http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သမ္မတ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ရန် မလိုဟု ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၅
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံရန် မလိုအပ်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် မေတ္တာ ရပ်ခံစာ ပို့မည်ဟူသော ထုတ်ပြန်ချက်အပေါ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ရှိနေပြီပဲ။ လုံလောက်နေပြီလို့ ထင်ပါတယ်။ ကာချုပ်အနေနဲ့ တွေ့နိုင်မယ်၊ မတွေ့နိုင်ဘူးဆိုတာ အတိအကျ ပြောလို့ မရပါဘူး” ဟု ၎င်းကပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရအနေနှင့် လွှတ်တော်အတွင်း ပြင်ဆင်ခြင်းနှင့် ပြည်သူ့ဆန္ဒ ခံယူမည့် ကိစ္စနှစ်ခုအပေါ် ဥပဒေနှင့်အညီ တရားမျှတမှု ရှိစေရန် ကူညီဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း ၎င်းက သမ္မတကိုယ်စား ပြောကြားသည်။

နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုကို ရှောင်လွှဲနေပါက ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ပုံရိပ်ကို ထိခိုက်စေမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးမင်းသူက ပြောကြားသည်။

ဥပဒေ ပြင်ဆင်မှုနှင့် ပြောင်းလဲမှုများသည် လွှတ်တော် အတွင်းတွင် ညှိနှိုင်းရန် အခက်အခဲ ရှိနေမြဲ ဖြစ်သောကြောင့် လွှတ်တော် ပြင်ပတွင် ညှိနှိုင်း ဆွေးနွေးထားရန် လိုအပ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့လာသည့် မေတ္တာရပ်ခံစာ မရောက်ရှိ သေးသောကြောင့် သမ္မတအနေနှင့် တွေ့ဆုံမည့် အခြေအနေကို အတိအကျ ပြောကြား မရသေးကြောင်း ဦးရဲထွဋ်က ထပ်လောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဆင်ပြေ ချောမွေ့စွာ ပြင်ဆင်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ဆွေးနွေးရန် မေတ္တာရပ်ခံစာ ပို့မည်ဟု နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
The Voice Weekly

အမေရိကန် ထောက်လှမ်းမှု ဘောင်ကျော်နေ

ဝါရှင်တန်ရဲ့ အဆင့်မြင့်ဆုံး အရာရှိအနေနဲ့ မစ္စတာ ကယ်ရီက အမေရိကန်ရဲ့ သဘောထား ကို ပြောဆိုခဲ့
1 နိုဝင်ဘာလ 2013
အမေရိကန် ထောက်လှမ်းရေး အေဂျင်စီရဲ့ လျော်ကန်မှု မရှိတဲ့ ဆောင်ရွက် မှုတွေ နဲ့ ပတ်သက်ပြီး အဆုံးသတ် စေဖို့ အတွက် သမ္မတ အိုဘားမားနဲ့ အတူ တိုင်ပင် လုပ်ဆောင် သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ကတိပြု လိုက်ပါတယ်။

လန်ဒန်မြို့ ညီလာခံ တခုကို ဗီဒီယို ကနေ တဆင့်စကား ပြောကြားရာမှာ၊ မစ္စတာ ကယ်ရီက အမေရိကန် ထောက်လှမ်း မှုတွေဟာ တချို့ကိစ္စရပ် တွေမှာ အရမ်းကို ဘောင်ကျော် လုပ်ဆောင်မှုတွေ ရှိခဲ့တယ်လို့ ဝန်ခံ ပြောကြား သွားပါတယ်။

အမေရိကန် ထောက်လှမ်းရေးဟာ မိတ်ဆွေ အစိုးရ ခေါင်းဆောင်တွေကို လျှို့ဝှက် ထောက်လှမ်းမှုတွေ လုပ်တယ် ဆိုတဲ့ စွပ်စွဲ ချက်တွေ အတွက်၊ ဝါရှင်တန်ရဲ့ အဆင့် အမြင့်ဆုံး အရာရှိ အနေနဲ့ မစ္စတာ ကယ်ရီဟာ အမေရိကန်ရဲ့ သဘောထားကို တိုက်ရိုက် ပြောဆို သွားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ စောင့်ကြည့်မှုတွေ တိုးမြှင့် လုပ်ဆောင်ရေး အတွက် ကိုတော့ မစ္စတာ ကယ်ရီက ကာကွယ် ပြောကြားသွား ပါတယ်။ အကြောင်း ကတော့ အကြမ်းဖက် တိုက်ခိုက် မှုတွေကို ကာကွယ် တားဆီးဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
BBC Burmese

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ မင်းလူ
15 သြဂုတ်လ 2013
စာရေးဆရာ မင်းလူ ခေါ် ဦးဉာဏ်ပေါ် အသက် ၅၉ နှစ် ဟာ ကင်ဆာရောဂါ နဲ့ သြဂုတ်လ ၁၄ ရက် ည ၁၁ နာရီ ခွဲ က ရန်ကုန် ဝိတိုရိယ ဆေးရုံကြီး မှာ ကွယ်လွန်သွားပါပြီ။

နာမည်ကျော် စာရေးဆရာကြီး၊ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု နဲ့ ဆရာမကြီး ဒေါ်ခင်ညို တို့ရဲ့ သား ၄ ဦး အနက် အငယ်ဆုံးသား ဖြစ်ပါတယ်။ ၁၉၅၄ ခု မေလ ၁၈ ရက်နေ့မှာ ရန်ကုန် မှာ ဖွားမြင်ခဲ့တာပါ။ စိန်ပေါကျောင်း၊ သင်္က္န်းကျွန်း အထက ၁ တို့မှာ ပညာဆည်းပူးခဲ့ ပြီး ၁၉၇၇ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ် က ဒဿနိက ဗေဒ ဘာသာရပ် နဲ့ ဝိဇ္ဇာ ဘွဲ့ ရခဲ့တါပါ။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
မောင်ဝံသ ကွယ်လွန်
ပြန်ကြားရေးဝန်ကြီးသစ်နဲ့ သတင်းစာဆရာတွေ့
တက္ကသိုလ် နံရံကပ် စာစောင်တွေ နဲ့ နှစ်ပတ်လည် မဂ္ဂဇင်း တွေ မှာ ကလောင်သွေးခဲ့တဲ့ ဆရာမင်းလူ ဟာ လုံးချင်းဝတ္တု စာအုပ်ပေါင်း ၅၁ အုပ်၊ ဗီဒီယို နဲ့ ရုပ်ရှင်ဇာတ်ညွှန်း တွေ လည်းရေးသားခဲ့ပါတယ်။

အနုပညာ မျိုးရိုး လို့ ဆိုနိုင်တဲ့ အထဲမှာ ဖခင်၊ ရော အကိုတွေ ကပါ ရုပ်ရှင်၊ ဂီတ နဲ စာပေ နယ်ထဲ မှာ ထင်ရှား ကျော်ကြားသလို၊ ဆရာမင်းလူ ကိုယ်တိုင်လည်း ၁၉၈၉ ခုနှစ် က ဘာတွေ ဖြစ်ကုန် ကြပြီလည်း ဆိုတဲ့ ခေတ် စနစ် ကို ရောင်ပြန် ဟပ်စေခဲ့တဲ့ ကဗျာရှည် ကြီး နဲ့ ၁၉၈၈ နောက်ပိုင်း အခြေအနေ တွေ ရေးသား ခဲ့လို့ ထောင်ဒဏ် ကျခံ ခဲ့ရပါတယ်။

လူငယ် စာရေးဆရာ ပိုင်းကလည်း ဆရာမင်းလူ ကို ဆုံးရှုံးရတဲ့ အတွက် အဘိဓာန်ကြီး၊ စွယ်စုံကျမ်း ဆုံးရှုံးရသလို ခံစားရကြောင်း၊ ရသ စာပေ ထွန်းကားရေး အတွက်လည်း ဆရာမင်းလူ က အားပေးကူညီတတ်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ကွယ်လွန်ချိန် မှာ ဇနီး ဒေါ်စန်းစန်းအောင်၊ သမီး သူမ နဲ့ စာရေးဆရာမ ယုယ တို့ ကျန်ရစ်ခဲ့ပါတယ်။
ဘီဘီစီ မြန်မာပိုင်း

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ရွှေနန်းတော် မြ၀တီ-ဇရပ်ကြီး ခရီးသည် တင် မှန်လုံယာဉ် တိမ်းမှောက်

တိမ်းမှောက်သွားသော ခရီးသည်တင် ယာဉ်အတွင်းမှ ဒဏ်ရာရရှိသူများအား ၀ိုင်းဝန်းကယ်ဆယ်နေစဉ်
15.8.2013
သြဂုတ် ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အင်ဒိုင်းကျေးရွာ အနီးတွင် ရွှေနန်းတော် မြ၀တီ-ဇရပ်ကြီး ခရီးသည် တင်မှန်လုံယာဉ်တစ်စီး လမ်းဘေးသို့ ဆွဲချတိမ်းမှောက် မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးအား ဆေးရုံတင်ပို့ ကုသထားရကြောင်း သိရသည်။

မြ၀တီမြို့မှ ဇရပ်ကြီးမြို့သို့ သြဂုတ် ၁၃ ရက် နံနက် ၉ နာရီမှ စတင်ထွက်ခွာလာသော ယာဉ်အမှတ် ၄င/၇၅၃၄ ယာဉ်မောင်း မင်းသိန်းကျော် (၂၃ နှစ်)(ဘ) ဦးအောင်နိုင် ဖြူးမြို့နယ်နေသူ မောင်းနှင် လာသော FUSO ခြောက်ဘီး ရွှေနန်းတော် မြ၀တီ-ဇရပ်ကြီး ခရီးသည် တင်မှန်လုံယာဉ် တစ်စီးသည် ယာဉ်မောင်းယာဉ်နောက်လိုက်နှင့် ခရီးသည် အပါအ၀င် လူ ၁၀ ဦးအား တင်ဆောင်လာပြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အင်ဒိုင်းကျေးရွာအနီး အမြန်လမ်းမဟောင်း မိုင်တိုင်အမှတ် ၁၆၂ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြား တွင် တောင်မှမြောက် သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏အနောက်ဘက်သို့ ဆွဲချတိမ်းမှောက်ခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးပြီး ခရီးသည် ကျားနှစ်ဦး မသုံးဦးအား အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသ ထားရကြောင်း သိရသည်။

"ကားက ခရီးဆုံးခါနီးဆိုတော့ လူ ၁၀ ယောက် ၀န်းကျင်လောက်ပဲ ကျန်တော့တယ် ကျွန်မတို့ လင်မယားက ရှေ့တစ်ခုံ နောက်တစ်ခုံ ထိုင်နေတာ ကျွန်မက ကားမောင်းတဲ့သူရဲ့ နောက်တစ်ခုံကျော်မှာ စီးလာတာပါ။ ကျွန်မတို့ စီးလာတဲ့ကားက ရှေ့ကမောင်းနေတဲ့ မှန်လုံကားတစ်စီးကို ကျော်တက်ဖို့ လုပ်နေတာ အဲဒီအချိန်မှာ ကားမောင်းတဲ့သူက လက်တစ်ဖက်က ဖုန်းပြောနေပြီး လက်တစ်ဖက်တည်းနဲ့ ကားမောင်းနေတာ တွေ့ရတယ်။ ကားကလည်းအရှိန်နဲ့ မောင်းနေတာဖြစ်တော့ အရှိန်မထိန်းနိုင်ဘဲ ဟိုလူးဒီလူးဖြစ်ပြီး လမ်းရဲ့ဘယ်ဘက်ကို မှောက်သွားတာ ကျွန်မသိလိုက်တဲ့ အချိန်မှာ ကျွန်မက မြေကြီးထဲမှာ မျက်နှာမှောက်ပြီး ကားအောက်ရောက်နေတာ အဲဒီအချိန် အပြင်ကလူတွေက ဆွဲထုတ်တာပါ" အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသူ မနန်းတင်မျိုးခမ်းက ဆိုသည်။

ဆေးရုံတက်တဲ့ ငါးယောက်ထဲမှာ ကျားတစ်ဦးနဲ့ မနှစ်ဦး၊ သုံးဦးကို တောင်ငူဆေးရုံကြီးကို လွှဲလိုက်ပါပြီ။ အဲဒီထဲမှာ မသိင်္ဂီ (၂၁ နှစ်)ဆိုတဲ့ အမျိုးသမီးကတော့ ဘယ်ဘက်ညှပ်ရိုးနဲ့ ညာဘက်ခြေသလုံးရိုး ကျိုးသွားတော့ လိုအပ်လို့ တောင်ငူဆေးရုံကြီး လွှဲလိုက်တာ ကျန်တဲ့နှစ်ယောက်ကတော့ သူတို့က တောင်ငူဆေးရုံကြီး ကို ပြောင်းတက်ချင်တယ်ဆိုလို့ ရွှေ့ပေးလိုက်တာပါ ငါးယောက်ထဲမှာ လေးယောက်က သာမာန်ဖူးရောင် ပေါက်ပြဲ ဒဏ်ရာလောက်ပဲ ဖြစ်ပါတယ်" ဟု အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံ အုပ် ဒေါက်တာကြည်စန်းထက်မှ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပ တ်သက်ပြီး အုတ်တွင်းမြို့နယ် ကျွဲပွဲရဲစခန်းမှ ယာဉ်မောင်းမင်းသိန်းကျော်အား ယာဉ်(ပ)၁၁။ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က။ ၃၃၇။ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Eleven Media Group

