http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

ကမ္ဘာ့ရှားပါး ရောဂါဖြစ်သည့် ၀မ်းခေါင်းတွင်း နှလုံးသွေးကြောမကြီး ဖောင်းပွသည့်ရောဂါ ဖြစ်နေသည့် တစ်နှစ်သုံးလသားအရွယ် ကလေးငယ်အား အောင်မြင်စွာခွဲစိတ်

ခွဲစိတ်ကုသမှု ခံယူထားသည့် မောင်မိုးမြင့်မြတ်သော်အား ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
Saturday, 06 July 2013
ကလေးငယ်များတွင် တွေ့ရခဲပြီး ကမ္ဘာ့ရှားပါး ရောဂါတစ်မျိုးဖြစ်သည့် ၀မ်းခေါင်းတွင်း နှလုံးသွေးကြောမကြီး ဖောင်းပွသည့် ရောဂါ (Abdomonal aortic aneurysm, AAA) ဖြစ်နေသည့် အသက်တစ်နှစ်သုံးလသား အရွယ်ကလေးငယ်အား ရန်ကင်းကလေး ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်ကို မန္တလေး ကလေးဆေးရုံကြီးမှ ရန်ကင်း ကလေးဆေးရုံကြီးသို့ ဇွန် ၂၂ ရက်က ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဇွန် ၂၅ ရက်က ရန်ကင်းကလေးဆေးရုံကြီး၊ ကလေးနှလုံး ခွဲစိတ်ကု ဆရာဝန်ကြီးများမှပင် ခွဲစိတ်ကုသပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီကလေးမှာ တွေ့ရတဲ့ရောဂါက မြန်မာတင်မကဘူး ကမ္ဘာပေါ်မှာပါ အင်မတန်မှ ရှားပါးပါတယ်။ report တွေအရ ကြည့်ရင် ၁၉၇၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ကမ္ဘာမှာ ဒီလိုရောဂါ ဖြစ်ခဲ့တဲ့သူ ဦးရေ ၄၇ ဦးပဲ ရှိခဲ့ပါတယ်။ ကလေးငယ်ကို ခွဲစိတ်ဖို့ စစ်ဆေး ကြည့်တဲ့အခါ ၀မ်းဗိုက်ထဲမှာ ရှိနေတဲ့ သွေးကြောလုံး အရွယ်အစားက 6.6cm_8.7cm လောက်ရှိပါတယ်။ ဒီလိုဖြစ်နေတဲ့ သွေးကြောလုံးကို မခွဲစိတ်ရင် အချိန်မရွေး ပေါက်ကွဲနိုင်ပြီး ကလေးအတွက် အသက်အန္တရာယ် အများကြီး ရှိပါတယ်'' ဟု ရန်ကင်းကလေး ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ပြောပြခဲ့သည်။

ခွဲစိတ်ကုသမှုကို ရန်ကင်းကလေး ဆေးရုံကြီးမှ နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သည့် ဆေးပညာရှင် အဖွဲ့မှ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိကလေးငယ်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ရန်ကင်း ကလေးဆေးရုံကြီး၊ နှလုံးခွဲစိတ် ကြပ်မတ်ကုသဆောင်တွင် ထားရှိကြောင်းနှင့် ကလေးငယ်မှာ မောင်မိုးမြင့်မြတ်သော်ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ရှမ်းတိုက်ရွာမှ ဖြစ်ကြောင်း သိရသည်။

နှလုံးခွဲစိတ်မှု လုပ်ငန်းများသည် ငွေကြေး မြောက်မြားစွာ ကုန်ကျပြီး ယခု ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်များကို နိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။
Eleven Media Group

အရေပြားထိခိုက်နိုင်သောကြောင့် Kanebo ထုတ်ကုန်အချို့ ပြန်သိမ်းမည်

ရန်ကုန်၊ ဇူလိုင် ၎
ဂျပန်အလှကုန် Kanebo က အာရှဈေးကွက် အတွင်းရှိ ၎င်းတို့၏ အလှကုန်အချို့သည် အရေပြား ထိခိုက်မှု ရှိသောကြောင့် ဟုဆိုကာ ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာသည်။

ယင်းအလှကုန်များ ထုတ်လုပ်သည့် Kanebo Cosmetics Inc.၊ Lissage Ltd. နှင့် E’quipe, Ltd. ကုမ္ပဏီတို့မှ ထုတ်လုပ်ထားသော အလှကုန်ပစ္စည်း အချို့တွင် အရေပြားကို ထိခိုက်စေသော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Rhododenol 4-(4-hydroxyphenyl)-2-butanol ဝင်နေခြင်း ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဖြန့်ချိထားသော အလှကုန်များကို ပြန်လည် သိမ်းယူသွားမည်ဟု ကြေညာခြင်း ဖြစ်သည်။

ပြန်လည်သိမ်းယူမည့် ကုန်ပစ္စည်းများတွင် Kanebo BLANCHIR SUPERIOR၊ Suisai၊ TWANY၊ IMPRESS၊ AQUALEAF၊ LISSAGE၊ E’quipe နှင့် SUQQU အမှတ်တံဆိပ် အသားဖြူကရင်မ်များ၊ ကိုယ်ခန္ဓာလိမ်း အလှဆီများ အပါအဝင် ထုတ်ကုန် ၅၄ မျိုးကို ပြန်လည် သိမ်းယူမည် ဖြစ်သည်။

အသုံးပြုသူ အချို့က အဆိုပါ အလှကုန်များ သုံးစွဲပြီးနောက် အရေပြားပေါ်တွင် အဖြူကွက်များ၊ အရောင်ပြောင်းမှုများ ဖြစ်ပေါ် လာကြောင်း အကြောင်း ကြားလာသောကြောင့် ပြန်လည် စုံစမ်းပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ကြောင်း ဂျပန်အခြေစိုက် ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ကြေညာခဲ့သည်။

ဂျပန်ဈေးကွက် တစ်ခုတည်းတွင်ပင် ဆိုင်ခွဲပေါင်း ၁၅,၀၀၀ မှ ကုန်ပစ္စည်း လေးသိန်းခွဲခန့် ပြန်လည် သိမ်းယူရမည်ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် Kanebo ထုတ်ကုန်များ ဖြန့်ချိနေသော Ever Seiko ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

“Kanebo တော့သုံးတယ်။ အခုချိန်အထိတော့ ဘာမှမဖြစ်ဘူး။ ဒီအတိုင်းဆိုရင် ပြောင်းသုံးရမယ်နဲ့ တူတယ်” ဟု လက်ရှိ Kanebo ကုမ္ပဏီထုတ် KATE အလှကုန် ပစ္စည်းများ သုံးစွဲနေသူ ဒေါ်လွင်လွင်အောင်က ဆိုသည်။

Rhododenol 4-(4-hydroxyphenyl)-2-butanol ဓာတုဗေဒ ပစ္စည်းသည် အသားဖြူစေရန် အလှကုန်များတွင် အသုံးပြုသော ပစ္စည်းဖြစ်ပြီး အရေပြား အရောင်ဖြစ်စေသော မယ်လနင်ဆဲလ်များကို အရောင်မပြောင်းလဲအောင် ကာကွယ်ပေးကာ နေပူထဲသို့ ထွက်ပါက အသားမည်းခြင်းကို ကာကွယ်ပေးကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

ကြာရှည်သုံးစွဲပါက အရေပြားကို ထိခိုက်စေသော ယင်းဓာတုဗေဒပစ္စည်းကို Kanebo ကုမ္ပဏီက အသားဖြူစေရန် အဓိကထား ထုတ်လုပ်သော အလှကုန်များတွင် ၂၀၀၈ ခုနှစ်မှ စတင်သုံးစွဲခဲ့သည်။
The Voice Weekly

ခြေထောက် လေးချောင်းပါ ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသမည်

မိခင်နှင့်အတူ တွေ့ရှိရသည့် ခြေလေးချောင်းပါ ကလေးငယ် (ဓာတ်ပုံ-ဧရာဝတီ ဖောင်ဒေးရှင်း)
Thursday, 04 July 2013
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက် လေးချောင်းပါ သုံးလခွဲအရွယ် ကလေးငယ်ကို ယခုလ ဒုတိယပတ် အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသ သွားမည်ဖြစ်ကြောင်း ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ခွဲစိတ်ကုသရန် အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။

ခြေထောက် လေးချောင်းပါ ကလေးငယ်အား ခွဲစိတ်ကုသရာတွင် ပိုနေသည့် ခြေထောက် နှစ်ချောင်းကို အဓိက ဖယ်ထုတ်မည်ဖြစ်ပြီး ခွဲစိတ်ကုသပြီး နောက်ပိုင်း လမ်းလျှောက်နိုင်ရန်၊ ကျင်ကြီးကျင်ငယ် သွားနိုင်ရန် ခွဲစိတ်မည် ဖြစ်ကြောင်း သိရသည်။

လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရ...

