http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဤကိစ္စအားလူကြီးမင်းမှ ကူညီဖြေရှင်းပေးပါရန်

ဦးနေမျိုးဇင်ရှင့်
ကျွန်မကနည်းပညာတက္ကသိုလ်(သန်လျင်)ကဒုတိယနှစ်ကျောင်းသူဖြစ်ပါတယ်ရှင်။ ကျွန်မတို့က သန်လျင်မြို့နယ်၊ကွန်းခြံကုန်းကျေးရွာတွင်နေထိုင်ပါတယ်။ ကျွန်မမိဘများက သန်လျင်ကျောက် တန်းလမ်းကြီးဘေးရှိ နတ်စင်တစ်ရာဈေးတန်းတွင် ဈေးရောင်းချနေသူများဖြစ်ပါတယ်။ ကျွန်မသည် လည်းထိုဆိုင်တွင် ကူညီလုပ်ကိုင်ပေးပါတယ်။

ထိုဈေးဆိုင်မှရသောပိုက်ဆံနှင့်ပင် ကျွန်မ၏ကျောင်းစရိတ်၊ ကျွန်မတို့၏စားဝတ်နေရေးအား ဖြေရှင်းရပါ တယ်။ ထိုဈေးတန်းတွင်ကျွန်မတို့ကဲ့သို့ပင် ဈေးရောင်းနေသူအများအပြားရှိပါတယ်။ ဤဈေးတန်း၏ သက်တန်းမှာလည်း (၁၆)နှစ်၊(၁၇) နှစ်ခန့်ပင်ရှိပါပြီ။ ထိုဈေးတန်းသည်လမ်းမတန်းရှိအိမ်များအားလုံးနှင့် အပြိုင်ဖြစ်ကာ ဈေးနှင့်အိမ်တန်းများကြားတွင် ပေ(၃၀)၊(၄၀)ခန့်ကျယ်သောလမ်းရှိပါတယ်။

ကားလမ်းနှင့်လည်းလွတ်ကင်းစွာရှိပါတယ်။ အိမ်တန်း၏အစွန်ဆုံးတွင်ရှိသောတိုက်ခန်းတွဲများအား လွန်ခဲ့သောနှစ်နှစ်ကျော်သုံးနှစ်ခန့်က ဦးတင်ကိုကို(တရုတ်လူမျိုး) ဟုဆိုသူမှ ၀ယ်ယူခဲ့ပါတယ်။ ဦးတင်ကိုကိုက သူ၏ဥပစာအားပိတ်ဆို့သည်ဟု အကြောင်းပြကာ ကျွန်မတို့ဆိုင်နှင့်ကွမ်းယာဆိုင် တစ်ဆိုင်အား ဖယ်ရှားပေးရန်စည်ပင်အားတိုင်ကြားပါတယ်။

ကွမ်းယာဆိုင်သည်အလွယ်တကူပြောင်းရွေ့၍ရသော်လည်းကျွန်မတို့ဆိုင်သည်လမ်းဘေးလက်ဖက်ရည်ဆိုင်ဖြစ်သည်ကတစ်ကြောင်း၊ ဈေးတန်းနှင့်အတူရောင်းချခြင်းဖြစ်သည်ကတစ်ကြောင်း၊ နေရာအခက်အခဲ၊ စားဝတ်နေရေးအခက်အခဲတို့ကြောင့် ပြောင်းရွေ့ရန်မဖြစ်နိုင်သဖြင့်မပြောင်းရွေ့ပေးခဲ့ပါ။ ဦးတင်ကိုကိုသည် စည်ပင်အုပ်ချုပ်ရေးမှူးအားဖုန်းဖြင့် တစ်မျိုး၊လူကိုယ်တိုင်တစ်ဖုံ အကြိမ်ကြိမ်ဖျက်ခိုင်းရန် တွန်းအားပေးခဲ့ပါတယ်။

ထို့ကြောင့်စည်ပင်မှကျွန်မတို့ဈေးတန်းသည် မြို့အင်္ဂါရပ်နှင့်မညီညွှတ်ဟုအကြောင်း ပြကာတစ်ဈေးတန်း လုံးအား 11.4.2013 နောက်ဆုံးထားကာဖျက်ရန် ဖျက်စာပို့ခဲ့ပါတယ်။ မြို့အင်္ဂါရပ်နှင့်မညီဟုဆိုရအောင် လည်း ဤဈေးတန်းသည်ယခုမှတည်ခြင်းလည်းမဟုတ်သလို၊ ပေ(40)ခန့်ကျယ်သောလမ်းခြားနေ၍ ဦတင်ကိုကို ၏ဥပစာဆိုသည်မှာလည်းအလွတ်ကြီးပင်ဖြစ်ပါသည်။

လူတစ်ယောက်ကြောင့် လူအများ၏ထမင်းအိုးကို မငဲ့ညှာသောစည်ပင်မှလူကြီးများအား နားမလည်း နိုင်အောင် ဖြစ်ရပါတယ်။ အခုကိစ္စသည် အထက်ဖား အောက်ဖိဆိုသလိုဖြစ်နေကာ ကျွန်မတို့မှာ ကူကယ် ရာမဲ့နေပါပြီ။ ကျေးဇူးပြု၍ ဤကိစ္စအားလူကြီးမင်းမှ ကူညီဖြေရှင်းပေးပါရန်မေတ္တာရပ်ခံ ပန်ကြားအပ်ပါ တယ်။

လူကြီးမင်မှ မဖြေရှင်းပေးလျှင်လူပေါင်းများစွာ၏စားဝတ်နေရေးနှင့် ကလေးများ၏ပညာရေးသည် ကြီးစွာသောဒုက္ခနှင့် ရင်ဆိုင်ရပါတော့မည်။ မနက်ဖြန်11ရက်နေ့တွင် စည်ပင်မှမည်သို့ ပြုမူမည်ကို မသိရသေးပါ။ အကယ်၍ အတင်းအကျပ်စေခိုင်းလာပါက အဘယ်သို့လုပ်ရပါအံ့နည်း။ လူကြီးမင်းမှ ကူညီဖြေရှင်းပေးပါရန် ထပ်မံ၍ အလေးအနက် တောင်းပန်အပ်ပါသည်။

ဖြူဖြူခင်
၁၂/ သလနနိုင် ၁၂၈၄၈၈
FB-Nay Myo Zin

တရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန်

၁၅၀၀ တန်း ဆင်းကဒ်ကြောင့် အားလုံးဖုန်းကိုင်တော့မယ်လေ။ CDMA ဆိုတော့ တော်တော်များများ အသုံးတည့်မယ့် ဟန်းဆက်မျိုး က တရုတ်ကလာမယ်ထင်တယ်။ ထိုင်းကနေ လည်းလာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါတိုင်း မသုံးစေချင်ဘူး။

ဒါဆို Techspace က တစ်ယောက်တစ်လုံးဝယ်ပေးမလို့လားလို့ လာဖောက်နေအုံးမယ်။ ပြောချင်တာက ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ တရုတ်ဈေးသက်သာဖုန်းတွေမှာ SAR အတော်လေး မြင့်ပါတယ်။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက်ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ် ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ အလေးပေး ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ သို့သော် တော်များများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါသီသီ ရှိတော့ Apple က iPhone 6 စတင်မိတ်ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယိုလှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထားအိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

ကျနော် တရုတ်ဖုန်း ဈေးကွက်ပျက်အောင် ပြောတာ မဟုတ်ဘူးနော်။ စေတနာနဲ့ပါ။ SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲအား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက တရုတ်စမတ်ဖုန်းနဲ့ မော်ဒယ်နိမ့် စမတ်ဖုန်းများလောက် အများအားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါတယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါတယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင် မယ်လို့ မျှော်လင့်ပါတယ်။
အောင်ခမ်း (TSJ team)

အမေရိကန်ကို တင်သွင်းတဲ့ ဆန်တွေမှာ ခဲ ဓါတ် ပါဝင်မှုများ

တရုတ်နိုင်ငံက လယ်ယာစိုက်ပျိုးခင်း
11.04.2013
အမေရိကန်ကိုတင်သွင်းတဲ့ တချို့နိုင်ငံတွေက ဆန်တွေမှာ မွေးကင်းစတွေနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးအန္တရာယ်ရှိနိုင်တဲ့ပမာဏ ခဲတွေ ပါဝင်နေတာကို သိပ္ပံပညာရှင်တဖွဲ့ရဲ့ စမ်းသပ်မှုတခုက တွေ့ရှိခဲ့ပါတယ်၊ အမေရိကန်ကိုသွင်းတဲ့ အာရှ၊ ဥရောပနဲ့ တောင်အမေရိကနိုင်ငံတွေက ဆန်တွေကို သိပ္ပံပညာရှင်တွေ စမ်းသပ် စစ်ဆေးတာမှာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံက တင်သွင်းတဲ့ဆန်တွေမှာ ခဲ ပမာဏအများဆုံးပါဝင်တယ်လို့ ပြောပါတယ်၊

ဆန် ၁ ကီလိုဂရမ်မှာ ခဲ ၆ မီလီဂရမ်ကနေ ၁၂ မီလီဂရမ်အထိ ပါဝင်နေတာကို ပျှမ်းမျှတွေ့ရှိခဲ့ပါတယ်၊ တချို့ ကလေးအစားအစာတွေထဲမှာဆိုရင် ခဲပါဝင်မှုပမာဏ အမြင့်ဆုံးဖြစ်နေတာကို တွေ့ခဲ့ကြပါတယ်၊ အဲဒီလို ဆန်ကနေလုပ်တဲ့အစားအသောက်တွေကို မွေးကင်းစတွေနဲ့ ကလေးတွေကိုနေ့စဉ် စားမိရင် အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဌာနက လုံခြုံတယ်လို့ သတ်မှတ်ထားတဲ့ ပမာဏထက် အဆပေါင်း 30 ကနေ 60 ပိုများလိမ့်မယ်လို့ ဦးဆောင်လေ့လာသူက ပြောပါတယ်။

ဆန်ကိုအဓိကပိုစားတဲ့ အာရှကလေးငယ်တွေနဲ့ မွေးကင်းစတွေမှာ အန္တရာယ် ၂ ဆပိုများတယ်လို့လဲ သူက ပြောပါတယ်၊ ထိုင်း၊ India၊ အီတလီ၊ ဘူတန်နဲ့ Czech သမ္မတနိုင်ငံတွေက ဆန်နမူနာတွေထဲမှာလဲ ခဲပါဝင်မှု ပမာဏ သိသိသာသာ များနေတာ တွေ့တယ်လို့ သုတေသီတွေက ပြောပါတယ်။
ပါကစ္စတန်၊ Brazil နဲ့ တခြားနိုင်ငံတွေကဆန်တွေကိုလဲ ဆက်လက် စစ်ဆေးနေကြပါတယ်၊ အမေရိကန်မှာ စုစုပေါင်း ဆန်စားသုံးမှုရဲ့ ၇ ရာခိုင်နှုန်းကပဲ နိုင်ငံခြားက တင်သွင်းတဲ့ ဆန်တွေဖြစ်ပေမဲ့ ပြည်ပကဆန်တင်သွင်းမှု ပိုများလာတာနဲ့အတူ ဒီဆန်တွေကို ဆူပါမားကက်တွေ၊ စားသောက်ဆိုင်တွေနဲ့ တချို့ကုန်စုံဆိုင်တွေမှာ ရောင်းချနေကြပါတယ်။
VOA Burmese Fan Page

သမီးကို.....

မိုးမခ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည်

မြန်မာနိုင်ငံ လူမျိုးရေး ပဋိပက္ခ G8 စိုးရိမ်ပူပင်

မိထ္ထီလာအကြမ်းဖက်မှုဖြစ်ပွားစဉ် ( မတ် ၂၃၊ ၂၀၁၃)
11.04.2013
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်လာတဲ့အပေါ်ကြိုဆိုပေမဲ့ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေဆက်ရှိနေတဲ့အပေါ်မှာ စိုးရိမ်တယ်လို့ G8 စက်မှုအင်အားကြီး ၈ နိုင်ငံကပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့အတွက် မြန်မာအစိုးရရဲ့ ကမ်းလှမ်း ဖိတ်ခေါ်မှုအပေါ်မှာ G8 နိုင်ငံခြားရေးဝန်ကြီးတွေ လက်ခံစဉ်းစားတဲ့အကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးသွားဖို့ အဆင်သင့်ရှိတဲ့အကြောင်း ညီလာခံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိမ်ရှင်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုရှိဖို့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆောင် ရွက်ဖို့ လိုအပ်တယ် ဆိုတာကို G8 နိုင်ငံခြားရေး ဝန်ကြီးတွေ က အလေးပေး ပြောလိုတဲ့ အကြောင်းကိုလဲ Mr. Hague ကပြောကြားသွား ခဲ့ပါတယ်၊ G8 နိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာလဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီခိုင်မာဖို့၊ တရားဥပဒေစိုးမိုးဖို့နဲ့ လူအခွင့်အရေးအခြေအနေတိုးတက်ဖို့အတွက် သက်ဆိုင်သူတွေ အားလုံးရဲ့ပံ့ပိုးမှုနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ ကို ကျေနပ်တယ် လို့ ပြောကြားထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံးရပ်သွားဖို့ လူနည်းစုတွေရဲ့ ရပိုင်ခွင့်တွေကို လေးစားလိုက်နာဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ညှိုနှိုင်းမှုတွေလုပ်ဖို့အတွက်ကို နောက်ထပ်ဆောင်ရွက်သွားဖို့ စက်မှုအင်အားကြီး ၈ နိုင်ငံက တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေသေးတဲ့ အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ကူညီသွားဖို့ အခိုင်အမာ ရည်ရွယ် ထားကြောင်းနဲ့ သူတို့ပေးတဲ့ ကူညီထောက်ပံ့မှုတွေကို လိုအပ်နေတဲ့သူတွေ လက်ထဲ တကယ်ရောက်အောင်လို့ တခြားအလှုရှင်တွေနဲ့ အနီးကပ် ဆောင်ရွက် သွားမယ်လို့လဲ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာကောင်းတွေ ရှိ လာတာကို ကြိုဆိုတဲ့ တချိန်ထဲမှာပဲ၊ ရင်းနှီးမြှုပ်နှံမှု သစ်တွေ၊ ဖွံ့ဖြိုးရေးအစီအစဉ်သစ်တွေကလဲ ပြည်သူတွေအတွက် အကျိုးရှိဖို့အတွက် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေအတိုင်း ကိုက်ညီအောင် ဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း လန်ဒန်မြို့တော်မှာ ကျင်းပခဲ့တဲ့ G8 စက်မှုအင်အားကြီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ညီလာခံ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်၊ G8 နိုင်ငံတွေထဲမှာ ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ကနေဒါနဲ့ Russia နိုင်ငံတွေပါဝင်ပါတယ်။
VOA Burmese Fan Page

Russian သမ္မတ Putin ပါလီမန်မှာ ပြောတဲ့ စကား

"In Russia live Russians. Any minority, from anywhere, if it wants to live in Russia, to work and eat in Russia, should speak Russian, and should respect the Russian laws. If they prefer Sharia Law, then we advise them to go to those places where that's the state law. Russia does not need minorities. Minorities need Russia, and we will not grant them special privileges, or try to change our laws to fit their desires, no matter how loud they yell 'discrimination'. We better learn from the suicides of America, England, Holland and France, if we are to survive as a nation. The Russian customs and traditions are not compatible with the lack of culture or the primitive ways of most minorities. When this honorable legislative body thinks of creating new laws, it should have in mind the national interest first, observing that the minorities are not Russians."

