http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တစ်နိုင်ငံလုံး၌ တာဝါတိုင် တစ်သောင်း စိုက်မည်ဖြစ်ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှုများကို ၂၀၁၄ ဧပြီမှ ဇွန်လအတွင်း စတင်နိုင်မည်ဟု Telenor ပြောကြား

Monday, 01 July 2013
ပါကစ္စတန်နိုင်ငံအတွင်းရှိ Telenor ဆက်သွယ်ရေး ကုမ္ပဏီရုံးခွဲ တစ်ခုအား တွေ့ရစဉ် (Photo:Telenor.com)

မြန်မာတစ်နိုင်ငံလုံး၌ တာဝါတိုင်ပေါင်း တစ်သောင်း စိုက်မည်ဖြစ်ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှုများကို ၂၀၁၄၊ ဒုတိယ သုံးလပတ် (ဧပြီမှ ဇွန်အတွင်း) စတင်ဖြန့်ဖြူး ရောင်းချသွားနိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး တင်ဒါ အောင်မြင်ထားသော နော်ဝေအခြေစိုက် Telenor ကုမ္ပဏီက ပြောကြားလိုက်သည်။

''လက်ရှိပြဿနာတွေကို ဖြေရှင်းပြီး ဘယ်လိုလုပ်ကိုင် ရမယ်ဆိုတာကို သိပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အတွက်လည်း ဒီလိုလုပ်ဆောင် ပေးနိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းဆက်သွယ်ရေးကြောင့် လူတွေ အကျိုးအမြတ် ရလာအောင် ကူညီချင်ပါတယ်'' ဟု Telenor Group ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Jon Fredrik Baksaas က ပြောကြားသည်။

လက်ရှိပြဿနာတွေကို ဖြေရှင်းပြီး ဘယ်လိုလုပ်ကိုင် ရမယ်ဆိုတာကို သိပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အတွက်လည်း ဒီလိုလုပ်ဆောင် ပေးနိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းဆက်သွယ်ရေးကြောင့် လူတွေ အကျိုးအမြတ် ရလာအောင် ကူညီချင်ပါတယ်...

တစ်နိုင်ငံလုံးတွင် တာဝါတိုင် တစ်သောင်း စိုက်မည်ဖြစ်ကြောင်းနှင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီရန် မြန်နှုန်းမြင့် မိုဘိုင်းဖုန်း အင်တာနက်စနစ် HSPA နှင့် LTE (4G) နည်းပညာများကို အသုံးပြုသွားမည်ဟု တင်ဒါအောင်မြင်ပြီးနောက် Telenor က သတင်းထုတ်ပြန်ခဲ့သည်။

နော်ဝေအစိုးရ၏ ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော Telenor ကုမ္ပဏီက လူတိုင်းမိုဘိုင်းဖုန်း ဆက်သွယ်ရေး ၀န်ဆောင်မှုများကို လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရမည်ဟု ကတိပေးထားသည်။ ဒေသတွင်း နိုင်ငံများဖြစ်သော ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိသော နိုင်ငံတို့တွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံတွင် မြန်မာဘာသာ၊ မွန်ဘာသာတို့ဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှုပေးခြင်းနှင့် Call Center များဖြင့် ၀န်ဆောင်မှု ပေးခြင်းတို့ကို ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းခန့်ထားရန်နှင့် ရေရှည်တွင် ၀န်ထမ်းများစွာ မွေးထုတ်နိုင်ရန် အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Telenor ပိုင် DTAC ကုမ္ပဏီ သင်တန်းကျောင်းတွင် မြန်မာသင်တန်းသားများ လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group

ခန္ဓာကိုယ်အစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါတစ်မျိုး ရှိသည်ဟု ယူဆရသူ အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအား စစ်ဆေးကုသပေးမည်

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူ ကိုဝင်းဇော်ဦးအား အထူးကု ဆရာဝန်ကြီးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Tuesday, 02 July 2013
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင် ကျေးရွာရှိ ကိုဝင်းဇော်ဦး အရပ် ၇ ပေ ၁၀ လက်မခန့် ရှိခြင်းမှာ Acromegaly ခေါ် ခန္ဓာကိုယ် အစိတ်အပိုင်းများ အလွန်အမင်း ကြီးထွားသော ရောဂါတစ်မျိုးဟု ယူဆရသည့်အတွက် ၎င်းအား စမ်းသပ်စစ်ဆေး၍ အထူးကု ဆရာဝန်ကြီးများ၊ ဆေးပညာရှင်များမှ လိုအပ်သည့် ဆေးကုသမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ ဇူလိုင် ၁ ရက်က ဗဟန်းမြို့နယ်ရှိ M-3 စားသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်းက ပြောကြားသည်။

ကိုဝင်းဇော်ဦးမှာ အသက် ၃၅ နှစ်ရှိပြီ ဖြစ်ပြီး ချွေးအလွန်ထွက်ပြီး၊ ဝေးဝေးမသွားနိုင်ခြင်းတို့ ခံစားနေရကြောင်း သိရသည်။ ကိုဝင်းဇော်ဦးသည် ဇွန် ၂၉ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ နိုဗယ်(လ်)အသည်း၊ သည်းခြေ၊ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆေးခန်းတွင် တက်ရောက်လျက် ရှိကြောင်း သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု အ၀၀ကို ဦးဆောင်ပြုလုပ်ရာတွင် ပါဝင်မည့် ပါမောက္ခ ဦးခင်မောင်ဝင်းက ''ဆေးပညာ ဆိုတာက ဘယ်သူမှတော့ တစ်ရာရာခိုင်နှုန်း အာမခံနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကာယကံရှင်ရော၊ မိသားစုရော၊ အုပ်ချုပ်ရေးမှူးရော အကုန်လုံး သဘောတူညီမှုရမှ လုပ်ရမှာပါ။ သူက ကျွန်တော်တို့ရဲ့ စေတနာကို အပြည့်အ၀ ယုံကြည်တယ်ဆိုရင် သူလက်ခံမှာပေါ့။ သူ့အပေါ်မှာ မူတည်ပါတယ်'' ဟု ပြောကြားသည်။

''ကျွန်တော်အရင်က ချွေးထွက်တာတို့ သွားရလာရ ခက်တာတို့ကလွဲလို့ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ပဲ မှတ်တာပါ။ ဒါပေမဲ့ ဆရာဝန်ကြီးတွေက ဆက်သွယ်ပြီး ဆေးကုသပေးမယ် ဆိုတော့ အထူးပဲ ၀မ်းသာပါတယ်။ ပုံမှန်ဆိုရင်တာ့ လူဆိုတာ သေရမှာပါပဲ။ ကျွန်တော့် အနေနဲ့ ငွေကြေးမပြည့်စုံတာနဲ့တင် ဒီလိုကုရလိမ့်မယ်လို့ တစ်ခါမှ တွေးမထားပါဘူး။ ကျွန်တော့် အနေနဲ့က ဆရာကြီးတို့ အခုလို လုပ်ပေးမှာကို လက်ခံပါတယ်'' ဟု ကိုဝင်းဇော်ဦးက ပြောကြားသည်။

ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးမြတ်သူက ''ဒီဖြစ်ရပ်က ဦးနှောက်ထဲမှာရှိတဲ့ Pituitary ဂလင်းက ဟော်မုန်းထွက်တာ များလာလို့ ဖြစ်တာပါ။ အဲဒါဆိုရင် နှုတ်ခမ်းတွေ၊ မေးရိုးတွေ ကြီးလာတယ်။ သာမန်ထက် အရပ်ရှည်တာတို့ ခြေတွေလက်တွေ ကြီးတာတို့ ဖြစ်လာမယ်။ နောက်ပိုင်းမှာ မျက်စိမမြင်တာတို့ သွေးချို သွေးတိုးလို ဖြစ်လာတတ်တယ်။ လက်ရှိအချိန်ထိတော့ ကိုဝင်းဇော်ဦးက မျက်စိတွေလည်း ကောင်းတယ်။ သွေးချို၊ သွေးတိုးလည်း မရှိသေးဘူး။ ဆေးစစ်မှုတွေ ရလဒ်တွေ ထွက်လာပြီဆိုရင် ကုသမှုတွေ လုပ်မယ်။ လိုအပ်ရင် ခွဲစိတ်ကုသမှုတွေ လုပ်ရပါမယ်'' ဟု ဆိုသည်။
Eleven Media Group

မြန်မာနိုင်ငံသားများ အသတ်ခံရမှုကို ဖော်ထုတ်ခြင်းမရှိဘဲ မြန်မာနိုင်ငံတွင်းမှ ပဋိပက္ခများဖြေရှင်းရန် မလေးရှား တောင်းဆို

Tuesday, 02 July 2013
ဘရူနိုင်းနိုင်ငံ Begawan မြို့တွင် ဇွန် ၂၉ ရက်က ကျင်းပသော (၄၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က မလေးရှားနိုင်ငံ အတွင်း ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုကို ထည့်သွင်းဆွေးနွေးခြင်း မပြုဘဲ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများကိုသာ အလေးထားဖြေရှင်းရန် ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က     ''မြန်မာနိုင်ငံအတွင်း ယခုထက်ထိတိုင် မအေးချမ်းသေးသော အခြေအနေများသည် ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများ အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း'' ဟု ပြောကြားသည်။

ထို့ပြင် ၎င်းက မြန်မာနိုင်ငံ အနေဖြင့် မွတ်စလင်ဘာသာဝင်များ လုံခြုံမှု ရှိစေရန် နှင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေ နှင့်အညီ ပွင့်လင်းမြင်သာစွာ တရားစီရင်သင့်ကြောင်း တောင်းဆိုခဲ့သည်။

ထိုကဲ့သို့ မလေးရှားနိုင်ငံမှ တောင်းဆိုမှုများ ပြုလုပ်သော်လည်း မကြာမီကာလ အတွင်းက ဖြစ်ပွားခဲ့သည့် မလေးရှားနိုင်ငံရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အသတ်ခံရမှုများအား ဖော်ထုတ်ပေးမည်ဟု မလေးရှား အစိုးရဘက်မှ ပြောကြားခဲ့ခြင်း မရှိပေ။

လွန်ခဲ့သည့် ရက်သတ္တပတ်များအ တွင်းက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံ သားများ အသတ်ခံရမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား စိုးရိမ်မှုများ ရှိနေကြသည်။

ထိုသို့ သတ်ဖြတ်ခံရမှုအပေါ် မြန်မာ အစိုးရဘက်မှ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း ပြစ်မှုကျူးလွန်သူများအား မလေးရှား အစိုးရက ဖော်ထုတ်ပေးရန် ကတိပြုခြင်းမရှိပေ။

အဆိုပါ ဖြစ်ရပ်များ မဖြစ်ပွားခင် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြိုးပမ်းမှုတစ်ရပ်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ တားဆီးဖော်ထုတ် နိုင်ခဲ့သည်။
Eleven Media Group

ရခိုင်အမျိုးသမီးငယ်အား စော်ကားခဲ့သူ တရားခံ ၂ ဦး ဖမ်းဆီးရမိ

Monday, July 1, 2013
၁။ သံတွဲမြို့တွင် ရခိုင်အမျိုးသမီးငယ် မ..........အား စော်ကားခဲ့သည်ဆို သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သော င/ပြူးနှင့် အခြားတစ်ဦးတို့အား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေး သံတွဲမြို့နယ် ၇ဲတပ်ဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် တရာခံ(၂)ဦးလုံးအား ၁-၇-၂၀၁၃ ရက်နေ့ (၀၇း၅၀) အချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

၂။လတ်တလောစီစစ်ချက်များအရ တရားခံ(၂)ဦးစလုံးသည် ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း သိရှိရပါသည်။

၃။တရားခံများအား သံတွဲရဲစခန်းတွင် စစ်ဆေးမေးမြန်မှုများ ဆောင်ရွက် လျှက်၇ှိပြီး တရာဥပဒေနှင့်အညီ သံတွဲရဲစခန်း(ပ)၃ရ/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ ဖြင့် အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

၎။သံတွဲမြို့မှ တရားဥပဒေစိုးမိုးရေးနှင့် မြို့ရွာအေးချမ်းသာယာရေးကို လို လားသော မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအနေဖြင့် မလိုလားအပ်သော အဖျက်အမှောက်လုပ်ရပ်များ မဖြစ်ပေါ်စေရေးအတွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ် ထိန်းသိမ်ဆောင် ရွက်ပေးရန် လိုလားလျှက်ရှိကြောင်း သိရှိရပါသည်။

၅။ သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း ၃၀-၆-၂၀၁၃ ရက်နေ့မှစ၍ ည(၁၉း၃၀) အချိန်မှ နံနက်(၀၄း၃၀) အချိန်ထိ စည်ပင်သာယာ နယ်နိမိတ်အတွင်း အများပြည်သူသွားလာရာလမ်းမများတွင် လည်းကောင်း အများပြည်သူနှင့် ဆိုင်သော နေရာများတွင် တစ်ဦးတစ်ယောက် ချင်းသော်လည်းကောင်း အုပ်စုဖွဲ့၍ သော်လည်းကောင်း၊ သွားလာခြင်းမပြုရန် သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေသန္တရအမိန့်အား ၃၀-၆-၂၀၁၃ ရက်နေ့ (၁၉း၃၀)အချိန်တွင် ထုတ်ပြန်ထား၇ှိခဲ့ပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များမှလည်း မြို့အတွင်း ဖြန့်ကြက် ချထားကာ လှုပ်ရှား စိုးမိုးလျှက်၇ှိ ကာမြို့/ရွာ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

