http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘင်လာဒင်၏သမက်ကို နယူးယောက် တရားရုံးတွင် ရုံးတင်စစ်ဆေး

ဓာတ်ပုံ - ဒူဘိုင်းအခြေစိုက် MBC ရုပ်သံက ၂၀၀၂ ခုနှစ်၊ ဧပြီ ၁၇ တွင်
ထုတ်လွှင့်ခဲ့သော ဗီဒီယို၌ Abu Ghaith ကို တွေ့ရစဉ်

အိုစမာဘင်လာဒင်၏ သမက်ဖြစ်သူ Suleiman Abu Ghaith ကို အမေရိကန် နိုင်ငံသားများအား သတ်ရန်ကြိုးပမ်းမှု စွဲချက်များဖြင့် နယူးယောက်၌ မတ် ၈ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ရာ ယင်းစွဲချက်များကို ကျူးလွန်ခဲ့ခြင်းမရှိဟု ၎င်းက ထွက်ဆိုခဲ့သည်။

အယ်လ်ကေးဒါးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သည့် Abu Ghaith ကို ဂျော်ဒန်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖမ်းဆီးမိခဲ့ပြီး နှစ်နိုင်ငံ တရားခံလွှဲပြောင်းရေး စာချုပ်များအရ Abu Ghaith ကို ပြီးခဲ့သည့် သီတင်းပတ်၌ အမေရိကန် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေး ခဲ့ကြောင်း ဂျော်ဒန်လုံခြုံရေး အရာရှိတစ်ဦးက အေပီသတင်းဌာနသို့
ပြောကြားခဲ့သည်။

Abu Ghaith သည် 9/11 တိုက်ခိုက်မှုတွင် ပူးပေါင်းကြံစည်ခဲ့သူ တစ်ဦးဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကူဝိတ်တွင် ကျောင်းဆရာတစ်ဦးနှင့် ဗလီဆရာ တစ်ဦးဖြစ်သည့် Abu Ghaith သည် 9/11 တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကူဝိတ်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခံရသည်။

Abu Ghaith သည် ၂၀၀၁ ခုနှစ်မေလမှ ၂၀၀၂ ခုနှစ်အထိ ဘင်လာဒင်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ပြီး 9/11 နှင့် အလားတူသော တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်မည်ဆိုသော သတိပေးမှုများကို ပြောကြားခဲ့သူဖြစ်ကြောင်း တရားရေးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အထူးသဖြင့် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် Abu Ghaith သည် ဘင်လာဒင်နှင့် ဇာဝါဟီရီတို့နှင့်အတူ ထွက်ပေါ်ခဲ့ပြီး အမေရိကန်ကို သတိပေးစကားပြောခဲ့ကြောင်း တရားရုံးမှတ်တမ်းများအရ သိရှိရသည်။ ဘင်လာဒင်၏ပြော ကြားမှုများကို ပြန်လည်ပြောကြားသည့် ဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်ဟု FBI လက်ထောက်ညွှန်ကြားရေးမှူးချုပ် George Venizelos က ပြောကြားခဲ့သည်။

Abu Ghaith ၏ ရုံးတင်စစ်ဆေးမှုမှာ အယ်လ်ကေးဒါး အကြီးတန်းခေါင်းဆောင် တစ်ဦးကို အမေရိကန်တွင် ပထမဆုံး ရုံးတင်စစ်ဆေးနိုင်မှုဖြစ်လာမည်ဖြစ်သည်။
Ref:CNN/BBC
Eleven Media Group

ပညာရှင်ဆိုသူ ဌေးလွင်ဦးမှာ ရှက်ကိုးရှက်ကန်းဖြင့်

ဘလော်ကာ ဌေးလွင်ဦးအမေးအား ဒေါက်တာအေးချမ်းမှာ ရှင်းလင်းချက်

၉.၃.၂၀၁၃ နေ့တွင် နိုင်ငံတကာအဆင့်မီ မဟိဒေါတက္ကသိုလ်တွင်ကျင်းပခဲ့သော ရခိုင်းသမိုင်းဆိုင်ရာများကို နိုင်ငံတကာမှ ရခိုင်သမိုင်း၊ မြန်မာ့သမိုင်း၊ အာရှသမိုင်းဆိုင်ရာများကို မွေနှောက်ထားတဲ့ ဆရာကြီးတွေက ပြောပြော၊ ရှင်းလင်းခဲ့ပါသည်။

ရိုဟင်ဂျာဆိုတာဟာ ရခိုင်သမိုင်း၊ မြန်မာ့သမိုင်းတွင် ဘယ်တုန်းကမှ မရှိခဲ့ ဟု မြန်မာ့သမိုင်း၊ဘင်္ဂလားဒေခ်ျသမိုင်း၊ အာရှသမိုင်း၊ အင်္ဂလိပ်အစိုးရ၊ ဂျပန်အစိုးရများ၏ သမိုင်းမှတ်တမ်းများ၊ အရှေ့အလယ်ပိုင်းသမိုင်းမှတ်တမ်းများကို ကိုးကား၍ သမိုင်းပညာရှင်ကြီးများ များပီသစွာ ရှင်းလင်းဟောပြောစဉ်…
အမေးအဖြေကဏ္ဍတွင် ဘင်္ဂလီ(ရိုဟင်ဂျာ)များ၏ သမိုင်းပညာရှင်(ဘာဘွဲ့မှမရခဲ့) ဌေးလွင်ဦးဆိုသူသည် အင်တာနက်မှ လက်သရမ်းသူများ ရေးထားသော အဆင့်မမီသော စာတန်းများ(Primary resources and secondary resources များကို သိဟန်၊ ကြားဖူးဟန်မရှိသော ပညာရှင်ဆိုသူ ဌေးလွင်ဦး ကိုးကားသည့် စာတန်းများ) ကို ကိုးကားပြီး... မေးခွန်းအား ဒေါက်တာအေးချမ်းမှ ဒီလို ရှင်းပေးခဲ့ပါသည်။
“ရိုဟင်ဂျာဆိုတာ ဘင်္ဂါ (သို့) ရွှင်ဂျာကို ခေါ်တာ။ ဒါက ဒေခံ နာမည်မဟုတ်ဘူး။ အရင်းကို စစ်ရင် ဘင်္ဂလီပဲ ဖြစ်တယ်။ အိုခေတယ်နော်။ ငါ သမိုင်းပညာစစ်စစ်ကွ… အဓိက သမိုင်း အချက်အလက်နဲ့ နောက်ထပ် ကော်ပီးပွား Secondary resource ကို ငါကောင်းကောင်းသိတယ်။ မင်း မေးတာက Primarry resource မဟုတ်ဘူး။

ထိုနည်းတူစွာ ဒီဖက်က ပုဂ္ဂိုလ်လည်း သမိုင်းပညာရှင်းပါ။ ငါတို့က သမိုင်းကို ရေးတဲ့အခါ Primar resources (ပင်မရင်းမြစ်သမိုင်းကိုပဲ ရေးရတယ် ပြောရတယ်) ။ သမိုင်းပညာရှင်ဆိုတာ ဘယ်တော့မှ Secondary resource ကို မရေးရဘူး။ မပြောရဘူး။ ငါတို့က ရေးလည်း မရေးဘူး ပြောလည်း မပြေဘူး။ ဘင်္ဂလီဆိုတာ အာရကန်မဟုတ်ဘူး။ မင်းတို့ဆရာ့အရာတွေကိုလည်း အချိန်မရွေး ဒီအကြောင်းအရာတွေကို နိုင်ငံတကာလယ်ပယ်မှာ ဆွေးနွေးရှင်းလင်းဖို့ ငါ ဖိတ်ခေါ်တယ်… ”ပြန်လည် ရှင်းပြခဲ့ရာ
ပရိတ်သတ်များက လက်ခုပ်သံများခန်းလုံးပြည့် ဆူညံသွားစေရာ ပညာရှင်ဆိုသူ ဌေးလွင်ဦးမှာ ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထိုင်ရတောမလိုလို ပြန်ထနေရတောမလိုလိုနဲ့ ကုတ်ကုတ်လေးထွက်သွား ကြောင်း စုံစမ်းသိရှိရပါသည်။
RSV

၂၀၁၃ ခုနှစ် ပါတီညီလာခံအလွန် အကျပ်အတည်းများ

ဓာတ်ပုံ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပစဉ်
Sunday, March 10, 2013
ပါတီညီလာခံမတိုင်မီ နိုင်ငံရေး အခင်းအကျင်းနှင့် ပါတီညီလာခံ အလွန် နိုင်ငံရေးအခင်းအကျင်းတို့သည် သိသာကွာခြား တိုးတက်နေရန် လိုအပ်သည်။ ပါတီညီလာခံသည် နိုင်ငံရေး ပါတီတစ်ခု၏ အမြင့်မားဆုံး အဆုံး အဖြတ်ပေးမည့် အဖွဲ့အစည်းကြီးဖြစ်ရာ ညီလာခံအလွန်နိုင်ငံရေးကို မြင့်မြင့်မားမား မျှော်လင့်ကြပြီး ညီလာခံအလွန်တွင်
နိုင်ငံရေးအကျပ်အတည်းများကို ထိထိရောက်ရောက် ဖြတ်ကျော်သွားနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်နေကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၁၃ ခုနှစ် ပထမအကြိမ် ပါတီညီလာခံအလွန် နိုင်ငံရေးသည်လည်း ပိုမိုကျစ်လျစ်၊ အားကောင်း၊ စနစ်ကျ၊ ဗျူဟာမြောက်သောနိုင်ငံရေးလမ်းကြောင်းပေါ်တွင် ရပ်တည်လာနိုင်လိမ့်မည်ဟုမျှော်လင့်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ၂၀၁၃ ခုနှစ် မတ် လ ၈ ရက်မှ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့သည်။မြန်မာနိုင်ငံ၌ လူထုထောက်ခံ မှု အများဆုံးရရှိထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီပါတီ)၏ ပါတီညီလာခံသည်မြန်မာတွင်သာမက ကမ္ဘာတွင်ပါ စိတ်ဝင်စားစောင့်ကြည့် ခံရသော ညီလာခံတစ်ခုပင်ဖြစ်သည်။

အန်အယ်လ်ဒီပါတီ၏ ညီလာခံအတွင်း ပါတီ၏ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတို့ကို ဒီမိုကရေစီနည်းကျ အများဆန္ဒ မဲပေးရွေးချယ်နိုင်ခဲ့သည့်အတွက် ပါတီတည်ဆောက်ရေးအပိုင်းတွင်ခြေတစ်လှမ်းရှေ့တိုးခဲ့ပြီဟု သုံးသပ်နိုင်သည်။ ပါတီ၏နိုင်ငံရေး အစီရင်ခံစာကိုလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟောင်းက ပြုစု
တင်သွင်းနိုင်ခဲ့သဖြင့် ပါတီညီလာခံတစ်ခု၏ အင်္ဂါစုံခဲ့ပြီဟု ဆိုနိုင်သည်။

ပါတီညီလာခံအလွန် အန်အယ်လ်ဒီပါတီ၏ နိုင်ငံရေး ဆောင်ရွက်မှု၊နိုင်ငံရေးလမ်းစဉ်၊ ရေတိုရေရှည်လုပ်ငန်းစဉ်များသည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့အပေါ် လွန်စွာ သြဇာသက်ရောက်မှုရှိမည်မှာ မငြင်းနိုင်သော အချက်ဖြစ်သည်။

၂၀၁၃ ခုနှစ် ပါတီညီလာခံအလွန်ကာလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပညာရေးကွန်ရက်၊ အမျိုးသားကျန်းမာရေး ကွန်ရက်တို့နည်းတူ ပြည်တွင်းငြိမ်းချမ်းရေး ကွန်ရက်ကို ထူထောင်လာမည်လားကို စောင့်ကြည့်ရမည်ဖြစ်သည်...

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပထမဆုံးစိန်ခေါ်မည့်ကိစ္စသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာပင် ဖြစ်သည်။

လတ်တလော မြန်မာ့နိုင်ငံရေး စိန်ခေါ်မှုများတွင် ထိပ်ဆုံးမှပြေးနေသော အရေးကိစ္စလည်းဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ စီမံချက် သို့မဟုတ် လမ်းပြမြေပုံကို ပြည်သူလူထုထံ ချပြနိုင်ရမည်ဟု ထင်မြင်မိသည်။ ထိုသို့ စီမံချက်ရေးဆွဲနိုင်ရေးအတွက် အန်အယ်လ်ဒီပါတီအနေဖြင့် လုပ်ငန်းစီမံချက်တစ်ရပ်ကို သီးခြားရေးဆွဲထားနိုင်ရန်လည်း လိုအပ်သည်။ အဆိုပါ လုပ်ငန်းစီမံချက်တွင် အစိုးရမဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးသည်လည်း ပဓာနကျသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့်အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းသည် အစိုးရသာ လုပ်ရသောကိစ္စ၊ အစိုးရခွင့်ပြုမှ၊ အစိုးရတာဝန်ပေးမှ လုပ်ရသော အလုပ်မဟုတ်သည်ကို ဦးစွာသဘောပေါက်ရမည်ဖြစ်သည်။

အန်အယ်လ်ဒီပါတီကဲ့သို့ ပြည်သူလူထုအခြေပြု နိုင်ငံရေးပါတီအဖြစ် တည်ဆောက်ရန် ဦးတည်ဆောင်ရွက်နေ သော နိုင်ငံရေးပါတီကြီးအတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် အလွန်ဗျူဟာမြောက်သော စိန်ခေါ်မှုဖြစ်သည်။ တိုင်းပြည်အတွက် ပညာရေး၊ ကျန်းမာရေးတို့နည်းတူ ငြိမ်းချမ်းရေးသည်လည်း အလွန်အရေးကြီးသည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်လျင် ပညာရေး၊ ကျန်းမာရေးတို့နှင့် ဆက်စပ်သော ဖွံ့ဖြိုးတိုးတက်မှုများသည် တစ်မုဟုတ်ချင်း သုညတဖြစ်ကာ သဲထဲရေသွန် ဖြစ်သွားနိုင်သည်ကို သတိချပ်သင့်သည်။

ထို့ကြောင့် ၂၀၁၃ ခုနှစ် ပါတီညီလာခံ အလွန်ကာလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည်ပညာရေးကွန်ရက်၊အမျိုးသားကျန်းမာရေးကွန်ရက်တို့နည်းတူ ပြည်တွင်းငြိမ်းချမ်းရေးကွန်ရက်ကို ထူထောင်လာမည်လားကို စောင့်ကြည့်ရမည် ဖြစ်သည်။

၂၀၁၃ခုနှစ် ပါတီညီလာခံအလွန် ဒုတိယစိန်ခေါ်မှုမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အကြိုပြင်ဆင်မှု၊ ညှိနှိုင်းဆွေးနွေးမှု၊ လုပ်ငန်းစဉ် မူကြမ်းရေးဆွဲမှု တို့ကို ယနေ့အချိန်အထိ လက်တွေ့ကျကျဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံနောက်ပိုင်းတွင် ပိုမိုတိကျ၊ အသေးစိတ်ကျသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး စီမံချက်တစ်ခုကို ညှိနှိုင်းရေးဆွဲလာနိုင်မည်ဟု ကောက်ချက်ပြုကြသည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ထောက်ခံမှုသည် အဆုံးအဖြတ်နေရာ၌ ရှိနေသည့်အလျောက်ဒေါ်အောင်ဆန်းစုကြည်နှင့် အိမ်ရှေ့စံ နိုင်ငံရေး ပါတီတို့သည် တပ်မတော်နှင့် ထိတွေ့ဆက်ဆံလျက် အလုပ်သဘော ဆွေးနွေးမှုများပြုလုပ်နိုင်မည့် လုပ်ငန်းစီမံချက် အဆင့်ဆင့်ကို ရေးဆွဲနိုင်ရေးသည်လည်း အရေးပါသည်။

