http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့…ပန်းခြံများကိုပြုပြင်မယ်တဲ့

ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့ အပန်းဖြေပန်းခြံတွေကို အဆင့်မြင့်ပြန် လည်ထိန်းသိမ်းပြုပြင်သွားမယ်ဆိုတဲ့ သတင်းကို ဖတ်လိုက်ရလို့ အလွန်ပဲ ၀မ်း သာမိပါတယ်။ အပန်းဖြေပန်းခြံငါးခုကို ပြုပြင်မယ်လို့ မြို့တော်စည်ပင် ပန်း ဥယျာဉ်နဲ့ အားကစားကွင်းဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောတယ်လို့ဆိုပါတယ်။
ဒါဟာဖြင့် အလွန်ဝမ်းသာစရာ ကောင်းတဲ့သတင်းတစ်ခုပါပဲ။ ဒီပန်းခြံ တွေမှာရှိတဲ့ သစ်ပင်ပန်းမန်တို့ကနေ မြို့ နေပြည်သူလူထုအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးများစွာ အထောက်အကူ ပြုမှာပါ။ အခုအခါမှာဆိုရင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကိုပြုလုပ်ဖို့ အလွန်ပဲ လိုအပ်နေပါပြီ။ အခုနှစ်ထဲမှာဆိုရင်ပဲ ရန်ကုန်မြို့မှာ ကားစီးရေက အလွန်များ လာပါပြီ။ သူတို့များလာတာနဲ့အမျှ ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုဟာလည်း အလွန်များနေပါပြီ။ ကာဘွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့နဲ့ တခြားအဆိပ်ဓာတ်ငွေ့ တွေကို ခြေဖျက်ဖို့နဲ့ လေထုသန့်ရှင်း သွားဖို့ဆိုတာ သစ်ပင်ပန်းမန်တွေ စိုက် ထားတဲ့ ဥယျာဉ်တွေ မြို့ထဲမှာရှိဖို့လိုပါ တယ်။
ရန်ကုန်မြို့တော်မှာရှိတဲ့ ဥယျာဉ် ငါးခုကို အဆင့်မြှင့်သွားမယ်ဆိုတော့ ၀မ်းသာမိပါတယ်။ ရန်ကုန်မြို့ဆိုတာ အခုဆိုရင် အဆင့်မြင့်တိုက်တာတွေနဲ့ ကွန်ကရစ်တောကြီးမဟုတ်လား။ ဒီအထဲ မှာ ပန်းဥယျာဉ်ဆိုတဲ့ စိမ်းစိုတဲ့တော အုပ်ကလေးတွေရှိတယ်ဆိုတာ အလွန် ကောင်းပါတယ်။ ကျွန်မမြို့ထဲကိုရောက် တုန်းက မဟာဗန္ဓုလပန်းခြံမှာဆောက် ထားတဲ့ စားသောက်ဆိုင်ခန်းတွေကို ဖျက်နေတာတွေ့ခဲ့ရတယ်။ ပန်းခြံတွေမှာ စားသောက်ဆိုင်တွေရှိတာမကောင်းဘူး။ဘာကြောင့်လည်းဆိုတော့ သူတို့ဆီက စားကြွင်းစားကျန်တွေ အမှိုက်သရိုက်တွေ ဟာ စနစ်တကျမပစ်ကြဘူး။ အမှိုက်တွေ ဟာ ပြန့်ကျဲနေတယ်။ ပန်းခြံနဲ့စား သောက်ဆိုင်နဲ့လည်း မသင့်တော်ဘူး။ သူတို့ရှိတော့ ပန်းခြံကို အပန်းလာဖြေတဲ့ ပြည်သူများဟာ ညှော်နံ့တွေနံမှာဖြစ်ပါ တယ်။ ပန်းခြံထဲက လေထုကိုသန့်ရှင်း အောင်လုပ်ဖို့ဆိုတာ ပန်းခြံထဲမှာ အပင် ကြီးတွေ၊ အပင်လတ်တွေ၊ ပန်းပင်ငယ် တွေ စိုက်ထားဖို့လိုပါတယ်။
ကန်တော်ကြီးဥယျာဉ်နဲ့ပတ်သက်လို့ တော့ ပြောစရာရှိနေပါတယ်။ ကန်တော် ကြီးထဲမှာလည်း စားသောက်ဆိုင်တွေ ဖွင့်ခွင့်ပေးထားတာ အလွန်ဆိုးပါတယ်။ ကန်တော်ကြီးရေဟာ အရင်လို မသန့် ရှင်းတော့ဘူး။ စားသောက်ဆိုင်တွေရဲ့ အနောက်ဘက်မှာ အညစ်အကြေးတွေ ပစ်ထားတာ အများကြီးပဲ။ အထူးသဖြင့် ပေါ်ပေါ်ထင်ထင်မြင်နေရတာကတော့ ပလတ်စတစ်တွေပဲ။ ကျွန်မတို့ရန်ကုန်မှာ ပလတ်စတစ်ကင်းစင်အောင်မလုပ်နိုင်သေး ဘူးဆိုတာ ထင်ရှားနေပါတယ်။ ကျွန်မ ပြည်သူလူထုဟာ အမှိုက်ကို စနစ်တကျ ပစ်တတ်ဖို့ အများကြီး ပညာပေးရဦး မယ်။
ကျွန်မ မကြာခဏ ကန်တော်ကြီး ကို ရောက်ပါတယ်။ ဘာကြောင့်ရောက် ရသလည်းဆိုတော့ ကန်တော်ကြီးမှာ သစ်ပင်ကြီးတွေ အများကြီးရှိနေလို့ဖြစ် ပါတယ်။ စာဖတ်သူနားလည်မလားမသိ ဘူး။ ကျွန်မက သစ်ပင်တွေကို အရမ်း ချစ်တာ။ ကျွန်မခြံထဲမှာလည်း သစ်ပင် တွေ ကျွန်မကိုယ်တိုင်စိုက်ထားတာ။ ခြံရဲ့ အနောက်ဘက်မှာဆိုရင် တောအုပ် ကလေးလိုဖြစ်အောင် ကျွန်မစိုက်ထား တယ်။ ကျွန်မခြံထဲက သစ်ပင်တွေပေါ် မှာ ငှက်ကလေးတွေလာပြီး အသိုက် ဆောက်ပြီးနေကြတယ်။ သူတို့ဟာ မနက်ဆိုရင် ပြန်သွားကြပြီး၊ ညနေဆိုရင် ပြန်လာကြတယ်။ သူတို့ဘာသာဘာဝ အသံကလေးတွေနဲ့ အော်မြည်ပြီး အိပ် တန်းတက်ကြတယ်။ လောကကြီးက ဘယ်လောက်သာယာသလဲ။ သစ်ပင်နဲ့ ကျေးငှက်သာတကာတို့ရဲ့ဆက်သွယ်မှု၊ ““သစ်တစ်ပင်ကောင်းရင် ငှက်တစ် သောင်းနားနိုင်တယ်။ ငှက်တစ်ကောင် ကောင်းရင် အပင်တစ်သောင်းပွားနိုင် တယ်””တဲ့။ သဘာဝအချင်းချင်း အကျိုး ပြုတာကလေးတွေမဟုတ်လား။
လူတွေဟာ သစ်ပင်ရဲ့ တန်ဖိုးကိုမသိလို့ သစ်တောတွေကိုခုတ် လှဲပြီး ရောင်းစားကြတာ။ မိမိရဲ့ အတ္တ လောဘကိုပဲသိတယ်။ လောကကြီး ပျက်စီးသွားမယ်ဆိုတာ မတွက်ကြဘူး။ သစ်ပင်ရဲ့တန်ဖိုးဟာ မြေဆီလွှာတိုက်စား မှု၊ မြေသြဇာကောင်းစေရန်ကာကွယ် ပေးမှု၊ အောက်ဆီဂျင်ထုတ်လွှတ်ပေးမှု၊ လေထုသန့်စင်ပေးမှု၊ ရေကြီးရေလျှံမှု မဖြစ်စေရန် ရေကိုစုပ်ယူထိန်းသိမ်းထား နိုင်မှု၊ အေးမြသည့် အရိပ်ရရှိစေမှုတို့ ဖြစ်ပါတယ်။
သစ်ပင်ကို မချစ်တတ်ဘဲ သစ်ပင် တွေကို ခုတ်လှဲတဲ့အတွက် သစ်တော ပြုန်းတီးမှုတွေ ဖြစ်ပေါ်တယ်။ လူတို့ရဲ့ နေအိမ်တွေနဲ့ သီးနှံစိုက်ခင်းတွေ၊ ရေလွှမ်း ပြီးပျက်စီးတယ်။ ဂေဟစနစ်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် အရှည်တည်တံ့ ဖို့ဆိုတာ တော၊ တောင်၊ ရေ၊ မြေ သဘာဝများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ် စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါ တယ်။
အခုလို ရန်ကုန်မြို့မှာရှိတဲ့ ဥယျာဉ် ပန်းခြံတွေကို ပြုပြင်မယ်ဆိုတာဟာ သဘာဝပတ်ဝန်းကျင်ကို ပြင်တာပဲဖြစ် ပါတယ်။ ““အဓိကကတော့ ပြည်သူတွေ မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ပတ်သက်တဲ့ အမြင်တွေ၊ ဗဟုသုတ တွေ၊ အတွေးအခေါ်တွေရှိမယ်ဆိုရင် နစ်နာဆုံးရှုံးမှုတွေကို ဖယ်ထုတ်နိုင်မှာ ပါ””ပြည်သူတွေက ဒါတွေကို မလေ့လာ ထားဖူးဆိုရင် ထုတ်ပြန်လိုက်တဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွေ နားလည်နိုင်မှာမဟုတ်ဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေရဲ့အလုပ်ပဲလို့ သဘောထားနေရင် ကျွန်မတို့ဆက်ပြီး နစ်နာဖို့ အများကြီးရှိပါတယ်လို့ ဆရာမ ဒေါ်ဒေ၀ီသန့်စင်က ပြောသွားတာပါ။
ပန်းခြံတွေကို ပန်းခြံအင်္ဂါရပ်တွေနဲ့ အညီ ပြင်ပြီးပြီဆိုရင်တော့၊ ပန်းခြံတွေ ကိုပြုပြင်ထိန်းသိမ်းဖို့အတွက် ငွေလိုပါ တယ်။ ဒီတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ တော့ ၀င်ကြေးယူသင့်ပါတယ်။ ခရိုနီတွေ ကို ရောင်းစားပြီး ပြုပြင်ခိုင်းရင်တော့ ၀င်ကြေးတွေမတန်တဆ ပြည်သူဆီက တောင်းပြီး သူတို့အမြတ်ထုတ်မှာပဲ။
ပြည်သူလူထုကလည်း တာဝန်သိ သိနဲ့ ပန်းခြံရဲ့ အလှအပတွေကို မဖျက် ဆီးဖို့လိုပါတယ်။ ကလေးများကစားဖို့ လုပ်ပေးထားတာတွေကိုလည်း တာဝန် သိသိကစားဖို့ မဖျက်ဆီးဖို့၊ ပြည်သူ အတွက် လုပ်ပေးထားတဲ့ ပြည်သူအများ ပိုင်တဲ့ဥစ္စာတွေကိုမဖျက်ဆီးမိဖို့ မိဘနဲ့ ဆရာ၊ ဆရာမတွေကလည်း တစေ့ တစောင်း သင်ကြားပေးဖို့လိုပါတယ်။
အခုလို ရန်ကုန်မြို့ရဲ့ အပန်းဖြေ ပန်းခြံတွေကို ပြုပြင်မယ်၊ အဆင့်မြင့် လုပ်မယ်ဆိုတော့ သစ်ပင်ကြီးတွေ၊ သစ် ပင်လတ်တွေ၊ ပန်းပင်ငယ်တွေ စိုက်ပျိုး မှာဆိုတော့ ဒါဟာ ရန်ကုန်မြို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို စတင်ပြုပြင်လိုက်တာလို့ ပဲ ကျွန်မယူဆပါတယ်။ ဒီဆောင်ရွက်မှု ဟာဖြင့် လူသားတွေအတွက် တကယ့်ကို ကောင်းမြတ်တဲ့ လုပ်ဆောင်ချက်ပဲလို့ ကြည်နူးဝမ်းသာစွာ တင်ပြလိုက်ပါတယ်။
မအေးဆေး
The Hot News

