http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရခိုင်တိုင်းရင်းသား အမျိုးသမီးများဘ၀ လုံခြုံမှုမရှိဟု RWU ပြော

ရခိုင်အမျိုးသမီးများ ရခိုင်ပြည်မှာနေပြီး ဘ၀လုံခြုံမှုမရှိဘူးဟု ဘင်္ဂလားဒေ့ခ်ျနိုင်ငံအခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)၏ သတင်းနှင့် ပြန်ကြားရေး(ယာယီတာဝန်ခံ) စောခင်အေးလွင်က ပြောကြားသည်။

ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်မြို့မှ အမျိုးသမီးငယ်တစ်ဦး သံတွဲတွင် သားမယားအဖြစ် ပြုကျင့်ခံလိုက်ရသည့် ဖြစ်ရပ်က သက်သေပြလိုက်ပြီဖြစ်ကြောင်း စောခင်အေးလွင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ကျမတို့ ရခိုင်အမျိုးသမီးတွေ ကိုယ့်ရခိုင်ပြည်မှာနေပြီးတော့ လုခြုံရေးမရှိဘူးဆိုတာကို ဒီဖြစ်ရပ်တွေက သက်သေပြနေပါပြီ။ အစိုးရအနေနဲ့ သေချာတဲ့နေရာချထားပေးတာတွေ အပါအ၀င် ရခိုင်နယ်မြေ မဆုံးရှုံးစေရေးအတွက် သတိကြီးစွာထားပြီး အလုပ်လုပ်ဖို့လိုတဲ့အကြောင်း ပြောချင်ပါတယ်။ ” ဟူ သူက ပြောသည်။

၂၀၁၂ ခုနှစ် မတ်လ (၂၈)ရက်နေ့က ရမ်းဗြဲမှ မသီတာထွေး မဒိန်းကျင့်ခံရမှုနှင့် ယခုနှစ် ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်မှ မစုစုမွန် မဒိန်းကျင့်ခံရမှုများမှာ ကြိုတင်ကြံစည်မှုတစ်ခုအဖြစ် RWU အနေဖြင့် သုံးသပ်ကြောင်း စောခင်အေးလွင်က ပြောဆိုသည်။

“ ၂၀၀၆ ခုနှစ်မှာ ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာက အမျိုးသမီးငယ် (၆) ဦးမှာ မယူတောင်တန်းထဲတွင် မဒိမ်းကျင့်ခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်တုန်းကလည်း မောင်တောမြို့နယ်က အသက် (၄၀)ကျော် အမျိုးသမီးတဦး မောင်တောဒေသခံ မူဆလင်တွေရဲ့ မဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာလည်း ရသေ့တောင့်မြို့နယ် ကိုးတင်ကောက်ကျေးရွာက အမျိုးသမီးငယ်(၂)ဦးကို အုပ်စုလိုက် မဒိမ်းကျင့်တာကို ခံခဲ့ရပါတယ်။ ” ဟု စောခင်အေးလွှင်က ဆက်ပြောသည်။

ရခိုင်ပြည်ရှိ ဒေသခံ ရခိုင်တိုင်းရင်သား အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ရခိုင်အမျိုးသမီးများအား မူဆလင်များမှ မဒိန်းကျင့်စော်ကားမှုမှာ လွန်ခဲ့သောနှစ်များတွင်လည်း ဖြစ်ပွားခဲ့ပြီး အသက်သေဆုံးမူးများလည်း ရှိနေခြင်း၊ ဤသို့ဖြစ်နေခြင်းမှာ တိုင်းပြည်လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်ပြီး ရခိုင်ပြည်လုံခြုံရေးကို မျက်ခြည်မပြတ်စောင့်ကြည့်ရန်နှင့် မဒိန်းမူကျူးလွန်သူများအား ထိရောက်စွာအရေးယူရန် စသည့်အချက်သုံးချက်ကို ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ရခိုင်တိုင်းရင်းသား အမျိုးသမီးများအား ဘင်္ဂလီများမှ မဒိန်းကျင့်နေခြင်းနှင့် ပတ်သက်၍ “ ရခိုင်တိုင်းရင်းသား အမျိုးသမီးတွေကို ဘင်္ဂလီတွေက မဒိန်းကျင့်တာဟာ ရခိုင်အမျိုးတွေရဲ့ စိတ်ထဲမှာ ဘင်္ဂလီတွေကို ကြောက်လာအောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်နေတာဖြစ်တယ်၊ ဒီလို မဒိန်းကျင့်မှုတွေ မဖြစ်ပေါ်ရအောင် ရခိုင်တမျိုးသားလုံးမှာ တာဝန်ရှိသလို အုပ်ချုပ်သူ အစိုးရမှာလည်း တာဝန်ရှိပါတယ်။ ” ဟု ရသေ့တောင်မြို့နယ် အာရက္ခဖောင်ဒေးရှင်းမှ ဒေါ်စိုးစိုးဌေးက ပြောသည်။

မစုစုမွန်အား အဓမ္မပြုကျင့်သည့် ဘင်္ဂလီနှစ်ဦးကို သံတွဲရဲစခန်းတွင် တရားစွဲဆိုထားပြီး ၄င်းတို့ပြစ်မှုကျူးလွန်သည့် သက်သေခံပစ္စည်းများကို ဓါတုဗေဒဌာနသို့ စစ်ဆေးရန်ပို့ထားကာ ယင်းဌာနမှပြန်လည်ပို့ပေးပြီးမှာသာ ထိုသူတို့ကို တရားစီရင်ရန် ရုံးထုတ်ပေးမည်နှင့် အဆိုပါအမှုအား ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ၀ိုင်းဝန်းပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေမှ တာဝန်ရှိသူ ကိုစိန်ချစ်ကပြောသည်။
မိုးဇော်
Arakan Times

ဆဲဗင်းဂျူလိုင် အခမ်းအနားတွေ တစ်နိုင်ငံလုံးအနှံ့ ကျင်းပဖို့ပြင်ဆင်နေ

၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက်အာရုဏ်တက်ချိန်တွင် စစ်အစိုးရရဲ့ ဗုံးခွဲဖျက်ဆီးခြင်းခံရသော ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံ
photo: Internet
2013-07-04    
လာမယ့် ၅၁ နှစ်မြောက် ဆဲဗင်းဂျူလှိုင် အခမ်းအနားတွေကို ၂ဝဝ၇ မျိုးဆက်ကျောင်းသားတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တက္ကသိုလ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က တက္ကသိုလ်တွေထဲမှာ အဓိကကျင်းပနိုင်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က RFA ကို ပြောပါတယ်။

မြို့တော်တော်များများမှာ ဆဲဗင်းဂျူလိုင် အခမ်းအနားတွေကို ကျင်းပသွားမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ ခရိုင် ၅ခု  စုပေါင်းပြီး ပြပွဲပြိုင်ပွဲတွေ စကားရည်လုပွဲတွေ ကျင်းပသွားမယ်လို့ ဗ.က.သ များအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် မဖြိုးဖြိုးအောင်က ပြောပါ တယ်။

ပြီးခဲ့တဲ့နှစ်က ဆဲဗင်းဂျူလိုင် အခမ်းအနားတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ကျင်းပခွင့် မပေးခဲ့တဲ့အတွက် နေရာအခက်အခဲတွေရှိခဲ့ပြီး အခမ်းအနားမကျင်းပမီ တစ်ရက်အလိုမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား ၂၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က အာဏသိမ်းခဲ့ပြီးနောက် တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ဇူလိုင်လ ၇ရက်နေ့မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ တည်ရှိတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း ဗုံးခွဲဖြိုချခဲ့ပါတယ်။

အဲဒီနေ့ကို အစွဲပြုပြီး  ၇ ဂျူလိုင် အခမ်းအနားတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
RFA (မြန်မာပိုင်း)

Snowden ခိုလှုံခွင့် လျှောက်လွှာ ပြင်သစ် ပယ်ချ

Snowden နိုင်ငံရေးခိုလူံခွင့် လျောက်ထားတဲ့ နိုင်ငံများ
05.07.2013
ထောက်လှမ်းရေးဌာနဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ အမေရိကန်အစိုးရက ရာဇဝတ်မှုနဲ့ အလိုရှိနေတဲ့  Edward Snowden ရဲ့ နိုင်ငံရေးခိုလှုံခွင့်လျောက်ထားချက်ကို ပြင်သစ်အစိုးရက ပယ်ချလိုက်ပါတယ်။  ဥပဒေကြောင်းအရရော သူ့ရဲ့အခြေအနေအရပါ သူ့ရဲ့ နိုင်ငံရေး ခိုလှုံခွင့်လျောက်ထားချက်ကို လက်မခံနိုင်ကြောင်း ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ရုရှနိုင်ငံ မော်စကိုက Sheremetyevo လေဆိပ်မှာရှိတဲ့ ခရီးသည်တွေ ခေတ္တနားနေတဲ့ နေရာမှာ ရောက်နေတာ ၁၁ရက်ကြာနေပြီဖြစ်တဲ့ Snowden ကို လိုလားမှုမရှိတဲ့ အရိပ်လက္ခဏာတွေပါ တွေ့နေရပါတယ်။ Snowden အနေနဲ့ သူသွားမယ့် နေရာ တစ်နေရာရာကို ရွေးချယ်ဖို့အတွက် လိုအပ်နေပြီလို့ ရုရှဒုတိယနိုင်ငံရေးဝန်ကြီး Sergei Ryabkov က ကြာသပတေးနေ့မှာ ပြောကြားလိုက်ကြောင်း ရိုက်စ်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီလိုပြောကြားတာဟာ Snowden အမြန်ဆုံးထွက်ခွာသွားဖို့အတွက် တိုက်တွန်းခဲ့တဲ့ ရုရှသမ္မတ Vladimir Putinနဲ့လည်း တသဘောတည်းဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကျင်းပ

အမေရိကန်နိုင်ငံတွင်း လွတ်လပ်ရေးဆင်နွှဲနေကြစဉ်။ ( ဇူလိုင်လ ၄ရက်)
05.07.2013
ဇူလိုင်လ ၄ ရက်နေ့မှာကျရောက်တဲ့ အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စုတ၀ှမ်း ကျင်းပ ဆင်နွှဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က နယူးယောက်မြို့မှာ ပြင်းထန်တဲ့ စန္ဒီမုန်တိုင်း တိုက်ခတ်ခံခဲ့ရပြီးတဲ့နောက် ပိတ်ထားခဲ့တဲ့ နယူးယောက်မြို့ရဲ့ အထင်ကရ The Statue of Liberty လွတ်လပ်ခြင်း အထိမ်းအမှတ် ကျောက်ရုပ်ကြီးကိုလည်း အများပြည်သူ လာရောက် ကြည့်ရှုနိုင်အောင် လွတ်လပ်ရေးနေ့မှာ ပြန်လည် ဖွင့်ပေးခဲ့ပါတယ်။ သမ္မတအိုဘားမား ကလည်း လွပ်လပ်ရေးကြေညာ စာတမ်းပါ အချက်တွေ အတိုင်း နိုင်ငံသားတွေ ဆက်လက် နေထိုင်သွားကြဖို့ လွတ်လပ်ရေးနေ့မှာ တိုက်တွန်းခဲ့ပါတယ်။ လွတ်လပ်ရေးနေ့မှာ အမေရိကန်တ၀ှမ်းက လွတ်လပ်ရေး အခမ်းအနားတွေ အကြောင်းကိုတော့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ဇူလိုင်လ ၄ ရက်နေ့ဟာ ဗြိတိသျှလက်အောက်နေ အမေရိကန် လွတ်လပ်ရေးရယူခဲ့တဲ့ (၂၃၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်တာကြောင့်မိုလို့ အမေရိကန်ပြည်ထောင်စုတ၀ှမ်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကြာသပတေးနေ့က စည်စည်ကားကား ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ဒီလိုနေ့မျိုးမှာ မီးရှူးမီးပန်းတွေ၊ အလှပြ စီတန်းလှည့်လည်မှုတွေ၊ စင်မြင့်ဖျော်ဖြေမှုတွေနဲ့ အပြင်ထွက် ပျော်ပွဲစားတာတွေ လုပ်လေ့ရှိကြတာပါ။ အမေရိကန်ပြည်သူတွေ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဆင်နွှဲနေကြချိန်မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားကလည်း လွပ်လပ်ရေးကြေညာ စာတမ်းပါ အချက်တွေအတိုင်း နိုင်ငံသားတွေ ဆက်လက် နေထိုင်သွားကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ မျိုးချစ်ပုဂ္ဂိုလ်တစုက ကျနော်တို့ဟာ တန်းတူညီမျှခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ကိုးကွယ်ခွင့် နဲ့ လွတ်လပ်စွာ နေထိုင်ခွင့်ရှိတဲ့သူတွေ ဖြစ်တယ်ဆိုပြီး ကြေညာခဲ့ကြတာဖြစ်ပါတယ်။ ကျနော်တို့ဟာ ကိုလိုနီ လက်အောက်ခံတွေ မဟုတ်တော့ဘူး၊ ကျနော်တို့ရဲ့ ကံကြမ္မာကို ဘယ်သူကမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ။ ကျနော်တို့ကိုယ်တိုင်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ဆိုတာကို တကမ္ဘာလုံးသိအောင် ကြေညာလိုက်တဲ့ ကြေညာချက်ပဲဖြစ်ပါတယ်။”

ဒီလွတ်လပ်ရေးနေ့မှာပဲ မနှစ်က လူတွေသေဆုံးတဲ့အထိ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ရတဲ့ စန္ဒီ မုန်တိုင်းကြောင့် ပိတ်ထားခဲ့ရတဲ့ နယူးယောက်မြို့က အထင်ကရ The Statue of Liberty လွတ်လပ်ခြင်းအထိမ်းအမှတ် ကျောက်ရုပ်ကြီးကိုလည်း အများပြည်သူ ကြည့်ရှုနိုင်အောင် တရားဝင် ပြန် ဖွင့်ပေးခဲ့ပါတယ်။ စန္ဒီမုန်တိုင်းကြောင့် ရေလွှမ်းခဲ့ရတဲ့ ဒီကျောက်ရုပ်ကြီးရှိရာ Liberty ကျွန်းမှာ ကြာသပတေးနေ့က ကြယ်ပွင့်တွေ၊ ရောင်စုံအလံတွေနဲ့ အလှဆင်ထားပေမဲ့၊ တချို့နေရာတွေကို သွားလာမှုတွေ ပိတ်ထားဆဲဖြစ်ပြီး၊ ဖယ်ရီသင်္ဘောတွေ အဓိက သွားလာ ဆိုက်ကပ်တဲ့နေရာကိုတော့ ဖွင့်ထားပေးပါတယ်။ ဒီကျွန်းငယ်လေးရှိရာကို ထွက်ခွာတဲ့ နယူးယောက်မြို့လယ် Manhattan အရပ်က Battery Park ပန်းခြံမှာ စောင့်ဆိုင်းနေကြတဲ့ လူတန်းကြီးကလည်း အရှည်ကြီးဖြစ်နေတာပါ။

“ကျနော့်အတွက်တော့ နယူးယောက်မြို့ကို ပထမဆုံး လာလည်တဲ့ခရီးပါ။ ဇူလိုင်လ ၄ ရက်နေ့မှာ The Statue of Liberty ကျောက်ရုပ်ကြီးကို သွားကြည့်ရတာ တကယ့်ကို ပျော်စရာကောင်းလိမ့်မယ်လို့ ထင်ပါတယ်။”