ယင်းကလေးငယ်အား ခွဲစိတ်ကုသရန် အတွက် မေ ၁၂ ရက်က ရှမ်းပြည်နယ်မှ ရန်ကင်း ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကလေးငယ်အား ခွဲစိတ်ရာတွင် လိုအပ်သည့် ခွဲစိတ်အထောက်အကူပြု စက်ကိရိယာ ပစ္စည်းများ၊ ကုန်ကျမည့် ကုန်ကျစရိတ်များ အားလုံးကို နိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်ပြီး လက်ရှိ မခွဲစိတ်မီ ကလေးငယ်နှင့် သူ၏မိသားစုအတွက် အထွေထွေ ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းမှပင် တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သုံးလခွဲအရွယ် မွေးရာပါ ခြေထောက် လေးချောင်းပါ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ယင်းကလေးငယ်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့ တောင်ဘက်ရှိ ၄၅ မိုင် အကွာ ကျေးရွာတစ်ရွာတွင် အဖဦးခွန်စံဒွေး၊ အမိဒေါ်နန်းနောင်းနောင့်တို့မှ မွေးဖွားခဲ့ခြင်းဖြစ် ကာ မွေးချင်းလေးဦး ရှိကြောင်း သိရသည်။
Eleven Media Group

တောင်ငူခရိုင် ကလေး ၁၀၀ ကျော် သွေးလွန်တုပ်ကွေးဖြစ် သုံးဦးသေဆုံး

တောင်ငူ၊ ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် လူ ၁၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရောဂါပိုးမွှားမှတစ်ဆင့် ကူးစက်တက်သော ပိုးမွှားနှိမ်နှင်းရေးအဖွဲ့ (ရ-ပ-က-န) က ထုတ်ပြန်သော အစီအရင်ခံစာအရ သိရှိ ရသည်။

တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နှင့် ဖြူးမြို့နယ်တို့တွင် ဇွန်လပထမပတ်က သွေးလွန်တုပ်ကွေးရောဂါဖြင့် ခရိုင်ဆေးရုံကြီးတွင် ကလေးငယ် ၁၀၀ ဦးကျော် တက်ရောက် ကုသခဲ့ပြီး ဇွန်လ ဒုတိယပတ်တွင် ဆေးရုံတက်ရောက် ကုသသူ လူနာ ၄၀ ခန့် ရှိခဲ့ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် အဆိုပါရောဂါဖြင့် အသက်ငါးနှစ်အရွယ်၊ ရှစ်နှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်သုံးဦးတို့ သေဆုံးခဲ့ကြောင်း အဆိုပါ အစီအရင်ခံစာအရ သိရှိရသည်။

“တူမလေးကို ဆရာဝန်က သွေးလွန်တုပ်ကွေး သံသယရှိလို့ တောင်ငူဆေးရုံ တင်တာ ဆေးရုံထဲ ခြေချစရာ မရှိတော့ပါဘူး။ လူနာစောင့် ထိုင်ခုံတွေနဲ့တောင် ကလေးတွေကို ထားရတယ်” ဟု တောင်ငူမြို့နယ် ခပေါင်းကျေးရွာအုပ်စု ဆားကျင်းကျေးရွာတွင် နေထိုင် သူ ဒေါ်ချိုက ပြောကြားသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာရခြင်းကြောင့် ဇွန်လအတွင်း အခြေခံပညာကျောင်းပေါင်း ၃၂ ကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်စ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်ခင်မေသွင်က ပြောကြားသည်။
Photo: တောင်ငူခရိုင် ကလေး ၁၀၀ ကျော် သွေးလွန်တုပ်ကွေးဖြစ် သုံးဦးသေဆုံး တောင်ငူ၊ ဇူလိုင် ၃ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် လူ ၁၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရောဂါပိုးမွှားမှတစ်ဆင့် ကူးစက်တက်သော ပိုးမွှားနှိမ်နှင်းရေးအဖွဲ့ (ရ-ပ-က-န) က ထုတ်ပြန်သော အစီအရင်ခံစာအရ သိရှိ ရသည်။ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နှင့် ဖြူးမြို့နယ်တို့တွင် ဇွန်လပထမပတ်က သွေးလွန်တုပ်ကွေးရောဂါဖြင့် ခရိုင်ဆေးရုံကြီးတွင် ကလေးငယ် ၁၀၀ ဦးကျော် တက်ရောက် ကုသခဲ့ပြီး ဇွန်လ ဒုတိယပတ်တွင် ဆေးရုံတက်ရောက် ကုသသူ လူနာ ၄၀ ခန့် ရှိခဲ့ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် အဆိုပါရောဂါဖြင့် အသက်ငါးနှစ်အရွယ်၊ ရှစ်နှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်သုံးဦးတို့ သေဆုံးခဲ့ကြောင်း အဆိုပါ အစီအရင်ခံစာအရ သိရှိရသည်။ “တူမလေးကို ဆရာဝန်က သွေးလွန်တုပ်ကွေး သံသယရှိလို့ တောင်ငူဆေးရုံ တင်တာ ဆေးရုံထဲ ခြေချစရာ မရှိတော့ပါဘူး။ လူနာစောင့် ထိုင်ခုံတွေနဲ့တောင် ကလေးတွေကို ထားရတယ်” ဟု တောင်ငူမြို့နယ် ခပေါင်းကျေးရွာအုပ်စု ဆားကျင်းကျေးရွာတွင် နေထိုင် သူ ဒေါ်ချိုက ပြောကြားသည်။ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာရခြင်းကြောင့် ဇွန်လအတွင်း အခြေခံပညာကျောင်းပေါင်း ၃၂ ကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်စ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်ခင်မေသွင်က ပြောကြားသည်။
The Voice Weekly

ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် MDM-F တို့ ပူးပေါင်း၍ မြို့နယ် ၂၁ မြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်မည်

ကျန်းမာရေးဝန်ထမ်း တစ်ဦးမှ ကလေးငယ်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Thursday, 04 July 2013
ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Medicines Du Monde France (MDM-F) တို့ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအနက် ခုခံကျ ကာလသားရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ ပြည်သူလူထု အခြေပြု မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စသည်တို့ လုပ်ဆောင်ပေးမည်ဖြစ်ပြီး ယင်းလုပ်ငန်းများကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ၀ိုင်းမော်မြို့များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ အလုံ၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ လှိုင်သာယာ၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတား၊ မင်္ဂလာဒုံ၊ စမ်းချောင်း၊ တာမွေ၊ ပုဇွန်တောင်၊ သန်လျင်၊ မြောက်ဥက္ကလာပမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် စုစုပေါင်း မြို့နယ်၂၁ မြို့နယ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် ကျန်းမာရေး ၀န်ကြီးဌာနနှင့် Medicines Du Monde France (MDM-F) တို့ နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရန် စီစဉ်လျက်ရှိပြီး စီမံကိန်းကာလမှာ သုံးနှစ်သတ်မှတ် ထားကြောင်းနှင့် စီမံကိန်းကာလအတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းချီသုံးစွဲ သွားမည်ဟု ကနဦး သတင်းအချက်အလက်များအရ သိရသည်။ 

ပြင်သစ်နိုင်ငံ အခြေစိုက် Medicines Du Monde France (MDM-F) အဖွဲ့သည် နိုင်ငံတကာ လွတ်လပ်သော လူသားချင်းစာနာ ထောက်ထားခြင်းကို အခြေခံသည့် ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးနေသော အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၅၀ ကျော်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Eleven Media Group