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား လိုင်ဇာ သွားခွင့်မရ

မြစ်ကြီးနား၊ သြဂုတ် ၁၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားကို ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်ရန် အစိုးရက ခွင့်မပြုခဲ့ကြောင်း ကေအိုင်အို အလုပ်အဖွဲ့ (Technical Advisory Team) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။

ကင်တားနားသည် ကေအိုင်အို အလုပ်အဖွဲ့ (Technical Advisory Team) နှင့် မြစ်ကြီးနားမြို့တွင် သြဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံရာစဉ် လိုင်ဇာမြို့သို့ လာရောက်ခွင့် ပြု မပြု ဆိုသည်ကိုသာ ဆွေးနွေးခဲ့ပြီး အခြား မည်သည့် အကြောင်းအရာကိုမှ ဆွေးနွေးခြင်း မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“အစိုးရက သွားခွင့် မပြုတာ Technical Team အနေနဲ့ရော၊ ကေအိုင်အို အနေနဲ့ရော၊ ဒုက္ခသည်တွေ ရဲ့ ကိုယ်စား အနေနဲ့ရော အရမ်း စိတ်မကောင်း ဖြစ်ရတယ်။ သူကိုယ်တိုင် သွားရောက်နိုင်ရင်တော့ UN ရဲ့ ပါဝင် ဆောင်ရွက်နိုင်မှု ပိုအားကောင်းလာနိုင်တယ်” ဟု ဦးဒေါင်ခါးက ပြောဆိုသည်။

ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်ရန် အစိုးရက ခွင့်မပြုခဲ့ခြင်းနင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရသူ ဦးရဲထွဋ်ထံ ဆက်သွယ် မေးမြန်းရာ ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် သွားရောက်မည့် နေရာများကို အစိုးရနှင့် ကြိုတင် ညှိနှိုင်းထားပြီး ဖြစ်သဖြင့် ယင်းညှိနှိုင်းမှုတွင် ပါဝင်သည့် နေရာများကိုသာ သွားရောက်ခွင့် လေ့လာခွင့် ရမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

“လိုင်ဇာက ကြိုတင် ညှိနှိုင်းထားတဲ့အထဲမှာ ပါလား မပါလားတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလတွင် ပြုလုပ်ရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းရန် အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကင်တားနားသည် သြဂုတ်လ ၁၄ ရက်နေ့တွင် ကချင်ပြည်နယ်တွင် ရောက်ရှိနေပြီး ဒေသခံ လူမှု အဖွဲ့အစည်း များ၊ အစိုးရ အဖွဲ့တို့ကိုလည်း တွေ့ဆုံခဲ့သည်။

“လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ အခု ကျွန်တော် ဘာမှ မပြောနိုင်သေးပါဘူး။ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်သွားမှာပါ” ဟု ကင်တားနားက ဆိုသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကင်တားနား တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

ကင်တားနားကို လိုင်ဇာသို့ သွားရောက်ခွင့် မပြုရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ သတင်း မီဒီယာများက ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်ကို တွေ့ဆုံ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဝန်ကြီးက တွေ့ဆုံခွင့် မပေးခဲ့ပေ။

မစ္စတာ ကင်တားနားသည် ကချင်ပြည်နယ်သို့ ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်။

သြဂုတ်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ လာရောက်သည့် လူ့အခွင့်အရေး ကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့ကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေ၊ ပဋိပက္ခ အခြေအနေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး တို့ကို လေ့လာ ဆန်းစစ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်ထား သည်။

သြဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့တို့၌ ဘင်္ဂါလီများကို တစ်ဖက်သတ် ဘက်လိုက်ကာ အစီရင်ခံစာများကို ရေးသားသည်ဟု ဆိုကာ ဒေသခံများ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
The Voice Weekly

တရားစီရင်ရေးစနစ် မှန်ကန်ဖို့ လွှတ်တော်နဲ့ အစိုးရ ကူညီမှုလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ဖြော့မတ် မှန်ကန်ဖို့ လုပ်ဆောင်ရာမှာ မိမိတို့ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေပြုရေးအပိုင်းဖြစ်တဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဝိုင်းဝန်ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဒီနေ့ဆွေးနွေးတဲ့ တရားစီရင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးအပြီး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အခုလို အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရှင်းပြစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

“ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း တတ်နိုင်သမျှ လွှတ်တော်ကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးဖို့လိုသလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာကလည်း ကူညီပံ့ပိုးပေးဖို့လိုပါတယ်၊ ကျမတို့ရဲ့ တွေ့ရှိချက်တွေမှာ ကြည့်လိုက်မယ်ဆိုရင် ၂၁ ချက်ရှိပါတယ်၊ အဲဒီထဲက ၉ ချက်ဟာ အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်၊ နောက် ၈ ချက်ကတော့ တရားစီရင်ရေးအပိုင်းနဲ့ ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်၊ ၄ ချက်ကတော့ ရဲအဖွဲ့နဲ့ ဆိုင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်စရာတွေ အများကြီးရှိသေးကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်လုပ်နိုင်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို တင်သွင်းခဲ့တာဖြစ်ပြီး၊ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၆ ဦး ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်က အဆိုကို အတည်ပြုခဲ့ပါတယ်။
RFA Burmese

၁၂ ရက်ခံ ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးဆွေးနွေးပြီး ၁၂ ရက်အကြာ ပလောင်တပ်နဲ့ တိုက်ပွဲပြန်ဖြစ်
ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပြီး ၁၂ ရက်အကြာ သြဂုတ်လ ၁၂ ရက်နေ့ မနေ့ညနေပိုင်းက အစိုးရတပ်တွေနဲ့ TNLA တပ်တွေ တိုက်ပွဲပြန်ဖြစ်ပွားခဲ့တာကြောင့် ထပ်မံတွေ့ဆုံဆွေးနွေးမှုတွေအတွက် ထိခိုက်ကြန့်ကြာနိုင်ကြောင်း PSLF ဥက္ကဌ မိုင်းအိုက်ဖုန်းက ပြောဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကွန်စလန်းရွာအနီးမှာ TNLA ပလောင်တပ်ရင်း ၇၁၇ က တပ်ရင်းမှူး ဗိုလ်ကြီး တာအိုမ်တာမောဝ် ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ ကျောက်မဲအခြေစိုက် အမှတ် ၁၇ ခြေမြန်တပ်ရင်းက အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PSLF အဖွဲ့က အထွေထွေအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

"ကျွန်တော်တို့ အဖွဲ့က မူဆယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံရှင်းလင်းပွဲရယ် ပြီးတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ရှင်းလင်းပွဲကို မနေ့က ကွန်စလန်းရွာမှာ လုပ်တယ်၊ ရှင်းလင်းပွဲလုပ်ပြီးတာနဲ့ သူတို့ကလည်းလိုက်လာတယ်၊ ရွာရဲ့ အပေါ်ဘက် လမ်းခွဲရောက်တဲ့အချိန်မှာ သူတို့နဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်ကြတာပါ၊ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်လိုက် ကျွန်တော်တို့ဘက်က ပြန်ပစ်လိုက်နဲ့ တိုက်ပွဲကနာရီဝက်လောက်ကြာတယ်၊ သူတို့ဘက်က နှစ်ယောက် ဒဏ်ရာရသွားတယ်၊ သေမလားရှင်မလား၊ ဘယ်လောက်ထိဒဏ်ရာရလဲ မသိဘူး၊ အဲဒီနောက်ပိုင်းတော့ တိုက်ပွဲပြီးသွားတာပေါ့"

လောလောဆယ် တိုက်ပွဲပြန်ဖြစ်ပွားတာမရှိသေးပေမဲ့ အစိုးရတပ်ဖက်က ကွန်စလန်းကျေးရွာအတွင်းမှာ တပ်အင်အား ၁ဝဝ ကျော် ဖြည့်ဆည်းထားကြောင်း ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ဆက်ပြောပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တို့ရဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ တွေ့ဆုံခဲ့ချိန်က ယုံကြည်မှုတည်ဆောက်ဖို့နဲ့ နောက်ထပ်တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးကျင်းပပြုလုပ်သွားဖို့ သဘောတူညီချက်ရရှိထားပေမဲ့ ၁၂ ရက်အကြာမှာ အခုလို တိုက်ပွဲပြန်ဖြစ်လာတာဟာ တွေ့ဆုံဆွေးနွေးမှုတွေအတွက် ထိခိုက်လာနိုင်တယ်လို့လည်း PSLF ဥက္ကဌ မိုင်းအိုက်ဖုန်းက ပြောပါတယ်။

"ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့အတွက်က သူတို့ဘက်က ဒီစစ်ရှိန်ကို လျှော့ချဖို့၊ ပြီးတော့ ဒီ ၂ဝ၁၁ ကနေ ၂ဝ၁၃ ကြားကာလထဲမှာ သူတို့ တိုးချဲ့တဲ့တပ်တွေကိုလည်း သူတို့ရဲ့ မိခင်တပ်တွေ ပြန်ဆုတ်သွားဖို့ တောင်းဆိုထားတာရှိတယ်လို့ ပြောပါတယ်"

PSLF အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ ဆုံခဲ့ပြီး အခုနှစ် ၂ဝ၁၃ ဇူလိုင် ၃၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
RFA Burmese

သနပ်ခါး ကျောက်ပြင် ထုတ်လုပ်ရေးအကြောင်း

မြန်မာအမျိုးသမီးတွေ အသားအရေလှပဖို့၊ နေပူဒဏ် ကာကွယ်ဖို့အတွက် အသုံးပြုကြတဲ့ ရိုးရာမြန်မာ့သနပ်ခါး သွေးတဲ့အခါမှာ ကျောက်ပြင်ဟာ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သနပ်ခါး ကျောက်ပြင် ထုတ်လုပ်ရေးအကြောင်းကို RFA သတင်းထောက် ကိုဇော်တူးက တင်ဆက်ထားပါတယ်။

RFA Burmese

အီဂျစ် သပိတ်စခန်းတွေကို ဖြိုခွင်းပြီ

သပိတ်စခန်းတစ်ခု မြင်ကွင်း
14 သြဂုတ်လ 2013
အီဂျစ်နိုင်ငံ ဖြုတ်ချခံရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံဆန္ဒပြနေကြတဲ့ ကိုင်ရိုမြို့တော်က သပိတ်စခန်း ၂ ခုကို လုံခြုံရေးတွေက ဖြိုခွင်းနေပြီ ဖြစ်ပါတယ်။

ရာဘာ အယ်လ် အက်ဒါဝီရ ဗလီနဲ့ ကိုင်ရို တက္ကသိုလ် အပြင်ဘက်က သပိတ်စခန်း ၂ ခုမှာ လုံခြုံရေးတွေက မျက်ရည်ယိုဗုံး သုံးခဲ့တဲ့အပြင် ကျည်ဆံအစစ်နဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

တက္ကသိုလ်ရှေ့က နာဒါစခန်းကိုတော့ ရှင်းလင်းပြီးသွားပြီလို့ ယူဆရပါတယ်။

ဆန္ဒပြကြတဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ ပြောခွင့်ရက ဘီဘီစီကို ပြောရာမှာတော့ အနည်းဆုံး ဆန္ဒပြသူ ၅၀ လောက် သေဆုံးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရဘက်ကတော့ တရားဝင် အတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။

လုံခြုံရေးအဖွဲ့ဝင်တွေကတော့ သူတို့ဘက်က ၂ ဦးသေ ၂ ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။
ဘီဘီစီ မြန်မာပိုင်း

မုတ္တမ ရေလယ်ကျွန်းမြေ တစ်ဧက သိန်း တစ်ရာကျော် ဈေးပေါက်

မော်လမြိုင်၊ သြဂုတ် ၁၃
မွန်ပြည်နယ် အစိုးရက ဟိုတယ် ဆောက်လုပ်ခွင့် ပြုထားသော မုတ္တမနှင့် မော်လမြိုင်မြို့ကြား သံလွင်မြစ်ကြောင်းအတွင်း ရေလယ်ကျွန်း များသည် တစ်ဧက ကျပ် သိန်းတစ်ရာကျော်နှင့် အရောင်း အဝယ် ဖြစ်နေကြောင်း အဆိုပါကျွန်း ရောင်းချထားသူများထံမှ သိရှိရသည်။