ဒီမိုကရေစီဖော်ဆောင်ရာတွင် ပါဝင်ရမည့်ထင်ရှားသောလက်နက်နှစ်ခု


၁။ လူမှုအဆောက်အအုံပြန်လည်တည် ဆောက်ရေးနှင့်
၂။ ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုရေး
တက္ကသိုလ်စိန်တင်- “လက်ပံတောင်း တောင်ကြေးနီစီမံကိန်းပဋိပက္ခနဲ့ ပတ်သက်  တဲ့ စုံစမ်းရေးကော်မတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်တင်သွင်းတဲ့ အစီရင်ခံစာ အကြောင်း၊ ဘာကြားရသေးသလဲ၊ နိုင်ငံ ရေးသုတေသီ”နိုင်ငံရေးသုတေသီ- “နိုင်ငံတော်သမ္မတ ကြီးဆီတင်သွင်းထာတယ်ဆိုတာပဲ။ ကြား သိရတယ်။ ဘာကြောင့်မေးခွန်းထုတ်တာ လဲဗျ”တက္ကသိုလ်စိန်တင်- “ဒီလိုပါဗျာ၊ ကမ္ဘာ့ သမိုင်းမှာ၊ မော်ကွန်းတင်ရမယ့်၊ ဆိုဗီယက်  ယူနီယံတစ်ပါတီအာဏာရှင်နိုင်ငံကြီးပြို လဲပြီး၊ ဒီမိုကရက်တစ်ရုရှသမ္မတနိုင်ငံ၏  ပေါ်ထွန်းခဲ့ရာမှာ ဆိုဗီယက်သမ္မတ မစ်ခေးလ်ဂေါ်ဘာချက် ကိုင်စွဲခဲ့တဲ့လက်နက် နှစ်ခုကိုသတိရလို့ပါဗျ”နိုင်ငံရေးသုတေသီ- “၇၅ နှစ်ကြိမ်များ တောင်၊ တည်တံ့ခဲ့တဲ့ ဆိုဗီယက်ကွန်မြူ  နစ်တစ်ပါတီအာဏာရှင်စနစ်ဆိုးကြီးပြိုလဲ ခဲ့ရာမှာ သမ္မတဂေါ်ဘာချက် ဘာလက် နက်များကိုင်စွဲခဲ့လို့လဲ”တက္ကသိုလ်စိန်တင်- “သူတို့ရုရှဘာသာ စကားနဲ့ ပြောရရင်တော့။ (၁) ပယ်ရယ် စထရွိုက်ကာနဲ့ (၂) ပလပ်စနော့ လို့ခေါ် တယ်။ မြန်မာဘာသာပြန်ဆိုရရင်၊ (၁) လူမှုအဆောက်အအုံပြန်လည်တည်ဆောက် ရေးနဲ့ (၂) ပွင့်ပွင့်လင်းလင်းဝေဖန်ပြော ဆိုရေးပဲဗျ”နိုင်ငံရေးသုတေသီ- “ဆိုဗီယက်သမ္မတ ဂေါ်ဘာချက်ဟာ အမှန်ဆိုရရင်၊ နွံထဲက  ကြာပဲဗျ၊ ဆိုဗီယက်ပြည်ထောင်စုပြည်သူ တွေ အမဲသားတစ်တုံး အာလူးတစ်လုံး၊ ဂျုံမှုန့်တစ်ပေါင်ရဖို့နာရီပေါင်းများစွာ နေပူထဲမှာတန်းစီစောင်းဆိုင်းဝယ်ယူရတဲ့ ဘ၀ကို ကယ်တင်လွတ်မြောက်စေခဲ့တဲ့  တကယ့်သူရဲကောင်းပါပဲဗျ။ ကြုံကြိုက် တုံးမှာ ဆိုဗီယက်သမ္မတဂေါ်ဘာချက်နဲ့ သူကိုင်စွဲတဲ့ နိုင်ငံရေးလက်နက်အကြောင်း  ကြားချင်တယ်ဗျာ”တက္ကသိုလ်စိန်တင်- “ကြားချင်ရင်နားဆင်  ပါဗျာ။ ဒီကနေ့ မြန်မာနိုင်ငံတော်ကြီးရဲ့ ဒီမိုကရေစီဖော်ဆောင်နေသူတွေ ဆင်ခြင် နှိုင်းဆဆောင်ရွက်နိုင်ကြအောင် ပြောပြ ချင်လှပါတယ်”
နောင်အခါတွင် တစ်ပါတီကွန်မြူနစ်နိုင်ငံကြီးဘ၀မှ ဆိုဗီယက်ပြည်ထောင်စု နိုင်ငံသားတို့အား နိုင်ငံရေးလက်နက်ကြီး  နှစ်လက်ကိုင်စွဲကာ ကယ်တင်ရှင်ဖြစ်လာ သေ၍ မစ်ခေးလ်၊ ဂေါ်ဘာချက်ကို ၁၉၃၁ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

မစ်ခေးလ်ဂေါ်ဘာချက်ကို ရုရှပြည် ထောင်ပိုင်းစတာဗရိုဗိုမြို့မှ (၁၂၅) မိုင် ဝေးကွာသည့်၊ ပရီဗိုရိုနီရွာကလေးတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူ၊ ဆာဂေသည်၊ စပါးရိတ်သိမ်းစက်မောင်း နှင်သူဖြစ်သည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီ  ၀င်ဖြစ်သည်။ မိခင်မာရီယာသည်။ ရုရှ  အော်သိုဒေါစ်ခရစ်ယာဉ်ဘာသာဝင်ဖြစ်သည်။ ကွန်မြူနစ်ပါတီဝင်မဟုတ်။ ပါတီဝင်တို့ သည် ဘာသာတရားကိုးကွယ်သူမရှိစေရ။  ဂေါ်ဘာချက်အသက် (၁၅) နှစ် အရွယ်  တွင် ဖခင်ဖြစ်သူနှင့် လယ်ယာလုပ်ငန်းခွင် သို့အတူလိုက်ဝင်သည်။ ဖခင်နှင့်အတူ ဖခင်သင်ပေးသည့်ကွန်ဘိုင်းခေါ်စပါးရိတ် သိမ်းစက်ကို ကျွမ်းကျင်စွာမောင်းနှင်တတ်  သည်။

ဂေါ်ဘာချက်သည် တက်ကြွသော လယ်ယာလုပ်သားဖြစ်ခဲ့၍ အသက် (၁၈) နှစ်တွင် Red Banner of Labour ဟု ခေါ်သော  လယ်ယာစံပြလုပ်သားဆုရရှိသည်။ ဂေါ်ဘာချက်၏ပညာရေးကို ကွန်မြူနစ်  ပါတီက ချီးမြှောက်အားပေး၍ မော်စကို တက္ကသိုလ်မှ ၁၉၅၅ ခုနှစ်တွင် ဥပဒေဘွဲ့ ရသည်။ တက်္ကသိုလ်ဘွဲ့ရ ဂေါ်ဘာချက်  ကို ဆိုဗီယက်လူငယ်တပ်ဦး “ကွန်ဆိုမို” တွင် အရာရှိအဖြစ်ခန့်အပ်ခံရသည်။

ဆိုဗီယက်ပြည်ထောင်စုအာဏာရှင်    ခေါင်းဆောင်များတစ်နှစ်လျှင်တစ်ယောက်  တစ်ဦးပြီးတစ်ဦး၊ ကွယ်လွန်အနိစ္စရောက် ခဲ့ရခြင်းသည်။ တက်ကြွသောကွန်မြူနစ်  လူငယ်၊ မစ်ခေးလ်ဂေါ်ဘာချက်တိုင်းပြည်   ခေါင်းဆောင်ဖြစ်ရန် ပန်းခင်းလမ်းဖြစ် တော့သည်။

ဆိုဗီယက်ကွန်မြူနစ်ပါတီအတွင်းရေး မှူးချုပ်၊ လီယိုနတ်ဆရက်ဇနက်သည်။ ၁၉၈၂ ခုနှစ်တွင်လည်း ကောင်း/သူ့ရာ ထူးကိုဆက်ခံသော၊ ယူရီအင်ဒရိုပေါ့သည်။  ၁၉၄၈ ခုနှစ်တွင်လည်းကောင်း၊ ထိုရာထူး ကိုပင်ဆက်ခံသူ ချာနှင်ကိုသည် ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ ရောဂါဝေဒနာ  အသီးသီးဖြင့် ကွယ်လွန်သွားခဲ့ကြရာ ဆိုဗီယက်ပြည်သူတို့ကို နိုင်ငံတော်သစ်ဆီ  သို့ အချိန်မီကယ်တင်ခေါ်ဆောင်သွားမည့် လယ်ယာစက်မောင်းသမားဟောင်းဥပဒေ  ပညာရှင်၊ မစ်ခေးလ်ဂေါ်ဘာချက်သည် ၁၈၈၅ ခုနှစ်တွင် ဆိုဗီယက်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်ဖြစ်လာလေသည်။

ဆိုဗီယက်ခေါင်းဆောင်ဂေါ်ဘာချက်   သည်မိမိ၏ နှလုံးသည်းပွတ်တွင် သိုမှီးသိမ်း  ဆည်းထားခဲ့သော တိုင်းပြည်လက်နက် နှစ်လက်ကို ရင်ဝယ်ပိုက်၍ ၁၉၈၅ ခုနှစ်  ဧပြီလ ဆိုဗီယက်ကွန်မြူနစ်ပါတီမျက်နှာ စုံညီအစည်းအဝေးသို့တက်လာသည်။ ဂေါ်ဘာချက်ကိုင်စွဲလာသော ပထမလက်  နက်မှာ ပယ်ရယ်စတာရွိုက်ကာခေါ် “လူ မှုအဆောက်အအုံပြန်လည်တည်ဆောက် ရေး”ဖြစ်သည်။ ကွန်မြူနစ်ပါတီမျက်နှာစုံ ညီအစည်းအဝေးတွင် အထွေထွေအတွင်း  ရေးမှူးချုပ်ဂေါ်ဘာချက်က နိုင်ငံဖွံ့ဖြိုးရေး အတွက်ရှေ့ခရီးတွင် အပေါ်ယံကြော ဖာထေးပြင်ဆင်မှုများဖြင့်မပြီးကြောင်း နိုင်ငံတော်အား လုံးထုဿုံပြန်လည်ပြုပြင်  တည်ဆောက်ရေးကိုသာ အားပြုရတော့ မည်ဆိုသည့်မဟာဗျူဟာကို တင်ပြဆွေး နွေးသည်။

ဂေါ်ဘာချော့တင်ပြသော မဟာဗျူ  ဟာသစ်ကို ပါတီကိုယ်စားလှယ်များက  ခါးသည်သော်လည်း အားမာန်အပြည့်ဖြင့်  ဝေဖန်အကဲဖြတ်ပြောဆိုခွင့်ရကြသည်။ ယခင်ကလို ရာဘာတံဆိပ်တုံးထုညီလာ ခံမဟုတ်ဘဲ။ စိတ်ထဲတွင် ပေါ်ထင်ရာကို ရဲဝံ့စွာဝေဖန်တင်ပြနိုင်ခွင့်ရကြသည်။ ယင်းသည်ဂေါ်ဘာချက်၏ ဒုတိယလက်နက်   ဂလက်စနော့ခေါ်ပွင့်လင်းရဲတင်းစွာဝေဖန် နိုင်ခွင့်ဖြစ်သည်။

ဂေါ်ဘာချက်၏ ထက်မြက်သော   အတွေးအခေါ်လက်နက်နှစ်ခုသည် ဆိုဗီယက်ပြည်သူတို့၏ နှလုံးသားထဲစိမ့် ၀င်သွားသည်။ ပြိုကွဲလျော့လျဲနေသော တို့နိုင်ငံတော်ကို တို့ကအမြစ်ကစပြီးတည် ဆောက်ရမှာပါလား။ တို့ရင်ထဲကဆန္ဒကို တို့ကရဲရဲဝံ့ဝံ့လှုပ်ရှားဖော်ထုတ်ဝေဖန်ပြော ဆိုရမျာပါလားဟုသိနားလည်ကြလေပြီ။ အတွေးအမြင်သစ်များကို ပိုင်ဆိုင်ထားကြ  ပြီးဖြစ်သော ဆိုဗီယက်ပြည်သူတို့သည် ဆိုဗီယက်ကွန်မြူနစ်ပါတီခေါင်းဆောင် (ဗိုလ်ချုပ်အောင်ဆန်းစကား၊ ငှားသုံးရ လျှင်) စားဖားလူမိုက်ကြီးများကို ကြည့်ပြီး၊  အော့နှလုံးနာနေကြပြီ။ သို့သော် အချိန်အခါမကျသေး၍ “နေသေးသပ၊ ချုံထဲက ချိုသွေးသပတမြမြ”ဖြစ်နေကြ သည်။

ဆိုဗီယက်ကွန်မြူနစ်ပါတီခေါင်းဆောင် စားဖားကြီးများကလည်း ဆိုဗီယက်သမ္မတ မစ်ခေးလ်ဂေါ်ဘာချက်၏ “ပယ်ရစတရွိုက် ကာနှင့် ဂလက်စနော့” လက်နက်၏မြား  ဦးသည်၊ မကြမီငါတို့ ရင်ဘတ်တည့်တည့် ချိန်ရွယ်တော့မည်။ တို့တတွေ၊ စားခွက် ပျောက်ရချည်ရဲ့ဟု တွေးတောထိတ်လန့်  ပြီး (၁၉.၈.၁၉၉၁)နေ့တွင် စစ်တပ် လက်နက်ကိုင်အာဏာဖြင့် ဆိုဗီယက် သမ္မတဂေါ်ဘာချက်ကို အကျယ်ချုပ်ချ၊ ဖမ်းဆီးအာဏာသိမ်းပွဲ၊ ပေါ်ပေါက်ခဲ့သည်။  ထို့နောက် ထို့နောက် ပေါ်ပေါက်လာ သောအခွင့်အလန်းစောင့်နေသည့် ဆိုဗီ ယက်ယူနီယံပြည်သူ ခု၊ ဆယ်ရာ၊ ထောင်၊  သောင်း၊ သိန်း၊ သန်း၊ ကုဋေတို့သည် ဒီမိုကရေစီသူရဲကောင်းရုရှသမ္မတ၊ ဘောရစ်ယဲ့ဆင် ၏ ခေါင်းဆောင်မှုကိုခံ  ယူကာ မော်စကိုမြို့တော်လမ်းများပေါ် သို့ထွက်လာကြတော့သည်။ အာဏာသိမ်း   ဆိုဗီယက်စစ်ဗိုလ်ချုပ်ကြီးတို့ မော်စကို အကျဉ်းထောင်သို့ဝင်ဆိုဗီယက်ပြည်ထောင်  စုကြီးပြိုကွဲ၊ ဒီမိုကရေစီလမ်းထဲတွင် ပျော်ရွှင်နေသောပြည်သူတို့ကခုန်မြူးထူး နေကြပြီ။

နိုင်ငံရေးသုတေသီ- “ဒီမိုကရေစီတည် ဆောက်မှုမှာ ပွင့်လင်းမြင်သာတဲ့ ဝေဖန် မှုအရေးကြီးသဗျ”တက္ကသိုလ်စိန်တင်- “လေ့လာ၊ စံပြု၊ နည်းယူကြရမယ့်၊ ဒါကမ္ဘာ့သမိုင်းတစ်ကွက်  ပေပဲ”။
တက္ကသိုလ်စိန်တင်
The Hot News

ဘဏ်အချို့တွင် ငွေစက္ကူအတုများ လက်ခံရရှိနေသေည်လည် စီးပွားရေးလောကအတွင်း၌ လည်ပတ်သုံးစွဲနေမှုများ ရှိနိုင်ကြောင်း ဘဏ္ဍာ/အခွန် ဒုတိယဝန်ကြီးပြောကြား

ရန်ကုန်မြို့ရှိ ဘဏ်တစ်ခုတွင် ငွေစက္ကူ ငါးထောင်ကျပ်တန်များကို စစ်ဆေးနေစဉ်


ငွေကြေး အတုအစစ် ခွဲခြားသည့် စက်များဖြင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိသော်လည်း ဘဏ်အချို့တွင် ငွေစက္ကူ အတုများ လက်ခံရရှိနေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ စတင်ထုတ်ဝေသည့် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအထိ ကာလအတွင်း ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု စုစုပေါင်း ကျပ်သိန်း ၂၀၀ နီးပါး စစ်ဆေးလက်ခံ ရရှိခဲ့ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဆက်လက်ပြောကြားခဲ့သည်။

ကျပ် ၅၀၀၀ တန်များ စတင်ထုတ်ဝေသည်မှ သုံးနှစ်ကျော်ကာလအတွင်း ၃၇၅၈ ရွက် တန်ဖိုးကျပ် ၁၈,၇၉၀,၀၀၀ စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ကျပ် ၅၀၀၀ တန် အတုများသည် ဘဏ်များတွင် မလည်ပတ်သော်လည်း စီးပွားရေး လောကအတွင်း၌ လည်ပတ်သုံးစွဲမှုများ ရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

