http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထိုင်းနိုင်ငံရောက် မြန်မာ့ အင်အားစုတွေကို ၈၈၈၈ ငွေရတု အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြား

ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ ၂၀၁၁ ခုနှစ် ကြဂုတ်လ ၈ ရက်နေ့တွင်၂၃ နှစ်မြောက် ၈ လေးလုံးနှစ်ပတ်လည်နေ့ အဖြစ် မြန်မာသံရုံးကို ချီတက်ပြီး ကန့်ကွက် ဆန္ဒပြနေကြပုံ။ ဓါတ်ပုံ - nldlajb.blogspot.com
2013-07-10   
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေး၊ ဦးစိုးထွန်း၊ ဒေါ်စန်းစန်းမော်နဲ့ ဒေါ်မီမီလွင်တို့ဟာ ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ပညာသင်ကျောင်းသားတွေကို လာမယ့်(၈၈၈၈) ငွေရတုအခမ်းအနားကို ဖိတ်ကြားဖို့အတွက် ဒီကနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ကို ရောက်ရှိလာပါတယ်။

မြန်မာနိုင်ငံဟာ ကူးပြောင်းရေးကာလဘက်ကို မျက်နှာမှုနေပြီဖြစ်ကြောင်း ဒါကြောင့်အခုအချိန်မှာ စွမ်းရည်ပြည့်ဝတဲ့ လူငယ်တွေကို နေရာပေးဖို့ ပြင်ဆင်ရတော့မှာဖြစ်ကြောင်း၊ (၂၅)နှစ်တာကာလကြာ ပြည်ပမှာလေ့လာ ဖြည့်ဆည်း ထားကြတဲ့ မျိုးဆက်အသီးသီးရဲ့ အရည်အသွေးတွေကို တိုင်းပြည်အတွက် ပြန်လည်အသုံးချနိုင်အောင် အင်အားစုတွေ အကုန်လုံးကို ဖြစ်နိုင်သမျှ စုစည်းနိုင်တဲ့ (၈၈၈၈) ငွေရတုအခမ်းအနားဖြစ်အောင် မျှော်မှန်းပြီး ဘန်ကောက်၊ ချင်းမိုင်နဲ့ မဲဆောက်ဒေသတွေကို လာရောက် ဖိတ်ကြားတာပါလို့ ဦးမြအေးက အခုလို ပြောပါတယ်။

“ကျနော်တို့လာမယ့် (၂၅)နှစ်မြောက်ပေါ့နော် (၈၈၈၈)နှစ်ပတ်လည် ငွေရတုအခမ်းအနား ကျင်းပဖို့အတွက်ကို ရန်ကုန်မှာ ပြင်ဆင်နေပြီဗျာ အဲဒီကျင်းပဖို့အတွက်ကို ဒီကိုလာပြီးတော့မှ ဒီမှာရှိတဲ့ ကျနော်တို့ နယ်ခြားရေခြားကို ရောက်နေတဲ့ ကျနော်တို့ရဲ့ ညီအကိုတွေ ကျနော်တို့ရဲ့ သူငယ်ချင်းတွေ ကျနော်တို့ရဲ့ မောင်နှမတွေကိုလာပြီး တလေးတစား လာဖိတ်တာပါ၊ တိုင်းရင်းသား အဖွဲ့အသည်းတွေကော အဲဒီ(၈၈)ကာလက ဒီအကြောင်းကြောင်းကြောင့် အပြင်ကိုထွက်သွားရတဲ့ ကျနော်တို့သူငယ်ချင်းတွေကိုရော ထိုင်းနယ်စပ်ကို ထွက်သွားတဲ့ သူငယ်ချင်းတွေကိုရော ကျနော်တို့ လာဖိတ်တဲ့ သဘောပါပဲဗျ”

လာမယ့်(၁၆)ရက်နေ့မှာတော့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာ ကျောင်းသားတွေနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံပြီးလူငယ်မျိုးဆက်တွေ တိုင်းပြည် အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရေးနဲ့ တည်ဆောက်ရေး ဆိုင်ရာမှာ သူတို့အမြင်တွေကိုလည်း သိလိုတဲ့အတွက် ဆွေးနွေးပွဲတခု ပြုလုပ်မယ်လို့လည်း ဦးစိုးထွန်းက ပြောပါတယ်။

“ကမ္ဘာ့နိုင်ငံအသီးသီးမှာပေါ့ အထူးသဖြင့် အာဆီယံတက္ကသိုလ်အသီးသီးမှာ ပါဝင်သင်ကြားနေကြတဲ့ သူတို့ရဲ့ ပညာ အရည်အချင်း တွေနဲ့ သူတို့တွေကော ဘယ်လိုတွေမျှော်လင့်ချက်တွေနဲ့ ပြင်ဆင်ထားကြသလဲပေါ့နော်၊ ပြီးခဲ့တဲ့ မနှစ်ကလည်း ကျနော်တို့ Cha An ချအမ်းမှာ ပညာရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲလေးတွေ လုပ်တယ်၊ သူတို့တွေက အားတက်သရောတွေ ဆွေးနွေးကြတယ်ပေါ့နော် ပညာရေးကိစ္စတွေက အစပေါ့နော် ကျနော်တို့တိုင်းပြည်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ သူတို့တွေ ပါဝင်နိုင်အောင်၊ အဲဒီတော့ ကျနော်တို့တွေ အနေနဲပလည်း အားရတယ် ဒီလူငယ်တွေကိုလည်း ကျနော်တို့တွေ အားကိုးတယ်၊ တချိန်ချိန်မှာ အဆင့်ဆင့် ခေါင်းဆောင်တွေက မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပေးသွားရမှာ”

ဒါကြောင့် ပုခုံးပြောင်းတာဝန် လွှဲပြောင်းတဲ့အခါမှာ နောက်မျိုးဆက်တွေက တော်သထက်တော် ထက်သထက် ထက်နေဖို့လိုတာ အတွက် သူတို့အတွေ့အကြုံတွေကို ရှင်းလင်းပြပြီး၊ လူငယ်တွေ အင်အားတွေကို အရှိန်အဟုန်နဲ့ တိုင်းပြည်အတွက် အသုံးချနိုင်အောင်ပါလို့လည်း သူက ပြောသွားပါတယ်။
RFA (မြန်မာပိုင်း)

လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လူအင်အားတောင်းခံမှုများရှိနေ

ကျောက်မဲ၊ ဇူလိုင် ၁၂။
ကျောက်မဲမြို့နယ်၊ ကျေးရွာအချို့တွင် လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုမှ လူအင်အား တောင်းခံမှုများရှိနေသည့်အပြင် လူအင်အား မပေးနိုင်သည့် ကျေးရွာများတွင် ငွေကြေးစုပေါင်းပေးဆောင်ရမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အဓိကသူတို့က လူတောင်းတာပါ။ ကျေးရွာအုပ်စု အခြေအနေပေါ်မူတည်ပြီးတော့ တောင်းတာပါ။
မပေးနိုင်ရင်တော့ ရွာကလူတွေငွေစုပြီး လူရအောင်ရှာပြီး ထည့်ပေးရပါတယ်။ အခုလည်း လုပ်ပါရွာကအယောက် (၂၀)နဲ့ ထန်းတပင်ရွာက (၁၀)ယောက် ပေးလိုက်ရပါပြီ။ တောင်းတဲ့ အဖွဲ့ကတော့
ရှမ်းအဖွဲ့အစည်း တစ်ခုကဖြစ်ပါတယ်”ဟု အဆိုပါဒေသတွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလက်နက်ကိုင် အဖွဲ့မှ လူအင်အား တောင်းခံလျှင် ရှမ်းလူမျိုးများကို အဓိကထား တောင်းခံကြောင်း၊ တောင်းခံသည့်ဦးရေ အတိအကျ ပေးရကြောင်း၊ လူမျိုးခြားများကိုမူ အတင်းအဓမ္မတောင်းခံခြင်း မရှိကြောင်း ဒေသခံများက ပြောကြသည်။

“ဒီဘက် လမ်းဘေးနားက ရွာတွေကိုတော့ အတင်းလုပ်တာ မရှိဘူး။ ခေါ်သွားခံရတဲ့ လူရဲ့ မိသားစုကိုတော့ ကျနော်တို့တွေစုပြီး ငွေပေးရပါမယ်။ မိသားစု တစ်စုအတွက် ရွာသားတွေစုပြီး (၅)သိန်းပေးရမယ်လို့ သတ်မှတ်ထားပါတယ်”ဟု ငွေပေးရမည့် ပင်တိန်အုပ်စု ဒေသခံတစ်ဦးက ပြောသည်။

ယခင်က တောင်ထိပ်ကျေးရွာ အတွင်းရှိ ရွာများတွင်သာ ငွေကြေးတောင်းခံမှု လူအင်အားစုဆောင်းမှု
ပြုလုပ်လေ့ ရှိသော်လည်း ယခုအခါတွင် နောင်ပိန်တိုက်နယ် ကျေးရွာအထိ ငွေကြေးတောင်းခံမှုများ
ရှိလာကြောင်း၊ ထိုသို့ပေးဆောင်ရမှုတွင် ထော်လာဂျီစက် အကြီးတစ်စီးလျှင် ခုနှစ်သောင်းကျပ်၊
(၆)ဘီးယာဉ်တစ်စီးလျှင် (၅)သိန်းကျပ်နှင့် (၁၂)ဘီးယာဉ်တစ်စီးလျှင် (၁၀)သိန်းကျပ်စီ ပေးဆောင်
ထားရပြီးဖြစ်ကြောင်း၊ ကျေးရွာအတွင်းရှိ ဈေးဆိုင်များကို ဆိုင်အနေအထားကြည့်၍ ကောက်ခံလေ့
ရှိကြောင်းသတင်း ရရှိသည်။ ထိုသို့ကောက်ခံမှုမှာ အပြီးကောက်ခံခြင်း (သို့)တစ်နှစ်စာ ကောက်ခံခြင်းဟူ၍ မသိရှိရသေးကြောင်း ဒေသခံများက ပြောကြသည်။

(၂၀၁၂)ခုနှစ်၊ ဇူလိုင်လခန့်ကလည်း သစ်မှောင်ခို ပြုလုပ်သူများထံမှ ငွေကြေး တောင်းခံရာတွင်
အဆင်မပြေသဖြင့် သစ်တင်ထော်လာဂျီ (၃)စီးအား မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းနှင့် နွားမှောင်ခိုများထံမှလည်း အဖွဲ့တစ်ဖွဲ့လျှင် (၅)သိန်းကျပ်စီ တောင်းခံခဲ့ကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

ထို့သို့ ခေါ်ဆောင်သွားသော လူများအား သင်တန်းပေးမည်ဖြစ်ကြောင်း၊ သင်တန်းပေးပြီးပါက ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။
စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

ဆော်ဒီ တော်ဝင်မင်းသမီး လူကုန်ကူးမှုဖြင့် အမေရိကန်တွင် စွဲချက်တင်ခံရ

ဆော်ဒီအာရေဗျ တော်ဝင်မျိုးနွယ် မင်းသမီး တစ်ပါးသည် ယခုအခါ လူကုန်ကူးမှုဖြင့် စွဲချက်တင်ခြင်း ခံထားရကြောင်း သိရှိရသည်။ အသက်(၄၂)နှစ်ရှိ မီရှာရဲလ် အလေဘန်သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အာဗင်းရှိ သူမပိုင် ကွန်ဒိုတွင် သူမ၏ စိတ်ဆန္ဒကို ဆန့်ကျင်သူများအား ကျွန်ဇာတ်သွင်းကာ ဖိနှိပ်ခဲ့ကြောင်းလည်း စွပ်စွဲ ခံထားရသည်။
ကြာသပတေးနေ့တွင် အမေရိကန် တရားရုံး တစ်ခုက စွဲချက်တင်ခံရသည့် အမျိုးသမီးနှင့် ပတ်သက်ပြီး အချက်အလက် အချို့ကို ထုတ်ပြန်ခဲ့ရာ အလေဘန်၏ အမည်ကို ဖော်ပြခဲ့သည်။ သူမသည် ဆော်ဒီမင်းသား အက်ဘ်ဒူလာဟာမန် ဘင်နာဆာ ဘင်အက်ဘ်ဒူလာဇစ် အယ်လ်ဆာ့ဒ်၏ ကြင်ရာတော် တစ်ပါးဖြစ်သည်။

အလေဘန်သည် ကြာသပတေးနေ့က ဆန်တာအေနာရှိ တရားရုံး တစ်ခုတွင် စွဲချက်အတွက် ကနဦး ရင်ဆိုင် ဖြေရှင်းခဲ့ပြီး တရားသူကြီးက ဇူလိုင်လ (၂၉)ရက်နေ့သို့ အမှုရက်ချိန်း ပြောင်းလဲခဲ့သည်။ သို့သော်လည်း တရားရုံးက သူမ၏ ပတ်စ်ပို့တ်ကို အပ်နှံထားရန်နှင့် သွားလေရာ နေရာကို ညွှန်ပြသည့် GPS ကိရိယာတစ်ခု ခန္ဓာကိုယ်တွင် တပ်ဆင်ထားရန် အမိန့်ချခဲ့သည်။ အော်ရင့်ဂ်ျခရိုင် တရားရုံးသည် အလေဘန်ကို ဖမ်းဆီးခဲ့ပြီးနောက် ဒေါ်လာ (၅)သန်းတန် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ သူမသည် အမြင့်ဆုံး ပြစ်ဒဏ် (၁၂)နှစ်ထိ ချမှတ် ခံရဖွယ် ရှိနေသည်။

