http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့်NLD ညစာစားပွဲ

Photo-SUNNY
ဇူလိုင် ၈ရက်
ယမန်နေ့ (ဇူလိုင်၈ရက်နေ့ )ည ၆း၀၀ နာရီက စည်ပင်ရိပ်သာ(နေပြည်တော်)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတည်ခင်းဧည့်ခံသော ညစာစားပွဲတွင် ကော့မှူးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ခင်မင်ရင်းနှီးစွာ တွေ့ဆုံခဲ့ကြောင်းသိရသည်။
Ref. Sun Ny
Popular Journal

ခွပ်ဒေါင်းတံဆိပ် ဆက်သုံးမည်ဟု NLD ဆို

Tuesday, July 09, 2013
နိုင်ငံရေးပါတီများ ခွပ်ဒေါင်းတံဆိပ်ကို အသုံးမပြုရန် ၇ ဇူလိုင် အထိမ်းအမှတ်နေ့တွင် ကျောင်းသားဟောင်း အဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD
ပါတီက ယင်းသင်္ကေတကိုသာ ပါတီအမှတ်တံဆိပ်အဖြစ် ဆက်လက် အသုံးပြုသွားမည် ဖြစ်ကြောင်း ဆိုပါ ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသား အရေးတော်ပုံ အထိမ်းအမှတ်နေ့တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးပွဲများတွင် ကျောင်းသားများ၏ အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတဖြစ်သော ခွပ်ဒေါင်းတံဆိပ်ကို အသုံးမပြုရန် ၁၉၆၂ ခုနှစ် ကျောင်းသားများအဖွဲ့က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ခွပ်ဒေါင်းတံဆိပ်က ပါတီတွေ အာဏာရဖို့ သင်္ကေတ မဟုတ်ဘူး၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းရဲ့ အမှတ်တံဆိပ်ပဲ” ဟု ၁၉၆၂ ခုနှစ် ကျောင်းသားများ အဖွဲ့မှ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေက ဆိုသည်။

ခွပ်ဒေါင်း အမှတ်တံဆိပ်သည် ကျောင်းသားသမဂ္ဂ၏ ကိုယ်စားပြု အမှတ်တံဆိပ် ဖြစ်သော်လည်း နိုင်ငံရေးပါတီများ အသုံးမပြုရန် သတ်မှတ်ထားခြင်း မရှိကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

ခွပ်ဒေါင်းအမှတ်တံဆိပ်သည် ကျောင်းသားများကို ကိုယ် စားပြုခြင်း ဖြစ်သော်လည်း ယင်းသင်္ကေတကို အသုံးပြုသင့် မပြုသင့်ဆိုသည်မှာ ပါတီ၏ရည်ရွယ်ချက်နှင့်သာ သက်ဆိုင်ကြောင်း
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မီမီး ကဆိုသည်။

အဆိုပါ ခွပ်ဒေါင်းတံဆိပ်ကို ပါတီလိုဂိုအဖြစ် အသုံးပြုကာ ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ထားသည့် ပါတီနှစ်ခုရှိကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ခမောက်သင်္ကေတကို ပါတီလိုဂိုအဖြစ် အသုံးပြုခဲ့သော်လည်း ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ခမောက်လိုဂိုကို ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတစ်ခုက အသုံးပြုပြီး ဖြစ်နေသောကြောင့် ခွပ်ဒေါင်းလိုဂိုကို ရွေးချယ် ခဲ့ခြင်း ဖြစ်ကြောင်းယင်းပါတီ နာယက ဦးတင်ဦးက ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ်များတွင် ပြောကြားထားသည်။

အဆိုပါ ခွပ်ဒေါင်း အမှတ်တံဆိပ်ကို ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်းတို့၏ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများတွင် စတင်အသုံးပြုခဲ့ပြီး ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂများ ကျောင်းသား လှုပ်ရှားမှုများတွင် အသုံးပြုလျက်ရှိသည်။
ဟိန်းသွင်ထက်
The Voice Weekly

ပိုင်ရှင်မဲ့ ကျွဲ/နွားများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၉
၈.၇.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် မှော်ဘီ မြို့နယ်၊မြောင်းတကာ ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်၊ မျောက်ချောကုန်းရွာ၊ ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ်(၃၉/၆) အနီးတွင် ရပ်တန့်ထားသော ၈ဆ /---- CANTER အဖြူရောင် ယာဉ်ပေါ်၌ ကျွဲ/နွားများအားတင်ဆောင်ထားရှိကြောင်းသတင်းအရ သွားရောက် ရှာဖွေရာယာဉ်မောင်းနှင့် ကျွဲ/နွားပိုင်ရှင်များ အားမတွေ့ရှိရဘဲ ၎င်းယာဉ်ပေါ်၌ ကျွဲ(၃)ကောင်နှင့် နွား(၈)ကောင်အား တွေ့ရှိရ၍ မှော်ဘီမြို့မရဲစခန်း (ပ)၃၉၉/၂၀၁၃၊ အရေးကြီး ကုန်စည်နှင့် ၀န်ဆောင်မှုဥပဒေပုဒ်မ (၅)ဖြင့် အရေးယူထားရှိကာ ယာဉ်မောင်းနှင့်ကျွဲ/နွားပိုင်ရှင်များအား စုံစမ်းလျက်ရှိ ကြောင်းသတင်းရရှိပါသည်။
Yangon Police

ဓမ္မစကူလ်ဖောင်ဒေးရှင်း၏ ဆင့်ပွားဆရာဖြစ်သင်တန်း ကလေးမြို့တွင် ပထမဆုံး ပို့ချ

ကလေးမြို့-ဇူလိုင်၉
ရန်ကုန်မြို့အခြေစိုက် ဓမ္မစကူလ်ဖောင်ဒေးရှင်း၏ ဆင့်ပွား ဓမ္မစကူလ်သင်တန်းအား ဇူလိုင်လဆန်းက ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက် မင်္ဂလာဥယျာဉ်ဓမ္မာရုံတော်ကြီးမှာပို့ချခဲ့ကြောင်း မင်္ဂလာဥယျာဉ်ဆရာတော် ဦးပဏ္ဍ၀ံသက ပြောသည်။

အဆိုပါ ဓမ္မစကူလ် ဆင့်ပွား သင်တန်းအား ကလေးမြို့အနေဖြင့် ပထမဆုံး သင်တန်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းမှူး ဒေါ်ဇင်ဇင်ဝင်းမှ သင်တန်းပို့ချကာ ရက်တိုသင်တန်းအဖြစ် သတ်မှတ်ကာ (၆)ရက်
သင်တန်းပို့ချပြီး ဗဟိုဖောင်ဒေးရှင်းဌာနမှ (၄) ရက်သာ သင်ကြားပို့ချကာ ကျန်(၂) ရက်အား ကလေးမြို့မှ သင်တန်းဆင်းပြီးဖြစ်သော ကိုအောင်မြင့်ထွန်းမှ သင်တန်းဆရာအဖြစ် ဆက်လက်ပို့ချကြောင်းသိရသည်။

သင်တန်းအနေဖြင့် ကလေးမြို့ရှိ (၁၅) ဌာနအား ပို့ချပေးကာ တစ်ဌာနလျှင် (၃) ဦးပါဝင် တက်ရောက်ခဲ့ပြီး စုစုပေါင်း သင်တန်းသား (၄၅) ဦးသာ သတ်မှတ်ထားသော်လည်း အခြား စိတ်ပါဝင်စားသူများပါ တက်ရောက်ခဲ့သည်။

ဓမ္မစကူလ် ဆင့်ပွား ဆရာဖြစ်သင်တန်းအား တက်ရောက်သင်ကြားနိုင်သော လူပုဂ္ဂိုလ်များအနေဖြင့် ပညာအရည်အချင်းသတ်မှတ်ချက် ချထားပြီး အနည်းဆုံးဒဿမတန်းအောင်များမှသာ တက်ရောက်သင်ကြားနိုင်ကာ သံဃာတော်နှင့် သီလရှင်ဆရာလေး/ဆရာကြီးများအတွက်ကိုတော့
ပညာအရည်အချင်း သတ်မှတ်ချက်မရှိကြောင်း သင်တန်းပြီးဆုံးတာနှင့် သင်တန်းတက်ရောက်လာသော သင်တန်းသားများအား ဆရာကိုင် ကျောင်းသားကိုင် သင်ထောက်ကူ စာအုပ်များကိုပါ
ပေးအပ်သွားမည်ဖြစ်ကြောင်း သင်တန်းတာဝန်ခံ ဆရာလေး ဒေါ်ကေတုမာလာ ထံမှ
သိရသည်။

သင်ထောက်ကူ စာအုပ်များအနေဖြင့် ပထမတန်းမှ တတိယတန်းအထိသာ လက်ရှိ သင်ရိုးရေးဆွဲချပြီး ဆက်လက်၍ှဆဋ္ဌမတန်းအထိ သင်ရိုးကိုပါ ရေးဆွဲမည်ဖြစ်သည်။ ဓမ္မစကူလ် ဖောင်ဒေးရှင်းအား ဥက္ကဋ္ဌအဖြစ် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ သာသန၀ရမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။

ဓမ္မစကူလ်ဖောင်ဒေးရှင်း ၏ အနာဂတ်မျှော်မှန်းချက်အဖြစ် ခေတ်မီ သင်ကြားရေးစနစ်များ ပါဝင်သည့် အတန်းစဉ်အလိုက် ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးမည့် ဓမ္မစကူးလ်များ မြန်မာနိုင်ငံအနှံ့ပေါ်ပေါက်လာပြီး မျိုးဆက်သစ်လူငယ်များ ဗုဒ္ဒတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်စေရန်။

ဗုဒ္ဒတရားတော်များကို သိရှိနားလည်ပြီး ဘာသာတရားကို တန်ဘိုးထားချစ်ခင်မြတ်နိုးကာ ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်။ မိရိုးဖလာ ဗုဒ္ဒဘာသာဝင်မှ ဗုဒ္ဒတရားတော်များကို လက်တွေ့ဘ၀တွင် အသုံးချနိုင်သော အဆင့်မြင့် ဗုဒ္ဒဘာသာဝင်များ ဖြစ်ပေါ်လာစေရန်။ ဆရာနှင့်ဒကာ ညီညာစွာ လက်တွဲ၍ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်ဟူ၍ အချက်(၄) ချက် ထားရှိကြောင်း သိရသည်။
ချစ်သူမောင်
Popular Myanmar News Journal

စာဖတ်သူတို့ ရုပ်သံလိုင်း အခမဲ့ ဒစ်ဂျစ်တယ် ရုပ်သံလိုင်းသစ် စမ်းသပ် ထုတ်လွှင့်မည်

စာဖတ်သူတို့ ရုပ်သံလိုင်း (Readers Channel) အခမဲ့ ဒစ်ဂျစ်တယ် ရုပ်သံလိုင်းသစ်ကို စမ်းသပ် ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒစ်ဂျစ်တယ် ရုပ်သံလိုင်းသစ်ကို ဇူလိုင် ၁၄ ရက်မှ စတင်ကာ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့ကြီးများတွင် စမ်းသပ် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း၊ (၄) နာရီ အစီအစဉ်သစ်များကို တစ်နေ့ လျှင် ၄ ကြိမ်၊ မနက် ၆ နာရီ မှ ည ၁၀ နာရီ အထိ စမ်းသပ် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Readers Channel (စာဖတ်သူတို့ ရုပ်သံလိုင်း) အခမဲ့ ဒစ်ဂျစ်တယ် ရုပ်လိုင်းသစ်ကို 4 TV, 5 Network, MWD အစရှိသော DVB-T Digital Receiver များဖြင့် လည်းကောင်း၊ DVB-T Digital Tuner ပါသော မည်သည့် LCD TV, LED TV များတွင် မဆို အခမဲ့ ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော်နှင့် အနီးတစ် ၀ိုက် ၂၅ မိုင်ပတ်လည်တွင် UHF လှိုင်းနှုန်း Channel 22 တွင်လည်း ကောင်း၊ ရန်ကုန်မြို့နှင့်အနီးတစ် ၀ိုက် မိုင် ၃၀ ပတ်လည်တွင် UHFလှိုင်းနှုန်း Channel - 24 တွင်လည်းကောင်း၊ မန္တလေးနှင့်အနီးတစ်ဝိုက် မိုင် ၃၀ ပတ်လည်တွင် UHF လှိုင်းနှုန်း Channel - 25 တွင်လည်းကောင်း ဖမ်းယူ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ စာပေဆိုင်ရာ အစီအစဉ်များ အပါအ၀င် သုတ၊ ရသ ကဏ္ဍစုံစွာ ထုတ်လွှင့် ပေးသွားမည်ဟု သိရသည်။
Internet Journal

