http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တမာရွက်ရဲ့ထူးကဲတဲ့ အာနိသင်များ





တမာရွက်မှာ ဆေးဖက်ဝင် အာနိသင် တွေရှိတယ် ဆိုတာ လူအများစုက သတိပြု မိကြ ပါတယ်။

တမာရွက်တင် မက တမာခေါက် တွေကို အိန္ဒိယမှာ အလွန် ထင်ရှားတဲ့ ဆေးဖက်ဝင် ပစ္စည်း အဖြစ် အသုံးပြု ခဲ့ပါတယ်။ အခုအခါတစ်ကမ္ဘာလုံးမှာပါတမာပင်ရဲ့ဆေးဖက်ဝင်အစွမ်းတွေကိုသိနားလည်ပြီး အသုံးပြု နေကြပြီ ဖြစ်ပါတယ်။ဒါပေမဲ့ တမာရွက်ကို များများ စားရင် အကြောတက်တယ်လို့ရှေးလူကြီး
တွေက ဆိုကြ တာကြောင့် အသင့်အတင့်သာ စားပေး သင့်ပါတယ်။

(၁) ပိုးသတ်အာနိသင်ရှိပါတယ်

တမာရွက်မှာ ဘက်တီးရီးယား၊ ကပ်ပါးကောင်၊ ဖန်းဂပ်စ်မှို၊ပရိုတိုဇွနဲ့ဗိုင်းရပ်စ်တွေကို ဆန့်ကျင် နိုင်တဲ့ ပိုးသတ်အာ နိသင်တွေ ရှိပါတယ်။ ဒါကြောင့် အနာပေါက်နေ ချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာတဲ့ ရေနဲ့ အနာကို ဖန်ရည် ဆေးတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှား တွေကို သေစေနိုင်ပါတယ်

သင့်ခန္ဓာကိုယ် အရေပြားယားယံ နေရင်တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက်ပါ။တမာရွက်ရဲ့ ဆေးဖက်ဝင် အာနိသင်ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုး မွှားတွေကို ကင်းစင် စေပါတယ်။

(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်

သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာဆီကို လိမ်းပေး နိုင်ပါတယ်။ ဒဏ်ရာနဲ့ အနာတွေမှာ ကပ်ငြိနေတဲ့ပိုးမွှားမှန်သမျှတွန်းလှန် ပေးပြီး အနာကျက် မြန်စေပါတယ်။

(၄) အရေပြား အနာတွေအတွက် ဆေးစွမ်းကောင်းပါ

နှင်းခူ၊ ဝက်ခြံ၊ အရေပြား ဓာတ်မ တည့်တာ၊ အရေပြားမှာအနီကွက် ပေါ်တာ၊ အရေပြားမှာ ယားနာ ပေါက်တာ စတဲ့ အရေပြား ဝေဒနာအားလုံးအမြန်သက်သာစေဖို့ တမာဆီ ဒါမှ မဟုတ် တမာ ရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံးပြုပေးပါ။

(၅) မီးလောင်ဒဏ်ရာကို အမြန်သက် သာစေပါတယ်

မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက်ထည့်ကျို ထားတဲ့ တမာရေကို လိမ်းပေးပါ။ အရေပြားကို အနာ အမြန် ကျက်စေပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှု မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၆) ဆံပင်သား ကျန်းမာစေပါတယ်

တခြား ဆံပင်လိမ်းဆီအစားဆံပင်မှာ တမာဆီကို လိမ်းပေးရင်ဆံပင်မဖြူအောင်ကာ ကွယ် ပေးနိုင်ပြီး ဗောက်ထတာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ် တာတွေကို သက်သာ လျော့ပါး စေပါတယ်။

(၇) ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှုကို သက်သာစေပါတယ်

တမာဆီကို နာကျင်နေတဲ့ ကြွက်သားနဲ့ အဆစ် နေရာတွေမှာလိမ်းပြီး နှိပ်ပေးရင်ရိုးဆစ် ရောင်ရမ်း နာ၊ ဂေါက်အဆစ် ရောင်နာ၊ ခါးနာတာ စတဲ့ နာကျင်မှုဝေဒနာတွေကို သက်သာ စေနိုင်ပါတယ်။

(၈) အစာခြေစနစ်ကို ကောင်းမွန်စေ ပါတယ်

တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံ အာရုံ မကောင်းတာကိုသက်သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေ တာကို သက်သာ စေပါတယ်။ ရင်ပူမှုမ ဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

(၉) သန်ကောင်တွေကို ကင်းစင်စေပါ တယ်

တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင် စေပါတယ်။ အကြောင်း ကတော့ တမာရွက်မှာ သန်ကောင်တွေကို တွန်းလှန် ပေးနိုင်တဲ့ အစွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်း ဆောင်တာ တွေကို ကျန်းမာစေ လို့ပါ။

(၁၀) သွေးသန့်စင်စေပါတယ်

တမာရွက်ကို ပုံမှန်စားပေးရင် သွေးသန့်စင် စေပါတယ်။ တမာရွက်ဟာ သွေးထဲက အညစ် အကြေးတွေကို ဖယ်ရှား ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကင်းစေ ပါတယ်။

(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်

တမာရွက်ကို ဆီးချို သွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ် လက်လို့ ဆိုကြပါတယ်။ အကြောင်းကတော့တမာရွက်ဟာ သွေးတွင်းသကြားဓာတ်ကို ပုံမှန် ဖြစ်အောင် ထိန်းပေး နိုင်လို့ပါ။

(၁၂) ခုခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်

တမာရွက်ကို စားပေးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံ စွမ်းအား စနစ်ကို သန်စွမ်းကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်း စေတဲ့ ပြင်ပ ရောဂါ တွေကိုလည်း အတိုင်း အတာတစ်ခုအထိ တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။
Ref;Good Health

အမယ်လေး .....တွေးတောင် မတွေးရဲဘူး

FB-Myanmar News Update

ရခိုင်ပြည်နယ်ပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ခဲ့ရတဲ့ ဒုက္ခသည်တွေအတွက်အိမ်ယာဆောက်လုပ်နေ

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် စစ်တွေမြို့ရဲ့ မြေယာအလွတ်တွေမှာ အိမ်ယာဆောက်လုပ်နေကြပါတယ်။ ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ကိုကိုကြီး။

နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုအား ကြိုဆိုထောက်ခံပွဲ

နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုအား ကြိုဆိုထောက်ခံပွဲတစ်ခုကို ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်နှင့်အဖွဲ့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပုသိမ်၊ ပန်းတနော်၊ မြောင်းမြ၊ ဝါးခယ်မ၊ ဓနုဖြူမြို့အပါဝင် မြို့နယ် ၁ဝ မြို့နယ်က ဒေသခံကရင်တိုင်းရင်းသား ၇ဝဝဝ ခန့် တက်ရောက်ခဲ့ပါတယ်။  
Photo : RFA/Moe Thu Aung — 










 

အီရန်ပိတ်ပင်ထားတဲ့ ရုပ်ရှင် ဗွီအိုအေ က လွှင့်ထုတ်ပြသ


Rhino Season ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ Bahman Ghobadi။ (စက်တင်ဘာလ ၁၂ ရက်၊ ၂၀၁၂)။


အီရန်အစိုးရတားမြစ်ထားတဲ့ ရုပ်ရှင် ၁ ကားကို ဗွီအိုအေ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ နိုင်ငံတကာရုပ်ရှင်ဆုရ Rhino Season ဆိုတဲ့ ရုပ်ရှင်ကို အီရန်နိုင်ငံအတွက် ဂြိုလ်တုကနေထုတ်လွှင့်တဲ့ ဗွီအိုအေ ရုပ်မြင်သံကြားကနေ သောကြာနေ့တုန်းက ပြသခဲ့သလို့ အွန်လိုင်းပေါ်ကနေ ကြည့်လို့ရအောင်လည်း တင်ခဲ့ပါတယ်။

အီရန်အစိုးရက ပိတ်ပင်ထားတဲ့ ရုပ်ရှင်ကို အီရန်ပြည်သူတွေ ကြည့်နိုင်အောင် ဗွီအိုအေက ထုတ်လွှင့်ပြသဖို့ အရေးကြီးတယ်လို့ ဒါရိုက်တာ Bahman Ghobadi ကပြောပါတယ်။ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကာလမှာ အကျဉ်းချခံခဲ့ရတဲ့ ကာ့ နွယ်ဖွား အီရန်ကဗျာဆရာ ဆလဲလ် (Sahel) ရဲ့အကြောင်းကို အခြေခံပြီး Rhino Season ရုပ်ရှင်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နှစ်ရှည်ထောင်ကျ ခဲ့တဲ့ ဆဟဲလ်က သူ့ရဲ့ ဇနီးနဲ့ သားသမီးတွေကို လိုက်ရှာတဲ့အကြောင်း ဖြစ်ပါတယ်။

