http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပထမပိုင်းပြီးဆုံးချိန်တွင် မြန်မာအသင်းက ဂူအမ်အသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိနေ

ပထမပိုင်းပြီးဆုံးကာနီး အချိန်ပိုနှစ်မိနစ်တွင် မြန်မာအသင်းအတွက် တတိယဂိုးအား ပြည့်ဖြိုးအောင်က သွင်းယူလိုက်သည်။ ပထမပိုင်းပြီးဆုံးချိန်တွင် မြန်မာအသင်းက ဂူအမ်အသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိနေသည်။7Day News Journal

ကျွတ်တော်တို့မှ တရုပ်စာမဖတ်တတ်ဘာ ဆရာရယ်...

FB-Min Kyi Oo

အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲ ဥပဒေနှင့်မညီသဖြင့် တိုင်တန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးကော်မတီ (၅)ဦး ဖွဲ့စည်းခြင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် နည်းဥပဒေအတိုင်း ဆောင်ရွက် ခဲ့ခြင်းမရှိသောကြောင့် ရပ်ကွက်နေပြည်သူများမှ သမ္မတထံသို့ လိပ်မူပြီး တိုင်စာပို့ထားကြောင်း သိရသည်။

"သမ္မတရယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး ၀န်ကြီးဌာန၊ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အားလုံးဆီကို လိပ်မူပြီး ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ (၇)ရက်နေ့ ရက်စွဲနဲ့ တိုင်စာပို့ထားပါတယ်၊ အခုထိတော့ ပြန်လည် စီစဉ် ဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး" ဟု အလုံရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ အများဆန္ဒအတိုင်း ရွေးချယ်ခြင်း မဟုတ်သောကြောင့် ယခုကဲ့သို့ တိုင်စာ ပေးပို့ရခြင်းဖြစ်ကြောင်း သိရှိရသည်။ThanLarWaddy Times

အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်အားခိုးမှုဖြင့် ပြန်လည်အမှုဖွင့်ခဲ့သည့်တိုင်ကြားချက်အပေါ် အရေးယူဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မတ် ၂
၁၅-၁-၂၀၁၃ ရက်စွဲပါစာဖြင့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နေ ဒေါ်တင်ထွေးက ၎င်းင်း၏သမီးဖြစ်သူ မxxxxx(၁၂)နှစ်အား ၂၀၁၀ ခုနှစ်တွင် တစ်မြို့တည်းနေ မသန်းရီမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက်္ကလာပမြို့နယ်နေ ဒေါ်ချိုမာ၏ ““ချယ်ရီ””စားသောက်ဆိုင်တွင် တစ်လလျှင် ငွေကျပ်(၁၅၀၀၀ိ/-)ဖြင့် အလုပ်လုပ်ရန် စေလွှတ်ခဲ့ကြောင်း၊ (၃)လတစ်ကြိမ် လစာသွားထုတ်ခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဧပြီလထိ လစာ ထုတ်ယူခဲ့ပြီး မေလတွင် မxxxxx ပျောက်ဆုံးသွားကြောင်း သိရှိရသဖြင့် လိုက်လံစုံစမ်းရှာဖွေခဲ့ကြောင်း၊ ကယားပြည်နယ်၊ ဖရူးဆိုးမြို့နယ်နေ မောင်ကေးရယ်နှင့် ခိုးရာလိုက်ပြေးသည်ဟုပြောဆိုသော်လည်း တိကျစွာ ပြောဆိုနိုင်ခြင်းမရှိသည့်အပြင် လူပျောက်တိုင်တန်းခဲ့ခြင်းမရှိကြောင်း၊ ဒေါ်ချိုမာတို့ကရောင်းစားခဲ့သည်ဟု ယုံကြည်၍ စုံစမ်းဖော်ထုတ်ပေးရန် လူကုန်ကူးတားဆီးနှိမ်နင်းရေးအဖွဲ့သို့ တိုင်ကြားခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်းလူကုန်ကူးတားဆီးနှိမ်နင်းရေးအထူးအဖွဲ့က အမှုနှင့်ဆက်စပ်နေသူများအား စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ မxxxxxသည် ဒေါ်ချိုမာ၏ ““ချယ်ရီ””စားသောက်ဆိုင်တွင် လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မေလခန့်တွင် ပျောက်ဆုံးသွားကြောင်း၊ ချစ်သူနှင့်လိုက်သွားသည်ဟု ရေးသားခဲ့သောစာအား တွေ့ရှိသော်လည်း မxxxxxxx သည် စာမရေးတတ်ကြောင်း၊ ၂၉-၁၀-၂၀၁၂ ရက်နေ့တွင် မြောက်ဥက္ကလာပ ရဲစခန်း၌ လူပျောက်အမှတ်စဉ် ၄၉/၂၀၁၂ ဖြင့် လူပျောက်တိုင်ကြားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်၊ မေလခန့်က မxxxxx အား ဒေါ်ချိုမာ၏ခင်ပွန်း မြင့်အောင်(ခ)အောင်လေးက ဘိလိယက်ခုံခန်းတွင် သားမယားအဖြစ် ၆ ကြိမ်ခန့် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ သားမယားအဖြစ် ပြုကျင့်ခံရပြီးနောက် အောင်မင်္ဂလာအဝေးပြေးရှိ ရောင်ခြည်သစ် လ္ဘက်ရည်ဆိုင်သို့ အလုပ်လုပ်ရန် ပို့ဆောင်ရာမှတစ်ဆင့် သန့်စင်ခန်းသို့ ပြောင်းရွှေ့လုပ်ကိုင် ခဲ့စဉ် မင်းလှမြို့ရှိ အစ်မဖြစ်သူထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း၊ ၁၁-၁-၂၀၁၃ ရက်နေ့တွင် မxxxxx က မြောက်ဥက္ကလာပရဲစခန်းသို့ သွားရောက်တိုင်တန်းသဖြင့် မြောက်ဥက္ကလာပရဲစခန်း(ပ)၃၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် မြင့်အောင်(ခ)အောင်လေးအား အမှုဖွင့်အရေးယူထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
မxxxxxx အား သားမယားအဖြစ်ပြုကျင့်ခဲ့သူ မြင့်အောင်(ခ)အောင်လေးအား ၈-၂-၂၀၁၃ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားရှိသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်အား ၈-၂-၂၀၁၃ ရက်နေ့တွင် ဒေါ်ချိုမာက ခိုးမှုဖြင့် တိုင်ကြားလာသဖြင့် မြောက်ဥက္ကလာပရဲစခန်း(ပ)၁၀၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိတွင် အရွယ်မရောက်သေးသူ မxxxxx အား ကလေးသူငယ်ဥပဒေအရ လူမှုဝန်ထမ်းဦးစီးဌာန၊ နတ်မောက်အသက်မွေးပညာသင်ကျောင်းသို့ ပို့ဆောင်ထားရှိကြောင်းသိရှိရသည်။ အဆိုပါအမှုအား ဖြစ်စဉ်မှန် ပေါ်ပေါက်လာရေးအတွက် ရဲတပ်ဖွဲ့က ဂရုတစိုက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။ရဲဇာနည်

အထောက်တော်လှအောင် ကွယ်လွန်ခြင်း၂၂နှစ်ပြည့်

ဖေဖော်ဝါရီ၂၄ရက်နေ့ ကဓနုဖြူမြို့ နယ် ဂုံးချောင်းကျေးရွာအုပ်စု၊ငံနီကျေးရွာတွင်အထောက်တော်လှအောင် ကွယ်လွန်ခြင်း၂၂နှစ်ပြည့် အလှူ ကျင်းပခဲ့သည်။ Popular Journal




‎2014 AFC Challege Cup ခြေစစ်ပွဲ ဂူအမ်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်း လူစာရင်း

ဂိုး-သီဟစည်သူ(အသင်းခေါင်းဆောင်) နောက်တန်း-ဇော်မင်းထွန်း၊အောင်ဟိန်းကျော်၊ပြည့်ဖြိုးအောင် အလယ်တန်း-ရန်အောင်ကျော်၊ကျော်ဇေယျာဝင်း၊နိုင်လင်းဦး၊ပိုင်စိုး၊ကြည်လင်းရှေ့တန်း-သက်နိုင်၊စိုးမင်းဦး