ခန္ဓာကိုယ်အစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါတစ်မျိုး ရှိသည်ဟု ယူဆရသူ အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအား စစ်ဆေးကုသပေးမည်

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူ ကိုဝင်းဇော်ဦးအား အထူးကု ဆရာဝန်ကြီးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Tuesday, 02 July 2013
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင် ကျေးရွာရှိ ကိုဝင်းဇော်ဦး အရပ် ၇ ပေ ၁၀ လက်မခန့် ရှိခြင်းမှာ Acromegaly ခေါ် ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွားသော ရောဂါတစ်မျိုးဟု ယူဆရသည့်အတွက် ၎င်းအား စမ်းသပ်စစ်ဆေး၍ အထူးကု ဆရာဝန်ကြီးများ၊ ဆေးပညာရှင်များမှ လိုအပ်သည့် ဆေးကုသမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ ဇူလိုင် ၁ ရက်က ဗဟန်းမြို့နယ်ရှိ M-3 စားသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်းက ပြောကြားသည်။

ကိုဝင်းဇော်ဦးမှာ အသက် ၃၅ နှစ်ရှိပြီ ဖြစ်ပြီး ချွေးအလွန်ထွက်ပြီး၊ ဝေးဝေးမသွားနိုင်ခြင်းတို့ ခံစားနေရကြောင်း သိရသည်။ ကိုဝင်းဇော်ဦးသည် ဇွန် ၂၉ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ နိုဗယ်(လ်)အသည်း၊ သည်းခြေ၊ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆေးခန်းတွင် တက်ရောက်လျက် ရှိကြောင်း သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု အ၀၀ကို ဦးဆောင်ပြုလုပ်ရာတွင် ပါဝင်မည့် ပါမောက္ခ ဦးခင်မောင်ဝင်းက ''ဆေးပညာ ဆိုတာက ဘယ်သူမှတော့ တစ်ရာရာခိုင်နှုန်း အာမခံနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကာယကံရှင်ရော၊ မိသားစုရော၊ အုပ်ချုပ်ရေးမှူးရော အကုန်လုံး သဘောတူညီမှုရမှ လုပ်ရမှာပါ။ သူက ကျွန်တော်တို့ရဲ့ စေတနာကို အပြည့်အ၀ ယုံကြည်တယ်ဆိုရင် သူလက်ခံမှာပေါ့။ သူ့အပေါ်မှာ မူတည်ပါတယ်'' ဟု ပြောကြားသည်။

''ကျွန်တော်အရင်က ချွေးထွက်တာတို့ သွားရလာရ ခက်တာတို့ကလွဲလို့ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ပဲ မှတ်တာပါ။ ဒါပေမဲ့ ဆရာဝန်ကြီးတွေက ဆက်သွယ်ပြီး ဆေးကုသပေးမယ် ဆိုတော့ အထူးပဲ ၀မ်းသာပါတယ်။ ပုံမှန်ဆိုရင်တာ့ လူဆိုတာ သေရမှာပါပဲ။ ကျွန်တော့် အနေနဲ့ ငွေကြေးမပြည့်စုံတာနဲ့တင် ဒီလိုကုရလိမ့်မယ်လို့ တစ်ခါမှ တွေးမထားပါဘူး။ ကျွန်တော့် အနေနဲ့က ဆရာကြီးတို့ အခုလို လုပ်ပေးမှာကို လက်ခံပါတယ်'' ဟု ကိုဝင်းဇော်ဦးက ပြောကြားသည်။

ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးမြတ်သူက ''ဒီဖြစ်ရပ်က ဦးနှောက်ထဲမှာရှိတဲ့ Pituitary ဂလင်းက ဟော်မုန်းထွက်တာ များလာလို့ ဖြစ်တာပါ။ အဲဒါဆိုရင် နှုတ်ခမ်းတွေ၊ မေးရိုးတွေ ကြီးလာတယ်။ သာမန်ထက် အရပ်ရှည်တာတို့ ခြေတွေလက်တွေ ကြီးတာတို့ ဖြစ်လာမယ်။ နောက်ပိုင်းမှာ မျက်စိမမြင်တာတို့ သွေးချို သွေးတိုးလို ဖြစ်လာတတ်တယ်။ လက်ရှိအချိန်ထိတော့ ကိုဝင်းဇော်ဦးက မျက်စိတွေလည်း ကောင်းတယ်။ သွေးချို၊ သွေးတိုးလည်း မရှိသေးဘူး။ ဆေးစစ်မှုတွေ ရလဒ်တွေ ထွက်လာပြီဆိုရင် ကုသမှုတွေ လုပ်မယ်။ လိုအပ်ရင် ခွဲစိတ်ကုသမှုတွေ လုပ်ရပါမယ်'' ဟု ဆိုသည်။
Eleven Media Group

မြွေဆိပ်ဖြေဆေး အစစ်တွင် လျှို့ဝှက် ကုတ်နံပါတ်ပါရှိဟုဆို

ဓါတ်ပုံ google
ရန်ကုန်၊ ဇွန် ၂၆
မြွေဆိပ်ဖြေဆေး အတုအစစ် ခွဲခြားရာတွင် အစစ်ဆိုပါက မြွေဆိပ်ဖြေဆေးပုလင်း တံဆိပ်ပေါ်တွင် ဆေးဝါးစက်ရုံ ထုတ်လုပ်စဉ်ကတည်းကပင် သက်ဆိုင်ရာ ဌာနအလိုက် လျို့ဝှက် ကုတ်နံပါတ်များ ပူးတွဲ ပါရှိကြောင်း မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဋ္ဌာန (အောက်မြန်မာပြည်) မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ထို့ပြင် မြွေဆိပ်ဖြေဆေး အတုတွင် Horse ဟူသည့် စာလုံးအစား House ဟု ရေးသားထားတတ် ကြောင်း၊ မြွေဆိပ်ဖြေဆေး အတုသည် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက်အတွင်း ထွက်ရှိသည်ကို မကြားသိရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဆေးအတုတွေ လုပ်တဲ့နေရာမှာ ဆေးအကြောင်းကို နားလည်တဲ့လူပါရင် ပိုဆိုးလိမ့်မယ်။ ဆေးဝါး စစ်ဆေးတဲ့အခါမှာ အခြေခံအဆင့်ကို အစစ်အတိုင်း သုံးထားတော့ နောက်ဆုံး အဆင့်မှာ ပြောင်းထားတာ မပေါ်ဘူးပေါ့” ဟု တပ်မတော် ဆေးတက္ကသိုလ်မှ ဆရာဝန် တစ်ဦးက The Voice သို့ ပြောဆိုသည်။

ဆေးသုတေသန (အောက်မြန်မာပြည်) သည် မြွေဆိပ်ဖြေဆေး သုတေသနလုပ်ငန်းအပြင် ရှေးဦး သူနာပြုစုနည်းသစ်ဖြစ်သည့် အဝတ်ထုံး ကြပ်စည်းနည်း တီထွင်ခြင်း၊ မြွေစွယ် မထိုးဖောက်နိုင်သည့် ကာကွယ်ဖိနပ် တီထွင်ခြင်း၊ မြွေတစ်ကြိမ်ပေါက်လျှင် မြွေဆိပ်ထွက်ရှိမှု ပမာဏရှာဖွေခြင်း စသည်တို့ ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။

အမှတ် (၁) ဆေးဝါးစက်ရုံ (ယခင် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ) သည် မြင်း၏ သွေးရည်ကြည် က ထုတ်လုပ်သော မြွေပွေး အဆိပ်ဖြေဆေးနှင့် မြွေဟောက် အဆိပ်ဖြေဆေး၊ သိုး၏ သွေးရည်ကြည် က ထုတ်လုပ်သည့် မြွေပွေး အဆိပ်ဖြေဆေးတို့ကို ထုတ်လုပ်လျက်ရှိပြီး အဆိုပါ အဆိပ်ဖြေဆေး သုံးမျိုးကို မြန်မာနိုင်ငံတွင် အဓိက သုံးစွဲလျက်ရှိသည်။
The Voice Weekly