ထောင်ထဲမှာ သေဆုံးသွားပြီလို့ မိသားစုက ထင်နေကြတဲ့ ကဗျာဆရာတယောက်ရဲ့ ကဗျာဖန်တီးမှုလို့ သူ့ရုပ်ရှင်ကို တင်စားတဲ့ ဒါရိုက်တာ ဂိုဘာဒီက ရုပ်ရှင်ပြသခွင့် ဗွီအိုအေကို လှူခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် အီရန်နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ ဂိုဘာဒီရဲ့ ပထမဆုံး အီရန်နိုင်ငံအပြင်ဘက်မှာ ရိုက်ကူးတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာ ရုပ်ရှင်ဆု ၂ ခုကိုလည်း ရရှိထားပါတယ်။
VOA Burmese Fan Page

"စုတ်" သွားတာ မမှတ်သေးဘူးထင်တယ်

FB-Myanmar Jokes

နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်မည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၀

မန်းတိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အမေရိကန် ကုမ္မဏီတစ်ခုဖြစ်သည့် ACO Investment Group၊ Great Chance Co Ltd နှင့် ပြီးခဲ့သည့်သောကြာနေ့က မန်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် MoU ထိုးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

မြင်းခြံ ခရိုင် နွားကူးအိုင် ကျေးရွာအနီးတွင် မြေလွတ်မြေရိုင်း ဧက တစ်ထောင်ပေါ်တွင် ဆိုလာစနစ်ကို တည်ဆောက် မည်ဖြစ်ပြီး မြေလေးဧကလျှင် ၁ မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်ပြီး အဆိုပါနေရာတွင် ၂၅၀မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်ကြောင်း အခြားတစ်နေရာတွင်ဆိုလာစံနစ်ဖြင့်ပင် ၂၅၀မဂ္ဂါဝပ် ထွက်ရှိအောင်လုပ်ဆောင်သွားဖို့ရှိကြောင်း စလုပ်သည့် အချိန်မှ စ၍ ၆လမှ ၉လအတွင်း လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ရရှိမှာဖြစ်ကြောင်း မန်းတိုင်းဒေသကြီး လျှပ် စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီး ဒေါက် တာမြင့်ကြူက ပြောသည်။

အဆိုပါနေရောင်ခြည်စွမ်းအင်သုံးစံနစ် တည်ဆောင်ပြီးစီးပါက မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးအား နေ့ ခင်းပိုင်းတွင် ဆိုလာစံနစ်နှင့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ညပိုင်းတွင် ဟိုက်ဒရိုပါဝါ စံနစ်နှင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ထပ်လောင်းပြောကြားသည်။

“လျှပ်စစ်ဓာတ်အား ပိုမိုရရှိဖို့ ဒီစံနစ်ကို အကောင်အထည်ဖော်တာပါ။ အခုလက်ရှိရေအားလျှပ်စစ်ပေး တာပါ။ မန္တလေးတိုင်းဒေသကြီးမှာက မဂ္ဂါဝပ် ၃၀၀နဲ့ ၃၅၀ကြားမှာ လိုအပ်တာ။ အခုလည်း ၃၀၀ မဂ္ဂါဝပ်လောက်အထိ ပေးနိုင်တယ်။ လူတွေ အလုပ်သိပ်မလုပ်တဲ့ အချိန်မှာ ခဏပျက်တာမျိုးတွေတော့ ရှိ ပါတယ်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းက ရေကို ဇွန်လအထိ ရှိအောင်ထိန်းထားရတာမျိုးကြောင့်ပါ” ဟု ၀န်ကြီး ကပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် နေစွမ်းအားမှာ တစ်နှစ်ပတ်လုံးရရှိနေသဖြင့် နိုင်ငံခြားကုမ္မဏီများ မှာ နေရောင်ခြည်စွမ်းအင်နှင့် လျှပ်စစ်စွမ်းအင်ထုတ်ရန် အများဆုံးစိတ်ဝင်စားကြောင်း ကျောက်ဆည်၊ ၀မ်းတွင်း၊ မိတ္ထီလာနှင့် မြင်းခြံကြားမြေလွတ်မြေရိုင်းများပေါ်တွင် အဆိုပါစံနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် အစီ စဉ်များ ရေးဆွဲနေပြီး စုစုပေါင်း လေးနေရာ လျှပ်စစ်ဓာတ်အားထုတ်ယူမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် တစ်ထောင် ထုတ်ယူနိုင်ရန်လျာထားထားကြောင်း မန်းလေးတိုင်းဒေ သကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် တခြားစီ မံကိန်းများတည်ဆောက်ရန်ရှိတာကြောင့် မဂ်ဂါဝပ် ၅၀၀အထိ လိုအပ်လာမည်ဖြစ်ပြီး ပိုသည့် မဂ်ဂါဝပ် ၅၀၀ အား တခြားပြည်နယ်နှင့်တိုင်းများသို့ ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။

အဆိုပါနေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုမှာ ၁ မဂ္ဂါဝပ်လျှင် အမေရိကန်ဒေါ်လာ ၂သန်း ခန့် ကုန်ကျသောကြောင့် ရေအားလျှပ်စစ်ထက် ကုန်ကျစရိတ်ပိုမိုများပြားသော်လည်း တည်ဆောက်စရိတ်သာ ကုန်ကျပြီး ရေရှည်မှာ ကုန်ကျမှုမရှိတော့ကြောင်း အမေရိကန်ကန်ကုမ္မဏီမှ လာရောက်ကာတည် ဆောက် ထုတ် ယူမည်ဖြစ် ပြီး ၂၅နှစ်အထိ ထိုက်သင့်သည့် အခကြေးငွေပေးကာတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပြန်လည်ဝယ်ယူ ဖြန့် ဖြူးပေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောပါသေးသည်။
ဖိုးလပြည့်
Popular Myanmar News Journal

စကိုင်းနက် (Sky Net) ရုပ်သံလိုင်း ဖွင့်ရန်ကြာမြင့်


ရုပ်သံလိုင်းသည် ကြော်ငြာအား ကောင်းကောင်း ဖြင့်ပြည်သူလူထုကြားသို့ တစ်ရှိန် ထိုးဝင်ရောက်လျက် အရောင်း သွက်နေကြောင်း သိရသည်။
သို့သော်လည်း Sky Net အ သုံး ပြည်သူများအနေဖြင့် လိုင်း ဖွင့်ရန် စောင့်ဆိုင်းရသည်မှာ အတော်ပင်စောင့်ရကြောင်း သုံး စွဲသူ ပြည်သူကြား အသံများ ထွက်ပေါ်လျက်ရှိကြသည်။
Sky Net ကLive တွေ လွှင့်တော့ အဆင်ပြေတယ်။ ကိုယ့်မြို့နယ်မှာရှိတဲ့ အရောင်း ဆိုင်ကို ဖုန်းဆက်လိုက်ရင် ချက် ချင်းလာတပ်ပေးတယ်။ ကျသင့် ငွေကို တပ်ဆင်ပြီးမှ ရှင်းရုံပဲ။ လာ တပ်တာက မကြာဘူး။ လိုင်းပွင့် ဖို့က တော်တော်စောင့်ရတယ်။ တချို့က ၂၄ နာရီအတွင်း ဖွင့် တယ်။ တချို့က ၂ ရက်၊ ၃ ရက် ကြာမှ ပွင့်တယ်””ဟု သုံးစွဲသူတစ် ဦးက ပြောသည်။
““သက်တမ်းတိုးဖို့ မေ့သွား တာ တစ်ရက်ကျော်သွားတယ်။ သက်တမ်းပြည့်သွားလို့ လိုင်းဖြတ် လိုက်တယ်ထင်တယ်။ ပိုက်ဆံ သွင်းပြီး ငါးရက်လောက်ကြာမှ လိုင်းက ပြန်ပွင့်တယ်။ ကျွန်တော် က ဘောလုံးပွဲသမားဆိုတော့ တော်တော်ခံစားလိုက်ရတယ်။ နောက်ဆိုရင်တော့ သက်တမ်း ကျော်မသွားအောင် ဂရုစိုက်ရ မယ်””ဟု ဘောလုံးဝါသနာပါသူ တစ်ယောက်က ပြောသည်။
မည်သည့်အခက်အခဲများ ကြောင့် ယခုကဲ့သို့ လိုင်းဖွင့်ရန် ကြာမြင့်နေရခြင်းကို သိရှိလို၍ှုSky Net ကို ဆက်သွယ်ရာ တာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်း ခွင့် မရခဲ့ပေ။ Sky Net အသုံးပြု သူများအနေဖြင့် မိမိ၏ Sky Net ရုပ်သံလိုင်းများ၏ အခက်အခဲ များဖြစ်ပေါ်ပါက မိမိဝယ်ယူထား သောဆိုင်များအား အကြောင်း ကြား၍ ပြုလုပ်နိုင်သကဲ့သိှု့ Sky Net ရုံးဖုန်း-၀၁-၉၀၁၀၁၀၁ မှ ၀၁-၉၀၁၀၁၀၅ အထိ ဆက်သွယ် ၍ မိမိတို့၏ အခက်အခဲများ အတွက် ဆက်သွယ်နိုင်ကြောင်း သိရသည်။
ဒေါင်းအ၀ါ
The Hot News