ယနေ့ညနေ(၄)နာရီအချိန်က စတင်ကစားခဲ့သည့် အဆိုပါပြိုင်ပွဲခြေစစ်ပွဲအုပ်စု(က)အဖွင့်ပွဲစဉ်တွင် အိန္ဒိယအသင်းက တရုတ်(တိုင်ပေ)အသင်းကို(၂-၁)ဂိုးဖြင့် အနိုင်ရရှိကာ ရမှတ်သုံးမှတ်ဖြင့် အုပ်စုထိပ်ဆုံးမှ ဦးဆောင်ထားသည်။ ဒုတိယပွဲစဉ်အဖြစ် ညနေ ၆ နာရီ၊ ၄၅ မိနစ်တွင်အိမ်ရှင် မြန်မာအသင်းနှင့်ဂူအမ် အသင်းတို့ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။7Day News Journal

ဒေါ်စုပါဝင်ဖို့ တိုင်းရင်းသားမဟာမိတ် ထပ်ဖိတ်ခေါ်

 UNFC မှာ လက်နက်ကိုင်တွေ အပါအဝင် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ပါဝင်
မြန်မာ သမ္မတဦသိန်းစိန်ဟာ လစဉ် မိန့်ခွန်းသဘောမျိုးနဲ့ ၁ ရက်နေ့တွေမှာ တိုင်းပြည်ကို ရေဒီယိုကနေ မိန့်ခွန်း ပြောလာပါတယ်။တလအတွင်း လုပ်ဆောင်ခဲ့တာတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များအစိုးရနဲ့ ကေအိုင်အို ရွှေလီမှာ တွေ့ဆုံမယ်ဒေါ်စုပါဝင်ဖို့ တိုင်းရင်းသားမဟာမိတ် ထပ်ဖိတ်ခေါ်မတ်လ ၁ ရက်နေ့က ပြောတဲ့အထဲမှာ တိုင်းရင်းသားတွေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက် လုပ်ဆောင်ရဦးမယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေ ၊ ကေအိုင်အိုနဲ့ ပြီးခဲ့တဲ့လက ဆွေးနွေးပွဲ အပြီး ထုတ်ပြန်ချက်အရ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ တန်းတူရည်တူရှိမှုနဲ့ ကိုယ်ပိုင် အခွင့်အရေး ရပိုင်ခွင့် စတာတွေကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံအဖြေရှာမယ် ဆိုတာကို သမတ ဦးသိန်းစိန်က သူ့အနေနဲ့ ဝမ်းမြောက်မိပါတယ်လို့ ပြောကြားသွားပါတယ်။

တိုင်းရင်းသားတွေ တောင်ဆိုနေတဲ့ တန်းတူညီတူ အခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့အချက်ကို သမတက ပထမဆုံး အကြိမ်ပြောလာတာ လည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာ ယူအဲန်အက်ဖ်စီ ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာ ကြိုဆိုလိုက်ပြီး ဒါကို တိုးတက်မှုတရပ်လို့ မြင်ကြောင်း ပြောကြားခဲ့ပါတယ်။

၆၅ နှစ်ကြာ ပြည်တွင်းစစ်ကို လက်နက်ကိုင် ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ အစိုးရက သဘောပေါက်လာပုံရတဲ့အပြင် လူထု တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားကြောင့် အခုလို ဖွင့်ပြောလာရတာလို့ သူက ယူဆပါတယ်။စစ်တပ်နဲ့ အစိုးရကြား အမြင်မတူတာကြောင့် အပြောင်းအလဲလုပ်ဆောင်ရာမှာ အခက်အခဲရှိနေတယ်ဆိုတာကို အစိတ်အပိုင်းတခုအထိ ယုံကြည်လက်ခံပေမယ့် တဘက်က ကြည့်ပြန်ရင်လည်း အစိုးရဝန်ကြီးအဖွဲ့ တပ်မတော် နဲ့ လွှတ်တော် စတာတွေဟာ အစိုးရအဝန်းအဝိုင်းဘဲဖြစ်လို့ သဘောထားမတူကြဘူးဆိုတာ တကယ်လား၊ နည်းပရိယယ်တခုလားဆိုတာ အမြဲ ထည့်တွက်နေရတယ် အပြည့်အဝ ယုံကြည်လို့ မရသေးဘူးလို့ ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။
BBC Burmese



ရှင်...ဒီအတိုင်းပဲ ကြည့်နေတာလား


FB-စကားပြောနေသော ကာတွန်းလေးများ

စိုင်းနော်ခမ်းကို တရုတ်မှာ သေဒဏ်စီရင်တဲ့ သတင်း ဗီဒီယို


BC Burmese

မြန်မာ့လူ့အခွင့်အရေး အခြေအနေ လူ့အခွင့်အရေးကော်မရှင် တင်ပြ

၂၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည်ညီလာခံအတွင်း ကမ္ဘာတ၀ှမ်းနိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့ကြတာမှာ မြန်မာနိုင်ငံမှာ လည်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှုတွေရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည် ညီလာခံအတွင်း အခုလို ပြောကြားခဲ့တာဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဘယ်လို တိုးတက်မှုတွေ ရှိခဲ့ပါသလဲ။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြင့်တင်ဆောင်ရွက်မှုတွေ လုပ်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ တိုးတက် မှုတွေ ရှိခဲ့တယ်လို့ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ ရဲ့ နှစ်ပတ်လည်ညီလာခံအတွင်းမှာကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေ ပြောကြား လိုက်ပါတယ်။ အဲဒီ တိုးတက်မှုတွေထဲမှာ ပထမဆုံးတခုကတော့ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့တာဖြစ်ပြီး တိုးတက်မှုတွေ အတော်များများရှိခဲ့တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ကြက်ခြေနီအဖွဲ့နဲ့ အတူ အနီးကပ်ပူးတွဲလုပ်ဆောင်နိုင်တဲ့အတွက် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဟာ ရခိုင် နဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပါအ၀င် ရေနဲ့မိလ္လာလိုမျိုး အရေးပါပြီး အခြေခံကျတဲ့ အကူအညီတွေကို ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် တိုးတက်မှုတခုကတော့ အခုဆိုရင် ICRC ဟာ အကျဉ်းထောင်တွေကို ပြန်ပြီးတော့ သွားလာနိုင်ပြီဖြစ်ပါတယ်။”

မြန်မာအစိုးရက လူ့အခွင့်အရေးမြင့်တင်ဆောင်ရွက်ဖို့အတွက် လုပ်ဖို့ကတိပြုခဲ့တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံး မြန်မာနိုင်ငံမှာဖွင့်လှစ်ဖို့ကိစ္စ၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်း ပြင်ဆင်ဖို့ စတာတွေ ပါဝင်ခဲ့ပါတယ်။ မြန်မာ အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့နေရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍတခုလို ရှုမြင်ထားကြတဲ့ အကျဉ်းထောင်တွေအတွင်းက နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ ပတ်သက်ပြီး သူကအခုလို ပြောပါတယ်။

“ကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေ၊ သူတို့ကိုချမှတ်ထားတဲ့ပြစ်ဒဏ်တွေကို ပြန်လည် စဉ်းစား ဖို့လည်း လုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအရေဘယ်လောက်ရှိတယ်ဆိုတာကို သေသေချာချာ စိစစ်ပြီး အဲဒီလူတွေ ကို ပြန် လွှတ်ပေးဖို့အတွက် ကော်မတီကိုလည်း ဖွဲ့ခဲ့ပြီဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နေတာဟာလည်း မြန် မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေရဲ့ တိုးတက်မှုတခုဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင်ဥပဒေမူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နေတာ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတာတွေဟာ မြန်မာနိုင်ငံရဲ့ နောက်ထပ် တိုးတက်မှု တခုဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကို သမ္မတထံကို တင်သွင်းထားပြီဖြစ်ပါတယ်။ အဲဒီနောက် ဒီဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် လွှတ်တော်ကို တင်သွင်းသွားမှာဖြစ်ပါတယ်။ အဲဒီဥပဒေကို ပြဌာန်း ပြီးပြီဆိုရင်တော့ လူ့ အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ပိုင်ခွင့်တွေ ပိုပြီးတော့ရှိလာပြီး ထိထိရောက်ရောက်လုပ်လာနိုင်မှာဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၂၈ ရက် နေ့က ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ နှစ် ပတ်လည် ညီလာခံအတွင်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေ ပြောသွားတာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုတွေ ရှိလာတယ်လို့ဆိုနေပေမယ့်လည်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က မလက်တိုကျေးရွားမှာတော့ လယ်သမားတွေရဲ့ ဆန္ဒပြမှုကို လုံခြုံရေးရဲအာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုမျိုး အာဏာပိုင်တွေဘက်က အမျိုးသမီးတွေ အပါအ၀င် လယ်သမားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေးကင်တားနားကလည်း တုန်လှုပ်မိတယ်လို့ ပြောပါ တယ်။ မြန်မာအာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်ဟာ အရင် စစ်အစိုးရ လက်ထက်က အခြေအနေတွေနဲ့ အလာတူးဖြစ်နေတုန်းပဲဖြစ်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