ဆံပင်ကလေးများ တောက်ပြောင်စေဖို့

မရောနေ့(ဇ်)ဖြင့်လည်းကောင်း၊ ဒိန်ချဉ်ဖြင့်လည်းကောင်း၊ ရှားစောင်း လက်ပတ်နှင့် ပျားရည်ဖြင့် လည်း ကောင်း၊ ဗနီကာဖြင့်လည်းကောင်း၊ ရှီး ထောပတ်နှင့် ဆံပင်ပေါင်းဆီများ ဖြစ်သောသံလွင်ဆီ၊ အုန်းဆီ၊ ကြက် ဆူဆီ၊ လာဗင်ဒါဆီ၊ ရို့စ်မေရီအဆီထဲမှ တစ်မျိုးမျိုးကို ပျားရည် (၁)စက်ဖြင့် လိမ်းခြင်း၊ ပေါင်းခြင်းဖြင့် သဘာဝ အတိုင်း ပျော့ပြောင်း၊ တောက်ပြောင် သောဆံပင်မျိုးကို ရရှိလာပါမည်။

ဤနည်းများထဲမှ (၁)နည်းကို ဖော်ပြလိုက်ပါသည်။
၁) ပန်းကန်လုံး (၁)လုံးထဲသို့ သံလွင်ဆီ အုန်းဆီ၊ ကြက်ဆူဆီ၊ လာဗင်ဒါဆီ၊ ရိုစ့်မေရီဆီ၊ ဗံဒါဆီ၊ ကယ်မိုမိုင်းလ်ဆီကို ရော ထည့်ပါ။ (ရှာရခက်သော၊ အဆင် သင့်မဖြစ် သောဆီ(၁)မျိုး (၂)မျိုးကို မထည့် လျှင်လည်း ရပါသည်။
၂)အခြားပန်းကန်လုံးထဲတွင် ရှီး ထောပတ်(၁)ခွက်၊ ထောပတ်သီး၊ ဂျို ဂျိုးဘ၊ ဂျုံစေ့ဆံအဆီကို ပျားရည် တစ်စက်နှင့်ရောပါ။
၃)ပန်းကန်လုံး နှစ်လုံးထဲမှ အရော အစပ်များကို ပေါင်းလိုက်ပါ။
၎)ဆံပင်အနှံ့လိမ်းပြီး (၂၀) (၃၀)မိနစ် ထားပါ။
၅) ရေနှင့်ဆေးပါ။ သဘာဝလေ နှင့်ပင် အခြောက်ခံပါ။
ချောမွတ်တောက်ပြောင်သောဆံပင် များကို တွေ့ရှိပါလိမ့်မည်။
ထူး
Health Updates Journal

ဂျင်ဆင်း (Ginseng) ၏အစွမ်းသတ္တိများ

stress ကို လျော့စေသည်။ နိုး ကြားစေရန် လှုံ့ဆော်ပေးသည်။ ဇီဝ ကမ္မဖြစ်စဉ်ကို မှန်ကန်စေပြီး ခွန် အားကို တိုးစေသည်။ ဓာတ်တိုးဆန့်ကျင် ပေါများစွာ ပါဝင်သောကြောင့် ဓာတ်တိုးပစ္စည်း များကို တိုက်ဖျက်ပေးသဖြင့် အိုမင်း မှုကို လျော့ချပေးပြီး နုပျိုစေသည်။

Ginseng tea သောက်ပါက ဦးနှောက် cell များကို လှုံ့ဆော် ပေးပြီး တွေးခေါ်နိုင်စွမ်းနှင့်မှတ် ဥာဏ်ကို ကောင်းစေသည်။ လိင်စိတ်ကို လှုံ့ဆော်ပေးသည်။ ယောကျာ်းစွမ်းရည် အားနည်းမှုကို အားကောင်းစေရန် ကူညီပေးသည်။ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးသည်။

Ginseng tea သောက်ပါက ရာသီပေါ်ချိန်တွင် နာကျင်ခြင်းကို သက်သာစေသည်။
သို့သော်လည်း ginseng ကို သုံးစွဲလျှင် allergy, headache အူလမ်းကြောင်းနှင့် အိပ်စက်ခြင်း ပြဿနာများ ဖြစ်နိုင်သဖြင့် ဆရာဝန် နှင့်တိုင်ပင်ပြီးမှ သောက်သုံးသင့်သည်။ ဆေးကုသမှုခံယူနေသော ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ginseng ကို မသုံးစွဲသင့်ပါ။
ကံ့ကော်
Source: zeenews
Health Updates Journal

ခြောက်လအတွင်း ခြောက်ထောင်ကျော် သွေးလွန်တုပ်ကွေးဖြစ်ပွား၊ ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၁
သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း ၂၀၀၉ ခုနှစ်၌ စံချိန်တင် မြင့်တက်ဖူးသော မြန်မာနိုင်ငံတွင် ယခုနှစ်တွင်လည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ခြောက်ထောင်ကျော်အထိ ရောက်ရှိနေပြီး သေဆုံးသူ ဆယ်သုံးဦး ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်သည်။

တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ဦးရေသည် ယခုနှစ်ဆန်းပိုင်းမှ ဇွန်လ၂၁ ရက်နေ့ထိ ၆၄၄၈ ဦးရှိပြီး သေဆုံးသူ ရာခိုင်နှုန်း ၀ ဒသမ ၂၀ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းဖြစ်ပွားနှုန်းသည် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးကြောင်း ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က The Voice သို့ ပြောကြားသည်။

လတ်တလော မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းသည် ၂၀၁၁ ခုနှစ် နှင့် ၂၀၁၂ ခုနှစ် နှစ်များနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားသူဦးရေ မြင့်တက်ခဲ့သော်လည်း သတိပြုရမည့် ဆိုးရွားသော အခြေအနေဟု မသတ်မှတ်နိုင်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။
ထို့အပြင် ဆယ်စုနှစ် (၂၀၀၀-၂၀၁၃ ခုနှစ်) အတွင်း ၂၀၀၉ ခုနှစ်ကို သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနှစ်အဖြစ် သတ်မှတ်ထားပြီး ယင်းနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၂၃၉၈ ဦး ရှိပြီး သေဆုံးသူ ၁၈၁ ထိရှိခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်သည်။

ယခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ နေပြည်တော် နယ်မြေတို့ကို သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးနယ်မြေအဖြစ် သတ်မှတ်ထားပြီး မွန်ပြည်နယ်သည် ဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်ကြောင်း ဒေါက်တာမင်းသန်းညွန့်က ပြောကြားထားသည်။

မွန်ပြည်နယ် ငှက်ဖျားတိုက်ဖျက်ရေး ဌာနက၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်နေ့ထိ အသက်ငါးနှစ်မှ ကိုးနှစ်ကြား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ဦးရေသည် ၉၉၇ ဦး ရှိပြီး သေဆုံးသူ မရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုနည်းတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ၂၀၁၃ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ခြောက်ဦးထိ ရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားဝင် ကြေညာထားသည်။

မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်တွင်၂၂၃၉၈ ဦး၊၂၀၁၀ ပြည့်နှစ်တွင် ၁၆၃၁၈ ဦး၊၂၀၁၁ ခုနှစ်တွင် ၄၇၃၈ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၆၄၃၃ ဦး သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့သည်။
The Voice Weekly

ထိုင်းရောက် မြန်မာလုပ်သားလူငယ်များ HIV ကူးစက်ခံရမှု ပိုများလာ

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများတွင် HIV/AIDS ရောဂါ တွေ့ရှိရမှုမှာ အသက် ၂ဝ ဝန်းကျင်လူ ငယ်ပိုင်းတွင် ပိုများလာကြောင်း ရတ် ထိုင်းကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ မှ သိရသည်။ ''နဂိုကဆို အသက် ၃ဝ ကျော် ပိုင်းမှာပဲ တွေ့ရှိနေတာက အခု နောက် ပိုင်း အသက် ၁၅ နှစ်ဝန်းကျင် ကိုယ် ဝန်ဆောင်သည်တွေမှာပါ တွေ့လာရပါ တယ်''ဟု ရတ်ထိုင်းမှ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ဦးအောင်မင်းက ပြောသည်။

