http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသစ် ပြန်လည် ဖွဲ့စည်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

လွှတ်တော်ရေးရာ ကော်မတီ၊ ကော်မရှင်များ ပြည်ထောင်စု အဆင့် ဟုတ်၊မဟုတ် အငြင်းပွားမှု ကြောင့် နှုတ်ထွက် ခဲ့ရသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင် ကိုးဦး နေရာ တွင် ပြန်လည် ခန့်အပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ အမျိုးသား လွှတ်တော် ဥက္ကဌ နှင့် နိုင်ငံတော် သမ္မတ တို့က အဖွဲ့ဝင် သုံးဦးစီ အသီးသီး ရွေးချယ်ကာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များထံ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က သဝဏ်လွှာ ပေးပို့ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။

အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ရွေးချယ် ထားသည့် ခုံရုံး အဖွဲ့ဝင် သုံးဦးမှာ ရှေ့နေချုပ် ရုံးမှ ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးတင်မြင့်၊ ရှေ့နေချုပ် ရုံးမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါ်တင်စန်းနှင့် ရှေ့နေချုပ် ရုံးမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးမျိုးချစ်တို့ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောသည်။

ရှေ့နေချုပ် ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးမြင့်ဝင်း၊ နိုင်ငံတော် သမ္မတ၏ ဥပဒေ အကြံပေး အဖွဲ့ဝင် ဦးသန်းကျော်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်လှမျိုးနွယ် တို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရွေးချယ် ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောပြသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရွေးချယ် ထားသည့် ကျန် ခုံရုံးအဖွဲ့ဝင် သစ် သုံးဦးမှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ ညွန်ကြားရေးမှူး ချုပ် (ငြိမ်း) ဦးမြသိန်း၊ တရား လွှတ်တော် ရှေ့နေ ဦးမြသိန်းနှင့် တရား လွှတ်တော် ရှေ့နေ ဦးမြင့်လွင် တို့ဖြစ်သည်။

အဆိုပါ ခုံရုံး အဖွဲ့ဝင် ကိုးဦးအနက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူး ချုပ် (ငြိမ်း) ဦးမြသိန်းကို ခုံရုံး ဥက္ကဌ အဖြစ် တာဝန် ပေးရန် သင့်လျော်သည် ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက နိုင်ငံတော် သမ္မတ ထံသို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ဦးရွှေမန်းက ဖေဖော်ဝါရီ ၂၁ရက်နေ့ ပြည်သူ့ လွှတ်တော် တွင် ပြောကြားသည်။
The Voice Weekly

အကြမ်းဖက် သမား ၂၀၀ ခန့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်၊ ဆိုင်များကို ဖျက်ဆီး

(Kamayut Media TV) ဘာသာရေး အစွန်းရောက် လူငယ် ၇၀ကျော်ဟာ ဖေဖော်ဝါရီ ၁၉ရက်နေ့ ညက သာကေတ မြို့နယ်က လုံခြုံရေး အရာရှိ တွေကို ခဲတွေနဲ့ ပစ်ပေါက်ပြီး ဖုန်းဆိုင်နဲ့ ကွမ်းယာဆိုင် တွေကိုလည်း အကြမ်းဖက် ဖျက်ဆီး ခဲ့ပါတယ်။

Myanmar Makro Industry Co.,Ltd လေလံကိစ္စ သတင်းစာရှင်းလင်း

မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက် (Myanmar Makro Industry Co.,Ltd) ဒါရိုက်တာအဖွဲ့မှ သာကေတစည်သွတ်စက်ရုံနှင့် မြေကွက်အား အနှစ်(၃၀) ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ရာမှ ငှားရမ်းခြင်းကာလ မကုန်ဆုံးမီ လေလံပစ်သည့်ကိစ္စအပေါ် အဖြစ်မှန်ကို သတင်းနှင့် စာနယ်ဇင်းဆိုင် ရာပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြခြင်းကို ရန်ကုန်မြို့ Central Hotel တွင် ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက် ၉း၀၀မှ ၁၂း၀၀နာရီခန့် အထိ ကျင်းပပြုလုပ်ခဲ့ရာ မီဒီယာ (၆၀)ကျော် တက်ရောက်ခဲ့သည်။

၁၉၉၇ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီကုမ္ပဏီလီမီတက်နှင့် မွေး မြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတို့ သဘောတူချုပ်ဆိုထားသော အငှားစာချုပ်သက်တမ်းသည် ကနဦးငှားရမ်းခြင်း အနှစ်(၂၀)ကာလအတွက် (၁၄.၅.၂၀၁၇) နေ့အထိ အကျုံးဝင်ပြီးထိုကာလမတိုင် ခင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးသက်ဆွေ မှ သာကေတဆီသွတ်စက်ရုံအား မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း သို့ ပြန်လည်လွှဲပြောင်းပေးရန်(၃.၂.၂၀၁၂)ရက်နေ့ နေ့စွဲပါစာ ကို မြန်မာမက် ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်သို့ ပေးပို့ခဲ့ပြီး အစိုးရမြေတွင် ခွင့်ပြုချက်မရှိပဲ ဆက်လက်နေထိုင် သဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းသို့ မြေ (၄.၇၀)ဧကရှိ သာကေတ စည်သွတ်စက်ရုံအား (၂၅)ရက်အတွင်း ပြန်လည်အပ်နှံပါရန် (၂၁.၆.၂၀၁၂)ရက်နေ့တွင် ထပ်မံပေးပို့ခဲ့သည်။
ထို့ကြောင့် အငှားစာချုပ်သက်တမ်းကာလ ပြည့်သည့် (၁၄.၅.၂၀၁၇)နေ့အထိ ဆက်လက်လုပ်ကိုင်ခွင့်ရလိုကြောင်း၊ မရရှိပါက အငှားစာချုပ်သက်တမ်းကာလအတွင်း အဆိုပါစက်ရုံနှင့်မြေကွက်ကို ဒေါ်မေအေးမွန်ဆိုသူအား ကျပ်သန်း(၃၂၉၀)ဖြင့် လေလံတင်ရောင်းချခဲ့ သည့်အပေါ် အဆိုပါဝန်ကြီးဌာနသို့ တရားစွဲဆိုသွားရန် အစီအစဉ်ရှိကြောင်း ဦးမိုးမြင့်ကျော် (မန်နေးဂျင်းဒါရိုက်တာ) မြန်မာမက်ခရိုအင်ဒတ်(စ်)ထရီ ကုမ္ပဏီလီမီတက်မှ မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Burma VJ Media Network






လုယက်မှုအကျုးလွန်ခံရသူ အင်္ဂလန်သူများအား ပစ္စည်းများ ပြန်လည်ပေးအပ်

ပုဂံ-ညောင်ဦးတွင် (၁၆)ရက်အတွင်း နိုင်ငံခြားသားများထံမှလုယက်မှု (၃) မှုဖြစ်ပွားခဲ့ရာ တစ်မှုအား နှစ်ရက်အတွင်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်နှစ်မှုအတွက် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီလ (၆) ရက်နေ့(၁၄) ရက်နှင့် (၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး (၁၆) ရက်နေ့ နေ့လည်တွင် အင်္ဂလန်နိုင်ငံသူနှစ်ဦးထံမှ လုယက်သူများကိုသာ (၂) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“(၁၆) ရက်နေ့ နေ့လည်နှစ်နာရီခွဲလောက်မှာ ညောင်ဦးအမှတ် (၇) ရပ်ကွက် ၀က်ကြီးအင်း၊ ပုဂံညောင်ဦးလမ်း ဟောင်းမှာ အင်္ဂလန်နိုင်ငံသူနှစ်ဦးဆီ ကနေပြီးလုသွားတာပါ။ အခုနှစ်ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်တဲ့နှစ်မှုကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။”ဟု ညောင်ဦး ရဲစခန်းစခန်းမှူးက ပြောသည်။

ပစ္စည်းအလုခံရသူ Mrs.Rahwinder Rettura နှင့် Mrs.Coytbsarah တို့နှစ်ဦးတို့မှာ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။

“ကျွန်မတို့က မြန်မာနိုင်ငံကိုလာတာ အခုအကြိမ်က ပထမဦးဆုံးအကြိမ်ပါ။ ကျွန်မတို့စက်ဘီးစီး နေတဲ့အချိန်မှာ အနောက်က နေလိုက်ပြီးတော့ဆိုင်ကယ်နဲ့လူနှစ်ဦးက ခြင်းထဲက အိတ်ကို နှိုက်သွားတာ။ ကျွန်မတို့ကိုပြစ်မှုကျူး လွန်တဲ့သူတွေ ဖမ်းမိသွားပြီလို့ ပြောတော့ အံ့သြသွားတယ်။ အရမ်းဝမ်းသာလို့ မျက်ရည်တောင်ကျမိတယ်။” ဟု Mrs.Rahwinder Rettura ကပြောသည်။

ယခုလိုနိုင်ငံခြားသားထံမှ ပစ္စည်းအလုခံရမှုနှင့်ပတ်သက်ပြီး လာရောက် လည်ပတ်သော ဧည့်သည်များအား မိမိတို့ပစ္စည်းများ အားလုံခြုံစိတ်ချသော နေရာ၌သာ အပ်နှံထားကြရန် Mrs.Rahwinder Rettura အကြံပြု ပြောကြားခဲ့သည်။

“အခုလာရောက်လည်ပတ်တဲ့သူတွေကိုပြောချင်တာက အပြင်တွေ ဘာတွေသွားမယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေဖြစ်တဲ့ ဟိုတယ်အခန်းတို့၊ ဧည့်ကြိုကောင်တာတို့မှာ အပ်နှံထားခဲ့ သင့်တယ်။”ဟု Mrs.Rahwinder Rettura က အကြံပြု ပြောကြားသည်။

ပုဂံ-ညောင်ဦးဒေသခံတစ်ဦးဖြစ်သူကလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး ၄င်း၏ အတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။

“ပုဂံ-ညောင်ဦးမှာ ဒီလိုလုတယ်ဆိုတာ မကြားဖူးဘူး။ အခုအဒေါ့်အသက်က (၄၀) ကျော်နေပြီး။ ဒီလိုကိစ္စတွေ ဖြစ်ဖူးတယ်ဆိုတာ လုံးဝကိုမကြားဖူးတာ။ အခုမှ ဒီလိုကိစ္စတွေဖြစ်တယ်ဆိုတာ ကြားဖူးတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလုခံရသူများ၏ပစ္စည်းများအား ညောင်ဦးရဲစခန်းမှပြန်လည်ရှာဖွေကာသက်သေများရှေ့မှောက်၌ ညောင် ဦးမြို့နယ် မှူးနှင့်ညောင်ဦး ရဲစခန်းစခန်းမှူးတို့မှ အလုခံရသူများအား ပြန်လည်ပေးအပ်ခဲ့သည်။
ထက်အောင်ခန့် (မြစ်မခ)
Shwe Myitmakha Media Group

ပခုက္ကူမြို့ မိမြို့ဖ၊လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံ

နိုင်ငံလုံးဆိုင်ရာပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ယက် National Network for Educationl Reform ( NNER ) နှင့် ပခုက္ကူမြို့ မိမြို့ဖ ၊ လူမှုအဖွဲ့အစည်းများ တွေဆုံ ညှိနှိုင်းပွဲကိုယနေ့ (၂၁-၂-၂၀၁၃) ရက်နေ့ နေ့လည် (၁း၀၀) နာရီ တွင် ပခုက္ကူမြို့ အမှတ်(၄)ရပ်ကွက်ရွှေချမ်းသာဘုန်းတော်ကြီး တွင်ကျင်းပခဲ့သည်။