လာမယ့် မတ်လ ၁၁ ရက်နေ့ကျရင်တော့ မစ္စတာ ကင်တာနားဟာ မအူပင်ကလယ်သမားဆန္ဒပြမှု ပဋိပက္ခအပါအ၀င် မြန်မာနိုင်ငံနဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး သူလေ့လာတွေ့ရှိခဲ့တာတွေကို လူ့အခွင့်အရေးကောင်စီကို တင်ပြဖို့ရှိနေပါတယ်ခင်ဗျာ။VOA Burmese Fan Page

ပြုပြင်မည့်စာရင်း၌ ဈေးချိုတော်နာရီစင်မှ နာရီ မပါဝင်

မန္တလေးမြို့အထိမ်းအမှတ် ဈေးချိုတော်အနီးရှိ နာရီစင်
2 Mar, 2013
မန္တလေးမြို့အထိမ်းအမှတ် ဈေးချိုတော်အနီးရှိ နာရီစင်အား အသေးစားပြုပြင်မှုများ သာ ပြုလုပ်နေသော်လည်း တပ်ဆင် ထားသော နာရီအချိန်မှန်စေရန်အတွက် ယခုနှစ်ဘဏ္ဍရေး အခြေအနေအရ ပြင်ဆင်မှု မပြုလုပ်နိုင်သေး ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီအဆောက်အအုံနှင့်ကုန်ရုံဌာနမှူး ဦးမျိုးအောင်ကဆိုသည်။       

မန္တလေးမြို့စည်ပင်သာယာရေးကော်မတီပိုင်အဆောက်အဦးများကို နှစ်စဉ်ဘဏ္ဍရေးအသုံးစရိတ်အ လိုက်   ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း နာရီစင်နှင့်တိုက်တန်းများကို ဆေးသုတ်ခြင်း၊ အသေးစား ပြုပြင်ခြင်းများအား ဆောင်ရွက်နေကြောင်းကိုလည်း သိရသည်။

`မန္တလေးမြို့ရဲ့စည်ပင်သာယာရေးကော်မတီပိုင်တဲ့နေရာတွေကို ပြုပြင်ထိန်းသိမ်းတာကတော့နှစ်စဉ် လုပ်နေ ကျပါ ၊ဒီနှစ်မှာတော့ နာရီစင်ကိုလည်း ပြုပြင်တဲ့အထဲမှာ ပါသွားတာပါ၊ ဆေးသုတ်တာနဲ့ ပြုပြင် မှုအနည်းအကျဉ်း ကိုပဲလုပ်မှာဖြစ်တယ်၊ နာရီကိုတော့ ပြုပြင်ဖို့ မရှိသေးဘူး၊ နာရီက မီးတစ်ခါပျက်ရင် ရပ်ရပ်သွားတာရော၊ပြုပြင် ရင် ကုန်ကျစရိတ်များမှာ ဖြစ်တာကြောင့် သက်ဆိုင်ရာကို တင်ပြထား ပါသေးတယ်၊ အခုတော့ ပြုပြင်မယ့် စာရင်းထဲမှာ မပါပါဘူး´ဟု ဦးမျိုးအောင်ကပြောသည်။

ဈေးဆိုတော်နာရီစင်အား ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့မှ နာရီအချိန်မှန်ကန်ရေးနှင့် နာရီစင် လှပရေးအတွက် လုပ်ဆောင်ပေးသော်လည်း ၂၀၀၉ခုနှစ်တွင် ပြုလုပ်ခဲ့သော်လည်း  ၂၀၁၀ နောက်ပိုင်းတွင် လက်ရှိအတိုင်းပင် ချို့ယွင်းဆဲဖြစ်ကြောင်း သိရသည်။

မန္တလေးဈေးချိုတော်အနီးမှ နာရီစင်မှာ အေဒီ၁၉၀၉တွင် အင်္ဂလန်မှ ၀ိတိုရိယဘုရင်မကြီး(Queen Victoria)၏   နှစ်(၆၀)မြောက်မွေးနေ့ စိန်ရတုသဘင်အထိမ်းအမှတ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၇၀ခု နှစ်များက နာရီ စင်ပြသာဒ်အား တမ္ပ၀တီဦးဝင်းမောင်ဦးစီးပြင်ဆင်ကာ  ၂၆လမ်းနှင့် ၈၄လမ်းထောင့်တွင် ထားရှိခြင်းဖြစ်သည်။

“နာရီစင်က နာရီမီးပျက်လို့ အချိန်မမှန်ရင် ကျွန်တော်တို့ မန်းသားတွေပဲ သိက္ခာကျရတယ်၊ နာရီလေးတော့ အချိန်မှန်စေ့ချင်တယ်”ဟု ဆေးတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောသည်။
မန်းသားလေး(မြစ်မခ)

မအူပင် ORCHARD ကုမ္ပဏီ အမှန်တကယ် လုပ်ငန်းဆောင်ရွက်နေဟုဆို

 ရန်ကုန်၊ မတ် ၃ မအူပင်ခရိုင်အတွင်းရှိ ORCHARD ကုမ္ပဏီ၏ စီမံကိန်းလုပ်ကွက်နေရာများတွင် သဘာဝအတိုင်း ငါးမွေးမြူခြင်းလုပ်ငန်းနှင့် သီးနှံပင် စိုက်ပျိုးရေးလုပ်ငန်းများကို အမှန်တကယ် ဆောင်ရွက်နေကြောင်း ဇန်န၀ါရီ ၂ ရက်နေ့တွင် မီဒီယာများ ခေါ်ယူ၍ ရှင်းလင်းပြသခဲ့သည်။
ORCHARD ကုမ္ပဏီသည် မအူပင်ခရိုင်အတွင်းရှိ ရေနက်ကွင်းများကို ရေအောက်ရတနာမြေ ဖော် ထုတ်ရေးစီမံကိန်းအရ ဧကပေါင်း ၃၂၅၀ ကို ၁၉၉၆ ခုနှစ်မှ စတင်ကာ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး လက်ရှိတွင် သဘာဝအတိုင်း ငါးမွေးမြူသည့် ဧက ၂၃၅၀ ဧကနှင့် စပါးစိုက်ဧက ၉၀၀ ဖြင့် စိုက်ပျိုးမွေးမြူရေး ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သဘာဝအတိုင်း ငါးမွေးမြူခြင်းဟု ဆိုရာတွင် မွေးငါးများကို ဓာတုဗေဒအစာကျွေးခြင်း မပြုဘဲ ရေပေါ်တွင် သဘာဝအတိုင်း ပေါက်ရောက် သော မြက်ပင်များကို ကျွေးခြင်းဖြင့် မွေးမြူသောစနစ်ဖြစ်ကြောင်း သိရသည်။ မွေးမြူသောငါးများမှာ ငါးကြင်းလုံး၊ ငါးခေါင်းပွ၊ ရွှေဝါငါး၊ ငါးမြစ်ချင်း၊ တီလားဗီးယား၊ မျိုးငါးများကို မွေးမြူပြီး သုံးနှစ်တစ်ကြိမ် ကန်ဖော်ကာ နိုင်ငံခြားသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ 
 စပါးစိုက်ခြင်းတွင် နွေစပါးကိုသာ စိုက်ပျိုးပြီး နှစ်စဉ် သီးသပ်ယှဉ်မျိုးစိုက်ကြောင်း၊ ယခုနှစ်တွင် ဆန်ကောက်မျိုးပါးကို စိုက်ပျိုးထားကြောင်း သိရသည်။ ORCHARD ကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိသော နေရာများမှာ ရေနက်ကွင်းများဖြစ်သောကြောင့် နွေရာသီ၌သာ နွေစပါးစိုက်ပျိုးနိုင်ပြီး မိုးတွင်း၌ ရေမြုပ်ခြင်းကြောင့် စပါးမစိုက်နိုင်ကြောင်း၊ မိုးရာသီတွင် စပါးစိုက်ဧကများ၌ မြက်သတ်သည့်အလုပ် လုပ်ကိုင်ရကြောင်း သိရသည်။
Popular Myanmar News Journal


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၏ သဘောထားကြေညာချက် (၁/၂၀၁၃)