၎င်းတို့တွေ့ရှိရမှုမှာ ကိုယ်ဝန် ဆောင်များ ကိုယ်ဝန်အပ်ရာမှ စစ်ဆေး တွေ့ရှိချက်ဖြစ်သောကြောင့် ကျန်းမာ ရေး စစ်ဆေးမှုမရှိသော သူများတွင် မည်မျှရှိနေမည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ပြောသည်။လူငယ်များတွင် ကာလသားရော ဂါဖြစ်ပွားမှုနှုန်းမှာလည်း လွန်ခဲ့သော လေးနှစ်ခန့်ကထက်ပိုမို များပြားလာ ကြောင်းံ HIV/AIDS ရောဂါတွေ့ရှိပြီး ၎င်းတို့ဆီ ရောက်ရှိလာသော ရောဂါ ရှင်အများစုမှာ ရောဂါကျွမ်းပြီး သေဆုံး သွားသူများ များပြားကြောင်း ၎င်းက ဆိုသည်။ရတ်ထိုင်းကျန်းမာရေး စောင့် ရှောက်မှုအဖွဲ့မှ ဦးအောင်မင်းက HIV/AIDS ဖြစ်ပွားသူဦးရေကို အတိအကျ စာရင်းမသိရှိရကြောင်း၊ သို့သော် လူ ပေါင်း ၃ဝဝဝ ကို စစ်ဆေးပါက ၁ဝ ဦး မှ ၁၅ ဦးခန့်တွင် HIV/AIDSတွေ့ ရှိရ ကြောင်းပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား များကို ကျန်းမာရေး၊ လူမှုရေး၊ နေထိုင် ရေး ကိစ္စရပ်များကို NGO များက စောင့်ရှောက်ကူညီ ပေးလိုသော်လည်း တရားမဝင်လုပ်သား များပြားမှုသည် ၎င်း တို့အတွက် အဓိကအခက်အခဲဖြစ်နေကြောင်း စမုဆောင်ခရမ် လွှတ်တော်အမတ် Mr.Surajit Ehirawate က ပြောသည်။ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းခန့်ရှိပြီး စမုစခွန်ခရိုင် တွင် ၅ သိန်းခန့်ရှိရာ သုံးပုံ တစ်ပုံသာ တရားဝင်နေထိုင်ကြသူများ ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
ဝေယံမိုးမြင့်
Popular Myanmar News Journal

နာတာရှည် ခါးနာခြင်းဝေဒနာရှင်များတွင် ၄၀%ခန့်အား အလွယ်ရနိုင်သောပဋိဇီဝဆေးများက ပျောက်ကင်းစေနိုင်

ကမ္ဘာပေါ်တွင် ခါးနာသည့် ဝေဒနာမခံစားဘူးသူ အတော် ရှား ပေလိမ့်မည်။ အများစုမှာ ခါးနာသည့် ဝေဒနာအား အနည်းဆုံး တစ်ကြိမ်ခန့် ခံထားဖူးကြလေသည်။ ခါးနာသည့် ဝေဒနာတွင် အချို့က ရက်ပိုင်းနှင့် သက်သာသွားလေ့ ရှိသော်လည်း အချို့မှာ နာတာရှည်ခံစားရကာ ဝေဒနာသက်သာရန် ကာယကုထုံး များ ၊ ဆေးဝါးအကူအ ညီများသာမက လိုအပ်ပါက ခွဲစိတ်မှုများပင် လုပ်ရ ပေသည်။

Mayo clinic ၏ စစ်တမ်းအရ အမေရိကန် လူဦးရေ၏ ၈၀%ခန့်မှာ ခါးနာဝေဒနာရှိကြပြီး အများစုမှာ နာတာရှည် ခံစားနေ ရကြောင်း သိရသည်။ ထို့ကြောင့် တောင်ပိုင်းဒိန်းမတ် တက္ကသိုလ်နှင့် ဘာမင်ဂမ်တက္ကသိုလ်တို့မှ ခါးရိုး သုတေသီများက လေ့လာမှုလုပ်ခဲ့ရာ နာတာရှည်ခါးနာမှုများ၏ ၄၀% ခန့်သည်ဝက်ခြံဖြစ်စေသော ဘက်တီး ရီးယားဖြစ်သည့် Propioni bac-terium Acnes နှင့်ဆက်စပ်နေ ကြောင်းတွေ့ခဲ့သည်။

ထို့နောက် လေ့လာသူများက ဆက်လက်၍ ၆ လအထက် နာတာရှည်ခါး အောက် ပိုင်း နာနေသူများအား amoxicillin နှင့် clavulanate ပဋိဇီဝဆေးအရော အားရက် ၁၀ဝ တိုက်ကျွေး၍ ရလဒ် ကို ကြည့်လိုက်ရာ ပါဝင်စမ်းသပ် ခံသူများ၏ ၈၀% ခန့်တွင် သက်သာ စွာပျောက်ကင်း ကြောင်းသိရသည်။ ထို့ကြောင့် ခါးဆစ်ရိုးကြား၊အရိုးနုပြား ချော်ထွက် ရောင်ရမ်းသောခါးနာ ခြင်းများမျိုးများနှင့် အချို့ခါးနာမှု များတွင် ပဋိဇီဝဆေးအား ကုထုံးတစ် ခုအနေဖြင့် သုံးသင့်ကြောင်း အကြံပြု ခဲ့သည်။ ထို့ပြင် ဦးနှောက်နှင့်အာ ရုံ ကြောပညာရှင်များက ယင်းတွေ့မှု ကို နိုဘယ်ဆုရနိုင်သည်ဟု ထင်ကြေး ပေးလျက်ရှိသည်။
ဖိုးသောကြာ
ref:MNT, Health Updates Journal

မြစ်ကြီးနားမြို့ လူတစ်ရာကျော် အစာအဆိပ်သင့်မှု ဗိုင်းရပ်စ်ပိုးကြောင့်ဟုဆို

မြစ်ကြီးနား ၊ ဇွန် ၁၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်ရိုးရာ အိမ်ထောင်စု ဆုတောင်းပွဲ တွင် ကျွေးမွေးသည့် ကချင် ဒံပေါက်နှင့် အအေး စားသောက်သဖြင့် လူတစ်ရာကျော် အဆိပ်သင့်ခဲ့ခြင်းမှာ ဓာတုဗေဒ အဆိပ် မဟုတ်ဘဲ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ကြောင်း ကချင်ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါ်ကြည်လွင်က အတည်ပြု ပြောကြားသည်။

ယင်း အစာအဆိပ်သင့်မှု ဖြစ်ပွားပြီးနောက် မြစ်ကြီးနားမြို့ပေါ်တွင် ဓာတုဗေဒ အဆိပ်ခတ်သည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ် နေသည့်အတွက် The Voice ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"Stapphylo coccus ဆိုတဲ့ ဗိုင်းရပ်စ်ပိုး အစာ ထုတ်လွင့်မှုကြောင့် ဖြစ်နိုင် တယ်" ဟု ဆိုသည်။

ဇွန်လ ၁၆ ရက်နေ့က လူတစ်ရာကျော် အစာ အဆိပ်သင့်ခဲ့သည့် ကချင် ဒံပေါက်နှင့် အအေးများကို ဓာတ်ခွဲခန်းတွင် စမ်းသပ်နေပြီဖြစ်ပြီး အများပြည်သူ သိရှိစေရန် အတိအကျ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ှStapphylo coccus အမည်ရှိသော ဗိုင်းရပ်စ်ပိုးသည် ရာသီဥတု ပူပြင်းချိန် တွင် အကြောင်း အမျိုးမျိုးကြောင့် (ဥပမာ - လက် မသန့်ရှင်းခြင်း) အစား အသောက်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဓာတ်ပြုကာ အဆိပ်ထုတ်လွှတ် မှု ဖြစ်ပေါ်စေသည့်အပြင် အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်တွင် မျိုးပွားနိုင် သည့်အတွက် အစားအသောက် အနည်းအများပေါ် မူတည်၍ ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်စေကြောင်း ဓာတ်ခွဲခန်း ဆရာဝန် တစ်ဦးက ရှင်းပြသည်။