ရဲများက အသက်(၃၀)အရွယ် ကင်ညာ အမျိုးသမီး တစ်ဦးသည် ကွန်ဒိုတိုက်ခန်းမှ လွတ်မြောက်လာပြီးနောက် အင်္ဂါနေ့က ဘတ်စ်ကား တစ်စင်းကို တားကာ အကူအညီ တောင်းခံခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဘတ်စ်ကားပေါ်မှ ခရီးသည် တစ်ဦးက သူမကို အာဗင်းရဲတပ်ဖွဲ့နှင့် ဆက်သွယ်နိုင်အောင် ကူညီပေးခဲ့သည်။ စုံထောက် အရာရှိများက အမှုသည် ကင်ညာ အမျိုးသမီးသည် အလေဘန်၏ ဆော်ဒီရှိ မိသားစုအတွက် အလုပ်လုပ်ပေးရန် (၂၀၁၂)ခုနှစ်၊ မတ်လက စာချုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သူမ၏ လစာသည် ဒေါ်လာ (၁၆၀၀)ဖြစ်ပြီး တစ်ရက်လျှင် (၈)နာရီ အလုပ်လုပ်ရမည်ဟု စာချုပ်တွင် ပါရှိသည်။ သို့သော်လည်း ဆော်ဒီသို့ သူမရောက်လာပြီးနောက် ပတ်စ်ပို့တ်ကို အလေဘန်က သိမ်းယူခဲ့ရသလို တစ်လလျှင် ဒေါ်လာ (၂၂၀)သာ ရရှိကာ တစ်ရက်လျှင် (၁၆)နာရီ အဓမ္မ ခိုင်းစေခြင်း ခံခဲ့ရကြောင်း တရားလို အမျိုးသမီးက တိုင်ကြားခဲ့သည်။

အလေဘန်၏ ရှေ့နေ ပေါလ်မီယာက "ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုအရ တရားလိုကို ကိုယ်ထိလက်ရောက် စော်ကားတိုက်ခိုက်မှု ဘာမှ မရှိသလို ရုပ်ပိုင်းဆိုင်ရာ အနာတရလည်း မတွေ့ရဘူးဆိုတာ အတည်ပြုနိုင်ပါတယ်။ တစ်ဖက်က အဆိုပြုထားတာလည်း လုပ်ခနဲ့ အလုပ်ချိန်အတွက် သက်သက်ပါပဲ"ဟု ဆိုသည်။

တရားလို အမျိုးသမီးဘက်မှ ရှေ့နေ စတိဗ်ဘားရစ်ခ်ကမူ "ကျွန်တော့် အမှုသည်ဟာ ကျေးကျွန်တစ်ယောက်လို ဆက်ဆံခံခဲ့ရတာပါ။ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်လည်း မရဘူး။ တခြားနိုင်ငံ တစ်ခုကို ခေါ်ဆောင်လာချိန်မှာ ကတိပျက်ကွက် ခံခဲ့ရတယ်။ မတန်တဆ ခိုင်းစေခံရပြီး ရသင့်တာထက် လျော့နည်းတဲ့ ခံစားခွင့်ပဲ ပေးခဲ့တယ်"ဟု ပြောကြားသွားသည်။
Planet Myanmar Network

Microsoft ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းမဟာဗျူဟာ ပြောင်းလဲမည်

Microsoft ကုမ္ပဏီအနေဖြင့် ၎င်း၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းပိုင်းဆိုင်ရာ မဟာဗျူဟာများကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း ‪#‎CEO‬ ဖြစ်သူ စတိဗ် ဘောလ်မားက ဝန်ထမ်းများထံ ယနေ့နေ့စွဲဖြင့် ရုံးတွင်းစာ ပေးပို့ပြောကြားလိုက်သည်။ ‪#‎Microsoft‬ တွင် ဦးဆောင်မှုကဏ္ဍ အပြောင်းအလဲ ရှိမည်ဖြစ်ကြောင်း အဆိုပါ စာတွင် ပါရှိသည်။

ထို့်အပြင် လုပ်ငန်းပိုင်းဆိုင်ရာ မဟာဗျူဟာ အပြောင်းအလဲအဖြစ် Microsoft က software ခေတ်တစ်ခေတ် ထူထောင်ခဲ့ခြင်းမှ ခွဲထွက်ကာ မိုဘိုင်းလ် အသုံးအဆောင်နှင့် ဝန်ဆောင်မှု (‪#‎mobile‬ ‪#‎devices‬ and ‪#‎services‬) လုပ်ငန်းများကို ပိုပိုအာရုံစိုက် လုပ်ဆောင်သွားမည်ဟုဆိုသည်။
Planet Myanmar Network


ရန်ကုန်ဆေးရုံကြီး ဝန်ထမ်း ကြိုးဆွဲချသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၁
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ် နှင့် အူလမ်းကြောင်းကုဌာနမှ အထွေထွေ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး သည် ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက ဒလ မြို့နယ် ဝန်ထမ်းအိမ်ရာရှိ ၄င်းနေအိမ်တွင် ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သေဆုံးသူ၏ ဇနီးက The Voice သို့ ပြောကြားသည်။ "တစ်နေ့လုံး အကောင်းပဲ။ ကျွန်မက ညနေ ၃ နာရီလောက် ကလေးကျောင်းကြိုပြီး ပြန်လာတော့ ထုပ်တန်းမှာ ဆွဲကြိုးချ သေနေတာကို တွေ့တာ" ဟု ၄င်းကဆိုသည်။

သေဆုံးခဲ့သူ အမျိုးသားသည် ငွေကြေး အခက်အခဲ မရှိသကဲ့သို့ ရန်သူလည်း မရှိကြောင်း၊ မည်သည့် အကြောင်းကြောင့် ကြိုးဆွဲချ သေဆုံးသည်ကို မသိရကြောင်း သေဆုံးသူ၏ဇနီးက ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဒလမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်း သော်လည်း ၄င်းတို့အနေနှင့် ဖြေဆိုခွင့် မရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် မိမိကိုယ်ကိုယ် သတ်သေမှုပေါင်း ၆၄ မှုရှိကြောင်း တရားဝင်ထုတ် ပြန်ချက်များအရ သိရှိရသည်။
ဒေးဗစ်
The Voice Weekly

ရန်ကုန် လုံခြုံရေးတိုးမြှင့်

ရန်ကုန် လုံခြုံရေး တင်းကျပ်
11 ဇူလိုင်လ 2013
အိန္ဒိယ နိုင်ငံ ဗုဒ္ဒဂါယာ မှာ ဗုံးပေါက်ကွဲမှု တွေ ဖြစ်ပွား အပြီး ရန်ကုန်မြို့မှာ လုံခြုံရေး တွေ တင်းကျပ်စွာ ဆောင်ရွက်နေပါတယ်။ အခု အတောအတွင်းမှာ လှိုင်သာယာ နဲ့ ပဲခူးမှာ ဗုံးလန့်တဲ့ ကိစ္စ၊ ရဟန်းယောင်ဆောင် ဘင်္ဂ္လားဒေ့ရှ် နိုင်ငံသား နှစ်ဦးဖမ်းမိတဲ့ အကြောင်းတွေ သတင်းစာတွေ ထဲမှာ ဖေါ်ပြခဲ့ပါတယ်။

မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ စီမံရေး နဲ့ လေ့ကျင့်ရေး ဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီးဦးဝင်းခေါင် က ဘီဘီစီ ကို ပြောပြရာမှာ လေဆိပ်မှာ လေကြောင်းရဲ က ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေသလို တခြား နေရာတွေ မှာ လည်း သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့က သီးခြား တာဝန်ယူ ဆောင်ရွက်နေကြောင်း ရှင်းပြပါတယ်။

လှိုင်သာယာ၊ ပဲခူးဘက် ဗုံးလန့်တယ် ဆိုရုံ နဲ့ လုံခြုံရေး ချတာ မဟုတ်ဘဲ သတိရှိကြဖို့၊ ဖြစ်နိုင်ခြေရှိတဲ့ မလိုလား အပ်ပဲ၊ လူတွေ အသေအပျောက် မဖြစ်အောင်၊ ပြုလုပ်တဲ့ ရည်ရွယ်ချက် လို့လည်း ရှင်းပြပါတယ်။

ရန်ကုန်မြို့တွင်း ဧည့်စါရင်း တိုင်ရေး ပြောရာမှာလည်း မူလ ကတည်းက ရှိပြီးသား စည်းကမ်းချက် သာ ဖြစ်ကြောင်း၊ ဖြစ်လာတဲ့ အခြေအနေ ပေါ် မူတည်ပြီး အမိန့် နဲ့ ညွှန်ကြားချက် အတိုင်း လေးလေး နက်နက် ဆောင်ရွက်နေကြတဲ့ အကြောင်း ကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ စီမံရေး နဲ့ လေ့ကျင့်ရေး ဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီးဦးဝင်းခေါင် က ဘီဘီစီ ကို ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

အမေရိကန်သံရုံး ဂိတ်ဝ ကားတိုက်မှုကြောင့် လုံခြုံရေး တပ်လှန့်

Friday, 12 July 2013
သြစတြေးလျနိုင်ငံရဲ့ မြို့တော် ကင်ဘာရာမြို့ရှိ အမေရိကန်သံရုံးရဲ့ ဂိတ်အဝင်ဝကို လူတစ်ယောက်က ကားနဲ့ ဝင်တိုက်ခဲ့တဲ့အတွက် လုံခြုံရေးအဖွဲ့တွေ တပ်လှန့်ခံနေရပါတယ်။

မနေ့တုန်းက အသက် ၃၀ အရွယ် Adrian Talbot Richardson ဆိုသူက အမေရိကန်သံရုံးရဲ့ ခြံဂိတ်ဝကို ဝင်တိုက်ခဲ့မှုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရပြီး သူ့ကို နိုင်ငံတကာက ကာကွယ်စောင့်ရှောက်ထားတဲ့ ပုဂ္ဂိုလ်ရဲ့ နေအိမ်ကို ပျက်စီးအောင် လုပ်ခဲ့တဲ့အမှုနဲ့ တရားစွဲထားပါတယ်။

အမေရိကန်သံရုံး လုံခြုံရေး အမူထမ်းတွေရဲ့အဆိုအရ Mr Richardson ဟာ မနေ့ညတုန်းက သံရုံးနားအရောက်မှာ ကားကို ဖြေးဖြေးသာသာ မောင်းနှင်ပြီးနောက် ကားမီးကို ပိတ်လိုက်တဲ့အကြောင်း၊ အဲဒီနောက် သံရုံးနဲ့ မီတာ ၂၀ အကွာလောက်မှာ ကားအရှိန်ကို မြှင့်တင်ပြီး ဂိတ်ဝကို ဝင်တိုက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ပျက်စီးသွားတဲ့ သံရုံးရဲ့ ဂိတ်ကို ပြင်ဆင်ဖို့အတွက် ဒေါ်လာ တစ်သိန်း ကုန်ကျမယ်လို့လည်း သိရပါတယ်။

ကားနဲ့ ဝင်တိုက်ခဲ့သူကို ခေတ္တမေးမြန်းမှုတွေလုပ်ပြီး စိတ်ကျန်းမာရေးစစ်ဆေးဖို့အတွက် ဆေးရုံကို ပို့ဆောင်ပြီးမှ တရားရုံးမှာ ဆက်လက်အမှုရင်ဆိုင်ရမယ်လို့ သိရပါတယ်။

သူ့အနေနဲ့ အမေရိကန်သံရုံးရဲ့ ဂိတ်ဝကို ဘာကြောင့် ဝင်တိုက်သလဲဆိုတာတော့ မသိရသေးပေမယ့် လုံခြုံရေးသမားတွေ သတိထားဖို့ တပ်လှန့်မှုတွေ လုပ်ထားကြောင်း သိရပါတယ်။
ABC Radio Australia

ငွေကျပ် ၁၈ သိန်းကျော်တန်ဖိုးရှိ ဆာလဗျူရစ်အက်စစ်များ သိမ်းဆည်းရမိ

မြစ်ကြီးနား ၊ ၁၂-၇-၂၀၁၃
မြစ်ကြီးနား မြို့ပေါ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၊ ရောင်းချ ဖြန့်ဖြူးသူများ အပြင် မူးယစ်ဆေးဝါး နှင့် ဆက်နွယ် နေသည့် ဓာတုပစ္စည်း များကိုလည်း ရှာဖွေ ဖော်ထုတ် သိမ်းဆည်းလျက် ရှိရာ ဇူလိုင်လ ၉ ရက်နေ့က မြစ်ကြီးနား မြို့ပေါ်တွင် ငွေကျပ် ၁၈ သိန်းကျော် တန်ဖိုးရှိ ထိန်းချုပ် ဓာတုဗေဒ ပစ္စည်းများ ဖြစ်သည့် ဆာလဗျူရစ် အက်စစ်များ ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၉ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်က မြစ်ကြီးနား မှ တနိုင်းမြို့သို့ ထွက်ခွာမည့် ရာဇာထွန်း မောင်းနှင်သည့် ၁ယ/၆၁၇၇ မစ်ဆူဘီရှီ ယာဉ်အား ရပ်တန့် ရှာဖွောရာ ယာဉ်နောက်ခန်း တွင် ကျန်းမာရေး ၀န်ကြီးဌာန ၏ ၁/၂၀၁၂ ဇယား(၁) ပါ ထိန်းချုပ် ဓာတုပစ္စည်းများ ဖြစ်သည့် ဆာလဗျူရစ် အက်စစ် ၄၀ လီတာ အား တွေ့ရှိ၍ မေးမြန်းရာ ၄င်း အက်စစ်များကို ရှမ်းစု မြောက်ရပ်ကွက် အိမ်အမှတ် (၈၃)ရှိ B2 ကားပစ္စည်း ဆိုင်မှ ၀ယ်ယူ ခဲ့ကြောင်း ထွက်ဆို၍ အဆိုပါ B2 ကားပစ္စည်း အရောင်းဆိုင် အား သွားရောက် ရှာဖွေရာ ဆိုင်ရှင် ဦးဘီဘရန်းဆင် ၏ နေအိမ် မြောက်ဘက်ရှိ အုတ်တံတိုင်း နှင့် နေအိမ်ကြား ဆာလဗျူရစ် အက်စစ် ၂၀ လီတာပါ အပြာရောင် ပလပ်စတစ်ပုန်း ၄၆ ပုန်း ၊ စုစုပေါင်း ဆာလဗျူရစ် အက်စစ် ၉၂၀ လီတာ ၊ ကာလတန်ဖိုး ငွေကျပ် ၁၈၄၀၀၀၀ အား ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်ကြောင့် ထိန်းချုပ် ဓာတုပစ္စည်း များဖြစ်သည့် ဆာလဗျူရစ် အက်စစ်ရည်များ တရားမ၀င် သိုလှောင် ရောင်းဝယ်သူ ဦးဘီဘရန်းဆင် ၄၆ နှစ် (ဘ) ဦးဝိုင်ဂူရဆင် အား ထိန်းချုပ် ဓာတုပစ္စည်း သိုလှောင် ရောင်းဝယ်မှု ဥပဒေ အရ မြို့မ ရဲစခန်း မှ မယ(ပ) ၅၁ / ၂၀၁၃ ၊ မူး/စိတ် ပုဒ်မ ၁၆(ခ) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။
Pyi Chit Tar

