http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဖုန်းကံစမ်းမဲပေါက်သူများ တန်းစီ

24/4/2013
တန်ဖိုးနည်း ၁၅၀၀တန် ဖုန်းတွေ ကံစမ်းမဲပေါက်သူတွေကို ယနေ့ မုံရွာမြို့မှာ ဖုန်းကဒ် တွေထုတ်ပေးခဲ့တာပါ၊ ဖုန်းကဒ်ရရှိရန် တန်းစီစောင့်ဆိုင်းနေကြ သူများအား မြင်တွေ့ရစဉ်
The Villager News

သာယာဝတီထောင်တွင် နိုင်ငံရေး အကျဉ်းသား (၁၅)ဦး ကျန်ရှိနေသေး

ရန်ကုန်၊ ဧပြီ ၂၄။
ယမန်နေ့က သာယာဝတီ အကျဉ်းထောင်မှ အကျဉ်းသား(၄၃)ဦး လွတ်မြောက်သည့်အထဲတွင် နိုင်ငံရေး
အကျဉ်းသား နှစ်ဦးသာပါဝင်ပြီး (၁၅)ဦး ကျန်ရှိနေသေးကြောင်း အဆိုပါထောင်မှ ပြန်လည်လွတ်မြောက်လာသူများက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ကျွန်တော်တို့ ပြန်လွတ်တော့ အထဲမှာ (၁၅)ယောက် ကျန်ခဲ့ပါတယ်၊ ကိုအေးမင်းနိုင်တို့ အမှုတွဲက (၇)ယောက်၊ ရှမ်းလက်နက်ကိုင် ဦးသံချောင်းတို့က (၇)ယောက်၊ နောက်တစ်ယောက်က နျူကလီးယားကိစ္စနဲ့
သေဒါဏ်ကနေ ထောင်တစ်သက် ပြောင်းကျနေတဲ့ ဦးဝင်းနိုင်ကျော်ပါ ”ဟု ထောင်ထဲတွင် (၄)နှစ်နီးပါး
နေထိုင်ခဲ့သူ ကိုအေးမင်းဖြိုး က ပြောကြားသည်။

ကိုအေးမင်းဖြိုးနှင့်အတူ လွှတ်မြောက်လာသူ ကိုအောင်သူကလည်း “ ထောင်ထဲမှာ ဘာကြောင့် ကျန်ခဲ့တယ်ဆိုတာမသိပေမယ့်၊ သူတို့တွေ ကျန်ရှိနေသ၍ ဒီစနစ် ပြောင်းပြီ မဆိုနိုင်သေးဘူး၊ ကိုယ့်ကိုယ်ကိုလည်း တကယ်မလွတ်မြောက်သေးဘူးလို့ ခံစားရတယ် ”ဟု ပြောကြားသည်။

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်အဖွဲ့မှ ကိုအောင်သူသည် ပေါက်ကွဲမှု၊ မတရားသင်း၊ နယ်စပ်ဖြတ်ကျော် စသည့်အမှုများဖြင့် ထောင်ဒါဏ် (၁၅)နှစ် ကျခံခဲ့ပြီး ကိုအေးမင်းဖြိုးမှာလည်း အမှုသုံးမှုဖြင့် ထောင်ဒါဏ်(၁၃)နှစ် ကျခံခဲ့ခြင်း ဖြစ်ပြီး (၄)နှစ်ခန့်အကြာတွင် ယခုကဲ့သို့ ပြန်လည် လွတ်မြောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးမှ လွှတ်မြောက်လာသူ(၉၃)ဦးတွင် နိုင်ငံရေး အကျဉ်းသား (၅၉)ဦး ပါဝင်သည်ဟု ဆိုသော်လည်း ယင်းတို့ထဲတွင် လက်နက်ကိုင် အဖွဲ့အစည်းများမှ (၄ဝ)ဦးပါဝင်နေကြောင်းနှင့် နိုင်ငံရေး အကျဉ်းသား အယောက် ၂၀၀ ၀န်းကျင်ခန့် ကျန်ရှိနေသေးကြောင်း  နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ သိရသည်။
ထက်နောင်နောင်
The Myanma Age

သြစတြေးလျ တရုတ်အစိုးရ စုငွေကို ဝယ်မည်

ဟောင်ကောင်၊ ဧပြီ၂၄။
သြစတြေးလျ ဗဟိုဘဏ်သည် တရုတ်အစိုးရနှင့်ချုပ်ဆိုသော စာချုပ်များတွင် နှစ်နိုင်ငံစီးပွားရေး ဆက်နွယ်မှုပိုမိုခိုင်မြဲစေရေးလှုပ်ရှားမှုအဖြစ် နိုင်ငံခြားစုငွေ ငါးရာခိုင်နှုန်းကို ရင်းနှီးမြှပ်နှံရန် စီစဉ်နေကြောင်း သိရသည်။

“တရုတ်နိုင်ငံမှာရင်းနှီးမြှပ်နှံမယ့်ဆုံးဖြတ်ချက်ဟာ အရေးကြီးတယ်၊ တရုတ်နဲ့သြစတြေးလျနိုင်ငံကြားပိုမိုကျယ်ပြန့်တဲ့ ဆက်ဆံရေးကို ရောင် ပြန် ဟပ်တာပါ”ဟု သြစတြေးလျငွေစုဘဏ် ဒုဥက္ကဋ္ဌ ဖိလစ်လိုဝီက ဗုဒ္ဓဟူးနေ့က ရှန်ဟိုင်းတွင် ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင်လည်း သြစတြေးလျသည် တရုတ်နှင့် ငွေကြေးတိုက်ရိုက်လဲလှယ်ကုန်သွယ်သည့် အမေရိကန်နှင့် ဂျပန်နိုင်ငံနောက် တွင် တတိယမြောက် တိုက်ရိုက်ငွေလဲလှယ် ကုန်သွယ်သည့်နိုင်ငံ ဖြစ်လာသည်။

သြစတြေးလျငွေစုဘဏ်နှင့် တရုတ်ပြည်သူ့ဘဏ်သည် မတ်၂၀၁၂တွင် ငွေကြေးလဲလှယ်ကုန်သွယ်ရေးဝန်ဆောင်မှုတစ်ခု တည်ထောင်ခဲ့ပြီး သြစတြေးလျငွေစုဘဏ်သည် မတ်လအကုန် တွင် နိုင်ငံခြားစုငွေ သြစတြေးလျဒေါ်လာ ၃၈.၂ဘီလျံထိ ရှိလာခဲ့သည်။

တရုတ်နိုင်ငံသည် သြစတြေးလျ၏ ထိပ်တန်းဈေးကွက် ဦးတည်ရာဖြစ်နေပြီး ကုန်ကြမ်းတင်သွင်းရာ အဓိက
ပင်မကြီးတစ်ခုဖြစ်သည်။

၁၉၉၀ပြည့်နှစ်များအတွင်း ပို့ကုန်သည် ၅ ရာခိုင်နှုန်းထက်နည်းခဲ့ရာမှ လွန်ခဲ့သည့်နှစ်က သြစတြေးလျပို့ကုန်
လေးပုံတစ်ပုံကျော်သည် တရုတ် နိုင်ငံသို့ တင်ပို့လာနိုင်ကြောင်း သြစတြေးလျ ငွေစုဘဏ်မှ သိရသည်။

ချီလီ၊ ဂျပန်နှင့် မလေးရှားနိုင်ငံတို့သည် ယွမ်ငွေအပေါင်ခံငွေကို နိုင်ငံခြားစာချုပ်ပုံစံဖြင့် ထိန်းထားကြပြီး နိုင်ဂျီးရီးယားဗဟိုဘဏ်က ၎င်းတို့၏ စုငွေ ၁၀ ရာခိုင်နှုန်းကို တရုတ်ငွေဖြင့် စုထားသည်။

မကြာသေးမီက ငွေကြေးလဲလှယ်မှုအပြောင်းအလဲကြောင့် တရုတ်၏နိုင်ငံခြားစာချုပ်အခွင့်အရေးများပြားလာပြီး နို်င်ငံတကာ ရင်းနှီးမြှပ်နှံသူများကို ယွမ်ငွေတန်ဖိုးညီ ငွေကြေးသုံးစွဲခွင့်ရ ရင်းနှီးမြှပ်နှံသူ ကန့်သတ်ချက်အရ ညီမျှသည့် ဈေးကွက်ကို ပွင့်လမ်းစေသည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံသူများကို ညီမျှသည့် ဈေးကွက်အတွင်းတွင် ရင်းနှီးမြှပ်နှံရေး၊ ဒေါ်လာသုံးစွဲရေး တို့တွင် ကန့်သတ်မှုများရှိခဲ့သည်။

လွန်ခဲ့သည့်နှစ်မတ်လတွင် ဂျပန်သည် ဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင်  တရုတ်နိုင်ငံငွေကြေးသုံးစနစ်ဖြင့် တိုက်ရိုက်ရင်းနှီးမြှပ်နှံခွင့်ရသည့် ပထမဆုံး နိုင်ငံဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်ငွေကြေးကို နိုင်ငံတကာသုံးဖြစ်စေရန်အားထုတ်မှုတစ်ခုအဖြစ် ယွမ်ငွေပိုင်ဆိုင်ထားသောနိုင်ငံများတွင် ရင်းနှီးမြှပ်နှံမှု လမ်းကြောင်းသစ်များ ဖွင့်ပေးရန် နည်းလမ်းရှာဖွေ မှုများ ပြုလုပ်ခဲ့သည်။

ကန့်သတ်ထားသောရင်းနှီးမြှပ်နှံမှုလမ်းကြောင်းများကြောင့် တရုတ်ငွေကြေးနှင့် ကုန်သွယ်ရေးရရှိရန်ကြိုးပမ်းသော နိုင်ငံခြားကုမ္ပဏီများကို အတားအဆီးဖြစ်စေခဲ့သည်။

သို့သော် မစ္စတာလိုဝီက ၎င်းသည် လက်ရှိ ကန့်သတ်ချက်များတစ်ချို့သည် ကျော်လွှားနိုင်ပြီးဖြစ်၍ ယွမ်ငွေသည် နှစ်နိုင်ငံကုန်သွယ်ရေး ဆက် သွယ်မှုတွင် စီးပွားရေးလုပ်ငန်းများစွာအတွက် အသုံးကျသည့်
ငွေကြေးဖြစ်လာမည်ဟု မြင်ကြောင်း ပြောကြားသည်။

လွန်ခဲ့သည့် နှစ်အတွင်း တရုတ်နိုင်ငံကုန်သွယ်ရေးကဏ္ဍ၏ ၁၂ ရာခိုင်နှုန်းသည် ယွမ်ငွေဖြင့် ပြုလုပ်ခဲ့ပြီး
ယခုနှစ်တွင် ၁၅ ရာခိုင်နှုန်းထိ တိုး လာမည်ဟု ဒေါရှေးဘဏ်က သုံးသပ်ထားသည်။
Ref:CNN
The Myanma Age

ဘော်စတွန်ဗုံးခွဲသူက အာဖဂန်နှင့် အီရတ်အခြေအနေများက တွန်းအားပေးသည်ဟုဆို

အသက်ရှင်ကျန်ခဲ့သည့် သံသယရှိသူက ဘော်စတွန်ဗုံးခွဲမှုကို တွန်းအားပေးခဲသောအချက်များတွင် အာဖဂန်နှင့်အီရတ်တွင် အမေရိကန်တို့ နှင့် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဟု ပြောကြားကြောင်း အစိုးရအရာရှိများ အင်္ဂါနေ့က ပြောကြားသည်။

အသက်ရှင်ကျန်ခဲ့သည့် ဇိုခါဆာမေ့ဗ်သည် စစ်ဆေးရေးအရာရှိများနှင့် ဆက်သွယ်ပြောကြားလာနိုင်ပြီး
၎င်းတို့ညီအစ်ကိုသည် နိုင်ငံခြားမှ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်မှု မရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

အရာရှိများက ယခုစုံစမ်းမှုသည် အစပျိုးမှုသာဖြစ်သေးကြောင်း သံသယရှိသူပြောကြားချက်များကို
စစ်ဆေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဇိုခါက ၎င်းတို့သည် အင်တာနက်မှတစ်ဆင့်သင်ယူခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ရာ စုံစမ်းစစ်ဆေးသူများသည် အယ်ကိုင်ဒါများ ထုတ်ပြန် သော ဗုံးပြုလုပ်နည်းများကို သုံးခဲ့သည်ဟုသံသယရှိကာ ရှာဖွေခဲ့ကြပြီး
အခြားသောနည်းလမ်းများဖြင့်လည်း လုပ်နည်းများကို ရရှိနိုင်ကြောင်း သတိပြုထားကြသည်။

တာဝန်ရှိသူများသည် ယခုအခါ နေထိုင်သူများ၊ စီးပွားရေးလုပ်ငန်းလုပ်သူများကို ပေါက်ကွဲခဲ့ရာနေရာသို့သွားရောက်လုပ်ကိုင်ခွင့်များ အင်္ဂါနေ့ က စတင်၍ တစ်ဖြည်းဖြည်းခွင့်ပေးလာပြီဖြစ်သည်။

ဗုံးကွဲခဲ့သောလမ်းကို လုံးဝပြန်ဖွင့်မဖွင့်ကို အဖြေမပေးထားဘဲ အဆောက်အဦးပိုင်ရှင်မြန်ဆန်စွာပြင်ဆင်နိုင်မှုနှင့် အခြားအခြေအနေများကို မူတည်၍အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂါနေ့ညနေပိုင်းတွင် ဒဏ်ရာရသူများမှ ၄၃ဦးသာ ဆေးရုံတွင်ကျန်ရှိနေပြီး အရေးပေါ်အခြေအနေဖြင့်
တစ်ဦးသာရှိတော့ကြောင့် သတင်း ထောက်များ၏ ပေးပို့ချက်အရသိရသည်။

မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်ဝင်းအတွင်းသေဆုံးခဲ့ရသော အရာရှိတစ်ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ၎င်းသေဆုံးမှု အတွက် ဘော်စတွန်ဗုံးခွဲသံသယရှိသူညီအစ်ကို ကိုသာအာဏာပိုင်များက သံသယရှိနေသော်လည်း အသက်ရှင်ကျန်ခဲ့သူဇိုခါကို ၎င်းလူသေမှုနှင့်ပတ်သက်၍ စွဲချက်မတင်ထားကြောင်းသိရသည်။

စုံစမ်းစစ်ဆေးသူများက ဆာနေ့ဗ်ညီအစ်ကိုသည် ကားကိုအပိုင်စီးပြီး ဒရိုင်ဘာကိုဓားစာခံအဖြစ်ခေါ်လာချိန်တွင် သေနတ်ပစ်အမှုအခင်း ဖြစ် ရာနေရာကို ဖြတ်သန်းမောင်းနှင်သွားသည် ဟု ထင်မြင်နေကြသည်။

ဓားစာခံသည် ၎င်းညီအစ်ကိုနှစ်ဦး ဂက်စ်ဖြည့်ရန်ကားကို ရပ်နားစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။

မကြာမီရဲများနှင့်ထိပ်တိုက်တွေ့ဆုံပြီး သေနတ်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲပစ္စည်းများနှင့် လိုက်လံဖမ်းဆီးသော ရဲတပ် သားများကို တိုက်ခိုက်ထွက်ပြေးကြောင်း၊ တာမာလန်သည် အပစ်ခံရပြီး ၎င်းညီက ကားဖြင့်ထွက်ပြေးလွတ်မြောက်ကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။

အစ်ကိုဖြစ်သူ တာမာလန်သည် လွန်ခဲ့သည့် သုံးလေးနှစ်မှစ၍ ဘာသာရေးအစွန်းရောက်အဖြစ်ပြောင်းလဲလာသော်လည်းအစွန်းရောက် အုပ်စုများနှင့် ဆက်နွယ်သည့် သက်သေမရှိကြောင်း အရာရှိတစ်ဦးက အင်္ဂါနေ့က ပြောကြားခဲ့သည်။

သို့သော် ဇိုခါက ၎င်း၏အစ်ကိုသည် အစ္စလာမ်များတိုက်ခိုက်ခံနေရသည်ဟု ယုံကြည်နေပြီး ပြန်လည်တိုက်ခိုက်လိုသည်ဟု ပြောကြားခဲ့ ကြောင်း တနင်္လာနေ့က အစိုးရသတင်း ထုတ်ပြန်ချက် တစ်ခုတွင်  ပါရှိသည်။

စုံစမ်းစစ်ဆေးသူများ၏ မေးမြန်းချက်ကို ခေါင်းညိတ်ခြင်း ရေးသားခြင်းများဖြင့်ပြန်လည်ဖြေကြားပြီး
ဗုံးဖောက်ခွဲမှုဖြစ်စဉ်တစ်ခုလုံးကို အစ်ကို ဖြစ်သူစီစဉ်ခဲ့သည် ဟု ဖြေကြားကြောင်း ၎င်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အသက်ရှင်ကျန်ရစ်သူ ဇိုခါကို ပစ္စည်းများဆုံးရှုံးစေမှု၊ အသက်များဆုံးရှုံးစေခဲ့သည့် လက်နက်ကို
အသုံးပြုခြင်းကြောင့် စွဲချက်တင်ထားကြောင်း သိရသည်။
Ref:CNN
The Myanma Age
ဘော်စတွန်၊ဧပြီ-၂၄။

နိုင်ငံခြားသွား ပြိုင်ရသော ရေကူးကစားသမား ဆုမရလျှင် ခရီးစရိတ် ပြန်ပေးရမည်

ရန်ကုန်၊ ဧပြီ ၂၂။
နိုင်ငံခြားသို့ သွားရောက် ယှဉ်ပြိုင်သော မြန်မာနိုင်ငံကိုယ်စားပြု ရေကူး အားကစားသမားများကို ဆုတံဆိပ်မရရှိခဲ့လျှင် ခရီးစရိတ် ကုန်ကျငွေများကို ပြန်လည်ပေးချေရမည်ဟု မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ  ညွှန်ကြားခဲ့သည်ဟု သိရသည်။