"ကျပ် ၅၀၀၀ တန် အတုတွေကို မြန်မာနိုင်ငံအတွင်းက ဘဏ်တွေမှာ မလည်ပတ်နိုင်စေဖို့အတွက် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ လုပ်ထုံးလုပ်နည်းတွေနဲ့ ငွေစက္ကူ အတုအစစ် ခွဲခြားတဲ့ စက်တွေနဲ့ပါ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါတယ်။ ဘဏ်တွေမှာ ငွေစက္ကူ အတုများ လက်ခံရရှိနိုင်ပေမယ့် လည်ပတ်သုံးစွဲနိုင်လောက်တဲ့ အရေအတွက်တော့ မရှိနိုင်ပေမယ့် စီးပွားရေးလောကမှာတော့ လည်ပတ်နေနိုင်ပါတယ်" ဟု ဒုတိယ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျပ် ၅၀၀၀ တန် ငွေစက္ကူ စတင်ထုတ်ဝေချိန်မှ သုံးနှစ်ကျော်ကာလအတွင်း ၎င်းငွေစက္ကူအတု အရွက် ၄၀၀၀ နီးပါး (တန်ဖိုးအားဖြင့် သိန်း ၂၀၀ ခန့်) စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့ရုံးသို့ ပေးပို့အပ်နှံခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ဘဏ်ကို လွန်ခဲ့တဲ့ တစ်ပတ်လောက်က အမျိုးသားတစ်ဦး ငွေလာအပ်တုန်းက ၅၀၀၀ တန်အတု ငါးရွက် ပါလာတယ်၊၊ သေချာစစ်ဆေးလိုက်တော့ အတုပါလာမှန်း သိရတယ်။ အတုနဲ့အစစ်က တော်တော်လေးတူတယ်။ စက္ကူသား၊ ရေစာရယ် ငွေကြိုးပေါ်က စာသားတွေကိုပဲ ကြည့်ပြီး ခွဲလို့ရတယ်။ သုံးစွဲသူကလည်း အတုမှန်းမသိလို့ ဘဏ်ကိုလာအပ်တာပါ။ ကျွန်မတို့ဘဏ်က လုပ်ထုံးလုပ်နည်းအတိုင်း ရောက်လာသမျှ ငွေစက္ကူအတုတွေကို ဖျက်ဆီးပစ်ပါတယ်" ဟု ရိုးမဘဏ် ငွေလက်ခံကောင်တာမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် ငွေကျပ်ငါးထောင်တန် အတုများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်းက အဆိုတင်သွင်းခဲ့ဖူးသည်။

"ပြည်တွင်းက ဘဏ်တွေမှာ ၅၀၀၀ တန် အတုတွေများ လည်ပတ်နေပြီလား ဆိုတာကို စဉ်းစားမိတယ်။ ဒီကိစ္စက အမှန်တကယ်ဖြစ်နေမယ်ဆိုရင် ပြည်သူတွေကြားမှာ ဘယ်လောက်ထိ ဖြစ်နေပြီလဲ။ ကျွန်တော့်ဆီကို ၅၀၀၀ တန် ရောက်လာပြီး တခြားနေရာမှာ သွားသုံးလို့ရရင် မိမိအနေနဲ့ အစစ်လို့သာ ထင်မြင်ကြောင်း ယူဆပါတယ်။ လုပ်ထုံးလုပ်နည်းအရဆိုရင် ကျပ်ငွေအတုကို တွေ့ရှိပါက ကိုင်ဆောင်လာသူကို စုံစမ်းစစ်ဆေးခြင်း၊ ကျပ်ငွေကို အမှတ်အသား လုပ်ခြင်း၊ ဆုတ်ဖြဲခြင်းတို့ကို ပြုလုပ်ရပါတယ်" ဟု လွှတ်တော်တွင် ဦးဇော်ထွန်းက ပြောသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်တွင် ငွေစက္ကူ အရေအတွက် တန်ဖိုးပမာဏမှာ ကျပ် ၂၈၀၀ ဘီလျံကျော်ရှိကြောင်း သိရသည်။Eleven Media Group

သာပေါင်းမြို့နယ်မှာ လယ်သမားသမဂ္ဂ ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ လယ်သမား (၄၆) ဦး ပါဝင်တဲ့ သမဂ္ဂအဖွဲ့ကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဒီဒေသမှာ သိမ်းဆည်းခံနေရတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိရေးအတွက် အခုလို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ လယ်သမားသမဂ္ဂရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးမင်းထွန်းက ပြောပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ သာပေါင်းမြို့နယ် လယ်သမားသမဂ္ဂမှာ ကျေးရွာအုပ်စု(၁၂)စုက လယ်သမားတွေ ပါဝင်ပါတယ်။

အဲဒီဒေသမှာ လယ်ဧကပေါင်း သုံးရာကျော် ကို ၁၉၉၉ ခုနှစ်ကတည်းက ဧရာရွှေဝါ ကုမ္ပဏီက သိမ်းယူခဲ့ပြီး နောက်ပိုင်း တောင်သူတွေ စိုက်ပျိုးခွင့် မရတော့တဲ့အတွက် ဒီလယ်တွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်ကို စာရေးသားတင်ပြထားတယ်လို့ သိရပါတယ်။RFA Burmese

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့ ရုတ်တ ရက်ကြုံခဲ့ရပါတယ်။ ဂျက်ဖ်ဘုရှ်ဟာ မိသားစုဝင်ငါး ဦးနဲ့အတူ တစ်အိမ်တည်းအတူနေ သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသပ တေးနေ့ည ဒေသစံတော်ချိန် ၁၁ နာရီလောက် ဂျက်ဖ်ဘု့ရှ်တစ်ဦး တည်း သူ့အိပ်ခန်းအတွင်းရှိ နေချိန် မှာ အိမ်ကိုကားဝင်တိုက်လိုက်သလို ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ဂျက်ဖ်ဘုရှ်ရဲ့ အော်ဟစ်သံကို ကြား လိုက်ရပါတယ်။ အစ်ကိုဖြစ်သူရဲ့ အော်ဟစ် အကူအညီတောင်းခံသံကြားလိုက်ရ တဲ့ ညီဖြစ်သူ ဂျယ်ရီဘု့ရှ်ဟာ အစ် ကိုဖြစ်သူရဲ့ အိပ်ခန်းအတွင်း ပြေး ဝင်လိုက်တဲ့အခါ မြင်တွေ့ရတဲ့မြင် ကွင်းကြောင့် ခဏတာကြက်သေ သေသွားခဲ့မိတယ်။
အိပ်ခန်းနေရာမှာ ဧရာမကျင်း ကြီးဖြစ်နေပြီး သူ့အစ်ကိုရဲ့ အိပ်ရာ ကလွဲလို့ ဘာမှမရှိတာ့ပါဘူး။ ဂျယ်ရီ လည်း ဘာမှစဉ်းစားမနေတော့ဘဲ တွင်းထဲခုန်ချပြီး မြေကြီးကိုတူးယက် ရှာပေမယ့် အစ်ကိုဖြစ်သူကို လုံးဝ ရှာမတွေ့ရတော့ပါဘူး။
အကျယ်၃ဝ ပေလောက်ရှိတဲ့ မြေကျွံတွင်းထဲကို ဝင်ရောက်ဖို့ အန္တရာယ် များလွန်းတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ဂျက်ဖ်ဘု့ရှ်ပျောက်ဆုံးပြီး သုံးရက်အကြာမှာ ဆက်လက်ရှာဖွေ ဖို့ လက်လျှော့လိုက်ရပါတယ်။
ဂျက်ဖ်ဘု့ရှ်ရဲ့ မိသားစုနဲ့ သူတို့ အိမ်ဘေးတစ်ဖက်တစ်ချက် နေအိမ်တွေက နေသူတွေလည်း သူတို့အိမ်တွေမှာ ဆက်မနေရဲတော့လို့ ပြောင်း ရွှေ့နေကြရတယ်လို့ဆိုပါတယ်။
ဆက်ပ်နာမြို့ဝန်းကျင်ဟာ ဘူမိ ဗေဒမြေအနေအထားကြောင့် မြေ ကျွံတွင်းတွေဖြစ်ပေါ်လေ့ရှိပေမယ့် အခုလို ဘာအရိပ်အယောင်မျှမပြဘဲ လူတစ်ယောက်ကို ရုတ်တရက် မြေကြီးထဲ ပျောက်ကွယ်သွားစေတဲ့ ဖြစ်ရပ်မျိုး ယခင်က မကြုံခဲ့ရဘူးလို့ဆိုပါ တယ်။
REF: AFP, The Myanmar Post News Journa

NLD ညီလာခံဒုတိယနေ့ ဒေါ်စုမိန့်ခွန်းပြော


NLD ပထမဆုံးညီလာခံတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
NLD ပထမဆုံးညီလာခံတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
 
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့မိန့်ခွန်းထဲမှာ ဘာတွေပြောသွားတယ် ဆိုတာနဲ့၊ ပြောသွားတဲ့ အထဲမှာ အဓိကကျမယ်လို့ထင်ရတဲ့ အချက်တချို့ကို ကောက်နုတ်တင်ပြရရင်တော့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်ကာလအတွင်း NLD ပါတီအနေနဲ့ ဗဟိုဦးစီးစနစ်ကျင့်သုံးခဲ့ရတဲ့အတွက် နားလည်မှု လွဲမှားခဲ့တာတွေ ရှိကောင်းရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါဟာ NLD ပါတီမှာ ဗဟိုဦးစီးစနစ် ကျင့်သုံးခဲ့ဖူးတယ်ဆိုတာကို ပါတီခေါင်းဆောင်တယောက် ပထမဦးဆုံးအကြိမ် ၀န်ခံပြောဆိုခြင်းဖြစ်ပါတယ်။

အခုအခါမှာ အခြေအနေပွင့်လင်းလာတဲ့အခါ နေရာလုတာတွေ ရှိလာတယ်လို့ကြားရတဲ့ အတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါလို့လည်း သူက တိုက်တွန်းသွားပါတယ်။ NLD ပါတီကို တည်ထောင်ခဲ့စဉ်တုန်းက ပြည်သူကိုပေးခဲ့တဲ့ ကတိတွေကို သွေဖီမသွားဖို့ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်။

ပါတီဝင်တွေကို စည်းရုံးတဲ့အခါမှာ၊ လူထုကို စည်းရုံးတဲ့အခါမှာ ရိုးရိုးသားသား စည်းရုံးပါ။ လူပါရင်ပြီးရောလုပ်ရင် ပါတီရဲ့ မူလရည်ရွယ်ချက်ကို သွေဖီသွားနိုင်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။ မတူကွဲပြားမှုရှိတဲ့ အစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြီး ဖြစ်တာကြောင့် မတူကွဲပြားမှုတွေကို နားလည် လက်ခံနိုင်ဖို့ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။

အခု ပါတီခေါင်းဆောင်သစ်တွေ ရွေးချယ်ပြီးတဲ့ကာလမှာ ဒီခေါင်းဆောင်သစ်တွေ အနေနဲ့ စမ်းသပ်ကာလတရပ်ကို ဖြတ်သန်းရဦးမှာဖြစ်တယ်လို့ဆိုပါတယ်။ မူလရည်ရွယ်ချက်နဲ့ သွေဖီ မသွားဖို့ အရေးကြီးတယ်လို့ ပြောသွားပါတယ်။ အထူးသဖြင့် ပါတီဒုက္ခအရောက်ဆုံးကာလ၊ စစ်အစိုးရလက်ထက်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုအသီးသီးနဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ကာလတွေမှာ မဟာမိတ်အဖြစ် ရပ်တည်ပေးခဲ့တဲ့ တိုင်းရင်းသားတွေကို ကျေးဇူးတင်တဲ့အကြောင်းကိုလည်း အထူးတလည် ပြောသွားပါတယ်။

ပါတီညီလာခံမှာ မမြင်ဖူးခဲ့တဲ့ ပါတီကြီးတွေကိုလည်း ကြိုဆိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဘယ်ပါတီကြီးတွေ ဆိုတာကိုတော့ နံမည်နဲ့တကွ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပါဘူး။ NLD ပါတီရဲ့ အခုညီလာခံဟာ အကြီးမားဆုံးနဲ့ ပထမအကြိမ် ကျင်းပတဲ့ညီလာခံဖြစ်ပါတယ်။
VOA Burmese Fan Page  

ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေတို့ကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တရားဝင်လဲလှယ်ခွင့်ပေးရန် ဧပြီလ မတိုင်မှီ ခွင့်ပြုရန် ဆောင်ရွက်လျက် ရှိကြောင်း

မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေ စသည်တို့ကိုသာ တရားဝင်လဲလှယ်ခွင့်ပေးထားပြီး ယခုအခါ ၎င်းငွေကြေးများနည်းတူ ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေတို့ကို တရားဝင်လဲလှယ်ခွင့် ပေးသွားရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။

“တရားဝင်လဲလှယ် အသုံးပြုနိုင်ဖို့အတွက် လုပ်ရတာပါ။ အဓိကကတော့ နယ်စပ်တွေမှာ သုံးနေတာတွေ ရှိတာမှာ တရားဝင် လဲလှယ်ခွင့်မရှိသေးတော့ ဈေးနှိမ်တာတို့ တခြား မသမာမူတွေ ဖြစ်နေတယ်။ မြ၀တီနဲ့ တာချီလိတ်မှာဆို မြန်မာကျပ်ထက် ဘတ်ငွေတွေ၊ ယွမ် ငွေတွေ ပိုသုံးတယ်။ တရားဝင် လဲလှယ်ဖို့ ခွင့်မပြုထားတော့ ဈေးကနှိမ်ပြီး လဲလှယ် ခံနေရတာပေါ့။ ဒီအတွက် တရားဝင်လဲလှယ်ခွင့် ပေးသွားဖို့ စီစဉ်နေတာပါ ”ဟု ဗဟိုဘဏ် ငွေကြေးလဲလှယ်သုံးစွဲရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တရားဝင် လဲလှယ်ခွင့် မရသေးသည့်အတွက် လက်ရှိတွင် အဆိုပါငွေကြေးနှစ်ခု၏ ပေါက်ဈေးမှာ လဲလှယ်ပေးသူ အေးဂျင့်များ၏ ပါးစပ်တွင်သာရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံနှစ်ခုဖြစ်ခြင်းကြောင့် ငွေလဲလှယ်မှုတွင် တရားဝင် လဲလှယ်ခွင့် ရှိသင့်ကြောင်း သွင်းကုန်လုပ်ငန်းရှင်တဦးကလည်း ပြောသည်။