၁။ ဤဥပဒေ၏ အခန်း(၁) တွင် “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” ၏
အဓိပ္ပါယ်ဖော်ပြချက်မပါရှိပါ။ သို့ရာတွင် အခန်း(၂)နှင့် အခန်း(၄)တို့တွင် ဖော်ပြထားချက်များအရ
“မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” သည် ယခင် စာပေစိစစ်ရေးနှင့် များစွာခြားနားမှုမရှိခြင်းကိုတွေ့ရသည်။

၂။ ထို့အပြင် “၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ”နှင့် “၁၉၃၁ခုနှစ်
ပုံနှိပ်တိုက်(အရေးပေါ်အာဏာများ)အက်ဥပဒေ”တို့ကိုအသွင်ပြောင်းထားခြင်းတစ်မျိုးဟု မိမိတို့ရှုမြင်သည်။

၃။ သတင်းသမားများအတွက် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေမှ သတင်းလွတ်လပ်ခွင့်ဆိုင်ရာအခြေခံမူများနှင့် ဖီလာဆန့်ကျင်ဖြစ်နေပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူတို့ဖက်ကို ပြန်လည်ချုပ်ကိုင်ခြင်းအားဖြင့် သတင်းသမားများ၊စာရေးဆရာများကို ယခင်ကအတိုင်း ပြန်လည်ချုပ်ကိုင်မည့် အခြေအနေများတွေ့နေရပါသည်။

၎။ စာနယ်ဇင်းကောင်စီ ၏ လုပ်ပိုင်ခွင့်များကိုလည်း ထိပါးနေသယောင်တွေ့မြင်ရပါသည့်အပြင် စာနယ်ဇင်းကောင်စီကပင်လျှင် ယခုဥပဒေကို ပြုစုသည်ဟု အထင်မှားဖွယ်ဖြစ်နေပါသည်။

၅။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသည် မီဒီယာဥပဒေကြမ်းကိုရေးဆွဲလျက်ရှိရာ ယခုကြေညာလိုက်သော ပုံနှိပ်ဥပဒေကြမ်းပါ အချက်အလက်အချို့သည်
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ရေးဆွဲနေသည့် ဥပဒေကြမ်းတွင်သာပါဝင်ရမည့်အချက်အလက်များဖြစ်နေပါသည်။ဥပမာ သတင်းအေဂျင်စီများတည်ထောင်ခြင်းသည် ပုံနှိပ်ဥပဒေနှင့်မည်ကဲ့သို့မျှ ဆီလျော်မှုမရှိပါ။ သတင်းမီဒီယာနှင့်သာသက်ဆိုင်နေပါသည်။
ပုံနှိပ်ဥပဒေသည် အခြေခံဥပဒေပါလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်လိုက်သဖြင့် အခြေခံဥပဒေနှင့် လည်းညီညွတ်မှုမရှိပါ။

၆။ တရားမ၀င်ထုတ်ဝေစာအဖြစ်ကြေညာနိုင်ခြင်း၊ ယင်းအပေါ်လိုင်စင်ရုပ်သိမ်းနိုင်ခြင်းတို့သည်လက်ရှိအခြေအနေအတိုင်းဖြစ်ပြီး၊ Pre-Censorshipမဟုတ် သော်ငြားလည်း Post-Censorshipသာ ဖြစ်နေပါသည်။

၇။ ယခု ဥပဒေကြမ်းအရဆိုပါက ပုံနှိပ်ထုတ်ဝေသူများနှင့် သတင်းမီဒီယာများသည်ပြန်ကြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်ဖြစ်သည်ဟု မိမိတို့သုံးသပ်သည်။

၈။ ထို့ကြောင့် ဥပဒအသစ်များကို အလောတကြီးပြုစုသည်ထက်
တည်ဆဲဥပဒေများတွင်ပါရှိနေသည့် သတင်းမီဒီယာလောကအတွက်
အနှောင့်အယှက်ဖြစ်နေသည်တို့ကို ပျက်ပြယ်စေရန်က ပိုအရေးကြီးပါသည်။

၉။ ယခု ထုတ်ပြန်ကြေညာလိုက်သော “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း”ပါအချက်အလက်အများစုကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)အနေဖြင့် လုံးဝသဘောမတူနိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

၁၀။ စာနယ်ဇင်၊သတင်းမီဒီယာလောကသားအများ လက်ခံနိုင်မည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အား စာနယ်ဇင်းမီဒီယာသမားများထံမှ သဘောထားတောင်းခံခြင်း၊ ဖြုတ်ပယ် ဖြည့်စွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်စေရန် အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း
Myanmar Journalists Association
မတ်လ ၁ ရက်၊ ၂၀၁၃။
Shwe Myitmakha Media Group

တနပ်ပိုစားပါရစေလို့ ပြောပေးပါကွာ

FB-ကြိုက် ရင် Like မယ် ရီပြီးပီဆို Share ပေးပါ

မကြာသေးခင်က ရရှိလာခဲ့တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တချို့ကိုတောင် ပြန်ရုပ်သိမ်းမယ့် ခြိမ်းခြောက်မှုမျိုး ဖြစ်နေ

သတင်းမီဒီယာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းမယ့် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းဟာ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အောက်မှာ သိပ်မကြာသေးခင်က ရရှိလာခဲ့တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တချို့ကိုတောင် ပြန်ရုပ်သိမ်းမယ့် ခြိမ်းခြောက်မှုမျိုး ဖြစ်နေတယ်လို့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားများကို အကာအကွယ်ပေးနေတဲ့ CPJ အဖွဲ့က မနေ့က သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီဥပဒေမူကြမ်းမှာ မြန်မာစစ်တပ်ဦးဆောင်ရေးဆွဲတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဝေဖန် ထောက်ပြတာ၊ ဒါမှမဟုတ် သတင်းရေးသားတာ အပါအ၀င် အကြောင်းအရာ အတော်များများကို တင်ပြခွင့် ကန့်သတ်ထားသလို၊ အစိုးရထံမှာ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ် မရှိဘဲနဲ့ ထုတ်ဝေခဲ့ရင် ထောင်ဒဏ် ၆ လပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ဖော်ပြထားတာပါ။ ဒါဟာ မြန်မာနိုင်ငံအတွက် နောက်ပြန်ဆွဲတဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ CPJ က ဝေဖန်ပါတယ်။

စစ်တပ် အဓိက လွှမ်းမိုးထားတဲ့ မြန်မာလွှတ်တော်မှာ ဒီမူကြမ်းကို ဥပဒေတရပ်အသွင် မကြာခင်မှာ ပြဌာန်းနိုင်သလို တကယ်လို့ ဒီဥပဒေမူကြမ်း ဒီအတိုင်း အတည်ဖြစ်သွားခဲ့ရင် အရင်စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ မီဒီယာဥပဒေနေရာမှာ အလားတူ တင်းကျပ်တဲ့ ဥပဒေတရပ် အစားထိုးဝင်ရောက်လာမှာ ဖြစ်တယ်လို့ CPJ အဖွဲ့က ပြောပါတယ်။

သတင်းမီဒီယာတွေကို စောင့်ကြည့်စစ်ဆေးပြီး မှတ်ပုံတင်ထုတ်ပေးမှုတွေကို ထိထိရောက်ရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် မှတ်ပုံတင်အရာရှိတဦး ခန့်အပ်ဖို့လည်း ဒီမူကြမ်းထဲမှာ တောင်းဆိုထားပါတယ်။ ဒါကြောင့် မှတ်ပုံတင်အရာရှိသစ် အနေနဲ့ ဒေသခံ သတင်းမီဒီယာတွေရဲ့ ထုတ်ဝေခွင့်လုပ်ငန်းတွေမှာ ကန့်သတ်ပိတ်ပင်တာတွေ လုပ်လာမှာကို ဒေသခံသတင်းမီဒီယာအဖွဲ့တွေက စိုးရိမ်နေကြတယ်လို့လည်း CPJ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်မရှိသလို ဧပြီလ ၁ ရက်နေ့က စပြီးတော့မှသာ ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေ ထုတ်ဝေနိုင်မှာ ဖြစ်ပါတယ်။VOA Burmese Fan Page

၂၀၁၂ အတွင်း အာဖရိကနှင့် မြန်မာသို့ ဗီယက်နမ်၏ပို့ကုန်တင်ပို့မှုနှင့် ကုန်သွယ်မှု စံချိန်တင်မြင့်တက်

ဟနွိုင်း၊ မတ် ၁။

ဗီယက်နမ်၏ ၂၀၁၂ အတွင်း အာဖရိကနှင့် မြန်မာတို့သို့ကုန်စည်တင်ပို့မှုနှင့် ကုန်သွယ်မှုပမာဏသည် စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