ရေကူး ကစားသမား တစ်ဦး၏ အုပ်ထိန်းသူက “ကျွန်တော်တို့ ကလေးတွေ၊ သွားသာ ပြိုင်ရတယ်။ ဆုတံဆိပ်မရဘူးဆိုရင်  ခရီးစရိတ်ကို ပြန်တွက်ပြီး ပြန်ပေးရမယ်လို့ အဖွဲ့ချုပ်က ပြောထားတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလ သင်္ကြန်မတိုင်မီ ကာလအတွင်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ကြီးမှူး၍ ရေကူး ကစားသမားများကို စင်္ကာပူနှင့် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ပြိုင်ပွဲများ ယှဉ်ပြိုင်စေခဲ့သည်ဟုသိရသည်။

ပြည်ပသွားရောက်ယှဉ်ပြိုင်သည်မှာ ဆယ်နှစ်တာကာလအတွင်း ပထမဆုံးဖြစ်ကြောင်းနှင့် စင်ကာပူသို့(၅)ယောက် သွားရောက်ယှဉ်ပြိုင်ရာ ဆုတံဆိပ် မရသူ တစ်ယောက် နှင့် ဗန်ကောက်သို့ (၈)ယောက်သွားရောက်ယှဉ်ရာတွင် ဆုတံဆိပ် မရသူ သုံးယောက် ရှိကြောင်း သိရသည်။

စင်္ကာပူတွင် သွားပြိုင်သည့် ပြိုင်ပွဲတွင် ကစားသမားများသည် ရွှေ ၁၁ ခု၊ ငွေ ၁၄ ခု နှင့် ကြေး ၄ ခု ရရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ သွားပြိုင်သော ကစားသမားများသည် ရွှေ ၁၀ ခု၊ ငွေ ၁၀ ခု နှင့် ကြေး ၃ ခု ရရှိခဲ့သည်။

ဆုရရှိသည့် ကစားသမားများကို ဆုတံဆိပ်ပေါ်မူတည်၍ အမေရိကန်ဒေါ်လာ ၂၀၀ နှင့် အထက် ဆုချီးမြှင့်မည်ဟု အဖွဲ့ချုပ်မှ ပြောကြားထားသော်လည်း ဆုကြေးချီးမြှင့်သည့်အချိန်တွင် အမြင့်ဆုံး ဆုကြေးအတွက် ငွေကျပ် လေးသောင်းသာ ချီးမြှင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံရေကူးအဖွဲ့မှ နည်းပြ တစ်ဦးက “ရေကူး အားကစားနည်းက အခြားနိုင်ငံတွေထက် အများကြီး
နောက်ကျနေတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ကစားတဲ့သူ အရမ်းနည်းတော့ ကစားသမားကောင်းတွေ
ရွေးထုတ်ရတာ ခက်ခဲတယ်”ဟု ပြောကြားသည်။

ရေကူးအဖွဲ့ချုပ်မှ အားပေးကူညီနေသော်လည်း ပြည်ပခရီးစဉ်များသွာရောက် ယှဉ်ပြိုင်ရာတွင် နိုင်ငံတော်ကိုယ်စားပြု၍ သွားရောက်ယှဉ်ပြိုင်စေလိုကြောင်း၊ ရေကူးအားကစားနည်း ကို ကျောင်းသင်ရိုးများတွင် အခြေခံဘာသာရပ်တစ်ခု အနေဖြင့် ထည့်သွင်း သင်ကြားသင့်ကြောင်း
မြန်မာနိုင်ငံရေကူးအဖွဲ့မှ နည်းပြ တစ်ဦးက ပြောကြားသည်။
ပိုင်လေး
The Myanma Age

ဆွာရက်စ်ကို ဘယ်လို အပြစ်ပေးမယ်ဆိုတာ ဒီကနေ့နှောင်းပိုင်း သိရမယ်

၂၄.၀၄.၂၀၁၃
တနင်္ဂနွေနေ့တုန်းက ချယ်လ်ဆီးမှ Ivannovic ကို ကိုက်တဲ့ အတွက် လီဗာပူးရှေ့တန်းတိုက်စစ်မှူး Luis Suarezကို အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ်က ဘယ်လို အပစ်ပေးမယ် ဆိုတာ ဒီနေ့နှောင်းပိုင်းမှာ သိရမှာဖြစ်ပါတယ်။ ဥရုဂွေး နိုင်ငံသား ဘော်လုံးသမား ဆွာရက်စ်ဟာ အချိန်ကြာ တားမြစ် ပိတ်ပင်ခံရနိုင်ပါတယ်။
FA ဘောလုံးအဖွဲ့ချုပ်က ပုံမှန် သုံးပွဲ ရပ်ဆိုင်းရုံနဲ့ မလုံလောက်ဘူးလို့ ထုတ်ပြန်ချက်ကို ဆွာရက်စ်က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ဒီအမှုကို သီးခြားလွတ်လပ်တဲ့ အဖွဲ့က ဆွေးနွေးမေးမြန်းမှာဖြစ်ပါတယ်။ ဆွာရက်စ်ကာ လီဗာပူး အသင်း အတွက် အခုဘောလုံးရာသီမှာ ဂိုးအများ အပြား သွင်းပေး နိုင်သူဖြစ်ပြီး အဲဒီပွဲမှာလည်း အကောင်းဆုံး ဂိုးသွင်းသူ တယောက်ဖြစ်ပါတယ်။
BBC Burmese

တရားသူကြီး မဖြစ်စေချင်တဲ့ “အမေ့” ကျေးဇူး


ကျွန်တော့်အဖေက ကျွန်တော့်ကို တရားသူကြီး ဖြစ်စေချင်ပေမယ့် အမေကတော့ မဖြစ်စေချင်ပါဘူး။ ကျွန်တော် ၁၉၈၆ ခုနှစ်မှာ ဥပဒေဘွဲ့ရပါတယ်။ ကျွန်တော်ဘွဲ့ရစဉ်က မြန်မာနိုင်ငံမှာ ပြည်သူ့တရား စီရင်ရေးစနစ်ဆိုပြီး ကျင့်သုံးပါတယ်။ ထိုစဉ်က တရားသူကြီးတွေကို ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်သူ့ကောင်စီဝင်တွေ ထဲကပဲ ခန့်ပါတယ်။ ဒါတင်မကပါဘူး၊ အဲဒီကောင်စီဝင်တွေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီမှာ တင်းပြည့်ပါတီဝင် တွေလည်း ဖြစ်ရပါတယ်။ ကျွန်တော်က ပါတီဝင်တောင် မဟုတ်ခဲ့တော့ တရားသူကြီး မဖြစ်နိုင်ပါဘူး။ အဲဒီခေတ်က ဥပဒေဘွဲ့ရရင် ဥပဒေဝန်ထမ်း (အရပ်အခေါ် ဆွဲချ) လုပ်ချင်လုပ်၊ ဒါမှမဟုတ် တရားရေးဝန်ထမ်း (အရပ်အခေါ် အကြံပေး) လုပ်နိုင်ပါတယ်။ ဥပဒေဘွဲ့ ရပါလျက် တရားသူကြီး လုပ်ခွင့်မရတဲ့ အတွက် ကျွန်တော့်အဖေက မကျေနပ်ခဲ့ပါ။

တပ်မတော်အစိုးရ တက်လာတော့ ယခင်က တရားရေးအကြံပေးတွေ က တရားသူကြီး ဖြစ်လာပါတယ်။ ဥပဒေ ဘွဲ့ရသူတွေက တရားသူကြီးစာမေးပွဲ (တရားရေးဝန်ထမ်း အဆင့် ၄) တွေ ဖြေခွင့်ရှိလာပါတယ်။ အဖေ့ရဲ့ အစီအစဉ်ကြောင့် ကျွန်တော်နေတဲ့ မိုးကုတ်ကနေ ရန်ကုန်ကို စာမေးပွဲ သွားဖြေခဲ့ရပါတယ်။ အမေနဲ့ ကျွန်တော်တိုင်ပင်ပြီး စာမေးပွဲ မဖြေဘဲနဲ့ ရန်ကုန်က ပြန်ခဲ့ပါတယ်။ ကျွန်တော့်အဖေက ကျွန်တော့်ကို တရားသူကြီး ဖြစ်စေချင်တာကတော့ “တရားသူကြီး”ဆိုတဲ့ ဂုဏ်ဒြပ်ကို သဘောကျလို့ ထင်ပါတယ်။ ကျွန်တော့် အမေကတော့ တေမိမင်းကြီး ရှင်ဘုရင် မဖြစ်ချင်တာက တရားစီရင်ရမှာ ကြောက်လို့။ ကြောက်ရတဲ့ အကြောင်းကလည်း တစ်ခုသော ဘဝမှာ တေမိမင်းကြီးက ရှင်ဘုရင် ဖြစ်ခဲ့ပြီး တရားစီရင်ခဲ့တာ မှားလို့ မဟာဥဿဒငရဲမှာ နှစ်ပေါင်း ၈၀,၀၀၀ ခံရကြောင်း ပြောပါတယ်။ ဒါကြောင့် ကျွန်တော့်ကို တရားသူကြီးမဖြစ် စေချင်တာလို့ ပြောပါတယ်။ မှန်တာပြောရင် ကျွန်တော် တရားသူကြီး တကယ်ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ သံသရာဆိုတာကိုလည်း ယုံတယ်၊ ဝဋ်ကြွေး ဆိုတာကိုလည်း ကျွန်တော် ယုံတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ မှားပြီး တရားစီရင်မိရင် ငရဲကြီးမှာစိုးလို့ မလုပ်ခဲ့တာပါ။

အဲဒီနောက် ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေအရ ကျွန်တော် တရားသူကြီးမဖြစ်တာ တော်တော်ကံကောင်းတယ်လို့ လက်တွေ့ဘဝမှာ မြင်တွေ့ခဲ့ရပါတယ်။ တကယ်လို့ ကျွန်တော်သာ တရားသူကြီး ဖြစ်ခဲ့မယ် ဆိုရင်လည်း ကျွန်တော်လည်း မလွှဲမရှောင်သာဘဲ ခေတ်စနစ်တစ်ခုရဲ့ သားကောင် (သားကောင်းမဟုတ်ပါဘူး) တရားသူကြီး ဖြစ်လာမှာပဲ။ အာဏာရှင်လက်အောက်က တရားသူကြီးတွေရဲ့ ဒုက္ခကိုလည်း ကိုယ်ချင်းစာ ပါတယ်။ မလွဲမရှောင်သာ အမိန့်ချခဲ့ရတဲ့ တရားသူကြီးတွေကတော့ (ဒုက္ခ) လို့ မြင် မမြင် ကျွန်တော် မခန့်မှန်းတတ်ပါဘူး။

အဲဒီခေတ်က နိုင်ငံရေးနဲ့ ဆက်နွယ်ပတ်သက်တဲ့ သူတွေ၊ ပုဒ်မတစ်ခုခု တပ်ပြီး အဖမ်းခံခဲ့ရပါတယ်။ အဖမ်းခံရတဲ့ ပုဂ္ဂိုလ်တွေအားလုံး တစ်ယောက်မှ မလွတ်စေရပါဘူး။ (အားလုံး) ဟာ အမြင့်ဆုံး အပြစ်ဒဏ်တွေကိုပဲ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ In Camera လို့ခေါ်တဲ့ တံခါးပိတ်ပြီး တရားစီရင်ခံခဲ့ရ ပါတယ်။ အဲဒီပုံစံမျိုး တရားစစ်ဆေးစီရင်မှုကို တရားခံတွေဟာ ငြင်းခွင့်မရှိ သလို တရားသူကြီးတွေ ကလည်း ငြင်းပယ်ခွင့် မရှိပါဘူး။

တရားသူကြီးတွေက အချို့အမှုတွေမှာ စာအိတ်ပါ အမိန့်အတိုင်း တရားစီရင်ခဲ့ရတာလို့ လူထုကြားမှာ ဝေဖန်နေကြပေမယ့် ဒီစကားကို တရားရေးဌာနက ယနေ့အထိ ပြန်လည်ချေပ ရှင်းလင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ထောက်လှမ်းရေးက ဖမ်းဆီးအရေးယူ၊ တရားစွဲခဲ့တဲ့ အမှုမှန်သမျှ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဥပဒေနှင့် ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ တရားသူကြီးတွေက တရားခံတွေအပေါ် အမြင့်ဆုံးအပြစ်ဒဏ်တွေ ချပေးခဲ့ရပါတယ်။ တရားသူကြီးများက မြန်မာ့ တရားရေးလောက၊ ကမ္ဘာ့တရားရေး လောကမှာ မကြားဖူးသည့် ပြစ်ဒဏ်တွေကို ချမှတ်ခဲ့ရပါတယ်။

ဝဋ်ဆိုတာ တစ်ခါတစ်ရံ ဘဝမကူးဘူး ဆိုတဲ့အတိုင်း (နေ) လို (လ) လို ထွန်းလင်းခဲ့သော မော်မကြည့်ဝံ့ခဲ့သော ထောက်လှမ်းရေးတပ်ဖွဲ့ကြီး ပြိုကွဲသွားသောအခါ အဆိုပါ ထောက်လှမ်းရေး အဖွဲ့ဝင် တော်တော်များများ ထောင်ကျကုန်ပါတယ်။ အဲဒီထောင်ဒဏ်တွေ ကိုလည်း ထုံးစံအတိုင်း တရား သူကြီးများက အပြစ်ပေးရပါတယ်။ ကျွန်တော်နဲ့ လွန်စွာ ခင်မင်ရင်းနှီးသော သူငယ်ချင်း တရားသူကြီး တစ်ယောက်ရဲ့ ရင်ဖွင့် ညည်းတွားသံကြားရပါတယ်။ "ငါတို့ကတော့ကွာ ခုဘဝ တရားသူကြီး ဖြစ်ပေမယ့် မဟာဥဿဒငရဲကို သွားရမယ့် လက်မှတ်ကတော့ ဖြတ်ပြီးသားပဲ။ အနှစ် ၈၀,၀၀၀ နဲ့တော့ ရမယ် မထင်ဘူး။ တစ်မှုကို အနှစ် ၈၀,၀၀၀ နဲ့ ၁၀ မှုဆိုရင် အနှစ် ၈၀၀,၀၀၀။ ငါစီရင်ခဲ့တဲ့အမှုက ၁၀ မှုမှမကပဲကွာ" တဲ့။ "မလုပ်နိုင်ရင်လည်း ထွက်ချင် ထွက်၊ ပြုတ်ချင်ပြုတ်၊ ဒါမှမဟုတ် မြိုင်ရပ်နှင် (အဝေးပို့) ခံရမှာ"၊ "တကယ်လို့ အစွယ်လိုသူက မိဖုရား၊ လေးပစ်သူတွေက ကျွန်တော်မျိုး တရားသူကြီးတွေပါ" လို့ ညည်းတယ်။

ကျွန်တော်ငယ်ငယ်က စဉ်းစားမိတာက တရားသူကြီးဆိုတာ တည်ကြည်သောဂုဏ်ရှိတယ်။ သူတစ်ပါး ရိုသေထိုက်သူဖြစ်တယ်။ သီလကို စောင့်ထိန်းသူဖြစ်တယ်။ ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံး၊ စီရင်ထုံးများကို ကျွမ်းကျင်လိမ္မာသူဖြစ်တယ်။ ချစ်ဖွယ်သောစကား ပြောတတ်တယ်။ သစ္စာ စောင့်ထိန်းတယ်။ ပြေပြစ်သောစကား ပြောတတ်တယ်။ မမှန်မကန် ပြောဆို နေသူတွေကို ထုတ်ဖော်နိုင်စွမ်းရှိတယ် ဆိုတာ ကင်းဝန်မင်းကြီး ဦးကောင်း ရေးတဲ့ (အဍ္ဎသံ ခေပဝဏ္ဏနာကျမ်း) မှာ ဖတ်ထားတော့ တရားသူကြီး ဆိုတာ အထင်ကြီးပြီး ကျွန်တော် တကယ်ဖြစ်ချင်ခဲ့တာပါ။ ငါသာ တရားသူကြီးဖြစ်ရင် အမှုတွေကို အမှန်အတိုင်း ဖြစ်စေရမယ်။ ဘယ်သူ့မျက်နှာမှ ထောက် စရာမလိုဘူး။ လိမ်နေတဲ့ သက်သေတွေ ပေါ်အောင် ပညာနဲ့ စစ်ပြမယ်။ ပိုက်ဆံလာပေးတဲ့သူကို ငေါက်ထုတ်ပစ်လိုက်မယ်။ တံစိုးသုံးပါး၊ အဂတိလေးပါး ရှောင်တဲ့ တရားသူကြီး ဖြစ်စေရမယ်လို့ စိတ်ကူးခဲ့ပေမယ့် “ဘယာဂတိ” ဆိုတဲ့အချက်ကို မရှောင် နိုင်ဘူးဆိုတာ သတိမထားမိခဲ့ဘူး။ တစ်ခုပဲရှိတယ် ကျွန်တော်ကြောက်လို့ အမှားတရားတွေ စီရင်ခဲ့ရတာပါလို့ ငရဲမင်းကြီးကို လျှောက်လဲချက်ပေး အသနားခံလို့ ရမလားလို့ပေါ့။ ရမယ်မထင်ပါဘူး။ ခုဆိုရင် တရားသူကြီးတွေ ကိုယ်တိုင်လည်း ကျမ်းကျိန်ဆိုရမယ့် အခြေအနေ ဖြစ်လာပါတယ်။ ဘယ်လိုကျမ်းစာမျိုးကို ဆိုရမယ်တော့ မသိပါဘူ။ အမှုသည် နဲ့ သက်သေတွေကတော့ ဘုရင်လက်ထက်ကတည်းက ကျိန်ဆိုခဲ့ရတဲ့ သစ္စာစကားတွေနဲ့ ကျိန်ဆိုရပါတယ်။ သစ္စာမတည်၊ စကားမတည်ရင် သေပုံသေနည်း ၁၇ နည်းလောက် ရေးထားပါတယ်။ အပါယ်လေးပါး ရောက်ပါစေ၊ လူပြိတ္တာဖြစ်ပါစေ စသည်တို့အပြင် မိမိသားမြေးများပါ မကျန်ရအောင် ပျက်စီးပါစေသတည်း စသည်ဖြင့် ရေးသားထားပါတယ်။ စာဖတ် သူများ အပြည့်အစုံသိချင်လျှင် တရားရုံးတွေမှာ ရေးထားပါတယ်။ (သွားကြည့်ကြပါ)