လက်ရှိ အနေအထားအရ အစာ အဆိပ်သင့်မှု ဖြစ်ခဲ့သော လူ ၁၅၁ အနက် ၁၄၇ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ကျန်လေးဦးမှာ စိုးရိမ်ဖွယ်ရာ အနေအထား မရှိကြောင်း မြစ်ကြီးနားဆေးရုံ ဆရာဝန်များ၏ ပြောဆိုချက် အရ သိရသည်။
The Voice Weekly

ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ခြောက်ဦးအထိရှိ

ရန်ကုန်၊ ဇွန် ၁၈
အရှေ့တောင်အာရှ ဒေသတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးအန္တရာယ် အရှိဆုံး နိုင်ငံများအဖြစ် သတ်မှတ်ထားသော နိုင်ငံများတွင် အပါ အဝင် ဖြစ်သော မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူခြောက်ဦး အထိ ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

ယင်းနိုင်ငံများမှာ ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့ ဖြစ် သည်။မြန်မာနိုင်ငံတွင် ယခုနှစ် မေလက စတင်ကာ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ဦးရေ တိုးမြင့်ခဲ့ပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံးဟု သတ်မှတ်ထားသော ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် အသက်ဆုံးရှုံးသည်အထိ ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က The Voice သို့ ပြောကြားသည်။

သွေးလွန်တုပ်ကွေးအဖြစ် အများဆုံး ကာလများသည် ဇွန်နှင့် ဇူလိုင်လ တို့ဖြစ်သောကြောင့် ပိုးလောက်လန်း ဆေးခတ်ရေး လုပ်ငန်းများ တိုးမြင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"သွေးလွန်တုပ်ကွေး အဖြစ်များတာကတော့ သန်လျင်၊ ရွှေပြည်သာ၊ ဒလ မြို့နယ်တွေမှာ အဖြစ်များတယ်။ ဒလ၊ အင်းစိန်၊ ဒဂုံ (တောင်)၊ ကြည့်မြင် တိုင်၊ မြောက်ဥက္ကလာပနဲ့ သင်္ဃန်းကျွန်း မြို့နယ်တွေမှာ သေဆုံးသူ တစ်ဦးစီ ရှိတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

သွေးလွန်တုပ်ကွေး မပြန့်ပွားရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သန်လျင်၊ လှည်းကူး၊ ကျောက်တန်း၊ ကွန်းခြံကုန်း၊ သုံးခွ၊ တိုက်ကြီး၊ ထန်းတစ်ပင်၊ တွံတေး၊ မှော်ဘီ၊ ကော့မှူး၊ ခရမ်းနှင့် ကိုကိုးကျွန်းမြို့နယ် တို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့နယ် အားလုံး၌ ပိုးလောက်လန်း သတ်ဆေး ၆၉၅ ပုံး လိုက်လံ ဆေးခတ်ခဲ့ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

ယခုနှစ်မေလမှ သြဂုတ်လအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ပြီးခဲ့သည့် လကုန်ပိုင်းက သတိပေး ပြောကြားသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် ၁၉၆၅ ခုနှစ်တွင် စတင် ဖြစ်ပွားခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ကပ်ရောဂါ အသွင် စတင်ဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ယင်းရောဂါ ဖြစ်ပွားသူ ၂၀,၀၀၀ ရှိပြီး သေဆုံးသူမှာ ၁၈၂ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ရလေး၊ဇန်ဘို
The Voice Weekly

သေဆုံးကျွဲသားစားရာမှ ရွာသူ/သားများ ဒေါင့်သန်းရောဂါဖြစ်ပွား

Thursday, June 13, 2013
၁-၆-၂၀၁၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခုန်ဆင့်ကျေး ရွာနေ ဦးဖိုးသီ (၅၉)နှစ်ပိုင်ကျွဲ(၁)ကောင် ရုတ်တရက်သေဆုံးသွားသဖြင့် အသားဖျက်ပြီး ခုန်ဆင့်ရွာနှင့်နောင်ပေါင် ရွာသူ/သား(၁၇၅)ဦးတို့မှ စားသုံးခဲ့သည်။

၎-၆-၂၀၁၃ ရက်နေ့တွင် ခုန်ဆင့်ရွာနှင့် နောင်ပေါင်ရွာသား (၁၀)ဦးတွင် ခန္ဓာကိုယ်၌အနာစက်များဖြစ်လာသောကြောင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသခဲ့သဖြင့် ၈-၆-၂၀၁၃ ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ ပါဝင်သည့်ပူးပေါင်းအဖွဲ့မှ ခုန်ဆင့်ရွာနှင့်နောင်ပေါင်ရွာတို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဒေါင့်သန်း ရောဂါ သံသယကြောင့် အနာစက်များဖြစ်ပွားရကြောင်းတွေ့ရှိ၍ ကျွဲသားရေအား မီးရှို့ဖျက်ဆီးခြင်း၊ ကျွဲသားစားမိသူ(၁၇၅)ဦးအား ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ခုန်ဆင့်ရွာနှင့်နောင်ပေါင်ရွာမှ ရွာသူ/သား(၂၁၈)ဦးအား ကျွဲ/နွားရောဂါနှင့်ကူးစက်တတ်ခြင်းအကြောင်း အသိပညာပေးဟောပြော ခြင်းများဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ၉-၆-၂၀၁၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကျွဲပိုင်ရှင် ဦးဖိုးသီ၏ ကျွဲကလေး(၁)ကောင်၊ နွား(၃)ကောင်နှင့် ပတ်ဝန်းကျင်ရှိ ကျွဲ/နွား(၂၇)ကောင် တို့အားကာကွယ်ဆေး ထိုးပေးခဲ့ပြီး နောင်ပေါင်ရွာနှင့်ခုန်ဆင့်ရွာတို့မှ ကျွဲသားစားသူများအား ထပ်မံ စစ်ဆေးရာ ရွာသူ/သား(၁၀)ဦးခန့်တွင် ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပေးခဲ့သည်။

ထို့ပြင် ၁၀-၆-၂၀၁၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ခုန်ဆင့် ကျေးရွာရှိ ကျွဲ(၂၁)ကောင်၊ နွား(၄၈)ကောင်နှင့်နောင်ပေါင်ကျေးရွာ ရှိ ကျွဲ(၃၀)ကောင်၊ နွား(၅၄)ကောင်၊ စုစုပေါင်း(၁၅၃)ကောင်တို့ အား ဒေါင့်သန်း ကာကွယ်ဆေးများထိုးပေးခဲ့ပြီး နောင်ပေါင်ကျေးရွာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သြဘငူန ဃူငညငခ ဖွင့်လှစ်၍ မန်နောင်(ပင်မ)ကျေးလက်ကျန်းမာရေး ဌာနနှင့်ပူးပေါင်း ကာ ရောဂါရှာဖွေကုသခြင်း၊ ရောဂါရှိ/မရှိစောင့်ကြပ်ကြည့်ရှုခြင်း၊ လူနာသစ်ရှိ/မရှိ ရှာဖွေစစ်ဆေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း များဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မြန်မာနိုင်ငံတွင် ကိုရီးယားကင်ဆာအထူးကုဆေးရုံ ပထမဆုံးဖွင့်လှစ်မည်

ရန်ကုန်၊ ဇွန် ၁၁
ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကင်ဆာ အထူးကုဆေးရုံ SAM Medical Center ကို မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ရန် စီစဉ်နေကြောင်း အဆိုပါစင်တာ တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။

ပြည်ပ ပုဂ္ဂလိက ဆေးရုံများအတွက် ဥပဒေမရှိသောကြောင့် ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံသို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာနလက်အောက် အစိုးရဆေးရုံ တစ်ခုခုနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် ရှိကြောင်း၊ နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနချင်း ညှိနှိုင်းဆောင်ရွက်မှု ထားပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆေးဘက်ဆိုင်ရာနှင့်ပတ်သက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဥပဒေ မပေါ်ပေါက်နိုင်သေးသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံ လိုသူများက ဂရုပြုစောင့်ကြည့်လျက်ရှိကြောင်း ပုဂ္ဂလိက ဆေးရုံအသင်းဝင် ပန်းလှိုင်ဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးရဲမိုးမြင့်က ရှင်းပြသည်။

