http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယနေ့ (3-18-2013) online ပေါ်မှ သတင်းဓါတ်ပုံများ











































နေပြည်တော်ဇမ္ဗူသီရီတွင် အိမ်သာအတွင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးမှုဖြစ်ပွား


နေပြည်တော်- မတ် ၁၈
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊တိုက်အမှတ်(၄၃၁၇)၊ အခန်းအမှတ်(၂၃)တွင် မတ်၁၇ရက်ကမီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်သာအတွင်း အမျိုးသမီးတစ်ဦးမီးလောင်သေဆုံးနေသည်ကိုတွေ့ရကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့သတင်းအရ နေပြည်တော် အမှတ်(၉)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာသတင်းနှင့်နည်းပညာဝန်ကြီးဌာန၊ ဗဟိုစာတိုက်ကြီးမှ ဦး---၏ဇနီးဖြစ်သူ ဒေါ်----(၃၃)နှစ်အား နေအိမ်တိုက်ခန်း အိမ်သာအတွင်းမီးလောင်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း၊ ခင်ပွန်းဖြစ်သူ ဦး--မှာ ဇနီးသည် မီးလောင်နေသည်ကို
ငြှိမ်းသတ်စဉ် ၀ဲ/ယာလက်တို့တွင် မီးလောင် ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့အပ်ခဲ့ကြောင်းသိရသည်။

နေပြည်တော်အမှတ်(၉) ရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာဇနီးဖြစ်သူ ဒေါ်---မှာ နေအိမ်၌ ဈေးဆိုင်/ လက်လီဖွင့်လှစ်ရောင်းချပြီး ငွေကြေးလိုအပ်နေသဖြင့်လွန်ခဲ့သောတစ်ပတ်ခန့်က ငွေကျပ်(၆၅၀၀၀၀ိ/-)အား ပြင်ပမှချေးယူပေးခဲ့ကြောင်း၊အခင်းဖြစ်နေ့ တွင် ရေလောင်းအိမ်သာခန်း အတွင်းမှ အသံများကြားရသဖြင့် တံခါးအားဆောင့်ဖွင့်ရာမီးတောက်များ အခန်းအပြင်သို့ထွက်လာပြီးဦး--၏လည်ပင်း၊ ရင်ဘတ်၊ ယာဘက်ခြေထောက်နှင့် လက်နှစ်ဘက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊
၎င်း၏ အော်ဟစ်အကူအညီတောင်းခံမှုကြောင့်နေအိမ်တိုက်ခန်းနေထိုင်သူများမှ မီးသတ် ဆေးဗူးများဖြင့်ရောက်ရှိလာပြီး ၀ိုင်းဝန်းမီးငြှိမ်းသတ်သဖြင့် မီးငြိမ်းသွားခဲ့သည်။

ဒေါ်---မှာ ရေလောင်းအိမ်သာခန်း အနောက်ဘက်နံရံတွင် ခေါင်းမှီ၍ မီးလောင် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့်တိုက်အုပ်ဖြစ်သူက အမှတ်(၉)ရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် သေဆုံးသူ ဒေါ်--မှာ ပျဉ်းမနားမြို့၊ ကျောက်တော်ရပ်ကွက်ဇာတိဖြစ်ပြီး၎င်းတို့တွင် အသက်(၅)နှစ်အရွယ်ခန့်ရှိ သားတစ်ဦး ရှိကြောင်း၊
၎င်းတို့လင်မယားရန်ဖြစ်သည်ကို တွေ့မြင်ကြားသိခဲ့ရခြင်းမရှိကြောင်း ပတ်ဝန်းကျင် သက်သေများ၏ ပြောပြချက်အရ သိရှိရပြီးမှုခင်းဆရာဝန်ကြီး၏ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ ဒေါ်ခင်သန်းထွေးတွင် မီးလောင်ဒဏ်ရာမှအပအခြားဒဏ်ရာများ တွေ့ရှိရခြင်းမရှိကြောင်းနှင့် မသေဆုံးမီ အသက်ရှူလမ်းကြောင်းမှတဆင့် အဆုတ်ထဲသို့ မီးခိုးငွေ့များဝင်ရောက်ပြီးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။ t
 Popular Myanmar News Journal

ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့အရေး


RFA Burmese
ထိုင်းမြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့အရေး အလားလာတွေနဲ့ ပတ်သက်လို့ မယ်လဒုက္ခသည်စခန်းကို သွားရောက်သတင်းရယူခဲ့တဲ့ RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

ဂဏ၀ါစကကွန်ယက် သံဃာတော်များ ရခိုင်ပြည် ကျောက်ဖြူမြို့တွင်၉၆၉ ဓမ္မသဘင်ကျင်းပပြုလုပ်မည်

မော်လမြိုင်မြို့ ဂဏ၀ါစကကွန်ယက် သံဃာတော်များ ရခိုင်ပြည်ကျောက်ဖြူမြို့သို့ကြွရောက်ပြီး ၉၆၉ ဓမ္မသဘင်ပွဲကို ကျောက်ဖြူမြို့မူလာရာမ ကျောင်းတိုက်ဝင်းအတွင်း ၂၀၁၃-မတ်လ ၂၁ ရက် ကြာသပတေးနေ့ည ၇း၀၀ မှ ၉း၃၀ နာရီထိ ကျင်းပပြုလုပ် သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဓမ္မသဘင်ဆင်ယင်ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကိုပြုလုပ်နိုင်ရန်သံဃာတော်များ၊ ကျောင်းတကာ/မများနှင့် လူငယ်များက တာဝန်ခွဲဝေမှုများအစည်းအဝေးကို မတ်လ ၁၇ ရက်မွန်းလွဲ ၂း၀၀ နာရီက မူလာရာမကျောင်းတိုက်တွင်း ၁း၀၀ နာရီကြာ ဆွေးနွေးပြီး လူဦးရေအလိုက် တာဝန်ခွဲဝေ ခဲ့ကြကြောင်သိရှိရသည်။

တာဝန်ခွဲဝေမှုများမှာ ဂဏ၀ါစကကွန်ယက် သံဃာတော်များ ကြွရောက်လာစဉ်ကြိုဆိုဧည့်ခံရေး၊ သာသနာ့ အလံကိုင်အဖွဲ့၊ ကျွေးမွေးဧည့်ခံရေးအဖွဲ့၊ရန်ပုံငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေအဖွဲ့၊ ရုပ်သံမှတ်တမ်းအဖွဲ့၊လျှပ်စစ်မီးသွယ်တန်းရေးအဖွဲ့၊ သံဃနာယကဥက္ကဌဆရာတော်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များအားဓမ္မသဘင်ဆင်ယင်ကျင်းပနိုင်ရေးအတွက်အကြံပြုဆွေးနွေးရေးအဖွဲ့တို့ဖြစ်ကြောင်း သိရှိရသည်။
RSV

လူထု စီးပွားရေး ချို့ယွင်းလာမှုကြောင့် အနုပညာလောကသည်လည်း ယိုယွင်းလာခြင်းဖြစ်သည်ဟုသီးလေးသီးမှဆို

ရန်ကုန်၊ မတ် ၁၈။
ယခုလက်ရှိ အနုပညာလောကအတွင်း လူထု စီးပွားရေး ကျပ်တည်းမှုကြောင့် အချို့သော လုပ်ငန်းများသည် ရပ်ဆိုင်းထားရသည်အထိ ယိုယွင်းလာကြပြီး အဓိက အခြေခံမှာ ငွေ
ကြေး ကျပ်တည်းမှုများကြောင့် ဖြစ်သည်ဟု သီးလေးသီး အဖွဲ့မှ ဂေါ်ဇီလာက မြန်မာ့ခေတ်သို့ ပြောကြားသည်။

လူထုအတွင်း ငွေကြေးကျပ်တည်းခြင်း၊ နေ့စဉ် အချိန်နှင့်အမျှ စားဝတ်နေရေးအတွက်သာ ရုန်းကန် နေရခြင်းတို့ကြောင့်အနုပညာအပေါ် အာရုံစိုက်မှု အားနည်းလာပြီး အနုပညာ လုပ်ငန်းအချို့သည်လည်း တဖြည်းဖြည်း ရပ်ဆိုင်းလာရကြောင်းသိရသည်။

"အားလုံးပြောနေကျတာတော့ အရည်သွေး မကောင်းလို့၊စက်ကရိယာ မကောင်းလို့၊ ဒီဘက်က လုပ်ရည်၊ ကိုင်ရည်၊စွမ်းရည် မကောင်းလို့လို့ အားလုံးက အခြေခံသုံးသပ်ကြတယ်။ ကျွန်တော့်အနေနဲ့ သုံးသပ်ကြည့်ရမယ်ဆိုရင် အဓိကဒီဟာတွေပျက်ဆီးခြင်းရဲ့ အကြောင်းအရင်းက လူထုမှာ ပိုက်ဆံမရှိတာ။သူတို့မှာ ကိုယ်ပိုင် ပိုက်ဆံ များလာတဲ့အခါမှာကိုယ်ပိုင် အချိန်လေးတွေ ရှိလာတဲ့ အခါကျတော့ ဒါလေးတွေ ကြည့်နိုင်တယ်။လူထုမှာ ပိုက်ဆံလည်း မရှိ၊ ကိုယ်ပိုင်အချိန်လည်း မရှိတဲ့ အခါကျတော့ ဒီဟာကို သူတို့အားမပေးနိုင်တော့ဘူး။ သူတို့ရဲ့ စားဝတ်နေရေးကို လုံးပန်းနေရတဲ့ အတွက် ကျွန်တော်တို့ရဲ့ဖျော်ဖြေတင်ဆက်မှု၊ အနုပညာလုပ်ငန်းတွေ အားလုံးသည် ပြုတ်ကျကုန်တာပဲ" ဟု ဂေါ်ဇီလာက ပြောကြားသည်။

၎င်းတို့ သီးလေးသီးအဖွဲ့သည် ယခုအချိန်တွင် အစိုးရသစ်လက်ထက်၌ ပထမဆုံး ပြည်တွင်း၌ ပြန်လည် ကပြဖျော်ဖြေမည့် သီးလေးသီးနှင့် မြပုဏ္ဍမာ အငြိမ့်ကို စီစဉ်လျက်ရှိပြီး အ
ဆိုပါ ပွဲနှင့် ပတ်သက်၍ "သူများနဲ့ မတူအောင် တမူထူးရှားမယ်။ဘယ်သူမှ မလုပ်နိုင်တဲ့ အရာတစ်ခုကို ကိုဇာဂနာက လုပ်တတ်တဲ့ အကျင့်ရှိတယ်။ အငြိမ့်ဆိုတာ ဒါပါလား။ အငြိမ့်ဆိုတာလူတိုင်းကို စိတ်ဝင်စားအောင် လုပ်ပြရတယ်။ စိတ်ဝင်စားအောင် ကြည့်ကြရတယ် ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ လုပ်ကြည့်တာပါ။ အငြိမ့်ကြည့်မယ်ဆို တစ်ခါလာလည်း လူရွှင်တော်နဲ့ မင်းသမီးကမယ်၊ လူရွှင်တော်တွေ ပျက်မယ်။ ဒီပျက်လုံးတွေပဲ။အခုက တစ်မူထူးရှားမယ်။ အကပြောင်းမယ်၊ ဟန်ပန်ပြောင်းမယ်၊ ပျက်လုံးပြောင်မယ်။ ပြည်သူလူထုက အငြိမ့်ဆိုတာကို စိတ်ဝင်စားလာအောင် ဖော်ထုတ်တဲ့ ပွဲလို့ ပြောလို့ရပါတယ်" ဟု ဆက်လက် ပြောကြားခဲ့သည်။

"ဒီပွဲပြီးရင် ဒီပွဲ အခြေအနေရလဒ်ကို ကြည့်ပြီးတော့ ဖျော်ဖြေမှုအစီစဉ်ကို ဆက်လက်ပြီး ပြည်တွင်းမှာ ကသင့်ရင်ကမယ်၊ ပြည်ပမှာ ထွက်ကသင့်ရင်ကမယ်" ဟုလည်း ပြောကြားခဲ့သည်။
အိအိ
The Myanma Age

ကယားပြည်နယ်မှသတ္တုသန့်စင်စက်ရုံတည်ဆောက်ရေးအတွက်ကုမ္မဏီနှင့် ဒေသခံများ သဘောတူညီချက်ရရှိ

လွိုင်ကော်၊ မတ် ၁၈။
ကယားပြည်နယ်၊ ဖရူးဆိုးမြို့ မူဆိုကျေးရွာအုပ်စုတွင်သိန်းမျက်လုံး ကုမ္မဏီနှင့် Business Support Myanmarကုမ္မဏီတို့ ပူးပေါင်းပြီး ခနောက်စိမ်းသတ္တုသန့်စင် စက်ရုံတည်ဆောက်မည့် စီမံကိန်းအား မတ်လ ၁၈တွင် ဒေသခံများမှ သဘောတူညီလိုက်ကြောင်း သိရသည်။

အဆိုပါစက်ရုံ ဆောက်လုပ်မည့်နေရာတွင် စိမ့်စမ်းရေထွက်ပေါက်နှင့် ရေချောင်းများ တည်ရှိနေခြင်းအတွက်ရေအရင်းအမြစ်များ ပျက်စည်းဆုံးရှုံးမည်ကို စိုးရိမ်သဖြင့်ဒေသခံများမှ ကန့်ကွက်ခဲ့သော စီမံကိန်း တစ်ခုဖြစ်သည်။

စက်ရုံဆောက်လုပ်ရေးအား ဒေသခံများမှ သဘောတူရန်အတွက် သိန်းမျက်လုံး ကုမ္မဏီနှင့် Business SupportMyanmar ကုမ္မဏီတို့မှ လာရောက်ညှိနှိုင်းခဲ့သည်မှာ (၈)ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယနေ့ ဖရူးဆိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်သော ဒေသခံများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲတွင် စက်ရုံ ဆောက်လုပ်ရန်
အတွက် ဒေသခံများနှင့် ညှိနှိုင်း သဘောတူညီချက် ရရှိခဲ့ကြောင်း သိမ်းမျက်လုံး ကုမ္မဏီ ဒါရိုက်တာ အဖွဲ့ဝင် ဦးမြင့်မောင်မောင်ကပြောကြားသည်။

“ကျွန်တော်တို့ ဒီစက်ရုံဆောက်ဖို့ကို ပြည်သူလူထု အနေနဲ့သဘောပေါက်အောင် အရင်ဆုံး ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခဲ့ပါတယ်။ KNPPနဲ့ဆွေးနွေးတော့လည်း သူတို့က ပြည်
သူက သဘောတူရင် သူတို့ဘာမှ သဘောမတူစရာ မရှိဘူးပြောခဲ့ပါတယ်။ ဒီနေ့တော့ လူထု သဘောတူညီမှု ရရှိသွား တဲ့အတွက် ဒေသအတွက်ရော ကုမ္မဏီ အတွက်ပါ အကျိုးရှိ
တဲ့အတွက် ၀မ်းသာပါတယ်” ဟုသိမ်းမျက်လုံးကုမ္မဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်မောင်မောင်က ပြောကြားသည်။

ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ KNPP သည် ဒေသတွင်း သြဇာရှိသော လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး မကြာသေးမီကအစိုးရနှင့် အပစ်အခတ် ရပ်စဲရန် သဘောတူထားသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ဖရူးဆိုးမြို့နယ် အတွင်းရှိ အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ရေးတွင် သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရေး ဆောင်ရွက်နေသည့် ခိုလေဆို လယ်သမားအဖွဲ့မှ ဦးသဲရယ်က “ကျွန်တော်တို့ဘ၀မှာ တန်းမြင့်(၁၄) သင်တန်းကျောင်း ဆောက်တုန်းကဘုမသိ ဘမသိနဲ့ လယ်တွေ ယာတွေ အသိမ်းခံရလို့ စိတ်ထိခိုက်ခဲ့ရ ဖူးပါတယ်။ အခုတည်ဆောက်မယ့် ကုမ္မဏီက အခုလို ပွင့်ပွင့်လင်းလင်း ပြည်သူနဲ့ ညှိနှိုင်းတဲ့ အတွက်တော့ ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဘက်ကလည်း သဘောတူညီချက်တွေ ပံ့ပိုးမှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့တွေပါ ဖွဲ့ပေးမယ် ဆိုတော့ ပိုပြီး လက်ခံပါတယ်။ ဒေသရဲ့ဖွံဖြိုးမှု ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လန်းလာမယ် ဆိုရင်တော့ ဒီ စီမံကိန်းကို သဘော တူပါတယ်။”ဟု ပြောကြားခဲ့သည်။

စက်ရုံတည်ဆောက်ချိန်နှင့် စက်ရုံတည်ဆောက် ပြီးစီးလည်ပတ်ချိန်အထိ သိန်းမျက်လုံး ကုမ္မဏီ နှင့် BusinessSupport Myanmar ကုမ္မဏီတို့မှ ဒေသတွင်း ကျေးရွာ ရပ်ကွက်များမှ ရွေးချယ်ထားသော စစ်ဆေးရေး ကော်မတီ(၅)ဖွဲ့ကို ဖွဲ့စည်းပေးရမည်ဖြစ်ပြီး အဆိုပါ အဖွဲ့များမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိ/မရှိနှင့် ဒေသအတွက် အမှန်တကယ် အကျိုးရှိ/မရှိကို လေ့လာစောင့်ကြည့်သွားမည် ဖြစ်ကြောင်းသိရသည်။