မုတ္တမ ဟိုတယ်ဇုန် အနီးရှိ ဆင်တိုက်ကျွန်း၌ သြဂုတ်လ ဒုတိယပတ် တွင် နေပြည်တော်မှ အမည် မဖော်လိုသူ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက တစ်ဧကကို ကျပ် ၁၂၅ သိန်းပေးပြီး ရှစ်ဧကခန့် ဝယ်ယူသွားကြောင်း မုတ္တမ မြို့ခံများက ပြောကြားသည်။

အဆိုပါ ကျွန်းများတွင် ဟိုတယ် ဆောက်လုပ်ခွင့် ပြုကြောင်း မွန်ပြည်နယ် အစိုးရက ထုတ်ပြန် ကြေညာပြီးနောက် မြေ တစ်ဧကကို ကျပ် သိန်းလေးဆယ်မှ ကျပ် သိန်းတစ်ရာကျော်ထိ ဈေးပေါက်ခဲ့ သည်။

မုတ္တမနှင့် မော်လမြိုင်မြို့ကြားရှိ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် ဧက လေးဆယ်ကျော် ကျယ်ဝန်းသည့် ကျွန်းပေါင်း ၁၀ ကျွန်း ရှိကြောင်း ကျွန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါက်တာသန်းဦးက ပြောကြားသည်။

အဆိုပါ ကျွန်းများကို ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ ဟိုတယ် လုပ်ငန်းစုများ ကလည်း လာရောက် ဝယ်ရန် လေ့လာမှုများ ပြုလုပ် ခဲ့ကြောင်း မော်လမြိုင် မြို့မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ဆိုသည်။

မွန်ပြည်နယ် မုတ္တမ တောင်တန်း အရှေ့ဘက်ခြမ်းနှင့် ရေလယ်ကျွန်း အချို့ ကို ပြည်နယ် အစိုးရက ဇွန်လအတွင်း ဟိုတယ်ဇုန် တည်ဆောက်ခွင့် ပေးခဲ့ သည်။
The Voice Weekly

စဉ်းစားဆင်ခြင်ပြီးမှ ချက်တင် လုပ်စေချင်

FB-အင်းလေးမီဒီယာ
၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့က ဖြစ်ပွားသည့် အဖြစ်အပျက်လေး တစ်ခု ဖြစ်သည်။ ဆိုရှယ် မီဒီယာ သို့မဟုတ် လူမှုကွန်ရက် သို့မဟုတ် အင်တာနက် ဆက်သွယ်မှုများ ခေတ်စားလာသည့် အချိန်တွင် လူငယ်များ သတိထားစရာ အဖြစ်အပျက် တစ်ခုလည်း ဖြစ်သည်။

သူ့အမည်က ကက်နက် ဖြစ်သည်။ အင်တာနက်ပေါ်တွင် လူငယ်တို့ ထုံးစံအတိုင်း Skype ကို သုံးစွဲရာ မှ ဂျိုအန်း ဆိုသည့် မိန်းကလေး တစ်ဦးနှင့် ချိတ်ဆက်မိသည်။

Skype ကိုတော့ အထွေအထူး ပြောစရာ လိုမည် မထင်ပါ။ ရုပ်မြင်သံကြား အပြန်အလှန် ဆက်သွယ် နိုင်သည့် အွန်လိုင်း စနစ်တစ်ခု ဟုသာ ဆိုရပါမည်။

လူငယ်တို့သဘာဝ ပြောဆို ကြူမိရာမှ တစ်ဦးနှင့်တစ်ဦး အမြင်တွေ လွန်ကျူးအောင် စကားတွေ စလာ တော့သည်။ ကောင်မလေးဘက်က အကြံနှင့် ဆက်သွယ်နေမှန်း မသိသော ကက်နက်က ကောင်မလေးကို အပေါ်ပိုင်း ချွတ်ပြရန် ကမ်းလှမ်းလိုက်မိသည်။ ကောင်မလေးကလည်း မပေါ့တပေါ် မလုံ့တလုံလေး လုပ်ပြလိုက်သည်။

ကောင်မလေးကလည်း ကောင်လေးကို သူတော့ အပေါ်ပိုင်း ချွတ်ပြ ပြီးပြီ ကောင်လေးကို အပေါ်ပိုင်း တီရှပ် ချွတ်ပြရန် တောင်းဆိုတော့ သည်။ ကောင်လေးကလည်း ကောင်မလေးက တောင်းဆိုလာသဖြင့် တီရှပ်ကို ချွတ်ပြလိုက်သည်။ နောက် တစ်ဆင့် တက်လာသည်။ ချိန်းတွေ့ ကြမည်ဟု ကောင်မလေးက တောင်းဆိုလာသည်။ ကောင်လေးကလည်း ရက်ရောစွာဖြင့် မိမိ ဖုန်းနံပါတ်ကို ကောင်မလေးအား ပေးလိုက်သည်။ အမှားကတော့ စပြီ။

ကောင်လေးက ကောင်မလေးထံမှ ဖုန်းနံပါတ်ကို တောင်း သည်။ ကောင်မလေးက ချွဲတဲတဲဖြင့် ဖုန်းနံပါတ် ပေးမည်၊ ရှိတာအကုန် ချွတ်ခိုင်းတော့သည်။ မိမိ ဖုန်းနံပါတ် လိုချင်လျှင် ကောင်လေးကို တစ်ကိုယ်လုံး ချွတ်ပြဟု ပြောသည်။ ကက်နက် တစ်ယောက် အယုံသွင်း ခံလိုက်ရသည်။ ကောင်မလေး ခိုင်းသည့်အတိုင်း တစ်သဝေမတိမ်း လိုက် လုပ်သည်။ လုံးဝ အမှားကို ကျူးလွန်လိုက်ခြင်း ဖြစ်သည်။

ဖုန်းနံပါတ်ကို ကောင်လေးက တောင်းလိုက်ချိန်တွင် ကောင်မလေးက ဖုန်းထဲကတစ်ဆင့် သူ၏ မဖွယ်မရာ ကိုယ်လုံးတီးပုံကို ရိုက်ယူ ထားကြောင်း ပြလိုက်သည်။ ပြီးလျှင် ဒေါ်လာ ၅၀၀၀ ကို မိမိထံ လွှဲပေး ရမည် ဖြစ်ကြောင်း၊ မလွှဲပေးပါက သူ့ပုံကို အွန်လိုင်းသို့ လွှင့်တင်လိုက် မည် ဖြစ်ကြောင်း စတင် ခြိမ်းခြောက်တော့သည်။ သူမပေးမည့် ဘဏ်စာရင်း နံပါတ်အတိုင်း ငွေများကို ပို့ပေးရန် ပြောသည်။ ကောင်လေး ကြောက်လန့်ပြီး တစ်လုံးတစ်ခဲတည်း မပေးနိုင်ကြောင်း ပြောသဖြင့် ယနေ့ ဒေါ်လာ ၂၀၀၀ လွှဲပေးရန်၊ မနက်ဖြန် ကျန် ဒေါ်လာ ၃၀၀၀ ကို လွှဲပေးရန်၊ မလွှဲပေးလျှင် ဗီဒီယိုဖိုင်ကို အင်တာနက်သို့ လွှင့်တင်လိုက်မည်ဟု ပြောပြီး အဆက်အသွယ် ဖြတ်လိုက်သည်။

မကြာမီ ကက်နက်ထံ ပို့ပေးရမည့် ငွေစာရင်း နံပါတ်ကို ဖုန်းကတစ်ဆင့် စာဖြင့် ပို့လိုက်သည်။ ကောင်လေး ဒုက္ခကောင်းကောင်း တွေ့ရပြီ ဖြစ်သည်။ စုထားသည့် ငွေများကို ဘဏ်က သွားထုတ်ရ သည်။ ပြီးလျှင် သူမပြောသည့် ဘဏ်စာရင်းသို့ လွှဲပေးလိုက်ရသည်။ အဖြစ်အပျက်က မိဘကိုလည်း ပြန် မပြောရဲ။ ကိစ္စကလည်း ငွေပေးလိုက်လျှင် ပြီးသွားလိမ့်မည်ဟု ထင်ခဲ့သည်။

နောက်တစ်နေ့တွင် ကျန်ငွေများကို ပေးပြီးနောက် သူ့ထံ ဖုန်းဝင်လာ သည်။ ကောင်မလေး၏ ရည်းစားဆိုသူက ဆက်ခြင်း ဖြစ်သည်။ သူကလည်း ဘဏ်စာရင်း နံပါတ်တစ်ခု ပေးမည် ဖြစ်ကြောင်း၊ ထိုစာရင်းထဲသို့ ဒေါ်လာ ၆၀၀၀ ထည့်ပေးရန်နှင့် မထည့်ပေးလျှင် သူ့ဗီဒီယိုဖိုင်ကို အင်တာနက်ပေါ် လွှင့်တင်လိုက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြန်သည်။ ထိုသူကလည်း ငွေ မပေးလျှင် ကောင်မလေး ဖခင်ထံ ဗီဒီယိုဖိုင်ကို ပို့ပေးလိုက်မည်ဟု ပြောပြန် သည်။

ကက်နက်တစ်ယောက် နောက်ထပ် ဒေါ်လာ ၆၀၀၀ လွှဲပေးလိုက်ရပြန်သည်။ မကြာမီ ဖုန်းဝင်လာဖြင့် ကက်နက် ကိုင်လိုက်ရာ ကောင်မလေး ဖခင်ဆိုသူက သူ့ ဗီဒီယိုဖိုင်ကို တွေ့ပြီး ဖြစ်ကြောင်း၊ မိမိပေး သည့် ဘဏ်စာရင်း အတိုင်း ဒေါ်လာ ၆၀၀၀ ထပ်လွှဲပေးရန်နှင့် မလွှဲပေးလျှင် ဗီဒီယိုကို အင်တာနက်တွင် တင်လိုက်မည်ဟု တတိယအကြိမ်မြောက် ခြိမ်းခြောက် ငွေတောင်းပြန်သည်။ ကက်နက်ဘဝက ဘယ်လိုမှ မတတ်နိုင်တော့သည့် အခြေအနေ ဖြစ်သည်။ သူတို့ တောင်းသည့် နောက် ထပ် ငွေကို ထပ်လွှဲပေးလိုက်ရပြန်သည်။

ဤသို့ဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်သို့ ရောက်ခဲ့သည်။ ကက်နက် တစ်ယောက် ဘဏ်ပေါင်း ၈၉ ခုတိတိသို့ ငွေများ လွှဲပြောင်း ပို့ပေးခဲ့ရသည်။ မကြာခဏ ငွေညှစ် တောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်ကာ မတတ်နိုင်တော့သည့်အဆုံး၊ ငွေလည်း တစ်ပြားမျှ မရှိတော့သဖြင့် ဖခင်ကို ဖွင့်ပြောလိုက်ရတော့သည်။

စုစုပေါင်း ဒေါ်လာ တစ်သိန်းလောက် ပြောင်မှ ဖခင်ကို ဖွင့်ပြောပြခြင်း ဖြစ် သည်။ ဖခင်က သူ့ကို ရဲစခန်းသို့ ခေါ်သွားသည်။ ကက်နက် ကလည်း ဖြစ်ကြောင်းရယ် ကုန်စင် ပြောပြလိုက်ရတော့သည်။ ရဲအရာရှိများ က သေချာစွာ မှတ်တမ်းတင်ပြီး ဆယ်လခန့် အကြိမ်ကြိမ် ငွေညစ်ခဲ့ခြင်းကို ရင်ဖွင့်ခဲ့ရ သည်။ ဘဏ် ငွေစာရင်း နံပါတ် ခြောက်ခုခန့် ပြောင်းလဲ ပို့ပေး ခဲ့ရသည်။ ရဲက ကောင်လေးထံက ဖုန်းကို သိမ်းထားလိုက်ပြီး ဖုန်းနံပါတ်များ ဆက်သွယ်ထားမှုကို မှတ်တမ်းဖြင့် စစ်ဆေးကြည့်ကာ ခြေရာ စခံခဲ့သည်။

ရဲတပ်ဖွဲ့က အဖွဲ့များ ခွဲပြီး သူ့ကဏ္ဍအလိုက် အမှုကြောင်းကို ခြေရာခံတော့ သည်။ ဖုန်းနံပါတ်များ၊ ဘဏ်စာရင်း နံပါတ်များကို နောက်ကြောင်း လိုက်ကြ သည်။ လွန်ခဲ့သည့် ၁၀ လအတွင်း ဖုန်းနံပါတ်များ၊ ဆက်သွယ်မှုများ အားလုံး ကို ပြန်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ကောင်မလေး နာမည်ကို Facebook ကတစ်ဆင့် ခြေရာခံမိပြီး ပုံပါ အတိအကျ ရရှိလိုက် ကြသည်။ ကက်နက်ကို ကောင်မလေးပုံအား ပြပြီး အတည်ပြုခိုင်းပြီးနောက် ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့သည်။ နောက် ဆုံး ကောင်မလေး နေထိုင်သည့် တိုက်ခန်းကို ခြေရာခံမိပြီး ရဲများက သွားရောက် စစ်ဆေးရာ ပြစ်မှု ကျူးလွန်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် အခန်းအတွင်း အတူ ပြစ်မှု ကျူးလွန်သည့် ယောက်ျားလေး သူငယ်ချင်းကိုပါ အတူ ဖမ်းမိလိုက်သည်။

