲ့တာပါ။ ခုလိုကြီး ရုတ်ရက်ပြောင်းခိုင်းတော့ကျွန်မတို့ အရမ်းနစ်နာပါတယ်။ ဟိုတယ်ခရီးသွားက တစ်ကယ်ပိုင်တယ် ဆိုရင်လည်း မြေနေရာအစား ဒါမှမဟုတ် နစ်နာကြေးလေးတော့ ပေးသင့်ပါတယ်” ဟု မဖြိုးမာလာကပြောကြားသည်။

ယင်းသို့ မြို့၊ရွာ မြေယာကိစ္စများအား အုပ်ချုပ်ရေးမှူးများကစီမံနိုင်သော မြို့ပြနှင့်ကျေးရွာများ အက်ဥပဒေသည် ၁၉၀၈ခုနှစ်ခန့် အင်္ဂလိပ် လက်ထက်ကပင် ရေးဆွဲခဲ့သော ဥပဒေဖြစ်
ပြီး လက်ရှိခေတ်နှင့် မလျော်ညီသောဥပဒေ ဖြစ်နေသောကြောင့်ပြင်ဆင်ရန် တရားလွှတ်တော်ရှေ့နေများက လွှတ်တော်သို့ တင် သွင်းထားကြောင်း လည်း တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ရှိန်က ပြောကြားသည်။

လက်ရှိ အိမ်ပိုင်ရှင်များသည် အဆိုပါ မြေနေယာပေါ်တွင် ၁၉၉၂ခုနှစ်မှ စတင်နေထိုင်ခဲ့ကြပြီး ၂၀၀၃ခုနှစ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တရားစွဲဆိုမှုများ ရှိခဲ့ကြောင်း၊ ယခု အခါ ကြေညာစာကပ်၍ ဖယ်ခိုင်းနေသောကြောင့် နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ ဌာနများသို့ အသနားခံစာ ပေးပို့ထားကြောင်း သိရသည်။
အောင်သိုက်
The Myanma Age

ရွာတန်းကျေးရွာမှာ မီးရှို့ အကြမ်းဖက်မှု(ရုပ်/သံ)


Mar 25, 2013
ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာမှာ မီးရှို့ အကြမ်းဖက်မှုကြောင့် လူနေအိမ်တွေ မီးရှို့ဖျက်ဆီး ခံခဲ့ရတာတွေ ရှိပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။
DVB TV News

ရခိုင်အမျိုးသမီးခေါင်းဆောင်များအရည်အသွေးမြှင့်သင်တန်းဆင်းပွဲပြုလုပ်



အာရက္ခဖောင်ဒေးရှင်းမှကြီးမှူးပြုလုပ်သည့်ရခိုင်အမျိုးသမီးခေါင်းဆောင်များအရည်အသွေးမြှင့်သင်တန်းဆင်းပွဲအခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ အာရက္ခရုံး၌ မတ်လ ၂၅ ရက်နေ့ မနက် ၉း၃၀နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်ခေါင်းဆောင်များအရည်အသွေးမြှင့်သင်တန်းများကို ၂၀၁၂အောက်တိုဘာတွင် တစ်ကြိမ်နှင့် ၂၀၁၃ ဖေဖော်ဝါရီတွင် တစ်ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ယခုတတိယအကြိမ်တွင် ရခိုင်အမျိုးသမီးသီးသန့် သင်တန်း ပေးခဲ့ခြင်း ဖြစ်သည်။


အခမ်းအနား၌ဖောင်ဒေးရှင်း၏ နာယက ဦးအေးသာအောင်၊ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်စောခင်တင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်မေအောင်တို့က ရခိုင်သမိုင်းနှင့်ရခိုင်အမျိုးသမီးများ အခန်းကဏ္ဍကို ဟောပြောဆွေးနွေးခဲ့ကြသည်။

သင်တန်းကို မတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့အထိပြုလုပ်၍ ရခိုင်ပြည်နယ် ၁၇မြို့နယ်နှင့်ဧရာဝတီတိုင်း အမာမြို့နယ်တို့မှ သင်တန်းသား၂၁ဦးတက်ရောက်ခဲ့ကြပြီး၊ စာရေးဆရာမ ဂျူး၊ နိုင်င့ကျော်ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက် တို့အပါအ၀င် တိုင်းရင်းသား သင်တန်း ဆရာ၊ ဆရာမ ၁၀ ဦးက သင်ကြားပြသ ပေးခဲ့ကြသည်။