မှတ်ပုံတင်မဲ့ (Without)ကားများ မြန်မာနိုင်ငံ အနှံ့အပြားသို့ ရောက်ရှိ

Friday, 12 July 2013
မြ၀တီမြို့တွင် စီးနင်းနေသည့် မော်တော်ယာဉ်များအား တွေ့ရစဉ်
နယ်စပ်ဝင်ပေါက်များမှ တရားမ၀င် ရောက်ရှိနေသော မှတ်ပုံတင်မဲ့ (Without) ကားများ မြန်မာနိုင်ငံ အနှံ့အပြားသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေပြီး က.ည.န တွင် တရားဝင် မှတ်ပုံတင်ခြင်း မရှိဘဲ ဥပဒေမဲ့ စီးနင်းသွားလာ နေသည်ကို တွေ့ရှိရကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ စီးနင်းနေမှုများသည် ဥပဒေကို မျက်ကွယ်ပြုခြင်း၊ သွင်းကုန်ပို့ကုန် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး အဆိုပါ မော်တော်ယာဉ်များဖြင့် တရားမ၀င် မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ခြင်းများ၊ ဒုစရိုက် မှုခင်းများတွင် ပါဝင်ပတ်သက်မှုများ ရှိနေပြီး ကြုံရာနံပါတ်များ တပ်၍ ပြည်သူလူထုကြား၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ရှိသည်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ကရင်ပြည်နယ် အတွင်းတွင်လည်း တရားမ၀င် မော်တော်ယာဉ်များ ရှိနေမှုနှင့် ပတ်သက်ပြီး ''ကရင်ပြည်နယ်မှာ ပြောရရင် စီးနေတဲ့ ယာဉ်တွေက တရားဝင် မဟုတ်ဘူး။ ရွာတစ်ရွာမှာ အစီး ၅၀ အထက် ရှိတယ်။ ဒါပေမဲ့ တရားဝင် တစ်စီးမှမရှိဘူး။ တရားဝင်ဖြစ်အောင် လုပ်ပေးဖို့ တောင်းထားတာလည်း ရှိတယ်။ ဒီလိုလုပ်ရင် အစိုးရလည်း အခွန်အခရမယ်။ ဒါပေမဲ့ ပေးလို့မရဘူး ပြောတယ်။ တောင်းထားတာ နှစ်နှစ်လောက်ရှိပြီ။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကိုလည်း ပြောတယ်။ ကရင်ပြည်နယ် ၀န်ကြီးချုပ်ကိုလည်း ပြောထားတယ်။ တရားဝင်လည်း စာတင်ထားတယ်။ ကရင်ပြည်နယ် အတွင်းမှာပဲ စီးနင်းဖို့ ယာယီလက်မှတ်တွေ ထုတ်ပေးထားတာတော့ ရှိပါတယ်'' ဟု နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး၊ အမှတ်(၃)တပ် နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ရောက်လာသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များသည် နယ်စပ်ဒေသတွင် လုံခြုံရေး စိုးမိုးမှုအားနည်းသော လမ်းကြောင်းများနှင့် ရှောင်ကွင်းလမ်း တောလမ်းခရီးများမှ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး တရားဝင် ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်များမှ ၀င်ရောက်ခြင်း မရှိကြောင်း သိရသည်။

တရားမ၀င် ၀င်ရောက်မှုများကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသခံနယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် တပ်ဖွဲ့များနှင့် တာဝန်ရှိ အဖွဲ့အစည်းများ နေ့စဉ်စိစစ် ပိတ်ဆို့ဖမ်းဆီး လျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ လိုင်စင်မဲ့ မော်တော်ယာဉ် စုစုပေါင်း ၁၂၄၂ စီးကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ဇူလိုင် ၉ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်း ဖြေကြားခဲ့သည်။
Eleven Media Group

တောင်ငူ-ရန်ကုန် စေတမန်ခရီးသည်တင်ယာဉ် တိမ်းမှောက်

Friday, 12 July 2013
ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသည့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄/၃ နှင့် ၁၄/၅ ကြားတွင် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်က တောင်ငူ-ရန်ကုန် ပြေးဆွဲ သည့် စေတမန် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ် (၃) အမြန်လမ်းရဲစခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။

“ခရီးသည်ယာဉ်မှောက်တာ ဟုတ်ပါတယ်။ ထိခိုက်ပျက်စီးမှုကတော့ မသိရသေးပါဘူး” ဟု တောင်ငူမြို့ စေတမန် ခရီးသည်တင်ယာဉ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

အဆိုပါ ခရီးသည်တင်ယာဉ်သည် ဇူလိုင်လ ၁၁ ရက် နံနက် ၉ နာရီခွဲခန့်တွင် တောင်ငူမှ ခရီးသည် ၂၉ ဦးတင်ဆောင်ကာ ရန်ကုန်သို့ ထွက်ခွာလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အတွင်း အရောက် ၎င်း၏ရှေ့တွင် မောင်းနှင်နေသည့် ကိုယ်ပိုင်ယာဉ် တစ်စီး ကို ကျော်တက်ရာမှ အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ
ကာ ပက်လက်လန်၍ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့် က ပြောကြားသည်။

ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် လှည်းကူးမြို့နယ် ဆေးရုံသို့ တင်ပို့ကုသလျက်ရှိပြီး ဒဏ်ရာများမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရှေ့ကယာဉ်မောင်းက အိပ်ငိုက်ပြီး ဟိုယိုင်ဒီယိုင် ဖြစ်သွားတဲ့အချိန် မှာ နောက်က ကျော်တက်တဲ့ ပုံသဏ္ဌာန်ကို တွေ့ရှိရတယ်။ ဒါကြောင့် အမြန်လမ်းမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေက ရှေ့ကားကို ကျော်
မယ် ဆို သတိထားသင့်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း အောင်ကျော်မိုးကို ယာဉ် (ပ) ၁၂/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးထားကြောင်း အမှတ်(၃) အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁/၇ နှင့် ၂/၀ အကြားတွင် ဇူလိုင်လ ၈ ရက် နံနက် ၅ နာရီကျော်က နီဆန်းကိုရိုလာ အဖြူရောင်ယာဉ်တစ်စီး ဆီပြတ်၍ ဆီဖြည့်နေစဉ် Toyota Belta အနက်ရောင်ယာဉ်က နောက်မှဝင်ရောက် တိုက်မိရာ ယာဉ်ပေါ်ပါသူ ခုနစ်ဦးအနက် နှစ်ဦးသေဆုံး ခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီကျော်တွင် အမြန်လမ်း၏ မိုင်တိုင် ၂၆၂/၃ နှင့် ၂၆၂/၄ အကြား
တွင် မန္တလာမင်း ခရီးသည်တင်ယာဉ်က ရှေ့တွင်မောင်းနေသည့် ဟိုင်းလပ်ဆာ့ဖ်ယာဉ်ကို ကျော်တက်ရာမှ ဟိုင်းလပ်ဆာ့ဖ်ယာဉ်က ဘယ်ဘက်သို့ ချိုးကွေ့ရာမှ ခရီးသည်ယာဉ်နှင့် တိုက်မိရာ တိမ်းမှောက်ခဲ့ပြီး ဟိုင်းလပ်ဆာ့ဖ်ယာဉ်ပေါ်မှ လေးဦးသေဆုံးခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၀၉ ခုနှစ် မေလမှ ၂၀၁၃ ခုနှစ် ဧပြီလအထိ အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၆ ဦး ၊ ဒဏ်ရာ
ရသူ ၆၇၈ ဦးခန့်ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်
အရ သိရှိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင်လှစ်ခဲ့ပြီး လမ်းမကြီးတစ်ဖက်လျှင် အကျယ်၂၅ ပေရှိသည့် ယာဉ်သွားလမ်းနှစ်
လမ်း ပါရှိကြောင်း၊ အဆိုပါလမ်းမကြီးသည် တစ်နိုင်ငံ လုံးတွင်ရှိသည့် လမ်းအရှည်ပေါင်း ၁၅၀,၂၂၁ ကီလိုမီတာ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း အရှည်ရှိကြောင်း မေလ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
The Voice Weekly

ကမ္ဘာတဝန်း PC ကွန်ပျုတာ အရောင်းကျ

ကွန်ပျူတာသုံးစွဲသူ
11.07.2013
လူအများအပြားဟာ လက်ကိုင်သုံး အသေးစား tablets ကွန်ပျူတာလေးတွေကို အသုံးပြုလာကြတဲ့အတွက် အရင်က အဓိကထားအသုံးပြုနေတဲ့ PC ကွန်ပျူတာတွေ ကမ္ဘာအနှံ့တင်ပို့ ရောင်းချနေမှုဟာ သိသိသာသာ ကျဆင်းသွားတဲ့ အကြောင်း နည်းပညာ သုတေသနပြုနေတဲ့ အဖွဲ့အစည်းတခုက ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀၁၃ ခုနှစ် ဒုတိယ ၃ လ ကာလအတွင်း ကမ္ဘာအနှံ့ PC ကွန်ပျူတာ တင်ပို့မှုဟာ ၁၁% ကျဆင်းသွားတယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် GARTNER သုတေသန အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။ PC ကွန်ပျူတာ အရောင်းဈေးကွက် တင်ပို့ရောင်းချမှု သမိုင်းမှာ အနည်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာအနှံ့က ကွန်ပျူတာဝယ်ယူသုံးစွဲသူ အများအပြားဟာ အသုံးပြုရတာ အဆင်သင့်တဲ့ အသေးစား TABLET ကွန်ပျူတာ တွေကို ပိုမို ၀ယ်ယူလာတာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
Apple Company က ၂၀၁၀ ခုနှစ်မှာ Ipad ကွန်ပျူတာတွေ စတင်ဖြန့်ချီခဲ့ပြီးတဲ့နောက်ပိုင်း TABLET ကွန်ပျူတာ အသေးစားတွေ ပိုမိုခေတ်စားလာခဲ့တာပါ။

ကွန်ပျူတာထုတ်လုပ်သူတွေက ဈေးကွက်ထဲကို အပြိုင်အဆိုင် တင်သွင်းလာနေကြပြီး အသေးစား TABLET ကွန်ပျူတာတွေရဲ့ ဈေးနှုံးတွေဟာလည်း တစထက်တစ ပိုမိုသက်သာလာနေပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဗုဒ္ဓဂါယာ ဗုံးကွဲမှုနေရာ Sonia Gandhi သွားရောက်ကြည့်ရှု

ဗုဒ္ဓဂါယာကို ဆိုနီယာ ဂန္ဒီ သွားရောက်လည်ပတ်စဉ် (၁၀ ဇူလိုင် ၂၀၁၃)
10.07.2013
အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်သွားခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ အိန္ဒိယအစိုးရအနေနဲ့ ဒီနေရာတွေကို လုံခြုံရေးတွေ တိုးမြှင့် ချထားပေးဖို့ လိုအပ်ကြောင်း လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒီ (Sonia Gandhi) က ပြောပါတယ်။

တခြား အစိုးရအရာရှိတွေနဲ့အတူ ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဂါယာ မဟာဗောဓိစေတီကို ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့တဲ့အပြင် မဟာဗောဓိစေတီ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်က ဗုံးပေါက်ကွဲခဲ့တဲ့ နေရာတွေကို ဒီကနေ့ နေ့လည်ပိုင်းမှာ ရောက်လာတဲ့ ကွန်ဂရက်ပါတီအကြီးအကဲ ဆိုနီယာ ဂန္ဓီနဲ့အတူ ပြည်ထဲရေးဝန်ကြီး Sushilkumar Shinde လည်း လိုက်ပါသွားတာပါ။

ဗုဒ္ဓဘာသာတွေ အထွတ်အမြတ်ထားရာ ဘာသာရေး နေရာတွေမှာ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း မဟာဗောဓိ စေတီအတွင်းမှာ ရှိနေစဉ် ဆိုနီယာ ဂန္ဓီက ပြောဆိုသွားတဲ့အကြောင်း မဇ္ဇျိမဖောင်ဒေးရှင်းက ဆရာတော် ဦးနန္ဒ၀ံသက မိန့်ပါတယ်။

“ဆိုနီယာ ဂန္ဒီက လာသွားတယ်။ အခုတော့ security ချဖို့ပဲ ဒီလိုပဲ ပြောသွားတယ်။ security တွေ ချပြီးတော့ ဗုဒ္ဓဘာသာတွေ ဒီလိုဖြစ်ပျက်တဲ့အပေါ်မှာ ၀မ်းနည်းကြောင်း သူပြောသွားတယ်လေ။ ဒီလောက်ပါပဲ။ အဲ လုံခြုံရေးတွေ ထပ်ဆင့်တိုးဖို့၊ နောက် ကျန်တဲ့ ဒီမှာ ဗုဒ္ဓဘာသာကျောင်းတွေကို ဒီလို လာဖျက်စီးတာလည်း ၀မ်းနည်းကြောင်း အဲ့ဒါပဲ ပြောကြားသွားပြီးတော့ သူ ပြန်သွားတယ်လေ။ လူကြီးတွေတော့ပါတယ်။ လူကြီးတွေ ပါတယ်ဆိုတာ သူနဲ့ပါတဲ့ လူကြီးတွေကတော့ ပြည်ထဲရေးတွေဘာတွေ အကုန်ပါတယ်။ အကုန်လုံးက ပြည့်ကျပ်ပြီးတော့ ဘုရားထဲပဲ ၀င်ပြီးရင် အခုလည်း အစည်းအဝေး လုပ်နေတယ်ဆိုတော့ သူတို့က အပြင်ကို ထွက်ခွင့်မရှိသေးဘူး။ အကြာကြီးတော့ မနေဘူး။ ညနေပြန်မယ်။ အစည်းအဝေးပြီးသွားရင်တော့ ပြီးသွားပြီပေါ့လေ။ ဟုတ်တယ်။ ဟုတ်တယ်။ BMC ဆိုတာ ဦးဇင်းတို့ ဒီက Management Committee မှာပေါ့။ အဲ့မှာ အစည်းအဝေး လုပ်နေတယ်။ မဟာဗောဓိ Management Committee”