CDMA ကွန်ရက် ပြည့်ကျပ်လာသည့် အတွက် GSM ကို ပြောင်းလဲချပေးဖွယ်ရှိ


ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းလိုင်း အတွက် ရည်ရွယ် တည်ဆောက်ခဲ့သည့် CDMA 800 မိုဘိုင်းကွန်ရက်သည် သတ်မှတ်လိုင်း အရေအတွက် ပြည့်ခဲ့ပြီ ဖြစ်သည့် အတွက် ထပ်မံချထားပေးမည့် မို ဘိုင်းဖုန်းလိုင်းများမှာ GSM ဖုန်းလိုင်းများ ဖြစ်လာဖွယ်ရှိကြောင်း ဆက်သွယ်ရေး အင်ဂျင်နီယာမှူး တစ်ဦး က ပြောသည်။

“ညွှန်ကြားချက်တော့ မရောက်သေးဘူး။ ဖြစ်နိုင်ပါတယ်။ GSM ချထားပေးမယ်ဆိုတာ။ CDMA လိုင်းတွေကလည်း ပြည့်နေပြီဆိုတော့”” ဟု ၎င်းက ပြောသည်။ လက်ရှိကာလ၌ ငွေကျပ် ၁၅၀၀ ဖြင့် လိုင်းအရေအတွက် အများဆုံး ရောင်းချပေးနေသည့် CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ က ပူးပေါင်းရောင်းချခဲ့ခြင်းဖြစ်သည်။

MEC သည် ဧပြီလမှ စတင်၍ ၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်းလိုင်းကို တစ်လလျှင် လိုင်းအရေအတွက် ၃ သိန်းခွဲချထားပေးခဲ့သည့် အတွက် လက်ရှိအချိန် ၌ MEC မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူအရေအတွက်မှာ ၁၀ သိန်းကျော် အထိ ရှိလာခဲ့သည်။ “ဂျီ (GSM) ရရင် တော့ ဂျီပဲ ကိုင်ချင်တာပေါ့။ ဘယ်သူ့မေးမေး နားလည်တဲ့လူတိုင်း CDMA တော့ ဘယ်သုံးချင်မလဲ။ ဒါပေမယ့်လည်း သူတို့ရောင်းတာပဲ ၀ယ်ရတာ။ ကိုယ်လိုချင်တာ ဝယ်လို့မှမရတာ””ဟု CDMA ဖုန်းလိုင်း ကို ကိုင်ဆောင်ထားသည့် ကိုအာကာ က ပြောသည်။

“GSM ချထားပေးမယ်ဆို ကောင်းတာပေါ့။ အားလုံးကလည်း ဒါကိုပဲ မျှော်နေကြတာပါ။ ဈေးကွက်က သိပ်ပြီးပြောင်းလဲသွားမယ် မထင်ဘူး။ ဆိုင်တွေကလည်း များတယ်။ ထွက်တဲ့ကတ်ကလည်း နည်းတယ်။ သူမိတ်နဲ့ သူနဲ့ပဲသွားမယ် ထင်တယ်။ အရင်လို CDMA 800 ဖုန်းတွေလိုပဲ ဖြစ်မယ်ထင်တယ်”ဟု ACE ဟန်းဆက် အရောင်းဆိုင်မှ ဦးသန်းထိုက် က ပြောသည်။
Internet Journal

ဘုရင့်နောင် ခုံးကျော်တံတား တိုင်ကျိုးသည့် သတင်း မဟုတ်မမှန်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၈
ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချမည့် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်နေသော ဘုရင့်နောင် ခုံးကျော် တံတား၏ တိုင် တစ်တိုင် ကျိုးကျသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မှန်ကန်ခြင်း မရှိကြောင်း အဆိုပါတံတား ဆောက်လုပ်ရေးအဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ထောက်တိုင် ပြုလုပ်ရန် လုပ်ဆောင်ထားသော ကွန်ကရစ် အားဖြည့် သံချောင်းများကို လုပ်ငန်းခွင် အတွင်း မောင်းနှင်သော ကရိန်းဖြင့် ညနေ ၆ နာရီ ဝန်းကျင်ခန့်က တိုက်မိရာမှ အဆိုပါ သံချောင်းများ ကျိုးပဲ့သွားခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီသံချောင်းတွေက ထောက်တိုင်လုပ်ဖို့ အရင် ကြိုလုပ်ရတဲ့ဟာ ဖြစ်ပြီးတော့ လုပ်ရတာလည်း အချိန် မကြာတဲ့အတွက် လုပ်ငန်းစဉ်ကိုတော့ နှောင့်နှေးမှု မဖြစ်စေနိုင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

ဘုရင့်နောင် ခုံးကျော် တံတားသစ်ကို ၂၀၁၂ ခုနှစ်အတွင်းက စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခု နှစ်ကုန်ပိုင်းတွင် အပြီးသတ် ဆောင်ရွက်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (လမ်းနှင့်တံတား) ထံမှ သိရသည်။
The Voice Weekly

မြန်မာသံဃာတော်များနှင့် ဘုရားဖူးများလုံခြုံရေး အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ ဇူလိုင် ၈
အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်တွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့် အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသော မြန်မာ သံဃာတော်များနှင့် မြန်မာနိုင်ငံသား ဘုရားဖူးများ၏ လုံခြုံရေးအတွက် အိန္ဒိယ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

“အိန္ဒိယနိုင်ငံအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ အများဆုံး ကိုးကွယ်သည့် မြန်မာနိုင်ငံ အနေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့က လုပ်ဆောင်သင့်သည့် လုပ်ငန်းများကို သုံးသပ်ဆောင်ရွက်နေကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတော် အစိုးရအနေနှင့်လည်း ဗုဒ္ဓဘာသာ အပါအဝင် အခြားဘာသာဝင်များ၏ ဘာသာရေး အဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ နေရာများကို အကြမ်းဖက် တိုက်ခြင်းများသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ၎င်းကပြောကြားသည်။

“ကျွန်တော်တို့ အစိုးရဘက်ကနေ တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ တရားခံမိရင်တော့ အရေးယူမှုတွေ ပြုလုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယ သံအမတ်ကြီး Mr.Sailas Thangal က The Voice သို့ပြောကြားသည်။

ယင်းသို့ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ မဟာဗောဓိစေတီတော်တွင် ဗုံးခွဲမှုနှင် ပတ်သက်၍ ဗုဒ္ဓဘာသာ နိုင်ငံအများစုက အပြင်းအထန် ရှုတ်ချခဲ့ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်ရန် အိန္ဒိယအစိုးရကို တိုက်တွန်းခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီမှ အရာရှိများ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပြီး စစ်ဆေးမှုများနှင့် စေတီပရဝဏ်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာမှ တစ်ဆင့် ခြေရာခံမှုများ ပြုလုပ်ခဲ့ကြသည်။

ပရဝဏ်အတွင်း တွေ့ရှိသော သက်သေခံကတ်ပြားနှင့် CCTV ကင်မရာမှ ရရှိသော အထောက်အထား အချို့ကြောင့် ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူတစ်ဦးကို ဇွန်လ ၈ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr.Sailas Thangal က ဖမ်းဆီးထားသည် ဆိုသူမှာ တရားခံ မဟုတ်ကြောင်း၊ ၎င်းကိုစစ်ဆေးရန်သာ ထိန်းသိမ်းထားကြောင်း၊ တရားခံကို ဖမ်းမိပါက သံရုံးမှတစ်ဆင့် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း The Voice သို့ပြောကြားသည်။

ယင်းသို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော နိုင်ငံအသီးသီးမှ သံဃာတော်များ၊ အိန္ဒိယနိုင်ငံသားများ၊ ကျောင်းသားများက အကြမ်းဖက်မှုကို ရှုတ်ချသည့် အနေနှင့် ဆန္ဒပြ ထုတ်ဖော်ခဲ့ကြပြီး ဘင်္ဂလားဒေရှ် နိုင်ငံတွင်လည်း ဗုဒ္ဓဘာသာဝင်များ စုစည်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ဂယာမြို့ရှိ မဟာဗောဓိစေတီ ပရဝဏ်အတွင်းတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဗုံး ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ မြန်မာသံဃာတော်တစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့သည်။

မဟာဗောဓိစေတီ ပရဝဏ်အတွင်း ပေါက်ကွဲခဲ့သည့် ဗုံးအပါအဝင် စုစုပေါင်း ဗုံးကိုးလုံး ပေါက်ကွဲခဲ့ပြီး ယင်းအနက် မဟာဗောဓိစေတီ ပရဝဏ်အတွင်းတွင် ငါးလုံး ပေါက်ကွဲခဲ့ကြောင်း၊ ယင်းအနက် ဗုံး တစ်လုံးမှာ ဗုဒ္ဓမြတ်စွာ ဘုရားပွင့်တော်မူခဲ့သည့် မဟာဗောဓိ ညောင်ပင်ရင်းတွင် ပေါက်ကွဲခဲ့ပြီး ကျန်သုံးလုံးမှာ ယင်းအနီးတစ်ဝိုက်တွင် ပေါက်ကွဲခဲ့ရာ မြန်မာသံဃာတော် တစ်ပါး၊ တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် ဘူရားဖူးနှစ်ဦး အပါအဝင် ငါးဦးဒဏ်ရာ ရရှိခဲ့သည်။

ယင်းပေါက်ကွဲမှုမှာ အိန္ဒိယနိုင်ငံရှိ မူဂျာဟစ်ဒင်အဖွဲ့ ပါဝင် ပတ်သက်နိုင်သည်ဟု ယူဆကြောင်း ဘီဟားရ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
The Voice Weekly

လားရှိုးတွင် အလုပ်ကိစ္စဆွေးနွေးရာမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

လားရှိုး၊ ဇူလိုင် ၉။
လားရှိုးမြို့၊ ရပ်ကွက် (၅)၊ နယ်မြေ (၉) ခိုင်ရွှေဝါလမ်းမှ ကိုးကန့်ငါးပါးသီလကျောင်း အနီးရှိ
ဦးယူဆင်း၏ နေအိမ်သို့ ပြည်သူ့စစ် တစ်ဦးက လမ်းပေါ်မှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သူမှာ တာမိုးညှင်း ပြည်သူ့စစ်အဖွဲ့၏ စီးပွားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး ပစ်ခတ်ခံရသူ မိသားစုနှင့် ယခင်က စီးပွားရေး လုပ်ငန်းများ အကျိုးတူလုပ်ဆောင်ခဲ့ပြီး ငွေကြေးအရှုပ်အရှင်းများရှိခဲ့သဖြင့် သွားရောက် ဖြေရှင်းရာမှ စကားများကြပြီး အပြန်တွင် လမ်းပေါ်မှ သေနတ်ဖြင့်
ပစ်ခတ်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြသည်။

“နေ့လည်ခင်းကြီးမှာ ကားနဲ့ရောက်လာတယ်။ မကျေနပ်တိုင်း စိတ်ထင်သလို ဒီလိုသေနတ်ကိုင်ပြီး ပစ်ချင်ရာလျှောက်ပစ် သွားတာကတော့ တရားဥပဒေ မရှိသလိုဘဲ။ မပြေလည်တာရှိရင် ညှိနှိုင်းယူပေါ့ဗျာ။ ပစ်ခတ်ပြီးမှ ကားမောင်းပြီးတော့ ထွက်သွားတာ”ဟု ရပ်ကွက်အတွင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာ အနီးရှိ မျက်မြင်တွေ့ရှိသူ တစ်ဦးက “သူတို့အိမ်မှာက ကလေးတွေလဲရှိတယ်။
သူ့ယောက်ျားက အပြင်တွေဘာတွေ သွားတာများတယ်။ မိန်းမနဲ့ ကလေးပဲ ရှိတဲ့အချိန်ဆိုရင် ဘယ်လိုလုပ်မလဲ။ မြို့ထဲမှာ အဲဒီလို လက်နက်တွေကိုင်ပြီး လျှောက်သွားတာ လျှောက်ပစ်တာ တွေကို ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးတယ်။ အရင်တုန်းကလည်း လားရှိုးမှာ နေ့ခင်းကြီး ဈေးထဲကရွှေဆိုင်ကို သေနတ်တွေနဲ့ ၀င်စီးသွားသေးတယ်။ ပြည်သူ့စစ် တစ်ယောက်က တာဝန်ချိန် မဟုတ်ဘဲ မြို့ထဲမှာ သေနပ်ကိုင်ပြီး၊ လုပ်ချင်ရာ လျှောက်လုပ်နေတာက အင်မတန် ရုပ်ဆိုးလွန်းတယ်။ ကြောက်စရာလဲ ကောင်းတယ်”ဟု ပြောသည်။

လူတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း နေအိမ်တံခါးပေါက်တွင် (၄)ချက်၊ အိမ်အ၀င်ပေါက် အုတ်နံရံတွင် (၁)ချက်၊ စုစုပေါင်း (၅)ချက်ထိမှန်ခဲ့ကြောင်း သိရသည်။
သေနပ်ဖြင့် ပစ်ခတ်သွားသူအား နယ်မြေခံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးရာ
သိန်းနီမြို့နယ်၊ ရေပူကျေးရွာရှိ ရေပူဂိတ်တွင် အခင်းဖြစ်ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း
အမှတ်(၁)ရဲစခန်းမှ သိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်အမျိုးအစား၊ ပစ်ခတ်ရသော အကြောင်းရင်း၊ တရားခံအား
အရေးယူဆောင်ရွက် ထားမှု၊ အပစ်ခံရသူအိမ်ရှင်အမျိုးသမီးအား စခန်းသို့ ခေါ်ဆောင်ထားသော
အကြောင်းများနှင့် အသေးစိတ် အချက်အလက် များအား မြန်မာ့ခတ်မှ ဇူလိုင်လ ၈ရက်နေ့တွင် အမှတ်(၁)ရဲစခန်းသို့ သွားရောက် မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ်က“ ကျွန်တော်က ဒီကနေ့မနက်မှ
ဂျူတီချိန်းတာ ကျွန်တော်တော့ မသိဘူး။ ဒါပေမယ့် ရုံးအုပ်ချုပ်ကတော့ သိတယ်။ သူ့ကိုမေးလိုက်ပါ”ဟု ဖြေကြားသည်။ ရုံးအုပ်ချုပ်ထံ မေးမြန်းရန် စောင့်ဆိုင်းနေသော်လည်း တစ်စုံတစ်ရာ ဖြေကြားပေးခြင်းမရှိဘဲ စခန်းအတွင်းမှ ထွက်ခွာသွားသည်။

ခရိုင်မြို့ကြီး တစ်မြို့တွင် သက်ဆိုင်ရာ အာဏာပိုင်များ၊ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့များ၊ တပ်မတော်တပ်ရင်းများစွာ ရှိနေပြီး အရေးပေါ် အက်ဥပဒေ ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော်လည်း ယင်းကဲ့သို့ လက်နက်ကိုင်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သဖြင့် မြို့ခံပြည်သူ လူထုများက စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြကြောင်း သိရသည်။
ချစ်ထွေး (လားရှိုး)
မြန်မာ့ခေတ်

ရော်နယ်လ်ဒို၏ ကစားသမားဘဝ ရီးယဲလ်တွင်သာ ကုန်ဆုံးလိမ့်မည်ဟု ပီရက်ဇ် ပြောကြား

ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် မိမိတို့ အသင်းတွင်သာ ကစားသမားဘဝ ကုန်ဆုံးလိမ့်မည်ဟု ရီးယဲလ်မက်ဒရစ် ဥက္ကဋ္ဌကြီး ဖလော်ရင်တီနို ပီရက်ဇ်က ပြောကြားလိုက်သည်။ ရော်နယ်လ်ဒိုသည် ရီးယဲလ်မှ ထွက်ခွာပြီး အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်သို့ ပြန်သွားနိုင်ကြောင်း သတင်းကြီးနေသလို ပြင်သစ်ချန်ပီယံ PSGကလည်း ၎င်းကို စိတ်ဝင်စားနေသည်။

ရော်နယ်လ်ဒို၏ စာချုပ်သက် (၂၀၁၅)ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ပီရက်ဇ်က မိမိတို့သည် ပေါ်တူဂီ လက်ရွေးစင် ကစားသမားကို ဆက်ထိန်းသွားမည်ဟု ပြောဆိုထားသည်။ ယခုအခါ ဥက္ကဋ္ဌကြီးက ရော်နယ်လ်ဒိုသည် ကစားသမားဘဝ ပြီးဆုံးချိန်ထိ ဘာနေဗျူးတွင်သာ ရှိနေလိမ့်မည်ဟု မှတ်ချက်ပြုသွားခဲ့သည်။

အသက်(၂၈)နှစ်ရှိ ရော်နယ်လ်ဒိုသည် ၎င်း၏ အနာဂတ်ကို တိတိကျကျ ပြောဆိုထားခြင်း မရှိသေးချေ။ ပီရက်ဇ်ကမူ "ရော်နယ်လ်ဒိုက ရီးယဲလ်မှာပဲ ဘောလုံးသမားဘဝ အဆုံးသတ်ချင်တာပါ။ ရီးယဲလ်ကလည်း သူ့ကို အသင်းမှာ ကစားရင်းပဲ အနားယူသွားစေချင်တယ်"ဟု ဆိုသည်။

၎င်းက "ကျွန်တော်တို့ စာချုပ်သစ်အတွက် ဘာမှ မဆွေးနွေးရသေးဘူး။ ဒါကလည်း သူလောလောဆယ် အားလပ်ရက် အနားယူနေလို့ပါ။ ဒါပေမဲ့ ရော်နယ်လ်ဒို ဒီမှာပဲ ကစားရင်း အနားယူမယ်ဆိုတာ သံသယ မရှိပါဘူး။ ဇနီဒင်း ဇီဒန်းနဲ့ တခြား ထိပ်သီး ဘောလုံးသမား တချို့လိုပဲ ဆိုပါတော့"ဟု ဆက်လက် ပြောကြားခဲ့သည်။

ပီရက်ဇ်က တော့တင်ဟမ် ဟော့စပါး တောင်ပံလူ ဂါရတ်သ်ဘေးလ်ကို ခေါ်ယူနိုင်ကြောင်း ထင်ကြေးများနှင့် ပတ်သက်ပြီး "သူဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့နဲ့ ခင်မင်ရင်းနှီးမှုရှိတဲ့ ကလပ်အသင်း တစ်ခုမှာ ကစားနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ သူ့အတွက် ဘာကမ်းလှမ်းမှုမှ မလုပ်ခဲ့ပါဘူး"ဟု ငြင်းဆိုသွားသည်။
Planet Myanmar Network

ဘင်လာဒင်အား ရှင်းလင်းသုတ်သင်မှု မှတ်တမ်းဖိုင်များကို CIA သို့ လျှို့ဝှက် ပေးပို့ထိန်းသိမ်း

၂၀၁၁ ခုနှစ်အတွင်း အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား အမေရိကန် ‎#Navy ‎#SEAL တပ်ဖွဲ့က စီးနင်းတိုက်ခိုက် သတ်ဖြတ်ခဲ့သည့် စစ်ဆင်ရေး အသေးစိတ် အချက်အလက် မှတ်တမ်းများပါဝင်သော ဖိုင်များကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွန်ပျူတာစနစ်မှ ဖယ်ရှားရှင်းလင်းလိုက်ပြီး ‎#CIA သို့ လျှို့ဝှက်ပေးပို့လိုက်ကြောင်း ‎#AP သတင်းက ပြောကြားသည်။

သာမန် ပြည်သူများကြား အဆိုပါဖိုင်များ ရောက်ရှိမသွားစေရန် ပိုမိုလုံခြုံမှု ရှိစေရေးအတွက် CIA သို့ ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ပင်တဂွန်မှ အရာရှိတစ်ဦးထံမှတစ်ဆင့် AP က သတင်းရရှိခဲ့ခြင်းဟုဆိုသည်။
Planet Myanmar Network

နောက်ဆုံးတော့....





Myanmartandawsint Newspaper

ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီဗုံးပေါက်ကွဲမှု အား CCTVကင်မရာမှရိုက်ကူးချက် (ရုပ်/သံ)

ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီဗုံးပေါက်ကွဲမှု အား CCTVကင်မရာမှရိုက်ကူးချက်
FB-စတီ ဗင်

ဗုဒ္ဓဂါယာ တိုက်ခိုက်မှု မသင်္ကာသူ ၁ ဦးဖမ်းမိ

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေစဉ် (၇ ဇူလိုင် ၂၀၁၃)
08.07.2013
အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ နေရာဖြစ်တဲ့ ဗုဒ္ဓဂါယာမှာ တနင်္ဂနွေနေ့က ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ လူတစ်ဦးကို ထိန်းသိမ်းထားပါတယ်။ အိမ်နီးချင်းဖြစ်တဲ့   မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်မှုဟာ ဆက်နွယ်ပတ်သက်မှု ရှိနိုင်တဲ့အခြေအနေအပေါ်  ထောက်လှမ်းရေး အေဂျင်စီတွေက စုံစမ်းထောက်လှမ်းနေကြတဲ့အကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ ဗွီအိုအေသတင်းထောက် Anjana Pasricha သတင်းပို့ထားတာကို မမိုးဖြူ က တင်ပြထားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ် နေရာဖြစ်တဲ့ အိန္ဒိယနိုင်ငံ Bihar ပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာကျောင်းဝန်းထဲမှာရှိတဲ့ လုံခြုံရေး ကင်မရာမှတ်တမ်းကနေ စစ်ဆေးတွေ့ရှိချက်တွေနဲ့ သက်သေခံချက်တွေကို ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးခဲ့ကြပြီးနောက်ပိုင်း အခုလို ဖမ်းဆီးမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာဟာ ဗုဒ္ဓဘုရားရှင် သဗ္ဗညုတဥာဏ်တော် ရခဲ့တဲ့နေရာလို့ ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံး နေရာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ် နေရာမှာ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး Sushi Kumar Shinde က Hindi ဘာသာနဲ့ အခုလို ပြောပါတယ်။


“၀န်ကြီး Kumar Shinde ပြောသွားတာက ဗုဒ္ဓဂါယာဝန်းထဲမှာ စုစုပေါင်း ဗုံး ၁၃ လုံး ထောင်ခဲ့ပြီး အသက် ၃၀ အရွယ်နဲ့ ၅၀ အရွယ် လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်ဆိုတာပါပဲ။ နောက်ထပ် သိရတဲ့သတင်းတွေအရ ဒဏ်ရာရသူတွေထဲမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး၊ တိဘက်ဘုန်းတော်ကြီး တစ်ပါးနဲ့ အရပ်သားတစ်ယောက်တို့ ပါတယ်။” လို့ဆိုပါတယ်။

ပေါက်ကွဲတဲ့ ပြင်းအား သိပ်ပြီး မကြီးမားတာမို့ အပျက်အစီး ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဗုံးခွဲမှုဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ် နေရာကို ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် တာဝန်ရှိသူတွေက ရှုမြင်ကြတာမို့ စိုးရိမ်ပူပန်မှုတွေလလည်း မြင့်မားနေပါတယ်။

ဒီတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံထဲက ဗုဒ္ဓဘာသာအသိုင်းအ၀န်းနဲ့ လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေကြား အမုန်းတရားကြောင့်လို့ စွပ်စွဲပြောဆိုကြတဲ့ ပဋိပက္ခကို လက်တုံ့ပြန် တိုက်ခိုက်တာဖြစ်တယ်လို့ အိန္ဒိယ ထောက်လှမ်းရေးအေဂျင်စီက သတိပေး ပြောဆိုပါတယ်။