ယနေ့ပြုလုပ်သော တွေ့ဆုံပွဲတွင် ကုမ္မဏီ တာဝန်ရှိသူများနှင့်ဒေသခံများ ရပ်မိရပ်ဖများ အုပ်ချုပ်ရေးမှူးများမှ ဆွေးနွေးညှိနှိုင်းခဲ့ပြီး စက်ရုံ တည်ဆောက်ရေးအား အများဆန္ဒဖြင့်
သဘောတူ ခဲ့ကြောင်း သိရသည်။
ခက်ဇော်
The Myanma Age

ကံသာယာကျေးရွာမှ တရားခံအစစ်မှန်ဖော်ထုတ်ရန် နိုင်ငံတော်သမ္မတနှင့် ဌာနဆိုင်ရာများသို့ တောင်းဆို

ရန်ကုန်၊မတ် ၁၈။
ပဲခူးတိုင်းဒေသကြီး ၊ဟံသာဝတတီခရိုင် ၊မင်းလှမြို့နယ် ၊ကံသာယာကျေးရွာနေ ဦးဖိုးကြားအား မိသားစုနှင့် အတူအိပ်နေစဉ် ၂၅.၁.၁၂ ရက်နေ့ည ဆယ်နာရီ အချိန်တွင်
မျက်နှာဖုံးစွပ်များဖြင့် လူ(၃)ဦးက ကြိုတင်စီစဉ်ကာလုပ်ကြံ၍ သတ်ခဲ့သော်လည်း ယနေ့အချိန်ထိ အမှုမှန် မပေါ်ပေါက်သေးသောကြောင့် ပြစ်မှုကျူးလွန်သူ တရားခံ အစစ်မှန် ဖော်ထုတ်ပေးရန် နိုင်ငံတော်သမ္မတနှင့် ဌာနဆိုင်ရာများသို့ တိုင်ထားကြောင်း မွေးစားသားဖြစ်သူ ဦးဝင်ဦးက ပြောကြားသည်။

၎င်းအမှုဖြစ်စဉ်မှာ အိမ်တွင် သေဆုံးသူ ဦးဖိုကြားနှင့်ဇနီးဒေါ်စိန်ဝင်းကြည် မွေးစားသားဖြစ်သူ ဦးဝင်းဦးတို့ ရှိနေစဉ်တွင် မျက်နှာဖုံးစွပ်လူ(၃)ဦးက ၀င်ရောက်၍ သတ်ခဲ့ကြောင်း၊ ထို့ပြင် ဦးဝင်းဦးမှာလည်း ဒဏ်ရာရရှိ၍ ဆေးရုံသို့ တက်ခဲ့ရကြောင်း သိရသည်။ ထို့နောက် ဆေးရုံမှဆင်း၍ရဲစခန်းသို့ သွားရောက် တိုင်းကြားခဲ့ပြီးနောက် အမှုစစ်ရဲအုပ်(စခန်းမှူး)စစ် ကွင်းရဲစခန်း ဦးရီလွင် လ/၁၂၈၅၆၄ ကဦးဝင်းဦးကို လူသတ်တရားခံ အဖြစ် စွပ်စွဲကာ သာယာဝတီခရိုင် တရားရုံးသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ ထို့နောက် ခရိုင်တရားရုံးတော်မှ ၂၀၁၂ခုနှစ်တွင် ပြစ်မှုကြီး အမှတ်(၁၃)အရ လက်ခံကြားနာ စစ်ဆေးရာ သက်သေထွက်ချက်များ၊ သက်သေခံ ဆေးစာ အထောက်အထား ပစ္စည်း မခိုင်လုံသောကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂(၂)အရညိစွန်းမှု မရှိသည့် အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၈(၁)အရအမှုမှ အပြီးအပြတ် တရားသေလွှတ်ခဲ့ကြောင်း သိရသည်။ သို့သော် တရားခံ အစစ်ကိုမူယနေ့အချိန်ထိ မဖမ်းမိသေးသောကြောင့် စာတင်ထားရခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တာ် အချုပ်(၄)လကြပြီး ၆လပိုင်း ၈ရက်နေ့မှာ ပြန်လွတ်ပါတယ်။ ၆လပိုင်း ၁၆ရက်နေ့မှာ ဒီအမှုကို တိုင်ကြားထားတာပါ။ ကျွန်တော်တို့ အခုဆို အလုပ်တောင် ကောင်းကောင်း မလုပ်ရဲဘူး။ ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်။ ကျွန်တော်တို့က အမှုမှန် ပေါ်ပေါက်ပြီး တရားခံ အစစ်မှန်တွေကို အပြစ်ပေးစေချင်တာပါ" ဟု ပြောသည်။ ထို့ပြင် ယင်းအမှုတွင်အမှုမှန် မပေါ်ပေါက်အောင် ၎င်းအား နှုတ်ပိတ် ခံရမည်ကို စိုးရိမ်နေကြာင်းလည်း ဦးဝင်းဦးက ဆက်လက် ပြောကြားသည်။

၎င်းအမှုတွင် သက်သေအဖြစ် သိမ်းဆည်းထားသော ဓားမှာအသွားအရှည် ၄လက်မခန့်သာ ရှိပြီး သေသူဦးဖိုးကြား ညာဖက်လည်ပင်ရိုး ဒဏ်ရာမှာ အနက်၆လက်မခန့် ရှိကြောင်း
သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ခုနှစ် အောက်တိုဘာလ ၆ရက်နေ့မှ စတင်ကာ ပြည်ခရိုင် တပ်ဆွယ်CIDမှ ဆက်လက်၍ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ပိုင်လေး
The Myanma Age

စာနယ်ဇင်းကောင်စီ(ယာယီ)မှ ထုတ်ပြန်သည့်ဒုတိယဥပဒေမူကြမ်းအား သတင်းမီဒီယာသမားအများစု လက်ခံ

ရန်ကုန်၊ မတ် ၁၈။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ၂၀၁၃ခုနှစ်မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပုံနှိပ်ခြင်းနှင့် သတင်းမီဒီယာ ဥပဒေ ဒုတိယ မူကြမ်းသည် မီဒီယာသမားများအတွက် အမှန်တကယ် အကာအကွယ်ပေးမည့် ဥပဒေတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံ စာ နယ်ဇင်းကောင်စီ(ယာယီ)မှ အတွင်းရေးမှူးဖြစ်သူ The Voice Weekly ဂျာနယ်မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောကြားသည်။

"ဗမာပြည်မှာ ပြဿနာရှိနေတာက ဝန်ကြီးဌာနတွေမှာ ရှိတဲ့ဝန်ကြီးတွေဟာ အရင်ပုံစံအတိုင်းပဲ ကြည့်နေသေးတဲ့ ပြဿနာ၊နောက်ပြီး အီ လက်ထရောနစ် မီဒီယာကို နားမလည်သေးတာ။ ဒီတော့ အီလက်ထရောနစ် ဥပဒေ ထပ်ထွက်လာဦးမယ့် သဘောရှိတယ်။ ဒါကတော့ နောက်တဆင့် မီဒီယာတွေကို ချုပ်ကိုင်ချင်တာပေါ့။ အခုထုတ်လိုက်တဲ့ ဥပဒေကြမ်းက သတင်းမီဒီယာတွေကို အမှန်တကယ် ကာကွယ်တဲ့ဥပဒေကြမ်းဖြစ်တယ်။ ပြီးတော့ အီလက်ထရောနစ်မီဒီယာဥပဒေနဲ့ ပတ်သက်ပြီးလည်း ထည့်ထားတယ်" ဟု ၎င်းက ပြောကြားသည်။

ယင်းဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ထုတ်ပြန်ခဲ့သည်ဆိုသော်လည်း မီဒီယာသမားများ၊ ဥပဒေပညာရှင်များ၊ ထုတ်ဝေသူများ၊ ရုပ်ပြ၊ ကာတွန်း၊ ကဗျာ၊ စာရေးဆရာစသည့် နယ်ပယ်အသီးသီးမှ ပညာရှင်များ ဝိုင်းဝန်းဆွေးနွေးကာရေးဆွဲခဲ့သည့် ဥပဒေ မူကြမ်း ဖြစ်ကြောင်း၊ စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ စတုတ္ထမဏ္ဍိုင်နေရာမှ ရပ်တည်ပေးမည့် မီဒီယာများဖြစ်လာရန် အကူအညီပေးနိုင်မည့် ဥပဒေတစ်ရပ်ဖြစ်လာနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

"အခု ထုတ်လိုက်တဲ့ ဒုတိယမူကြမ်းက မီဒီယာသမားတွေ ရေးဆွဲတာ ဖြစ်တဲ့အတွက် မီဒီယာသမားတွေအတွက် အမှန်တကယ် အကာကွယ်ပေးမဲ့ ဥပဒေဖြစ်မယ်လို့ထင်တယ်"ဟု သတင်း လွတ် လပ်ခွင့်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုသာလွန်ဇောင်းထက်ကပြောကြားသည်။

ယင်းအပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် ပတ်သတ်၍မြန်မာနိုင်ငံ စာနယ် ဇင်း ကောင်စီ(ယာယီ) အနေဖြင့် ပြည်
ထောင်စု ၀န်ကြီးနှင့် မတ်လ ၂၃ရက်နေ့တွင် တွေ့ဆုံကာ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များအား ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်းနှင့် သတင်းမီဒီယာသမားအများစုလက်ခံသည့် ဒုတိယဥပဒေကြမ်းနှင့် စပ်လျဉ်း၍လည်း ထည့်သွင်းဆွေးနွေး သွားရန်ရှိကြောင်း သိရသည်။
ရည်မွန်
The Myanma Age

ဘုန်းဘုန်းက နို့ဗူးဖျော်

ဘုန်းကြီးတစ်ပါး နို့ဗူးဖျော်နေတာပါ
မသင့်တော်ဘူး မြင်သူရှိမယ် ….
မဖြစ်သင့်ဘူး မြင်သူရှိမယ် …
ဒါတွေခဏဘေးဖယ်ထားရအောင် ….

မန္တလေးမြို့ ၆၂လမ်း ဘုံပျံတောရကျောင်းဝန်းအတွင်းက အောင်မြင်ရတနာ မိဘမဲ့ကလေးကျောင်းမှာ မိဘမဲ့ကလေးပေါင်း ၁၈၂ ယောက်ရှိပါတယ်။ အငယ်ဆုံး လသားအရွယ်လေးကနေ၊ အကြီးဆုံး ဘွဲ့ရပညာတတ်တွေအထိရှိပါတယ်။ မိဘမဲ့ကျောင်းဆိုတော့ ကျောင်းပေါက်ဝမှာ လာထားသမျှ ကလေးမှန်သမျှ ကြီးကြီးငယ်ငယ် အကုန်လက်ခံမွေးပေးရတာပါပဲ။ လသားအရွယ်ကလေး နို့တိုက် ဖို့ သေးဝတ်လဲဖို့ ပုခက်လွှဲဖို့ ထိန်းကျောင်းဖို့ အားလုံးကို ဘုန်းဘုန်းတို့လုပ်ရပါတယ်။ ကလေးတွေကို ရင်နဲ့မခြား သားသမီးများပမာ တကယ်စောက့်ရှောက်ပေးနိုင်တဲ့ ဘုန်းကြီးတစ်ပါးပါ။ အစိုးရကျောင်းမှာ ကျောင်းသွားတက်ရင် မိဘမဲ့ကလေးဆိုပြီး အနှိမ်မခံရအောင် ကာကွယ်ပေးတယ်။ မျက်နှာမငယ်ရအောင် ကလေးတိုင်းကို ကျောင်းသွားခါနီးမုန့်ဖိုးပေးတယ်။ ကလေးတွေ တစ်ခုခု အဆင်မပြေလို့ ငိုပြီးပြန်လာရင် ဘုန်းဘုန်းကိုယ်တိုင် ကျောင်းကိုလိုက်တယ်။ ဖြေရှင်းပေးတယ်၊ ညှိနှိုင်းပေးတယ်၊ သူ့ကလေးတွေ လူတန်းစေ့နေနိုင်အောင် တတ်နိုင်သလောက်ကြိုးစားပေးတယ်။

နဂိုက ကလေးတွေအတွက် လှူမယ့်တန်းမယ့်လူသိပ်မရှိရှာဘူး။ တစ်ရက် မော်ဒန်ဂျာနယ်မှာ ဘုန်းဘုန်းအကြောင်းပါလာတယ်။ လူတွေစိတ်ဝင်စားပြီး လာလှူကြတယ်။ ဒါပေမယ့် ကျောင်းသားကများတော့ ဒီနေ့ဒီအချိန်အထိတော့ လိုအပ်ချက်တွေများနေတုန်းပဲ။ ဘာတွေလိုအပ်သလဲ မေးကြည့်မိတော့ …
- ဆပ်ပြာမှုန့်/ဆပ်ပြာခဲ
- သွားတိုက်တံ/သွားတိုက်ဆေး
- တံဘက်
- စာရေးကိရိယာ နှင့် ဗလာစာအုပ်
- ဆေးဝါး လိုပါတယ်တဲ့။

နေ့စဉ်စားဖို့သောက်ဖို့ လှူဒါန်းတဲ့လူတွေ ရှိပေမယ့် ဒီလိုအသေးသုံးတွေကျ လှူသူသိပ်မရှိလှဘူးလို့ ဘုန်းဘုန်းကဆိုပါတယ်။

ကလေးတွေဆိုတာ နောင်အနာဂတ်ရဲ့ ကြယ်ပွင့်တွေပါလေ။ မိဘမဲ့ဆိုတော့ ဘဝက ထိလွယ်ခိုက်လွယ် ရှာတယ်။ စိတ်ဓါတ်ကလေးတွေသာ အရောင်းပြောင်းသွားရင် သူတို့တစ်ဘဝလုံးအတွက်ရော နိုင်ငံ အတွက်ပါ နှမြောစရာဖြစ်သွားလိမ့်မယ်။ တတ်နိုင်သလောက် ဖေးမထွေးယူ လက်တွဲကူပေးနေသူတွေကို ကျွန်မတို့လည်း ဝင်ပြီးအားဖြည့်ရအောင် ဖိတ်ခေါ်ပါတယ်။
စိတ်ဝင်စားရင်တော့ ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံပါပဲ။

ကိုဝင်းမင်းဖြိုး(၀၉၉၁၀၀၉၀၄၇)
ကိုဗညားအောင်(၀၉၄၄၄၀၂၅၈၆၇)
မအိမွန်သင်းကြူ(၀၉၉၁၀၀၁၇၈၉)
မမေသူကျော်(၀၉၂၀၁၃၁၈၂)
သက်နောင် (၀၉၅၂၆၀၇၀၄)
FB-Ei Mon Thinn Kyu

ဒေါင်းကတဲ့နေ့ - မောင်စိန်ဝင်း

ဒေါင်းကတဲ့နေ့ - ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)
၂၀၁၃ခုနှစ် မတ်လ(၃)ရက်နေ့ ညပိုင်းက ဟောပြောသွားတဲ့ စာပေဟောပြောပွဲမှာ ဆရာ မောင်စိန်ဝင်း

လက်ကျန်နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ရှိ


18.03.2013
အရင်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသားလို့ အသိအမှတ်ပြု မခံခဲ့ရတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားစာရင်းကို အစိုးရသစ် တာဝန်ရှိသူတွေ အကူအညီနဲ့ စာရင်းပြုစုခဲ့ရာမှာ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ အရေအတွက်က ၂၀၀ နီးပါးရှိပြီး ပျောက်ဆုံးနေတာကလည်း ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုကျော်ထင် က သတင်းပေးပို့ထားပါတယ်။

လက်ကျန် နိုင်ငံရေး အကျဉ်းသားစာရင်း စိစစ်ရေးကော်မတီ က နိုင်ငံအနှံ့အပြားက အကျဉ်းထောင်တွေထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းကို စိစစ်ရာမှာ လူထုအခြေပြု အဖွဲ့အစည်းတွေအပါအ၀င် အကျဉ်းဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ် အစရှိတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။

ကော်မတီဝင်တယောက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ် တာဝန်ရှိသူ ကိုညိုထွန်း က ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေ အခြေအနေကို အခုလို ရှင်းပြပါတယ်။

"ကျနော်တို့ဆီက ပို့လိုက်တာရော အကျဉ်းဦးစီးက စစ်ဆေးလိုက်တာရော၊ ကျန်တဲ့အဖွဲ့တွေ ပို့လိုက်တာရော စုစုပေါင်း ၄၁၀ ရှိတယ်။ ၄၁၀ မှာ ကျခံဆဲက ၁၉၆ ယောက်၊ အချုပ်က ၂၇ ယောက်၊ နောက် ၄၆ ဦးက လွှတ်ပြီးပြီ၊”

မေး။ ။ အဲ့ဒီထဲမှာ ရခိုင်နဲ့ ကချင်ပါလားခင်ဗျ။
“တချို့တွေပါတယ်။ တချို့က မပါဘူး။ သူပို့၊ ကိုယ်ပို့တာရော၊ နောက် ရှာမတွေ့တာက ၁၁၆ ယောက် ရှိတယ်ဗျ"