တရားသူကြီးတွေ ကျမ်းသစ္စာ ကျိန်ဆိုရတာကတော့ ခုမှမဟုတ်ပါဘူး။ မြန်မာမင်းအုပ်ချုပ်ရေး ပညာကျမ်းမှာ ငစဥ့်ကူးရွာ၊ မတ္တရာရွာ၊ ကပ်ရွာ၊ တောင်ပြုန်းကြီးနယ်တို့မှာ နေမျိုးစည်သူရာဇာဘွဲ့ခံ ခုံတော်အရာရှိက အမှုတွေကို စစ်ဆေးဆုံးဖြတ်မယ်ဆိုရင် သစ္စာရှစ်ချက်ပါ ကျမ်းသစ္စာ ကျိန်ဆိုပြီးမှ ဆုံးဖြတ်ခဲ့ကြောင်း ဖတ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျမ်းနဲ့မညီ (ဥပဒေနဲ့မညီ) ဆုံးဖြတ်ခဲ့တာများ တွေ့ရင်တော့ ရာထူးကဖြုတ်ပြီး ထောင်ဒဏ် (နှစ်လ) အပြစ်ပေးခံရသည့်အပြင် စားထားတဲ့ လာဘ်ငွေကို လည်း နှစ်ဆပြန်လျော်ရပါတယ်။ ကြုံလို့ ပြောပြတာပါ။

ခုတော့ ကျွန်တော် တရားသူကြီးမဖြစ်ခဲ့ပါ။ တရားသူကြီးမဖြစ်ခဲ့လို့ စာအိတ်ပါ ပြစ်ဒဏ်တွေ မချမှတ်ခဲ့ရပါ။ ဘယာဂတိလည်း မကျူးလွန်ခဲ့ရပါ။ ပြစ်ဒဏ်ပေးလို့ သေဒဏ်ပေးခံရတဲ့ တရားခံတွေရဲ့မျက်နှာ၊ နှစ် ၄၀၊ နှစ် ၅၀၊ နှစ် ၁၀၀ ပြစ်ဒဏ်ပေးခံခဲ့ရတဲ့ တရားခံတွေရဲ့ မကျေနပ်တဲ့မျက်နှာ၊ မကျေနပ်တဲ့ မျက်လုံးတွေနဲ့ကြည့်တဲ့ အကြည့်တွေ မခံခဲ့ရပါ။ ကျွန်တော် ကြောက်လို့ အပြစ်ပေးခဲ့ရခြင်း ဖြစ်ပါတယ်လို့ ငရဲမင်းကြီးကိုလည်း အသနား ခံစာ တင်စရာ မလိုတော့ပါ။ တရားသူကြီး မဖြစ်စေချင်တဲ့အမေ့ကို အထူး ကျေးဇူးတင်မိပါတယ်။

(စနစ်တစ်ခုရဲ့ သားကောင်ဖြစ်ခဲ့ရသော တရားသူကြီးများကို ရည်ညွှန်းလျက်)
တင်အောင် (မိုးကုတ်)
The Voice Weekly

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ သစ်နှင့်ပတ်သက်သည့် အခွန် ကောက်ခံခွင့်ပြု

ရန်ကုန်၊ ဧပြီ ၂၃
ပြည်ထောင်စုအစိုးရ၏ ချုပ်ကိုင်မှုများ လျှော့ချ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များကို အခြေခံဥပဒေ အရ ဖြေလျှော့မှုများ ပြုလုပ်လျက်ရှိသော ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သား အစိုးရသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ကို သစ်အမျိုးအစား ၁၀၄ မျိုးနှင့်
ပတ်သက်သည့် အခွန်များ ကောက်ခံခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာသည်။

ဧပြီလ ၁ ရက်နေ့မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အခွန်ကောက်ခံခွင့် ရသည့် သစ်၁၀၄ မျိုးတွင် ကျွန်းသစ်နှင့် အခြားသစ်မာ ၅၉ မျိုး ပါဝင်မည်မဟုတ်ဘဲ ယင်းသစ်မာမျိုးများ အတွက်ကိုမူ ပြည်ထောင်စုအစိုးရက ဆက်လက် ကောက်ခံသွားမည် ဖြစ်ကြောင်း ယင်းကြေညာချက် များအရ သိရသည်။

"ဒီလို သစ်နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို အခွန် ကောက်ခံခွင့် ပေးတာဟာ လုပ်ပိုင်ခွင့်အာဏာ ခွဲပေးတာပဲ။ တိုင်းရင်းသားပြည်နယ်တွေ အတွက် ရှေ့တစ်လှမ်းတိုး ဆောင်ရွက်တာ လည်း ဖြစ်တယ်" ဟု အစိုးရအုပ်ချုပ်မှု စနစ်များနှင့် ပတ်သက်၍ သုတေသန ပြုလုပ်နေသူ တစ်ဦးကဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ သယံဇာတ ထုတ်ယူရာတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်နယ်အစိုးရများ နှင့် တိုင်းရင်းသားနိုင်ငံရေး ပါတီများ၏ သဘောတူညီချက် ရရှိမှ ခွင့်ပြုတော့မည်
ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၅၄၊ ဇယား(၅)၊ အပိုဒ် (၁၂)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များက အခွန်အခ ကောက်ခံရမည့် စာရင်းအရ ယင်းသို့ခွင့်ပြုခြင်း ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန က ထုတ်ပြန် ကြေညာသည်။
The Voice Weekly

အထပ်ရှစ်ထပ်မြင်တဲ့ ဈေးဝယ်အဆောက်အဦးတခုပြိုကြ

(Photo by Reuters/Andrew Biraj)
လူ 100 နီးပါးသေဆုံးပြီ ၁၀၀ နီးပါးဒဏ်ရာရခဲ့တယ်။ အထပ်ရှစ်ထပ်မြင်တဲ့ ဈေးဝယ်အဆောက်အဦးတခုဖြစ်ပြီ ဘင်္ဂလားဒေ့နိုင်ငံ မြို့တော် ဆင်ခြေဖုံးရပ်ကွက်မှာ ပြိုကြခဲ့ပါတယ်။ လူတွေဟာအထအ်စုပြုံပြီး ပြိုကြချိန်မှာ 2000 လောက်အထဲမှာရှိပါတယ်။
Ref: RT news

လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၉ ယောက်ပါဝင်

သမ္မတ ဦးသိန်းစိန်ရဲ့အမိန့်နဲ့ မနေ့ကလွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၉၃ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက်ပါဝင်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

အင်းစိန်၊ သာယာဝတီ၊ မန္တလေးနဲ့ မြစ်ကြီးနားထောင်တို့ကနေ လွှတ်ပေးလိုက်တာပါ။ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့ဘွတ် လူမှုရေးစာမျက်နှာမှာ၊ နိုင်ငံတော်သမ္မတက ဧပြီလ ၂၃ ရက်နေ့မှာ ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲ့ အကျဉ်းသားအရေအတွက်က နိုင်ငံသားအယောက် ၉၀ နဲ့၊ နိုင်ငံခြားသား ၃ ယောက် ဖြစ်တယ်လို့ ရေးသားထားပါတယ်။

လွတ်လာသူ ၅၉ ယောက်က နိုင်ငံရေးပုဒ်မနဲ့ ထောင်ချခံထားရသူ ၁၉ ယောက်၊ မူးယစ်ဆေးဝါး ပုဒ်မတွေနဲ့ ထောင်ချခံထားရတဲ့ SSA ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းအဖွဲ့က အယောက် ၄၀ ဖြစ်ပြီး၊ လက်ရှိစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၃ ရာကျော် ကျန်သေးတယ်လို့ AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အတွင်းရေးမှုး ကိုတိတ်နိုင် က RFA ကိုပြောပါတယ်။

မနေ့ကပြန်လွတ်လာတဲ့သူတွေထဲမှာ ၂၀၀၃ ခုနှစ်က မန္တလေးတိုင်း ကျောက်ဆည်မြို့မှာဖြစ်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းကြောင့် ဖမ်းဆီးထောင်ချထားသူ ၁၇ ယောက် လွတ်မြောက်လာတယ်လို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဥာဏ်လင်းရဲ့ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ရခိုင်တိုင်းရင်းသားလူငယ်အဖွဲ့ဖြစ်တဲ့ AASYC ကလူငယ်တချို့နဲ့ ABSDF- KNU တို့နဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူတချို့လဲ ပါဝင်တယ်လို့ သိရပါတယ်။

အစိုးရဝန်ကြီးတချို့အပါအဝင် အဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီက နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်နဲ့ ထောင်အသီးသီးမှာ ကျန်နေသူဦးရေ စိစစ်နေပြီး၊ ကော်မတီကပြုစုထားတဲ့ စာရင်းအရ လွှတ်ပေးဖို့သက်ဆိုင်ရာကို တင်ပြထားပေမယ့် အခုလွှတ်ပေးတဲ့အခါ နိုင်ငံရေးအကျဉ်းသားလို့ မသုံးနှုန်းသလို၊ လွှတ်ပေးမယ်လို့ ကြိုတင်သိရှိထားတဲ့စာရင်းအရ ဆောင်ရွက်တာလဲမတွေ့ရဘူးလို့ ကိုတိတ်နိုင်က ပြောပါတယ်။
RFA Burmese

လုံခြုံရေးအရ ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲကို ဖျက်သိမ်း

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီသီတင်းပတ်အတွင်း ကျင်းပမယ့် ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲ ပွဲစဉ်တွေကို လုံခြုံရေးအရ မြန်မာဘက်က ဖျက်သိမ်းလိုက်ပါတယ်။

ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲ Asia- Oceanua အုပ်စု (၃) နဲ့ (၄) ပွဲစဉ်တွေကိုဖျက်သိမ်းလိုက်တာပါ။

ပြိုင်ပွဲဝင်မယ့် နိုင်ငံတွေဟာ ဘာရိန်း၊ အီရတ်နဲ့ ဆော်င်္ဒီအာရေဗျစတဲ့ အစ္စလမ်နိုင်ငံတွေက ဖြစ်တဲ့အတွက် လုံခြုံရေးအရ ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မကြာခင်က မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့အတွက် အခုလိုမူဆလင်နိုင်ငံတွေက အားကစားသမားတွေရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ် ITF က မေးမြန်းခဲ့ကြောင်း၊ ပြိုင်ပွဲဝင်နိုင်ငံတွေကလည်း လုံခြုံရေးကိစ္စ စိုးရိမ်နေကြတဲ့အတွက် ပွဲစဉ်တွေကို အားကစားဝန်ကြီးဌာနက ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း မြန်မာတင်းနစ်အဖွဲ့ချုပ် အတွင်းရေးမှူးက ပြောပါတယ်။
RFA Burmese

မြန်မာ သွင်းကုန်တွေကို အမေရိကန်နိုင်ငံက အခွန်ကင်းလွတ်ခွင့် ပြုနိုင်ဖွယ်ရှိ

အမေရိကန် ပြည်ထောင်စုကို မြန်မာနိုင်ငံက သွင်းကုန်တွေအပေါ် သမ္မတအိုဘားမား အစိုးရက အခွန်ကင်းလွတ်ခွင့် ပြုနိုင်ဖွယ်ရှိတယ်လို့ သတင်းရရှိပါတယ်။

အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ အရာရှိ ဒီမီထရီယိုး မရန်တိစ်ဟာ ဒီနေ့မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပြီး၊ အစိုးရအရာရှိတွေ စီးပွါးရေးသမားတွေနဲ့ ရန်ကုန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

အခုလို သွင်းကုန်အခွန်ကင်းလွတ်ခွင့် ပြုမယ့်အကြောင်းက သမ္မတ အိုဘားမားအနေနဲ့ မြန်မာအစိုးရဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေ အလုပ်အကိုင်ရရှိရေးကို အထောက်အကူဖြစ်အောင် ရည်ရွယ်ကူညီမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ပြန်ပြီးအသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်အစိုးရဟာ ပိတ်ဆို့မှုတချို့ကို ယာယီရုပ်သိမ်းပေးထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ၂၀၀၃ ခုနှစ်မတိုင်ခင်က မြန်မာနိုင်ငံကနေ အဝတ်အထည်နဲ့ အခြားပစ္စည်း ၂၇၅ သန်းဖိုး ဝယ်ယူတင်သွင်းခဲ့ပါတယ်။
RFA Burmese

EU ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးတဲ့အပေါ် မြန်မာအစိုးရ ကြိုဆို

မြန်မာနိုင်ငံအပေါ် လက်နက်အရောင်းအ၀ယ်ကလွဲပြီး ကျန်တဲ့ပိတ်ဆို့ အရေးယူထားတာတွေအားလုံးကို EU ဥရောပသမဂ္ဂက လုံးဝရုတ်သိမ်းပေးလိုက်တဲ့အတွက် မြန်မာအစိုးရက ကြိုဆိုဂုဏ်ပြုလိုက်ပြီး၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ကတိပြုပြောဆိုလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံမြို့တော် ဘန်ဒါဆရီဘီဂါဝမ်မှာ ကျင်းပနေတဲ့ အာဆီယံညီလာခံပြင်ပမှာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက "EU က ပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်တာဟာ မြန်မာအတွက် အင်မတန် အစကောင်းပါတယ်၊ မြန်မာနိုင်ငံမှာ ဆက်လက်ဆောင်ရွက်စရာတွေ အများကြီးရှိနေပါသေးတယ်၊ ရှေ့နှစ်မှာ အာဆီယံ ဥက္ကဌ တာဝန်ယူရတော့မယ့် မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် အလေးအနက်ရှိသလဲဆိုတာ နိုင်ငံတကာကို ပြသမှာပါ၊ အထူးသဖြင့် လူမှုစီးပွားကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ တပုံတပင်ဖြစ်လာတာကို တွေ့ကြရမှာပါ" လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

EU ဟာ မြန်မာအပေါ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးဖို့ အချိန်မတန်သေးဘူးလို့ HRW လူ့အခွင့်အရေးအဖွဲ့က ဝေဖန်ခဲ့ပါတယ်။ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှတန် ကတော့

"မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေးစတဲ့ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရမှာတွေ ရှိနေသေးတာကိုသိပါတယ်၊ ဒီပြဿနာတွေကို မိမိတို့လျော့တွက်မထားပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာလည်း ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာအပေါ် ပိတ်ဆို့မှုတွေ ဆိုင်းငံထားတာပါ။ ဒါပေမဲ့ အမေရိကန်ဟာ ပိတ်ဆို့မှုတွေကို ချက်ခြင်းပြန်ရုပ်ဦးမယ့် အရိပ်လက္ခဏာ မပြသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မနေ့ကကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ယာယီလက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell က "အမေရိကန်ပြည်ထောင်စုမှာ စံချိန်စံညွှန်း တိုင်းတာချိန်ကိုက်ရေး မူဝါဒရှိပါတယ်၊ ဒီမူဝါဒအရ ပိတ်ဆို့အရေးယူထားတာတွေဟာ အသက်ဝင်မြဲဝင်နေပြီး၊ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်တိုးတက်နေအောင် တွန်းအားပေးနေမှာ ဖြစ်ပါတယ်"
လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင်လတ်တလော နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတဲ့အပေါ် ကြိုဆိုလိုက်ပြီး၊ ကျန်ရှိသမျှအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
RFA

နိုင်ငံခြားသား ၃ ဦးအပါအ၀င် အကျဉ်းသား၊ အကျဉ်းသူ ၉၃ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

23 April 2013
နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် နိုင်ငံခြားသား ၃ ဦးအပါအ၀င် အကျဉ်းသား၊အကျဉ်းသူ ၉၃ဦးအား ဧပြီလ ၂၃ရက် မွန်းလွဲပိုင်းမှ စတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသားအချို့ပါဝင်ခဲ့ကြောင်း သိရသည်။

“အကျဉ်းထောင်၊ အလုပ်စခန်းများတွင် ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် နိုင်ငံသား အကျဉ်းသား/ အကျဉ်းသူ (၉၀) ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၃) ဦး စုစုပေါင်း အကျဉ်းသား/အကျဉ်းသူ (၉၃) ဦးတို့အား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (က)နှင့် အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူတို့အား ပြည်နှင်ဒဏ် ပေးခဲ့ ကြောင်း ဧပြီလ ၂၃ရက် ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာ ၀က်ဘ်ဆိုက်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးတို့ကို ရှေ့ရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသော အားဖြင့် လည်းကောင်း၊ အဆိုပါ အကျဉ်းသား/အကျဉ်းသူ (၉၃)ဦးတို့အား နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြ ပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်သွားနိုင်စေရန် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဆိုက်တွင် ဖော်ပြခဲ့သည်။

အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများလွတ်မြောက်လာမှုတွင် နိုင်ငံရေးအကျဉ်းသားများပါဝင်ခဲ့ရာ အင်းစိန် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသော ကိုရဲထက်စိုး၊ ကိုဇော်မိုး၊ ကိုနေမျိုးသူရ၊ ကိုစိုင်းအောင်ကျော်တို့ (၄)ဦး နှင့် သာယာဝတီထောင်မှ ကိုအောင်သူ နှင့် ကိုအေးမင်းဖြိုး(ခ) ကိုသားကြီး၊မန္တလေး အိုးဘို ထောင်မှ တမူးမြို့မှ မပါးလ်ထွေး (ခေါ်) မအေးထွေး (လက်နှက်မှု)နှင့် မိုင်းယန်းမြို့မှ စိုင်းလဟန် (ပုံနှိပ်အက်) တို့ ဧပြီလ ၂၃ရက် ညနေပိုင်းတွင် လွတ်မြောက်လာပြီဖြစ်ကြောင်း ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင်လင်းလူ့အဖွဲ့အစည်းမှ သတင်းထုတ်ပြန်ထားသည်။