ဘာသာပြန်===>>
"ရုရှ မှာ ရုရှန် တွေ နေတယ်။ ဘယ်နေရာ က လာတဲ့ လူနည်းစု မဆို ရုရှမှာ နေလိုရင်၊ အလုပ်လုပ်ပြီး နေထိုင်စားသောက်လိုရင်၊ ရုရှ စကားပြောသင့်တယ်၊ ရုရှ ဥပဒေကို လိုက်နာသင့်တယ်။

သူတို့ အနေနဲ့ ရှာရီးယား (အစ္စလာမ် ဘာသာရေးဥပဒေ) ကို ပိုကြိုက်ရင်၊ အဲ့ဒီဥပဒေ ရှိတဲ့ နိုင်ငံတွေကို သွားနေပါလို့ ကျွန်တော်တို့ အကြံပြုချင်တယ်။ ရုရှ ဟာ လူနည်းစုကို မလိုဘူး၊ လူနည်းစုက သာ ရုရှကိုလိုတယ်။ သူတို့ အနေနဲ့ လူမျိုးရေးခွဲခြားပါတယ်လို့ ဘယ်လိုပဲ အသံကျယ်နဲ့ ဟစ်နေပါစေ သူတို့ ကို အထူး အခွင့်အရေး မပေးနိုင်ဘူး၊ သူတို့ရဲ့ လိုလားချက်တွေနဲ့ ကိုက်ညီအောင် ကျွန်တော်တို့ရဲ့ ဥပဒေတွေကို ပြင်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။

ကျွန်တော်တို့ဟာ နိုင်ငံ တစ်ခု အနေနဲ့ ဆက်လက် ရှင်သန်နိုင်ဖို့ဆိုရင်၊ အမေရိကန်၊ အင်္ဂလန်၊ ဟော်လန်၊ ပြင်သစ် တို့ရဲ့ ကိုယ့် သေတွင်း ကိုယ်တူး တဲ့ သာဓက တွေကို သင်ခန်းစာ ယူ သင့်တယ်။

ရုရှ ယဉ်ကျေးမှု ဓလေ့တွေကို လူနည်းစုတွေရဲ့ ယဉ်ကျေးမှု ကင်းမဲ့ တဲ့ စရိုက်တွေ သို့မဟုတ် ကမ္ဘာ ဦး အစကလို နေထိုင်မှုမျိုးတွေနဲ့ ယှဉ်လို့ မရပါဘူး။ ယခု ဂုဏ်သိက္ခာရှိ ဥပဒေပြု အဖွဲ့ အစည်း အနေနဲ့ ဥပဒေ အသစ်တွေကို ရေးဆွဲမယ်ဆိုရင်၊ အမျိုးသား ရေးကို ပထမဆုံး ခေါင်းထဲ ထဲ့ထားရမယ်၊ လူနည်းစုဆိုတာ ရုရှန်တွေ မဟုတ်ဘူးဆိုတာ ကို သတိချပ်ရမယ်။ "
From ရဲရင့်ငယ်(ကနေဒါ)

ကားလေအိတ်များ ဂျပန်ကုမ္ပဏီကြီး ၄ ခု(Honda, Toyota, Nissan, Mazada) ပြန်ပြင်ဆင်ပေးမည်


Friday, April 12, 2013
ယာဉ်တိုက်မှုဖြစ်တဲ့အခါ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရမှုသက်သာအောင် အကာအကွယ်ပေးတဲ့ Airbag လေအိတ်တွေ ကောင်းကောင်း အလုပ်မလုပ်တဲ့အတွက် ဂျပန်နိုင်ငံက အဓိကကားကုမ္ပဏီကြီး ၄ ခုကနေ ကမ္ဘာတဝန်း ကားအစီးပေါင်း 3 သန်း 4 သိန်းကို ပြန်လည် ပြင်ဆင်ပေးဖို့ အသိပေးထားပါတယ်၊ ကားရှေ့ခန်း ခရီးသည်စီးတဲ့ဖက်က လေအိတ်တွေမှာ ချွတ်ယွင်းချက်တွေ ရှိနေတာကြောင့် ပြန်လည်ပြင်ဆင်ပေးဖို့ အသိပေးရတာဖြစ်တယ်လို့ Toyota, Nissan, Honda နဲ့ Mazda ကားကုမ္ပဏီကြီးတွေက ပြောပါတယ်။

ဂျပန်နိုင်ငံကပဲ Takata ကော်ပိုရေးရှင်းလုပ်ငန်းက လုပ်ပေးတဲ့ မော်တော်ကားလေ အိတ်တွေ ဟာ ပေါက်ကွဲနိုင်တယ်၊ ဒါမှမဟုတ် မီးလောင်နိုင်တယ်လို့ ကားကုမ္ပဏီတွေက ပြောပါတယ်၊ ထိခိုက် ဒဏ်ရာရ သေဆုံးမှု မရှိသေးပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူတို့ရဲ့ ကားတွေကို ပြန်လည်ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

Honda ကုမ္ပဏီက Civic နဲ့ Odyssey အမျိုးအစားတွေ အပါအဝင် မော်တော်ကားပေါင်း ၁ သန်း ၁ သိန်း၊ Toyota က Tundra နဲ့ Corolla အမျိုးအစား အပါအဝင် ကားပေါင်း ၁ သန်း ၇ သိန်းကို Airbag လေအိတ်တွေ ပြင်လည် ပြင်ဆင် တပ်ဆင်ပေးဖို့ အကြောင်းကြား ထားပါတယ်၊ Nissan ကုမ္ပဏီကတော့ 2000 ခုနှစ်ကနေ 2004 ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ထုတ်လုပ်တဲ့ မော်တော်ကား ၄ သိန်း ၈ သောင်းမှာ Airbag လေအိတ်တွေ ကောင်းကောင်းအလုပ်မလုပ်တာကို တွေ့ရတယ်လို့ ပြောပါတယ်၊ Mazda ကုမ္ပဏီကတော့ ကမ္ဘာတဝန်း ကားအစီးပေါင်း ၄ သောင်းခွဲကို ပြန်လည် ပြင်ဆင်ပေးဖို့ ခေါ်ယူထားပါတယ်။
VOA

နှစ်သစ်မှာ ဖွဲ့စည်းပုံပြင်နိုင်ကြောင်း စံဇာဏီဘိုဟောကိန်းထုတ်

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲနေကြစဉ်။
11.04.2013
အခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ဟာ သင်္ကြန်စာအလိုအရ လူထုအတွက် ကောင်းတဲ့နှစ်ဖြစ်တယ်လို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ပြောပါတယ်။ ဒီနှစ်မှာ သကြားမင်းက လေးနဲ့မြားရယ် ဒိုင်းရယ်ကိုကိုင်ပြီး နဂါးမင်းစီးဆင်းမှာဖြစ်တဲ့အတွက် ရန်တွေအားလုံး ချုပ်ငြိမ်းမယ့် သဘောဖြစ်ပေမယ့် အုပ်ချုပ်သူတွေတော့ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း မြန်မာလူမျိုးတွေ သင်္ကြန်စာ၊ သင်္ကြန်ဟော စာတမ်းတွေကို ယုံယုံကြည်ကြည်နဲ့ အပြေးအလွှား ၀ယ်ဖတ်လေ့ရှိကြတာပါ။ အထူးသဖြင့်တော့ တိုင်းပြည်မှာ နိုင်ငံရေးအရ အခက်အခဲ အကြပ် အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာ သင်္ကြန်မှာ သကြားမင်း ဒီနှစ်အတွက် ဘာစီးဆင်းမလဲ၊ ဟောစာတမ်းမှာ ဘာတွေ ပါမလဲဆိုတာကို လူထုက သိချင်နေကြတာဖြစ်ပါတယ်။ အခုလာမယ့်နှစ်ကတော့ မြန်မာ ပြည်သူ လူထုရဲ့ တောင်းဆိုချက် အတော်များများ ပြည့်ဝပြီး ကောင်းမွန် တဲ့ နှစ်တနှစ် ဖြစ်နိုင်တယ်လို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ဟောကိန်း ထုတ်ပါတယ်။

“မြန်မာနိုင်ငံမှာ အခုဒီနှစ် ၁၃၇၅ခုနှစ်မှာတော့ လူတွေ၊ ပြည်သူလူထုတွေ အတွက်တော့ ရသေ့ကျော်တို့ ရက်ရာဇာတို့နဲ့ ကိုက်တော့ ပြည်သူလူထု အတွက်ကတော့ ကောင်းတဲ့အနေအထားနဲ့ တောင်းဆိုတဲ့ အနေအထားလေးတွေ ပြည့်စေတဲ့အနေအထားမျိုးတွေ ရောက်လာမှာပေါ့။
အောက်ခြေ လူတန်းစားတွေမှာတော့ ခါတိုင်းနဲ့စာရင် ပိုပြီးတော့ အဆင်ပြေစရာ အကြောင်းလေးတွေ ရှိလာနိုင်တယ်။ အုပ်ချုပ်သူမင်းအနေနဲ့ အနှောင့်အယှက်လေးတွေ ရှိဦးမှာပေါ့။ ဘာလဲဆိုတော့ ကျနော်တို့ ၁၃၇၅ခုနှစ်ရဲ့ သင်္ကြန်စာ အလိုအရ နဂါးစီးပြီး ဆင်းမှာရယ်၊ လက်တဘက် က လေးနဲ့မြှားရယ်။ နောက်လက်တဘက်က ဒိုင်းကိုင်ပြီးဆင်းမယ့် သဘောကတော့ ကျနော်တို့ ရန်တွေ အားလုံးကို ချုပ်ငြိမ်းတဲ့သဘော။”

သီကြားမင်းက အခုနှစ်မှာ ဒိုင်းရယ်၊ လေးမြားရယ် ကိုင်ပြီး ဆင်းမှာ ဖြစ်တဲ့အတွက် ရန်တွေအားလုံးကို ချုပ်ငြိမ်းမှာ ဖြစ်တဲ့အပြင် နဂါးစီး ဆင်းမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း ဥပဒေကြောင်း အရ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပေမယ့် အုပ်ချုပ်သူတွေ ကတော့ ပြောင်းမှာမဟုတ်ဘူးလို့ ဆရာ စံဇာဏီဘိုက ပြောပါတယ်။

“နဂါးစီး ဆင်းတဲ့ နှစ်တိုင်းမှာ နဂါးစီးခြင်းရဲ့ သဘာဝရဲ့ နောက်ကွယ်မှာ အုပ်ချုပ်မှု ယန္တရားမှာ ဥပဒေကြောင်း အပြောင်းအလဲရှိတယ်ဗျ။ ဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမှာတော့  ဒီနှစ်အတွင်းမှာ အပြောင်းအလဲတွေဖြစ်နိုင်တယ်။ ဒီလွှတ်တော်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ အပြောင်းအလဲမှာတော့ ဒီနှစ်ထဲမှာ တန်ခူးလ ဒီနှစ်ဆန်းတစ်ရက်နေ့ကနေ စလို့ ရေတွက်လိုက်ရင် ရက်ပေါင်း ၁၈၀အတွင်းမှာ အပြောင်းအလဲတွေဖြစ် မယ်လို့ ကျနော်တို့က ယုံကြည်ထားတယ်။ ကျနော် အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ဥပဒေကြောင်းရယ်၊ စီရင်မှုဥပဒေတွေ နောက် အခြေခံ ဥပဒေတွေကို ပြောင်းလဲပစ်မှာလည်း ရှိတယ်။ အုပ်ချုပ်သူမင်းတွေကတော့ အပြောင်းအလဲဖြစ်မှာမဟုတ်ဘူးဗျ။ ဒီမင်းအတိုင်းပဲ ဒီအတိုင်းပဲ အုပ်ချုပ်မယ်။”

ယေဘုယျအားဖြင့် နှစ်ဆန်းတရက်နေ့ကစပြီး ပြည်သူ လူထုအတွက် ကောင်းမွန်တဲ့ဘက်ကို ဦးတည်တဲ့ နှစ်ဖြစ်နိုင်ပေမယ့်လည်း လက်ရှိရောက်နေတဲ့ ဂြိုလ်ခွင် အနေအထားတွေ အရ မြန်မာပြည် အပါအ၀င် နိုင်ငံတကာမှာ သွေးထွက်သံယိုမှုတွေကတော့ ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

“ဒီနှစ်ကတော့ ကောင်းတယ်။ နှစ်ဆန်းတဲ့ရက်က နှစ်ဆန်းတစ်ရက်နေ့က ရက်ရာဇာကျတယ်။ ရသေ့ကျော်နဲ့စထားတော့ မင်္ဂလာရှိတဲ့ရက်နဲ့ စတာဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် နှစ်တခုလုံးထဲမှာ ဂြိုလ်အနေအထားကတော့ ရာဟုဂြိုလ်က တူရာသီထဲမှာ ရှိနေတာနဲ့ တနင်္လာဂြိုလ်က ၁၀ ဒီဂရီစောင်းနေ တာကတော့ မကောင်းလှဘူးလေ။ အဲ့တာကြောင့် မြန်မာပြည်တင်မကပါဘူး။ ကမ္ဘာအဝှမ်းမှာ အဲ့ဒီ့ဘာသာရေးကို အခြေခံတဲ့ သွေးထွက် သံယို ပြဿနာတွေဖြစ်နိုင်တယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေ၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကြောင့် သွေးထွက်သံယိုမှုတွေ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့ အတွက်လည်း သင်္ကြန်ကာလမှာ အလားတူ  သွေးထွက် သံယိုမှုတွေ ထပ်မံဖြစ်ပွားမှာကို လူထုအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ။ ဒါကြောင့် အခုနှစ် ရန်ကုန်သင်္ကြန်ဟာ ထင်ထားတာထက် စည်ကားမယ့် အရိပ်လက္ခဏာ မတွေ့ရဘူးလို့ ရန်ကုန် မြို့ခံတွေက ပြောကြပါတယ်။
ကိုဇော်ဝင်းလှိုင်
VOA Burmese Fan Page