ဆိုင်းဂုံနေ့စဉ်သတင်း၏ ဖေါ်ပြချက်အရ ဗီယက်နမ်သည်၂၀၁၂ အတွင်း အာဖရိကသို့ ပို့ ကုန်တင်ပို့မှုပမာဏ ၂၀ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၆ ဒဿမ ၂ ဘီလီယံဖိုး
ရှိခဲ့ကြောင်း ဆိုသည်။

ဗီယက်နမ်၏ အာဖရိကနိုင်ငံများသို့ အဓိကပို့ကုန်မှာ ဆန်၊ကော်ဖီ၊ ငရုတ်ကောင်း၊ ပင်လယ်အစားအစာ၊ ကွန်ပြူတာ၊အီလက်ထရောနစ်နှင့် စက်အစိတ်အပိုင်းများ၊ တယ်လီဖုန်းများ၊ အဝတ်အထည်နှင့် ချည်ထည်များ ဖြစ်ကြပြီး အာဖရိကမှအယ်လ်ဂျီးရီးယား၊ အင်ဂိုလာ၊ မိုဇမ်ဘစ်၊ ဂါနာ၊ အီဂျစ်၊ နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ်နှင့် မော်ရိုကိုတို့မှာ အဓိကဈေးကွက်များဖြစ်ကြသည်။

ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင်မြန်မာနှင့် ဗီယက်နမ်ကြား၂၀၁၂ အတွင်းကုန်သွယ်မှုမှာနှစ်ရက် တာကာလတိုအတွင်း ဒေါ်လာ ၂၂၇ သန်းအထိ
ရရှိခဲ့သည့် စံချိန်ဖြစ်ခဲ့ပြီး တစ်နှစ်တာလုံးစုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ၂၀၁၁ကထက် ၃၅ ဒဿမ ၉ ရာ ခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဆိုသည်။

ယင်းအပြင် ဗီယက်နမ်သည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနှင့်ကုန်သွယ်ရာတွင် ပိုငွေဒေါ်လာ ၈ သန်းပြခဲ့ ကြောင်း ယင်းဌာန၏ အစီရင်ခံစာကဖေါ်ပြသည်။ဗီယက်နမ်သည် ၂၀၁၃ ဇန်နဝါရီတွင် မြန်မာသို့ ပို့ကုန်တင်ပို့မှု ပမာဏဒေါ်လာ ၁၃ဒဿမ ၇ သန်းရှိခဲ့ပြီး၊ ၎င်း၏အဓိက ပို့ကုန်များမှာ စတီးလ် ပစ္စည်းများ၊ စက်ယန္တရားများ၊အထည်အလိပ်နှင့် ပလတ်စတစ်များဖြစ်ကြောင်း သိရသည်။The Myanma Age

တာဝန်သိသူတွေ များများပေါ်ထွန်းလာပါစေ......

ဒါလေးကိုကြည့်ပြီး စိတ်မကောင်းလွန်းလို့ တင်ပေးလိုက်ပါတယ်။ ဘယ်သူ့မှာအပြစ်ရှိသလဲလို့တော့ မေးခွန်းမထုပ်တော့ပါဘူး။ တာဝန်သိသူတွေ များများပေါ်ထွန်းလာပါစေ....

ရဲရက်စက်မှုကြောင့်သေဆုံးမှု တောင်အာဖရိကစုံစမ်း


ရဲကားနောက်မှာ လမ်းတလျှောက် ဒရွတ်တိုက် ချိတ်ဆွဲခံခဲ့ရလို့ သေဆုံးသွားရသူတဦးရဲ့ အမှုမှာ ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို ရာထူးချ အရေးယူထားတယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

အမှုကို ဆက်ပြီး စုံစမ်းစစ်ဆေး အရေးယူသွားမှာဖြစ်ပြီး ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ တယောက်ကိုလည်း ရာထူးက ထုတ်ပစ်လိုက်ပြီလို့ ကော်မရှင်နာမင်းကြီး Riah Phiyega က သောကြာနေ့က ပြောဆိုပါတယ်။ မိုဇမ်ဘစ် နိုင်ငံသား အသက် ၂၇ နှစ်အရွယ် အငှားယာဉ် မောင်းသမား Mido Macia ကို ရဲကားနောက်မှာ လက်ထိပ်ခတ် ဆွဲသွားခဲ့တာကို လမ်းဘေးက မြင်တွေ့သူတချို့ ရိုက်ကူးခဲ့တဲ့ Video ထွက်လာပြီး အဲဒီ Video မှာ လမ်းဘေးက တွေ့မြင်သူတွေက ရဲကားရပ်ဖို့ တားဆီးပြောဆိုခဲ့ပေမဲ့ ရဲကားက ဆက်မောင်းသွားတာကို မျက်မြင် တွေ့ရှိရတာဖြစ်ပါတယ်။

အငှားယာဉ်မောင်း သမားဟာ သေဆုံးသွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ သိပ်ကို ကြောက်စရာကောင်းတဲ့၊ ဘယ်လိုမှ လက်မခံနိုင်တဲ့ လုပ်ရပ်အဖြစ် တောင်အာဖရိက သမ္မတ Jacob Zuma က ပြစ်တင် ပြောဆိုခဲ့ပါတယ်။ VOA Burmese Fan Page

ပြည်မြို့ ဆန္ဒပြ ခေါင်းဆောင်တွေကို အမှုဖွင့်

ရန်ကုန်မြို့မှာလည်း ပြီးခဲ့တဲ့နှစ် မေလတုန်းက လျှပ်စစ်မီး ပုံမှန်ရရေး တောင်းဆို ဆန္ဒပြခဲ့ကြ
လျှပ်စစ်မီး ပုံမှန် ရရှိရေး အတွက် ပြည်မြို့ ဒေသခံ တွေ ကြာသပတေးနေ့ ညကဆန္ဒပြခဲ့ ကြ ရာ သောကြာနေ့ မှာတော့ဆန္ဒပြ ခေါင်းဆောင်တွေ ဖမ်ဆီး ခံခဲ့ရ ပါတယ်။

ဖယောင်းတိုင်တွေ ထွန်းပြီး ငြိမ်းချမ်းစွာ ပြုလုပ် ခဲ့တဲ့ ဆန္ဒထုတ် ဖော်ပွဲ၊ ဦးဆောင် ခဲ့သူ ၅ ဦးကို မြို့နယ် ရဲက ပုဒ်မ ၁၈ နဲ့ အမှု ဖွင့်လိုက် ပြီးနောက် အာမခံ ပေးကာ ပြန်လွတ်လိုက် ပါတယ်။

ဦးဆောင်သူ ၅ ဦး ကတော့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ဝင် ကိုကျော်သန်း၊ ကိုကျော်ဆွေ၊ ကိုဝင်းနိုင်၊ ကိုစိုးနိုင်နဲ့ ကိုမင်းထွန်းတို့ ဖြစ်ကြ ပါတယ်။

ပြည်မြို့မှာ ဖေဖေါ်ဝါရီ လဆန်းပိုင်း ကတည်းက မီးတွေပျက် နေပေမယ့်လည်း တာဝန်ရှိ သူတွေက ဘာမှ ဖြေရှင်း မပေးတဲ့ အတွက် အခုလို ဆန္ဒပြရတာ ဖြစ်ကြောင်း ကိုကျော်သန်းက ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြပွဲ နဲ့ ပတ်သက်တဲ့ နည်းဥပဒေ ပုဒ်မ ၁၈ ကို အယုံ အကြည် မရှိတဲ့ အတွက် ဆန္ဒပြခွင့် မတင် တာလို့လည်း သူက ဆက်ပြော ပါတယ်။BBC Burmese

စိုင်းနော်ခမ်းနဲ့ တရားမျှတမှု

တရုတ်အစိုးရ၏ ကွပ်မျက်ခြင်းခံရသူ စိုင်းနော်ခမ်း
မြန်မာနိုင်ငံသား မူးယစ်ရာဇာ စိုင်းနော်ခမ်းနဲ့ နောက်ထပ် ၃ ဦးကို မတ်လ ၁ ရက်နေ့ခင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ခွန်းမင်မှာ ဆေးထိုးပြီး သေဒဏ်ပေးလိုက်ပါတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ထိုင်းနိုင်ငံသား တယောက်၊ လောနိုင်ငံသား တယောက်နဲ့ နိုင်ငံမဲ့ တယောက်တို့ ဖြစ်ကြပါတယ်။