"ဒီကိုရီးယားဆေးရုံက မြန်မာပြည်ကိုလာတဲ့ ပထမဆုံးဆေးရုံမဟုတ်ဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ထားတဲ့ ဆေးရုံတွေ အများကြီးရှိတယ်" ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

ပြည်တွင်း ပုဂ္ဂလိက ဆေးရုံများအတွက် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက် မှုဥပဒေ ရှိထားသော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ တို့တွင် သတ်မှတ်ချက်များ ပြဋ္ဌာန်းထားမှု မရှိသေးပေ။
The Voice Weekly

ဆင်များအတွက် ဆေးရုံ တည်ဆောက်မည်

ရန်ကုန်၊ ဇွန် ၉
တောင်ငူမြို့နယ်အတွင်း အုတ်တွင်း-ပေါက်ခေါင်း ကားလမ်းအနီး မြေနေရာ တွင် ဆင်ကောင်ရေ ၃၀ ကျော်ခန့် ထားရှိပြီး ဆေးကုသပေးနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ဆေးရုံတစ်ရုံကို ယခုနှစ်ကုန်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ဆင်ကုသရေး ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါဆေးရုံ တည်ဆောက်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်သော်လည်း လက်ရှိရွေးချယ်ထားသော မြေဧရိယာသည် သစ်တောဦးစီးဌာနက ကျွန်း စိုက်ခင်းများ စိုက်ပျိုးထားသောကြောင့် ဆေးရုံထူထောင်ရန် ခွင့်ပြု မိန့် တောင်းထားကြောင်း၊ ဆင်များထိန်းသိမ်းထားရှိရန် အဆိုပါ နေရာသည် စားကျက်မြေကောင်းကောင်းရှိသော မြေနေရာဖြစ်သည့်အတွက် ရွေးချယ် ထားခြင်းဖြစ်သော်လည်း သစ်တောဦးစီးဌာန၏ ခွင့်ပြုမိန့် မရရှိပါက ထပ်မံ၍ အခြားနေရာများကို ရွေးချယ်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"မြေအကျယ်အဝန်းပေါ် မူတည်ပြီး ကောင်ရေများများထား ကုသပေးမယ်" ဟု ၎င်းက ဆိုသည်။

ဆေးရုံတည်ဆောက်ပြီး ဆင်များ ကုသနိုင်ရန်အတွက် နိုင်ငံတကာ အဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်မှုနှင့် ငွေကြေးထောက်ပံ့မှုလည်း လို အပ်နေကြောင်း၊ လက်ရှိတွင် စမ်းသပ် လုပ်ကိုင်ဆဲဖြစ်သည့် အတွက် ငွေကြေးအင်အား အထောက်အပံ့ကောင်း ရရှိပါက ထပ်မံ တိုး ချဲ့၍ မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးများတွင် ဆင်ဆေးရုံများ တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဆင်ဘေးမဲ့တောအဖြစ် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ ရွှေဥဒေါင်း ဆင်ဘေးမဲ့တောနှင့် ရခိုင်ရိုးမ ဆင်ဘေး မဲ့တော နှစ်ခုသာရှိပြီး ထပ်မံ၍ ပဲခူးတိုင်းဒေသကြီးရှိ မြောက်ဇာမရီ သစ်တော ကြိုးဝိုင်းကို ဆင်ဘေးမဲ့တောအဖြစ် သတ်မှတ်ရန် စီစဉ်နေကြောင်း သစ်တောဦးစီးဌာနထံမှ သိရှိရသည်။
The Voice Weekly

မျက်စိမခွဲစိတ်မီ စစ်ဆေးရာတွင် တစ်ခြားရောဂါထက် ဘီပိုး၊ စီပိုးကို ပို၍ အတွေ့များ

8.6.2013
သီတဂူရွှေပြည်ပိာန်းစက္ခုဒါနဆေးရုံတွင် မျက်စိများ မခွဲခင်ဆေးစစ်ရာတွင် တစ်ခြားရောဂါထက် ဘီပိုး၊ စီပိုးကို ပို၍အတွေ့များကြောင်း ရွှေပြည်ဟိန်း ဆရာတော် ပိဋကတစ်ပုံခွဲဆောင် အရှင်ခေမာ သိရီလင်္ကာရက မိန့်ကြား တော်မူခဲ့သည်။

သီတဂူရွှေပြည်ပိာန်းစက္ခုဒါနဆေးရုံတွင် မျက်စိမခွဲမီ ဆေးစစ်ကြရပြီး ဆေးစစ်ရလဒ်မှ ထွက်ပေါ်လာသော ဘီပိုး၊ စီပိုးဝေဒနာ ရှင်များကို သီးသန့်ခွဲစိတ်ကုသပေးနေကြောင်း သိရသည်။ ထို့ပြင် ဝေဒနာ ရှင်များအ တွက် အဆင်ပြေရန် ဆေးစစ်ချက်မအောင်သူများကို ၎င်းတို့ ရောဂါနှင့် သက်ဆိုင်သော ဆေးရုံ၊ ဆေးခန်း များဖြင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးကြောင်း ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

(၂၀၀၄)ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော သီတဂူ ရွှေပြည်ပိာန်းစက္ခုဒါနဆေးရုံတွင် အထွေထွေရောဂါ၊ E.C.G ရိုက်ကူးခြင်းနှင့် ဆီးချို၊ သွေးချိုစစ်ဆေးခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ကလေးရောဂါ၊ သွားရောဂါ၊ အရေပြားရောဂါ၊ အမျိုးသမီးရောဂါ၊ မျက်စိအပါအ၀င် အပ်စိုက်
ကုသခြင်းများကို ဆောင်ရွက်ပေးနေပြီးလူနာပေါင်း လေးသိန်းခြောက်သောင်း
ကျော်ကို ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 
SkyNet TV Browser

ခြောက်နှစ်အရွယ်ယောကျာ်းလေး၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားကို အောင်မြင်စွာခွဲထုတ်

ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့သည့် သန္ဓေ သားကို ခွဲစိတ်အပြီးတွေ့ရစဉ်  ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)

ကမ္ဘာတွင် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ အသက်ခြောက်နှစ် အရွယ်ယောကျာ်းလေးတစ်ဦး၏ ဝမ်းဗိုက်အတွင်းတွင်ရှိသော သန္ဓေ သားကို ရန်ကုန်တွင် အောင်မြင်စွာခွဲ စိတ်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ် တောင်ကုန်းကျေးရွာတွင် နေထိုင်လျက် ရှိ သည့် မောင်--- ၏ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ပြီး အဆိုပါသန္ဓေသားကို မေ ၂၈ရက်က ခွဲစိတ်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီးကလေးငယ်၏ မိခင်ဖြစ်သူက ''ဒီကလေးကို ကိုယ်ဝန်ဆောင် တုန်းက ဆရာဝန်က အမြွှာဖြစ် နိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မွေးတော့ တစ်ယောက် တည်းပဲ။ ကလေးကိုမွေးတုန်းက မသိဘူး။ ဒီနှစ် မတ်လလောက်ကမှ ဘဲဥ လောက် အရွယ်အလုံးက ဗိုက်အပြင်ကို စူထွက်လာတယ်။ ကင်ဆာထင်ပြီး စိုးရိမ်ပြီး တော့ ရန်ကုန်တက် လာခဲ့ပါတယ်။ အပြင်ဆေးခန်းမှာ ပြတော့ ဓာတ်မှန်ရိုက်ပြီး စိုးရိမ် ရတယ်ဆိုလို့ ခွဲစိတ်ဖို့စီစဉ်ဆောင် ရွက်ခဲ့တာပါ။ ခွဲလိုက် တော့ မျက် လုံး၊ နှာခေါင်း နဲ့ ခြေလက်လေး တွေပါတဲ့ ကလေးလို့ ယူဆနိုင်တဲ့ ဟာကိုတွေ့တာပါပဲ''ဟု ပြောသည်။