ဟောလီးဝုဒ် "Burmese Refugee" ဇာတ်လမ်းတို မြန်မာသရုပ်ဆောင် အေဒရီယမ်ဇော် (Adrian Zaw) ပါဝင်သည်

ဟောလီးဝုဒ် မြန်မာသရုပ်ဆောင် အေဒရီယမ်ဇော် (Adrian Zaw) ပါဝင်သရုပ်ဆောင် ရိုက်ကူးထားသည့် " Burmese Refugee" ဇာတ်လမ်းတိုကို ဧပြီလ ၁၉ ရက်နေ့တွင် အမေရိကန်နိုင်ငံတွင်
ကျင်းပမည့် Texas Independent Film Festival တွင်ပါဝင်ပြသမည်ဟု သိ၇သည်။ ၎င်း "Burmese Refugee" ဇာတ်လမ်းတိုသည် အမေရိကန်ရောက်ပြီး စားသောက်ဆိုင်တွင်အလုပ် လုပ်၍ ရုန်းကန်ခဲ့ရတဲ့ မြန်မာဒုက္ခသည်တစ်ဦးအကြောင်း ရိုက်ကူးထားသည့်ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ Mike Tacca က ရိုက်ကူးထားခြင်းဖြစ်သည်။

ထို့အပြင် ဧပြီ ၁၇ ရက်မှ ၂၁ ၇က်နေ့ထိ ကျင်းပမည့် Riverside International Film Festival တွင်လည်း ပါဝင်ပြသမည်ဟုသိ၇သည်။ အေဒရီယမ်ဇော်ဟာ နာမည်ကျော် မင်းသား Hugh Grant နဲ့ Mandy Moore ပါဝင်သရုပ်ဆောင်ထားတဲ့ American Dreams ၂၀၀၆ တွင်ပါဝင်သရုပ်ဆောင်ခဲ့သလို SyFy ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ The Resistance ရုပ်သံဇာတ်လမ်းတွဲမှာလည်း အဓိက သ၇ုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးခဲ့သူဖြစ်ပါသည်။
Popular Journal
Z (Ref- Burmese Refugee)

ပေးဆပ်သူများ သံချပ်အဖွဲ(ရုပ်/သံ)

Apr 11, 2013
ဧပြီလ ၁၁ရက် နေ့  ညနေ၃နာရီခွဲ က၃၅လမ်းရှိ Asian Fame Media Group တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်သူများ သံချပ်အဖွဲ့  လာရောက်ဖျော်ဖြေ

Popular Journal

ထိုင်းရောက် ရိုဟင်ဂျာများ မြန်မာနိုင်ငံမှ ဟုတ်မဟုတ် စစ်ဆေးမည်

ကြာသပတေးနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၃
ထိုင်းနိုင်ငံတွင် ခိုလှုံနေထိုင်သော ရိုဟင်ဂျာ ၂,၀၀၀ သည် အမှန်တကယ် ရခိုင်ပြည်နယ်မှ ဝင်ရောက် လာကြသူများ ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးရာတွင် မြန်မာ အရာရှိများ ထိုင်းနိုင်ငံသို့ လာရောက် ကူညီရန်ရှိကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး Surapong Tovichaikul က ဧပြီလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတွင် ရှိနေသော ရိုဟင်ဂျာများသည် အမှန်တကယ် မြန်မာနိုင်ငံမှ ဝင်ရောက် လာကြသူများဖြစ်သည်ဟု စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါက ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်မည်ဟု မြန်မာ
နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ၎င်းအား ပြောဆိုကြောင်း မစ္စတာ Surapong အား ကိုးကား၍ ဘန်ကောက်ပို့စ်တွင် ရေးသားထားသည်။

“ကျနော့်ရဲ့ စိုးရိမ်ပူပန်မှုကို သူ့သမ္မတဆီ ပြောပြပါမယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ အဲဒီ နောက်မှာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းခိုလှုံနေတဲ့ ရိုဟင်ဂျာ ၂,၀၀၀ လောက်ဟာ မြန်မာနိုင်ငံက ဟုတ်မဟုတ် စစ်ဖို့ သူ့ရဲ့ မြန်မာအရာရှိတွေကို စေလွှတ်ပေးမယ်လို့ ပြောပါတယ်။ ဖြစ်နိုင်သမျှ မြန်မြန်ပေါ့။ ရိုဟင်ဂျာတွေထဲက ၅၀၀ လောက်က ကလေးနဲ့ အမျိုးသမီးတွေပါ” ဟု Surapong က ပြောသည်။

အဆိုပါ ရိုဟင်ဂျာ အားလုံးမှာ မြန်မာနိုင်ငံမှ ဖြစ်သည်ဆိုသည်ကို မြန်မာနိုင်ငံမှ လက်ခံခြင်း မရှိပေ။ ၎င်းတို့ ထဲမှ အချို့သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသူများ ဖြစ်နိုင်သည်ဟုမြန်မာနိုင်ငံက ယုံကြည်ထားသည်။

ဝန်ကြီး နှစ်ဦးတို့သည် ဘရူနိုင်းနိုင်ငံတွင် ဧပြီလ ၁၁ ရက်နေ့၌ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းဝေး မတိုင်မီ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များထဲမှ အချို့သည် မြန်မာနိုင်ငံသို့ ပြန်လိုကြသော်လည်း ၎င်းတို့၏ အသက်မွေး ဝမ်းကြောင်း အတွက် စိုးရိမ်ပူပန်နေကြဆဲ ဖြစ်ကြောင်း သတင်းရရှိထား၍ နယ်စပ် တလျှောက်ရှိ ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန်လည်း မြန်မာအား တောင်းဆိုခဲ့သည်ဟု Surapong က ပြောသည်။
Mizzima - News in Burmese

သာသနာ့မြေနှင့် အဆောက်အဦများအတွက် စိစစ်မှု များပြား

ကြာသပတေးနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၃
ရန်ကုန် (မဇ္ဈိမ)။ ။ သာသနာ့မြေနှင့် အဆောက်အဦများ ပြုလုပ်ခွင့် တောင်းရာတွင် ဌာနအဆင့်ဆင့် စိစစ်ပြီးမှသာ ချထားပေးကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆိုသည်။

မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးများမှ ပြည်ထဲရေး ဝန်ကြီးဌာနအထိ အဆင့်ဆင့် စစ်ဆေးကာ အိုးအိမ် ဦးစီးဌာနနှင့် စည်ပင်သာယာ ကော်မတီတို့မှ မြေယာ စိစစ်ကာ သာသနာရေး ဝန်ကြီးဌာန အထိထောက်ခံချက်များ ကြည့်၍ ဆုံးဖြတ်ပြီးမှ ခွင့်ပြုကြောင်း တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူ တဦးက
ပြောကြားသည်။

“ကျနော်တို့က အဆင့်ဆင့် စစ်ဆေးပြီး ပြည်စုံရင် သတ်မှတ်တဲ့ နှစ်လအတွင်း ချပေးတယ်။ အချက်အလတ် လိုရင် လိုသလောက် ကြာတယ်။ ကာယကံရှင်အပေါ် မူတည်တယ်” ဟု ဆိုသည်။ ဧပြီလ ၁၀ ရက်နေ့က အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုသွားခြင်း ဖြစ်သည်။ ထို့အပြင် ခွင်ပြုချက် မရဘဲ ဆောက်လုပ်ထားသော သာသနာ့ အဆောက်အဦများလည်း ရှိကြောင်း သိရသည်။

အစ္စလာမ်ဘာသာ ဗလီ ဝတ်ကျောင်းများသည် အကြောင်းအမျိုးမျိုးအရ ပျက်စီးသွားပါက ပြန်လည် တည်ဆောက်ရန် အခက်အခဲများရှိကြောင်း မြန်မာ မူဆလင် ကွန်ယက်က ပြောသည်။ “ဗလီများ တရားမဝင်ဘူးလို့ ပြောနေတဲ့အပေါ်မှာ ပြောချင်တာက လုံးဝလွဲနေတယ်။ အစိုးရကနေ တရားဝင် ချပေးထားတာ ရှိတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ
တော်တော်များများ ဗလီ အသစ်ဆောက်ခွင့် မပေးတော့ဘူး” ဟု ကွန်ယက် သဘာပတိ ဦးမြင့်သိန်း က ပြောသည်။

၂၀၁၀ ပြည့်နှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကောက်ယူခဲ့သော စာရင်းအရ ရန်ကုန်တိုင်း အတွင်း အသိအမှတ်ပြုပြီး ဘာသာရေး အဆောက်အဦး ၅၅၀၄ ခုအနက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၄၈၅၃ ခု၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၂၇၄ ခု၊ ဟိန္ဒူဘုရားကျောင်း ၁၅၉ ခု၊ အစ္စလာမ်ဗလီ ၁၁၉ ခုနှင့် တရုတ် ဘုံကျောင်း ၉၉ ခုရှိခဲ့ကြောင်း လူမှုကွန်ယက်မှ အချက်အလက်အချို့တွင် တွေရသည်။

ဘာသာရေး ကျောင်းအချို့လည်း လူနေရပ်ကွက်များအတွင်း လူနေအိမ်များနှင့် တွဲလျက် ဆောက်လုပ်ထား သည်ကို ရန်ကုန်မြို့တွင် တွေ့မြင်နေရသည်။ “လူဦးရေ များလာတာနဲ့ အမျှ အစိုးရအနေနဲ့ ပြည်သူတွေ လိုအပ်ချက်ကို စည်းကမ်းတကျ ခွင့်ပြုပေးသင့် တယ်” ဟု ရန်ကုန်မြို့နေ ကိုရှုမောင် က ပြောသည်။
ခိုင်ခိုင်၊ စောဇင်ညီ
Mizzima - News in Burmese

မီးရှို့ဆန္ဒပြရာတွင် ဗိုလ်ချုပ် အောင်ဆန်း ပုံ ပါဝင်မှု မွတ်စလင်များ ရှင်းချက်ထုတ်

ဧပြီလ ၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ – ဒီ ချစ် သူ / facebook)
မြန်မာနိုင်ငံရှိ မွတ်စလင်များ အရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုပွဲ၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ပုံကို မီးရှို့မှုအတွက် မွတ်စလင်များက ရှင်းချက်ထုတ်ကြကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့က ပြုလုပ်သည့် အဆိုပါ ဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံ အခြေစိုက် မွတ်စလင်များနှင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသော မွတ်စလင်များလည်း ပါဝင်ကြောင်း ယင်းဆန္ဒပြပွဲ၌ ဦးဆောင်သူတဦးအဖြစ် ပါဝင်ခဲ့သည့် Burmese Rohingya Association in Thailand (BRAT) ဥက္ကဋ္ဌ မောင်ကျော်နုက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာကိစ္စမှာရော၊ မြန်မာမွတ်စလင် ကိစ္စမှာရော နှုတ်ဆိတ်နေတဲ့ အတွက်ကြောင့်မို့လို့ မီးရှို့လိုက်တာပါ။ ဗိုလ်ချုပ် အောင်ဆန်းပုံ ပါသွားတဲ့အတွက်ကြောင့်တော့ စိတ်မကောင်းပါဘူး။ ဒါလည်း တဖွဲ့လုံးရဲ့ သဘောဆန္ဒနဲ့ ရှို့တာ မဟုတ်ပါဘူး၊ ပါလာတဲ့လူတွေထဲက ၃ ယောက်လောက်က လုပ်တာပါ” ဟု မောင်ကျော်နုက ပြောသည်။

မီးရှို့ဆန္ဒပြ ဓာတ်ပုံများတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ ပါရှိနေခြင်းကြောင်း သမ္မတရုံးမှ တာဝန်ရှိသူနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပြောဆို ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။

လက်ရှိပြုလုပ်နေသော ဆန္ဒထုတ်ဖော်မှုများသည် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချခြင်းနှင့် နိုင်ငံတကာက သိစေရန် လှုံ့ဆော်ဆန္ဒပြခြင်း ဖြစ်သော်လည်း ဗိုလ်ချုပ် အောင်ဆန်းပုံကို မီးရှို့ရန်မှာမူ ရည်ရွယ်ချက်မရှိဟု မောင်ကျော်နုက ဆိုသည်။

ဗိုလ်ချုပ် အောင်ဆန်း ပုံပါ အင်္ကျီကို မီးရှို့သည့်ဖြစ်ရပ်နှင့် ပတ်သက်၍ အင်္ဂလန်၊ နယ်သာလန်၊ ဂျပန်၊ ဒိန်းမတ်၊ နော်ဝေးနှင့် ဂျာမနီ နိုင်ငံများရှိ ရိုဟင်ဂျာအရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ ၆ ခုက ဝမ်းနည်းကြောင်းနှင့် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားသည်။

“ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ ဓာတ်ပုံကို မီးရှိ့ခြင်းအား ကျနော်တို့ ပူးတွဲပါ ရိုဟင်ဂျာ အဖွဲ့အစည်းများ အားလုံးမှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချ ပါသည်” ဟု ဧပြီ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ယင်းမီးရှို့မှုသည် မသက်ဆိုင်သော လူတစု၏ အပြုအမူသာ ဖြစ်ကြောင်း ငြင်းချက်ထုတ် ထားပြီး နိုင်ငံတကာရှိ ရိုဟင်ဂျာအရေး လှုပ်ရှား ဆောင်ရွက်သူများကိုလည်း ယင်းသို့ မဖြစ်စေရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မောင်ကျော်နုကမူ “အစက သူတို့က ဒီ ဒေါ်အောင်ဆန်းစုကြည် ပုံပါတဲ့ အင်္ကျီနဲ့ ဝတ်ပြီး သူတို့ကိုယ်သူတို့ မီးရှို့အသတ်ခံမယ်ဆိုပြီး လုပ်ကြသေးတယ်။ အဲဒီအချိန် ကျနော်က ဟေ့ကောင်တွေ ဒီလိုမလုပ်နဲ့ ပြောလိုက်မှပဲ အင်္ကျီကိုပဲ ရှို့လိုက်တာ၊ အဲဒီမှာ ဗိုလ်ချုပ် အောင်ဆန်းပုံ ပါသွားတာ။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံကို မီးရှို့ဖို့ ကိစ္စပါ” ဟု ပြောသည်။