သူတို့ကို သေဒဏ်ပေးဖို့ ခေါ်ယူလာပုံ အပြည့်အစုံကို တရုတ်ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ် လွှင့် ပြသခဲ့ပါတယ်။ဒီလို သေဒဏ်ပေးမှုနဲ့ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်မှု အပေါ်မှာ အမြင်အမျိုးမျိုး ကွဲပြားခဲ့ကြပါတယ်။

စိုင်းနော်ခမ်းရဲ့ နှမငယ် နန်းခမ်းဟွင်းက စိုင်းနော်ခမ်းဟာ သင့်တော်တဲ့ ဖြေရှင်းချေပခွင့်မရ ဘဲ သေဒဏ်ပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးကြောင့် ဖြစ်စေ၊ တိုက်ပွဲမှာ ကျဆုံးလို့ ဖြစ်စေ သေဆုံးခဲ့ရင် ဖြေသာမှာ ဖြစ်ပေမဲ့ အခုလို တရုတ်နိုင်ငံမှာ သေဒဏ်ခံရတဲ့ အတွက် ဖြေမဆည်နိုင်ဖြစ်မိတယ်လို့ ဆိုပါတယ်။ စိုင်းနော်ခမ်းဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဖြစ်ပေမဲ့ လူသတ်မှု မကျူးလွန်ခဲ့ဘူးလို့လည်း သူက ခုခံပြောဆိုပါတယ်။

တရုတ်နိုင်ငံမှာ ဒီနေ့ တီဗီမှာထုတ်လွှင့်ပြသမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေကြားမှာလည်း အမြင်က ကွဲနေပါတယ်။

"အခု ကျွန်တော်တို့ တွေ့ရတာကတော့ တရုတ်မှာ ဝေဘိုလို လူမှု ကွန်ယက် ဝကဘ်ဆိုက်တွေ ရှိပါတယ်။ အဲဒီမှာ တခိျု့ ပြောနေကြတာကတော့ ဒီလို တီဗီက တိုက်ရိုက် ထုတ်လွှင့်ပြသမှုကို ကြိုဆိုကြပါတယ်။ ဒီလို ပြလိုက်တဲ့အတွက် ရာဇဝတ်မှုတွေ၊ အထူးသဖြင့် သတ်ဖြတ်မှုတွေနဲ့ပတ်သက်တဲ့ ရာဇ၀တ်မှုတွေကို တားဆီးပေးနိုင်မယ်လို့ မြင်ကြတယ်။ နောက် တဘက်မှာလည်း တခိျု့ ပြောကြတာက ဒီလို သေဒဏ် စီရင်မှု မလုပ်သင့်ဘူး။ ဒါဟာ ယဉ်ကျေးရမယ့် ခေတ်မှာ ဒီလို ကွပ်မျက်တာ မလုပ်သင့်တော့ဘူး။ နောက်ပြီး ဒါက အကြမ်းဖက်မှုကို အားပေးရာ ရောက်နိုင်တယ်၊ တရုတ် အစိုးရပိုင်းက အရင်က နိုင်ငံသားတွေ သေဒဏ်ကျတုန်းက တီဗီက တိုက်ရိုက် မပြခဲ့ပဲ အခု နိုင်ငံခြားသားတွေကို ဒီလို ထုတ်ပြတာက မလုပ်သင့်ဘူးလို့ တခိျု့က မြင်ကြပါတယ်။"

လို့ တရုတ်လူမျိုးတွေ အကြား အမြင်အမျိုးမျိုး ကွဲလွဲမှုနဲ့ ပတ်သက်ပြီး ဘီဘီစီ တရုတ်ဘာသာ ဌာနရဲ့ အယ်ဒီတာ ရေမွန်လီက ပြောပါတယ်။စိုင်းနော်ခမ်းသေဆုံးချိန်မှာ အသက် ၄၃ နှစ် ဖြစ်ပါတယ်။BBC Burmese

နော်ခမ်း နဲ့  အပေါင်းအပါ ၃ ဦးကို သေဒဏ်စီရင် (ရုပ်/သံ)

ရှမ်းလူမျိုး မူးယစ်ရာဇာ နော်ခမ်း နဲ့  အပေါင်းအပါ ၃ ဦးကို တရုတ်အစိုးရက ဒီကနေ့ နေ့ခင်းမှာ သေဒဏ်စီရင်လိုက်ပြီဖြစ်ပါတယ်။
DVB TV News

ပလောင်ရွာကိစ္စတည်ဆဲဥပဒေအရမှန်ကန်စွာဆောင်ရွက်မည်

မအူပင်၊ မတ် ၁။
ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်ရှိ ပလောင်ရွာတွင် ဆန္ဒပြရွာသားများနှင့် ရဲများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့မှုကိုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး အာဏာပိုင်များ အနေဖြင့် ပြေလည်အောင် ဆောင်ရွက်နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးစားနေချိန်တွင်ရိုးသားသည့် ရွာသားများအပေါ် သွေး ထိုးလှုံ့ဆော်မှုများရှိသောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရကြောင်းနှင့် ပြည်သူ့ အတွက် မှန်ကန်သည့် လမ်းကြောင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသခံများ အနေဖြင့်လည်း အကြောက်တရား များပြေလျော့ပြီး ဘက်ပေါင်းစုံမှ ဆောင်ရွက်နိုင်ရန်လည်းလိုအပ်ကြောင်း၊ တည်ဆဲဥပဒေအရ မှန်ကန်စွာ ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

"ကျွန်မတို့က ထမင်းစားမလို့ သူတို့က ရဲလေးငါးယောက်ကလာဝင်ရိုက်လို့ ထွက်ပြေးခဲ့ရတာ၊ မျက်လုံးလဲ ခိုက်မိသွားတယ်၊ကိုယ်ဝန်လဲ ပျက်ကျသွားတယ်။"ဟု ရဲများ၏ တိုက်ခိုက်မှု ခံရပြီးနှစ်လကျော် ရှိပြီးဖြစ်သော ကိုယ်ဝန် ပျက်ကျသွားခဲ့သူဒေါ်တင်တင်နွယ်က ပြောကြားသည်။

ဗရဲတပ်ဖွဲ့ အနေဖြင့် ဥပဒေ အရသာ ဆောင်ရွက်ပြီး အကြမ်းဖက်လျှင် ဥပဒေပုဒ်မ ၁၀၀ အရ ကာကွယ် ခုခံပိုင်ခွင့်ရှိကြောင်း၊သေအောင် လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ ခြောက်လှန့်ရုံသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်သာ ပစ်ခတ်ခဲ့လျှင် သေဆုံးမှုများပါ ဖြစ်လာနိုင်ကြောင်း၊ ရဲတပ်ဖွဲ့တွင် ဒဏ်ရာပြင်းထန်သူဆယ်ဦးခန့်တွင် ရဲတပ်သား တစ်ဦးသည် ရန်ကုန်ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်သောကြောင့် သေဆုံးခဲ့ရကြောင်း၊ ထို့ကြောင့် လူသေမှုဖြင့် အရေးယူမည် ဖြစ်ကြောင်း၊အမှုဖွင့်၍ ဥပဒေကို ဆန့်ကျင်သည့် အဖွဲ့အစည်းတွင် ပါဝင်သူတိုင်းကိုလည်း ဥပဒေအရ အရေးယူသွားမည ဖြစ်ကြောင်းလည်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ထွန်းမင်းကပြောကြားသည်။