ယခု လတ်တလော လေ့လာစောင့်ကြည့်မှုများအရ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်အကြီးအကဲများအကြား ဖွဲ့စည်းပုံပြင်ဆင်မှုနှင့် ပတ်သက်၍ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်ခြေမှာ၂၀၁၅ ခုနှစ်အထိ နည်းပါးနေဆဲ ဖြစ်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၃ ခုနှစ် ပါတီညီလာခံအပြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများကို သီးခြားကွန်ရက်ပုံစံဖြင့်ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းတွင် စနစ်တကျ ပုံဖော်လာနိုင် မည်ဆိုလျင် ပိုမိုအားကောင်းလာဖွယ် ရှိသည်ဟု ကောက်ချက်ပြုနိုင်သည်။

တရားဥပဒေစိုးမိုးရေးသည် တတိယမြောက် စိန်ခေါ်မှုကြီးဖြစ်သည်။ တရားဥပဒေ စိုးမိုးမှုဟုဆိုရာတွင် တရားမျှတမှု၊ လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှု စသည်တို့နှင့်လည်း ဆက်စပ်နေသည်။ တရားဥပဒေစိုးမိုးရေး လွှတ်တော်ကော် မတီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌပေးရုံမျှဖြင့် တရားဥပဒေစိုးမိုးမှု အားကောင်းလာလိမ့်မည်ဟု ထင်လျင်လွဲလိမ့်မည်။

တရားရုံးများ၊ ဥပဒေရုံးများအပါအ၀င် နေရာအတော်များများတွင် နှစ်ပေါင်းငါးဆယ်ကျော် ခေါက်ရိုးကျိုးပြီးသား အမူ အကျင့် လုပ်ထုံးလုပ်နည်းများအတိုင်း ခရီးဆက်နေဆဲဖြစ်သည်။ တရားရုံးလာစစ်မည်ဆိုလျင် သနပ်ခါးလိမ်း၊ မိတ်ကပ်လိမ်းကာ အမြင်လှအောင် ကြိုတင်ပြင်ဆင်ကြသည်မှာ ယခင် အစိုးရများလက်ထက်နှင့် ထူးမခြားနား ဒုံရင်း၊ ဒုံရင်းသာဖြစ်သည်။

တရားဥပဒေစိုးမိုးရေးဟု ကြီးကြီးကျယ်ကျယ် ပြော၍ ဖြစ်သော်လည်း လက်တွေ့တွင် လူ့အဖွဲ့အစည်းအတွင်း၌ တရားမျှတမှု၊ တရားဥပဒေ၏ရှေ့မှောက်တွင် တန်းတူရည်တူရှိမှုတို့ကို မြှင့်တင်နိုင်ရန် ပိုမို အရေးကြီးသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တရားဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထုအကြား အသိပညာပေးနိုင်မည့် ကွန်ရက်ကို စနစ်တကျ တည်ဆောက်ပြီး တရားဥပဒေဆိုင်ရာ အသိအမြင် ပိုမို ဖွံ့ဖြိုးရေးကို ဦးတည်ပုံဖော်သင့်သည်ဟု အကဲခတ်များက မှတ်ချက်ပြုကြသည်။

တရားဥပဒေနှင့် မတရားဥပဒေတို့ကို ခွဲခြားသိနားလည်နိုင်ရန်၊ တရားဥပဒေစိုးမိုးရေးအတွက် မတရားဥပဒေများကို ပယ်ဖျက်နိုင်ရန်၊ လွတ် လပ်ပွင့်လင်းသော တရားစီရင်မှုပုံစံကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်တို့အတွက် အန်အယ်လ်ဒီပါတီသည် ဦးဆောင်ဦးရွက်ပြုရမည်ဖြစ်သည်။

စတုတ္ထမြောက် စိန်ခေါ်မှုသည် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ထိတွေ့ဆက်ဆံမှုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အချိန်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခြင်းမရှိသေးပေ။ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သဘော တွေ့ဆုံခဲ့သည့် တပ်မတော်ဘက်မှ အမြင့်ဆုံးခေါင်းဆောင်ဖြစ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ အစည်းအဝေးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်ရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်လည်း ဆက်စပ်နေသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်မှာ တပ်မတော် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုသည် နောက်ဆုံးအဆုံး အဖြတ်နေရာတွင် ရှိနေသည်။

လွှတ်တော်အသီးသီးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကို လျော့ချနိုင်ရေးသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဆက်စပ်နေပြန်သည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်း တိုက်ရိုက်ပါဝင်မှု အချိုးအစားကို လျော့ချရေးတို့တွင် တပ်မတော်ခေါင်းဆောင်များနှင့် အသေးစိတ် ထိတွေ့ဆွေးနွေးရမည်မှာ မလွဲမသွေ ဖြစ်သည်။

တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား အလုပ်သဘော တွေ့ဆုံမှုသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီဖြစ်နိုင်ခြေနည်းပါးနေဆဲဖြစ်သည်ဟု သုံးသပ်နိုင်သည်။

နောက်စိန်ခေါ်မှုတစ်ခုမှာ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲပင်ဖြစ်သည်။ လက်ရှိသုံးသပ်ချက်များအရ အန်အယ်လ်ဒီ ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရန် အလားအလာကောင်းနေသည်။

အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ခြေလှမ်းများသည် သိုသိပ်ပြီး စနစ်ကျ၊ ထိရောက်ပြီး ရှေ့တစ်လှမ်း တိုးရန် နောက်နှစ်လမ်းဆုတ်ထားသော အသွင်ဖြစ်သည်ဟု လေ့လာသူအချို့က ရှုမြင်ကြသည်။

အန်အယ်လ်ဒီပါတီသည် တိုင်းရင်းသားလူမျိုးစု မဲဆန္ဒနယ်များ တွင် တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်ရာ၌ အကြိတ်အနယ် ပိုရှိလာမည် ဖြစ်သည်။

ပြည်နယ်တစ်ခုအတွင်းရှိ တိုင်းရင်းသားပါတီများအကြား ပူးတွဲ အလုပ်အဖွဲ့ထူထောင် ယှဉ်ပြိုင်လျင် ဒေသခံ နိုင်ငံရေးပါတီများက အန်အယ်လ်ဒီပါတီကို ရင်ဆိုင်အန်တုနိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်သည် အချိုးကျ ကိုယ်စားပြုမှုစနစ်ကိုရွေးကောက်ပွဲနီးလာသည့်ကာလတွင် တင်သွင်းပြဋ္ဌာန်းခဲ့ပါက ပြည်ခိုင်ဖြိုး ပါတီသည် မဲဆုံးရှုံးမှုကို ကာမိနိုင် သည့်အပြင် လွှတ်တော် ကိုယ်စားလှယ် နေရာပိုမိုရရှိလာနိုင်သည်။

ထို့ကြောင့် အန်အယ်လ်ဒီပါတီအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာအများစုကို အပြတ်အသတ် အနိုင်ရရှိနိုင်သည်ဆိုသော သုံးသပ်မှုများ အကြားတွင် ယစ်မူးမနေသင့်ပေ။

အန်အယ်လ်ဒီပါတီ၏ အနိုင်ရရှိနိုင်မှု အလားအလာသည် ရွေးကောက်ပွဲမတိုင်မီ ပါတီတည်ဆောက်ရေး၊ပါတီစည်းရုံးရေး၊ပါတီ၏ မူဝါဒ သဘောထားတို့နှင့် တိုက်ရိုက် သက်ဆိုင်နေမည်ဖြစ်သဖြင့် ပါတီကို စနစ်တကျ ပြည်သူ့ပါတီအဖြစ် တည်ဆောက်နိုင်ရန် အထူး လိုအပ်သည်ဟု ကောက်ချက်ပြုလိုပါသည်။

အန်အယ်လ်ဒီပါတီသည် ၈၈ မျိုးဆက် အဖွဲ့အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများနှင့် ထိတွေ့ပြီး၊ တပ်ပေါင်းစု သို့မဟုတ် ပူးတွဲလုပ်ငန်း ကော်မတီ ထူထောင်ရေးသည်လည်း စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ တိုင်း ရင်းသား နိုင်ငံရေးပါတီများနှင့် ဆက်ဆံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့်အတူ အန်အယ်လ်ဒီပါတီသည် ပိုမိုကျယ်ပြန့်၊ ဖြန့်ကျက် ထားရန် နားလည်မှုရှိရှိ ပူးပေါင်းလုပ်ဆောင်နိုင်ရန် လိုအပ်သည်ဟု ကောက်ချက်ပြုနိုင်သည်။

လက်ရှိ ပါတီညီလာခံတွင် အန်အယ်လ်ဒီပါတီ၏ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အခြား နိုင်ငံရေးပါတီများနှင့် မဟာမိတ်၊ တပ်ပေါင်းစု ဆိုင်ရာမူဝါဒကို ရှင်းရှင်းလင်းလင်း ချမှတ်နိုင်လိမ့်မည်ဟုလည်း သုံးသပ်ကြသည်။

အန်အယ်လ်ဒီပါတီသည် မြန်မာ့နိုင်ငံရေးတွင် တပ်ဦးမှ ဦးဆောင်နေသည့် ပါတီကြီးဖြစ်သည့် အားလျော်စွာ အခြားနိုင်ငံရေးပါတီများနှင့် တပ်ပေါင်းစုသို့ ပူးတွဲ အလုပ်ကော်မတီသဘော ဖွဲ့စည်းလှုပ်ရှားမှုသည် ပါတီညီလာခံနောက်ပိုင်းတွင် ပိုမိုပီပြင်လာနိုင်ဖွယ် ရှိနေသည်။

အချုပ်အားဖြင့်ဆိုသော်၊ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ အပြီးတွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပို၍ ခက်ခဲကြမ်းတမ်းသော နိုင်ငံရေးခယောင်းလမ်းကို လျောက်လှမ်းရဖွယ် ရှိနေပြီး၊ ပါတီတည်ဆောက်ရေး၊ နိုင်ငံရေးမဟာမိတ်ချဲ့ထွင်ရေးတို့ကို ပိုမိုစနစ်တကျ တည်ဆောက် လာရမည်ဖြစ်သည်။

ထို့အပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီကာလတွင် အန်အယ်လ်ဒီ ပါတီသည် အစိုးရ၏ မူဝါဒများ၊ စီမံကိန်းများ၊ လုပ်ငန်းစဉ်များအပေါ်တွင် မူဝါဒ ရေးရာအပိုင်း၌ သြဇာသက်ရောက်နိုင်မှု မြင့်မားသထက်မြင့်မားအောင်လည်း စွမ်းဆောင်လာနိုင်ရန်လည်း အထူးလိုအပ်သည်။

တချိန်တည်းတွင် ပါတီကို ပြည်သူ့ပါတီအဖြစ် ပိုမိုပီပြင်အောင် တည်ဆောက်ရမည့် အပြင်၊ ပါတီ၏ ပြည်သူလူထုအတွင်း သြဇာကို ပိုမိုမြင့်မားအောင် တည်ဆောက်လာနိုင်ရန် လိုအပ်သည်။

၂၀၁၅ ခုနှစ်မတိုင်မီ၊ ပါတီကိုအဖက်ဖက်မှ ပြည့်စုံအားကောင်းအောင် တည်ဆောက်ထားနိုင်မှသာ၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း ရင်ဆိုင် လာရနိုင်သည့် နိုင်ငံရေးအကြပ်အတည်းများ၊ နိုင်ငံ ရေး စိန်ခေါ်မှုများ အတွက် ပါတီသည် အားကောင်းမောင်းသန်အနေအထားတွင်နိုင်ငံရေးလောကဓံကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ထပ်လောင်း ကောက်ချက်ပြုလိုက်ရပါသည်။
ဒေါက်တာ ရန်မျိုးသိမ်း
Eleven Media Group

အဓမ္မကျင့်ခံရပြီး ခိုးမှုနှင့်ပြန်လည် တရားစွဲခံရသူ မိန်းကလေးကို အာမခံဖြင့် ပြန်လွှတ်ပေးပြီ

ဓာတ်ပုံ - အခြိမ်းခြောက်ခံခဲ့ရသည့် မိန်းကလေး (နန်းဆိုင်နွမ် / ဧရာဝတီ)

ခြိမ်းခြောက်၍ အဓမ္မပြုကျင့် ခံရသည့်အပြင် ခိုးမှုဖြင့် ပြန်လည် တရားစွဲခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးသည် ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းမှ အာမခံဖြင့် ယမန်နေ့က ပြန်လည် လွတ်မြောက် လာပြီဖြစ်သည်။

(ပ) နံပါတ် ၁၀၄၊ ၁၃ ပုဒ်မ ၃၈၁ ဖြင့် တရားစွဲဆိုခံထားရသူ မိန်းကလေးအား မြောက်ဥက္ကလာပ မြို့နယ် တရားရုံးသို့ ယမန်နေ့နေ့လယ် ၁၁ နာရီခွဲကျော်တွင် နတ်မောက်လမ်း ကျောင်းမှ ခေါ်ယူလာပြီး အာမခံ နှစ်ဦးဖြင့် သွားရောက် ထုတ်ခဲ့ကြောင်း၊ မိန်းကလေး တရားရုံးသို့ မလာမီ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေးအဖွဲ့ မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။

“ဒီနေ့တော့ အာမခံ နှစ်ဦးနဲ့ အတူ မြေဂရမ်တွေပါ ပြပြီး ထုတ်ခဲ့တယ်။ မြေဂရမ်ကတော့ နှစ်ယောက်ပေါင်း သိန်း ၅၀ လောက်ရှိပါတယ်။ ကျမကတော့ သူ့ကို အာမခံနဲ့ ထုတ်ပေးပြီးတော့ ကလေးကို လုံခြုံတဲ့နေရာမှာ ထားသွားမှာပါ” ဟု ဒေါ်လေးလေးက ဆိုသည်။

အမျိုးသမီးလည်းဖြစ်၊ အသက် ၁၆ နှစ်အောက်လည်း ဖြစ်၍ ပြစ်မှု ကျင့်ထုံး (ပ) ၄၉၇ အရ ရုံးမှ အာမခံပေးနိုင်ကြောင်း၊ မိန်းကလေးတိုင်း လျှောက်ခွင့် ရှိကြောင်း၊ မိန်းကလေး ဖြစ်သည့်အတွက် အာမခံ နှစ်ဦးမရှိပါက ကိုယ်ပိုင် ခံဝန်နှင့်လည်း ရကြောင်း၊ အာမခံသည့်အခါ ကျပ် ၁၀ သိန်းနှင့် တန်းတူညီ ပစ္စည်းများကို တင်ပြရမည်ဖြစ်ကြောင်း အဆိုပါ မိန်းကလေး ကိစ္စကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေ တဦးက ဧရာဝတီသို့ ရှင်းပြသည်။

“သမီးကို လွန်ခဲ့တဲ့ သုံးရက်မှာ ရဲတွေက “အန်တီ သမီး တောင်းပန်ပါတယ်” ဆိုတဲ့ စာရေးခိုင်းတယ်၊ လက်မှတ်ထိုးခိုင်းတယ်။ သမီးကတော့ မရေးတက်ဘူး၊ မထိုးတက်ဘူး” ဟု ခိုးယူမှုဖြင့် ပြန်လည် တရားစွဲဆို ခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးက ဧရာဝတီသို့ ပြောသည်။

နတ်မောက် အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းတွင်နေ့စဉ် ငါးခြောက်ကြော်နှင့် ပဲဟင်းကိုသာ စားသောက် ရပြီး မနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ကော်ချောင်းခြစ်သည့် အလုပ်ကိုလုပ်ရကြောင်း၊ အရွယ် မရောက်သေးသည့်ကလေးသူငယ် အယောက် ၅၀ ခန့် ရှိရာ ရေအိမ်၂ လုံးသာ ထားကြောင်း၊ ရေကို လုံလောက်စွာ မသုံးစွဲရကြောင်း ၎င်းက ဆိုသည်။