လွှတ်တော်နား-သွားဖတ်တော်

FB-Nay Myo Aye

ဘယ်တော့လဲဟင်

FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း

နိုင်ငံရေးအကျဉ်းသားများရှိကြောင်း လက်ခံလိုက်ပြီ

နိုင်ငံတော်သမ္မတရုံးက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အ သီးသီးတွင် ပြစ်ဒဏ်ကျခံနေရ သော နိုင်ငံရေး အကျဉ်းသားများ ကို ပြန်လည်လွှတ်ပေးနိုင်ရေး အတွက် စိစစ်ဆောင်ရွက်ရန် လက်ကျန်နိုင်ငံရေး အကျဉ်းသား များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုဝန်ကြီး ဦး စိုးသိန်းကို ဆောင်ရွက်စေပြီး အစိုးရ၀န်ကြီးဌာနများမှ ကိုယ် စားလှယ်များ၊ အရပ်ဘက်လူမှု ရေးအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် နိုင်ငံရေးပါတီအချို့ မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ဆောင်ရွက်ရန် ယခုလ (၆)ရက် က ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယခင်က နိုင်ငံရေးအကျဉ်း သားများ (Political Prisoners) ဟု ခေါ်ဝေါ်ခဲ့ပြီးနောက်ပိုင်းတွင် ယုံကြည် ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ (Prisoners of Conscience)ဟု ပြောင်းလဲခေါ် ဝေါ်ခဲ့ရာ ထိုစကားရပ်အပေါ် အမြင်မတူမှုများလည်း ရှိခဲ့ကြသည်။ အစိုးရက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိဟုငြင်း ဆိုခဲ့ပြီးနောက် (၁၄-၁-၂၀၁၃) ရက် ပြည်ထဲရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြည်ထဲရေးပြည်ထောင်စု ၀န်ကြီးက “ယုံကြည်ချက်ကြောင့် လုပ်တယ်ဆိုတဲ့နေရာမှာ ယုံ ကြည်ချက်ကြောင့် လူသတ်တယ် ဆိုရင်၊ ကိုယ်ယုံကြည်တိုင်းသာ လျှောက်ပြီးလုပ်နေမယ်ဆိုရင် ရာဇ၀တ်မှုတွေအများကြီးဖြစ်ကုန် မှာပါ။ နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ်၊ ယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ် ဒီလိုပြစ်မှုကျူးလွန်သူတွေကို အရေးယူတဲ့နေရာမှာ တည်ဆဲ ဥပဒေကို ချိုးဖောက်လို့ အရေး ယူရတာပါ”ဟု ပြောကြားခဲ့ဖူး သည်။
လက်ကျန်နိုင်ငံရေးအကျဉ်း သားများ စိစစ်ရေးကော်မတီ အနေဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လွတ်ခွင့် ပြုခြင်းဆိုင်ရာ သတ်မှတ်ချက် များ ညှိနှိုင်းရေးဆွဲခြင်း၊ လက်ရှိ နိုင်ငံရေးအကျဉ်းသားများကို စိစစ်၍ လွှတ်ပေးသင့်သူများအား လွှတ်ပေးရေး ညှိနှိုင်းဆောင်ရွက် ခြင်းတို့ကို ဆောင်ရွက်ပြီး စိစစ် တွေ့ရှိချက်များကို နိုင်ငံတော် သမ္မတထံ တင်ပြရမည်ဖြစ်သော ကြောင့် အစိုးရအနေဖြင့် နိုင်ငံ ရေးအကျဉ်းသားများရှိကြောင်း ကို လက်ခံလိုက်သကဲ့သို့ ဖြစ်သွား ပြီဖြစ်ကြောင်း သိရသည်။
အောင်ထွန်း

အစ်ကိုဇာဂနာနဲ့ ကိုမင်းကိုနိုင်တို့ သိစေဖို့ရာ အိတ်ဖွင့်ပေးစာ


ကိုဇာဂနာနဲ့ ကိုမင်းကိုနိုင်ဆိုတာ ကျွန်မတို့ချစ်ရတဲ့ပုဂ္ဂိလ်နှစ်ဦးပါ။ ပုဂ္ဂိုလ် ရေးခင်မင်မှုမရှိပေမဲ့ ၁၉၈၈ ရဲ့ ရန်ကုန် တက္ကသိုလ်ဟောပြော ပွဲတွေမှာ ထမင်း ထုပ်တွေဝေရင်း၊ တတ်နိုင်သလောက် လုပ်အားပေးရင်းလက်ခုတ်တီးခဲ့တဲ့ ကျောင်းသူပါ။ ကိုဇာဂနာရဲ့ ၁၉၉၀ လောက်ကပွဲတွေဆိုရင်လည်းလိုက်ပြီး အားပေးခဲ့တာ။ ပဲခူးပွဲဟာဘယ်လောက် အောင်မြင်လိုက်သလဲဆို မြို့လုံးကျွတ် နီးပါးလာပြီးအားပေးလို့ပွဲမိန့်တောင် ပိတ်ခံလိုက်ရတာမှတ်မိနေပါတယ်။ အမှတ်တရဓာတ်ပုံလေးတွေလည်း သိမ်းထားပါတယ်။ အခုချိန်မှာတော့ တရားဝင်ဟောပြော ခွင့်တွေရ လာလို့ စာပေပရိတ်သတ်အနေနဲ့ အတူတက် လိုက်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ အစ်ကိုတို့ မသိနိုင်လောက်ဘူးထင် တဲ့ စာပေဟောပြောပွဲနဲ့ ပတ်သတ်ပြီး  ပြဿနာလေးတစ်ရပ်ကို အစ်ကို တို့သိအောင်ပြောပြချင်နေမိတာ ထိန်းမ နိုင်သိမ်းမရမို့လို့  Hot News မှတစ်ဆင့် ရေးလိုက်မိတာပါ။ (ဂျာနယ်ဖတ်မှ သူတွေသိရင်လည်း အကျိုးရှိမယ့် ကိစ္စမို့လို့ပါ) ပြဿနာရဲ့အကြောင်း ရဲ့ခေါင်းစဉ်ကတော့စာပေဟောပြော ပွဲကိုအကြောင်းပြုပြီး ရပ်ကွက်ထဲ မြို့နယ်ထဲမှာ ထောင်း လမောင်း ထအောင် အလှူတွေကောက်ခံနေတဲ့ ကိစ္စပါပဲ။ အစ်ကိုတို့(၂)ယောက်နဲ့ ပုဂ္ဂိုလ်ရေးခင်မင် သူတစ်ယောက် ကဦးဆောင်ပါတယ်။ ဒီလူကအရင်ကတော့ ကျမတို့ပါတီအဖွဲ့ အစည်းမှာ မြို့နယ်ဦးဆောင်သူပါ။ (အခု တော့မဟုတ်တော့ပါဘူး) သူက အစ်ကို တို့နှစ်ယောက်ရဲ့ နာမည်ကိုအမြှုပ် ထွက်အောင်သုံးပြီး အလှုခံနေတာပါ။ ခံတာမှရိုးရိုးခံတာမဟုတ်ဘူး။ ကျွန်မ တို့မြို့နယ်ပါတီအမည်ပါတဲ့ ဖြတ်ပိုင်းတွေ နဲ့ခံနေတာပါ။ ကျွန်မတို့ပါတီဟာ လူထု လေးစား ချစ်ခင်မှု အရရှိဆုံးပါတီကြီးပါ။ ကျွန်မက ဒီပါတီရဲ့မြို့နယ် အဆင့် တာဝန် ခံတစ်ယောက်ပါ။ ကျွန်မတို့ မြို့နယ်ပါတီ ရုံးကဘာမှမသိရပါဘဲနဲ့ ကျွန်မတို့  မြို့နယ် ပါတီခေါင်းစည်းပါတီရဲ့ လိုဂို အမှတ်တံဆိပ် ဖြတ်ပိုင်းကိုသုံးပြီး မြို့နယ်ထဲမှာ စာပေဟောပြောပွဲအတွက် အလှူငွေတွေကောက်နေတာ တချို့ဆို သိန်းဂဏန်းထိထည့်ကြပါတယ်။ ဒါဟာ လိမ်လည်မှု(၄၂၀)ပါပဲ။ သက်သေ အထောက်အထားဖြတ်ပိုင်းတွေရှိပါတယ်။ ဒါပေမဲ့ ပါတီကြီးရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ထောက် ထားပြီးအထက် အဖွဲ့အစည်းအဆင့်ဆင့်ကို ဒီလိုစာပေ ဟောပြောပွဲပြုလုပ်ခြင်း၊ ငွေကောက်ခံ ခြင်းကိစ္စ အရပ်ရပ်ကို ကျွန်မတို့မြို့နယ် ပါတီရုံးက ပြုလုပ်ခြင်းမဟုတ်ကြောင်း ဖြစ်လာတဲ့ ပြဿနာအရပ်ရပ်ကိုလည်း တာဝန်မယူပါကြောင်းအကြောင်းကြား စာလောက်ပဲပို့ခဲ့ပါတယ်။ ဟုတ်တယ် လေပြည်သူတွေခမျာ စားဝတ်နေရေး ခက်ခဲရတဲ့ကြားထဲက သူတို့ချစ်တဲ့ပါတီက ဦးဆောင်ပြုလုပ်တယ်ဆိုတော့ သူတို့ချစ် တဲ့ ဆရာတွေဟောပြောမယ်ပွဲမှာမရှိ ရှိတာ လေးတွေတော့ လှူကြတာပေါ့။ ဒါတွေကို အစ်ကိုနှစ်ယောက် သိမှမဟုတ်လို့ ကျွန်မ တော်တော်လေးစိတ်မကောင်းဖြစ်ရ ပါတယ်။
စာပေဟောပြောပွဲတွေခေတ်စားလာ တာ ကျွန်မတို့အားပေးတယ်။ စာပေဟောပြောပွဲတွေရဲ့ နောက်ကွယ်  မှာလည်းလုပ်စားနေတဲ့ လူမျိုးတွေရှိနေ ပါတယ်ဆိုတာ စိတ်ရင်းအမှန်နှင့် အိတ် ဖွင့်စာရေးလိုက်ရပါတယ်။