အဆိုပါ ပညာရေးကွန်ယက်သည် နိုင်ငံလုံးဆိုင်ရာပညာရေးမှုဝါဒ ( National Education Policy ) တရပ် ချမှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံဒေသ အသီးသီးရှိ ပညာရေး နှင့် သက်ဆိုင်သူအားလုံး၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ ကျယ်ကျယ် ပြန့်ပြန့် ပါဝင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။Popular Myanmar News Journal (သတင်း/ဓါတ်ပုံ ဇင်မင်းထွန်း)




မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း ကင်တားနားပြော

မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုသော်ငြားလည်း၊ အဓိကဖြေရှင်းရမယ့် လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ထွန်းနေတာဟာ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့အတွက် ကောင်းမွန်တဲ့လက္ခဏာ ဖြစ်ပါတယ်၊ ဒါပေမဲ့ မတို့မထိ၊ မဖြေရှင်းရသေးတဲ့ လူ့အခွင့်အရေး ဖေါက်ဖျက်မှုတွေကလည်း ရှိနေဆဲပါ၊ အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေအရေးဟာ အထူးစိုးရိမ်စရာဖြစ်ပါတယ်လို့ မကြာခင်က မြန်မာနိုင်ငံကို ငါးရက်ကြာ လာရောက်ခဲ့တဲ့ Mr. Quintana ကပြောပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်အင်အား တိုးပွားများပြားလာနေတာနဲ့အမျှ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေလည်း ရှိနေဆဲဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှာလည်း အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကို ဗုဒ္ဓဘာသာနဲ့ မူဆလင် အသိုင်းအဝိုင်းနှစ်ရပ်လုံး ခံစားနေကြရဆဲဖြစ်ကြောင်း၊ မူဆလင်ဒုက္ခသည် စခန်းတချို့မှာ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ဆိုးရွားနေရတာဟာ ဝန်ထမ်းနဲ့ ဆေးဝါးတွေ မလုံလောက်လို့ မဟုတ်ပဲ သွားခွင့်မရအောင် နှောက်ယှက်ခြိမ်းခြောက်မှုတွေရှိနေလို့ ဖြစ်တယ်လို့သိရကြောင်း၊ အခုလိုလူမှုကူညီရေး ဝန်ထမ်းတွေကို အန္တရာယ်ပြုတာဟာ လက်ခံနိုင်စရာအပြုအမူ မဟုတ်ဘူးဆိုတာ အများသိရှိအောင် အာဏာပိုင်တွေ က ဆောင်ရွက်ကြစေလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ အမှန်တရားဖေါ်ထုတ်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး အမှန်တရား၊ တရားမျှတမှုနဲ့ တာဝန်ခံမှုဆိုင်ရာကိစ္စတွေကို ဖြေရှင်းဖို့၊ ဒါဟာ အမျိုးရင်ကြားစေ့ရေးအတွက် အလွန်အရေးကြီးသလို၊ နောင်မှာလူ့အခွင့်အရေး ချိုးဖါက်မှုတွေကို တားဆီးနိုင်မှာလည်းဖြစ်ကြောင်း Mr. Quintana က တိုက်တွန်းလိုက်ပါတယ်။RFA Burmese

အလုံမြို့နယ်ရှိ ကန်ထရိုက်တိုက် မြေညီထပ်ကွဲအက်ကျွံကျမှုဖြစ်

သက်တမ်းကိုးနှစ်သာ ရှိသေးသည့် အလုံမြို့နယ် ဋ္ဌာနာရပ်ကွက် ဋ္ဌာနာလမ်းမှ ခုနစ်ထပ်တိုက် ကန်ထရိုက်တိုက်ခန်း၏ မြေညီထပ် နောက်ဖက်ခြမ်း အက်ကွဲကျွံကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၀ ရက် နေ့လယ်ပိုင်းမှစတင်၍ ယင်းမြေညီထပ်နေ အခန်းပိုင်ရှင်က အက်ကွဲကျွံကျမှုကို သတိပြုမိခဲ့ပြီး ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် အက်ကွဲကျွံကျမှုမှာ ပိုမိုသိသာလာခဲ့ရာ ဆက်လက်နေထိုင်ရန် စိုးရိမ်မိကြောင်း ယင်းတိုက်ခန်း မြေညီထပ်တွင် နေထိုင်သူ ကိုကျော်သက်ထွန်းက ပြောသည်။

ယင်းတိုက်ခန်းကို မိုးသောက်ကြယ်ဆောက်လုပ်ရေးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ ပူးပေါင်း၍ ၂၀၀၄ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၂၀၀၅ ခုနှစ်တွင် စတင်လူနေထိုင်ခဲ့ကြောင်း ၎င်းကပြောသည်။
7Day News Journal
ဓာတ်ပုံ- ကျော်ဇင်သန်း

ဂျိမ်းစ်ဘွန်းဇာတ်ရုပ်နှင့် ကိုက်ညီမှုမရှိဟု ဒန်နီရယ်လ် ကရိတ်ဂ်ျ ဖွင့်ဟပြောကြား

မိမိသည် ပါဝင် သရုပ်ဆောင်နေသော James Bond ဇာတ်ကားများမှ နာမည်ကျော် စုံထောက် ဇာတ်ရုပ် ဂျိမ်းစ်ဘွန်း၏ ဝိသေသ လက္ခဏာများနှင့် လုံးဝ ကိုက်ညီမှု မရှိဟု ခံစားမိကြောင်း ဒန်နီရယ်လ် ကရိတ်ဂ်ျက ဖွင့်ဟခဲ့သည်။

အသက်(၄၄)နှစ်ရှိ ဗြိတိသျှ ဇာတ်ဆောင် မင်းသားကို James Bond ဇာတ်ကား အစဉ်အဆက် မင်းသားများအနက် ဇာတ်ရုပ်နှင့် အလိုက်ဖက်ဆုံးဟု ချီးကျူးမှုများ ရှိနေသော်လည်း ကာယကံရှင် ကိုယ်တိုင်ကမူ ယင်းအချက်ကို မိမိ အမြင်မတူကြောင်း ပြောဆိုခဲ့သည်။

ကရိတ်ဂ်ျသည် James Bond ဇာတ်လမ်းတွဲများ ဖြစ်သည့် Casino Royale၊ Quantum of Solaceနှင့် Skyfall ဇာတ်ကားများတွင် ပါဝင်ခဲ့ပြီး အောင်မြင်မှုများလည်း ရရှိခဲ့သည်။
Planet Myanmar Network

ဇာဂနာ စုစည်းသော 'ပြည်သူ့အငြိမ့်သဘင်' ကပြဖျော်ဖြေခြင်းနှင့်ပတ်၍ စာနယ်ဇင်း မိတ်ဆက်

ဇာဂနာ စုစည်းသော 'ပြည်သူ့အငြိမ့်သဘင်' ကပြဖျော်ဖြေခြင်းနှင့်ပတ်၍ စာနယ်ဇင်း မိတ်ဆက်နှင့် သတင်းစာ ရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း လမ်းမရှိ Central Hotel တွင် ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ကပြဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် မတ် ၂၇ ရက်နေ့ (တော်လှန်ရေးနေ့)တွင် ကျင်းပမည်ဖြစ်ပြီး BOBO Entertainment မှ ဦးစီးကာ မြပုဏ္ဏမာအဖွဲ့နှင့် သီးလေးသီးအဖွဲ့တို့ ပါဝင် ဖျော်ဖြေကြမည် ဖြစ်သည်။
Mizzima - News in Burmese

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Asalatpur ရပ်ကွက်တွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ချင်းတိုင်းရင်းသားများ စုပေါင်းကျင်းပရာ ရိုးရာ ဝါးညှပ်အကဖြင့် တင်ဆက်နေကြစဉ်။ (ဓာတ်ပုံ - နေမျိုး၊ မဇ္ဈိမ) ဧည့်ရိသတ် တထောင်ကျော် တက်ရောက်ခဲ့ကြသည်။
Mizzima - News in Burmese



ပဲခူးတိုင်းအတွင်း နစ်နာကြေးမပေးဘဲ လယ်ယာမြေ ၂၃၅၀၀ဧက သိမ်းယူ

ပဲခူးတိုင်းအတွင်း စက်မှုဇုန်စီမံကိန်း ၊ ဟံသာဝတီ လေယာဉ်ကွင်းစီမံကိန်းနဲ့ တက္ကသိုလ်မြေ ဆိုပြီး ရပ်ကွက်ကြီး ၅ ၊ ရပ်ကွက်ကြီး ၈ ၊ ရပ်ကွက်ကြီး ၉ နဲ့ ဘုရားသုံးဆူ ၊ စာကလေးကွင်း ၊
နွားတဲကုန်း ၊ လာဂမို့ အပါအဝင် ကျေးရွာများမှ မြေဧကပေါင်း ၂၃၅၀၀ ကျော် သိမ်းယူထားခဲ့သည်။ ၄င်းတို့အပေါ်လယ်အသိမ်းခံရသည့် လယ်သမားများနှင့် လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုလေးနိုင်ဦးတို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ 
 
မတ်လ ၁ရက်နေ့ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက လယ်သမားတွေနဲ့ ကျူးကျော်နေ ထိုင်သူတွေကို ဒီမြေနေရာကနေ ဖယ်ရှားပေးဖို့ နှင်စာထုတ် သတ်မှတ်ထားပြီး အဲဒီနေ့မှာမဖယ်သေးဘူးဆို ရင် တရားစွဲ ဆိုသွားမယ်လို့ ပြောဆိုထားပြီး လယ်သမားများက သူတို့ရဲ့ နစ်နာချက်တွေအပေါ်မှာ လယ် ယာမြေ အစားထိုးပေးတာမျိုး ဒါမှမဟုတ်နစ်နာကြေးအဖြစ် ဆောင်ရွက်ပေးတာမျိုး ဖြစ်စေ ချင်နေကြကြောင်း သိရှိရပါသည်။ Burma VJ Media Network




 
 

ဂီတသမားများ စီးပွားပျက်နေကြသည်ဟု ဖိုးသောကြာဆို

ရန်ကုန်၊ ဖေဖဝါရီ ၁၉။
ခိုးကူးခွေကြောင့် ဂီတလောကသမားများ အနေဖြင့် စီးပွားပျက်နေကြောင်းနှင့် အဆိုပါ ခိုးကူးခွေနှင့်
ပက်သက်ပြီး အစိုးရကိုယ်တိုင် ဖိဖိစီးစီး လုပ်ပေးမှ
ရမည်ဟု သရုပ်ဆောင် အဆိုတော် ဖိုးသောကြာက
မြန်မာခေတ်သို့ ပြောကြားခဲ့သည်။

ယနေ့ခေတ် ဂီတလောကတွင် ဂီတသမားများ
အနေဖြင့် သီချင်းခွေများ ထုတ်လိုသော်လည်း
ခိုးကူးခွေ အမြစ်မပြတ်နိုင်၍ အများစုမှာ အခွေ
မထုတ်ရဲ ဖြစ်နေကြကြောင်း ဂီတ အသိုင်းအဝိုင်း
မှသိရသည်။