အရွယ်မရောက်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်မှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့သည်ဟု ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့သောကြောင့် မိန်းကလေးကို ရန်ကုန် နတ်မောက် လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေးကျောင်းသို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပို့လိုက်ခြင်း ဖြစ်သည်။

“ကျနော် အာမခံပေးရတဲ့ အကြောင်းရင်းက အသက်လည်း ငယ်တယ်၊ ပြီးတော့ အချုပ်ထဲမှာလည်း နေရတယ်။ ငွေ ၂ သောင်းကျပ်၊ နာရီတလုံးနဲ့တော့ အချုပ်ထဲမှာ နေရတာ မတန်ဘူး” ဟု အာမခံပေးသည့် ဦးမင်းမင်းအောင်ကဧရာဝတီသို့ ပြောသည်။

အဆိုပါ ကလေးငယ်အား အာမခံ ပေးရန်အတွက် ရပ်ကွက်ရုံးတွင်ထောက်ခံစာ ပြုလုပ်နေသည့်အချိန်တွင် ရဲများသည် နောက်မှ တကောက်ကောက် လိုက်လာကြောင်း၊ တခြားသူများကို မိန်းကလေးအား အာမခံမပေးရန် တားမြစ်မှုများလည်း ရှိကြောင်း ဦးမင်းမင်းအောင်က ဆိုသည်။

“ကျမကတော့ လုံးဝမကျေနပ်ဘူး။ အဲဒီ သူဌေးတွေက ပိုက်ဆံရှိပြီး လုပ်ချင်တိုင်းလုပ်နေကြတာ။ ကျမကတော့ ပြီးတဲ့အထိ လုပ်ဆောင် သွားမယ်။ ကျမရဲ့သမီးကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့အတွက် ပျော်တယ်” ဟု မိန်းကလေး၏ မိခင်က ဧရာဝတီသို့ ပြောသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ကျမှသာလျှင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စာချုပ်တွင် အချက်ပေါင်း ၅၄ ချက် ပါဝင်ပြီး အချက်၄၀ အထိ ကလေး အခွင့်အရေးကို ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကိုပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ် အရွယ်အထိ သက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။
နန်းဆိုင်နွမ်
ဧရာဝတီ

လက်ဖက် ထုတ်လုပ်မှု ပြိုလဲတော့မလား

ဓာတ်ပုံ - ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲဒေသမှ လက်ဖက် စိုက်ခင်းများ
( Tin Maung Thein – ကျောက်မဲ)
Sunday, March 10, 2013
ပလောင်ဒေသမှ တောင်သူများ လုပ်ငန်းခွင်ကိုစွန့်ခွာ နေကြသည့်အတွက် လာမည့်နှစ် အနည်းငယ်အတွင်း လက်ဖက် ထုတ်လုပ်မှုပြိုလဲသွားနိုင်ကြောင်း
အဆိုပါဒေသသို့ မကြာသေးမီက သွားရောက် လေ့လာသည့် စိုက်ပျိုးရေး ပညာရှင်များက ပြောဆိုလိုက်သည်။

ယင်း ပညာရှင်များသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးရေး ၀န်ကြီးဌာန တို့၏ ပူးပေါင်း လုပ်ဆောင်နေသည့် ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ဒေသဖွံဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်နှင့် တခြားသော ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ သွားရောက်၍ဒေသခံများနှင့် တွေဆုံ ကွင်းဆင်း လေ့လာခြင်း ဖြစ်သည်။

တရုတ်၊ ဗီယက်နမ်နိုင်ငံများမှ ၀င်ရောက်လာသည့် လက်ဖက်ထုတ်ကုန် များကို မယှဉ်ပြိုင်နိုင်ခြင်း၊ ဆိုးဆေးဂယက်ကြောင့် ပြည်တွင်း လက်ဖက်ဈေးကွက် ကျဆင်းသွား၍ အရှုံးပေါ်ကာ လက်ဖက်တောင်သူများ လုပ်ငန်းခွင်ကို စွန့်ခွာပြီး တရုတ် ပြည် သို့သွားရောက် အလုပ်လုပ်ကိုင်မှု များပြားလာကြောင်း၊ အစိုးရ အပါအ၀င် ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများမှ ကျားကန် ပေးမှုမရှိလျှင် ပြိုလဲသွားနိုင်ကြောင်း စိုက်ပျိုးရေး ပညာရှင်များက ဆိုသည်။

အဆိုပါ UNDP ၏ ဒေသဖွံဖြိုးရေး စီမံကိန်းတာဝန်ခံ စိုက်ပျိုးရေး ပညာရှင်ဟောင်း ဦးစံသိန်းက“လုပ်ငန်းရှင်တွေ၊ တောင်သူတွေနဲ့တွေ့ဆုံပြီး ပွင်းပွင်လင်းလင်း ပြောဆိုတယ်၊ ယှဉ်ပြိုင်နိုင်စွမ်း မရှိတာရယ်၊ တဖက်နိုင်ငံသွားအလုပ်လုပ်ကိုင်တာတွေကြောင့် သေချာ ပေါက်ယိမ်းယိုင်နေပြီ၊ ဒီအတိုင်းဆိုရင် ပြိုလဲသွားမယ်”ဟု ဧရာဝတီကိုပြောသည်။

ထို့ကြောင့် လက်ဖက်လုပ်ငန်း ပြန်လည်နာလန်ထူလာရေး ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများက ၀င်ရောက်ကျားကန်ပေးရန်လို အပ် ကြောင်း၊ ကာလတခု သတ်မှတ်ပြီး ချေးငွေ၊ မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေးနည်းစနစ်သစ်များ ကူညီနိုင်မည်ဟု မျှော်လင့် ကြောင်း ဦးစံသိန်းက ဆိုသည်။

ကမ္ဘာ့ဘဏ်သည် ဗီယက်နမ်နိုင်ငံ၏ လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းကိုလည်း အလားတူ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ဖူးသည်။

ပလောင်ဒေသသည် လက်ဖက်တမျိုးတည်းကိုသာ စိုက်ပျိုးသည့် အတွက် ဈေးကွက်ပျက်ပြားသည့်အခါ တောင်သူများ ပိုမိုအထိ နာကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင် လက်ဖက် စိုက်ပျိုးရေးကို လျစ်လျူရှု့မထားဘဲ လယ်ယာ ကဏ္ဍ ကို အားပေး သကဲ့သို့ပင် ကူညီသင့်ကြောင်း၊ လက်ဖက်သုတေသနဌာန များထားရှိကာ ပြုလုပ်သင့်ကြောင်း ဦးစံသိန်းက ထောက်ပြသည်။

ယင်းဒေသ၌ လက်ဖက်စိုက်ဧက ၅ သောင်းခန့် ရှိသော်လည်း သမားရိုးကျ မိရိုးဖလာအဆင့်တွင်သာရှိ ပြီး အထွက်တိုးစေရန် မြေသြဇာ သုံးစွဲမှုမရှိကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် အတန်းလိုက် စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးနေပြီး ခူးဆွတ်ရာတွင် လည်း စက်များဖြင့် အညွန့်အဖူး များကိုသာခူးသဖြင့် အရည်အသွေးပိုင်းတွင် ကွာခြားမှုရှိကြောင်း စိုက်ပျိုးရေး ပညာရှင်များနှင့် ဒေသခံ လက်ဖက် တောင်သူတချို့က ဆိုသည်။

ကျောက်မဲဒေသခံ စိုက်ပျိုးရေးပညာရှင်ဟောင်း ဦးတင်မောင်သိန်းက “စိုက်ပျိုးရေး အယူအဆအရ လက်ဖက်ပင်ဆိုတာ ကိုင်းတွေ ခုတ်ပေးမှ ရွက်သစ်ထိုးတာ၊ တချို့ ကိုင်းခုတ်ဖို့ပြောရင် မိဘဘိုးဘွားက အမွေပေး တဲ့အပင် ဒါကြောင့် ဓားနဲ့ခုတ်ရင် မိဘကို ဓားနဲ့ ခုတ်တာနဲ့ အတူတူပဲ ယူဆပြီး မခုတ်ကြဘူး” ဟုပြောသည်။

လက်ရှိအခြေအနေတွင် လက်ဖက်တစ်ရာသီ၏ အထွက်နှုန်းမှာ တဧက ပိဿာ ၃၅၀မှ ၅၀၀အထိသာထွက်ပြီး၊ နိုင်ငံတကာတွင် တဧကလျှင်ပိဿာ ၁ထောင်မှ ၁၅၀၀ အထိထွက်သည်။

လက်ဖက်ဈေးကွက်ပျက်ပြားကာ တောင်သူများ ထိခိုက်နေခြင်းနှင့် ပတ်သက်ပြီး လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများကပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) အဖွဲ့နှင့် ဆက်သွယ်ပြီး လက်ဖက် စိုက်ပျိုး ထုတ်လုပ်သူများ အသင်းကို မကြာမီ ဖွဲ့စည်းသွားရန်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့
ရောင်းချသူများအသင်းက ဆိုသည်။

နမ့်ဆန်မြို့ တက်နေ၀န်း လက်ဖက်စိုက်ပျိုးထုတ်လုပ်ရေး သမ၀ါယမ အသင်းလီမိတက် ဥက္ကဋ္ဌ ဦးသန်းထွန်းက“စိုက်ပျိုးရေးကို နည်း စနစ်ကျကျ ကူညီမယ်ဆိုရင် ငွေအင်အား အရင်းအနှီးလိုတယ်၊ ဒေသခံတွေကလည်း မတတ်နိုင်ဘူး၊ အဲဒီတော့ နိုင်ငံတကာအဖွဲ့ အစည်းတွေ အထောက်အပံ့ ရမှသာဖြစ်မယ်”ဟု ဆိုသည်။

ပလောင်ဒေသသည် လူမှုရေး၊ စီးပွားရေး ကဏ္ဍတွင် နိမ့်ကျလျက်ရှိရာဒေသစီးပွားရေးဖြစ်သည့် လက်ဖက်စိုက်ပျိုးရေးကို မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲရုံသာမက ကုန်ချောထုတ်လုပ်မှုတွင်လည်း ခေတ်မီစက်များဖြင့်လည်းသန့် စင်ထုတ်လုပ်ပြီး ကမ္ဘာ့ လက်ဖက်ခြောက်ဈေးကွက်ကို ထိုးဖောက်ရန်လိုကြောင်း ဦးသန်းထွန်းက ဆက်ပြောသည်။

ကမ္ဘာ့လက်ဖက်ခြောက်ဈေးကွက်တွင် တရုတ်နိုင်ငံက အခါးခြောက်(Green Tea) ကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံက အချိုခြောက် (Black Tea) ကိုလည်းကောင်း အကြီးအကျယ် ထုတ်လုပ်ရောင်းချလျက် ရှိသည်။

သို့သော် ဒေသခံများကမူ လက်ဖက်တောင်သူများ လုပ်ငန်းခွင် စွန့်ခွာရခြင်း၌ ဒေသတွင်းမငြိမ်သက်မှုများကြောင့်လည်း ပါဝင်ကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကချင်ပဋိပက္ခကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ၀င်ရောက်လှုပ်ရှားလာသည့်အပြင် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း)၊ SSA/ SSPPတပ်များနှင့် ရှမ်းပြည်တပ်မတော်(SSA)တောင်ပိုင်းတပ်များ ဒေသတွင်းသို့ ဖြန့်ခွဲကာ ဒေသခံများထံမှ ဆက်ကြေး၊ ရိက္ခာနှင့် လူသူစု ဆောင်းခြင်း၊ အလားတူ အစိုးရ စစ်တပ်၏ လှုပ်ရှားမှုများ တို့ကြောင့် ပလောင်တိုင်းရင်းသားများ စွန့်ခွာရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ဖက်မှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် လူမှုဘ၀တွင် လက်ဖက်စို၊ လက်ဖက်ခြောက်၊ အချိုခြောက်တို့သည် အရေးပါသော အရာ များဖြစ်ပြီး “အရွက်တွင်လက်ဖက်”ဟုပင် ဆိုရိုးစကား ရှိခဲ့သည်။

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုထွန်းကားသည့် မြန်မာနိုင်ငံ၌ အချိုခြောက်မှာ အများဆုံးရောင်းရသော်လည်း ပြီးခဲ့သည့် နှစ်များက အချို ခြောက်နှင့် လက်ဖက်စိုတွင် ဆိုးဆေးများပါရှိသည်ဟု ကြေညာခံရသည့်အတွက်ရောင်းအားကျဆင်း သွားကြောင်း လက်ဖက် စိုက်ပျိုး ထုတ်လုပ်သူများက ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ လက်ဖက်၏ သဘောအရ အမည်းရောင်သို့ ပြောင်းလဲ တတ်သည့်အတွက် ဈေးကွက်၏ တောင်းဆိုမှုအရ လူကြိုက် များစေရန် အ၀ါရောင်ချည်ဆိုးဆေးကို သုံးကြခြင်းဖြစ်သည်ဟု သိရသည်။

လက်ဖက်ကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ ကိုးကန့်လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်းနှင့် ရှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ပင်းတယ၊ ရွာငံတို့တွင် စိုက်ပျိုးသည်။

ချင်းပြည်နယ်တွင်လည်း အစိုးရ လက်ဖက်စီမံကိန်းချ၍ စိုက်ပျိုးသော်လည်းအောင်မြင်မှုမရှိဟု သိရသည်။
ရန်ပိုင်
ဧရာဝတီ

ဆော်ဒီသွား မြန်မာနိုင်ငံသား ဆိုသူများ ဒက္ကားလေဆိပ်တွင် ဘင်္ဂလာပတ်စ်ပို့နှင့် ဖမ်းခံရ

ဒက္ကား Shahjalal နိုင်ငံတကာ လေဆိပ်

ဆော်ဒီအရေးဗီးယားနိုင်ငံသို့ ဘင်္ဂလားဒေခ်ျ့ ပတ်စ်ပို့ကိုင်ဆောင်၍ သွားသူ မြန်မာနိုင်ငံသား ဆိုသူ ၄ ဦးကို ဒက္ကားလေဆိပ်တွင် ဘင်္ဂလာ အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ အတုကို ကိုင်ဆောင်၍ နိုင်ငံခြားသို့ ထွက်ခွာသူ (၆) ဦးကို ဒက္ကားမြို့ရှိ Shahjalal နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က ဖမ်းဆီးရာ အဖမ်းခံရသူများ အထဲမှ လေးဦးမှာ ရိုဟင်ဂျာ ဆိုသူများ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ဖေါ်ပြသည်။

ဖမ်းဆီးခံရသူ (၄) ဦးမှာ နာဆီးမာ ခါတွန်(၃၀) နှစ်၊ သူမ၏ သမီးဖြစ်သူ ဂျန်နာတီ ဘေဂွန် (၁၃) နှစ်၊ သူမ၏ ဆွေမျိုး ရိုကီယာ ဘေဂွန် (၁၈) နှစ်နှင့် ကာဘီယာ အာမတ် (၂၄) နှစ်တို့ ဖြစ်ကြသည်။

သူတို့ လေးဦးသည် ကူဝိတ် လေကြောင်းဖြင့် ဆော်ဒီ အရေဗီးယားသို့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ထွက်ခွာရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

သူတို့မှာ မြန်မာ မွတ်ဆလင် ဒုက္ခသည် စခန်းများတွင် နေထိုင်သူများ ဖြစ်ကြဖွယ် ရှိပြီး ဒုက္ခသည်များကို ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ဖြင့် နိုင်ငံခြားသို့ ပို့ဆောင်ရာတွင် ကူညီ ဆောင်ရွက်သူ ဆင်းမွန်ဘိုင်ယန် (၂၈) နှစ်အာားလည်း လေဆိပ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