ဇာခြည်ဝေနှင်း

ဆဌမအကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ညီလာခံ

လှိုင်းဘွဲမြို့နယ်၊ လေးဝါးစခန်း၌ ဖေဖော်ဝါရီလ ၁ရက်မှ ၈ရက်အထိ ပြုလုပ်ကျင်းပသော ဆဌမအကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ညီလာခံ မှတ်တမ်းဓာတ်ပုံ။
KIC (Karen Information Center) 
(Photo-KIC) — KWO 6th Congress 



 

NCUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်အား အဖွဲ့မှ ထုတ်ပယ်



NCUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို အဖွဲ့အစည်းက အမိန့်ထုတ်ပြန်ကာ အဖွဲ့က ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း ကြေညာထားပါတယ်။

ဦးမောင်မောင်ဟာ FTUB ခေါ် အလုပ်သမား အဖွဲ့အစည်းမှာလည်း တာဝန်ယူထားခဲ့သူဖြစ်ပါတယ်။
မြန်မာပြည်သို့ အဖွဲ့အစည်းကို ကိုယ်စားမပြုဘဲ၊ အဖွဲ့အစည်းက မသိဘဲ သွားရောက်ခဲ့တဲ့ အတွက် အဖွဲ့အစည်းရဲ့ စည်းမျည်းစည်းကမ်းများကို ချိုးဖောက်လို့ အခုလို့ NCUB အထွေထွေအတွင်းရေးမှူးအဖြစ်
က ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းက လက်မှတ်ရေုးထိုး ထုတ်ပြန်ထားပါတယ်။

အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်။

အမိန့်အမှတ် (၁/၂၀၁၃)

အကြောင်းအရာ။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်အား တာဝန်မှ ထုတ်ပယ်ခြင်း။

၁။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် သည် အောက်ပါ အချက်အလက်များအရ နိုင်ငံရေးတပ်ပေါင်းစုကြီး၏ စည်းကမ်းများကို ဖေါက်ဖျက်ခဲ့သဖြင့် ယနေ့ (၀၆၊ ၀၂၊ ၂၀၁၃) နေ့မှစ၍ အမျိုးသားကောင်စီ(NCUB) ၏ အထွေထွေအတွင်းရေးမှူးတာဝန်မှ အပြီးအပိုင် ထုတ်ပယ်လိုက်သည်။

(က) ဦးမောင်မောင်သည် မြန်မာပြည်တွင်းသို့ ဝင်ရောက်သွားရာတွင် မည်သူတဦးတယောက်ကိုမျှ အသိပေး အတည်ပြုချက် ရယူခဲ့မှုမရှိခြင်းနှင့် အခြေခံမူများကို ဖေါက်ဖျက်ခြင်း။

(ခ) အမျိုးသားကောင်စီ၏ အဖွဲ့ဝင်အဖွဲ့အစည်းကြီးများ ဖြစ်သော (DAB/NDF/NLD(LA)/MPU) တို့မှ ၎င်း၏ တဦးတည်း သဘောဆန္ဒဖြင့် ၎င်း၏မိခင်အဖွဲ့အစည်း (FTUB) အား ပြည်တွင်းတွင် အခြေပြုလုပ်ဆောင်နေ မှုများ အပေါ် မူအရ မကိုက်ညီတော့သဖြင့် ဆက်လက်၍တပ်ပေါင်းစုခေါင်းဆောင်အဖြစ်မှလည်းကောင်း၊ အဖွဲ့ဝင်အဖြစ် တည်ရှိနေရန် မသင့်တော်သည့်အခြေအနေများကို တင်ပြထားခဲ့ကြခြင်း။

(ဂ) အမေရိကန်ပြည်ထောင်မှ အကူညီပေးထားသော ဒေါ်လာ (၂) သိန်းနီးပါးကိုလည်း NLD(LA) နှင့် အခြားအဖွဲ့ အစည်းများကို ကူညီပေးထားသည့်အကြောင်းပြချက်ဖြင့် စာရင်းရှင်းတမ်း မလုပ်နိုင်ခဲ့ခြင်း။

(ဃ) NCUB အထွေထွေအတွင်းရေးမှူးကာလက ကျန်ရှိနေသည့်အကြွေးကိစ္စများကိုလည်း ရှင်းလင်းမှု မရှိခြင်း။

၂။ ဦးမောင်မောင်သည် အမိန့်စာထုတ်ပြန်သည့်နေ့မှစ၍ အမျိုးသားကောင်စီနှင့် လုံးဝပတ်သက်ခြင်း မရှိတော့သော်လည်း၊ ရှင်းလင်းရမည့်ကိစ္စများကို ရှင်းလင်းပေးရန်နှင့် ရှင်းလင်းပေးခြင်းမရှိပါက ဥပဒေကြောင်းအရ အရေးယူခံရမည် ဆိုသည်ကို သိရှိစေလိုပါသည်။

ညွှန်ကြားချက်အရ (မြင့်သိဏ်း)

တွဲဖက်အတွင်းရေးမှူး အမျိုးသားကောင်စီ (NCUB)

သိသာရန်ဖြန့်ဝေခြင်း

* အတွင်းရေးမှူး (DAB)
* ဥက္ကဌ NLD (LA)
* ဥက္ကဌ (NDF)
* ဥက္ကဌ (MPU)

ဆက်သွယ်ရန်။ ။ ဦးမြင့်သိဏ်း ဖုံး = + ၆၆ (၀) ၈၁ ၉၅၃ ၆၁၁၄
အိမ့်သံစဉ်
Credit: Irrawaddy/ Friday, February 08, 2013

ငါက ပုံမှန်ပါဘဲကွာ....

FB-အသောက အသောက အသောက

မောင်တောမြို့နယ်မှ ရခိုင် ကျေးရွာ တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး

သေဆုံးသွားသူ ဦးမောင်အေး (ဓါတ်ပုံ- Coral Arakan)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကို အမည်မသိ လူတစ်စုက ၀င်ရောက် တိုက်ခိုက် သတ်ဖြတ်စဉ် ကူညီရန် လိုက်လာသူ ရွာသားတစ်ဦး သေနတ်ပစ်ခံ ရရာမှ သေဆုံးသွားကြောင်း သတင်း ရရှိ သည်။ သေဆုံးသွားသူမှာ မောင်တောမြို့ နယ် မြောက်ပိုင်း မြို့သစ်ခေါ် ယောင်ဘူကျေးရွာမှ ဦးမောင်အေး ဖြစ်သည်။ ယနေ့ မနက် ၁ နာရီခွဲခန့်တွင် လူပေါင်း ၁၀ ဦးခန့်ပါဝင်သော လူအုပ်စု တစ်ခုက နစက ယူနီဖောင်းများ ၀တ်ဆင်ပြီး ကျေးရွာ အတွင်း ၀င်ရောက်လာကာ သတ်ဖြတ်သွားသည်ဟု ဆွေမျိုးတော်စပ်သူ ရွာသား တစ်ဦးက ပြောသည်။ “ညဥ့် ၁ နာရီ ၁၅ မိနစ်ခန့်မှာ နစက ၀တ်စုံဝတ်ထားတဲ့ ဘင်္ဂလီ လူမျိုး ၁၀ ဦးခန့်က ရွာထဲကို ၀င်လာပြီး သတ်သွားတာ ဖြစ်ပါတယ်။ ပထမတော့ ဦးဘတင် အိမ်ခြံဝက ဗမာလို ဥက္ကဌ၊ ဥက္ကဌခေါ်ပြီး ခြံတံခါးကို ချိုးဖျက်ပြီးဝင်လာတယ်။ ဦးဘတင်ကလည်း နစကတွေ မှတ်ပြီး အိမ်ကဆင်းတယ်။ အိမ်ကဆင်းတာနဲ့ ဦးဘတင် ကို လက်ဆွဲပြီး တခါတည်း ဓါးနဲ့ခုတ်တယ်။ ညီဖြစ်သူ ဦးဘချစ်က အော်ဟစ် အကူအညီတောင်းတော့ ရွာသားတချို့ လိုက်လာတဲ့ အခါ သူတို့က သေနတ်နဲ့ ပစ်တယ်။ ဦးမောင်အေးက ကျည်ထိ မှန် သေဆုံးသွားပါတယ်” ဟု ပြောသည်။ ဦးဘတင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သည့် အပြင် ဒေသအတွင်း ငွေကြေးချမ်းသာပြီး တခြားကျေး ရွာများတွင်လည်း သြဇာအာဏာရှိသူ တစ်ဦးဖြစ်သည့် အတွက် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကြံ သတ်ဖြတ်ရန် ကြံစည် ကြိုးစားခြင်း ဖြစ်ကြောင်း ကျေးရွာသားက ဆိုသည်။ ယောင်ဘူကျေးရွာသည် နစက တပ်ဖွဲ့ နယ်မြေ (၅) အခြေစိုက်ရာ ငခူရကျေးရွာနှင့် ၁၀ မိနစ်ခန့်ဝေးသည့်နေရာတွင် တည်ရှိပြီး ယင်းဒေသတွင် စုစုပေါင်း ရခိုင်ကျေးရွာ ၈ ရွာရှိကြောင်း သိရသည်။ ဥင်္ီးဘတင်၏ ညီဖြစ်သူ ဦးဘချစ်မှ အစ်ကို ဖြစ်သူကို ဓါးနှင့် ခုတ်နေစဉ် အိမ်အပေါ်မှ နေပြီး ပတ်ဝန်းကျင်းကို အကူအညီတောင်းရာ ၀ိုင်းဝန်း လိုက်လာသော ကျေးရွာသားများကို သေနတ်ဖြင့် ပစ်ခတ်သည့် အတွက် ဦးမောင်အေးမှာ သေဆုံးပြီး နောက်ထပ် ကျေးရွာသား ၁ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။ ယခုအခါ မောင်းတော ဆေးရုံကို တင်ထားရသည်ဟု သူက ဆက် ပြောသည်။ “ ဦးဘချစ်အကူအညီးတောင်းလို့ ရွာသားတွေ ထွက်လာချိန်မှာ သူတို့ သေနတ်နဲ့ပစ်တယ်။ သေနတ်က ၄ ချက်ပစ်ပါတယ်။ မောင်းပြန်တော့မဟုတ်ဘူး။ ဒီမှာခေါ်တာက ကိုးလုံးကျည်လို့ခေါ်တဲ့ လက်လုပ် သေနတ်တွေပါ။ သေနတ်နဲ့ ပစ်ပြီးသူတို့ထွက်ပြေးသွားပါတယ်။” ဓါးနှင့် ခုတ်သည့် အပြင် သေနတ်နှင့် ပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာ ရသူများမှာ ဦးဘတင်၊ ဦးစောညွန့်အောင်၊ ဦးမောင်အေးနှင့် ဦးဘချစ်တို့ ဖြစ်ကြသည်။ ယခုကဲ့သို့ ဦးဘတင် နေအိမ်သို့ ၀င်ရောက် တိုက်ခိုက်သူများမှာ ဒိုးတန်းမွတ်ဆလင် ကျေးရွာမှ ဖြစ်နိုင်ကြောင်း ကျေးရွာသားများ က ပြောဆိုသော်လည်း နိရဉ္စရာမှ သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။ အိမ်ရှင်ဖြစ်သူ ဦးဘတင်မှာ ဦးခေါင်းတွင် ဓါးဒဏ်ရာနှင့် ပေါင်နှင့် မအားရာတွင် ကျည်ဒဏ်ရာကြောင့် စိုးရိမ်ရသည့်အနေ အထားတွင်ရှိပြီး၊ ဦးစောညွန့်အောင်နှင့် ဦးဘချစ်တို့နှစ်ဦးမှာ ခြေထောက်တွင် သေနတ် ဒဏ်ရာ ရရှိထားကြောင်းသိရသည်။ ယခုအခါ နစက တပ်ဖွဲ့မှ အဆိုပါဒေသအတွင်း စစ်ဆေးမှုများပြု လုပ်နေကြောင်း သိရသည်။ ယခုကဲ့သို့ ရခိုင်ပြည်နယ် အနှံ့အပြားတွင် မကြာခဏ ဆိုသလို ရခိုင် အမျိုးသားများ တိုက်ခိုက် သတ်ဖြတ်ခံနေရသဖြင့် ရခိုင် အမျိုးသားများ၏ ဘ၀လုံခြုံရေးကို မြန်မာ အစိုးရမှ တာဝန်ယူ ပေးနိုင်ခြင်း မရှိတော့၍ ရခိုင်တိုင်းရင်းသား ဒေသခံများ အနေဖြင့် သူတို့ အနာဂတ် အတွက် အထူး ရင်လေး စိုးရိမ်နေကြသည်ဟု သတင်းများ ရရှိသည်။
မောင်အေး
News from: Narinjara News

ဟုတ်ပေ့ဖြစ်နေမယ်...လူလေးရေ

FB-New MyanmarFoundation

ပုဇွန်ဘဲ ဆိုပြီး မဆွဲလိုက်နဲ့ သေတတ်တယ်တဲ့

ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့်
ကျွန်တော်တို့ ဟာ တစ်ခါတစ်ရံ သူငယ်ချင်း အပေါင်းအသင်း မိဘဆွေမျိုးတွေနဲ့ အတူ အနောက်တိုင်းစားသောက် ဆိုင် တွေရောက်ဖြစ်တဲ့အခါ ပုဇွန်၊ဂဏန်း၊ငါး အဲဒါတွေ အကုန်ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့  အတူ ၀ိုင်သောက်တတ်တဲ့ သူက၀ိုင် ၊ ၀ိုင်မသောက်တတ်တဲ့သူတွေအတွက် Vitamin C ပါဝင်တဲ့ Orange Juice လိုဖျော်ရည်မျိုးကို တွဲဖက်ပြီးစားသုံးခဲ့ကြဖူးပါတယ်။ အဲ့ဒီလိုပဲ တစ်ချို့ တရုတ်မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာ
ဘူဖေးကျွေးတဲ့အခါ ပုဇွန်တစ်ပန်းကန်နဲ့ အတူ Orange Juice တစ်မျိုးကတော့
ပါဝင်မှာ သေချာပါတယ်။ ဒီလိုတွဲဘက် စားသုံးမှုမျိုးဟာ ဘာမှမထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှု့လေးလို့  ကျွန်တော်တို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့အခွံပါးလေးတွေ ပါတဲ့ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကိုတစ်ချိန်ထဲမှာ တွဲဘက်စားသုံးတဲ့ အခါ  အခန့် မသင့်ရင် အသက်အန္တရာယ်ကိုပါစိုးရိမ်ရကြောင်း ကျွန်တော်တို့  အခုသိခဲ့ရပါပြီ ။

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံး တွေ ကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic အဆိပ်သင့်လို့ သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ Arsenic အဆိပ် ဟာ ဘယ်က လာပါသလဲ ။ရဲတွေဟာ သေမှု သေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှူ့တွေ လုပ်ပါတော့တယ်။

ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခတစ်ဦး ကိုလည်း ဒီပြဿနာကို ဖြေရှင်းဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။
ပါမောက္ခကြီးဟာ နာရီဝက်ခန့်  သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေအားလုံး ကို သေသေချာချာစစ်ဆေးပြီးနောက်မှာတော့ ဒီလျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
“သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ သတိလတ်လွတ်ဖြစ်မှူ့ကြောင့် မတော်တဆသေဆုံးခဲ့ရတာပါ” လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။
“ဘာကြောင့် မတော်တဆသေဆုံးရတာလဲ” ဆိုပြီး လူတွေဟာ အံ့ သြကုန်ကြပါတယ် ။

“Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီကို နေ့တိုင်း မှီဝဲခဲ့ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး။ သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့ ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုးပါဝင်တာကို လေ့ လာတွေ့ ရှိခဲ့ ကြပါတယ်။

အဲဒီလတ်ဆတ်တဲ့ အစားအစာတွေဟာ လူရဲ့ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး ဒါပေမယ့် သူဟာ ဗီတာမင်စီနဲ့  ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်ဒြပ်ပေါင်း ငါးမျိုး (As anhydride, also known as arsenic oxide, the chemical formula for As205)ဟာ အဆိပ်ရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်းသုံးမျိုး (also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public! ) အဖြစ်ပြောင်းလဲသွားပါတယ်။

အာဆင်းနစ်အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့ အာရုံကြော တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံး တွေ ကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ဒါကြောင့် ပုဇွန်ကို ဗီတာမင်စီ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။
New MyanmarFoundation

