http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်များ စစ်ဆေးသိမ်းဆည်းေ

မထ္ထီလာမြို့ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နေ့လည်ပိုင်းက ဒေသခံများထံမှ တုတ်၊ဓါး လက်နက်များ စစ်ဆေးသိမ်းဆည်းနေစဉ်..
ဓါတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
7Day News Journal

မြောက်ကိုးရီယားအရေးကို တရုတ်တို့ ပြင်းထန်စွာ တုံ့ပြန်ရန် အမေရိကန်မျှော်လင့်

ဘေကျင်း၊ မတ်၂၂။ ။
အမေရိကန်အနေနှင့် တရုတ်သည် ကုလသမဂ္ဂကအသစ်ချမှတ်သော စီးပွားရေးပိတ်ဆို့မှုများကို ပိုမို အထမြောက်လာစေရန် မြောက်ကိုးရီးယားအစိုးရအား စီးပွားရေးထောက်ကူနေမှုများကို ပြန်လည်စစ်ဆေးရန်ပြင်းထန်သော တုံ့ပြန်မှုများ ထုတ်ပြန်သင့်ကြောင်းအမေရိကန် ထိပ်တန်းအရာရှိုတစ်ဦးက သောကြာနေ့တွင်ပြောကြားသည်။

အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးအဖွဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဒေးဗစ်ကို ဟန်ကတရုတ်ဘဏ်များနှင့် ထိန်းညှိုပေးသူများသည် ကုလ သမဂ္ဂ အဖွဲ့ချုပ် လုံခြုံရေးကောင်စီမှ
ထုတ်ပြန်သည့် ထုတ်ပြန်ချက်သစ်ကို အလေးထားမည်ဟုယုံကြည်ကြောင်း ဆိုသည်။

မြောက်ကိုးရီးယားသို့ တရားမဝင်စီးဆင်းနေသောကို တားဆီးခြင်းသည် ဖေဖော်ဝါရီ၁၂ရက်က နယူးကလီးယားစမ်းသပ်မှုကို ဆန့်ကျင်သည့် အနေနှင့် လုပ်ဆောင်သော ပိတ်ဆို့အရေးယူမှုများ၏ အဓိကအချက်ဖြစ်ကြောင်း ဆိုသည်။

တရုတ်သည် ပိတ်ဆို့အရေးယူသည့်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့်၎င်းတို့လည်း လုပ်ဆောင်ရန် ဆွေးနွေးခဲ့သော်လည်း မြောက်ကိုးရီးယား၏ တစ်ဦးတည်းသော မဟာမိတ်ဖြစ်သည့်အပြင် ကုန်သွယ်မှု အဓိကစီးပွားဖက်လည်း ဖြစ်သည်။

“လုံခြုံရေးကောင်စီက လုပ်ဆောင်မယ့် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားမယ် ဆိုတာကလွဲလို့ ဘာမှမကြားရဘူး။ အဲဒီပိတ်ဆို့မှုတွေ လုပ်ဆောင်ရာမှာ တရုတ်အစိုးရ
အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုံးဝမျှော်လင့်ပါတယ်” ဟု ၎င်းက ဘေဂျင်းတွင် သတင်းထောက်များကို ပြောကြားသည်။

တရုတ်တို့သည်လည်း မြောက်ကိုးရီးယားနှင့် စပ်လျဉ်း၍စိတ်ပျက်မှုများ ရှိလာနေပြီဟု တရုတ်ကျွမ်းကျင်သူများက ဆိုသည်။ယင်းအပြင် မကြာမီက လုပ်ဆောင်ခဲ့သော
နျူကလီးယားစမ်းသပ်မှု၊ ယခင်နှစ်ဒီဇင်ဘာက စမ်းသပ်ခဲ့သည့် တာဝေးပစ်ဒုံးကျည်များ၊ အမေရိကန်နှင့် တောင်ကိုးရီးယားကိုပြုလုပ်ခဲ့သော ခြိမ်းခြောက်မှုများလည်း ရှိခဲ့သည်။

“တရုတ်နိုင်ငံ အမြင်အရဆိုရင်မြောက်ကိုးရီးယားကိုအရေးကြီးကြောင်း သတ်မှတ်ထားပါတယ်။ မြောက်ကိုးရီးယား များကို လေးစားမှု ရှိတယ်” ဟု ဘေဂျင်းရင်းမင်းတက္ကသိုလ်မှ
နိုင်ငံတကာလေ့လာရေးကျောင်း တွဲဖက်ပါမောက္ခ မစ္စတာဂျင်ကန်ရွန်က ဆိုသည်။

“တရုတ်တွေမှာ စိတ်ဝင်စားမှုတွေ ရှိခဲ့ပါတယ်။ တတိယအကြိမ်မြောက် နယူးကလီးယားစမ်းသပ်မှုဟာ တရုတ်နိုင်ငံရဲ့ စိတ်ဝင်စားမှုကို လျော့ သွားစေပြီး စိတ်သဘောမကျမှုများကို
ပြသရပါမယ်” ဟု ဆိုသည်။

မစ္စတာကိုဟန်သည် ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံအရာရှိများထံ လည်ပတ်ပြီးနောက် တရုတ်နိုင်ငံသို့ ဝင်ရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

“တရုတ်ဘဏ်နှင့် တရုတ်ထိန်းသိမ်းသူများဟာ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ကို လိုက်နာကြလိမ့်မယ်၊ လုပ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်”ဟု ၎င်းက ဆိုသည်။
Ref: Reuters
The Myanma Age

မြန်မာနိုင်ငံ၏ပထမဆုံး လေယာဉ်မောင်းသင်တန်းတွင်သင်တန်းသား ၁၀ဦး ပညာသင်ထောက်ပံ့စရိတ်ဖြင့်တက်ရောက်ခွင့်ရရှိမည်