နောက်ထပ် ဖမ်းဆီးခံရသူ (၂) ဦးမှာ အဆာဒူရ် အစ္စလာမ် (၃၂) နှစ်နှင့် မာမွတ်ဒူရ် အစ္စလာမ် (၂၂)  နှစ်တို့  ဖြစ်ကြပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြသည်။

သူတို့ နှစ်ဦးသည် ပတ်စ်ပို့ ကပ်ခွာ လုပ်ပြီး ထိုင်းနိုင်ငံသို့ အိန္ဒိယ လေကြောင်းဖြင့် ထွက်ခွာစဉ် ဒက္ကားလေဆိပ်တွင် ဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ narinjara.com

လူ ၁၀၀၀ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပုဏ္ဏားကုန်း၊ ကွေ့ကျည်ကုန်း၊ မိုင်ကုန်း၊ မြို့သာကုန်းရွာများတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းကအလှူမှကျွေးသော ထမင်း၊ဟင်းများအား စားသောက်ပြီး လူ ၁၀၀၀ ကျော်ခန့် အစာအဆိပ် သင့်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကုန်းကျေးရွာတွင် ပြုလုပ်သော အလှူတွင် ထမင်းနှင့် ပဲသုတ်၊ ငါးခြောက်၊ သရက်ချဉ်သုတ်၊ ပဲဟင်းချို၊ ငရုတ်သီးကြော် စသည်တို့ကို ကျွေးမွေးခဲ့ပြီး ယင်းရွာလေးရွာထဲတွင် ပုဏ္ဏားကုန်းနှင့် ကွေ့ကျည်ကုန်းရွာများ၌ ရွာလုံးကျွတ်နီးပါး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုင်းကျန်းမာရေးဦးစီးဌာနမှ ပုဏ္ဏားကုန်းကျေးရွာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ကု သမှုများ ဆောင်ရွက်လျက်ရှိပြီး လူနာအချို့အား မန္တလေးဆေးရုံကြီးနှင့် ပုသိမ်ကြီးဆေးရုံကြီးများသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သောသူများအနက် ကျည်ကုန်းရွာမှ အမျိုးသမီးတစ်ဦးသည် ယင်းနေ့မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် သေဆုံးသွားခဲ့ပြီး အလှူတွင် ကျွေးမွေးခဲ့သော ဟင်းများအား FDA မှ စစ်ဆေးရန်အတွက် နမူနာယူဆောင်သွားခဲ့ကြောင်း သိရသည်။The Express Times

မန်း အလှူတစ်ခုတွင် လူ၁၅၆ဦး အစာအဆိပ်သင့်

မန္တလေး-မတ်၁၀
မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်တွင်အလှူတစ်ခုတွင်မတ်၉ရက်ကအစာအဆိပ်သင့်မှုတစ်ခုဖြစ်ပွားခဲ့ပြီးမည့်သည့်အကြောင်းကြောင့်ဖြစ်သည်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

အစာအဆိပ်သင့်မှုတွင် ပါဝင်သူ ၁၅၆ဦးရှိပြီး အစာအဆိပ်သင့်လက္ခဏာရှိသူ ၈၉ဦးကို ကွင်းဆင်းကု သပေးခဲ့ပြီး အဆိုပါ ၈၉ဦးမှ ၂၀ဦးအား ပုသိမ်ကြီးဆေးရုံသို့ တက်ရောက်ကုသစေခဲ့ကြောင်း၊၁၄ဦးအား ပြင်ပလူနာအ နေဖြင့် ကုသပေးနေပြီး ၆ဦးအား အတွင်းလူနာအဖြစ် ကုသပေးနေကြောင်း လက်ရှိ ဆေးရုံတွင် အစာအဆိပ်သင့်သူ ၆ဦးသာ ကျန်ရှိတော့ပြီးစိုးရိမ်ရသည့်အခြေနေတွင်မရှိဘဲ ကျန်လူနာများမှာ ပြန်ဆင်းသွားပြီဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်ဆေးရုံမှ မြို့ နယ်ဆရာဝန်က ပြောသည်။
အခုကုသပေးနေတဲ့ လူတွေက အစာအဆိပ်သင့်တာပါ။ အားလုံးကို ဆေးရုံကနေ အခမဲ့ကုသပေးနေ ပါတယ်။ လူနာတွေက စိုးရိမ်စရာမရှိပါဘူး ဟု အဆိုပါမြို့နယ်ဆရာဝန်က ပြောသည်။
ဖိုးလပြည့်
Popular Myanmar News Journal

တရုတ်နိုင်ငံပိုင် မီဒီယာများဝေဖန်မှု အစိုးရကို ကိုယ်စားမပြုဟုဆို

တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံပိုင် မီဒီယာများ တွင် ဝေဖန်ရေးသားမှုများသည် တရုတ်အစိုးရကို ကိုယ်စားမပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့် ရှိသူ Mr. Gao Mingbo က The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ဝေဖန်ရေးသားသူ များမှာ မိမိကိုယ်မိမိ ကျွမ်းကျင်သူများဟု သတ်မှတ်ကာ ၄င်းတို့၏အမြင်ကို ဖော်ပြခြင်းသာ ဖြစ်ပြီး ယင်းဝေဖန်ရေးသားမှု များသည် တရုတ်အစိုးရ၏ အာဘော်များ မဟုတ်ကြောင်း၊ အစိုးရကို ကိုယ်စားမပြုကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံမှာကဲ့သို့ပင် တရုတ်နိုင်ငံတွင်လည်း မီဒီယာများမှ တစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး အပြင်းအထန် ဝေဖန်မှုများ ပွက်ပွက်ညံလျက် ရှိကြောင်း၊ ဝေဖန်မှုတိုင်းသည် စာဖတ်ပရိသတ်၏ အမြင်နှင့် စဉ်းစားတွေးခေါ်မှု ပေါ်တွင် အမျိုးမျိုးပြောင်းလဲနိုင်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရုတ်ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာတွင် ဆောင်းပါးရှင် Bi Shihong က မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု အားနည်းစေရန် အာရှနှင့် အနောက်နိုင်ငံ အချို့ ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကူအညီများ အမြဲလိုအပ်နေပြီး တရုတ်အစိုးရနှင့် အလှမ်းကွာဝေးလာပါက မြန်မာနိုင်ငံ အနေနှင့် ကြီးကြီးမားမား ပေးဆပ်ရမည် စသဖြင့် ရေးသားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ထားရှိသော ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းကောင်း ဆက်ဆံရေး မူဝါဒကို မည်သို့မျှပြောင်းလဲမည် မဟုတ်ကြောင်းနှင့် နှစ်နိုင်ငံအကျိုးရှိသော စီးပွားရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Mr. Gao Mingbo က ဆိုသည်။The Voice Weekly

ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲ အမျိုးသားအဆင့် မမီဟု အားကစားကလောင်ရှင်များ ဝေဖန်

နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပြုလုပ်သည့် ပြည်ထောင်စု အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အမျိုးသားအဆင့်ထိ ခမ်းနားမှုမရှိကြောင်း မြန်မာနိုင်ငံ အားကစား ကလောင်ရှင်များ အဖွဲ့ချုပ်မှ ဝါရင့်ကလောင်ရှင် များက ဝေဖန်ပြောကြားသည်။

SEA Games အကြို ပြုလုပ်သည့် ပွဲဖြစ်၍ ဖွင့်ပွဲတွင် တိုင်းဒေသကြီး များ နှင့် ပြည်နယ်များက အားကစားသမား များ ကွင်းအတွင်း ဝင်ရောက် လာပုံ၊ နိုင်ငံတော်အလံတင်ပုံ၊ မီးရှူးမီးပန်းများ ပစ် ဖောက်ခြင်း၊ မီးရှူးတိုင် ထွန်းညှိခြင်းတို့ ပြုလုပ်ရမည်ဖြစ်ပြီး ပိတ်ပွဲ၌ မီးရှူးတိုင် ငြှိမ်းသတ်ခြင်းနှင့် နိုင်ငံတော်အလံ ပြန်ချခြင်းတို့ ပြုလုပ်ရမည်ဖြစ်သော်လည်း ဖွင့်ပွဲ၌ပင် မီးရှူးတိုင် ငြှိမ်းသတ်ခဲ့ပြီး ပိတ်ပွဲ မပြုလုပ် ခဲ့ခြင်းတို့နှင့် ပတ်သက်၍ အားကစားဆောင်းပါးများကို နှစ်ပေါင်း ၄၀ ကျော် ရေးသား လျက်ရှိသည့် ဦးခင်မောင်ထွေး (ပျဉ်းမနား)က ပြောဆို သည်။

ယင်းအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ တွင် လာရောက်ကြည့်ရှုသည့် ပရိသတ်များကို ဂီတပညာရှင်များ ဖျော်ဖြေတင်ဆက် ပုံမှာ တပ်မတော်အစိုးရ လက်ထက်က ကျင်းပခဲ့သည့် အမျိုးသားအားကစား ပွဲတော် အဆင့်ပင် မရှိကြောင်းလည်း ၄င်းက ထပ်လောင်း ဝေဖန်ပြောဆိုသည်။
“အားကစားနဲ့မဆိုင်တဲ့ မြေဝိုင်းအက ဖျော်ဖြေပွဲ ကြည့်နေရသလိုပဲ” ဟု ပရိသတ်များကို ဂီတပညာရှင်များ ဖျော်ဖြေတင်ဆက်ပုံနှင့် ပတ်သက်၍ ၄င်းကဆိုသည်။

"အားကစားကွင်းက ခမ်းနားသလောက် အနုပညာရှင်တွေရဲ့တင်ဆက်ပုံက အရင်ပြည်ထောင်စု အားကစားပွဲ လုပ်သလောက်တောင် မရှိဘူးဟု" အဆိုပါ ဖွင့်ပွဲအခမ်းအနားကို လာရောက်သတင်း ယူသည့် တက်လမ်း အားကစား ဂျာနယ် အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်က မှတ်ချက်ပြု ပြောဆိုသည်။

အဆိုပါဖွင့်ပွဲသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရောက်ရှိလာချိန်တွင် ရန်ကုန်မြို့က လာရောက် သတင်းယူသူများ ဝဏ္ဏသိဒ္ဓိအားကစား အတွင်း ဝင်ရောက် ဓာတ်ပုံရိုက်ကူးခြင်း မလုပ်ရန် ရဲတပ်ဖွဲ့ က တားဆီးမှုများ ရှိခဲ့သည်။

"အားကစားဝန်ကြီးဌာနက လုပ်တဲ့ပွဲမှာ အား/ကာကဝန်ထမ်းတွေ သတင်းဓာတ်ပုံ မရိုက်ရဘူး ဆိုတာတော့ မဖြစ်သင့်ဘူး" ဟု မြန်မာ့ ရုပ်မြင်သံကြား၊ မြဝတီရုပ်သံ၊ SKY NET နှင့် MRTV-4-ရုပ်သံတို့ကိုသာ သတင်းရိုက်ကူး ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ အားကစား ဝန်ကြီးဌာန ဓာတ်ပုံဆရာ တစ်ဦးက လုံခြုံရေး တင်းကျပ်မှုနှင့် ပတ်သက်၍ ညည်းတွား ပြောဆိုသည်။

အဆိုပါ ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲမှာ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် စခန်းဝင် လေ့ကျင့်နေသည့် ကစားသမားများ၏ စံချိန်ကို အကဲဖြတ်နိုင်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ လ ၂၈ရက်နေ့မှ မတ်လ ၇ ရက်နေ့ ထိ အားကစားနည်း ၂၂ မျိုးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။The Voice Weekly

အယ်ဒီတာထံပေးစာ

၅.၃.၂၀၁၃ နေ့ နံနက် ၇နာရီခွဲအချိန်မှာ မှော်ဘီမြို့လျှပ်စစ် ရုံးမှတ်တိုင်က မြောက်ပိုင်းခရိုင် ၁၅၂ ဥက္ကံ၊ဆူးလေ MYO Express ၇ခ/၇၈၉၆ ကားကို စီးပြီး အလုပ်ကိုလာခဲ့ပါတယ်။ ကားက  ဘီးရွေ့ရုံသာ မောင်းနေတာမို့ခရီး သည်တွေက အလုပ်ချိန်နောက်ကျ မှာစိုးလို့ တောင်းပန်ပြောဆိုတာ ကို မထီမဲ့မြင်ပြုနေပါတယ်။ ပြီးတော့ မှတ်တိုင်တိုင်းမှာ လူစောင့်တင်ပါတယ်။ ကျွန်တော့်  တစ်သက်နဲ့ တစ်ကိုယ်ဒီလောက်  နှေးတဲ့ ကားကိုမစီးဘူးသေးပါဘူး။ 

ကိုယ့်စီးပွားရေးတစ်ခုတည်းကိုပဲ ကြည့်ပြီး ခရီးသည်တွေအလုပ်နောက် ကျမှာကို မသိကျိုးကျွံပြုတဲ့ ကား ဒရိုင်ဘာကို ခရီးသည်တွေက ၀ိုင်း ပြောတော့အမြန်ရောက်ချင်ရင် ကိုယ်ပိုင်ကားဝယ်စီးပါလားလို့  စပယ်ယာကမိုက်မိုက်ရိုင်းရိုင်းပြော ဆိုပါတယ်။ မြေနီကုန်းမှတ်တိုင်ကို  နံနက် ၁၀ နာရီထိုးမှရောက်ပါ တယ်။ မှော်ဘီနဲ့ မြေနီကုန်းကို ကားမောင်းချိန် ၂ နာရီခွဲကြာပါ တယ်။ ဒီကားကြောင့် ကျွန်တော့်  လိုအလုပ်မှာ ဒဏ်ကြေးဆောင်  ရတဲ့ ၀န်ထမ်းတွေဘယ်လောက် များနေပြီလဲဆိုတာ ဒီကားကိုစီးဖူး တဲ့ ၀န်ထမ်းတွေကိုယ်တွေ့ဖြစ်မှာ ပါ။ ဒီကိစ္စကို ယာဉ်လိုင်းက လူ ကြီးတွေသိစေချင်လို့အယ်ဒီတာမှ တဆင့်တင်ပြလိုက်ရတာပါ။
သံလက်သီး
The Hot News

ဒီချုပ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်များ ရွေးချယ်


10 Mar, 2013
၂၀၁၃ မတ်လ ၁၀ ရက်နေ့တွင် ကျင်းပနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ၌ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်များကို ရွေးချယ်ခဲ့ကြောင်းသိရှိရသည်။

ယင်းသို့ရွေးချယ်ရာတွင် အမြဲတမ်း ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ၁၅ ယောက်နှင့် အရံ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ၅ ယောက်တို့ကို မတ်လ ၉ ရက်နေ့က ရွေးချယ်ထားသည့် ဗဟိုကော်မီတီဝင် ၁၂၀ တို့က လျို့ဝှက်မဲစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ရွေးချယ်ခံရသော အမြဲတမ်း ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ၁၅ ယောက်မှာအောက်ပါအတိုင်းဖြစ်သည်။

၁။  ဒေါ်အောင်ဆန်းစုကြည်

 ၂။  ဦးဥာဏ်ဝင်း

၃။ ဦးဟန်သာမြင့်

၎။ ဦးအုန်းကြိုင်

၅။ ဦးဝင်းမြင့်

၆။ ဦးထွန်းထွန်းဟိန်

၇။ ဒေါက်တာမေ၀င်းမြင့်

၈။ ဦးဝင်းထိန်

၉။ ဒေါက်တာဇော်မြင့်မောင်

၁၀။ ဦးအောင်မိုးညို

၁၁။ ဒေါ်ခင်ဌေးကြွယ်

၁၂ ။ဒေါ်နန်းခင်ထွေးမြင့်

၁၃။ ဦးကျော်ခင်

၁၄။ ဦးညီပု

၁၅။ ဦးမျိုးအောင်

အရံ CEC များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

1.         ဦးမန်းဂျော်နီ

2.         ဒေါက်တာသိန်းလွင်

3.         ဦးအောင်စိုး

4.         ဦးဇော်ဘွဲ

5.         ဒေါ်ဖြူဖြူသင်း

မြစ်မခ




ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့…ပန်းခြံများကိုပြုပြင်မယ်တဲ့

ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့ အပန်းဖြေပန်းခြံတွေကို အဆင့်မြင့်ပြန် လည်ထိန်းသိမ်းပြုပြင်သွားမယ်ဆိုတဲ့ သတင်းကို ဖတ်လိုက်ရလို့ အလွန်ပဲ ၀မ်း သာမိပါတယ်။ အပန်းဖြေပန်းခြံငါးခုကို ပြုပြင်မယ်လို့ မြို့တော်စည်ပင် ပန်း ဥယျာဉ်နဲ့ အားကစားကွင်းဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောတယ်လို့ဆိုပါတယ်။
ဒါဟာဖြင့် အလွန်ဝမ်းသာစရာ ကောင်းတဲ့သတင်းတစ်ခုပါပဲ။ ဒီပန်းခြံ တွေမှာရှိတဲ့ သစ်ပင်ပန်းမန်တို့ကနေ မြို့ နေပြည်သူလူထုအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးများစွာ အထောက်အကူ ပြုမှာပါ။ အခုအခါမှာဆိုရင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကိုပြုလုပ်ဖို့ အလွန်ပဲ လိုအပ်နေပါပြီ။ အခုနှစ်ထဲမှာဆိုရင်ပဲ ရန်ကုန်မြို့မှာ ကားစီးရေက အလွန်များ လာပါပြီ။ သူတို့များလာတာနဲ့အမျှ ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုဟာလည်း အလွန်များနေပါပြီ။ ကာဘွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့နဲ့ တခြားအဆိပ်ဓာတ်ငွေ့ တွေကို ခြေဖျက်ဖို့နဲ့ လေထုသန့်ရှင်း သွားဖို့ဆိုတာ သစ်ပင်ပန်းမန်တွေ စိုက် ထားတဲ့ ဥယျာဉ်တွေ မြို့ထဲမှာရှိဖို့လိုပါ တယ်။
ရန်ကုန်မြို့တော်မှာရှိတဲ့ ဥယျာဉ် ငါးခုကို အဆင့်မြှင့်သွားမယ်ဆိုတော့ ၀မ်းသာမိပါတယ်။ ရန်ကုန်မြို့ဆိုတာ အခုဆိုရင် အဆင့်မြင့်တိုက်တာတွေနဲ့ ကွန်ကရစ်တောကြီးမဟုတ်လား။ ဒီအထဲ မှာ ပန်းဥယျာဉ်ဆိုတဲ့ စိမ်းစိုတဲ့တော အုပ်ကလေးတွေရှိတယ်ဆိုတာ အလွန် ကောင်းပါတယ်။ ကျွန်မမြို့ထဲကိုရောက် တုန်းက မဟာဗန္ဓုလပန်းခြံမှာဆောက် ထားတဲ့ စားသောက်ဆိုင်ခန်းတွေကို ဖျက်နေတာတွေ့ခဲ့ရတယ်။ ပန်းခြံတွေမှာ စားသောက်ဆိုင်တွေရှိတာမကောင်းဘူး။ဘာကြောင့်လည်းဆိုတော့ သူတို့ဆီက စားကြွင်းစားကျန်တွေ အမှိုက်သရိုက်တွေ ဟာ စနစ်တကျမပစ်ကြဘူး။ အမှိုက်တွေ ဟာ ပြန့်ကျဲနေတယ်။ ပန်းခြံနဲ့စား သောက်ဆိုင်နဲ့လည်း မသင့်တော်ဘူး။ သူတို့ရှိတော့ ပန်းခြံကို အပန်းလာဖြေတဲ့ ပြည်သူများဟာ ညှော်နံ့တွေနံမှာဖြစ်ပါ တယ်။ ပန်းခြံထဲက လေထုကိုသန့်ရှင်း အောင်လုပ်ဖို့ဆိုတာ ပန်းခြံထဲမှာ အပင် ကြီးတွေ၊ အပင်လတ်တွေ၊ ပန်းပင်ငယ် တွေ စိုက်ထားဖို့လိုပါတယ်။
ကန်တော်ကြီးဥယျာဉ်နဲ့ပတ်သက်လို့ တော့ ပြောစရာရှိနေပါတယ်။ ကန်တော် ကြီးထဲမှာလည်း စားသောက်ဆိုင်တွေ ဖွင့်ခွင့်ပေးထားတာ အလွန်ဆိုးပါတယ်။ ကန်တော်ကြီးရေဟာ အရင်လို မသန့် ရှင်းတော့ဘူး။ စားသောက်ဆိုင်တွေရဲ့ အနောက်ဘက်မှာ အညစ်အကြေးတွေ ပစ်ထားတာ အများကြီးပဲ။ အထူးသဖြင့် ပေါ်ပေါ်ထင်ထင်မြင်နေရတာကတော့ ပလတ်စတစ်တွေပဲ။ ကျွန်မတို့ရန်ကုန်မှာ ပလတ်စတစ်ကင်းစင်အောင်မလုပ်နိုင်သေး ဘူးဆိုတာ ထင်ရှားနေပါတယ်။ ကျွန်မ ပြည်သူလူထုဟာ အမှိုက်ကို စနစ်တကျ ပစ်တတ်ဖို့ အများကြီး ပညာပေးရဦး မယ်။
ကျွန်မ မကြာခဏ ကန်တော်ကြီး ကို ရောက်ပါတယ်။ ဘာကြောင့်ရောက် ရသလည်းဆိုတော့ ကန်တော်ကြီးမှာ သစ်ပင်ကြီးတွေ အများကြီးရှိနေလို့ဖြစ် ပါတယ်။ စာဖတ်သူနားလည်မလားမသိ ဘူး။ ကျွန်မက သစ်ပင်တွေကို အရမ်း ချစ်တာ။ ကျွန်မခြံထဲမှာလည်း သစ်ပင် တွေ ကျွန်မကိုယ်တိုင်စိုက်ထားတာ။ ခြံရဲ့ အနောက်ဘက်မှာဆိုရင် တောအုပ် ကလေးလိုဖြစ်အောင် ကျွန်မစိုက်ထား တယ်။ ကျွန်မခြံထဲက သစ်ပင်တွေပေါ် မှာ ငှက်ကလေးတွေလာပြီး အသိုက် ဆောက်ပြီးနေကြတယ်။ သူတို့ဟာ မနက်ဆိုရင် ပြန်သွားကြပြီး၊ ညနေဆိုရင် ပြန်လာကြတယ်။ သူတို့ဘာသာဘာဝ အသံကလေးတွေနဲ့ အော်မြည်ပြီး အိပ် တန်းတက်ကြတယ်။ လောကကြီးက ဘယ်လောက်သာယာသလဲ။ သစ်ပင်နဲ့ ကျေးငှက်သာတကာတို့ရဲ့ဆက်သွယ်မှု၊ ““သစ်တစ်ပင်ကောင်းရင် ငှက်တစ် သောင်းနားနိုင်တယ်။ ငှက်တစ်ကောင် ကောင်းရင် အပင်တစ်သောင်းပွားနိုင် တယ်””တဲ့။ သဘာဝအချင်းချင်း အကျိုး ပြုတာကလေးတွေမဟုတ်လား။
လူတွေဟာ သစ်ပင်ရဲ့ တန်ဖိုးကိုမသိလို့ သစ်တောတွေကိုခုတ် လှဲပြီး ရောင်းစားကြတာ။ မိမိရဲ့ အတ္တ လောဘကိုပဲသိတယ်။ လောကကြီး ပျက်စီးသွားမယ်ဆိုတာ မတွက်ကြဘူး။ သစ်ပင်ရဲ့တန်ဖိုးဟာ မြေဆီလွှာတိုက်စား မှု၊ မြေသြဇာကောင်းစေရန်ကာကွယ် ပေးမှု၊ အောက်ဆီဂျင်ထုတ်လွှတ်ပေးမှု၊ လေထုသန့်စင်ပေးမှု၊ ရေကြီးရေလျှံမှု မဖြစ်စေရန် ရေကိုစုပ်ယူထိန်းသိမ်းထား နိုင်မှု၊ အေးမြသည့် အရိပ်ရရှိစေမှုတို့ ဖြစ်ပါတယ်။
သစ်ပင်ကို မချစ်တတ်ဘဲ သစ်ပင် တွေကို ခုတ်လှဲတဲ့အတွက် သစ်တော ပြုန်းတီးမှုတွေ ဖြစ်ပေါ်တယ်။ လူတို့ရဲ့ နေအိမ်တွေနဲ့ သီးနှံစိုက်ခင်းတွေ၊ ရေလွှမ်း ပြီးပျက်စီးတယ်။ ဂေဟစနစ်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် အရှည်တည်တံ့ ဖို့ဆိုတာ တော၊ တောင်၊ ရေ၊ မြေ သဘာဝများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ် စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါ တယ်။
အခုလို ရန်ကုန်မြို့မှာရှိတဲ့ ဥယျာဉ် ပန်းခြံတွေကို ပြုပြင်မယ်ဆိုတာဟာ သဘာဝပတ်ဝန်းကျင်ကို ပြင်တာပဲဖြစ် ပါတယ်။ ““အဓိကကတော့ ပြည်သူတွေ မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ပတ်သက်တဲ့ အမြင်တွေ၊ ဗဟုသုတ တွေ၊ အတွေးအခေါ်တွေရှိမယ်ဆိုရင် နစ်နာဆုံးရှုံးမှုတွေကို ဖယ်ထုတ်နိုင်မှာ ပါ””ပြည်သူတွေက ဒါတွေကို မလေ့လာ ထားဖူးဆိုရင် ထုတ်ပြန်လိုက်တဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွေ နားလည်နိုင်မှာမဟုတ်ဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေရဲ့အလုပ်ပဲလို့ သဘောထားနေရင် ကျွန်မတို့ဆက်ပြီး နစ်နာဖို့ အများကြီးရှိပါတယ်လို့ ဆရာမ ဒေါ်ဒေ၀ီသန့်စင်က ပြောသွားတာပါ။
ပန်းခြံတွေကို ပန်းခြံအင်္ဂါရပ်တွေနဲ့ အညီ ပြင်ပြီးပြီဆိုရင်တော့၊ ပန်းခြံတွေ ကိုပြုပြင်ထိန်းသိမ်းဖို့အတွက် ငွေလိုပါ တယ်။ ဒီတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ တော့ ၀င်ကြေးယူသင့်ပါတယ်။ ခရိုနီတွေ ကို ရောင်းစားပြီး ပြုပြင်ခိုင်းရင်တော့ ၀င်ကြေးတွေမတန်တဆ ပြည်သူဆီက တောင်းပြီး သူတို့အမြတ်ထုတ်မှာပဲ။
ပြည်သူလူထုကလည်း တာဝန်သိ သိနဲ့ ပန်းခြံရဲ့ အလှအပတွေကို မဖျက် ဆီးဖို့လိုပါတယ်။ ကလေးများကစားဖို့ လုပ်ပေးထားတာတွေကိုလည်း တာဝန် သိသိကစားဖို့ မဖျက်ဆီးဖို့၊ ပြည်သူ အတွက် လုပ်ပေးထားတဲ့ ပြည်သူအများ ပိုင်တဲ့ဥစ္စာတွေကိုမဖျက်ဆီးမိဖို့ မိဘနဲ့ ဆရာ၊ ဆရာမတွေကလည်း တစေ့ တစောင်း သင်ကြားပေးဖို့လိုပါတယ်။
အခုလို ရန်ကုန်မြို့ရဲ့ အပန်းဖြေ ပန်းခြံတွေကို ပြုပြင်မယ်၊ အဆင့်မြင့် လုပ်မယ်ဆိုတော့ သစ်ပင်ကြီးတွေ၊ သစ် ပင်လတ်တွေ၊ ပန်းပင်ငယ်တွေ စိုက်ပျိုး မှာဆိုတော့ ဒါဟာ ရန်ကုန်မြို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို စတင်ပြုပြင်လိုက်တာလို့ ပဲ ကျွန်မယူဆပါတယ်။ ဒီဆောင်ရွက်မှု ဟာဖြင့် လူသားတွေအတွက် တကယ့်ကို ကောင်းမြတ်တဲ့ လုပ်ဆောင်ချက်ပဲလို့ ကြည်နူးဝမ်းသာစွာ တင်ပြလိုက်ပါတယ်။
မအေးဆေး
The Hot News

ဒီမိုကရေစီဖော်ဆောင်ရာတွင် ပါဝင်ရမည့်ထင်ရှားသောလက်နက်နှစ်ခု


၁။ လူမှုအဆောက်အအုံပြန်လည်တည် ဆောက်ရေးနှင့်
၂။ ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုရေး
တက္ကသိုလ်စိန်တင်- “လက်ပံတောင်း တောင်ကြေးနီစီမံကိန်းပဋိပက္ခနဲ့ ပတ်သက်  တဲ့ စုံစမ်းရေးကော်မတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်တင်သွင်းတဲ့ အစီရင်ခံစာ အကြောင်း၊ ဘာကြားရသေးသလဲ၊ နိုင်ငံ ရေးသုတေသီ”နိုင်ငံရေးသုတေသီ- “နိုင်ငံတော်သမ္မတ ကြီးဆီတင်သွင်းထာတယ်ဆိုတာပဲ။ ကြား သိရတယ်။ ဘာကြောင့်မေးခွန်းထုတ်တာ လဲဗျ”တက္ကသိုလ်စိန်တင်- “ဒီလိုပါဗျာ၊ ကမ္ဘာ့ သမိုင်းမှာ၊ မော်ကွန်းတင်ရမယ့်၊ ဆိုဗီယက်  ယူနီယံတစ်ပါတီအာဏာရှင်နိုင်ငံကြီးပြို လဲပြီး၊ ဒီမိုကရက်တစ်ရုရှသမ္မတနိုင်ငံ၏  ပေါ်ထွန်းခဲ့ရာမှာ ဆိုဗီယက်သမ္မတ မစ်ခေးလ်ဂေါ်ဘာချက် ကိုင်စွဲခဲ့တဲ့လက်နက် နှစ်ခုကိုသတိရလို့ပါဗျ”နိုင်ငံရေးသုတေသီ- “၇၅ နှစ်ကြိမ်များ တောင်၊ တည်တံ့ခဲ့တဲ့ ဆိုဗီယက်ကွန်မြူ  နစ်တစ်ပါတီအာဏာရှင်စနစ်ဆိုးကြီးပြိုလဲ ခဲ့ရာမှာ သမ္မတဂေါ်ဘာချက် ဘာလက် နက်များကိုင်စွဲခဲ့လို့လဲ”တက္ကသိုလ်စိန်တင်- “သူတို့ရုရှဘာသာ စကားနဲ့ ပြောရရင်တော့။ (၁) ပယ်ရယ် စထရွိုက်ကာနဲ့ (၂) ပလပ်စနော့ လို့ခေါ် တယ်။ မြန်မာဘာသာပြန်ဆိုရရင်၊ (၁) လူမှုအဆောက်အအုံပြန်လည်တည်ဆောက် ရေးနဲ့ (၂) ပွင့်ပွင့်လင်းလင်းဝေဖန်ပြော ဆိုရေးပဲဗျ”နိုင်ငံရေးသုတေသီ- “ဆိုဗီယက်သမ္မတ ဂေါ်ဘာချက်ဟာ အမှန်ဆိုရရင်၊ နွံထဲက  ကြာပဲဗျ၊ ဆိုဗီယက်ပြည်ထောင်စုပြည်သူ တွေ အမဲသားတစ်တုံး အာလူးတစ်လုံး၊ ဂျုံမှုန့်တစ်ပေါင်ရဖို့နာရီပေါင်းများစွာ နေပူထဲမှာတန်းစီစောင်းဆိုင်းဝယ်ယူရတဲ့ ဘ၀ကို ကယ်တင်လွတ်မြောက်စေခဲ့တဲ့  တကယ့်သူရဲကောင်းပါပဲဗျ။ ကြုံကြိုက် တုံးမှာ ဆိုဗီယက်သမ္မတဂေါ်ဘာချက်နဲ့ သူကိုင်စွဲတဲ့ နိုင်ငံရေးလက်နက်အကြောင်း  ကြားချင်တယ်ဗျာ”တက္ကသိုလ်စိန်တင်- “ကြားချင်ရင်နားဆင်  ပါဗျာ။ ဒီကနေ့ မြန်မာနိုင်ငံတော်ကြီးရဲ့ ဒီမိုကရေစီဖော်ဆောင်နေသူတွေ ဆင်ခြင် နှိုင်းဆဆောင်ရွက်နိုင်ကြအောင် ပြောပြ ချင်လှပါတယ်”
နောင်အခါတွင် တစ်ပါတီကွန်မြူနစ်နိုင်ငံကြီးဘ၀မှ ဆိုဗီယက်ပြည်ထောင်စု နိုင်ငံသားတို့အား နိုင်ငံရေးလက်နက်ကြီး  နှစ်လက်ကိုင်စွဲကာ ကယ်တင်ရှင်ဖြစ်လာ သေ၍ မစ်ခေးလ်၊ ဂေါ်ဘာချက်ကို ၁၉၃၁ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