၆။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး(၂)ဦးလည်း ယနေ့သံတွဲမြို့ သို့လေယာဉ်ဖြင့် ထွက်ခွါသွားပြီးဖြစ်ကြောင်း သိရပါသည်။
 "သံတွဲမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆက်တွဲဖြစ်ရပ်မှန် သတင်းအားတင်ပြခြင်း"
သာစွဌာနေရခိုင်ပြေ (ရခိုင်ပြည်နယ် အစိုးရအဖွဲ့)
Rakhine Citizen Journalists

ဦးရွှေမန်း ဘာကြောင့် ကာလုံ အစည်းအဝေး ခေါ်တာလဲ


၂၀၁၂ ကြံ့ခိုင်ရေးပါတီ ပြည်လုံးကျွတ်ညီလာခံတွင် တွေ့ရသည့် သူရဦးရွှေမန်းနှင့် ဦးသိန်းစိန် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

July 1, 2013
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇွန်လ ၂၅ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူဖို့  သမ္မတ ဦးသိန်းစိန် ထံကို သ၀ဏ်လွှာပေးပို့ တောင်းဆို လိုက်တာကြောင့် မကျင်းပဖြစ်တာ ကြာပြီဖြစ်တဲ့ အစည်းအဝေး ဒီနေ့ မနက် ကျင်းပတယ်လို့ ယူဆရပါတယ်။

ဒီနေ့ထုတ် The Voice နေ့စဉ်သတင်းစာရဲ့ မျက်နှာဖုံးသတင်းကလည်း ကာလုံအစည်းအဝေး ဒီနေ့လုပ်မယ်လို့ ရေးထားတာကြောင့် ဒု-သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးက အနားယူတဲ့အချိန်မှာ နောက်ဆုံးလုပ်ခဲ့တယ်လို့ ယူဆနိုင်တဲ့ သမ္မတ၊ ဒု-သမ္မတများ၊ လွှတ်တော်ဥက္ကဌများ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်များ ပါဝင်ကြရတဲ့ ဒီလို ထိပ်တန်းအဖွဲ့ကြီးရဲ့ အစည်းအဝေး ဘာကြောင့် အရေးတကြီး ခေါ်ပြီး ဘာတွေ ဆွေးနွေးမယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အခုအစည်းအဝေးကို လူသိရှင်ကြား ခေါ်ဆိုသူက ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းပါ။  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေမှာ မအောင်မြင်တာတွေရှိနေတဲ့အတွက် ကာလုံအစည်းအဝေး ခေါ်ယူလုပ်ဆောင်ရင်  ပိုကောင်းတယ် ဆိုပြီး သူရဦးရွှေမန်းက ဇွန်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တရားဝင် ထုတ်ဖော်ပြောဆိုပါတယ်။

ပြည်သူတွေကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ လွှတ်တော်ရေးရာကော်မတီတွေ၊ ကော်မရှင်တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်မှ ငြိမ်းချမ်းရေးအတွက် အခက်အခဲ တွေ ကျော်လွှားနိုင်မှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးက တပ်မတော်သားတွေအပါအ၀င် အားလုံးနဲ့ သက်ဆိုင်နေကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သူရဦးရွှေမန်းက ပြောဆိုသွားတယ်။

“လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ တရားဥပဒေ စိုးမိုးရေး တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ဥပဒေရေးရာနှင့်တရားရေး ကော်မတီ၊ ပြည်သူ့စီမံခန့်ခွဲရေးကော်မတီတို့ရဲ့ပါဝင်မှု၊ စောင့်ကြည့်မှု၊ ကူညီမှုများလည်းလိုတယ်။ အဲဒါတွေ မပါဘဲနဲ့ ခက်ခဲတယ်။ ဘာကြောင့် ဒီအဖွဲ့တွေ ပါဖို့လိုသလဲဆိုတော့ ဒီအဖွဲ့တွေသည် ပြည်သူ့ကိုယ်စားလှယ် များနဲ့ ဖွဲ့စည်းထားတယ်။ တိုင်းရင်းသားကိုယ်စားလှယ်များ နဲ့ ဖွဲ့စည်းထားတယ်။ ဒါ့ကြောင့်မို့ သူတို့ပါရင် ပိုအားရှိတယ်။ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့နိုင်ငံသား အားလုံးလိုတယ်၊ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်အားလုံးလိုတယ်။ အဲဒီအတိုင်းပဲ တပ်မတော်သားတွေ အားလုံးလိုတယ်” လို့ သူရဦးရွှေမန်းက ဇွန်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ   သူ ဘာကြောင့် ကာလုံ အစည်း အဝေး ခေါ်ယူဖို့ သမ္မတဆီ သ၀ဏ်လွှာ ပေးပို့ရသလဲ ဆိုတာကို ရှင်းပြတယ်။

လတ်တလော ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ လုပ်ငန်း ဖော်ဆောင်ရေးကော်မတီက အဓိက ဦးစီးဆောင်ရွက်နေတာဖြစ်ပြီး ဇူလိုင်လအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံတခုကို နေပြည်တော်မှာ ကျင်းပပြုလုပ်ဖို့ရည်ရွယ်ထားလို့ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်။

သူရဦးရွှေမန်း ကာလုံအစည်းအဝေး ခေါ်ယူခိုင်းတဲ့သတင်းကြောင့် နိုင်ငံရေး အသိုင်းအ၀ိုင်း နဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ကြားမှာ ရိုက်ခတ်မှု အတော်ကြီးသွားပါတယ်။

ဒီကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အရေးပေါ်အခြေအနေ၊ စစ်အုပ်ချုပ်ရေး အမိန့်တွေ ထုတ်ပြန်နိုင်တဲ့ အမြင့်ဆုံးသော အာဏာရှိတဲ့ အဖွဲ့အစည်း တခုလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ  များပြားလှပြီး တန်ခိုး အာဏာ ထက်မြက်လှပါတယ်။

သူရဦးရွှေမန်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူခိုင်းတဲ့ သတင်းကြောင့် သမ္မတဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းကြားမှာ နိုင်ငံရေးအရ အာဏာပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့အခြေအနေ ရှိတယ်လို့ နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ်ပါတယ်။

ငြိမ်းချမ်းရေး အကြောင်းပြချက် ခေါ်ယူခိုင်းတဲ့ ကာလုံ အစည်းအဝေးရဲ့ နောက်ကွယ်မှာ ဘယ်လို အာဏာလွန်ဆွဲပွဲတွေ ရှိနေ မလဲလို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်စားနေကြပါတယ်။

လက်ရှိ အခြေအနေမှာ အစိုးရနဲ့ လွှတ်တော်ကြားမှာ သိသာထင်သာတဲ့ အကွဲအပြဲတွေ တောက်လျှောက် ပေါ်ထွန်းနေတာ မို့ နိုင်ငံရေး ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေတွေ ဖြစ်ထွန်းလာဖို့ ရှိတယ်လို့ သုံးသပ်မှုတွေလည်းရှိနေ ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်တဲ့ ကိစ္စ လွှတ်တော်နဲ့ အစိုးရအကြားမှာ ထင်သာမြင်သာဖြစ်ပေါ်ခဲ့တဲ့ သဘောထားကွဲလွဲမှုတခုလို့ နိုင်ငံရေးသမားတချို့ ကသုံးသပ်ပါတယ်။

ကာလုံအစည်းအဝေးကို ငြိမ်းချမ်းရေး မအောင်မြင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ယူခိုင်းတာက ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ဘူးလို့ သုံးသပ်မှုတွေရှိနေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဗဟိုကော်မတီ၊ ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားပြီး အဲဒီကော်မတီတွေမှာ တပ်မတော်က ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းပါ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

တကယ်တန်း ငြိမ်းချမ်းရေးအတွက်ဆိုရင် ငြိမ်းချမ်းရေး ဗဟိုကော်မတီ အထူးအစည်းအဝေး ခေါ်ယူလိုက်ရင် ပြီးစီးနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

တချို့ နိုင်ငံရေးသုံးသပ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စားပြု ကော်မတီတွေက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သူတို့ ကိုယ်တိုင် ပါဝင်ဖို့ ဆန္ဒပြင်းပြ နေတာမို့ အဲဒီဆန္ဒ တွေ အကောင်အထည်ဖော်ဖို့ ကာလုံအစည်းအဝေး ခေါ်ယူတာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးသမားအများစု သဘောတူတာကတော့ သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်အကြား အာဏာပြိုင်ဆိုင်မှုက သေချာပေါက်ရှိနေပြီဆိုတာကိုတော့ အားလုံးက လက်ခံကြတယ်။

သမ္မတဦးသိန်းစိန် အစိုးရမှာပါဝင်နေတဲ့ အစိုးရ၀န်ကြီးတွေ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်က အမြင်မကြည်လင်မှုတွေ ရှိနိုင်တယ်လို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။

နေပြည်တော်မှာ ဇွန်လ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တခုပြုလုပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေး ဦးခင်ရီ အပါအ၀င် အစိုးရထိပ်တန်းခေါင်းဆောင် ၅ ဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ တရားဝင်နုတ်ထွက်လိုက်ပြီလို့ ဦးစိုးသိန်းက တရားဝင်ပြောဆိုလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကြံ့ခိုင်ရေးပါတီကနေ နုတ်ထွက်ကြတာဖြစ်လို့ ဦးစိုးသိန်းက ပြောဆိုလိုက်ပေမယ့် သမ္မတဦးသိန်းစိန် ကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ အဖြစ်ကနေ ဖယ်ရှားပြီး သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌ ရာထူးရယူလိုက်ချိန် ကတည်းက  သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်အကြား တရားဝင် အာဏာ လွန်ဆွဲပွဲ စတင်လိုက်တာဖြစ်လို့ ဆိုကြပါတယ်။

“အရင်တုန်းကတော့ အာဏာလုပွဲက ဘာမှ သိပ်ပြီး မသိသာဘူး။ ဒါပေမယ့် ၂၀၁၂ ကြံ့ခိုင်ရေးပြည်လုံးကျွတ် ညီလာခံက သမ္မတဦးသိန်းစိန်ကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ထားတာကို သူရဦးရွှေမန်းက ဖယ်ရှားပြီး ဥက္ကဋ္ဌ ရာထူး ယူလိုက်ကတည်းက သူတို့ ၂ဦးကြား အာဏာလွန်ဆွဲပွဲ တရားဝင် စတင်လိုက်ဆိုတာ အချက်ပေး ခေါင်းလောင်းသံ ထိုးလိုက်တာပဲ” လို့ နိုင်ငံရေးသုံးသပ်သူ တဦးက ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လတ်တလော သူရဦးရွှေမန်းနဲ့ အတော်ကို အဆင်ပြေနေပုံရှိတဲ့အပြင် သမ္မတဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက် တာမို့ သူရဦရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုက တဖက်၊ သမ္မတဦးသိန်းစိန်နဲ့ တတိယအင်အားစု လို့ ခေါ်တဲ့ နိုင်ငံရေးအင်အားစုတွေက တဖက် ပြိုင်ဆိုင်နေတဲ့ပုံစံရှိတယ်လို့ တချို့ နိုင်ငံရေးသမား တွေက သုံးသပ်ပါတယ်။

ကြံ့ခိုင်ရေးပါတီတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံနိုင်တဲ့ သဘောထား တင်းမာသူ တွေရှိနေတာမို့ ပါတီတွင်း အုပ်စုဖွဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ နိုင်ငံလေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတဲ့အမျှ နိုင်ငံရေးအင်အား ပြိုင်ဆိုင်မှုတွေ၊ လွန်ဆွဲပွဲတွေ ဆက်တိုက်ဖြစ်လာနိုင်တာမို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လာဖို့ ခဲယဉ်းနိုင်ပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍလည်း အရေးပါနေဦးမယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

၂၀၁၃ ခုနှစ်အတွင်းမှာ သူရဦးရွှေမန်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်အကြီးအကဲ နာယက ရာထူးကိုလည်း ရယူတော့မှာမို့ အစိုးရနဲ့ လွှတ်တော်အကြား ပြိုင်ဆိုင်မှုတွေ အရှိန်မြှင့်တက်လာနိုင်ခြေရှိနေပါတယ်။

လတ်တလော နေပြည်တော်မှာ ဒီနေ့ ဇူလိုင် ၁ ရက်နေ့ ကာလုံအစည်းအဝေး ခေါ်ယူကျင်းပနေတယ်လို့ ပြည်တွင်းထုတ် The Voice သတင်းစာက သတင်းရေးသားဖော်ပြထားပေမယ့် ကာလုံအစည်းအဝေး အခြေအနေတွေကို သတင်းစုံစမ်းလို့ မရသေးပါဘူး။

ကာလုံအစည်းအဝေးက ထွက်ပေါ်လာမယ့် ရလာဒ်တွေက မြန်မာနိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအတွက် သက်ရောက်မှု ကြီးမားလိမ့်မယ်လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။

လတ်တလော လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အဓိက ဦးဆောင်သူဖြစ်တဲ့ ဦးအောင်မင်း နုတ်ထွက်စာတင်ထားတယ် ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ စနေနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ အရင်လို ဦးစိုးသိန်း၊ ဦးခင်ရီတို့နဲ့အတူ တွဲထွက် မလာတာကြောင့် သို့လော သို့လော မေးစရာတွေ ဖြစ်လာနေရပါတယ်။

တကယ်လို့သာ ဦးအောင်မင်း တာဝန်က အနားယူခဲ့ရင် သမ္မတဦးသိန်းစိန် စီစဉ်ထားတဲ့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိတွေ၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာတို့လို ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ဖို့ရှိပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး ကြေညာမယ့်ပွဲက စီစဉ်ထားသလို အခုလအတွင်း ဖြစ်နိုင်ပါတော့မလားလို့ မေးခွန်းထုတ်စရာလည်း ဖြစ်နေပါပြီ။
သာလွန်ဇောင်းထက်
ဧရာဝတီ