“မြ၀တီမှာက ဘတ်ငွေပဲ သုံးတာ များတယ်။ ဆိုင်ကြီး၊ စတိုးဆိုင်တွေကနေ ဆိုက္ကားသမားထိ ဘတ်ငွေပဲ ကိုင်တယ်။ ကျပ်ငွေနဲ့ ဘတ်ငွေ လဲလှယ်တာမှာ ကျပ်ငွေဆို ဘယ်ဈေးနဲ့ဖြတ်လည်း အတိအကျ မရှိတော့ မသိဘူး။ လဲပေးတဲ့သူ အပြောပဲ။ ဘတ် ၁၀၀ ဖိုးလဲရင် အနည်းဆုံးတော့ ၁၅၀၀ နဲ့ ၂၀၀၀ ကြား ပိုပေးရတယ်”ဟု မြ၀တီမြို့၊မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားအနီး ရွှေအင်းလေး လက်ဘက်ရည်ပိုင်ရှင် ကိုဇော်ဇော်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံပိုင် ဘဏ် ၄ ခု ရှိပြီး ပုဂ္ဂလိက ဘဏ် ၁၉ ခုနှင့် နိုင်ငံပိုင် ဘဏ် ၃ ခုတွင် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကြေးများ တရားဝင် လဲလှယ်ခွင့် ပြုထားပြီး ယခု ဘတ်ငွေနှင့် ယွမ်ငွေ လဲလှယ်ခွင့်ကိုလည်း အထက်ပါ လုပ်ကိုင်ခွင့်ရဘဏ်များ အတိုင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ နိုင်ငံခြား ငွေလဲလှယ်မှုကို တရားဝင် ခွင့်ပြုခဲ့ပြီး လဲလှယ်မှုနှုန်းထား အမျိုးမျိုးဖြစ်နေရာမှ ဈေးကွက်တခု ဖန်တီးကာ floating  rate အဖြစ် သတ်မှတ် အကောင်အထည်ဖော်ခဲ့သည်။The Irrawaddy (Burmese Version)

ညီလာခံနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ကျင်းပ

9 Mar, 2013
မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ အန်အယ်ဒီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ညီလာခံနှင့် ပတ်သက်သော  သတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီမှာပင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဦးအုန်းကြိုင်က မတ်လ ၈ ရက်နေ့က ညီလာခံအကြိုအဖြစ် ပြုလုပ်ကျင်းပခဲ့ပြီး    ပြည်နယ်နှင့်  တိုင်းအသီးသီးမှ တက်ရောက်လာသော ဗဟိုညီလာခံကိုယ်စား

လှယ်များမှ ဗဟိုကော်မတီဝင်( CC) ၁၀၀ ဦးကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း၊ ယနေ့တွင် ကျန်ရှိသော ဗဟို ကော်မတီဝင် ၂၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ၃၀ ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း ပြောကြားသည်။

ဗဟိုကော်မတီဝင် ၁၂၀ က ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ဖို့အတွက် မဲပေးခွင့်ရှိတယ်၊ အရံ ကော်မတီဝင် ၃၀ ဦးကတော့ မဲပေးခွင့်မရှိပါဘူး`ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ မနက်ဖြန်လာမည့် မတ်လ ၁၀ ရက်နေ့ ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ မူဝါဒသစ်ကို ညီလာခံမှာ တင်ပြသွားမယ်၊ စည်းကမ်းပိုင်းဆိုင်ရာကိစ္စတွေကိုလည်း မူဝါဒ သစ်အတိုင်း ဗဟိုအလုပ်အမှုဆောင်အသစ်က ဆောင်ရွက်သွားမှာ

ဖြစ်တယ်`ဟု ဦးအုန်းကြိုင်က ပြောသည်။ ထို့ပြင် ညီလာခံသက်တမ်းကိုလည်း မနက်ဖြန်ကျင်းပမည့် ညီလာခံတွင် သတ်မှတ်သွားကြမှာ ဖြစ်ကြောင်း သိရှိရသည်။

ယနေ့တက်ရှိလာသော ညီလာခံကိုယ်စားလှယ်ပေါင်း ၈၇၆ ဦးရှိပြီး၊ အန်အယ်ဒီပါတီသည် တနိုင်ငံလုံး အားဖြင့် ပါတီဝင် အင်အား ၁၃ သိန်းကျော်ခန့်ရှိကြောင်း ဦးအုန်းကြိုင်က ပြောကြားခဲ့သည်။ Myit Makha Mediagroup

ညီလာခံမှာ ဒုတိယ နေ့ DVB TV News

သုံးရက်အကြာကျင်းပတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဒုတိယ နေ့မှာ ဗဟိုကော်မတီဝင် ၂၀ နဲ့ အရံ ၃၀ ရွေးချယ်။DVB TV News

တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များအားလုံး စလစ်မလိုပဲ တင်သွင်းခွင့်ပြု

ရန်ကုန်၊ မတ် ၈
၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များ အားလုံးကို လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ကာ တင်သွင်းခွင့် ပြုသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တံခါးနှစ်ပေါက်ပါ ပစ်ကပ် ယာဉ်များ အားလုံးကို လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်လိုက်သဖြင့် Hilux, Extra Cab စသည့်တံခါးနှစ်ပေါက် ပစ်ကပ်ယာဉ်များကို လုပ်ငန်းသုံး ယာဉ်များ အခွန်ဆောင်ရသည့်နှုန်း အတိုင်း ကုန်သွယ်ခွန်နှင့် က.ည.န ခွန် စုစုပေါင်း တင်သွင်းလာသောကား CIF တန်ဖိုး၏ ၈ ရာခိုင်နှုန်းသာ အခွန်ဆောင်ရ မည်ဖြစ်သည်။

ယခင်က Light Truck ယာဉ်များနှင့် အခြားလုပ်ငန်းသုံး ယာဉ်များကိုသာ လုပ်ငန်းသုံးယာဉ် အဖြစ် သတ်မှတ်ကာ Hilux ကားများကိုမူ ယာဉ်အိုဟောင်း အပ်နှံစနစ်ဖြင့် တင်သွင်းခဲ့ရခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် မေလတွင် ၂၀၀၇ ခုနှစ်အထက် အိမ်စီးယာဉ်များ ကိုသာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်၍ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် စလစ်မလိုဘဲ တင်သွင်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။The Voice Weekly

NLD မှာ ဗဟိုဦးစီးစနစ် ကနေ ဒီမိုကရေစီ ပြောင်းပြီ

 NLD ပါတီ အတွင်း အာဏာ နေရာ လု နေတာ တွေ
ရှိနေတယ် ဆိုတာ ကိုလည်း သူက ဝန်ခံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်NLD ဟာ အရင်တုန်းက အခက်အခဲ တွေနဲ့ ရင်ဆိုင် ဖြတ်သန်း ခဲ့ရတာ ဖြစ်လို့ ဗဟို ကနေသာ အဓိက ဦးစီး ဆောင်ရွက် ခဲ့ရာ ကနေ အခုတော့ ဒီမိုကရေစီ နည်းကျ ပြောင်းလဲ ဆောင်ရွက်ပြီ ဖြစ်ကြောင်း ပါတီ ဥက0x081ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

၂၅ နှစ် အတွင်း ပထမဆုံး ပြုလုပ်နိုင် ခဲ့တဲ့ နိုင်ငံလုံး ဆိုင်ရာ NLD ညီလာခံကို တက်ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားရာမှာ အခုလို ပြောကြား သွားတာ ဖြစ်ပါတယ်။

အခုညီလာခံ ကိုယ်စားလှယ် ရွေးချယ်ရာမှာ ရပ်ကျေး ကနေ တဆင့်ချင်း ဒီမိုကရေစီ နည်းကျ ရွေးချယ် ခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း အဲဒီလို ရွေးချယ် ရာမှာ အားနည်းချက်တွေ ရှိခဲ့တယ် ဆိုတာကို သူက ဝန်ခံသွားပါတယ်။

NLD ပါတီ အတွင်း အာဏာ နေရာ လု နေတာတွေ ရှိနေတယ် ဆိုတာ ကိုလည်း သူက ဝန်ခံသွားပြီး၊ အဲဒီလို ကိစ0x081စတွေကို ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်ကြ ဖို့ကို တိုက်တွန်း သွားပါတယ်။

ပြည်သူနဲ့ ဆက်ဆံတဲ့ နေရာမှာလည်း ဖြောင့်မတ်ဖို့ လိုအပ်ပြီး၊ မဖြစ် နိုင်တဲ့ ကတိတွေကို မပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အတိတ်က ဖြစ်ရပ် တွေကို အာဃာတ မထားဘဲ သခင်0x081န်းစာ ယူကာ၊ စေ့စပ် ဆွေးနွေးရေး လမ်းကြောင်း အတိုင်း ဆက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီ အနာဂတ် အတွက် သွေးသစ် လောင်းဖို့ အတွက် လူသစ်တွေကိုလည်း နေရာ ပေးရမှာ ဖြစ်ကြာင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွား ခဲ့ပါတယ်။BBC Burmese

ဆီဂိမ်းစ်အတွက် ခြေစွမ်း စမ်းသပ်ရန် ကစားသမား (၂၆)ဦးအား ရွေးချယ်

09 March 2013
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော် ဘောလုံး ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းဖွဲ့စည်းရေး အတွက် ခြေစွမ်း စမ်းသပ်မှုများ ပြုလုပ်ရန် ကစားသမား (၂၆)ဦးအား ရွေးချယ်လိုက်ကြောင်း နည်းစနစ်ဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ လူစာရင်းတွင် မြန်မာ နေရှင်ရှယ်နယ်လိဂ် ကလပ် အသင်းများမှ လူငယ် ကစားသမား များနှင့် MNL-2 ပြိုင်ပွဲဝင် ချင်း ယူနိုက်တက် အသင်းမှ တင်ဝင်းအောင်တို့ ပါဝင်ပြီး စုစုပေါင်း ကစားသမား ၂၆ဦးဖြင့် ဖွဲ့စည်းထားသည်။ ရွေးချယ်ထားသည့် ကစားသမားများကို မတ်လ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ စုပေါင်းလေ့ကျင့်မှုများ ပြုလုပ်ရန် ခေါ်ယူထားပြီး ခြေစွမ်းနှင့် စွမ်းဆောင်ရည် စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ခြေစွမ်း စမ်းသပ်ရန် ရွေးချယ်ထားသည့် ကစားသမား စာရင်း

ဂိုး - မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ကိုကိုနိုင် (ဟံသာဝတီ)

နောက်တန်း - ရဲဝင်းအောင် (ရတနာပုံ)၊ သက်လွင်ဝင်း၊ ဇော်ဝင်း၊ စည်သူအောင် (ရန်ကုန်)၊ ဟိန်းသီဇော် (ဧရာဝတီ)၊ ဇန်ဘိုထွန်း၊ ၀ါးရယ်လ်(မနောမြေ)၊ ရဲလင်းအောင် (ဇွဲကပင်)၊ အာကာနိုင် (မကွေး)၊ ၀င်းဇော်ဦး (ဇေယျာရွှေမြေ)

အလယ်တန်း - မျိုးမင်းဇော် (ဇေယျာရွှေမြေ)၊ ထူးထူးနိုင်၊ မောင်မောင်စိုး၊ သက်ဇင်ဝင်း၊ ဟိန်းဇာအောင် (မကွေး)၊ တင်ဝင်းအောင်(ချင်းယူနိုက်တက်)၊ အောင်မြင့်ထွန်း (ဟံသာဝတီ)၊ စောစိန်ဘမြင့် (ဇွဲကပင်)၊ နေလင်းထွန်း၊ သီဟဇော် (ဧရာဝတီ)၊ ရဲကိုဦး (ရတနာပုံ)

ရှေ့တန်း - စိုးပိုင်သွေး (ဇေယျာရွှေမြေ)၊ ဒွေးကိုကိုချစ် (ရတနာပုံ)၊ အောင်မင်းညွန့် (ဟံသာဝတီ)
Okocha
Myanmar Football Federation

‎အဆိပ်အတောက် ရွှေတြိဂံ စာအုပ်မိတ်ဆက်ပွဲကျင်းပ

ယဉ်မျိုးစာပေတိုက်မှ စီစဉ်ထုတ်ဝေသည့် မန်းဖိုးအေး (ဝါးခယ်မ) က တရုတ်စာပေမှ မြန်မာပြန်ဆိုထားသော “အဆိပ်အတောက် ရွှေတြိဂံ“ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ် ၃၅ လမ်း(လယ်) ရှိ Asian Fame Media Group အဆောက်အဦး ၅ လွှာခန်းမတွင် နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။
Popular Journal

၄၆၂ ဦးက ကန့်ကွက်မှုကြောင့် ပါတီဝင်အဖြစ် ပြန်လည်လက်မခံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ စာတင်ထားသူ လေးဦးနဲ့ ပတ်သက်ပြီး ဆန္ဒမဲကောက်ခံရာမှာ ညီလာခံ တက်ရောက်လာသူ ၃၁၉ ဦးက ထောက်ခံခဲ့ပြီး ၄၆၂ ဦးက ကန့်ကွက်ခဲ့တာကြောင့် ပါတီဝင်အဖြစ် ပြန်လည်လက်မခံဖို့ အတည်ပြုလိုက်ကြောင်း သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလုပ်ခဲ့တာကြောင့် NLD ပါတီမှ နှုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတွေကို ပြန်လည်လက်ခံ ရေးနဲ့ ပတ်သက်ပြီး ဆန္ဒမဲ ကောက်ခံရာမှာ ကန့်ကွက်သူများခဲ့တာကြောင့် ပြန်လည်လက်မခံဖို့ ဆုံးဖြတ်ခဲ့တာပါ။

အမျိုးသား ဒိမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည်ဝင်ရောက်ဖို့ စာရင်းတင်ထားသူတွေထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း၊ လသာမြို့နယ် မဲဆန္ဒနယ်မှ ဦးကြည်မြင့်တို့လဲ ပါဝင်ပါတယ်။RFA Burmese

မအူပင်ပဋိပက္ခ စုံစမ်းစစ်ဆေးမှုစတင်


ရန်ကုန်၊ မတ် ၈
ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုနှင့် လူ ၅၀ ခန့် ဒဏ်ရာရရှိခဲ့သည့် မအူပင် မြို့နယ် မလက်တို ကျေးရွာအုပ်စု ပလောင် ကျေးရွာတွင် ရဲတပ်ဖွဲ့နှင့် ဒေသခံ လယ်သမားတို့ အကြား ပဋိပက္ခဖြစ်ပွား ခဲ့မှုကို မတ်လ ၇ ရက်နေ့မှ စ၍ စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်လျက် ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ပြောကြားသည်။