ဒို့တော့တိဘူး... လူအတော်များများ ဒေါက်တာဆိတ်ဖွား ဘယ်သူ ဘယ်ဝါ ဆိုတာ သိတယ်လို့ ဆို

ဒေါက်တာဆိတ်ဖွား ဘယ်သူ ဘယ်ဝါ ဆိုတာ လူအတော်များများ သိကြပါတယ်လို့ အလုံမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလားလို့ မေးခွန်းထုတ် ဝေဖန်ရေးသားခဲ့တဲ့ အင်တာနက်ပေါ်က ဒေါက်တာဆိတ်ဖွားဆိုသူကို ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖော်ထုတ်ဖို့ လုပ်နေတာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ဦးခိုင်မောင်ရည်က ခုလို ပြောကြားခဲ့တာပါ။
(ဒီဗွီဘီ)

ခါးနာခြင်းနှင့်ခါးဆစ်လွဲခြင်းတို့မဖြစ်အောင်ကာကွယ်နည်းများ

ယခုအခါတွင် ခါးနာခြင်းနှင့် ခါးဆစ်လွဲခြင်းတို့ ဖြစ်ပွားမှုမှာ ယခင်ကထက် ပိုမို များပြား လာကြောင်း တွေ့ရှိရပါသည်။ထို့ကြောင့် ရှေးဦးစွာ ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ မည်သို့ ဖြစ်ပွားလာရကြောင်း သိရှိရန် လိုပေသည်၊ ကျွန်ုပ်တို့ ကျောရိုးတစ်လျှောက်၌ရှိသော ကျောဆစ်ရိုးများ(vertebrae) တစ်ခုနှင့် တစ်ခုကြားတွင် အရိုးများ ထိခိုက်မှုမရှိစေရန် Intervertbral Disc ခေါ်အရွတ်ဝိုင်းကလေး တစ်ခုစီရှိပါသည်၊ ထိုအရွတ် အ၀ိုင်းကလေးသည် အရိုးနှစ်ခုအကြား တည်ရှိနေရာမှအကြောင်းတစ်ခုခုကြောင့် နေရာလွဲသွားခဲ့ပါ က ကျောရိုးဆစ် တစ်ခုနှင့်တစ်ခုထိပြီး ပွတ်တိုက်မိကြတော့သည်၊

ထိုကဲ့သို့ ကျောရိုး အဆစ်ကြား အရွတ်ဝိုင်း နေရာလွဲသွားခြင်း (Slipped Intervertebral Disc) ကြောင့် ကျောရိုးဆစ်တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောအခါ အခံရခက်လှပြီး လူတစ်ဦး၏ သွားလာလှုပ်ရှားမှုကို အနှောက်အယှက်ပေးလှသော ခါးနာခြင်း(Back pain) ဖြစ်ပေါ်လာပေသည်။

ထိုကဲ့သို့ ကျောရိုးဆစ် တစ်လျှောက် နာကျင်မှုများ ဖြစ်ပေါ်လာရခြင်းမှာ အကြောင်းအမျိုးမျိုး ရှိသော်လည်း အဓိကအားဖြင့် ထိခိုက်မှု၊ ဒဏ်ဖြစ်မှု(ဥပမာ- အလေးအပင်မခြင်းမျိုး)၊ အရိုးများ အသက်ကြီးလာ၍ ပျက်စီးယိုယွင်းလာမှု၊ နေထိုင်သည့် ပုံစံများ မှားယွင်းမှုနှင့် သောကဖိစီးမှု တို့ကြောင့် အများဆုံး ဖြစ်ပွားရကြောင်း တွေ့ရှိရပါသည်။

ဇက်ကြော ပုခုံးကြောများ ကိုက်ခြင်း၊ လည်ပင်းအဆစ်များနာခြင်းနှင့် ခါးနာခြင်းတို့ ဖြစ်ပွားမှူ၏ရာနှုန်း အတော်များများသည် သောကဖိစီးမှုကြောင့်ဖြစ်ကြောင်း ထူးဆန်းစွာ တွေ့ရှိရတတ်ပါသည်၊ လူတချို့သည် ပြဿနာ အခက်အခဲ တစ်ခုနှင့် ရင်ဆိုင် တွေ့ရတိုင်း ခါးနာတတ်ကြပါသည်၊

တစ်ခါတစ်ရံတွင် မိမိ၏ နေထိုင်မှုပုံစံ မှန်ကန်မှု မရှိ၍သော်၎င်း (ဥပမာ -ကုလားထိုင်၌ ထိုင်ရာတွင် ခါးမတ်မတ်ထား၍ မထိုင်ဘဲ ခါးကွေး၍ ကြာရှည်ထိုင်ခြင်းမျိုး)၊ အရမ်းပျော့သော မွေ့ယာ၌ အိပ်ခြင်း၊ ဆိုဖာထူသော ကုလားထိုင်၌ ကြာရှည်စွာထိုင်ရခြင်း၊ ကားအစွန်း၌ ကြာရှည်စွာ ထိုင်မိခြင်း တို့ကြောင့်၎င်း ခါးနာခြင်း ဖြစ်ပေါ်တတ်ပါသည်၊

ခါးနာခြင်းနှင့်ကျောရိုးဆစ်လွဲသွားခြင်းတို့ မဖြစ်ပွားရအောင် ကာကွယ်နည်းမှာ - မာသောမွေ့ယာပေါ်၌ အိပ်ခြင်းနှင့် ခါးရိုးတစ်လျှောက်ရှိ ကြွက်သားများ၊ အရွတ်များ သန်မာလာစေမည့် လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်း ပင်ဖြစ်သည်၊ ၎င်းတို့မှာ-

(၁) လမ်းမှန်မှန် လျှောက်ပေးခြင်းဖြင့် ခါးရှိုး ကြွက်သားများကို သန်မာစေသည့် အပြင် ခါးရိုးကို ထောက်ပံ့ပေးထားသည့် အရွတ်များကိုလဲ အားရှိစေပါသည်၊

(၂) လမ်းမှန်မှန် မလျှောက်နိုင်သူများအဖို့ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်းမှကင်းဝေးစေပါသည်၊ ရှေးဦးစွာ မွေ့ယာတစ်ခုပေါ်တွင် မှောက်လျက်အိပ် ပါ၊လက်နှစ်ဖက်ကို ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားပါ၊ ထို့နောက်ခေါင်း၊လည်ပင်းနှင့် ရင်ပိုင်းတို့ကို(ခါးကော့ပြီး) အပေါ်သို့ မ နိုင်သလောက် မပါ၊ ထို့နောက် ပြီးလျှင် ပြန်ချပါ၊ ထိုသို့(၁၀)ကြိမ် ပြုလုပ်ပါ၊ ထို့နောက် ဒူးမကွေးစေဘဲ ခြေတောက်ကို အပေါ်သို့မပေးပါ၊ ထို့နောက်ပြန်ချပါ၊ ထိုသို့ (၁၀)ကြိမ်ပြုလုပ်ပါ၊ နောက်ဆုံးတွင် ခေါင်းပိုင်းရော၊ ခြေတောက်ပိုင်းပါ(ခါးကြော့ပီး) တပြိုင်နက်(၁၀)ကြိမ် မ ပါ၊ ပြန်ချပါ။(ထိုသို့ ပြုလုပ်ရာတွင် လက်နှစ်ဖက်၏ အကူအညီမပါဘဲ ပြုလုပ်ရပါမည်၊)

(၃) နောက် လေ့ကျင့်ခန်းတစ်ခုမှာ ခါးကို မတ်မတ်ထားပြီး ခြေဖျားထောက်၍ ထိုင်ထ ပြုလုပ်ပါ၊တစ်နေ့လျှင် (၁၅)ကြိမ် ပြုလုပ်ပါ၊(ထိုသို့ ပြုလုပ်စဉ် လက်နှစ်ဖက်ကို ခါးတွင်ထောက်ထားပါ၊)

အထက်ပါ လေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ပါသည်။
Mg Mandalay စာကြည့်ခန်း
 

မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်ဝန်ဆောင်မှုဆိုတာ

Saturday, February 09, 2013 အိမ့်သံစဉ်
ကျွန်မ အနောက်နိုင်ငံမှာ Tourism Management ကို လေ့လာနေတဲ့ ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းလည်း အတွေ့အကြုံရှိပါတယ်။ တကယ်ကို Five Stars Hotel မှာ အတွင်းရေးမှူးမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

အခု မြန်မာပြည်က Hoteliers တွေ လုပ်နေတဲ့ အကွက်ကို မပြောမဖြစ်ပြောမှ ရတော့မယ်။ စီးပွားရေး သီအိုရီတွေအရ..Demand များလာရင် Market က Competitive ဖြစ်လာတယ်။ ဈေးနှုန်းတွေ လျော့ ချလာရတယ်။

အခုတော့ မဟုတ်ပေါင်။ ကျွန်မပြုစုနေတဲ့ စာတမ်းအတွက် ကျွန်မ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေကို ဆက်သွယ်မေးမြန်းရာမှာ အလွန်အင်မတန် ရယ်စရာကောင်းသော ဖြစ်ရပ်များကို တွေ့ရှိရပါတယ်။