ကံစမ်းမဲကဒ်အတုများဖြင့် လာရောက်လိမ်လည်သူများအားအရေးယူ

နေပြည်တော်၊ ဇူလိုင် ၁
၃၀-၆-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်၊ (၇)လမ်းရှိ ““ခေတ်သစ်”” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင်ပျဉ်းမနားမြို့၊ ရွှေချည်ရပ်ကွက်နေ ဆိုင်မန်နေဂျာ မစုမြတ်နန္ဒာဦး(၂၂)နှစ်ရှိနေစဉ် လူ(၁)ဦးရောက်ရှိလာပြီး ယူပီဂျီကံထူးဆု(၂၀၀၀ိ/-)တန် ပလပ်စတစ်လောင်းထားသောကံစမ်းမဲကဒ်များအား ငွေသားနှင့်လာရောက်လဲလှယ်ခဲ့သည်။

သို့ဖြင့် ကံစမ်းမဲကဒ်များအားရေတွက်ရာကဒ်(၂၀၀)ရှိပြီး ကဒ်အားလုံး၏နံပါတ်မှာ(၁၉၀၈၉၀)တစ်ခုတည်း ဖြစ်ကြောင်းနှင့် အတုများဖြစ်ကြောင်းသိရသဖြင့် အမည်အားမေးမြန်းခဲ့ရာ လယ်ဝေးမြို့၊ ရွှေပြည်အေး ရွာနေ မျိုးအောင်(၂၈)နှစ်နှင့် ဆိုင်အပြင်ရှိ တစ်ရွာတည်းနေ အောင်နိုင်ဝင်း(၃၀)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်တူးဘောက်အတွင်း ကံစမ်းမဲကဒ်များ ပါရှိကြောင်းနှင့် ငွေသားဖြင့်လဲလှယ်ပေးရန်ပြောဆိုသဖြင့် ရေတွက်ကြည့်ရာ(၂၀၀၀ိ/-)တန် (၁၆၈)ကဒ်အားတွေ့ရပြီး နံပါတ်များမှာလည်း(၁၉၀၈၉၀)များသာဖြစ်ကြောင်း၊ ၎င်းတို့(၂)ဦးသည် ၂၃-၆-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်တွင် ကံစမ်းမဲအတု(၃၃၄)ကဒ်အားလည်းကောင်း၊ ၂၈-၆-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်တွင်(၃၀၀)ကဒ်အားလည်းကောင်း လာရောက်လဲလှယ်ခဲ့ကြောင်းသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သောကြောင့် မျိုးအောင်နှင့်အောင်လှိုင်ဝင်းတို့(၂)ဦးအား ပျဉ်းမနားမြို့မ ရဲစခန်း(ပ)၃၈၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ပြည်လမ်းနှင့် ဥက္ကလာလမ်းဆုံ မီးပွိုင့်အနီး ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား

ရန်ကုန်၊ ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက် ပြည်လမ်းနှင့် ဥက္ကလာ လမ်းဆုံ မီးပွိုင့်အနီးတွင် ဇွန်လ ၃၀ ရက် နံနက် ၉ နာရီက ခရီးသည်တင် ယာဉ်နှစ်စီး အပါအဝင် ကိုယ်ပိုင်ယာဉ် တစ်စီးတို့ ယာဉ်သုံးစီး ဆင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါကိုယ်ပိုင် ယာဉ်ပိုင်ရှင် အမျိုးသား က ပြောကြားသည်။

လသာ-လှည်းကူး ပြေးဆွဲသည့် အမှတ် ၁၄၁ ယာဉ်လိုင်း ခရီးသည်ယာဉ်က သင်္ဃန်းကျွန်း-လှော်ကားသို့ ပြေးဆွဲသည့် ၇၉ အပြာယာဉ်လိုင်း ဒိုင်နာ ခရီးသည်တင် ယာဉ်ကို နောက်မှ တိုက်မိရာက တစ်ဆင့် အရှိန်ဖြင့် ၇၉ ယာဉ်လိုင်းက ကိုယ်ပိုင်ယာဉ် ဟွန်ဒါဖစ်ကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသား တစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၇၉ ယာဉ်လိုင်းပေါ် စီးနင်းလာသူများ အနက် ငါးဦး ဒဏ်ရာ ရရှိခဲ့ရာ တစ်ဦးမှာ စိုးရိမ်ရကြောင်း၊ ဒဏ်ရာ ရရှိသူများကို အင်းစိန်ဆေးရုံသို့ တင်ပို့ ကုသလျက်ရှိကြောင်း မျက်မြင် တွေ့ရှိသူက ရှင်းပြသည်။

"တိုက်တဲ့အရှိန်က ကျွန်တော့်ကားရဲ့ ညာဘက် ရှေ့နောက် တံခါးနှစ်ခု ပိန်ချိုင့်သွားတယ်" ဟု ကိုယ်ပိုင်ယာဉ်ပိုင်ရှင် အမျိုးသားက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အမှုစစ် ရဲအရာရှိကို ဆက် သွယ် မေးမြန်းရာတွင် ၅၁ လမ်း ယာဉ်ထိန်းရုံးကိုသာ မေးမြန်းပါရန် ပြန် လည် ဖြေကြားသည်။
The Voice Weekly

အမိုးအကာမပါသော ဘတ်စ်ကား ၁၂ စီး အရေးယူ

ရန်ကုန်၊ ဇွန်၃၀
မိုးကာလတွင် မိုးဒဏ် လုံခြုံမှုမရှိသည့် အမိုးအကာမပါသော ခရီးသည်တင် ဘတ်စ်ကားများကို ရန်ကုန်မြို့တွင် မေလနှင့် ဇွန်လအတွင်း စစ်ဆေးခဲ့ပြီး ဘတ်စ်ကား ၁၂ စီးကို အရေးယူခဲ့ကြောင်း မထသ(ဗဟို) တွဲဖက် အတွင်းရေးမှူး ဦးမောင်မြို့က ပြောကြားသည်။

မိုးယိုသော၊ ဘေးကာမှန်များ ကွဲသော ယာဉ်များကို လမ်းကြောင်း ရှစ်ကြောင်းဖြင့် ဖမ်းဆီး အရေးယူလျက်ရှိရာ တွေ့ရှိပါက ယာဉ်ပိုင်ရှင်ကို ဒဏ်ငွေ ငါးသောင်းကျပ် ဒဏ်ရိုက်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

"မီနီဘတ်စ်တွေဆိုရင် မိုးရွာရင် ထိုင်စီးလို့ မရတော့ဘူး၊ ကားအလယ်မှာ စုရပ်ရတဲ့အတွက် ကားက ပိုကျပ်လာတယ် မိုးမလုံတဲ့ လိုင်းကားတွေလည်း လဲပေးသင့်တယ်။ မိုးရွာရင် အဆင်မပြေဘူး" ဟု သာကေတမြို့နယ် (၃)ဈေး မှတ်တိုင်မှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ် လာရောက် အလုပ် လုပ်ကိုင်နေသည့် ကွန်ပျူတာ အရောင်းဝန်ထမ်း အမျိုးသမီး တစ်ဦးက ဆိုသည်။

အဆိုပါယာဉ်များကို မေလတွင် ခုနစ်စီး၊ ဇွန်လတွင် ငါးစီး စုစုပေါင်း ၁၂စီး အရေးယူထားကြောင်း မ.ထ.သ (ဗဟို)၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့တွင် ခရီးသည်တင် ဘတ်စ်ကား ၅,၈၀၀ကျော်နှင့် တက္ကစီ စီးရေ ၂၆,၀၀၀ ကျော်ရှိကြောင်း မ.ထ.သ (ဗဟို) ထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly

ဂီတခရီးသည် ထူးအိမ်သင်ရဲ့ မျိုးဆက် ထာဝရသမီးလေး မိကွန်ထော

ဓာတ်ပုံ-အောင်ဇော်မင်း
မြန်မာပြည်စတီရီယိုဂီတလော ကတွင် ဂီတချစ်သူတိုင်း မမေ့နိုင်စ ရာ ပုဂ္ဂိုလ်တစ်ဦးရှိသည်။ သူကား ထူးအိမ်သင်ပင်ဖြစ်သည်။ သူသည် ကမ္ဘာမြေတွင် ၄၁နှစ်တာ သက်တမ်း မျှပင် နေထိုင်သွားခဲ့ရသော်လည်း သူရှင်သန်ရာကာလတစ်လျှောက် တွင် သူယုံကြည်ရာအနု ပညာဖြင့် လောကကို အလှဆင်ခဲ့သူဖြစ်သည်။ သူသည် ဆယ်ကျော်သက် အရွယ်မှာ ပင် သီချင်းများကို အားကောင်း မောင်းသန်ရေးသားနေပြီး ဂီတအနု ပညာကို နှလုံးသားနှင့်တစ်သား တည်း ပူးကပ်ခဲ့သူဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့သော သူသည် ယခုရှိမည်ဆိုလျှင် နှစ်ငါးဆယ်ရွှေ ရတု တိုင်ရောက်ရှိနေပြီဖြစ်သည်။

၂ဝ၁၂ခုနှစ်၊ဇူလိုင် ၁ရက်နေ့ ထူးအိမ်သင်မွေးဖွားခြင်း အထိမ်း အမှတ်၄၉နှစ်ဖြစ်သည်။ဇွန်လ အစ တွင်မွေးဖွားလာခဲ့သူ ကျော်မြင့်လွင် ဆိုသော လူငယ်လေးတစ်ယောက် သည် မြန်မာတစ်ပြည်လုံး၏ ဂီတနှလုံးသားဝိ ညာဉ်ကို စွဲဆုပ်ကိုင် နိုင်ခဲ့လိမ့် မည်ဟုကြိုတင်နိမိတ် ဖတ် ခဲ့ ခြင်း မရှိ သော် ငြား သူ၏ ဂီတမှော်ဖြင့် ပရိ သတ်အရွယ်စုံကို ညှို့ငင် နိုင်ခဲ့သည်ကိုတော့ မည် သူမျှ ငြင်းမရသည့် အချက်ပင်ဖြစ် သည်။ ခေတ် ပေါ်ဂီတကို အကျွမ်းတဝင် ရှိသလို၊ ရိုး ရာဂီတနှင့် တူရိယာ များ ကိုလည်း လေ့လာစူး စမ်းကာ အချိုးညီ ပေါင်း စပ် နိုင်စွမ်းသော ထူး အိမ် သင် ကို တေးရေး၊ တေး ဆို ဆို သည့် ဂုဏ်ပုဒ် ထက်သာမက ကဗျာဆရာ၊ ဂီတပညာရှင်၊ အနုပညာ ဈာန်ဝင် စားနိုင် စွမ်းဆုံးသူဟု ပင် ဆိုရမည်။

ယခုနှစ် ၂ဝ၁၃တွင် ထူးအိမ်သင်ဟုခေါ်တွင်သော ဂီတ ဂန္ထဝင် သီချင်းသည်သည် နှစ် ၅ဝ ရွှေရတုမွေးနေ့သို့ ရောက်ရှိပြီဖြစ် သည်။သို့ရာတွင် သူကားသက်ရှိ ထင် ရှားမရှိတော့။ သို့သော် သူ့ကိုချစ်ခင် မြတ်နိုးကြသော ဂီတအသိုင်းအဝိုင်း တစ် ခုလုံးကသူ့အတွက်
အမှတ်တရ များနှစ်စဉ်ပြုလုပ်ကြသည်။ သူ့မိသားစု ကလည်း နှစ်စဉ်ပ င်ကောင်းမှုကု သိုလ် များပြုလုပ်ကာ သူ့အတွက် ဆုတောင်းကြ သည်။ ပေါ်ပြူလာဂျာနယ် အနေဖြင့်လည်း စာပေအနုပညာ ဂျာ နယ်ဖြစ်သည့် အား လျော် စွာ ထူးအိမ် သင်၏ မွေး နေ့ အမှတ် တရ
ရောက်ရှိ ချိန်တိုင်း သူ့ အတွက် အမှတ် တရဂုဏ်ပြု အစီ အစဉ်များဖြင့် အနု ပညာသူရဲကောင်း တစ်ဦးကို ဂုဏ်ပြုခဲ့ ကြသလို၊ ထူးအိမ် သင်၏ မွေးလ ဇွန်လသည်ပင်လျှင် ပေါ်ပြူလာ၏ သန္ဓေတည်ရာ ကာလအချိန် အခါဖြစ် သောကြောင့်ဖွားဖက် တော်များလည်း ဖြစ်နေပေသည်။

ပြီးခဲ့သည့် နှစ် ၂ဝ၁၂က ထူး အိမ်သင် ၄၉နှစ်ပြည့်မွေးနေ့ဖြစ် ရာ သူ၏မိသားစုဝင်များက စမ်းချောင်း ရှင်စောပုလမ်းရှိ ဓမ္မစေတီရွှေ ကျင် ကျောင်းတိုက်တွင် ရွှေရတုအကြို အမှတ်တရမွေးနေ့အထိမ်း အမှတ်ပွဲ ပြုလုပ်ခဲ့ကြရာ ထူးအိမ်သင်၏ အနု ပညာအပေါ် ချစ်ခင်လေး စားကြသူ မိတ်ဆွေအပေါင်းအသင်းများက ထူး အိမ်သင်အမှတ်တရစကား များ ပြန် ပြောင်းပြောဆိုကာ ဂီတငှက်ကိုလွမ်း ဆွတ်ခဲ့ကြသည်။ ထိုအမှတ်တရ အခမ်း အနားမှာပင် ပေါ်ပြူလာအဖွဲ့သား များကလည်း ထူးအိမ်သင်အမှတ်တရ စာစောင်များလက်ကမ်းဝေငှကာ ထူး အိမ်သင်အတွက်ဂုဏ်ပြုပေးခဲ့ကြသည်။