အမြင့်ပေ ၃၀၅ ပေရှိတဲ့ ခန့်ညားထည်ဝါတဲ့ The Statue of Liberty ကျောက်ရုပ်ကြီး ရှိရာကို လွတ်လပ်ရေးနေ့မှာ သွားရောက်ကြည့်ဖို့ အတွက် သင်္ဘောဆိပ်မှာ တန်းစီနေတဲ့ Rick Perkins ပြောသွားတာပါ။ ဒီလို သွားကြမယ့်လူအုပ်ထဲ Boy Scouts လို့ခေါ်တဲ့ အမေရိကန် ကင်းထောက်လူငယ်အဖွဲ့တွေလည်း ပါပါတယ်။ အမေရိကန်နိုင်ငံရဲ့ မူရင်းသမိုင်း နေရာတွေကို လေ့လာနိုင်ဖို့အတွက် Boy Scouts အဖွဲ့ခေါင်းဆောင်တွေက အခုလို လူငယ်တွေကို ခေါ်လာတာပါ။

“သူတို့တွေရဲ့ ဘိုးဘွားဘီဘင်တွေဟာ တခြားနိုင်ငံတွေကနေ ဒီနေရာကို၊ Ellis ကျွန်းကို၊ အခု Statue of Liberty ရှိတဲ့နေရာကို လာခဲ့ကြတဲ့သူတွေပါ။ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သူတို့တွေ ပြည့်ပြည့်၀၀ နားလည်အောင် လုပ်ပေးနိုင်ဖို့ပါပဲ။”

အင်ဒီယားနား ပြည်နယ်က လူငယ်ကင်းထောက်အဖွဲ့ခေါင်းဆောင် Dick Greiese ပြောသွားတာပါ။

အခုလို လွတ်လပ်ရေးနေ့မှာ The Statue of Liberty ကျောက်ရုပ်ကြီး ရှိရာကို သွားရောက်ခဲ့ကြသူတွေ အများအပြား ရှိခဲ့သလိုပဲ၊ အမေရိကန်ကန်ပြည်ထောင်စုမြို့တော် ၀ါရှင်တန်ဒီစီမှာတော့ လွှတ်တော်အဆောက်အဦးအနီး The National Mall လို့ခေါ်တဲ့ အမျိုးသားရင်ပြင် ကွင်းပြင်ကျယ်ကြီးထဲမှာ စုဝေးဆင်နွှဲကြပါတယ်။

နံမည်ကျော် အဆိုတော်တွေရဲ့ စင်မြင့်ဖျော်ဖြေပွဲတွေအပြီးမှာတော့ လှပတဲ့ မီးရှူးမီးပန်းတွေ အများအပြား ကောင်းကင်မှာ ပစ်ဖောက်ပြီး ဆင်နွှဲကြတာဖြစ်ပါတယ်။ ဒီလိုပဲ တခြား ပြည်နယ်တွေ၊ အရပ်ဒေသတွေမှာလည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို စည်းစည်းကားကား ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ခုလို လွတ်လပ်ရေးနေ့ လူစုလူဝေး နဲ့ဆင်နွှဲမှုတွေကို အနှောက်အယှက်ပေးတဲ့ ဘယ်လို အကြမ်းဖက် ခြိမ်းခြောက်မှုမျိုးမှ မရှိခဲ့ဘူးလို့လည်း အမေရိကန်လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
မခင်ဖြူထွေး
ဗွီအိုအေ (မြန်မာပိုင်း)

KNU တပ်မဟာ ၇ ကုမ္ပဏီထောင်

မြဝတီကနေ ကေအန်ယူ ကုန်သွယ်ရေး လုပ်မယ်
4 ဇူလိုင်လ 2013
နှစ် ပေါင်း ၆ဝ ကျော် အစိုး ရနဲ့ လက် နက် ကိုင် တိုက် ခိုက် လာခဲ့ တဲ့ ကရင် အမျိုးသား အစည်း အရုံး ကေ အန် ယူ တပ် မဟာ ၇ ဟာ မြန် မာ အစိုး ရ ဆီမှာ တရား ဝင် ကု မ္ပဏီ ထောင် ပြီး ပို့ကုန် သွင်း ကုန် နဲ့ ခရီး သွား လုပ်ငန်း တွေ လုပ် ကိုင် ဖို့ ကြာသပတေးနေ့က ရုံး ခန်း ဖွင့် လှစ် လိုက် ပါပြီ။

ကေ အန် ယူ တပ် မဟာ ၇ က မိုး ကို စံ ဆိုတဲ့ အမည် နဲ့ မြ ဝတီ မြို့ အမှတ် ၂ဝ၁ ၊ သီရိ မင်္ဂ࿿ လာ လမ်း ကုန်းမြင့် သာ ရပ် ကွက် မှာ ရုံး ခန်း ဖွင့်လှစ် လိုက် တာ ဖြစ် ပါတယ် ။

မြန်မာ အစိုး ရသစ် နဲ့ အပစ် အခတ် ရပ်စဲ ရေး သဘော တူ ထား တဲ့ လက် နက် ကိုင် အဖွဲ့တွေ ထဲ မှာ တရား ဝင် ကု မ္ပဏီ ထောင် ပြီး လုပ် ငန်း စတာ က ဒါ ပထ မ ဆုံးလို့ ပြော ရမှာပါ ။

လတ် တလော ပစ်မှတ် ထားတဲ့ ခရီး သွား လုပ်ငန်းကို မစနိုင်သေး ပေမယ့် မြန်မာ အစိုး ရ က ထိုင်း နယ် စပ် က တဆင့် မွန် နဲ့ ကရင် ပြည် နယ် ကို ခ ရီး သွားလုပ် ငန်း တွေ မကြာမီ ခွင့် ပြု ဖို့ ရှိ တာ ရယ်၊ ဒီနှစ် မြန်မာနိုင်ငံ မှာ ကျင်းပဖို့ ရှိ တဲ့ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ မှာ နယ် စပ်က ဝင်လာမယ့် ခရီး သွား တွေ ကို ခွင့် ပြု ဖို့ ရှိတာတွေ ရယ် ကြောင့် ပြင်ဆင်တဲ့ အနေနဲ့ အခု လို မြ ဝတီ မှာ ဖွင့် တာ လို့ မိုး ကို စံ ကု မ္ပဏီ ပြော ပါတယ်။

ကေ အန် ယူ တပ် မဟာ ၇ အလား တူ တပ် မဟာ အချို့ လည်း ကု မ္ပဏီတွေ ဖွဲ့ ဖို့ ပြင်ဆင်နေ ပါတယ်။

မြန်မာနိုင်ငံ ရင်း နှီး မြုပ်နှံ မှု ကော် မ ရှင် မှာ အခြား တိုင်းရင်း သား လက် နက် ကိုင် အဖွဲ စည်း တွေ ဖြစ် တဲ့ ရှမ်း မွန် နာဂ စတဲ့ အဖွဲ တွေ လည်း ကု မ္ပဏီ ဖွဲ့ ပြီး စီး ပွား ရေး လုပ် ဖို့ လျှောတ်ထား ပြင်ဆင်နေတယ် လို့ စီး ပွား ရေး လုပ် ငန်း ရှင်တွေက ဆို ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မွတ်ဆလင် ညီနောင်များ အစိုးရသစ်မှာ မပါ

စစ်အာဏာ သိမ်းမှု အဆုံးသတ်ဖို့ မွတ်ဆလင် ညီနောင်များ တောင်းဆို
4 ဇူလိုင်လ 2013
ကြားဖြတ် အစိုးရသစ်မှာ ပါဝင်ဖို့ အီဂျစ် သမ္မတသစ် ဖိတ်ကြားချက်ကို မွတ်ဆလင် ညီနောင်များ အဖွဲ့က ပယ်ချ ခဲ့ပါတယ်။
အီဂျစ်ဟာ အာဏာရှင်နိုင်ငံ ဖြစ်နေပြီ၊ ဒါကြောင့် ရွေးကောက်ခံ သမ္မတ မိုဟာမက် မော်စီကို ဖြုတ်ချတဲ့ စစ်အာဏာ သိမ်းမှုကို အမြန်အဆုံးသတ်ဖို့လည်း မွတ်ဆလင် ညီနောင်များ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က တောင်းဆို ခဲ့ပါတယ်။

သမ္မတ မော်စီကို ပြုတ်ကျ စေချင်တဲ့ ပြည်သူ အများစု ဆန္ဒ အရ စစ်တပ်က ဆောင်ရွက်ခဲ့ပြီး နောက်ထပ် နိုင်ငံရေး ဖြစ်စဉ်တွေမှာ စစ်တပ် ဆက်ပြီး မပါ ဖို့ မျှော်လင့်ကြောင်း အီဂျစ် အတိုက်အခံ ခေါင်းဆောင် Mohamed El Baradei က ဘီဘီစီကို ပြောပါတယ်။

သောကြာ နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကြီးတွေ ဆင်နွှဲဖို့လည်း မွတ်ဆလင် ညီနောင်များ အဖွဲ့က တောင်းဆို ထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက်မှာ ၂၀၁၆ ခုနှစ်အထိ တစ်နှစ်လျှင် ဒေါ်လာသန်း နှစ်ထောင်သာ တန်သည်ဟုဆို

Thursday, 04 July 2013
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက် မှာ ၂၀၁၆ ခုနှစ်အထိ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်သာ တန်မည်ဟု စင်ကာပူနိုင်ငံ၏ အကြီးဆုံး ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီကြီးဖြစ်သည့် DBS Vickers က ခန့်မှန်းလိုက်သည်။

အဆိုပါ ခန့်မှန်းချက်မှာ မြန်မာနိုင်ငံသား ဖုန်းသုံးသူ တစ်ဦးက တစ်လလျှင် အသုံးပြုမည့် ဖုန်းပြောခကို အမေရိကန် ဒေါ်လာ ငါးဒေါ်လာဖြင့်သာ အခြေတည်၍ တွက်ချက်ထားခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးကို ဖုန်းပျံ့နှံ့နှုန်း ၅၅ ရာခိုင်နှုန်းထားကာ တွက်ချက် ခန့်မှန်းထားခြင်းဖြစ်သည်။

သို့သော် တစ်နိုင်ငံလုံး ဖုန်းပျံ့နှံ့မှုနှုန်းမှာ ရာခိုင်နှုန်း ၇၀ အထိ တိုးတက်လာပါက မြန်မာ့ဆက်သွယ်ရေး ဈေးကွက်သည် ၂၀၁၆ အထိ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံအထိ တန်ကြေးရှိလာမည်ဟု ခန့်မှန်းထားသည်။

ဆက်သွယ်ရေး လိုင်စင်အတွက် တင်ဒါဆွဲသူတွေက ကျွန်တော်တို့ မျှော်မှန်းတာထက် ပိုပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ထင်ပါတယ်။ ပြန်ရမယ့် အကျိုးအမြတ်က ကြာရှည်စောင့်ရမှာ ဖြစ်သလို ကနဦးပိုင်းမှာ လုပ်ငန်းလည်ပတ်မှု စတင်ဖို့ ဆုံးရှုံးတာတွေကိုလည်း သည်းခံနိုင်ရမှာ ဖြစ်ပါတယ်...

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင်ရရှိသည့် ကုမ္ပဏီနှစ်ခုမှ တစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီက ၁၅ နှစ်စာ လိုင်စင် သက်တမ်းအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုထားသည်။

''ဆက်သွယ်ရေး လိုင်စင်အတွက် တင်ဒါဆွဲသူတွေက ကျွန်တော်တို့ မျှော်မှန်းတာထက် ပိုပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ထင်ပါတယ်။ ပြန်ရမယ့် အကျိုးအမြတ်က ကြာရှည်စောင့်ရမှာ ဖြစ်သလို ကနဦးပိုင်းမှာ လုပ်ငန်းလည်ပတ်မှု စတင်ဖို့ ဆုံးရှုံးတာတွေကိုလည်း သည်းခံနိုင်ရမှာ ဖြစ်ပါတယ်'' ဟု DBS Vickers ၏ Equity Research မှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Tan Ai Teng က သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင်ရရှိရန် ငွေကြေးမြောက်မြားစွာ ပေးခဲ့ရသည်ဟု အခြားသူများက စိုးရိမ်မှုများ ရှိနေသော်လည်း Ooredoo ကုမ္ပဏီကမူ လေးနှစ်အတွင်း လုပ်ငန်းစတင် နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု Channel News Asia သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ Telenor နှင့် Ooredoo ကုမ္ပဏီတို့ကို ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးနေသော စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် Nera Tel ကုမ္ပဏီ၏ ရှယ်ယာများကမှာ ဇွန် ၂၈ ရက်တွင် သုံးရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သိရသည်။
Eleven Media Group

ဘူတာဈေးကလေး

ကျွန်တော်တို့ မန္တလေးမြောက်ပြင် နယ်ဘက်မှာ ထူးထူးခြားခြား ဈေးကလေးတစ်ခု ရှိပါသည်။ ဈေးကလေးအတွင်းမှ
Thursday, July 4, 2013
ဈေးသည်များ၏ ရောင်းချပုံမှာ သာမန် ဈေးတစ်ဈေး၏ ရောင်းချပုံနှင့် အတူတူပင်ဖြစ်သော်လည်း ဈေးကလေး ခင်းကျင်းထားပုံမှာ ထူးခြားသည်ဟု ဆိုနိုင်ပါသည်။

ထိုဈေးကလေးမှာ အိုးဘို ဘူတာအနီးတွင်ရှိသော ဘူတာဈေးကလေး ဖြစ်ပါသည်။ ဘူတာဈေးကလေးအလည်တွင် မီးရထားသံလမ်းရှိပြီး ဈေးသည်များသည် မီးရထားသံလမ်းပေါ်မှာ ဈေးဗန်းကလေးများကို ခင်းကာရောင်းချကြပါသည်။ တနိုင်စာ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သော ဈေးဗန်းကလေးများသည် သံလမ်းပေါ်မှာ အစီအရီ ရှိပါသည်။

ဂွေးတောက်ရွက်နုနုကလေးများ ထည့်ထားသော ဈေးဗန်းကလေးတွေ၊ အဝေရာရွက်၊ ကင်းပုံသီး၊ ငရုတ်သီး စိမ်းထည့်ထားသော ဈေးဗန်းကလေးတွေ၊ ငါးဇင်စပ်၊ ငါးစင်ရိုင်း၊ ငါးခုံးမစသော ငါးပေါက်စကလေးတွေ ထည့် ထားသော ဈေးဗန်းကလေးတွေ၊ မန်ကျည်းသီး စိမ်းနုနုကလေးတွေ ထည့်ထားသော ဈေးဗန်းကလေးတွေ၊ ဆူးပုပ်ကြီး၊ သရက်သီး၊ နှမ်းဖတ်ချဉ် ထည့်ထားသော ဈေးဗန်းကလေးတွေ၊ အစီအရီရှိပါသည်။ ဈေးသည် ကလေးများသည် တချို့က ဇလီဖါးတုံးများပေါ်တွင် ထိုင်လျက်၊ တချို့က သံလမ်းပေါ်တွင် ထိုင်လျက်ရောင်းချနေကြပါသည်။ သံလမ်း၏ ဝဲယာဘက်တွင်တော့ နေရာအတည် တကျခင်းကျင်းရောင်းချနေကြသော ဈေးသည်တွေ ရှိပါသည်။ စဥ့်တီတုံးခုတ်ဓါးနှင့် ငါးများကို အကျအနတင်ကာ ရောင်းချနေသော ဈေးသည်များ၊ ဝက်သား၊ အမဲသားသည်များ၊ ကြက်သားသည်များသည် သံလမ်း၏ အနောက်ဘက်မှာ ရှိနေကြပါသည်။