အခင်းဖြစ်ပွားတဲ့ နေရာတွေကို ခေတ္တ ကြည့်ရှုစစ်ဆေးပြီး မဟာဗောဓိစေတီတော် အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆိုနီယာ ဂန္ဓီနဲ့ လိုက်ပါလာကြတဲ့ အစိုးရအရာရှိတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဂါယာကိုလည်း သူ သွားကြည့်မယ်ပေါ့။ သူက အဲ့လိုတော့ ပြင်ထားတယ်။ အစည်းအဝေးကျင်းပနေတယ်။ ဘုရားထဲမှာ သူတို့ လည်ပတ်ပြီးတော့ အခု ဗုံးဖောက်ခွဲတဲ့နေရာတွေကို ပတ်ပြီးတော့ ကြည့်တယ်။ ကြည့်ပြီးတော့ ပြန်ပြီးတော့ အခု BMC မှာ အစည်းအဝေး ကျင်းပတယ်။ အဲ့ဒီအစည်းအဝေးမှာ သူ ခဏ နေနေတာပေါ့။ အဲ့ဒါပြီးမှာ သွားကြည့်မယ်ထင်တယ်။”

နောက်ပိုင်းမှာတော့ ဂါယာမြို့ ဆေးရုံမှာ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေကို ဆိုနီယာ ဂန္ဓီ သွားကြည့်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဆိုနီယာ ဂန္ဓီဟာ အိန္ဒိယနိုင်ငံမှာ အစိုးရရာထူး အတိအကျယူမထားပေမယ့်လည်း လက်ရှိအာဏာရ ကွန်ဂရက်ပါတီရဲ့ ဥက္ကဌတာဝန်ကို ယူထားတာကြောင့် နိုင်ငံရေးအရ သြဇာရှိတဲ့သူ တဦးဖြစ်ပါတယ်။

ဆိုနီယာ ဂန္ဓီနဲ့အတူ လိုက်ပါလာတဲ့ ပြည်ထဲရေးဝန်ကြီးကတော့ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အမျိုးသားထောက်လှမ်းရေးဌာနက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ပြောပါတယ်။ ဒီဖောက်ခွဲမှုမှာ လူ ၃ ယောက်ကနေ ၄ ယောက်အထိ ပါဝင် ပတ်သက်နိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီး Sushilkumar Shide က ပြောပေမဲ့ ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်လို့ သံသယရှိသူ ၄ ဦးကို အိန္ဒိယအစိုးရ အရာရှိတွေက အင်္ဂါနေ့မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပေမယ့်လည်း နောက်ပိုင်း သူတို့နဲ့ ပတ်သက်ခြင်း မရှိတာကို စုံစမ်း သိရှိရတဲ့အတွက် ဒီကနေ့မှာပဲ အားလုံးကို ပြန်လွှတ်ပေးလိုက်တယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

“မနေ့က ဖမ်းတဲ့ ၄ ယောက် လွှတ်လိုက်တယ်။ သူတို့ ဖမ်းတဲ့အကြောင်းရင်းက သူတို့က အဲ့ဒီ CCTV Footage မှာ ပါတယ်။ ပါပြီးတော့ နောက် အဲ့ဒီကို သူတို့က ၃ နာရီခွဲလောက် ရောက်တယ်။ နောက်ပြီးတော့ ဟိုတယ်ကို check in လုပ်တယ် ၄ နာရီမှာ။ နောက် ဗုံးပေါက်တာ ၅ နာရီခွဲဆို သူတို့က ဟိုတယ်ကနေ check out ၆ နာရီခွဲမှာ လုပ်သွားတယ်။ အဲ့ဒါနဲ့ သူတို့က ဖမ်းတာ။ အဲ စစ်လိုက်တော့ သူတို့က ဘုရားကို မရောက်ဖူးလို့ လာတဲ့ လူငယ်တွေဖြစ်နေတယ်။”

“ဘာမှမဆိုင်ဘူး။ သူတို့က ဗုံးပေါက်တာနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးတဲ့သဘော ဆိုတာကို သိသွားလို့ ၄ ယောက်လုံးကို ပြန်လွှတ်ပေးလိုက်တယ်။ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၃ ယောက်။ နောက်ထပ်ဖမ်းတာ ဘာမှ မရှိသေးဘူး။ Suspect ပဲ ကြေညာထားတာရှိတယ်။ ဓာတ်ပုံ ၃ ပုံပဲရှိတယ်။ အဖမ်းအဆီး လုံးဝ မရှိသေးဘူး။ ဘယ်အဖွဲ့ဆိုတာလည်း အတိအကျ မပြောနိုင်သေးဘူး။ အဲ့ဒါလည်း ဗွီဒီယို footage သူတို့ရဲ့ clue က နှစ်ခုပဲရှိတယ်။ အဲ့ဒီ CCTV Footage နဲ့ ဒီ မပေါက်ကွဲတဲ့ ဂတ်စ်နဲ့ ဒါ အသေးစား ၃ လုံး ဒီဟာပဲရှိတယ်။ ကျန်တဲ့ clue ဘာမှမရှိဘူး။ ဒါကြောင့် သူတို့ ခက်နေတာ။”

အခုချိန်ထိ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးတဲ့အတွက် သတင်းအချက်အလက် ပေးနိုင်သူကို ရှုပီး တသန်း ဆုချမယ်လို့ အိန္ဒိယ အမျိုးသား လုံခြုံရေးအေဂျင်စီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာ ရဟန်းတော် အရှင် ၀ိလာသ သဂ္ဂ ကတော့ ဒီကနေ့မှာ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေပြီး ထူထူထောင်ထောင် ရှိတယ်လို့ သူ့ကို သွားကြည်ခဲ့တဲ့ မြန်မာ ရဟန်းတော် ဦးတေဇိန္ဒက ပြောပါတယ်။ ဒါ့အပြင် အရှင် ၀လာသ သဂ္ဂအတွက် နိုင်ငံတကာက ပေးပို့ကြတဲ့ လှူဖွယ်ပစ္စည်းတွေကို စင်္ကာပူမှာ နေထိုင်နေတဲ့ အကိုဖြစ်သူက ဒီကနေ့ပဲ ဗုဒ္ဓဂါယာကို သယ်လာပေးတယ်လို့ သိရပါတယ်။
ကိုဇော်ဝင်းလှိုင်
ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန် ချက်ဗလက်ဆလွန်းကားတစ်စီး ကျပ်သိန်း ၂၅၀ ဖြင့် ရောင်းမည်

July 11, 2013ကမ္ဘာကျော် General Motor ကားကုမ္ပဏီမှ ထုတ်လုပ်သည့် ချက်ဗလက်ဆလွန်းကားများကို တစ်စီးလျှင် ကျပ်သိန်း ၂၅၀ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း အကျိုးတူဆောင်ရွက်မည့် Pacific Alpine ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ပြောကြားလိုက်သည်။

အဆိုပါကျပ်သိန်း ၂၅၀ဈေးနှုန်းသည် အကောက်ခွန်နှင့် က.ည.န အခွန်များ အပါအဝင်ဖြစ်ပြီး ယခုနှစ်မကုန်မီ ကားအရောင်းပြခန်းနှင့် ကားဝန်ဆောင်မှုစင်တာကို ရန်ကုန်တွင် စတင်ဖွင့်လှစ်မည်ဟု ဦးဇော်မိုးခိုင်က ဆိုသည်။

၂၀၁၄ခုနှစ်တွင် မန္တလေး၌လည်း ကားအရောင်းပြခန်းများကို ဆက်လက် ဖွင့်လှစ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

ဦးဇော်မိုးခိုင်က “ပထမဆုံးအကြိမ်အနေနဲ့တော့ ကားအစီး ၅၀ကို တင်သွင်းရောင်းချသွားမှာပါ။ ဒီနှစ်မကုန်ခင် ကားစင်တာစဖွင့်မှာပါ’’ ဟု ဆိုသည်။

မြန်မာ-အမေရိကန်ကုမ္ပဏီနှစ်ခု၏ လုပ်ငန်းပူးပေါင်းဆောင်ရွက်မည့် ရင်းနှီမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ သန်းဂဏန်းပမာဏခန့်ရှိနိုင်ကာ အသေးစိတ်ကို ညှိနှိုင်းဆဲဟု ဦးဇော်မိုးခိုင်က ဆက်လက်ပြောကြားသည်။

တင်းသွင်မည့် Chevrolet ကားများတွင် ဆလွန်ကားသေး၊ ကားလတ်နှင့် ပစ်ကပ်ကားတို့ဖြစ်ပြီး ဝယ်ယူပြီးနှစ်နှစ်အတွင်း ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ပေးမည်ဟု ဦးဇော်မိုး ခိုင်က ရှင်းပြသည်။

General Motor ၏ ချက်ဗလက်ကားများသည် နိုင်ငံပေါင်း ၁၄၀ သို့ နှစ်စဉ် ကားစီးရေ ၄ ဒသမ ၅သန်း ဖြန့်ဖြူးနေကာ ဆီစားသက်သာသည်ဟု နာမည်ရနေသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ချက်ဗလက်ကားများ လာရောက်ရောင်းချမည့် အပြင် တောင်ကိုရီးယားမှ ဟွန်ဒိုင်းကား ကုမ္ပဏီ၊ ဂျပန်၏ မစ်ဆူဘီရှီနှင့် ဂျာမနီမှ မာစီဒီးကားများလည်း ကားအရောင်းပြခန်းများဖွင့်လှစ်ကာ ရောင်းချကြရန်အစီအစဉ်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။     
မင်းသူရ
Mizzima - News in Burmese  

သင်္ဘောဝမ်းဗိုက်ထဲသို့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် တရုတ်နိုင်ငံသားပိုင် ကုန်တင်သင်္ဘောပေါ်မှ အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဇူလိုင်လ ၉ ရက်နေ့ နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ MV AN XIN JIANG ကုန်တင်သင်္ဘောပေါ်တွင် ကုန်တင်ကုန်ချ ကြီးကြပ်ဝန်ထမ်း အသက် ၆၄ နှစ် အရွယ်ရှိ ဦးအောင်မြင့်သည် ကုန်တင်ကုန်ချလုပ်ငန်း ကြီးကြပ်ရန် ၁၅ ပေ အမြင့်ရှိ သံလှေကားမှ အဆင်းတွင် သင်္ဘောဝမ်းဗိုက်ထဲသို့ ခြေချော် ပြုတ်ကျကာ ဘယ်ဘက်ချိုစောင်းတွင် ဒဏ်ရာရ၍ သေဆုံးခဲ့ကြောင်း သေဆုံးမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဖြစ်တာက ရုတ်တရက်ကြီး၊ သူနဲ့ အရမ်းရင်းနှီးတဲ့ တရုတ်နိုင်ငံသား တစ်ဦးဆို ငိုတောင်ငိုတယ်၊ ဆုံးသွားတဲ့သူက မန်နေဂျာရဲ့ လူယုံလေ။ အလုပ်လုပ်တာလည်းကြာပြီ” ဟု လုပ်ငန်းခွင်မှ မျက်မြင်တွေ့ရှိသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ သေဆုံးခဲ့သူသည် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ နွယ်နီ (၁၆) လမ်းတွင် နေထိုင်သူဖြစ်ပြီး သေမှုသေခင်း အမှတ်၂၈/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဆိပ်ကမ်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

အမေရိကန် ၊ ပြင်သစ် ၊ စပိန် အပါအ၀င် ပြည်ပ ၁၅ နိုင်ငံ အပြည်ပြည်ဆိုင်ရာ ထေရ၀ါရ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ပညာဆည်းပူး ကြမည်

အမေရိကန် ၊ ပြင်သစ် ၊ စပိန် အပါအ၀င် ပြည်ပ ၁၅ နိုင်ငံ နှင့် မြန်မာနိုင်ငံမှ ရဟန်း သီလရှင်နှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၈၀ ဦးတို့က ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ထေရ၀ါရ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ပညာဆည်းပူး ကြမည်ဟု သာသနာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယခင်နှစ်က ပညာသင်ယူခဲ့ပြီး ဒီပလိုမာဘွဲ့ ရရှိခဲ့သူ ၅၈ ဦးအား အောင် လတ်မှတ် အပ်နှင်းခြင်း နှင့်အတူ ယခုနှစ် သင်တန်းသား သစ်တို့အား ကြိုဆိုပွဲကို ဇူလိုင်လ ၉ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ထေရ၀ါရ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် တစ်ပြိုင်တည်း ကျင်းပ ပြုလုပ်ခဲ့ သည်။
PN - 051
Popular Myanmar News Journal

ကျောင်းဖွင့်စမှာပင် တက္ကသိုလ်ဝင် မေးခွန်းဟောင်းရောင်းကောင်းနေ

ကျောင်းဖွင့်စမှာပင် တက္ကသိုလ်ဝင်တန်း မေး ခွန်းဟောင်း လေ့လာသူပို၍ များလာသည်ဟု ပညာ ရေးစာအုပ် အရောင်းဆိုင်အချို့ထံမှ သိရ သည်။”အရင်ကဆို ဒီလိုနှစ်စမှာ မေးခွန်းဟောင်း စာ အုပ်တွေ ဒီလောက် မရောင်းရဘူး။ အခုက နေ့တိုင်းနီး ပါးကို တစ်ယောက်မဟုတ် တစ်ယောက်ဝယ် ကြတယ်” ဟု ၃၂ လမ်းရှိ ပညာရေးစာအုပ်အရောင်း ဆိုင်ရှင်တစ် ဦးက ပြောသည်။
၂ဝ၁၂-၂ဝ၁၃ တစ်နှစ်စာမေးခွန်းဟောင်းများထက် တက္ကသိုလ်ဝင်တန်း ၁ဝ နှစ်စာ မေးခွန်းဟောင်း များမှာ ပို၍ရောင်းရသည်ဟု စာအုပ်ဆိုင် ရှင်အချို့က ဆိုသည်။ယခင်နှစ်များက ကျောင်းသား အများစုမှာ ပညာ သင်နှစ် နှစ်လယ်ခန့်မှသာ မေးခွန်းဟောင်း ဝယ်ယူ လေ့ရှိကြပြီး ယခုနှစ်၌ နှစ်စမှာပင် ရောင်းအားကောင်း သည်ဟု ပညာရွှေတောင် စာအုပ်ဆိုင် တာဝန်ခံတစ်ဦး က ဆိုသည်။”အခုခေတ်က ပညာခေတ်လေ။ ပညာရေးစနစ် ကလည်း မြင့်လာတော့ ကလေးကို မေးခွန်းနားမ လည်မှာစိုးတာနဲ့ပဲ စောစောကတည်းက ဝယ်ပေးထား တာ။ ကိုယ်လည်း ပြန်လေ့လာပြီး သားကို သင်ပေး လို့ရတာပေါ့” ဟု အထက (၂) တာမွေမှ ကျောင်း သားမိခင်တစ်ဦးက ပြောသည်။နွေရာသီကျောင်းပိတ်ရက် ကာလများတွင် ဘာ သာရပ်ဆိုင်ရာ အထူးထုတ်စာအုပ်များ အရောင်း အဝယ် သွက်ခဲ့ပြီး ကျောင်းဖွင့်စမှ စတင်ကာ ယင်းကဲ့ သို့ ၂ဝဝ၃ မှ ၂ဝ၁၃ ခုနှစ်အထိ ၁ဝ နှစ်စာ မေးမြန်းခဲ့ သည့် မေးခွန်းဟောင်းများ ရောင်း လာရသည်ဟု အမေ့ အိမ်စာအုပ်ဆိုင်မှ တာဝန်ခံက ပြောသည်။