ယခုနှစ်တွင်တော့ ဂန္ထဝင်သီ ချင်းသည် တစ်ဦး၏ ရွှေရတုမွေးနေ့ ဖြစ်သော ဇူလိုင်၁ရက်နေ့တွင် ဂီတ ငှက်ရွှေရတုအဖြစ် ဓမ္မစေတီ ရွှေ ကျင်ကျောင်းတိုက်တွင်ပင် အမှတ် တရဆွမ်းကျွေးအလှူပြုလုပ် ကြပေဦး မည်။ ထူးအိမ်သင်ကို ချစ် မြတ်နိုးကြသူအပေါင်းလည်းသူ၏ ရွှေရတုမွေး နေ့ တွင်သူ့ကိုသက်ရှိထင်ရှားရှိနေ စေချင် စိတ်ဖြင့်လွမ်းဆွတ်တမ်းတ အမှတ်တရ များစွာ တသသဖြစ်နေပေ ဦးမည်။

၄၁ နှစ်အရွယ် ထူးအိမ်သင် ကွယ်လွန်ချိန်မှာဇနီးဖြစ်သူနှင့် အတူ သမီးငယ်လေးမိကွန်ထောလည်း ကျန်ရစ်ခဲ့ပါသည်။ မိကွန်ထောလေး သည် အခုဆိုလျှင် တက္ကသိုလ်ဝင်တန်း ကို ဂုဏ်ထူးငါးဘာသာနှင့် အောင် မြင် ထားပြီး၊ နိုင်ငံခြားဘာသာတက္က သိုလ်(UFL)တွင် အင်္ဂလိပ်စာ ပထမ နှစ်ကျောင်း သူတစ်ဦးဖြစ်နေပြီဖြစ် သည်။ ထို့အပြင် ဂီတမိတ်မှာ လည်းဂီတနှင့်ပတ်သက်ပြီးသင်တန်းတက် နေပါသေးသည်။ဖခင်ဖြစ်သူ၏မြန်မာနိုင်ငံ ရဲ့ဂီတသူရဲကောင်းတွေထဲမှတစ်ဦး ဖြစ်သည် ကိုအရွယ်ရောက် လာစဉ်မှာ သိရသည့်အတွက် ဂုဏ်ယူမိသော မိကွန်ထောလေးက
အဖေ့ကြောင့် ဘယ်နေရာသွားသွားမျက်နှာပန်းလှကြောင်း ဆိုပါတယ်။

"UFL စတက်တုန်းက သူငယ် ချင်းတွေက သမီးကို ဖေဖေ့သမီးမှန်း မသိဘူး။ ပြောရင်လည်းစတယ်ပဲ ထင်ကြတယ်။ ဒါပေမဲ့ ထူးအိမ်သင် သမီးဆိုပြီး မျက်နှာပန်းလှတယ်။ အဲ့ ဒီအတွက်လည်း ဂုဏ်ယူမိတယ်" ဟု မိကွန်ထောကပြောပါတယ်။မိကွန်ထော က ၈နှစ်သမီးအရွယ်မှာ ဆုံးပါးသွား သော ဖေဖေထူးအိမ်သင်နဲ့ သမီးငယ်မိ ကွန်ထောကြားတွင် အမှတ်တရတွေ အများကြီးရှိခဲ့ကြသော်လည်း ထိုထဲက တစ်ခုကို မိကွန်ထောပြန်ပြောပြသည် မှာ "ဖေဖေကသမီးကိုမဆူဘူး။ လေသံ မာမာလည်းမပြောဘူး။အပြင်မှာ သူ ငယ်ချင်းမိတ် ဆွေတွေနဲ့ဘယ် လိုပဲ ပြောပြောစိတ်ပဲတိုတိုသမီးကိုမဆူဘူး။ လေသံအေးအေးပဲပြောတယ်။အဲ့ဒါလေး တော့အမှတ်ရတယ်" ဟု မိကွန်ထောက ပြောသည်။

မိကွန်ထောကသီချင်းတွေ နားထောင် တာကြိုက်သော်လည်း
ကိုယ်တိုင်ဆိုဖို့တော့စိတ်ကူးထားတာ မရှိပါဘူးဟုပြောသည်။ဂီတမိတ်မှာ
တက်နေသောမိကွန် ထောကသင်တန်း တွင်သူ့၏သင်တန်းဆရာကလည်း သူ့ အဖေ ထူးအိမ်သင်ရဲ့ ပရိသတ်ပဲဟု သိရပါတယ်။"ဖေဖေ့ကို မမေ့ကြဘဲ ဖေဖေ့ အကြောင်းတွေ ပြောကြတုန်း၊ ဖေဖေ့သီချင်းတွေ နားထောင်ကြ တုန်း ဖေဖေ့ကိုအမှတ်တရတွေရှိနေကြ တုန်းဖြစ်တဲ့အတွက် သမီးလည်း ဝမ်း သာဂုဏ်ယူမိပါတယ်" ဟုပြောပြသော မိကွန်ထော၏ ထူးအိမ်သင်နှစ် ၅ဝရွှေ ရတုမွေးနေ့မှာအမှတ်တရပြောစကား တွေ ကို ဖော်ပြပေးလိုက်ရပါသည်။
ရဲရဲ
Popular Journal

ကုန်တင်ယာဉ်များ ထားဝယ်မြို့တွင်း စည်းကမ်းမလိုက်နာ

ထားဝယ်၊ ဇွန် ၃၀
ကုန်တင်ယာဉ်များ သတ်မှတ် လမ်းကြောင်းအတိုင်း ထားဝယ်မြို့တွင်း ဝင်ထွက် ရမည်ဟု စည်းကမ်း ထုတ်ပြန်ထားသော်လည်း သက်ဆိုင်ရာက ကြီးကြပ်မှု အားနည်းသောကြောင့် ကုန်တင်ယာဉ်များသည် စည်းကမ်း မလိုက်နာဘဲ လမ်းကြောင်းမရွေး ဝင်ထွက်လျက် ရှိကြောင်း ကုန်စည် ပို့ဆောင်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။

သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူခြင်း မရှိသည့်အတွက် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများမှ ခေါက်တို မော်တော်ကားများ၊ ၁၀ ဘီးတပ်နှင့် ၁၂ ဘီးတပ် ကုန်တင်ယာဉ်ကြီးများ၊ လောင်စာဆီယာဉ်များ မြို့အတွင်း အချိန်မရွေး ဝင်ရောက်၍ ကုန်တင်ကုန်ချ ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းက ဆိုသည်။

မြို့တွင်း ဝင်ခွင့်အတွက် ၁၀ ဘီးနှင့် ၁၂ ဘီးတပ် ကုန်တင်ကားများ ခရိုင်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ရန်ပုံငွေအတွက် သတ်မှတ်ထားသည့် ငွေကို ပေးဆောင်ပြီး ယင်းအဖွဲ့မှ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း သွားရမည်ဟု စည်းကမ်း ချမှတ်ထား သော်လည်း စည်းကမ်း လိုက်နာမှုကို ကြီးကြပ်မပေးသည့် အတွက် လမ်းကြောင်းမရွေး သွားလာနေခြင်း ဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး ဂိတ်တာဝန်ခံများက ဆိုသည်။

“စနစ်တကျ စည်းကမ်း သတ်မှတ်ပေးပြီး အရေးမယူကြတော့ လိုက်နာဖို့ ခက်တယ်” ဟု စွမ်းထက် ကုန်စည် ပို့ဆောင်ရေး တာဝန်ခံတစ်ဦးက ပြောကြားသည်။

စနစ်တကျ စည်းကမ်း ချမှတ်ပေးပြီး ထိရောက်စွာ အရေးယူမည်ဆိုလျှင် လိုက်နာမည် ဖြစ်ကြောင်း ၎င်းကဖွင့်ဟ ပြောဆိုသည်။

“ခေါက်တိုနဲ့ မသယ်နိုင်တဲ့အခါ ကုန်တင်ကားကြီးတွေကို စိစစ်ပြီး လမ်းကြောင်း သတ်မှတ်ပေးပြီးမှ မြို့ထဲ ဝင်ခွင့်ပေးတယ်” ဟု ခရိုင်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပိုသိန်းက ပြောကြားသည်။

ခေါက်တိုကားများသည် ဈေးအချိန်တွင် ဈေးအနီး ပစ္စည်းချခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပြီး ကျောင်းဆင်းကျောင်းတက် ချိန်များတွင် ကျောင်းသားကျောင်းသူများအတွက် အန္တရာယ် ရှိနိုင်ကြောင်း ထားဝယ်မြို့ပေါ်ရှိ မြောင်းပုလဲ အ.ထ.က(ခွဲ) အနီး နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်လို့ ဒေသန္တရ ဥပဒေအသစ်တွေကို လွှတ်တော်မှာ တင်ပြဖို့ရှိတယ်။ လွှတ်တော်က အတည်ပြုပေးပြီးရင် အရေးယူ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ဦးပိုသိန်းက ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့၌ ၃ တန်နှင့်အထက် ကုန်တင်ယာဉ်များ မြို့တွင်း မဝင်ရ၊ ခေါက်တိုကားများ ရုံးချိန် အတွင်း အာဇာနည်လမ်း ( ကရပ်ပြင် လမ်းဆုံမှ လမ်းဆုံကြီး) အတွင်း မဝင်ရ ၊ ခေါက်တိုယာဉ်ဖြင့် မသယ်နိုင်သည့် ကုန်များအတွက် ၁၀ ဘီးတပ် ၊ ၁၂ ဘီးတပ် ကုန်တင်ကားများ မြို့ထဲဝင်လိုလျှင် ခရိုင်မထသ၏ ခွင့်ပြုချက်အရ ယင်းကော်မတီမှ သတ်မှတ်ပေးထားသည့် လမ်းကြောင်း အတိုင်း သွားရမည်စသည့် စည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း ကုန်စည်ပို့ဆောင်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။
Dawei Watch
The Voice Weekly

ပြည်တွင်းထုတ် ဆူဇူကီးပစ်ကပ် ကားသစ် သိန်းရှစ်ဆယ် နီးပါးဖြင့် စရောင်း


ရန်ကုန်၊ ဇွန် ၃၀
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ဆူဇူကီးကယ်ရီပစ်ကပ်မော်တော်ယာဉ်
အသစ်များကို တစ်စီးလျှင် အမေရိကန် ဒေါ်လာ ၇၈၇၅ (ကျပ် ၇၈ သိန်း ခန့်) ဖြင့် ဇွန်လ ၃၀ ရက်နေ့က စတင် ရောင်းချနေကြောင်း Myanmar Suzuki Motor Co., Ltd အုပ်ချုပ်မှု မန်နေဂျာ ဦးရဲထွန်းဦးက The Voice သို့ ပြောကြားသည်။

အဆိုပါဈေးနှုန်းမှာ မော်တော်ယာဉ် တန်ဖိုးအတွက်သာဖြစ်ပြီး ယာဉ် မှတ်ပုံ တင်ခြင်းအတွက် ကုန်ကျစရိတ်များ မပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်း ကားသစ်တန်ဖိုး ကျပ် ၇၈ သိန်းခန့်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံ ပေးသွင်းရမည့် အခွန်အခများ ထည့်သွင်းတွက်ချက် ပါက ကျပ်သိန်းတစ်ရာ ဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း မော်တော် ယာဉ် ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

မော်တော်ယာဉ်အတွက် တစ်နှစ် သို့မဟုတ် ခရီးမိုင် နှစ်သောင်းအထိ အာမခံ ပေးထားပြီး အင်ဂျင်ပါဝါ ၁၀၀၀ စီစီ ကားများဖြစ်ကာ အပိုပစ္စည်း များကိုလည်း ရောင်းချမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"ဈေးကွက် အနေအထားကို ကြည့်ပြီးတော့ ထုတ်လုပ်ရောင်းချမယ်။ တစ်လ ဘယ်လောက် ထုတ်မယ်ဆိုတာတော့ အတိအကျ ပြောလို့မရဘူး" ဟု ဦးရဲထွန်းဦးက ဆိုသည်။

လက်ရှိ ပြင်ပမော်တော်ယာဉ် ဝယ်ရောင်း ဈေးကွက်တွင် ဆူဇူကီး ပစ်ကပ် ကားများနှင့် ပုံသဏ္ဌာန်တူသည့် အင်ဂျင်ပါဝါ ၆၆၀ စီစီ ဂျပန် တစ်ပတ်ရစ် ကားတစ်စီးလျှင် ကျပ်သိန်း ၆၀ ဝန်းကျင်ခန့်ဖြင့် အရောင်းအဝယ် ပြုလုပ် လျက်ရှိကြောင်း မော်တော်ယာဉ် ဝယ်ရောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ဆူဇူကီး ကယ်ရီ ပစ်ကပ်ကားသစ်ကို ငွေကြေး ပိုမိုအသုံးပြုနိုင်ပြီး ကားသစ် ကြိုက်နှစ်သက်သူများသာ ရွေးချယ်နိုင်ဖွယ်ရှိကြောင်းနှင့် အများစုမှာ မူ ဈေးသက်သာသည့် ဂျပန် တစ်ပတ်ရစ် ကားများကိုသာ ပိုမို ဝယ်ယူကြကြောင်း မော်တော်ယာဉ် ဝယ်ရောင်း လုပ်ငန်းရှင် ဦးမင်းမင်း က ပြောဆိုသည်။