မြစ်ကြီးနားအကျဉ်းထောင်မှလည်း မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံထား ရသည့် အကျဉ်းသား ၅ဦးလွတ်မြောက်လာပြီး ယင်းလွတ်မြောက်လာသည့် အကျဉ်းသားငါးဦးတွင် သုံးဦးမှာ ကချင်တိုင်းရင်းသားများဖြစ်ကြောင်း မြစ်ကြီးနား အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ပြောကြားခဲ့သည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)မှ ကိုဘိုကြည်က “ ဒီနေ့လွတ်တာက အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၁၉ယောက်နဲ့ ရှမ်းတိုင်းရင်းသား အယောက် ၄၀ စုစုပေါင်း ၅၉ယောက် လွတ်တယ်လို့သိရပါတယ်။အရေအတွက်အားဖြင့် အရမ်းနည်းနေတယ်။ နောက်တစ်ခုက လွှတ်တဲ့ပုံစံကလည်း လူသိရှင်ကြား တရားဝင်ကြေညာပြီးတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုပြီး လွှတ်တာမျိုးဆိုရင် ပိုသင့်တော်တာပေါ့။ ဒီလိုပုံစံမျိုးနဲတော့ မလွှတ်သင့်ဘူး။ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ်နဲ့အသုံးချသလိုမျိုးလည်း ဖြစ်နေတယ်။အီးယူက ဆန်ရှင်ရုတ်သိမ်းပေးလိုက်လို့ အီးယူကို ပြန်ပြီးတော့ မျက်နှာပြကောင်းအောင်လုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်။ဒီလောက်လေးနဲ့ မလုံလောက်သေးပါဘူး” ဟု ဧပြီ ၂၃ရက် ညပိုင်းက Eleven Media Group သို့ ပြောကြားခဲ့သည်။

“လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးအဖွဲ့အနေနဲ့ လုပ်ပိုင်ခွင့်ဘာမှမရှိပါဘူး။သင်္ကြန်ပြီး ရင်အစည်းအဝေးခေါ်မယ်ဆိုတာကလည်း သူတို့အကြောင်းကြားမှ သွားလို့ရတာပါ။အစိုးရဘက်က နေ ဒီထက်ပိုမိုပူးပေါင်းဆောင်ရွက်မှုမျိုးလုပ်ရင်တော့ ကောင်းပါတယ်။ ကျွန်တော်တို့ကို ဟန်ပြ ခေါ်ထိုင်ခိုင်းထားရုံလောက်ဆိုရင်တော့ သိပ်မကောင်းဘူးပေါ့” ဟု ကိုဘိုကြည်က ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွတ် ငြိမ်းချမ်းသာခွင့်ခြောက်ကြိမ် ပေးခဲ့ပြီး လေးကြိမ်တွင်ယခင်စစ်အစိုးရလက် ထက်က အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းချခံထားခဲ့ရသော နိုင်ငံရေး အကျဉ်းသား ရာနှင့်ချီကာ ပါဝင်လာခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်း သားများ ပါဝင်မှုမရှိခဲ့ဘဲ ဇန်နဝါရီလ ၁၃ ရက်နေ့တွင်မူ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ် ကျခံရလျက် ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအားပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မ ခွဲ(၁) အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီ ပါဝင်လာခဲ့သည်။

ယင်းတို့ထဲတွင် ထင်ရှား သော နိုင်ငံရေးအကျဉ်းသားများ ဖြစ်သော သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင်များဖြစ်သည့် ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပြုံးချိုနှင့် ကိုဋ္ဌေးကြွယ်၊ မြင်းခြံအကျဉ်းထောင်မှ ရှမ်းအမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့ ပါဝင်ခဲ့သည်။

ထို့ပြင် ၂၀ဝ၇ သံဃာ အရေးအခင်း ခေါင်းဆောင်များ ဖြစ်သည့် အရှင်ဂမ္ဘီရ၊ ကျောင်းသား ခေါင်းဆောင် ကျော်ကိုကို၊ ကိုဇော် သက်ထွေး၊ ကိုနေဘုန်းလတ် ၊ ကိုဒီ ငြိမ်းလင်းတို့အပြင် အမျိုးသမီး များဖြစ်သည့် မနီလာသိန်း၊ မမီးမီး၊ မမာမာဦး၊ မစန်းစန်းမော် စသည့် ထင်ရှားသူများ ပါဝင်လာခဲ့ကာအကောက် ခွန်ဝန်ထမ်းဟောင်းများ နှင့် ထောက်လှမ်းရေးအဖွဲ့ဝင် ဟောင်းများလည်း ပါဝင်ခဲ့သည်။

ယင်းကဲ့သို့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းသည် သမ္မတဦးသိန်းစိန်အစိုးရ တက်လာ ပြီးနောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု ဖြစ်ခဲ့သည်။ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသော လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်ကာ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် ပြည်တွင်းရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြသည်။

၂၀၁၂ ခုနှစ်အတွင်း ဒုတိယအကြိမ်အစြဖ် ဇူလိုင်လ ၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့ရာ နိုင်ငံ ရေးအကျဉ်းသား ၃၇ ဦးနှင့် အကျဉ်းသူ ၉ ဦးပါဝင်လာခဲ့သည်။ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက်နှင့် ၂၀၁၂ ခုနှစ်အတွင်း တတိယအကြိမ် မြောက်အဖြစ် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ရာ အကျဉ်းသား ၅၁၄ ဦးတွင် တောင်ကြီးထောင်မှ ဦးရွှေထူးအပါအဝင်နိုင်ငံရေး အကျဉ်းသား ၈၀ ကျော်ပါဝင်ခဲ့သည်။
Eleven Media Group

နိုဝင်ဘာလ ၁၅ ရက်နေ့ က ပေးခဲ့သော ပဉ္စမအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်တွင်မူ နိုင်ငံ ရေးအကျဉ်းသားများပါဝင်လာခြင်း မရှိခဲ့ဘဲ အမေရိကန်သမ္မတ အိုဘား မား မြန်မာနိုင်ငံသို့လာရောက်ခဲ့ သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင်မူ လကျာ်ထွန်း၊ ဦး မြင့်အေးတို့အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခဲ့သည်။

လူမှုရေးကွန်ရက် သုံးစွဲသူများ၏တာဝန်

(ဧပြီလ ၂၄ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသော Editorial)

မကြာသေးခင် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံလာရောက်သွားခဲ့သည့် Google ၏ အမှုဆောင် ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှုသည် အန္တရာယ်ရှိနေကြောင်း သုံးသပ် ပြောကြားသွားခဲ့သည်။ မှန်ပါသည်။ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့သည့်အပြင် သတင်းလွတ်လပ်ခွင့် မရှိဘဲ အရာရာထိန်းချုပ်ခံ ထားခဲ့သည့် လူ့အဖွဲ့အစည်း တစ်ရပ်အတွက် မိမိမည်သူမည်ဝါ ဖြစ်ကြောင်း အမှန်အတိုင်း ထုတ်ဖော်ရန် မလိုအပ်ဘဲ မိမိစိတ်ခံစားမှု ရှိသည့်အတိုင်း အထိန်းအကွပ်မရှိ ပြောဆို၊ ရေးသား၊ ဖြန့်ဝေခွင့် ရနေသော အွန်လိုင်းပေါ်တွင် အာဏာရှင်စနစ် တစ်လျှောက်လုံး မျိုသိပ်အောင့်အည်း လာသမျှ ဖွင့်အန်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် စိတ်ခံစားချက်များ၊ တေးမှတ်ထားမှုများ၊ မကျေနပ်ချက်များ၊ ဒေါသများ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ အကြောင်း၊ အကျိုးသဘောဖြင့် ဆင်ခြင်ကြည့်ပါက နားလည်ပေးနိုင်သော အခြေအနေဖြစ်သည်။

သို့သော် အခြေခံအားဖြင့် သည်းခံခွင့်လွှတ်တတ်သည့် သဘောထားရှိသူ မြန်မာပြည်သူလူထုတွင် လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ ကိုယ်စားပြုအဖွဲ့အစည်း အသီးသီး ရှိကြသည့်အလျောက် အချို့နေရာများ တွင် အလွန်အကျွံပြောဆိုမှုများ၊ အစွန်းရောက် လှုံ့ဆော်သွေးထိုးမှု များလည်း တွေ့ မြင်လာရသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်ပဋိပက္ခ လက်ပံတောင်းတောင် စီမံကိန်း၊ မိတ္ထီလာ အရေးကိစ္စတို့တွင် ဘာသာရေး၊ လူမျိုးရေးအကြောင်းပြုကာ အွန်လိုင်းပေါ်ရှိ လူမှုရေးကွန်ရက်များမှ တစ်ဆင့် တစ်ဖက်နှင့် တစ်ဖက် ပြင်းထန်စွာ စွပ်စွဲတိုက်ခိုက်ခဲ့ကြသည်။ ထိုကွန်ရက်များမှသည် ပြင်ပသို့ပါ ချိတ်ဆက်ကာ အကြမ်းဖက်မှုများ ကျူးလွန်လာသည်အထိ အတင့်ရဲလာခဲ့သည်။

ပြီးခဲ့သည့် လပိုင်းက "ဥပဒေအထက်တွင် လွှတ်တော်ရှိသည်" ဟူသော စကားဖြင့် အွန်လိုင်း ပေါ်တွင် ပြည်ထောင်စုလွှတ်တော်ကို ဂုဏ်သိက္ခာကျဆင်းစေရန် တမင်ရည်ရွယ်ချက်ဖြင့် မထေမဲ့မြင်ပြု သည်ဟုယူ ဆကာ ဒေါက်တာဆိတ်ဖွားဆိုသူ ဘလော့ဂ်ဂါတစ်ဦးအား ပြည်ထောင်စုအဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ စုံစမ်း၊ စစ်ဆေး၊ ဖော်ထုတ်ခဲ့သည်။ ယမန်နေ့ကပင် ထိုဆိတ်ဖွားဆိုသူ မည်သူမည်ဝါဖြစ်ကြောင်း ကော်မရှင်က ဖော်ထုတ်နိုင်ခဲ့သည်ဟု ယင်းကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ၏ အဆိုအရ သိရသည်။ အဆိုပါ ဆိတ်ဖွားဆိုသူ (သို့မဟုတ်) အဖွဲ့သည် ပြည်ထောင်စုလွှတ်တော် ကိုသာမက နယ်ပယ်အသီးသီးမှ လူထုအသိအမှတ်ပြု ခေါင်းဆောင်များ၊ အစိုးရနှင့် အတိုက်အခံ ပြုနေသူဟု ၄င်း(သို့မဟုတ်) ၄င်းတို့ ယူဆထားသူများ၊ မီဒီယာလောကမှ နာမည်ရ သတင်းစာဆရာများ ကိုလည်း ပုဂ္ဂိုလ်ရေး အပုပ်ချမှုများဖြင့် ပုံမှန်တိုက်ခိုက်လျက်ရှိသူ၊ အဖွဲ့ ဖြစ်သည်။

လူမှုရေးကွန်ရက်များ ပေါ်ရှိ ထိုသို့အစွန်းရောက် ဆဲဆို၊ ပုတ်ခတ်၊ သွေးထိုး၊ လှုံ့ဆော်နေသူများ၏ မှတ်ချက်များကို စဉ်ဆက်မပြတ် ဖတ်ရှုကြည့်ပါက လေသံနှင့် အခြေခံသဘောထားများ တူညီနေသည်ကို တွေ့ရသည်။

အခြားတစ်ဖက်တွင်လည်း အတိုက်အခံ၊ သို့မဟုတ် အစိုးရဆန့်ကျင်သူဟု ဆိုရမည့်ဘက်တွင် လည်း မည်သူမည်ဝါ ဖြစ်ကြောင်း ဖုံးကွယ်ထားသူအချို့က ၄င်းတို့ကြည်ညိုလေးစားသူ မှတစ်ပါး အစိုးရ၊ တပ်မတော်၊ ခရိုနီလုပ်ငန်းရှင်၊ အစိုးရနှင့် နီးစပ်သူဟု ၄င်းတို့ ယူဆထားသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်း များအားလုံးကို လူမှုရေးကွန်ရက်များမှ တစ်ဆင့် အမြဲ အပုပ်ချ၊ စွပ်စွဲ တိုက်ခိုက်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ လက်ရှိ လူမှုရေးကွန်ရက် အသုံးပြုသူများကို ကျင့်ဝတ်စည်းကမ်း ချိုးဖောက်သူ၊ အစွန်းရောက်မျိုးချစ်များ၊ အာဏာရှင်စနစ်ကို လိုလားသူများ၊ ကိုယ်ကျိုးစီးပွားပျက်စီးမည် စိုးရိမ် နေသူများက သည်းခြေကြိုက် စကားလုံး၊ ရုပ်ပုံများအသုံးပြုပြီး ဆွဲဆောင်စည်းရုံးကာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများဖန်တီးရန် ကြိုးစားနေသည်။ ၄င်းတို့သည် လူထုချစ်ခင်လေးစားမှု အထူးရရှိ ထားသူများ၊ နယ်ပယ်အလိုက် ထင်ရှားကျော်ကြားသူများကို ပုဂ္ဂိုလ်ရေး သွားပုပ်လေလွင့် သတင်းများ လွှင့်ကာ စနစ်တကျ အုပ်စုဖွဲ့အကွက်ချ တိုက်ခိုက်လျက်ရှိသည်။ ဆိုက်ဘာတိုက်ခိုက်မှု များဖြင့် အနှောင့်အယှက်ပေးကြသည်။ နဂိုမူလကပင် ခံစားချက်၊ နာကြည်းချက်၊ မျိုသိပ်အောင့်အည်းမှုများနေ သည့် မြန်မာပြည်သူ အများစုသည် ထိုအုပ်စု၏ အောက်လမ်းနည်းဖြင့် ဆွဲဆောင်လှုံ့ဆော်မှုများ နောက်သို့ အသိမဲ့ ပါသွားတတ်ကြသည်။ ထိုအခါ မြန်မာနိုင်ငံသား အများစု သုံးစွဲနေသည့် Facebook ကဲ့သို့ လူမှုရေးကွန်ရက်များတွင် အနီရောင်များ လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခါစတွင် အပြောင်းအလဲကို မလိုလား သူများ၏ အခုအခံများ ကြုံရတတ်စမြဲဖြစ်သည်။ ထိုအခုအခံများသည် နေရာမျိုးစုံမှ နည်းမျိုးစုံဖြင့် လာနိုင်သည်။ လွှတ်တော်အတွင်း၊ အစိုးရအဖွဲ့အတွင်း၊ နိုင်ငံရေးပါတီများ အတွင်း၊ တပ်မတော်အတွင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများအတွင်း၊ ခရိုနီများအတွင်းနှင့် ယုတ်စွအဆုံး ပြည်သူလူထု အတွင်းတွင်လည်း မလိုလားသူများ ရှိနိုင်သည်။ မြန်မာနိုင်ငံအတွင်းတွင် ကုန်ခဲ့သည့် ၂နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုများ၊ ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ သွေးထွက်သံယိုမှု များနှင့် လူမှုရေးကွန်ရက်များ ပေါ်ရှိ သွေးထိုးလှုံ့ဆော်မှု များကိုကြည့်လျှင် တစ်စုံတစ်ရာ ဆက်စပ်မှုများ ရှိနေနိုင်သည်။ ၄င်းတို့၏ နောက်ကွယ်တွင် ငွေကြေးအင်အား တောင့်တင်းစွာဖြင့် စနစ်တကျလေ့ကျင့်ထားပြီး အကွက်ကျကျ လှုပ်ရှားနေကြ ခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။

အွန်လိုင်း အသုံးပြုနေကြသည့် မြန်မာနိုင်ငံသားတို့ အနေနှင့် လူမှုကွန်ရက်များ ပေါ်တွင် မိမိကိုယ်ကိုယ် မည်သူမည်ဝါဖြစ်ကြောင်း ရိုးဖြောင့်စွာ ထုတ်ဖော်မထားဘဲ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကောင်အထည် ဖော်နေကြသူများ အကြား နားလည်မှု လွဲမှားစေမည့် ယဉ်ကျေးမှု အဆင့်နိမ့်သော စကားလုံးများဖြင့် အောက်တန်းကျကျ တိုက်ခိုက်နေသူများနှင့် ၄င်းတို့၏ မှတ်ချက်များကို လက်ခံခြင်း၊ အသိအမှတ်ပြုခြင်း၊ သူငယ်ချင်းဖွဲ့ ခြင်း၊ ထပ်မံမျှဝေခြင်းတို့ မပြုလုပ်ခြင်းဖြင့် ဒီမိုကရေစီနှင့် ထိုက်တန်သည့် နိုင်ငံကြီးသားများ အဖြစ် ပြသကြပါမည့်အကြောင်း အထူး တိုက်တွန်းအပ်ပေသည်။
အယ်ဒီတာ(၂၃-၄-၂၀၁၃)
The Voice Weekly

ဒေါက်တာ ဆိတ်ဖွါးကိုတွေ့ပြီ


FB-သတင်းစုံလင် ဖေ.ဘုတ်တခွင်

ပြည်မြို့တွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက်က လူသတ်ပစ္စည်းလု(ဓါတ်ပုံသတင်း)

၂၃.၄.၂၀၁၃ ရက်နေ့ ည ၈း၃၀ ခန့်အချိန်၌ ပြည်မြို့ န၀ဒေးတံတားအောက်ရှိ ရှုခင်းသာတွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက်မှ လုယက်မှုဖြစ်ပွားခဲ့ပါတယ်။ ကောင်လေးကတော့ လည်ပင်းကို လိမ်ချိုးခံထားရပြီး ရေထဲသို့ ပြုတ်ကျနေပါတယ်။