"ဂီတလောကကတော့ သူဟာနဲ့သူရှိနေတာပဲ။ သူ့ဘာသာသူ စီးပွားပျက်နေတာတော့ ဘာမှမတတ်
နိုင်ဘူး။ ဘာမှမတတ်နိုင်ဘူးဆိုတာက အစိုးရကိုယ်တိုင် က ဖိဖိစီးစီး လုပ်ပေးမှရမယ့်ကိစ္စမျိုးတွေ လည်းပါမယ်။ အဲဒါကြောင့် ဘာမှမပြောချင်ဘူး။ ပြောတိုင်းလည်း ရမှမရတာ" ဟု ဖိုးသောကြာ က ပြောကြားခဲ့သည်။

"ကျွန်တော်လည်း လူငယ်တစ်ယောက်ပဲ။ လူငယ်တစ်ယောက် ဖြစ်တဲ့အတွက် မြန်မာသံကိုလည်း
ထောင်တယ်၊ ဒီဘက်က ခေတ်သီချင်းတွေကိုလည်း အကုန်လိုလို နားထောင်တယ်။ ကျွန်တော့်အကြိုက်
အဆိုတော်ကို ပြောပြပါဆို ကျွန်တော် ကိုလေးဖြူကို ကြိုက်တယ်။ ဒါပေမယ့် လူငယ်တွေကမြန်မာသံစဉ်ကို
စိတ်မဝင်စားတော့တာ မဟုတ်ပါဘူး။ လူစိတ်ဝင်စားနိုင်အောင်လုပ်တဲ့ဟာလေးတွေ အားနည်းနေ လို့ပါ။ မြန်မာနိုင်ငံမှာနေနေတဲ့အတွက် မြန်မာသံစဉ် ဘယ်လိုမှ ပျောက်သွားမှာ မဟုတ်ပါဘူး' ဟု အဆိုရှင်များ မြန်မာသံစဉ်ပေါ် အာရုံစိုက်မှု နည်းလာသည်နှင့် ပတ်သက်၍ ၄င်း၏ အမြင်ကို
ပြောကြားသည်။

မြန်မာသံစဉ် လုပ်သည့် ကုန်ကျစရိတ်နှင့် ခေတ်ပေါ် သီချင်း ကုန်ကျစရိတ်မှာ ညီမျှနေကြောင်းသိ ရပြီး ပြန်လည် မြတ်စွန်းမှုမှာ ကွာခြားကြောင်း၊ ခေတ်ပေါ် သံစဉ်များသည် စီးပွား ရေးဈေးကွက်
တွင် ထွင်ကျယ်ကြောင်းနှင့် နံမည်ကြီးရန် လျင်မြန် လွယ်ကူသည့်အတွက် မြန်မာ သံစဉ်အပေါ်အာရုံစိုက်မှု အားနည်းလာခြင်းဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
အိအိ

The Myanma Age

ဦးခေါင်းပြတ် အမျိုးသမီးအမှု သံသယရှိသူတစ်ဦးကို စတင်စစ်ဆေးနေ

ဖြူးမြို့နယ်အတွင်း ဦးခေါင်းပြတ်ကာ သေဆုံးနေသော အမျိုးသမီး အလောင်းမှုခင်းကိစ္စရပ်နှင့် ဆက်နွှယ် နေသည်ဟု သံသယရှိသူကို စတင်စစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ချစ်သူများနေ့ဖြစ်သော ဖေဖော် ဝါရီ ၁၄ ရက် နံနက် ၉ နာရီ အချိန် ခန့်က ဖြူးမြို့နယ် သပြေလှကျေးရွာ အနီး ရန်ကုန်-မန္တလေးကားလမ်း၌ ဦးခေါင်းမပါသည့် ရုပ်အလောင်းအား အိတ်ဖြင့်စွန့်ပစ်ထည့်ထားမှုကို သက် ဆိုင်ရာမှ တွေ့ရှိခဲ့သည့်အပေါ် ရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''အဲဒီရွာကပါပဲ။ အသက် ၃ဝ လောက်ရှိတဲ့ အမျိုးသားတစ်ဦးကို စစ်ဆေးနေပါတယ်။ သံသယရှိတဲ့ အတွက်ကြောင့်ပါ''ဟု ဒုတိယရဲမှူး ကြီးဝင်းစိန်က ပြောသည်။

အဆိုပါ မှုခင်းဖြစ်စဉ်ကို ဖြူးမြို့ နယ်ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ နှင့်အမှုဖွင့်ထားပြီး အမျိုး သမီး ဦးခေါင်းဖြတ်အသတ်ခံရမှုကို ဗဟိုမှုခင်းတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့ တစ်ဖွဲ့ဖွဲ့ကာ ကိုင်တွယ်မည်ဟု သိရ သည်။

ဒုတိယရဲမှူးကြီး ဝင်းစိန်က ''ရဲ မှူးချုပ်ကိုယ်တိုင် ကွပ်ကဲပါမယ်။ အဖွဲ့ဝင်တွေအဖြစ် ရဲမှူးကြီး၊ ဒုရဲ မှူးကြီးတွေနဲ့ ရဲမှူးတွေ ပါဝင်ပါ မယ်''ဟု ပြောသည်။

လက်ရှိတွင် သံသယရှိသူအား စစ်ဆေးနေခြင်း ဖြစ်စဉ်ကို ထောက် လှမ်းစုံစမ်းခြင်းများ ပြုလုပ်နေကာ တရားခံဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်း နေသည်ဟုရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စာရင်းအရ ဒီဇင်ဘာလတွင် မြန်မာတစ်နိုင်ငံ လုံး၌ လူသတ်မှု ၁ဝ၈ မှု၊ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် လူသတ်မှု ၉၉ ခု ဖြစ်ပွားခဲ့သည်။ Popular Myanmar News Journal



မြောက်ဥက္ကလာအ၀ိုင်း မီးပွိုင့်တွင် မော်တော်ယာဉ်နှစ်စီး ယာဉ်တိုက်မှု

Wednesday, February 20, 2013

ဇန်န၀ါရီလ ၁၉ရက် ည၈နာရီ မိနစ် ၄၀၀န်းကျင်တွင် မြောက်ဥက္ကလာအ၀ိုင်း မီးပွိုင့်တွင် ကျူရှင်ကြိုပို့ ဘီအမ်နှင့် ဂျစ်ကား ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားရာ လူလေးဦး ဒဏ်ရာရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသူ
နှစ်ဦးကို မြောက်ဥက္ကလာပ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာအ၀ိုင်းဘက်မှ (ဃ) ဈေးဘက်သို့ အရှိန်ဖြင့် ဦးတည်မောင်းနှင်လာသော ကျူရှင်ကြို/ပို့ဘီအမ်နှင့် (ဃ) ဈေးဘက်မှမြောက်ဒဂုံဘက်သို့ လမ်းပြောင်းပြန် မောင်းနှင်လာသည့် ဂျစ်ကားတို့ မီးပွိုင့်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

''ကျွန်တော်က ကွေ့ကြောပေးနေတဲ့အချိန်မှာ မျက်နှာချင်းဆိုင်မှာရှိတဲ့ကွေ့တဲ့ကားနှစ်စီးကို အရင်လွှတ်ပေးလိုက်တယ်။ပြီးတော့ ကျွန်တော်ထွက်တော့ ဂျစ်ကားက လမ်းပြောင်းပြန်တက်လာတယ်''ဟု ဘီအမ်ယာဉ်မောင်းက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဂျစ်ကားပေါ်တွင် လိုက်ပါလာသော လူနှစ်ဦးမှာ ဒဏ်ရာပြင်း ထန်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ပြောကြားချက်အရ သိရပြီး အဆိုပါဒဏ်ရာရသူနှစ်ဦးကို မြောက်ဥက္ကလာပ
ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။

''ကျွန်တော်တွေ့တော့ ဂျစ်ကား တစ်စီးလုံးက အရှေ့ပိုင်းတစ်ခုလုံး ကြေမွ ပျက်စီးသွားတယ်။မောင်းတဲ့ လူဘေးမှာထိုင်တဲ့ လူတစ်ယောက်က ကားရဲ့အပြင်ဘက်ကို ကျနေတယ်။ဘီအမ်ကားကတော့ တစ်ပေခွဲလောက်ရှိတဲ့ လမ်းလယ်ကျွန်းပေါ်ကို တက်သွားပြီး ရပ်သွားတယ်။ဂျစ်ကားပေါ် က လူနှစ်ယောက်ကို အနီးမှာရှိတဲ့လူတွေက မြောက်ဥက္ကလာပဆေးရုံကို ပို့လိုက်တယ်''ဟု အဆိုပါဖြစ်စဉ်အနီးတွင်ရှိသော မျက်မြင်တွေ့ရှိသူ
တစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

ပွဲလန့်တုန်းဖျာခင်း ကချင်ပဋိပက္ခကာလကို နင်း၍ တရားမဝင် သစ်ခိုးထုတ်ခြင်းများ ရှိနေ




Wednesday, February 20, 2013

ကချင်ဒေသ မအေးချမ်းမှုကို အခွင့်ကောင်းယူကာ တရားမဝင်သစ်ခိုးယူ ထုတ်လုပ်မှု အမြောက်အမြားရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

“ ဒီကာလထဲမှာ ဖမ်းဆီးမိခဲ့ တာက ၃ဝဝ၊ ၄ဝဝ လောက်ရှိ တယ်။ သစ်ခိုးထုတ်နေတာတွေကို ပေါ့။ စာရင်းတွေလည်း လုပ်ထားပါတယ်။ တရုတ်နိုင်ငံသားတွေလည်း ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က
ပေါ်ပြူလာနယူးစ်နှင့် တွေ့ဆုံစဉ် ပြောသည်။

သစ်ခိုးထုတ်နေမှုအပေါ် တား ဆီးခဲ့သော သစ်တောဝန်ထမ်းတို့ကို ပင် သေနတ်ဖြင့်ပစ်သတ်မှုမျိုးအထိ ရှိခဲ့သည်ဟု ဒုတိယဝန်ကြီးက ထပ်လောင်းပြောသည်။

နှစ်စဉ်တရားမဝင်သစ်ခိုးထုတ် မှုအပေါ် ဖမ်းဆီးရမိခဲ့သည့် ၄ဝ ရာခိုင်နှုန်း
ခန့်မှာ ကချင်နှင့် ရှမ်း ပြည်နယ် (မြောက်ပိုင်း) ဒေသများမှ ဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။

သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က “ဖော်ပြတဲ့ ဒေသတွေမှာ တစ်နိုင်ငံလုံးဖော် ထုတ်ဖမ်းဆီးမှုရဲ့ ပျဉ်းမျှ ၃၈ ရာခိုင် နှုန်းခန့်ရှိနေတယ်”ဟု
ပြောသည်။

တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် စီးပွားရေးဆုံးရှုံးမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေခဲ့ရာ မိမိတို့ ဝန် ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်များအား အထူးအလေးထား ဆောင်ရွက်နေကြောင်း၊ အရှေ့ မြောက် နယ်စပ်ဒေသများဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) တို့ကို ပိုမိုအလေး ထားဂရုပြုနေကြောင်း ၄င်းကဆက် ပြောသည်။

သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က တရားမဝင် ခိုးယူ ထုတ်လုပ်မှုတို့ကို တားဆီး ကာကွယ်ရာတွင် ဝန်ထမ်းများအား အန္တရာယ်မပြုနိုင်ရေးကို နည်းလမ်းလေးသွယ်ဖြင့် တားဆီးကာကွယ်မှု
အရှိန်အဟုန်မပျက်စေရန် လုပ် ဆောင်နေကြောင်း ထပ်လောင်းဆိုသည်။

“ နယ်မြေသတင်းတွေကို ထောက်လှမ်းရယူတယ်။ တရားမဝင် သစ်ခိုး
ယူတဲ့လမ်းကြောင်းကို လေ့လာဖော်ထုတ်ပြီးမှ လုံခြုံမှုရှိတဲ့နေရာမှာ ပိတ်ဆို့အရေးယူတယ်။ ရတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီး အင်အားစုဖွဲ့ အရေးယူဆောင်ရွက်တဲ့အပြင်ကို လုံခြုံရေးအရ ဂရုပြုရတဲ့ဒေသတွေမှာ ဆောင်ရွက်ရတဲ့အခါမှာ လုံခြုံရေး အကူအညီ ယူတယ်”ဟု ၄င်းကရှင်းပြသည်။
Popular Myanmar News Journal

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟု အစိုးရ တရားဝင်ငြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ တရားဝင်မရှိကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီး ဌာန ဒုတိယ၀န်ကြီးဦးကျော်ကျော်ဝင်းက ပြောဆိုလိုက်သည်။

ယနေ့နေပြည်တော်တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးရှိပါသလား ဆိုသော မေးခွန်းကို ဦးကျော်ကျော်ဝင်းကအထက်ပါအတိုင်းပြန်လည်ဖြေဆို လိုက်ခြင်းဖြစ်သည်။

ဘင်္ဂါလီဆိုသည်မှာ တဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံမှဝင်ရောက်လာသူများကို ခေါ်ဆိုခြင်းဖြစ်သည်ဟုလည်း ဦးကျော်ကျော်ဝင်းက ရှင်းလင်းပြောဆိုသွားသည်။
The Irrawaddy (Burmese Version)

အခြေခံဥပဒေ မပြင်သော နိုင်ငံရေးပြောင်းလဲမှု ပြည်တွင်းစစ် ချုပ်ငြိမ်းမည် မဟုတ်ဟုဆို




ရန်ကုန်၊ ဖေဖော်ဝါရီ 
ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်မှုမရှိဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်းသည် မြန်မာပြည်အား ပြည်တွင်းစစ်မှ ကယ်တင်နိုင်မည် မဟုတ်ဟု ယုံကြည်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

''မြန်မာနိုင်ငံငြိမ်းချမ်းဖို့ ဖွဲ့စည်းပုံ ကို ပြင်ရမယ်'' ဟု ၄င်းက ပြော သည်။ မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်မှသာလျှင် ရေ ရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ၄င်းက ထပ် လောင်းပြောသည်။ ထို့ပြင် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်များ၏ ဒီမိုကရေစီမဆန်ဘဲ တာဝန်မဲ့ ပြောကြားချက်များနှင့် လွှတ်တော်ထဲ ရှိ ပြည်သူ့ကိုယ်စားလှယ်များ၏ ပြည်သူအပေါ် တာဝန်မဲ့စကားရပ်များ အပေါ် ရှုတ်ချကြောင်း ဦးဦးလှစောက ဆိုသည်။

မြန်မာနိုင်ငံသို့ ၅ ရက်ကြာ လာရောက်ခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကလည်း ဒီမိုကရေစီ နည်းနှင့် ကွာဟနေသော ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်အမိန့်ဖြင့် လွှတ်တော်တွင်း မဲပေးခွင့်ရှိနေသော တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိနေသော အခြေခံဥပဒေအား ပြင်ဆင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။

''တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါနေတာဟာ ဖွဲ့စည်းပုံက ဥပဒေနဲ့ ညီ ညွတ်ပေမယ့် ဒီမိုကရေစီကူးပြောင်းရေးနဲ့တော့ ကွာဟနေပါတယ်'' ဟု မစ္စတာ ကင်တားနားကပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် မြန်မာပြည်သူများ၏ ဆန္ဒပေါ်တွင်သာ မူတည်ကြောင်း ကင် တားနားနှင့်တွေ့ဆုံစဉ် လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားခဲ့ သည်ဟုတွေ့ဆုံရာတွင် ပါဝင်ခဲ့သူတစ်ဦး က ပြောသည်။

''အရင်တုန်းက စနစ်က အာဏာရှင်မို့ အားနည်းချက်တွေ ရှိခဲ့ပေမယ့် အခု ဒီမိုကရေစီ နည်းလမ်းအတိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်မယ်ဆိုရင်၊ လွှတ်တော်ထဲမှာ ချဆွေးနွေးနိုင်မယ်ဆိုရင် အကောင်အထည် ပေါ်လာနိုင်ပါ တယ်'' ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်နှင့် ၂၄ ရက် (နာဂစ်မုန်တိုင်း ဒဏ်ခံဒေသများအတွက် သီးခြား ပြန်လည်ကျင်း ပခြင်းဖြစ်သည်) တို့တွင် တစ်နိုင်ငံလုံး ဆန္ဒမဲ ကောက်ခံအတည်ပြု ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ် ကာလကတည်းကပင် အခြေခံဥပဒေနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ရှိခဲ့ကြောင်း၊ အထွေထွေ ရွေးကောက်ပွဲဝင် ရောက်ခဲ့သော ပါတီအများစုသည် လည်း အခြေခံဥပဒေ ပြင်ဆင်ရေးအား ပါတီမူဝါဒ တစ်ရပ် အဖြစ် ကိုင်စွဲခဲ့ကြောင်း၊ သို့ရာတွင် အခြေခံဥပဒေ ပြင်ဆင်မှု အပိုင်းနှင့် ပတ်သက်၍ လွှတ်တော်တွင်း တစ်စုံတစ်ရာ ဆွေးနွေးမှု မရှိသေး ကြောင်း နိုင်ငံရေးရာ လေ့လာသုံး သပ်သူအချို့က ဆိုသည်။

အခြေ ခံဥပဒေအား ပြင်ဆင်မည်ဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရန် ဥပဒေ ကြမ်းအား ပြည်ထောင်စုလွှတ်တော် ရှိ ကိုယ်စားလှယ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက တင်ပြရန် လိုအပ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင် ခွင့် ရှိသူအားလုံး၏ ထက်ဝက် ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည် ဖြစ်ကြောင်း ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅၊ ၄၃၆ တွင် ဖော်ပြထားသည်။
ဥာဏ်လင်းအောင်
Popular Myanmar News Journal
 

မိုက်ကယ်လန်းရော့ခ်ဂီတပွဲ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်




Wednesday, February 20, 2013

ကမ္ဘာကျော် မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့၏ ပထမဆုံးဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ မတ်လ ၃၁ ရက်တွင် ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း ဖျော်ဖြေပွဲစီစဉ်သူတစ်ဦးကပြောသည်။

မိုက်ကယ်လန်းဂီတအဖွဲ့ ဖျော်ဖြေပွဲကို ပါကစ္စတန်အခြေစိုက် Pastel Communications နှင့် မြန်မာနိုင်ငံမှ Friendship Entertainment တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

ယခုဂီတဖျော်ဖြေပွဲဖြင့် နိုင်ငံ၏ပုံရိပ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းမှပံ့ပိုးပေးစေလို ခြင်းနှင့် ဒေသတွင်းနိုင်ငံများတွင်နိုင်ငံတကာအဆင့်ရှိုးပွဲများ ကျင်းပနေပြီး မိမိတို့နိုင်ငံသားများကို
လည်း နိုင်ငံတကာဂီတပွဲများ၏ အရသာကို ခံစားစေလိုခြင်းကြောင့်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးကပြောသည်။

“မိုက်ကယ်လန်းဆိုတာ ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ပါ။ မြန်မာနိုင်ငံကို မသိသေးတဲ့ နိုင်ငံတွေဟာ မိုက်ကယ်လန်းကြောင့် သိသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပွဲစီစဉ်သူကပြောသည်။

မိုက်ကယ်လန်းဂီတအဖွဲ့ကို နိုင်ငံတကာအဆင့်နှုန်းထားဖြင့်ငှားရမ်းထားခြင်းဖြစ်သော်လည်း ပြည်တွင်းပရိ သတ်များအတွက် လက်လှမ်းမီသည့် လက်မှတ်ဈေးနှုန်းများသာ သတ်မှတ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

မိုက်ကယ်လန်းအဖွဲ့သည် မြန်မာနိုင်ငံသို့ယခင်ကလာရောက်ဖျော်ဖြေရန်စီစဉ်ခဲ့ဖူးသော်လည်း နိုင်ငံရေး အခြေအနေများကြောင့် လာရောက်နိုင်ခြင်းမရှိခဲ့ပေ။

အဖွဲ့၏ မြန်မာဖျော်ဖြေပွဲကို စီစဉ်သည့် Pastel Communications Myanmar & Friendship Entertainment ၏သတင်းထုတ်ပြန်ချက်အရမိုက်ကယ်လန်းစ်ရော့ဂီတအဖွဲ့သည် မြန်မာနိုင်ငံ တွင် ဖျော်ဖြေရေးအတွက် ရက်အနည်းငယ် နေထိုင်သွားမည်ဖြစ်ကာ ရွှေတိဂုံဘုရားသို့ သွားရောက်
ဖူးမြော်ခြင်း၊ မြန်မာ့အစားအစာများကို မြည်းစမ်းခြင်းနှင့် ပြည်သူများအားတွေ့ဆုံခြင်းတို့ကိုလည်း ပြုလုပ် သွားမည်ဟု သိရသည်။

မိုက်ကယ်လန်းအဖွဲ့၏ တေးသီချင်းများမှာ မြန်မာဂီတပရိသတ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ရင်းနှီးခဲ့ပြီးလည်းဖြစ်သည်။ ယင်းအဖွဲ့၏ နာမည်ကျော် သီချင်းများဖြစ်သော 'Sleeping Child, Paint My Love, 25 Minutes, The Blue Night, Take Me to your Heart' စသည့် သီချင်းများ အပါအ၀င် သီချင်းများစွာကို မြန်မာရော့ခ်ဂီတအဆိုတော်အများစုက
ပြန်လည်မှီငြမ်း သီဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။

မိုက်ကယ်လန်းအဖွဲ့၏ အကောင်းဆုံးတေးများကို စည်သူလွင်၊ အဲလက်စ်၊ ဘိုဘိုနှင့် ထွဏ်းထွဏ်းတို့က “တံခါးသစ်ဖွင့်လှစ်ခြင်း”အမည်ဖြင့် ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့ရာ အလွန်အောင်မြင်ခဲ့သည့် စီးရီးတစ်ခုဖြစ်ခဲ့သည်။

“ငယ်ငယ်တည်းက အရမ်းကြိုက်ပြီး သူ့သီချင်းတွေကိုလည်း ပြန်ဆိုထားတော့ မိုက်ကယ်လန်းအဖွဲ့ လာမှာကို ရင်ခုန်ဝမ်းသာနေတယ်။ သူ့ပွဲကို ကြည့်ဖြစ်အောင် ကြည့်မှာပါ”ဟုအဆိုတော်စည်သူလွင် က ပြောသည်။

မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့ကို ၁၉၈၈ ခုနှစ်တွင် တေးရေးနှင့် အဖွဲ့၏ခေါင်းဆောင် အဆိုတော် Jascha Richter နှင့် ၎င်း၏သူငယ်ချင်း ဒရမ်မာ Kare Wanscher အပါအ၀င် ဂစ်တာသမား အဆိုတော် Mikkel Lentz၊ Soren Madsen (နောက်ပိုင်းတွင် အဖွဲ့မှထွက်သွားသူ)တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဒိန်းမတ်အခြေစိုက် ဂီတအဖွဲ့ဖြစ်သော်လည်း ကမ္ဘာသုံးအင်္ဂလိပ်ဘာသာဖြင့် တေးသီချင်းများ ဖန်တီးရေးသား ထုတ်လုပ်ခဲ့ရာ ဥရောပနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများစွာ၏ အားပေးမှုကို ရရှိခဲ့သည်။

ထိုအဖွဲ့သည် ၁၉၉၁ ခုနှစ်တွင် ပွဲဦးထွက် Michael Learns Rock အယ်လ်ဘမ် ထွက်ရှိခဲ့ပြီး ပထမဆုံး အာရှနိုင်ငံတွင်း ဖျော်ဖြေပွဲကို ဘန်ကောက်မြို့တွင် ၁၉၉၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

အကောင်းဆုံးသီချင်းများကို စုစည်း၍ ၁၉၉၆ ခုနှစ်တွင် Paint My Love အမည်ဖြင့် ထွက်ရှိခဲ့ရာ အာရှနိုင်ငံများတွင် ချပ်ရေ ၃ ဒသမ ၄ သန်းကျော်ရောင်းချခဲ့ရသည်။ အယ်လ်ဘမ်ရှစ်ခု ထွက်ရှိထားပြီး ဂီတဆိုင်ရာ ဆုတံဆိပ်များစွာ ရရှိထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် MTV Exit Channel မှ လူကုန်ကူးမှုတိုက်ဖျက်ရေး သံတမန် ဂျေဆင်မရက်ဇ်၏ အခမဲ့ဖျော်ဖြေပွဲပြီးနောက် မိုက်ကယ်လန်းရော့ခ်အဖွဲ့၏ ဖျော်ဖြေပွဲမှာ
မြန်မာနိုင်ငံတွင် ကမ္ဘာကျော်တီးဝိုင်းတစ်ဝိုင်း၏ ဖျော်ဖြေပွဲကို အခပေးပွဲအဖြစ် ပထမဆုံးအကြိမ် ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
7Day News Journal

အညာဒေသများတွင် သောက်သုံးရေရှားပါးမှု ဆိုးရွားစွာ ကြုံတွေ့နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၇

ပြီးခဲ့သည့်နှစ်က အလွန်အမင်းမိုးခေါင်ခဲ့သောကြောင့် ဧရာဝတီမြစ်ရေနည်းပါးကာ အညာဒေသများတွင် ယခုနှစ် သောက်သုံးရေရှားပါးမှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရကြောင်း ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဒေသခံများထံမှ သတင်းရရှိသည်။

အညာဒေသများဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့်မကွေးတိုင်း ဒေသကြီးတို့သည် ရေမြေသဘာဝ အရ ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရသော်လည်း ယခုနှစ်တွင် အထူးဆိုးရွားစွာ ရင်ဆိုင်နေရသည်။

“မနှစ်က မိုးခေါင်တယ်။ ငလျင်လှုပ်ပြီးနောက်ပိုင်း ရေတွင်းတွေက ပိတ်ကုန်လို့ အခုဆိုရင်ရေတစ်ပုံးရဖို့ ရွာနဲ့ဆယ့်နှစ်မိုင်ဝေးတဲ့ ဧရာဝတီမြစ်ထဲသွားပြီး ရေခပ်နေရတယ်” ဟု စဥ့်ကူးမြို့နယ် ကံနောင်ကျေးရွာ မှ ဒေသခံတစ်ဦးကပြောသည်။

“အညာဒေသရဲ့ နောက်ဆုံးအားထားရာက ဧရာဝတီမြစ်။ အခုဧရာဝတီကိုယ်တိုင်ကိုက သောင် ထွန်းနေတော့ ရေပြဿနာက တော်တော်ကို ကြီးမားလာပါလိမ့်မယ်” ဟုမိုးလေ၀သပညာ ရှင် ဒေါက်တာထွန်းလွင်က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော ရာသီဥတုအခြေအနေအရ မိုးရွာရက်(၁၄၅) ရက်ရှိခဲ့ရာမှ ယခုအခါ (၁၀၅) ရက်ခန့်သာ ရွာပြီး မိုးရွာရက် ရက်(၄၀) ခန့်လျော့သွားပြီဖြစ်သောကြောင့်စားနပ်ရိက္ခာဖူလုံမှု အပြင် ရေရှားပါးမှု ပြဿနာကို အလေးထားသင့်ကြောင်း ၎င်းကဆိုသည်။

အညာဒေသများတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရွှေတွင်းလုပ်ကွက်များအား တူးသောရေတွင်းများစွာ ရှိသော်လည်း အဆိုပါ တွင်းများမှ ရရှိသောရေမှာတိရိစ္ဆာန်များအတွက်သာ အသုံးပြု၍ရပြီး လူတို့သောက်သုံးရန် အဆင်မပြေဘဲ သောက်သုံးရေအတွက် ကန်ရေကိုသာ အဓိက ထားနေရသည်။ ကန်များမှာ ယခင်နှစ်များထက်စော၍ ရေခန်းခြောက်နေသည့် အတွက် သောက်သုံးရေပြဿနာမှာ ပိုမိုဆိုးရွားနေခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့ စည်ပင်အမှုဆောင် အရာရှိ ဦးမျိုးသိမ်းက ပြောသည်။

“တွင်းတွေက ပေါတယ်။ ထွက်တဲ့ရေက သုံးလို့မရတာ။ ရေတွင်းခုနစ်တွင်းမှာ တစ်တွင်းပဲ သုံးလို့ရတယ်” ဟု အိမ်ခြေခုနစ်ရာ ကျော်ရှိသော မကွေးတိုင်း၊ မြိုင်မြို့နယ် ပဲကြီးကျေးရွာမှ ဒေသခံဦးဇော်မင်းက ပြော သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က နယ်စပ်ရေးရာဝန်ကြီးဌာန ပိုင် တွင်းတူးစက် များသည် ပေသုံးရာခန့်သာ တူးနိုင်ပြီး မိမိတို့ ၀န်ကြီးဌာနပိုင် စက်များမှာ ပေတစ်ထောင် အထိ တူးနိုင်သောကြောင့် ယခုကဲ့သို့ ရေရှားပါးမှုပြဿနာကြုံတွေ့နေရသော ဒေသများတွင် နယ်စပ်ရေး ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ရေတွင်းများ တူးဖော်ပေးသွား မည်ဖြစ်ကြောင်း ဇန်န၀ါရီနောက်ဆုံးပတ်အတွင်းက ပြောကြားထားသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် တောင်သာမဲဆန္ဒနယ်မှ ဦးအောင်သောင်းက အညာဒေသ များတွင် စိုက်ပျိုးရေ၊ သောက်သုံးရေရရှိရေးအတွက် ကြုံတွေ့နေရသော ရေရှားပါးမှုပြဿနာများနှင့်ပတ်သက်၍ အဆိုတင်သွင်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သက်ဆိုင်ရာ ဒေသအသီးသီးရှိ ပြည်ထောင်စုအဆင့် ပြည်ထောင်စုဝန်ကြီးများအနေဖြင့် သောက်သုံးရေ၊ စိုက်ပျိုးရေ ကိစ္စများအတွက် လာမည့် ကာလများတွင် ဦးစားပေးအဆင့်သတ်မှတ်၍ ထိုက်သင့်သည့် စီမံကိန်း၊ ဘတ်ဂျက်များ တောင်းခံရန်အတွက်ဝန်မလေးဘဲ ဆောင်ရွက်ကြ ရန် ပြန် လည်ဖြေကြားခဲ့ဖူးသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာအချို့မှ ရေကန်များ ရေခန်းခြောက်ပြီး ရေ ရှားနေရာ ရေချိုးရန်အတွက် တစ်ဦးလျှင် နှစ်ဂါလန်ဝန်းကျင်သာ အသုံးပြုနေရသူများ ရှိနေသည်ဟု ပုပ္ပါးတောင်တစ်ဝိုက် စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေသည့် ပုပ္ပါးချစ်သူများအသင်းက ပြောသည်။

ကျောက်ပန်းတောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးကလည်း “ရေရှားပါးမှုနဲ့ ၀န်ကြီးဆီကို စာတင်ထားပါတယ်။ တစ်နိုင်ငံလုံး ရေရှားပါးတဲ့ ဘယ်ဒေသဖြစ်ဖြစ် ၀န်ကြီးဌာနက ငွေသုံးပြီး လုပ်ခိုင်းနေပါတယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေအရင်း အမြစ် အသုံးချရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြောကြားသည်။

အလားတူ မကွေးတိုင်းဒေသကြီးရှိ ကျေးရွာအချို့တွင်လည်း ကန်များတွင် ရေခန်းခြောက်မှု၊ ရေတွင်း တူးမရသည့် ပြဿနာကြောင့် ရေရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။ မကွေး တိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းရှိ တဲကြီးကျေးရွာအုပ်စုတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေ ရကြောင်း တဲကြီးကျေးရွာအုပ်စု ရာအိမ်မှူးဦးဇော်မင်းက ပြောသည်။

“တဲကြီးအုပ်စုမှာ အိမ်ခြေ ၇၀၀ ကျော်ရှိတယ်။ ရေကန် ခုနစ်ကန်ရှိတာ အခုတစ်ကန်ပဲ ရေကျန်တော့တယ်” ဟု ဦးဇော်မင်းက ပြောကြားသည်။
ဓာတ်ပုံ- ညီညီဇော်
7Day News Journal

ကျောင်းသားများ စာမေးပွဲရက်နီးနေချိန်တွင် လျှပ်စစ်မီးပုံမှန်ရရှိရန် မိဘများမျှော်လင့်

ရန်ကုန်၊ ဖေဖော်ဝါရီ - 19

ယခုနှစ်နွေရာသီအတွက် လျှပ်စစ်မီးလုံလောက်စွာ ရရှိနိုင်ရန် စီစဉ်ထားသည်ဟုဆိုသော်လည်း ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ယခုလအတွင်းမှာပင် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

အခြေခံပညာကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲရက်နီးနေချိန်တွင် ယခုကဲ့သို့ မီးမကြာခဏပျက်နေခြင်းကို စိတ်ပျက်မိကြောင်း ကလေးမိဘများက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆင်ခြေဖုံးရပ်ကွက် အများစုဖြစ်သော သာကေတ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ တောင်ဒဂုံမြို့နယ် များတွင် လျှပ်စစ်မီးပြတ်တောက်မှုများမှာ အသိသာဆုံးဖြစ်ပြီး ညပိုင်းအချိန်များ၌ အဓိကပြတ်တောက်လာခြင်းဖြစ်သည်ဟု ယင်းမြို့နယ်များတွင် နေထိုင်သူအများစုကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအား ဇန်န၀ါရီ ၁ ရက်မှစတင်ကာ နေ့စဉ် ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ လျှပ်စစ်မီး ဖြတ်တောက်ထားသော်လည်း ရန်ကုန်မြို့တွင်း လူနေရပ်ကွက်များအတွင်း ဓာတ်အားဖြန့်ဝေမှုမှာ လုံလောက်မှုမရှိသဖြင့် လျှပ်စစ်ပမာဏ ၁၅၀ မဂ္ဂါဝပ်သို့ လျှော့ချဖြတ်တောက်ခဲ့ရကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်မြို့အပါအ၀င် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး မြို့နယ်အချို့တွင်လည်း လျှပ်စစ်ဓာတ်အား မလုံလောက်သောကြောင့် အချိန်ပိုင်း အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေရကြောင်း တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့များထံမှ သိရသည်။