ရန်ကုန်၊ မတ် ၂၂။
မြန်မာနိုင်ငံတွင်ပထမဆုံးဖွင့်လှစ်သည့် လေယာဉ်မောင်းသင်တန်းကျောင်းတွင် အမှန်တကယ်ဆင်းရဲပြီး ပညာထူးချွန် ထက်မြက်သောကျောင်းသား ၁၀ဦးကို ထူးဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့စရိတ် ပေးအပ်မည် ဖြစ်ကြောင်းသိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် ၁၇ နှစ် မှအသက် ၃၅နှစ်ကြား ရှိသူ များမှာ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် လေယာဉ်မောင်းသင်တန်းကျောင်း Myanmar Aviation Academy တွင် လေယာဉ်မောင်းသင်တန်း တက်ရောက်ရန်လျှောက်ထားနိုင်ကြောင်း ၊ ထိုလျှောက်ထားသူများထဲမှ အရည်အချင်းပြည့်မှီသူ၂၄ဦးမှာ သင်တန်းတက်ခွင့် ရရှိမည်ဖြစ်ပြီး၊ ၄င်းတို့ထဲမှ ဥာဏ် ပညာထက်မြက်ပြီး ငွေကြေးအမှန်တကယ်ချို့ တဲ့သူ ၁၀ဦးကို ထူးဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့စရိတ်ပေးအပ်မှာ ဖြစ်ကြောင်းသိရသည်။

“ပညာသင် ထောက်ပံ့စ့ရိတ်ကို အမှန်တကယ် ချို့ တဲ့ပြီး၊ တကယ် ဥာဏ်ရည်ထက်မြက်တဲ့ ကလေးတွေကို ရစေချင်ပါတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာကို ဆင်းရဲတယ်လို့ သတ်မှတ်ဖို့ကကျတော့ နည်းနည်းအခက်အခဲဖြစ်နေတယ်။ စီစစ်ဖို့ကို ကျွန်တော်တို့လည်း တိုင်ပင်နေပါတယ်။” ဟု Myanmar Aviation Academy ဥက္ကဌဦးကြည်ဝင်းက ပြောကြားသည်။

လေယာဉ်မောင်းသင်တန်း တက်ရောက်လိုသူများမှာသင်တန်းစရိတ် အမေရိကန်ဒေါ်လာ ခြောက်သောင်းငါးထောင်(မြန်မာငွေ သိန်း ၅၅၀ကျပ်ခန့်) ပေးသွင်းရမည်ဖြစ်ကြောင်း ၊ ပညာသင်စရိတ် ထောက်ပံ့ကြေးရရှိသူ၁၀ဦးအတွက် စုစုပေါင်း ကုန်ကျငွေ အမေရိကန် ဒေါ်လာခြောက်သိန်းငါးသောင်းအားထူးဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်း တက်ရောက်လိုသူများသည် လေယာဉ်သင်တန်း ၀င်ခွင့်ရရှိစေရန် အင်္ဂလိပ်စာ၊ သချာင်္ နှင့် ရူပဗေဒဘာသာ ရပ်များကို ဖြေဆိုရမည်ဖြစ်ပြီး ဘာသာရပ တစ်ခုလျှင်
အနည်းဆုံး အမှတ် ၆၀ ရရှိရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေစဉ်တွင်အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်များဖြင့် လေယာဉ်မောင်းနှင်ခြင်းကို လက်တွေ့ နာရီ ၂၀ သင်ကြားပြီးပါက တစ်ကိုယ်တော် မောင်းနှင်နိုင်ခြင်း ရှိမရှိ စစ်ဆေးမည်ဖြစ်ပြီး၊ မမောင်းနိုင်သူများကို သင်တန်းတက်ခွင့် ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ လေယာဉ်မောင်းနှင်ခြင်း သင်တန်းကို ပုသိမ်မြို့တွင် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသားများမှာ ကိုယ်ကာယ ကြံ့ခိုင်မှု လိုအပ်ချက် အဖြစ် မျက်မှန်တပ်သူဖြစ်ပါသော်လည်း ကီလိုမီတာ ၄၀ အကွာမှကားနံပါတ်ကို ဖတ်ပြနိုင်ခြင်း ရှိရမည်ဖြစ်ပြီး ခြေထောက်
အရှည် ၃၉လက်မ ရှိသူဖြစ်ရမည်ဖြစ်ကာ ကိုယ်အလေးချိန်၁၈၀မကျော်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အောင်မြင်ပြီးသူများထဲမှ ပညာသင် ထောက်ပံ့စားရိတ် ရရှိသူ၁၀ဦးမှာ Air Bagan လေကြောင်းလိုင်းတွင် ၇နှစ် တာဝန်ထမ်းဆောင်ပေးရမည်ဖြစ်ကြောင်း နှင့် မိမိစရိတ်ဖြင့် တတ်သောကျောင်းသားများမှာ ၅နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

“၇နှစ်တာဝန် ထမ်းပေးရမယ်ဆိုလို့ ပညာသင်ပေးပြီး ခိုင်းစားတယ်လို့ တချို့ကလေးတွေက ထင်မှာစိုးပါတယ်။တကယ်တမ်း စဉ်းစားကြည့်ရင် ပညာသင်ပေးရုံတင်မကဘူး ဒီကလေးတွေရဲ့ ဘ၀အတွက် အလုပ် ၇ နှစ်စာအာမခံ ရှိတယ်လို့ပြောရမှာပါ။ တာဝန်ထမ်းတဲ့ အချိန်မှာလည်း လစာပေးထားမှာပါ။ ပြီးတော့ နိုင်ငံတကာမှာPCLလက်မှတ် ကိုင်ထားပေမယ့် လေယာဉ်မောင်းချိန်၁၅၀၀ပြည့်မှ First Officer ရာထူးပေးတာပါ။ ဒီမှာကကိုယ့်သင်တန်းက ကလေးတွေ သင်တန်းက ဆင်းတာနဲ့ အတွေ့အကြုံယူလို့ရအောင် စီစဉ်ပေးထားတာပါ။ ” ဟုMyanmar Aviation Academyမှ ဥက္ကဌ ဦးကြည်ဝင်းက ရှင်းလင်းပြောကြားသည်။