ဆန္ဒပြ မီးရှို့သူများသည် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေစဉ် ကာလအတွင်း လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ဖူးသူများ ဖြစ်ကြောင်း မောင်ကျော်နုက ဆိုသည်။

မောင်ကျော်နုက ဆက်လက် ပြောဆိုရာတွင် BRAT အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ပုံအား မီးရှို့မှုကို ဝေဖန်စရာ မရှိသော်လည်း ဗိုလ်ချုပ် အောင်ဆန်းပုံကို မီးရှို့ခြင်းအား ရှုတ်ချကြောင်း၊ သို့သော်လည်း မီးရှို့သူများကို တစုံတရာ အရေးယူရန် အစီအစဉ်မရှိသေးကြောင်း ပြောသည်။

မီးရှို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ ပါဝင်နေခြင်းနှင့် ပတ်သက်၍ သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးမှူးဇော်က “ဗိုလ်ချုပ် အောင်ဆန်းကို ‘အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း’ ဆိုပြီး နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် နှုတ်က ထုတ်ဖော် ပြောကြား ကမ္ဗည်းရေးထိုးခိုင်းပြီး သမ္မတတွေကြားထဲ အလယ်ဗဟိုမှာ ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ပထမဦးဆုံးအကြိမ် တွေ့ဆုံတဲ့ မှတ်တမ်းဓာတ်ပုံမှာ အဲဒီ ဗိုလ်ချုပ် ဓာတ်ပုံကို တွေ့မြင်နိုင်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ ဒီနိုင်ငံရဲ့ အထွတ်အမြတ် ထားရတဲ့ အမျိုးသား ခေါင်းဆောင်ကြီးပါ။ ဗိုလ်ချုပ် အောင်ဆန်းဓာတ်ပုံ၊ သင်္ကေတ၊ အမှတ်အသား၊ မိန့်ခွန်းတွေဟာလည်း နိုင်ငံတော်အလံလို ဥပဒေနဲ့ တိတိကျကျ ပြဌာန်းထားခြင်း မရှိသော်လည်းဘဲ နိုင်ငံသားတွေ အလိုအလျောက် ခံယူရမယ့် လူမှုပဋိဉာဉ် (Social Contract) လို့ ပြောနိုင်သလို တနည်းအားဖြင့် အမျိုးသားရေး ပဋိဉာဉ် (National Contract) တခု ဖြစ်ပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင်း မွတ်စလင်များအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ရပ်တန့်ပေးရေးနှင့် ရှုတ်ချကြောင်း အဝေးရောက် မွတ်စလင်အရေး လှုပ်ရှားသူများက အမေရိကန်၊ အင်္ဂလန်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ဆန္ဒပြခဲ့ကြပြီး ယခုလ ၁၂ ရက် နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသွားဦးမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဧပြီ ၁၃ ရက်မှ ၁၉ ရက်အထိ ဂျပန်ခရီးစဉ်အတွင်း ကြိုဆိုဧည့်ခံ တွေ့ဆုံဆွေးနွေးမှုများအတွက် မွတ်စလင်အဖွဲ့အစည်းများကို စီစဉ်သူများက ပူးပေါင်းပါဝင်ခွင့် မပေးဟု မွတ်စလင်များက ပြောကြောင်း AFP သတင်းဌာနတွင် ရေးသားထားသည်။ ဂျပန်တွင် မြန်မာနိုင်ငံမှ လာရောက် အခြေချ နေထိုင်သူ ၁ သောင်းခန့် ရှိကြောင်း သိရသည်။
The Irrawaddy (Burmese Version)

မန္တလေးမှာ မိုးမလင်ခင် မီး(၂)ခါလောင်မှာတော့

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်းရပ်ကွက် ၅၁×၅၂လမ်းကြား သမိန်ဗရမ်းနှင့် ဗညားဒလ လမ်းကြားမှာ၁၂-၄-၂၀၁၃ရက်နေ့ နံနက် ၆ နာရီ မထိုးခင်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ နာရီဝက်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ အိမ်ခြေ (၉)လုံး မီးလောင်းကျွမ်းသွားခဲ့ပါတယ်။ မီးလောင်ရခြင်းအကြောင်းကိုတော့ စုံစမ်းစစ်ဆေးနေပါတယ်။
DVB TV News
(သတင်းဓါတ်ပုံ- အိမ်ခိုင်မြဲ)




တမ္မဝတီရပ် ချီပါရပ်ကွက် မိုးမလင်ခင်လောင်မှု နောက်ဆက်တွဲ(ဓါတ်ပုံသတင်း)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္မဝတီရပ် ချီပါရပ်ကွက် အရှေ့ဘက်ခြမ်းမှာ မနက် ၁နာရီကျော်က မီးလောင်ကျွမ်းခဲ့ပါတယ်။ပန်းပုလုပ်တဲ့အိမ်တစ်အိမ်က စတင်လောင်ကျွှမ်းခဲ့တယ်လို့ဆိုပါတယ်။မနက် ၃နာရီကျော်မှာ မီးကို ထိန်းသိမ်းနိင်ခဲ့ပါတယ်။

မနက်၎နာရီကျော်မှာတော့ မီးကိုငြိမ်းသတ်နိင်ခဲ့ကြပါတယ်။မန္တလေးမြို့မှ မီးသတ်ကားများတင်မဟုတ်ပဲ စစ်ကိုင်းမြို့မှ မီးသတ်ကား ၂စီးပါ လာရောက် ငြိမ်းသတ်ပေးရတယ်လို့ သိရပါတယ်။အိမ်ခြေပေါင်း ၁၅၀ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။

မီးလောင်ရခြင်း အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။တမ္မဝတီရပ်ကွက်မှာ အခုလိုမီးလောင်မှုကြီးကြီးမားမား အရင်က မဖြစ်ခဲ့ဘူးကြောင်းလည်း ရပ်ကွက်နေပြည်သူများက ပြောကြပါတယ်။ထိခိုက်ဒဏ်ရာရမှု သေဆုံးမှုများတော့ လတ်တလော မသိရသေးကြောင်းလည်း ရပ်ကွက်နေပြည်သူများကပြောကြပါတယ်။

အလားတူ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ x ၅၂ လမ်းကြားမှာ နံနက် ၅ နာရီ ၄၅ မိနစ် နာရီခန့် အချိန်က မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်မှုတွင် နေအိမ် ကိုးအိမ်ခန့် ပျက်ဆီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
DVB TV News
(သတင်းဓါတ်ပုံ - စူပါ၊ အိမ်ခိုင်မြဲ)













မန္တလေး တမ္မဝတီ ချီပါရပ်ကွက် မီးလောင် (ဓါတ်ပုံသတင်း)

၁၂-၄-၂၀၁၃ မနက် တစ်နာရီကျော်ကစတင်ပြီးလောင်ကျွမ်းတဲ့မီးဟာ ၃ နာရီအထိမီးညွန့်မကျိုးသေးဘဲ အိမ်ခြေ ၁၅၀ ကျော် လောင်ကျွမ်း (ဓါတ်ပုံ-ဆူပါ)
DVB TV News



ဆီ၊ အဆီနှင့် အဆိပ်

အစားအစာ အဆိပ်မျိုးစုံသင့်၍ လူအများ ရောဂါရကြသည့် အကြောင်းကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားချက်များအရ ထိုပြဿနာမှာ အမျိုးသားပြဿနာကြီး တစ်ရပ်အဖြစ် ရောက်ရှိလာကြောင်း မြင်တွေ့ရပါသည်။

ကျွန်တော်သည် ငယ်စဉ်မူလ တန်းကျောင်းသား ဘဝမှ ၁၉၆၄ ခုနှစ် ဆယ်တန်းအောင်မြင်ပြီး တက္ကသိုလ် တက်ရောက်ပညာသင်ကြားနေသည့် အချိန်တွင် ကျွန်တော်၏ပတ်ဝန်းကျင် အသိုင်းအဝိုင်း၌ ကင်ဆာဖြစ်နေသူ တစ်ဦးမျှ မမြင်ခဲ့ဖူးပါ။ ကျွန်တော် ဆိုလိုသည်မှာ ကျွန်တော်နှင့် အတန်းတူ ကျောင်းသားများ၊ ၄င်းတို့၏မိဘများ၊ တစ်လမ်းတည်းနေသူများ၌ ကင်ဆာ ရောဂါသည် မတွေ့ဖူးကြောင်း ဆိုလို ခြင်းဖြစ်ပါသည်။ ဆေးရုံများတွင်တော့ ကင်ဆာရောဂါသည် ရှိမည်ဖြစ်ပါသည်။

လေဖြတ်သူ ဆို၍လည်း လေးငါးယောက် လောက်သာ တွေ့ဖူးပါ သည်။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်သူ မှာလည်း နည်းပါးလှပါသည်။ အရိုးကျီးပေါင်း ရောဂါမှာလည်း အတော်ဖြစ်ခဲပါသည်။

ကျွန်တော် သတိထားမိသလောက် ၁၉၇၀ ပြည့်လွန်နှစ်များ ရောက်လာတော့မှ အထက်ပါ ကင်ဆာအပါအဝင် နှလုံး၊ လေဖြတ်၊ သွေးတိုး၊ ဆီးချို၊ အရိုးကျီးပေါင်း၊ ကျောက်ကပ်ရောဂါ များ တစ်နှစ်ထက်တစ်နှစ် အဖြစ်များ လာပါသည်။

အထက်ပါ ရောဂါများဖြစ်ရသည့် အဓိကအကြောင်းမှာ ဆီ၊ အဆီနှင့် အဆိပ်များကြောင့် ဖြစ်ရကြောင်း တွေ့ ရှိနိုင်ပါသည်။

အချိုမှုန့် ပေါ်နေသည်မှာ ကြာပြီဖြစ်သော်လည်း တရုတ်လူမျိုး စားသောက်ဆိုင်ကြီးများနှင့် တရုတ် အသိုင်းအဝိုင်း လောက်တွင်သာ အသုံးပြုကြပါသည်။ မြန်မာနိုင်ငံသားများက မျှင်ငံပြာရည်နှင့် ငါးငံပြာရည်ကိုသာ အဓိကထား သုံးစွဲနေခဲ့ကြပါသည်။ အချိုမှုန့်ကို လူအများစု အသုံးမပြုကြပါ။ စစ်အစိုးရတက်လာပြီး ပြည်သူပိုင်သိမ်းသဖြင့် စီးပွားရေးပျက်၍ မှောင်ခို စီးပွားရေးနှင့်အတူ တစ်ဖက်နိုင်ငံမှ တစ်ဆင့် အချိုမှုန့်များ အကြီးအကျယ်မှောင်ခို တင်သွင်းလာခဲ့ပါသည်။ ထိုအခါတွင်မှ မြန်မာနိုင်ငံသားများ အချိုမှုန့်ကို တွင်ကျယ်စွာ အသုံးပြုလာ ကြပါသည်။

နိုင်ငံတော်အစိုးရကပင် ဒိုက်ဦးမြို့နယ်၌ အချိုမှုန့်စက်ရုံတည် ဆောက်လျက် ဆွမ်းအုပ်တံဆိပ် အချိုမှုန့် များ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးခဲ့ပါသည်။ အချိုမှုန့်မပါသောဟင်း မရှိသလောက်ဖြစ်လာပါသည်။ အချိုမှုန့်ကို တွင်တွင်ကျယ်ကျယ် စားသုံးလာသည့် အခါမှစ၍ ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ လေဖြတ်၊ ဆီးချို၊ အရိုးကျီးပေါင်း၊ ကျောက်ကပ်ရောဂါ အပါအဝင် အခြား ရောဂါများ တစ်နေ့တခြား အဖြစ်များလာခဲ့ ပါသည်။ သို့သော် သိပ်မဆိုးရွားလှသေးပါ။

၁၉၈၈ ခုနှစ် အရေးအခင်းကြီး ဖြစ်ပြီးနောက် စစ်အစိုးရက နိုင်ငံခြားမှ စားအုန်းဆီများ အကြီးအကျယ် တင်သွင်းလာပါသည်။ လူအများ စားအုန်းဆီကို စားလာကြပါသည်။ စားအုန်းဆီမှာ ပဲဆီ၊ နှမ်းဆီလောက် မကောင်းသည့်အပြင် ပညာရှင်များ၏ပြောဆို ရေးသားချက်များအရ ရောဂါမျိုးစုံ ဖြစ်နိုင်မှန်း လူအများ သိရှိကြသော်လည်း ငွေကြေးအခြေအနေအရ စားအုန်းဆီကိုသာ လူအများအဓိကထား စားသုံးလာကြပါသည်။ ဤအခါတွင် ကင်ဆာ၊ သွေးတိုး၊ လေဖြတ်၊ နှလုံး၊ အရိုးကျီးပေါင်းနှင့် အခြားရောဂါ များ ယခင်ကထက် အဖြစ်များလာပါ သည်။

ယခုအချိန်တွင် အစားအစာများ ၌ ဓာတုဗေဒဆိုးဆေးများ၊ အသီးအနှံ ကြီးထွားစေသောဆေးများ အများအပြား သုံးစွဲလာပါသည်။ စိုက်ပျိုးရာတွင် လည်း ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး များ၊ စည်းကမ်းမရှိ သုံးစွဲလာကြပါ သည်။ လူအများ နေ့စဉ်စားသုံးနေသော အသီးအနှံများတွင် အဆိပ်အမျိုးမျိုး ပါဝင်နေသဖြင့် နေ့စဉ်လိုလို အဆိပ်များကို လူအများစားသုံးနေရပါသည်။