စမ်းချောင်းမြို့နယ်မှ တက္ကသိုလ်ဝင်တန်း ကျူ ရှင်ဆရာတစ်ဦးကလည်း မိမိတပည့်များ မေးခွန်းပုံစံ ကို စနစ်တကျ နားလည်စေရန်အတွက် သင်ရိုးတိုင်း အတွက် သက်ဆိုင်ရာ မေးခွန်းဟောင်းများနှင့် တွဲဖက် သင်ကြားပေးကြောင်း ပြောသည်။လက်ရှိ တက္ကသိုလ်ဝင်တန်း အထူးထုတ်များနှင့် ဘာသာစုံ မေးခွန်းဟောင်းများမှာ ဂုဏ်ထူး လက် ဆောင်၊ ရွှေကံ့ကော်၊ ရွှေလက်ဆောင်စသဖြင့် စာအုပ်များ ထွက်ရှိပြီး စာအုပ်ဈေးနှုန်းမှာ တစ် ထောင့်နှစ်ရာကျပ်မှ သုံးထောင်ခန့်အထိ ရှိကြောင်း ပညာရေးစာအုပ် အရောင်းဆိုင်များထံမှ သိရသည်။
အိမ်စည်စိုးစံ
Popular Myanmar News Journal

မုံရွာစီးပွားရေးတက္ကသိုလ်မှ တတိယနှစ်ကျောင်းသားအား ရက်စက်စွာ ရိုက်သတ်ခဲ့သော တရားခံများဖမ်းမိ

မောင်အောင်ဝိုင်းချစ်သူ ၏ နောက်ဆုံးခရီး တွင်တွေ့မြင်ရစဉ်ပုံ
မုံရွာစီးပွားရေးတက္ကသိုလ်မှ တတိယနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ (၂၁) နှစ်အား ၀ိုင်းဝန်းပြီး ရက်စက်စွာ ရိုက်သတ်ခဲ့သော မုံရွာ စီးပွားရေးတက္ကသိုလ်မှ ကျောင်းသား ဖြစ်သူ ရှမ်းကြီး(ခ)ဇော်မိုးအောင် နှင့် စိုင်းရဲသူရ စာရင်းအင်း ဒုတိယနှစ် (ဘ) ဦးမြိုင်ဆွေ ဟိုပင်မြို့ နေသူ တို့ပါဝင်သော (၉)ဦးအား မုံရွာမြို့နယ်ရဲတပ်ဖွဲ့ မုံရွာအမှတ်(၁/၂)ရဲစခန်းတို့မှ ပူးပေါင်း၍ဖော်ထုတ်အရေးယူဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း မုံရွာစီးပွားရေးတက္ကသိုလ် အသိုင်းအ၀ိုင်း နှင့် ရဲတပ်ဖွဲ့ သတင်းများအရ သိရှိရပါသည်။
ThanLarWaddy Times

ဦးခေါင်းတွင်အရိုက်ခံရသည့် ကျောင်းသားမိသားစုက ၀န်ကြီးဒေါ်ဘောက်ဂျာသို့ တိုင်ကြား

ဇူလိုင်လ ၁၀ ရက် ၂၀၁၃
အရိုက်ခံရသည့် မောင်ဆိုင်းလတ်အောင် မိသားစုများက ဇွန်လိုင်လ ၉ရက်နေ့တွင် ကျောင်းသား ကိုရိုက်သည့် အင်္ဂလိပ်စာ ဘာသာပြဆရာမကို အရေးယူပေးပါရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးနှင့်ပညာရေး ၀န်ကြီးဌာနသို့ တိုင်ကြားစာ တင်လိုက်ကြောင်းသိရသည်။

မောင်းဆိုင်းလတ်အောင်၏အဖွားက “အဲဒီ ဆရာမကို အလုပ်ပြုတ်သွားအောင် အရေးယူပေး ဆိုတဲ သဘောနဲ့ မဟုတ်ဘူး နောက်နောင် တစ်ခြားကျောင်းသားတွေကို ဒီလိုကိုယ်ထိလက်ရောက် နာကျင်စေအောင် မပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ပါ” ဟုပြောသည်။

ဆက်လျက်ပြီး ထိုကဲ့သို့ တိုင်ကြားသည့်အတွက် အရေးယူခံရလျှင်လည်း ကျောင်းပြောင်းရုံလောက်သာ ဖြစ်ခိုင်းစေချင်
ကြောင်းပြောသည်။

ကျောင်းသားကို ရိုက်သည့် ဆရာမသည် အလယ်တန်းပြ ဖြစ်ပြီး အ.လ.က (၆)ထခွဲရှိ န၀မတန်း (၃)ခန်းစလုံးတွင် အင်္ဂလိပ်ဘာသာကို သင်ကြားနေကြောင်းလည်း သိရသည်။

ကျောင်းသားများကို ရိုက်သည့်အခါ ဦးခေါင်းတွင်သာ ရိုက်လေ့ရှိကြောင်း အရိုက်ခံရသည့် ကျောင်းသားက ပြောသည်။

လွန်ခဲ့သောနှစ် ၂၀၁၁ ခုနစ်တွင် (၇)တန်းတွင် တစ်ခန်းလုံးကို သင်ထောက်ကူပစ္စည်း ဖြစ်သည့် ထောက်ချွန်ဖြင့် တစ်ခန်းလုံးရှိကျောင်းသားအားလုံးကို ဦးခေါင်းတွင် ထောက်ချွန်ဖြင့် ထိုးပေးသည့် အတွက် ကျောင်းသား (၅)ဦးမှာ သွေးထွက်သံယိုဖြစ်သွားကြောင်းသိရသည်။

သွေးထွက်သံယိုဖြစ်သွားသည့် ကျောင်းသားတစ်ဦး၏မိခင်ဖြစ်သူက “အဲဒီတုန်းက ကျွန်မကလေးရဲ့ ဦးခေါင်း ၁ လက်မလောက် နက်သွားတယ်” ဟုပြောသည်။

အပြင်ဆေးခန်းများတွင်သာ ကုသမှုများပြုလုပ်ခဲ့ရသည်။ထိုအချိန်မှစကာ ထိုကျောင်းမှ ကျောင်းပြောင်းသွား ကြောင်းလည်းသိရသည်။

ထောက်ချွန်ဖြင့် အထိုးခံရသည့် ကလေး၏ မိခင်မှာလည်း မိမိသားကို ပညာသင်ကြား ပေးနေသည့် ဆရာမ ဖြစ်သည့်အတွက် မိမိသားအတွက် ယူကျုံးမရ ဖြစ်သော်လည်း သည်းခံလိုက်ရကြောင်း နှင့် ကုသစရိတ်ကိုထိုဆရာမနှင့် ကျောင်းမှထာက်ပံခြင်း မရှိကြောင်း ပြောသည်။

ယခုအချိန်တွင် ထောက်ချွန်ဖြင့်အထိုးခံရသည့် ကျောင်းသားမှာ အ.ထ.က ၁ တွင်(၁၀)တန်းကို ပညာသင် ကြားလျက်ရှိကြောင်း မိခင်ဖြစ်သူက ပြောသည်။
အ.လ.က(၆) ထခွဲ သည်ယခင်တုန်းက အလယ်တန်းအထိသာ ဖြစ်ပြီး အခုနောက်ပိုင်းတွင် အထက်တန်း ထခွဲ အဖြစ်သင်ကြားနေကြောင်းလည်း သိရသည်။

မောင်ဆိုင်းလတ်အောင် ကို ၃.၇.၂၀၁၃ ရက်နေ့တွင် သူမစာသင်နေစဉ် စာအုပ်တွင် ပုံဆွဲနေသည် ဟုဆိုကာ ဦးခေါင်းကို တုတ်ဖြင့် (၂၇)ချက်ခန့် ရိုက်လိုက်သည့် အတွက် အာရုံကြောထိခိုက်မှု ရှိ မရှိကို ဆက်လျက် စောင့်ကြည့် ရအုံးမည် ဖြစ်ကြောင်းဆရာဝန်က အဖွားဖြစ်သူကိုပြောကြောင်းလည်း သိရသည်။

ကျောင်းအုပ်ဆရာမကြီး ကရိုက်သည့်ဆရာမ ကိုန၀မတန်းတွင် မသင်ကြားစေတော့ကြောင်း ပြောသည်။
Monywa Times

ရွှေဘိုနယ်တွင် မိုးခေါင်သောကြောင့် ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲများ နေရာအနှံ့ ကျင်းပ

Thursday, 11 July 2013
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် ဆိုးရွားစွာ မိုးခေါင်လျက်ရှိနေပြီး ရိုးရာဓလေ့ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲများကို နေရာအနှံ့အပြား ကျင်းပလျက် ရှိသည်။

"ရာသီဥတုက တအားပူနေတယ်။ မိုးကလည်း လုံးဝကို မရွာတာလေ။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ရွှေဘိုစည်ပင်ဈေးကြီးမှာ လွန်ဆွဲခဲ့တယ်" ဟု စည်ပင်ဈေးမှ ကိုမြင့်နိုင်က ပြောကြားသည်။

မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးနှင့် အဓိက အသက်မွေးဝမ်းကျောင်းပြုရာ ဒေသဖြစ်သော ရွှေဘိုတွင် ဆိုးဝါးစွာ အခက်ကြုံလျက်ရှိပြီး ရိုးရာဓလေ့ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲများကို ကျင်းပကြခြင်း ဖြစ်သည်။
"မိုးက တအားခေါင်နေတယ်။ အဲဒါကြောင့် ရပ်ကွက်ထဲက လူငယ်လူကြီး အားလုံးပေါင်းပြီး လွန်ဆွဲကြတာလေ။ တက္ကသိုလ် ကျောင်းသူကျောင်းသားလေးတွေ ပါဝင်ဆွဲကြတာ။ ရိုးရာအငွေ့ အသက်လေးလည်းပါတော့ ပျော်စရာကောင်းတယ်။ မိုးတကယ်ရွာခဲ့ရင် ပိုပြီးပျော်စရာ ကောင်းမှာ" ဟု သခွတ္တောရပ်တွင် နေထိုင်သူ ကိုထွေးက ဆိုသည်။

"မနှစ်က လွန်ဆွဲပွဲပြီးတော့ မိုးကတောက်လျှောက် ရွာတယ်။ အဲဒီတော့ ပျော်လိုက်ရတာ။ ခဏပဲ မိုးကလုံးဝ ပျောက်သွားတာ။ ဒီနှစ်အဲလို မဖြစ်ပါစေနဲ့ပဲ ဆုတောင်းရမှာ။ မိုးမရွာရင် တောင်သူတင်မကဘူး။ တောင်သူကို အားပြုရောင်းရတဲ့ စည်ပင်ဈေးကြီးလည်း သိသိသာသာ အရောင်းပါးသွားတာလေ" ဟု စည်ပင်ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ရွှေဘိုနယ်တွင် ပုဂံခေတ်ကတည်းက တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ရွှေတန်ဆာဘုရား အညာဆန်ပွဲ၊ မိုးခေါ်လွန်ဆွဲပွဲနှင့် ငါးရံ့မင်း ပူဇော်ပွဲများကို ရိုးရာဓလေ့ စရိုက်အဖြစ် နှစ်စဉ်ကျင်းပလေ့ ရှိသည်။

အလယ်ပိုင်း မြေလတ်ဒေသဖြစ်သော ရွှေဘိုတွင် နှစ်စဉ်မိုးနည်းလေ့ ရှိသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ရာသီဥတု လွန်ကဲသော ဖြစ်စဉ်များ သိသာစွာ ဖြစ်ပွားခဲ့ပြီး တောင်သူများ ဆိုးရွားစွာ အခက်ကြုံနေခဲ့ရသည်။
Eleven Media Group

ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှုနှင့် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးထား

ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအတွက် ဖမ်းဆီးထိန်းသိမ်းထားသူ (၄)ဦးထိ ရှိလာပြီဟု အိန္ဒိယ သတင်းဌာနများက ဖော်ပြခဲ့သည်။ အင်္ဂါနေ့တွင် စုစုပေါင်း လူ(၄)ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းမှုများလည်း ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

တနင်္ဂနွေနေ့ (ဇူလိုင် ၇ ရက်) က ပေါက်ကွဲမှုများတွင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် ဘာသာရေးမြေ၌ ပျက်စီးမှု အနည်းငယ်မျှ ဖြစ်ပေါ်ခဲ့ပြီး ရဟန်းတော်များ အပါအဝင် လူအချို့ ဒဏ်ရာရခဲ့သော်လည်း အသေအပျောက် မရှိခဲ့ချေ။ ရဲတပ်ဖွဲ့သည် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံကာ မသင်္ကာသည့် သံသယ တရားခံများကို ရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ်သည်။

ဗုံးပေါက်သည့် မဟာဗောဓိ ဘုရားကျောင်းတော် အပါအဝင် ယင်းဧရိယာ တစ်ဝိုက်တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ (၁၆)လုံးမှ မှတ်တမ်းများကို အခြေခံကာ ရဲများက သံသယ စက်ကွင်းကို ကျဉ်းမြောင်းပစ်နိုင်ရန် ကြိုးစားနေသည်။