ထို့အပြင် သင်တန်းတွင် နာရီ ၄၀၀ စာတွေ့လက်တွေ့မောင်းနှင် ရမှာဖြစ်ကြောင်း၊ သင်တန်းအောင်ပြီးပါက Junior Officerရာထူးဖြင့် တာဝန်ထမ်းဆောင်ရမည်ပြီး လစာ အမေရိကန် ဒေါ်လာ ၁၂၀၀အဖြစ်လည်းကောင်း၊ ၃နှစ်ခန့် အကြာတွင် SeniorOfficer ရာထူးဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လစာ အမေရိကန်ဒေါ်လာ ၁၈၀၀ခန့်ရရှိမည် ဖြစ်ကြောင်း ၊ နာရီ ၃၀၀၀ မောင်းနှင်ပြီးပါက Captain တာဝန် ထမ်းဆောင် ရမည် ဖြစ်ကြောင်းသိရသည်။
ဆုဝေ
The Myanma Age

မတ်လ ၂၁ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်း


မိတ္ထီလာမြင်ကွင်း
RFA Burmese

မိတ္ထီလာမှာ တုတ်၊ဓားကိုင်သူတွေကို စတင်အရေးယူ

Photo : RFA/ Kyaw Zawe Win
မိတ္ထီလာခရိုင်အတွင်းက အဓိကရုဏ်းဖြစ်ပွားနေတဲ့ မိတ္ထီလာ၊ဝမ်းတွင်း၊သာစည်နဲ့ မလှိုင်မြို့နယ်တွေကို အရေးပေါ်အခြေအနေ ကြေညာပြီးနောက်မှာ မိတ္ထီလာမြို့တွင်းမှာ တုတ်၊ ဓားကိုင်ပြီးသွားလာနေသူတွေကို စတင် အရေးယူနေပြီလို့ မိတ္ထီလာမြို့နယ်ရဲစခန်းက RFA ကိုပြောပါတယ်။

အမှတ်(၂)နယ်မြေ ရဲစခန်းအပိုင်နယ်မြေတွေက လမ်းဆုံလမ်းခွတွေမှာ ယာယီစစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး မင်္သကာဖွယ်သူတွေကို နီးစပ်ရာ ရဲစခန်းကို ခေါ်ဆောင်ပြီး ဖမ်းဆီးထိန်းသိမ်းနေတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့မဈေးနဲ့လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်တွေအတွင်းက ဖောက်ထွင်းခိုးယူနေသူတွေကိုလည်း ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
RFA Burmese

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး

မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒီတပ်ရင်းတွေဟာ သမ္မတရဲ့အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း မှာ အဓိကရုဏ်းဖြစ်ရာဒေသနဲ့ နီးစပ်ရာမြို့တွေကို သွားရောက်တာဝန်ယူဖို့ အသင့်စုဖွဲ့ပြီး၊ ဒီကနေ့ညနေက ရန်ကုန်ကနေ ထွက်ခွာခဲ့ပါတယ်။

ဒီအရေးပေါ် အခြေအနေကို ဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက်ညွှန်ကြားမှာ ဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် (၁) စစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်တို့က အခြေစိုက်ပြီး ကွပ်ကဲမှာ ဖြစ်တယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော် အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောကြားပါတယ်။

မိတ္ထီလာမြို့ရဲ့ အဓိကရုဏ်း အခြေအနေတွေကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အဓိကရုဏ်းနှိမ်နှင်းတဲ့ ရဲတပ်ရင်းသုံးရင်းနဲ့ ရမည်းသင်း ရဲသင်တန်းကျောင်းက ရဲတပ်ဖွဲ့ဝင်တွေကို မိတ္ထီလာမြို့ကို သွားရောက်ပြီး လုံခြုံရေးတာဝန်ယူစေပေမယ့် အခြေအနေတွေဟာ တည်ငြိမ်မှုမရှိပဲ ပိုမိုဆိုးရွားလာတဲ့အတွက် အခုလို တပ်မတော်က သမ္မတအမိန့်နဲ့ တာဝန်ယူလိုက်ရတာပါ။
RFA Burmese

မိတ္တီလာအပါအ၀င် မြို့နယ် ၄ ခုမှာ အရေးပေါ် အမိန့်ကြေညာ

မိတ္တီလာအပါအ၀င် ၀မ်းတွင်း၊ မလှိုင်၊ သာစည်မြို့နယ်တွေမှာ သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဒီနေ့ မတ်လ ၂၂ ရက်နေ့မှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အရင်က အဲဒီမြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပေမယ့် အခြေအနေကို မထိမ်းသိန်းနိုင်တာကြောင့် စစ်တပ်အကူအညီကိုပါ ရယူရမယ်လို့ သမ္မတရဲ့အမိန့်မှာပါရှိပါတယ်။

မတ်လ ၂၁ ရက်နေ့ကနေ ဒီနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့အပါအဝင် အနီးနားက မြို့နယ် ၃ မြို့နယ်မှာ အင်းတကော်အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၃ ရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒီတပ်ရင်းတွေဟာ သမ္မတရဲ့အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာ သွားရောက်တာဝန်ယူဖို့ အသင့်စုဖွဲ့ပြီး၊ ဒီကနေ့မတ်လ ၂၂ ရက်နေ့ညနေက ရန်ကုန်ကနေ ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

အရေးပေါ် အခြေအနေကိုဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက်ညွှန်ကြားမှာဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ရဲအောင်တို့က အခြေစိုက်ပြီး ကွပ်ကဲမှာဖြစ်တယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော်အရာရှိတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။
RFA Burmese

မိတ္ထီလာ အဓိကရုဏ်းကြောင့် မြို့ခံတွေ နေအိမ်စွန့်ခွာ

မတ်လ ၂၀ ရက်နေ့ကနေ ဒီကနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း လူ ၁၀ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာနှင့် ဆေးရုံတက်ရောက်ကုသနေရသူ ၂၅ ဦးရှိတယ်လို့ မိတ္ထီလာဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။