ယခုအဖြစ်အပျက်လေးကို Facebook ပေါ်တွင် တစ်ယောက်ယောက်က မျှဝေထားသည်ကို ပြန်လည် ကြည့်မိကာ ရေးပြခြင်း ဖြစ်ပါသည်။ ပြဿနာ အစ အွန်လိုင်း Chatting တွေက ဖြစ်သည်။ မမျှော်လင့်ဘဲ တွေ့၊ ရိကြ၊ ကလိကြရင်းက အကြံသမား တစ်ယောက်၏ ပိုက်ကွန်ကို လူငယ်တို့ တိုးဝင်ပြီး ဒုက္ခရောက်ရပုံကို ထိမိစွာ ဗီဒီယိုဖြင့် တင်ပြနိုင်ခဲ့သည်။

တကယ်တော့ ဖြစ်ရပ် အားလုံးကို ဂျိုအန်း၏ ရည်းစားဖြစ်သူ အလက်ဇန်းဒါး ဆိုသူက ကြိုးကိုင် ဖန်တီးသွားခြင်း ဖြစ်သည်။ ပြစ်မှု ထင်ရှားသဖြင့် သူ့ကို ထောင်ဒဏ် ငါးနှစ် ချလိုက်သည့်အပြင် ကြိမ်ဒဏ် ငါးချက်လည်း ပါလိုက်သေးသည်။ ဂျိုအန်း အမည်ခံ ရပ်ဆွေတင်းကိုတော့ ၂၄ လ ကောင်း စွာ နေထိုင်စေရန်နှင့် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၆ နာရီ အပြင်မထွက်ရ အမိန့်အပြင် နာရီပေါင်း ၁၃၀ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်စေနှင့် မိဘများကလည်း အာမခံကြေး ဒေါ်လာ ၅၀၀၀ ပေးဆောင်ရန် အမိန့် ချမှတ်ခြင်း ခံရသည်။

ဤဖြစ်ရပ်လေးသည် ခေတ်သစ် လူငယ်များကို သင်ခန်းစာများစွာ ပေးပါ သည်။

ကွန်ပျူတာ Web ကင်မရာရှေ့တွင် မဖွယ်မရာ အပြုအမူ၊ အနေအထိုင် အပြောအဆိုများ မလုပ်မိ ပါစေနှင့်။ အွန်လိုင်းပေါ်တွင် အပေးအယူ တောင်း ဆိုမှုများကို သတိပြုပါ။ ဖြစ်ပေါ်လာသည့် ပြဿနာများကို မိမိ တစ်ယောက် တည်း ကြိတ်ပြီး ဖြေရှင်းမည့်အစား မိဘများ သို့မဟုတ် ယုံကြည် စိတ်ချရသည့် သူများကို ဖွင့်ဟ တိုင်ပင်သင့်ပါသည်။

ဆိုရှယ် မီဒီယာများ ခေတ်စားနေချိန်တွင် အမှား တစ်ချက်ကြောင့် ဘဝ ပျက်သွားနိုင်ပါသည်။ ကက်နက်နေရာတွင် လူတိုင်း ဖြစ်နိုင် သည်။ ယောက်ျားလေးလည်း ဖြစ်နိုင်သည်။ မိန်းကလေးလည်း ဖြစ်နိုင်သည်။ ဆိုရှယ် မီဒီယာနှင့် နည်းပညာများက ခြေသွက်လှသည်။ မိနစ်ပိုင်းအတွင်း အမှား တစ်ခု ကြောင့် ဘဝ ဆုံးရှုံးသည့်အပြင် အသက်ပါ ဆုံးရှုံးရသူတွေ လည်း မနည်းတော့ပြီ။ စဉ်းစား ဆင်ခြင် သတိနှင့် ခေတ်မီစေချင်ပါသည်။
The Voice Weekly

Telenor မှ စီမံခန့်ခွဲမှု ၀န်ထမ်းများ စတင်ခေါ်ယူ

ရန်ကုန်၊ သြဂုတ် ၁၃။
Telenor Group ၏ ကမ္ဘာ့အဆင့်မီ လုပ်ငန်းများ၏ အခြေခံအုတ်မြစ်အဖြစ် ဒေသအတွင်းရှိ အရည်အချင်း
ပြည့်မှီသော ၀န်ထမ်းများအား ပြုစုပျိုးထောင်ခြင်းဖြင့် အခြားသော အာရှဈေးကွက်များတွင်
အောင်မြင်မှု ရရှိသကဲ့သို့ အကောင်အထည် ဖော်ဆောင်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် Telenor ၏ အဆင့်မြင့်
ဆက်သွယ်ရေး ကွန်ယက်များနှင့် ဈေးနှုန်းသင့်သော မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုများအား
လျှင်မြန်စွာ စတင်ရာတွင် အထောက်အကူ ပေးနိုင်ရေးအတွက် စီမံခန့်ခွဲမှု အဆင့်ရှိသော ၀န်ထမ်းများအား
Telenor Myanmar မှယနေ့တွင် စတင်ခေါ်ယူနေပြီ ဖြစ်သည်။

“ လူသားတွေဟာ ကျွန်မတို့ အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့
အဓိက နည်းဥပဒေတစ်ခုဟာ လူသားဗဟိုပြု လုပ်ငန်းယဉ်ကျေးမှုကို လုပ်ငန်းအစိတ်အပိုင်းမှာ ကောင်းမွန်စွာ
တည်ဆောက်ခြင်းပဲ။ ဒီထူးခြားတဲ့ လုပ်ငန်းယဉ်ကျေးမှုဟာ တက်ကြွပြီး စိတ်ကူးစိတ်သန်းကောင်းတဲ့၊
ပွင့်လင်းပြီး ပူးပေါင်း လုပ်ဆောင်မှုရှိတဲ့ လုပ်ငန်းပတ်ဝန်းကျင်ကို ဖန်တီးပါတယ်။
ဒါဟာ ၀န်ထမ်းတွေကို သူတို့ရဲ့ ဖြစ်နိုင်စွမ်းအားလုံးကို သတိထားမိလာဖို့ အားပေးပါတယ်။ Telenor က
ဝန်ထမ်းတွေကို အလေးထားပြီး ၀န်ထမ်းတွေကိုယ်တိုင် သူတို့ရဲ့အနာဂါတ်ကို ဦးဆောင်နိုင်ဖို့နဲ့
Telenor Myanmar မှာထိုက်တန်တဲ့ ရေရှည်အနာဂါတ် အစီအစဉ်များကို တည်ဆောက်သွားဖို့
တိုက်တွန်းလိုပါတယ်” ဟု Cheif People Officer ဖြစ်သူ Ms. Kaewsringarm ကပြောသည်။

Telenor Group အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်လည်ပတ်နိုင်ရန်အတွက် နိုင်ငံတကာမှ
နည်းပညာ ကျွမ်းကျင် ၀န်ထမ်းများအား ခေါ်ဆောင်လာမည်ဖြစ်ပြီး၊ ဒေသတွင်း ၀န်ထမ်းများ၏
တိုးတက်ဖွံ့ဖြိုးရေးနှင့် လေ့ကျင့် သင်ကြားရေးအတွက် Telenor Myanmar Academy ကို တည်ထောင်
ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများကို ခေါ်ယူ ခန့်အပ်လိုသည်ဖြစ်၍
အခြေခံလစာအား ပြည်ပရောက် နိုင်ငံသားများ မြန်မာနိုင်ငံတွင် ပြန်လည်လုပ်ကိုင်လိုစိတ် ဖြစ်လာစေရန်
ရည်မှန်းထားကြောင်း ၎င်းကပင် ပြောသည်။

Telenor Myanmar ၏ အလုပ်အကိုင် ခေါ်ယူမှုအား ယခုနှစ်အတွင်း (၃)သုတ်ခွဲ၍ ခေါ်ယူသွား မည်ဖြစ်သည်။ ယခုခေါ်ယူသော ပထမ အသုတ်ကို ယနေ့မှစ၍ စက်တင်ဘာ လကုန်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အောက်တိုဘာလနှင့် ဒီဇင်ဘာလတွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ်ခေါ်ယူမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ဆက်သွယ်ရေးနှင့် နည်းပညာ ကျွမ်းကျင်သူများကို အဓိကထားခေါ်ယူသွားမည်ဟု သိရသည်။
မြန်မာ့ခေတ်

တာမွေမှယာဉ်တိုက်မှု စစ်ဆေးနေဆဲဖြစ်၊ ယာဉ်တိုက်ခံရသူ စိုးရိမ်နေရ

ရန်ကုန် ၊ သြဂုတ် ၁၃။
သြဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီတွင် တာမွေမြို့နယ် ၁၆၆ လမ်းထိပ်အလွန်၌ အမျိုးသမီးတစ်ဦး
ယာဉ်တိုက်မှု ဖြစ်ပွား၍ ဦးခေါင်းဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးတွင်
အတွင်းလူနာအဖြစ်ကုသနေရကြောင်း ရန်ကုန်တိုင်း ရဲဌာနချုပ်မှ သိရသည်။

တာမွေမြို့နယ် ၁၆၆လမ်းအနီ လမ်းဖြတ်ကူရာမှ တိုယိုအေ့စ်အစိမ်းရောင် ကိုယ်ပိုင်ကားသည် တစ်ဖက်ယာဉ်ကြောသို့
ဝင်ရောက် မောင်းနှင်လာပြီး အတိုက်ခံရခြင်းဖြစ်ကြောင်းနှင့်
အတိုက်ခံရသူ အမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာ ရရှိ၍ ရန်ကုန် ဆေးရုံကြီးသို့ တင်ပို့ခဲ့ရပြီး လက်ရှိတွင်
အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပြီး စိုးရိမ်နေရကြောင်း သိရသည်။

လက်ရှိတွင် တာမွေမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ် ကျော်လွင်မိုးမှ တရားလိုပြုလုပ် တိုင်တန်းမှုအား
တာမွေမြို့နယ် မြို့မ ရဲစခန်းမှ ယာဉ်(ပ)၂၆/၁၃ဖြင့် ပြစ်မှုပုဒ်မ-၂၇၉/၃၃၈ဖြင့် ယာဉ်မောင်းအား
စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

စစ်ကော်မရှင်သို့ပေးပို့သော ဆရာနေ၀င်းအောင်၏စာ -

August 11, 2013

ဒေါက်တာနိုင်အောင်


မျိုးဝင်း


ကျော်ကျော် ဘယ်အစွန်....ယ္ခုABSDF- NB



အောင်ဆွေဦး(မြောက်ပိုင်းကိုယ်စားလှယ်...စစ်ရေးတာဝန်ခံ ABSDF မြောက်ပိုင်း)
( ဖရက်ဒီအောင်သန်း-ကိုချိုကြီးလက်ကိုဒါးဖြင့်ခုတ်ဖြတ်ပြီးကိုကျော်ဝေခေါင်းဖြတ်ရာတွင်ပါဝင်သူ)

မျိုးဝင်း၊အောင်ဆွေဦးတို့မှာ ယခုအခါ ABSDF ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်လာသည့်ကိုယ်စားလှယ်များဖြစ်သည်။

ပူးတွဲပါ စာတွင်ဖော်ပြထားသည့်

အေဘီအတွင်းရေးမှူးကိုမျိုးဝင်းမှာလက်ရှိ အေဘီ ဒုဥက္ကဋ္ဌ၊

အေဘီဥက္ကဋ္ဌကိုနိုင်အောင်မှာလက်ရှိ FDB အတွင်းရေးမှူး အဖြစ် ထမ်းဆောင်နေကြသည်။



စာအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။)



စစ်ကော်မရှင်

မ.က.ဒ.တ(ဗဟို)

၁၉၉၆ ခုနှစ် ဇန်န၀ါရီလ၁၂ ရက်

အကြောင်းအရာ။ ။စစ်ကော်မရှင်၏ အမှားများကို ၀န်ခံပြင်ဆင်နိုင်ရန် အသိပေးခြင်း။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ဖေါ်ပြပါ အချက်အလက်များကို အသိပေးသည်။



၁။ ရဲဘော်နေ၀င်းအောင်(ကပ-၂၁၇။ ၂၀၉) သည် တပ်ရင်း (၂၀၉)သံလွင်စခန်း မကဒတ တပ်ဖွဲ့ဝင် တဦး ဖြစ်သည်။

၂။ မကဒတ ဗဟို၏တာဝန်ပေးချက်အရ NCGUB ပြန်ကြားရေးဝန်ကြီးဌါနတွင် ညွှန်ကြားရေးမှုးအဖြစ်

၁၉၉၁ ဖေဖေါ်ဝါရီလမှ ၁၉၉၁စက်တင်ဘာလ အထိတာဝန်ထမ်းခဲ့သည်။

၃။ မကဒတတတိယအကြိမ် ညီလာခံမှ (၁၉၉၁)မှ မကဒတဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်