"ဗုံးခွဲမှုမှာ ပါဝင်တယ်လို့ သံသယရှိသူ (၄)ယောက်ကို ကျွန်တော်တို့ ဖမ်းဆီးထားပါတယ်။ ပန်တာမှာ သူတို့ကို ထိန်းသိမ်းထားတာပါ"ဟု ဘီဟာရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အိန္ဒိယ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ (NIA)က သံသယ တရားခံများကို လျှို့ဝှက်နေရာ တစ်ခုတွင် စစ်ဆေး မေးမြန်းနေကြောင်း သိရသည်။

ရဲများ၏ အဆိုအရ လုံခြုံရေး မှတ်တမ်းဗီဒီယိုများကို လေ့လာရာတွင် သံသယဝင်လောက်စရာ အခြေအနေရှိသူ (၆)ဦးထိ တွေ့ရှိခဲ့ပြီး ကျန်(၂)ယောက်ကို ဆက်လက် စုံစမ်းနေဆဲဟု သိရသည်။ လုံခြုံရေး ကင်မရာ မှတ်တမ်းအရ လူ(၃)ဦးသည် ဘုရားကျောင်း အတွင်းသို့ အခွင့်မရှိသော ဝင်ပေါက်များမှ ဝင်ရောက်လာပြီး (၂)ဦးမှာ ယင်းတို့ ဝင်သွားသည့် ဝင်ပေါက်များအနီး ရပ်ထားသော ကားများဘေး၌ ရပ်စောင့်နေသည်။ ကျန်တစ်ဦးမှာ အရပ်အမြင့်ဆုံးဖြစ်ပြီး ပခုံးပေါ်တွင် အိတ်တစ်လုံး ထမ်းသွားသည်ကို တွေ့မြင်ရသည်။

သို့သော်လည်း လုံခြုံရေး ကင်မရာ အရည်အသွေး ညံ့ဖျင်းမှုနှင့် မှတ်တမ်းတင်နိုင်သည့် ကင်မရာ (၁၆)လုံးသာ ရှိခဲ့ခြင်းက ထောက်လှမ်းရေး တာဝန်ရှိသူများအတွက် ပြဿနာများ ကြုံနေစေကြောင်း သိရသည်။ လတ်တလောတွင် ရဲတပ်ဖွဲ့သည် ဘုရားကျောင်း ထိန်းသိမ်းမှု ကော်မီတွင် ပါဝင်သူများအနက် (၆)ဦးကိုလည်း စောင့်ကြည့်စာရင်း သတ်မှတ်ထားပြီး ခရီးဝေး ထွက်ခွာပါက မိမိတို့ကို အကြောင်းကြားရန် အသိပေးထားသည်။ ယင်းတို့သည် လွန်ခဲ့သော (၆)လအတွင်းကမှ ကော်မတီတွင် အလုပ်လုပ်ခဲ့သူများ ဖြစ်သည်။
Planet Myanmar Network

ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးထိမှန်ပြီး နစ်မြုပ်သွားသော ကုန်တင်သင်္ဘောအား ပြန်လည်ဆယ်ယူသွားမည်


Thursday, 11 July 2013
ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးထိမှန်ပြီး ကျွန်းစုမြို့နယ်၊ ဂဏန်းကျွန်းမော်ထိပ်ရှိ ရေအောက်တွင် နစ်မြုပ်ခဲ့သော အင်္ဂလိပ်ကုန်တင် သင်္ဘောအား ပြန်လည်ဆယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ပထက်တောင်၏ တောင်ဘက်၊ ဂဏန်းကျွန်း မော်ထိပ်တွင် ၁၉၄၂ ခုနှစ်က အင်္ဂလန်နိုင်ငံမှ ကုန်တင်သင်္ဘောမှာ ဂျပန်တို့၏ ဗုံးဆန်ကြောင့် နစ်မြုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောမှာ ပေ ၃၀၀ ရှည်လျားပြီး အကျယ်မှာ ပေ ၄၀ ကျော်ကာ သင်္ဘောအား ပြန်လည်ဆယ်ယူရန်အတွက် လုပ်ငန်းရှင်များက စုပေါင်းကာ အစိုးရထံမှ လေလံရရှိပြီး လုပ်ဆောင်ခွင့် ရထားကြောင်း သိရသည်။ "အဲဒီသင်္ဘောကို ဆယ်ယူဖို့ စီစဉ်နေတာ တစ်နှစ်လောက် ရှိပါပြီ။ အရင်က ဒေသခံတွေ လာရောက်ပြီး ရေငုပ်ယူကြလို့ ရှေးဟောင်း ပန်းကန်တွေနှင့် အသုံးအဆောင်တွေ ရသွားကြတယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ ဧပြီနှင့်ဇွန်လမှာ ကျောက်မီးသွေးသုံး ဘွိုင်လာနှစ်လုံး ဆယ်ယူထားပြီးလာမယ့် ပွင့်လင်းရာသီရောက်ရင် သင်္ဘောကိုယ်ထည်နှင့် စက်ပစ္စည်းတွေကို စတင်ဆယ်ယူသွားမယ်လို့ သိရတယ်" ဟု သင်္ဘော ဆယ်ယူသူများနှင့် နီးစပ်သူ ဦးမြတ်ကိုက ပြောကြားခဲ့သည်။

သင်္ဘော၏တန်ချိန်ကို ခန့်မှန်းနိုင်ခြင်း မရှိသေးသော်လည်း ဆယ်ယူရရှိခဲ့သည့် ကျောက်မီးသွေးသုံး ဘွိုင်လာအိုးများအတွက် အသုံးပြုခဲ့ရသည့် ကုန်ကျစရိတ်မှာ ကျပ်သိန်းတစ်ထောင် ကျော်ခဲ့ကြောင်း သိရသည်။ ကျောက်မီးသွေးသုံး ဘွိုင်လာအိုး တစ်လုံး၏ အမြင့်မှာ ၁၃ ပေခွဲရှိပြီး အလျားမှာ ၁၅ ပေရှိကာ တန် ၅၀ အလေးချိန်ရှိကြောင်း သိရသည်။ အဆိုပါ ကုန်တင်သင်္ဘော၏ ကုန်ခန်းကို ဆယ်ယူနိုင်ခြင်း မရှိသေးဘဲ စက်ခန်းကို လာမယ့်ပွင့်လင်းရာသီတွင် စတင်ဆယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ပထက်တောင်၏ တောင်ဘက်၊ ဂဏန်းကျွန်း မော်ထိပ်တွင် ၁၉၄၂ ခုနှစ်က အင်္ဂလန်နိုင်ငံမှ ကုန်တင်သင်္ဘောမှာ ဂျပန်တို့၏ ဗုံးဆန်ကြောင့် နစ်မြုပ်ခဲ့ . . . . .

"မိုးရာသီလည်း ရောက်နေပြီး ဒီနေရာက ရေတိုးပတ်ဆိုရင် ရေစီးသန်တဲ့ အတွက် လုပ်ကိုင်ဖို့ အဆင်မပြေတော့ဘူး။ ရေငုပ်တဲ့ အဖွဲ့တွေကလည်း ရန်ကုန်ကဖြစ်နေပြီး အခုပြန်သွားပါပြီ။ သင်္ဘောကို ဆယ်ယူရင် ရေအောက်မှာ တစ်စစီဖြုတ်ပြီး ဆယ်ယူသွားမှာပါ" ဟု ဦးမြတ်ကိုက ပြောကြားသည်။
eleven media group

လစာ ကျပ်တစ်သိန်းအထက်ရသူများကို ဆမ်ဆောင်း အရစ်ကျရောင်းမည်

ရန်ကုန်၊ ဇူလိုင် ၁၀
ပုံမှန်လစာ ကျပ်တစ်သိန်းအထက် ရရှိသော ဝန်ထမ်းများကို ဆမ်ဆောင်း ကုမ္ပဏီထုတ် အီလက်ထရွန်နစ် ထုတ်ကုန်များ၊ မိုဘိုင်းလ်ဖုန်းနှင့် တက်ဘလက်များ အရစ်ကျစနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ပန်းဆိုးတန်းလမ်း ဆမ်ဆောင်း အရောင်းပြခန်းမှ တာဝန်ရှိသူ ဦးကျော်ကျော်ဝင်းကိုက The Voice သို့ပြောကြားသည်။

အဆိုပါ အစီအစဉ်ကို ပန်းဆိုးတန်း၊ လသာ၊ ဗိုလ်အောင်ကျော်နှင့် လှည်းတန်းဆိုင်ခွဲ လေးခုစလုံးတွင် ပြုလုပ်မည်ဖြစ်ပြီး လစာကျပ်တစ်သိန်းနှင့် အထက်ရရှိသော အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ မည်သူမဆို လာရောက်ဝယ်ယူနိုင်ကြောင်း ၎င်းကပြောဆိုသည်။

ပစ္စည်းတန်ဖိုး၏ ၁ ဒသမ ၄ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများကို ခြောက်လမှ တစ်နှစ်အထိ အရစ်ကျ ပေးသွင်းနိုင်ပြီး အခြားအီလက်ထရွန်နစ် ပစ္စည်းများကိုမူ တစ်နှစ်ခွဲမှ ၂ နှစ်အထိ အရစ်ကျ ပေးသွင်းနိုင်ကြောင်း အဆိုပါ အစီအစဉ် ပြုလုပ်နေသည့် O2 Mobile မှသိရသည်။

“ပစ္စည်းသွားထုတ်ရင် Application Fees ငါးထောင်ပေးရမယ် လို့ ပြောတယ်။ သူတို့ဘက်က စာရွက်စာတမ်းတွေ စိစစ်ပြီးရင် အကြောင်းပြန်ကြားမယ်လို့ ပြောတယ်။ ဘာပဲပြောပြော တစ်နှစ်လောက်ခွဲ သွင်းရမှာဆိုတော့ မဆိုးပါဘူး” ဟု တယ်လီဖုန်းဖြင့် ဆက်သွယ် စုံစမ်းခဲ့သူ ဒေါ်သိင်္ဂီစိုးက ပြောကြားသည်။

ကုန်ပစ္စည်းများ ဝယ်ယူလိုသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ အိမ်ထောင်စုစာရင်း မိတ္တူနှင့် အာမခံပေးမည့် ပုဂ္ဂိုလ်တစ်ဦး၏ ထောက်ခံချက် မူရင်းတို့ လိုအပ်မည်ဖြစ်ကာ ထောက်ခံပေးမည့် ပုဂ္ဂိုလ်သည် ကုမ္ပဏီမှ တာဝန်ရှိသူများ အပါအဝင် ကုမ္ပဏီက ယုံကြည်ရမည့် မည်သူမဆို ထောက်ခံပေးနိုင်ပြီး ထောက်ခံချက်ပေးမည့် သူများ၏ မှတ်ပုံတင် မိတ္တူနှင့် ရပ်ကွက်ထောက်ခံစာများ လိုအပ်မည်ဟု ကုမ္ပဏီထံမှ သိရသည်။
The Voice Weekly

နောက်ပြန်ကြီး

Mizzima Cartoon

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန်ဆန္ဒပြသူ ကိုထင်ကျော်ပုဒ်မ ၁၈ ဖြင့်တရားစွဲခံရ

ကြာသပတေးနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၃
ဇူလိုင် ၁၀ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးရှေ့၌ ပုဒ်မ ၁၈ (ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်မှု)ကို ဆန့်ကျင်၍ ဖျက်သိမ်းပေးရန် နံနက်၁၀နာရီမှ ၁၁နာရီ ၀န်းကျင်အထိ တစ်ကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော်အား ကျောက်တံတားမြို့နယ် ရဲစခန်းမှ ပုဒ်မ၁၈ဖြင့် တရားစွဲဆိုထားသည်ပာု ၎င်းက မဇ္ဈိမကို ပြောသည်။

၎င်းက “ပုဒ်မ၁၈ကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြတာပါ။ အဓိကကတော့ ပုဒ်မ ၁၈ ဥပဒေက ရှေ့နောက်မညီပါဘူး။ ပြည်သူတွေရဲ့ မူလလုပ်ပိုင်ခွင့်တွေကို မဖျောက်ဖျက်စေချင်ပါဘူး”ဟု ပြောသည်။

ယခုတစ်ကြိမ်သည် ၁၀ ကြိမ်မြောက် တရားစွဲခံရခြင်းဖြစ်ပြီး ကိုထင်ကျော်သည် တစ်ကိုယ်တော်ဆန္ဒပြမှု ငါးကြိမ်၊ စုပေါင်းဆန္ဒပြမှု ခြောက်ကြိမ် စုစုပေါင်း ၁၁ကြိမ် ဆန္ဒပြခဲ့ပြီး ဆန္ဒပြမှုကြောင့် မြို့နယ် ခြောက်မြို့ နယ်မှ ပုဒ်မ ၁၈ဖြင့် အမှု ၁၀ ခုတရားစွဲဆိုခြင်း ခံထားရသည်ဟုလည်း ၎င်းကပြောသည်။

ကိုထင်ကျော်သည် ၂၀၀၇ ခုနှစ်တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှု နှင့် ပတ်သက်ပြီးတစ်ကိုယ်တော် ဆန္ဒပြမှုကြောင့် ခန်္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၂နှစ်ခွဲ ကျခံခဲ့ရသည်။ ယင်းနောက် ၂၀၁၂ ခုနှစ်ဇန်န၀ါရီ ၁၃ ရက်နေ့တွင် နိင်ငံတော်သမ္မတ၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ငြိမ်းခဲ့သည်။

ကိုထင်ကျော်သည် ၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ဝင်ဖြစ်ပြီး ထောင်မှလွတ်မြောက်လာပြီးနောက်ပိုင်း လက်ပံတောင်းတောင်ကိစ္စ၊ လျှပ်စစ်မီးကိစ္စအပြင် မြေသိမ်းခံရခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ဆန္ဒပြခဲ့သည်။
ယုဝေ
Mizzima - News in Burmese

ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီကို ပြန်လည်ဖူးမြင်လေ့လာခွင့်ပြု

တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီ တော်ကို မနေ့က ညနေ ၆း၀၀ နာရီမှစတင်ကာ ဘုရားဖူး ခရီးသွားများပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