မေး။ ။ ဟုတ်ကဲ့။ ရှာမတွေ့တာ၊ ပျောက်ဆုံးဆိုတာတွေက ဘယ်လိုဖြစ်တာလဲခင်ဗျ။
"ဒီကပေးတဲ့စာရင်းတွေနဲ့ လူနာမည်တွေ၊ အဖေနာမည်တွေ လွဲနေတာပေါ့။”

မေး။ ။ အကျဉ်းထောင်ထဲ သေဆုံးတာတွေ၊ နောက် ရဲဘက်စခန်းတွေမှာ သေဆုံး တာတွေကော ဖြစ်နိုင်လားခင်ဗျ။
"အဲ့ဒါတော့ အတတ်မပြောနိုင်ဘူးခင်ဗျ။ ကျနော်တို့ဘက်က ပေးတဲ့စာရင်းကလည်း အတတ်နိုင်ဆုံး စုစည်းပြီး ရတဲ့စာရင်းကို ပေးရတာလေ၊ ဥပမာဆိုပါတော့ဗျာ၊ နာမည်ထပ်နေတာဆို ၄ ဦး တွေ့ရတာ ပဲကိုး၊ တချို့ဆိုရင် လွတ်သွားတာမျိုး၊ တချို့က နာမည်အဆင်ပြေပြီး လိုက်လို့ မရတာမျိုး၊ ဒါမျိုးတွေပေါ့"

မေး။ ။ စဉ်းစားမိတာတခုပေါ့၊ အချုပ်ကျနေရင်း ပေါ်တာအဖြစ် ပါသွားလို့ သေဆုံး သွားတာ၊ ပျောက်ဆုံးသွားတာတွေကော ရှိနိုင်မလား။
"အဲ့ဒါတော့ မနက်ဖြန်သွားပြီး လေ့လာမှသိမယ်ခင်ဗျ"

လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ရေးကော်မတီမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့လည်း ပါဝင်ပါတယ်။ အဖွဲ့တာဝန်ရှိသူ ဦးထွန်းကြည်က သူတို့ဟာ အကျဉ်းသားတွေကို မှီခိုနေတဲ့ မိသားစုဝင်တွေကိုလည်း ကူညီထောက်ပံ့တယ်လို့ ဆိုပါတယ်။

“ဒီလိုဗျ၊ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ရည်ရွယ်ချက်မှာ တစ်က နိုင်ငံရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး၊ နှစ်က ခင်ဗျားမေးတဲ့ နိုင်ငံရေး အကျဉ်းသားများနဲ့ သူတို့မိသားစုများအား ထောက်ပံ့ကူညီရေး ဆိုတာဖြစ်လို့ ခင်ဗျားပြောတဲ့ အဲ့ဒီလူတွေရဲ့ အတွင်းကရော အပြင်မှာ ကျန်တဲ့လူတွေရဲ့ ကျန်းမာရေးဘ၀၊ ပညာရေးဘ၀၊ စီးပွားရေးဘ၀တွေ၊ ထောင်ဝင်စာက အစ ကျနော်တို့ လက်လှမ်းမှီသလောက် ဆောင်ကျဉ်းပေးနေပါတယ်။”

မေး။ ။ အခုအနေထားက အရင်ကနဲ့စာရင် အင်မတန် တိုးတက်လာတယ်လို့ ပြောနိုင်တဲ့ အနေထားလားဗျ။
"မဟုတ်ဘူးခင်ဗျ၊ အဲလောက်ကြီးတော့ ပြောဖို့ စောသေးတယ်။ လူ့အခွင့်အရေး ချိုးဖောက် မှုကလည်း ထောင်အသီးသီးမှာ ရှိနေသေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း ထိုနည်းတူစွာပဲ ရှိနေသေးတယ်။ အပြောင်းအလဲဆိုတာက ဥပမာ အရင်ကတော့ ပုံစံနဲ့ စားရတယ်၊ အခုတော့ အ၀စား ဖြစ်သွားတယ်။ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ အရင်နဲ့စာရင် နည်းနည်းလေး တိုးတက်မှု ရှိတယ်။ ဒီလောက်က လွဲလို့ အရမ်းကြီး တိုးတက်သွားတယ်လို့ ပြောဖို့ ခက်ပါသေးတယ်။"

လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း စိစစ်ရာမှာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး အကျဉ်းထောင်တွေ ထဲမှာ အကျဉ်းကျခံနေရသူဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ စာရင်း ပြုစုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကော်မတီကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်ပြီး အဖွဲ့ဝင်တွေအဖြစ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဥာဏ်ဝင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်ထွန်းဦး၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၊ နိုင်ငံရေး အကျဉ်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ် စတဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေ၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ကိုကျော်ထင်
VOA Burmese Fan Page

Google အကြီးအကဲ မြန်မာခရီး ITလုပ်ငန်းရှင်တွေကြိုဆို

Google အကြီးအကဲ မစ္စတာ အဲရစ်ရှမစ် (Eric Schmidt)
ကမ္ဘာပေါ်မှာ IT သတင်းနည်းပညာ နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Google ရဲ့ အကြီးအကဲ ဟာ မြန်မာနိုင်ငံကို ဒီအပတ်ထဲလာရောက်ဖို့ ရှိနေပါတယ်။ Google ကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်ရှမစ် (Eric Schmidt) ကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ အင်တာနက် သတင်းနည်းပညာကိစ္စ လာရောက်ဖလှယ်မှာမို့ အများက အထူးစိတ်ဝင်စားပြီး စိတ်လှုပ်ရှားနေကြတယ်လို့ ကွန်ပြူတာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ခုလို Google ဥက္ကဋ္ဌ ကိုယ်တိုင်လာတာကြောင့် ဘယ်လိုအလားအလာတွေ မြန်မာနိုင်ငံအတွက် ရှိနေပါလဲ။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့် စတင်လွတ်လပ်လာချိန်မှာ မြန်မာနိုင်ငံသားတွေ အဓိကသုံးနေရတဲ့ Google အင်တာနက်လုပ်ငန်းရဲ့ ဦးဆောင်သူကိုယ်တိုင် သောကြာနေ့ မှာ ဆွေးနွေးပြောဆိုဖို့ရှိနေတာမို့ အများက စိတ်ဝင်တစား စိတ်လှုပ်ရှားနေတယ်ကြတယ်လို့ ဒီဆွေးနွေးပွဲမှာ ဦးဆောင်မေးမြန်းဆွေးနွေးပေးမယ့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ကိုသောင်းစုငြိမ်းက ဆိုပါတယ်။

“ကျနော်တို့ ဒီမှာတော့ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ အစကတော့ ကိုယ်ကတော့ IT သမားဖြစ်တဲ့အတွက် ဒီလိုမျိုး Google က ဥက္ကဋ္ဌလာတယ်ဆိုတော့ ကျနော်တို့ စိတ်ဝင်စားတယ်လေ။ ဒါပေမဲ့ အခုဟာက အိုင်တီမဟုတ်တဲ့ တခြားနယ်ပယ်က လူတွေကပါ သူတို့လည်း တက်မယ် ဒီပွဲကို တက်ခွင့်ရှိလား။ သူတို့ကိုလည်း ဖိတ်စာပို့ပေးဦးဆိုပြီး လာပြောနေတာအများကြီးပဲ။ နိုင်ငံခြားသားတွေပါ ပါတယ်။ အားလုံးက ဒီမှာ ဒါကို အရမ်းစိတ်လှုပ်ရှားနေကြတယ် ဆိုတော့ ကျနော်တို့လည်း ၀မ်းသာပါတယ်။”

Google ကုမ္ပဏီဥက္ကဋ္ဌ အဲရစ်ရှမစ် အနေနဲ့ ရန်ကုန် လှိုင်တက္ကသိုလ်မှာရှိတဲ့ မြန်မာနိုင်ငံ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာဌာနမှာလုပ်မယ့် ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ ကွန်ပျူတာအသင်းအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေ အပါအ၀င် အားလုံး စုစုပေါင်း ၄၅၀ ခန့် တက်ရောက်ဖို့ရှိပြီး တနာရီခန့်ကာဆွေးနွေးဖို့ရှိတယ်လို့ ကိုသောင်းစုငြိမ်းက ပြောပါတယ်။ အဲဒီတော့ Google ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ မစ္စတာ ရှမစ်ရဲ့ အခုလိုလာရခြင်း အကြောင်းရင်းကို မေးရာမှာတော့ ကိုသောင်းစုငြိမ်းက သူ့အနေနဲ့ အခြား အာရှနိုင်ငံတွေကိုလည်း သွားရာမှာ အဓိကဦးတည်ချက်ကတော့ လူငယ်ခေါင်းဆောင်တွေ နဲ့ တွေ့ပြီး အင်တာနက်အရေးပါပုံကို ရှင်းပြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“အင်တာနက် နည်းပညာတွေ သုံးပြီးတော့ မြန်မာနိုင်ငံရဲ့ နည်းပညာခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက်ကို နည်းပညာတွေ၊ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို ဘယ်လိုသုံးရင်ရမယ် ဆိုတာ စဉ်းစားကြမိစေဖို့အတွက်လို့ သူက ဖြေခဲ့တယ်။”

မြောက်ကိုရီးယားနိုင်ငံကို မကြာခင်ကသွားခဲ့ပြီး အိန္ဒိယနိုင်ငံကိုလည်း ရှေ့မှာသွားဖို့ရှိတဲ့ မစ္စတာရှမစ်ကိုယ်တိုင် အခုလို မြန်မာနိုင်ငံကိုရွေးပြီး ထူးထူးခြားခြား လာလည်တယ်ကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်လဲလို့ မေးရာမှာတော့ ကိုသောင်းစုငြိမ်းက -

“Google ဆိုတာ အမေရိကန် IT ကုမ္ပဏီတွေထဲမှာ အကြီးဆုံးလို့ ပြောလို့ရတယ်ဆိုတော့ သူ့ရဲ့ အကြီးအကဲတယောက် လာတာဆိုတော့ ဒါ ကျနော်တို့ နောက်ထပ် လမ်းအများကြီးပွင့်သွားမယ်လို့ ထင်ပါတယ်။ နောက် သူလာပြီးတော့ ဒီလိုမျိုး အထူးသဖြင့် မြန်မာနိုင်ငံရဲ့ IT ကဏ္ဍနဲ့ ထိတွေ့ ဆက်ဆံသွားတဲ့အတွက် ကမ္ဘာအနေနဲ့လည်း အံ့အားသင့်စရာလည်း ဖြစ်ရင်ဖြစ်သွား မှာပါ။ မြန်မာနိုင်ငံမှာ ဒီလို IT ကဏ္ဍဆိုတာ လှုပ်ရှားမှုတွေ လုပ်နေသလား။ ဒီလိုမျိုးတွေ မရှိဘူးထင်ထားတဲ့ဟာတွေက ကျနော်တို့ အမြဲတမ်းကြားနေရတာဆိုတော့ အဲရစ်ရှမစ် လာတဲ့အတွက် ကျနော်တို့ဒါကို မီးမှောင်းထိုးပေးပြီးသား ဖြစ်သွားတဲ့အတွက် ကျနော်တို့ IT ကဏ္ဍအတွက်လည်း အများကြီး ကောင်းသွားမယ်။ နောက်ထပ် IT ကုမ္ပဏီကြီးတွေရော၊ နောက် တခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ CEO တွေလည်း ဒီလိုပဲ ဆက်ပြီးလာကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ဒါ့အပြင် ကိုသောင်းစုငြိမ်းကပဲ မြန်မာနိုင်ငံသားတွေ အနေနဲ့ အင်တာနက်သုံးပြီဆိုရင် ကင်းလို့မရတဲ့ ဒီ Google လုပ်ငန်းထိန်းချုပ်မှုတွေ လျော့နည်းသွားအောင်လည်း ကြိုးစားနိုင်တယ်လို့ ဆက်ပြောပါတယ်။

“Google ရဲ့ တချို့ ၀န်ဆောင်မှုတွေက သုံးလို့မရတာတွေ ရှိတယ်။ အထူးသဖြင့် ငွေကြေးနဲ့ ပတ်သက်တဲ့ Google Play လိုဟာမျိုးတွေ၊ အဲဒီလိုဟာမျိုးတွေက ကျနော်တို့ သုံးလို့မရသေးဘူး။ ဒီကနေ၀င်ရင် sanction နိုင်ငံဖြစ်နေတဲ့အတွက် မြန်မာပြည်ကနေ ချိတ်ဆက်ခွင့်မရှိပါဘူး ဆိုပြီးတော့ error တွေက ပြနေတယ်။ အဲဒါတွေကတော့ ဒီလိုဆက်ပြီးတော့ မဖြစ်တော့အောင် သူတို့လူကြီးကိုယ်တိုင် ဒီကိုလာသွားတော့ ကျနော်တို့ကလည်း ထပ်ပြောခွင့်ရတယ်ဆိုရင် သူလည်း သူ့ရဲ့သတင်းအဖွဲ့တွေကို နည်းနည်းပါးပါး မြန်မြန်ဆန်ဆန်လေး လုပ်ပေးဖို့အတွက် ညွှန်ကြားပေးနိုင်တာမျိုး ဖြစ်လာနိုင်တယ်။”

မြန်မာစာကို Google နဲ့ပတ်သက်တဲ့ စာမျက်နှာတွေမှာ သုံးဖို့အလားအလာ ရှိလာနိုင်တယ်၊ မြန်မာနိုင်ငံမှာက အခုလက်ကိုင်ဖုန်းတွေကနေ အင်တာနက်သုံးတာ များလာတာမို့ ကျေးလပ်ဖွံ့ဖြိုးရေးအတွက် ရှေ့မှာ အထောက်အကူ ဖြစ်လာနိုင်တယ်လို့လည်း ကိုသောင်းစုငြိမ်းက ထောက်ပြပါတယ်။

“ကိုယ့်ဆီမှာ နောက်နှစ်မှာလည်း မိုဘိုင်းဖုန်းတွေကို သောင်းနဲ့ချီ ရောင်းချတော့မှာဆိုတော့ ဒီလို မြန်မာစာ အလိုအလျောက်ပါပြီးသားစနစ်တွေ ပို ပေါ်လာမယ်ဆိုရင်တော့ ကိုယ်တွေဆီက ကျေးလပ်ဒေသကလူတွေက အင်တာနက်ခေတ် နည်းပညာခေတ်ကို အလွယ်တကူနဲ့ ၀င်ပါလာလို့ရမယ်လို့ မျှော်လင့်ပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီး အနောက်နိုင်ငံတွေဘက်က ထိန်းချုပ်ထားမှုတွေ လျှော့ပေးလာချိန်မှာ Google ကုမ္ပဏီ ဥက္ကဋ္ဌအနေနဲ့လည်း ထိန်းချုပ်မှုတွေ လျှော့ပေးပြီး မြန်မာနိုင်ငံ အင်တာနက် တိုးတက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသိုင်းအ၀ိုင်းက မျှော်လင့်နေချိန်မှာ ဒီခရီးစဉ်ဖြစ်လာတာ ဖြစ်ပါတယ်။
VOA Burmese Fan Page

မြန်မာကို လက်နက်တင်ပို့သူတွေထဲ တရုတ်တို့ ထိပ်ဆုံး

 18.03.2013
ကမ္ဘာတ၀ှမ်း လက်နက်တင်ပို့မှုမှာ အခုနောက်ဆုံး ဗြိတိန်နိုင်ငံ ကို ကျော်လွန်ပြီး နံပါတ် ၅ နေရာအထိ ရောက်လာတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို တင်ပို့မှုမှာတော့ ထိပ်ဆုံး အဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ လက်နက်ရေးရာ ဆန်းစစ်မှုအဖွဲ့တခုက ပြော လိုက်ပါတယ်။ တရုတ်နိုင်ငံကတော့ လက်နက်တင်ပို့မှုဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ဆောင်ရွက်နေတာသာဖြစ် တယ်လို့ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုကျော်သိင်္ခက ပြောပြပေးမှာ ဖြစ်ပါတယ်။


တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကမ္ဘာ့လက်နက် တင်ပို့ရောင်းချတဲ့ ဈေးကွက်မှာ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့တဲ့အကြောင်း ဆွီဒင်နိုင်ငံ အခြေစိုက် Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) က ပြောလိုက်ပါတယ်။ ကမ္ဘာမှာ နံပတ် ၅ အဆင့် ရှိပေမဲ့လည်း မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု မှာတော့ ထိပ်ဆုံးအဆင့်မှာ နှစ်ပေါင်းများစွာ နေရာယူထားတယ်လို့ SIPRI ရဲ့ နိုင်ငံတကာ လက်နက်လွှဲပြောင်းမှုဆိုင်ရာ အထူးကျွမ်းကျင်သူ မခ့် ဘရွန်လေ (Mark Bromley) က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံဆီက လက်နက်တွေ ၀ယ်ယူရာမှာ အဓိကကျတဲ့ နိုင်ငံ
ဖြစ်ပါတယ်။ အရင် အချိန်ကာလတွေကတည်းက တရုတ်က မြန်မာပြည်ကို လက်နက် အမျိုးမျိုးကို ရောင်းချနေခဲ့တာပါ။ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက မြန်မာနိုင်ငံကို လက်နက် ထောက်ပံ့နေတဲ့ နိုင်ငံထဲမှာ တရုတ်နိုင်ငံက နံပါတ် ၁ ဖြစ်တယ် ဆိုတာကိုတော့ သိထားဖို့ အရေးကြီးပါတယ်။ ဥပမာ - ရေယာဉ်ပေါ်ကနေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည် လက်နက် မျိုးတွေပါ။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လက်နက်နဲ့ ပက်သက်တဲ့ အပို ကိရိယာ တန်ဆာပလာတွေကို ထောက်ပံ့ပေးတဲ့ထဲမှာ ရုရှားနိုင်ငံလည်း ပါပါတယ်”

တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာတော့ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကနေ ပြီးခဲ့တဲ့နှစ်အထိ တရုတ်နိုင်ငံက နိုင်ငံတကာကို လက်နက်လွှဲပြောင်း တင်ပို့မှုတွေထဲ မှာ မြန်မာနိုင်ငံကို ၈ ရာခိုင်နှုန်းအထိ ပို့ဆောင်ခဲ့တာ တွေ့ရှိရတဲ့အကြောင်း ဖော်ပြပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူတွေကတော့ တရုတ်နိုင်ငံက စစ်လက်နက် ပစ္စည်းတွေဟာမြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုတွေကို စစ်တပ်က သွေးထွက် သံယို နှိမ်နင်းခဲ့တဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပိုပြီး ၀င်ရောက်လာတယ်လို့ သုံးသပ်နေကြ တာပါ။

အထူးသဖြင့် အနောက်နိုင်ငံကြီးတွေက လက်နက်ရောင်းချမှု တားမြစ်တာတွေ အပါအ၀င် အရေးယူ ဒဏ်ခတ်မှုတွေကြောင့် အလွယ်တကူ ရနိုင်တဲ့ တရုတ်နိုင်ငံဘက် ဦးလှည့် လာတာလို့လည်း ပြည်ပအခြေစိုက် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD) ရဲ့ မှတ်တမ်းနဲ့ သုတသနဌာနက စစ်ရေးလေ့လာသူ ဦးဋ္ဌေးအောင်က သုံးသပ်ပါတယ်။

“ကျနော်တို့ ၈ လေးလုံးပြီးခါစ ကာလမှာပေါ့။ တခြားနိုင်ငံတွေကလည်း ဒီလက်နက်ရောင်းဝယ်မှုတွေ မလုပ်ကြဘူးလေ။ အဲ့ဒါကြောင့်မို့ တရုတ်နိုင်ငံက လက်နက်တွေကို ဈေးပေါပေါ ရတာလည်း ပါတာပေါ့လေ။ နောက်တခုက တရုတ်အစိုးရက ဗမာအစိုးရကို ဒီစီးပွားရေးအရရော၊ နိုင်ငံရေးအရရော အကူအညီပေးတဲ့အပေါ်မှာ ပါတာပေါ့။ အဲ့ဒါကြောင့် သူတို့က တရုတ်နိုင်ငံက လက်နက်တွေကို အဓိကထားပြီးတော့ ၀ယ်ယူ သုံးစွဲခဲ့တဲ့ အနေအထားရှိတယ်။”

“တရုတ်နိုင်ငံက ကျနော်တို့ ဒီမြန်မာနိုင်ငံကိုပေါ့နော်၊ လက်နက်တွေ စရောင်းတာပေါ့နော်၊ ဒီ ၈၈ နောက်ပိုင်း၊ အနောက်နိုင်ငံတွေ စီးပွားရေး ပိတ်ဆို့မှုတွေရော၊ လက်နက် ရောင်းချမှု ပိတ်ဆို့မှုတွေရော အရေးယူမှုတွေ စလုပ်တဲ့အချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ပေါ့လေ၊ ဘယ်နိုင်ငံကမှ လက်နက် မရနိုင်တဲ့အဆုံးမှာ တရုတ်နိုင်ငံကနေ လက်နက်တွေ နှစ်စဉ်ပေါ့နော် ဘီလီယံ နဲ့ ချီပြီးတော့ ၀ယ်ယူခဲ့ရတဲ့ အနေအထားရှိတယ်။ အဲ့ဒီတည်းကနေ စပြီးတော့ မြန်မာအစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ လက်နက်တွေ စပြီးတော့ ၀ယ်ယူ သုံးစွဲလာရတာပေါ့။ အခု နောက်ဆုံး အခြေအနေအထိ တရုတ်နိုင်ငံက လက်နက်တွေကို ၀ယ်ယူသုံးစွဲနေတဲ့ အနေအထား ကျနော်တို့ တွေ့ရတယ်”

တရုတ်အစိုးရကတော့ လက်နက် ရောင်းချမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို လူသိရှင်ကြား တရားဝင် ထုတ်ပြန်လေ့တော့ မရှိပါဘူး။ ကမ္ဘာတ၀ှမ်း လက်နက်တင်ပို့ရောင်းချမှုမှာ အဆင့် ၅ ရှိလာတယ်ဆိုပြီး SIPRI ရဲ့ အစီရင်ခံစာ ထွက်လာပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့ လက်နက်တင်ပို့မှုတွေဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီသာ ဆောင်ရွက်နေတာဖြစ်ပြီး၊ ငြိမ်းချမ်းရေး တည်ငြိမ်ပျက်ပြားအောင် လုပ်ဆောင်တာမျိုး မရှိဘူးလို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ဟောင်းလီ (Hong Lei) က ဘေဂျင်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ လက်နက်တင်ပို့ ရောင်းချတဲ့အခါမှာ အမြဲတမ်း တာဝန်ယူမှုနဲ့ ချင့်ချင့်ချိန်ချိန် လုပ်ခဲ့တာချည်းပါပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နဲ့ နိုင်ငံတကာ ဥပဒေတွေအရ ပြည်တွင်းမှာ ထားရှိတဲ့ တင်းကြပ်တဲ့ ဥပဒေတွေကိုလည်း အကောင်အထည်ဖော်၊ လိုက်နာဆောင်ရွက်နေတာပါ။ လက်နက် တင်ပို့ရောင်းချတဲ့နေရာမှာ တရုတ်နိုင်ငံက ကျင့်သုံးတဲ့ မူဝါဒ ၃ ချက်ရှိပါတယ်။ နံပါတ် ၁ အချက်က လက်နက်ဝယ်ယူတဲ့ နိုင်ငံတွေအနေနဲ့ တရားမျှတမှု နဲ့ ကိုယ့်နိုင်ငံလုံခြုံရေး လိုအပ်ချက်အရ ၀ယ်ယူဖို့၊ ဒုတိယအချက်အနေနဲ့ ဒေသတွင်း နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို မထိခိုက်ဖို့၊ တတိယအချက်ကတော့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ဖို့ပါပဲ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟောင်းလီ (Hong Lei) က တရုတ်ဘာသာ နဲ့ ပြောသွားတာပါ။

ကမ္ဘာတ၀ှမ်း လက်နက်လွှဲပြောင်း တင်ပို့နေတဲ့ ထိပ်တန်းနိုင်ငံတွေ အဖြစ်နဲ့ကတော့ ၃၀ ရာခိုင်နှုန်းအထိ တင်ပို့နေတဲ့ အမေရိကန် ပြည်ထောင်စု၊ ၂၆ ရာခိုင်နှုန်း လွှဲပြောင်းတဲ့ ရုရှားနိုင်ငံတွေ ဖြစ်တဲ့အကြောင်း SIPRI အစီရင်ခံစာက ဖော်ပြထားတာပါ။ ဒီ ၂ နိုင်ငံပြီးရင်တော့ ၇ ရာခိုင်နှုန်း လွှဲပြောင်းနေတဲ့ ဂျာမဏီနိုင်ငံ၊ ၆ ရာခိုင်နှုန်း တင်ပို့နေတဲ့ ပြင်သစ်နိုင်ငံနဲ့ ဗြိတိနိုင်ငံနေရာမှာ အစားထိုးဝင်လာတဲ့ တရုတ်နိုင်ငံကတော့ ၅ ရာခိုင်နှုန်း အသီးသီး ရှိတဲ့အကြောင်းလည်း အစီရင်ခံစာက မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
ကျော်သိင်္ခ
VOA Burmese Fan Page


ဆက်ဆံရေး သြစတြေးလျ တိုးမြှင့်သွားမည်

သမ္မတ ဦးသိန်းစိန် နဲ့ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ်
၁၈ မတ် ၂၀၁၃
ပုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံအတွက် သြစတြေးလျနိုင်ငံက  စစ်ဘက် ထောက်ပံ့မှု ကန့်သတ်ချက်တွေ လျှော့ချပေးမှာ ဖြစ်သလို ကူညီထောက်ပံ့ မှုတွေနဲ့ ဆက်ဆံမှုတွေ တိုးလုပ်သွားဖို့ ရှိတယ်လို့  သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ် (Julia Gillard) က ပြောကြားလိုက်ပါတယ်။  သမ္မတ ဦးသိန်းစိန်ရဲ့ သြစတြေးလျနိုင်ငံ ၃ ရက်ကြာ ခရီးစဉ်အတွင်း တနင်္လာနေ့က သြစတြေးလျ လွှတ်တော်မှာ ၀န်ကြီးချုပ် ဂေးလဒ်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့  ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

၁၉၇၄ ခုနှစ်ကစပြီး  သြစတြေးလျနိုင်ငံကို ပထမဆုံး မြန်မာခေါင်းဆောင်အဖြစ်နဲ့ သမ္မတ ဦးသိန်းစိန် သွားရောက်တာ ဖြစ်ပါတယ်။  သမ္မတ ဦးသိန်းစိန်ဟာ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တော်ကို တနင်္ဂနွေနေ့က ရောက်လာတာဖြစ်ပြီး  တနင်္လာနေ့မှာတော့  သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလဒ် (Julia Gillard) နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ သြစတြေးလျနိုင်ငံက အခုအခါမှာ မြန်မာနိုင်ငံနဲ့  မိတ်ဆွေအဖြစ် ဆက်ဆံသွားဖို့ အဆင်သင့် ရှိနေပြီလို့ ၀န်ကြီးချုပ် ဂေးလဒ် က သြစတြေးလျ လွှတ်တော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံသားအားလုံး လူ့အခွင့်အရေး အပြည့်အ၀ ရအောင်နဲ့ ၊ အမျိုးသား ပြန်လည်သွေးစည်းရေးအပြင်၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်ပြီး  ပြုပြင်ပြောင်းလဲနေတဲ့  အစိုးရတရပ်အတွက် အားပေးကူညီဖို့  သြစတြေးလျနိုင်ငံအနေနဲ့ မိတ်ဆွေအဖြစ်နဲ့ အသင့်ရှိနေပါတယ်။  မိတ်ဆွေအဖြစ်ရှိတယ် ဆိုတာကို စကားအဖြစ်နဲ့ပဲ ပြောနေတာမဟုတ်ဘဲ  လက်တွေ့ အကူအညီတွေ ပေးဖို့ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ တက်လာပြီးကတည်းက နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေ လုပ်လာတာမို့ နိုင်ငံတကာက ပြန်ပြီး ကြိုဆိုလာကြသလို၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ပါ စိတ်အားထက်သန်လာကြတာပါ။

မြန်မာနိုင်ငံကို သြစတြေးလျနိုင်ငံလို ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတခု အဖြစ်နဲ့ ပြောင်းလဲဖို့ လုပ်ချင်တဲ့ဆန္ဒရှိတယ်လို့ သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။

“မြန်မာနိုင်ငံကိုလည်း သြစတြေးလျနိုင်ငံလိုပဲ ငြိမ်းချမ်းမှု ရှိရှိနဲ့ ဒီမိုကရေစီ ထွန်းကားပြီးတော့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့အတွက် ကျနော့်အနေနဲ့ စိတ်ရင်းစေတနာ မှန်မှန်နဲ့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံအနေနဲ့ သြစတြေးလျနိုင်ငံကို နမူနာယူပြီး လေ့လာစရာတွေ အများကြီးရှိပါတယ်။ သြစတြေးလျနိုင်ငံကလည်း ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ လမ်းခရီးအတွက် လိုအပ်တာတွေ ကူညီထောက်ပြပေးစရာတွေကို ကူညီပေးနိုင်မယ်။ အတွေ့အကြုံတွေကို ဖလှယ်ပေးနိုင်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒီကနေ့အချိန်ဟာ ဆိုရင် သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား မိတ်ဖက်ဖြစ်မှု ရင်းနှီးချစ်ကြည်မှုတွေ အတွက် စာမျက်နှာသစ် ဖွင့်လှစ်နိုင်တဲ့ အချိန်တခုဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေးဟာ ကမ္ဘာမှာ မကြုံဘူးအောင် ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်တာမို့ စိန်ခေါ်မှုတွေ အများအပြားရှိနေပြီး  မိတ်ဆွေတွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဒီကနေ့ ကမ္ဘာကြီးမှာ မကြုံဖူးသေးတဲ့ သုံးပွင့်ဆိုင် အပြိုင် ပြုပြင်ပြောင်းလဲမှုတွေလို့ ဆိုလိုချင်ပါတယ်။ ကျနော်တို့နိုင်ငံ စစ်အုပ်ချုပ်ရေးစနစ်ကနေပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲနေတဲ့ တပြိုင်နက်ထဲမှာပဲ နှစ်ပေါင်း ၆၀ ကြာခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိစေဖို့၊ ဗဟိုချုပ်ကိုင်မှုနဲ့ အထီးကျန် ခေတ်နောက်ကျခဲ့တဲ့ စီးပွားရေးစနစ်ကနေ ပြည်သူတွေအားလုံးကို ဆင်းရဲတွင်းကနေပြီးတော့ ကယ်ထုတ်နိုင်ဖို့၊ ခေတ်မှီ စီးပွားရေးစနစ်တခု ဖြစ်ပေါ်လာစေဖို့ အလွန်အရေးကြီးတဲ့ လုပ်ငန်းကြီး သုံးခုကို တပြိုင်နက်တည်း ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေကြရတာ ဖြစ် ပါတယ်။”

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်နိုင်ဖို့၊  စီးပွားရေး တိုးတက်လာဖို့နဲ့ ဒီမိုကရေစီ အခြေခံ အဆောက်အအုံတွေ ခိုင်မာလာစေဖို့အတွက် အထောက်အကူ အဖြစ် ဒေါ်လာသန်း ၂၀ ပေးအပ်မှာ ဖြစ်တဲ့အပြင်  လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေပါ ပေးအပ်ဖို့ ရှိတယ်လို့လည်း ၀န်ကြီးချုပ် ဂေးလဒ် က ကြေညာခဲ့ပါတယ်။

ဒါ့အပြင်  သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု တချို့ကိုပါ ရုပ်သိမ်းပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ လက်နက်ရောင်းဝယ်မှု ကန့်သတ်ချက် ကိုတော့ ရုပ်သိမ်းပေးမှာမဟုတ်ဘဲ စစ်ဘက် လူသားချင်းစာနာမှုဆိုင်ရာနဲ့  ငြိမ်းချမ်းရေး ထိန်းတပ် အကူအညီလိုမျိုး စစ်ဘက် ဆက်ဆံမှုတွေအတွက် ကန့်သတ်ချက်တွေကိုတော့ ရုပ်သိမ်းဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“ကျမတို့ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေ လုပ်ဖို့  ဒီကနေ့ ပထမခြေ လှမ်း စလှမ်းလိုက်ပါပြီ။  ပုံမှန် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုအထိ အပြည့်အ၀ မရောက်သေးပေမဲ့ ဒါဟာ အရေးပါတဲ့ ပထမ ခြေလှမ်းတရပ် ဖြစ်တာမို့  နောင်မှာ စစ်ရေး လေ့ကျင့်တာအပါအ၀င် ဆက်ဆံရေးတွေ တိုးလုပ်သွားဖို့ ဖြစ်လာနိုင်ပါတယ်။”

လက်နက်ရောင်းဝယ်မှု ကန့်သတ်ချက်ကို ဆက်ပြီးထားရှိမှာဖြစ်ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံ မှာရှိတဲ့ သြစတြေးလျသံရုံးအတွက် စစ်သံမှူးတဦးကို ခန့်ထားဖို့ရှိတယ်လို့ ပြော ပါတယ်။
VOA Burmese Fan Page

