သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက ယခုအချိန်တွင် မဖြေကြားနိင်သေးကြောင်းအပြည်အစုံကို နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည်
နှုတ်ထွက်သွားသော ၀န်ကြီး၂ဦးကိစ္စနှင့် ဆက်သွယ်ရေး အရာရှိ အချို့ ကို ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ် သက်၍ သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းအား စာနယ်ဇင်းများနှင့်တွေဆုံပွဲတွင်မေးမြန်းရာမဖြေကြား နိင်သေးကြောင်းပြောကြား............
နေပြည်တော်ရှိစက်မှုဝန်ကြီးရုံးတွင်ယခုပြုလုပ်လျက်ရှိသည့် စာနယ်ဇင်းများနှင့်တွေဆုံပွဲတွင် နှုတ်ထွက် သွားသော ၀န်ကြီး၂ဦး၊ဆက်သွယ်ရေး အရာရှိ အချို့ ကို ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ မေးမြန်းရာ
သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက ယခုအချိန်တွင် မဖြေကြားနိင်သေးကြောင်းအပြည်အစုံကို နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည် ဟု ပြောသည်။
Popular Myanmar News
နေပြည်တော်ရှိစက်မှုဝန်ကြီးရ
သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက ယခုအချိန်တွင် မဖြေကြားနိင်သေးကြောင်းအပြည်အစုံကို နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားမည် ဟု ပြောသည်။
Popular Myanmar News
Labels:
ပြည်တွင်းသတင်း
လှိုင်သာယာ မြို့နယ်တွင် ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက် မြရိပ်ညို ၅ လမ်းနှင့် ၆ လမ်းအကြားတွင် ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၅ လုံးနှင့် လှိုင်သာယာ စက်မှုဇုန် အလုပ်သမား အများစု နေထိုင်သည့် အဆောင် ၇ လုံး ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကနဦး သတင်းများအရ သိရသည်။

မီးဘယ်အချိန် လောင်မှန်းတောင် မသိပါဘူး။ မီးလောင်တဲ့ နေရာက အစ်ကိုတို့အိမ်နဲ့ အရမ်းနီးနေတော့ အထုပ်ဆွဲပြီး မီးလွတ်ရာကို ပြေးထွက်လာခဲ့ မိတာပါ” ဟု မီးလောင်မှု ဖြစ်စဉ်အနီးတွင် နေထိုင်သူ ကိုကျော်ဆန်းက ပြောပြခဲ့ပါသည်။
အဆိုပါ မီးလောင်မှု အကြောင်းအရင်းအား စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းမှုမှာ ဖော်ဖော်ဝါရီလ ၃ ရက် ည ၇ နာရီ ၁၅ မိနစ် အချိန်ဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ၈ နာရီ ၂၅ မိနစ် အချိန်တွင် ငြှိမ်းသက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မီးဘေးကြောင့် အိမ်ထောင်စု ၂၂၀ မှ လူဦးရေ ၇၂၅ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြရကြောင်း မီးလောင်မှု ဖြစ်စဉ်တွင် စာရင်းဇယား ကောက်ယူနေသည့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်သို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄၉ စီး အထောက်အကူပြုယာဉ် ၃ စီးနှင့် အုပ်ချုပ်မှုယာဉ် ၅ စီးတို့ လာရောက် မီးငြှိမ်းသတ်ခဲ့ ကြကြောင်း သိရသည်။ EMG
Labels:
ပြည်တွင်းသတင်း
လက်စွပ်အတုကြောင့် လက်ထိပ်ဝတ်ရသူ

February 3, 2013
မြောက်ဥက္ကလာပ (ဋ္ဌ) ရပ်ကွက် ခေမာ (၅) လမ်းနေ မယုယုဇင်သည် ဇန်န၀ါရီလ (၂၇) ရက်နေ့ (၁၂း၀၀) နာရီခန့်အချိန် တွင် အလေးချိန် ၃ ပဲ ၄ ရွေးခန့် ကျောက်တစ်လုံးလက်စွပ်အား ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ရတနာ လမ်းထောင့်အမှတ် တ/၅၀ ရှိ လက်ကီးဆဲဗင်းအမိန့်ရအပေါင် ဆိုင်သို့ကျပ်ငွေ ၁၁၀၀၀၀ နှင့် ပေါင်နှံခဲ့ကြောင်း သိရှိရသည်။
ဆိုင်တာဝန်ခံဖြစ်သော မသင်းသင်းခိုင်မှ မယုယုဇင်ပေါင် နှံသွားသောလက်စွပ်အား သေချာ အောင်စစ်ဆေးကြည့်သောအခါ တွင် ရွှေအ တုဖြစ်နေကြောင်း ၎င်းကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြောပြ၍ သိရှိရသည်။အဆိုပါ မယုယုဇင်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ (၀၃း၀၀) နာရီခန့်အချိန်တွင် ဒုတိယအကြိမ် ဆိုင်သို့ထပ်မံရောက်ရှိလာပြီး ပုံစံ တူ ၃ ပဲ ၄ ရွေးခန့်ကျောက်တစ် လုံးလက်စွပ်အတုအားပေါင်နှံနေ စဉ်ပထမအကြိမ်ပေါင်နှံသွားသော မယုယုဇင်မှန်းသိရှိခဲ့၍ ထိုအချိန် တွင်လှည့်ကင်းတာဝန် ထမ်းဆောင် နေသော အုပ်ချုပ်ရေးမှူးထံ ဖုန်း ဆက်အကြောင်းကြားခဲ့ကြောင်း ပြောကြား၍ သိရှိရသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရဲတပ်ကြပ်အောင်နိုင်ဦးရဲတပ်သား ကျော် သူဇင်နှင့် အောင်ဟိန်းတို့ ရောက်ရှိလာပြီး ပူးပေါင်းဖမ်းဆီး လိုက်ကြောင်း သိရှိရပါသည်။
ဒုတိတယကြိမ်မယုယုဇင်လာ ရောက်ရောင်းချသော လက်စွပ်မှာ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေး သည်အခါ ရွှေအတုဖြစ်နေကြောင်း၊ သို့သော်ဆိုင်တာဝန်ခံအမှုဖွင့်ရန် အချိန်မပေးနိုင်ခြင်းအပါအ၀င် အခက်အခဲအချို့ကြောင့် ၎င်းင်း မယုယုဇင်အား ရဲစခန်းမှခြေချုပ် ပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
အရိန္ဒမာ (ဘိုကလေး)
The Hot News
Labels:
ပြည်တွင်းသတင်း
ကားလုံးနေတယ်
February 3, 2013