ဒါပေမဲ့ New Delhi မြို့က ပဋိပက္ခ လေ့လာဆန်းစစ် စီမံခန့်ခွဲရေးအဖွဲ့ခေါင်းဆောင် Ajay Sahni ကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်အဖွဲ့တွေနဲ့ ဗုံးပေါက်ကွဲမှုက တိုက်ရိုက်ပတ်သက်နေတဲ့ အထောက်အထား မတွေ့ရဘူးလို့ ပြောဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ချက်လို့ ယူဆရပြီး အဲ့ဒီအဖွဲ့တွေဟာ တခြားအကြမ်းဖက် လုပ်ရပ်တွေကို လုပ်နေကြတယ်လို့ စွပ်စွဲခံထားရတာလည်း ဖြစ်ပါတယ်။

“အခုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန်အကြမ်းဖက် ကွန်ရက်နဲ့ ဆက်စပ်နေတယ်ဆိုတာ သိသာပါတယ်။ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေနဲ့ဖြစ်တဲ့ ပြဿနာကို အကြောင်းပြုပြီး လက်စားချေတဲ့သဘောနဲ့ ပါကစ္စတန် အကြမ်းဖက် ကွန်ရက်နဲ့ဆက်စပ်တဲ့ အုပ်စုဟာ ဒီပြဿနာနဲ့ ဆက်နွယ်နေတာပါ။ တိုက်ခိုက်သူတွေက ဒီလူတွေပဲဖြစ်ပေမဲ့ ပစ်မှတ်က အသစ်ပြောင်းသွားတာပါ။ အရင်က ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်မထားခဲ့ပဲ အခုမှ စတိုက်ခိုက်တာပါ”


Bihar ပြည်နယ် အရှေ့ပိုင်းက Orissa နဲ့ Uttarpradesh လို ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ် နေရာတွေမှာ လုံခြုံရေး ပိုပြီး တင်းတင်းကျပ်ကျပ် ချထားလာတာပါ။  နောက်ပိုင်းမှာ အရှေ့အာရှနိုင်ငံတွေမှာ ဗုဒ္ဓတရားတော် ပိုထွန်းကားလာပေမဲ့ တချို့ဗုဒ္ဓဘာသာဝင်တွေကတော့  လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက်က အိန္ဒိယမှာ မြတ်စွာဘုရားရှင် တရားဦး ဟောတော်မူခဲ့တဲ့ နေရာကို ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ်အဖြစ် နေရာထားကြဆဲ ဖြစ်ပါတယ်။
 
Bihar ပြည်နယ်ဝန်ကြီးချုပ် Nitish Kuma ကတော့ ဗုဒ္ဓဂါယာမှာရှိတဲ့ ဘုရားကျောင်း ပုရ၀ုဏ်တွေ လုံခြုံရေးကို တင်းကျပ်မယ်လို့ ကတိပေး ပြောဆိုပါတယ်။ သူ Hindi ဘာသာနဲ့ ပြောသွားတာကတော့ အခုတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းရမှာဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့တွေ တိုးပို့ပေးဖို့ ဗဟိုအစိုးရကို အကူအညီ တောင်းမယ်လို့ ပြောသွားတာပါ။

ထိုင်းနဲ့ဂျပန်နိုင်ငံလို အရှေ့တောင်အာရှ နိုင်ငံတွေက ထောင်နဲ့ချီတဲ့ ဘုရားဖူးတွေဟာ ဘာသာရေးဆိုင်ရာ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယရဲ့ ဗုဒ္ဓဘာသာ အထွတ်အမြတ် နေရာဒေသတွေကို သွားရောက် လည်ပါတ်ဘုရားဖူးနေကြတာလည်း ဖြစ်ပါတယ်။
မမိုးဖြူ
ဗွီအိုအေ (မြန်မာပိုင်း)

တည်ဆောက်ဆဲ ဘုရင့်နောင်တံတားတိုင်ပြိုကျမှုဖြစ်ပွား

ရန်ကုန်-ဇူလိုင်၈
မရမ်းကုန်းမြို.နယ် (၁)ရပ်ကွက် ဘုရင့်နောင်လမ်းနှင့်သမိုင်းလမ်း ထောင့်ရှိ ဘုရင်နောင်ဂုံးကျော်တံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်အတွင်း တံတားတိုင်အမှတ်(၂)ပြိုကျမှုယနေညနေ လေးနာရီခွဲအချိန်ခန်က ဖြစ်ပွားခဲသည်။ ထိုသို.ပြိုကျမှုဖြစ်ပွားရသည့်အကြောင်းအရင်းမှာ

တံတားတိုင်အား သံချောင်းများအသုံြး့ပု ၍ အခြားတံတားတိုင်တစ် ခုဖြစ်သော တိုင်အမှတ်(၃)နှင့်ချိတ်ဆက်ရန်ဆောင်ရွက်စဉ် ပြိုကျခဲ.ခြင်းဖြစ်ကြောင်းတံတားတည်ဆောက်ရေးအင်ဂျင်နီယာတစ်ဦးကပြောသည်။

တံတားပြိုကျမှုဖြစ်စဉ်အားမျက်မြင်တွေ.ရှိခဲ.သူတစ်ဦးဖြစ်သော မိဘဂုဏ်အပေါင်ဆိုင်မှ ပိုင်ရှင်ဖြစ်သူက ညနေလေးနာရီခွဲလောက်မှာ တံတားတိုင်ကတအိအိပြိုကျလာတာပဲ။

စပြိုတဲ.အချိန်မှာကားတွေနဲ.လူသွားလူလာရှင်းနေလို. ထိခိုက်ဒဏ်ရာရ တာတော့မရှိဘူး။ဒါပေမဲ.တံတားတည်ဆောက်နေတဲ. ဆောက်လုပ်ရေးအလုပ်သမားနှစ်ယောက်ကတော့ပြိုကျတဲ. သံတိုင်တွေနဲ.အတူ တွဲလောင်ကြီးဖြစ်နေပြီးတစ်ယောက်ခြေထောက်ကိုထိသွားတယ်။

နောက်တစ်ယောက်ကတော့လက်နဲ.ခြေထောက်မှာပွန်းပဲ.ဒဏ်ရာတွေရသွားတယ်ဟုပြောသည်။
၀၂၀
Popular Myanmar News Journal

ဝမ်ပေါင်ကုမ္ပဏီနှင့် အစိုးရအဖွဲ့တို့ ရေးဆွဲခဲ့သော စာချုပ်မူကြမ်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထား

Tuesday, 09 July 2013
ဝမ်ပေါင်ကုမ္ပဏီနှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲမှ ရရှိလာသော စာချုပ်မူကြမ်းကို ပြည်ထောင် စု ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်များနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ဇူလိုင် ၈ ရက်က တင်ပြခဲ့သည်ဟု အဆိုပါ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

အဆိုပါ စာချုပ်မူကြမ်းကို ၂၀၁၃ ခုနှစ် ဇွန် ၂၄ ရက်က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာဝမ်ပေါင် ကုမ္ပဏီလီမိတက်တို့နှင့် သတ္တုတွင်း ၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပညာရှင်များ ပါဝင်သော ညှိနှိုင်း အစည်းအဝေး ပြုလုပ်ကာ အကြံပြု ဆွေးနွေးချက်များနှင့် ညှိနှိုင်းရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း အစီ ရင်ခံစာ ဖော်ပြချက်အရ သိရသည်။

အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အ ထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အနေဖြင့် သိမ်းဆည်းမြေများအပေါ် ယခင်လျော်ကြေးနှုန်း ထား ဟောင်းများကို ပြင်ဆင်လျော်ကြေး ပေးစေခဲ့ရာ ယာမြေတစ်ဧက ကျပ် ၁၀ သိန်း၊ မိုးကောင်းသောက်လယ်မြေ တစ်ဧကလျှင် ကျပ် ၁၂ သိန်း၊ မြစ်ရေတင်နှင့် ဆည်ရေသောက်မြေ တစ်ဧကလျှင် ကျပ် ၁၅ သိန်းနှုန်းဖြင့် ပေးလျော်စေခဲ့ပြီး လက်ရှိအချိန်အထိ မြေဧက ၂၇၁၅ ဒသမ ၉၁ ဧက အတွက် ကျပ်သိန်းပေါင်း ၂၇၉၈၇ ဒသမ ၈၂ သိန်း ပေးလျော်ခဲ့ပြီး ဖြစ်သည်။
eleven media group

တရုတ် ဗိုလ်ချုပ်ကြီးသား မုဒိမ်းမှုနဲ့ စွဲဆို

9/7/2013
တရုတ် ပြည်မှာ စစ်ဗိုလ်ချုပ်ကြီး တဦးရဲ့ ဆယ်ကျော်သက် အရွယ်သားကို အမျိုးသမီး တယောက်ကို အုပ်စုလိုက် မတရား ပြုကျင့်မှု နဲ့ စွဲဆို ထားပါတယ်။

အသက် ၁၇ နှစ် အရွယ် Li Tianyi ကို ဖေဖော်ဝါရီ လက ဘေဂျင်း မြို့တော် ဟိုတယ် တလုံးမှာ မူးယစ် သောက်စားပြီး တခြား လူ ၄ ယောက်နဲ့ အတူ အမျိုးသမီး တယောက်ကို ကျူးလွန် စော်ကား ခဲ့မှုနဲ့ စွဲဆို ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂ နှစ် ကလည်း သူ မောင်းတဲ့ နံပါတ်ပြား မပါတဲ့ ဇိမ်ခံကား ရှေ့က လမ်းပိတ်တယ် ဆိုပြီး တခြား ကားပိုင်ရှင် စုံတွဲကို စော်ကား ရန်စမှု အတွက် ပြုပြင်ရေး စခန်းကို တနှစ် အပို့ ခံရဖူးပါတယ်။

ရုပ်သံမှာ မျိုးချစ် စိတ် တက်ကြွဖွယ် သီချင်းတွေ ဆိုလေ့ ရှိတဲ့ သူ့ဖခင် ဗိုလ်ချုပ်ကြီး Li Shuangjiang ကိုယ်တိုင် ဒီစုံတွဲကို တောင်းပန် ခဲ့ရပါတယ်။

တရုတ် မီးရထား ဝန်ကြီးဟောင်းကိုလည်း ဒေါ်လာ ဆယ်သန်း လာဘ်စားမှုနဲ့လည်း ဆိုင်းငံ့ သေဒဏ် ပေးခဲ့ပါတယ်။
BBC (မြန်မာပိုင်း)

ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် အိမ်စီးကားနှင့် မန္တလာမင်း အဝေးပြေးယာဉ်တို့ တိုက်မိပြီး လေးဦးသေဆုံး

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် surf အိမ်စီးကားကို တွေ့ရစဉ်
Tuesday, July 09, 2013
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲက surf အိမ်စီးကား တစ်စီးနှင့် မန္တလာမင်း အဝေးပြေးယာဉ် တစ်စီးတို့ တိုက်မိမှုကြောင့် surf အိမ်စီးကားပေါ်တွင် ပါသော ယာဉ်မောင်း
တစ်ဦးနှင့် မိသားစုသုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်-မန္တလေး အမြန်လမ်းကြီး မိုင်တိုင်အမှတ် ၂၆၂ မိုင်၊ ၃ ဖာလုံ ပျော်ဘွယ်မြို့နယ်အတွင်း ရန်ကုန်မှ မိတ္ထီလာသို့ မောင်းနှင်နေသည့် surf အိမ်စီးကား (အဖြူရောင်) ယာဉ်ကို ရန်ကုန်-မန္တလေး ပြေးဆွဲနေသော မန္တလာမင်း ခရီးသည်ယာဉ် တစ်စီးက လက်ဝဲဘက်မှ ကျော်တက်စဉ် surf အိမ်စီးကား၏ ဘယ်ဘက်ခြမ်း နောက်ပိုင်းအား ၀င်တိုက်မိကြောင်း သိရသည်။

ယင်းသို့ ၀င်တိုက်မှုကြောင့် surf အိမ်စီးကားမှာ မန္တလာမင်း ခရီးသည်တင်ယာဉ်၏ အရှေ့သို့ ရောက်ရှိသွားခဲ့သဖြင့် ထပ်မံတိုက်
ခံရကာ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် surf အိမ်စီးကားတွင် ပါရှိသည့် မိသားစုဝင် သုံးဦးဖြစ်သည့် ဦးညိုဝင်း (၄၅) နှစ်၊ ဒေါ်နီနီစိုး (၄၄) နှစ်၊ မဖြိုးဖြိုးလွင် (၂၈) နှစ်နှင့် ယာဉ်မောင်း အပါအ၀င် စုစုပေါင်း လေးဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ အတိုက်ခံရသော surf အိမ်စီးကားပေါ်ရှိ မိသားစုဝင်များမှာ မိတ္ထီလာ
မြို့တွင် ရောက်ရှိနေသူ မိခင်ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှု ခံယူရန်အတွက် ရန်ကုန်သို့ ခေါ်ဆောင်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