“ရခိုင်အမျိုးသမီးတွေနိုင်ငံရေးမှာ ယခုထက်ပို၍ ပါဝင်လာစေရန်ရည်ရွယ်လျက် လူငယ်နှင့်အမျိုးသမီး ခေါင်းဆောင်များအရည်အသွေးမြှင့်သင်တန်းများကို စဉ်ဆက်မပြတ် ပြုလုပ်နေခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင်းမှာလည်း ဆက်လက်ပို့ချ ပေးသွားမည် ဖြစ်ကြောင်း” ဦးအေးသာအောင်က ဆိုသည်။

သင်တန်းပို့ချချက်များတွင် အမျိုးသမီးများ မဖြစ်မနေလုပ်ရဆောင်ကြရမည့် တာဝန်နှင့် ၀တ္တရားများ၊ အမျိုးသမီး များနှင့် သက်ဆိုင်သည့် နိုင်ငံတကာ ဥပဒေများ၊ နိုငံတကာတွင်သတ်မှတ်ထားသည့်အမျိုးသမီးအခွင့်အရေးများ၊ မီဒီယာ လုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ ပါဝင်ကြောင်း သင်တန်းတာဝန်ခံဒေါ်ဆွေဇင်သင်းကရှင်းပြသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့အာရက္ခဖောင်ဒေးရှင်းမှအဖွဲ့ဝင်များ၊ ဖတ်ကြားထားသည့်ဧည့်သည်များ၊ သတင်း ထောက် များ နှင့် သင်တန်းသူများစုစုပေါင်း ၅၀ ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

အာရက္ခဖောင်ဒေးရှင်းကို လူငယ်များ၏ အရည်အသွေးမြှင့်တင်ရေး၊ဆင်းရဲနွမ်းပါးလူငယ်များအား ပညာသင် စရိတ်ထောက်ပံ့ရေး၊ မိဘမဲ့ကလေး များပြုစု စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ကျရောက်ရာ ဒေသများသို့ ထောက်ပံ့လှူဒါန်းရေး တို့ကို လုပ်ဆောင်ရန် ရည်ရွယ်လျက်၂၀၁၂ခုနှစ်တွင် ပြည်တွင်းပြည်ပရခိုင်များဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
By RSV

မိတ္တီလာက မွတ်ဆလင်ခေါင်းဆောင်တစ်ဦး အဓိကရုဏ်းအတွင်း သူ့အတွေ့အကြုံ ရှင်းပြ (ဒုတိယပိုင်း)(ရုပ်/သံ)

မိတ္တီလာက မွတ်ဆလင်ခေါင်းဆောင်တစ်ဦးက အဓိကရုဏ်းအတွင်း ကြုံရတဲ့ သူ့အတွေ့အကြုံကို Mr. Nambiar၊ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်အခါက ရှင်းပြနေတာပါ။ နောက်တစ်ပိုင်းထပ်တင်ပါဦးမယ်။

FB-Min Zaw Oo

မိတ္တီလာက မွတ်ဆလင်ခေါင်းဆောင်တစ်ဦး အဓိကရုဏ်းအတွင်း သူ့အတွေ့အကြုံ ရှင်းပြ (ပထမပိုင်း)(ရုပ်/သံ)

မိတ္တီလာက မွတ်ဆလင်ခေါင်းဆောင်တစ်ဦးက အဓိကရုဏ်းအတွင်း ကြုံရတဲ့ သူ့အတွေ့အကြုံကို Mr. Nambiar၊ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်အခါက ရှင်းပြနေတာပါ။ နောက်တစ်ပိုင်းထပ်တင်ပါဦးမယ်။

FB-Min Zaw Oo

သို့ (၁) နိုင်ငံတော်သမ္မတကြီး (၂)ကာ/လုံ

ကိုနေမျိုးဝေမှ မင်္ဂလာတောင်ညွန့် အခြေအနေအား သမ္မတနဲ့ဆိုင်ရာဝန်ကြီးဌာန
များသို့ အိတ်ဖွင့်ပေးစာပို့......
============================


သို့
(၁) နိုင်ငံတော်သမ္မတကြီး
(၂)ကာ/လုံ
... (၃) ၀န်ကြီး ၊ ပြည်ထဲရေးဝန်ကြီးဌာန
(၄) ၀န်ကြီးချုပ် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ


မင်္ဂလာဈေးအနီး ကုလားရပ်ကွက်များ တုတ်ဓါးကိုင်ဆောင်၍ ညာသံပေးဟစ်အော် နေခြင်းကိစ္စ
-------------------------------------------------------
မင်္ဂလာတောင်ညွန့် (မင်္ဂလာဈေးအနီး ) ၁၃၂ လမ်း - ၁၃၃ လမ်း - ၁၃၄ လမ်း - ၁၃၅ လမ်း တွင် ယနေ့နံနက် တစ်နာရီခန့်မှာ လမ်းထိပ်တွေကို အချိန်မတော်ထွက်၍ လူစုနေတာကိုတွေ့ရပါတယ် ။ လမ်းထိပ်တိုင်းမှာ ကုလား အယောက် ၂၀ ကျော်ခန့် စုနေပြီး လက်ထဲမှာလည်း တုတ်ရှည် နှင့် ဓါးရှည်များကိုယ်စီကိုင်ဆောင်ထားတာကိုတွေ့ရပါတယ် ။

လမ်းအတွင်းတွေထဲမှာလည်း လေးငါးအိမ်ခန့်အကွာမှာ လူတစ်စု နှုန်းဖြင့် လမ်းတောက်လျှောက် ဖြန့်ကျက်ထားပါတယ် ။ ညည့်အချိန် တက်စီကားများ ဆိုက်ကပ်လာပါက တုတ်ဓါးများကို ၀င့်လျှက် ညာသံပေးကာ တစ်လမ်းလုံးသံပြိုင် ညာသံပေးကာ ဟစ်အော်ပါတယ် ။
အဲသလို ရပ်ကွက် ထဲမှာရှိတဲ့ လမ်းတိုင်းက သံပြိုင် ဟစ်အော် ခြိမ်းခြောက်နေတဲ့အတွက် လူနည်းစု ဗမာများအလွန်ထိတ်လန့်နေပါတယ် ။

ဖုန်းဆက်အကူအညီတောင်းလာပါတယ် ။ အတွင်း ရေးမှူး ဦးအောင်မျိုးဦး နှင့်အဖွဲ့ ညက ကိုယ်တိုင် လှည့်လည် ကြည့်ရှု စုံစမ်းခဲ့တဲ့အခါမှာ ဖြစ်စဉ်မှန် ကန်နေ ပါတယ် ။
အဲဒီရပ်ကွက် ထဲက လူနည်းစုဗမာတွေအတွက် ပြင်ပကနေဗမာတွေသွားရောက်ကူညီဖို့လို အပ်တဲ့ အခြေ အနေ - ဒါမှမဟုတ် ယာယီရွှေ့ပြောင်းရမဲ့အညေခအနေမျိုးဖြစ်လာပါတယ် ။

အဲဒီအချိန်မှာ ရဲတပ်သား ၅၀ လောက်ကတော့ လမ်းတစ်လမ်းကို ပိတ်ပစ်လိုက်ပါတယ် ။ ဒါပေမဲ့ ရဲအင်အားက ဆယ်ပုံတစ်ပုံလောက် ဘဲဖြစ်နေပါတယ် ။
အဲဒီရပ်ကွက် အတွင်းမှာ တုတ်ဓါးလက်နက်တွေကို ရှာဖွေသိမ်းဆည်းဖို့ စာရင်းပြုစုယာယီသိမ်း ဆည်းဖို့ လို အပ်နေပါတယ် ။

အစိုးရအနေနဲ့ အဲသလို စီမံဆောင်ရွက်နိုင်ခြင်းမရှိရင် ကျန်ပြင်ပ ဒေသတွေက ဗမာ အမျိုးသား တွေက သွားရောက် စောင့်ရှောက်ဖို့ ပြင်ဆင်ရပါလိမ့်မယ် - ပြင်ဆင်နေပါတယ် -
အဲဒီအဆင့်မရောက်ဖို့ ရဲနှင့် တပ်အင်အား တိုးချဲ့ချထားဖို့ အရေးပေါ်အဆင့်ကြေညာထားဖို့ တိုက်တွန်း ပါတယ် ။ ညမထွက်ရအမိန့်ချထားဖို့ လိုအပ်နေပါပြီ ။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းမွန်ပါကြောင်းအကြံပြုတင်ပြအပ်ပါတယ် ။

နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

မိုင်းကြောင့် ယင်းမာပင်မြို့နယ် ရေကြည်ပြင် ကျေးရွာက ရှစ်မျက်နှာ ဘုရားအောက်ခြေမှာ အက်ကွဲ

Mar 25, 2013
မတ်လ ၁၈ ရက်နေ့က ကြေးစင်တောင် စံပယ်တောင် ဘက်မှာ မြန်မာ ယန်စီကော့ပါး ကုမ္ပဏီက ခွဲလိုက်တဲ့မိုင်းကြောင့် ယင်းမာပင်မြို့နယ် ရေကြည်ပြင် ကျေးရွာက ရှစ်မျက်နှာ ဘုရားအောက်ခြေမှာ အက်ကွဲ သွားတယ်လို့ ဒေသခံဆရာတော်က ပြောပါတယ်။ ဒေါ်ခင်မင်းဇော် တင်ဆက်ထားပါတယ်။ ရိုက်ကူး အိုင်စီဂျေ

DVB TV News

အနေအထိုင် ဆင်ခြင်နော်


FB-ဟာဂျူလီ ကသာ
လျှပ်တပြက်ဂျာနယ်၊အတွဲ၎-အမှတ်၂၄.မျက်နှာဖုံးကာတွန်း..

မိတ္ထီလာမြို့ အဓိကရုဏ်ဖြေရှင်းရေးဆွေးနွေးမှု မူ ၆ ချက်

2013-03-24
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပက်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး မနေ့ကတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ သဘောတူညီချက် ၆ ချက်ရရှိခဲ့တယ်လို့သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဝဏ္ဏရွှေက RFA ကိုပြောပါတယ်။

" ဦးသိန်းစိန်ရယ်၊ဒေါ်အောင်ဆန်းစုကြည်ရယ်၊ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းရယ် သဘောတူထားတဲ့ဟာကို တင်ပြတယ်၊ အဓိက နံပါတ်၁ အချက်က တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်ဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စဒီအဖြစ်မျိုးကိုနောက်နောင်မဖြစ်အောင် ထိန်းသိမ်းကာကွယ်သွားမယ်ဆိုတဲ့ကိစ္စ"

ဒါ့အပြင် ဒုက္ခသည်တွေ အမိုးအကာအောက် ရောက်ရှိစေဖို့နဲ့ အမြန်ဆုံး သူတို့အိမ်သူတို့ ပြန်နိုင်အောင် စီစဉ်ပေးဖို့၊ အစိုးရ၊ ကုလသမဂ္ဂ၊ ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ညှိနှိုင်းပြီး ဒုက္ခသည်တွေကို ထောက်ပံ့ဆောင်ရွက်ဖို့နဲ့ လူမှုအဖွဲ့အစည်းနှစ်ခုအကြား ယုံကြည်မှု ပြန်လည်ဖြစ်ပေါ်လာအောင် ဆွေးနွေး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့စသဖြင့် သဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။

မနေ့ ညနေကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယားနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေဟာ မိတ္ထီလာမြို့မှာ တံခါးပိတ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး၊ အလားတူ အဓိကရုဏ်းတွေ နောက်နောင်မဖြစ်ပွါးရေးအတွက် အကြံပြု ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြန်လည်ထူထောင်ရေးကိစ္စတွေ ဆောင်ရွက်ဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်စတဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ အခု မိတ္ထီလာမြို့ကို စတင်ရောက်ရှိနေပြီ လို့လည်းသိရပါတယ်။
RFA Burmese

တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့

မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ(အနော်ရထာ)ရပ်ကွက် မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။

မနေ့ညမှာတော့ တပ်ကုန်းမြို့နယ်အတွင်းကို အမည်မသိ လူအုပ်စုတွေ ဝင်လာပြီး ရွာသစ်ကြီးကျေးရွာ(အနော်ရထာ ရပ်ကွက်)၊ဓညဝတီ ရပ်ကွက်နဲ့ဗိုလ်မင်းရောင် ရပ်ကွက်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံဆော်သွားတယ်လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့က အရာရှိတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲကုန်းကျေးရွာမှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက်လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့အတွက် နယ်မြေခံ စစ်တပ်အကူအညီနဲ့ သွားရောက်ထိန်းသိမ်းနေတယ်လို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့က RFA ကိုပြောပါတယ်။
RFA Burmese