““ကားလုံးနေတယ်”” ဆိုတာကာလပေါ်ဝေါဟာရ အသစ် တစ်ခုပါပဲ။ ဗြုန်းကနဲတော့ ဘာ ဆိုလိုမှန်းသိမယ်မဟုတ်ပါဘူး၊ တိုက်ကြီး၊ ဆူးလေ အမြန်ယာဉ် လိုင်း(အထူး)ကားလောကသားတို့ ရဲ့ စကားအထာတစ်ခုပါပဲ။ တစ် ချိန်တုန်းကတော့၊ လိုင်းကားတွေ ပြိုင်မောင်းနေကြရင် ကားချင်း ဖိုက်တယ်လို့ပြောကြတယ်၊ ခုတော့ ပြောင်းသွားကြပြန်ပြီ၊ ““ကားလုံး နေတယ်””တဲ့ သူတစ်ပြန် ကိုယ် တစ်ပြန် နပမ်းသတ်နေကြတဲ့ သဘောပေါ့။
ကားပြိုင်မောင်းနေတယ်ဆို လို့ နိုင်ငံတကာကားမောင်းပြိုင်ပွဲ တို့၊ ရန်ကုန်မြို့လယ် သန်းခေါင် ယံ ကားမောင်းပြိုင်ပွဲမျိုးတွေတော့ မဟုတ်ပါဘူး သည်ထက် ပိုဆိုး မယ်ထင်ပါတယ်။ ခရီးသည်ပြည် သူ လူ့အသက်ပေါင်းများစွာ စီးနင်း လိုက်ပါလာတဲ့တိုက်ကြီး၊ ဆူးလေ အမြန်ယာဉ်လိုင်းအထူးကားကြီး တွေ ပြည်ထောင်စုလမ်းမကြီးပေါ် မှာ၊ သူ့ကျော်တက်၊ ကိုယ့်ကျော် တက်နဲ့ ခရီးသည်လုတင် ပြိုင် မောင်းနေကြတဲ့ လောဘဇော ကားမောင်းပြိုင်ပွဲကြီးပါပဲ။ သူတို့ အခေါ် ““ကားလုံးနေတယ်””လို့ ဆို ပါတယ်။ ဘယ်ဘာသာစကားမှ အရာမ၀င်တဲ့ ဝေါဟာရတစ်ခုပါ။
တိုက်ကြီး-ရန်ကုန်ခရီးကို နေ့စဉ်သွားလာနေကြရတဲ့ ခရီး သည်များအဖို့ တစ်နေ့နေ့၊ ဘယ် နေ့ပိုးဆိုးပက်စက် သေပွဲဝင်ရမလဲ တောင်မသိတော့ပါဘူး၊ နေ့စဉ် ကြုံတွေ့နေရတဲ့ စွန့်စားမှုကြီး တစ်ခုလိုပါပဲ၊ သို့ဖြင့်
ဇန်န၀ါရီ (၂၉)ရက် နံနက် (၇း၁၅)နာရီထွက်တဲ့ ကားခရီးစဉ် မှာတော့ သည်းခံနိုင်စွမ်းမရှိတော့ ပါဘူး။ မှော်ဘီမြို့အကျော် လောက်မှာ ဆီးသွားချင်လာတယ် အသက်ကလည်း (၇၀)နားနီး၊ ဆောင်းမနက်လည်းဖြစ်ပြန်ဆို တော့၊ ရန်ကုန်ရောက်တဲ့ထိ အန္တရာယ်မလွယ်နိုင်တာနဲ့ ယာဉ်အကူ (စပယ်ယာ)ကို ကျန်းမာရေး တောင်းရပါတယ်၊ ထိုလူငယ်က ခပ်ငေါက်ငေါက်ပြန်ဖြေပါတယ်။
““ကျွန်တော်တို့ ““ကားလုံးနေ တယ်””၊ ရပ်မပေးနိုင်ဘူး ဆင်းချင် အပြီးဆင်းသွားပါ””တဲ့ တော်တော် ယဉ်ကျေးပါပေတယ်၊
မိမိအန္တရာယ်မလွယ်နိုင်လို့ ရှေ့ခေါင်းခန်းသွားပြီး ယာဉ်မောင်း (မော်တော်ယာဉ်မှူး)ကို အားကိုး တကြီးတောင်းပန်ရပြန်ပါတယ်၊ လေသံက ပိုဆိုးပါတယ်ခင်ဗျာ။
““ဟာဗျာ ဒီမှာကားလုံးနေ တယ်ဗျ။ ဦးလေးက တော်တော်ရှုပ် တာပဲ””ဟု ငေါက်ပြန်ပါသည်။ ကားတော့ အရှိန်နည်းနည်းသတ် သွားသည်။
““ကဲ သွားဗျာ-မြန်မြန်လုပ်”” ဟုဆိုပြန်သည်။ စိတ်အတော် ဆင်းရဲလွန်းလို့ အလျှော့ပေးလိုက် ပါတယ်။
““ဒါဆိုလည်း ဆက်မောင်းပါ ကွာ””ဟု အားနာ၍ မောင်းခိုင်းပါ သည်။
သို့သော်
““လုပ်ဗျာ-လုပ်ဗျာ-မြန်မြန် ဆင်း””ဟု အချေတင်အငြင်းပွား ရာက ကားကိုအရှိန်သတ်ရပ်ပေး သည်။ လမ်းဘေးအမြန်ပြေးဆင်း ရသည်။ တစ်ဖက်ကားအလာကို လည်း ကြည့်ရသေးသည်။ ကလေးတစ်ယောက်လို ကား သမားအော်ငေါက်တာလည်းခံရ၊ အကာအကွယ်မရှိတဲ့နေရာလည်း ဖြစ်၊ ကားပေါ်ကလူတွေလည်း ကြည့်နေတာဆိုတော့၊ ဆီးက ထွက်မလာတော့၊ ဖြစ်ချင်ရာဖြစ်၊ ကားပေါ်ပြန်ပြေးတက်လိုက်ရ တော့သည်။ ကားခြေနင်းခုံပေါ် တက်ဟန်ပြင်ရုံရှိသေး၊ ကားဘီး က လိမ့်နေပြီ၊ လူလုံးအထဲ ရောက်အောင် မနည်းတက်ယူ လိုက်ရသည်။ သေဘေးကအလွန် နီးလှ၏။ ဤနေ့ခရီးက ကံမ ကောင်း၊ တစ်နာရီမိုင် (၃၀) မမောင်းကြတော့ သူတို့လောဘ နဲ့ သူတို့ကားလုံးနေတာ၊ အန္တရာယ်များလှသည် ““ဆီးကလည်း အောင့်လွန်းလှသည်။ထို့ကြောင့်””
““ဟေ့မင်းတို့ကားရပ်၊ ငါ ဆင်းမယ်””ဟု အော်ပြောပြီး၊ ဆက်မစီးရဲတော့သဖြင့် မှော်ဘီ အလွန်မှာပဲ ဆင်းကျန်ရစ်ရတော့ သည်။
တိုက်ကြီးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးဖုန်း-၀၅၅၂၀၀၀၆ သို့ သတင်းပို့သည်။ ပြန်ကြားချက်ရသည်။ တိုက်ကြီး မထသဌာနခွဲမှူးဆီ ဖုန်းဆက် ထားပါပြီ။ စစ်ဆေးအရေးယူပါ မည်တဲ့၊ မြောက်ပိုင်းခရိုင် မထသ ဖုန်း-၀၁၆၄၀၄၅၈ သို့ သတင်းပို့ သည် ““ဟုတ်ကဲ့ လမ်း ၃၀ မှာ ဂိတ်ထိုးပါတယ်””
တိုက်ကြီး မထသဌာနခွဲ ဖုန်း ၀၅၅၂၀၀၃၆ သို့ သတင်း ပို့သည် ““ဟုတ်ကဲ့ သတင်းပို့ချက် မှတ်တမ်းရောက်နေပါပြီ၊ စစ် ဆေးအရေးယူဆောင်ရွက်ပါမယ်”” လို့ တာဝန်ရှိသူတွေက ပြောကြား ပါတယ်။
ယနေ့လုပ်ငန်းခွင် နယ်ပယ် အသီးသီးမှာ““၀န်ဆောင်မှု””ဆိုတာ အတော်တွင်ကျယ်နေပါပြီ၊ ကုန် တိုက်၊ စားသောက်ဆိုင်၊ ယာဉ် လိုင်း၊ ကုမ္ပဏီ၊ အဖွဲ့အစည်း စတာတွေမှာ၊ ဈေးဝယ်သူ၊ စား သုံးသူ၊ ခရီးသည်၊ မိဘပြည်သူ တွေကို ထမင်းရှင်အဖြစ် စိတ် ချမ်းမြေ့မှု၊ ကျေနပ်နှစ်သိမ့်မှုတွေ ရှိအောင် အတတ်နိုင်ဆုံး ကြိုး ပမ်းဝန်ဆောင်နေကြသူတွေသာ အောင်မြင်မှုကို ရနေကြပါတယ်။ နိုင်ငံတကာစံနဲ့လည်း လိုက်ဖက် ညီပါတယ်။ လူကြီးလူကောင်း ဆန်တယ်၊ မိကောင်းဖခင်သား သမီးပီသတယ်၊ ယဉ်ကျေးမှုရှိ တယ်ပေါ့ဗျာ။
ရန်ကုန်-နေပြည်တော်-မန္တ လေးလိုင်းတွေမှာ ခုဆိုရင် ခရီး သည်တွေ စိတ်ချမ်းမြေ့စွာ စီးနင်း နိုင်ဖို့ အန္တရာယ်ကင်းရှင်းစွာ ဘေးမသီရန်မခလိုရာခရီးရောက် ကြစေဖို့ အတတ်နိုင်ဆုံးဖြည့် ဆည်းတဲ့ဝန်ဆောင်မှုတွေကို ပြိုင် နေကြတယ်။ ဒီမှာက ကားမောင်း ပြိုင်၊ ငွေရှာပြိုင်၊ မာနပြိုင်နေကြ တယ် ““ဘာမှမဖြစ်ရင်တော့ ဘာ မှမဖြစ်ဘူးပေါ့”” ““ပြဿနာဖြစ်ပြီ ဆိုရင်တော့ ကားထားပြီး ထွက် ပြေးကြပြီ”” မရှုမလှသေဆုံး၊ ဒဏ် ရာတွေရတဲ့ ခရီးသည်တွေဘ၀ ကတော့ ပူဆွေးငိုကြွေးကြရပြီ လေ။ သတိပေးချင်ပါတယ်။ ကားပြိုင်မောင်းလို့ ဘယ်သူကမှ မချီးမွမ်း၊ ဆုလည်းမချပါဘူး။ ဘာဘွဲ့ထူးမှလည်းမရပါဘူး။ ယာဉ် မောင်းသူများသာ ဘ၀ပျက်ပါ တယ်”” ““မဟာဝိဇ္ဖာ ကားထား ပြေးဘွဲ့””သို့မဟုတ် မဟာဝိဇ္ဖာ သေစမ်းကွာဘွဲ့””တွေပဲရပါလိမ့် မယ်။
-အန္တရာယ်ကင်းစွာမောင်း နှင်ပါ။
-ခရီးသည်များအသက် သင့်လက်ထဲမှာရှိသည်။
-မေတ္တာနှင့် စေတနာပေါင်း စပ်လုပ်ကိုင်ပါ။
မည်သို့ဆိုစေ လူလောက နယ်ပယ်အသီးသီးတွေမှာ စိတ် ချမ်းသာဖို့၊ ကောင်းကျိုးဖြစ်ဖို့၊ ငြိမ်းချမ်းဖို့ဆိုရင် သော့ချက် ၂ ချက်ပဲရှိပါတယ်။ အဲဒါက မေတ္တာနဲ့ စေတနာပါ။
သောင်းညွှန့်သစ်

အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရမိ
ဖေဖော်ဝါရီ ၂
၃၀-၁-၂၀၁၃ရက်နေ့ ၀၅၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကံကောက် ရပ်ကွက်၊ ကျောက်စေတီကျောင်းဝင်းအတွင်း တရုတ်နိုင်ငံမှ တင်သွင်းလာသော အကောက် ခွန်မဲ့ပစ္စည်းများ ရောက်ရှိနေကြောင်းသတင်းအရ မန္တလေးအမှတ်(၃)ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်မဲမြို့နေ အိုက်ဇော်(၄၀)နှစ် မောင်းနှင်သည့် ၄ခ/xxxxယာဉ်နှင့် သီပေါမြို့နေ ချစ်အေး(၂၅)နှစ် မောင်းနှင်သည့် ၂ခ/xxxxယာဉ်များပေါ်မှ ကုန်ပစ္စည်းများသယ် ချပြုလုပ်နေသည်ကို တွေ့ရှိရပြီး အဆိုပါ ပစ္စည်းပိုင်ရှင်မှာလားရှိုးမြို့၊ ရပ်ကွက် (၈)နေ ကျော်စိုးခိုင်(၃၅)နှစ်ဖြစ်ကြောင်း၊ ယာဉ်ပေါ်ရှိပစ္စည်းများမှာ ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံမှ တင်သွင်းလာသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့(၃)ဦးအား ရဲစခန်းသို့ ခေါ်ဆောင်၍ သက်သေများနှင့်အတူ စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံလုပ် Richdoor တံဆိပ်သော့မျိုးစုံပါ ပစ္စည်း(၄၃)မျိုးအား ထုပ်ပိုး ထားသည့် ဂျပ်ဖာ ၇၈ ဖာ၊ အထုပ် ၂ ထုပ်၊ အိတ် ၄ အိတ်နှင့် အကြွေစေ့ထည့်ကစားသည့် ဂိမ်းစက်မျိုးစုံ (၁၃)လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကုန်ပစ္စည်းများအား ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တင်သွင်း သူကျော်စိုး ခိုင်နှင့် ယာဉ်မောင်း အိုက်ဇော်၊ ချစ်အေးတို့(၃)ဦးအား မန္တလေးအမှတ်(၃)ရဲစခန်း(ပ)၄၆/၂၀၁၃၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
The Express Times