''အခင်းဖြစ်ပြီး ကျွန်တော်ရောက်သွားတော့ ပျော်ဘွယ်လေး ရဲစခန်းမှာ စစ်ချက်ယူတယ်၊ ဖြစ်တဲ့နေရာမှာ ကျွန်တော်တို့ဘက်က လေးယောက်လုံး ပွဲချင်းပြီးသေတယ်'' ဟု အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့သူ ကိုဝဏ္ဏက ဆိုသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် သေဆုံးသူ ယာဉ်ပိုင်ရှင် ကိုညွန့်ဝင်း၏ ဇနီးဖြစ်သူက ''ဒါနဲ့ပတ်သက်ပြီးတော့ ပျော်ဘွယ်လေး ရဲစခန်းကတော့ စစ်ချက်ယူထားတယ်၊ အမှုလဲ မဖွင့်ရသေးပါဘူး။ ကားမောင်းတဲ့ ကိုခိုင်မောင်လတ်က ကိုညွန့်ဝင်းရဲ့ သူငယ်ချင်း၊ နောက် ကျွန်မအစ်မနဲ့ အိမ်က ကလေးရယ် အားလုံးလေးယောက်သွားတာ အကုန်ပွဲချင်းပြီးတယ်'' ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ဝင်းမာက ဆိုသည်။

ဇူလိုင် ၃ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၄ လယ်ဝေးမြို့ အနီးတွင် အမျိုးသား ဆရာဝန်လေးဦးနှင့် ယာဉ်မောင်း အမျိုးသားတစ်ဦး စီးနင်းလိုက်ပါလာသော လန်ခရူဆာ ကားတစ်စီး တံတားတစ်ခုပေါ်မှ အရှိန်လွန်ပြုတ်ကျသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယာဉ်ပေါ်ပါသူ ဆရာဝန်လေးဦးမှာ ဒေါက်တာအောင်မြင့် ၆၈ နှစ်၊ ဒေါက်တာမြအောင် ၆၇ နှစ်၊ ဒေါက်တာအောင်မြတ်စိုး ၆၁ နှစ်၊ ဒေါက်တာကျော်စိုး ၅၁ နှစ်တို့ဖြစ်ပြီး ယာဉ်မောင်းမှာ
ဦးသန်းဦး ၅၇ နှစ်တို့ ဖြစ်သည်။
Eleven Media Group


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂ ဘီလျံ

Tuesday, 09 July 2013
၂၀၁၃ ခုနှစ် မေ ၃၁ ရက်မှ ဇွန် ၃၀ ရက်အထိ တစ်လအတွင်း တရုတ်၊ ထိုင်း၊ စင်ကာပူ အပါအ၀င် နိုင်ငံပေါင်း ငါးနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၃၂ သန်းကျော် ထပ်မံမြှုပ်နှံခဲ့ပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၄၂ ဘီလျံကျော်အထိ ရှိလာကြောင်း သိရသည်။

ထပ်မံမြှုပ်နှံမှု ပြုလုပ်ခဲ့သည့် ကဏ္ဍများမှာ ကုန်ထုတ်လုပ်မှုနှင့် ဟိုတယ်ကဏ္ဍတို့ဖြစ်ပြီး တရုတ်၊ ထိုင်း၊ ဗြိတိန်၊ စင်ကာပူနှင့် အိန္ဒိယနိုင်ငံတို့မှ မြှုပ်နှံခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံပေါင်း ၃၂ နိုင်ငံမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်
ရှိပြီး ၂၀၁၃ ခုနှစ် မေ ၃၁ ရက်အထိ စာရင်းများအရ မြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၂၄၉၆ ဒသမ ၇၁၂ သန်း ရှိ ရာမှ ယခု ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ အမေရိကန် ဒေါ်လာ ၄၂၉၂၉ ဒသမ ၀၄၇ သန်းအထိ တိုးမြှင့်မြှုပ်နှံမှု ပြုလုပ်ခဲ့သည့်အတွက် တစ်လအတွင်း အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၃၃၅ သန်း တိုးလာခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အနေဖြင့် အမေရိကန်ဒေါ်လာ ၃၇၉ ဒသမ ၀၅ သန်းဖြင့် အများဆုံး မြှုပ်နှံခဲ့ခြင်းဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် စင်ကာပူနိုင်ငံမှ
ဒေါ်လာ ၂၃ ဒသမ ၆၈ သန်း၊ ဗြိတိန်နိုင်ငံမှ ဒေါ်လာ ၁၅ ဒသမ ၈၃၅ သန်း၊ တရုတ်နိုင်ငံမှ ဒေါ်လာ ၄ ဒ သမ ၁ သန်းနှင့် အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၉ ဒသမ ၆ သန်း အသီးသီး ၀င်ရောက် မြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့်လည်း ဇွန်လအတွင်း၌
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် လုပ်ငန်း ၁၄ ခုအား လုပ်ကိုင်ခွင့် ချထားပေးပြီးဖြစ်ကြောင်း သိရသည်။

ယခင်ဘဏ္ဍာရေး နှစ်များအတွင်း၌ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရာတွင် အကျိုးအမြတ်များသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတူးဖော်ရေး ကဏ္ဍနှင့် လျှပ်စစ်စွမ်းအား ကဏ္ဍတို့တွင် အဓိက ၀င်ရောက်မြှုပ်နှံခဲ့ကြပြီး ယခုနောက်ပိုင်းတွင်မူ ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့် အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်သည့် လက်ခစား အထည်ချုပ်လုပ်
ငန်းနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် မြှုပ်နှံလုပ်ကိုင် လာကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ စာရင်းများအရ တရုတ်နိုင်ငံ
မှ အမေရိကန်ဒေါ်လာ ၁၄၁၈၅ သန်းကျော်ဖြင့် အများဆုံး မြှုပ်နှံမှု ပြု
လုပ်ထားကြောင်း သိရသည်။
eleven media group

ရခိုင်တွင် ကျည်ဆန်များ ရောင်းချမှုဖြင့် တပ်ကြပ် တဦးနှင့် အမျိုးသမီးတဦး ဖမ်းဆီးခံရ

Monday, July 08, 2013
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ (ခြေမြန်တပ်ရင်း) ၃၇၅ မှ တပ်ဖွဲ့ဝင် တဦးနှင့် အမျိုးသမီးတဦးတို့အား ကျည်ဆန်များရောင်းချမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ခမရ ၃၇၅ တပ်ရင်းမှ တပ်ကြပ်ကျော်ဝေသည် စစ်တပ်ပိုင် ကျည်ဆန်များကို ကျောက်တော်ဒေသ ခံ ဒေါ်အေးကြည်ဆိုသည့် အမျိုးသမီးမှ တဆင့်ရောင်းချသည်ဟု စစ်ဆေးတွေ့ရှိရ၍ ၎င်းတို့နှစ်ဦးစလုံးကို ယမန်နေ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်က
ဧရာဝတီကို ပြောသည်။

“ကျည်ဆန်တောင့် ၃၀၀၊ ငွေသား ကျပ်၂ သိန်းကျော်နဲ့အတူ မအေးကြည်ကို ဖမ်းမိတယ်၊ အဲဒီကျည်ဆန်တွေဟာ တပ်ကြပ် ကျော်ဝေက ပို့ဆောင်ခိုင်းတာလို့ ထွက်ဆိုတယ်၊ မအေးကြည်ကို ရဲစခန်းမှာ စစ်ဆေးနေတုန်းပါ၊ ကျော်ဝေကိုတော့ စစ်တပ် အချုပ်ခန်းမှာပဲ စစ်တပ် ဥပဒေအတိုင်း ဆောင်ရွက်နေပါတယ်”ဟု ရဲမှူး ခင်မောင် က ဆိုသည်။

တပ်ကြပ် ကျော်ဝေအား လက်နက် အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂ (၁)(ဂ) အရ စစ်ဘက်ရေးရာ အရာရှိများနှင့် ရဲ တပ်ဖွဲ့ ပူးပေါင်း စစ်ဆေးနေပြီး ဒေါ်အေးကြည်ကိုမူ ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေကြောင်းလည်း၎င်းက ပြောဆိုသည်။

ကျောက်တော်မြို့နယ် လမ်းမတော်အရပ်မှ ဒေါ်အေးကြည်သည် တခြားကျေးရွာသို့သွားစဉ် သင်္ကာမကင်း၍ ကျောက်တော် မြို့နယ် အမျိုးသမီး ကွန်ရက်မှ အမျိုးသမီး ခေါင်းဆောင်များက ရှာဖွေစစ်
ဆေးစဉ် ကျည်ဆန်များတွေ့ရှိကြောင်း၊ ထို့ကြောင့် မြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ မြို့နယ် အာဏာပိုင်များနှင့်အတူ ဒေသခံ ရပ်မိရပ်ဘများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သော ရပ်မိရပ်ဘ တဦးဖြစ်သူ ဦးမောင်ဝင်းက ဧရာဝတီ ကို ပြောပြသည်။

ဒေါ်အေးကြည်၏ ဖခင်သည် ပန်းပဲဆရာ တဦးဖြစ်ကြောင်း၊ ၎င်းပြုလုပ်သည့် ဓား၊ ဆောက်၊ လှံ၊ ဂျင်ကလိ စသည့် သံထည် ပစ္စည်းများကို ထိုဒေသရှိ ဘင်္ဂါလီ(မွတ်စလင်)ကျေးရွာများတွင် ရောင်းချလေ့ရှိကြောင်း၊ ယခုအကြိမ်တွင်လည်း ထိုလက်နက် များ ထပ်မံ ရောင်းချနေသည်ကို တားဆီး လိုသည့်အတွက် စစ်ဆေးရာမှ ကျည်ဆန်များ တွေ့ရှိခြင်းဖြစ်ကြောင်း၎င်းက ရှင်းပြသည်။

“ကျနော်တို့ ထင်တာက စူးဆောက်တွေ၊ ဓားတွေပဲ ထင်ပြီးစစ်ဆေးတာ၊ ကျည်ဆန်တွေကိုပါ တွေ့တော့ ရဲစခန်းကို အကြောင်း ကြားပြီးမှ ဖမ်းဆီးစစ်ဆေးရင်းနဲ့ စစ်သားက ပို့ခိုင်းတယ်လို့ ထွက်ဆိုတယ်”ဟု ဦးမောင်ဝင်းက ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစု အပါအ၀င် ကျောက်တော်မြို့နယ်တွင်လည်း ဘင်္ဂါလီလူမျိုးများနှင့် ပဋိပက္ခ ဖြစ်ထား၍ ပြဿနာများ ဆက်လက်မဖြစ်ပွားရန်၊ တည်ငြိမ်အေးချမ်းစေရန် ဓား၊ လှံ၊ ဂျင်ကလိ စသည့်လက်နက်များ ဆက်လက် မရောင်းချနိုင် ရေး တားဆီးရန် ရည်ရွယ်ချက်ဖြင့် ရပ်မိရပ်ဘများက အစည်းအဝေးပြုလုပ် ဆုံးဖြတ်ကြကာ စစ်ဆေးကြခြင်း ဖြစ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။

ကျောက်တော်မြို့နယ်၏ နေရာဒေသ တချို့တွင် ခိုးမှု၊ လုယက်မှု တချို့ဖြစ်ပွားနေကြောင်း သိရပြီး မင်းကြပ်ကျေးရွာမှ ကျောင်းဆရာမ တဦးနှင့် ကျောင်းသူတဦးတို့ တရွာမှတရွာသို့သွားစဉ် လမ်း၌ အကြမ်းဖက် တိုက်ခိုက်၍ လက်ဝတ်ပစ္စည်းများ လုယက်ခံခဲ့ရကြောင်း ရခိုင်ပြည်နယ် အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသော ကျည်ဆန်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးနေစဉ် (ဓာတ်ပုံ – နိရဉ္စရာ)
ဧရာဝတီ

ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦး ပြန်လည်ဆောက်လုပ်ရေးတောင်းဆို

7 ဇူလိုင် အထိမ်းအမှတ် အခမ်းအနားပုံရိပ်တချို့။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။ ဓာတ်ပုံ - ၈၈ မျိုးဆက်
07.07.2013
တကသ လို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်က မိုင်းခွဲ ဖျက်စီးခံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ခွင့် ရရေး တောင်းဆို လိုက်ကြပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၅၁ နှစ်မြောက် 7 ဂျူလိုင်နေ့ အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့ချုပ်ရုံးမှာ ကျင်းပစဉ် အခုလို တောင်းဆိုခဲ့ကြတာပါ။ ဒါ့အပြင် ဒီ 7 ဂျူလိုင် မမေ့နိုင် အခမ်းအနားတွေ ကိုလည်း မြန်မာနိုင်ငံတ၀ှမ်းမှာ ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

စစ်အာဏာရှင် အစိုးရလက်အောက်မှာ နေခဲ့စဉ်က တရားဝင် လွတ်လွတ် လပ်လပ် ကျင်းပခွင့်မရခဲ့တဲ့ 7 ဂျူလိုင် မမေ့နိုင် အောက်မေ့ဘွယ် အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေ အပါအ၀င် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မှာဆိုရင် သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးမှာ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တို့ကနေ ပူးပေါင်းပြီး ဒီကနေ့ ကျရောက်တဲ့ ၅၁ နှစ်မြောက် 7 ဂျူလိုင်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြတာပါ။

“ပထမဆုံး အလေးပြုတယ်။ ပြီးတော့ တစ်မိနစ် ငြိမ်တယ်။ ပြီးတော့ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၂ အထိကို ခေတ်အဆက်ဆက် ကျောင်းသား မျိုးဆက် ခေါင်းဆောင်တွေကနေပြီးတော့ အထိမ်းအမှတ်စကား ပြောကြတယ်။ ပြီးတော့ ကျနော်တို့ ကဗျာ ရွတ်တယ်ခင်ဗျ။ ကဗျာရှည်တစ်ပုဒ် ရွတ်တယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂများ မြက်ခင်းပြင် ရှေ့အထိကိုသွားပြီးတော့ အလံအလေးပြုခြင်းလုပ်တယ်။ တစ်မိနစ် ၀မ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်တယ်။”

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုပိုင်ရဲသူ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၂ ခုနှစ် ဂျူလိုင်လ ၇ ရက်နေ့က ဦးနေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ ကနေ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲ ဖျက်စီးခဲ့စဉ်က ပြိုကျခဲ့တဲ့ သမဂ္ဂအဆောက်အဦးရဲ့ အုတ်ပုံအတိုင်း သဏ္ဍန်တူအောင် သရုပ်ပြ Performance တခုကိုလည်း ဒီအခမ်းအနားမှာ ကျောင်းသားတွေက လုပ်ခဲ့ကြပါတယ်။

“ညောင်ရေအိုးလောက်ရှိတဲ့ အိုး ၅၁ အိုးကို ကျောင်းသားသမဂ္ဂ နံရံလိုပုံစံမျိုး ထား ထားပြီးတော့ ခွဲတယ်။ ကျောင်းသားသမဂ္ဂ အဆောက်အဦး မိုင်းနဲ့ဖျက်ဆီးခံရတဲ့အချိန်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး လုံးဝ အုတ်ပုံနီးနီး ဖြစ်သွားတယ်ဗျာ။ အဲဒီအထိမ်းအမှတ် ညောင်ရေအိုးကို ခွဲတယ်။ ခွဲတဲ့အခါ အဲဒီအနားမှာ အုတ်ပုံကြီးလို နည်းနည်းကြီးသွားတယ်။ အဲဒီလို ပုံစံမျိုးဖြစ်သွားတယ်။ ပြီးတော့ ခွပ်ဒေါင်းအလံအမည်း တ၀က် တက်တယ်။ ပြီးတော့ မိုးပျံပူဖောင်း လွှတ်ခဲ့တယ်။ နှင်းဆီပန်းတွေ ကျောင်းသား သမဂ္ဂမြေပြင်မှာ ချခဲ့တယ်ခင်ဗျ။

“ကျောင်းသားတွေ အများကြီး သေဆုံးခဲ့ရတယ်ဗျာ။ အဲဒီတော့ ၀မ်းနည်းခြင်းအနေနဲ့ ခွပ်ဒေါင်းအလံကိုလည်း အနက်ရောင် ရွေးခဲ့တယ်။ မိုးပျံပူဖောင်းကိုလည်း အနက်ရွေးခဲ့တယ်။ နှင်းဆီပန်းကိုလည်း အနက်ရွေးခဲ့တယ်ခင်ဗျ။”

အဲ့ဒီနောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ က  ဒီအခမ်းအနားမှာ -

“ကျနော်တို့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မိုင်းခွဲပြီး ဖြိုချလိုက်တယ် ဆိုတာဟာ အဆောက်အဦးကို သက်သက် ဖြိုချတာမဟုတ်ဘဲ နဲ့ ကျောင်းသားတွေရဲ့ တော်လှန်တဲ့စိတ်၊ လွတ်လပ်ရေး လွတ်လပ်မှုအတွက် အာခံတဲ့စိတ်ဓာတ်၊ အဲဒီ သမဂ္ဂစိတ်ဓာတ်ကြီးကို အပြီးသတ်ဖြိုချ ဖို့ တော်လှန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြံအစည်ဟာ ဒီနေ့ မြင်ကွင်းကို ကြည့်လိုက်မယ်ဆိုရင် မအောင်မြင်ဘူးဆိုတာ ထင်ရှားပါတယ်။ ဘယ်တော့မှလည်း အောင်မြင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံ ကျောင်းသားတွေရဲ့သမိုင်းဟာ ထူးခြားတဲ့ဖြစ်စဉ်တခုပါ။ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ၊ အမျိုးသား လွတ်မြောက်ရေး ခေါင်းဆောင်တွေကို အဲဒီသမဂ္ဂ ကပဲ မွေးထုတ်ခဲ့တယ်။ လွတ်လပ်မှု တိုက်ပွဲအဆက်ဆက် အဲဒီသမဂ္ဂ ကပဲ မွေးထုတ်ခဲ့တယ်။ အဲဒီတော့ ကျနော်တို့ရဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသားသမဂ္ဂစိတ်ဓာတ် ဟာ တော်လှန်တဲ့စိတ်ဓာတ်၊ အာခံတဲ့စိတ်ဓာတ်၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ စိတ်ဓာတ်၊ အဲဒီစိတ်ဓာတ်ဟာ ဘယ်တော့မှမမေ့ဘဲနဲ့ ကျောင်းသားမျိုးဆက်ရှိနေ သမျှ ကာလပတ်လုံး အဲဒီတော်လှန်တဲ့ အာခံတဲ့စိတ်ဓာတ်၊ လွတ်လပ်မှုကို မြတ်နိုးတဲ့စိတ်ဓာတ်က ရှိနေဦးမှာဖြစ်ပါတယ်။”

ဒီကနေ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးမှာ ကျင်းပခဲ့တဲ့ တကသ ကျောင်းသားများအဖွဲ့ကတော့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီး ပြန်လည် တည်ဆောက်ခွင့်ရရေး အပါအ၀င် ၅ ချက်ကို တောင်းဆိုခဲ့ကြတယ်လို့ လည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုပိုင်ရဲသူ က ဆက်ပြောပြပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန် ဖွံ့ဖြိုးရေးနဲ့ မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ခွင့် ရရှိရေး၊ တက္ကသိုလ်အက်ဥပဒေ အမျိုးသားပညာရေးမူဝါဒ အမြန်ဆုံး အကောင်အထည်ဖော်ပြီး တက္ကသိုလ်မြေပေါ်တွင် ကျောင်းသားသမဂ္ဂ တရားဝင်ရပ်တည်ရေး အဲဒါကို တောင်းဆိုတာခင်ဗျ။”

ဒီ 7 ဂျူလိုင် မမေ့နိုင် အခမ်းအနားတွေကို ရန်ကုန် တောင်ဥက္ကလာပမြို့နယ်၊ သန်လျင်မြို့နယ်တွေအပြင် မန္တလေး စတဲ့ နယ်မြို့အသီးသီးမှာ လည်း ကျောင်းသားအဖွဲ့အစည်းတွေက ကျင်းပခဲ့ကြသလို၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ကလည်း 7 ဂျူလိုင် အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။
မနန္ဒာချမ်း
ဗွီအိုအေ (မြန်မာပိုင်း)

ဗုဒ္ဓဂါယာတိုက်ခိုက်မှု အိန္ဒိယအစိုးရအပြင်းအထန်ရှုတ်ချ

ဗုဒ္ဓဂါယာမှာ စောင့်ကြပ်နေတဲ့ အိန္ဒိယလုံခြုံရေးဝန်ထမ်းတဦး။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။
08.07.2013
အိန္ဒိယနိုင်ငံအရှေ့ဘက် ဘီဟာပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဗုဒ္ဓဂါယာမှာ တနင်္ဂနွေနေ့က ဗုံးတွေဆက်တိုက် ပေါက်ကွဲခဲ့တဲ့ အတွက် မြန်မာနိုင်ငံသား ရဟန်းတော် တပါး အပါအ၀င် ဘုရားဖူး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် သတ်မှတ်ထားတဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ် တိဘက် သံဃာတော်ကတော့ ဒဏ်ရာ ပြင်းထန်ပုံ ရတယ်လို့လည်း မျက်မြင်တွေ့ခဲ့တဲ့ ဘုရားဖူးသံဃာတော် တပါးက မိန့်ပါတယ်။

“ကျောင်းဝင်းထဲမှာ ဗုံးပေါက်ကွဲတော့ အထိတ်တလန့် ဖြစ်ကုန်ကြပါ တယ်။ မြန်မာဘုန်းကြီး တပါး ဒဏ်ရာရပါတယ်။ နောက်ပြီး တိဘက် ဘုန်းတော်ကြီး တပါးလည်း ဒဏ်ရာတော်တော် ပြင်းပြင်းထန်ထန် ရပြီး သွေးတွေလည်း အများကြီးထွက်တာ တွေ့ပါတယ်။”

ပထမဆုံးဗုံး ၄ လုံးဟာ မဟာဗောဓိဘုရားကျောင်းဝင်းထဲမှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး၊ နောက်ဆက်တွဲ အနီးအနားက ဘုန်းတော်ကြီးကျောင်းဝင်း တခုထဲမှာလည်း ၃ လုံးပေါက်ကွဲခဲ့သလို၊ ဉာဏ်တော်အမြင့်ပေ ၈၀ ရှိတဲ့ မဟာဗောဓိစေတီတော်အနီးနားမှာလည်း  နောက်ထပ် ၁ လုံးထပ်ပြီးပေါက်ကွဲ ခဲ့တာ ဖြစ်တဲ့အကြောင်း အိန္ဒိယ အာဏာပိုင်တွေ ကပြောပါတယ်။ ထိခိုက်ဒဏ်ရာတွေ ရသွားတဲ့ သံဃာတော်တွေကတော့ မဟာဗောဓိ စေတီတော် အနီးအနားက ပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့လည်း မျက်မြင်တွေ့ခဲ့သူ သံဃာတော်က မိန့်ပါတယ်။

“ဘုန်းကြီးတပါးရဲ့ ဒဏ်ရာက တော်တော်ပြင်းပါတယ်။ ဘွဲ့ကိုတော့ မသိပါဘူး။ မဟာဗောဓိပင်တံတား နောက်ဘက်မှာ အသံအကျယ်ကြီး ပေါက်ကွဲခဲ့တာပါ။ ကျနော်တို့ ကြားသလောက်ဆိုရင် ကျောင်းဝင်းထဲမှာတင် ၄ လုံး ပေါက်ခဲ့ ပါတယ်။”

တိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟာဆိုရင်တော့ ဂေါတမ မြတ်စွာဘုရား သဗ္ဗေညုတ ရွှေဉာဏ်တော်ရရှိခဲ့တဲ့ မဟောဗောဓိ ညောင်ပင်ရှိရာ နေရာအဖြစ်၊ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့နေရာဖြစ် ပါတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသားတွေ အပါအ၀င် ဘုရားဖူးသူတွေ ထောင်သောင်းချီပြီး လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ ဒီလိုဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့နေရာတွေကို အခုလို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းကတော့ အပြင်းအထန် ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကိုလည်း သည်းခံမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပက်သက်ပြီး ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာတော့ ချက်ချင်းမသိရသေးပါဘူး။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုဟာ မကြာသေးခင်က  အိမ်နီးချင်းမြန်မာနိုင်ငံ အတွင်း ဗုဒ္ဓဘာသာ နဲ့ မူဆလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့၊ စစ်သွေးကြွတွေက ပြန်ပြီး တိုက်ခိုက်တာဖြစ်တယ်လို့ အိန္ဒိယရဲဌာန နဲ့၊ အတိုက်အခံပါတီခေါင်းဆောင် တချို့က စွပ်စွဲနေကြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Salman Khurshid ကတော့ ဒီဗုံးတွေကို ဘယ်သူတွေဖောက်ခွဲတယ် ဆိုတာကို တိကျတဲ့ သတင်းအချက်အလက်တွေ မရမချင်း  တစုံတရာ မှတ်ချက်မပေးနိုင်သေးတဲ့အကြောင်း၊ အများပြည်သူ ငြိမ်းငြိမ်းချမ်းချမ်း ဆုတောင်းမေတ္တာပို့သတဲ့ ဘာသာရေးနယ်မြေမှာ အခုလို သူရဲဘောကြောင်တဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီဖြစ်ရပ်အတွက် အတော်လေးကို ၀မ်းနည်းမိကြောင်း အိန္ဒိယနိုင်ငံအနောက်မြောက်ဘက် Rajastahn ပြည်နယ်၊ Jaipur မြို့တော်မှာပြောဆိုသွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး သတင်းအချက်အလက်တွေ ပိုပြီးရလာတဲ့အခါ ဒီကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) ကလည်း ဒီပေါက်ကွဲမှုတွေနဲ့ ပက်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ် လို့ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေ နောက်ပိုင်းမှာတော့ ဗုဒ္ဓဂါယာ အနီးတ၀ိုက်မှာ လုံခြုံရေးတွေကို တိုးမြှင့်ချထားလိုက်ပြီး အာဏာပိုင်တွေက သတိပေး နှိုးဆော်ချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ခရီးသွားတွေရဲ့ ခန္ဓာကိုယ်ပေါ်နဲ့ သူတို့နဲ့အတူပါလာတဲ့ ခရီးဆောင်အိပ်တွေကို ရဲတွေက ပိုက်စိပ်တိုက်ပြီး ရှာဖွေနေကြပါတယ်။ ဗုဒ္ဓဂါယာမှာ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနီးအနား ပြည်နယ်တွေမှာလည်း လုံခြုံရေးအတွက် သတိထားကြဖို့နဲ့ မသင်္ကာသူတွေကို ရှာဖွေစစ်ဆေးဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားလိုက်ကြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ဗုဒ္ဓဂါယာ ဗုံးပေါက် ကွဲမှုတွေ နဲ့ ဆက်စပ်ပြီး အမျိုးသား တဦးကို ဖမ်းဆီး

၀၈.၀၇.၂၀၁၃ (တနင်္လာနေ့)
မနေ့က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ မဟာဗေဓိ ကျောင်းတော်ကြီးနဲ့ တဝိုက် ဗုံးပေါက် ကွဲမှုတွေ နဲ့ ဆက်စပ်နေပြီး အမျိုးသား တဦးကို ဖမ်းဆီး လိုက်ပြီ လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါ တယ်။

လုံခြုံရေး ကင်မရာ ထဲမှာတော့ အမျိုးသား နှစ်ဦးဟာ အဲဒီ နေရာ တဝိုက်မှာ ဗုံးလိုက်ထောင်နေတာကို တွေ့ရပါတယ်။ ဒီအတွက် စုံစမ်း စစ်ဆေးသူတွေ ကနေ ဒီဗီဒီယိုကို ကြည့်ပြီး၊ အသေးစိတ် အကဲဖြတ် လေ့လာ ဆန်းစစ် မှုတွေ ပြုလုပ်နေပါတယ်။

ပေါက်ကွဲမှုတွေကြောင့် မြန်မာ ဘုန်းတော်ကြီး တပါးနဲ့ တိဘက် ဘုန်းတော်ကြီး တပါး အပါအဝင် တခြား လူ ၅ ဦး ဒဏ်ရာ ရရှိ သွားခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်တယ်ဆိုတာကတော့ အခု အချိန်အထိ မသိရသေးပါ။
ဘီဘီစီ (မြန်မာပိုင်း)

ပြောင်းလဲမှု

FB-Htet Htet Wayut Yee

မဟာဗောဗိပင် ဘုရား ပွင့်တော်မူရာ ညောင်ပင် ခြေရင်း ဗုန်းပေါက်ကွဲ

ဝမ်းနည်းဖွယ် ရာ ဒီနေ့မနက် ၅:၄၅ ခန့် မဟာဗောဗိပင် ဘုရား ပွင့်တော်မူရာ ညောင်ပင် ခြေရင်း ဗုန်းပေါက်ကွဲခဲ့ပါသည်။ ၆း၀၀ ဝန်းကျင်အချိန်ထိ ၅လုံး ပေါက်ကွဲနေပါသည် ကျန် ၄ လုံးသည် ဘုရားပတ်ဝန်းကျင်သာ ဖြစ်ပါသည် ဒဏ်ရာရှိမှု လူနည်းချိန်ဖြစ်၍ အနည်ငယ်သာ ရှိနိုင်ပါသည် မြန်မာ
ရဟန်းတော် တပါးသာ အနည်းငယ် ထိခိုက်ပါသည် ကျန်တာတော့ ဦးဇင်းလည်း ချက်ချင်း ပြေးလာခဲ့ပါသည်။
Utayza Monk
Thuyaaung Thuyaaung Thuyaaung



သီအိုရီအရ မမှားဘူး

 Ar Tone

ငါကတော့ ဗိုလ်ချုပ်လိုပဲ ခပ်ကြမ်းကြမ်းပဲ

နိုင်ငံရေးပယောဂဆိုတာ နိုင်ငံရေးချည်းမထင်နဲ့၊ အုပ်ချုပ်သူလူတန်းစား ပါကောင်းပါလိမ့်မယ်၊ ဟုတ်လား၊ အေး ဒီ အုပ်ချုပ်သူလူတန်းစားဆိုတာ စည်းစည်းလုံးလုံးနဲ့ ညီညွတ်နေတာ အင်မတန် ကြောက်တာပေါ့၊ အေး ကွဲပြားမှ၊ ဒါက ဗြိတိသျှအစိုးရ အုပ်ချုပ်ခဲ့တာ၊ ဒီအတိုင်းပဲကွ၊ မကွဲကွဲအောင် လုပ်တယ်၊ အေး ဗမာပြည်အစိုးရအဆက်ဆက် ဒီအတိုင်းပဲကွ၊ မကွဲကွဲအောင် သူတို့က လုပ်မှာ။

အဲဒီတော့ ညီညွတ်ဖို့ မလိုဘူးလား၊ (မှန်ပါ) အဲ သိပ်ကိုလိုတယ်၊ ဟုတ်လား၊ လူ့လောကလဲ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ရင် ဒို့ တိုင်းပြည် မတိုးတတ်ဘူးလား(တိုးတက်မှာပါဘုရား) အခုတော့ ရန်ဖြစ်နေကြတယ်၊ တိုးတက်ပါဦးမလား၊ (မတိုးတက်ပါဘုရား) ဘယ်တော့မှ မတိုးတက်ဘူး၊ စိတ်ချ၊ ဒီအတိုင်းသာ ကြာရင် ဒိထက် ကြာလေနိမ့်လေ နိမ့်သွားမယ် ဗမာနိုင်ငံ၊ ဟုတ်လား၊ လူနေမှုအဆင့်အတန်းဟာလဲ ကြာလေ နိမ့်လေ နိမ့်သွားမယ်၊ အဲဒါကတော့ နိုင်ငံရေးပဲ၊ ငါက နိုင်ငံရေးကို ဟောကိုဟောမှာ၊ ဟုတ်လား၊ ဘာပြုလို့တုန်း? တိုင်းပြည်က နိုင်ငံရေးမသိလို့ ဒီလိုဖြစ်နေတာ ဟုတ်လား၊ နိုင်ငံရေးသိရင် ဒီလိုမဖြစ်ဘူး၊ အဲ လူကြီးတွေက စပြီး နိုင်ငံရေးမသိဘူး၊ ဒီနိုင်ငံက ၊ အဲ ခပ်ရိုင်းရိုင်းပြောရင် သူတို့ဟာ သူတို့ ဖင်ခေါင်းကျယ်နေတာ၊တကယ်ကျတော့ မသိဘူး၊ ဟုတ်လား။

ငါကတော့ ဗိုလ်ချုပ်လိုပဲ ခပ်ကြမ်းကြမ်းပဲ ပြောတာ၊ ဟုတ်လား၊ ဗိုလ်ချုပ်က အစည်းအဝေးပွဲ တခုမှာ “ ခဗျားတို့ လွတ်လပ်ရေးရပြီးတောင် ပြဲနေအောင်လုပ်မှ ဒီနိုင်ငံ တိုးတက်မှာ”တဲ့၊ အဲသလိုပြောလိုက်တော့ သူ့အကို ဦးဘ၀င်းက ”အောင်ဆန်း မင်းကွာ မိုက်လိုက်တာ၊ မင်းဘာပြုလို့ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း သုံးတာတုန်း?၊ ” ဟာ အကိုကြီးနှယ် ဗမာနိုင်ငံက လူတွေက ဒီလို ရိုင်းရိုင်းစိုင်းသုံးမှ မှတ်မိမှာ”တဲ့။ ဟုတ်လား ၊ အေး မှတ်ထား၊ ငါလဲ မှတ်မိအောင်လို့ ပြောနေတာ၊ အဲဒါ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ရင် တိုးတက်မယ်။ ။

(၁၃၆၅-ခု)
မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်ကြီး
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မစိုးရိမ်တိုက်သစ် ရတနာပုံနေပြည်တော် မဟာအောင်မြေ

ထပ်ပြီး အသက်ခံရပြန်ပြီ

၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇)သားသမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

ရုံတာဝန်ခံ ကိုကျော်သူမှ မေမြန်းသောအခါ ဆူဗန်းဂျာရာ SS/6C လမ်းထိပ်တွင် မြန်မာတစ်ဦးဓါးဒဏ်ရာဖြင့်သေဆုံးနေကြောင်းအကြောင်းကြားပါသည်။

ထို့နောက် ရုံအတွင်ရှိ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း ဥက္ကဌ ဦးစန်းဝင်းနှင့် မြန်မာနိုင်ငံသားများအတွက် ကူညီဆောင်ရွက်ပေးနေသော (မလေးရှား) နိုင်ငံ သား Dato Dr Riches Tan နှင့် အဖွဲ့ ဝင်များသည် မလေးရှား ရဲတပ်ဖွဲ့သို့ချက်ခြင်းအကြောင်းကြားပြီး အခင်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပါသည်။

ထိုနေရာသို့ရောက်သောအခါ ဇနီးသည် မမေသန်းနှင့် သူငယ်ချင်း မြန်မာမိသားစုများအား အလောင်းနားတွင်တွေ့ဆုံခဲ့ပါသည်။

ဇနီးသည်၏ပြောချက်အရ ကိုရဲဝင်းထွန်း အသက်(၃၃)နှစ်သည် အမှတ်(၄၀၄) သုမာလာ၊ ၉ လမ်း ( ၂ ) ရပ်ကွပ် မြောက်ဥက္ကလာ တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မလေးရှားတွင်နေထိုင်သည်မှာ ၁၀နှစ်ကျော်ခန့် ရှိပါသည်။