သားငါးဘက်တွင်လည်း အဆိပ်နှင့် မကင်းပါ။ ယခင်က ရန်ကုန်မြို့မှနယ်မြို့များသို့ သားငါးပုစွန် စသည်တို့ တင်ပို့ရာတွင် ရေခဲများနှင့်အတူရေခဲ ရိုက်၍ ပို့ကြပါသည်။ ယခုအချို့က ပိုမိုအမြတ်ရရန် ရေခဲလျှော့ပြီး လူသေကောင် မပုပ်စေရန်သုံးသည့် ဖော်မလင်ခေါ် ဆေးများထည့်သွင်း အသုံးပြုနေကြပါသည်။ အသားများ၊ ငါးများနှင့် ပုစွန် များကို ဆေးဆိုးကြသည်မှာ လူအများ အသိပင်ဖြစ်ပါသည်။ ငါးပိ အမြန်နူးနပ်စေရန် ငါးပိရည်ကို ဓာတ်မြေသြဇာ ထည့်ကြပါသည်။ ဝက်သား၊ ဘဲသား၊ အမဲသား၊ ကြက်သား စသည့် တိရစ္ဆာန်အဆီများ ကြောင့် ရောဂါအမျိုးမျိုး ဖြစ်ကြရသည်ကို ယခင်ကပင် သိရှိကြပြီးဖြစ်ပါသည်။

ယခုမကြာသေးမီ တစ်နှစ်လောက်မှ စ၍ ဈေးများတွင် အလွန်ကြီးသော ငါးကြင်း၊ ငါးမြစ်ချင်းများ တွေ့ရှိ လာရပါသည်။ သင်္ကာမကင်း ဖြစ်မိသော်လည်း အကြောင်းရင်းကို မသိခဲ့ပါ။ ကျွန်တော်၏ အိမ်ရှေ့အိမ်၌ သန်လျင်ဘက်မှ ဆေးတက္ကသိုလ်(၂) လာတက်နေသော ဆေးကျောင်းသူပြောမှ အဖြစ်မှန်ကို သိရပါတော့သည်။

ဆေးကျောင်းသူက ၄င်း၏မိဘများမှာ ငါးကန်များနှင့် ငါးမွေးသည့် လုပ်ငန်းလုပ်ကြောင်း၊ အချို့ငါးမွေးသူများသည် ငါးကန်များမှ ၄င်းတို့သတ်မှတ်ထားသော အဆင့်မီ ငါးများကို ကြီးထွားဆေးများ ထည့်ဖျော်ထားသည့် အလျား၊ အနံ ၃၀ ပေခန့်ရှိ အုတ်ကန်ထဲ၌ ထည့်၍ ၄င်းတို့စိတ်ကြိုက် ကြီးနိုင်သမျှ ကြီးသည်အထိ ထပ်မံမွေးမြူပြီး ဈေးကွက်တင် ရောင်းချကြကြောင်း ပြောပြပါသည်။

ဆေးကျောင်းသူမှာ ပညာဗဟုသုတ ရှိသူလည်း ဖြစ်သောကြောင့် အလွန်ကြီးမားသော ငါးများကိုမစားကြရန် ပြောပါသည်။ ထို့ကြောင့် ငါးကြီးသားကို အမြဲစားနေသူများမှာ ငါး၏ဇာစ်မြစ်ကို စုံစမ်းပြီးမှသာ စိတ်ချလက်ချ စားသင့်ပါသည်။ သို့မဟုတ်ပါက အဆိပ်များကို စားနေရသလို ဖြစ်နေပါလိမ့်မည်။

ရန်ကုန်မြို့၏ လေထုကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလျက် ရှိပါသည်။ သစ်ပင်ကြီးငယ်များ အကြောင်းအမျိုးမျိုးကြောင့် နည်းပါးလျက် ရှိနေရာတွင် မော်တော်ကားများ အဆမတန် များပြားလာပြီး ၄င်းတို့မှ ထွက်ရှိလာသော အဆိပ်ဓာတ်ငွေ့များ ကြောင့် လေထုမှာ မသန့်ရှင်းတော့ ကြောင်း အားလုံးအသိပင် ဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာများ အရ ကျွန်တော်တို့သည် အကြောင်း အမျိုးမျိုးကြောင့် ဆီ၊ အဆီနှင့် အဆိပ်များကို နေ့စဉ် စားသောက်နေကြရပါ သည်။ ထို့ကြောင့်ပင် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကင်ဆာရောဂါဖြစ်သူ အများဆုံး၌ ဒုတိယအဆင့် ရောက်နေရခြင်း ဖြစ်ပါလိမ့်မည်။ အခြားရောဂါ ဖြစ်သူ များမှာလည်း အလွန်များပြား လျက်ရှိပါသည်။

ကျွန်တော်ငယ်စဉ်က မတွေ့ကြုံ ဖူးသော ကင်ဆာရောဂါမှာ အနှံ့အပြား ဖြစ်နေပါပြီ။ ရပ်ကွက်တိုင်းသာမက လမ်းတိုင်းတွင် ကင်ဆာရောဂါ ဖြစ်နေသူ၊ သေဆုံးခဲ့သူများ တွေ့ကြုံ နေရသည်။ ကင်ဆာရောဂါနည်းတူ နှလုံး၊ သွေးတိုး၊ လေဖြတ်၊ အသည်း အဆီဖုံး၊ ဆီးချို၊ သွေးချို၊ အရိုး ကျီးပေါင်း၊ ရောဂါဖြစ်သူများမှာလည်း လမ်းတိုင်း၌ တွေ့ရှိနိုင်ပါသည်။

အဆိုပါရောဂါများ နည်းပါးအောင် နိုင်ငံတော်အစိုးရနှင့် တကွ လူမှုရေး အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် နိုင်ငံသူ နိုင်ငံသားအားလုံးတွင် တာဝန် ရှိပါသည်။ ထို့ကြောင့် တတ်နိုင်သော နည်းလမ်းများဖြင့် ကာကွယ်ကြရပါမည်။

ကျွန်တော် အထက်တန်း ကျောင်းသားဘဝတွင် ကျွန်တော်၏ဖခင်က ရောဂါများအဖြစ်များ လာရခြင်း နှင့်ပတ်သက်၍ ပြောကြားခဲ့သည်ကို အမှတ်ရမိပါသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ အချိန်က ဆန်စပါးစိုက်ပျိုး ရာတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးကို လူအများ အသုံးမပြုကြကြောင်း၊ ထိုစဉ်က ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ကို အချို့လယ်သမားများ အသုံးပြုနေကြပြီ ဖြစ်သော်လည်း မတွင်ကျယ်သေးကြောင်း၊ သဘာဝမြေသြဇာနှင့် စိုက်ပျိုးသော ဆန်နှင့် အသီးအရွက်များကိုသာ စားသုံးရပြီး ဆီစားသုံးရာတွင်လည်း နှမ်းဆီကိုသာ အသုံးပြုကြကြောင်း၊ ထို့ကြောင့် ထိုစဉ်က လူအများရောဂါ အဖြစ်နည်းကြောင်း၊ လူအသေ အပျောက်လည်း အလွန်နည်းကြောင်း ရွာတစ်ရွာတွင် ၂ နှစ် သုံးနှစ်လောက်ကြာမှ လူတစ်ယောက် လောက်သာ သေဆုံးကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပြီးနောက် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးကို စိုက်ပျိုးရေးတွင် အများအပြား အသုံးပြုလာပြီး လူအများက ပဲဆီကို ပိုမို စားသုံးလာသဖြင့် ရောဂါဘယ များထူပြောလာကြောင်း ပြောပြခဲ့ပါသည်။

မကြာမီက ဂျာနယ်တစ်စောင်တွင် ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါသည်။ ဂျာနယ်နှင့် ရေးသူကို မမှတ်မိတော့ပါ။ ၄င်း၏မိသားစုတွင် သွေးတိုးနှင့် အရိုးကျီးပေါင်းရောဂါ ဖြစ်ပွားနေသူများရှိရာ မည်သို့မျှ ကုသ၍ မပျောက်နိုင်ဘဲ ရှိနေရာမှ အညာရှိ ဆွေမျိုးများထံ နှမ်းဆီ စစ်စစ်မှာ၍ လအတန်ကြာ စားသုံးခဲ့ရာတွင်မှ သွေးတိုးနှင့် ကျီးပေါင်းရောဂါ ပျောက်ဆုံးခဲ့ရကြောင်း၊ အခြားသူများလည်း လက်တွေ့ နှမ်းဆီစားသုံးကြည့် ကြပါရန် ရေးသားထားပါသည်။

ကင်ဆာ၊ သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ဆီးချို၊ သွေးချို၊ ကျောက်ကပ် ရောဂါများအပါအဝင် အခြားရောဂါများ မဖြစ်ရအောင် အဖြစ်နည်းပါး သက်သာအောင် အောက်ပါအတိုင်း စားသောက် နေထိုင်သင့်ပါသည်။ အသီးအရွက်များကို သေချာစွာ ဆေးကြောပြီးမှစားပါ။ ငါးပိရည်ကို သတိပြု စားသုံးကြပါ။ အချိုမှုန့် လုံးဝ မစားပါနှင့်။

စားအုန်းဆီ မစားသုံးဘဲ နှမ်းဆီကိုသာ စားသုံးကြပါရန်၊ နှမ်းဆီစားရန် ဈေးကြီးသည်ဆိုလျှင် စားအုန်းဆီ ၁၀ သား စားမည့်နေရာတွင် နှမ်းဆီ၊ နေကြာဆီ ငါးကျပ်သား စားသုံးကြပါ။ ဆီ၊ အဆီနှင့် အဆိပ်ကို အတော် အသင့်ကာကွယ်နိုင်သော ကန်စွန်းရွက် များများစားကြပါ။ ဤနေရာတွင် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အစဉ်အသုံးပြုနေသည့် ဈေးကွက်များ၌ တွင်တွင်ကျယ်ကျယ် ရောင်းချနေသော တရုတ် ကန်စွန်းရွက်များကို မဆိုလိုပါ။ တောရွာများနှင့် ဆင်ခြေဖုံးရပ်ကွက် များတွင် ပေါများစွာ ပေါက်ရောက်နေသော မြန်မာကန်စွန်းရိုးနီနှင့် အရိုးစိမ်း ကန်စွန်းရွက်များကို စားသုံးကြရန် ဖြစ်ပါသည်။

အရှင်နာဂသိန်ရေးသားသော “လက်စွဲဆေးအဘိဓာန် (ပထမတွဲ) စာမျက်နှာ ၁၁၂” တွင် “ကန်စွန်းပင်သည် ချို၏။ သတ္တိအေး၏။ အဆိပ်ကို ပြေစေ၏။ နို့ရည်နှင့် သုက်ဓာတ်ကို တိုးပွားစေ၏။ လေသလိပ်ကိုဖြစ်စေ၏။ ကင်းဆိပ်၊ တက်နာ၊ မီးလောင်နာ၊ ရေငတ်၊ ကျောက်တည်ဆီးရောဂါတို့ကို ပျောက်ကင်းစေ၏။ သွေးဝမ်း၊ မီးယပ်ဖြူ၊ နီ၊ ပန်းသေ၊ ပန်းညှိုးရောဂါ တို့၌ အကျိုးပြု၏” ဟု ရေးထားပါသည်။

စာမျက်နှာ ၁၁၄ တွင် “ကန်စွန်းရွက် သတ္တုရည်ကို လက်ဖက်ရည် တစ်ပန်းကန်ခန့် တိုက်ကျွေးသော် ဘိန်းဆိပ်နှင့် စိန်အဆိပ်သင့်ခြင်းများကို ပျောက်ကင်းစေ၏။ တစ်နည်း - ကန်စွန်းရွက်ကို ထန်းလျက်နှင့် ကျိုသောက်လျှင်လည်း အဆိပ်ပြေ၏။ တက်စာဖြစ်သော မျှစ်၊ မှို၊ ငါးသလောက်၊ အဆီစာများဖြစ်သော ဘဲ၊ ဝက်၊ ငါးတန်၊ ငါးမြင်းသားများ ချက်လျှင် ကန်စွန်းရွက်အနည်းငယ် ထည့်ချက်စားပါက အဆိပ်အတောက် တက်သည့်ဘေး၊ အဆီပိတ်သည့် ဘေးမှ ကာကွယ်၏" ဟု ရေးသားထားပါသည်။

ဦးသာတင့်ရေး “ပုဂ္ဂလပညတ် အခြေခံဓာတ်ကျမ်း” စာမျက်နှာ ၁၄၅ တွင် “ရေကန်စွန်းပင်သည် နို့ရည်ကို ဖြစ်စေ၏။ သုက်ကိုဖြစ်စေ၏။ ရေ၌ရှိသော ပိုးကိုပယ်တတ်၏။ နူနာရောဂါ အကျိုးပြု၏။ ၄င်းအပြင် အန်ဆေး၊ ပိုး၊ ဝမ်းဗိုက်ရောင်၊ အဖျား၊ ဝါသင့်နာ၊ ချောင်းဆိုး၊ အသည်းနှင့်စပ်သော ရောဂါတို့နှင့်လည်း အကျိုးပြု၏" ဟု ရေးသားထားပါသည်။

Health Digest အတွဲ (၇) အမှတ် (၂၂)၊ မတ်လ ၁၀ ရက်နေ့၊ ၂၀၁၀ စာမျက်နှာ - ၃ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဒေါက်တာရည်ညွန့်မေ ရေးဆောင်းပါးတွင် ကန်စွန်းဥ၏ ဆေးဖက်ဝင်ပုံကို အကျယ်တဝင့်ရေး သားထားပါသည်။ အဓိကအားဖြင့်“မျက်စိအား ကောင်းစေသည်။ ကင်ဆာကို တိုက်ထုတ်သည်။ နှလုံးကို ကာကွယ်သည်။ အရိုးကို သန်မာစေသည်။ စိတ်ဓာတ်ကို ခိုင်မာစေသည်။ ကိုယ်ခံအားစနစ်ကို ကောင်းစေသည်” ဟုရေး သား ထားပါသည်။

ကျွန်တော်တစ်နေ့လျှင် ကန်စွန်းရွက် တစ်စည်း ၁၀၀ ကျပ်ဖိုး နေ့စဉ် သုံးခွက် တစ်ခွက်တင် ကျိုသောက်ပါသည်။ သုံးနှစ်ခန့်ရှိပြီဖြစ်ပါသည်။ ကျွန်တော် မဝပါ။ အဆီပိုမရှိပါ။ ပိန်လည်း မပိန်ပါ။ အဆီမရှိသဖြင့် သွေးတိုး ရောဂါမဖြစ်ပါ။ ကန်စွန်းရွက် တစ်မျိုးတည်းနှင့် ကင်ဆာရောဂါ ပျောက်ကင်းသည်ဟု အတိအကျ မပြောနိုင်သော်လည်း ဆေးရုံတွင် ဆေးကုသခံနေသည့် ကင်ဆာရောဂါသည် သုံးဦးမှာ
ကန်စွန်းရွက်ပြုတ်ရည်ကိုပါ သောက်ခိုင်းရာ ကင်ဆာရောဂါ လျင်မြန်စွာ သက်သာပျောက်ကင်း ခဲ့ပါသည်။