မျက်နှာဖုံးစွပ် လူသတ်သမား


ပဲခူးတိုင်း မင်းလှမြို့နယ် ကန်သာယာကျေးရွာအုပ်စု အနောက်စုကျေးရွာမှာ နေထိုင်သူ ဦးဖိုးကြွယ်ဆိုသူကို မျက်နှာဖုံးစွပ်ထားတဲ့ လူ ၃ ဦးကအိမ်ပေါ်တက် လုပ်ကြံသတ်ဖြတ်မှု နဲ့ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တဲ့ ဒီလူသတ်မှုကို အာဏာပိုင်တွေဘက်က ယနေ့အချိန်ထိ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးတာကြောင့်အခုလို စိုးရိမ်ပူပန်နေကြတာပါ။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ ဒီလူသတ်မှုကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ အသက်ခံရသူ ဦးဖိုးကြွယ်ရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ဒီကနေ့ ၁၂း၃၀ နာရီမှာ ရန်ကုန်မြို့ ၃၆ လမ်း အလယ်ဘလောက်က မြန်မာသတင်းသမားများကွန်ယက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မေတ္တာရပ်ခံခဲ့ကြပါတယ်။ မွန်လွဲ ၂း၃၀ နာရီ အထိပြုလုပ်တဲ့ ဒီသတင်းစာရှင်းလင်းပွဲကို ပြည်တွင်းသတင်းမီဒီယာများမှ သတင်းထောက် အယောက် ၂၀ ကျော် တက်ရောက် သတင်းယူခဲ့ကြပါတယ်။
Burma VJ Media Network

အလွန်အရေးကြီးသော ဗြိတိန်ပုံနှိပ်ဥပဒေကို စတင်မဲပေး

လန်ဒန်၊ မတ် ၁၈။

ဗြိတိန်လွတ်တော်အမတ်များသည် ပုံနှိပ်ဥပဒေအတွက်အရေးကြီးသော မဲပေးမှုကို နိုင်ငံရေးပါတီများ ဆွေးနွေးမှုများ ရှိနေဆဲဖြစ်သော်လည်း အစိုးရထိပ်ပိုင်းအရာရှိများက သဘောတူညီမှုရယူနိုင်မည်ဟု ထောက်ခံသောကြောင့်ယနေ့တွင် မဲပေးကြမည်ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းသည် လစ်ဘရယ်-ဒီမိုကရက် အငယ်တန်း ပူးပေါင်းရေးအဖွဲ့ခေါင်းဆောင်ဒုဝန်ကြီးချုပ် နစ်ကလက်၊ အတိုက်အခံ အလုပ်သမားခေါင်းဆောင် အက်(ဒ)မီလီဘန့် တို့နှင့် ဆွေးနွေးပွဲကိုကြာသပဒေးနေ့တွင် ရပ်ဆိုင်းထားခဲ့သည်။

ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် ဒေးဗစ်ကင်မရွန်းကသတင်းစာ များကို စောင့်ကြည့်ရေးအဖွဲ့အသစ်အတွက် တင်သွင်းသောအဆိုကို ဥပဒေ ရေးဆွဲသူများသည်
တနင်္လာနေ့တွင် မဲပေးကြမည်ဟု ဆိုသည်။

အတိုက်အခံ အလုပ်သမားအဖွဲ့နှင့် လစ်ဘရယ်ဒီမိုကရက်အဖွဲ့တို့က ယခုအခါ ကမ္ဘာကြီး၏ စိတ်ဝင်စားမှု လျော့ပါးသွားပြီဖြစ်သည့် ရူးပတ် မားဒေါ့ အမှုတွင် အသံဖိုင်ခိုးနား
ထောင်ခြင်း ကိစ္စပြီးနောက် ၂၀၁၁ခုနှစ်က မစ္စတာကင်မရွန်းဖွဲ့စည်းခဲ့သော လက်ဗီဆန် စုံစမ်းစစ်ဆေးမှု အဖွဲ့၏ တင်ပြချက်နှင့် ကိုက်ညီသော ဥပဒေကို လိုချင်ကြသည်။

မစ္စတာကင်မရွန်းသည် ဥပဒေရေးရာတွင် ယင်းစနစ်ကိုထောက်ခံခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်နိုင်သည်ဟု ယုံကြည်ပြီး မစ္စတာ ကလက်နှင့် တနင်္ဂနွေနေ့က ဆက်လက်ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှုမရခဲ့ကြောင်းသိရသည်။

ယဉ်ကျေးမှုဆိုင်ရာ အထွေထွေကိုင်တွယ်သူ မာရီယာမစ်လာနှင့် ဘဏ္ဍာရေးဝန်ကြီး ဂျော့အောစ်ဘွန်းတို့က အောက်လွှတ်ာတွင် မဲမပေး ခင် အချိန်ထိ ရလာဒ်ကောင်းရစေရန်
ဆွေးနွေးဖို့ အချိန်ကျန်သေးကြောင်း တနင်္ဂနွေနေ့အစောပိုင်းက တိုက်တွန်းခဲ့ကြသည်။

“ကျွန်တော်တို့ နှစ်ဖွဲ့လုံးကတော့ လက်ဗန်ဆန်အစီရင်ခံစာကိုထောက်ခံကြောင်း အတည်ပြု ပြောနိုင်ပါတယ်။ မီဒီယာဥပဒေအဖြစ် စာရွက် ပေါ်မှာသာ မဟုတ်ဘဲ လက်တွေ့နယ်ပယ်မှာလည်း အလုပ်ဖြစ်စေချင်ပါတယ်”ဟု မစ်လာက ဆိုသည်။

“အမှန်တကယ် အလုပ်ဖြစ်မယ့် မီဒီယာဥပဒေတစ်ရပ်အတွက် အတူအဖြေရှာဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိတုန်းပါပဲ”ဟုအောစ်ဘွန်းက ဆိုသည်။

“ပါတီတွေကြားမှာ သဘောတူညီမှုတစ်ရပ်ကို တနင်္လာနေ့မှာ ရနိုင်ရင် နောက်ကျနေပေမယ့်ကောင်းမှာပါ”ဟု သူက ဆက်လက်ပြောကြားသည်။မစ္စတာကင်မရွန်းသည် ဘီဘီစီသတင်းဌာနနှင့် အင်္ဂလန်ဘဏ် စသည့်အဖွဲ့အစည်း တည်ထောင်ရာတွင် သုံးခဲ့သော အထူးစာချွန်ဖြစ်သည့် နန်းတော်၏ သဘောတူညီချက်အတွက် သူ၏အစီအစဉ်များအပေါ် မဲပေးရန် ဥပဒေပြုသူများကိုတောင်းဆိုထားသည်။

မစ္စတာကင်မရွန်းသည် တနင်္လာနေ့မဲပေးမှုတွင် ရှုံးနိမ့်နိုင်ပြီး အကျိုးဆက်အနေနှင့် စီးပွားရေးလျော့ကျမှု၊ ပါတီတွင်း အဖွဲ့ကွဲမှုများ ရင်ဆိုင်ရဖွယ် ရှိသည်။

ဝန်ကြီးချုပ်သည် ကြိုတင်မဲပေးသဘောတူညီမှု ရနိုင်သည်ဟု ယုံကြည်ပြီး ဆွေးနွေးပွဲများ မရပ်မီစနေနေ့က ကျန်သည့်နှစ်ဘက်ပါတီတို့ အကြား နီးကပ်မှုကို တွေ့မြင်ရသောကြောင့် ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ်က လစ်ဘရယ်- ဒီမိုကရက်နှင့် အလုပ်သမားပါတီတို့ ဥပဒေကို ထောက်ခံခြင်းသည် ကြီးမားသောအခြေခံကဏ္ဍ မဟုတ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ အခြေအနေမှာ ရှိနေပြီးတော့ အနာဂတ်အရေးအတွက်လည်း ယုံကြည်ချက်ရှိတယ်”ဟု ၎င်းက ဆိုသည်။ အလုပ်သမားခေါင်းဆောင် မီလီဘန့်က ဥပဒေပြုသူများကို ပုံနှိပ်ဥပဒေသစ်ကို မဲပေးရာတွင် ပုံနှိပ်မူအရ စွပ်စွဲခံသားကောင်များ ဘက်မှ ရပ် တည်ရန် တိုက်တွန်းထားသည်။

ဖိနှိပ်သောပုံနှိပ်ဥပဒေကို ဆန့်ကျင်သောအဖွဲ့မှ အဓိကပါဝင်သူ တစ်ယောက်ဖြစ်သော သရုပ်ဆောင်ဟူးဂရန့်ကမစ္စတာကင်မရွန်း၏ အဆို သည် ရှုးံနိမ့်မည်ဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာလည်း ဝန်ကြီးချုပ်သည် ပုံနှိပ်ဥပဒေရေးရာတွင် မှားယွင်းသည့်ဘက်ကို ရောက်ရှိနေသောကြောင့် ဟုဆိုသည်။
Ref:AFP
The Myanma Age

ဆီးရီးယားအတိုက်အခံများ ဝန်ကြီးချုပ်ရွေးချယ်ရန်ရကီတွင်တွေ့ဆုံ

အစ္စတန်ဘူလ်၊ မတ် ၁၈။
ဆီးရီးယား အတိုက်အခံညွန့်ပေါင်းသည်ဆင်းရဲမှုများ၊ ပဋိပက္ခများရင်ဆိုင်နေရသော ဗဟိုအစိုးရအုပ်ချုပ်မှလွတ်မြောက်လာသည့် နယ်မြေ များမှ လူထုနေ့စဉ်ဘဝ၏ တာဝန်များကို ဦးစီးဆောင်ရွက်ရန် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ရန် ယနေ့တွေ့ဆုံခဲ့ကြသည်။

ရွေးကောက်ပွဲ ဝင်ပြိုင်နေသူများတွင် ဆီးရီးယား စိုက်ပျိုးရေး ဝန်ကြီးဟောင်းတစ်ဦး၊ စီးပွားရေးပညာရှင်တစ်ဦး၊ ဆက်သွယ်ရေးအရာရှိ တစ် ဦးတို့သည် ဆီးရီးယားပြည်
တွင်း စစ်၏လမ်းကြောင်းကို ပြောင်းလဲစေမည့် ဆီးရီးယား အမျိုးသားညွန့်ပေါင်းကကြီးမှုးကျင်းပသည့် ရွေးကောက်ပွဲတွင် ဦးဆောင်နေသည်။

အတိုက်အခံဝန်ကြီးသည် ပထမဆုံးအနေနှင့် ဒမက်စကတ်စ်အစိုးရနယ်မြေမှ လွတ်မြောက်လာသော နယ်မြေ၏ နယ်မြေ တာဝန်ခံအစိုးရကို ဖွဲ့ စည်းရမည် ဖြစ်သည်။

ယခုကဲ့သို့ အတိုက်အခံအစိုးရဖွဲ့ခြင်းသည် အတိုက်အခံတို့၏ယုံကြည်မှု ပိုမိုရရှိစေနိုင်မည် ဖြစ်သော်လည်း ဘာရှာအယ်လ်အာဆတ် အစိုးရ နှင့် စေ့စပ်ဆွေးနွေးနိုင်မည့် အခွင့်အရေးများလျော့နည်းသွားမည် ဖြစ်သည်။

ညွန့်ပေါင်းအဖွဲ့အနေနှင့် ယခင်ကလည်း ရွှေ့ဆိုင်းမှုများ လုပ်ထားဆောင်ခဲ့ဖူးသောကြောင့် ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပမည်ဟု အာမမခံနိုင်ကြောင်းဆိုသည်။

“မဲပေးမှုကို ဒီနေ့လုပ်မယ်၊ မနက်ဖြန်လုပ်မယ်လို့ သေချာအာမခံပြီး မပြောနိုင်ဘူး။ မဲပေးမယ့်အခွင့်အရေးကြီးတစ်ခုတော့ ရှိနေဆဲပါ”ဟု ညွန့် ပေါင်းအဖွဲ့ဝင် ဆမာနာရှာက
ပြောကြားသည်။

ဆီးရီးယားတို့အနေနှင့် အခြေခံ လုပ်ဆောင်ပေးချက်များနှင့် အုပ်ချုပ်မှုဆိုင်ရာဥပဒေကို အလေးအနက်ထားသော အုပ်စုနှင့်ညွန့်ပေါင်းတို့ သည် ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် သင့်လျော်သောသူများ မဟုတ်ဟု ယူဆသောသူများဟူ၍ အုပ်စုနှစ်ခုကွဲနေသည်။

“ညွန့်ပေါင်းအဖွဲ့ဟာ တကယ့်လိုအပ်ချက်တွေကို သိရှိနိုင်တဲ့အနေအထားမှာမရှိဘူး”ဟု အလယ်ပိုင်းမြို့ အခြေစိုက်လှုပ်ရှားတက်ကြွသူ အဘူဟီရှန်က ဆိုသည်။

ဒမက်စကတ်စ်မှ လှုပ်ရှားတက်ကြွသူ မာတာအစ်သစမေးလ်က ထိုအဆိုကို ငြင်းပယ်ကာ “လွတ်မြောက်လာတဲ့ နယ်မြေတွေမှာ နေ့စဉ်ဘဝ လှုပ်ရှားနေသူတွေအတွက် ပိုကောင်းတဲ့အုပ်ချုပ်မှု တကယ်လိုအပ်နေပါတယ်”ဟုဆိုသည်။

“လွတ်မြောက်တဲ့ နယ်မြေမှာရှိတဲ့ ဆီးရီးယား ၁၀သန်းဟာကျမ်းမာရေးနဲ့ ပညာရေးအကူအညီတွေ လိုအပ်နေတယ်”ဟု ညွန့်ပေါင်းပြောရေး ဆိုခွင့်ရှိသူ ဝလစ်အယ်ဘန်နီက ဆိုသည်။

“ရွေးကောက်ပွဲကို တနင်္လာနေ့ လုပ်အုံးမှာ မဟုတ်ပါဘူး။ ဆီးရီးယားလွတ်မြောက်ရေး တပ်မတော်၊ နိုင်ငံတွင်းသူပုန် အဖွဲ့တို့နဲ့ ဆွေးနွေးပွဲ လုပ်ရအုံးမှာပါ”ဟု ဆက်လက်ပြော
ကြားသည်။
Ref:AFP
The Myanma Age

နိုင်ငံကူးလက်မှတ်အတွက် အကျဉ်းသားဟောင်းများ ထောင်ထွက်လက်မှတ်လို

မတ်လ ၁၈ ရက် ၂၀၁၃
ရန်ကုန်(မဇ္ဈိမ)။ ။ နိုင်ငံကူး လက်မှတ် ပြုလုပ်ရာတွင် အစိုးရမှ ဖြေလျှော့မှုများ ပေးလာသော်လည်း ပြစ်ဒဏ် ကျခံဘူးသူ အကျဉ်းသားဟောင်းများ အနေဖြင့် အကျဉ်းထောင် ထွက်လက်မှတ် များ ထည့်သွင်း လျှောက်ထားရန် လိုဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံး ၊ ဌာနခွဲမှူး ၊ ရဲမှူး ကျော်ဇေယျက ပြောသည်။ အဆိုပါ အကျဉ်းသားဟောင်းများ အတွက် ထောင်ထွက် လက်မှတ် လိုအပ်ခြင်းမှာ ကိုယ်ရေး ရာဇ၀င်ကြောင့် ဖြစ်ကြောင်း ရဲမှူးကျော်ဇေယျမှ မဇ္ဈိမသို့ ပြောသည်။

၎င်းက “ ပတ်စ်ပို့ (နိုင်ငံကူး လက်မှတ်) လျှောက်ရင် ကိုယ်ရေးရာဇ၀င်တော့ တောင်းတယ်။ အဲဒီမှာမှ ထောင်ကျဘူးရင် ထောင်ထွက်လက်မှတ် ပါရမယ်။ ဘာလို့လည်းဆိုတော့ သူပျောက်သွားတာတို့ ဘာတို့ဖြစ်ရင် ကိုယ်ရေးရာဇ၀င်ကိုပဲ ကြည့်ပြီးစုံစမ်းရတာမို့ပါ ”ဟု ရှင်းပြသည်။ သို့သော် အခွန်ကင်းရှင်းကြောင်း သက်သေစာရွက်ခံစာရွက် ဖြစ်သော ပုံစံ ၁၉နှင့် ပြည်ပထွက်ခွာသူများမှ လ၀ကသို့ လေယာဉ်ကွင်းတွင် ပေးရသည့် D-Form အား ပြုလုပ်ရန် ယခုလ ၁၈ရက်နေ့မှ စ၍မလိုအပ်တော့ကြောင်း ရန်ကင်းမြို့နယ် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးမှ သိရသည်။ ရဲမှူး ကျော်ဇေယျမှ “ အခု အရင်လို ပုံစံ ၁၉မလိုတော့ဘူး။ ဒါကြောင့် ၁၉ လုပ်ရင်ပြရတဲ့ ပုံစံ ၁၇လဲ မလိုတော့ဘူး ” ဟုဆက်လက် ပြောသည်။

ယခုအခါ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြုလုပ်သူများ အနေဖြင့် လ၀ကမှ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာနှင့် အိမ်ထောင်စု ဇယားပုံစံ (၁၀) တို့သာ လိုအပ်တော့မည် ဖြစ်ကြောင်း သိရသည်။ အကျဉ်းထောင်ထွက် လက်မှတ် တောင်းခံမှုမှာ ယနေ့အချိန်တွင် မဖြစ်သင့်တော့ ကြောင်းအဆိုပါ ထောင်ထွက်လက်မှတ် ပြကာ လုပ်ဆောင်ရခြင်းမှာ မလိုအပ်တော့ကြောင်း ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မနီလာသိန်းက ဆိုသည်။ “အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ် ခံရပြီး ထွက်လာတဲ့ သူတိုင်းက အပြင်မှာ ဘာပဲလုပ်လုပ် အဲဒီ အရိပ်ကြီးက စွဲကပ်နေတာကို မဖြစ်သင့်တော့ဘူးလို့ ကျွန်မထင်တယ်။ ဒီလို ၀ရမ်းလက်မှတ် မရမချင်း ပတ်စ်ပို့စ် မထုတ်ပေးတာဟာ မဖြစ်သင့်တော့ဘူးလို့ ကျွန်မမြင်တယ် ” ဟု ၎င်း၏ အမြင်ကို မဇ္ဈိမသို့ ပြောပြသည်။