အဆိုပါပဋိပက္ခကို စုံစမ်းစစ်ဆေး ရန် ကော်မရှင်အဖွဲ့ကို ဧရာဝတီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် အကျဉ်းဦးစီးဌာန၊ စည်ပင် သာယာရေး ဦးစီးဌာနနှင့် စက်မှုသီးနှံ ဦးစီးဌာနရှိ ညွှန်ကြားရေးမှူးများ၊ ဥပဒေချုပ်ရုံးမှ ရုံးအဖွဲ့မှူး၊ ပုသိမ်မြို့နယ်မှ တရားလွှတ်တော် ရှေ့နေ တစ်ဦးနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းမှ မအူပင်မြို့နယ် တာဝန်ခံ အလုပ်အမှုဆောင်တစ်ဦးတို့ ပါဝင်ဖွဲ့စည်းကြောင်း မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြောကြားသည်။

မတ်လ ၇ ရက်နေ့တွင် မအူပင် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ မြေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန နှင့် ဥပဒေရုံးမှ တာဝန်ရှိသူများကို စုံစမ်း စစ်ဆေးခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ဒေသခံလူမှုရေး အသင်းအဖွဲ့များနှင့် ညှိနှိုင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ ဖြစ်ရပ်အမှန်ကို သိရှိနိုင်ရန် ဆက်လက် လုပ်ဆောင်နေကြောင်း အဆိုပါ စုံစမ်းစစ် ဆေးရေးကော်မရှင် ဥက္ကဋ္ဌကပြောဆိုသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေး ပေါ်ပေါက်ချက် တွေကို အတည်ပြုပြီး မှပဲ မီဒီယာက တစ်ဆင့် ပြည်သူတွေကို အသိပေးသွားမှာပါ" ဟု ၄င်းက ထပ်မံ ပြောကြားသည်။The Voice Weekly

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း


DASSK speech on conference 09-03-2013 အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း

အလှူမှ စားပြီး တစ်ဆင့်ဝမ်းပျက်သူ ၁၀၀ ကျော်ထိ ဖြစ်ပွား

မတ်လ ၉
မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် ပုဏ္ဏားကုန်းကျေးရွာတွင် အလှူတစ်ခုမှ ကျွေးသော ထမင်း ဟင်းစားပြီး တစ်ဆင့်ဝမ်းပျက်သူ ၁၀၀ ကျော်ထိ ဖြစ်ပွားလျက်ရှိပါတယ်။ ဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။DVB TV News



မီဒီယာ ဥပဒေကြမ်းအားဆွေနွေးပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားထား

ရန်ကုန် မတ် ၉ ရက်
လွှတ်တော်တွင် တင်ထားပြီဖြစ်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း မီဒီယာ ဥပဒေကြမ်းအား ဒီချုပ်ပါတီမှ ကိုယ်စားလှယ် ၄ ဦးဝင်ရောက် ၍ ပြင်ဆင်ဆွေးနွေးသွားရန် ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းကပြောသည်။

ပြင်ရမှာတွေက အများကြီးရှိနေတာ ကို တွေ့ရတယ်၊အန်တီ(ဒေါ်အောင်ဆန်းစုကြည်)က ၄ ဦးလောက်ပဲ ဆွေးနွေးရမယ် လို့ ဆိုတယ်၊ ကျန်တဲ့ သူတွေကဆွေးနွေးမယ့် သူတွေ အတွက် ပြည့်စုံအောင် အချက်အလက် တွေ အားဖြည့် ကူညီပေးရမယ်၊"ဟု ၄င်းကပြောသည်။

လက်ရှိတွင် လွှတ်တော်၌ ၀င်ရောက်ဆွေးနွေးမည့် ကိုယ်စားလှယ် ၏ အမည်များကို ရွေးချယ်မှု မပြုရသေးကြောင်းသိရသည်။
AH(NYK)
Popular Myanmar News Journal

ပြည်မြို့ NLD ညီလာခံအကြို စုပေါင်းသွေး လှူဒါန်း

ရန်ကုန်၊မတ် ၉
ဒီချုပ်နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံအားကြိုဆိုဂုဏ်ယူသည့်အနေဖြင့် ပြည်မြို့ NLD ပါတီမှ စုပေါင်းသွေးလှူဒန်းပွဲအား ယနေ့ နံနက် (၉)တွင် ပြည်မြို့နယ် ကုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ သွေးလှူဒန်းပွဲ၌ ပါတီဝင် (၃၀၀)ခန့်မှ စုပေါင်းသွေးလှူဒန်းမှုပြုလုပ်ခဲ့ကြောင်းသိ၇သည်။

" ကွန်ရက်အသစ်မဟုတ်ပေမယ့် နောက်ပိုင်းလည်း သွေးလိုအပ်ချက်တွေကို ကူညီပေးသွားမှာပါ" ဟု ပြည်မြို့ NLD မှ ဘဏ္ဍရေးမှူး ဦးကျော်ဇေယျာကပြောသည်။

၎င်းတို့အနေဖြင့် ယနေ့တွင် သွေးပုလင်း
(၄၀) လှူဒန်းမည်ဖြစ်ပြီး ကျန်လူများအား သွေးစစ်ခြင်း၊သွေးအမျိုးအစား အလိုက်မှတ်တမ်းပြုစုသွားမည် ဖြစ်ကြောင်း သိရသည်။
သုတလင်း
Popular Myanmar News Journal

လိုင်ဇာထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများလဂျားယန်စခန်းနှင့် လိုင်ဇာမြို့ ကြားရှိ မိုးလဲချောင်းတံတားသို့ ရောက်ရှိ

ရန်ကုန်-မတ်၉
ကေအိုင်အို လိုင်ဇာမြို့ ကို ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်လာတဲ့ ဦး သန့် ဇင်ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာဒီနေ့ မနက် ခုနှစ်နာရီခွဲမှာ ဒေါ်ဖုန်းယန်ကက်ခွာပါတယ်။ ဒီနေ့ နေ့ နေ့ လည် တစ်နာရီခွဲမှာတပ်မတော်လဂျားယန်စခန်းနဲ့ ကေအိုင်အို လိုင်ဇာမြို့ ကြားမှာ ရှိတဲ့ မိုးလဲချောင်းတံတားနေရာ ကို ရောက်ပါတယ်။
အဲဒီတံတားရဲ့ မြောက်ဘက်ခြမ်းမှာ တိုက်ပွဲများဖြစ်ပွားစဉ်ကာလက ထောင် ထားတဲ့မိုင်းများရှိနေသေးတဲ့အတွက်မိမိစစ်သည်များတောင် သွားလာခြင်းမရှိသလို စစ်သည်များ မလိုအပ်ဘဲ ဖြတ်သန်းမှုများမရှိစေဖို့ အတွက် ၀ါးခြံစည်းရိုးနဲ့ တားဆီး သတိပေးတားမြစ်ထားပါတယ်။

ဒါ့ကြောင့် လဂျားယန်စခန်းက တာဝန်ရှိတဲ့ တပ်မတော်အရာရှိများက အခြေအနေကို ရှင်းပြပြီးဆက်မသွားဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်များနဲ့ သံဃာတော်များကလမ်း အတိုင်းပဲ ဆက်သွားမယ်လို့ ပြောပြီး နေ့လည် တစ်နာရီ လေးဆယ့်ငါးမိနစ်မှာပထမ၀ါးခြံစည်းရိုးကို ဖယ်ရှားပြီး ဆက်လက် ထွက်ခွာ သွားပါတယ်။
အခုအချိန်အထိ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ဟာ ပထမခြံစည်းရိုးနဲ့ ဒုတိယခြံစည်းရိုးကြားမှာ ရှိနေဆဲဖြစ်ပါတယ်။

ဒုတိယခြံစည်းရိုးကျော်ပြီး ဆက်သွားရင်အ န္တရာယ်ရှိတဲ့အတွက် တာဝန်ရှိသူ များက ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့လိုကြောင်းကို သမ္မတကြီးကလည်း ပြောကြားပြီးဖြစ်ကြောင်း၊ နှစ်ဘက်လုံးကလည်း လက်ခံတဲ့အတွက် အခု အချိန် မှာကချင်ပြည်နယ်အတွင်းတိုက်ခိုက်မှုများမရှိသလောက်ဖြစ်နေပြီဖြစ်ကြောင်း၊ ဒုက္ခသည် များကို အကူအညီပေးဖို့အတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက် နေပြီ ဖြစ်ကြောင်း၊ငြိမ်းချမ်းရေးလမ်းလျှောက်သူများရဲ့ ဆန္ဒပြည့်ဝနေပြီဖြစ်လို့ မလိုအပ်ဘဲ စွန့်စားရန်မသင့်ကြောင်း လျှောက်ထားရှင်းပြနေပါတယ်။

ကေအိုင်အို လိုင်ဇာမြို့ ကို ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်အဖွဲ့ဟာဗန်းမော်မြို့ ကတဆင့် ဗန်းမော်- မြစ်ကြီးနား ကားလမ်း ပေါ် ကဒေါ်ဖုန်းယန်ရွာကို မနေ့ မတ် ၈ ရက်နေ့ ည ကရောက်ပါတယ်။အဲဒီအဖွဲ့ မှာ သံဃာ ကိုးပါးနဲ့ အရပ်သား ၄၄ဦးပါဝင်ပါတယ်။from-Ye HtutPopular Myanmar News Journal

အမေရိကန် ထိပ်တန်းအရာရှိ Patrick Murphy မြန်မာပြည်သွားမယ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာပြည်ဆိုင်ရာ အထက်တန်းအကြံပေးအရာရှိ Patrick Murphy ဟာ မြန်မာပြည်ရဲ့ ပြောင်းလဲတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရ ထိပ်တန်းအရာရှိတွေ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်အထိ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ဂျပန် နိုင်ငံတွေကို သွားရောက်ပါလိမ့်မယ်။

ဒီခရီးစဉ်မှာ Patrick Murphy အနေနဲ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်ရေးအတွက် အမေရိကန်အစိုးရရဲ့ မူဝါဒတွေ၊ ရခိုင်နဲ့ ကချင်ပြည်နယ်က ပဋိပက္ခတွေ အပြင် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအပါအဝင် နိုင်ငံတကာ ကူညီထောက်ပံ့ရေး ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းမှာဖြစ်ပါတယ်။

အထက်တန်းအကြံပေးအရာရှိ Patrick Murphy ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့မှာ မတ်လ ၁၂ ကနေ ၁၃ ရက်နေ့အထိ၊ မြန်မာနိုင်ငံ နေပြည်တော်နဲ့ အခြားမြို့တွေမှာ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၁၇ ရက်ကနေ ၁၈ ရက်အထိ နေထိုင်မှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မတ်လ ၈ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။RFA Burmese

၂၀၁၅ ရွေးကောက်ပွဲအတွက် USAID အကူအညီပေးမည်

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ခုနှစ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ဒီ သုံးနှစ်တာ ကာလအတွင်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ကူညီထောက်ပံ့ပေးသွားမယ့်အကြောင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီ USAID အဖွဲ့က မနေ့က မတ်လ ၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ အမေရိကန်အနေနဲ့ ကူညီထောက်ပံ့ပေးနိုင်ဖို့ အတွက် USAID အဖွဲ့အကြီးအကဲ Dr. Rajiv Shah ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ရောက်ရှိနေချိန် မှာပဲ အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေါ်လာ ၁၁ သန်းသုံးစွဲ ကူညီမယ့် ဒီအစီအစဉ်မှာ လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ အတွက် ရွေးကောက်ပွဲ ကြီးကြပ်ကွပ်ကဲမှုတွေမှာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို၊့ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်းတွေ တိုးမြင့်ဆောင်ရွက်ဖို့၊ ပါလီမန်စနစ်အားကောင်းစေဖို့နဲ့ နိုင်ငံရေးပါတီတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ ကူညီပေးသွားမှာဖြစ်ပါတယ်။

အမေရိကန်က ဆက်သွယ်ရေးနဲ့ နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Ciscoနဲ့ ပူးပေါင်းပြီး မြန်မာလူငယ်တွေအတွက် ဆက်သွယ်ရေးနဲ့ နည်းပညာသင်တန်းတွေ ပို့ချပေးမယ့် တက္ကသိုလ်တွေ ထူထောင်ဖို့ သဘောထားတဲ့အကြောင်းလည်း USAID အဖွဲ့က ကြေညာထားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Patrick Murphy ဟာ ဒီလ ၁၂ ရက်နေ့ကနေ ၁၈ ရက် နေ့တွေမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်ပြီး မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ တခြားဖွံ့ဖြိုးမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

မစ္စတာ Murphy အနေနဲ့ ရခိုင်နဲ့ကချင်ပြည်နယ် ပဋိပက္ခတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ရှိသလို အမေရိကန်ရဲ့ မူဝါဒဆိုင်ရာ ကိစ္စ၊ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု အပါအ၀င် နိုင်ငံတကာ အထောက်အပံ့တွေကိစ္စတွေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။VOA Burmese Fan Page

ဘင်လာဒင်ရဲ့သမက် အပြစ်မရှိကြောင်း လျှောက်လဲ

အရင်က အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ အိုစမာဘင်လာဒင်ရဲ့ သမက်ဖြစ်သူက အမေရိကန်တွေကို သတ်ဖြတ်မှုနဲ့ နယူးယောက်မြို့ တရားရုံးမှာ သူ့ကို စွပ်စွဲချက်ထားတဲ့အပေါ်မှာ သူ့မှာ အပြစ်မရှိကြောင်း လျှောက်လဲလိုက်ပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေ ဂျော်ဒန်နိုင်ငံမှာ ဖမ်းမိခဲ့တဲ့ Sulaiman Abu Ghaith ဟာ သောကြာနေ့က ပြည်ထောင်စုတရားရုံး တခုမှာ အစစ်ဆေးခံခဲ့ပြီး တရားရုံးက ခန့်ထားတဲ့ ရှေ့နေကနေတဆင့် ခုလို လျှောက်လဲခဲ့တာပါ။ သူ့ကို လက်ထိပ်ခတ်ပြီး တရားရုံးကို ခေါ်လာခဲ့ပြီး အဲဒီနောက် လက်ထိပ်ကိုလည်း ဖြေပေးခဲ့ပါတယ်။ မုတ်ဆိတ်တွေနဲ့ အပြာရောင် ထောင်ဝတ်စုံဝတ်ထားတဲ့ Abu Ghaith က သူ့ရဲ့အခွင့်အရေးကို နားလည်တဲ့အကြောင်း တရားသူကြီးအမေးကို ခေါင်းညိတ် ဖြေခဲ့သလို ရှေ့နေငှားဖို့မှာတော့ သူ့မှာ ငွေမရှိဘူးလို့ ခေါင်းရမ်းပြီး ဖြေခဲ့ပါတယ်။