ဆင်ပစ်မုဆိုးအား ဖမ်းဆီးရမိ
စီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး လျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုး ၀ိုင်းအတွက်အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိသစ်မာ မျိုးစုံစိုက်ခင်းဧက ၂၀၀ ကိုအောင်မြင်စွာတည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့စာချုပ် ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။
ကျွန်တော်စိုက်ခင်းလုပ်ငန်းများကို ထမ်းဆောင်နေစဉ်ကြီးကြပ်ရေးမှူးတစ်ဦး မှ သတင်းတစ်ခု ထူးခြားကြောင်း “တောဆင်များကို သတ်ပြီးအစွယ်နှင့် ဆင်သား ရေ၊ နှာမောင်း၊ အသားမှအစ အရောင်း အ၀ယ်ဖြစ်နေကြောင်း” သတင်းပေးပါ သည်။
အဆိုပါသတင်းကြားရပြီး ဖြစ်ရပ် မှန်ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံဖြင် စုံစမ်းထောက်လှမ်းလျက်ရှိပါ သည်။၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက် နေ့ ညနေ့ပိုင်းကြီးကြပ်ရေးမှူး ဦးမောင် လွင်နှင့် ဦးတင်ဌေးတို့ စိုက်ခင်းမီးတား လမ်းများ ဖောက်လုပ်ခြင်းမှာ အပြန် “အဘ ဒီနေ့ထူးခြားဖြစ်စဉ်တစ်ခုတင်ပြလို ကြောင်း ဘိုင်းဒါကြိုးဝိုင်းအကွက်အမှတ် (၁၀၉) ကျွန်းစိုက်ခင်း ၂၀၁၁-၂၀၁၂ စိုက်ခင်းနှင့် မီတာ
၄၀၀ ခန့် အကွာလျှို ထဲမှ တူမီးသေနတ်သံ (၂) ချက်ကြားရ ကြောင်း တင်ပြလာသည်။
ပဲခူးအနောက် ဆင်ပစ် မုဆိုးအန္တရာယ်ကို ကြောက်ရွံ့ပြီး ပဲခူးအရှေ့သို့ဆင်များ ပြောင်းရွေ့နေထိုင်ကြ သည်။ ၁၀.၁. ၂၀၁၃ နေ့ စခန်းရုံးနှင့် မီတာ ၄၀၀ ခန့် အကွာ ၁၂ ခန့်အမြင့်ရှိ ဟိုင်းဆင်ကြီး တစ်ကောင်ရောက်နေကြောင်း သိရသဖြင့် သွားရောက်ဓာတ်ပုံရိုက်ခြင်း၊ ညနေစောင်း မပြန်မီ “မင်း ဒို့စခန်းလဲလာလို့ရကြောင်း” အမှတ်မထင်ပြောခဲ့သည်။
ယင်းနေ့ည ၇း၃၀ နာရီခန့် စခန်းရုံးကာရံထားသည့် ၀ါးခြံစည်းရိုးအားဖြုတ်ပြီးထမင်းချက် ခန်းအနီး သို့ရောက်လာသဖြင့် ပန်းသီးတစ်ခြမ်းကျွေးပြီး ပြန်သွားရန်ပြောလိုက်ရာ တောတွင်းဝင်သွားခဲ့သည်။
ကြီးကြပ်ရေးမှူး နှစ်ဦးတင်ပြသည့် ထူးခြားဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး ၂၈.၁.၂၀၁၃ ညနေ ၅း၃၀ နာရီခန့် ကျောက်တံခါးမြို့နယ် သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးညွန့်ဝင်း ထံဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သည်။
ဦးညွန့်ဝင်းမှ “ကျွန်တော်ယခု ပဲခူးတိုင်းရုံး အစည်းအဝေးခန်းမတွင်ရှိနေပါကြောင်း တောအုပ် ဦးမင်းသန့်ဇင်ထံ ဖုန်းဖြင့် ဆက်သွယ်ပြီး ကျွန်တော်မှာကြားကြောင်း ပြောရန်” ပြန်ကြားလာသည်။ ဦးစီးအရာရှိ ဦးညွန့်ဝင်း၏ညွှန်ကြားချက်ဖြင့် ညပိုင်း တွင်အဖွဲ့ (၃) ဖွဲ့ခွဲပြီး လုပ်ငန်းစတင်ကြပါသည်။
၂၀၁၃ ဇန်န၀ါရီလ (၂၉) ရက် နံနက် (၇း၀၀) နာရီခန့် တောအုပ်မင်းသန့်ဇင်၊ တောခေါင်းတင်ထွန်းမင်း၊ ကျန်ချောင်း ရဲကင်းမှ ရဲတပ်ကြပ် ထွေးဝင်း၊ ရဲဒုတပ် ကြပ်ဇော်မျိုးလှိုင်၊ ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးမောင်လွင်တို့ပါဝင်သောအဖွဲ့သည် တူမီးသေနတ်သံကြားသည့် ၂၀၁၁-၂၀၁၂ စိုက်ခင်းနေရာအကြား လျှိုအတွင်းသို့သွား ရောက်ရှာဖွေကြစဉ် ဆင်သားရေများ မီးကင်ရန်
ကြတ်စင်ဆောက်ရန် မျောသစ် လုံးများခုတ်ယူနေသူ တစ်ဦးအားတွေ့ရှိ ၍ ရဲဒုတပ်ကြပ်ဇော်မျိုးလှိုင်မှ စတင်ဝင် ရောက်ဖမ်းဆီးပြီး စစ်ဆေးရာအုတ်ဖို့မြို့ နယ်၊ ၀ိုင်းအုပ်စု၊ ချောင်းစောက်ရွာမှ မင်းမင်း (ခ) အောင်ထွန်းမင်းဖြစ်ကြောင်းသူကိုယ်တိုင်ဆင်အားတူမီးသေနတ်ဖြင့် (၂) ကြိမ်ပစ်၍ သတ်ခဲ့ကြောင်း သူနှင့် အတူ ထွန်းထွန်းဦး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့နှင့် နတ္တလင်းမြို့၊ ပဲခူးအနောက် ကွင်းစမ်းကျေးရွာ စိုးလွင်တို့ ဆင်သေအနီး ကြတ်စင်ဆောက်လုပ်နေကြောင်း တူမီး သေနတ်အား ကျောပိုးအိတ်ပေါ်တင်ထား ခဲ့ကြောင်းထွက်ဆိုပြောကြားသည်။
မြို့ချောင်းရဲစခန်းသို့ အကူအညီ တောင်းခံခဲ့သည်။ မြို့နယ်သစ်တောဦးစီး အရာရှိ ဦးညွန့်ဝင်း၊ မြို့ချောင်းရဲစခန်းမှ ဒုရဲအုပ် ထွန်းလင်းအောင်၊ သိန်းဗိုလ်၊ ကျန်ချောင်းရဲကင်းမှ ရဲအရာခံ ကြာညွန့် နှင့် ချင်းတွင်းမြစ်ကြောင်းစီမံကိန်းကုမ္ပဏီ မှ အထွေထွေမန်နေဂျာဦးအောင်ဖိုး၊လ/ထမန်နေဂျာဒေါ်ရတနာ
သိန်းနှင့်ဂျို့ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါ ၀င်သော ဖမ်းဆီးရေးအဖွဲ့သည် ဆင်သေ ရှိရာ လျှိုအတွင်းပိုင်းအထိဝင်ရောက်စစ် ဆေးရှာဖွေရာ သားရေများခွာထားသည့် (၁၅) နှစ်သားအရွယ် အမြင့် ၇ ပေခွဲခန့် ရှိ ဆင်သေအားတွေ့ရှိသည်။
ယင်းအနီး တွင် ကျောပိုးအိတ်ကို တွေ့သော်လည်း တူမီးသေနတ်အားမတွေ့ရှိတော့ကြောင်း အပေါင်းပါ (၂) ဦးလည်း ထွက်ပြေးသွား ကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးမိုင်တိုင် ၇၅ မိုင် ၁ ဖာလုံလမ်း အနောက်ဘက်တောစပ်တွင် ၀ှက်ထား သည့်လော်ဂျာ အနက်ရောင်မော်တော် ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ သည်။
ဆင်ပစ်သူ မင်းမင်း (ခ) အောင်ထွန်း မင်းအား မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးညွန့်ဝင်းမှ ဆက်လက်စစ် ဆေးမေးမြန်းရာ ဆင်သားရေကိုကြတ် တိုက်ပြီး တစ်ပိဿာတစ်သောင်းခွဲကျော် ဖြင့်
ရောင်းရကြောင်း၊ ဆင်နှာမောင်းကို အစိမ်းရေခဲစိမ်ပြီး တရုတ်နယ်စပ်သို့ ပို့ကြောင်းတစ်ပိဿာ ရှစ်သောင်းကျပ်ရောင်း ရကြောင်း၊ အစွယ် တစ်ပိဿကျပ်ငါးသိန်း ဖြင့် ရောင်းရကြောင်း ၂၀၁၂ ခုနှစ်၊ ဧပြီ လ အတွင်းကလည်းယခုကဲ့သို့ဆင်အား ပစ်သတ်ပြီးရောင်းခဲ့ဘူးကြောင်း သူကဲ့သို့ ဆင်ပစ်အဖွဲ့ (၆) ဖွဲ့ခန့်ရှိကြောင်း ရဲနွယ် ချောင်းဘက် တွင်ရှိကြောင်း ပြောကြားသည်။
ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အရေး ယူဆောင်ရွက်လျက်ရှိပြီး အမှုကို ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းရဲစခန်း မှ (ပ) ၉/ ၂၀၁၃၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ များ ပုဒ်မ ၃၇ (က) အရ အမှုဖွင့်အရေး ယူလျက်ရှိသည်။
မောင်ဘုန်း (ဥပဒေ)