ယခုလို နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးနှင့် ပတ်သတ်၍ စည်းကမ်းချက်များ တဖြည်းဖြည်း ဖြေလျော့ ပေးလာသည်ဟု မြင်ကြောင်း ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုစိုးထွန်းက ပြောသည်။ ၎င်းက “ နိုင်ငံသား တယောက်က အပြစ်ဒဏ် ကျခံရပြီးတဲ့နောက် ကျွန်တော်မြင်တာကတော့ သူ့မှာ အာမှ အပြစ်မရှိတော့ဘူး ထင်တယ်။အဲတော့ ကျွန်တော်ကတော့ ပြဖို့ မလိုတော့ဘူးလို့ ထင်တယ်။ ဒါကလည်း နိုင်ငံတော် လုံခြုံရေးအတွက် ပြစ်မှုကြီးနေတဲ့ လူတွေကို ဆိုရင်တော့ တမျိုး ဖြစ်ချင်ဖြစ်မှာပေါ့ ” ဟုဆိုသည်။

ထို့အပြင် နိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက် ပူးတွဲ တင်ပြရန်မလိုကြောင်း မတ်လ ၁၈ရက်နေ့မှ စတင်ပယ်ဖျက်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
စောဇင်ညီ
Mizzima - News in Burmese

ပယောဂသမား (သို့မဟုတ်) ဟန်ဝင်းအောင်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြ လှုပ်ရှားမှုများတွင် နောက်ကွယ်မှ ကြိုးကိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်နေသော ခေတ်သစ်ဦးစောဟု ဆိုရှယ်မီဒီယာ ဖေ့ဘွတ်စာမျက်နှာများတွင် စွပ်စွဲပြောဆိုနေကြသည့် နိုင်ငံရေး အကျဉ်းသား မိသားစုများ ကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန်ခံ ကိုဟန်ဝင်းအောင်ကို  အစီရင်ခံစာအပေါ် သဘောထား၊ စွပ်စွဲမှုများအပေါ် ထင်မြင်ချက်၊ ရှေ့ဆက်လုပ်မည့် အနေအထားတို့အား ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းဌာန သတင်းထောက် မေစစ်ပိုင်မှ မေးမြန်းထားပါသည်။

မေး။    ။ဖေ့ဘွတ်ခ် စာမျက်နှာတွေထက်မှာ တချို့ ဘလော့တွေမှာ ကိုဟန်ဝင်းအောင်ကို ခေတ်သစ် ဦးစော လို့ ပြောနေကြတယ်၊ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ဒါဟာ စစ်အာဏာရှင်စနစ် ထောက်ခံပြီး စစ်အကျိုးစီးပွားကို လိုလားတဲ့ ထောက်လှမ်းရေးသမားတွေနဲ့ ဦးပိုင် ကုမ္ပဏီဘက်ကို လိုက်ပြောတဲ့ သူတွေက ပြောတဲ့ အပြောတွေလို့ ပဲ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းအရင်း အားလုံး မှားယွင်းနေတဲ့အတွက်ကြောင့်ပါ။ ပထမ တချက်က ဒေါ်အောင်ဆန်းစုကြည် က တုံရွာ၊ ဆည်တည်းရွာ၊ မိုးကြိုး ပြင်ရွာတွေမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေက  ကျနော် နောက်ကနေ ရှိနေတယ်လို့ ပြောတာ စွပ်စွဲပြောဆိုချက်တွေပါ။  အဲဒါဟာ ထောက်လှမ်းရေးနဲ့ ဦးပိုင် အလိုတော်ရိတွေက ပြောတယ်လို့ ယူဆပါတယ်။

မေး။     ။ ဖြစ်ခဲ့တဲ့ပြဿနာတွေက ကိုဟန်ဝင်ေးအာင် ကြိုးကိုင်နေတာ ဆိုပြီး ပြောနေကြတယ်။

ဖြေ။    ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အရေးဆောင်ရွက်နေတဲ့ အင်အားစုတွေကို ထိခိုက်အောင် လုပ်ဆောင်ချင်တဲ့ စစ်ဘက် ထောက်လှမ်းရေးတွေရဲ့ ပြောဆိုချက်တွေပါ။  အသိပညာနိမ့်ပါးတဲ့ သူတချို့ရဲ့ ဝေဖန်ချက်တွေပါ။  အဲ့အချိန်မှာ ကျနော် နိုင်ကျဉ်းက ကိုသက်ဦးနဲ့ ရွာတရွာမှာရှိနေခဲ့တာပါ။ ဒေါ်စုကို လမ်းဆင်းလျှောက်ပါ၊ ဓားမြှောင်နဲ့ ထိုးမယ်လို့ ကျနော်က ပြောတယ် ဆိုပြီး ပြောဆိုနေခဲ့ကြပါတယ် ။ တော်တော်အခြေအနေ ရှုပ်ထွေးပါတယ်။ ဒါဟာ  ဝါဒဖြန့်တာ၊ ဒေါ်စုကိုလည်း သိက္ခာကျစေ၊ ကျနော့်ကိုလည်း သိက္ခာကျစေဆိုပြီး ကောလဟလ လွှင့်ခဲ့ကြတာပါ။  ဖြစ်နေနိုင်တာတခုက စနစ်ကျသော အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့ တချို့ ပါလာနေပြီ။ ဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့ အင်အားစုတွေကို သွေးခွဲဖို့အရေး လှုံ့ဆော်နေတဲ့ ကိစ္စတခုလို့ပဲ မြင်ပါတယ်။

မေး။    ။ဆည်တည်းရွာမှာ ကိုဟန်ဝင်းအောင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်ဆိုတာကော ဟုတ်လား။။

ဖြေ။     ။တကယ်တန်း ပြဿနာတွေ ဖြစ်တဲ့အချိန်မှာ ကျနော် နိုင်ငံရေးအကျဉ်းသားကော်မတီက ကိုသက်ဦး၊ ABSDF က ကိုရဲမြင့် အပါအဝင် တခြား နိုင်ငံရေးသမားအချို့နဲ့ ရွာလေးတရွာမှာ စကားပြောနေတာပါ။ ဒီလူတွေကို အချိန်မရွေး ဆက်သွယ်ပြီး မေးလို့လည်းရတယ်။ ဆည်တည်းရွာမှာ ဖြစ်ပွားတဲ့ကိစ္စက အဆိုတော်ကိုလင်းလင်းရဲ့ ဖေ့ဘုတ် စာမျက်နှာပေါ် တင်လိုက်တဲ့ အချက်အလက်ပေါ့ဗျာ။ ကျနော်အပါအဝင် ငါးယောက်က ဓားမြှောင်နဲ့ထိုးဖို့ ဆိုပဲ။  အဲဒီအချိန်မှာ တခြားရွာတရွာမှာ ရန်ကုန်က လာတဲ့ဧည့်သည်တွေနဲ့ တွေ့နေတာပါ။   ဒေါ်အောင်ဆန်းစုကြည်က အင်မတန် ချစ်ခင်လေးစားစရာ ရေကာင်းပါတယ်။ တလှေတည်းစီး တခရီးတည်း သွားနေတဲ့သူတွေပါ။ သဘောထားကွဲလွဲစရာ ကန့်ကွက်စရာမရှိဘူး။ ဒေသခံတွေကတော့ စိတ်ဒဏ်ရာတွေဖြစ်နေတော့ ထိထိရောက်ရောက် မဖြေရှင်းနိုင်တော့ စိတ်ကွက်မှုလေးတွေရှိတယ်။ ဒေါ်စုကို ကန့်ကွက်ခိုင်းတာမဟုတ်ဘူး၊ ဦးပိုင် စီမံကိန်းဖျက်သိမ်းရေးကိုပဲ တောင်းဆိုကြတာပါ။ ဒေသခံတွေထဲက ဘယ်သူ့ကိုမဆို မေးနိုင်တယ်။ သူတို့ကို ကျနော်က ဓားနဲ့ထိုးမယ်ပြောတာ တကယ်သက်သေရှိသလား။

မေး။     ။လက်ပန်းတောင်းတောင် ဆန္ဒပြမှု အစကတည်းက ဝင်ပါခဲ့တယ် မဟုတ်လား။

ဖြေ။     ။ဟုတ်ပါတယ်၊ ဒီလို ပြောဆိုနေကြတဲ့အပေါ် ဝမ်းသာစွာ ကြိုဆိုပါတယ်။ နှစ် နှစ်ကျော်ကာလကြာ ပြည်သူတွေက ဘယ်သူမှ မသိဘဲ ဖိနှိပ်ခံခဲ့ရတာပါ။ မိုးကြိုးဆာလဖျူလစ်အက်ဆစ် စက်ရုံဆိုတာလည်း နိုင်ငံတော်အဆင့်တွေက ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ ခိုးပြီး လုပ်နေကြတာတွေ ဖြစ်တယ်။ ပြည်သူတွေရဲ့နစ်နာချက်ကို  ကျနော် သိသိချင်း လက်ပံတောင်းကို သွားတယ်။ ဆန္ဒတွေ ထုတ်ဖော်မှုတွေ လုပ်ခဲ့တယ်။ ဟုတ်တယ်၊ အဲ့ဒါကို ကျနော်ဝန်ခံတယ်။ အပြစ်မဲ့ပြည်သူတွေဘက်က ဆန္ဒထုတ်ဖော်ရင်း ရပ်တည်မှာပါ။ ဖိနှိပ်ခံရတဲ့ပြည်သူဘက်က ရပ်တည်ခဲ့တာ ကျွန်တော်ဝန်ခံတယ်။

မေး။     ။လက်ပံတောင်းတောင် အစီရင်ခံစာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။     ။အစီရင်ခံစာက ဦးပိုင်ကို အပြီးအပိုင် ဖျက်သိမ်းအောင်တော့ မလုပ်နိုင်ပါဘူး။ ရက်ပေါင်းများစွာ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကြောင့် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတာတွေကို ဖော်ထုတ်နိုင်ခဲ့တာကို ကြိုက်တယ်။ အနိုင်ကျင့်ခံနေရတဲ့အပေါ် သေချာ မဖြေရှင်းနိုင်သေးတာကိုတော့ ကျနော် အားမရသလို ဒီက ပြည်သူတွေလည်း အားမရဘူး။

မေး။    ။ဆန္ဒပြမှုတွေက အရပ်ဘက်အဖွဲ့အစည်းတွေ ရောက်လာပြီးမှ စတင်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ရေးသားထားတဲ့ အပေါ်ကိုရော ဘယ်လိုမြင်လဲ။

ဖြေ။    ။အပြစ်တော့ သိပ်မပြောချင်ဘူး။ ဒေသကို သေချာမရောက်ဘူးတဲ့သူတွေကြောင့်လို့ပဲ ထင်ပါတယ်။ ဒေသခံတွေက သူတို့မြေတွေစသိမ်းတယ်ဆိုကတည်းက ၁၂ ရက် ၁၂ လ  ၂၀၁၀ ခုနှစ်ကတည်းက ဆန္ဒပြမှုတွေဖြစ်ခဲ့တာပါ။ ဘယ်နိုင်ငံရေးသမားမှ မရှိခင်ကတည်းကပါ။  ဘယ်သတင်းဌာန၊ ဘယ်နိုင်ငံရေးသမားမှ မပါဘူး။ ဦးပိုင်က ဖိနှိပ်တယ်၊ ဆားလင်းကြီး ရဲစခန်းက ဘာမှမလုပ်ပေးဘူး။ ဒါကြောင့် ၈၈ ကျောင်းသား ကိုမျိုးသန့်က ဝက်မှေးရွာ က မသွဲ့သွဲ့ဝင်းတို့ နဲ့အတူ ကျနော့်ကို လာရောက်ကူညီပါဦးလို့ ဖိတ်ခေါ်တဲ့အတွက်ကြောင့် လက်ပန်းတောင်း ကိုရောက်သွားခဲ့တာပါ။ ကျနော်ရောက်ခဲ့တဲ့အချိန်မှာ ကိုမင်းကိုနိုင်တို့ ကိုဒီငြိမ်းလင်းတို့တွေ ရောက်ခဲ့ပြီးပြီ။ ဖိနှိပ်မှုတွေရှိခဲ့တဲ့အတွက် သူ့သဘာဝအလျောက် ဆန္ဒထုတ်ဖော်မှုတွေဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေက ပြည်သူတွေဘက်က ရပ်တည်ခဲ့ကြတာဟာ ပယောဂ မဟုတ်ဘူး၊ ပယောဂဆိုရင်တောင် ကောင်းတဲ့ပယောဂတခုပဲ ဖြစ်ခဲ့လိမ့်မယ်။ ကျနော်တို့ လှုပ်ရှားခဲ့ကြတယ်ဆိုတာ သံဃာတော်တွေကို  မီးလောင်တိုက်သွင်းဖို့ မဟုတ်ဘူး။ ပြည်သူကိုဖိနှိပ်တဲ့ ဦးပိုင်စစ်ကုမ္ပဏီဘက်က မရပ်တည်ဘူး။ ဒီနေ့အချိန်ထိ တောက်လျှောက် ဒေသခံတွေနဲ့အတူ တိုက်ပွဲဝင်နေကြတာပါ။ ဒါကို မကူညီသင့်ဘူးလား၊ မဆောင်ရွက်သင့်ဘူးလား။ ဒေသခံတွေက သိပ်နာကျင်လွန်းတာကြောင့် ဆန္ဒပြမှုတွေဖြစ်လာတာပါ။

ဒေါ်အောင်ဆန်းစုကြည်က အင်မတန် ချစ်ခင်လေးစားစရာ ရေကာင်းပါတယ်။ တလှေတည်းစီး တခရီးတည်း သွားနေတဲ့သူတွေပါ။ သဘောထားကွဲလွဲစရာ ကန့်ကွက်စရာမရှိဘူး။ ဒေသခံတွေကတော့ စိတ်ဒဏ်ရာတွေဖြစ်နေတော့ ထိထိရောက်ရောက် မဖြေရှင်းနိုင်တော့ စိတ်ကွက်မှုလေးတွေရှိတယ်။ ဒေါ်စုကို ကန့်ကွက်ခိုင်းတာမဟုတ်ဘူး၊ ဦးပိုင် စီမံကိန်းဖျက်သိမ်းရေးကိုပဲ တောင်းဆိုကြတာပါ။ ဒေသခံတွေထဲက ဘယ်သူ့ကိုမဆို မေးနိုင်တယ်။ သူတို့ကို ကျနော်က ဓားနဲ့ထိုးမယ်ပြောတာ တကယ်သက်သေရှိသလား။

မေး။    ။ဆန္ဒပြမှုတွေကို ပြည်ပက နောက်ကွယ်က ထောက်ပံ့ပေးမှုတွေရှိနေတယ်လို့ သုံးသပ်ကြတဲ့အပေါ်ကော။

ဖြေ။    ။မိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ မခင်ဥမ္မာ၊ ဒေါက်တာကျော်သူ၊ ကိုဘိုကြည်တို့က ထောက်ပံ့တယ်လို့ ပြောနေကြတယ်။ ကျနော်ပြောမယ်၊ သူတို့နဲ့ ငါးပြားမှ မပတ်သက်ခဲ့ဘူး။ သူတို့ လုပ်ခိုင်းလို့ ဒီကိစ္စ ဖြစ်ရောလား။ မေးလို့ရတယ် ဖြေလို့ရတယ်။ စွပ်စွဲမှုတွေ ကြည့်လုပ်ကြဦး။

မေး။    ။နောက်ထပ် လှုပ်ရှားမှုတွေရော ဆက်လုပ်သွားဖို့ ရှိလား။

ဖြေ။    ။တိုက်ပွဲတွေမှာ တတ်နိုင်တဲ့ ဘက်က ကူညီဦးမှာပါ။ ဘယ်သူတွေ ကန့်ကွက် ဆန့်ကျင်ပါစေ၊ ဘယ်လိုပြောပြောပါ။ ကျနော် အဖိနှိပ်ခံ ပြည်သူဘက်က ဆက်ပြီး ရပ်တည်နေမှာပါ။   
The Irrawaddy (Burmese Version)
ကိုဟန်ဝင်းအောင် (ယာအစွန်) ကို လက်ပံတောင်းဒေသတွင် တွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

နိုင်ငံတကာစည်းကမ်းအတိုင်းလိုက်နာလျှင် မြွေတောင်ဖားတောင်စီမံကိန်းကို လက်ခံသင့်ကြောင်း (၈၈) ကျောင်းသားခေါင်းဆောင်ပြော