“ဓာတ်အားမနိုင်လို့ပါ။ မနိုင်တာ တစ်လ၀န်းကျင်လောက်ရှိပြီ။ လောလောဆယ် တချို့နေ ရာတွေမှာ အချိန်ပိုင်းနဲ့ ပေးဖို့တောင် အဆင်မပြေသေးတော့ ဓာတ်အားကို လျှော့ပြီးပေးနေရတယ်။ ခွဲရုံလေးတွေ မနိုင်တဲ့အချိန်မှာ ဌာနက လျှော့ပေးခိုင်းတဲ့အတိုင်း သူတို့ရဲ့ ညွှန်ကြားချက်အတိုင်း လျှော့ပေးနေရတာပါ” ဟု ပဲခူးတိုင်းဒေသကြီး မြန်မာ့လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အချိန်ပိုင်းအုပ်စုခွဲပြီး ဓာတ်အားဖြန့်ဝေပေးနေခြင်းအပြင် အရေးပေါ်အခြေအနေဖြင့် ဌာနမှ ထပ်မံလျှော့ချဖြတ် တောက်ပေးပါ ဆိုပါက ထပ်မံပြီး အရေးပေါ်ဖြတ်တောက်ရသည်မျိုးလည်းရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

7Day News ဂျာနယ်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး စုစုပေါင်း ငါးခုအား မေးမြန်းရာတွင် လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု မနိုင်သောကြောင့် အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးနေရကြောင်း အများစုက ဆိုသည်။

“အလှည့်ကျပေးမယ်ဆိုရင်လည်း မီးအားကို ပြည့်ပြည့်၀၀ပေးစေချင်တယ်။ လာတဲ့အချိန် မှာ မီးအားကို ၀ိုင်းဆွဲပြီး သုံးကြတော့ ခရီးက လိုရာမရောက်ဘူးဖြစ်နေတယ်” ဟု ကြည့်မြင်တိုင်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ၂၀၁၃ ခုနှစ် မတ်၊ ဧပြီ၊ မေတို့တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည်
မဂ္ဂါဝပ်ပေါင်း ၂၀၆၀ ခန့်အထိ ရှိမည်ဖြစ်ပြီး ၂၀၁၂ နွေရာသီက ကြုံတွေ့ခဲ့ရသည့် လျှပ်စစ်ဓာတ်အား လျော့နည်းမှုများ မဖြစ်ပေါ်စေရန်စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများရှိနေသော်လည်း လာမည့် နွေရာသီအတွက် ရွှေလီလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ယခင်မူလ ၂၀၀ မဂ္ဂါဝပ်သာ ၀ယ်ယူခဲ့ရာမှ ယခုနှစ်အတွင်း ၃၀၀ မဂ္ဂါဝပ်ကို တိုးမြှင့်ဝယ်ယူသွားမည်ဖြစ်ပြီး လှော်ကားစက်ရုံနှင့် ရွာမစက်ရုံတို့တွင် ၅၀ မဂ္ဂါဝပ် ၃၈ မဂ္ဂါဝပ်ရေနွေးငွေ့တာဘိုင်စက်ရုံအား တည်ဆောက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။7Day News Journal

စပစ်ဖိုင်းယား တိုက်လေယာဉ်တွေ ဆက်လက်ရှာဖွေမည်


မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်က မြှုပ်နှံခဲ့တဲ့ Spit Fire လေယာဉ်တွေရဲ့ ပြန်လည် တူးဖော်မှုလုပ်ငန်းတွေကို ရပ်နား ခြင်းမရှိဘဲ ယခင်အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ ရွှေတောင်ပေါ် ကုမ္ပဏီက တာဝန်ရှိသူတွေ က ပြောပါတယ်။

လက်ရှိပြုလုပ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသိပေးရှင်းလင်းတဲ့အခမ်းအနားကို ရန်ကုန်မြို့ ၊ Park Royal Hotel မှာ ဒီကနေ့ မနက်ပိုင်းကကျင်းပစဉ် ပြောခဲ့တာပါ။

မြစ်ကြီးနား၊ ရန်ကုန်၊ မင်္ဂလာဒုံမှာ လက်ရှိပြုလုပ်နေတဲ့ စမ်းသပ်မှုတွေအတွက် မြေအောက် ရေဒါတွေသုံးပြီး ၂ နှစ်အတွင်းမှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်သလို၊ မိတ္ထီလာမြို့မှာလဲ ရှာဖွေစမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးဆောင်ရှာဖွေနေတဲ့ ဗြိတိသျှကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ ရွှေတောင်ပေါ် အထွေထွေမန်နေဂျာ ဦးထွန်းကျော် က RFA ကို ပြောပါတယ်။

ဒီရှာဖွေမှုရဲ့အဖွဲ့ ခေါင်းဆောင် မစ္စတာဒေးဗစ်ကန်ဒဲလ် ကလည်း သူ့အနေနဲ့ ရှာဖွေမှုအပေါ် ယုံကြည်မှုအပြည့်အဝရှိပြီး လုပ်ငန်းတွေကို အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့  ဒီကနေ့ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ spitfire လေယာဉ်တွေ မြှုပ်နှံခဲ့တာမျိုးမရှိဘူးဆိုတဲ့ ပြောဆိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြန်လည်ဖြေရှင်းသွားမှာမဟုတ်ဘဲ ချမှတ်ထားတဲ့ စီမံကိန်းအတိုင်း လေယာဉ်တွေကို ဆက်လက်ရှာဖွေသွားမယ်လို့ ဦးထွန်းကျော်က ဆိုပါတယ်။

ဒီလုပ်ငန်းကို လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရနဲ့  ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ သဘောတူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ စမ်းသပ်တူးဖော်နေပေမယ့် တစ်လကျော် စမ်းသပ်တူးဖော်မှုကာလ အတွင်းမှာတော့ အောင်မြင်မှု မရရှိသေးဘူးလို့ သိရပါတယ်။RFA Burmese

ရ့က်ပိုင်းအတွင်း ကျလာသဗျာ...


FB-စကားပြောနေသော ကာတွန်းလေးများ

ချင်းအမျိုးသားနေ့ အခမ်းအနားတွေ စတင်ဖွင့်လှစ်


ချင်းအမျိုးသားနေ့ အခမ်းအနားတွေ စတင်ဖွင့်လှစ်

မနက်ဖြန် ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ ဝမ်းသူမောင် အားကစားကွင်မှာ ဒီကနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဟောက်ခင်းခမ်တို့က ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့တာလို့ ချင်းပြည်နယ်ရဲ့ လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃ဝ ကျော်ကြာ ချင်းအမျိုးသားနေ့ကို တရားဝင် ကျင်းပခွင့်မရရှိခဲ့ပဲ ဒီနှစ်ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့မှာ ချင်းအမျိုးသားနေ့အဖြစ် ပထမဦးဆုံးအကြိမ် တရားဝင် ပြန်လည်ကျင်းပနိုင်တာဖြစ်ပါတယ်။

မနက်ဖြန် နံနက်ပိုင်း ၈ နာရီမှာ ချင်းအမျိုးသားနေ့ အခမ်းအနားကို စတင်ကျင်းပမှာဖြစ်ပြီး ပြည်ထောင်စု အစိုးရအနေနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ ချင်းအမျိုးသားတပ်ဦးက အထွေထွေအတွင်းရေးမှူး(၂) ဒေါက်တာရွှေခါး၊ ဗိုလ်မှူးကြီး ဆော်လမွန်နဲ့ ဒေါက်တာ လျန်မှုန်းဆာခေါင်းတို့ တက်ရောက်ကြမယ်လို့ ဦးဗန်ထောင်းက ပြောပါတယ်။

ဒီကနေ့မှာတော့ ချင်းရိုးရာ နာပန်းပွဲ၊ ချင်းအမျိုးသမီး လွန်ဆွဲပွဲတွေနဲ့ တခြားအားကစားတွေလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။RFA Burmese

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ နိဂုံး ချုပ်သွားမည်ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေပြော

ဖေဖော်ဝါရီ၊ ၁၉၊ ၂ဝ၁၃

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ပင် နိဂုံးချုပ်သွားမည်ဟုကချင်ဘင်လာဒင်အမည်ဖြင့်အသက်အန္တရာယ်ချိမ်းခြောက်စာပေးပို့ခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တုံ့ပြန်ပြောကြားလိုက်သည်။
ကချင်အရေးလွတ်တော်အတွင်းပြင်းပြင်းထန်ထန်ဆွေးနွေးခဲ့မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁) ရက် နေ့စွဲဖြင့် မြစ်ကြီးနားစာတိုက်မှ ခြိမ်းခြောက်စာကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး စာပေးပို့သူ၏အမည်ကို ကချင်ဘင်လာဒင်ဟု ရေးသားထားကာဦးလှဆွေအား ဆွေစဉ်မျိုးဆက်အထိ ရန်သူအဖြစ်သတ်မှတ်ကြောင်းအဆိုပါခြိမ်းခြောက်စာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
''ငြိမ်းချမ်းရေးရဖို့အတွက် ကျွန် တော်အသက်ပေးဖို့ ဝန်မလေးဘူး။ ကချင် ဘင်လာဒင်ဆိုပြီး အမည်ခံထားတဲ့ ဒီပုဂ္ဂိုလ် ဟာ အကြမ်းဖက်သမားစိတ်ဓာတ်ရှိတယ် ဆိုတာ ပေါ်လွင်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုး ရဲ့ ပြောစကားကိုအရေးတယူလုပ်ပြီး တော့ဂရုစိုက်နေရင်အိပ်ရေးပျက်တယ် ''ဟု ၄င်းက ပြောသည်။
အဆိုပါ ခြိမ်းခြောက်စာထဲတွင် ''ခင်ဗျားနဲ့ ခင်ဗျားရဲ့သားစဉ်မြေးဆက် မျိုးဆက်အားလုံးကို ကျုပ် ကချင်အမျိုးသားတစ်ဦးနေနဲ့ ရာသက်ပန်ရန်သူအဖြစ် သတ်မှတ်လိုက်ပြီ။ တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ ကျုပ်ရဲ့သား စဉ်မြေးဆက်အတိုင်း ဆက်လက်ပြီး ရန်သူ အဖြစ် သတ်မှတ်ထားလိုက်တယ်''ဟု ပါရှိကြောင်း သိရသည်။
''ကျွန်တော်ကတော့ မှန်တဲ့အတိုင်း ဆက်သွားမှာပဲ။ ဘယ်နတ်ဘုရားမှ ကျွန် တော့်ကို မပြောင်းလဲနိုင်ဘူး။ ကျွန်တော် တို့ မကျေနပ်တဲ့ သူတွေကအများကြီး။ ခရိုနီ၊ အစိုးရ၊ တိုင်းဒေသကြီး၊ အာဏာ ပိုင်အဖွဲ့အစည်းတွေကတော့ ကျွန်တော့် ကို မကျေနပ်ဘူး။ ကျွန်တော်ပြောလိုက်ရင် သူတို့ဌာနတွေက နည်းနည်းနာသွားတာ တွေရှိတယ်။ အခု ကချင်ဘင်လာဒင်က လည်း အခဲမကျေဘူး''ဟု ဦးလှဆွေက ပြောသည်။