မစ်ခေးလ်ဂေါ်ဘာချက်ကို ရုရှပြည် ထောင်ပိုင်းစတာဗရိုဗိုမြို့မှ (၁၂၅) မိုင် ဝေးကွာသည့်၊ ပရီဗိုရိုနီရွာကလေးတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူ၊ ဆာဂေသည်၊ စပါးရိတ်သိမ်းစက်မောင်း နှင်သူဖြစ်သည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီ  ၀င်ဖြစ်သည်။ မိခင်မာရီယာသည်။ ရုရှ  အော်သိုဒေါစ်ခရစ်ယာဉ်ဘာသာဝင်ဖြစ်သည်။ ကွန်မြူနစ်ပါတီဝင်မဟုတ်။ ပါတီဝင်တို့ သည် ဘာသာတရားကိုးကွယ်သူမရှိစေရ။  ဂေါ်ဘာချက်အသက် (၁၅) နှစ် အရွယ်  တွင် ဖခင်ဖြစ်သူနှင့် လယ်ယာလုပ်ငန်းခွင် သို့အတူလိုက်ဝင်သည်။ ဖခင်နှင့်အတူ ဖခင်သင်ပေးသည့်ကွန်ဘိုင်းခေါ်စပါးရိတ် သိမ်းစက်ကို ကျွမ်းကျင်စွာမောင်းနှင်တတ်  သည်။

ဂေါ်ဘာချက်သည် တက်ကြွသော လယ်ယာလုပ်သားဖြစ်ခဲ့၍ အသက် (၁၈) နှစ်တွင် Red Banner of Labour ဟု ခေါ်သော  လယ်ယာစံပြလုပ်သားဆုရရှိသည်။ ဂေါ်ဘာချက်၏ပညာရေးကို ကွန်မြူနစ်  ပါတီက ချီးမြှောက်အားပေး၍ မော်စကို တက္ကသိုလ်မှ ၁၉၅၅ ခုနှစ်တွင် ဥပဒေဘွဲ့ ရသည်။ တက်္ကသိုလ်ဘွဲ့ရ ဂေါ်ဘာချက်  ကို ဆိုဗီယက်လူငယ်တပ်ဦး “ကွန်ဆိုမို” တွင် အရာရှိအဖြစ်ခန့်အပ်ခံရသည်။

ဆိုဗီယက်ပြည်ထောင်စုအာဏာရှင်    ခေါင်းဆောင်များတစ်နှစ်လျှင်တစ်ယောက်  တစ်ဦးပြီးတစ်ဦး၊ ကွယ်လွန်အနိစ္စရောက် ခဲ့ရခြင်းသည်။ တက်ကြွသောကွန်မြူနစ်  လူငယ်၊ မစ်ခေးလ်ဂေါ်ဘာချက်တိုင်းပြည်   ခေါင်းဆောင်ဖြစ်ရန် ပန်းခင်းလမ်းဖြစ် တော့သည်။

ဆိုဗီယက်ကွန်မြူနစ်ပါတီအတွင်းရေး မှူးချုပ်၊ လီယိုနတ်ဆရက်ဇနက်သည်။ ၁၉၈၂ ခုနှစ်တွင်လည်း ကောင်း/သူ့ရာ ထူးကိုဆက်ခံသော၊ ယူရီအင်ဒရိုပေါ့သည်။  ၁၉၄၈ ခုနှစ်တွင်လည်းကောင်း၊ ထိုရာထူး ကိုပင်ဆက်ခံသူ ချာနှင်ကိုသည် ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ ရောဂါဝေဒနာ  အသီးသီးဖြင့် ကွယ်လွန်သွားခဲ့ကြရာ ဆိုဗီယက်ပြည်သူတို့ကို နိုင်ငံတော်သစ်ဆီ  သို့ အချိန်မီကယ်တင်ခေါ်ဆောင်သွားမည့် လယ်ယာစက်မောင်းသမားဟောင်းဥပဒေ  ပညာရှင်၊ မစ်ခေးလ်ဂေါ်ဘာချက်သည် ၁၈၈၅ ခုနှစ်တွင် ဆိုဗီယက်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်ဖြစ်လာလေသည်။

ဆိုဗီယက်ခေါင်းဆောင်ဂေါ်ဘာချက်   သည်မိမိ၏ နှလုံးသည်းပွတ်တွင် သိုမှီးသိမ်း  ဆည်းထားခဲ့သော တိုင်းပြည်လက်နက် နှစ်လက်ကို ရင်ဝယ်ပိုက်၍ ၁၉၈၅ ခုနှစ်  ဧပြီလ ဆိုဗီယက်ကွန်မြူနစ်ပါတီမျက်နှာ စုံညီအစည်းအဝေးသို့တက်လာသည်။ ဂေါ်ဘာချက်ကိုင်စွဲလာသော ပထမလက်  နက်မှာ ပယ်ရယ်စတာရွိုက်ကာခေါ် “လူ မှုအဆောက်အအုံပြန်လည်တည်ဆောက် ရေး”ဖြစ်သည်။ ကွန်မြူနစ်ပါတီမျက်နှာစုံ ညီအစည်းအဝေးတွင် အထွေထွေအတွင်း  ရေးမှူးချုပ်ဂေါ်ဘာချက်က နိုင်ငံဖွံ့ဖြိုးရေး အတွက်ရှေ့ခရီးတွင် အပေါ်ယံကြော ဖာထေးပြင်ဆင်မှုများဖြင့်မပြီးကြောင်း နိုင်ငံတော်အား လုံးထုဿုံပြန်လည်ပြုပြင်  တည်ဆောက်ရေးကိုသာ အားပြုရတော့ မည်ဆိုသည့်မဟာဗျူဟာကို တင်ပြဆွေး နွေးသည်။

ဂေါ်ဘာချော့တင်ပြသော မဟာဗျူ  ဟာသစ်ကို ပါတီကိုယ်စားလှယ်များက  ခါးသည်သော်လည်း အားမာန်အပြည့်ဖြင့်  ဝေဖန်အကဲဖြတ်ပြောဆိုခွင့်ရကြသည်။ ယခင်ကလို ရာဘာတံဆိပ်တုံးထုညီလာ ခံမဟုတ်ဘဲ။ စိတ်ထဲတွင် ပေါ်ထင်ရာကို ရဲဝံ့စွာဝေဖန်တင်ပြနိုင်ခွင့်ရကြသည်။ ယင်းသည်ဂေါ်ဘာချက်၏ ဒုတိယလက်နက်   ဂလက်စနော့ခေါ်ပွင့်လင်းရဲတင်းစွာဝေဖန် နိုင်ခွင့်ဖြစ်သည်။

ဂေါ်ဘာချက်၏ ထက်မြက်သော   အတွေးအခေါ်လက်နက်နှစ်ခုသည် ဆိုဗီယက်ပြည်သူတို့၏ နှလုံးသားထဲစိမ့် ၀င်သွားသည်။ ပြိုကွဲလျော့လျဲနေသော တို့နိုင်ငံတော်ကို တို့ကအမြစ်ကစပြီးတည် ဆောက်ရမှာပါလား။ တို့ရင်ထဲကဆန္ဒကို တို့ကရဲရဲဝံ့ဝံ့လှုပ်ရှားဖော်ထုတ်ဝေဖန်ပြော ဆိုရမျာပါလားဟုသိနားလည်ကြလေပြီ။ အတွေးအမြင်သစ်များကို ပိုင်ဆိုင်ထားကြ  ပြီးဖြစ်သော ဆိုဗီယက်ပြည်သူတို့သည် ဆိုဗီယက်ကွန်မြူနစ်ပါတီခေါင်းဆောင် (ဗိုလ်ချုပ်အောင်ဆန်းစကား၊ ငှားသုံးရ လျှင်) စားဖားလူမိုက်ကြီးများကို ကြည့်ပြီး၊  အော့နှလုံးနာနေကြပြီ။ သို့သော် အချိန်အခါမကျသေး၍ “နေသေးသပ၊ ချုံထဲက ချိုသွေးသပတမြမြ”ဖြစ်နေကြ သည်။

ဆိုဗီယက်ကွန်မြူနစ်ပါတီခေါင်းဆောင် စားဖားကြီးများကလည်း ဆိုဗီယက်သမ္မတ မစ်ခေးလ်ဂေါ်ဘာချက်၏ “ပယ်ရစတရွိုက် ကာနှင့် ဂလက်စနော့” လက်နက်၏မြား  ဦးသည်၊ မကြမီငါတို့ ရင်ဘတ်တည့်တည့် ချိန်ရွယ်တော့မည်။ တို့တတွေ၊ စားခွက် ပျောက်ရချည်ရဲ့ဟု တွေးတောထိတ်လန့်  ပြီး (၁၉.၈.၁၉၉၁)နေ့တွင် စစ်တပ် လက်နက်ကိုင်အာဏာဖြင့် ဆိုဗီယက် သမ္မတဂေါ်ဘာချက်ကို အကျယ်ချုပ်ချ၊ ဖမ်းဆီးအာဏာသိမ်းပွဲ၊ ပေါ်ပေါက်ခဲ့သည်။  ထို့နောက် ထို့နောက် ပေါ်ပေါက်လာ သောအခွင့်အလန်းစောင့်နေသည့် ဆိုဗီ ယက်ယူနီယံပြည်သူ ခု၊ ဆယ်ရာ၊ ထောင်၊  သောင်း၊ သိန်း၊ သန်း၊ ကုဋေတို့သည် ဒီမိုကရေစီသူရဲကောင်းရုရှသမ္မတ၊ ဘောရစ်ယဲ့ဆင် ၏ ခေါင်းဆောင်မှုကိုခံ  ယူကာ မော်စကိုမြို့တော်လမ်းများပေါ် သို့ထွက်လာကြတော့သည်။ အာဏာသိမ်း   ဆိုဗီယက်စစ်ဗိုလ်ချုပ်ကြီးတို့ မော်စကို အကျဉ်းထောင်သို့ဝင်ဆိုဗီယက်ပြည်ထောင်  စုကြီးပြိုကွဲ၊ ဒီမိုကရေစီလမ်းထဲတွင် ပျော်ရွှင်နေသောပြည်သူတို့ကခုန်မြူးထူး နေကြပြီ။

နိုင်ငံရေးသုတေသီ- “ဒီမိုကရေစီတည် ဆောက်မှုမှာ ပွင့်လင်းမြင်သာတဲ့ ဝေဖန် မှုအရေးကြီးသဗျ”တက္ကသိုလ်စိန်တင်- “လေ့လာ၊ စံပြု၊ နည်းယူကြရမယ့်၊ ဒါကမ္ဘာ့သမိုင်းတစ်ကွက်  ပေပဲ”။
တက္ကသိုလ်စိန်တင်
The Hot News

ဘဏ်အချို့တွင် ငွေစက္ကူအတုများ လက်ခံရရှိနေသေည်လည် စီးပွားရေးလောကအတွင်း၌ လည်ပတ်သုံးစွဲနေမှုများ ရှိနိုင်ကြောင်း ဘဏ္ဍာ/အခွန် ဒုတိယဝန်ကြီးပြောကြား

ရန်ကုန်မြို့ရှိ ဘဏ်တစ်ခုတွင် ငွေစက္ကူ ငါးထောင်ကျပ်တန်များကို စစ်ဆေးနေစဉ်


ငွေကြေး အတုအစစ် ခွဲခြားသည့် စက်များဖြင့် ကြပ်မတ်ဆောင်ရွက်လျက် ရှိသော်လည်း ဘဏ်အချို့တွင် ငွေစက္ကူ အတုများ လက်ခံရရှိနေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ စတင်ထုတ်ဝေသည့် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအထိ ကာလအတွင်း ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု စုစုပေါင်း ကျပ်သိန်း ၂၀၀ နီးပါး စစ်ဆေးလက်ခံ ရရှိခဲ့ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဆက်လက်ပြောကြားခဲ့သည်။

ကျပ် ၅၀၀၀ တန်များ စတင်ထုတ်ဝေသည်မှ သုံးနှစ်ကျော်ကာလအတွင်း ၃၇၅၈ ရွက် တန်ဖိုးကျပ် ၁၈,၇၉၀,၀၀၀ စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ကျပ် ၅၀၀၀ တန် အတုများသည် ဘဏ်များတွင် မလည်ပတ်သော်လည်း စီးပွားရေး လောကအတွင်း၌ လည်ပတ်သုံးစွဲမှုများ ရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

"ကျပ် ၅၀၀၀ တန် အတုတွေကို မြန်မာနိုင်ငံအတွင်းက ဘဏ်တွေမှာ မလည်ပတ်နိုင်စေဖို့အတွက် ငွေကြေးဆိုင်ရာ စည်းမျဉ်းများ လုပ်ထုံးလုပ်နည်းတွေနဲ့ ငွေစက္ကူ အတုအစစ် ခွဲခြားတဲ့ စက်တွေနဲ့ပါ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါတယ်။ ဘဏ်တွေမှာ ငွေစက္ကူ အတုများ လက်ခံရရှိနိုင်ပေမယ့် လည်ပတ်သုံးစွဲနိုင်လောက်တဲ့ အရေအတွက်တော့ မရှိနိုင်ပေမယ့် စီးပွားရေးလောကမှာတော့ လည်ပတ်နေနိုင်ပါတယ်" ဟု ဒုတိယ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျပ် ၅၀၀၀ တန် ငွေစက္ကူ စတင်ထုတ်ဝေချိန်မှ သုံးနှစ်ကျော်ကာလအတွင်း ၎င်းငွေစက္ကူအတု အရွက် ၄၀၀၀ နီးပါး (တန်ဖိုးအားဖြင့် သိန်း ၂၀၀ ခန့်) စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့ရုံးသို့ ပေးပို့အပ်နှံခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ဘဏ်ကို လွန်ခဲ့တဲ့ တစ်ပတ်လောက်က အမျိုးသားတစ်ဦး ငွေလာအပ်တုန်းက ၅၀၀၀ တန်အတု ငါးရွက် ပါလာတယ်၊၊ သေချာစစ်ဆေးလိုက်တော့ အတုပါလာမှန်း သိရတယ်။ အတုနဲ့အစစ်က တော်တော်လေးတူတယ်။ စက္ကူသား၊ ရေစာရယ် ငွေကြိုးပေါ်က စာသားတွေကိုပဲ ကြည့်ပြီး ခွဲလို့ရတယ်။ သုံးစွဲသူကလည်း အတုမှန်းမသိလို့ ဘဏ်ကိုလာအပ်တာပါ။ ကျွန်မတို့ဘဏ်က လုပ်ထုံးလုပ်နည်းအတိုင်း ရောက်လာသမျှ ငွေစက္ကူအတုတွေကို ဖျက်ဆီးပစ်ပါတယ်" ဟု ရိုးမဘဏ် ငွေလက်ခံကောင်တာမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် ငွေကျပ်ငါးထောင်တန် အတုများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် မိုးမောက်မဲဆန္ဒနယ်မှ ဦးဇော်ထွန်းက အဆိုတင်သွင်းခဲ့ဖူးသည်။