6P စီမံချက်ဖြင့်ထုတ်ပေးသော ပါတ်စ်ပို့စာအုပ်တွင် ပါမစ်ရှိပါသည်ကိုရဲဝင်းထွန်းသည်ကားပြင် ၊ ဆေးမှုတ်စက်ရုံ ဆူဗန်းမေဝ တွင်အလုပ်လုပ်ပါသည် ယမန်နေညတွင်ဇနီးသည်မှ အိမ်ပြန်မလာသဖြင့် ည ၁၁ နာရီကျော်တွင် ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ ဇနီးသည်အား ဆူဗန်းဂျာရာရှိ Summit Five Star Hotel ရှေတွင် စက်စမ်းရန်မောင်းနှင့်လာသောကားမှာ စက်ပျက်နေသဖြင့် တစ်ဦးတည်းကားပြင်နေရကြောင်း ဇနီးသည်မမေသန်းအား စိတ်မပူရန်ပြန်ပြောပါသည်။

ထို့နောက် ၆-၇-၂၀၁၃ နံနက်ကြီး ၁ နာရီခန့်တွင်ထက်မံ၍ဖုန်းဆက်သောအခါ ကိုရဲဝင်းကိုင်ဆောင်နေသောဖုန်းနှစ်လုံးမှ တစ်လုံးသာခေါ်၍ရပါသည်ကျန်တစ်လုံးမှာခေါ်၍မရပါ ခေါ်ဆို၍ရသောဖုန်မှာဖုန်းကိုင်မည့်သူမရှိပါ ထပ်မံ၍ခေါ်သောအခါဖုန်းကိုပိတ်လိုက်ပါသည်။

ထို့နောက်မိသားစုများမှ စိုးရိမ်၍ ၄င်း ကားပျက်သောနေရာသို့ ဦးလေးဖြစ်သူတစ်အိမ်တည်းနေသူများနှင့်ရှာဖွေသော်လည်းမတွေ့ရှိခဲ့ရပါ။

ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ရေမြောင်းထဲတွင်ဓါးဒဏ်ရာ ၇ ချက်ဖြင့်သေဆုံးနေကြောင်းနှင့်၎င်စက်စမ်းယာဉ်ကားလည်းအနားတွင်ရှိနေကြောင်းကိုဇနီးသည်မှ နာရေးကူညီမှု့အသင်းမှ တာဝန်ရှိသူများအားပြောကြားပါသည်။ ထိုနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှရောက်ရှိလာသောအခါ ဇနီးသည်အားမေးမြန်းပြီ လိုအပ်သည်များကိုဆောင်ရွက်ခါ ဆူဗန်းဂျာရာ မြို့ မှ အလောင်းကို သယ်ဆောင်ပြီ PJ ယူနီဗာစတီ ဆေးရုံသို့် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်း၍ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း မှ စစ်ဆေးရန် ပို့ဆောင်ခဲ့ပါသည်။
မြန်မာလူမှုကူညီရေးအသင်း - Malaysia






ကျေးရွာဓာတ်မှန်စက် နှင့် အတွင်းရေးမှူးစားရိတ် ကောက်ခံရေး လယ်သမားများ အချင်းချင်းအငြင်းပွား

ရန်ကုန်၊ ဇူလိုင် ၆။
ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာတွင် ချေးငွေဘဏ်မှရရှိမည့် စိုက်ပျိုးစားရိတ်ချေးငွေမှ
ဓာတ်မှန်ခန်းနှင့် အတွင်းရေးမှူး စားရိတ်အတွက် ကောက်ခံမှုတွင် လယ်သမားများ အချင်းချင်း အငြင်းပွားမှုများ ဖြစ်နေကြကြောင်း ယင်းလယ်သမားများထံမှ သိရသည်။

စိုက်ဘဏ်မှ တစ်ဧကလျှင် တစ်သိန်နှုန်း ချေးငွေရရှိကြမည့် ရွှေလောင်းကျေးရွာရှိ လယ်သမားများက
စုံညီအစည်းအဝေးတွင် ကျေးရွာဆေးခန်းရှိ ဓာတ်မှန်ခန်းအတွက် ငါးဧကအောက်ရှိ လယ်သမားများက ၃၀၀၀ကျပ်နှင့် ငါးဧကအထက် လယ်သမားများက ၅၀၀၀ကျပ် သတ်မှတ်သည့်အပြင် အတွင်းရေးမှူးအတွက် စားရိတ်၂၀၀၀ကျပ် အဖြစ် သတ်မှတ်ရာတွင် လယ်သမားအချင်းချင်း သဘောမတူညီသူများ ရှိနေကြခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကိုယ့်ရပ်ကိုယ့်ရွာအတွက် လုပ်တာပဲ။ ကျွန်တော်တို့ လယ်သမားတွေက လုပ်တာပါ။
ဘယ်အုပ်ချုပ်ရေးမှူးကမှ ခိုင်းတာမဟုတ်ပါဘူး။ မထည့်ချင်တဲ့သူတွေ မထည့်ကြနဲ့ပေါ့။ ဘယ်သူကို ဘယ်လောက်ထည့်ရမယ် လို့မပြောထားဘူး”ဟု လယ်သမားတစ်ဦးဖြစ်သူ ဦးဖေကြိုင်က ပြောကြားသည်။

ဓာတ်မှန်ခန်းနှင့် ပတ်သက်၍ ခွဲငွေသည် လယ်သမားများ အနေဖြင့် ကျေးရွာကျန်းမာရေးအတွက်
ထည့်သင့်ကြောင်း ယခင်ကဆိုလျှင် ဝါးခယ်မမြို့နှင့် ရန်ကုန်တို့တွင် လာရောက်၍ ဆေးကုသမှု
ခံယူကြရကြောင်း၊ ကျေးရွာတွင် ရှိပါက ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် ရောဂါအခြေခံကို
သိရှိ၍ လွယ်ကူစွာ ဆေးကုသမှု ခံယူနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ လယ်သမား အများစုက ခက်တယ်ဗျ။ နောက်ကွယ်ကြမှ လက်သီးပြတဲ့ လူမျိုးလိုပဲ။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ကြောက်နေကြတယ်။ နောက်ပြီး ဘယ်လောက် ထည့်ရမယ်ဆိုတာ မပြောထားရင် အလှူခံပုံးနဲ့ လုပ်ပါလား”ဟု လယ်သမား ဦးသန်းဝင်းက ပြောကြားသည်။

ကျေးရွာမှ ဓာတ်မှန်ခန်းအတွက် ကျေးရွာရှိငွေကြေး ပြည့်စုံသူများထံမှ ကောက်ခံမှုများ လုပ်ဆောင်သည့်အပြင် ရန်ကုန်ရှိ ရွှေလောင်းသားများ ထံမှလည်း ကောက်ခံမှုများကို ပြုလုပ်ပြီးဖြစ်ကြောင်းနှင့် လယ်သမားများ အနေဖြင့် ဘဏ်ချေးငွေ ရရှိရန် ကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ အတွင်ရေးမှူးများ၏ လက်မှတ်များ လိုအပ်သောကြောင့် လယ်သမားများ အနေဖြင့် အုပ်ချုပ်ရေးမှူးများကို
 ကြောက်နေကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးအပိုင်းကနေပြီး ဒီလိုလုပ်တာ မရှိပါဘူး။ အားလုံးက လယ်သမားတွေကပဲ သူတို့ပါသာ စီစဉ် ဆောင်ရွက်ကြတာပါ”ဟု ရွှေလောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းက
ပြောကြားသည်။

ရွှေလောင်းကျေးရွာတွင် လယ်ယာစိုက်ဘဏ်မှ စာရင်းပေးသွင်ထားသူလယ်သမား ၂၆၀ခန့်ရှိပြီး
နောက်တိုးအနေဖြင့် စိုက်ဘဏ်မှ ဘဏ်စာရင်းစာအုပ်လုပ်ပါက တစ်ဦးလျှင် ၅၀၀၀ ကျပ်ပေးဆောင်ရကြောင်းလည်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်

ကသည်းလက်နက်ကိုင်အဖွဲ့က ဆက်ကြေးတောင်း၍ နန့်ဖာလုံဈေးကိုပိတ်ပြီးဆန္ဒပြ

တမူး၊ ဇူလိုင် ၆။
မြန်မာ – အိန္ဒိယနယ်စပ်မြို့ ဖြစ်သည့် တမူးမြို့၊ နန့်ဖာလုံဈေးတွင် အိန္ဒိယဘက်၊ မိုးရေးမြို့မှ
ဈေးလာဝယ်သည့်ကုန်သည်များကို ကသည်းလက်နက်ကိုအဖွဲ့က ဆက်ကြေး တောင်းနေခြင်းကြောင့် နန့်ဖာလုံဈေးကို ဇူလိုင်(၅)ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်၍ဆန္ဒပြကြောင်း သိရသည်။

“တနေ့က မိုးရေးကနေ ဈေးလာဝယ်တဲ့ ကုန်သည် တစ်ယောက်ဆီကနေ KCP ကသည်း လက်နက်ကိုင်အဖွဲ့သား တစ်ဦးက အိန္ဒိယငွေ နှစ်သိန်းတောင်းတယ်။ နှစ်သိန်း မတတ်နိုင်လို့ ညှိတော့ ငါးသောင်းနှင့် ပြတ်သွားတယ်။ ဇွန်(၅)ရက်နေ့ နေ့လည်တစ်နာရီမှာ နန့်ဖာလုံဈေးတ၀ိုက် အတွင်းမှာရှိတဲ့ အိမ်တစ်အိမ်မှာ အဲဒီ အိန္ဒိယငွေ ငါးသောင်းလာပေးဖို့ ဖုန်းပြောပြီး ချိန်းတယ်။ ဒါပေမယ့် ဈေးသူဈေးသားတွေ သိသွားတော့ အဲဒီ ကသည်းသူပုန်က ထွက်ပြေး သွားတယ်။ တမူးမြို့က ခရိုင်ထွေအုပ်နဲ့ မြို့နယ်ထွေအုပ် ၊ ဌာနဆိုင်ရာတွေက တာဝန်ယူပေးမယ်လို့ ပြောပေမယ့် အခုထိတော့ ဘာမှမထူးသေးဘူး။ ဈေးကိုတော့ ဇွန်(၅)က်နေ့ကစပြီး ပိတ်ထားကြပြီ။ အိန္ဒိယဘက်က  မိုးရေးဈေးလည်း ဒီနေ့ကစပြီး ပိတ်ထားလိုက်ပါပြီ။ ငါးရက်အတွင်းမှာ အုပ်ချုပ်ရေးဘက်က ဘာတစ်ခုမှ တာဝန်ယူ ဖြေရှင်းပေးမှုမရှိရင် ဆက်လက် ဆန္ဒပြဖို့ရှိတယ်”ဟု နန့်ဖာလုံဈေးသည် တစ်ဦးက ပြောကြားသည်။

ကသည်းလက်နက်ကိုင် အဖွဲ့များက ဆက်ကြေးတောင်းနေသဖြင့် အိန္ဒိယဘက်မှ ကုန်သည်များ နန့်ဖာလုံဈေးတွင် ဈေးလာမ၀ယ်ခြင်းကြောင့် လက်လီရော လက်ကားပါ ရောင်းအား မရှိတော့ကြောင်း ၊ မြန်မာနိုင်ငံ နယ်နိမိတ်ထဲတွင် ကသည်းလက်နက်ကိုင် အဖွဲ့များမရှိဟု မြန်မာအစိုးရဘက်က ပြောထားသည်မှာ မမှန်ကန်ကြောင်း၊ နယ်ခံများ အနေဖြင့် ကသည်းလက်နက်ကိုင်ရှိသည့် နေရာများကို ပြောပြနိုင်ကြောင်း နန့်ဖာလုံဈေးတွင် ဈေးရောင်းနေသည့် တမူးမြို့ခံတစ်ဦးက ပြောသည်။

တမူးခရိုင် ထွေအုပ်ရုံး၊ မြို့နယ်ထွေအုပ်ရုံးများသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း အစည်းအဝေး ပြုလုပ်နေသောကြောင့်ဟု လည်းကောင်း၊ ထပ်မံ ဆက်သွယ်သော်လည်း အုပ်ချုပ်ရေးမှူး မရှိကြောင်းသာ ဖြေကြားသည်။ ယင်း ကသည်းလက်နှက်ကိုင် အဖွဲ့အစည်းကိစ္စနှင့် ပတ်သက်၍ ဌာနဆိုင်ရာများမှ ထုတ်ဖော်ဖြေကြားလေ့ မရှိကြောင်း သိရသည်။
ကျော်သူစိုး (ကလေးမြို့)
မြန်မာ့ခေတ်

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com