ကောင်မလေးသည် ကြောက်လန့်အော်ဟစ်သဖြင့် အနီးအနားရှိ ရပ်ကွက်သူ ရပ်ကွက်သားများက ရောက်ရှိလာသဖြင့် စစ်သားသုံးယောက်ထွက်ပြေးသွားကြပါတယ်။ ရဲစခန်းသို့အကူအညီတောင်းရာ အမှတ်(၂) စခန်းမှ တာဝန်ကျ ဒုရဲအုပ် ဆန်းဦးနှင့် ရဲများရောက်ရှိလာပြီး တရားခံကို လိုက်လံရှာဖွေကြပါတယ်။ ရပ်ကွက်ထဲမှ လူများနှင့် ရဲများ၏ ရှာဖွေမှုကြောင့် ထွက်ပြေးသွားသော စစ်သားသုံးယောက်ထဲမှ နှစ်ယောက်ကို ဖမ်းမိပါတယ်။ တရားခံများသည် လက်နက်များလည်း ကိုင်ဆောင်ထားကြပါတယ်။

ထိုအချိန် စစ်ဗိုလ်တစ်ဦးရောက်ရှိလာပြီး တပ်ပြေးများ လိုက်လံဖမ်းဆီးနေတာ ယခု တော့ မိပြီဆိုပြီး အဖမ်းခံထားရသော စစ်သားနှစ်ယောက်ကို ရဲလက်ထဲမှ တောင်းရမ်းပါတယ်။ ဒါ ရဲမှုခင်းဖြစ်တယ်လို့ပြောပေမယ့် စစ်တပ်နဲ့သာဆိုင်တယ်ဆိုသဖြင့် တရားခံနှစ်ဦးလွှဲပြောင်းပေးလိုက်ရပါတယ်။ ကောင်လေးအလောင်းကို ရေထဲတွင် ရှာဖွေတွေ့ရှိပြီး လည်ပင်းလိမ်ချိုးထားသော ဒဏ်ရာကြောင့် သေဆုံးသွားပြီဖြစ်ပါတယ်။

မြို့သူမြို့သားများသည် တပ်မတော်သားများ မြို့လယ်ခေါင်တွင် လက်နက်ဖြင့် အနုကြမ်းစီး ဓါးပြတိုက် လူသတ်ခဲ့တဲ့ ဖြစ်ရပ်အတွက် မကျေနပ်နိုင်ကြပဲ ညတွင်း ချင်းပင် အမှတ်(၂) ရဲစခန်းတွင် စုရုံးကြကာ တရားခံများအား ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးကတော့ မည်သူပင်ဖြစ်စေ ပြစ်မှုကျူးလွန်သဖြင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
FB-Pon NYa





SNLD မှ အဆိုပြုထားသော အကျဉ်းသားများ လွတ်မြောက်

24.4.2013
နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် အဆိုပြုထားတဲ့ ရှမ်းတိုင်းရင်းသား အကျဉ်းသား အယောက် ၄၀ ကို မနေ့က ဧပြီ ၂၃ ရက်နေ့မှာ သာယာဝတီ အကျဉ်းထောင် ကနေ ပြန်လွှတ်ပေး ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

သာယာဝတီထောင်ကနေ ပြန်လွှတ်ပေးလိုက်တာပါ။ အားလုံး အယောက် ၄၀ ရှိပါတယ်။ လွတ် လွတ်ချင်း သူတို့အနေနဲ့ ဘယ်ကိုပြန်ရမှန်းလည်း မသိပါဘူး။ ပြန်စရာ စရိတ်လည်း မရှိကြပါဘူး။ ကျနော်တို့ လည်း သတင်းရရချင်း သာယာဝတီကို လိုက်သွားပါတယ်။ ဒါပေမယ့် ဝမ်ဟိုင်းမှာ အလုပ်လုပ်ဖူးတဲ့ မိတ်ဆွေ တစ်ယောက်က သူအဖေလွတ်မလွတ် သွားစောင့်ကြည့်ရင်းနဲ့ သူတို့ကို ရန်ကုန်ခေါ်လာပါတယ်။ အခုသူတို့ ကို ရန်ကုန်က ကိုးမိုင်ရှမ်းကျောင်းမှာ နေရာချထားပေးပါတယ်။ မနက်ဖြန် ကားနဲ့ လားရှိုးကို ပြန်ပို့ပေးပါ တယ်။ လားရှိုးကိုတော့ သူတို့မိသားစုတွေ လာကြိုကြပါလိမ့်မယ် လို့ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ် က ကော့လီကို ပြောပါတယ်။

၎င်းတို့ အကျဉ်းကျပြီး ၁၀ နှစ်ကျော်ကြာပြီး ၂၀၁၃ ခုနှစ်မှာ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါ အကျဉ်းသား ၄၀ ဦးအပါအဝင် အခြား ရှမ်းလက်နက်ကိုင်များကို လွတ်ပေးရန် အဆိုပြုခဲ့ရာမှ အခုလို ပြန်လည် လွတ်မြောက် လာကြတာဖြစ်ပါတယ်။ အဆိုပါ လွတ်မြောက်လာသူ အယောက် ၄၀ ဟာ ဗိုလ်မှူးကြီးကဏ်းယွက် ဦးစီးတဲ့ ရှမ်းပြည်အမျိုးသား တပ်မတော် (SSNA) တပ်သားများဖြစ်ကြပါတယ်။ သိန္နီမြို့နယ် အခြေစိုက် ဒုတိယဗိုလ်မှူးကြီး ကန်န ဦးစီးတဲ့ တပ်မဟာ (၁၁) က ဖြစ်ပါတယ်။

၂၀၀၂ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စကခ(၁၆) လက်အောက်ခံ တပ်များနဲ့ သိန္နီမြို့နယ် နောင်ကွဲဖိတ်မှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် SSNA တပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ချခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၂ မတ်လ ၁၄ ရက်နေ့မှာတော့ အထူး တရားရုံးဖွဲ့ပြီး မူးယစ်ဆေးဝါးမှုနဲ့ အဆိုပါ ၄၅ ဦးစလုံးကို နှစ်အကန့် အသတ်မ ရှိ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ၎င်းတို့အတွက် လွတ်မြောက်ရန် အခွင့်အလမ်း မရှိတော့တဲ့အတွက် ၄၅ ဦးအနက် ၂ ဦးမှာ အကျဉ်းထောင် တွင်းမှာပင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီး ၃ ဦးမှာလည်း စိတ်ဒဏ်ရာ များနဲ့ ကွယ်လွန်ခဲ့ပြီး ယခု ၄၀ ဦးသာ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။၎င်း ၄၀ ဦးဟာ အများအားဖြင့် သိန္နီမြို့နယ် ၊ လားရှိုးမြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်များက ဖြစ်ကြတယ်လို့လည်း သိရ ပါတယ်။
kawli media
Shan News

အကျဉ်းသား (၉၀)ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြု

(24.4.2013)
ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတအမိန့်ဖြင့် အကျဉ်းထောင် အသီးသီးက နိုင်ငံသား အကျဉ်းသား၊အကျဉ်းသူ (၉၀)နှင့် နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်းသူ သုံးဦးတို့ကို ဧပြီလ (၂၃)ရက်နေ့မှ လွတ်ငြိမ်း
ချမ်းသာခွင့် ပေးခဲ့သည်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား (၁၀)ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ရာ နိုင်ငံရေးအကျဉ်းသား ခြောက်ဦး ပါဝင်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄(က)နှင့်အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူများကို ပြည်နှင်ဒဏ်ပေးကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင် ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်
မပျက်ဆက်ဆံရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးတို့ကို ရှေ့ရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
SkyNet TV Browser

တိုင်းရင်းသား မီဒီယာညီလာခံကို (၃)ရက်တိုင်တိုင် ကျင်းပမည်

(24.4.2013)
ပထမဆုံးအကြိမ် တိုင်းရင်းသား မီဒီယာညီလာခံကို (၃)ရက်တိုင်တိုင် ခမ်းခမ်းနားနား ကျင်းပပြီး ညီလာခံဖြစ်မြောက်ရေးအတွက်စီစဉ်သော သံလွင်တိုင်းမ်ဂျာနယ်မှ အုပ်ချုပ်မှု အယ်ဒီတာ ဦးမင်းမင်းနွယ်က ပြောသည်။ မော်လမြိုင်မြို့ Strandဟိုတယ်တွင် ဧပြီလ (၂၅)ရက်နေ့မှ (၂၇)ရက်အထိ ကျင်းပမည် ဖြစ်သည်။
ထိုညီလာခံကို တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးရေးစင်တာ (BNI)၊ မွန်ပြည်အတွင်း ထုတ်ဝေသော သံလွင်တိုင်းမ်
ဂျာနယ်နှင့် စနောင်းတိုင်းမ်ဂျာနယ်တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။

ညီလာခံကို ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို)မှ ပညာရှင်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ တိုင်းရင်းသားမီဒီယာများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် NGOအဖွဲ့များ စသဖြင့် စုစုပေါင်းအဖွဲ့ အစည်း (၁၀၀)၀န်းကျင်က ကိုယ်စားလှယ်များ တက်ရောက်မည်။

"ဒါက မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် လုပ်တဲ့ပွဲပါ၊ မှေးမှန်နေတဲ့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ပြန်လည်မြှင့်တင်ဖို့အတွက်လည်း ရည်ရွယ်ပါတယ်"ဟု ဦးမင်းမင်းနွယ်က ပြောသည်။ ထို ညီလာခံတွင် မီဒီယာအဖွဲ့အစည်းများ ဖြစ်သည့် PressCouncil များတွင် တိုင်းရင်းသား မီဒီယာကိုယ်စားလှယ်များ ပါဝင်နိုင်ရန်၊ ပုံနှိပ်မီဒီယာ ဥပဒေတွင် တိုင်းရင်းသား မီဒီယာများ၏ အခွင့်အရေးနှင့် အာမခံချက်များ ပါဝင်ရန်၊ တိုင်းရင်းသား မီဒီယာများ တိုင်းရင်းသားဘာသာစကားနှင့် စာပေများ အရေးပါပုံ အကြောင်းနှင့် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသား Multi Media ပေါ်ပေါက်လာရေး ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
 SkyNet TV Browser


သားကောင်သစ်မိတ္ထီလာ


“နာရီစင်ရပ်ကွက်မီးရှို့နေတာ ဗမာအိမ်ရော၊ မွတ်ဆလင်အိမ်ရော အကုန်လောင်တယ်" ဆိုသည်ကား မိတ္ထီလာ စည်ပင်သာယာဈေးအနီးတွင် နေထိုင်သူတစ်ဦး၏ အထိတ်တလန့် ပြောကြားမှုဖြစ်သည်။

မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၈၀ ခန့်အကွာ မိတ္ထီလာမြို့တွင် ဘာသာမတူသူလေးဦး ခိုက်ရန်ဖြစ်ပွားမှုသည် လူထောင်ချီ ပါဝင်သော ပဋိပက္ခကြီး ဖြစ်လာသည်။ လူ ၁၀ ဦး ထက်မနည်း သေဆုံး သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည့် ယင်းပဋိပက္ခမှာ မတ်လ ၂၁ ရက်ညနေ ၇ နာရီထိ ပြီးဆုံးခြင်း မရှိသေးပေ။ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသော လူစုများရှိနေဆဲ ဖြစ်သည်။

ယင်းပဋိပက္ခသည် မတ်လ၂၀ရက် နေ့နံနက် ၉ နာရီအချိန်၌ အစ္စလာမ် ဘာသာဝင်ပိုင် နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းချရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း ရာချီသောလူအုပ်ကြီး က ရွှေဆိုင်ကို ဖျက်ဆီးသည်အထိ ဖြစ်လာသည်။ "မွန်းလွဲ ၂နာရီလောက် ရွှေရောင်း ချတဲ့ဆိုင်ခန်း ရှစ်ခန်းလောက် ကိုဖျက်ဆီးလိုက်ပြီ"ဟုအခင်းဖြစ်ပွား ရာ အနီးရှိ အထည်ဆိုင်ဖွင့်ထားသူ အသက် ၄၀ အရွယ် အမျိုးသမီးက ဆိုသည်။

ယင်းပဋိပက္ခမှာ ရှုပ်ထွေးသည်ထက် ပိုမိုရှုပ်ထွေးလာနေပြီး မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအထိ ဆက်လက် ဖြစ်ပွားနေကာ ဒဏ်ရာရနှင့် သေဆုံးသူ ဦးရေလည်း ပိုများလာနေသည်။ "ရဲလုံခြုံရေးတွေ ရှေ့မှာကို တုတ်ဆွဲ၊ ဓားဆွဲနဲ့ မီးရှို့နေကြတယ်" ဟု မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းကြောင့် အခြေအနေများကို အချိန်တိုအတွင်း ထိန်းသိမ်းနိုင်ရေး မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က မတ်လ ၂၀ ရက်ရက်စွဲဖြင့်ထုတ် ပြန်လိုက်ပြီး ဖြစ်စဉ်အမှန် အသေးစိတ် ကို စုံစမ်းစစ်ဆေး၍ အစီရင်ခံစာကို ရက်သတ္တတစ်ပတ်အတွင်း တင်ပြရ မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

အစိုးရအဖွဲ့၏ လုပ်ဆောင်နေမှု များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခအခြေ အနေများကို ထိန်းသိမ်းရန် လုံခြုံရေး အင်အား တိုးမြှင့်ထားပြီး သံဃာတော်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဝိုင်းဝန်း လုပ်ဆောင်နေကြောင်း ပြောကြားသည်။ "ဒီလို ပဋိပက္ခဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို အကြမ်းဖက်မှုတွေ မကူးစက်ဖို့ သက်ဆိုင်ရာ တိုင်း ဒေသကြီး အစိုးရတွေကို စောင့်ကြည့်ခိုင်း ထားပါတယ်။ လုံခြုံရေးတွေလည်း တိုးခိုင်းထားတယ်" ဟု ၄င်းက ရှင်းပြသည်။ အဆိုပါပဋိပက္ခသည် အစိုးရသစ် သက်တမ်း ၂ နှစ်တာ ကာလအတွင်း လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်သည်။

၂၀၁၂ ဇွန်လအတွင်းက ရခိုင် ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွှာ အုပ်စု တွင် စတင်ဖြစ်ပွားခဲ့သည့် ပစ္စည်းလု၊ မုဒိမ်းကျင့် လူသတ်မှုမှာ ဘာသာရေး ပဋိပက္ခ အသွင်သို့ ကူးပြောင်းသွားပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်တို့ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁၆၇ ဦး၊ ဒဏ်ရာရသူ ၂၂၃ ဦး၊ အိမ်ထောင်စုပေါင်း ၁၆၉၈၀၊ လူဦးရေ ၁၁၁,၀၀၀ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ပြီး အိုးအိမ်နှင့် အဆောက်အအုံ ၁၀၁၀၀ လုံး ပျက်စီးခဲ့ရသည်။

ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး ဖြစ်ပွားသဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရသည် အထိ နှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရခိုင်ပြည်နယ် ပဋိပက္ခများ ပြန်လည်တည်ငြိမ်စ ပြုလာချိန်တွင် ၂၀၁၃ ဖေဖော်ဝါရီ ၁၈ ရက်နေ့က သကေတမြို့နယ် အမှတ် (၃) ရပ်ကွက် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်း အနောက်ဘက်ခြမ်းရှိ အစ္စလာမ်ဘာသာ ရေး စာသင်ကျောင်း ပြန်လည်ပြင်ဆင်မှု မှ ဘာသာရေးအသွင်ဆောင် ပဋိပက္ခ အဖြစ်သို့ ဦးတည်လာသော်လည်း ပြန် လည် ထိန်းသိမ်းလိုက်နိုင်သဖြင့် ပြင်းထန်သည့် ပဋိပက္ခဖြစ်ပွားသည့် အဆင့်သို့ မရောက်ခဲ့ပေ။

သို့သော် သာကေတပဋိပက္ခ အပြီး တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လှိုင်သာယာမြို့နယ် အမှတ် ၁ ရပ်ကွက် ဦးဥတ္တမလမ်းတွင် တရားခွေ ဖွင့်ရာမှ အစပြုကာ အစ္စလာမ်ဘာသာဝင် များနှင့်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရာချီသောလူအုပ်ကြီးသည် တုတ်၊ ဓား လက်နက်များကိုင်ဆောင်ကာ နေအိမ် အဆောက်အအုံများ ဖျက်ဆီးခဲ့သည့် အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က ပုဒ်မ၁၄၄ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ပြီး ယခုအချိန်ထိ ပြန်လည်ရုပ်သိမ်းနိုင်ခြင်း မရှိသေးပေ။

တငွေ့ငွေ့တောက်လောင် နေဆဲ ဖြစ်သည့် လှိုင်သာယာပဋိပက္ခနှင့် ရက်ပေါင်း ၂၀ ခန့်အကြာတွင် ယခု မိတ္ထီလာပဋိပက္ခမှာ လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေးအသွင်ဆောင် သော ပဋိပက္ခဖြစ်သည်။သို့ကြောင့် ဘာသာရေးအဓိကရုဏ်း တစ်ရပ် ဖြစ်ပေါ်လာစေရန် ဖန်တီးနေခြင်း လောဟု မေးခွန်းထုတ်မှုများ လူထုအကြား ထွက်ပေါ်လာတော့သည်။

"အကြမ်းဖက်မှုများသည် သမားရိုးကျ ဖြစ်ရပ်များမဟုတ်ဘဲ ကြားလူတစ်စုက အမြတ်ထုတ်ရန် ပြုလုပ်နေသည်ဟု ယူဆရပြီး အစိုးရက တားမြစ်နိုင်သည့် ကိစ္စများတွင် နှောင့်နှေးနေမှုကြောင့် ..."