လူထောင်ပေါင်းများစွာဟာလည်း မဟာဗောဓိစေတီတော် ၀င်းအတွင်း ၀င်ရောက်ကြဖို့ တန်းစီစောင့်ဆိုင်းနေခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဘီဟာမြို့ရဲတပ်ဖွဲ့နှင့် မဟာဗောဓိစေတီတော်ဂေါပက အဖွဲ့မှ စေတီတော်ကြီးလုံခြုံရေးအတွက် စစ်ဆေးရှာဖွေမှု များပြုပြီးမှ ၀င်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ မဟာဗောဓိ စေတီတော်စောင့်ရှောက်ရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ အာဗင်ဆင်းက “ ညနေ ၆း၀၀နာရီ ဂိတ်ဖွင့်ပေးလိုက်တာနဲ့ လူပေါင်းများစွာဟာ တိုးဝှေ့ဝင်ရောက်လာကြပါ တယ်။ ” ဟု ပြောကြားခဲ့ပါတယ်။
ref: The Times of India
မစိုးရိမ်တိုက်သစ် ရတနာပုံနေပြည်တော် မဟာအောင်မြေ

ကျယ်ရမှာက မျက်စိ၊ ကျဉ်းရမှာက ဖင်ခေါင်းကွ

မင်းတို့ နေရာတကာ ကျယ်ကျယ်ကျယ်ကျယ် မလုပ်နဲ့၊ သင်္ကန်းပါတယ်ဆိုပြီး ဘာမှ အထက်စီးက ဆက်ဆံစရာ မလိုဘူး၊ ကိုယ်နဲ့ မပတ်သက်တဲ့ နေရာ ကိုယ်ဟာ ဘာမှ အရေးမပါဘူး၊ တဦးချင်းပဲ ဖြစ်ဖြစ် အဖွဲ့လိုက် အုပ်စုပဲဖြစ်ဖြစ် ဘာမှ သွားကျယ်စရာ သွားရှုပ်စရာ မလိုဘူး၊ သူတို့ ကိစ္စနဲ့ သူတို့ ရှင်းသွားလိမ့်မယ်၊

မင်းတို့ လုပ်ရမှာက စာပေပရိယတ်၊ အဲဒီအထဲက ပေးတဲ့ အသိပညာနဲ့ မသိသူ သိအောင် လမ်းပြပေးရမှာ၊ ဒါ မင်းတို့ရဲ့ တာဝန်၊ ကိုယ့်ကိုယ်ကို လူစွမ်းကောင်းလုပ်ပြီး ဖင်ခေါင်းတော့ မကျယ်နဲ့၊ မင်းတို့ဟာက ဘာမှ မဟုတ်ဘူး၊ တချို့ လမ်းသွားတာကစ ကားလာရင် ဖယ်မပေးချင်ကြဘူး၊ မတော်လို့ တိုက်သွားရင် ကိုယ်အရင် ခံရမှာ၊ နောက် သူရောကိုယ်ပါ မဖြစ်သင့်တဲ့ ပြဿနာ ဖြစ်မယ်၊ ဘာမှ ကောင်းကျိုးထွက်မလာဘူး၊

အေး မင်းတို့ မှတ်ထား၊ ” ကျယ်ရမှာက မျက်စိ၊ ကျဉ်းရမှာက ဖင်ခေါင်းကွ၊ ခုတော့ မင်းတို့က ကျယ်ရမယ့် မျက်စိက ကျဉ်းပြီး ကျဉ်းရမယ့် ဖင်ခေါင်းက ကျယ်နေကြတယ် ” ။ နောက် ခဏခဏ မကြားရစေနဲ့ ။ ။

(၁၃၆၅-ခု)
မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်ကြီး
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မစိုးရိမ်တိုက်သစ် ရတနာပုံနေပြည်တော် မဟာအောင်မြေ

ကတိများအတိုင်း မဆောင်ရွက်ပါက တင်ဒါအောင် ကုမ္ပဏီများ ဒေါ်လာသန်း ၂၀၀ လျော်ကြေးပေးရမည်

Thursday, 11 July 2013 03:51
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဒုတိယ၀န်ကြီး ဦးသောင်းတင် ရှင်းလင်းစဉ်
တင်ဒါရ ပြည်ပတယ်လီဖုန်း အော်ပရေတာ လုပ်ငန်းနှစ်ခု၏ သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၁၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး တင်ဒါအောင် ပြည်ပတယ်လီဖုန်း အော်ပရေတာလုပ်ငန်း နှစ်ခုအနေဖြင့် လိုင်စင်တွင် ပါဝင်သည့် ကတိများအတိုင်း မဆောင်ရွက်ပါက ဒေါ်လာသန်း ၂၀၀ လျော်ကြေးပေးရမည်ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲသို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ Telenor ကုမ္ပဏီနှင့် Ooredoo ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဒုတိယ၀န်ကြီး ဦးသောင်းတင်က "တင်ဒါအရွေးခံရတဲ့သူတွေ ရသွားပြီး နောက်မှမလုပ်တော့ဘူးဆိုတာ မဖြစ်ရအောင် ပထမဆုံး ကျွန်တော်တို့ Bid Bound လို့ ခေါ်ပါတယ်။ ဒေါ်လာ ၁၀ သန်း ပေးထားရပါတယ်။ အရွေးခံလိုက်ရတယ်။ ပြီးတော့မှ မလုပ်တော့ဘူးဆိုပြီး နောက်ဆုတ်မယ်ဆိုရင် ပထမဆုံး ကိုယ့်စကားကိုယ် တည်ဖို့ပေါ့။ ဒုတိယက သူတို့နှစ်ယောက်ကို ရွေးပြီးပါပြီ။ မနေ့ကနဲ့ ဒီနေ့မှာ ကျွန်တော်တို့နဲ့ ဆွေးနွေးပြီး သူတို့လက်ခံပြီ။ လက်ခံပြီဆိုတာနဲ့ Bid Bound က ဒေါ်လာ ၂၅ သန်း ဖြစ်သွားပါပြီ။ သူတို့ လက်ခံပြီးမှ နောက်ဆုတ်တယ်ဆို ၂၅ သန်းကို ကျွန်တော်တို့က ယူမှာဖြစ်ပါတယ်။ ခုနပြောတဲ့ commit လုပ်ထားတဲ့ ဘယ်နှစ်နှစ်အတွင်း ဘာလုပ်ကြမယ်ဆိုတာ စာရွက်ထဲမှာ ဖြည့်ထားတဲ့ဟာနဲ့ လိုင်စင်ထုတ်ပေးရင် အဲဒီလိုင်စင်က မတူပါဘူးခင်ဗျာ။ တစ်ယောက်က ဒီလိုပြောထားရင် ပြောထားတဲ့အတိုင်း လိုင်စင်မှာ တစ်ခါတည်း ထည့်ထားပါတယ်။ အဲဒီ လိုင်စင်ထဲမှာ ပြောထားတဲ့အတိုင်း မဖြစ်ခဲ့ရင် သန်း ၂၀၀ တင်ထားရပါတယ်။ performance bound လို့ ခေါ်ပါတယ်။ တင်ပြီးမှ လိုင်စင်ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီလိုင်စင်ထဲမှာ သူတို့ပြောထားတာ အကုန်လုံးပါမှာ ဖြစ်ပါတယ်။ အဲပြောထားတဲ့အတိုင်း မလုပ်ရင် အဲဒီသန်း ၂၀၀ ထဲက penalty နုတ်နုတ်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒါကို ပြန်ဖြည့်ရပါမယ်။ အပြောကောင်းတိုင်း ရတာမဟုတ်ပါဘူး။ ပြောတဲ့အတိုင်း လုပ်ဖို့လိုပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် "ကျွန်တော်တို့ဘက်ကတော့ မမှားအောင် လုပ်ရမှာပေါ့။ ကျွန်တော်တို့က ကြိုပြီးပြောထား ပြီးသားပဲ။ ကျွန်တော်တို့မှာ Law မရှိသေးဘူး။ Law က လွှတ်တော်မှာ လုပ်နေတယ်။ Law ပြီးသွားရင် Law နဲ့ ကိုက်ညီတဲ့ လိုင်စင်ထုတ်ပေးမယ်။ သူတို့ သိပြီးသားပဲ။ သိပြီးမှ သူတို့ဝင်ကြတာ။ ၀င်ပြီးမှ နုတ်ထွက်ရင် လျော်ကြေးက အခုက ၂၅ သန်း၊ ပြီးရင် သန်း ၂၀၀ ထဲက ပြောတာတွေ မလုပ်ရင် နုတ်သွားမှာ။ နှစ်ယောက်ပေါင်း သန်း ၂၀၀ တင်ပြီးမှ လိုင်စင်ထုတ်ပေးမှာပါ" ဟု ဦးသောင်းတင်က ဆိုသည်။

လုပ်ငန်းများ စတင်ပြီး ခြောက်လအတွင်း လူဦးရေ တစ်သန်းအထက် မြို့ကြီးငါးမြို့တွင် တယ်လီဖုန်းကွန်ယက် လွှမ်းခြုံနိုင်ရန် ဆောင်ရွက်ရမည်ဟု ဦးသောင်းတင်က ပြောကြားသည်။
Eleven Media Group

အခြားဘာသာများကို မထိခိုက်စေဘဲ ဗုဒ္ဓဘာသာအပေါ် ဘာသာဝင်များ ယုံကြည်ချက် ခိုင်မာစေရန် သံဃာတော်များက ဓမ္မ၀ိနယနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ဟု မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် နာယက ဆရာတော်ကြီးများ မိန့်ကြား

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးနှင့် ပတ်သက်၍ နာယက ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပွဲ ကျင်းပစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
Thursday, 11 July 2013
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအတွက် အခြားဘာသာများကို မထိခိုက်စေဘဲ ဗုဒ္ဓဘာသာအပေါ် ဘာသာဝင်များ ယုံကြည်ချက် ခိုင်မာစေရန် သံဃာတော်များက ဓမ္မ၀ိနယနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ဟု ဇူလိုင် ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေး အဖွဲ့ချုပ်တွင် ကျင်းပသည့် အမျိုးဘာသာ သာသနာတော်ကို ဓမ္မ၀ိနယနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် နာယက ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပွဲတွင် နာယက ဆရာတော်ကြီးများက မိန့်ကြားသည်။

အဆိုပါ အခမ်းအနားသို့ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေး အဖွဲ့ချုပ်၏ ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယ သံဃာတော် စုစုပေါင်းအပါး ၁၅၀ ကျော် တက်ရောက်ခဲ့သည်။
နာယက ဆရာတော် ဦးအဂ္ဂဥာဏက "အမျိုး၊ ဘာသာ၊ သာသနာနဲ့ ပတ်သက်၍ ဟောပြောတဲ့အခါ မည်သည့်ဘာသာကိုမျှ မထိခိုက်အောင် တစ်ပါးသူတွေကို စိတ်အနှောင့်အယှက် မဖြစ်အောင် အထူးစောင့်စည်းပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ရှေ့တန်းထား၍ သက်ဝင်ယုံကြည်အောင် ဟောပြောဖို့ လိုအပ်ပါတယ်။ တပည့်တော်တို့အားလုံး အစွန်းလွတ်အောင်နေပြီး ဖြောင့်မှန်သော တရားကို ရှေးရှုပြီး ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်" ဟု မိန့်ကြားသည်။

နာယက ဆရာတော်ကြီး ဒေါက်တာစန္ဒာဝရာဘိဝံသက "နိုင်ငံရေးခေါင်းဆောင် တစ်ယောက်က ပြောပါတယ်။ ဘာလဲဆိုတော့ ကိုယ့်ဘာသာကနေ သူများဘာသာကို ပြောင်းသွားတာဟာ ကိုယ့်ဘာသာအပေါ်မှာ ယုံကြည်ချက် မခိုင်မာလို့၊ ယုံကြည်ချက် ခိုင်မာနေတဲ့ ပုဂ္ဂိုလ်များအတွက် ဘယ်ဥပဒေမှ ထုတ်စရာ မလိုပါဘူးဆိုပြီး ပြောသွားတာကို တပည့်တော်တို့ တွေ့လိုက်ရပါတယ်။ ဒါဟာဟုတ်ပါတယ်။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် ယုံကြည်မှုပါပဲ။ ဘယ်လောက်ပဲ ဥပဒေတွေနဲ့တားတား ယုံကြည်မှု မခိုင်မာရင် တခြားဘာသာ ပြောင်းသွားမှာပါ" ဟု မိန့်ကြားသည်။
ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး လူကြီးများကိုယ်တိုင် အသေအချာသိရှိသူ ရှားပါးသည့်အတွက် ကလေးရော လူကြီးပါ ဘာသာသာသနာနဲ့ ပတ်သက်ပြီး သိအောင်လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လူကြီးများ၏ စိတ်ထဲတွင် ဘာသာသာသနာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်၀၀ နားလည်မှု ရှိမှသာ သားသမီးများအား ပြန်လည်သွန်သင် နိုင်မည်ဖြစ်ကြောင်း . . . . .