ယင်းကဲ့သို့ခွဲစိတ်ရန်အတွက် ဆေးကုသမှုမှာ မေ၁၃ရက်မှစ၍ ၂၂ရက်ကြာရှိခဲ့ပြီး မေ၂၈ရက် တွင်ခွဲစိတ်ခဲ့ကာ ကလေးငယ်မှာ ဇွန်၅ရက်တွင် ဆေးရုံမှဆင်းခဲ့ ကြောင်းသိရသည်။ ကလေးကို ခွဲစိတ်ချိန်မှာ မွန်းလွဲ၁နာရီခွဲတွင် စတင်ခွဲစိတ်ခဲ့ပြီး ညနေ ၆နာရီတွင်ခွဲခန်းမှ ထွက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ကလေးငယ် အားခွဲစိတ်ခဲ့သူ ကလေးခွဲစိတ်အထူးကုဆရာဝန် ကြီးက ''ဒီကလေးကို ကျွန်မခွဲစိတ် ပေးခဲ့တယ်။ ကင်ဆာလိုမျိုးဆန်းတဲ့ အလုံးလဲမဟုတ်ပါဘူး။ ရိုးရိုး အလုံး တစ်ခုပါပဲ။ သန္ဓေသားမ ဟုတ်လို့ နင်0x081အကျှုည်ငအက လို့ပြော လို့မရပါဘူး။ ဒီလိုကလေးမျိုးပုံ မျိုးတွေက မကြာခဏလာတတ် ပါတယ်''ဟု ပြောသည်။ 

ကလေးငယ်၏ ဖခင်မှာ ဦးမိုးဇော်ဦးနှင့် မိခင်မှာ ဒေါ်အေး အေးသင်းဖြစ်ပြီး ကလေးမှာ မွေး ချင်းမောင်နှမသုံးဦးတွင် အငယ် ဆုံးဖြစ်ပြီး ယခုနှစ်တွင် အ. မ.က ကွင်းညား တောတွင် ပထမတန်း တက်ရောက်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ရန်ကင်းကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင် မြင့်လွင် က''သန္ဓေသား ဘဝမှာ နင်0x081အကျှုည်ငအက လို့ခေါ်တဲ့ နောက် သန္ဓေသားဖြစ်တယ်လို့ ယူဆလို့ ရ တယ် သန္ဓေသားလုံးဖြစ်နိုင်တယ်။ လူတော့မဖြစ်ဘူး။ လူရုပ်လုံး တော့ မပေါ်ဘူးပေါ့။ တခိျု့ ဆို ကလေးပုံ မပီဝိုးတဝါး ပေါ်တာမျိုး ရှိတယ်။ အဲဒီလိုမျိုးဖြစ်နိုင်တယ်'' ဟု ပြောသည်။

ယင်းဖြစ်စဉ်က မြန်မာ့ဆေး ပညာလောကတွင် ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူငါးသိန်း တွင် တစ်ဦးနှုန်းဖြစ်နိုင်ခြေရှိ ကြောင်း သိရသည်။  နိုင်ငံတကာတွင်လည်း အ လားတူဖြစ်စဉ်များဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ၂၀၀၃ခုနှစ်တွင် အသက်ခုနစ်နှစ်ရှိ ၄င်း၏ဝမ်းဗိုက် မှာကြီးထွားလာ၍ ကျောင်းဆရာ ဝန်က ဆေးရုံသို့ပို့ခဲ့သည်။ ခွဲစိတ် မှုပြုလုပ်ခဲ့ရာ အမြွှာပူးယောကျာ်း လေးနှစ်ဦးပါသော အရည်အိတ် ကို တွေ့ရသည်။ ၄င်းမှာ ဤ ကလေး၏ဝမ်းထဲ၌ ကပ်ပါးအဖြစ် တည်ရှိနေခဲ့သည်။ သန္ဓေမှာ အ တော်ကြီးထွား နေသည်။ ဆံပင် များ ပေါက်နေ၍ လက်ခြေများ စုံနေပြီး ခေါင်းနှင့် မျက်နှာများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ခုနှစ် အတွင်း အလား တူဖြစ်ရပ်မျိုး ရှစ်ခုဖြစ်ပွားခဲ့သည်။
နန်းသီတာဝင်း ၊ အောင်သူ
Yangon Media Group

AIDS ထက် ပိုဆိုးသည့် ရောဂါတစ်မျိုး ဂျပန်တွင် ရှာဖွေတွေ့ရှိ

Gonorrhea ခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန်သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။
Jun 05 13
AIDS ထက် ပိုဆိုးသည့် ရောဂါတစ်မျိုး ဂျပန်တွင် ရှာဖွေတွေ့ရှိ
လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအနက် AIDSထက် ပိုဆိုးသည့် ရောဂါတစ်မျိုးကို ဂျပန်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရောဂါကို ဖြစ်ပွားစေသော ရောဂါပိုးသည် လက်ရှိ အစွမ်းထက်သည့် ကူးစက်ရောဂါ တိုက်ဖျက်ဆေးများကို ကောင်းစွာ ခံနိုင်ရည် ရှိနေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ Gonorrheaခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန် သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

လတ်တလောတွင် အမေရိကန် လွှတ်တော်၌ အဆိုပါ ပိုးကို တိုက်ဖျက်နိုင်မည့် ဆေးဝါးသစ် သုတေသနပြု ဖော်ထုတ်ရန် ဒေါ်လာ (၅၄)သန်း ရန်ပုံငွေ ခွင့်ပြုရေးအတွက် တောင်းဆိုမှုများ ပြုလုပ်နေရသည်။ "ဒီပိုးရဲ့ အကျိုးဆက်က အချိန်တိုလေး အတွင်းမှာတင် AIDSထက် ပိုဆိုးလိမ့်မယ်။ ဒီဘက်တီးရီးယား ပိုးမွှားရဲ့ ထိခိုက်မှုက ပိုပြင်းထန်တယ်။ လူတွေကိုလည်း ပိုပြီးမြန်မြန် ကူးစက်စေနိုင်တယ်"ဟု အဆိုပါ ပိုးမွှားနှင့် ပတ်သက်ပြီး လေ့လာနေသည့် ဆရာဝန် တစ်ဦးဖြစ်သော အလန်ခရစ္စတန်ဆန်က ပြောကြားခဲ့သည်။ H041ဟု Codeသတ်မှတ်ထားသော Gonorrheaကို (၂၀၀၉)ခုနှစ်က ဂျပန်ရှိ လိင်လုပ်သား တစ်ဦးထံတွင် စတင် တွေ့ရှိခဲ့သည်။

ထိုစဉ်ကတည်းက ဆေးဝါးဒဏ် ခံနိုင်သည့် စူပါရောဂါပိုး တစ်မျိုးအဖြစ် ပညာရှင်များက အသိအမှတ် ပြုလာကြသည်။ (၂၀၁၁)ခုနှစ်၊ မေလတွင်မူ ဟာဝိုင်ယီတွင် အခြားတစ်ဦး၌လည်း ယင်းပိုးမွှား ကူးစက်နေကြောင်း တွေ့ရှိလာသည်။ ယင်းဘက်တီးရီးယားသည် အမျိုးသမီးများ၏ သန္ဓေတည်မှု ဖြစ်စဉ်ကိုလည်း အမှားအယွင်းများ ဖြစ်အောင် နှောင့်ယှက်နိုင်သည့် အခြေအနေမျိုး ရှိကြောင်း ပညာရှင်များက ယူဆထားသည်။  အဆိုပါ ပိုးမွှား၏ ပျံ့နှံ့မှုသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားနှင့် နော်ဝေးနိုင်ငံတို့သို့လည်း ရောက်ရှိနေပြီဟု ယုံကြည်ရသည်။ AIDSရောဂါကြောင့် နှစ်စဉ် လူပေါင်း သန်း(၃၀)မျှ သေဆုံးလျှက် ရှိနေပြီး ယခု စူပါပိုးမွှားသည့် H041သည်လည်း အလားတူ ဆိုးရွားလှသည့် အကျိုးဆက်များ ဖြစ်လာစေနိုင်ပြီး အန္တရာယ် ကြီးလွန်းကြောင်း ပညာရှင်များက ဝန်ခံထားသည်။
Source: RT
Planet Myanmar Network

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com