မင်းကိုနိုင်၊ ကိုကိုကြီးဦးဆောင်သော (၈၈) မျိုးဆက်ကျောင်းသားများ ယခု မတ်လ (၈) ရက်နေ့က မြောက်ပိုင်းချင်းတောင်တီးတိန်မြို့ သို့ရောက်ရှိပြီးဒေသခံလူထုနှင့် တွေ့ဆုံကာ၊ ကလေးချင်းတောင် ဒေသမြွေတောင် ဖားတောင်စီမံ ကိန်းနှင့်ပတ်သက်၍နိုင်ငံတကာ မှသတ်မှတ်ထားသောစံချိန်စံညွှန်းနှင့် အညီလုပ်ကိုင်တူးဖော်လျှင် သဘောတူလက်ခံသင့်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားခေါင်း  ဆောင်မှပြောကြားသည်။

“မြွေတောင်ဖားတောင်စီမံကိန်းနှင့် ပတ်သက်လို့လုပ်ကိုင်မယ်ဆို ရင်လုံးဝကန့်ကွတ်တာမျိုးမဟုတ်ဘဲ။ တူးဖော်မယ့်နိုင်ငံ၊ တူးဖော် မယ့်ကုမ္ပဏီပေါ့နော်။ နိုင်ငံတကာမှာ အသုံးပြုပြင်ဋ္ဌာန်းထားတဲ့ စည်းကမ်းစံချိန်စံညွှန်းတွေနှင့် ကိုက်ညီမယ်ဆိုရင်လက်ခံသင့်ပါ တယ်”ဟု ယင်းကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သည့် မမာမာဦး မှပြောသည်။

ကလေး၊ ချင်းတောင်ဒေသရှိ မြွေတောင် ဖားတောင်သတ္တုတူး ဖော်ရေးလုပ်ငန်းကို တရုတ်၊ ကုမ္ပဏီ ဖြစ်သည် “အာရှမီးနင်းစတား” ကုမ္ပဏီမှလာမည့် (၂၀၁၃) ဇူလိုင် လတွင်လုပ်ငန်းများစတင်တော့မည်ဟု သိရသည်။ ဒေသခံတို့အနေဖြင့် မြွေတောင် ဖားတောင်နေရာ သည်ရှေးပဝေသဏီကာလမှစတင် နေထိုင်ခဲ့သည့်နေရာဖြစ်သည့်အားလျှော်စွာ ယနေ့အချိန်ထိမြွေတောင် ဖားတောင်ပေါ်တွင် သစ်တော၊ ၀ါးတောကြီးများ စိမ့်စမ်းလျှိုမြောင် ကြီးများရှိနေသေးသည့်နေရာဖြစ်သည်။ ထို့ကြောင့် ထိုစီမံကိန်းကြောင့် သစ်ဝါးထုတ်လုပ်သည့် လုပ်ငန်းများ၊ လယ်ယာလုပ်ငန်း များပျက်စီဆုံးရှုံးကြရမည်ကိုစိုးရိမ် နေကြသည်။ စီမံကိန်းအထမြောက် အောင်မြင်သည်ဆိုလျှင်ပင်တိုင်းပြည်အတွက် ဒေသခံတို့အတွက်  ဒေသခံတို့နေထိုင်သည့်ပြည်နယ်၊ တိုင်းအတွက်အကျိုးခံစားခွင့်များနှင့် ရေရှည်ခံစားရရှိကြရမည့် သဘာဝပတ်ဝန်းကျင်ပျက်စီးယို ယွင်းလာမှုနှင့် ဆိုးကျိုးတို့ကိုတွက်ဆရန်လိုအပ်နေကြောင်း ဒေသခံ  တို့ကပြောသည်။
ကောင်းမြတ်သူ
The Hot News

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ ဖခင်တစ်ဦးရဲ့ရင်ဖွင့်စာ

(၈-၁၂-၂၀၁၂)ရက် စစ်တက္ကသိုလ် အမှတ်စဉ်(၅၅)သင်တန်းဆင်းပွဲမှာ ““ခေါင်းဆောင်တို့သည် မိမိဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့်၊ မလုပ်သင့် ဝေဖန်ပိုင်း ခြားရန်လိုကြောင်း၊ လုပ်ကိုင်ဆောင်ရွက် ရာတွင်လည်း အခြေအနေ အချိန်အခါ အရပ်ရပ်ကို သေချာစွာ စဉ်းစားချင့်ချိန်ပြီးမှ အကောင်အထည်ဖော်ဆောင်ရွက် ရန်လိုကြောင်း၊ လက်အောက်ခံစစ်သည် များ၏ အခြေအနေကို သေချာသိရှိရန် လိုကြောင်း၊ အသိတရား၊ သတိတရား ရှိရှိဖြင့် နေထိုင်လုပ်ကိုင်တတ်ရန်လိုကြောင်း မိမိရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာကို စိစစ်သုံးသပ်ကာ လက်ရှိဖြစ်ပေါ် နေသော အခြေအနေများ၊ အနာဂတ်တွင် ဖြစ်လာနိုင်မည့် အခြေအနေများကို ကြိုတင်မြော်တွေးပြီး သတိတရားရှိရှိ ဆောင်ရွက်ရန်လိုကြောင်း””ဒုတိယ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် မိန့်ခွန်းပြောခဲ့ တာကြောင့် ကျွန်တော့်သားကြီးအဖြစ် ဟာလည်း မိန့်ခွန်းထဲမှာပါတဲ့အကြောင်း အရာတွေနဲ့ တူနေတာမို့ ရင်ဖွင့်တင်ပြ လိုက်ရပါတယ်။
ကျွန်တော်ဟာ တပ်မတော်မှာ နှစ်ပေါင်း(၄၀)တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ကြပ်အဆင့်နဲ့ အငြိမ်းစားယူခဲ့ပါတယ်။

ကျွန်တော် စစ်မှုထမ်းဘ၀နဲ့ရှိ တုန်း (၁၀)တန်းအောင်တဲ့သားကြီးက စစ်ထဲဝင်ချင်တယ်ဆိုတာကြောင့် ဗိုလ်သင်တန်းလျှောက်ခိုင်းပြီး ၀င်ခွင့်ရတဲ့ အတွက် ကျွန်တော့်လစာထဲက ထောက်ပံ့ပြီး ဗိုလ်သင်တန်းတက်စေခဲ့ပါတယ်။ သင်တန်းဆင်းတော့ အဆင့်(၄)နေရာရခဲ့ ပြီး ကြံ့ခိုင်ရေးအကောင်းဆုံး စံပြဆုလည်း ရခဲ့ပါတယ်။ ဒုတိယဗိုလ်ကနေ ဗိုလ်ကြီးအထိ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တာဝန်ကျပြီး ရှမ်းပြည်နယ်တစ်ခွင် စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့ရပါတယ်။ ဒုတိယတပ်ရင်းမှူးဖြစ်တော့ စကခ(၁)လက်အောက်ခံတပ်ရင်းမှာ တာဝန်ထမ်းဆောင်စဉ်(၂၀၁၁)ခု မတ်လမှာ ဖြစ်ပွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ဒေသနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ပုတ်၊ ကျေးသီးဒေသတိုက်ပွဲတွေမှာ အစအဆုံးပါဝင်ခဲ့ပြီး ယာယီတပ်ရင်းမှူး ရာထူးတိုးကာ စကခ(၂)လက်အောက်ခံ မိုင်းပွန်တပ်ရင်းမှာ တာဝန်ချထားခြင်း ခံရပါတယ်။ ခမရ(၅၁၇)မိုင်းပွန်မြို့မှာ ယာယီတပ်ရင်းမှူး တာဝန်ထမ်းဆောင် နေရတဲ့ ကျွန်တော့်သားကြီး ဗိုလ်မှူး ကျော်သက်နိုင် ကြည်း(၃၀၀၇၀)ဟာ (၂၀၁၂)ခု ဇွန်လအတွင်း မိုင်းရှူးဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်း ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ ၅၆(က) ကို ချိုးဖောက်လို့ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့လို့ တောင်ကြီး မြို့၊ တောင်လေးလုံးအကျဉ်းထောင်မှာ ယနေ့ထိ အကျဉ်းကျခံနေရတဲ့အတွက်ကြောင့် ဖခင်တစ်ယောက်အနေနဲ့ ရင်ဖွင့် စာရေးသားရခြင်းပဲဖြစ်ပါတယ်။ ကျွန်တော့်သားကြီးကို အမှုမစစ်ဆေးမီ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ခိုလမ်မြို့အမှတ်(၆၆)ခြေမြန်တပ်ရင်းမှာ ထားတုန်း သားကြီးဆီက အဆက်အသွယ်ရခဲ့ပါတယ်။ သားကြီးပြောပြသမျှထဲမှာ တချို့ဟာတွေဟာ ရေးပြဖို့ မသင့်တာကြောင့် အကျဉ်းမျှတင်ပြရရင် သားကြီးတို့ တိုက်ပွဲဖြစ်နေတဲ့နေရာဟာ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ် ရေးထိုးထားတဲ့နေရာဖြစ်တာကြောင့် ငြိမ်းချမ်းရေးမပျက်စေဖို့ ချင့်ချိန်ဆောင်ရွက်နေစဉ်၊ အထက်ဌာနက နယ်ခြားကျောက်တောင်ကို ဇွန်လ(၂၀)ရက် ညနေအပြီးသိမ်းခိုင်းကြောင်း သိရပါတယ်။ ဒါပေမဲ့ စိုးမိုးကုန်းနေရာတိုင်းမှာ ရန်သူက တပ်စွဲထားပြီး အပေါ်စီးမှ ပစ်ခတ်တိုက်ခိုက်တာတွေ၊ မိုင်းတွေကို ရီမု ကွန်ထရိုးတပ်ဆင်ထားပြီး တိုက်ခိုက်တာ တွေလုပ်တဲ့အတွက် ထင်သလောက် မလွယ်ဘဲ (၃)ရက်ကြာ အစာငတ်၊ ရေ ငတ်ခံပြီး ဇွဲကြီးစွာ တဖြည်းဖြည်း တိုက်တဲ့အတွက် (၃)ရက်မြောက် နေ့ လယ်မှာ ရန်သူခံစစ်ကုန်းကို သိမ်းပိုက် ရမိကြောင်းလည်း သိရပါတယ်။ အဲဒီ နောက် ညအချိန်တိုက်ပွဲဖြစ်စဉ်ပျောက် ဆုံးခဲ့တဲ့ အရာရှိနဲ့ စစ်သည်တွေကို ပြန်ရှာခြင်း၊ ကျဆုံးစစ်သည်အလောင်းတွေ ကို မြှုပ်နှံသင်္ဂြိုဟ်ခြင်းပြုလုပ်ပြီးနောက်မှာ အထက်ဌာနက ရန်သူ့ခံစစ်ကုန်း(၁) ကုန်းကို ထပ်မံသိမ်းပိုက်ဖို့ အမိန့်ပေးလာ တော့ စစ်သည်တွေအစာငတ်၊ ရေငတ် ဖြစ်ပြီး အင်အားနည်းနေကြောင်း၊ ဒဏ် ရာရစစ်သည်များ အခြေအနေတင်ပြခဲ့ကြောင်း၊ ရန်သူမှာ အနည်းငယ်သာ ဆုတ်ခွာပြီး အင်အားထပ်မံဖြည့်တင်းပြီး သတ်ကွင်းဆင်ထားလို့ ရှေ့ဆက်တိုးဖို့ မလွယ်ကြောင်းတွေ တင်ပြခဲ့ပေမဲ့ လက်မခံဘဲ သိမ်းပိုက်မရလျှင် အရေးယူမယ်လို့ ဖိအားပေးခဲ့တာကြောင့် စစ်သည် တွေဒေါသထွက်လို့ ချော့မော့ထိန်းသိမ်း ခဲ့ရကြောင်း၊ မဖြစ်မနေ သိမ်းပိုက်ပါကလည်း အင်အားနည်းသောကြောင့် ရလဒ်ဆိုးဝါးလာနိုင်တဲ့အတွက် မိမိတို့ စစ်သည်များရဲ့ အသက်ကို ငဲ့ကွက်ပြီး လုပ်သင့်တာကိုလုပ်ခဲ့ကြောင်း အဲဒီလို လုပ်ခဲ့လို့ ဗျူဟာမှူး၊ စစ်ဦးစီးမှူး(ပ)၊ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ခေတ္တတပ်ရင်းမှူးတို့ ထောင်ချခံခဲ့ရပါတယ်။
ကျွန်တော့်သား အပါအ၀င် ထောင်ကျခံနေရတဲ့အရာရှိတွေဟာ စစ်မှုထမ်း သက်(၁၃)နှစ်ကနေ နှစ်(၃၀)အထိရှိခဲ့တဲ့သူတွေဖြစ်ပါတယ်။ ဗျူဟာမှူးဆိုရင် စစ်မြေပြင်မှာ ကိုယ်တိုင်ကွပ်ကဲပြီး စစ်သည်တွေသေချင်သေပါစေဆိုပြီး ဖိအားတွေပေးနိုင်ပေမဲ့ နယ်မြေအနေအထား၊ အုပ်ချုပ်ထောက်ပံ့မှုအနေအထား၊ မိမိတပ်ရဲ့တိုက်နိုင်စွမ်းအားတွေအပေါ် ဆင်ခြင်သုံးသပ်ပြီး ခံစစ်ဆင်နေတဲ့ ရန်သူအင်အားသာလွန်နေချိန်မှာ အဓိပ္ပာယ်မရှိဘဲ မိမိရဲ့အရာရှိ စစ်သည်တွေ မဆုံးရှုံး စေချင်လို့ ခေါင်းဆောင်ကောင်းပီသစွာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ ရဲဘော်တွေအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့ပေမဲ့ သူ့အတွက် ရလဒ်ကတော့ ရာဇ၀တ်အကျဉ်းသားတွေရဲ့ ပြောဆိုမှုကိုခံပြီး၊ ခိုင်းတာလုပ်နေရတဲ့ ဘ၀ကိုပဲ ရခဲ့ပါတယ်။ ကျွန်တော့်သား ကြီးကို ထောင်ဝင်စာသွားတွေ့တော့ အဖေတို့ရယ်၊ ဇနီးနဲ့ သမီးကလေး(၂) ယောက်ရယ်ကို လွမ်းပြီး အရမ်းတွေ့ချင်ကြောင်း၊ အတန်းပညာရာထူးတွေဟာ ထောင်ထဲမှာ ဘာမှလုပ်လို့မရကြောင်း၊ ရာဇ၀တ်အကျဉ်းသားလိုပဲ ဆက်ဆံခံရကြောင်း၊ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေတဲ့သူတွေကြားထဲမှာနေရလို့ စရိုက် မတူဘဲ စိတ်ညစ်ရကြောင်း၊ စစ်သားဖြစ် ကတည်းက အသက်ကိုမငဲ့ကွက်ဘဲ တိုက်လာတာ ဘာမဟုတ်တဲ့ကိစ္စအတွက် နဲ့အရင်ကလုပ်ကိုင်ခဲ့တာတွေ၊ ကောင်း ကွက်တွေကို လုံးဝမထောက်ထားဘဲ ဘ၀ ကို ဖျက်ဆီးပစ်ရုံမက ဘ၀ပါသေအောင် ထောင်ချပစ်သည်ကို တွေးမိတိုင်း ကိုယ့် ကိုကိုယ် သတ်သေချင်စိတ်ဖြစ်မိကြောင်း၊ ထောင်မှလွတ်ရင်လည်း နှစ်(၂၀)နီးပါး သင်ယူခဲ့ရတဲ့ စစ်ပညာနဲ့ အသက်မွေးလို့ မရတော့သောကြောင့် ဘ၀ကို တစ်ကပြန်စရမည်ဖြစ်ကြောင်း ၀မ်းနည်းစွာနဲ့ ပြောတာကြားရတော့ မိဘတစ်ဦးဖြစ်တဲ့ ကျွန်တော့်ရင်ထဲမှာ ငါ့သားကြီးကို ဒီလို ဖြစ်မယ်မှန်းသိခဲ့ရင် စစ်တပ်ထဲ မသွင်းမိ ပါဘူးဆိုတဲ့ ဆန္ဒဖြစ်ပေါ်ခဲ့ရပါတယ်။