ဆူဇူကီးကုမ္ပဏီသည် ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆူဇူကီးပစ်ကပ် Wagon (R+) မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ရောင်းချခဲ့ ဖူးသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က Myanmar Suzuki Motor ကုမ္ပဏီ ကို ပြည်တွင်း၌ တစ်လလျှင် မော်တော်ယာဉ် အစီးရေ ၁၀၀ ထုတ်လုပ်နိုင် သည့် စက်ရုံ တည်ဆောက် လုပ်ကိုင်ခွင့်ကို ယခုနှစ် ဇန်နဝါရီလက ခွင့်ပြုခဲ့သည်။
The Voice Weekly

မြစ်ရေကြီးမှုနှင့် ကမ်းပါးပြိုကျမှုများကြောင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် နေအိမ်ပြောင်းရွှေ့ရမှုနှင့် စိုက်ပျိုးမြေများ ပျက်စီး ဆုံးရှုံးမှုနှင့် ကြုံတွေ့

Monday, 01 July 2013
မြစ်ရေကြီးမှု အခြေအနေနှင့် ကမ်းပါးပြိုကျမှုများကြောင့် ဧရာဝတီမြစ်ရိုး တစ်လျှောက်နှင့် မြစ်ရိုး၊ ချောင်းရိုး နံဘေးတွင် နေထိုင်ကြသော ဒေသခံအများအပြား နေအိမ်ပြောင်းရွှေ့ရမှု၊ စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးမှုတို့နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ပခုက္ကူမြို့နယ် အတွင်းရှိ ဧရာဝတီ မြစ်ကမ်းနံဘေး တစ်ဖက်တစ်ချက်မှ ကျေးရွာများ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်မြေနေရာနှင့် စိုက်ပျိုးမြေ များပါ ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရသည်။ ပခုက္ကူမြို့အနီး ဧရာဝတီ မြစ်ကမ်းဘေးရှိ ကုက္ကိုလှ၊ ကြက်တန်းကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကြီး၊ သိမ်ကုန်း၊ မရိုးကုန်း၊ မြင်းကျွန်း၊ ရှားတော၊ထနှောင်းကုန်း ကျေးရွာများတွင် မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ် နေရာများနှင့် စိုက်ပျိုးမြေ အများအပြား ပျက်စီးမှုများ ကြုံတွေ့နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကမ်းပြိုတဲ့အထဲ ကိုယ့်လယ်မြေတွေ ပါသွားတော့ လုပ်စရာ မရှိတော့ဘူး။ လူငယ်တွေ မြို့တက် ကုန်ထမ်းတယ်။ မိန်းကလေးတွေက မြို့ကြီးတွေမှာ အိမ်အကူတို့၊ ဈေးရောင်းတို့ လုပ်ရတယ်။ ရွာမှာ ကျန်တဲ့ လူကြီးတွေက သူများလယ်မှာ စာရင်းငှား လိုက်လုပ်ရတယ်။ ကလေးတွေ ပညာရေး ဆိုရင်လည်း မနှစ်ကဆို ၁၀ တန်းကျောင်းသား တစ်ယောက်မှ မရှိတော့ဘူး။

မြစ်ကမ်းပါးပြိုကျမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အဆိုပါ ကျေးရွာများတွင် နေထိုင်သူများသည် လူနေအိမ်နေရာများ ဆုံးရှုံးခဲ့သည့် အတွက် နေထိုင်ရေး အခက်အခဲ ကြုံတွေ့ရသည့်အပြင် စိုက်ပျိုးမြေ ပျက်စီးဆုံးရှုံးမှုကြောင့် စားဝတ်နေရေး အခက်အခဲနှင့်ပါ ကြုံတွေ့နေရခြင်းဖြစ်သည်။ ကမ်းပြိုမှု ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် သိမ်ကုန်း၊ မရိုးကုန်းနှင့် ထနှောင်းကုန်းကျေးရွာများမှ လူနေအိမ်များ သာမက ရွာလယ်ရှိ ဘုန်းတော်ကြီး ကျောင်းများပင် ရွှေ့ပြောင်းရန် ပြင်ဆင်မှု ပြုလုပ်နေကြောင်းလည်း သိရသည်။

''ဟိုအရင်ကတည်းက ရေတက်ရင် ကမ်းပြိုနေကျ ဆိုပေမယ့် အိမ်တွေ နေ့ချင်းညချင်း ရွှေ့ရလောက်အောင်ထိ မဆိုးသေးဘူး။ ဧရာဝတီ တံတားကြီး ပြီးသွားချိန်လောက်မှာ ကမ်းပြိုတာရော မြစ်ရေစီးကြောင်း ပြောင်းသွားတာရော ပိုသိသာလာတယ်။ ရေကျချိန်ဆို မြစ်လယ်ခေါင်မှာ သဲသောင်တွေများလာပြီး ရေပြန်တက်ချိန်ဆို ရေစီးကြောင်းက ကမ်းဘက်ကို ဦးတည်စီးလာတော့ ကမ်းနံဘေးရှိတဲ့ ရွာတွေအကုန် ဒုက္ခရောက်တော့တာပဲ။ ကျောက်စုပ်စက်လှေတွေက ရွာနားလာပြီး ၂၄ နာရီ လာလုပ်ကြတော့ မြစ်အောက်ပိုင်းမှာ လှိုက်စားပြီး ကမ်းပြိုတာ ပိုဆိုးလာတယ်။ အခု လဆန်းပိုင်းကနေ လကုန်ပိုင်းထိ ကမ်းပြိုလို့ ရွှေ့ပြောင်းရတဲ့ အိမ်က ၂၄ အိမ် ကျော်သွားပြီ။ ဒါတောင် လလယ်ပိုင်းမှာ မြစ်ရေက ပြန်ကျသွားပြီးလေငြိမ်နေလို့ သက်သာသွားတာ။ ရွှေ့ရတဲ့ အိမ်တွေထဲမှာ တချို့လည်း ရွာပြင်က လယ်ကွင်းတွေထဲ တဲထိုးနေတယ်။တချို့ကနီးစပ်ရာ ဆွေမျိုးတွေ
အိမ် မှာနေကြတယ်။ ကျွန်တော်တို့က တော့ ဘုန်းကြီးကျောင်းထဲမှာ တဲထိုးနေတယ်။ ကမ်းပြိုလိုက် လွတ်တဲ့ လယ်မြေတွေဆီ ရွှေ့လိုက်နဲ့ ကိုယ်ပိုင်တဲ့ မြေဆိုတာ မရှိတော့ဘူး'' ဟု ကမ်းပြိုမှုကြောင့် နေအိမ်ရွှေ့ ပြောင်းခဲ့ရသူ ပခုက္ကူမြို့နယ်၊ သိမ်ကုန်းရွာသား ကိုစိုးဝင်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လူနေအိမ်နှင့် စိုက်ပျိုးမြေများ ဆုံးရှုံးခြင်းကြောင့် ကျန်းမာရေး အခက်အခဲပါ ကြုံတွေ့နေရသည်။ လူငယ်အချို့မှာလည်း မြို့ပေါ်သို့ပြောင်းရွှေ့ အလုပ်လုပ်ကိုင်မှုများ ရှိလာသည်။

''ကမ်းပြိုတဲ့အထဲ ကိုယ့်လယ်မြေတွေ ပါသွားတော့ လုပ်စရာ မရှိတော့ဘူး။ လူငယ်တွေ မြို့တက် ကုန်ထမ်းတယ်။ မိန်းကလေးတွေက မြို့ကြီးတွေမှာ အိမ်အကူတို့၊ ဈေးရောင်းတို့ လုပ်ရတယ်။ ရွာမှာ ကျန်တဲ့ လူကြီးတွေက သူများလယ်မှာ စာရင်းငှား လိုက်လုပ်ရတယ်။ ကလေးတွေ ပညာရေး ဆိုရင်လည်း မနှစ်ကဆို ၁၀ တန်းကျောင်းသား တစ်ယောက်မှ မရှိတော့ဘူး။ အလယ်တန်းလောက်နဲ့ ကျောင်းထွက်ရတယ်'' ဟု ပခုက္ကူမြို့နယ် အတွင်းရှိ ထနှောင်းကုန်း ကျေးရွာမှ ကိုစိုးခိုင်သူက ပြောကြားခဲ့သည်။

ကမ်းပြိုမှုကြောင့် နေစရာ အခက်အခဲ ရှိသူများကို မိမိ၏ကျောင်းတွင် ခိုလှုံခွင့် ပြုထားသော်လည်း မိမိကျောင်းပါ ပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်းကိုလည်း သိမ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ကလည်း မိန့်ကြားခဲ့သည်။

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ နိဗ္ဗာန်ကျွန်း ကျေးရွာတွင် ဇွန်လဆန်းပိုင်းမှစ၍ တစ်နေ့လျှင် ပေ ၆၀ ခန့် ကမ်းပြိုမှု ဆက်တိုက် ဖြစ်ပေါ်ခဲ့သောကြောင့် ရွာဦးဘုန်းကြီးကျောင်း အပါအ၀င် နေအိမ် ၂၀ ကျော် ပြောင်းရွှေ့ခဲ့ရပြီး ရွာလုံးကျွတ် ရွှေ့ပြောင်း
ရမည့် အခြေအနေနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။

ယင်းကျေးရွာသည် လွန်ခဲ့သော နှစ် ၄၀ ခန့်က ယခုတည်ရှိသည့် နေရာ၏ အရှေ့တစ်မိုင်ခန့် အကွာ၌ ရှိခဲ့ပြီး နှစ်စဉ်ကမ်းပြိုမှုကြောင့် ယခုနေရာသို့ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် ရွာရှစာသင်ကျောင်းကိုလည်း ကမ်းပြိုမှုကြောင့် ယခင်နှစ်က ရွှေ့ပြောင်းခဲ့ရပြီး ယင်းကျေးရွာမှာ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သည့် ဒေါင်းနေချောင်း၏ ရေဦးတိုက်နေရာ တည်ရှိသောကြောင့် မြစ်ရေစီးကြောင်းမှာ ကျေးရွာတည်ရှိရာသို့ ဦးတည်၍ ကမ်းပြိုခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယင်းကျေးရွာ၏ အထက်ဘက် ပွင့်ဖြူမြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ခုံစု၊ ရှားတောကျေးရွာများတွင် နှစ်စဉ်ရေတက်ချိန် ရောက်တိုင်း ကမ်းပြိုလေ့ရှိကြောင်း သိရသည်။

နှစ်စဉ်မြစ်ကမ်းပါး ပြိုကျမှုကို အဆိုးရွားဆုံး ကြုံတွေ့ရလေ့ရှိသည့် ၀ါးခယ်မမြို့နယ် အထက်ပေကုန်း ကျေးရွာတွင်လည်း လက်ရှိအချိန်၌မြစ်ကမ်းပါးများ ပြိုကျလာခြင်းကြောင့် လူနေအိမ်အချို့ စတင်ပြောင်းရွှေ့ နေရခြင်းဖြစ်ကြောင်း သိရသည်။ အထက်ပေကုန်း ကျေးရွာတွင် ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှု နှစ်စဉ်ကြုံတွေ့နေရပြီး ယမန်နှစ်အထိ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ခြေ ၂၂၄ လုံး ဆုံးရှုံးခဲ့ပြီး ကျေးရွာ၏ သုံးပုံတစ်ပုံမှာ နေအိမ်စွန့်ခွာ သွားခဲ့ရသည်။

ကျေးရွာနေ ပြည်သူများမှ ကမ်းပြိုမှု တားဆီးကာကွယ်ရေး ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။ ''ဒီနှစ်မှာတော့ မြစ်ကမ်းဘေးက အိမ် ၁၅ လုံးလောက် ပြောင်းထားရပြီး ကမ်းပြိုတာ ကာကွယ်ဖို့ ရွာခံတွေပဲ စုပေါင်း လုပ်နေရတာဆိုတော့ ငွေကြေးလည်း သိပ်မတတ်နိုင်တော့ဘူး။ ကျွန်တော်တို့ဆီကို ၀န်ကြီးချုပ် လာကြည့်သွားပြီး ကူညီမယ်လို့ ပြောတယ်။ ဒါပေမယ့် အခုထိဘာမှတော့ မထူးသေးဘူး။ နှစ်တိုင်းရွာက အကုန်အကျခံပြီး ကမ်းပြိုတာသက်သာဖို့ နည်းမျိုးစုံ လုပ်နေတာပဲ'' ဟု အထက်ပေကုန်းကျေးရွာ တားဆီးကာကွယ်ရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်ဝင်းက ပြောကြားခဲ့သည်။

ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် အထက်ပေကုန်း ကျေးရွာတွင်သာ မဟုတ်ဘဲ အနီးဝန်းကျင် ရွာများရှိ လယ်ယာမြေ ဥယျာဉ် ဧကများစွာ နှစ်စဉ်ဆုံးရှုံး လျက်ရှိကာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းခြေတစ်လျှောက် တစ်မိုင်ဝန်းကျင်မှာ ကမ်းပါးပြိုကျမှုကို ဆိုးရွားစွာ ကြုံတွေ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
Eleven Media Group