"ပြည်တွင်းက ဘဏ်တွေမှာ ၅၀၀၀ တန် အတုတွေများ လည်ပတ်နေပြီလား ဆိုတာကို စဉ်းစားမိတယ်။ ဒီကိစ္စက အမှန်တကယ်ဖြစ်နေမယ်ဆိုရင် ပြည်သူတွေကြားမှာ ဘယ်လောက်ထိ ဖြစ်နေပြီလဲ။ ကျွန်တော့်ဆီကို ၅၀၀၀ တန် ရောက်လာပြီး တခြားနေရာမှာ သွားသုံးလို့ရရင် မိမိအနေနဲ့ အစစ်လို့သာ ထင်မြင်ကြောင်း ယူဆပါတယ်။ လုပ်ထုံးလုပ်နည်းအရဆိုရင် ကျပ်ငွေအတုကို တွေ့ရှိပါက ကိုင်ဆောင်လာသူကို စုံစမ်းစစ်ဆေးခြင်း၊ ကျပ်ငွေကို အမှတ်အသား လုပ်ခြင်း၊ ဆုတ်ဖြဲခြင်းတို့ကို ပြုလုပ်ရပါတယ်" ဟု လွှတ်တော်တွင် ဦးဇော်ထွန်းက ပြောသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်တွင် ငွေစက္ကူ အရေအတွက် တန်ဖိုးပမာဏမှာ ကျပ် ၂၈၀၀ ဘီလျံကျော်ရှိကြောင်း သိရသည်။Eleven Media Group

သာပေါင်းမြို့နယ်မှာ လယ်သမားသမဂ္ဂ ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ လယ်သမား (၄၆) ဦး ပါဝင်တဲ့ သမဂ္ဂအဖွဲ့ကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဒီဒေသမှာ သိမ်းဆည်းခံနေရတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိရေးအတွက် အခုလို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ လယ်သမားသမဂ္ဂရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးမင်းထွန်းက ပြောပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ သာပေါင်းမြို့နယ် လယ်သမားသမဂ္ဂမှာ ကျေးရွာအုပ်စု(၁၂)စုက လယ်သမားတွေ ပါဝင်ပါတယ်။

အဲဒီဒေသမှာ လယ်ဧကပေါင်း သုံးရာကျော် ကို ၁၉၉၉ ခုနှစ်ကတည်းက ဧရာရွှေဝါ ကုမ္ပဏီက သိမ်းယူခဲ့ပြီး နောက်ပိုင်း တောင်သူတွေ စိုက်ပျိုးခွင့် မရတော့တဲ့အတွက် ဒီလယ်တွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်ကို စာရေးသားတင်ပြထားတယ်လို့ သိရပါတယ်။RFA Burmese

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့ ရုတ်တ ရက်ကြုံခဲ့ရပါတယ်။ ဂျက်ဖ်ဘုရှ်ဟာ မိသားစုဝင်ငါး ဦးနဲ့အတူ တစ်အိမ်တည်းအတူနေ သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသပ တေးနေ့ည ဒေသစံတော်ချိန် ၁၁ နာရီလောက် ဂျက်ဖ်ဘု့ရှ်တစ်ဦး တည်း သူ့အိပ်ခန်းအတွင်းရှိ နေချိန် မှာ အိမ်ကိုကားဝင်တိုက်လိုက်သလို ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ဂျက်ဖ်ဘုရှ်ရဲ့ အော်ဟစ်သံကို ကြား လိုက်ရပါတယ်။ အစ်ကိုဖြစ်သူရဲ့ အော်ဟစ် အကူအညီတောင်းခံသံကြားလိုက်ရ တဲ့ ညီဖြစ်သူ ဂျယ်ရီဘု့ရှ်ဟာ အစ် ကိုဖြစ်သူရဲ့ အိပ်ခန်းအတွင်း ပြေး ဝင်လိုက်တဲ့အခါ မြင်တွေ့ရတဲ့မြင် ကွင်းကြောင့် ခဏတာကြက်သေ သေသွားခဲ့မိတယ်။
အိပ်ခန်းနေရာမှာ ဧရာမကျင်း ကြီးဖြစ်နေပြီး သူ့အစ်ကိုရဲ့ အိပ်ရာ ကလွဲလို့ ဘာမှမရှိတာ့ပါဘူး။ ဂျယ်ရီ လည်း ဘာမှစဉ်းစားမနေတော့ဘဲ တွင်းထဲခုန်ချပြီး မြေကြီးကိုတူးယက် ရှာပေမယ့် အစ်ကိုဖြစ်သူကို လုံးဝ ရှာမတွေ့ရတော့ပါဘူး။
အကျယ်၃ဝ ပေလောက်ရှိတဲ့ မြေကျွံတွင်းထဲကို ဝင်ရောက်ဖို့ အန္တရာယ် များလွန်းတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ဂျက်ဖ်ဘု့ရှ်ပျောက်ဆုံးပြီး သုံးရက်အကြာမှာ ဆက်လက်ရှာဖွေ ဖို့ လက်လျှော့လိုက်ရပါတယ်။
ဂျက်ဖ်ဘု့ရှ်ရဲ့ မိသားစုနဲ့ သူတို့ အိမ်ဘေးတစ်ဖက်တစ်ချက် နေအိမ်တွေက နေသူတွေလည်း သူတို့အိမ်တွေမှာ ဆက်မနေရဲတော့လို့ ပြောင်း ရွှေ့နေကြရတယ်လို့ဆိုပါတယ်။
ဆက်ပ်နာမြို့ဝန်းကျင်ဟာ ဘူမိ ဗေဒမြေအနေအထားကြောင့် မြေ ကျွံတွင်းတွေဖြစ်ပေါ်လေ့ရှိပေမယ့် အခုလို ဘာအရိပ်အယောင်မျှမပြဘဲ လူတစ်ယောက်ကို ရုတ်တရက် မြေကြီးထဲ ပျောက်ကွယ်သွားစေတဲ့ ဖြစ်ရပ်မျိုး ယခင်က မကြုံခဲ့ရဘူးလို့ဆိုပါ တယ်။
REF: AFP, The Myanmar Post News Journa

NLD ညီလာခံဒုတိယနေ့ ဒေါ်စုမိန့်ခွန်းပြော


NLD ပထမဆုံးညီလာခံတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
NLD ပထမဆုံးညီလာခံတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
 
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့မိန့်ခွန်းထဲမှာ ဘာတွေပြောသွားတယ် ဆိုတာနဲ့၊ ပြောသွားတဲ့ အထဲမှာ အဓိကကျမယ်လို့ထင်ရတဲ့ အချက်တချို့ကို ကောက်နုတ်တင်ပြရရင်တော့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်ကာလအတွင်း NLD ပါတီအနေနဲ့ ဗဟိုဦးစီးစနစ်ကျင့်သုံးခဲ့ရတဲ့အတွက် နားလည်မှု လွဲမှားခဲ့တာတွေ ရှိကောင်းရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါဟာ NLD ပါတီမှာ ဗဟိုဦးစီးစနစ် ကျင့်သုံးခဲ့ဖူးတယ်ဆိုတာကို ပါတီခေါင်းဆောင်တယောက် ပထမဦးဆုံးအကြိမ် ၀န်ခံပြောဆိုခြင်းဖြစ်ပါတယ်။

အခုအခါမှာ အခြေအနေပွင့်လင်းလာတဲ့အခါ နေရာလုတာတွေ ရှိလာတယ်လို့ကြားရတဲ့ အတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါလို့လည်း သူက တိုက်တွန်းသွားပါတယ်။ NLD ပါတီကို တည်ထောင်ခဲ့စဉ်တုန်းက ပြည်သူကိုပေးခဲ့တဲ့ ကတိတွေကို သွေဖီမသွားဖို့ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်။

ပါတီဝင်တွေကို စည်းရုံးတဲ့အခါမှာ၊ လူထုကို စည်းရုံးတဲ့အခါမှာ ရိုးရိုးသားသား စည်းရုံးပါ။ လူပါရင်ပြီးရောလုပ်ရင် ပါတီရဲ့ မူလရည်ရွယ်ချက်ကို သွေဖီသွားနိုင်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။ မတူကွဲပြားမှုရှိတဲ့ အစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြီး ဖြစ်တာကြောင့် မတူကွဲပြားမှုတွေကို နားလည် လက်ခံနိုင်ဖို့ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။

အခု ပါတီခေါင်းဆောင်သစ်တွေ ရွေးချယ်ပြီးတဲ့ကာလမှာ ဒီခေါင်းဆောင်သစ်တွေ အနေနဲ့ စမ်းသပ်ကာလတရပ်ကို ဖြတ်သန်းရဦးမှာဖြစ်တယ်လို့ဆိုပါတယ်။ မူလရည်ရွယ်ချက်နဲ့ သွေဖီ မသွားဖို့ အရေးကြီးတယ်လို့ ပြောသွားပါတယ်။ အထူးသဖြင့် ပါတီဒုက္ခအရောက်ဆုံးကာလ၊ စစ်အစိုးရလက်ထက်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုအသီးသီးနဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ကာလတွေမှာ မဟာမိတ်အဖြစ် ရပ်တည်ပေးခဲ့တဲ့ တိုင်းရင်းသားတွေကို ကျေးဇူးတင်တဲ့အကြောင်းကိုလည်း အထူးတလည် ပြောသွားပါတယ်။

ပါတီညီလာခံမှာ မမြင်ဖူးခဲ့တဲ့ ပါတီကြီးတွေကိုလည်း ကြိုဆိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဘယ်ပါတီကြီးတွေ ဆိုတာကိုတော့ နံမည်နဲ့တကွ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပါဘူး။ NLD ပါတီရဲ့ အခုညီလာခံဟာ အကြီးမားဆုံးနဲ့ ပထမအကြိမ် ကျင်းပတဲ့ညီလာခံဖြစ်ပါတယ်။
VOA Burmese Fan Page  

ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေတို့ကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တရားဝင်လဲလှယ်ခွင့်ပေးရန် ဧပြီလ မတိုင်မှီ ခွင့်ပြုရန် ဆောင်ရွက်လျက် ရှိကြောင်း

မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေ စသည်တို့ကိုသာ တရားဝင်လဲလှယ်ခွင့်ပေးထားပြီး ယခုအခါ ၎င်းငွေကြေးများနည်းတူ ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေတို့ကို တရားဝင်လဲလှယ်ခွင့် ပေးသွားရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။

“တရားဝင်လဲလှယ် အသုံးပြုနိုင်ဖို့အတွက် လုပ်ရတာပါ။ အဓိကကတော့ နယ်စပ်တွေမှာ သုံးနေတာတွေ ရှိတာမှာ တရားဝင် လဲလှယ်ခွင့်မရှိသေးတော့ ဈေးနှိမ်တာတို့ တခြား မသမာမူတွေ ဖြစ်နေတယ်။ မြ၀တီနဲ့ တာချီလိတ်မှာဆို မြန်မာကျပ်ထက် ဘတ်ငွေတွေ၊ ယွမ် ငွေတွေ ပိုသုံးတယ်။ တရားဝင် လဲလှယ်ဖို့ ခွင့်မပြုထားတော့ ဈေးကနှိမ်ပြီး လဲလှယ် ခံနေရတာပေါ့။ ဒီအတွက် တရားဝင်လဲလှယ်ခွင့် ပေးသွားဖို့ စီစဉ်နေတာပါ ”ဟု ဗဟိုဘဏ် ငွေကြေးလဲလှယ်သုံးစွဲရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တရားဝင် လဲလှယ်ခွင့် မရသေးသည့်အတွက် လက်ရှိတွင် အဆိုပါငွေကြေးနှစ်ခု၏ ပေါက်ဈေးမှာ လဲလှယ်ပေးသူ အေးဂျင့်များ၏ ပါးစပ်တွင်သာရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံနှစ်ခုဖြစ်ခြင်းကြောင့် ငွေလဲလှယ်မှုတွင် တရားဝင် လဲလှယ်ခွင့် ရှိသင့်ကြောင်း သွင်းကုန်လုပ်ငန်းရှင်တဦးကလည်း ပြောသည်။

“မြ၀တီမှာက ဘတ်ငွေပဲ သုံးတာ များတယ်။ ဆိုင်ကြီး၊ စတိုးဆိုင်တွေကနေ ဆိုက္ကားသမားထိ ဘတ်ငွေပဲ ကိုင်တယ်။ ကျပ်ငွေနဲ့ ဘတ်ငွေ လဲလှယ်တာမှာ ကျပ်ငွေဆို ဘယ်ဈေးနဲ့ဖြတ်လည်း အတိအကျ မရှိတော့ မသိဘူး။ လဲပေးတဲ့သူ အပြောပဲ။ ဘတ် ၁၀၀ ဖိုးလဲရင် အနည်းဆုံးတော့ ၁၅၀၀ နဲ့ ၂၀၀၀ ကြား ပိုပေးရတယ်”ဟု မြ၀တီမြို့၊မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားအနီး ရွှေအင်းလေး လက်ဘက်ရည်ပိုင်ရှင် ကိုဇော်ဇော်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံပိုင် ဘဏ် ၄ ခု ရှိပြီး ပုဂ္ဂလိက ဘဏ် ၁၉ ခုနှင့် နိုင်ငံပိုင် ဘဏ် ၃ ခုတွင် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကြေးများ တရားဝင် လဲလှယ်ခွင့် ပြုထားပြီး ယခု ဘတ်ငွေနှင့် ယွမ်ငွေ လဲလှယ်ခွင့်ကိုလည်း အထက်ပါ လုပ်ကိုင်ခွင့်ရဘဏ်များ အတိုင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ နိုင်ငံခြား ငွေလဲလှယ်မှုကို တရားဝင် ခွင့်ပြုခဲ့ပြီး လဲလှယ်မှုနှုန်းထား အမျိုးမျိုးဖြစ်နေရာမှ ဈေးကွက်တခု ဖန်တီးကာ floating  rate အဖြစ် သတ်မှတ် အကောင်အထည်ဖော်ခဲ့သည်။The Irrawaddy (Burmese Version)

ညီလာခံနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ကျင်းပ

9 Mar, 2013
မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ အန်အယ်ဒီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ညီလာခံနှင့် ပတ်သက်သော  သတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီမှာပင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဦးအုန်းကြိုင်က မတ်လ ၈ ရက်နေ့က ညီလာခံအကြိုအဖြစ် ပြုလုပ်ကျင်းပခဲ့ပြီး    ပြည်နယ်နှင့်  တိုင်းအသီးသီးမှ တက်ရောက်လာသော ဗဟိုညီလာခံကိုယ်စား

လှယ်များမှ ဗဟိုကော်မတီဝင်( CC) ၁၀၀ ဦးကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း၊ ယနေ့တွင် ကျန်ရှိသော ဗဟို ကော်မတီဝင် ၂၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ၃၀ ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း ပြောကြားသည်။