အခုအချိန်မှာ နိုင်ငံတော်က နိုင်ငံရေးအကျဉ်းသားတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ကို ပြစ်ဒဏ်ကျခံရမှာ အများကြီး ကျန်နေပေမဲ့  ပြန်လည်လွှတ်ပေးနေသလို၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာတွေ့ ရပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အကျဉ်းကျခံရသူတွေ ကိုတောင် လွှတ်ပေးနေချိန်မှာ ပြည်တွင်းတိုက်ပွဲကြောင့် အကျဉ်းကျခံနေရတဲ့ တပ်မတော်သား စစ်ရေးအကျဉ်းသားတွေကိုလည်း အခြားသူများနည်းတူ လွှတ်ပေး သင့်ပါတယ်။ အခုတော့ စစ်တရားရုံး စစ်ဆေးပြီးတော့ သားကြီးတို့ကို တပ်ရင်းအချုပ်ထဲထည့်တဲ့နေ့မှာ အရှေ့အလယ် ပိုင်းတိုင်းမှူးနဲ့သားကြီးတို့ တိုက်ခဲ့တဲ့ တစ်ဖက်ရန်သူတို့လက်ဆွဲနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေး ညစာစားပွဲပြုလုပ်နေတာကိုတွေ့ရတော့ ကျဆုံး၊ ဒဏ်ရာ ရစစ်သည်တို့ရဲ့ ဘ၀တွေဟာ အဓိပ္ပာယ်မရှိတော့ဘဲ ရန်သူကိုတော့ ခွင့်လွှတ် ဆက်ဆံပြီး မိမိတို့တပ်က အရာရှိတွေကိုတော့ ရန်သူလိုဆက်ဆံပြီး ထောင်ထဲ ရက်ရက်စက်စက်ပို့ခဲ့တဲ့ လုပ်ရပ်ဟာ ကျောင်းဆင်းမိန့်ခွန်းမှာပါတဲ့ အချက်တွေ နဲ့ ကွဲပြားခြားနားနေတာတွေ့ရတော့ အသိတရား၊ သတိတရားနဲ့ လုပ်ခဲ့တဲ့ သားကြီးတို့အရာရှိတွေကို ထောင်ထဲထည့်တဲ့ လုပ်ရပ်ဟာလည်း နိုင်ငံတော်နဲ့ တပ်မတော်အတွက် ဆုံးရှုံးမှုတစ်ရပ်သာ ဖြစ်တာကြောင့် တပ်မတော်သားတွေနဲ့ ဖခင်တစ်ဦးဖြစ်တဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်အနေနဲ့ သားကြီးတို့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ပြီး စဉ်းစား ပေးစေချင်ပါကြောင်း ရင်ဖွင့်ရေးသား လိုက်ရပါတယ်။
တပ်မတော်အပေါ်သစ္စာရှိစွာဖြင့်
တပ်ကြပ်ချစ်အေး(ငြိမ်း)
ကပ/၃၆၃၉၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ ဖခင်တစ်ဦး၏ရင်ဖွင့်စာ နောက်ဆက်တွဲသတင်းနှင့်.အိတ်ဖွင့်ပေးစာပါအရာရှိများ ကျခံနေရသောထောင်များ

1) ဗျူဟာမှုး ဗိုလ်မှုးကြီး ၀င်းညွှန့် အလုပ်သင် ၁၂ (၃)နှစ်
2) G1 ဒုတိယဗိုလ်မှုးကြီး စိုးမင်းလတ် DSA 35 (၂)နှစ်
3) တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွှန် DSA 37 (၅) နှစ်
4) ဒုတပ်ရင်းမှုး ဗိုလ်မှုး ကျော်သက်ခိုင် အလုပ်သင် 25 (၂) နှစ်
5) ဒုတပ်ရင်းမှုး ဗိုလ်မှုးနန္ဒကျော် အလုပ်သင် 27 (၂) နှစ်
6) ယာယီတပ်ခွဲမှုး ဗိုလ်မှုးကျော်မြင့်ထွန်း DSA 44 (၂) နှစ်

ကျခံနေရသောထောင်များ
1) ရွှေညောင်တောင်လေးလုံးထောင်- ဗျူဟာမှုး ဗိုလ်မှုးကြီးဝင်းညွန့်နှင့် ဒုတပ်ရင်းမှုး ဗိုလ်မှုးကျော်သက်ခိုင်
2) ပန်းကန်ရဲဘက်စခန်း- ဗိုလ်မှုးနန္ဒကျော် နှင့် ဗိုလ်မှုးကျော်မြင့်ထွန်း
3) ထီးခန်းရဲဘက်စခန်း- ဒုတိယဗိုလ်မှုးကြီးစိုးမင်းလတ်နှင့် ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွန့်
HN-News Room
The Hot News

နေပြည်တော်ကုန်စည်နှင့် ကားပြပွဲရှိ ယာဉ်အပ်နှံရန်နေရာတွင် အပ်နှံခဲ့သော ဆိုင်ကယ်ပျောက်ဆုံး

နေပြည်တော်ရှိ ဥပ္ပါတသနိ္တ စေတီတော်၊ ဘုရားပွဲကျင်းပရာ ကွင်းအတွင်းရှိ ဆိုင်ကယ်စတင်းတွင် ယုံကြည်စွာအပ်နှံထား သည့် မော်တော်ဆိုင်ကယ်မှာ ပျောက်ဆုံးသွားသည့်အတွက် တာဝန်ရှိသူ ပျော်ဘွယ်မြို့ ပြည် သာယာ ၆ လမ်း၊ တိုက်အမှတ် ၂၈ တွင် နေထိုင်သူ၊ ဒေါ်ခင်ဌေး မြင့်အား နေပြည်တော် ပုပ္ပသီရိ မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ပြီး တိုင်ကြားထားကြောင်း နစ်နာသူ ဦးဇော်မင်းထွန်းနှင့် ဇနီး ဒေါ်ဝါ၀ါနွယ်တို့က စာနယ်ဇင်း များသို့ အသိပေးပြောကြားခဲ့ သည်။

၁၀-၁-၂၀၁၂ ရက်မှ ၁၄-၁-၂၀၁၂ ရက်အထိ နေပြည် တော် ဥပ္ပါတသနိ္တစေတီတော် ဘုရားပွဲကွင်းအတွင်း၌ ပြုလုပ်ခဲ့ သည့် ကုန်စည်ပြပွဲနှင့် ကားပြပွဲ ရှိ ယာဉ်အပ်နှံသောနေရာတွင် ၁၄-၁-၂၀၁၂ ရက် ည(၇)နာရီ အချိန်က ဦးဇော်မင်းထွန်း၊ ကင်ပွန်းတန်းကျေးရွာတွင် နေ ထိုင်သူက ထိုင်းနိုင်ငံလုပ် ဟွန်ဒါ မော်တော်ဆိုင်ကယ် ၉ယ/ ၆၀၇၃၇ကို ငွေကျပ် (၅၀၀)ပေး ၍အပ်နှံခဲ့ကာ ပြပွဲအတွင်း၌ (၁) နာရီခန့်ကြည့်ရှု၍ ပြန်ထွက်လာ ပြီး၊ ဖြတ်ပိုင်းပြ၍ ဆိုင်ကယ်အား ပြန်ယူရာ ဆိုင်ကယ်မှာမရှိတော့ ဘဲ ပျောက်ဆုံးနေကြောင်း သိရှိ ရသဖြင့် အဆိုပါပြပွဲတွင်တာဝန် ကျနေသည့် နေပြည်တော် ပတ္တာ ရဲစခန်းမှ တာဝန်ရှိသူများအပါ အ၀င် ဒေါ်ခင်ဌေးမြင့်အား အသိ ပေးပြောဆိုရာ ဒေါ်ခင်ဌေးမြင့်က မနက်ဖန် ပြေလည်အောင်ဖြေ ရှင်းပေးမည် ဆိုင်ကယ်နှင့်ပတ် သက်တဲ့ အထောက်အထား တစ်ခုပြရင် ပြေလည်အောင်ဖြေ ရှင်းပေးမည်ဟု ပြောသဖြင့် (၁၅-၁-၂၀၁၃)ရက် နေ့လယ်(၂) နာရီ အချိန်တွင် ပတ္တာရဲစခန်းသို့ တာဝန်ခံဒေါ်ခင်ဌေးမြင့်နှင့် ဦးဇော်မင်းထွန်းတို့ကို တာဝန်ရှိ ရဲအရာရှိက ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဒေါ်ဝါ၀ါနွယ်က ““ပတ္တာရဲ စခန်းက ရဲအရာရှိက (၁၅)ရက်၊ နေ့လယ်(၂)နာရီလာခဲ့ဖို့ချိန်းထား တဲ့အတိုင်း ကျွန်မတို့သွားတော့ မိုးချုပ်သွားတဲ့အထိ ဒေါ်ခင်ဌေး မြင့် လုံးဝမလာဘူး၊ တာဝန်ရှိ ရဲအရာရှိက မနက်ဖန်(၁၆)ရက် နေ့လယ်(၂)နာရီမှာ ထပ်ပြီးလာခဲ့ ဖို့ပြောတယ်။ ကျွန်မတို့လဲ ပြန် လာပြီး နောက်နေ့မှာထပ်ပြီးသွား တော့ ဒေါ်ခင်ဌေးမြင့်နဲ့ ဒေါ်ညို ညိုအေးတို့ ညနေ(၅)နာရီထိုးမှ ရောက်လာပါတယ်။ ကျွန်မတို့ က ပျောက်ဆုံးသွားတဲ့ ဆိုင်ကယ် ၀ှီးတက်ကို ယာဉ်ထိမ်းရဲတပ်ဖွဲ့က ဦးထုပ်မဆောင်လို့ ဒဏ်ငွေ ဆောင်ရန် ၀ှီးတက်မူရင်းကို သိမ်း ဆီးထားကြောင်း အထောက် အထားစာရွက်၊ ၀ှီးတက်မိတ်္တူ၊ ဆိုင်ကယ်ရဲ့ဓာတ်ပုံ၊ ဆိုင်ကယ် သော့တွေအားလုံးကို ရဲအရာရှိ တွေရဲ့ရှေ့မှာ သူတို့ကိုပြတော့၊ သူတို့နဲ့မဆိုင်ဘူး၊ လုံးဝမလျော် ပေးနိုင်ဘူးဆိုပြီး ပြောတယ်။ ရဲ အရာရှိက နှစ်ဦးနှစ်ဖက်ပြေလည် အောင် ဖြေရှင်းပေးပြန်တော့လဲ၊ (၁)သိန်းဘဲလျော်ပေးမယ်၊ မကျေ နပ်ရင် ကြိုက်တဲ့နေရာကိုတိုင်၊ ဂရုမစိုက်ဘူးဆိုပြီးတော့ ပြန်သွား တယ်။ အဲဒီနောက်ပိုင်း ဒေါ်ခင် ဌေးမြင့်ကို ဖုန်းနဲ့ဆက်သွယ်လို့လဲ မရတော့ဘူး။ သူနေတဲ့နေရာကို လဲမသိဘူး။ ကျွန်မတို့ကလည်း တောသူတောင်သားတွေဆိုတော့ ဘာလုပ်ရမှန်းမသိဘူးဖြစ်သွား တယ်””ဟု ဒေါ်ဝါ၀ါနွယ်က ရှင်းပြ သည်။

““ကျွန်တော့်ဆီကိုလာပြီး သူတို့ဆိုင်ကယ်ပျောက်ဆုံးတဲ့ အကြောင်း အသေးစိတ်ရှင်းပြပြီး အကူအညီတောင်းတယ်၊ ကျွန် တော်လဲ ဒေါ်ခင်ဌေးမြင့်ရဲ့ ဖုန်း နံပါတ်၊ လိပ်စာတွေကို ပွဲကန်ထ ရိုက်ပုံစံမျိုးအသွင်ယူပြီး စုံစမ်းတဲ့ အခါမှာ ဒေါ်ခင်ဌေးမြင့်နေတဲ့ ပျော်ဘွယ်မြို့က အိမ်လိပ်စာကို သိရတယ်။ ၈-၂-၂၀၁၃ ရက်မှာ ပျော်ဘွယ်မြို့ကိုသွားပြီး ဒေါ်ခင် ဌေးမြင့်တို့နေတဲ့ရပ်ကွက်က ရာအိမ်မှူးဦးစိုးဝင်းကို အကျိုး အကြောင်းရှင်းပြပြီး၊ ရမည်းသင်း ခရိုင်ကမှုခင်းသတင်းထောက် ဆရာမင်းဟိန်းခန့်နဲ့အတူ ကျွန် တော်တို့(၃)ဦး၊ ဒေါ်ခင်ဌေးမြင့်တို့ အိမ်ကို သွားပါတယ်။ ဒေါ်ခင် ဌေးမြင့်တို့အိမ်မှာ သူ့ခင်ပွန်း၊ ပန်း ရံဆရာတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း(၄)ဦးကို တွေ့ပါတယ်။ ကျွန်တော်တို့ကလည်း ဆိုင်ကယ် ပျောက်ဆုံးမှုအတွက် နှစ်ဦးနှစ် ဖက်ညှိနှိုင်းဆွေးနွေးရာ၊ ဒေါ်ခင် ဌေးမြင့်က ဆိုင်ကယ်ပျောက်ဆုံး မှုအတွက် တန်ဖိုးငွေကျပ်(၃)သိန်း ပေးလျော်မယ်လို့ အားလုံးရှေ့မှာ ကတိပေးပါတယ်။ ဒေါ်ခင်ဌေး မြင့် ကတိပြုပြောဆိုချက်တွေကို အသံဖမ်းထားပါတယ်။ ကျွန် တော်တို့ပြန်လာပြီး ကာယကံရှင် ဖြစ်တဲ့ ဦးဇော်မင်းထွန်းတို့ကို အကျိုးအကြောင်းရှင်းပြတော့ သူတို့ကလည်း ကျေနပ်တယ်၊ အဲဒါနဲ့ ဒေါ်ခင်ဌေးမြင့်ဆီကို ငွေ (၃)သိန်းကို ဘယ်နေ့ပေးမလဲ ဖုန်း ဆက်ပြီးမေးတော့ မတ်လ ၁ရက် မှာ ဆက်ဆက်ပေးပါမယ်လို့ ပြန် ပြောတယ်။ ကျွန်တော်ကလည်း ဒေါ်ခင်ဌေးမြင့်ကို လူကြီးလူ ကောင်း လုပ်ငန်းရှင်တစ်ယောက် လို သဘောထားပြီး၊ သူပေးမယ် ဆိုတဲ့ ၁ရက်ကို စောင့်နေလိုက် တယ်။ ဖေဖော်ဝါရီလ ၂၈ ရက် မှာအကျိုးအကြောင်း သိရအောင် ဖုန်းဆက်ပြီးမေးတော့ သူ့ခင်ပွန်း ဆေးရုံတက်နေရလို့ တစ်ရက်နှစ် ရက်စောင့်ပါဦးလို့ပြောတယ်။ သူပြောတဲ့အတိုင်း စောင့်ပြီး မတ်လ ၃ ရက်မှာ ဖုန်းဆက်ပြီး မေးကြည့်တော့ မုံရွာကိုရောက် နေလို့ ၇ ရက် နေ့လယ် ၁၂ နာရီ တိတိမှာ ပျောက်ဆုံးသွားတဲ့ ဆိုင် ကယ်ပိုင်ရှင်တွေနဲ့ ပတ္တာရဲစခန်း မှာ စောင့်နေပါ။ ကျွန်မတို့လာပြီး ရဲအရာရှိတွေရဲ့ရှေ့မှာ လက်မှတ် ထိုးခိုင်းပြီး ငွေ(၃)သိန်းကို လျော်ပေးပါမယ်လို့ပြောတယ်။ သူပြောတဲ့ မတ်လ ၇ ရက် နေ့လယ် ၁၂ နာရီမှာ သူခေါ်ခိုင်း ထားတဲ့သူတွေကိုခေါ်ပြီး ရဲစခန်း ကစောင့်နေပါတယ်။ ၁ နာရီထိုး တဲ့အချိန်ထိ ဒေါ်ခင်ဌေးမြင့် ရောက်မလာလို့ ဖုန်းဆက်ပြီးမေး တော့ ထွက်လာနေပြီ၊ တပ်ကုန်း ကိုရောက်နေပြီလို့ပြောတယ်။ ၃ နာရီထိုးတဲ့အချိန်ထိ ရောက်မ လာလို့ ဖုန်းဆက်ပြီးမေးကြည့် တော့ မလျော်နိုင်တော့ဘူးဆိုပြီး ပြန်ပြောတယ်””ဟု နစ်နာသူမိ သားစုဘက်မှ အကျိုးဆောင်ပေး သူ ဦးရန်နိုင်က ရှင်းပြသည်။
ရမည်းသင်းခရိုင်မှ မှုခင်း သတင်ေးထာက် ဆရာမင်းဟိန်း ခန့်အား ည(၇)နာရီအချိန်တွင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့် ရာ ““ကျွန်တော့်ကိုပြောတော့ ကျွန်မကရဲစခန်းကို သွားတယ်။ သူတို့ကိုစောင့်နေတယ် မလာ ဘူး။ သူတို့မလာလို့ ကျွန်မပြန် လာတာ””ဟု ပြောဆိုကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါပြပွဲတွင် ဆိုင်ကယ် စတင်းကန်ထရိုက်ယူခဲ့သော ဒေါ် ခင်ဌေးမြင့်ကို ဆိုင်ကယ်ပျောက် ဆုံးသူ ကာယကံရှင်များဘက်မှ အချိန်ကုန်၊ ငွေကုန်ပြီး၊ လျော် ကြေးပါမရသဖြင့် ဆိုင်ကယ်တန် ဖိုးပြန်လည်ရရှိရန် တရားရုံးသို့ ဦး တိုက်လျှောက်ထားပြီး တရားစွဲ ဆိုထားကြောင်း သိရှိရသည်။
မြင့်အောင်(နေပြည်တော်)
The Hot News

ပြည်ထောင်စုနေ့စဉ်သတင်းစာ


ပြည်ထောင်စုနေ့စဉ်သတင်းစာအား ပြည်ထောင်စုလွတ်တော်တွင်မတ်လ(၁၈)ရက် ကစမ်းသပ်ဖြန့်ဝေနေပြီဖြစ်သည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား မတ်လ(၁၈)ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွတ်တော်အစည်းအဝေးသို့ တက်ရောက်လာစဉ်။
Yangon Media Group
မောင် ပိုင်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com