ရှေ့ဆက်၍ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ရွာသားများဘက်မှ ရွာတွင်းပြန်လည် ဝင်ရောက်ပါက မိမိတို့မှလည်းလုံခြုံရေး အနည်းငယ် ထားရှိသည်မှလွဲ၍ အားလုံးနီးပါး နေ့ချင်းပင် မဆိုင်းပဲ ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း၊ ရဲတပ်သားတစ်ဦးသေဆုံးမှုအပေါ် လူသတ်မှုဖြင့် အရေးယူမည် ဖြစ်သော်လည်းယခုချက်ချင်း မဟုတ်ဘဲ အချိန်ကာလ တစ်ခုထိ ဆိုင်းငံ့နေဦးမည်ဖြစ်ကြောင်း၊ မြေယာပိုင်ဆိုင်မှု အားလည်း ဥပဒေအရသာ ဆက်လက် ဆောင်ရွက် စေလိုပြီး မိမိတို့ဘက်မှ တစ်ဘက်သတ် အရေးယူသွားမည် မဟုတ်ဘဲ အမှန်တကယ် အပြစ်ရှိသူများကိုသေချာစွာ စစ်ဆေး အရေးယူမည်ဖြစ်ကြောင်းနှင့် လက်ရှိ အချိန်တွင် ရွာသူရွာသားများဘက်မှ အားလုံးကို ဖမ်းဆီးအရေးယူမည်ဟု စိုးရိမ်နေမှုအပေါ် အမှန်တကယ် အပြစ်ရှိသူများမှလွဲ၍ မည်သူ့ကိုမျှ ထိခိုက်အောင် လုပ်ဆောင်မည် မဟုတ်ဘဲ မျှတစွာ စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်းလဲ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရွှေညဝါ ဆရာတော်နှင့် မကွေးကျောင်းတိုက် ဆရာတော်တိှု့ကလည်း ယင်းကဲ့သို့ ရဲနှင့် ပြည်သူတို့ အကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင်ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့မှုကြောင့် ထိပ်တိုက်ရင်ဆိုင်မှုများထပ်မံဖြစ်ပွားလာနိုင်သောကြောင့် ကန်ဘောင်ပေါ်တွင်မနေထိုင်ကြတော့ဘဲ မိမိတို့၏ နေရပ်သို့ ပြန်၍ ဥပဒေအရဆက်လက် လုပ်ဆောင်ကြရန်၊ ထိုသို့ လုပ်ဆောင်နိုင်ရန်ကော်မရှင်ဖွဲ့၍ လုပ်ငန်းများကို ဥပဒေနည်းလမ်းတကျ အမြန်ဆုံး ဆောင်ရွက်နိုင်စေရန် ပလောင်ကျေးရွာ အပါအဝင် ရွာသုံးရွာအား ငွေကျပ် သုံးသိန်းတိတိ ပေးအပ်ခဲ့သည်။ ရွှေညဝါ ဆရာတော်က နှစ်ဘက် ဖြစ်ပျက်ခဲ့သည်များကို မည်သူမှားသည် မှန်သည် ငြင်းဆိုနေမည့်အစား နှစ်ဘက် ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်ကြောင်းလဲပြောကြားခဲ့သည်။

အဆိုပါပြဿနာသည် ၂၆ရက်နေ့ ၁၁ နာရီခန့်တွင် ပလောင်ရွာနှင့် နီးစပ်ရာလေးရွာမှ ကိုယ်စားလှယ် ခုနှစ်ဆယ်၊ ငါးလုပ်ငန်း၊မြေစာရင်း ဦးစီးနှင့် ဧရာဝတီတိုင်း ဒေသကြီး ဒုရဲမှူး ကိုယ်တိုင် တက်ရောက်၍ ၎င်းတို့ဆန္ဒကို ပြောကြရာတွင် ညှိနှိုင်း အောင်မြင်ခဲ့ကြောင်း၊ သို့သော် ကန်ဘောင်များကို ဖောက်ချခဲ့သည့် အတွက် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်လာသဖြင့် တာဝန်ရှိသူများ (ခရိုင်အဆင့်၊ တိုင်းအဆင့်မှ ) ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ထပ်မံညှိနှိုင်းပေးသော်လည်း အဆင် မပြေတော့ဘဲ အတင်းတက်လာကြပြီး ဓါး၊ တုတ်များဖြင့် တိုက်ခိုက်လာကြောင်း၊ ပြည်သူ့ရဲတပ်ဖွဲ့က တုတ်၊ ဒိုင်းတို့ဖြင့် နောက်ဆုတ် ကာကွယ်ခဲ့ရကြောင်း၊ကန်ပေါင်ပေါ်မှ ဆင်းသွားစေရန် ဒိုင်းများနှင့်ကာ၍ တက်သွားချိန်တွင် ယင်းတို့ဘက်မှ တုတ်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ဝေယံ
The Myanma Age

စမ်းချောင်း ဝေဠုဝန်(မြောက်)ရပ်ကွက်သားများ ဆန္ဒပြ(ရုပ်/သံ)

Burma VJ Media Network


စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်(မြောက်)ရပ်ကွက်၊ ရန်ပြိုလမ်းနှင့် ဦးရွှေမန်းလမ်းထောင့်တွင် ရပ်ကွက်ပိုင်မြေအား ဂရံချအမည်ပေါက်ပေးမှုအပေါ် ဆန္ဒထုတ်ဖော်ခြင်းအား မတ်လ ၁ ရက်နေ့ နံနက် ၁၀း၀၀ မှ ၁၂း၀၀ အချိန်အထိ ရပ်ကွက်သူ/သား ၈၀ခန့်ဖြင့် ပြုလုပ်ခဲ့ပါသည်။

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းတွင် ဆန္ဒထုတ်ဖော်

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းအတွင်း မော်တော်ယာဉ်များရပ်နားခွင့်မပေးခြင်းနှင့်ပတ်သက်၍ မေလ (၁)ရက်နေ့နေ့လည် (၂း၀၀)ရီခန့်တွင်ဆန္ဒထုတ်ဖော်ပွဲပြုလုပ်တစ်ခု ပြုလုပ်ခဲ့သည်။The Voice Weekly







ကျည်ကာကား(Bulletproof Car) တင်သွင်းသည့်အဆို ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုခဲ့ကြောင်း သတင်းရ

နိုင်ငံတကာခေါင်းဆောင်များလာရောက်စဉ် အသုံးပြုရန်အတွက် ကျည်ကာကား(Bulletproof Car) ငါးစီးဝယ်ယူရန် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတက်ရေးဝန်ကြီးဌာနက တင်သွင်းသည့်အဆို ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ကျင်းပသော ဆဌမအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ၁၆ ရက်မြောက်နေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ကျည်ကာကား ငါးစီး၊ တိုယိုတာကားအစီး ၅၀ ၊ အော်ဒီကားအစီး ၃၀နှင့် အခြားသောကားများဝယ်ယူရန်အတွက် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဘတ်ဂျက်ငွေ ၁၈၄၇၀.၅၀၄ မီလီယံသုံးစွဲသွားမည်ဟုသိရသည်။
7Day News Journal

နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ

(Photo - Nang Khin Zay Yar facebook မှ)
ရန်ကုန်၊ မတ် ၁

ဆုများရှငနန်းခင်ဇေယျာ အား မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းက ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။

"ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးစိုးမိုးက ညီမထံကိုဆက်သွယ်လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ်တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက်ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများတင်မက နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်မှာပါ အောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမယုံကြည်ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ယခုကျင်းပတော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမတို့ မြန်မာ့လက်ရွေးစင်အသင်းဖြတ်ကျော်အနိုင်ရရှိဖို့အတွက် ၁၂ယောက်မြောက်ကစားသမားအဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက်အားပေးကြရအောင်နော်... " ဟု နန်းခင်ဇေယျာက သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။Popular Myanmar News Journal

မြန်မာလူငယ်ကျောင်းသားများ Oxford တက္ကသိုလ်၌ လေ့လာသင်ယူခွင့်ရ


1 Mar, 2013
ကမ္ဘာကျော် Oxford တက္ကသိုလ်ကြီးတွင် မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများ သွားရောက်လေ့လာ သင်ယူခွင့်ရ ရှိတော့မည်ဖြစ်သည်။

Oxford Summer Camp အစီအစဉ်အရ သင်ယူခွင့်ရခြင်းလည်းဖြစ်သည်။ အင်္ဂလန်ရှိ ကမ္ဘာကျော် အောက်ဖို့တက္ကသိုလ်တွင် သင်ခန်းစာများအား လက်တွေ့ သင်ယူခြင်းအပါအ၀င်၊ Oxford University သို့  ၀င်ခွင့်လျှောက်ထားမှုနှင့် ပတ်သက်သည့် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် တွေ့  ဆုံဆွေးနွေးနိုင်မည့် Oxford Summer Camp အစီအစဉ် ကို CROWN Education မှ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆိုပါ အစီအစဉ်ကို နိုင်ငံတကာကျောင်းများမှ ကျောင်းသားများနှင့် (၁၀)တန်းဖြေဆိုထားပြီး အောင် စာရင်းစောင့်နေသည့်   ကျောင်းသူကျောင်းသားများပါ လိုက်ပါ နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကာ စိတ်ဝင်စားသောကျောင်းသားကျောင်းသူ များမှာ ဧပြီလဒုတိယအပတ်တွင် နောက်ဆုံးထား လျှောက် ထားရမည်ဖြစ်ပါသည်။လျှောက်လွှာများကို မတ်လ(၂၂)ရက် နှင့် (၂၄)ရက်တို့ တွင် ရန်ကုန်နှင့်မန္တလေးမြို့ များတွင်တွင်ပြုလုပ်မည့် နိုင်ငံတကာပညာရေးပြပွဲတွင် လျှောက်ထားနိုင်ကြောင်း CROWN Education မှတာဝန်ရှိသူတစ်ဦးမှပြောကြားသည်၊၊ 