အဆီနှင့်အဆိပ်အပြင် အခြား ရောဂါမျိုးစုံ ပျောက်ကင်းစေနိုင်သော ကန်စွန်းရွက်ကို နေ့စဉ်စားသုံးသင့် ပါသည်။

နိုင်ငံတော် အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများက ဦးဆောင်ပြီး နိုင်ငံသူ၊ နိုင်ငံသားအများ ပါဝင်လျက် ပြည်သူပြည်သားများ ဆီ၊ အဆီ နှင့် အဆိပ်အန္တရာယ်တို့မှ ကင်းဝေးရန် ဝိုင်းဝန်းဆောင်ရွက် သင့်ပါသည်။

The Voice Weekly
ဦးအုန်းလှိုင် (တရားလွှတ်တော်ရှေ့နေ)

မြောက်ကိုးရီယားတို့ ဒုံးကျည်များနေရာရွှေ့ပြောင်းနေကြောင်း တောင်ကိုးရီးယားဆို


Thursday, April 11, 2013
ဆိုးလ်၊ ဧပြီ-၁၁။
တောင်ကိုးရီးယားနှင့် အမေရိကန်တပ်များသည် မြောက်ကိုးရီးယားဘက်မှ တိုက်ခိုက်လာနိုင်မည့် ဒုံးကျည်တိုက်ခိုက်မှုကို ကာကွယ်ရန် ပြင် ဆင်ထားကြပြီး မြောက်ကိုးရီးယားသည် အရှေ့ဘက်ကမ်းခြေတွင် ဒုံးကျည်များစွာကို ရွှေ့ရှားနေသည့် အရိပ်အယောင်များ တွေ့မြင်နေရ ကြောင်း ဖြစ်စဉ်များနှင့် နီးစပ်သော အသိုင်းအဝိုင်းများမှ ကြာသပတေးနေ့တွင် ပြောကြားကြောင်း သိရသည်။

လေ့လာသူများအဆိုအရ မြောက်ကိုးရီးယားသည် မူဆူဒန် ဒုံးကျည်နှစ်ခုကို ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း အရှေ့ဘက်ဆိပ်ကမ်းမြို့ ဝုန်ဆန် တွင် ဖုံးအုပ်ကွယ်ဝှက်ထားပြီးဖြစ်ကြောင်း သိရသည်။ မိုးထောင်ပစ် လောင်ချာများသယ်ယူပို့ဆောင်ရေးယာဉ်ဟု သံသယရှိသော လေးဘီးတပ်၊ ငါးဘီးတပ်ယာဉ်များသည် တောင်ပိုင် ဟန်ပြွန်နယ် အတွင်းတွင် ရွေ့လျားနေ သည်ကို ကောင်းကင်ဓာတ်ပုံများမှ သိရှိရသည်။

“မြောက်ကိုးရီးယားဟာ မူဆူဒန်ဒုံးကျည်တွေကို အချိန်မရွေးပစ်ခတ်မယ့် အရိပ်အယောင်တွေပြနေပါတယ်” အမည်မဖော်သော သတင်းရင်း မြစ်များအရ သိရသည်။ “မြောက်ကိုးရီးယားဟာ ဒုံးကျည်တွေကို ဖော်လိုက်ဖုံးလိုက် ထပ်တလဲလဲလုပ်နေတော့ အနီးကပ်လေ့လာမှုတွေလိုအပ်နေပါသေးတယ်” ဟု ၎င်းရင်းမြစ်က ဆိုသည်။

တောင်ကိုးရီးယားနှင့် အမေရိကန်တပ် စုံစမ်းရေးအရာရှိများသည် သေချာစွာလေ့လာခဲ့ပြီးနောက် မြောက်ကိုးရီးဘက်ရှိ မိုးထောင်ပစ် လောင် ချာတပ်ယာဉ်များတွင် မူဆူဒန် ဒုံးကျည်များ တပ်ဆင်ပါရှိသည် ဟု ယုံကြည်နေကြပြီး ၎င်းဒုံးကျည်များသည်လည်း ကီလိုမီတာ၃၀၀၀-၄၀၀၀ အထိရောက်ရှိနိုင်ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂူအန်ကျွန်းအခြေစိုက် အမေရိကန်တပ်စခန်းများအထိ ရောက်ရှိမည် ဖြစ်သည်။

တောင်ကိုးရီးးယား-အမေရိကန် ပူးတွဲတပ်ချုပ်သည် ပုံမှန်လေ့လာစူးစမ်းမှုများကို မြှင့်တင်ပြီး အရေးပေါ်အသင့် ဝန်ထမ်းအရေအတွက်ကို လည်း တိုးမြှင့်သည့် အဆင့်တစ်ဆင့်တိုးလိုက်ပြီ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။ တောင်ကိုးရီယားအရာရှိများက မြောက်ကိုးရီးယားသည် ၎င်းတို့နိုင်ငံတည်ထောင်သူ သမ္မတ ကင်အီဆွန်းမွေးနေ့ နှစ်ပတ်လည်ဖြစ်သည့် ဧပြီ ၁၅ရက်တွင် ဒုံးကျည်များပစ်ခတ်နိုင်သည့် ဖြစ်နိုင်ခြေများကြောင်း ပြောကြားခဲ့သည်။ Ref:Yonhap/ KCNA
မြန်မာ့ခေတ်

လန်ဒန်တွင် ရှစ်နိုင်ငံအုပ်စု ဆွေးနွေပွဲကျင်းပ ဆီးရီးယားနှင့် မြောက်ကိုးရီးယားအရေး အလေးထားဆွေးနွေးမည်


Thursday, April 11, 2013
လန်ဒန်၊ ဧပြီ-၁၁။
ကြာသပတေးနေ့လန်ဒန်တွင်ကျင်းပမည့် ဆွေးနွေးပွဲတွင် ၈နိုင်ငံအုပ်စုမှ နိုင်ငံခြားရေးဝန်ကြီးများ ကိုးရီးယားအရေးနှင့် ဆီးရီးယားအရေးသည် ဝိုင်းဝန်းဖြေရှင်းမည့် ကိစ္စများရပ်အဖြစ် ထိပ်ဆုံးက ပါဝင်မည်ဖြစ်သည်။ သတင်းများအရဆိုလျှင် ဂျပန်သည် ဆွေးနွေးပွဲတွင်ဝင်ပါရခြင်းသည် ကိုးရီးယားကျွန်းဆွယ်တွင် ပေါင်းစည်းရေးဖြစ်စေမည့် ခိုင်မာသော ဆုံး ဖြတ်ချက်ကို အဖြေရှာရန်ဖြစ်သည် ဟု သိရသည်။

မြောက်ကိုးရီးယားသည်လည်း အနီးအနားရှိ ဂျပန်၊ တောင်ကိုးရီးယားနှင့် အမေရိကန်အခြေစိုက်စခန်းများသို့ တိုက်ခိုက်လိုသော ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့သည်။ တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီးများသည် ဆီးရီးယားအရေးကိစ္စကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံခြားရေးးဝန်ကြီး ဆာဂေး လက်ဗ်ရို့ဗ်က “မြောက်ကိုးရီးယားအရေးမှာ ကျွန်တော်တို့နိုင်ငံဟာ အမေရိကန်နဲ့ သဘောချင်း မတိုက် ဆိုင်ပါဘူး” ဟု ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် လန်ဒန်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တောင်ကိုးရီးယားကလည်း မြောက်ကိုးရီးယားသည် ဒုံးကျည်စမ်းသပ်မှုများကို ပြင်ဆင်နေကြောင်း ပြောကြားပြီး တပ်လှန့်မှုများကို အဆင့်မြှင့်ထားကြောင်း သိရသည်။ အင်အားကြီ ၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်ရက်ကြာ ဆွေးနွေးပွဲတွင် ဝင်ပါခြင်းမရှိသော ဆီးရီးယားအတိုက်အခံအဖွဲ့နှင့် ဗုဒ္ဓဟူး နေ့က တွေ့ဆုံခဲ့သည်။ ဆီးရီးယားအရေးသည် အင်အားကြီး ၈ နိုင်ငံကို ပိုမိုသဘောထားကွဲလွဲစေပြီး သမ္မတဘာရှာ အယ်အာဆတ်၏ မဟာမိတ်ရုရှားနိုင်ငံသည် အတိုက်အခံဘက် ကို ထောက်ပံ့မည့် ဘက်သို့ပူပေါင်းမည် မဟုတ်ဟု သတင်းထောက်က သတင်းပို့သည်။

မကြာမီက သူပုန်တပ်တချို့နှင့် အယ်ကိုင်ဒါများကြားချိတ်ဆက်မှုရှိသည် ဟု ခိုင်လုံသော သက်သေများ ရှိသောကြောင့် ၈ နိုင်ငံအစိုးရတို့ သည် ဆက်လက်လုပ်ဆောင် မည့် လမ်းကြောင်းသည် ပိုမိုခက်ခဲနိုင်ကြောင်း ၎င်းကဆိုသည်။ ဗုဒ္ဓဟူးနေ့တွေ့ဆုံပွဲတွင် အတိုက်အခံ ဆီးရီးယားအမျိုးသားညွန့်ပေါင်းအဖွဲ့မှ ခေါင်းဆောင်များသည် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရန် ဖိအားပေးတောင်းဆိုကြောင်း သတင်းများအရ သိရသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အတိုက်အခံအဖွဲ့ကို ပို၍စနစ်တကျဖွဲ့စည်းရေးသည် အရေးကြီးကြောင်း ဖိအားပေးပြောကြားကြောင်း အမေရိကန် အရာရှိများက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဗြိတိန်ကမူ ပဋိပက္ခဖြစ်ပွားနေမှုများအတွက် နိုင်ငံရေးအရ အဖြေရှာရန် လိုလားကြောင်း “ဆီးရီးယားပြည်သူတွေ အသက်ကို ကယ်တင်ဖို့ အကူအညီ ထပ်တိုးဖို့ကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီ အကူအညီတွေ ထိရောက်စွာ ရရှိနိုင်ဖို့ သေချာအောင် ဘယ်လို လက်တွဲလုပ်ဆောင်ကြ မယ်ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်” ဟု ဗြိတိန်မှ မစ္စတာဟေးဂ်က ပြောကြားသည်။ ဆီးရီးယားတွင် မတ်၂၀၁၁ ခုနှစ် အစိုးရကို ပုန်ကန်မှုစတင်ချိန်မှ စ၍ ယခုချိန်ထိ လူပေါင်းခြောက်သောင်းကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ယခုတစ်ခေါက်တွေ့ဆုံပွဲသည် ယခင်ရက်သတ္တပတ် ကာဇက်စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အီရန်နှင့် နျူကလီးယားအရေး ဆွေးနွေးပွဲ မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ၈ နိုင်ငံ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အီရန်က နျူကလီးယားကို စွမ်းအင်အတွက်သုံးရန်သာရည်ရွယ်သည် ဟုဆိုခဲ့သော်လည်း အမေရိကန်နှင့် မဟာမိတ်များသည် နျူကလီးယား လက်နက်ထုတ်လုပ်ရန် ရည်ရွယ်သည်ဟုသာ သံသယရှိကြသည်။ မစ္စတာဟေးဂ်က ယခု တစ်ခေါက်တွေ့ဆုံပွဲသည် ပဋိပက္ခဖြစ်ပွားနေသောဒေသများအတွင်း ဖြစ်ပွားနေသော လိင်အကြမ်းဖက်မှုများကို တားဆီးရေး သဘောတူညီချက်အသစ်တစ်ခုဖော်ဆောင်နိုင်ရန် ရည်ရွယ်ထားသည် ဟုပြောကြားသည်။ မြန်မာ့အရေး၊ ဆိုမားလီးယားအရေးနှင့် ဆိုက်ဘာလုံခြုံရေးတို့ကိုလည်း အလေးထားဆွေးနွေးကြမည် ဖြစ်သည်။

၈ နိုင်ငံအုပ်စုတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ကနေဒါ နှင့် ရုရှားတို့ပါဝင်ပြီး ယခုတစ်ခေါက်ဆွေးနွေးပွဲကို ဗြိတိန်တွင် ကျင်းပပြီး နောက်ထပ် လာမည့် ဆွေးနွေးပွဲကို အိုင်ယာလန်တောင်ပိုင်းတွင် ကျင်းပမည်ဖြစ်သည်။
Ref:BBC ,
မြန်မာ့ခေတ်

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပမည်

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပဖို့အတွက် ညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ဒီရက်ပိုင်းအတွင်းမှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ညီလာခံဖြစ်မြောက်ရေး ကော်မတီတာဝန်ခံအနေနဲ့ လူ့ဘောင်သစ်ပါတီ ပြည်တွင်းစုစည်းရေး ကော်မတီဝင် ကိုဇေယျက ဦးစီးဆောင်ရွက်မှာဖြစ်ပြီး ကျင်းပရေးကော်မတီဝင်တွေအဖြစ် ကိုအောင်ဇေယျ(ရွှေဘို)၊ ကိုမျိုးမြင့်(အင်းစိန်)၊ ကိုခွန်ရဲသွေးအစရှိတဲ့ လူ့ဘောင်သစ်အင်အားစုတွေ က ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်တွင်း စုစည်းရေး ကော်မတီဝင် ကိုဇေယျက RFA ကို အခုလို အတည်ပြု ပြောဆိုပါတယ်။

အဲဒီညီလာခံ ဖြစ်မြောက်ရေးကော်မတီကို ပြည်တွင်းအခြေစိုက် လူ့ဘောင်သစ်ပါတီ ပြည်တွင်းစုစည်းရေး ကော်မတီကနေ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကွဲပြားသွားတဲ့ ပါတီအင်အားစုတွေကို ပြန်လည်စုစည်းနိုင်ဖို့အတွက် ညီလာခံကျင်းပဖို့ စီစဉ်ရတာလို့ ကိုဇေယျက ဆိုပါတယ်။

ညီလာခံကျင်းပဖို့ ရက်တိတိကျကျ မသတ်မှတ်ရသေးပေမယ့် လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေနေအရပ်ရပ်ပေါ်မှာမူတည်ပြီး နိုင်ငံရေးအခြေအနေအရ ပိုမိုလွတ်လပ်ပွင့်လင်းမှုရှိလာပါက ရန်ကုန် သို့မဟုတ် မန္တလေးမြို့တွေမှာ အမြန်ဆုံးကျင်းပသွားမယ်လို့လည်း သိရပါတယ်။