ယခုဖြစ်ပေါ်လျက်ရှိသော မတည် ငြိမ်မှု များသည် နိုင်ငံမတည်ငြိမ်ရန် အတွက် ဆူပူလှုံ့ဆော်မှုများ ပြုလုပ်ကာ အစိုးရကို အကျပ်တွေ့စေပြီး ဘာသာရေး ကို ခုတုံးလုပ်ခြင်း ဖြစ်ကြောင်း ဘာသာရေး ခေါင်းဆောင်များက သုံးသပ်ပြောဆို ကြသလို နိုင်ငံရေးသမား များကလည်း အလားတူ သုံးသပ်ကြသည်။

လူမျိုးရေး၊ ဘာသာရေးကို ခုတုံး လုပ်သော ပဋိပက္ခအသွင် ဆောင်အောင် ပြုလုပ်နေခြင်းသည် အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နိုင်သည့်အတွက် မည်သည့်အကြမ်းဖက်၊ အဖျက်လုပ်ငန်း များတွင်မျှ မပါဝင်ရန် မတ်လ ၂၁ရက် နေ့စွဲဖြင့် ရွှေဝါရောင်သံဃာများ ကွန်ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်မှု မတိုင်မီ မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ခန့်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က လူမျိုးရေး၊ ဘာသာရေး ခေါင်းစဉ် ပြောင်းတပ်ကာ လူ့အဖွဲ့အစည်းနှစ်ခု အကြမ်းဖက်မည့် ပုံသဏ္ဌာန်ဖြင့် တိုက်ခိုက်နေမှုကို ဒေသဆိုင်ရာ အုပ် ချုပ်ရေးယန္တရား၏ တုံ့ပြန်မှုမှာ သံသယ ဖြစ်ဖွယ် ကောင်းကြောင်း ဝေဖန်လိုက်သည်။
"စစ်အုပ်ချုပ်ရေးကို လက်ယပ် ခေါ်တဲ့ အပြုအမှုမျိုးတော့ လုံးဝခွင့်မပြုနိုင်ဘူး" ဟု ၄င်းက ဆိုသည်။

မိတ္ထီလာတွင် လုံခြုံရေးများသည် ပဋိပက္ခဖြစ်စဉ်တွင် ရပ်ကြည့်ရုံသာ ရပ်ကြည့်နေပြီး ထိန်းသိမ်းမှုမရှိသဖြင့် အကြမ်းဖက်သူများသည် လုံခြုံရေးများ ကြားက တွန်းတိုက်ဝင်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း မိတ္ထီလာရှိ ၈၈ မျိုးဆက် ကျောင်းသားက တစ်နှစ်ပတ်လုံး ဖွဲ့စည်းထားသော ကွန်ရက်များ ၏ မှတ်တမ်းမှတ်ရာများကို ကိုးကား ကာ ဦးမင်းကိုနိုင်က မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မီဒီယာများကို ရှင်းပြသည်။
"ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာ မဟုတ်ဘူး။ အဲဒါကြောင့် အကြမ်းဖက်မယ့် အုပ်စုတွေကို တားရမယ်" ဟု ၄င်းက ဆိုသည်။

လူမှုကွန်ရက် စာမျက်နှာများတွင် သံဃာတော်သေဆုံးသည့် ဓာတ်ပုံများနှင့် သတင်း ဖြန့်ကြသကဲ့သို့ အစ္စလာမ် ဘာသာဝင်ဟု ယူဆရသူများကလည်း ၄င်းတို့လူမျိုးများကို နှိပ်စက်နေကြသည် ဟူသော သတင်းများ အွန်လိုင်းပေါ်တွင် ဖော်ပြထားကြသည်။
အိုလမာ သာသနာ့ပညာရှင်များအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းမြင့်က "ကျွန်တော်တို့အဖွဲ့က ဆူပူအောင် လှုံ့ဆော်တဲ့ အထဲမှာ ပါဝင်ပတ်သက်တာ မရှိဘူး။ ကလေကချေတွေ လုပ်တဲ့ အလုပ်၊ မိုက်ရိုင်းတဲ့ အလုပ်မျိုးတွေကို ကျွန်တော်တို့ မနှစ်သက်ဘူး" ဟု ဆိုသည်။

အကြမ်းဖက်မှုများသည် သမားရိုးကျ ဖြစ်ရပ်များမဟုတ်ဘဲ ကြားလူတစ်စုက အမြတ်ထုတ်ရန် ပြုလုပ်နေသည်ဟု ယူဆရပြီး အစိုးရက တားမြစ်နိုင်သည့်ကိစ္စများတွင် နှောင့်နှေးနေမှုကြောင့် အစ္စလာမ်ဘာသာဝင် များက လူမျိုးရေး၊ ဘာသာရေးအရ နှိပ်ကွပ်သည်ဟု ထင်မြင်ယူဆမှုများ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီဌာနချုပ် (ရန်ကုန်မြို့) အထွေထွေ အတွင်းရေးမှူးချုပ် အမ်အေဦးကျော်စိုး က မှတ်ချက်ပေးသည်။
"အပြန်အလှန် မေတ္တာတရားနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။ ဒီကိစ္စတွေ တစ်နိုင်ငံလုံး ပြန့်သွားမှာကို အရမ်း ကြောက်ရွံ့တုန်လှုပ်နေပါပြီ" ဟု ၄င်းက ဆိုသည်။

သွေးထိုးလှုံဆော်မှုများကို အခြေခံ၍ ဖြစ်ပွားသော ရာဇဝတ်မှုဖြစ်သော်လည်း ရာဇဝတ်မှုကို ရာဇဝတ်မှုအတိုင်းသာ ရှုမြင်ပြီး တရားဥပဒေ စိုးမိုးရေးကို ဝိုင်းဝန်းကူညီရန် လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာတွင် တာဝန် ရှိသောပုဂ္ဂိုလ်များ အနေနှင့် ရှင်းရှင်းလင်းလင်း၊ ရဲရဲတင်းတင်း ကိုင်တွယ်ရန် လိုအပ်ကြောင်း မင်းကိုနိုင်က အကြံပေး သည်။

ရခိုင်ပြည်နယ်မှသည် ရန်ကုန်မြို့တော်၊ ယင်းမှသည် မန္တလေးတိုင်း အတွင်း အကြီးဆုံးခရိုင်မြို့ဖြစ်သော မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခမှာ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံအတွက် စိုးရိမ်ရသည့်အနေအထား ဖြစ်လာပြီး ဘာသာရေးအဖွဲ့အစည်း များသာမက နိုင်ငံရေးအင်အားစုများ အကြားတွင် သံသယစိတ်များ ကိန်းအောင်းလာသည်အထိ အရှိန် မြင့်လာနေသည်။

"လူ့အဖွဲ့အစည်းအတွင်းမှာ ဒဏ်ရာတွေ များလွန်းလို့ အနာကျက်အောင် အသည်းအသန် ကြိုးပမ်းနေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ နောက်ထပ် ဒဏ်ရာတွေ ထပ်များလာ အောင် ဘာဖြစ်လို့လုပ်နေကြပါလိမ့်။ တရားဥပဒေအရ ဖြေရှင်းလို့ရတဲ့ကိစ္စ မျိုးကို လူအုပ်စုနဲ့ အင်အားသုံးပြီး အကြမ်းဖက်တာမျိုး လုပ်တာဟာ ဒီမိုကရေစီ အခွင့်အရေးမဟုတ်ဘူး ဆိုတာ နားလည် ကြစေချင်ပါတယ်" နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်၏ မှတ်ချက်မှာ မြန်မာ့ သမိုင်း၏ နာကြည်းဖွယ်ဖြစ်ရပ်များကို ပြန်ပြောင်း သတိရစေသည်။

ပြည်သူအများစု၏ စိုးရိမ်မှုမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နုနုမှာ မုန်တိုင်းထန်ထန်အောက်တွင် စတေးမခံရရေး ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၏ အကြီးဆုံးခရိုင်မြို့ မိတ္ထီလာ ကိုလည်း နောက်ကြောင်းပြန်လိုသူ များ၏ သားကောင်မဖြစ်ရေး များစွာ အရေးကြီးသည်ဟု နိုင်ငံရေးလေ့လာသူ များကဆိုသည်။

ယင်းအပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ မင်းကိုနိုင် လေးလေးနက်နက် ပြောဆိုလိုက်သည်က "သက်တမ်း နုနယ်လှတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတဲ့ ပဋိပက္ခတွေရဲ့ ချောက်ကမ်းပါးထဲကို အရောက်ခံလို့ မရပါဘူး" ဟူ၏။
(The Voice Weekly သတင်းအဖွဲ့)

မလေးရှားတွင် မြန်မာတစ်ဦး ပစ်သတ်ခံရ

မလေးရှားနိုင်ငံ ဘူကစ်မာတဂျန် တွင် အသက် ၄၃ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦး ဧပြီလ ၂၁ ရက် ညနေ ၆ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ် ခံခဲ့ရကြောင်း မလေးရှားနိုင်ငံက သတင်းများတွင်ဖော်ပြသည်။

ဘူကစ်မာတဂျရှိ ဂျလန်းပါမတ် တန်ဘတ်က မီးပွိုင့်တွင် ကားရပ်ထားစဉ် သေနတ်သမားတစ်ဦးက လာရောက် ပစ်ခတ်ခြင်း ဖြစ်ပြီး သေနတ်ဖြင့်လေးချက် ပစ်ခတ်ခံရပြီး ဘူကစ်မာတဂျန် ဆေးရုံမရောက်မီ သေဆုံးခဲ့ကြောင်း The Star Online တွင် ဖော်ပြသည်။

ယင်းပစ်သတ်ခံရမှု ဖြစ်ပွားစဉ် ကားထဲတွင် အသတ်ခံရသူ မြန်မာနိုင်ငံသား နှင့်အတူ ၄င်း၏ဇနီး၊ ၁၅ နှစ်အရွယ် သမီးငယ်နှင့် အလုပ်သမားတစ်ဦး ကားထဲတွင် အတူရှိနေခဲ့ကြောင်း ပီနန် စီအိုင်ဒီ လက်ထောက်ညွှန်ကြားရေးမှူး မက်ဇလန်ကီဆာက Malansian Digest သတင်းဌာနကို ပြောကြားသည်။

အဆိုပါ အသတ်ခံရသော မြန်မာနိုင်ငံသားသည် လက်ယာဘက်ပခုံးတွင် သေနတ်ဒဏ်ရာ သုံးချက်၊ လက်ယာပါးကို တစ်ချက် ထိမှန်ခဲ့ကြောင်း ၄င်းကဆိုသည်။
တိမ်းရှောင်နေသော လူသတ်သမားကို စုံစမ်းနေဆဲရှိပြီး ပီနန်လူသတ်မှု ဥပဒေနှင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိသည်။
The Voice Weekly

ပုဒ်မ ၁၈ နှင့် ၅၀၅(ခ)ကို လေ့လာဆန်းစစ်ခြင်း

ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိလျှောက်လှမ်းနေပြီ ဖြစ်ပါသည်။ ဒီမိုကရေစီခေတ်တွင် ဒီမိုကရေစီ၏ မူဝါဒအရ ပြည်သူများသည် မိမိတို့၏ ဆန္ဒများကို ထုတ်ဖော်ပြသခွင့်များ ရရှိလာပါသည်။ ယင်းသို့ ဆန္ဒထုတ်ဖော် ပြသကြရာတွင် ဆန္ဒပြသူများအနေနှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို စနစ်တကျ သုံးစွဲဆောင်ရွက်ခွင့် ရရှိစေရန် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုး တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခွင့်ပြုမိန့်အရ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်နေသူတို့ကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ ဘေးအန္တရာယ်ပြုခြင်း မဖြစ်စေရန်တို့အတွက် နိုင်ငံတော်အစိုးရက “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ကို ၂.၁၂.၂၀၁၁ ရက်နေ့က ပြဋ္ဌာန်းပေးခဲ့ပါသည်။

ယင်းပြဋ္ဌာန်းသော ဥပဒေတွင် ပုဒ်မ ၁၈ ၌ “မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ဝ,ဝဝဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" ဟု ပြဋ္ဌာန်းထားရာ ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်း စွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းပြုသူများသည် ယင်းဥပဒေပုဒ်မ ၁၈ အရ အရေးယူအပြစ်ပေး ခံရမည်ဖြစ်ကြောင်း အထူးဥပဒေဖြစ်သော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေကို ဖတ်ရှု သိရှိရပါသည်။

ဂျာနယ်များကို ဖတ်ရှုသည့်အခါ ခွင့်ပြုချက်မရရှိဘဲ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ဆန္ဒပြသူများကို သက်ဆိုင်ရာက အရေးယူရာတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ သာမက ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ ၅၀၅ (ခ) ကိုပါ တွဲဖက်၍ အရေးယူခြင်းများ ရှိသည်ကို တွေ့ရပါသည်။
ထို့ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ကို လေ့လာကြည့်သောအခါ ပုဒ်မ ၅၀၅ (ခ) ၏ ပြဋ္ဌာန်းချက်မှာ “မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့ တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူ ကိုသော်လည်း ကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိ လျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာ သည့်အကြောင်းရှိလျှင် ထိုသူကို ၂နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းချက်ကို တွေ့ရှိရပါသည်။

ကင်းလွတ်ချက်အဖြစ် “ထိုဖော်ပြချက် သော်လည်းကောင်း၊ ထိုကောလာဟလ သော်လည်းကောင်း၊ ထိုသတင်းသော် လည်းကောင်း မှန်ကန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသည့် အပြင် အထက်ကဆိုခဲ့သော အကြံမရှိဘဲ ပြုလျှင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာလျှင် သို့တည်းမဟုတ် ဖြန့်ချိလျှင် ဤပုဒ်မ၏ အဓိပ္ပာယ်အရ ပြစ်မှုမမြောက်” ဟု ဆက်လက်ပြဋ္ဌာန်းထား ပါသည်။ ဤပုဒ်မ ၅၀၅ (ခ) ကို နားလည် သဘောပေါက်စေရန် စီရင်ထုံး တင်ပြပေးလိုပါသည်။ ယင်းစီရင်ထုံးမှာ ၁၉၉၅ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ တရားစီရင်ထုံး များ (ပြစ်မှု) စာမျက်နှာ ၁၁၄၊ ဦးသိန်းကြံပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် စီရင်ထုံးဖြစ်ပါသည်။

အမှုမှာ မန္တလေးမြို့ ဟေမာဇလ ရပ်ကွက်မီးလောင်မြေကို သက်ဆိုင်ရာ တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် ခရိုင်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့တို့၏ အစီအမံဖြင့် ချထားပေးရာတွင် ဦးသိန်းကြံ နှင့် ဒေါ်မြင့်မြင့်ရီတို့သည် အကွက်အမှတ် ၆၀၉၊ ဦးပိုင်အမှတ် ၆၀ နှင့် စပ်လျဉ်း၍ အထက်ပါ အဖွဲ့အစည်းတို့၏ စီမံခန့်ခွဲချထားပေးမှုကို မနာခံဘဲ ဆန့်ကျင် လျက် လမ်းပိတ်နေသောအိမ်မှ မဖယ်ရှားဘဲ နေခဲ့သည်။

သို့ဖြစ်၍ အကြိမ်ကြိမ်ဆွေးနွေး သော်လည်း ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့ က ဖယ်ရှားပေးရန် ငြင်းဆန်သည့်အပြင် ၄င်းတို့၏ အိမ်ဝင်းထဲ ဝင်လာရဲရင်ဝင်လာဟု ၁၄.၂.၉၄ နေ့တွင် စိန်ခေါ်ပြီး ပြန်လည်ရန်ပြု မည့် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိ စေခဲ့သည်။ သို့ဖြစ်၍ အင်အားသုံးပြီး ဖယ် ရှားရန် ပြင်ဆင်ဆောင်ရွက်ရသည့် အခြေ အနေသို့ ရောက်ရှိခဲ့သဖြင့် ဦးသိန်းကြံ၊ ဒေါ်မြင့်မြင့်ရီနှင့်တကွ ပါဝင်ကျူးလွန်သူ တို့အား အရေးယူရန် သက်ဆိုင်ရာက ညွှန်ကြားသဖြင့် အမှတ် (၈) ရဲစခန်းမှ ရဲအုပ်စခန်းမှူး ဦးအောင်သိန်းမောင်က သက်သေခံ (က) တိုင်ချက်ရေးဖွင့်၍ တရား စွဲဆိုခဲ့သည်။

ယင်းအမှုကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် ၁၄၄၅/၉၄ အဖြစ် လက်ခံစစ်ဆေးပြီး ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် တစ်နှစ်စီ၊ ဦးကျော်ဝင်းနှင့် ဦးသိန်းကြည်အား ပုဒ်မ ၅၀၅(ခ) ၁၁၄ အရ ထောင်ဒဏ် ခြောက်လစီကျခံစေရန် ချမှတ်ခဲ့သည်။ ယင်းသို့ ချမှတ်ခြင်းကို မန္တလေးတိုင်း တရားရုံးက ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၄၇/၉၄တွင် ကြားနာပြီးနောက် ဦးသိန်းကြံ အပေါ် ချမှတ်သော ထောင်ဒဏ် ၁ နှစ်ကို အတည်ပြု၍ ဒေါ်မြင့်မြင့်ရီအား ထောင်ဒဏ် ၆ လ၊ ဦးကျော်ဝင်းနှင့် ဦးသိန်းကြည်တို့အား ထောင်ဒဏ် ၄ လစီ ကျခံစေဟု ပြင်ဆင် ချမှတ်ပေးခဲ့သည်။ ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့က ဆက်လက်၍ တရားရုံး ချုပ်သို့ ဤပြင်ဆင်မှုကို တက်ရောက်လာခြင်းဖြစ်သည်။