မင်္ဂလာပွဲအတွက် ကြိုတင်စိတ်ကူးနဲ့ ဝိုင်းစုခိုင်သိန်း


Tuesday, February 19, 2013

သရုပ်ဆောင်အဆိုတော် ဝိုင်းစုခိုင်သိန်းက ဇန်နဝါရီ ၁၅ရက်နေ့မှာချစ်သူ ကိုဥက္ကာမြင့်ကြူနေထိုင်တဲ့ အမေရိကကို ၁လ ကြာအလည်အပတ်သွားရောက်ခဲ့ရာမှ ဖေဖော်ဝါရီ၁၃ရက်နေ့က မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အမေရိကကို ရောက်ရှိနေစဉ်အတွင်းမှာပဲ ဖေဖော် ဝါရီ ၁၂ရက်နေ့မှာတော့ အင်တာနက်ပေါ်မှာ ဝိုင်းစုခိုင်သိန်းတစ်ယောက် သူ့ချစ်သူနဲ့ အတူ မင်္ဂလာဦးဆွမ်းကျွေးလိုက်ပြီဆိုတဲ့ သတင်းတွေနဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းကြောင့် ဝိုင်းစုခိုင်သိန်းကိုချစ်တဲ့ ပရိသတ်တွေကလည်း တအား စိတ်ဝင်စားခဲ့ကြပြီး ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာသတင်းမှန်ကန်မှုရှိ မရှိကို ဖေဖော်ဝါရီ၁၄ရက်နေ့က ကာယကံရှင် ဝိုင်းစုခိုင်သိန်းရဲ့နေအိမ် မှာ ပေါ်ပြူလာဂျာနယ်ကသွားရောက် တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။

မင်္ဂလာသတင်းဂယက်

“ အမှန်တကယ်က အဲဒီအိမ်ကို ပြောင်းတာမကြာသေးဘူး။ သူတို့က ပွဲလုပ်နေကျလေ။ ဝိုင်းစုတို့ဒီက အနုပညာရှင်တွေအကုန်လုံးက အရင် အိမ်မှာပဲတည်းဖူးတယ်။ အခုအိမ် ပြောင်းတာကိုလည်း အကုန်လုံးသိတယ်။ ဝိုင်းစုပြန်လာတော့ ဘုန်းကြီး ဆွမ်းကပ်ပြီးတစ်ခါတည်း အိမ်တက် လုပ်လိုက်တာပါ။ အိမ်တက်ရော၊ အန္တရာယ်ကင်းဆွမ်းကပ်တာရော ပါ။ အမေရိကမှာဆိုပေမယ့် အကုန်လုံးက ဘုန်းကြီးဆွမ်းကပ်ကြတယ်။ အဆင်ပြေတဲ့ရက်လေး ကပ်လိုက်တဲ့သဘောပဲ။ အခုဖေ့စ်ဘုတ်မှာ
တင်လိုက်တဲ့ ဓာတ်ပုံက ဘယ်သူဘယ်လိုတင်လိုက်လဲတော့ မသိဘူး။ မင်္ဂလာဦးဆွမ်းကျွေးဆိုပြီး တင်လိုက်ကြ တယ်။ အခုသွားတာက မိဘလည်း မပါဘူးဖြစ်တဲ့အတွက် မိဘမပါဘဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးစရာလည်း အကြောင်းမရှိဘူး။ ဒီပုံထဲမှာလည်း သေသေချာချာပါတယ်။ ပါသမျှလူ အားလုံးကလည်း ကိုယ့်မိသားစု တွေချည်းပဲ။

တချို့လူတွေကတော့ပြောတာပေါ့။ အဝတ်အစား ကသတ်မှတ်ချက်တွေပါလို့ ပြောကြတယ်။ ဒါပေမဲ့ ဝိုင်းစုလည်းအနုပညာရှင် တစ်ယောက်ပဲဆိုတော့ ပွဲတစ်ခုလုပ်ပြီဆိုရင်လူ၁ဝ ယောက်လောက် နဲ့တော့ဝိုင်းစုပွဲ တစ်ခုလုပ်မှာမဟုတ်ဘူး။ ပွဲကို သေသေ ချာချာလေးတော့ လုပ်မှာပဲ။ ပွဲက လည်း အစောကြီးက တည်းက လုပ်ဖို့ အစီအစဉ်ရှိပြီးသား။ဒီလိုလိမ်ပြီး လည်းလုပ်စရာမလိုဘူး။ ပရိသတ်ကြီးကို ပြောပြတာပါ။ တချို့တွေကလည်း ယုံမယ်၊တချို့တွေကလည်း မယုံဘူး ဆိုပေမယ့် ဝိုင်းစုဘက်က အခြေအနေကို ပြောပြတာပါ။ ကိုယ်တကယ် စဉ်းစားထားပြီးသား။ လူကို လိမ်စရာ လည်းမလိုဘူးလေ။

အခုလောလောဆယ် မင်္ဂလာလည်းမဆောင်သေးဘူး။ အလုပ်အေးအေးဆေးဆေးလုပ်ချင် သေးတယ်။ အဲဒီအတွက် မင်္ဂလာမဆောင်သေးတာပဲရှိတယ်။ မြန်မာ ဗုဒ္ဓဘာသာတွေကတော့ အိမ်မှာလူ တိုင်းအန္တရာယ်ကင်းဘုန်းကြီးဆွမ်းကပ်ကြပါတယ်။ ဝိုင်းစုတို့လည်း ဆွမ်းကပ်ခွင့်ရှိပါတယ်။ ဝိုင်းစုကတော့အနုပညာရှင်ဆိုတော့ ဆွမ်းကပ်စရာရှိတယ်ဆိုပြီး အဝတ်အစားကြိုပြီး စီစဉ်သွားတာပါ။ အရင်လည်း ဒီရောက်လို့ ပွဲတွေဘာတွေတက်လည်း ဝိုင်းစုတို့ ဆင်တူအမြဲတမ်းဝတ်သွားလေ့ရှိ တယ်။ မြန်မာဝတ်စုံဆိုရင် ဆင်တူချုပ်ပြီး ပွဲတက်တယ်။ ပရိသတ်တွေအနေနဲ့ တစ်မျိုးထင် ကောင်း ထင်သွားနိုင်တယ်။

ဓာတ်ပုံ ကို ဖေ့စ်ဘုတ်မှာစပြီးတင်တဲ့သူကလည်း မကြိုက်လို့မဟုတ်ဘူး။ ဝိုင်းစုတို့ကို သဘောတူပြီး တင်တာပေါ့ နော်။ မင်္ဂလာဦးဆွမ်းကျွေးဆိုပြီး တင်တယ်။ အောင်ရတနာဘုန်းကြီး ကျောင်းလို့ သူတို့ပြောတယ်။ ဒါပေမဲ့ အောင်ရတနာဘုန်းကြီးကျောင်း မဟုတ်ဘူး။ အိမ်မှာပဲ။ ဝိုင်းစုမင်္ဂလာ ပွဲလုပ်ရင်လည်း ပရိတ်သတ်ကြီးကို မလိမ်ဘူး။ဝိုင်းစုမြန်မာနိုင်ငံမှာ အရင်မင်္ဂလာဆောင်မယ်။ ပြီးရင် ဟိုမှာဆောင်မယ်။အားလုံးစီစဉ်ထား ပြီးသားပါ။ကျော်ပြီးတော့ လုပ်စရာ လည်းမလိုဘူး။ မိဘမပါတဲ့အတွက် ဝိုင်းစုလုပ်မှာမဟုတ်ဘူး။ဝိုင်းစုအ တွက်အဓိကကမိဘပါပဲ။ ဝိုင်းစုနဲ့သူ နဲ့ကစေ့စပ်ထားပြီးသားပါ။ စေ့စပ် တယ်ဆိုတာကပွဲအကြီးကြီးလုပ်ထား တာတော့မဟုတ်ဘူး။လူကြီးချင်း နားဖောက်ထားတဲ့သဘောပါ။”

မင်္ဂလာပွဲအတွက်ကြိုတင်စိတ်ကူး

“တအားကြီးတော့ ကြိုတင်ပြီး စိတ်မကူးထားဘူး။၂ဝ၁၅လောက် ဆိုရင်တော့မင်္ဂလာပွဲလုပ်ဖို့ ဝိုင်းစု ရည်ရွယ်ထားတယ်။ ဝိုင်းစုရဲ့အခွေတွေ ထွက်စရာရှိသေးတယ်။ အခွေက တစ်ခွေနဲ့တစ်ခွေကို တစ်နှစ်ခြားပြီးမှ ထွက်ရမယ်။ ဝိုင်းစု၂ခွေထွက်စရာ ရှိသေးတယ်။ ၂ခွေထွက်ပြီးရင်
အေးအေးဆေးဆေး အနုပညာအလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ချင်သေးတယ်။ အဲဒါကြောင့် အိမ်ထောင်မပြုသေးတာပါအိမ်ထောင်ပြုမယ်ဆိုရင် တောင် ဝိုင်းစုကပရိသတ်ကြီးကို လိမ်မယ့်လူ
မဟုတ်ဘူး။အကုန်လုံးပြောပြ တယ်။ အမြဲလည်းဝိုင်းစု ဖြေတဲ့အဖြေထဲမှာ လိမ်ပြီး ဖြေတာတစ်ခုမှ မပါဘူး။ ဝိုင်းစုမှာချစ်သူရှိရင်ရှိတယ်။ မရှိရင်မရှိဘူး။ဓာတ်ပုံတွေလည်း အမြဲတမ်းအတင်ခံတယ်။လိမ်ပြီးတော့ လည်းမလုပ်တတ်ဘူး။အဲဒီအတွက် မင်္ဂလာဦးဆွမ်းကျွေးတာ မဟုတ်ဘူး ဆိုတာကို ပရိသတ်ကြီးကို ယုံကြည်စေချင် တယ်။တကယ်မင်္ဂလာဦးဆွမ်းကျွေးရင် လည်းဆွမ်းကျွေးတယ်ပြောမှာပါ။