အညီရွေးချယ်တင်မြှောက်ခြင်းခံရသော ဗဟိုဦးဆောင်ကော်မတီဝင် တဦးဖြစ်သည်။

၎။ မကဒတ( မပ)၏န၀တ သူသျှို ဖြစ်ကြောင်းအကြောင်းကြားစာအရ ကိုစိုးလင်း (မပ)ကို ဖမ်းဆီးရာတွင်

ဗဟိုဦးဆောင်ကော်မတီ၏တာဝန်ပေးမှုအရမိမိကိုယ်တိုင် ဖမ်းဆီးခဲ့သည်။

၅။ဗဟိုဦးဆောင်ကော်မတီ၏ တာဝန်ပေးချက်အရ ၁၉၉၁အောက်တိုဘာလမှ ၁၉၉၂ ဧပြီလအထိ

KNU တပ်မဟာ(၆)နယ်မြေရှိ မကဒတ တပ်ရင်းများဖွဲ့စည်းရေး စည်းရုံးရေးတာဝန်

တပ်မဟာ(၄)နယ်မြေ မကဒတတပ်ရင်းများ ဖွဲ့စည်းစည်းရုံးရေးတာဝန် မာနယ်ပလော (ထီပါဝီကြိုး) ခံစစ်တွင်း

စည်းရုံးရေးတာဝန်ပြည်တွင်းU.G လုပ်ငန်းအတွက် ဆက်သွယ်ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်။

၆။ ၁၉၉၂ ဧပြီ(၂၀)တွင်ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး(မာနယ်ပုလော) လုပ်နေစဉ် အစည်းအဝေးခန်းအတွင်း၌

အခြား C.E.C များရှေ့မှာပင်အတွင်းရေးမှုး(၂) လှဌေးက သေနတ်ထောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖြေရှင်းခွင့်မေးမြန်းခွင့်လုံးဝမပြု ခေါင်းအ၀တ်စွပ်၍ သင်တန်းကျောင်း အချုပ်ပို့ချုပ်နှောင်ခဲ့သည်။

ရ။ကျော်ကျော်(အပု-ကချင်)မှ ထိုစဉ်က ၀တ်ဆင်ထားသောမကဒတ ကျောင်းသားတပ်မတော်

လက်မောင်း ရင်ဘတ်တံဆိပ်များကို ဒါးဖြင့် ဆွဲဖြဲဖြတ်ထုတ်ခဲ့သည်။

၈။ လှဌေး(ကချင်မှကိုယ်စားလှယ်)။ကျော်ကျော်(အပု-ကချင်)။ ခင်မောင်ဆွေ(မိချမ်း) တို့ပါဝင်သော

စစ်ကြောရေးအဖွဲ့ဆိုသူတို့ကမိမိကို သူသျှိုဖြစ်၍ စကရက ဖမ်းကြောင်းပြောသည်။

မိမိကမဟုတ်မှန်ကြောင်းအဖွဲ့အစည်းနှင့် တော်လှန်ရေး အကျိုးစီးပွားမထိခိုက် စေလိုကြောင်း

မကဒတတပ်ဖွဲ့ဝင်တဦးဖြစ်၍ အမှန်တရားကို လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

၉။ မိမိအား ညလုံးပေါက်စစ်မေး၍ နေ့ဖက်တွင်လည်းအိပ်မရအောင် ပြုခြင်း ထမင်းတနပ်နှင့်

ရေ ၁ ဗူးသာ ပေးခြင်းစိတ်ဓါတ်ကျအောင်ပြုမူဆက်ဆံခြင်းများ ပြုလာခဲ့သည်။

၁၀။ ၁၉၉၂ ဧပြီ(၂၀)မှ မေ (၃)ရက်အထိကိုယ်ရေးဖြစ်စဉ်နှင့် လှုပ်ရှားမှုများ (ပြည်တွင်း။တော်လှန်ရေးနယ်မြေ) ကို

ညစဉ် ၈နာရီမှ မနက် ၄နာရီကျော်အထိ စစ်မေးကြသည်။

မိမိက န၀တ သူလျှိုမဟုတ်ကြောင်း မကဒတတာဝန်ကို ဆောင်ရွက်ရာတွင် နိုင်ငံရေးအတွေးအခေါ် မမှန်ခြင်း

မကဒတမူဝါဒအားချိုးဖျက်ခြင်း လုပ်ဟန်မှားယွင်းခြင်းကိုယ်ကျင့်တရားဖေါက်ပြန်ခြင်းလုံးဝမရှိကြောင်းကို အခိုင်အမာပြောခဲ့သည်။

၁၁။ သို့သော်စစ်ကြောရေး အဖွဲ့ ဆိုသူတို့က မေ(၄)ရက်နေ့မှ စကာ

မိမိကို န၀တသူလျှိုဖြစ် ကြောင်း ရိုက်နက် ညှင်းဆဲ၍ ၀န်ခံခိုင်းသည်။

(၁) အမည်ဝှက်

(၂) ကိုယ်ပိုင်အမှတ်

(၃) ရာထူး အဆင့်

(၄) တာဝန်

(၅) အဖွဲ့အစည်း အမည်-စသော မေးခွန်း (၅)ခု ကို သာထပ်တလဲလဲ မေးပြီး

မေလ (၅)ရက်မှ(၁၃)ရက်အထိ ညလုံးပေါက် နေ့စဉ် ရိုက်နက် ညှင်းဆဲထိုးကြိတ် ကန်ကြောက် ခဲ့ကြသည်။

နေ့ဖက်တွင်မြေကျင်းထဲ၌ချုပ်ပြီး အစားနှင့်ရေမပေးပဲ ထားခဲ့သည်။

၁၂။ မိမိက မဟုတ်မှန်စွပ်စွဲ မှုကို လုံးဝငြင်းဆိုပြီးမကဒတ တပ်ဖွဲ့ဝင်တဦးရထိုက်သော ဖွဲစည်းပုံပါအကာကွယ်ကို တောင်းဆိုသဖြင့်

ထုတ်တွင်ကြိုးဆွဲ၍ရိုက်နက် ကန် ထိုးကြိတ်ကြခြင်း ပလပ်စတစ်အိပ်ခေါင်းစွပ်ကာ စစ်ခြင်းသံချွန်ဖြင့်ထိုးဆွခြင်း ရေလောင်းရေနစ်၍

စစ်ခြင်းညို့တကျည်းကိုဒုတ်ဖြင့်လှိမ့်ခြင်း စသည့် ညှင်းပမ်းနှိပ်စက်မှု မျိုးစုံကိုနေ့ရောညပါ လူမဆန်စွာပြုခဲ့ ကြသည်။

အကြိမ်ကြိမ်သတိမေ့သွားသည် အထိ ညှင်းပမ်းခဲ့ကြသည်။

၁၃။ တဖန်လျှပ်စစ်မီးထိုး၍ စစ်ခြင်း လိင်အင်္ဂါအားအချိုရည်သုတ်၍ ကရင်နီ ပုရွတ်ဆိပ်များကိုက်ခိုင်းခြင်း

တောက်တဲ့အားကိုက်ခိုင်းခြင်းစအို၌ ဒုတ်ထိုး၍ စစ်ခြင်း အ၀တ်အစားမဲ့ထား၍

လိင်အင်္ဂါများကိုထိုးဆွ၍နှိပ်စက်ညှင်းပမ်းခြင်း များပြုခဲ့သည်။

၁၄။ အတွင်းရေးမှုးမျိုးဝင်း လာရောက်ကြည့်ရှု့ စစ်ဆေးစဉ် မိမိက မိမိသည်သူလျှို မဟုတ်

မကဒတ တပ်ဖွဲ့ဝင်ရဲဘော်တဦးဖြစ်ကြောင်း စစ်ကော်မရှင်အနေဖြင့်မှားယွင်းစွာ လုပ်ဆောင်နေပြီဖြစ်ကြောင်း

မကဒတ တပ်ဖွဲ့ဝင်တဦးအနေဖြင့် မကဒတဖွဲ့စည်းပုံနှင့်အညီ ရသင့်သော ကာကွယ်စောင့်ရှောက်မှု ရထိုက်ကြောင်း

ယခုပြုမူပုံမှာလူ့အခွင့်အရေးနှင့်လူ့ ဂုဏ်သိက္ခာကို ထိခိုက်စေလှသည့် ညှင်းပန်းနှိပ်စက်မှုသက်သက်သာဖြစ်ကြောင်း

တော်လှန်ရေးအကျိုးစီးပွားကို မထိခိုက်စေလိုကြောင်း တင်ပြခဲ့သည်။

သို့သော် မျိုးဝင်းကပို၍ ရက်စက်ရိုင်းပြစွာ နေ့ရောညပါ ရိုက်နက်ညှဉ်းဆဲမှုများပြုကာ မရရအောင်ဝန်ခံခိုင်းစေခဲ့သည်။

၁၅။ တဖက်မှလဲမိမိ၏ ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဖူးအားဖမ်းဆီးထားကြောင်း မိမိဝန်မခံလျှင်

သူမ၏ လုံခြုံရေးကိုတာဝန်မယူ သူမကိုပါညှဉ်းဆဲနှိပ်စက်မည် ဖြစ်ကြောင်း(မုဒိန်း ကျင့်မည် ဖြစ်ကြောင်း)

လှဌေးနှင့်ကျော်ကျော်တို့ကပြောခဲ့သည်။

အထူးသဖြင့်မြောက်ပိုင်းမှ တိုက်ပိတ်မိန်းမ ခင်ချိုဦး နန်းအောင်ထွေးကြည် နှင့်

နို့လှန်ပြရသော ရဲမေလေးတဦး တို့၏ အဖြစ်ကို သာဓကပြကာခြိမ်းခြောက်ခဲ့ကြသည်။

အမျိုးသမီးတဦး၏ အော်ဟစ်ညှဉ်းညူသံများဖြင့်လည်း စိတ်ဓါတ်ကျအောင်ညှဉ်းပမ်းခဲ့သည်။

၁၆။နှိပ်စက်ညှဉ်းပမ်းမှုများကို မိမိကိုယ် မိမိမယုံကြည်နိုင်လောက်အောင် တောင်ခံကာ

အမှန်အတိုင်းရပ်တည်ခဲ့သော်လည်းငှက်ဖျားနှင့်ဝမ်းကိုက်ရောဂါ ထပ်ဆင့် ဖြစ်လာပြီး

လက်ခြေ လုံးဝမလှုပ်နိုင်သည့် အခြေအနေ ဖြစ်လာရာန၀တ သူလျှို ဖြစ်ပါသည်ဟု

စစ်ကော်မရှင်(စစ်ကြောရေးအဖွဲ့)၏ အလိုကျ ၀န်ခံခဲ့ရသည်။

၁၇။ အတွင်းရေးမှုး(၂) လှဌေး အရက်မူး၍ ရဲဘော်ငယ်တဥိးခေါ်လာကာ

(တက္ကသိုလ်ဆရာရိုက်ဖူးတယ်ရှိအောင်ရိုက် ဟု ဆိုကာထိုးကြိတ်ရိုက်နက်ခိုင်း

ဒါးဖြင့်ထိုးဆွခိုင်းခြင်း မြေကြီးကျင်း တူးခိုင်းပြီး

သေနတ်ဖြင့်ချော်ပစ်ခြင်း။ မြေတွင် ကြိုးတုတ် ဒရွတ်ဆွဲ၍ ရိုက်ခြင်း များထပ်မံပြုခဲ့သည်။

၁၈။ ကျော်ကျော်(ဒု ဥက္ကဌ) ကိုအောင်ထူး၊ဒေါက်တာမြင့်ချို၊ ကိုမောင်ဒီ စိုင်းမြင့်သူ(၂၀၉)

ကိုမောင်မောင်ကြီးကိုမောင်မောင်တိတ်မသက်သက်လွင် ကိုထွန်းမြတ်သူ တို့သည်

သူလျှိုများဖြစ်ကြောင်းမိမိ၏ လူများ ဖြစ်ကြောင်း ရိုက်နက်ဝန်ခံခိုင်းခဲ့သည်။

မိမိမှမဟုတ်ဟုငြင်းပယ်ခဲ့သည်။



၁၉။ကိုဝင်းနိုင်ဦး

ကိုကိုဦး

ကိုနေမျိုး

ကိုဌေးအောင်(ကုလားလေး)

ကိုဌေးနိုင်

( ABSDF -မိုးသီးဇွန်အဖွဲ့) တို့သည်လည်းသူလျှိုများဖြစ်ကြောင်း

မိမိလူများ ဖြစ်ကြောင်းရိုက်နက်ဝန်ခံ ခိုင်းခဲ့သည်။



၂၀။ မကဒတတွင်းရှိ လုပ်သားကောလိပ်ကျောင်းသားများဖြစ်သော

မောင်မောင်ကြီး

သက်တင်ဦး

လှဌေး

မောင်မောင်ထွန်းနှင့်

သိန်းထိုက်ဦး (R.I.T)