ချွတ် ချင်တာ


FB-အင်းလေးမီဒီယာ

နိုင်ငံတကာ ဘောလုံးပွဲ ကျင်းပလို့ ဆန္ဒပြ နေတဲ့ ဘရာဇီးမှာ အိမ်ရှင် အသင်းက ဗိုလ်စွဲ

1 ဇူလိုင်လ 2013
Confederations Cup ဗိုလ်လုပွဲ ကစားနေတဲ့ Rio de Janeiro ရီယိုဒီ ဂျနဲရိုး မြို့က Maracana မာရာကားနား ဘောလုံးကွင်းနားမှာ ဆန္ဒပြသမားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရေးတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ဆန္ဒပြသမားတွေက မီးကျည်မီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့သလို ရဲတွေကလည်း မျက်ရည်ယိုဗုံး သုံးပြီး တုန့်ပြန် လူစုခွဲခဲ့ပါတယ်။

ဒါဟာ ဘရာဇီးအတွက် အကြီးဆုံးသော ဘောလုံးပွဲ လုံခြုံရေး ထိန်းသိမ်းမှု ဖြစ်ပါတယ်။ နောက်နှစ် ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အကုန်အကျခံ ကျင်းပနေပြီး လူထု ဝန်ဆောင်မှုတွေကတော့ ဆိုးဆိုးရွားရွား ချို့တဲ့မှုတွေရှိနေတာ၊ အကျင့်ပျက် ချစားမှုတွေ ဖြစ်နေတာစတဲ့ အကြောင်းတွေ အပေါ် နိုင်ငံတလွှား ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး သီတင်းပတ် အတော်ကြာ ကျင်းပနေတဲ့ ဘောလုံးပွဲတွေကို အဓိကထား ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်လောက်တုန်းက ဖွင့်ပွဲ အခန်းအနားမှာ လူထုရဲ့ ပြောလှောင်မှု ခံခဲ့ရပြီးတဲ့နောက် ဘောလုံး ကစားပွဲတွေကို မတက်ဖို့ သမ္မတ ဂျီမာ ရူးဆက်ဖ်က ဆုံးဖြတ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက ရဲကို မီးကျည်နဲ့ပစ် ရဲက မျက်ရည်ယိုဗုံးနဲ့ ပြန်ပစ်ဘရာဇီးနဲ့ စပိန် အသင်းတို့

ကစားကွင်း အပြင်မှာ ဆူပူ ဆန္ဒပြမှု ဖြစ်နေပေမယ့် ဘရာဇီး အသင်းနဲ့ စပိန် အသင်းတို့ ကန်တဲ့ ဗိုလ်လုပွဲမှာ ဘရာဇီး က စပိန်ကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် Confederations Cup ဖလားကြီးကို အိမ်ရှင် ဘရာဇီး ဆွတ်ခူး သွားခဲ့ပါပြီ။တတိယ နေရာ အတွက် ကန်တဲ့ ပွဲမှာတော့ အီတလီနဲ့ ဥရုဂွေး အသင်းတို့ ကစားရာမှာ သရေကျနေတာကြောင့် ပင်နယ်လ်တီနဲ့ အဆုံးအဖြတ် ပေးရာမှာ အီတလီက သုံးဂိုး ကန်သွင်းနိုင်ခဲ့ပြီး ဥရုဂွေးက နှစ်ဂိုးသာ သွင်းနိုင် ခဲ့တာကြောင့် အီတလီက တတိယနေရာကို ရသွားခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ယုဇနပလာဇာတွင် ခါးပိုက်နှိုက် ဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၁
၃၀.၆.၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ၏ မျက်နှာစာတန်း တွင် ခါးပိုက်နှိုက်မှတ်တမ်းဝင် မရီရီဝင်း (ဘ)ဦးဌေးအောင်၊ (၁၈)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေသူအား တွေ့ရှိသဖြင့် သက်သေများနှင့် အတူ စစ်ဆေးရှာဖွေရာ ၎င်း၏ ဘေးလွယ်အိတ် အတွင်းမှငွေ ၃၀၀၀၀ ကျပ်ပါ ပိုက်ဆံအိတ် (၁)လုံးတွေ့ရှိခဲ့ပြီး အဆိုပါပိုက်ဆံအိတ်နှင့် ငွေတို့အား ယုဇနပလာဇာ၏ မြေညီထပ်အထည်ဆိုင်တန်းတွင် ဘေးလွယ်အိတ်ဖြင့်အကာအကွယ်ပြုလုပ်၍ အမျိုးသမီးတစ်ဦးကိုင်ထားသည့် စက္ကူလက်ဆွဲအိတ်အတွင်းမှ နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သိမ်းဆည်းရမိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၄၄၇/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကန့်ကွက်တဲ့အမတ် ၂ဝ၁၅ မဲမရရန် စည်းရုံးမည်ဟု မြစေတီဆရာတော်မိန့်ကြား (ရုပ်/သံ)

''ပယ်ချလိုက်မယ်ဆိုရင် လုပ်ထားတဲ့ ဒီလုပ်ငန်းကြီးဟာ သဲထဲရေသွန်သလိုဖြစ် သွားမှာပေါ့။ ဒါကြောင့် သွန်ချင်သွန်၊ မှောက်ချင်မှောက် ဘယ်ကိုယ်စားလှယ်လဲ အဲဒါသိချင်တယ်။ ဒီလိုသိရတဲ့အချိန် ဘာလုပ် မှာတုန်းဆိုတော့ ဒီပုဂ္ဂိုလ်တွေကို ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲမပေးရုံပေါ့'' ဟု ဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်သည်။

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲကို မြန်မာနိုင်ငံ သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးများ၊ သံဃာတော် အပါးတစ်ထောင်ကျော်တက်ရောက်တဲ့ ဇွန်လ ၂၇ရက်နေ့အခမ်းအနားမှာ မျိုးစောင့်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရေး လုပ်ဆောင်သွားမယ်လို့ မိန့်ကြားလိုက်ပါတယ်။

FB-NY Kogyi

ဦးဝီရသူထံ BBC-ရုပ်/သံ ဌာနလာရောက် အင်တာဗျူး (ဓါတ်ပုံ သတင်း)

၂၈-၆-၂၀၁၃-ရန်ကုန် မန္တလေး- လေယာဉ်ပေါ်တွင် TIME-မဂ္ဂဇင်း အကြောင်း မေးမြန်းခဲ့ သည်။
၂၉-၆-၂၀၁၃-မနက် (၁း၀၀)နာရီတွင် FB- အသုံးပြုပုံ အဆင့်ဆင့်ကို ရိုက်ကူးခဲ့သည်။ မွန်းလွဲ (၂း၄၅)တွင် အမျိုးစောင့် ဥပဒေနှင့် အမျိုးသားရေး ဆိုင်ရာ မေးမြန်းခဲ့သည်။

အပြန်အလှန် ဗွီဒီယိုဖိုင်များ လဲလှယ်ကြပြီး၊ နှစ်ဦးနှစ်ဖက်မှ ရရှိသော အချက်အလက်များကို မျှမျှတတ ထုတ်လွှင့်ဖို့ သဘောတူညီမှု ရယူကြသည်။

BBC-ဌာနထုတ် မြန်မာပြည် မြေပုံလာ ရခိုင်ပြည်နယ်နေရာတွင် ရခိုင်တိုင်းရင်းသားပုံကို မထည့်ဘဲ ဘင်္ဂါလီပုံထည့် ထားခြင်းမှာ BBC-၏ Policy-မဟုတ်ကြောင်း၊ အခု ဖြုတ်ပစ်လိုက်ပြီ ဖြစ်ကြောင်း ပြောကြားသွားသည်။

ဦးဝီရသူက ၈-၆-၂၀၁၂-မောင်တော အရေးအခင်း ဗွီဒီယိုဖိုင်လ်ကို အခုမှ ကြည့်ဖူးတာနှင့် ပတ်သက်၍ အံ့သြမိကြောင်း BBC-ကို ပြန်ပြောပြလိုက်သည်။

BBC-သည် တမ္မဝတီ ညတရားပွဲသို့ လာရောက် ရိုက်ကူးသွားခဲ့သည်။ လာရောက် အင်တာဗျူးသူမှာ ဘန်ကောက်အခြေစိုက် BBC-သတင်းဌာနမှ Mr.Jonah Fisher-ဖြစ်သည်။
FB-Wira Thu









သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယနေ့ ညနေပိုင်းက အကြမ်းဖက်မှု  ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဘယ်က စဖြစ်လည်းဆိုတော့ တောင်ကုတ်က မိန်းကလေးတစ်ယောက်ကို သံတွဲ စပယ်လမ်းက မူဆင်နှစ်ဦး ကနေ မုဒိန်းကျင့်လိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်လာရာကနေ စဖြစ်တာပါ။ အမျိုးသမီး နာမည်တော့မသိဘူး။ မုဒိန်းကျင့်တယ်လို့ စွပ်စွဲခံရတဲ့ မူဆလင်တစ်ယောက်ကိုတော့ ရဲစခန်းမှာ ဖမ်းမိ ထားပြီး နောက်တယောက်တော့ လွတ်နေသေးတယ်” ဟု သံတွဲမြို့ခံ တစ်ဦးကပြောသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်ခံသည့်သတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး သံတွဲမြို့တွင် အုပ်စု လိုက် တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။

ယနေ့ဖြစ်ပွားသည့် ဆူပူမှုမှာ ညနေ ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ညနေ ၇ နာရီခန့်တွင် အပြန်အလှန် တိုက်ခိုက်မူများ ဆက်လက်  ဖြစ်ပွားနေကြောင်း သိရသည်။

နှစ်ဘက်တိုက်ခိုက်မှုများကြောင်း မြို့စွန် ရပ်ကွက်များထဲမှ စားသောက်ဆိုင် ၂ ဆိုင် ပျက်ဆီးသွားပြီး ကားဂိတ် ၂ ခုတွင်လည်း ပျက်စီးမှုတချို့ရှိကြောင်း သိရသည်။

ညနေ ၉ နာရီခန့်တွင် တစ်ခြားသံတွဲမြို့ခံ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ယခုအခါ တပ်က ရောက်ရှိနေပြီး သံတွဲမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

တချို့နေရာများတွင် မီးစတင်လောင်ကျွမ်းနေကြောင်းပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် သံတွဲဆူပူမှုမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း အုပ်စုလိုက် ဆူပူမှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တွင် တည်ငြိမ်စပြုနေရာမှ နောက်ထပ်အုပ်စုလိုက် ဆူပူမှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။
Narinjara

TIME မဂ္ဂဇင်းအား ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ကန့်ကွက်ဆန္ဒပြ (ဓါတ်ပုံ သတင်း)

TIME မဂ္ဂဇင်းအား ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ကန့်ကွက်ဆန္ဒပြ




















 

ရန်ကုန်သံဃာထု တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ဆန္ဒပြ

Monday, 01 July 2013
ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါဆာင်းပါးကို ကန့်ကွက်တဲ့ သံဃာထု ဆန္ဒပြပွဲကြောင့် ရင်ထဲကခံစားချက်တွေ အထိုက်အလျောက် လျော့ပါးသွားလိမ့်မယ်လို့ ရွှေဝါရောင်သံဃာတပါးက မိန့်ပါတယ်။ သံဃာတော် အပါး ၁,၅၀၀ လောက်ဟာ ကျောက်တံတား ရဲစခန်းရဲ့ ခွင့်ပြုမိန့်နဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ စုရုန်း ဆန္ဒပြခဲ့ကြတာပါ။ အခုလို ဆန္ဒပြကြတဲ့ သံဃာတော်တွေ ရှိနေချိန်မှာပဲ တဘက်မှာလည်း တချို့ဘုန်းတော်ကြီးတွေက ဒီ ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် မလုပ်သင့်ဘူးလို့ ရူမြင်တာတွေရှိနေပါတယ်။ ရန်ကုန်မြို့က သံဃာတွေရဲ့ ဆန္ဒပြပွဲအကြောင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေး
ပို့ထားပါတယ်။

ဗုဒ္ဓဘာသာရဲ့ ကြမ်းတမ်းသောမျက်နှာစာ ဆိုပြီး ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်းကြီးကို ဖော်ပြခဲ့တဲ့ မျက်နှာဖုံးဆောင်းပါးကို ဒီကနေ့မှာပဲ မြန်မာနိုင်ငံ အတွင်းက ထေရ၀ါဒ ကွန်ယက်က ကန့်ကွက်လိုက်တာပါ။ တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်ခဲ့တဲ့ တချိန်တည်းမှာပဲ ဒီ မဂ္ဂဇင်းကို ပြည်တွင်း
မှာ ဖြန့်ချိခွင့် ပိတ်လိုက်တဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်ကို ထောက်ခံခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ ကျောက်တံတားမြို့ ရဲစခန်းရဲ့ ခွင့်ပြုမိန့်နဲ့ ထုတ်ဖော်ခွင့်ရခဲ့တာ ဖြစ်ပြီးတော့ တော်ရုံတန်ရုံ ဆန္ဒထုတ်ဖော်ခွင့်တွေနဲ့ ပတ်သက်ရင် ပြည်တွင်းမှာ လွယ်လွယ်ရလေ့မရှိဘဲ၊ ဒီ ဆန္ဒပြပွဲ ခွင့်ရခဲ့တဲ့အပေါ်မှာ နိုင်ငံရေးးတက်ကြွလှုပ်ရှားသူ အများစုက အံ့အားသင့်နေကြပါတယ်။

ရဟန်းသံဃာတော်အပါး ၁,၅၀၀ ကျော်လောက်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ဆူးလေ ဘုရားရှေ့က မြို့တော် ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ် ခဲ့တာလို့ ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ဆရာတော် တစ်ပါး ဖြစ်တဲ့ မကွေး ဆရာတော်ကြီး ဦးပါမောက္ခက မိန့်ပါတယ်။