ဖမ်းဆီးခံရပြီးနောက် သူ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြ ရေးသားထားတဲ့ စာမျက်နှာ ၂၂ မျက်နှာပါ ကြေညာချက်ကို အဘူဂိတ်သ် က အာဏာပိုင်တွေကို ပေးခဲ့တဲ့အကြောင်း အစိုးရရှေ့နေ John Cronan က ပြောပါတယ်။ ဒီအထဲမှာ အဘူဂိတ်သ် ဘာတွေ ရေးထားလဲ ဆိုတာတော့ ရှေ့နေက မပြောခဲ့ပါဘူး။

သူ့ကို စီရင်ချက်ချမယ့် ကြားနာမှုကို ရှေ့လထဲမှာ လုပ်သွားမယ့်အကြောင်း အမှု တရားသူကြီးက ပြောပါတယ်။ တကယ်လို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ အဘူဂိတ်သ်ဟာ ထောင်ဒဏ်တသက် ကျခံရမှာဖြစ်ပါတယ်။VOA Burmese Fan Page

လုံးခင်းနှင့် ကန်စီး စစ်ဘေးရှောင် စခန်းများအတွက် ထောက်ပံ့ပစ္စည်းလိုအပ်လျက်ရှိနေ

9 Mar, 2013
ကချင်ပြည်နယ် လုံးခင်းမြို့မှ ဆယ်မိုင်ခန့်ကွာဝေးသည့် ကန်စီးရွာတွင် ကချင်စစ်ဘေးရှောင်တိမ်းနေသူများအတွက် ဖွင့်လှ စ်ထားသည့် ကယ်ဆယ်ရေးစခန်း၌  ထောက်ပံ့ပစ္စည်း လိုအပ်ချက်များရှိကြောင်းသွားရောက်လှူဒါန်းခဲ့သည့် The Action Times Foundationမှ သိရသည်။ အဆိုပါအဖွဲ့မှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အ၀တ်အထည် ၊ စောင် နှင့် ဆေးဝါးများအား ကချင်ပြည်နယ် လုံးခင်းမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း နှင့် ကန်စီးရွာများသို့ သွားရောက်လှူဒါန်းခဲ့သော်လည်း ဒေသခံများအနေဖြင့် လိုအပ်ချက်များ ရှိဆဲဖြစ်ကြောင်း သိရှိရသည်။

 “ကန်စီးရွာနဲ့ အနီးအနားရွာတွေမှာ အခုအချိန်အထိ အခြေအနေတွေက မငြိမ်သက်သေးပါဘူး။ ကယ်ဆယ်ရေးလုပ်တဲ့ အဖွဲ့တိုင်းလည်း ၀င်လို့မရပါဘူး။ ကျွန်မတို့အဖွဲ့ပဲ ၀င်လို့ရတယ်၊ ယူနီဆပ်(ဖ်) တောင် လုံခင်းမြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ သူတို့လှူမယ့်ပစ္စည်းကို ထားခဲ့ရတာ နောက်တော့မှ ဘုန်းကြီးတွေကနေတစ်ဆင့်  ကယ်ဆယ်ရေး စခန်းကို သွားလှူပေးမှာတဲ့။ ’’ဟု The Action Times Foundation မှ ဒေါ်က္ကနြေ္ဒနေနွယ်က ပြောသည်။

ကချင်ပြည်နယ် လုံးခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်း နှင့် ကန်စီးရွာမှ ကယ်ဆယ်ရေးစခန်း မှာ နှစ်ဘက်တပ်များ၏ တားမြစ်နယ်မြေ ဖြစ်ခြင်းကြောင့် မည်သည့်အဖွဲ့အစည်းကိုမှ လာရောက်လှူဒါန်းခြင်းမပြုဘဲ The Action Times Foundation တစ်ဖွဲ့ကသာ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ အဖွဲ့အစည်းမှာ နာဂစ်မုန်တိုင်းတိုက်ခတ်သည့် အချိန်ကတည်းက စတင်ဖွဲ့စည်းပြီး မည်သည့် ဒုက္ခသည်ပြည်သူများကိုမဆို သွားရောက်လှူဒါန်းပေးနေကြောင်း သိရှိရသည်။

ကန်စီးရွာတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီး ကျောင်းများ နှင့် Church (ချက်)ကျောင်းများ၌ နေထိုင်ရပြီး အဆိုပါရွာတွင် ကယ်ဆယ်ရေးစခန်း(၃)ခုရှိကာ၊ လုံးခင်းမြို့တွင် ကယ်ဆယ်ရေး စခန်း (၁၃)ခုရှိကြောင်း သိရှိရသည်။ ကန်စီးရွာရှိ ကယ်ဆယ်ရေးစခန်း (၃)ခုမှာ ကန်စီးတောရကျောင်း၊ ဓမ္မလင်္ကာ ရကျောင်းနှင့် နှစ်ချင်းမူကြိုကျောင်းတို့ ဖြစ်သည်။

လုံးခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် အစားအစာ ၊ အ၀တ်အထည်များအတွက် စိုးရိမ်စရာ မလိုသော်လည်း ဆေးဝါးများ လိုအပ်ချက်ရှိနေသည်ဟု လုံခင်းဒေသခံ တစ်ဦးက ဆိုသည်။

“အ၀တ်အထည် သိပ်မလိုအပ်ဘူး ၊ ဆေးတို့ ဆန်တို့ပဲ အဓိက လိုအပ်တာပါ ၊ အပြင်ကုမ္မဏီတွေ NGO တွေက ကူညီကြပါတယ်။ “ လုံခင်းမြို့ တွင် နေထိုင်သည့် ဒေါ်ကြီးကြီးညွှန့်က ပြောသည်။

ကန်စီးရွာသည် လုံခင်းမြို့နှင့်ဆယ်မိုင်ခန့်ကွာဝေးပြီး လမ်းတစ်လျှောက်တွင် မဇွတ်ယန်၊ ဆန်ခါ၊မှော်ပုံ၊ စိုင်းရာ (ခေါ်)လဂျောင်နှင့် အောင်ဘာလေရွာများ အား ဖြတ်သန်းသွားရပြီး ၊အဆိုပါဖောင်ဒေးရှင်းမှ ကန်စီးရွာခံများနှင့်ရွာခံ ဆရာတော်များ၏ အကူအညီဖြင့် စောင်၊ အ၀တ်အထည်၊ဆေးဝါးများကို ဖေဖော် ၀ါရီလ နောက်ဆုံးပတ်က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

“လုံးခင်းအပိုင်ရွာတွေမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပေါင်း ခုနစ်ရာကျော်ခန့် ရှိပါတယ်။ အခုအချိန်မှာဆိုရင် အားလုံးကိုရပ်တန့် ထားရတဲ့အတွက် ဒီလုပ်ငန်းကို မှီခိုရတဲ့ ဒေသခံပြည်သူတွေအဖို့ ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ ပစ္စည်းတွေ လိုအပ်နေပါတယ်’’ဟု  The Action Times Foundation မှ ဒေါ်က္ကနြေ္ဒနေနွယ် က ပြောသည်။

စိုင်းရာ(ခေါ်)လဂျောင်ရွာမှာ ကေအိုင်အေစစ်ဌာနချုပ် အမှတ်(၆)အခြေစိုက်သည့် နေရာမှရွာဖြစ်ပြီး အဆိုပါဒေသတွင်  မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် နီးစပ်ရာကန်စီးရွာနှင့် လုံခင်းမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့   ပြောင်းရွှေ့ နေထိုင်ခြင်းဖြစ်သည်။
သန့်ဇင်ဝင်း(မြစ်မခ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြား

ကျွန်မတို့အဖွဲ့ဝင်တွေကရပ်ကျေးကနေစပြီးရွေးချယ်ခဲ့ပြီးတိုင်းပြည်နယ်စသဖြင့်ဗဟိုထိရောက်လာပါပြီ။ ဒီမိုကရေစီနည်းကျကျနဲ့ရွေးချယ်ခဲ့ပါပြီ။ ဒီလိုရွေးချယ်ခဲ့တဲ့နေရာမှာ မကျေနပ်မှုတွေရှိခဲ့သလိုတစ်ခါတစ်လေ လဲမတူညီမှုတွေရှိခဲ့ပါတယ်။ အဲဒါတွေကလဲကျွန်မတို့အတွက်သင်ခန်းစာရစရာပါပဲ။ ဒီမိုကရေစီဆိုတာ ခြောက်ပြစ်ကင်းသဲလည်းစင်မဟုတ်ပါဘူ။ ဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားသည့်မိန့်ခွန်း)
The Irrawaddy (Burmese Version)

ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ကယား NLD အဖွဲ့ဝင် ၁ သောင်းကျော် နုတ်ထွက်

သောကြာနေ့က စတင်တဲ့ ညီလာခံမှာတော့ ကယား ပြည်နယ်က NLD တွေကို တွေ့ရပါတယ်
ကယား ပြည်နယ် ၇ မြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် ၁ သောင်း ကျော်ဟာ NLD ညီလာခံ စတင် ကျင်းပတဲ့ သောကြာနေ့ မှာပဲ ပါတီဝင် အဖြစ် ကနေ နုတ်ထွက် သွား ကြပြီ ဖြစ်ပါတယ်။အခုလို နုတ်ထွက် ရခြင်း အကြောင်းရင်း အချက် ၂ ချက် ရှိတယ်လို့ ကယား ပြည်နယ် လွိုင်ကော် မြို့နယ် NLD က စောဒယ်နီရယ် က ဘီဘီစီကို ပြောကြား ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များNLD ညီလာခံ စတင် ကျင်းပပြီNLD ညီလာခံ ကိုယ်စားလှယ် ၄ဦး ပယ်ထုတ်ဒီချုပ်ပါတီမှာ ညီညွတ်ရေး ပြဿနာ ရှိနေပြီလားဆပ်အကြောင်းအရာများအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ,ဒေါ်အောင်ဆန်းစုကြည်တခု ကတော့ မနှစ်က တင်ထားတဲ့ ကယား ပြည်နယ် NLD ပါတီ ဆိုင်းဘုတ် ကို တရား မဝင်ဘူး ဆိုပြီး၊ NLD ပါတီ ဗဟိုက တာဝန် ရှိသူ ဦးဉာဏ်ဝင်း ကနေ ကန့်ကွက် ပြီး ဆိုင်းဘုတ် ပြန်ဖြုတ်ခိုင်း ခဲ့တာ ကြောင့် မကျေ မနပ် ဖြစ်ခဲ့ တာလို့ ဆိုပါတယ်။နောက်တခု ကတော့ အခု NLD ညီလာခံ တက်ရောက် နေတဲ့ ကယား ပြည်နယ်က ကိုယ်စားလှယ် တွေဟာ ပါတီဝင် တွေကို ကိုယ်စား ပြုတယ်လို့ မယူဆ တာကြောင့် ဖြစ်တယ်လို့ စောဒယ်နီရယ် က ပြောပါတယ်။ဒီလို မကျေ မနပ် ဖြစ်မှု ကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ကယား ပြည်နယ် NLD အဖွဲ့ဝင် တွေဟာ ဗဟို အထိ သွားရောက် ဆွေးနွေး ပေမယ့်လည်း NLD ဗဟိုက လက်မခဲ့ အတွက် အခုလို နုတ်ထွက် ခဲ့တာလို့ သူက ပြောပါတယ်။NLD ပါတီဟာ တနိုင်ငံ လုံးမှာ ပါတီဝင် ၁၃ သိန်း ကျော် ရှိတာ ဖြစ်ပါတယ်။
BBC Burmese

အသက်ကြီးပေမဲ့


FB-ကူ မိုးကြိုး

NLD ညီလာခံ ပထမနေ့ သတင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ အကြိုဆွေးနွေးပွဲနေ့မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၃ ဦးကို လာမယ့် ညီလာခံသက်တမ်းအတွက် ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ ဒေါ်ခင်ရူပါ သတင်းပေးပို့ ထားပါတယ်။
DVB TV News

NLD ဗဟို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသူ မြန်မာဒီမိုကရက် သင်တန်းကျောင်း နည်းပြချုပ် ဦးခင်မောင်ဝင်းနှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ မတ် ၈။
မတ်လ(၈)ရက်နေ့တွင် စတင် ကျင်းပသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပရာတွင် အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထားသည်ဟုဆိုကာ ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံလိုက်ရသော ကိုယ်စားလှယ် လေးယောက်တွင် ပါဝင်သော“ဒီမိုကရေဒီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင် လုပ်လိုက်တာကွ ငါအဲ့လိုမျိုးကိုမြင်တယ်” ဟုဆိုသူ ရွှေပြည်သာ မြို့နယ်မှဗဟိုညီလာခံ ကိုယ်စားလှယ် ဦးခင်မောင်ဝင်းအား မြန်မာ့ခေတ်မှတွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

MMA ။ ။ ဆရာ မင်္ဂလာပါ ။ ဆရာအခုလို ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ်ကနေ ရပ်စဲခံလိုက်ရတာနဲ့ ပတ်သက်ပြီးအဲ့ဒီအပေါ် ဘယ်လိုခံယူထားသလဲ ဆိုတာကို အရင်ပြောပေးပါလားခင်ဗျ။

TZ ။ ။ ရပ်စဲတယ်လို့ ပြောလိုက် ကတည်းက ကျွန်တော်ကထူးကို ထူးဆန်း နေတယ်ဗျ။ နဂိုကတည်းက ကျွန်တော်ကအကုန်လုံးနဲ့ ရင်းနီးတယ်ဗျ။ ဒေါ်စုတစ်ယောက်နဲ့ပဲ သိပ်ပြီး လက်ပွန်းတတီးမသိတာ။ ဦးတင်ဦးနဲ့လည်း ခင်ခင် မင်မင်ရှိပါတယ်။ နောက်ပြီး ကိုဟန်သာမြင့် ဦးဝင်းတင်အားလုံး သိကြတာပဲ။ ဒါပေမဲ့ အဲ့လိုကြီး ခပ်ဝေးဝေးက
လူတစ်ယောက်နဲ့ စာရင် ကိုယ့်ကို နေ့စဉ်နဲ့အမျှ ဖက်လဲတကင်း ရှိတဲ့လူတွေက ဘာမှကို အကြောင်းပြချက်မရှိဘဲနဲ့ဗျာ။ နက်ဖြန် သဘက်ဆိုရင်ပဲ ဦးစိုးဝင်း( ပါတီ
ညီလာခံ ကိုယ်စားလှယ် စိစစ်ရေး) ကကိုသန့်စင်ရေ ၇ရက်နေ့ မနက်ကိုတော့ ကဒ်ပြားတွေ ထုတ်ပေးမယ်။ ရုံးချုပ်ကို လာလို့တောင် ကျွန်တော့ကို ပြောတာ။