လက်ရှိဆေးရုံတက်နေရတဲ့ လူနာ ၂၅ ယောက်ထဲမှာ ဒဏ်ရာပြင်းထန်ရသူတွေ မပါဝင်ပဲ၊ ဒဏ်ရာပြင်းထန်သူအချို့ကိုတော့ မန္တလေးဆေးရုံကြီးထံ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

မိတ္တီလာဆေးရုံကတော့ သူတို့ထံရောက်ရှိတဲ့ စာရင်းအရသာ ပြောဆိုတာဖြစ်ပြီး တကယ်သေဆုံးသူစာရင်းကို လက်ရှိအခြေအနေမှာ အတည်ပြုပြောရခက်ခဲပါတယ်။ RFA က ဒေသခံတွေကို မေးမြန်းချက်အရ သေဆုံးသူဟာ ၄၀ ပတ်ဝန်းကျင်လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဒီနေ့မှာတော့ မိတ္ထီလာမြို့အတွင်းမှာ တုတ်၊ ဓား လက်နက်ကိုင်ဆောင်ပြီး သွားလာနေသူတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက အဲဒီလက်နက်တွေကို သိမ်းဆည်းနေပြီး အခြေအနေ ထိန်းသိမ်းနိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

၃ ရက်ကြာ အဓိကရုဏ်းကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ မြို့ခံတစ်ထောင်ခန့်ကတော့ မိတ္ထီလာမြို့နယ် အမှတ် (၁) ရဲစခန်းနဲ့ ခရိုင်အားကစားကွင်းမှာ ခိုလှုံနေပါတယ်။

မိတ္တီလာမြို့မှာ ရောက်နေတဲ့ RFA သတင်းထောက် ကိုကျော်ဇောဝင်းကို မသူဇာက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မိတ္တီလာမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးဆန်းလှိုင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားပါတယ်။
RFA Burmese

တရားဥပဒေ ထိန်းသိမ်းရေးဟာ လူတိုင်းမှာ တာဝန်ရှိ

တရားဥပဒေ ထိန်းသိမ်းရေးဟာ အုပ်ချုပ်သူတွေဘက်မှာတင် မဟုတ်ပဲ ပြည်သူလူထုမှာလည်း တာဝန်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာ ပြောလိုက်ပါတယ်

ဒီကနေ့ လွှတ်တော်အဆောက်အအုံ I-၁၂ အဆောင်မှာ သတင်းထောက်တွေက မေးမြန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။

လက်ရှိ မိတ္ထီလာမြို့မှာ ဖြစ်နေတဲ့ မီးပွားဟာ မိတ္ထီလာမြို့တစ်ခုတည်းလို့ ပြောလို့မရပဲ မီးစတစ်ခုကနေ တခြားနေရာတွေကိုပါ ပြန့်သွားနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။

မိတ္ထီလာမြို့ အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်ပေးတဲ့နေရာမှာ ပြဿနာကို ဖြေရှင်းဆောင်ရွက်မှုမရှိပဲ စောင့်ကြည့်နေရုံသာတွေ့ရတယ်လို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့အနေနဲ့ တစ်ခုခုတုန့်ပြန်ရင် အများကပြစ်တင်ဝေဖန်တာတွေ ခံနေရတဲ့အတွက် စိုးရိမ်တာတွေလည်း ရှိနိုင်ကြောင်းထည့်သွင်းပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖြေကြားတဲ့အချက်တွေထဲက တစ်ချို့ကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။
 
RFA Burmese

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့ မြင်ကွင်းများ(ဓါတ်ပုံသတင်း)

ဓာတ်ပုံ - Eleven Media Group















ဇူလိုင်လ ၁ ရက်နေ့ကစပြီးအက်ဖ်အီးစီသုံးစွဲခွင့် ရုတ်သိမ်း

ဗဟိုဘဏ်မှ လာမယ့်ဧပြီလ၁ ရက်နေ့ကနေ ဇွန်လ၃၀ရက်နေ့အထိ အက်ဖ်အီးစီ ရွေးနုတ်လဲလှယ်ပေးတာကိုလုပ်ဆောင်သွားမှာဖြစ်တယ်။
ဇူလိုင်လ ၁ ရက်နေ့ကစပြီးအက်ဖ်အီးစီသုံးစွဲခွင့် ရုတ်သိမ်းမှာဖြစ်ပြီးအကြောင်းတစုံတရာကြောင့် မလဲလှယ်ရသေးတဲ့သူတွေကို ဇူလိုင်လ၁ ရက်နေ့ကနေ ၂၀၁၄ ခုနှစ်မတ်လ ၃၁ ရက်နေ့ထိလဲလှယ်ပေးသွားမယ်လို့ထုတ်ပြန်ကြေငြာပါတယ်။
The Modern News Journal

ဂျပန်က စားနပ်ရိက္ခာအတွက် မြန်မာသို့ ဒေါ်လာ ၂၁ သန်းလှူ

Friday, March 22, 2013
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် ယန်းငွေ ၂ ဘီလီယံ (ဒေါ်လာ ၂၁ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှတဆင့် လှူဒါန်းကြောင်း သိရသည်။ သံအမတ်ကြီး မီကီအို နုမာတာ က နေပြည်တော်တွင် WFP သို့ လှူဒါန်းခြင်း ဖြစ်သည်။

WFP မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ကားလို့စ် ဗယ်လိုဆိုက ဂျပန်၏ ထောက်ပံ့လှူဒါန်းငွေသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်နှင့် ကချင်ပြည်နယ်ကဲ့သို့သော ဒေသများရှိ ဒုက္ခသည် ၂ သိန်းခွဲအတွက် ၆ လစာ ရိက္ခာ ဖူလုံစေမည်ဟု DPA သတင်းဌာနသို့ ပြောဆိုထားသည်။ ယမန်နှစ်တွင်လည်း ဂျပန်က စားနပ်ရိက္ခာ ထောက်ပံ့ရေးအတွက်
မြန်မာသို့ ဒေါ်လာ ၁၀ သန်း လှူခဲ့သေးသည်။
The Irrawaddy (Burmese Version)