ဗဟိုကော်မတီဝင် ၁၂၀ က ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ဖို့အတွက် မဲပေးခွင့်ရှိတယ်၊ အရံ ကော်မတီဝင် ၃၀ ဦးကတော့ မဲပေးခွင့်မရှိပါဘူး`ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ မနက်ဖြန်လာမည့် မတ်လ ၁၀ ရက်နေ့ ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ မူဝါဒသစ်ကို ညီလာခံမှာ တင်ပြသွားမယ်၊ စည်းကမ်းပိုင်းဆိုင်ရာကိစ္စတွေကိုလည်း မူဝါဒ သစ်အတိုင်း ဗဟိုအလုပ်အမှုဆောင်အသစ်က ဆောင်ရွက်သွားမှာ

ဖြစ်တယ်`ဟု ဦးအုန်းကြိုင်က ပြောသည်။ ထို့ပြင် ညီလာခံသက်တမ်းကိုလည်း မနက်ဖြန်ကျင်းပမည့် ညီလာခံတွင် သတ်မှတ်သွားကြမှာ ဖြစ်ကြောင်း သိရှိရသည်။

ယနေ့တက်ရှိလာသော ညီလာခံကိုယ်စားလှယ်ပေါင်း ၈၇၆ ဦးရှိပြီး၊ အန်အယ်ဒီပါတီသည် တနိုင်ငံလုံး အားဖြင့် ပါတီဝင် အင်အား ၁၃ သိန်းကျော်ခန့်ရှိကြောင်း ဦးအုန်းကြိုင်က ပြောကြားခဲ့သည်။ Myit Makha Mediagroup

ညီလာခံမှာ ဒုတိယ နေ့ DVB TV News

သုံးရက်အကြာကျင်းပတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဒုတိယ နေ့မှာ ဗဟိုကော်မတီဝင် ၂၀ နဲ့ အရံ ၃၀ ရွေးချယ်။DVB TV News

တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များအားလုံး စလစ်မလိုပဲ တင်သွင်းခွင့်ပြု

ရန်ကုန်၊ မတ် ၈
၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း တံခါးနှစ်ပေါက်ပါ ပစ်ကပ်ယာဉ်များ အားလုံးကို လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ကာ တင်သွင်းခွင့် ပြုသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တံခါးနှစ်ပေါက်ပါ ပစ်ကပ် ယာဉ်များ အားလုံးကို လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်လိုက်သဖြင့် Hilux, Extra Cab စသည့်တံခါးနှစ်ပေါက် ပစ်ကပ်ယာဉ်များကို လုပ်ငန်းသုံး ယာဉ်များ အခွန်ဆောင်ရသည့်နှုန်း အတိုင်း ကုန်သွယ်ခွန်နှင့် က.ည.န ခွန် စုစုပေါင်း တင်သွင်းလာသောကား CIF တန်ဖိုး၏ ၈ ရာခိုင်နှုန်းသာ အခွန်ဆောင်ရ မည်ဖြစ်သည်။

ယခင်က Light Truck ယာဉ်များနှင့် အခြားလုပ်ငန်းသုံး ယာဉ်များကိုသာ လုပ်ငန်းသုံးယာဉ် အဖြစ် သတ်မှတ်ကာ Hilux ကားများကိုမူ ယာဉ်အိုဟောင်း အပ်နှံစနစ်ဖြင့် တင်သွင်းခဲ့ရခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် မေလတွင် ၂၀၀၇ ခုနှစ်အထက် အိမ်စီးယာဉ်များ ကိုသာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်၍ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် စလစ်မလိုဘဲ တင်သွင်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။The Voice Weekly

NLD မှာ ဗဟိုဦးစီးစနစ် ကနေ ဒီမိုကရေစီ ပြောင်းပြီ

 NLD ပါတီ အတွင်း အာဏာ နေရာ လု နေတာ တွေ
ရှိနေတယ် ဆိုတာ ကိုလည်း သူက ဝန်ခံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်NLD ဟာ အရင်တုန်းက အခက်အခဲ တွေနဲ့ ရင်ဆိုင် ဖြတ်သန်း ခဲ့ရတာ ဖြစ်လို့ ဗဟို ကနေသာ အဓိက ဦးစီး ဆောင်ရွက် ခဲ့ရာ ကနေ အခုတော့ ဒီမိုကရေစီ နည်းကျ ပြောင်းလဲ ဆောင်ရွက်ပြီ ဖြစ်ကြောင်း ပါတီ ဥက0x081ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

၂၅ နှစ် အတွင်း ပထမဆုံး ပြုလုပ်နိုင် ခဲ့တဲ့ နိုင်ငံလုံး ဆိုင်ရာ NLD ညီလာခံကို တက်ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားရာမှာ အခုလို ပြောကြား သွားတာ ဖြစ်ပါတယ်။

အခုညီလာခံ ကိုယ်စားလှယ် ရွေးချယ်ရာမှာ ရပ်ကျေး ကနေ တဆင့်ချင်း ဒီမိုကရေစီ နည်းကျ ရွေးချယ် ခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း အဲဒီလို ရွေးချယ် ရာမှာ အားနည်းချက်တွေ ရှိခဲ့တယ် ဆိုတာကို သူက ဝန်ခံသွားပါတယ်။

NLD ပါတီ အတွင်း အာဏာ နေရာ လု နေတာတွေ ရှိနေတယ် ဆိုတာ ကိုလည်း သူက ဝန်ခံသွားပြီး၊ အဲဒီလို ကိစ0x081စတွေကို ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်ကြ ဖို့ကို တိုက်တွန်း သွားပါတယ်။

ပြည်သူနဲ့ ဆက်ဆံတဲ့ နေရာမှာလည်း ဖြောင့်မတ်ဖို့ လိုအပ်ပြီး၊ မဖြစ် နိုင်တဲ့ ကတိတွေကို မပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အတိတ်က ဖြစ်ရပ် တွေကို အာဃာတ မထားဘဲ သခင်0x081န်းစာ ယူကာ၊ စေ့စပ် ဆွေးနွေးရေး လမ်းကြောင်း အတိုင်း ဆက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီ အနာဂတ် အတွက် သွေးသစ် လောင်းဖို့ အတွက် လူသစ်တွေကိုလည်း နေရာ ပေးရမှာ ဖြစ်ကြာင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွား ခဲ့ပါတယ်။BBC Burmese

ဆီဂိမ်းစ်အတွက် ခြေစွမ်း စမ်းသပ်ရန် ကစားသမား (၂၆)ဦးအား ရွေးချယ်

09 March 2013
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော် ဘောလုံး ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းဖွဲ့စည်းရေး အတွက် ခြေစွမ်း စမ်းသပ်မှုများ ပြုလုပ်ရန် ကစားသမား (၂၆)ဦးအား ရွေးချယ်လိုက်ကြောင်း နည်းစနစ်ဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ လူစာရင်းတွင် မြန်မာ နေရှင်ရှယ်နယ်လိဂ် ကလပ် အသင်းများမှ လူငယ် ကစားသမား များနှင့် MNL-2 ပြိုင်ပွဲဝင် ချင်း ယူနိုက်တက် အသင်းမှ တင်ဝင်းအောင်တို့ ပါဝင်ပြီး စုစုပေါင်း ကစားသမား ၂၆ဦးဖြင့် ဖွဲ့စည်းထားသည်။ ရွေးချယ်ထားသည့် ကစားသမားများကို မတ်လ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ စုပေါင်းလေ့ကျင့်မှုများ ပြုလုပ်ရန် ခေါ်ယူထားပြီး ခြေစွမ်းနှင့် စွမ်းဆောင်ရည် စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ခြေစွမ်း စမ်းသပ်ရန် ရွေးချယ်ထားသည့် ကစားသမား စာရင်း

ဂိုး - မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ကိုကိုနိုင် (ဟံသာဝတီ)

နောက်တန်း - ရဲဝင်းအောင် (ရတနာပုံ)၊ သက်လွင်ဝင်း၊ ဇော်ဝင်း၊ စည်သူအောင် (ရန်ကုန်)၊ ဟိန်းသီဇော် (ဧရာဝတီ)၊ ဇန်ဘိုထွန်း၊ ၀ါးရယ်လ်(မနောမြေ)၊ ရဲလင်းအောင် (ဇွဲကပင်)၊ အာကာနိုင် (မကွေး)၊ ၀င်းဇော်ဦး (ဇေယျာရွှေမြေ)

အလယ်တန်း - မျိုးမင်းဇော် (ဇေယျာရွှေမြေ)၊ ထူးထူးနိုင်၊ မောင်မောင်စိုး၊ သက်ဇင်ဝင်း၊ ဟိန်းဇာအောင် (မကွေး)၊ တင်ဝင်းအောင်(ချင်းယူနိုက်တက်)၊ အောင်မြင့်ထွန်း (ဟံသာဝတီ)၊ စောစိန်ဘမြင့် (ဇွဲကပင်)၊ နေလင်းထွန်း၊ သီဟဇော် (ဧရာဝတီ)၊ ရဲကိုဦး (ရတနာပုံ)

ရှေ့တန်း - စိုးပိုင်သွေး (ဇေယျာရွှေမြေ)၊ ဒွေးကိုကိုချစ် (ရတနာပုံ)၊ အောင်မင်းညွန့် (ဟံသာဝတီ)
Okocha
Myanmar Football Federation

‎အဆိပ်အတောက် ရွှေတြိဂံ စာအုပ်မိတ်ဆက်ပွဲကျင်းပ

ယဉ်မျိုးစာပေတိုက်မှ စီစဉ်ထုတ်ဝေသည့် မန်းဖိုးအေး (ဝါးခယ်မ) က တရုတ်စာပေမှ မြန်မာပြန်ဆိုထားသော “အဆိပ်အတောက် ရွှေတြိဂံ“ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ် ၃၅ လမ်း(လယ်) ရှိ Asian Fame Media Group အဆောက်အဦး ၅ လွှာခန်းမတွင် နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။
Popular Journal

၄၆၂ ဦးက ကန့်ကွက်မှုကြောင့် ပါတီဝင်အဖြစ် ပြန်လည်လက်မခံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ စာတင်ထားသူ လေးဦးနဲ့ ပတ်သက်ပြီး ဆန္ဒမဲကောက်ခံရာမှာ ညီလာခံ တက်ရောက်လာသူ ၃၁၉ ဦးက ထောက်ခံခဲ့ပြီး ၄၆၂ ဦးက ကန့်ကွက်ခဲ့တာကြောင့် ပါတီဝင်အဖြစ် ပြန်လည်လက်မခံဖို့ အတည်ပြုလိုက်ကြောင်း သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလုပ်ခဲ့တာကြောင့် NLD ပါတီမှ နှုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတွေကို ပြန်လည်လက်ခံ ရေးနဲ့ ပတ်သက်ပြီး ဆန္ဒမဲ ကောက်ခံရာမှာ ကန့်ကွက်သူများခဲ့တာကြောင့် ပြန်လည်လက်မခံဖို့ ဆုံးဖြတ်ခဲ့တာပါ။

အမျိုးသား ဒိမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည်ဝင်ရောက်ဖို့ စာရင်းတင်ထားသူတွေထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း၊ လသာမြို့နယ် မဲဆန္ဒနယ်မှ ဦးကြည်မြင့်တို့လဲ ပါဝင်ပါတယ်။RFA Burmese

မအူပင်ပဋိပက္ခ စုံစမ်းစစ်ဆေးမှုစတင်


ရန်ကုန်၊ မတ် ၈
ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုနှင့် လူ ၅၀ ခန့် ဒဏ်ရာရရှိခဲ့သည့် မအူပင် မြို့နယ် မလက်တို ကျေးရွာအုပ်စု ပလောင် ကျေးရွာတွင် ရဲတပ်ဖွဲ့နှင့် ဒေသခံ လယ်သမားတို့ အကြား ပဋိပက္ခဖြစ်ပွား ခဲ့မှုကို မတ်လ ၇ ရက်နေ့မှ စ၍ စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်လျက် ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ပြောကြားသည်။

အဆိုပါပဋိပက္ခကို စုံစမ်းစစ်ဆေး ရန် ကော်မရှင်အဖွဲ့ကို ဧရာဝတီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် အကျဉ်းဦးစီးဌာန၊ စည်ပင် သာယာရေး ဦးစီးဌာနနှင့် စက်မှုသီးနှံ ဦးစီးဌာနရှိ ညွှန်ကြားရေးမှူးများ၊ ဥပဒေချုပ်ရုံးမှ ရုံးအဖွဲ့မှူး၊ ပုသိမ်မြို့နယ်မှ တရားလွှတ်တော် ရှေ့နေ တစ်ဦးနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းမှ မအူပင်မြို့နယ် တာဝန်ခံ အလုပ်အမှုဆောင်တစ်ဦးတို့ ပါဝင်ဖွဲ့စည်းကြောင်း မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြောကြားသည်။

မတ်လ ၇ ရက်နေ့တွင် မအူပင် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ မြေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန နှင့် ဥပဒေရုံးမှ တာဝန်ရှိသူများကို စုံစမ်း စစ်ဆေးခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ဒေသခံလူမှုရေး အသင်းအဖွဲ့များနှင့် ညှိနှိုင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ ဖြစ်ရပ်အမှန်ကို သိရှိနိုင်ရန် ဆက်လက် လုပ်ဆောင်နေကြောင်း အဆိုပါ စုံစမ်းစစ် ဆေးရေးကော်မရှင် ဥက္ကဋ္ဌကပြောဆိုသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေး ပေါ်ပေါက်ချက် တွေကို အတည်ပြုပြီး မှပဲ မီဒီယာက တစ်ဆင့် ပြည်သူတွေကို အသိပေးသွားမှာပါ" ဟု ၄င်းက ထပ်မံ ပြောကြားသည်။The Voice Weekly

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း


DASSK speech on conference 09-03-2013 အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း

အလှူမှ စားပြီး တစ်ဆင့်ဝမ်းပျက်သူ ၁၀၀ ကျော်ထိ ဖြစ်ပွား

မတ်လ ၉
မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် ပုဏ္ဏားကုန်းကျေးရွာတွင် အလှူတစ်ခုမှ ကျွေးသော ထမင်း ဟင်းစားပြီး တစ်ဆင့်ဝမ်းပျက်သူ ၁၀၀ ကျော်ထိ ဖြစ်ပွားလျက်ရှိပါတယ်။ ဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။DVB TV News



မီဒီယာ ဥပဒေကြမ်းအားဆွေနွေးပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားထား

ရန်ကုန် မတ် ၉ ရက်
လွှတ်တော်တွင် တင်ထားပြီဖြစ်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း မီဒီယာ ဥပဒေကြမ်းအား ဒီချုပ်ပါတီမှ ကိုယ်စားလှယ် ၄ ဦးဝင်ရောက် ၍ ပြင်ဆင်ဆွေးနွေးသွားရန် ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းကပြောသည်။

ပြင်ရမှာတွေက အများကြီးရှိနေတာ ကို တွေ့ရတယ်၊အန်တီ(ဒေါ်အောင်ဆန်းစုကြည်)က ၄ ဦးလောက်ပဲ ဆွေးနွေးရမယ် လို့ ဆိုတယ်၊ ကျန်တဲ့ သူတွေကဆွေးနွေးမယ့် သူတွေ အတွက် ပြည့်စုံအောင် အချက်အလက် တွေ အားဖြည့် ကူညီပေးရမယ်၊"ဟု ၄င်းကပြောသည်။

လက်ရှိတွင် လွှတ်တော်၌ ၀င်ရောက်ဆွေးနွေးမည့် ကိုယ်စားလှယ် ၏ အမည်များကို ရွေးချယ်မှု မပြုရသေးကြောင်းသိရသည်။
AH(NYK)
Popular Myanmar News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com