အစိုးရအနေနဲ့ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ဖို့ တောင်းဆို

2013-03-24
ကိုးကွယ်ယုံကြည်သူအမျိုးမျိုး စုပေါင်းနေထိုင်နေကြတဲ့ မြန်မာနိုင်ငံမှာ ပြည်သူအားလုံး ချစ်ကြည်ငြိမ်းချမ်း နေထိုင်ကြဖို့၊ အစိုးရအနေနဲ့ လုံခြုံရေးကိစ္စ တိုးမြှင့်ဆောင်ရွက်ဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့က ဒီကနေ့ သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

နှစ်ဦးနှစ်ဖက် ချစ်ချစ်ခင်ခင် ပြန်လည်နေထိုင်ကြဖို့အတွက် ကြေညာချက်ထုတ်ပြန် ရတာဖြစ်ကြောင်း ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်ဘာသာ အတွင်းရေးမှူး ဒေါက်တာ သာဥာဏ်က RFA ကို ပြောပါတယ်။

" ယခုဖြစ်တာသာမာန်အရောင်းအဝယ် အငြင်းပွားမှုပဲလေ အဲ့ဒါဘာသာရေး အထိနွယ်သွားစရာ အကြောင်းမရှိဘူး၊ အဲ့လိုမဖြစ်အောင် အတူသော ဘာသာဝင်တွေက ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ပဲ၊ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေချင်နေရတာလဲ အဲ့ဒီအဓိအကြောင်းအရင်းကို ရှာဖို့ ကြိုးစားပါမယ်"

ဘာသာပေါင်းစုံက ခေါင်းဆောင်တွေပါဝင်တဲ့ အဲဒီထုတ်ပြန်ကြေညာချက်မှာ အစိုးရဘက်က နှစ်ဖက်ပြည်သူ တွေရဲ့ လုံခြုံရေးကို ထားရှိဖို့၊ ဒီကိစ္စတွေရပ်တွေကို ဥပဒေကြောင်းအရ စစ်ဆေးအရေး ယူဆောင်ရွက်ပေးဖို့၊ ပြည်သူလူထုအနေနဲ့ မေတ္တာကို အခြေခံပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊ မလိုလားအပ်တဲ့ ပဋိပက္ခတွေမှာ မပါဝင်ကြ ဖို့နဲ့ ဥပဒေမဲ့ လုပ်ရပ်တွေမှာလည်း မပါဝင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
RFA Burmese

ထွင်ပြောလိုက်တာ.....


FB-Tin Lai Lai Win

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

ရန်ကုန် မတ် ၂၄
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ ကြုံတွေ့နေရမှုအပိုင်းများနှင့်ပတ်သက်၍ ဒေသခံများ၏ အမြင်များနှင့် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများအကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲ ၃ နာရီ က ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှင်းလင်းပွဲတွင် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် ဒေသခံများမှဒေသတွင်း ပညာရေး၊ ဥပဒေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
NLA
Popular Myanmar News Journal

မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

ဓာတ်ပုံ - ဝေယံ
မိတ္ထီလာ၊ မတ် ၂၄။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌနှင့် သမ္မတရုံးဝန်ကြီှးှဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်
မှုများကြောင့် မီးလောင်ဆုံးရှုံးခဲ့သော လူနေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးသွားမည်ဟု ယနေ့မနက်တွင် မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းရှိ ကယ်ဆယ်ရေး စခန်း၌ မီဒီယာများ
နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“အဓိက ကတော့ နဂိုအနေအထားအမှန် ရောက်အောင်ပြန်လုပ်မယ်၊ နဂိုအနေအထား အမှန်ဆိုတာက နဂိုတုန်းက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ နေကြထိုင်ကြ စားကြသောက်ကြ
လုပ်ကြ ကိုင်ကြ။ အဲပုံစံ အတိုင်းဖြစ်အောင် ပြန်လုပ်ပေးမှာ၊ မီးလောင်သွားတဲ့ အိမ်တွေကိုလည်း ပြန်ဆောက်ပေးရမှာပေါ့” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒတို့နှင့်အတူ မိတ္ထီလာမြို့ သို့ယနေ့မနက်တွင် ရောက်ရှိသွားခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး တို့နှင့်အတူ မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် သာသနဝေပုလ္လကျောင်းတိုက်ရှိ ယာယီကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များအား သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာမြို့တွင် မတ်လ(၂ဝ)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးသူ (၃၂)ဦးရှိခဲ့ပြီး အကြမ်းဖက် ဖျက်ဆီးမှုနှင့် မီးလောင်မှုများကြောင့် ဒုက္ခသည် စုစုပေါင်း (၉၆ဝဝ)ကျော်ကို ယာယီ ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားလျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာနမှ မတ်လ (၂၃)ရက်နေ့ ည(၈)နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