ကိုအေးကို(လူ့ဘောင်သစ်) တို့သည်လည်း

မိမိ၏လူ(န၀တသူလျှိုများ) ဖြစ်ကြောင်း ရိုက်နက်ပြီး ၀န်ခံခိုင်းခဲ့သည်။

မိမိက မဟုတ်သည့်အတွက်ဝန်မခံ ငြင်းပယ်ခဲ့သည်။

၂၁။ တဖန် တပ်ရင်း(၂၀၉)မှ မိမိရဲဘော်များ ဖြစ်သော

ကိုအောင်နိုင်

ကိုတင်အောင်ဝင်း

ကိုမင်းသိမ်းကို

ဥာဏ်ထွန်း

ကိုတင်မျိုး

ကိုအောင်သူတို့သည်

မိမိလက်အောက်ခံ သူလျှိုများဖြစ်ကြောင်း ရိုက်နက် ၍ ၀န်ခံခိုင်းသည်။



၂၂။အထူးသဖြင့် မိမိကျမ်းမာရေး (၀မ်းကိုက်။ခြေလက်သေ)စဉ် စစ်မေးသော

ကိုအောင်သူ။

ကိုဌေးနိုင်တို့သည်န ၀ တ သူလျှိုများ ဟု ဆိုကာ

အပြင်းအထန်နှိပ်စက်၍ ပြောခိုင်း ၀န်ခံခိုင်းသဖြင့် ၀န်ခံခဲ့ရသည်။



၂၃။ မိမိ၏ ၀န်ခံချက်ကိုစစ်ကြောရေး အဖွဲ့၏ စိတ်တိုင်းကျရေးသား၍ လက်မှတ်ထိုး ၀န်ခံပေးခဲ့ ရသည်။

၂၄။ မကဒတဗဟိုစစ်ကော်မရှင် စစ်ကြောရေးအဖွဲ့ဆိုသူတို့၏ စစ်ဆေးပုံမှာ နိမိတ်ပြမေးခွန်းများဖြင့်

လိုချင်ဖြစ်စေချင်သည်ကိုရိုက်နက် ညှဉ်းဆဲကာ ၀န်ခံခိုင်းခြင်းပင် ဖြစ်သည်။

မိမိ၏ လူသားဂုဏ်သိက္ခာအခွင့်အရေးကို ရက်စက်စွာ ချိုးဖျက်ယုံ သာမက မိမိတပ်ရင်း (၂၀၉)၏ ဂုဏ်သိက္ခာ

ဇနီးမိဘ၊ ဆွေမျိုးတို့၏ ဂုဏ်သိက္ခာ ကိုပါ ထိခိုက်စေရန် ” စိတ်ဓါတ်ကို ရိုက်ချိုးပစ်ရမည်” ဟု

အတွင်းရေးမှုးမျိုးဝင်း(ထားဝယ်) တွင်း(၂)လှဌေး(ကချင်) တို့ကညွှန်ကြား လုပ်ဆောင်ခဲ့ကြသည်။

၂၅။ ပြောစေလိုသောစကားများကို ကြိုတင် သိစေ၍ပြောခိုင်းပြီး ဗွီဒီယိုရိုက်ကူးကာ ပြစ်ဒါဏ်မချတရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။

၂၆။ ရေးစေလိုသောအချက်အလက်များကို ရေးခိုင်းပြီးဒေါင်းအိုးဝေ စာစောင်၌ ထည့်သွင်းကာ

ပြစ်ဒါဏ်မချတရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။

၂၇။မဟာမိတ်ခေါင်းဆောင်ကြီးများ N.G.O များရှေ့တွင် ၀န်ခံရန် ခြိမ်းခြောက်ခိုင်းပြီးဗွီဒီယို ရိုက်ယူကာ ၀ါဒဖြန့်ခဲ့သည်။

၂၈။ဗွီဒီယိုရိုက် စာရေး ၀န်ခံပြောကြားခိုင်းရာတွင်စိတ်တိုင်းမကျလျှင် အမူအရာပျက်လျှင်စကားလုံးမှားလျှင်ပင်

ထပ်မံရိုက်နက်ညှဉ်းဆဲခြင်းအစားနှင့် ရေဖြတ်ပြီး ခြိမ်းခြောက်ခြင်းများပြုခဲ့ကြသည်။

၂၉။ မကဒတဖွဲ့စည်းပုံနှင့် ဆန့်ကျင်စွာလူ့အခွင့်အရေး တပ်ဖွဲ့ဝင် အခွင့်အရေးများကို

လုံးဝ လျစ်လျူရှု၍ရိုပ်ပိုင်းစိတ်ပိုင်း အမျိုးမျိုး လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်ပြီး ၁နှစ်ကျော်ချုပ်နှောင်ထားစဉ်

တရားမျှတစွာခုခံချေပခွင့် စစ်ကော်မရှင်တွင် မပါသော C.E.C/CCများနှင့် တွေ့ခွင့် လုံးဝ မပြုခဲ့

အတွင်းရေးမှုးမျိုးဝင်းနှင့် လှဌေး မှ “ဒီကောင်တွေ လင်မယားက လူချစ်လူခင် များတယ် ပေးတွေ့ပေးရင်

ငါတို့ဖက်သေနတ်ပြောင်းလှည့်လာမယ်” ဟုပင် ထုတ်ပြော ခဲ့သည်။

၃၀။ မိမိကတောင်းဆိုခဲ့သော C.E.C ဒေါက်တာမြင့်ချို၊တပ်ရင်း(၂၀၉) ဥက္ကဌ ကိုစိုင်းမြင့်သူ ၊တပ်ရင်းမှုး ကိုသိန်းဆန်း ၊

ဒုရင်းမှုးကိုမောင်ဦးတို့နှင့်လည်း လုံးဝ တွေ့ခွင့် မပြုခဲ့ပဲ တောင်းဆို၍ ရိုက်နက်မှုနှင့်ထိုသူများသည်

မိမိလူများ ဟုတ်/မဟုတ်ဟူသည့် ညှဉ်းဆဲ နှိပ်စက် ၀န်ခံခိုင်းမှုသာရခဲ့သည်။

၃၁။ရုံးတင်စစ်ရာတွင်လည်း ကြိုတင် အသိပေးခြင်းလုံးဝမရှိဘဲ ရုံးမထုတ်ခင်တရက်အလို၌

ဥက္ကဌ နိုင်အောင်(လက်ရှိ FDB အဖွဲ့၏အထွေထွေအတွင်းရေးမှူး၊ မိုးမခက သည်စာကြောင်းကိုဖြည့်စွက်ထားသည်)

ရောက်လာကာ”ရုံးတင်မည်ပြောခိုင်းထားသည့် အတိုင်း မပြောဘဲ ရုတ်ရုတ်ရက်ရက်လုပ်လျှင်ခုံရုံး ဖျက်၍

နှိပ်စက်ကာ သတ်မည်အလောင်းပင် လူစဉ်မမှီဖြစ်စေမည် ဟုခြိမ်းခြောက်ပြီး နောက်နေ့ ရုံးထုတ်ခဲ့သည်။

၃၂။ မကဒတဖွဲ့စည်းပုံ ဥပဒေနှင့် မညီ တရားဥပဒေနှင့်မညီသော တရားစီရင်ရေး အဖွဲ့

တရားစီရင်ရေး နည်းလမ်းအချိန်တိုအတွင်း လုံးဝခုခံချေပခွင့် အကာကွယ်ရယူခွင့် မပြုဘဲ

တဖက်သတ် စစ်ဆေးကာအလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)နှစ် ချခဲ့သည်။

၃၃။ သို့သော်အပြစ်မချခင် ကပင် အလုပ်ကြမ်းအမျိုးမျိုး ကို ခိုင်းစေခြင်း အစာ ရေ ဖြတ်၍

မြေတိုက် ခွေးအိမ်အချုပ်များဖြင့်ကြပ်တည်းစွာ ချုပ်နှောင် ညှဉ်းပမ်း အပြစ်ပေးခဲ့ပြီး ဖြစ်နေသည်။

၃၄။ ညီလာခံများ(အရေးပေါ်/စတုတ္ထညီလာခံ) အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အယူခံခွင့်

ဖြေရှင်းတင်ပြခွင့်ပြစ်ဒဏ်လျှော့ခြင်းများလုံးဝမပြုဘဲ၃နှစ်နှင့် ၈ လကျော် ချုပ်နှောင်ထားရာတွင်

လူသားတယောက်သုံးပန်းတဦးအဖြစ်ပင်

မဆက်ဆံ ခိုင်းစေဥာဉ်းဆဲခြင်း ဂုဏ်သိက္ခာ ချိုးဖဲ့ဖျက်ဆီးခြင်းများပြုခဲ့သည်။

၃၅။ ဇနီးဒေါ်ရင်ရင်ဖူးအား အများအမြင် (တပ်တွင်းနှင့်N.G.O) ကောင်းစေရန်သာ တွေ့စေပြီး

အမျိုးမျိုး ဂုဏ်သိက္ခာထိပါးစေရန်ထိုးနှက်ခဲ့သည်။ ပေးပို့သော အစားအစာ အသုံးအဆောင်များကိုလဲ

(မဆလ)န၀တအကျဉ်းထောင်များထက်ဆိုးဝါး ယုတ်မာစွာ ဖြတ်စား လပ်စားလုပ်ခဲ့ကြသည်။

၃၆။ ၃ နှစ် ၈လကျော် ချုပ်နှောင်ထားရာတွင် တနေရာထဲ၌မဟုတ်ပဲ (၇)နေရာ (ထိုင်း နယ်မြေအပါအ၀င်)ချုပ်နှောင်ခဲ့ရာ

မိမိမှအမှန်တရားနှင့်သမိုင်းမှန်ကို ယုံကြည်၍ ထွက်ပြေးခြင်း မပြုဘဲ ရင်ဆိုင်နေခဲ့သည်။

သို့သော်ပြောင်းရွေ့ချုပ်နှောင်ရန်နှင့် ပြောင်းရွေ့စဉ် ထွက်ပြေး၍ ပစ်သတ်လိုက်ရဟူသည့်စီမံဆောင်ရွက်မှုမျိုး လုပ်ဆောင်လာသည်ကို တွေ့ရသည်။

မကဒတအဖွဲ့အစည်းကိုယုံကြည်သော်လည်း စစ်ကော်မရှင် အတွင်း၌ မူမမှန်မှုများ ရှိနေသည်ကိုတိကျစွာ(အထောက်အထား) နှင့်တကွ သိလာခဲ့သည်။

မကဒတ တော်လှန်ရေးအကျိုးစီးပွားကိုဖျက်ဆီးနေပြီး အဆုံးသတ်ပြိုကွဲသည် အထိ(သမိုင်းနှင့်ချီ၍)လုပ်ဆောင်သွားမည့်

န၀တသူလျှိုအစစ်အမှန်များ ရှိနေကြောင်း အခိုင်အမာ သိရှိသည်ကို ဖော်ထုတ်ပြနိုင်ရန်

၂၄.၁၁.၉၅ တွင် အချုပ်မှခိုးဖေါက် ထွက်မြောက်ခဲ့သည်။ အချုပ်အားဖြင့်အသိပေးလိုသည်မှာ

(က) မိမိသည် စစ်မှန်သောမကဒတ တပ်ဖွဲ့ဝင်ရဲဘော်တဦးဖြစ်သည်ဟု ယနေ့တိုင် ခံယူထားသည်။

(ခ) စစ်ကော်မရှင်သည်မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ဆန့်ကျင်စွာ တော်လှန်ရေး ထိခိုက် နစ်နာစေသည့်