Google ဒိုမိန်းအသစ်မြန်မာအချက်အလက်အဓိက ရှာဖွေရန်ရည်ရွယ်

ရန်ကုန်၊ မတ် ၂၂
မြန်မာနိုင်ငံသို့ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt မကြာမီ တစ်ရက်အလို မှစတင် အသုံးပြုခွင့် ရခဲ့သည့် Google.com.mm ဒိုမိန်းမှာ မြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များအား အဓိကထား ရှာဖွေပေးနိုင်မည်ဟု ဂူးဂဲလ် ကုမ္ပဏီပြန်ကြားေ ရးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှMs. Ammy ကပြောသည်။

မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ ဦးဇော်ထွဋ်က ''အရင်က ရိုးရိုး .com သုံးပြီး ဂူးဂဲလ်မှာ တစ်ခုခုရှာမယ်ဆိုရင် ကိုယ် ရှာချင်တဲ့ ပြည်တွင်းက အရာက မရင်မတက်ဘူး။.mm နဲ့ ရှာမယ်ဆိုရင် မြန်မာပြည်တွင်း အချက်အလက်ကို သူက ဦးစားပေးပြမယ်'' ဟု အသုံးပြုနိုင်ပုံနှင့် စပ်လျဉ်း၍ ပြောသည်။

ထို့ပြင် ဂူးဂဲလ်မှ အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ်အယ်ပလီကေးရှင်း စတိုးအား အွန်လိုင်း၌ တရားဝင် ဖွင့်လှစ်ပေးနိုင်ချေရှိပြီး ပြည်တွင်းမှ မိုဘိုင်း အယ် ပလီကေးရှင်းရေးဆွဲသူ များအတွက် အလားအလာကောင်းများ ရှိလာနိုင်ကြောင်း နည်းပညာ ကျွမ်းကျင်လူငယ်များက ဆိုသည်။

ဂူးဂဲလ် အနေဖြင့် မြန်မာနိုင်ငံ၏ အိုင်တီနည်းပညာ ကဏ္ဍ၌သာမက ပညာရေး ကဏ္ဍပိုင်း၌ပါ ကူညီပေးလိုပြီး မြန်မာနိုင်ငံအစိုးရနှင့် တွေ့ဆုံ ဆွေးနွေး မှုများပြုလုပ်ရာ၌လည်း ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်နိုင်မည့် ကဏ္ဍအပိုင်းများ ပိုမိုဖြစ်ထွန်း လာစေရေးကိုဦးစားပေး ပြောကြားသွားမည် ဖြစ်ကြောင်း ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt ကဆိုသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်နှ င့် ဆွေးနွေးပြောဆိုမှုများ မပြုလုပ်ရသေးကြောင်း၊ ယင်းအတွက် အသင်းချုပ်နှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သွားမည်ကိုမူ ပြောကြားနိုင်သေးမည် မဟုတ်ကြောင်းအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

Google အမှုဆောင် အရာရှိချုပ်Mr. Eric Schmidt မှာ မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်နေ့တွင် လာရောက်ခဲ့ပြီး MICT Park အစည်းအဝေး ခန်းမ၌ မြန်မာ့အနာဂတ် လူငယ်ခေါင်းဆောင်များ၊ နည်းပညာ စိတ်ဝင်စားသူလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် စကားဝိုင်းပုံစံ ဆွေးနွေးပွဲ တစ်ခုအား ၂ နာရီနီးပါးခန့် ပြုလုပ်ခဲ့သည်။
သုတလင်း
Popular Myanmar News Journal




မိတ္ထီလာမြို့ မူဆလင်တွေကို ခရိုင်အားကစားကွင်းမှာ နေရာချထား

ဓါတ်ပုံ EMG
မိတ္ထီလာမြို့က အဓိကရုဏ်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှာစိုးရိမ်ပြီး မိသားစုလိုက် အိုးအိမ်စွန့်ခွာထွက်လာကြတဲ့ မူစလင်တွေကို ကျောင်းသား၊ ပြည်သူနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့က စောင့်ရှောက်ကူညီပြီး ခရိုင်အားကစားကွင်းမှာ ယာယီနေရာချပေးထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မိတ္ထီလာခရိုင် ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုအောင်နေပိုင်က အခုလိုပြောပါတယ်။

"ကြောက်လွန်းလို့ ဒီလိုမျိုးလက်မြှောက်ပြီးတော့ လာရတာပေါ့၊ သူတို့မှာ မိသားစုလဲပါတယ်ပေါ့နော် အဲ့လိုပြောပြီး မနည်းခေါ်လာရတယ်၊ ကျွန်တော်တို့ မိတ္ထီလာမြို့မှာရှိတဲ့ မူဆလင် ရပ်ကွက်မှာရှိတဲ့လူတွေ တော်တော်များများ ၃ မိုင်၊ ၄ မိုင်လောက်ရှိတဲ့ ခရီးကနေမြို့ထဲကိုပတ်ပြီးတော့ ၄၀၀ လောက်ရှိတဲ့လူတွေ ပထမ တစ်သုတ်အနေနဲ့ သွားပါတယ်၊ အဲ့ဒါကတော့ လူထုရယ်၊ ၈၈ မျိုးဆက်ကျောင်းသားတွေရယ်၊ မျိုးဆက်ကျောင်းသား မိတ္ထီလာခရိုင်ရယ် ခြံရံပြီးတော့သွားပါတယ်၊ နောက်တစ်သုတ်ကိုတော့ ရဲတပ်ဖွဲ့က ခြံရံပြီးတော့သွားပါတယ်"