MMA ။ ။ ကိုယ်စားလှယ်စိစ်ရေး အတွင်းရေးမှူးကိုယ်တိုင်ကကို လှမ်းဖိတ်ပြီးမှဆိုတော့ ဘယ်လိုဖြစ်ပြီးရပ်ဆဲတဲ့ အထဲပါသွားတာလဲခင်ဗျ။

TZ ။ ။ သူနဲ့ကျွန်တော်နဲ့ တနင်္ဂနွေ နေ့လောက်က တွေ့သေးတယ်ဗျ။ ကျွတော်က ရုံးချုပ်မှာ ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းတွေ ပေးတော့ သူ့အောက်က ကျွန်တော်က
လုပ်ရတယ်ဗျ။ ဦးစိုးဝင်းက တာဝန်ခံတယ်။ ကျွန်တော်ကအဲ့ဒါကို ကျကျနန ပြီးစီးအောင် လုပ်ပေးခဲ့တာဗျ။ တပည့်တွေကော ခုံကိစ္စကအစ အစုံပလုံ လုပ်ပေးခဲ့တာဗျ။ နောက်ဆုံး အိမ်သာတက်ဖို့ ကိစ္စတောင် အတူတူ တွဲလုပ်ကြတာဗျ။ ဘာပဲပြောပြော ဆရာဦးစိုးဝင်း ကတော့ တကယ့် လူကြီး လူကောင်းလည်း ဆန်တယ်။ ပါတီကိုလည်း အရမ်း သံယောဇင် ရှိတာတောင် သူနားလိုက်တယ်ဗျ။ သူနားတာနဲ့ ပတ်သက်ပြီးသူ့ရဲ့ ခံစားချက်ကိုဘယ်သူမှ မမေးကြဘူး။ အမှန်မယ် ဒီညီလာခံကြီးမှာ ကဒ်ပြား ထုတ်ပေးတဲ့အထိ သူလုပ်သွားတယ်။ ညီလာခံ စိစစ်ရေးမှာလည်း လုပ်ပေးသွားတယ်။ ဒါပေမဲ့ သူမပါဘူး။ တာမွေမြို့နယ်ကရွေးကတည်းက သူ့ကို ဖယ်လိုက်တာ။ ကျွန်တော်သွားမေးတဲ့အခါမှာ သူကိုယ်တိုင် နားလိုက်တယ်လို့ ပြောတယ်ဗျ။ ဒါပေမဲ့သူ အများကြီး လုပ်နိုင်သေးတယ်ဗျ။ တကယ်ထိပ်တန်း အရာရှိ ဆယ်ရောက်လောက်နဲ့ ညီမျှတယ်လို့တောင် ပြောလို့ရသေးတယ်။

MMA ။ ။ ဆရာ အဲ့သလိုမျိုး သူတို့တွေနဲ့ တကယ်လုပ်ပေးခဲ့တယ်။ ကဒ်ထုတ်ပေးမယ်လို့ အဆင့်ထိ ဖြစ်သွားပြီးခုလိုမျိုး ဦးစိုးဝင်းလည်း ထွက်သွားတယ်။ ဆရာလည်း
ကိုယ်စားလှယ် အဖြစ်က ရပ်စဲခံလိုက်ရတယ်ဆိုတော့ဘယ်လိုမျိုး နားလည် ခံယူလိုက်လဲ ခင်ဗျ။

TZ ။ ။ လူကြီးတွေး တွေးမယ် ဆိုရင်တော့ဗျာ ငါနဲ့ဟိုကောင်နဲ့ကြားမှာ အမှားအယွင်း တစ်ခုရှိပုံ ရတယ်လို့ထင်ရင် ထင်လိမ့်မယ်ဗျ။ အဲ့ဒါကို ကျွန်တော်က ကောင်တာ လိုက်ကြည့်တယ်ဗျ။ လိုက်ကြည့်တော့ လွန်ခဲ့တဲ့ တစ်လလောက်ပေါ့ ညီလာခံ ကိုယ်စားလှယ် ကျွန်တော့ကို ရွေးလိုက်တဲ့ ရက်ပိုင်းလေး။ ၈ ရက်နေ့မှာ ကျွန်တော့ကို ရွေးတယ်။ ၂၀ရက်နေ့မှာ ကျောင်းဖွင့်တယ်( မြန်မာဒီမိုကရက်သင်တန်းကျောင်း)။ သိတဲ့ အတိုင်းပဲလေ ရှစ်ရက်နေ့မက တစ်ရက်နေ့လောက် ကတည်းက ကျွန်တော်တို့
ဝုန်းနေရတယ်။ ရှစ်ရက်နေ့ပွဲတောင် ဒီကနေခွင့်ယူပြီးညီလာခံ သွားတက်ရတယ်။ ညှိနှိုင်းနှစ်ရက် လုပ်တော့လည်း တစ်ရက်ပဲ တက်နိုင်တယ်။ အဲ့ဒီအချိန်မှာ ခေါင်း
ထဲမှာ ဘာမှမရှိဘူး။ ကြားတယ် သူများတွေ အောင်ပွဲခံကြ စားကြ၊ သောက်ကြ ကျွန်တော် မပါဘူး။

MMA ။ ။ ဆရာတို့ ရပ်စဲခံရတဲ့ လေးယောက်ကကောဘယ်လို ပတ်သက်မှုမျိုး ရှိလဲဗျ။

TZ ။ ။ အဲ့ဒါလည်း ကျွန်တော် ပြောပြီးပြီ။ ဆရာဦးခင်မောင်ဝင်းကတော့ ဟုတ်တယ်။ ကျွန်တော့ဒီမှာ စာသင်နေတဲ့ ဆရာ ကျော်ဇေယျာဝင်းရဲ့ အဖေ။ ခင်လည်းခင်တယ်။ သူနဲ့ကျွန်တော်နဲ့က ဒီဖက်လွှတ်တော် တက်နေတဲ့ နောက်ပိုင်းလေးလငါးလလောက်ကို မတွေ့တာ။ မတွေ့ဖြစ်ဘူးဗျ အဲ့ဒီပုဂ္ဂိုလ်နဲ့။ တွေ့စရာ အကြောင်းလည်း မရှိဘူးဗျ။ ဒါပေမဲ့ ဦးခင်မောင်ရှိန် မြောက်ပိုင်းဥက္ကဌ အရွေးခံရတာ ကြားတယ်။ဒါပေမဲ့ ဦးခင်မာင်ရှိန် ဆိုတာကို မသိဘူး ။ လူမသိတာ မဟုတ်ဘူး။ နာမည် မသိတာ။ ဟိုတစ်နေ့ အဲ့ဒီစာ ထွက်တော့ကမှ သိတာ။ နောက်ဘယ်သူလဲ ဒေါ်မိမိကြီးက ကောလင်းလားစစ်ကိုင်းလားပဲ။ ကျွန်တော် လူလည်း မသိဘူး။ နံမည်လည်းမသိဘူး။ ဘယ်လိုမှ ဆုံစရာ အကြောင်းလဲ မရှိဘူး။

MMA ။ ။ ပြီးတော့ ၂၆ ရက်နေ့ ထုတ်လိုက်တဲ့ စည်းကမ်းချက်ကကော ဒီမိုကရေစီ နည်းလမ်းကျတယ်လို့ ဆရာထင်လား။ ဘယ်လိုမြင်သလဲ ပြောပေးပါဦးခင်ဗျ။

TZ ။ ။ အဲ့ဒီနေရာမှာ နှစ်ပိုင်း ခွဲပြောလိုက်မယ်။ ကျွန်တော်သာဆို အဲ့ဒီနေရာမှာ လုပ်ပိုင်ခွင့်ရတဲ့ အုပ်ချုပ်သူ တစ်ယောက်ဆိုရင်အဲ့ဒီစာကို ကျွန်တော်အဲ့ဒီလို မရေးဘူး။ နယ်မှလာတဲ့ ကိုယ်စားလှယ်တော်တွေဟာ မိမိတို့နေအိမ် မိမိတို့ အဆောက်အဦး အတွင်းမှာ စားလို့သောက်လို့ရတယ်။ ဆွေးနွေးတဲ့ အခါမှာ ရည်ရွယ်ချက် ရှိရှိနဲ့ ဆွေးနွေးတဲ့ ဟာမျိုး မလုပ်သင့်ဘူးဆိုရင် မကောင်းဘူးလား။ ခုနပြောသလိုဘဲ ရန်ကုန်ရောက်တုန်းရောက်ခိုက်တော့ သွားလည်ကြ တာမျိုးတော့ လုပ်ကြမှာပဲ။ညအိပ်ကြမှာပဲ။ တိုင်းရွေးပွဲတုန်းကတောင် အဲ့သလို လုပ်ကြတယ်လို့ ကြားမှာပဲ။ ခုအရွေးခံရတဲ့ သူတွေအိမ်ကို သွားအိပ်ကြတယ် ပြောတာပဲ။ ဆရာတို့ကတော့ အစကတည်းက ဘာသာရေးလည်း လုပ်တော့ အန္တရာယ်ရဲ့အငွေ့အသက်ကို ကြိုမြင်တယ်။ အဲ့ဒါကြောင့် ရှင်လောင်းပြုခါနီး ရှင်လောင်းလိုနေတယ်။ အမြင့်မတက်နဲ့ ၊လျှောက်မသွားနဲ့
ဆိုသလိုမျိုးပေါ့။ ဟိုသွားဒီသွား အဲ့လိုမျိုးလည်း မလုပ်ဘူး။အဲ့လိုမျိုးလို့ လားလည်း မသိဘူး ဘလိုင်းကြီး ဝင်ခွတ်တာပဲ။ကျန်တဲ့ သူတွေနဲ့လည်း မသိဘူး။ ဆရာဦးခင်မောင်ဝင်းနဲ့လည်း နီးစပ်တဲ့ စကားလုံးမျိုး မပြောဖူးဘူး။ ရှင်းရှင်းပြောရရင် မတွေးမိတဲ့ အကြောင်း အရာတွေဗျ ဒါတွေက။ရယ်တော့ ရယ်စရာ ကောင်းတယ်ဗျ။

MMA ။ ။ သူတို့ ကြေညာချက်ထဲမှာ ခိုင်လုံတဲ့ အကြောင်းပြချက်လို့ ပါတယ်ဗျ။ အဲ့ဒါကိုကော ဆရာက ဘာကိုပြောတာလို့ ထင်သလဲခင်ဗျ။

TZ ။ ။ အဲ့ဒါကတော့ ကျွန်တော် ရည်ညွှန်းလိုက်မယ်။ တစ်ချို့ ဖေ့ဘွတ်မှာ ရေးတယ်ဗျ။ တစ်ယောက်က ရေးတယ်နိုင်ငံရေး လက်ဦးမှုယူတယ်။ နောက်တစ်ယောက်က
ရေးတယ် နိုင်ငံရေးလုပ်ကြံမှု အသေးလေးလို့ ရေးတယ်ဗျ။ ဒီနေ့မနက်တွေ့တာက တပ်မတော်ထဲက ဗိုလ်ကြီးဟောင်းတစ်ဦးက လုပ်တယ်လို့ အသံထွက်လာတယ်။ သူကစေခိုင်းလို့ ဗဟိုလူငယ်က အခမ်းအနား လုပ်တဲ့နေရာကို ဓာတ်ပုံရိုက်ပြီး ယူလာတယ်။ ဓာတ်ပုံ အထောက်အထားယူလာတယ်လို့ ကြားတယ်။

MMA ။ ။ ဆရာပြီးတော့ NDFက ဝင်လာကြလို့ လို့လည်းသတင်းတွေက ထွက်နေတယ်ဗျ။ အဲ့ဒါကကော။

TZ ။ ။ အင်းလေ ဒီမိုကရေစီ ခေတ်မှာက ရာနှုန်းပြည့်ဆိုတာမရှိပါဘူး။ ဒီမိုကရေစီဆိုတာ ဆန့်ကျင်ဖက်က ရတဲ့ အတွေးအခေါ် အယူအဆ၊ ဆန့်ကျင်ဖက်က ထောက်ပြတဲ့
အကြောင်း အရာတွေကို ကိုင်စွဲပြီးတော့ ရိုးပလေးလုပ်တဲ့ အဖွဲ့အစည်းပေါ့ ဒါလည်းမှန်ပါတယ်။ ဆရာဥပမာတစ်ခုပြောမယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကဘာပြောထားသလဲ။ သူတစ်ခုပဲ ကန့်သတ်ထားတယ်။သူတို့ပါတီက ထွက်သွားတဲ့သူ ပြန်ဝင်လာရင် လက်မခံဘူးလို့။ ဒါမူပဲ သူပြောထားတာ။ အဲ့ဒီမှာ ဒေါ်စုပြောထားတာ ရှင်းတယ်။ ဘယ်ပါတီက လာလာ လက်ခံမယ်။နောက်ဆုံးကြံ့ခိုင်ရေးက လာမယ် ဆိုရင်တောင် လက်ခံမယ်။အဲ့ဒီအချိန်မှာ ဘာမဟုတ်တဲ့ ချစ်တီးခေါင်း သန်းရှာလို ပါတီဝင်၁၂သိန်း ရှိတယ်လို့ ကြေညာ ထားတာလေ။ ၁.၂သန်းရှိတဲ့ပါတီမှာ လူတစ်ယောက်အပေါ် အဲ့လိုအာဃာဒ ထားစရာလား။ခေါင်းဆောင ဆိုတာက ရပ်ကွက်ခေါင်းဆောင် မဟုတ်ဘူးလေ။ ဌာနချုပ်မှာ ခေါင်းဆောင် လုပ်တဲ့သူ တစ်ယောက်က ဒေါ်စုရဲ့ သဘောထားကို အကောင်အထည် ဖော်တဲ့နေရာမှာ လိပ်ပြာသန့်သန့် ဖြစ်ဖို့မိုဘူးလား။ တပ်မတော်က ဝင်လာလည်းသူတို့ လက်ခံမယ်လို့ ပြောတယ်။ ဗိုလ်မှူးကြီးတွေထဲက အယောက်၅၀ ဝင်မယ်တဲ့ ဟာ ဒီကောင်တွေ တစ်သက်လုံး ငါတို့ကိုနှိပ်စက်လာတာ ရပ်ကွက်ထဲက မတက်စေနဲ့လို့ အဲ့လိုညွှန်ကြားလို့ မရဘူးလား။ ဒ်ါစုက ပြောတယ် ဦးခင်မောင်ဝင်း ဝင်လာကတည်းက ဦးတင်ဦးကို အဘ ကာကွယ်ရေးဦးစီးချုပ်တောင် ဒီမှာနာယက ဖြစ်နေသေးတာလို့။ သူပြောတာ ရှင်းတယ်လေ။ အရမ်းမျှတတယ်ကွ ငါတို့ခေါင်းဆောင်။ အရမ်းလေးစားဖို့ ကောင်းတယ်။