ယင်းအမှုတွင် လမ်းပိတ်ဆို့နေသော အိမ်ကိုဖယ်ရှားပေးရန် သက်ဆိုင်ရာ အာဏာပိုင်များက အချိန်ပေးခဲ့သည်။ ဦးသိန်းကြံနှင့် ဒေါ်မြင့်မြင့်ရီတို့ တာဝန်ထမ်း ဆောင်ရာ ဌာနအကြီးအကဲများမှ တစ်ဆင့်လည်း အေးချမ်းစွာ ဖယ်ရှားပေးရန် ကြိုးစားခဲ့သည်။ ယင်းသို့ အချိန်ပေးခြင်း၊ ညှိနှိုင်း ခြင်း၊ ကြိုးစားခြင်းတို့မှာ မလွဲမသွေ အင်အားသုံး၍ ဖယ်ရှားရမည့် အခြေအနေ ထိ မရောက်စေရန်အတွက် အာဏာပိုင်များ က လိုက်လျောကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

မလွှဲမရှောင်သာ အင်အားသုံး၍ ဆောင်ရွက်ရမည်ဆိုလျှင် အများပြည်သူ အတွက် အထိတ်တလန့် ဖြစ်စေနိုင်ပြီး မလို လားသူများက နိုင်ငံတော်၏ အေးချမ်း သာယာရေးကို ထိပါးစေသည့် ပြစ်မှုများ ကျူးလွန်လာဖွယ်အခြေအနေများ ပေါ်ပေါက် လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ကာကွယ် သည့်အနေနှင့် သက်ဆိုင်ရာ အာဏာပိုင် များက ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

အထက်ပါ အခြေအနေများကို ယခု လျှောက်ထားသူများအသိဖြစ်သည်။ ထိုသို့ သိပါလျက် ဖယ်ရှားပေးရန် ငြင်းဆိုခြင်း သည် အထက်ဖော်ပြပါ အခြေအနေများ ပေါ်ပေါက်စေရန် လျှောက်ထားသူတို့တွင် ကြံရွယ်ချက်ရှိကြောင်း မငြင်းသာပေ။

လျှောက်ထားသူများသည် မိဘ ဘိုးဘွားများ လက်ထက်မှ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော နေအိမ်ကို စွန့်ခွာရန် နှမြောတသ၍ ဖယ်ရှားခြင်းမပြုဘဲ နောက် ဆုံး အချိန်အထိ နေထိုင်ခြင်းဖြစ်ပါသည်။ အများပြည်သူအား အထိတ်တလန့်ဖြစ်စေ ရန် အကြံမရှိပါဆိုလျှင်လည်း ထိုသို့ အများ ပြည်သူ အထိတ်တလန့် ဖြစ်စေရန် အကြောင်းပေါ်ပေါက်နေသည်မှာ မငြင်း သာပေ။ လျှောက်ထားသူတို့၏ ပြုမူပြောဆို မှုများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် အကျုံးဝင်နေသဖြင့် . . . ဤပြင် ဆင်မှုကို ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

သို့ဖြစ်ရာ ပုဒ်မ ၅၀၅ (ခ) ပြဋ္ဌာန်း ချက်နှင့် အထက်ပါ စီရင်ထုံးအရ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်မှု မြောက်ရန်မှာ အစိုးရကို ဖြစ်စေ၊ ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက် သည့်ပြစ်မှုကို ကျူးလွန်လာချင်အောင် ပြည်သူကိုသော်လည်းကောင်း၊ ပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေ ရန် အကြံဖြင့် ဖော်ပြချက် ကောလာဟလ သို့မဟုတ် သတင်းကိုပြုခြင်း၊ ထုတ်ပြန်ခြင်း၊ ဖြန့်ချိခြင်းပြုရန် လိုကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ရာ ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြ ခြင်းသည် ပုဒ်မ ၅၀၅ (ခ) နှင့် ငြိစွန်းပါသလော။ ဆန္ဒပြသူတို့သည် မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ခြင်းသာ ရှိပါသည်။ ပုဒ်မ ၅၀၅ (ခ) ပါရည်ရွယ်ချက်များ မရှိကြပါ။ အကယ် ၍ ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြခြင်းသည် ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နှင့် လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့်လည်းကောင်း ပုဒ်မနှစ်ခုစလုံး နှင့် အကျုံးဝင်သည်ဆိုစေဦး အကျုံးဝင် သည်ဟုယူဆသည့်အတိုင်း ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၂၂ တွင် “ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ခုခုသည် ဥပဒေနှစ်ရပ်သို့ မဟုတ် နှစ်ရပ်ထက်ပိုသော ဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူကို ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ရပ် ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည်။ ပြစ်မှု တစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ် ထက် ပို၍ မခံစေရ” ဟူသော ဥပဒေပြဋ္ဌာန်း ချက်ရှိပါသည်။

“ပြစ်မှုတစ်ရပ်တည်း အတွက် ပြစ်ဒဏ်တစ်ကြိမ်ထက် ပို၍ မခံစေရ” ဟူသော စကားရပ်၏ ဆိုလိုရင်းမှာ “ပြစ်မှုမြောက်သော ပြုလုပ်မှုသို့မဟုတ် ပျက်ကွက်မှု တစ်ရပ်တည်းအတွက် ပြစ်ဒဏ် ၂ ကြိမ်မပေးရ” ဟု ပီ၊ စီ၊ ဒတ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ တော်အမှု၊ ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံ တရား စီရင်ထုံးများ (လွှတ်တော်) စာမျက်နှာ ၃၃ တွင် ထုံးဖွဲ့ပေးထားပါသည်။

ထို့အပြင် ၂၀၀၀ ပြည့်နှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ (ပြစ်မှု) စာမျက်နှာ ၁၅၉၊ မောင်သန်းထွန်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် မောင်ရွှေကိန်းပါ သုံးဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် မောင်ရွှေကြီးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် စီရင်ထုံး တွင်လည်း “မောင်အောင်မင်းတို့ အပေါ် အက်ဖီဒရင်း ၁၂၃ ဒသမ ၆၁၃ ကီလိုဂရမ် ကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် တင်သွင်းခြင်းအား သိမ်းဆည်းရမိခြင်းကို အခြေပြုလျက် ၄င်းတို့အား ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ၁၉(က)၊ ၂၀၊ ၂၁ နှင့် ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေပုဒ်မ ၅(၁) အရ ပြစ်မှုနှစ်ရပ်ဖြင့် တရားရုံးသို့ တရားစွဲဆို တင်ပို့ပြီး ယင်းပြစ်မှု များဖြင့် ပြစ်မှုထင်ရှား စီရင်ခဲ့ခြင်းသည် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၂၂ နှင့် ဆန့်ကျင် လျက်ရှိကြောင်း တွေ့ရသည်။

ပြစ်မှုကြီးအမှတ် ၄/၂၀၀၀ တွင် မောင်အောင်မင်းတို့အပေါ် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် စီနှင့် မောင်ရွှေကိန်းတို့အား ယင်းဥပဒေ ပုဒ်မ ၁၅ အရ အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် စီကျခံစေရန် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်၍ ၄င်းတို့အပေါ် ၁၉၄၇ ခုနှစ် သွင်းကုန် ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေ ပုဒ်မ ၅(၁) အရ ပြစ်မှုထင်ရှားစီရင် ရန် လိုအပ်တော့မည်မဟုတ်ပေ။

ထို့ကြောင့် စစ်ကိုင်းတိုင်းတရားရုံး (မော်လိုက်ခရိုင်) က မောင်သန်းထွန်း၊ မောင်ရွှေကိန်း၊ မောင်ဌေး၊ မောင်မြင့်မောင် နှင့် မောင်ရွှေကြီးတို့အား ၁၉၄၇ ခုနှစ် သွင်း ကုန်ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက် ဥပဒေပုဒ်မ ၅(၁) အရ အလုပ်နှင့် ထောင် ဒဏ် ခုနစ်နှစ်စီ ကျခံစေရန် ချမှတ်ထားသည့် အမိန့်ကို ပယ်ဖျက်လိုက်ကြောင်း အမိန့် ချမှတ်ခဲ့ပါသည်။ သို့ဖြစ်ရာ ယင်းဥပဒေပုဒ်မ ၂၂ အရ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု သည် ဥပဒေနှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက် ပိုသော ဥပဒေများအရ ပြစ်မှုမြောက်သည့် တိုင် ယင်းဥပဒေများအနက် ဥပဒေတစ်ရပ် ရပ်ဖြင့်သာ တရားစွဲဆို အပြစ်ပေးရမည် ဖြစ်ကြောင်း ဥပဒေရှိသည်ကို တွေ့ရှိရပါသည်။

ထို့ပြင် ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၃(ဃ) တွင် “အထူးဥပဒေ တစ်ရပ်ရပ်တွင် ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်သည် ယေဘုယျ ဥပဒေ တစ်ရပ်ရပ်တွင် ပါရှိသော သက်ဆိုင်ရာ ပြဋ္ဌာန်းချက်ကို လွှမ်းမိုးသည်” ဟု ပြဋ္ဌာန်းထားသဖြင့် အထူးဥပဒေ ဖြစ် သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေသည် ယေဘုယျ ဥပဒေဖြစ်သော ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ကို လွှမ်းမိုးသည့် အတွက် လွှမ်းမိုးသော ဥပဒေအရ အရေးယူမှသာ ဥပဒေအရ မှန်ကန်မည်ဖြစ်ပါသည်။ လွှမ်းမိုးခံရသော ဥပဒေဖြင့် အရေးယူခြင်း မပြုနိုင်ပါ။ ထို့ကြောင့် ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြခြင်းသည် ပုဒ်မ ၅၀၅ (ခ) နှင့် ငြိစွန်း သည်ဟု ယူဆသည့်တိုင် အထူးဥပဒေဖြစ် သော ပုဒ်မ ၁၈ အရသာ အရေးယူရန်လို ကြောင်း ပုဒ်မ ၃(ဃ) အရ တွေ့ရှိရပါ ကြောင်း ဥပဒေရှုထောင့်မှ ဥပဒေအမြင် ဥပဒေ သဘောတရားများကို တင်ပြလိုက်ရ ပါသည်။
အောင်နိုင် (လက်ပံတန်း)
The Voice Weekly

Art Garden ၏ သုံးကြိမ်မြောက် ပန်းချီပြပွဲ

ရန်ကုန်၊ ဧပြီ ၂၄။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျန်းမာရေးချို့တဲ့သူ ပန်းချီဆရာတွေကို ကူညီထောက်ပံ့မှု ပေးနေသည့် ယုဇနဥယျာဉ်မြို့တော် အခြေစိုက်ပန်းချီ ဆရာ များ စုပေါင်းဖွဲ့စည်းထားသော Art Garden Group ၏ သုံးကြိမ်မြောက် ပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်းတွင် ပြုလုပ်လျက်ရှိသည်။

“ Art Garden Group အနေနဲ့ အခုပြပွဲပါဆိုရင် သုံးကြိမ်ရှိပါပြီ။ပထမအကြိမ်က ၂၀၁၀မှာပါ။ဒုတိယအကြိမ်က ၂၀၁၁။ ၂၀၁၂ မှာတော့ ပြပွဲမလုပ်ဖြစ်ခဲ့ဘူး။ အခု၂၀၁၃ မှာတော့ တတိယအကြိမ်မြောက်ပါ။ ၂၀၁၀ မှာ ဒီ Art Garden Group ကိုစလုပ်ဖြစ်ကတည်းက ကျန်းမာရေး ချို့တဲ့သူ ပန်းချီဆရာတွေကို တတ်နိုင် သလောက် ထောက်ပံ့ကူညီမှုတွေလုပ်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့လည်း တစ်လကို တစ်ထောင်စီ စုပြီး ရံပုံငွေအနေနဲ့ ဘဏ်မှာထားတယ်ဗျ။ အခုပြပွဲမှာ ရောင်းရတဲ့ထဲကနေ ၃၀ ရာခိုင်နှုန်းကိုလည်း ကျန်းမာရေးချို့တဲ့ ပန်းချီဆရာတွေကို ကူညီပေးနိုင်ဖို့ ရံပုံငွေထဲကို လှူဒါန်းသွားကြမှာပါ” ဟု Art Garden
Group ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်စံမြင့်မှ ပြောကြားသည်။

ယခုပြပွဲတွင် ပန်းချီဆရာ (၅၃) ဦးမှ ပန်းချီကား (၉၃) ကားအားပြသထားပြီး အခရိုင်းလစ်ဖြင့်ရေးဆွဲထားသောပန်းချီကား အများစုပါဝင်၍ ဆီဆေး၊ရေဆေးကားများလည်း ပါဝင်ကြောင်း၊ ယင်းပြပွဲအား ဧပြီလ၂၄ရက်မှ ၂၉ရက်နေ့အထိ (၆) ရက်ကြာပြသသွားမည်ဖြစ်ကြောင်း သိရသည်။
The Myanma Age
ဓာတ်ပုံ - သီဟ







မြစ်ဝကျွန်းပေါ် သောက်သုံးရေအချို့ အာဆင်းနစ်ဓာတ် မြင့်တက်နေ

မြစ်ဝကျွန်းပေါ်ဒေသအချို့ရှိ သုံး စွဲရေတို့တွင် သောက်သုံးရန် မသင့် သည့် အာဆင်းနစ်ဓာတ်ပါဝင်မှု အချိုး အစား မြင့် တက်နေခြင်းကို ဒေသခံများ သိအောင် ထုတ်ဖော်ပြောကြားသင့်ပြီ ဟု ဟင်္သာတမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ် သူ ဦးလှိုင်စိုးက ဖွင့်ဟပြောဆိုလိုက် သည်။

၂ဝဝ၃-၂ဝဝ၄ ကာလတွင် ယူနီ ဆက်၊ ကျန်းမာရေးဌာနနှင့် ရေအရင်း အမြစ်ဌာနတို့၏ သောက်သုံးရေများထဲ တွင် အာဆင်း နစ်ဓာတ်ပါဝင်နေမှုအ ချိုးအစားများကို သုတေသနပြုခဲ့ရာ စစ် တမ်းစာစောင်ထွက်ရှိခဲ့သော်လည်း ထို စစ်တမ်းထဲ၌ ဒုတိယ အများဆုံးတွေ့ရှိခဲ့ သည့် ဟင်္သာတမြို့နယ်အကြောင်း စာ တမ်းကို ယခုမှ ရရှိ သိရှိခဲ့သည့်အတွက် ၄င်းက ထိုသို့ပြောဆို ခဲ့ခြင်းဖြစ်သည်။”ဒီမှာမွေးပြီး ဒီမှာ ကြီးလာတာပါ။ တစ်ခါမှ မကြားဖူးဘူး။ စစ်တမ်းအရဆို ဆင်းရဲချို့တဲ့တဲ့နေရာတွေမှာ အ များဆုံး ပဲဗျ။ ဒီရေကို သောက်လည်း သောက်၊ သုံးလည်းသုံးနေတာ” ဟု ဦးလှိုင်စိုးက ဆိုသည်။ အာဆင်းနစ်ဓာတ်များစွာပါ ဝင် သောရေကို ရေရှည်သောက်သုံးပါက အစာအိမ်၊ ဆီးလမ်းကြောင်း စသည် တို့တွင် ပြဿနာဖြစ်ကာ ကိုယ်တွင်း ကလီ စာ ထိခိုက်ပျက်စီးမှုတို့ ရှိခြင်းဖြင့် အသက်သေဆုံးနိုင်သည်ဟု ဓာတုဗေဒ ပညာရှင်များက ပြောသည်။

ဓာတုဗေဒပညာရှင် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာမောင်ကျော်က စိန်နှင့်သံပရာတွဲသောက်ပါက သေ တတ်သောဓာတ် မှာ အာဆင်းနစ်ဓာတ် ဖြစ်သည်ဟု ဆိုသည်။”သိပ်များရင် ဒီဓာတ်က သေ တယ်။ ဒီအာဆင်းနစ်ရဲ့ ပုံစံက ချက် ချင်းမသိဘူး။ တဖြည်းဖြည်းနဲ့ သွားတာ။ ဒါကလည်း ပါဝင်မှု ၃ဝဝ ထက်များလာ ရင်ပိုဆိုးတာပေါ့။ နောက်ပြီး ဒီဓာတ်က ဓာတ်ခွဲဖို့ ခက် တယ်။ များနေတယ်ဆိုရင် ဒါက တော်တော်သေချာဖို့တော့ လို တယ်။ မှန်မှ။ မမှန်ရင် ကြောက်လန့် ကုန်မယ်။ မှန်နေတယ် ဆိုရင်လည်း အသိကပေးရမှာပေါ့” ဟု ဒေါက်တာ မောင်ကျော်က ဆိုသည် ဧရာဝတီတိုင်းဒေသများသို့ ယခင် စစ်ဆေးစဉ်က ပါဝင်ခဲ့သူ အဆင့်မြင့်အ ရာရှိကြီးက လက်ရှိအချိန်တွင် ထုတ် ဖော်ပြောကြားလိုသော်လည်း လူထု ထိတ်လန့်ကုန်မည်ဖြစ် သဖြင့် မပြောခိုင်း ခြင်းဖြစ်သည်ဟု ဦးစိုးလှိုင်က ဆိုသည်။