နည်းပညာတက္ကသိုလ်နဲ့  မိတ္ထီလာတက္ကသိုလ်ကိုလဲ ပိတ်လိုက်တယ်လို့ သိရပါတယ်။

အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေဟာ မနေ့က ညနေပိုင်းမှာမှ ရပ်တန့်သွားပြီး အသေအပျောက်ဦးရေ တိုးလာနိုင်တယ်လို့  မြို့ခံတွေက ပြောနေကြပါတယ်။

အာဏာပိုင်တွေက လုံခြုံရေးတိုးပြီး ကင်းလှည့်နေကြပေမယ့် မြို့ခံတွေဟာ ကိုယ့်အိမ်၊ ကိုယ့်လမ်း၊ ကိုယ်လုံခြုံရေး ယူနေကြတယ်လို့ ဆိုပါတယ်။

စိုးရိမ်ထိတ်လန့်နေတဲ့ ခရိုင်အားကစားကွင်းက မူစလင်ဒုက္ခသည်တွေအတွက်လဲ စားနပ်ရိက္ခာလိုလာမယ်လို့  သိရပါတယ်။

မိတ္ထီလာမြို့က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မိတ္ထီလာခရိုင် ဥက္ကဌ ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ပြီးခဲ့တဲ့ နာရီပိုင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
RFA Burmese

လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာအစိုးရ စုံစမ်းစစ်ဆေးဖို့ ကုလ တိုက်တွန်း

မြန်မာအစိုးရအနေနဲ့ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အများအပြားရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့လိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မနေ့က ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

အဲဒီလူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းရေးအဖွဲ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိဖူးလို့ပြောဆိုတဲ့ သတင်းမှန်သမျှကို လွတ်လပ်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးရမယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ကြာသပတေးနေ့ ဆုံးဖြတ်ချက်မှာ ဖေါ်ပြထားပါတယ်။

ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ အကျဉ်းစခန်းတွေရဲ့အခြေအနေတွေနဲ့ အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ညှင်းပန်းမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကို မြန်မာအစိုးရက အသေအချာ စုံစမ်းစစ်ဆေးဖို့လည်း လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မနေရာဒေသ ပြောင်းရွေ့ခိုင်းမှုတွေ၊ လယ်မြေယာမြေ သိမ်းပိုက်မှုတွေ၊ မုဒိမ်းမှုအပါအဝင် အနိုင်ကျင့်စော်ကားမှု၊ လူမဆန် နှိမ့်ချဆက်ဆံမှုတွေ ရှိနေဆဲပဲဆိုတဲ့ သတင်းတွေအတွက် အထူးစိုးရိမ်ပူပန်ကြောင်းဖြင့်လည်း ကုလဆုံးဖြတ်ချက်မှာ ဖေါ်ပြထားပါတယ်။

EU ဥရောပသမဂ္ဂက ကမကထပြုတင်သွင်းတဲ့ အဲဒီအဆိုပြုချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံက တညီတညွှတ် ထောက်ခံပြဌာန်းခဲ့တယ်လို့ သိရပါတယ်။

ဂျနီဗာမြို့ ကုလသမဂ္ဂရုံးဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးမောင်ဝေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က အခုလိုစုံစမ်းစစ်ဆေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ယေဘူယျအားဖြင့် လက်ခံပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လက်မခံနိုင်ကြောင်း၊ အဲဒီစွပ်စွဲချက်တွေဟာ မြန်မာပြည်ရဲ့ လက်ရှိပကတိ အခြေအနေတွေနဲ့ ကိုက်ညီခြင်းမရှိကြောင်း တုံ့ပြန်ပြောဆိုတယ်လို့ သိရပါတယ်။
RFA Burmese

NLD တွင်နေရာမရလိုက်သူများအတွက် စိတ်မကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

NLD တွင် အနှစ် ၂၀ ခန့်တာဝန်ထမ်းဆောင်လာခဲ့ပြီး နေရာမရခဲ့သူများအတွက် စိတ်မကောင်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

" NLD မှာ အနှစ် ၂၀ လောက်လုပ်လာပြီး နေရာမရလိုက်တဲ့သူတွေအတွက် စိတ်မကောက်းပါဘူး။ သူတို့ရဲ့ သစ္စာရှိမှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ သစ္စာရှိတိုင်း လုပ်ရည်ကိုင်ရည်နဲ့ တခြားစီပါပဲ။ သူတို့က အဖွဲ့အစည်းနဲ့လုပ်ရတဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ မကျွမ်းကျင်လို့ပါ။ သူတို့ရဲ့သစ္စာရှိမှုကို အသိအမှတ်ပြုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
Messenger News Journal

မိထ္ထီလာမြို့၂၂ရက်နေ့မြင်ကွင်း (ဓါတ်ပုံသတင်း)

မိထ္ထီလာမြို့ရှိ ချမ်းအေးရပ်ကွက်မတ်လ ၂၂ရက်နေ့က မီးလောင်နေစဉ်
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ






မိထ္ထီလာမြို့ပဋိပက္ခမှာ ဆူပူမှုကို အခွင့်ကောင်း ယူဖန်တီး သူများကြောင့် ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြော

မိထ္ထီလာမြို့တွင် မတ်လ၂၀ရက်မှ ယနေ့အထိ ဖြစ်ပေါ်နေသော လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများကို ရဲတပ်ဖွဲ့များ၊ လုံခြုံရေးဝန်ထမ်းများမှ နိုင်နင်းစွာထိန်း သိမ်းနိုင်ခြင်းမရှိခြင်းမှာဆူပူမှုကို အခွင့်ကောင်း ယူဖန်တီး သူများကြောင့် ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