ပုဂ္ဂိုလ်ရေးအမှားအတွေးအခေါ်အမှား လုပ်ဟန်မှားများကို ပြုခဲ့သည်။

(ဂ) စစ်ကော်မရှင်၏မှားယွင်းမှုသည် န၀တ၏ အလိုကျဖြစ်နေယုံမက သန့်စင်မွန်မြတ်သော

မကဒတ ၏သမိုင်းဂုဏ်ရောင်ကို အမဲကွက် စွန်းစေသည်။

(ဃ) စစ်ကော်မရှင်သည်လူ့အခွင့်အရေး ၊ လူ့ဂုဏ်သိက္ခာကိုအခြေခံမှ

ဖေါက်ဖျက်ကာ ညဉ်းပမ်းနှိပ်စက် သတ်ဖြတ်မှု များစွာ ပြုခဲ့သည်။

(င) မကဒတခေါင်းဆောင်မှုပိုင်းတွင် မူမမှန်မှုများရှိနေပြီး စစ်အုပ်စု န၀တ သူလျှို

အစစ်အမှန် တို့၏ထိုးဖေါက် ချုပ်ကိုင် လှုပ်ရှားမှုများဧကန်ရှိနေသည်။

(စ) မကဒတ တွင်းမမှန်မကန် မတရားမှုများကို ဖြစ်ပေါ်စေပြီးတော်လှန်ရေး လမ်းကြောင်းမှ

သွေဖီစေရန်မတည်မငြိမ်ဖြစ် ပြိုကွဲ အမြစ်ပြုတ်စေရန်လုပ်ဆောင်နေသူတို့

အကာကွယ်ကောင်းအုပ်စုကောင်း ဖြင့် စနစ်တကျ ရှိနေသည်။ ကိုအသိပေးပါသည်။



မိမိအနေဖြင့် အမှန်တရားနှင့် သမိုင်းကို လုံးဝ ယုံကြည်သည်။

မိမိတဦးတည်းအကျိုးစီးပွားထိခိုက်ဘ၀ကျိုးကြေခဲ့မှု့ကို ဖြေသိမ့်နိုင်သည်။

ဤသို့သောစစ်ကော်မရှင်၏မှားယွင်း ကျူးလွန် ဆောင်ရွက်မှုများသည်

မွန်မြတ်သော အစဉ်အလာရှိသည့်မကဒတ အဖွဲ့အစည်းတွင်

တာဝန်မရှိဘဲမိုက်မဲညံ့ဖျင်းစွာ ဆောင်ရွက်ခဲ့သောခေါင်းဆောင်မှု အပိုင်းနှင့်

စနစ်တကျယုတ်မာစွာ စီစဉ်ဆောက်ရွက်ခဲ့သောပုန်းကွယ်နေသည့်

န၀တ သူလျှိုစစ်စစ်များ၌သာတာဝန်ရှိသည်ဟု သတ်မှတ်သည်။



သို့ဖြစ်ရာလက်ရှိ မကဒတ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မှားယွင်းဆောင်ရွက်ခဲ့မှုများကို

စုံစမ်းလေ့လာ ဖေါ်ထုတ်ဝန်ခံကာ မကဒတတွင်း မူမမှန်မှု့ရှိနေခြင်းကို

ပူးပေါင်း ဖေါ်ထုတ်ဆောင်ရွက်ခြင်းဖြင့်

မကဒတ၏ မွန်မြတ်သည့်သမိုင်းစဉ်၌စွန်းထင်းစေသည့် အမဲကွက် များကို

ဖျက်နိုင်ရန်တော်လှန်ရေး ခရီးမှန်ကန်ခိုင်မာ လုံခြုံစွာ ဆက်နိုင်ရန် အသိပေးပါသည်။

-မိမိအနေဖြင့် မကဒတ ရဲဘော်တဦး အဖြစ် ခံယူ၍ ပူးပေါင်း ဆောင်ရွက်ရန် ရှိကြောင်း

နေ၀င်းအောင်



မ-က-ဒ-တ

မိတ္တူ

-လုပ်သားကောလိပ် ကျောင်းသားများ။

-မ-က-ဒ-တ (ရုံးခွဲများ)

-လက်ခံ။










FB- Min Nyein Thit

မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ

Shift + Deleteနဲ့ ဖျက်မိလို့  Recycle Binမှာလည်း ရှာလို့ မတွေ့တော့တဲ့ ဖိုင်တွေကို ပြန်ရှာဖို့ နည်းအမျိုးမျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာ မှားဖျက်မိတဲ့ဖိုင်၊ ပျောက်ဆုံးနေတဲ့ ဖိုင်တွေကို အောင်မြင်စွာ ပြန်ရှာနိုင်ဖို့  နည်းလမ်းတွေကို ရေးပေးပါမယ်။

တကယ် ဖျက်မိလားဆိုတာ သေချာအောင် အရင်စစ်ပါ
သင်ရှာနေတဲ့ ဖိုင်မတွေ့တော့တာဟာ တကယ် ဖျက်မိတာလား၊ နေရာထား မှားသွားတာလားဆိုတာ အရင် စစ်ဆေးသင့်ပါတယ်။ Recycle Binထဲသွားပြီး ဖိုင်ကို ပြန်ရှာပါ။ ဖိုင်တွေများပြားနေရင် Right Clickနှိပ်ပြီး Sort By>Date Deletedနဲ့ Filter လုပ်ပြီးရှာရင် ပိုလွယ်ကူပြီး မြန်မြန် ရှာတွေ့နိုင်ပါတယ်။နေရာထားမှားသွားတာကို ပြန်ရှာဖို့  Windows Explorer ကနေ သင်ဖိုင်ကို သိမ်းထားတဲ့ Drive အောက်ကိုသွားပြီး Search Box ကနေ Drive တစ်ခုလုံးမှာပြန်ရှာပါ။

တကယ်လို့ သင့် ဖိုင်တွေကို Dropbox, Google Drive, or SkyDriveတို့လို Cloud Storageမှာ သိမ်းတတ်တဲ့သူဆိုရင် အဲဒီမှာပြန်ရှာပါ။ ရှာမတွေ့ ရင် Trashထဲမှာ ရှာနိုင်ပါသေးတယ်။ Trashကလည်း Cloud Storageရဲ့  Recycle Binတစ်ခုပဲ ဖြစ်ပါတယ်။

Backup မှာရှာပါ။
စက်ပစ္စည်းတွေဟာ ပျက်ဆီးတတ်တာကြောင့် သင့်ရဲ့ အရေးကြီးဒေတာတွေကို မှန်မှန် Backup လုပ်ဖို့  အကြံပေးပါတယ်။ သင်ဟာ Backupလုပ်ထားသူ တစ်ယောက်ဆိုရင်တော့ Backupမှာ ပြန်ရှာပါ။
Windowsမှာ Backup Toolsတွေ ပါရှိပြီး Windows 7မှာပါရှိတဲ့ Previous Version Toolက ဖိုင်တွေကို ပြန်ရှာဖို့ လွယ်ကူပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါပေါ်မှာ Right Clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ Previous Versions Tabမှာ Backupတွေကို တွေ့ မြင်နိုင်ပြီး Openကို နှိပ်ပြီးရှာပါ။

Windows 8ရဲ့  File History feature ကို အသုံးပြုရင်လည်း ဖိုင်တွေကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်ပါတယ်။ မှားဖျက်မိတဲ့ဖိုင်ရဲ့ ဖိုဒါကို သွားပြီး History buttonကိုနှိပ်ပြီး ပြန်ရှာပါ။ Hard Disk Drive Vs Solid State Drive အပေါ်ကနည်းတွေ သုံးပြီးသင့်ဖိုင်တွေကို ရှာမတွေ့ဘူးဆိုရင် File Recovery Softwareတွေ သုံးပြီး ရှာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Drive အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ အများဆုံးအသုံးပြုတဲ့ Drive တွေကတော့ Hard Disk Drive(HDD) or Magnetic Hard Driveတွေ ဖြစ်ပြီး Solid State Drive တွေကတော့ အသုံးပြုမှု နည်းပါတယ်။ သင့်ကွန်ပျူတာရဲ့  Hard Driveက ဘာအမျိုးအစားလဲဆိုတာ Manufacturer Specificationမှာ ကြည့်ပါ။

HDDမှာ ဖိုင်တွေကို Pointersတွေနဲ့  ညွှန်ပြပါတယ်။ Pointersတွေက အဲဒီဖိုင်ရဲ့ ဒေတာအစနဲ့  အဆုံးနေရာတွေကို မှတ်သားညွှန်ပြတာပါ။ HDDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် ၀င်းဒိုးက အဲဒီဖိုင်ရဲ့  Pointer ကိုပဲ ဖျက်လိုက်တာဖြစ်ပြီး အဲဒီနေရာကို Free Spaceအနေနဲ့  သတ်မှတ်လိုက်ပါတယ်။ ဒေတာတွေကိုတော့ မဖျက်ပစ်သေးပါဘူး။

အဲဒီအတွက် ဒေတာတွေကို တစ်ခြား ဒေတာတွေ Overwriteမလုပ်ခင် File Recovery Softwareတွေနဲ့ အမြန်ပြန်ရှာနိုင်ပါတယ်။ အမြန်ပြန်မရှာဘဲ တစ်ခြားဒေတာတွေ Overwriteလုပ်သွားရင်တော့ ပြန်ရှာလို့ မရတာတွေ၊ တစ်ဝက်တစ်ပျက်ပဲ ပြန်ရှာလို့ ရတာတွေ ဖြစ်တတ်ပါတယ်။

SSDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် TRIM commandကို သုံးပြီး အဲဒီနေရာကို အပြီးဖျက်လိုက်တာ ဖြစ်တဲ့အတွက် Recovery Softwareတွေသုံးပြီး ပြန်ရှာလည်း မရနိုင်တော့ပါဘူး။ Modern solid-state drives တွေနဲ့  Windows 7 and 8စတဲ့ OSတွေမှာ TRIMကို အသုံးပြုကြပါတယ်။ ရှေးကျတဲ့ SSDတွေနဲ့  Windows XPမှာတော့ TRIMကို Supportမပေးပါဘူး။ အဲလို အခြေအနေမှာတော့ သင့်ဖိုင်တွေကို Recovery Software တွေနဲ့ ပြန်ရှာနိုင်ပါတယ်။

အန္တရာယ်အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံးနည်း
သင်ဖိုင် တစ်ခုကို မှားဖျက်မိလိုက်တာ သိသိခြင်းပဲ ကွန်ပျူတာကို ပိတ်ပါ။ မပိတ်ဘဲ File Recovery Software တွေကို အင်စတော လုပ်မယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ Free Spaceအဖြစ် သတ်မှတ်ထားတဲ့ သင့်ဖိုင်တွေကို Overwrite လုပ်ပြီးအပြီးတိုင် ပျက်သွားနိုင်ပါတယ်။ အင်စတောလုပ်ပြီးသား Softwareတွေ Backgroundမှာ Runနေတဲ့ Programsတွေကလည်း သင့်ဖိုင်တွေကို Overwrite လုပ်ကောင်း လုပ်သွားနိုင်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပျူတာကို ပိတ်ပြီး Driveကိုစက်ကဖြုတ်ပြီး တစ်ခြားစက်တစ်လုံးမှာ Secondary Driveအနေနဲ့  တပ်ဆင်ပြီး Recovery Softwareတစ်ခုခုနဲ့ ရှာပါ။ ဒီနည်းက သင့်ဖိုင်တွေကို ပြန်ရဖို့ အန္တရာယ်အကင်းဆုံးနဲ့  အောင်မြင်မှု အရှိနိုင်ဆုံးနည်းပါ။

အမြန်ဆုံးနည်း ဒါပေမယ့် စွန့်စားရမယ့်နည်း
ဖျက်မိတဲ့ဖိုင်က အရေးမကြီးတဲ့ ဖိုင်ဆိုရင် အမြန်ဆုံးပြန်ရှာဖို့  File Recovery Softwareတွေကို သုံးနိုင်ပါတယ်။ Freeware တစ်ခုဖြစ်တဲ့ Recuvaကို ဒေါင်းပြီး အင်စတောလုပ်ပါ။ Recuva နဲ့  Driveကို Scanလုပ်ပြီး ဖိုင်ကို ပြန်ရှာနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးရင် သင့်ဖိုင်တွေကို ပြန်ရဖို့ မသေချာပါဘူး။ Recuva ကို အင်စတောလုပ်တဲ့အခါ ဖျက်လိုက်မိတဲ့ဖိုင်ရဲ့  ဒေတာတွေအပေါ်ကို Overwrite လုပ်သွားနိုင်ပါတယ်။ နောက်ပြီး တစ်ခြား Runနေတဲ့ Programsတွေ၊ Backgroundမှာ Runနေတဲ့ Programsတွေကလည်း Overwrite လုပ်သွားနိုင်ပါတယ်။

Professional Data Recovery Services
ဖျက်မိတဲ့ဖိုင်ဟာ သင့်အတွက် အလွန်အရေးကြီးတဲ့ ဖိုင်ဖြစ်ပြီး အပေါ်ကနည်းတွေနဲ့ ပြန်ရှာလို့မတွေ့ရင် စက်ကိုပိတ်ပြီး Professional Data Recovery Servicesတွေဆီကို ပို့ လိုက်ပါ။ အဲဒီ Servicesတွေ Dying Hard Drive, Overwrite ဖြစ်သွားတာတွေကိုပါ ပြန်ရှာပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။ အဲဒီ Servicesတွေရဲ့ ဝန်ဆောင်ခဟာ ကြီးမြင့်ပြီး နိုင်ငံခြားမှာတော့ ရှိပါတယ်။

ဒီမှာတော့ မသိပါ။ သင့်ရဲ့  အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့ သင့်ရဲ့အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့  အမြဲတမ်း Backupလုပ်ဖို့ အရေးကြီးပါတယ်။ Windows Backup Toolsတွေကို သုံးနိုင်သလို တစ်ခြား Softwareတွေကိုလည်း သုံးနိုင်ပါတယ်။ Cloud Storageတွေမှာလည်း သင့်ဖိုင်တွေကို သိမ်းပြီး Backup လုပ်နိုင်ပါတယ်။