ငါးကြင်းတစ်ကောင်ကို အကြေးလှန်နေပုံ ခုတ်ဓါးဖြင့် ''ဒုံး''ကနဲ ပိုင်းချလိုက်ပုံ၊ ချိန်ခွင်ထဲသို့ ဆတ်ကနဲထည့် လိုက်ပုံ၊ ''သာတယ်နော်'' ဟုပြောကာ ဈေးဝယ်ကို ထည့်ပေးလိုက်ပုံတို့ကို မြင်နိုင်ပါသည်။ ကြက်သားသည်က အတောင်ပံသပ်သပ်၊ လည်ချောင်းသပ်သပ်၊ ခြေထောက်သပ်သပ်ခွဲကာ သီးသန့်စီ ရောင်းချနေပုံ၊ ရင်အုပ်နှင့် ပေါင်သားတို့ကို ဈေးကောင်းကောင်းနှင့်

ရောင်းချနေပုံတို့ကိုလည်း တွေ့နိုင်ပါသည်။ စဥ့်တီတုံး၊ ဓါးနှင့်သူတို့ လက်မှာ သွေးတွေ ပေကျံနေပါသည်။

သူတို့လက်မှာ တစ်ခါတရံ လက်ကောက်တွေ ဝတ်ထားတတ်တာ တွေ့ရတတ်ပါသည်။ အမဲသားဆိုင်အောက်မှာ ဈေးခွေးတစ်ကောင်က ငြိမ်ငြိမ်သက်သက်ဝပ်ကာ စဥ့်တီတုံးပေါ်မှ အမဲရွတ်ကို မျှော်နေပါသည်။ ဝက်သားဆိုင်က အမြဲ လူစည်နေလေ့ရှိသည်။ ကျွန်တော်သည် ဘူတာဈေးကလေး၏ မြောက်ဘက်စွန်းစွန်း ''အိုးဘို'' ဘူတာဟူသော ဆိုင်းဘုတ်အနီး ဆိုင်ခန်းခုံနှင့် အကျအန ဝက်သားဆိုင်မှာ မကြာမကြာ ဝယ်ယူလေ့ ရှိပါသည်။ နေမြင့်လျှင် သူ့ဆိုင်မှ ဝက်သား မရတော့ပါ။ တစ်ခါတရံ ဆွမ်းကျွေး၊ ဘုံလောင်းတို့မှ ပိသာချိန် များများ ဝယ်ယူသွားပြန်လျှင်လည်း ကျွန်တော်တို့ဖို့ မကျန်တော့ပါ။ ဘူတာဈေးကလေးထဲမှာ ဝယ်ယူလို့ အကောင်းဆုံးကတော့ သံလမ်းပေါ်မှ ငါးသည်ကလေးများ ဖြစ်ပါသည်။

သူတို့သည် ငါးပေါက်စကလေးများကို အပုံကလေးတွေ ပုံထားတတ်သည်။ တစ်ပုံကို ဘယ်၍ဘယ်မျှနှင့် ရောင်းချတတ်သလို အလေးချိန်ခွင်နှင့်လည်း ချိန်တွယ် ရောင်းချတတ်ကြပါသေးသည်။ သူတို့သည် ဝယ်လို့ကောင်းသော ငါးသည်ကလေးများဖြစ်သဖြင့် ကျွန်တော် ရံဖန်ရံခါ ဝယ်ယူလေ့ ရှိပါသည်။ သံလမ်းပေါ်သို့ တက်လိုက်သည်နှင့် ရောင်းချနေသော သူတို့ မျက်နှာကလေးများကို တွေ့ရပါတော့သည်။ ''ဝယ်ပါ ဦးအစ်ကိုကြီးရဲ့'' ဟုလည်း ပြောတတ်ကြသေးသည်။

နေအတန်မြင့်၍ ဈေးကွဲစပြုချိန်ရောက်ပြီဆိုလျှင် သူတို့အသံစာစာ ကလေးများက ပို၍ ညံလာလေ့ရှိပါသည်။ မည်သို့ဖြစ်ပါစေ ဒီကနေ့ ရောင်းမကုန်ခဲ့သော ငါးဇင်ရိုင်းများသည် နောက်တစ်ရက် နှစ်ရက်တွင် ငါးကလေးခြောက်များအဖြစ် သူတို့ဈေးဗန်းထက်သို့ ပြန်လည်၍ ရောက်ရှိလာလေ့ ရှိပါသည်။ ကျွန်တော်သည် ငါးသည် ကလေးများထံမှ ငါးဇင်ရိုင်းခြောက် ကလေးများကို ဝယ်ယူခဲ့ဖူးပါသည်။

ထို့အတူ ဂွေးတောက်ရွက်နုနုကလေးများ၊ မန်ကျည်းရွက် နုနုကလေးများကိုလည်း သံလမ်းပေါ်မှ ဈေးသည် ကလေးများထံမှ ဝယ်ခဲ့ဖူးပါသည်။

၁ဝ နာရီထိုးပြီးချိန်လောက်တွင် ဘူတာ ဈေးကလေးထဲမှ သံလမ်းအတိုင်း မြောက်ဘက်ထဲမှ မတ္တရာရထား ဝင်လာပေပြီ။ ရထားသည် ဥသြသံရှည်ကိုဆွဲကာ မှန်မှန်ကြီး ခုတ်မောင်းဝင်လာခြင်း ဖြစ်သည်။ ရထား ခုတ်မောင်းဝင်လာသံကို ကြားလိုက်ရပြီဆိုလျှင် သံလမ်းပေါ်မှ ဈေးသည်ကလေးများသည် သူတို့၏ ဈေး ဗန်းများကို မယူကာ သံလမ်းပေါ်မှ ဆင်းကြ ရှောင်ကြတိမ်းကြပါသည်။

ဘူတာဈေးကလေးထဲမှာ ကျွန်တော် ဈေးဝယ်နေချိန်ရထား ခုတ်မောင်းဝင်းလာသည်ကို ကြုံခဲ့ဖူးပါသည်။ ကျွန်တော်သည် ဈေးကလေး အလယ်သံလမ်းအတိုင်း ခုတ်မောင်းဝင်လာသောရထားကို ကြည့်နေမိပါသည်။

ကျွန်တော့နံဘေးတွင် ခြေထောက်သုံးချောင်းနှင့် ဈေးခွေးသည် သိမှုတစ်ခုဖြင့် ငေးစိုက်ကြည့်နေပါသည်။ ရထားသည် သံလမ်းအတိုင်း တဂျုံးဂျုံးတဂျက်ဂျက် ခုတ်မောင်းကာ ဟိုတစ်ဖက်သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားပါသည်။ ရထားက ဈေးကလေးကို လွန်သွားပြီဆိုသည်နှင့် သံလမ်းပေါ်မှာ ဈေးဗန်း ကလေးများ ဈေးသည်ကလေးများ ပြန်လည် ရောက်ရှိလာပြန်ပါသည်။ သံလမ်းပေါ်မှ ဈေးသည် ကလေးများသည် သူတို့ပြော လက်စစကားကို ဆက်ပြောကြသည်။ သူတို့ လုပ်လက်စအလုပ်ကို ဆက်လုပ်ကြသည်။

(ငါးသည်ကလေးများက ငါးဇင်းရိုင်းပေါက် ကလေးများ၏ ဆူတက်ကို ဖဲ့နေကြသည်။) စွန်တာနီပဲသည် ကလေးက ပဲအခွံညှစ်လက်စကို ဆက်ညှစ်နေကြသည်။ သည်ဈေးကလေး အလယ်ခေါင်လောက်တွင် သံလမ်းမောင်း ခုလုပ်ခုံဟောင်းတစ်ခုရှိပြီး ¤င်းသံလမ်း မောင်းခုလုပ်ခုံအနီးတွင် နို့ထမင်းသည် တစ်သည် ရှိပါသည်။ နို့ထမင်းသည် အတော်ပင် ကြီးမားသော ဒန်အိုးကြီးတစ်လုံးဖြင့် နို့ထမင်းများကိုထည့်ကာ ကျိုလာပါသည်။ သူ့နို့ထမင်းမှာ နို့စိမ်းရောင်လဲ့လဲ့ သမ်းနေပြီး အလွန်ဆိမ့်ပါသည်။ နို့ထမင်းဝယ်သူကို ထန်းလျှက်ရည် ထုပ်ကလေးများ ထည့်ကာပေးတတ်ပါသည်။ ထန်းလျှက်ရည် မကြိုက်လျှင် သကြားထုပ် ကလေးများ ထည့်ပေးပါသည်။

ကျွန်တော်သည် ဘူတာ ဈေးကလေးထဲသို့ နို့ထမင်းဝယ်ရန်သက်သက်ဖြင့်လည်း မကြာမကြာ ရောက်ခဲ့ဖူး ပါသည်။ နို့ထမင်းသည်သည် သံလမ်းမောင်းခလုတ် ခုံဟောင်းအောက် အနောက်ဘက်ဘေးတွင်ရှိပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ပန်းသည် ရှိပါသည်။ ပန်းသည်သည် သူ့ပန်းများကို စိမ်းစို လန်းဆန်းနေစေရန် ပြင်ဆင်၍ ခင်းကျင်းထားပါသည်။ ဆောင်းတွင်းပိုင်းဆိုလျင် သူ့ဆိုင်မှ ဂန္ဒမာပွင့်ဖြူ လှလှကြီးများကို ကျွန်တော်ဝယ်ယူလေ့ရှိပါသည်။ သည်ပန်းဆိုင်နှင့် မျက်စောင်းထိုးလောက်တွင် ဒန်အိုး ဒန်ခွက်ပန်းကန်၊ ဇလုံ၊ ရေခွက်စသော သတ္တုနှင့် စတီးပစ္စည်းရောင်းသောဆိုင် ရှိပါသည်။ ဆိုင်ရှင်မှာ ကုလားလင်မယားဖြစ်ပြီး သူတို့ဆိုင်မှ ဒန်အိုးဒန်ခွက်များကို ဝယ်ချင်လာအောင် ပြောဆိုကာ ရောင်းချလေ့ရှိပါသည်။ ကျွန်တော်သည် သူတို့ဆိုင်မှ သတ္တုရေဖလားနှစ်လုံး ဝယ်ယူ အသုံးပြုခဲ့ဖူးပါသည်။

ဒန်အိုးဒန်ခွက်နှင့် ကပ်လျက်တွင် မိုးကာစကလေးခင်းကာ မြေပဲဆံ၊ မြေထောက်ပဲ၊ ပဲနီကျား၊ ပဲရာဇာ စသည် တို့ရောင်းသော ဈေးသည်တစ်ဦး ရှိပါသည်။ ဈေးသည်မှာ အတော်ပင် အသက်အရွယ်ရနေပြီဖြစ်သော အမေကြီးတစ်ယောက် ဖြစ်ပါသည်။ ထိုအမေကြီးမှာ မွန်မွန်ရည်ရည်နှင့် သန့်သန့်ပြန့်ပြန့် ရှိသည်။ ဆင်းရဲနွမ်းပါးပုံ ရသော်လည်း ကြည်ကြည်လင်လင် ရှင်းရှင်းသန့်သန့် ရှိပါသည်။ ကျွန်တော်သည် ထိုဈေးသည် အမေကြီးကို စိတ်ထဲမှ ခင်မင်မိသဖြင့် သူ့ဆိုင်မှ မြေပဲဆံ၊ မြေထောက်ပဲတို့ ဝယ်ယူခဲ့ဖူးပါသည်။

ဘူတာဈေးကလေးသည် မန္တလေးမြို့ အစွန်တွင် တည်ရှိပါသည်။ မန္တလေးမြို့ မြောက်ပြင် အိုးဘိုရပ်သည် ဈေးကလေး၏ အနီးဝန်းကျင်ရပ်ကွက် ဖြစ်ပါသည်။ ဘူတာ ဈေးကလေးသို့ သွားမည်ဆိုလျှင် ၇၆ လမ်းအတိုင်း ၁ လမ်း ၂ လမ်းကို ဖြတ်သန်းလိုက်လျှင် ရောက်ရှိနိုင်ပေပြီ။ ဤနေရာတွင် ၁ လမ်း ၂ လမ်းဟု သုံးနှုန်းထားသော်လည်း လမ်းညွှန်အမှတ်အသားပြ မှတ်တိုင် မရှိပါ။ (သို့ရာတွင်) ၂ လမ်း ကျုံးထောင့်မှ ရေတွက်ကြည့် ပါက ဘူတာဈေးကလေး အနီးဝန်းကျင်သည် ၁ လမ်း ၂ လမ်း ဖြစ်သည်မှာ သေချာပါသည်။) သည်ဈေး ကလေး သည် လက်လုပ်လက်စား မိသားစုများ၊ လစာ အသင့်အတင့်ရသော ဝန်ထမ်းမိသားစုများ လာရောက်ဝယ်ယူကြရာ ဈေးကလေး ဖြစ်ပါသည်။

တနင်္ဂနွေ ဥပုသ်နှင့် လကုန်ရက်များဆိုလျင် ဈေးကလေးဟာ ပို၍ စည်ကားလေ့ ရှိပါသည်။ သည်ဈေးကလေး သို့ ပေဦးပေါ်ဖျား သစ်သီးများ နောက်ကျပြီးမှ ဝင်ရောက်လာလေ့ ရှိပါသည်။ မရမ်းသီး ပေါ်စချိန်ဆိုလျင် သည်ဈေးကလေးထဲမှာ မတွေ့ရ။ အင်ဥပေါ်စဦးအချိန်ဆိုလျှင် သည်ဈေးကလေးထဲမှာ မတွေ့ရ။ သည်ဈေး ကလေးထဲသို့ မရမ်းသီးများ ဝင်ရောက်လာပြီဆိုလျှင် မရမ်းသီးများမှာ ကြီးကြီးရင့်ရင့်ကြီးများ ဖြစ်နေကြပြီ။ သည်ဈေးကလေးထဲသို့ အင်ဥများ ဝင်ရောက်လာပြီဆိုလျှင် အခွံများ မာကျောစပြုနေပေပြီ။ သည်ဈေးကလေး ထဲသို့ ပုရစ်များ ဝင်ရောက်လာပြီဆိုလျှင် ပုရစ်များမှာ ပေါင်းထားသော ရက်လွန်ပုရစ်များ ဖြစ်နေပေပြီ။ သည်ဈေးကလေးထဲမှာ ဝယ်လို့ အကောင်းဆုံးကတော့ ငါးပေါက်စ ကလေးတွေပါပဲ။

ငါးသည်ကလေးတစ်ယောက်ရဲ့ ဈေးဗန်းထဲမှာ မြစ်ငါးတွေ တဖြတ်ဖြတ် ခုန်နေတာကို ကြိမ်ဖန်များစွာ ကျွန်တော် မြင်တွေ့ခဲ့ဖူးပါသည်။ မှန်ပါသည်။ လက်ထဲမှာ ငွေကြေးအသင့်အတင့်ရှိယုံဖြင့် တစ်နေ့စာ ဟင်းချက်စရာကို မြိန်မြိန်ယှက်ယှက် ရနိုင်အောင်ဝယ်ယူနိုင်သည်မှာလည်း သည် ဘူတာဈေးကလေးပင် ဖြစ်ပါသည်။ ဟော ''အိမ်နောက်ဖေးရထားသံလမ်းမှ ရထား ဝင်ရောက်လာသံကို ကြားရပြီ။ ဘူတာဈေး ကလေးထဲက ငါးသည်ကလေးရေ ဒီနေ့ ရောင်းလို့ ကောင်းပါစ''။
နေမျိုး
Mizzima - News in Burmese

ဖျားနာသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များထွက်ပြီး သေဆုံး

Thursday, July 4, 2013
အမျိုးသမီးတစ်ဦးသည် ဖျားနာနေသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များ ထွက်လာပြီး သေဆုံးခဲ့မှုတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် မမော်မော်သန်းဖြစ်ပြီး သူမသည် မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်းရွာ တွင်နေထိုင် သူဖြစ်သည်ဟု ရဲဌာနက မှတ်တမ်းတွင် အတည်ပြုထားသည်။

မမော်မော်သန်းသည် အဖျားတက်နေသဖြင့် အမျိုးအမည်မသိသော ဆေးကို သောက်လိုက်ပြီး မကြာမီ ပါးစပ်မှ အမြှုပ် များ ထွက်လာကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကို ရဲဌာနက မှတ်တမ်းတင် ထားသည်။

ထိုသို့ဖြစ်နေသည်ကို တွေ့ရှိသူများက ချက်ချင်းပင် မင်္ဂလာဒုံမြို့နယ် ပုလဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မမော်မော်သန်း သေဆုံးရခြင်း အကြောင်းရင်းမှန်ကို သိရှိရန် အလောင်းကို ဆေးရုံ၌ စစ်ဆေးလျှက်ရှိပြီး ရဲအုပ်မြင့်အောင်က အမှုကို တာဝန်ယူကိုင်တွယ်နေသည်ဟု ဆိုသည်။

မင်္ဂလာဒုံရဲစခန်းကလည်း အမှုကို သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ ဖြင့် ဖွင့်လှစ်ထားပြီး ဆက်လက်စုံစမ်း မှုများ လုပ်ဆောင်နေသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

လွန်ခဲ့တဲ့ ဆယ်စုနှစ် ကမ္ဘာ့အပူဆုံးအဖြစ် စံချိန်တင်

04.07.2013
ကမ္ဘာတလွှားအတွက်  ဆယ့်ရှစ်ရာစုနှစ် အလယ်လောက်ကစပြီး  အပူချိန်ကို  မှတ်တမ်းတင် ခဲ့ရာမှာ၊  အခု နှစ်ဆယ်ရာစုနှစ်ထဲက  ပထမ ဆယ်စုနှစ်ကုန်ပိုင်း ကာလဟာ  အပူနွေးဆုံးအဖြစ် စံချိန်တင်ခဲ့တယ်လို့ ကုသသမဂ္ဂက ပြောပါတယ်။

၂၀၀၈ ခုနှစ်ထဲမှာဆိုရင် အိန္ဒိယ သမုဒ္ဒရာမြောက်ပိုင်းမှာ  လူအသေအပျောက် အများဆုံးလို့ စံချိန်တင်ရတဲ့  နာဂစ်ဆိုင်ကလုံး မုန်တိုင်းဟာ မေလအစော ပိုင်းမှာ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တာမို့  လူပေါင်း  ၁ သိန်း ၃ သောင်း ၈ ထောင်ကျော် သေဆုံးပျောက်ဆုံးခဲ့ရသလို လူပေါင်း ၈ သန်းကို ဒုက္ခရောက်စေပြီး အိုးအိမ် ထောင်ပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့  ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့  ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂျနီဗာအခြေစိုက် WMO လို့ခေါ်တဲ့ ကမ္ဘာ့ မိုးလေဝဿအဖွဲ့ကြီးက ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာထဲမှာပဲ   ဒီဆယ်စုနှစ်အတွင်းမှာဆိုရင် ၂၀၀၈ ခုနှစ်ကလွဲလို့ ကျန်နှစ်တွေဟာ  အပူဆုံး ဆယ်နှစ်ထဲစာရင်းမှာ ဝင်နေတယ်လို့ ဖော်ပြထားပြီး ၂၀၁၀ ကို အပူဆုံးနှစ်အဖြစ် စံတင်ထားပါတယ်။

WMO က သူတို့တိုင်းထွာရရှိတဲ့  အပူချိန်၊ မိုးရေချိန်ပမာဏတွေနဲ့ အတူ ကမ္ဘာတဝှမ်းက  ဆိုးဝါးတဲ့ သဘာဝဒဏ်ခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဟာရီကိန်းလေမုန်တိုင်းတွေ၊  ဆိုးရွားတဲ့ ရေကြီးမှုတွေနဲ့ မိုးခေါင်ရေရှားမှုတွေကို ဖော်ပြထားပြီး ၂၀၁၀ ဆယ်စုနှစ်ကုန်ပိုင်းကို စိုထိုင်းဆ အများဆုံး နှစ်တွေအဖြစ်လည်း စစ်တမ်းထုတ်ခဲ့ပါတယ်။

တချို့ဒေသတွေမှာ တွေ့ရတဲ့ ပြင်းထန်တဲ့ ရာသီဥတု ရိုက်ခတ်မှုတွေဟာ သဘာဝ အခြေအနေ အပြောင်းအလဲတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝှမ်း ရာသီဥတုပြောင်းလဲတဲ့ ဒဏ်ကိုခံနေရတာဟာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု များလာတာကြောင့်ဖြစ်ပြီး ဒါဟာ သဘာဝပတ်ဝန်းကျင်ကိုရော သမုဒ္ဒရာတွေအတွက်ပါ ဆိုးရွားတဲ့ အနေထားတွေကို ဖြစ်စေတယ်လို့ WMO ရဲ့ အထွေထွေ အတွင်းရေးမှူး Michel Jarraud ကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

စည်ပင်ပန်းခြံအတွင်း မိန်းကလေးတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးနေ

လားရှိုး၊ ဇူလိုင် ၄။
ယနေ့နံနက် ၉နာရီအချိန်တွင် လားရှိုးမြို့ စည်ပင်ပန်းခြံအတွင်း၌ ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦး
ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။

၎င်းမိန်းကလေးသည် စည်ပင်ပန်းခြံအတွင်းရှိ အုတ်ခုံဘေးတွင် ရင်အုပ်တစ်နေရာကို ဓါးဖြင့်အထိုးခံထားရကြောင်း ရဲများက ယင်းအလောင်း သယ်ထုတ်စဉ် တွေ့မြင်ခဲ့ရသော ဒေသခံတစ်ဦးက ပြောကြားသည်။ ယင်းအလောင်းအား ရဲများက လားရှိုးပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ခွဲစိတ်စစ်ဆေးရန်
ပို့ဆောင်ထားကြောင်း သိရသည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်(၁)၊ မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ကြည်စိုးနိုင်အား
မေးမြန်းရာ သေဆုံးသူ မိန်းကလေးသည် အသက်(၁၆)နှစ်အရွယ်ဖြစ်ကြောင်း၊ အသေးစိတ်သတင်း
အချက်အလက်များကို အထက်အမိန့် မရသေး၍ ထုတ်ပြန်၍ မရသေးကြာင်း၊ သတင်းဓာတ်ပုံပင် ရိုက်ခွင့် မပြုနိုင်ကြောင်း ဖြေကြားသည်။

၎င်းမိန်းကလေးသည် လားရှိုးမြို့၊ ရပ်ကွက်(၁၀)၊ နယ်မြေ(၈)၊ သစ္စာလမ်းတွင် နေထိုင်သော
မမိုးဆွေဦးဖြစ်ပြီး သေဆုံးမှုနှင့် ပတ်သက်၍ အဘယ့်ကြောင့် သေဆုံးသွားသည် ကိုလားရှိုးမြို့ ခံလူထုများက သိချင်နေကြသော်လည်း သက်ဆိုင်ရာ ရဲစခန်းမှ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ထွန်းထွန်း။
မြန်မာ့ခေတ်

တရုတ်ဈေးနှိမ်၍ သီဟိုဠ်စေ့ ဈေးကောင်းမရ

ပုသိမ်၊ ဇူလိုင် ၃
ပြည်ပပို့ကုန် သီဟိုဠ်စေ့မှာအမေရိကန်ဒေါ်လာဈေး မြင့်တက်နေသော် လည်း အဓိကဝယ်လက် တရုတ်ဈေးနှိမ်သဖြင့် သီဟိုဠ်စိုက် တောင်သူများနှင့် ပွဲရုံများ ဈေးကောင်းမရဘဲ အခွံခွာပြီး သီဟိုဠ်စေ့ တစ်ပိဿာလျှင် ယခင်အတိုင်း ကျပ်တစ်သောင်းဝန်းကျင်သာ ရရှိကြောင်း သီဟိုဠ်စိုက် တောင်သူများနှင့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့သာ အဓိကတင်ပို့ပြီး ထိုင်းနှင့် ထိုင်ဝမ်တို့သို့လည်း အနည်းငယ် တင်ပို့ကြောင်း၊ ပြည်တွင်းဈေးကွက် နည်းကာ တရုတ်နှစ်သစ်ကူး ကာလများတွင်သာ ပြည်တွင်း ဝယ်လိုအား မြင့်တက်လေ့ ရှိကြောင်း ပုသိမ်မြို့မှ သရဖူသီဟိုဠ်စေ့ ထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးအံ့ကျော်က ပြောကြားသည်။

ဖေဖောဝါရီလဆန်းပိုင်း သီဟိုဠ်သီးများ ရင့်မှည့်ချိန်တွင် အစေ့ခြွေ၍ နှစ်ရက်ခန့် နေလှန်းကာ အခွံပါ သီဟိုဠ်စေ့များကို တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ၁၇၀၀ ခန့်ဖြင့် ပုသိမ်မြို့သို့ တင်ပို့ရောင်းချကြောင်း ရေကြည်မြို့နယ် ညောင်မှော်ကျေးရွာအုပ်စု သရက်ပင်မောင်နှမ သီဟိုဠ်ခြံ လုပ်ငန်းရှင် ဦးလှခင်က ပြောဆိုသည်။

သီဟိုဠ်ပင်သည် စတင်စိုက်ပျိုးချိန်မှ ၂ နှစ်သက်တမ်းခန့် ကြာမြင့်ချိန်တွင် အသီး စသီးသော်လည်း စီးပွားဖြစ် မထွက်ရှိဘဲ ခုနစ်နှစ်အရွယ်မှသာစံတင် စီးပွားဖြစ် ထုတ်ယူနိုင်ပြီးယင်းမှ အပင်သက် နှစ် ၅၀ ခန့်အထိ စီးပွားဖြစ် သီဟိုဠ်စေ့ ထုတ်ယူရရှိကြောင်း သီဟိုဠ်စိုက် တောင်သူများထံမှ သိရသည်။
သာပေါင်းမြို့မှ ထွက်ရှိသော သီဟိုဠ်စေ့မှာ အရွယ်အစားကောင်းပြီး ဈေးကောင်း ရရှိကာ ချောင်းသာ၊ ငွေဆောင်ဘက်မှ သီဟိုဠ်စေ့မှာ ဈေးကောင်းမရကြောင်း ဦးအံ့ကျော်က ပြောကြားသည်။

သီဟိုဠ်စေ့များကို မိုးမမိစေဘဲ လေးရက်ခန့် နေလှန်းထားပြီးမှ မီးဖြင့်ပြုတ်၍ အခွံခွာရကြောင်း၊ သီဟိုဠ်စေ့အခွံကို လောင်စာအဖြစ် အသုံးပြုရန် တစ်တင်းခွဲ တစ်အိတ်လျှင် ၇၀၀ ကျပ်ခန့်ဖြင့် ရောင်းချ၍ရကြောင်း သီဟိုဠ်စံ ထုတ်လုပ်သည့် လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

တောင်ငူခရိုင် ကလေး ၁၀၀ ကျော် သွေးလွန်တုပ်ကွေးဖြစ် သုံးဦးသေဆုံး

တောင်ငူ၊ ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် လူ ၁၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရောဂါပိုးမွှားမှတစ်ဆင့် ကူးစက်တက်သော ပိုးမွှားနှိမ်နှင်းရေးအဖွဲ့ (ရ-ပ-က-န) က ထုတ်ပြန်သော အစီအရင်ခံစာအရ သိရှိ ရသည်။

တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နှင့် ဖြူးမြို့နယ်တို့တွင် ဇွန်လပထမပတ်က သွေးလွန်တုပ်ကွေးရောဂါဖြင့် ခရိုင်ဆေးရုံကြီးတွင် ကလေးငယ် ၁၀၀ ဦးကျော် တက်ရောက် ကုသခဲ့ပြီး ဇွန်လ ဒုတိယပတ်တွင် ဆေးရုံတက်ရောက် ကုသသူ လူနာ ၄၀ ခန့် ရှိခဲ့ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် အဆိုပါရောဂါဖြင့် အသက်ငါးနှစ်အရွယ်၊ ရှစ်နှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်သုံးဦးတို့ သေဆုံးခဲ့ကြောင်း အဆိုပါ အစီအရင်ခံစာအရ သိရှိရသည်။

“တူမလေးကို ဆရာဝန်က သွေးလွန်တုပ်ကွေး သံသယရှိလို့ တောင်ငူဆေးရုံ တင်တာ ဆေးရုံထဲ ခြေချစရာ မရှိတော့ပါဘူး။ လူနာစောင့် ထိုင်ခုံတွေနဲ့တောင် ကလေးတွေကို ထားရတယ်” ဟု တောင်ငူမြို့နယ် ခပေါင်းကျေးရွာအုပ်စု ဆားကျင်းကျေးရွာတွင် နေထိုင် သူ ဒေါ်ချိုက ပြောကြားသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာရခြင်းကြောင့် ဇွန်လအတွင်း အခြေခံပညာကျောင်းပေါင်း ၃၂ ကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်စ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်ခင်မေသွင်က ပြောကြားသည်။
Photo: တောင်ငူခရိုင် ကလေး ၁၀၀ ကျော် သွေးလွန်တုပ်ကွေးဖြစ် သုံးဦးသေဆုံး တောင်ငူ၊ ဇူလိုင် ၃ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် လူ ၁၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရောဂါပိုးမွှားမှတစ်ဆင့် ကူးစက်တက်သော ပိုးမွှားနှိမ်နှင်းရေးအဖွဲ့ (ရ-ပ-က-န) က ထုတ်ပြန်သော အစီအရင်ခံစာအရ သိရှိ ရသည်။ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နှင့် ဖြူးမြို့နယ်တို့တွင် ဇွန်လပထမပတ်က သွေးလွန်တုပ်ကွေးရောဂါဖြင့် ခရိုင်ဆေးရုံကြီးတွင် ကလေးငယ် ၁၀၀ ဦးကျော် တက်ရောက် ကုသခဲ့ပြီး ဇွန်လ ဒုတိယပတ်တွင် ဆေးရုံတက်ရောက် ကုသသူ လူနာ ၄၀ ခန့် ရှိခဲ့ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် အဆိုပါရောဂါဖြင့် အသက်ငါးနှစ်အရွယ်၊ ရှစ်နှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်သုံးဦးတို့ သေဆုံးခဲ့ကြောင်း အဆိုပါ အစီအရင်ခံစာအရ သိရှိရသည်။ “တူမလေးကို ဆရာဝန်က သွေးလွန်တုပ်ကွေး သံသယရှိလို့ တောင်ငူဆေးရုံ တင်တာ ဆေးရုံထဲ ခြေချစရာ မရှိတော့ပါဘူး။ လူနာစောင့် ထိုင်ခုံတွေနဲ့တောင် ကလေးတွေကို ထားရတယ်” ဟု တောင်ငူမြို့နယ် ခပေါင်းကျေးရွာအုပ်စု ဆားကျင်းကျေးရွာတွင် နေထိုင် သူ ဒေါ်ချိုက ပြောကြားသည်။ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာရခြင်းကြောင့် ဇွန်လအတွင်း အခြေခံပညာကျောင်းပေါင်း ၃၂ ကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်စ်ဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်ခင်မေသွင်က ပြောကြားသည်။
The Voice Weekly