လက်ရှိအချိန်တွင် မိထ္ထီလာမြို့တွင်း၌ မြို့ခံများမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရပြီး မြို့၏ပဋိပက္ခကို သတင်းလာရောက်ရယူသော သတင်းထောက်အချို့မှာ ခြိမ်းခြောက်ခံရခြင်း၊ မြို့တွင်းပိတ်မိနေခြင်းတို့ ကြုံတွေ့နေရကာ လုံခြုံရေးအခြေအနေ အားနည်းမှုကြောင့် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအပေါ် ဝေဖန်မှုထွက်ပေါ်လျှက်ရှိသည်။ အကြမ်းဖက်မှုများ နိုင်နင်းအောင် ထိန်းသိမ်းနိုင်ခြင်း မရှိခြင်းမှာရဲအင်အား မလုံလောက်ခြင်းက အဓိကမကျဘဲ လူဦးရေ ခြောက်သိန်းခန့်ရှိသည့် မြို့ကြီးကိုတည်ငြိမ်အောင် ထိန်းသိမ်းရသည်မှာ မြို့ခံများကိုယ်တိုင်၏ ပူးပေါင်းပါဝင်မှု၊ တရားဥပဒေစိုးမိုးမှုအပေါ်လိုက်နာမှု အဓိကကျကြောင်း ဦးရဲထွဋ်က ပြောသည်။

“ခုဟာက ရဲက မြောက်သွားရင် တောင်က လုတယ်။ တောင်သွားရင် မြောက် ကလုတယ်။ အဲဒီလိုဖြစ်နေတယ်။ အဓိကက ရဲအင်အားမလုံလောက်တာမဟုတ်ပါဘူး။ လူဦးရေ လေးငါးခြောက်သိန်းလောက်ရှိတဲ့ မြို့ကြီးကို ကာကွယ်ဖို့က လူတွေကိုယ်တိုင်က မဆူချင်မပူချင်မှရတာ။ ခုဟာက ကျွန်တော်တို့ သိရသလောက် လုချင်ယက်ချင်တဲ့ သူက များနေတယ်”ဟုပြောသည်။

“သတင်းထောက်တွေကိုလည်း ဓာတ်ပုံရိုက်ရင် ရန်ရှာတယ်လို့ သတင်းတွေကြားထားပြီးပြီ။ အဲဒီလိုလူမျိုးတွေရှိတဲ့ နေရာမှာရဲတွေအလုပ်လုပ်ရတာ ဘယ်လောက်ခက်လဲ စဉ်းစားကြည့်ပါ”ဟု ဦးရဲထွဋ်က ပြောသည်။

လက်ရှိအချိန်တွင် မိထ္ထီလာမြို့၌ ရဲတပ်ရင်းသုံးရင်း၊ မိထ္ထီလာမြို့တောင်ဘက်ရမည်းသင်းခရိုင်မှ ရဲတပ်ဖွဲ့များ၊ ရမည်းသင်း ရဲသင်တန်းကျောင်းမှ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအပြည့်ယူထားကြောင်း ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။ မတ်လ ၂၂ ရက်(ယနေ့)တွင် ထပ်မံဖြစ်ပွားခဲ့သည့် ပဋိပက္ခအခြေအနေ သတင်းများကို ယနေ့ညနေ မြန်မာ့ရုပ်မြင်သံကြားသတင်းများတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့နေ့လည်ပိုင်းမှ စတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တုတ်၊ဓား ကိုင်ဆောင်ထားသူများထံမှ တုတ်ဓားများကို သိမ်းဆည်းနေပြီး လုံခြုံရေးအတွက် တင်းကြပ်စွာ ဆောင်ရွက်နေကြောင်းမိတ္ထီလာမြို့မှ သတင်းထောက်က သတင်းပေးပို့သည်။
7Day News Journal

မိတ္ထီလာမြို့မှာ အဓိကရုဏ်းတွေ ပြန်ဖြစ်

မတ်လ ၂၀ ရက်နေနဲ့ ၂၁ ရက်ညနေအထိ နှစ်ရက်ကြာ ဖြစ်ပွားပြီး အနည်းငယ်ငြိမ်သက်သွားတဲ့ မိတ္ထီလာမြို့မှာ ဒီကနေ့ မနက် ၅ နာရီကစပြီး မီးလောင်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်လို့ RFA ကစုံစမ်းသိရပါတယ်။

ဒီမီးလောင်ကျွမ်းမှုတွေဟာ ရန်ကုန်-မန္တလေးကားလမ်းမဘေး၊အဝေးပြေးကားဝင်း အနီးက သီရိမင်္ဂလာရပ်ကွက်မှာ ဖြစ်ပွားနေတာလို့ မိတ္ထီလာမြို့နယ်မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။

"ပြည်သူတစ်ချို့က သောင်းကျန်းနေတာပါ။ရဲတွေလည်း ထိန်းဖို့ကြိုးစားနေတယ်"လို့ မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးက ပြောပါတယ်။
RFA Burmese

မိတ္ထီလာမြို့မှပဋိပက္ခများနှင့်ငြိမ်းချမ်းရေးတရားဟောပြောမှုမြင်ကွင်း

မိတ္ထီလာ၊ မတ် ၂၁။
ယမန်နေ့မှစတင် ဖြစ်ပွားသော မိတ္ထီလာမြို့ရှိ ပဋိပက္ခများအား နှစ်ဦးနှစ်ဖက် ပြေလည်မှုများ ရရှိစေရန် ရွှေညဝါဆရာတော်၊ ဆရာတော်ဦးဝီရသူနှင့် ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့နံနက် ၈နာရီခွဲခန့်မှ စတင်၍ ငြိမ်းချမ်းရေးတရားများ လှည့်လည်ဟောပြောခဲ့ကြသည်။
ထိုသို့ဟောပြောကြစဉ် အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်ပါက စစ်အာဏာရှင် လက်အောက်သို့ ပြန်လည်ရောက်ရှိ သွားနိုင်သောကြောင့် မိမိတို့အိမ်သို့ အေးအေးချမ်းချမ်း ပြန်၍ ဖြစ်ပျက်သမျှ အမှားများအား ဥပဒေအကြာင်းအရသာ ဖြေရှင်းသွားကြရန် တိုက်တွန်းပြောကြားခဲ့ကြသည်။
ဝေယံ
The Myanma Age








မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ် (၄)