အချို့သော ဟိုတယ်အများစုက ကုမ္ပဏီအသစ်တွေမပြောနဲ့ ကုမ္ပဏီကြီးတွေကိုတောင်ဈေးနှုန်းမပေးတာ၊ Contract ရဖို့အတွက် Travel Agent တွေဆီကနေ US Dollar 100 ကို Deposit တောင်းတာ၊ တစ်ရာသီ ကို အနည်းဆုံး အခန်း ၂၀ သုံးရမယ်ဆိုပြီး တောင်းဆိုမှုတွေများလာတာ၊ Booking တင်ရင် သူတို့ပြော သလို အခန်း ၂၀ တင်တာတောင် ၅ ခန်းလောက်ပဲ confirmation ပေးပြီး ကျန်အခန်းတွေကို Waiting Lists လုပ်တာ၊ မေးလိုက်တိုင်း fully-booked, over-booked ဖြစ်နေတာ စသဖြင့်ပါဘဲ။

ဒါပေမယ့် Deposit ကိုတော့ လိုချင်တာ၊ Booking တင်လျှင် Deposit ကို ချက်ခြင်းသို့ ရက်အနည်းငယ် အတွင်း ပေးမှသာ အခန်းပေးခြင်း၊ Tour confirm ဖြစ်ပါက ကျန်ငွေကို အမြန်ဆုံးပေးချေခိုင်းခြင်း၊ Booking Cancel ဖြစ်ပါက Cancellation Letter ကို ချက်ခြင်း အကြောင်းမပြန်ဘဲ Cancellation Fees ကိုသာ တောင်းခံနေခြင်း၊ ရှေ့လများအတွက်ကြိုတင် Booking လက်မခံခြင်း၊ လာမယ့် Season အတွက် Contracts များ တောင်းခံ မရခြင်း၊ တောင်းခံလို့ရသော်လည်း လအပိုင်းအခြားဖြင့်သာ ချုပ်ဆိုပြီး ပိုမိုပြင်း ထန်သော ပေါ်လစီများ ထည့်သွင်းလာခြင်း၊ အဲဒီလို ရယ်စရာကောင်းတဲ့ လုပ်ရပ်တွေ Tourism ကို တကယ် နားမလည်ပဲ ပိုက်ဆံ ရပြီးရော ဖြစ်လာတာတွေက မြန်မာပြည်ရဲ့ ခရီးသွားလုပ်ငန်းကို သေချာ
ပေါက် ပျက်စီး သွားစေနိုင် တယ် ဆိုတာပါပဲ။

ဝန်ကြီးဌာန အနေနဲ့ ဈေးနှုန်းသတ်မှတ်ပေးလိုက်တာကလည်း ဘယ်နိုင်ငံမှာမှ မကြားဖူးပါဘူး။
မြန်မာပြည်က ပြန်လာတဲ့ ဧည့်သည်တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ (မင်းတို့ မြန်မာပြည်က အလွန်လှပါတယ်။ ဒါပေမယ့် ဟိုတယ်တွေက အရမ်းဈေးကြီးတယ်။ ၀န်ထမ်းတွေ ဖော်ရွေသော်လည်း ၀န်ဆောင်မှုက Professional မဖြစ်ပါဘူး။ တစ်ချို့ဆို အင်္ဂလိပ်လို ကောင်းကောင်း မပြောတတ်ဘူး။ International Standard ဖြစ်အောင် လေ့ကျင့်ပျိုးထောင်မှုတွေလိုတယ်) လို့ ပြောကြပါတယ်။


(ငါတို့ အနောက်နိုင်ငံတွေမှာ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေတည်းတဲ့ ဟိုတယ်တွေကသာ တစ်ညကို US Dollar 100 နဲ့ အထက်ကောက်ခံကြတာ။ ၀န်ဆောင်မှုကတော့ ပြောမနေပါနဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး။ အနီးစပ်ဆုံး ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေက ဟိုတယ်တွေ
တောင် မြန်မာပြည်လောက် ဈေးမကြီးပါဘူး။ ၀န်ဆောင်မှုကလည်း မတိမ်းမယိမ်းပါပဲ၊ အဲ ဘန်ကောက် မှာတော့ Five Stars ဟိုတယ်တွေတောင် တစ်ညကို ဒေါ်လာ ၆၀ နဲ့ တည်းလို့ရနေပါတယ်။
ဒါတွေ မြန်မာပြည် က ဟိုတယ်ပိုင်ရှင်များနှင့် ၀န်ကြီးဌာနက သေချာလေ့လာ သုံးသပ်သင့်ပါတယ်) တဲ့။

ပြီးခဲ့တဲ့နှစ်က လန်ဒန်မှာ Olympic Games ကြီးကျင်းပခဲ့ပါတယ်။ဟိုတယ်တွေလည်း မျှော်လင့်နေ တာပေါ့။ အဲဒီတော့ဈေးတွေ တင်ထားပါတယ်။ အဲ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ပုံမှန်ခရီးသွားတွေက အင်း ဟိုတယ်တွေပြည့် နေမှာပါလေဆိုပြီး မလည်ခဲ့ကြပါဘူး။

စာရင်းဇယားများအရ မျှော်မှန်းထားတာထက် ဧည့်သည် ရရှိမှု လျော့သွားခဲ့ပါတယ်။ ကျွန်မ ဒီနေရာမှာ ယှဉ်ပြချင်တာက အခု မြန်မာနိုင်ငံမှာ အဲဒီလောက်ကြီးတဲ့ Events မျိုး မလုပ်ဖူးသေးပါဘူး။

ဒီနှစ်ကျင်းပမယ့် SEA Games နဲ့ ရှေ့နှစ် ASEAN Summit ဆိုတာကလည်း ASEAN နိုင်ငံတွေ သာပါ ပဲ။ တစ်ကမ္ဘာလုံးအနေအထားမျိုး မဟုတ်သေးပါဘူး။ ဟိုတယ်တွေက ခရီးသွားကုမ္ပဏီတွေကို ဆက်ဆံလာတဲ့ ဆက်ဆံရေးကလည်း မနှစ်မြို့ဖွယ်ပါပဲ။

ကျွန်မ သင်ထားသမျှ လေ့လာခဲ့ရသမျှ ဟိုတယ်ကြီးမှာ အလုပ်လုပ်လာခဲ့သမျှ ခရီးသွားကုမ္ပဏီတွေကို အမြဲတန်း ကြိုတင် ၁ နှစ်စာ Contract Rate ပေးပါတယ်။

မြန်မာပြည်က Hoteliers တွေ အနောက်နိုင်ငံက လူတွေရဲ့ ခရီးသွားစနစ်ကို ကြိုတင်သိထားသင့်ပါတယ်။
အနောက်နိုင်ငံကလူတွေက နိုင်ငံတကာခရီးထွက်ဖို့အတွက် ၁ နှစ်အနည်းဆုံး ၂ နှစ် အများဆုံး ကြိုတင်ပြီး ခရီးသွားကုမ္ပဏီတွေမှာ ခရီးစဉ်တွေ ၀ယ်ကြရပါတယ်။

အဲဒီအတောအတွင်း သူတို့လည်း ပိုက်ဆံလေးတွေ စုကြရတာပေါ့။ ပိုက်ဆံချမ်းသာလို့ မြန်မာပြည်ကို လာလည်ကြတဲ့သူရှိသလို ပိုက်ဆံလေးတွေ စုပြီး မြန်မာပြည်အလှ မြန်မာလူမျိုးတွေရဲ့ ဖော်ရွေမှုကို လာကြည့်ချင်ကြတဲ့သူတွေလည်း ပါပါတယ်။



အနောက်နိုင်ငံတွေမှာ ဟိုတယ်တွေက ခရီးသွားကုမ္ပဏီတွေကို ပေးတဲ့ဈေးနှုန်းဆိုတာက သူတို့ အတွက် လည်း Yield Management ကို လုပ်ပြီးသားဖြစ်သလို အမြဲတမ်း ဟိုတယ်က ခရီးသွားကုမ္ပဏီတွေကြောင့် လုပ်ငန်းလည်ပတ်နိုင်တယ်။

အင်တာနက်ကလာတဲ့ ခရီးသွားတွေထက် ခရီးသွားကုမ္ပဏီကလာတဲ့ ဧည့်သည်တွေကို သူတို့က ပိုကြိုက် တယ်။ ဘယ်ဟိုတယ်မဆို Rack Rate, Internet Rate တွေ အများဆုံးလိုချင်တာပဲ။ တကယ် လက်တွေ့ မှာ ဖြစ်မှ မဖြစ်တာ။

ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားကုမ္ပဏီတွေဆိုတာ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြရတဲ့ သူတွေပါ ကျွန်မပို့စ်လေးက မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှာ လုပ်နေကြသောသူများကို အထိုက်အလျောက် အမြင်မှန်ရရှိအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်
Sandra Johns ခေါ် စံသာလင်း
The Irrawaddy (Burmese Version)

ပိတ်ချင်းမြောင် လှိုင်ဂူတော်အတွင်းရှိ သုံးဆင့် ရေတံခွန်တွင် ရတနာသိုက်များ ရှာဖွေရာမှ လူသေဆုံးမှုဖြစ်ခဲ့