ရန်ကင်း ၈ရပ်ကွက်ထဲက လမ်းနဲ့မလွတ်တဲ့ ဆိုင်ခန်းတွေ စည်ပင်က ဝင်ရောက်ဖျက်စီး

ရန်ကင်းမြို့နယ် ၈ရပ်ကွက်ထဲက စည်ပင်ဝန်ထမ်းအိမ်ရာဘေးက စည်ပင်လမ်းကို တိုးချဲ့ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းဘေးက ဆိုင်ခန်းတွေကို မြို့တော်စည်ပင် ဇူလိုင် ၃ရက်နေ့မှာ မြေတူးစက်တွေနဲ့ စတင်ဖျက်စီးခဲ့ပါတယ်။

Kamayut Media

ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ကွယ်လွန်ရှာ

ကယ်လီဖိုးနီးယား၊ ဇူလိုင် ၎
ကွန်ပျူတာမောက်စ်ကို တီထွင်ခဲ့သူ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ဇူလိုင် ၃ ရက်ညက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

သူ၏ တီထွင်မှုသည် ကွန်ပျူတာလောက၀ယ် ကြီးစွာသောပြောင်းလဲမှုဖြစ်စေခဲ့သဖြင့် ဆုငွေများချီးမြှင့်ခံခဲ့ရသည်။ သူ၏ ပထမဆုံးသော ကွန်ပျူတာမောက်စ် နမူနာပုံစံကို ၁၉၆၃ ခုနှစ်ကတည်းက တင်ပြခဲ့ပြီး၊ ယင်းမှာ သစ်သားဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကွန်ပျူတာမောက်စ်(mouse) ဆိုသည်မှာ အသုံးပြုသူ၏ရွေးချယ်မှုကိုလက်ဖြင့်လုပ်ဆောင်သောကိရိယာ(Manually Operated User Selection Equipment)ဆိုသည့် အင်္ဂလိပ်ဝေါဟာရကို အတိုကောက်ပြုထားခြင်းဖြစ်သည်။

မစ္စတာ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်ကြောင်းသိရသည်။
PP
ref: CNN, Popular Myanmar News Journal

လိုရာဆွဲရေးသော ဟန်နာဘိခ်ျ ဆောင်းပါးနှင့် နောက်ဆက်တွဲ ပြဿနာများ

ဇူလိုင် ၁ ရက်နေ့ထုတ်ဝေဖြန့်ချိမည့် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးဖြစ်သည့် The Face of Buddhist Terror  ဆောင်းပါးနှင့်ပတ်သက်၍ အစိုးရကဖွဲ့စည်းလိုက်သော အရေးပေါ်ကာလစီမံ ခန့်ခွဲရေးဗဟိုကော်မတီ ၁/၂ဝ၁၃မှနေ ၍ ထိုစာအုပ်ကို ပိတ်ပင်ကြောင်း ကြေ ညာလိုက်ပါသည်။ ထိုကြေညာချက်တွင် ‘အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟို ကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားအောင် ကာကွယ်နိုင်ရန် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့ ထုတ် တိုင်းမ်မဂ္ဂဇင်းအတွဲ-၁၈၂၊ အမှတ်-၁ ပါ The Face of Buddhist Terror  ဆောင်းပါးကို ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်အတွင်း မူရင်း စာစောင်နှင့် ဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်ဝေခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်းမလုပ်ရန် အများပြည်သူအကျိုးငှာ ကြေညာလိုက်သည်” ဟု ထုတ်ပြန်ကြေညာချက်ကို ဖတ်လိုက်ရသည်။

တိုင်းမ်မဂ္ဂဇင်းတွင် ထိုဆောင်းပါးကို ရေးသူမှာ ဟန်နာဘိခ်ျဆိုသော Time သတင်းထောက်ဖြစ်၏။ ထိုအမျိုးသမီးသည် မြန်မာနိုင်ငံသို့လာရောက်ပြီး သူမစွပ်စွဲရေး သားသောအရှင်ဝီရသူနှင့်လည်း တွေ့ဆုံခဲ့သည်။မြန်မာပြည်တွင် ဖြစ်ပွားသောဘာသာရေးနွယ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မေးမြန်းခြင်း၊ ကိုယ်တိုင်လေ့ လာခြင်းများ ပြုလုပ် သည်လည်း ဖြစ်နိုင်ပါသည်။ သို့သော် ဟန်နာဘိခ်ျရေးသားချက်သည် မိမိလိုရာဆွဲ၍ ရေးသားသောဆောင်းပါးဖြစ်သည်။ ဘာသာရေးအမြင်မတူမှု၊ ကွဲပြားမှုများကို ဘာသာရေးအကြမ်းဖက်မှုအ ဖြစ်ကောက်ချက်လွဲချကာ ရေးသားခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု အစိုးရက အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီကိုပင်ဖွဲ့ကာပြဿနာများ မဖြစ်ပွားအောင်၊ ကြီးသည့်အမှုငယ် အောင်၊ ငယ်သည့်အမှုပပျောက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုရပေ မည်။ တိုင်းပြည်တွင် ထိုကဲ့သို့လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ မဖြစ်ပွား အောင် ကာကွယ်ခြင်းသည် ကောင်း သည့် အပြုအမူဖြစ်ပါသည်။ သို့သော် ထိုသို့ ကော်မတီ များဖွဲ့၍ ကာကွယ် တားဆီးမှုသည် -

(၁)    ပြဋ္ဌာန်းထားသော ဥပဒေများအ တိုင်း အပိုအလိုမရှိ အတိအကျဆောင် ရွက်နိုင်ရမည်၊
(၂)    လူ့အခွင့်အရေးကို လေးစားလိုက် နာခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းရှိရ မည်၊
(၃)    သတင်းဌာနများ၊ သတင်းစာများ၊ ဂျာနယ်များနှင့်သတင်းသမားများ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးနှောင့်ယှက် ခြင်း မဖြစ်စေရ၊
(၄)    လူတစ်ဦးချင်းနှင့် ပြည်သူတစ်ရပ် လုံး၏ လွတ်လပ်စွာရေးသားခြင်း၊ လွတ် လပ်စွာ ဖတ်ရှုလေ့လာခြင်းစသော လွတ်လပ်ခွင့်များကို ဟန့်တားပိတ်ပင် ခြင်းမရှိစေရ၊
(၅)    နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများကို ဟန့်တား နှောင့်ယှက်ခြင်းမရှိစေရ

ဆိုသောအချက်များကို အလေးအနက်ထားပြီး ကာကွယ်ရပေလိမ့်မည်။ ထိုအခြေအနေများနှင့်ပတ်သက်ပြီး ဇွန် လ ၂၅ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးခေတ္တရပ်နားချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က မီဒီယာများကို ပြောပြ သည့် ”ဘာသာတရားကို ကာကွယ်တာ ဟာ အဓိကယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှုက ခိုင်မာ ရင်ဘယ်အရာကမှ၊ ဘယ်သူကမှ လာ လှုပ်လို့မရပါဘူး” ဆိုသော ပြောကြား ချက်ကို အလေးအနက်ထားသုံးသပ်ဖို့ လိုပါသည်။

စင်စစ်အားဖြင့် ဘာသာတ ရားတိုင်းသည် မည်သည့်ဘာသာမဆို အကြမ်းဖက်မှု၊ အနိုင်အထက်ပြုကျင့်မှု၊ စစ်ခင်းမှု၊ လူသားအချင်းချင်းသတ်ဖြတ် မှုကို ဆန့်ကျင်ကြ သည်ချည်းဖြစ်သည်။ ဘယ်ဘာသာကမှ လူသတ်ဖို့ မတိုက် တွန်းပေ။ လူသားကို ကယ်တင်ရန်သာ တိုက်တွန်း၏။ ထိုကဲ့သို့ လေးနက်သော တရားများ ဘာသာတိုင်းတွင် ရှိပါလျက် လူသားအချင်းချင်း ဘာသာမတူရုံမျှနှင့် သတ်ဖြတ်ဖို့၊ သုတ်သင်ရှင်းလင်းဖို့ နှိုး ဆော်လာမည်ဆိုလျှင် ထိုနှိုးဆော်သူသည် မိမိကိုးကွယ်သောဘာသာကို ဆန့်ကျင်သည့်အကြမ်းဖက်သမားများ၊ တိတ္ထိများသာဖြစ်ပေလိမ့်မည်။

ယခုတိုင်းမ်မဂ္ဂဇင်းတွင်ရေးသား လိုက်သော ဟန်နာဘိခ်ျ၏ ကောက် ချက်များမှာ အလွဲလွဲအမှားမှား ဖြစ်နေ ပါသည်။ အကြမ်းဖက်မှုကို (လုံးဝ) ဆန့် ကျင်တားမြစ် ထားသော ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် ကြိုးပမ်း သည့် သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်  များကို အကြမ်းဖက်သမားများအဖြစ် သဘော သက်ရောက်အောင် ရေးသား လိုက်ခြင်းဖြစ်သည်။ သူမသည် ဗုဒ္ဓဘာ သာကိုလည်း မလေ့လာဖူး၊ ဗုဒ္ဓဘာသာ ၏ သဘောတရားကိုလည်း မသိပေ။ သူမအမြင်ကျဉ်းကျဉ်းဖြင့် ရေးသားခြင်း ဖြစ်ကာ မှားယွင်းသော ရှုထောင့်ဖြင့် ဖြစ်ပျက်နေသောအဖြစ်များကို ကောက် ချက်ချနေသည်မှာ သူမ၏အသိ ရေချိန် နှင့် ပညာရေချိန် နိမ့်ကျလှသည်မှာ ပေါ်လွင်နေ၏။ ဆိုရလျှင် အရှင်ဝီရသူ ၏ တရားများနှင့်မျိုးစောင့်ဥပဒေကြမ်း ကဲ့သို့သော အချက်များကို အပေါ်ယံ သုံးသပ်ပြီး ယုတ္တိနှင့် ကင်းမဲ့လှသော အကြမ်းဖက်သမားအဖြစ် စွပ်စွဲလိုက် သည်မှာလည်း တစ်ဖက်စောင်းနင်းနိုင် လွန်းလှလေသည်။ အရိုးရှင်းဆုံး ပြော ရလျှင် အရှင်ဝီရသူသည် ဗုဒ္ဓသားတော်၊ ရဟန်းတစ်ပါးဖြစ်နေရုံဖြင့် မည်သည့် နည်းနှင့်မျှ အကြမ်းဖက်သမားမဖြစ်နိုင် တော့ပေ။ ဗုဒ္ဓသားတော်သည် အကြမ်း ဖက်ခံရသူ သာ ဖြစ်ချင်ဖြစ်နိုင် သည်။ မေတ္တာ၊ ကရုဏာနှင့် သည်းခံခြင်းတရား ကို သေသည်အထိ စွဲကိုင်သည့် ရဟန်း တစ်ပါးဖြစ်သောကြောင့် သူ့ကိုအကြမ်း ဖက်ချင် လျှင်သာ ဖြစ်နိုင်သည်။ အကြမ်း ဖက်သမားတော့ မဖြစ်နိုင်ပေ။

ဟန်နာဘိခ်ျ၏ ကောက်ချက်များ တွင် (က) ယခုဖြစ်ပွားနေသော ကချင် စစ်ပွဲကို ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ၏ စစ်ပွဲဟု ကောက် ချက်ချခြင်း၊ (ခ) သီရိလင်္ကာတွင် ပြည် နယ်ခွဲထွက်ခွင့် တောင်းဆိုတိုက်ပွဲဝင် သည့် တမီလ်ကျားအဖွဲ့နှင့် သီရိလင်္ကာ အစိုးရတို့ကြား ပြည်တွင်းစစ်ကို ဗုဒ္ဓဘာ သာနှင့် ဟိန္ဒူတို့၏စစ်ပွဲဟု တစ်လွဲ ကောက်ချက်ချခြင်း၊ (ဂ) ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ယခုအချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေသော မူဆလင်သူပုန်များ၏ ပြဿနာမှာ မူဆလင်ဘာသာကိုးကွယ် သူများ၏ ပြည်နယ်ခွဲထွက်ရေး တောင်း ဆိုသော နိုင်ငံရေးပြဿနာဖြစ်ပါလျက် မူဆလင်နှင့်ဗုဒ္ဓဘာသာစစ်ပွဲအဖြစ် မှား ယွင်းစွာ ဘာသာရေးကို စွဲယူကောက် ချက်ချခြင်းတို့ကို ကြည့်ခြင်းအားဖြင့် ဟန်နာဘိခ်ျမှားယွင်းကြောင်း ထင်ရှား လှပါသည်။ သတင်းထောက်တစ်ဦး၊ တိုင်းမ် မဂ္ဂဇင်းလိုမဂ္ဂဇင်းတစ်စောင်တွင် တာဝန် ယူရေးသားနေသူဖြစ်ပါလျက် မြန်မာနိုင်ငံအပါအဝင် သူမ ဖော်ပြ လိုက်သောနိုင်ငံများရှိ ပြည်တွင်းစစ်များ၊ တိုင်းရင်းသားလူမျိုးစုပြဿနာများကို သုံး သပ် ကောက်ချက် ချရာတွင် ဘာသာ ရေးကွဲပြားမှုတစ်ခုတည်းဖြင့် ကောက် ချက်ချလိုက်ခြင်းမှာ သူမ၏ နိုင်ငံရေး အမြင်မရှိခြင်း၊ အားနည်း လွန်းခြင်း ကို ဖော်ပြ ရာရောက်လေသည်။

ထိုပြဿနာ များမှာ သူမ သုံးသပ်သလို ဘာသာရေး ပြဿနာများမဟုတ်ကြောင်း နားလည် ဖို့လို၏။ ယနေ့ကမ္ဘာတွင် ဖြစ်ပွားနေသော အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲ၊ အစ္စရေး-အာရပ်ပဋိပက္ခစသော ပြဿနာအရပ်ရပ် မှာ ဘာသာရေးမတူ၍ ဖြစ်ပွားနေခြင်း မဟုတ်၊ အီရတ်ကို မူဆလင်ဘာသာဝင် များနေသောနိုင်ငံဟူ၍ တိုက်ခိုက်သော ခရူးဆိပ်စစ်ပွဲ မဟုတ်ပေ။ အီရတ်မှ အာဏာရှင်ကိုအကြောင်းပြကာ အမေရိ ကန်က ရေနံလိုချင်သောကြောင့် ကျူးကျော်သောစစ်ပွဲ ဖြစ်လေသည်။ အာဖဂန်စစ်ပွဲမှာလည်း အကြမ်းဖက် သမား အိုစမာဘင်လာဒင်ကို လက်စား ချေလိုမှုအကြောင်းပြကာ အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်တို့အပေါ် အမေရိကန်၏ သြဇာအာဏာလွှမ်းမိုး နေမှုနှင့် သူ၏ စစ်အင်အား ဖြန့်ကြက် လိုမှုအပေါ် အခြေခံသော စစ်ပွဲဖြစ် သည်။ ဘာသာရေးနှင့် ဘာမှမဆိုင်ပေ။ ဟန်နာဘိခ်ျ၏ ကောက်ချက်ကိုသာ လက်ခံရလျှင် ကမ္ဘာစစ်ပွဲအားလုံးမှာ ဘာသာရေးကြောင့် ဖြစ်သော စစ်ပွဲများ ချည်း ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ထိုဆောင်းပါးမျိုးကို အယ်ဒီတာက လေ့ လာ အကဲဖြတ်မှုမရှိဘဲ ပွဲဆူစေလိုသည့် သဘော၊လူကြိုက်များနိုင်သည့် သတင်း တစ်ပုဒ်အဖြစ် နာမည်ကြီးလိုမှုနှင့် ထည့်သွင်းလိုက်သည့်အတွက် အလွန် စိတ်ပျက်ဖို့ ကောင်းပါသည်။ ဗုဒ္ဓဘာ သာဝင်များမှာ ထိုသို့ သွေးထိုးရုံဖြင့် သွေးဆူမည့်လူများ မဟုတ်ကြ။