MMA ။ ။ ဒါဆိုကော်မရှင်က လုပ်လိုက်တာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမသိနိုင်ဘူး ဆိုတဲ့သဘောပေါ့။

TZ ။ ။ ဥပမာ ရိုမီယိုနဲ့ ဂျူးလိယက်ကား ကြည့်ဘူးတယ်မလား။ အဲ့ဒီမှာ အဆိပ်ဖြေဆေး ပေးမယ့် ဆရာက လားလေးနဲ့သွားတယ်။ မင်းသားက မြင်းနဲ့ သွားတယ်။အဲ့တော့ အဆိပ်ဖြေဆေးက နောက်ကြနေတယ်။ အဲ့တော့ မင်းသားကပြန်နိုးလာမယ့် မင်းသမီးနားမယ် အဆိပ်သောက် သေသွားတယ်။ ဒီအမိန့်တွေရဲ့ သဘာဝကလည်း အံ့သြစရာကောင်းတယ်။ ဆရာ့ဆီကို ရောက်တာက ၅ရက်နေ့ညကသတင်းထောက် တစ်ယောက် ဖုန်းဆက်တယ်။ အဲ့ဒါသိရင် ဖြေပါလို့ မေးတယ်။ မဟုတ်ဘူး ငါမသိဘူး။
အဲ့ဒီအချိန်မှာ အယ်ဒီတာက ခိုင်လုံတယ်။ အဲ့ဒီစာရွက်ကျွန်တော့ လက်ထဲ ရောင်နေပြီ လို့ပြောတယ်။ ငါ့လည်းဖုန်းတစ်ယောက်မှ မဆက်။ ဖုန်းကြည့်တော့လည်း
မသင့်တော်တဲ့ အချိန်ကြီး ဖြစ်နေတယ်။ ဖြစ်သင့် ဖြစ်ထိုက်တာက ဒီစာက ထုံးစံအတိုင်း ဆိုရင် အနည်းဆုံးတော့ဖုန်းလေးနဲ့ မမေးသင့်ဘူးလား။ နိုင်ငံရေးပါတီ ခေါင်းဆောင်ပိုင်းမှာ ထိုင်နေတဲ့ သူတွေနော်။ ကိုယ်တိုင် မပြောချင်ရင်တောင် မောင်သန့်စင်လေး ကိုတော့ကွာ ဒီလိုဒီအကြာင်းပြောလိုက်ပါဦးဆိုရင် ငါဌာနချုပ်ကို ပြေးမှာပေါ့။ သွားမေးမှာပေါ့။ စာထွက်လာလို့ ရှိရင်လည်း ရပ်ကွက်ကနေ ပို့ရင်နေ့ချင်း ရောက်ပါတယ်။ ခုတော့ ဖေ့ဘွတ်ပေးမှာသွားတွေ့တယ်။ ဘယ်ကောင်က တင်လိုက်တယ်
မသိဘူး။ အမှန်မယ် ကော်ပီနဲ့ ငါးဆောင် ထွက်ရင်တောင်ရောက်ရမှာလေ။ လျှို့ဝှက် အဆင့်တော့ မဟုတ်ပါဘူး။အတွင်းစည်း မီဒီယာကို ပေါက်ကြားတယ် ဆိုတော့ ဂုဏ်
သိက္ခာကို မထိခိုက်ဘူးလား။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ငန်းတွေပေါ်မှာ နေတဲ့ သူတွေက ဒေါ်စုကို အရမ်းချစ်ခင် မြတ်နိုးနေတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးအရ သေသွားအောင်ရယ် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ဒေါ်စုချစ်တဲ့ ကောင်တွေကဒီကောင်တွေ တိုင်းပြည်ဖျက်မဲ့ ကောင်တွေ ဒေါ်စုဖြုတ်ချမဲ့ကောင်တွေဆိုပြီး မထုဘူးလို့ ပြောနိုင်သလား။ ဒေါ်စုရဲ့အင်းမေ့ ပါတီရဲ့ရိုက်ခတ်မှုကိုလည်း သိရဲ့သားနဲ့ အဲ့ဒါကြီးနဲ့ကိုင်ရိုက်တာ အန္တရာယ်ရှိတယ်။ ဌာနချုပ်မှာ နေပြီးတော့ ဒါမျိုးလုပ်စရာလား။ ဒါပေမဲ့ သိသိရဲ့နဲ့ တမင်တကာ သေဟဲ့ဆိုပြီးတော့ လုပ်တာလည်း ဖြစ်နိုင်တယ်။

MMA ။ ။ အဲ့ဒါတွေကို ဆရာ့နေနဲ့ ဘယ်လို တုန့်ပြန်သွားမလဲခင်ဗျ။

TZ ။ ။ အေး အဲ့ဒါငါက တရားမျှတမှုကို လိုချင်တဲ့ဗျ။ အဲ့ဒီNLD ဌာနချုပ်က လူကြီးတွေ ခေါ်ယူတွေ့ ဆုံစေချင်တယ်။ငါတင်ပြတာကို နားထောင် စေချင်တယ်။ ပြီးလို့ရှိရင် အမြင့်ဆုံး ပြောရရင် အမေ့ကို တွေ့ချင်တယ်ပေါ့။ ငါမနေ့ကတော့မတွေ့ဘူးလို့ မီဒီယာသမားတွေ အယောက်၃၀လောက်ကိုပြောလိုက်တယ်။ စိတ်ဆိုးနေလို့။ တွေ့ရအောင် ပြောရင်တော့တွေ့ချင်တယ်

MMA ။ ။ အခုလို အခြေအနေကို ဘယ်လို သုံးသပ်မလဲဆရာ။

TZ ။ ။ အကျိုးဆက်က ၃ခုဖြစ်သွားမယ်။ တစ်အချက်ကကာယကံရှင်ဖြစ်တဲ့ စိတ်စေတနာ ကောင်းကောင်းနဲ့ လာပြီးပေါင်းစည်း ပေးတဲ့သူတွေ နင့်မွန်းသွားမယ်။ နှစ်အချက်က ပြည်သူကြားမှာရှိတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုတွေ နှစ်မျိုး ဖြစ်သွားနိုင်တယ်။ ငါတို့ကိုမုန်းတီးပြီးတော့ ပိုပြီးတော့ ဆန့်ကျင်ဖက် အုပ်စုပေါ်လာသလို ငါလုပ်တဲ့ အမှန်တရားကို သိတဲ့ ထောက်ခံပေးတဲ့ အုပ်စုတစ်စု ဖြစ်လာမယ်။ အဲ့ဒီအုပ်စုနှစ်စုကပါတီဝင်တွေ ဆိုတော့ နှစ်ခုကွဲ မသွားနိုင်ဘူးလား။ အဲ့ဒါတွေကို ငါတို့ ထိမ်းထိမ်းသိမ်းသိမ်း လုပ်သင့်တယ်။

MMA ။ ။ ခုဆရာ့ဖက်က သူတွေက ဆန္ဒပြဖို့ လုပ်နေပြီဆိုတော့ ဘယ်လိုလုပ်မလဲ။

TZ ။ ။ အဲ့ဒါကတော့ ဒီမိုကရေစီ လူ့ဘောင် ဒီမိုကရေစီခေတ်ကိုရောက်နေပြီဆိုတော့ ငါလည်း မတတ်နိုင်ဘူး။

MMA ။ ။ အခုလိုမျိုး ဆုံးဖြတ်ချက်တွေက ၂၀၁၅ကိုအကျိုးသက်ရောက် သွားစေနိုင်လားခင်ဗျ။

TZ ။ ။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့က နှစ်ပိုင်းရှိတယ်ဗျ။ ဒါက ရောဂါဖြစ်သွားပြီ ကုသဖို့နည်းလမ်းကတော့ အနာသိပြီဆိုရင် ဆေးရှိတာပေါ့။ အမြန်ဆုံး ပြုပြင်ပြောင်းလဲ
မယ်။ နည်းလမ်းတွေရှာပြီး ထိရောက်အောင် အသုံးချမယ်။၂၀၁၅ ပြဿနာက ပြည်သူလူထုကို ဦးဆောင်မဲ့ တသားတည်းနားလည် ခံစားပေးမဲ့ လူထု ခေါင်းဆောင်တွေ ပေါ်လာဖို့ခေါင်းဆောင်ကောင်း ထွက်လာဖို့ အဓိကပေါ့။ အဲ့ဒီလူတွေကအတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂါတ်ကို ကောင်းစွာ နားလည်ကျေညက်ထားမှ ရမှာလေ။ ပညာအရည် အချင်းနဲ့ ပြည့်စုံတဲ့သူတွေကို စည်းရုံးသိမ်းသွင်း ရမှာလေ။ ခုဟာက စည်းရုံးစရာမလို သလိုဖြစ်နေတယ်။ ဒါပေမဲ့ ဟိုနေ့က ဦးတင်ဦး RFAကို ပြောသလိုမျိုး ကျစ်ကျစ်လစ်လစ် ဖြစ်ဖို့ လိုတယ်ဆိုရင် ငါတို့လေးယောက်က ဖောင်းပွနေလို့လား။

MMA ။ ။ ဆရာအနေနဲ့ အခုလာ အရွေးချယ်ခံတဲ့ ကိုယ်စားလှယ် ၉၀၀ထဲမှာ ဆရာတို့လေးရောက် လျော့သွားတဲ့ အတွက် ကျစ်လစ်သွားတယ်လို့ ခံစားရပါလားဗျ။

TZ ။ ။ အဲ့ဒါက ဟာသဖြစ်သွားပြီ ။ အဲ့လိုတွေးရင်တော့ဟုတ်တယ်။ NLD ကြီး ကျစ်လစ်ခိုင်မာဖို့ ဦးသန့်ဇင်၊ ဦးခင်မောင်ရှိန်၊ ဦးခင်မောင်ဝင်း၊ ဒေါ်မိမိကြီးတို့ကို ကန်တုတ် လိုက်ပါတယ်ဆိုရင် ကျစ်လစ်ခိုင်မာဖို့ အတွက် နောက်ထပ် ဘယ်လောက်များ လုပ်ဦးမလဲဆိုတာ အဲ့ဒီ တက်နေတဲ့သူတွေကလည်း ဖုတ်လှိုက်ဖုတ်လှိုက် ကိုတက်နေကြ
ရမှာပဲ ကြောက်ကြောက် လန့်လန့်နဲ့ ။ ကျစ်လစ်အောင် ဒီနေ့လေးယောက်၊ နောက်နေ့လေးဆယ် ထပ်ဖြူပ်ရင် ထပ်ဖြုပ်နေဦးမှာ ပြောလို့မရဘူး။ နောက်တစ်ခုက
ရန်ကုန်မှာ ခရိုင်ဥက္ကဌလောက် ကောင်ကိုတောင်ငါတို့ဖြုတ်လိုက်တာ မင်းတို့ငြိမ်ငြိမ်နေ၊ ငါတို့ ဖောမက်ချတဲ့အတိုင်း လိုက်ဆိုပြီး ဒါဒီမိုကရေစီကို အနိုင်ကျင့်တာ။
ဒီမိုကရေစီကို တန်ဖိုး မရှိအောင် လုပ်တာဗျ။ ဒီမိုရေစီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင်လုပ်တာကွ ငါအဲ့လိုမျိုးကို မြင်တယ်။

MMA ။ ။ ဘာများ ဖြည့်ပြောချင် ပါသေးလဲ ခင်ဗျ။

TZ ။ ။ ပြောရရင်တော့ ငါတို့နဲ့ မင်းတို့မီဒီယာ သမားတွေကြားမှာ ပြည်သူလူထု တမ်းတနေတဲ့ အမှန်တရားတွေပေါ်ဖို့ ငါတို့ကလည်း မှန်မှန်ကန်ကန် ရပ်တည်ပြီးတော့
အမှန်ကို ထုတ်ဖော်ရဲတဲ့ သတ္တိနဲ့ ပြည်သူကို ဦးဆောင်ရမယ်။ မီဒီယာသမားကလည်း တစ်ချက် ကလေးမှ မမှားဘဲပြည်သူကို တင်ဆက်နိုင်ရမယ် အဲ့ဒါလေးတော့ လုပ်ပေးပါလို့ ပြောချင်ပါတယ်။

MMA ။ ။ အခုလို ဖြေကြား ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။
အောင်သိုက်
The Myanma Age

အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ကွာဟချက် တစိတ်တပိုင်း

ယေဘူယျအားဖြင့် ဇီဝဗေဒ သဘောအရ ဥာဏ်ရည်သုံးရတဲ့ ကိစ္စတွေနဲ့ စိတ်ဖိစီးမှု မြင့်မားစွာနဲ့ အလုပ်လုပ်ရတဲ့ အခြေအနေတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေကို မယှဉ်နိုင်ပါဘူးလို့ သုတေသနတွေအရ သိရပါတယ်။

တခါ သုတေသနတွေအရပဲ သတင်းဝက်ဘ်ဆိုက်တွေကို သွားရောက်လို့ သတင်းတွေကို မက်မက်စက်စက် ဖတ်ကြတဲ့သူတွေက ယောက်ျားတွေက အများစုဖြစ်ပြီး အမျိုးသမီးတွေက လူမှုကွန်ရက်လောက်မှာပဲ သတင်းတွေကို ဖတ်ကြတာ များတယ်လို့ သိရပါတယ်။

အမျိုးသမီးတွေက မိုးလေ၀သ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်း၊ ကျန်းမာရေးဆိုင်ရာ သတင်းတွေ၊ အပျော်ဖတ်နဲ့ အနုပညာဆိုင်ရာ သတင်းတွေကို စိတ်ဝင်စားကြပြီး ယောက်ျားတွေကတော့ နိုင်ငံတကာ သတင်းတွေ၊ အစိုးရဆိုင်ရာ သတင်းတွေနဲ့ အားကစား သတင်းတွေကို ပိုလို့ စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။BBC Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com