မန္တလေး မတ်(၂၁)
၂၁-၃-၂၀၁၃-ရက်နေ့ မွန်းတည့် (၁၂း၀၀)နာရီခန့်တွင် ပုလိပ်ကားကြီး (၆)စီးဖြင့် မွတ်ဆလင်များ ကယ်ထုတ်တင်ဆောင် သွားသည်ကိုတွေ့ရ။ ဘယ်ရပ်ကွက်ကမှန်း မသိရ။

မွန်းလွဲ(၁၂း၃၀)နာရီခန့်တွင် နာရီစင်ဘက်မှ ဆိုင်ကယ်များ အမြန်မောင်းနှင်လာ။ ကုလားတွေ နာရီစဉ်ဘက် ချီတက်လာပြီး။ ဗမာတွေကို ဓားတွေနှင့်လိုက် ခုတ်နေပြီဟု အော်ပြောသွား။ ဓာတ်တိုင်တွေ ခေါက်ပြီး အချက်ပေးကြ။ လုံခြုံရေးတွေ တောင်းကြ။ ဆိုင်ကယ်ဖြင့် သွားကြည့်ခိုင်းရာ ဘာမျှမတွေ့ရ။

ကားကြီးဝင်းအနီး သီရိမင်္ဂလာ(ခ)ရပ်ကွက်တွင် မူဆလင်များက သူ့အိမ်သူ မီးရှို့ပစ်၊ ဗမာများက ဓားနှင့်လိုက်ခုတ်။ ဗမာကောင်မလေး နှစ်ယောက် ဓားခုတ်ခံရ။ အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ပစ်ကြ။ မွတ်ဆလင်များရာ ရပ်ကွက်တွေမှ ဗမာအိမ်များ မီးရှို့ခံနေရချိန်တွင် ဗမာများကလည်း မွတ်ဆလင်များအိမ်ကို မီးရှို့ပစ်ကြ။ မွတ်ဆလင်ပိုင် အိမ်များကို မီးလိုက်ရှို့နေ။ မွတ်ဆလင်ပိုင် နှင်းပုလဲ တည်းခိုခန်း မီးထဲပါသွား။

ဦးရာလူစနစ်ဖြင့် မီးရှို့နေ။ မီးခိုးလုံးများကို မြင်နေရ။ ညနေ(၆း၁၀)နာရီတွင် ချမ်းအေးရပ်ကွက်မှ မူဆလင်များ ကိုယ့်အိမ်ကို မီးရှို့ပစ်ကြ။ စာရင်းစစ်ရုံး၊ ပညာရေးရုံးများလည်း မီးထဲပါသွား။

ညနေ(၆း၃၀)နာရီတွင် အလံဖြူထောင်ထားသော မူဆလင်တန်းကြီး သီရိမင်္ဂလာ(ခ)ရက်ကွက်မှ ထွက်လာ။ ကလေးငယ်များ၊ အမျိုးသမီးများ၊ အဖိုးအဖွားများ ရှေ့တန်းမှာဦးဆောင်လာကြ။ အရွယ်အမျိုးစုံ အမျိုးသားများလည်း အနည်ငယ်ပါ။ အားလုံး ခေါင်းပေါ်လက်တင်လာကြ။ အသက်(၆၀)အရွယ် အဖိုးကြီးများလည်းပါ။ ထိုင်ပါရစေ၊ ထိုင်ပါရစေ၊ အော်ဟစ်ငိုယို တောင်းပန်သူများလည်းရှိ။

အလံဖြူထောင် အဖွဲ့ကြီးသည် မြနန္ဒာတိုက်နှင့် ကြေနန်းစာတိုက်ကြားရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင်ခိုင်းထား။ လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မပါကြကြောင်း အစစ်ဆေးခံကြ။ ထိုင်နေသော လူတန်းကြီးသည် စာတိုက်ရှေ့မှ တောင်ဘက် မီးပွိုင့်ထိ ရှည်ကြောင်း၊ ဦးရေတစ်ထောင်ကျော် ရှိသည်ဟု ခန့်မှန်းရ။ ခရိုင်အားကစားကွင်းထဲမှာ ဒုက္ခသည်စခန်းဖွင့်ပေးထား။

ညနေ(၉း၀၀)နာရီထိ သံချောင်းခေါက်သံများ ဆူညံနေသေး။
Wira Thu
ဆရာတော် အရှင် ဝီရသူ

သိရိမင်္ဂလာရပ်ကွက်မှ အစ္စလာမ်ဘာသာဝင်များကို မိတ္ထီလာ ခရိုင်အားကစားကွင်းအတွင်းသို့ပို့ဆောင်ပေးနေစဉ်

မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်အတွင်းမှ အစ္စလာမ်ဘာသာဝင် ကလေး လူကြီးများအား မိတ္ထီလာ ခရိုင်အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက် အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးနေစဉ်
Eleven Media Group





မီးရှို့ရန်လာရောက်သူ ဘင်္ဂလီများအား ယနေ့အထိ အရေးယူခြင်းမရှိသေး

မောင်တောမြို့ ဗိုလ်မှုးရွာ ရပ်ကွက်သို့ မီးရှို့ရန်လာရောက်သူ ဘင်္ဂလီများအား အရေးယူပေးရန် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြတိုင်ကြားခဲ့သော်လည်း ယနေ့ အထိ အရေးယူခြင်းမရှိသေးဟုဆို။

အဆိုပါ အကြမ်းဖက်သူများသည် မောင်တောတွင် ကောင်းမွန်စွာ သွားလာ နေ ကြဆဲဖြစ်ကြောင်းသိရှိရပါသည်။ ထိုသို့ အစိုးရမှ တာဝန်မယူခြင်း သည် ပဋိပက္ခ ဖြစ်ခြင်းကို အားပေးနေသကဲ့သို့ ဖြစ်နေသည်ဟုလည်းသိရ သည်။ ဒေသခံများက မကျေမနပ်ဖြစ်လျက်ရှိပါသည်။
RSV

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com