တည်းခို ခွင့် မပေး လို့  အခက်ကြုံ ရသည့် ကမ္ဘာ လည့် ခရီးသွား
၃၁.၁.၂၀၁၃ ညနေ၀၄.၀၀၀န်ကျင်ခန့် တွင်ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ် သို့  ရန်ကုန် မှ မန်လေးကို စက်ဘီးဖြစ်ခရီသွားမည် Belgian နိုင်ငံသားအသက် ၅၉ ရှိ Heiz Zimmer ဆိုသူရောက်ရှိလိုလာပါတယ် (စက်ဘီးဖြစ်)အချိန်နောက်ကျနေပြီဖြစ်သည်အတွက် မန်လေးလမ်းမပေါ်ရှိ သိရီမင်္ဂလာကျောင်းတိုက် ဆရာတော်ထံတစ်ညတာအိပ်စက်ရန်ခွင့်တောင်းပါတယ် ဆရာတော်မှခွင်ပြုပါတယ် ၊။၁၅ မိနစ် ခန့် ကြာသော်….ဒိုက်ဦးမြို့မှဒေသခံရဲအရာရှိများနဲ့ လ၀ကအရာရှိမျာှးးရောက်ရှိလာပြီး HeizZimmer
အားဒိုက်ဦးမြို့မှာအိပ်စက်ခွင်းမပြုပဲ ညောင်လေးပင်မြို့ သိုခရီးဆက်ပါဆိုပြီးပုတ်ထုတ်လိုက်ပါတယ်။
ညောင်လေးပင်မြို့ သို့ ရောက်သော်လည် ဒေသခံရဲအရာရှိများနဲ့ လ၀ကအရာရှိများရောက်ရှိလာပြီး
ဒီမြို့ မှ ဟိုတယ် နဲ့  တည်ခို့ ခန်း မရှိဟုဆိုက ပဲခူးမြို့ သိုပြန်ရန်ပုတ်ထုတ်လိုက်ပြန်ပါတယ်။
Heiz Zimmer ဟာတစ်ညတာအိပ်စက်ဖို့ ရတက်ပွေရပါပြီး ဒိုက်ဦးမြို့ဒေသခံရဲအရာရှိများ နဲ့ လ၀ကအရာရှိများ၏ကောင်း မှူကြောင်း ဒိုက်ဦးမြို့မှညောင်လေးပင်မြို့ သို့  စက်ဘီးဖြစ် ၁ နာရီ ကြာခရီး နှင် ရပါတယ်ညောင်လေးပင်မြို့ သို့ ရောက်သော်လည် ဒေသခံရဲအရာရှိများနဲ့ လ၀ကအရာရှိများက လက်မခံရင် Heiz Zimmer တစ်ယောက်အခက်တွေရပါပြီး။ဒိုက်ဦး ကိုပြန်ပြီးသိရီမင်္ဂလာကျောင်း တိုက်ဆရာတော်ထံအကူအညီတောင်းမှဖြစ်မည်ဟု Heiz Zimmer အတွေရပြီးဒိုက်ဦးကို ပြန်ပါတယ်။(စက်ဘီးဖြစ်)ှ ညောင်လေးပင်မြိုမှဒိုက်ဦးမြို့သို့  စက်ဘီးဖြစ်၁နာရီကြာခရီးထပ်နှင်ရပါတယ်။
ဒိုက်ဦးမြို့ သိရီမင်္ဂလာကျောင်းတိုက် ညနေ ၀၆း၄၅ မှ မောပန်ကြီးစွာဖြစ် Heiz Zimmer တစ်ယောက်
ပြန်ရောက်လို့လာပါတယ် ။ ဆရာတော် ကနောက်ထပ်ဘယ်မှသွားခွင်းမပြုတောပဲ ကျောင်းမှပဲအိပ်စက်
ပြီး ၁.၂.၂၀၁၃ နံနက် မှ ဒိုက်ဦးမြို့  မှ ဖြူး မြို့ သို့ (စက်ဘီးဖြစ်)ထွက်ခွာသွားပါတောတယ်။
( Warmly Welcome & Take Care of Tourist) နှိင်ငံခြားသားခရီးသွားဧည့်သည်များကိုကူညီပါ
ဆိုသော ဆိုင်းဘုတ်များကတော့မြို့ နယ်တိုင်းမှာတွေရမြင်ရပါတယ်။ ဒိုက်ဦးမြို့ က သက်ဆိုင်ရာဝန် ထမ်များကတောဒီလိုကူညီလိုက်တာပါ။
FNG
Labels:
ပြည်တွင်းသတင်း
ရုန်းကန်နေတဲ့အသက်ဝိဥာဉ်များ တစ်ကိုယ်တော်ဓာတ်ပုံပြပွဲ
မောင်ဘဦး (မန္တလေး) ရဲ့ ရုန်းကန်နေတဲ့အသက်ဝိဥာဉ်များ တကိုယ်တော်ဓာတ်ပုံပြပွဲကို မန္တလေးမြို့ ၃၄လမ်း၊ လမ်း၈၀နဲ့ ၈၁ လမ်းကြားရှိ ရာပြည့်မန္တလေး စာအုပ်ဆိုင်အမှတ် ၂ ရှိ သီရိပန်းချီအနုပညာပြခန်းမှာ ဒီနေ့နံနက် ၉ နာရီက စတင် ပြသခဲ့ပါတယ်။ တကိုယ်တော်ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ မှ ၃ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။
မောင်ဘဦး (မန္တလေး) အသက် ၄၀ မပြည့်ခင် အကြိုအဖြစ် ပထမအကြိမ် ပြသတဲ့ တကိုယ်တော်ဓာတ်ပုံပြပွဲလည်း ဖြစ်သည်။ ဓာတ်ပုံပေါင်း ၄၀ ကျော်ကို ပြသခဲ့ပြီး ပြသတဲ့ဓာတ်ပုံ အရွယ်အစားကတော့ 12" x 18", 12" x 24", 12" x 26", 24" x 36" တွေ ဖြစ်ပါတယ်။
မောင်ဘဦး (မန္တလေး) သည် မန္တလေး ဓာတ်ပုံအသင်း၊ အထက်မြန်မာပြည်ဓာတ်ပုံအသင်းနဲ့ မြန်မာနိုင်ငံဓာတ်ပုံအသင်းတွေက တံခွန်စိုက်ဆုတွေ၊ နှစ်ပတ်လည်ဓာတ်ပုံပြိုင်ပွဲ ဆုတွေနဲ့ တပ်မတော်နေ့၊ အိုလံပစ်အားကစားနဲ့ အထိမ်းအမှတ်ပြိုင်ပွဲပေါင်းများစွာက ဆုပေါင်းများစွာကို ရရှိခဲ့ဖူးသည်။
နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲ အတွေ့အကြုံတွေကတော့ မာဇဒါကားကုမ္ပဏီဓာတ်ပုံပြိုင်ပွဲ ၁၉၉၄ ခုနှစ် ပထမဆု၊ ဟီးနိုး ကုမ္ပဏီဓာတ်ပုံပြိုင်ပွဲ ၁၉၉၅ ဒုတိယဆု၊ တရုတ်နိုင်ငံက ကျင်းပတဲ့ ကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲ ၁၉၉၅ ဒုတိယနဲ့ အကောင်းဆုံးဓာတ်ပုံဆု၊ ယူနက်စကို၊ နီကွန် ဓာတ်ပုံ ပြိုင်ပွဲတွေမှာ အထူးဆုတွေ ရရှိထားပါတယ်။
မောင်ဘဦး (မန္တလေး) ဟာ မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့ အမှုဆောင်၊ စာကြည့်တိုက်မှူး အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ အခုလက်ရှိ မန္တလေးဓာတ်ပုံအသင်းမှာ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေပြီး ဓာတ်ပုံပညာသင်ကြားခြင်းနဲ့ ဓာတ်ပုံပြိုင်ပွဲတွေမှာ အကဲဖြတ်ခြင်းတွေကို ဆောင်ရွက်လျက်ရှိသည်။
DVB TV News
သတင်းဓာတ်ပုံ - Thu Ra Phyo Wai
Labels:
ပြည်တွင်းသတင်း
ကိုမင်းကိုနိုင်ကို တမင်ချန်ထားတာလား (သို့) အမှားတွေထပ်ကျူးလွန်တာလား
ကျနော်တို့  တာမွေမြို့ နယ် ၁၅၃ လမ်းမှာ ယနေ့ည ( ၁ ) ရက်နေ့ကျင်းပ ပြုလုပ်မယ့် စာပေဟောပြောပွဲကို သံသယရှိစရာ သတင်းအမှားတပုဒ်အနေနဲ့ သတင်းထောက် စိန်လွင်အောင်က မြန်မာ့အလင်းသတင်း စာမှာ ယနေ့ ဖော်ပြလိုက်ပါတယ်။ သတင်းစာမှာ ဖော်ပြထားသည်က ကျင်းပမည့်ရက်စွဲကိုကွဲလွဲစွာဖော်ပြ ထားပြီး (၂) ရက်နေ့ဟုဖော်ပြထားခဲ့ပါတယ်။
၎င်းသတင်းမှာပင် ဟောပြောမည့် စာရေးဆရာများကို ဖော်ပြရာတွင် ၈၈ ကျောင်းသားခေါင်းဆောင်တ ဦး ဖြစ်သည့် ကိုမင်းကိုနိုင် ကိုချန်လှပ်ထားခဲ့သည် ကိုလည်း မြင်တွေ့နိုင်ပြီး ဆရာညီမင်းညိုအမည်အစား ဆရာညိုမင်းလွင်ဟုဖော်ပြထားပါသည်။
ကျနော်တို့  အနေနှင့် စာပေဟောပြောပွဲ ကို စတင်စီစဉ်ကတည်းကပင် ဟောပြောမည့်စာရေးဆရာ သုံးဦးဖြစ်သည့် ဆရာမောင်သာချို ၊ ဆရာ ညီမင်းညို ၊ ဆရာမင်းကိုနိုင်(၁၅၃)လမ်းသား ဟု လွဲမှားချက် မရှိပဲထုတ်ပြန်ကြေငြာထားပြီး ရပ်ကွက် ၊ မြို့ နယ် ၊ခရိုင် ၊တိုင်း စသည်သက်ဆိုင်ရာ အဖွဲ့ အစည်း များထံသို့  အကြောင်းကြားစာပေးပို့ ရာတွင်လည်း မှားယွင်းချက်မရှိ အကြောင်းကြားခဲ့ပြီးဖြစ်သည် ။
သို့ သော် ယနေ့ မြန်မာ့အလင်း သတင်းစာပါ သတင်းအနေဖြင့် ပြည်သူလူထုအား အမှတ်မှားစေရန် ရည်ရွယ်ချက်ရှိရှိ ဖော်ပြလိုက်တာလား ဒါမှမဟုတ် အမှတ်မဲ့မှားယွင်းမှု့လား ဖော်ပြသည့်သတင်းစာမှ တာဝန်ရှိသူများ သာသိရှိပါလိမ့်မည် ။
စာရေးဆရာ သုံးဦးအနက်မှ တဦးဖြစ်သည့် ကိုမင်းကိုနိုင် တယောက်လုံးချန်လှပ်ထားခဲ့သည်ကတော့ အရုပ်ဆိုးအကျည်းတန်လွန်းသည့်အတွက် တာမွေသားတယောက်အနေနှင့် သော်လည်းကောင်း စာပေပြောပွဲကျင်းပရေး စီစဉ်သူတယောက်နေ သော်လည်းကောင်း ကျနော် လုံးဝ လက်မခံနိုင်ပါကြောင်း ဖော်ပြလိုက်ပါသည် ။
Myat Thu
Mandalay Voice

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဂီတ ပွဲတော်ကို သုံးရက်တိုင် ပြုလုပ်ခဲ့ပြီး ဆုကိုးဆုအား ရွေးချယ်ချီးမြှင့်ခဲ့
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဂီတပွဲတော်ကို ဇန်န၀ါရီလ ၂၉ ရက်နေ့မှ ၃၁
ရက်နေ့အထိ သုံးရက်တိုင် ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပြုလုပ်ခဲ့ပြီး
ဇန်န၀ါရီလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း
အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ဒုတိယ အကြိမ်မြောက် ကျင်းပပြုလုပ်သည့်
‘လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဂီတပွဲတော်’ သို့ မှတ်တမ်းဇာတ်ကားနှင့်
ဇာတ်ကားတို ၆၀ ကျော် ပေးပို့ယှဉ်ပြိုင်လာသည့် အနက် နောက်ဆုံး ဆန်ခါတင်အဖြစ်
ရွေးချယ်ခဲ့သည့် ဇာတ်ကား ၃၃ ကားကို ရုပ်ရှင်ပွဲတော် ကာလအတွင်း
ပြသခဲ့ခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုသည့် ပရိသတ်များမှ အကြိုက်ဆုံး
ဇာတ်ကားအား မဲပေးရွေးချယ်သည့် စနစ်ကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့သည်။
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဂီတပွဲတော်’ ဆုချီးမြှင့်ခြင်း အခမ်းအနား၌ အဆိုပါ ပွဲတော်အား ဦးဆောင်စီစဉ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့လာသည့် သ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်နဲ့ ဂီတပွဲတော်ကို ဒုတိယအကြိမ် ထပ်မံကျင်းပ နိုင်တာကို ကြားသိရတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ လွတ်လပ်ခြင်းဆိုတာ အနှောင်အဖွဲ့ကင်းရုံ မက မိမိယုံကြည်ရာကို ဖန်တီးနိုင်ဖို့ အခြေခံ အကျဆုံး အခွင့်အရေး တစ်ရပ်ပဲ ဖြစ်ပါတယ်။
အနုပညာ ဆိုတာလဲ ဒီသဘောပါပဲ။ ဘယ်အနုပညာပဲဖြစ်ဖြစ် လွတ်လပ်ခြင်း အခြေခံပေါ်မှာ ပေါက်ဖွားတာ မဟုတ်ရင် ဘယ်လိုမှ ရှင်သန်ကြီးထွားနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အနုပညာများ ရှင်သန်ပေါက်ဖွားနိုင်အောင် လွတ်လပ်ခြင်းနဲ့အတူ ပြုစုပျိုးထောင်တဲ့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်နဲ့ ဂီတပွဲတော်ဟာ နာမည်နဲ့လိုက်အောင် အဓိပ္ပာယ် ရှိနေပါတယ်။ ကျွန်မတို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ လွတ်လပ်ခြင်းတွေ ဆုံးရှုံးခဲ့ပါတယ်။ ဆုံးရှုံးခဲ့တဲ့ လွတ်လပ်ခြင်းတွေနဲ့အတူ ကမ္ဘာကျော်အောင် ပြောင်မြောက်တဲ့ အနုပညာများ ဖန်တီးခွင့်တွေ ဟာလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆုံးရှုံးခဲ့ရပါတယ်။ လွတ်လပ်ခြင်း ရောင်ခြည်တွေ ခပ်ပြပြ မြင်နေရတဲ့ အခုလို အချိန်အခါမျိုးမှာ အနုပညာ အရည်အသွေးများ ပိုမိုပြောင်မြောက်လာနိုင်ဖို့ ပြုစုပျိုးထောင်ပေးတဲ့ ရုပ်ရှင်နဲ့ ဂီတပွဲတော်မျိုး ပုံမှန် ဆက်လက် ကျင်းပနိုင်တာဟာကျွန်မတို့ တိုင်းပြည်ရဲ့ အနုပညာ အနာဂတ်အတွက် များစွာ အားတက်စရာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သ၀ဏ်လွှာတွင် ထည့်သွင်း ဖော်ပြ ထားပါသည်။
ထို့နောက် ဆုများအား ကြေညာခြင်း မပြုမီ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးဖွဲ့သီဆိုထားသည့် ဂီတအမျိုးအစားစုံ ဆန်ခါတင် တေးသီချင်း ကိုးပုဒ်ကို သီဆိုဖျော်ဖြေပေးခဲ့သည်။ ဆက်လက်၍ ဆုရရှိသူများအား ကြေညာပေးခဲ့ရာ အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆုကို ရှင်ဒေ၀ီက The Bright Future ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး ဇာတ်လမ်းတို ရုပ်ရှင်ဆုကို သုတ (မော်ကွန်း) က မင်္ဂလာပါ ဒီမိုကရေစီ ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး animation ဆုကိုရဲဝင်းက ရုပ်စုံသဘင် ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး photo essay ဆုကို စိုးဇေယျာထွန်းက Dawn of the Nation ဖြင့် လည်းကောင်း၊ ပရိသတ် အကြိုက်ဆုံး မှတ်တမ်း ရုပ်ရှင်ဆုကို ထွန်းထွန်းအေးက Spring Hlegu ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး မြန်မာသံ တေးသီချင်းဆုကို ရဲနိုင်လင်း (ကျိုက်လတ်) က အကြီးမြတ်ဆုံးဂုဏ် တေးသီချင်းဖြင့် လည်းကောင်း၊ အကောင်းဆုံး ခေတ်ပေါ် တေးသီချင်းဆုကို လင်းထက်က အောင်ဆန်းမျိုးဟေ့မြန်မာ တေးသီချင်းဖြင့် လည်းကောင်း၊ အကောင်းဆုံး ဟစ်ဟော့ပ် တေးသီချင်းဆုကို Extra T က ရှင်သန်နေဆဲ သူရဲကောင်းတေး သီချင်းဖြင့် လည်းကောင်း၊ ပရိသတ် အကြိုက်ဆုံး တေးသီချင်းဆုကို စိန်ညီဆွေ(မန်း)က ပြည်သူချစ်သော တို့ဗိုလ်ချုပ် သီချင်းဖြင့် ရရှိခဲ့ပါသည်။
ပထမအကြိမ် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ဇန်န၀ါရီလတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။