လူ့ဘောင်သစ်ပါတီရဲ့ ညီလာခံကို တက်ရောက်ဖို့ ပြည်တွင်းမှာရှိနေတဲ့ လူ့ဘောင်သစ်ပါတီ အင်အားစုတွေအပြင် ပြည်ပမှာရောက်ရှိနေကြတဲ့ လူ့ဘောင်သစ်ပါတီ အင်အားစုတွေကိုပါ တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့သိရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ်ပါတီအပါအ၀င် နိုင်ငံတကာရောက် လူ့ဘောင်သစ် အင်အားစုတွေအနေနဲ့ ဒီညီလာခံကို တက်ရောက်ဖို့ကတော့ အစိုးရရဲ့နိုင်ငံသားတွေ ပြည်တွင်းကို ဂုဏ်သိက္ခာရှိစွာ ပြန်လာခွင့်ပေးမှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ်မှာ မူတည်နေတယ်လို့လည်း ကိုဇေယျက ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနစ် အောက်တိုဘာ ၁၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ စစ်အစိုးရရဲ့ မတရားအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။
RFA Burmese

မိတ္ထီလာပဋိပက္ခ ဖျက်ဆီးခံဘာသာရေး အဆောက်အအုံများ ပြန်ဆောက်ရန် အစီအစဉ်မရှိဟုဆို


မန္တလေး၊ ဧပြီ ၁ဝ
ရွှေဆိုင်တွင် အငြင်းပွားရာမှ တစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာပဋိပက္ခတွင် မီးရှို့ ဖျက်ဆီးခံရသည့် အိမ်ခြေများကိုသာ ပြန်လည်တည်ဆောက်ပေးရန် ရှိသော်လည်း ဘာသာရေး အဆောက်အအုံများ ကိုမူ ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

မိတ္ထီလာ ပဋိပက္ခတွင် မီးရှို့ဖျက်ဆီး ခံရသည့် အိမ်ခြေပေါင်း ၁၅၉၄ လုံးကို တစ်အိမ် လျှင် ကျပ် ၃၅ သိန်းလေးသောင်းတန်ဖိုးရှိ အိမ်များတည်ဆောက်ပေးရန် စီစဉ်လျက် ရှိကြောင်း၊ မီးရှို့ဖျက်ဆီးခံရသည့် ဘာသာရေး အဆောက်အအုံ ကိုးလုံးခန့်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးအရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယခုအခါ အိမ်အလုံးပေါင်း ၁၃၈ လုံး ပြန်လည်တည်ဆောက်ပေး လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

တစ်အိမ်လျှင် ကျပ် ၃၅ သိန်း လေးသောင်းကျော် တန်ဖိုးရှိ အိမ်များကို ဆောက်လုပ်ပေးလျက်ရှိရာ အချို့ အိမ်ပိုင်ရှင် များသည် ကိုယ်တိုင်ဆောက်လုပ်လိုပါက အဆိုပါပမာဏကို ထုတ်ပေးလျက်ရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောဆိုသည်။

မိတ္ထီလာပဋိပက္ခတွင် ပျက်စီးသွား သည့်အိမ်များ ပြန်လည်တည်ဆောက်ရာ တွင် ဗြဟ္မစိုရ် နာမှုလူမှု ကူညီရေးအသင်း သည် အိမ်တစ်လုံး တည်ဆောက်ရန် လှူဒါန်းထားကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ပျက်စီးသွားသော အိမ်အတွက် မိသားစုများကို နိုင်ငံတော်အစီအစဉ်ဖြင့် အဆင့်မြင့် တိုက်ခန်းနှင့် အိမ်ရာစခန်းများ တည်ဆောက်ရန် စီစဉ်နေကြောင်း မန္တလေး တိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့် က ပြောကြားသည်။
The Voice Weekly

ပါတီအချို့ ပြည်ပအလှူငွေလက်ခံမှု ကော်မရှင်သတိပေး

နေပြည်တော်၊ ဧပြီ ၁၀
တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီအချို့သည် ပြည်ပအလှူငွေ များ လက်ခံနေခြင်းမှာ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့ကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနှင့် အရေးယူနိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတိပေး ပြောကြားသည်။

အဆိုပါ နိုင်ငံခြားတိုင်းပြည် တစ်ခုမှ အကူအညီ အထောက်အပံ့များ ယူနေသော နိုင်ငံရေးပါတီ အချို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၀၇ (ဂ) နိုင်ငံရေးပါတီများ ဆိုင်ရာအခန်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေပုဒ်မ ၇ (ဃ) နှင့် ၁၅ (က) တို့ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ၄င်းက ဧပြီလ ၈ ရက်နေ့က ပြုလုပ်သော ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသော နိုင်ငံရေးပါတီတစ်ခုမှ ကိုယ်စား လှယ်တစ်ဦးက NLD ပါတီ ဦးဆောင် လုပ်ကိုင်နေသော ကျန်းမာရေးကွန်ရက်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးက ငွေလှူဒါန်းခြင်း နှင့် ပတ်သက်၍ မေးမြန်းသောကြောင့် အဆိုပါရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ဆိုသည်။

"အရေးယူမယ် မယူဘူးဆိုတာ ဘာမှမပြောသွားဘူး။ တရုတ်သံအမတ်ကြီး ကိစ္စလည်း မပြောဘူး။ ဥပဒေသုံးခုကိုပဲ ရွတ်ပြသွားတာ" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကဆိုသည်။

အခြေခံဥပဒေပုဒ်မ ၄၀၇ (ဂ)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ (ဃ) နှင့် ၁၅ (က) တို့တွင် နိုင်ငံရေး ပါတီများသည် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အစိုးရ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အခြား အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း အခြားအထောက်အပံ့များ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း ပြုပါက နိုင်ငံရေးပါတီများ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု ဖော်ပြပါရှိသည်။
The Voice Weekly

ချင်းတွင်းမြစ်ရေ အလွန်အမင်းကျဆင်းမှု ကုန်သွယ်ရေးအခက်ကြုံ

ရန်ကုန်၊ ဧပြီ ၁၀
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသများအတွက် ကုန်စည်အဓိက စီးဆင်းမှုရှိနေသော ချင်းတွင်းမြစ်တွင် ယခုလအတွင်း၌ မြစ်ရေ အလွန်အမင်း ကျဆင်းနေမှုကြောင့် ရေလမ်းသွားလာ ရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကုန်သွယ်လုပ်ငန်းရှင် များ၏ ပြောကြား ချက်အရ သိရသည်။

နွေရာသီကာလ မရောက်ခင်က စတင်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တို့တွင် ရေခန်းခြောက်ပြီး သောင်ထွန်းနေမှု အများအပြား ဖြစ်ပေါ်နေရာ ချင်းတွင်းမြစ် တွင်လည်း မင်းကင်း၊ ကလေးဝ စသည့် မြစ်အထက်ပိုင်းတွင် မြစ်ရေ လျော့နည်းမှု ကြောင့် သောင်ထွန်းမှု အများဆုံးဖြစ်ကြောင်း၊ သင်္ဘောများ သွားလာရာတွင် အခက်အခဲများ တွေ့ကြုံရပြီး ကုန်စည်တင် ပို့ရာတွင်လည်း ကုန်ကျစရိတ်မြင့်မားစွာ ကုန်ကျခံကာ ကုန်သွယ်နေရမှုများ ရှိကြောင်း မုံရွာဒေသခံတစ်ဦးက The Voice သို့ ပြောကြားသည်။
"လမ်းခရီးလည်း အရမ်းဖင့် (ကြာမြင့်) တယ်။ တချို့သင်္ဘောတွေဆို သောင်တင်တာတွေရှိတယ်။ ရှေ့မဆက်နိုင်လို့ ကုန်တွေ အခြားသင်္ဘောပေါ် ကဲ့ရတာ တွေရှိတယ်" ဟု ရွှေဘိုမြို့ ဆန်လုပ်ငန်းရှင် တစ်ဦးက မြစ်ကြောင်းအတွင်း ရေနည်းပြီး သောင်ထွန်းနေမှုများကြောင့် ကုန်စည် သယ်ဆောင်ရေး သင်္ဘောများ အခက်ကြုံ တွေ့ရပုံကို ပြောဆိုသည်။

မြစ်ရေကျဆင်းမှုသည် ဧပြီလ ၁၀ ရက်နေ့ နံနက်တိုင်းထွာချက်များအရ မုံရွာမြို့တွင် ရေနည်းသတိပေး မှတ်အောက် ၅၂ စင်တီမီတာသို့ ရောက်ရှိနေပြီး ဇလဗေဒ ခန့်မှန်းချက်များအရ ဧပြီလ၂၀ ရက်နေ့ အထိ ရေနည်းသတိပေးမှတ် ၁၀၀ စင်တီမီတာအောက်အထိ ဆက်လက် ကျဆင်းနေဦးမည် ဖြစ်၍ ရေလမ်းကြောင်း သွားလာရေးတွင် အခက်အခဲကြုံတွေ့မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဇလဗေဒဌာနခွဲ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"အရင် ၄၆ စင်တီမီတာကနေ အခု ၅၂ ဆိုတော့ ရေတောင် ပြန်တက်လာတယ် လို့ ပြောလို့ရတယ်" ဟု ၄င်းကဆိုသည်။
The Voice Weekly

သင်္ကြန်ကာ လ မြ၀တီမြို့ က ဆင် ၁၀ ကောင်နဲ့ ရှင် ၁၀၀ အလှူပွဲအကြောင်း(ရုပ်/သံ)

Apr 11, 2013 သင်္ကြန်ကာလနီးလာချိန် ရှင်ပြု အလှူပွဲတွေကို ပြုလုပ်နေ ကြရာမှာ ကရင်ပြည်နယ် မြ၀တီမြို့ က ဆင် ၁၀ ကောင်နဲ့ ရှင် ၁၀၀ အလှူပွဲအကြောင်း ဦးမောင်တူး တင်ဆက်ထားပါတယ်။ ရိုက်ကူး စောဖိုးစီ
DVB TV News

ရေမလုံလောက်လို့နွေစပါး စိုက်သူတွေ အခက်တွေ့ (ရုပ်/သံ)

Apr 11, 2013 11042013THU ၄။ ကယားပြည်နယ်၊ ဒီးမောဆို မြို့ နယ်၊ ဒေါဘူးကူးရွာ အုပ်စု တ၀ိုက် ရေမလုံလောက်လို့နွေစပါး စိုက်သူတွေ အခက်တွေ့ နေ။ တင်ဆက် မောင်တူး ။ ရိုက်ကူး ကရင်နီ သ တင်းထောက်
DVB TV News

ဒဲ့ပြော ဗြောင်ပြော သံချပ်အဖွဲ့နှင့် ဒီနှစ် သင်္ကြန်(ရုပ်/သံ)

Apr 11, 2013 မန္တလေး လူရွှင်တော် နုတ်ခမ်းမွေးပါပါလေး ဦးဆောင်တဲ့ ဒဲ့ပြော ဗြောင်ပြော သံချပ်အဖွဲ့ ဟာ ဒီနှစ် သင်္ကြန်မှာ ဖျော်ဖြေဘို့ ပြင်ဆင်နေ ကြပြီ။ ဦးမောင်တူး တင်ဆက်။
ရိုက်ကူး ဆူပါ
DVB TV News

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စီမံခန့်ခွဲမှုကို ကုမ္ပဏီ ၂ ခု လုပ်ခွင့်ပြု

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပြိုင်ပွဲဖြစ်မြောက်ရေး စီမံခန့်ခွဲမှုအကျိုးတော်ဆောင်အဖြစ် နိုင်ငံခြားကုမ္ပဏီ ၂ ခုကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌါနက လုပ်ပိုင်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံအခြေစိုက် Dentsu Sports Asia ဂျပန်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ JK အကြံပေးကုမ္ပဏီတို့ကို လုပ်ခွင့်ပြုလိုက်တာပါ။

ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံသား ၄၅ ယောက်နဲ့ ထိုင်းနိုင်ငံသားအယောက် ၂၀ ကို မြန်မာအိုလံပစ်ကော်မတီက ခန့်ထားတဲ့ နိုင်ငံတကာနည်းပြဆရာတွေနဲ့ အားကစားသမားတွေကြား စကားပြန်လုပ်ပေးဖို့ မြန်မာအစိုးရက ငှားရမ်းမယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှ ၁၁ နိုင်ငံက ပါဝင်ယှဉ်ပြိုင်မယ့် ဆီးဂိမ်းပွဲတော်ကို အခုလာမယ့် ဒီဇင်ဘာလ ၁၁ ရက်ကနေ ၂၂ ရက်ထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်ကမ်းခြေတို့မှာကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
RFA Burmese

အစိုးရ၏ ခွင့်ပြုချက်မသေချာမှုကြောင့် ကယန်းအမျိုးသားနေ့ကို စည်ကားစွာမကျင်းပနိုင်ခဲ့

Thursday, April 11, 2013
ကယား၊ ဧပြီ ၁၀။
ယနေ့တွင် ၁၃ကြိမ်မြောက်အဖြစ် ကျင်းပသော ကယန်းအမျိုးသားနေ့အား နေပြည်တော်၊ လယ်ဝေးမြို့နယ် အောင်နန်းချိုရွာတွင် ပြုလုပ်ရန်အတွက် ပွဲကျင်းပရေး ကော်မတီဖြစ်သော ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ မတ်လတွင် စာတင်ခဲ့ရာ ခွင့်ပြုချက် မရသောကြောင့် ပင်လောင်းမြို့နယ်၊ တလိုင်းမကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ခဲ့ကြပြီး ယင်းအမျိုးသားနေ့ မတိုင်မီ ၄ရက်အလိုတွင် ပြန်လည်ခွင့်ပြုလိုက်သောကြောင့် ကယန်း အမျိုးသားနေ့အား စည်ကားစွာ ကျင်းပနိုင်ခြင်း မရှိကြောင်း ကယန်းမျိုးဆက်သစ် လူငယ်များက ပြောကြသည်။