တိုင်းမ် မဂ္ဂဇင်းက မရေးခင်ကတည်းက ထိုသို့ သွေးဆူအောင်လုပ်သည့် အဖျက်သမား အုပ်စုကား ရှိခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ သားများ၊ တိုင်းရင်းသားလူမျိုးစုများ၊ ဗုဒ္ဓဘာသာဝင်များက ထိုပြဿနာကို ရှေ့တန်းမတင်ကြ။ ဘာသာရေးပဋိပက္ခ ဟုလည်း မသတ်မှတ်ကြ။ အရေးကြီး သည်မှာ ပွဲလန့်တုန်း ဖျာခင်းလိုသော၊ ငြိမ်းချမ်းသာ ယာသော နိုင်ငံသစ်တည် ထောင်နေမှုကို မလိုလားသော အဖျက်သမားအုပ်စုကို အရေးယူရန်သာ ဖြစ်ပါသည်။

သို့သော် ယခု အစိုးရဖွဲ့စည်းလိုက် သည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ တိုင်းမ်မဂ္ဂဇင်း ဇူလိုင် ၁ ရက်နေ့ထုတ် စာစောင်ကို ပိတ်ပင် ခြင်းမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ခြင်းဖြစ်၍ လက်မခံ နိုင်ပေ။ တစ်ချိန်တည်းတွင် ထိုဆောင်း ပါးပါ တိုင်းမ်မဂ္ဂဇင်းမူရင်းစာစောင် သို့ မဟုတ် မိတ္တူကို လက်ဝယ်ထားရှိခြင်းကို လည်း မည်သူမျှ မပြုလုပ်ရ။ ဆိုလိုသည် မှာ လေ့လာဖတ်ရှုခြင်း၊ မိမိ၏မိတ်ဆွေ များကို ပေးကမ်းခြင်းများအား တားမြစ် ပိတ်ပင် လိုက်ခြင်း၊ ပြည်သူလူထု၏ ဒီမို ကရေစီအခွင့်အရေးများကို တားမြစ် လိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ တားမြစ် ပိတ်ပင်ခြင်းကို လက်မခံနိုင်ပေ။ အရေး ကြီးသည် မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသကဲ့သို့ မိမိဘာသာကို အလေး အနက် သက်ဝင်ယုံကြည်ဖို့သာ အဓိက ဖြစ်ပါသည်။ သက်ဝင် ယုံကြည်မှု လေးနက် လျှင် လေးနက် သလောက်လည်း ဘာသာရေး အဓိကရုဏ်းများ မဖြစ် ပွားအောင် ထိန်းသိမ်းကာကွယ်နိုင် ပါသည်။ လေးနက်လျှင်လေးနက်သ လောက် အကြမ်းဖက်မှုများကို သည်းခံ ခွင့်လွှတ်နိုင်ပါသည်။ ခြင်္သေ့စာ အကျွေး ခံရသော ခရစ်ယာန်ဘာသာဝင်များ သည် သည်းခံခွင့်လွှတ်ခြင်း ကြီးစွာဖြင့် ယေရှုခရစ်၏ သည်းခံစွန့်လွှတ်မှုကို နှလုံးသွင်းကာ အသက်စွန့်လွှတ်သွား သည့် နမူနာကို ကြည့်ရုံဖြင့် မိမိဘာ သာကို ယုံကြည် သက်ဝင်မှု ရှိသူများ သည် မည်သို့မျှ အကြမ်းဖက် ဆူပူမှု ပြုလုပ်မလာနိုင်ပေ။

ယခုအရေးပေါ် ကာလ စီမံခန့်ခွဲ ရေး ဗဟိုကော်မတီ၏ ကြေညာချက် သည် ယခင်စစ်အစိုးရကာလက လူထု အပေါ် မယုံကြည်မှု၊ ချုပ်ချယ်ကန့်သတ် မှုမျိုးနှင့် မကွာခြားလှပေ။

ထိုကဲ့သို့ စာအုပ်များ မဖတ်ရ။ မဖြန့်ချိရ။ လက် ဝယ်မထားရှိရ ဆိုသော ပုဒ်ထီး၊ ပုဒ်မ များ၊ ပိတ်ပင်တားဆီးချက်များမှာ ပြည် သူများအတွက် နှစ်ပေါင်း ၅ဝ ကျော် ကြာအောင် ရိုးအီနေပေပြီ။ ထိုသို့ တား ဆီးကန့်သတ်ချက်များကိုလည်း ပြည်သူ လူထုမှာ နားခါးလှပေပြီ။ မိမိ၏အသိ တရားနှင့် မိမိ၏ ယုံကြည်ချက်သာ ပြတ်သားလျှင် ထိုဆောင်းပါးတစ် စောင်ကြောင့် အယူလွဲသွားစရာ၊ သွေး ဆူသွားစရာ အကြောင်းမရှိပေ။ ထိုကဲ့ သို့ မသိနားမလည်သော သူများ၏ ဆောင်းပါး ကို ခြေခြေမြစ်မြစ် ပြန်ချေပ ခြင်း၊ ထိုကဲ့သို့ ဗုဒ္ဓဘာသာ အကြောင်း မသိဘဲ ရေးသူများကို ပြန်လည် ချေပ ခြင်းနှင့် ဗုဒ္ဓဘာသာတွင် ထိုကဲ့သို့ မရှိ ခြင်းကို အချက် အလက် များဖြင့် ပြန်တုံ့ ပြန်ခြင်းသာလျှင် မှန်ကန်သည်ဟု ထင် မြင်မိပါသည်။
ထက်မြက်
Popular Myanmar News Journal

ဂျက်ကီချန်း၏ အက်ရှင် ဇာတ်ကားသစ် Police Story 2013

Police Story ဇာတ်လမ်းတွဲ များ၏ ဆဋ္ဌ မမြောက် ”Police Story 2013” ကို ဒီဇင်ဘာ လ၌ ရုံတင်ပြသမည် ဖြစ်ကြောင်း သိရသည်။ ၄င်းဇာတ်ကား၌ ကမ္ဘာကျော် မင်းသား ဂျက်ကီ ချမ်း၊ လျိုရီ၊ ကျင်းထျန် စသည့် နာမည်ကြီး သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ရုံတင် ပြသမည်ဖြစ် ကြောင်း ပရိသတ် များ လက်ခံ အားပေးမည် ဟု မျှော်မှန်းထားကြောင်း Sohu သတင်း ဝက်ဘ်ဆိုက် တွင် ဖော်ပြ ထားသည်။

Police Story 2013ကို ဒါရိုက်တာ တင်းဆန်က ရိုက်ကူးခြင်းဖြစ်ကာ ဂျက်ကီချန်းနှင့် ”Little Big Soldier” ရုပ်ရှင် ဇာတ်ကား၌ လက်တွဲ လုပ်ကိုင်ခဲ့ဖူးပြီး ချန်း သဘောကျသည့် ဒါရိုက်တာ တစ်ဦးဖြစ်သည်။

၎င်းဇာတ်ကားတွင် အရက်ဆိုင်ပိုင်ရှင် လျိုရီက ဆိုင်သို့ လာရောက်သူများအား ပြန်ပေး ဆွဲခြင်းဖြစ်ပြီး ၄င်းတို့ထဲတွင် ရာဇဝတ်မှု ဆိုင်ရာ ရဲအရာရှိ ဂျက်ကီချန်းနှင့် ၄င်း၏ သမီးဖြစ်သူ ကျင်းထျန် ပါဝင်ကြောင်း အခက်အခဲ များအား ရင်ဆိုင်ကျော်လွှား ရပုံတို့ကို ရိုက်ကူးထားသည့် အက်ရှင် စွန့်စားခန်း ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။
သိင်္ဂီဝင်း
Ref: Yahoo
Popular Myanmar News Journal

မြန်မာင်ငံသား ၃ ဦး ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိသည့် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးမိ

ယမန်နေ့က ဖမ်းမိထားသည့် ဘိန်းဖြူများနှင့် ပတ်သက်ပြီး ထိုင်း အာဏာပိုင်များက ရှင်းလင်းနေစဉ် (ဓာတ်ပုံ – dailynews.co.th)
July 3, 2013
မြန်မာ နိုင်ငံသား ၃ ဦးကို ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိသည့် ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်း အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။

မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းဝယ်ရေး လုပ်ကိုင်နေသည်ဟု ယူဆရသော ယင်းဘိန်းဖြူ သယ်ယူလာသူများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်းရှိ တည်းခိုခန်း တခုတွင်နားနေစဉ် သတင်းအရ ထိုင်းအာဏာ ပိုင်များက ၀င်ရောက် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသူများသည် မြန်မာနိုင်ငံသားများ ဖြစ်ပြီး အသက် ၂၈ နှစ် အရွယ် အမျိုးသမီး တဦး၊ ၃၀ အရွယ် အမျိုးသား တဦးနှင့် ၁၆ နှစ် အရွယ် အမျိုးသား တဦးတို့ ဖြစ်ကြောင်း၊ ဘိန်းဖြူ ၈.၅ ကီလိုဂရမ်နှင့် ခရီးသွားအိတ်တို့ကို သက်သေခံ ပစ္စည်းများအဖြစ် ဖမ်း ဆီးရမိကြောင်း ထိုင်းသတင်းများက ဆိုသည်။

စစ်ဆေး တွေ့ရှိချက်များ အရ ယင်း ဘိန်းဖြူများကို မလေးရှားနိုင်ငံသို့ မယ်ဆိုင် လေဆိပ်မှ တဆင့် ပို့ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု သိရကြောင်း ထိုင်းအခြေစိုက် မန်နေဂျာ အွန်လိုင်း သတင်းဝက်ဘ်ဆိုက်တွင် ယနေ့ ရေးသားထားသည်။

ထိုင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက“ဘိန်းဖြူတွေဟာ ဈေးကွက်အထိ ရောက်သွားမယ် ဆိုရင် ၅၉ သန်း ကျော် ရမှာဖြစ်တယ်၊ ဒါကြောင့် ကွင်းဆက် တရားခံတွေကို ဖမ်းဆီးနိုင်ဖို့လည်း ဆက်လုပ်သွားမယ်”ဟု ပြောကြောင်း မန်နေဂျာ အွန် လိုင်း တွင် ပါရှိသည်။

ဖမ်းဆီးခံထားရသည့် ၃ ဦးကို ထိုင်း ဥပဒေအရ မည်သို့ အရေးယူဆောင်ရွက်မည်ကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ သို့သော် ထိုင်း ဥပဒေအရ မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ပြစ်မှု ထင်ရှားပါက သေဒဏ် သို့မဟုတ် တသက် တကျွန်း ပစ်ဒဏ် ကျနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့နယ်တွင် စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ အိုက်စ် (ICE)ဟု ခေါ်သည့် မူးယစ်ဆေးဝါးများနှင့်အတူ အသက် ၂၅ နှစ်အရွယ် ဇော်ကိုကိုအောင်ကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ဇော်ကိုကိုအောင်ထံမှ ဆေးခြောက် ၃.၅၀ ဂရမ် ၄၅ ထုပ်၊ အိုက်စ် ၀.၄၅ နှင့် ၀.၅၀ ဂရမ် စုစုပေါင်း ၃၄ ထုပ်၊ စိတ်ကြွဆေးပြား(ခေါ်) ရာဘ ၅၈ လုံးတို့ကို သိမ်းဆည်း ရမိထားကြောင်း သိရသည်။

ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့တွင် ထိုင်း အစိုးရက ဘတ်ငွေ သန်းပေါင်း ၁၀၀၈၀ ခန့် တန်ဖိုးရှိသည့် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါး ၃.၃ တန်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုင်း အစိုးရ အနေနှင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော်လည်း မြန်မာအစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ သတ်မှတ်ထားသော်လည်း ၂၀၁၉ အထိ ပြန် လည် ရွှေ့ဆိုင်း ထားသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနှင့် မြန်မာ အစိုးရကလည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှ ဖမ်းဆီးရမိသည့် ကျပ်ငွေ သိန်း ၄၄၀၇၀ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၁၅ မျိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သန်းထိုက်ဦး
ဧရာဝတီ

ဝက် သေဆုံးမှုများသဖြင့် မှော်ဘီရှိ ဝက်ခြံပိုင်ရှင်များ အရှုံးပေါ်

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ချောင်းနဘေးရှိ ဝက်မွေးမြူရေးခြံတခြံမှ ဝက်တကောင်ကို ဆွဲယူလာစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
July 4, 2013
မှော်ဘီမြို့နယ်ရှိ ကျေးရွာတချို့တွင် ဝက်အများအပြား သေဆုံးသဖြင့် ဝက်မွေးမြူရေး ခြံပိုင်ရှင်များ အရှုံးပေါ်နေကြကြောင်း သိရသည်။

မှော်ဘီမြို့နယ် ညောင်နှစ်ပင်ဇုန်၊ ၉၁ နှင့် ၃၃ တပ်အနီးရှိ ကျေးရွာများမှ ဝက်မွေးမြူရေး ခြံတချို့တွင် မွေးထားသည့် ဝက်များ သေဆုံးမှု ရှိနေကြောင်း၊ အဆိုပါ သတင်းကြောင့် မှော်ဘီမြို့အတွင်းရှိ စီးပွားဖြစ် ဝက်မွေးမြူရေး ခြံများနှင့် ညောင်နှစ်ပင်ဇုန် အတွင်းမှ ဝက်မွေးမြူသူများမှာ ဝက်ကန်ထရိုက်များ ထံသို့ အရှုံးခံကာ ပြန်လည် ရောင်းချနေကြကြောင်း ညောင်နှစ်ပင် ကျေးရွာနေ ဝက်မွေးမြူရေး ခြံပိုင်ရှင် ဦးခင်မောင်မြင့်က ပြောပြသည်။

“သားခွဲဝက်လေးတွေက သေတာများတာဗျ၊ တချို့ ခြံတွေကတော့ အကောင်ကြီးတွေလည်း သေကြတယ်။ ကျန်းမာရေး အတွက်ကတော့ တိမွေးကု ဌာနက ဆရာဝန်လေး တယောက်တော့ ဆေးလာကုပေး၊ ကြည့်ပေးတာမျိုး လုပ်နေတာတွေ ရှိပါတယ်” ဟု သူက ရှင်းပြသည်။

ပြီးခဲ့သည့်လပိုင်းက ဝက်တပိသာလျှင် ၃၁၀၀ ကျပ် ရခဲ့သော်လည်း လက်ရှိတွင် ကတ္တားဈေး ၂၇၀၀ ကျပ်သာ ရတော့ကြောင်း၊ ဝက်တကောင်လျှင် ပိဿာ ၄၀၊ ၅၀ ကျော် ရှိသည့်အတွက် ငွေများစွာ အရှုံးပေါ်ကြကြောင်း သိရသည်။