ကမ္ဘာတစ်ဝှမ်းရှိ အသက်(၁၆)နှစ်မှ(၂၀)အတွင်း လူငယ်များအတွက် အောက်ဖို့တက္ကသိုလ်၏ ပညာရေးစနစ်၊ Campus Life နှင့်အင်္ဂလန်နိုင်ငံ၏ ဗဟုသုတ များရရှိစေရန် ရည်ရွယ်၍ Oxford Summer Academy အစီအစဉ်နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိကြောင်းကိုလည်း သိရသည်။

 မြန်မာနိုင်ငံမှကျောင်းသားများအတွက် ပထမဆုံးအကြီမ် တက်ရောက်လေ့လာနိုင်မည့်အစီအစဉ်ကို CROWN Education နှင့် Oxford Summer Academy တိုမှ  ပူးပေါင်း စီစဉ်ခြင်းဖြစ်သည်၊၊ ပုံမှန်အားဖြင့်အောက်ဖို့တက္ကသိုလ်ကြီးသို့ ၀င်ခွင့်ရရှိရန် ခက်ခဲ လေ့ရှိသော်လည်း ယခု Oxford Summer Academy အစီအစဉ်အတွက် ၀င်ခွင့်သီးသန့်လျှောက်ထားစရာ မလိုအပ်ပဲ ပြပွဲမှ လျှောက်လွှာများရယူကာ လျှောက်ထားနိုင်ခြင်းဖြစ် သည်၊၊

“ဒီအစဉ်မှာကမ္ဘာကျော်အောက်စဖို့တက္ကသိုလ်ကြီးရဲ့ ခန့်ငြားထည်ဝါမူ့နဲသင်ကြားပို့ချမှု အတွေ့အကြုံတွေကို    မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး Oxford University  ကိုဝင် ခွင့်လျှောက် ထားလိုတဲ့ ကျောင်းသူကျောင်းသား များအနေနဲ့  Oxford University က Admission Team တွေနဲ့  တွေ့ ဆုံခွင့်ကိုပါ ရရှိမှာဖြစ်ပါတယ်"ဟု Crown Eduaction မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

Oxford Summer Academy အစီအစဉ်သည် (၁၄) ရက်ကြာမြင့်မည်ဖြစ်ကာ အောက်စဖို့ တက္ကသိုလ်၊ ကိန်းဘရစ် တက္ကသိုလ်၊ အစရှိ သော နေရာများ သို့ သွားရောက်လေ့လာ ရမည့်အစီအစဉ်များပါရှိကြောင်း သိရသည်။ အဆိုပါအစီအစဉ်၌ Lecture ၊ Discussion Session ၊ Activity၊ Excursion ၊ Workshop နှင့် Evening Social Event များစွာပါဝင်ပါသည်။ Oxford Summer Academy ၏ Lecture အစီအစဉ်တွင် Math & Science ၊ Literature & Drama ၊ Social Science and Humanities နှင့် Languages အစရှိသောတို့ကိုရွေးချယ်နိုင်ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် တင်ပြ ဆွေးနွေးခြင်းများပါရှိကာ သက်ဆိုင်ရာ ဘာသာရပ် အလိုက် အောက်စဖို့တက္ကသိုလ်၏ Lecturer များမှ ရှင်းလင်းသင်ကြား ပေမည်ဖြစ်သည်။

"ဒီအတွေ့အကြုံကနေပြီး မိမိတို့ လေ့လာသင်ယူသင့်တဲ့  ဘာသာရပ်တွေနဲ့  ကလေးတွေအတွက် ရှေ့ဆက်လျှောက် လှမ်းရမယ့် ပညာရေးခရီးလမ်းအတွက်များစွာအကျိုးကျေးဇူးပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဒီအစီအစဉ်ကို စီစဉ်ဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်၊၊”ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ ပြောကြားသည်၊၊

လျှောက်လွှာများကို မတ်လ (၂၂) နေ့ တွင့် ရန်ကုန်မြို့ ၊ Summit Parkview Hotel နှင့် မတ်လ (၂၄) ရက်နေ့ တွင် မန္တလေးမြို့ ၊ ဟိုတယ် မန္တလေးတို့ တွင် လာရောက် ထုတ်ယူနိုင် ကြောင်းနှင့် အသေးစိတ်အချက်အလက် သိရှိ လိုသူများအတွက်  CROWN Education ဖုန်း 09 732 732 77 နှင့် 09 5085 185 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။  Myit Makha Mediagroup

ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း ၀င်ရောက်ရောင်းဝယ်ခွင့် ပိတ်လိုက်သဖြင့် ဆန္ဒဖော်ထုတ်မှုဖြစ်ပွား

ဓာတ်ပုံ- ကျော်ဇင်သန်း
ရန်ကုန်၊မတ်-၁
ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ကားများကို ပြောင်းရွှေ့စေလိုက်သောကြောင့် ယနေ့ နံနက် ၈ နာရီတွင် အဆိုပါ ကားဝင်းအတွင်း ဆန္ဒထုတ်ဖော်မှု ဖြစ်ပေါ်ခဲ့သည်။

“စည်ပင်နဲ့ ဆွေးနွေးနေတုန်းမှာကို သူတို့က ကားဝင်းကို လာပိတ်သွားတယ်။ ဆွေးနွေးတုန်းမှာတော့ မပိတ်သင့်ပါဘူး”ဟု ဟံသာဝတီကားပွဲစားတန်း ကော်မတီမှ ကိုအေးကျော်ကပြောသည်။

ဟံသာဝတီကားဝင်းမှ ကားများကို မင်းရဲကျော်စွာဝင်းနှင့် သီရိမင်္ဂလာဈေးဝင်းများသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြောင်းရွှေ့ခိုင်းထားကြောင်း သတင်းရရှိသည်။

“ကားဝင်းကို ပိတ်တာမဟုတ်ပါဘူး။ ကားတွေကို ပြောင်းရွှေ့ခိုင်းတာပါ။ ကားတွေအ၀င်မရဘူး။ အထွက်ပဲရတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ ဒုဌာနမှူး ဦးဉာဏ်ထွန်းအောင်ကပြောသည်။

ဟံသာဝတီကားပွဲစားတန်း ရွှေ့ပြောင်းစေခြင်းနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများမှာ အလွန်အကျွံဖြစ်လာနေကြောင်း သုံးသပ်သူများလည်းရှိနေသည်။
7Day News Journal

အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အကြံပြုစာ ပေးပို့နိုင်ကြောင်း ထုတ်ပြန်

ရန်ကုန်၊မတ်-၁

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အကြံပြုချက်များ ပေးပို့နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ပြည်သူတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်သူ့ဗဟိုပြု ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ပြီး မြန်ဆန်သွက်လက်သည့် အုပ်ချုပ်ရေးယန္တရားဖြင့် လူမှုစီးပွားရေး တိုးတက်စေရေးတို့အတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ကို ပြည်ထောင်စုအစိုးရက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့သည် လက်တွေ့ကွင်းဆင်းလေ့လာ အကဲဖြတ်ချက်များကို ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်ဆောင်ရွက်နေသည့်အတွက် ပြည်သူများက အကြံပြုချက်များရှိလျှင် အဖွဲ့ဝင်များထံ ဆက်သွယ်ပေးပို့နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များမှာ ဦးဇော်ဦး ဖုန်း-၀၉-၄၂၅၂၈၈၈၈၉ နှင့် အီးမေးလ် mdri.cesd@gmail.com ဦးကျော် ဖုန်း-၀၁-၃၈၁၇၈၇၊ ဦးတင်မောင်သန်း ဖုန်း-၀၁-၆၅၄၇၇၀၊ ဦးဇော်သန်းသင်း ဖုန်း-၀၆၇-၄၀၉၁၄၅ တို့ဖြစ်ကြောင်း သိရှိရသည်။7Day News Journal

မန္တလေးမြို့ ၃၅ လမ်း၊ ၈၂ နဲ့ ၈၃ လမ်းကြားက Gold Star တာယာဆိုင်မှာ မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့ ၃၅ လမ်း၊ ၈၂ နဲ့ ၈၃ လမ်းကြားက Gold Star တာယာဆိုင်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားပါတယ်။ တာယာမီးလောင်နံ့ကြောင့် မူးမေ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။DVB TV News



နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com