အစ်မဖြစ်သူနှင့် အောင်သွယ်ပေးရန်ခေါ်ဆောင်ကာ သားမယား အဖြစ်ပြုကျင့်သူအား အရေးယူ
Friday, 01 February 2013
၃၀-၁-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ ဒေါ်xxx (၅၅)နှစ်သည် နေအိမ်တွင်ရှိနေစဉ် ညီမဖြစ်သူ မxxxx(၄၆)နှစ်မှ ခဏလိုက်ခဲ့ရန်လာခေါ်သဖြင့် လိုက်သွားခဲ့ရာ သာကေတမြို့နယ်၊ ဂန္ဓမာလမ်းထိပ်တွင် သမီးဖြစ်သူ မxxxx(၁၄)နှစ်နှင့် ခင်ထွန်း(၁၅)နှစ် တို့အား လူအများ ၀ိုင်းအုံကြည့်နေသည်ကိုတွေ့ရှိခဲ့ရသည်။
ထိုသို့တွေ့ရှိရသဖြင့် ဒေါ်xxxxမှ သမီးဖြစ်သူအား မေးမြန်းရာ ခင်ထွန်းမှ မxxxxအား အစ်မဖြစ်သူ မxxxxနှင့် အောင်သွယ်ပေးရန်၊ ၎င်းနောက် လိုက်ခဲ့ရန် ပြောဆိုခေါ်ခဲ့ပြီး သာကေတမြို့နယ်၊ ဂန္ဓမာအနောက်လမ်းရှိ
ရေကန်ဘောင်ပေါ်တွင် ပါးစပ်ပိတ်ကာ သားမယားအဖြစ် ၁ ကြိမ် ပြုကျင့်
ခဲ့ကြောင်း ပြောပြသိရှိရ၍ ခင်ထွန်းအား အရေးယူပေးရန် ဒေါ်xxxxမှ တိုင်တန်းခဲ့သဖြင့် သာကေတအမှတ်(၂)ရဲစခန်း(ပ)၉၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရ

Friday, 01 February 2013
ပြည်သူ့လွှတ်တော်၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ မှ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့၊နံနက် ၉နာရီဝန်းကျင် အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ၁၁၅မိုင် စားသောက်ဆိုင်များအနီး၊ဖြူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
''အန်တီက ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်နေ့)မှာ နိုင်ငံခြားက ပြန်လာမယ်။သူပြန်လာတဲ့အခါမှာ လာကြိုမယ့်သူတွေကို နေပြည်တော်က အိမ်ကနေ အထုပ်တစ်ထုပ် ယူလာဖို့ ပြောထားတယ်။အဲဒီအထုပ်ကို သယ်လာတဲ့ အန်တီရဲ့ကားက ရန်ကုန်ကနေ နေပြည်တော်ကို လာတဲ့အချိန်မှာ ၁၁၅မိုင် စားသောက်ဆိုင်တစ်ခုမှာ ကားရပ်ပြီး ခဏ၀င်နားတယ်။သူပြန်လာတော့ ရပ်ထားတဲ့ကားပေါ်က အထုပ်မတွေ့ရတော့ဘူး။ဒါ့ကြောင့် ဖြူးရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်''ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးထံမှ သိရှိရသည်။
အခိုးခံရသည့် အထုပ်တွင် တန်ဖိုးကြီးပစ္စည်းများ ပါဝင်နိုင်ဖွယ် မရှိကြောင်း မည်သည့်ပစ္စည်းများ ပါဝင်သည်ကို အတိအကျ မသိရှိရသေးကြောင်း အဆိုပါ လွှတ်တော် ကိုယ်စားလှယ်က ပြောကြားခဲ့ပါသည်။
( Eleven Media Group )
Labels:
ပြည်တွင်းသတင်း
ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေးအတွက်လက်ပုံသဏ္ဌာန်

Thursday, January 31, 2013
ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး
ဒေါ်အောင်ဆန်းစုကြည် လက်ပုံသဏ္ဌာန် အား ယူနေတဲ့ မှတ်တမ်းဖြစ်...

Thursday, January 31, 2013
ဒေါ်အောင်ဆန်းစုကြည် ၏ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး
ဒေါ်အောင်ဆန်းစုကြည် လက်ပုံသဏ္ဌာန် အား ယူနေတဲ့ မှတ်တမ်းဖြစ်
ပါတယ်..။
ကိုရီးယားသတင်းAp စာမျက်နှာမှဖော်ပြချက်ဖြစ်ပါတယ်..။
ကလေးများအတွက်နွေရာသီအင်္ဂလိပ်စာသင်တန်းများ
အသက် ၇ မှ ၁၅ နှစ်ကလေးများအတွက် နွေရာသီအင်္ဂလိပ်စာသင်တန်းများကို မတ်လ (၂၅) ရက် မှ ဧပြီလ (၁၁) ရက်နေ့အထိ ဗြိတိသျှကောင်စီ (ရန်ကုန်)တွင် ဖွင့်ပါမည်။ သင်တန်းကြေး ကျပ် ၁၆၀၀၀၀ - စုစုပေါင်းသင်ကြားချိန် နာရီ (၃၀) ဖြစ်ပြီး placement test ဖြေရန်မလိုပါ။ စာအုပ်ဝယ်ရန်မလိုပါ။
နံနက် (၈:၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မွေးစာရင်း (သို့) မှတ်ပုံတင် (သို့) ပုံစံ၁၀ ယူလာပြီး အောက်ပါနေ့များမှစ၍ ဦးရာလူစနစ်ဖြင့် လာရောက် စာရင်းသွင်းနိုင်ပါပြီ။
Secondary (အသက် ၁၃ မှ ၁၅ နှစ်) - ဖေဖော်ဝါရီလ (၁၄) ရက်
Tween (အသက် ၁၀ မှ ၁၂ နှစ်) - ဖေဖော်ဝါရီလ (၁၅) ရက်
Primary (အသက် ၇ မှ ၉ နှစ်) - ဖေဖော်ဝါရီလ (၁၆) ရက်
အသေးစိတ်သိရှိလိုပါက - ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်၊ ဖုန်းနံပါတ် ၂၅၆၂၉ဝ ၊ ၂၅၆၂၉၁ နှင့် enquiries@mm.britishcouncil.org တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Our Young Learner Intensive Courses for summer 2013 showcase the best of the contemporary UK via the theme: BRILLIANT BRITAIN!
Primary YLs (aged 7-9) will experience the latest children’s picture storybooks abut British life for youngsters. Tween YLs (aged 10-12) will engage in UK cultural studies and discover the best of British through a series of up to date DVDs. Secondary students (aged 13-15) will find out what’s hip n’ happenin’ through authentic materials focussing on Teen Life UK!
Our YL summer courses are based around projects and team tasks which develop students’ confidence in using English as well as raise their awareness of the UK today.British Council Myanmar

လိုင်ဇာသို့သွားရာလမ်း၌ တောင်ငူ အာဏာပိုင်များကူညီ၊ ဒုက္ခသည်များအတွက် ငွေလှူ
ကေအိုင်အေ ဌာနချုပ်ရှိတဲ့ လိုင်ဇာကို ငြိမ်းချမ်းရေးအတွက် မိုင်၈ဝဝ ချီတက်နေတဲ့ လူငယ်တွေက တောင်ငူမြို့အရောက်မှာ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ပူးပေါင်းကူညီမှုကို ရခဲ့တယ်လို့ လှုပ်ရှားတက်ကြွသူ ကိုရန်နိုင်ထွန်းက ဇန်နဝါရီ ၂၉ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
တောင်ငူမြို့အဝင်မှာ ဒေသဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေက တားဆီးပိတ်ဆို့မှုတွေ၊ နှောင့်ယှက်ဟန့်တားမှုတွေ လုပ်တယ်ဆိုတဲ့သတင်းတွေ မှားယွင်းကြောင်း၊ ကချင်ပြည်ငြိမ်းချမ်းရေးအတွက် စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတို့က ငွေတွေ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
Kamayut Media
The Voice Weekly