“ဘုန်းကြီးတို့ ဒီနေ့ ဦးဝီရသူကို ဗုဒ္ဓဘာသာ၏ အကြမ်းဖက် မျက်နှာစာ ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့က တိုင်းမ်မဂ္ဂဇင်းက ထုတ်ဖော်ခြင်းအပေါ် ဘုန်းကြီးတို့က တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ခြင်း၊ အဲဒီ တိုင်းမ်မဂ္ဂဇင်းကိုပဲ သမ္မတကြီးကလည်း ကန့်ကွက်ထားလို့ သမ္မတကြီး ကန့်ကွက်ခြင်း အပေါ်မှာလည်း ဘုန်းကြီးတို့ ဂုဏ်ပြုပွဲ ဆိုပြီးတော့ ဒီနေ့ မြို့တော်ခမ်းမ နဲ့ မဟာဗန္ဓူလ ပန်းခြံရှေ့မှာ အင်အား ၁,၅၀၀ ခန့်လောက်ဖြင့် ဘုန်းကြီးတို့ရဲ့ ဆန္ဒထုတ်ဖော်ပွဲလေး လုပ်ဖြစ်ပါတယ်။”

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်ပြီး မြန်မာနိုင်ငံ အတွင်းမှာ ဖွဲ့စည်းထားတဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ဗဟိုကော်မတီကနေ တိုင်းမဂ္ဂဇင်းပါ ဆောင်းပါးကို ပြည်တွင်းမှာ ဖြန့်ချိခွင့် တားမြစ်ခဲ့တာပါ။ မြန်မာသံဃာတပါးဖြစ်တဲ့ ဦးဝီရသူ ပုံကို မျက်နှာဖုံးတင်ဖော်ပြတဲ့ “The Face of Buddhist Terror” ဆောင်းပါးကြောင့် ဗုဒ္ဓဘာသာကို အထင်အမြင် လွဲမှားစေပြီး၊ ဘာသာစုံအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေ တာကို ထိခိုက်စေတယ်ဆိုတဲ့ ပိတ်ပင်ခဲ့တာလို့လည်း မြန်မာအာဏာပိုင်တွေက ဆိုပါတယ်။

တိုင်းမ် မဂ္ဂဇင်းဟာ မျက်နှာဖုံးမှာဖော်ပြထားတဲ့ ဆရာတော် ဦးဝိရသူ တစ်ပါးတည်းကို စွပ်စွဲတာတင် မကဘဲ၊ မြန်မာနိုင်ငံအတွင်းက ရဟန်းသံဃာအများစုကိုပါ ထိပါးတာကြောင့်၊ နောက်ပိုင်းမှာ တရား ဆွဲဖို့အထိ ပြင်ဆင်ထားတယ်လို့လည်း ဦးပါမောက္ခက မိန့်ခဲ့ပါတယ်။

“ဘုန်းဘုန်းတို့က ဦးဝီရသူကို တိုက်တွန်းပါတယ်။ တိုင်းမ် မဂ္ဂဇင်းကို တရားစွဲဖို့ တောင်းဆိုတဲ့အခါမှာ ဦးဝီရသူက တရားစွဲလိုမှု မရှိဘူးလို့ပြောတော့ ဘုန်းကြီးတို့ ရှေ့ဆက်လုပ်ဖို့ ဆိုတာကတော့ နောက်ထပ်ကိစ္စလေးတွေ သူတို့နဲ့ညှိပြီးတော့မှ လုပ်သင့်မလုပ်သင့်၊ တိုင်းမ်မဂ္ဂဇင်းကနေပြီးတော့ ဘုန်းကြီးတို့အပေါ်မှာ တောင်းပန်လာမယ်ဆိုရင်တော့ ဒါဟာ တရားစွဲဖို့က လုံးဝမလုပ်ဖြစ်တော့ဘူးလို့ သတ်မှတ်လို့ရတယ်။ ဘုန်းကြီးတို့ အပေါ်မှာ တောင်းပန်ဖို့မရှိဘူး ဆိုလို့ရှိရင်တော့ ဦးဝီရသူတို့နဲ့ တခြား တခြားသော အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။”

ဒီလ ၂၇ ရက်နေ့တုန်းကကျင်းပခဲ့တဲ့ သံဃာ့ည်ီလာခံကနေ တိုင်းမ် မဂ္ဂဇင်းကို တညီတညွတ်တည်း ကန့်ကွက်ကြောင်း ကြေညာခဲ့သလို၊ အစည်းအဝေး နေ့ခင်းပိုင်း အစီအစဉ်ပြန် စချိန်မှာ ကြွရောက်လာခဲ့တဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရ ကလည်း ဆောင်းပါးမှာ ရေးသား ထားတာတချို့ ကို အင်္ဂလိပ်မူရင်းလို ဖတ်ပြီး ဘာသာပြန်မိန့်ကြားပြီးတဲ့နောက်၊ ဒါဟာ ရန်တိုက်ပေးတာ၊ မြှောက်ပေးတာ၊ စော်ကားထားတာ စသည်အားဖြင့် မိန့်ခဲ့ပါတယ်။ သံဃာထု အနေနဲ့ ဒီလိုရေးသားတာတွေအပေါ် ဒေါသနဲ့ မတုံ့ပြန်ကြဘဲ သည်းခံ ခွင့်လွှတ်စိတ်တွေနဲ့ တုံ့ပြန်ကြဖို့ကိုလည်း မိန့်မှာပါတယ်။

သီတဂူ ဆရာတော်ကြီး မိန့်ကြားခဲ့သလိုပဲ ရဟန်းသံဃာတော်တွေ အနေနဲ့ မေတ္တာတရားရှေ့ထားပြီး ဆန္ဒထုတ်ဖော်တဲ့ လုပ်ရပ်မျိုးတွေ မလုပ်ဆောင်ဖို့နဲ့ အခုလို လုပ်ရပ်မျိုးတွေနဲ့ ဆန္ဒထုတ်ဖော်လိုက်တဲ့ အတွက် သံဃာတော်တွေထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေ အနည်းငယ် လျော့ပါး သွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ရွှေဝါရောင်လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ ဆရာတော် ဦပဏ္ဍ၀ံသ ကမိန့်ပါတယ်။

“အဲဒါကတော့ တကယ့်ကိုပဲ ဆရာတော်ကြီးက သမာသမတ်ကျကျပြော တာပေါ့နော်။ ဥပဇ္ဇင်းတို့ အနေနဲ့က တကယ်တမ်းပြောရမယ်ဆိုရင်တော့ ရဟန်းတော်တွေဟာ ဒေါသ၊ လောဘ မောဟ ဆိုတဲ့ မီးသုံးမီးကို ငြိမ်းသက်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ အဲဒီတော့ ဖြစ်နေတယ်ဆိုတော့ ဒီဟာတွေ အားလုံးက တုတ်နဲ့ရိုက်လည်း ခံပေါ့နော်။ ခန္ဓီတရားနဲ့ပဲ သွားရမှာလေ။ ဆရာတော်ကြီး ပြောကြားချက်ကတော့ တကယ့်ကိုပဲ ထေရ၀ါဒမူအရနဲ့ ကိုက်ညီတာပေါ့။”

အခုလို သံဃာတော်တွေ အနေနဲ့ ဆန္ဒထုတ်ဖော်တဲ့အထိ ဖြစ်လာတာဟာ အစွန်းရောက် ဒကာတွေရဲ့ တိုက်တွန်းမှုကြောင့် ဖြစ်နိုင်တယ်လို့လည်း ဦပဏ္ဍ၀ံသက ဖြည့်စွက်မိန့်ကြားပါတယ်။

“သံဃာတွေ တော်တော်များများက ဘာသာရေးအစွန်းရောက်တဲ့ ဒကာတွေရဲ့ လျှောက်ထားချက်တွေအရလည်း ပါမှာပေါ့နော်။”

ဇူလိုင် လထုတ် တိုင်းမ်း မဂ္ဂဇင်းကိုတော့ နိုင်ငံတော် သမ္မတရုံးကလည်း ကန့်ကွက်မှုတွေ လုပ်ထားပြီးတော့ ဇူလိုင်လ ၂၉ ရက်နေ့တုန်းကလည်း သာသနာရေးဝန်ကြီးဌာနက ဒီဆောင်းပါး ဖော်ပြမှုကို တရားဝင် ကန့်ကွက်ကြောင်းလည်း ပြောခဲ့တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ကုန်ကားအားဝင်တိုက်သောဆိုင်ကယ်မှ လူနှစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရ

လားရှိုး၊ ဇွန် ၃၀။
ယမန်နေ့ည ရှစ်နာရီခွဲအချိန်တွင် သီပေါ၊ လားရှိုးအဝေးပြေးလမ်းမကြီး၌ အရှိန်ဖြင့် မောင်းနှင်လာသော ဆိုင်ကယ် တစ်စီးသည် မျက်နှာချင်းဆိုင်မှ ကုန်ကားအား လမ်းကြောင်းမှား၍ ၀င်တိုက်ရာ
လူနှစ်ဦးသေဆုံး၍ တစ်ဦး စိုးရိမ်ရ အခြေအနေတွင် ရှိနေကြောင်း လားရှိုးယာဉ်ထိန်း ရဲတပ်ဖွဲ့မှ သိရသည်။

လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာဘက်မှ အဝေးပြေး လမ်းမကြီးအတိုင်း လားရှိုးမြို့ဘက်သို့
မောင်းနှင်လာသော လူသုံးဦးပါ ဆိုင်တစ်စီးသည် ခိုစံတန်သစ်တောပျိုးဥယျာဉ် အနီး၌ လမ်းကြောင်းမှား၍ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ကုန်ကားအား ၀င်တိုက်ကာ ဆိုင်ကယ်မှာ ကားအောက်သို့ ရောက်သွားပြီး ဆိုင်ကယ်ယာဉ်မောင်း ထွန်းလင်းနှင့် အောင်ပိုင်ဆိုသူမှာ ဒဏ်ရာပြင်းထန်
သတိလစ်မေ့မျောသွားကြောင်း၊ ၎င်းတို့နှင့်အတူ ပါလာသော ကိုထက်ဆိုသူမှာ အခင်းဖြစ်ရာ၌ ပွဲခြင်းပြီး သေဆုံးသွားကြောင်း အမှုမှတ်တမ်းအရ သိရသည်။

သတိမေ့မျောသူနှစ်ဦးမှ ဆိုင်ကယ်မောင်းသူမှာ နောက်ရက်၌ ဆေးရုံတွင် သေဆုံးသွားသည်ဟု ဒုရဲအုပ် စောဝင်းက ပြောကြားသည်။ ကျန်ရှိနေသော အောင်ပိုင်ဆိုသူသည်လည်း ဆေးရုံတွင် စိုးရိမ်ရဖွယ် အခြေအနေရှိနေကြာင်း ဆက်လက် သိရသည်။

ထို့ကြောင့် ဆိုင်ကယ်ကို မဆင်မခြင် မောင်းနှင်လာသော ယာဉ်မောင်း ထွန်းလင်းအား ဥပဒေအရ အရေးယူရန် ဒုရဲအုပ်စောဝင်းက တရားလိုပြုလုပ် တိုင်တန်းရာ လားရှိုးမြို့မ ရဲစခန်းမှ မမစ(လရ)ယာဉ်(ပ)၂၈/၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈အရ အရေးယူထားကြောင်း ရဲစခန်းမှ သိရသည်။
ထွန်းထွန်း
မြန်မာ့ခေတ်

(၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ယခင်နှစ်များကထက် စံချိန်တင် နှစ်ဘီလျံကျော် ရောင်းချခဲ့ရ

နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲမြင်ကွင်း
Monday, 01 July 2013
(၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ယခင်နှစ်များကထက် စံချိန်တင်၍ နှစ်ဘီလျံကျော် ရောင်းချခဲ့ရကြောင်း ကျောက်စိမ်း ရောင်းဝယ်ရေး ဌာန မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးအောင်ကျော်မိုးက ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဇွန်တွင်ပြုလုပ်ခဲ့သည့် ရွှေရတု ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် ၇၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ဇွန် ၁၆ ရက်တွင် ပုလဲ ၇၈ တွဲအား တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ၇၆ တွဲ ရောင်းချနိုင်ခဲ့သည်။ ပုလဲအတွဲ ၂၅၅ တွဲတွင် တင်ဒါစနစ်ဖြင့် ၂၃၄ တွဲအား ရောင်းချခဲ့ပြီး ဈေးပြိုင်စနစ်ဖြင့် ၂၁ တွဲအား ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ဇွန် ၁၈ ရက် ပထမနေ့တွင် တွဲ ၁ မှ ၁၈၀၀ အထိ တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ၁၅၀၀ ကျော်ခန့်၊ နှစ်ရက်မြောက်နေ့တွင် ကျောက်စိမ်းတွဲပေါင်း ၁၆၀၀ ကျော်ခန့်၊ သုံးရက်မြောက်နေ့တွင် ကျောက်စိမ်း တွဲပေါင်း ၁၅၀၀ ကျော်ခန့်၊ လေးရက်မြောက်နေ့တွင် ကျောက်စိမ်းတွဲပေါင်း ၁၃၀၀ ကျော်ခန့်၊ ငါးရက်မြောက်နေ့တွင် ကျောက်စိမ်းတွဲပေါင်း ၁၆၀၀ ကျော်ခန့် ရောင်းချနိုင်ခဲ့ပြီး ဇွန် ၂၃ ရက်တွင် တင်ဒါစနစ်၏ နောက်ဆုံးနေ့အဖြစ် ကျောက်စိမ်းတွဲပေါင်း ၆၅၇ တွဲတွင် ၃၅၂ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ဇွန် ၂၄ ရက်တွင် တင်ဒါစနစ်ဖြင့် ကျောက်စိမ်းတွဲပေါင်း ၉၆၅၇ တွဲအား ၈၅ ရာခိုင်နှုန်းကျော်ခန့် ရောင်းချနိုင်ခဲ့ပြီး ယူရိုတစ်ဘီလျံကျော်ခန့် ရရှိခဲ့သည်။

မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ကျောက်စိမ်း ၃၄၆ တွဲ လေလံစနစ်ဖြင့် ရောင်းချရာတွင် ၂၂၈ တွဲရောင်းချခဲ့ရပြီး လေလံစနစ်နှင့် တင်ဒါစနစ် စုစုပေါင်း ကျောက်စိမ်း ၈၄၉၁ တွဲ၊ ကျောက်မျက်တင်ဒါ ၂၇၂ တွဲမှ ၆၀ တွဲရောင်းရပြီး လေလံစနစ်ဖြင့် ကျောက်မျက်တွဲပေါင်း ၁၀၇ တွဲမှ ၄၅ တွဲ ရောင်းချခဲ့ရပြီး စုစုပေါင်း ၁၀၅ တွဲကို ယူရို ၅ သန်း ၉ သိန်းကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက် ပြပွဲအား ၁၉၆၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နှစ်လယ်ရတနာပြပွဲ မှစ၍ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့ရာ ၂၀၁၂ ခုနှစ် (၄၉) ကြိမ်မြောက် ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ယူရို ၅၂၆ သန်းကျော် ရောင်းချခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် ပြုလုပ်သည့် ကျောက်မျက်ရောင်းချပွဲတွင် နှစ်ဘီလျံကျော်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
Eleven Media Group

The Face Of Buddhist Terror ဆောင်းပါး ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာနိုင်ငံ၌ ဖြန့်ချိခွင့် ပိတ်ပင်

Monday, 01 July 2013
သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့များက ဇူလိုင် ၁ ရက် နေ့စွဲဖြင့် ထုတ်သည့် TIME မဂ္ဂဇင်း၏ The Face Of Buddhist Terror ဆောင်းပါးအား အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီးနောက် မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာ အစိုးရသည် ယင်းမဂ္ဂဇင်း ဖြန့်ချိခွင့်ကို နိုင်ငံအတွင်း၌ ပိတ်ပင်သွား လိမ့်မည်ဟု သီရိလင်္ကာနိုင်ငံ၏ Colombo Telegraph သတင်းဌာနက ဇွန် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းနောက် သီရိလင်္ကာနိုင်ငံ၏ Srilanka Mirror သတင်းဌာနက အဆိုပါ မဂ္ဂဇင်းကို သီရိလင်္ကာနိုင်ငံတွင် ပိတ်ပင်လိုက်ကြောင်း ဇွန် ၂၉ ရက်တွင် ဖော်ပြသည်။ သီရိလင်္ကာနိုင်ငံ၏ Bodu Bala Sena (BBS) အဖွဲ့အစည်းသည် သီရိလင်္ကာနိုင်ငံ၏ မီဒီယာနှင့် ကာကွယ်ရေး ၀န်ကြီးဌာနတို့ကို ဘာသာရေး ထိခိုက်စေသည့် ဆောင်းပါးပါဝင်သည့် အဆိုပါ မဂ္ဂဇင်းအား ဖြန့်ချိခွင့်မပြုရန် တောင်းဆိုခဲ့သည်။

ဇူလိုင် ၁ ရက် နေ့စွဲတပ်ကာ ထုတ်ဝေသည့် TIME မဂ္ဂဇင်းကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းသည် သီရိလင်္ကာနိုင်ငံနှင့် တိုက်ရိုက်မပတ်သက်သော အကြောင်းအရာအတွက် နိုင်ငံခြား မဂ္ဂဇင်းတစ်စောင်ကို ပထမဆုံး ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

တရားဝင် သတင်းများ ထွက်ပေါ်လာခြင်း မရှိမီကပင် Facebook စာမျက်နှာများတွင် သီရိလင်္ကာနိုင်ငံ၌ အဆိုပါ TIME မဂ္ဂဇင်းဖြန့်ချိမှုကို ပိတ်ပင်ခဲ့ကြောင်းနှင့် The Face Of Buddhist Terror ဆောင်းပါးရေး Hannah Beech ကိုလည်း သီရိလင်္ကာသို့ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ကြောင်း သတင်းများ ပြန့်နှံ့နေခဲ့သည်။ သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သော နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ၏ ၇၀ ဒသမ ၂ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ယင်းဆောင်းပါး ပါဝင်သော TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံတွင် ထုတ်ဝေဖြန့်ချိခြင်း မပြုရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် အဆိုပါ ဆောင်းပါးကို မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္ထူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် ဟူ၍ ဖြစ်ပါသည်။
Eleven Media Group

ဂျွန်ထရာဗိုလ်တာ ဖန်ကမ္ဘာလုံးဆု ဆွတ်ခူး

ခါလိုဗီ ဗေးရီး၊ ဇွန် ၂၉
နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် ဂျွန်ထရာဗိုလ်တာဟာ ချက်ဇ်နိုင်ငံမှာ ကျင်းပတဲ့ ခါလိုဗီဗေးရီး ရုပ်ရှင်ပွဲတော်မှာ ဖန်ကမ္ဘာလုံးဆု ဆွတ်ခူးခဲ့တယ်လို့ hollywoodreporter.com မှာ ဖော်ပြထား ပါတယ်။

ဥရောပရဲ့ ထိပ်တန်း ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်တဲ့ ခါလိုဗီဗေးရီး ရုပ်ရှင်ပွဲတော်ကို ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပခဲ့တာ ဖြစ်ပြီး နာမည်ကျော် အနုပညာရှင်တွေ အပါအဝင် ပရိသတ် ၂၀၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ပွဲတော်မှာ ဂျွန်ထရာဗိုလ်တာရဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေဖြစ်တဲ့ Pulp Fiction, Grease, Saturday Night Fever နဲ့ The Talking of Pelham 1 2 3 တို့ကိုလည်း ပြသခဲ့တယ်လို့ သိရပါတယ်။

ဆုလက်ခံရယူ အပြီးမှာ ဂျွန်ထရာ ဗိုလ်တာက “သရုပ်ဆောင် ဖြစ်ရတာ အထူးအခွင့်အရေး တစ်ရပ်ပါပဲ” လို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဂျွန်ထရာဗိုတာလ် အပြင် အခြားနာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဟယ်လင်မီရန်၊ ဂျူလော၊ ဟာဗေးကီတဲလ်၊ ဂျွန်မယ်လ်ကိုဗစ်ခ်ျ တို့ဟာလည်း ယခင်နှစ်တွေက ဖန်ကမ္ဘာလုံး ဆုကို ရရှိဖူးပါတယ်။
The Voice Weekly

ဆက်သွယ်ရေးလိုင်စင် ရွေးချယ်မှု မကျေနပ်က ရွေးချယ်ရေးအဖွဲ့ကို တရားစွဲနိုင် ဟုဆို

နေပြည်တော်၊ ဇွန် ၂၉
နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြင့် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ဆက်သွယ်ရေးလိုင်စင် ရရှိသူနှစ်ဦး၏ အမည်စာရင်းကို ရွေးချယ် ထုတ်ပြန်ခဲ့ရာ အဆိုပါရွေးချယ်မှုကို မကျေနပ်ပါက တင်ဒါရွေးချယ်ရေး အဖွဲ့ကို တရားစွဲဆို နိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။

နေပြည်တော် စက်မှုဝန်ကြီးဌာန တွင် ပြည်ထောင်စုဝန်ကြီး အချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံစဉ် သမ္မတရုံးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဆက်သွယ်ရေးလိုင်စင် ရွေးချယ်ရာတွင် ကာတာအခြေစိုက် ကုမ္ပဏီကို လိုင်စင် ရွေးချယ်ပေးအပ်ခြင်းမှာ မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက် လာနိုင်ကြောင်း၊ ဘာသာခြား အဖွဲ့အစည်း တစ်ခုဖြစ်၍ ပြည်သူများက ကန့်ကွက်မှုမျိုး ကြုံလာနိုင်ကြောင်း အင်တာနက်စာမျက်နှာ များတွင် ဝေဖန်မှုများ ရှိနေသောကြောင့် ဝန်ကြီးက ယင်းအတိုင်း တုံ့ပြန်ဖြေကြားခြင်း ဖြစ်သည်။

"ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ တန်းတူညီမျှ အခွင့်အရေး ပေးရပါတယ်။ ခွဲခြားလို့မရဘူး။ ဆက်သွယ်ရေးလိုင်စင် မှာဆို မလေးရှားကလည်း ပြိုင်တာပဲ၊ အင်ဒိုနီးရှားကလည်း ပြိုင်တာပဲ။ ကော်မတီက အသင့်တော်ဆုံးလို့ ယူဆသူကို ရွေးတာ။ သဘောမတူ မကျေနပ်ရင် ရွေးတဲ့အဖွဲ့ မေးလို့ရတယ်။ တရားစွဲလို့ရတယ်" ဟု ဦးစိုးသိမ်းက ဆိုသည်။

ဆက်သွယ်ရေးလိုင်စင် ရွေးချယ် ပေးအပ်ရာတွင် နိုင်ငံနှင့် ပြည်သူအကျိုး အတွက် အဘက်ဘက်က လေ့လာသုံးသပ်ပြီး နိုင်ငံတကာစံနှုန်း များအတိုင်း ရွေးချယ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ မည်သည့် ပယောဂမျှ ပါဝင်ခြင်းမရှိဘဲ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာမှု အရှိဆုံးလုပ်ငန်း တစ်ခုအဖြစ် ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

ဆက်သွယ်ရေးလိုင်စင် အတွက် ငွေကြေးအင်အား တောင့်တင်းမှုတစ်ခု တည်းဖြင့်သာ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ရွေးချယ်ရေးစည်းကမ်းပေါင်း ၂၀၀ ကျော်ရှိ ကြောင်း၊ ထိုအထဲမှ ပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်မည်ဟု ယူဆသူကိုသာ အသေအချာ ရွေးချယ်ခြင်းဖြစ်ကြောင်း တင်ဒါကော်မတီ ထံမှ စုံစမ်းသိရှိရသည်။

ကာတာကုမ္ပဏီ Ooredoo ဆက်သွယ်ရေးလိုင်စင် ရရှိသွားခြင်းမှာ အကြံပေးအဖွဲ့ Roland Berger ၏ အမှတ်ပေးစည်းမျဉ်း များကို ကြိုတင်သိရှိနေပြီး အဆိုပါအမှတ် ပေးစနစ်အရ အမှတ်အများဆုံး ရရှိအောင် ဆောင်ရွက်သွားခြင်း ဖြစ်သည်ဟု မိမိတို့ ကြားသိရကြောင်း ဆက်သွယ်ရေးလိုင်စင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်တွင်းကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ပြည်ပဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီ နှစ်ခုကို အဆင့်ဆင့်စိစစ် ရွေးချယ်ကာ လုပ်ငန်းလိုင်စင် ပေးအပ်ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်ပအဖွဲ့အစည်း ၁၁ ခုမှ နော်ဝေကုမ္ပဏီ Telenor နှင့် ကာတာ ကုမ္ပဏီ Ooredoo ကို ရွေးချယ် ပေးအပ်ခဲ့သည်။
The Voice Weekly

သံတွဲမှာ ညမထွက်ရ အမိန့်ထုတ်

သံတွဲမှာ ညမထွက်ရ အမိန့်ထုတ်
ရခိုင်ပြည်နယ် သံတွဲမှာ အခြေအနေ တင်းမာနေ ရခိုင်ပြည်နယ် သံတွဲမြို့မှာ မနေ့က ဗုဒ္ဓ ဘာသာဝင်တွေနဲ့ မူဆလင်တွေ အကြားမှာ မီးရှို့ တိုက်ခိုက်မူတွေ ဖြစ်ပွားတဲ့ အတွက် အခုအခါ ညမထွက်ရ အမိန့် ထုတ်ထားကြောင်း သိရပါတယ်။

သံတွဲမြို့မှာ အမျိုးသမီး တစ်ဦးကို မူဆလင် အမျိုးသား နှစ်ဦးက မတော်မတရား လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် မနေ့ ညနေပိုင်းမှာ အပြန်အလှန်တွေ တိုက်ခိုက်မူတွေ ရှိခဲ့ပြီး မြို့သစ် ရပ်ကွက်မှာ အိမ် (၂) လုံး မီးရှို့ ခံခဲ့ရပါတယ်။

အခု မတော်တရား ပြုကျင့်ခံရတယ်လို့ ဆိုတဲ့ မိန်းခလေးဟာ တောင်ကုတ်မြို့က ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့က ကားဂိတ်မှာ အိမ်ပြန်ဖို့ စောင့်နေစဉ်မှာ တက္ကစီမောင်းတဲ့ မူဆလင် တစ်ဦးက ခေါ်ယူသွား ကာ နောက်ထပ် သူအဖေါ် တစ်ဦးနဲ့ အတူ သူမကို စော်ကားခဲ့တယ်လို့ ရဲခခန်းမှာ တိုင်ကြား ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ဒီသတင်း ပံျ့နှံ့သွားရာကနေ အပြန်အလှန် တိုက်ခိုက်မူတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အခုတော့ သံတွဲမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်တယ်လို့ တစ်ခြား ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေး တင်းကျပ်လိုက်ပြီး မြို့ဝင် ထွက်လမ်းတွေကို ပိတ်ထားလိုက်တယ်လို့ သိရပါတယ် ။
ဘီဘီစီ (မြန်မာပိုင်း)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com