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှု ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့မရဘူး" ဟု ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ရပ်နားစဉ် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

"ယုံကြည်မှု မခိုင်မာသေးတဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည်မှုခိုင်မာအောင် လုပ်ပေးရမှာ အရှင်ဘုရားတို့ တပည့်တော်တို့ရဲ့ အဓိက တာဝန်ပါ။ ကိုယ့်ဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ဘာသာသာသနာနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ ယုံကြည်မှုဖြစ်အောင် ယုံကြည်မှု အပြည့်အ၀ ရရှိအောင် လုပ်ရပါမယ်။ ယုံကြည်မှု ခိုင်မာအောင်လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက သံဃာပါပဲ။ ဘုရားတရားပေါ် ယုံကြည်ချက် ခိုင်မာဖို့ တာဝန်သည် သံဃာတော် အရှင်သူမြတ်တွေဆီမှာပဲ ရှိတယ်။ အရှင်ဘုရားတို့ တပည့်တော်တို့ ပေါ့ပေါ့တန်တန် နေလို့မရဘူး။ သံဃာတော်အရှင် သူမြတ်တွေက ဘာသာရေးနဲ့ ပတ်သက်တဲ့ ဆုံးမစကားတွေ ပြောပေးရပါမယ်" ဟု နာယက ဆရာတော်ကြီး ဒေါက်တာစန္ဒာဝရာဘိဝံသက ဆက်လက်မိန့်ကြားသည်။

ထိုသို့ ဆုံးမစကားများ ပြောကြားရာတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး လူကြီးများကိုယ်တိုင် အသေအချာသိရှိသူ ရှားပါးသည့်အတွက် ကလေးရော လူကြီးပါ ဘာသာသာသနာနဲ့ ပတ်သက်ပြီး သိအောင်လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လူကြီးများ၏ စိတ်ထဲတွင် ဘာသာသာသနာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်၀၀ နားလည်မှု ရှိမှသာ သားသမီးများအား ပြန်လည်သွန်သင် နိုင်မည်ဖြစ်ကြောင်း ဒေါက်တာစန္ဒာဝရာဘိဝံသက မိန့်ကြားသည်။

လွန်ခဲ့သည့် နှစ်များအတွင်း ဘာသာသာသနာအတွက် လုပ်ဆောင်ခဲ့သည့် သံဃာတော် အရှင်သူမြတ်အချို့သည် အဖွဲ့အစည်း အချို့၏ ခုတုံးလုပ်မှုကို ခံခဲ့ရကြောင်း၊ ထိုသို့ ခုတုံးလုပ်ခံခဲ့ရခြင်းမှာ လောကအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မလေ့လာခဲ့သည့်အတွက် ဖြစ်သောကြောင့် သံဃာတော်များ အနေဖြင့် ဒါယကာ၊ ဒါယိကာမများကို အသိဥာဏ် ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးရမည် ဖြစ်သကဲ့သို့ သံဃာတော်များ အနေဖြင့်လည်း လေ့လာမှုများ ပြုလုပ်သင့်ကြောင်း ဒေါက်တာစန္ဒာဝရာဘိဝံသက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော်များအား တိုက်တွန်းပြောကြားသည်။  
နိဂုံးချုပ်တွင် ဆရာတော် ဒေါက်တာစန္ဒာဝရာဘိဝံသက "ကမ္ဘာအရပ်ရပ်က တပည့်တော်တို့ကို ထင်ကြေးပေးနေတဲ့ ဘာသာရေး လူမှုရေး အကြမ်းဖက် အစွန်းရောက်ဆိုပြီး စွပ်စွဲတယ်။ အဲဒါတွေကိုလည်း မဟုတ်ပါဘူးဆိုတာ ပြောပေးနိုင်ရမယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုမဖြစ်အောင် နေထိုင်ရပါမယ်။ ဘာသာသာသနာနဲ့ ပတ်သက်တဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ရမယ်။ အဲဒီလို လုပ်မယ်ဆိုရင် တပည့်တော်တို့ သာသနာသည် တပည့်တော်တို့ လက်ထက်မှာ ဘယ်တော့မှ ကွယ်ပျောက်မသွားနိုင်ဘူးဆိုတာ အပြည့်အ၀ ယုံကြည်ပါတယ်" ဟု မိန့်ကြားသည်။

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာနာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန်၊ သံဃာထု၏နောက်တွင် ဥပဒေပညာရှင်များ အဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာတော်များဖြင့် ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန် သီတဂူဆရာတော် ဦးဥာဏိဿရက မိန့်ကြားထားသည်။                
Eleven Media Group

တယ်လီနော ၂၅ ကျပ်၊ အော်ရီဒူး ၄၅ ကျပ်

ရန်ကုန်၊ ဇူလိုင် ၁၀
တင်ဒါအောင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့က ၎င်းတို့၏ ဝန်ဆောင်မှုပေးမည့် တယ်လီဖုန်းခေါ်ဆိုခ နှုန်းထားများကို ဇူလိုင် လ ၁၀ ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်ရာ ကုမ္ပဏီနှစ်ခုလုံးက ဆင်းကတ် တစ်ကတ်လျှင် ၁၅၀၀ ကျပ် သတ်မှတ်လိုက်ပြီး တစ်မိနစ် ဖုန်းခေါ်ခများကို တယ်လီနောက ၂၅ ကျပ်နှင့် အော်ရီဒူးက ၄၅ ကျပ် ကျသင့်မည် ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်။

တင်ဒါအောင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက ဆင်းကတ်တန်ဖိုး ၁၅၀၀ ကျပ်နှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သည်။

ကာတာ ဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူးကလည်း ဆင်းကတ်တစ်ခု တန်ဖိုးကို ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး ဖုန်းခေါ်ဆိုခများကို တစ်မိနစ် ၄၅ ကျပ်ထက် မကျော်ဘဲ သုံးစွဲခွင့်ပြုသွားမည်ဟု ဆိုသည်။

တယ်လီနောသည် ငါးနှစ်အတွင်း မိုဘိုင်းလ်ကွန်ရက်အတွင်း Voice (ဖုန်းပြောဆိုမှု) မြန်မာနိုင်ငံတစ်ဝှမ်း ၈၃ ရာခိုင်နှုန်းနှင့် Data (အချက်အလက်ပေးပို့မှု) မြန်မာနိုင်ငံတစ်ဝှမ်း ၈၇ ရာခိုင်နှုန်း အသုံးပြုနိုင်မည် ဖြစ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ဒုတိယနှစ်ဝက်တွင် စတင်အသုံးပြု ခွင့်ပြုသွားမည်ဟု ဆိုသည်။

တယ်လီနောကုမ္ပဏီက ပထမငါးနှစ်အတွင်း ကုမ္ပဏီမှ တရားဝင် ဖွင့်လှစ်မည့် အရောင်းဌာန ခုနစ်သောင်းနှင့် လက်ခွဲဆိုင်ပေါင်း ကိုးသောင်းခွဲခန့်အထိ ဖွင့်လှစ်ထားရှိသွားမည် ဖြစ်ကာ မိုဘိုင်းလ် ငွေပေးချေမှုများ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးကဏ္ဍများအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

အော်ရီဒူးက လုပ်ငန်းစတင်ပြီး ငါးနှစ်ကာလအတွင်း Data နှင့် Voice အသုံးပြုမှု ၈၄ ရာခိုင်နှုန်းအထိ ရောက်ရောက် ရှိစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး SIM Card အရောင်းဌာန နှစ်သိန်းလေးသောင်းနှင့် လက်ခွဲအရောင်းဌာန လက်ခွဲ ခုနစ်သိန်းနှစ်သောင်းအထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

အော်ရီဒူး၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်အသုံးပြုနိုင်မည့် အချိန်ကိုမူ ယခုထိ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သီးနှံဈေးနှုန်း၊ ရာသီဥတု၊ ကုန်ပစ္စည်း အငှားဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အပြင် အင်တာနက်အသုံးပြုမှု အဆင်ပြေစေရန် Tele Center ၁၀,၀၀၀ ကို နိုင်ငံအနှံ့အပြားတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အော်ရီဒူးထံမှ သိရှိရသည်။

လူမှုတာဝန်သိမှု အစီအစဉ် (Corporate Social Responsibility) အတွက် ၁၀ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၆၀ အသုံးပြုသွားမည် ဖြစ်ကာ နိုင်ငံတစ်ဝန်းရှိ အထက်တန်း၊ အလယ်တန်း၊ ဆေးရုံ၊ တက္ကသိုလ်နှင့် စာကြည့်တိုက်များကို အင်တာနက်ကွန်ရက် လွှမ်းခြုံစေမည်ဟု အော်ရီဒူးက ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းဝန်ထမ်း ၉၉ ဒသမ ၉ ရာခိုင်နှုန်း ခန့်အပ်သွားမည် ဖြစ်ကာ 4G ကွန်ရက် ရရှိရန် ဆောင်ရွက်သွားမည်ဟု အဆိုပါကုမ္ပဏီမှ အာရှပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack ကပြောကြားသည်။

လက်ရှိ CDMA မိုဘိုင်းလ်ဖုန်း သုံးစွဲနေသူတစ်ဦးဖြစ်သည့် ဦးကျော်ကျော်လင်းက “ဘယ်လိုပဲဖြစ်ဖြစ် ကောင်းပါတယ်။ တယ်လီနောကိုတော့ အရင်ကတည်းက သဘောကျနေတာ အခုသူက ဈေးပို သက်သာတော့ သူ့ကိုပဲသုံးဖြစ်မယ်” ဟု မှတ်ချက်ပေးသည်။

တယ်လီနောကုမ္ပဏီသည် 2G စနစ် စတင်သုံးစွဲ ခွင့်ပြုသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်မူ 3G စနစ် မိုဘိုင်းလ်ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်သည်။ အော်ရီဒူး ကုမ္ပဏီကမူ စတင်ဝန်ဆောင်မှု ပေးအပ်စဉ်ကာလတွင် 3G စနစ်စတင်သုံးစွဲ ခွင့်ပြုသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် 4G စနစ် အသုံးပြုခွင့် ပြုသွားမည်ဟု ဆိုထားသည်။

နိုင်ငံတကာမှ စိတ်ဝင်စားနေသည့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် အတွက် နော်ဝေအခြေစိုက် တယ်လီနောနှင့် ကာတာနိုင်ငံမှ အော်ရီဒူး ကုမ္ပဏီတို့ကို လိုင်စင် ချထားပေးခဲ့ပြီး နှစ်ပတ်အကြာ တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မည်သူနှင့်မျှ ယှဉ်ပြိုင်စရာမလိုဘဲ အလိုအလျောက် လုပ်ပိုင်ခွင့် ရထားသည့် မြန်မာတယ်လီကွန်းနှင့် ရတနာပုံ တယ်လီကွန်းတို့ကမူ ၎င်းတို့ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
The Voice Weekly

ကားဘီးပေါက်သည်ကို ဗုံးပေါက်ဟု ကောလာဟလထွက်

တောင်ငူ၊ ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ဈေးပိုင်း ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် ကားဘီးပေါက်သည်ကို ဗုံးပေါက်ကွဲသည်ဟု ကောလာဟလ ထွက်ပေါ်လာသောကြောင့် ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှေ့သို့ ကျောင်းသားမိဘများ စုဝေးရောက်ရှိလာကြောင်း ပဲခူးမြို့ ဒေသခံများက The Voice သို့ ပြောကြားသည်။

ကျောင်းရှေ့တွင် ကားဘီးပေါက်ခြင်းကို ကျောင်းတွင်း ဗုံးပေါက်ကွဲခြင်း ဖြစ်သည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ဖြေရှင်းခဲ့သဖြင့် နံနက် ၁၀ နာရီခန့်တွင် အခြေအနေ တည်ငြိမ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါကျောင်းတွင် ဗုံးပေါက်ကွဲသည်ဟု ဇူလိုင်လ ၁၀ ရက်နေ့ ၉ နာရီခန့်က သတင်းများ ထွက်ပေါ်လာသဖြင့် ကျောင်းသားမိဘ ရာနှင့်ချီ၍ ကျောင်းရှေ့ကို ရောက်ရှိလာသဖြင့် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်း လာရောက်ဖြေရှင်း ခဲ့ကြောင်း ပဲခူးမြို့ ရုံးကြီးရပ်ကွက်နေ ဒေါ်အိမ့်ချိုသာက ဆိုသည်။

“ဆိုင်ကယ်ကယ်ရီသမား တစ်ယောက်က အ.ထ.က (၃) ကျောင်းမှာ ဗုံးပေါက်ကွဲတယ်ဆိုပြီး အော်သွားလို့ ပြေးလာတာ” ဟု ပဲခူးမြို့မှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ပဲခူးမြို့မဈေးကြီး၌ နံနက် ၈နာရီခန့်တွင် အမျိုးသမီးတစ်ဦးက အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၃)ကျောင်းတွင် ဗုံးပေါက်ကွဲသည်ဟု အော်ဟစ်ပြောဆိုရာမှ ကျောင်းသား မိဘများ ကျောင်းရှေ့ကို သွားရောက်စုဝေးခြင်း ဖြစ်ကြောင်း ဒေသခံ အချို့၏ ပြောဆိုချက်များအရ သိရှိရသည်။

အဆိုပါ ကောလာဟလများ ထွက်ပေါ်ချိန်တွင် စာသင်ကျောင်းတွင် ကျန်းမာရေးနှင့် ပတ်သက်သည့် အခမ်းအနားတစ်ခု ပြုလုပ်နေချိန် ဖြစ်ပြီး ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှု မရှိခဲ့ကြောင်း၊ ဗုံးပေါက်ကွဲသည့် ကောလာဟလ သတင်းကြောင့် ကျောင်းသားမိဘများ စုဝေးလာခဲ့မှသာ ယင်းကောလာဟလကို သိရှိခြင်း ဖြစ်ကြောင်း အဆိုပါ အထက်တန်း ဆရာမတစ်ဦးက ဆိုသည်။

“ကျောင်းသားတွေကို ပြန်မလွှတ်ပါဘူး။ ကျောင်းတံခါးကလည်း ပိတ်ထားတာပါ” ဟု ၎င်းက ထပ်မံပြောကြားသည်။

ယင်းဖြစ်ရပ်သည် ပြည်သူလူထုကို အထိတ်တလန့် ဖြစ်စေရန်၊ ပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်၍ လှုံ့ဆော်ခြင်း ဖြစ်နိုင်သကဲ့သို့ အပျော်သဘောဖြင့် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ လှုံ့ဆော်မှုများကို သိလျှင်သိချင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများ အနေနှင့်လည်း ကောလဟလများကို မယုံဘဲ ဝိုင်းဝန်းတားဆီးပေးရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုသည်။

ပဋိပက္ခဖြစ်အောင် ကောလာဟလများ ဖြန့်ကာလှုံ့ဆော်မှုများသည် ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးတို့ အပါအဝင် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သည်။

“ပဋိပက္ခဖြစ်အောင် လုပ်နေတဲ့ မြေအောက်လှုပ်ရှားမှု အဖွဲ့အစည်းလိုမျိုး ရှိနေတယ်။ ကောလာဟလဖြန့်တာ လှုံ့ဆော်တာတွေက နေရာတစ်ခုနဲ့တစ်ခု တူနေတယ်” ဟု ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အဖွဲ့ဝင် ဒေါ်ဒွဲဘူက သုံးသပ်သည်။

လှုံ့ဆော်မှုများမှတစ်ဆင့် ပဋိပက္ခအဖြစ် မကူးပြောင်းရေး အတွက် ပြည်သူများ အနေနှင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com