တချို့ တနိုင်တပိုင် မွေးမြူသူများသည် ဝက်သေဆုံးသည့် သတင်းကြောင့် ၎င်းတို့ ဝက်များကို ရောင်းချသော်လည်း ဝယ်မည့်သူ မရှိသဖြင့် အခက်တွေ့နေရကြောင်း တနိုင်တပိုင် ဝက်မွေးသူ တဦးက ဆိုသည်။

မှော်ဘီမြို့နယ် တိုးချဲ့ ၄ ရပ်ကွက် ၁၅၀၀ ကွက်ရှိ တပိုင်တနိုင် ဝက်မွေးမြူသည့် အိမ်မှ ဝက် ၂ ကောင်မှာ ဝက်နားရွက်ပြာ ရောဂါဖြင့် သေဆုံးခဲ့ပြီး တိုက်ကြီးမြို့နယ် အတွင်းတွင်လည်း ဝက်တချို့ အဆိုပါ ရောဂါဖြင့် သေဆုံးသည်ဟု သိရကြောင်း မှော်ဘီမြို့နယ် NLD အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုရန်မျိုးအောင်က ဧရာဝတီသို့ ပြောသည်။

“အခုဖြစ်တာက အိမ်မှာမွေးတဲ့ ဝက်တွေမှာ ဖြစ်သွားတာပါ။ အများကြီး သေတာတော့မဟုတ်ဘူး။ စီးပွားဖြစ်မွေးမြူထားတဲ့ အိမ်တွေမှာတော့ မဖြစ်ပါဘူး။ အခု ရောဂါဖြစ်တဲ့ ခြံတွေကလည်း စီးပွားဖြစ် ခြံတွေနဲ့ ဝေးတော့ မကူးစက်နိုင်တော့ ပြဿနာ မရှိဘူး” ဟု ကိုရန်မျိုးအောင်က ရှင်းပြသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ဒုညွန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ဝက်နားရွက်ပြာ ရောဂါသည် ၂၀၁၁ ခုနှစ် တွင်သာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဖြစ်ပွားမှု မရှိသကဲ့သို့ ဌာနမှ တရားဝင် အတည်ပြု၍ မရသည့် ကိစ္စများ ရှိသည့်အတွက် ရောဂါကို ထိန်းချုပ်ထားနိုင်ကြောင်း ပြောပြသည်။

“တကယ်သာ ဖြစ်တယ်ဆိုရင် ရောဂါ ကူးစက်နှုန်း အရမ်းမြန်တယ်။ သေတိုင်းတော့ ဝက်နားရွက်ပြာ မဟုတ်ဘူး၊ ဌာနက တရားဝင် မသိတာကိုတော့ အတည်ပြုလို့တော့ မရဘူး” ဟု ဒေါက်တာအောင်ကြီးက ဆိုသည်။

ဝက်မွေးမြူရာတွင် ဇီဝလုံခြုံမှု စနစ် မြှင့်တင်သည့်အနေဖြင့် သန့်ရှင်းသည့် အစားအစာကျွေးရန်၊ ဝက်ခြံအနီး ဝက်သား မစားရန်၊ ခြံအနီး လူစိမ်းမလာရန်၊ ကာကွယ်ဆေး ထိုးရန်တို့ လိုအပ်ကြောင်း၊ ဝက်နားပြာ ရောဂါလက္ခဏာ ပြသည့်ဝက်သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်း၊ အစာမစားခြင်းများ ဖြစ်ပြီး နေ့တွင်းချင်း သေဆုံးနိုင်ကြောင်း၊ ထို့ကြောင့် ရောဂါဖြစ်သည့် ဝက်မှ ပိုးများ ကူးစက်ပျံ့ပွားမှု မရှိစေရန် သေသည့်ဝက်ကို ကျင်းနက်နက် တူးကာ မြှုပ်သင့်ကြောင်း၊ ဝက်နားရွက်ပြာ ရောဂါကြောင့် သေဆုံးသည့် ဝက်၏ အသားကို စားမိသည့် လူ၊ တိရစ္ဆာန်သည် စားသည့်ပမာဏပေါ် မူတည်ကာ ရောဂါပြင်းထန်နိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ရှင်းပြသည်။

အဆိုပါ ကိစ္စနှုင့် ပတ်သက်၍ မှော်ဘီမြို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ ဖုန်းဆက်မေးမြန်းသော်လည်း ဖြေကြားမည့်သူ မရှိပေ။
မေစစ်ပိုင်
ဧရာဝတီ

ဂျပန် JCB ကတ်မြန်မာ၌ အသုံးပြုရေး သဘောတူလတ်မှတ်ထိုး (5 photos)

ရန်ကုန် ဇူလိုင် ၎
ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော Payment ကတ်ဖြစ်သည့် JCB ကတ်များအား မြန်မာနိုင်ငံ၌ အသုံးပြုနိုင်ရေးအတွက် JCB နှင့် Myanmar Payment Union ( MPU )တို့ အကြား Master License Agreement သဘောတူစာချုပ် လတ်မှတ်ရေးထိုးပွဲ ကို ယနေ့ နံနက် က ချက်ထရီယမ် ဟိုတယ်၌ ကျင်းပခဲ့သည် ။

ထိုသဘောတူစာချုပ်အရ JCB Card များဖြင့် မြန်မာနိုင်ငံအတွင်း ရှိ ATM ငွေထုတ်စက်များ၌ စက်တင်ဘာလ မှ စတင်ကာ ငွေထုတ် ယူနိုင်ခြင်း အပါအ၀င် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ကို ဆောင်ရွက်နိုင်မည် ဖြစ်သည် ဟု သိရသည်။

JCB ကတ်အား နိုင်ငံပေါင်း ၁၉၀ ကျော်တွင်အသုံးပြုလျက် ရှိပြီး အသုံးပြု သူ သန်းပေါင်း ( ၈၀ ) ကျော် ရှိကြောင်းထပ်မံသိရသည်။

JCB နှင့် MPU အကြား JCB ကတ်မြန်မာနိုင်ငံ ၌ အသုံးပြုရေးသဘောတူ စာချုပ် လတ်မှတ်ရေးထိုးပွဲသို့ ဂျပန်သံအမတ် ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ၊ MPU နှင့် JCB တို့မှ တာဝန်ရှိသူ များတက်ရောက် ခဲ့ကြကြောင်း သိရသည်။
သူရထွန်း
Popular Myanmar News Journal


လပတ်စာမေးပွဲ မဖြေနိုင်၍ ဆယ်တန်းကျောင်းသား ပိုးသတ်ဆေးသောက်သေဆုံး

တောင်ငူ၊ ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ် အုတ်ကျင်းကျေးရွာတွင် ဇူလိုင် လ ၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦး လပတ်စာမေးပွဲ မဖြေဆိုနိုင်၍ ပိုးသတ် ဆေးသောက်ပြီး သေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ရဲစခန်း ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ကျောင်းသားသည် ဖြူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒသမတန်းတွင် ပညာသင်ကြားနေသူ ဖြစ်ပြီး ၎င်းအိမ်၏ ဘုရားစင်ရှေ့တွင် ပိုးသတ်ဆေးတစ်မျိုး (အမည်မသိ) ကိုသောက်၍ ပါးစပ်မှ ပိုးသတ်ဆေးနံ့များထွက်ကာ လူးလိမ့်နေသဖြင့် မိခင်နှင့် ကျေးရွာသားများက ဖြူးဆေးရုံသို့ တင်ပို့စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

“သား လပတ်စာမေးပွဲ မဖြေနိုင်လို့ အဆိပ်သောက်တယ်။ သားကို ခွင့်လွှတ်ပါလို့လည်း ပြောသွားတယ်” ဟု သေဆုံးသူ၏မိခင် ဒေါ်ခင်လှက ရှင်းပြသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၇/၂၀၁၃ ဖြင့်အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂ ရက်နေ့အထိ တောင်ငူခရိုင်အတွင်း လူသေဆုံးမှုပေါင်း ၇၄ မှု ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် ဇူလိုင်၁၄ တွင်စမည်

ရန်ကုန်၊ ဇူလိုင် ၃
မြန်မာနိုင်ငံကို ကုန်သွယ်မှုအထူး အခွင့်အရေး (GPS-Generalized Scheme of Preferences) ပြန်လည် ပေးအပ်ထားသော ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၁၄ ရက်နေ့တွင် စတင်သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများဖြစ်သော ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သို့ ဇွန်လ ၁၄ ရက်နေ့မှ စတင်ကာ ရက်သတ္တတစ်ပတ်နီးပါး သွားရောက်မည် ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။

အဆိုပါ ခရီးစဉ်သည် ဗြိတိန်နှင့် ပြင်သစ်အစိုးရက ဖိတ်ကြားထားသောကြောင့် သွားရောက်သည့် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဇွန်အတွင်းတွင် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချတ်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းရန် ဆွေးနွေးခဲ့ကြသည်။

ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံသို့ ပြည်တွင်းထွက်ကုန် ပစ္စည်းများကို တင်ပို့နိုင်မည့် ပို့ကုန် အထူးသက်သာခွင့် (GSP) အခွင့်အရေးကို ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ဇွန်လ ၁၂ရက်နေ့တွင် ပြန်လည် ပေးအပ်ထားသည်။

သမ္မတဦးသိန်းစိန်သည် ယခုနှစ် မတ်လအတွင်း ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ နော်ဝေစသည့် ဥရောပနိုင်ငံ ခုနစ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့သည်။

ယင်းဥရောပ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်သည် ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Jose Manuel၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Van Pompuy တို့နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ယူရိုသန်း ၁၅၀ ထောက်ပံ့မည်ဟု ကတိပြုထားသည်။

ဥရောပသမဂ္ဂသည် ထင်သာမြင်သာ ရှိလှသည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေး၊ ဘဏ္ဍာရေး ပိတ်ဆို့မှုအားလုံး (လက်နက် အရောင်းအဝယ်မှအပ) ကို အပြည့်အဝ ရုပ်သိမ်းကြောင်း ဧပြီလ ၂၂ရက်နေ့တွင် ကျင်းပသော EU နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးတွင် ကြေညာထားသည်။
The Voice Weekly

မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်း၊ စက်ပစ္စည်း၊ ယာဉ်ယန္တရားမျိုးစုံ ၁၂၀၀ ကျော် ပြန်ပိုပြီးကြောင်း ဒုတိယ၀န်ကြီး ပြော

ဧရာဝတီမြစ်ဆုံ တစ်နေရာအား ၂၀၁၂  ခုနှစ် မတ်လက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Thursday, 04 July 2013
လက်ရှိအချိန်တွင် မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားကြောင်းနှင့် တရုတ်နိုင်ငံမှ စက်ပစ္စည်း၊ ယာဉ်ယန္တရားမျိုးစုံ ၁၂၄၀ ကို ယခုအခါ ပြန်လည်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဇူလိုင် ၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ "မြစ်ဆုံစီမံကိန်းမှ ပြောင်းရွှေ့ခံထားရသော ဒေသခံများအတွက် အနာဂတ် စီမံကိန်းများ၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်စာတမ်းပါ အကြောင်းအရာများကို သိရှိလိုပါကြောင်း" မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က "လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ ၃၀.၉.၂၀၁၁ ရက်တွင် လွှတ်တော်များသို့ သ၀ဏ်လွှာပေးပို့သည့် အချိန်မှစ၍ ယခုအချိန်အထိ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများအားလုံး ရပ်ဆိုင်းထားခဲ့ပါတယ်။ စီမံကိန်း ရပ်ဆိုင်းထားခြင်းကြောင့် မြစ်ဆုံစီမံကိန်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် စက်ပစ္စည်း၊ ယာဉ်ယန္တရားမျိုးစုံ ၁၂၄၀ ကိုလည်း ယခုအခါ ပြန်လည်ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကို အခြေခံ၍ ဒေသခံ ပြည်သူများအတွက် အစီအမံများကို နဂိုမူလ အနေအထားထက် မနိမ့်ကျသော အစီအမံများဖြင့် စီမံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုအခါ စီမံကိန်း ရပ်ဆိုင်းထားမှုကြောင့် ဒေသခံများရဲ့ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနဲ့ စပ်လျဉ်းပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ဖြေကြားသည်။

မြစ်ဆုံစီမံကိန်း တည်ဆောက်ခဲ့ခြင်းaကြာင့် တည်ဆောက်ရေး လုပ်ငန်းခွင် ဧရိယာအတွင်း ကျရောက်သည့် တန်ဖဲ၊ မြစ်ဆုံ၊ ခပါး၊ ဒေါင်ပန်းနှင့် ကျိန်ခရန် ကျေးရွာငါးရွာအတွက် မလိယန် စံပြကျေးရွာနှင့် အောင်မြင်သာ စံပြကျေးရွာသစ်နှစ်ရွာကို တည်ဆောက်ပေးခဲ့သော်လည်း လက်တွေ့အခြေအနေတွင် အဆိုပါကျေးရွာ မြေများသည် စိုက်ပျိုးရေး လုပ်ကိုင်၍ မရသောကြောင့် ဒေသခံများသည် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း ဒေါ်ဒွဲဘူက သတင်းထောက်များကို ပြောကြားသည်။
Eleven Media Group

ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် MDM-F တို့ ပူးပေါင်း၍ မြို့နယ် ၂၁ မြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်မည်

ကျန်းမာရေးဝန်ထမ်း တစ်ဦးမှ ကလေးငယ်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Thursday, 04 July 2013
ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Medicines Du Monde France (MDM-F) တို့ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအနက် ခုခံကျ ကာလသားရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ ပြည်သူလူထု အခြေပြု မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စသည်တို့ လုပ်ဆောင်ပေးမည်ဖြစ်ပြီး ယင်းလုပ်ငန်းများကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ၀ိုင်းမော်မြို့များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ အလုံ၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ လှိုင်သာယာ၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတား၊ မင်္ဂလာဒုံ၊ စမ်းချောင်း၊ တာမွေ၊ ပုဇွန်တောင်၊ သန်လျင်၊ မြောက်ဥက္ကလာပမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် စုစုပေါင်း မြို့နယ်၂၁ မြို့နယ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် ကျန်းမာရေး ၀န်ကြီးဌာနနှင့် Medicines Du Monde France (MDM-F) တို့ နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရန် စီစဉ်လျက်ရှိပြီး စီမံကိန်းကာလမှာ သုံးနှစ်သတ်မှတ် ထားကြောင်းနှင့် စီမံကိန်းကာလအတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းချီသုံးစွဲ သွားမည်ဟု ကနဦး သတင်းအချက်အလက်များအရ သိရသည်။ 

ပြင်သစ်နိုင်ငံ အခြေစိုက် Medicines Du Monde France (MDM-F) အဖွဲ့သည် နိုင်ငံတကာ လွတ်လပ်သော လူသားချင်းစာနာ ထောက်ထားခြင်းကို အခြေခံသည့် ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးနေသော အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၅၀ ကျော်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Eleven Media Group

ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်း

ဓါတ်ပုံ Ministry of Construction

ဓါတ်ပုံ Ministry of Construction

ဓါတ်ပုံ Ministry of Construction
ဇူလိုင်လ (၃)
၂၀၁၃ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့ (၁၂း၁၅)အချိန်ခန့်တွင် ယာဉ်မောင်း ဦးသန်းဦး (၅၇)နှစ် မောင်းနှင်လာသော Land Cruiser အဖြူရောင် ၂ဃ/---- သည် ရန်ကုန် - မန္တလေး အမြန်လမ်း (အပြန်လမ်း) မိုင်တိုင်အမှတ် ၁၉၄/၀ တွင် အရှိန်လွန်ကာ လမ်းဘေးရှိ Guard Post တိုင်များနှင့် Barrier တုံးများအား ၀င်တိုက်၍ အင်ပင်သာ Under Pass အောက်သို့ ကျရောက်တိမ်းမှောက်သွားခဲ့ပါသည်။