နေပြည်တော် လေးလပတ်အစည်းအဝေးတွင် လိုင်ဇာသိမ်းပိုက်ရေး အစီအစဉ်များ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိ
မြန်မာ့တပ်မတော်၏ လေးလပတ်အစည်းအဝေးကို နေပြည်တော်တွင် ပြီးခဲ့သည့်တနင်္လာနေ့က စတင် ကျင်းပလျက်ရှိကြောင်းသိရသည်။ ယင်းအစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်ခေါင်းဆောင်များနှင့် တိုင်းမှူး၊ တပ်မမှူးများအားလုံး တက်ရောက်နေကြသည်။
အစည်းအဝေးတက်ရောက်နေကြသည့် စစ်ဘက်ဆိုင်ရာအသိုင်း
အ၀ိုင်းမှ ပြောကြားချက်များအရ ယခုလေးလပတ်အစည်းအဝေးတွင် KIA နှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်ကို အဓိကထားဆွေးနွေး ဆုံးဖြတ်မည်ဟုသိရသည်။
မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်းသာမက တိုင်းမှူး၊ တပ်မမှူး
အများစုကမြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်ရေး လိုလားလျက်ရှိပြီး ယင်းကိစ္စအတွက် KIA ဌာနချုပ်လိုင်ဇာအားသိမ်းပိုက်ရန် မလွဲမသွေ လိုအပ်သည်ဟု သုံးသပ်ထားပုံရကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းအတွင်းမှသိရသည်။
ကချင်ပြည်နယ်အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းတပ်ရင်းများ
အပါအ၀င် ခြေမြန်တပ်မများ၊ စကခများ အင်အားအပြည့်အဝ
ရောက်ရှိနေသည့်အပြင် အဓိကပစ်ကူဖြစ်သည့် အမြောက်တပ်များလည်း
ရှေ့တန်းနေရာများအထိ အသင့်အနေအထားဖြစ်နေသည့်အတွက် လက်ရှိအချိန်သည် လိုင်ဇာကိုသိမ်းပိုက်ရန် အသင့်တော်ဆုံး
အချိန်ဖြစ်သည်ဟု သုံးသပ်ထားကြပုံရသည်။
မြန်မာ့တပ်မတော်အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက လိုင်ဇာမြို့၏ အဓိက၀င်ပေါက်ဖြစ်သည့် ပွိုင့်-၇၇၁ တောင်ကုန်းကို သိမ်းပိုက်ပြီးနောက် မဟာဗျူဟာအရအရေးပါသော အမြင့်ဆုံးခါယာတောင်ကုန်းကို ဆက်လက်သိမ်းယူ ခဲ့သည်။ စစ်တပ်ရှေ့တန်းစစ်ကြောင်းများသည် လိုင်ဇာနှင့် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေကြပြီဖြစ်သည်။
လိုင်ဇာ၏လုံခြုံရေးအတွက်အရေးပါသည့် ရှေ့ကာစခန်းနှင့်တောင်ကုန်း
အားလုံးနီးပါးကို မြန်မာ့တပ်မတော်က သိမ်းပိုက်ရရှိထားခြင်းနှင့် ယင်းတောင်ကုန်းများပေါ်မှ လိုင်ဇာမြို့သို့ ထိရောက်သည့်ပစ်ကူများပေးနိုင်လျက်ရှိခြင်း တို့ကြောင့် မြေပြင်တပ်များ လိုင်ဇာကို အလွယ်တကူ
ဝင်ရောက်သိမ်းပိုက်နိုင်မည့်အခြေအနေရှိနေသည်ဟု မြန်မာ-တရုတ်နယ်စပ် စစ်ရေးလေ့လာသူတစ်ချို့ကဆိုသည်။
ရှေ့တန်းတပ်မမှူး၊ ဗျူဟာမှူးများအနေဖြင့်လည်း လက်ရှိနေရာများတွင်ခြေကုတ်ယူ၍ လိုင်ဇာအားခြိမ်းခြောက် နေခြင်းထက် အနည်းငယ်မျှရှေ့တိုး၍တိုက်ခိုက်ပါက ရက်ပိုင်းအတွင်း လိုင်ဇာအားအလွယ်တကူ သိမ်းပိုက်နိုင်မည့် အခြေအနေကို လက်လွတ်ခံချင်ပုံမရှိပေ။
လိုင်ဇာ၏အခြေအနေကို မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းမှလည်း သုံးသပ်နေမည်မှာသေချာပါသည်။ အချို့တပ်မှူးများအနေဖြင့်လည်း အပစ်အခတ်ရပ်စဲရေးမလုပ်ချင်သည့် KIA အား လိုင်ဇာကိုသိမ်းပိုက်
ခြင်းဖြင့်သာ အလဲထိုးနိုင်မည်ဟု ယူဆလျက်ရှိကြသည်။
ထို့အပြင် မြန်မာ့တပ်မတော်အနေဖြင့် ထိခိုက်ကျဆုံးမှုစာရင်းအား ယခင်ကထုတ်ဖော်ပြောကြားလေ့ မရှိသော်လည်း ယခုကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေခြင်းကို ကြည့်ခြင်းအားဖြင့် တပ်မတော်အတွင်း KIA ကို
တိုက်ခိုက်ရန် စိတ်ဓာတ်ရေးရာလှုံ့ဆော်မှုများ ဆောင်ရွက်နေသည်ဟု ယူဆဖွယ်ရှိနေသည်။
ခြုံငုံကြည့်ပါက နေပြည်တော်တွင်ကျင်းပနေသော မြန်မာ့တပ်မတော်၏လေးလပတ်အစည်းအဝေးတွင် KIA ဌာနချုပ်လိုင်ဇာအား သိမ်းပိုက်မည့်စီမံချက်တစ်ရပ်ကို အတည်ပြုဆုံးဖြတ်ဖွယ်ရှိနေကြောင်း သုံးသပ်ရသည့်
အတွက် သတိထားလေ့လာစောင့်ကြည့်သွားရမည်ဖြစ်သည်။
လင်းအိမ်ပိုင်
Myanmar News Now
Labels:
ပြည်တွင်းသတင်း
နိုင်ငံပိုင် သတင်းစာက ဖြတ်ကပ်ညှပ်ဓာတ်ပုံ ဖော်ပြမှု ဦးရဲထွဋ် ဖြေရှင်း
ဒီကနေ့ထုတ် သတင်းစာတွေမှာ ကချင်ပြည်နယ်မှ ကေအိုင်အေက မိုင်းခွဲလို့ ဆိုင်ကယ် ၃ စီး ပျက်စီးခဲ့တာ၊ အရပ်သား သေဆုံးခဲ့တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ဓာတ်ပုံဖော်ပြမှုဟာ မကြာသေးခင်က အဲပုဂံလေယာဉ်ပျက်ကျစဉ်က ထိခိုက်ပျက်စီးသွားတဲ့ ဆိုင်ကယ်ပုံကို ဖြတ်ကပ် ညှပ်လုပ်ပြီး နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့တာကြောင့် ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ အောက်ပါအတိုင်း တုံ့ပြန်ဖြေရှင်းထားပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့ နိုင်ငံပိုင်သတင်းစာသုံးစောင်မှ
![]() |
မြန်မာ့အလင်း သတင်းစာ ဖော်ပြပုံ |
![]() |
ကြေးမုံ သတင်းစာ ဖော်ပြပုံ |
![]() |
The New Light of Myanmar အင်္ဂလိပ်ပိုင်း သတင်းစာဖော်ပြပုံ |
![]() |
အဲပုဂံ လေယာဉ်ပျက်ကျစဉ် ထိခိုက်ပျက်စီးခဲ့သည့် ဆိုင်ကယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘုတ်က ဒီဇင်ဘာ ၂၅၊ ၂၀၁၂ က ဖော်ပြထားသည့်ပုံ |
ဇန်နဝါရီလ ၂၈ ရက်နေ့ နိုင်ငံပိုင်သတင်းစာသုံးစောင်မှာ
ဖော်ပြခဲ့တဲ့ ကေအိုင်အေ မိုင်းခွဲတိုက်ခိုက် မှုဖြစ်စဉ်သတင်းမှာ
အသုံးပြုထားတဲ့ ဓာတ်ပုံဟာ မြန်မာတိုင်းမ် ( အင်္ဂလိပ်) မှာ ဖော်ပြထားတဲ့
အဲပုဂံ လေယာဉ်ပျက်ကျမှုသတင်းမှာ ဖော်ပြထားတဲ့ဓာတ်ပုံဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦးက ဒီနေ့ ညနေ ၆ နာရီလောက်မှာ ကျွန်တော့်ဆီကို ဆက်သွယ်အကြောင်း ကြားလာပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက တာဝန်ရှိသူများနဲ့
စိစစ်မှုများ ချက်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ စိစစ်ချက်အရ အခုလိုသိရှိရပါတယ်။
အဲဒီဗုံးကွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက် ပြီး သတင်းအရင်းအမြစ်ထံကနေ သတင်း အရင်ရပါ တယ် ။ နောက် ညဘက်ကျမှဓာတ်ပုံတွေရောက်လာလို့ ထည့်သုံးလိုက်ပါတယ်။ အဲဒီပုံကို
သတင်း စာသုံးစောင်လုံးက သုံးလိုက်မိပါတယ်။ အခုထောက်ပြ
ချက်ရမှသတင်းပို့တဲ့တဲ့သူကို ပြန်စစ်တဲ့အခါ ဆိုင်ကယ်ပုံ က
မှားပို့လိုက်တာပါလို့ ပြောပါတယ်။
ဒါပေမယ့် သတင်းဖြစ်စဉ်ကတော့ မှားယွင်းခြင်းမရှိပါဘူး။ မှန်ကန်ကြောင်း ထပ်ပြီး အတည်ပြု လို့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းအယ်ဒီတာများကို တိုက်ပွဲပုံများ၊
မတော်တဆထိခိက်မှုဖြစ်စဉ်များ၊ သဘာ ၀ဘေးဒဏ်များနဲ့ပတ်သက်ရင် သတင်းရော၊
ပုံစာပါ သေသေချာချာစိစစ်ဖို့၊ သတင်း ဓာတ်ပုံ ကို မသေချာရင် လုံးဝ မထည့်ဖို့
ဦးဆောင်ညွှန်ကြားရေးမှူးက ထပ်မံညွှန်ကြားပြီးဖြစ်ပါတယ်။
သတင်းပေးပို့သူကိုလည်း နောင် ဒါမျိုးဖြစ်ရင် သူ့ကို မသုံးတော့ဘူးလို့လည်း
သတိပေးထားပါတယ်။
ဒီဖြစ်စဉ်ဟာ အင်မတန်အရေးကြီးတဲ့ ကေအိုင်အေ တိုက်ခိုက်မှုဖြစ်စဉ်နဲ့ 
ပတ်သက်ပြီး မှားယွင်းခဲ့တာဖြစ်တဲ့ အတွက် သတင်းစာများအပေါ်ပြည်သူများရဲ့ ယုံကြည်မှုကို
ထိခိုက်စေပါတယ်။
နောက်ပြီး ပြည်သူ့ဝန်ဆောင်မှု သတင်းစာ များအတွက် သတင်းစာ အုပ်ချုပ်ရေးအဖွဲ့က
ထုတ်ပြန်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်မှာ ပါတဲ့ ပုံနှိပ်ခြင်းမပြုမီမှာ
သတင်းမှန်ကန်မှုကို တတ်စွမ်းသမျှ စစ်ဆေးရမည် ဆိုတဲ့ အချက်ကို အလေး
ထားဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီလိုပျက်ကွက်မှုအတွက် စာဖတ်ပရိသတ်များကို တောင်းပန်အပ်ပါတယ်။
နောင်အလားတူမဖြစ်စေဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားပါ့မယ်။
ပြည်ထောင်စုဝန်ကြီးကလည်း သတင်းစာများအနေနဲ့ တရားဝင်တောင်းပန်ဖို့ညွှန်ကြားထား
ပါတယ်။ နောင်မှာလည်း ပြဋ္ဌာန်းပြီးဖြစ်တဲ့ စာနယ်ဇင်းကျင့်ဝတ်များ၊
လုပ်ငန်းဆောင်ရွက်ပုံ နည်းစနစ်များအတိုင်း တိတိကျကျဆောင်ရွက်ဖို့၊
သတင်းမှန်ကန်မှုနဲ့ မြန်ဆန်မှုကို ဟန်ချက် ညီအောင်ဆောင်ရွက်ဖို့
ကျွန်တော်တို့အားလုံးကို ညွှန်ကြားခဲ့ပါတယ်။
Irrawaddy
Labels:
ပြည်တွင်းသတင်း
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို USAID က ဒေါ်လာ ၄.၂ သန်း ထပ်မံကူညီ