“အခမ်းအနား ဖြစ်အောင်ပဲ မနည်းလုပ်လိုက်ရတယ် ။ အရင်တုန်းက ပြင်ဆင်ထားတဲ့ အောင်နန်းချိုရွာမှာ လုပ်ဖို့ကို ပိတ်လိုက်တော့ ပင်လောင်းမြို့နယ်၊ တလိုင်းမကျေးရွာ(ပေါင်းလောင်းဒေသ)မှာပဲ အရေးပေါ် ပြန်စီစဉ်လိုက်ရတဲ့ သဘောပါ။ တက်ရောက်တဲ့ လူအင်အားလည်း နည်းပါတယ်။ တစ်ထောငတောင် မပြည့်လောက်ဘူး။

ဒါပေမယ့် နိုင်ငံရေး အဖွဲ့အစည်းတွေ အချို့တက်ရောက် လာပါတယ်။ လူ့ဘောင်သစ်၊ ၈၈၊ ဗကသ၊ ကယန်းပြည်သစ်၊ ကယန်းလူငယ်၊ ကယန်းအမျိုးသမီး ၊ ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်စတဲ့အဖွဲ့တွေက သဝဏ်လွှာတော့ ပို့ကြတယ်။ အဲဒီအထဲမှာ ကယန်းပြည်သစ် ပါတီရဲ့ သဝဏ်လွှာနဲ့ ကယန်းမျိုးဆက်သစ် လူငယ်ရဲ့သဝဏ်လွှာကတော့ တော်တော်ပြင်းပြင်း ထန်ထန်ပဲ။

ပျဉ်းမနားမြို့နယ်မှာရှိတဲ့ ကယန်းလူထုတွေကို ပွဲအခမ်းအနား သွားမတက်ဖို့ အာဏာပိုင်တွေက တားဆီးတယ် ဆိုတာတော့ ခပ်သည့်သည့်လေး ကြားလိုက်တယ်” ဟု ကယန်းလူငယ် ကွန်ယက်မှ ကိုအသန်းက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာ ယင်းအခမ်းအနားအား ခွင့်ပြုခဲ့ခြင်း လုံးဝမရှိကြောင်း၊ နေပြည်တော်တွင် ပြုလုပ်မည့် ညစာစားပွဲကိုလည်း အခက်အခဲ မရှိစေနိုင်ဘဲ မူလအခြေအနေ အတိုင်းသာ ခွင့်ပြုထားသည်ဟု ပြောကြားသည်။ ၎င်းကယန်း အမျိုးသားနေ့ ကျင်းပရန် ခွင့်ပြုချက်အား နေပြည်တော် ကောင်စီတွင် စတင်၍ စာတင်ခဲ့ကြခြင်းဖြစ်ပြီး ပြန်လည်ခွင့်ပြုခြင်း ဆိုသည်မှာလည်း ၎င်းအနေဖြင့် လုံးဝမသိခဲ့ကြောင်း၊ လယ်ဝေးမြို့နယ် အနေဖြင့် ခွင့်ပြုခဲ့ခြင်း မရှိကြောင်း ဆက်လက်ပြောကြားသည်။

ယင်းသို့ ကယန်းအမျိုးသားနေ့ အခမ်းအနားအား လယ်ဝေးမြို့နယ်၊ အောင်နန်းချို ရွာတွင် ပြုလုပ်ရန် စီစဉ်ထားခြင်းကို အစိုးရက ပိတ်ပင်လိုက်ခြင်းသည် ကယန်းလူမျိုးများ၏ တိုင်းရင်းသားတန်းတူအခွင့်အရေးကို ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း၊ ပျောက်ကွယ်လုမတတ် ဖြစ်နေသော ကယန်းလူမျိုးများ၏ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် အစိုးရက ကမကထ ပြုလုပ်ရမည့်အစား ယခုကဲ့သို့ ပိတ်ပင်ခြင်းများနှင့် ကြုံရခြင်းသည် အစိုးရကို ကယန်းလူမျိုးများ အနေဖြင့် ယုံကြည်ရန် ခက်ခဲသွားစေကြောင်း၊ ကယန်းလူမျိုးများကဲ့သို့ပင် အခြားသော တိုင်းရင်းသားများလည်း စိတ်အေးနိုင်မည် မဟုတ်ပါကြောင်း၊ ကယန်းလူမျိုးများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်းသည် တစ်နည်းအားဖြင့် တိုင်းရင်းသားများ၏ တန်းတအူခွငအရေးကို ချိုးနှိမ်ထားရာရောက်ပြီး ယခုအစိုးရက တည်ဆောက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းများ အပေါ်တွင် သံသယများ တိုးလာစေလာနိုင်သည်ဟု ကယန်းအဖွဲ့အစည်းများက သုံးသပ်နေကြခြင်းဖြစ်သည်။
အောင်သိုက်
မြန်မာ့ခေတ်

နေပြည်တော်အနီး ငလျင်ထပ်လှုပ်

Thursday, April 11, 2013
နေပြည်တော်၊ ဧပြီ ၁၁။
ယနေ့နံနက် (၁ဝ)နာရီခွဲခန့်က နေပြည်တော်၏ အနောက်တောင်ဘက်(၃၆)မိုင်ခန့် အကွာကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နေပြည်တော်တွင် နေထိုင်သူ မစုလှိုင်ထွန်းက “အရင်တစ်ခါက လှုပ်သလောက်တော့ မသိသာပါဘူး၊ နည်းနည်း ဝေးလို့လည်း ထင်ပါတယ်”ဟု ပြောကြားသည်။

အင်အား ရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တစ်ခုသည် ယနေ့နံနက် (၄)နာရီခွဲ အချိန်ခန့်က ကယားပြည်နယ်၊ ဘော်လခဲမြို့နယ် အနီး၌ လှုပ်ရှား ခဲ့ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒက ဖော်ပြထားသည်။ ဘော်လခဲမြို့နယ်နှင့် မိုင် ၃၀ ခန့် ဝေးကွာသော ဒီမောဆိုမြို့တွင် နေထိုင်သူ မစိုးစိုးမြာက “အိမ်ခေါင်းမိုးတွေ အိမ်တွေကတော့ ယိုင်သွားယုံပဲ”ဟု ပြောကြားသည်။

ပြည်မြို့တွင် နေထိုင်သူ ကိုအောင်ဦးနိုင်က “မနက်အစောကြီး လှုပ်သွားတယ်ဆိုတာတော့ မသိလိုက်ပါဘူး၊ (၁၁)နာရီလောက်က လှုပ်တာကိုတော့သိတယ်၊ ရပ်ထားတဲ့ စက်ဘီးတွေ၊ အိမ်ပေါ်က တိုင်ကပ်နာရီတွေတော့ လှုပ်တယ်၊”ဟု ပြောကြားသည်။

နေပြည်တော်၊ တောင်ငူနှင့် ပြည်မြို့ အနီးတဝှိုက်တွင် ယခုလအတွင်း ငလျင်များ မကြာခဏ လှုပ်ရှားခဲ့ပြီး အမေရိကန်နှင့် ထိုင်းနိုင်ငံ မိုးလေ၀သဌာနမှ ဖော်ပြချက် များအရ မြန်မာနိုင်ငံတွင် ဧပြီလ(၁)ရက်နေ့မှ ယနေ့ချိန်အထိ အင်အားအနည်းငယ်နှင့် အတင့်အသင့်ရှိ ငလျင်လှုပ်ခတ်မှု အကြိမ် (၂ဝ)ထက်မနည်း ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ ထက်နောင်နောင်
မြန်မာ့ခေတ်

ဘုရင့်နောင်ဈေး ကားဝင်ကြေးပြသနာ ယခုချိန်ထိ ပြေလည်မှုမရရှိသေး

Thursday, April 11, 2013
ရန်ကုန်၊ ဧပြီ ၁၁။
ဘုရင့်နောင်ဈေးဝင်းအတွင်း ဝင်ရောက်သောကားများကို ကားဝင်ကြေးကောက်ခံမှုများကို ဧပြီလ ၁ရက်နေ့မှ စတင်ကောက်ခံရာမှ ကားဝင် ကြေးကောက်ခံသော ကုမ္ပဏီနှင့် ဈေးသူဈေးသားများကြား မပြေလည်မှုများဖြစ်ပွားခဲ့ပြီး ညှိနှိုင်းမှုများ ပြုလုပ်သော်လည်း ယခုအချိန်အထိ ပြေလည်မှု မရရှိသေးပဲ မကျေနပ်မှုများသာ ထပ်မံဖြစ်ပွားလျက်ရှိကြောင်း ဘုရင့်နောင်ဈေးမှ ဆိုင်ရှင်တစ်ဦးဖြစ်သူ ကိုစိန်မြင့်၏ ပြောကြား ချက်အရ သိရသည်။

ဘုရင့်နောင်ဈေး ကားဝင်ကြေးကောက်ခံမှုအတွက် လေလံအောင်မြင်ထားသောကုမ္ပဏီမှ ဝင်ကြေးများကို ကားလေး ၃၀၀ကျပ်၊ ကားအလတ် ၁၀၀၀ကျပ်၊ ကားအကြီး ၃၀၀၀ကျပ်အဖြစ် ကားအရွယ်စားပေါ် မူတည်ပြီး ဈေးနှုန်းများ ပြောင်းလဲသတ်မှတ်ကာ ဧပြီလ ၁ရက်နေ့မှ စတင် ကောက်ခံခဲ့ကြောင်း၊ အဆိုပါဈေးနှုန်း ကို ဈေးသူဈေးသားများမှ လက်ခံနိုင်ခြင်း မရှိတဲ့အတွက် တင်ပြမှုများပြုလုပ်ရာ ကားလေး ၁၀၀ကျပ်၊ ကား အလတ် ၂၀၀ကျပ်၊ ကားအကြီး ၃၀၀ ကျပ်အဖြစ် သတ်မှတ်ပြီး ၀င်ကြေးကောက်ခံသည့်အပြင် ကားရပ်နားခအဖြစ် တစ်နာရီကို ကားအမျိုးအစားအလိုက် ကားဝင်ကြေးနှင့်ညီမျှသောနှုန်းထားကို ထပ်ဆောင်း ပေးဆောင်စေခြင်းကြောင့် ဈေးသူဈေးသားများမှာ မကျေနပ်မှုများ ပိုမို မြင့်တက်လျက်ရှိကြောင်း သိရသည်။

“အခုက ပိုဆိုးနေတယ်။ ကားတွေက ဈေးထဲမှာ တစ်နေကုန် ရပ်ထားကြတာ။ ကားကြီးတွေ ၀င်ကြေးက ၃၀၀ပေးရတယ်၊ ကားရပ်နားခ ဆိုပြီး တစ်နာရီ ၃၀၀ ထပ်ဆောင်းပေးရတယ်။ အရင်သတ်မှတ်တဲ့ဈေးနဲ့ ဘာမှ မကွာဘူး၊ တစ်နေ့ကို ကားပါကင်ကြေးပဲ မနည်းဘူးပေးနေရတာ” ဟု ဘုရင့်နောင်ဈေးမှ ဆိုင်ခန်းပိုင်ရှင် ဦးစိန်မြင့်က ပြောကြားသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်းပြီး ဈေးမိဈေးဖများနှင့် လေလံအောင်မြင်သော ကုမ္ပဏီတို့ ဧပြီလ ၁၀ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ အဆိုပါတွေ့ဆုံမှုတွင် ဈေးအတွင်းမှ ဆိုင်ခန်းများမှ ကားများအတွက် ကားဝင်ကြေးလစဉ်ပေးကတ်များပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် ဈေးသို့လာရောက်ဝယ်ယူသူများကိုမူ သတ်မှတ်ထားသည့်အတိုင်း ကားဝင်ကြေးနှင့် နာရီအလိုက် ကားရပ်နားခ ကောက်ခံမှုပြုလုပ် မည် ဖြစ်ကြောင်း လေလံအောင်မြင်သော ကုမ္ပဏီဘက်မှပြောကြားရာ ဈေးမိဈေးများဘက်မှ လက်မခံနိုင်ကြောင်း ပြောကြားခဲ့ကြောင်း၊ အဆို ပါကိစ္စရပ်ကို ထပ်မံဆွေးနွေးရန် ဧပြီလ ၂၂ ရက်နေ့တွင် ချိန်းဆိုလိုက်ကြောင်း သိရသည်။

“လစဉ်ကြေး ကဒ်ပေးမယ် ပြောတယ်။ ဘယ်လောက် သတ်မှတ်တယ်ဆိုတာလည်း မပြောဘူး။ ဈေးသူဈေးသားကို တစ်မျိုး ဈေးလာဝယ် တဲ့လူတွေကို တစ်မျိုးကောက်ခံမယ် ဆိုတာကို လက်မခံနိုင်ဘူး။ ဈေးဝယ်သူတွေဘက်က ကြည့်ရင်လည်း ကားရပ်ခ အများကြီးပေးရမှာ ဈေးဝယ် တဲ့ သူတွေ အဆင်ပြေမှ ကျွန်တော်တို့လည်းဈေးရောင်းကောင်းမှာ။ အခုတောင်ဈေးက ရောင်းအားအရမ်းကျနေတာ။ ဒီလိုကောက်လို့ ဈေးထဲ ဝယ်သူမရှိရင်ဘယ်လိုလုပ်မလဲ” ဟု ကိုစိန်မြင့်က ပြောကြားသည်။

ဘုရင့်နောင်ဈေးတွင် ဆိုင်ခန်းပေါင်း နှစ်ထောင့်ငါးရာကျော်ရှိကြောင်း၊ ဘုရင့်နောင်ကားဝင်းအား လေလံအောင်သောကုမ္ပဏီမှာ တစ်နှစ်စာ ကျပ်သိန်းပေါင်း နှစ်ထောင့်ခုနှစ်ဆယ်ဖြင့် လေလံအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သောနှစ်တွင် ဈေးသာယာရေးမှ ကျပ်သိန်းပေါင်း တစ်ထောင့်ခုနှစ်ရာကျော်ဖြင့် လေလံအောင်မြင်ခဲ့ကြောင်း ယခုနှစ်တွင် ဈေးသာယာရေးမှ လေလံအောင်မြင်ခြင်း မရှိဘဲ အဆိုပါကုမ္ပဏီ မှ လေလံ ကြေးမြင့်မားစွာဖြင့် အောင်မြင်ခဲ့သဖြင့် ကားဝင်ကြေးများ ဈေးတက်ကာကောက်ခံသဖြင့် မကျေနပ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်ကို ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိပါက ဘုရင့်နောင်ဈေးသူ ဈေးသားများမှ တရားဝင်စာတင်ကာ ဆန္ဒဖော်ထုတ်ရန် စီစဦလျက် ရှိကြောင်းသိရသည်။
ဆုဝေ
မြန်မာ့ခေတ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com