ထက်နောင်နောင်
The Myanma Age

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြိုတင်သတင်းထုတ်ပြန်ခြင်းမရှိဘဲ အီရတ်သို့ သွားရောက်

ဘဂ္ဂဒက်၊မတ်၂၄
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ယနေ့တွင်အီရတ်နိုင်ငံသို့ ကြိုတင်သတင်းထုတ်ပြန်ထားဘဲ သွားရောက်ခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံကို ဖြတ်ကျော်၍ အီရန်တို့ လေကြောင်းပျံသန်းနေမှုများတွင် ဆီးရီးယားသို့ တင်ပို့မည့် လက်နက်များ ပါဝင်မှု ရှိ၊မရှိသေချာစစ်ဆေးရန် အီရတ်ဝန်ကြီး နူရီအယ်မာလီကီကို နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောကြားသွားမည်ဟု အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

ဝါရှင်တန်အစိုးရသည် အီရတ်နိုင်ငံပေါ်မှ ဖြတ်သန်း၍ အီရန်လေယာဉ်များ နေ့စဉ်ပျံသန်းနေကြသော်လည်း အီရတ်အစိုးရသည် လွန်ခဲ့သည့် နှစ် ဇူလိုင်လမှစ၍ စစ်ဆေးမှုနှစ်ခုသာ လုပ်ဆောင်ခဲ့ကြောင်းသိရသည်ဟု ၎င်းအရာရှိက ဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီးဟာ ဝန်ကြီးချုပ်မာလီကီနှင့် တိုက်ရိုက်တွေ့ဆုံပြီး အီရန်လေယာဉ်များ ဖြတ်ကျော်ပျံသန်းနေမှုများကိုရပ်တန့်ရန်မှာ အလွန် အရေးကြီးကြောင်းနှင့် နယ်စပ်ဝင်လမ်း
ကြောင်းများ၊ အနိမ့်ဆုံးအနေနှင့် ပျံသန်းမှုတစ်ခုစီကို တစ်ကြိမ် စစ်ဆေးသင့်ကြောင်း စတာတွေ ပြောဆိုသွားမှာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၎င်းအရာရှိက နိုင်ငံခြားရေးဝန်ကြီးသည် ဆီးရီးယား အနာဂတ် အရေးနှင့်ပတ်သက်၍ အီရန်ပါဆွေးနွေးမည်ဆိုလျှင် ဆီးရီးယားသမ္မတ အာ ဆတ်ကို ထောက်ပံ့နေသည့် လက်နက်များ တင်ပို့ သယ်ဆောင်နေသည့် အီရန်လေယာဉ်များ အီရတ်နိုင်ငံပေါ်မှဖြတ်ကျော်ခွင့်ပေးနေသ၍ ထိရောက်မှုရှိမည် မဟုတ်ကြောင်းပြောဆိုလိမ့်မည်ဟု ပြောကြားသည်။

အီရတ်နိုင်ငံသည် ၎င်းနိုင်ငံအတွင်း ရှီအိုက်အုပ်စု၊ ဆွန်နီအုပ်စုနှင့် ကားဒစ်ရှ်အုပ်စုဟူ၍ ကွဲပြားပြီး အငြင်းပွားပဋိပက္ခဖြစ်နေကြောင်းသိရသည်။ အီရတ်အစိုးရအဖွဲ့သည်လည်း ရွေးကောက်ပွဲကို ဧပရယ်၂၀တွင်ပြုလုပ်ရန် ရွှေ့ဆိုင်းကြောင်း လွန်ခဲ့သော ရက် သတ္တပတ်တွင် ကြေညာခဲ့သည်။

ရွေးကောက်ပွဲ ပြုလုပ်သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

အမေရိကန် လာရောက်လည်ပတ်ခြင်းသည်လည်း တင်းမာမှုများသာ တိုးလာစေမည်ဟု ယုံကြည်နေကြကြောင်း သိရသည်။
Ref:Reuters
The Myanma Age

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com