အမေရိကန်ပြည်ထောင်စုဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လအတွင်းက ပထမဦးဆုံးအကြိမ် ကူညီခဲ့ပါတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင် စုစုပေါင်းထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်ရှိပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇန်နဝါရီလ ၃ဝ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို နည်သူမည်ဝါ မခွဲခြားပဲ နိုင်ငံတကာ အခြေခံမူတွေ၊ စံချိန်စံညွှန်းတွေအတိုင်း ကူညီထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။RFA Burmese
Labels:
ပြည်တွင်းသတင်း
သင်္ဃန်းကျွန်းမြို့နယ်၊ပြည်ထောင်စုတံတားအဆင်း ယာဉ်တိုက်မှု (ဓါတ်ပုံများ)
ဇန်န၀ါရီ ၃၀ရက်
ဇန်န၀ါရီ ၃၀ရက်နေ့ ညနေ၅ နာရီ ၁၀ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်ထောင်စုတံတား အဆင်းတွင်၂၅၂ (တောင်ပိုင်းခရိုင်) ယာဉ်လိုင်းမှ ဘီအမ် ဘတ်စ်ကားတစ်စီးသည် ဘရိတ်ပေါက်ပြီး လမ်းဘေးအုတ်နံရံကို ၀င်တိုက်သဖြင့် ယာဉ်ပေါ်တွင် ပါလာသော ခရီးသည်သီလရှင်တစ်ပါး၊ အမျိုးသမီးတစ်ဦးနှင့် လမ်းပေါ်တွင် စက်ဘီးစီးနင်းလာသော အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီး သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Eleven Media Group

မြန်မာနိုင်ပိုင်းသတင်းစာမှာ ဓါတ်ပုံကိုလွှဲမှားစွာဖေါ်ပြခြင်း
Myanmar state media mislabels Air Bagan crash photo as KIA mine blast
Wednesday, 30 January 2013
State-run newspapers have misled millions of readers by cropping a photo of a motorcycle smashed during the December 25 Air Bagan crash and printing it beside a story about a mine blast in Kachin State.
The photo was published in the January 28 edition of the New Light of Myanmar in both English and Myanmar languages, with the caption: "An innocent people dies in mine blast by KIA (Kachin) group near Zanan village on Myitkyina-Putao Road."
The single-paragraph story beside the photograph was headlined, "KIA mine blast kills one," and reported that three motorcyclists had triggered a mine while riding from Myitkyina to Putao about 10:30am on January 27.
The photo had been heavily cropped to remove the crowd of onlookers around the motorbike. The original photo was taken by the Myanmar Police Force shortly after the December 25 crash near Heho Airport. The motorbike pictured was ridden by U Pyar, who died after being hit by the aircraft.
The revelation is likely to fuel accusations that state media has been used to disseminate government propaganda about the conflict. State newspapers have regularly featured stories about KIA attacks on civilians and the Tatmadaw, but refrained from covering the impact of Tatmadaw offensives.
The photo was published the same day as the Ministry of Defence issued a press release accusing "some internal and external organisations, embassies and media" of issuing "fabricated news as to armed conflicts in Kachin State".
"Although the official media stated the atrocities of KIA … those organisations turned a blind eye to the actual events and issued fabricated news. Such biased news could cause misunderstanding in the public and international community," the press statement said. The Myanmar Times
Wednesday, 30 January 2013
![]() |
The photo as published in the New Light of Myanmar on January 28. |
![]() |
The original photo, taken by Myanmar Police Force on December 25, including a crowd of onlookers. |
State-run newspapers have misled millions of readers by cropping a photo of a motorcycle smashed during the December 25 Air Bagan crash and printing it beside a story about a mine blast in Kachin State.
The photo was published in the January 28 edition of the New Light of Myanmar in both English and Myanmar languages, with the caption: "An innocent people dies in mine blast by KIA (Kachin) group near Zanan village on Myitkyina-Putao Road."
The single-paragraph story beside the photograph was headlined, "KIA mine blast kills one," and reported that three motorcyclists had triggered a mine while riding from Myitkyina to Putao about 10:30am on January 27.
The photo had been heavily cropped to remove the crowd of onlookers around the motorbike. The original photo was taken by the Myanmar Police Force shortly after the December 25 crash near Heho Airport. The motorbike pictured was ridden by U Pyar, who died after being hit by the aircraft.
The revelation is likely to fuel accusations that state media has been used to disseminate government propaganda about the conflict. State newspapers have regularly featured stories about KIA attacks on civilians and the Tatmadaw, but refrained from covering the impact of Tatmadaw offensives.
The photo was published the same day as the Ministry of Defence issued a press release accusing "some internal and external organisations, embassies and media" of issuing "fabricated news as to armed conflicts in Kachin State".
"Although the official media stated the atrocities of KIA … those organisations turned a blind eye to the actual events and issued fabricated news. Such biased news could cause misunderstanding in the public and international community," the press statement said. The Myanmar Times
Labels:
ပြည်တွင်းသတင်း
အီလက်ထရောနစ် ဥပဒေအသစ် ပြဋ္ဌာန်းပြီးမှ ဥပဒေဟောင်းရုပ်သိမ်းသင့်ဟုဆို
ရန်ကုန်၊ ဇန်နဝါရီလ ၂၉
တပ်မတော် အစိုးရ က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ များကို ထိန်းချုပ် နိုင်ရန် ပြဌာန်း ခဲ့သော အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေဟောင်း ကို ခေတ်နှင့် လျော်ညီသော ဥပဒေ သစ် ပြဋ္ဌာန်းပြီး မှသာ ရုပ်သိမ်း သင့်ကြောင်း ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင်က ဇန်နဝါရီလ ၂၉ရက် နေ့က ပြုလုပ်သည့် ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ဆဌမ ပုံမှန် အစည်း အဝေးတွင် ပြောကြားသည်။
တည်ဆဲ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ကို ရုပ်သိမ်း ပေးရန် သင်္ဃန်းကျွန်း မဲဆန္ဒ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က အဆို တင်သဖြင့် ၄င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
ယင်း ဥပဒေ ကို နိုင်ငံတော် လုံခြုံရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ကို အသုံး ပြုကာ ပြစ်မှုများ ကျူးလွန်မည် စိုးသဖြင့် ပြဋ္ဌာန်း ခဲ့သော်လည်း သတင်း အချက် အလက် နှင့် နည်းပညာ စီးဆင်း မှု မြန်ဆန်သော ယနေ့ ခေတ်နှင့် လျော်ညီမှု မရှိ တော့ကြောင်း ဦးသိန်းညွန့်က ထောက်ပြ သည်။
ခေတ်နှင့် လျော်ညီသော ဥပဒေသစ် တစ်ရပ်ကို နည်းပညာ ဆိုင်ရာ ပညာရှင် များ၊ လွှတ်တော် ကိုယ်စားလှယ် များ နှင့် ဌာန ဆိုင်ရာများ ပူးပေါင်း ရေးဆွဲ ပြီးမှသာ တည်ဆဲ ဥပဒေကို ရုပ်သိမ်း သင့်သဖြင့် ယခု လောလောဆယ် တွင် ခေတ်နှင့် မလျော် ညီသော ပြစ်မှုနှင့် ပြစ်ဒဏ် ပြဋ္ဌာန်းချက် များကိုသာ ပြင်ဆင် သင့်ကြောင်း ဦးသောင်းတင်က ပြောကြား သည်။The Voice Weekly