စစ်တမ်းအရ ဟင်္သာတမြို့နယ်၌ ရေတွင်း ရေကန် ၂၃၉၉၉ ခုရှိရာတွင် ၆၂၄၂ ခုမှာ အာဆင်းနစ်ဓာတ်ပါဝင်ရ မည့်အချိုးအ စားထက် ပိုများနေပြီး အဆိုးဆုံးမှာ ကျုံပျော်မြို့နယ်ဖြစ်သည်။ ကျုံပျော်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စား လှယ် ဒေါက် တာစိုးသူရ က ”အချို့ဒေသတွေမှာ ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဒေသ တွေမှာဆို ကွင်းကြီး၊ သောင်ကြီး၊ ဂုံ ညှင်းတန်း၊ ဒီဘက်တွေမှာ ရှိရမယ့် ပမာ ဏထက်များနေတယ်။အဲဒီတုန်း အချိန် က ကျွန်တော်ကိုယ်တိုင် တာဝန်ကျနေ တဲ့နေရာလည်းဖြစ်တော့ ပညာပေးတာ ပေါ့ဗျာ။ တွေ့ရှိတဲ့ရေတွင်းတိုင်းရဲ့ ပိုင် ရှင်တွေကိုပြောတာပေါ့။ မ သောက်သင့် တဲ့ရေဆို အဲဒီတုန်းက အနီကပ်တယ်။ ဆရာဝန်ပဲဗျာ။ အဲတုန်းက လူထုတွေကလက်မခံတာမျိုး အချို့ရှိခဲ့တယ်ဗျ” ဟု ပြော သည်။အာဆင်းနစ်နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသို့ ပေါ်ပြူလာ နယူးစ်မှ မေးမြန်းခဲ့ရာ ၄င်းတို့က လွှတ် တော်တွင် အမေးအဖြေဖြင့် ဖြေဆိုရန်ရှိ ကြောင်း သာ ဖြေသ ည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အာ ဆင်းနစ်ဓာတ်ပါဝင်မှုအချိုးအစား မြင့် မားနေသော ရေတွင်းရေကန် တစ်သန်း ခွဲရှိနေသည့်အတွက် တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။ အာဆင်းနစ်ဓာတ် မှာ မြေကြီးထဲတွင် ခိုအောင်းနေပြီး ထို ဓာတ်တွေ့ရှိပြီး နှစ် ၁ဝဝ ကျော်သည် အထိ မပျောက်နိုင်ကြောင်း ပညာရှင် များက ပြောသည်။
သက်နိုင်၊ မင်းသုအောင်
Popular Myanmar News Journal

မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိုဆို

အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြော ခွင့်ရသူ Patrick Ventrell (၁ မတ် ၂၀၁၃)
23.04.2013
မြန်မာအာဏာပိုင်တွေကနေ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော် ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး၊ ကျန်နိုင်ငံရေး အကျဉ်းသားတွေ ကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွတ်လာတာနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်တို့ရဲ့ တုံ့ပြန်မှုတွေကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မနေ့တုန်းက မြန်မာနိုင်ငံတွင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အထဲ နိုင်ငံရေး အကျဉ်းသား ၅၉ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့အတွက် အစိုးရကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း၊ ဒါ ပထမဆုံးအကြိမ် အသုတ်လိုက် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လွတ်မြောက်လာတာတွေကို ကြိုဆိုသလို၊ ထပ်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်လို့ နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြောခွင့်ရသူ ပတ်ထရစ် ဗန်ထရေးလ် (Patrick Ventrell) က ပြောပါတယ်။

“အကျဉ်းသား ၉၃ ဦး လွတ်လာတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၀ ပါဝင်ပါတယ်။ အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကို ကြိုဆိုသလို၊ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း အားပေး တိုက်တွန်းလိုပါတယ်။”

ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ ၀န်ကြီး ဟူဂို ဆွိုင်းယား (Hugo Swire) ကလည်း အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာကို ကြိုဆိုလိုက်ပြီး၊ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ဆို တစ်ယောက် အကျဉ်းထောင်ထဲမှာ ရှိနေတာကိုက အတော့်ကို များနေပြီလို့ ပြောပါတယ်။

ဒါကြောင့်လည်း ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ နဲ့၊ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို လေးစား အကောင်အထည်ဖော် ဖို့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။

EU ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီးတဲ့ နောက်တနေ့မှာပဲ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာပါ။ အမေရိကန် ပြည်ထောင်စုအနေနဲ့က မြန်မာအပေါ် အရေးယူမှု အတော်များများကို ဆိုင်းငံ့ ရပ်ဆိုင်းထားပါတယ်။ ဒီ့ထက်ပိုပြီး အရေးယူမှုတွေကို ရုပ်သိမ်းနိုင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ မူဝါဒ ဆန်းစစ်မှုတွေ လုပ်နေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတ်ထရစ် ဗန်ထရေးလ် (Patrick Ventrell) က မနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“အမေရိကန် ပြည်ထောင်စုရဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့ထားမှုတွေနဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ထားတာကို ပြန်ရုပ်သိမ်းထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အားပေး တိုက်တွန်းနိုင်ဖို့ ပိတ်ဆို့ အရေးယူမှုတွေ အပါအ၀င် အမေရိကန် မူဝါဒတွေကို ပြန်ပြီး ဆန်းစစ်လုပ်ကိုင်နေပါတယ်။”

မြန်မာနိုင်ငံမှာ သိသာတဲ့ အပြောင်းအလဲတွေ ရှိခဲ့တဲ့အပြင်၊ နောက်ထပ် အပြောင်းအလဲတွေ  ပိုဖြစ်လာဖို့ အားပေး တိုက်တွန်းမှုအနေနဲ့ EU ကနေ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ပြန်ရုပ်သိမ်းလိုက်တာ ဖြစ် တယ်လို့ဆိုပါတယ်။

အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြုသဘော အားရစရာတွေ တွေ့နေရတယ် ဆိုပေမဲ့လည်း၊ လူနည်းစု လူမျိုးစုအပေါ် အကြမ်းဖက်မှုတွေ အပါအ၀င် တခြား လူ့အခွင့်အရေး အခြေအနေအရ စိုးရိမ်စရာတွေတော့ ရှိသေးတယ်လို့ အမေရိကန် ပြည်ထောင်စုရော ဗြိတိန်ကပါ ထောက်ပြ ပြောဆိုကြပါတယ်။

အခုလို အရေးယူမှုတွေကို ရုပ်သိမ်းခြင်းအားဖြင့် မြန်မာအစိုးရနဲ့ ပိုပြီး ထဲထဲဝင်ဝင် ဆက်ဆံနိုင်ပြီး၊ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ စိန်ခေါ်မှုတွေကို ပိုပြီး ဖြေရှင်းနိုင်လိမ့် မယ်လို့ ယူဆတဲ့အကြောင်းလည်း ဗြိတိန်ဝန်ကြီး ဟူဂို ဆွိုင်းယား (Hugo Swire) က ပြောပါတယ်။
ကိုသားညွန့်ဦး
VOA Burmese

EU က မြန်မာနိုင်ငံကို အထွေထွေကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြု

April 23, 2013
ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ (EU)က မြန်မာနိုင်ငံအား အထွေ ထွေကုန်သွယ်ခွန်ကင်းလွတ်ခွင့် စနစ်ကို ကျင့်သုံး၍ စစ်လက်နက် မှအပ မြန်မာနိုင်ငံမှ ပို့ကုန်အား လုံးကို အကောက်ခွန်ကင်းလွတ် ခွင့်နှင့် ကိုယ်တာထိန်းချုပ်ကန့် သတ်မှုမရှိ တင်သွင်းခွင့်အား ၂၂-၄-၂၀၁၃ ရက်တွင် EU နိုင်ငံအား လုံးမှ သဘောတူခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

EU မှ ယခင်စစ်အစိုးရလက် ထက်တွင် မြန်မာနိုင်ငံအား စီးပွား  ရေးပိတ်ဆို့မှုများကို တင်းကြပ် ထားရာမှ ပြီးခဲ့သည့်နှစ်တွင် ပိတ် ဆို့မှုများအား ယာယီပြေလျော့ ပေးခဲ့ရာမှ လူဇင်ဘတ်နိုင်ငံတွင် ကျင်းပခဲ့သည့် EU ၀န်ကြီးများ အစည်းအဝေးအပြီးတွင် မြန်မာ နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု များအား အပြီးတိုင် ဖြေလျော့ပေး လိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ အကောက်ခွန် ကင်းလွတ်ခွင့်နှင့် ထိန်းချုပ်ကန့် သတ်မှုများမရှိတော့သဖြင့် မြန်မာ ။နိုင်ငံအနေဖြင့် ကုန်ပစ္စည်းများ အား ဥရောပနိုင်ငံများသို့ အကောက် ခွန်မဲ့ တင်ပို့နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဥရောပနိုင်ငံ များသို့ လက်ရှိကုန်သွယ်မှုအများ ဆုံးပြုလုပ်လျက်ရှိသော ကဏ္ဍတွင်  ငါးလုပ်ငန်းနှင့် အထည်ချုပ်လုပ် ငန်းထုတ်ကုန်ပစ္စည်းများသာ ဖြစ် သည်။ အထွေထွေကုန်သွယ်ခွန် လျော့ပေါ့စနစ်(GSP)အဆင့်အထိ ခံစားခွင့်ရှိလာသောကြောင့် အခြား သော ထုတ်ကုန်ပစ္စည်းများလည်း တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်သည်။ မြန်မာ့လုပ်ငန်းရှင်များအနေဖြင့် EU အရည်အသွေးမီ ကုန်ပစ်္စည်း များထုတ်လုပ်နိုင်ရန် အထောက် အပံ့နှင့် အရည်အသွေးကိုက်ညီမှု ရှိမရှိစစ်ဆေးနိုင်ရန် နည်းပညာ ပံ့ပိုးမှုအကူအညီများလိုအပ်သော ကြောင့် ကုန်သွယ်မှုနှင့် ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ မှ နိုင်ငံတကာအဖွဲ့အစည်းအချို့ နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းကိုကို
The Hot News

မြေလျော်ကြေးမယူတဲ့လူတွေ ထွန်ယက်တဲ့အချိန်မှာ အာဏာပိုင်တွေက လာရောက်တားဆီး (ရုပ်/သံ)

လက်ပံတောင်းဒေသ မိုးကြိုးပြင်အလယ်ရွာနဲ့ ဆည်တည်းရွာတွေမှာ မြေလျော်ကြေးမယူတဲ့လူတွေက လွတ်နေတဲ့ သူတို့မြေတွေကို ၀င်ရောက်ထွန်ယက်တဲ့အချိန်မှာ အာဏာပိုင်တွေက လာရောက်တားဆီး ပိတ်ပင်နေတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်၊ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ ရိုက်ကူး အိုင်စီဂျေ ဥာဏ်ကြီး။ မတင်မာဆွေ<br />

DVB TV News

ဆိပ်ကမ်းသာလမ်းထိပ်တွင် လူတစ်ဦး ဓါတ်လိုက်သေဆုံး

ဓာတ်ပုံ -ထက်နောင်နောင်
ရန်ကုန်၊ ဧပြီ ၂၃။
ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက်ထိပ်ရှိ  Mother Land ဆောက်လုပ်ရေးဝင်းအတွင်း ယနေ့ ဧပြီလ ၂၃ ရက်ညနေ ၆ နာရီ၁၅ မိနစ် တွင် လူတစ်ဦးဓါတ်လိုက် သေဆုံး သွားကြောင်း ကျောက်တံတားမြို့နယ် စခန်းမှူးထံမှ သိရသည်။

“ဒီအပေါ်မှာ အားလုံး ကစားနေကြတာပဲ။ ဓါတ်စလိုက်တုန်းက မသိဘူး ကလေးက ဆော့နေရင်း တုန်နေတာနဲ့ ကလေးကို သွားဆွဲတော့ ကျဉ်ကနဲ ဖြစ်သွားတယ်။ အဲ့တော့မှ ဓါတ်လိုက်မှန်း သိတာ။ ကျွန်တော်လည်း ကလေးကို အတင်းဝင်ဆွဲတာ ကလေးကတော့ လွတ်သွား တယ်” ဟု ယင်းဆောက်လုပ်ရေးဝင်းရှေ့တွင် ကုန်စိမ်းရောင်းသူ ကိုလှိုင်မင်းက ပြောကြားသည်။

သေဆုံးသူသည် မောင်ယမင်းဝင်း (၂၃ နှစ်) ဖြစ်ပြီး ယင်းနေရာတွင် နယ်မှ အလုပ်လာလုပ်သည်မှာ
မကြာသေးကြောင်း သိရသည်။

“ဒီအပေါ်မှာ အားလုံးဆော့နေကြတာ။ သူလဲကျသွားတော့ တက်တယ်ထင်လို့ သွားနှိပ်တော့မှ ဓါတ်လိုက်မှန်းသိတာ။ ဘောလုံးကန်နေရင်း ဘောလုံးလွင့်သွားတော့ သွားကောက်တာ။ သံပြားအလယ်လောက်ရမှ ဓါတ်လိုက်ပြီးလဲကျသွားတာ” ဟု အတူတူ အလုပ်လုပ်သူ ကိုဖိုးကျော်က ပြောကြားသည်။

ရေတင်သည့် မီးကြိုးကို တစ်ဖက်ကွန်ဒိုမှ သွယ်၍ သံပြားအောက်မှ ဖြတ်ကာ အခြားတစ်ဖက်တွင် ရေတင်ကြောင်း၊ ရေပြည့်သွားသည့်အခါ ရေမော်တာကိုသာ ပိတ်ပြီး ရေတင်သည့် မီးခလုတ်ကို မပိတ်မိသည့်အတွက်ယင်းကဲ့သို့ ဖြစ်သွားကြောင်း ကျောက်တံတားရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းလွင်က ဓါတ်လိုက်ခြင်းနှင့်
ပတ်သတ်၍ အတည်ပြု ပြောကြားသည်။
ရည်မွန်
The Myanma Age

လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်သော်လည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုဖယ်ရှား

လူဇင်ဘာဂ်၊ ဧပြီ ၂၃။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာတွင်  မူဆလင်များနှင့် ပတ်သက်၍ ရှုတ်ထွေးမှုများရှိနေကြောင်း ရေးသားခဲ့သော်လည်း ဥရောပသမဂ္ဂသည် လက်နက်ရောင်းဝယ်ခြင်းမှလွဲ၍ မြန်မာနိုင်ငံအပေါ် အခြားသော ပိတ်ဆို့ထားခြင်းများ ဖယ်ရှားရေးကို  တနင်္လာနေ့က သဘောတူညီခဲ့သည်။

ယခုပိတ်ဆို့အရေးယူမှုကို ဖယ်ရှားခြင်းဖြင့် ဥရောပကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများပြုလုပ်လာနိုင်မည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ် မေလက ပိတ်ဆို့အရေးယူမှုကို တစ်ချို့တစ်ဝက်သာဖယ်ရှားခဲ့ပြီး အမေရိကန်ကုမ္ပဏီများကို
ရင်းနှီးမြှပ်နှံစေခဲ့သော အမေရိ ကန်နိုင်ငံသည် ယခု ဖြေလျှော့မှုကြောင့် ဖိအားများရှိလာနိုင်ပြီး အမေရိကန်စီးပွားရေးသမားတစ်ချို့သည် အစိုးရကို ထပ်တိုးပြီး ပိတ်ဆို့အရေး ယူမှု များကို လုံးဝဖယ်ရှားရေးကို တိုက်တွန်းထားကြောင်း  သိရသည်။

ဥရောပသမဂ္ဂသည် စစ်အစိုးရပြုတ်ကျပြီး အရပ်သားအစိုးရတက်လာသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများကို ကြည့်ရှုသုံးသပ် ပြီး ယခုမှသာ ပိတ်ဆို့မှုများကို ဖယ်ရှားခြင်းဖြစ်သည်။

“ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာတွေအတွက် တုံပြန်မှုတစ်ခုအနေနဲ့လုပ်တာဖြစ်တယ်၊ ရှေ့လျှောက်လည်းပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်မယ် လို့ မျှော်လင့်ပါတယ်၊ ခုချိန်မှာတော့ လက်နက်ရောင်းဝယ်မှုကိုပဲ ပိတ်ပင်ထားဖို့ ဆုံးဖြတ်ထားတယ်” ဟု ဥရောပသမဂ္ဂ နိုင်ငံ ခြားရေးဝန်ကြီးများက လူဇင်ဘာဂ် တွင်ကျင်းပသည့် ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

သို့သော် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အာဏာပိုင်များသည် မြန်မာနိုင်ငံအနောက်ခြမ်းတွင်ဖြစ်ပွားခဲ့သော ပြဿနာများနှင့် ပတ်သက်၍ လူနည်းစု ဖယ်ရှားရေးလုပ်ဆောင်ခဲ့၍  လူသားကျင့်ဝတ်နှင့် ဆန့်ကျင်ကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့ရာ မြန်မာအစိုးရက အစီရင်ခံစာ သည် တစ်ဖက်သတ်ဖြစ်နေပြီး လက်မခံနိုင်စရာဖြစ်ကြောင်း ငြင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေးဂ်က ပဋိပက္ခများရှိသော်လည်း တိုးတက်ဖြစ်ထွန်းလာမှုဟာ ပိတ်ဆို့အရေးယူမှုကို ဖယ်ရှားရန်အတွက် လုံလောက်ကြောင်း ပြောကြားခဲ့သည်။

“ လူနည်းစုနဲ့ပဋိပက္ခတွေ ရပ်တန့်ဖို့ ကြိုးစားလုပ်ဆောင်ဖို့ဟာ အရမ်းအရေးကြီးပါတယ်။ ဥရောပသမဂ္ဂနိုင်ငံတွေဟာ ကူညီနိုင်တဲ့နေရာတွေမှာ ရဲတပ်ဖွဲ့တွေ ကို လေ့ကျင့်ပေးခြင်း နှစ်ဦးနှစ်ဖက်ကြား ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးတွေမှာ လုပ်ဆောင်ပေးပါမယ်” ဟု မစ္စတာဟေးဂ်က သတင်းထောက်များကို ပြောကြား ခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံရှိ ကုမ္ပဏီတစ်ထောင်နီးပါး၏ ပိုင်ဆိုင်မှုများကို ထုတ်ခွင့်ပိတ်ထားပြီး ဥရောပဇုံအတွင်းသို့ ဝင်ရောက်ခွင့် ပိတ် ခံရသူ ၅၀၀ခန့်ရှိသည်။

ဥရောပသမဂ္ဂသည် စစ်ရေးနည်းပညာ အကူအညီပေးခြင်းကို ဟန့်တားခဲ့ပြီး မိုင်းခွဲခြင်းလုပ်ငန်း၊ ကျွန်းသစ်နှင့် ကျောက်မျက်ရောင်းဝယ်ရေး နယ်ပယ်တွင် ရင်းနှီးမှုမြှပ်နှံ မှုကိုလည်း ပိတ်ဆို့ခဲ့သည်။
Ref:Reuters
The Myanma Age

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com