ယာဉ်မောင်းနှင့်အတူ ဒေါက်တာ အောင်မြင့် (၆၈)နှစ် ၊ ဒေါက်တာ မြအောင် (၆၇)နှစ်၊ ဒေါက် တာ အောင်မြတ်စိုး (၆၁)နှစ်၊ ဒေါက်တာ ကျော်စိုး (၅၁)နှစ် စုစုပေါင်း အမျိုးသား(၅)ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရသူများအား ရန်ကုန် - မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ နှင့် လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်အား ပန်းတင် ရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
FB စမ်းချောင်း ကိုကိုကြီး

သံတွဲပဋိပက္ခ အမြန်ဆုံးစုံစမ်းဖော်ထုတ်ရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၃
အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရသည်ဟုဆိုကာ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် အခြေအနေမှန်များကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပြီး ပွင့်လင်းမြင်သာစွာ အရေး ယူပေးရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) က ကြေညာချက် တစ်စောင်ကို ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်များအနေနှင့် သက်ဆိုင်ရာ ဘာသာဝင်များအား တရားဥပဒေကို လေးစား လိုက်နာရေး၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရေး၊ ဥပဒေဘောင် အတွင်း ငြိမ်းချမ်းစွာဖြင့် ဘာသာတရား အဆုံးအမတို့ကို လိုက်နာ ကျင့်ကြံ နေထိုင်ရေး အသိပညာပေး စည်းရုံး ထိန်းသိမ်း စောင့်ရှောက် ရန် မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်း၊ ရှင်၊ လူ ပုဂ္ဂိုလ်များနှင့် ဘာသာပေါင်းစုံမှ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား အားလုံးအနေနှင့် အပြန်အလှန် နားလည်မှု၊ ကိုယ်ချင်းစာတရား၊ သည်းခံမှု၊ စည်းကမ်းရှိမှုတို့ဖြင့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးတို့ကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က တိုက်တွန်းထား သည်။

တောင်ကုတ်မြို့မှ အမျိုးသမီးငယ် တစ်ဦး ဇွန်လ ၃၀ ရက်နေ့က သံတွဲမြို့တွင် မုဒိမ်းကျင့်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ယင်းနေ့ ညနေတွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ မီးရှို့ခံခဲ့ရသည်အထိ ပဋိပက္ခ အရှိန်မြင့်လာသဖြင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ် ပြန်ခဲ့ရကြောင်း၊ ဇွန်လ ၁ ရက်နေ့တွင် လည်း မီးရှို့မှု တစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

“ဒီနေ့တော့ ဘာမှ မဖြစ်တော့ဘူး။ အခြေအနေ အေးအေးဆေးဆေး ဖြစ်သွားပြီ” ဟု သံတွဲမြို့ ဒေသခံ တစ်ဦးဖြစ်သူ ဦးသိန်းဇံက ဇူလိုင်လ ၃ ရက်နေ့ ည ၈ နာရီကျော်တွင် ပြောကြားသည်။

သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အစပြုစေခဲ့သည့် တောင်ကုတ်မြို့သူကို မုဒိမ်းကျင့်ခဲ့သည်ဟု ယူဆရသူ တစ်ဦးနှင့် အခြား တစ်ဦးကို ဖမ်းဆီးထားပြီး အမူဖွင့် အရေးယူနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

သံဃာတော်အပါး ၁၅၀၀ကျော်၏ ထောက်ခံမှုဖြင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဇွန်လ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ရွာမ ပရိယတ္တိစာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ က တာဝန်ယူထားသည်။
The Voice Weekly

သီလဝါ အထူး စီးပွားရေးဇုန်နည်းတူ နစ်နာကြေးရလိုကြောင်း သီလဝါဆိပ်ကမ်း နယ်မြေ ဒေသခံများ တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၃
သီလဝါ အထူး စီးပွားရေးဇုန်အတွင်းရှိ ဖယ်ရှားပေးရမည့် ဒေသခံများနည်းတူ ပြန်လည် နေရာချထားရေး၊ လူမှုဘဝ ထိခိုက် နစ်နာမှုအတွက် လျော်ကြေးငွေနှင့် အလုပ်အကိုင် ရရှိရေးတို့ ဆောင်ရွက်ပေးရန် သီလဝါဆိပ်ကမ်း တည်ဆောက်ရေး နယ်မြေ အတွင်းရှိ ဒေသခံများက တောင်းဆိုကြသည်။

ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်သော ယင်းဒေသခံများသည် သီလဝါ ဆိပ်ကမ်း တည်ဆောက်နိုင်ရန် ပြောင်းရွှေ့ပေးနိုင်သော်လည်း ကုန်းတွင်းပိုင်းတွင် ပြန်လည် နေရာချထားပေးပါက ငါးဖမ်းလုပ်ငန်း ဆက်လက် လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း ဘေးပေါက်ရွာ ကိုယ်စားလှယ် ဦးအေးထွန်းက ဆိုသည်။

“ပြောင်းပေးရမယ်ဆိုရင် ရေလုပ်သားတွေ ကမ်းနဲ့ဝေးပြီး ကုန်းပေါ်ရောက်မယ်။ အလုပ်လက်မဲ့ ဖြစ်မယ်။ ဒါကြောင့် အသက်မွေး ဝမ်းကျောင်းနိုင်ဖို့အတွက် ပြန်လည် ထူထောင်ပေးစေလိုပါတယ်” ဟု ၎င်းက တောင်းဆိုသည်။

သီလဝါဆိပ်ကမ်း တည်ဆောက်ရေးအတွက် ယင်းနယ်မြေအတွင်းရှိ ဒေသခံများကို ၁၉၉၅ ခုနှစ်က လျော်ကြေးငွေ ပေးပြီးဖြစ်ကြောင်း၊ ထို့အပြင် ဆိပ်ကမ်း တည်ဆောက်ရေးနှင့် သီလဝါ အထူး စီးပွားရေးဇုန် သည် သဘော သဘာဝချင်း မတူသည်ကို ဒေသခံများ နားလည်ရန် လိုကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အထွေထွေ မန်နေဂျာ ဦးကျော်မြင့်က ရှင်းပြသည်။

“သီလဝါဇုန်လို လျော်ကြေးတောင်းလို့တော့ မဖြစ်ပါဘူး။ တောင်းဆို ထားတာတွေကို အထက်ကို တင်ပြပြီး နောက်တစ်ပတ်မှာ ထပ်တွေ့ ပါမယ်။အလုပ်အကိုင် ရရှိရေးကိုလည်း ညှိနှိုင်း ဆောင်ရွက်ပေးပါမယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ဖယ်ရှားပေးရမည်ဆိုပါက ဖယ်ရှားပေးနိုင်သော်လည်း နေစရာ မြေတစ်ကွက်ဖြင့် မလုံလောက်ဘဲ နေထိုင်ရန် အိမ်ဆောက် စရိတ်၊ ပြောင်းရွှေ့ စရိတ်နှင့် ဖယ်ပေး လိုက်ရသော မြေနေရာအတွက် ဒေသ ပေါက်ဈေးအတိုင်း လျော်ကြေး ပေးစေလိုကြောင်း ဘေးပေါက်ရွာမှ ဦးတင်အုန်းက ဆိုသည်။

သီလဝါဆိပ်ကမ်း တည်ဆောက်မည့် မြေကွက်အမှတ် ၂၂ မှ ၂၆ အတွင်းတွင် လူနေထိုင်မှုမရှိဘဲ စင်ကာပူကုမ္ပဏီ Wilmar က ကောက်ပဲသီးနှံ ကုန်တင်ကုန်ချ တံတား တည်ဆောက်နေသော မြေကွက် အမှတ် ၂၀ တွင်သာ လူနေထိုင်ခြင်းဖြစ်ပြီး ယင်းဒေသခံများ၏ ကန့်ကွက်မှုကြောင့် လုပ်ငန်း ဆက်လက် ဆောင်ရွက်ရန် နှောင့်နှေးလျက်ရှိကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် မြို့ပြ အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။

ဂျပန်နိုင်ငံ၏ ချေးငွေ ယန်းဘီလီယံ ၂၀ နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က တာဝန်ယူ တည်ဆောက်မည့် သီလဝါ ဆိပ်ကမ်းသည် မြေကွက်အမှတ် ၂၂ မှ ၂၆ အထိဖြစ်ပြီး အကွက် တစ်ကွက်သည် ၃၇ ဧက (အကျယ် ၂၀၀ မီတာ၊ အရှည် ၇၅၀ မီတာ) ကျယ်ဝန်းပြီး တည်ဆောက်ရေး ပထမအဆင့်ကို အမှတ် ၂၅ နှင့် ၂၆ တို့တွင် ၂၀၁၅ ခုနှစ်အမီ တည်ဆောက်သွားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

သီလဝါဆိပ်ကမ်းကို မြေကွက် ၃၇ ကွက် အကွက်ချထားကာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များက BOT စနစ်ဖြင့် စက်သုံးဆီ တံတားများ တည်ဆောက်လျက်ရှိပြီး ကောက်ပဲ သီးနှံနှင့် အထွေထွေ ကုန်တင် ကုန်ချ တံတားများကိုလည်း ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများက BOT စနစ်ဖြင့် တည်ဆောက်လျက် ရှိသည်။
The Voice Weekly

နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုးရ ဂုဏ်ပြု

Thursday, July 4, 2013
ဇွန်လ ၃ ရက်တွင် ကျရောက်သည့် မြန် မာအမျိုးသမီးများနေ့ အခမ်းအနားကို တောင် ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မစ္စအင်တာနက် ဆုရှင် နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုး ရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ထူးချွန်အမျိုးသမီးအဖြစ် နန်းခင်ဇေယျာကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းဖြစ်သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေကလည်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်လည်း တက်ရောက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရ၏ ဂုဏ်ပြုခြင်းခံရသူ နန်းခင်ဇေယျာက တောင်ကြီးမြို့ မိဘမဲ့အမျိုးသမီး သင်တန်းကျောင်း သို့ သွားရောက် မည်ဟုလည်းဆိုသည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံရကာ မိဘမဲ့ အမျိုးသမီးသင်တန်းကျောင်းသို့ ရောက်ရှိ နေသည့် မသက်ထားခင်ကိုလည်း တွေ့ဆုံမည်ဟု ဆိုသည်။

''အဓိကကတော့ သူ့ကို အားပေးချင်တယ်။ အပြစ်မဲ့တဲ့ ကလေးငယ်လေးကို စိတ်ဓာတ်ခွန်အားတွေ တက်လာအောင် အားပေးသွားမယ်။ ဒီလို ရိုက်ခံခဲ့တာ ကြားသိရ ရချင်းကတည်းက စိတ်ထဲမှာလုံးဝမကောင်းပါဘူး'' ဟု သူကဆိုသည်။

မသက်ထားခင်သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ ၅ တွင် နေထိုင်သည့် အသက် ၇ နှစ် အရွယ် မိဘမဲ့ ဖြစ်သည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံခဲ့ရခြင်းကြောင့် တောင်ကြီးမြို့ လူမှုဝန်ထမ်းဦးစီးဌာနက မိဘမဲ့အမျိုးသမီးသင်တန်းကျောင်းသို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။
ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese

ဘဟားမားစ်သို့ တစ်ကိုယ်တည်း အပန်းဖြေခရီးထွက်လာသည့် မိုင်လီ

မိုင်လီဆိုင်းရပ်စ်တစ်ယောက် ဘဟားမားစ်သို့ တစ်ကိုယ်တည်း အပန်းဖြေခရီး ထွက်လာခြင်းကြောင့် သူမ၏ အချစ်ရေးအပေါ် မေးခွန်းများ ပိုမို ထွက်ပေါ်လာခဲ့သည်။ လီယမ်ဟမ်းဆွော့သ်နှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေကြောင်း ခန့်မှန်းမှုများ အားကောင်းနေချိန်တွင် မိုင်လီသည် ချစ်သူမပါဘဲ ဘဟားမားစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လေယာဉ်ဖြင့် ရောက်ရှိလာသည့် မိုင်လီသည် လီယမ်မပါဘဲ လူအများရှေ့ ထွက်လာခဲ့သည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ အသက်(၂၀)အရွယ် အဆိုတော် မင်းသမီးသည် မကြာသေးမီက လီယမ်နှင့်အတူ ရုပ်ရှင် ထွက်ကြည့်ခဲ့သော်လည်း လပေါင်း အတော်ကြာကြာအတွင်း ယင်းသည် နှစ်ဦးတွဲလျှက် မြင်ရသည့် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

လီယမ် အနေဖြင့် အလုပ်ကိစ္စများ ရှိနေသည့်တိုင် နှစ်ဦးအတူ ချိန်းဆိုပြီး အဆင်ပြေမည့် အချိန်မျိုးတွင် မိုင်လီ အနေဖြင့် အပန်းဖြေခရီး မထွက်သည့် အကြောင်းရင်းကို အမျိုးမျိုး ထင်ကြေးများ ဖြစ်ပေါ်နေသည်။
မျက်မြင်များကမူ သမပိုင်းဇုန်ရှိ လှပသော ‎#Resort လေးတွင် မိုင်လီသည် သက်တောင့်သက်သာပင် ရှိနေဟန် တွေ့ရကြောင်း ပြောဆိုခဲ့သည်။

မိုင်လီသည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း မီယာမီတွင် အလန်းစား ရေကန်ဘေး ပါတီတစ်ခုကို ဆင်နွှဲခဲ့သေးသည်။ မိုင်လီနှင့် လီယမ်တို့သည် ဇွန်လ (၁၇)ရက်နေ့က ဟောလီးဝုဒ်ရှိ အာ့ခ်လိုက် ရုပ်ရှင်ရုံတွင် Man of Steel ဇာတ်ကားကို အတူထွက်၍ ကြည့်ခဲ့ဖူးပြီး ယင်းသည် နှစ်ဦးအတူ တွေ့ရသည့် နောက်ဆုံးအကြိမ် ဖြစ်သည်။ လတ်တလောတွင် ဩစတြေးလျ ရုပ်ရှင်မင်းသားသည် ကနေဒါတွင် ‎Cut ‎Bank ဇာတ်ကားကို ရိုက်ကူးလျှက်ရှိသည်။
Planet Myanmar Network

သရုပ်ဆောင်ရဲတိုက် အမြန်လမ်းမပေါ်တွင် ဆေးခြောက်နှင့်ဖမ်းမိ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဇွန်န၀ါရီလ(၄) ရက်နေ့ နံနက် (၃)နာရီခန့်တွင် သရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် တစ်ကျပ်သားနှင့်အတူ ဖမ်းမိထားကြောင်း ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး ရဲစခန်းမှ တာဝန်ရှိသူ က NewsWatch(စောင့်ကြည့်)သတင်းဂျာနယ်ကို ပြောကြားသည်။

၎င်းကို သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးခဲ့ရာ ဆိုက်ကယ်တစ်စီးနှင့် ဆေးသုံးထားသည်ကိုတွေ့ ရှိရပြီး၊ ဆေးခြောက်တစ်ကျပ်သားလက်ဝယ်တွေ့ရှိမှုကြောင့် မူးယစ် ပ၄/၂၀၁၃ ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ငြိမ်းချမ်းမေ
News Watch Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com