ပိတ်ချင်းမြောင် လိုဏ်ဂူအဝင်ဝ
ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိ သုံးဆင့်ရေတံခွန်တွင် အိပ်မက်အရ ရတနာသိုက်များ ရှာဖွေရာမှ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက် ၅နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိသည့် သုံးဆင့်ရေတံခွန်တွင် လူတစ်ဦးသေဆုံးကြောင်း ဦးကျော်ဆွေ(ဂေါပက)၏ သတင်းပေးချက်အရ ပိတ်ချင်းမြောင်ရဲစခန်းမှူး ရဲအုပ်စိုးစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူမှာ အောင်နိုင်ဝင်း(၂၀)နှစ်သည် အမြင့်ပေ ၈၀ ခန့်ရှိ ပိတ်ချင်းမြောင်လှိုဏ်ဂူ သုံးဆင့်ရေတံခွန် အောက်ဆုံးထပ်တွင် ခါးနှင့်လက်များတွင် နိုင်လွန်ကြိုးပတ်လျက် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုံရွာမြို့တွင် နေထိုင်ကြသည့် ဆိုင်ကယ်ဝပ်ရှော့ လုပ်ကိုင်သူ အောင်နိုင်ဝင်းသည် အစ်ကိုတော်စပ်သူ ဦီးပညာဘာသ ၄၀နှစ်၊ဇော်နိုင်ဝင်း ၂၅ နှစ်တို့နှင့်အတူ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်၁၀နာရီအချိန်တွင် လှိုဏ်ဂူသို့ လာရောက်ခဲ့ပြီး အောင်နိုင်ဝင်းက အသက်ငါးနှစ်အရွယ်မှ ယနေ့အချိန်ထိ လှိုဏ်ဂူရေတံခွန်အတွင်း ရတနာသိုက်များရှိကြောင်း၊ ညအချိန်တွင် လာယူရန် အကြိမ်ကြိမ် အိပ်မက်ပေးကြောင်း ပြောဆိုသောကြောင့် အောင်နိုင်ဝင်း၏ ဆန္ဒအရ ည ၁၁နာရီခွဲအချိန်တွင် ပိတ်ချင်းမြောင်ရေတံခွန်အလယ်ထပ်သို့ ညီအစ်ကို ၃ဦး သွားရောက်ခဲ့ပြီး အောင်နိုင်ဝင်း၏ခါးတွင် ကြိုးချည်၍ ရေတံခွန်အောက်သို့ ဆင်းသွားခဲ့ပြီး အစ်ကိုဖြစ်သူ ဇော်နိုင်ဝင်းမှ ကြိုးစအား လက်ဖြင့်ဆွဲထားခဲ့ကြောင်း၊ အောင်နိုင်ဝင်း ဆင်းသွားပြီး (၂)နာရီခန့်အကြာတွင် ကြိုးစအား ပြန်လည်ဆွဲတင်ရာ မရသဖြင့် လှိုဏ်ဂူလုံခြုံရေးအဖွဲ့များနှင့် သွားရောက်စစ်ဆေးရာ အောင်နိုင်ဝင်းသည် ကိုယ်လုံးနှင့် လက်များတွင် ကြိုးစများရစ်ပတ်ပြီး သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

သေဆုံးသူ အောင်နိုင်ဝင်းအား ပြင်ဦးလွင်ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ပိတ်ချင်း မြောင်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၃ ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
weeklyeleven

၈၈မျိုးဆက်ကျောင်းသားများ ပွင့်လင်းခရီးစဉ် ပြန်လည်စတင်

Friday, February 08, 2013

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းဖော်ဆောင်ရေး ခရီးစဉ် အဖြစ် ပြည်မြို့၊ မြို့သစ်မြို့နဲ့ တောင်တွင်းကြီးမြို့ ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့ သွားရောက်ခဲ့ ပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ မတရားမှုတွေကို ဖော်ထုတ်တဲ့ လှုပ်ရှားမှုတွေ အဆက်မပြတ်ရှိဖို့ လိုတယ်လို့ တောင်တွင်းကြီးမြို့ မောင်တိုင် (၂) ရပ်ကွက်၊ တိုက်သစ်ကျောင်းတိုက်မှာ ကျင်းပတဲ့ တောင်တွင်းကြီး လူထုတွေ့ဆုံပွဲမှာ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းခဲ့ပါတယ်။

"ကျွန်တော်တို့ ပြည်သူလူထုတွေဘက်က တွေ့ဆုံဆွေးနွေးပွဲတွေကို တတ်နိုင်သမျှ လုပ်ရပါလိမ့်မယ်၊ လှုပ်ရှားမှုတွေ အဆက်မပြတ်ရှိနေရမယ်၊ ကျွန်တော်တို့ဟာ ဆေးကုခံရမယ့် တိုင်းပြည်အတွက် ဘယ်နေရာမှာ နာနေတယ်၊ ဘယ်နေရာမှာ ကိုက်နေတယ်၊ ဘယ်နေရာမှာ ကျိုးနေတယ်၊ ဘယ်နေရာမှာ အနာဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ပြောမှသိမှာလေ"

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ တောင်တွင်းကြီး ဒေသခံတွေ တွေ့ဆုံဖို့အတွက် တောင်တွင်းကြီးမြို့တော် ခန်းမကို အသုံးပြုခွင့်ပေးဖို့ ဒေသခံအာဏာပိုင်တွေဆီကို နှစ်ပတ်ကျော်ကြာ ကြိုတင်ခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ ပြည်မြို့မှာ ညအိပ်ရပ်နားပြီး မနက်ဖြန်မှာတော့ ကြို့ပင်ကောက်မြို့နဲ့ လက်ပံတန်းမြို့တွေကို သွားရောက်ပြီး ဒေသခံလူထုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

RFA Burmese

ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ပြုရန် ပါတီ ၁၃ခု သမ္မတထံစာပို့

ရန်ကုန်၊ ဖေဖော်ဝါရီ -၇

ပြည်ထောင်စု အစိုးရ၏ မြန်မာ့ဒီမို ကရေစီအရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် လက်တွဲပူးပေါင်း ပါဝင်ဆောင် ရွက်ခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ အဆိုပြုလွှာတစ်စောင်ကို သမ္မတအကြံပေးများမှတစ်ဆင့် နိုင်ငံရေးပါတီ ၁၃ခုက ယနေ့ပေးပို့လိုက် ကြောင်းသတင်းရရှိသည်။ သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ၁၃ ပါတီတို့ တွေ့ဆုံပွဲကို ယနေ့နံနက် က ရန်ကုန်မြို့ရှိ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ သည်။

တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီ များမှ နိုင်ငံတော်သို့ တင်ပြချင် သည့် အကြံပြုချက်များကို တင်ပြရန် တွေ့ ဆုံခြင်းဖြစ်ပြီး အခြားပါတီများနှင့် လည်း ဆက်လက်တွေ့ဆုံနှင့် အစီ အစဉ်ရှိကြောင်း နိုင်ငံတော်သမ္မတ ၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်က ပြောကြားသည်။

“နိုင်ငံတော် တည်ဆောက်ရေး နဲ့ပတ်သက်တာ အခုဖြစ်နေတဲ့ ရခိုင် အရေး၊ ကချင်အရေး စတာတွေ လက်ပံတောင်းကိစ္စ၊ ရန်ကုန်မြို့တွင်း ကားကြပ်နေတာတွေအထိ ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်”ဟု ယင်းကဆိုသည်။

ယနေ့ တွေ့ဆုံခဲ့သည့် နိုင်ငံ ရေးပါတီ ၁၃ ပါတီတွင် အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ၊ အမျို သားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ မြန်မာအ မျိုးသား ကွန်ကရက်၊ မြန်မာ့ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ စသည့်ပါတီများ ပါဝင်ပြီး နိုင်ငံတော် သမ္မတ၏ နိုင်ငံ ရေးအကြံပေး ဦးကိုကိုလှိုင် ဒေါက်တာနေဇင်လတ်တို့နှင့် တွေ့ဆုံဆွေး နွေးခဲ့ခြင်းဖြစ်သည်။
7Day News Journal

အမျိုးသားဒီမိုကရေစိအဖွဲ.ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ.အထိမ်းအမှတ် မိတ်ဆုံစားပွဲသို တက်ေ၇ာက်

အမျိုးသားဒီမိုကရေစိအဖွဲ.ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သပြေကုန်းဈေးရှိမောဂ်ခမ်းနွံ စားသောက်ဆိုင်တွင် ကျင်းပသည့် (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ.အထိမ်းအမှတ် မိတ်ဆုံစားပွဲသို တက်ေ၇ာက်၊ အဆိုပါမိတ်ဆုံစားပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ် \ ရှမ်းတိုင်းရင်းသားပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကျင်းပသည့် အခမ်းအနားဖြစ်ပြီြး ပည်ထောင်စုလွတ်တော်နာယက ဦးခင်အောင်မြင့် ၊ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွေမန်း၊နှင်.ဒုဥက္ကဌ များ ပြည်သူလွတ်တော်ကိုယ် စားလှယ်များ ၊အမျိုးသားလွတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းစာပေနှင်ယဉ်ကျေးမှု့.အဖွဲများ၊ ရှမ်းတိုင်းရင်းသားများတက်ရောက်သည်။












နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com