Myanmar ICT
Ref : http://www.howtogeek.com/169344/how-to-recover-a-deleted-file-the-ultimate-guide/
http://ict.com.mm/how-to/the-way-to-turn-find-the-fault-file/

မူးယစ်ဆေးသုံးစွဲသူများကိုသာဖမ်းဆီး ရောင်းဝယ်သူများကို ရဲတပ်ဖွဲ့ မျက်ကွယ်ပြု

ရန်ကုန်- မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးသုံးစွဲသူများကိုသာ ဖမ်းဆီးပြီး အဓိကကျသော ရောင်းချနေသူများကိုမူ မျက်ကွယ်ပြုထားကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းတွင် မူးယစ်ဆေးဝါးပြဿနာများ ကြီးထွားလာသော်လည်း ဖမ်းဆီးတရားစွဲဆိုခြင်းများ နည်းပါးနေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

“မူးယစ်ဆေးဝါးဆိုလည်း မြင်တွေ့နေတာပဲ။ ဥပမာ ကျွန်တော်တို့တောင်ကြီးသွားတယ်။ လမ်းမှာလူငယ်တွေသုံးတာ မြင်တွေ့နေတာပဲ။ ကျွန်တော်တို့ ကော်မတီအနေနဲ့ကတော့ အရှိအတိုင်းတင်ပြတာပဲ” ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကိစ္စရပ်များတွင် အာဏာပိုင်များပါ ၀င်ရောက်လုပ်ဆောင်နေမှုများ ရှိနေကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားဖူးသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ အစီရင်ခံစာတွင် ပြည်သူ့ရဲများအနေဖြင့် လူသတ်မှုများ၊ ဖောက်ထွင်းမှုများတို့ကို မှန်ကန်မြန်ဆန်စွာ မဖော်ထုတ်နိုင်ခြင်း၊ တရားခံကို တိတိကျကျ မဖော်ထုတ်နိုင်ခြင်း၊ ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းခြင်း၊ တရားစွဲဆိုခြင်း စသည်တို့အတွက် ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ကြပြီး အမှုမှန်ပေါ်ပေါက်ရေးကို ဦးတည်ရမည်ဟု ထောက်ပြထားသည်။

သို့သော် ယခုနှစ်အတွင်း ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှုများ ယခင်ထက် ပိုမိုဖော်ထုတ်ဖမ်းဆီးနေပြီး၊ ယခုသုံးလအတွင်းမှာပင် ကလေး၊ တမူး၊ ပျော်ဖွယ်၊ မိတ္ထီလာ၊ မန္တလေး၊ လားရှိုးမြို့များတွင် မူးယစ်မှုများနှင့် ပါဝင်ပတ်သက်သော ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များကို ဖော်ထုတ်ဖမ်းဆီးခဲ့ရသည်။
7Day News Journal

ရွှေဘိုတွင် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီး

ရွှေဘို၊ သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် စည်းကမ်းပျက်ယာဉ်များကို ခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ဦးစီး၍ ဖမ်းဆီးလျက်ရှိကြောင်း ရွှေဘိုမြို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းခန့်က စတင်၍ရွှေဘိုမြို့ အမှတ် (၃) ရပ်ကွက် ဈေးတန်းလမ်းမတော်ရှိ ရွှေတောင် စားသောက်ဆိုင်အနီးတွင် ယာဉ်စည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်းပျက်ယာဉ်များ အရေးယူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၈ ရက်နေ့က စည်းကမ်းပျက် မော်တော်ဆိုင်ကယ် ၂၄၁ စီး၊ မော်တော်ယာဉ် နှစ်စီးနှင့် ထော်လာဂျီ တစ်စီးကို အရေးယူခဲ့ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

“ပညာပေးရင်း အရေးယူလုပ်ငန်းကို အရှိန်အဟုန်နဲ့ လမ်းဆုံလမ်းခွတွေမှာ စောင့်ကြပ်ဖမ်းနေတယ်။ တစ်ရက်ကို အနည်းဆုံး အမှု ၃၀ ကနေ အမှု ၅၀ အထိရှိတယ်” ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ရွှေဘိုမြို့တွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ပညာပေးခြင်းနှင့် အရေးယူ ဆောင်ရွက်မှုကို အပတ်စဉ် ဆောင်ရွက်လျက် ရှိသော်လည်း ယာဉ်စည်းကမ်း လိုက်နာမှုတွင် အားနည်းလျက် ရှိနေသေးကြောင်း ယင်းကော်မတီအဖွဲ့ဝင် ရဲအုပ် ရဲခေါင်က ပြောကြားသည်။

“နေ့တိုင်းဖမ်းနေတယ်။ တစ်ရက်ကို ဆိုင်ကယ် အစီး ၅၀၊ ၆၀ မကဘူး။ ခါတိုင်း ဒီလောက်မဖမ်းဘူး။ တစ်လမှ တစ်ခါပဲ ဖမ်းတယ်။ အခုနေ့တိုင်းလိုလို လူစည်တဲ့ နေရာတွေ ဖမ်းနေကြတယ်။ ဒါကြောင့် အိမ်ကကလေးတွေ ဆိုင်ကယ်နဲ့သွားရင် ဦးထုပ်ဆောင်းဖို့ ပြောနေရတယ်။ တစ်ခါ တစ်ခါဖမ်းမိရင် မလွယ်ဘူး” ဟု ရွှေဘိုမြို့ဒေသခံ ဦးကျော်အေးက ဆိုသည်။

ယာဉ်စည်းကမ်း ဖောက်ဖျက်မှုအတွက် တရားရုံးတွင် ပေးဆောင်ရသည့် ဒဏ်ကြေးမှာ ကျပ်နှစ်ထောင်ခန့်သာ ရှိခြင်းကြောင့် ယာဉ်မောင်းသူ အများစုသည် လိုက်နာမှု အားနည်းလျက်ရှိပြီး အချို့မော်တော်ဆိုင်ကယ် စီးနင်းသူများသည် တာဝန်ကျဝန်ထမ်းများကိုပင် မချေမငံ ဆက်ဆံမှုများ ရှိသည်ဟု ၎င်းကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၄၈၇ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ ၈၉၄ ဦး ရှိပြီး သေဆုံးသူ ၁၀၈ ဦးအထိရှိရာ ယာဉ်တိုက်မှု အများဆုံးဖြစ်ပြီး ရွှေဘိုခရိုင်သည် ယာဉ်တိုက်မှု ၁၈၅ မှုတွင် ဒဏ်ရာရရှိသူ ၂၇၉ ရှိ၍ သေဆုံးသူ ၆၆ ဦးရှိပြီး ယာဉ်တိုက်မှု ဒုတိယအများဆုံး ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်စာရင်းအရ သိရှိရသည်။
မိုးသောက် (ရွှေဘို)၊ LC
The Voice Weekly

လက်ပံတောင်းအရေးလှုပ်ရှားသူ လူဆယ်ဦးအား အာဏာပိုင်းများမှ ဖမ်းဆီး ခေါ်ဆောင်နေ

မုံရွာမြို့ပေါ်တွင် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ လူဆယ်ဦးအား ဒေသဆိုင်ရာ အာဏာပိုင်းများမှ ဖမ်းဆီး ခေါ်ဆောင်နေသည်ကို သြဂုတ်လ ၁၃ ရက်က တွေ့ရစဉ်။

အဆိုပါ ဖမ်းဆီးမှုတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှ အပါအဝင် ၁၀ ဦးကို ဖမ်းဆီးခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှားသူတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးနှင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေး၊ ပြည်သူလူထုအား နှိပ်စက်သော ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူပေးရေးအတွက် မုံရွာမြို့ရှိ မြို့မဂါတ်ကျောင်း ဘုန်းကြီးကျောင်းရှေ့တွင် ဆန္ဒပြကြခြင်းဖြစ်သည်။
(ဓါတ်ပုံ - ကိုတိုးကြီး)
Mizzima - News in Burmese




ကိုထင်ကျော်နှင့် သုံးဦးကို မြောက်ဥက္ကလာပ တရားရုံးမှာ ရုံးထုတ်

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ "ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့"ခေါင်းဆောင် ကိုထင်ကျော်အပါအဝင် မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်က မြေသိမ်းခံရသူ ၃ ဦး စုစုပေါင်း ၄ ဦးကို ဒီနေ့ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ တရားရုံးက သူတို့ကို အာမခံပေးဖို့ ငြင်းပယ်လိုက်ပါတယ်။

သူတို့လေးဦးကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ခ၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ တွေနဲ့ တရားစွဲဆိုခဲ့ပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ကိုထင်ကျော်တို့ အမှုရုံးချိန်းကို သြဂုတ်လ ၂ဝ ရက်နေ့မှာ ပြန်လည်ချိန်းဆိုလိုက်ပြီး ဒီကနေ့ ရုံးချိန်းကိုတော့ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်နဲ့ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်က မြေသိမ်းခံရသူတွေလည်း လာရောက်အားပေးခဲ့ပါတယ်။
RFA Burmese




ရွှေတိဂုံလမ်းညွှန် 3D လက်ကမ်းတင်ဒါ မသမာဟုဆို

ရန်ကုန်၊ သြဂုတ်၁၂
ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လာရောက် ဖူးမြော်လေ့ရှိသည့် ရွှေတိဂုံ စေတီတော်တွင် သွားလာဖူးမြော်ရ လွယ်ကူစေရန် လမ်းညွှန်စာရွက် ရိုက်နှိပ်ခြင်းလုပ်ငန်းကို ပထမဆုံး တင်ဒါခေါ်ယူခဲ့ရာတွင် မသမာမှုများ ရှိသည်ဟု တင်ဒါ တင်ခဲ့သူတစ်ဦးက ပြောကြားသည်။

စေတီတော်အတွက် လမ်းညွှန် 3D လက်ကမ်းစာရွက် ရိုက်နှိပ်ခြင်း လုပ်ငန်းကို ပထမဆုံး တင်ဒါ ခေါ်ယူခဲ့ရာတွင် ယခင်ကတည်းက လုပ်ကိုင်နေသူ တစ်ဦးသာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့တင်ဒါ ယှဉ်ပြိုင်ရာတွင် တင်ဒါအောင်မြင်သွားသူသည် ၎င်းအောက် သက်သာစွာ တင်သွင်းသည့် ကျပ် ၆၀၊ ၇၀ ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သူများကို ကျော်ကာ တစ်စောင်လျှင် ၉၂ ကျပ်ဖြင့် တင်ဒါလျှောက်ခဲ့ကာ ရရှိသွားကြောင်း၊ အခြားဈေးအနည်းဆုံး ပေးသူများမှာ ပြည့်စုံမှု မရှိဟုဆိုကာ တင်ဒါအရွေးမခံခဲ့ ရကြောင်း တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခဲ့သူတစ်ဦးက ဆက်လက်ပြောကြားသည်။

“အရင်ကလို မဟုတ်တော့ဘူးဆိုတော့ သွားပြိုင်တယ်။ တကယ့်အဖြေ ထွက်လာတော့ အရင်လူပဲရတယ်။ ကျွန်တော်တို့လည်း ဈေးနည်းပါတယ်။ ဒါပေမဲ့မပြည့်စုံဘူးဆိုပြီး မရွေးဘူး” ဟု ၎င်းကဆိုသည်။

တင်ဒါရွေးချယ်မှုတွင် ဘုရားဂေါပက အဖွဲ့များသည် အစည်းအဝေးလုပ်၍ ရွေးချယ်ခြင်းသာဖြစ်ပြီး ဘုရားသမိုင်း၊ ဘုရားသို့ ဝင်ရောက်ရာလမ်း၊ တန်ခိုးကြီးဘုရားစသည့် ခရီးသွားများ လိုအပ်သည့် အချက်အလက် အပြည့်စုံဆုံးသူသာ ရရှိသွားခြင်း ဖြစ်ကြောင်း၊ အချက်အလက် ဆိုသည်မှာ ယခင်ကတည်းက လုပ်ကိုင်နေသူဖြစ်၍ ပိုမိုနားလည်နေခြင်းကြောင့် ဖြစ်ကြောင်း ရွှေတိဂုံဘုရား ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောဆိုသည်။

လုပ်ငန်းရှင်များသည် သြဂုတ်လ ၆ ရက်က တင်ဒါဖောင်၊ နမူနာ ၁၁ ရွက်နှင့် ငွေကျပ်ငါးသိန်းကို တင်သွင်းရပြီး ၇ ရက်နေ့တွင် စတင်ရွေးချယ်ခဲ့ရာ တင်ဒါအောင်မြင်သူသည် စောင်ရေရှစ်သိန်းကို သုံးလလျှင်တစ်ကြိမ် စောင်ရေတစ်သိန်းနှုန်းဖြင့် ပေးသွင်းရမည်ဖြစ်ကာ အင်္ဂလိပ် ဘာသာဖြင့် ကမ္ဘာလှည့် ခရီးသွားများကို အခမဲ့ဖြန့်ဝေမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ထက်အောင်ဖြိုး
The Voice Weekly

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com