အနုပညာ ဆိုတာ လေ့လာသင်ယူလို့ မကုန်နိုင်တဲ့ အရာလို့ ပြောလာသူ သင်ဇာဝင့်ကျော်
အနုပညာရှင်တွေက မအောင်မြင်ခင်ကလည်း အောင်မြင်ဖို့အတွက် ကြိုးစားကြရတယ်။ အောင်မြင် သွားပြန်တော့လည်း အဲဒီ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်း ရပြန်တယ်။ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းဖို့ သူ့အနေနဲ့ ခက်ခဲကြောင်း သင်ဇာဝင့်ကျော်က “မအောင်မြင်ခင်က သင်ဇာတို့ ကြိုးစားကြ ရတယ်။ အောင်မြင် သွား တဲ့ အခါမှာလည်း ဒီထက်ပိုပြီး မကျသွားအောင် ထိန်း သိမ်းရတဲ့ အတွက်ခက်ခဲတယ်။ မထိန်း သိမ်းတတ်ရင် ကိုယ်ရောက်ရှိတဲ့ နေရာ မှာ မခိုင်မြဲဘဲနဲ့ အောက်ပြုတ်ကျ သွားတတ်တယ်။ အဲဒါကြောင့် ဆက် လက် ထိန်းသိမ်းဖို့က သင်ဇာ့အတွက် ပိုခက်ခဲတယ် ထင်ပါတယ်”လို့ ပြော ပါတယ်။ အနုပညာရှင် တစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော် ရဲ့ အနုပညာ ခံယူချက်ကို မေးကြည့်ရာ “သင်ဇာ ခံယူ ထားတဲ့ အနုပညာက တအားကို ခက်ခဲကြမ်း တမ်းပြီး နားမလည်နိုင်ဘူး။ ဒီအနုပညာ ဆိုတာ နုနုရွရွလေး လို့ သင်ဇာ ထင်ထားတာ။ တကယ် လုပ်ကြည့်တော့ အဲဒီလိုမျိုး နုနုရွရွ လုပ်ရတာမျိုး မဟုတ်ဘူး။ တစ်ခုချင်းစီ အသေအချာ လုပ်ရတာ။ ဇာတ်ကား တစ်ကားမှာ အားလုံးကောင်းမှ ဇာတ်ကားကောင်း တစ်ကား ဖြစ်လာတာလေ။ အဲဒီအတွက် ဇာတ်ကားတစ် ကားမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေ အကုန်လုံး ကြိုးစားရတယ်။ ပင်ပင် ပန်းပန်း နဲ့ ခပ်ကြမ်း ကြမ်း သရုပ် ဆောင်တဲ့ အလုပ်တွေ လုပ်ရတယ်။ အနုပညာ ဆိုပြီးနုနုရွရွ နေလို့ မရပါ ဘူး။ လူရောစိတ်ရောနှစ် ပြီးလုပ်ရတဲ့ အတွက် တကယ့်ကို ပင်ပန်းတယ်။ အနုပညာ ဆိုတာ ဘယ်လို မှလည်း လေ့လာ သင်ယူလို့ မကုန်နိုင်တဲ့ အရာ တစ်ခုပါပဲ။ ဘယ်တော့မှ သင်ယူလို့ မဆုံးတဲ့ ပညာရပ် တစ်ခုလို့ ထင်ပါတယ်” လို့ ပြော ပါတယ်။
Popular Journal
တွယ်တာ
Popular Journal
တွယ်တာ
"ထူးခြားတဲ့ဇာတ်ရုပ်များနဲ့ နေတိုးရဲ့ရှေ့ခရီး"
နေတိုးက “ကျွန်မကနှင်းဆီပါမောင်”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ၄ လပိုင်းမှာ ဒါရိုက်တာဝိုင်းနဲ့ရိုက်ကူးမှာဖြစ်ပြီး၊ ဗီဒီယိုတွေကိုတော့ ပုံမှန်ရိုက်ကူးသွားမယ် လို့ပြောပါတယ်။ ဇာတ်ကားတွေ ဇာတ်လမ်းရိုက်ကူးမှုတွေကို အရင်နဲ့မတူတဲ့ ပုံစံမျိုးတွေ ရိုက်ကူးသွားမှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း မမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကို အတတ်နိုင်ဆုံးကြိုးစားရိုက်သွားမယ်လို့ဆိုတာကြောင့်..
”ကျွန်တော့် Plan ထဲမှာပါတဲ့ဇာတ်ကားတွေက အခု ၂ ကားလောက် ထွက်နေပြီ။ ရန်ကုန်ကိုတော့ ဖြန့်တော့မှာပါ။ ပြောင်းလဲလာတဲ့အထဲမှာမှ နယ်တွေမှာဖြန့်ထားတဲ့ ဒါရိုက်တာကိုပေါက်နဲ့ရိုက်ထားတဲ့ “လေညင်း ဆည်းဆာ”ဆိုတဲ့ ကားက Horror ဘက်ကိုသွားတယ်။ ဘာသာရေးနဲ့ ဆက်နွှယ်တယ်။ အစွဲရှိရာကို ရောက်သွားတယ်ဆိုတာမျိုးလည်းပါအောင် ဇာတ်လမ်းပုံစံလည်း ဆန်းထားတယ်။ အိုက်တင်အရရော၊ အကုန်ပေါ့။ အဲဒီကားတစ်ကားက ကျွန်တော် ၂ဝ၁၂မှာပြောခဲ့တဲ့အတိုင်း ထွက်သွား ပြီ။ နောက်ပိုင်းရိုက်တဲ့ကားတွေကလည်း သေချာတယ် ပရိသတ်တွေက ကျွန်တော့်ကိုမမြင်ဖူးတဲ့ ဇာတ်ရုပ်တွေကိုပဲ ရိုက်သွားဖို့ရှိတယ်။ ကျွန်တော် တို့က တစ်နှစ်အတွက်ကိုကြိုပြီး လုပ်ရတော့ကြိုမြင်နိုင်အောင်လုပ်ရတဲ့ ပုံစံမျိုးဖြစ်နေတယ်” လို့ပြောပြပါတယ်။ ဒီဗီဒီဇာတ်ကားတွေ ရိုက်ကူးမှုကို လည်း ဇာတ်လမ်းဆင်ဆာကျပြီးသားတွေကိုတော့ ရိုက်ကူးခွင့်ရပေ မယ့် နောက်ပိုင်းရိုက်ကူးခွင့်မရတာကလည်း ရုပ်ရှင်ဇာတ်ကားတွေ ပို ကောင်းလာနိုင်စေကြောင်း ပြောပြတဲ့နေတိုးက..
” ဒီဗီဒီက ရုပ်ရှင်မဟုတ်၊ ဗီဒီယို မဟုတ်တဲ့လိုင်းတစ်ခုပေါ့။ ဒီဗီဒီ ရိုက်ကူး မယ့် အစားရုပ်ရှင်ကားကြီးအဖြစ်ရိုက်မယ်ဆိုရင် ရုပ်ရှင်ကားတွေ လည်း များလာမယ်။ အကယ်ဒမီ ပွဲအတွက်လည်း ပရိသတ်တွေ ပိုရင်ခုန် စရာ ကောင်းတာပေါ့။ ကားများတော့မှန်းဆရတာရော၊ ပရိသတ်ရဲ့ စိတ်ဝင်စားမှုပိုများလာနိုင်တယ်။ ဒီဗီဒီတွေက တစ်နှစ်ကို ကား ၃ဝ ဝန်း ကျင်လောက်ရှိတယ်။ အဲဒါက ရုပ်ရှင်ဖြစ်သွားရင် ရုပ်ရှင်ကားပိုများလာ တာပေါ့။ ရုပ်ရှင်အတွက် ပိုပြီးအားတစ်ခုဖြစ်စေတယ်လို့ ထင်တယ်။ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြောင်းလဲကြတယ်လို့မြင်တယ်။ အရင် က ဇာတ်ကားတစ်ကား ရိုက်မယ်ဆိုရင် ဒါကဆင်ဆာလွတ်ပါ့ မလားဆိုတဲ့စိတ်နဲ့ ရိုက်ကူးခဲ့ရတယ်။ အခုကျတော့ဖန်တီးမှုပိုင်းရော၊ အပြင်မှာ တကယ်ဖြစ် ပျက်နေတာတွေကိုပါ ထည့်ရိုက်ခွင့်ရလာတော့ အနုပညာဖန်တီးမှုပိုင်းက ပိုပြီးလွတ်လပ်ပြီး အဆင်ပြေလာတယ်။ အားလုံးက ကိုယ့်လောက သားတွေ နဲ့ တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက် အကြံဥာဏ်ကို တစ်ယောက် ညှိနှိုင်းပြီး သွားရင် ပရိသတ်ကို ထိရောက်တဲ့ရသ၊ ခေတ်မီတဲ့တင်ပြပုံမျိုးနဲ့ သွားနိုင်မယ် လို့ထင်တယ်။ အနုပညာဆိုတာ တစ်ဦးတစ်ယောက်တည်း ဖန်းတီးရတဲ့ အလုပ်မဟုတ်တော့ဘယ်အလုပ်မဆို စုစည်းပြီးလုပ်သွားဖို့လိုအပ် တယ်။ တစ်ခုခုကိုဆုံးဖြတ်တဲ့အခါ အနုပညာ သမားတွေအားလုံးရဲ့ ထင်မြင် ချက်တွေပါ ယူသင့်တယ်လို့မြင်တယ်” လို့ ပြောပြပါတယ်။ နေတိုးက ရခိုင်အမျိုးသား ကွန်ရက်က MCC မှာကျင်းပပြုလုပ်တဲ့ ပွဲမှာပါဝင်ပြီး ဖျော်ဖြေ ဖို့ရှိတယ်လို့ ပြောပြတာကြောင့်”၂ လပိုင်းမှာလုပ်မှာ။ ဒါကရခိုင်ကွန်ရက် ကနေဦးစီးပြီး တိုင်းရင်းသားအကုန်လုံး ပါဝင်ဖျော်ဖြေမှုပေါ့။ ကျွန်တော် ၂ ပုဒ် လောက်တော့ဆိုဖြစ်မယ်”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌကို သာသနာရေးဝန်ကြီးမခန့်ရေး ဒေသခံများ တောင်းဆို
ဧရာတီတိုင်းအတွင်းရှိ မြို့နယ်ပေါင်းစုံက တောင်သူလယ်သမား၊ ရေလုပ်သားနဲ့ အခြေခံလူတန်းစားပေါင်း စုံ တောင်းဆိုနေကြတာပါ။ စာပါ တောင်းဆိုချက်တချို့ကို တိုင်းလွှတ်တော်ရုံး တာဝန်ရှိသူတဦးက “တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများရဲ့ ခံစားချက် ဆန္ဒများကို ချုပ်၍တင်ပြရမည်ဆိုလျှင် လွှတ်တော်ဥက္ကဋ္ဌကြီးအား ပြောင်းရွှေ့ခြင်းမှာ နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံရေးပေါ်လစီကို အကောင်အထည်ဖော်ဆောင်ရွက်မှု အရှိန်ကို တန့်အောင် ပြုလုပ်သကဲ့သို့ဖြစ်ရပါသည်တ
ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဇန်န၀ါရီလ ၂၂ ရက်မှာ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာပေးပို့ထားပြီး၊ လွှတ်တော်က ဇန်ဝါရီလ ၃၁ ရက်မှာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်ရင် ဦးဆန်းဆင့်ဟာ သာသနာရေးဝန်ကြီး ဖြစ်လာတော့မှာပါ။
တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကတော့ ပြည်သူ့ဆန္ဒအတိုင်း လုပ်ဆောင်လိုတယ်လို့ ပြောပါတယ်။ လွှတ်တော်က အတည်ပြုပေးလိုက်ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ သူက
“လွှတ်တော်မှာ ပြန်ဆွေးနွေးမယ်ထင်ပါတယ်။ လွှတ်တော်မှာ ပြန်ဆွေးနွေးလို့ ကန့်ကွက်ကြတယ်ဆိုရင် သူတို့က အဲဒါကို လက်ရှိမှာပဲဆိုပြီး ပြန်လည်ဆုံးဖြတ်လိုက်တယ်ဆို
တိုင်းလွှတ်တော်ဥက္ကဋ္ဌဟာ တိုင်းအတွင်း တရားဥပဒေစိုးမိုးရေး၊ ဥပဒေပြုရေးအပိုင်းတို့မှာ ဥပဒေဘောင်အတွင်းက ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တာတွေကြောင့် တိုင်းအစိုးရအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး၊ တိုင်းအစိုးရကို စွပ်စွဲပြစ်တင်ဖို့အထိ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို ကိစ္စရပ်တွေကြောင့် အခုလို သာသနာရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးဖို့ လုပ်တာဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ဒီအပေါ် ဦးဆန်းဆင့်က “နံပါတ် ၁ အချက်က တိုင်းဒေသကြီးထက်စာရင် ပိုမိုပြီးကျယ်ပြန့်တဲ့ ပြည်ထောင်စုအဆင့်ကို တိုးမြှင့်တာဝန်ပေးတယ်လို့ ကျနော်ထင်ပါတယ်။ ဒုတိယတချက်က တိုင်းဒေသကြီးမှာ တချို့အထင်အမြင်လွဲမှားနေတာ
ရန်ကုန်တိုင်းမှာ တာဝန်ကျတုန်းကတည်းက သာသနာရေးကိစ္စတွေ ကိုင်တွယ်ဆောင်ရွက်ဖူးတာကြေ
ဇန်နဝါရီ ၁၆ ရက်နေ့က သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးမြင့်မောင် ရာထူးက အနားယူသွားတဲ့အတွက် သူ့နေရာမှာ အစားထိုးခန့်အပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဇန်န၀ါရီ ၃၁ ရက်မှာ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုလွှတ်တော်စည်းဝေး
ရွှေအောင်
DVB TV News
Labels:
ပြည်တွင်းသတင်း
Subscribe to:
Posts
(
Atom
)