လက်တွဲဖော်အဖြစ်ရွေးချယ်ရခြင်းအကြောင်းရင်း

“ဝိုင်းစုတို့ချစ်သူသက်တမ်းက ၂နှစ် ကျော်ပါပြီ။ ဝိုင်းစုသူ့ကိုရွေးချယ်လိုက်တဲ့ အဓိကအကြောင်းရင်းကတော့သူက ဝိုင်းစုကိုတအားချစ်တယ်။ဝိုင်းစုလည်း သူ့ကို ချစ်တယ်။သူက တအားကြီး ချမ်းသာတဲ့လူလည်းမဟုတ်ဘူး။ သူ့အခြေအနေနဲ့သူရှိတယ်။ သူ့ရဲ့ကိုယ်ပိုင် အရည်အချင်းရှိတဲ့လူတစ်ယောက်ပေါ့။ ကိုယ်ပိုင်စဉ်းစားဥာဏ်၊ကိုယ်ပိုင်ရပ်တည်မှု
အားလုံးရှိတယ်။မိဘ ဆွေမျိုးအသိုင်းအဝိုင်းလည်း အားလုံး ကောင်းတယ်။ သူတို့ဆွေမျိုးတွေအားလုံးက ဝိုင်းစုကိုချစ်ကြတယ်။ ဝိုင်းစု မိသားစုနဲ့ရောသူတို့မိသားစုနဲ့ရော တအားအဆင်ပြေတဲ့အတွက် ဝိုင်းစု ရွေးချယ်ထားတာပါ။ဝိုင်းစုတို့နယူးယောက်ကို သွားကြတဲ့အချိန်မှာ သူတို့မိသားစု
လိုက်လိုက်လာပြီး အားပေးတယ်။ပြီးတော့ သူနဲ့ကြိုက် သွားတယ်။အမှန်တကယ်ကပွဲလည်း မရှိဘူး။ ဒီအတိုင်းသွားလည်တာ။သွားလည်တုန်းက မကြိုက်ဘူး။နယူးယောက်လိုက်လာပြီးမှ ကြိုက်တာ။
သူကအစကတည်းကဝိုင်းစုကို ရည်းစားစကားစမပြောဘူး။ အရင်ဦးဆုံး ယူဖို့စပြောတာ။အဲ ဒီတော့ ကြောင်သွားရ သေးတယ်(ရယ်လျက်)”
"သူကတော့ ပိုပြီးနားလည်မှု ပိုများတာပေါ့။ ဝိုင်း စုထက်လည်း၅နှစ် လောက် ကြီးတယ်။အားလုံးအစစ အရာရာစဉ်းစား ဆင်ခြင်ဥာဏ် ပိုကောင်းတာပေါ့။”

ခိုင်ဝေလွင်
Popular Myanmar News Journal

၈၈အဖွဲ့ ရံပုံငွေ နဲ့ ထောက်ပံ့ကြေး ကိစ္စနဲ့ အသုံးပြုမှုကို မေးခွန်းကို ကိုပြုံးချိုကရှင်း


၈၈အဖွဲ့ ရံပုံငွေ နဲ့ ထောက်ပံ့ကြေး ကိစ္စနဲ့ အသုံးပြုမှုကို မေးခွန်းကို ကိုပြုံးချိုကရှင်းပြနေတာပါ..ခရိုနီတွေ နဲ့ ၈၈အနေအထားလည်းရှင်းထားတယ်။

အ ဂတိ

FB-Maung Luu Nge

၂၀၁၅ဟာ ပန်းတိုင်မဟုတ်ဖူး (မင်းကိုနိုင်)

“2015 ဟာ ကျနော်တို့ပန်းတိုင်မဟုတ်ဖူး..ဖြတ်သန်းသွားရမဲ့ မိုင်တိုင်တခုသာဖြစ်တယ်” ကိုမင်းကိုနိုင်ရဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး တိုက်ပွဲ သဏ္ဍန် ကို ရှင်းလင်းခြင်း..။
FB-Ko Nyo

လာဘ်စားမှုတွင် လေပုံ ပံလျှင် ရဲအရာရှိများပါဝင်မှု တပုံကျော်

Tuesday, February 19, 2013

တစ်နှစ်ခွဲကျော်ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှု၊ တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရသည့် ရဲဝန်ထမ်းဦးရေမှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦး ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ဖြေကြားချက်အရ သိရသည်။

၂၀၁၁ ခုနှစ် ဧပြီလမှစ၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ အကျင့်ပျက် ရဲဝန်ထမ်းအဖြစ် သက်မှတ်ခံရပြီး ထုတ်ပယ်ခဲ့သည့် ရဲဝန်ထမ်းများတွင် ရဲအရာရှိ ၉၀၇ ဦးပါဝင်ပြီး အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂၃၆၃ ဦး ပါဝင်သည်။ ရာထူးချခံရသည့် ရဲအရာရှိ ၁၄၄ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၃၂၁ ဦး တို့ရှိကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထုတ်ပယ်ခြင်းနှင့် ရာထူးချခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လာဘ် ငွေ တောင်းခံရယူမှု၊တရားခံ သေဆုံးမှု၊ အမှုကြန့်ကြာမှု၊ မူးယစ် စည်းကမ်းဖောက်ဖျက်မှု၊တာဝန် ပေါ့လျော့/ပျက်ကွက်မှု၊ လူမှုရေး ဖောက်ပြန်မှု၊ အထက်အရာရှိအား အနိုင်အထက်ပြုမှု၊ တရားခံထွက်ပြေးမှု၊ ပြည်သူအား ညှဉ်းပန်းနှိပ်စက်မှု၊ အမှုမဖွင့် ပေးမှု၊ လုပ်ထုံးလုပ်နည်းနှင့် မညီဆောင်ရွက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ရဲလုပ်ငန်း အားနည်းမှု၊ လက်အောက်ငယ်သားအား ညှဉ်းပန်းနှိပ်စက်မှု၊ ကြီးကြပ်မှု အားနည်းမှု၊ ခိုးမှုနှင့် ရဲပြေးမှု အစရှိသည့် ပြစ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် သတိပေးစာ ထုတ်ပေးထားသည့် ရဲတပ်ဖွဲ့ဝင်များလည်း ရှိနေပြီး ထပ်မံကျူးလွန်ပါက အကျဉ်းနည်းနှင့် ရဲတရားရုံးများတွင် စစ်ဆေးပြီးပြစ်ဒဏ်များ ချမှတ်သွားမည်ကြောင်း ထုတ်ပြန်ဖြေကြားချက်တွင် ပါဝင်သည်။ အကျဉ်းနည်းဖြင့် စစ်ဆေးနိုင်သော ပြစ်ဒဏ်များမှာ ရဲအချုပ်တွင် ထောင်ဒဏ်သုံးလ၊ ၀န်ထမ်းမှ ထုတ်ပယ်ခြင်း၊ ရာထူးမှ ရပ်စဲခြင်း၊ ရာထူးအဆင့် လျော့ချခြင်း၊ လစာနှုန်းအတွင်း လစာလျော့ချခြင်း၊ ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊ နှစ်တိုး လစာရပ်ဆိုင်းခြင်းနှင့် လစာပေးလျော်စေခြင်းတို့ ဖြစ်သည်။

ထို့ပြင် ရဲတရားရုံးတွင် စစ်ဆေးပြီး ချမှတ်နိုင်သော ပြစ်ဒဏ်များမှာ သုံးနှစ်ထက်မပိုသော ပြစ်ဒဏ်များ၊ ၀န်ထမ်းအဖြစ် ထုတ်ပယ်ဒဏ်၊ ရာထူးအဆင့်လျော့ဒဏ်၊ အငြိမ်းစားလစာအတွက် ရဲမှုထမ်း သက်လျော့ဒဏ်နှင့် လစာမှ ပေးလျော်ဒဏ်တို့ ပါဝင်ကြောင်း သိရသည်။ ထိုသို့ ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်နယ်နှင့် တိုင်းများရှိတပ်ဖွဲ့၊ တပ်ရင်းနှင့်ကျောင်းများမှ ပြစ်မှုကျူးလွန်၍ ထုတ်ပယ်ခံရသူ ၁၄၄ ဦး၊ သတိပေးခံရသူ ၁၅၉၅ ဦး၊ ရာထူးတစ်ဆင့် လျော့ချခံ ၄၆၅ ဦးတို့ ရှိခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံ ရဲဌာနချုပ်သို့ တရားဝင် တိုင်ကြားနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။မြန်မာနိုင်ငံ
တစ်ဝန်းလုံးတွင် ရဲတပ်ဖွဲ့ဝင်အင်အား တစ်သိန်းကျော် ရှိသည်ဟု သိရသည်။
Eleven Media Group

ထောက်ကြန့်ဈေးနေရာသစ်သို့ပြောင်းရွှေ့ဖို့လားသူများရှိသလို


ဖေဖော်ဝါရီလ(၁၆)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာဝန်ကြီး ဦးလှမြင့် နှင့်မြို့တာဝန် ရှိသူများတို့သည် ထောက်ကြန့်မြို့အထွက် ပဲခူးလမ်း နှင့်ရှောင်လမ်းဘေးရှိ ဖေဖော်ဝါရီ (၁၂)ရက်တွင် ဖွင့်လှစ်လိုက်သော ဈေးသစ်ကြီးသို့ လာရောက်ကြည့် ရှုလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါဈေးသစ်ကြီးသို့ပြောင်း ရွှေ့လာသောသူများမှာ ယခင်က ထောက်ကြန့်လမ်းဆုံလမ်းခွရှိ လမ်းပေါ်နှင့်လမ်းလယ်ကျွန်းများ၊ ဂေါက်ကွင်း၊ပိုက်လုံးတန်းဈေး တို့တွင်ရောင်းချနေသူများအား အကွက်ဖော်ထုတ်ပေးတာဖြစ် ကြောင်း သိရှိရပါသည်။ယခင်က ထောက်ကြန့်လမ်းဆုံမှာဆိုလျှင် ညနေ(၆)နာရီမှစပြီး နောက်တစ် နေ့နံနက်(၆)နာရီအထိသော်လည်း ကောင်း၊အခြားသောအချိန်များ တွင်လည်းကောင်း သက်ဆိုင်ရာ များနှင့်ညှိနှိုင်းရယူပြီး အခွန်အ ကောက်များပေး၍ ရောင်းချနေ တာကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ မြို့ပြနှင့် ညီညွတ်အောင် ဈေးနေရာအ သစ် ဖော်ဆောင်ပေးတာဖြစ်ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ ဈေးနေ ရာအသစ်သို့လိုလိုလားလားပြောင်း ရွှေ့သူများရှိသလို မပြောင်းရွှေ့ ချင်သူများထဲမှ ထောက်ကြန့်ရတ နာဈေးသစ်နှင့်ကပ်လျက်ပိုက်လုံး တန်းဧရိယာတွင်ဖွင့်လှစ် ထား သော ဈေးမှ ဈေးသူ/သားများက မပြောင်းရွှေ့လိုကြောင်း၊ ၎င်း တို့ဈေးသည်အများစုက လက်လီ ရောင်းချတဲ့ ဟင်းသီးဟင်းရွက်သည်။ ကုန်ခြောက်သည်များဖြစ်ကြောင်း ယခုပြောင်းရွှေ့သွား တဲ့ ဂေါက်ကွင်း ဈေး၊လမ်းပေါ်ဈေးတို့က လက်ကား ဈေးသည်များနှင့်ကိုယ်ပိုင်ခြံထွက် သည်များဖြစ်ခြင်းကြောင့် ၎င်းတို့ ဆီမှတစ်ဆင့်ပြန်လည်ယူရောင်း တာဖြစ်ခြင်းကြောင့် ၎င်းင်းတို့နှင့် အတူဈေးရောင်းဖို့မဖြစ်နိုင်ကြောင်း၊ ဒါကိုစဉ်းစားပေးစေလိုပါကြောင်း ဈေးသည်အများစုက သွားရောက် သတင်းယူစဉ် ပြောကြားခဲ့ကြသည်။
မောင်ငွေ
The Hot News

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com